You are on page 1of 54

September 16th 2010 – MoeMaKa Daily Newsletter

talk with Dr. Sein Win............................................................................................... 4


dangerous technology in Rgn .................................................................................. 4
Ashin Zagara - Blessing in Life - Talk...................................................................... 8
အရှင်ဇာဂရ - မင်္ဂလာမြင်ကွင်း ဟောပြောချက် ................................................................... 9
Cartoon Maung Yit – To Free from Burmese Dictatorship, Don’t go to the Poll
!!!................................................................................................................................ 9
ကာတွန်းမောင်ရစ် - အာဏာရှင်ကို ဆန့်ကျင်ဖို့ - မဲရုံကို ကျောခိုင်းစို့ .................................. 10
Tu Maung Nyo - Expose the Corrupted Regime's Candidates in 2010 Election 10
ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများကို ဖွင့်ချ ဆန့်ကျင်ကြ....................................................... 10
NLD officially disbaned by Burmese Regime ........................................................ 11
လူထုထောက်ခံမှု အများဆုံးရထားသည့် အန်အယ်လ်ဒီအား စစ်အစိုးရက ဖျက်သိမ်း .......... 11
no vote in 2010 election......................................................................................... 12
article from a prison in irrawaddy delta................................................................ 14
နှစ်ပတ်လည် မေတ္တာပို့ .................................................................................................... 21
Burmese Community in Japan boycott Junt'a Propaganda's Actors .................. 24
ဂျပန်ရောက် မြန်မာများက စစ်အစိုးရ၀ါဒဖြန့်သရုပ်ဆောင်များကို သပိတ်မှောက်ဟု ဆို ....... 24
NLD's response on SPDC's statement ................................................................... 26
A Burmese young man killed in a fight................................................................. 27
Friends of Citizen of Burma formed local chapters in Buffalo, NYC and SF Bay
while LA chapter to host Fund Raising ................................................................. 28
ပြည်သူ့ဂုဏ်ရည်အသင်း၏ ဘတ်ဖဲလိုး၊ နယူးယောက် နှင့် ဆန်ဖရန်ဘေးဧရိယာတို့တွင်
မြို့နယ်အလိုက် လုပ်အားပေးအဖွဲ့များ ဖွဲ့စည်း၊ အယ်လ်အေက စက်တင်ဘာ ၂၅ မှာ
ရန်ပုံငွေပွဲတော် ကျင်းပမည် ............................................................................................. 28
14th Sept 2010 - Burmese Journal Digests .......................................................... 29
ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ .................................................................... 29
Ashin Zawana – U Tin Aye (Myo ma).................................................................... 30
မင်္ဂလာနှင့် နိုင်ငံရေး - ၃ .................................................................................................. 32
Rony Nyein - 25 ...................................................................................................... 33
U Aye Myint warned Tatmadaw - not to destroy trust of the People ................ 34
လမ်းပြကြယ် ဦးအေးမြင့်က တပ်မတော်နဲ့ ပြည်သူ လက်တွဲမပြုတ်သင့်ဟု
သတိပေးစကားပြော ....................................................................................................... 34
လပ်စ်ဗေးဂတ်စ်က မြန်မာများ ၀ိုင်းစုခိုင်သိန်းကို လက်မခံသကဲ့သို့ ..................................... 35
သြစတြေးလျမြန်မာများကလည်း ခန့်စည်သူကို ကြိုဆိုမည်မဟုတ် ..................................... 35
Mar Mar Aye - 346 .................................................................................................. 37
12th Sept 2010 - MoeMaKa Radio......................................................................... 39
စက်တင်ဘာ ၁၂၊ ၂၀၁၀ - မိုးမခရေဒီယို .......................................................................... 39
Kyaw Thu - FFSS Yangon Activity (12nd September 2010)................................ 40
နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သတင်းမှတ်စု လှုပ်ရှားမှုများ ........................................ 40
Burmese Senior Monks sent signed letter to Regime - Justice for Ashin Pyinnya
Sara .......................................................................................................................... 46
ဖမ်းဆီးခံထားရသော ဦးပညာစာရနှင့်ပတ်သက်ပြီး ဆရာတော်ကြီး ၁၄ ပါးက
မေတ္တာရပ်ခံစာပေးပို့........................................................................................................ 46
U Win Tin Hospitalized .......................................................................................... 48
အန်အယ်ဒီပါတီခေါင်းဆောင် ဦးဝင်းတင် ဆေးရုံတင်ထား ................................................. 48
LA Burmese Community protest against Stage Shwow with Junta's Actress.... 49
အယ်လ်အေက မြန်မာများက စစ်အစိုးရသရုပ်ဆောင်၏ စတိတ်ရှိုးကို ကန့်ကွက်ကြ၊.......... 49
အမေရိကန်ဒေသခံများကလည်း စိတ်ဝင်တစား မေးမြန်းစုံစမ်း ........................................... 49

မိုး ရေလျှံ မှု ကို ဓာတ် ပုံ ရို က်ေ သာ သ တ င်း ထောက် မကွေး တွ င် ထိ န်း သိ မ်း ခံေ နရ


မိုးမခအထောက်တော် အမှတ် ဝဝ၂
စက်တင်ဘာ ၁၆၊

၂၀၁၀

မကွေးမြို့တွင် မိုးရွာပြီးနောက်ပိုင်း ရေကြီးရေလျှံမှုကို ဓာတ်ပုံရိုက်သော သတင်းထောက်တဦး


ထိန်းသိမ်းခံနေရကြောင်း Weekly Eleven သတင်းဂျာနယ် အင်တာနက် စာမျက်နှာ တွင် ရေးထားသည်။

အစမ်းခန့် သတင်းထောက် ကိုအောင်သူငြိမ်း (၂၈ နှစ်) သည် ဓာတ်ပုံရိုက်ပြီး နောက်တနေ့ အင်္ဂါနေ့တွင်


ထိန်းသိမ်းခံရသည်ဟု ဆိုသည်။

“ကင်မရာသိမ်းဆည်းပြီး ခံဝန်လက်မှတ် ရေးထိုးခိုင်းသည်ကို ခံဝန်မထိုးသောကြောင့် အဆိုပါ


သတင်းထောက်အား မကွေးမြို့ အမှတ်( ၁) မြို့နယ် ရဲတပ်ဖွဲ့စခန်းဝင်း အတွင်းရှိ မြို့နယ်မှူးရုံးတွင် ခေတ္တခေါ်ယူ
ထိန်းသိမ်းထားသည်” ဟု http://news-eleven.com တွင် ရေးထားသည်။

“ခံဝန်ကလည်း နောက်နောင် ဒီလိုမလုပ်ပါဘူး ဆိုတာမျိုးတွေက သတင်းထောက် တစ်ယောက်အတွက်


ဘယ်လိုမှ ထိုးစရာ အကြောင်း မရှိပါဘူး။ သတင်းထောက်ကတော့ သတင်းယူရမယ့် တာဝန်ရှိပါတယ်။
သတင်းဓာတ်ပုံ ရိုက်ရမယ့် တာဝန် ရှိပါတယ်” ဟု Weekly Eleven တာဝန်ခံ အယ်ဒီတာ ကိုဝေဖြိုးက
ပြောဆိုကြောင်း သတင်းတွင် ဖော်ပြထားသည်။

ယခင်ကလည်း ထိုဒေသမှ ၎င်းတို့၏ သတင်းထောက်တဦး ၂ ရက်ကြာ ထိန်းသိမ်းခံခဲ့ရသည်ဟု ဆိုသည်။

တခြားမြို့ကြီးများတွင် ရေကြီးမှုသည် သာမန်သတင်းသာ ဖြစ်ကြောင်း၊ သို့သော်လည်း မကွေးသည် သတင်းနှင့်


ပတ်သက်ပြီး အကဲဆတ်သည့် မြို့ဟု ယူဆရကြောင်း တာဝန်ခံအယ်ဒီတာ ကိုဝေဖြိုးက ပြောသည်။
“တိုင်းဒေသကြီး မြို့တော်တစ်ခုအနေနဲ့ ဒါမျိုးက လုံးဝ မဖြစ်သင့်ပါဘူး။ အဲဒီအတွက် ကန့်ကွက်ပါတယ်။
မနက်ဖြန်မှာ အကြီးတန်း အယ်ဒီတာတစ်ယောက် မကွေးကို စေလွှတ်သွားမှာ ပါ။ နောက်ရက်မှာ လည်း အခုလိုပဲ
ဆက် ထိန်းသိမ်းထားမယ် ဆိုရင် ဥပဒေ နည်းလမ်းတွေအတိုင်း ဥပဒေကြောင်း အရပဲ ဆက်လက် တုံ့ပြန်
ဆောင်ရွက်သွားမှာပါ” ဟု သူက ပြောသည်။

talk wit h D r. Sei n Win

Posted by Yan Lo Kywe | 9:18 PM | Interview | 0 comments »


NCG UB ဝန်ြ ကီး ချု ပ် ဦးစိ န် ဝ င်း ရဲ့  နို င် ငံေ ရးသုံး သ ပ် ချက်
အင်တာဗျူး
စက်တင်ဘာ ၁၆၊ ၂၀၁၀

ယခင်လက လန်ဒန်မြို့ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲတွင် တွေ့ရသည့် ဒေါက်တာစိန်ဝင်း (ဓာတ်ပုံ - Demotix


Images)

ဗွီအိုအေ အင်တာနက် စာမျက်နှာ www.voanews.com/burmese မှ ကူးယူ ဖော်ပြပါသည်။

အပြည့်အစုံ ဖတ်ရန် ဤနေရာ ကို နှိပ်ပါ။

da nge ro us te c hnolo gy in R gn

Posted by Yan Lo Kywe | 7:54 PM | Burma News Headlines | 0 comments »


အြေ ကာ် များ ရေရှ ည် ခံ လှ ပ ရန် ရန် ကု န် မှ ဆို င် တ ချို့  က ပလ ပ် စ တ စ် များ ထ ည့်ေြ ကာ် ဟု ဆို
မိုးမခအထောက်တော် အမှတ် ဝ၁ဝ
စက်တင်ဘာ ၁၆၊

၂၀၁၀

အကြော်များ ရေရှည်ခံ လှပစေမည့် အန္တရာယ်ကြီးသည့် နည်းပညာတခုကို ရန်ကုန်မှ အကြော်သည်တချို့က


နှစ်အတန်ကြာ အသုံးပြုလျက်ရှိသည်ဟု တနင်္လာနေ့ထုတ် MODERN TIME ဂျာနယ်တွင် ရေးထားသည်။

“တနေကုန် ကြွပ်ရွပြီး စားလို့ကောင်းတဲ့ ရေရှည်အထားခံ အကြော်စုံကို ရရှိဖို့အတွက် အကြော်ကြော်တဲ့


ဆီပူထဲကို ရေသန့်ဗူး ပလပ်စတစ် အကြည်တွေကို ထည့်ပြီး အကြော်ဆိုင် အတော်များများက
ကြော်လှော်ကြပါတယ်” ဟု ဂျာနယ်တွင် ဖော်ပြထားသည်။

သမိုင်းလမ်းဆုံမှ နာမည်ကြီးဆိုင်တဆိုင်က ဆီပူအိုးထဲသို့ ပလပ်စတစ်ပုလင်းခွံ ၃ ပုလင်း ထည့်ကြော်ကြောင်း၊


လမ်းဘေးဆိုင်တဆိုင်က ပလပ်စတစ်အိတ် ၂ လုံး ဆီအိုးထဲ ထည့်ကြောင်း မျက်မြင်သက်သေများကို ကိုးကားပြီး
ရေးထားသည်။

အကြော်သည်တဦး၏ “ဒီလိုမျိုးလုပ်တာက သုံးလေးနှစ်လောက် ရှိပြီ။ ရောင်းတဲ့သူက များလာတော့


အပြိုင်အဆိုင် လုပ်ကြတာပေါ့” ဟူသော စကားကိုလည်း ကိုးကားထားသည်။

ထိုသို့ ပြုလုပ်ခြင်းကြောင့် အကြော်များ ရောင်းပန်းလှပြီး ဆီစားသက်သာသည်ဟု ဆို၏။


Ashi n Zaga ra - Blessi n g i n Life - Tal k

Posted by MoeMaKa | 4:53 PM | VDO News | 0 comments »


အ ရှ င် ဇာ ဂရ - မင်္ဂ လာြ မင် ကွ င်း ဟော ပြော ချ က်
စက်တင်ဘာ ၁၆၊ ၂၀၁၀
အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ Portland မြို့၊ သိရီမင်္ဂလာဘုန်းတော်ကြီးကျောင်းမှာ
၂၀၁၀၊ ဇွန်လ ၁၅ ရက်နေ့ မှာ ဆရာတော်ဦးဇာဂရ ဟောကြားအပ်သော “မင်္ဂလာမြင်ကွင်း” တရားတော် ကို
ပြန်လည် မျှဝေပေးပါတယ်။ ဒီနေရာကနေ သွားရောက် ရှူစားပါ။
http://www.ashinsirinda.com/index.php?option=com_content&view=article&id=374:2010
-06-17-01-45-45&catid=66:dhamma-video&Itemid=167

Car too n Ma un g Yit – To F re e fro m B u rmes e Di cta tor shi p, Do n’ t go to th e Poll !!!

Posted by MoeMaKa | 3:21 PM | Cartoon Box | 0 comments »


ကာ တွ န်း မော င် ရ စ် - အာဏာရှ င် ကို ဆ န့်  ကျ င် ဖို့  - မဲ ရုံ ကို ကျော ခို င်း စို့ 
စက်တင်ဘာ ၁၆၊ ၂၀၁၀
Cartoon Maung Yit – To Free from Burmese Dictatorship, Don’t go to the Poll !!!
September 16, 2010

Tu Ma un g Nyo - Expos e th e Cor ru pt ed Re gim e' s Ca n dida tes i n 2 010 El ec tio n

Posted by MoeMaKa | 2:42 PM | Op-Ed | 0 comments »

ကြံ့  ဖွံ့  ကို ယ် စားလှ ယ်ေ လာ င်း များကို ဖွ င့် ချ ဆန့်  ကျ င်ြ က


တူမောင်ညို
စက်တင်ဘာ ၁၅၊ ၂၀၁၀
သိန်းစိုး ရွေးကောက်ပွဲကော်မရှင်က “ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ
စိစစ်မည့်နေ့ရက်” ကို စက်တင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဖြစ်ကြောင်း ကြေညာချက်အမှတ်
(၉၀/၂၀၁၀) ဖြင့် ထုတ်ဖေါ်ကြေညာခဲ့သည်။
သို့အတွက် ၂၀၁၀ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများကို
သိန်းစိုးရွေးကောက်ပွဲကော်မရှင် ထုတ်ပြန် ကြေညာရလိမ့်မည်။ သို့သော်လည်း ယနေ့အ ထိ
ထုတ်ပြန်ကြေညာခြင်း မရှိသေးချေ။
သို့သော်လည်း ဆန္ဒမဲပေးကြရန် ဗြောင်ကျကျ တိုက်တွန်းသည့် ဆောင်းပါး ၂ ပုဒ်ကို စက်တင်ဘာ ၁၀
ရက် နှင့် ၁၁ ရက်နေ့ ထုတ် နေ့စဉ်သတင်းစာတွင် ဖေါ်ပြထားသည်။
- အားလုံးစုံညီမဲပေးကြမည်
- အနာဂတ်နိုင်ငံတော်ကို မိမိဆန္ဒမဲဖြင့် တည်ဆောက်ကြပါစို့
ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ပြည်တွင်း/ ပြည်ပ
ဒီမိုကရေစီအင်အားစု အားလုံးက “၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှော က်ရန်” အတိအလင်း ကြေညာထားပြီး
ဖြစ်သည်။ သို့အတွက် ထိပ်တိုက် တွေ့နေကြပြီ။
ပြည်သူများသည် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှော က်ကြရမည်။
မဲပေးခြင်း/ မဲမပေးခြင်းသည် ပြည်သူများအတွက် ကိုယ်ပိုင် ရွေးချယ် ဆုံးဖြတ်နိုင်သည့်
အခွင့်အရေးဖြစ်သည်။
ယင်းအခွင့်အရေးရှိကြောင်းကို နအဖ - စစ်အစိုးရက ထုတ်ပြန်ထားသည့်
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ အခန်း(၁) ပုဒ်မ(၂) ပုဒ်မခွဲ (ဎ)တွင် “ရွေးကောက်မှုဆိုင်ရာ
အခွင့်အရေးဆိုသည်မှာ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ပါ ဝင်ယှဉ်ပြိုင်နိုင်သော
အခွင့်အရေး၊ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုဘဲနေနိုင်သော အခွင့်အရေး၊ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းမှ
နုတ် ထွက် နိုင်သော အခွင့်အရေး၊ ရွေးကောက်ပွဲတွင် မဲ ပေးနိုင်သော အခွင့်အရေး သို့မဟုတ် မဲေ ပြး ခင်း
မြ ပု ဘဲ နေနို င်ေ သာ အ ခွ င့် အ ရေး ကို ဆိုသည်” ဟု အတိအလင်း ရေးသားဖေါ်ပြထားသည်။
မဲပေးခြင်းမပြုဘဲ နေနိုင်သောအခွင့်အရေးကို ပြည်သူများသည် ပြည့်ပြည့်ဝဝ အသုံးချပြီး
စစ်အာဏာရှင်စနစ်ကို ကန့်ကွက် ဆန္ဒပြကြ ရမည်။ နအဖ-စစ်အစိုးရသည် ကြံ့ဖွံ့ပါတီ အနိုင်ရရှိရေးအတွက်
တရားဥပဒေဘက်/ အုပ်ချုပ်ရေးယန္တရား/ ငွေရေးကြေးရေး စသဖြင့် အဘက်ဘက်က အကွက်ချ ပြင်ဆင်ထားပြီး
ဖြစ်သည်။ အခြားပါတီများအတွက် မျှော်လင့်စရာမရှိ။ မပြိုင်မီက ရှုံးနေရပြီ။ ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်
လောင်း အရေအတွက်ဘက်က ကြည့်လျှင်ပင် ရှုံးမည့်အဖြေသည် ပေါ်လွင်နေပြီ။
မကြာမီ ကြံ့ဖွံ့ပါတီဘက်က ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အမတ်လောင်းစာရင်းကို သိန်းစိုးကော်မရှင်က
ကြေညာတော့မည်။ ယင်း အမတ်လောင်းများ ဆိုသူများမှာ စစ်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်တွင်
ပါဝင်ခဲ့ကြပြီး လူထုလှုပ်ရှားမှုများကို အကြမ်းဖက်ဖိနှိပ်ခဲ့ကြသူများ၊ ပြည်သူ့ဘဏ္ဍာ ခိုးဝှက်ယူခဲ့ကြသည့်
အကျင့်ပျက် ခြစားကြသူများသာ ဖြစ်လိမ့်မည်။
ပြည်သူများသည် မိမိတို့ကို ဖိနှိပ်အကြမ်းဖက်ခဲ့သူများ/ အကျင့်ပျက်ချစားနေသူများကို
ပြည်သူ့ကိုယ်စားလှယ်အများအဖြစ် ဆန္ဒမဲ ပေးရွေးချယ်ရန် မဖြစ်နိုင်ပါ။
မိမိအပေါ် အကြမ်းဖက် ဖိနှိပ်ရက်စက်ခဲ့သူကို ထပ်မံပြီး အကြမ်းဖက် ဖိနှိပ် ရက်စက်ရန် ဆန္ဒမဲပေး
ရွေးချယ်ကြဦး မည်လား။
မဲပေးခြင်း မပြုဘဲ နေနိုင်သောအခွင့်အရေးကို ပြည့်ပြည့်ဝဝ ကျင့်သုံး၍ ကန့်ကွက် ဆန့်ကျင်ကြရမည်
ဖြစ်သည်။
မဲမပေးဘဲ နေကြရမည်။
ဒီမိုကရေစီအရေး ဦးတည်သည့် မှတ်ပုံတင်နိုင်ငံရေးပါတီများကလည်း ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများ၏
“ဆိုးသွမ်းမှု/ အကြမ်းဖက် ဖိနှိပ်ရမ်းကားမှု/ အကျင့်ပျက် ခြစားခဲ့မှုများ”ကို ပြည်သူလူထု သိရှိနားလည်ပြီး
ကန့်ကွက် ဆန့်ကျင်နိုင်ရန် ဖော်ထုတ် ဖွင့်ချသွားရမည့် တာဝန်ရှိပါသည်။

NLD o ffi ciall y disba n ed by B ur mese R egi me

Posted by MoeMaKa | 10:12 AM | Local News Headlines | 0 comments »

လူ ထုေ ထာ က် ခံ မှု အ များဆုံး ရထားသ ည့် အ န် အ ယ် လ် ဒီ အား စစ် အ စိုး ရက ဖျက် သိ မ်း


မိုးမခ အထောက်တော်၊ ရန်ကုန်
စက်တင်ဘာ ၁၅၊ ၂၀၁၀
ပါတီတည်ထောင်ပြီးနောက် ၂၂ နှစ်ပြည့်ရန် ရက်ပိုင်းမျှ အလိုတွင် မြန်မာလူထု
ထောက်ခံမှုအများဆုံးရရှိထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီအား အခြားသော
နိုင်ငံရေးပါတီ ၄ခုနှင့် အတူ ဖျက်သိမ်းလိုက်ကြောင်း မနေ့က နေ့စြွဲ ဖင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က
ကြေညာခဲ့သည်။
ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ယခင် ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်းကျန်ရှိနေသည့်
ပါတီ ၁၀ ပါတီအနက် ပြန်လည်မှတ်ပုံမတင်သည့် ပါတီ ၅ ပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ “၀”
အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ
အဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) နှင့် ပြည်ထောင်စု ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် တို့သည် သတ်မှတ်ရက်အတွင်း
နိုင်ငံရေးပါတီ အဖြစ် ဆက်လက်တည်ထောင်လိုကြောင်း လျှောက်ထားခြင်း မရှိ၍ ဥပဒေအရ အလိုအလျောက်
ပျက်ပြယ်ပြီး နိုင်ငံရေးပါတီများအဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိသော အဖွဲ့အစည်းများ ဖြစ်သဖြင့်
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီများကိုလည်း ဖျက်သိမ်းလိုက်သည်ဟု
ကြေညာချက်တွင်ပါရှိသည်။
အန်အယ်လ်ဒီပါတီကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ စတင်ဖွဲ့စည်းစဉ်က အငြိမ်စား ဗိုလ်မှူးချုပ်အောင်ကြီးနှင့်
သူ့အပေါင်းအပါများပါ ပါဝင်ခဲ့ပြီး နောက်မကြာမီ သဘောထားကွဲလွဲပြီး ပါတီမှ ထွက်သွားခဲ့သည်။ ၁၉၉၀
ခုနှစ်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီပါတီ အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တခဲနက်အောင်နိုင်မှုရရှိ
ခဲ့သော်လည်း အာဏာလွှဲပြောင်းပေးခြင်းမရှိပဲ နှစ်ပေါင်း ၂၀ ကျော်အကြာတွင် ဖျက်သိမ်းသည့် အမိန့်ကို
ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယခုလို ၂၀၁၀မှာ ဖွဲ့စည်းခဲ့တဲ့ ရွေးကောက်ပွဲ ကော်မရှင်က ၁၉၈၈ ခုနှစ်ကတည်းက တည်ရှိခဲ့သည့်
အန်အယ်လ်ဒီပါတီကို ဖျက်သိမ်းဖို့ ဥပဒေကြောင်းအရ တရားမ၀င်ဟု အန်အယ်လ်ဒီပါတီ၏ ပြောခွင့်ရ ပုဂ္ဂို လ်
ဦးဉာဏ်ဝင်းက သတင်းဌါနများအား ပြောဆိုခဲ့သည်။
၉၀ ခုနှစ် ရွေးကောက်ပွဲမှာ မော်လမြို င်မြို့မှ ၀င်ရောက်ယှဉ်ပြို င်ခဲ့သူ တဦးက“ အခုလို လုပ်လိုက်တာ
နိုင်ငံရေးအရ ကောင်းတယ်လို့ မြင်တယ်။ အန်အယ်လ်ဒီ အနေနဲ့ သူလျှောက်ရမယ့်လမ်းကို
ပြတ်ပြတ်ပြတ်သားသားနဲ့ ရွေးဖို့ နှိုးဆော်လိုက်သလိုပဲ။ စစ်အစိုးရကအခုလို လုပ်မယ်ဆိုတာ မျှော်လင့်ထားတာပဲ။
ဘယ်တော့လုပ်မလဲ ဆိုတာကိုသာ စောင့်ကြည့်နေကြတာ၊ အခုတော့ တခုခုကို လုပ်ဖို့နှိုးဆော်လိုက်တယ်လို့
ကျွန်တော်မြင်တယ်” ဟုပြောသည်။
အန်အယ်လ်ဒီ ပါတီအပါအ၀င် ပါတီအချို့အား ဖျက်သိမ်းသည့် ကြေညာချက်နှင့် ပတ်သက်ပြီး
ရန်ကုန်မြို့ခံ လူထုများအကြားတွင် လှုပ်လှုပ်ရှားရှား ဆွေးနွေးပြောဆိုမှုများ မတွေ့ရပေ။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် မြန်မာပြည် လူထုအများစုက လေးစားယုံကြည်တဲ့
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် ပါတီဖြစ်ပြီး စစ်အစိုးရက စီစဉ်ကျင်းပမည့် ၂၀၁၀
ရွေးကောက်ပွဲသည် တရားမျှ တမှုမရှိ၊ အခြေခံဥပဒေမှ စပြီးရွေးကောက်ပွဲ ဥပဒေကိုလည်း လက်မခံနိုင်သဖြင့်
ရွေးကောက်ပွဲ မ၀င်ရန် မတ်လ ၂၉ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ကြသည်။ ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်သဖြင့်
ပြန်လည်မှတ်ပုံမတင်ခဲ့ရာမှ ယခုစက်တင်ဘာလလယ်တွင် ကော်မရှင်မှ ကြေညာချက်ထုတ်ပြီး ဖျက်သိမ်းခဲ့ခြင်း
ဖြစ်သည်။

no vote i n 2 010 ele cti on

Posted by Yan Lo Kywe | 5:57 AM | Op-Ed | 0 comments »

အယ်ဒီတာတွေ ပြောတဲ့ ရွေးကောက်ပွဲ (၁)

ဒီေ ရွး ကော က် ပွဲ မှာ မဲ မပေးတော့ ဘူး
ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး
စက်တင်ဘာ ၁၅၊

၂၀၁၀
ဗွီအိုအေ အင်တာနက် စာမျက်နှာ www.voanews.com/burmese မှ ကူးယူ ဖော်ပြပါသည်။

ရွေးကောက်ပွဲဆိုတာ မဲဆန္ဒရှင်တွေက ကိုယ့်ကိုယ်စား တိုင်းပြည်အတွက် ဘယ်သူတွေကိုလုပ်ဖို့


တာဝန်ပေးချင်သလဲ ဆိုတာကို ဆန္ဒပြုပြီးတော့မှ မဲပေးတာဖြစ်ပါတယ်။ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ ကျွန်တော်တို့
တိုင်းပြည်ကို စီမံခန့်ခွဲဖို့ ဘယ်သူ့ကိုတာဝန် ပေးသင့်သလဲ၊ ကျွ န်တော်က မဲဆန္ဒရှင် တစ်ယောက်နေနဲ့
စဉ်းစားကြည့်ပါတယ်။ ကိုယ်စားလှယ်ပေါင်း ၁၁၀၀ ကျော် ၀င်ပြိုင်တဲ့ ကြံ့ခိုင်ရေး ပါတီကို ကျွ န်တော်
ကြို က်ပါဘူး၊ ကိုယ်စားလှယ်ပေါင်း ၁၀၀၀ လောက် ၀င်ပြိုင်မယ့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး
ပါတီကိုလည်း ကျနော် မရွေးချင်ဘူး၊ ကျန်တဲ့ ပါတီတွေ ကြည့်လိုက်တော့လည်း ကျနော် လက်ခံနိုင်တဲ့
ကိုယ်စားလှယ်လောင်း မတွေ့ရပါဘူး။

နောက်တစ်ခါ ပြိုင်ပွဲကလည်း ကိုယ်စားလှယ်လောင်း အရေအတွက်တွေ ကြည့်လိုက်တဲ့အခါမှာ တကယ့်ကို


ဆင်နဲ့ဆိတ်နဲ့လောက် ကွာနေတာ၊ ဆင်နဲ့ဆိတ်တောင် မဟုတ်ဘူး။ ဆင်နဲ့ ပုရွက်ဆိတ်လောက်ကို
ကွာ နေပါတယ်၊ ၁၀၀၀ ကျော် ပြိုင်တဲ့သူနဲ့ တချို့ပါတီဆို ကိုးယောက်တို့ ခုနှစ်ယောက်တို့ ခြောက်ယောက်တို့
အဲလို ပြိုင်တာမျိုးတွေနဲ့ဆိုတော့ မတရားကို ကွာ လွန်းနေပါတယ်၊ အဲဒီတော့ ဒီပွဲက မမျှ တတဲ့ပွဲ ဖြစ်နေတော့
ကျွန်တော်ကတော့ အားမပေးချင်ဘူး။ နောက်တခါ ကျွန်တော့်ကိုယ်စား လွဲအပ်ပေးနိုင်လောက်တဲ့
ကိုယ်စားလှယ် မရှိတဲ့အတွက်ကြောင့် ကျွန်တော်ကြို က်တဲ့ ကိုယ်စားလှယ် မပါတဲ့အတွက်ကြောင့်မို့
ကျွန်တော်ကတော့ ဒီရွေးကောက်ပွမ
ှဲာ မဲမပေးတော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်။

ကျွန်တော်တို့မှာ မဲမပေးချင်ရင် မပေးဘဲ နေနိုင်ခွင့် ရှိပါတယ်၊ ဒါကို လူတိုင်းလည်း သိဖို့လိုပါတယ်၊ ဒါဟာ


ကျွန်တော်တို့ရဲ့ အခွင့်အရေးပါပဲ။ ပေးချင်ရင်လည်း ကျွ န်တော်တို့ ပေးသင့်တဲ့ ကိုယ်စားလှယ်လောင်းရှိရင်
မဲပေးရမယ် ဒါ ကျွန်တော်တို့ အခွင့်အရေး၊ မရှိဘူး မပေးချင်ဘူး ဆိုရင်လည်း ကျွန်တော်တို့ဟာ မပေးပဲနေနိုင်တဲ့
အခွင့်အရေး ရှိပါတယ်။ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး ဆိုတာထက် ဒီတိုင်းပြည်ကို
လွဲအပ်ပေးရမဲ့ ကိစ္စက ပြို ပီးတော့ အရေးကြီးပါတယ်၊ ခုနက အိမ်ထောင်မှု ဘုရားတည်တာက
တစ်ဦးတစ်ယောက်ချင်းရဲ့ ကိစ္စ ဖြစ်ပါတယ်။ ပြင်ရခက်တယ် ဆိုပေမယ့်။ အစိုးရအဖွဲ့တစ်ဖွဲ့ ရွေးပေးဖို့
မဲပေးတာက တစ်နိုင်ငံလုံး ကိစ္စ ဖြစ်တော့ လွဲသွားတယ်၊ မှားသွားတယ်၊ အဲဒီထဲမှာ ကိုယ်ဟာ တလွဲတမှားကို
ဝင်ပြီး လုပ်မိတယ် ဆိုရင် ပိုပြီးပြင်ရခက်မယ့် ကိစ္စကြီး ဖြစ်ပါတယ်။

ဒါ့ကြောင့မ
ို့လို့ ကျွန်တော့်အမြင်ကတော့ အားနာလို့ပဲ ဖြစ်ဖြစ် ကြောက်လို့ပဲ ဖြစ်ဖြစ်တော့ မဲမပေးသင့်ဘူး
ထင်ပါတယ်၊ ကိုယ်တကယ် နှစ်သက်သဘောကျတဲ့ ကိုယ်စားလှယ်လောင်း ကိုယ့်အကျိုး ကိုယ့်နိုင်ငံအကျိုးကို
တကယ် ဆောင်ရွက် ပေးလိမ့်မယ်လို့ ယုံကြည်စိတ်ချရတဲ့ ကိုယ်စားလှယ်လောင်း ရှိမှသာ ကျွန်တော်တို့
ဆန္ဒမဲကို မဲပေးသင့်တယ် ထင်ပါတယ်။ ကိုယ့်ရဲ့ဆန္ဒ ကိုယ့်ရဲ့ မဲတစ်ပြားကိုတော့ တန်ဖိုးထားသင့်တယ်
ထင်ပါတယ်၊ အလွယ်တကူ ဆုံးဖြတ်ပြီးတော့ မဲမပေးသင့်ဘူးလို့ လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့
ကျွန်တော် မြင်ပါတယ်။

arti cle fro m a p riso n i n ir raw ad dy del ta

Posted by zarny win | 1:50 AM | Op-Ed | 0 comments »

ဗို လ် ချု ပ်ေ ပးတဲ့  အ တွေးများ


မောင်ရိုး (တောင်တွင်းကြီး)
စက်တင်ဘာ ၁၅၊

၂၀၁၀
ဆောင်းပါးရှင်သည် ဧရာဝတီတိုင်းအတွင်းရှိ အကျဉ်းထောင်တခုတွင် ရောက်နေသူဖြစ်သည်။

မြန်မာနိုင်ငံတွင် “ဗိုလ်ချုပ်က” ဟုပြောလိုက်လျှင် “ ဦးအောင်ဆန်း “ ကို ရည်ရွယ်တာ ဖြစ်တယ်လို့


လူအချို့မှအပ လူတိုင်းသိကြပါတယ်။ ဗိုလ်ချုပ်ကို တပ်မတော်ဖခင်ကြီး၊ အမျိုးသား ခေါင်းဆောင်ကြီး၊
လွတ်လပ်ရေး ဖခင်ကြီး အဖြစ် လက်ခံ ယုံကြည်တတ်ကြပါတယ်။

မြန်မာ့သမိုင်းမှာ ခေတ်အဆက်ဆက် နိုင်ငံတည်ထောင်ခဲ့သူများ၊ နိုင်ငံခေါင်းဆောင်များ အများအပြား


ရှိခဲ့ကြပါတယ်။ အနောက်တိုင်း သမိုင်းပညာရှင်အချို့က ၄င်းခေါင်းဆောင်များအနက် ကျန်စစ်သားမင်းကြီးနှင့်
ဗိုလ်ချုပ်အောင်ဆန်း တို့ နှစ်ဦးသာလျှင် တိုင်းရင်းသား သွေးစည်းညီညွတ်ရေးကို လက်နက်မပါဘဲ ထူထောင်
နိုင်ခဲ့ကြသူတွေ ဖြစ်တယ်လို့ ဆိုကြောင်း သမိုင်းပညာရှင် ဒေါက်တာအောင်ခင်က ဆိုပါတယ်။

ကျန်ခေါင်းဆောင်များဟာ ညီညွတ်ရေးအတွက် ဓားတစ်စင်း၊ မြင်းတစ်ကောင် စည်းရုံးရေးနဲ့


စည်းရုံးခဲ့ကြတာဖြစ်ကြောင်း တွေ့ရှိရပါတယ်။ တိုင်းပြည်တစ်ခုမှာ အတူတူနေထိုင်ကြတဲ့ မတူ ကွဲပြားတဲ့
လူမျိုးစုတွေ၊ လူတန်းစားတွေကို ညီညွတ်အောင် စုစည်းတဲ့နေရာမှာ ကြိုးတုတ်တုတ်နဲ့ တင်းနေအောင်
ချည်နှော င်လို့ရတဲ့ ညီညွတ်ရေးဟာ ရေရှည်မခိုင်မြဲဘူး ဆိုတာ သမိုင်းသက်သေ အများအပြား ရှိပါတယ်။
ဒီသဘောတရားကို ဗိုလ်ချုပ်က အခိုင်အမာ ယုံကြည်ခဲ့ပါတယ်။ ဒီအချက်ဟာ ဗိုလ်ချုပ်ရဲ့ နိုင်ငံရေးနဲ့ဆိုင်တဲ့
ညီညွတ်ရေး အမြော်အမြင်ကြီးမှု တစ်ခု ဖြစ်ပါတယ်။ နယ်ချဲ့ အစိုးရရဲ့ သွေးထိုးမှုကြောင့်ဖြစ်စေ၊ အခြား
အကြောင်းများကြောင့် ဖြစ်စေ ဗမာ လူမျိုးစုကို ယုံကြည်မှု အားနည်းနေတဲ့ တိုင်းရင်းသား လူမျိုးစုများဟာ
ဗိုလ်ချုပ်ကို ယုံကြည် လေးစားတဲ့ အတွက် တိုင်းရင်းသား ကိုယ်စားလှယ်၂၂-ဦးနဲ့ ဗိုလ်ချုပ်ဟာ ပင်လုံစာချုပ်မှာ
ညီညွတ်ရေး အတွက် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

ပင်လုံစာချုပ်ဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ချုပ်ဆိုခဲ့တဲ့ တစ်ခုတည်းသော


စာချုပ်ဖြစ်ပါတယ်။ စာချုပ်ဟာ စာရွက်ပေါ်မှာ ထက် နှလုံးသားပေါ်မှာ ရှိတဲ့ ယုံကြည်မှုကို အဓိက အခြေခံခဲ့တာ
ဖြစ်တယ်လို့ ယူဆရပါတယ်။

ပင်လုံစာချုပ်မှာ “ ၁ဝ-နှစ်အကြာ ခွဲထွက်ခွင့်” ဆိုတဲ့အချက်ဟာ နှစ်မြို့စရာ မဟုတ်ဘူး ဆိုတာ ဗိုလ်ချုပ်က


သိပါတယ်။ ဒါပေမယ့် လိုအပ်ချက်အရ ထည့်သွင်းသဘောတူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်က
“ပေါင်းကြည့်ပါ မကောင်းတော့လည်း ခွဲထွက်ကြတာပေါ့ “ လို့ ပြောခဲ့ပါတယ်။

လွတ်လပ်ရေးကို ပူးပေါင်း ရယူပြီးတဲ့နောက် အင်္ဂလိပ်ကျွန်ဘဝက လွတ်လာခဲ့ပေမယ့် ဗမာကျွန် အဖြစ်


မခံပါဘူးလို့ ဗိုလ်ချုပ်က ကတိပေးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ကို “ ယုံပါဗျာ “ လို့ ပြောခဲ့တာဟာ ဗိုလ်ချုပ်ရဲ့
ရိုးသားမှုနဲ့ မိမိကိုယ်မိမိ ယုံကြည်မှုခိုင်မာတာကို မြင်တွေ့ နိုင်ပါတယ်။

တိုင်းပြည်ရဲ့ အင်အားစုတွေ အမှန်တကယ် ညီညွတ်ဖို့ဆိုတာဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစ ရှိတဲ့


နယ်ပယ် အသီးသီးမှာ အခွင့်အရေး တန်းတူညီမှုနဲ့ လွတ်လပ်မှုအပြည့်အဝရှိဘို့ လိုအပ်ပါတယ်။ ဒီအချက်ကို
ဗိုလ်ချုပ်က အာမခံနိုင်တဲ့ အတွက် တိုင်းရင်းသားများအနေနဲ့ (အထူးသဖြင့် ရှမ်းလူမျိုးစုများ) ခွဲထွက်ခွင့်
ပြုထားသော်လည်း ခွဲထွကမ
ှ်ာ မဟုတ်ဘူးလို့ ယြုံ ကည်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီအချက်ဟာ ဗိုလ်ချုပ်ရည်ရွယ်ခဲ့တဲ့ တိုင်းပြည် လွတ်လပ်ရေး အစစ်အမှန် ဖြစ်ပါတယ်။ တိုင်းပြည်တည်


ဆောက်ရေးရဲ့ အခြေခံအုတ်မြစ်အဖြစ်လည်း ယူဆနိုင်ပါတယ်။ လူမျိုးကြီးနဲ့ လူမျိုးငယ်တွေရဲ့ ကြားထဲမှာ
ထားရှိသင့်တဲ့ စိတ်သဘောထားနဲ့ လုပ်ဆောင်ချက်တွေရဲ့ လမ်းညွှန်အဖြစ်လဲ သတ်မှတ်နိုင်ကောင်းပါတယ်။

ဒါပေမယ့် အသက် ၃၂-နှစ် အရွယ်မှာ အမျိုးသားခေါင်းဆောင်ဖြစ်ခဲ့ပြီး လုပ်ကြံခံခဲ့ရတဲ့ ဗိုလ်ချုပ်ရဲ့ နိုင်ငံရေး


အမြော်အမြင်နဲ့ ရည်ရွယ်ချက်ကို ဗိုလ်ချုပ်ရဲ့နေရာမှာ တာဝန်ယူခဲ့ကြသူတွေဟာ အပြည့်အဝ အကောင်အထည်
မဖော်နိုင်ခဲ့ကြပါဘူး။ အမြော်အမြင်နဲ့ ရည်ရွယ်ချက်ကို သဘောမပေါက်လို့လား၊
အခြားအကြောင်းတွေကြောင့်လားဆိုတာ လေးလေးနက်နက် စဉ်းစားသင့်ပါတယ်။

ဗိုလ်ချုပ်ရဲ့ လွတ်လပ်ရေးသမိုင်းမှာ လူထုညီညွတ်ရေး၊ တိုင်းရင်းသားများညီညွတ်ရေးဟာ အဓိက


လက်နက်ဖြစ်တယ်ဆိုတာကို ထင်ထင်ရှားရှား တွေ့ရပါတယ်။ ၁၉၄၄ ခုနှစ်မှာ အမျိုးသား အင်အားစုတွေကို
စုစည်းပြီး အဖွဲ့ချုပ်ကြီးအဖြစ် ထူထောင်ခဲ့ရာမှာ ဗိုလ်ချုပ်ဟာ အဓိက အခန်းကဏ္ဍက ပါဝင်နေပါတယ်။

ဗိုလ်ချုပ်မျှော်လင့်ခဲ့တဲ့ ညီညွတ်ရေးဟာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းနဲ့ တည်ဆောက်ခဲ့တဲ့


ညီညွတ်ရေးမျိုး မဟုတ်ပါဘူး။ အများစုရဲ့ စုပေါင်းနားလည်မှုနဲ့ တည်ဆောက်ထားတဲ့ ညီညွတ်ရေးသာ
ဖြစ်ပါတယ်။ အဲဒီ ညီညွတ်ရေးမျိုးသာလျှင် ငြိမ်းချမ်းတဲ့ညီညွတ်ရေးမျိုးဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲမှာ
ဖြစ်တယ်လို့ ဗိုလ်ချုပ်က ယုံကြည်ပါတယ်။

ဂျပန်တော်လှန်ရေးနောက်ပိုင်း ကြားဖြတ်အစိုးရ အဖြစ် ဗိုလ်ချုပ် ဦးဆောင်ခဲ့တဲ့ အချိန်မှာ ဗိုလ်ချုပ်ရဲ့


အာဏာနဲ့ ပတ်သက်တဲ့ သဘောတရားကိုလည်း တွေ့မြင်နိုင်ပါတယ်။

“ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရ ဖြစ်အောင် အတင်းအဓ္ဓမ လုပ်လာလို့ အစိုးရ ဖြစ်လာတာ မဟုတ်ဘူး၊


တိုင်းပြည်လူထုရဲ့ ထောက်ခံမှုကြောင့် ကျုပ်တို့ အစိုးရဖြစ်နေတာပဲ။ တိုင်းပြည်လူထုက ယုံကြည်မှုမရှိဘူး
မကြည်ညို ဘူးဆိုရင် ကျုပ်တို့လည်း တွယ်မနေပါဘူး၊ ထွက်မှာပါဘဲ” လို့ ပြောခဲ့ပါတယ်။
ဗိုလ်ချုပ်က အာဏာဆိုတာ မက်မောနေဖို့ မဟုတ်ဘူး၊ တာဝန်တစ်ရပ်သာ ဖြစ်တယ်၊ အလုပ်အတွက်
လိုအပ်ချက်တစ်ခုသာ ဖြစ်တယ်ဆိုတာကို ထင်ရှားအောင် ပြသလိုက်ခြင်းပဲ ဖြစ်ပါတယ်။

စည်းရုံးရေး၊ ညီညွတ်ရေးနဲ့ အာဏာဆိုတဲ့ ကိစ္စရပ်တွေဟာ ခေတ်အဆက်ဆက် နိုင်ငံရေးနယ်ပယ်မှာ မလွဲမသွေ


ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ရိုးမသွားခဲ့ပါဘူး။ လွတ်လပ်ရေး တိုက်ပွဲဝင်သူတွေက
နယ်ချဲ့စနစ်ရဲ့ အတွင်းသရုပ်နဲ့ အနှစ်သာရတွေကို ပြည်သူ လူထု သိအောင် အမျိုးမျိုး ကြိုးစား
ဖော်ထုတ်ခဲ့ကြရပါတယ်။

ပြည်သူလူထုကြီးဟာ ပိုပြီး နိုးကြား တက်ကြွတဲ့ အတွက် နယ်ချဲ့ အစိုးရဟာ ဖဆပလ အဖွဲ့ချုပ်ကြီးကို မဖြစ်မနေ
အသိအမှတ်ပြုလာရတာ ဖြစ်ပါတယ်။ အဖွဲ့ချုပ်ရဲ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ကိုလည်း အသိအမှတ်
ပြုလာရပါတယ်။

ဒါပေမယ့် စင်ပြိုင်နိုင်ငံရေးသမားအချို့က ပုဂ္ဂို လ်ရေး မကျေနပ်မှု၊ အာဏာမက်မောမှုနဲ့ ပြဿနာကို ငြိမ်းချမ်းစွာ


မဖြေရှင်းလိုမှုတို့ကြောင့် မြန်မာ့နိုင်ငံရေး သမိုင်းဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ရပါတယ်။

“၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ ၁၉ ရက်နေ့” ပါပဲ။

ကျနော်တို့ မျိုးဆက်သစ် လူငယ်များဟာ သမိုင်းကို လေ့လာကြပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ထင်ရှားတဲ့


ပုဂ္ဂို လ်တွေကို လေ့လာတဲ့အခါမှာ အထင်ကြီးစိတ်၊ လေးစားစိတ်တွေလည်း ဖြစ်ပေါ်လာကြပါတယ်။ ဒါပေမယ့်
သမိုင်းဝင် ပုဂ္ဂို လ်တွေကို လေ့လာတာဟာ ကိုယ်ကိုယ်တိုင် သမိုင်းဝင်ဖြစ်အောင် အားထုတ်ဘို့တည်ဆောက်ဘို့
ဖြစ်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကို အလေး အနက် ထားသင့်တယ်လို့ ယူဆပါတယ်။

ဗိုလ်ချုပ်ဟာ ကျနော်တို့ လူငယ်မျိုးဆက်တွေအတွက် စံပြုထိုက်သူတစ်ယောက် ဖြစ်ပါတယ်။ ဗိုလ်ချုပ်ရဲ့


စိတ်ဓာတ်၊ လုပ်ရပ်နဲ့ နိုင်ငံရေး အမြော် အမြင် ကြီးမှုတွေဟာ ဗိုလ်ချုပ်ရဲ့ နိုင်ငံရေးလုပ်ဟန်အဖြစ်
အတုယူထိုက်တယ်လို့ ယူဆပါတယ်။

ဗိုလ်ချုပ်ဟာ အာဏာမမက်သူ၊ အခွင့်အရေးမမက်သူ၊ လွတ်လပ်ရေးဆိုတဲ့ စိတ်ဓာတ်နဲ့ ရည်ရွယ်ချက်ကို


တစိုက်မတ်မတ် မွေးမြူသူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ရဲ့ ညီညွတ်ရေးသဘောထား အမြင်နဲ့ လုပ်ဆောင်ချက်တိုင်းဟာ
တော်လှန်ရေးအတွက်သာ အင်အား ဖြစ်စေပြီး နယ်ချဲ့ကို တုန်လှုပ်စေခဲ့ပါတယ်။

ဗိုလ်ချုပ်ရဲ့ ဆောင်ရွက်ချက်တိုင်းဟာ ပြည်သူ့အတွက်၊ လွတ်လပ်ရေး အတွက်သာ အမြဲ ဦးတည်နေခဲ့တယ်


ဆိုတာ ထင်ရှားပါတယ်။ ဒါဟာ ဗိုလ်ချုပ်ရဲ့ နိုင်ငံရေးလုပ်ဟန် တစ်ခုပါပဲ။ ဗိုလ်ချုပ်ဟာ နယ်ချဲ့ကို ဆန့်ကျင်တဲ့
အင်အားစုတွေကို ဘယ်လို ညီညွတ်အောင် ဆောင်ရွက်သင့်တယ် ဆိုတာကိုသာ အစဉ်တစိုက် စဉ်းစားတတ်သူ
ဖြစ်တယ်လို့ ဆိုပါတယ်။

နယ်ချဲ့အစိုးရဟာ ၄င်းတို့ရဲ့ နယ်ချဲ့ဝါဒကို နည်း မျိုးစုံနဲ့ ကာကွယ်ခဲ့ပေမယ့် မဖြစ်လို့သာ ပေးခဲ့ရ တဲ့


ကတိစကားကိုတော့ တည်အောင်ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။ နယ်ချဲ့ကိုချီးကျူးလိုခြင်း မဟုတ်ပေမယ့်
နယ်ချဲ့ထက် ဆိုးဝါးပြီး ကတိသစ္စာ ကင်းမဲ့တဲ့ စစ်အာဏာရှင်စနစ်ကို စုပေါင်း ဆန့်ကျင်ကြတဲ့ အချိန်မှာ ကျနော်တို့
မျိုးဆက်သစ်များဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရိုးသားမှု၊ အမြော် အမြင် ရှိမှုနဲ့ ဗိုလ်ချုပ်ရဲ့ နိုင်ငံရေးလုပ်ဟန်များကို
မိမိကိုယ်မိမိ အတုယူ တည်ဆောက်သင့်တယ်လို့ ထင်ပါတယ်။

ဒါ့အပြင် လွတ်လပ်ရေး တိုက်ပွဲထက် ပိုတဲ့ တက်ကြွမှု၊ ညီညွတ်မှုနဲ့ သဘောထားကြီးမှုတွေ


တည်ဆောက်သင့်တယ်လို့ ယူဆမိပါတယ်။
ဒါကြောင့် ကျနော်တို့ မျိုးဆက်သစ် လူငယ်တွေ အနေနဲ့ ဗိုလ်ချုပ်ရဲ့ဝိဥာဉ် ပူးဝင်ပြီး ဒီမိုကရေစီနိုင်ငံတော်သစ်ကို
ဖန်တီးတဲ့ နေရာမှာ အင်အားအပြည့် ပါဝင်နိုင်ပါစေလို့ ဆုတောင်းရင်း တင်ပြလိုက်ရပါတယ်။

သူ့  အ ရင် က တ ကော င် သူ က တကော င်


ဒေါက်တာ မောင်ဘချစ်
စက်တင်ဘာ ၁၅၊ ၂၀၁၀

လောကကြီးဟာ အင်မတန်ရှုပ်သည်။ အာဏာရထားသူများက ပိုပြီးရှုပ်ထွေး နေတတ်သည်။


သက်ရှူနေသမျှ လူအများအတွက်လည်း ရှုပ်ပါသေးသည်။
ကိုယ်မရှုပ်ပေမယ့် သူ ရှုပ်သည်။
ကိုယ်ရှုပ် သူရှုပ်ဆိုလျှင် ပိုရှုပ်သေးသည်။
ခု ရွေးကောက်ပွဲ။
လူမိုက်ကို ဝေးဝေးရှော င်
ဝေးဝေးမရှောင်နိုင် မနေနိုင်သူများက ဝင်ရွေးပါသည်။
တဖြည်းဖြည်းနှင့် အတွင်းရောက်အောင် ကြိုးစားလိုကြသည်။
ပြည်သူ့ဒုက္ခကို သူတို့ ကယ်လိုကြသည်။
သို့သော် ...

xxx

တခါက ခြင်္သေ့တကောင် အရိုးစူးသည်။


အင်မတန် ခံရခက်သည်။
သူအော်နေသောကြောင့် သစ်တောက်ငှက်က မေးသည်။

“ဘာလို့ဒီလောက်အော်နေတာလဲ၊ စတိတ်ရှိုးအတွက် လေ့ကျင့်နေတာလား။ လီယိုနတ်မောင်မောင်လွင်တို့


ဝိုင်းစုခိုင်သိန်း တို့ ပြန်ကုန်ပြီ”

“ကျုပ်ပါးစောင်ထဲမှာ အရိုးဝင်နေတယ်ထင်ပါ့”

“အင်း၊ ဒါဆိုရင် နယူးယောက်က သွားဆေးခန်း သွားမှာ လား”

“ဘာ”

“မိုးမခထဲမှာ ကြော်ငြာပါတယ်”

“ဘာတွေပြောတောလဲ၊ ဒီမှာ နာရတဲ့ကြားထဲ”

“ဒါဆိုလည်း အရှင် ပါးစပ် ဟထားပါ၊ ကျွ န်ုပ် ဝင်ကြည့်ပေးမည်”

ခြင်္သေ့ ပါးစပ်ဟထားသည်။
ခြင်္သေ့ပါးစပ်သည် နံလှသောကြောင့် သစ်တောက်ငှက်သည် နှာ ခေါင်းစည်းကို စည်းကာ ဝင်သွားလေသည်။
သစ်တောက်ငှက်က ခြင်္သေ့ ခံတွင်း ဝင်ကာ ကြည့်သည်။ ပြီးတော့ အပြင်ထွက်လာကာ ပြောသည်။
“နံလိုက်တာ ၊ အဲလေ ခင်ဗျား အရိုးစူးနေတာက ဟိုး အတွင်းထဲမှာပါလား။ လည်ချောင်းမှာ စူးဝင်နေတယ်”

“ကောင်းပြီလေ၊ လည်ချောင်းက အရိုးကို နှုတ်လိုက်ပါ”

သစ်တောက်ငှက်သည် ခံတွင်းထဲကို နောက်တကြိမ်ဝင်ကာ အရိုးကိုနှုတ်သည်။

“ယံကမာလေ ပူးလီးဆံခပ်... ၊ ဘေးလေးဆပ်... ၊ ဘေးလေးဆပ်... ”

(ရှေးခေတ် ဂေါ်ရင်ဂျီ ကုလားများ အလုပ်လုပ်ရာတွင်ဆိုသော သီချင်းဖြစ်သည်။ နောက်လူတွေ မှတ်သားနိုင်ဖို့


စေတနာရှေ့ထား ဖော်ပြပါသည်။ အမြင်ကပ်ကြကုန် ... မောင်ဘချစ်)
သစ်တောက်ငှက်သည် ချွန်ထက်နေသောအရိုးကို အားစိုက်ကာ ဆွဲထုတ်လိုက်သည်။

“ပြွတ်... ” အရိုးထွက်လာသည်။

“သြော်... ၊ ကောင်းသွားပြီပဲ”

ခြင်္သေ့ နေသာထိုင်သာ ရှိသွားသည်။ မငြီးငြူနေတော့။


ဘာမပြော ညာမပြော ထွက်သွားလေသည်။ (ခြင်္သေ့မထံ သွားဆရာဝန်ခ သွားတင်ဟန်တူသည်)
ခြင်္သေ့နှင့် သစ်တောက်ငှက်တို့ မဆုံဖြစ်ကြတော့။
နောက်တကြိမ် ခြင်္သေ့နှင့် သစ်တောက်ငှက် ဆုံကြသောအခါ သစ်တောက်ငှက်က ခြင်္သေ့ကို မေးသည်။

“ဘယ့်နှယ့်လဲ၊ နေသာထိုင်သာရှိရဲ့လား”

“ကောင်းသွားပြီဗျ”

“ဒါဆို ဗျူဆလွန်း တို့၊ အနှိပ်ခန်းတို့ ခါရာအိုကေးတို့ သွားနိုင်ပြီပေါ့”

“တိုးတိုး... ... ... မဒမ်ခြင်္သေ့ (ဒိုင်ကျော်ကျော်) ရောက်နေတယ်”

“ခုလို အဆင်ပြေတာ ကျုပ်လုပ်ပေးလိုက်လို့လေ။ ခင်ဗျား ကျေးဇူးတင်စကားလေး ဘာလေး မဆိုချင်ဘူးလား”

“ကျေးဇူးတင်ရမယ် ... ဟုတ်လား ... ၊ မင်းကသာ ခြင်္သေခံတွင်းက နှစ်ကြိမ်တိုင်တိုင် လွတ်မြောက်လာတာကို


ကျေးဇူးတင်ဖို့ ကောင်းတယ်”

ဘယ့်နဲ့ရှိစ။

xxx

ခြင်္သေ့သည် တိရစ္ဆာ န်ပင် ဖြစ်သည်။ သူ၏အတွေးသည် တိရစ္ဆာ န်အတွေးသာ ဖြစ်သည်။


အသက်ရှင်ခွင့် ပေးသည်ကိုပင် ကျေးဇူးတင်ပါ။
ရွေးကောက်ပွဲလုပ်ပေးသည်ကို ကျေးဇူးတင်ပါ။ လှုပ်ရှားမှ မုန့်စားရမည်။
ရပ်ကွက်တွေထဲမှာ တို့တတွေ လမ်းတွေ ခင်းပေးနေသည် မဟုတ်ပါလား။
မြန်မာအင်ဂျင်နီယာများဖြင့်သာ လမ်းခင်းသည်။
လမ်းမကြီးတွေ ပျက်တယ် ဟုတ်လား။ ဝင်ဒါမီယာတို့ ရွှေတောင်ကြားတို့ လမ်းပျက်တယ် ဟုတ်လား။
ကျုပ်တို့ လုပ်သားပြည်သူတွေနေတဲ့ ရပ်ကွက်တွေကို လမ်းခင်းပေးတာ။ အဲဒီရပ်ကွက်တွေထဲ ရေတွန်းလှည်းပဲ
ဝင်တာ။
ဒါ အခြေခံကျတာပေါ့ဗျ။
ကြံ့ဖွတ်သည် ပြည်သူ့ပိုက်ဆံတွေဖြင့် ကပ်တရာတွေကိုဝယ်ကာ တဝက် စားသည်။
ထို့ကြောင့် လမ်းများတွင် ကပ် ၅ဝ သာ ကျန်တော့သည်။
လမ်းတံတားအင်ဂျင်နီရာက နောက်ထပ် စားသည်။
ကပ်တရာလမ်းသည် ကပ် ၂၅ သာ ကျန်တော့သည်။
ဒါကြောင့် ကွန်ဂရိလမ်းတွေကို ခင်းပြန်သည်။
မြန်မာအင်ဂျင်နီယာများဖြင့်သာ တံတားတွေ ဆောက်သည်။
မြန်မာကော်မရှင်ဖြင့်သာ ရွေးကောက်ပွဲ ကျင်းပသည်။
မောင်ဘချစ်တို့ ဘာလိုသေးလဲ။

xxx

မောင်ဘချစ်တို့ ရန်ကုန်မြို့ကြီး မီး တခါတခါလာသည်။


ရေတခါတခါ လာသည်။
ဒါကို မောင်ဘချစ်တို့က ကျေးဇူးတင်ရပေမည်။

“တို့နေပြည်တော်ကိုတော့ မတုနဲ့... ”

ခြင်္သေ့ကြီးက မပြောသော်လည်း ပြောဟန်ပြုသည်။


မင်းတုန်းမင်းကြီးလက်ထက် ဘယ်မှာ လမ်းမီးတွေ ရှိလို့လဲ၊ လျှ ပ်စစ်မီး တခါတခါရတာ ကျေးဇူးတင်ဖို့
ကောင်းသည် တဲ့ ..

xxx

မောင်ဘချစ်တို့ အကြွေလို့ သဘောထားသည့် ၁၀၀ တန် ၂ဝဝ တန်နဲ့ ၅၀၀ တန်တို့ဟာ ကျွန်သုတ်တဲ့
လက်သုတ်ပုဝါလို ဖာတရာနှင့်။
ထိုပိုက်ဆံတွေကို ဓာတ်ခွဲကြည့်လျှင် အီကိုလိုင်း၊ ဆစ်ဖလစ်၊ ဟိုက်ပါတိုက်တစ်ဘီပိုး။ အမျိုးမျိုး ရှိနေသည်ကို
တွေ့ရသည်။
ပိုက်ဆံများသည် ပိုးမွေးရာပိုး ဖြန့်ဖြူးရာဌာန ဖြစ်သည်။
ရောဂါဖြစ်ရင်လည်း ရပါသေးသည်။
သာကဒိုး သေသွားလို့ပေါ့။
နို့မိုဆို စူလာနဖာနဲ့ ဗီးစပ်ရွက်တွေ တိုက်နိုင်သည်။
ထိုအရွက်များ နိဗ္ဗာ န်ရွက်များဟု ခေါ်သင့်သည်။ ဘဝကူး ကောင်းသည်။
ခုလည်း ရောဂါကို မြန်မာတွေ မကြောက်ကြပါ။
ကွမ်းယာဆိုင်မှာ စပ်ဆေး သောက်လိုက်ရုံပင်။
ဆေးမရှိသော ဆေးရုံများကို ထားပေးထားသည်။
ရောဂါဖြစ်လာလို့ကတော့ ... အဲလေ ဘဝကူးကောင်းပါသည်။

xxx
ခြင်္သေ့ကြီးက ဆိုသည်။
မြန်မာ့စီးပွားရေး ဦးမော့လာပြီ၊ ဦးမော့မှာပေါ့၊ (ပဲ့နစ်သွားပြီကိုး။)
ခြင်္သေ့မိသားစုက ဆိုသည်။ “တို့ကတော့ ချမ်းသာပါသတဲ့”
သီချင်းထဲမှာ ပြောထားတာပဲ မဟုတ်လား။ တို့ဘိုးဘွား အမွေစစ်တွေလေ။
“အမွေကို ငါပိုင်၏” ခြင်္သေကြီးက ဆိုသည်။
မြေပေါ်မြေအောက် သယံဇာတများကို ရောင်းစားတာ ငါရဲ့လုပ်ပိုင်ခွင့်လေ။
ရွှေတွင်း ငွေတွင်း ပယင်း ဒုတ္တာ … ဖားတွေ မြွေတွေမကျန် သူပိုင်သတဲ့။

xxx

ခုတလော ခြင်္သေကြီး ဓာတ်ပုံတွေကို တွေ့သည်။


သူ တရားတွေ ထိုင်သည်။
ဗုဒ္ဓဂယာတွင် ထိုင်သည်။ တရုတ်တွင်လည်း ထိုင်သည်။
ကောင်းလှော က်တေး။ ကောင်းလှော က်တေး။
သာဓုခေါ်ရပါ၏။
ခုမှတော့ အရှင်မထွက်နိုင်တော့။
အသေထွက်နဲ့သာ ထွက်သွားပါမည်။
သူထွက်တော့လည်း နောက်တကောင် တက်မှာပေါ့။
သူ မတက်မီက စောမောင် ...။
စောမောင် မတက်မီက မောင်မောင် ...။
မောင်မောင် မတက်မီက စိန်လွင်။
စိန်လွင် မတက်မီက နေဝင်း ...။
စစ်အာဏာရှင်တွေ အရင်ကလည်း အသေထွက် ခုတော့လည်း အားလုံး အသေထွက်ကုန်ပါပြီ။
သူထွက်တော့လည်း နောက်တကောင် ...
သူ့အရင်က တကောင် သူက တကောင် ...။ ။
နှ စ် ပ တ် လ ည် မေတ္တာ ပို့ 
အရှင်ကောင်း (ရွှေဝါရောင်)
စက်တင်ဘာ ၁၅၊ ၂၀၁၀
အလို…ရွှေဝါရောင်ရာသီတောင် တပတ်လည်ပြန်ပါပေါ့ကလား။ သုံးနှစ် ကျော်ခဲ့ပေမယ့် … အင်း …
ယောင်ရမ်းပြီး ကိုယ့်ဦးပြည်းကို ပြန်စမ်းသပ်မိသေး။
“ကျွတ် ကျွတ် …” လို့ စိတ်က စုတ်သပ်မိသလို အံကိုလည်း ကြိတ်လိုက်မိသေးတယ်။
“မေတ္တာပို့လို့ …” အပစ်ခတ် အရိုက်နှက်ခံ၊ အဖမ်းဆီးခံရတာ သမိုင်းမှာ ဒီတခါပဲဖြစ်မယ်ထင်ရဲ့လို့ ကိုရင်
စဉ်းစား ကြည့်မိတယ် …။
“ချမ်းသာအိပ်နိုး၊ အိပ်မက်ဆိုးကင်း၊ ချစ်ခြင်းလူနတ်” စတဲ့ ဆရာတော် သင်ပေးခဲ့တဲ့ မေတ္တာအကျိုး ၁၁
မျိုးကိုတောင် မေတ္တာအကျိုး ၁၅ မျိုးလို့ ပြင်ရမလို ဖြစ်နေပြီ။ ကြံကြံဖန်ဖန် စဉ်းစားကြည့်တာပါ။ အဲဒီ
နောက်တိုးအကျိုးတွေကတော့ ဘုရားဟော မဟုတ်ဘူး၊ မာန်နတ်ရဲ့ ငယ်ကျွန်တွေပေးတဲ့အကျိုးတွေလို့ ဆိုရအံ့
ထင်ရဲ့။
ဘယ့်နှယ် ဗျာ … ကျော်လို့မကောင်း ချက်လို့ မကောင်း (အဲ… … ယောင်လို့ သူတို့ ငရဲ
ရောက်ရင်ပြောတာပါ) ကျော်လို့ မကောင်း ကြားလို့မကောင်း …
“လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ” လို့ ဆိုလိုက်ရုံနဲ့ ပစ်ခတ်တယ်။
“အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ” လို့ ဆိုလိုက်ရုံနဲ့ ရိုက်ဟယ်၊ နှက်ဟယ်လုပ်တယ်။
“ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ” လို့ ဆိုလိုက်ရုံနဲ့ ဖမ်းဟယ်၊ ဆီးဟယ် ကျောင်းတိုက်တွေ
အတင်းဝင်စီးတယ် … လုပ်တယ်။
ဘယ်ကလောက်များ အကုသိုလ်ဝန် ကြီးလေးလိုက်သလဲ လို့ ကိုရင်ဖြင့် တွေးမိရုံနဲ့ ကြက်သီး
ဖျန်းဖျန်းထတယ်။
“သူတို့ ကတော့ နောက်ဘဝ နောက်ကိုယ်နဲ့ ခံ မယ် ဆိုတဲ့ စရိုက်မျိုးနဲ့ မြိန်မြိန်ယှက်ယှက်ကြီး ကိုပြုပြ
နေကြတော့တာပါပဲ”
သူရို့ အပြောက ဘာစုကြီး မပြို ကွဲဖို့၊ ညာအဖွဲ့ကြီး မြဲဖို့ ပြလိုက်တဲ့ အကြောင်းတွေ၊ ဆင်ခြေတွေ၊
မြင်းခြေတွေ၊ ခွေးခြေတွေ စုံနေတာပါပဲ။ တကယ်တမ်းက အကြောင်းတခုထဲလို့ ကိုရင် ပြောရဲတယ်။ အဲဒါ သူရို့
အဖေကြီး မိုးပေါ်ကို ထောင်မပစ်ဘူး။ မှန်အောင် ပစ်ခိုင်းခဲ့လို့ “သတ်မတော်” လို့ အမည်ရလာတဲ့ အဖွဲ
့ကြီးတည်မြဲဖို့ လုပ်ရင်းက အလုပ်မတတ်၊ အပြောမတတ်၊ အကြံမတတ်တော့ (အဲ … သူတို့ကတော့ သူတို့ကိုယ်
သူတို့ လူတတ် လူနပ်ကြီးတွေပေါ့)
ဖွပ်သထက် ညစ်ဖြစ်ရတာ၊ ဟုတ်တယ်လေ … အာဏာကို ခဏထိန်းတာပါ ဆိုပြီး ဆန့်ကျင်သူကို ဖမ်း ၊
မထောက်ခံသူကို ဖမ်း၊
“ယောကျာင်္း အရင့်မကြီးများ” ဆိုတဲ့ဂုဏ်နဲ့ ထိုက်တန်အောင် ကတိမတည်၊ ထွေးပြီးသားတံတွေး ပြန်မျို၊
ထွက်ပြီးသား သွားတိုက်ဆေး ပြန်သွင်း၊ တကယ် မျက်နှာ ဓါးနဲ့ လှီး၊ လွှနဲ့ တိုက် ပစ်ချင်စရာ အမှုတွေ
အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြတော့ အဖွဲ့ကို ကာကွယ်ဖို့ လုပ်ရင်းက လူတဦးကို အဖွဲ့က ပြန်ကာကွယ်ရတဲ့ အဆင့်
ရောက်သွားရပြီကော။
အဖွဲ့စည်းကြီးကလည်း ငါတို့ ကာကွယ်ရမှာ က ပြည်သူပါလား၊ ခုတော့ - တဦးတယောက်တွက်၊
ပြည့်သူ့ရဲ့ မုန်းတီးမှုရန် ကာကွယ်ပေးနေရ ပါတကားလို့ မစဉ်းစားကြဘူး ထင်ရဲ့။ ကိုရင်တောင် စဉ်းစားမိရင် သူတို့
က ပို သိကောင်းတာပေါ့။ အင်း … ပြောမယ့်သာ ပြောရတာ၊ သူတို့ကို နှိမ့်ချတာ မဟုတ်ပါဘူး။
ကျီးကန်ရှင်ကြီး စကားပုံလား၊ ဖိုးသူတော်ရိုးခု စကားပုံလား မသိဘူး (စကားပုံ)။
“တန်ခိုးနုတ်သူ ထမင်းဝ က မာနထန်တတ်သည်။ အမျိုးယုတ်သူ အဆင်းလှက စာဂ တန်တတ်သည်
…တဲ။့
ထမင်းဝလို့ မာနထန်ကြတာတော့ ဟုတ်မထင်ပေါင်း မဝကြလို့ဘဲ ဘဏ်စုငွေတွေ ထုတ်ပေးဖို့
တောင်းဆိုတာ မရလို့ ဆန္ဒပြကြတာတွေ ကြားနေရပဲ ဟာ။ အမျိုးယုတ်သူ အဆင်းလှက စာဂ တန်တတ်တယ်
ဆိုရင်တော့ စဉ်းစားစရာပဲ။ အမျိုးယုတ်ပြီး အဆင်းမလှသူတွေ အကျင့်တန်မယ် ဆိုရင် … ဘုရား၊ ဘုရား … တ
မိရင်း ဒုတိယမ္မိ အဲ… တတိယမ္မိ… အဲ … အဲ .. ဘယ့်နှယမ္မိမှန်း မသိအောင် ကြက်သီးဖျန်းဖျန်း ထမိပြန်တယ်။
ဟို… ကိုရင် ဖတ်ဖူးတဲ့ ပုံပြင် သွားသတိရလို့ ပါ။ ငှက်ဘုရင်ရွေးပွဲမှာ ဇီးကွက်ကို ဘုရင်ခန့်တော့
ကျီးကန်းက ကန့်ကွက် သတဲ့။ နဂိုက ဒါလောက် ရုပ်ဆိုးနေရင် စိတ်ဆိုးတဲ့အခါ
ဘယ်လောက်ကြောက်စရာကောင်းမလဲ ဆိုတာ တွေးကြည့်ကြပေါ့ လို့ ထောက်ပြပြီး ကန့်ကွက်တာ
အမှတ်ရလို့ပါ။ နောက်ပြီး အရာရှိ တော်တော်များများကလဲ ကိုရင်လို တောသားတွေချည်း ကိုး။ မရဖူးတဲ့
အရာထူး၊ အခွင့်ထူး တွေ ရတော့ - သစ္စာတွေ မြဲကြ၊ အမိန့်တွေ ခံကြ၊ ငါ့ကို ဆန့်ကျင်ရင် ကျောင်းသားဆို
ကျောင်းသားသတ်၊ သံဃာဆို သံဃာသတ်။ နောက်ဆုံး ဘုရားဆို ဘုရား သတ်။ အဲ .. အလို… လေးလေး …။
ထမည့် ကြက်သီးတွေတောင် ကြောက်လြို့ ပန်ငုတ်သွားရမယ့် ကိန်းကြီး ပါလားကွယ်ရို့။ သူတို့ကို ပြည်သူက
ကျွေး၊ ပြည်သူက ပေးတာ။ သစ္စာခံရင် ပြည်သူ့သစ္စာ ခံရမှာ ကိုတောင် မသိ ဆိုးရွား နိုင်လှချည့်လား မောင်တို့ …။
ကိုင်း … ဘိတ်မသိ၊ အလျှင် မသိတဲ့ အဟိတ်ပုဂ္ဂိုလ်တွေအကြောင်း နောက်မှ စဉ်းစားမယ်။ အခု
တိဟိတ်ပုဂ္ဂိုလ်တွေ အကြောင်း စဉ်းစားရအောင် ဉာဏ်ပညာဟိတ် ပြဌာန်းထားတဲ့ ပုဂ္ဂိုလ်မွန်ကြီးတွေ၊
သူတော်စင်ကြီးတွေ အကြောင်းပေါ့။
ဒါပေမယ့် “အသေဝနစ ဗာလာနံ” မင်္ဂလာဟာ အားလုံးနဲ့ ဆိုင်တယ်၊ အပေါင်းသင်း မတတ်ရင်
မင်္ဂလာမဲ့တယ် ဆိုတာ (မ.ဟ.န) ခေါ် နိုင်ငံတော်သံဃာနာယကဆရာတော်ကြီးများ မေ့ နေကြတယ် ထင်ရဲ့။
ကိုရင်တို့ရဲ့ ဆရာ့ ဆရာ (အာစရိယ ပါစရိယ) ကြီးတွေပါ။ ပြောစရာတွေကိုတော့ ရိုသေစွာ နဲ့
အော်ဟစ်လျှောက် လိုက်ပါရစေ။ ကိုးကွယ် ဆည်းကပ်တဲ့ ပြည်သူ့မျက်နှာ ကို မကြည့်၊ လာဘ်လာဘ မျက်နှာ ကို
ကြည့်။ ဘုရားမျက်နှာ ကို မထောက်၊ ဗိုလ်ချုပ်ကြီးတွေရဲ့ မျက်နှာ ကို ထောက်။ သာသနာ့ရန်ကို မကာကွယ်၊
ဗိုလ်ချုပ်တွေရန်ကိုသာ ကာကွယ်တဲ့ အဖွဲ့ကြီးလို့ … ငရဲကြီးမှာ ကြောက်လို့ အစက မပြောဝံ့တဲ့ ပြည်သူတွေက
အခုတော့ တိုးတိုး တမျိုး၊ ကျယ်ကျယ် တဖုံ စုံတကာ စေ့ ပြောနေကြပြီ။
(အရှင်ကြီးတို့မျက်လုံးလေးကိုလည်း လာဘ်လာဘတွေကို ကျော်ပြီးကြည့်) အဲ … ကန်တော့ပါရဲ့
မျက်မှန်ပေါ်က ကျော်ကြည့်ကြဦး၊ နားကိုလည်း နာားကြပ်တပ်ဦး ဘုရား၊ အရှင်ကြီးတို့ရဲ့ဒကာတော်
ဒကာလျှော်တွေ သာသနာတော် တည်တံ့ သန့်ရှင်းရေး အမည်တပ်ပြီး အာဏာတည်တံ့ခိုင်မြဲရေးတွေ
လုပ်နေကြတာ … ဉာဏမျက်စိနဲ့ ရှုကြဦးဘုရား။ လာဘမျက်စိနဲ့ပဲ ကြည့်နေကြတယ်လို့ ပြောသံ ဆိုသံတွေ
ညံနေတယ် ဘုရား။ ဒီမယ် … သူတို့လှူတဲ့ လာဘ်၊ လာဘကလည်း (china made) တွေပါ ဘုရား။
ပြည်သူလှူတဲ့ ဆွမ်းတနပ်လောက် မစင်ကြယ်ပါဘူး ဘုရား။ အရှင်ကြီးတို့ပဲ “ဓမ္မိယလဒ္မ” မှ မြတ်တယ်လို့
ခဏခဏ ဟောပြော ဆုံးမခဲ့ကြတာလေ။ ငါပြောသလို လုပ်၊ ငါလုပ်သလို မလုပ်နဲ့လို့တော့ သင်ရိုး
မပြောင်းပါနဲ့တော့ … ဘုရား။
ကိုရင်တို့လက်ထက်ကျ အတုမြင် အတတ်သင်မှားပြီး ဒါ့ထက် ဆိုးကုန်ကြလိမ့်မယ်ဘုရား။
နောက်ပြီး “မင်းကိုးကွယ်ခံ” ဆိုတဲ့ ဂုဏ်ထူးကြီးကို သာယာကြလို့လား ဘုရား။ အခုကိုးကွယ်နေတဲ့ မင်း
က ဓမ္မရာဇာ တရားမင်း မဟုတ်ဘူး ဘုရား။ အ-ဓမ္မရာဇာ မတရားမင်း လေ။ အာဏာကို မတရားလု၊
မတရားပြုထားတဲ့ မင်းကျင့်တရား ၁ဝ ပါး မှာ တပါးနဲ့မှ မညီတဲ့ မင်း ဆိုတာ အရှငြ် ကီးတို့လည်း ကြားမိမှာပါ။
မယုံလို့လား၊ မယုံရဲကြလို့လား။ ဒါဆို ကိုရင် သိမီသလောက် သက်သေလေးတွေ ပြပါရစေ။
ဦးသန့်အရေးအခင်း၊ ၈၈ ခုနှစ် လူထုအုံကြွမှုကြီး၊ ၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ် လိမ်ညာမှုကြီး၊ ၂၀၀၃
ဒီပဲယင်း လူသတ်ပွဲကြီး၊ ၂ဝဝ၇ ရွှေဝါရောင်မေတ္တာ ပို့ပွဲ လုပ်ကြံသတ်ဖြတ်မူကြီး၊ ၂ ဝဝ၈ အခြေခံဥပဒေ
အဓမ္မအနိုင်ကျင့်မှုကြီး … ဒါတွေကို ဆင်ခြင်ရုံနဲ့ အဖြေမှန် ထင်ရှားပါတယ် ဘုရား။ ဒါကို နှာစေးနေကြသလား
ဘုရား။ ဒါဆို ဂတိကြောင့် မလားအပ်သည်ကိုလား၊ ရောက်ရင် အပယ်ငရဲကျတယ် ဆိုတဲ့ အရှင်တို့ သွန်သင်မှုကို
ကိုရင်တို့ ပယ်လိုက်ရတော့မှာ လား ဘုရား …။
ဘုရားစကားမို့ ကိုရင်တို့ မပယ်ဝံ့ပါဘူး ဘုရား။ အရှင်ကြီးတို့ ပယ်ဝံ့တယ် ဆိုရင်တော့ သဘောပါ
ဘုရား။ တိုင်းပြည်ထဲမှာ ပဲ့တင်ထပ် နေတာက - အရှင်ကြီးတို့တဖွဲ့လုံးဟာ “လာဘ၊ သက္ကာရ၊ သိလောက” ဆိုတဲ့
တောင်သုံးလုံးကို မကျော်နိုင်ကြဘူး ဆိုတဲ့ စကားတင်းဆိုသံများ … ဘုရား။
“အားလုံး မဟုတ်ဘူး။ တချို့ဆရာတော်တွေသာ မကျော်လွှားနိုင်ကြောင်း …” ကိုရင်က ငြင်းဆိုတော့၊
သူတို့က
“အဲဒီဆရာတော်ဘုရားကြီးများဟာလည်း ထိုသုံးမျိုးမှာ တမျိုးမဟုတ် တမျိုးကို သာယာနေကြလို့သာ
အခုလို သာသန တာဝန်မကျေတဲ့ ဗေါင်းတော်ညိမ့် စိတ်တော်သိအဖွဲ့ကြီးမှာ ပါဝံ့တာပေါ့ …”
လို့ ဆိုကြပြန်တယ် ဘုရား။
ဒါနဲ့ ကိုရင် ဟုတ်မဟုတ် ဉာဏ်မီသလောက် ဆင်ခြင်ကြည့်တော့ … မဟာဝါ၊ စူဠဝါ၊ ပရိဝါတွေနဲ့
မတိုင်းတာ တတ်ပါဘူးဘုရား။ ကိုရင်သင်ခဲ့ရတဲ့ သိဂါင်္ လသတို့သားကို မြတ်စွာ ဘုရားသြဝါဒပေးခဲ့တဲ့
ရဟန်းကျင့်ဝတ် ၆ ပါးနဲ့ ချိန်ထိုးကြည့်မိ ပါတယ် ဘုရား။ အဲဒီကျင့်ဝတ်တွေက အရှင်မြတ်တို့ သိပြီးအတိုင်း
၁။ မကော င်း မြစ် တာ … တဲ့။ မကောင်းတဲ့အကျင့်တွေကို တားမြစ်ရမယ်တဲ့ ဘုရား။ အဲဒီကျင့်ဝတ်
အရှင်မြတ်တို့ ချို့်ယွင်းနေတယ် ဘုရား။ ဒကာတော်တွေ ကမ္ဘာ့အလယ်မှာ စက်ဆုပ်ဖွယ်ဖြစ်တဲ့ မကောင်းတာကြံ၊
မမှန်တာ လုပ်၊ မဟုတ်တာ ပြောနေတာကို အရှင်တို့ တားမြစ်ဖို့ ဝေးလို့ ရေငုံ နှုတ်ပိတ် နေကြတာ တွေ့ရတယ်
ဘုရား။ နည်းတူပဲ အရှင်ကြီးတို့လို အဖွဲ့ကြီးမှာ မပါပါဘဲနဲ့ ရွှေဝါရောင်အရေးမှာ မေတ္တာ ပို့ဖို့ ဝန်လေးခဲ့ကြတဲ့
အကျော်အမော် ပုဂ္ဂိုလ်ကြီးငယ်တချို့ကိုလဲ ဒီဝတ္တရား ချို့တဲ့သူများ အဖြစ် ကိုရင်တို့ မှတ်တမ်းပြုပါတယ် ဘုရား။
၂ … က တော့ “ ကော င်း ရာ ညွှ န် လ စ် ” တဲ့။ အရှင်တို့ ဘာတွေညွှန်ပြခဲ့သလဲ ဘုရား။ ငါမြင်း ငါစိုင်း၊
သင်္ချိုင်းရောက်အောင်တော့ မသင်ကြားကြဘူး ဆိုတာ ယုံပါတယ်ဘုရား။ သမိုင်းမှာ အလွနအ် ရေးပါတဲ့
အမျိုးသား ရင်ကြားစေ့ဖို့၊ ပြည်သူကို မဖိနှိပ်ဖို့၊ ဘာသာ သာသနာကို မစော်ကားဖို့၊ နောက်ပြီး ဘယ် အာဏာ၊
ဘယ် စည်းစိမ်မှ မမြဲ … ဆိုတာ သိဖို့ ဟောပြော ဆုံးမကြပါသလား ဘုရား။ အင်း … သူရို့တတွေ
လုပ်ကိုင်နေကြပုံကို ထောက်ရင် ဒီဝတ္တရားလည်း အရှင်တို့ ချို့ယွင်းမယ်လို့ မြင်မိတယ် ဘုရား။
၃ … ကတော့  “ အသ စ် ဟော ကျူး” တဲ့။ ပစ္စုပ္ပန်လည်း ကောင်း၊ သံသရာလည်း ကောင်း အောင်၊
ကတိ တည်တတ်ဖို့၊ မင်းကျင့်တရားနဲ့ ညီဖို့၊ ညှိနှိုင်း ဆွေးနွေး ရဲဖို့၊ လက်ရှိ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ ဥပမာ
သာဓကတွေနဲ့ မဟောပြကြဘူးလား ဘုရား။ အင်း … ဒါလဲ ပြောမည်သာ ပြောရတာ။ သူရို့ပုံက သိယောင်ကန်း၊
တတ်ယောင်ကန်း၊ “ပဏ္ဍီတမာနီ” ပုံစံတွေ ဆိုတော့ … ဟူး …။
၎ က တော့ “ နာဖူး ထပ် မံ ” တဲ။့ ဒါနအကြောင်းတွေကိုတော့ အထပ်ထပ် အကြိမ်ကြိမ်ဟောမှာ ကို
ကိုရင် သိပါတယ် ဘုရား။ ကျန်တာတွေကိုလည်း ဟောကြဦး ဘုရား။ ဒါမှ ဒကာတော် အတ္တဘောကြီးတွေ
အတ္တနည်းမှာ ဘုရား။ အဲဒါလဲ ကြည့်ဟောကြဦး ဘုရား။ တလောက ရေလုပ်ငန်းဝန်ကြီးကို
ပါဏာတိပါတကံအကြောင်း ဟောမိလို့ လူဝတ်လဲခံ လိုက်ရသတဲ့ ဘုရား။ အရှင်ကြီးတို့လည်း အိုကြီး အိုမကျမှ
လူဝတ်လဲ ခံနေရရင် … အားပါးပါး … …။ ဖန်တရာတေနေတဲ့ တရားဟောင်း ပေမယ့် သူတို့မလိုလားရင်
ဒုက္ခဘုရား။
“နတ် ထံ တ င် ရာ” ဆို တာက တော့  ၅ လေ။ ဒီကိစ္စက သူတို့စာရိတ်နဲ့ သူတို့ သွားမယ် ဘုရား။
အရှင်ဘုရားတို့ တင်လို့လည်း နတ်ပြည်က လက်ခံချင်မှာ မဟုတ်ပါဘူး။ အဲ … ယမမင်းကတော့ တံခါးဖွင့်ထားပြီး
မီးအိုးကင် ပြင်ထားပြီ လို့ သူတို့ဆီ message ပို့ထားလောက်ပြီ ဘုရား။
နော က် ဆုံး ၆ ကတော့  “ မေတ္တာ လ ည်းြ ပု”။ ဒီ ကျင့်ဝတ်ကတော့ လုံးဝကို ချို့ယွင်းတယ် လို့
ဆိုချင်တယ် ဘုရား။ ဘာကြောင့်လဲ ဆိုတော့ အခု သုံးနှစ်လည် ကျရောက်တဲ့ ၂ဝဝ၇ စက်တင်ဘာ
ရွှေဝါရောင်တုန်းက အရှင်ဘုရားတို့ရဲ့ မေတ္တာ သံ သဲ့သဲ့လေးမှ ကိုရင်တို့ မကြားလိုကရ
် တာ၊ ကိုရင်တို့မှာ တော့
ပို့သ လိုက်ရတာ။ ဦးပုညစကားလို မေတ္တာ သုတ် တသုတ်လုံး ပုဒ်မပါ ကျူံးပြီးကို ပို့ခဲ့တာ။ အခုထိ မေတ္တာဒဏ်
ခံရတုန်း ဘုရား။ တခ်ဳိေ
့ သကြ၊ တချို့ ဒဏ်ရာရ၊ တချို့ထောင်ကျ၊ တချို ထွက်ပြေး၊ တချို့ ဘဝပြောင်း။
ကိုရင်ရဲ့ဆရာဆို သေသလား၊ ရှင်သလား မသိ။ အခုထိ ဘယ်ရောက်သွားသလဲ မသိပါဘူး ဘုရား။
ကိုရင် ဉာဏ်မီသရွေ့ နှိုင်းယှဉ်ပြလိုက်တာပါ ဘုရား။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတယ်လို့ တချို့က
မြင်ကြမယ် ဘုရား။ မတတ်နိုင်ဘူး ဘုရား။ ကာတွန်းဦးဘဂျမ်းရဲ့ ရသေ့ကြီးဦးဖျောက်ဆိတ် ပြောသလို
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာက သူများ အထောင်းခံရတာထက် သက်သာ သတဲ့ ဘုရား။ တကယ်ဆို
အရှင်ကြီးတို့ဟာ ပညာကြီးတဲ့ တိဟိတ်ပုဂ္ဂိုလ်ကျော်တွေပါ။
“ပညာရှိ သတိဖြစ်လွယ်” တော်မူစေချင် လို့ပါ ဘုရား။ လွန်တာ မရှိပေမယ့် ဝန္ဒာမိ လိုက်ပါတယ် ဘုရား။
အဲ … နောက်တခါ ရွှေဝါရောင် ကြုံရင်လည်း တိုးတိုးတိတ်တိတ်ဖြစ်ဖြစ် မေတ္တာလေးတော့ ပို့ပေးကြဦး ဘုရား။
နောက်ဆုံး လျှောက်ထားချင်တာကတော့ “ရာဇဝလ္လဘော မဟာသာဝဇ္ဇော၊ မင်း နဲ့ ကျွမ်းဝင်ခြင်းသည်
အပြစ်များ၏” လို့သာ ဘုရားဟော ရှိတယ်။ “ပြည်သူ့ဝလ္လဘော မဟာဝဇ္ဇော …” လို့ ဘုရားဟော ရှိမယ်မထင်ဘူး
နော …ဘုရား။
ဂါရဝဖြင့် ကိုရင် ဓမ္မဂုတ္တ
ခေတ္တ။ဂိဇ္ဇျဂုတ်တောင်

Bur mes e Com mu nit y i n Japa n boy co tt Ju nt' a Pr opag a nda 's Actors

Posted by MoeMaKa | 1:16 PM | Local News Headlines | 0 comments »

ဂျ ပန်ေ ရာ က်ြ မန် မာ များက စစ် အ စိုး ရ၀ါဒြ ဖန့်  သ ရု ပ်ေ ဆာ င် များကို သ ပိ တ်ေ မှာ က် ဟု ဆို


မိုးမခအထောက်တော် ၀၀၃ နဲ့ မောင်ရှင် (ဘားမားမီဒီယာ) (မိုးသောက်ကြယ်)
စက်တင်ဘာ ၁၅၊ ၂၀၁၀
ဂျပန်ရောက် မြန်မာများ၏ အင်တာနက်သတင်းများအဆိုအရ - စစ်အစိုးရ၏
လုပ်ကြံဝါဒဖြန့်ကားဖြစ်သည့် “အရုဏ်ဦးမှာ ဖူးသည့်ကြာ” တွင် သရုပ်ဆောင်သူများကို ၎င်းတို့၏
ရန်ပုံငွေပွဲများတွင် ဖျော်ဖြေခွင့် မပြုတော့ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်ကို တွေ့ရသည်။
ထိုလုပ်ကြံဝါဒဖြန့် သရုပ်ဆောင်များဖြစ်သည့် ခန့်စည်သူ၊ လွင်မိုး နှင့် အရိုင်းတို့ကို မူလစီစဉ်ထားသည်မှ
ရုတ်သိမ်းလိုက်ပြီး ထိုရုပ်ရှင်ကားတွင် မပါဝင်ခဲ့သည့် သရုပ်ဆောင်များ၊ အနုပညာရှင်များကို ဖိတ်ခေါ်ပြီး
စတိတ်ရှိုးနှင့် အငြိမ့်ကျင်းပရန် အချိန်မီ ပြင်ဆင်ခဲ့ကြသည်ဟု သတင်းများတွင် ရေးသားထားသည်။
ဖျော်ဖြေပွဲကို ယခုလ ၂၀ ရက် (စက်တင်ဘာ ၂၀ ရက်၊ တနင်္လာနေ့၌) ကျင်းပမည်ဖြစ်ပြီး
“မြိတ်မြို့မိဘမဲ့ကလေးများ ရန်ပုံငွေပွဲ” အတွက် စီစဉ်ခြင်းဖြစ်သည်ဟုသိရသည်။ လာရောက် ဖျော်ဖြေကြမည့်
အနုပညာရှင်များမှာ အကယ်ဒမီမေသန်းနု၊ ချောရတနာ၊ ကင်းကောင်၊ ကုသိုလ်၊ ဒိန်းဒေါင်၊ Rဇာနည်၊ ဇော်ပိုင်၊
အောင်နိုင်၊ Waiလျံ။ Nကိုင်ရာနှင့် ကီးဘုတ် ဇေယျာမင်းတို့ဖြစ်ကြသည်။
ပွဲစီစဉ်သူများက ၀ါဒဖြန့်သရုပ်ဆောင်များကို ရုံသွင်းပါက မြန်မာဒီမိုကရေစီ လှုပ်ရှားတက်ကြွသူ
မြန်မာမိသားစုများ၏ ကန့်ကွက်ဆန္ဒပြမှုများ၊ သပိတ်မှော က်မှုများကို ရင်ဆိုင်ခံရမည်ကို သိရှိသဖြင့် ယခုကဲ့သို့
ပြန်လည် ပြင်ဆင်ခဲ့သည်ဟု ဆိုသည်။
“အရုဏ်ဦးမှာ ဖူးသည့်ကြာ” ရုပ်ရှင်ဇာတ်ကားသည် တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေး တွင် နှစ်ပေါင်း ၂ဝ
ကျော် အမှုထမ်းခဲ့သော ဒု-ဗိုလ်မှူးကြီးဟောင်း ဒါရိုက်တာတင်သန်းဦးက နအဖ လက်ကိုင်တုတ် ကြံဖွတ်အသင်း
နှစ်ပတ်လည်ဂုဏ်ပြု ဇာတ်ကားအဖြစ် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး မြန်မာ့သမိုင်းဖြစ်ရပ်မှန်များကို
ပြောင်ပြောင်တင်းတင်းလိမ်ညာ၍ ရိုက်ကူးထားခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် အဆိုပါဇာတ်ကားတွင်
ပါဝင်သရုပ်ဆောင်ခဲ့သော အနုပညာရှင်များ ပြည်ပသို့ ဖျော်ဖြေရေးပွဲများ သွားရောက်ပြုလုပ်ပါက
သမိုင်းမှန်လိုလားသူ ဒီမိုကရေစီရေး တက်ကြွသူ မြန်မာပြည်သူ/ သားများက ပြည်တွင်းတွင် ရေငုံနှုတ်ပိတ်
ဖိနှိပ်ထားခြင်းခံရသူ မြန်မာမိသားစုများကိုယ်စား အဆိုပါဝါဒဖြန့်သရုပ်ဆောင်များ ရောက်လေရာနေရာတွင်
ဆန့်ကျင်ကန့်ကွက်ပြမှုများ ပြုလုပ်နေလျက်ရှိသည်။ မြန်မာပြည်တွင်းက အဆိုပါသတင်းများကို
ကြားသိသူများကလည်း ထိုကဲ့သို့ ပြုလုပ်ခြင်းကို ထောက်ခံ အားပေးကြောင်း၊ ၀မ်းသာအားရဖြစ်ကြောင်း
ပြန်လည် တုန့်ပြန်ကြသည်ကို တွေ့ရသည်။
မိုးမခ၏ မိတ်ဆွေ ဂျပန်ပြည်က ၎င်းသဘောထားကို ပြောကြားရာတွင် …
“ပွဲသွင်းတဲ့သူတွေက စီးပွားရေး သက်သက်၊ ကိုယ်ကျိုးစီးပွားသက်သက်ကြည့်ပြီး ပွဲသွင်းတဲ့သူတွေ
ဆိုရင် နောက်တခါမှာ သူတို့ကိုယ်တိုင်ကလည်း အဲသည်သရုပ်ဆောင်တွေကို တမင်ရွေးပြီး သွင်းနေ ခေါ်နေမှာ
မဟုတ်တော့ဘူး။ သူတို့အမြတ် ထိခိုက်တယ်။ နံမယ်လည်း ကြားထဲက ပိုပြီး ပျက်တယ်။ ဒါပေမယ့် အယင်တုံး က
တော်လှန်ရေးတွေ၊ “၈၈ တွေ ၉၀၊ ၁၀၀ ဘာညာ ဘာညာတွေ” (အရေးအခင်းများ ဖြစ်ပွားခဲ့သော နှစ်များကို
ဆိုလိုဟန်ရှိ) ဘယ့်နှယ် ညာနှယ့် လုပ်ခဲတဲ့ ဒီမိုကရေစီဘက်တော်သား ဆိုသူတွေကပါ ပွဲသွင်းတဲ့အထဲမှာ
ပါလာတာကတော့ အလွန်ရုပ်ဆိုးပါတယ်။ အဲဒါကို ရှေ့နေလိုက်ပြီး အကာအကွယ်ပေး၊ ဖာရ
ထေးရလုပ်နေကြတာကလည်း ရှက်စရာ ကောင်းတယ်။ ဒီလိုလူမျိုးတွေကို အနာဂတ်မှာ
ဒီမိုကရေစီအိမ်ဦးခန်းမှာ နေစရာ ပေးဖို့ မလိုတော့ဘူး။ အဲသလိုမျိုး သူတို့သဘောထားတွေကို သိလိုက်ရတာ
ကျနော်တို့ အမြတ် ထွက်တယ် လို့ ပြောချင်တယ်။”
ဟု ပြောလိုက်သည်။
အင်တာနက်သတင်းတွင် ဂျပန်ရောက် မြန်မာနှစ်ကြီးသမားတစ်ဦး ဆိုသူ၏ အပြောမှာ
”ကျနော်တို့ဂျပန်မှာတော့ အရင်တုန်းက အခွန်ရုံး (မြန်မာသံရုံး)က စတိတ်ရှိုးပွဲတွေ၊
အငြိမ့်ပွဲတွေလုပ်ခဲ့ကြတယ်။ သို့ပေမယ့် ဒီမှာရှိတဲ့မြန်မာတွေက တညီတညွတ်တည်း ၀ိုင်းဆန္ဒပြကြတော့
အရှက်တွေကွဲပြီး ဘာပွဲမှ မလုပ်တော့ဘူး။ နောက်တော့ သူတို့နဲ့ (အခွန်ရုံး) နီးစပ်တဲ့လူတွေက
မသိမသာသဘောမျိုးနဲ့ အကဲစမ်းပြီး ပွဲသွင်းခဲ့သေးတယ်။ ဒါလည်း ဒီက လူတွေက လုံးဝကို လက်မခံဘူး။
ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ကြ၊ ဆန္ဒပြခဲ့ကြတာ။
အဆိုတော် ဇော်ဝင်းထွဋ်ဆိုရင် နာဂစ်ရန်ပုံငွေ လို့ ခေါင်းစဉ်တပ်ပြီး ဂျပန်မှာ လာဖျော်တာတောင်
ဒီကလူတွေက လုံးဝကို လက်မခံဘူးလေ။ ဘာကြောင့်လည်းဆိုတော့ ဇော်ဝင်းထွဋ်ဆိုတာ နအဖကို
ဖော်လံဖားလုပ်နေတဲ့သူ မို့လို့တဲ့။ ဒါကြောင့် ဂျပန်မှာ မြန်မာအနုပညာရှင်တွေ၊ အဆိုတော်တွေ
လာဖျော်ဖြေတော့မယ်ဆိုရင် ဘယ်သူတွေ စီစဉ်တာလဲ၊ နအဖ အသိုင်းအ၀ိုင်းနဲ့ ကင်းရှင်းရဲ့လား။
လာဖျော်ဖြေမယ့်သူတွေထဲမှာရော နအဖကို ဖော်လံဖားတဲ့သူတွေ ပါလား … ဒါတွေအားလုံးကို
ဒီမှာရှိတဲ့လူတွေက စနည်းနာပြီးမှ သွားအားပေးကြတာ များပါတယ်။ တခြားနိုင်ငံတွေမှာ လို ပွဲဖြစ်ပြီးရော၊
ငွေရရင်ပြီးရောဆိုပြီး မလုပ်ရဲကြဘူးဗျ”
ဟု ပြောလိုက်ပါသည်။
မိုးမခသို့ အယ်လ်အေမှ ဆန္ဒပြသူတဦးက အထက်ပါဖြစ်ရပ်များအပေါ် မူတည်ပြီး သဘောထားကို
ပြောကြားရာတွင်
“အခုနှစ်မှာ စစ်အစိုးရက သူတို့လုပ်ကြံထားတဲ့ ရွေးကောက်ပွဲနဲ့ အာဏာရှင်စနစ်ကို အုတ်မြစ်ချ
ထူထောင်တော့မယ်။ အဲဒီအချိန်မှာ သူတို့ရဲ့ လုပ်ကြံဖန်တီးထားတဲ့ ၀ါဒဖြန့်ကားနဲ့ ဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီ
လိုလားသူတွေကို သရော်စော်ကားလိုက်တယ်။ ပြည်တွင်းက အနိုင်ကျင့်ခံနေရသူတွေ ကိုယ်စား
ပြည်ပရောက်နေသူတွေက နအဖစစ်အစိုးရကို ဆန့်ကျင်တယ်။ သူတို့ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်။
ကုန်ကုန်ပြောရရင် နအဖ အလိုတော်ရိတွေ၊ လက်ကိုင်ဒုတ်တွေ၊ သူတို့ရဲ့ ပြည်ပက ကြံ့ဖွံ့တွေ စွမ်းအားရှင်တွေကို
ကန့်ကွက် ဆန့်ကျင်ကြောင်း ပြသရတဲ့ အချိန်အခါ၊ အခြေအနေ ဖြစ်ပါတယ်။ ကျနော်တို့ တတ်နိုင်၊ လုပ်နိုင်တာနဲ့
ကျနော်တို့ ၀ိုင်းပြီး တသွေးတည်း တသံတည်း ပြသရတာ ဖြစ်တယ်။ ဂျပန်က၊ သြစတြေးလျက
မြန်မာတွေအတွက် အလွန် ဂုဏ်ယူပါတယ် လို့ ပြောပေးပါ”
ဟု ဆိုလိုက်သည်။
“ဆရာဦးဝင်းတင်ရဲ့ အင်တာဗျုးမှာ ပြောသလိုပေါ့။ တိုင်းပြည်မှာ အုံကြွမှုတခု ဖြစ်လာရင်
နိုင်ငံရေးလုပ်နေပါတယ်ဆိုတဲ့ သူတွေက မဦးဆောင်နိုင်ရင်တောင် ၀င်ပြီး ပါဝင် ပတ်သက်ရတယ်။
မသိချင်ယောင် ဆောင်နေလို့ မရဘူး။ ဆင်ခြေတွေ ပေးပြီး ရှော င်လွှဲနေလို့ မရဘူး။ အခုကိစ္စကလည်း
မှတ်ကျောက် တင်တာပဲ။ အကြောက်ပြိုင်နေတာ၊ အဖားပြို င်နေတာ မဟုတ်ဘူး” ဟု မှတ်ချက်ပေးသည်။
ပြည်ပရောက် မြန်မာများအတွင်း ၀ါဒဖြန့်သရုပ်ဆောင်များ၏ စတိတ်ရှိုး ဂယက် ထကြွနေချိန်တွင်
စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်က တိုင်းပြည်၏ အတိုက်အခံနိုင်ငံရေး အင်အားစုကြီးဖြစ်သော
အင်န်အယ်ဒီပါတီကို ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း ယမန်နေ့ ညနေ သတင်းတွင် ကြေညာလိုက်သည်။
အရုဏ်ဦးမှာ ဖူးသည့်ကြာ သရုပ်ဆောင်များ စာရင်းကို သည်နေရာမှာ ကြည့်နိုင်ပြီ။

NLD' s res pons e o n S PD C's st ate me nt

Posted by Yan Lo Kywe | 1:08 PM | Burma News Headlines | 0 comments »


ပါ တီ ဖျက် သိ မ်းြေ ကာ င်း ရွေးကောက် ပွဲေ ကာ် မ ရှ င် ၏ ကြေ ညာ ချ က် ကို NL D လက် မ ခံ
မိုးမခအထောက်တော် အမှတ် ဝဝ၁
စက်တင်ဘာ ၁၄၊

၂၀၁၀
(Photo: Reuters/Aung Hla Tun)

ရွေးကောက်ပွဲ မ၀င်သည့် NLD ပါတီကို ရပ်တည်ခွင့် မပြုတော့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ယနေ့


ထုတ်ပြန်သည့် ကြေညာချက်မှာ တရားဝင်ခြင်း မရှိဟု NLD ခေါင်းဆောင် ဦးဉာဏ်ဝင်းက သတင်းဌာနများကို
ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ အတွက် ကော်မရှင်တွင် မှတ်ပုံ မတင်သည့် NLD အပါအ၀င် သက်တမ်းရင့် နိုင်ငံရေး ပါတီ
၅ ခုကို နိုင်ငံရေး ပါတီ အဖြစ်မှ ပျက်ပြယ်ကြောင်း စစ်အစိုးရက ယနေ့ ညနေ ၆ နာရီတွင် ကြေညာခြင်းကို
ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

NLD ခေါင်းဆောင် ဦးဉာဏ်ဝင်း၏ တုံ့ပြန်ချက်များ

“ကော်မရှင်မှာ အဲဒီလို လုပ်ပိုင်ခွင့်၊ ကြေညာပိုင်ခွင့် မရှိဘူးလို့ဘဲ နားလည်တယ်။ ဒီကော်မရှင်က အခု


မှတ်ပုံတင်ထားတဲ့ ပါတီကိုသာ လုပ်ပိုင်ခွင့်ရှိတယ်”
မဇ္ဈိ မ သ တ င်း ဌာ န

“ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည် မှတ်ပုံမတင်တဲ့ ပါတီအတွက် အခုလို သတင်းထုတ်ပြန်ဖို့၊ အခုလို


ကြေညာချက် ထုတ်ဖို့ အာဏာ အပ်နှင်းထားတာ ကျနော် မတွေ့ဘူး။ ကြေညာချက် ထုတ်တယ်ဆိုတာ
အာဏာအပ်နှင်းမှ ထုတ်လို့ရတာ”

“ဒုတိယအချက်က NLD ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီးတော့ တရားရုံး လုပ်ငန်းစဉ်တွေ မပြီးပြတ်သေးဘူး။ အဲဒီလို


မပြီးပြတ်သေးတဲ့ အချိန်မှာ ကော်မရှင်က ကြားဖြတ်ပြီး ဒီလို ကြေညာတာဟာ တရားဥပဒေ စိုးမိုးရေးကို
ထိခိုက်တယ်”
VOA သတ င်း ဌာ န

ကြေညာချက်တွင် ပါဝင်သည့် ပါတီဟောင်း ၅ခု၏ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် မဲဆန္ဒနယ်မြေ စာရင်း

NLD ခေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - ၃၉၂ နယ်မြေ


ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် - ၂၃ နယ်မြေ
ပြည်ထောင်စု ပအိုဝ်းအမျိုးသားများ အဖွဲ့ချုပ် - ၃ နယ်မြေ
ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ - ၁ နယ်မြေ
ဝ အမျိုးသား ဖွံ့ဖြိုး တိုးတက် ရေးပါတီ - ရွေးကောက်ခံရသော နယ်မြေ မရှိ

မကြာသေးမီက ဖွဲ့စည်းခဲ့သော ပါတီ တချို့သည်လည်း မဲဆန္ဒနယ် ၃ နယ်တွင် ၀င်ရောက် မယှဉ်ပြိုင်နိုင်သဖြင့်


ဖျက်သိမ်းကြောင်း ကြေညာခံရသည်။ ထိုပါတီများ စာရင်းကို Eleven မီဒီယာ ၀က်ဆိုက်တွင် အောက်ပါအတိုင်း
တွေ့ရသည်။

ကရင်အမျိုးသားများ အဖွဲ့ချုပ်
မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ
မြန်မာဒီမိုကရေစီ ကွန်ဂရက်ပါတီ
မြိုတိုင်းရင်းသားပါတီ
ဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီ (ပြည်)

A B ur mes e yo u ng m an kille d i n a fi gh t

Posted by Yan Lo Kywe | 5:04 AM | Overseas News Headlines | 0 comments »


ကျော် ထို က်ေ အာ င် ခေါ် မလေးရှားရော က်ြ မန် မာတ ဦး ရန် ပွဲ တွ င် သေ ဆုံး
BERNAMA သတင်းဌာန
စက်တင်ဘာ ၁၄၊ ၂၀၁၀
Balakong အရပ်ရှိ စက်ရုံတခုတွင် ပါကစ္စတန် နိုင်ငံသားတယောက်နှင့် ရန်ဖြစ်ပြီး မြန်မာပြည်သား တဦး ယနေ့
သေဆုံးသွားသည်။

ရန်ပွဲသည် နံနက် ၃ နာရီခွဲတွင် ဖြစ်ပွားခဲ့ကြောင်း Serdang ဒေသ ရဲတပ်ဖွဲ့ ဒုတိယ အကြီးအကဲ DSP Lam
Chien Fei က ပြောသည်။ အသက် ၂၁ နှစ်အရွယ် လုံခြုံရေး ၀န်ထမ်း ကျော်ထိုက်အောင်က စက်ရုံမှ
ဝန်ထမ်းတဦးကို ဘုရားရှိခိုး အနားယူချိန် ကြာလွန်းသည်ဟု ပြောကြားရာမှ ရန်ပွဲ အစပြုခြင်းဖြစ်သည်ဟု
ဆိုသည်။

“ဒီ၂ယောက် ရန်ဖြစ်တယ်၊ ကျော်ထိုက်အောင်က သံချောင်းနဲ့ အရိုက်ခံရတယ်။ နေရာမှာ တင် သေသွားတယ်”


ဟု ရဲအရာရှိက BERNAMA သတင်းဌာနကို ပြောသည်။

လူသတ်မှု ကျူးလွန်သည်ဟု သံသယ ဖြစ်ခံရသူသည် အသက် ၂၄ နှစ် ရှိပြီ ဖြစ်သည်။ စက်ရုံလုံခြုံရေး


တာဝန်ရှိသူများက သူ့ကို ဖမ်းပြီး ရဲလက်သို့ အပ်လိုက်ခြင်း ဖြစ်သည်။

သူ့ကို လူသတ်မှုဖြင့် စစ်ဆေးနေသည်ဟု ရဲအရာရှိက ပြောသည်။

Frie nds o f Citiz en o f B ur ma fo rm ed lo cal cha pt ers i n Bu ffalo, N YC a nd S F B ay


whil e L A c hap te r to hos t F u nd Raisi n g

Posted by MoeMaKa | 10:22 PM | Local News Headlines | 0 comments »

ပြည် သူ့  ဂု ဏ် ရ ည် အ သင်း ၏ ဘတ် ဖဲ လိုး ၊ နယူး ယော က် နှ င့် ဆ န် ဖ ရန်ေ ဘးဧရိ ယာတို့  တွ င်


မြို့  န ယ် အ လို က် လု ပ် အားပေးအ ဖွဲ့  များ ဖွဲ့  စ ည်း ၊ အ ယ် လ်ေ အက စက် တ င် ဘာ ၂၅ မှာ
ရန် ပုံ ေ ငြ ပြ ဲ ေ တာ် ကျ င်း ပမည်

မိုးမခအထောက်တော် ၀၀၂နဲ့ ပြည်သူ့ဂုဏ်ရည်ပြန်ကြားရေး


စက်တင်ဘာ ၁၄၊ ၂၀၁၀
၂၀၁၁ ခုနှစ် မေလ ပတ်ဝန်းကျင်တွင် မြန်မာပြည်တွင်းရှိ စေတနာဝန်ထမ်း
လူမှုလုပ်ငန်းစွမ်းဆောင်သူများကို ဂုဏ်ပြုချီးမြှင့်မည့် အစီအစဉ်နှင့် အခမ်းအနားကို ပြည်သူဂုဏ်ရည်
လုပ်အားပေးများ၊ စေတနာရှင်များ၊ မိတ်ဆွေများ စုပေါင်းပြီး ကျင်းပကြမည် ဖြစ်သည်။
၂၀၁၀ ခုနှစအ
် တွင်း အမေရိကန်ပြည်တ၀ှမ်းရှိ မြန်မာပြည်သားများအတွင်း
ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများ ပိုမိုကျယ်ပြန့်ပြီး အားလုံး၏ ၀ိုင်းဝန်းကူညီပံ့ပိုးမှုများ ရရှိစေရန် မြို့နယ်အလိုက်
စည်းရုးံမှုများ၊ မြန်မာ့ လူမှုရေးလှုပ်ရှားမှုများတွင် ပါဝင် လှုပ်ရှားပြီး ဆောင်ရွက်လျက် ရှိသည်ကို တွေ့ရသည်။
ယခင်လများအတွင်း ဘတ်ဖဲလိုးမြို့နယ်၊ နယူးယောက်မြို့နယ် နှင့် ဆန်ဖရန်ဘေးဧရိယာမြို့နယ်များတွင်
မြို့နယ်အဖွဲ့များ တိုးချဲ့ဖွဲ့စည်းခဲ့ကြရာ စည်းရုံးရေး၊ ပြန်ကြားရေး၊ ဘဏ္ဍာငွေ ရှာဖွေရေးနှင့် စာရင်းစစ်နှင့်
စည်းကမ်းထိန်းသိမ်းရေး စသည့် ကော်မီတီ ၄ ရပ်ကို အခြေခံပြီး ဖွဲ့စည်းခဲ့ကြသည်ကို တွေ့ရသည်။
သည်နေရာမှာ အဖွဲ့အင်အားများကို တွေ့နိုင်ပါသည်။
အယ်လ်အေ မြို့နယ်ကလည်း ၎င်းတို့ ကော်မီတီအင်အားစာရင်းကို မကြာမီ ထုတ်ပြန်မည် ဖြစ်ပြီး
ယခုလာမည့် စက်တင်ဘာ ၂၅ နေ့တွင် ပြည်သ့ဂ
ူုဏ်ရည် ရန်ပုံငွေ လှုပ်ရှားမှုအဖြစ် “ဆိုကြမယ်၊ လှူကြမယ်”
ဆိုသည့် ဂီတဆည်းဆာနှင့် ရသာစုံပွဲတော်တခုကို ဖိတ်ခေါ်ထားသည်။ သည်နေရာမှာ ကြော်ငြာ ထားပါသည်။
နယူးယောက်မြို့နယ်က လက်ရှိလုပ်အားပေးများ၊ စေတနာရှင်များနှင့် လစဉ် ငါးဒေါ်လာ ရန်ပုံငွေ
လှုပ်ရှားမှုကို လှုံဆော်လျက်ရှိပြီး ပြည်သူ့ဂုဏ်ရည် ဆုချီးမြှင့်ခြင်းနှင့် အခမ်းအနားကျင်းပနိုင်ရန်အတွက်
ရန်ပုံငွေများ စတင် စုဆောင်းလျက် ရှိသည်။ ဒီနေရာမှာ သူတို့ ဖိတ်ခေါ်စာကို ကြည့်နုင
ိပြီ။
ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြို့နယ် လုပ်အားပေးများ၊ စေတနာရှင်များက လက်ရှိတွင် မြို့နယ်တွင်းရှိ
ဘာသာရေး၊ လူမှုရေး အလှူပွဲများတွင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ခြင်းဖြင့် ပြည်သူ့ဂုဏ်ရည်လှုပ်ရှားမှုများ
အများပြည်သူတို့ သိရှိလာအောင် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

14t h Se pt 2010 - B ur mes e Jo ur nal Dige sts

Posted by MoeMaKa | 7:07 PM | Journals Digest | 0 comments »

ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ် အပိုင်းအစ


ဂျာနယ်ြ ဂို ဟ် သာ ဂိ
စက်တင်ဘာ ၁၄ ၊ ၂၀၁၀
ပြည်သူ့ခေတ်ဂျာနယ် ကောက်နုတ်ချက်များ
ရွေးကောက်ပွဲစစ်တမ်း
ဦးသုဝေနှင့် တွေ့ဆုံခြင်း
ပဲခူးတွင် မြစ်ရေကြီး ရေလျှံ
ကြံ့ဖွံ့နှင့် တဆညသာ မဲဆန္ဒနယ် အပြည့်ဝင်၊ ကျန်ပါတီများ မဟာမိတ်ဖွဲ့ရန် စီစဉ်
အင်န်ဒီအက်ဖ်၏ ကိုယ်စားလှယ်များစာရင်း
ကိုရီးယားကားများ အကြမ်းဖက်မှုများ လွန်ကဲလာပြီ
အင်တာနက်၊ ဖုံးနဲ့ ရုပ်သံတွဲသုံးလိုသူများ စာရင်းပေးသွင်းလျက်ရှိ
ကိုရီးယားနဲ့ မြန်မာတို့ ရိုးရာမင်္ဂလာဆောင်မှု ဖလှယ်ကြမည်
ဒေါက်တာသန်းငြိမ်းနှင့် တွေ့ဆုံခြင်း
ဦးသိမ်းကြည်၊ ဦးရန်ကျော်၊ ဦးမိုးထွန်းတို့၏ ပြောစကားများ
မွန်ပြည်နယ်မှာ လူ ၁၃၀ ၀င်ပြိုင်မည်
ဒီမိုကရက်တစ်ပါတီ ၄၉ ဦး ၀င်ပြို င်မည်
မြန်မာဒီမိုကွန်ဂရက်နှင့် မြန်မာ့လူဘောင်သစ်ပါတီ စံမမီ၍ အလိုလို ပျက်ပြယ်သွားပြီ
တသီးပုဂ္ဂလ ၂၄ ဦး ရန်ကုန်တိုင်းတွင် ၀င်ပြိုင်မည်
မဲပုံးများ ပို့ပြီ၊ မဲထည့်ပုံနည်းစနစ် ပညာပေးရုပ်သံများ လွှင့်မည်
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း နိုင်ငံရေးကင်းရှင်းစရာ မလိုတော့ပါ
ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီး ၅ ဦး ရွေးကောက်ပွဲဝင်ပြို င်မည်
မြန်မာ့လျှပ်စစ် ၅၇၄ မဂ္ဂါဝပ် ဘင်္ဂလားဒေ့ခ်ျသို့ ရောင်းချသွားမည်
မြစ်ကြီးနား - မန္တလေး ရထားမှော က် - လူ ၂ ဦးသေ (ယခုနှစ် ရထားကြောင့် သေ ၄၅၊ နာ ၄၂)
ယာဉ်လိုင်းများ ကျပ်သိန်း ၁၅၀ အထိ အပတ်စဉ် အကြွေများ လဲနိုင်ပါပြီ၊ ကားအစီးရေပေါင်း ၃၄၁၅ ရှိတယ်။
အကြွေတွေကတော့ ခုထိ မလောက်ငှသေးပါ
ရတနာပုံတယ်လီပို့က ပြည်ပသတင်းဌာနများ စွတ်စွဲချက် မမှန်ဟု ငြင်းဆိုပြီ
၅ သိန်းတန် ဖုံး အင်တာနက် သုံးနိုင်တော့မည်
ကျေးလက်ကျောင်းများတွင် စပါးအငှားစိုက်ခြင်းထက် ကစားကွင်းများ ဖန်တီးသင့်
နိုင်ငံရေးဦးစားပေးဂျာနယ်များ နဲ့ အမှားများ - မောင်ရိုး
သဘာဝဘေးရန် ကာကွယ်ရေးနဲ့ ပညာပေး သင်ရိုးများ၊ ကော်မီတီများ ဖွဲ့စည်းမည်
မြန်မာ့စာနယ်ဇင်းသင်တန်းနှင့် သူတို့အမြင် - လူထုစိန်ဝင်း၊ ဦးဝေဖြိုး၊ အကယ်ဒမီ ခင်မောင်ကြီး
စာရေးဆရာ ၃ ဦး စင်္ကာ ပူတွင် ဟောမည်

သည်နေရာကနေ ဖတ်နိုင်ပြီ

Ashi n Zawa na – U Tin A ye (M yo ma )

Posted by Ko Oo | 3:41 PM | Variety Article | 0 comments »


ကွန်ကရစ်ရွာ၊ သံမဏိတံခါးကြားမှ မျက်ရည်မှတ်တမ်းများ
အဘ မမီ လို က် တဲ့  နော င် နှ စ် ခါ တ န်ေ ဆာ င် မု န်း
အရှင်ဇဝန
နိုင်ငံရေးအကျဉ်းသားဟောင်း
စက်တင်ဘာ ၁၄၊ ၂၀၁၀

"အာဏာရှင်ဆိုတာကတော့ သူ့ကို ဆန့်ကျင်လာရင် မွေးကင်းစပဲဖြစ်ဖြစ်


ရှစ်ဆယ်ကျော်၊ ကိုးဆယ်တွင်း အဘိုးအိုပဲဖြစ်ဖြစ် ရန်သူလို သဘောထားမှာပဲ"

ဆယ့်ခြောက်နှစ်တာကာလ နံရံလေးဘက်ကြား သော့အထပ်ထပ်ရဲ့ နောက်ကွယ်သို့ ပို့ဆောင်လို့ လောကကြီးနဲ့


အဆက်အသွယ် ဖြတ်ထားခံရသူတယောက်အတွက် အသိအမြင်အသစ်များ အတွေ့အကြုံအသစ်များ
ရရှိနိုင်တာကတော့ သမိုင်းဖြတ်သန်းမှု ကြီးမားတဲ့ ကိုယ်တိုင်လည်း ပါဝင်ခဲ့တဲ့ ပုဂ္ဂို လ်ကြီးများနှင့်
နေထိုင်ခွင့်ရခြင်းပါပဲ။ ဒီပုဂ္ဂို လ်ကြီးတွေကို သက်ရှိသမိုင်းစာအုပ်ကြီးလို့ ညွှန်းဆိုချင်တယ်။ သူတို့တွေ ကိုယ်တိုင်
ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍတွေ ဖြစ်ရပ်တွေက တချို့ လည်း မှတ်တမ်းတွေ ရှိချင်ရှိမယ်။ တချို့လည်း မှတ်တမ်းတွေ
မရှိနိုင်ဘူး။ ဒါပေမယ့် သူတို့ကတော့ သူတို့ ကြုံတွေ့ခဲ့သမျှ အားရပါးရ ပြောပြနေကြတုန်းပဲ။
အပြည့်အစုံ ...

Posted by MoeMaKa | 1:51 PM | Satire | 0 comments »

မင်္ဂ လာ နှ င့် နို င် ငံေ ရး - ၃
မောင်လူရေး
စက်တင်ဘာ ၁၄၊ ၂၀၁၀
ရှေးက ကောင်းတာလုပ်ခဲ့တာ မင်္ဂလာ ။
ကိုယ့်ဘက်က အရင်စကောင်းတာ မင်္ဂလာ ။
တပ်မတော်သည် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလုပ်ပေးမည်ဟူသော ကတိနှင့် ၁၉၈၈ မှာ
အာဏာသိမ်းခဲ့သည် ။ ဤကတိသည် တပ်မတော်၏ မွေးရာပါနိုင်ငံရေးကတိဖြစ်သည် ။ ၁၉၉၀ ရောက်တော့
ရွေးကောက်ပွဲပြီးရင် နိုင်သည့်ပါတီ အာဏာအပ်ပြီး စစ်တန်းလျားပြန်မည် ဟူသောကတိထပ်ပြုပြီး
ရွေးကောက်ပွဲလုပ်ပေးခဲ့သည် ။ ဤကတိသည်လည်း တပ်မတော်၏ အမျိုးသားရေးတာဝန်ဖြစ်သည် ။
ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲ အပြတ်အသတ်နိုင်သည်
။ တပ်မတော်သည် ကတိမတည် ။ စစ်တန်းလျားမပြန် ။ အနိုင်ရပါတီသည် အစိုးရဖွဲ့ဘို့မဟုတ် ၊
အခြေခံဥပဒေရေးဆွဲဘို့သာဖြစ်သည်ဟု ပလီစိ ခြောက်ချက် ခုနှစ်ချက်ပြောသည် ။
ဒီချုပ်က အခြေခံဥပဒေ ရေးမည်ဆိုပြန်တော့လည်း ဒီချုပ်သည် လူထုလူတန်းစား အားလုံးကို
ကိုယ်စားမပြု ၊ ဒါ့ကြောင့် ကိုယ်စားပြုသူတွေ ပါရမည်ဆိုကာ တပ်မတော်သည် လူထုက အသိအမှတ်မပြု ၊
မသိသောသူများကို ချောင်ကြိုချောင်ကြားက ဆွဲထုတ်လာပြန်သည် ။ဒါကိုပင် အမျိုးသားရေးတာဝန် ၊
အမျိုးသားနိုင်ငံရေးဟု ရုပ်လုံးဖေါ်ပြန်သည် ။
နောက် လက်ကိုင်ဒုတ် လူမိုက်များစုစည်းပြီး ကြံ့ခိုင်ရေးဆိုတာဖွဲ့သည် ။ ညောင်နှစ်ပင် ဆိုသဟာ
ပေါ်လာသည် ။ အခြေခံဥပဒေကို သူရေးချင်ရာရေးသည် ။ နောက်ဆုံး အနိုင်ရပါတီပင် မပါတော့ချေ ။
ဘာမှလဲမဟုတ်တော့ ဘာမှလဲ ဆက်မလုပ်တော့ဘဲ ညာတာပါတေး နှင့် ရပ်ပစ်လိုက်သည် ။
အမတ်တွေ ဖမ်းဆီး ထောင်ချ ၊ ဖိအားပေး ခြိမ်းခြောက် နှုတ်ထွက်ခိုင်းသည် ။
၂၀၀၃ ဒီပဲယင်းလုပ်ကြံမှုကြီးဖြစ်ပြီး လုပ်ကြံမှု မအောင်မြင် ၊ တကမ္ဘာ လုံး၏ ရွံ့ရှာစက်ဆုပ်မှုခံရတော့မှ
ဒီပဲယင်း လုပ်ကြံမှု ရော်ကြေးအဖြစ် road map ၇ ချက်ချကာ ညီလာခံကို ပြန်ဆက်လေသည် ။ ဒီလိုနဲ့ ရောင်ဝါး
လုပ်နေပြန်လေသည် ။
၂၀၀၇ ရွေဝါရောင်အရေးအခင်းက ဖင်ဆောင့်ကန်လိုက်မှ ၂၀၀၈ မှာ အပြီးသတ် ပါတော့မည် ဖြစ်
လာသည် ။ အခြေခံဥပဒေကို အနှစ်၂၀ ကြာအောင်ရေးတာ ကမ္ဘာ ကို မြန်မာလွှမ်းတယ်ဆိုတာ ဒါမျိုးတွေဘဲ
ဖြစ်မည်ထင်သည် ။
ဤအခြေခံဥပဒေကြီးသည် ပြည်သူလူထုအတွက် အသဲအသန်အရေးကြီးနေသယောင်ယောင် ၊
နာဂစ်မှာ သေနေတာတွေထက်ကို အရေးကြီးသယောင်ယောင် နာဂစ်နှင့်ပတ်သက်၍ လူထု၏ ရွံရှာစက်ဆုပ်မှု
နာကျည်း မှုကို အာရုံလွှဲသည့်အနေဖြင့် အခြေခံဥပဒေ ကိုယ့်ဘာသာကို ဘယ်လိုထောက်ခံလိုက်မိမှန်းမသိ
ထောက်ခံ လိုက်ရသည့် ထောက်ခံပွဲကြီး လုပ်ခဲ့လေသည် ။
ယခု တရားမျှ တသည့် ရွေးကောက်ပွဲကြီးလုပ်ပေးမည်ဆိုပြီး ပြည်တွင်းရော ပြည်ပပါ လိမ်ညာကာ
ကမ္ဘာ မှာ ဘယ်သူမှ မညစ်ဖူးသည့်နည်းများသုံး၍ ၂၀၁၀ ရွေးကောက်ပွဲကြီးကျင်းပရန် ပြင်ဆင်နေပေတော့သည် ။
ဒါသည်ပင် တပ်မတော်၏ အမျိုးသားနိုင်ငံရေးဖြစ်နေပေသည် ။
ဤကား တပ်မတော်၏ ရှေးက ကြို တင်ပြုခဲ့သော ကောင်းမှုမှတ်တမ်း အကျဉ်းတည်း ။
ဤသို့သောတပ်မတော်သည် ရှေ့ဆက်၍ မြန်မာ့နိုင်ငံ့အရေးတို့၌ ဦးဆောင်မှုအခန်းကဏ္ဍမှ
နေမည်ဆိုလေ တော့ရာ အရပ်ကတို့ ကောင်းကြသေးရဲ့လားဟုသာ ပြောစရာရှိတော့သည် ။
သင့်ရာဒေသ မဟုတ်လျှင် ကောင်းဘို့ခက်သည် ။
အဲဒီတော့ “ပတိရူပဒေသဝါသမင်္ဂလာ” ချို့တဲ့လျှ င် “ပုဗ္ဗေစ ကတပုညတာ” မင်္ဂလာဖြစ်ဘို့
ခက်လေသည် ။ ပုဗ္ဗေစ ရှေးကမကောင်းခဲ့လျှင် ယခု “အတ္တသမ္မာပဏိဓိမင်္ဂလာ”ဖြစ်ဘို့မှာ အတော့်ကို
ခက်ခဲပေလိမ့်မည် ။
ဒီမင်္ဂလာသုံးပါးသည် အဆက်အစပ်ရှိသည် ။ တစ်ပါးပျက်လျှင် အကုန်ပျက်ဘို့ဖြစ်သည် ။
သူတို့အကုန်ပျက်လျှ င်လည်း အကုန်ပြုန်းရုံမှတစ်ပါး အခြားမရှိတော့ချေလတည်း ။
“အတ္တသမ္မ ပဏိဓိ” ဆိုတာ မိမိကိုယ်ကို ကောင်းအောင်ထိန်း သည့် မင်္ဂလာဖြစ်၏ ။
လက်ရှိအခြေအနေကို အသိဉာဏ်ရှိရှိ ကောင်းကောင်းမွန်မွန် ပျိုးထောင်ရန် ကြိုးစားခြင်း ၊ ရိုးသားခြင်း ၊
ဖြောင့် မတ်ခြင်း ၊ မတရားရယူတတ်သည့်သဘောသဘာဝမရှိဘဲ ညီညီညွတ်ညွတ် မျှမျှ တတရှိခြင်း ၊
မှန်မှန်ကန်ကန် တွေးခေါ်မျှော်မြင်ခြင်းကိုဆိုသည် ။
နောက်တစ်မျိုးရှိသေးသည် ။ မိမိတို့၏ ဘာသာရေး ၊ ပညာရေး ၊ စီးပွားရေး ၊ နိုင်ငံရေး ရည်မှန်းချက်တို့
ပြည့်ဝစေရန်အတွက် မိမိတို့ကိုယ်ကို ကောင်းမွန်မှန်ကန်အောင် ပြင်ဆင်နေရင်း စရိုက်ဆိုးများကွယ်ပျောက်၍
မျိုးဆက်သစ်များသို့ မကူးစက်အောင် ထိန်းထားနိုင်ခြင်းကို ဆိုပေသည် ။
ယခုတော့ မျိုးဆက်သစ်တို့ ကျိုးပျက်ရစ်ဖို့သာ ဖြစ်တော့သည်လတည်း ။
ပဲခူးမှာ စစ်ဗိုလ်လေးများက အရပ်သားများကို မြို့လယ်ကောင်တွင် ရက်ရက်စက်စက် တရားမဲ့ လိုက်လံ
သတ်ဖြတ်သည်ကို နမူနာထား စဉ်းစားပါလေ ။ ဤသည်မှာ ဆရာ့ဆရာကြီးများ၏ လက်လွတ်စပယ်လူသတ်မှု
အတ္တသမ္မာ “ပဏိဓိမင်္ဂလာ” ကင်းမဲ့မှုကြီးက မြစ်ဖျားခံလာခြင်း ဖြစ်ပေတော့သတည်း ။

Rony Ny ein - 2 5

Posted by zarny win | 12:06 PM | For the record | 0 comments »


၁၉၈၈ အာ ဏာ သိ မ်းြ ဖစ် စ ဉ် နှ င့် အာဏာသိ မ်း စစ်ေ ခါ င်း ဆော င် တို့  ၏ အာ ဏာ လွ န် ဆွဲ ပွဲ များ
ရော်နီညိမ်း
စက်တင်ဘာ ၁၃၊ ၂၀၁၀

(VOA
အင်တာနက် စာမျက်နှာ ရှိ တပ်မှူးတပ်သား ပြောစကား အမှတ်စဉ် - ၀၂၅ ကို ကူးယူ ဖော်ပြသည်။)

ဖတ်ရန် ဤနေရာကို နှိပ်ပါ

U Aye M yin t wa rn ed Tat ma daw - not to d est ro y t rus t o f t he P eopl e

Posted by MoeMaKa | 10:47 PM | VDO News | 0 comments »

လမ်းြ ပြ ကယ် ဦးအေးမြင့် က တ ပ် မ တော် နဲ့ြ ပည် သူ လ က် တွဲ မြ ပု တ် သ င့် ဟု သ တိေ ပးစကာြးေ ပာ


မိုးမခ ရုပ်သံသတင်း
စက်တင်ဘာ ၁၃၊ ၂၀၁၀
တပ်မတော်နှင့် ပြည်သူတို့ လက်တွဲပြုတ်နေကြပြီ။ လက်တွဲပြုတ်ကြတာမျိုး မဖြစ်သင့်ဘဲ အချိန်မီ
ပြုပြင်ကြရမည်။ မဟုတ်က အားလုံးပျက်စီးကြဖို့သာ ရှိတော့သ ည် …
ယနေ့လက်ခံရရှိသည့် ဦးအေးမြင့်၏ ရုပ်သံဖြင့် ဖြေကြားချက်တွင် ယခင် စက်တင်ဘာ ၄ က
ဖြစ်ပွားခဲ့သည့် ပဲခူးမြို့ တပ်မတော်သားများ၏ လူသတ်မှုအပေါ် ၎င်း၏ သဘောထားကို
ထုတ်ဖော်ပြောကြားလိုက်သည်။
အုပ်ချုပ်သူများ ညံ့ဖျင်းမှု၊ စီမံခန့်ခွဲသူများ ညံ့ဖျင်းမှု၊ အမှန်ကို မတင်ပြဘဲ ဖားယားပြီး နေကြသူ
ပညာတတ်ကြီးများ၏ ချို့ယွင်းချက်များကြောင့် ပြည်သူလူထု ဒုက္ခရောက်နေကြောင်း၊ ရက်စက်တဲ့
လုပ်ရပ်ကြီးအထိ ဖြစ်ပွားလာခဲ့ရကြောင်း၊့ ပြည်သူလူထုသည် တပ်မတော်သားများကို လှည့်တောင်
မကြည့်ချင်ကြတော့သည်အထိ ဖြစ်နေပြီ ဖြစ်ကြောင်း၊ ဆိုးကျိုးကတော့ ပြည်သူတွေက တပ်မတော်သားတွေကို
အကောင်း မမြင်ကြတော့ကြောင်း၊ သို့ဖြစ်၍ ကျနော်က အမုန်းခံပြီး ပြောရခြင်း ဖြစ်ကြောင်း၊ တပ်မတော်နှင့်
ပြည်သူတို့ လက်တွဲပြုတ်နေကြပြီ။ လက်တွဲပြုတ်ကြတာမျိုး မဖြစ်သင့်ဘဲ အချိန်မီ ပြုပြင်ကြရမည်။ မဟုတ်က
အားလုံးပျက်စီးကြဖို့သာ ရှိတော့သည်ဟု ဦးအေးမြင့်က ထုတ်ဖော်သတိပေးလိုက်သည်ကို တွေ့ရသည်။
သညိနေရာမှာ ကြည့်နိုင်ပြီ။ မိုးမခ၏ ယူကျု ချန်နယ်မှာ တင်ဆက်ထားသည်။

လပ် စ်ေ ဗးဂတ် စ် ကြ မန် မာ များ ၀ို င်း စု ခို င် သိ န်း ကို လ က် မ ခံ သ ကဲ့  သို့ 

သြ စြေ တးလျြ မန် မာ များကလ ည်း ခန့်  စ ည် သူ ကို ကြို ဆို မ ည် မ ဟု တ်


မိုးမခအထောက်တော် ၀၀၁
စက်တင်ဘာ ၁၃၊ ၂၀၁၀
ယနေ့ဝင်လာသည့် သတင်း တခုတွင် မိုးမခရေဒီယို ဆစ်ဒနီဝိုင်းတော်သားများ၏ အဆိုအရ
သြစတြေးလျရောက် မြန်မာများက စစ်အစိုးရ၀ါဒဖြန့်ကားတွင် ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်သည့်
ခန့်စည်သူကို ၎င်းတို့ထံတွင် ဖြော်ဖြေခွင့် ပေးလိမ့်မည်မဟုတ်ဟု ဆိုသည်။ အခြား အနုပညာရှင်များဖြင့် ၎င်းတို့၏
စတိတ်ရှိုးကို ကျင်းပရန် စီစဉ်နေကြောင်း ရေဒီယိုသတင်းတွင် မိုးမခ၀ိုင်းတော်သား ဦးပန်တျာက ထုတ်ဖော်
ပြောဆိုသွားသည်။
ယခုလထုတ် ရွှေအမြုတေမဂ္ဂဇင်းတွင် ခန့်စည်သူ၏ အင်တာဗျုးတခုကို ဖော်ပြထားရာ -
ပြည်ပထွက်တာထက်စာရင် ပြည်တွင်းမှာ ကားရိုက်နေရတာက ပိုအဆင်ပြေကြောင်း၊ ပြည်ပသွားတဲ့ ရက် ၂၀ မှာ
ဗီဒီယိုဆို ၂ ကား၊ ရုပ်ရှင်ဆို ၁ ကား (ပြည်တွင်းတွင်) အပြီးရိုက်နိုင်ကြောင်း၊ ပြည်ပရောက်နေချိန်မှာ ကတော့
ဈေးဝယ်တာ၊ လေ့လာတာကလွဲပြီး ဘာမှ လုပ်လို့ မရနိုင်ကြောင်း ဆိုထားတာကို ဖော်ပြထားသည်။ သို့ဖြစ်၍
ခန့်စည်သူအနေနှင့် ပြည်ပကို ထွက်ရောက်ရာမှာ စင်တင်ပွဲဖျော်ဖြေဖို့ကို စိတ်ထက်သန်ခြင်း မရှိသည်မှာ
သိသာနေသည်ဟု ဆိုနိုင်သည်။ အတည်မပြုနိုင်သည့် သတင်းအချို့အရ စစ်အစိုးရ၏ ၀ါဒဖြန့်ကားတွင်
သရုပ်ဆောင်ခဲ့သည့် လူပြက်သရုပ်ဆောင်အချို့ကို သြစတြေးလျမြန်မာတို့က ဖိတ်ရန် စီစဉ်ထားခြင်းများကို
ရုတ်သိမ်းခဲ့သည်ဟု ဆိုသည်။
ထိုနည်းတူစွာ အမေရိကန်ပြည်၊ လပ်စ်ဗေးဂတ်စ်ရောက် မြန်မာမိသားစုများကလည်း ၎င်းတို့အရပ်တွင်
ဝါဒဖြန့်သရုပ်ဆောင်နှင့် အဖွဲ့ လာရောက်ဖျော်ဖြေခြင်းကို ကန့်ကွက်ကြောင်း လက်မှတ်များ ရေးထိုး၍
ကန့်ကွက်စာ ထုတ်ပြန်ခဲ့သည်ဟု သိရသည်။ လက်မှတ်ပေါင်း ၂၀၀ ကျော်ကို ယခင်သောကြာနေ့ကတည်းက
စုစည်းမိကြောင်း၊ အဆိုပါ သရုပ်ဆောင်နဲ့ အဖွဲ့ကို ဗေးဂတ်စ်ကို ဖိတ်ပြီး ဧည့်ခံပွဲကျင်းပခြင်း၊ ကာရာအိုကေဖြင့်
ဆိုကြ ကကြ၊ စားသောက်ကြမည့် ပါတီပွဲ ကျင်းပခြင်းကို ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်ဟု
သိရှိရသည်။
အမေရိကန်ပြည်သို့ အဆိုပါ စစ်အစိုးရ၀ါဒဖြန့်သရုပ်ဆောင်နှင့် အဖွဲ့ကို တာဝန်ယူ
ခေါ်ဆောင်သူတဦးဖြစ်သည့် အယ်လ်အေမှ မသီတာ ဆိုသူက လပ်စ်ဗေးဂတ်စ်ရှိ မြန်မာအချို့ကို ဆက်သွယ်ပြီး
ဧည့်ခံပွဲအစီအစဉ်တခု ကျင်းပရန် တိုင်ပင်ကြောင်း၊ ထိုမြန်မာတို့က မြန်မာမိသားစုများအကြား လိုက်လံ
စည်းရုံးပြီး ငွေကြေးမတည်ရန် ဆော်သြကြကြောင်း၊ ထိုကြောင့် မိမိတို့က ကန့်ကွက်သည့် သဘောထားကို
ထုတ်ပြန်ခြင်း ဖြစ်ကြောင်း မိုးမခမိတ်ဆွေတဦးက ပြောကြားသည်။
“သူတို့တတွေ အမေရိကန်ရဲ့ ဘယ်နေရာကို မဆို လည်ပတ်သွားလာတာကို ဘာမှ မတားမြစ်ပါဘူး။
လွတ်လွတ်လပ်လပ် သွားလာ လည်ပတ်လို့ ရပါတယ်။ ဒါပေမယ့် စစ်အစိုး ရကို
အားပေးအားမြှော က်ပြုနေတဲ့သူတွေကိုတော့ အားပေးတာတွေ၊ ပွဲစီစဉ်ပေးရတာတွေ မလုပ်သင့်ဘူး။
ကျနော်တို့အနေနဲ့ ဒီလိုစစ်အစိုးရရဲ့ ၀ါဒဖြန့်သရုပ်ဆောင်တွေကို ဖြစ်ပေါ်လာတဲ့ အခြေအနေအရ
လိုအပ်ချက်တခုအနေနဲ့ အခုလို ကန့်ကွက်ရတာ ဖြစ်တယ်။ အခုကတည်းက ကျနော်တို့က သီးခံနေရင်
နောက်ပိုင်းမှာ ဒီထက် ပိုဆိုးလာမယ်၊ ရှေ့ဆက်ပြီး ပိုဆိုးလာမှာ ကျနော်တို့တတွေ စိုးရိမ်တယ်။ ကျန်တဲ့
မြို့နယ်တွေက ညီအကို မောင်နှမတွေကိုလည်း အခုလို တသွေး တသား တစိတ်တည်း ရှိကြတဲ့အတွက် ၀မ်းသာ
ဂုဏ်ယူပါတယ်”
ဟု ၎င်းကပြောကြားသည်။
သြဂုတ်လဆန်းကတည်းက ဗြိတိန်သို့ နေတိုးနှင့်အဖွဲ့၊ အမေရိကန်သို့ ၀ိုင်းစုခိုင်သိန်းနှင့်အဖွဲ့၊
သြစတြေးလျသို့ ခန့်စည်သူနှင့် အဖွဲ့တို့အသီးသီး ဖျော်ဖြေရေး ခရီးစဉ်များ စတင်ခဲ့ကြရာတွင် ပြည်ပရောက်
ဒီမိုကရေစီရေးနှင့် အမျိုးသားရေး တက်ကြွသူ မြန်မာများက ထိုသရုပ်ဆောင်များကို ကန့်ကွက်ဆန္ဒပြသော
လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့သည်။ ထိုဆန္ဒပြကန့်ကွက်မှုများမှာ ပျော်ပဲရ
ွှင်ပွဲများကို သာမန်ကြည့်ရှုအားပေးလိုသော
မြန်မာပရိသတ်တို့နှင့် သဘောထားကွဲပြားမှု ဖြစ်ပေါ်စေခဲ့သည်။ သို့သော်လည်း မြန်မာ့အရေးလှုပ်ရှားသူများက
ပရိသတ်များကို ကြိုးစားပြီး ရှင်းလင်း ပြောဆိုလျက် ရှိသည်ကို တွေ့ရသည်။
“တိုက်ဆိုင်တာပဲ ပြောမလား။ အဲသည်သရုပ်ဆောင်တွေက ကျနော်တို့ဆီကို ဖျော်ဖြေရေးတွေ
လာလုပ်၊ ဟိုဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ အိန္ဒိယတို့ တရုတ်ပြည်တို့ကို ခရီးထွက် … အပြင်ကလူေ တွ
မနားရဘူးပေါ့”
ဟု မိုးမခပရိသတ်တဦးက စာရေးသားပြီး အမြင်ကို ပြောသည်။
ဆန်ဖရန်စစ္စကိုက လာသည့် သတင်းတရပ်အရ စစ်ဝါဒဖြန့်သရုပ်ဆောင်နှင့်အဖွဲ့ကို
ဒုတိယအကြိမ်အဖြစ် ဆန်ဖရန်စစ္စကို ဒေလီးစီးတီးကျောင်းတခုတွင် ရုံသွင်းဦးမည် ဖြစ်ကြောင်း၊
ယခုစီစဉ်သူများနှင့် လက်မှတ်ဝယ်ယူနိုင်သည့် မြန်မာဆိုင်များကို ကြေညာထားကြောင်း သိရှိရသည်။

Mar M ar A ye - 346

Posted by Yan Lo Kywe | 8:38 PM | Mar Mar Aye | 0 comments »


“ပြောစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၃၄၆)
မြူြး ကွ တ့ဲ နတ် ချ င်း
မာမာအေး
စက်တင်ဘာ ၁၃၊ ၂ဝ၁၀

(သီချင်း ဂီတသံများ ပါဝင်သော ဤအသံလွှင့်ဆောင်းပါးကို


http://www.bbc.co.uk/burmese/programmes/2010/09/100909_marmaraye_346.shtml တွင်
နားဆင်နိုင်သည်)

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်မာအေးချစ်တဲ့ သောတရှင်တွေ ဂီတဝါသနာရှင်တွေ အားလုံးမာအေးရဲ့


အသံလေး ကြားရတဲ့အခါအမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ - ရှေ့မှာ နတ်တို့အကြောင်းရော ဂီတဖြည့်ကွက်အကြောင်းတွေကိုပါ ပြောမိသွားတော့ အချိန်


စကောစကမို့ ထားခဲ့ရပါတယ်။ မာအေးက မယုံရင် ပုံပြင်မှတ်လို့ ဒီအကြောင်းတွေကို ပြောခဲ့တာ ဖြစ်ပေမယ့်
ညာနေတာ မဟုတ်ဘူးနော်။ မှန်နန်းရာဇ၀င် စာမျက်နှာ ၂၅၀ က စ ရှာကြည့်လို့ ရတယ်။ ဇာတ်လမ်းလေး
တပုဒ်မို့ ဆက်မပြောလည်း မဖြစ်သေးပါဘူးလေ။ အခု ရွှေဖျဉ်းတို့ ညီအစ်ကို နှစ်ယောက် ဦးတည်ဘွားကို
ထုံးသွားတားကြတဲ့ နေရာမှာ ရောက်နေပါပြီ။

ခိုင်းတာကတော့ အနော်ရထာမင်းကြီးပါပဲရှင်။ သူတို့တင် ဘယ်ကမလဲ စစ်သူကြီးမင်းအဖြစ် လိုက်ပါ


တာဝန်ထမ်းဆောင်ရတဲ့ ကျန်စစ်သားကိုလည်း ဘုရင်ဥတည်ဘွား နန်းရှေ့မှာ ထား ကိုးကွယ်တဲ့
‘ကြေးစန္ဒီနတ်ရုပ်ကြီး’ကို ကြိုးနဲ့ချည်ပြီး အရိန္ဒမာကြိမ်လုံးနဲ့ တအုံးအုံး အရိုက်ခိုင်းသေးတာရှင့်။

အဲဒီ ကြေးစန္ဒီနတ်က “အရိမဒ္ဒနာ ပေါက်ကံပြည်က ဘုရင်မင်း ချင်ခြင်းတပ်လို့ စွယ်တော်မြတ် ဖူးမြင့်ဖို့ရာ


ရောက်လာတာကို အသင် ဥတည်ဘွားတို့ မလေးမစား မဖူးမတွေ့ နေလေသောကြောင့် ငါ့ကို အပြစ်ပေး
ကြိမ်လုံးနဲ့ ကျွေးလို့ နာလှပါပြီ” လို့ အော်ဟစ်ရှာ တော့မှ ဘုရင်နဲ့တကွ အားလုံး ကြားကြပြီး ကြောက်လန့်တကြား
ဘာအကြောင်းကြောင့်များ လာရောက်ပါသလဲ မေးလာ လျှောက်ထားလာကြတာပေါ့ရှင်။ မာအေးတို့
ဘုရင်ကတော့ စွယ်တော်မြတ်ကို ကိုးကွယ်လိုတဲ့ အတွက် လာပင့်တာလို့ ပြောမှာပေါ့။ ဥတည်ဘွားကလည်း
စွယ်တော်မြတ်က ကျိန်းဝပ်တော်မူလိုတယ် ဆိုတာ သိနိုင်ရင် ပင့်ဆောင်တော်မူပါလို့ ခွင့်ပေးပါသတဲ့ ရှင်။

အနော်ရထာမင်းက အထူးထူးသော ပူဇော်သက္ကာ ယ ပြုစရာတွေနဲ့ ပြုပြီး စွယ်တော်မြတ်ကို ပင့်ဆောင်


လျှောက်ထား တောင်းပန်တဲ့အခါ ယောက်ျားမြတ်တို့ လက္ခဏာကြီးငယ် ရောင်ခြည်တော် ခြောက်သွယ်
သပ္ပာ ယ်စွာနဲ့ စွယ်တော်မြတ်ဟာ ကောင်းကင်မှာ တက် စင်္ကြန်ကြွလျက် နေတော်မူပါရောတဲ့ရှင်။

အင်္ဂီရသဿ ဥဏ္ဏယ၊
ဒါဋ္ဌာဟိ သေတရံသိယော။
ဝဇီရာဝ ၀ိရောစန္တီ၊
ဇိနော မေ ဋ္ဌာတု သီသကေ။
[စိန်ရောင်ခြည် ဘုရားပင့်]

ရောင်ခြည်တော် တလျှပ်လျှပ်နဲ့ ဗုဒ္ဓစွယ်တော်မြတ်ကို ‘ရတနာပန်းတောင်း’ ခေါင်းမှာ ရွက်ပြီး အနည်းနည်းအဖုံဖုံ


လျှောက်ထားပင့်ဆောင်ချက် စုံသော်လည်း ဆင်းသက်ကြွမြန်းတော်မမူလေတော့ ဘုရင်ကြီး စိတ်ပင်ပန်း
ဆင်းရဲသပေါ့လေ။ ဒီအခြေအနေမှာ သိကြားမင်းက အကူ ဆင်းလာတယ် ရှင့်။

‘စွယ်တော်မြတ် ကိုးကွယ်စေဖို့ ဗျာဒိတ်တော်လာ မင်းကြီးမှာ မရှိပါကြောင်း၊ ဂန္ဓာ လရာဇ်တိုင်းကြီးမှာ သာသနာ


ငါးထောင် တည်ရစ်စေ ဆိုတဲ့ ဘုရားဗျာဒိတ်တော်သာ ရှိပါကြောင်း’ ကိုယ်ထင်ပြ ဖျောင်းဖျတဲ့အပြင်
စွယ်တော်မြတ် ဘုရားနဲ့အတူ မြသားကိုယ်တော်တဆူကို အတူတူ စင်္ကြန်ကြွစေပြီး ရတနာပန်းတောင်းမှာ
တည်စေဖို့ ဖန်တီးပေးတော်မူခဲ့တာပါတဲ့ရှင်။ ဒီတော့မှ စစ်သည်အင်အား လူအများနဲ့ ပြန်လည် ကြွချီတော်မူပြီး
လမ်းခရီးမှာ နိဗ္ဗာ န်ရည်မျှော် စေတီတော် တည်ထားဖို့ရာ နားခဲ့တဲ့ နေရာက ကျော်စည်အရပ်လို့ ခေါ်ပါတယ်။

ဒီခရီးမှာ ရွှေဖျဉ်းနှစ်ပါးကတော့ နန်းထဲဝင်ထုံးတားတဲ့ ကိစ္စ နာမည်ရစ မြောက်ကြွကြွပဲ ဖြစ်လေသလား၊


ကစားတဲ့ဘက် မက်လေသမား မသိပါဘူးရှင်။

ထီးဘုရင်ရဲ့ စကား မိုးကြိုးသွား၊ အားလုံး အုတ်တချပ်စီ ဘုရားဆီ ယူသွား၊ တညကြရမယ့် အမိန့်ကို


အလေးမထားမိတော့ ကိုယ်တော်နှစ်ပါးစာ ဘုရားမှာ အုတ်မပါလာဘူး ဖြစ်သွားတာကိုး။ အဖိုး နော်ရထာက
ဇာတ်ထဲမှာတော့ ‘ရွှေဖော့လုံးနဲ့ဆုံးမပါ’ လို့ ပြောတာပေါ့ရှင်။ အပြင်မှာတော့ မထင်တာတွေ ဖြစ်ခဲ့တာပါပဲ။

အပြန်ခရီး ကျော်စည်အရပ်မှာ တထောက်နားတဲ့အခါ xxx ရွှေဖျဉ်းညီနောင် နှစ်ဖော်ကို စိတ်ချတော်မမူ xxx


အပြန်ခရီးမှာ စေတီဘုရား တည်ထားသောအခါ၊ ရွှေဖျဉ်းအုတ်နှစ်ချပ် လပ်ခဲ့လေရာ အမျက် ရှပေတာ
အသေအချာ xxx ၀ါးရင်းတုတ်အရပ်မှာ ကွပ်မျက်ခဲ့တာ သက်စွန့်ကျိုးပမ်း အမှုတော် ထမ်းခဲ့ပေမယ့်
တချက်မှားလျှင် အသက်များပင် စတေးခံရ ပုပ္ပားရင်သွေးနှစ်ဖြာ xxx
[ရွှေဖျဉ်းညီနောင်မှ]

အခု ကြားရတာ လင်းခေးလုလင် ရေးသွားတဲ့ မှတ်တမ်းဝင် သီချင်းလေး တပုဒ်ထဲကပေါ့။ မင်းမှုထမ်းတို့


ပဒေသရာဇ်ခေတ်က တချက်ကလေး မှားလို့ မရတဲ့ ကိစ္စ ရေးပြသွားတာပါ။ လုပ်မိတဲ့ အပြစ်နဲ့ ဖြစ်ရတဲ့ အဖြစ်က
မတန်မှ မတန်ဘဲ။ ဒါကြောင့်မို့လည်း ဘုရင်ကြီးက ‘တောင်ပြုံးနယ်မြေတကျော ပျော်ကြပါစေသော’ လို့ အပိုင်စား
ပေးသနားခဲ့တာ ဖြစ်နိုင်တယ် လို့ ယူဆလိုက်ပါတယ်။

ဒီအဖြစ်အပျက်က ကြာခဲ့ပါပြီ။ သက္ကရာဇ် ၄၀၆ ကနေ ၄၃၉ ခုနှစ်အထိ စံမြန်း နန်းတက်ခဲ့တဲ့ အနော်ရထာ ဘုရင်
မင်းမြတ် လက်ထက်မှာ ပေါ်လာတဲ့ နတ်ညီနောင်ဟာ အပြင် ၃၇ မင်း နတ်စာရင်းမှာ နံပတ် ၁၂ နဲ့ ၁၃ ပါရှင်။

အပြင် ၃၇ မင်း ဆိုတာကတော့ ရွှေစည်းခုံဘုရားတံတိုင်း အပြင်ဘက်မှာ ထားတဲ့ ပုဂ္ဂိုလ်တွေကို ခေါ်ကြတာ


ဖြစ်ပါတယ်။ ဘုရားအစောင့်အရှော က်သဘော ထားတယ် ထင်ပါရဲ့။ ခုထိ ပီပြင်ထင်ရှား နတ်ကနား ပေးကြတာ
အဲဒီ အပြင် ၃၇ မင်းပေါ့။

မာအေးတို့ ဂီတလောကမှာ ခိုင်ခိုင်မာမာ တည်ရှိတဲ့ မဟာဂီတ တေးသီချင်းများမှာ ‘နတ်ချင်း’ ဆိုတာ တကဏ္ဍ


ပါရှိပါတယ်။ အဖိုး ၀န်ကြီး ပဒေသရာဇာ တို့၊ အဖိုး မြ၀တီမင်းကြီး ဦးစတို့ လက်ထက်မှာ ကတည်းက
စိစစ်ခဲ့တာတွေလို့ သိရတာပါပဲ။ ဒါဟာလည်း ရိုးရာ ယဉ်ကျေးမှု တရပ်မို့ မြတ်နိုးစရာ ကောင်းပါတယ်။ မြူးကြွတဲ့
ဒိုးချက်ကြောင့် ပျော်ဖို့လည်း ကောင်းပါတယ်။ ရွှေဖျဉ်းတို့ နတ်ချင်းတွေကိုလည်း အများကြီး တွေ့ရပါတယ်ရှင်။

သပြေပန်းကိုတဲ့ လက်လှန်းကိုင်ကာ မင်းညီနောင် ပန်လို့ သွားရင် နားပြည့်အောင်သာ တောင်ပုပ္ပားရယ်က


မယ်များ သူ့သည်းခြာ ယဉ်ပါပေ့ကြော့ရှင်း၊ ပုဆိုး ပန်းနီလွင်နှင့် ဘောင်းကြယ်စင် ရွှေရောင်ပွမှာ
(ထုံးမြိတ်စကွင်း)၃ xxx
တောင်ပြုံးအရပ်ဆီ စည်လှချည့်လေး၊ ဆန်းဝါခေါင် ၁၀ ရက် နတ်ညီလာခင်းတဲ့နေ့ xxx
တောင်ပြုံး ပွဲတော် ပျော်လှချည့်လေး xxx ဆန်းဝါခေါင် ၁၁ ရက် ချိုးရေတော် သုံးတဲ့နေ့ xxx
ရွှေပြုံး ရွှေပြုံး မြို့ပင်မြို့လုံး ဆန်းဝါခေါင် ၁၄ ရက် ယုန်ထိုး ထိန်ခုတ်တဲ့နေ့ xxx
[ရွှေဖျဉ်းညီနောင်မှ နတ်ချင်း]

(မူရင်း - ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန BBCburmese.com)

12t h Se pt 2010 - Moe MaKa R adio

Posted by MoeMaKa | 8:32 PM | Radio Program | 0 comments »

စက် တ င် ဘာ ၁၂၊ ၂၀၁၀ - မိုး မခရေဒီ ယို


စစ်အာဏာရှင်အောက် ဒူးမထောက်တဲ့ အဆိုတော်ကိုတင်လှိုင် - မောင်မောင်ဝမ်း၊ မိုးမခ
သတင်းတိုထွာ - ၁
ဗိုလ်နေ၀င်း၊ ဗိုလ်သန်းရွှေ နှိုင်းယှဉ်ချက် - ဘိုဘိုကျော်ငြိမ်း၊ မစ္ဇျိမ
အ ရု ဏ် ဦးမှာ ဖူး သည့်ြ ကာ သ ရု ပ်ေ ဆာ င် ခန့်  စည် သူ အော် ဇီ မှာ ပွဲ က မည် မ ဟု တ် စက် ရ ပ် သ တ င်း
တပတ်အတွင်း အနုပညာရှင်သတင်းများ - သည်ဗွိုင့်စ် ဂျာနယ်
အသဲစကား၊ အသဲနဲ့ တည့်အောင်နေပါ - တေးနဲ့ ဆေးဆောင်းပါး
သတင်းတိုထွာ - ၂
မျက်မမြင်နဲ့ စိတ်ဝေဒနာရှင်တို့ ဘောလုံးပွဲ - ချစ်ဦးညို၊ စင်္ကာပူ စာပေဟောပြောပွဲကောက်နုတ်ချက်
ကိုတင်လှိုင်၏ အလင်္ကာ ရသတေးများ
စီစဉ်သူများ - ဦးပန်တျာ၊ နှင်းမြတ်ခိုင်၊ နန်းဖော်ဆေးဝါး
Kyaw Th u - F FS S Ya n gon A cti vity (1 2n d S ept e mbe r 2010 )

Posted by Ko Oo | 12:20 PM | Contemporary Experience | 1 comments »

http://1.bp.blogspot.com/_HF31iQYRThc/TI0qDPhdlPI/AAAAAAAAEEI/xfpTBOVV_7g/s1600/3.jpg

နာ ရေးကူ ညီ မှု အ သ င်း ( ရန် ကု န် ) ၏ သ တ င်း မှ တ် စု လှု ပ် ရှားမှု များ


ကျော်သူ
စက်တင်ဘာလ ၁၂၊ ၂၀၁၀

အတူပျံသန်းခြင်း (သို့) အတူပေးဆပ်ခြင်း

၁၂.၉.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ အသင်းသူ/ သားများ၊ အလုပ်အမှုဆောင်များ၊


ဝန်ထမ်းများသည် ဈာပနလမ်းကြောင်း လက်ခံရာဌာနတွင် တယ်လီဖုန်း ခေါ်သံကို အားလုံး စူးစိုက်စွာဖြင့်
အာရုံစွင့်နေကြသည်။
အကြောင်းမှာ ယနေ့သည် ၂၀၁၀ ခုနှစ်အတွင်း နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ ဈာပန
ပို့ဆောင်မှုလမ်းကြောင်း ၁၀၀၀၀ (တစ်သောင်း) ပြည့်မည့်နေ့ဖြစ်သည်။ ထို တစ်သောင်းပြည့် ဈာပန
လမ်းကြောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နှစ်စဉ် ထူးထူးခြားခြား သင်္ဂြို ဟ်ပေးခြင်း အခမ်းအနားများကို
ကျင်းပနေမြဲမို့ ယခု တစ်သောင်းပြည့် လမ်းကြောင်းတွင်လည်း ဗြဟ္မစိုရ်တရားလေးပါး လက်ကုငိထား၍
နိုင်ငံခြားမှ လှူဒါန်းထားသော နိုင်ငံခြားဖြစ် အခေါင်းနှင့် သင်္ဂြို ဟ်ပေးခြင်း၊ ရက်လည် ဆွမ်းကပ်သော နေ့ရက်တွင်
သံဃာတော်များအား လှူဒါန်းရန် သင်္ကန်း၊ ယပ်၊ ဖိနပ် မှအစ ဝတ္ထုငွေနှင့် ကျန်ရစ်သူ မိသားစုအား
အသင်းသူ/ သားများ စုပေါင်းလှူဒါန်းထားသော ငွေတို့ဖြင့် ပေးအပ်ရန်၎င်း၊ ဂျပန်နိုင်ငံတွင် အသုံးပြုသော
နိဗ္ဗာန်ယာဉ်ကြီးဖြင့် ရေဝေးသုဿန်သို့ ပို့ဆောင်သင်္ဂြို ဟ်ပေးခြင်းတို့အပြင် ယခု ၂၀၁၀ ခုနှစ်အတွင်းတွင်
ဖွဲ့စည်းလိုက်သည့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဝတ်ရွတ်အဖွဲ့၏ ပွဲဦးထွက် ဈာပန လမ်းကြောင်းလည်း
ဖြစ်တော့သည်။
ယခု တစ်သောင်းပြည့် ဈာပန အခမ်းအနားတွင် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ (ဖျတ်ခနဲပေါ် ဆတ်ခနဲရိုက်)
ဓာတ်ပုံရိုက်သင်တန်းမှ အသင်းသူ/ သားများအအတွက် “ဘဝနိဂုံး အဆုံးပုံရိပ်” ခေါင်းစဉ်ဖြင့် ဓာတ်ပုံပြိုင်ပွဲပါ
တပါတည်း ကျင်းပခဲ့ပြီး၊ မော်တော်ယာဉ်အဖွဲ့မှ အသင်းသား ကိုစည်သူမှ ဈာပန ပို့ဆောင်ရေးအတွက်
နာရေးရှင်များ ရပ်ကွက်တွင်းမှ နာရေး လိုက်ပါပို့ဆောင်ကြမည့် ဧည့်ပရိတ်သတ်များအတွက် BM ဟီးနိုးကား (၅)
စီးပါ ပံ့ပိုးကူညီခဲ့သည့်အတွက် အလွန်စည်ကားစွာဖြင့် ကုသိုလ်ယူ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို တစ်သောင်းပြည့် ဈာပနလမ်းကြောင်းအား သာကေတမြို့နယ်၊ ဇေယျဝတီ (၅) လမ်းမှ ဆင်းရဲနွမ်းပါးသော
မိသားစု (၄) ဦးသာ ကျန်ရှိသော အိမ်ငယ်လေးမှ ဖြစ်သည်။ ကျန်ရစ်သူ မိသားစုတို့အား
နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ရှေ့ပြေးယာဉ်ဖြင့် သွားရောက်ကာ ဈာပန ပို့ဆောင်ရေးအဖွဲ့မှ ဦးအေးကြူ က
အသင်း၏ အခမဲ့ ပံ့ပိုးကူညီ လှူဒါန်းမှုများကို ဦးစွာ သွားရောက်၍ ရှင်းလင်းခဲ့သည်။ ကွယ်လွန်သူ မဇာခြည်
အသက် (၃၂) နှစ်တွင် မိခင်၊ အမျိုးသားဖြစ်သူနှင့် ကလေးငယ် (၂) ဦးတို့သာ ကျန်ရစ်ခဲ့သည်။ လူမမယ်
ကလေးငယ်သည် မိခင်ဖြစ်သူ မဇာခြည် သေဆုံးသွားကြောင်း မသိရှိသဖြင့် မိခင်ဖြစ်သူ၏ နို့ရည်အား
သောက်သုံးရန် ကြိုးစားခဲ့ပုံကို နာရေးရှင်တို့၏ နေအိမ်တွင် ပြောကြား၍ သိရှိခဲ့ ရသည်။ ယခုနှစ်တွင်
နာရေးကူညီမှုအသင်း(ရန်ကုန်) ၌ တစ်သောင်းပြည့် ဈာပနာ အခမ်းအနားအတွက် အလှူငွေ ကောက်ခံခဲ့ရာ
၂၁၇၀၀၀/- (နှစ်သိန်း တစ်သောင်း ခုနှစ်ထောင်) ကျပ်တိတိကိုရရှိခဲ့ပြီး ယင်းအလှူငွေအား ကျန်ရစ်သူ
ကလေးတို့၏ ရှေ့ရေးအတွက် အသုံးပြုရန် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီး
ဒေါ်ရွှေဇီးကွက်တို့မှ ကွယ်လွန်သူ၏ အမျိုးသားဖြစ်သူကို မှာကြား၍ ပေးအပ်ကူညီခဲ့သည်။ ထို့ပြင်
ရက်လည်ဆွမ်းကပ်ရာ၌ သံဃာတော်အား လှူဒါန်းရန် သင်္ကန်း၊ ယပ်၊ ဖိနပ် တို့အားလည်း ပေးအပ်ခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ အသင်းသူ/ သားများသည် လူမှုရေးလုပ်ငန်း လုပ်ဆောင်ရာ၌ အမျိုးသား၊


အမျိုးသမီး ခွဲခြားမှုမရှိ။
ထို့အတူ ကျွန်ုပ်တို့ လူမှုရေးသမားများနှင့် ဂီတလူမှုရေး သူရဲကောင်းများကလည်း ခွဲခြားမှုမရှိ။

ထို့ကြောင့် ၂၀၁၀ ခုနှစ် တစ်သောင်းပြည့် ဈာပန အခမ်းအနားကို အများပြည်သူတို့အတွက် ကျွန်ုပ်တို့သည်


အတူလက်တွဲ ပူးပေါင်းကာ အများပြည်သူအတွက် ပေးဆပ်ခဲ့ကြသည်။

သင် … ဘာကားစီးချင်လဲ ?
ဘာကား စီးစီး … နောက်ဆုံးတော့ မီးခိုးနဲ့ ပြာ
ပါသွားမှာ က ကုသိုလ် နဲ့ အကုသိုလ်။

ကျော်သူ

မိဘမဲ့ HIV ကလေးငယ်များအတွက် ပြင်ဆင်မှု

နာရေးကူညီမှုအသင်း(ရန်ကုန်) ရှိ မျိုးဆက်သစ် ကလေးငယ်များထဲမှ ပန်းချီသင်တန်း တက်ရောက်ခဲ့သော


မျိုးဆက်သစ်ကလေးငယ်များအား ၁၉.၉.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် ကမ္ဘာအေး ဘုရားလမ်း၊ ပုလဲကွန်ဒိုရှိ
Morekha Art Gallery တွင် ပြသလျှ က်ရှိသော ပန်းချီဆရာကြီး ၁၁ ဦးတို့ ရေးဆွဲပြသထားသည့် September
Rain in Bagan ပန်းချီပြပွဲသို့ သွားရောက်လေ့လာ ပြသခဲ့ပါသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ မျိုးဆက်သစ် ကလေးငယ်များသည် ရေဆေး ပန်းချီဆွဲခြင်း အဆင့်သို့


ရောက်ရှိနေပြီဖြစ်ပါ၍ ယခု သွားရောက်လေ့လာခဲ့သော September Rain in Bagan ပန်းချီပြပွဲတွင်
ရေဆေးပန်းချီကား များသာဖြစ်သည့်အတွက် မျိုးဆက်သစ် ကလေးငယ်များအတွက် များစွာ အကျိုရှိခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ရှိ မျိုးဆက်သစ် ကလေးငယ်များသည် မိဘမဲ့ HIV ကလေး များအတွက် ရန်ပုံငွေ


အလှူငွေ ရှာဖွေပေးနိုင်ရန်အတွက် မိမိတို့ တတ်စွမ်းထားသော ပန်းချီပညာရပ် ဖြင့် ပေးဆပ်ရန်
အသင့်အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ မကြာတော့မည့် နေ့ရက် အချိန် ကာလတွင် မိဘမဲ့ HIV
ကလေးငယ်များအတွက် ပန်းချီပညာရှင် ကလေးငယ်များက လူလူချင်း စာနာ ထောက်ထားသော
စိတ်ဓာတ်တို့ဖြင့် ဖေးမကူညီ ပံ့ပိုးပေးတော့မည် ဖြစ်ပါသည်။

Bur mes e Se nior Mon ks s en t si g ned le tt er to Re gime - Justi ce fo r As hin P yin ny a


Sa ra

Posted by MoeMaKa | 9:40 AM | Local News Headlines | 0 comments »

ဖမ်း ဆီး ခံ ထားရသော ဦးပညာစာ ရနှ င့် ပ တ် သ က်ြ ပီး ဆ ရာ တော်ြ ကီး ၁၄ ပါးက


မေတ္တာ ရပ် ခံ စာ ပေးပို့ 
ဝင်းမြတ်၊ ရန်ကုန်
စက်တင်ဘာ ၁၂၊ ၂၀၁၀
လွန်ခဲ့သည့်ဇူလိုင်လက ရခိုင်ပြည်နယ်စစ်တွေမြို့တွင် အာဏာပိုင်များက ဖမ်းဆီးပြီး
တရားစွဲဆိုခြင်းခံထားသော စစ်တွေ ဓမ္မ၀ိဟာရကျောင်းထိုင် ဆရာတော်အရှင်ပညာစာရ၏အမှုနှင့် ပတ်သက်၍
စစ်တွေ၊ မင်းပြား နှင့် ပုဏ္ဏားကျွန်းမြို့နယ် တို့မှ ကျောင်းထိုင် ဆရာတော် ၁၄ ပါးက လက်မှတ်ရေးထိုးပြီး
တိုင်းမှူးထံသို့ မေတ္တာရပ်ခံစာပို့ထားသည်ဟုသိရသည်။ စစ်အစိုးရက ဖမ်းဆီးအရေးယူခြင်းမှာ
ကျောင်းကော်မီတီများက တိုင်တန်းသောကြောင့်ဟု သိရပြီး ဆရာတော်အား သာသနာ ညှိုးနွမ်းစေမှု၊
လိမ်လည်မှု နိုင်ငံတော် အကြည်ညိုပျက်စေသည့် စာရွက်စာတမ်းများ လက်ဝယ်ထားရှိမှု အပါအ၀င် ပုဒ်မ ၆ ခုဖြင့်
တရားစွဲဆိုထားသည်။
စစ်အစိုးရသည် ၄င်းတို့အား နိုင်ငံရေးအရ ထောက်ခံခြင်းမပြုပဲ ပရဟိတလုပ်ငန်းများ လုပ်ကိုင်နေခြင်း
တို့ကြောင့် အပြစ်ရှာပြီး ဖမ်းဆီးတရားစွဲဆိုခြင်း ဖြစ်သည်ဟု မြို့နေလူထု အများစုက ယုံကြည်လျက်ရှိကြသည်။
ယခုပေးပို့သည့် စာတွင် ဆရာတော်များက `မတော်မတရား အလွယ်တကူစွပ်စွဲခြင်းကြောင့်
ဗုဒ္ဓဘာသာရဟန်းတစ်ပါး တိုင်းတပါးဘာသာခြားတို့ အထင်အမြင်မသေးရအောင်
ဥပဒေဘောင်အတွင်းမှဆောင်ရွက်ကြရေးအတွက် မေတ္တာရပ်´သည် ဟု ဖော်ပြထားသည်။
ဆရာတော်အား ဖမ်းဆီးပြီးနောက် ရက်ပိုင်းအတွင်း ဆရာတော်ကျောင်းတွင် စောင့်ရှော က်ထားသည့်
ကလေးငယ် ၁၀၀ ၀န်းကျင်ကိုပါ အခြားသောမြို့ များသို့ စစ်အစိုးရ၏ ဆုံးဖြတ်ချက်ဖြင့်
အတင်းရွှေ့ပြောင်းခဲ့သည်။ ဆရာတော်ဦးပညာစာရသည် မိဘများစွနပ့် စ်ထား၍
လေလွင့်နေသောကလေးငယ်များ ဘာသာခြားသို့ကူးပြောင်း ၀င်ရောက်သွားမည်ကိုစိုးရိမ်သဖြင့်
ကယ်တင်ပြုစုပေးနေသော ရဟန်းတစ်ပါးဖြစ်သည်။
ရခိုင်ပြည်နယ် အနောက်ဘက်ရှိမြို့နယ်များတွင် ဘင်္ဂါလီကုလားများ တဖြည်းဖြည်း များပြားလာပြီး
မောင်တောမြို့တွင် လူဦးရေ ၉၅ ရာခိုင်နှုန်းမှာ ဘင်္ဂါ လီမွတ်ဆလင်ကုလားများဖြစ်ကြသည်။
၁၉၉၀ ခုနှစ်ဝန်းကျင်က မန္တလေးမြို့မှ သြဇာကြီးမားသည့် ဆရာတော် သံဃာတော်များအား
ပတ္တနိကုဇ္ဖနကံ ဆောင်ခြင်းကြောင့် ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့သကဲ့သို့ ၂၀၀၇ ခုနှစ် စက်တင်ဘာ
သံဃာ့ အရေးအခင်းတွင်လည်း အစိုးရအား ဆန့်ကျင်သည့် အကြောင်းပြချက်ဖြင့် သံဃာတော်များအား ရိုက်နှက်
ဖမ်းဆီး ထောင်ချအရေးယူခဲ့သည်။
(ပူးတွဲမှာ - ဆရာတော်ကြီးများ ပေးပို့သော လက်မှတ်ထိုးစာဖြစ်သည်)

U Wi n Ti n Hos pit alize d ...

Posted by MoeMaKa | 1:42 AM | Local News Headlines | 0 comments »

အ န် အ ယ် ဒီ ပါတီေ ခါ င်း ဆောင် ဦးဝင်း တ င် ဆေးရုံ တ င် ထား


မိုးမခအထောက်တော် ရန်ကုန်
စက်တင်ဘာ ၁၂၊၂၀၁၀
ယနေ့နေ့ခင်းက ဆရာဦးဝင်းတင် အလုပ်ပင်ပန်းပြီး ကျန်းမာရေးစိုးရိမ်ရသဖြင့် အာရှတော်ဝင်ဆေးရုံသို့
မိတ်ဆွေများက တင်ပို့ပြီး ဆေးကုသမှုခံယူနေရသည်ဟု ကြားသိရသည်။ ယခုသတင်းရေးနေချိန်တွင် ဆရာ့ကို
အထူးကုဆရာဝန်ကြီးများက ၀ိုင်းဝန်းစစ်ဆေးပြီး ကုသပြုစုမှုများ ဆောင်ရွက်ထားသည်။ ဆရာ့ကို
အောက်စီဂျင်ပေးထားပြီး ဆရာက သတင်းလာမေးသည့် ဧည့်သည်ပေါင်း များစွာနှင့် တွေ့ဆုံနေရသည်ဟု
ဆရာ့မိတ်ဆွေ ဦးမောင်မောင်ခင်က မိုးမခကို ပြောသည်။
ဆရာမိတ်ဆွေများ၊ အင်န်အယ်ဒီပါတီခေါင်းဆောင်များ၊ စာနယ်ဇင်းများက မိတ်ဆွေများက
ဆရာဆေးရုံတက်နေရာသို့ ယခုအချိန်တွင် ရောက်ရှိပြီး သတင်းမေး၊ အားပေးစကား ပြောကြားနေသည်ဟု
ဆိုသည်။ ဆရာ့၏ အသက်အရွယ်နှင့် လှုပ်ရှားဆောင်ရွက်မှုများမှာ ဆက်တိုက် မရပ်မနားရှိလှသဖြင့်
ဆရာဝန်များ၊ သူနာပြုများက ခေတ္တ အနားယူစေလိုသော်လည်း ဆရာက “ကျနော့်မှာ လုပ်စရာတွေ
အများကြီးပဲဗျ” ဟု ပြန်ပြောသည်ဟု သိရသည်။ အလွန်မောပန်းပြီး ရင်ကြပ်ခြင်း၊ နေထိုင်မကောင်း ဖြစ်ခြင်းများ
ဖြစ်နေသည်မှာ ၃၊ ၄ ရက်လောက် ရှိနေပြီ ဟု ဆိုသည်။
အင်န်အယ်ဒီပါတီ၏ ခေါင်းဆောင်တဦးဖြစ်သူ တပ်မတော်ခေါင်းဆောင်ဟောင်းတဦးဖြစ်သည့်
ဦးတင်ဦးမှာ လည်း ဆေးကုသစစ်ဆေးမှုများ ရယူရန် လိုအပ်နေသည်ဟု ကြားကြောင်း၊ အချို့က
ပန်းလှိုင်ဆေးရုံမှာ ဟု ဆိုကြောင်း၊ အသက်အရွယ် ကြီးနေသော်လည်း မြန်မာပြည်၏ ဒီမိုကရေစီရေးနှင့်
အမျိုးသားရေးအတွက် ရှေ့တန်းက မရပ်မနား ဦးဆောင်မှုပေးနေသူ လူကြီး ၂ ဦးအတွက် လူငယ်များက
စိုးရိမ်သော်လည်း သူတို့ကမူ တိုင်းပြည်အတွက် အားသွန်ခွန်စိုက် အလုပ်ဆက်မလုပ်နိုင်မည့် အရေးကိုသာ
စိုးရိမ်နေကြသည်ကို တွေ့နေရသည်။
၁၉၈၉ ခုနှစ်ကတည်းက ထောင် အနှစ် ၂၀ နည်းပါး နိုင်ငံရေးအကျဉ်းသားအဖြစ် ဖြတ်သန်းခဲ့သူ
အင်န်အယ်ဒီပါတီခေါင်းဆောင် ဦးဝင်းတင်သည် ၂၀၀၈ နှစ်နှောင်းပိုင်းတွင် အကျဉ်းထောင်မှ
လွတ်မြောက်လာသည်။ ထောင်မှ လွတ်မြောက်ပြီး မကြာမီတွင် နှလုံးခုန် အကူစက်တလုံး ကို ထည့်သွင်းသည့်
ဆေးကုသမှုကို ခံယူခဲ့ရသည်။ ယခင်မဆလအစိုးရက ခွင့်ပြုထားသည့် အငြိမ်းစားအိမ်ရာကို စစ်အစိုးရက
၎င်းထောင်ကျနေစဉ်အတွင် သိမ်းဆည်းခဲ့သဖြင့် ယခုအချိန်အထိ ဆွေမျိုးသားချင်းများ၏ အိမ်များတွင်
ဧည့်စာရင်းတိုင်ပြီး လှည့်လည် နေထိုင်ရသည့် နိုင်ငံရေးခေါင်းဆောင် တဦးဖြစ်သည်။
အိမ်ခန်းငှားယမ်းနေထိုင်ရန်အတွက်လည်း စစ်အစိုးရ၏ လိုက်လံနှော က်ယှက်မှုများကြောင့် အိမ်ခန်းပိုင်ရှင်များက
မငှားယမ်းရဲကြပေ။ ပါတီရုံးခန်းသို့ နေ့စဉ် ရုံးတက်ခြင်း၊ နိုင်ငံရေးလှုပ်ရှားမှုများသို့ သွားရောက်ခြင်း၊ လုပ်ကိုင်ခြင်း၊
ပြောဆိုဆွေးနွေးခြင်းတို့ကို ဦးဝင်းတင်သည် ၀တ္ထရားမပျက် ထောင်မှ ထွက်ကတည်းက အနားယူသည့် ရက်မရှိ
ဆက်တိုက် လုပ်ကိုင်နေသု ဖြစ်သည်။

LA B ur mes e Com mu ni ty pro tes t agai ns t St age Sh wow wi th Ju nt a's A ct ress

Posted by MoeMaKa | 12:05 AM | News in Photos | 2 comments »

အယ် လ်ေ အကြ မန် မာများက စစ် အ စိုး ရသ ရု ပ်ေ ဆာ င် ၏ စတိ တ် ရှိုး ကို က န့်  ကွ က်ြ က၊

အ မေရိ က န်ေ ဒသ ခံ များက လ ည်း စိ တ် ၀ င် တ စား မေြး မန်း စုံ စ မ်း


မိုးမခဓာတ်ပုံသတင်း
စက်တင်ဘာ ၁၂၊ ၂၀၁၀
ယမန်နေ့ ညနေက အယ်လ်အေမြို့၊ ပါးဆာဒီးနား အထက်တန်းကျောင်းတွင်
မြန်မာစတိတ်ရှိုးတခုကျင်းပရာ မြန်မာ့အရေးလှုပ်ရှားသူများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ စစ်အစိုးရ၏
ဝါဒဖြန့်ရုပ်ရှင်သရုပ်ဆောင်တဦးက အခြားမြန်မာဧည့်သည်သရုပ်ဆောင်များနှင့် တွဲပြီး အမေရိကန်ပြည်တ၀ှမ်း
လှည့်ပြီး ဖြော်ဖြေလျက်ရှိရာ နယ်အတော်များများတွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ၏
ကန့်ကွက်ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရသည်။

ယမန်နေ့က အယ်လ်အေဆန္ဒပြပွဲသို့ မြန်မာ့အရေး လှုပ်ရှားသူများ၊ အယ်လ်အေသြဂနိုက်ဇာ


အဖွဲ့သားများဖြင့် လူဦးရေ ၅၀ ကျော် ဆန္ဒပြခဲ့ကြသည်ဟု ဆိုသည်။ ဆန္ဒပြပွဲ ပိုစတာများတွင် စစ်အစိုးရ၏
မတရားလုပ်ကြံစွတ်စွဲမှုများဖြင့် နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရသူ အနုပ
ု ညာသမားများ၏ ဓာတ်ပုံများကို
ကိုင်စွဲပြီး စစ်အစိုးရ၏ ၀ါဒဖြန့်သရုပ်ဆောင်နှင့် အလိုတူ အလိုပါအားလုံးကို ကန့်ကွက်ရှုတ်ချခဲ့သည်ကို
တွေ့ရသည်။

စတိတ်ရှိုးပွဲစီစဉ်သူများဖက်က သတင်းဖြန့်နေသကဲ့သို့ ဆူပူအကြမ်းဖက်လိုသူများ၊


လူ့အဆင့်အတန်းမရှိသူများ၊ အများသူငှာ တို့၏ ပျော်ရွှင်မှုကို မလိုလားသူများက စတိတ်ရှိုးကို
ဖျက်ဆီးရန်ကြိုးစားနေသည့် လှုပ်ရှားမှုမျိုး မဟုတ်ဘဲ မြန်မာ့ဒီမိုကရေစီရေးကို သိမ်ဖျင်းနိမ့်ကျအောင်
စစ်အစိုးရနည်းတူ လုပ်ကြံစီမံသူများ၊ အားပေးသူများကို ငြိမ်းချမ်းစွာဖြင့် တည်ငြိမ်အေးချမ်းစွာ လာရောက် ဆန္ဒပြ
ကန့်ကွက်သည့် လုပ်ရပ်တခုအဖြစ် တွေ့ရှိရသည်ဟု မျက်မြင်တဦးက ပြောကြားသည်။
“စတိတ်ရှိုး စီစဉ်သူတဦးက ရဲကို သည်လိုဆန္ဒပြနေတာနဲ့ ပတ်သက်ပြီးတော့ တိုင်တန်းတာမျိုးတွေ
သွားလုပ်တယ်ဗျာ။ အမေရိကန်က ရဲဆိုတာက ဆန္ဒပြတဲ့သူတွေကို တွေ့တာနဲ့ နှိမ်နင်းရတယ်လို့များ
ထင်နေသလား မသိပါဘူး။ ဒီမှာ က ၂ ဖက်စလုံးကို ကာကွယ်ဖို့ ရဲတွေမှာ တာဝန်ရှိတယ်လေ။ မြန်မာပြည်က
စစ်အစိုးရရဲ့ ရဲတွေလိုမျိုး ထင်နေသေးတဲ့ သူတွေက ရှိသေးတယ်။ ရဲတွေက နောက်တော့ ခပ်ဝေးဝေးမှာ
သွားစောင့်နေတာပါပဲ။ ဘာမှ အနှော က်အယှက် မရှိပါဘူး”
ဟု မိုးမခမိတ်ဆွေတဦးက ပြောပြသည်။

စတိတ်ရှိုးပွဲသို့ ကျောင်းဝင်ပေါက်မှ ၀င်ရောက်လာသူများ ရှိသလို ကျောင်းနောက်ဖေးပေါက်မှ လှည့်၍


ဝင်သူများလည်း ရှိသည်ဟု ဆိုသည်။ လူဦးရေ ထောင်သောင်းချီ၍ ပျော်ပွဲရွှင်ပွဲများကို
တက်ရောက်ဆင်နွှဲလေ့ရှိသော အယ်လ်အေမြို့တွင် အဆိုပါ စတိတ်ရှိုးကို လာရောက်သူမှာ ဦးရေ ၃၀၀
ကျော်ခန့်သာ ရှိသည်ဟု သိရသည်။ မြန်မာ့အရေး ဆော်သြသူများက ထိုအရေးကိစ္စကို လူအများနှင်၎င်း ၊
လုပ်ငန်းရှင်များ၊ လူမှုရေးဦးဆောင်သူများနှင့်ပါ လိုက်လံဆွေးနွေးခြင်း၊ စတိတ်ရှိုးပွဲကို သပိတ်မှော က်ရန်
အချက်အလက်များ တင်ပြပြီး မေတ္တာရပ်ခံခြင်းများ အဆင့်ဆင့် ပြုလုပ်ခဲ့ကြသည်ဟု ပြောပြသည်။
“နောက်တချက်ကတော့ ပွဲနေရာကို ပေးသုံးတဲ့ ကျောင်းက ဘုတ်အဖွဲ့ကို ကျနော်တို့တတွေ
သွားရောက်တွေ့ဆုံပြီး ရှင်းပြတယ်။ အမေရိကန် ပညာရေးနဲ့ လူ့အခွင်အ
့ ရေးအဖွဲ့တွေက ပုဂ္ဂိုလ်တွေကိုလည်း
အကူအညီတောင်းတယ်။ အမေရိကန်အစိုးရကိုယ်တိုင်က စီးပွားရေး ပိတ်ဆို့ထားတဲ့ လူ့အခွင့်အရေးမရှိတဲ့
တိုင်းပြည်က မြန်မာစစ်အစိုးရကို ထောက်ခံတဲ့ လူတွေပါတဲ့ ပွဲတွေ၊ အလုပ်တွေကို လူမှုရေး၊ ပညာရေး
စံပြလုပ်နေသူတွေက သွယ်ဝိုက်ပြီးတော့ အားပေးမှာ လား ဆိုတဲ့ မေးခွန်းပေါ့။ သူတို့တတွေကို သိသွားအောင်
ပြောပြ၊ ရှင်းပြတဲ့ သဘောပဲ။ ဒါကို ကျောင်းက ဘုတ်အဖွဲ့ဝင်တွေက မှတ်တမ်းယူထားတာပေါ့။
ကျနော်တို့ဖက်ကလည်း မှတ်တမ်းယူထားပါတယ်”
ဟု အယ်လ်အေမြို့ခံ မိုးမခမိတ်ဆွေက ရှင်းပြသည်။

“ဆန္ဒပြတဲ့နေရာကို အဲသည်အထက်တန်းကျောင်းက ကျောင်းသားသမဂ္ဂသတင်းစာနဲ့


ကျောင်းသားအဖွဲ့က သတင်းလာယူတယ်။ သူတို့တတွေလည်း သိသွားတယ်။ သူတို့ကျောင်းက
ဘုတ်အဖွဲ့ကလူကြီးတွေက သည်လိုပွဲမျိုးကို လက်ခံပြီး ပွဲနေရာငှားတယ် ဆိုတာ သူတို့ သိသွားတယ်။
သူတို့သတင်းစာမှာ ဒါက ရေးစရာ ကိစ္စ ဖြစ်သွားပြီ။ အနီးအနားက ကျောင်းသားမိဘတွေကလည်း ဒီကိစ္စကို
သတင်းလာမေးတယ်။ ငါတို့ကျောင်းကို ဘာလို့ ဆန္ဒ̔လာပြသလဲပေါ့။ ငါတို့ကျောင်းက ဘာတွေ ဖြစ်နေပြီလဲပေါ့။
အဲသည်လိုမျိုး ကျနော်တို့က ရှင်းပြရတာပေါ့။ စိတ်ဝင်စားကြတယ်။ ကျနော်တို့ကို နားလည်တယ်၊
အားပေးတယ်ဆိုတဲ့ သဘောမျိုး ကျောင်းသားတွေက ပြသတယ်”
လို့ ၎င်းက ဆက်လက် ပြောပြသည်။

(Photo - Zarganar's Daughter seen entering the Stage Show)


ဆန္ဒပြသူများက ၎င်းတို့ အံ့အားသင့်ပြီး စိတ်မကောင်း အကြီးအကျယ်ဖြစ်ရသည့် ဖြစ်ရပ်တခု ရှိကြောင်း၊
မြန်မာစစ်အစိုးရ၏ လုပ်ကြံဖမ်းဆီးချုပ်နှောင်မှုဖြင့် ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသည့် ပြည်သူ့အချစ်တော်
အနုပညာသည် လူရွှင်တော် ကိုဇာဂနာ၏ ရင်သွေး သားနှင့် သမီး ၂ ဦး စလုံးက အဆိုပါ စတိတ်ရှိုးသို့
သွားရောက် အားပေးကြည့်ရှု ခဲ့ကြသည်ကို တွေ့လိုက်ရ၍ ဖြစ်ကြောင်း၊ သားဖြစ်သူ မြတ်ကောင်း နှင့် သမီးဖြစ်သူ
ငယ်ဦးမွန်တို့မှာ စတိတ်ရှိုးပွဲဖြော်ဖြေသူ ဧည့်သည်များနှင့် သူငယ်ချင်းများဖြစ်နေသဖြင့် သွားရောက်
အားပေးကြသည့်သဘောဆိုလျင် စစ်အစိုးရ လုပ်ကြံဝါဒဖြန့် ဖျက်ဆီးနေသည့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု၏
သူရဲကောင်းတဦးဖြစ်သူ၊ ၈၈ မျိုးဆက်တဦးဖြစ်သူ ကိုဇာဂနာ၏ မျက်နှာ ကို မထောက်ထားတော့ဘူးလားဟု
မေးခွန်းများ ဖြစ်ပေါ်မိကြောင်း ဆန္ဒပြသူများက ပြောကြားသည်။

“ဒီပွဲကတော့ အယ်လ်အေရဲ့ အတိုင်းအတာအရဆိုရင် အတော်ဆိုးသွားတယ်။ ရိုးမစားသောက်ဆိုင်က


နောက်ဆုံးနေ့ လက်မှတ်ရောင်းတော့ ၃၅ ဒေါ်လာတန် လက်မှတ်က တစောင်ဝယ်ရင် တစောင်
အလကားပေးတယ် ပြောတယ်။ လီယိုနတ်မောင်မောင်လွင်ဆိုတဲ့ တီးဝိုင်းခေါင်းဆောင်ကလည်း ၀ိုင်းစုခိုင်သိန်း
မပါရင် မတီးဘူးလို့ ပြောနေတော့ တခြား အဆိုတော်တွေကလည်း ဘေးကြပ်နံကြပ် ဖြစ်နေကြတယ်လို့
သိရတယ်။ ဒီအတိုင်းကို အလွန်အရုပ်ဆိုးတဲ့ အဖြစ်ပါ။ ဒီနေ့ဆန္ဒပြပွဲက ပိုစတာတခုလိုပေါ့လေ … အမှန်ကို
မလုပ်ရဲရင်တောင် အမှားတွေကို မထောက်ခံပါနဲ့ ပေါ့ …။ လူတွေ အမြင်ရှင်းကြသင့်ပြီ”
ဟု မျက်မြင်တဦးက မှတ်ချက်ပေးသွားသည်။

(Photos - LA Burmese Community and MoeMaKa's Friends)

You might also like