You are on page 1of 19

October 30th 2010 – MoeMaKa Daily Newsletter

အလကားရတဲ့ မျက်နှာပေါ်က ဘလော့ဂ်မှာ သာဂိကို ထားရစ်ခဲ့ ...............................................................2


When you meet with Tiger and Gator ......................................................................................4
ကျားတွေ မိချောင်းတွေနဲ့ ဆုံကြတဲ့ ချောက်ကမ်းပါးအစွန်းက ... ...............................................................5
Cartoon Zaw DD - Welcome to 2010 Election #4 .....................................................................6
Cartoon Zaw DD - Welcome to 2010 Election #4 .........................................................................7
Thurain Htet - Pushing.............................................................................................................7
ညီညီညာညာ ပြိုင်တူကို တွန်းကြတာပါပဲဗျာ ........................................................................................7
Yan Win (Taung Da Gar) – Bagan Cedi myar................................................................................7
ပုဂံမြို့ဟောင်းက ရှေးဟောင်းဘုရားစေတီများ (၃) ................................................................................8
USDA Party owns businesses and companies ...........................................................................8
ပါတီတဖြစ်လဲ ကြံ့ဖွံ့အသင်းကြီးရဲ့ အခွင့်ထူးခံစီးပွားရေးလုပ်ငန်းများစာရင်း ..................................................8
solution or trap? ......................................................................................................................9
Human Rights Abuses on Burmese Workers and Farmers Report Book published ...................11
မြန်မာပြည်က အလုပ်သမား၊ လယ်သမားတို့၏ ဘ၀များ၊ သတင်းမှတ်တမ်းစုစည်းချက်ထုတ် .......................12
Moemaka quotes in Oct 2010 ................................................................................................12
မိုးမခ၏ အောက်တိုဘာလ စာကိုး စကားကိုး ......................................................................................13
အလ ကားရတဲ့  မျ က် နှာ ပေါ် က ဘ လော့ ဂ် မှာ သာဂိ ကို ထားရစ် ခဲ့ 
ဝက်မာစတာသာဂိ
အောက်တိုဘာ ၃၀၊ ၂၀၁၀
ပိုက်ဆံမရလို့ မလုပ်ဘူး တို့
ပိုက်ဆံမပေးရင် မရဘူး တို့
ဆိုတာ မိုးမခက လက်တိုလက်တောင်း သာဂိရဲ့ အဘိဓာန်မှာ မရှိပါ။ သာဂိတို့များ သူသိတဲ့ ဟိုစပ်စပ်
ဒီစပ်စပ် နည်းပညာတွေနဲ့ အင်တာနက်ဆေးမြီးတိုတွေကို လူတွေဆီ လက်တို့လွန်းလို့ ဘယ်သူမှ သူ့ကို
မလေးစားကြဘူးလေ။ နေရာတကာမှာ အလကားသာဂိ၊ အလကားသာဂိနဲ့ နာမည် ကြီးတယ်။ တချို့များ
သာဂိလုပ်ပေးတာကို အလကားယူရမှာ စိုးလို့တဲ့ တခြားက ကွန်ပျူတာပညာသည်ကြီးများဆီမှာ
ပိုက်ဆံသွားပေးပြီး အလုပ်တွေ အပ်ကြတယ်တဲ့။ အလကားလုပ်ပေးတာကို လက်ခံရမှာ အားနာစရာတဲ့။
ဒါကြောင့် ဒီစာကို အလကားရေးတယ်ဗျာ။ တနေ့က မိုးမခမှာ လုပ်အားပေးစာရေးသူတဦးဖြစ်( ခဲ့) တဲ့
ကိုကျော်က တက္ကဆပ်ကနေ ဖုံးဆက်ပါတယ်။ သူလည်း ၀က်ဆိုက်တွေ ၀က်ခြံတွေ လုပ်ချင်လွန်းလို့
လေ့လာနေတဲ့အကြောင်း၊ မိုးမခက လက်တည့်စမ်းနေတဲ့ ဇွန်းလားတို့၊ ခရင်းလားတို့ ဆိုတာကို
သုံးချင်တဲ့အကြောင်း၊ အဲသည်က စွမ်းဆောင်ရည်တွေကို အသုံးချချင်ကြောင်း ပြောလှာ ပါတယ်။ အဲဒါ သာဂိကို
အလကားခိုင်းရင် အလကားလုပ်ပေးမှာ စိုးလို့ သူများတွေဆီမှာ ပိုက်ဆံအကုန်ခံပြီး အပ်တာ
အဆင်မပြေသေးကြောင်း ရင်ဖွင့်ရှာ ပါတယ်။
သာဂိလည်း ဟိုကြီးတော်နွားကျောင်းသားတွေလိုပဲပေါ့နော် … အလကားကောင်ကြီးဆိုတော့
မချိတဲ့သွားလေးဖြဲပြပြီးတော့ သူ့ကို အခမဲ့ အကြံတွေ ပေးမိပြန်ပါတယ်။ နောက်တော့ ပြောမိသမျှ ကို
မှတ်တမ်းလေး ရအောင် မိုးမခမှာပဲ အလကားမတ်တင်းဈေးနဲ့ တင်လိုက်ပါတယ်။ သာဓုပါ ဗျာ။
အင်တာနက်မှာ အလကားမရဘူး ဆိုတာ မှားပါတယ်။ အင်တာနက်မှာ ဂူးဂဲက အတော်များများကို
အလကားပေးထားတယ်။ အတော်လည်း ကောင်းတယ်။ ခင်ဗျားကို ဘယ်ချောင်ကနေ ဆော်ထည့်လိုက်မလဲ
ဆိုတဲ့ ရန်ကုန်က နေပြည်တော်ကွမ်းယာဆိုင်လို စိတ်ထားမျိုး မရှိတာ အမှန်ပဲ။
ဂူးဂဲမှာ အီးမေး ယူပါ။ (http://gmail.com ) အဲသ ည် အီးမေးနဲ့ ဂူးဂဲအီးမေးဂရု ဖွင့်ပါ။
(http://groups.google.com) အီးမေးအုပ်စု ဖွဲ့လိုက်ရင် ကိုယ့်သတင်းလွှာတွေ၊ အီးမေးတွေကို လူတွေဆီကို
အစုလိုက် ပို့လို့ ရပြီ။ ပြီးတော့ ပီကာဆာ ဆိုတဲ့ ဓာတ်ပုံအယ်လဘန် သုံးပါ။ (http://picasa.google.com)
ပြီးတော့ ဂူးဂဲဆိုက် ဆိုတာမှာ နေရာတခု ယူပြီးတော့ ကိုယ့် ဓာတ်ပုံမဟုတ်တဲ့ ဖိုင်တွေကို သိမ်းလို့ရပါတယ်။
(http://sites.google.com) နောက်ပြီးတော့ ၀က်ဆိုက်လိုမျိုး ကိုယ့်အကြောင်း၊ ကိုယ့်အာဘော်တွေ၊ အစုအဖွဲ့
လှုပ်ရှားမှုတွေ အကြောင်း တင်ဆက်လို့ရအောင် ဘလောက် လိပ်စာတခု ကို ယူပါ။ (http://blogger.com)
အဲသည်မှာ စာတွေကို တင်ပါ။ ပြီးတော့ စာတွေကို ကဏ္ဍတွေ ခွဲပါ (Label , Tag ) လို့ ခေါ်ပါတယ်။ ဂူးဂဲရဲ့
ဘလောက်မှာ ဇွန်းလားလို ၀က်ဆိုက်မျိုးနဲ့ ပုခုန်းချင်း ယှဉ်နိုင်တဲ့ Design, Theme and Gadget တွေ အများကြီး
ရှိပါတယ်။ သူများဆိုက်တွေကို ကြည့်ပြီး အတုယူနိုင်ပါတယ်။ ပြီးတော့ http://youtube.com တို့နဲ့ ခင်ဗျားတို့ရဲ့
ဗီဒီယိုတွေ ၁၅ မိနစ်စာ တင်ထားလို့ ရတယ်။ ပြီးရင်တော့ အင်တာနက်မှာ ခေတ်စားတဲ့ RSS Feed တွေကိုပါ
ချိတ်လို့ ရပါတယ်။ ကဲ … ခင်ဗျားကို အလကားပေးထားတာကို ပိုက်ဆံပေးပြီးတော့ လုပ်ချင်သေးသလား။
ပြီးရင်တော့ ကိုယ်ပိုင် ဒိုမိန်းတွေ၊ ၀က်လိပ်စာတွေ၊ ၀က်ခြံတွေ လိုချင်သူတွေကို ဂူးဂဲက သူ့ဘလောက်
(http://moemaka.blogspot.com) နဲ့ တိုက်ရိုက် ချိတ်ဖို့ကိုလည်း အခမဲ့ ၀န်ဆောင်ပေးပါတယ်။
သာဂိဒေါ့ကွန်ကို တနှစ် ၅ ကျပ်လောက်နဲ့ ၀ယ် (ဒါတော့ ပိုက်ဆံ ကုန်တယ်) ပြီးတော့ ဂူးဂဲက ခင်ဗျားရဲ့ သာဂိဒေါ့
ဘလော့ဂ်စပေါ့ဒေါ့ ကွန် နဲ့ ချိတ်ထားလိုက်ပေတော့ဗျာ။ ဂူးဂဲက ဂဂျက် (Gadget) တွေထဲမှာ ခင်ဗျားရဲ့
ဖေ့စ်ဘွတ်တွေ ဘာတွေနဲ့ တိုက်ရိုက် ချိတ်လို့ရတယ်။ သူများတွေကို ကြို က်လို့ သူများမျက်နှာတွေ သူများတွိ
(Tweet) တွေမှာ ရှယ်ချင် ရှယ်လို့ရအောင် ခလုတ်တွေ ချိန်လိုက်လို့ ရတယ်။ ဘာလိုသေးလဲ အကို … ဂူးဂဲက
ညောင်းနေလား ခင်ဗျာ ဆိုပြီးတော့ ခင်ဗျားကို နှိပ်မပေးလို့သာ ခင်ဗျား စိတ်ဆိုးချင် ဆိုးပေတော့၊ သူက
တာဝန်ကျေပါတယ်။ ပြီးတော့ အလကား ခင်ဗျာ။ အလကား …
ပြီတော့ တခု ပိုက်ဆံကုန်ချင်လှချည်ရဲ့ ဆိုပြီး တိုင်နဲ့ခေါင်းနဲ့ ဆောင့်ပြသူတွေအတွက် ဂူးဂဲက ခင်ဗျားကို
တခုတော့ ပေါပေါလေး ရောင်းတယ်။ ခင်ဗျား ဂျီမေးကို တနှစ် ၅ ကျပ် ( ၅ ဒေါ်လာပြောတာနော်) ၀ယ်လိုက်၊
အဆင့်မြှင့်လိုက်။ ခင်ဗျား ဂျီမေးက အခု ၇ ဂစ်ဂါဘိုက် (7 GB Size) ကနေ 20 GB Size ဖြစ်သွားမယ်။ တနှစ် ၅
ကျပ်ပဲပေးယုံ။ ဘာလိုသေးလဲ။ ခင်ဗျားတိုကို ပေါတာကြီးအက်သန်းရွှေဒေါ့ကွန် (
PawTarGyi@ThanShwe.Com ) လိုမျိုး ဆားဗစ်လည်း ရောင်းသေးသဗျ။ ကြို က်ရင် ၀ယ်သုံးပေတော့။
ဘာကြောင့် ဒီလောက် ဂူးဂဲ ဂူးဂဲနဲ့ ရှူးရှူးရှဲရှဲ ဖြစ်နေရသလဲ ဆိုတော့ အလကားရတဲ့ နည်းပညာနဲ့
ဝန်ဆောင်မှုမှာ အာမခံချက်က အပြည့်ပါခင်ဗျာ။ ခင်ဗျားရဲ့ “သန်းရွှေဒေါ့ ကွန်”တို့၊ “ရတာတွေကုန်ဒေါ့ ကွန်” တို့လို
လူချစ်များတဲ့ ၀က်ဆိုက်ကြီးတွေကို ဒီဒေါ့စ်အတက်ခ်တွေ မနာလိုသူတွေက တိုက်ခိုက်တာတွေ၊ ကိုယ်ပေါ့လို့
လွတ်ကျပြီး ပျောက်ရှ ကွဲကြေတာတွေကိုလည်း ခင်ဗျား ခေါင်းစားပြီး ပူပန်နေစရာ မလိုတော့ဘူးလေ။ ဂူးဂဲကြီးက
သူ့ဆာဗာတွေအကုန်လုံး သူ တာဝန်ယူ ကာကွယ်ပေးထားပြီးသားပါ။ ဘာလိုသေးလဲ အချစ်ရယ်ပေါ့။
(အလကားပေးထားပါတယ်ဆိုတာ မယုံလို့ ဇွန်းလားတွေ၊ ခရင်းလားတွေ ၀ယ်၊ ၀က်ဆာဗာတွေ၊ ၀က်ခြံတွေ
ဝယ်ချင် သွားဝယ်ပေတော့။ သာဂိကတော့ အလကားကောင်ဆိုတော့ ရောင်းစရာမရှိ၊ အလကားညွန်းစရာ
ဂူးဂဲသာ ရှိ၏)
မိုးမခဒေါ့ကွန်ကို ၂၀၀၄ က စတင်ပြိးတော့ ဂူးဂဲရဲ့ ဘလော့ဂ်မှာ စတင်ပြီး မူပွားခဲ့တယ်။ မြန်မာပြည်က
ပရိသတ်နဲ့ ဘလော့ဂ်ဂါတွေရဲ့ နောက်လိုက် လုပ်တာပါ။ သူတို့လုပ်တာ ကောင်းတယ်ဆိုပြီး လိုက်နာတဲ့သဘော။
ဒါဟာ အလွန်ကောင်းမွန် ထိရောက်တာကို ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉ မှာ သိပ်သိသွားတယ်။ (သံဃာ့အရေးတော်ပုံ၊
နာဂစ်အရေးအခင်း၊ ဒေါ်စုတရားရင်ဆိုင်သည့် အရေးအခင်း) တွေမှာ မိုးမခ၀က်ဆိုက်ကြီး
ခနခနဒေါင်းသော်လည်း ဘလော့ဂ်ကတော့ ပန်းပန်ပြီး ရှော က်သီးဆေးပြားတောင်လည်ရောင်းနေသေး။
ဂူးဂဲသိမ်းပေးထားလို့ မိုးမခလိုမျိုး အလကားပဲတင်း ၀က်ဆိုက်ကလေး သက်ဇိုးရှည်နေတာ သက်သေပါ။
နောက်တော့ http://MoeMaKa.WordPress.com ဆိုပြီး ဘလောက်လိုမျိုး အလွန်မာချာပြီး ကျန်းမာတဲ့ အခမဲ့
ဘလောက်ဘိုးအေဆိုက်ကြီးတခုမှာ လည်း သွားပြီး ကလုံး (Clone) လုပ်လိုက်ပြန်သေး။ သာဂိရဲ့ ဘိုးတော်
ရန်လိုကျွဲတို့၊ ကိုဦးတို့ကို ကျေးဇူးတင်ပါတယ်။ သူတို့ ရှိလို့ သည်လောက် ဖြစ်နေတာပါ။
ကဲ … ဘာပြောချင်သလဲ ပြော။ သာဂိတို့ကတော့ အလကားတွေပဲ ရှာပြီး လုပ်ရလွန်းလို့ (ကိုယ်တိုင်လဲ
ပိုက်ဆံမရှိ၊ မိုးမခကလည်း ပိုက်ဆံမရှိ) အလကားပဲ လုပ်တတ်တော့တယ်။ ပိုက်ဆံပေးမယ် လုပ်ပါဆိေ
ု တာင် …
ဟင် အဲသည်ပိုက်ဆံ ဘာလုပ်ရမှာ လဲ။ မြန်မာပြည်က လိုတဲ့သူတွေ ပေးလိုက်မှာ ပေါ့ လို့ ပြောမိလို့ … ဟယ်
သာဂိကြီးက မြန်မာပြည်မှာ အမျိုးတွေ အများကြီးပဲတော့၊ ပြည်တွင်းကိုပဲ ထောက်နေတာ။ အတော်
ကိုယ်ကျိုးရှာ တဲ့သူလို့ အပြောခံရသေး သဗျ။ (အဟိ)
အခုကတော့ မြန်မာပြည်က ရွေးကောက်ပွဲတောင် မပြီးသေးဘူး၊ ဂူးဂဲတောင် လည်ပင်းညှစ်ခံထားရပြီ။
စစ်အစိုးရရဲ့ ရွှေရည်စိမ်လွှတ်တော်ကြီးများ ပေါ်ပေါက်လာရင် ဂူးဂဲဆိုတာ မြန်မာပြည်တွင်းမှာ မူးလို့တောင်မှ
ရှူစရာ ရှိပါ့မလား စိုးရိမ်မိတယ်။ ဂူးဂဲမရှိရင် ဆိုက်ဘာကဖေးတွေလည်း ဆိုက်ဖာ အရက်ဆိုင်တွေ
ဖြစ်ကုန်လိမ့်မယ်။ ဒေ၀ါ်လီခံကုန်လို့လေ။ (အခု အင်တာပျက်ဖြစ်နေတာကို ပြောတာ၊ စကားချပ်)
သို့သော်လည်း ဂူးဂဲက သင့်ကို တံခါးပေါက်အပြင်က အဆင်သင့်စောင့်နေတာ ဆိုတော့
အင်တာနက်လှိုင်ခေါင်းတွေ သုံးပြီးတော့ ခိုးဝှက် သွားလာလို့ ရပါတယ်ဗျာ။ ဒါက မြန်မာပြည်က
အင်တာနက်သမားတွေဟာ မဟောသဓာထုံး နှလုံးမူပြီး လှိုင်ခေါင်းကြီးတွေ တူးပြီး ကေးဝပ်သန်းရွှေတို့
ကေးဝပ်ပုဏ္ဏားကြီးတွေကို တိုက်ခိုက်ကြတာပေါ့။
သို့သော်လည်း အခုအချိန်မှာ သင်တို့အတွက် ဂူးဂဲကို ၀ိုင်းယံပေးမယ့် FaceBook တို့ Tweeter တို့
ရှိပါတယ်။ တွစ်တာကတော့ ခင်ဗျားတို့ ဖေ့စ်ဘွတ်တို့၊ ဘလော့ဂ်တို့မှာ တင်တဲ့ ဆောင်းပါးလင့်ခစ်တွေကို
ကော်ပီအင်ပေ့စ်လုပ်ပြီး အများကို ရှယ်လုပ်တဲ့ သဘော။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က တွစ်တာနဲ့
လူငယ်တွေရဲ့ အမြင်ကို ကြည့်ချင်တယ် ပြောမှတော့ သူက လည်း ခေသူတော့ မဟုတ်တာ သေချာသလို
ဖေ့စ်ဘွတ်မှာ လည်း လူသန်းပေါင်း ၅၀၀ ကျော် ပရိသတ်တို့ အကြို က်ဆိုတာ မေ့ထားလို့ မဖြစ်ဘူး မဟုတ်လား။
ပြီးတော့ သူတို့ ၂ ခု စလုံးကလည်း အလကားပါ ခင်ဗျား။
ဂျီမေးအကောင့်နဲ့ http://FaceBook.com တို့ http://tweeter.com တို့မှာ အကောင့်ဖွင့်ပါ။ ပြီးရင်
facebook’s Wall တွေ Notes တွေမှာ စာမူတွေ တင်ပေတော့။ ဘလောက်နဲ့ အပြိုင်၊ သူငယ်ချင်းတွေ
မိတ်ဆွေတွေ တိုးသည်နဲ့ အမျှ သင့စ
် ကားတွေ သင့်အာဘော်တွေလည်း ဝေးဝေးပြေး၊ မြင့်မြင့်ပျံတော့မှာ
ဖြစ်ပါတယ်။ နောက်တခုကတော့ ဘလော့ဂ်လိုမျိုး FaceBook’s Page ကို ရယူပါ။
http://www.facebook.com/pages/
ခင်ဗျား ဘလောက်လိုမျိုး နှစ်သက်ရာ အမည်ပေးပါ။ မောင်သာဂိ၏ အာလူးမှတ်တမ်း ဘာညာ
ဘာညာပေါ့။ အဲသည်မှာ Notes တွေ ရေးပေတော့။ ဒါလည်း ပရိသတ်အတွက် မိတ်ဆွေ၊ သူငယ်ချင်းအဖြစ်
စာရင်းသွင်းစရာမလိုပဲ အင်တာနက်ပေါ်မှာ ရှယ်နိုင်တဲ့ ၀က်စာမျက်နှာပေပဲ။ မိုးမခရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ကို
ကြည့်ပါ။ အတင်းကြီး သူငယ်ချင်း မလုပ်ပဲနဲ့ မိုးမခစာမျက်နှာ ကို လိုက်ကြည့်လို့ ရပါတယ်။ သည်မှာ ကြည့်ပါလေ။
http://www.facebook.com/pages/#!/pages/San-Francisco-CA/MoeMaKa-Media-News-
Group-covering-Burmese-Community-by-Burmese-People/131333762938
ပြီးတော့ နောက် ဆေးမြီးတိုတခုကတော့ ခင်ဗျားလုပ်ထားတဲ့ ဘလောက်စပေါ့တို့၊ ဝေါ့ ဒ်ပရက်စ်တို့က
ဘလောက်တွေကို အင်ပို့လုပ်ထားလိုက်ရင်၊ Face Book Page – Notes – Import from External Blog
ဆိုတာကို ဆောင်ရွက်လိုက်တာနဲ့ ခင်ဗျား ဘလောက်မှာ တင်သမျှ ကို ဖေ့စ်ဘွတ်မှာ အော်တိုမက်တစ်
ဖေ့စ်ဘွတ်က တင်ဆက်ပေးနေတော့တာပါပဲ ခင်ဗျား။ ပိုက်ဆံ တပြားမှ ပေးစရာ မလိုပါ။ သာဂိကို ပိုက်ဆံပေးပြီး
လုပ်ခိုင်းတောင် လုပ်မပေးပေ။ ဒါကို အခမဲ့ လမ်းညွှန်လိုက်မှာ ပါ။ (တုံးပါ့ကွာ)။
အဲသည်လိုနည်းနဲ့ မိုးမခဘလော့က စာတွေအားလုံးကို မိုးမခဖေ့စ်ဘွတ်ပေ့ဂ်ျမှာ တင်ထားပါတယ်
ခင်ဗျား။ တချို့များ မိုးမခကို ၀က်ဆိုက်ရှိမှန်းတောင် မသိပါခင်ဗျား။ အရင်ကဆိုရင် မိုးမခကို ဘလောက်
ဘလောက်နဲ့ ပြောကြတယ်။ သာဂိခင်ဗျာ အောင့်သက်သက်နဲ့။ ငါတို့မှာ အလကားလဲ လုပ်နေရသေး၊
ဘလောက်လို့လည်း ပြောကြသေးဆိုပြီး။ နောက်တော့ ဘလောက်ဂါတွေလို့ ပြောရင်
ဂုဏ်ယူရကောင်းမှန်းသိလာတယ်။ နောက်တော့ မိုးမခကို ၀က်ဆိုက်လို့လည်း မပြောတော့၊ ဘလောက်လို့လည်း
မသိတော့ဘူးလေ။ အခုဆိုရင် မိုးမခကဖေ့စ်ဘွတ်ပေ့ဂ်ျ ကပဲ စာဖတ်နေကြတယ်တဲ့။ ဖြစ်ပုံ။ အလကားကောင်ကြီး
မောင်သာဂိတို့ အလကားရတာတွေ နောက် လိုက်ချင်အုံးပေါ့လေ။ ကဲအခုတော့ မိုးမခဆိုတာ မျက်နှာကြီး
သက်သက်သာ ဖြစ်ရရှာ … (သွပ် သွပ်) (ဦးဝင်းတင်ပြောသလိုပေါ့လေ၊ ခြေတွေ လက်တွေ မရှိလဲ၊ ခေါင်းတွေ
အပြတ်မခံနိုင်ဘူး ဆိုလား)
ကဲ … ဇာတ်ကို နိဂုံးချုပ်ရသည် ရှိသော် … မည်သို့ပင်ဖြစ်စေကာမူ အင်တာနက်ဆိုတာကြီးက
ပြည်သူတွေကို အခမဲ့ဝန်ဆောင်ပေးချင်သူတွေ အများစုနဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။ သူတို့တွေက
အင်တာနက် နေရာဒေသအသီးသီးမှာ စေတနာ့ဝန်ထမ်းလုပ်လို့ နေပါတယ်။ အလကားကောင် ငပေါကြီးတွေလို့
ပြောချင်လည်း ပြောပေါ့လေ။ သူတို့တွေလိုပဲ အခမဲ့ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းကြီးတွေလည်း အပြိုင်းအရိုင်း
အောင်မြင်လျက် ရှိတာပါပဲ။ ပရဟိတကို လုပ်ရင်းနဲ့ အတ္တဟိတ ကိုယ်ကျိုးစီးပွားလုပ်နေကြတာ
အတော်များများဟာ အင်တာနက်မှာ ရှိပါတယ်။ ပိုက်ဆံသရဏံဂစ္ဆာမိပြီး အတ္တမာနာတွေ
အလံလွှင့်ကြသူတွေလည်း ရှိကြတာပါပဲ။ သို့သော် အင်တာနက်မှာ အခမဲ့ဝန်ဆောင်မှုဆိုတာကို
ကောင်းမွန်သန့်စင်စွာ ရရှိနိုင်ပါတယ်။ အဲသည်အရာတွေကို လိုက်လံရှာဖွေပြီး သာဂိလို အလကားကောင်တွေက
ကြီးတော်နွားကျောင်းသူတွေကို ပံ့ပိုးကူညီပါတယ် ခင်ဗျာ။
သာဂိတို့များ အလကားကောင်ကြီးတွေ ဖြစ်လာတော့ တနေ့တခြား တုံး တုံးလာပါတယ်။ အမှန်ကို
ဝန်ခံရရင်။ ဟဲ့ … မောင်သာဂိလေး ရော့ ဒေါ်လာ သန်း ၁ ထောင် ယူသွားစမ်း၊ တိုင်းပြည်ကြီး လွတ်လပ်အောင်
အင်တာနက်ကြီးနဲ့ တိုက်ပြစမ်းဆိုရင်တောင် အလကားလုပ်နေကြဖြစ်နေလို့ ပြန်တောင် အမ်းရမယ့် အပေါက်ပါ
ခင်ဗျာ။ မလုပ်တတ်ပါဘူး အကိုတို့ အမတို့ရယ် … အဲသည် သန်း ၁ ထောင်ကို ယူပြီးတော့ ဟိုလူတွေကို
ပေးလိုက်ပါ။ သူတို့တွေမှာ လိုနေရှာ တယ် ဆိုပြီးတော့ပေါ့နော်။ သူတု့ေ
ိ တွခင်ဗျာ … ၀က်ဆိုက်တွေ ဘာတွေရှိမှ
နေတတ်မှာ လေ။ သူတို့ကို မြန်မာဒေါ့ ကွန်ကြီး ၀ယ်ပေးလိုက်မယ်။ မြန်မာပြည်ကြီးနဲ့ ပြန်အမ်းမလားလို့
မေးလိုက်ချင်ပါရဲ့။

Whe n you m ee t wi t h Tig er a nd G ato r

Posted by MoeMaKa | 11:37 PM | Op-Ed | 0 comments »


ကျားတွေ မိေ ချာ င်း တွေ နဲ့  ဆုံြ ကတဲ့  ချော က် က မ်း ပါးအ စွ န်း က ...
မိုက်ခဲစိန်
အောက်တိုဘာ ၃၀၊ ၂၀၁၀
ရွေးကောက်ပွဲ ၀င်၊ မ၀င် ဆိုတာက လွန်ခဲ့တဲ့ ဧပြီလကတည်းက ရှင်းသွားပြီ။ မ၀င်တဲ့သူက တခွန်းပဲ။
ဝင်မယ်ဆိုသူတွေက ဆက်ပြီတော့ အစိုးရကို ခယ ရတယ်။ ပြိုင်ဘက်တွေနဲ့ အပြိုင်မဲဆွယ်ရတယ်။ မဲဆွယ်တ ယ်
ဆိုတာက ဆင်တွေ၊ အကောင်ကြီးတွေကို ယှဉ်ပြီး မဆွယ်နိုင်ကြပါဘူးလေ။ အကောင်သေးတွေ အချင်းချင်း
တွန်းကြ တိုက်ကြ ပြိုင်ကြရတာပါ။
ဟော … ပြည်သူတွေမှာ ကလည်း မဲပေးရေး မပေးရေး လမ်း ၂ ခွကို ဖြတ်ခဲ့ကြပြီးပါပြီ။ မဲမပေးတဲ့သူက
ရှင်းတယ်၊ တခွန်းပဲ။ မယုံဘူး၊ မဲမပေးဘူး၊ ဒါပဲ အေးရော။ အဲလိုလူမျိုးကို ဘယ်လိုမှကို ဒုက္ခလိုက်ပေးနေစရာ
မလိုဘူး။ အင်း … မဲပေးမယ်လို့ ဆုံးဖြတ်ထားတဲ့ သူတွေကမှ ပြဿနာဖြစ်တော့တာ၊ ဘယ်သူ့ကို ပေးမလဲ။
ဘယ်သူ့ကို မပေးဘူးလဲ။ အဲသည် လမ်း ၂ ခွကို သူတို့က ရောက်ရရှာ တာ။
မဲပေးတယ် ဆိုတာမှာ ဘယ်သူကို ပေးမှလဲ။ ဘယ်အကောင်တွေကို ပေးကြမှလဲပေါ့။ အကောင်တွေပါ
ဆိုမှတော့ ကြီး ကြီး ငယ် ငယ် အစွယ်တွေ တဖွေးဖွေး၊ ဟန်ရေးတွေ တပြပြလို့ပဲ မြင်ကြည့်ကြပေတော့။
အခု ကျနော်တို့ဟာ ခြောက်ကမ်းပါး တခုရဲ့ အစွန်အဖျားမှာ ရောက်နေပြီ။ ခုန်ချလိုက်မယ်ဆိုပြန်တော့
အောက်မှာ စားမယ့်ဝါးမယ့် ငါးမန်းတွေ၊ မိချောင်းတွေက ပင်လယ်ထဲကနေ စောင့်ကြိုနေတယ်။ နောက်ကို
လှည့်ကြည့်လိုက်တော့ သားရေတမြားမြားနဲ့ ကျားတွေ ခြင်္သေ့တွေ သားရဲတွေက လှမ်းလာနေတယ်။
ရပ်နေလို့တော့ မရတော့ဘူး။ တခုခုကို ရွေးရတော့မယ်။ ကျားအစားခံလိုက်ရတာက ပိုသက်သာမလား၊
မိချောင်းအကိုက်ခံလိုက်ရတာက ပိုကောင်းလား။ စစ်အစိုးရက သဘောကောင်းချင်ယောင်ဆောင်၊
တရားမျှ တချင်ယောင်ဆောင်။ ကြို က်ရာရွေး….တဲ့ဗျား။
ဒီတော့ ဘယ်ဟာမှ မကောင်းတဲ့ လမ်းနှစ်ခွကို ဘယ်ဟာရွေးရွေး ဘာမှတော့ မထူးဘူး။ ဒါပေမယ့်
တခုတော့ ရှိတယ်။ ခုန်ချပြီးတော့ မိချောင်း အကိုက်ခံ ငါးမန်း အစားခံပြီး အသက်ရှင်ရက်နဲ့
ဒီမိုကရေစီတဘက်ကမ်းကို ရောက်မှာ ပါလို့တော့ မျှော်လင့်ချက်စကားမျိုးတော့ မပြောလေနဲ့။
စခုန်ချလိုက်ကတည်းကိုက သေဖို့ ပြင်ထားပဲ။ သေမှန်းသိတယ်ဟေ့။ ဒါပေမယ့် ဒီလမ်းပဲ ရွေးလိုက်ပြီ ဆိုရင်
အဓိပ္ပါ ယ်ရှိတယ်။ ရွေးတာကိုက သေဖို့ ပြင်ပြီးသားပဲ။
အဲ … နောက်ပြီးတော့ ကျား အစားခံလိုက်တော့မယ့် လမ်းကို ရွေးလိုက်ပြီဆိုလည်း ဒါကလည်း သေဖို့ပဲ
ရှိတယ်။ ဒါလည်း သေမှာပဲ။ ဘာမှ မထူးဖူး။ အဲဒီလို ရွေးလိုက်လို့ ကျားက ဥပုဒ် စောင့်နေမှာ မဟုတ်ဘူး။
သေလမ်းချည်းမို့လို့ ဘာရွေးရွေး မှားတယ်လို့ မဆိုချင်ဘူး။ (သေမှာ ကို သိပြီး ရွေးတာကို ခင်ဗျားက
ဘယ်လိုဝင်ပြီး ဝေဖန်ချင်သေးသလဲ)
မဲပေးတော့မယ့် ပြည်သူတွေလည်း ခုနကလိုပဲ။ ပြည်သူတွေ ချောက်ကမ်းပါးထိပ် ရောက်နေတာပဲ။
ဘာမှမထူးဘူး။ အခု မိုက်ခဲစိန်တယောက် ပြည်သူတွေကြားထဲက ဒီစာကို ရေးလိုက်တာ။ ပြည်သူတွေကိုယ်စား
ဒီစာလုံးတွေ ရေးလိုက်တာပဲ။ ပြည်သူတွေကြားထဲက စကားသံတွေ နားထောင်ကြည့်ပြီး ရေးလိုက်တာ။
အနှေးယာဉ် အမြန်ယာဉ် ရထား သင်္ဘော လှေ သမ္ဗာန်စီးပြီး ကြားခဲ့တာတွေ။ နေပြည်တော် မြို့ပြ တောရွာ ၊
အလုပ်သမား လယ်သမား ဈေးသည်တွေကြားထဲက စကားလုံးတွေ စုဆောင်းခဲ့တာ။
ကျနော်၊ ကျမတို့ ဘာမှ မထူးဘူး။ သူတို့ ပေးပေး မပေးပေး၊ သူတို့ပဲ နိုင်မှာ။ ကဲ … သူတို့ မနိုင်လည်း
နိုင်မှာပဲ။ သူတို့ရူံးရင် မနိုင်နိုင်အောင် လုပ်ပြီး နိုင်မှာ ပဲ။ အဲဒါပဲ။ အဲဒါ အလုပ်ရှုပ်ခံပြီး ရွေးကောက်ပွဲ
လုပ်နေရသလား။ အဲဒီနေ့ကျ အလုပ်ပျက် အကိုင်ပျက် ဖြစ်အုံးမယ်။ မဲမပေးမိရင်လည်း ဘာဖြစ်ဦးမှာ လဲ
ကြောက်ရ။ သူတို့ကိုပဲ ပေးရမှာ ပါဗျာ။ မဲပေးဖို့အရေး အလုပ်ရှုပ်ခံပြီး ဟိုသွားရ၊ နံမယ်ရှာရ၊ မဲပုန်းရှာရ၊
လက်မှတ်ထိုးရ၊ ခြိမ်းခြောက်တာ ခံရ။ အဲဒါ သူတို့ မဲပေးပါ့မယ် ဆိုတဲ့သူတွေ အလုပ်ပျက် အကိုင်ပျက်
ဖြစ်ရဦးမယ်။
မိချောင်း အကိုက်ခံလိုက်ရ ကောင်းမလား။ ကျားကိုက်ခံလိုက်တာ ပိုသက်သာမလား။ စဉ်းစား …
စဉ်းစား …။ ဒီနေရာမှာ ကိုမိုက်ခဲစိန်က အကြံတခု ပေးလိုက်မယ်။ ကျားကိုက်ခံရမှာကြောက်တဲ့သူက
မိချောင်းအစားခံလိုက်ပါ။ မိကျောင်းအစားခံရမှာ ကြောက်တဲ့သူက ကျားဆွဲတာပဲ ခံလိုက်။ အဲဒါပါပဲ။
(တကယ်ကတော့ ဖောက်ထွက်တွေးနည်းက ရှိထားပြီးသားလေ၊ မဲမပေးနဲ့တော့ … ကျားတွေ
ခြင်္သေ့တွေကို ချောက်ကမ်းပါးထဲကို ပေး ခုန်ချလိုက်၊ ဟိုးအောက်ထဲမှာ ငါးမန်းတွေ မိချောင်းတွေနဲ့ ဆင်
(အဲလေ) ကျားတွေ၊ ခြင်္သေ့တွေ တြွေ့ ကပါစေ၊ ရင်ဆိုင်ကြပါစေပေါ့။ ကိုယ်ကတော့ ကမ်းပါးကနေ
ခြေတွဲလွဲချိတ်ပြီးသာ ထိုင်ကြည့်နေရုံသာ။ )
အဟိ …
(ဓာတ်ပုံ - အောင်မိုးဝင်း (BGA N) ရဲ့ ဒီဇိုင်းပိုစတာကို ယူသုံးတယ်။ ခွင့်မတောင်း)

Car too n Za w D D - Welco me to 20 10 El ection # 4

Posted by MoeMaKa | 10:39 PM | Cartoon Box | 0 comments »


Car too n Za w D D - Welco me to 20 10 El ec tion # 4
October 30th, 2010

Thu rai n Ht et - P us hin g

Posted by Ko Oo | 5:09 PM | Variety Article | 0 comments »

ညီ ညီ ညာ ညာြ ပို င် တူ ကို တွ န်းြ ကတာပါ ပဲ ဗျာ .. .
သူရိန်ထက်
အောက်တိုဘာ ၃၀၊ ၂၀၁၀

တောလမ်းလေးအတိုင်း ‘ဖွတ်ချက်’ ‘ဖွတ်ချက်’ နဲ့ မောင်းနှင်လာတဲ့ ဒိုင်နာကားလေးပေါ်မှာ ခရီးသည်တွေ


အပြည့်တင်လာတယ်။ အမိုးပေါ်မှာ လည်း ကြက်တွေထည့်ထားတဲ့ ကြက်ခြင်းက တခြင်း၊ ဟင်းသီးဟင်းရွက်
ဈေးတောင်းက ၂ တောင်း၊ ကုန်တွေထည့်ထားတဲ့ ဂုန်နီအိတ်က ၄ လုံး၊ ခရီးဆောင် အိတ်တချို့ ...။ လမ်း က
ခပ်ကြမ်းကြမ်း မညီမညာ။ ဖုန်က တထောင်းထောင်း ... မြေနီလမ်းလို့တော့ ဆိုနိုင်တဲ့ လမ်းပေါ့လေ။

အပြည့်အစုံ ဖတ်ရန်

Ya n Wi n ( Ta un g Da Ga r) – Ba ga n Cedi m ya r

Posted by Ko Oo | 5:01 PM | Culture, Variety Article, Yan Win (Taung Da Gar) | 0 comments »
ပု ဂံြ မို့ ဟော င်း က ရှေး ဟော င်း ဘု ရားစေတီ များ ( ၃)
မြေပေါက်စေတီပုထိုးများ
ရန်ဝင်း (တောင်တံခါး)
အောက်တိုဘာ ၃၀၊ ၂၀၁၀

သက္ကတဘာသာ စဲတျ နဲ့ ပါဠိဘာသာ စေတိယ က စေတီ ဆိုတဲ့ ဝေါဟာရ ဖြစ်လာပါတယ်။ ဓာတ်တော်
ကိန်းဝပ်ရာ မြင့်မြတ်တဲ့နေရာဖြစ်ပါတယ်။

စေတီတွေမှာ ဌာပနာထားတာတွေကိုမူတည်ပြီး ဓာတုစေတီ၊ ပရိဘောဂစေတီ၊ ဥဒိဿစေတီ နဲ့ ဓမ္မစေတီ လို့


အမှတ်အသားရှိပါတယ်။ ပရိနိဗ္ဗာ န်ပြုပြီးတဲ့ ဗုဒ္ဓကိုရည်မှန်းပူဇော်ဖို့ ဓာတုစေတီတွေကို စပြီး တည်ကြတယ်။
စေတီတွေမှာ ဗုဒ္ဓရဲ့ သရီရ ဓာတ်တော်အမျိုးမျိုး၊ ဆံတော်၊ စွယ်တော်နဲ့ မြတ်နိုးရာရာ ရတနာတွေကိုပါ
ဌာပနာလေ့ရှိတယ်။

အပြည့်အစုံ ဖတ်ရန်

US D A Par ty ow ns b usin esses a nd com pa nies

Posted by MoeMaKa | 3:16 PM | Letter from readers | 0 comments »

ပါ တီ တြ ဖစ် လဲြ ကံ့ ဖွံ့  အ သ င်းြ ကီး ရဲ့  အ ခွ င့် ထူး ခံ စီး ပွားရေးလု ပ် င န်း များစာ ရင်း


ကိုတိုင်းချစ်
အောက်တိုဘာ ၃၀၊ ၂၀၁၀
မိတ်ဆွေများခင်ဗျား …
နိုင်ငံရေးပါတီများဟာ ပါတီရန်ပုံငွေ စုဆောင်းတဲ့နေရာမှာ အလှူခံတဲ့ငွေတွေ၊ ထောက်ပံ့တဲ့
အရင်းအနှီးတွေ၊ ပိုင်ဆိုင်မှုတွေကို စာရင်းလုပ်တင်ပြရပါတယ်။ ဒါ့အပြင် ပါတီရပ်တည်ရှင်သန်ရေးအတွက်
အာမခံပေးတဲ့ (စပွန်ဆာတွေ၊ စီးပွားရေးလုပ်ငန်းရှင်) တွေကိုလည်း အမည်စာရင်း ထုတ်ပြန်ပေးရပါတယ်။
သို့သော် ပါတီတွေကိုယ်တိုင် ပိုင်ဆိုင်တဲ့ သီးခြားစီးပွာရေးလုပ်ငန်းတွေ စာရင်းကတော့ မြန်မာပြည်မှာပဲ ရှိမ ယ်
ထင်ပါတယ်။
အောက်ကစာရင်းကတော့ အတည်မပြုနိုင်သေးတဲ့ စာရင်းပါ။ ဒါတွေကို ကြံ့ဖွံ့အသင်းကြီးအဖြစ်နဲ့
တည်ထောင်စဉ်က မတည်ထောက်ပံ့ခဲ့တဲ့ လုပ်ငန်းတွေလို့ ဆိုပါတယ်။ ကဲ … ပရိသတ်ကြီးကပဲ
စိစစ်ပေးကြပါဦး။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း နာမည်နဲ့ အခွင့်ထူးခံလုပ်ကင
ိုစားသောက်နေတဲ့
ကုမ္ပဏီများ

မြန်ဂုဏ်မြင့် ရောင်းဝယ်ရေးကုမ္ပဏီလီမိတက်
မာဃ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်
မြန်မာ့မာန် ကုမ္ပဏီလီမိတက်
သပြေအောင် ကုမ္ပဏီလီမိတက်
အောင်အောင်အုပ်စု သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်
မြန်မာအင်းလေး စားသောက်ကုန်စက်မှု လုပ်ငန်း ကုမ္ပဏီလီမိတက်
ဝရဇိန် ဓါတ်မြေသြဇာထုတ်လုပ်မှု ကုမ္ပဏီလီမိတက်
ဖြိုးရာဇာ ကုမ္ပဏီလီမိတက်
ဖြိးဧရာ ကုမ္ပဏီလီမိတက်
ငွေသော်တာ ကုမ္ပဏီလီမိတက်
တင့်တယ် စက်မှု ကုမ္ပဏီလီမိတက်
အောင်ရဲရွာ ကုမ္ပဏီလီမိတက်
မြကြေးမုံ ကုမ္ပဏီလီမိတက်
သစ်မင်းရာဇာ ကုမ္ပဏီလီမိတက်
ဆုံစည်းရာ ခရီးသွား ကုမ္ပဏီလီမိတက် ( Tryst Travels Co., Ltd. )
ဝေယံနန်း ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်
ဧည့်ဝတ်ကျေပွန်သော ဟိုတယ်အုပ်စု ကုမ္ပဏီလီမိတက် ( Holy Hotel Group Co., Ltd. )

solutio n or t rap ?

Posted by Yan Lo Kywe | 1:20 PM | Op-Ed | 0 comments »

ရွေး ကောက် ပွဲ ဟာ ထွ က်ေ ပါက် လား၊ ထော င်ေ ချာ က် လား


ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး
အောက်တိုဘာ ၃၀၊ ၂၀၁၀
ဆူးလေဘုရားလမ်းတွင် တွေ့ရသော စစ်အစိုးရ၏ ကြံ့ဖွံ့ ပါတီ မဲဆွယ် ဆိုင်းဘုတ်

“---အပြောင်းအလဲ ဆိုတာလဲ မြူတစ်မှုန်စာမျှ မတွေ့ရနိုင်တဲ့ ရွေးကောက်ပွဲမှာ ဘာလို့များ အိမ်ဖြည့် ဝင်ကစား


ပေးနေကြမှာ လဲ။ ကျောချနေတာတောင် ဓားပြမှန်း မသိကြသေးတာ အံ့စရာပဲ---”

ဒေါက်တာတူးဂျာ ဦးဆောင်တဲ့ ကချင်တိုးတက်ရေးပါတီဟာ အစောဆုံး မှတ်ပုံတင်ခဲ့တဲ့ ပါတီတွေထဲက


တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီတည်ထောင်ခွင့် မပေးခဲ့ပါဘူး။
ဘာ့ကြောင့် ပါတီတည်ထောင်ခွင့် မပေးသလဲ ဆိုတာကိုတော့ ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းပြချက်
မပေးခဲ့ဘူး။ ထားပါတော့။ ပါတီ တည်ထောင်ခွင့် မပေးချင်နေပါ။ တသီးပုဂ္ဂလ အနေနဲ့ ဝင်ပြိုင်ကြမယ်ပေါ့။
ဒေါက်တာတူးဂျာ အပါအဝင် ကချင်အမျိုးသား ၁၂ ဦးဟာ ကချင်ပြည်နယ်ထဲက လွှတ်တော်
မဲဆန္ဒနယ်မြေများမှာ တသီးပုဂ္ဂလကိုယ်စားလှယ်များအဖြစ် အမည်စာရင်း တင်သွင်းလိုက်ကြတယ်။

ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ (၁) ရက်ကနေ (၁ဝ) ရက်နေ့အထိ စီစစ်ပါတယ်။ စိစစ်ပြီးတဲ့


အခါမှာတော့ ဒေါက်တာတူးဂျာ အပါအဝင် တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်း (၁၂) ဦးလုံးကို
ရွေးကောက်ပွဲဝင်ခွင့် ငြင်းပယ်လိုက်ပါတယ်။ ဘာ့ကြောင့်လဲ။ ဘယ်ဥပဒေနဲ့ ညိစွန်းလို့ပါလဲ။ ထုံးစံအ တိုင်း
ဘာအကြောင်းပြချက်မှ မပေးပါ။ ဘာအကြောင်းပြချက်မှလည်း မပေးနိင်ုပါ။ အမှန် တကယ်တော့ တိကျခိုင်လုံတဲ့
အကြောင်းပြချက် ပေးဖို့လိုအပ်ပါတယ်။

ဒေါက်တာတူးဂျာတို့ကို ဘာ့ကြောင့်ရွေးကောက်ပွဲဝင်ခွင့် မပြုသလဲ။ ဘာ့ကြောင့်ပယ်ချရသလဲ ဆိုတဲ့အဖြေက


ရိုးရိုးလေးပဲဖြစ်ပါတယ်။ ဒေါက်တာတူးဂျာ တို့ဟာ ကချင်လူထုကို ကိုယ်စားပြုလို့ပါပဲ။ ကချင်လူထုက
ထောက်ခံတဲ့ သူတွေဖြစ်နေလို့ပါပဲ။ ပိုရှင်းအောင် ပြောရရင်တော့ အာဏာသိမ်း အစိုးရခေါင်းဆောင်တွေနဲ့
စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်တွေဟာ
ဒေါက်တာတူးဂျာတို့ကို မယှဉ်နိုင်ပါဘူး။ အဲ့ဒီကြံ့ခိုင်ရေးပါတီနဲ့ ဒေါက်တာတူးဂျာတို့ ယှဉ်ပြိုင် အရွေးခံကြရင်
ကချင်လူထုက ကိုယ်ကျိုးရှာ ၊ ပြည်သူ့ဘဏ္ဍာငွေတွေ အလွဲသုံးစား လုပ်နေကြတဲ့ ကြံ့ခိုင်ရေးပါတီတဖြစ်လဲ
လူမိုက်အသင်း ကို မဲပေးကြမှာ မဟုတ်ပါဘူး။ ဒါ သိပ်သေချာတဲ့ အချက်ပါ။ ဒါ့ကြောင့် ပြည်သူလူထုက
အပြည့်အဝ ယြုံ ကည်မှုရှိတဲ့ သူတွေကို ဖယ်ရှားလိုက်ပြီး ကြံ့ခိုင်ရေးပါတီ ပြို င်ဖက်ကင်းအောင် အနိုင်ရအောင်
လုပ်လိုက်တာပါ။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဖြုတ်ပယ်မှုတွေဟာ ဒေါက်တာတူးဂျာတို့နဲ့တင် ပြီးသွားမှာ မဟုတ်ပါဘူး။


နောက်ထပ် ... နောက်ထပ် ဖြုတ်ပယ်မှုတွေ လာအုံးမှာ ပါ။ ဘယ်လို လူတွေအတွက်လဲ ဆိုရင်တော့
ဒီမိုကရေစီအရေးကို အမှန်တကယ် ဆောင်ရွက်မယ့်သူတွေ။ ကြံ့ခိုင်ရေးပါတီကို ယှဉ်ပြိုင် စိန်ခေါ်နိုင်မယ့်သူတွေ၊
န.အ.ဖ အစိုးရက ခါးပိုက်ထဲ ထည့်လို့ မရတဲ့သူတွေ၊ ပြီးတော့ မဲဆန္ဒရှင်ပြည်သူ လူထုက ယုံကြည်
ထောက်ခံသူတွေပေါ့။

ရွေးကောက်ပွဲ ဥပဒေတွေမှာ ညစ်ကွက် အထပ်ထပ် ကျန်နေပါသေးတယ်။ မဲဆွယ်စည်းရုံးစဉ် ကာလမှာ


တို့တာဝန် အရေးသုံးပါးထဲက တပါးပါးကို ကျူးလွန်မိရင်သော် လည်းကောင်း၊ စစ်တပ် (န.အ.ဖ) ရဲ့
ကိုယ်ကျိုးစီးပွားရှာမှုများ၊ ကမောက်ကမ လုပ်ရပ်များနဲ့အတူ အာဏာ သက်ဆိုးရှည်ရေးအတွက် ဖိနှိပ်ညှင်းပန်း၊
ဗိုလ်ကျ စိုးမိုးမှုများအကြောင်း တလုံးတလေ ယောင်ယမ်း ပြောဆိုမိရင်သော် လည်းကောင်း၊ နောက်ဆုံး
မဲဆနရှင်ပြည်သူတွေက ရွေးခြယ်တင်မြှော က်လိုက်လို့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီဆိုရင်တောင်
(ငွေစာရင်း) ဆိုတာနဲ့ မငြိငြိအောင် လုပ်လို့ ရပါသေးတယ်ဗျာ။

ဒါ့ကြောင့် ရွေးကောက်ပွဲ ဝင်ကြမယ့် ပုဂ္ဂို လ်များ စဉ်းစားသင့်လှပါတယ်။ ဘာ့ကြောင့် အချိန်ကုန်၊


လူပန်းခံနေကြမှာ လဲ။ တရားမျှ တမှုလည်း မရှိ။ ဒီမိုကရေစီ အတွက် ဦးတည်တဲ့ ရွေးကောက်ပွဲလည်း မဟုတ်။
အပြောင်းအလဲ ဆိုတာလဲ မြူတစ်မှုန်စာမျှ မတွေ့ရနိုင်တဲ့ ရွေးကောက်ပွဲမှာ ဘာလို့များ အိမ်ဖြည့် ဝင်ကစား
ပေးနေကြမှာ လဲ။ ကျောချနေတာတောင် ဓားပြမှန်း မသိကြသေးတာ အံ့စရာပဲ။ စဉ်းစားကြပါ။
ဆရာဆရာကြီးတွေ၊ နာမည်ရ ဆောင်းပါးရှင်ကြီးတွေ၊ နိုင်ငံရေး ခွဲခြမ်းစိတ်ဖြာသူ ဆိုသူကြီးတွေ ပြောသလို
Alternative လေးများ စဉ်းစားကြပါအုံး။

ရွေးကောက်ပွဲဝင်တဲ့ နည်းလမ်းတစ်ခုပဲ ရှိပါသလား။ ရွေးကောက်ပွဲဟာ အမှန်တကယ် ထွက်ပေါက်လား၊


သို့တည်းမဟုတ် ထောင်ချောက်လား ဆိုတာတော့ မကြာမီ နဖူးတွေ့ ဒူးတွေ့ တွေ့ကြရတော့မှာ ပါ။

မူရင်း - ဗွီအိုအေ အသံလွှင့်ဌာန၊ တနင်္ဂနွေ, 19 စက်တင်ဘာ 2010


photo: AP

Hu ma n Rig hts A b uses on B ur mese Wo rke rs an d F ar mers R epo rt Book p ublis h ed

Posted by MoeMaKa | 1:17 PM | Book Shelf | 0 comments »


မြန် မြာ ပည် က အ လု ပ် သ မား၊ လ ယ် သ မားတို့  ၏ ဘ ၀များ၊ သတ င်း မှ တ် တ မ်း စု စ ည်း ချက် ထု တ်
မိုးမခစာအုပ်စင်

အောက်တိုဘာ ၃၀၊ ၂၀၁၀


အောက်တိုဘာ ၂၈ နေ့စွဲနဲ့ အီးဘုတ်တအုပ် ထွက်လာခဲ့ရာမှာ ထုတ်ဝေသူက မြန်မာနိုင်ငံ အလုပ်သမား၊
လယ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ချုပ် (ရန်ကုန်မြို့၊ မြန်မာနိုင်ငံ) ဖြစ်ပြီး၊ စာအုပ်အမည်က
သိမ်းဆည်းခံလယ်ယာ၊ သွေးစုပ်ခံလုပ်အား၊ နင်းပြားတို့၏ ဘ၀ဇာတ်ကြမ်းများလို့ ရေးထားပါတယ်။ စာအုပ်ရဲ့
ခက်ဆစ်က မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမားတို့၏ အခွင့်အရေး ချိုးဖောက်ခံရမှုများ
မှတ်တမ်းတစိတ်တဒေသလို့ ရေးထားပါတယ်။
ဖြစ်စဉ်များဆိုပြီးတော့ ပြည်ပနဲ့ ပြည်တွင်း စာနယ်ဇင်းတွေ၊ ရေဒီယိုတွေမှာ ကြားသိ မြင်တွေ့နေခဲ့ရတဲ့
အလုပ်သမား၊ လယ်သမားသတင်းတွေကို ခေါင်းစဉ်တွေ၊ ကဏ္ဍတွေ ခွဲပြီးတော့ သိမ်းဆည်း
တင်ဆက်ထားတာကို တွေ့ရပါတယ်။ ရည်ရွယ်ချက်က အစီရင်ခံစာသဘောမျိုး မဟုတ်ဘဲ ပြည်တွင်းမှာ
အလုပ်သမား၊ လက်သမားတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေကို အများပြည်သူတို့ တစုတစည်းတည်း
လေ့လာသိရှိနိုင်အောင် တင်ပြထားတယ် လို့ ဆိုပါတယ်။
သည်နေရာမှ ဖတ်နိုင်ပါတယ်။ မိုးမခ - စကရစ်စာမျက်နှာမှာပါ။

Moe maka q uo tes in Oct 2010

Posted by Yan Lo Kywe | 11:59 PM | Quotable Quotes | 0 comments »


မိုး မခ၏ အော က် တို ဘာလ စာ ကိုး စကားကိုး
အောက်တိုဘာ ၂၉၊

၂၀၁၀

ကျမတို့ရွာမှာ အိမ် ၂၃၅ ကျော် ရှိတာ၊ အားလုံးပျက်စီးတယ်။ စက်လှေ ၂ စီးထဲက ယောက်ကျား ၆ ယောက်
သေတယ်။ စက်လှေကို ဘေးလွတ်အောင် တနေရာကို ရွှေ့နေတုန်း ရေထဲ မျောသေတာ။ ဘေးနားက
ငါးရွှီကျိုင်မှာ တော့ ကလေး ၂ ယောက်နဲ့ မိခင်တဦးက ရေတက်လာတဲ့အခါ ထွက်ပြေးတယ်။ ရေလည်း နစ်၊
အပင်လည်း ပိပြီး သေတာ။
ဂီရိမုန်တိုင်းဒဏ် ခံလိုက်ရသော ပေါက်တောမြို့ နယ်၊ ငါးရပွက်ကျိုင် ကျေးရွာ သူ
မဇ္ဈိမသတင်းဌာန၊ အောက်တိုဘာ ၂၈
--------------------------------------

လူတွေဟာ စီးပွားရေးကြောင့် ရွေးကောက်ပွဲမှာ စိတ်မ၀င်စားနိုင်အောင် ဖြစ်နေကြတယ်။ ကျွ န်တော် ဂျာနယ်


ရောင်းနေတော့ လူတွေနဲ့ တွေ့ထိနေရတယ်။ တချို့ တစ်စောင် ကျပ် ၃၀၀ တန် ဈေးအပေါဆုံး
ဂျာနယ်ကိုတောင် ၀ယ် မဖတ်နိုင်ရှာကြဘူး။ ကျွန်တော့ သူငယ်ချင်းတွေနဲ့ နိုင်ငံရေး အကြောင်း၊ ရွေးကောက်ပွဲ
အကြောင်းတွေ ဆွေးနွေးဖို့ ကြိုးစားကြည့်တော့ သူတို့မှာ ဒါတွေ ထိုင်ပြောနေဖို့ အချိန် မရှိပါဘူး။ မင်း နိုင်ငံရေးက
ကိုက်စားလို့ မရဘူးကွ။ ထမင်း နပ်မှန်အောင် စားနိုင်ဖို့က အရေးကြီးတယ် လို့ ပြောကြတယ်။ ကိုမောင်သန်း၊
ပညာတတ်၊ စစ်သည်ဟောင်း၊ ဂျာနယ်ရောင်းသူ၊ ကလောင်ရှင်
မြန်မာတိုင်းမ်၊ အောက်တိုဘာ ၎
---------------------------------

ကျနော်တို့ ရခိုင်ပြည်နယ်မှာ သဘာဝဓာတ်ငွေ့တွေလည်း အများကြီး ထွက်နေပါရဲ့နဲ့ ကျနော်တို့ဆီမှာ


လျှပ်စစ်မီးလေးတောင် ပြည့်ပြည့်၀၀ မရဘူး။ ကျနော်တို့ မြို့တင် မဟုတ်ပါဘူး၊ ရခိုင်တပြည်နယ်လုံးပါပဲဗျာ။
သံတွဲမြို့ခံတဦး
ဧရာဝတီသတင်းဌာန၊ အောက်တိုဘာ ၁
----------------------------------

စားပြီးပြီလား၊ ဘာဟင်းချက်လဲ ဘာဟင်းနဲ့လဲ ဆိုတာက ကိုယ်တို့ လူမျိုးတွေရဲ့ ဟောင်းအာယူ တမျိုးပဲ။


ထမင်းစားချိန်မှာ စားပြီးနေရင် (fine) ဖိုင်းတယ်။ မစားရသေးရင် မဖိုင်းဘူး။ တခုခုပဲ။ ဒီလိုပဲ ဟင်းကောင်းရင်
ဖိုင်းတယ်။ ဟင်းမကောင်းရင် မဖိုင်းဘူး ဒါသေချာ သလောက်ပါပဲ။

အဲ့လို ဟင်းမေးလို့ ငါးဘတ်မွှေ ချက်တယ်တို့၊ ငါးမြွေထိုးခြောက်ကြော်နဲ့ ချဉ်ရည်တို့ ပြောလာရင်..ဒီလူတွေ


မဖိုင်းဘူး။ဘာလို့လဲ ဆိုတော့ ငါးကြင်း၊ငါးခူလိုမျိုးတွေ ငါးရံ့ခြောက်ဆိုတာတွေက ကိုယ်တို့ ငယ်ငယ်က သူသူငါငါ
စားနိုင်ကြတဲ့ဟင်းမျိုးကိုး။ အဲ ငါးမြင်းဆီပြန်လိုမျိုး ပုဇွန်ထုတ်လိုမျိုးဆိုရင်တော့ ရေရေလည်လည်
ဖိုင်းနေတယ်ပေါ့။ ဒီလို ဟင်းမျိုးကို ဟင်းရံ ငါးပိတစ်လုပ်စားနိုင်တဲ့ အမေမာတို့ ခေတ်ကလူတွေ ရေရေလည်လည်
ရှယ် ဖိုင်းတယ် ပြောရမယ်။

ခုခေတ်ကတော့ ငါးတူနီခြောက်တွေ ငါးပြေမတွေကစ နိုင်ငံခြား သွားကြတဲ့ခေတ်...ဘရိန်းထရိန်း ငါးထရိန်း


ပုဇွန်ထရိန်း -းဘရိန်းခေတ်မှာ ငါးမြင်းငါးပိတစ် ငါးဘတ် ငါးပိတစ် တွေကို ငါးပိကျက် ချက်ဖို့မတွေးနဲ့
ထမင်းစားပြီးပြီလား ဘာဟင်းနဲ့လဲလို့ မေးဖို့ တောင်လိုမယ် မထင်တော့ပါဘူး။ လူအများကတော့ နည်းနည်း
မဖိုင်းတာ ရေရေလည်လည် မဖိုင်းတာ ရှယ် မဖိုင်းတာပဲ ကွာမယ် မဖိုင်းကြဘူးကွယ်။
အယ်ဇီ၊ ဘလော်ဂါ
allmymemo.blogspot.com အောက်တိုဘာ ၁၉
---------------------------------

လွတ်လပ်ရေး ဘာရေးညာရေး ရအောင်ယူသွားတဲ့ ဘိုးဘွားတွေကိုပဲ ထထ စိတ်ဆိုးချင်ပါတယ်


လွတ်လပ်ရေးတွေ ဘာတွေ ရအောင် ယူမသွားကြရင် ပြည်တွင်းစစ်ကြီးလဲ ဖြစ်စရာမလို
စစ်အာဏာရှင်ကြီးများလဲ ဗိုလ်လုပ်ချင်တိုင်း လုပ်ခွင့် မရနိုင်တော့မှာ လို့ ဘာဖြစ်လို့လဲ ဆိုတော့ တိုင်းတပါးကျွန်
ဘာကျွန် ညာကျွန် အဖြစ်ကမှ လွတ်လပ်နိုင်ပါသေးတယ် ဒို့ဗမာအစည်း အရုံး ထောင်ခွင့် ဘာညာ
ရှိပါသေးတယ်။ ဟော နိုင်ငံရေးလုပ်လို့ နေမ၀င်အင်ပါယာကြီးကို ပုပ်ခတ်စော်ကားလို့ ဘာလို့ဆိုရင်လဲ
ထောင်ခြောက်လပဲ ကျသကိုး

ခု ကိုချစ်ဖေတို့ ၈၈ မျိုးဆက် ကျောင်းသားတွေ ခေတ်နဲ့တော့ ကွာပါ့ဗျာ။ နေမ၀င်အင်ပါယာ အုပ်ချုပ်ရေး


စနစ်ကြီးကို အတုယူပြီး လ နဲ့ နှစ် နားကြားမှားပြီး ၆၅ နှစ်ချလိုက်သလား မသိပါဘူးဗျာ။ နေရရ မနေရရ နှစ်စေ့မှ
လွတ်မယ်ဆို ထောင်ထဲမှာပဲ သေရရုံပါပဲ ဆိုသလို။ အပြစ်ကလဲ ကြီးပေသကိုး။

ခုရောဘာထူးသေးတုန်း တိုင်းတပါးမှာ ထွက်အလုပ်လုပ်ရတော့လဲ တိုင်းတပါးကျွန် ဖြစ်တာပါပဲ မဟုတ်လားဗျာ။


ကိုချစ်ဖေအဲ့လိုပြောရင် ပြည်ပအားကို ပုဆိန်ရိုး ဘာရိုး ညာရိုး ပြောခံရဦးမယ် ဒါနဲ့ပြောချင်တာ
တောင်ဘယ်ရောက် သွားပါလိမ့် ရွေးကောက်ပွဲ ရွေးကောက်ပွဲ ကို ဘယ်တုန်းကမှ စစ်အစိုးရ အဆက်ဆက်က
ယုံကြည်လို့ ပါလဲ ဥပဒေဘောင်ထဲက ၀င်ပူးပြီး ရတဲေ
့ နရာလေးက ပြောမယ် မလိမ်မိုးမလိမ်မာ စစ်သားတွေကို
စည်းရုံးပြီး ဆရာကြီးတက်လုပ်မယ် ဆိုတဲ့သူတွေကော နောက်ဆုံးမှာ ဘယ်လို အဆုံးသတ်သွားတယ် ဆိုတာလဲ
အားလုံး သိကြပါတယ်။
ကိုချစ်ဖေ၊ ဘလော်ဂါ
kochitphay64.blogspot.com အောက်တိုဘာ ၇
---------------------------------

(photo:99sanay.com)
ပင်ပေါင်ကစားတာကို ကျွန်မ ရူးသွပ်ခဲ့တယ်။ ဘောလုံးသေးသေးလေးကို ဘက်တန်သေးသေးလေးနဲ့
စားပွဲခုံထဲက မထွက်အောင် ရိုက်ရတာကိုက စိတ်လှုပ်ရှားစရာ.... တချို့က ပင်ပေါင်ကို လူပျင်းကစားနည်းလို့
ဆိုကြတယ်။ ဝေးဝေးပြေးစရာမလို၊ မြင့်မြင့်ခုန်စရာလဲမလို ဒီစားပွဲခုံလေးတစ်ဝိုက်မှာပဲ ကုန်းကုန်းကွကွ
ကစားနေလို့ပါတဲ့.... တကယ်ဆို ဘယ်လို အားကစားမှာပဲဖြစ်ဖြစ် ပင်ပန်းတာချည်းပဲ၊ ပညာသားပါတာချည်းပဲ။
ပင်ပေါင်မှာ လည်းကြည့်လေ ဘောလုံးကို တိုတိုထိုးမလား? ရှည်ရှည်ထိုးမလား? ပွပွထိုးမလား? ပင့်တင်မလား?
ရိုက်ချမလား? ဘောလုံးက တိုတိုလေးနဲ့ လှိမ့်နေတယ်ဆိုပေမယ့် အားစိုက်ပြီး ပင့်တင်ရတာပဲ။
အာရုံစူးစိုက်မှုရှိရတာပဲ။ သူ့ပညာနဲ့သူတော့ရှိတယ်...
နိုင်းနိုင်းစနေ၊ ဘလော်ဂါ
99sanay.com အောက်တိုဘာ ၁၃
---------------------------------

နိုင်ငံရေးအကြောင်းကို သိလည်း မသိပါဘူး။ နားလည်း မလည်ပါဘူး။ ရှင်းရှင်း ပြောရရင်လူကြီးတွေက လူကြီး


အလုပ် လုပ်သလို ကလေးတွေက ကလေး အလုပ် လုပ် ဆိုသလိုပဲ လက်ခံထားပါတယ်။ ကိုယ်လုပ်နေတဲ့
အနုပညာ အလုပ်ကို အကောင်းဆုံးဖြစ်အောင် ရပ်တည်နိုင်အောင်ပဲ ဆုံးဖြတ် လုပ်ကိုင်နေပါတယ်။
အဲဒီအကြောင်းတွေကို လုံးဝ မသိပါဘူး။
မယ်လိုဒီ၊ သရုပ်ဆောင်
7Day News ဂျာနယ်၊ အောက်တိုဘာ ၂၁
-----------------------------------

ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတချို့ (photo: moemaka)


Watch Dog ဟု မီဒီယာကို ကျွန်မတို့ ခေါ်ကြသည် မဟုတ်ပါလား။ ဤနေရာတွင် အိမ်ရှင်နိုင်ငံ၏မီဒီယာ
သို့မဟုတ် အိမ်စောင့်ခွေးသည် တရားမဝင် ဝင်လာသည်ဖြစ်စေ၊ တရားဝင် ဝင်လာသည် ဖြစ်စေ နိုင်ငံခြားသားကို
နိုင်ငံသားထက်ပို၍ ဦးစားမပေးနိုင်ပါ။

သူတို့၏သတင်းများကို ဝယ်ယူအားပေးကြသော ပရိသတ်နှင့်အတူ မီဒီယာမှာ အတူ နေလေ့ရှိပါသည်။


ထို့ကြောင့် ကြိုးဆွဲထားသော တိုင်းသူပြည်သား၏ လက်က အချက်မပြလျက် အမှန်ဖြစ်နေသည့်တိုင်
နိုင်ငံခြားသား အလုပ်သမား ကောင်းကြောင်း မီဒီယာက ရေး၍ မရပါ။ ကြိုးကိုင်ထားသော စာဖတ်ပရိသတ်က
ဟောင်ရန် အချက်ပြလိုက်လျှ င် မီဒီယာမှာ တဝုန်းဝုန်း မရပ် မနား ဟောင်တော့သည်။ မြန်မာများကို ပုံဖော်သည့်
နေရာတွင် ထိုင်းဘာသာဖြင့်ရေးသော သတင်းစာများ ဆိုးဆိုးရွားရွား ဘက်လိုက်တတ်ခြင်းကို ၎င်းတို့၏
ကိုယ်ကျိုးစီးပွား ဘာမှ မပတ်သက်ဘဲ မြန်မာများ အတွက် ကြားက ဒေါသထွက်ပေးသော
ထိုင်းစာဖတ်တတ်သည့် အနောက်တိုင်းသား ပညာရှင် မိတ်ဆွေများကိုလည်း ကြုံခဲ့ဖူးပါသည်။ သို့သော်
စိတ်ကူးဖြင့် ထိုင်းများ၏နေရာတွင် ခဏလောက် ဝင်နေကြည့်ပါ။ နံနက်မိုးလင်း အိမ်ရှေ့တံခါး ဖွင့်သည်နှင့်
နိုင်ငံခြားသား အလုပ်သမားတွေ လမ်းပေါ် ရောက်နေတာကို သဘောထား ကြီးနိုင်ဖို့ ကျွန်မတို့ တတ်နိုင်ပါရဲ့လား။
နှစ်ဖက်မျှအောင် တွေးကြည့်ခြင်းသာ ဖြစ်ပါသည်။
နွဲ့ကေခိုင်၊ ဆောင်းပါးရှင်
The Voice ဂျာနယ်၊ အောက်တိုဘာ ၂၅
---------------------------------

အမြဲ တမ်း ကွန် ပြူ တာ စ ဖွင့်  ပြီး နာရီ ၀က် လောက် ကြာမှ ကိုးနတ် ရှင် နတ် မင်း ကြီး က ကိုယ် ထင် မပြချင်
..ပြချင်..ပြလေတယ်...။ပက်ကျိ တို့..လိပ် တို့ က အဘ ခေါ် ရ လောက် တဲ့ ကွန် နက် ရှင် က လေး စချိတ် မိ
တော့ လည်း...မော်ဇီလာ မီးမြေ ခွေး က နေ ဂူး ဂဲ ကမ္ဘာ ထဲ ၀င်ဖို့ နာရီ ၀က် လောက် ..ကို try again ပေါင်း ၅
ခါ လောက်အ နဲ ဆုံးကလစ် ပြီး မှ ဂူး ဂဲ ရှာ ဖွေ ရေး စခန်း ကို ရောက်...။ဒါ တောင်..ကိုယ် ရှာ ဖွေ ကြည့် ရှု ချင်
တဲ့ အရာ တွေ ကို တွေ့ ဖို့ မြင် ဖို့..ကျော် ရ ..ခွ ရ... စိတ် ရှည် ရ.. ကလဖန် ထိုး.ရ...ရ....ရ.။ အိုး ....မောပါ
ဘိ.ကွယ်။ ကိုယ့် ဘလော့ လေးတောင်တခါ တလေ ၀င်ကြည့် လို့ မရ တတ်...။မအူ မလည် နဲ့  ဟို ဒီ ငေးမော
နေတုံး....ကိုး နတ် ရှင် ကြီး.က ..ရိုက်ပုတ် ချလား...ချ ရဲ့ ...။
ဖေ့စ်ဘွတ် တို့ တွစ် တာ တို့  ဝေး လို့  ဂျီ တော့ ကလေး သုံး နေ တာတောင် သုံး နေရင်း တပြုတ် တည်း
ပြုတ်ကျနေ တော့...ဒဏ်ကြေ လိမ်း ဆေး တွေ ဆေး တိုက် တတိုက် စာ လောက် ...၀ယ်ထားရ မလို...။ (
ဝေနှင်း ကို အားကျလို့ကိုယ် တို့ လဲ....မိုးကောင်းကင် အင်တာနက် က ခုန် ခုန် ချ နေ ရ တာ ပေါ့ကွယ်..း)
အခု ..တို့ အန် တီ စု တောင် အခုန်အပျံ ကျင့်  ရတဲ့..မြန်မာ့.အင်တာနက် သုံးစွဲသူများ စာရင်း ၀င် တော့မလို့
တဲ့...။ ကိုယ် တို့ တွေ တအား တက်တာပေါ့ နော်း) ဂျီ တော့ ချက် တင်ပွင့် တာ နဲ့ ဘီ ဇီးနေ လား...နီ နေလား
...စိမ်း နေလား..၀ါ နေလား ..ယဉ်ကျေး မနေအား...တွေ့  တုံး ကမန်းကတန်း နှု တ်ဆက်နေတုံး...ဗြုန်းကနဲ
နတ်သက်ကြွေ သလို...ကြွေ ကျ ..။ တာ့ တာ ..တောင် မပြ လိုက်ရ..။
နီဇူလိုင်၊ ဘလော်ဂါ
nijuly.blogspot.com အောက်တိုဘာ ၂၆
---------------------------------

ဒိန်းမတ်မှာ ငှက်ပျောပင် မရှိပါဘူး။ သူတို့တွေ ငှက်ပျောသီးသာ စားနေကြတာ ငှက်ပျောပင် မြင်ဘူးပုံ မရဘူး။


ကျနော်တို့ ရွှေတွေအတွက်လည်း ငှကေ် ပျာပင် မရှိတော့ မုန့်ဟင်းခါးချက်တဲ့အခါ အင်္ဂါမစုံ ဖြစ်ရပါတယ်။
သက်ဦး၊ ဘလော်ဂါ
thetoo.blogspot.com အောက်တိုဘာ ၂၅
---------------------------------

ဖြူဖြူသင်း (photo: Moemaka)


အိတ်ခ်ျအိုင်ဗွီ ကုသပေးတဲ့ ဆေးရုံ နှစ်ရုံပဲ ရှိတယ်ဆိုတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အရမ်းကို
နည်းပါးတာပေါ့နော် နည်း ပါးတယ်ဆိုတဲ့အခါကျတော့ အမှန်တကယ် ဒီရောဂါကို လျော့နည်းသွားအောင်
ထိန်းချုပ်ထားနိုင်အောင် ဆိုလို့ရှိရင် ဒီသက်ဆိုင်ရာ အာဏာပိုင်တွေမှာ အများကြီး အာဏာရှိတယ်။
ဒါကြောင့်လည်း သူတို့ ဦးဆောင်ပြီး သူတို့ မလုပ်နိုင်ရင်တောင် လုပ်နိုင်တဲ့သူကို တွန်းအားပေးတာမျိုးတွေ၊
ပူပေါင်းဆောင်ရွက်မှုမျိုးတွေ လုပ်မှပဲ ဒီရောဂါကို ထိန်းချုပ်လို့ရမှာ။
မဖြူဖြူသင်း
DVB အသံလွှင့်ဌာန၊ အောက်တိုဘာ ၁
-----------------------------------
တောင်ငူမှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ပိတ်ထားတဲ့ ပလီတွေပေါ့၊ တောင်ငူမှာ လေးလုံးကလွဲရင်
ရှစ်လုံး၊ ကိုးလုံးလောက်ကို ပိတ်ထားတယ်။ အဲဒီဟာတွေကို တောင်ငူမှာ အရွေးခံမဲ့ ဗိုလ်ချုပ်ဟောင်း
ဦးအောင်မင်းကနေ သူတို့ ကြံ့ခိုင်ရေးသာ အရွေးခံရလို့ရှိရင် ဒီပလီတွေကို ပြန်ဖွင့်ပေးပါမယ် ဆိုပြီးတော့
မူစလင်တွေကို သူက စည်းရုံးထားတာ ရှိတယ်။
တောင်ငူမြို့နယ်မှာ ကြံ့ခိုင်ရေး ပါတီ အနိုင်ရခဲ့ရင် လက်ရှိ ဖွင့်ထားတဲ့ ဗလီတွေကို ပြန်လည် ပြင်ဆင်ခွင့်
ပြုမဲ့အပြင် ပိတ်ထားတဲ့ ဗလီတွေကိုပါ ပြန်ဖွင့်ပေးမယ်လို့ ပြောဆိုစည်းရုံးခဲ့ကြောင်း သိရပါတယ်။
အစ္စလာမ် ဘာသာဝင်တဦး၊ တောင်ငူမြို့ 
RFA အသံလွှင့်ဌာန၊ အောက်တိုဘာ ၂၇
-----------------------------------

(လေဘာပါတီ ညီလာခံမှာ ပြောတဲ့) ကျမရဲ့ မိန့်ခွန်းကို ကြည့်ပြီးတဲ့ အခါမှာ သူတို့ တခုခု လုပ်ချင်လာတယ်၊
သူတို့ ဘယ်လို ပါဝင်လို့ရမလဲ၊ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ သူတို့လည်း လှုပ်ရှားမှု တခုခု လုပ်ချင်တယ်
ဆိုပြီးတော့ မြန်မာလူငယ်တွေ ဆက်သွယ်လာတာ အများကြီးရှိတယ်။
ဝေနှင်းပွင့်သုန်
ဧရာဝတီ သတင်းဌာန၊ အောက်တိုဘာ ၇
----------------------------------
နိုင်ငံခြားခရီးစဉ်တွေများလို့ ဘယ်လို အောင်မြင်တယ်ဆိုတာထက် ကျွန်တော်တို့ ဘယ်လို ဒုက္ခရောက်ခဲ့တ ယ်
ဆိုတာကို ရေးတာများတယ်။ အဓိကက နောက်လူတွေ နိုင်ငံခြားသွားတီးရင် ဒုက္ခ မရောက်စေချင်တဲ့ စေတနာ၊
ကျွန်တော်တို့ကို အထင်ကြီးတဲ့သူတွေ နောက်ကွယ်မှာခံရတာတွေကိုသိစေချင်တယ်။ ကောင်းတာကတော့
ကျွန်တော် မရေးဘူး။ ကျွန်တော့်အကြောင်း သူများ ရေးလိမ့်မယ်။
နိုင်ဇော်၊ Lazy Club တီးဝိုင်း
First Music ဂျာနယ်၊ အောက်တိုဘာ ၅
---------------------------------

ခုချိန်မှာ တော့ ကိုယ်က နေတိုင်း နေ့တိုင်း ဘုရားရှိခိုး၊ ပုတီးစိပ်ဖြစ်သလို ပဋာန်း အကျယ်ရွတ် ဖတ်တယ်။
ပြီးတော့ ကျွန်မ ၁၅ နှစ် သမီးထဲက ဓမ္မစကြာ ရွတ်လာတာ။ အခု အသက် ၄၄ နှစ်အထိ တစ်ရက်မှ မပျက်ခဲ့ဘူး။
ထွန်းအိန္ဒြာ ဗို၊ အဆိုတော်၊ သရုပ်ဆောင်
First Music ဂျာနယ်၊ အောက်တိုဘာ ၅

You might also like