You are on page 1of 1

ဂိုရှယ်စစ်တမ်းကို

ဘာ့ကြောင့်ပြန်ဖော်ချင်နေကြသလဲ
(၂၀ - ၂ - ၂၀၁၀)
၂၀၁၀)

လွန်ခဲ့တ့န
ှဲစ် '၆၀' ကျော်က ကိစ္စကို အခုဘာ့ကြောင့် သူတို့ပြန်ဖော်ချင်ကြသလဲ။ အကြောင်းကတော့ ပစ္စုပ္ပန်နိုင်ငံရေးအတွက်
အသုံးချဖို့ပ။ဲ
ပစ္စုပ္ပန်နိုင်ငံရေးက ၁၉၄၈ တုန်းကနဲ့ (ဇာတ်ကောင်တွေ အပြောင်းအလဲရှိပေမယ်)့ ခပ်ဆင်ဆင်တူနေပါတယ်။ အတိုက်အခံ ဒီ/ချုပ်
နဲ့ အာဏာရှိ 'နအဖ' တို့ကြားမှာ နိုင်ငံရေးအားပြိုင်မ:ှု ရှိနေတယ်။ 'နအဖ' က ဒီ/ချုပ် ကို ထိပ်တိုက်ရင်ဆိုင်တာ မလုပ်နဲ့၊ အလုံးစုံ
ပျက်သုဉ်းရေးလမ်းစဉ် မလိုက်နဲ့ - ဒါမှ ဗိုလ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီး စကားပြောနိုင်မယ်လို့ ရာဇသံပေးထားတယ်။
ဒီ/ချုပ် ကလည်း ရွှေဂုံတိုင်ရပ်တည်ချက်နဲ့ တုံ့ပြန်ထားတယ်။ ဟိုတုန်းက ဖဆပလ နဲ့ ဗကပ အပြန်အလှန်ပေးစာများ ခပ်ဆန်ဆန်ပါပဲ။
အခြေအနေက တင်းမာပါတယ်။ ဒီ/ချုပ် က ခေါင်းငုံ့ပြီး စစ်အစိုးရအောက်ကို ဝင်ခဲ့ဖို့၊ အာဏာပိုင်လုပ်သမျှကို နာခံဖို့ နအဖ က
တောင်းဆိုနေတာပဲ။ ရွေးကောက်ပန
ွဲ့ ဆ
ဲိုင်တဲ့ 'ဥပဒေ' တွေက ထုတ်ရတော့မှာမို့ ဒီ/ချုပ် ကို ကျိုးနွံအောင် လုပ်နေတာပါ။ ကြိုးဆွရ
ဲာ
ကစေချင်တာပါ။ ကြိုးဆွရ
ဲာ မကရင်တော့ လာပါလိမ့်မယ်။ စွခ
ျဲက်တွေ တသီတတန်းတင်ပါလိမ့်မယ်။ 'ဂိုရှယ်စစ်တမ်း' လို
လုပ်ကြံစခ
ျွဲက်တွေရော၊ ဘယ်တုန်းက ဘယ်လိုဟောပြောခဲ့တာ ဆိုတာတွေပါ တင်လာမှာပါ။ သူတို့မှာ မှတ်တမ်းမှတ်ရာတွေ
စုဆောင်းထားပါတယ်။ ဟိုတုန်းက ဖဆပလ အစိုးရက အင်္ဂလိပ်ထောက်လှမ်းရေးတွေရဲ့ မှတ်တမ်းမှတ်ရာတွေသုံးပြီး ဗကပ
နှိမ်နင်းရေးလုပ်သလို အခုလည်း သူတို့ရဲ့ ထောက်လှမ်းရေးမှတ်တမ်းမှတ်ရာတွေကို သုံးလာမှာပါ။

၂၀ - ၂ - ၂၀၁၀
www.cpburma.org

You might also like