You are on page 1of 22

Uncensored Burma - Daily News ( 2010 Jan 9 )

ဂျပန်သတင်းထောက် ကင်ဂျိ နာဂါးအိဆုအတွက် မဲပေးရွေးချယ်နေပြီ


2010-01-07 RFA

မြန်မာ သတင်းသမဂ္ဂအဖွဲ့က ဒီနှစ်အတွက် ကင်ဂျီနာဂါအိ ဆုရှင်အဖြစ် ဆန်ကာတင် ၃ ဦးကို မကြာခင်က


ရွေးချယ်ပြီး အမှတ်ပေးကြဖို့ နှိုးဆော်လိုက်ပါတယ်။

ဂျပန်သတင်းထောက် Mr. Kenji Nagai အလုပ်လုပ်ခဲ့တဲ့ တိုကျိုအခြေစိုက် APF သတင်းဌာနက Mr. Kenji
Nagai အမှတ်တရဆုကို တီထွင်ပြီး ၂ဝဝ၉ ခုနှစ်ကစလို့ သတင်းလွတ်လပ်ခွင့်အတွက် ကြိုးပမ်းနေသူတွေကို
ဆုချီးမြှင့်နေခဲ့တာဟာ ဒီနှစ်ဟာ ဒုတိယနှစ် ဖြစ်ပါတယ်။

မနှစ်တုန်းကတော့ EcoVisionဂျာနယ်က သတင်းထောက် မအိမ့်ခိုင်ဦးကို ပထမဦးဆုံးအကြိမ်အဖြစ်


ချီးမြငှ့်ခဲ့ပါတယ်။

သတင်းလွတ်လပ်ခွင့် နည်းပါးလွန်းတဲ့ မြန်မနိုင်ငံက အဖြစ်အပျက်တွေကို ကမာက သိအောင်


တင်ပြနိုင်ဖို့အတွက် ရန်ကုန်မြို့ကို သတင်းသွားယူချိန်မှာ ဂျပန်သတင်းထောက် Mr. Kenji Nagai ဟာ ၂ဝဝ၇
စက်တင်ဘာ သံဃာ့လှုပ်ရှားမှုအတွင်း လုံခြုံရေးတွေရဲ့ ပစ်သတ်မှုကြောင့် သေဆုံးသွားရပါတယ်။

ဒီ ၂ဝ၁ဝ အတွက် ဘယ်သူ့ကို ဘယ်လို ရွေးချယ်မလဲဆိုတာ သိရအောင် မြန်မာသတင်းသမဂ္ဂ ဥက္ကဋ္ဌ


ဦးမောင်မောင်မြင့်ကို RFA အဖွဲ့သား ကိုဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်

ရှမ်းအင်န်အယ်လ်ဒီ ပါတီက အကျဉ်းကျ ခေါင်းဆောင်များဖြင့် တွေ့ခွင့်တောင်း


2010-01-07 RFA

၂ဝ၁ဝမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောဆိုနေကြချိန်မှာ တရားဝင် နိုင်ငံရေးပါတီတခု ဖြစ်တဲ့


ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က လက်ရှိနိုင်ငံရေးအခြေအနေ လိုအပ်ချက်အရ အကျဉ်းကျခံနေရတဲ့
သူတို့ရဲ့ ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့် ပေးဖို့ စစ်အစိုးရခေါင်းဆောင်ထံ တောင်းဆိုထားပေမဲ့ အခုထိ ဘာမှ
အကြောင်းပြန်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်တို့ကို တွေ့ဆုံခွင့်ပေးဖို့ လွန်ခဲ့တဲ့


ဒီဇင်ဘာလ၂၁ ရက်နေ့ ကတည်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို လိပ်မူပြီး ရှမ်းအမျိုးသားများ
ဒီမိုကရေစီအဖွဲ့ချုပ်ကနေ တင်ပြတောင်းဆိုထားတာ ဖြစ်တဲ့အကြောင်း ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ
ဦးစိုင်းလိတ်က ဇန်နဝါရီ ၇ ရက် ဒီကနေ့ RFA ကို ပြောပါတယ်။

ဦးစိုင်းလိတ်။ ။ '၂ဝ၁ဝ ခုနှစ်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ တိုင်းရင်းသား သွေးစည်း


ညီညွတ်ရေးအတွက် အရေးကြီးတဲ့ အခင်းအကျင်းတရပ်ကို စုပေါင်း ဖော်ဆောင်ကြရလိမ့်မယ်လို့ ရှုမြင်တယ်။

PDF created with pdfFactory Pro trial version www.pdffactory.com


အဲလို ရှုမြင်ထားတာနဲ့ အညီ အက်စ်အင်န်အယ်လ်ဒီအနေနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့တိုင်းရင်းသား
သွေးစည်းညီညွတ်ရေး ကိစ္စတွေအတွက် တဖက်တလမ်းကနေ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် ပါတီဥက္ကဋ္ဌနဲ့
အတွင်းရေးမှူးကို တွေ့ဆုံခွင့် တောင်းဆိုခြင်းပဲ ဖြစ်ပါတယ်။'

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အက်စ်အင်န်အယ်လ်ဒီ ပါတီဟာ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ အမတ်နေရာ


၂၃ နေရာနဲ့ ဒုတိယအများဆုံး အနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီ ဖြစ်ပါတယ်။ စစ်အစိုးရကပြောနေတဲ့ ၂ဝ၁ဝ
ရွေးကောက်ပွဲကို တကယ်ကျင်းပ ပေးမယ် ဆိုရင် လုပ်ဆောင်သင့်တာတွေနဲ့ ပတ်သက်ပြီး ဦးစိုင်းလိတ်က
အခုလို ဆက်ပြောပါတယ်၊

ဦးစိုင်းလိတ်။ ။ 'ပထမဆံုး ကိစ္စကတော့ တွေ့ဆုံဆွေးနွေးရေးကို အရင်ဆုံးလုပ်ရပါ့မယ်၊ ဘာဖြစ်လို့လဲဆိုတော့


နအဖ ဥက္ကဋ္ဌကြီး ကိုယ်တိုင် အမိန့်ရှိထားတယ်လေ။ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ အားလုံးပါဝင်နိုင်ပြီးတော့
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ ကြေညာထားတာ ရှိတယ်လေ။ အဲလို
အားလုံးပါဝင်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုတာ ပထမဆုံး ခြေလှမ်းအနေနဲ့ နိုင်ငံရေး
အကျဉ်းသားတွေကို အကုန်လုံး လွှတ်ပေးရမယ်၊ တွေ့ဆုံဆွေးနွေးရေးကို စတင်ရမယ်။ အဲဒီ
ဥစ္စာမလုပ်ပဲနဲ့ကတော့ ၂ဝ၁ဝ ကိစ္စကို ဘယ်လို့မှ ရှေ့ဆက် အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး၊။'

အက်စ်အင်န်အယ်လ်ဒီဟာ ၁၉၉ဝ ရွေးကောက်ပွဲမှာ မဲအများစုနဲ့ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသား


ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မဟာမိတ် ဖြစ်သလို ယူအင်န်အေခေါ် ညီညွတ်သော တိုင်းရင်းသားများ
မဟာမိတ်အဖွဲ့မှာလည်း အဓိကအဖွဲ့ဝင် ပါတီ ဖြစ်ပါတယ်။ ခုချိန်မှာ ရှမ်းတိုင်းရင်းသားတွေရဲ့ အရေးအတွက်
ရှမ်းအမျိုသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တွေရဲ့ သဘောထားသိဖို့ အရေးကြီးတဲ့အတွက်
တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုတဲ့ကိစ္စကို ထောက်ခံကြောင်း ယူအင်န်အေ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ
ဦးကျင့်ရှင်းထန်က RFA ကို ပြောပါတယ်၊

ဦးကျင့်ရှင်းထန်။ ။'ယူအင်န်အေထဲမှာ အဖွဲ့ဝင်အဖြစ် ပါဝင်နေတာ ၁၂ ပါတီပါ၊ ၁၂ ပါတီထဲမှာ


အက်စ်အင်န်အယ်လ်ဒီ နဲ့ ၂ ပါတီကနေပြီးတော့ စတင်းဒင်း ပါတီပေါ့ဗျာ၊ အဲလိုဖြစ်နေတယ်ဆိုတော့ ဒီ ၂ပါတီက
ပိုပြီးတော့ အရေးကြီးတယ်၊ ဒီ ၂ပါတီနဲ့ ကျနော်တို့ ဆွေးနွေးပြီးတော့ ဘယ်လိုမျိုး ဆက်ပြီးတော့
စခန်းသွားမယ်ဆိုတာ ဆုံးဖြတ်ဖို့လည်း ရှိပါတယ်။ အဲဒါကြောင့် အက်စ်အင်န်အယ်လ်ဒီ အကြီးအကဲ ခွန်ထွန်းဦးနဲ့
စိုင်းညွန့်လွင်နဲ့ အက်စ်အင်န်အယ်လ်ဒီ အီးစီတွေနဲ့ ဆွေးနွေးဖို့က တော်တော်လေးကို အရေးကြီးတဲ့အတွက်
တွေ့ဆုံဖို့ဆိုတာ အားပေးပါတယ်။'
ဦးခွန်ထွန်းဦးနဲ့ ဦးစိုင်းညွန့်လွင် အပါအဝင် ရှမ်းခေါင်းဆောင် ၁ဝ ယောက်ကို ၂ဝဝ၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း
စစ်အစိုးရက ဖမ်းဆီးပြီးတော့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားတာ ဖြစ်ပါတယ်။ ဦးခွန်ထွန်းဦးကို ပူတာအို
အကျဉ်းထောင်မှာ ထိန်းသိမ်း ထားပြီး ဦးစိုင်းညွန့်လွင်ကတော့ စစ်ကိုင်းတိုင်း ကလေးအကျဉ်းထောင်မှာ
အကျဉ်းချခံနေရတာ ဖြစ်ပါတယ်။

ထောင်ဒဏ် မချမှတ်ခင် စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် နှိပ်စက်ခံကြရ


2010-01-07 RFA

ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလတွေအတွင်း မြင်းခြံ ၊ ညောင်ဦး ၊ ကျောက်ပန်းတောင်းမြို့တို့က


ဖမ်းဆီးခံရသူ ၂ဝ လောက်ကို ဒီဇင်ဘာလ ၃ဝ ရက်တုံးက လူမသိသူမသိ ထောင်ဒဏ် စီရင်ချက်တွေ

PDF created with pdfFactory Pro trial version www.pdffactory.com


ချမှတ်ခဲ့ပါတယ်။ သူတို့အားလုံးကို ချမှတ်ခံခဲ့ရတဲ့ အပြစ်ဒဏ်တွေ အသေးစိတ်ကို ဇန်နဝါရီ ၆ ရက် မနေ့က
ထောင်ဝင်စာ တွေ့ခွင့်ရတဲ့အခါကျမှ မိသားစုဝင်တွေက သိခဲ့ရတာပါ။

ကြားသိခဲ့ရတဲ့ အကြောင်းစုံကို အကျဉ်းသား မိသားစုဝင် တဦးက RFA ကို အခုလို ပြောပြပါတယ်။

မိသားစုဝင်။ ။ 'ဦးနန္ဒဝံသက ၇၁ နှစ်၊ ကိုမျိုးဟန်က ၅၁ နှစ်၊ ဒေါက်တာဝင့်သူက ၂၈ နှစ်၊ ကိုကြည်စိုးက ၂၂


နှစ်၊ စိုးရာဇာဖြိုး က ၁၄ နှစ်၊ လှမျိုးကျော်က ၁၄ နှစ်၊ ကိုကိုနိုင်က ၂၈ နှစ်၊ သန်းထိုက်အောင်က ၃၈ နှစ်၊ ဝေဖြိုး
၁၁ နှစ်၊ နောက် ညောင်ဦးက မျိုးမင်းသန်းက ၁၅ နှစ်၊ ကျော်ထွန်းလင်းက ၅၂ နှစ်၊ ရဲခေါင် က ၁၉ နှစ်၊ ချိုချိုသန်း
ညောင်ဦးက ၈ နှစ်၊ နောက် ဦးဇောတိက က ၂ နှစ်၊ လင်းအောင်သက်ကလည်း ၅၂ နှစ်၊ ဆရာဇော်က ၅ နှစ်။'
သူတို့ဆီက ဖြောင့်ချက်ယူတဲ့အချိန် စစ်ကြောရေးစခန်းမှာ ဆိုးဆိုးဝါးဝါး နှိပ်စက်ညဉ်းပန်းတာတွေကို ခံခဲ့ရတဲ့
အကြောင်းကိုလည်း နောက်ထပ် မိသားစုဝင်တဦးက RFA ကို ပြောပြပါတယ်။

မိသားစုဝင်။ ။ 'သန်းထိုက်အောင်ကျတော့ ခြေဖနောင့်အောက်မှာ သွားကြားထိုးတံ ထောင်လိုက်ခံပြီး


အပေါ်ကနေ ဖိပြီးတော့ စစ်တယ်တဲ့၊ ရေဆာလို့ ရေတောင်းတဲ့အခါ မြောင်းထဲက ရေပုတ်တွေ တိုက်တယ်တဲ့၊
ဦးဇော်ဇော် ညောင်ဦးကို ကျတော့ ညအိပ်နေတုန်း ညာဖက် မေးအောက်ကို ဆေးလာထိုးတာ ဘာ ဆေးမှန်း
မသိဘူးတဲ့၊ ဦးနန္ဒဝံသ ကျတော့ ကျောက်စရစ်ခဲလေးတွေပေါ်ကို သင်္ကန်းနဲ့ ဒူးထောက် ထိုင်ခိုင်းပြီးတော့
ခြေထောက်နဲ့ တက်နင်းတာ၊ နောက် ဦးဇောတိက ကျတော့ တခြားသူတွေ ဖော်ခိုင်းတာ မဖော်ပဲ ကိုယ့် ကိုယ်ကို
ဓားနဲ့လည်ပင်းကို ဘလိတ်ဓားနဲ့ လှီးတဲ့အတွက် သူ့ကို ဆေးရုံတင်ပြီးတော့ အဲဒီကို တခါထဲ ၅ဝ၅ နဲ့
ချလိုက်တာတဲ့။'

မန္ဈလေးတိုင်းအတွင်း အဖမ်းဆီးခံရပြီး ထောင်ဒဏ် နှစ်ရှည်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေ


ပြောပြသွားတာပါ။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံက တွဲဖက်
အတွင်းရေးမှူး ကိုဘိုကြည်ကလည်း သူတို့သိထားတဲ့ အချက်အလက်တွေအရ စစ်ကြောရေးက စစ်ဆေးတဲ့
နေရာတွေမှာ ဆေးထိုးစစ်တာ၊ ရေနွေးပူလောင်းတာ၊ ခန္ဓာကိုယ်ရဲ့ နူးညံ့တဲ့နေရာကို ဖယောင်းစက်ချ တာမျိုး
ရှိကြောင်းပြောပါတယ်။ သူကဆက်ပြီး ခုလို ပြောပါတယ်။

ကိုဘိုကြည်။ ။ 'ဒီအောင်သပြေ စစ်ကြောရေးမှာ စစ်ဆေးခံရတဲ့ သူတွေက အဆိုးဆုံးခံရတာတွေ ရှိတယ်။


ကျနော်တို့ ဖက်ဆစ် ဂျပန်တွေနဲ့ ဂျပန်ခေတ်ကို ပြန်ရောက်သွားတယ်လို့ အောက်မေ့ရတယ်၊ အရင်တုန်းက
ဒါမျိုးတွေက ဂျပန်ခေတ် တုန်းက ရက်စက်မှုတွေ ရုပ်ရှင်ထဲမှာပဲ တွေ့ဖူးတဲ့ဟာမျိုးတွေ၊ ဒါမျိုးတွေက ဗမာနိုင်ငံရဲ့
စစ်ကြောရေးစခန်း တွေမှာ နိစ္စဓူဝ ဖြစ်နေပါတယ်။'

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံက တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်


ပြောသွားတာပါ ။ မြင်းခြံမြို့က ဒေါက်တာ ဝင့်သူနဲ့ ကိုမျိုးဟန်တို့ကို ၄ည တိတိ မအိပ်ခိုင်းပဲ မတ်တပ်ရပ်
စစ်ဆေးခဲ့တဲ့ အကြောင်းလည်း သိရတယ်လို့ပြောပါတယ်။
အခု သူတို့အားလုံးကို အပြစ်ပေးလိုက်တဲ့ အမှုတွေကတော့ အစိုးရအကြည်ညိုပျက်စေမှု၊ ရုပ်မြင်သံကြားနဲ့ ဗွီဒီယို
အက်ဥပဒေ၊ မတရားသင်းဥပဒေ၊ ပုံနှိပ်ဥပဒေ၊ အီလက်ထရွန်းနစ် ဥပဒေ စတာတွေ ဖြစ်ကြောင်း သိရပါတယ်။
အခုအခါ သူတို့အားလုံးအတွက် မန္ဈလေးတိုင်း တရားရုံးမှာ အယူခံဝင်ဖို့ ရှေ့နေတွေနဲ့ ပြင်ဆင် နေတယ်လို့
သိရပါတယ်။

PDF created with pdfFactory Pro trial version www.pdffactory.com


ရန်ကုန်တိုင်း လယ်သမားများကို လယ်သိမ်းရုံမက ခြိမ်းခြောက်နေ
2010-01-08 RFA
ရန်ကုန်တိုင်း တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာအတွင်းက လယ်သမား ၂ဝ ကျော်ဟာ ဒေသခံ
အာဏာပိုင်တွေက လယ်သိမ်းယူတာ ခံရတဲ့နောက်ပိုင်း ပိုင်နက်ကျူးလွန်မှုနဲ့ တရားရုံးမှာ ရင်ဆိုင် နေရတဲ့အပြင်
အမှုချိန်း မှန်မှန်မတက်ရင် ထပ်အရေးယူမယ်လို့ အာဏာပိုင်တွေက ခြိမ်းခြောက်တာပါ ခံနေရတယ်လို့ RFA က
စုံစမ်းသိရပါတယ်။
ရုံးချိန်းကို ၁၅ ရက်တကြိမ် ချိန်းဆိုနေပြီး တရားလိုဘက်က ပုံမှန် ရုံးချိန်းမလာတဲ့အတွက် အမှုစစ်ရာမှာ
ကြန့်ကြာနေသလို၊ တရားခံဖြစ်တဲ့ တောင်သူတွေကိုတော့ အမှုချိန်းမလာနိုင်ရင် ထပ်ပြီး အရေးယူတာ ခံရမယ်
လို့ ခြိမ်းခြောက် ထားတဲ့အတွက် တောင်သူတွေမှာ အလုပ်ပျက်အကိုင်ပျက် ရုံးချိန်းသွား နေရတဲ့ ပြသနာကို
ရင်ဆိုင်နေရတယ်လို့ လယ်သမားတဦးက RFA ကိုအခုလို ပြောပါတယ်။

တောင်သူတဦး။ ။ ရုံးချိန်းကတော့ ၁ဝ ချိန်းရှိသွားပြီး၊ တရားခံတွေဖက်ကတော့ တောကနေပြီးတော့ ၂၂


ဦးလုံးကတော့ အမြဲတမ်း အပတ်တိုင်း တက်တက်လာတယ်၊ ဒီဖက်က တရားလိုဖက်ကပေါ့နော် မယက က
လာတာ မတွေ့ပဲနဲ့ တရားခံတွေဖက်ကချည်းပဲ လာလာနေရတယ်၊ လာတဲ့အခါကျတော့လည်း သူတို့က
ရောက်တာနဲ့ ၁၅ ရက်တပတ် ချိန်း၊ ၁၅ ရက်တပတ်ချိန်း အဲ့လိုကြည့်ပဲ လိုက်လိုက်ချိန်းနေတယ်၊

အခုအခါ တရားစွဲဆိုခံထားရတဲ့ တောင်သူတွေအားလုံးကို စစ်ဆေးပြီးသွားပြီး ဖြစ်နေပြီလို့ သိရပါ တယ်။


တောင်သူတွေမှာ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန် ဖြေရှင်းမှုတွေ လုပ်နေရသလို အမှုချိန်းလာနိုင်ဖို့
အတွက် ခရီးစရိတ်ပါ ရှာဖွေနေရတဲ့ ဒုက္ခကြုံနေကြရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စပြီး တရားစွဲဆိုခံရစဉ်
ကတည်းက လယ်ယာ မလုပ်ကိုင်နိုင်လို့ ဝင်ငွေမရှိတဲ့အတွက် တရားရုံးစရိတ်အတွက်ပါ တပူပေါ်တပူဆင့်
ဖြေရှင်းနေရတယ်လို့လည်း လယ်သမားတွေက ပြောပါတယ်။
ဇီးဖြူကုန်းရွာက လယ်သမား ၂၂ ဦးရဲ့ လယ်မြေ ဧက ၄ဝ ကျော်ကို မြို့နယ်အာဏာပိုင် တွေက
အစိုးရပိုင် မြေဖြစ်တယ်ဆိုပြီး ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှာသိမ်းယူခဲ့ပါတယ်။ ဒါပေမဲ့ လယ်မြေ အသိမ်းခံ
လိုက်ရတဲ့ တောင်သူတွေက သူတို့ လုပ်ကိုင်စားသောက်နေတဲ့ မြေဖြစ်တာကြောင့် နေရာတွေကနေ
ဖယ်မပေးတာကြောင့် သူတို့ကို အာဏာပိုင်တွေက လယ်ယာမြေ ကျူးကျော်မှုနဲ့ တရားစွဲခဲ့ပါတယ်။
ဒီလိုတရားစွဲတဲ့အတွက် လွန်ခဲ့တဲ့ နှစ် ၂ဝဝ၉ ခုနှစ် ဇွန်လ ၅ ရက်နေ့ကတည်းက မြို့နယ်တရားရုံးမှာ နှစ်ပတ်တခါ
တရားရင်ဆိုင် နေကြရပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး အမှုကို တရားလိုလုပ်ပြီး တရားစွဲဆိုထားတဲ့ တွံတေးမြို့နယ် မယက ဒုဦးစီးမှူး
ဦးညီညီဇော်ကို RFA က ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ သူဘာမှ မသိဘူးလို့ ပြောဆိုပြီး
ဖုန်းချသွားပါတယ်။
ဒီအမှုကို ကိုင်တွယ်စစ်ဆေးနေတဲ့ တွံတေးတရားရုံးက တရားသူကြီး ဦးအေးကိုကို ကိုလည်း ဆက်သွ
ယ်မေးမြန်း ကြည့်ရာမှာလည်း ဒီကိစ္စကို တယ်လီဖုန်းနဲ့ မပြောဆိုလိုကြောင်း ပြောပြီး ဖုန်းချသွားခဲ့ပါတယ်။

မန္ဈလေးတိုင်းယာဉ်ထိန်းရဲများက ဒဏ်ရိုက်ပြီး ငွေရှာနေ


2010-01-08 RFA

ရွေးကောက်ပွဲ မကျင်းပမီ အချိန်ထိ အခွန်ငွေကျပ် သိန်း ၆ ထောင် ကောက်ခံပေးဖို့ မန္ဈလေးတိုင်း


ယာဉ်ထိန်းရဲဌာနကို စစ်အစိုးရ နေပြည်တော် အာဏာပိုင်တွေက ညွှန်ကြားထားကြောင်း မန္ဈလေးမြို့ခံတွေက
RFA ကို ပြောပါတယ် ။

PDF created with pdfFactory Pro trial version www.pdffactory.com


အရင်က စက်ဘီးမြို့တော်ဖြစ်တဲ့ မန္ဈလေးဟာ အခုတော့ ဆိုင်ကယ်မြို့တော် ဖြစ်နေပြီး နေ့စဉ်ဆိုသလို
ယာဉ်ထိန်းရဲတွေက အကြောင်းရှာ ဖမ်းဆီး ဒဏ်ရိုက်နေကြောင်း သိရပါတယ်။

ဒါ့အပြင် စီးပွားရေးကျဆင်းပြီး အရောင်းအဝယ် ကျဲနေတဲ့ အခုလို ကာလမှာ မန္ဈလေးမြို့သူ မြို့သားတွေကို


ဌာနပေါင်းစုံက အခွန်အတုတ်အမျိုးမျိုး ကောက်ခံနေတာကြောင့် မန္ဈလေးမြို့ခံတွေ စိတ်မသက်မသာ
ညည်းတွားနေကြောင်း သိရပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ကိုဥာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

ဝန်ထမ်းအဆင့်အားလုံး လစာအပြင် နေ့စားလုပ်ခတွေပါ တိုးပေး


2010-01-08 RFA

အရပ်ဖက်ဝန်ထမ်း အရာထမ်းတွေကို ဇန်နဝါရီလကစပြီး လစာသစ် ကျပ်ငွေ နှစ်သောင်းစီ တိုးပေးရာမှာ


လက်ရှိလစာ ကျပ်တသောင်းခွဲရတဲ့ အောက်ခြေဝန်ထမ်းကစပြီး ကျပ်ငွေ တသိန်းကိုးသောင်းရတဲ့
အမြင့်ဆုံးအဆင့်ထိ တိုးပေးထားတယ်လို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနရဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။

ဝန်ကြီး ဗိုလ်ချုပ်လှထွန်း လက်မှတ်ထိုးထားပြီး RFA က ဖတ်ခွင့်ရတဲ့ ဒီအမိန့်စာမှာ အရပ်ဖက်ဝန်ထမ်း ရာထူး


အဆင့် ၁၂ ဆင့်လုံးကို ကျပ်ငွေ နှစ်သောင်းစီ တိုးပေးထားတာ တွေ့ရပါတယ်။၊

ဝန်ထမ်းအားလုံးကို ကျပ်ငွေ နှစ်သောင်းစီ အညီအမျှ တိုးပေးတယ် ဆိုပေမဲ့ ရာခိုင်နှုန်းအပြောင်းနဲ့ တွက်ရင်


အခြေခံလစာ ကွာနေတဲ့အတွက် လက်ရှိလစာ ကျပ်တသောင်းခွဲရတဲ့ ရုံးစောင့်လို ဝန်ထမ်းအောက်ဆုံးအဆင့်က
၁၃၃ ရာနှုန်း တိုးသွားပြီး အမြင့်ဆုံးလစာ ကျပ် တသိန်းကိုးသောင်းရတဲ့ ညွှန်ကြားရေးမှူးချုပ်လို ရာထူးက ၁၁
ရာနှုန်းသာ တိုးပါတယ်။

အရပ်သားဝန်ထမ်း အဆင့် ၁၂ ဆင့်မှာ အနိမ့်ဆုံးအဆင့်နဲ့ အမြင့်ဆုံးအဆင့်ကြား လစာကွာခြားချက်က


အရင်ကတည်းက ၁၃ ဆ ကွာခြားနေပြီး၊ အခု ကျပ်ငွေ နှစ်သောင်းကို အညီတိုးပေးတဲ့အတွက်
ပြောင်းလဲမသွားဘူးလို့ ရန်ကုန်ရှိ အငြိမ်းစားအရာရှိတဦးက ပြောပါတယ်။

အရပ်ဘက်ဝန်ထမ်းတွေကို အဆင့်တိုင်း ကျပ်ငွေ နှစ်သောင်းစီ အညီအမျှ တိုးပေးသလို အစိုးရဌာနတွေမှာ


လုပ်ကိုင်နေတဲ့ နေ့စားဝန်ထမ်းတွေကိုလည်း ရှစ်နာရီလုပ်ခ ကျပ် ၅ဝဝ ကနေ ကျပ် ၁၁ဝဝ ထိ တိုးပေးတယ်လို့
ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန အမိန့်စာမှာ ပါရှိပါတယ်။ ဒ့ါအပြင် အစိုးရဌာနတွေမှာ ခန့်ထားတဲ့
ယာယီဝန်ထမ်းတွေကိုလည်း ပုံသေလစာ တသောင်းခွဲရတဲ့သူကို ကျပ် သုံးသောင်းခွဲ၊ ပုံသေလစာ
နှစ်သောင်းရသူတွေကို ကျပ် လေးသောင်းထိ တိုးပေးလိုက်ပါတယ်။

ဒါပေမဲ့ လက်ရှိ ပင်စင်ခံစားနေတဲ့ အငြိမ်းစားဝန်ထမ်းတွေကိုတော့ လစာမတိုးပဲ လက်ရှိအတိုင်း ခံစားရမယ်လို့


သီးခြား အမိန့်စာအမှတ် ၁၈၆ နဲ့ ဝန်ကြီး ဗိုလ်ချုပ်လှထွန်း ကိုယ်တိုင် လက်မှတ်ထိုး တားမြစ်ထားပါတယ်။

PDF created with pdfFactory Pro trial version www.pdffactory.com


တပ်မတော် ကြည်းရေလေ ဝန်ထမ်းတွေရဲ့ လစာနှုန်းထားတွေကိုတော့ ကာကွယ်ရေးဝန်ကြီးဌာ
ကာကွယ်ရေးကောင်စီကို တင်ပြပြီး အတည်ပြုချက် ရယူဆောင်ရွက်ရန်လို့သာ ဖော်ပြထားပြီး
ဘယ်လောက်တိုးပေးမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။
၂ဝဝဝ ခုနှစ် ဧပြီ ၁ ရက်နေ့မှာ တိုးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခြေခံလစာက တသိန်း၅သောင်း ဖြစ်ပါတယ်။
၂ဝဝ၆ ခုနှစ်မှာ ထပ်တိုးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လစာက တလကို ၁၂ သိန်း ဖြစ်တာမို့ ၆နှစ်အတွင်း
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့လစာကို ၇ဝဝ ရာခိုင်နှုန်း တိုးမြှင့်ပေးခဲ့ပါတယ်။

ဝန်ထမ်းအဆင့်အားလုံး လစာအပြင် နေ့စားလုပ်ခတွေပါ တိုးပေး


2010-01-08 RFA

အရပ်ဖက်ဝန်ထမ်း အရာထမ်းတွေကို ဇန်နဝါရီလကစပြီး လစာသစ် ကျပ်ငွေ နှစ်သောင်းစီ တိုးပေးရာမှာ


လက်ရှိလစာ ကျပ်တသောင်းခွဲရတဲ့ အောက်ခြေဝန်ထမ်းကစပြီး ကျပ်ငွေ တသိန်းကိုးသောင်းရတဲ့
အမြင့်ဆုံးအဆင့်ထိ တိုးပေးထားတယ်လို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနရဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။

ဝန်ကြီး ဗိုလ်ချုပ်လှထွန်း လက်မှတ်ထိုးထားပြီး RFA က ဖတ်ခွင့်ရတဲ့ ဒီအမိန့်စာမှာ အရပ်ဖက်ဝန်ထမ်း ရာထူး


အဆင့် ၁၂ ဆင့်လုံးကို ကျပ်ငွေ နှစ်သောင်းစီ တိုးပေးထားတာ တွေ့ရပါတယ်။၊

ဝန်ထမ်းအားလုံးကို ကျပ်ငွေ နှစ်သောင်းစီ အညီအမျှ တိုးပေးတယ် ဆိုပေမဲ့ ရာခိုင်နှုန်းအပြောင်းနဲ့ တွက်ရင်


အခြေခံလစာ ကွာနေတဲ့အတွက် လက်ရှိလစာ ကျပ်တသောင်းခွဲရတဲ့ ရုံးစောင့်လို ဝန်ထမ်းအောက်ဆုံးအဆင့်က
၁၃၃ ရာနှုန်း တိုးသွားပြီး အမြင့်ဆုံးလစာ ကျပ် တသိန်းကိုးသောင်းရတဲ့ ညွှန်ကြားရေးမှူးချုပ်လို ရာထူးက ၁၁
ရာနှုန်းသာ တိုးပါတယ်။

အရပ်သားဝန်ထမ်း အဆင့် ၁၂ ဆင့်မှာ အနိမ့်ဆုံးအဆင့်နဲ့ အမြင့်ဆုံးအဆင့်ကြား လစာကွာခြားချက်က


အရင်ကတည်းက ၁၃ ဆ ကွာခြားနေပြီး၊ အခု ကျပ်ငွေ နှစ်သောင်းကို အညီတိုးပေးတဲ့အတွက်
ပြောင်းလဲမသွားဘူးလို့ ရန်ကုန်ရှိ အငြိမ်းစားအရာရှိတဦးက ပြောပါတယ်။

အရပ်ဘက်ဝန်ထမ်းတွေကို အဆင့်တိုင်း ကျပ်ငွေ နှစ်သောင်းစီ အညီအမျှ တိုးပေးသလို အစိုးရဌာနတွေမှာ


လုပ်ကိုင်နေတဲ့ နေ့စားဝန်ထမ်းတွေကလ
ို ည်း ရှစ်နာရီလုပ်ခ ကျပ် ၅ဝဝ ကနေ ကျပ် ၁၁ဝဝ ထိ တိုးပေးတယ်လို့
ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန အမိန့်စာမှာ ပါရှိပါတယ်။ ဒ့ါအပြင် အစိုးရဌာနတွေမှာ ခန့်ထားတဲ့
ယာယီဝန်ထမ်းတွေကိုလည်း ပုံသေလစာ တသောင်းခွဲရတဲ့သူကို ကျပ် သုံးသောင်းခွဲ၊ ပုံသေလစာ
နှစ်သောင်းရသူတွေကို ကျပ် လေးသောင်းထိ တိုးပေးလိုက်ပါတယ်။

ဒါပေမဲ့ လက်ရှိ ပင်စင်ခံစားနေတဲ့ အငြိမ်းစားဝန်ထမ်းတွေကိုတော့ လစာမတိုးပဲ လက်ရှိအတိုင်း ခံစားရမယ်လို့


သီးခြား အမိန့်စာအမှတ် ၁၈၆ နဲ့ ဝန်ကြီး ဗိုလ်ချုပ်လှထွန်း ကိုယ်တိုင် လက်မှတ်ထိုး တားမြစ်ထားပါတယ်။

တပ်မတော် ကြည်းရေလေ ဝန်ထမ်းတွေရဲ့ လစာနှုန်းထားတွေကိုတော့ ကာကွယ်ရေးဝန်ကြီးဌာ


ကာကွယ်ရေးကောင်စီကို တင်ပြပြီး အတည်ပြုချက် ရယူဆောင်ရွက်ရန်လို့သာ ဖော်ပြထားပြီး
ဘယ်လောက်တိုးပေးမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။

PDF created with pdfFactory Pro trial version www.pdffactory.com


၂ဝဝဝ ခုနှစ် ဧပြီ ၁ ရက်နေ့မှာ တိုးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခြေခံလစာက တသိန်း၅သောင်း ဖြစ်ပါတယ်။
၂ဝဝ၆ ခုနှစ်မှာ ထပ်တိုးတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လစာက တလကို ၁၂ သိန်း ဖြစ်တာမို့ ၆နှစ်အတွင်း
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့လစာကို ၇ဝဝ ရာခိုင်နှုန်း တိုးမြှင့်ပေးခဲ့ပါတယ်။

ကချင်ပြည်နယ်နေ့နှင့် မနောပွဲ လုံခြုံရေးတင်းကျပ်


2010-01-08 RFA

၆၂ နှစ်မြောက် ကချင်ပြည်နယ်နေ့နဲ့ မနောပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပရာမှာ လုံခြုံရေးကိစ္စကို


အရင်နှစ်တွေကနဲ့မတူ သိသိသာသာ ပိုမိုတင်းကျပ်ထားပြီး ကေအိုင်အို အဖွဲ့ဝင်တွေကိုလည်း
လက်နက်ယူမလာရဘူးလို့ အမိန့်ထုတ်ထားကြောင်း မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။

အရင်နှစ်တွေက မီးသတ်အပါအဝင် လုံခြုံရေးအင်အား ၄ဝဝ လောက်သာ ချထားပေမဲ့၊ ဒီနှစ်တော့


ထောင်နဲ့ချီရှိပြီး စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့၊ မပခ စစ်ဗျူဟာ ၃ နဲ့ ရဲတပ်ဖွဲ့တွေက တာဝန်ယူရတယ်လို့
စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မြင်တွေ့ရတဲ့အခြေအနေကို မြစ်ကြီးနား ဒေသခံတယောက်က RFA ကို အခုလို ပြောပြပါတယ်။

မြစ်ကြီးနား ဒေသခံ။ ။ 'မနှစ်ကထက် တကယ်များပါတယ်၊ ကျနော်တို့ နေရှင်နယ် မနော်ကွင်း နေရာ။


အဲဒီနားအားလုံးက များသောအားဖြင့် မီးသတ်တွေပေါ့နော်၊ နအဖ စစ်အစိုးရ တပ်ကဟာတွေပါ ခေါ်ထားတယ်၊
သူတို့တွေ ကို ဝင်ပေါက် ၃ခုမှာ နေရာချထားတယ်၊ များသောအားဖြင့် အရေးကြီးတဲ့ နေရာတွေမှာ
အားလုံးချထားတယ်။'

ဒီပွဲမှာ မြန်မာစစ်အစိုးရ အရာရှိတွေကို လုပ်ကြံမယ်ဆိုတဲ့ ကောလဟာလသတင်းတွေလည်း ထွက်နေပါတယ်။


ပွဲကိုလာကြမဲ့ ကေအိုင်အို အပါအဝင် ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေအနေနဲ့ ယူနီဖောင်း ပေးမဝတ်တဲ့အပြင်
လက်နက်ခဲယမ်း နဲ့အတူ ဝင်ရောက်ခွင့် မပေးဘူးလို့လည်း သိရပါတယ်။

ဒေသခံတွေကတော့ အခုလို လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ဖြစ်နေတာဟာ ကေအိုင်အိုနဲ့


မြန်မာစစ်အစိုးရတို့အကြား ဖြစ်ပေါ်နေတဲ့ ဆက်ဆံရေး အခြေအနေကြောင့် ဖြစ်ရတာလို့ ယူဆနေပြီး၊ ဒီနှစ်ပွဲဟာ
အရင်နှစ်တွေကလောက် စည်ကားမှု မရှိဘူးလို့ ပြောပြကြပါတယ်။

စစ်အစိုးရ ရွေးကောက်ပွဲ အောက်တိုဘာလမှာ ကျင်းပမယ့် သတင်းထွက်


08 January 2010 VOA

မြန်မာစစ်အစိုးရက ဒီနှစ်မှာ ပြုလုပ်မယ်လို့ ဆိုထားတဲ့ ရွေးကောက်ပွဲတွေကို လာမယ့် အောက်တိုဘာလမှာ


ကျင်းပဖို့ စီစဉ်နေတယ်လို့ ဂျပန်နိုင်ငံက သတင်းစာကြီးတစောင်က ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲ မတိုင်မီ
စစ်အစိုးရ အကြီးတန်း အရာရှိတွေလည်း ရာထူးကထွက်ပြီး ပါဝင်နိုင်ဖို့ အခုလို နှစ်ကုန်ပိုင်းကို ရွေးချယ်ခဲ့တာ
ဖြစ်တဲ့ အကြောင်းကိုလည်း ဂျပန်နိုင်ငံထုတ် အဆာဟိ ရှင်ဘွန်း သတင်းစာက စစ်အစိုးရနဲ့နီးစပ်သူ
အသိုင်းအ၀န်းကို ကိုးကားပြီး မနေ့တုန်းကပဲ ဖော်ပြခဲ့တာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက
တင်ပြပေးထားပါတယ်။

PDF created with pdfFactory Pro trial version www.pdffactory.com


မြန်မာစစ်အစိုးရက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို လာမယ့် ဧပြီလလောက်မှာ ထုတ်ပြန်ပြီး
ရွေးကောက်ပွဲတွေကိုတော့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကျင်းပပေးလိမ့်မယ်ဆိုပြီး အဆာဟိ ရှင်ဘွန်းရဲ့
အင်တာနက်သတင်းမှာ ဖော်ပြလိုက်တာပါ။ မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကတော့ ဒီလ
၎ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာမှာ ရွေးကောက်ပွဲတွေ ကျင်းပသွားမယ့်အကြောင်း
ထည့်သွင်းပြောဆိုသွားပေမဲ့ အခုအချိန်အထိတော့ အစိုးရဘက်က နေ့ရက် အတိအကျကို တရားဝင်
သတ်သတ်မှတ်မှတ် ထုတ်ပြန်တာမျိုး မရှိသေးတဲ့ အချိန်မှာ အခုလို ထူးထူးခြားခြား
သတင်းထွက်ပေါ်လာတဲ့အတွက် မြန်မာ့အရေး လှုပ်ရှားနေသူတွေ၊ အကဲခတ်တွေကတော့ သတိထား
စောင့်ကြည့်နေကြတာပါ။

ဂျပန်နိုင်ငံက မြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှူး ဒေါက်တာမင်းညိုက ဆိုရင်လည်း ဒီသတင်း


ထွက်ပေါ်လာတဲ့အတွက် မအံ့သြမိပေမဲ့ စောင့်ကြည့်ဖို့တော့ လိုလိမ့်မယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

“သူတို့ သတင်း အဲဒီကရလို့ ရေးတာတော့ အမှန်ပဲ။ စစ်အစိုးရဘက်က သတင်းထုတ်ပြန်ပေးတာလည်း


ဖြစ်နိုင်တယ်။ ဒါပေမဲ့ သတင်းထုတ်ပြန်ထားတဲ့ အတိုင်းလည်း လုပ်ချင်မှ လုပ်တာဆိုတော့၊ ပြောရရင် ၁၉၉၀
ခုနှစ် ရွေးကောက်ပွဲကြီးလုပ်တယ်၊ ပြီးတာနဲ့ ဘာလုပ်ပါမယ်၊ ညာလုပ်ပါမယ် ဆိုပြီးတော့ တရားဝင်
ကြေညာပြီးတော့ မလုပ်ခဲ့ဘူးလေ။

“ဒါပေမဲ့ အခုလည်း သူတို့က သတင်းကတော့ ထုတ်ပေးပြီးတော့ ဒီသတင်းအပေါ်မှာ မူတည်ပြီးတော့


နိုင်ငံတကာနဲ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ တုံ့ပြန်ချက်က ဘယ်လိုရှိမလဲဆိုတဲ့ အပေါ်မှာ သူတို့ အချက်အလက်
ကောက်တာလည်း မဖြစ်ဘူးလို့တော့ မပြောနိုင်ဘူး။ အဲဒါကြောင့် သူတို့ပေးတဲ့ သတင်းက အတိအကျပေးတယ်
ဆိုတာ နိုင်ငံတကာ ကျေနပ်အောင်၊ ပြည်တွင်းက ပြည်သူတွေ ကျေနပ်အောင် လုပ်တာလည်း
ဖြစ်နိုင်တယ်လို့တော့ တွက်ဆလို့ ရပါတယ်။”

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲအပြီး လွှတ်တော်ထဲမှာလည်း အထက်နဲ့ အောက်လွှတ်တော် ၂ ရပ် ဖွဲ့စည်းပြီး


အထက်လွှတ်တော်မှာ ကိုယ်စားလှယ် ၄၀၀ ကျော်၊ အောက်လွှတ်တော်မှာ ၂၀၀ ကျော် ပါဝင်မယ်၊ စစ်အစိုးရက
ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကလည်းပဲ ပါတီတချို့
ဖွဲ့စည်းလိမ့်မယ် ဆိုပြီးတော့လည်း အဆာဟိ ရှင်ဘွန်း သတင်းစာက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ အခုလို မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ဒီနှစ်မှာ ကျင်းပပေးမယ် ဆိုပေမဲ့ အခုထိ


သဲသဲကွဲကွဲ မသိနိုင်သေးတဲ့ အချိန်မှာ သတင်းအချက်အလက် အတိအကျတွေကို စစ်အစိုးရနဲ့ နီးစပ်သူတွေကို
ကိုးကားပြီး ဖော်ပြလာနေတာဟာ ဂျပန်သတင်းလောကမှာ ဒါဟာ ပထမဆုံးတော့ မဟုတ်ဘူးလို့လည်း
ဒေါက်တာမင်းညိုက ဆိုခဲ့တာပါ။

“အခုလို ရေးသွားတဲ့အထဲက ပြောရင်တော့ ဒါ အဆာဟိ သတင်းစာ တခုတည်းတင် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့


အပတ်တုန်းကဆိုရင် မိုင်အိနိချိက လေးမျက်နှာလောက်ထိတောင် ရေးသွားတယ်။ အသေးစိတ်ကို
ရေးသွားပါတယ်။ ဆိုတော့ ဒီသတင်းက ဘာကြောင့် ဂျပန်ပြည်မှာ ဖြစ်နေရသလဲဆိုတော့ အခု
ဂျပန်ပြည်မှာလည်း ဒီမိုကရက်တစ်ပါတီက အစိုးရသစ် ဖြစ်လာတယ်။ အမေရိကားမှာလည်း ဒီမိုကရက်တစ်

PDF created with pdfFactory Pro trial version www.pdffactory.com


အစိုးရ ဖြစ်လာတယ်။ ဖြစ်လာတော့ အိုဘားမားရဲ့ နိုင်ငံခြားရေး ၀ါဒက မြန်မာပြည်နဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုတဲ့
အနေအထား ရှိတယ်။ ဒါပေမဲ့ သူတို့က Sanction ဆိုတာတော့ မပြောင်းဘူးပေါ့။

“ဆိုလိုချင်တာက အခုလို အသစ်တွေ ပြောင်းလာတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ စစ်ခေါင်းဆောင်တွေ


အနေနဲ့က သူတို့တွေ ဒါတွေ လုပ်ပေးပါမယ် ဆိုတဲ့ဟာကို ကတိဝန်ခံတာ ကျနော်တို့ ကြားနေရတယ်။
အထူးသဖြင့် ဂျပန် နိုင်ငံခြားရေး ၀န်ကြီးနဲ့ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့တာတို့၊ ဂျပန်ဝန်ကြီးချုပ်နဲ့
စစ်အစိုးရရဲ့ ၀န်ကြီးချုပ်တို့ တွေ့တာတို့၊ ဂျပန်ပြည်လည်း လာသွားတယ်ဆိုတော့၊ ဒီအပေါ်မှာ မူတည်ပြီးတော့
စစ်အစိုးရဘက်ကတော့ ရွေးကောက်ပွဲကတော့ လုပ်ချင်နေတာ အမှန်ပဲလေ။”

ဂျပန်နိုင်ငံက မြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှူး ဒေါက်တာမင်းညို ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နောက်ဆုံးအကြိမ် အထွေထွေ ရွေးကောက်ပွဲတွေကိုတော့ ၁၉၉၀ ပြည့်နှစ်တုန်းက အဲဒီအချိန်မှာ


အုပ်ချုပ်နေတဲ့ စစ်အစိုးရက ကျင်းပပေးခဲ့ဖူးပါတယ်။ ဒီရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)
ပါတီက မဲအများစုနဲ့ အနိုင်ရခဲ့ပေမဲ့လည်း စစ်အစိုးရက အာဏာလွှဲပြောင်းပေးဖို့ ပျက်ကွက်ခဲ့တာလည်း
ဖြစ်ပါတယ်။

ဗိုလ်မှူးဝင်းနိုင်ကျော်တို့ သေဒဏ် ဥပဒေနဲ့ မကိုက်ညီ


09 January 2010 VOA

မြန်မာစစ်အစိုးရရဲ့ လျှို့ဝှက်သတင်းတွေ ပေါက်ကြားမှုကြောင့် စစ်တပ်ဝန်ထမ်းဟောင်း ဗိုလ်မှူး ၀င်းနိုင်ကျော်နဲ့


နိုင်ငံခြားရေး ၀န်ကြီးဌာနက ၀န်ထမ်း ဦးသူရကျော်တို့ကို အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၃ နဲ့
သေဒဏ်စီရင်ချက် ချလိုက်တာဟာ လက်ရှိ တရားစီရင်ရေး ဥပဒေတွေအရ လွဲမှားနေတယ်လို့
အာရှလူ့အခွင့်အရေး အဖွဲ့ရဲ့ ရှေ့နေက ထောက်ပြပါတယ်။ အပြည့်အစုံကို မသင်းသီရိက ဆက်သွယ်မေးမြန်းပြီး
တင်ပြပေးထားပါတယ်။

စစ်တပ်အရာရှိဟောင်း ဗိုလ်မှူး ၀င်းနိုင်ကျော်နဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ထမ်း ဦးသူရကျော်တို့ကို သေဒဏ်


ချမှတ်လိုက်တဲ့ အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၃ ဟာ နိုင်ငံမှာ နိုင်ငံရေးအရ မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့
အချိန်မှသာ အရေးယူရမယ့်ပုဒ်မ ဖြစ်တာမို့ ဒီစီရင်ချက်ဟာ လွဲချော်နေတယ်လို့ ဟောင်ကောင်အခြေစိုက် AHRC
အာရှလူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“အရေးပေါ်စီမံမှု အက်ဥပဒေက မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေးအရ မတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာ


ပေါ်ပေါက်လာတဲ့ သောင်းကျန်းမှုတွေကို အရေးယူနိုင်ဖို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်တယ်။ ဥပဒေရဲ့ မူရင်း
ရည်ရွယ်ချက်ကိုက အရေးပေါ်စီမံမှု အက်ဥပဒေ ဖြစ်တယ်။ ဒါက နိုင်ငံတော် မတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာ
အရေးယူနိုင်ဖို့ ပြဋ္ဌာန်းထားတာ ဖြစ်တယ်။ ဒါကြောင့် ဒီအက်ဥပဒေအရ အရေးမယူနိုင်ဘူးလို့ ကျနော်တို့ အနေနဲ့
ပြောခြင်း ဖြစ်ပါတယ်။”

တကယ်တော့ ဒီအရေးပေါ်စီမံချက် ပုဒ်မ ၃ ဟာ ၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးကာစ


ပြည်တွင်းဆူပူမှုတွေ ဖြစ်ပြီးနောက်ပိုင်း အဲဒီဆူပူမှုတွေကို နှိမ်နင်းဖို့ ရည်ရွယ်ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ ဖြစ်ပါတယ်။
ဒီဥပဒေကို ၁၉၅၀ က ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်း ဆောင်ရွက်နေကြတဲ့

PDF created with pdfFactory Pro trial version www.pdffactory.com


တာဝန်ဝတ္တရားတွေ ထမ်းဆောင်နေတဲ့ နိုင်ငံတော်စစ်တပ်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်မှုတွေကို
နှောင့်နှေးအောင်၊ ပျက်ပြားအောင် ကြံရွယ် ပြုမူသူတွေကို သေဒဏ်၊ ဒါမှမဟုတ် တသက်တကျွန်း
ထိုက်သင့်စေရမယ်ဆိုတဲ့ အချက်တွေနဲ့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

ဒါကြောင့် အခု သူတို့ကို လက်ရှိ တည်ဆဲဥပဒေအရ ရာဇသတ်ကြီး ပုဒ်မတွေနဲ့အတူ


နှစ်ရှည်ထောင်ဒဏ်တွေနဲ့သာ အပြစ်ပေး စီရင်ရမှာ ဖြစ်တယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ အစိုးရရဲ့ လုပ်ငန်းဆောင်တာတခု၊ ဒါမှမဟုတ် အုပ်ချုပ်သူ စစ်တပ်ရဲ့ လုပ်ငန်းဆောင်တာ


တခုကို နှောင့်နှေးစေအောင် ကြံဆောင်မယ်၊ လုပ်ဆောင်မယ်၊ သစ္စာဖောက်ဖျက်မယ်၊ ဖျက်ဆီးမယ်ဆိုရင်
ရာဇသတ်ကြီး ဥပဒေမှာ အရေးယူနိုင်တဲ့ ပုဒ်မတွေ အတိအလင်းရှိတယ်။ အဲဒီဥပဒေတွေနဲ့ပဲ အရေးယူရမှာ
ဖြစ်တယ်။

“သို့သော်လည်း ဒီနေ့ လက်ရှိ စစ်အစိုးရက ရာဇသတ်ကြီး ဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ သူတို့က


အရေးမယူနိုင်ဘူးဖြစ်တယ်။ ပြစ်မှုကျူးလွန်တယ်လို့ သူတို့ စွပ်စွဲထားတဲ့ တရားခံတွေကို အပြစ်ပေးနိုင်ဖို့အတွက်
၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၃ အရ အရေးယူ စီမံဆောင်ရွက်တယ်လို့ ကျနော်တို့
ပြောချင်ပါတယ်။”

မြန်မာနိုင်ငံမှာ လက်ရှိ စစ်အစိုးရ လက်ထက်အတွင်း ရာဇသတ်ကြီး ပုဒ်မတွေနဲ့ အရေးယူခဲ့တဲ့သူတွေ


ရှိခဲ့ဖူးပေမဲ့လည်း တရားလိုဟာ တရားဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တင်မြှောက်ထားတဲ့ အစိုးရ
မဟုတ်တာကြောင့် အဲဒီပုဒ်မတွေနဲ့ ပယ်ဖျက်လိုက်ရတဲ့ နမူနာတွေ ရှိခဲ့ဖူးတယ်လို့လည်း ဦးမင်းလွင်ဦးက
ရှင်းပြပါတယ်။

“နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ အားပေးကူညီမှု၊ ကြံစည်မှု၊ ထိန်ချန်မှု စတာတွေနဲ့ ပတ်သက်လို့


အရေးယူမယ်ဆိုရင် တရားလိုဖြစ်တဲ့ အစိုးရကိုယ်တိုင်က ဖွဲ့စည်းပုံ အခြေခံဥပဒေအရ
ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတရပ် ဖြစ်ဖို့လိုတယ်။ ပထမတုန်းက ရှမ်းတိုင်းရင်းသားခေါင်းဆောင်
ဦးခွန်ထွန်းဦးတို့၊ ရှမ်းပြည်တပ်မတော်က ဗိုလ်ချုပ်ဆေထင်တို့၊ ဦးစိုင်းညွန့်လွင်တို့ အဲဒီလူတွေကို
အရေးယူတဲ့အခါ အတိအလင်း ခုခံချေပခဲ့တာတွေ ရှိတယ်။

“အဲဒီလိုဖြစ်ပြီး နောက်ပိုင်းမှာလည်း ကိုစည်သူမောင်တို့ မစုစုနွေးတို့ကိုလည်း ကန့်ကွက်ပြောဆိုတဲ့အတွက်


နောက်ပိုင်းမှာ ဒီပုဒ်မတွေကို ရုပ်သိမ်းသွားပြီး နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးတဲ့သူတွေ၊ အန္တရာယ်ပေးတဲ့
သူတွေနဲ့ ပတ်သက်ပြီးတော့ ပုဒ်မ ၁၂၂၊ ၁၂၃၊ ၁၂၄ နဲ့ အရေးယူမှုတွေကို ရပ်ဆိုင်းသွားတယ်ဆိုတာ
တွေ့ရပါတယ်။”

AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

လုပ်ရှိအုပ်ချုပ်နေတဲ့ အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်လို့ လျှို့ဝှက်ချက် ပေါက်ကြားမှုတွေ၊


အခွင့်မရှိဘဲ လက်ဝယ်ထား လွှဲပြောင်းတာမျိုးတွေ ဖြစ်ရင်တောင်မှ ၁၉၂၃ အစိုးရ လျှို့ဝှက်လုပ်ငန်း ဥပဒေ ၆/၃
အရသာ အရေးယူနိုင်တယ်လို့ ပြောပါတယ်။ ဒီပုဒ်မဟာလည်း ၂ နှစ်ကနေ အကြီးမားဆုံး ၁၄ နှစ်အထိသာ
ပြစ်ဒဏ်ပေးနိုင်တဲ့ ပုဒ်မဖြစ်တယ်လို့လည်း ပြောပါတယ်။

PDF created with pdfFactory Pro trial version www.pdffactory.com


ဗိုလ်မှူးဟောင်း ၀င်းနိုင်ကျော်နဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ထမ်း ဦးသူရကျော် အပါအ၀င်
တခြားဝန်ထမ်းတဦးဖြစ်တဲ့ ဦးပျန်စိန်တို့ဟာ နျူကလီးယား ဓာတ်ပေါင်းဖိုကိစ္စ၊ မြေအောက်လိုဏ်ခေါင်း
စီမံကိန်းတွေနဲ့အတူ မြောက်ကိုရီးယားမှာ လျှို့ဝှက် လက်နက်ဝယ်ယူရေး စတဲ့ စစ်တပ်ရဲ့ ထိပ်တန်း
လျှို့ဝှက်ချက်တွေကို ပေါက်ကြားအောင် လုပ်ခဲ့တယ်ဆိုတဲ့ ပြစ်ဒဏ်တွေနဲ့ သူတို့ကို ၂၀၀၉ ခုနှစ်က
ဖမ်းဆီးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၇ ရက်နေ့က သေဒဏ်နဲ့အတူ နှစ်ရှည်ထောင်ဒဏ်တွေ အပြစ်ပေးခံရတာ
ဖြစ်ပါတယ်။

ခုချိန်က စပြီး ± ကို ရ လို့ ဖတ်ပါး)


òမိ့ ဆိုတာကလည်း မြို့ ကို ဆိုလိုတာပါ.

စစ်အစိုးရက ရွေးကောက်ပွဲကျင်းတော့မည်ဟု အဆာဟိရှင်ဘွန်း ရေးသား


အံ့ဘုန်းမြတ် ၈ ဇန်နဝါရီ ၂ဝ၁ဝ - DVB

နအဖအစိုးရက ရွေးကောက်ပွဲကို လာမယ့် အောက်တိုဘာမှာ ကျင်းပတော့မယ်လို့ စစ်အစိုးရသတင်းရင်းမြစ်ကို


ကိုးကားပြီး ဂျပန်အခြေစိုက် အဆာဟိရှင်ဘွန်းသတင်းစာက ဖော်ပြလိုက်ပါတယ်။ နအဖအစိုးရ
ရေးဆွဲပြဌာန်းခဲ့တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရွေး ကောက်ပွဲလုပ်ပြီး အရပ်သားအစိုးရကို
အာဏာလွှဲပြောင်းရေးအတွက် ရွေးကောက် ပွဲကို လာမယ့် အောက်တိုဘာ ၁ဝ ရက်မှာ ကျင်းပမှာဖြစ်တယ်လို့
နအဖ အကြီး အကဲတွေက ဒီလ ၆ ရက်နေ့မှာ ပြောကြားလိုက်တာလို့ စစ်အစိုးရ အရာရှိတွေက
ပြောတယ်လို့လည်း ဆိုပါတယ်။ ရွေးကောက်ပွဲဝင်ဖို့အတွက် စစ်တပ်က အရာရှိအတော်များများလည်း ဧပြီ လ
နောက်ဆုံးထားပြီး ရာထူးတွေကနေ နုတ်ထွက်ကြရမှာဖြစ်ပြီး ရွေးကောက်ပွဲ အ တွက်
မဲဆွယ်စည်း±ုံးရေးကာလကို ၆ လ သတ်မှတ်ပေးထားတယ်လို့လည်း အဲ့ဒီ သတင်းက ဆိုပါတယ်။

ဒီလိုဖော်ပြလာတာနဲ့ပတ်သက်လို့ စစ်အစိုးရရဲ့ ဖွဲ့စည်း ပုံအ ခြေခံဥပဒေကို အသိအမှတ်ပြုပြီး


ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ထားတဲ့ ပြည်တွင်းက နိုင်ငံရေး အင်အားစုတခုဖြစ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ
ဖြစ်မြောက်ရေးကော်မတီရဲ့ ပြောရေး ဆိုခွင့် ရှိသူ ကိုဖြိုးမင်းသိန်းက သူ့အမြင်ကို အခုလိုပြောပါတယ်။

“ကျနော်တို့ သဘောထားကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ယူအန်ကနေပြီးတော့ ဟိုနေ့က


သတင်းစာရှင်းလင်းပွဲ လုပ်တဲ့ကိစ္စပေါ့၊ အတွင်းရေး မှူးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အပေါ်မှာ ၂ဝ၁ဝ
ရွေးကောက်ပွဲနဲ့ ပတ်သက် လို့ တိတိကျကျပေါ့နော် အစိုးရဖက်က လုပ်ပေးမယ် မလုပ်ပေးဘူး၊ လုပ်ပေးမယ်
ဆိုရင် ဘယ်ရက်မှာ လုပ်မယ်ဆိုတာကို တိတိကျကျ ထုတ်ပြန်သင့်တယ် ဆိုတဲ့ဟာ ကို ကျနော်တို့
သဘောတူပါတယ်၊ ၁ဝ ရက် ၁ဝ လ ၂ဝ၁ဝ မှာ လုပ်မယ်ဆိုတာကို ရန်ကုန်မှာ ကောလဟာလ သတင်းလိုတော့
ဖြစ်နေတာပေါ့၊ တိတိကျကျတော့ မရှိ သေးပါဘူး။”

နအဖအစိုးရအနေနဲ့ အောက်လွှတ်တော်အတွက် အမတ် ၄၄ဝ နေရာ၊ အထက်လွှတ်တော်အတွက် ၂၄၂ နေရာ


ပြင်ဆင်ထားပြီး နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့် ဥပဒေတွေနဲ့ ရွေးကောက်ပွဲ စည်းကမ်းတွေကိုလည်း ဧပြီလမတိုင်ခင်
ထုတ်ပြန်ကြေ ညာမယ်လို့ အဆာဟိရှင်ဘွန်း သတင်းက ဆိုတာကြောင့် အသစ်ဖွဲ့စည်းမယ့် နိုင်ငံ
ရေးပါတီတွေအတွက် အချိန်မလံေ
ု လာက်နိုင်ဘူးလို့ ကိုဖြိုးမင်းသိန်းက ဝေဖန်သုံး သပ်ပါတယ်။

PDF created with pdfFactory Pro trial version www.pdffactory.com


“အခုအချိန်ထုတ်ပြန်ရင် အဲဒီ ၂ဝ၁ဝ ၁ဝ ရက် ၁ဝ လ ဆိုတဲ့ အခြေအနေမျိုး အတွက်ဆိုရင် ၆ လ၊ ၃ လ ဆိုတဲ့
ကောလဟာလ သတင်းကြားနေတာပေါ့၊ အဲဒီ အခြေအနေမှာဆိုရင် ရွေးကောက်ပွဲ ခောစငေါည ကာလ ၆ လ
ဆိုတဲ့ အခြေအနေက ဘာပဲပြောပြော ခောစငေါည လိုက်လုပ်တဲ့သူက သူ့မြို့နယ်တွင်း စည်း±ုံးရေးအတွက် ၆
လကြိုးစားတယ်ဆိုတော့၊ နောက်ပါတီ±ုံးထူထောင်ပြီး သူ ဒီအခြေအနေလည်းရှိ နေတယ်ဆိုရင် ဒါသူလုပ်လို့
ရနိုင်တယ်။ အခု ပါတီတွေက ဘာမှ မရှိသေးတာ၊္ဒီူ ပါတီတောင်မှ ပြန်လည်ထူ ထောင်ရအုံးမှာလေ၊ ±ုံးတွေက
ခိုင်ခိုင်မာမာမှ မရှိဘူး၊္ဒီူ ±ုံးလည်း ရှိမှ မရှိတာ၊ ဆိုတော့ အဲဒါတွေကို ပြန်လည်ထူထောင်ဖို့အတွက်
ခရီးကာလတွေ သွားမယ်ဆိုလို့ ရှိရင် ၉ဝ ခုနှစ် ရွေးကောက်ပွဲနဲ့ ယှဉ်ထိုး စဉ်းစားမယ် ဆိုလို့ရှိရင်တော့ အချိန်
ကာလက တအားနည်းတယ်ပေါ့နော်။”

နိုင်ငံရေးပါတီဖွဲ့စည်းခွင့်နဲ့ ရွေးကောက်ပွဲစည်းကမ်းတွေ မရှိသေးတာကြောင့် ပြည်တွင်း


နိုင်ငံရေးအင်အားစုတွေအနေနဲ့ အစအစအရာရာ ချိန်ဆပြီး လှုပ်ရှားနေ ကြရတယ်လို့လည်း
ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ထားတဲ့ ဒိပြင် နိုင်ငံရေးအား စုဝင် ပုဂ္ဂိုလ်တချို့ကလည်း ပြောပါတယ်။
ဒီအခြေအနေတွေအပေါ် ဝါရင့်နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းကလည်း ခုလိုပြောပါတယ်။

“ဒီ ၂ဝ၁ဝ အတွင်းမှာ လုပ်မယ်ဆိုရင် အခုကတည်းက နိုင်ငံရေးပါတီတွေကို ပါတီဖွဲ့စည်းခွင့်၊ စည်း±ုံးခွင့်၊


ဟောပြောခွင့် ပေးရမယ်၊ ဒါမှသာလျှင် ဒီမိုကရေစီကျတဲ့ ရဆကသအးမ္မရဆကသအိးဌာန်ကျတဲ့
ရွေးကောက်ပွဲကြီး ဖြစ်လာမှာပေါ့၊ ကပ်ပြီးတော့မှ ကြံ့ခိုင်ရေးလို ဟာမျိုးကနေ ပြီးတော့ အစီအစဉ်ကတော့
ခုကတည်းက လုပ်နေတာပဲ၊ လုပ်နေ တော့ အစီအစဉ်က စည်း±ုံးရေး ရှိပြီးသားအနေနဲ့ ကြံ့ခိုင်ရေးက
နိုင်အောင်ဆိုတဲ့ သဘောမျိုးနဲ့ လုပ်ရင်တော့ ဒါ တမျိုးပေါ့လေ။ သို့သော်လည်း တရားမျှတပြီး လွတ်လပ်တဲ့
ရွေးကောက်ပွဲကြီးကို တို့လုပ် ပေးခဲ့တယ်၊ တို့တပ်မတော်က လုပ်ပေးခဲ့တယ်ဆိုတဲ့ သဘောမျိုးထားရင် အခုက
တည်းက နိုင်ငံရေးပါတီတွေကို အောက်တိုဘာလုပ်မယ်၊ နိုဝင်ဘာလုပ်မယ် အစရှိ သဖြင့် အနည်းဆုံးတော့
လကိုသတ်မှတ်ပေးပြီးတော စည်း±ုံးကြ၊ ဖွဲ့စည်းကြဆိုပြီး တော့ ဟောပြောပြီးတော့ အခွင့်အရေးတွေ
ပေးဖို့ကောင်းတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေးရာ တာ ဝန်ခံ ဦးညိုအုန်းမြင့်ကလည်း ခုလို


ပြောပြပါတယ်။

“ဒီ နအဖ လုပ်မယ့် ရွေးကောက်ပွဲကပေါ့နော် တိတိကျကျ မကြေညာပဲနဲ့ အခုလို ဂျပန်သတင်းဌာနက တဆင့်


ပြန်ပြောတဲ့အတွက်ကြောင့် ကျနော်တို့ အနေ နဲ့ကတော့ ဝေဖန်ဘို့တော့ ခက်ပါတယ်၊ ဒါပေမယ့်လည်း
ရွေးကောက်ပွဲ ဘယ်လိုပဲ လုပ်လုပ် ပြောင်းလဲမှုရှိလာမှာ မဟုတ်တဲ့အတွက်ကြောင့် နအဖ လည်း ဒီရွေး
ကောက်ပွဲကို ဒီ သူတို့ရဲ့ တရားဝင်မှုအတွက်ကို အဓိကလုပ်တဲ့အတွက်ကြောင့် အခုန ပြောသလို
ဒီသတင်းဌာနတွေကနေ ပြီးတော့ ရတဲ့အပေါ်ကနေပြီးတော့ နအဖ အခုလုပ်မယ်ဆိုတဲ့ ဟာကို ကျနော်တို့
အကြမ်းဖျင်းတော့ သိရပါတယ်။ ဒါပေမယ့် ဘာမှ ပြောင်းလဲနိုင်တဲ့ အနေအထားမှာ မရှိတဲ့အတွက်ကြောင့် နအဖ
ကြေညာတာကိုလည်း ကျနော်တို့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်၊ တရားဝင် မပြောတဲ့အတွက်ကြောင့် နအဖ
ဘယ်အချိန်မှာပဲ လုပ်လုပ် ဒီရွေးကောက်ပွဲက တ ကယ်စစ်မှန်ပြီးတော့ ပြုပြင်ပြောင်းလဲနိုင်တဲ့ ရွေးကောက်ပွဲတခု
မဟုတ်သေးဘူးဆို တာတော့ ကျနော်တို့ ပြောနိုင်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ နအဖအစိုးရအနေနဲ့ ရွှေဂုံတိုင်ကြေ ညာချက်ပါ တောင်းဆိုချက်တွေဖြစ်တဲ့


ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ် ရေး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအဝင်

PDF created with pdfFactory Pro trial version www.pdffactory.com


နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ရေးနဲ့ တွေ့ဆုံ ဆွေးနွေးရေးတို့ကို ဆောင်ရွက်မှပဲ တရားမျှတတဲ့
ရွေးကောက်ပွဲ အဖြစ် အသိအမှတ်ပြုနိုင်မယ်လို့ ကြေညာထားပါတယ်။

အောင်လံက လယ်သမားများ၏ အမှုတွဲကို နေပြည်တော်တရား±ုံးက တောင်းယူ


ထက်အောင်ကျော် ၈ ဇန်ဝါရီ ၂ဝ၁ဝ – DVB

ကမBာ့အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်လ်အိုနဲ့ ဆက်စပ်ပြီး ဖမ်း ဆီး ထောင်ချခံနေရတဲ့ အောင်လံòမိ့နယ်က


လယ်သမား ၁၂ ဦးရဲ့ အမှုတွဲကို နေပြည် တော် တရား±ုံးက မနေ့က တောင်းယူသွားတယ်လို့
လယ်သမားမိသားစုဝင်တွေနဲ့ ရှေ့နေတွေက ပြောပါတယ်။ အောင်လံòမိ့နယ် စမ်းကလေးကျေးရွာက ဦးသန်းစိုး
အပါအဝင် လယ်သမား ၁၂ ဦးရဲ့ အမှုတွဲကို သရက်ခ±ိုင်တရာ±ုံးက ပယ်ချတဲ့အတွက် တိုင်းတရား±ုံးဆီ တင်
ထားစဉ် နေပြည်တော်ကနေ မနေ့က တောင်းယူသွားတာ ဖြစ်တယ်လို့ မကွေး တိုင်းတရား±ုံးက ပြောကြောင်း
မိသားစုဝင်တွေကို ကိုးကားပြီး ရှေ့နေ ဦးအောင် သိန်းက ပြောပါတယ်။ အောက်±ုံးက အမှုတွေကို ဗဟိုကနေ
ဒီလိုတောင်းယူတာဟာ လုပ်ထုံး လုပ်နည်းတခု ဖြစ်ပေမယ့် အမြဲတမ်း လုပ်တာမျိုး မဟုတ်ဘဲ ထူးခြားမှုရှိတဲ့
အမှုမျိုး ကိုသာ တောင်းယူ စစ်ဆေးလေ့ ရှိတယ်လို့ ဒီအမှုကို ကူညီပေးနေသူ ရှေ့နေ ဦး အောင်သိန်းက
ပြောပါတယ်။

“အဲဒီမှုတွဲတွေကို နေပြည်တော်ကနေပြီးတော့ တောင်းယူသွားတယ်လို့ သိ ရတယ်။ အဲဒီက အမှုသည်တွေရဲ့


မိသားစုက လှမ်းအကြောင်းကြား ထားပါတယ်။ ၂၉ ရက်နေ့မှ ဘာဖြစ်မယ်ဆိုတာ သိရမယ်။ တိုင်း±ုံးကို
ပြန်အမှုတွဲ ရောက်လိမ့်မယ် ထင်တယ်။ ဒီကြားထဲမှာ ရောက်ရင် နှစ်ဖက်လျှောက်လှဲချက်ပေးဖို့ ဒီက အဆင်သင့်
လုပ်ထားရမှာပေါ့။ “ဒါသူတို့ရဲ့ တရား±ုံးနယ်ပယ်တွေမှာတော့ အကြောင်းအမျိုးမျိုးပေါ့၊ ဒါ အ ပေါ်±ုံးအနေနဲ့
လိုအပ်ရင် အမှုတွဲ တောင်းခေါ် ယူကြည့်ပြီးတော့ ပြန်ပို့တာရှိတယ်။ အပေါ်±ုံးအနေနဲ့ ယူပြီးတော့ ပြင်ဆင်ချက်
ပြုပြီးတော့ လုပ်ပေးတာ ရှိတယ်။ အဲဒါ အမျိုးမျိုးပဲ ပုံသေ ဘာမှ သွားတွက်လို့တော့ မရနိုင်ဘူး။”

ဒီအမှုအပေါ် မကွေးတိုင်းတရား±ုံးက ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာကို ၂၉ ရက်နေ့ကျမှ သိရမှာ ဖြစ်ပေမယ့်


အဲဒီနေ့မတိုင်မီ ဂျီနီဗာအခြေစိုက် အိုင်အယ်လ်အို ±ုံးချုပ်မှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တခု နေပြည်တော်ကို
ရောက်လာဖို့ ရှိတဲ့အ တွက် အဲဒီအဖွဲ့မရောက်ခင် နေပြည်တော်က တာဝန်ရှိသူတွေ ကိုယ်တိုင် ဒီအမှုကို
ဆန်းစစ်မယ့်သဘောမျိုးလို့ အိုင်အယ်လ်အိုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီအချက်ကို အတိအကျသိနိုင်ဖို့ အိုင်အယ်လ်အို ကိုယ်စားလှယ်အဖွဲ့က နေ ပြည်တော်ကို ဘယ်နေ့သွားမလဲ၊


အောင်လံအမှုကို အရဆကသအိးကပြောမှာလား၊ ဆိုတာကို ဂျီနီဗာရှိ အိုင်အယ်လ်အို အမှုဆောင် အရာရှိ
မစ္စတာ ကာရီတာ ပီယိုလာက æ “သဘောတူစာချုပ် သက်တန်းတိုးရေးအပြင် အခြေနေတရပ်လုံးကို ပြန်
လည်သုံးသပ်ဖို့ ရှိပါတယ်။ အဲဒီလို သုံးသပ်တဲ့အထဲမှာ အတိအကျ ပါဝင်မယ့် အ ချက်တခုကတော့
အိုင်အယ်လ်အို ဆီ သတင်းပေးလို့ ဖမ်းဆီးခံနေရသူတွေရဲ့ အခြေ အနေပါ။ ဒီလို ဖမ်းဆီးထားတာကို
ကျနော်တို့လုံးဝ လက်မခံနိုင်ပါဘူး။ ဒါကို အတိ အကျ ဆွေးနွေးဖို့ ရှိပါတယ်”လို့ ဖြေဆိုပါတယ်။

မစ္စတာကာရီ ဦးဆောင်တဲ့ အိုင်အယ်လ်အို အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဟာ ရှေ›တပတ် တနင်္ဂနွေနေ့ ဒီလ


၁၇ ရက်မှာ ရန်ကုနò
် မိ့ကို ရောက်လာမှာ ဖြစ်ပြီး သီတင်းတပတ် ကြာမယ်။ ရန်ကုန-် နေပြည်တော်နဲ့
အခြားလေ့လာဖို့ လိုအပ်တဲ့ ဒေသတွေအထိ ကိုယ်တိုင်သွားမယ်လို့ ကာရီ က ပြောပါတယ်။ အိုင်အယ်လ်အို ဆီ
သတင်းပေးမှုနဲ့ သေဒဏ်ချခံရပြီး ပြန်လွတ်လာသူ ပဲခူး òမိ့ လမ်းပြကျယ်အဖွဲ့မှ ရှေ›နေဦးအေးမြင့်ကတော့

PDF created with pdfFactory Pro trial version www.pdffactory.com


အိုင်အယ်လ်အိုရဲ့ ကြိုးပမ်းမှုတွေ အပေါ် ပြည်သူတွေက အားကိုးနေပြီး အောင်လံက လူတွေဟာလည်း သူလိုပဲ မ
ကြာခင် ပြန်လွတ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

“၂ဝဝ၃ ခုနှစ်က ကျနော် အိုင်အယ်လ်အိုနဲ့ ဆက်သွယ်လို့ဆိုပြီး သေဒဏ် ကျသွားတဲ့အချိန်မှာ အိုင်အယ်လ်အိုရဲ့


ကယ်တင်မှုကြောင့်၊ ကူညီပံ့ပိုးမှုကြောင့် သေ ဒဏ်ကနေ ပြန်လွတ်လာတယ်။ ၈ လပဲနေပြီး ဒုတိယအကြိမ် ၂ဝဝ၅
မှာ ကျနော် ပြန် ဝင်သွားရတဲ့အချိန်မှာလည်း အိုင်အယ်လ်အိုကပဲ ကူညီပေးတဲ့အတွက် အိုင်အယ်လ် အိုကို
ပြည်သူလူထုက အားကိုးလာတယ်။ မလွှတ်ပေးဘဲနဲ့တော့မနေဘူး။

“သို့သော် ချက်ချင်းလွှတ်ပေးရင် အိုင်အယ်လ်အိုကြောင့် လွှတ်ပေးရတယ် ဆိုပြီး ပြည်သူလူထုက


ပိုအားကိုးလာမှာကြောက်လို့ ကျနော့်အမြင်တော့ မျှော်လင့် စရာ ရာခိုင်နှုန်း အပြည့် ရှိပါတယ်။ သို့သော် လာမယ်
ကြာမယ် ဆိုတာလိုပေါ့။ ချက်ချင်းဘယ်တော့မှ မလွှတ်ပေးဘူးခင်ဗျ၊ အရေးကြီးတဲ့ အချိန်လေးတွေ ရောက်
အောင် အချိန်ဆွဲပြီးတော့မှ မမျှော်လင့်တဲ့အချိန်မှာ လွှတ်ပေးပါတယ်။”

စပါးပင်များ ပိုးကျနေသော်လည်း လယ်သမားများ ပိုးသတ်ဆေး ဝယ်မသုံးနိုင်


နော်စေးဖော ၈ ဇန်နဝါရီ ၂ဝဝ၉ - DVB

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်မှာ လယ်တွေပိုးကျတာ အရင် နှစ်တွေကထက် ပိုဆိုးတယ်လို့


လယ်သမားတွေက ပြောပါတယ်။ ဒါကို စိုက်ပျိုးရေး ဌာနက ကွင်းဆင်းပြီး ဆောင်ရွက်ပေးတာ မရှိသလို
ပိုးသတ်ဆေးကလည်း ဈေးကြီး လို့ ဝယ်မသုံးနိုင်ဘူးလို့ လယ်သမားတွေက ပြောပါတယ်။ ဘိုကလေးမြို့နယ်က
သီးထပ်စပါးစိုက်တဲ့ဒေသတွေ အားလုံးလိုလိုမှာ သီးနှံ ဖျက်ပိုး ကျနေတယ်လို့ ဒေသခံလယ်သမားတွေက
ပြောပါတယ်။ အရင်ကလည်း ဖြစ်လေ့ဖြစ်ထ ရှိပေမယ့် ဒီနှစ်မှာ ပိုဆိုးတယ်လို့ လယ်သမားတွေက ပြောပါတယ်။

ဒါပေမယ့် ပိုးသတ်ဆေးတွေ ဈေးကြီးလို့ လယ်သမားအများစု ဝယ်မသုံးနိုင် ကြဘူးလို့ မြင်းကကုန်းရွာ


လယ်သမားတဦးက ပြောပါတယ်။ “ပိုးသတ်ဆေးတွေ ဈေးအရမ်းကြီးတယ်။ ဒီမှာက သူတို့တွေက လိုင်စင်နဲ့
သွင်းထားရတာ ဘာညာဆိုတော့လေ ဆေးတွေက ဒီမှာပြန်ပြီးတော့ ပတ်ကင်ပြန် လုပ်ပြီး
အထုတ်သေးသေးတွေနဲ့ ပြန်ရောင်းတာကို ဈေးတွေက တော်တော်ကို ကြီး တာ၊ လယ်တဧကဆို
တော်တော်များများ သုံးမှကို အဆင်ပြေတာ။

“လယ်တဧကကို ဒီနေ့တွက်ဈေးနဲ့ ဆိုရင် လေးငါးသောင်းလောက် သုံးနေရ တဲ့ အနေအထားမျိုး ဖြစ်နေတယ်။


လယ်သမားလေးတွေကတော့ ဆေးမြီးတို ပုံစံမျိုး တွေနဲ့ လယ်ထဲမှာတော့ အမျိုးမျိုး ကြားနေရတယ်။
အရက်ဆီတွေ လောင်းတာတွေ ကော၊ ထုံးတွေထည့်၊ ဆားတွေထည့် အဲဒါမျိုး လျှောက်လုပ် သေလိုသေငြားပေါ့။
အဲ လိုမျိုး ရှိတယ်ခင်ဗျ။” သီးနှံဖျက်ပိုးကျနေလို့ စပါးခင်းတွေ သာမက ပဲစိုက်ခင်းတွေလည်း ထိခိုက်
ပျက်စီးနေတယ်လို့ အဲဒီလယ်သမားက ဆက်ပြောပါတယ်။

“အကုန်လုံးကို ဖြစ်နေတာ။ အခုကတော့ ကျနော်တို့ဆီက သီးထပ်စပါး စ စိုက်တဲ့အချိန်ဆိုတော့


တော်တော်ဂ±ုစိုက် နေရတာပေါ့။ နိုင်ငံတော်အပိုင်းကလည်း ဘာမှ လုပ်မပေးဘူး။ အရင်လည်း
ဖြစ်လေ့ဖြစ်ထတော့ ရှိတယ်။ ဒါပေမယ့် အရင်ဖြစ် တာက အခုလောက် ဆိုးဆိုးရွားရွား မဖြစ်ဘူးလေ။ အခုလက်ရှိ
ပိုးကလည်း ပိုးအသစ်ပုံစံမျိုး ဖြစ်နေတာပေါ့။ ခါတိုင်းဖြစ်တဲ့ ပိုးမျိုးတော့ မဟုတ်ဘူး။

PDF created with pdfFactory Pro trial version www.pdffactory.com


“ဒုက္ခပေးနိုင်တဲ့ ပိုး၊ အူလျှောက်ပိုး ဆိုတာ၊ ဒီကောင် ဝင်သွားရင် အကုန်ဆုံး ±ှုံးမှာလေ။
တချို့လယ်သမားတွေဆို သနားဖို့ ကောင်းတယ်။ အခုလက်ရှိလုပ်ပြီး သား ထွန်တာ၊ ယက်တာ၊ စိုက်ပျိုးတာတွေ၊
ပထမ ကုန်ထားတာတွေလည်း ရှင်းပေး ပါတယ်။ လုပ်ချင်တဲ့လူရှိရင် ခေါ်လာပေးပါ။ အဲဒီလိုမျိုးတောင်
ဖြစ်နေတာ။ ဘာဖြစ် လို့လဲဆိုတော့ ပျက်ဆီးဆုံး±ှုံး သွားမယ်ဆိုလို့ရှိရင် သူတို့ မခံနိုင်တော့ဘူးလေ။”

နောက်ထပ် လယ်သမားတဦးကလည်း ဒီအခြေအနေကို စိုက်ပျိုးရေးဌာနတွေ က ကွင်းဆင်းပြီး


ထိထိရောက်ရောက် လုပ်ဆောင်ပေးသင့်တယ်လို့ ပြောပါတယ်။

“တချို့အပင်တွေဆိုရင် တလတလခွဲ အဲလိုတွေ ရှိနေပြီ။ အဲဒီအချိန်ဆိုရင် သူတို့က အပင်နည်းနည်း


ထွက်လာပြီဆိုရင် ပိုးကလိုက်နေတယ်။ တနှစ်တခါ ပိုးက ပြောင်းသွားသလို ဖြစ်နေတယ်။ အရင်နှစ်တွေကတော့
အဲဒီလို ပိုးမျိုးတွေက ကျခဲ့ တာပေါ့။ အခုဒီနှစ်ကျတော့ ပုံစံတမျိုး ဖြစ်သွားပြန်ရော။

“အဓိက ကျတာတော့ ဒီ စိုက်ပျိုးရေးဝန်ထမ်းတွေမှာ အဓိက တာဝန်ရှိတာ ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က


ကွင်းဆင်းကြည့်ရမယ်၊ ဒီလယ်တွေမှာ ဘာပိုး တွေ ကျနေတယ်၊ ဘာတွေ ဘယ်လိုရှိတယ်။ ဘယ်ဆေးတွေ
သုံးရမယ်ဆိုတာကို၊ အ ခုတော့ မဟုတ်ဘူး။ သူတို့ဆီကို ဒီစပါးပင်ကို နှုတ်သွားပြီး သူတို့ကို သွားပြရတယ်။

“သွားပြတော့မှ သူတို့က ဒီဆေး ဒီဆေး၊ သုံးပါဆိုပြီးတော့ စိုက်ပျိုးရေး ဝန် ထမ်းတွေကလည်း ကုမ္ပဏီတွေနဲ့


ပေါင်းပြီးတော့ သူတို့ဆီမှာရှိတဲ့ ဆေးတွေ ည¸န် လိုက်တယ်။ အဲလို ပုံစံမျိုးပေါ့။”

အတိုးနဲ့ငွေယူပြီး ရင်းနှီးစိုက်ပျိုးရတဲ့ အခြေအနေမှာ ဒီလိုအခက်ခဲတွေ ထပ် ကြုံရလို့ လယ်သမားတွေ ပိုပြီး


အကျပ်အတည်း တွေ့ကြရတာပါ။ ဒီအခြေနေတွေနဲ့ ပတ်သက်လို့ ဘိုကလေးမြို့ စိုက်ပျိုးရေးဌာနကို
ဆက်သွယ်လို့ မရခဲ့ပါဘူး။

နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် သေဒဏ်ချမှတ်
ရီမေအောင် ၇ ဇန်နဝါရီ ၂ဝဝ၉ - DVB

စစ်အစိုးရ အာဏာပိုင်တွက နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ဖမ်းဆီးထားတဲ့ ဗိုလ်မှူးဟောင်း


ဝင်းနိုင်ကျော် အပါအဝင် ၂ ဦးကို အင်းစိန်ထောင်တွင်း မြောက်ပိုင်းခ±ိုင်တရား±ုံးက သေဒဏ် အပါအဝင်
နှစ်ရှည်ပြစ်ဒဏ်တွေ ချမှတ်လိုက်ပြီလို့ ထောင်အသိုက်အဝန်းက သိရပါတယ်။ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်ကို
အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၃ နဲ့ သေဒဏ်၊ နိုင်ငံခြားငွေ တရားမဝင်ကိုင်ဆောင်မှု ပုဒ်မ ၁၄-၁ နဲ့
ထောင်ဒဏ် ၃-နှစ်၊ အစိုးနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများ တရားမဝင် လက်ဝယ်ကိုင်ဆောင်မှု ပုဒ်မ ၆/၃ နဲ့
၂ နှစ်၊ အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃-ခ နဲ့ ၁၅ နှစ် စုစုပေါင်း ထောင်ဒဏ်နှစ် ၂ဝ နဲ့ သေဒဏ်
တပေါင်းတည်း ကျခံရမယ်လို့ ချမှတ်ပါတယ်။

နေပြည်တော် နိုင်ငံခြားရေး±ုံး ဥရောပရေးရာဌာန ဝန်ထမ်း ကိုသူရကျော်(ကိုအောင်အောင်)ကို


အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ ၃ နဲ့ သေဒဏ် အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃-ခ နဲ့ ထောင်ဒဏ်
၁၅ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၈ နှစ်နဲ့ သေဒဏ် တပေါင်းတည်း ကျခံရမယ်လို့ ချမှတ်ပါတယ်။

PDF created with pdfFactory Pro trial version www.pdffactory.com


အရပ်သားတဦးဖြစ်တဲ့ ကိုပျန်စိန(် အစီး)ကိုတော့ အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃၃-ခ နဲ့ ထောင်ဒဏ် ၁၅
နှစ် ချမှတ်ပါတယ်။ ဒီပြစ်ဒဏ်တွေကို မြောက်ပိုင်းခ±ိုင် ဒုတိယတရားသူကြီးတွေဖြစ်တဲ့ ဦးမောင်မောင်အေးနဲ့
ဦးအုန်းသွင် တို့က အမိန့်ချမှတ်တာပါ။ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်၊ ကိုသူရကျော် နဲ့ ကိုပျန်စိန်တို့ကို မနှစ်က
ဇူလိုင်လကုန်မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်းထားခဲ့ပါတယ်။ နောက် ၃
လအကြာ နိုဝင်ဘာ လဆန်းမှာ သူတို့ ၃ ဦး ကို တရား±ုံးတင် စစ်ဆေးပါတယ်။ သူတို့ကို ±ုံးထုတ်စစ်ဆေးမှု ၂
လတိတိပြည့်တဲ့ ဒီ နေ့မှာ စီရင်ချက်ချမှတ်တာပါ။

ဗိုလ်မှူးဝင်းနိုင်ကျော်ဟာ အသက် ၅၅ နှစ်အရွယ်ရှိပြီး လေယာဉ်ပျက်ကျ သေဆုံးသွားတဲ့ နအဖ အတွင်းရေးမှူး


၂ ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ ကိုယ်ရေးအတွင်းဝန်နဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးစိုးသာရဲ့ ကိုယ်ရေးအ တွင်းဝန်
တာဝန်တွေ ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

တပ်မတော်ကနေ အနားယူပြီးနောက် ယူအန်ဒီပီ လက်အောက်ခံ အန်ဂျီအိုဝန်ထမ်းအဖြစ် ကမေBာဒီယားနိုင်ငံမှာ


သင်တန်းတက်ပြီး အပြန် ရန်ကုန်လေဆိပ်မှာ မနှစ်က ဇူလိုင် ၂၉ ရက်တုန်းက ဖမ်းဆီးခံရတာပါ။

ကိုသူရကျော်ကတော့ မနှစ် ဇူလိုင် ၃၁ ရက် အဖမ်းခံရချိန်မှာ နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးဌာန


ဥရောပရေးရာဆိုင်ရာ အကြီးတန်းစာရေးတဦးဖြစ်ပါတယ်။ ကိုပျန်စိန်ကတော့ အရပ်သားတဦးဖြစ်ပါတယ်။
သူတို့ကို ဖမ်းဆီးစဉ် သူတို့ရဲ့ကွန်ပျူတာတွေထဲက ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ±ုရှားခရီးစဉ် မှတ်တမ်း၊
ဗိုလ်ချုပ်ကြီးသူရရွှေမန်းရဲ့ မြောက်ကိုရီးယားခရီးစဉ်၊ နေပြည်တော် မြေအောက်လိုဏ်ဂူ မှတ်တမ်း
ရဆကသအားတ်ပုံတွေကို တွေ့ရှိခဲ့ပြီး ဒီသတင်းတွေကို အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေတဲ့
ဗိုလ်မှူးဟောင်း အောင် လင်းထွဋ်ကတဆင့် မီဒီယာတွေကို ပို့တယ်ဆိုပြီး အစိုးရ အာဏာပိုင်တွေက
တရားစွဲခဲ့တာလို့ သတင်းရရှိပါ တယ်။

ကေအိုင်အိုအဖွဲ့က မနောပွဲကို လက်နက်နှင့်အတူ တက်ရောက်


အေကေတီ ၈ ဇန်နဝါရီ ၂ဝ၁ဝ - DVB

ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ကျင်းပနေသည့် မြစ်ကြီး နားမြို့၊ စီတာပူ ရပ်ကွက်က မနောကွင်းထဲကို


လက်နက်ယူဆောင်ခွင့်၊ ယူနီဖောင်း ဝတ်ခွင့် ပိတ်ပင်ခံထားရတဲ့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(ု၍ဥ)က
လက်နက်တွေနဲ့ အတူ မနေ့က ဝင်ရောက်ခဲ့လို့ နှစ်ဖက် အခြေအတင် ဖြစ်ခဲ့ရပါတယ်၊ ကေအိုင်အို ဒု-ဥက္ကဋ္ဌ
ဗိုလ်ချုပ် အင်ဘန်လက သူ့ကိုယ်ရံတော်တပ်ဖွဲ့နဲ့အ တူ ဝင်ရောက်သွားခဲ့တာလို့ မြစ်ကြီးနားမြို့ခံတဦးက
ပြောပါတယ်။

“၆ နာရီနဲ့ ၇ နာရီကြားထဲမှာ မနောကွင်းထဲကို သူ့ရဲ့ အစောင့်တပ်တွေ လေ။ ရှေ›ပြေးတပ်တွေနဲ့ ကားငါးစီးနဲ့


ခရာမှုတ်ပြီး ဝင်ခဲ့တယ်။ မလာခိုင်းဘူး။ ဘန်လ လည်း မလာခိုင်းဘူး ပြောတယ်။ လူတွေကြားထဲ သူတို့
ဝင်ခဲ့တော့ နည်းနည်း အ ခြေအနေ တင်းမာတာပေါ့။

“ဘန်လတို့က အခု ထိပ်နားမှာ ရှိနေတုန်းပဲ။ သူ့တပ်ဖွဲ့တွေ၊ သူ့လက်နက် တွေ အတူ ရှိတယ်။ သူက
နည်းနည်းလေး ခေါင်းမာတယ်လေ။ အခြေအနေက လည်း မင်းလည်းတင်းရင် ငါလည်း တင်းတယ်ပေါ့ကွာ။
ငါဝင်ခဲ့တယ် ဘာဖြစ်လဲ ပုံစံ မျိုးလုပ်သွားတာ သူက။ ”

PDF created with pdfFactory Pro trial version www.pdffactory.com


ကေအိုင်အိုအဖွဲ့အပေါ် အခုလို ကန့်သတ်ပိတ်ပင်နေပေမယ့် နယ်ခြားစောင့် တပ်လက်ခံတဲ့ အင်န်ဒီအေကေအဖွဲ့၊
ပြည်သူ့စစ်လက်ခံတဲ့ လဆန်အောင်ဝါ အဖွဲ့ တွေကျတော့ ယူနီဖောင်း ဝတ်ခွင့်ပြုနေလို့
ခွဲခြားဆက်ဆံမှုတွေလည်း ရှိနေတယ်လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

“ကေအိုင်အို တံဆိပ်နဲ့ လွန်ခဲ့တဲ့ ၃ နှစ်က မနောပွဲမှာ ကခွင့်ရှိတယ်။ òမိ့ထဲ မှာ သူ့တပ်တံဆိပ်နဲ့


ရာထူးအဆင့်အတန်းနဲ့အတူ သွားလာခွင့် ပြုတယ်။ ဒါပေမယ့် ဒီနှစ်ထဲမှာကျတော့ òမိ့ထဲမှာ သွားလာခွင့် မပြုဘူး။
အန်ဒီအေကေနဲ့ ဒေသခံ ပြည် သူ့စစ်အဖွဲ့အစည်း ဦးလဆန်အောင်ဝါ အဖွဲ့တွေကျတော့ ဝတ်စုံအပြည့်နဲ့ ရာထူးရာ
ခံ အဆင့်အတန်းနဲ့ အတူ òမိ့ထဲမှာ သွားလာခွင့် ပြုထားတယ်။

“သူတို့ကျတော့ ဆက်ဆံရေး အဆင်ပြေပါတယ်။ ဘယ်လောက် ပြောပြော ပေါ့နော်။ ဒီဟာ ခွဲခြားတာကျတော့


သိသာထင်ရှားတဲ့ အပြုအမှုတွေပဲပေါ့။ ဒေသခံ ပြည်သူတွေက ပြောစရာ ဖြစ်နေတယ်ပေါ့လေ။
အဆင့်အတန်းခွဲတဲ့ပုံ ဖြစ်နေတာ လေ။ ဘန်လကို အစောင့်တပ်တွေနဲ့ သွားလာတာ ခွင့်မပြုဘူး။ မလာခိုင်းဘူး။
ဆိုက တည်းကæ။ သူတို့က မနောပွဲ လာတာလေ။ စစ်တပ်ဖို့ လာတာမှ မဟုတ်တာ။”

မနောပွဲ ကျင်းပသည့်နေရာကို မြစ်ကြီးနား စစ်ဗျူဟာ လက်အောက်ခံ တပ် ရင်း ၃ ရင်းက လုံခြုံရေး


ယူထားနေသလို ကြံ့ခိုင်ရေး၊ မီးသတ်၊ စွမ်းအားရှင် အင်အား ၂၅ဝ ဝန်းကျင်လောက်နဲ့အတူ ရဲတပ်ဖွဲ့က
ပွဲခင်းအတွင်း နေရာယူပြီး လုံခြုံရေး အ ထူးတင်းကျပ်ထားတယ်လို့ မြစ်ကြီးနားကလာတဲ့ သတင်းတွေအရ
သိရပါတယ်။

ကိုညီညီအောင်၏ အမှုတွဲ ယနေ့ ဆက်လက် စစ်ဆေး


ခင်နှင်းထက် ၈ ဇန်နဝါရီ ၂ဝ၁ဝ – DVB

အင်းစိန်ထောင်မှာ ဖမ်းထားတဲ့ မြန်မာနွယ်ဖွား အမေရိကန် နိုင်ငံသား ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်ရဲ့


အမှုကို ဒီနေ့ ဆက်လက် စစ် ဆေးရာ ကိုညီညီအောင်က သက်သေအဖြစ် အစစ်ခံခဲ့ရတယ်လို့ သူ့ရှေ›နေ
ဦးကြည် ဝင်းက ပြောပါတယ်။ ကိုညီညီအောင်ကို မှတ်ပုံတင်အတု ကိုင်ဆောင်မှု၊ နိုင်ငံခြားငွေလဲလှယ်မှု၊
မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ဥပဒေ၊ စတဲ့ ပုဒ်မ ၃ မျိုးနဲ့ တရားစွဲပြီး အင်းစိန်ထောင်အတွင်း
အထူးတရား±ုံးမှာ စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဒီ စွဲဆိုချက်တွေအားလုံး ကျုးလွန်မှု မရှိကြောင်း ကိုညီညီအောင်က ဒီနေ့ တရား±ုံးမှာ ထွက်ဆိုသွားတယ်လို့


ရှေ›နေ ဦးကြည်ဝင်းက ပြောပါတယ်။

“ပထမ အမှုဖြစ်တဲ့ မှတ်ပုံတင်ကိစ္စ ၄၆၈ ကို၊ ညီညီအောင် အစစ်ခံတယ်။ သူပြောတာက သူလုပ်တာ မဟုတ်ဘူး။
ဒီမှတ်ပုံတင်လည်း နောက်ကျမှတွေ့ဖူးတယ်။ နောက် ဒုတိယ အမှုကတော့ နိုင်ငံခြားငွေလဲလှယ်ရေး ပုဒ်မ ၂၄-၁
ပေါ့၊ အဲဒီအ ကြောင်းနဲ့ ပတ်သက်လို့လည်း ညီညီအောင်က အပြစ်မရှိဘူး။ သူလုပ်တာ မဟုတ် ဘူးလို့
ငြင်းခဲ့တယ်။”

ကိုညီညီအောင်က သူ့ရဲ့ အဒေါ်တွေဖြစ်တဲ့ ဒေါ်စုစုကြည်နဲ့ ဒေါ်ခင်ခင်ဆွေ တို့ ၂ ဦးကို သက်သေအဖြစ်


တင်ပြတာကို တရား±ုံးက လက်ခံ လိုက်တယ်လို့ လည်း ပြောပါတယ်။ အမှုကို ဆက်စစ်ဖို့ ဒီလ ၁၂ ရက်နေ့

PDF created with pdfFactory Pro trial version www.pdffactory.com


±ုံးချိန်းပေးလိုက်ပြီး အဲဒီ နေ့မှာတော့ ကိုညီညီအောင်ရဲ့ အဒေါ်တွေကို စစ်ဆေးမယ်လို့ ဦးကြည်ဝင်းက ပြော
ပါတယ်။

ဒါအပြင် မူလကစွဲထားတဲ့ လိမ်လည်မှု ပုဒ်မ ၄၂ဝ ကို တရားသူကြီးက ပြစ်မှု မမြောက်ကြောင်း


ဆုံးဖြတ်လိုက်တဲ့အပေါ် ဥပဒေ±ုံးက ပြင်ဆင်မှုတက်ဖို့ ရှိသလို ကို ညီညီအောင်ကလည်း သူ့အပေါ်စွဲထားတဲ့
ပုဒ်မ ၄၆၈ အတွက် ပြင်ဆင်မှုတက်မယ် လို့ ဦးကြည်ဝင်းက ပြောကြားခဲ့ပါတယ်။

အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တိုးချဲ့ဖွဲ့စည်းရန် ပြင်ဆင်


ခင်နှင်းထက် ၈ ဇန်နဝါရီ ၂ဝ၁ဝ - DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ကို တိုးချဲ့ဖွဲ့စည်းဖို့ ပြင်ဆင်နေတယ်လို့


ပြန်ကြားရေးအဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြောပါတယ်။ အဖွဲ့ဝင် ၁၁ ဦးရှိတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို
အနည်းဆုံးလူသစ် ၇ ဦး နဲ့ ထပ်ဖြည့် ဖွဲ့စည်းမှာ ဖြစ်တယ်လို့ ဦးခင်မောင်ဆွေက ပြောပြပါတယ်။

“အကြမ်းဖျင်းကတော့ ဗဟိုအလုပ် အမှုဆောင် အထောက်အကူ ၁၄ ဦး ရှိပါတယ်။ အဲဒီ ၁၄ ဦးထဲက


ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ အတိအကျ အရေ အတွက်ကိုတော့ ကျနော့်ဆီ မရောက်သေးလို့ အတိအကျ
မပြောနိုင်ဘူး။ အစက တော့ ၇ ယောက်ရွေးမယ်လို့ ဆိုတားတာကိုး ဒါပေမယ့် ၉ ယောက် ဖြစ်ချင်လည်း
ဖြစ်သွားနိုင်ပါတယ်။”

တိုးချဲ့ဖွဲ့စည်းရေးကိစ္စကို လာမယ့် တနင်္လာနေ့မှာ အပြီးသတ် ဆောင်ရွက် ပြီး အမည်စာရင်း အတိအကျ


ထုတ်ပြန်ဖို့ ရှိတယ်လို့လည်း ဦးခင်မောင်ဆွေက ပြောပါတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို တိုးချဲ့ဖွဲ့စည်းရတဲ့
ရည်ရွယ်ချက် ၃ ချက် ရှိ တယ်လို့ ဦးခင်မောင်ဆွေ ပြောပါတယ်။

“ပထမ အချက်ကတော့ အန်ကယ်လ်တို့ အထူးကြေညာချက် ထုတ်ထား ပါတယ်။ ညီလာခံတွေ ခေါ်ပြီးတော့


ဖွဲ့ပေးပါဆိုတဲ့ ပြည်နယ်၊ တိုင်း၊ မြို့နယ် အစရှိ သည်ဖြင့် အဖွဲ့ဝင်များက တောင်းဆိုထားတဲ့ အပေါ်မှာ
အန်ကယ်လ်တို့ လေးစားတဲ့ အနေနဲ့ ဒါတိုးချဲ့ဖို့ လိုအပ်တယ် ဆိုပြီး ဆုံးဖြတ်ပြီးတော့ ကြေညာချက် ထုတ်ထား
တာ ရှိပါတယ်။ အဲဒီ ကြေညာချက်အတိုင်း ကျနော်တို့ ဆောင်ရွက်သွားနေတာ ဖြစ်ပါတယ်။

“ဒုတိယ အချက်ကတော့ လူကြီးတွေကို ထောက်ပံ့ဖို့ အတွက် လူငယ်တွေ လိုနေတယ်ဆိုတာလည်း


ငြင်းကွယ်လို့ မရတဲ့ အချက် ဖြစ်ပါတယ်။ ဒါကြောင့်မို့ အသက်ကြီးပြီးတော့ ၈၅ နှစ် ၈၉ နှစ် စသည်ဖြင့် ရှိတဲ့
ပုဂ္ဂိုလ်ကြီးတွေကို နိုင်ငံရေး တာဝန်ကို ကူညီပြီး ထမ်းဆောင်နိုင်အောင် ထပ်ပြီးတိုးချဲ့ခြင်းလည်း ဖြစ်ပါတယ်။

“နောက် တတိယ အချက်ကတော့ နိုင်ငံရေး လိုအပ်ချက်အရ ရှေ›နိုင်ငံရေး ကို ဖြတ်သန်းတဲ့အခါမှာ


နောက်မျိုးဆက်သစ်တွေကို ဆက်ပြီး နိုင်ငံရေးတာဝန်တွေ ကို သယ်ဆောင်နိုင်အောင်လို့ အခုကတည်းက
ပူးတွဲပေါင်းစပ် တိုးချဲ့ပြီးတော့ နိုင်ငံ ရေးအလုပ်ကို ဆက်လုပ်သွားဖို့ ရည်ရွယ်ချက်နဲ့ ထပ်ပြီးတိုးချဲ့ခြင်း
ဖြစ်ပါတယ်။”

PDF created with pdfFactory Pro trial version www.pdffactory.com


ဗဟိုအလုပ်အမှုဆောင် အဖွဲ့ တိုးချဲ့ဖွဲ့စည်းတာဟာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြန်လည် ပြင်ဆင်ဖွဲ့စည်းရေးကိစ္စနဲ့ ဆက်စပ်မှု ရှိတယ်လို့လည်း ဦးခင်မောင်ဆွေ က
ပြောပါတယ်။

ကာတွန်းဝင်းအောင် မင်္ဂလာဆောင်ပြီ
ဓာတ်ပုံသတင်း ဇန်န၀ါရီ ၉၊ ၂၀၁၀ moemaka dot com

ကာတွန်းဝင်းအောင်သည် ပြီးခဲ့သည့်လ ၂၉ ရက်နေ့က ထိမ်းမြားလက်ထပ်လိုက်သည်ဟု သိရသည်။


အိမ်ထောင်ဖက်မှာ မတင်မာစိုး ဖြစ်သည်ဟု ဇန်န၀ါရီ ၄ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်တွင်
ဖော်ပြထားသည်။ (ဓာတ်ပုံ - အလင်းတန်းဂျာနယ်)

နိုင်ငံရေးအဖွဲ့ အလှူမလုပ်ရဟုဆို
ဓာတ်ပုံသတင်း
ဇန်န၀ါရီ ၉၊ ၂၀၁၀ moemaka dot com

ရန်ကုန်မြို့၊ အလုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့မှ ပဒေသာပင်။ အလုံမြို့နယ် NLD
အဖွဲ့ဝင်များ၏ လှူဒါန်းငွေ ကျပ် ငါးသောင်းဖြင့် ပြင်ဆင်ထားသည့် ထိုပဒေသာပင်ကို အလုံနယ်လုံးဆိုင်ရာ
သာသနာ့နုဂ္ဂဟ ဆွမ်းလောင်း အသင်း၏ ဆွမ်းလောင်းမဏ္ဍပ်များမှတဆင့် လှူဒါန်းရန် စီစဉ်ခဲ့သည်။
သို့သော်လည်း ဒေသခံ ဂေါပက အဖွဲ့က နိုင်ငံရေးပါတီများ ပါဝင်လှူဒါန်းရန် ခွင့်မပြုကြောင်း တားမြစ်ခဲ့သည်ဟု
ဆိုသည်။

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ


ဂျာနယ်ဂြိုလ် သာဂိ
ဇန်န၀ါရီ ၉၊ ၂၀၁၀ moemaka dot com

ရန်ကုန်က ကွန်ကရစ်လမ်းသစ်အစားထိုးမှု ကျပ် ၁၂ ဘီလျံ သုံးမည်


ဒဏ်ရာတွေအပြည့်နဲ့ ဧရာဝတီ - ဇော်မင်းနိုင်
မြန်မာ့ခရီးသွားသမိုင်းမှတ်တိုင်သစ် - ကန်းရိုးတန်းလှည့်မည့် ကမ္ဘာလှည့်သဘောင်္ ၂၀၁၀ မတ်မှာ လာမည်
ထူးထရိတ်ဒင်းနှင့် အခြားလုပ်ငန်းရှင်များ ရေအားလျှပ်စစ်စီမံကိန်းများ လုပ်ကိုင်ကြတော့မည်
ခိုင်နှင်းလဲ့ရည်အတွက် နစ်နာကြေး မိသားစုက အလှူများပြုလုပ်
ရာဇူဒိုင် တံတားသစ် ရန်ကုန် မော်လမြိုင်ကျွန်း နေ့ချင်းပြန် ကြမည်
ဒီဇင်ဘာမှာ စစ်ကိုင်းနှင့် ကချင်ပြည်နယ် နှစ် ၄၀ အတွင်း အအေးစံချိန်တင်
အအေးပေါ့၍ ဆောင်းသီးနှံများ အထွက်နှုန်းလျော့မည်
မြန်မာပြည်သည် ကမ္ဘာငလျင်ဇုန်တွင် စိုးရိမ်ရသည့်အမှတ်မှာ ရှိနေသော်လည်း အစိုးရက မစိုးရိမ်
မန္တလေး မဟာမုနိ ရေတော်ဆရာတော် ပျံလွန်မူ

- ဒီနေရာနေ ဖတ်နိုင်ပြီ -

PDF created with pdfFactory Pro trial version www.pdffactory.com


စင်္ကာပူက အနုပညာနဲ့ ဥပဒေဆိုတဲ့ ပြပွဲကျင်းပ၊ ပန်းချီထိန်လင်းက တရားရဲ့ချိန်ခွင် တင်ဆက်
မိုးမခအထောက်တော် စင်ကာပူ
ဇန်န၀ါရီ ၉၊ ၂၀၁၀ moemaka dot com

စင်္ကာပူက အမ်ဝမ်းကုမ္ပဏီက Singapore Fringe Festival 10 – (မြန်မာလို အနားသပ်စည်း၊


အပိုင်းအခြား) ပွဲတော်မှာ Art & The Law ဆိုတဲ့ (အနုပညာနှင့် ဥပဒေ) ပြပွဲတခုကို Esplanade ပြခန်းမှာ ဒီလ
၇ ရက်ကနေ ၁၀ ရက်အထိ ပြသနေပါတယ်။ စင်္ကာပူ၊ မလေးရှား၊ ထိုင်ဝမ်၊ ခရိုအေးရှား၊ အင်္ဂလန်၊ ဘယ်လဂျီယံ၊
ဆလိုဗေးကီးယား၊ ဂျပန်၊ အမေရိကန်၊ အီရန်၊ သြစတြေးလျ တို့က ပညာရှင်များနဲ့အတူ မြန်မာပြည်က
ပန်းချီထိန်လင်းရဲ့ အင်စတောလေးရှင်း - အနုပညာတင်ဆက်မှုလည်း ပါတယ်လို့ ဆိုပါတယ်။

သူ့တင်ဆက်မှုက တရားရဲ့ချိန်ခွင်ပါတဲ့။ အဲသည်မှာ အုတ်တွေကို ထောင်စည်းရိုးသဖွယ် စီတန်းထားပြီး၊


အဲသည်စည်းထဲမှာ လေသွင်းလက်အိတ်တွေ မြှောက်ထောင်ထားတာနဲ့ ဖြည့်ထားပါတယ်။ အဲသည်ရဲ့ အမိုးမှာက
ချိန်ခွင်တလက်က ကောင်းကင်မည်းကြီးအောက်မှာ တန်းလန်းဆွဲလို့ပါ လို့ မျက်မြင်တဦးက
ဖောက်သည်ချထားပါတယ်။
ပန်းချီထိန်လင်း ရဲ့ အင်စတော်လေးရှင်းကို တင်ဆက်ဖို့ သူပြင်ဆင်နေပုံတွေကို မျှဝေခဲ့လို့ အခုလို
တွေ့ခဲ့ရပါသေးတယ်။

တကြော့နှစ်ကြော့ တေးကိုသီ
ရန်ဝင်း (တောင်တံခါး)
ဇန်န၀ါရီ ၉၊ ၂၀၁၀moemaka dot com

ဒီသီချင်းကလေးက ကျွန်တော်တို့ ငယ်ငယ်ကတဲကစလို့ ဒီနေ့အထိ ရင်ထဲမှာ ရိုက်ခတ် တိုးဝှေ့နေဆဲ၊


ခံစားနေရဆဲပါပဲ။ ဆရာကြီးမင်းသုဝဏ်ရဲ့လက်ရာပါလို့လဲ မှတ်မိကြမှာပါ။ မှန်ပါတယ်။ ဆရာကြီးမင်းသုဝဏ်ရဲ့
‘မောင်ခွေးဘို့’ စာအုပ်ကလေးထဲက သီချင်းကလေး တပုဒ်ပါ။

ပထမဆုံးထုတ်ဝေခဲ့တဲ့ စာအုပ်ကလေးမှာ သီချင်း (၁၃) ပုဒ်ပါတယ်။ ဆရာကြီး G. H. Luce နဲ့ ဆရာကြီး


ဦးခင်ဇော် (K) တို့က အင်္ဂလိပ်ဘာသာပြန်ပြီး ဆရာကြီး ဦးခင်ဇော် (K) က ဂီတသင်္ကေတတွေ ရေးတယ်။ ပန်းချီ
ဆရာကြီး ဦးဘဉာဏ်က သရုပ်ဖေါ်ပုံတွေဆွဲတယ်။ သပြေသီးကောက်၊ ဥပုသ်စောင့်၊ ပုခက်လွှဲ၊ ပန်းသည်၊ ဝင်္ကပါ၊
လူကလေးရဲ့အမှတ်အသား၊ ကြက်ကလေး သီချင်းခုနှစ်ပုဒ်ကို
အနောက်တိုင်းဂီတသင်္ကေတနဲ့ပါဘရေးထားတယ်။ အစောဆုံး ဂီတသင်္ကေတနဲ့ရေးတဲ့ မြန်မာ ကလေး
သီချင်းတွေပေါ့။

လူကြီးတွေက လူငယ်တွေဆီကို ရင်ထဲကမေတ«ာနဲ့ ဖြန့်ဝေပေးလိုက်တဲ့ သီချင်းကလေးတွေပါလို့ ဆရာကြီး


ဦးခင်ဇော် (K) က အမှာစကားပါးထားပါတယ်။ ဒီ သီချင်းကလေးတွေ ဆိုကြသံတွေ ကြားကြရရင်လဲ မိဘတွေရဲ့
နှလုံးစိတ်ဝမ်းကို ညွှတ်ပြောင်း စေပါလိမ့်မယ်လို့လဲ ညွှန်းထားပါသေးတယ်။

ရောင်နီလာတဲ့ မနက်ခင်းဆိုတာ သာယာလှပမှုတွေနဲ့ လွှမ်းðခံနေတဲ့အချိန်ကလေးပါပဲ။ လောကကိုအလှဆင်ဖို့


သဘာဝမိခင်ရဲ့ အဦးဆုံးနှုတ်ခွန်းဆက်လိုက်တဲ့ အစအဦး အချိန်ကလေးပေါ့။ ဒီလိုနုပျိုချိန်ကလေးနဲ့တူတဲ့

PDF created with pdfFactory Pro trial version www.pdffactory.com


နုနုငယ်ငယ်ကလေးလေးတွေ ပျော်ကြစေဖို့ ရည်ရွယ်ချက်နဲ့ ဆရာကြီးမင်းသုဝဏ် က ‘မောင်ခွေးဘို့’
သီချင်းတွေကိုရေးပါသတဲ့။

အများကောင်းကျိုးကိုဆောင်ပြီး ကောင်းမှုကိုမြတ်နိုးတတ်ကြစေဖို့နဲ့ မြင့်မြတ်တဲ့ စိတ်ထားတွေကို


သားစဉ်မြေးဆက် သယ်ဆောင်သွားကြစေဖို့၊ ဆရာကြီးမင်းသုဝဏ်၊ ဆရာကြီး G. H. Luce၊ ဆရာကြီး ဦးခင်ဇော်
(K)၊ ပန်းချီ ဆရာကြီး ဦးဘဉာဏ် တို့က စိတ်ရင်းစေတနာ မှန်မှန်ကန်ကန်နဲ့ နည်းပေးလမ်းပြ
အုတ်မြစ်ချသွားကြပြီ။ သူတို့ရဲ့ ရင်နှစ်ပန်း သီချင်းကလေးတွေက နှလုံးသားဥယျာဉ်ထဲမှာ အစဉ်အမြဲ ဖူးပွင့်
ဝေဆာ လန်းဆန်းကြပါစေ။

ရောင်နီလာတဲ့ မနက်ခင်းကလေးကို အလှဆင်ကြပြီး တနေ့တာ အချိန်ကာလကို အကျိုးရှိရှိ ပျော်ပျော်ရွှင်ရွှင်


အသုံးချရင်း သာယာချမ်းမြေ့စွာ ဖြတ်သန်းကြဖို့ တကြော့နှစ်ကြော့ မေတ္တာတေးတွေကိုသီကြပါစို့။

“သီကြတော့။ ဆိုကြတော့။ အပြစ်ကင်းစွာ ပျော်ကြတော့။ မနက်ခင်းကလေး သာယာနုပျိုပါစေသတည်း။”


မင်းသုဝဏ်၊ နံနက်ရိပ်သာ-တက္ကသိုလ်၊ ၁၃၁၃ ခု ဝါတွင်းချိန်။

ဆရာကြီးမင်းသုဝဏ်ရဲ့အမှာစကားကို ထပ်ဆင့် ညွှန်းဆိုရင်း ၁၃၇၁ ခုနှစ် စာဆိုတော်လ ကို


ဦးညွှတ်လိုက်ပါတယ်။ ။

here is the last one

စစ်အစိုးရက ဆယ်သုံးလုံး နေ့ ( ၁၀။၁၀။၁၀ ) မှာ ရွေးကောက်ပွဲလုပ်မည်ဟု သတင်းထွက်


အင်တာနက်သတင်း၊ မိုးမခအထောက်တော် ၀၀၆
ဇန်န၀ါရီ ၈၊ ၂၀၀၉

ယနေ့ အင်တာနက်သတင်းဝက်ဆိုက်များနဲ့ ဂျပန်အဆာဟိ သတင်းစာများအဆိုရ မြန်မာစစ်အစိုးရက


အောက်တိုဘာ ၁၀၊ ၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ကြေညာတော့မည် ဖြစ်ကြောင်း ဆိုသည်။
အဆိုပါသတင်းကို ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ယာမာမိုတို ဒိုင်းဆုကေး(Daisuke Yamamoto)ဆိုသူက
ရေးသားပေးပို့ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပဝ
ွဲ င်မည့် စစ်အရာရှိများကို ဧပြီလနောက်ဆုံးထားပြီး
လက်ရှိရာထူးမှနှုတ်ထွက်၍ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် ပြင်ဆင်ကြမယ်လို့ဖော်ပြထားသည်ဟု
အဆာဟိသတင်းစာတွင် ဆိုသည်ဟု ဖော်ပြထားသည်။ ၎င်းတို့အနေနဲ့ မဲဆွယ်ဖို့ ၆ လအချိန်ရရင်
လုံလောက်တယ်လု့ယ
ိုဆထားကြောင်းလည်း ရေးသားထားသည်။ မူရင်းသတင်းကို ဒီနေရာမှာ တွေ့နိုင်သည်။
http://www.asahi.com/international/update/0107/TKY201001060449.html
၂၀၁၀ နှစ်သစ်ကူးပြီးနောက် စစ်အစိုးရသည် အကောင်းဖက်ကို ဦးတည်သည့် ထုတ်ပြန်ချက်များ
ဆောင်ရွက်ခြင်း ယခုထိ မတွေ့ရသေးကြောင်း၊ ၀န်ထမ်းများအား လစာ ၂ သောင်းကျော် တိုးပေးမည်ကို
သတင်းထွက်လာသော်လည်း ကုန်သည်များဖက်က ဈေးတင်လာမည်ကိုလည်း စိုးရိမ်နေကြောင်း၊ ၅ ထောင်တန်
ငွေစက္ကူများကိုလည်း လွယ်ကူအဆင်ပြေအောင် မထုတ်နိုင်သေးကြောင်း၊ မဆလခေတ်က ဘွဲ့ထူး
ဂုဏ်ထူးများကို ရုတ်သိမ်းခြင်းမှာလည်း လူထုကြားထဲ စိတ်ရှုပ်ထွေးမှုများသာ ဖြစ်ပေါ်စေကြောင်း၊ ၎င်းတို့
တပ်မတော် အရာရှိနှင့် ၀န်ထမ်းအချို့ကို လျို့ဝှက်ချက်ပေါက်ကြားမှုဖြင့် သေဒဏ်စီရင်သည်ဟူသည့်

PDF created with pdfFactory Pro trial version www.pdffactory.com


မင်္ဂလာမရှိသည့် အရေးယူမှုများ ပေါ်ထွက်လာသည်ဟု ဆိုကြောင်း၊ သို့ဖြစ်ပါ၍ စစ်အစိုးရအတွက် ၂၀၁၀ မှာ
တာထွက်ကောင်းသည့်နှစ် ဟု မဆိုနိုင်ကြောင်း မိုးမခသို့ စာနယ်ဇင်း အယ်ဒီတာတဦးက မှတ်ချက်ပေးသည်။
“စစ်ခေါင်းဆောင်တွေနဲ့ တကွ မြန်မာပြည်သူတွေ အတော်များများက အယူသီးတာတို့၊ အတိတ်နမိတ်တို့၊
ဗေဒင်၊ယတြာတို့ ယုံကြတယ်။ အခုလို သတင်းက ဟုတ်ချင်လည်း ဟုတ်မယ်။ ဖိအားပေးတဲ့အနေနဲ့
သတင်းလုပ်ကြံတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ၈ လေးလုံး၊ ၉ သုံးလုံး တို့နောက် အခုလို ဆယ်သုံးလုံး
ရက်စွဲကတော့ ပရိသတ်ကို ဆွဲဆောင်တဲ့ သတင်းတခုတော့ ဖြစ်သွားတာပဲ” ဟု မိုးမခပရိသတ်တဦးက
အီးမေးမှတဆင့် ရေးသားထားသည်။
========================

ကုန်

PDF created with pdfFactory Pro trial version www.pdffactory.com

You might also like