You are on page 1of 15

Uncensored Burma - Daily News ( Sep 7 )

ဗိုလ်ချုပ်မှူးကြီးမြေး၏ အမိန့်အရ ဗိုလ်ချုပ်ကြီးသား၏ကော်ဖီဆိုင်ကို ဖျက်ဆီး


စက်တင်ဘာ ၈၊ ၂၀၀၉ မိုးမခ အထောက်တော်၊ ရန်ကုန်

လက်သံပြောင်သူ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး ဖိုးလပြည့်က ရန်ကန


ုမြို့တော်၊ ဗဟန်းမြို့နယ်ရှိ ကော်ဖီဆိုင် တဆိုင်ကို
မှန်များရိုက်ခွဲ ဖျက်ဆီးရန် သူ၏ လုံခြုံရေး တာဝန်ယူသူ ဗိုလ်မှူးအား စေခိုင်းခဲ့ပြီးနောက် အဆိုပါကော်ဖီဆိုင်မှာ
ယခု ပိတ်သိမ်းလိုက်ရသည်။

ဆိုင်သည် ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ ချင်းချောင်းနန်းတော် ရှေ့ရှိ ယဉ်ကျေးမှု ၀န်ကြီးဌာနပိုင်


မြေတွင် မကြာမီ လပိုင်းကမှ ငှားရမ်း ဖွင့်လှစ်ထားသည့် Seven Corners ကော်ဖီဆိုင် ဖြစ်သည်။ စားသုံးသူများ
ကြိုးမဲ့ အင်တာနက် အသုံးပြုနိုင်သည့် ကော်ဖီဆိုင်လည်း ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ် ၃ ပတ်ခန့်က ဖိုးလပြည့်က ဆိုင်ရှိ ပစ္စည်းနှင့် မှန်များကို ရိုက်ခွဲရန် စေခိုင်းခဲ့ခြင်း ဖြစ်သည်
ဟု သိရှိရသည်။

ထိုသို့ရိုက်ခွဲစဉ် “နိုင်ငံတော် အတွင်းရေးမှူး တာဝန် ယူထားတဲ့သူတွေရဲ့ သားသမီးတွေက ဒီလို နိုင်ငံတော်ပိုင်


မြေပေါ်မှာ စီးပွားရေး လုပ်စားရသလား” ဟုပါ ပြောဆိုရန် မြေးဖြစ်သူက ညွှန်ကြားခဲ့သည်ဟု အရာရှိဟောင်း
တဦးက ပြောကြားသည်။

ထိုသို့ ရိုက်ခွဲ ဖျက်ဆီးခိုင်းသည့် ကိစ္စမဖြစ်မီ ရက်ပိုင်းအလိုကတွင် အဆိုပါ ဆိုင်သို့ ဖိုးလပြည့် ရောက်ခဲ့ပြီး ကျပ်
၅ထောင်တန် ကော်ဖီ သောက်လိုကြောင်း မှာကြားခဲ့သည်ဟု ဆိုသည်။

ဝန်ထမ်းများက ဆိုင်တွင် ၃ထောင်ကျော်တန် ကော်ဖီသာ ရှိကြောင်း ရှင်းပြခဲ့ပြီး ထို ဈေးအကြီးဆုံး ကော်ဖီကိုသာ


ရောင်းချပေးခဲ့သည်ဟု ဆိုသည်။ ဖိုးလပြည့်က ကျပ် ၅ထောင် ပေးချေပြီး ထွက်ခွာသွားခဲ့သည်ဟု သိရသည်။
ထိုအဖြစ်အပျက် နောက်ပိုင်းတွင် ဆိုင်ကို ဖျက်ဆီးမိန့် ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဆိုင်ရှိမှန်များ ရိုက်ခွဲခံရပြီးနောက်တွင် ဆိုင်ပိတ်ထားသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ဆိုင်


အဆောက်အဦးကိုပါ အမြန် ဖျက်သိမ်းလျက်ရှိသည်ကို တွေ့ရသည်။

ဆိုင်ကို နအဖအဖွဲ့ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ သား၊ အမျိုးသား စီမံကိန်း နှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးစိုးသာ၏သား တို့ အပါအ၀င် ၅ဦး အစုစပ် ဖွင့်လှစ်ကြခြင်း
ဖြစ်သည်ဟု သိရသည်။

သီးခြား အတည်မပြုနိုင်သည့် သတင်း တရပ် အရ ဗိုလ်ချုပ်မှူးကြီး မြေးဖြစ်သူနှင့် ဆက်နွယ်သည့် ကုမ္ပဏီက


ကုန်ပစ္စည်း တင်သွင်းခွင့် ပါမစ် လျှောက်ထားရာတွင် ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးက
ပယ်ချသည့်အတွက် ယခုလို လုပ်ဆောင်ရန် စေ့ဆော်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခု အဖြစ်အပျက်သည် မကြာသေးမီ နှစ်များက ဗိုလ်ချုပ်ကြီးဟောင်း နေ၀င်း၏ နာမည်ကျော် မြေးဖြစ်သူ
ကျော်နေ၀င်းနှင့် အပေါင်းအပါများ ရန်ကုန်မြို့ရှိ ကလပ်များတွင် ရမ်းကားခဲ့သည့် အဖြစ်အပျက်များကို ပြန်လည်
သတိရစေပြီး၊ ဗိုလ်ချုပ်မှူးကြီး မြေးဖြစ်သူက အဆိုပါ ကျော်နေ၀င်းတို့၏ နေရာကို ၀င်ယူသည့် သဘော
ဖြစ်နေသည်ဟု ရန်ကုန်မြို့မှ သတင်းထောက် တဦးက ဝေဖန် ပြောဆိုသည်။

နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး၏ သားသမီးများ ပိုင်ဆိုင်သည့် စီးပွားရေး လုပ်ငန်းများ ရန်ကုန်မြို့တွင်ပင်


များစွာ ရှိနေသည်။ အလားတူပင် ဒုတိယတန်း ခေါင်းဆောင်များ ဖြစ်သည့် ဗိုလ်ချုပ်ကြီးများ၊
ဒုတိယဗိုလ်ချုပ်ကြီးများ၏ သားသမီးများလည်း နယ်ပယ်အသီးသီးတွင် စီးပွားရေး လုပ်ကိုင်လျက် ရှိကြသည်ကို
စီးပွားရေးနယ်ပယ်မှ လုပ်ငန်းရှင်များက သိရှိကြသည်။

J Donuts ကော်ဖီဆိုင်ဆိုလျင် ဗိုလ်ချုပ်မှူးကြီး၏ မယားပါသား ဦးထွန်းနိုင်ရွှေ ပိုင်ဆိုင်ပြီး၊ ရန်ကုန်မြို့


စူပါမားကက် နယ်ပယ်တွင် အအောင်မြင်ဆုံး ဖြစ်သည့် စီးတီးမတ် အုပ်စုမှာလည်း ဗိုလ်ချုပ်မှူးကြီး၏
သားသမီးများက ရှယ်ယာ အများစုကို ပိုင်ဆိုင်သည်ဟု အမည်မဖေါ်လိုသည့် အကောက်ခွန် ၀န်ထမ်းဟောင်း
တဦးက ပြောဆိုသည်။

အဆိုပါ ၀န်ထမ်းက အခြားစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ပြည်ပမှ ဇိမ်ခံပစ္စည်း၊ အစားအသောက်များ


တင်သွင်းရန် ခက်ခဲချိန်တွင် စီးတီးမတ်အတွက် ကုန်ပစ္စည်းများကို စစ်တပ် အမည်ခံထားသည့်
ကုန်သေတ္တာများဖြင့် တင်သင
ွ်းခဲ့ပြီး မည်သည့် အကောက်ခွန်၊ ထောက်လှမ်းရေးမှ ဖွင့်ကြည့် စစ်ဆေးရန်
မ၀ံ့ရဲကြဟု ဆိုသည်။

ဝ ခေါင်းဆောင် ကျောက်ညီလိုင် ကွယ်လွန်


2009-09-08 RFA

ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ ကြည်ညိုလးစားခြင်းခံရပြီး ထင်ရှားတဲ့ ဝ အမျိုးသားခေါင်းဆောင်


နာယကဟောင်း ကျောက်ညလ
ီိုင်ဟာ ဒီကနေ့မနက်ပိုင်းမှာ တရုတ်နိုင်ငံက ဆေးရုံမှာ လူကြီးရောဂါနဲ့
ကွယ်လွန်သွားတယ်လို့ သိရပါတယ်၊

သူကွယ်လွန်တဲ့အကြောင်းကို ဝ အရာရှိတယောက်က RFA ကို ပြောပြပါတယ်။

ဝ အရာရှိ။ ။ '၂ဝဝ၉၊ ၉လ ၈ ရက်နေ့ ၁၂ နာရီအချိန် တရုတ်ပြည် လန်ချန်းခရိုင် ပြည်သူ့ဆေးရုံမှာ


ဆုံးသွားပါတယ်။ ဒီနေ့ သူ့ရဲ ရုပ်ကလာပ်ကို မိုင်းမောခရိုင် ပန်ဝယ်မြို့ကို ယူလာပြီ၊ ကျနော်တို့ ၇ ရက်တိတိ
ထားမယ်၊ ဗဟိုကော်မီတီတွေ၊ ခရိုင်တွေ အားလုံး အသီးသီးလာမယ်၊ ရဲဘော်တွေလာမယ်၊ အခမ်းအနားကို
စည်စည်ကားကားနဲ့ ကျင်းပသွားမယ်။ နောက် ဝပြည်နယ်တခုလုံးရဲ့ အလံကို တဝက်လျှော့ချပါတယ်။
ဝမ်းနည်းတဲ့ အထိမ်းအမှတ်အနေနဲ့။'

ဦးကျောက်ညီလိုင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇ဝ ရှိပြီ ဖြစ်ပြီး ၁၉၉၄ ခုနှစ်ကတည်းက လေဖြတ်ဝေဒနာ


ခံစားနေခဲ့ရတာ ဖြစ်ပါတယ်၊ ၁၉၆၈ မှာ ဗမာပြည် ကွန်မြူနစ်ပါတီမှာ ပြောက်ကျားစနစ်ကို စတင်ခဲ့ပြီး၊ ၁၉၇ဝ-၇၄
အထိ တပ်ရင်းမှူး၊ ၁၉၇၅ ခုနှစ်မှာ ဗကပ အရှေ့မြောက်ပိုင်း စစ်ဒေသ တပ်မဟာ ၁၂ ဒုတိယ နိုင်ငံရေးမှူး၊
အဲဒီနောက် မိုင်းမောခရိုင် ခရိုင်မှူးတွဲဖက် တာဝန်ယူခဲ့ပါတယ်၊

၁၉၇၆၊ ၇၇ မှာတော့ ဗမာပြည် ကွန်မြူနစ်ပါတီမှာ အရန်ဗဟိုကော်မီတီ ဖြစ်ခဲ့ပါတယ်။ ၁၉၈၉ ဧပြီလ ၁၇ ရက်နေ့


ဝ ပြည်နယ် ယာယီစစ်ကော်မီရှင် ဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး၊ ၁၉၉ဝ မှာ ဝပြည်နယ် သွေးစည်းညီညွတ်ရေးပါတီ
အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ဦးကျောက်ညီလှိုင် ခေါင်းဆောင်တဲ့ ဝအဖွဲ့နဲ့
မြန်မာစစ်အစိုးရတို့ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့တာပါ။ ၁၉၉၇ ကနေ ၉၈ ခုနှစ်အထိ ဝပြည်နယ်
နာယကအဖြစ် တာဝန် ယူခဲ့တာ ဖြစ်ပါတယ်။

အခုလို ဝခေါင်းဆောင်တယောက် ဆုံးရှုံးတဲ့အချိန်ဟာ မြန်မာစစ်အစိုးရတပ်တွေ ဝ ဒေသထဲမှာ ရှိနေပြီး နှစ်ဖက်


ဆက်ဆံရေး တင်းမာနေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်၊ နာရေးကိစ္စနဲ့ စစ်ရေးကိစ္စကို သီးခြားစီ
လုပ်ဆောင်သွားမယ် လို့ ဝ အရာရှိတယောက်က RFA ကို ခုလို ပြောပါတယ်။

ဝ အရာရှိ။ ။ 'ကျနော်တို့ အခမ်းအနားလုပ်တဲ့အဖွဲ့ကတော့ အခမ်းအနား ဆက်လုပ်သွားမယ်လေ စစ်ရေး


ပြင်ဆင်တာတို့ကတော့ သူ့ဟာနဲ့သူ လုပ်ဆောင်သွားမှာပါ၊။ နောက် နဝတ ကလည်း လာပြီးတော့ ဆွေးနွေးမယ်
လို့လည်း ပြောပါတယ်၊ ဒီကိစ္စပေါ့နော် မနက်ဖြန်လား သန်ဘက်ခါလား မသိဘူး၊ ကျနော်တို့ကတော့
ငြိမ်းချမ်းရေးကို လိုလားတယ်လေ ၊ သို့သော်သူတို့က ကျနော်တို့ နယ်မြေကို လာပြီးတော့ ဖျက်ဆီးမယ် စော်ကား
မော်ကား လာလုပ်ရင် ကျနော်တို့ရဲ့ အခွင့်အရေး ကျနော်တို့က ကာကွယ်သွားမှာပဲ။'

အခုလို ဝ အမျိုးသားခေါင်းဆောင် ဦးကျောက်ညီလိုင် ကွယ်လွန်သွားတဲ့အတွက် ဝပြည် သွေးစည်းညီညွတ်ရေး


တပ်မတော်နဲ့ ပါတီက ရဲဘော်တွေနဲ့ ပြည်သူလူထုအများကလည်း ဝမ်းနည်းကြတယ်လို့လည်း သိရပါတယ်။

အသက်မပြည့်သေးသော ပြစ်ဒဏ်ကျ မိန်းခလေးကို ပဲခူးထောင်က လက်ခံ


2009-09-08 RFA

ပဲခူးတိုင်းအတွင်းမှာ နှစ်လုံးထီရောင်းချမှုနဲ့ ဒိုက်ဦးတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တနှစ်စီ ချမှတ်ခံခဲ့ရတဲ့


ခလေးနှစ်ယောက်ကို စက်တင်ဘာလ ၃ ရက်နေ့မှာ အင်းစိန်ထောင်ကို ပို့ရာမှာ ထောင်က လက်မခံတဲ့အတွက်
ဒိုက်ဦးရဲစခန်းက သူတို့ရဲ့ မိဘတွေကို သန်းခေါင်စာရင်းမှာ အသက် ၁၈ နှစ် ပြည့်ကြောင်း ထောက်ခံစာယူလာဖို့
အတင်းခိုင်းနေတယ် ဆိုတသ
ဲ့ တင်းကို RFA က စက်တင်ဘာ ၅ ရက် ပြီးခဲ့တဲ့ စနေနေ့တုန်းက ထုတ်လွှင့်ခဲ့ပြီး
ဖြစ်ပါတယ်။

စက်တင်ဘာ ၇ ရက် မနေ့ကတော့ ဒိုက်ဦးရဲစခန်းက အဲဒီ ၁၆ နှစ်အရွယ် မိန်းခလေးငယ် ၂ ယောက်ကို အင်းစိန်


နဲ့ ပဲခူး ထောင်နှစ်ထောင် ခွဲပြီး နောက်တကြိမ် ထပ်သွားပို့ခဲ့ရာမှာ ပဲခူးထောင်ကတော့ တယောက်ကို လက်ခံ
လိုက်ပြီး အင်းစိန်ထောင်အာဏာပိုင်တွေကတော့ နောက်တယောက်ကို လက်ခံဖို့ ထပ်ပြီး ငြင်းလိုက်ပြန်တယ် လို့
စုံစမ်း သိရှိရပါတယ်။

အင်းစိန်က လက်မခံလို့ ပြန်ပို့လိုက်တယ်ဆိုတဲ့ မိန်းခလေးဟာလည်း အခု ဘယ်ရောက်နေမှန်းမသိ


ဖြစ်နေတယ်လို့ အဲဒီ မိန်းခလေးရဲ့ဖခင် ဦးကျော်သိန်းက RFA ကို အခုလိုပြောပြပါတယ်။
ဦးကျော်သိန်း။ ။ 'အင်းစိန်ထောင်ကို ဒါရောဆို နှစ်ခေါက်ရှိသွားပြီ၊ အင်းစိန်ထောင်က လက်မခံဘူးတဲ့၊ ကျနော်တို့
အင်းစိန်ထောင်ကို ဘယ်ကိုပို့မလည်း ဘယ်ကို သွားမလည်းလို့ မေးကြည့်တော့ ဒိုက်ဦးပဲ ပြန်ခေါ်သွားလား
မသိဘူးတဲ့၊ ခုလည်း ကျနော်တို့လည်း ကလေးလည်း မတွေ့ရသေးဘူး၊ ကလေးက ဘယ်ရောက်လို့ ရောက်မှန်း
မသိသေးဘူး။'

နောက်တယောက်ကိုတော့ ပဲခူးထောင်ကို ပို့လိုက်တာမှာ ပဲခူးထောင်က လက်ခံလိုက်တယ်လို့ သမီးဖြစ်သူနဲ့


သွားတွေ့ခဲ့တဲ့ ဖခင် ဦးစံငြိမ်းက အခုလိုပြော ပါတယ်။

ဦးစံငြိမ်း။ ။ 'ဒိက
ုဦးရဲစခန်းက မနေ့က ၁ဝ နာရီလောက်က ပဲခူးထောင်။ အဲဒါထောင်က လက်ခံလိုက်တယ်
ခင်ဗျ။ အင်းစိန်က ကလေးကို အသက်မမီလို့ပြန်ပို့တယ်၊ ပြန်ပို့ပြီးအခါကျတော့ အဲဒီရက်ပိုင်း အတွင်းမှာပဲ သူတို့
ကျောင်းဝင် နံပတ်တွေ ပြန်ယူတယ်။ အမိန့်ချမှတ်ပြီးသားကို ပြန်ယူပြီးမှ ပြန်ပြင်ဆင်ပြီးတော့မှ ပဲခူး လူကြီး
ထောင် ကို သွားပို့လိုက်တယ်။ မနေ့ကတော့ တအောင့် ကျနော်တွေ့လိုက်ရတယ်ခင်ဗျ ငိုယိုနေတာပဲ။'

သူတို့ နှစ်ဦးအပါအဝင် ၆ ဦးကို နှစ်လုံး ချဲထီရောင်းချမှုနဲ့ ရဲက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ရက်နေ့မှာ ဖမ်းဆီးခဲ့
တာပါ။ အဲဒီထဲက အသက် ၁၂နှစ်အရွယ် ခလေးတယောက်ကိုတော့ ပြန်လွှတ်ပေးခဲ့ပြီး ကျန်သူတွေကို
သြဂုတ်လ ၃၁ ရက်နေ့မှာ ဒိုက်ဦးတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တနှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီမိန်းခလေး ၂ ယောက်ဟာ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဥသျှစ်ကုန်း ကျေးရွာအုပ်စု အတွင်း ကျေးရွာတရွာက


ဆင်းရဲတဲ့ လယ်သမားမိသားစုတွေရဲ့ သမီးတွေ ဖြစ်ပြီး ဆဌမတန်းနဲ့ နဝမတန်းမှာ ပညာသင်ကြားနေကြဆဲ
ကျောင်းသူလေးတွေ ဖြစ်တယ်လို့ သိရပါတယ်။

စစ်အစိုးရသတင်းပေးဟု ယူဆရသူများကို ဝတပ်ဖွဲ့ဖမ်းဆီးထား


2009-09-08 RFA

UWSA ဝနယ်မြေနားကို ရောက်ရှိနေတဲ့ စစ်အစိုးရ တပ်အင်အား ၂သောင်းကျော် ရှိနေပြီး UWSA က


စစ်အစိုးရတပ်ရဲ့ သတင်းပေးများလို့ ယူဆရသူတချို့ကို ဖမ်းထားတာလည်း ရှိကြောင်း UWSA အရာရှိတဦးက
ပြောဆိုပါတယ်။ UWSA ဝနယ်မြေနားကို ရောက်ရှိလာတဲ့ တပ်တွေနဲ့ ပတ်သက်ပြီး ဒေသခံတွေ အဆိုအရ
ဝနယ်မြေ တောင်ပိုင်းနဲ့ မြောက်ပိုင်း ၂ခုစလုံးမှာ ဖြစ်ကြပါတယ်။

မိုင်းမော်ခရိုင်အနီး နမ့်တဒေသမှာ တပ်မ ၉၉ လက်အောက်ခံတပ်တွေ ရောက်နေတာ ဖြစ်ပြီး အဲဒီတပ်တွေအပြင်


စကခ ၁၆ လက်အောက်ခံ တပ်ရင်းတချို့နဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းတွေလည်း
ပါတယ်လို့ ဆိုပါတယ်။ အဲဒီတပ်တွေမှာ လက်နက်ကြီးများ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝပြည်တောင်ပိုင်း တန်ယန်း၊ ပန်ဆန်းနဲ့ မော်ဖဒေသမှာ တပ်မ ၇၇ လက်အောက်ခံတပ်တွေ ရောက်ရှိနေပါတယ်။


ကျိုင်းတုံ၊ မိုင်းပို့ ဘက်မှာ တပ်မ၈၈က နေရာယူထားတာ ဖြစ်ပြီး သံချပ်ကာတပ်နဲ့ ယန္ဈရားတပ်တွေ ပါဝင်တယ်
လို့ ဆိုပါတယ်။ ဝနယ်မြေအတွင်း ရောက်ရှိလာတဲ့ စစ်အစိုးရတပ် အင်အားဟာ စုစုပေါင်း တပ်မ ၃ခုနဲ့
လက်အောက်ခံ တပ်တွေ ဖြစ်ပြီး အင်အား ၂သောင်းကနေ သုံးသောင်းနီးပါးအထိ ရှိတယ်လို့ ခန့်မှန်းပါတယ်။
အခုလိုစစ်ရေးပြင်ဆင်မှုတွေ ရှိနေချိန်မှာ UWSA နယ်မြေထဲကနေ စစ်အစိုးရကို သတင်းပေးတယ်လို့ ယူဆရသူ
တချို့ကို မိုင်းပေါက်မှာ ဖမ်းဆီးထားပြီး မိုင်းလားမြို့ပေါ်မှာ စီးပွားရေးလာ လုပ်နေတဲ့ လူ၄၈ဝခန့် ကိုလည်း
သတင်းပေး လို့ မသင်္ကာတာကြောင့် ဝပြည်နယ်ကနေ ပြည်မကို မောင်းထုတ်ခဲ့တာ ဖြစ်တယ်လို့ ဝ အာဏာပိုင်
တွေ ဘက်က ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ ရှင်းလင်းပြောဆိုခြင်းမရှိပါဘူး။

ဒီအတောအတွင်း ဝပြည်သူများ တအိမ်တယောက် စစ်ထဲဝင်ဖို့ သဘောတူတယ်လို့ UWSA က ပြောဆိုပါတယ်။

UWSA ဝပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအကြောင်း ဝအာဏာပိုင်တွေက ပြည်သူတွေကို


အစည်းအဝေး ခေါ်ပြီး အခြေအနေအရပ်ရပ်ကို ရှင်းလင်းပြောဆိုရာမှာ ပြည်သူတွေက UWSA နဲ့ လက်တွဲပြီး
ပြည်နယ် ကာကွယ်ရေးကို အသက်ပေး ဆောင်ရွက်မှာ ဖြစ်ကြောင်းနဲ့ တအိမ်တယောက် စစ်ထဲဝင်ဖို့ ဆုံးဖြတ်
တယ် လို့ UWSA တာဝန်ရှိတဦးက RFA ကို ပြောပါတယ်။

UWSAနယ်မြေအတွင်း လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ပတ်သက်ပြီး ဝ အာဏာပိုင်တွေက


မြို့နယ်အလိုက် ရှင်းလင်းပွဲတွေကို စက်တင်ဘာလ ၅ ရက်နဲ့ ၆ ရက်နေ့တွေက ပြုလုပ်ခဲ့တာပါ။ UWSA တပ်မှူး
တဦး က ခုလိုပြောပြပါတယ်။

UWSA တပ်မှူး။ ။ '၅ ရက်ကနေ ၆ ရက်၊ နှစ်ရက်တိတိပေါ့နော်၊ ခရိုင်အသီးသီး မြို့နယ်အသီးသီး


ကျွန်တော်တို့က အစည်းအဝေးလုပ်တယ်။ မိုင်းမောခရိုင်ဆို မိုင်းမောခရိုင်အလိုက် ဟိုဥစ္စာပေါ့၊ ၁၂ မြို့နယ်
ရှိတယ်။ ၁၂ မြို့နယ်တိုင်း အားလုံး ကျွန်တော်တို့ လုပ်တယ်။ တမြို့နယ်ကို ဒိုင်နယ်တိုင်း၊ ဒိုင်နယ်တိုင်းက လူ
၃ဝဝ ကနေပြီးတော့ ၅ဝဝ အထိ ရှိပါတယ်။ ကျွန်တော် ခရိုင်ကော်မတီတွေ ပါတယ်၊ နောက် ဒေသဆိုင်ရာ
အုပ်ချုပ်ရေး၊ နောက် မြို့နယ်တွေ၊ ဒေသဆိုင်ရာ မြို့နယ်မှူးတွေ ပါပါတယ်။'

ဒီဆွေးနွေးပွဲတွေမှာ UWSA ဝတပ်မတော်သားဟောင်းများလည်း တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဝ


အာဏာပိုင်တွေရဲ့ ရှင်းလင်းချက်နဲ့ ဝပြည်သူတွေရဲ့ တုံ့ပြန်ချက်နဲ့ကို ခုလိုဆက်ပြောပါတယ်။

UWSA တပ်မှူး။ ။ 'နိုင်ငံရေးအခြေအနေ၊ စစ်ရေးအခြေအနေအကြောင်း ကျွန်တော်တို့က ချပြတယ်၊


နောက် ပြည်သူတွေကို ထွကမ
် ပြေးကြပါနဲ့၊ ကျွန်တော်တို့ ရွပ်ရွပ်ချွန်ချွန် လုပ်သွားမယ်ဆိုတဲ့ ကိစ္စ။ ကျွန်တော်တို့ရဲ့
ပေါ်လစီ ကျွန်တော်တို့ ချတယ်။ နိုင်ငံရေးပေါ်လစီ ကျွန်တော်တို့ ချပြတယ်။ နောက် ပြည်သူ ဘာ အသံ လာလဲ
ဆိုတော့ ဒို့တွေက ဒို့နယ်မြေ ဒို့ကာကွယ်မယ်၊ အသက်ပေးပြီးတော့ ကာကွယ်မယ်။ တအိမတ
် ယောက် စနစ်နဲ့
အားလုံး သဘောတူတယ်။'

UWSA ဒေသအတွင်း ပြီးခဲ့တဲ့အပတ်အတွင်း စစ်အစိုးရတပ်တွေ ရောက်ရှိလာတယ်ဆိုတဲ့ သတင်းတွေ


ထွက်ပေါ်ခဲ့ပြီး နောက် မုန်းလားနဲ့ ပန်ဆန်းဒေသခံတချို့ တရုတ်ပြည်ဘက်ကို ထွက်ပြေးတယ်ဆိုတဲ့ သတင်းတွေ
ထွက်ပေါ်ခဲ့ ပါတယ်။ ဒါပေမဲ့ UWSA တာဝန်ရှိသူတွေရဲ့ အဆိုအရ တရုတ်ပြည်ဘက်ကို ထွက်ပြေးသူတွေဟာ
ဝပြည်သူတွေ မဟုတ်ပဲ ဝနယ်မြေထဲမှာ စီးပွားရေး လာရောက် လုပ်ကိုင် စားသောက်သူ တရုတ်ကုန်သည်တွေ
ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။ UWSA နယ်မြေအတွင်းက အခြေအနေတွေနဲ့ ပတ်သက်ပြီး RFA မှ
ဦးတင်အောင်ခိုင်က ဝတပ်မှူးတဦးနဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
တောင်ပိုင်း ၀ တပ်ဖွဲ့နှင့် ပြဿနာတက်စေရန် လားဟူပြည်သူ့စစ်ကို လက်ကိုင်တုတ်အဖြစ်သုံး
အင်္ဂါနေ့၊ 08 စက်တင်ဘာလ 2009 သျှမ်းသံတော်ဆင့်

တောင်ပိုင်း ၀ တပ်ဖွဲ့နှင့် ပြဿနာဖြစ်စေရန် လားဟူပြည်သူ့စစ်အဖွဲ့အား ဒေသခံအစိုးရစစ်တပ်က အင်အား


ဖြည့်တင်း ပေး၍ ၀ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း ကျူးကျော်နယ်လှည့်ခိုင်းသည့်အပြင် ၀ တပ်ဖွဲ့နှင့်
ပြဿနာတက်လျှင် ချက်ချင်း ပူးပေါင်းတုန့်ပြန် ကူတိုက်မည်ဟု ပြောထားကြောင်း မိုင်းတုံမြို့နယ် လားဟူ
အသိုင်းအ၀ိုင်းက ပြောပါသည်။

“အရင်က ဂျပီးကွယ် ဦးဆောင်တဲ့ နားကောင်းမူး လားဟူပြည်သူ့စစ်တပ်ဖွဲ့မှာ လူသူလက်နက် အင်အား ၄၀


လောက်ရှိ တယ်။ အခု လက်နက်အပြည့်အစုံနဲ့ ၂၀ ထပ်ဖြည့်ပေးတယ်၊ ပြီးတော့ ၀ နယ်ထဲ စစ်ကြောင်း
လှည့်ခိုင်းတယ်၊ ၀ ကိုသွားရန် စခိုင်းသလိုပေါ့။ ၀ ဘက်က စပစ်ရင် ဗမာစစ်တပ်က ချက်ချင်းကူတိုက်မယ်လို့
ပြောထားတယ်” - ဟု အမည်မဖေါ် လိုသည့် လားဟူ အမျိုးသားတဦးက ပြောပါသည်။

ကိုးကန့်အရေးအခင်းပြီးနောက်ပိုင်း တောင်ပိုင်း ၀ တပ်ဖွဲ့ နှင့် စစ်အစိုးရအကြား တင်းမာမှုဖြစ်ပွားလာခဲ့ပြီး


မိုင်းတုံ - မိုင်း ဆတ် - တာချီလိတ် တလျှောက် နအဖတပ်လမ်းကင်းများက ၀ တပ်ဖွဲ့ဝင်များ၏ အသွားအလာ
အပေါ် အထူးတင်းကြပ် စစ်ဆေးကြောင်း၊ မိုင်းဆတ်မြို့အရှေ့တောင်ဖက်တွင်လည်း သံချပ်ကာကား
အကြီးအသေး ၁၀ စီးခန့် ချထားသည့်အပြင် တပ်အင်အား ၂၀၀ ကျော် ၃၀၀ ခန့်လည်း ထပ်ဖြည့်ထားကြောင်း -
မိုင်းဆတ်မြို့ခံကုန်သည် တဦးကပြော၏။

စက်သေနတ် နှင့် အမြောက်တပ်ဆင်ထားသည့် (အသေးစား) တိုက်ပဝ


ွဲ င် သံချပ်ကာကားမှာ စစ်သား ၃-၎
ယောက် လိုက်ပါနိုင်ပြီး အကြီးစားတွင် ၇-၈ ယောက် ၀င်နိုင်သည်ဟုဆို၏။

“အခုဆို ၀ အရာရှိတွေ ဟိုဟိုဒီဒီသွား/လာချင်ရင် ဗမာစစ်တပ် အာဏာပိုင်က-ို နာမည် ၊ ရာထူး၊ လက်နက် အမျိုး


အမည် လူစာရင်း ၃-၄ ရက် ကြိတင်အကြောင်းကြားထားရတယ်။ ၀ အရာရှိတွေလဲ ဗမာအာဏာပိုင် တွေနဲ့
မရှုပ်ချင်တော့ ဒရိုင်ဘာငှားပြီးသွားတယ်၊ အရင်က ကားမောင်းခ ၁ ရက် ဘတ် ၂၀၀-၃၀၀ ကနေ အခု ဘတ်
၁၀၀၀ - ၁၅၀၀ အထိ ခုန်တက်သွားတယ်” - ဟု အမည်မဖေါ်လိုသည့် တာချီလိတ် ကားဆရာတဦးက
သျှမ်းသံတော်ဆင့် သို့ ပြောပြပါသည်။

စစ်အစိုး၏ ပစ်မှတ်သည် မိုင်းတုံ - နားကောင်းမူး - ပုံပါကျင် - (ထိုင်းနယ်စပ်) ဘီပဝ


ီ မ်း ကားလမ်း အနောက်ဘက်
ခြမ်းရှိ တောင်ပိုင်း ၀ ဌာနချုပ် မိုင်းကျွတ်ဘက် ဖြစ်ကြောင်း၊ ၀ တပ်ဖွဲ့အားထိုးစစ်ဆင်လျှင် လားဟူပြည်သူ့စစ်
တပ်ဖွဲ့ကို ရှေ့ပြေး တပ် အဖြစ် အသုံးချမည်ဖြစ်ကြောင်း၊ ထိုင်းနယ်စပ်တလွှားအခြေချ နအဖတပ်များတွင်လည်း
လူသူ လက်နက် အင်အား အများအပြား ဖြည့်တင်းထားကြောင်း - ပုံပါကျင်အခြေစိုက် ဗျူဟာမှူး ဗိုလ်မှူးကြီး
ကျော်သူ နှင့် ရင်းနှီးသည့် ကားဆရာ တဦးက ပြောပြပါသည်။

“၅ ရက်နေ့က ဗမာတပ် အင်အား ၅၀ လောက် မိုင်းတုံ - ပုံပါကျင် ကားလမ်းနောက်ဘက် ထိုင်းနယ်စပ်နား


နမ့်လတ
ု တောင်ပေါ် ၀ တပ်စခန်းအထိ ကျူးကျော် ၀င်ရောက်သွေးထိုးစမ်းကြည့်တယ်။ ၀ တပ်နားမရောက်ခင်
ဝ တပ်ဘက်က သေနတ်ပစ်ဖေါက်ခြိမ်းခြောက်တဲ့အတွက် သူတို့အားလုံးပြန်ဆုတ်လိုက်ရတယ်” - ၀ တပ်မှူး
တဦးနှင့် ရင်းနှီးသည့် ပုံကျင်မြို့ သားတဦးက ပြောပြ၏။
စစ်အစိုးရတပ် လှုပ်ရှားမှုများကြောင့် သျှမ်းပြည်လူထု ထိပ်လန့်ချောက်ချား
အင်္ဂါနေ့၊ 08 စက်တင်ဘာလ 2009 သျှမ်းသံတော်ဆင့်

ကိုးကန့်အရေးအခင်းနောက်ပိုင်း လက်နက်ကိုင်တပ်ဖွဲ့များအား ထပ်တိုက်ရန်စစ်အစိုးရပြင်ဆင်နေသည့်


သတင်း ထွက် ပေါ်လာပြီး နောက် ချောကား၊ ပေါ်တာဖမ်းဆီးမှု၊ စစ်အစိုးရယာဉ်တန်းသွားလာမှုများ
မကြာခဏဆက်တိုက်တွေ့မြင် နေရသဖြင့် ပြည်သူလူထု ထိပ်လန့်စေခဲ့ကြောင်း သျှမ်းပြည်တွင်း သတင်း
ရပ်ကွက်က ဆိုသည်။

သျှမ်းပြည်မြို့တော် တောင်ကြီး နှင့် လွိုင်လင်၊ ကလော၊ သီပေါ၊ လားရှိုး တို့တွင် ကားချော၊ ပေါ်တာများ ဖမ်းဆီး
ခဲ့သော ကြောင့် ညဘက်အပြင်မထွက်ကြရန် မိဘများက သားသမီးများအား မှာကြားကြောင်း၊ မော်တော်ယာဉ်
များလည်း စစ်တပ် အတွက် မကြာခဏချောပေးနေရသောကြောင့် ခရီးမသွားလိုတော့ကြောင်း၊ မြို့တမြို့တွင် ၁၀
စီးမက ချောကား အဆင်သင့် သွားစောင့်ပေးရပြီး လူချောလည်းရာနှင့်ချီ အလှည့်ချ သွားစောင့်ဆိုင်းရကြောင်း -
အမည်မဖေါ်လိုသည့် ကားဆရာတဦးက ပြောပါသည်။

ကေအိုင်အိုအားတိုက်ခိုက်ရန် ကိုးကန့်ဘက်လှုပ်ရှားနေသည့် တပ်မ ၃၃ လည်း ၇/၉/၀၉ နေ့က ကချင်ဘက်


ရွေ့ရှားသွား ကြောင်း ၊ UWSA တပ်ဖွဲ့ထိန်းချုပ်နယ်မြေအား စစ်ဆင်ရန် ၀ နယ် အလယ်ခြမ်း မိုင်းခတ်၊
မိုင်းယန်းဘက်သို့လည်းကောင်း မြောက်ဘက်ခြမ်း ဟိုပန်၊ ပန်လုံ ဘက်သို့လည်းကောင်း အစိုးရစစ်တပ်
အင်အားဖြည့်တင်းလာခြင်းကြောင့် ၀ နယ် နှင့် မိုင်းလားနယ်အတွင်း ဒေသခံ လူထုကို ပိုမိုထိပ်လန့်စေခဲ့
ကြောင်း၊ ထို့အတွက်ကြောင့် ပန်ဆန်း နှင့် မိုင်းလားအာဏာပိုင် များ အစည်းအဝေးလုပ်ပြီး စစ်မဖြစ်နိုင်ဟု
ကြေငြာချက် နံရံကပ်စာစောင်များ လိုက်ကပ်၍လူထုအစည်းအဝေးပြုလုပ်ရှင်း လင်းရကြောင်း - တရုပ်နယ်စပ်
သွားလာလေ့ ရှိသူ သျှမ်းအမျိုးသားတဦးက ပြောပါသည်။

“တပ်မ ၃၃ ကို ကချင်ဘက်ဦးလှည့်လိုက်တယ်ဆိုတာက ကချင်ကိုမျက်လှည့်စိလည်စေသလို တောင်ပိုင်း ဝ


ဌာနချုပ် (မိုင်းတုံမြို့နယ် ၁၇၁ တပ် စခန်းကြီး) မိုင်းကျွတ်ကို နအဖ ပစ်မှတ်ထားနေတာလဲ ၀ ကို အာရုံပြောင်း
လိုက်တဲ့သဘော။ နောက်ပြီး မြို့ကြီးပြကြီးတွေ မှာ ကားချောဆွဲ၊ ပေါ်တာဖမ်းတာတွေ၊ သံလွင်အရှေ့ခြမ်းဘက်
စစ်ရေးပြင်နေတယ်ဆိုတာ တွေက တောင်ပိုင်း SSA ကို တိုက်ဖို့ပြင် သလို ဖြစ်နေပြန်တယ်။ ဒါတွေကလူထုကိုပါ
ခြိမ်းခြောက်နေသလိုဘဲ”- ဟု သျှမ်းပြည်ဖွဲ့စည်းပုံ မူကြမ်းရေးဆွဲရေးကော်မရှင် ဥက္ကဌ စ၀်ခင်းဆိုင်က
ပြောပါသည်။

“စစ်ဘေးစစ်ဒဏ်အထူးခံရတဲ့ သျှမ်းပြည်အလယ်ပိုင်းလူထုကတော့ တောင်ပိုင်း SSA ကို နအဖ ထိုးစစ်


ဆင်လာရင် ရပ်ရွာမီးရှို့ခံရမှာ ကို အရမ်းစိုးရိမ်တယ်။ ကိုးမြို့ရှင် နတ်ဆရာတွေက စစ်ဖြစ်ဖို့ အလားအလာ
မရှိဘူးပြောတာတောင်မှ မယုံချင်ကြဘူး။”- ဟု သျှမ်းပြည်အလယ်ပိုင်းမိုင်းကိုင်မြ့သားတဦးက ပြောပါသည်။

ထို့ပြင် တာချီလိတ်မြို့၌လည်း စက်တင်ဘာ ၉ ရက် ၂၀၀၉ ( ကိုးသုံးလုံး) ၌ UWSA အား စစ်အစိုးရ


တိုက်ခိုက်မည်ဟု ဒေသခံလူထု ကြားသတင်းများထွက်ပေါ်ပျံ့နှံ့နေသဖြင့် ချောကား၊ ပေါ်တာဆွဲခံရမည်ကို
စိုးရိမ်နေကြကြောင်း တာချီလိတ်မြို့သားတစ်ဦးက ပြော ပါသည်။
လက်နက်ကိုင်တပ်ဖွဲ့များ နှင့် ပြည်သူလူထု စိတ်အနှောင့်အယှက်ဖြစ်စေရန် ယခုအခြေအနေဖြစ်အောင်
စစ်အစိုးရ တမင် အကွက်ချ ဖန်တီးပြီး စိတ်ဓါတ်စစ်ဆင်ရေးလုပ်နေခြင်းသာဖြစ်ကြောင်း - သုံးသပ်သူတွေက
ပြောဆိုနေကြပါသည်။

သံဃာတော်များနှင့် မွန်လူငယ်များက ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်သည့် မီးပုံးပျံလွှတ်ပွဲတော် ပြုလုပ်


Tue 08 Sep 2009, မင်းအာသံ - monnews-imna.com
မွန်ပြည်နယ်အတွင်းရှိ မွန်ကျေးရွာ အချို့သည် မြန်မာစစ်အစိုးရ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပက
ွဲို
မလိုလားသောကြောင့် ကျေးရွာသံဃာတော်များနှင့် မွန်လူငယ်များ စုပေါင်းကာ မီးပုံးပျံလွှတ်ပွဲတော်
ကျင်းပခဲ့သည်ဟု သိရပါသည်။

မြန်မာစစ်အစိုးရ စိတ်တိုင်းကျ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အရေးပါသည့် အခန်းကဏ္ဍ ၂၅


ရာခိုင်နှုန်းကို စစ်အစိုးရမှ အလိုအလျောက် နေရာယူထားပြီး ဖြစ်သောကြောင့် တရားမျှတမှု မရှိသည့် လာမည့်
၂၀၁၀ ရွေးကောက်ပွဲကို ကျေးရွာဒေသခံတို့က ဆန့်ကျင်ကန့်ကွက် သွားရန်အတွက် သံဃာတော်များ နှင့်
မွန်လူငယ်များက ယခုကဲ့သို့ စုပေါင်းပြီး မီးပုံးပျံလွှတ်ရခြင်းဖြစ်သည်ဟု မွန်ပြည်နယ်မှ သံဃာတော်တစ်ပါးက
မိန့်ကြားခဲ့သည်။

“ဦးဇင်းတို့မှာလည်း မီးပုံးပျံလွှတ်တယ်။ မီးပုံမှာတော့ စာပါရေးထားတယ်။ စာထဲမှာတော့ ‘နယ်ခြားစောင့်တပ်


အလိုမရှိ၊ ကျွန်ဘဝ အဖြစ်မခံနိုင’် ၊ ‘ရက်စစ်ကြမ်းကြုတ်သော စစ်ဖိနပ်အောက် ကျဉ်းကြပ်လွန်းလှတယ်’ ဆိုတဲ့
အဓိပ္ပာယ်ကို မွန်လိုရေးထားတယ်။ မွန်အမျိုးသားတို့အတွက် မိမက
ိံကြမ္မာ မိမိဖန်တီးပိုင်ခွင့်မရသရွေ့
သံဃာတော်များနှင့် မွန်လူငယ်များတို့က စစ်အစိုးရကို ဆက်လက်အတိုက်အခံ ပြုလုပ်နေဦးမယ်”ဟု အထက်ပါ
သံဃာတော်က ဆက်ပြီ မိန့်ကြားသည်။

မြန်မာစစ်အစိုးရ၏လုပ်ရပ်မှာ မွန်အမျိုးသားလွတ်မြောက်ရေးအတွက် အကျိုးမရှိကြောင်း မွန်လူငယ် အသီးသီးက


ပြောကြသည်။

မွန်လူငယ်တစ်ဦး၏ ပြောပြချက်အရ “ကျနော်တို့အခုလို မီးပုံးကြီးကြီးထဲမှာ စာတွေရေးပြီး လွှတ်တယ်ဆိုတာ


အာဏာရှင် စနစ်လက်အောက်က လွတ်မြောက်သွားအောင်ရယ်။ ဒီလာမည့် ၂၀၁၀ ရွေးကောက်ပွဲက တရားဝင်
မဟုတ်ကြောင်းနဲ့ ရွေးကောက်ပွဲက သူတို့ဘာသာ သူတို့လုပ်ယူတဲ့ ရွေးကောက်ပွဲတစ်ရပ်ဖြစ်တယ် ဆိုတာကို
ထည့်ရေးထားတယ်။ နောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းကို မသိသေးတဲ့ ကျေးရွာ
ဒေသခံတွေကို သိသွားစေလိုတဲ့ ဆန္ဒနဲ့ လုပ်တာပါ” ဟု ၄င်းက ဆက်ပြောသည်။

ပြုလုပ်ကျင်းပခဲ့သော တော်သလင်းလပြည့် မီးပုံးပျံလွှတ်ပွဲတော်သည် မွန်လူမျိုးတို့ ၏ ရိုးရာဓလေ့ အထိမ်းအမှတ်


တရပ်ပင် ဖြစ်သော်လည်း သံဃာတော်များ နှင့် မွန်လူငယ်တို့က ၂၀၁၀ ရွေးကောက်ပွဲ နှင့်ပတ်သက်သော
ဖြစ်ရပ်ကို ထင်ဟပ်စေလို၍ ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မွန်လူငယ်
အများစု၏ ပြောပြချက်အရ သိရပါသည်။
အာဏာရအောင် ကြိုးစားသင့်ဟု ဦးသုဝေ ပြော
နန်းဒေဝီ

နယူးဒေလီ (မဇ္စျိမ)။ ။ စစ်အစိုးရပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အရပ်သား


ပါတီများအနေဖြင့် အုပ်ချုပ်ရေးအာဏာကို ရယူနိုင်ရန် ကြိုးစားသင့်ကြောင်း ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌက
ပြောဆိုလိုက်သည်။

“နိုင်ငံရေး ပါတီတွေရယ်၊ ပြည်သူတွေရယ်က တက်တက်ကြွကြွနဲ့ တကယ်ပဲ ကြိုးစားပြီး လုပ်မယ်ဆိုရင် ၇၅


ရာခိုင်နှုန်းကနေ အများကြီး လုပ်နိုင်တာပေါ့။ အများကြီးလုပ်နိုင်ရင် ဘာဖြစ်လို့ အုပ်ချုပ်မှုအာဏာအချိုးကို
မရရမှာလဲ၊ ရနိုင်တာပေါ့။ မကြိုးစားရင် မရဘူးပေါ့” ဟု ဒီပီ - ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်တွင် ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးနှင့် ဖွဲ့စည်းခဲ့သည့် ဒီမိုကရက်တစ်ပါတီ -


ဒီပီတွင် ဦးသုဝေက ဥက္ကဋ္ဌဖြစ်ဆောင်ရွက်ပြီး ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဒေါ်နေရီဗဆွေတို့ဖြင့်
ဦးဆောင်ဖွဲ့စည်းခဲ့သည်။

“တိုင်းပြည် ကိယ
ုစားလှယ်တွေ အနေနဲ့ တိုင်းပြည်လူထု သဘောထားတွေကို ကျနော်တို့က တင်ပြနိုင်အောင်၊
ပြောနိုင်အောင် ကိုယ်က အာဏာရှိရင် ပိုပြီးလုပ်နိုင်အောင်၊ ကျနော်တို့ ကြိုးစားမှာပါ။ အာဏာရှိအောင်
ကျနော်တို့ ကြိုးစားမှာပါ” ဟု ဦးသုဝေက ပြောသည်။

၇၇ နှစ်အရွယ် ဦးသုဝေသည် ဖဆပလခေတ်တွင် ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ဖဆပလ ပါတီ ဒုဥက္ကဋ္ဌဖြစ်သူ


ဦးကျော်ငြိမ်း၏ ကိုယ်ရေး အတွင်းဝန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့်အပြင်၊ UPI ခေါ် ကမ္ဘာ့သတင်းဌာန၏
အရှေ့တောင်အာရှရုံးချုပ် သတင်းအယ်ဒီတာ၊ Morning Express နေ့စဉ်သတင်းစာ လက်ထောက်
အယ်ဒီတာနှင့် Bankkok World နေ့စဉ်သတင်းစာ အယ်ဒီတာ အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။

ပါတီအနေဖြင့် ပါတီမူဝါဒသဘောထားများ၊ ဖွဲ့စည်းပုံစည်းမျဉ်းများ ရေးဆွဲပြီးဖြစ်သည့်အပြင် ရန်ကုန်၊ မန္တလေးနှင့်


စစ်ကိုင်းတိုင်းတွင် တိုင်းနှင့် မြို့နယ်အဆင့် အလုပ်အမှုဆောင်အဖွဲ့အသီးသီး ဖွဲ့စည်းထားပြီး၊ အဖွဲ့အစည်းအပေါ်
စိတ်ပါဝင်စားသူများအတွက် အဖွဲ့ဝင်လျှောက်လွှာ တသောင်းခန့်ကို ရိုက်နှိပ်ထားပြီးဖြစ်သည်ဟု သူက
ပြောသည်။

ယခင်က ကနေဒါအခြေစိုက် ယူဒီပီ ခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီတွင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရသူ


ဦးသုဝေအနေဖြင့် ယခုအခါ ယူဒီပီနှင့် ကင်းရှင်းသွားပြီဟု ပြောသည်။

“ကျနော်ကိုယ်တင
ိုက နားမည်မှု လွဲခဲ့တယ်။ ယူဒီပီ ပါတီကို အစကတည်းက ဖွဲ့ထားပြီးဆိုတာ ကျနော်မသိဘူး။
ယူဒီပီမှာ ခေါင်းဆောင်လုပ်ပြီး ဥက္ကဋ္ဌလုပ်ပါဆိုပြီး ကြားလူကနေ လာပြောတယ်။ တခါမှတော့ တိုက်ရိုက်
လာပြောတာ မရှိဘူး။ သူတို့လည်း ဗမာပြည်ပြန်လာမယ်။ အတူတူ လုပ်ကြရအောင်ပြောတော့
ကောင်းတာပေါ့ဆိုပြီး လက်ခံလိုက်တယ်” ဟု ဦးသုဝေက ပြောသည်။
လတ်တလောတွင် ဒီပီပါတီအနေဖြင့် စစ်အာဏာပိုင်များ၏ အကူအညီများ ရရှိနေသည့်အပြင် အနာဂတ်
အုပ်ချုပ်ရေးတွင် အာဏာခွဲဝေရေး ကိစ္စအတွက် တိုင်ပင် ဆွေးနွေးနေကြောင်း မြန်မာ့နိုင်ငံရေး နယ်ပယ်တွင်း
စွပ်စွဲမှုများအပေါ် မဟုတ်မှန်ကြောင်း ဦးသုဝေက ငြင်းဆိုသည်။

“ကျနော်တို့နဲ့ လက်ရှိစစ်အစိုးရနဲ့က ဘာမှအဆက်အသွယ် မရှိပါဘူးဗျ။ ရင်းနှီးမှုလည်း မရှိဘူးဆိုတော့ ဒီ power


sharing ကိစ္စက ဘယ်လိုဆွေးနွေးမှာလဲနော်။ ဘာမှဆွေးနွေးစရာလည်း မရှိဘူး။ ကျနော်တို့က
သီးခြားလွတ်လပ်တဲ့ ပါတီအနေနဲ့ ထောင်တာပါ။ ထောက်ပံ့တာမျိုးလည်း မရှိပါဘူး” ဟု သူက ပြောသည်။

ပါတီ နှစ်ခု ဆိုင်းဘုတ် တင်ခွင့်ရ


မြင့်မောင်

နယူးဒေလီ (မဇ္ဈိမ)။ ။ ပခုက္ကူမြို့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်


ကျောင်းသားများ အဖွဲ့၏ ဆိုင်းဘုတ်ကို တင်ခွင့်ရရာ ရွေးကောက်ပွဲဥပဒေ မထွက်သေးသော်လည်း ပထမဆုံး
တရားဝင် လှုပ်ရှားခွင့်ရသည့် အဖွဲ့သစ်များ ဖြစ်လာသည်။

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အမျိုးသားလှုပ်ရှားမှု ၂၀၀၉ ဆိုသည့်


ဆိုင်းဘုတ်ကို လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင်ဝင်မည့် အဖွဲ့ ၂ ဖွဲ့က ယခု လဆန်းပိုင်းက တင်ထားခဲ့သည်။

“ရုံးရှေ့မှာ တင်တာပါ။ အဲဒီ ဆိုင်းဘုတ်မှာ ကျနော်တို့ အဖွဲ့ ၂ ဖွဲ့ရဲ့ နာမည်ပါတယ်။ ပထမပိုင်းတော့


အာဏာပိုင်တွေက မကျေမလည်ဖြစ်တာတွေကတော့ ရှိတယ်။ Campaign လုပ်တဲ့ သဘောဆိုပြီးတော့
ပြောရတာပေါ့။ အလျား ၈ ပေ၊ အနံ ၃ ပေ ရှိတယ်။ ဆိုင်းဘုတ်မှာ ဝါ၊ စိမ်း၊ နီ ဆိုပြီးတော့ လိုင်းသုံးလိုင်း ပါတယ်”
ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဗဟိုကော်မတီ ဒုဥက္ကဋ္ဌ ကိုရဲထွန်းက ပြောသည်။

သူက ဆက်ပြီး “ အလံရဲ့ သင်္ကေတ အတိုင်းပဲလေ။ အနီရောင်ပေါ်မှာ အဖြူရောင်နဲ့ ဒီမိုကရေစီ အသွင်


ကူးပြောင်းရေး အမျိုးသားလှုပ်ရှားမှု ၂၀၀၉ လို့ ရေးထားတယ်။ အလယ်တည့်တည့်မှာ ကဒေါင်း ပါတယ်။
တဖက်တချက်မှာက ကျနော်တို့ အဖွဲ့ ၂ ဖွဲ့ရဲ့ နာမည်ပါတယ်။ အပေါ်မှာက ခွပ်ဒေါင်းနှင့် ကဒေါင်း သင်္ကေတကို
အလံတွေ အပေါ်ဆုံးမှာ တင်ထားတယ်” ဟု ပြောသည်။

တတိယအင်အားစုတခုဖြစ်သည့် ထိုအဖွဲ့များ၏ အလားတူ ဆိုင်းဘုတ်များကို ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင်၊


ပြည်၊ ပေါင်းတည်၊ တောင်တွင်းကြီး၊ ပခုက္ကူနှင့် အခြားမြို့နယ်တွင်းရှိ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား
နိုင်ငံရေးအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ - ပြည်ထောင်စု မြန်မာနိုင်ငံ ခရိုင်၊ မြို့နယ် ရုံးခွဲများတွင်
တင်ထားကြောင်း သိရသည်။

သို့သော်လည်း ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရ၍ စစ်အစိုးရက အာဏာလွှဲပေးရန်


ငြင်းဆန်ခံထားရသော ဒီမိုကရေစီ လိုလားသော အတိုက်အခံ ပါတီကြီးဖြစ်သည့် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်၏ ပြည်နယ်နှင့်တိုင်း အသီးသီးရှိ ရုံးများစွာ အပိတ်ခံနေရသလို ဆိုင်းဘုတ်များကိုလည်း
ဖြုတ်ချခံခဲ့ရသည်။
၁၉၈၈ ခုနှစ် ရွေးကောက်ပွဲတွင် မှတ်ပုံတင်ခွင့်ရကာ၊ ရှားရှားပါးပါး ကျန်ရှိနေသေးသော ပါတီဖြစ်ပြီး
လွတ်လပ်သော အထွေထွေ ရွေးကောက်ပွဲ အနိုင်ရပါတီအနေဖြင့် ရုံးများ ပြန်ခွင့်ပြုရန် ယမန်နေ့က ရန်ကုန်မြို့
ရွှေဂုံတိုင်ရှိ အန်အယ်ဒီရုံးချုပ်က ထုတ်ပြန်သော ကြေညာချက်တွင် ပါရှိသည်။

ပြည်တွင်း၌ ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားများပြုလုပ်


မင်းနိုင်သ/ူ ၉ စက်တင်ဘာ ၂၀၀၉

အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး အကောင်အထည်ဖော်ဆောင်ရေး ကော်မတီကို ဦးဆောင်


ဖွဲ့စည်းထားသည့် သံဃာ့အဖွဲ့ချုပ် မြန်မာနိုင်ငံက ကြီးမှူး၍ ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားများ ပြည်တွင်း၌
ယနေ့ကျင်းပခဲ့ကြောင်း သိရသည်။

“ဒီနေ့ ဦးဇင်းတို့ ရန်ကင်းတောင်မှာ ဆရာတော် ဦးဥတ္တမကို ရည်စူးပြီးတော့ မေတ္တာပို့ အမျှဝေတာတွေ


လုပ်ခဲ့တယ်။ မန်းလေးတောင်ပေါ်မှာလည်း သံဃာတော်ကိုးပါး ဆွမ်းခံကြွလို့ ရလာတဲ့ သပိတ်ကိုးလုံးစလုံးကို
ဆရာတော် ဦးဥတ္တမကို ရည်စူးပြီး ဘုရားမှာ ကပ်လှူခဲ့ကြတယ်” ဟု သံဃာ့အဖွဲ့ချုပ်မှ တွဲဖက်အထွေထွေ
အတွင်းရေးမှူး အရှင်ပါရမီခန္တီက မိန့်သည်။

သံဃာတော်များအနေဖြင့် လုံခြုံရေးစောင့်ကြပ်နေမှုများကြားမှ အခမ်းအနားကျင်းပခဲ့ကြရခြင်းဖြစ်ပြီး


ရန်ကင်းတောင်တွင် သံဃာတော် (၁၅) ပါးနှင့် လူပုဂ္ဂိုလ် (၃၀) ဦးတို့က ဆရာတော်ဦးဥတ္တမအတွက် မေတ္တာပို့
အမျှဝေခဲ့ကြခြင်းဖြစ်သည်။

“ဦးဇင်းတို့ကလည်း လူနည်းနည်းနဲ့ ခွဲပြီးကျင်းပခဲ့တာဆိုတော့ ရန်ကင်းတောင်မှာ အနှောင့်အယှက်တော့


မတွေ့ရဘူး။ ရန်ကင်းတောင်တော်က ဘုရားလုံခြုံရေးတွေကလည်း မသိသလို နေပေးခဲ့ကြပါတယ်” ဟု
အရှင်ပါရမီခန္တီက မိန့်သည်။

သံဃာ့အဖွဲ့ချုပ်၊ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီး အကောင်အထည်ဖော်ဆောင်ရေးကော်မတီက


တပ်မတော်သားနှင့် ၀န်ထမ်းများသို့ အိတ်ဖွင့်ပေးစာတစောင်ကိုလည်း ယနေ့ ဖြန့်ဝေလိုက်သည်။

အဆိုပါပေးစာတွင် ယခုအချိန်သည် တိုင်းပြည်အနာဂတ်အတွက် သေရေးရှင်ရေးတမျှ အရေးကြီးသည့်


အချိန်ဖြစ်ကြောင်း၊ တာဝန်သိ တိုင်းချစ်ပြည်ချစ် တပ်မတော်သားနှင့် ၀န်ထမ်းများအနေဖြင့် စစ်အာဏာရှင်
စနစ်အောက်မှ မြန်မာပြည်ကို ကယ်တင်ရန် အချိန်ကျပြီဖြစ်ကြောင်း၊ တိုင်းပြည်ကို မွဲပြာကျအောင်လုပ်ခဲ့သည့်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အပေါင်းအပါ စစ်ဗိုလ်ချုပ်များကို ဖယ်ရှားဖို့ အချိန်ရောက်ပြီဖြစ်၍ တပ်မတော်သားနှင့်
ဝန်ထမ်းများအနေဖြင့် ကျောင်းသားပြည်သူများနှင့် လက်တွဲဖို့လိုပြီဖြစ်ကြောင်း ဆော်သြထားသည်။

ဘုန်းဘုန်းတို့ တိုင်းပြည်ကို စစ်အာဏာရှင်စနစ် သို့မဟုတ် စည်းမျဉ်းခံစစ်အာဏာရှင်စနစ်အောက်မှာ ထားရစ်ခဲ့


မလား၊ ဘုန်းဘုန်းတို့ အားလုံးအတူတကွ ရုန်းထွက်ကြမလားဆိုတာ မှန်မှန်ကန်ကန် ဆုံးဖြတ်ကြရမယ့်အချိန်ကို
ရောက်နေပြီ ဖြစ်ပါသည်ဟုလည်း စစ်သားနှင့် ၀န်ထမ်းများကို တိုက်တွန်းထားသည်။
ထို့အပြင် တိုင်းပြည်ချစ်သော တပ်မတော်သားများအနေဖြင့် စစ်အာဏာရှင်များကို ရဲရဲရင့်ရင့် ဖယ်ရှားရန်နှင့်
ပြည်သူလူထုမှ စစ်အာဏာရှင်ပျက်သုဉ်းရေးတိုက်ပဝ
ွဲ င်လာသည့်အခါ ပစ်မိန့်ပေးသည်ကို မနာခံဘဲ ပြည်သူ
လူထုနှင့် ပူးပေါင်းရန်လည်း မေတ္တာရပ်ခံထားသည်။

အဆိုပါ အိတ်ဖွင့်ပေးစာကို ယနေ့ (၉-၉-၂၀၀၉) ရက်တွင်ကျရောက်သော ဆရာတော်ဦးဥတ္တမနေ့ကို


ဂုဏ်ပြုသောအားဖြင့် တိုင်းစစ်ဌာနချုပ် (၁၃) ခု၊ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့ (၆၅) ခု၊ ၀န်ကြီးဌာန (၃၁) ခု၊
လက်အောက်ခံရုံးဌာန (၉၃) ခုနှင့် ပြည်နယ်တိုင်းခရိုင် ကြံ့ခိုင်ရေးရုံး (၄၀၅) ရုံးသို့ စာတိုက်မှတဆင့်
ပေးပို့ခဲ့ကြောင်း သိရသည်။

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး အကောင်အထည်ဖော်ဆောင်ရေးကော်မတီကို သံဃာ့အဖွဲ့ချုပ်မြန်မာ


နိုင်ငံက ဦးဆောင်ကာ ပြည်တွင်းရှိ နိုင်ငံရေးအင်အားစု (၁၄) ဖွဲ့နှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင်လည်း ဆရာတော်ဦးဥတ္တမနေ့ကို လျှို့ဝှက်စွာကျင်းပခဲ့ကြောင်း ရန်ကုန်သံဃာတော်တပါးက


မိန့်သည်။

“ရန်ကုန်မှာလည်း လုပ်ဖြစ်တယ်။ ဒါပေမယ့် လုံခြုံရေးအခြေအနေအရ ဘယ်မှာလုပ်တယ်ဆိုတာကို မပြောနိုင်


သေးဘူး။ ရန်ကုန်မှာက စောင့်ကြည့်မှုတွေပိုများတယ်။ ဒီကြားထဲကလုပ်ခဲ့ကြရတာ။ အဓိကက ဆရာတော
ဦးဥတ္တမရဲ့ အများအကျိုး သယ်ပိုးလိုတဲ့ စိတ်ဓာတ်တွေ ဦးဇင်းတို့ သံဃာတော်တွေဆီမှာ ဆက်လက်ရှိနေတယ်
ဆိုတာသိဖို့ပဲ။ နအဖစစ်အစိုးရက ဘယ်လိုပဲ ဆရာတော်နဲ့ ပတ်သက်တာတွေကို ဖျောက်ဖျက်ဖျောက်ဖျက်
အာဇာနည် တရားဆိုတာ ပျောက်မသွားပါဘူး။ ဆရာတော်ဦးဥတ္တမနေ့ကို တက်လာတဲ့ သံဃာတွေနဲ့
ဆက်လုပ်ရမယ့် ကိစ္စတွေကို ညှိနှိုင်းတိုင်ပင်ခဲ့ကြတယ်” ဟု အဆိုပါ သံဃာတော်က မိန့်သည်။

ယနေ့သည် လွတ်လပ်ရေးမီးရှူးတန်ဆောင်ဟု တင်စားခဲ့ကြသည့် ဆရာတော်ဦးဥတ္တမကွယ်လွန်သည့် နှစ် (၇၀)


ပြည့်သည့် နေ့ဖြစ်သည့်အတွက် ရန်ကုန်၊ မန္တလေးနှင့် စစ်တွေမြို့တို့တွင် စစ်အစိုးရ အာဏာပိုင်များက
လုံခြုံရေးတင်းကျပ်စွာ ချထားကြောင်း ဒေသခံများက ပြောသည်။

ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ၀တပ်ဖွဲ့ခေါင်းဆောင်များ တွေ့ဆုံမည်


ခိုင်လင်း / ၉ စက်တင်ဘာ ၂၀၀၉ ခေတ်ပြိုင်

စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ခေါင်းဆောင်များ


မကြာမီရက်ပိုင်း အတွင်း ၀တပ်ဖွဲ့ဌာနချုပ်ရှိရာ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးရန်ရှိသည်။

ဒေသအတွင်း စစ်မက်ဖြစ်ပွားပြီး တရုတ်နယ်စပ်တွင် မတည်မငြိမ်ဖြစ်လာမည်ကို စိုးရိမ်သည့် တရုတ်အစိုးရ၏


ကြားဝင်စေ့စပ် ပေးမှုဖြင့် နှစ်ဖက်တွေ့ဆုံမည်ဖြစ်သည်ဟု ၀အရာရှိတဦးက ပြောသည်။

၎င်းက “ဗိုလ်ချုပ်ရဲမြင့် အခုရက်ပိုင်းလာမယ်ဆိုပြီး သိထားတယ်လေ။ ရက်အတိအကျတော့ မသိဘူး။ ကျနော်တို့


ခေါင်းဆောင်တွေနဲ့ ဒီပန်ဆန်းမှာ ဆွေးနွေးကြမှာ။ တရုတ်အာဏာပိုင်တွေက ကြားကစေ့စပ်ပေးတယ်လို့
ကြားရတယ်။ စစ်ပွဲဖြစ်ရင်၊ ဒေသမတည်မငြိမ်ဖြစ်ရင် တရုတ်ပြည်ဘက်ကိုလည်း ထိခိုက်တာတွေရှိတော့
သူတို့လည်း စိုးရိမ်နေပုံရတယ်” ဟု ပြောသည်။
ပြီးခဲ့သည့်လကုန်ပိုင်းက ရှမ်းပြည်နယ် အထူးဒေသ (၁) ကိုးကန့်နယ်မြေအတွင်း ကိုးကန့်တပ်ဖွဲ့နှင့်
နအဖတပ်အကြား တိုက်ပွဲများကြောင့် တရုတ်ပြည်ဘက်သို့ စစ်ပြေးဒုက္ခသည် (၃၇,၀၀၀) ကျော်
ထွက်ပြေးလာခဲ့ကြောင်း၊ တရုတ်ပြည်အတွင်း အမြောက်ကျည် (၃) လုံးပေါက်ကွဲခဲ့ရာ တရုတ်နိုငင
်ံသားတဦး
သေဆုံးခဲ့ပြီး (၂) ဦးဒဏ်ရာရရှိခဲ့ကာ မြန်မာဘက်ခြမ်းတွင် တရုတ်နိုင်ငံသား (၁) ဦးသေဆုံးပြီး (၁၃) ဦး
ဒဏ်ရာရရှိခဲ့သည်ဟု ယူနန်ပြည်နယ်ရဲချုပ် Meng Sutie က သြဂုတ် (၃၀) ရက် သတင်းစာရှင်းလင်းပွဲတွင်
တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုလ (၆) ရက်၌ စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့


(ကေအိုင်အ)ို ကိုယ်စားလှယ်တို့ တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း နအဖဘက်က ရက်ရွှေ့ဆိုင်းခဲ့ပြီး ယနေ့တွင်
မြစ်ကြီးနား၌ နှစ်ဖက်တွေ့ဆုံမှုများ လုပ်နေသည်ဟု ကေအိုင်အိုအဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက်က
ပြောသည်။

ယခုတွေ့ဆုံမှုကိစ္စနှင့်ပတ်သက်၍ အတည်ပြုချက်ရယူရန် ကေအိုင်အိုသို့ ဆက်သွယ်၍မရခဲ့ပါ။

အပစ်ခတ်ရပ်အဖွဲ့များနှင့် နအဖတပ်များအကြား တဖက်နှင့်တဖက် စစ်ရေးအသင့်ပြင်ကာ စစ်လှုပ်ရှားမှုများ


ှိနေချိန်တွင် ယခုကဲ့သို့ နှစ်ဖက်တွေ့ဆုံမှုသတင်းများ ပေါ်ထွက်လာခြင်းဖြစ်သည်။

တက္ကစီများ မီတာဖြင့်ပြေးဆွဲရေးစီမံချက် မအောင်မြင်


အောင်ကျော်မိုး/ ၉ စက်တင်ဘာ ၂၀၀၉ ခေတ်ပြိုင်

ရန်ကုန်တိုင်းအတွင်းရှိ တက္ကစီကားအားလုံးကို မတပ်မနေရစနစ်ဖြင့် မီတာများတပ်ဆင်စေခဲ့သော်လည်း လုပ်ငန်း


အကောင်အထည်ဖော်နိုင်ခြင်း မရှိကြောင်း တက္ကစီကားမောင်းသူများနှင့် မြို့ခံများက ပြောသည်။

တက္ကစီကားမောင်းသူတဦးက “ကျနော်တို့အားလုံး မီတာ တပ်တယ်ဆိုတာက အာဏာပိုင်တွေနဲ့ နီးစပ်တဲ့


ကုမ္ပဏီတွေက တပ်ပေးတဲ့ မီတာတွေကို ကျပ် (၂) သိန်းနဲ့ တပ်ရမယ်၊ မတပ်ရင် လိုင်စင်သက်တမ်း
တိုးမပေးဘူး။ တက္ကစီ ပြေးဆွဲခွင့် လိုင်စင်ရုပ်သိမ်းမယ်၊ ဖမ်းဆီးပြီး ဒဏ်ရိုက်မယ် စသဖြင့် အတင်းအကျပ်
တပ်ခိုင်းလို့ တပ်ရတာ။ သူတို့ခိုင်းသလို မီတာနဲ့ ဆွဲရမယ်ဆိုရင် ကျနော်တို့အတွက် လုံးဝမကိုက်ဘူး။ ဒါကြောင့်
တက္ကစီခကို စီးမယ့် ခရီးသည်တွေနဲ့ ညှိနှိုင်းပြီးတော့ပဲ ယူတယ်။ တကယ်ဆို နိုင်ငံခြားကနေ တပတ်ရစ်ကားတွေ
သွင်းခွင့်ရပြီး တက္ကစီလုပ်ငန်း လုပ်နေတဲ့ ပါရမီတက္ကစီတွေက စံပြအနေနဲ့ မီတာနဲ့ ဆွဲသင့်တယ်” ဟု ပြောသည်။

လက်ရှိ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် စီအန်ဂျီ ပြောင်းပြီးသား ကက၊ ခခ၊ နံပါတ်တပ်တက္ကစီများ၊ အခြား


နံပါတ်တပ် တက္ကစီများသာမက ဓာတ်ဆီ၊ ဒီဇယ်ဖြင့် ပြေးဆွဲနေသည့် ယာဉ်များအားလုံး အစီးရေ (၁)
သောင်းကျော် မီတာတပ်ဆင်ပြီးစီးပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ပါရမီတက္ကစီကားသည် ကားသန့်ပြီး အခြား စီးတီးတက္ကစီများကဲ့သို့ ကားပြင်စရိတ် သိပ်မရှိကြောင်း၊ တရက်ကို


အုံနာကြေး ကျပ် (၁) သောင်း သတ်မှတ်ထားကြောင်း၊ သို့သော် ကျပ် (၁) သောင်းဖြင့် လူတိုင်းကို ဆွဲခွင့်မပေးဘဲ
စစ်ဗိုလ်ဟောင်းများ အပါအဝင် စစ်တပ်နှင့် နီးစပ်သူများကိုသာ အငှားချပေးခြင်းဖြစ်ကြောင်း
ပါရမီတက္ကစီမောင်းသူတဦးက ပြောသည်။
၎င်းက “အဲဒီလို လူတွေကမှတဆင့် ကျနော်တို့က တနေ့ ကျပ် (၁၅,ဝဝဝ) နဲ့ ပြန်ငှားပြေးဆွဲရတာဖြစ်လို့
ကုမ္ပဏီက ကြေညာထားပေမယ့် မီတာနဲ့မဆွဲဘဲ ခရီးသည်နဲ့ညှိနှိုင်းဈေးနှုန်း သတ်မှတ်ပြေးဆွဲကြတာဖြစ်တယ်”
ဟု ရှင်းပြသည်။

ပြီးခဲ့သည့်ရက်အတွင်း မန္တလေးမှ ရန်ကုန်သို့ ပြန်လာသည့် ခရီးသည်တဦးက အောင်မင်္ဂလာ


အဝေးပြေးကားကွင်းတွင် ပါရမီ တက္ကစီကားဂိတ်ရှိသော်လည်း မည်သည့်ကားမျှ မီတာဖြင့်ငှားမရကြောင်း
ပြောသည်။

အခြားခရီးသည် တဦးကလည်း “လမ်းမှာ ပါရမီတက္ကစီကို တားပြီး မီတာနဲ့ သွားမယ်ပြောတဲ့အခါ မလိုက်ဘူးတဲ့။


ဒါနဲ့ ပါရမီကုမ္ပဏီ ဖုန်း (၄ဝဝ၄၃၅၊ ၅၄၁၇၃၂) ကို တိုင်တော့ ကားပေါ် တက်စီးတာမရှိလို့ မီတာကိုပြန်ပြီး
စစ်ဆေးလို့မရတဲ့အတွက် အရေးယူလို့ မရဘူးတဲ”့ ဟု ပြောသည်။

ယခုအခါ ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က လူစည်ကားသည့် ကားမှတ်တိုင်များတွင် ဆိုင်းဘုတ်များ စိုက်ထူပြီး


တက္ကစီဖြင့်သွားပါက ကျသင့်နိုင်သည့် မီတာခနှုန်းထားများကို ရေးသားဖော်ပြထားသည့်အပြင် ပါရမီတက္ကစီ
ကုမ္ပဏီကလည်း ၎င်းတို့၏တက္ကစီများ မီတာဖြင့် မပြေးဆွဲပါက တိုင်ကြားရန် ဖုန်းနံပါတ်များကို ဂျာနယ်များတွင်
ထည့်သွင်းဖော်ပြသည်။

ယာဉ်ထိန်းရဲများက တက္ကစီများကို တားပြီး စစ်ဆေးချိန်တွင် မီတာအလုပ်မလုပ်သည်ကို တွေ့ရှိပါက


ဒဏ်ရိုက်ခံရမည်ဟု ကြေညာထားသော်လည်း ရန်ကုန်တွင် တက္ကစီများ မီတာဖြင့်ပြေးဆွဲခြင်း မရှိသေးကြောင်း
မြို့ခံများက ပြောသည်။

၉ သုံးလုံးနေ့ လှုပ်ရှားမှု ဖြစ်မည်ကို အာဏာပိုင်တို့ စိုးရိမ်၊ ရွှေတိဂုံတ၀ိုက် လုံခြုံရေး တင်း


စက်တင်ဘာ ၉၊ ၂၀၀၉ မိုးမခအထောက်တော်၊ ရန်ကုန်

ရွှေဝါရောင် သံဃာ့အရေး အခင်းဖြစ်ပွားခဲ့ပြီး ဒုတိယမြောက် နှစ်ပတ်လည်လ နှင့် ၉ ဂဏန်း ၃လုံး


တိုက်ဆိုင်သည့် ၉ရက် ၉လ ၂၀၀၉ နေ့တွင် သံဃာ့လှုပ်ရှားမှုများ ပေါ်ပေါက်မည်ကို စိုးရိမ်သဖြင့် ရန်ကုန်မြို့
ရွှေတိဂုံ ဘုရား အရှေ့ဘက်မုခ် အဆင်းလမ်း တလျှောကတွင် လက်နက်၊ ဒိုင်းများ အပြည့်အစုံဖြင့် လုံထိန်းကား
တဒါဇင်ထက် မနည်းဖြင့် စောင့်ကြပ် ကြည့်ရှုနေသည်။

ရွှေတိဂုံ စေတီ တ၀ိုက်နှင့် ရွှေဂုံတိုင်လမ်း တ၀ိုက်တွင် လက်နက်ကိုင် လုံထိန်းရဲများကို အသင့် အနေအထားဖြင့်


မြင်တွေ့ နေရပြီး ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင်လည်း လုံထိန်းကားတန်းများဖြင့် ကင်းလှည့်ခြင်း၊
လက်နက်ကိုင် ရဲကားများ လှည့်လည်နေခြင်းဖြင့် တစုံတရာ လှုပ်ရှားမှု ပေါ်ပေါက်ခဲ့သော် ချက်ခြင်း တုံ့ပြန်
ဆောင်ရွက်နိုငရ
် န် နအဖ အစိုးရက အသင့်ပြင်ထားသည်ကို မြင်တွေ့နေရသည်ဟု ရန်ကုန်မြို့ခံများက
ပြောသည်။

သံဃာများ ရွှေတိဂုံစေတီတော် တ၀ိုက်တွင် သွားလာသည်ကို အာဏာပိုင်တို့က မျက်ခြေမပြတ်


စောင့်ကြည့်လျက်ရှိပြီး ရွှေဂုံတိုငအ
် ရပ်ရှိ အန်အယ်လ်ဒီ ရုံးချုပ်မျက်နှာချင်းဆိုင်တွငမ
်ူ လုံခြုံရေး အင်အား
အများအပြား ချထားခြင်း မရှိပေ။
ရန်ကုန်မြို့ခံ အချို့ကမူ လူထုလှုပ်ရှားမှု သို့မဟုတ် သံဃာလှုပ်ရှားမှု ပေါ်ထွက်လာမလား ဆိုသည့်
မျှော်လင့်ချက်များ ထားရှိကြသော်လည်း နိုင်ငံရေး အဖွဲ့အစည်း၊ သံဃာ့ အဖွဲ့အစည်းများက မည်သည့်
ကြေညာချက်မျှ ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

ယနေ့ ၉ သုံးလုံးနေ့နှင့် တိုက်ဆိုင်သည့် အခြား အဖြစ်အပျက် တခုမှာ လူငယ်နှင့် လူလတ်ပိုင်း ပရိသတ်


အများစု၏ ရော့ခ် အဆိုတော် အငဲ၏ ကိုး ဟုအမည်ပေးထားသည့် ၎င်း၏ ကိုးခုမြောက် တေးအယ်လ်ဘမ်ကို
ရန်ကင်းရှိ Iron Cross တေးထုတ်လုပ်ရေးက ဖြန့်ချိလိုက်ခြင်း ဖြစ်သည်။

You might also like