You are on page 1of 22

FIGHT FOR NEW GENERATION

ပြည်သူတွေရဲ့အကျိုးကို တကယ်ကာကွယ်မယ့်သူတွေဟာ ပြည်သူတွေပဲ။


သည့်ပြင် လူတွေဆိုတာ ဒီလောက် မဖြစ်နိုင်ဘူး။”

8888peoplepower vol 7-no 6 February 2011 [1]


FIGHT FOR NEW GENERATION

၈၈၈၈သတင်းစဉ်၏ ဆန္ဒမွန်
အမျိုးသားရေးအမှန်တကယ်လှုပ်ရှားနေကြသော ပြည်တွင်းနိုင်ရေးသမားတို ၏ အကြီးမားဆုံး
ကျော်ဖြတ်ရမည့်ကာလတခု့ သို့ ရောက်နေပြီဖြစ်သည်။ စစ်တပ်အစိုးရသစ်ပေါ်ထွက်လာချိန်တငွ်
ဌင်းအစိုးရ သစ်က အမျိုးသား ညီညွှတ်ရေးနှင့် တိုင်းပြည်ငြိမ်းချမ်းရေးအား မူဝါဒအသစ်များဖြင့်လုပ် ဆောင်လိမ့်
မည့်ဟုမျှော်လင့်နေရန်မလိုပါ။ တတိုင်းပြည်လုံးအား စစ်တပ်စိတ်တိုင်းကျလုပ်နေသည်ကို သိပါလျှက်နှင့်
အမျိုးသားရေး တိုက်ပွဲဝင်နေသူတို့  ခေါင်းငုံ့ ကာ လက်အုပ်ချီထား နေကြသည်ကို နားမလည်နိုင်ဖြစ်ရသည်။

မြန်မာပြည်သည် ခေတ်သစ်သို့ ရောက်နေခြင်းမဟုတ်ပါ၊ ခေတ်ပျက်ရောက်ရန် အစပျိုးနေသည့်အချိန်ဖြစ်


သည်၊NLDအနေနှင့် ရန်ရှောင်ရေးအတွက် လူမှုရေးသာလုပ်ပါစေ -ပါတီတခုလုံး သာသနာဘောင်
သို ဝ
့ င်လိုက်ပါစေ စစ်တပ်က ချမ်းသာခွင့် ပေးမည်မဟုတ်သည်ကို နားလည်သင့်ပါပြီ။

မြန်မာပြည်သူတို့ ၏ သူရဲကောင်းမျှော်တတ်သော၊ ခေါင်းဆောင်အားဘုရားကဲ့သို့  ကိုးကွယ် လွန်းသော စိတ်


ဓါတ်များ မှရုန်းမထွက်နိုင်ကြသဖြင့် မိမိလေးစားသောခေါင်းဆောင်၏ ငြိမ်းချမ်းရေးလမ်းသစ်
ကွန် ရက် နောက်သို လ့ိုက်ကြရင်းနှင့် အချိန်ကုန်နေကြတော့မည်။

နိုင်ငံ တည်ဆောက်ရေး နှင့် လူမှုရေးလုပ်ငန်းတို့ က အာဏာရှင်အဆုံးသတ်ပြီးကာမှ ပြည်သူ့ အင်အားနိုင်ငံ


တကာအကူညီဖြင့် လွတ်လပ်စွာလုပ်နိုငပ်ါသည်။ အချိန်တိုအတွင်း ခေတ်မှီသောနည်းပညာစနစ်များ
တတ်ဆင်၍ လူငယ်-လူကြီးတို့ နှင့် လွတ်လပ်စွာ ကွန်ရက်ထောင်နိုင်သည်။ ယခုတော့ စစ်တပ်ကတလမ်း-
အတိုက်အခံက တနည်း မျဉ်းပြိုင်သဖွယ် သွားနေကြသည်။ ပြည်သူအားဖိနှိပ်လွန်းသည့်စစ်တပ် အုပ်ချုပ်နေ
သောနိင်ုငံတွင် အခြခံလူတမ်းစားတိုင်းတွင် ပြောင်းလဲလိုသည့် စိတ်ဓါတ်များကိန်းအောင်းနေလေရာ
ဦးဆောင်သူတို့ က စထွက်ရမည့် အမျိုးသားရေးတိုက်ပွဲတွင် ခေါင်းဆောင်တို့ တွေဝေနေရမည့်အချိန် မဟုတ်
တော့ပေ။

ပြည်သူကိုလမ်းမပေါ်သို့ မခေါ်ဘဲ ပြီးနိုင်သည့် နိုင်ငံရေးနည်းလမ်းသည် ကျပ်မပြည့်သော စစ်ဗိုလ်ဗိုလ်ချုပ်တို့ ၏


နိုင်ငံတွင် အောင်မြင်လိမ့်မည်မဟုတ်ပါ ။လူမိုက် ဗိုလ်ချုပ်တို့ အား ငြိမ်းချမ်းရေးတရားဟော၍ အမြင်မှန်ရ
အောင်လဲ လုပ်နိုင်မည်မဟုတ်သဖြင့် ပြည်တွင်းမှ နိုင်ငံရေးတက်ကြွသူ မျိုးဆက်သစ်များ က နှစ်လမ်းသွား
မျဉ်းပြိုင်ဖြစ်နေသည် နိုင်ငံရေးအခြေအနေအား ရဲဝင့်စွာကျော်ဖြတ်ကြရန်ရှိတော့သည်။။

8888peoplepower vol 7-no 6 February 2011 [2]


FIGHT FOR NEW GENERATION

ပြည်သူ့ သတင်းစဉ် ၂၀၁၁ခုနှစ၊် ဖေဖေါ်ဝါရီလ အတွဲ (၇)-အမှတ(် ၆)

သူရဲကောင်းတွေ ထွန်းသည့်မြေ

"စစ်အာဏာရှင်တွေ
မနုတ်ထွက်ရင်...
နေပြည်တော်..
ကဗျာ
တို့ ဇာနည်
မီးဟုန်းဟုန်း
(စာမျက်နှာ-၈) တောက်စေရမည်၊"
ရေဆန် ခေတ်သမိုင်း
(စာမျက်နှာ-၉) အဆက်ဆက်
တွင် ရဲ ၀ံ့စွာ
မခြိမ်းခြောက်နဲ့  တော်လှန်ခဲ့ကြ
(စာမျက်နှာ-၄)
ပြည်တွင်းစစ်ပြီးဆုံးရေး ငြိမ်းချမ်းရေးအဖွဲ့  သည့်သူရဲကောင်း
အပေါင်းအား
သိန်းစိန်ထွက်ပြေး
(စာမျက်နှာ-၅) ဖွဲ့ စည်းမည် (ရန်ကုန)် ဦးညွှတ် ဂုဏ်ပြု
ပါသည်။
ပင်နိုရားမားဗုံး မြန်မာနိုင်ငံတွင်းဖြစ်ပွားနေသော နိုင်ငံရေးပြသနာများနှင့် နယ်စပ်
(စာမျက်နှာ-၆) ဒေသမျာမှားဖြစ်ပွားနေသော စစ်ပွဲများအမြန်ဆုံးပြီးဆုံးနိုင်ရေး အတွက်
ဘူတာကြီးမပြောင်း စာရေးဆရာကြီး ဒဂုန်တာရာဦးဆောင်ကာ ငြိမ်းချမ်းရေးလှုပ်ရှားမှုအဖွဲ့ 
(စာမျက်နှာ-၇) တခုအား ဖွဲ့ စည်းမည်ဖြစ်ကြောင်းသိရသည်။

ပြည်တွင်းမှ ကျောင်းသားလူငယ်များ အနုပညာ၇ှင်များ ပါဝင်မည်ဖြစ်ပြီး


ဆောင်းပါး ပြည်တွင်းစစ်ပြီးဆုံးရေးအတွက် အဓိကဦးဆောင်လှုပ်ရှားကြမည်ဖြစ်
အဆုံးသတ်ပွဲ သည်။ ပြည်တွင်းမှ နိုင်ငံရေးလှုပ်၇ှားနေသည့် ကျောင်းသားတဦးပြောတာ
(စာမျက်နှာ-၁၃) ကတော့ လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  သွားနေတဲ့လမ်း
ကြောင်း ကို လူငယ်တွေက အားမလိုအားမရဖြစ်လာပြီး တကယ်တမ်း
သူရဲကောင်း
တက်ကြွတဲ့ကျောင်းသားလူငယ်တွေကို စစ်အာဏာရှင်ဆန့်  ကျင်ရေး
ထက် လူမှုရေးဘက်ကိုသာ ကျုံးသွင်းနေတာကြောင့် တချို့ လူငယ်တွေ
ရှင်အရဟံ
က အုပ်စုလိုက်ဖေါက်ထွက်၍ တိုက်ပွဲဝင်လမ်းကြောင်းများကို ပူးပေါင်း
(စာမျက်နှာ-၁၇)
လုပ်ဆောင်ရန် ရွှေဝါရောင်တော်လှန်ရေး တွင် ပါဝင်ခဲ့သည့် လူငယ် ၁၆
ဦးခန့် နှင့် မျိုးဆက် သစ် လူငယ် ၂၀ ဦးခန့် သည် ရန်ကုန် မြို့ တွင် တွေ့ 
ဆေးပညာပေး
ဆုံပြီး စစ်အစိုးရ အား အမြန် ဆုံးဖယ်ရှား နိုင်ရန် အတွက် လူထု တိုက် ပွဲ
မအိုသေးတဲ့သူ ပုံဖော်ခြင်း လမ်း ကြောင်းများ ကိုဆွေးနွေး ခဲ့ကြောင်းလည်း သတင်း
(စာမျက်နှာ-၂၀) ရရှိသည်။ယခုရက်ပိုင်းအတွင် ရန်ကုန်နဲ့ တခြားမြို့ တွေမှာ စစ်တပ်အစိုးရ
သစ် ကိုလက်မခံတဲ့  လက်ကမ်းစာများ လူငယ်တွေအကြားဖြန့် ဝေနေပြီး
လေထန်ကုန်း နိုင်ငံရေးလှုပ်ရှားမူများ ဆက်လက်မြင့်တင်ရေးအတွက် ကြိုးစားလုပ်
ဘာနိုင်ငံ ဆောင် နေကြပြီဖြစ်ကြောင်းသတင်း၇ရှိသည်။။

ဗမာတွေ မလွတ်မြောက်သေးတာကို လက်ဖြန့် တောင်းမနေနဲ့ တိုက်မှရမယ်။


8888peoplepower vol 7-no 6 February 2011 [3]
FIGHT FOR NEW GENERATION

ဒေါ်စုကို ခြိမ်းခြောက်မှု အမေရိကန် ဝေဖန် VOA


မြန်မာအစိုးရပိုင် သတင်းစာတွေကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက် ရေးသားလာတာကြောင့်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် အင်မတန် စိုးရိမ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက
တုံ့ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်ပြီး အစိုးရသစ်တရပ် ပေါ်ထွက်လာတော့မယ့် အခင်းအကျင်းသစ်
ပေါ်လာပြီ ဆိုကြပေမဲ့ တကယ်တော့ ဘာမှ ပြောင်းလဲတဲ့ လက္ခဏာ မတွေ့ရဘူးလို့လည်း အပြစ်တင်ပါတယ်

ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီး ကတည်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား


ဒီမိုကရေစီ အဖွဲ့ချုပ်ကို နာမည်တပ်ပြီး ဝေဖန်တိုက်ခိုက်တာ ဒါ ပထမဆုံးလို့ ပြောရမှာပါ။ မြန်မာနိုင်ငံအပေါ်
ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်ကို ဝေဖန်လိုက်ပြီး
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ဟာ ဒီအတိုင်းဆိုရင် သမိုင်းရဲ့ ဂိတ်ဆုံးကို ဦးတည်သွားဖွယ်
ရှိတယ်ဆိုပြီး ပြီးခဲ့တဲ့ စနေနေ့တုန်းက မြန်မာအစိုးရပိုင် သတင်းစာတွေမှာ သတိပေး ရေးသားထားပါတယ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးအန္တရာယ်အတွက် စိုးရိမ်ကြောင်းနဲ့ သူမ လုံခြုံရေးအတွက် မြန်မာအာဏာပိုင်တွေမှာ


အဓိက တာဝန်ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ သဘောထားကို နိုင်ငံခြားရေးဌာန အရာရှိ တဦးက ဗွီအိုအေ
မြန်မာပိုင်းကို အခုလို ပြောပါတယ် “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးအန္တရာယ်နဲ့ လုံခြုံရေးအတွက် အဓိကအားဖြင့်
စိုးရိမ်ပူပန်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာနိုင်ငံသား အားလုံးရဲ့ လုံခြုံရေးအတွက် မြန်မာ
အာဏာပိုင်တွေမှာ တာဝန်ဝတ္တရား ရှိပါတယ်။ မြန်မာပြည်သူတွေအတွက် ၂၂ နှစ်ကြာ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေတဲ့
အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တရားဝင်မှုကို အသိအမှတ်ပြုဖို့ မြန်မာအာဏာပိုင်တွေကို ဆက်လက်ပြီး
တိုက်တွန်းပါတယ်

“နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပေးဖို့၊ ဒီကတဆင့် အမျိုးသား


ပြန်လည်သင့်မြတ်ရေးအတွက် ပထမဆုံးအဆင့် အနေနဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့
စစ်မှန်တဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ စတင်ဖို့ ထပ်မံ တိုက်တွန်းပါတယ်။”

”အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လေက သူ့ရဲ့ Twitter အကောင့်ကနေ အခုလို


ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက် ရေးသားလာတာနဲ့ ပတ်သက်လို့ မနေ့က မှတ်ချက်ရေးခဲ့ပါတယ်။
မြန်မာအစိုးရဟာ ခေတ်သစ်ကို ရောက်ပြီလို့ ကြွေးကြော်နေပေမဲ့လည်း အရင်ပုံစံ၊ အရင်လုပ်ပုံ လုပ်နည်းတွေနဲ့
ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက်လာပါတယ်။ ဒါကြောင့် အခု အသစ်ပါလို့ ပြောနေတာဟာ ဘာမှ ထူးထူးခြားခြား
ပြောင်းလဲသစ်လွင်မှု မရှိပါဘူးလို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မစ္စတာ
ခရော်လေက မှတ်ချက်ရေးခဲ့ပါတယ် အစိုးရ သတင်းစာမှာတော့
ဒေါ်အောင်ဆန်းစုကြည်ဘက်က ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ
ပျက်သုဉ်းရေးနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု အပါအ၀င်
ပိတ်ဆို့မှုများ ချမှတ်ရေး ကိုင်စွဲထားတာတွေကို စွန့်လွှတ်မယ်ဆိုရင်
စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ ကြေညာခဲ့တဲ့အကြောင်း
ပြန်လည် ဖော်ပြပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပိတ်ဆို့မှုတွေကို စိတ်အားထက်သန်စွာ
တောင်းဆိုမှုတွေ လုပ်ခဲ့တယ်လို့ ဝေဖန်
အပြစ်တင်ထားပါတယ် မြန်မာအစိုးရပိုင် သတင်းစာ ဆောင်းပါးတွေဟာ
ရေးသူတဦးချင်းရဲ့ အမြင် ဆောင်းပါးတွေလို့ ဆိုပေမဲ့ အစိုးရရဲ့ မူဝါဒ၊
အစိုးရရဲ့ အာဘော်တွေကို ထင်ဟပ်လေ့ ရှိပါတယ်

8888peoplepower vol 7-no 6 February 2011 [4]


FIGHT FOR NEW GENERATION

မြန်မာသံရုံးသို့လာရောက်မည့်အစီအစဉ်ကို
ဗိုလ်သိန်းစိန်ဖျက်သိမ်း

မောင်ရှင် |
မဲခေါင်မြစ်ဝှမ်းအစည်းအဝေးအတွက် ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့်
နအဖစစ်အုပ်စု၏ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်ကြီးသိန်းစိန်သည်
အမေရိကန်နိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် အတိုင်း
ဖိနပ်နှင့်အပေါက်ခံရမည်ဟု စိုးရိမ်သဖြင့် တိုကျိုမြို့၊ ရှီနာ ဂါဝါရပ်ကွက်ရှိ
မြန်မာသံရုံးသို့ လာရောက်မည့်အစီအစဉ်ကို ရုတ်တရက်
ဖျက်သိမ်းလိုက်ကြောင်းသိရသည်။

နိုဝင်ဘာ(၇)ရက်(စနေနေ့) ညနေ ၅း၃၀အချိန်တွင် မြန်မာသံရုံး


သို့လာရောက်၍ သံအမတ်ကြီးဦးလှမြင့်နှင့်တကွ သံရုံးသူ/သားများမှ
ဗိုလ်သိန်းစိန်ကို ဂါရ၀ပြုဖို့စီစဉ်ထားကြောင်း မြန်မာ့ဒီမိုကရေစီသမားများမှသိရှိသဖြင့် သံရုံးရှေ့တွင် နေလယ် ၃
နာရီမှစပြီး `လူသတ်စစ်အုပ်စုကိုယ်စားလှယ် သိန်းစိန်အလိုမရှိ`၊ ’Get out Thein Sein’
အစရှိသည့်ဆိုင်းပုဒ်များကိုင်ဆောင်၍ ကြွေးကြော်ဆန္ဒပြဖို့ပြင်ဆင် ထားကြသည်။နံနက်ပိုင်းတွင်လည်း
ဗိုလ်သိန်းစိန်တည်းခိုသည့် ‘New Otani Hotel’ရှေ့တွင် မြန်မာ့ဒီမိုသမားများမှ နံနက် ၉း၀၀ နာရီကတည်းက
ပြင်းပြင်းထန်ထန်ဆန္ဒပြဖို့ စောင့်ဆိုင်းခဲ့ကြသော်လည်း ဟော်တယ်၏ရှေ့ပေါက်မှ မထွက်ပဲ တခြားနေရာမှထွက်ခွာ၍
ဂျပန်ဝန်ကြီးချုပ် ဟာတိုယာမနှင့် သီးသန့်တွေ့ဆုံမည့် ဂျပန်လွှတ်တော် အဆောက်အဦသို့ တိတ်တဆိတ်ထွက်ခွာ
သွားခဲ့သည်။

“ကျနော်တို့ လူသတ်ကောင်သိန်းစိန်ကို ဂျပန်ကိုစရောက် ကတည်းက ပြင်းပြင်းထန်ထန်ဆန္ဒပြဖို့ ပြင်ဆင်ထား


ကြပါတယ်။ ဘယ်လိုပုံစံနဲ့ပဲဆန္ဒပြပြ အားလုံးဟာ မြန်မာ့ဒီမိုကရေစီအရေးကိုလိုလားလို့ မိမိဆန္ဒကို ထုတ်ဖော်ပြ
သကြတယ်လို့ပဲ ကျနော်တို့သဘောထားပါတယ်။

အလွမ်းများနဲ.ဧရာဝတီ ဇတ်လမ်းခွေ မဲဆောက်တွင်လူကြိုက်များ။

ဂျပန်နိုင်ငံရောက် ဒီမိုကရေစီအင်အားစုများရဲ့  ကြိုးစားတင်


ဆက်ရိုက် ကူးထားသည့် ဧရာဝတီတိုင်းမှာ နာဂစ်မှုန်တိုင်း ဒဏ် ခံ
လိုက်ရတဲ့ ပြည်သူတွေရဲ့ ဘ၀- ထိုဒေသမှာရှိတဲ့  စစ်တပ်နဲ့ 
ကြံ့ဖွတ် အဖွဲ့ ဝင်တွေရဲ့  ရိုင်းကားတဲ့ ဖိနှိပ်အကြောင်းကို ပုံဖေါ်
ရိုက် ကူး ပြီး စီဒီတခွေစာထုတ်ထားပါတယ်။

အဆိုပါဇတ်လမ်းကို မဲဆောက် မြန်မာနိုင်ငံသား


တွေ အကြားကြည်ရူ့ သူများလာနေပြီး လမ်း ဘေးလက်
ဖက်ရည်ဆိုင်များမှာပင် ပြသနေကြောင်း ၊ပြီးခဲ့သည် လပိုင်း
ကလည်း မြန်မာအတိုက်အခံဘုန်းတော်ကြီးတပါးရဲ့  သီတင်းသုံး
နေသည်နေရာမှာ နိုင်ငံခြားသားများကို ပြသခဲ့ပါ သေးတယ်။

http:www.burmacampaignjapan.org
8888peoplepower vol 7-no 6 February 2011 [5]
FIGHT FOR NEW GENERATION
ပင်နိုရားမားဗုံးခွဲမှုထောင်ဒဏ်တွေ ပေးလိုက်ပြန်ပြီ
ခင်နှင်းထက် | ဖောက်ခွဲမှု တွေနဲ့ ဖမ်းထားတဲ့ ကိုအေးမင်းနိုင် တို့ ၇
ဦးအဖွဲ့ကို အရှေ့ပိုင်းခရိုင် တရားရုံး က ထောင်ဒဏ်စီရင်ချက် တွေ
ဒီနေ့ ထပ်မံချမှတ် လိုက်ပါတယ်။

ကိုအေးမင်းနိုင်နဲ့ သူ့ဇနီး မစမ်းစမ်းမော် အပါအဝင် ၆ ဦးကို


ဖောက်ခွဲပုဒ်မ ၄-ကနဲ့ ထောင်ဒဏ်၇ နှစ်စီ၊ ကိုကျော်စွာလင်းကို
ဖောက်ခွဲပုဒ်မ ၃နဲ့ ထောင်ဒဏ် ၁ဝနှစ် ချမှတ် လိုက်တာလို့
အမှုလိုက်ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။သူတို့ ၇ ဦးကို ၂ဝဝ၅
ခုနှစ်က ဖြစ်ခဲ့တဲ့ ရွှေမန်းသူ ကားဝင်းအတွင်း ဗုံးပေါက် ကွဲမှုနဲ့
တရားစွဲခဲ့တာပါ၊ အကျိုးဆောင်ရှေ့နေ ဦးကျော်ဟိုးကတော့
ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်တယ် ဆိုတဲ့ သက်သေ အထောက်အထား မပြနိုင်ဘဲ သူတို့ကို ထောင်ဒဏ် အပြစ်ပေး
လိုက်တာလို့ အခုလို ပြောပါတယ်။

“ဘာမှလည်း မရှိဘူး။ ဘာသက်သေခံ ပစ္စည်းမှလည်း မတင်ပြဘူး။ ဘာမှ သက်သေခံပစ္စည်းလည်း မရှိဘူးဗျာ၊


မျက်မြင်သက်သေလည်း မရှိဘူး၊ နောက် ပါဝင် ပတ်သက်တယ်ဆိုတဲ့ ဘာအထောက်အထားမှလည်း မရှိဘူး၊
ခိုင်လုံမှု မရှိတာ မဟုတ်ဘူး၊ ရှိကို မရှိတာ၊ သူတို့ကို ဘာနဲ့ အပြစ်ပေးလိုက်လဲဆိုတော့ ရဲတွေရဲ့ စစ်ဆေးချက်ပေါ့ဗျာ၊
ရဲတွေရဲ့စစ်ကြောမေးမြန်းချက် ဆိုပြီးတော့ ရဲရှေ့ အစစ်ခံချက် သက်သေခံမဝင်တဲ့ တဆင့်ကြားတွေပေါ့။ အဲဒါတွေနဲ့
သုံးသပ်ပြီးတော့ အပြစ်ပေး လိုက်တာပေါ့၊ ကျနော်တို့ဘက်ကတော့ ဒီ ချတဲ့အမိန့်ကိုတော့ မကျေနပ်ဘူးပေါ့ လေ၊
ဘာဖြစ်လို့လဲဆိုတော့ ဒါက ကျနော်တို့ ဥပဒေအရ ပြောရင် ဘာ အထောက် အထားမှ မရှိဘဲ ချတာ၊ ဒါက
အကြီးအကျယ် မှားယွင်းတာပေါ့၊”

ကိုအေးမင်းနိုင်တို့အတွက် ဥပဒေကြောင်းအရ အယူခံ ဆက်တက်သွားမယ်လို့လည်း သူက ပြောပါတယ်။


ဒီကနေ့ ထောင်ဒဏ်ချမှတ်ခံရသူတွေကတော့ ကိုအေးမင်းနိုင်နဲ့သူ့ဇနီး မစမ်းစမ်းမော်၊ ကိုကျော်ဇင်ဦး၊ ကို
ကျော်စွာလင်း၊ ကိုဇော်လွင်၊ ကိုထက်ကိုလွင်နဲ့ ဒေါ်ခင်ရည်တို့ ဖြစ်ပါတယ်။သူတို့ ၇ ဦးကို ၂ဝဝ၈ ခုနှစ်အတွင်းမှာ
ဖမ်းဆီးခဲ့ပြီး ဖောက်ခွဲမှု။ တရားမဝင် အသင်းနဲ့ဆက်သွယ်မှု။ လက်နက်မှု စတဲ့ပုဒ်မတွေနဲ့ ထောင်ဒဏ် အနှစ် ၂ဝ
ကနေ ၃၈ နှစ်အထိ ချမှတ်ခဲ့ပါတယ်။အဲဒီနောက် ၂ဝဝ၄ နဲ့ ၂ဝဝ၅ ခုနှစ်တွေ အတွင်းက ဖြစ်ပွားခဲ့တဲ့ ရန်ကုန်
ပန်းဆိုးတန်းလမ်းက ပန်နိုရားမားဟိုတယ် ပေါက်ကွဲမှုနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဇော်ဂျီဟောက်စ်
စားသောက်ဆိုင် ပေါက်ကွဲမှုတွေနဲ့လည်း ထောင်ဒဏ်အနှစ် ၂ဝ စီ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

အတိက
ုအခံအမတ်တဦး လေထီးခုန်ချ .
၁၉၉၀ရွှေးကောက်ပွဲမှာ အရွေးခဲရ့  သူ အသက်အငယ်ဆုံးအမတ်တရောက်ဟာ
ယခုလဆန်းပိငုး ကဘဲ နိုင်ငတံ ခုကိုသွားပြီး
နိုင်ငံရေးခိလ
ှုံခွင့်တောင်းလိုက်ပြီဖြစ်ကြောင်းသိရသည်။ အတိုက်အခံနငိုငံရေး
ခေတ်ပျက်ကာလရောက်ပြီဆိုတာကြိုသိနေတဲ့ သူဖြစ်လို့  ဟန်မဆောင်နိုင် တော့ဘဲ
ပြေးသွားခဲ့တာပါ။ သူနဲ့ အကြံတူတဲ့ နောက်တဦးကတော့ ဗကသ နိင်ုငံစားရေးအဖွဲ့ က
အဖွဲ့  ၀င်အမျိုးသမီးခင်ဗျ။ နိင်ုငံခြားအစည်းဝေး တခုသွားရင်း
ခုန်ချမယ်ဆိုတာကြိုတင်ပြင်ထားတာကို သတင်းပေါက်သွားတာမို့  သူ့ ကို
တာဝန်ယူမယ့် နိင်ုငံခြားက အဖွဲ့ က အရှက်ကွဲမှာဖြစ်လို့ အချိန်မှီနောက်ဆုတ်လိုက်ပြီး
ဗီဇာမရဖြစ်သွားပါတယ် ၊ခုတော့ အဆိုပါအမျိုးသမီးဟာ စိတ်ညစ်ပြီးညနေတိုင်း ဘီရာ
ထိုင်သောက်နေပါကြောင်း…။

8888peoplepower vol 7-no 6 February 2011 [6]


FIGHT FOR NEW GENERATION

တစ်ခုဖြစ် တဲ့ Elite Express လိုင်းသစ်တစ်လိုင်းတိုးချဲ့


ပြေးဆွဲပါ တယ်။ နောက်ပိုင်းယာဉ်လိုင်းတွေ တိုးချဲ့ဖို့လည်း
ရှိပါသေး တယ်” ဟု ပြောကြား ခဲ့သည်။ထိုသို့
သတင်းများထွက် ပေါ်လာမှုကြောင့် ရန်ကုန်မြို့ အမှတ်
(၃) လမ်းမကြီးပေါ်ရှိ မြေကွက်များမှာ အဝယ်လိုက် လာပြီး
အိမ်ခြံမြေပေါက် ဈေးမှာ တစ်ပေလျှင်
ကျပ်တစ်သိန်းဝန်းကျင်အထိ ဈေးရှိလာကြောင်း
သိရသည်။

တရားမဝင် ပြည်ပအလုပ်အကိုင်
အောင်မင်္ဂလာ အဝေး ပြေးနှင့်
အေးဂျင့် ၂၀ ကျော်ကို ဖမ်းဆီး
ရန်ကုန်ဘူတာကြီး ထား
ရွှေ့ပြောင်းမည့်သတင်း
Friday, 11 February 2011 19:00 |

Monday, 07 February 2011 19:00 |


ရန်ကုန်၊ ဖေဖော်ဝါရီ ၄ - ပြည်ပအလုပ်အကိုင်
လုပ်ကိုင်ခွင့်မရှိသော တရားမဝင် အေးဂျင့် ၂၀ ကျော်ကို
ဇန်နဝါရီ နောက်ဆုံးပတ်က ဖမ်းဆီးထိန်းသိမ်း ထား
ကြောင်း သိရသည်။ မကြာသေးမီအချိန်က မလေးရှား
အောင်မင်္ဂလာအဝေးပြေးဂိတ်နှင့် ရန်ကုန်ဘူတာကြီးကို
ရွှေ့ပြောင်းရန် အစီအစဉ် မရှိကြောင်း သက်ဆိုင်
သို့ ဗီဇာအတု၊ စာရွက်စာတမ်းအတုများဖြင့် စေလွှတ်ခံ
ရာတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။ ရသူ မြန်မာအ လုပ်သမား ၈၀ ကို ရန်ကုန် အပြည်ပြည်
လတ်တလော၌ အောင်မင်္ဂလာအဝေးပြေးဝင်းကို ရန်ကုန် ဆိုင်ရာ လေ ဆိပ်တွင် တွေ့ရှိခဲ့ သည့်ဖြစ် ရပ်အပြီး
တိုင်းဒေသကြီးအတွင်းရှိ အမှတ်(၃) လမ်းမကြီးပေါ်သို့ ရန်ကုန်ရှိ ပြည်ပ အလုပ်အကိုင် အေးဂျင့်များကို
ပြောင်းရွှေ့မည်ဟုလည်းကောင်း၊ ရန်ကုန်ဘူတာကြီးကို သက်ဆိုင်ရာ ဗဟိုစုံစမ်းစစ် ဆေးရေး အဖွဲ့က
ယခင်ခြောက် နှစ်ဝန်းကျင်က ဘူတာရုံအသစ်ဆောက် လိုက်လံစစ်ဆေးရာမှ တရားမဝင်အေး ဂျင့်များကို
လုပ်မည့် မြေနေရာရွေးချယ် ထားသည့် ရွာသာကြီး ယခုကဲ့သို့ တွေ့ရှိရခြင်းဖြစ်သည်ဟု ရန်ကုန်ရှိ
ဘက်သို့ လည်းကောင်း အသီးသီးပြောင်းရွှေ့ရန် ရှိသည် တရားဝင်လိုင်စင်ရ အေးဂျင့်တစ်ခုက ပြောသည်။
ဟု သတင်းများထွက်ပေါ်နေကြောင်း သတင်းရရှိပါ သည်။
“ဗီဇာအတုနဲ့ မြန်မာလုပ်သားတွေစေလွှတ်ခံရတဲ့ ကိစ္စမှာ
အောင်မင်္ဂလာအဝေးပြေးရှိ မ.ထ.သ (အဝေးပြေး) မှ ရန်ကုန်က အေးဂျင့် ၁၂ ခုနဲ့ ပတ်သက်နေတာကို တွေ့ရလို့
လက်ထောက်ဌာနမှူးဖြစ်သူ ဦးမျိုးဝင်းက “အခုအချိန်အထိ အခုလိုအေးဂျင့်တွေကို သက်ဆိုင်ရာက လိုက်လံ စစ်ဆေး
သက်ဆိုင်ရာက ဘာညွှန်ကြားချက်မှ မလာသေးပါဘူး။ နေတာပါ။ အခုဆို အလုပ်သမားဝန်ကြီးဌာနက ရန်ကုန်
ရွှေ့ပြောင်းဖို့ရှိတယ်ဆိုတာလည်း မဟုတ်ပါဘူး။ မှာရှိတဲ့ အေးဂျင့်တွေအားလုံးကို မှန်မှန်ကန်ကန်
ရွှေ့ပြောင်း မှုပိုင်းဆိုင်ရာ မပြုလုပ်တဲ့အပြင် အောင်မင်္ဂလာ ဝန်ဆောင် မှုပေးဖို့၊ ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း
အဝေးပြေးဝင်းအတွင်းမှာ ထပ်မံတိုးချဲ့မှုတောင် လိုက်နာဖို့ အကြောင်းကြားထားပါတယ်” ဟု ရန်ကုန်ရှိ
ပြုလုပ်နေပါတယ်။ ကွင်းအဝင်နားမှာ ဆိုင်ခန်းအသစ်တွေ တရား ဝင်အေးဂျင့်တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက
ထပ် ဆောက်နေပါတယ်။ မနေ့က ယာဉ်လိုင်းအသစ် ပြောသည်
8888peoplepower vol 7-no 6 February 2011 [7]
FIGHT FOR NEW GENERATION

Political poem နိုင်ငံရေး ကဗျာ ...

ငါတို့ ဇာနည်

ငါတို့ ဗိုလ်ချုပ် ဘာတွေလုပ်


ဖက်စစ်တို့ ရန် သူတိုက်ထုတ်
တော်လှန်ရဲသူ ဇာနီဘွား
လွတ်လပ်ရေးကို ရယူသွား။

တမျိုးသားလုံး စည်းလုံးအောင်
ဗိုလ်ချုပ်က စွမ်းဆောင်
သူ့ ကျွန်ဘ၀လွတ်မြောက်ရေး
တိုက်ပွဲဝင်ရင်း အသက်ပေး။

သမိုင်းတွငတ်ဲ့ အမှာစကား
ဗိုလ်ချုပ်ချမှတ်သွား-

“ ရဲဘော်တို့ ………………………………….

သူများနှာခေါင်းနဲ့အသက်ရှုပြီး တန်တန် မတန်တန် ရာထူး မလိုချင်ကြပါနဲ့။ကိုယ့်ကိုယ်ကို တန်ဖိုးထား ကြပါ။


တိုင်းပြည်က အသိအမှတ်ပြုပြီး လိုက်လာတဲ့ခေါင်းဆောင်မျိုး ဖြစ်အောင် လုပ်ကြပါ။ အရည်အချင်းလဲ မရှိ။
ဘယ်သူကမှအသိအမှတ်ပြုလောက်အောင် စွန့်စားချက်လဲ မရှိ။ ကြီးကျယ်ချင်တဲ့လူတွေဟာ ဘယ်တော့ မှ
ခေါင်းဆောင်မဖြစ်နိုင်ဘူး။ အဲဒီလူမျိုးတွေကိုတော့ ကျုပ်သဘောပြောမယ်ဆိုယင်ဘယ်တော့မှ လျှော့ဖယ်
မပေးဘူး။ မညှာတန်း ကျုပ်တိုက်ဖျက်ပစ်မှာပဲ။ သို့သော်လဲကျုပ်ထက်သာတယ်လို့ ပြနိုင်တဲ့လူပေါ်ယင်
ကျုပ်တို့တော့ ကိုယ့်ကိုယ်ကိုတသက်လုံးခေါင်းဆောင်ဖြစ်အောင် ဘုရားသခင် ဖန်းဆင်းထားတယ်လို့ ယုံတဲ့လူ
မဟုတ်ဘူး။အဲဒီလို သာတဲ့လူကို ဖယ်ပေးဖို့ အသင့်ပဲ။ အဲဒါ နောက်ဆုံးစကားပဲ။

ရသစုံလင်ပြည်သူ့ သတင်းစဉ်

8888 Follow First tweeted by burmazone

8888peoplepower vol 7-no 6 February 2011 [8]


FIGHT FOR NEW GENERATION

ချစ်သမီးသို့
သမီးရေ…
ဂန္ထ၀င်ခရီးမှာ
နေ့ခရီးကြောင်တောင် နေရောင်ခြည်အောက်
တောင်မြောက်ဘယ်မှာ မသိပါ၍
ရပ်နေသူလည်းရှိပါသည်။

ညဥ့်နက်သန်းခေါင် လမ်းစမှောင်လည်း
တောင်မြောက်သေချာ သိနေပါ၍
လိုရာသွားနေသူများလည်း ရှိပါသည်၊

လေပြင်းအတိုက် လှိုင်းအရိုက်မှာ
ငိုရှိုက်အော်မြည် ဆောက်တည်ရာမဲ့
လွင့်ပျက်နေသူများလည်း ရှိပါသည်၊

မုန်တိုင်းကထန် လှိုင်းကထန်လည်း
ရေဆန်လေကြမ်း ခရီးလမ်းကို
ဖြတ်သန်းနေသူတွေလည်း ရှိပါသည်၊

သမီးရေ--
စေတနာနှင့် အသိ
သတိနှင့်သီလ၊ ၀ီရိယနှင့် ပညာ
သစ္စာနှင့် သမာဓိ၊ သတ္တိနှင့် စွန့်လွတ်မှု
အရင်းပြု ခရီးနှင် ဂန္ထ၀င်ရက်မြတ်
ရဲရဲမြတ်လော့ သမီး-----။

ရေဆန်(ပဒိုမန်းရှာလာဖန်း)

ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယ)ူ အထွေထွေအတွင်းရေးမှူုး ဖဒိုမန်းရှာသည် ဖေဖော်ဝါရီ ၁၄၊


၂၀၀၈ရက်နေ့ ညနေပိုင်း တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှုကြောင့်
ကွယ်လွန်သွားခဲ့ရသည်။

8888peoplepower vol 7-no 6 February 2011 [9]


FIGHT FOR NEW GENERATION

မြန်မာ့ပထမဆုံး ခရီးသည်တင် ခေတ်မီ နှစ်ထပ်ကားများ


မကြာမီ ပြေးဆွဲ တော့မယ်။

မြန်မာပြည်တွင်းသို့ မကြာမီ ရောက်ရှိလာမည့်


တရုတ် Zonda ကုမ္ပဏီထုတ် ခရီးသည်တင်
နှစ်ထပ်ကားတစ်စီး

တရုတ်နိုင်ငံထုတ် ခရီးသည်တင်
နှစ်ထပ်ကားများကို ပြည်တွင်းရှိ Treasure Palace
International Co.,Ltd မှ မကြာခင်
လပိုင်းအတွင်း မှာယူ တင်သွင်းတော့မည်ဟု
ကြားသိရသည်။ အဆိုပါ ကားများ၏ တန်ဖိုးသည်
ရန်ကုန်ဆိပ်ကမ်း အရောက် ဆိုလျှင် တစ်စီးကို ကျပ်သိန်း ၁၄၀၀ နှင့် ၁၅၀၀ ပတ်ဝန်းကျင် ရှိကြောင်း
သိရသည်။အဆိုပါ ကားများကို ရန်ကုန် - နေပြည်တော် - မန္တလေး ခရီးစဉ်များအတွက် ပြေးဆွဲသွားရန်
ရည်ရွယ်ထားသည်ဟု သိရသည်။ ထိုသို့ နှစ်ထပ်ကားများ ပြေးဆွဲရန်အတွက် လမ်းပိုင်းဆိုင်ရာ ညှိနှိုင်းမှုများနှင့်
ဝန်ထမ်းဆိုင်ရာ လေ့ကျင့်ပေးမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း ကြားသိရသည်။

အဆိုပါကားများသည် တရုတ် နိုင်ငံ Zonda ကုမ္ပဏီမှ တိုက်ရိုက် တင်သွင်းခြင်း ဖြစ်ပြီး 2009 မော်လ်ဒယ်
ဘယ်မောင်း အမျိုးအစားများ ဖြစ်ကြောင်း၊ ကားအင်ဂျင်များကို Hino, Mitsubishi ဟူသော ဂျပန်အင်ဂျင်များ၊
Zonda ကုမ္ပဏီထုတ် တရုတ်အင်ဂျင်များ စသဖြင့် ကြိုက်နှစ်သက်ရာ အင်ဂျင်ဖြင့် မှာယူနိုင်ကြောင်း ၊
ဂျပန်အင်ဂျင်များက တရုတ်အင်ဂျင်ထက် အမေရိကန် ဒေါ်လာ ခုနစ်ထောင်ခန့် ပိုဈေးကြီးကြောင်း ကြားသိရသည်။
မြန်မာ့ပထမဆုံး ခရီးသည်တင် နှစ်ထပ်ကားများ တင်သွင်းရန် အတွက် Treasure Palace International Co.,Ltd
သည် Zonda ကုမ္ပဏီသည် သဘောတူညီချက် စာချုပ်ကို ပြီးခဲ့သော ဒီဇင်ဘာလ ၁၅ ရက်နေ့ ကတည်းက ချုပ်ဆို
ထားနိုင်ခဲ့ပြီး အဆိုပါ နှစ်ထပ်ကားများသည် အစောဆုံး ဧပြီလတွင် ပြည်တွင်းသို့ စတင် ရောက်ရှိလာတော့မည်
ဖြစ်သည်။

မြ၀တီကုန်သွယ်ရေး ကျဆင်း
နယ်ခြားစောင့်တပ်ကိုလက်မခံသည့် DKBAနှင့် မြန်မာ
စစ်တပ် များအကြားပြီးတခဲ့သည့်တပါတ်က ကောက ရိတ်မြို့ 
နယ်အတွင်းတိုက်ပွဲများဖြစ်ပွားတာကြောင့် မဲဆောက်မြ၀တီ
ကုန်သွယ်ရေးမှာသိသာစွာကျဆင်းသွား ခဲ့ကြောင်းသိရသည်။

မြ၀တီဘက်သို့ တင်သွင်းမည့် ကုန်ပစ္စည်းများထိုင်း ဘက်


ကမ်းမှကုန်လှောင်ရုံများတွင်ပြည့်နှက်နေပြီး ထိုင်းကုန်
သည်ကြီးများအဖို့  အလွန်ထိခိုက်နစ်နာနေပြီး တချို့  တနိုင်
က်ကြေုးန်ကူးနေသည့် ကုန်သည်ငယ်များလည်း တိုင်းရင်းသား
နယ်မြေများမှတဆင့် အကောက်ကြေးပေး၍ တောလမ်းမှသည်
ဆောင်နေကြကြောင်း၊ DKBAတပ်ဖွဲ့ က မြ၀တီ ဖါးအံကုန်
သည်လမ်းကို ပြည်သူများမသုံးကြရန်သတိပေး ထားသည်
ဟုလည်းသိရသည်။

8888peoplepower vol 7-no 6 February 2011 [10]


FIGHT FOR NEW GENERATION

စက်ရုံ စွန့်ပစ်ရေ များကြောင့် တောင် အင်း၊


မြောက်အင်း ရေထု ညစ်ညမ်းလာ
By 7Day News

မန္တလေးမြို့ တောင်ဘက်
နတ်ရေကန် ကျေးရွာ အုပ်စု၊
မင်းရွာ ကျေးရွာရှိ
တောင်အင်းနှင့် မြောက်အင်း အတွင်း စီးဝင်လျက်ရှိသော စက်မှုဇုန်
ရေဆိုးမြောင်း တစ်ခုကြောင့် တစ်စထက် တစ်စ တိမ်ကောလာပြီး
ရေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း မင်းရွာ ကျေးရွာမှ
ရွာခံ အချို့၏ ပြောကြားချက် အရ သိရသည်။

တောင်အင်းနှင့် မြောက်အင်းသည် မိုးရာသီတွင်သာ ရေရှိပြီး


ကျန်ကာလများတွင် ရေခမ်းခြောက်ကာ အင်းအတွင်းသို့ စီးဝင်
လျက်ရှိသော ရေဆိုးမြောင်းမှ အနည်အနှစ်ဖြင့် စုပုံနေတတ်သည်။ ထိုအနည်အနှစ် များကြောင့် ငါးသယံဇာတ
မရှိသလောက် လျော့နည်းသွားပြီး မိုးရာသီ ရေတက်ချိန်၌သာ ဖမ်းယူ ရရှိနိုင်တော့ကြောင်း ရွာခံများ၏
ပြောကြားချက်အရ သိရသည်။ မိုးလွန်ကာလ အင်းအတွင်း ရေကျဆင်းချိန်တွင် တောင်ယာ စိုက်ပျိုးခြင်း လုပ်ငန်း
လုပ်ကိုင်ကြသော မင်းရွာမှ တောင်သူ တစ်ဦးမှ ပြောကြားရာတွင် “ဒီချောင်းက အင်းထဲကို စီးဝင်တာ
ဆယ်နှစ်လောက် ရှိပြီ။ စစချင်းတုန်းက အနံ့ အရမ်း ဆိုးတယ်။ ညတောင် မအိပ်နိုင်ဘူး။ ခုတော့ ယဉ်သွားပါပြီ။
ဒီချောင်းကြောင့် အင်းကောပြီး ငါးပျောက်သွားတယ်။ ဒါပေမဲ့ စို က်ပျိုးရေး အတွက်တော့ အရမ်း ကောင်းတယ်။
ဒီချောင်းရေနဲ့ ဖျန်းတာ ပိုးလည်း သေတယ်။ အထွက်နှုန်းလည်း နှစ်ဆလောက် ပိုလာတယ်။ စပါးစိုက်တဲ့
အခါမှာတော့ အထွက်နှုန်း ကောင်းပေမယ့် ထမင်း အရသာ နည်းနည်း ကြမ်းသွားတယ် ” ဟု တောင်သူ တစ်ဦး၏
ပြောကြားချက် အရ သိရသည်။ အဆိုပါ ရေဆိုးမြောင်းမှ ရေအား စိုက်ပျိုးရေး လုပ်ငန်းများတွင်
အသုံးပြုနေကြခြင်းနှင့် ပတ်သက်၍ မြန်မာ့ စိုက်ပျိုးရေး လုပ်ငန်းမှ စိုက်ပျိုးရေး ပညာရှင် တစ်ဦးမှ ပြောကြားရာတွင်
“မြေဆီလွှာထဲ မှာ အပင်အတွက် ဒုက္ခ ဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေ တဖြည်းဖြည်း စုပုံလာခဲ့မယ် ဆိုရင်တော့ Eating
Quality လို့ခေါ်တဲ့ စားသုံးမှု အရည်အသွေးကို လျော့ကျစေတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမှာပဲ။ ဥပမာ-
အာဆင်းနစ်ကို ဓာတ်တွေ ပါလာခဲ့ရင် အပင်နဲ့ ရေနေ သတ္တဝါတွေ အတွက် ဒုက္ခဖြစ်နိုင်တယ် ” ဟု စိုက်ပျိုးရေး
ပညာရှင် တစ်ဦးက ဆက်လက် ပြောသည်။

ဖေဖေဘာမှမသိဘူး

အဖေ သားသားကြီးလာရင်ဘာလုပ်မလဲ။
သား သားသား က ဖေဖေ မေမေ တို့ကို အလုပ်ကျွေးပြုနိုင်အောင်

နိုင်ငံရေးသမားလုပ်မယ်။ အမတ်(၀န်ကြီး) လုပ်မယ်။

အဖေ ဟာ နိုင်ငံရေးသမားက ငွေရတာမှမဟုတ်တာ နောက်ပီး သားအဖမ်းခံရမှာပေါ့

သားမကြောက်ဘူးလား ၊ ဖေဖေတော့စိုးရိမ်တယ်။

သား ဖေဖေဘာမှမသိဘူး အဖမ်းမခံရအောင် နိုင်ငံခြားကိုထွက်ပြေးပေါ့။

နိုင်ငံရေးသမား၊အမတ်(၀န်ကြီး) အများကြီးနိုင်ငံခြားမှာ ကောင်းစားနေတာ။


ပေးပို့ သူ -အောင်ထူး

8888peoplepower vol 7-no 6 February 2011 [11]


FIGHT FOR NEW GENERATION

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွင်
ရွေ့လျားအင်တာနက်သုံးနိုင်ရန်
စီစဉ်
ဖေဖော်ဝါရီလ ၄ ရက်မှစတင်၍ ရန်ကုန်-နေပြည်တော်
ခရီးစဉ်ကို စတင်ပြေးဆွဲခဲ့သည့် Elite Express ယာဉ်လိုင်း
သစ်တွင် ရွေ့လျားအင်တာ နက်ဝန် ဆောင်မှုကို
သုံးစွဲနိုင်ရန် စီစဉ်လျက်ရှိကြောင်း ထိုယာဉ်လိုင်းမန်နေဂျာ
ဦးထွန်းမြင့်စံ ကပြောကြားသည်။

“မက်ဝဲလ်အင်တာနက်လိုင်း ဒါမှမဟုတ်လည်း SkyNet ကအင်တာနက်လိုင်းစသည်ဖြင့် အင်တာနက်လိုင်း


တစ်ခုခုကိုတော့ ယာဉ်လိုင်းမှာ တပ်ဆင်ပေးသွားဖို့ရှိ ပါတယ်။ ဘီလ်ကောက်မှာလား၊ မကောက်ဘူးလားဆို
တာကတော့ မဆုံးဖြတ်ရသေးဘူး” ဟု ၎င်းကပြောသည်။ ဆွီဒင်နိုင်ငံမှတင်သွင်းသော ခရီးသည်တင်
ယာဉ်ကြီးများဖြင့် ပြေးဆွဲသည့် အဆိုပါယာဉ်လိုင်းတွင် ခရီးသည်များ၏ ဆက်သွယ်ရေးပိုင်း အဆင်ပြေစေရန်
အတွက် ဖုန်းတပ်ဆင်ပေးထားသည့်အပြင် ကျပ်ငါးသိန်းတန်ကြိုတင် ငွေပေးကတ်များကိုလည်း ရောင်းချပေးသွား
မည်ဖြစ်ကြောင်း ဆိုသည်။ ထိုယာဉ်လိုင်းမှ မနွယ်ဇင်ထွန်းက “ယာဉ်လိုင်းပေါ်မှာ နေပြည်တော် ကျပ်ငါး သိန်းတန်
ဖုန်း တွေ တပ်ဆင်ပေးထားတယ်။

အ၀င်ဖုန်းဆိုရင်တော့အခမဲ့ပဲ။ အထွက်ဆိုရင်တော့ တစ်မိနစ်ကို တစ်ရာကျပ်သတ်မှတ်ထားတယ်။ လျှပ်စစ်ပါဝါ


အတွက်ကတော့ လက်ပ်တော့ပ်တွေနဲ့မိုဘိုင်းဖုန်းတွေ အားသွင်းနိုင် အောင်ထိုင်ခုံနှစ်ခုံခြားစီမှာ မီးပလပ်ပေါက်တွေ
ထားရှိပေးထားတယ်” ဟုပြောသည်။ ထို့ပြင် အဆိုပါယာဉ်လိုင်းရှိ အဝေးပြေးယာဉ်ကြီးတိုင်းတွင် မောင်းနှင်မှုအမြန်
နှုန်းကို ကွန်ပျူတာဆော့ဖ်ဝဲဖြင့် ထိန်းချုပ်နိုင်သည့်စနစ်ကိုလည်း တပ်ဆင်ထားကြောင်း သိရသည်။ “Scania
ဆော့ဖ်ဝဲကို သုံးစွဲထားတယ်။ ဒီဆော့ဖ်ဝဲကြောင့် မော်တော်ယာဉ်က ၁၁၅ ကီလိုကိုသာ မောင်းနှင်ခွင့်ရရှိမှာပါ။
ယာဉ်လိုင်းမှာ အန္တရာယ်ကင်းရှင်းဖို့ကို အဓိကဦးစားပေးထားပါတယ်” ဟု ဦးထွန်းမြင့်စံကပြောသည်။ ထိုယာဉ်လိုင်း
မှာ ရန် ကုန်နှင့် နေပြည်တော်မြို့များအကြား တစ်နေ့လျှင်ခြောက်ခေါက်နှုန်းဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ယာဉ်စီးခကို
လက်မှတ် တစ် စောင်လျှင် ၆,၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။

8888peoplepower vol 7-no 6 February 2011 [12]


FIGHT FOR NEW GENERATION
အဆုံးသတ်ပွဲ (မင်းသစ်နိုင်)

အောင်မြင်ကျော်ကြားသောနိင်ငံရေးပုဂ္ဂိုလ်များ မြန်မာပြည်နင့်ကမ္ဘာတလွှား
ထိုသူတို့ ၏ အကြောင်းအား တစ်ကိုယ်တည်း ချီကျုးထောပနာပြုယင်း
၎င်းရာဇဝင်အတိတ်ဖြစ်ရပ်များနင့် သူရဲကောင်းတွေရဲ့ 
စွန်စားခဲ့ပုံအကြောင်းတွေကိုယ် စိတ်ကူးယဉ် တွေးတောမိပြီး တခါတလေ
မိမိကိုယ်ကိုယ် အရှူးစိတ်ပေါက်ကာ “တော်လှန်ရေး “ဟု အထပ်ထပ်ရေရွတ်မိသူ
တစ်ယောက်အတွက်တော့ ကလေးငယ်နို့ ဆာ၍ မုန့် တောင်းစားသလို
တူနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သွားနေသည့်
ပြည်တွင်းနိုင်ငံရေးအခြေအနေအား သုံးသတ်မိပါလျှင်……အမှန်တကယ်က
ဟိုလမ်းနဲ့ သွားရတာ အဆင်မပြေဖြစ်နေမှာတော့ ဒီလမ်းသည်အသင့်လျှော်ဆုံးဟု ယူဆကာ လျှောက်လှမ်းကြသဖြင့် ပိုကောင်း
မွန်ဖွယ်လမ်းစ တခု မဖြစ်ပေဖူးလားဟု မိမိကိုယ်ကိုယ် မေးခွန်းထုတ်မိပါတယ်။ လမ်းအသစ်သည် လူတိုင်းအတွက် အခက်
အခဲများနဲ့  ရင်ဆိုင်ကြ ရသော်လည်း စိတ်ချမ်းသာမူ့ နှင့်ပျော်ရွှင်စရာများကိုယ် ဖန်တီးလေ့ ရှိပါသည်။ အချိန်အ တိုင်း အတာသိပ်
မရှိ သူတစ်ယောက်အဖို့  ဤရွေးချယ်မူ့ ကာ မိုက်မဲသည်ဟု မည်သူမှ မပြောနိုင်သော်လည်း သမိုင်းကတောင်း ဆိုလာသော
အချိန်၌ ထိုကဲ့သို့  လုပ်ဆောင်နှိင်မှူ့  သည်ပင်လျှင် သူရဲ ကောင်း မှတ်တမ်းထိုး နေခြင်းဖြစ် နိုင်သည်။

ထို့ ကြောင့်အကောင်းအဆိုးခွဲခြားသတ်မှတ်နှိင်ပြီး၊ အမှားအမှန်ကိုယ်လည်းဒဿနကျကျ ဝေဖန်စီစစ် ၍စိတ်ဆုံးဖြတ်နှိင်ဖို့ 


အရေးကြီးသောအချိန်ဝယ် ခေါင်းဆောင်ကောင်းတို့ ၏ အရည်အချင်းထုတ်ဖော်ရစမြဲပါ။ခေါင်းဆောင်မည်က မည်သို့ 
လမ်းပင်ထွင်၍လျှောက်စေကာမူ တစ်ပြည်လုံး လှူပ်ရှားနေသော ဒီမိုကရေစီထူထောင်ရေး ခေတ် ကာလ၌ ခွပ်ဒေါင်း စိတ်ဓါတ်ကြံ့
ခိုင်ရေးနှင့် အမျိုးသားရေး မှန်သမျှသည် လူငယ်ထုအကြားတွင်တိမ်ကောမှေးမိန်း စရာ မမြင်ပါကြောင်းအဆိုပြုချင်သည်။ မရွေ
့လျှားသောဘဝ၌ ကျောက်ချရပ်တည်ပြီး ခရီးလမ်းဆုံးရ မည်ထက် လေတိုက်ရာပတ်ဝန်းကျင် အနေအထားအား ကြည့်တတ်
၊ရှူတတ်၊သုံးသပ်တတ် နှိင်ရခြင်းသည် ထိုရှင်သန် စေခြင်းကိုယ် တွန်းအားခွန်အား ပေးသလို သူရဲကောင်း များကိုယ်လည်း
ထွန်းကားစေပါသည်။ ပုံသေကားချပ် မဟုတ်သော နှိင်ငံရေးဇာတ်ခုံသည် အမြဲတမ်းလူ သူထောက် ခံအားပေးခြင်း
တည်မြဲနေပါသလား ဆိုတာ ကျွန်တော်ရင်ထဲ မေးခွန်းများ ထွက်ပေါ်လာသည်ကြောင့် နိုင်ငံရေးခေါင်း ဆောင်များအနေနှင့်
လူထုအားရှိနေစဉ်အချိန်တွင် အနာဂါတ် ပြည်ထောင်စု သမိုင်းသစ်အား ပြည်သူ့ အင်အား ဖြင့်အလျှင် အမြန်ရေးနှိင်ဖို့ က
အဓိကပင်ဖြစ်သည်။

အတိတ်ဖြစ်ရပ်နှင့်ပစ္စုပ္ပန်နှိင်ငံရေးဇာတ်ကွက်သည် ဆင်တူရိုးမာဇာတ်လမ်းလေးလို ပို၍ငြင်းသာပြီး ရုတ်တရက် ဆိုးဝါးမည့်


အခြေအနေလည်း ရှိနေသည့်အတွက်ကြောင့် မီးသည်မလောင်ခင် တားမြစ်နှိင်မှ သင့်လျှော်ပေလိမ့်မည်။ယနေ့  မြန်မာနှိင်ငံ
နှိင်ငံရေးအပြောင်းအလဲဆိုတာ နအဖစစ်ဗိုလ်တွေ စစ်ဦးထုပ်ကြီးမှ ခေါင်းပေါင်းကြီးပြောင်းတပ်လိုက်တဲ့ ဇာတ်သဘင်နေ
ပြည်တော်ပါ။ ဒါပေမယ့် အာဆီယံကအစ ကုလသမဂအဆုံး တဖြည်းဖြည်း နအဖအား နှိင်ငံတော်အချုပ် အချာအာဏာပိုင်
အစိုးရအသစ်အဖြစ် မကြာမှီမှာ အမေရိကန်အစိုးရပင် လက်ခံကျင့်သုံးကြတော့မည်။ ကျွန်တော်တို့ 
ဒီမိုကရေစီတိုက်ပွဲလှုပ်ရှားကြသူများဟာ အဖျက်သမား၊ ပြည်ဖျက်တွေပဲဟု အလိုအလျှောက်ဖြစ်သွားပြီး ယောင် ၆၀နှင့်
ဝေလေလေ ဇာတ်ထုပ်ထဲက မင်းသားမင်းသမီးအဖြစ် ကမ္ဘာ့ အလယ် မြန်မာ့နှိင်ငံရေး ရေစုန်မျှော သိက္ခာကျခဲ့ရလေတော့မည်။
အခုထိ ပြုပြင်ရမည်ကိုယ်လည်းမမြင်၊ပြည်ထောင်စုသားများလက်တွဲညီ၍ အတူဒီမိုကရေစီခရီးချီတ က်ရမည့်အစား မိမိလို
ချင်သည့် အရာဝတ္ထုကိုယ်ပဲ ရှေ့  တန်းတင်တောင်းဆိုနေတော့အလုပ်မဖြစ်တဲ့အောင်ပွဲပန်းတိုင်ပါ။

နှိင်ငံရေးဂွင်း သမားများအတွက်တော့ စစ်အာဏာရှင်စနစ် ဆက်ရှင်သန်နေလေ သူတို့ အတွက်ကောင်းလေ၊ ဒေါ်


အောင်ဆန်းစုကြည် ပြရုပ်ဖြစ်လေ သူတို့  အတွက်(ပရိုပိုဇယ်တင်) တောင်းစားဖို့  ကောင်းလေ၊ကျောင်းသားလူငယ်
တွေလှုပ်ရှားလေ သူတို့  အတွက် စားကွက်ဖြစ်လေဆိုသောခေတ်၌ မျိုးချစ်သူရဲ ကောင်း ထပ်ပေါ် ပေါက်ဖို့  ဝေးရလေပြီးပေါ့။

ဒီလိုလူမျိုးတွေ လုပ်တာကြောင့် အရှက်သိက္ခာမရှိတဲ့ နှိင်ငံရေးသူတောင်းစားဖြစ်သည်သာမက လူမျိုးတုံးဖို့  အလားအလာ


ပင်ဆိုက် ရောက်နေပေပြီး၊သို့  ပေမယ့်လည်း အလုပ်ကြမ်းနဲ့ အကျဉ်းထောင်တွေမှာတော့ အံကြိတ်မာန်ခဲပြီး ကြပ်ကြပ်ခံ
နေဆဲပါ။ အထူးသဖြင့် ရှစ်ဆယ်ရှစ်က တိုက်ပွဲဝင်ရဲဘော်များ နင့်ရွှေဝါရောင်တော် လှန်ရေးတွင် ကိုယ်ကျိုးမဖက်ရှေ့ 
တန်းမှပါဝင်ဦးဆောင် သွားခဲ့သူများကိုယ် အမြဲ သတိရလျှက် အလေးပြုနေဆဲပါ။ တိုက်ပုံကြီးတွေနဲ့ ခေါင်းပေါင်းကြီးတွေ ကျော့
ကျော့ဝတ်ဆင်ပြီး ဇာတ်ကဖို့  ဇာတ်တိုက်နေသောအချိန်၌ပင် မိမိကိုယ်ကိုယ်ဒီမိုကရေစီ သူရဲကောင်းကြီး တွေပါ၊ ကိုးဆယ်
လွှတ်တော် အမတ်တွေပါ အထူးသဖြင့် ပြည်ပရောက် အမတ်တွေ ဂုဏ်ယူဝါးကြွားခဲ့သောသူများပင် ထိုအာဏာရှင်
နေပြည်တော်ဇာတ် သဘင်အား လက်မခံဖူးဆို သောအသံမှလွှဲ၍ ဘာမှထူးထူးခြားခြားမရှိခဲ့ခြင်းဟာ တော်တော်သူရဲသွေး
ကြောင်ပြီး၊မိန်းမထ မိန်းဆွဲနှိင်ငံ ရေးအဆင့်သာကျန်တော့တယ်ဆိုတာသိယင် နအဖစစ်ဝါဒီတို က်ဖျက်ရေးဆိုခြင်းဟာ ပုံပြင်ထဲက

8888peoplepower vol 7-no 6 February 2011 [13]


FIGHT FOR NEW GENERATION
တော်လှန်ရေးတိုက်ပွဲများချီတက်ကြရအောင်။ မြန်မာ
ပျက်လုံးလေး တစ်ပုဒ်ပါဘဲ၊ယ္ခုပြုလုပ်ကျင်းပနေသော ပြည်သည် ငါ့တို့ ပြည်ဖြစ်သည့်အလျှောက် သူရဲကောင်းတွေ
နေပြည်တော်လွှတ်တော်သည် ‘လူလည်းမပြောင်း၊ မူ လည်း သာမွှေးဖွားရာ အရပ်ဒေသ၌်အာဏာရှူးစစ်ဗိုလ်တွေ ကြီးစိုး
မဟုတ်တရုတ်စနစ’် ဖြင့် ဆက်ဇာတ်ကဖို့  သိနေတာတောင်မှ သော မြေမဟုတ်ကြောင်း မြန်မာအမျိုးသားတိုင်း သိရှိနား
အမျိုးသားရင်ကြားစေ့ရေး၊ စားပွဲဝိုင်းပေါ်တွေ့  ဆုံဆွေးနွေး လည်းထားရမည်။
ရေးဆိုတာ အိပ်မက်သဏ္ဍာန်နဲ့  တူနေပြီ။
ပြည်သူတို့ ရဲ့  ရာဇသံသာနေပြည်တော်နာခံရမည်၊ သူတို့ ရဲ့ 
အပြောင်းအလဲတခုအတွက် ဒေါ်အောင်ဆန်းစုကြည် အမိန့် ပေးခြင်းကိုယ် မလိုက်နာရ။ အာဏာရှင်ဗိုလ်သန်းရွှေ
တစ်ယောက်တည်းကိုယ်ပဲအရမ်းဆွဲထဲဖို့ မသင့်တော်ဘူး၊ ရဲ့  အမွေဆိုး စစ်စနစ်အောက်၌ ခေါင်းငုပ်လည်း ပင်ထိုးခံခြင်း
သူမခေါင်းဆောင် ပေးခြင်းတော့ဟုတ်ပါရဲ့  အမိန့်  ညွှန်းကြား မဖြစ်ပေါ်အောင်နိင်ငံသားတိုင်း အတူလက်တွဲ၍ ရှစ်ဆယ်
ချက်တွေမရသေးလို့ ထိုင်စောင့်နေဆဲဆိုတာ ခိုင်လုံတဲ့ ရှစ်မှာကဲ့သို့  တစ်ပြညပြည်လုံး ထကြွတဲ့တော် လှန်ရေးပုံ
အကြောင်းပြချက် မဟုတ်ဘူးလို့  ကျွန်တော်ထင် ပါတယ်။ သဏ္ဍာန်ဖော်ဆောင်နိင်ဖို့ က မြန်မာပြည်သားတိုင်း သမိုင်း
ပြန်တွက်ကြည့်လိုက်တော့စစ်အာဏာရှင်ထောင်ခဲ့သော အဖွဲ့  ပေး တာဝန်တစ်ရပ်အဖြစ် ယုံကြည်လက်ခံကာ အလျှင်အမြန်
အစည်းများက မဆလ၊နဝတ၊နအဖနင့် ရုပ်သေးပြည် ဆောင်ရွက်သင့်ပါသည်။ မြန်မာနိင်ငံ နိင်ငံရေးအုပ်ချုပ်သူတို့ 
တော်လိမ် အစိုးရသစ် နှစ်ပေါင်းလေးဆယ်ကျော် ဘာမှမ နင့် ယ္ခုလက်ရှိ အုပ်ချုပ်နေသောစစ်ဗိုလ်စစ်အာဏာ ရှင်စနစ်
ပြောင်း လဲသေးသောစနစ်ဆိုး၊ တော်လှန်ရေး နိင်ငံရေးအ ကိုယ်မေတ္တာပို့ ရုံလောက်နဲ့  တော့ ခေတ်ပြောင်း ဒီမိုကရေ
ကြောင်း ပြပြီးတောင်းစားဖို့ ဂွင်းရိုက်နေတဲ့အဖွဲ့  ပေါင်းက စီအလုပ်မဖြစ်တော့ဘူး။ အပြောင်းအလဲတွေဖြစ်လာဖို့ 
မမှတ်နိင်တော့ဘူး နောက်လည်းဆက်ရိုက် ဖို့  အဆင့် ရဲရင့်ပြတ်သားသောသူတို့ ၏ စွန့် လွှတ် အနစ်နာခံ ခြင်းနင့်
သင့်ဂွင်းကြီးကြီး စီမံကိန်းထွင်ကြပြန်ဦးမည်။ အမှားထဲက အသက်၊သွေး၊ ချွေးတွေဖြင့် လမ်းခင်းစတေးပေးရမည်
အမှား များပင်။ အမှန်တကယ်က ထိုကဲ့ သို့ တစ်ခုပြီးတစ်ခု ထိုအတွက်လည်းအလျှင်အမြန်ပြင်ဆင်နိင်ရမည်။ ဆုပ်လဲဆူး
ဆက်လုပ်ဖို့ မလိုအပ်ပဲ ပြည်ထောင်စုဖွားများကိုယ် ထင်း စားလဲသကြား ဖြစ်မလာ မယ့်ဘဝအခြေအနေ၌ ကျောက်ချ
စည်းဘဥပမာသဖွယ် အတူတကွ စုစည်းပြီး ပြည်ထောင် စောင့်မျှော်နေသော နောက်လိုက်နိင်ငံရေးဇာတ် ကကွက်ြ ဖစ်
စုဆိုသော ခေါင်းစည်းအောက်၌သာ ဆက်မွှေးထုတ်သွား သည်။ မျိုးဆက်သစ်တွေငြိမ်းသက်နေခြင်းဟာ သွေးကြောင်၍
ရန်သာဖြစ်၏။ စစ်ပွဲရှူံးနိမ့်ခဲ့ခြင်းမဟုတ်ပဲ ပြောင်းလဲခြင်းတိုက်ပွဲ ကာလ
အတွက် အားပြင်နေခြင်းဖြစ်သည်။ ထိုကြောင့် ပင်လုံကိုယ်
ရှစ်ဆယ်ရှစ်ကအော်သံငိုသံ ကြွေးကြော်သံအမျိုးမျိုးနင့်အတူ အခြေခံသော ပြည်ထောင်စုကြီး အဓွန့်  ရှည်ရေးသည်သာ
ရွှေဝါရောင် တိုက်ပွဲအတွင်း သူတော်စင်ဘုန်းတော်ကြီးများရဲ့  အဓိကထားသင့်ပြီး စစ်မှန်သော လူ့  အခွင့်အရေးရှိမည့်
သွေး၊ချွေး၊အသက်တွေ ရှူမြင်ဖွယ်မကောင်းလှသောစွန့်  ဒီမိုကရေစီပြည်သူ အုပ်ချုပ်ရေး စနစ်ကိုယ်သာ ပြညတွင်း-
လွှတ်အနစ်နာခံ ဘဝအပြောင်းအလဲများအတွက် ဘာမှ ပြည်ပမျိုး ဆက်သစ်တို့  အင်အား ဖြင့် ဆက်လက် တိုက်ပွဲ
မမြင်တွေ့  ရသည့်အပြင် မှေးမှိန်းကွယ်ပျောက်ကာ လက်ညှိုး ၀င်ဘထူထောင် သင့်ကြောင်းတိုက် တွန်းရေး လိုက်ပါသည်။ ။
ထိုးခံရတော့မည်သဖွယ် သမိုင်းစာမျာက်နာပေါ်၌ ထင်ရှားလာ
ပေတော့မည်။ ဒါတွေဟာ ဘာကြောင့်ဖြစ်ရသလဲ၊ ဘယ်သူ့  ရေး…မင်းသစ်နိုင် ၁၂.၀၂.၂၀၁၁
ကြောင့်လဲဟု မေးခွန်းများ လူတိုင်းတွင် ရှိကြသော်လည်း
မေးရန်ထက် နိင်ငံသူနိင်ငံသားအားလုံး အတူတကွ
ပူပေါင်းပြီး နိင်ငံရေးအပြောင်း အလဲဖြစ်နိင်သော
လမ်းစဉ်သစ်များ ရှာဖွေကြံ ဆခြင်းဖြင့် တော်လှန်ရေး
စိတ်ဓါတ်မြင့် တင်သွား ရမည်ဟု နားလည်းထားသည်။

ယနေ့ ကျွန်တော်တို့ ဖြတ်သန်းသည့်နိင်ငံရေး အတွေ့ 


အကြုံအရ၊ အမှားအမှန်ကိုယ် ခွဲခြားတတ်နေပြီးမို့ 
မဟုတ်မမှန်သော နိင်ငံရေးစွပ်စွဲချက်များ ပယ်ပျောက်ပစ်၍
အသစ်တစ်ဖန်ရေးသားသင့်၏။ ထို့ ကြောင့် လူထု ခေါင်း
ဆောင်ဒေါ်အောင်ဆန်းစုကြည် ကိုယ်ဝိုင်းရံပံ့ပိုးခြင်းဖြင့်
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းနိင်သည့် နည်းဗျုဟာ
အသစ်များ တီထွင်ကြံဆ၍ နေပြည်တော်ကြိုးဆွဲရာ
ကသည့်ပြည်တော် လိမ်အစိုးရ သစ်အား မြန်မာ့မြေ
ကမ္ဘာပေါ်မှ အပြီးပြတ် စိန်ခေါ်တိုက်ပွဲများ ဖန်တီသင့်သည့်
အချိန်ကျ ရောက်နေ ပြီးဖြစ်၏ ။ မျိုး ဆက်သစ်တို့ ရဲ့ 
အားမာန်ဖြင့်  စစ်အာ ဏာရှင်စနစ် ချုပ်ငြိမ်း စေရန် မီးတုတ်
လေး တွေ လက်ဆင့် ကမ်း ကာဒီမိုကရေ စီမီးရှူးပန်းတိုင်
အောင်ကြောင်း အောင်မြေ၊ အမိမြန်မာပြည်၌ လွှင့်ထူးရန်
ငါ့တို့  သွေးတွေဖြင့်စတေးကာ နိင်ငံတော် (သစ္စာ)တည်စေ၍
အမျိုးဂုဏ် ဇာတိဂုဏ်ကိုယ် ဖော်ဆောင် သော

8888peoplepower vol 7-no 6 February 2011 [14]


FIGHT FOR NEW GENERATION
၈၈၈၈ ပြည်သူ့ သတင်းစဉ်

လေထန်ကုန်း Air Power .

ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံ
ယုံလားတော့မသိဘူး ပြီးခဲ့တဲ့တပါတ်က ခွေးအ လွှတ်တော်အစည်းဝေး
လေ့လာဘို့  လေထန်တယောက်နေပြည်တော် ကိုခိုးဝင်သွားလိုက်တာဗျာ..အမလေး…မြ၀တီဘက်ကမ်း အကူး-
ကမ်းနားမှာ လမ်းသလားနေတုံး လေထန်ကို ဘန်ကောက်ပြန် ထင်ပြီး နယ်ခြားစောင့်တပ်က ဖမ်းတဲ့လူ အုပ်ထဲပါ
သွားသဗျို့  ။

မြ၀တီကမ်းနားက အိမ်တအိမ်ကိုကားနဲ ခေါ်သွားပြီး အခမ်းတခုထဲ လောင်ပိတ်ထားပါတယ်… ထိုင်းဘတ်ငွေသုံး


ထောင်မပေးရင် နယ်ခြားစောင့်စစ်သားလုပ်ရမတဲ့။ အော်….နအဖက ခလေးစစ်သားစုဆောင်တယ်နယ်ခြား
စောင့် (DKBA) တပ် က ပြည်သူကို ပြန်ပေးဆွဲပြီး စစ်သားလုပ်ခိုင်း ကောင်းကြက ရောပေါ့နော့။

အခမ်းတခုထဲမှာမြန်မာနိုင်ငံသား(၅၀)လောက်ရှိမယ်
လှောင်ပိတ်ထားတာ၊ ဆွေးမျိုးတွေဆီ အတင်းငွေပို့ ပေးဖို့ 
ဖုန်းပေးပြောပြီး ငွေတောင်းခိုင်းပါတယ်ခင်ဗျာ၊ မတတ်
နိုင်ပါဘူး..လွတ်မြောက် ရေးအတွက် မြန်မာငွေ (၅၀၀၀၀)နဲ့ 
ဈေးညှိပြီးခရီးဆက်ခဲ့ရပါတယ်။ စစ်တပ်ဂိတ်
ကုန်သွယ်ရေးဇုံတလျှောက်မှာလဲ လူတွေကိုစစ်လိုက်
တာများဗျာ ကိုယ်တုံးလုံးနဲ့  လမ်း လျှောက်မပြရယုံ တမယ်
ပါခင်ဗျာ။

အလိုလေးဗျာ ……ရှာဖွေရေးအရာရှိတွေကဘာလို့ 
များဒီလောက် ပိုက် စိတ်တိုက်င်္ပြး ရှာနေရသလဲမသိ…။
မင်္သကာတဲ့သူတွေဆို ပါးစပ်ဖြဲကြည့်. .ဖင်ကုန်း ပြရ.. ချောင်းဆိုးခိုင်းလို့ ခိုင်း စုံနေတာကလား။ မိန်းခလေး တွေ တောင်
ဘော်လီလှန်ပြ ရ အတွင်းခံဆွဲကြည့်ခံကြ ရသတဲ့…။

အင်းဒီအတိုင်းသာဆိုရင် နေပြည်တော်အထိသာသွားရင် တော့.. ကိုယ်ကအမွှေးတောင်ကျန်ပမလားမသိဘူး။

ပိုင်တဲ့သူများကြတော့ ကားစီးလုံးလိုက် သယ်လာတာကို


ကိုင်တောင်မကြည့်ကြဘူး..ဟူး ..လေထန်တရောက်
စိတ်ပျက်ခြေပျက်နဲ့  ဆက်မသွားတော့ဘဲ ပြန်လှည့်
လာလိုက်ပြီး ရောက်တုန်းရောက်ခိုက်မှာ နိုင်ငံရေး
သင်တန်းတက်ရင်း-ရီးစား လည်းရှာ ဆိုသလိုပေါ့၊ မြ၀တီ
က အလှမဒီ ကညာ လေးတွေ ကို ရှု့  စား ရအောင် မြို့ 
တွင်းကိုပါတ်ပြီး အောက်ခြေခံ လူတမ်းစားဘဝ
အင်တာဗျူးဖို့  စိတ်ကူးရတာနဲ့ ..ဟဲ..ဟဲ ကာရာအိုကေနဲ့ 
အနှိပ်ခမ်းက ခလေးမတွေကို အင်တာဗျူးရအောင်
ဆိုပြီးသကာလ..အဌားဆိုင်ကယ်သမားကို ဆရာတင်
လိုက်ရပါတယကွယ်။
(မဲဆောက်ကာရာအိုကေခမ်းသို့  စွန့် စွန့် စားစား
သတင်း သွားယူတဲ့  လဇိမ သတင်း ထောက် ကို
အားကျလို့  ဖြစ်သည်)
8888peoplepower vol 7-no 6 February 2011 [15]
FIGHT FOR NEW GENERATION
၈၈၈၈ ပြည်သူ့ သတင်းစဉ်

လေကုန်းးး’’နောင်ကြီး မြ၀တီမှာအနှိပ်ခမ်းနဲ့ 


ကာရာအိုကေ ဘယ်လောက်များရှိပါသလဲခင်ဗျ။??’’

ဆိုင်ကယ်သမားး ‘ဟာအကိုကြီးရတွက်လို့တောင်
မနိုင်ပါဘူးဗျာ မျက်လုံးစုံမိတ်ပြီး သွားရင်တောင် ၀င်
တိုက်မိတဲ့  နေရာ မှာ မျက်လုံးဖွင့်ကြည့်ရင် အနှိပ်ခမ်း တ ခု
တော့ တွေ့  လိမ့်မယ်’။

အမာလေး….မြ၀တီကရပ်ကွက်တိုင်းလိုလိုမှာ
ဖွင့်ထားကြပါသတဲ့။ မိန်းခလေးတွေကလဲ တရုံ(ဖါရုံ) ကို
၁၀ရောက် ကျော်၊ တိုင်းရင်သားသူပေါင်းစုံရနိုင်ပါတယ်
..ဒါမှတကယ့်ပြည်ထောင်စု အနှိပ်ခမ်းတွေ ပါခင်ဗျ၊
ဒီလိုနဲ့  ရပ် ကွက်တခုက အနှိပ်ခမ်းတခုကို လေထန်
တရောက် မျက်မှန်အနက်ကြီးတပ်၍ ရှာထိုးဦးထုတ်အား
ငိုက်စိုက်ဆောင်းလျှက် စွန့် စွန့်  စားစား ၀င်လိုက် ပါ တော့ တယ်…………….။

‘’တမီးက ဧရာဝတီ တိုင်း လပွတ်တာကပါ ..နာဂစ်ဖြစ်ပြီး အိမ်ပြန်ဆောက်ဘို့ ဆိုပြီး အစိုးရက


သွပ်လေးချပ်ထုတ်ခွင့်ပေးတာကို ရပ်ကွက်လူကြီးနဲ့  ပြည်ခိုင်ဖြိုးက လူကြီးတွေလေ.. ရရှိကြောင်းလက်မှတ်ထိုးခိုင်းပြီး
ဘာမှမပေးကြပါဘူး… တမီးလဲ အဖေတို့ ကိုနားတာနဲ့ အိမ်ပြန်ဆောက်ဘို့  သူငယ်ချင်းတွေနဲ့ အလုပ်ရှာဖို့ 
မြ၀တီရောက်လာပြီး ဒီဘ၀ထဲဝင်လိုက်တာပါ.’’.

အော်…တနားစရာ ခလေးမလေးဗျာ…. အသက်(၁၇)တောင်မပြည့်သေးဘူး သူ့ ကြည့်ရ တာ စိတ်သိတ်မှန်ပုံ


တောင်မရတော့ပါဘူး၊ ခြေချင်းဝတ် မှာလည်း သံကြိုးရာတွေနဲ့  အနာတွေတောင်ဖြစ်နေပြီ အလုပ်ပြီးတာ နဲ့ 
အခန်းလေးထဲမှာ ဖါခေါင်းက သံကြိုးနဲ့ ချည်ထားတယ်…ထွက်ပြေးမှာစိုးလို့ တဲ့ …။။မိန်းကလေးတချို့ ကတော့ အရက်-
ဆေးလိတ်နဲ့  မြင်းဆေး(စိတ်ကြွဆေး)တွေ စွဲနေကြပြီခင်ဗျ။ လေထန်က ကောင်မလေးကို အင်တာဗျူးနေတုံး ကောင်မ
တယောက်က အနားလာထိုင်ပြီး ခေါင်းကိုင်-ခါးဖက်လာလုပ်လို့  လပွတ်တာကောင်မလေးနဲ့ ဧည့် လုကြရင်ရန်
ထဖြစ်လို့  လေထန်တယောက်ဆိုင်ထဲကနေထွက်ပြေးခဲ့ရပါတယ်…၊ခွေးမသား.. အဌားဆိုင်ကယ်သမား အသွားအပြန်
ခ ယူထားပြီး စောင့်မနေဘူးလစ်ပြေးသွားလေရဲ့ ၊…အော် တို့ ခေါင်းဆောင်ကြီး တချိန်ကပြောခဲ့တဲ့  ဖါနိုင်ငံဖြစ်မယ်လို့ 
ဆိုခဲ့ တာ ..ခုတော့ ဖါတောင်မှ သံကြိုးကွင်း ခတ်ခံ
ထားရတဲ့ ဖါကျွန်တွေဖြစ် နေရပြီကောဗျာ။

အပြန်မတော့ မဲဆောက်ဘက်ကမ်းနားမှာ
အတိုက်အခံ နိုင်ငံရေး သမားတဦးရဲ့  ဇနီးတပါး
ဈေးဝယ်နေတာတွေ့  လိုက်ပါရဲ့  ..အိမ်ကယောက်
ကျားက ပုဇွန်ထုတ်ကြီး ကြီး ရရင်စားချယ်ဆိုလို့ 
ကမ်းနားထိတောင် လာဝယ် ရတယ်လို့  ပြောနေသံ
လဲကြားရတော့ခု ခေတ် နိုင်ငံ ရေးသမားတွေ
ကတော့ ဗျာ အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်အောင်
ဆန်းထက်သာ အောင်လုပ်နေ ကြ တာဖြစ်မဗျ။

ဗိုလ်ချုပ်က ပဲပြုတ်နဲ့ နံ့ ပြားလောက်တမ်းတခဲ့တာ


ခုခေတ်အတိုက်အခံတွေကတွေတော့ ကွယ်… ဆတ်
သား ချောက်နဲ့  ပုဇွန်ထုတ်ရရင်စားချင်တယ်လို့ မိန်းမတွေကို ပူဆာနေတဲ့ ခေတ်ပြောင်း နိုင်ငံရေး သမား တွေပါခင်ဗျ။
ပြည်တံဆာတွေ၊လူလိမ်နဲ့သူခိုးတွေ ထူပြောနေတဲ့နိုင်ငံမှာ ဘယ်လိုများနိုင်ငံရေး-တော်လှန်ရေး သမားကောင်း တွေပေါ်
လာ လိမ့်မတုံး…ရင်လေးလိုက်ပါဘိနဲ့ ..။မဲဆောက်ဈေးထဲက ထိုင်နေကြလက်ဖက်ရည်ဆိုင်အရောက်မှာ တချိန်က
ဗိုလ်ချုပ်ကိုအလွန်အားကြပြီး အလုပ်သမားရေးလုပ်နေတဲ့ ကိုလျှက်စီး တယောက် ဖုန်းတလုံးနဲ့ အလုပ်များ နေသပ၊
ပြောတဲ့အသံကျယ်တော့ ဘေးကတောင်ကြားရတယ် ၊ဘာတဲ့..ပြည်ထောင်စုနေ့  အစည်းဝေးတက်တာ အလုပ်သမား
တရောက် ဘတ်(၂၀၀)ပေးဘို့  ပွဲစီစဉ်သူနဲ့ ဈေးညှိနေတာလေ..အင်းသူလည်း လုပ်သားပွဲစား ဖြစ်သွားပြီကိုး ….။
နားဦးမည်။။။။။။။။။။

8888peoplepower vol 7-no 6 February 2011 [16]


FIGHT FOR NEW GENERATION
၈၈၈၈ ပြည်သူ့ သတင်းစဉ်

ရာဇ၀င်ထဲကသူရဲကောင်း Hero in history

ရှင်အရဟံ
မြန်မာနိုင်ငံတော်ကို သာသနာ သက်ဆင်းလာပုံကို ပြောရမယ်ဆိုရင် ရှင်အရဟံက
စရပါလိမ့်မယ်။ရှင်အရဟံ၏ ဘွဲ့တော်က အရှင်ဓမ္မဒဿီ ဖြစ်ပါတယ်။ သထုံပြည်က
အရှင်သီလဗုဒ္ဓိ မည်သော ရဟန္တာ အရှင်မြတ်ရဲ့ တပည့်အရင်းပါ။ ပုဂံပြည်မှာ
သမုဒ္ဒရာဇ်မင်း စပြီး အနော်ရထာမင်းစော တိုင်အောင် မင်းအဆက်ဆက် တို့သည်
သမထီးအရပ်၌ နေစမှတ်ပြု နေကြတဲ့ အရည်းကြီး ၃ကျိပ်နဲ့ တပည့် အရည်းကြီး
၆သောင်းကျော်တို့ အဆုံးအမ ကိုခံယူ၍ အယူမှား ကိုးကွယ်နေတဲ့ အချိန်ပါ။
အရည်းကြီးတွေရဲ့ သိမ်းသွင်းထားတဲ့ အယူတွေကတော့-

၁။ သူ့အသက်ကို သတ်မိသော သူသည် ဤပရိတ်ကို ရွတ်သော် ကမ္မပထမှ လွတ်မြောက်၏။ ၂။ မိဘကို သတ်မိသော


သူသည် ဤပရိတ်ကို ရွတ်သော် ပဉ္စာနန္တရိယကံမှ လွတ်မြောက်၏ စတဲ့ မဟုတ်မလျားတဲ့ အဓမ္မကို ဓမ္မဆိုပြီး
လုပ်ကြံဟောကြား နေပါတယ်။ ပြီးတော့ မင်း၊ အမှူး၊ အမတ်၊ ကလန်၊သံပျင်၊သူဌေး၊ သူကြွယ်၊ ပြည်သူ၊ပြည်သားတို့က
သားသမီးကို ထိမ်းမြားမင်္ဂလာ ပြုတဲ့အခါမှာလည်း ဆရာ အရည်းကြီးတို့အား ပန်းဦးဆက်သ ပေးရပါတယ်။ ပန်းဦးဆက်သ
ရသည် ဆိုပြီး သူတို့သမီးကို ညဥ့်ဦးကတည်းက သူတို့ထံ ပေးပို့ရပါတယ်။ မိုးသောက်နံနက် ရောက်လို့ လွှတ်လိုက်မှ
ထိမ်းမြားခြင်း ပြုရပါတယ်။ ဆရာက ပန်းဦးမဆွတ်ဘဲ ထိမ်းမြားခဲ့ရင် အစဉ်ကို ဖျက်သည်ဟု ဆိုပြီး မင်းပြစ်မင်းဒဏ်ကို
ခံရပါတယ်။သက္ကရာဇ် (၄၀၆)ခုနှစ် ပုဂံပြည်မှာ အနော်ရထာမင်း နန်းတတ်စ ကာလမှာပါ။ ပုဂံပြည်မှာ အရည်းကြီးတွေ
မင်းအဆက်ဆက် အဓမ္မ၀ါဒ ဖြန့်ခဲ့တော့ အနော်ရထာမင်းကြီး စိတ်ညစ်ဒွဟ ဖြစ်နေတာပေါ့။ အရည်းကြီးတွေရဲ့ အကြောင်းကို
ကြားသိရတယ် ဆိုရင်ဖြင့် ပါရမီ ရင့်မာတဲ့သူ ဖြစ်တဲ့အတွက် နှစ်သက်တော် မမူပါဘူး။ မှားသော အယူဖြစ်သည် ဆိုပြီး
ထိတ်လန့်ခြင်း ပြင်းပြစွာ ရှိတော်မူပါတယ်။

ပုဂံပြည်မှာ ရှင်ယောင် အရည်းတို့ဟာ သံဃာတော်၃၀စီ အစုအသင်းဖွဲ့ နေကြပါတယ်။ အဲလို အစု ၁၀၀၀


ရှိတယ်တဲ့။အနော်ရထာ မင်းစောလည်း အရည်းကြီးတို့၏ အာဂါရိယ၊ အဗြဟ္မစရိယ အမူအကျင့်များကို မကြည်ဖြူ၊
မပေးကမ်း၊ မလှူဒါန်းတော့ ကောက်ကျစ်စဉ်းလဲ ဥာဏ်များတဲ့ အရည်းကြီး တစ်ယောက်က သူတို့ အပြုအမူ ကျင့်စဉ်တွေကို
ကျမ်းစာလုပ်ပြီး သရေခေတ္တရာ ရသေ့ပြည်တွင် ရှိသော သခွတ်ပင်ကြီး အခေါင်း၌ ထည့်သိမ်းထားလေသည်။ ၃နှစ်ပြည့်တော့
ပုဂံပြည်ကို လာရောက်ပြီး အနော်ရထာမင်းစောကို ဤသို့ပြောကြား လာပါတယ်။
အကျွန်ုပ်တို့အား ကျမ်းစာမရှိလို့ တောင့်တကြတော့ ဘေးလောင်းတော် ဒွတ္တပေါင်မင်းကြီး မြို့တော်ရသေ့ပြည်မှ
သခွတ်ပင်ကြီး အတွင်းမှာရှိတဲ့ ကျမ်းစာကို ဖော်ယူသင်ကြား ကျင့်ဆောင်ရမည်လို့ နတ်တို့ အိပ်မက် ပေးတယ်လို့
လျှောက်တင်တော့ မင်းကြီးလည်း ၀မ်းမြောက်ဝမ်းသာ ဖြစ်ပြီး ရသေ့ပြည်တွင်းသို့ စစ်အင်္ဂါ လေးပါးနှင့် ချီတက်ခဲ့သည်။
လုံးပတ် ၃၂ တောင်ရှိတဲ့ သခွတ်ပင်ကြီးကို ထွင်းဖောက်ပြီး ကျမ်းစာများကို ရယူကာ မင်းကြီးသဘောမကျ မဟုတ်မမှန်
သိတော်မူသဖြင့် အဲ့ဒီနေရာမှာပဲ မီးရှို့စေ ခဲ့ပါတယ်။သတင်းတွေကို တဆင့်စကား တဆင့်နားနှင့် ရှင်အရဟံ ကြားတဲ့အခါ
သထုံပြည် ကနေပြီး သရေခေတ္တရာ ကိုကြွခဲ့ပါတယ်။ ရှင်အရဟံကို တောင်တွင်းကြီးမြို့ရှေ့ ကုန်းခေါင်တောင်ရိုးမှာ
ကျက်စားနေတဲ့ မုဆိုးက တွေ့တော့ လူရိုင်းမှတ်ပြီး အနော်ရထာ မင်းကြီးဆီ ဆက်သဖို့ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။
အရည်းကြီးတွေက ဆံလက် ၄-သစ် ၁-၀ါး ထားပြီး ဖန်ရည်စွန်း မ၀တ်၊ ပလောင်ရဟန်း၊ တရုတ်ရဟန်းများလို မဲထည်၊မဲပြာ၊
အနက်အမည်းကိုသာ ၀တ်ဆင်လေသည်။ အရှင်အရဟံကတော့ ဆံ၂-သစ်ထက်မလွန်၊ ပရိက္ခရာ ၈ပါး၊ စမ္မခဏ်များပါပြီး
အရည်းများနှင့် အသွင်မတူတော့ မုဆိုးက လူရိုင်းမှတ်ပြီး ဖမ်းသွားတာပါ။လူရိုင်းဆိုပြီး မုဆိုးက ဆက်သလာတဲ့ ရဟန်းကို
အနော်ရထာ မင်းကြီးမြင်တော့ ဤသူကား လူရိုင်းလက္ခဏာ မရှိ၊ သူမြတ်လက္ခဏာ ရှိပေသည်လို့ ဆင်ခြင်ပြီး နေရာမှထကာ
တင့်သင့်လျောက်ပတ်ရာ နေတော်မူပါလို့ သဘောစမ်း၍ ဆိုလိုက်ပါတယ်။ ရှင်အရဟံလည်း မင်းကြီးနဲ့ မဝေးမနီးလွန်းက
ရာဇပလ္လင် ပေါ်တက်၍ စမ္မခဏ် ကိုခင်းကာ ထက်ဝက်ဖွဲ့ နေတော်မူပါတယ်။ဒါကို မင်းကြီးက ဤသူကား သူတော်သူမြတ်
အစစ်တည်းလို့ နေရာယူပုံကို ကြည့်ပြီး ပီတိဖြစ် တော်မူပါတယ်။ ပြီးတော့ ရှင်အရဟံကို အရမ်းကြည်ညိုသွားပြီး
ဤသို့မေးမြန်း ပါသေးတယ်။မင်းကြီး။ ။ အရှင်ကား အဘယ်အမျိုး အနွယ်တည်း။ အဘယ်အရပ်မှ ကြွလာသနည်း။
အဘယ်သူ၏ တရားအဆုံး အမကို ခံယူသနည်း။ မထေရ်။ ။ အသင်မင်းကြီး ငါ၏ အမျိုးအနွယ်ကား ဂုဏ်တော် (၉)ပါး
ဘုန်းတော်(၆)ပါး အစိန္တေယျ(၄)ပါး နှင့်ပြည့်စုံတော်မူသော သမ္မာသမ္ဗုဒ္ဓဘုရား အနွယ်တည်း။ ငါ၏ ဆရာနှင့် သီတင်းသုံး
8888peoplepower vol 7-no 6 February 2011 [17]
FIGHT FOR NEW GENERATION
၈၈၈၈ ပြည်သူ့ သတင်းစဉ်

ဖော်များရှိရာ (သထုံပြည်)မှလာခဲ့သည်။ သမ္ဗာသမ္ဗုဒ္ဓ ဘုရားရှင် ဟောကြားသော အဆုံးအမကို ခံယူသည်။


မင်းကြီး။ ။ သမ္မာသမ္ဗုဒ္ဓဘုရားအမျိုးအနွယ်တည်ကား အဘယ်သို့သော ဂုဏ် အဘယ်သို့သော အကျင့်ရှိပေသနည်း။
မထေရ်။ ။ သမ္မာသမ္ဗုဒ္ဓဘုရား ဟူသည်ကား သစ္စာလေးပါး မြတ်တရားကို ဆရာမရှိဘဲ မဖောက်မပြန် သိတော်မူ၍
မင်းထက်မင်း၊ နတ်ထက်နတ်၊ ဗြဟ္ဗာထက် ဗြဟ္ဗာဖြစ်သော ဂုဏ်ကျေးဇူး သူခပ်သိမ်းတို့၏ ဆင်းရဲခြင်းကို
ပယ်သတ်ပေးနိုင်သော အကျင့်ရှိတော်မူ၏ဟု မိန့်တော်မူလေလျှင်

မင်းကြီး။ ။ မင်းကြီးလည်းအားရ၀မ်းသာတော်မူ၍ ဘုရားရှင် ဟောကြားသော တရားဒေသနာ တို့ကို အကျွန်ုပ်အား


တစ်စိပ်တစ်ဒေသမျှဟောကြားတော်မူပါလို့တောင်းပန်လျှောက်ထားသည်တွင်
မထေရ်။ ။ (သီရိဓမ္မာသောက မင်းကြီးအား နိကြောဓသာမဏေ ဟောသကဲ့သို့ )(ဒါန သီလ ဘာဝနာ တရားတို့၌
မမေ့မလျော့ရန်အပ္ပမာဒသတိတရားကိုအကျယ်ဟောတော်မူလေသည်။
မင်းကြီး။ ။ ဘုရားရှင် ယခုဘယ်မှာရှိသနည်း။ တရားတော်ကား မည်မျှများပါသနည်း။အရှင်မှတစ်ပါး အခြားသော
ရဟန်းတပည့်သံဃာများ ရှိပါသေးသလောဟု ၀မ်းမြောက်ဝမ်းသာ မေးမြန်းလေသည်။

မထေရ်။ ။ ဘုရားရှင်ကား ပရိနိဗ္ဗာန် စံတော်မူ၍ ဓာတ်တော်များသာ ရှိပါတော့သည်။ ပိဋက သုံးပုံ ၊ဓမ္မက္ခန္ဓာ


၈၄၀၀၀ရှိပေသည်။ သထုံပြည်၌ ပိဋကသုံးပုံ အစုံ သုံးဆယ်ပင်ရှိလေသည်။ ငါမှတစ်ပါးအခြား ရဟန်းတော် များစွာလည်း
ရှိပေသည်။
မင်းကြီး။ ။ ၀မ်းမြောက်လှပါသည် ဘုရား၊ အရှင်မှတစ်ပါး အခြား ကိုးကွယ်အားထားရာ မရှိပါ။ ကျွန်ုပ်၏ အသက်ကိုပင်
ဆောင်နှင်းလှူဒါန်းပါ၏။ တရားအဆုံးအမ ပေးသည့် အတိုင်း ခံယူပါမည်ဘုရား ဟုလျှောက်ထားလေသည်။
နေပြည်တော်အရှေ့ဘက်အရပ်၌ ဇေတ၀န်မည်သော ကျောင်းတော်ကို ဆောက်လုပ် လှူဒါန်းလေသည်။ မင်းကြီးသည်
ရေကိုထမ်း၊မိဖုရားသည် ဆွမ်းကိုရွက်ကာနေ့စဉ် သွားရောက် လှူဒါန်းလေသည်။ သာသနာနှင့် ပတ်သက်သည်များကိုလည်း
လျှောက်ထားမေးမြန်း လေသည်။ အရည်းကြီးတို့အားလည်း ပူဇော်ပသမှုကို ရပ်စဲလိုက်လေသည်။ ထို့ကြောင့်
အရည်းကြီးတို့သည် ရှင်အရဟံကိုရန်ငြိုးထားကြလေသည်။ မင်းကြီးကလည်း အရည်းကြီးတို့လက်မှ ကာကွယ်ပေးရန်
ဆင်ခြင်ပြီး အရည်းကြီးသုံးကျိတ်နှင့် တပည့်လက်သား ၆သောင်းကျော်တို့ကို လူဝတ်လဲစေပြီး အဲမောင်းကိုင်၊ လှံကိုင်၊
ဆင်ချီးကျုံး၊ မြင်းချီးကျူံး အမှုတော်ထမ်းစေလေသည်။ ရှင်အရဟံ၏ သာသနာ၌ ကြည်ညိုသူတို့ကိုလည်း
ရဟန်းပဉ္စင်းပြုပေးပြီး သာသနာတော်မြတ်ကို သန့်ရှင်းထွန်းလင်း စေလေသည်။ ဤသို့ မင်းနှင့်ဆရာ ပူးပေါင်းတိုင်ပင်၍
သာသနာကို သန့်ရှင်းစေလေသည်။
အနော်ရထာမင်းကြီးသည် ရှင်အရဟံ၏ တိုက်တွန်းချက်အရ သာသနာတော် ပြန့်ပွားစေရန် စကားပြောကျွမ်းကျင်လိမ္မာသော
အမတ်တစ်ဦးကို တန်စိုးလက်ဆောင်များပေး၍ သထုံပြည်၌ ရှိသော ပိဋကတ်သုံးပုံနှင့် ဓာတ်တော်မွေတော်များကို
ပင့်ဆောင်ခိုင်းလိုက်လေသည်။ ထိုအခါ သထုံပြည်ကို အုပ်စိုးသော မနူဟာမင်းက မိစ္ဆာာဒိဋ္ဌိတို့နှင့် တန်ရာလောဟု
ပြောဆိုခံရကာ ဆက်ဆံရေး မပြေပြစ်မှုကြောင့် အနော်ရထာမင်း အမျက်ထွက်တော်မူလေသည်။ ထို့ကြောင့်ကိုယ်တော်တိုင်
ရေကြောင်းမှာ လှေရှစ်သိန်း၊ သူရဲကောင်းရှစ်ကုဋေ ၊ကြည်းကြောင်းမှာ စစ်သူကြီး လေးယောက်နှင့် ဆင်ရှစ်သိန်း၊
မြင်းရှစ်သိန်း၊သူရဲကောင်းကုဋေရှစ်ဆယ်တို့နှင့်ချီတက်လေသည်။ရေကြောင်းစစ်ဦးပဲခူးတို့ရောက်၍ပုဂံကလှေတပ်မကုန်သေး၊
ကြည်းကြောင်း စစ်ဦး သထုံကျေးစပ်သို့ ရောက်၍ပုဂံက ကြည်းတပ်မကုန်သေးချေ။ ထိုစစ်ရေးချီလာသော သတင်းကို
မနူဟာမင်းကြီး ကြားလျှင် လွန်စွာ ကြောက်ရွံ၍ မြို့ကိုပရောဂ စီမံထားလေသည်။ ထို့ကြောင့် အနော်ရထာမင်းကြီးသည်
ကြိမ်ဖန်များစွာ လုပ်ကြံသော်လည်း အောင်မြင်မှုကို မရခဲ့ချေ။ဟူးရားဖြူ၊ဟူးရားညိုတို့ကို မေးသောအခါ ဇော်ဂျီတစ်ကောင်ကို
ဖုတ်ကင်၍စားသောကုလားငယ်၏ ဦးခေါင်း၊ပေါင်၊လက်တို့ကို မြို့ရိုးအနှံ မြုပ်နှံထားကာ ပရောဂ စီမံထားကြောင်း
သိရလေလျှင် နေရာအနှံ ရှာဖွေတူးဖော်ကာ သမုဒ္ဒရာတွင် စွန့်ပစ်ကာမှ အနိုင်တိုက်ယူကာ အောင်မြင်ခြင်းကို ရရှိလေသည်။
ထို့နောက်သထုံပြည်ကိုအောင်မြင်ကာသထုံမင်းအဆက်ဆက်ရတနာပန်းတောင်းတွင်ထား၍ကိုးကွယ်သောဓာတ်တော်၊မွေေ
တ်ာများ၊ပိဋကတ်သုံးပုံအစုံ သုံးဆယ် တို့ကိုလည်း သထုံမင်း၏ ဆင်ဖြူ၃၂စီးတွင် တင်၍ပင့်ဆောင်လာခဲ့လေသည်။
မနူဟာမင်းကြီးနှင့် တကွ ပိဋကတ် တတ်ကျွမ်းသော အရိယာပုဂ္ဂိုလ်တစ် ထောင်တို့
ကိုလည်းပုဂံပြည်သို့ ခေါ်ဆောင်ခဲ့လေသည်။ ထိုအခါမှ စ၍ စစ်မှန်စင်ကြယ်သော
သာသနာတော်သည် ပုဂံပြည်၌ ထွန်းကားခဲ့လေသည်။ အနော်ရထာမင်းကြီးလည်း
အရည်းကြီးတို့၏ မိစ္ဆာအမှောင်တွင်း၌ နေခဲ့ကြရရှာသောခေတ်အဆက်ဆက် မင်းပြု
အုပ်စိုးလာကြသော ဘိုးလောင်းတော် ဘေးလောင်းတော်တို့အား သတိရ
ကြေကွဲဝမ်းနည်းကာ ပါရမီကုသိုလ် ရစေခလိုဟု တမ်းတမြည်ကြွေးလေသည်။
ရှင်အရဟံသည် အလောင်းစည်သူ နန်းစံ၂-နှစ် သက်တော်၈၁တွင် ပရိနိဗ္ဗာန်ပြု
လေသည်။ မင်းနှင့်ပြည်သူတို့ ၇ရက်ပတ်လုံး ပူဇော်ပွဲကြီး ကျင်းပ၍ မီးသဂြိုလ်ကြ
လေသည်။ ဓာတ်တော်များကို ရွှေတလားတွင် ထည့်သွင်း၍ တူရွင်းတောင်ခြေ၌
ဂူတည်ထားကိုးကွယ်လေသည်။ ရှင်အရဟံ၏ ပုံတူကိုလည်း
ထုလုပ်ပူဇော်ကြလေသည်။ (ယခုထိတိုင် အာနန္ဒာဘုရား အတွင်းမှာ ရှိလေသည်)

8888peoplepower vol 7-no 6 February 2011 [18]


FIGHT FOR NEW GENERATION
၈၈၈၈ ပြည်သူ့ သတင်းစဉ်

ပြောင်းလဲခြင်းအတွက်
ထကြွတိုက်ပ၀ွဲ င်နေကြသော
အီဂျစ်နိုင်ငံသားတို့ အား
ဂုဏ်ယူလေးစားလျှက်

8888peoplepower vol 7-no 6 February 2011 [19]


FIGHT FOR NEW GENERATION
၈၈၈၈ ပြည်သူ့ သတင်းစဉ်

Public Health ပြည်သူ့ ကျန်းမာရေးး

ဖြည်းဖြည်းလာပါ အိဇ
ု ရာ (သိ)ု့ အိုမင်းလာမှုကို
နှေးကွေးစေမည့် အဓိက နည်းလမ်းများ

အချိန်ကြာလာတာနဲ့အမျှ လူသားတိုင်း မလွဲမသွေ ရင်ဆိုင်ရမှာ ဖြစ်တဲ့


အိုမင်းခြင်းကို သဘာဝထက် နှေးကွေးအောင် တားဆီးဖို့ အကောင်းဆုံး၊
အဓိက အကျဆုံးနဲ့ အရိုးရှင်းဆုံး အလွယ်ကူဆုံး နည်းလမ်းတွေကို
အမေရိကန် ကျန်းမာရေး သုတေသီများက ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။

ဒီတွေ့ရှိချက်တွေဟာ ကမ္ဘာတစ်လွှားက လူပေါင်းများစွာရဲ့ အိုမင်းလာမှု အနေအထားနဲ့ ၄င်းတို့ရဲ့ စိတ်နေစိတ်ထား၊


စားသောက်နေထိုင်ပုံတွေကို နှိုင်းယှဉ်ကာ လေ့လာခဲ့တဲ့ လေ့လာချက်များရဲ့ ရလဒ်များ ဖြစ်ပါတယ်။

အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း လိုက်နာကျင့်သုံး နေထိုင် သွားမယ် ဆိုရင် သင်အရွယ်ရောက်ပြီး သိပ်မကြာခင်


ကတည်းက စသတိထားမိလာခဲ့တဲ့ သင့်ခန္ဓာကိုယ်က အိုမင်းဆုတ်ယုတ်လာမှုကို အလွန်နှေးကွေးစေမှာ ဖြစ်သလို နှလုံးနှင့်
သွေးကြောဆိုင်ရာ ရောဂါများ၊ ကင်ဆာရောဂါများ နဲ့ ဆီးချိုရောဂါ တို့ ကိုပါ ကာကွယ်တားဆီး နိုင်မယ်လို့
ကျန်းမာရေးပညာရှင်များက ပြောဆိုပါတယ်။ ဒီနည်းလမ်းတွေကတော့ ................

(၁) Free Radicals ခေါ် ဓာတ်တိုးပစ္စည်းများ ကြွယ်ဝသော


အစားအသောက်များကို ရှောင်ကြဉ်ခြင်း
Free Radicals တွေ ဆိုတာ ဓာတုနည်းအားဖြင့် မတည်မြဲနိုင်တဲ့
ဒြပ်ပေါင်းတွေ ဖြစ်ပြီး ဒီပစ္စည်းတွေဟာ သင့်ခန္ဓာကိုယ်က ဆဲလ်တွေကို
အိုမင်းအောင် တိုက်ခိုက်ပြီး မျိုးရိုးဗီဇအမျှင် DNA ကိုပါ
ပျက်စီးစေပါတယ်။ ဒါတွေကို တစ်နည်းအားဖြင့် ဓာတ်တိုးပစ္စည်း
(Oxidants) များလို့ ခေါ်ပါတယ်။ပုံမှန် နေ့စဉ် စားသောက်နေတဲ့
အထဲမှာ ဒီလို ဒြပ်ပေါင်းတွေ အနည်းငယ် ပါဝင်ပေမယ့် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲက ဓာတ်တိုးဆန့်ကျင်ပစ္စည်း
(Antioxidants) တွေ ဒီပမာဏ လောက်တော့ ချေဖျက်ပေးနိုင်လို့ ကြီးကြီးမားမား ပြဿနာ မရှိပါဘူး။ ဒါပေမယ့်
ဓာတ်တိုးပစ္စည်းတွေ အများကြီး ပါတဲ့ အစားအသောက်တွေ နေ့စဉ်စားရင်တော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း
ဘယ်လိုမှ မနိုင်တော့ဘဲ သင်ဟာ သူများထက် အိုမင်းမှု မြန်လာမှာ ဖြစ်လို့ တတ်နိုင်သမျှ ရှောင်ကြဉ် သင့်ပါတယ်။

ဓာတ်တိုးပစ္စည်းတွေ ကြွယ်ဝပြီး နေ့စဉ်ထိတွေ့ သုံးဆောင်ရင် သင့်ခန္ဓာကိုယ်က ဆဲလ်တွေကို အိုမင်းစေမယ့် အရာတွေ


ကတော့ ဆေးလိပ်၊ အသားကင်၊ အရက်၊ မိုက်ကရိုဝေ့ဖ် မိုးဖိုနဲ့ ချက်ထားတဲ့ အစားအသောက်တွေ၊ လျှပ်စစ်စက်ကွင်းနဲ့
ဓာတ်ရောင်ခြည် သင့်ခြင်း၊ နေလောင်ခြင်း စတာတွေ ဖြစ်ပြီး အိုမင်းမှုနဲ့ သူ့ရဲ့ အကျိုးဆက်တွေ ဖြစ်တဲ့ ကာယအား၊
ဥာဏအား ကျဆင်းခြင်း၊ ရုပ်ဆင်းထိခိုက်ခြင်း စတာတွေကို မြန်မြန် မခံစားရချင်ရင်တော့ ဒီအရာတွေကို တတ်နိုင်သမျှ
ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

ဇရာကို နှေးကွေးစေမယ့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်တဲ့ အစားအသောက်တွေကတော့ ပန်းသီး၊ လိမ္မော်သီး၊


စပျစ်သီး၊ ပန်းဂေါ်ဖီစိမ်း စတဲ့ အစိမ်းရင့်ရောင်၊ အနီရောင်၊ အ၀ါရောင် ရှိတဲ့ အသီးအနှံ မှန်သမျှ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အဲလို အသီးအနှံတွေ အများစုက ဓာတု ဓာတ်မြေသြဇာ နဲ့ ပိုးသတ်ဆေးတွေ ပက်ဖျန်း စိုက်ပျိုး ထားတာမို့
ယနေ့ခေတ်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင် လိုချင်လို့ အသီးအနှံ စားရင်တောင် ဓာတ်တိုးပစ္စည်းတွေ ပြန်စားရသလို
ခန္ဓာကိုယ် အိုမင်းမှုကို အားပေးရာ ရောက်သလို ဖြစ်နေပါတယ်။ ဒါကြောင့် အသီးအနှံ ဟင်းသီးဟင်းရွက်တွေ စားသုံးရင်
ရေနဲ့ အထပ်ထပ် ဆေးကြောပေးရပါမယ်။ အကောင်းဆုံး နည်းလမ်းကတော့ အော်ဂဲနစ် သီးနှံတွေ ၀ယ်စားတာပဲ
ဖြစ်ပါတယ်။

8888peoplepower vol 7-no 6 February 2011 [20]


FIGHT FOR NEW GENERATION
၈၈၈၈ ပြည်သူ့ သတင်းစဉ်

(၂) တတ်နိုင်သမျှ ရောင်ယမ်းခြင်း မဖြစ်အောင် နေခြင်း ပိုမြန်စေတာ သိပ္ပံနည်းကျ လေ့လာ တွေ့ရှိရပါတယ်။


ငယ်ရွယ်သူတွေဟာ မသိသာသေးပေမယ့် အသက်ကလေး
သင့်ခန္ဓာကိုယ်မှာ ဖြစ်သမျှသော ရောင်ယမ်းမှုတွေဟာ ရလာတာနဲ့အမျှ စုခံရမှာ ဖြစ်ပါတယ်။
သင့်ကို အိုမင်းစေတယ်လို့ ယူဆရပါမယ်။ အချိုလျှော့စားတာလည်း အိုမင်းမှုကို နှေးကွေးစေပါတယ်။
ရောင်ယမ်းခြင်းလို့ ဆိုရာမှာ မြင်သာတဲ့ ရောင်ယမ်းမှုမျိုး
သာမက ကင်ဆာ နဲ့ ဆီးချို ရောဂါတို့ဟာ ကိုယ်အတွင်း (၄) ရေရှည် စိတ်ဖိစီးမှု မဖြစ်အောင် နေထိုင်ခြင်း
ကြီးမားသော ရောင်ယမ်းခြင်းတွေ ဖြစ်တဲ့ အတွက် စိတ်ဖိစီးမှုဟာ နာတာရှည် ဖြစ်လာတာနဲ့ အမျှ
ဒီရောဂါတွေ မရှိအောင် ဆင်ခြင်နေထိုင်သင့်ပါတယ်။
ဒီရောဂါတွေ ရှိရင် အရွယ်ကျတာ သင့်မျက်မြင်ပါပဲ။ ဒီတော့
ဒီလို ရောင်ယမ်းခြင်း တစ်ခုခု သင့်ကိုယ်မှာ ရှိနေပြီ ဆိုရင်
ရောင်ယမ်းခြင်းကို ကျဆင်းစေမယ့် နနွင်း၊
ချောကလက်အညို၊ စတဲ့ အစားအသောက်တွေကို နေ့စဉ်
စားပေးသင့်ပါတယ်။ မြေထဲပင်လယ်ဒေ သရဲ့
အစားအသောက် ပုံစံ (Mediterranean-style diet)
ကလည်း ရောင်ယမ်းမှုကို အထူးသက်သာစေကြောင်း
သုတေသနပြု တွေ့ရှိထားရပါတယ်။ တခြားတော့
မဟုတ်ပါဘူး။ သံလွင်ဆီကို အဓိက သုံးစွဲ ချက်ပြုတ်ပြီး ငါး၊
လတ်ဆတ်တဲ့ အသီးအရွက်၊ ကြက်သား၊ ပင်လယ်စာ
နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ကို မြင့်တက်စေတဲ့
စတာတွေ ပါဝင်တဲ့ ဟင်းလျာများပဲ ဖြစ်ပါတယ်။
ဟော်မုန်းမျိုးစုံ ခန္ဓာကိုယ်မှာ ထွက်အောင် အစပျိုး
ဖန်တီးပါတယ်။ ဒီဟော်မုန်းတွေရဲ့ သက်ရောက်မှုကို
လျှော့ချဖို့ ကော်တီဇော (Cortisol) လို့ခေါ်တဲ့
မြေထဲပင်လယ်ဒေသရဲ့ အစားအသောက် ပုံစံ
စတီးရွိုက်ဟော်မုန်း တစ်မျိုးကို သင့်ခန္ဓာကိုယ်က တန်ပြန်ပြီး
(Mediterranean-style diet) ရဲ့ အဓိက ပါဝင်ပစ္စည်းတွေ
ထပ်ထုတ်ပါတယ်။ ဒီဟော်မုန်းဟာ Stress Hormone လို့
ဖြစ်ပါတယ်
လူသိများပြီး ခဏခဏ မြင့်မားစွာ ထွက်နေမယ် ဆိုရင်
အကောင်းဆုံး အရောင်ကျစေတဲ့ နည်းတစ်ခုကတော့
အရွယ်မတိုင်ခင် အိုမင်းစေပါတယ်။
ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း လုပ်ခြင်း ဖြစ်ပြီး ဒါဟာ
ဒါကြောင့် သောကတွေ အားလုံး ခေါင်းထဲ စုထည့်ထားပြီး
စိတ်ပျို ကိုယ်နုစေတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
အချိန်ပြည့် ခံစားနေတတ်တဲ့ အကျင့် ရှိနေရင်
လွန်ကဲပြင်းထန်စွာ ကိုယ်လက်လှုပ်ရှားမှု လုပ်ရင်လဲ free
ပြင်သင့်ပါတယ်။ ဖြေရှင်းရမယ့် အချိန်မှာ သေချာ
radical တွေ အရမ်းထွက်စေပြီး အိုမင်းခြင်းကို အားပေးတာ
စဉ်းစားဖြေရှင်းရင်း ပေါ့ပေါ့ပါးပါး ဖြတ်သန်းတာက
သတိချပ်သင့်ပါတယ်။
အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။ တရားရှုမှတ်ခြင်း၊
သမထ ထိုင်ခြင်း စတာတွေဟာ စိတ်ဖိစီးမှုကို သိသာစွာ
(၃) အစားအသောက်များကို သကြားပေါင်းခြင်း (Glycation)
သက်သာစေပြီး ငြိမ့်ညောင်းတဲ့ ဂီတနားထောင်ခြင်း၊
မဖြစ်အောင် ချက်ပြုတ်စားခြင်း
အပန်းဖြေခရီးထွက်ခြင်း၊ မိတ်ဆွေများနဲ့ ရောက်တတ်ရာရာ
သကြားပေါင်းခြင်း (Glycation) ဆိုတဲ့ ဝေါဟာရဟာ
စကားပြောခြင်း စတာတွေကလည်း အရွယ်တင်နုပျိုခြင်းကို
သကြားဓာတ် မော်လီကျူးတွေက အသားဓာတ်နဲ့
သွယ်ဝိုက် အကျိုးပြုတဲ့ နည်းလမ်းကောင်းများ ပါပဲ။
အဆီဓာတ်ကို သွားပေါင်းပြီး မော်လီကျူး အသစ်တွေ
ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ကို ကိုယ်စားပြုပါတယ်။ Advanced
Glycation Endproducts လို့ ခေါ်တဲ့ AGEs ဆိုတဲ့
ဒြပ်ပေါင်းတွေဟာ ခန္ဓာကိုယ် တစ်ခုလုံးမှာ ရှိတဲ့ ဆဲလ်တွေရဲ့
အိုမင်းမှုကို အဆမတန် မြန်စေတဲ့ အာနိသင် ရှိကြောင်း
မကြာသေးမီကမှ တွေ့ရှိထားရပါတယ်။အပူပြင်းပြင်းနဲ့
ချက်ရင် ဒီဒြပ်ပေါင်းတွေ အရမ်းဖြစ်လွယ်တဲ့အတွက်
မီးပြင်းပြင်းနဲ့ ချက်ပြုတ်ခြင်းကို တတ်နိုင်သမျှ
လျှော့ချသင့်ပါတယ်။ အဆီများများ၊ အချိုဓာတ်များများ၊
ကစီဓာတ်များများ ပါဝင်ပြီး မီးပြင်းပြင်းနဲ့ ချက်တဲ့
အစားအသောက်တွေ အားလုံးမှာ AGEs တွေ မြင့်မားစွာ
ပါဝင်နေပြီး ဒါမျိုးတွေကိုမှ အရသာတွေ့ကာ
နေ့စဉ်စားသုံးရင် သူများတွေထက် အိုမင်းမှု သိသိသာသာ

8888peoplepower vol 7-no 6 February 2011 [21]


FIGHT FOR NEW GENERATION
၈၈၈၈ ပြည်သူ့ သတင်းစဉ်

Political cartoon ,

we fight for truth and justice in Burma.

၈၈၈၈ပြည်သူ့ သတင်းစဉ်သည် စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် ပြည်သူ့ တိုက်ပွဲမြုင့်


တင်ရေးတွင် နည်းလမ်းတခုအနေနှင့် မိမိတို့  အသိစိတ်ဓါတ် ဖြင့် တိုက်ပဝ
ွဲ င်နေခြင်းဖြစ်သည်။

88peoplepower2010@gmail.com
-စာဖတ်သူအပေါင်း ချမ်းသာကိုယ်စိတ်မြဲပါစေ..။

8888peoplepower vol 7-no 6 February 2011 [22]

You might also like