Professional Documents
Culture Documents
စင်ကာပူနိုင်ငံတွင် စက်တင်ဘာ ၃၀ ရက်နေ့က မျက်စိခွဲစိတ်ကုသမှု ခံယူခဲ့တဲ့
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ် (အငြိမ်းစား)
သူရဦးတင်ဦးအား စုပေါင်းကန်တော့ပွဲ ကျင်းပရန် စင်ကာပူရောက်မြန်မာများက
စီစဉ်နေကြကြောင်း သတင်းရရှိပါတယ်။ ထို ကန်တော့ပွဲကို စင်ကာပူနိုင်ငံရှိ
တိုပါးရိုး မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် အောက်တိုဘာ ၁၀
ရက်နေ့ (တနင်္ဂနွေနေ့) နေ့လည် တနာရီမှ နှစ်နာရီအထိ ကျင်းပမှာ ဖြစ်ပါတယ်။
ထိုသို့ ဂုဏ်ပြုပွဲ ကျင်းပရခြင်းနဲ့ ပတ်သက်ပြီး စီစဉ်သူတဦးဖြစ်သူ
ကိုဝဏ္ဏသိန်းစောကို ယနေ့မြန်မာက ဆက်သွယ် မေးမြန်းရာ “ကျွန်တော်တို့ဟာ
အရင်ကတည်းက ဘဘဦးတင်ဦးကို လေးစားမှု ရှိတယ်။ ဘဘဦးတင်ဦးက ဦးတင်ဦးအား အောက်တိုဘာ ၆ ရက်နေ့က တွေ့ရစဉ်။
အစဉ်အလာလည်း ကြီးမားသူတယောက် ဖြစ်တယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့
လေးစားအပ်တဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်တယ်။ တိုင်းပြည်ရဲ့အကျိုး၊ ပြည်သူလူထုရဲ့အကျိုး၊ ဒီမိုကရေစီအရေးတွေကို အစဉ်တစိုက် အနစ်နာခံ
လုပ်ကိုင်သူတဦး ဖြစ်တယ်။ သီလဂုဏ်၊ သိက္ခာဂုဏ်နဲ့ သတင်းမွှေးသူတဦး ဖြစ်တယ်။ ဒီလို ပုဂ္ဂိုလ်မျိုး စင်ကာပူကို ရောက်လာခိုက်မှာ
စင်ကာပူမှာရှိတဲ့ မြန်မာအသိုင်းအ၀ိုင်းက မြန်မာများဟာ အရိုအသေပြုသင့်တယ်။ ဂါရ၀တရားအရလည်းကောင်း၊ ကျေးဇူးကို
ရိုသေသိတတ်တဲ့သဘောအရလည်းကောင်း၊ ဗုဒ္ဓဘာသာရဲ့ မင်္ဂလာတရားအရသော်လည်းကောင်း၊ ကိုယ့်တိုင်းပြည်က လေးစားထိုက်သူကို
လေးစားရမယ်။ တန်ဖိုးထားထိုက်သူကို တန်ဖိုးထားရမယ်ဆိုတဲ့ သဘောတရားအရလည်းကောင်း ကျွန်တော်တို့ စင်ကာပူမှာ ရှိတဲ့
မြန်မာများဟာ မြန်မာလူကြီးလူကောင်း တယောက်ကို အရိုအသေပြုတဲ့အနေနဲ့ အခုလို စုပေါင်းကန်တော့ပွဲတခုကို စီစဉ်ခဲ့တာ ဖြစ်ပါတယ်
ခင်ဗျ၊“ လို့ ရှင်းပြပါတယ်။
ယနေ့မြန်မာက ဆက်လက်ပြီး အခုလို ကန်တော့ပွဲ ဖြစ်မြောက်ခြင်းအကြောင်းရင်းကို မေးမြန်းကြည့်ရာ “တကယ်တော့ ဒီပဲက
ွ တူး အင် ၀မ်း
(2 in 1) လို့ ပြောရမှာပေါ့။ ဘဘကိုယ်၌က ဘာသာတရားကို ကြည်ညိုတယ်။ ကြည်ညိုတော့ ဗမာပြည်က လာကတည်းက သင်္ကန်းတစုံ
ဝယ်လာပြီးတော့ စင်ကာပူမှာ ဘုန်းတော်ကြီးတပါးပါးကို လှူချင်တယ်ဆိုလို့ ဘဘ စင်ကာပူကို ရောက်ရောက်ချင်းနေ့မှာပဲ တိုပါးရိုးကျောင်းမှာ
သင်္ကန်းတစုံ လှူခဲ့ပြီးပါပြီ။ အခု ဘဘက မျက်စိခွဲပြီးတော့ ကောင်းလာတဲ့အခါမှာ ထပ်ပြီးတော့ အလှူလုပ်ချင်သေးတယ်ဆိုတော့
ဘဘအနေနဲ့ အခု တနင်္ဂနွေနေ့မှာ ဘုန်းတော်ကြီးများကို ဆွမ်းကျွေးဖို့ စီစဉ်ခဲ့တာပါ။ ကျွန်တော်တို့ကတော့ ၀ိုင်းဝန်း ကူညီပေးဖို့အတွက်ပါပဲ။
ဒါပေမယ့် တနင်္ဂနွေနေ့မှာက ဆွမ်းကျွေးဖို့ အလှူရှင် ပြည့်နေပြီဖြစ်တဲ့အတွက် သံဃာတော်ငါးပါးကို သင်္ကန်းကပ်လှူဖို့ အစီအစဉ်
ဖြစ်သွားတာပါ။ ဘဘက သံဃာတော်တွေကို သင်္ကန်းကပ်လှူမယ်၊ ကပ်လှူပြီးတော့ ဘဘကို ကြည်ညိုတဲ့ မြန်မာများက
ရှိခိုးကန်တော့ကြမယ်၊ ဂါရ၀ပြုကြမယ်ဆိုတဲ့ အစီအစဉ်လေးကို လုပ်လိုက်တာပါ။ ဘယ်သူမဆို စိတ်ဝင်စားသူတိုင်း ၀င်ရောက်
ပူးပေါင်းနိုင်ပါတယ်၊“ လို့ ပြောပြပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ သူရဦးတင်ဦးဟာ မြန်မာ့တပ်မတော်မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၉၇၄ ခုနှစ်က
တာဝန်ထမ်းဆောင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် ဖွဲ့စည်းချိန်ကစတင်ပြီး မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ကို ဦးဆောင်ကာ
ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိ မြန်မာအာဏာပိုင်များဟာ ကာကွယ်ရေး ဦးစီးချုပ် (အငြိမ်းစား) သူရဦးတင်ဦးအား ၁၉၈၉ ဇူလိုင် ၂၀
ရက်နေ့မှာ နေအိမ်အကျယ်ချုပ် ချခဲ့ပြီး ၁၉၈၉ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ထောင် သုံးနှစ်ချခဲ့ပါတယ်။ ထို့အပြင် ဒီပယ
ဲ င်းလူသတ်ပွဲမှာ
အသက်ကို ရန်ရှာတဲ့အထိ ပြုမူခဲ့ပြီး ဖမ်းဆီးခဲ့ကာ ကလေးအကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့ပါတယ်။ ထို့နောက် ၂၀၀၄ ဖေဖော်ဝါရီလမှာ
ရန်ကုန်နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးကာ နေအိမ်အကျယ်ချုပ်ချထားခဲ့ပြီး ၂၀၁၀ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ နေအိမ်အကျယ်ချုပ်က
ပြန်လွှတ်ခဲ့ပါတယ်။