You are on page 1of 33

Uncensored Burma - Daily News ( 2010 Nov 26 )

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ
အင်တာဗျူး
နိုဝင်ဘာ ၂၆၊ ၂၀၁၀ မိုးမခ

ယနေ့ညနေမှာ မိုးမခက အင်န်အယ်ဒီပါတီ ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့


ခေတ္တခဏ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ မိုးမခက လက်ခံရရှိထားတဲ့ ပြည်တွင်း ပြည်ပက မြန်မာများရဲ့
မေးမြန်းချက်တွေ၊ သဘောထားတွေကို တင်ပြပြီး ဒေါ်စုရဲ့ တုန့်ပြန်ချက်ကို ကောက်နုတ်ဖော်ပြလိုက်တာ
ဖြစ်ပါတယ်။

ပထမဦးဆုံး မြန်မာပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် ၀မ်းမြောက်ဝမ်းသာ


ဖြစ်ကြတယ်။ အားတက်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး၊ လုံခြုံရေး၊ အမျိုးသားရေးလုပ်ငန်းတွေ
အစီအစဉ်တွေကို အားလုံးက အဆင်ပြေ ချောမွေ့ အောင်မြင်စေဖို့ ဆုမွန်ကောင်းတွေ တောင်းနေကြတယ်၊
မေတ္တာပို့နေကြတယ်၊ ထောက်ခံ အားပေးလျက် ရှိတယ် ဆိုတဲ့ အကြောင်းကို အရင်ဆုံး တင်ပြလိုပါတယ်။

ကျေးဇူးတင်ပါတယ်။ ကျမတို့ အခုလို ကြားသိရတဲ့အတွက်လည်း ၀မ်းသာပါတယ်။

နောက်တခုကတော့ ပြည်ပမှာ မြန်မာအမျိုးသားတွေကလည်း လူမှုရေးကွန်ယက်တွေအဖြစ် တယောက်တလက်


ကိုယ်ထူကိုယ်ထ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတာတွေ ရှိတယ်။ ပြည်တွင်းက
လူမှုရေးစွမ်းဆောင်သူတွေကို အားပေး ဂုဏ်ပြုကြတာတွေ လုပ်နေကြတာတွေ ရှိပါတယ်။ ဥပမာအားဖြင့်
ပြည်သူ့ဂုဏ်ရည် လှုပ်ရှားမှုတွေ စသည်ဖြင့် အဲသည်အတွက်ကို ဘာများ ပြောလိုပါသလဲ။

ကျမ ဒီအကြောင်းကို ကြားရ သိရပါတယ်။ ၀မ်းသာပါတယ်။ ဒါမျိုးတွေကို ဆက်ပြီးတော့ လုပ်သွားကြပါ။


သားတို့အနေနဲ့ ညီညီညွတ်ညွတ် လုပ်ကြရမယ်နော်။ အပြင်က အဖွဲ့တွေက အကွဲကွဲအပြားပြားဖြစ်နေတယ်လို့
ခဏခဏ အပြောခံရတာ မကောင်းဘူးနော်။ တခါတလေမှာ နိုင်ငံရေးအရ နဲနဲ ကွဲပြားနေကြတာတွေကို
လူမှုရေးလုပ်ငန်းတွေ အတူတူလုပ်ရင်းနဲ့ ရင်ကြားစေ့ကြလို့ ရှိရင် အခြေအနေတွေ ကောင်းလာလိမ့်မယ် လို့
ထင်ပါတယ်။

ဟုတ်ကဲ့ပါ။ ပြည်ပက မြန်မာအမျိုးသားတွေ၊ တိုင်းရင်းသားတွေက မြန်မာပြည်ပြင်ပမှာ၊ နယ်စပ်ဒေသတွေမှာ


ရွှေ့ပြောင်းနေထိုင်ကြနေကြရတယ်။ အခုဆိုရင် နှစ်ပေါင်း ၂၀ လောက် ရှိပြီ။ သို့သော် တိုင်းပြည်ရဲ့
အမျိုးသားရေးနဲ့ ပတ်သက်ရင်တော့ အမြဲတန်း စိတ်ဝင်တစား၊ တက်တက်ကြွကြွနဲ့ ရောက်ရာ
ကျရာနေရာတွေကနေ လှုပ်ရှားမှုတွေ၊ တောင်းဆိုမှုတွေ၊ ရပ်တည်မှုတွေကို နှုတ်ပိတ်ခံထားရတဲ့ ပြည်တွင်းက
ပြည်သူတွေကိုယ်စား ဆောင်ရွက်နေကြတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ၂၀၀၈ အခြေခံဥပဒေတို့၊ ၂၀၁၀
ရွေးကောက်ပွဲတွေကို လက်မခံဘူး၊ ကန့်ကွက် ဆန့်ကျင်ခဲ့ကြတယ်။ အဲသည်အတွက်ကို ဘာပြောချင်ပါသလဲ။

အခုလိုမျိုး လုပ်ကိုင် ဆောင်ရွက်တာတွေဟာ ခုချိန်မှာ အရေးကြီးတယ် လို့ ပြောချင်ပါတယ်။


တိုင်းရင်းသားတွေနဲ့ လက်တွဲလုပ်ကြဖို့ကိုလည်း မမေ့ကြစေချင်ဘူးနော်။ အခုချိန်ဟာ တကယ်တော့

PDF created with pdfFactory trial version www.pdffactory.com


ကျမတို့အတွက် အလွန်အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ အခုချိန်မှာ အားလုံးက စုပေါင်းအင်အားနဲ့
လှုပ်ရှားရမယ့် အချိန်ဖြစ်ပါတယ်။ ဒါကို သားတို့က သိမှာပါ။

အခုအချိန်မှာ အဖွဲ့ချုပ်အနေနဲ့ ပြည်တွင်းမှာ အရင်တုန်းကနဲ့ မတူတဲ့ ထောက်ခံမှုတွေ ရနေတယ်။


ဒါပေမယ့် တချိန်တည်းမှာလည်း အဖွဲ့ချူပ်ကို မှတ်ပုံတင်ထားတဲ့ အဖွဲ့ချူပ်မဟုတ်ဘူးဆိုတာမျိုး ဖြစ်အောင်လို့
လုပ်နေတာတွေလည်း ရှိနေတဲ့ အချိန်လည်း ဖြစ်နေတော့။ ဒါတွေက အများကြီး လုပ်ရမယ့် အချိန်ပဲ။
ဟုတ်ကဲ့ပါ။ ကျနော်တို့ ကြားသိ တွေ့မြင်ရသလောက်ကတော့ မြန်မာပြည်သူတွေ အားလုံးလိုလိုက
အင်န်အယ်ဒီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဟာ နိုင်ငံရေးပါတီတခုအနေနဲ့တင်သာမကဘူး၊
မြန်မာပြည်သားတွေရဲ့ လူမှုအဖွဲ့အစည်း၊ နိုင်ငံပြု အဖွဲ့အစည်းလို မှတ်ယူထားပြီးသား ဖြစ်ပါတယ်လို့
ပြောချင်ပါတယ်။ နိုင်ငံတကာဖက်ကအနေနဲ့ကော ဘယ်လိုမျိုး မြင်ချင် တွေ့ချင်တာ ရှိပါသလဲ။

ဟုတ်ကဲ့။ နောက်တခုကလည်းလေ ဥပဒေကြောင်းအရ တတ်နိုင်သမျှ ၀န်းရံပြီးတော့


ပြောပေးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖွဲ့ချူပ်ကို မှတ်ပုံတင်ထားတာကို ဖျက်မယ်ဆိုတာဟာ ဥပဒေနဲ့
မညီဘူး။ ကျမတို့ ရှေ့နေတွေနဲ့ သေသေချာချာ တင်ထားတယ်။ ဥပဒေကြောင်းအရသာ ဖြစ်ရမယ်ဆိုရင်တော့
အဖွဲ့ချူပ်ကို မှတ်ပုံတင် ရုပ်သိမ်းလို့ မရဘူး။ အဲဒါကို ကမ္ဘာတလွှားက ပညာရှင်တွေကနေပြီးတော့ ဒီဟာကို
ထောက်ပြပြီးတော့ ဥပဒေအမြင်ကနေပြီးတော့ ထောက်ခံပေးတာကိုလည်း လုပ်ပေးစေချင်တယ်။ သားတို့လည်း
လုပ်ပေးစေချင်တယ်။

ဟုတ်ကဲ့ပါ။ မြန်မာပြည်တွင်းက ဒေါ်စုတို့လို နိုင်ငံရေးခေါင်းဆောင်တွေ၊ အမျိုးသားခေါင်းဆောင်တွေ၊


နိုင်ငံရေးအင်အားစုတွေရဲ့ ဆောင်ရွက်မှုတွေ၊ ချမှတ်ဖော်ဆောင်မှုတွေကိုလည်း အားလုံးက နားစွင့်ပြီး၊ စောင့်ပြီး
နားထောင်ပြီး လိုက်ပါဆောင်ရွက်နေကြတယ်ဆိုတဲ့အကြောင်းကိုလည်း ပြောနေကြပါတယ် ခင်ဗျာ။

ကျေးဇူးတင်ပါတယ် သားရယ်။

နောက်တချက်ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး အလုပ်တွေ၊ လှုပ်ရှားမှုတွေမှာ


အင်န်အယ်ဒီပါတီဘက်က ရပ်တည်ပေးနေကြတဲ့ ပြည်သူလူထုတွေ ရှိတယ်၊ တိုင်းရင်းသားတွေ နိုင်ငံရေး
အစုအဖွဲ့တွေ ရှိနေတယ်။ ဒ့ါအပြင် တဖက်ကကြည့်ရင်လည်း တပ်မတော်တို့၊ မကြာခင်မှာ ပေါ်ထွန်းလာနိုင်တဲ့
လွှတ်တော်တို့ အခြားနိုင်ငံရေးအင်အားစုတွေနဲ့ကော ဘယ်လိုမျိုး လက်တွဲပြီး လုပ်သွားမယ်ဆိုပြီး
မျှော်လင့်ထားသလဲဆိုတာကိုလည်း သိချင်ကြပါတယ်။

အန်တီတို့က ကြိုးစားနေတာပဲ။ အခုဆိုရင်လည်း ရွေးကောက်ပွဲဝင်ခဲ့တဲ့ ပါတီ ၁ ခု ၂ ခု နဲ့၊


တသီးပုဂ္ဂလတွေနဲ့လည်း တွေ့ပြီးပါပြီ။ အများကောင်းကျိုးကို တတ်နိုင်သမျှ လက်တွဲပြီး လုပ်ကြမယ်ဆိုတဲ့
သဘောတူညီချက် ရခဲ့ပါတယ်။ ဒီထက်ပိုပြီး ထပ် ထပ် ပြီးတော့ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့
အခြေအနေတွေ ဖြစ်အောင်လို့ ကြိုးစားသွားမှာပါ။ အဲသည်တော့ သားတို့တွေ အနေနဲ့ကလည်း
သည်လိုကြိုးစားမှုတွေကို ထောက်ခံမယ် ပံ့ပိုးမယ်လို့ ဆိုတာကို ယုံကြည်ထားပြီးသားပါ။

အဲသည်မှာ မေးခွန်းတခုကတော့လေ … ဒီမိုကရေစီရေး လှုပ်ရှားမှုတွေထဲမှာ အင်န်အယ်ဒီရဲ့ ရပ်တည်မှုတွေထဲက


အခြေခံအချက်တခုဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရမယ်၊ ဒီမိုကရေစီရေးကို အခြေခံတဲ့
အာမခံတဲ့ အခြေခံဥပဒေတရပ် ပေါ်ထွန်းလာရေးကို ထောက်ခံပြီး ဦးတည်ပြီး ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

PDF created with pdfFactory trial version www.pdffactory.com


စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကို ရည်မှန်းကြတယ်။ ဒီလိုမျိုး ဆောင်ရွက်နိုင်အောင်လို့
အခြားအင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေကို အားလုံးက ဘယ်လို စည်းရုံးကြမယ်လို့ မျှော်လင့်ပါသလဲ
ခင်ဗျာ။

ဒါကတော့ ရွေးကောက်ပွဲဝင်ပြီးတဲ့သူတွေလည်း တော်တော် အခြေအနေတွေကို သိလာကြပါပြီ။


ဒီအတိုင်းဆက်သွားမယ်ဆိုရင် အစတုန်းကတော့ Political Space ရဖို့လုပ်ခဲ့ကြတာ လို့ ဆိုတယ်။
တကယ်တန်းကျတော့ Political Space ရှိရဲ့လား၊ မရှိဘူးလား ဆိုတာကို လက်တွေ့ကျကျ သုံးသပ်ကြဖို့
လိုတယ်ဆိုတာကိုတော့ သားတို့က ထောက်ပြကြရလိမ့်မယ် ထင်တယ်။

အဲဒါကတော့ ဆောင်ရွက်ကြရတဲ့နေရာမှလည်းပဲ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေပေါ်မှာ မူတည်ပါတယ်။


ဒီကိစ္စတွေက ဘာနဲ့ စရမှာလဲ ဆိုတော့ နှစ်ဦး နှစ်ဖက် တွေ့ဆုံဆွေးနွေးတာနဲ့ စရမယ်။ အခုသုံးနေကြတဲ့
စကားကတော့ Exchange ပေါ့။ Engagement ပေါ့။ Exchange ရှိရမယ်။ Engagement ရှိရမယ်။ Exchange
of Ideas ရှိရမယ်။ အပြန်အလှန်ဆွေးနွေးကြပြီးတော့မှ ကိုယ်ကနေပြီးတော့ ဘယ်လိုပုံစံနဲ့ပြောရင်
သူတို့နားလည်သဘောပေါက်မယ် ဆိုတာ အဲလိုဆုံးဖြတ်ရမှာပေါ့။

အဖွဲ့ချုပ်ကို လက်ရှိစစ်အစိုးရနဲ့ အခြားနိုင်ငံရေးအင်အားစုတွေက အနှောက်အယှက်ပေးတယ်။ မတရားမှုတွေ


လုပ်လာတာမျိုးတွေ ရှိလာရင်၊ ဖြစ်လာရင် ပြည်သူလူထုအားလုံး ပါဝင်နိုင်တဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ
ဘယ်လိုမျိုး ၀ိုင်းဝန်းပြီး လုပ်ကြရင် ကောင်းမှာလဲ ဆိုတာ ဘယ်လိုပြောချင်ပါသလဲ ခင်ဗျာ။

ပထမဦးဆုံးအဓိကအချက်ကတော့ Awareness ပိုပြီးရှိလာအောင် လုပ်ကြဖို့ ဖြစ်တယ် လို့


ပြောချင်ပါတယ်။ နိုင်ငံတကာအဆင့်နဲ့ကို Awareness ရှိလာအောင်လို့၊ ရှိနေအောင်လို၊့ အခြေအနေကို
အများကနေပြီးတော့ ပိုပြီး သိလာအောင်လို့၊ ထောက်ခံလာအောင်လို့ လုပ်ကြတဲ့နေရာမှာ အပြင်က
လုပ်ပေးနိုင်တာက အထဲမှာ အန်တီတို့ မလုပ်ပေးနိုင်တာ အများကြီး ရှိတယ်။ အထဲမှာ အန်တီတို့လုပ်မယ့်
လှုပ်ရှားမှုတွေကို အပြင်ကလည်း သိမှာပဲ။ သိကြလို့ရှိရင် ကိုယ့်အထိုက်အလျောက် ၀ိုင်းကြဖို့၊ ၀န်းကြဖို့ပါပဲ။
ဒါတွေက အန်တီတောင် ပြောဖို့ မလိုဘူး ထင်ပါတယ်။ အခု သားတို့ လုပ်နေကြပဲ။ လုပ်ပေးနေကြပဲ။

ဟုတ်ကဲ့ပါ။ အဲသည် လုပ်ပေးနေကြပဲ ဆိုတဲ့နေရာမှာ တခုကတော့ နိုင်ငံတကာက စစ်အစိုးရကို


ပိတ်ဆို့အရေးယူထားတဲ့ Sanction ဆိုတဲ့အပေါ် ဒီဘက်ကသဘောထားတွေ အနေနဲ့ ပြောချင်ပါတယ်။ ဒီ
နိုင်ငံတကာက ဒီမိုကရေစီလိုလားတဲ့ နိုင်ငံတွေက မြန်မာစစ်အစိုးရကို ပိတ်ဆို့အရေးယူထားတယ်ဆိုတာက
မြန်မာပြည်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ထောက်ခံတဲ့ သဘောကို ပြတဲ့အနေနဲ့ အရေးယူမှုဖြစ်တယ်။
ထောက်ခံမှုကို ပြသတဲ့ သဘောအဖြစ် မှတ်ယူထားကြတာဖြစ်ပါတယ်။ ဒါတွေဟာ မြန်မာပြည်ဒီမိုကရေစီရေးမှာ
မြင်သာတဲ့ တိုးတက်ပြောင်းလဲမှုတွေ မဖြစ်မချင်းမှာ ဆက်လက်ကိုင်စွဲသွားရမယ့် အရေးယူမှုတခုဖြစ်တယ်လို့
ဒီမိုကရေစီရေးလိုလားသူ မြန်မာကွန်မြူနီတီတွေရဲ့ သဘောထားလို့ ပြောပြချင်ပါတယ် ခင်ဗျာ။

ဒါလဲ အန်တီတို့က သဘောတူပါတယ်။ အန်တီတို့အနေနဲ့က အခြေအနေတွေကို ပြန်ပြီး Review


လုပ်မယ်လို့ပဲ ပြောတာပါ။ အခုလို ပြောပြတာတွေနဲ့ ပတ်သက်လို့ သဘောမတူစရာအကြောင်း
အန်တီတို့ဖက်က ဘာမှ မရှိဘူး။ Sanction တွေကြောင့်မို့လို ဒီမှာ စီးပွားရေးအခြေအနေတွေ မကောင်းတာပါ
လို့ပြောနေကြတာကလဲ မဟုတ်ဘူး ဆိုတာကို ယုံတယ်။ ဒါကိုလည်း ထင်ထင်ရှားရှားပေါ်လွင်အောင်လည်း

PDF created with pdfFactory trial version www.pdffactory.com


အန်တီတို့အနေနဲ့က လုပ်မယ်။ လူထုကို ထိခိုက်နေတာတွေ ရှိတယ် ဆိုရင်လည်း ကြည့်ပြီးတော့
ပြန်စဉ်းစားရမှာပေါ့။ ဒါပေမယ့် ခုနက သားပြောသွားတာတွေကလည်း အန်တီတို့ရဲ့ အခြေခံမူပါပဲ။

နောက်တဆင့်ထပ်ပြောချင်တာကတော့ ဒီလိုမျိုး နိုင်ငံတကာက စစ်အစိုးရကို ပိတ်ဆို့အရေးယူထားတာတွေ


ရှိတဲ့ကြားထဲကပဲ နောက်ပိုင်းတွေမှာ ၂၀၀၃ မေလ ဒီပဲယင်းလုပ်ကြံမှုလိုမျိုး ဒေါ်စုနဲ့ အင်န်အယ်ဒီကို
အကြမ်းဖက်မှုတွေ လုပ်တယ်။ နောက်ပိုင်း ထင်ရှားတာတွေက ၂၀၀၇ သံဃာ့အရေးအခင်းတွေ၊ ၂၀၀၈
နာဂစ်အရေးအခင်းတွေမှာ လက်နက်မဲ့တဲ့ အပြစ်မဲ့တဲ့ ပြည်သူလူထုအပေါ်မှာ စစ်အစိုးရနဲ့ အပေါင်းအပါတွေက
မတရားမှုတွေ လုပ်တယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဖမ်းဆီး သတ်ဖြတ် နှိပ်စက် ထောင်ချတာတွေကို
လုပ်တယ်။ ဒါတွေကို နောင်ဆက်မဖြစ်အောင် ဟန့်တားနိုင်အောင်လို့၊ ဖြစ်ခဲ့တာတွေကိုလည်း
အမှန်တရားအတိုင်း ပေါ်ပေါက်ဖော်ထုတ်နိုင်အောင်လို့ ကုလသမဂ္ဂလိုမျိုး အဖွဲ့အစည်းတွေနဲ့
နိုင်ငံတကာဥပဒေအရ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ပေါ်လာအောင် အရေးယူနိုင်အောင် လုပ်လာကြတာတွေ
ဖြစ်တယ် ဆိုတာကလည်း ဒီမှာရှိနေတဲ့ မြန်မာကွန်မြူနီတီတွေကိုယ်တိုင်ရဲ့ သဘောထားဖြစ်တယ်လို့
ပြောချင်ပါတယ်။

ဒါလဲ အန်တီတို့ သဘောတူပါတယ်။ သဘောမတူစရာ အကြောင်းမရှိပါဘူး။ ဒီမူတွေဟာ မှန်တယ်လို့


အန်တီတို့ ယုံကြည်တယ်။ ဒါပေမယ့်လည်း အချိန်ကာလအလျောက် ပြန်ပြီးတော့ Review လုပ်မယ်
ဆိုတာကလည်း တာဝန်အရ Review လုပ်မှာပေါ့နော်။ Review လုပ်တယ် ဆိုတာကလည်း အန်တီတို့
တွေ့တိုင်းအတိုင်းပဲ ထုတ်ဖော် ပြောဆိုမှာ ဖြစ်ပါတယ်။ အန်တီအနေနဲ့ကလည်း စီးပွားရေးဒုက္ခတွေ
ဖြစ်နေတာဟာ Sanction တွေကြောင့် မဟုတ်ဘူးဆိုတာလည်း ပေါ်လွင်အောင် ဆွေးနွေးပြီးတော့
ဖော်ထုတ်ပေးရမှာပေါ့။ အဲဒါကိုလည်း အန်တီတို့ကလည်း တန်ဖိုးထားပါတယ်။

နောက်ဆုံးတခုအနေနဲ့ကတော့ ပင်လုံညီလာခံကြီးကို ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ကို အားလုံးက မျှော်လင့်နေတယ်။


မြန်မာပြည်သူတွေကိုယ်တိုင်ကလည်း ရောက်ရာ၊ ရာရာနေရာတွေကနေပြီး ဘယ်လို အခမ်းကဏ္ဍတွေကနေပြီး
ဘယ်လို ၀ိုင်းဝန်းကြရမလဲဆိုတာကို ကြိုဆိုနေကြတယ် လို့ ပြောကြားနေကြတဲ့အကြောင်း၊
စိတ်အားထက်သန်နေကြတဲ့အကြောင်းကို ပြောပြလိုပါတယ်။

ကျေးဇူးတင်တယ် သားရယ်။ ဒါနဲ့ ပတ်သက်လို့လဲ အန်တီတို့က အကူအညီလိုမှာပါ။


အကူအညီလိုတဲ့အခါကျရင် အန်တီတို့ ဆက်သွယ်မယ်လေ။ ဆက်သွယ်လို့ရအောင်ကိုလည်း အဖွဲ့ချုပ်က
တာဝန်ရှိသူတွေကို ပြောပြထားကြရင် ကောင်းမယ် ထင်တယ်နော်။ အခုလို ပြောကြတာတွေဟာ
တန်ဖိုးရှိပါတယ်။ ဒီလိုပြောတဲ့အခါကျတော့လည်း အတွင်းမှာရှိတဲ့ အန်တီတို့ သဘောထားတွေနဲ့ အပြင်က
သဘောထားတွေနဲ့က ကွာခြားမှုမရှိဘူး။ ကွာဟမှု မရှိဘူး ဆိုတာ သိရတော့လည်း အန်တီတို့အတွက်
အားတက်စရာပေါ့။

သားတို့အားလုံး ကျန်းကျန်းမာမာရှိအောင် နေကြနော်။ ကျန်တဲ့သူတွေကိုလည်း အန်တီက


နှုတ်ဆက်လိုက်တယ်။ မေတ္တာပို့လိုက်ပါတယ်လို့ ပြောလိုက်ပါနော်။

ဒါတွေကတော့ ၂၆ ရက် နိုဝင်ဘာ ညနေခင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ခေတ္တ ဆုံတွေ့ခွင့်ရချိန်မှာ


မိုးမခ၀ိုင်းတော်သားများရဲ့ တင်ပြဆွေးနွေးမှုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေများပဲ ဖြစ်ပါတယ်။

PDF created with pdfFactory trial version www.pdffactory.com


အဲသည်လို တွေ့ဆုံချိန်လေးအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ မြန်မာပြည်ရဲ့
ကဗျာဆရာကြီး ဦးတင်မိုးအကြောင်းကို အမှတ်တရ စကားပြောပါတယ်။ ဆရာ့အစီအစဉ်တွေကို
လေလှိုင်းများကတဆင့် အမြဲတမ်း နားထောင်နေခဲ့တဲ့အကြောင်း ဆရာဦးတင်မိုးရဲ့ သမီးငယ် မိုးချိုသင်းကိုလည်း
နှုတ်ဆက်စကားပြောပါတယ်။

အခုတော့ ဆရာဦးတင်မိုးအသံတွေ မကြားရတော့ပေမယ့် ဆရာ့ဦးတင်မိုးရဲ့ မိတ်ဆွေ ဆရာမောင်စွမ်းရည်ရဲ့


အသံတွေကတော့ ဆက်ကြားနေဆဲ ဖြစ်ကြောင်းနဲ့ ဆရာမောင်စွမ်းရည်နဲ့ စာပေမိတ်ဆွေများကို
နှုတ်ဆက်လိုက်ကြောင်းကိုလည်း စကားလက်ဆောင် ပေးခဲ့ပါတယ်။

စစ်အစိုးရက လုံခြုံရေး တင်းကြပ်လိုသဖြင့် ဗုံးလှန့်


ခင်နှင်းလွင်၊ ရန်ကုန်
နိုဝင်ဘာ ၂၆၊ ၂၀၁၀ မိုးမခ

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့လယ်ရှိ အင်တာနက်ဆိုင် တစ်ချို့တွင် အရပ်ဝတ်ရဲ တပ်ဖွဲ့ဝင်တို့က


မြို့တော်ခန်းမအနီးရှိ စီးတီးစတား ဟိုတယ်အောက်ထပ်မှ အင်တာနက်ဆိုင်တွင် ဗုံးထောင်ခဲ့သည်ဟု ယူဆရသူ
ဖောက်ခွဲရေးသမားနှစ်ယောက် ဓါတ်ပုံများကိုလိုက်ပြသပြီး အင်တာနက်ဆိုင်များတွင် မသင်္ကာဘွယ်ရာတွေ့ပါက
သူတို့ထံ ဆက်သွယ် သတင်းပို့ဖို့ ပြောဆိုလျက်ရှိသည်ဟု အင်တာနက် သုံးစွဲသူများ၏ ပြောဆိုချက်အရ
သိရှိရသည်။

`စီးတီးစတား အင်တာနက်ဆိုင်မှာ ဗုံးထောင်ခဲ့တဲ့ ဖောက်ခွဲရေး သမားဓါတ်ပုံတွေ ဆိုတဲ့ပုံတွေ


ကိုကိုင်ပြီးတော့ အင်တာနက်ဆိုင်ထဲ အက်စီဘီလို့ ယူဆရတဲ့သူ တစ်ယောက်ဝင်လာတယ်။ ဒီလူတွေကို မြင်ရင်
လက်မခံဖို့ သတင်းပေးဖို့၊ဘာညာပေါ့။ ပုံတွေကလည်း မှုန်ဝါးဝါးနဲ့ မပြတ်သားဘူး။ သူတို့ကဘာရည်ရွယ်ချက်
ရှိလည်းမသိနိုင်ဘူးလေ။ ဒါကိုအကြောင်းပြပြီးတော့ အင်တာနက် ဆိုင်တွေကို ဗုံးခွဲမလား၊ လုံခြုံရေး
တင်းကြပ်ချင်တာလားမသိဘူး´ ဟု အင်တာနက်သုံးစွဲသူ တစ်ဦးကပြောပြသည်။

နိုဝင်ဘာ ဒုတိယပတ်အတွင်းက အစိုးရထုတ် သတင်းစာများအရ စီးတီးစတား ဟိုတယ်အောက်ရှိ


အင်တာနက်ဆိုင်တွင် လူနှစ်ဦးက ဗုံးထောင်ခဲ့သော်လည်း အချိန်မီတွေ့ရှိခဲ့ခြင်းကြောင့် အသက်ဆုံးရှုံးမှုကို
ကာကွယ်နိုင်ခဲ့ကြောင်းနှင့် ဗုံးထောင်သူဟု ယူဆရသူနှစ်ဦးရဲ့ ဓါတ်ပုံတွေကိုလည်း သတင်းထုတ်ပြန်ခဲ့သည်။
သို့ရာတွင် အဆိုပါ ဓါတ်ပုံပါသူ နှစ်ဦးသည် ဗုံးထောင်သူများ မဟုတ်ပဲ ကုလသမဂ္ဂအဖွဲ့အစည်းမှ
ဌါနေ၀န်ထမ်း နှစ်ဦးဖြစ်နေသည်ပြီး သူတို့၏ တာဝန်ထမ်းဆောင်ရာ အဖွဲ့မှ သက်ဆိုင်ရာသို့
ကန့်ကွက်စာပေးပို့ထားသည်ဟုလည်း သတင်းထွက်ပေါ်လျက်ရှိသည်။

အစိုးရအနေဖြင့် လုံခြုံရေး ပိုမိုတင်းကြပ်လိုသဖြင့် ယခုလို ဇတ်လမ်းမျိုး ဖန်တီးခြင်း ဖြစ်နိုင်သည်ဟုသာ


ရန်ကုန်မြို့ခံများက ကောက်ချက်ချကြသည်။ ဗုံးတွေ့ရှိသည့် သတင်းများ၊ ဗုံးကွဲသည့် သတင်းများအများစုကို
အစိုးရ၏ နိုင်ငံရေး လှည့်ကွက်များအဖြစ်သာ ပြည်သူလူထုက ကောက်ချက်ချရှုမြင်ကြသည်။

အဘယ်ကြောင့်ဆိုသော် မည်သည့်ဗုံးတွေ့ရှိခြင်း၊ ဗုံးကွဲခြင်းတို့ကိုမှ ဖမ်းမိပြီးနောက် ရှင်းရှင်းလင်းလင်း


ပြောဆိုထုတ်ပြန်ခြင်း မရှိခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။

PDF created with pdfFactory trial version www.pdffactory.com


ဗိုလ်ခင်ညွန့် ဘယ်ပျောက်နေသလဲ
မိုးမခအထောက်တော် အမှတ် ၀၀၂
နိုဝင်ဘာ ၂၆၊ ၂၀၁၀ မိုးမခ

အကျယ်ချုပ် ချခံနေရသော ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ပြောင်းရွှေ့ချုပ်နှောင်သည့်မြင်ကွင်းဟု ယူဆရသည့်


ဗီဒီယိုဖိုင်တခု မကြာသေးမီက အင်တာနက်စာမျက်နှာသို့ ရောက်လာသည်။

FaceBook အင်တာနက် လူမှုကွန်ရက်တွင် အကောင့် ရှိသူများ


http://www.facebook.com/video/?id=100001219370983#!/video/video.php?v=14421260229605
1 တွင် သွားရောက် ကြည့်ရှုနိုင်သည်။

မိုး အနည်းငယ်ရွာနေသည့် ညဘက်တွင် ရန်ကုန်မြို့ရှိ ဦးခင်ညွန့်၏ အိမ်ရှေ့သို့ လုံခြုံရေး အရာရှိတချို့ 


စုဝေးနေပုံကို ဗီဒီယို အစပိုင်းတွင် တွေ့ရသည်။ ခြံတခါးဝ၊ အိမ်ရှေ့တံခါးဝတို့တွင် ၂ မိနစ်ကြာမျှ
စောင့်ဆိုင်းပြီးနောက် ဦးခင်ညွန့်၊ ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းရွှေတို့ တံခါးဖွင့်ပေးသည်ကို တွေ့ရသည်။

ဆံပင်ဆေးဆိုးမထားသည့် ဦးခင်ညွန့်သည် ပုဆိုး၊ ဂျာကင်အဖြူတို့ကို ၀တ်ဆင်ထားသည်။


အရာရှိများထဲမှ ရဲချုပ်ခင်ရီဟု ယူဆရသူက ဦးခင်ညွန့်ကို အလေးပြုပြီး အိမ်ထဲသို့ ၀င်သွားကြသည်။
ဦးခင်ညွန့်က ပြန်လည် အလေးပြုခြင်း မရှိပေ။

ထို့နောက် အရာရှိများနှင့် ဦးခင်ညွန့်တို့ ၀ိုင်းဖွဲ့စကားပြောပုံကို တွေ့ရသည်။ ဦးခင်ညွန့်က စကား အများဆုံး


ပြောဆိုကြောင်း တွေ့ရသည်။ သို့သော်လည်း ဗီဒီယိုဖိုင်တွင် အသံ ပါဝင်ခြင်း မရှိသဖြင့်
မည်သည့်အကြောင်းအရာများကို ပြောနေကြောင်း မသိရပေ။

ဦးခင်ညွန့သ
် ည် ယခင်က ကဲ့သို့ ကိုယ်လက်အမူအယာဖြင့် သွက်လက်စွာ စကားပြောနေသည်ကို မြင်ရသည်။
မကြာမီ ဇနီးမောင်နှံ ၂ ဦး အိတ်ငယ် ကိုယ်စီဖြင့် အပေါ်ထပ်မှ ဆင်းလာသည့်ပုံကို တွေ့ရသည်။

အမျိုးသမီး လေးဦးခန့်ကိုလည်း တွေ့ရသည်။ တချို့က ကလေးများကို ပွေ့ထားကြသည်။ ဦးခင်ညွန့်က


ကလေးများကို နမ်းရှုံ့ပြီးနောက် အိမ်မှ ထွက်ကြသည်။
အဆောက်အအုံတခုသို့ အရောက်တွင် ၎င်းတို့ လင်မယားကို ကြိုဆိုသူများ ရှိနေသည်။ အမျိုးသမီး ၂ ဦးက
လက်သုတ်ပုဝါများ ပေးကြသည်။

PDF created with pdfFactory trial version www.pdffactory.com


ဧည့်ခန်းအတွင်း စကားဝိုင်း ဖွဲ့ပုံကို ပြရာ ဦးခင်ညွန့်က စကားအများဆုံး ပြောသည်ကို တွေ့ရသည်။

ထိုမြင်ကွင်းများကို မကြာခဏ ဓာတ်ပုံရိုက် မှတ်တမ်းတင်နေသည်။

ဦးခင်ညွန့်သည် ၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် ရာထူးမှ ဖယ်ရှားခံရပြီး မကြာမီ ထောင်ဒဏ် ၄၄ နှစ်


ချမှတ်ခံရပြီး မိသားစုလိုက် နေအိမ်အကျယ်ချုပ် ချခံခဲ့ရသည်။

ဤမှတ်တမ်းဗီဒီယိုကို မည်သည့်အချိန်က ရိုက်ကူးထားမှန်း မသိရပေ။

လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိုအိမ်ဝန်းကျင်တွင် မတွေ့ရသည်မှာ တလကျော်ခန့် ရှိပြီဟု ၎င်း၏ အိမ်အနီး နေထိုင်သူ


မိုးမခ ပရိသတ် တဦးက ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်ကို နေရာပြောင်း


By ကျော်ကျော်သိန်း သောကြာ, 26 နိုဝင်ဘာ 2010

နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ စစ်ကောင်စီအတွင်းရေးမှူး (၁) ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊


ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီတို့ တွေ့ဆုံ ဆွေးနွေးကြတာတွေကို ရိုက်ကူးထားတဲ့
ဗွီဒီယိုတခုဟာ နာမည်ကျော် Facebook စာမျက်နှာကတဆင့် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအကြား
အင်တာနက်ပေါ်မှာ ပြန့်နှံ့နေပါတယ်။ ဘယ်တုန်းက တွေ့ကြတယ်ဆိုတဲ့ရက်ကို အတိအကျမသိရသလို
ဘာတွေဆွေးနွေးကြတယ်ဆိုတာကိုလည်း အသံမပါတဲ့အတွက် မသိကြရပါဘူး။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ကမ္ဘာအေးဘုရားနားကနေအိမ်မှာ တွေ့ဆုံကြတာဖြစ်ပြီး အဲဒီနောက် သူ့ကို


တခြားနေရာတခုကို ခေါ်သွားခဲ့ပါတယ်။ သူ့ကို ဘယ်နေရာကို ရွှေ့လိုက်တာဖြစ်နိုင်တယ်၊ ဘာအတွက်ကြောင့်
ရွှေ့လိုက်နိုင်တယ် ဆိုတာတွေကို ဗိုလ်ချုပ်ကြီးခင်ညွန့်လက်အောက်မှာ အမှုထမ်းခဲ့ဖူးတဲ့ စစ်ထောက်လှမ်းရေး
အရာရှိဟောင်းတဦးလည်းဖြစ်၊ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှာ သံရုံးယာယီတာဝန်ခံအဆင့်ထိ
တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က အခုလို သုံးသပ်ပြပါတယ်။

“ခေါ်သွားတဲ့နေရာကတော့ နောက်ပိုင်းပေါ့လေ။ ကျနော်တို့ တပ်မ (၁၁) ဧရိယာ ရဲမွန်တပ်နယ်ဘက်မှာ


ဆောက်းထားတဲ့ လုံချင်းပေါ့လေ။ Guest house အနေအထားမျိုး ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီမှာတော့
ကျနော်တို့ အကျဉ်းဦးစီး ညွှန်ချုပ် ဦးဇော်ဝင်း၊ ရဲချုပ် ကိုခင်ရီ ရဲမှူးချုပ်ပေါ့လေ။ ကိုမြင့်သိန်းတို့ကို ကျနော်
တွေ့ရမှာဖြစ်ပါတယ်။

ကျနော့်အမြင် ပြောရရင်တော့ အခုချိန်ခါ နိုင်ငံရေးအခင်းအကျဉ်းတွေ အရ၊ ဆိုလိုတာကတော့


တိုင်းရင်းသားအဖွဲ့တွေက ဗိုလ်ချုပ်ခင်ညွှန့်ပြောရင်တော့ လက်ခံတဲ့အနေအထားမျိုး ရှိတယ်လို့ မြင်ပါတယ်။
တဘက်ကလည်း ဒုတိယပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ဒီ အမျိုးသားညီလာခံ
ပြန်တက်ရောက်ရေးမှာ ညှိနှိုင်းဆွေးနွေးခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။

PDF created with pdfFactory trial version www.pdffactory.com


ဒါတွေလည်း တစိတ်တပိုင်းအားဖြင့်တော့ အောင်မြင်ခဲ့တဲ့ အနေအထားမျိုးတွေ ရှိခဲ့တယ်။ အဲဒီတော့ အခု
အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ လမ်းကြောင်းပေါ့လေ။

ဒီလမ်းကြောင်းပေါ်တက်ဖို့ဆိုတာ ဗိုလ်ချုပ်ကြီးခင်ညွှန့် အနေနဲ့လည်း သူ့အနေနဲ့ ဒီဖြစ်စဉ်တွေမှာ


ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ဒီ့အတွက်ကြောင့်လည်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ လွတ်လွတ်လပ်လပ် လူကြီးပိုင်း တွေ့ဆုံစကားပြောလို့ရအောင်


အခြား တနေရာကို ရွှေ့ပြောင်းသွားတယ်လို့ ကျနော်တော့ အဲဒီလိုပဲ အကောင်းမြင်ပါတယ်ခင်ဗျ။”

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အပေါ် လာဘ်စားမှုဆိုင်ရာ စွဲချက်တွေနဲ့ ၂၀၀၄ ခုနှစ်မှာ ထောင်ဒဏ် ၄၄ နှစ် ချမှတ်


အပြစ်ပေးခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အမိန့်နဲ့ နေအိမ်မှာ အကျယ်ချုပ်ချထားတာပါ။

သူဟာ အကျဉ်းချခံထားရသူ ဖြစ်တဲ့အတွက် သူ့ကို အကျဉ်းသားတဦးလိုပဲ ဆက်ဆံရတယ်လို့လည်း


ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောပါတယ်။

ဝမ်းသာကြည်နူးစွာဖြင့် . . . .
ကျော်သူ
နိုဝင်ဘာ ၂၇၊ ၂၀၁၀ မိုးမခ

၂၅. ၁၁. ၂၀၁၀ (ကြာသပတေးနေ့) နံနက် (၁၀း၀၀) နာရီ အချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)
တည်ရှိရာ အမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ Myanmar Solar Rays
Co.,Ltd. မိသားစု (အမှတ် - ၄၂၊ ပါရမီလမ်း၊ (၆) ရပ်ကွက်၊ လှိုင်မြို့နယ်) မှ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင်
အသုံးပြုရန် TOYOTA Light Truck တန်ဖိုးငွေကျပ် ၁၁,၃၀၀,၀၀၀/- (တစ်ရာတစ်ဆယ့် သုံးသိန်း) တန်
မော်တော်ယာဉ်တစီးအား လာရောက်လှူဒါန်းသွားပါသည်။

ယင်း လှူဒါန်းပွဲတွင် ဝဋ်ကြွေးတော်ပြေ ရန်အောင်မြေကျောင်းတိုက် ဆရာတော် (၅) ပါးအား ပင့်ဆောင်၍


နေ့ဆွမ်းဆက်ကပ်ကာ ရေစက်သွန်းချ လှူဒါန်းခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပိတ်ရက်မရှိ အများပြည်သူတို့၏ နာရေးကိစ္စများ၊ ကျန်းမာရေးကိစ္စများအား


နိစ္စဓူဝ ထမ်းဆောင်ပေးလျှက်ရှိရာ အသင်းပိုင် မော်တော်ယာဉ် (ဝန်ထမ်း ကြို/ပို့) တစီးဖြင့်သာ
လုပ်ဆောင်နေရသည်ဖြစ်၍ ရုံးကိစ္စများ၊ အလှူငွေကိစ္စများ အခြား အခြားသော လူမှုရေးကိစ္စများအပြင်
နာရေးလမ်းကြောင်းများတွင် ဝတ်ရွတ်အဖွဲ့ လိုက်လံရွတ်ဖတ်ခြင်းတို့ကို ပြုလုပ်နေရသည်ဖြစ်သောကြောင့်
လုပ်ငန်းလုပ်ဆောင်ရာတွင် အားနည်းချက်များ၊ နှောင့်နှေးမှုများ ကြုံတွေ့ခဲ့ရသည်။ ယခုကဲ့သို့ Myanmar Solar
Rays Co.,Ltd. မိသားစု (အမှတ် - ၄၂၊ ပါရမီလမ်း၊ (၆) ရပ်ကွက်၊ လှိုင်မြို့နယ်) မှ နာရေးကူညီမှုအသင်း
(ရန်ကုန်)တွင် အသုံးပြုရန် TOYOTA Light Truck မော်တော်ယာဉ်တစီး လှူဒါန်းခဲ့ခြင်းကြောင့် အသင်း၏
ပေးဆပ်မှုလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ကူညီမှုများ၊ ထမ်းဆောင်မှုများ ပြုလုပ်နိုင်တော့မည်ဖြစ်ပါသည်။

ထို့အတွက် အလှူရှင် ဦးဝင်းမြင့်သိန်း၊ ဒေါ်ခင်မြတ်လှိုင် (Myanmar Solar Rays Co., Ltd.) မိသားစုတို့အား
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဝမ်းမြောက်ဝမ်းသာစွာဖြင့် သာဓု .. သာဓု .. သာဓု ဟု ခေါ်ဆိုလိုက်ရပါသည်။

PDF created with pdfFactory trial version www.pdffactory.com


နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပတ်သက်ဆက်စပ်သမျှ ဒေဝတာနတ်မင်း အပေါင်း၊ မြင်အပ် မမြင်အပ်သော
ပုဂ္ဂိုလ်အပေါင်းနှင့် (၇) ရက်သားသမီး အသင်းသူ/သားများမှ ဝမ်းသာကြည်နူးစွာဖြင့် သာဓု အနုမောဒနာ
ခေါ်ဆိုလိုက်ပါသည်။

သတင်းစာဆရာတဦးနဲ့ မိုးမခစကားလက်ဆုံ
ဒေါ်စုနဲ့ အင်န်အယ်ဒီ ဟာ ပြည်ထောင်စုဖြိုခွဲသူလား
မိုးမခ
နိုဝင်ဘာ ၂၆၊ ၂၀၁၀ မိုးမခ

ဒီတပတ်မှာ သတင်းစာဆရာတဦးနဲ့ စကားလက်ဆုံမှာတော့ ၂၀၀၇ နောက်ပိုင်း အခြေအနေတွေကို


တွေ့မိမြင်မိသလောက် ပြောဆိုဖြစ်တာတွေ ဖြစ်ပါတယ်။

အယင်က စကားဆက်ကို ပြန်ကောက်ရရင်တော့ ၂၀၀၇ သံဃာ့အရေးအခင်းနောက်ပိုင်းမှာ


နိုင်ငံတကာဖိအားတွေအရ ပြည်တွင်းက လူထုရဲ့ နိုင်ငံရေးအရ တင်းမာမှုတွေ ဖြစ်လာတာကြောင့် စစ်အစိုးရက
ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးတာတွေ၊ ကုလကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့်ပေးတာတွေ လုပ်လာတယ်။
အဲသည်မှာလည်း ဒေါ်စုနဲ့လည်း အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးတယ်လို့ သိရပါတယ်။ အဲသည်မှာလည်းပဲ လူထုက
ဘာမှ မသိရှိရတဲ့ လျို့ဝှက်ဆွေးနွေးပွဲတွေပဲ ဖြစ်တာပဲ မဟုတ်လား။
ဟုတ်ပါတယ်။ ၂၀၀၇ သံဃာ့အရေးအခင်းကြောင့် နိုင်ငံတကာဖိအားတွေ၊ ပြည်တွင်းနိုင်ငံရေး တင်းမာမှုတွေကို
ဖြေရှင်းနိုင်တဲ့သူ၊ မျှော်လင့်ချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ဖြစ်လာတယ်။
စစ်အစိုးရကိုယ်တိုင်ကလည်း တွေ့ဆုံတယ်။ ဒါပေမယ့်လည်း တွေ့ဆုံဆွေးနွေးနေတာတွေက ဘာမှ
သတင်းထုတ်ပြန်မှုတွေ ၂ ဖက်စလုံးဆီက လူထုက မကြားသိရဘူး။ နောက်တော့ ဗိုလ်သန်းရွှေက ဒေါ်စုနဲ့
တွေ့ဖို့ကို ကြိုတင်သတ်မှတ်ချက်တွေ ချလိုက်တာက တွေ့ဆုံရေးကို ပျက်ပြားသွားစေတယ်။

ဟုတ်ကဲ့။ ၂၀၀၇ အောက်တိုဘာမှာ ဗိုလ်သန်းရွှေက ဒေါ်စုသည် တိုင်းပြည်ကို ပျက်စီးစေတဲ့


စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး၊ နောက် ထိပ်တိုက်ရင်ဆိုင်ရေးသဘောထားတွေကို စွန့်လွှတ်ကြောင်း
ကြေငြာမှသာလျင် သူက ဒေါ်စုနဲ့ တွေ့ဆုံမယ်လို့ ပြောလိုက်တာ မဟုတ်လား ဆရာ။

ဟုတ်တယ်။ အဲသည်နောက်မှာ စစ်အစိုးရက အမျိုးသားညီလာခံရဲ့ ရလဒ် အခြေခံဥပဒေဥပဒေကို


လူထုဆန္ဒမဲခံယူပြီးတော့ အတည်ပြုချက် ခံယူတော့မယ်ဆိုပြီး လုပ်လာတယ်။ အဲသည်မှာ ပြည်တွင်း ပြည်ပမှာ
သဘောထားတွေ မျိုးစုံပေါ်ပေါက်လာတယ်။ အဲသည်မှာ အင်န်အယ်ဒီပါတီက ထူးခြားတဲ့ ထုတ်ဖော်ပြောဆိုမှု
မလုပ်နိုင်ဘူး။ ဒေါ်စုကိုယ်တိုင်ကလည်း အင်န်အယ်ဒီပါတီကနေပြီး တဆင့် ထုတ်ဖော်ပြောဆိုမှုတွေ
လုပ်နေတာထက် တကိုယ်တော်နိုင်ငံရေးအလုပ်တွေ၊ ထုတ်ဖော်ပြောဆိုမှုတွေ လုပ်လာတယ်လို့ ထင်တယ်။
ဥပမာ - ကုလကိုယ်စားလှယ် ဂမ်ဘာရီကနေတဆင့် စာရေးသားပြီး ခုနင်ကပြောသလို ပြည်သူတွေ၊
တိုင်းရင်းသားတွေကသာ လက်ခံတယ်ဆိုရင် ကျမက ဆောင်ရွက်ပါ့မယ် ဆိုတာမျိုး ပြောလာတာ။ ခြံရှေ့က
တံခါးထိပ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေ ချိတ်ဆွဲထားတာတွေ။

ဟုတ်ကဲ့။ အဲသည်အချိန်တုန်းက ပြည်တွင်းက တယောက်တလက်နိုင်ငံရေး အင်အားစုတွေကြားမှာ မဲပေးရေး၊


မပေးရေး လှုပ်ရှားမှုတွေ၊ ဆွေးနွေးချက်တွေ ပေါ်လာတယ်။ ကိုဇာဂနာကလည်း အဲသည်တုန်းက အပြင်မှာ

PDF created with pdfFactory trial version www.pdffactory.com


ရှိနေသေးတယ်။ တချို့က ကန့်ကွက်မဲပေးမယ်။ တချို့က မဲမပေးဘူး။ ဒါမျိုး ကွဲလွဲကြတယ် မဟုတ်လား ဆရာ။
ပြည်တွင်းမှာ ကန့်ကွက်မဲပေးဖို့ လှုပ်ရှားကြတယ် ထင်တယ်။ Vote No လှုပ်ရှားမှု …

ဟုတ်ပါတယ်။ ဒေါ်စုက ကန့်ကွက်မဲပေးမယ်လို့ ပြောတယ်ဆိုပြီး သတင်းထွက်လာတယ်။ ၂၀၀၈


အခြေခံဥပဒေဆိုတာက အမျိုးသားညီလာခံကနေ ပြည်သူတွေဆန္ဒမပါဘဲ စစ်အာဏာရှင်အလိုကျ ရေးဆွဲတာ
ဖြစ်တဲ့အတွက် သူ့အနေနဲ့ ကန့်ကွက်မဲ ထည့်မယ်။ Vote No လို့ ပြောတယ် ဆိုပြီး သတင်းဖြစ်တယ်။ အပြင်မှာ
အခု ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံသင့် မခံသင့် အင်န်အယ်ဒီက ဆုံးဖြတ်ချိန် ဒေါ်စုက
ဗူးသီးကြီးပေးလိုက်တယ် ဆိုသလိုမျိုး ဟိုးလေးတကျော် မဖြစ်ခဲ့ဘူး။ အဲသည်တုန်းကလည်း တယောက်တလက်
နိုင်ငံရေးလှုပ်ရှားမှုပဲ။ ဒေါ်စုကိုယ်တိုင်ကလည်း သူတဦးတည်း သဘောအဖြစ် ကန့်ကွက်မဲပေးတယ်လို့ ပဲ
လူတွေက နားလည်တယ်။ အားလုံးကို လုပ်ခိုင်းတယ်လို့ သိပ်မမြင်ခဲ့ကြဘူး ထင်ပါတယ်။

ဟုတ်ကဲ့။ အဲသည်တုန်းက ပြန်ကြည့်မယ်ဆိုရင် ၂၀၀၇ မှ သံဃာအရေးအခင်းဖြစ်တယ်။ ဒေါ်စုကို စစ်အစိုးရက


ဟန်ပြ ပွဲထုတ်တယ်။ ၂၀၀၈ အခြေခံဥပဒေ ပြဋ္ဌာန်းမယ်ဆိုပြီးတော့ သူတို့စိတ်ကြိုက် ရှေ့တိုးလာတယ်လို့ ပြောရင်
ရမှာလား။ အဲသည်အချိန်မှာတုန်းက တချို့က ပြောတာကတော့ ၂၀၀၇ သံဃာ့အရေးအခင်းအကြောင်းပြုပြီး
၂၀၀၈ အခြေခံဥပဒေ အတည်ပြုခွင့်ရသွားတယ်။ စစ်အစိုးရဖက်က နိုင်ငံရေး လုပ်ငန်းစဉ်တွေ ပိုမို
လျင်မြန်လာတယ် ဆိုပြီး အကောင်းမြင်ကြတဲ့ သူတွေလည်း ရှိလာတယ် မဟုတ်လား။

ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့နေတွေဖြစ်တဲ့ ဦးဉာဏ်ဝင်းတို့၊ ဦးကြည်ဝင်းတို့နဲ့


တွေ့ဆုံဆွေးနွေးခွင့်တွေ ရပါတယ်။ ဒါပေမယ့် သူတို့တွေက အင်န်အယ်ဒီခေါင်းဆောင်ပိုင်းတွေက မဟုတ်တော့
ပြည်သူတွေ သိရှိနိုင်တဲ့ သတင်းစကားတွေကို ထုတ်ပြန်နိုင်ဖို့က အရမ်းမဖြစ်နိုင်ဘူး ထင်တယ်လေ။
ဘာပဲပြောပြော ၂၀၀၈ မှာ အခြေခံဥပဒေအတည်ပြုဖို့ ဆန္ဒခံယူပွဲ ကျင်းပလိုက်တယ်။ အဲသည်မှာလည်းပဲ
နာဂစ်မုန်တိုင်းကြီး ကျတယ်။ ပြည်သူတွေကလည်း လက်ရှိသူတို့ရှိနေတဲ့ အနေအထားအတိုင်း
တယောက်တလက်၊ ကိုယ်ထူကိုယ်ထ လူမှုရေးလုပ်ငန်းတွေနဲ့ ဒုက္ခသည်တွေကို ကူညီဖို့ ကြိုးစားတယ်။
အဲသည်မှာ လူတွေရဲ့ ကြားထဲမှာ ထင်ရှားတာက ကိုကျော်သူတို့၊ ကိုဇာဂနာတို့ရဲ့ ဦးဆောင်တဲ့
လူမှုကယ်ဆယ်ရေး လုပ်ငန်းတွေ၊ ဒေသအလိုက် နယ်ပယ်အလိုက် ဆရာတော်တွေ
ဦးဆောင်မှုတွေနောက်လိုက်ပြီး လှုပ်ရှားကြတယ်လို့ ထင်ပါတယ်။

ဟုတ်ကဲ့။ အဲသည်မှာ ဖြည့်ပြီးပြောချင်တာတခုက ဒေါ်စုနဲ့ ၂၀၀၇ နှောင်းပိုင်းမှာ စစ်အစိုးရက ခေါ်ယူတွေ့ဆုံဖို့


ဆောင်ရွက်ခဲ့သလိုပဲ ကိုဇာဂနာကိုလည်း စစ်အစိုးရက ခေါ်ယူတွေ့ဆုံတာတွေ ရှိပါတယ်။
ကိုဇာဂနာကိုယ်တိုင်ကလည်း တွေ့ဆုံဆွေးနွေးမှုတွေရဲ့ ဖြစ်ထွန်းမှုတွေကို ထုတ်မပြောခဲ့ဘူး။ ဒေါ်စုနဲ့တောင်
ကိုဇာဂနာကိုယ်တိုင် စစ်အစိုးရတွေရဲ့ တွေ့ဆုံမှုတခုမှာ အ၀င်အထွက် တွေ့ခဲ့ကြသေးတယ်လို့ ပြောတယ်။
ကိုဇာဂနာကို ဒေါ်စုက အမှာစကားတခုပြောခဲ့တဲ့နေရာမှာ ကိုဇာဂနာက အမျိုးသားရေးကို လုပ်ကိုင်လာတဲ့ဆီမှာ
ပြည်သူတွေရဲ့ အသံနဲ့ ခံစားချက်ကို ကိုယ်စားပြုသူတဦးအဖြစ် ရပ်တည်သွားပါလို့ မှာသွားခဲ့တယ်လို့ ကျနော်တို့
ကြားသိခဲ့ရပါတယ်။ သို့သော်လည်း ကိုဇာဂနာနဲ့ စစ်အစိုးရလူတွေ ဘယ်လိုပဲ အ၀င်အထွက် ရှိရှိ နောက်ဆုံးမှာ
နာဂစ်အရေးအခင်းနဲ့ ပတ်သက်ပြီး ကိုဇာဂနာက စစ်အစိုးရကို ဝေဖန်ပြစ်တင်တာတွေ လုပ်လာလို့ဆိုပြီးတော့
ကိုဇာဂနာကို ထောင်ဒဏ် အနှစ် ၆၀ ကျော်ချပြီး အရေးယူပစ်လိုက်တယ် မဟုတ်လား ဆရာ။
ဟုတ်ပါတယ်။ ဗိုလ်သန်းရွှေက ဒေါ်စုဟာ စီးပွားရေးပိတ်ဆို့မှုတွေ၊ ထိပ်တိုက်ရင်ဆိုင်ရေးတွေကို စွန့်လွှတ်မယ့်သူ
မဟုတ်ဘူး၊ ဒါကြောင့် တွေ့ဆုံဆွေးနွေးခြင်း မဖြစ်မြောက်ဘူး။ ဒီလိုအချက်တွေကြောင့် စစ်အစိုးရအနေနဲ့
တိုင်းပြည်ကြီး ပြည်ထောင်စုကြီးရဲ့ အကျိုးစီးပွားအတွက်က ၂၀၀၈ အခြေခံဥပဒေကို ၀ိုင်းပြီး

PDF created with pdfFactory trial version www.pdffactory.com


အတည်ပြုကြပြီးတော့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ကြဖို့ ဆိုပြီးတော့
ခြေလှမ်းလိုက်တာ ဖြစ်တယ်။ ဒေါ်စုတို့ အင်န်အယ်ဒီတို့ရဲ့ အခမ်းကဏ္ဍကို ဖယ်ရှားလိုက်သလိုမျိုးတောင် ပြောချင်
ရတယ်။ နာဂစ်မုန်တိုင်းဖြစ်လာတာက သူတို့အတွက် တဖက်က နိုင်ငံတကာမှာ အရှက်ရတာတွေ ရှိသော်လည်းပဲ
သူတို့အတည်ပြုချင်တဲ့ ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့တယ်။ ပြည်တွင်း ပြည်ပက
မဲဆန္ဒခံယူတာတွေဟာ မှန်ကန်မှုမရှိဘူးလို့ ပြောတဲ့ကြားကပဲ အတည်ပြုခဲ့တာ ဖြစ်တယ်။

ဟုတ်ကဲ့ပါဆရာ။ ဒါပေမယ့် နာဂစ်အရေးအခင်းအလွန်မှာ ဒေါ်စုကိုယ်တိုင်ကလည်း ကုလကိုယ်စားလှယ်တွေနဲ့


တွေ့ဆုံနေတာတွေကို ၂၀၀၈ သြဂုတ်လမှာ ငြင်းပယ်လိုက်တယ်။ ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲ
ကျင်းပတော့မယ့် အလားအလာက ပြည်တွင်းမှာ ပေါ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့
နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကလည်းပဲ ပြည်သူတွေက မည်သို့ပင် မျှော်လင့်နေစေကာမူ စစ်အစိုးရဘက်က
အရေးယူပိတ်ဆို့မှုတွေကြောင့် ပြန်လည် မှေးမှိန်သွားတယ်လို့ ပြောရင် ရမယ်ထင်ပါတယ် ဆရာ။
ပြည်သူတွေထဲက တယောက်တလက်၊ ကိုယ်ထူကိုယ်ထနိုင်ငံရေးလှုပ်ရှားမှုတွေကိုယ်တိုင်လည်း စစ်အစိုးရရဲ့
စိန်ခေါ်မှု၊ ကန့်သတ်မှုတွေကြောင့် အေးစက်မှုတွေ ပြန်ဖြစ်လာတယ်လို့ ပြောရမလားပဲ။

ဟုတ်တယ်။ ဒါပေမယ့် ၂၀၀၈ စက်တင်ဘာမှာ ထောင်ဒဏ်အနှစ် ၂၀ နီးပါးကျခံနေရတဲ့ ဦးဝင်းတင် ပြန်လည်


လွတ်မြောက်လာတယ်။ အဲသည်မှာ မြန်မာပြည်သူတွေ မျှော်လင့်နေသလိုပဲ ဆရာဦးဝင်းတင်ကိုယ်တိုင်က
မီဒီယာတွေက တဆင့် သူ့သဘောထားတွေ အတွေ့အကြုံတွေကို ပွင့်ပွင့်လင်းလင်း ပြောလာတယ်။
အင်န်အယ်ဒီနဲ့တကွ နိုင်ငံရေး၊ စာပေစာနယ်ဇင်း အသိုင်းအ၀ိုင်းကြားမှာ သွားလာ လှုပ်ရှားပြီးတော့ ပြန်လည်
နိုးထမှုတွေ ဖြစ်ပေါ်လာစေတယ်လို့ ပြောရင် ရမယ် ထင်ပါတယ်။ ဦးဝင်းတင် လွတ်မြောက်လာတဲ့အခါ
အလုပ်လမ်းညွှန်တွေ၊ တွေးခေါ်မှုတွေ၊ လုပ်ငန်းစဉ်တွေ ပေးလာတယ် လို့ မြင်ပါတယ်။ ဒါကြောင့် ၂၀၀၈
အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ အလားအလာကို ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ဆရာဦးဝင်းတင်တို့က
၂၀၀၉ ဧပြီမှာ ရွှေဂုံတိုင်ကြေငြာစာတမ်း ထုတ်ပြန်လိုက်တယ်လေ။ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့၊ ဒေါ်စုနဲ့ တကွ
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့၊ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ကိုင်ဖို့ ဆိုတာတွေ ထုတ်ဖော်ပြောဆိုတဲ့
ရပ်တည်ချက်တွေလေ။

ဟုတ်ကဲ့ပါ ဆရာ။ ၂၀၀၉ မေမှာ ဒေါ်စုကို နိုင်ငံခြားသား ယက်တော နေအိမ်ထဲ ၀င်ရောက်တာနဲ့ စစ်အစိုးရက
အင်းစိန်ထောင်ကို ဖမ်းဆီးအရေးယူခဲ့တယ်။ ဦးဝင်းတင်နဲ့ အယ်န်အယ်ဒီပါတီဝင်တွေက အင်းစိန်ထောင်ရှေ့မှာ
လူထုဆန္ဒကို ထုတ်ဖော်ပြသဖို့ ကြိုးစားတယ်။ ဒေါ်စုကိုယ်တိုင်ကလည်း ပါတီက ဥပဒေပညာရှင်တွေနဲ့
တွဲပြီးတော့ စစ်အစိုးရကို တရားဥပဒေကြောင်းထဲက ရင်ဆိုင်ဖို့ ကြိုးစားခဲ့တယ်။ ဒါတွေဟာ ၂၀၀၉ ရဲ့
ထင်ရှားမှုတွေပဲ။ နိုင်ငံတကာနဲ့ ပြည်တွင်းက သဘောထားတွေ၊ လှုပ်ရှားမှုတွေက ဒေါ်စုရဲ့ အမှုကိစ္စမှာ
တသားတည်း၊ တသံတည်း ရပ်တည်မှုတွေက ထင်ရှားနေတာကြောင့် နောက်တော့ ဒေါ်စုကို အကျယ်ချုပ် ၁၈
လ ချမှတ်ပြီး အရေးယူလိုက်တယ် မဟုတ်လား ဆရာ။ ဒီအကျယ်ချုပ် ချမှတ်မှုဟာ စစ်အစိုးကျင်းပလိုတဲ့
ရွေးကောက်ပွဲအတွက် ဒေါ်စုနဲ့ အင်န်အယ်ဒီရဲ့ အခမ်းကဏ္ဍကို ကြိုတင်ကန့်သတ်မှုတခု မဟုတ်လားဆရာ။
အဲသလို ပြောမယ်ဆိုရင် ပြောလို့ ရမယ် ထင်ပါတယ်။ အဲသည်နောက်မှာ ၂၀၁၀ နှစ်ဆန်းမှာ ရွေးကောက်ပွဲ
ကျင်းပတော့မယ်လို့ စစ်အစိုးရ ကြေညာလိုက်တာတွေ၊ အင်န်အယ်ဒီထဲကနေ တချို့က ပဲ့ထွက်လာပြီးတော့
ရွေးကောက်ပွဲ ၀င်လာကြတာတွေ့၊ ဒါတွေကို ဒေါ်စုကော၊ အင်န်အယ်ဒီပါတီဝင်တွေကော၊ ဦးဝင်းတင်တို့၊
ဦးတင်ဦးတို့တွေက ဘယ်လို ရင်ဆိုင်ခဲ့ကြတယ် ဆိုတာကတော့ ခင်ဗျားတို့ရဲ့ အင်တာဗျူးတွေမှာ
ဆရာဦးဝင်းတင်က အသေးစိတ်ပြောခဲ့ပြီပဲလေ။ အခုလက်ငင်းအခြေအနေတွေကိုလည်း စာဖတ်ပရိသတ်က
သိနေပြီ ဖြစ်မှတော့ ဒါကို ဒီမှာပဲ တခန်းရပ်လိုက်ရင် ကောင်းမယ် ထင်ပါတယ်။

PDF created with pdfFactory trial version www.pdffactory.com


ဟုတ်ကဲ့ပါဆရာ။ အခုအချိန်မှာတော့ဖြင့် စစ်အစိုးရနဲ့ အပေါင်းအပါတွေက ၂၀၀၈ အခြေခံဥပဒေတွေ၊ ၂၀၁၀
ရွေးကောက်ပွဲတွေနဲ့ စစ်အာဏာရှင်အလိုကျ ပြည်ထောင်စုကြီး ထူထောင်ဖို့ အရေးကနေပြီး အခုအချိန်မှာ
ဒေါ်စုနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေ၊ နိုင်ငံရေး အင်အားစုတွေရဲ့ နိုင်ငံရေးပေါင်းစည်းမှုနဲ့
ဖယ်ဒရယ်ပြည်ထောင်စုထူထောင်နိုင်ဖို့အရေးက ပြန်လည်နိုးထလာပြီလို့ ပြောရင်းနဲ့ တခန်းရပ်လိုက်ပါမယ်
ဆရာရေ။

အစားထိုး ဖတ်ရန်
ရဆကသအ ကို “ဓ”
ဥက္ကဋ္ဌ ကို “ဥက္ကဋ္ဌ”

ဒုတိယပင်လုံအတွက် စီအာပီပီ အစည်းဝေြးုပလုပ်


နန်းခမ်းကယောက် ၂၆ နိုဝင်ဘာ ၂ဝ၁ဝ - DVB

ပြည်သူ့လွတ်တော်ကိုယ်စာြးုပကော်မီတီ စီအာပီပီ ဒီကနေ့ အစည်းဝေးကျင်းပတဲ့အကြောင်းတင်ပြလိုပါတယ်။


အန်အယ်လ်ဒီရုံးမှာ ကျင်းပတဲ့အဲဒီအစည်းဝေးကို စီအာပီပီ အဖွဲ့ဝင်တွေဖြစ် တဲ့ ဦးတင်ဦး၊
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့် ဝေနဲ့ တိုင်းရင်းသားတွေ ဘက်က
ဦးအေးသာအောင်၊ ပုကျင်းရှင်းထန်၊ ဦးထောင်ကို ထန်၊ နိုင်ထွန်းသိန်း။ ဦးသိန်းဖေနဲ့
ဦးစိုးဝင်းတို့တက်ရောက်ခဲ့တယ်တို့သိရပါတယ်။

ဆွေးနွေးတဲ့ အရဆကသအိးကအကြောင်းရာကတော့ ဒုတိယပင်လုံညီလာခံခေါ်ရေး ဖြစ်တယ်တို့


အဖွဲ့ရဲ့အတွင်းရေးမှူး ဦးအေးသာအောင်က အခုလို စတင်ပြောပြထား ပါတယ်။

“အရဆကသအိးက အကြောင်းအရာကတော့ အန်အယ်ဒီ ဆက်လက်ပြီးတော့ ရပ် တည်နိုင်ဖို့ ကိစ္စကို


ဆွေးနွေးပါတယ်။ နောက်အရဆကသအိးက အရေးကြီးတဲ့ တချက်ကတော့ ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးနဲ့
ပတ်သက်ပြီးတော့ ဆွေးနွေးကြပါတယ်။”

နန်းခမ်းကယောက်။ ။ ဒုတိယပင်လုံညီလာခံခေါ်ယူရေး ကိစ္စမှာ မနေ့က ဦးသုဝေ တို့တောင်း ဆိုချက်ကတော့


ဒုတိယနေရာမှာ ထားဖို့ပေါ့လေ၊ အဲဒီအပေါ်မှာကော ဦးအေးသာအောင်အနေနဲ့ ဘယ်လိုမျိုး ပြောချင်လဲရှင့်။

“ဟုတ်ကဲ့ æ ဒါကိုလည်း ထည့်ဆွေးနွေးကြပါတယ်။ ဆွေးနွေးတဲ့အခါမှာ ဒီနေ့က ဒါဟာ အရေးကြီးတဲ့


အရဆကသအိးက လုပ်ဆောင်ရမယ့် အခြေအနေမှာ ရှိနေပါ တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံက
လွတ်လပ်ရေးရတာ၊ အနှစ် ၆ဝ ကျော် ပြီ၊ ပြည်တွင်းစစ်က အခုထက်ထိ မငြိမ်းသေးဘူး၊ ပြီးတော့
ပြည်တွင်းစစ်က ကျယ် ပြန့်လာမယ့် အရိပ်လက္ခဏာတွေလည်း တွေ့နေ ရတယ်၊ ဒီကေဘီအေနဲ့ တပ်တွေ နဲ့
တိုက်ပွဲတွေ ဖြစ်တာ၊ နောက်ထပ်ကေအိုင်အို၊ ယူဒဘလျူ အက်စ်အေ၊ မွန်ပြည် သစ် အက်အက်စ်အေတပ်မဟာ
ဒီအဖွဲ့အစည်းများနဲ့လည်း တင်းမာနေ ပြီးတော့ အခုရွေးကောက်ပွဲ အပြီးမှာ ဆက်လက်ပြီး ဖြစ်လာနိုင်တယ်။
ပြည်တွင်းစစ်က ကျယ် ပြန့်လာနိုင်တဲ့ အနေအထားမို့လို့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။

PDF created with pdfFactory trial version www.pdffactory.com


“ဒီလိုဖြစ်ရတဲ့ အကြောင်းက နှစ် ၆ဝ ကျော်အတွင်းမှာ တိုင်းရင်းသား စည်း လုံးညီညွတ် ရေးကို
ေºကွးကြော်ခဲ့ပေမယ့် တကယ့် စစ်မှန်တဲ့ စည်းလုံးညီညွတ်ရေး ကို မတည်ဆောက်နိုင်ခဲ့ဘူး၊
ဒါဘာကြောင့်လည်းဆိုရင် တိုင်းရင်းသားများရဲ့ အခွင့် အရေးကို မဖော်ဆောင်နိုင်ခဲ့လို့ ဖြစ်တယ်၊ ဒါကြောင့်မို့လို့
တကယ့်စစ်မှန်တဲ့ အမျိုး သားပြန်လည် သင့်မြတ်ရေးရှိမှလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်
ဆောက်မယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မဖြစ်မနေလုပ်ကြရမယ်၊ အဲလိုလုပ်ဖို့ဆိုရင် ပင်လုံကို
ပင်လုံစိတ်ရဆကသအါးတ် ပြည်ထောင်စု စိတ်ရဆကသအားတ်နဲ့ ဒုတိယ ပင်လုံညီလာခံကို ခေါ်ပြီးတော့
အားလုံး ဝိုင်းဝန်းဆွေးနွေးကြမှသာလျှင် တကယ့် စစ် မှန်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို
တည်ဆောက်နိုင်မယ်၊ ဒါမှသာလျှင် ဒီမိုကရေစီနိုင်ငံခောတ်မှီ တိုးတက်တဲ့ နိုင်ငံကို တည်ဆောက်နိုင်မယ်လို့
ယုံကြည်တဲ့ အတွက် ဒုတိယ ပင်လုံညီလာခံကို ဦးစားပေး ခေါ်ယူနိုင်ဖို့ ဆွေးနွေးဆုံးဖြတ်ကြတာ ဖြစ်တယ်။”

နန်းခမ်းကယောက်။ ။ နောက်အခု အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဘယ်လိုနည်းနဲ့ သွားနိုင်မလဲရှင့်။


စစ်အစိုးရ ဘက်ကကော ဒီကိစ္စကို လက်ခံမယ့် သဘောရှိလားရှင့်၊ တွေ့ဆုံချင်တဲ့ သဘောရှိမလားရှင့်။ “ဟုတ်ကဲ့
အရဆကသအိးကတော့ တပ်မတော် အင်အားစု အပါအဝင် တိုင်းရင်းသား များသာ ဒီမိုကရေစီအင်အားစုများပါ၊
အားလုံးဝိုင်းဆွေးနွေးမယ်ဆိုရင် အမျိုးသား ညီညွတ်ရေးကိုရမယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ ထိအောင်
တပ်မတော် အင် အားစုဘက်က ပါလာနိုင်တဲ့ အနေအထားမျိုး မတွေ့ရသေးဘူး၊ ဒါပေမယ့် ကျနော် တို့
ဒီအင်အားစုတွေ ပါလာအောင် ကျနော်တို့ ကြိုးပမ်းမယ်၊ မပါလာသေးဘူးဆိုရင် လည်း ကျန်တဲ့ အင်အားစုတွေနဲ့
ဒုတိယပင်လုံ ညီလာခံကို ကျင်းပမယ်။”
ဒီနေ့ကျင်းပတဲ့ အစည်းဝေးနဲ့ပတ်သက်ပြီး ဦးအေးသာအောင်နဲ့ မေးမြန်း ချက်ဖြစ်ပါ တယ်။

ကုလသမဂ္ဂကိုယ်စားလှယ် ရန်ကုန်òမိ့သို့ရောက်လာမည်
(ဦးဝင်းတင်နှင့်မေးမြန်းခန်း)
ထက်အောင်ကျော် ၂၆ နိုဝင်ဘာ ၂ဝ၁ဝ - DVB

ရန်ကုန်òမိ့ဆီရောက်လာမယ့် ကုလအထူးကိုယ်စားလှယ် မစ္စတာနမ်ဘီယာ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့


ဘယ်လိုတွေ့ဆုံမလဲ၊ ဘာတွေ ဆွေးနွေးမလဲဆိုတာနဲ့ ပတ်သက်ပြီး သိနိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင် ကို မေးမြန်းထားပါတယ်။

“ဟုတ်တယ်၊ မနက်ဖြန်ကို ရောက်မယ်၊ မစ္စတာ နမ်ဘီယာ က မနက်ဖြန်ရောက်မယ်။ ရောက်ပြီးတော့


ညနေသုံးနာရီမှာ ဒေါ်စုအိမ်မှာ အန်အယ်လ်ဒီ စီအီးစီတွေနဲ့ တွေ့မယ်၊ အဲဒါပြီးရင်
တိုင်းရင်းသားကိုယ်စားလှယ်များနဲ့လည်း တွေ့မယ်။”

ထက်အောင်ကျော်။ ။ ဆရာတို့ ဘာတွေပြောမယ်လို့ စိတ်ကူးထားလည်းခင်ဗျ၊

“ကျနော်တို့ကတော့ အခုထက်ထိတော့ တရားဝင် သတင်းရတာမဟုတ်ဘူး၊ ဒေါ်စုစီကို


သံတမန်တဦးကနေပြီးတော့ အကြောင်းကြားတယ်ဆိုပြီး သိရတာ၊ ဘယ်လိုဘဲ ဖြစ်ဖြစ် ကျနော်တို့ က
ဒီဟာကတော့ မစ္စတာ နမ်ဘီယာတို့က မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့
အထူးကိုယ်စားလှယ်လည်းဖြစ်တယ်။ မြန်မာပြည်ဆိုင်ရာ အထူးတာဝန် ပေးထားတဲ့ ပုဂ္ဂိုလ်လည်း
ဖြစ်တဲ့အခါကျတော့ မြန်မာပြည်ရောက်လာရင်တော့ မြန်မာပြည်အရေး တွေနဲ့ ပတ်သက်ပြီးတော့
ဆွေးနွေးရမှာပေါ့၊ အဲဒီထဲမှာ အရဆကသအိးကထားဆွေးနွေးရမှာကတော့ အမျိုး သားပြန်လည် သင့်မြတ်ရေး၊

PDF created with pdfFactory trial version www.pdffactory.com


ကိစ္စတွေနဲ့ပတ်သက်လို့ ဆွေးနွေးပွဲတွေ ဖြစ်လာအောင် ဒီ စစ်အစိုး ရနဲ့ နှစ်ဖက်ညိ‡နှိုင်းမှုတွေ ဖြစ်လာအောင်
ဒါတွေ ကျနော်တို့ လုပ်ရမှာပေါ့၊

နောက်တခုကတော့ ကျနော်တို့ ပြောချင်တဲ့ ကိစ္စက၊ နိုင်ငံရေး အကျဉ်းသားတွေ ၂,ဝဝဝ ကျော်၊ ပြည်တွင်းမှာ


ရှိတဲ့ ဒီနေ့အခြေအနေတွေလည်း လွတ်မြောက်မယ့်လမ်း မပေါ်တဲ့အပြင်ကို နိုင်ငံရေးအကျဉ်းသားတွေကို
ထပ်မံပြီးတော့ ဖမ်းဆီးနေတယ်၊ ထပ်မံထောင်ချနေတယ်၊ ထပ်မံပြီးတော့ ထောင်တွေ ရွှေ့ပြောင်း နေတယ်၊
ဆိုတဲ့ကိစ္စတွေကို ပြောရမှာပေါ့၊

နောက်တခုကတော့ နယ်စပ်ဒေသတွေမှာ ဒီနေ့အထိ မငြိမ်းချမ်းနိုင်ဘူး ဖြစ်နေတဲ့ကိစ္စတွေ နောက်ပြီးတော့


စစ်ပြေးဒုက္ခတွေ အများကြီး ကြုံတွေ့နေရတဲ့ ကိစ္စတွေ နောက်ပြီးတော့ တိုင်းရင်းသားတွေနဲ့
အစိုးရတပ်တွေကြားမှာ အတိုက်အခိုက်တွေ ပိုများ ပြားလာတဲ့အတွက် ပြည်တွင်းစစ်မီးတွေက
နောက်ထပ်တောက်လောင်မယ့် အနေအထားတွေ ကျယ်ပြန့်လာမယ့် အနေအထားတွေ ရှိလာမယ်၊

အဲဒီကိစ္စတွေ အရဆကသအိးကထား ဆွေးနွေးရမယ်၊ တဆက်တည်းကတော့ လူ့အခွင့်အရေးကိစ္စတို့


နောက်တခါ အန်အယ်ဒီ ပါတီအပါအဝင် တိုင်းရင်း သားပါတီများစွာက တရားဝင်ရပ်တည်ခွင့် မရှိအောင်
ပိတ်ပင်ထားတဲ့ သဘောပေါ့၊ အဲဒါတွေကို ဆွေးနွေးဖြစ်မယ်။”

ထက်အောင်ကျော်။ ။ ကျနော်မေးချင်တာ အရင်က ရာဇလီ၊ ဂမ်ဘာရီတို့ လာခဲ့တယ်၊ ရာဇလီ ခောတ်မှာတော့


ဆွေးနွေးပွဲ ဖြစ်ပြီးတော့ နောက်ပိုင်း ပြန်ပျက်သွားတာပေါ့လေ၊ အခု အသစ်တ ယောက်ထပ် လာတော့ကော
ဆွေးနွေးပွဲတွေ ထပ်ဖြစ်လာမလား၊ ဘယ်လောက်ထိ မျှော်လင့်ချက် ရှိလည်းအန် ကယ်။

“အဲဒါကတော့ ကျနော်တို့က ပြောလို့မရဘူး၊ ဒီလိုလေ၊ ဟိုတုန်းက ဆွေးနွေးပွဲတွေ မဖြစ် တာဆိုတာကလည်း


စစ်အစိုးရ အပေါ်မှာလည်း အများကြီး မူတည်တယ်၊ ဘာလို့လည်းဆိုတော့ သူတို့ကလည်း ဒီနိုင်ငံတကာကနေ
လာပြီးတော့ စေ့စပ်ပြီးတော့ ကြားဝင်ပေးတယ်၊ ဆောင်ရွက် ပေးတယ်ဆိုတာ သူ့မှာလည်း အတိုင်းအတာတခုထိ
အကန့်အသတ်တော့ ရှိမယ်ထင်တယ်၊ အဲတော့ စစ်အစိုးရဘက်က ဘယ်လောက်လိုက်လျောမလည်း ဆိုတာ
တည်ပြီးတော့ ဂမ်ဘာရီတို့ မစ္စတာ ရာဇလီတို့ရဲ့ လုပ်ငန်းတွေက ပျက်ပြယ်ခဲ့တယ်၊ ဆုတ်ယုတ်ခဲ့တယ်၊ သို့မဟုတ်
ကျဆုံးခဲ့ တယ်ဆိုတဲ့ အနေအထားတွေ ရှိခဲ့တာကို၊ အခု နမ်ဘီယာရောက်လာတဲ့ အခါမှာလည်း ဒီအတိုင်း ဘဲ
စစ်အစိုးရက အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စ၊ လူ့အခွင့်အရေး ကိစ္စ၊ င်္ဒီမိုကရေစီရေး ကိစ္စတွေမှာ
အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ ကိစ္စတွေ အပေါ်မှာ ဘယ်လောက်ထိ စေတနာထားပြီးတော့
ဆောင်ရွက်မလည်း၊ ဘယ်လောက်ထိ တိုးတက်အောင် လုပ်မလည်းဆိုတဲ့ သဘောထားပေါ်မှာ တည်မှာဘဲလို့
ကျနော်ကမြင်ပါတယ်။”

ထက်အောင်ကျော်။ ။ အခု အခင်းအကျင်းကော ဆရာ ဘယ်လိုမျှော်လင့်လဲ၊ ဆိုလိုတာက အခု


ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးတော့ အချိန်မှာ ယူအန်ကိုယ်စားလှယ်က လာတယ်၊ တစုံတ ရာများ
အရင်ထက်စာရင် ပိုထူးလာလို့ခင်ဗျာ။

“ထူးတယ်လို့ဘဲ သဘောထားပါတယ်၊ ဘာလို့လည်းဆိုတော့ အမှန်အတိုင်းပြောရင် မစ္စတာ နမ်ဘီယာ


မြန်မာပြည်လာဖို့ ကြိုးစားတာ လွန်ခဲ့တဲ့ လေးငါးလတုန်းထကြ လုပ်ခဲ့ပြီးပြီ၊ မစ္စတာ နမ်ဘီယာက မြန်မာပြည်ထဲ
ဝင်လို့မရလို့ မြန်မာပြည်က ဝင်ခွင့်မပေးလို့ အိမ်နီးချင်း နိုင်ငံတွေ လျှောက်သွားပြီးတော့ ဆွေးနွေးကြတဲ့ ကိစ္စတွေ

PDF created with pdfFactory trial version www.pdffactory.com


ရှိခဲ့တယ်၊ အခုတော့ ဒေါ်အောင် ဆန်းစုကြည် လွတ်မြောက်လာတဲ့အချိန်မှာဘဲ တိုက်တိုက်ဆိုင်ဆိုင် မစ္စတာ
နမ်ဘီယာကို မြန်မာ ပြည်ကို လာခွင့်ပြုတယ်၊ နောက်တခါ မစ္စတာ နမ်ဘီယာကို ဒေါ်အောင်ဆန်းစုကြည်
သာမကဘဲနဲ့ အန်အယ်ဒီ စီအီးစီနဲ့ တွေ့ဆုံခွင့် ပေးဖို့ဆိုတာတွေ လုပ်လာတဲ့အခါကျတော့ ဘာပြောပြော ဒီလို
လက္ခဏာတွေက ကောင်းတဲ့လက္ခဏာတွေလို့ ကျနော်တို့ ယူဆပါတယ်၊ အဲဒီအတွက် အများကြီး
မျှော်လင့်ချက်တွေ ထားတယ်လို့ မျှော်လင့်ပါတယ်။”

မနက်ဖြန်ပြုလုပ်မယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလအထူးကိုယ်စားလှယ်တို့ရဲ့ တွေ့ဆုံပွဲ အပေါ်


ဦးဝင်းတင်ရဲ့အမြင်ကိုမေးမြန်းခဲ့တာဖြစ်ပါတယ်။

ကျောက်ဖြူòမိ‹မှာ တကိုယ်တော်ဆန္ဒပြ
ဒီဗွီဘီ ၂၆ နိုဝင်ဘာ ၂ဝ၁ဝ - DVB

တွေ့ဆုံဆွေးနွေးရေး အမြန်လုပ်ဆိုတဲ့ ပိုစတာကိုထောင်ပြီး ကိုထွန်းနု ခေါ် လူငယ်တဦးက ဂီရိမုန်တိုင်းဒဏ်ခံရတဲ့


ရခိုင်ပြည်နယ် ကျောက်ဖြူမြိုမှာ မနေ့က ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ဆိုင်းဘုတ်ကို မော်တော်ဆိုင်ကယ်မှာထောင်ပြီး ဇေတိယ ရွာကနေ ကျောက်ဖြူမြို့အထိ ၂ မိုင်ခန့်အဝေးကို


ဆိုင်ကယ် တဖြေးဖြေးမောင်းပြီး ဆန္ဒပြခဲ့တာလို့ မျက်မြင် တွေ့ရှိသူတဦးက ပြောပါတယ်။

ကျောက်ဖြူမြို့အရောက်မှာတော့ သူကို အာဏာပိုင်တွေက ဖမ်းဆီးပြီး အခု ကျောက်ဖြူ မြို့မရဲစန်းမှာ


ချုပ်နှောင်ထားတယ်လို့ အဲဒီပုဂ္ဂိုလ် က ပြောပါတယ်။ ဒီသတင်းကို အသေးစိပ်သိနိုင်ဖို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အဖွဲ‹ချုပ်ဝင် ကိုရွှေမောင်း ဆေးကုသခွင့်ရ


၂၆ နိုဝင်ဘာ ၂ဝ၁ဝ - DVB

ထောင်တွင်းမှာ အမှုန့်တခုနဲ့ အပက်ခံရလို့ မျက်စိဝေဒနာခံ စားနေရတဲ့ မန္တလေးတိုင်းအဖွဲ့ချုပ်ဝင် ကိုရွှေမောင်း


ဒီနေ့အပြင်ဆေးရုံမှာ ဆေးကုသ ခွင့်ရခဲ့ပါတယ်။

ဧရာဝတီတိုင်း ဖျာပုံထောင်မှာ အကျဉ်းကျခံနေရတဲ့ ကိုရွှေမောင်းဟာ အခု လ ၁၂ ရက်နေ့ညက


စာဖတ်နေချိန်မှာ အပြင်ကနေအတွင်းထဲကို အမှု့န်တခုနဲ့ အ ပက်ခံခဲ့ရတဲ့အတွက် ဘယ်ဘက်မျက်လုံးထိပြီး
ဝေဒနာခံစားခဲ့ရပါတယ်။

ထောင်တွင်း ဆရာဝန်က ကုသပေးပေမယ့် မပျောက်တဲ့အတွက် နောက်ဆုံး အပြင်ဆေးရုံအထိ ပြသရတာလို့


ဒီနေ့ဖျာပုံ ဆေးရုံကြီးမှာ သွားရောက်တွေ့ဆုံခဲ့တဲ့ ကိုရွှေမောင်းရဲ့ဇနီး မသန်းသန်းဝင်းက ပြောပါတယ်။

“အပြင်မျက်စိကုတဲ့ ဖျာပုံဆေးရုံကြီးကို သူတို့ထုတ်ပါတယ်။ ကျမလိုက် သွားတော့ ဆရာဝန်နဲ့ ပြနေတဲ့အချိန်မှာ


မီသွားတယ်။ ဆရာဝန်ကြီးက ပြောပါ တယ်။ စဖြစ်တဲ့နေတုန်းကဆိုရင် မျက်လုံးကလည်း ယောင်နေပြီး
မျက်ခမ်းတွေမှာ လည်း ပွမ်းရာရှရာတွေနဲ့၊ မျက်လုံးအိမ်ကလည်း တော်တော်ရဲနက်နေတာတဲ့၊ မျက်
ကြည်လွှာမှာလည်း ဒဏ်ရာရတယ်တဲ့ အဲလိုပြောတယ်။”

PDF created with pdfFactory trial version www.pdffactory.com


ကိုရွှေမောင်းရဲ့ မျက်စိအခြေအနေဟာ ဆရာဝန်ရဲ့ စောင့်ရှောက်မှုကြောင့် မခွဲရဘူးလို့လည်း ဆိုပါတယ်။ မျက်စိကို
အမှုန့်တခုနဲ့ အပက်ခံရပြီးနောက် ထောင်တွင်း ဆေးကုသခွင့် ချက်ချင်းမရခဲ့တဲ့အကြောင်းကိုလည်း
မသန်းသန်းဝင်းက ပြောပါတယ်။

“၁၂ ရက်နေ့ညမှာ တညလုံး အော်နေရတာပေါ့။ ထောင်ပိုင်ကြီးကိုလည်း အကြောင်းကြားတယ်။


မိုးကချုပ်နေပြီဆိုတော့ ၁၃ ရက်နေ့ ၁ဝ နာရီလောက်မှ ဆေးခန်းပြရတယ်။ ပြတဲ့အချိန်မှာ ဆရာဝန်က
နည်းနည်းနောက်ကျနေတဲ့အတွက် အခြေအနေက စိုးရိမ်ရတယ်လို့ ပြောတယ်။”

ကိုရွှေမောင်းဟာ ၂ဝဝ၇ ခုနှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့မှုနဲ့ ဖမ်းဆီးခံရပြီး


နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဆူပူသွေးထိုးလှုံ့ဆော်မှုတို့နဲ့ ထောင် ဒဏ် ၈ နှစ် ကျခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီနောက် အယူခံဝင်ခဲ့တဲ့အတွက် ထောင်ဒဏ် ၆ နှစ်ထိ လျှော့ချခံခဲ့ရပါတယ်။

ဖမ်းဆီးခံရစဉ် နှိပ်စက်ည‡ဉ်းပန်းမှုဒဏ်တွေ၊ ထောင်တွင်း အစားအသောက် ခိျု့တဲ့မှုတွေကြောင့် ကိုရွှေမောင်းဟာ


ရင်ဘတ်နဲ့ နောက်ကျောအောင့်ဝေဒနာများ ခံစားနေရတယ်လို့လည်း မသန်းသန်းဝင်းက ပြောပါတယ်။

ကိုရွှေမောင်းဟာ ၂ဝဝ၂ ခုနှစ်တုန်းကလည်း ရွှေခမောက်တလုံးပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့


ပို့ဆောင်ရန် စီစဉ်ခဲ့သောကြောင့် ခိုးရာပါ ပစ္စည်း လက်ခံမှုနဲ့ ထောင်ဒဏ် ၃ နှစ် ကျခံခဲ့ရပါတယ်။။

နှစ် ၁ဝဝ ပြည့် ခရစ်ယာန်သာသနာပွဲသွားသည့် ဘုန်းတော်ကြီးများ နှောင့်ယှက်ခံရ


နော်နိုရင်း ၂၆ နိုဝင်ဘာ ၂ဝ၁ဝ - DVB

ချင်းပြည်နယ် တီးတိန်မြို့ကို ခရစ်ယာန်သာသနာ ရောက် ရှိခြင်း နှစ် ၁ဝဝ ပြည့်ပွဲ တော်ကို သွားရောက်မယ့်
ခရစ်ယာဉ်ဘုန်းကြီးတွေ အနှောင့် ယှက်ခံရတယ်လို့ သိရပါတယ်။

တီးတိန်မြို့ကို ခရစ်ယာန် သာသနာ ရောက်ရှိခြင်း နှစ် ၁ဝဝ ပြည့် အခမ်းအ နားကို နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ
၂၈ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ အခုလ ၂၂ ရက်နေ့ကတည်းက ပွဲတော်သွားတဲ့ ရန်ကုန်မှ
ခရစ်ယာန်ဘုန်းတော်ကြီး တွေ နှောင့်ယှက်ခံရတာလို့ ချင်းအမျိုးသားတဦးက အခုလို ပြောပါတယ်။

“အဲဒီပွဲတော်ကို သွားဖို့ ရန်ကုန်ကနေပြီး ခရစ်ယာန်ဘုန်းကြီး အပါး ၃ဝ လောက် လိုက်ပါစီးရင်းမယ့် အဲယားပုဂံမှာ


ပြဿနာဖြစ်သွားတာ။ ဘယ်လို့ဖြစ်လဲ ဆိုတော့ မနက် ၁ဝ နာရီမှာ ထွက်ဖို့
မင်္ဂလာဒုံလေယာဉ်ကွင်းမှာချိန်းထားတာ။ ဒါ ပေမယ့် မနက် ၄ နာရီမှ ထွက်ဖြစ်တယ်။ မန္တလေးရောက်တော့
မိုးချုပ်နေပြီ၊ ဆက် သွားလို့ မရဘောဘူးဆိုပြီး ဆင်းချတာ။ ကလေးမြို့မှာ မီးလည်းမရှိတော့ ဆင်းလို့ မရဘူးပေါ့
အဲလိုဖြစ်တာ။ ကလေးမြို့ထိ မခေါ်သွားတော့ဘူး။ ”

လူတဦးအတွက် ရန်ကုန်-ကလေး တိုက်ရိုက်လေယဉ်ဖိုး တသိန်းနဲ့ ခြောက် ထောင် ပေးဆောင်ခဲ့ရတယ်လို့


လည်း သူက ပြောပါတယ်။ လေယာဉ်ပေါ် စီးနင်းလိုက်ပါသွားတဲ့ ခရစ်ယာဉ် ဘုန်းတော်ကြီး တပါးလည်း
သူတို့အဖွဲ့ မန္တလေးကို ရောက်ပြီးတာနဲ့ ဆက်သွားလို့ မရတဲ့အကြောင်း အခုလို ပြောပါတယ်။

PDF created with pdfFactory trial version www.pdffactory.com


“မန္တလေးလေဆိပ် တာဝန်ခံတယောက်က လေယာဉ်ပေါ်တက်လာပြီး ဆက် သွားလို့ မရတော့ဘူးလို့
လာပြောတယ်။ ကလေးကို ဆင်းလို့ မရတော့တဲ့အတွက် ကြောင့် ရန်ကုန်ပြန်ပေါ့၊ ကျနော်တို့က
ကလေးကိုသွားဖို့ စီစဉ်ထားတာ။ ရန်ကုန် ကိုတော့ ဘယ်နည်းနဲ့မှ ပြန်လို့ မဖြစ်နိုင်ဘူး။ ကျနော်တို့ကို တခုခုတော့
လုပ်ပေးရ မယ်။ အဲမှာ ကျနော်တို့ တောင်းဆိုလိုက်တယ်။ နောက်နေ့ အတွက် လေယာဉ်စီစဉ် ပေး၊
မစီစဉ်ပေးနိုင်ရင် ဒီညမှာ တခါတည်း သွားဖို့အတွက် ကား တခုခုတော့ စီစဉ် ပေးရမယ်။

“လေယာဉ်အရေအတွက်က နည်းတယ်ဆိုတာလည်း နားလည်တယ်။ က လေးကို ဆက်သွားလို့


မရတော့ဘူးဆိုရင် ဘာဖြစ်လို့ ရန်ကုန်ကနေ မန္တလေးကို ခေါ်သွားရတာလဲ။ ဒီလိုဒုက္ခရောက်အောင်
ဘာလို့စီစဉ်ရတာလဲဆိုပြီးတော့ စိတ် တော့ ဆိုးသွားတာပေါ့။”

လေယာဉ်လမ်းခရီးအဆင်မပြေဘဲ ကားနဲ့ပြန်စီစဉ်ပေးခဲ့ပေမယ့် လေယာဉ် ဖိုး ကုန်ကျစရိတ်တွေကိုတော့


ပြန်ပေးတော့ဘူးလို့လည်း ဆရာတော်က ပြောပါ တယ်။ ကလေးမြို့ကိုကားနဲ့ သွားရတဲ့အတွက်
အသက်ကြီးတဲ့သူတို့အဖို့ ပင်ပန်းခဲ့ ကြရသလို ပွဲတော်အတွက် ကြိုတင်ပြင်ဆင်ရမယ့် အစီအစဉ်တခိျု့လည်း
အဆင် မပြေ ဖြစ်ခဲ့ကြတယ်လို့ ဆရာတော်က ပြောပါတယ်။

မနေ့က တီးတိန်မြို့က ခရစ်ယာန် သာသနာရောက်ရှိခြင်း အနှစ် ၁ဝဝ ပြည့် ပွဲတော်ကို စတင်ကျင်းပခဲ့ပြီး


ဒေသပေါင်းစုံက ချင်းလူမျိုး ၃ သောင်း လောက် တက် ရောက်လာကြတယ်လို့ ဆရာတော်က ပြောပါတယ်။

တပတ်အတွင်း စီးပွားသတင်း
ရွှေအောင် ၂၆ နိုဝင်ဘာ ၂ဝ၁ဝ DVB

ဆီဈေးတက်မှု ဆီဆိုင်ပိုင်ရှင်များကို ခေါ်ယူဆွေးနွေး ရဆကသအားတ်ဆီဈေးတွေ တက်နေပြီး


ရဆကသအားတ်ဆီတန်းစီတဲ့ ကားတန်းတွေရှည်နေတာ တွေ့လို့ နေပြည်တော်က
ပုဂ္ဂလိကရဆကသအားတ်ဆီဆိုင်ပိုင်ရှင်တွေကို ဒီနေ့ ခေါ်ယူဆွေးနွေး နေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်ထဲ ရဆကသအားတ်ဆီဆိုင်ပိုင်ရှင်တွေခေါ်ပြီး စွမ်းအင်ဝန်ကြီးက ရဆကသအားတ် ဆီတွေကို


ဘောက်ဆာကားလိုက် အပြင်ထုတ်ရောင်းချတဲ့ တိုင်စာတွေ အထောက် အထားတွေပြပီး
ခေါ်ယူကြိမ်းမောင်းခဲ့တာပါ၊ အဲဒီတုန်းက ပိုင်ရှင်တွေမတက်လို့ အခုသောကြာမှာ ပိုင်ရှင်တွေကိုယ်တိုင်
လာတက်ရမယ်ဆိုပြီး ထပ်တွေ့တာပါ။”

ပုဂ္ဂလိကရဆကသအားတ်ဆီဆိုင်ပိုင်ရှင်တွေကတော့ ဦးတေဇ၊ ဦးဌေးမြင့်၊ ဦးဇော်ဇော် တို့ ပါဝင်ပါတယ်။


ပုဂ္ဂလိကဆီဆိုင်တို့တွင် ဆီထုတ်ရောင်းစားသူများပြား ရန်ကုန်နဲ့မန္တလေးမြို့တို့ရှိ
ပုဂ္ဂလိကရဆကသအားတ်ဆီဆိုင်တွေမှာ ကားနဲ့ ဆီထုတ် ရောင်းစားသူတွေ များလာတဲ့အတွက်
အပြင်ရဆကသအားတ်ဆီဈေးတွေ နိုဝင်ဘာလဆန်း ပိုင်းကတည်းက တက်ခဲ့ပါတယ်။

ပုဂ္ဂလိကဆိုင်တွေက ရဆကသအားတ်ဆီတဂါလန် ၂,၅ဝဝ ကျပ်နဲ့ ရောင်းပေးနေတာ ဖြစ်ပြီး ပြင်ပဈေးက


တဂါလန် ၃,၆ဝဝ၊ ၃,၈ဝဝ လောက်ထိ ရှိပါတယ်။ ရဆကသအားတ်ဆီထုတ်ရောင်းတဲ့ ကားတွေက တဂါလန်
၇ဝဝ၊ ၈ဝဝ လောက် အ မြတ်ကျန်နေတာမို့ ဆီထုတ်ရောင်းတဲ့သူတွေများ လာပြီး အမှန်တကယ် ဆီထည့်တဲ့
ကားတွေကတော့ ဆီတခါတည့်ရင် ၁ နာရီခွဲ ၂ နာရီလောက် အချိန်ပေး တန်းစီနေ ကြရပါတယ်။

PDF created with pdfFactory trial version www.pdffactory.com


မန္တလေးမြို့မှာလည်း အလားတူ ဆီထည့်တဲ့ ကားတွေ တန်းစီနေပါတယ်။ ရန်ကုန်နဲ့ မန္တလေးက
ဆီအခက်အခဲတွေက ကားနဲ့တန်းစီဆီထုတ်ပြီး ပြန် ရောင်းကြတာတွေကြောင့်နဲ့ ဆီဆိုင်တွေကိုယ်နှိုက်က
ဘောက်ဆာ ကားလိုက် အ ပြင်ကို ထုတ်ရောင်းနေတာတွေကြောင့်ပါ။

ပုဂ္ဂလိကရဆကသအားတ်ဆီဆိုင်တွေ စပြီးဖွင့်ကတည်းက ဒီနေ့ထိ အစိုးရကပဲ သတ် မှတ်ဈေးနဲ့


ရောင်းပေးနေတာပါ။ ပုဂ္ဂလိကဆီဆိုင်ပေါင်း ၂၆၁ ဆိုင်ကို ပြီးခဲ့တဲ့ ဇွန်လ ၁ဝ ရက်နေ့ကစပြီး တနိုင်ငံလုံးအနှံ့
ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့တာပါ။

ရန်ကုန်အဲယားဝေး ရပ်နား ပုဂ္ဂလိကလေကြောင်းလိုင်း ရန်ကုန်အဲယားဝေးလိုင်း ဒီဇင်ဘာ ၃ ရက်နေ့က စပြီး


ရပ်နားလိုက်တယ်လို့ အဲ့ဒီလေကြောင်းလိုင်းက အတည်ပြုပြောပါတယ်။

ရပ်နားလိုက်တဲ့အကြောင်းရင်းကို မပြောပေမယ့် ဒီလေကြောင်းလိုင်း ပိုင် ဆိုင်သူဟာ ဝ ခေါင်းဆောင်ပိုင်းနဲ့


ဆွေမျိုးနီးစပ်တော်နေတာကြောင့် စစ်အစိုးရက ဖိ အားပေးတာလို့ ရန်ကုန်အဲယားဝေး လေကြောင်းလိုင်းနဲ့
နီးစပ်သူတွေက ပြောပါ တယ်။

လေကြောင်းလိုင်းကို လွှဲပြောင်းရောင်းလိုက်တာလား၊ အသိမ်းခံလိုက်တာ လား ဆိုတာတော့ မသိရသေးပေ။


ရန်ကုန်အဲယားဝေးလေကြောင်းလိုင်းမှာ လေယာဉ်နှစ်စင်းနဲ့ ပြည်တွင်း ခရီး စဉ်တွေ ပြေးဆွဲနေတာဖြစ်ပြီး
ပြည်တွင်းမှာတော့ အောင်မြင်တဲ့ လေကြောင်းလိုင်း တလိုင်း ဖြစ်ပါတယ်။

လေကြောင်းလိုင်းဟာ ၁၉၉၆ ခုနှစ်ကတည်းက စတင် တည်ထောင် ပြေးဆွဲ ခဲ့တာ ဖြစ်ပါတယ်။


မြန်မာ့စိုက်ပျိုးရေးမှာ တောင်ကိုရီးယားကုမ္ပဏီ ရင်းနီှး မြ‡ုပ်နှံ မြန်မာ့စိုက်ပျိုးရေးကဏ္ဍမှာ တောင်ကိုရီးယားနိုင်ငံ
ကုမ္ပဏီတခုက အမေရိ ကန်ဒေါ်လာ ၆၂ သန်းဖိုး လာရောက်ရင်းနှီးမြ‡ုပ်နှံတယ်လို့ စီးပွားကူးသန်း သတင်း
တရပ်အရ သိရပါတယ်။

ဆယ်စုနှစ်တာကာလအတွင်း စိုက်ပျိုးရေးကဏ္ဍမှာ ပထမဆုံး ရင်းနှီးမြ‡ုပ်နှံ လာတာဖြစ်ပြီး ရခိုင်ပြည်နယ်ထဲမှာ


ရော်ဘာစိုက်ဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာမှာ လာပြီးရင်းနှီးမြ‡ုပ်နှံမှု အများဆုံးကဏ္ဍတွေကတော့ ရေနံ၊ သဘာ ဝရဆကသအားတ်ငွေ့ စတဲ့


သယံဇာတနယ်ပယ်တွေမှာ ဖြစ်ပြီး တရုတ်နဲ့ထိုင်းနိုင်ငံတို့က အ များဆုံးလာရောက်
လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ စိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြ‡ုပ်နှံဆောင်ရွက်မှု အနည်းဆုံးဖြစ်ပါတယ်။

ဒေါ်လာဈေးများကျ အက်ဖ်အီးစီနဲ့ အမေရိကန်ဒေါ်လာ (အန်းနီး) လို့ခေါ်တဲ့ ပို့ကုန်ကရတဲ့ ဒေါ်


လာဈေးတွေကျနေတာ ၃ လလောက် ရှိသွားပြီ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်မီက ရွေးကောက်ပွဲကို
စောင့်ကြည့်နေကြတာကြောင့် လို့ ဆိုခဲ့ကြပေမယ့် ရွေးကောက်ပွဲလွန်ကာလမှာလည်း နိုင်ငံခြားငွေဈေးတွေက
တက် မလာသေးပါဘူး။

လောလောဆယ်တော့ ပို့ကုန်သွင်းကုန်သမားတွေက စောင့်ကြည့်အနေ အ ထားပဲ ရှိနေကြတယ်လို့


လုပ်ငန်းရှင်တဦးက ပြောပါတယ်၊ ဒီနေ့ဒေါ်လာပေါက်ဈေးက ကျပ် ၉ဝဝ လောက်၊ အက်ဖ်အီးစီက ၈ဝဝ

PDF created with pdfFactory trial version www.pdffactory.com


လောက်ရှိပြီး၊ အရောင်းအဝယ် မရှိသလောက်ပဲလို့ အရောင်းအဝယ်လုပ်သူတဦးက ပြောပါတယ်။
စက်တင်ဘာလကစပြီး နိုင်ငံခြားငွေတန်ဖိုးတွေ ကျပ် ၁,ဝဝဝ အောက် ထိုးကျခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစု-ကည်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးကို
ဂျပန်အမတ် ကြိုဆို
ဇော်ဇော်လှိုင် ၂၆ နိုဝင်ဘာ ၂ဝ၁ဝ DVB

- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ပြန် လည်သင့်မြတ်ရေး ကြိုးပမ်းမှုကို ဂျပန်အစိုးရ ရဲ့


တိုကျိုတိုင်း လွှတ်တော်အမတ် ဥက္ကဋ္ဌက ကြိုဆိုထောက်ခံလိုက်ပါတယ်။ တိုကျိုတိုင်း လွှတ်တော်အမတ် ဥက္ကဋ္ဌ
မစ္စတာ ဝဒမူနဲဟရုက တိုကျို အီတဘရှိမှာ နိုဝင်ဘာ၂၄ ရက်က ပြုလုပ်တဲ့ ၆ လပတ် အစည်းအဝေးမှာ အခုလို
ထုတ် ဖော်ပြောဆိုခဲ့ပါတယ်။

နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်က လူ ထုကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာရော


သတင်းဌာနတွေနဲ့ မေးမြန်းပြောဆိုမှုတွေမှာ ပါ အမျိုးသားပြန်လည်သင့်မြတ်ရေး ရင်ကြားစေ့ရေးအတွက်
တရားဝင်အကြိမ်ကြိမ် ပြောဆိုခဲ့တာကို တွေ့ ခဲ့ရတယ်လို့ မစ္စတာ ဝဒမူနဲဟရုက ပြောပါတယ်။

မစ္စတာ ဝဒါမူနဲဟရု ၆ လပတ် အစည်းအဝေးမှာ ပြောကြားခဲ့တာကို ကိုယ် တိုင် တက်ရောက်ခဲ့တဲ့


မြန်မာနိုင်ငံသား ဦးကျော်ဆန်းက ခုလို ပြန်ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာမယ်လို့ မျှော်လင့်ပါတယ်။ အရင်တုန်းက ကျနော့်ကိုပြောခဲ့သလို


အမျိုးသားပြန်လည်တည်ဆောက်ရေးအတွက် တွေ့ဆုံ ဆွေး နွေးရေး ကသာ မြန်မာပြည်ကို ငြိမ်းချမ်းစွာ
ဖြေရှင်းနိုင်မယ်ဆိုတဲ့ လမ်းစဉ်ကို အခု ၇ နှစ်ခွဲကျော်ကြာတဲ့အထိ လက်ကိုင်ထားတာကို ကျနော့်အနေနဲ့
လေးစားမိပါတယ်။”

ဂျပန်အစိုးရအနေနဲ့ အရင်ဝန်ကြီးချုပ်ဖြစ်တဲ့ မစ္စတာ ဟတိုယမ က နအဖ စစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်နဲ့


တွေ့ဆုံဆွေးနွေးဖို့ အကြိမ်ကြိမ်ပြောဆိုခဲ့ပြီး အခုဝန်ကြီးချုပ်သစ် လက်ထက်မှာလည်း အဲဒါက
မပြောင်းလဲပါဘူးလို့ ဂျပန်အစိုးရ ရဲ့ သဘောထားကိုလည်း မစ္စတာ ဝဒမူနဲဟရုက ပြောသွားတယ်လို့ ဆိုပါတယ်။

မြန်မာပြည်မှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် သူ့အနေနဲ့ တတ်နိုင်သလောက်


ကူညီဆောင်ရွက်ချင်ပါတယ်လို့လည်း မစ္စတာဝဒမူနဲဟရုက ပြောပါတယ်။

ရွေးကောက်ပွဲဆန့်ကျင်သူ ဦးအုံးသန်းကို ထောင်ပြောင်း


By မိုးဇော် သောကြာ, 26 နိုဝင်ဘာ VOA

ရန်ကုန်မြို့မှာ တကိုယ်တော် ဆန္ဒပြတာကြောင့် ကလေးမြို့ အကျဉ်းထောင်မှာ ထောင်ဒဏ်တသက် ကျခံနေရတဲ့


နိုင်ငံရေးအကျဉ်းသား ဦးအုံးသန်းကို ဒီကနေ့ ပူတာအိုထောင်ကို ပို့ဆောင်လိုက်တယ်လို့
မိသားစုဝင်တယောက်က ပြောပါတယ်။ ဦးအုံးသန်းကို အခုလို မိသားစုနဲ့ ဝေးလံတဲ့ ပူတာအိုထောင်ကို
ပို့ဆောင်လိုက်တာကတော့ သူဟာ ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ကြောင်း ထောင်တွင်းမှာ

PDF created with pdfFactory trial version www.pdffactory.com


ကြေညာချက် ထုတ်ပြန်တာကြောင့်ဖြစ်တယ်လို့ ကြားသိရကြောင်း ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့
ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဦးအုံးသန်းဟာ ၂၀၀၇ ခုနှစ်က ကုလသမဂ္ဂရုံး၊ အမေရိကန်သံရုံးနဲ့ လူစည်ကားရာနေရာတွေမှာ


ကုန်ဈေးနှုန်းကျဆင်းရေး၊ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ပြည်သူ့အစိုးရ ထူထောင်ရေးဆိုတဲ့
အချက်တွေတောင်းဆိုပြီး တကိုယ်တော် ဆန္ဒပြခဲ့တာကြောင့် ကလေးမြို့ အကျဉ်းထောင်မှာ
ထောင်ဒဏ်တသက် ကျခံနေရသူ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဦးအုံးသန်းကို မိသားစုနဲ့ဝေးလံတဲ့ ကချင်ပြည်နယ်က ပူတာအိုထောင်ကို


ပြောင်းရွှေ့လိုက်တယ်လို့ သားဖြစ်သူ ကိုစိုးကိုကိုက အခုလိုပြောပါတယ်။

“ပူတာအိုကို ပြောင်းသွားတယ်။ ပူတာအိုကိုတော့ ဒီနေ့ လေယာဉ်နဲ့ ပါသွားတယ်လို့ ကြားတယ်။


ပြောင်းတာကတော့ ၁၇ ရက်နေ့လောက်ကပေါ့။ ကလေးကနေ မန္တလေး၊ မန္တလေးကနေ မြစ်ကြီးနား၊ အခု
မြစ်ကြီးနားကနေမှ ပူတာအိုကို ထပ်ပြောင်းတာပေါ့နော်။”

ပူတာအိုထောင်ကို ပြောင်းရွှေ့လိုက်တာကို မြစ်ကြီးနားက မိတ်ဆွေတွေဆီကနေ တဆင့်သိရတာဖြစ်ပြီး


ထောင်အာဏာပိုင်တွေကတော့ တစုံတရာ အကြောင်းကြားတာ မရှိဘူးလို့ ပြောပါတယ်။ ဒီလိုပြောင်းရွှေ့တာဟာ
ဦးအုံးသန်းဟာ ထောင်အတွင်းမှာ ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်တာကြောင့် ဖြစ်တယ်လို့ သိရကြောင်း
သားဖြစ်သူက အခုလို ဆက်ပြောပါတယ်။

“ဘာလို့ ပြောင်းလဲဆိုတော့ ဒီရွေးကောက်ပွဲရလဒ်ကို အဖေက အထဲမှာ ဆန့်ကျင်ပြီးတော့ ကြေညာချက်တစောင်


ထုတ်တယ်လို့တော့ ပြောတာပဲ။ အဲဒါကြောင့်မို့ ပြောင်းတယ်လို့တော့ ကြားတာပဲ။”

ဦးအုံးသန်းဟာ အရင်က သစ်ထုတ်လုပ်ရေး အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၁၉၈၈ ခုနှစ်


ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ ပါဝင်လာပြီးတဲ့နောက် ထောင်အကြိမ်ကြိမ် ကျခံခဲ့ရသူဖြစ်ပါတယ်။

အသက် ၆၄ နှစ်အရွယ်ရှိတဲ့ ဦးအုံးသန်းဟာ အရင်က ဆီးလမ်းကြောင်း ကျောက်တည်တဲ့ရောဂါနဲ့


သွေးတိုးရောဂါတွေ ခံစားရတာတွေ ရှိပေမဲ့ အခုအခါမှာတော့ ကျန်းမာရေး ကောင်းမွန်တယ်လို့ သိရကြောင်းနဲ့
ပူတာအိုထောင်ကို ပြောင်းရွှေ့လိုက်တာကြောင့် မိသားစုအနေနဲ့ ထောင်ဝင်စာတွေ့ဖို့
ပိုမိုခက်ခဲသွားမှာဖြစ်ကြောင်း သားဖြစ်သူက ပြောပါတယ်။

မြန်မာနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင် ကတော့


ရှမ်းခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်တို့၊ ဦးခွန်ထွန်းဦးတို့က စတင်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို အခုလို
ဝေးလှံတဲ့ထောင်တွေဆီ ပို့ဆောင်နေတာ ဖြစ်တယ်၊ ဒါဟာ အစိုးရက အကျဉ်းထောင်လက်စွဲ ဥပဒေကို
ချိုးဖောက်ပြီး ရည်ရွယ်ချက်ရှိရှိ ကျုးလွန်နေတဲ့ ရာဇ၀တ်မှုဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဒါကတော့ နိုင်ငံတော်က စနစ်တကျ ကျုးလွန်နေတဲ့ အမှုလို့ ပြောလို့ရပါတယ်။ ဗိုလ်ချုပ်ဆေထင်တို့


ဦးခွန်ထွန်းဦးတို့၊ အဲဒီကစပြီးတော့ မိသားစုတွေနဲ့ ဝေးနေတဲ့ထောင်တွေကို ပြောင်းတယ်။ နောက်ပိုင်းမှာ ၈၈
မျိုးဆက် ကျောင်းသားတွေ ထောင်ထဲရောက်တော့လည်း ကော့သောင်တို့၊ ဘူးသီးတောင်တို့၊ မိုင်းဆတ်တို့၊

PDF created with pdfFactory trial version www.pdffactory.com


ပူတာအို၊ မြစ်ကြီးနား အဲလိုမျိုးတွေ မိသားစုနဲ့ အဝေးဆုံးမှာ ရှိတဲ့နေရာတွေကို လိုက်ပြောင်းနေတယ်။
တကယ်တော့ အကျဉ်းထောင် လက်စွဲဥပဒေမှာက အကျဉ်းသားတယောက်ကို မိသားစုနဲ့အနီးဆုံးထောင်မှာ
ထားရမယ်ဆိုတဲ့ ဖော်ပြချက်ရှိပါတယ်။ ဒါကို သူတို့ကိုယ်တိုင် ချိုးဖောက်ပြီးတော့ အဝေးဆုံးထောင်ကို
ရည်ရွယ်ချက်ရှိရှိ ပို့တဲ့ကိစ္စ။ ဒါက နိုင်ငံရေး အကျဥ်းသားတယောက်ကို အဲလို ပို့လိုက်ခြင်းအားဖြင့်
ဒီအကျဉ်းသားတင်ပါမကဘဲ မိသားစုတွေပါ ဒုက္ခတွေရောက်တယ်။ ငွေရေးကြေးရေးအရ ဒုက္ခရောက်တယ်။
လူပင်ပန်းတယ်။ အချိန်ကုန်တယ်ဆိုတဲ့ ကိစ္စမျိုးတွေက တောက်လျောက်လိုက်ပါလာတဲ့ ကိစ္စပါ။ အဲဒါက
တော်တော်ဆိုးတဲ့ ညှင်းပမ်းနှိပ်စက်မှုလို့ ပြောလို့ရပါတယ်။”

ဒီကနေ့မှာလည်း ၂၀၀၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုကာလမှာ ဖမ်းဆီးပြီး မိသားစုနဲ့ဝေးတဲ့ ဖျာပုံအကျဉ်းထောင်မှ


အကျဉ်းကျခံနေရတဲ့ မန္တလေးက ဦးရွှေမောင်ကို မျက်စေ့ဝေဒနာကြောင့် ဆေးကုသခဲ့ရတယ်လို့ သိရပါတယ်။

တီးတိန်အနီး ကားမှောက် ၁၆ ဦးသေ


By အေးအေးမာ သောကြာ, 26 နိုဝင်ဘာ VOA

ချင်းပြည်နယ် တီးတိန်မြို့မှာ ၂၅ ရက်နေ့ကနေ စတင်ကျင်းပနေတဲ့ ခရစ်ယာန်နှစ်ချင်း သာသနာ နှစ်တရာပြည့်နဲ့


ချင်းစာပေယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ အထိမ်းအမှတ် ရာပြည့်ပွဲတော်ကို လာကြတဲ့ ခရီးသည်တင် ကားတစီး
တွန်းဇန်မြို့နဲ့ တီးတိန်မြို့အကြား တောင်ပေါ်လမ်းမှာ ဒီနေ့ မနက် ၁၁ နာရီ ကျော်မှာ တိမ်းမှောက်ခဲ့တာကြောင့်
လူ ၁၆ ဦး သေဆုံးပြီး အပြင်းအထန် ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ ဒီအကြောင်းကို မအေးအေးမာက
သတင်းပေးပို့ထားပါတယ်။

နှစ်ချင်းခရစ်ယာန်သာသနာပြုခဲ့တဲ့ နှစ်တရာပြည့်တာကြောင့် ချင်းပြည်နယ် တီးတိန်းမြို့မှာ နိုဝင်ဘာလ ၂၅


ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ချင်းတောင်တန်းသားတွေက ယုဘိလပွဲသဘင်လို့ ခေါ်တဲ့ ရာပြည့်ပွဲတော်ကို
ကျင်းပနေကြပါတယ်။ အနယ်နယ်အရပ်ရပ်က သာသနာပြုသူတွေ အများအပြား လာကြပြီး ချင်းပြည်နယ်
အတွင်းက ဒေသခံပြည်သူတွေ လာရောက်ကြတာကြောင့် အတော်စည်ကားတဲ့ ပွဲသဘင် ဖြစ်ပါတယ်။
ဒီပွဲကိုလာကြတဲ့ ခရီးသည်တင် ကားတစီးဟာ ၂၆ ရက်မနက်မှာ တွန်းဇန်မြို့ကနေ တီးတိန်အသွား
တောင်တက်ကားလမ်းမှာ နောက်လနပြီး ချောက်ထဲ တိမ်းမှောက်ခဲ့တာကြောင့် ၂၆ ရက်နေ့ ညနေပိုင်း
စုံစမ်းသိရှိချက်အရ လူ ၁၆ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပြပါတယ်။

“၁၆ ယောက် သေတယ်။ ပထမ ၁၂ ယောက်က ပွဲချင်းပြီးသေတယ်။ နောက် ၄ ယောက်က ဆေးရုံပေါ်မှာ


ထပ်ပြီးသေတယ်။ အားလုံးပေါင်း ၁၆ ယောက်။ တီးတိန်ကနေ ၈ မိုင်အကွာအဝေးလောက်မှာ ဖြစ်တာ။
ကုန်းအတက်ကြီးပေါ့ဗျာ။ မဏိပူမြစ်ဘက်နေ အတက်။ ကားက တက်ရင်းနဲ့ ပြန်လှန်ကျသွားတာ။
ပြန်လှန်ကျပြီးတော့ လမ်းပေါ်ကနေ ချောက်ထဲကို ပေ ၅၀၀ လောက်ကို ကျသွားတာ။ အတက်မှာ အဲဒီနေရာက
တော်တော်အခြေအနေဆိုးတယ်။ မက်စောက်ကြီးပေါ့ဗျာ။ အောက်မှာကျရင်လည်း အခုအခံ ဖြစ်မယ့်
အပင်တွေမရှိဘူး။ သစ်ပင်ကြီးကြီးတွေ မရှိတော့ဘူး၊ ခုတ်လို့ကုန်သွားပြီ။ သစ်တောပြုန်းတီး နေတယ်။
သစ်တောတွေ ပြုန်းတီးနေတော့ အခုအခံမရှိဘူး။ အဲဒါကြောင့် အခုလို ပေ ၅၀၀ လောက်အထိ ကျသွားတာ။ လူ
၃ ယောက်ပဲ ခုန်ထွက်တယ်။ ကားပေါ်က လွတ်သွားတယ်။”

နောက်ဆုံအခြေအနေအရ ဆေးရုံပေါ်မှာ သတိလစ် မေ့မျောနေသူ ခြေကျိုးလက်ကျိုး ဒဏ်ရာရသူတွေလည်း


ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

PDF created with pdfFactory trial version www.pdffactory.com


“အခုဆေးရုံပေါ်မှာ သတိမေ့နေတာ ၃ ယောက်ရှိတယ်။ ခုထိ သတိမရသေးဘူး။ ဒဏ်ရာနဲ့ အားလုံး ၁၁
ယောက်ကျော် ရှိသေးတယ်။ အခြေအနေဆိုးတာ ၃ ယောက်ရှိတယ်။ ကလေး ၁ ယောက်က သတိလစ်
နေတယ်။ သူ့အမေကတော့ သေသွားပြီ။ သေတဲ့သူတွေကို ဒိုင်ယာနာကား တစီးနဲ့ ၁၆ ယောက်လုံးကို သူတို့
သက်ဆိုင်ရာ မြို့တွေရွာတွေကို အကုန်လိုက်ပို့နေတယ်။ ညတွင်းချင်းပဲ။ သူ့ရွာအလိုက် သူ့တို့မိသားစုတွေဆီကို
ပြန်ပို့နေတယ်။”

တောင်ပေါ်လမ်း ဖြစ်တာကြောင့် ကားသမားတွေက သတိနဲ့မောင်းနှင်ရတဲ့ နေရာလို့လည်း ပြောကြပါတယ်။


ဒါပေမဲ့လည်း လမ်းခရီးက မကောင်းတာကြောင့် အန္တရာယ်ရှိတယ် ဆိုတာကို သိနေရက်နဲ့ သွားလာနေရတာ
လို့လည်း ပြောပြပါတယ်။

“နအဖအစိုးရက သူ့ဘာသာသူ လမ်းဘယ်လောက်ပဲဖောက်ဖောက် ပြောဆိုနေတာ။ ဒီလမ်းဆိုရင် မြို့အဆင့်


သွားလာတဲ့ ကားလမ်းကြီး။ ၂ နိုင်ငံ အိန္ဒိယနဲ့လည်း ပေါက်တဲ့လမ်းကြီးပေါ်မှာ ရှိတယ်။ ဒါပေမဲ့ ကတ္တရာ လည်း
မဟုတ်ဘူး။ မြေနီလမ်း။ ဒုတိယကမ္ဘာစစ်တုန်းက ဖောက်တဲ့လမ်းကို ခုထိသုံးနေတာ။”

ဒီပွဲတော်ကို ဒေသခံအာဏာပိုင်တွေလည်း သွားကြပြီး ချင်းပြည်နယ်က ကျေးရွာအတော်များများက


သွားရောက်ကြတာကြောင့် အတော်စည်ကားတဲ့ ပွဲလို့လည်း ပြောပြပါတယ်။ ဒေသခံအားလုံးကတော့ ၀ိုင်းဝန်း
ရှာဖွေနေဆဲလို့ ဆိုပါတယ်။

“နှစ်ပေါင်း ၁၀၀ တိတိပေါ့ဗျာ။ ခရစ်ယာန်နှစ်ချင်း နှစ် ၁၀၀ ပြည့် နဲ့ ချင်းစာပေကို အမေရိကန်
သာသနာပြုအသင်းက သင်ပေးတာ ဆိုတော့ စာပေကလည်း နှစ် ၁၀၀ ပြည့်ပြီ။ သာသနာကလည်း နှစ် ၁၀၀
ပြည့်တဲ့ ယုဘိလသဘင်ပွဲတော်ကြီး။ နှစ်ချင်း ခရစ်ယာန်သာသနာ ရာပြည့် ယုဘိလပွဲတွေကြီး။ လူကလည်း
မြို့ပေါ်မှာ ၃ သောင်းကျော်၊ အားလုံးပေါင်း ၅ သောင်းလောက်ရှိမယ် ထင်တယ်။ ဒီလိုမျိုးကျတော့
လိုက်နိုင်တဲ့သူက ၀ိုင်းလိုက်ကြတယ်။ နယ်မြေခံတပ်လည်း ပါတယ်။ ရဲလည်းပါတယ်။ မယကတို့ ဘာတို့လည်း
ပါတယ်။”

အခုကားမှောက်သေဆုံးမူဟာ ချင်းပြည်နယ်မှာ လူအများဆုံး သေဆုံးမူ ဖြစ်တာလို့လည်း ပြောကြပါတယ်။


၁၉၈၅ ခုနှစ်တုန်းကလည်း ကလေး-တီးတိန် ကားလမ်းမှာ ကားမှောက်မူ ဖြစ်ခဲ့ပြီး လူ ၁၄ ဦး သေဆုံးမှု
ဖြစ်ခဲ့ဖူးပါတယ်။ အခုတခါမှာတော့ ကားမှောက်ပြီး လွှင့်စင်သွားတာကြောင့် ပျောက်ဆုံးသူတွေလည်း ရှိနေပြီး
နောက်ထပ် သေဆုံးသူတွေလည်း ရှိနေနိုင်တယ်လို့ တွက်ဆနေကြပါတယ်။ မိသားစုအတော်များများဟာ
ပွဲတော်မှာဖြစ်နေတာကြောင့် ဘယ်သူတွေ ပျောက်ဆုံးနေသလဲဆိုတာကိုလည်း ချက်ချင်းစုံစမ်းဖို့ ခက်ခဲ
နေကြဆဲ ဖြစ်ပါတယ်။ ညနေပိုင်း၂၆ ရက်နေ့ ညနေပိုင်းအထိ ချောက်ကပါးထဲကနေ ရှာဖွေတွေ့ရှိသူတွေ ကိုတော့
ဆေးရုံပို့ ကုသနေဆဲဖြစ်ပါတယ်။

ဒေါ်စု လွတ်မြောက်မှုကြောင့် မြန်မာပြည်ကို ခရီးသွားတွေ ပိုလာနိုင်


By ဦးအောင်လွင်ဦး ကြာသပတေး, 25 နိုဝင်ဘာ VOA

မကြာသေးခင်ကပဲ ဖမ်းဆီးထားရာက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်


လွတ်မြောက်လာတာ၊ စစ်အစိုးရက နိုင်ငံရေး အပြောင်းအလဲတွေအတွက် ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့နောက်

PDF created with pdfFactory trial version www.pdffactory.com


မြန်မာနိုင်ငံမှာ ၀င်ငွေရပေါက်ရလမ်း တခုဖြစ်တဲ့ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာလေမလား မျှော်လင့်မှုတွေလည်း
ထွက်ပေါ်လာနေပါတယ်။ ဒေသတွင်းက နိုင်ငံတွေနဲ့စာရင် နိမ့်ကျနေတဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်
ဦးမော့လာလေမလား မျှော်လင့်နေကြတာပါ။ ဒီအကြောင်း ရိုက်တာစ် ရုပ်မြင်သံကြား သတင်းဆောင်းပါးကို
ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

လူ့အခွင့်အရေး၊ နိုင်ငံရေး အခြေအနေတွေ တိုးတက်အောင် မလုပ်နိုင်ဘူးဆိုပြီး မြန်မာစစ်အစိုးရအပေါ်


အနောက်နိုင်ငံတွေက ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့အတူ ခရီးမသွားကြဖို့ လှုံ့ဆော်မှုတွေကြောင့် ချိနဲ့နေတဲ့
လုပ်ငန်းတွေဟာ နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ ဖွံ့ဖြိုးလာလေမလား မျှော်လင့်နေကြတာပါ။ အရေးယူ
ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုလို နိုင်ငံတွေက တိုက်ရိုက် လေကြောင်း
ခရီးစဉ်တွေ မရှိတာ၊ မြန်မာနိုင်ငံကို အလည်အပတ် ပြည်ဝင်ခွင့်ဗီဇာ လျှောက်လွှာကို ၃ ရက်အထိ စိစစ်တဲ့
လုပ်ငန်းစဉ်တွေကလည်း ဒီလုပ်ငန်းမှာ အဟန့်အတားတွေ ဖြစ်နေတယ်လို့ ခရီးသွားလုပ်ငန်းက လူတွေက
မြင်ကြပါတယ်။

ဒါပေမဲ့လည်း စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ကျင်းပအပြီး တပတ်လောက်အကြာမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်


ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတဲ့အတွက် အနောက်နိုင်ငံတွေက ကြိုဆိုခဲ့ ကြတာမို့
အလားအလာတွေ ကောင်းလာတော့မလား မျှော်လင့်လာကြတာပါ။

အများစုက ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဝင်စားကြပါတယ်။ ဒါကြောင့်လည်း သူပြန်လွတ်လာတဲ့အတွက်


ခရီးသွားတွေလည်း ပိုပြီး လာကြလိမ့်မယ်လို့ သူထင်တဲ့အကြောင်း မြန်မာဧည့်လမ်းညွှန် ကိုစိုးရီက ပြောပြခဲ့
ပါတယ်။

ဖမ်းဆီးရာက ပြန်လွတ်လာလာချင်း ဆိုသလို ဒေါ်အောင်ဆန်းစုကြည်ကတော့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့


အရေးယူမှုတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တိုင်းပြည်တွေနဲ့ ဆွေးနွေးလိုတယ်လို့လည်း ပြောခဲ့တာပါ။
မြန်မာနိုင်ငံကို ၁၀ ကြိမ်ကျော် ရောက်ဖူးတဲ့ ခရီးသွားလုပ်ငန်းက Marek Pietrowicz ကတော့ ခရီးသွားတွေ
အသွားအလာ များလာတာနဲ့အမျှ အပြန်အလှန် အနေနဲ့ တိုင်းပြည်အတွက်လည်း အထောက်အကူ ဖြစ်မယ် လို့
မြင်ပါတယ်။

“အခုလက်ရှိ အခြေအနေတွေဟာ တိုင်းပြည် အနာဂတ်အတွက် အလွန်ကောင်းသလို ခရီးသွားတွေ


အတွက်လည်း ကောင်းပါတယ်။ ဘကြောင့်လဲဆိုတော့ ခရီးသွားတွေ အနေနဲ့ သတင်းတွေကို ရမယ်၊
တိုင်းပြည်အနေနဲ့လည်း ပွင့်လင်းလာမယ်ဆိုရင် ဒီမိုကရေစီလည်း ပိုပြီး ထွန်းကားလာလိမ့်မယ်လို့ မျှော်လင့်ရ
ပါတယ်။”

ဒါပေမဲ့လည်း ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်းအသင်း (PATA) လို ဒေသတွင်း ကမ္ဘာလှည့် ခရီးသွား


လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေက အခြေအနေတွေဟာ သတိထားဖို့ လိုဦးမယ်လို့ မြင်ပါတယ်။
အသင်းရဲ့ ဒုတိယ အမှုဆောင် အရာရှိချုပ် John Koldowski ကတော့ မြန်မာနိုင်ငံဟာ ခရီးသွားလုပ်ငန်းအတွက်
အလားအလာတွေရှိတဲ့ တိုင်းပြည်တခု ဖြစ်ပေမယ့် လက်ရှိ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေဟာ
တည်ငြိမ်တဲ့ အဆင့်ကို မရောက်သေးဘူးလို့ ဆိုပါတယ်။

PDF created with pdfFactory trial version www.pdffactory.com


“ဒီအခြေအနေကနေ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ကြရမှာပါ။ အခုအချိန်ဟာ ပြန်လည် ဆန်းစစ်ကြည့်ဖို့၊
ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လုပ်ဖို့ လုပ်ကောင်းလုပ်ကြရမယ့် အချိန် ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း
ကျနော်တို့ကတော့ မျှော်လင့်ချက်ထားပါတယ်၊ အပြုသဘောထားလည်း ရှိပါတယ်။ ဒါပေမဲ့လည်း
လောလောဆယ်တော့ ကျနော်တို့ အနေနဲ့ စောင့်ကြည့်ချင်တဲ့ ဆန္ဒပဲ ရှိပါသေးတယ်။”

လတ်တလော အခြေအနေမှာတော့ အရေအတွက် များများစားစား မြန်မာနိုင်ငံကို ခရီးသွားနိုင်ဖို့ထက်


အနည်းအကျဉ်းလောက်နဲ့ အစပျိုး လုပ်နိုင်တယ်လို့ သူက ပြောခဲ့တာပါ။ မြန်မာအစိုးရရဲ့ တရားဝင်
ကိန်းဂဏန်းတွေကတော့ ပြီးခဲ့တဲ့ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း ခရီးသွားပေါင်း ၃၀၀,၀၀၀ လောက်
မြန်မာနိုင်ငံကို လာခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါပေမဲ့လည်း ဒီပမာဏဟာ ကမ္ဘာလှည့် ခရီးသွား ၁၄,၀၀၀,၀၀၀ ရောက်လာခဲ့တဲ့ ထိုင်းနိုင်ငံ၊ ခရီးသွား


၁,၀၀၀,၀၀၀ ရှိခဲ့တဲ့ လာအိုလို နိုင်ငံနဲ့စာရင် အများကြီး နည်းပါးနေဆဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်
သတင်းမီဒီယာတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို
မျက်မြင်ကိုယ်တွေ့ သိလိုသူတွေ၊ စူးစမ်းလိုသူတွေ အတွက်ကတော့ အလည်အပတ်လာဖို့
စိတ်ထက်သန်နေကြဆဲ ဖြစ်ပါတယ်။

“ကျမရဲ့ ပုဂ္ဂိုလ်ရေး အမြင်အရကတော့ ဒီတိုင်းပြည်ကို လူတွေ လာရောက် လည်ပတ်သင့်ပါတယ်။


ဘာကြောင့်လဲဆိုတော့ ဒါဟာ စိတ်ဝင်စားစရာ တိုင်းပြည်တခုပါ။ လူတွေနဲ့လည်း ထိတွေ့ ဆက်ဆံနိုင် ပါတယ်။
ဒါဟာ နိုင်ငံရေး အခြေအနေ ဆိုတာထက် ပိုပါတယ်။”

မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းမှာ ၂၀၀၇ ခုနှစ် စက်တင်ဘာလထဲတုန်းက သံဃာတော်တွေရဲ့ ငြိမ်းချမ်းတဲ့


လှုပ်ရှားမှုတွေကို စစ်တပ်က ဖြိုခွင်းခဲ့တာ၊ ၂၀၀၈ ခုနှစ်မှာလည်း နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရ တဲ့နောက်
ကျဆင်းသွားခဲ့ပေမဲ့ နောက်တနှစ်ဖြစ်တဲ့ ၂၀၀၉ ခုနှစ်ထဲမှာတော့ ၁၇% ပြန်တက်လာခဲ့ပါတယ်။
မကြာသေးခင်တုန်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၊ ဟိုချီမင်းစီတီး
မြို့တွေကနေ တိုက်ရိုက်လေကြောင်း ခရီးစဉ်တွေ တိုးချဲ့ ပြေးဆွဲလာတာတွေကလည်း ခရီးသွားလုပ်ငန်း
အတွက် အလားအလာကောင်းတွေ ဖြစ်မယ်လို့ မျှော်လင့်နေကြတာပါ။

ပစိဖိတ်-အာရှ ခရီးသွား လုပ်ငန်းအသင်း (PATA) ကတော့ ရှေ့လာမယ့် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ် အတွင်း
ပျမ်းမျှ ၆% ကနေ ၇% ကြားအထိ ခရီးသွားလုပ်ငန်းမှာ တိုးတက်လာနိုင်တယ်လို့လည်း ခန့်မှန်းထား တာ
ဖြစ်ပါတယ်။

"လူထု နဲ့ ဒေါ်အောင်ဆန်းစုကြည်" အပတ်စဉ်အမေးအဖြေ အစီအစဉ်


2010-11-26

“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ကို အာအက်ဖ်အေက အပတ်စဉ် သောကြာနေ့ ညတိုင်း


တင်ဆက်နေပါပြီ။ ဒီ အစီအစဉ်ကနေ ပြည်သူတွေ သိချင်တဲ့ မေးခွန်းတွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်
ဖြေကြားပေးမှာ ဖြစ်ပါတယ်။ မေးမြန်းလိုသူတွေ အနေနဲ့ မိမိတို့ မေးခွန်းတွေကို ရန်ကုန်မြို့က အင်အယ်လ်ဒီ
ရုံးချုပ်ကို တိုက်ရိုက် ပေးပို့နိုင်သလို၊ အာအက်ဖ်အေကိုလည်း အင်တာနက်ကနေ ပေးပို့ နိုင်ပါတယ်။
အာအက်ဖ်အေ အီးမေးလ် လိပ်စာကတော့ burmese@rfa.org ဖြစ်ပါတယ်။

PDF created with pdfFactory trial version www.pdffactory.com


မေးခွန်းတွေကို တိုတိုနဲ့ လိုရင်းသာ ရေးသားစေလိုပါတယ်။ အဲဒီစာတွေကို အင်အယ်လ်ဒီရုံးချုပ်ကို တိုက်ရိုက်
ပေးပို့သည်ဖြစ်စေ၊ အာအက်ဖ်အေကို ပေးပို့သည်ဖြစ်စေ၊ အမည် လိပ်စာ နဲ့ ဆက်သွယ်နိုင်မယ့် တယ်လီဖုန်း
နံပါတ်တွေကို ဖော်ပြဖို့ လိုပါတယ်။ အဲဒီ တယ်လီဖုန်းနံပါတ်ကို အာအက်ဖ်အေက ခေါ်ယူ ဆက်သွယ်ပြီး
ပြည်သူတွေရဲ့ မေးမြန်းစကားတွေကို အသံဖမ်းယူကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်နဲ့အတူ
ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။

ဆက်သွယ်ရေး အခက်အခဲ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ များပြားလှတဲ့ အလုပ်တာဝန်တွေနဲ့ တခြား


အခက်အခဲတွေကြားက အချိန်လုပြီး တင်ဆက်ရတာဖြစ်လို့ အားနည်း ချွတ်ယွင်းချက်တွေ ရှိပါလျှင်
သည်းခံခွင့်လွတ်ဖို့ မေတ္တာ ရပ်ခံအပ်ပါတယ်။

ရွေးကောက်ပွဲ မဲမသမာမှုများကို သမိုင်းမှတ်တမ်းတင်


2010-11-26

နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ စစ်အစိုးရ မတရား ပြုလုပ်ခဲ့တာတွေကို မှတ်တမ်းတင်တဲ့ အဖွဲ့တဖွဲ့က


ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့ပါတယ်။

ထိုင်းမြန်မာ နယ်စပ်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေသူတွေ စုပေါင်းပြီး “ရွေးကောက်ပွဲ ခြေရာခံအဖွ”ဲ့


ဆိုတဲ့အဖွဲ့ ဖွဲ့စည်းပြီး နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ အခြေအနေတွေကို တင်ပြထားတာပါ။ ဒီအဖွဲ့ရဲ့ လေ့လာ
တွေ့ရှိချက်အရ ရွေးကောက်ပွဲ မဲမသမာမှု ၄၅၀ လောက် တွေ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီ တွေ့ရှိ
တင်ပြချက်တွေကို မြန်မာ့သမိုင်း မှတ်တမ်းတခုအဖြစ် အပြည်ပြည်ဆိုင်ရာက သိရှိအောင် လုပ်ဆောင်ရတာ
ဖြစ်တယ်လို့ ဆိုပါတယ်။ အဖွဲ့ ကဒေါ်ခင်ဥမ္မာက ခုလိုပြောပါတယ်။

ရွေးကောက်ပွဲက ဘယ်လောက်တောင် ပြည်သူ့ရဲ့ သဘောဆန္ဒ မပါဘဲနဲ့ မတရား လုပ်သွားတဲ့ ရွေးကောက်ပွဲလဲ


ဆိုတာကို ကျမတို့က ကမ္ဘာကို သိစေချင်တယ်။ ဒါ ကျမတို့နိုင်ငံရဲ့ သမိုင်းပဲ

သတင်းစာရှင်းလင်းပွဲမှာ ဒေါ်ခင်ဥမ္မာက “ရွေးကောက်ပွဲခြေရာခံအဖွ”ဲ့ အကြောင်း တင်ပြခဲ့သလို “ရွေးကောက်ပွဲနဲ့


တိုင်းရင်းသားနယ်မြေတွေ” အကြောင်းကို နော်ကညော်ဖော က တင်ပြခဲ့ပြီး “ရွေးကောက်ပွဲအပြီး
နိုင်ငံရေးအခင်းအကျင်း” အကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) တွဲဘက်
အထွေထွေ အတွင်းရေးမှူး ဦးမိုးဇော်ဦးက တင်ပြသွားပါတယ်။

ဒီ သတင်းစာရှင်းလင်းပွဲကို ထိုင်းနိုင်ငံမှာရှိတဲ့ သတင်းစာ၊ ရုပ်မြင်သံကြားနဲ့ နိုင်ငံတကာ သတင်းထောက်တွေ


တက်ရောက်ခဲ့ကြပြီး သတင်းစာရှင်းပွဲဟာ ညနေ ၄ နာရီမှာ ပြီးဆုံးသွားပါတယ်။

ဒီအကြောင်း အပြည့်အစုံကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးတင်အောင်ခိုင်က သတင်းပေးပို့ထားပါတယ်။

သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်။
စစ်အစိုးရကိုဖိအားပေးဖို့ ဥရောပပါလီမန် တောင်းဆို

PDF created with pdfFactory trial version www.pdffactory.com


2010-11-26

မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဘက် နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ အာစီယံနိုင်ငံတွေ အနေနဲ့


မြန်မာစစ်အစိုးရကို ထောက်ခံမှုပေးနေ တာကို ရပ်တန့်ပြီး မြန်မာနိုင်ငံမှာ အပြုသဘော ဆောင်တဲ့
အပြောင်းအလဲတွေ ဖြစ်ထွန်းလာအောင် ဖိအားပေးကြဖို့ ဥရောပ ပါလီမန် အမတ်တွေက
တောင်းဆိုလိုက်ပါတယ်။

ပြင်သစ်နိုင်ငံ Strasbourg မြို့မှာ မနေ့က ပြုလုပ်တဲ့ ဥရောပပါလီမန် စုံညီအစည်းအဝေးရဲ့ မြန်မာနိုင်ငံဆိုင်ရာ


ဆုံးဖြတ်ချက်မှာ အခုလို တောင်းဆိုလိုက်တာပါ။ ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားလူမျိုးစု
ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့လည်း စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတာနဲ့ ပတ်သက်လို့ ဥရောပပါလီမန်အမတ်တွေက ကြိုဆို လိုက်ပေမယ့်


တချိန်တည်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ စိုးရိမ်ကြောင်းနဲ့ အခု လွတ်မြောက်မှုဟာ
အကန့်အသတ်မရှိ၊ ခြွင်းချက်မရှိတဲ့ လွတ်မြောက်မှု ဖြစ်ရမယ်လို့လည်း တောင်းဆိုလိုက်ပါတယ်။ ၁၉၉၀
ခုနှစ်အတွက် “Sakharov လွတ်လပ်စွာတွေးခေါ်မှုဆု” ချီးမြင့်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့
လာမယ့်ဒီဇင်ဘာလ ဆုချီးမြင့်ပွဲကို ကိုယ်တိုင် မလာရောက်နိုင်ဘူးဆိုရင် မြန်မာနိုင်ငံကို ကိုယ်စားလှယ် အဖွဲ့တဖွဲ့
စေလွှတ်ပြီး ဆုအပ်နှင်းဖို့ ဆုံးဖြတ်ချက်ကိုလည်း ဥရောပ ပါလီမန်အမတ်တွေက ကြိုဆိုလိုက်ကြပါတယ်။

နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲနဲ့ပတ်သက်လို့လည်း ဒီရွေးကောက်ပွဲဟာ ကြောက်ရွံ့မှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့


ပြည့်နှက်နေတဲ့ ရွေးကောက်ပွဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ၊ ဘုန်းတော်ကြီးတွေ အပါ အဝင် မဲပေးခွင့်မရတဲ့
မြန်မာနိုင်ငံသား သန်းနဲ့ချီပြီးရှိခဲ့ကြောင်း၊ ဒီနိုင်ငံရေးအကျဉ်းသား ၂ ထောင့် ၂ ရာကို ခြွင်းချက်မရှိ အမြန်ဆုံး
ပြန်လွှတ်ပေးရမှာ ဖြစ်ကြောင်း ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

ဒြါ့ပင် ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ ပေါ်ထွန်းလာဖို့အတွက်


မိမိတို့ရဲ့ စီးပွားရေး၊ နိုင်ငံရေးသြဇာကို အပြည့်အဝ အသုံးချပြီး ဆောင်ရွက်ကြဖို့နဲ့ ထိုင်းမြန်မာ နယ်စပ်က
ဒုက္ခသည်တွေကို အကူအညီတွေ ဆက်ပေးကြဖို့လည်း ဥရောပပါလီမန် ဆုံးဖြတ်ချက်မှာ
တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ ခုံရုံးတင်ရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ငြင်းဆိုခြင်းမရှိ


2010-11-26 RFA

စစ်အစိုးရ ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးတင်ဖို့ ကြိုးစားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က


မထောက်ခံကြောင်း New York Times သတင်းစာရဲ့ ဖော်ပြချက်ကို အာအက်ဖ်အေက ထုတ်လွှင့်ခဲ့တာနဲ့
ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မိမိ အဲဒီလို ပြောဆိုခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

New York Times သတင်းစာမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြချက်ဟာ ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ်


ပြောကြားတာနဲ့ ကွဲလွဲနေတယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

PDF created with pdfFactory trial version www.pdffactory.com


“အဲဒီ လွှင့်သွားတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီက ဗိုလ်ချုပ်တွေကို ပြည်ပက နိုင်ငံတကာ ရာဇဝတ်ခုံရုံး
တင်ဖို့ ဆောင်ရွက်နေတာကို ဒေါ်အောင်ဆန်းစုကြည် မထောက်ခံဘူးဆိုတဲ့ စာပိုဒ် ပါတယ်။ အဲဒီ တပိုဒ်လုံးကို သူ
လုံးဝ မပြောပါဘူးတဲ့။ အင်တာဗျူးတုန်းက။ ကျနော်တို့ အားလုံးရှိနေတယ် အနားမှာ။ သူ လုံးဝ မပြောဘူး။
သူပြောတာက စစ်ခုံရုံးတင်ဖို့ သူ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး ဆိုတာတော့ ပါတယ်။ နောက်တခု
ဒေါ်အောင်ဆန်းစုကြည် ပြောတာက ကိုယ့်ကို ထောက်ခံတဲ့လူတွေ ဆောင်ရွက်တဲ့ လုပ်ငန်း တစုံတခုကို
သူတဦးတည်း သဘောနဲ့ မထောက်ခံဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူးတဲ့”

မြန်မာ အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသား ဖြစ်တည်မှုကို ဆန့်ကျင်နေတဲ့ ပြစ်မှု


Crime Against Humanity နဲ့ စစ်ရာဇ၀တ်မှုတွေ မြောက်မမြောက် ကုလသမဂ္ဂ ကော်မရှင်ဖွဲ့ စုံစမ်းရေး အဆိုကို
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr. Thomas Quintana က ပြီးခဲ့တဲ့
မတ်လ အစီရင်ခံစာမှာ စတင် အကြံပြုခဲ့ပါတယ်။

ဒီ ကော်မရှင်ဖွဲ့စည်းရေး အဆိုကို အမေရိကန် ပြည်ထောင်စု၊ ဗြိတိန် အပါအ၀င် ဥရောပ နိုင်ငံတချို့နဲ့


သြစတြေးလျ၊ နယူးဇီလန် စတဲ့ နိုင်ငံ ၁၃ နိုင်ငံက ထောက်ခံထားပါတယ်။

နယူးယောက်တိုင်းမ်စ် သတင်း ဒေါ်အောင်ဆန်းစုကြည်ငြင်း


ဧရာဝတီ Friday, 26 November ဧရာဝတီ

စစ်ခေါင်းဆောင်များအား နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးတွင် တရားစွဲဆိုရေး ဆောင်ရွက်ချက်ကို


ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံဟု နယူးယောက်တိုင်းမ်စ် သတင်းတွင် ရေးသား ထားသည်မှာ
မှားယွင်းကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

ယင်းစာပိုဒ်ကို နိုဝင်ဘာ ၂၃ ရက်နေ့ထုတ် နယူးယောက်တိုင်းမ်စ် သတင်းစာတွင် “မြန်မာ့ အတိုက်အခံ


ခေါင်းဆောင် နှင့် သားငယ် ပြည်လည် တွေ့ဆုံ” ဟူသော သတင်းတွင် ထည့်သွင်း ရေးသားခဲ့သည်။

“လူသားမျိုးနွယ် အပေါ် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှု များအတွက် စစ်ခေါင်းဆောင်များကို နိုင်ငံတကာ ရာဇဝတ်မှု


ခုံရုံးတွင် တရားစွဲ ဆိုရန် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် ပြည်ပရောက် အဖွဲ့အစည်းများ၏
ကြိုးပမ်းချက်ကို ဒေါ်အောင်ဆန်း စုကြည်က မထောက်ခံဟု ပြောသည်” ဟူသော စာပိုဒ်သည် မှားယွင်းကြောင်း
သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် လုံးဝ မပြောတဲ့ စကားကို ရေးထားတာ။ အဲဒီ စာပိုဒ် တပိုဒ်လုံး ဒေါ်အောင်ဆန်းစုကြည်


လုံးဝ မပြောခဲ့ဘူး။ အင်တာဗျုးလုပ်တဲ့ အချိန်မှာ ကျနော်တို့ အနားမှာ အကုန်လုံးရှိနေတယ်” ဟု ဦးဉာဏ်ဝင်းက
ဧရာဝတီသို့ ပြောသည်။

နယူးယောက်တိုင်းမ်စ် သတင်းစာသို့ ယင်းကိစ္စအတွက် စာရေးသား ပေးပို့မည်ဖြစ်ကြောင်း၊ လိုအပ်သည် များကို


လည်း ဆက်လက် ဖြေရှင်းသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအငြင်းပွားဖွယ်ရာ အရေးအသားကြောင့် ပြည်ပရောက် မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားနေသူများ


အံ့သြကြရ ကြောင်းလည်း သိရသည်။

PDF created with pdfFactory trial version www.pdffactory.com


သို့သော်လည်း ယင်းစာပိုဒ်အောက်ရှိ “စစ်အစိုးရကို နိုင်ငံတကာ တရားရုံးကို ပို့ဆောင်ဖို့ ကျမ ဘယ်တုန်းကမှ
မပြော ခဲ့ဘူး။ ဗိုလ်ချုပ်တွေအနေနဲ့ သူတို့တွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ အကြောင်းတရား
ခိုင်ခိုင်မာမာရှိတယ်လို့ မထင် ပါဘူး။ ကျမတို့ ပုဂ္ဂိုလ်ရေး အရ လုပ်ဆောင်နေတာ မဟုတ်ဘူး။ ကျမက သူတို့
အပေါ်မှာ မကောင်းတဲ့ စိတ်စေတနာ မရှိတာကတော့ သေချာပါတယ်” ဟူသော ဒေါ်အောင်ဆန်းစုကြည်
ပြောကြားချက်မှာမူ မှန်ကန်သည်ဟု ဦးဉာဏ်ဝင်း က ဆက်ပြောသည်။

ဦးဉာဏ်ဝင်းက “ဒေါ်အောင်ဆန်းစုကြည် နောက်တခု ပြောတာက ကိုယ် ထောက်ခံတဲ့သူတွေ တစုံတရာ


ဆောင်ရွက် နေတာရှိရင် အဲဒီဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီးတော့ ကိုယ့် တဦးတည်း သဘောနဲ့
ထောက်ခံတယ်၊ မထောက်ခံဘူး ဘယ်တော့ မှ မပြောဘူးတဲ့” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်မီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မြန်မာစစ်အစိုးရ၏


စစ်ရာဇဝတ်မှု များနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ပြစ်မှုများကို စစ်ဆေးရန် စုံစမ်း စစ်ဆေးရေး
ကော်မရှင် (CoI) ဖွဲ့စည်းရေး အတွက် အနောက်နိုင်ငံ လွှတ်တော် အမတ်များထံသို့ စာရေးသား ပေးပို့ခဲ့ခြင်းကိုမူ
ဒေါ်အောင်ဆန်း စုကြည်က ထောက်ခံသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဆက်လက်၍ ၎င်းက စုံစမ်းစစ်ဆေး ဖော်ထုတ်မှသာလျှင် စစ်အစိုးရအနေနှင့် ရာဇဝတ်မှုများ အမှန်တကယ်


ကျူးလွန်ခြင်း ရှိ၊ မရှိကို သိနိုင်မည်ဟု ဆိုသည်။

CoI ဖွဲ့စည်းရေးကို အဓိက တိုက်တွန်းခဲ့သူမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး


ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာဖြစ်ပြီး ယခုအခါတွင် အမေရိကန် အပါအ၀င် နိုင်ငံပေါင်း ၁၀
နိုင်ငံ၏ ထောက်ခံချက် ကိုလည်း ရရှိထားပြီ ဖြစ်သည်။

သာကေတတွင်မီးလောင်၊ အိမ် ၁၅ လုံး မီးထဲပါသွား


မိုးယံ Friday, 26 November 2010 ဧရာဝတီ

ယနေ့ ညနေက ရန်ကုန်တိုင်း သာကေတမြို့နယ် ၁၂ ရပ်ကွက် သလ္လာဝတီ ၁ လမ်း အိမ်အမှတ် ၇၁၄ ရှိ
မီးအားမြှင့်စက်မှ စတင် မီးလောင်ကျွမ်းသဖြင့် ဘေးပတ်ဝန်းကျင်ရှိ အိမ် ၁၄ လုံးကိုပါ မီးကူးစက်
လောင်ကျွမ်းခဲ့ကြောင်း ဗဟိုမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

tharkayta01
သာကေတ ၁၂ ရပ်ကွက်အတွင်း မီးလောင်ပြီးနောက် မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)

“ကျနော်တို့ အတည်ပြုတာကတော့ ၂ နာရီ ၅၅ လောက်မှာ မီးစလောင်တယ်၊ ၃ နာရီကျော်တော့


မီးတောက်ငြိမ်းသွားတယ်၊ အခုထိ (၄နာရီခွဲ) တော့ တငွေ့ငွေ့နဲ့ လောင်နေတာတွေကို ၀ိုင်းငြှိမ်းနေရတယ်” ဟု
၎င်းကဆိုသည်။

မီးစတင်လောင်ကျွမ်းစဉ် ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော်များနှင့် ရပ်ကွက်သူ


ရပ်ကွက်သားများက ၀ိုင်းဝန်း ငြှိမ်းသတ် ပေးခဲ့ရကြောင်း သိရသည်။

PDF created with pdfFactory trial version www.pdffactory.com


“သူ့တို့က မီးကိုကြိတ်သတ်နေတာ။ မီးတောက်ကကြီးလာပြီး ကျမတို့ အိမ်ကို ကူးလာရော။ ဘာပစ္စည်းမှလည်း
ယူချိန်မရဘူး။ မီးကူးတာ အရမ်းမြန်တယ်” ဟု မီးလောင်ကျွမ်းမှုကြောင့် နေအိမ်ပါသွားသူ အမျိုးသမီးတဦးက
ပြောသည်။

ယင်း မီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရသူ အနည်းငယ်သာ ရှိပြီး မီးဘေးဒုက္ခသည်များကို အမှတ် ၄၆


အခြေခံပညာ မူလတန်းကျောင်း အတွင်း ကယ်ဆယ်ရေးဖွင့်လှစ် ထားရှိသည်။

tharkayta02
လမ်းကျဉ်းသောကြောင့် မီးသတ်ကားတစီး ဤသို့ တိမ်းမှောက်သွားခဲ့သည် (ဓာတ်ပုံ - ဧရာဝတီ)

“မီးခိုးလုံးကြီးက မည်းပြီးတက်လာတော့ လန့်ပြီး အိမ်ပေါ်ကပြေးဆင်းတာ။ အိမ်က ပစ္စည်းတွေ သယ်မယ့်


လူတွေကလည်း အလုပ်သွားကြတော့ ဘာမှမရလိုက်ဘူး” ဟု မီးအတွင်း နေအိမ်ပါသွားသူ အသက် ၇၀
ကျော်အရွယ် အဘွားအိုတဦးက ပြောသည်။

မီးလာရောက် ငြှိမ်းသတ်သည့် မီးသတ်ကားတစီးသည် လမ်းကျဉ်းတွင် မောင်းလာရသောကြောင့် ဘီးချော်ကာ


တိမ်းမှောက် သွားသေးကြောင်း ဒေသခံတဦးက ဆိုသည်။

မီးလောင်ကျွမ်းခဲ့သော ရပ်ကွက်သည် ဆင်ခြေဖုန်းရပ်ကွက်များဖြစ်ပြီး ဓနိမိုး၊ ထရံကာ အိမ်များပြားသောကြောင့်


မီးလောင်ကျွမ်းမှုဖြစ်လျှင် ဘေးအိမ်များသို့ မီးကူးစက်မှု မြန်ဆန်စေကြောင်း သာကေတမြို့နယ် ၁၂ ရပ်ကွက်မှ
ရယက အတွင်းရေးမှူးတဦးက ပြောသည်။

ယင်းမီးလောင်မှုကို သာကေတမြို့နယ် အမှတ်၂ ရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်
အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မီးလောင်ကျွမ်းမှု၏ ဆုံးရူံးမှုတန်ဖိုးကိုမူ မသိရသေးပေ။

ဗိုလ်ချုပ်မှူးကြီးမိသားစု စိန်အများဆုံး စုဆောင်း


ဧရာဝတီ Friday, 26 November ဧရာဝတီ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုသည် တန်ဖိုးကြီးစိန် ဝယ်ယူ စုဆောင်းမှု အများဆုံးဖြစ်ပြီး လွန်ခဲ့သည့် ၆ နှစ်တာ


အတွင်း ဝယ်ယူသော စိန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ထက် မနည်းကြောင်း ရန်ကုန်မြို့ရှိ
စိန်ကုန်သည်ကြီး တဦး က ခန့်မှန်း ပြောဆိုလိုက်သည်။

“စိန် တန်ဖိုး ဒေါ်လာ သန်း၂၀၀ ဆိုတာက ၂၀၀၄ ခုနှစ်လောက်ကနေ ၂၀၁၀ အထိ ၀ယ်ခဲ့တဲ့ ပမာဏကိုပဲ
ခန့်မှန်းတာပါ။ ၂၀၀၄ မတိုင်ခင်တုန်းက အခြေအနေကိုတော့ မသိဘူး”ဟု ယင်းကုန်သည်က ရှင်းပြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုသည် “စိန်” ကို အလွန် နှစ်ခြိုက်သူများ ဖြစ်ကြပြီး စိန် လက်ဝတ် ရတနာများကို
ဦးစားပေး ၀ယ်ကြကြောင်း၊ တလုံးလျှင် ဒေါ်လာ ၅ သိန်း ခန့်(ကျပ် သိန်း ၅၀၀၀ ခန့်)တန် စိန်များဖြင့်
စီခြယ်ထားသော လည်ဆွဲ ဘယက် တခုကို မကြာသေးမီက ၀ယ်ယူခဲ့ကြောင်း၊ စိန် လက်ဝတ်ရတနာ အပြင်

PDF created with pdfFactory trial version www.pdffactory.com


အရည်အသွေးကောင်း စိန် များကိုလည်း တလုံးချင်း ၀ယ်ယူစုဆောင်းလေ့ ရှိကြောင်း ရန်ကုန်မြို့ စိန်ကုန်သည်
အသိုင်းအ၀န်း က ပြောဆိုကြသည်။

“ဗိုလ်ချုပ် မိသားစုတွေထဲမှာ စိန် အများဆုံး ၀ယ်တာက ဗိုလ်ချုပ်မှူးကြီး မိသားစုပဲ။ နှစ်လ၊ သုံးလခြား စိန်
ဝယ်တယ်။ စိန် ၀ယ် ယူတဲ့ နေရာမှာ ၀ယ်မယ့် တန်ဖိုးကို ကြိုတင် အကြောင်းကြားပြီး ပစ္စည်း ရှာခိုင်းတယ်”ဟု
အထက်ပါ ရန်ကုန် စိန်ကုန်သည် က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုသည် စိန် ၀ယ်ယူရာတွင် ဗေဒင် ယတြာများ ဆောင်ရွက်ပြီး နေ့ကောင်းရက်မြတ်


ရွေးကာ ၀ယ်ယူကြောင်း သိရှိရသည်။

“စိန် တန်ဖိုး ဘယ်လောက်ဝယ်မယ်၊ ဒါ တည်မြဲနိုင်သလား၊ ၀ယ်သင့်သလား၊ ၀ယ်သင့်ရင်လည်း ဘယ်လိုအချိန်၊


ဘယ်လို နက္ခတ် မျိုး ပေါ်တဲ့အချိန်မှာ ၀ယ်သင့်သလဲ ဆိုတာမျိုးပေါ့။ အခါတော်ပေးတွေကို မေးတယ်။ နောက်ပြီး
အိမ်တိုင်ရာရောက် စိန် လာပေးမယ့် စိန် ကုန်သည်ကိုလည်း အ၀တ်အစား ဘယ်လိုမျိုး ၀တ်လာရမယ်ဆိုတာ
ညွှန်ကြားလေ့ရှိတယ်”ဟု စိန် ကုန် သည်ကြီး တဦးကလည်း ပြောပြသည်။

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုအတွက်


နာမည်ခံ စီးပွားရှာ ပေးနေရပြီး အဆိုပါ စီးပွားရေးလုပ်ငန်းမှနေ၍ ဗိုလ်ချုပ်မှူးကြီး မိသားစုအတွက် လစဉ်
အမေရိကန် ဒေါ်လာ သန်းချီ၍ ပုံမှန် ၀င်ငွေရရှိနေကြောင်း၊ ပြည်သူပိုင် ရေနံနှင့် သဘ၀ဓာတ်ငွေ့ ရောင်းချခြင်းမှ
ရရှိသော ၀င်ငွေများကိုလည်း ဗိုလ်ချုပ်မှူးကြီး သန်း ရွှေ နှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ နှစ်ဦးကသာ အဓိက
စီမံခန့်ခွဲ ကိုင်တွယ်ကြကြောင်း နေပြည်တော် စစ်ဘက် အသိုင်း အ၀န်း၌ ပြောဆိုနေကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုအပြင် ၎င်း၏ ကိုယ်ရေးအရာရှိများ ဖြစ်ကြသည့် ဗိုလ်ချုပ် နေ၀င်း နှင့် ဗိုလ်မှူးချုပ်


စိုးရှိန် တို့မှာ လည်း အများဆုံး စိန် ၀ယ်စုသူများ ဖြစ်သည်ဟု စိန်ကုန်သည် အသိုင်းအ၀န်းမှ သိရှိရသည်။

ယခင် ကိုယ်ရေးအရာရှိဖြစ်ခဲ့သော ဗိုလ်ချုပ်နေ၀င်းသည် ကျောက်ကပ် ရောဂါခံစားနေရသော်လည်း


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သဘောကျ ချစ်ခင်မှုကိုခံရသဖြင့် ယခုအချိန်အထိ နေပြည်တော် စစ်ဘက်
အသိုင်းအ၀န်းတွင် သြဇာအာဏာ ကြီးသော ဗိုလ်ချုပ် တဦး အဖြစ် ရပ်တည်နေပြီး ဗိုလ်ချုပ်မှူးကြီး၏
လူယုံတဦးအဖြစ်လည်း ဆက်လက် တာဝန်ထမ်းဆောင်လျက် ရှိသည် ဟု နေပြည်တော် စစ်ဘက်ဆိုင်ရာ
အသိုင်းအဝန်းက ဆိုသည်။

ယခု လက်ရှိ ကိုယ်ရေးအရာရှိ ဗိုလ်မှူးချုပ် စိုးရှိန်မှာမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုနှင့် ဆက်စပ်သော


စီးပွားရေး လုပ်ငန်း များ အားလုံးတွင် အစုရှယ်ယာရှင် တဦးဖြစ်သည်ဟု သိရသည်။

HIV/AIDS ဝေဒနာရှင်များ ဆက်လက်နေထိုင်ခွင့်ရ


စိုင်းဇွမ်ဆိုင်း Friday, 26 November ဧရာဝတီ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူမှုအထောက် အကူပြုအဖွဲ့မှ ရန်ကုန်တိုင်း တောင်ဒဂုံ မြို့နယ်တွင်


စောင့်ရှောက်ထားသည့် HIV/AIDS ဝေဒနာရှင်များကို အာဏာပိုင်များက ဧည့်စာရင်း ထပ်မံတိုင်ကြားခွင့်
ပြုလိုက်ကြောင်း သတင်းရရှိသည်။

PDF created with pdfFactory trial version www.pdffactory.com


ယခုတကြိမ် ဧည့်စာရင်းတိုင်ကြားခွင့်ရရှိခြင်းအားဖြင့် ဝေဒနာရှင်များသည် လက်ရှိနေရာ၌ပင် ဒီဇင်ဘာလ ၁
ရက်နေ့ အထိ နေထိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။ ဝေဒနာရှင်များအတွက် အပတ်စဉ်
ဧည့်စာရင်းတိုင်ကြားကြရပြီး ရှေ့လျှောက် တွင်လည်း ဧည့်စာရင်းတိုင်ကြားခွင့်ဆက်လက်ရရှိရန်
မျှော်လင့်ကြောင်း မဖြူဖြူသင်းက ဆိုသည်။

ဝေဒနာရှင်များကို ထားရှိသည့် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှ ဂေဟာကိုဦးစီးနေသည့် NLD ဗဟိုကော်မတီဝင်


မဖြူဖြူသင်း က ယခုကဲ့သို့ ဧည့်စာရင်းတိုင်ကြားခွင့်ပြန်လည် ရရှိခြင်းကို ဝမ်းသာကြောင်း
အာဏာပိုင်များကလည်း လုပ် သင့် လုပ်ထိုက်သည့် ကိစ္စတရပ်ကို လုပ်ဆောင်လိုက်ခြင်း ဖြစ်ကြောင်း
ဧရာဝတီသို့ ပြောသည်။

“အစတည်းက ဒီလိုမျိုးတွေမလုပ်သင့်ဘူးလေ၊ ဘာလို့လဲဆိုတော့ ဒီမှာရှိတဲ့ လူနာတွေက


အနယ်နယ်အရပ်ရပ်ကနေ ဆေး လာကုကြတဲ့ တကယ့်ကို ခိုကိုးရာမဲ့နေတဲ့လူတွေလေ၊ သူတို့မှာ
အရမ်းအခက်အခဲရှိလို့ ဒီမှာလာနေကြရတာ။ ဒီမှာ နေထိုင် ရတာ သူတို့အတွက် အများကြီး အဆင်ပြေတယ်”ဟု
မဖြူဖြူသင်းက ပြောသည်။

မဖြူဖြူသင်းက“ပြည်သူတွေ၊ အနုပညာရှင်တွေ၊ အဖွဲ့အစည်းတွေက ဒီလူနာတွေဘက်က ဝင်ရောက်


ရပ်တည်ပေးတာ တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကူညီမှုတော့ အများကြီး ရခဲ့တာပေါ့။ သံရုံးအသီးသီး၊
ကမ္ဘာအနှံ့မှာရှိတဲ့ မီဒီယာ တွေ၊ အဖွဲ့ အစည်းတွေကြောင့် မို့လို့ အာဏာပိုင်တွေဘက်က ဘာမှလုပ်လို့
မရတော့ဘဲ နောက်ဆုတ်သွားတာမျိုး ဖြစ်နိုင် တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယခုလ ၁၇ ရက်နေ့က ဝေဒနာရှင်များ ထားရှိရာဂေဟာသို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်


ဒေါ်အောင်ဆန်းစုကြည် လာ ရောက်ကာ လူနာများနှင့် တွေ့ဆုံပြီး နောက်တရက်တွင် ဒေသခံအာဏာပိုင်များက
ဝေဒနာရှင်များကို ထပ်မံနေထိုင်ခွင့်ပြု တော့မည်မဟုတ်ဟုဆိုပြီး ဖိအားပေးခဲ့သည်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင်လည်း ဂေဟာမှတာဝန်ရှိသူများကို ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များတွေ့ဆုံပြီး


လူနာများ ကို သာကေတဆေးရုံသို့ လွှဲပြောင်းပေးရန် ပြောဆိုခဲ့ပြန်သည်။ ဗုဒ္ဓဟူးနေ့ထုတ်
စစ်အစိုးရသတင်းစာတွင်လည်း ဝေဒနာ ရှင်များ အတူတူနေထိုင်ကြခြင်းသည် ရောဂါပိုမိုဆိုးရွားလာနိုင်သဖြင့်
အစိုးရ၏ အထူးကုဆေးရုံများသို့ ပြောင်းရွှေ့ရန် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြောဆိုထားသည်
ဟုပါရှိသည်။

ဝေဒနာရှင်တဦးဖြစ်သူ ကိုစူပါက ယခုကဲ့သို့ဆက်လက်နေထိုင်ခွင့်ရရှိရန် ရယက၊ မယက များထံသို့ ၎င်းတို့သည်


မြန်မာ နိုင်ငံသားများဖြစ်ကြကြောင်း၊ စစ်အစိုးရက အတည်ပြုပြဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
အခန်း (၈) ပုဒ်မ ၃၅၅ အရ နိုင်ငံသားတိုင်းသည် နိုင်ငံတော်အတွင်း မည်သည့်နေရာ၌မဆို
ဥပဒေနှင့်အညီနေထိုင်ခွင့် ရှိသည်ဟု ပါရှိကြောင်း၊ ထို့ကြောင့် ၎င်းအပါအဝင် ဝေဒနာရှင် ၈၀ ကျော်ကို
ဧည့်စာရင်းထုတ်ပေးရန် အသိပေးတောင်းပန်သည့် စာတစောင်ကို လက်မှတ်ထိုး၍ သက်ဆိုင်ရာသို့
ပေးပို့ခဲ့ရကြောင်းလည်း သိရှိရသည်။

နောက်ဆုံး ဖတ်ဖွယ်

PDF created with pdfFactory trial version www.pdffactory.com


လေဘေးဒေသမှ ကလေး ၂ သောင်းနီးပါး အာဟာရချို့တဲ့
ခင်ဦးသာ Friday, 26 November ဧရာဝတီ

ရခိုင်ပြည်နယ် အတွင်းရှိ ဂီရိဆိုင်ကလုန်း လေဘေးသင့် ဒေသများ၌ ကလေး ၁၈၀၀၀ ခန့်မှာ အာဟာရ


ချို့တဲ့မှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ကလေး ၂ သောင်းနီးပါး အနက် အသက် ၅ နှစ်အောက် ကလေးငယ် ၆၀၀ ၀န်းကျင်မှာ လက်ရှိအချိန်၌


အာဟာရ ချို့တဲ့မှုနှင့် ကြုံတွေ့နေရကြောင်း နိုဝင်ဘာလ ၁၆ နေ့ထုတ် ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာမှု
ဆိုင်ရာ အကူအညီပေးရေး ကွပ်ကဲမှုရုံး (UNOCHA) ၏ အစီရင်ခံစာတွင် ရေးသားထားသည်။

အာဟာရလိုအပ်ချက်အား UNOCHA အဖွဲ့နှင့် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေ အဖွဲ့


(UNICEF) တို့ ပူးပေါင်းဆောင်ရွက် နေသော်လည်း လုံလောက်မှု အပြည့်အ၀ မရရှိသေးကြောင်း သိရသည်။

ဂီရိလေဘေးဒဏ် ခံခဲ့ရသော မြို့နယ်များအနက် မြေပုံ၊ မင်းပြား၊ ပေါက်တော၊ ကျောက်ဖြူ စသည့်မြို့နယ်များမှ


ကလေးများသည် အာဟာရ ချို့တဲ့မှုနှင့်ရင်ဆိုင်နေ ကြရပြီး သံဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင် ဘီဝမ်း တို့အဓိက
လိုအပ် နေသည်ဟု UNOCHA ၏ အစီရင်ခံစာက ဆိုသည်။

ထိုမြို့နယ် ၄ ခု၌ လေဘေးဒဏ် ခံခဲ့ရသည့် ၅ နှစ်အောက် ကလေး အရေအတွက် ၃၀၀၀၀၊


ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစ ကလေးမိခင် ၁၂၀၀၀ တို့ကိုလည်း ကျန်းမာရေး စောင့်ရှောက်မှု
ပေးနေရကြောင်း၊ တချို့ကလေး ငယ်များမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေကြောင်း သိရသည်။

“လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေ ဆိုးဆိုးဝါးဝါး မရှိသေးပါဘူး။ UNICEF ရယ်၊ UNOCHA ရယ်၊


တခြားအဖွဲ့တွေရယ် ပူးပေါင်းပြီး ကလေးတွေရဲ့ ကျန်းမာရေးကို အလေးထား လုပ်ဆောင်ပေးနေပါတယ်” ဟု
ရန်ကုန်အခြေစိုက် UNOCHA ၏ တာဝန်ခံ ဦးအေးဝင်းက ဧရာဝတီ ကို ပြောသည်။

ဂီရိ ဆိုင်ကလုန်းတိုက်ခတ်ပြီး ၁ လကျော်သည့်တိုင် လေဘေး ဒုက္ခသည်များအတွက် စားစရာဆန်နှင့်


နေထိုင်စရာ အမိုးအကာ လုံလောက်မှု မရှိသေးကြောင်း မြေပုံမြို့နယ် ပြင်ဝန်းရွာသား တဦးက ဆိုသည်။

“ဒီနေ့စားပြီးရင် မနက်ဖြန် စားရပါ့မလားလို့ တွေးနေရတယ်။ ပြန်လည် ထူထောင်ဖို့ အတွက်တော့ ဘယ်ကနေ


ဘယ်လို စရမှန်း မသိသေးပါဘူး။ စားစရာ ရှိမှ အလုပ် လုပ်နိုင်မယ်ဆိုတော့ စားမယ့်ကိစ္စက အရေးကြီး
နေပါသေးတယ်” ဟု လည်း ၎င်းက ပြောသည်။

၎င်း ပြင်ဝန်းရွာသား၏ မိသားစုတွင် ကလေး ၃ ဦး ပါဝင်သည့်အတွက် ရရှိသည့် ရိက္ခာ အနည်းငယ်ကို


ကလေးများအား ဦးစားပေး ကျွေးမွေးနေရကြောင်း၊ သူတို့ မိသားစုကဲ့သို့ပင် တခြားသော မိသားစုများလည်း
ကလေး များနှင့် သက်ကြီး ရွယ်အိုများကို ဦးစားပေး ကျွေးမွေး စောင့်ရှောက် နေကြရကြောင်း ရှင်းပြသည်။

လူမှုရေးအဖွဲ့အစည်းများ၊ NGOများက ကလေးများအတွက် ဓာတ်ဆားထုတ်များကို ဝေငှပေးနေသော်လည်း


လုံလောက်မှု မရှိဟု သိရသည်။

PDF created with pdfFactory trial version www.pdffactory.com


လေဘေးဒေသ ကျေးရွာတချို့တွင် စားဝတ်နေရေး ပြဿနာများ ကြုံတွေ့နေရသည့် အပြင် သောက်သုံးရေ
ရှားပါးမှုနှင့်လည်းကြုံတွေ့နေကြရကြောင်း ဒေသခံများက ပြောသည်။

ဂီရိလေဘေးသင့် ဒေသများသို့ စစ်အစိုးရ ၀န်ကြီးချုပ်ဦးသိန်းစိန်နှင့် ၀န်ကြီးများသည် ယခုရက်ပိုင်းတွင်


သွားရောက် ကြသော်လည်း ဒုက္ခသည်များအား ထိရောက်သော ကူညီမှုမပေးဘဲ ပျက်စီးသွားသည့် ဌာနဆိုင်ရာ
အဆောက်အအုံများ ပြန်လည် တည်ဆောက်ရေး အတွက်သာ ပြောဆိုခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် လိုက်ပါလာသည့် ၀န်ကြီး တချို့မှာ ဒုက္ခသည်များ အရေးကို ပြောဆိုမှု မရှိဘဲ ၎င်းတို့၏
ရှေ့ဆက် သွားမည့် နိုင်ငံရေး အခြေအနေကိုသာ ရွေးကောက်ပွဲ အနိုင်ရ ဒေသခံ လွှတ်တော်
ကိုယ်စားလှယ်များနှင့် ဆွေးနွေး သွားကြောင်း သိရသည်။

စစ်အစိုးရ၏ ယနေ့ထုတ် သတင်းစာများ၌မူ ဒေသခံပြည်သူများအတွက် အကူအညီများကို သက်ဆိုင်ရာဒေသ


အာဏာပိုင်များမှ တဆင့် ပေးအပ်နေကြောင်း ရေးသားထားသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ဦးဆောင်၍ ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ


လုပ်ဆောင်ပေးနေကြောင်းလည်း စစ်အစိုးရ မီဒီယာများက ဆိုသည်။

ဂီရိဒေသ ကျန်းမာရေးလုပ်ငန်းများကို တာဝန်ယူ လုပ်ဆောင်နေသည့် ညွန်ကြားရေးမှူး ဒေါက်တာ


စိုးလွင်ငြိမ်းအား ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖြေဆိုမှု မရှိခဲ့ပေ။

“၀န်ကြီးချုပ်နဲ့ ၀န်ကြီးတွေလာရင် ဒေသအာဏာပိုင်က တဆင့် ပစ္စည်း နည်းနည်းတော့ ပေးတယ်။


သူတို့ပြန်သွားရင် ပေးခဲ့တဲ့ပစ္စည်းတွေကို မယက တွေ၊ ရယက တွေက ပြန်ရောင်းစားတယ်။ သူတို့နဲ့
ရင်းနှီးသူတွေကိုပဲ ပေးတယ်” ဟု ပေါက်တော မြို့ခံ တဦးက ပြောသည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင် တနာရီ မိုင် ၁၂၀ ၀န်းကျင်ဖြင့် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်း


မုန်တိုင်းကြောင့် မြေပုံ၊ မင်းပြား၊ ကျောက်ဖြူ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မာန်အောင်၊ ရမ်းဗြဲ၊ စစ်တွေ
စသည့်မြို့နယ်များ၌ ပျက်စီးဆုံးရှုံးမှု ပမာဏ ကြီးမားခဲ့သည့် အပြင် လူပေါင်း ၂ သိန်း ၆ သောင်းကျော် အိုးအိမ်မဲ့
ဖြစ်ခဲ့ပြီး လူ ၁၀၀ ကျော်သေဆုံးခဲ့သည်ဟု စာရင်းများအရ သိရသည်။

ထိုဒေသများအနက် ကျောက်ဖြူ၊ မြေပုံ၊ မင်းပြား၊ ပေါက်တော မြို့နယ်တို့သည် အများဆုံး ထိခိုက်ခဲ့ပြီး ပြန်လည်


ထူထောင်ရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၅၃ သန်း (ကျပ်သန်း ၅၃၀၀၀ ခန့်) လိုအပ်လျက်ရှိကာ
လက်ရှိတွင် ဒေါ်လာ ၁၈ သန်း (ကျပ် သန်း ၁၈၀၀၀) သာ ရရှိသေးကြောင်း UNOCHA ၏ နိုဝင်ဘာလ ၂၃
ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြီးဘီ The End

သတင်းများ နေ့စဉ် ရလိုပါက kowin2001@gmail.com သို့ အီးမေးပို့ပြီး တောင်းယူပါ။

PDF created with pdfFactory trial version www.pdffactory.com

You might also like