You are on page 1of 9

 

တိုင်းပြည်နဲ့လူမျိုးအကျိုး ရှေ့ရှုပြီး ပြတ်ပြတ်သားသား ဆောင်ရက


ွ်ကြ (ဗိုလ်ချုပ် အောင်ဆန်း)

ခေတ်ပြိုင်

၇ အောက်တိုဘာ၂၀၀၉

“တိုင်းရင်းသားလူမျိုးများကောင်စီ” ထုတ်ပြန်ချက် ကေအန်ယူ ကန့်ကက


ွ်

တိုင်းရင်းသားအဖွဲ့များကို လာမည့် ၂၀၁၀ ရွေးကောက်ပဝ


ွဲ င်ရန်အတွက် တိုင်းရင်းသားလူမျိုးများကောင်စီ (အီးအန်စီ)က ထုတ်ပြန်သည့် တိုက်တွန်းချက်
သည် အဖွဲ့၏သဘောထားမဟုတ်ဘဲ လူတစု၏သဘောထားသာဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က ပြောသည်။

ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် အနာဂတ်မြန်မာ့နိုင်ငံရေးတွင် တိုင်းရင်းသားများပါဝင်ရန် တိုက်တွန်းထားသည့်စာကို အီးအန်စီအဖွဲ့က အမေရိ


ကန် အထက်လွှတ်တော်အမတ် ဂျင်ဝက်ဘ်ထံ ယခင်လ(၂၈)ရက်တင
ွ် ပေးပို့ခဲ့ခြင်းနှင့်ပတ်သက်၍ ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ်က ပြော
ကြားခြင်းဖြစ်သည်။ ၎င်းက“ဒီစာကို ကေအန်ယူက ကန့်ကွက်တယ်၊ ကေအန်ယူလိုင်းနဲ့လည်း ဆန့်ကျင်တယ်၊ ဒီစာထုတ်တာ အီးအန်စီအဖွဲ့ရဲ့ သဘော
ထားမဟုတ်ဘူး၊ လူတဦး၊ နှစ်ဦးရဲ့သဘောထားပဲဖြစ်တယ်။ အန်ဂျီအိုတွေက လုပ်ခိုင်းတဲ့အတိုင်း လုပ်တဲ့လူအချို့ရှိတယ်။ အီးအန်စီကို စဖွဲ့တာ နိုင်ငံရေး
အဖွဲ့အစည်းအနေနဲ့ ဖွဲ့တာမဟုတ်ဘူး၊ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ပေါ်ထွန်းရေးနဲ့ တိုင်းရင်းသားအားလုံး စုစည်းတဲ့ဆုံရပ်ဖြစ်ဖို့အတွက် ဖွဲ့ခဲ့တာ” ဟု
ပြောသည်။

ပြည်ပရောက် တိုင်းရင်းသားခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် အီးအန်စီအဖွဲ့တင


ွ် ကရင်ပြည်နယ်ကိုယ်စားလှယ်ဟု ခံယူထားသူများသာပါရှိပြီး
ကေအန်ယူအနေဖြင့် ပါဝင်ခြင်းမရှိသည့်အတွက် ယခုဖြစ်ရပ်နှင့်ပတ်သက်၍ တစုံတရာ ဂယက်ရိုက်ခတ်မှု မရှိနိုင်ဟုလည်း ၎င်းကပြောကြားသည်။

အီးအန်စီအဖွဲ့၏ အကြံပေးအဖွဲ့ဝင်တဦးဖြစ်သည့် ဦးခွန်မားကိုဘန်းက “ဒီစာနဲ့ပတ်သက်ပြီး အဖွဲ့က တာဝန်ရှိသူအဆင့်ဆင့်ကို မေးကြည့်တော့ ဘယ်သူမှ


မသိကြဘူး။ ဖွဲ့စည်းပုံမှာက သဘာပတိအဖွဲ့ဟာ နိုင်ငံရေးဦးဆောင်မှုမှာတာဝန်ရှိပြီး အထွေထွေအတွင်းရေးမှူးအဖွဲ့ဟာ နေ့စဉ်လုပ်ငန်းတာဝန် လုပ်ဆောင်
ဖို့ဖြစ်တယ်။ ဒီလို အထွေထွေအတွင်းရေးမှူးလက်မှတ်ထိုးပေးတဲ့စာကို အဖွဲ့ရဲ့သဘောထားစာလို့ သတ်မှတ်လို့မရဘူး။အီးအန်စီဥက္ကဋ္ဌ ခူးထဲဘူးဖဲကလည်း
ဒီစာနဲ့ပတ်သက်ပြီး သူဘာမှမသိရဘူးလို့ ပြောပါတယ်” ဟု ပြောသည်။

အဆိုပါစာသည် အဖွဲ့၏သဘောထားအမှန် မဟုတ်ကြောင်းသိရှိရန်နှင့် ယင်းပြဿနာကိုဖြေရှင်းရန် လာမည့်(၃)လပတ် အစည်းအဝေးတွင် အကျေ


အလည်ဆွေးနွေးမည်ဟု အီးအန်စီ ဥက္ကဋ္ဌ ခူးထဲဘူးဖဲက ပြောသည်။အီးအန်စီသည် နအဖ၏ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို လုံးဝလက်မခံကြောင်း၊ ၂၀၁၀
ရွေးကောက်ပွဲကိုလည်း လက်မခံကြောင်း၊ သို့ရာတွင် ၀င်ရောက်အရွေးခံမည့် တိုင်းရင်းသားအဖွဲ့များ၊ ပုဂ္ဂိုလ်များနှင့် ဆန္ဒမဲပေးမည့်ပြည်သူလူထုကို
ဆန့်ကျင်တိုက်ခိုက်သွားမည်မဟုတ်ကြောင်း သဘောထားချမှတ်ထားသည်ဟုလည်း ပြောသည်။

အင်တာဗျူး

ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းနှင့် ခေတ်ပြိုင်ဆက်သယ


ွ်မေးမြန်းချက်။

ဥပဒေဆိုတာ နအဖမှာ မရှိပါဘူး

နအဖ စစ်အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အယူခံမှုအား ပယ်ဖျက်ခဲ့ပြီးနောက်တနေ့တွင် နအဖဆက်ဆံရေးဝန်ကြီး


ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်အား စိမ်းလဲ့ကန်သာအစိုးရဧည့်ဂေဟာတွင် ခေါ်ယူတွေ့ဆုံခဲ့သည်။ ယင်းသို့ နအဖအာဏာပိုင်များ၏
ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်ဆံမှုနှင့် နိုင်ငံရေး ရပ်တည်ချက်တို့ကို ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းနှင့်
ခေတ်ပြိုင်ဆက်သွယ်မေးမြန်းချက်။

မေး။ ။ အမေရိကန်အစိုးရ အရာရှိကြီးတွေက နအဖထိပ်ပိုင်းအရာရှိတွေနဲ့ တွေ့ဆုံစကားပြောဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ


ကို လွှတ်ပေးဖို့ တောင်းဆိုနေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်အကျယ်ချုပ်အယူခံမှုကို နအဖစစ်အစိုးရက အောက်တိုဘာ (၂) ရက်နေ့မှာ
ပယ်ချလိုက်ပါတယ်။ အဲဒီကိစ္စအပေါ် သဘောထားအမြင်ကို သိပါရစေ။

ွ်မည် (ဗိုလ်ချုပ် အောင်ဆန်း) 


အာဇာနည်ပုဂ္ဂိုလ်တို့၏ လုပ်ငန်းကို ဆုံးခန်းတိုင် ဆက်လက်၍ ဆောင်ရက 1 
 
 
တိုင်းပြည်နဲ့လူမျိုးအကျိုး ရှေ့ရှုပြီး ပြတ်ပြတ်သားသား ဆောင်ရက
ွ်ကြ (ဗိုလ်ချုပ် အောင်ဆန်း)
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့မြင်သင့်တာက သိပ်ကိုအဓိကကျတဲ့ ဆုပ်ကိုင်ထားရမယ့်အချက်က ဒါနိုင်ငံ
ရေးမှုဖြစ်တယ် ဆိုတဲ့ကိစ္စပါ။ နိုင်ငံရေးအပေါ်မှာ အခြေခံတယ်၊ နိုင်ငံရေးကြောင့်မို့ ပေါ်ပေါက်လာတာဖြစ်တယ်၊ နိုင်ငံရေးကြောင့်မို့လို့ပဲ ဒေါ်အောင်ဆန်းစု
ကြည် လွတ်တယ်၊ မလွတ်ဘူးဆိုတာ ဖြစ်မှာပါ။ ဥပဒေဆိုတာ နအဖမှာ မရှိပါဘူး။ နိုင်ငံရေးအပြောင်းအလဲ၊ နိုင်ငံရေးအချိုးအကွေ့အပေါ်မူတည်ပြီး
ဒေါ်အောင်ဆန်းစုကြည် လွတ်လာမှာဖြစ်ပါတယ်။ အခုဟာက နအဖဘက်က ပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ နံပါတ်တစ်က သူတို့အတွက်
အဓိကအကျဆုံး သူတို့ကို ဒုက္ခပေးနိုင်တဲ့သူဖြစ်ပါတယ်။ လောလောဆယ်မှာ အဓိကရန်သူ နံပါတ်တစ်လို့ ပြောရင်ရပါတယ်။ သူတို့အတွက်ဆို ဒါဟာ
အင်မတန် အကဲဆပ်တဲ့ ပြဿနာဖြစ်ပါတယ်။ ဒါကို သူတို့ နည်းနည်းလေးမှ အတိမ်းအစောင်း မခံနိုင်ဘူး။

နောက်တခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ နအဖ သဘောထားတာတခုက


ဒေါ်အောင်ဆန်းစုကြည်က သူတို့အတွက် အင်မတန်ကောင်းတဲ့ ဈေးဆစ်လို့ရတဲ့ bargaining chip
ပဲ။ အထူးသဖြင့် အမေရိကန်နဲ့စကားပြောဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကျန်တဲ့နိုင်ငံ
ရေး သမားတွေအားလုံး လွှတ်ရေးမလိုအပ်ဘူး။ နိုင်ငံရေးကစားဖို့အတွက်၊ နိုင်ငံရေးအရောင်းအ၀ယ်
လုပ်ရာမှာ မဲတင်းဖို့အတွက် သေချာကိုချန်ထားတဲ့၊ ယုတ်ယုတ်မာမာ အကြံအစည်နဲ့ချန်ထားတဲ့
အကျဉ်းသားတွေ ဖြစ်ပါတယ်။

အဲတော့အခု အမေရိကန် မစ္စတာဝက်ဘ်ကိစ္စနဲ့ပတ်သက်လို့ကတော့ သူပြောတာ မပြောတာ အပ


ထား၊ ဒေါ်အောင်ဆန်းစုကြည်ကို လောလောဆယ်ဆယ် အမေရိကန်နဲ့ မပြတ်မချင်း ထောင်ထဲက
ထုတ်လို့ကို မရသေးဘူး။ တနည်းနည်းနဲ့ ထည့်ထားရမှာပဲ။ အဲဒါအရ အခုလို လုပ်လိုက်တာပဲ။

မေး။ ။ အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျယ်ချုပ်အယူခံမှုကို ပယ်လိုက်တာဟာ နအဖကလုပ်မယ့် ရှေ့နှစ် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပေါ်မှာ
တစုံတရာသက်ရောက်မှုမျိုး ဖြစ်ပေါ်နိုင်ပါသလား။

ဖြေ။ ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ရဲ့အခြေခံရပ်တည်ချက်က ၂၀၁၀ ရွေးကောက်ပဟ


ွဲာ ဘယ်လိုဟာမှန်းလည်း မသိရ
သေးဘူး၊ ဘာမှလည်း မပြောသေးဘူး။ အဲဒါကြောင့်မို့ လုပ်ငန်းပိုင်းကို ကျနော်တို့ ထင်မြင်ချက်မပေးချင်ဘူး။ ဒါပေမယ့် အက္ခရာကျတာက ၂၀၁၀
ရွေးကောက်ပရ
ွဲ့ဲ အဓိကလုပ်နေတာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုဖို့၊ အဲဒါကို တရားဝင်သွားအောင် လုပ်ဖို့ဖြစ်တယ်။ ၂၀၀၈
အခြေခံဥပဒေဟာ ကျနော်တို့ ဘယ်လိုမှ လက်မခံနိုင်တဲ့ဟာ။ ဗမာပြည်သူလူထုကြီး ဘယ်လိုမှ လက်မခံနိုင်တဲ့ဟာ။ အဲတော့ အဲဒါကြီးကို ဦးတည်ပြီး
လုပ်တာမှန်သမျှကို ကျနော်တို့က အားမပေးဘူး။ ၂၀၀၈ ဥပဒေကို အတည်ပြုပြီးသွားရင် ရွေးကောက်ပမ
ွှဲာ ဘယ်သူတက်လာလာ နအဖ က ဂရုမစိုက်
တော့ဘူး။ ကျန်တဲ့လူတွေဟာ သူလုပ်တာတွေအားလုံးကို လက်ညှိုးထောင် ခေါင်းညိမ့်ရတဲ့သူတွေပဲ ဖြစ်မှာပဲ။ ပြောချင်တာပြော ဒါပေမယ့် ဘာမှ
အကောင်အထည်ပေါ်မှာ မဟုတ်တော့ဘူး။ အခုဟာ အချိန်မရွေး တရားဥပဒေနဲ့အညီ အာဏာသိမ်းလို့လည်း ရနေတယ်။ ခန့်လို့ ဖြုတ်လို့လည်း ရနေ
တယ်။

မေး။ ။ အဓိက အတိုက်အခံပါတီတခုဖြစ်တဲ့ အန်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို


လွှတ်မပေးဘဲ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပါ့မလား။

ဖြေ။ ။ အဲဒါကတော့ စောစောက ကျနော်ပြောသလို ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်လိုက်လို့ရှိရင်လည်း လွှတ်ပြီးတဲ့အခါမှာ သူ့ဘောင်ထဲကနေပဲ


နအဖက ရွေးကောက်ပွဲကို လုပ်သွားမှာပဲ။ အဲဒီဖွဲ့စည်းပုံဥပေဒေ အတည်ပြုဖို့အတွက် ဆက်လုပ်သွားမယ် ဆိုရင်တော့လည်း ဒေါ်စုပါရောပြီး သူတို့အသုံး
ချသွားတဲ့ဟာမျိုး ဖြစ်မှာပဲ။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံမှုကိုပယ်ပြီး နောက်တနေ့၊ အောက်တိုဘာ (၃) ရက်နေ့မှာ နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်က ဒေါ်စု
ကို အစိုးရဧည့်ဂေဟာမှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ဒေါ်စုက စာရေးတဲ့ကိစ္စလို့ သိရပါတယ်။ အဲလို ဦးအောင်ကြည်ရဲ့ တွေ့ဆုံမှု
နဲ့ပတ်သက်ပြီး နအဖလုပ်ရပ်အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ကျနော်ကတော့ ဒီဝန်ကြီးနဲ့တွေ့တယ်ဆိုတဲ့ အစီအစဉ်ကိုက၊ အရင်ကတည်းက နအဖဟာ ကမ္ဘာ့အာဘော်ပိုင်းကို လိမ်ညာဖို့အတွက် ထွင်ထားတဲ့

ွ်မည် (ဗိုလ်ချုပ် အောင်ဆန်း) 


အာဇာနည်ပုဂ္ဂိုလ်တို့၏ လုပ်ငန်းကို ဆုံးခန်းတိုင် ဆက်လက်၍ ဆောင်ရက 2 
 
 
တိုင်းပြည်နဲ့လူမျိုးအကျိုး ရှေ့ရှုပြီး ပြတ်ပြတ်သားသား ဆောင်ရက
ွ်ကြ (ဗိုလ်ချုပ် အောင်ဆန်း)
ဟာလို့ ယူဆပါတယ်။ ဒေါ်စုကို မဗေဒါ ရေဖြည့်သလို ဖြည့်ခိုင်းထားတာ။ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ သက်သက် အချိန်ဆခ
ွဲိုင်းထားတာ။ အခုဟာမှာ
လည်း အဲဒီလိုပဲ၊ အမေရိကန်ကို ပြန်ပြီးတော့ မျက်စိလှည့်နေဖို့၊ သူတို့အလုပ်လုပ်နေပါတယ်ဆိုတာမျိုး ပြချင်တဲ့အတွက် ဒါတမင်ဖန်တီးလာတဲ့ကိစ္စပါ။
နောက်တခုက အခုပဲ သူ့ကို ပြင်းပြင်းထန်ထန် မတရားဆုံးဖြတ်ချက် ချထားပြီးပြီ၊ နောက်တနေ့မှာ ပြုံးပြုံးရယ်ရယ်နဲ့ ထွက်ခိုင်းတယ်ဆိုတာဟာ အင်မတန်
ကို မတရားတဲ့ဟာ၊ လူလူချင်း အင်မတန်စော်ကားတဲ့ဟာ ဖြစ်တယ်။ ကျနော်တော့ ဒေါ်စုနေရာကနေ အင်မတန်နာပါတယ်။

မေး။ ။ အခုလို နအဖဆက်ဆံရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တာဟာ တွေ့ဆုံဆွေးနွေးမှု လမ်းပွင့်သွားနိုင်တဲ့ ကောင်းတဲ့အလားအလာလို့


ယူဆသူတွေရှိသလို တဘက်ကလည်း ဒေါ်စုကြောင့် ပိတ်ဆို့တားမြစ်မှုတွေ ဖြစ်လာတာမဟုတ်ဘဲနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုတွေ
ရုပ်သိမ်းပယ်ဖျက်ရေးကိစ္စကို နအဖနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း နအဖဥက္ကဋ္ဌထံ ဒေါ်စုက စာပေးပို့တာနဲ့ပတ်သက်ပြီးလည်း မလုပ်တာကို လုပ်ပါ
တယ်လို့ ၀န်ခံရာကျတဲ့သဘော သက်ရောက်တယ်ဆိုပြီး ဘ၀င်မကျသူတချို့ရဲ့ အသံတွေလည်း ကြားရပါတယ်။ ဒါကြောင့် အခုလို တွေ့ဆုံမှု အလား
အလာကို ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ။ ။ တခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တွေ့တာ အခုမှတွေ့တာမဟုတ်ဘူး။ ဒါကြောင့်မို့ ဒါဟာအခုမှ လမ်းပွင့်တယ်လို့ ပြောလို့မရ


ဘူး။ အစောကြီးကတည်းက လုပ်နေတာ၊ ပြီးတော့ သူတို့ဘာလို့ပိတ်ပစ်လိုက်လဲ၊ အကြောင်းမရှိဘဲနဲ့။ သူတို့ဘက်က ရိုးသားမှုတကယ်ရှိတယ်ဆိုလို့ရှိရင်
ဒီကိစ္စကို တလျှောက်လုံး ဆက်ပြီးလုပ်နေရမယ်။ နောက်ပြီးတော့ ပိုအဓိကကျတာက အပြင်ကို အသိပေးနေရမှာ၊ ဒီဆွေးနွေးပွဲဟာလည်း အပြင်ကမြင်နိုင်
တဲ့ transparency ရှိတဲ့ဆွေးနွေးပွဲ ဖြစ်ရမယ့်ဟာ၊ အဲလိုမဟုတ်ဘဲနဲ့ တံခါးပိတ်ပြီး လက်ဆွဲနှုတ်ဆက်တာလေးတွေ ဓာတ်ပုံရိုက်ရိုက် ပြနေလို့ကတော့
ဒါဟာ ဘယ်လိုမှ ပြည်သူလူထုကို လက်ခံစေနိုင်မှာမဟုတ်ဘူး။ နောက်တခုက ပိတ်ဆို့တားမြစ်မှုနဲ့ပတ်သက်လို့ ဒေါ်စုက ၀န်ခံလိုက်တဲ့သဘော သက်
ရောက်နေတယ်လို့ ပြောကြစတမ်းဆိုရင် နအဖဘက်ကရော ဦးအောင်ကြည်ကို လွှတ်လိုက်တဲ့ဟာက သူတို့အရင်က ဒေါ်အောင်ဆန်းစုကြည်အပေါ်
လုပ်ထားတဲ့ဟာတွေ မှားပါတယ်လို့ ၀န်ခံလိုက်တာလား။ အဲလို သာမန်အရပ်သားချင်းပြောကြတဲ့ logic တွေနဲ့ လုပ်လို့မရဘူးထင်တယ်။ ဒေါ်စုပြောတဲ့
ဟာ ရှင်းရှင်းလေး၊ သူက နအဖကို အကူအညီပေးတယ်၊ အဲလိုအဓိပ္ပာယ်ပဲ၊ သူက လက်ကမ်းတာပဲ။ နအဖက ဘာပဲလုပ်လုပ် သူလုပ်တာမှန်သမျှက
ဗမာပြည်မှာ အဓိကလိုအပ်နေတဲ့ ရင်ကြားစေ့ရေးဆိုတဲ့ဟာနဲ့ ဝေးသထက်ဝေးအောင်၊ တချို့အာရုံပြတ်သွားအောင် တမင်ကို ဆွဲဆြွဲ ပီး တနေရာကို
လှမ်းခေါ်သွားနေတာဖြစ်တယ်။

မေး။ ။ ဒါဆို မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျပ်အတည်းတွေ ပြေလည်လာနိုင်မယ့် အလားအလာရော မြင်ပါသလား။

ဖြေ။ ။ နအဖ အခုလို သွားနေပုံမျိုးနဲ့တော့ မရှိဘူးဗျ။ နအဖက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းမယ်ဆိုတာကို သူက လက်မခံဘူး။ ဒေါ်အောင်
ဆန်းစုကြည်ကိစ္စကို နိုင်ငံရေးပြဿနာလို့ သူက ထုတ်မပြောဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ကိစ္စကိုလည်း နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ ဖိနှိပ်
တဲ့နည်းနဲ့ ဖြေရှင်းနေတာ။ သေနတ်နဲ့စောင့်နေတဲ့ အစောင့်တွေကြားထဲမှာ ဒေါ်စုကိုထည့်ထားတာဟာ နအဖက လက်နက်နဲ့ ဖြေရှင်းထားတာဖြစ်တယ်။

မေး။ ။ ၂၀၁၀ မှာလုပ်မယ်လို့ နအဖကကြေညာထားတဲ့ ရွေးကောက်ပက


ွဲ နီးလာပေမယ့် ရွှေဂုံတိုင်ကြေညာချက်အပါအ၀င် အန်အယ်လ်ဒီက တောင်းဆို
ထားတဲ့ တောင်းဆိုချက်တွေကို နအဖက လျစ်လျူရှုထားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)အနေနဲ့ ဘယ်လို
ရပ်တည်မှုမျိုး ရှိသင့်ပါသလဲ။

ဖြေ။ ။ ကျနော်တို့အနေနဲ့ကတော့ အန်အယ်လ်ဒီဟာ ပါတီကြီးဗျ။ ဒါကြောင့် ပါတီကြီးကို ကျနော်တို့အနေနဲ့ ဘယ်လိုလုပ်သင့်ပါတယ်ဆိုတာမျိုး မပြောလို


ဘူး။ မပြောလည်း မပြောထိုက်ဘူး။ ဒါပေမယ့် ကျနော်တို့ အမြင်ကတော့ အန်အယ်လ်ဒီ ချမှတ်ထားတဲ့ ရွှေဂုံတိုင်ကြေညာချက်ဟာ ဒီနေ့အခြေအနေနဲ့
ကိုက်ညီတယ်။ ဒါကြောင့်မို့ အန်အယ်လ်ဒီအနေနဲ့ အဲဒီကြေညာချက်အပေါ်မှာ ခိုင်ခိုင်မြဲမြဲ ရပ်တည်သွားနိုင်ပါစေလို့ မျှော်လင့်ပါတယ်။ ဒီရွေးကောက်ပွဲက
တော့ တိုင်းပြည်ကို ဘာမှကောင်းကျိုးပေးမယ့်ဟာ မဟုတ်ပါဘူး။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံလျှောက်လဲချက် နအဖ ပယ်လိုက်တာဟာ နိုင်ငံရေးရပ်တည်ချက်အသစ်တွေနဲ့ အယူဆသစ်တွေကို အဖြေ


ပေးလိုက်တဲ့သဘောလို့ ဆရာ့ဆောင်းပါးမှာ ပါရှိပါတယ်။ အဲဒါ ဘာကို ဆိုလိုတာပါလဲ။

ွ်မည် (ဗိုလ်ချုပ် အောင်ဆန်း) 


အာဇာနည်ပုဂ္ဂိုလ်တို့၏ လုပ်ငန်းကို ဆုံးခန်းတိုင် ဆက်လက်၍ ဆောင်ရက 3 
 
 
တိုင်းပြည်နဲ့လူမျိုးအကျိုး ရှေ့ရှုပြီး ပြတ်ပြတ်သားသား ဆောင်ရက
ွ်ကြ (ဗိုလ်ချုပ် အောင်ဆန်း)
ဖြေ။ ။ ဗမာပြည်ထဲမှာ ရွေးကောက်ပွဲလုပ်တော့မယ်ဆိုတာနဲ့ တပြိုင်နက်တည်း ထောင့်ပေါင်းစုံကနေပြီး အသံမျိုးစုံထွက်လာတယ်။ အဲဒီဟာတွေထဲမှာ
ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ဟာတွေကိုတော့ အထူးမပြောတော့ဘူး။ ရွေးကောက်ပွဲဝင်ဖို့ ထောက်ခံနေတဲ့ဟာတွေ၊ ဘာကြောင့် ၀င်သင့်တယ်ဆိုပြီး
ွဲ င်ခြင်းအားဖြင့် space တခု လှုပ်ရှားစရာနေရာတခု၊ နိုင်ငံရေးလှုပ်ရှားစရာခွင်တခုတော့
အမျိုးမျိုးပြောနေတဲ့ဟာတွေကို ဥပမာ တချို့က ရွေးကောက်ပဝ
ရသွားမှာပဲလို့ ပြောတယ်။ ဒါပေမယ့် အဲဒီခင
ွ်ထမ
ှဲာ ဒီဒေါ်အောင်ဆန်းစုကြည်အမှုလိုဟာမျိုး ဆင်ပြီးဖမ်းတယ်၊ ဘိန်းပစ်ဖမ်းတာမျိုး လုပ်တယ်၊ ဖဲဆင်ပြီး
ဖမ်းတာမျိုးလုပ်တယ်။ ထပ်ပြီးတော့ သူတို့ကြိုက်သလိုမျိုးလုပ်နေတာကို ဆက်ပြီးသယ်ဆောင်နေမယ်ဆိုရင်၊ လှုပ်ရှားခွင့်ရတယ်ဆိုတာလည်း အဲဒါတွေ
ထောက်ခံနေရမှာပဲ၊ တခြားဘာမှ လုပ်လို့ရမှာမဟုတ်ဘူး။ ဒါ space ဆိုတာနဲ့ပတ်သက်လို့ပါ။ တချို့ကပြောတော့လည်း ရွေးကောက်ပွဲကနေပြီးတော့
ဒီမိုကရေစီကို တလှမ်းချင်းလှမ်းတက်သွားမယ်လို့ပြောတယ်။ ဒါကြောင့် အခုလို ဒေါ်အောင်ဆန်းစုကြည်လို ကိစ္စမျိုးဟာ ဒီမိုကရေစီလား။ အဲဒါမျိုး နောက်
မရှိတော့ဘူးလို့ ဘယ်သူက အာမခံထားလဲ။ နအဖလည်း အာမမခံဘူး၊ အခုရွေးကောက်ပွဲဝင်မယ့် လူတွေလည်းပဲ ဘယ်သူကမှ ဒီရွေးကောက်ပွဲလုပ်ရင်
ဒီမိုကရေစီ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာမယ်လို့ ဘယ်သူမှ မပြောရဲဘူး။

မေး။ ။ ၂၀၁၀ ရွေးကောက်ပွဲလုပ်မယ်ဆိုပေမယ့် ရွေးကောက်ပွဲဥပဒေ၊ ပါတီများမှတ်ပုံတင်ခွင့်၊ မီဒီယာလွတ်လပ်ခွင့် စတဲ့ ရွေးကောက်ပွဲဆိုင်ရာ အခင်း


အကျင်းတွေ အခုထိမပေးသေးတဲ့အတွက် ဒီရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အဲဒါကလည်း စဉ်းစားစရာတော့ ကောင်းတယ်။ ဘာလို့ သူတို့မထုတ်ပြန်နိုင်သေးလဲဆိုတာ။ သေချာတာကတော့ သူတို့တွင်းမှာ ပြဿနာရှိတယ်။


သူတို့ထဲမှာ မပြတ်လို့ သူတို့အပြင်ကို မထုတ်နိုင်တာပါ။ ဒါပေမယ့် ရွေးကောက်ပွဲဆိုတာ အခုလုပ်လိုက်ချင် လုပ်လိုက်လို့ရတယ်၊ အာဏာရထားတဲ့သူ
သေနတ်ကိုင်ထားတဲ့သူဆိုတာ။ အဓိကတော့ သူတို့ထမ
ှဲာ အာဏာနဲ့ပတ်သက်တဲ့ ပြဿနာတော့ ရှိမှာပါ။

မေး။ ။ မြန်မာပြည်သူတွေမှာ သူတို့မျှော်မှန်းထားတဲ့ ဒီမိုကရေစီ မျှော်လင့်ချက် ရှိနိုင်ပါသေးလား။

ဖြေ။ ။ ပြည်သူလူထုကတော့ သူတို့နဲ့မဆိုင်ဘူး။ ပြည်သူလူထုမှာ မျှော်လင့်ချက် ရှိလား မရှိဘူးလားဆိုတာ ကိုယ်ဘယ်လောက်လုပ်နိုင်လဲ ဆိုတဲ့အပေါ်


မှာ တည်တာ။ နအဖက သဘောထားပြောင်းလာတာ၊ စိတ်ကောင်းရှိလာတာ ဆိုတဲ့အပေါ်မှာ မူတည်တာမဟုတ်ဘူး။ ပြည်သူလူထုကို တကယ့်တကယ်
မျှော်လင့်ချက်ပေးနိုင်တာက အတိုက်အခံတွေပဲ။ အတိုက်အခံတွေ ဆိုတာ ပြည်တွင်းပြည်ပပေါ့။ အထူးသဖြင့် ပြည်တွင်းကပေါ့။ ပြည်သူလူထုကို
ဘယ်လောက်အထိ ဦးဆောင်ပြီးတော့ လုပ်ချင်ကြသလဲ။ အဲဒါ ပိုပြီးအဓိကကျလိမ့်မယ်။

ဧရာဝတီ
အောက်တိုဘာ ၀၈ ၂၀၀၉

ဦးဝင်းတင်ကို ဂျပန်သံရုံးက ခေါ်ယူတွေ့ဆုံ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ခေါင်းဆောင်တဦးဖြစ်သော ဦးဝင်းတင်က မီဒီယာတခုတွင် ပြောကြားခဲ့သည့် စကားနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ


ဂျပန်သံရုံး ကောင်စစ်ဝန်က အင်္ဂါနေ့တွင် ခေါ်ယူတွေ့ဆုံခဲ့သည်။

ဂျပန်အစိုးရသစ်၏ နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲအတွက် မြန်မာပြည်ကို စီးပွားရေးရှုထောင့်မှ မကြည့်ဘဲ နိုင်ငံရေးရှုထောင့်မှကြည့်၍ မြန်မာပြည်၏


ပြဿနာများကို ဂျပန်အစိုးရအနေဖြင့် ပါဝင်ဖြေရှင်းသင့်သည် ဟူသော စကားနှင့် ပတ်သက်၍ ခေါ်ယူတွေ့ဆုံခြင်း ဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။

“ကျနော်ပြောတဲ့အချက်ကို ထပ်တိုးချဲ့နားလည်ချင်လို့ ခေါ်တွေ့တယ်ဆိုရင်တော့ သိပ်ပြီးတော့ ထူးခြားမှုရှိမှာမဟုတ်ဘူး၊ အစိုးရသစ်လည်းဖြစ်တယ် နိုင်ငံ


ခြားရေး ၀ါဒကို ပြန်လည်ရေးဆွဲဖို့ရှိတဲ့ အနေအထားမှာ အတိုက်အခံတွေရဲ့သဘောထားကို သိချင်တယ်ဆိုလို့ မေးတယ်ဆိုရင်တော့ ထူးခြားတယ်လို့
ဆိုရမှာပဲ၊ ဘယ်လိုလဲ ဆိုတာတော့ ကျနော်ပြောမတတ်ဘူး” ဟု ဦးဝင်းတင်က ဆိုသည်။

ဂျပန်အစိုးရ အနေဖြင့် စစ်အစိုးရအပေါ် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးများနှင့် ပတ်သက်၍ တိုက်တိုက်တွန်းတွန်း


ပြောဆိုသည့် နိုင်ငံခြားရေးပေါ်လစီတရပ်ကို ချမှတ်သင့်ကြောင်း၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသား
များကို လွှတ်ပေးရန် တောင်းဆိုနေရုံဖြင့် ရပ်တန့်မနေဘဲ တွေ့ဆုံဆွေးနွေးရေးအထိ တိုက်တွန်းသင့်သည်ဟု ပြောကြောင်း ၎င်းက ပြောဆိုသည်။

ွ်မည် (ဗိုလ်ချုပ် အောင်ဆန်း) 


အာဇာနည်ပုဂ္ဂိုလ်တို့၏ လုပ်ငန်းကို ဆုံးခန်းတိုင် ဆက်လက်၍ ဆောင်ရက 4 
 
 
တိုင်းပြည်နဲ့လူမျိုးအကျိုး ရှေ့ရှုပြီး ပြတ်ပြတ်သားသား ဆောင်ရက
ွ်ကြ (ဗိုလ်ချုပ် အောင်ဆန်း)
“ရွေးကောက်ပွဲကို ကျနော်တို့က ငြင်းပယ်တာ မဟုတ်ဘူး၊ သို့သော် ရွေးကောက်ပန
ွဲ့ ကျနော်တို့ကြားထဲမှာ ခံနေတာက စစ်အစိုးရ သက်ဆိုးရှည်ရေးကို
သာလုပ်မယ့် ၂၀၀၈ အခြေခံ ဥပဒေဆိုတာက ရှိနေတယ်၊ လာမယ့် ရွေးကောက်ပွဲက ဒီယန္တရားကို သက်ဆိုးရှည်စေမယ့် ရွေးကောက်ပွဲဖြစ်နေတယ်၊
ဒါကြောင့် ကျနော်တို့ လက်မခံနိုင်ဘူးလို့ ပြောခဲ့တယ်” ဟု လည်း ဦးဝင်းတင်က ဆိုသည်။

၎င်းအနေဖြင့် NLD အဖွခ


ျဲုပ်သို့ လာတွေ့ရန် ဖိတ်ခေါ်ခဲ့သော်လည်း ဂျပန်သံအရာရှိများက အဆင်မပြေသဖြင့် သံရုံးသို့ သွားရောက်တွေ့ဆုံခြင်း ဖြစ်
ကြောင်း၊ ဂျပန်ကောင်စစ်ဝန်အနေဖြင့် မရှင်းလင်းသည့်အချက်များကို မေးမြန်းသည်ကလွဲ၍ တစုံတရာ ဆွေးနွေးပြောဆိုခြင်း မရှိကြောင်းလည်း
ပြောသည်။

မကြာသေးခင်ကလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကတ်စုရာ အိုကာဒါ က မြန်မာအစိုးရအနေနှင့် ၎င်းတို့ ဖော်ဆောင်နေသည့် ဒီမိုကရေစီ


လုပ်ငန်းစဉ်အရ ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတပြီး ကြီးမားသော အခွင့်အရေးတရပ်ဖြစ်ကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြသ
ရန်နှင့် ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် ပြောဆိုထားသည်။ အောက်တိုဘာ ၂ ရက်
နှင့် ၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ စီယံရိ(ပ်)တွင် ကျင်းပသော မဲခေါင်-ဂျပန် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ မြန်မာနိုင်ငံခြားရေး ဝန်ကြီး
ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောဆို ခဲ့ခြင်းဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကာဇူအို ကိုဒါမာက ဧရာဝတီသို့ပြောသည်။

ပြီးခဲ့သည့် အင်္ဂါနေ့က ဂျပန်ကောင်စစ်ဝန်၊ သံရုံး ပြန်ကြားရေး အရာရှိနှင့်


ဦးဝင်းတင်တို့ ၃ ဦးသည် ညနေ ၄နာရီမှ စတင်၍ ၅ နာရီအထိ အချိန် ၁
နာရီခန့် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏
အဓိက အလှူရှင်နိုင်ငံ တနိုင်ငံ ဖြစ်ပြီး ၁၉၉၉ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ
ဖွံ့ဖြိုးရေး ဆိုင်ရာ ထောက်ပံ့မှု(ODA) အတွက် အမေရိကန် ဒေါ်လာ ၂.၉၆
ဘီလျံ ပေးလှူခဲ့သည်။ ၂၀၀၇ ခုနှစ် ရန်ကုန်မြို့ရှိ သံဃာများ ဆန္ဒပြစဉ်
သတင်းယူနေသော ဂျပန်သတင်းထောက် မစ္စတာ ကန်ဂျီး နာဂါအိ ပစ်ခတ်
ခံရသဖြင့် သေဆုံးပြီးနောက် ယင်းဖွံ့ဖြိုးရေးဆိုင်ရာအလှူငွေများကို ဂျပန်
အစိုးရက ခေတ္တရပ်ဆိုင်းထားခဲ့သည်။

ဦးဝင်းတင် ရေးသားခဲ့၍ The Washington Post သတင်းစာတွင် ဖော်ပြခဲ့


သော An ‘Election’ Burma’s People Don’t Need အမည်ရှိ ဆောင်းပါး
တွင် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် တိုက်တွန်းခဲ့သည့် အမေရိကန်အထက်
လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်၏သဘောထားကို ပယ်ချခဲ့ပြီး
စေ့စပ်ဆွေးနွေးရန် အသင့်ရှိကြောင်းနှင့် စစ်မှန်သော ဒီမိုကရေစီအတွက် ဆက်လက်တိုက်ပွဲဝင်သွားရန်ရှိကြောင်း ရေးသားထားသည်။

သတင်းစာဆရာတဦးလည်းဖြစ်သော ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုတွင်ပါဝင်ခဲ့ရာ ၁၉၈၉ခုနှစ် ဇူလိုင်လတွင် စစ်အစိုးရက အစိုးရ


ဆန့်ကျင်သည့် နိုင်ငံရေးပုဒ်မတို့ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ် ခြင်းခံခဲ့ရပြီး ထောင်တွင်း၌ ၁၉ နှစ် ကျော်နေခဲ့ရသူ ဖြစ်သည်။ ဦးဝင်းတင်သည် ၂၀၀၈
ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။ ဦးဝင်းတင်သည် ဂုဏ်သိက္ခာရှိပြီး ရဲရင့်သူတဦး ဖြစ်
ကြောင်း နိုင်ငံတ၀န်း ဒီမိုကရေစီရေး လှုပ်ရှားမှုများအတွင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း မှတ်ချက်ပေးခဲ့ဖူးသည်။

ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မို ကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့ သတင်းစာများ အသင်းကြီးက လွတ်လပ်မှု
ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ နှင့် ပြင်သစ် ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခဲ့သည်။

အင်တာဗျူး
အောက်တိုဘာ ၀၃ ၂၀၀၉

“ရခိုင်ပြည်ကို ရခိုင်တွေက အုပ်ချုပ်ခင


ွ့်ရချင်လို့….”

ရခိုင်လူမျိုး သမိုင်းပညာရှင်တဦးဖြစ်သည့် ဒေါက်တာအေးကျော် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ခေတ္တရောက်ရှိစဉ် ရခိုင်ပြည်နယ်၏ နောက်ခံသမိုင်း၊ နိုင်ငံ


ရေး အခြေအနေနှင့် ရိုဟင်ဂျာ နောက်ခံသမိုင်း၊ ရိုဟင်ဂျာအရေးနှင့် အမြင်များအား ဧရာဝတီ သတင်းထောက် ဘစောတင်က တွေ့ဆုံမေးမြန်းထားသည်
များကို ဖော်ပြလိုက်ပါသည်။ ဒေါက်တာအေးကျော်သည် လက်ရှိတင
ွ် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ အငြိမ်းစား ပါမောက္ခတဦးအဖြစ်
နေထိုင်လျက်ရှိသည်။ ဒေါက်တာအေးကျော်၏ ကိုယ်ရေးအကျဉ်းကိုလည်း အောက်တင
ွ် ပူးတွဲဖော်ပြထားပါသည်။

ွ်မည် (ဗိုလ်ချုပ် အောင်ဆန်း) 


အာဇာနည်ပုဂ္ဂိုလ်တို့၏ လုပ်ငန်းကို ဆုံးခန်းတိုင် ဆက်လက်၍ ဆောင်ရက 5 
 
 
တိုင်းပြည်နဲ့လူမျိုးအကျိုး ရှေ့ရှုပြီး ပြတ်ပြတ်သားသား ဆောင်ရက
ွ်ကြ (ဗိုလ်ချုပ် အောင်ဆန်း)

မေး။ ။ လွတ်လပ်ရေးမရမီ ရခိုင်ပြည် နိုင်ငံရေးအခြေအနေတွေကို ပြောပြပေးပါ။

ဖြေ။ ။ မြန်မာ့တော်လှန်ရေးသမိုင်းမှာ ရခိုင်ခေါင်းဆောင်တွေဟာ အမြဲတမ်းရှေ့က ပါဝင်ခဲ့တယ်၊ အင်္ဂလိပ်ကို တော်လှန်တဲ့နေရာမှာရော ဂျပန်ကို


တော်လှန်တဲ့နေရာမှာပါ ရှေ့တန်းကပါပဲ ၊ ရခိုင်တွေဟာ ဘာကိုလိုချင်လို့ တော်လှန်ရေးမှာ ရှေ့တန်းကပါရသလဲဆိုရင် ရခိုင်ပြည်ကို ရခိုင်တွေက
အုပ်ချုပ်ခွင့် ရချင်လို့ ဖြစ်တယ်၊ အင်္ဂလိပ်ခေတ်က ထင်ရှားတဲ့ ခေါင်းဆောင်တွေကို ပြောပါဆိုရင် ဆရာတော်ဦးစိန္တာ၊ ဆရာတော် ဦးပညာသီဟ၊ ဦးညို
ထွန်း၊ ဦးအောင်ဇံဝေ၊ ဦးကျော်မင်း၊ ဦးဘစော စတဲ့ပုဂ္ဂိုလ်တွေဟာ ရခိုင်ပြည်တော်လှန်ရေး ရခိုင့် နိုင်ငံရေးလောကက ထိတ်ထိတ်ကြဲတွေပေ
ဲ ပါ့၊ မြန်မာ
တနိုင်ငံလုံးအတွက် ဆိုရင်တော့ ဆရာတော် ဦးဥတ္တမ ဟာ နံပါတ်တစ်ပါပဲ။

အဲဒီကာလက ရခိုင်တွေရဲ့ အနေအထားကို ခွစ


ဲိပ်ကြည့်မယ်ဆိုရင် ဗြိတိသျှတွေရဲ့ အုပ်ချုပ် ရေးထဲမှာ ပါဝင်တဲ့ အပိုင်းကတပိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း
ဦးဆောင်တဲ့ လွတ်လပ်ရေး တိုက်ပွဲတွေထဲမှာ ပါဝင်တဲ့အပိုင်းတွေကိုလည်း တွေ့ ရပါမယ်။

ဦးညိုထွန်းဆိုတာက ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်မှာပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တဦးလည်း ဖြစ်တယ်။ ဒါကြောင့် သူဟာ ရခိုင်အသိုင်း


အ၀ိုင်းမှာရော ဗမာအသိုင်းအ၀ိုင်းမှာပါ လူသိများတဲ့ နိုင်ငံရေးခေါင်းဆောင်တဦးပါ၊ ဒီကနေ့ မြန်မာသမိုင်းမှာ မတ်လ(၂၇)ရက်နေ့ကို တော်လှန်ရေးနေ့
ရယ်လို့ သတ်မှတ်ထားကြတယ်၊ ဦးညိုထွန်းခေါင်းဆောင်တဲ့ ရခိုင်တွေဟာ ဂျပန်ကို မတ်လ(၂၇)ရက်ထက်စောပြီး ဖေဖော်ဝါရီလ (၁၂)ရက်လား (၁၃)
ရက်လား ကျနော်အသေအချာ မမှတ်မိတော့ဘူး။ အဲဒီကတည်းက စပြီး ဖက်ဆစ်ဂျပန် တော်လှန်ရေးကို ရခိုင်ပြည်က စတော်လှန်ခဲ့တယ်။ ဒါကို ဗိုလ်ချုပ်
အောင်ဆန်းရဲ့ မိန့်ခွန်းတွေထမ
ှဲာလည်း ပါပါတယ်။ မေမြို့ မိုးကြည်ရေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများထဲမှာ ရှာဖွေတွေ့ ရှိနိုင်ပါတယ်။ လေ့လာကြည့်
ပါ။

မေး။ ။ လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်း ရခိုင်ပြည်ရဲ့အခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ရခိုင်တွေဟာ အင်္ဂလိပ်ကိုတော်လှန်တဲ့နေရာမှာရော။ ဂျပန်ကိုတော်လှန်တဲ့နေရာမှာပါ ရှေ့တန်းက ပါဝင်ခဲ့တယ်ဆိုတာကို ပြောခဲ့ပြီးပြီ၊ အဲသလို


ဗမာအပါအ၀င် အခြားသော တိုင်းရင်းသားတွေနဲ့ အတူတကွ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့တာရဲ့ တကယ့် ရည်မှန်းချက်က ဘာလဲဆိုရင် ရခိုင်တွေဟာ
မိမိတို့ ရခိုင်ပြည်ကို ရဖို့ပါပဲ၊ တန်းတူအခွင့်အရေး ရဖို့ ပါပဲ၊ ဖက်ဒရယ်ပြည်ထောင်စုမှာ ရခိုင်ပြည်နယ်ရဖို့ ပါပဲ၊ ဒါပေမယ့် တကယ်တမ်း မြန်မာ နိုင်ငံလွတ်
လပ်ရေးရရှိလာတဲ့အခါ ရခိုင်တွေအတွက် ဘာမှမရခဲ့ဘူး၊ ပြည်နယ် အဆင့်လေးတောင် သတ်မှတ်ပေးတာကို မခံခဲ့ရဘူး၊ ရခိုင်တွေ မွန်တွေဟာ ဦးနုကို
ပြည်နယ်ပေးဖို့ တောင်းဆိုပေမယ့် ဦးနု ဟိုလိုလို ဒီလိုလို ဝေ့လည်ကြောင်ပတ်လုပ်ခဲ့တာကြောင့် ရခိုင်တွေရဲ့ ရည်မှန်းချက်မပြည့်ဝခဲ့ရဘူး၊ ဦးနုဟာ သူ့ 
ပါတီအကျိုးကိုသာ ကြည့်ခဲ့လို့ တကယ်အရေးပါတဲ့ National Interest (အမျိုးသားအကျိုး အမြတ်)ကို ဆုံးရှုံး စေခဲ့တယ်။

မေး။ ။ လွတ်လပ်ရေးရပြီး ဆယ်နှစ် ကာလအတွင်း ရခိုင်ပြည်မှာ ဘာတွေ ဖြစ်နေခဲ့ပါသလဲ။

ဖြေ။ ။ ဦးနုရဲ့ဖဆပလခေတ်မှာ ရခိုင်ပြည်မှာ အဓိကလွှမ်းမိုးတဲ့ပါတီကြီးနှစ်ခုရှိတယ်၊ ဖဆပလနဲ့ ရတည(ရခိုင် စည်းလုံးညီညွတ်ရေးပါတီ)တွေပါ၊ ရတည


ရဲ့ခေါင်းဆောင်က ဦးကျော်မင်းဖြစ်တယ်၊ သခင်ဦးကျော်ရင်တို့လည်း နိုင်ငံရေးလှုပ်ရှားမှုထဲမှာပါတယ်၊ ဦးအောင်ဇံဝေ၊ တောင်ကုတ်က ဦးကျော်တင်
စတာတွေက ဖဆပလတွေ၊ လွတ်လပ်ရေးရပြီးနောက် ဖဆပလ နှစ်ခြမ်းကွဲချိန်မှာ တည်မြဲ(ဖဆပလ)နဲ့ သန့် ရှင်း(ဖဆပလ)ဆိုပြီး ရှိလာတယ်၊ ဒီတော့
သန့် ရှင်းဖဆပလ ခေါင်းဆောင်ဖြစ်တဲ့ ဦးနုဟာ တိုင်းပြည်ရဲ့အကျိုးထက် သူ့ ပါတီအကျိုးကိုပဲ ကြည့်တဲ့အနေနဲ့ မေယုခရိုင်ဆိုတာ လုပ်လာတယ်၊ အဲဒီမှာ
ရှိတဲ့ ဘင်္ဂါလီတွေကို မဲရဖို့ အတွက် မျက်နှာသာပေးတယ်၊ မှတ်ပုံတင်ပြုလုပ်ပေးတာတွေ ရှိလာခဲ့တယ်၊ ကိုလိုနီခေတ်က ဘင်္ဂါလီတွေဟာ ရခိုင်ပြည်ကို
အလုပ်လာလုပ်တယ်၊ စပါးရိတ်တယ်။ လယ်ထွန်တယ်။ ပြီးရင် ပြန်သွားကြတယ်၊ ဒါပေမယ့် ဦးနုက မဲရဖို့အတွက် မျက်နှာသာပေးတာနဲ့ ဘင်္ဂါလီတွေဟာ
နိုင်ငံရေးအဆင့်ထိကို တိုးတက်လုပ်ဆောင်လာတာကို တွေ့လာရတယ်။ သူတို့ အထဲက စူလတန် မာမွတ် ဆိုတာဟာ ထင်ရှားတဲ့သူတဦးပါ၊ ရခိုင်တွေရဲ့
ရတည ကတော့ ရခိုင်ပြည်နယ်ရရှိရေးကို တစိုက်မတ်မတ် ဆက်လုပ်လာခဲ့တယ်။

မေး။ ။ ဦးနုက အဲ့ဒီလို လုပ်ခဲ့တော့ ဘာတွေ ဆက်ဖြစ်လာခဲ့ပါသလဲ။

ွ်မည် (ဗိုလ်ချုပ် အောင်ဆန်း) 


အာဇာနည်ပုဂ္ဂိုလ်တို့၏ လုပ်ငန်းကို ဆုံးခန်းတိုင် ဆက်လက်၍ ဆောင်ရက 6 
 
 
တိုင်းပြည်နဲ့လူမျိုးအကျိုး ရှေ့ရှုပြီး ပြတ်ပြတ်သားသား ဆောင်ရက
ွ်ကြ (ဗိုလ်ချုပ် အောင်ဆန်း)
ဖြေ။ ။ အဓိက အကြောင်းရင်းကတော့ ၁၉၅၈။ ၅၉။ ၆၀ ကာလများမှာ ဖလပလ နှစ်ခြမ်း ကွဲလာတယ်၊ နှစ်ခြမ်းကွဲလာတော့ ဖဆပလ အားနည်းလာ
တယ်၊ အဲဒီမှာ ဦးနုက သူ့ ပါတီ အနိုင်ရဖို့ မေယုခရိုင်ကို ဘင်္ဂါလီတွေကို ၀င်ခွင့်ပြုတယ်၊ အဲဒီလို ပြုလုပ်ခဲ့ခြင်းက ဒီကနေ့ပြည်ပမှာ ကျယ်ကျယ်လောင်
လောင် အသံထွက်နေတဲ့ ရိုဟင်ဂျာဆိုတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းပါပဲ။

မေး။ ။ ဒီရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဟာ ဘယ်တုန်းက စပေါ်ခဲ့တယ်ဆိုတာ သိပါသလား။

ဖြေ။ ။ ၁၉၆၀ ၀န်းကျင်လောက်မှာ စပေါ်ခဲ့တယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ စူလတန်မာမွတ်ဆိုတဲ့ ဘင်္ဂါလီကြီးဟာ အမတ်ဖြစ်ခဲ့ပေမယ့်


တခါမှ ရိုဟင်ဂျာဆိုတဲ့ စကားကို သုံးစွဲခဲ့တာ မတွေ့ ရပါဘူး၊ လွတ်လပ်ရေးမတိုင်မီက မြန်မာ့သမိုင်းမှာရော ရခိုင်သမိုင်းမှာရော ရိုဟင်ဂျာဆိုတဲ့ ဝေါဟာ
ရဟာ မရှိခဲ့ပါဘူး၊ လွတ်လပ်ရေးရပြီးခါစမှာရော မရှိခဲ့ပါဘူး။

မေး။ ။ ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကရော ဘယ်လို အဓိပ္ပာယ်ကို ဆောင်ပါ


သလဲ။

ဖြေ။ ။ ဆရာကြီး ဦးသာထွန်း ကျန်းမာစဉ်တုန်းက သူရန်ကုန်ကိုလာတိုင်း


ကျနော့်ဆီကိုဝင်တယ်၊ သူနဲ့ လက်ဖက်ရည်သောက်ရင်း စာအကြောင်း
ပေအကြောင်း သမိုင်းအကြောင်းတွေကို ဆွေးနွေးတယ်၊ အဲဒီအခါမှာ
ဒီဝေါဟာရကို ဆရာကြီး ဦးသာထွန်းက အခုလိုဆိုပါတယ်။ ရိုဟင်ဂျာဆို
တာ ရခိုင်စကား လွင့်ဂျာက ဖြစ်လာတဲ့စကားဖြစ်တယ်။ လွင့်ဂျာဆိုတဲ့
အဓိပ္ပာယ်က ဥပမာ သစ်ပင်တွေက သစ်ရွက်တွေကြွေရင် လေထဲမှာဝဲပြီး
ဦးတည်ရာမဲ့လွင့် နေတာကို ဆိုလိုတယ်၊ ဒီ ဘင်္ဂါလီတွေကိုမှ အခုလို ဆိုလို
တာမဟုတ်ပါဘူး၊ ရည်ရွယ်ချက် ဦးတည်ချက်မရှိဘလ
ဲ င
ွ့်နေတဲ့ ဘယ်သူ့ ကို
မဆို ရခိုင်ဘာသာစကားနဲ့ လွင့်ဂျာလို့ ဆိုတယ်။ ဒါကို ဘာသာဗေဒနဲ့ 
ဆန်းစစ်ကြည့်ရင်လည်း လွင့်ဂျာကနေ ရိုဟင်ဂျာလို့ ပြောင်းလဲလာတယ်ဆိုတာ ဖြစ်နိုင်တယ်လို့  ကျနော် တက္ကသိုလ် ပညာပဒေသာ စာစောင်မှာ ကျနော်
ရေးခဲ့ဖူးတယ်။ ယရလ၀ ဆိုတဲ့ ဗျည်းတွေဟာ အသံပြောင်းလဲတဲ့ သဘောရှိတယ်။

(ဆရာကြီး ဦးသာထွန်းမှာ ဝန်ကြီးချုပ်ဟောင်း ဦးနု လက်ထက်က ရခိုင်-မြန်မာ ပညာရှိကြီးဖြစ်သည်။ ဦးနုကိုယ်တိုင် ပဏ္ဍိတ်(ပညာရှိ)ဘွဲ့ အပ်နှင်းခဲ့ဖူး
ကြောင်း သိရသည်။ အယ်ဒီတာ)

မေး။ ။ အခုကာလမှာ ရခိုင်လူမျိုးတွေက ဒီရိုဟင်ဂျာဆိုတဲ့အသံကိုတောင် မကြားချင်လောက်အောင်ဖြစ်နေကြတာ ဘာကြောင့်ပါလဲ။

ဖြေ။ ။ ဒီရိုဟင်ဂျာ ဆိုတာဖြစ်လာဖို့ ရခိုင်ပြည်မှာ အရင်းခံတာက မူဂျာဟစ်တွေဖြစ်တယ်။ သူတို့ ဟာ ရခိုင်ပြည်မှာ နေရာရဖို့ မြေရဖို့ သူပုန်ထကြတယ်။
သူတို့ဟာ အစက ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီတွေပါ၊ ရှေးတုန်းက သူတို့တွေဟာ အလုပ်လုပ်ပြီးရင် သူတို့ နေရပ်ကို ပြန်ကြတယ်၊ နောက်ကြာလာတော့
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုယ်တိုင်က လူဦးရေပေါများလွန်းလို့ နေရထိုင်ရအခက်အခဲ ရှိလာတယ်။ ဒီအခါ ဦးနုက မေယုခရိုင်အဖြစ် သတ်မှတ်ထားတဲ့ ဘူးသီး
တောင်၊ မောင်းတော၊ ရသေ့တောင်နယ်တွေကို မွတ်စလင်ပြည်နယ် ထူထောင်ဖို့ မူဂျာဟစ်တွေ ကြိုးစားခဲ့တယ်၊ အဲဒီမူဂျာဟစ်တွေက နာမည်သစ် ရိုဟင်
ဂျာကို တင်သွင်းလာတဲ့အခါ ရခိုင်တွေက လုံးဝလက်မခံပါဘူး၊ မိမိတိုင်းပြည်ရဲ့ နယ်မြေတွေကိုရော ဘာသာ သာသနာကိုပါ အန္တရာယ်ပြုနိုင်တဲ့ ဒီ ရိုဟင်
ဂျာဆိုတာကို ရခိုင်တွေက အသံကိုပင် မကြားနိုင်တာဖြစ်တယ်။

မေး။ ။ ဒီရိုဟင်ဂျာ ပေါ်ပေါက်လာရတဲ့ နောက်ခံအကြောင်းတရားက ဘာတွေများဖြစ်နိုင်ပါသလဲ။

ဖြေ။ ။ အင်မတန်မေးသင့်တဲ့ မေးခွန်းကောင်းတခုပါပဲ၊ တကယ်တော့ ဒီရိုဟင်ဂျာဆိုတာက အပေါ်ယံပြဿနာပါ၊ တကယ်နက်ရှိုင်းတဲ့ အရင်းခံက

ွ်မည် (ဗိုလ်ချုပ် အောင်ဆန်း) 


အာဇာနည်ပုဂ္ဂိုလ်တို့၏ လုပ်ငန်းကို ဆုံးခန်းတိုင် ဆက်လက်၍ ဆောင်ရက 7 
 
 
တိုင်းပြည်နဲ့လူမျိုးအကျိုး ရှေ့ရှုပြီး ပြတ်ပြတ်သားသား ဆောင်ရက
ွ်ကြ (ဗိုလ်ချုပ် အောင်ဆန်း)
“အစ္စလမ်ဝါဒ လွှမ်းမိုး ပြန့်ပွားရေး”ဆိုတဲ့ဟာက အရင်းခံ ပြဿနာပါ၊ အဲဒီလှုပ်ရှားမှုကို ကျောထောက်နောက်ခံပြုပေးတာက အာဖရိကတိုက် မြောက်ပိုင်း
က တိုင်းပြည်တွေ၊ အရှေ့အလယ်ပိုင်းက နိုင်ငံတွေက ငွေကြေးတွေ၊ လက်နက်တွေ စသဖြင့် လိုအပ်တာတွေကို ထုနဲ့ထည်နဲ့ ပံ့ပိုးပြီး လုပ်ဆောင်နေတာ
ကို တွေ့ ရတယ်၊ အရှေ့ တောင်အာရှကဆိုရင် မလေးရှားနိုင်ငံမှာရှိတဲ့ အဖွဲ့ အစည်းတွေက ဒါကို အားပေးတယ်။ မွတ်စလင် ဘာသာပြန့်ပွားဖို့ လွှမ်းမိုးဖို့ 
နယ်မြေရရှိစေဖို့ အင်တိုက် အားတိုက် ကူညီတယ်၊ ဒါကြောင့် သူတို့ ဟာ ရိုဟင်ဂျာအမည်ကိုသုံးပြီး မြန်မာတိုင်းရင်းသား၊ ရခိုင်တိုင်းရင်းသား ဖြစ်ဖို့ 
အားထုတ်လာတယ်၊ တကယ်တော့ ရိုဟင်ဂျာဆိုတာ လူမျိုးလည်းမဟုတ်ဘူး၊မြန်မာတိုင်းရင်းသားလည်း မဟုတ်ဘူး။

မေး။ ။ ပြည်တွင်းမှာတော့ ရိုဟင်ဂျာဆိုတာကို နအဖက အသိအမှတ်လည်းမပြုဘူး၊ ဘယ်တုန်းကမှလည်း မရှိခဲ့ဘူးလို့ အတိအလင်းဆိုပါတယ်၊ ဒါပေ


မယ့် ပြည်ပမှာရှိတဲ့ တိုင်းရင်းသားလူမျိုးများကောင်စီမှာ တိုင်းရင်းသား အခွင့်အရေးရဖို့ ကြိုးစားနေတာတွေကိုတော့ ကြားဖူးတယ်၊ ဒါပေမယ့် ရခိုင်တွေက
ကန့်ကွက်လို့ အခု အချိန်ထိတော့ အောင်မြင်မှုမရသေးပါဘူး။ တိုင်းရင်းသားဆိုတာ ဘယ်သူတွေကို သတ်မှတ်ခဲ့သလဲ ဆိုတာကို သိချင်ပါတယ်။

ဖြေ။ ။ ၁၉၇၈ ခုနှစ်က ရန်ကုန်မှာ လမ်းစဉ်ပါတီခေတ်က တိုင်းရင်းသားလူမျိုးများနဲ့ဆိုင်တဲ့ ဥပဒေတရပ်ကို သတ်မှတ်ဖို့ ဆရာဒေါက်တာမောင်မောင်


ရယ်၊ ဆရာကြီး ဦးစံသာအောင်ရယ်။ ကျနော်တို့ တွေ့ ဆုံဆွေးနွေးခဲ့ဖူးပါတယ်။ ဒေါက်တာမောင်မောင်က ဥပဒေပညာရှင်၊ ကျနော်က သမိုင်း၊ ဦးစံသာ
အောင်က အဲဒီတုန်းက အထက်တန်းပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်ပေါ့၊ နေရာကတော့ နိုင်ငံတော်ကောင်စီ ရုံးခန်းမှာပါ။

အဲဒီမှာ ကျနော်က မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအဖြစ် သတ်မှတ်ရေးအတွက်ဆိုရင် ဘိုးတော်ဘုရားစစ်တမ်း ဆိုတာရှိတယ်၊ ခရစ်သက္ကရာဇ် ၁၈၀၀ ကျော်
လောက်က စစ်တမ်းကောက်ခဲ့တာ၊ အဲဒါဟာ အင်မတန်ပြည့်စုံတယ်၊ အဲဒီမှာ မြန်မာနိုင်ငံအတွင်းမှာနေထိုင်လာတဲ့ လူမျိုးတွေအားလုံးကို ကျကျနန စစ်
တမ်း ကောက်ထားတာရှိတယ်၊ ရခိုင်တွေ၊ ကရင်တွေ၊ မွန်ကိုတော့ တလိုင်းလို့ခေါ်တယ်၊ အဲဒီဟာကို မူတည်ပြီးရင်ဆုံးဖြတ်ရင် မကောင်းဘူးလားလို့
ကျနော်က အကြံပေးတယ်။

အဲဒီအခါ ဆရာဒေါက်တာမောင်မောင်က မစောလွန်းဘူးလားလို့ပြန်မေးတယ်၊ ဒါဆိုရင် သမိုင်းမှာအရေးပါတဲ့ အလှည့်အပြောင်းဖြစ်တဲ့ ခရစ်သက္ကရာဇ်


၁၈၂၄ ခုနှစ်က စသင့်တယ်လို့ပြောခဲ့တယ်၊ ၁၈၂၄ က မြန်မာပြည်ကို အင်္ဂလိပ်တွေစသိမ်းတဲ့ နှစ်ပါ၊ ဒါကို ဒေါက်တာမောင်မောင်က သဘောတူလို့ အဲဒီ
မတိုင်မီက နေထိုင်ခဲ့တဲ့လူမျိုးတွေကို တိုင်းရင်းသားလူမျိုးများအဖြစ် သတ်မှတ်တယ်လို့ ဥပဒေပြုခဲ့တယ်။ ဒါပေမယ့် ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်း မရှိခဲ့ဘူး။

ဒေါက်တာအေးကျော် ကိုယ်ရေးအကျဉ်း

ဒေါက်တာအေးကျော်ကို ၁၉၃၉ ခုနှစ် က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် တန်းလွဲချောင်း ရွာမ ရွာသစ်တွင် မွေးဖွားခဲ့သည်။

ဒေါက်တာအေးကျော် ဆည်းပူးရရှိခဲ့သော ပညာရပ်ဆိုင်ရာ ဘွဲ့များမှာ B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊ B.A (Honors)
Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊ M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊ B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊
PhD (History of Southeast Asia) Monash University. Australia. 1979 စသည့် ဘွဲ့များကို ရရှိခဲ့သည်။

ဒေါက်တာအေးကျော်သည် ကထိက(သမိုင်းဌာန) ရန်ကုန်တက္ကသိုလ် (၁၉၆၂-၁၉၈၀) ။ တွဲဖက် ပါမောက္ခ(သမိုင်းဌာန) ဖယတ် တက္ကသိုလ်၊ ချင်းမိုင်၊


ထိုင်းနိုင်ငံ (၁၉၈၂-၈၄) ။ ကထိက (ခေတ်သစ် ဘာသာဗေဒနှင့် သဒ္ဒဗေဒ ဌာန) ကော်နဲ တက္ကသိုလ်၊ နယူးယောက်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၈၄-
၈၉) ။ ဘာသာပြန် ကျွမ်းကျင်သူ ( သက္ကတစာပေ ဌာန) ဟားဗတ် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၁-၀၂) ။ တွဲဖက် ပါမောက္ခ
(သက်ကြီးများအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားရေး အစီအစဉ်) နယူးယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၃- ၉၅) ။
ဲ က်ပါမောက္ခ (အာရှသုတေသန ဌာန) နယူး ယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု (၁၉၉၆- ၉၉)၊ လွတ်လပ်သော အာရှအသံ (R.F.A)
တွဖ
မြန်မာပိုင်း အစီအစဉ်တွင် အကြံပေး အယ်ဒီတာ (၃နှစ်ခန့်)အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ယခုအခါ အမေရိကန် ပြည်ထောင်စု
နယူးယောက်မြို့တွင် အငြိမ်းစားယူ၍ မြန်မာ့အရေးဆိုင်ရာများကို ဆောင်ရွက် နေထိုင်လျက်ရှိသည်။

ဒေါက်တာအေးကျော် ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များ

၁၊ ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၆၈)


၂၊ မြန်မာနိုင်ငံ အမျိုးသားပညာရေးသမိုင်း (၁၉၇၀) စာအုပ်ဖြင့်

ွ်မည် (ဗိုလ်ချုပ် အောင်ဆန်း) 


အာဇာနည်ပုဂ္ဂိုလ်တို့၏ လုပ်ငန်းကို ဆုံးခန်းတိုင် ဆက်လက်၍ ဆောင်ရက 8 
 
 
တိုင်းပြည်နဲ့လူမျိုးအကျိုး ရှေ့ရှုပြီး ပြတ်ပြတ်သားသား ဆောင်ရက
ွ်ကြ (ဗိုလ်ချုပ် အောင်ဆန်း)
၁၉၇၁ခုနှစ်အတွက် အမျိုး သားစာပေဆုကို ဆွတ်ခူးခဲ့သည်။
၃၊ ရခိုင်လူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၇၃)
၎။ On the Birth of Modern Family Law in Burma and Thailand. Singapore (1990)
၅၊ The Voice of young. Cornell University, March 1990
၆၊ Code and Custom in Burma and Thailand. Scotland. 1993

ွ်မည် (ဗိုလ်ချုပ် အောင်ဆန်း) 


အာဇာနည်ပုဂ္ဂိုလ်တို့၏ လုပ်ငန်းကို ဆုံးခန်းတိုင် ဆက်လက်၍ ဆောင်ရက 9 
 

You might also like