You are on page 1of 26

Uncensored Burma - Daily News ( 2010 June 4)

သတင်းများ ဖတ်ရန် google mail group ထဲ ဝင်ပါ။ ဝင်ဖို့ kowin2001@gmail.com သို့ ဆက်သွယ်ပါ

စစ်အစိုးရ၏ နျူကလီးယား စီမံကိန်း ပေါက်ကြား


ခက်ထန် Friday, June 04, 2010

ပြည်ပသို့ တိမ်းရှောင် လာသော စစ်ဘက် အရာရှိတဦးက ရာနှင့်ချီသော ထိပ်တန်း လျှို့ဝှက်ချက် စာရွက်


စာတမ်းနှင့် ဓာတ်ပုံ အထောက် အထားများကို ထုတ်ဖော် လိုက်သည့် အတွက် စစ်အစိုးရ၏ နျူကလီးယား
လျှို့ဝှက် စီမံကိန်း နိုင်ငံတကာသို့ ပေါက်ကြားသွားသည်။

[စက်ယန္တရား ထိန်းချုပ်ခုံတခုရှေ့တွင် တွေ့ရသော ဗိုလ်မှူး စိုင်းသိန်းဝင်း (ဓာတ်ပုံ - DVB)]

စစ်အစိုးရ၏ နျူကလီးယား စီမံကိန်း အကြောင်း ပြောဆိုမှုများ ရှိနေ သော်လည်း ဗိုလ်မှူး စိုင်းသိန်းဝင်း ယူဆောင်
လာသည့် အထောက် အထား များကြောင့် စစ်အစိုးရ၏ လျှို့ဝှက် အစီအစဉ်များ ပိုမိုခိုင်မာ လာပြီး နိုင်ငံတကာနှင့်
ဒေသတွင်းတွင် လုံခြုံရေး ခြိမ်းခြောက်မှုများ ဖြစ်လာ နိုင်ကြောင်း လေ့လာ သူများက သုံးသပ်ကြသည်။

“သူတို့ တကယ် လိုချင်တာက အဏုမြူဗုံးပဲ။ အဲဒါ သူတို့ရဲ့ အဓိက ရည်မှန်းချက်ပဲ။ ဒုံးကျည်တွေ နျူကလီးယား
ထိပ်ဖူးတွေ ပိုင်ဆိုင် ချင်တယ်” ဟု ဗိုလ်မှူး စိုင်းသိန်းဝင်းက နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ
(DVB) နှင့် အယ်လ်ဂျာ ဇီးယားတို့ ပူးပေါင်း ထုတ်လွှင့်သည့် သတင်း မှတ်တမ်းတွင် ပြောသည်။

စစ်သက် ၁၅ နှစ်ရှိ ဗိုလ်မှူး စိုင်းသိန်းဝင်းသည် ဒုံးပျံ အင်ဂျင် အထူးပြု ဘာသာရပ်နှင့် ရုရှားမှ ဘွဲ့ရခဲ့သူ ဖြစ်ပြီး
မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် အတွင်းရှိ လျှို့ဝှက် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံမှ ဒုတိယ
အကြီးအကဲဖြစ်ခဲ့သည်။ ထိပ်တန်း လျှို့ဝှက် စာရွက်စာတမ်းများကို ယူဆောင်၍ ၂ဝ၁ဝ ဖေဖော်ဝါရီလတွင်
ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့သည်။

PDF created with pdfFactory trial version www.pdffactory.com


ရရှိလာသော စာရွက်စာတမ်းနှင့် အထောက်အထားများကို သုံးသပ်ရေးသားထားသည့် စာမျက်နှာ ၂ဝ
ကျော်ရှိသော “မြန်မာနိုင်ငံ နျူကလီးယား ဆိုင်ရာ လူပ်ရှားမှုများ” စာတမ်းတွင် အထောက်အထား
အချက်အလက်နှင့် ဓာတ်ပုံ၊ မြေပုံများဖြင့် ဖော်ပြထားသည်။

ဗိုလ်မှူး စိုင်းသိန်းဝင်း ယူဆောင်လာသော အချက်အလက်များကို နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ


(IAEA) ၏ ညွှန်ကြားရေးမှူးဟောင်း ရောဘတ် ကယ်လီက လနှင့်ချီ၍ လေ့လာဆန်းစစ်ပြီးနောက်
စာရွက်စာတမ်းနှင့် ဓာတ်ပုံအထောက်အထားများတွင်ပါရှိသော စက်ယန္တရား ပစ္စည်းများသည် နျူကလီးယား
ဆိုင်ရာ လက်နက်များ ထုတ်လုပ်ရန် အသုံးဝင်သည်ဟု မှတ်ချက်ချကြောင်း သိရသည်။

မြန်မာ့အရေးလေ့လာသူ ဆွီဒင်လူမျိုး သတင်းစာဆရာ ဘာတေးလ် လစ်တနာက “မြန်မာပြည်က ဒီလိုမျိုး


အထောက်အထား စာရွက်စာတမ်းတွေ ထွက်လာတာ တခါမှ မတွေ့ဖူးဘူး” ဟု
အယ်လ်ဂျာဇီးယားသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောထားသည်။

ဝါရှင်တန် အခြေစိုက် လက်နက် ထိန်းချုပ်ရေးနှင့် မပြန့်ပွားရေး ဌာနမှ အမှုဆောင် ညွှန်ကြားရေးမှူး ဂျွန်


အိုင်ဆက်စ် ကမူ စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းကို သံသယ ရှိသော်လည်း အတိအကျ ကောက်ချက်ချရန်
အသင့် မဖြစ်သေးကြောင်း အယ်လ်ဂျာဇီးယားနှင့် အင်တာဗျူးတွင် မှတ်ချက်ပေးသည်။

ဥမင် လိုဏ်ခေါင်းများမှာ သာမန် ရည်ရွယ်ချက် အတွက်သုံးရန် ဆိုသော်လည်း တချို့မှာ ဘောလုံးကွင်း ၂ ခုစာမျှ


ကျယ်နေကြောင်း ဗိုလ်မှူး စိုင်းသိန်းဝင်းက အယ်လ်ဂျာဇီးယား သို့ ပြောသည်။

စစ်အစိုးရသည် ကားသွားလာနိုင်လောက်အောင် ကျယ်ဝန်းသည့် လိုဏ်ခေါင်းများ၊ ပြင်ပမှ ပစ်ခတ်


တိုက်ခိုက်ခြင်း မရှိအောင် တည်ဆောက်ထားသည့် ဥမင်များ၊ ချိတ်ဆက်ထားသည့် ဥမင်လမ်းရှည်များ
ရှိနေကြောင်း စစ်တပ်မှ ထွက်ပြေးတိမ်းရှောင်လာသည့် တခြား စစ်ဘက်အရာရှိများကို ကိုးကား၍
အယ်လ်ဂျာဇီးယားက ထုတ်လွှင့်သွားသည်။

“မြန်မာနိုင်ငံ နျူကလီးယား ဆိုင်ရာ လူပ်ရှားမှုများ” သုံးသပ်ချက် စာတမ်းအရ ဥမင်လိုဏ်ခေါင်းများကို


မြောက်ကိုရီးယားအကူအညီနှင့် တည်ဆောက်ရာတွင် ခန့်မှန်းခြေ ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၃
ဘီလီယံ ရှိမည်ဟု ဖော်ပြထားသည်။

အယ်လ်ဂျာဇီးယားနှင့် အင်တာဗျူးတွင် ဗိုလ်မှူး စိုင်းသိန်းဝင်းက စစ်အစိုးရသည် နျူကလီးယား စီမံကိန်းအတွက်


ငွေများကို ရတနာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ ရရှိသော အကျိုးအမြတ်များဖြင့်
လုပ်ဆောင်နေသည်ဟု ပြောသွားသည်။ ရတနာ ကမ်းလွန် ဘသာဝ ဓာတ်ငွေ့ လုပ်ငန်းမှ အမေရိကန် ဒေါ်လာ
၇.၅ သန်း ရရှိသည်။ စစ်ရေး ငွေများ ပိုမို သုံးစွဲရန် ရွှေ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ ရငွေများကို တိုးချဲ့
သုံးစွဲသွားဖွယ် ရှိသည်ဟုလည်း ပြောသွားသည်။ ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့၏ အဆိုအရ စစ်အစိုးရသည်
ယင်းလုပ်ငန်းမှ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁.၂ သန်း ရရှိသည်ဟု သိရသည်။

စစ်အစိုးရ၏ လျှို့ဝှက် နျူကလီးယား စီမံကိန်းအကြောင်း DVB နှင့် အယ်လ်ဂျာဇီးယားတို့ ပူးပေါင်း


ထုတ်လွှင့်မှုမတိုင်ခင် ဇွန်လ ၃ ရက်နေ့တွင် အမေရိကန် အထက် လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်က

PDF created with pdfFactory trial version www.pdffactory.com


မြန်မာပြည်သို့ လာရောက်မည့် ခရီးစဉ်ကို ရုတ်တရက် ဖျက်သိမ်းလိုက်သည်။ မြောက်ကိုရီးယားနှင့် မြန်မာ၏
နျူကလီးယားဆိုင်ရာ သံသယ ဖြစ်ဖွယ် ဆက်ဆံရေးကြောင့် ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ပြီး
အိုဘားမား အစိုးရအနေနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ကိုယ်စားလှယ် အမြန်ဆုံး စေလွှတ်သင့်ကြောင်း
တိုက်တွန်းထားသည်။

ဇွန်လ ၃ ရက်နေ့က ဘန်ကောက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဂျင်မ် ဝက်ဘ်က


“ထိုအရေးကိစ္စများကို မရှင်းလင်းဘဲ ဤအချိန်တွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်လျှင်
အမြော်အမြင်ကင်းမဲ့ပြီး အကျိုးယုတ်ရာ ကျမည်ဟု ယုံကြည်သည်” ဟု ပြောသည်။

လန်ဒန် အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာန၏ ရှန်ဂရီလာ ဒိုင်ယာလော့ဂ် (Shangri-La


Dialogue) ဆွေးနွေးပွဲ ခေါ် ၉ ကြိမ်မြောက် အာရှ လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲကို ယနေ့မှ စ၍ ၆ ရက်နေ့ အထိ
စင်ကာပူတွင် ကျင်းပနေသည်။ အာရှနှင့် ပစိဖိတ် ဒေသတွင်း ကာကွယ်ရေးနှင့် လုံခြုံရေး မူဝါဒများ
ဆွေးနွေးရေးအတွက် အရေးပါသော ပွဲဖြစ်ပြီး ယနေ့ ထွက်ပေါ်လာသော မြန်မာ နျူကလီးယား လှုပ်ရှားမှု
အထောက် အထားများနှင့် ပတ်သက်၍ ဆွေးနွေးဖွယ် ရှိသည်။

ယခုနှစ် ရှန်ဂရီလာ ဒိုင်ယာလော့ဂ် သို့ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများ၊ စစ်တပ် အကြီးအကဲများ၊


လုံခြုံရေးဆိုင်မရာ မူဝါဒ ချမှတ်သူများ တက်ရောက်သော်လည်း စစ်အစိုးရဘက်မှ မည်သူ တက်ရောက်ကြောင်း
မသိရှိရသေးပေ။ ယမန်နှစ်က ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အေးမြင့် တက်ရောက်ခဲ့သည်။

ယနေ့တွင် ရှန်ဂရီလာ ဒိုင်ယာလော့ဂ်၌ မိန့်ခွန်းပြောရာတွင် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က


“ကိုရီးယား ကျွန်းဆွယ်နှင့် မြောက်အာရှတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပျက်ပြားစေသည့်
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို နိုင်ငံတကာက လေးလေးနက်နက် တုံ့ပြန်သင့်သည်” ဟု ပြောသွားသည်။

[ဗိုလ်မှူး စိုင်းသိန်းဝင်း (ရှေ့တန်း ဝဲဘက်မှ ဒုတိယမြောက်) နှင့် အခြား အရာရှိများ (ဓာတ်ပုံ - DVB)]

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့တွင် ကုလသမဂ္ဂ ကျွမ်းကျင် သူများထံမှ ပေါက်ကြား လာသည့် ၄၇ မျက်နှာရှိ


အစီရင်ခံစာ တစောင်ကို အေပီသတင်း ဌာနက ကိုးကား ဖော်ပြရာ၌ မြောက်ကိုရီးယား နိုင်ငံသည်

PDF created with pdfFactory trial version www.pdffactory.com


လက်နက်များကို မြန်မာနိုင်ငံ အပါအဝင် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့လျက် ရှိပြီး ကုလ သမဂ္ဂ၏
အရေး ယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက် အသွယ်များကို
အသုံးပြုလျက် ရှိသည်ဟု ဆိုထားသည်။

စစ်အစိုးရသည် အရှေ့တောင်အာရှ ဒေသတွင်း အဏုမြူလက်နက် ကင်းစင်သောဇုန်နယ်အဖြစ် သတ်မှတ်ရေး


သဘောတူညီချက် (ဘန်ကောက်သဘောတူညီချက်) ကို ၁၉၉၅ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည်။
နောက်တနှစ် အကြာတွင် ဘက်စုံ အဏုမြူစမ်းသပ်မှုများ တားမြစ်ရေး သဘောတူညီချက်ကိုလည်း
လက်မှတ်ရေးထိုး ခဲ့သေးသည်။

အဏုမြူစွမ်းအင် ဦးစီးဌာနကို ၁၉၉၇ အောက်တိုဘာလတွင် အသစ် ဖွဲ့စည်းခဲ့ပြီး သိပ္ပံနှင့် နည်းပညာ


ဝန်ကြီးဌာန၏ အောက်တွင် ထားရှိသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။

၂ဝဝ၂ ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာစစ်အစိုးရက "ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးချရေး အတွက်"


အဏုမြူ သုတေသနဓာတ်ပေါင်းဖို တခုတည် ဆောက်ရန် အစီအစဉ်ကို အတည်ပြုပြောဆိုလာခဲ့သည်။ ထိုအချိန်
က နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးခင်မောင်ဝင်းက "မြန်မာနိုင်ငံ၏ အဏုမြူစွမ်းအင်အပေါ် ငြိမ်းချမ်းသော
ရည်ရွယ်ချက်ဖြင့် စိတ်ဝင်စားမှုမှာ ကာလကြာရှည်ကတည်းက ရှိနေခဲ့သည်" ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

၂ဝဝ၃ ဇူလိုင်လတွင် မြောက်ကိုရီးယား ပညာရှင် ၁၅ ဦးမှ ၂ဝ အထိ ရန်ကုန်ရှိ ရေတပ်စခန်းတခုနှင့်


ကာကွယ်ရေး ဝန်ကြီးဌာန၏ ဧည့်ရိပ်သာ တခုတွင် တွေ့ရကြောင်း ဟောင်ကောင် အခြေစိုက် အရှေ့ဖျားဒေသ
စီးပွားရေးရာ စာစောင် က ရေးသားဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် မြန်မာပြည်ကို ဒုံးကျည်များ ရောင်းချနေသည်ဟု အမေရိကန် အစိုးရ အရာရှိတို့က ၂ဝဝ၎


ခုနှစ်ကလည်း ထုတ်ဖော် ပြောကြားခဲ့သည်။

၂ဝဝ၈ ခုနှစ် နိုဝင်ဘာလအတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည်


မြောက်ကိုရီးယားသို့ လျှို့ဝှက် သွားရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် သတင်း ပေါက်ကြားခဲ့သည်။
ထိုခရီးစဉ်တွင် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် နှင့် စစ်ရေး အရ ပူးပေါင်း
ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

၂ဝဝ၉ ခုနှစ် ဇွန်လတွင်လည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား


သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်းသွားသည့် သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့
ရောက်ရှိခဲ့သည်။ တချိန်တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့်
ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း
သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

၂ဝဝ၉ ခုနှစ်တွင် မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နှင့် ပတ်သက် ဆက်နွယ်မှုရှိသည်ဟု ယူဆရသော


သံလိုက်ဓာတ်အား တိုင်းတာသည့် ကိရိယာ တမျိုးကို မလေးရှားမှ တဆင့် မြန်မာနိုင်ငံသို့ တင်သွင်းရန်
ကြိုးပမ်းခဲ့သူ ၃ ဦးကို ဂျပန်နိုင်ငံ၌ ဖမ်းဆီးခဲ့သည်။

PDF created with pdfFactory trial version www.pdffactory.com


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က မြောက်ကိုရီးယားသည် မြန်မာနိုင်ငံသို့
နျူကလီးယား နည်းပညာ လွှဲပြောင်းပေးအပ်ပါက အာဆီယံ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်ကြောင်း
၂ဝဝ၉ ခုနှစ် ဇူလိုင်လတွင်းက ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်တွင် ကျင်းပသော အာဆီယံအစည်းအဝေး
လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွင် သတိပေး ပြောကြားဖူးသည်။

စစ်အစိုးရသည် သန့်စင်ပြီးသား ယူရေနီယံများကို မြောက်ကိုရီးယားနိုင်ငံ၏ နည်းပညာ အကူအညီဖြင့် လာမည့်


၅ နှစ် အတွင်း အဏုမြူဗုံး ထုတ်လုပ်ရန် စီစဉ်နေသည်ဟု ၂ဝဝ၉ ခုနှစ် သြဂုတ်လထုတ် Sydney Morning
Herald သတင်းစာ၏ ဆောင်း ပါးတပုဒ်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံ နျူကလီးယား နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုများ အတွက် စိုးရိမ်


ပူပန်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ P. J Crowleyက ယခုနှစ် မတ်လ
ပထမပတ်တွင် ပြောကြားခဲ့သေးသည်။

မြန်မာနှင့် မြောက်ကိုရီးယားတို့သည် ၂ နိုင်ငံ သံတမန် ပုံမှန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ရာမှ မကြာသေး သော


နှစ်များ အတွင်း တိတ်တဆိတ် ဆက်ဆံရေးများ ပြုလုပ်လာခဲ့ကာ ပြီးခဲ့သည့် ၂ဝဝ၇ ခုနှစ် ဧပြီလတွင် တရားဝင်
ဆက်ဆံရေး ပြန်လည် စတင်ခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရ၏ လျှို့ဝှက်သတင်းများ ပေါက်ကြားမှုကြောင့် ထိန်းသိမ်းထားသည့် စစ်တပ်အရာရှိဟောင်း ဗိုလ်မှူး


ဝင်းနိုင်ကျော်ကို အင်းစိန်ထောင်တွင် ယခုနှစ် ဇန်နဝါရီလ ၇ ရက်က သေဒဏ်နှင့် ထောင်ဒဏ် အနှစ၂
် ဝ
ချမှတ်ခဲ့သည်။

ဗိုလ်မှူး ဝင်းနိုင်ကျော်သည် စစ်အစိုးရ၏ လျှို့ဝှက် စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုစီမံကိန်း၊


မြေအောက် လိုဏ်ခေါင်းများ ဖောက်လုပ်ရေး စီမံကိန်း၊ လျှို့ဝှက်သွားရောက်ပြီး လက်နက်ဝယ်ယူခဲ့သည့်
မြောက်ကိုရီးယားခရီးစဉ်၊ ရုရှား၊ အိန္ဒိယခေါင်းဆောင်များနှင့် လျှို့ဝှက် ဆွေးနွေးခဲ့သည့်မှတ်တမ်းများနှင့်
ပတ်သက်ပြီး မီဒီယာများထံပေါက်ကြားခဲ့သည့်အတွက် ဖမ်းဆီး အပြစ်ပေး ခံခဲ့ရခြင်းဖြစ်သည်။

ကွမ်းခြံကုန်းဓားပြမှု လူ ၄ ဦးကို ရဲက ဖမ်းဆီး


ညိမ်းသူ | သောကြာနေ့၊ ဇွန်လ ဝ၎

ရန်ကုန် (မဇ္ဈိမ) ။ ။ လူ ၃ ဦးသေဆုံးခဲ့သော ကွမ်းခြံကုန်း ဒရယ်လူးကျေးရွာ ဓားပြမှုကျူးလွန်သူဟု


သံသယဖြင့် လူ ၄ ဦးကို ဖမ်းဆီးထားကြောင်း ရဲက ပြောသည်။

ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့မှ ၁၄ မိုင်ဝေးသော ဒရယ်လူးကျေးရွာ ဒေါ်သိန်းမြင့် နေအိမ်တွင် မေလ ၁၆


ရက်နေ့က ဓားပြတိုက်မှုဖြင့် ကော့မှူးမြို့နယ် ထန်းတပင်ရွာနေ ဦးဆန်း (အသက် ၅၉ နှစ်)၊ သထုံမြို့
ညောင်ကုန်းလေးရွာဇာတိသား ဦးသောင်းလွင် (ခ) ဦးဆေးလုံး၊ ဦးအေးလွင် (ခ) ဦးမြင့်ကျော်နှင့် ဦးခင်မောင်ဝင်း
(ခ) ဦးမောင်ဝင်းတို့ကို ဖမ်းမိထားသည်ဟု သောကြာနေ့က ရန်ကုန်ရဲချုပ်ရုံးတွင် ပြုလုပ်သော
သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြောသည်။

PDF created with pdfFactory trial version www.pdffactory.com


ရွာသားများကို လက်ပစ်ဗုံး၊ သေနတ်တို့ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သော ဦးအေးသန်းကတော့
လွတ်မြောက်နေဆဲဖြစ်သည်ဟု ဆိုသည်။

ဓားပြများက တပ်မ ၇၇ ခြေမြန်တပ်ရင်းတံဆိပ်ပါ စစ်ဝတ်စုံများ ဝတ်ဆင်ထားခဲ့သည်ဟု ရဲက ပြောသည်။


သတင်းစာရှင်းလင်းပွဲတွင် သိမ်းဆည်းရမိသော အေကေ ၄၇ သေနတ်ကိုလည်း ပြသထားသည်။

”ဒီိလို စစ်ယူနီဖောင်းဝတ်လုပ်ရင် တပ်မတော်ဘက်ကို လမ်းကြောင်းပြောင်းသွားပြီး သူတို့လုပ်ရပ်ကို ခြေရာခံဖို့


ခက်မယ်လို့ ယူဆပြီး ဝတ်ကြတာ” ဟု ရဲချုပ်က ပြောသည်။

အခင်းဖြစ်ပွားအပြီး ၃ ရက်အကြာ ယခင်က ဓားပြမှုတခုဖြင့် ထောင်ကျဖူးသူ ဦးဆန်းကို ဖမ်းမိရာက


ဆက်လက်ဖမ်းနိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။ ဦးသောင်းလွင်၊ ဦးအေးလွင်တို့မှာ ယခင်က ဓားပြမှုနှင့်
လူသတ်မှုတို့ အသီးသီး ကျူးလွန်ဖူး၍ နှစ်ရှည်ထောင်ကျဖူးသူများလည်း ဖြစ်သည်။

ညအချိန် ဓားပြမှုတိုက်မှုတွင် လူ ၂ ဦးပွဲချင်းပြီး သေဆုံးပြီး၊ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ နောက်ပိုင်းတွင်


ဒဏ်ရာရရှိသူများအနက် ၁ ဦး ထပ်မံသေဆုံးခဲ့သည်။

ဓားပြ ၅ ဦးက စစ်သားများ စစ်ဆေးရန် ဟန်ဆောင်ပြီး အိမ်ခြံတွင်း ဝင်ရောက်ကာ စာရင်းငှား ကိုသာကျော်နှင့်


ကိုဖိုးထူးကို ကြိုးတုတ်ကာ အိမ်ရှင်ဒေါ်သိန်းမြင့်ထံမှ ငွေတောင်းစဉ် ကိုဖိုးထူး လွတ်မြောက်ထွက်ပြေးသွားပြီး
”ဓားပြ၊ ဓားပြ” ဟု အော်ဟစ်၍ ရွာသား ၃ဝ ခန့် အခင်းဖြစ်အိမ်နားသို့ ရောက်လာပြီး ခဲများ၊ လေးခွများဖြင့်
ဝိုင်းဝန်းပတ်ခတ်ရာ ဓားပြများက သေနတ်ဖြင့် ပြန်လည်ပစ်သည်ဟု ရဲက ပြောသည်။

ဓားပြများက အိမ်နောက်ဘက် ခြံစည်းရိုးမှတဆင့် ဖောက်ထွက်ပြီး ရွာလယ်လမ်းမအရောက် ရွာသားများက


လိုက်ပါလာပြန်သည်ကိုတွေ့ရာ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ထွက်ပြေးသွားရာ သေဆုံးဒဏ်ရာရမှု ဖြစ်သွားခဲ့သည်။

ကွမ်းခြံကုန်းဓားပြမှု ကေအန်ယူ တပ်ဖွဲ့ဟောင်းများ ပါဝင်ဟု ရဲမှူးချုပ်ခင်ရီ စွပ်စွဲ


တက်လူ / ဝ၄ ဇွန် ၂ဝ၁ဝ ခေတ်ပြိုင်

ကွမ်းခြံကုန်းမြို့နယ်အတွင်း ဒရယ်လူးကျေးရွာတွင် လူသတ် ဓားပြတိုက်ခဲ့သော တရားခံများအနက် (၂)


ယောက်မှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ (၁) လက်အောက်မှဖြစ်ကြောင်း မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ခင်ရီက ပြောကြားလိုက်သည်။

ရန်ကုန်မြို့ ပြည်ထဲရေးရုံးရှိ စည်းဝေးခန်းမတွင် ပြည်တွင်းပြည်ပ သတင်းထောက်များနှင့်တွေ့ဆုံကာ


ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း ဒရယ်လူးတွင် ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှု ဖြစ်စဉ်တွင် ဓားပြ (၅) ဦးပါဝင်ပြီး (၄) ဦး
ဖမ်းဆီး ရမိထားကြောင်း၊ ဖမ်းဆီးရရှိထားသူထဲမှ ခင်မောင်ဝင်း (ခ) မောင်ဝင်းနှင့်
ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည့် အေးသန်းတို့မှာ ကေအန်ယူ ထပ်မဟာ (၁) လက်အောက်ခံ
ဗိုလ်မောင်နီ၏တပ်ခွဲမှ တပ်ဖွဲ့ဝင်ဟောင်းများဖြစ်ကြောင်း ရဲမှူးချုပ် ခင်ရီက ပြောသည်။

PDF created with pdfFactory trial version www.pdffactory.com


၎င်းတို့ (၂) ဦးမှာ ၁၉၉ဝ ပြည့်နှစ်က သထုံမြို့ ရှေ့တန်း အမှတ် (၆၆) ခြေမြန်တပ်မဌာနချုပ်တွင်
အလင်းဝင်ခဲ့ကြသော ကေအန်ယူတပ်ဖွဲ့ဝင်ဟောင်းများဖြစ်ပြီး ဓားပြများ ပစ်ခတ်ခဲ့သော သေနတ်များမှ AK-47
ဖြစ်ပြီး M-67 လက်ပစ်ဗုံးကိုလည်း အသုံးပြုသွားခဲ့ခြင်းဖြစ်ကြောင်း ရဲမှူးချုပ်က ပြောကြားသွားသည်။

ပြီးခဲ့သည့် မေ (၁၆) ရက်တွင် ကွမ်းခြံကုန်းမြို့နယ် ဒရယ်လူးကျေးရွာ၌ အိမ်ရှင် ဒေါ်သိန်းမြင့်နေအိမ်ကို


ဓားပြတိုက်မှုဖြစ်ပွားခဲ့ရာ ပွဲချင်းပြီး လူ (၂) ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ (၁၂) ဦးထဲမှ နောက်ထပ် (၁) ဦး သေဆုံး
ခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ဓားပြတိုက်သူများက စစ်အဝတ်အစားများ ဝတ်ဆင်ထားသည့်အတွက် ရန်ကုန်တွင် စစ်သားများ


ဓားပြတိုက်သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

ထိုသတင်းထွက်ပေါ်မှုနှင့်ပတ်သက်၍ ရဲမှူးချုပ်က “ပြည်ပအသံလွှင့်ဌာနတွေက ထင်ယောင်ထင်မှားဖြစ်အောင်


အသံလွှင့်တာတွေ ရှိပါတယ်။ စစ်သားယောင်ဆောင်ပြီးတော့ ဓားပြတိုက်တာသာ ဖြစ်ပါတယ်” ဟု
ရှင်းလင်းပြောဆိုသည်။

ယခုအခါ ဓားပြ တရားခံများအနက်မှ (၄) ဦး ဖမ်းမိကာ (၁) ဦးမှာ ထွက်ပြေးနေဆဲဖြစ်ကြောင်း သိရသည်။

ကွမ်းခြံကုန်းဓားပြတိုက်မှုနှင့် ပတ်သက်၍ ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ရဲမှူးချုပ်ခင်ရီ၏ ပြောကြားချက်များကို


ကေအန်ယူတပ်မဟာ (၁) မှ ဗဟိုအဆင့်ခေါင်းဆောင်တဦးဖြစ်သူ ပဒိုသောသီဘွဲက ငြင်းဆန်လိုက်သည်။

၎င်းက “ကျနော်တို့တပ်မဟာ (၁) မှာ ဗိုလ်မောင်နီဆိုတာ ဘယ်တပ်ရင်း တပ်ဖွဲ့မှာမှ မရှိခဲ့ဘူး။


ရန်ကုန်တိုင်းထဲအထိ သေနတ်တွေ လက်ပစ်ဗုံးတွေ ယူပြီး ဓားပြသွားတိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ရဲချုပ်ခင်ရီအနေနဲ့ စဉ်းစားတွေးခေါ်ဖို့ လိုတယ်။ ဒီကိစ္စက
ကေအန်ယူရဲ့ဂုဏ်သိက္ခာကို ဖျက်လိုဖျက်ဆီးလုပ်တာ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

လွန်ခဲ့သည့် (၁၅) နှစ်ခန့်က ကေအန်ယူတပ်မဟာ (၁) တွင် မောင်နီတဦးရှိခဲ့ပြီး လက်ရှိ


ဒီကေဘီအေအဖွဲ့ဝင်ဖြစ်ကာ ဘီးလင်းမြို့နယ် ကော်ဟဲကွင်တွင် တာဝန်ထမ်းဆောင်နေသည်ဟု
ဒီကေဘီအေတပ်မှူးတဦးက ပြောသည်။

စစ်အစိုးရ ဥမင်လိုဏ်ခေါင်းများ ဆက်ဖောက်


ရန်ပိုင် Friday, June 04, 2010

မကွေးတိုင်း ပဒါန်းမြို့နယ် အနောက်ဘက် မိုင် ၅ဝ ခန့် အကွာရှိ ရခိုင်ရိုးမတွင် စစ်အစိုးရက သံသယ ဖြစ်ဖွယ်
ဥမင် လိုဏ်ခေါင်းများ ဖောက်လုပ် နေကြောင်း သိရသည်။

အဆိုပါ လိုဏ်ခေါင်းများ၏ အကျယ်နှင့် အမြင့်မှာ ပေ ၅ဝ ခန့်ရှိပြီး တနေ့လျှင် အလုပ်သမား ၅ဝဝ ခန့်


အလုပ်လုပ်ကိုင်နေကြောင်း၊ ကိုရီးယားလူမျိုး ကျွမ်းကျင်သူ ပညာရှင်များက ကြီးကြပ်၍
လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ထိုလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည့် ဒေသ ခံတဦးက ဧရာဝတီသို့ ပြောသည်။

PDF created with pdfFactory trial version www.pdffactory.com


“ပဒါန်းမြို့နယ်ကနေ တောထဲကို ၃နာရီလောက် မောင်းရတယ်၊ စစ်တပ်ကခွင့်ပြုထားတဲ့ ကားတွေပဲ သွားရတယ်၊
လိုဏ်ခေါင်းက တော်တော်ရှည်နေပြီ မိုင်းခွဲလို့ အပြင်ကို ထွက်ပြေးရင် မိနစ် ၃ဝ လောက် ပြေးရတယ်”ဟု
၎င်းကဆိုသည်။

ထို့အပြင် ပင်မလိုဏ်ခေါင်း နှင့် ကွန်ရက်သဖွယ် ဆက်သွယ်ထားသည့် လိုဏ်ခေါင်းများကိုလည်း


ဘေးပတ်လည်တွင် ရှိကြောင်း၊ တောင်၏ ကျောက်သားနံရံများကို တနေ့လျှင် မိုင်း ၅ ကြိမ်ခန့် ခွဲ၍ တူးဖော်ပြီး
မြေတူးစက်များ၊ မြေသယ်ကားများဖြင့် လုပ်ကိုင်နေ ကြောင်း အဆိုပါ ဒေသခံက ပြောသည်။

လိုဏ်ခေါင်း အတွင်း မြေထိန်းနံရံများ ဆောက်လုပ်ရာတွင် လိုအပ်သည့် လက်သမား၊ ပန်းရံ၊ နှင့် သံချည်သံကွေး


လုပ်သားများကို တနေ့လျှင် လုပ်အားခ ၉ဝဝကျပ် ပေးပြီး နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ အလုပ်ခိုင်းကြောင်း သိရသည်။

ယင်းစီမံကိန်း ကန့်သတ်နယ်မြေတွင် စစ်တပ်များချ၍ လုံခြုံရေး တင်းကျပ်ထားပြီး အလုပ်သမားများမှာ


အလုပ်ခွင်အတွင်း ဝင် ထွက်ခွင့် လက်မှတ်များဖြင့် သွားလာရကြောင်း အလုပ်သမားများက ပြောသည်။

ယခင် ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရ လက်ထက်ကတည်းက ဧရာဝတီမြစ်နှင့် ရခိုင်ရိုးမအကြား၊


ဧရာဝတီမြစ် အနောက်ဘက် ပြည်ခရိုင်အတွင်းရှိ ဆင်တဲ၊ ထုံးဘို၊ ညောင်ခြေထောက်၊ အထက်မင်းလှ မြို့နယ်ရှိ
မလွန်ဒေသတွင် ကာကွယ်ရေးနှင့် စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေး စက်ရုံများ တည်ဆောက်ခဲ့သည်။

ထို စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံများကို ပုသိမ်- မုံရွာကားလမ်းနှင့် ဆက်စပ်ထားသည်။

ပဒါန်းမြို့နယ်သည် ပုသိမ်- မုံရွာ ကားလမ်းနံဘေး တည်ရှိပြီး မင်းဘူး- အမ်းလမ်းနှင့်လည်း အလွယ်တကူ


ဆက်သွယ်နိုင်သည်။

ယခုတည်ဆောက်နေသည့် ဥမင်လိုဏ်ခေါင်းများကို စစ်အစိုးရက စစ်ရေး သို့မဟုတ် စီးပွားရေး


မည်သည့်ကဏ္ဍတွင် အသုံးချမည် ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရပေ။

မင်းတုန်း၊ ပဒါန်း၊ ပွင့်ဖြူ၊ စေတုတ္တရာ၊ စလင်း ဒေသ နှင့် ဆိပ်ဖြူမြို့အနောက်ဘက် ဒေသများ၊ ပခုက္ကူ၊
လောင်းရှည်၊ ဆောနယ်တွင် စစ်အစိုးရက စစ်ရေးလျှို့ဝှက်စီမံကိန်းများ လုပ်ကိုင်နေကြောင်း နေပြည်တော်ရှိ
စစ်တပ် အသိုင်းအဝန်းနှင့် နီးစပ်သူ တဦးက ပြော သည်။

“အခု ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော် မကွေးတိုင်း ဥက္ကဋ္ဌလုပ်တုန်းက တပ်မ ၈၈ က ဗိုလ်မှူးကြီး


ဇော်မင်းတို့ ပွင့်ဖြူ စကုဘက်မှာ ယူရေနီယံတွေ့လို့ ထုတ်ဖို့ စီမံကိန်းဆွဲတယ်လို့ ကြားဖူးတယ်”ဟု၎င်းက
ဆိုသည်။

စစ်အစိုးရသည် တခြားသော စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစီမကိန်းများကို နေပြည်တော်၏ အနောက်ဘက်


ပဲခူးရိုးမ အနောက်ဘက်ခြမ်း တောင်တွင်းကြီး၊ နတ်မောက်ဒေသ၊ ပဲခူးရိုးမ အတွင်းရှိ အောင်လံမြို့နယ်နှင့်
ပေါက်ခေါင်းမြို့နယ် ဆက်စပ် နေသည့် ဒေသတွင် စစ်လက်နက်ပစ္စည်း စက်ရုံများ တည်ဆောင်နေကြောင်း
အထက်ပါ နီးစပ်သူက ပြောသည်။

PDF created with pdfFactory trial version www.pdffactory.com


မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် အတွင်းရှိ လျှို့ဝှက် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံမှ ဒုတိယ
အကြီးအကဲ ဗိုလ်မှူး စိုင်းသိန်းဝင်းက စစ်အစိုးရ၏ နျူကလီးယားဆိုင်ရာ လျှို့ဝှက်ဖိုင်များကို နိုင်ငံတကာ
အဏုမြူစွမ်းအင် အေဂျင်စီ(IAEA)အဖွဲ့ ဒါရိုက်တာဟောင်း ဘော့ကယ်လီ(Bob Kelley)ကို ပြသခဲ့သည်ဟု
ဒီမိုကရက်တစ် မြန်မာအသံ(DVB)နှင့် တွေ့ဆုံခန်း တွင် ပြော ဆိုသည်။

စစ်အစိုးရသည် မြို့တော်သစ် နေပြည်တော်နှင့် ရှမ်းပြည်နယ် အတွင်း မြောက်ကိုရီးယားနိုင်ငံ အကူအညီဖြင့်


မြေအောက်ဥမင် ကွန်ရက်များ တည်ဆောက်နေကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ ဘာတေးလ် လင့်တနာက
ဧရာဝတီမဂ္ဂဇင်းနှင့် တွေ့ဆုံ မေးမြန်ခန်းတွင် ပြောဆိုခဲ့သည်။

၂ဝဝ၉ ခုနှစ် ဇွန်လကလည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား


သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်း နေသည်ဟူသော သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့
ရောက်ရှိခဲ့သည်။ တချိန်တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့်
ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း
သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ အတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်းခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြောက်


ကိုရီးယားသို့ လျှို့ဝှက်သွားရောက်ခဲ့ပြီး မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim
Kyok-sik)နှင့် စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။

ခရီးစဉ်အတွင်း မြိုယမ်းရှိ ရေဒါနှင့် ကြားဖြတ် ပိတ်ဆို့မှုဌာန (Radar and jamming units) များ၊ ပြုံယမ်းရှိ
လေကြောင်းရန် ကာကွယ်ရေး တပ်များ၊ လေကြောင်းတပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ် အမိန့်ပေး
ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည့် အပြင် ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက်အဦးများတွင်
ထုတ်လုပ်နေသော မြေပြင်မှ မြေပြင်ပစ် စကဒ် (SCUD) ဒုံးကျည် စက်ရုံများသို့ သွားရောက်၍
လေ့လာကြသေးသည်။

မြန်မာနိုင်ငံရှိ စစ်ရေး အဆောက်အအုံ တချို့ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း၊


ကြီးကြပ်ပေးခြင်း ပြုမည် ဟူသော သဘောတူညီချက်အရ အဆောက်အအုံများတွင် ဒုံးကျည်များ၊ လေယာဉ်များ၊
သင်္ဘောများ သိုဝှက်ထားနိုင်မည် ဟု ဆိုသည်။

တရုတ် ဝန်ကြီးချုပ်နှင့် ဗိုလ်ချုပ်မှူးကြီး မြန်မာ့နိုင်ငံရေး ဆွေးနွေး


ကိုထွေး Friday, June 04, 2010

မြန်မာနိုင်ငံသို့ နှစ်ရက်ကြာခရီး လာရောက်ခဲ့သည့် တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် ၂ဝ၁ဝ


ရွေးကောက်ပွဲနှင့် တိုင်းရင်းသား အရေး ကိစ္စရပ်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နေပြည်တော်တွင်
ဆွေးနွေးခဲ့ကြောင်း သံတမန် အသိုင်းအဝန်းက ဆိုသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသော မစ္စတာ ဝမ်ကျားပေါင်သည် ဗိုလ်ချုပ်မှူးကြီး


သန်းရွှေနှင့် နေပြည်တော်ရှိ ဇေယျာသိရီ ဗိမာန်၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲခန့်က တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

PDF created with pdfFactory trial version www.pdffactory.com


၂ဝ၁ဝ ရွေးကောက်ပွဲတွင် အားလုံး ပါဝင်ခွင့်ရရေး အတွက် တရုတ် ဝန်ကြီးချုပ်က စစ်ခေါင်းဆောင်များကို
တိုက်တွန်းခဲ့ကြောင်း သံတမန် အသိုင်းအဝန်းက ပြောသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ဧရာဝတီက ရန်ကုန်အခြေစိုက် တရုတ်သံရုံးကို ဆက်သွယ်ခဲ့သော်လည်း


အတည်ပြုခြင်း မရှိ သကဲ့သို့ ငြင်းပယ်ခြင်း မပြုခဲ့ပေ။

အစိုးရပိုင် သတင်းစာများက စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး၊ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊


ဒေသတွင်းနှင့် နိုင်ငံ တကာတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ၂ နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့်
ဖွံ့ဖြိုးရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး စသည့် နှစ်နိုင်ငံအတွက် အလေးထား ဆောင်ရွက်ဖွယ်ရာ
ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြောင်း ဖော်ပြ ထားသည်။

“နှစ်နိုင်ငံ အကြား ထားရှိခဲ့တဲ့ ချစ်ကြည်ရင်းနှီးမှု အစဉ်အလာကောင်းဟာ တအူတုံဆင်း ညီအစ်ကို “ပေါက်ဖော်”


ဆိုတဲ့ ရင်းနှီးမှု ဆက်ဆံရေးကို ဖြစ်ထွန်းစေခဲ့ ရှိခဲ့ပါတယ်၊ ပေါက်ဖော်ဆိုတဲ့ အသုံးအနှုန်းဟာ မြန်မာနိုင်ငံနဲ့
တရုတ်နိုင်ငံတို့ အကြားမှာသာ ဖြစ်ထွန်း တည်ရှိနေတာဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် ဦးသိန်းစိန်၏
ပြောကြားချက်ကို သတင်းစာတွင် ဖော်ပြထားသည်။

တရုတ် နိုင်ငံသည် မြန်မာပြည်၏ လူ့အခွင့်အရေး ချိုးဖောက်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ကုလသမဂ္ဂ


လုံခြုံရေး ကောင်စီတွင် အကာအကွယ် ပေးလေ့ရှိသဖြင့် မြန်မာပြည်၏ ရွေးကောက်ပွဲသည် တရုတ် အတွက်
အရေးပါလျက် ရှိသည်။

တရုတ် မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက“တရုတ် မြန်မာ ဆက်ဆံရေး


နှစ်ပေါင်း ၆ဝအတွင်းမှာ တရုတ်က မြန်မာ့အရေးမှာ တစုံတရာ ဝင်ရောက် မစွက်ဖက်ဘူးလို့ပြောပေမယ့်
ဝင်ရောက်စွက်ဖက်ခဲ့တယ်၊ အဲဒါတွေ အားလုံးဟာ သူ့အကျိုး စီးပွားအတွက်ပဲ”ဟု ဆိုသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွင် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေး၊ အမျိုးသား ပြန်လည်


သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မျှော်လင့်ကြောင်း မစ္စတာ ဝမ်ကျားပေါင်က ဝန်ကြီးချုပ်
ဦးသိန်းစိန်ကို ပြောသည်ဟုလည်း သတင်းစာ၌ ဖော်ပြထားသည်။

မစ္စတာ ဝမ်ကျားပေါင် ခရီးစဉ်အတွင်း ၂ နိုင်ငံဝန်ကြီးများနှင့် တာဝန်ရှိသူများက စီးပွားရေးနှင့် နည်းပညာ


ပူးပေါင်းဆောင်ရွက်ရေး၊ ရထားပို့ဆောင်ရေး၊ ကုန်သွယ်မှု၊ ရေအားလျှပ်စစ်၊ စွမ်းအင်နှင့် သတ္တု တူးဖော်ရေး
ဆိုင်ရာ သဘောတူ စာချုပ်များကို လက်မှတ် ရေးထိုးခဲ့ကြောင်း အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

“ဒီတကြိမ် ခရီးစဉ်တွင် မြန်မာ နိုင်ငံ ခေါင်းဆောင်များနဲ့ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာမှာ အကျိုးရလဒ်များစွာရရှိပြီး


ကျယ်ကျယ်ပြန့်ပြန့် အမြင်တူညီမှုရ ရှိခဲ့ပါတယ်၊ ၂ ဦး ၂ ဖက်တို့ဟာလည်း အရေးကြီးတဲ့ စာချုပ်များလည်း
လက်မှတ်ရေးထိုး ချုပ်ဆို ခဲ့ကြပါတယ်”ဟု မစ္စတာ ဝမ်ကျားပေါင်၏ ပြောကြားချက်ကို သတင်းစာတွင်
ဖော်ပြထားသည်။

“တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေး ကူညီမှုများ အစဉ်တစိုက် ကူညီပေးခဲ့ပြီး


အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့သည့်အတွက် တရုတ်နိုင်ငံ အစိုးရနဲ့ ပြည်သူများကို မြန်မာနိုင်ငံ

PDF created with pdfFactory trial version www.pdffactory.com


အစိုးရနဲ့ ပြည်သူများက များစွာ ကျေးဇူးတင်လျက် ရှိပါတယ်၊ ၂ နိုင်ငံကြား ကဏ္ဍပေါင်းစုံ
ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ထွန်းလာခြင်းနဲ့ အတူ ၂ နိုင်ငံ ဆက်ဆံရေးဟာ မဟာဗျူဟာ
မြောက်ဆက်ဆံရေးသို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်”ဟူသော ဝန်ကြီးချုပ် ဦးသိန်းစိန်၏ ပြောကြားချက်လည်း
သတင်းစာတွင် ပါရှိသည်။

နှစ်နိုင်ငံ သဘောတူစာချုပ်ချုပ်ဆိုခြင်းသည် ၂ ဦး ၂ ဖက်စလုံး အကျိုးရှိသည့် ကိစ္စရပ်များဖြစ်ကြောင်း


ရန်ကုန်မြို့ရှိ စီးပွားရေး ပညာရှင် ခင်မောင်ညို (ဘောဂ ဗေဒ)က ပြောသည်။

“မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးကြီးမားမား အပြောင်းအလဲ ဖြစ်လာမယ်လို့တော့ မယူဆပါဘူး၊


မူဝါဒ ပြောင်းလဲဖို့ အတွက် ကြိုးစားတာမျိုးတွေ မရှိပါဘူး၊ ပုံမှန်လုပ်နေကျ လုပ်ရိုးလုပ်စဉ် တခုလို့ပဲ
ယူဆပါတယ်”ဟု ၎င်းက ပြောသည်။

ဝန်ကြီးချုပ် ဦးသိန်စိန်နှင့် မစ္စတာ ဝမ်ကျားပေါင်တို့သည် မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းကို


စတင်ဖွင့်လှစ်ပြီး ၂ နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံက ဆောက်လုပ်လှူဒါန်းခဲ့သည့်
မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန လွှဲပြောင်းပေးအပ်သည့် အခမ်းအနားသို့လည်း
တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံမှ သဘာဝ ဓာတ်ငွေ့ နှင့် ရေနံ ဝယ်ယူမည့် တရုတ်နိုင်ငံသည် ရခိုင်ပြည်နယ် ကျောက်ဖြူမှ


တရုတ်နိုင်ငံ ကူမင်းမြို့သို့ ပိုက်လိုင်းများ တည်ဆောက်သွားရန် သဘောတူညီခဲ့သည်။ တနှစ်လျှင် သဘာဝ
ဓာတ်ငွေ့ တန်ချိန် ကုဗမီတာ ၁၂ ဘီလီယံ၊ ရေနံစည် ၄ဝဝ ဝဝဝ တင်ပို့မည် ဟု ဆိုသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေး၊ ရေအားလျှပ်စစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ စသည့် စီမံကိန်း


များတွင် စုစုပေါင်း ဒေါ်လာ ၁.၃၃ ဘီလီယံ ရင်းနှီး မြှုပ်နှံထားသည်။

ထိုင်း၊ ဗြိတိန်၊ စင်ကာပူနိုင်ငံများ ပြီးလျှင် တရုတ်သည် မြန်မာနိုင်ငံတွင် စတုတ္ထမြောက် အများဆုံး ရင်းနှီး


မြှုပ်နှံသည့် နိုင်ငံ ဖြစ် သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်များ၊ သတ္တုများ၊ ကျွန်းသစ် နှင့် အဖိုးတန် ကျောက်မျက် ရတနာများ


တရုတ်နိုင်ငံသို့ တင်ပို့သည်။ လျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ အဝတ်အထည်နှင့် ဆေးဝါးများကို
တရုတ်နိုင်ငံမှ တင်သွင်းခဲ့သည်။

မြန်မာစစ်အစိုးရသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်လျက်ရှိသည်။ တရုတ် ဝန်ကြီးချုပ်


ဝမ်ကျားပေါင်သည် မေ ၂၈ မှ ဇွန် ၃ အထိ တောင်ကိုရီးယား၊ ဂျပန်၊ မွန်ဂိုလီးယားနှင့် မြန်မာ ၄ နိုင်ငံ ခရီး
သွားရောက်ခြင်းဖြစ်သည်။

ဝမ်ကျားပေါင်၏ ခရီးစဉ်သည် ၁၆ နှစ်တာကာလ အတွင်း ပထမဆုံးသော ဝန်ကြီးချုပ်အဆင့် ခရီးစဉ်ဖြစ်သည်။

မြန်မာနိုင်ငံသို့ နောက်ဆုံး လာရောက်လည်ပတ်ခဲ့သည့် တရုတ်အဆင့်မြင့် အရာရှိမှာ ၂ဝဝ၉ ဒီဇင်ဘာတွင်


လာရောက်ခဲ့သည့် တရုတ် ဒုတိယသမ္မတ ရှီကျင့်ဖျင် (Xi Jinping) ဖြစ်သည်။ ရှီကျင့်ဖျင်က ဗိုလ်ချုပ်မှူးကြီး

PDF created with pdfFactory trial version www.pdffactory.com


သန်းရွှေနှင့် တွေ့ဆုံစဉ် တရုတ်အနေ ဖြင့် မြန်မာနိုင်ငံကို နိုင်ငံရေး တည်ငြိမ်မှု၊ စီးပွားရေး ဖွံ့ဖြိုးမှုနှင့်
အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်မှုများ မြင်လိုသည်ဟု ပြောကြား ခဲ့ဖူးသည်။

စစ်အသုံးစရိတ် နေပြည်တော် ပိုသုံးမည်


ခက်ထန် Friday, June 04, 2010

မြန်မာ စစ်အစိုးရသည် စစ်ရေး အသုံးစရိတ် အတွက် ပုံမှန်ထက် ပိုမို များပြားသော ဘတ်ဂျက်ကို ပြီးခဲ့သည့်
မေလ နောက်ဆုံးပတ် အတွင်းက ချမှတ်ပေး လိုက်ကြောင်း သိရသည်။

မေလ နောက်ဆုံးပတ် အတွင်း ကျင်းပသော စစ်အစိုးရ၏ အထူး စီမံကိန်းများ အကောင် အထည် ဖော်ရေး အဖွဲ့
ညှိနှိုင်း အစည်း အဝေး (လေးလပတ် အစည်းအဝေး) တွင် ငွေစာရင်း ခေါင်းစဉ် ဖော်ပြ ထားခြင်း မရှိသော
ဘတ်ဂျက်များ ချပေးလိုက်ခြင်း ဖြစ်ကြောင်း စစ်တပ် အသိုင်း အဝိုင်းက ပြောသည်။

“ထူးတာ ကတော့ Defense Budget ဆိုပြီး ငွေပမာဏ အတော် များများကို ချပေးလိုက်တယ်၊ ဘာတွေ ဝယ်
မယ်၊ လုပ်မယ်လို့ စာရင်း ဖော်ပြ ထားတာ မရှိဘဲ ဘတ်ဂျက် ချပေးလိုက်တာ”ဟု စစ်အာဏာပိုင် များနှင့် နီးစပ်သူ
တဦးက ဧရာဝတီသို့ ပြောသည်။

ယခု ချပေးသည့် ဘတ်ဂျက်သည် ပုံမှန် ချပေးသည်ထက် ပိုမိုများပြားနေကြောင်း၊ ၆ လ အတွင်း စစ်သုံးပစ္စည်း


များ အကြီးအကျယ် ဝယ်ယူရန် အစီအစဉ် ရှိသည်ဟုလည်း သိရကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

စစ်အစိုးရသည် လက်နက်များကို တရုတ်၊ ရုရှား၊ ယူကရိန်း၊ အစ္စရေး နှင့် ဆားဗီးယားတို့မှ ဝယ်ယူကြောင်း သိရ
သည်။ စစ်အစိုးရ ဘတ်ဂျက်၏ ၄ဝ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်းကို စစ်ရေး ကဏ္ဍတွင် အသုံးပြုနေသည်ဟု
ပညာရှင် များက ခန့်မှန်း တွက်ချက်ကြသည်။

ဘတ်ဂျက်ငွေ လျာထားရာ၌ ကျန်းမာရေးကဏ္ဍတွင် ဝ.၄ ရာခိုင်နှုန်းနှင့် ပညာရေး ကဏ္ဍတွင် ဝ.၅ ရာခိုင်နှုန်း သာ


သုံးစွဲကြောင်း လန်ဒန် အခြေစိက
ု နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနက ၂ဝဝ၇ တွင် ထုတ်ပြန် သော
အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂ဝဝ၉ နှစ်ကုန်ပိုင်းကလည်း ဒေါ်လာသန်း ၅၇ဝ တန်ဖိုးရှိ MiG 29 တိုက်လေယာဉ် အစီး၂ဝ ဝယ်ယူခဲ့သည်။

မေလကုန်တွင် ကုလသမဂ္ဂ ကျွမ်းကျင်သူများက မြောက်ကိုရီးယား နိုင်ငံသည် ဒုံးကျည် လက်နက်နှင့်


နျူကလီးယား နည်းပညာများကို မြန်မာနိုင်ငံသို့ တင်ပို့ ရောင်းချ နေကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအဝင် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့


လျက်ရှိပြီး ကုလ သမဂ္ဂ၏ အရေးယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက်
အသွယ်များကို အသုံးပြုလျက် ရှိကြောင်းလည်း ယင်း အစီရင်ခံစာကို လက်ခံရရှိ ထားသည့် အေပီ သတင်း
တရပ်တွင် ဖော်ပြထားသည်။

PDF created with pdfFactory trial version www.pdffactory.com


၂ဝဝ၈-၂ဝဝ၉ ခုနှစ်အတွက် စစ်အစိုးရ ဘတ်ဂျက် သုံးစွဲမှုများနေ၍ ကျပ်ငွေ ဘီလီယံ ၇ဝဝ ကျော် လိုငွေပြနေ
ကြောင်း နေပြည်တော် ဝန်ကြီးအဖွဲ့အစည်းအဝေးပွဲတွင် ဝန်ကြီးချူပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ဝန်ခံခဲ့
သည်ဟု စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝန်းက ပြောသည်။

စစ်အစိုးရအနေဖြင့် နိုင်ငံ၏ ရသုံးမှန်းခြေ ငွေစာရင်းကို တရားဝင် ထုတ်ပြန်ခြင်း မရှိသည်မှာ ကြာမြင့်ပြီ ဖြစ်


သည်။ ထို့အပြင် စစ်အစိုးရ၏ စစ်ရေးအသုံးစရိတ်များကိုလည်း တရားဝင် ထုတ်ပြန်ကြေညာခြင်း မပြုခဲ့ပေ။

မြန်မာစစ်တပ်တွင် စစ်အင်အား ၄ သိန်းခန့်ရှိမည်ဟု လေ့လာသူများက ခန့်မှန်းကြသည်။

ဦးအေးမြင့်နဲ့ လမ်းပြကြယ်အဖွဲ့ စက်ရေတွင်း၊ လက်ရေတွင်းများ တူးဖော်ပေး


သတင်းရင်းမြစ် - ဦးအေးမြင့်နဲ့ လမ်းပြကြယ်အဖွဲ့
မိုးမခက ပြန်လည် တင်ဆက်သည်
ဇွန် ၄၊ ၂ဝ၁ဝ

အလှူရှင်များဖြစ်ကြသော မြန်မာမိသားစုများ၊ စင်္ကာပူ - မြတ်နိုးပီတိအဖွဲ့မှ အလှူငွေများဖြင့် ရေနှင့် ရေတွင်းများ၊


ရေကန်များ ဆောက်လုပ်လှူဒါန်းခဲ့သည်။ Lotus Foundation က မတည်ထားသော စက်ပစ္စည်း ကိရိယာများဖြင့်
တူးဖော်ခဲ့ကြရာ အခမဲ့ ကူညီတူးဖော်ပေးခဲ့သည်ဟု ဆိုသည်။ ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ စိတ္တသုခ
ဝိပသနာဘုန်းကြီးကျောင်းဝင်းအတွင်းတွင် စက်ရေတွင်းနှင့် အုတ်ရေကန် (ရေပီပါ ၁ဝ လုံးဆန့်) ၁ ကန်
ပါသည်ဟု သိရသည်။

ဓာတ်ပုံမှတ်တမ်းများကို သည်နေရာမှာ ကြည့်နိုင်ပါပြီ။

မဲပြာပုဆိုး
ဉာဏ်ဦး
ဇွန် ၄၊ ၂ဝ၁ဝ ခေတ်ပြိုင်

တစ်ယောက် မကောင်း
တစ်ယောက် ပြောင်းမလား
တစ်ခု မသစ်
တစ်ခု ပစ်မလား
အဟောင်း အညစ်တွေများလို့
ပြောင်းပစ်ဖို့ စဉ်းစားတိုင်း
ညစ်နေတဲ့ ခေါင်းကြောင့်
သစ်ပေမယ့်
ကောင်းမယ် မဟုတ်ကြောင်း
ကောင်းကောင်းပဲ သိနေပြန်ပေါ့။ ။

PDF created with pdfFactory trial version www.pdffactory.com


ဒေါက်တာသန်းငြိမ်းတို့၏ NDF ကို ကန့်ကွက်ခြင်း မပြုသကဲ့သို့ ထောက်ခံခြင်းလည်း မရှိဟု
ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ဘားမားပါပါရာဇီ
ဇွန် ၄၊ ၂ဝ၁ဝ မိုးမခ

ဒေါက်တာသန်းငြိမ်း နှင့် ဦးခင်မောင်ဆွေတို့ NDF ပါတီတည်ထောင်၍ မှတ်ပုံတင်ခြင်းကိစ္စရပ် အပေါ်၌


ရှုတ်ချခြင်းလည်း မပြုသလို၊ ထောက်ခံခြင်းလည်း မပြုကြောင်း၊ ၄င်းတို့ပါတီသည် NLD ပါတီနှင့် မည်သို့မှ
မသက်ဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည်ဟု သိရသည်။
ယမန်နေ့ညနေပိုင်းက NLD ပြောရေးဆိုခွင့်ရှိသူ ရှေ့နေ ဦးဥာဏ်ဝင်းနှင့် တွေ့ဆုံစဉ်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က
(၁) တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်ကို မြန်မာစစ်အစိုးရက လက်ခံတွေ့ဆုံသည်ဟု သိရောကာင်း၊
အိမ်နီးချင်းနိုင်ငံတခု အနေဖြင့် ချစ်ကြည်ရင်းနှီးမှုမှာ အလွန် အရေးကြီးသည့် အတွက် ထိုတွေ့ဆုံခြင်းအပေါ်
ဝမ်းမြောက်စွာ လက်ခံပါကြောင်း၊
(၂) အမေရိကန် အထက် လွှတ်တော် အမတ်(၆)ဦးက NLD ပါတီကို လက်ရှိ တရားဝင်ပါတီအဖြစ် ထောက်ခံ
အားပေးနေခြင်းကိုလည်း အထူး ကျေးဇူးတင်ရှိပါကြောင်း၊
(၃) ဦးအောင်ဆန်းဦးက စွဲဆိုခဲ့သောအမှုကိစ္စ အပေါ်၌လည်း တရားဥပဒေနှင့်အညီ ဆက်လက် ရင်ဆိုင်သွားမည်
ဖြစ်ကြောင်း၊
(၄) မြန်မာပြည်သို့ လာရောက်မည်ဟု ဆိုသော အမေရိကန်နိုင်ငံ အထက်လွှတ်တော် အမတ် မစ္စတာဂျင်ဝက်ဘ်
နှင့်လည်း တွေ့ဆုံခွင့်ရပါက တွေ့ဆုံ လိုပါကြောင်း၊
(၅) ၄င်း၏ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်ပါကြောင်း

စသည်ဖြင့် ပြောကြားသွားခဲ့သည်ဟု သိရသည်။

ခိုးကူးခွေ ရောင်းပါက ထောင် (၃) နှစ်


မျိုးဝင်းဇော် / ဝ၄ ဇွန် ၂ဝ၁ဝ ခေတ်ပြိုင်

ရန်ကုန်ဧရိယာအတွင်း ဗွီဒီယိုခွေငှားဆိုင်များနှင့် လမ်းဘေးဓာတ်ပြားအရောင်းဆိုင်တို့တွင် ခိုးကူးခွေများ


တွေ့ရှိပါက အစစ်အဆေးမရှိ ထောင် (၃) နှစ် ချမှတ်ခံရမည်ဟု သက်ဆိုင်ရာမှ အကြောင်းကြားထားကြောင်း
ဓာတ်ပြားအရောင်းဆိုင်များမှ သိရသည်။

ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းမှ နိုင်ငံခြား ရုပ်ရှင်ဓာတ်ပြား ရောင်းချသူတဦးက “ပြီးခဲ့တဲ့ရက်က


ကျနော်တို့ကို ဗွီဒီယို အခြေခံအစည်းအရုံးက အစည်းအဝေးခေါ်တယ်။ ခိုးကူး မြန်မာဗွီဒီယို ဇာတ်ကားတွေ၊
သီချင်း စီဒီတွေ၊ ကာရာအိုကေ ဗွီစီဒီတွေနဲ့ အခြား လက်ဝှေ့လိုမျိုး ပြည်တွင်းက ထုတ်လုပ်တဲ့ဟာတွေ မရောင်းဖို့
တားမြစ်တယ်။ မလိုက်နာရင် အရင်လို ဒဏ်ကြေးနည်းနည်းပါးပါးနဲ့ ပြန်လွှတ်ပေးတော့မှာ မဟုတ်ဘဲ
အစစ်အဆေးမရှိ ထောင် (၃) နှစ်အထိ ချမယ်လို့ ပြောတယ်။ ခုလောလောဆယ် အဲဒီ ခိုးကူးတွေ ရောင်းတာ
နည်းနည်းလျော့သွားတယ်။ အားလုံးက အခြေအနေ စောင့်ကြည့်နေတယ်” ဟု ပြောသည်။

PDF created with pdfFactory trial version www.pdffactory.com


ရန်ကုန်မြို့သာမက မြန်မာတနိုင်ငံလုံးတွင် ခိုးကူးဗွီစီဒီနှင့်ဒီဗွီဒီခွေများ ပျံ့နှံ့နေသည်မှာ ကြာပြီဖြစ်သော်လည်း
ယခု ပြည်တွင်း ဗွီဒီယိုဈေးကွက်ကို ထိခိုက်လာသည့်အတွက် ဗီဒီယိုအခြေခံအစည်းအရုံးက ယခုကဲ့သို့
ဆောင်ရွက်လာခြင်းဖြစ်ကြောင်း ပြည်တွင်းမှ တေးရေးဆရာတဦးက ပြောသည်။

၎င်းက “ကျနော်တို့ ဂီတ ဈေးကွက်ဆို ပျက်တာ ကြာလှပေါ့။ ဒီနေ့ ဓာတ်ပြားထွက်၊ လမ်းဘေးမှာ နောက်နေ့


တချပ် (၃ဝဝ) လောက်နဲ့ ရောင်းနေကြပြီ။ နှစ်တွေကြာလာတော့ ထုတ်လုပ်ရေးသမားတွေလည်း မခံနိုင်တော့
တေးအယ်လ်ဘမ် အသစ်တွေ မလုပ်နိုင်တော့တာတောင် ကြာလှပြီ။ ခုတော့ ဒီ ခိုးကူးဂယက်ဟာ ဗွီဒီယို
ထုတ်လုပ်ရေးဘက်ကို ကူးစက်သွားတယ်” ဟု ပြောသည်။

ဗွီဒီယို ထုတ်လုပ်ရေးလုပ်ငန်းကို အစိုးရနှင့် နီးစပ်သည့်သူဌေးကြီးများက လုပ်ကိုင်နေပြီး ၎င်းတို့သည် ဗွီဒီယို


အခြေခံအစည်းအရုံးတွင် တာဝန်ယူထားသူများလည်း ဖြစ်ကြကြောင်း၊ ၎င်းတို့ရိုက်သည့် အခွေများကို
မူပိုင်ခွင့်အနေဖြင့် မည်သူကမှ မဝယ်တော့ဘဲ ခိုးကူးခွေများကိုသာ ဝယ်ကြ၊ ငှားကြ လုပ်နေကြသည့်အတွက်
ယခုကဲ့သို့အရေးယူရန် ပြင်ဆင်လာခြင်းဖြစ်ကြောင်း အဆိုပါ တေးရေးဆရာက ပြောသည်။

အနော်ရထာလမ်းတွင် ဓာတ်ပြားအရောင်းဆိုင် ဖွင့်လှစ်ထားသူတဦးက ၎င်းတို့အနေဖြင့် မြန်မာသီချင်းနှင့်


ဗွီဒီယိုဇာတ်ကား၊ နိုင်ငံခြား ရုပ်ရှင်ဇာတ်ကား ဒီဗွီဒီများကို နယ်မြေခံရဲနှင့် ထောက်လှမ်းရေးတို့ကို
ပုံမှန်ဆက်ကြေးပေးပြီး ရောင်းချနေကြခြင်းဖြစ်ကြောင်း၊ လမ်းဘေးတွင် ဓာတ်ပြားရောင်းသူအများစုသည်
ဆင်းရဲသည့် အလုပ်လက်မဲ့များ ဖြစ်ကြကြောင်း ပြောသည်။

၎င်းက “ဒီလိုခိုးကူးရောင်းချတာတွေ ပျောက်ဖို့ဆိုရင် အလုပ်လက်မဲ့ပြဿနာ၊ ရဲနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ


လာဘ်စားမှု ပျောက်သွားမှသာ ဖြစ်နိုင်မယ်။ ထောင်ဒဏ် (၃) နှစ်ချမှတ်မယ် ပြောပေမယ့် ဆင်းရဲတဲ့
အလုပ်လက်မဲ့တွေက ဆက်ပြီး ရောင်းနေကြဦးမှာ ဖြစ်သလို လခနဲ့ မလောက်ငတဲ့ ရဲတွေကလည်း
လာဘ်စားနေဦးမှာဖြစ်လို့ ဒီကိစ္စ ဖြေရှင်းဖို့ လွယ်မယ်မထင်ဘူး” ဟု ပြောသည်။

အာဏာပိုင်များသည် ယခု အရေးယူမှုကို မေလကုန်အထိ ပညာပေးကာလ သတ်မှတ်ထားပြီး ဇွန်လ (၁)


ရက်နေ့မှစ၍ အရေးယူမှုစတင်မည်ဟု ကြေညာထားသော်လည်း ရောင်းသူများရှိနေဆဲဖြစ်သည်။

စွန့်ပစ်ပစ္စည်းမှ လူသုံးကုန်ပြောင်းလဲ၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း


ရဲရင့် / ဝ၄ ဇွန် ၂ဝ၁ဝ ခေတ်ပြိုင်

စွန့်ပစ်ပစ္စည်းများမှ လူသုံးကုန်အဖြစ် ပြောင်းလဲထုတ်လုပ်သည့် လုပ်ငန်းစဉ်တရပ်ကို မဲဆောက်ရှိ


မြန်မာရွှေ့ပြောင်း အထက်တန်းကျောင်း (SAW) တွင် အကောင်ထည်ဖော် လုပ်ကိုင်လျက်ရှိသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရခြင်း၏ တန်ဖိုးကို သိရှိနိုင်ရန်ရည်ရွယ်၍ အလဟဿဖြစ်မည့်


စွန့်ပစ်ပစ္စည်းများမှ လူ့အသုံးချပစ္စည်းများအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်း လုပ်ငန်းကို
ကျောင်းသားလူငယ်များအား သင်ကြားပေးခြင်းဖြစ်ကြောင်း SAW ကျောင်းမှ ဆရာဦးထိန်ဝင်းက ပြောသည်။

၎င်းက “ဒီစွန့်ပစ်ပစ္စည်းတွေ မြေကြီးထဲရောက်သွားရင်လည်း သဘာဝပတ်ဝန်းကျင်


ထိခိုက်ပျက်စီးမှုတွေပဲဖြစ်မယ်၊ ဒါကြောင့် ဒီပစ္စည်းတွေကို အသုံးပြုပြီး ကလေးတွေအနေနဲ့ အနုပညာလေးတွေ

PDF created with pdfFactory trial version www.pdffactory.com


ဖန်တီးစေချင်တယ်။ လူတွေအသုံးပြုလို့ရတဲ့ ပစ္စည်းတွေလည်း ဖန်တီးစေချင်တယ်။
အနုပညာနဲ့အလုပ်အကိုင်တခုခုကို တီထွင်စေလိုတဲ့အတွက် ဒီလုပ်ငန်းစဉ်ကို ပြုလုပ်ရတာဖြစ်တယ်။
ဒါတွေကိုလုပ်ကိုင်ရင်းနဲ့ ကလေးတွေဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး
အဆိုးအကောင်းကို ခွဲခြားသိမြင်လာမှာဖြစ်တယ်” ဟု ပြောသည်။

သဘာဝပတ်ဝန်းကျင် တနေ့တခြား ယိုယွင်းပျက်စီးလာမှုများကြောင့် ရာသီဥတုများ ဖောက်ပြန်ကာ


ကမ္ဘာကြီးတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လျက်ရှိကြောင်း၊ ယင်းသို့ဖြစ်ရခြင်းမှာ လူများ
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်မှု အားနည်းခြင်းကြောင့်ဖြစ်ကြောင်း
ဆရာဦးထိန်ဝင်းက ပြောသည်။

“ဒါကြောင့် ကလေးတွေကို သဘာဝပတ်ဝန်းကျင် တောတောင်ရေမြေနဲ့ ကမ္ဘာမြေရဲ့တန်ဖိုးကို သိရှိနားလည်ပြီး


ကမ္ဘာမြေစိမ်းလမ်းစိုပြေရေးအတွက် ပူးပေါင်းပါဝင်မှုတွေ လုပ်ဆောင်လာနိုင်ဖို့၊ သူတို့ကို ဒီအရွယ်ကတည်းကနေ
ပညာပေးရေး လုပ်ငန်းစဉ်တွေ ချမှတ်ပေးတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

စွန့်ပစ်ပစ္စည်းများမှ ကလေးများပြုလုပ်သည့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲတရပ်ကိုလည်း SAW ကျောင်းတွင်


ယနေ့နံနက်ပိုင်း၌ ပြုလုပ်ခဲ့ပြီး အလှဆင်ပစ္စည်းမျိုးစုံ၊ ပန်းဆိုင်း၊ မီးအုပ်ဆောင်း၊ ကြက်တောင်၊ ပန်ကာဒလက်၊
ရေခွက်မျိုးစုံ၊ ပန်းကန်များ၊ ကလေးကစားစရာများ အပါအဝင် ပစ္စည်း (၁၅) မျိုးခန့်ရှိပြီး တခုချင်းစီ၏တန်ဖိုးမှာ
ထိုင်းဘတ်ငွေ (၂ဝ) မှ ဘတ် (၂ဝဝ) အထိဖြစ်သည်။

ရောင်းချ၍ရသည့်ငွေများကို ပစ္စည်းထုတ်လုပ်သည့် ကျောင်းသားကျောင်းသူများကို အချိုးကျ


ပြန်လည်ခွဲဝေပေးမည်ဟု ကျောင်းတာဝန်ရှိသူများက ပြောသည်။
(၈) တန်းကျောင်းသူ မမေစနိုးက “သမီးတို့ ဒီလိုလုပ်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရာရောက်ပြီး လူတွေရဲ့ကျန်းမာရေး ထိခိုက်မှုတွေကိုလည်း သက်သာစေမှာဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရဲ့ အရေးပါပုံတွေကို ရပ်ကွက်ထဲပြန်ရောက်ရင်လည်း
သမီးတို့သိထားတာတွေကို လက်ဆင့်ကမ်းဖြန့်ဝေသွားမယ်” ဟု ပြောသည်။
ယနေ့ပြုလုပ်သည့် ဈေးရောင်းပွဲသည် မနက်ဖြန်တွင် ကျရောက်မည့် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးနေ့ အကြိုအဖြစ် SAW ကျောင်းမှ ကမကထပြု ကျင်းပခြင်းဖြစ်ပြီး အခြား ကျန်ရှိသည့်
ကျောင်းများနှင့် အစိုးရမဟုတ်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများက မနက်ဖြန်တွင်
ထိုင်း-မြန်မာ နယ်တလျှောက်၌ ကျင်းပပြုလုပ်ကြမည် ဖြစ်သည်။
ဇွန်လ (၅) ရက်နေ့ကို နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အဖြစ် ၁၉၇၂
ခုနှစ်မှစတင်ကာ ကမ္ဘာ့ကုလသမဂ္ဂက တရားဝင်သတ်မှတ်ပေးခဲ့သည်။

ဂျင်မဝ
် က်ဘ် မြန်မာခရီးစဉ် ဘာကြောင့် ဖျက်သိမ်းရပါသလဲ
By ဦးသန်းလွင်ထွန်း ကြာသပတေး, 03 ဇွန် 2010 VOA

အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မဝ


် က်ဘ် (Jim Webb) က ကြိုတင် ကြေညာထားပြီးဖြစ်တဲ့
မြန်မာနိုင်ငံ အလည်အပတ် ခရီးစဉ်ကို ကြာသပတေးနေ့က ရုတ်တရက် ဖျက်သိမ်းလိုက်ပါတယ်။
မြန်မာစစ်အစိုးရဟာ နျူကလီးယား တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ မြောက်ကိုရီးယားနိုင်ငံနဲ့ လျှို့ဝှက်
ဆက်သွယ် လုပ်ဆောင်နေကြောင်း လတ်တလော ပေါ်ထွက်လာတဲ့ သတင်းအပြင် မြန်မာစစ်အစိုးရက

PDF created with pdfFactory trial version www.pdffactory.com


ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနိုင်ငံက
လက်နက်တွေ ဝယ်ယူ တင်သွင်းနေတယ်ဆိုတဲ့ အမေရိကန် အစိုးရရဲ့ စွပ်စွဲချက်ကြောင့်ပါ ဒီခရီးစဉ်ကို
ရွှေ့ဆိုင်းထားဖို့ ဆုံးဖြတ်ရတာ ဖြစ်ကြောင်း မစ္စတာ ဂျင်မဝ
် က်ဘ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သတင်းစာ
ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ရှင်းလင်း ပြောကြားချက်တွေအကြောင်း ဗွီအိုအေ မြန်မာဌာနမှူး
ဦးသန်းလွင်ထွန်းက သုံးသပ် တင်ပြထားပါတယ်။

နျူကလီးယား တည်ဆောက်ရေး လုပ်ငန်းတွေမှာ မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ အကူအညီကို


ရယူနေတယ်ဆိုတဲ့ သတင်းဟာ အခုမှ ထွက်ပေါ်လာတဲ့ သတင်းတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ တတိယ
အာဏာအရှိဆုံး စစ်ခေါင်းဆောင်လို့ ဆိုကြတဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ မြောက်ကိုရီးယားနိုင်ငံ
လျှို့ဝှက်ခရီးစဉ်အကြောင်း မှတ်တမ်း အစီရင်ခံစာတခု မနှစ်က အင်တာနက်မှာ ပေါက်ကြား ထွက်ပေါ်ခဲ့တဲ့အပြင်
ဝါရှင်တန် အခြေစိုက် နိုင်ငံတကာ လုံခြုံရေးနဲ့ သိပ္ပံနည်းပညာ အသင်းကြီးကလည်း မြန်မာ၊ မြောက်ကိုရီးယား
နျူကလီးယား ပူးပေါင်း လုပ်ဆောင်မှုတွေ အကြောင်း သုံးသပ်ထားတဲ့ အစီရင်ခံစာ တစောင်ကို
ဇန်နဝါရီလကတည်းက ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြား သတင်းဌာနက မြန်မာစစ်တပ်ရဲ့ နျူကလီးယား ရည်မှန်းချက်များ


ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းမှတ်တမ်း အစီအစဉ်တခု ဇွန်လ ၄ ရက်နေ့က စတင်ပြီး ပြသမယ်လို့
ကြေညာလိုက်တော့မှ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မဝ
် က်ဘ်က သူ့ရဲ့ခရီးစဉ်ကို ဖျက်သိမ်းမယ်လို့
ပြောကြားခဲ့တာဟာ ထူးဆန်းသလို ဖြစ်နေပါတယ်။ အယ်လ်ဂျာဇီးယားက ပြသမယ့် ရုပ်မြင်သံကြား အစီအစဉ်မှာ
မြန်မာနိုင်ငံအတွင်းက ထွက်ပြေး တိမ်းရှောင်လာတဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်း ဆိုသူဆီက ရရှိတဲ့ နျူကလီးယား
တည်ဆောက်ရေးလုပ်ငန်း စီမံချက်ဆိုင်ရာ မှတ်တမ်းတွေကို ကိုးကား တင်ပြထားတယ်လို့ အယ်လ်ဂျာဇီးယား
သတင်းဌာနက ကြေညာထားပါတယ်။

ဗိုလ်မှူး စိုင်းသိန်းဝင်းဟာ မြိုင်မြို့မှာရှိတဲ့ စစ်တပ် လျှို့ဝှက်စက်ရုံတခုရဲ့ ဒုတိယ တာဝန်ခံဟောင်း ဖြစ်ပါတယ်။


အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မဝ
် က်ဘ်ကတော့ …

“ကျနော်တို့ဆီမှာ ရှိနေတာက လူတယောက်က သယ်လာတယ်ဆိုတဲ့ မှတ်တမ်း အထောက်အထားတွေပဲ


ဖြစ်တယ်ဆိုတော့ ဒီကိစ္စကို အသေအချာ စိစစ် ကြည့်ရှုဖို့ လိုနေပါသေးတယ်။” လို့ ပြောသွားပါတယ်။

အလားတူပဲ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ပြီး


မြောက်ကိုရီးယားနိုင်ငံက လက်နက်တွေ ဝယ်ယူ တင်သွင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း အမေရိကန်
လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က ပြီးခဲ့တဲ့ မေလဆန်းပိုင်း
မြန်မာနိုင်ငံ ခရီးစဉ် ပြီးကတည်းက ပြုလုပ်ထားခဲ့တာပါ။ ဒီကိစ္စကိုလည်း အထက်လွှတ်တော်အမတ်
ဂျင်မဝ
် က်ဘ်က အတိအကျ ယုံကြည်တယ်လို့ မပြောပါဘူး။

“မြန်မာစစ်အစိုးရဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို ချိုးဖောက်ခဲ့တယ်လို့


လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်က ပြောဆိုခဲ့တော့ နိုင်ငံခြားရေး ဝန်ကြီးဌာနက အရာရှိ
တော်တော်များများနဲ့ ကျနော် ဆက်သွယ် ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ နိုင်ငံတနိုင်ငံကို အခုလို လက်ထောက်
နိုင်ငံခြားရေး ဝန်ကြီးက စွပ်စွဲတယ် ဆိုတာဟာ အမေရိကန် ပြည်ထောင်စုရဲ့ အဲဒီနိုင်ငံအပေါ် ထားရှိတဲ့
ရပ်တည်ချက် သဘောထားနဲ့ အတူတူပါပဲ။ ဒါကြောင့် ဒီအကြောင်းကို ပိုပြီး ရှင်းလင်းအောင် ထုတ်ဖော်ပေးပါလို့

PDF created with pdfFactory trial version www.pdffactory.com


ကျနော်က တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ရှင်းလင်းချက်တွေက သိပ်ပြီး
ရှင်းရှင်းလင်းလင်း မရှိခဲ့ပါဘူး။”

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနိုင်ငံက လက်နက်တွေ


တင်သွင်းခဲ့တယ်ဆိုတဲ့ ကိစ္စမှာ မြန်မာနိုင်ငံဆီကို တိုက်ရိုက် ရောက်ရှိမသွားဘဲ အရှေ့အလယ်ပိုင်းနဲ့ UAE ကို
ရောက်ရှိသွားခဲ့တဲ့ ကိစ္စ၊ ပင်လယ်ပြင်ကနေ လှည့်ပြန်ခဲ့တဲ့ကိစ္စ၊ ဘန်ကောက်မှာ လေကြောင်းက
ဟန့်တားခဲ့ရတဲ့ကိစ္စ စတာတွေ ရှိခဲ့ပြီး တရုတ်နိုင်ငံကနေတဆင့် ကုန်းကြောင်းကနေ မြန်မာနိုင်ငံအထိ
ရောက်သွားခဲ့တဲ့ ကိစ္စတခု ရှိတယ်လို့လည်း သိရကြောင်း၊ အသေးစိတ်ကို နိုင်ငံခြားရေးဌာနကပဲ
ထုတ်ပြန်ပေးရမှာ ဖြစ်ကြောင်း မစ္စတာဝက်ဘ်က ပြောပါတယ်။

ဒါတွေဟာ ရှင်းလင်းဖို့ လိုနေသေးတဲ့ ကိစ္စတွေ ဖြစ်ပေမဲ့ သူသွားမယ့် ခရီးစဉ်အတွင်း ရည်မှန်းချက်တွေအတိုင်း


ဆွေးနွေး တွေ့ဆုံပွဲ ကိစ္စတွေကို အဟန့်အတား ဖြစ်စေလိမ့်မယ်လို့တော့ သူယုံကြည်ကြောင်း မစ္စတာဝက်ဘ်က
ဆိုပါတယ်။

“ဒီကိစ္စနှစ်ရပ်လုံးမှာ အချက်အလက်တွေ ဘယ်လောက် မှန်ကန်တယ်ဆိုတာ မသိနိုင်သေးပေမဲ့


ဒီအကြောင်းချက်တွေက ၂ ခုတောင် ဖြစ်နေတော့ မြန်မာနိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းထားတာပဲ ကောင်းတယ်လို့
ကျနော်က ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံကြား အပြန်အလှန် ပြောဆို
ဆွေးနွေးမှုတွေ ဆက်ပြီး လုပ်သွားဖို့ အရေးကြီးတယ်လို့ ကျနော် ယုံကြည်ထားဆဲပဲ ဖြစ်ပါတယ်။”

ဝါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးကတော့ အထက်လွှတ်တော်အမတ် ဂျင်မဝ


် က်ဘ်ရဲ့ ခရီးစဉ်ကို
မြန်မာစစ်အစိုးရဘက်က ဖျက်သိမ်းတာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း
သူတွေ့ဆုံလိုသူတွေနဲ့ တွေ့ခွင့်ရမယ့် အလားအလာ မရှိတဲ့အတွက် ဂျင်မဝ
် က်ဘ်က ခရီးစဉ် ဖျက်သိမ်းတာ
ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်းကိုလည်း ခန့်မှန်းပြောဆိုမှုတွေ ရှိနေပါတယ်။

ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားခဲ့ပါသလား ဆိုတဲ့


မေးခွန်းကို မစ္စတာဂျင်မ်ဝက်ဘ်က…

“မြန်မာနိုင်ငံအတွင်း ကျနော့်ရဲ့ တွေ့ဆုံဆွေးနွေးမှု အစီအစဉ်တွေကတော့ တင်ပြ တောင်းဆိုထားဆဲ အဆင့်မှာပဲ


ရှိပါသေးတယ်။ ကျနော်ရောက်သွားမှ ရှင်းလင်း အတည်ပြုပေးမှာပါ။” လို့ ဖြေသွားပါတယ်။

အဲဒီတော့ အထက်လွှတ်တော်အမတ် ဂျင်မဝ


် က်ဘ် အနေနဲ့ မြန်မာနိုင်ငံကို မသွားရောက်ခင် တရက်အလိုအထိ
အရေးပါဆုံး ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရမရ မသိရသေးဘူး ဆိုတာတော့ ထင်ရှားနေပါတယ်။

တဘက်မှာလည်း မစ္စတာ ဂျင်မဝ


် က်ဘ်ဟာ စစ်အစိုးရဘက်ကို ပိုအလေးပေးပြီး သူ့ရဲ့ခရီးစဉ်ဟာ
မြန်မာ့နိုင်ငံရေးအတွက် အကျိုးရှိမှာ မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ယူဆ ဝေဖန်နေကြတဲ့ အတိုက်အခံ
နိုင်ငံရေး အဖွဲ့အစည်းတွေကလည်း ရှိနေပါတယ်။ မြန်မာစစ်အစိုးရဟာ မစ္စတာ ဂျင်မဝ
် က်ဘ်ရဲ့ ခရီးစဉ်နဲ့
ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံပွဲလုပ်ဖို့ အသိပေး အကြောင်းကြားထားတာ
မရှိသေးဘူးလို့လည်း ဒေါ်စုနဲ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက
ဆိုပါတယ်။

PDF created with pdfFactory trial version www.pdffactory.com


ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရရင် အမေရိကန် အဆင့်မြင့်ခေါင်းဆောင်တဦး အနေနဲ့ မြန်မာနိုင်ငံကို
သွားစရာ မလိုဘူးဆိုတဲ့ အစဉ်အလာကို အထက်လွှတ်တော်အမတ် ဂျင်မဝ
် က်ဘ် ချိုးဖောက်လိုဟန်လည်း
မရှိပါဘူး။

ကြံ့ဖွံ့မှတပါး ပါတီများ စည်းရုံးရေး ခက်


By ကိုသားညွှန့်ဦး သောကြာ, 04 ဇွန် 2010 VOA

ရက်ပေါင်း ၉ဝ အတွင်း သတ်မှတ်ပါတီဝင် စာရင်း တင်သွင်းဖို့ ကော်မရှင်က ပါတီတွေကို သတိပေးချက်


ထုတ်ပြန်ပြီးတဲ့နောက် မှတ်ပုံတင်ရရှိပြီး နိုင်ငံရေးပါတီအချို့ ပါတီဝင်စုဆောင်းဖို့ စည်းရုံးရေး လုပ်ငန်းစဉ်တွေ
စတင် လုပ်ဆောင်နေပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စည်းမျဉ်းတွေ တိတိကျကျ မရှိသေးတဲ့အတွက်
စည်းရုံးရေးလုပ်ငန်းတွေမှာ ကြံ့ကြာမှုတွေနဲ့ ကြုံနေရတယ်လို့ ပါတီတချို့က ပြောပါတယ်။ အကြောင်းစုံကို
ကိုသားညွှန့်ဦးက တင်ပြထားပါတယ်။

ရက်ပေါင်း ၉ဝ အတွင်း နိုင်ငံတခုလုံး ကိုယ်စားပြုမယ့် ပါတီတွေဆိုရင် ပါတီဝင်အင်အား ၁,ဝဝဝ စာရင်းတင်ဖို့


ကော်မရှင်က ပြီးခဲ့တဲ့လကုန်ပိုင်းက ထုတ်ပြန်ခဲ့တာကြောင့်၊ သတ်မှတ်စာရင်း မတင်နိုင်ရင် ပါတီရပ်တည်ခွင့်
ထိခိုက်မှာဖြစ်ပါတယ်။ ဒါကြောင့်လဲ မှတ်ပုံတင်ရပြီးတဲ့ နိုင်ငံရေးပါတီတွေဟာ မြို့နယ်ရုံးခန်းတွေကို ဖွင့်ဖို့၊
ပါတီဆိုင်းဘုတ် ထောင်ဖို့နဲ့ အခြား လူထုစည်းရုံးရေး လုပ်ငန်းတွေ စတင်လုပ်နေကြပါတယ်။ ပြည်ထောင်စု
ကော်မရှင်၊ ခရိုင်ကော်မရှင်၊ မြို့နယ်ကော်မရှင် စသဖြင့် ကော်မရှင်အဆင့်ဆင့်မှာ နယ်ရုံးတွေဖွင့်ဖို့ ဘယ်လို
အကြောင်းကြားရမလဲ၊ စည်းရုံးရေး အတွက် လူထုစုဝေးပွဲတွေ ဘယ်လိုလုပ်ရမလဲ စသဖြင့်
ကော်မရှင်စည်းမျဉ်းတွေ တိတိကျကျ မရှိသေးပါဘူး။ ဒီ့အတွက် စည်းရုံးရေးလုပ်ငန်းတွေ ကြံ့ကြာမှုတွေ
ကြုံရတယ်လို့ ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဌ ကိုဖြိုးမင်းသိန်း ကပြောပါတယ်။

“အခုကျနော်တို့ ရွေးကောက်ပွဲ ကော်မရှင်ကနေ ပါတီဆိုင်းဘုတ်တင်ဖို့ ကိစ္စတောင် လုပ်ထုံးလုပ်နည်း


ဘာမှမရှိသေးဘူး။ ကျနော်တို့ ရွေးကောက်ပွဲ ကော်မရှင်ကို ၁ ရက်နေ့မှာ ဆိုင်းဘုတ်တင်မယ်ဆိုပြီး ကျနော်တို့
ကြိုးစားတယ်။ ဒါပေမဲ့ အဆင်မပြေဘူး။ အဲဒီအတွက် ကျနော်တို့က ၅ ရက်နေ့ကို ရွှေ့လိုက်ရတယ်။
မနက်ဖြန်ပေါ့။ ကျနော်တို့ ဆိုင်းဘုတ်တင်မယ်။ ဆိုင်းဘုတ်တင်ပြီးမှ ကျနော်တို့ စည်းရုံးရေး ခရီးစဉ်တွေကို
လုပ်ရမှာပေါ့ဗျာ။ စည်းရုံးရေး ခရီးစဉ်တွေ လုပ်တဲ့အချိန်မှာလဲ ကျနော်တို့ကို မြို့နယ်ကော်မရှင်က
ဘာတွေလုပ်မယ် ဆိုတာကို ကျနော်တို့ကို ကြိုပြောဖို့တို့ ဘာတို့တော့ ပြောထားတယ်။ ဒါပေမဲ့
ဘယ်လိုအဆင့်တွေကို ဘယ်လိုလုပ်ရမယ်၊ လုပ်ထုံးလုပ်နည်းတွေ ဘယ်လိုရှိလဲ ဆိုတာတော့ တိတိကျကျ
ဘာမှမရှိသေးဘူး။”

နယ်လူထုဟာ နိုင်ငံရေးနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မရှိသေးတာ၊ နိုင်ငံတော် ဒါမှမဟုတ် ကော်မရှင်က


ပါတီစည်းရုံးရေးတွေကို တိတိကျကျ ကြေညာပေးတာ မရှိတာကြောင့် လူစုဖို့ ခက်ခဲတယ်လို့ သိရပါတယ်။
စည်းရုံးရေးပွဲတွေမှာလည်း အာဏာပိုင်တွေက စောင့်ကြည့်တာကြောင့် နယ်ခံတွေမှာ လာရောက်ဖို့
တွန့်ဆုတ်နေကြတယ်လို့ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးသုဝေက ပြောပါတယ်။

“ထောက်လှန်းရေးတွေက ရောက်တာပေါ့။ နေရာတကာမှာ သူတို့ကလဲ သတင်းယူဖို့ ရောက်တာပေါ့။ သူတို့ကို


တွေ့တဲ့အခါကျတော့ ပရိသတ်က နည်းနည်း စိုးရိမ်တာပေါ့။ ကြောက်တာပေါ့၊ အဲဒါလေးပါ။ သူတို့ကတော့လဲ

PDF created with pdfFactory trial version www.pdffactory.com


ဘာမှမဟုတ်ဘူး။ သတင်းယူချင်လို့ လာတာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့အတွက် အခက်အခဲ
နည်နည်းတွေ့တာပေါ့။”

အခုလို ရက် ၉ဝ အတွင်း သတ်မှတ်ပါတီ စုစောင်းတင်ပြရမယ်ဆိုတဲ့ ကော်မရှင်အမိန့်နဲ့အတူ


ပါတီစည်းရုံးရေးလုပ်ငန်းတွေ လုပ်နိုင်အောင်လို့လဲ ကော်မရှင်ဘက်က ရှင်းရှင်းလင်းလင်း လုပ်ပေးသင့်တယ်လို့
ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

“သူတို့က ဘာပြောလဲဆိုတော့ ရက်ပေါင်း ၉ဝ အတွင်းမှာ ပါတီဝင် မစုစည်းနိုင်ဘဲ၊ ဥပမာ - ၅ဝဝ


စုစည်းရမယ့်ပါတီက ၅ဝဝ စုစည်းရမယ်။ ၁,ဝဝဝ စုစည်းရမယ့်ပါတီက ၁,ဝဝဝ စုစည်းရမယ်ပေါ့။ ဒါတွေကို
မစုစည်းနိုင်ဘူးဆိုရင် ဖျက်သိမ်းပစ်မယ်လို့ သူတို့က ဆိုတဲ့အတွက် စည်းရုံးရေးကာလက ပါတီ
မှတ်ပုံတင်စရတဲ့နေ့က စပြီး စည်းရုံးရေးကာလအဖြစ် ကျနော်တို့ကတော့ သတ်မှတ်ထားတယ်။ ဒါမှသာလျင် ဒီ
လူအင်အားတွေ၊ ပါတီဝင်စာရင်းတွေကို ကျနော်တို့ ပေးနိုင်မှာပေါ့။ မဟုတ်ဘူးဆိုရင် စည်းရုံးလို့မရဘဲနဲ့
ရုံးပေါ်မှာထိုင်နေပြီးတော့တော့ ကျနော်တို့ ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။”

တဖက်မှာတော့ အစိုးရနောက်ခံပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီဟာ အားကောင်းကောင်းနဲ့


စည်းရုံးရေးလုပ်ငန်းတွေ စတင်နေပြီလို့ သိရပါတယ်။ လုပ်ပိုင်ခွင့်နဲ့ ငွေကြေး အရှိန်အဝါကို အဓိက
အသုံးချနေတယ်လို့ ဦးသုဝေက ပြောပါတယ်။

“ကြံ့ခိုင်ရေးကတော့ မူလကတည်းကလဲ သူတို့က ပါတီ အသင်းအဖွဲ့ကြီး အနေနဲ့ ရှိပြီးသား။ သူတို့


အသင်းအဖွဲ့အနေနဲ့ လုပ်နေတာလဲ ရှိပြီးသား။ နောက်ပြီး သူတို့က အခု ကြံ့ခိုင်ရေးပါတီ ဆိုတာက အသင်းနဲ့လဲ
ဆက်နွယ်ပြီးနေတဲ့အခါကျတော့ တဆက်တည်း လုပ်နေတာပေါ့နော်။ နောက်တော့ သူတို့မှာ အာဏာရှိတယ်၊
ငွေရှိတယ် ဆိုတဲ့အခါကျတော့ သူတို့က အများကြီး လုပ်နိုင်တာပေါ့။ ကျနော်တို့ ကြားရသလောက်ဆိုရင်
ဥပမာအားဖြင့် ကျေးရွာတရွာမှာဆိုလို့ရှိရင် သူတို့က ကျေးရွာမှာရှိနေတဲ့ သြဇာရှိတဲ့သူကို ပိုက်ဆံထုတ်ပေး၊
ကျန်တဲ့သူကို ငွေချေး၊ ကျန်တာကလဲ ရိုးရိုး လုပ်ရိုးလုပ်စဉ်အရလဲ လမ်းတွေ ဖောက်ပေးတယ်၊ ကလေးတွေ
ကျောင်းထားပေးတယ် စသည်ဖြင့်ပေါ့ဗျာ။ လူမှုရေးလုပ်ငန်းတွေ လိုက်လုပ်နေတာ။ ဒါ သူတို့ဘက်ကတော့
လုပ်နိုင်တဲ့အားရှိတယ်။”

အဲန်ကယ်လ်တို့ အခြေအနေမှာရော။ -

“ကျနော်တို့က အဲဒီလို လုပ်နိုင်တဲ့အား မရှိဘူးလေ။ အစိုးရ လုပ်သလိုပေါ့နော်။ သူတို့က လမ်းဖောက်တယ်၊


ကျောင်းဆောက်တယ်ဆိုတော့ ဒါ ကျနော်တို့က ဘယ်လုပ်နိုင်မလဲ။ ဒါတော့ သူတို့ကတော့ ဒီအစိုးရလုပ်တာကို
သူတို့လုပ်တယ်ဆိုတဲ့ လုပ်နည်လုပ်ဟန်နဲ့ သွားတာကိုး။ ဒါမျိုးကျတော့ ကျနော်တို့ မလုပ်နိုင်ဘူးပေါ့။”

ရွေးကောက်ပွဲ ပါတီတွေ ထူထောင်ခွင့် ပေးစဉ်တုန်းကတော့ ပါတီစည်းရုံးရေးကာလ ၃ လ ခွင့်ပြုပေးမယ်လို့


အာဏာပိုင်တွေဘက်က ပြောတာဆိုတာ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီ ၃ လ ဆိုတာ စောင့်မယ်ဆိုရင်
သတ်မှတ်ပါတီဝင်ဝင် အင်အား စုစည်းနိုင်ဖို့ ခက်ခဲမယ်လို့ နိုင်ငံရေးပါတီအချို့က ယူဆကြပါတယ်။ ဒါကြောင့်မို့
ပါတီမှတ်ပုံတင်ကျပြီးတာနဲ့ စည်းရုံးရေးလုပ်ငန်းတွေ လုပ်ခွင့်ရှိပြီလို့ သူတို့အနေနဲ့ မှတ်ယူကြောင်း နိုင်ငံရေးပါတီ
ခေါင်းဆောင်တွေက ပြောကြပါတယ်။

PDF created with pdfFactory trial version www.pdffactory.com


မြောက်ကိုရီးယား၊ မြန်မာ ဆက်ဆံရေး အမေရိကန် စိုးရိမ်
By ဒေါ်ခင်စိုးဝင်း ကြာသပတေး, 03 ဇွန် VOA

မြန်မာနဲ့ မြောက်ကိုရီးယားနိုင်ငံ အကြား အန္တရာယ်များလှတဲ့ နျူကလီးယား နည်းပညာတွေ၊


ဆက်စပ်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်နေတယ် ဆိုတဲ့ သတင်းတွေကြောင့် အမေရိကန်
ပြည်ထောင်စုက စိုးရိမ်မကင်း ဖြစ်ရတယ်လို့ ကြာသပတေးနေ့မှာ ပြောဆိုလိုက်ပါတယ်။ အမေရိကန်
အထက်လွှတ်တော်အမတ် ဂျင်မဝ
် က်ဘ်က ဒီသီတင်းပတ်ကုန်မှာ မြန်မာနိုင်ငံ သွားမယ်လို့ စီစဉ်ခဲ့ပြီး မြန်မာနဲ့
မြောက်ကိုရီးယား အကြား နျူကလီးယားအရေး ဆက်ဆံမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်း
ထွက်ပေါ်လာချိန်မှာတော့ မသွားသင့်တာကြောင့် ခရီးစဉ် ဖျက်သိမ်းခဲ့တာလို့ ရှင်းလင်းခဲ့ပြီးနောက် အမေရိကန်
နိုင်ငံခြားရေး ဝန်ကြီးဌာနက အခုလို မှတ်ချက်ချလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်စိုးဝင်းက
တင်ပြပေးထားပါတယ်။

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးရာ ကော်မတီ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ


ဆပ်ကော်မတီ ဥက္ကဋ္ဌ ဗာဂျီးနီးယားပြည်နယ် ကိုယ်စားပြု ဒီမိုကရက် အထက်လွှတ်တော်အမတ် ဂျင်မဝ
် က်ဘ်
(Jim Webb) ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် ဖျက်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီးဌာနက သိရှိပြီး ဖြစ်တဲ့အကြောင်း၊ မြန်မာနဲ့ မြောက်ကိုရီးယား ပူးပေါင်းဆောင်ရွက်နေတဲ့အပေါ်
စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရော်လီ (P.J
Crowley) က မနေ့ ကြာသပတေးနေ့က အခုလို မှတ်ချက်ချပါတယ်။

“မြန်မာနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ကူးလူးဆက်ဆံနေတာတွေ၊ အပေးအယူ လုပ်နေတာတွေနဲ့


ပတ်သက်ပြီး ကျနော်တို့ စိုးရိမ်မကင်း ဖြစ်နေပါတယ်။ မြောက်ကိုရီးယားဟာ အန္တရာယ်များလှတဲ့ ကုန်ကြမ်းတွေနဲ့
လက်နက်တွေကို တသီကြီး ဖြန့်ဖြူးနေတာ ကျနော်တို့ သတိထားမိပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာစစ်အစိုးရကို
တိုက်ရိုက်ပဲ အလေးအနက် ပြောဆိုထားပြီးပါပြီ။ ဒါဟာ ကျနော်တို့အတွက် အဓိက စိုးရိမ်မကင်းဖြစ်ရတဲ့
ကိစ္စတခုအဖြစ် ဆက်ပြီးတော့ ရှိနေမှာပါ။”

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ နဲ့ မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ ကုလသမဂ္ဂ


အဖွဲ့ဝင် နိုင်ငံတွေကို နျူကလီးယား လက်နက်ဆိုင်ရာ နည်းပညာတွေ၊ ဆက်စပ်ပစ္စည်းတွေ၊ ဒုံးလက်နက်တွေ
မရောင်းဝယ်ရဘူးလို့ တားမြစ်ထားတာကို ချိုးဖောက်ပြီး မြန်မာနိုင်ငံနဲ့ နျူကလီးယားအရေး ကူးလူးဆက်ဆံမှုတွေ
ရှိနေတာနဲ့ ပတ်သက်ပြီး NCGUB အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂဆိုင်ရာ တာဝန်ခံ
ဒေါက်တာသောင်းထွန်းက အခုလို ရှင်းပြပါတယ်။

“အဲဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်မှု ရှိမရှိ၊ အဲဒါကို လေ့လာနေတဲ့ စီးပွားရေးပိတ်ဆို့မှု


ကော်မတီကလည်း မကြာသေးခင်က အစီရင်ခံစာတခု ထုတ်ပြန်တဲ့နေရာမှာ မြောက်ကိုရီးယားနဲ့ နအဖက
နျူကလီးယားကိစ္စနဲ့ ဒုံးပျံနည်းပညာတွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့ ပတ်သက်လို့ အရောင်းအဝယ်၊ အပေးအယူတွေ
ရှိတယ်ဆိုတာ သူတို့ တွေ့ထားပါတယ်။ ဆိုတော့ ဒီကိစ္စဟာ အခုလောလောဆယ် လုံခြုံရေးကောင်စီမှာ
အရေးတကြီး အရေးယူ ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်တယ်။ နအဖဘက်ကလည်း ရှင်းလင်းချက် ပေးရမယ့်ကိစ္စ
ဖြစ်တယ်။

PDF created with pdfFactory trial version www.pdffactory.com


“အဲလိုမျိုး ရှင်းလင်းချက် မပေးတဲ့ အခြေအနေမှာ ဂျင်မဝ
် က်ဘ်အနေနဲ့ မသွားဖို့ ဆုံးဖြတ်လိုက်တာဟာ မှန်ကန်တဲ့
ဆုံးဖြတ်ချက် ဖြစ်တယ်လို့ မြင်တယ်။ အမေရိကန် နိုင်ငံရေး ခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေက
ဘယ်လောက် ဒီကိစ္စကို အလေးထားသလဲ ဆိုတဲ့ဟာကို ပေါ်လွင်တယ်လို့ မြင်ပါတယ်။”

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ နှစ်နိုင်ငံစလုံး အပေါ်မှာ ဘယ်လိုများ အရေးယူနိုင်မယ့် အလားအလာ


ရှိပါသလဲ။

“မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ကတော့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်တာပဲဖြစ်ဖြစ်၊


တောင်ကိုရီးယား ရေတပ်သင်္ဘောကို နှစ်မြှုပ်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ဒီကိစ္စဟာ
လုံခြုံရေးကောင်စီမှာ အခု ဆွေးနွေးနေကြတယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့တော့ ထပ်ပြီးတော့ စီးပွားရေး
ပိတ်ဆို့မှုတွေကို ဒီ့ထက်ပိုပြီးတော့ တင်းတင်းကျပ်ကျပ် လုပ်မယ့်သဘော ရှိတယ်။

“တွေ့ရှိချက်တွေကလည်း ဥပမာ မြောက်ကိုရီးယားနဲ့ မြန်မာနဲ့ ကိစ္စတွေ၊ အပေးအယူ၊ အရောင်းအဝယ်


လုပ်ကြတဲ့နေရာမှာ ကြားထဲက ကုမ္ပဏီ၊ ကြားခံ အဆင့်ဆင့်တွေကို လုပ်ကြတာပေါ့။ သိထားသလောက်ကလည်း
နအဖဘက်က အရောင်းအဝယ် လုပ်တဲ့အခါမှာ အဲဒီလိုပဲ ပုဂ္ဂလိက ကုမ္ပဏီတခု နာမည်နဲ့ လုပ်တယ်ဆိုတာ
တွေ့ရတယ်။ သေချာတာတော့ အဲဒီကုမ္ပဏီတွေက Black lists စာရင်းထဲမှာ အသွင်းခံရမယ်။ ဒီကုမ္ပဏီတွေရဲ့
ငွေရေးကြေးရေးဆိုင်ရာ Transactions တွေပေါ့၊ လွှဲပြောင်းမှုတွေ ဒါတွေကို ပိတ်ဆို့မှာပဲ။ ကုမ္ပဏီတွေ
အဆင့်ဆင့် ကြားခံပြီး မလိမ့်တပတ် လုပ်လို့မရအောင် ပိတ်ဆို့မှာပဲပေါ့။

“နအဖနဲ့ ပတ်သက်လို့ကတော့ ဘယ်လောက် အတိုင်းအတာအထိ လုပ်မလဲပေါ့၊ ပထမဆုံးအကြိမ်


သတိပေးတာတွေ လုပ်ပြီး နောက် ဘာတွေ ဆက်လုပ်မလဲ ဆိုတာတော့၊ ကျနော်တို့လည်း ဒီကိစ္စကို
သံတမန်တချို့နဲ့ စပြီး ပြောဆိုဆွေးနွေးဆဲပဲ ရှိပါတယ်။ ဘယ်လို အတိုင်းအတာအထိ လုပ်လာမလဲ ဆိုတာ
အခုလောလောဆယ် အခြေအနေမှာ ပြောလို့မရဘူး။ ဒါပေမဲ့ သေချာတာကတော့ ဒီကိစ္စဟာ ကုလသမဂ္ဂ
လုံခြုံရေးကောင်စီမှာ အရေးထားပြီး လုပ်နေတဲ့ ကိစ္စတခု ဖြစ်တယ်လို့ပဲ အခုချိန်မှာ ပြောနိုင်ပါတယ်။”

The last one!


ဝင်းယော်ဖြတ်ထုံး
ရွှေအိမ်စည် | သောကြာနေ့၊ ဇွန်လ ဝ၄ (မဇ္ဈိမ)

“နိုင်ငံရေးအံတုမှုဆိုသည်မှာ အကြမ်းမဖက်သော တိုက်ခိုက်နည်းကို ဆိုလိုသည်။ ဆိုလိုသည်မှာ


နိုင်ငံရေးနှင့်ပတ်သက်သော ရည်ရွယ်ချက်များအတွက် ကန့်ကွက်ဆန္ဒပြခြင်း၊ ပူးပေါင်း၍ မဆောင်ရွက်ခြင်း၊
ဝင်ရောက်စွက်ဖက်ခြင်း စသည့် အကြမ်းမဖက်သည့် နည်းများကို အသုံးပြုခြင်းပင် ဖြစ်သည်။
အမှန်စင်စစ်အားဖြင့် နိုင်ငံရေးအံတုမှုဆိုသည်မှာ စစ်အစိုးရ၏ သြဇာအာဏာများကို ဆန့်ကျင်ဖီဆန်အံတုခြင်းပင်
ဖြစ်သည်။ စစ်အုပ်စုမှ ခိုင်းတာမှန်သမျှကို မလုပ်ဆောင်ခြင်း၊ စစ်အုပ်စုအပေါ် မကျိုးနွံခြင်းပင်ဖြစ်သည်။”
(မစ္စတာဂျင်းရှပ်)

PDF created with pdfFactory trial version www.pdffactory.com


(၁)

ကောက်သစ်ပေါ်ဦးကာလ…..။
ကောက်သစ်က ပေါ်ပြီ …။ တခွင်တပြင်လုံးက ရွှေဝါရောင် လွှမ်း၍နေသည်။ ကောက်နှံများက အောင်လှသည်။
စပါးနှံများ၏ အလေးချိန်ကြောင့် … စပါးပင်များက မတ်မတ်မဟန်နိုင် …. ကွေးညွှတ်ငိုက်ဆင်း၍ နေကြသည်။
`ရေးအိုပစ်မကျ` ဟူသည့် စကားဥပမာက ဤလယ်ကွင်းမျိုးကို ဆိုလိုဟန်ထင်သည်။ လယ်ကန်သင်းရိုးအတိုင်း
လမ်းလျှောက်ရသည်မှာ မလွယ် ….။ တညလုံး ဖျန်းပက်ထားသည့် နှင်းကြောင့် ကန်သင်းရိုးမြေသားများက
စွတ်စို၍ ချောနေ၏။ လယ်ကွက်ထဲသို့ ချောမကျစေရန် သတိထား၍ လျှောက်ရ၏။ ကန်သင်းရိုးပေါ်သို့
ဖုံးအုပ်နေသော စပါးနှံများကြောင့်လည်း လမ်းလျှောက်ရသည်မှာ ခရီးမတွင်လှ …..။

ရွာနှင့် နီးကပ်လာသည်နှင့်အမျှ စပါးခင်းများက ပို၍သန်သည်ကို တွေ့ရသည်။ ကျနော်တို့ ရွာအတွင်းသို့


ရောက်တော့…၊ ကိုရင်လေးအချို့ ဆွမ်းခံထွက်လာသည်ကို ရွာလယ်လမ်းမပေါ်၌ တွေ့ရ၏။ ရွာလယ်ရှိ
ဆွမ်းလောင်းဇရပ်ပေါ်တွင်မူ ဆွမ်းလောင်းရန် စောင့်နေသည့် အမယ်အို ၃-၄ ဦးအား တွေ့ရ၏။ ရွာက
ဤဒေသတွင် ရွာကြီးဟု ဆိုရမည်။ အိမ်ခြေ ၃ဝဝ ခန့် ရှိ၏။

မွန်ပိုင်း၊ ဗမာပိုင်း၊ ကရင်ပိုင်း ဟူ၍ သီးသန့်စီ ခွဲပြီး နေကြသည်။ သူ့အပိုင်းနှင့်သူ …၊ သူကြီးများ ရှိကြသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှ ကျေးရွာတရွာ ဖြစ်သည်။ မွန်ပြည်သစ်ပါတီမှ နအဖနှင့် အပစ်အခတ်ရပ်စဲခြင်း
မပြုမီ အချိန်ထိ ဤရွာတွင် နအဖ စစ်တပ်မှ တပ်ခွဲတခွဲ စခန်းချအခြေစိုက်ခဲ့သည်။ ယခုမူ နအဖတပ်စခန်းလည်း
မရှိတော့ ..။ သို့သော် နအဖ စစ်ကြောင်းများက မကြာမကြာ ဖြတ်သန်းသွားလာနေဆဲ ဖြစ်သည်။
အဝင်အထွက်က ရှိမြဲပင် …..။

ကျနော်တို့တတွေလည်း မကြာမကြာ သွားလာဝင်ထွက်ကြ၏။ ထိပ်တိုက်ရင်ဆိုင်မတိုးမိစေရန်တော့


သတိထားပြီး သွားလာကြရသည်။ ကျနော်တို့အင်အားများလျှင် သူတို့ရှောင်ကြပြီး၊ သူတို့အင်အားများလျှင်
ကျနော်တို့တတွေ ရှောင်ကြသည်။ ရွာတွင်းမှာဖြစ်ဖြစ်၊ ရွာအနီးအပါးတွင်ဖြစ်ဖြစ် ထိပ်တိုက်တိုးပြီး
တိုက်ပွဲမဖြစ်စေရန် ကျနော်တို့က ပို၍ ဂရုစိုက်ကြရသည်။ ဖြစ်လျှင် ရွာအတွက် ထိခိုက်မည်။

ရွာနားတွင် သူပုန်ရှိလျက်နှင့် သူတို့အား သတင်းမပေးဘူး၊ သူပုန်အားပေးတဲ့ရွာ၊ သူပုန်ရွာ …. စတဲ့


စွပ်စွဲချက်များနှင့် စွပ်စွဲမည်။ ပြီးလျှင် မဆိုင်သူများကို ဖမ်းမည်။ ညှင်းဆဲမည်။ သူတို့ဘက်မှ
လက်နက်ဆုံးရှုံးခဲ့ပါလျှင် ရွာက သေနတ်ဖိုးပြန်၍ လျော်ပေးရမည်။ ဒါက ဤဒေသတွင် နအဖ စစ်တပ်မှ
လုပ်နေကြ……။ ဤအတွက် ကျနော်တို့ တတွေက ရွာဝန်းကျင်တွင် ထိပ်တိုက်မတိုးမိစေရန် ရှောင်ကြရသည်။

ကျနော်တို့အား ဦးဆောင်၍ခေါ်လာသည့်ရွာမှ ကင်းသမားလူငယ်သည် ရွာ၏ အနောက်ခြမ်းဘက်သို့ ဦးတည်၍


သွားနေသည်။ ရွာ၏ အနောက်ခြမ်းက ကရင်ပိုင်း ဖြစ်သည်။ ဝင်းယော်ချောင်းအား မေးတင်၍ ထားသည်။ နအဖ
စစ်တပ် အလွယ်တကူ ဝင်လာ၍မရ …..။ ချောင်းရိုးက ခံနေသည်။ ရွာ၏ အရှေ့ခြမ်းမှ ဝင်လာပါကလည်း
ကျနော်တို့ ကြို၍သတင်းရသည်။

PDF created with pdfFactory trial version www.pdffactory.com


လှေအဆင်သင့်ပြင်ထားပါက ကျနော်တို့ အလွယ်တကူ ဝင်းယော်ချောင်းအား ကူးပြီး ရှောင်ထွက်သွား၍ရသည်။
ပြဿနာမရှိ …..။ ယခုကဲ့သို့ လူနည်းနည်းဖြင့် ရွာသို့လာသည့်အခါများတွင် ကျနော်တို့သည် ရွာ၏ အနောက်ခြမ်း
ကရင်ပိုင်းတွင်ပင် နေကြ၏။ ရွာကလည်း ဤသို့ပင် စီစဉ်ပေးကြသည်။

ကျနော်တို့ အိမ်ဝင်းတခုထဲ ဝင်လိုက်ကြသည်။ အိမ်ပေါ်သို့ တတ်လိုက်သည်နှင့် ရွာလူကြီးအချို့နှင့်


ရွာသားတို့အား တွေ့ရ၏။ ၁၅ ယောက်၊ အယောက် ၂ဝ ခန့် ရှိမည်။ ကျနော်တို့အလာ စောင့်မျှော်နေကြသည့်
ဟန်ကို သူတို့၏ အမူအယာများက ဖော်ပြ၍ နေကြသည်။ တစုံတခုသော အကြောင်းကိစ္စက သူတို့၏
စိတ်အာရုံအား ဖိစီးထားကြောင်း သူတို့၏ မျက်နှာအမူအယာများတွင် ထင်ဟပ်၍ နေသည်။ ဤသို့
အကြောင်းကိစ္စ တခုခုရှိပါက သူတို့သည် ကျနော်တို့အား အခေါ်လွှတ်၍ တွေ့ဆုံမြဲ၊ တိုင်ပင်မြဲ၊ တခုခု
ဆုံးဖြတ်ချက်ချရန် ဆွေးနွေးမြဲ …..။

ယခုလည်း …. ရွာလူကြီးတဦးမှ စာ ၃ စောင်အား ထုတ်၍ပြသည်။ ကြာအင်းဆိပ်ကြီးအခြေစိုက် ခြေမြန်တပ်ရင်း


၃၅ မှ ပေးပို့သည့် အကြောင်းကြားစာဖြစ်သည်။ စာနှစ်စောင်က လွန်ခဲ့သည့် ၁ဝ ရက်ခန့်မှ ပေးပို့ထားသည့်
စာများဖြစ်ပြီး တစောင်မှာမူ မနေ့ကမှ နောက်ထပ်ပေးပို့လာသည့် စာဖြစ်သည်။ ပထမစာက ဘုရားသုံးဆူစခန်းရှိ
တပ်နှင့် ချိန်းရန်အတွက် လှည်းအစီး ၂ဝ အား ချောဆင့်ခေါ်သည့် စာဖြစ်သည်။

တလခန့် ကြာနိုင်သည်။ သူတို့ပစ္စည်းများအား တင်ပြီး စစ်ကြောင်းနှင့်အတူ သွားရမည်။ မြေမြုပ်မိုင်းလည်း


ထိနိုင်သည်။ ဒါမှမဟုတ် ကေအင်ယူ (ကရင်အမျိုးသားအစည်းအရုံး) ရဲ့ ပြောက်ကျားတိုက်ခိုက်မှုကိုလည်း
ခံရနိုင်သည်။ လှည်းအစီး ၂ဝ ထဲမှ …၊ လှည်းသမား ၂ဝ ဦးထဲမှ အကောင်းပကတိအတိုင်း မည်မျှသာ ရွာသို့
ပြန်ရောက်နိုင်မည်နည်း ….။

ဤလမ်းဤခရီး၏ အန္တရာယ်အား အားလုံးက သိကြသည်။ မည်သူမျှ မသွားလိုကြ ….။ ပြီးလျှင် မိမိ၏


ဝမ်းရေအတွက် လုပ်စရာများက ရှိသည်။ ကောက်နှံတို့က ရင့်မှည့်၍နေပြီ ……။ ရိတ်သိမ်းကြရမည်။ လှေ့ရမည်။
တလင်းထဲသို့ ရောက်အောင် လုပ်ရမည်။ အချိန်လွန်၍မရ …..။ ပြီးလျှင် ….. မိမိတို့မနှစ်သက်သော အုပ်စိုးသူ၏
အုပ်ချုပ်မှု အာဏာစက်အား မိမိတို့၏ အသက်သွေးချွေးနှင့် မချဲ့ထွင်ပေးစေလိုကြ …..။ ဖောက်ပြန်သည့်
အုပ်ချုပ်ရေးယန္တရားကြီးအား မိမိတို့၏ ပူးပေါင်းပါဝင်မှုနှင့် မလည်ပတ်စေလိုကြ …..။ ဘာလုပ်ကြမည်နည်း။

ပြီးခဲ့သည့်လက ဝင်းယော်ချောင်း အနောက်ဘက်ကမ်းရှိ ရွာသို့ ယခုကဲ့သို့ပင် နအဖ စစ်တပ်မှ


ချောလှည်းတောင်းသည်။ ရွာမှလှည်းများကို ဘီးတခြား ကိုယ်ထည်တခြား ဖြုတ်ပြီး လှည်းအဆင်သင့်မရှိဟု
အကြောင်းပြပြီး ချောလှည်းမပို့ခဲ့ ….။ နအဖ စစ်တပ်မှ ထိုရွာသို့ စစ်ကြောင်းနှင့်ဝင်လာပြီး ခိုင်းနွားများအား
ရွာတွင်းမှာပင် ပစ်သတ်ပြီး စစ်ကြောင်းရိက္ခာ လုပ်လိုက်သည်။ ဘာလုပ်ကြမည်နည်း။ အားလုံး
လေးလေးနက်နက် တွေးဆနေကြသည်။

ဒုတိယစာတစောင်က မိုးစပါးအတွက် အခွန်တောင်းသည့် အကြောင်းကြားစာဖြစ်သည်။ အခွန်တော်က ၃ မျိုး


စည်းကြပ်ထားသည်။ တာဝန်ကျေစပါးက ၁၂ တင်း၊ စစ်တပ်ရိက္ခာစပါးက ၁၂ တင်း၊ ဝန်ထမ်းများအတွက်
စေတနာ့စပါးက ၅ တင်း တဧကလျှင် ၂၉ တင်း အခွန်ပေးဆောင်ရမည်။ ရွာရှိ လယ်မြေဧက
သတ်မှတ်ထားခြင်းကလည်း လွန်ခဲ့သည့်နှစ် ၅ဝ ခန့်က မြေစာရင်းဦးစီးဌာန၏ စာရင်းဇယားအတိုင်း ဖြစ်သည်။

PDF created with pdfFactory trial version www.pdffactory.com


ယခု … ဤအတိုင်းမဟုတ်တော့။ အချို့လယ်မြေများက ကြက်ပေါင်းစေးခြံများ ဖြစ်၍နေပြီ။ အချို့ကလည်း
စပါးမစိုက်တော့ဘဲ ယိုးဒယားသို့ တက်၍ အလုပ်လုပ်နေကြသဖြင့် ၎င်းတို့၏ လယ်မြေများက မြေလွတ်များအဖြစ်
ရှိနေသည်မှာ ၁ဝ နှစ်ခန့်ပင် ရှိမည်ဖြစ်သည်။ သို့သော် ….. လယ်လုပ်ကိုင်သည်ဖြစ်စေ၊ စပါးစိုက်သည်ဖြစ်စေ၊
မစိုက်သည်ဖြစ်စေ ၎င်းတို့၏ လယ်မြေဧကစာရင်းအတိုင်း အခွန်ပေးဆောင်ရန် နှုန်းသတ်မှတ်ပြီး
အခွန်ကောက်ခံထားသည်။ မည်သို့လုပ်ကြမည်နည်း။

နောက်ဆုံးစာက သတိပေးထားသည့် စာဖြစ်သည်။ ၎င်းတို့သတ်မှတ်သည့်ရက်အတွင်း လှည်းအစီး ၂ဝ နှင့်


အခွန်ဆောင်ရမည့် စပါးများကို မပေးပို့ပါက ရွာအားအဓမ္မပြောင်းရွှေ့ပစ်မည်။ လယ်များ၊ ယာများ၊ ခြံများကို
စစ်တပ်မှ သိမ်းယူမည်။
မည်သို့ ဆုံးဖြတ်ကြမည်နည်း။

(၂)

ရေထသည့် ရက်ဖြစ်သဖြင့် ဝင်းယော်ချောင်းအတွင်း ရေပြည့်၍နေသည်။ လဆန်းရက် လရောင်အောက်၌


ချောင်းရေသည် ငြိမ်သက်၍မနေ ….။ ဒီရေက တရိပ်ရိပ်ဆန်လျက် ….။ မိုးမခပင်များက တိုးရေကြောင့် ယိမ်းနွဲ့၍
နေကြသည်။ လှေဦးသည် မိုးမခပင်များအကြားမှ တိုးထွက်၍ ဝင်ယော်ချောင်းအား ထိုးခွဲကာ
အနောက်ဘက်ကမ်းဆီသို့ ဦးတည်၏။ ရေမွှာတို့က … လရောင်တွင် လင်းလင်းလက်လက် …။
ကျနော်၏ အတွေးက … အမေလူထုဒေါ်အမာ ဘာသာပြန်သည့် `သက်တန့်ရောင်` စာအုပ်ဆီသို့ …။
သက်တန့်ရောင်က ဘာသာပြန်ထားသော စာအုပ်တအုပ် ဖြစ်သည်။ မူရင်းစာရေးဆရာမှာ `ဝမ်ဒါဝါစီလူးစကား`
ဖြစ်သည်။

၁၉၄၂ ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့ပြီး ၁၉၄၃ ခုနှစ်တွင် စတာလင်ဆု ချီးမြှင့်ခြင်းခံရသည့် စာအုပ်ဖြစ်သည်။


ယူကရိန်းနယ်ရှိ ရွာငယ်လေးတရွာအား နောက်ခံထား၍ ဝတ္တုအား ဇာတ်လမ်း ဖွဲ့ထားသည်။
ယူကရိန်းနယ်တခုလုံးအား ဖက်ဆစ်နာဇီဂျာမန်တို့က သိမ်းပိုက်ထားခဲ့သည်မှာ တလခန့်ရှိပြီ။ ကျေးရွာများအတွင်း
ဂျာမန်တပ်များ အခြေစိုက်ချထားပြီး ရွာအုပ်ချုပ်ရေးတွင် ဂျာမန်တို့၏ လက်ကိုင်တုတ် ပုဆိန်ရိုး
ရုရှတယောက်စီအား ကျေးရွာသူကြီးအဖြစ် ခန့်ထားကြသည်။ `ဂေါ်ပလစ်` သည်လည်း ထိုအမျိုးအစားထဲမှ
သူကြီးတယောက်ဖြစ်သည်။ သူကြီးဂေါ်ပလစ်သည် သံချောင်းခေါက်ပြီး ကျေးရွာလူထုအား ဆင့်ခေါ်လိုက်သည်။
နေရာကား ယခင်ကျေးရွာ၏ စာသင်ကျောင်းအတွင်း ….။

စာသင်ကျောင်းဟုဆိုသော်လည်း ယခုမူ အဆောက်အဦ အခွံကြီးသာ ကျန်တော့သည်။ စာသင်ခုံများအား


ဂျာမန်စစ်သားတို့က ထင်းခွဲ၍ မီးဆိုက်လိုက်ကြပြီ။ ခမ်းမအတွင်း ထိုင်ခုံတလုံးနှင့် စားပွဲတလုံးသာ
ကျန်တော့သည်။ ကုလားထိုင်ပေါ်၌ ဂျာမန်စစ်ဗိုလ်သည် ထိုင်နေပြီး သူကြီးဂေါ်ပလစ်က ဂျာမန်စစ်ဗိုလ်ဘေး
စားပွဲအနောက်၌ မတ်တပ်ရပ်လျက် စုရုံးလာကြသော ရွာသားများကို ကြည့်နေ၏။ ရွာသူရွာသားများက
ခမ်းမအတွင်း ဟိုနားတစု ဒီနားတစု …..။ ထိုင်သူ ထိုင်၊ မတ်တပ်ရပ်သူ ရပ်နှင့် ကျယ်လောင် …၊ ကျယ်လောင်
တယောက်တခွန်း စကားပြောနေကြသည်။

သူတို့အရှေ့ရှိ ရွာသူကြီးနှင့် ဂျာမန်စစ်ဗိုလ်တို့အား ဂရုမစိုက်သည့် ဟန်များဖြင့် …..။ အများစုကား


အမျိုးသမီးများဖြစ်ပြီး၊ မသန်မစွမ်းသည့် ယောက်ျားနှင့် သက်ကြီးရွယ်အို ယောက်ျားအချို့တို့သာ ပါကြ၏။
ငယ်ရွယ်သော လူငယ်လူလတ်ယောက်ျားတို့ကား ရွာတွင် မရှိတော့ ….။ မျိုးချစ်ပြောက်ကျား တပ်များနှင့်

PDF created with pdfFactory trial version www.pdffactory.com


ဆိုဗီယက်ရှပ်နီတပ်များသို့ ဝင်ရောက်၍ သွားကြလေပြီ ….။ သူကြီးသည် ချောင်းဟန့်၍ လည်ချောင်းကို
ရှင်းလိုက်၏။ စာရွက်ကို တဖက်မှကိုင်၍ ကျန်တဖက်ဖြင့် အိတ်ထဲမှ မျက်မှန်ကို ထုတ်၍တပ်၏။
ပရိတ်သတ်လည်း စကားပြောရပ်၍ ငြိမ်သက်သွားလေ၏။ သူကြီးသည် ချောင်းဟန်ပြန်၏။ ပြီးလျှင် ….
ဂျာမန်စစ်ဗိုလ် ထုတ်ထားသည့် အမိန့်စာအား ဖတ်လေ၏။

``….. ယခုအချိန်တိုင် ဤရွာမှလူများသည် အခွန်တော်ငွေအစား ဂျုံစပါးကို တောင်းခံသည့် အခွန်များကို


ပေးဆောင်ခြင်း မရှိသဖြင့် ယခုအမိန့်ထုတ်သည်မှ နောက် ၃ ရက်အတွင်းတွင် မိမိတို့ထမ်းဆောင်ရန်
ကျသင့်သည့် ဂျုံစပါးများကို အပြေအလည် ထမ်းဆောင်ရမည်။ အကယ်၍ ဂျာမန်တပ်မတော်ကြီးနှင့်
ဂျာမန်အစိုးရက ထုတ်ပြန်လိုက်သော အမိန့်ကို မလိုက်နာသူအားလည်းကောင်း၊ ငြင်းဆန်သူအားလည်းကောင်း၊
ခုခံသူအားလည်းကောင်း၊ ထိုသူအား သေဒဏ်အပြစ်ကို ပေးမည်။

ဤအမိန့်ကို အတိအကျ လိုက်နာရိုသေ လေးစားစေလိုသဖြင့် ဂျာမန်စစ်ဗိုလ်ကြီးက အောက်ပါရွာသား ၅ အား


ဓားစာခံများအဖြစ် ဖမ်းဆီးထားမည်။ အခွန်တော်ဂျုံစပါးများကို ၃ ရက်အတွင်း မပေးဆောင်ခဲ့သော်
ယခုဖမ်းဆီးထားသည့် ဓားစားခံ ၅ ယောက်အား ကြိုးစင်တင်၍ သတ်ပစ်မည် …..``
အစည်းအဝေးက ပြီးဆုံး၍ သွားလေပြီ …..။ ဓားစားခံအဖြစ် အဖမ်းခံထားရသည့်အထဲမှ အမျိုးသမီးတဦးသည်
ရွာသားများဘက်သို့ လှည့်၍ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
``တောင့်သာခံကြဟေ့၊ တို့အတွက် ကိစ္စ မရှိဘူး။ လျှော့မပေးကြနဲ့ တောင့်ထား …။”

ကျနော်၏ အတွေးများက … ယူကရိန်းနယ်ရှိ ရွာငယ်လေးနှင့် ဝင်းယော်ချောင်းနဘေးရှိ ရွာငယ်လေးဆီသို့


လူးလာခတ်၍နေသည်။

ကျနော်တို့အား တင်ဆောင်လာသည့် လှေငယ်လေးက တရွေ့ရွေ့နှင့် ဝင်းယော်ချောင်းအား ကူးဖြတ်၍


လှော်ခတ်နေဆဲ ……။

---------------------

PDF created with pdfFactory trial version www.pdffactory.com

You might also like