You are on page 1of 4

'kwd,tdrf EdkifiHwumpmayqufqHa&;tiftm;pk

P.O Box 201 Rochester, NY 14580------Ph: 585-957-6452----Fax: 585-671-4707

၁၉၉၅-၉၆ ရန်ကုန်စက်မှုတက္ကသိုလ်ရဲ့ပဉ္စမနှစ် နဲ့ နောက်ဆုံးနှစ်ကာလတွေမှာအင်မတန်သတိယစရာကောင်းတဲ့သူငယ်ချင်းတွေရှိတယ်။


ပျော်ပျော်နေတတ်တဲ့ကျောင်းသားတွေပါ။ ဒုက္ခတွေ၊ အဆင်မပြေမှုတွေကြားမှာကျနော်တို့ကိုပျော်ရွှင်အောင်လုပ်ပေးခဲ့တယ်။
အညာဘက်ကသူငယ်ချင်းတယောက်အကြောင်းကိုပြောရင်းအမေရိကန်ပြည်ထောင်စုကဗမာနိုင်ငံရေးဟာသတွေကိုရေးကြည့်ချင်တယ်။

သူကစာသင်ခန်းထဲကိုလာပြီးဆိုရင်သူ့အိပ်ထမ
ှဲာရည်းစားစာတပွေ့တပိုက်နဲ့။
သူ့စိတ်ထဲမှာစိတ်ချမ်းသာတယ်လို့ထင်တ့ေ
ဲ ကာင်မလေးတွေကိုတွေ့တိုင်းရည်းစားစာပေးလေ့ရှိတယ်။
ပြီးရင်ပြုံးပြီးပြောလိုက်သေးတယ်။ “ ညီးစဉ်းစားနော်-ငါကိုယ်တော်မြတ်နဲ့ဖူးစာပါရင်တော့-ရည်းစားဖြစ်ကြအုံးမယ်”လို့လည်းပြောလိုက်သေးတယ်။
စားလက်စ၊ ကွမ်းတွေကိုလည်းဝါးရင်း၊ အမှိုက်ပုံကိုလှမ်းထွေးလိုက်သေးတယ်။ ကောင်မလေးတွေကသူရည်းစာပေးတာကိုစိတ်ရှည်ရှည်( အောင့်သက်သက်)
ရပ်စောင့်နေရတယ်။ ထူးခြားတာကကောင်မလေးတွေကသူ့ကိုစိတ်မဆိုးဘူး။ နှာဘူးထတယ်လို့လည်းမပြောကြဘူး။
သူ့စာတွေကကဗျာတွေ၊ ဗေဒင်ဟောစာတမ်းတွေ၊ စုံထောက်ဝတ္တုထဲကစာသားတွေပေါင်းရေးထားတာဆိုတော့ရယ်ရတယ်တဲ့။
သူပေးသမျှကောင်မလေးတွေကလည်းယူတာပဲ။ ပြီးရင်ဝိုင်းဖတ်ကြတယ်။ ကင်န်တင်းမှာထိုင်ရယ်ကြတယ်။
သူက-တော်တော်ကိုပါရမီရှိတယ်။ သူရည်းစားစာပေးထားတဲ့ကောင်မလေးနှစ်ယောက်၊သုံးယောက်လောက်ကို လှေခါးအဆင်းမှာတပြိုင်တည်းတွေ့ပြီဆိုရင်၊
“ ဟေ့--အဖြေမပေးကြနဲ့အုံး-နှလုံးသားကအသင့်မဖြစ်သေးဘူး၊ နောက်မှပြော”လို့ဆိုပြီး လက်ညှိုးကိုပါးစပ်မှာ ၉၀ ဒီဂရီထောင်ပြပြီး၊ အိပ်ထဲမှာပါတဲ့ရေမွှေးနဲ့
ကောင်မလေးတွေကိုတချက်စီဖြန်းသွားလိုက်တယ်။
“ဟာ-ဘာနံ့ကြီးလည်းမသိဘူး။အပေါစားရေမွှေးတွေ” ဆိုတ့အ
ဲ သံတွေဆူညံကျန်ခဲ့တယ်။
နောက်-စားသောက်ဆိုင်မှာ သူ ရည်းစားစာပေးခဲ့တ့ေ
ဲ ကာင်မလေး က မမြင်ချင်ယောင်ဆောင်နေတဲ့အခါမျိုးကျတော့-ဇွတ်အတင်းသွားထိုင်ပြီးအဖြေတောင်းတယ်။
ကောင်မလေးကသိတယ်။ အဖြေလာတောင်းတာလည်းအတည်မဟုတ်ဘူး။ ပျော်ချင်လို့။ ဇွတ်အတင်းငြင်းလို့လည်းမဖြစ်ဘူး။
ငြင်းရင်သူက-“ဟာရက်စက်လိုက်တာဗျာ၊ ခင်ဗျားတုန့်ပြန်မှုက ကျနော့်ကိုအသဲကွဲစေတယ်။ အရက်သောက်ချင်သွားတယ်ဗျာ။ အရက်တပိုင်းဘိုးလောက်ပိုက်ဆံချေးစမ်းပါ”
ဆိုပြီးလူကြားထဲမှာပိုက်ဆံချေးတယ်။ ပိုက်ဆံမချေးရင် “ဟာ-ခင်ဗျားမှာအဲ့သလောက်တောင်မရှိဘူးလား” ဆိုပြီးလူကြားထဲအော်ကြီးဟစ်ကျယ်လုပ်တယ်။
ကောင်မလေးတွေကရှက်တော့ထုတ်ချေးရတယ်။ တခါတလေ-တင်းမာတဲ့ကောင်မလေးတွေနဲ့တွေ့လို့သူတောင်းတဲ့အဖြေကိုငြင်းလိုက်ပြီဆိုရင်-သူက
“ လမင်းကြီးနှင့်လွဲလို့ငိုနေမယ်ဆိုလျင်၊ နေမင်းကြီးနှင့်လလ
ွဲ တ္တံ၊
အသင်ယောင်္ကျားအားမလျော့ နှင့်။ အချစ်စစ်နှင့်လူပြန်ဖြစ်စေသတည်း” လို့ရေရွတ်ပြီး၊ ဖနှောင့်ပေါက်ထွက်သွားတယ်။
အားလုံးလည်းပြုံးကျန်ရစ်ကြတယ်။
ဒါကိုကျနော်တို့သူငယ်ချင်းအသိုင်းအဝိုင်းကြားမှာ “အဆင့်အတန်းမြင့်တဲ့ရည်းစားစာပေးနည်း” လို့ခေါ်ကြတယ်။
အဆင့်အတန်းမြင့်မြင့်အသဲကဖ
ွဲို့အတွက်- ညမှာ ဂျီဟောဆောင်ရှေ့သွားပြီး၊
“ လူကလေးမောင်ဘုန်းကြွယ်- မမြစိမ်းကလူမဟုတ်ဘူးကွ့။ွဲ သူက အစိမ်းသေ-သေခဲ့တာလေ။
ဟိုး-ရှေ့ရှေ့က မီခိုးလေးတွေလူလူ လူလူ ရှိတ့ေ
ဲ နရာဟာ ---------”
“မမြစိမ်းနေတဲ့နေရာလားအမေ-- ”
“မဟုတ်ဘူး-သားရေ-အဲ့ဒါ-အရက်ချက်စက်ရုံကွဲ့”
“ဟား-- ဒါဆိုမြစိမ်းနဲ့နောက်မှာတွေ့မယ်။ အရက်အရင်သောက်ရအောင်”
အငြိမ့်ခွင်က ပျက်လုံးတွေကိုပြောဆိုပြီး အရက်ပုလင်းကို အဆောင်ရှေ့လမ်းမမှာဖွင့်ပြီးဝိုင်းဖွဲ့ကြတယ်။ ဂစ်တာတီးတဲ့သူကတီးတယ်။
ပါမောက္ခ-ဦးကြင်စိုးကလိုက်ဖမ်းတယ်။ ကျနော်တို့ကလည်းထွက်ပြေးတယ်။ ဂျီဟောဆောင်အဆောင်မှူး ဒေါ်ခင်တင့်က
“ ဟယ်-ကောင်လေးတွေပျော်တတ်တာကိုစစ်တပ်လိုအုပ်ချုပ်နေတဲ့ တို့ဆရာနဲ့တော့ခက်ပါတယ်” တဲ့။ ကျနော်တို့ဘက်ကအမြဲရှိတယ်။

ကျောင်းတုံးက၊ အဆင့်အတန်းမြင့်မြင့်အသဲကတ
ွဲ ယ်ဆိုတာ အဲ့သလိုပျော်စရာတွေနဲ့ပြည့်နေတယ်။

ဟိုတနေ့က- “ဘရူးနိုင်း” ကနေဖုံးခေါ်လာတဲ့သူ့ရဲ့ရွှင်ပြပြအသံကိုကြားလိုက်တော့ “ “ရည်းစားစာပေးတုံးလား”လို့မေးမိတယ်။


သူက -“ဟား-- ဘဝကကြမ်းတယ်။ ရည်းစားစာပေးလို့မဖြစ်တော့ဘူး။ စကားလုံးလည်းပြောင်းသုံးတယ်။
“ ဒီလို ရေကြမ်းမြေကြမ်းကြီးမှာ မင်းနဲ့ကိုယ် ဘဝကို အတူလက်တြွဲ ပီးဖြတ်ကြရအောင်လို့ပြောတယ်”တဲ့။
( အမှန်က ကောင်မလေးတွေသိသင့်တယ်၊ အတူလက်တြွဲ ကမယ်လို့ပြောတာ ကိုယ်လုပ်ကြွေးမယ် လို့ပြောတာမဟုတ်ဘူး။ အိမ်လခရှယ်ကြမယ်ပြောတာ)
ဘာပဲဖြစ်ဖြစ်သူကအမြဲတမ်းအဆင့်အတန်းမြင့်မြင့်ရည်းစားစကားပြောတယ်။ အဆင့်အတန်းမြင့်မြင့်အသဲကွဲတယ်။
အဆင့်အတန်းမမြင့်တဲ့ရည်းစားစာတွေ၊ အသဲကတ
ွဲာတွေကိုတော့ အမေရိကန်ပြည်ထောင်စုရောက်မှတွေ့ရတယ်။
သနားရမှာလား။ ငိုအားထက်ရယ်အားသန်ဆိုသလိုမျိုးလားမသိဘူး။ ပုဂ္ဂိုလ်တယောက်ရဲ့မချိတင်ကဲပြောနေတဲ့ “ အစိုးရဘက်က Response ကတော့ zero ပါပဲဗျာ ”
ဆိုတဲ့အသဲကွဲသီချင်းကို လူတွေ အဆင့်အတန်းသတ်မှတ်နေကြတယ်။ အဆင့်အတန်းနိမ့်တ့အ
ဲ သဲကွဲနည်းတွေလည်းပြောပြဖို့လိုတယ်။

ရည်းစားစာပေးနည်းများနှင့်အသဲကွဲနည်းအဆင့်အတန်းများ

“တွင်းလည်နေတယ်” ဆိုတဲ့စကားကို ကျောက်တွင်းတွေမှာ ကျင်လည်ခဲ့ဖူးတဲ့သူတိုင်းယဉ်ပါးကျွမ်းဝင်ကြတယ်။


တောင်စောင်းတွေပေါ်မှာ အထက်အောက် ဆင့်ကာ တည်ရှိနေတဲ့ တွင်းတွေ ဆီကို တခါတလေ ထင်မှတ်မထားတဲ့ရေကြော က တည်ရှိနေတယ်။
တချို့ဆို တွင်းသစ် တူးပြီးမှ၊ သူ့ရဲ့အထက်မှာရှိတ့တ
ွဲင်းက ရေကြောမှာကျနေတယ်ဆိုတာလည်းသိရော-ရင်မောရတော့တယ်။ အထက်တွင်းက ပြိုပြီဆိုရင်
ကိုယ့်ရဲ့တွင်းကလည်းအချိန်မရွေး လည်ထက
ွ်သွားနိုင်တာကိုး။ အဲ့သလိုအခြေအနေမျိုးကျရင်၊ ခေါင်းမာလို့မဖြစ်ဘူး။
တွင်းပိနိုင်တဲ့ကိုယ့်အနေအထားကိုသဘောပေါက်တဲ့သူတွေက အမြန်ဆုံးနေရာပြောင်းရတယ်။ လိုချင်စိတ်များနေတဲ့သူ၊ စဉ်းစားမှုနည်းတဲ့သူတွေသာဆက်ကျန်ခဲ့တယ်။
မကြာဘူး။ တွင်းပြိုတဲ့အထဲမှာလူဘယ်နှစ်ယောက်ပါသွားတယ် ဆိုတ့သ
ဲ တင်းကိုကြားရတော့တာပဲ။

နိုင်ငံရေးလောကမှာတွင်းတွေပြိုနေတယ်။ တသီတတန်းလည်ထက
ွ်တော့မဲ့ တောင်စောင်းပေါ်က တွင်းတွေကိုမြင်နေရတယ်။ တချို့က စေတနာနဲ့သတိပေးတယ်။
အချိန်သိတ်မရှိတော့ဘူး။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်အောင်ကြိုးစားကြဖို့ပြောတယ်။ မကောင်းဆိုးဝါးတွေရဲ့ယစ်ပူဇော်ကခုန်နေတဲ့ပွဲကိုသွားပြီး
ခိုးကြောင့်ခိုးဝှက်ရည်းစားစာမပေးကြဖို့ပြောတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုစစ်အစိုးရကလိမ်လည်လှည့်ဖျားစွာ၊ သူရဲဘောကြောင်စွာထောင်ချလိုက်ချိန်မှာမောင်နှမတဝမ်းပွဲတော်သူက
ဝါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံးကလူတွေန့ေ
ဲ ဂါက်သွားရိုက်တယ်။
တချို့က အသဲကွဲတာ ရိုးရိုးမကွဲဘူး။ ရပ်ကက
ွ်ထမ
ှဲာရှိတ့သ
ဲူတွေကို စကားတင်စီးလိုက်ပြီး၊ ဘူဇွာဆန်ဆန်ရှင်းပြကြတယ်။ သူတို့ရှင်းပြလေလေ၊
သူတို့ရဲ့နိုင်ငံရေးအဆင့်အတန်းတွေကပေါ်လေလေ၊ လူတွေစိတ်ပျက်လက်ပျက်ပြန်လာကြတယ်။
“အားလုံပေါင်းမှ ဒီလောက်ပဲအတွေးအခေါ်ရှိသလားဗျာ” တဲ့
“ တချို့ဟာတွေကိုအခုရှင်းပြလို့မရသေးဘူး လို့ပြောရလောက်အောင် သူတို့က အရှေ့အလယ်ပိုင်းက အကြမ်းဖက်သမားတွေလို အသေခံဗုးံ ခွဲချမဲ့ စီမံကိန်းတွေရှိလို့လား”
“ အခုချိန်မှာရှင်းပြလို့မဖြစ်သေးဘူးဆိုတာ-ရှင်းမပြတတ်လို့ရှင်းမပြရဲတာနေမှာပေါ့” တဲ့
အမေရိကန်ပြည်ထောင်စုမှာ လူတွေရယ်မောဒေါသဖြစ်နေကြတယ်။
အဆိုးဆုံးကတော့ “ကျနော်တို့ကဗျာ- ဒီတခါ၊ စစ်အစိုးရမကြိုက်တ့၊ဲ စိတ်ဆိုးသွားစေမဲ့စကားလုံးတွေကိုရှောင်ခဲ့တယ်။
အားလုံးပြေပြေလည်လည်ဖြစ်အောင်လုပ်ထားခါမှ၊ ဒေါ်စုကို ထောင်ချပစ်လိုက်တော့ တိုင်ပင်တွေအောက်သွားတယ်” တဲ့။ ဘုရားရေ- လက်စသတ်တော့
သူတို့အသဲကွဲနေတာက ဒေါ်စုကိုထောင်ချပစ်လိုက်လို့မဟုတ်ဘူး။ သူတို့လုပ်ချင်တဲ့တိုင်ပင် မကိုက်ပဲဖြစ်သွားလို့ဆိုနေပါလား။
ဒီမိုး၊ ဒီလေ၊ ဒီလူတွေနဲ့တော့---
ကောင်းကင်ရေ--သူတို့ကိုသာရွေးပြီးမိုးကြိုးပစ်ချလိုက်ပါတော့။

Stick & Carrot Policy အစာကြွေးဒုတ်ပြမူဝါဒ

ဝါရှင်တန်ဒီစီက ဂျာကာတာနဲ့ပတ်သက်ပြီးရှင်းလင်းပွမ
ှဲာ တက်ရောက်သူတွေကပြောဆိုကြတယ်။
အခုလိုအချိန်မျိုးမှာသွားပြီးအမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်တာဟာမှားကြောင်း ၊ မလုပ်သင့်ကြောင်းစောတကတက်ကြတော့၊ အမတ်မင်းကဆိုသတဲ့။
“ကျနော်တို့က သူတို့ကို Stick & Carrot ပေါ်လစီသုံးပြီးချည်းကပ်တာ”တဲ့။
တက်ရောက်တဲ့လူကမေးတယ်။
“ခင်ဗျားတို့မှာ “ တုတ်” ( Stick) ပြလို့ရမဲ့ဟာဘာရှိသလဲ။”
အမတ်မင်း- (သက်ပြင်းချကာ လင်သေသွားသဖြင့်၊ ဘာလုပ်ရမှန်းမသိသည့်မုဆိုးမလေသံဖြင့်ဖြေသည်)
ဘာမှတော့မရှိပါဘူး။ ICC ဆိုတာကလည်းအကြာကြီးလုပ်ရအုံးမှာပါ။ အဝေးကြီးပဲ။
တက်ရောက်သူ- အစိုးရက ခင်ဗျားတို့ကို ဘာတုံ့ပြန်သလဲ။
အမတ်မင်း - Response ကတော့ Zero ပါပဲ။

တက်ရောက်သူ- ဘာမှဖြစ်မယ်မဟုတ်မှန်းသိရဲ့နဲ့ ဘာလို့ သွားလုပ်တာလဲ။


အမတ်မင်း - ကြောင်တောင်တောင်ပြန်ကြည့် ၊ ဖြေစရာစကားမရှိ။

ကောင်းရော။ အစိုးရကဘယ်လိုတုံ့ပြန်မယ်ဆိုတာ အခုမှသိသလား။ သနားစရာပဲ။


Carrot & Stick ပေါ်လစီ ဆိုတဲ့ အဓိပ္ပါယ်ကိုဘယ်လိုယူသုံးနေတယ်ဆိုတာကျနော်နားမလည်ဘူး။
ရာဇာအာရာဖတ်ကပီအယ်အိုကိုဦးဆောင်ပြီး၊ အစ္စရေးကိုငြိမ်းချမ်းရေးလုပ်ဖို့ဖိအားပေးတယ်။ ဗီယက်နမ်မျိုးချစ်တွေရဲ့တိုက်ရည်ခိုက်ရည်အားသာမှုကြောင့်၊ ပြင်သစ်နယ်ချဲ့တွေ
တွေ့ဆုံဆွေးနွေးပွဲလုပ်ရပြီ၊ အင်ဒိုချိုင်းနားစစ်ပြွဲ ပီးခဲ့တယ်။ ကမ္ဘောဒီးယား၊ ရဝမ်ဒါ မှာ သူပုန် အင်အားစုက ပြန်တိုက်ထုတ်နိုင်ခဲ့တော့
ရာဇဝတ်ကောင်တွေကိုတရားစွဲဆိုနိုင်ခ့တ
ဲ ယ်။ ဆားဗီးယားမှာ လူထုအုံကြွမှုပြင်းထန်လာခဲ့တော့ မီလိုဆိုဗစ်နှုတ်ထွက်ခဲ့ရတယ်။ Stick ဆိုတာကို အဲ့သလို
ကိုယ့်အားကိုယ်ကိုးတဲ့အရာတွေန့ရ
ဲ င်ခုန်အောင်ပြောကြည့်စေချင်ပါတယ်။ ကဲ- နိုင်ငံတကာအင်အားကြီးနိုင်ငံတွေကလုပ်တဲ့ ပိတ်ဆို့အရေးယူမှုတွေကိုကြည့်တဲ့အခါ၊
ဆူဒန် စစ်သွေးကြွခေါင်းဆောင်ကို စစ်ရာဇဝတ်ကောင်အဖြစ်ကြေငြာတဲ့နေ့မှာ အဲ့ဒီစစ်သွေးကြွ က သူ့ပြည်သူထဲမှာ ကခုန်ပြီးအန်တုနေတယ်။
မြင်းကုန်းနှီးပေါ်က သားသတ်သမားတွေ သေနတ်သံတွေဆက်ဖောက်နေဆဲ။

တကယ်တော့ Stick & Carrot ပေါ်လစီဆိုတာ အင်အားကြီးနိုင်ငံတွေက ပြောတဲ့စကားလုံးတွေပါ။


ကိုယ့်မှာချော့လိုက်ခြောက်လိုက်အင်အားရှိရဲ့လားဆိုတာသဘောပေါက်သင့်တာပေါ့။ ရန်သူက“ပြည်ပြေးတွေ၊ နိုင်ငံပေါင်းစုံလှည့်တောင်းစားနေတဲ့သူတောင်းစားတွေ”
လို့စွပ်စွဲနေချိန်၊ ကိုယ့်ဘက်က အင်အားစုတွေကဖရိုဖရဲ၊ ဘာမှနဟုတ်တာတွေအပေါ်မှာ ဘဝင်မြင့်နေမယ်ဆိုရင်တော့ သေသေချာချာစဉ်းစားပါအုံး။
ကိုယ်ကိုယ်တိုင်က သူများပေးမှ ရှင်သန်ရတဲ့ဘဝ၊ အနာဂတ်အတွက်ပူပန်နေရတဲ့ဘဝမှာ ဘယ်လက်နက်နဲ့ပြပြီး၊ ဘာမုန့်များသွားကြွေးအုံးမှာလဲ။
အားလုံးပေါင်းမှ ဒီလိုနိုင်ငံရေးအတွေးအခေါ်လောက်သာရှိတယ်ဆိုရင်တော့-
ကျနော်တို့ဆုတောင်းများမှားခဲ့လေသလား။
ဘုရားသခင်ကပဲ-လူတွေကိုမှားပြီးဖန်ဆင်းခဲ့လေသလား။
ကောင်းကင်ရေ- ( x x x) x x ဘာမှဆုတောင်းမနေတော့ပါဘူး။

Full Time နိုင်ငံရေးသမားများ

ဆိုတော့-ဝါရှင်တန်ဒီစီကအမတ်တယောက်ရဲ့အောက်ခြေလွတ်နေတဲ့ မိတ်ဆက်ရှင်းလင်းမှုတွေကိုလူတွေဟာသဖြစ်နေတယ်။
ဂျာကာတာ စည်းဝေးပွဲကို Full Time နိုင်ငံရေးလုပ်တ့သ
ဲူတွေသာ၊ တိုင်ပင်ခဲ့ကြတယ် တဲ့။
Part Time နိုင်ငံရေးလုပ်တဲ့သူတွေကို တိုင်ပင်ဖို့အချိန်မရသလို၊ တချို့အဖွဲ့တွေက လူ (၃-၄) ယောက်လောက်နဲ့ဖွဲ့တာမို့လို့ လိုက်မရှင်းလင်းနိုင်ဘူးဆိုပဲ။
လူတွေက ရန်ဖြစ်မှာစိုးလို့ပြန်မပြောကြပေမဲ့အ့ဒ
ဲီပုဂ္ဂိုလ်ရဲ့ဘဝင်လေဟပ်နေမှုကို တော်တော်လေးအခံရခက်ကြတယ်။
ဟုတ်လား- ဒါဖြင့် NCGUB ဆိုတဲ့ အဖွ့က
ဲ ရော၊ လူဘယ်နှစ်ယောက်ရှိလဲတဲ့။
ကျနော်တို့ထဲက ကဗျာဆရာတယောက်က အပြုံးနဲ့ပြန်မေးတယ်။
Full Time နိုင်ငံရေးလုပ်ကြတယ်ဆိုတာဘာကိုပြောတာလဲ။
“အမေရိကန်ပြည်ထောင်စု က စံနစ်လို ဝင်ငွေကို တပတ်နာရီ (၄၀) စာယူ အလုပ်လုပ်တာလား။
“မနက် (၉း၀၀) ထိုးရင် ရုံးသွား၊ ညနေ (၃း၃၀) လောက်မှာ ဖင်တကြွကြွဖြစ်ရုံးပြန်၊ စနေ၊တနင်္ဂနွေမှာ ကားလေးရေဆေး၊ ကမ်းခြေလေးဘာလေးသွားအနားယူ။ ဘီယာသောက်၊
အင်တာနက်နဲ့ကမ္ဘာကြီးကိုဆက်သယ
ွ်၊ ပြည်တွင်းသတင်းရောင်းစား” “မီးကျိုးမောင်းပျက်အတွေးအခေါ်နဲ့လော်ဘီလုပ်၊”
အဲ့ဒါကို အချိန်ပြည့်နိုင်ငံရေးလုပ်တယ်ခေါ်တာလား။ (ဒါမှမဟုတ်)
ဗမာမဟုတ်တဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖ့ေ
ွဲ တွလိုတောထဲမှာပျောက်ကြားစစ်ဆင်နွဲနေကြတာကိုခေါ်တာလား။
အချိန်ပြည့်တိုက်ခိုက်လေ့ကျင့်နေကြတာကိုခေါ်တာလား”
ကျနော်တို့က တကယ်တမ်းအနစ်နာခံတိုက်နေတဲ့ ရဲဘော်တွေကိုမစော်ကားသလို၊ လူတဦးချင်းစီရဲ့တည်ရှိမှုတွေကိုလေးစားပါတယ်။ ဒါပေမဲ့ ဝါရှင်တန်ဒီစီက
အမတ်မင်းပြောသလိုမျိုး၊ စကားတွေတင်စီးပြီး၊ လူတွေကို မခန့်လေးစားလုပ်လာရင်တော့ “ အဲ့သလို နိုင်ငံရေးလုပ်ကိုင်မှုတွေက
ဗမာပြည်နိုင်ငံရေးအပြောင်းအလဲကိုလုပ်နိုင်မှာမဟုတ်သလို၊ ဘူဇွာ ဆန်ဆန်၊ စိတ်ကြီးဝင်မှုကိုစိတ်မဝင်စားပါ” လို့သာဖြေကြားပါရစေ။
လူထုနဲ့ကင်းကွာနေတဲ့၊ ပုဂ္ဂိုလ်ကို ရပ်ကက
ွ်ထက
ဲ အဖြစ်အပျက်လေးတခုလက်ဆောင်ပေးချင်ပါတယ်။ ဒီလိုပါ။ ကျနော်တို့ရပ်ကွက်ထဲမှာ မတရားသဖြင့်ခိုင်းတဲ့
သဌေးအိမ်တအိမ်ရှိတယ်။ အဲ့ဒီအိမ်က အိမ်ဖော်လေးက မိုးလင်းမိုးချုပ် အဝတ်လျှော်၊ သန့်ရှင်းရေးလုပ်နေတာကိုရပ်ကွက်ထဲက ကောင်လေးတွေကမြင်နေရတယ်။ ဒါကြောင့်-
အဲ့ဒီကောင်မလေး ဈေးဝယ်သွားတာကိုတွေ့တိုင်း၊ အုတ်ခုံပေါ်ကကောင်လေးတွေကဂရုဏာစိတ်နဲ့ကြည့်ကြတယ်။ နင်အဲ့ဒီမှာဆက်အလုပ်မလုပ်နဲ့တော့လို့ပြောချင်ကြတယ်။
ဒါပေမဲ့ ကောင်မလေးက သူ့ကို အဲ့သလိုသနားစိတ်နြဲ့ ကည့်တ့ေ
ဲ ကာင်လေးတွေကို သူ့ကိုကြိုက်နေတဲ့သူတွေလို့ထင်ပုံရတယ်။ လမ်းလျှောက်ပုံတွေပြောင်းသွားတယ်။
ဆံပင်တွေကိုခါလာတယ်။ သူ့ကိုသူ “ဟေမာနေဝင်း” လိုလိုသီချင်းတွေဆိုလာတယ်။ နောက်ဆုံးတော့ -- ကောင်လေးတွေက ဆဲတော့တာပဲ။ “ -ာသည်မ၊ ဒီလောက်၊
ဒုက္ခရောက်နေတာတောင်၊ ပဲကများသေးတယ်” တဲ့။
ကိုယ့်အတွေးအခေါ်က အိမ်ဖေါ်လိုလုပ်နေရတဲ့အဆင့်ပဲရှိသေးတဲ့သူ၊ တခြားလူတွေက ကိုယ့်ကို အိမ်ဖေါ်လိုသနားတာကို မိုနာလီဇာ လိုလို ကိုယ့်ဘာသာမထင်မိစေချင်ဘူး။
အဓိပ္ပါယ်မရှိတဲ့ဟာတွေကိုလုပ်နေလို့ လမ်းမှန်ကိုပြပေးနေကြတဲ့၊ ဝေဖန်နေကြတဲ့သူတွေရဲ့စေတနာကို လက်ခံစေချင်တယ်။ အမတ်မင်း လည်း ဆင်ခြင်စေချင်ပါတယ်။

ကောင်းကင်ရေ----- ( x-x-x-x-) ဆုမတောင်းတော့ပါဘူး။

ရှုမြင်တွက်ချက်နည်းများ

သင်္ချာသမားနဲ့အင်ဂျင်နီယာတွေရဲ့ကွာခြားမှုကဒီလို---တဲ့။ ကိုယ့်သူငယ်ချင်းကို ပျော်စရာအဖြစ်ရှင်းပြတယ်။


သင်္ချာသမားက ညီမျှခြင်းတွေကိုစဉ်းစားတယ်။ တွက်ချက်တယ်။ တခါတလေ- ဟန်ချက်မမျှဖြစ်သွားစေမဲ့အနေအထားကိုပြန်ထိန်းတယ်။
Probability လို့ခေါ်တဲ့ဖြစ်နိုင်ခြေတွေကို ကြုံသလို (Random) ကောက်ယူတယ်။
အင်ဂျင်နီယာတွေကအဲ့သလိုမလုပ်ဘူး။
ဓါတ်သတ္တုတွေရဲ့ခံနိုင်ရည်အား ( Strength of Materials) ကိုအရင်တက
ွ်တယ်။ ဗဟိုစွဲအား ( Gravity Force) ကို စဉ်းစားတယ်။ ဖွဲ့စည်းမှုတွေ ( Structures) နဲ့ ဆက်စပ်မှု
ကိုခိုင်မာသလားစမ်းသပ်တယ်။ နောက်မှ-ယန္တရား ရဲ့ စွမ်းအား ( System Dynamics) နဲ့ ဒီဇိုင်းကို ဖန်တီးကြတယ်။

မိတ်ဆွေ-
ဟိုဘက် (၅၀) ၊ ဒီဘက် (၅၀) ညီမျှခြင်းချ ညှိယူပြီး၊ အနေချောင်အောင်နေနေကြမဲ့အစား၊ အချိန်ပြည့်နိုင်ငံရေးသမားတွေ၊
အချိန်ပိုင်းနိုင်ငံရေးသမားတွေလို့လူတန်းစားခွဲနေမဲ့အစား၊ နေရာတချို့မှာအသုံးဝင်တဲ့လူတွေကိုခိုင်ခိုင်မြဲမြဲတွဲပြီး၊
System Dynamics ကိုစဉ်းစားစေချင်ပါတယ်။ တခုတော့ရှိတယ်။ ဒီလိုစဉ်းစားတဲ့အခါ၊ မကောင်းဆိုးဝါးတွေကျင်းပနေတဲ့ယစ်ပူဇော်ပွဲကိုသွားပြီး
ရည်းစားစာခိုးပေးဖို့ကြိုးစားတဲ့သူတွေကို ဗဟိုမှာထားလို့တော့ဖြစ်နိုင်မယ်မထင်ဘူး။ ဗဟိုမခိုင်ရင်၊ ယန္ဓရားတခုလုံး ဒုက္ခရောက်နိုင်တာမို့ပါ။

နိဂုံး

ကိုယ်က မီးတွေကို တိတ်တဆိတ်မှိတ်ကြည့်တယ်။ တွင်းပြိုတော့မယ် တဲ့။ မိတ်ဆွေတွေကိုအမှောင်ထဲမှာလှမ်းသတိပေးနေတယ်။


စိုင်းဆိုင်မောဝ် ရဲ့သီချင်းကိုအမှတ်ရနေမိတယ်။
“သံတိုင်ကိုင်ပြီး-ကျောက်တူးရတာကိုအထင်တော့မသေးပါနဲ့။ ဟို-ကျင်းမရရင်၊ ဒီကျင်း။ x x x ဒီကျင်းမရရင်-နောက်တကျင်း၊ x x x ဇွဲမလျော့ပါဘူး x x x
ကျင်းပေါင်းတထောင်တူးပစ်မဲ့ကျောက်တူးသမားလေးပါ။ တကယ်တော့ကျောက်တူးသမားများဟာ x x လောပန်းလောင်း ( သူဌေးလောင်း) တွေပါ။”
မိတ်တွေတို့ခင်ဗျား--
လောပန်းတွေလည်းဖြစ်ကြပါစေ။
တွင်းတွေကိုလည်းဆက်တူးနိုင်ကြပါစေ။ ဘဝင်တွေလည်းဆက်လက်လေဟပ်နိုင်ကြပါစေ။
ဒါပေမဲ့ ဘဝဆိုတာ တသက်လုံးဒီလိုအခြေအနေမျိုးမသွားဘူးဆိုတာကိုဆင်ခြင်နိုင်ရင်း --ရေကြောတွေလည်းသတိထားကြည့်နိုင်ကြပါစေခင်ဗျား။

“စကားတွေတင်စီးပြောလာလေလေ-ဟာသတွေထက
ွ်လာလေလေ” တဲ့ ညနက်နက်မှာလာတတ်တဲ့ အမေရိကန်ရုပ်သံတွေမှာလူရွှင်တော်တွေကသတိပေးတတ်တယ်။
မိတ်ဆွေတွေကရော-တခါတလေ-ဟာသတွေပြောတတ်လိမ့်မယ်လို့ထင်ပါတယ်။ ကျန်းမာကြပါစေဗျာ။

ခင်မင်စွာဖြင့်
အောင်မိုးဝင်း

You might also like