You are on page 1of 4

'kwd,tdrf EdkifiHwumpmayqufqHa&;tiftm;pk

P.O Box 201 Rochester, NY 14580------Ph: 585-957-6452----Fax: 585-671-4707

တရုပ်ပြည် ဟန်မင်းဆက်လက်ထက်မှာ Silk Road လို့ခေါ်တဲ့ ပိုးလမ်းမကြီး ဟာ နိုင်ငံတကာကုန်သွယ်မှု အတွက် အဓိကလမ်းကြောင်းတခု ဖြစ်လာခဲ့တယ်။
အာရှ၊ အာဖရိက၊ ဥရောပ ကို ဆက်သယ
ွ်ပေါင်းကူးပေးလိုက်တဲ့ ပိုးလမ်းမကြီးမှာ အတွေးအခေါ်ပေါင်းစုံ ကူးလူးဆက်နွယ်လာခဲ့တယ်။
ချမ်းသာကြွယ်ဝမှု၊ ပါဝါ နဲ့ လွှမ်းမိုးမှုတွေကို အရှိန်ပြင်းပြင်းအဓိပ္ပါယ်ဖွင့်ဖို့ကြိုးစားလိုက်ကြတယ်။
သဲကန္တရ၊ ပင်လယ် နဲ့ တောင်တန်းတွေပေါ်မှာ သမိုင်းတွေကို ကြီးကျယ်ခမ်းနားစွာထားပစ်ခဲ့သူတွေရှိသလို၊ ရှုံးနိမ့်ခဲ့၊ အထီးကျန်ခဲ့သူတွေလည်းရှိတယ်။

ကာဂျစ်စတန်နိုင်ငံက လူထုလှုပ်ရှားမှုတွေအကြောင်းပြောတဲ့အခါ ဆိုဗီယက်ပြည်ထောင်စုလက်အောက်က လွတ်မြောက်ခဲ့ပြီးကာလ၊


၂၀၀၅ ခုနှစ် ကြက်သွေးရောင်တော်လှန်ရေး၊( Tullip Revolution ) နဲ့ မကြာခင်က ဖြစ်ပွားခဲ့တဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကို သုံးပိုင်းခွဲလေ့လာမယ်။
ကာဂျစ်စတန်နိုင်ငံအကြောင်းကိုဆွေးနွေးရင်း အာရှအလယ်ပိုင်းနိုင်ငံတွေအကြောင်းကို အကြမ်းဖျင်းမိတ်ဆက်ကြည့်ချင်တယ်။
ရုရှားအင်ပါယာနဲ့ ဗြိတိသျှအင်ပါယာနှစ်ခုကြားမှာ ပြိုင်ဆိုင်ခ့တ
ဲ့ဲ Great Game ဟာ ဒီနိုင်ငံတွေအပေါ်ဘယ်လိုရိုက်ခပ်ခဲ့သလဲ။
၁၉ ရာစုမှာ နဲ့ (၂၀) ရာစုမှာ ဥရောပသားတွေရေးဆွဲခ့တ
ဲ့ဲ အာရှအလယ်ပိုင်းမြေပုံတွေ ဘယ်လိုပြောင်းလဲခဲ့သလဲ။ မေးခွန်းထုတ်စေချင်ပါတယ်။
၁၉၂၂ ကာလကစပြီး အာရှအလယ်ပိုင်းနိုင်ငံတွေကို ဆိုဗီယက်ပြည်ထောင်စု က သိမ်းပိုက်လိုက်ပြီး နယ်နမိတ်မျဉ်းရေးဆွဲပေးလိုက်တယ်။
လက်ရှိမှာလည်း ရုရှားလွှမ်းမိုးမှုတွေက မလွတ်သေးသလို၊ နယ်နမိတ်မျဉ်းတွေကိုလည်း ဆိုဗီယက်ပြည်ထောင်စုမပြိုကွဲခင်မှာ သတ်မှတ်ပေးခဲ့တာဖြစ်တယ်။
အာရှအလယ်ပိုင်းဒေသက (၅) နိုင်ငံမှာ
ရေနံ၊ သဘာဝဓါတ်ငွေ့တွေကို ဘယ်နိုင်ငံက အများဆုံးပိုင်ဆိုင်နေပြီး၊ ဘယ်နိုင်ငံတွေမှာ နိုင်ငံခြားစစ်တပ်တွေရဲ့အခြေစိုက်စခန်းတွေရှိသလဲ။
သေချာတာက နိုင်ငံရေးမငြိမ်သက်မှုတွေ၊ အစိုးရအပြောင်းအလဲတွေဆိုတာ ရက်အနည်းငယ်အတွင်းမှာ ပြောင်းလဲနိုင်တာမဟုတ်ဘူး။
အတိတ်သမိုင်းတွေရဲ့အရိပ်တွေက ကစားပွက
ဲို ကြိမ်ဖန်များစွာပြောင်းတတ်တယ်။

ကာဂျစ်စတန်နိုင်ငံက လူထုလှုပ်ရှားမှုတွေအကြောင်းမဆွေးနွေးခင်၊ အာရှအလယ်ပိုင်းက နိုင်ငံတွေရဲ့နိုင်ငံရေးနောက်ခံကားချပ်တွေကို


အကြမ်းဖျင်းမိတ်ဆက်ပေးပါရစေ။

ဥဇဘက်ကစ္စတန် ( Uzbekistan)

မွန်ဂိုလူမျိုးတွေအများဆုံးနေထိုင်တယ်။ ၂၀၀၁ မှာ အမေရိကန်တွေဦးဆောင်တဲ့အာဖကန်နစ္စတန်စစ်ပွဲ ကို ထောက်ခံခဲ့ပြီး ၊


ကာရှီကာနာဘက် လေတပ်အခြေစိုက်စခန်းကို အမေရိကန်စစ်တပ် တပ်စွဲဖို့ ခွင့်ပြုခဲ့တယ်။ ကေ-တူး ( K-2) လေတပ်အခြေစိုက်စခန်းအဖြစ်လူသိများတယ်။
ဒါကြောင့်လည်း လူ့အခွင့်အရေးကာကွယ်ရေးအဖွ့အ
ဲ စည်းတွေက “အမေရိကန်ပြည်ထောင်စုဟာ အကြမ်းဖက်သမားတွေအပေါ်စစ်ဆင်မတ
ှု ခုတည်းကိုသာ
အာရုံစိုက်ထားတယ်။ဥဇဘက်ကစ္စတန်နိုင်ငံရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လစ်လျူရှုခဲ့တယ်”လို့ဆိုတယ်။
ဥဇဘက်ကစ္စတန်နိုင်ငံရဲ့ခေါင်းဆောင်“အစ္စလာမ် ကာရီမော့ဗ်” ( Islam Karimov) ဆိုတာ ဆိုဗီယက်လက်အောက်မှာကတည်းက
အုဇဘက်ကစ္စတန်ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်း ရေးမှူး၊ ဆိုဗီယက်လက်အောက်ကနေ လွတ်လပ်တဲ့နိုင်ငံတနိုင်ငံဖြစ်လာခဲ့ပေမဲ့
နိုင်ငံကို ယ္ခင် ကွန်မြူနစ်ခေါင်းဆောင်တွေကပဲ ဦးဆောင်ခြဲ့ ကတယ်။ ကာရီမော့ဗ် က ၁၉၉၁ ဒီဇင်ဘာရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး
သမ္မတရာထူးကိုရာယူခဲ့တယ်။ ရွေးကောက်ပဟ
ွဲာ လိမ်ညာမှုတွေတွေနဲ့ပြည့်နေတယ်လို့ပြည်သူတွေက စွပ်စွဲကြတယ်။
၁၉၉၅ မှာတော့ လူထုဆန္ဒခံယူပက
ွဲိုပြုလုပ်ခြဲ့ ပီး သူ့ရဲ့သက်တမ်းကိုတိုးချဲ့ခဲ့တယ်။ ရွေးကောက်ပွဲအတုတွေဖန်တီးခဲ့တဲ့နိုင်ငံဖြစ်တယ်။
၂၀၀၅ ခုနှစ် မေလမှာ “အာဒင်ဂျန်မြို့” က လူထုမငြိမ်သက်မှုတွေကို ပစ်ခပ်ဖြိုခွဲခဲ့တာကြောင့် လူ တစ်ထောင်ကျော်သေဆုံးခဲ့တယ်။
အမေရိကန်ပြည်ထောင်စုက ကာရီမော့ဗ်ရဲ့ အကြမ်းဖက်မှုတွေကိုဝေဖန်ခဲ့တာကြောင့်၊ အမေရိကန်စစ်တပ် ကို ဥဇဘက်ကစ္စတန်
လေတပ်စခန်းမှာ တပ်စွဲနေခွင့်ကနေ ရုတ်သိမ်းခဲ့တယ်။ အာရှအလယ်ပိုင်းမှာ အဆိုးဝါးဆုံးအာဏာရှင်တွေထဲက အရက်စက်ဆုံးပုဂ္ဂိုလ်တယောက်
ဖြစ်တယ်လို့ဆိုကြတယ်။ သူ့ရဲ့သမီးနှစ်ယောက်လုံးဟာ နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းအများအပြားကိုပိုင်ဆိုင်ကြသူတွေဖြစ်တယ်။

ကာဇက်ခ်စတန် ( Kazakhstan)

၁၉ ရာစုမှာဖြစ်ပွားခဲ့တဲ့ ဗြိတိသျှအင်ပါယာနဲ့ ရုရှားအင်ပါယာပြိုင်ဆိုင်မှုစစ်ပွဲ ( Great Game) မှာ အရေးပါတဲ့နိုင်ငံတခုဖြစ်တယ်။


ရုရှားအင်ပါယာ က အဲ့ဒီနိုင်ငံကို ထိထိရောက်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်။ နိုင်ငံရဲ့အကျယ်အဝန်းဟာ အနောက်ဥရောပထက်ကြီးမားတယ်။
ထွက်ပေါက်ပိတ်နေတဲ့ ဒေသတခုဖြစ်တယ်။ ဆိုဗီယက်ပြည်ထောင်စုခေါင်းဆောင် စတာလင်ရဲ့စီးပွားရေးမူဝါဒတွေအောက်မှာ ကာဇက်စတန်လူမျိုးစုတွေ
အစာရေစာငတ်ပြတ်မှု၊ ဆင်းရဲငတ်ပြတ်မှုတွေအပြင်လူဦးရေတိုးပွားနှုန်းကျဆင်းခဲ့တယ်။ ၁၉၈၆ ခုနှစ်ကတည်းက ဆိုဗီယက်ပြည်ထောင်စုကိုဆန့်ကျင်တဲ့
ဆန္ဒပြပွဲတွေပေါ်ပေါက်လာတယ်။ ရေနံ နဲ့ သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှု၊ သိုလှောင်သိမ်းဆည်းနိုင်မှုမှာ အာရှအလယ်ပိုင်းနိုင်ငံအားလုံးထက်များပြားတယ်။
ရုရှားရဲ့အာကာသစခန်းတွေရှိတယ်။ နိုင်ငံရဲ့သမ္မတဖြစ်သူ “နာဇာဗေယက်ဗ်” ဆိုသူဟာ တသက်လုံး သမ္မတ အဖြစ်တာဝန်ယူသွားနိုင်တယ် ဆိုတဲ့
ဥပဒေကိုတရားဝင်ကိုင်စွဲခွင့်ရခဲ့တယ်။

တာဂျစ်ကစ္စတန် ( Tajikistan)

ဆိုဗီယက်ပြည်ထောင်စုဆီက လွတ်လပ်ရေးရခဲ့ပေမဲ့ ၁၉၉၂-၉၇ ကာလမှာ ပြည်တွင်းစစ်တွေကိုရင်ဆိုင်လိုက်ရတယ်။


မျိုးနွယ်စုတွေအပေါ်အခြေခံဖြစ်ခတ
ဲ့ဲ စစ်တွေဖြစ်တာကြောင့် လူမျိုးရေးသုတ်သင်ရှင်းလင်းမှုတွေကိုရင်ဆိုင်ကြရတယ်။
ရုရှားရဲ့ပါဝင်ပတ်သက်မှုကကြီးနေဆဲဖြစ်တယ်။ ၂၀၀၁ စက်တင်ဘာ (၁၁) ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန်ပြည်ထောင်စုမှာဖြစ်ပွားခဲ့တဲ့
အကြမ်းဖက်တိုက်ခိုက်မှုပြီးကတည်းက ပြင်သစ်၊ အမေရိကန်န့မ
ဲ ဟာမိတ်တပ်တွေ တာဂျစ်ကစ္စတန်နိုင်ငံကို စစ်အခြေစိုက်စခန်းအဖြစ်အသုံးပြုခဲ့တယ်။
အာရှအလယ်ပိုင်းနိုင်ငံတွေအနက် အဆင်းရဲဆုံးနိုင်ငံဖြစ်တယ်။ အာဖကန်နစ္စတန်မှာလည်း တာဂျစ်ကစ္စတန်လူမျိုးစုတွေကိုတွေ့နိုင်တယ်။

တာ့က်မန်နစ္စတန် ( Turkmenistan)

အရက်စက်ဆုံးအာဏာရှင်တွေထက
ဲ တဦးအပါအဝင်ဖြစ်သူ ဆက်ပါမူရက် နီရာဆော့ဗ် ( Saparmurat Niyazov)က နိုင်ငံတော်ရဲ့
တသက်တာသမ္မတအဖြစ်ကြေငြာခဲ့တယ်။ ဒါပေမဲ့ ၂၀၀၆ ခုနှစ်မှာကွယ်လွန်ခဲ့တယ်။
၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုမှာဖြစ်ပွားခဲ့တဲ့ အမာခံကန
ွ်မြူနစ်တွေရဲ့ အာဏာသိမ်းမှုကိုထောက်ခံခဲ့တယ်။
ဆိုဗီယက်ပြည်ထောင်စုလက်အောက်မှာတုံးက သဘာဝဓါတ်ငွေ့သိုလှောင် ပိုင်ဆိုင်မှုမှာ ဒုတိယအကြီးဆုံး အာရှအလယ်ပိုင်းနိုင်ငံတခုဖြစ်တယ်။

ကာရီမော့်ဗ် နီယာဆော့ဗ် နာဇာဗေယဲ့ဗ် အက်စကာ အကေယက်ဗ်


ကာဂျစ်ကစ္စတန် ( Kyrgystan)

ဆိုဗီယက်လက်အောက်ကနေ လွတ်မြောက်ရေးရခဲ့ပြီးတဲ့နောက် ကာဂျစ်စတန်နိုင်ငံကို ပထမဆုံးခေါင်းဆောင်ခဲ့တဲ့သူက “အက်စကာ အကေယက်ဗ်” ဖြစ်တယ်။


၂၀၀၅ ခုနှစ်မှာ ကာဂျစ်စတန်နိုင်ငံဆီကနေ ထွက်ပြေးသွားခဲ့ပြီးနောက် မော်စကိုတက္ကသိုလ်မှာ ပါမောက္ခတယောက်အဖြစ်အသက်ရှင်နေထိုင်ပြီး
စာသင်ကြားနေသူဖြစ်တယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ က လွတ်လပ်တ့အ
ဲာရှအသံ အင်္ဂါနေ့ညပိုင်းအစီအစဉ်မှာ
ကြက်သွေးရောင်တော်လှန်ရေး ( Tullip Revolution) ကို တင်ပြထားခဲ့တယ်။
နောက်တပတ်မှာ ကာဂျစ်စတန်နိုင်ငံရဲ့ ၂၀၁၀ လူထုလှုပ်ရှားမှုအကြောင်းဆွေးနွေးသွားပါမယ်။

သောတရှင်များခင်ဗျား
တရုတ်ပြည် ဟန်မင်းဆက်လက်ထက် က Silk Road လို့ခေါ်တဲ့ “ ပိုးလမ်းမကြီး”အကြောင်းကိုကြားဘူးမိကြပါလိမ့်မယ်။
အာရှတိုက်၊ အာဖရိကတိုက်၊ဥရောပ နဲ့ မက်ဒီတေးရီးယန်းကမ္ဘာကို ဆက်သွယ်ခဲ့တဲ့အဲ့ဒီပိုးလမ်းမကြီးမှာ ကာဂျစ်စတန်နိုင်ငံဟာ
အရေးပါတဲ့ စခန်းချဆက်သယ
ွ်ရာနေရာတခုဖြစ်ခ့ပ
ဲါတယ်။ ကုန်သွယ်မှုအတွေးအခေါ်တွေပေါင်းစပ်ကူးလူးရာနေရာတခုလည်းဖြစ်သလို၊
အမေရိကန်ပြည်ထောင်စု၊ တရုပ်ပြည်နဲ့ ရုရှားပြည်ထောင်စုအတွက်လည်း နိုင်ငံရေး၊စစ်ရေးမဟာဗျုဟာအရ အရေးပါတဲ့နိုင်ငံတခုဖြစ်တယ်။
စစ်အေးတိုက်ပွဲကာလအတွင်း ဆိုဗီယက်ပြည်ထောင်စုရဲ့နိုင်ငံတခုဖြစ်ခဲ့ရပြီး ချိန်ခွင်လျှာညှိခဲ့တဲ့ နိုင်ငံရေး ဖြစ်စဉ်တွေက တိုင်းပြည်ရဲ့မူဝါဒတွေကို
ပုံဖေါ်လေ့ရှိပါတယ်။ “ ကျနော်ဟာ ကွန်မြူနစ်တယောက်ဖြစ်ပေမဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို အခြေခံအားဖြင့်နှစ်သက်တယ်။ စီးပွားရေးနယ်ပယ်တခုလုံးကို
တော်လှန်ရေးလုပ်ဖြစ်ခဲ့သူဟာ ကားလ်မာ့က်စ် မဟုတ်ခ့ပ
ဲါဘူး။ “အဒမ်စမစ်”ဖြစ်တယ် လို့ ကာဂစ်စတန်နိုင်ငံရဲ့ သမ္မတဟောင်းတဦးဖြစ်သူ
ဲါတယ်။ သူဟာ လစ်ဘရယ်အယူအဆရှိသူခေါင်းဆောင်တဦးအဖြစ်ထင်ရှားခဲ့တယ်။
“အက်စကာ အကေယက်ဗ်” က ယုံကြည်ခ့ပ
ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူတဦးဖြစ်တယ် လို့ ယူဆခဲ့တာကြောင့် ဆိုဗီယက်ခေါင်းဆောင် ဂေါ်ဗာချော့ဗ် က သူ့ ကို ဆိုဗီယက်ပြည်ထောင်စုရဲ့
ဒုတိယသမ္မတအဖြစ်အမွေဆက်ခံဖို့ကမ်းလှမ်းခဲ့ဘူးပါတယ်။ “အကေယက်ဗ်” က လက်မခံခဲ့ပဲ ၁၉၉၁-၉၅ ကာလမှာ လွတ်လပ်တဲ့
ကာဂျစ်စတန်နိုင်ငံ ရဲ့ သမ္မအဖြစ်တာဝန်ယူခ့ပ
ဲါတယ်။ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေကို အားပေးမြှင့်တင်ခဲ့ပြီး အာရှအလယ်ပိုင်းဒေသ မှာ
ဒီမိုကရက်တစ်နိုင်ငံအဖြစ်ပြုပြင်ပြောင်းလဲရေးကို စတင်ဖေါ်ဆောင်လာခဲ့ပါတယ်။

ဒါပေမဲ့ “အကေယက်ဗ်” ရဲ့ စီးပွားရေးစံနစ်ပုံဖေါ်မှုတွေ၊ လစ်ဘရယ်အယူအဆတွေ ကို ပြည်သူတွေမခံစားခဲ့ရပါဘူး။


နိုင်ငံတခုလုံးမှာ အစိုးရအရာရှိတွေရဲ့ခြစားမှုတွေ၊ အာဏာကိုအလွဲသုံးစားလုပ်နေမှုတွေကိုသာ တွေ့ခဲ့ရပါတယ်။
အစိုးရအဖွဲ့အတွင်းက ရိုးသားမှန်ကန်ပြီး ပြည်သူလူထုအကျိုးကို သယ်ဆောင်ချင်တဲ့ လူတွေကိုလည်း အမှုအမျိုးမျိုးဆင်ကာ ဖမ်းဆီးထောင်ချခဲ့ပါတယ်။
ဒါကြောင့်လည်း ၂၀၀၀ ခုနှစ်အလယ်လောက်က စပြီး မြို့တော် “ဘစ်ရှ်ကက်” နဲ့ စီးပွားရေးအချက်အချာကျတဲ့ “ဂျလောအဘက်တ်”မြို့တွေမှာ
ထောင်ချီတဲ့ ဆန္ဒပြပွဲတွေပေါ်ပေါက်လာခဲ့ပါတယ်။ အကေယက်ဗ် က ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲဖို့ အမိန့်ပေးခဲ့တာကြောင့်
လူခြောက်ယောက်သေဆုံးခဲ့ရပြီး လူတရာနီးပါးဒဏ်ရာရခဲ့ပါတယ်။ ရာချီပြီးအဖမ်းခံခဲ့ရပါတယ်။ ဒါပေမဲ့ လူထုရဲ့ မကျေနပ်မှုတွေက ပိုမိုများပြားလာခဲ့ပြီး
“အကေယက်ဗ်” အစိုးရ ကို နှုတ်ထက
ွ်ပေးဖို့တောင်းဆိုခြဲ့ ကပါတယ်။ ဒီမိုကရက်တစ်နိုင်ငံတည်ဆောက်ချင်တဲ့ ဆိုတဲ့ “အကေယက်ဗ်” က
ပြည်သူတွေရဲ့အသံကို အလေးအနက်မထားခဲ့ပါဘူး။ ကြံစည်မှုတခုကို ဖန်တီးပြီး ရုန်းထွက်ဖို့ကြိုးစားလိုက်ပါတယ်။
အဲ့ဒါကတော့ ၂၀၀၅ ခုနှစ်မှာကျင်းပခဲ့တဲ့ ရွေးကောက်ပပ
ွဲါ။ “အကေယက်ဗ်” က ၂၀၀၅ ခုနှစ်မှာ သူ့အနေနဲ့ သမ္မတရာထူးကနေ နှုတ်ထွက်ပေးပါမယ်လို့
ကတိ ပေးခဲ့ပေမဲ့ သူ့ရဲ့နိုင်ငံရေးနန်းဆက် ကို ဆက်လက်တည်မြဲဖို့ ကြိုးစားခဲ့ပါတယ်။ သားသမီးနှစ်ယောက်လုံးကို ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ်
ပါဝင်ခဲ့စေပြီးမဲအနိုင်ရရှိအောင် ကြံစည်လိုက်ပါတယ်။ နောက်ကယ
ွ်ကနေ ကာဂစ်စတန်ရဲ့ နိုင်ငံရေးစင်မြင့်ကို ကိုင်တွယ်ဖို့စိတ်ကူးခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၀၅ ရွေးကောက်ပဟ
ွဲာ သန့်စင်မှုမရှိဘူး၊ လိမ်လည်လှည့်ဖျားမှုတွေနဲ့ပြည့်နေတယ် လို့ ပြည်သူတွေကစွပ်စွဲခဲ့ကြပါတယ်။
ဆန္ဒပြသူလူအုပ်ဟာ လမ်းမတွေပေါ်ကိုထက
ွ်လာခဲ့ကြပြီး လေယာဉ်ကွင်းအပါအဝင်၊ အစိုးရပိုင်အဆောက်အဦတွေ ကို ဝိုင်းရံသိမ်းယူလိုက်ကြပါတယ်။
ဒါပေမဲ့ နာရီပိုင်းအတွင်းမှာ အကေယက်ဗ် ရဲ့အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေရောက်ရှိလာကာ ဆန္ဒပြလူအုပ်ကိုအကြမ်းဖက်ဖြိုခွဲလိုက်ပြီး အဆောက်အဦတွေကို
ပြန်လည်သိမ်းယူလိုက်ပါတယ်။ ပြည်သူ ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့တယ်။ ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီသတင်းဟာ မြို့အသီးသီးကိုပြန့်နှံ့သွားတာကြောင့် ပြည်သူလူထုဟာ ဒေါသထွက်ခဲ့ကြပြီး အစိုးရအဆောက်အဦတွေကို
ပြန်လည်သိမ်းပိုက်ဖို့ကြိုးစားကြပြန်ပါတယ်။

“ တကယ်တော့ ကျနော်တို့လှုပ်ရှားမှုမှာ ဂျော်ဂျီယာ နဲ့ ယူကရိန်းလို ရွေးကောက်ပွဲမတိုင်ခင် အာဏာပိုင်တွေနဲ့ပြည်သူတွေ


လေးစားလောက်အောင် တုန့်ပြန်ပြိုင်ဆိုင်နိုင်တဲ့ ညီညတ
ွ်တ့အ
ဲ တိုက်အခံအဖြစ်မဖွဲ့နိုင်ခဲ့ဘူး။ ပြည်သူလူထုကိုလှုံ့ဆော်နိုင်မဲ့ ထင်ရှားတဲ့ခေါင်းဆောင်
ဆိုတာလည်းမရှိဘူး။ မြို့နယ်အသီးသီးမှာ ကိုယ့် နည်း ကိုယ့်ဟန်နဲ့လှုပ်ရှားနေကြတာကြောင့် အစိုးရက လွယ်လွယ်ကူကူ ဖြိုခွဲဖြတ်တောက်ပစ်နိုင်ခဲ့တယ်။
မသမာတဲ့ ရွေးကောက်ပွဲရလဒ်ကိုတွေ့လိုက်တ့အ
ဲ ခါကျမှ ကျနော်တို့တတွေ ညီညွတ်တောင့်တင်းတဲ့ တပ်ပေါင်းစုတခုဖွဲ့ရတော့မယ်
ဆိုတာကိုသဘောပေါက်လိုက်ကြတယ်။”
မတ်လ (၁၉) ရက်နေ့မှာတော့ ကာဂစ်စတန်အတိုက်အခံခေါင်းဆောင်တွေကျင်းပတဲ့လူထုစုဝေးပွဲတခုကို ပြည်သူတွေထောင်ချီပြီးတက်ရောက်ခဲ့ကြပါတယ်။
“လူထုကောင်စီ” တခုကိုဖွဲ့စည်းလိုက်ပါတယ်။ ကြားဖြတ်အစိုးရတရပ်ကိုဖွဲ့စည်းပြီး စစ်မှန်တဲ့ လူထုအစိုးရ ပေါ်ပေါက်မလာမခြင်း ပြဿနာတွေကို
ဦးဆောင်ဖြေရှင်းသွားမယ်လို့ဆိုပါတယ်။
“ကြားဖြတ်အစိုးရဖွဲ့လိုက်ပြီလို့ကြေငြာလိုက်တ့အ
ဲ ခါ လုံခြုံရေးတပ်ဖွဲ့ရဲ့ အရာရှိတွေအပါအဝင်၊ စစ်ဗိုလ်တချို့ဟာ သူတို့ရဲ့ယူနီဖောင်းတွေကို
ချွတ်ပစ်လိုက်ကြပြီး ကျနော်တို့ဆီကို လာပေါင်းခဲ့ကြတယ်။ သမ္မတ အကေယက်ဗ် က ရွေးကောက်ပွဲကော်မရှင်နဲ့ တရားရုံးချုပ်ကို
ရွေးကောက်ပွဲရလဒ်အပေါ်အငြင်းပွားနေတဲ့နယ်မြေတွေကို ပြန်လည်စစ်ဆေးစုံစမ်းဖို့အမိန့်ပေးလိုက်ပါတယ်။
ပြည်ထဲရေးဝန်ကြီးကိုလည်း ဆန္ဒပြသူတွေအပေါ်ကိုင်တယ
ွ်ဖြေရှင်းမှုဟာ ညံ့ဖျင်းလွန်းတယ်ဆိုပြီး ဖြုတ်ချပစ်ခဲ့တယ်။”

အခြေအနေတွေက နောက်ကျသွားခဲ့ပါပြီ။
တောင်ပိုင်း အုဇဘက်လူမျိုးစုတွေရဲ့မြို့နယ်တွေကအစ၊ မြို့တော် ဘစ်ရှ်ကက်မြို့အထိ ဆန္ဒပြသူတွေဟာ တဖြည်းဖြည်းအရှိန်မြှင့်လိုက်ကြပြီး
အစိုးရအဆောက်အဦတွေကိုသိမ်းယူလိုက်ပါတယ်။ အဓိကရုဏ်းနှိမ်နှင်းရေးရဲတွေရိုက်နှက်ပစ်ခပ်ခဲ့ပေမဲ့လူထုဟာ နောက်ဆုတ်သွားခြင်းမရှိခဲ့ပါဘူး။
ဗဟိုအစိုးရအဆောက်အဦနဲ့ အသံလွှင့်ရုံတွေကို သိမ်းယူလိုက်ပါတယ်။
မတ်လ (၂၄) ရက်နေ့မှာတော့ သမ္မတ “အကေယက်ဗ်” တယောက် မော်စကို မြို့ကို ထွက်ပြေးသွားခဲ့ပါတော့တယ်။

သောတရှင်များခင်ဗျား
မတ်လ (၂၈) ရက်နေ့မှာတော့ ကာဂျစ်စ္စတန်နိုင်ငံရဲ့ ပါလီမန်ဟောင်းဟာအလိုလိုပျက်ပြယ်သွားခဲ့ပါတယ်။
ပါလီမန်အသစ်ကိုဖွဲ့စီးခဲ့ပါတယ်။ ဂျူလိုင်လထဲမှာ ရွေးကောက်ပက
ျွဲင်းပခဲ့ပြီး “ကာမန်ဘက် ဗက်ကီယက်ဗ်” ကို သမ္မတသစ်အဖြစ်ရွေးချယ်လိုက်ကြပါတယ်။
ညီညွတ်တဲ့တပ်ပေါင်းစုကြောင့်ပေါ်ပေါက်လာခဲ့တ့အ
ဲ စိုးရသစ်ဟာ ကာဂျစ်စတန်နိုင်ငံရဲ့ လမ်းကြောင်းသစ်တခုဆီကိုဦးတည်ခဲ့ပါတယ်။
သောတရှင်တို့လည်း စစ်မှန်တြဲ့ ပည်သူတွေကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲတွေကို ဖန်တီးနိုင်ကြပါစေ။

အောင်မိုးဝင်း

နောက်တပတ်မှာ “ဘက်ကီယက်ဗ်”အစိုးရကို ပြန်လည်ဖြုတ်ချတဲ့ လှုပ်ရှားမှုတွေအကြောင်းတင်ပြပါမယ်။

References

An Interdisciplinary Approach to Global Issues by Sheldon Anderson, Janne A.K. Hey, Mark Allen Peterson, Stanley W.Troops,
and Charles Stevens

You might also like