You are on page 1of 2

 

 
 
 
 
 
 

ဓါတ် ပုံေ ပ်ါလ က် မှ တ်ေ ရးထိုး ပြီး မေတ္တာ ရပ် ခံ ပ န်ြ ကားခြင်း နှ င့် အိ တ် ဖွ င့်ေ ပးစာပေးပို့ြ ခင်း လှု ပ် ရှားမှု
၂၀၁၀ ခုနှစ် သြဂုတ်လ ၈ ရက်မှ စက်တင်ဘာလ ၂၇ ရက်အထိ

ယခုလှုပ်ရှားမှုသည် မြန်မာတပြည်လုံးရှိ သိန်းပေါင်းများစွာသော ပြည်သူများခံစားနေရသည့် ကမောက်ကမ စီးပွားရေး စီမံခန့်ခွဲမှု


ပြဿနာများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဆုံးသတ်စေရန် တောင်းဆိုသော ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်များကို အမှတ်ရ
ဂုဏ်ပြုခြင်း အနေဖြင်လ
့ ည်းကောင်း၊ လက်ရှိ နအဖစစ်အုပ်စု လက်ထက်တွင် ပိုမိုဆိုးရွားလာသော ချိုးဖောက်မှုများ ဖြစ်ပေါ်နေခြင်းများကို
မီးမောင်းထိုးပြနိုင်ရန်လည်းကောင်း ရည်ရွယ်သည်။ လှုပ်ရှားမှုကို မြန်မာနိုင်ငံ၏ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်နေ့တွင်
စတင်မည်ဖြစ်သည်။ ယခုနှစ်ထဲတွင် ကျင်းပမည်ဟု စစ်အစိုးရမှ ကျေညာထားသော ရွေးကောက်ပွဲသည်လည်း ၄င်းတို့မှ တိုင်းရင်းသား
ပြည်သူအားလုံးအပေါ် ကျူးလွန်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများအား အဆုံးသတ်စေနိုင်မည် မဟုတ်ပေ။ ထို့ထက်ပိုမိုဆိုးရွား
လာနိုငသ
် ည်မှာ ယခုကဲ့သို့သော ချိုးဖောက်မှုများကို ရပ်တန့်နိုင်မှာ မဟုတ်သည့်အပြင် ၂၀၁၀ ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ
အခြေခံဥပဒေအား အသက်သွင်းပေးမည်ဖြစ်ပြီး နအဖစစ်အုပ်စုအတွက် အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ကိုလည်း ခိုင်မာစေမည်
ဖြစ်သည့်အပြင် အကျူးလွန်ခံရသူများအတွက်လည်း မည်သည့်ဥပဒေကြောင်းဆိုင်ရာ ကာကွယ်ဖြေရှင်းပေးနိုင်ခြင်းမျိုး ရရှိလာမည်မဟုတ်ပဲ
စစ်အုပ်စက
ိုသာ လူ့အခွင့်အရေး ချိုးဖောက်မှုများအား စိတ်တိုင်းကျ ဆက်လက်ကျူးလွန်နိုင်ရန် ခွင့်ပြုရာရောက်ခြင်းသာ ဖြစ်သည်။

တို က် တွ န်း တောင်း ဆို ချက် များ

- အပြည်ပြည်ဆိုင်ရာ အစိုးရများအား မြန်မာနိုင်ငံ ရွေးကောက်ပွဲကို ရှုံ့ချကန့်ကွက်ရန်နှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော လူ့အခွင့်


အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးနိုင်စေရန် စုံစမ်းစစ်ဆေးရေးကော်မရှငတ
် စ်ရပ်ဖွဲ့ရေးအတွက် ထောက်ခံအားပေးရန် တိုက်တွန်း
လှုံ့ဆော်ခြင်း
- ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားလူမျိုးစုများနှင့် စစ်အစိုးရ အစရှိသော အဓိကအင်အားစုများပါဝင်သည့် ကျယ်ပြန့်သော
တွေ့ဆုံဆွေးနွေးရေးအတွက် ဦးဆောင်စေရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအား တိုက်တွန်းလှုံ့ဆော်ခြင်း စုံစမ်း
စစ်ဆေးရေးကော်မရှငတ
် စ်ရပ် ဖွဲ့စည်းစေရန် ကုလသမဂ္ဂကို တိုက်တွန်းသွားမည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို
လက်မခံနိုင်ကြောင်းနှင့် တရားမ၀င်ကြောင်း ကြေငြာပေးစေရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုလည်း တိုက်တွန်းလှုံ့ဆော်ခြင်း စသည်တို့
ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွင်း၌ ဖြစ်ပွားနေသော နည်းမျိုးစုံချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန်အတွက် ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရန်နှင့်


ယခုနှစ်တွင်ကျင်းပမည့် နအဖစစ်အုပ်စု၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ရန်အတွက် တောင်းဆိုလုပ်ဆောင်နေသော နိုင်ငံတကာ
လှုပ်ရှားမှုများအား ထောက်ခံအားပေးသည့် အနေဖြင့် အောက်ဖော်ပြပါ လှုပ်ရှားမှုကို လုပ်ဆောင်မည်ဖြစ်သည်။
 

ဓါတ် ပုံေ ပ်ါလ က် မှ တ်ေ ရးထိုး ပြီး မေတ္တာ ရပ် ခံ ပ န်ြ ကားခြင်း


လို အ ပ်ေ သာ ပစ္စ ည်း များ
လူတစ်ဦးချင်းအနေဖြင့် ကျွန်ုပ်တို့ဖော်ပြထားသော လူ့အခွင့်အရေး
-လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်
ချိုးဖောက်မှု စာရင်းများထဲမှ ချိုးဖောက်မှုတစ်ခုအား ပိုစတာပေါ်တွင် ရေးသားပြီး ချိုးဖောက်ခံရသူများစာရင်း
လက်တွင်ကိုင်ထားကာ ဓါတ်ပုံရိုက်ခြင်းဖြင့်လည်း ယခုလှုပ်ရှားမှုတွင် ပါဝင်လုပ် -ပိုစတာအလွတ် ဒီဇိုင်း
ဆောင်နိုင်ပါသည်။ တစ်ဦးချင်းအနေဖြင့် အင်တာနက်မှတဆင့် မိမိတို့၏ -သတင်းအချက်အလက် လက်ကမ်းစာစောင်
-အစိုးရများသို့ပေးမည့် စာများအတွက် မူကြမ်းပုံစံ
သက်ဆိုင်ရာဓါတ်ပုံများကို Burma Partnership ၏ အင်တာနက် စာမျက်နှာဖြစ်တဲ့
-လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့်ပတ်သက်သည့်
info@burmapartnership.org ကိုပေးပို့ခြင်ဖြင့်လည်းကောင်း၊ ထိုဓါတ်ပုံများကို စုဆောင်းထားသောဓါတ်ပုံများ
ကိုယ်ပိုင်အင်တာနက် စာမျက်နှာများ၊ facebook အစရှိသဖြင့် အချင်းချင်း
ဆက်သွယ်သော ကွန်ယက်များတွင် ဖော်ပြအသုံပြုခြင်းဖြင့လ
် ည်ကောင်း လှုပ်ရှားမှု
တွင် ပါဝင်လုပ်ဆောင်နိုင်ပါသည်။

တစ်ဦးချင်းဆီမှပေးပို့ထားသော ဓါတ်ပုံများကို စုဆောင်းပြီး ဆလိုက်ရှိုးအဖြစ် စုပေါင်းကာ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်


အထိမ်းအမှတ်အဖြစ်ပြုလုပ်မည့် အခမ်းအနားများသို့ ပေးပို့မည်ဖြစ်သည်။ ထို့နောက် ၄င်းဓါတ်ပုံများကို ကုလသမဂ္ဂ အထွေထွေ
အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ ရွှေဝါရောင်တော်လှန်ရေး (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သော စက်တင်ဘာလ ၂၇ ရက်နေတွင်
ပေးပို့မည် ဖြစ်သည်။

အ စိုး ရများထံ သို့  စာများပေးပို့ြ ခင်း နမူ နာပို စ ကာ

မအုံး၊ အသက် ၄၀ နှစ်

တစ်ဦးချင်းအနေဖြင့် မိမေ
ိ နထိုင်ရာနိုင်ငအ
ံ လိုက် သက်ဆိုင်ရာအစိုးရများထံ ရှမ်းပြည်နယ် မြို့နယ်တစ်ခုတွင်
စာပေးပို့ပြီး မြန်မာနိုင်ငံအတွင်းဖြစ်ပွါးနေသည့် ပြင်းထန်ဆိုးဝါးသော ချိုးဖောက်မှု
စစ်သားများမှ အုပ်စုလိုက် အဓမ္မကျင့်ခံရမှု
များကို စစ်ဆေးဖော်ထုတ်စေရန်အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်
တစ်ရပ်ဖွဲ့စည်းရေးကို ထောက်ခံစေရန်၊ နအဖစစ်အုပ်စုမှ အားလုံးပါဝင်နိုင်သော မတရားမှုများချုပ်ငြိမ်းဖို့
ကျယ်ပြန့်သည့် တွေ့ဆုံဆွေးနွေးရေးအား အကောင်အထည် မဖော်လျှင်
ရွေးကောက်ပွဲကို ဆန့်ကျင်စို့
ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက် ရှုံ့ချရန်နှင့် ရွေးကောက်ပွဲရလာဒ်များ
ကိုလည်း အသိအမှတ်မပြုရန် စသည်များကို သက်ဆိုင်ရာအစိုးရများသို့
ရေးသားပေးပို့ရန် ဖြစ်သည်။

  2  

You might also like