Professional Documents
Culture Documents
ကိုကို၊ နယူးယောက်။ မေ ၂၆ ရက်၊ ၂၀၁၀
မြန်မာပြည်မှာ ၂၀၀၈ ဇန်န၀ါရီ ၂၁ ရက်နေ့က ထုတ်ဝေတဲ့ အချစ်ဂျာနယ်တွင်
ဖေဖော်ဝါရီ ဆယ့်လေး အမည်ရှိ ကဗျာ ရေးသားမှုနဲ့ ထောင်ဒဏ် ၂ နှစ် ကျခံခဲ့ရတဲ့
ကဗျာဆရာစောဝေဟာ ၂၀၁၀ မေလ ၂၆ ရက်နေ့တွင် ရမည်းသင်း အကျဉ်းထောင်က
ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါတယ်။ ကိုစောဝေဟာ မျက်စေ့ရောဂါ ရရှိနေပြီး
ထောင်က လွတ်မြောက်လာပြီးတဲ့နောက် မျက်စေ့ အထူးကုဆရာဝန်နဲ့ ကုသဖို့
စီစဉ်နေကြောင်း၊ ကိုစောဝေအနေနဲ့ စိတ်ဓါတ် အနည်းငယ်ကျနေပုံရကြောင်း
သူ့ဇနီးသည် နန်းစန်းစန်းအေးက မီဒီယာများကို ပြောကြားခဲ့ပါတယ်။ အဖြူရောင်သက်တံ့ ကဗျာရွတ်ပွဲတခုတွင် တွေ့ ရသော
ကဗျာဆရာစောဝေဟာ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်တဲ့ အနုပညာပြကွက်များ ကဗျာဆရာ စောဝေ (ဓါတ်ပုံ အင်တာနက် )
ပြသသူ ပန်းချီဆရာတဦးလည်း ဖြစ်ပါတယ်။
ကဗျာဆရာ စောဝေ ရေးသားတဲ့ ဖေဖော်ဝါရီ ဆယ့်လေး အမည်ရှိ ကဗျာရဲ့ အစ စကားလုံးများကို ဖတ်ကြည့်မယ်ဆိုရင် အာနာရူးကြီး မှူးကြီး
သန်းရွှေ လို့ အဓိပ္ပါယ်ထွက်တဲ့အတွက် ကိုစောဝေကို ၂၀၀၈ ဇန်န၀ါရီ ၂၂ ရက်နေ့တွင် စာပေစီစစ်ရေးရုံးသို့ ဆင့်ခေါ်ခဲ့ပြီးနောက် သူ့ကို
ဖမ်းဆီးလိုက်ပါတယ်။ ထိုသို့ ဖမ်းဆီးခဲ့ပြီးနောက် ၂၀၀၈ မေလအတွင်း ကိုစောဝေကို ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။
ကဗျာဆရာစောဝေရဲ့ ဖေဖော်ဝါရီ ဆယ့်လေး ကဗျာ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ဆယ့်လေး
အာ ရင်ဘက်က ပြောတယ်
နာ နာ ခံစားတတ်မှ ခံစားမှ
ရူး ရူးမူးမူးကို ဖြစ်နေမှ
ကြီး မြတ်တဲ့ အနုပညာ လို့
မှူး မှုံမှိုင်းဝေစေတဲ့ ဓါတ်ပုံမော်ဒယ်လ်မလေး ရေ
ကြီး တောင့်ကြီးမားကျမှ အသည်းကွဲတဲ့ ရောဂါ တဲ့
သန်း ပေါင်းများစွာသော ချစ်တတ်သူများ
ရွှေ အတိချထားသော လက်များဖြင့် လက်ခုပ်တီး၍ ရယ်ပါ။
စောဝေ (၁ ၁၀ ၂၀၀၈)
ကိုစောဝေဟာ ပဲခူးတိုင်း ဖြူးမြို့ ဆက်သွယ်ရေးရုံးတွင် စာရေးအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး ၁၉၈၈ ဒီမိုကရေစီ တော်လှန်ရေးတွင်
ပါဝင်ခဲ့မှုကြောင့် အလုပ်က ထုတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ ဖြူးမြို့နယ် ဖြူး မိတ်ဆွေများ စာကြည့်အသင်း ဦးဆောင်ခဲ့သူတဦးဖြစ်ကာ အဲဒီ
စာကြည့်အသင်းရဲ့ ဆုပေးပွဲများကို ၇ နှစ်ခန့် ပါဝင်ခဲ့သူ နှစ်စဉ်ကျင်းပခဲ့သူ ဖြစ်ပါတယ်။ သူဟာ နောက်ပိုင်းမှာ ရန်ကုန်မြို့သို့
ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ကဗျာဆရာစောဝေဟာ ကိုယ်ခံအား ကျဆင်းတဲ့ ရောဂါရှင်ကလေးငယ်များအား ရန်ပုံငွေ ရှာဖွေပေးတဲ့
အဖြူရောင်သက်တံ့အဖွဲ့ကို ဦးဆောင်သူတဦးလည်း ဖြစ်ပါတယ်။ အဖြူရောင်သက်တံ့အဖွဲ့ဟာ အနုပညာရှင်များနဲ့ ဖွဲ့စည်းထားပြီး
သက်ဆိုင်ရာ အာဏာပိုင်များ တားဆီးတဲ့ကြားကနေ အဖြူရောင်သက်တံ့ ကဗျာရွတ်ဆိုပွဲများကို ရန်ကုန်၊ မန္တလေးမြို့များတွင် စီစဉ်ခဲ့သူ
ဖြစ်ပါတယ်။
pmrsufESm - 1 rlydkif - ,ae@jrefrm