You are on page 1of 29

ဦးခင်ညွန့် ဗီဒီယိုဖိုင် အသံနှင့် ထပ်မံထွက်ပေါ်

ရန်ပိုင် Saturday, 04 December 2010 17:56

နေအိမ် အကျယ်ချုပ် ကျနေသည့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကို ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ လာရောက် ခေါ်ယူသွားသည့် ဗီဒီယို
အသံဖိုင်သည် ယနေ့ Facebook လူမှုကွန်ရက် အင်တာနက်စာမျက်နှာတွင် အသံနှင့်တကွ ထပ်မံထွက်ပေါ်လာသည်။

ယင်း ဗီဒီယိုဖိုင်တွင် ရဲချုပ် ခင်ရီက ဗိုလ်ချုပ်ကြီးဟောင်း


ခင်ညွန့်အား လာရောက် ခေါ်ယူရခြင်းကို ရှင်းပြသည့် အသံမှာ
ကြားရခြင်း မရှိသော်လည်း ဦးခင်ညွန့်က “ရတယ်လေ မင်းတို့
ခေါ်ရင် လိုက်ရမှာပေါ့။ ပစ္စည်း ပစ္စယတွေ ထည့်ဦးမယ်” ဟု
ဆိုကာ အားမတန်၍ မာန်လျှော့သည့် အမူအရာကို တွေ့ရသည်။

ထို့နောက် ရဲချုပ် ခင်ရီက ဦးခင်ညွန့်၏ ဇနီးဖြစ်သူ ဒေါက်တာ


ဒေါ်ခင်ဝင်းရွှေပါ လိုက်ပါရန် ထပ်မံ ပြောဆိုသော အခါတွင်မူ
စိတ်တိုသွားပြီး ကျယ်လောင်သော အသံဖြင့် “အိမ်မှာ ဘယ်သူမှ
မကျန်ဘူး၊ သားနှစ်ယောက် စလုံးလည်း ခေါ်သွားပြီးပြီ။
သားမက်လည်း ခေါ်ထားပြီ၊ အခု ကိုယ်ရော ကိုယ့်မိန်းမရော
နှစ်ယောက်စလုံး ခေါ်မယ်ဆိုတော့ အိမ်မှာ ဘယ်သူမှ မရှိဘူး”
ဟု ပြောဆို သည်ကို တွေ့ရသည်။

ရဲချုပ် ခင်ရီ၏ အသံနှင့် အမူအရာမှာ မိမိ၏ ဆရာဖြစ်ခဲ့သူ


တဦးကို တိုးလျှိုး တောင်းပန်ရသည့် အသွင်သဏ္ဍန် ရှိပြီး
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ အမူအယာတွင်မူ အာဏာရှိစဉ်
အပြုအမူများ ခဏပြန်ပေါ် လာသည်ကို မြင်ရသည်။

စိတ်ဆိုးပြီး ထိုင်ခုံအား ရှေ့သို့ ရုတ်တရက် ဆွဲယူလိုက်ပုံ၊ ပြီးမှ စိတ်လျှော့ကာ ၎င်း၏ မြေးများ ကျောင်းမတက်ရသည့် အကြောင်း၊ ပြင်ပနှင့်လည်း
အဆက်အသွယ်မလုပ်ပါကြောင်းလည်း ပြောဆိုနေသည်ကိုလည်း ကြားရသည်။

“အခုကတော့ကွာ ကလေးတွေလည်း ကျောင်းမတက်ရဘူး၊ အပြင်နဲ့လည်း ဘာမှမလုပ်ရဘူး၊ အဆက်အသွယ်ဘာမှမရှိဘူး၊ လုံခြုံရေးအရ သတ်မှတ်ချက်အတိုင်း


ငါနေသားပဲ” ဟု ပြောဆိုသည်ကို တွေ့ရသည်။

ထို့အပြင် ဦးခင်ညွန့်က ယခုအခါ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်မရှိသဖြင့် ၀င်ငွေမရှိကြောင်းပြောဆိုသည့် အပြင်၊ ၎င်း၏ အိမ်ဧည့်ခန်းအတွင်းရှိ မီးမှာ


ပျက်နေကြောင်းလည်း ပြောဆို သွားသည်။

ရဲချုပ် ခင်ရီက ဒေါ်ခင်ဝင်းရွှေကို ဦးခင်ညွန့်အား ပြုစုစောင့်ရှောက်ရန် အတူခေါ်ယူမည်ဖြစ်ကြောင်း ပြောသည်အခါ ဦးခင်ညွန့်က “နှစ်ယောက်စလုံး


အတူထားမှာလား” ဟု မေးမြန်းရာ ရဲချုပ်ခင်ရီက အတူထားမည်ဖြစ်ကြောင်း ခေါင်းညိတ် ဦးညွတ်ပြီး တရိုတသေပြောဆိုသည်ကိုလည်း မြင်ရသည်။

ထို့အပြင် အင်္ကျီအ၀တ်အစားများ ယူရန်မလိုကြောင်း ရဲချုပ် ခင်ရီက ပြောကြားသည့် အခါတွင် ဦးခင်ညွန့်မှာ ၎င်း၏ အမူအရာအတိုင်း ရုတ်တရက်
ခေါင်းကိုရမ်းလိုက်ပြီး “ယူသွားမယ်၊ ယူသွားမယ်၊ အရင် သားတွေကို ခေါ်တုန်းကလည်း ပစ္စည်းတွေ မလိုပါဘူးပြောတော့ ဘာမှပါမသွားဘူး” ဟု ရဲချုပ် ခင်ရီ၏
စကားကို အကြောက်အကန် ငြင်းဆန်နေသည်ကို တွေ့ရသည်။

နောက်ဆုံးတွင် စိတ်လျော့လိုက်သည့် လက္ခဏာဖြင့် “ငါလိုက်မယ်၊ အေးအေးဆေးဆေး ငါလိုက်မယ်၊ ငါဟာ ဘာမှ နိုင်ငံတော်ကို ဆန့်ကျင်တဲ့
သူလည်းမဟုတ်ဘူး” ဟု ပြောဆိုပြီး အိမ်တွင်ကျန်ရစ်ခဲ့သည့် မိသားစုဝင်များကို ကျန်းမာရေး ဂရုစိုက်ရန် မှာကြားပြီး ၎င်း၏မြေးများကို ဖက်ရမ်းနမ်းရှုတ်ပြီး
နှုတ်ဆက်လိုက်သည်ကို တွေ့ရသည်။

ထိုအခါ မြေးတဦးက “ဖေဖေကြီး ဘယ်တော့ ပြန်လာမှာလဲ” ဟု လှမ်း၍ မေးမြန်းသည့် နေရာတွင် ဗီဒီယိုအခွေက အဆုံးသတ်ထားသည်။ ယခင်ထွက်ပေါ်လာသည့်
အသံမပါသော ဗီဒီယိုဖိုင်တွင်မှု နေရာသစ်သို့ ရောက်ပြီးနောက် ဆက်လက် ဆွေးနွေးကြပုံ၊ ဦးခင်ညွန့်က ဟန်နှင့် မာန်နှင့် ပြောသည့်ပုံများကို တွေ့ရသည်။
ထိုအပိုင်းမှာ အခွေသစ်တွင် မပါရှိသေးချေ။

ယခုအခွေတွင် အသံဖိုင် ပါရှိလာသော်လည်း အချိန်ကာလ အပိုင်းအခြားကိုမူ တိကျစွာ ခန့်မှန်း၍ မရနိုင်သေးချေ။

ဦးခင်ညွန့်သည် စစ်ထောက်လှမ်းရေး အကြီးအကဲနှင့် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူနေစဉ်၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် အဂတိ လိုက်စားမှု
အကြောင်းပြချက်ဖြင့် အစိုးရအဖွဲ့မှ ထုတ်ပယ်ခံခဲ့ရပြီး ရုံးတင်တရားစွဲဆိုခံရကာ ဆိုင်းငံ့ပြစ်ဒဏ်ဖြင့် နေအိမ်၌ အကျယ်ချုပ် ၄၄ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ရသည်။

ထိုအပြင် သားများဖြစ်သည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ရှိ သရက်မြို့ အခြေစိုက် ခလရ ၄၄ တွင် တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းနေသည့် ဒု
ဗိုလ်မှူးကြီး ဇော်နိုင်ဦးနှင့် Bagan Cybertech ကို တည်ထောင်သူ ဒေါက်တာ ရဲနိုင်ဝင်း တို့လည်း ဖမ်းဆီးချုပ် နှောင်ခြင်းခံခဲ့ရသည်။
၁၉၈၃ ခုနှစ်မှစတင်၍ ၎င်းကိုင်တွယ်ခဲ့သည့် စစ်ဘက်ထောက်လှမ်းရေးအဖွဲ့လည်း ဖျက်သိမ်းခံခဲ့ရပြီး အမာခံထောက်လှမ်းရေး အရာရှိကြီများလည်း ဖမ်းဆီထောင်ချ
အရေးယူခြင်းခံခဲ့ရသည်။

မကြာသေးမီက စစ်အစိုးရ၏ နျူကလီးယားနှင့် ဒုံးပျံလက်နက် စီမံကိန်းများကို ဖော်ထုတ်ခဲ့သည့် ဗိုလ်မှူး စိုင်းသိန်းဝင်းက “စိတ်မကောင်းပါဘူး၊ ဗုဒ္ဓဘာသာ
မြန်မာလူမျိုးဆိုတော့လည်း သူဘယ်လောက် ဆိုးခဲ့ဆိုးခဲ့လေ။ သတ်တာထက်တောင် ဆိုးသေးတယ်” ဟု ဆိုသည်။

ထို့အပြင် သံဝေဂတရားလည်း ရမိကြောင်း၊ ကံ၊ ကံ၏ အကျိုးအရ လုပ်ခဲ့သည်များကို ပြန်ပြီး ခံစားဝဋ်လည်နေသည်ဟု ထင်ကြောင်း ဗိုလ်မှူး စိုင်းသိန်းဝင်းက
ပြောသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ထောက်လှမ်းရေးအဖွဲ့ဝင်များသည် ၁၉၈၈ ခုနှစ်မှ စတင်ပြီး ကျောင်းသားများနှင့် ဒီမိုကရေစီအရေးလှုပ်ရှားသူ ထောင်နှင့်ချီ၍ ဖမ်းဆီးပြီး
ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ယခုထွက်ပေါ်လာသည့် ဗီဒီယိုနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်ခဲ့သည့် မန္တလေးမြို့မှ စာနယ်ဇင်းသမား တဦးကလည်း လူသားချင်း


စာနာစိတ်ဖြင့် ဂရုဏာသက်မိပါကြောင်း၊ သို့သော် ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် စစ်ထောက်လှမ်းရေး အဖွဲ့သည် ဖိနှိပ်မှုအတွက် နိုင်ငံတော်အာဏာကို လိုသည်ထက်
ပိုမိုသုံးစွဲခဲ့သည်ဟု ထင်ကြောင်း၊ ယနေ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး သဘောထားများ ထားရှိသည့်အတွက် မည်သည်အာဃာတ တရားမျှမထားပါကြောင်း၊
သို့သော် သမိုင်းမှတ်တမ်းများကိုမူ ဖျောက်ဖျက်၍ မရ၊ ပြည်ဖုံးကားချ၍လည်း မရပါကြောင်း မှတ်ချက်ချ ပြောဆိုသွားသည်။

ယင်းဗီဒီယိုဖိုင်ကို ကြည့်ရှုကြသူများက တန်ခိုးထက်ခဲ့သည့် အာဏာရှင်တဦး၏ ကျဆုံးခန်းကို သံဝေဂ ရကြကြောင်း၊ ဝဋ်လည်သည်ဟု ထင်ကြောင်း


ပြောဆိုနေကြသည်။

ဧရာဝတီ ဘလော့ဂ်ပေါ်မှာ ဗီဒီယိုဖိုင်ကို ကြည့်ရှုရန် (http://www.irrawaddyblog.com/2010/12/blog-post_04.html)

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး ကိုဌေးကြွယ် စိုးရိမ်

ကိုထွေး Saturday, 04 December 2010 15:05

ဒုတိယအကြိမ် ဒီပဲယင်း လုပ်ကြံမှုမျိုး ဒေါ်အောင်ဆန်းစုကြည် ထပ်မံ ကြုံတွေ့မည်ကို စိုးရိမ်ကြောင်း အကျဉ်းကျနေသည့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့
ခေါင်းဆောင် တဦးဖြစ်သူ ကိုဌေးကြွယ်က ပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်တွင် နှစ်ရှည်


ထောင်ဒဏ် ကျခံနေရသည့် ကိုဌေးကြွယ်အား ဒီဇင်ဘာလ ၂
ရက်နေ့က ၄၅ မိနစ်ခန့် ထောင်ဝင်စာ သွားရောက်
တွေ့ဆုံခဲ့သည့် ကိုဌေးကြွယ်၏ ယောက်ဖ တော်စပ်သူ
ကိုဖြိုးမင်းသိန်းမှ တဆင့် ယင်းသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည် ဒီပဲယင်းမှာ ဖြစ်ခဲ့စဉ်တုန်းက


အကျဉ်းထောင် ထဲကနေ သူတို့ ကြားသိရတဲ့ အချိန်တုန်းက
အိပ်လို့တောင် မပျော်ဘူး ပေါ့နော်။ ဒီတကြိမ် မှာလည်း အဲဒီလို
အခြေအနေ ဆိုးမျိုးတွေ ကြားရမှာကို သူတို့ စိုးရိမ်တယ်။
ဒေါ်စုကို အဲဒီ အခြေအနေနဲ့ ပတ်သက်ပြီး သူပြောချင်တယ်” ဟု
ကိုဖြိုးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း


ဒီပဲယင်းမြို့နယ် အနီးတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း
လုပ်ကြံမှုကြီးတွင် နအဖ အစိုးရဘက်မှ လူအင်အား ၅၀၀၀
ခန့်က ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းကို တုတ်၊ ဓား၊ ၂၂၂၂ ၂၂ ( -
ခဲများနှင့် တိုက်ခိုက်ခဲ့ကြပြီး ခန့်မှန်းခြေ လူ ၁၀၀ ခန့် AP)
သေဆုံးခဲ့ကြောင်း သိရသည်။

“အမျိုးသား ပြန်လည် သင့်မြတ်ရေးလမ်းစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ၀ိုင်းဝန်းထောက်ခံပြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ကိုဌေးကြွယ်က


ပြောတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး မရှိရင် မတိုးတက်နိုင်ဘူး။ ဒီအကြောင်းလည်း နည်းနည်း ဆွေးနွေးဖြစ်တယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ကိုဌေးကြွယ်သည် အစာအိမ်ရောဂါ အခံကြောင့် အစာမစားနိုင်သည့်အတွက် ပိန်သွားကြောင်း၊ ဘာသာရေးကိုလည်း လုပ်ဖြစ်ကြောင်း၊ ထောင်ထဲတွင်


စာရေးရန်နှင့် ပန်းချီဆွဲရန်ရှိကြောင်း၊ တွေ့ဆုံမှုသည် အတိုင်းအတာတခုအထိ လွတ်လပ်သည် ဆိုသော်လည်း ရဲအထူး သတင်းတပ်ဖွဲ့ (SB) နှင့်
ထောင်အာဏာပိုင်များက လိုက်လံ ရေးမှတ်မှုများရှိကြောင်း သိရသည်။

“တကယ်လို့ အခြေအနေတခု ဖြစ်လာမယ်ဆိုရင်ပေါ့၊ နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို မိသားစုနဲ့ နီးတဲ့ ထောင်တွေမှာ အားလုံး စုထားနိုင်မယ်ဆိုရင်တော့
ကောင်းတယ်လို့လည်း ပြောတယ်။ လွှတ်တော်ပေါ်တဲ့ အချိန်မှာ အကျဉ်းသား ၁၀၀ လောက်လွတ်မယ်လို့ သူတို့ယူဆတယ်။ ဒါပေမယ့် အဆိုးကိုတော့
ပြင်ဆင်ထားတယ်လို့လည်း ပြောတယ်” ဟု ကိုဖြိုးမင်းသိန်းက ပြောသည်။

စစ်အစိုးရသည် နိုင်ငံရေး အကျဉ်းသားများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ကာ မိသားစုနှင့် ဝေးလံသည့် ဒေသများရှိ ထောင်များသို့ ပြောင်းရွှေထားသည်။

ထောင်တွင်းရှိ အခြေအနေမှာ လူမဆန် ဆိုးဝါးသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုကြောင်းလည်း UPI သတင်းတရပ်တွင် ရေးသားထားသည်။

ကိုဌေးကြွယ်သည် ၁၉၉၁ ခုနှစ်တွင် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ပထမဆုံးအကြိမ်အဖြစ် ထောင်ဒဏ် ၁၅ နှစ်ကျခံခဲ့ရသည်။ ပထမအကြိမ် ထောင်မှ
လွတ်ပြီးနောက် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုပြုံးချိုတို့နှင့် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ကို တည်ထောင်ခဲ့သည်။
၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ယင်းအဖွဲ့သည် အကြမ်းမဖက်သည့် နိုင်ငံရေး လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့သည်။
၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြခဲ့သည့်အတွက် ကိုဌေးကြွယ်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင်များကို ထောင်ဒဏ် ၆၅ နှစ်စီ အသီးသီးချမှတ်ခဲ့သည်။

ကိုဌေးကြွယ် အကျဉ်းကျခံနေရသည့် ဘူးသီးတောင်ထောင်သည် နာမည်ဆိုးနှင့်ကျော်ကြားသော ထောင်တခုဖြစ်သည့်အပြင် လာဘ်စားမှု ပြဿနာများကြောင့်


ထောင်အာဏာပိုင်များ မကြာခဏ နေရာ ပြောင်းခံရခြင်း၊ အရေးယူခံရခြင်းများ ရှိကြောင်း ဒေသခံများက ပြောသည်။

ဘူးသီးတောင်ထောင်တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် အပါအ၀င် ကိုစည်သူမောင်၊ ကိုအောင်ဇော်ဦး၊ ကိုမြတ်သူနှင့်


ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် မင်္ဂလာတောင်ညွန့်မှ ဆရာတော်တပါးလည်း ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၇၁ ဦးရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏
ထုတ်ပြန်ချက်အရ သိရသည်။

ဝေါ်လေတွင် နအဖတပ်ကို DKBA တိုက်ခိုက်

ဘစောတင် Saturday, 04 December 2010 18:00

ကရင်ပြည်နယ် မြ၀တီ မြို့နယ်၌ နအဖ စစ်အစိုးရ အရံဗျူဟာ တည်ရှိရာ ဝေါ်လေဒေသရှိ သံမဏိ တောင်ကုန်းကို ယမန်နေ့ည ၁၁ နာရီအချိန်က တိုးတက်သော
ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ကရင် သတင်းစဉ် လက်ထောက် အယ်ဒီတာ ဒေါ်နန်းထူးစံက


“ဖြစ်တာက ဒီလိုပါ။ DKBA တွေက ဝေါ်လေမှာရှိတဲ့ နအဖ
တပ်တွေကို လက်နက်ကြီး တွေနဲ့ လှမ်းပစ်တယ်လေ။ ရွာသား
တွေကတော့ အစကတည်းက ဒီဘက်ကို ပြေးလာ နေကြတာ”
ဟု ပြောသည်။

နိုဝင်ဘာ ၇ ရက်နေ့မှစ၍ မြ၀တီနှင့် ဘုရားသုံးဆူ


မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ မြဝတီမြို့အနီး ဝေါ်လေ
ဒေသတွင် နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်လျှက် ရှိကြောင်း၊
ယမန်နေ့ ညပိုင်းကလည်း တိုက်ပွဲ ဖြစ်သေးကြောင်း ABSDF
စစ်ကော်မရှင် အတွင်းရေးမှူး ကိုခင်ကျော်က ဆိုသည်။

“ညတုန်းကတော့ ဝေါလေ ဘက်မှာရှိတဲ့ သံမဏိကုန်း ဘက်မှာ


ဗျူဟာအရံ တပ်စွဲထားတဲ့ နေရာကို DKBA က ည ၁၁
နာရီလောက်မှာ ၀င်ရောက် တိုက်ပါတယ်” ဟု ပြောသည်။

တိုက်ပွဲများကြောင့် မြ၀တီဆေးရုံတွင် နအဖ အရာရှိ ၂ ဦးနှင့် ( -)


တပ်သား ၆ ဦး ဆေးကုသမှု ခံယူလျှက် ရှိကြောင်း မြ၀တီမြို့ခံ ရဲဝန်ထမ်း တဦးက ပြောသည်။ ဘုရားသုံးဆူ ဘက်တွင်လည်း ဒဏ်ရာရရှိသော တပ်သား ၄ ဦးကို
ထိုင်းနိုင်ငံထဲမှ ဖြတ်ကာ ကားဖြင့် ထားဝယ် ဆေးရုံသို့ သယ်ဆောင် သွားကြောင်း သိရသည်။

တိုက်ခိုက်မှုများကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ထွက်ပြေးလာသူ မြန်မာ စစ်ပြေးဒုက္ခသည် ၁ ထောင်ခန့် ရှိနေကြောင်း၊ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက
ဒုက္ခသည်များထားရှိရာသို့ လာရောက်ကြည့်ရှုကြောင်း သိရသည်။

တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ဒုက္ခသည်များကို အလျင်စလို ပြန်ပို့ရန် မလိုအပ်သေးကြောင်း၊ အဘယ့်ကြောင့်ဆိုသော် တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်သည့်


အခြေအနေရှိနေသည် ပြောကြောင်းလည်း သိရှိရသည်။

မိုင်းတားဆီးရေး ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကို တိုက်တွန်း

ဧရာဝတီ Saturday, 04 December 2010 14:45 သတင်းတိုများ

မိုင်းဗုံးများ တားမြစ်ပိတ်ပင်ရေး စာချုပ်တွင် လေးနှစ်အတွင်း သဘောတူ လက်မှတ်ရေးထိုးရန် အမေရိကန် သမ္မတ အိုဘားမားသို့ တိုက်တွန်းသည့်
နိုဘယ်ဆုရှင်များစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်လာပြီဖြစ်သည်။ နိုဝင်ဘာ ၃၀ ရက်နေ့တွင် သမ္မတ အိုဘားမားထံပေးပို့သော တိုက်တွန်းစာတွင်
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုဘယ်ဆုရှင် ၁၆ ဦးက လက်မှတ်ရေးထိုးထားသည်။

ဝေါ်လေရှိ နအဖ အရံဗျူဟာကုန်းကို DKBA တိုက်ခိုက်

ဧရာဝတီ Saturday, 04 December 2010 14:43 သတင်းတိုများ

ကရင်ပြည်နယ် မြ၀တီမြို့နယ်၌ နအဖ စစ်အစိုးရ အရံဗျူဟာ တည်ရှိရာ ဝေါလေဒေသရှိ သံမဏိတောင်ကုန်းကို ယမန်နေ့ ည ၁၁ နာရီအချိန်က တိုးတက်သော
ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ရွေးကောက်ပွဲ ကျင်းပသည့် နိုင်ဝင်ဘာလ ၇
ရက်နေ့မှစ၍ နအဖတပ်နှင့် DKBA ခွဲထွက်တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေခဲ့ရာ ၁ လနီးပါး ရှိလာပြီဖြစ်သည်။
http://www.irrawaddy.org/bur/

ကချင်ပြည်နယ် စစ်ရေးပြင်ဆင်မှုတွေ တိုး

By နူးပန် စနေ, 04 ဒီဇင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနဲ့ မြန်မာစစ်အစိုးရကြားမှာ တနေ့တခြား တင်းမာမှုတွေ ဖြစ်ပေါ်နေချိန်မှာပဲ


ခုရက်ပိုင်းအတွင်း မြန်မာစစ်တပ်ဖက်က စစ်ရေးပြင်ဆင်မှုတွေကို တိုးလုပ်လာနေပါတယ်။ မြန်မာပြည်အောက်ပိုင်း တပ်တွေကနေ လက်နက်ကြီးတွေကို
ကချင်ပြည်နယ်ဘက်ကို ဆက်တိုက်ပို့နေတဲ့အတွက် ဒေသခံတွေက စိုးရိမ်ကြောင့်လန့်နေပါတယ်။ အခြေအနေအပြည့်စုံကို စုံစမ်းထားတဲ့ ထိုင်းအခြေစိုက်
ဗွီအိုအေသတင်းထောက် မနူးပန်က တင်ပြထားပါတယ်။

နိုဝင်ဘာလကုန်ပိုင်းကတည်းက မနေ့ကအထိ ကချင်ပြည်နယ် ဗန်းမော်နဲ့ မြစ်ကြီးနားဘက်ကို မြန်မာစစ်တပ် အမြောက်ကြီးတွေတင်လာတဲ့ ကားကြီးတွေ


ဖြတ်သွားတာ ၁၀ စီးအထက် တွေ့ရတယ်လို့ ဗန်းမော်မြို့က မျက်မြင်ဒေသခံ အဘိုးတစ်ယောက်က အခုလို ပြောပါတယ်။

“ကားတစီးပေါ်မှာဆိုရင် သူတို့က လက်နက်ကြီးတစ်လက်စီနဲ့ စက်သေနတ်တွေနဲ့ မိုးပျံသေနတ်တွေလည်း ပါမှာပေါ့။ စစ်သားတွေတော့ ၄-၅ ယောက်၊ အဲလိုမျိုး
ပါတယ်။ သူတို့က စစ်ပစ္စည်းတွေသွားသယ်တာ သလောက်ပဲရှိတယ်။ သူတို့က ဒီ မန္တလေး လမ်းကနေ တက်လာတာပဲ။”

မနေ့က နိုဝင်ဘာ ၃ ရက်နေ့ညမှာလည်း မန္တလေးလမ်းဘက်ကနေ လက်နက်ကြီး တင်ဆောင်လာတဲ့ စစ်ကား ၅ စီးနဲ့ ထပ်ဝင်လာသလို သင်္ဘောနဲ့လည်း
သယ်ပို့နေတာတွေ့ရပြီး ဗန်းမော်စစ်တပ် ခလရ (၂၃၆)၊ ခလရ (၂၃၇)၊ ခလရ (၄၇) နဲ့ အမှတ(် ၂၁) စစ်ဆင်ရေး ကွပ်ကဲဌာနချုပ် စစ်တပ်တွေမှာ ပို့နေတယ်လို့
ဒေသခံတွေက ပြောပါတယ်။

နောက်ပြီး စစ်ကားတွေ နက်နံစောစောဖြတ်သွားတာကို တွေ့မြင်ခဲ့တဲ့ ဈေးသည်တွေက ကြောက်လန့်နေပြီး စစ်ဖြစ်ရင်ဘယ်မှာပုန်းမလဲ မြို့ပေါ်စစ်ဖြစ်ရင်


ပုန်းမယ့်နေရာမရှိတဲ့အတွက် အခြေအနေကို စိုးရိမ်ပူပန်စွာ စောင့်ကြည့်နေကြတယ်လို့ ပြောပါတယ်။

ဒီအခြေအနေတွေကို အကဲခတ်နေတဲ့ တရုတ်နယ်စပ် ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်က ကိုအောင်ဝါကတော့ မြန်မာစစ်အစိုးရနဲ့ ကေအိုင်အိုဟာ ပိုမိုတင်းမာလာတဲ့


အနေအထားမှာ ရှိနေတဲ့အတွက် နှစ်ဖက်တပ်တွေ စစ်ရေးပြင်ဆင်မှုတွေ တိုးလုပ်လာနေပေမဲ့ အဆင့်သင့်ပြင်ဆင်တဲ့ အနေအထားမှာပဲ ရှိနေကြတယ်လို့ အခုလို
သုံးသပ်ပြောဆိုပါတယ်။

“န.အ.ဖ အနေနဲ့ စစ်ရေးပြင်ဆင်တဲ့သဘောမျိုးပဲလို့ သုံးသပ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆီမှာလည်း အခက်ခဲတွေနဲ့ အများကြီး ကြုံနေရတယ်။


အရှေ့ဘက်မှာ ဒီကေဘီအေ၊ ကေအဲန်ယူ၊ တခြား ရှမ်းအဖွဲ့စည်းတွေနဲ့ တိုက်ခိုက်နေတယ်။ ဒီဘက်မှာလည်း ကေအိုင်အေနဲ့ ပြန်တိုက်မယ်ဆို သူ့အတွက်
ပိုမိုကြီးမားတဲ့ စစ်မျက်နှာဖွင့်ရမယ်။ ဒါကြောင့် ချက်ချင်းတော့ တိုက်မယ်လို့တော့ မမြင်ပါဘူး။ ဒါပေမဲ့ သူကတော့ စစ်ဆင်ရေးအတွက် အဆင်သင့်အနေအထားမျိုး
ပြင်ဆင်တယ်လို့ပဲ မြင်နေရတယ်။ ဒီဘက်က ကေအိုင်အေဘက်ကနေ ကြည့်မယ်ဆိုရင်လည်း နိုင်ငံရေး အရပဲ ဖြေရှင်းလိုတယ်၊ စစ်ရေးအရတော့
ဖြေရှင်းချင်တဲ့ဆန္ဒတော့ မရှိကြဘူး။ ဒါကြောင့် အဓိကတော့ န.အ.ဖ ဘက်က တိုက်မှပဲ ဒီစစ်ပွဲကဖြစ်လာမယ့်သဘော မြင်နေရပါတယ်။”

ဒါပေမဲ့ ဒေသခံတွေကတော့ မြန်မာစစ်အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ချေမှုန်းဖို့အတွက်ပဲ ပြင်ဆင်နေတာ ဖြစ်တဲ့အတွက်


ငြိမ်းငြိမ်းချမ်းချမ်းနေချင်ပေမဲ့ စစ်ရေးပြင်ဆင်မှုအရ စစ်ဖြစ်လာနိုင်ဖွယ်ကြောင့် ကြောက်လန့်နေကြလို့ အစောက ဗန်းမော်ဒေသခံကပဲ ခုလိုပြောပါတယ်။

“သူတို့က ဒီရွေးကောက်ပွဲလုပ်တာလည်း သူတို့က အရင်က လက်နက်ကိုင် အဖွဲ့အစည်းနဲ့ စာချုပ်စာတမ်းတွေကို ဖျက်ဆီးတာ၊ အပြစ်တင်တာ၊ ဖုံးထားတာ၊
ခြိမ်းခြောက်တာတွေ လုပ်ချင်လို့ပဲ ဒီလိုမျိုးလုပ်တာလို့ ကျွန်တော်တို့ မြင်ကြတယ်။ ဒေသခံတွေကတော့ ဒါ သူတို့ ဗမာစစ်တပ်တော့ သူတို့စစ်သဘောက
တကယ်တိုက်မယ်လို့ ကျနော်တို့ထင်တာပဲ။ ဟိုးချောင်ချိုချောင်ကြားမှာ ပြည်သူ့စစ်တွေကို ချထားတယ်။ ကျနော်တို့က ကျနော်တို့ လူမျိုး ဒီကချင်ပြည်နယ်မှာ
လူမှုရေး ကောင်းကောင်းမွန်မွန် နေချင်တာပေါ့။”

ခုတလော မြန်မာစစ်အစိုးရက ကေအိုင်အို နယ်မြေထဲက ကုန်အ၀င်အထွက်တွေကိုလည်း ပိတ်ဆို့လိုက်သလို မကြာသေးခင်ကပဲ ကေအိုင်အို စီးပွားရေး


အဆက်အသွယ်ရုံးကလွဲလို့ မြန်မာနိုင်ငံမှာရှိသမျှ ကေအိုင်အို ဆက်ဆံရေးရုံး အားလုံးကို ပိတ်ခိုင်းလိုက်ပြီ ဖြစ်ပါတယ်။ ကေအိုင်အိုအရာရှိတွေကတော့
မြန်မာစစ်အစိုးရဟာ ပြဿနာကို တွေ့ဆုံဆွေးနွေး ဖြေရှင်းဖို့ထက် အဆက်အသွယ် လုံးဝဖြတ်လိုက်သလို ဖုန်းကအစ ဖြတ်တောက်လိုက်တဲ့အတွက်
တင်းမာလာတဲ့ အခြေအနေဘက်ကိုပဲ ဆွဲခေါ်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်-တောင်ကိုရီးယား အခွန်မဲ့ကုန်သွယ်မှု သဘောတူ

စနေ, 04 ဒီဇင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
အမေရိကန်သမ္မတ ဘရက်အိုဘားမားက တောင်ကိုရီးယားနဲ့ အမေရိကန်အကြား ချုပ်ဆိုခဲ့တဲ့ အခွန်မဲ့ကုန်သွယ်မှုစာချုပ်ဟာ သမိုင်းဝင် အရေးပါမှုကြီးတရပ်
ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဒီသဘောတူညီချက်ကို ၃ နှစ်တာ ရှေ့မတိုးနောက်မဆုတ်သာဖြစ်နေရာကနေ မနေ့ကပဲ ရခဲ့တာဖြစ်ပါတယ်။ ဒီစာချုပ်ကြောင့်
နှစ်နိုင်ငံ မဟာမိတ်ဆက်ဆံရေး ပိုမိုအားကောင်းလာစေမှာမို့ ကွန်ဂရက်အနေနဲ့ အတည်ပြုပေးဖို့ကို သမ္မတက တောင်းဆိုလိုက်ပါတယ်။

ဒီစာချုပ်ကြောင့် အမေရိကန် ပို့ကုန်ပမာဏဟာ ဒေါ်လာ သန်း ၁,၁၀၀၀ အထိ တိုးတက်သွားပြီး အမေရိကန် အလုပ်အကိုင်ပေါင်း ၇ သောင်းအတွက် အကူအညီ
အထောက်အကူ ဖြစ်စေမယ်လို့လည်း သမ္မတက ပြောပါတယ်။

အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ရွန်ကဒ် နဲ့ တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီး ကင်မ်ဂျုံအွန်း တို့ဟာ ၀ါရှင်တန်မြို့ပြင်မှာ တပတ်ကြာ ဆွေးနွေးပြီးမှ
ဒီသဘောတူညီချက်ကို ရခဲ့တာဖြစ်ပါတယ်။ ဒီသဘောတူညီချက်အရ ကိုရီးယားကားတွေ တင်သွင်းရာမှာ အမေရိကန်ဘက်က အခွန် ၂.၅ ရာခိုင်နှုန်းတော့
ဆက်ထားနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒီကားကိစ္စဟာ ဒီညှိနှိုင်းပွဲမှာ ဆွေးနွေးရခက်တဲ့ ကိစ္စတခုဖြစ်ခဲ့ပါတယ်။

အစ္စရေးမှာ အဆိုးရွားဆုံး တောမီးလောင်

စနေ, 04 ဒီဇင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

နိုင်ငံတကာ မီးသတ်တပ်ဖွဲ့တွေက အစ္စရေးမှာဖြစ်နေတဲ့ နိုင်ငံရဲ့အဆိုးရွားဆုံး တောမီးလောင်မှုကြီးကြောင့် ငြိမ်းသတ်နိုင်ဖို့အတွက် တတိယနေ့အနေနဲ့ ဆက်ပြီး


အကူအညီပေးနေကြပါတယ်။ ဒီတောမီးဟာ နိုင်ငံမြောက်ပိုင်း ဆိပ်ကမ်းမြို့ ဟိုက်ဖာ နားမှာ ထိန်းမနိုင်သိမ်းမရ လောင်နေတယ်လို့ ရဲတွေက ပြောပါတယ်။ ဒီ မီး
ဘာကြောင့်ဖြစ်ရလဲဆိုတာကို စုံစမ်းခဲ့ရမှာတော့ ပေါ့ဆမှုကြောင့်ဖြစ်ရတယ်၊ ဂရုမစိုက်မှုကြောင့် ဖြစ်ရတယ်လို့ လက်ရှိ စုံစမ်းမှုတွေက ပြောနေပါတယ်။ ဒါပေမဲ့
စုံစမ်းမှုတွေကို ဆက်လက် လုပ်နေဆဲ ဖြစ်ပါတယ်။

ဒီ မီးလောင်မှုမှာ လူ ၄၁ ဦး သေဆုံးခဲ့ရပြီး ထောင်နဲ့ချီတဲ့သူတွေ ရွှေ့ပြောင်းခဲ့ကြရပါတယ်။ အစ္စရေးတို့က နိုင်ငံတကာ အသိုင်းအ၀ိုင်းတွေအနေနဲ့ ၀ိုင်းကူညီကြဖို့


တောင်းဆိုထားပါတယ်။ ရုရှားနိုင်ငံက လေယာဉ်တစီးနဲ့ မီးလောင်တဲ့နေရာမှာ ရေတွေအများကြီး ဖြန်းချပေးနေပါတယ်။ အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန်တို့ကလည်း
လေယာဉ်တွေသုံးပြီး မီးကို ၀ိုင်းသတ်ပေးနေကြပါတယ်။

အရှေ့အလယ်ပိုင်း အိမ်နီးနားချင်းတွေဖြစ်တဲ့ ဂျော်ဒန်နဲ့ အီဂျစ်တို့ကလည်း မီးငြိမ်းသက်ရေး ကိရိယာတွေကို ၀ိုင်းပို့ပေးနေပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်


ဘန်ကီမွန်းကလည်း အကူအညီတွေကို ကမ်းလှမ်းထားပါတယ်။ အစ္စရေးက အဇာဘိုင်ဂျန်၊ ခရိုအေးရှ၊ ဂျော်ဒန်၊ ရိုမေးနီးယား၊ စပိန် နဲ့ တူရကီတို့ကနေ
အကူအညီတွေ ပေးဖို့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။

အများစု မီးဒဏ်ခံရသူတွေက ထောင်စောင့်အရာရှိတွေ ဖြစ်ပါတယ်။ သူတို့က ထောင်သားတွေကို ကူညီဖို့သွားရင်းနဲ့ မီးထဲမှာ ပိတ်မိခဲ့ကြတာ ဖြစ်ပါတယ်။ အစ္စရေး
ဝန်ကြီးချုပ် ဘန်ဂျမင် နာတာရာဟူးကတော့ ဒီတောမီးဟာ မကြုံဖူးလောက်အောင် ကြီးမားတဲ့ နိုင်ငံတ၀ှမ်း သဘာဝဘေးဒုက္ခကြီး ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတ ဘရက်အိုဘားမားကလည်း မီးဒဏ်ခံရတဲ့ မိသားစုတွေအတွက် ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့ခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီရေး EU ဆက်လက် ထောက်ခံ

သောကြာ, 03 ဒီဇင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို ဥရောပသမဂ္ဂ


(EU) က ဆက်လက် အားပေး ထောက်ခံသွားမယ်လို့ အဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဘယ်လ်ဂျီယံနိုင်ငံက ပြောဆိုလိုက်ပါတယ်။
ရန်ကုန်မြို့နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လ်ဂျီယံ သံအမတ်ကြီးတို့ သောကြာနေ့က တွေ့ဆုံစဉ်မှာ အခုလိုပြောခွင့်ရခဲ့တာ
ဖြစ်တဲ့အကြောင်း ဘယ်လ်ဂျီယံနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေး ၀န်ကြီးလည်းဖြစ်တဲ့ Steven Vanackere က ကြေညာချက်တစောင်
ထုတ်ပြန်ပြောဆိုလိုက်တာပါ။

နိုဝင်ဘာလ ၇ ရက်နေ့မှာ စစ်အစိုးရက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မျှော်လင့်ထားခဲ့သလို ဒီမိုကရေစီရေးအတွက် လမ်းပွင့်မလာတာမို့ ဘယ်လ်ဂျီယံနိုင်ငံနဲ့ EU


အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံ ရလိမ့်မယ်လို့လည်း ပြောဆိုခဲ့တာ
ဖြစ်ပါတယ်။

တိုင်းရင်းသား လူမျိုးစုတွေနဲ့ လူ့အဖွဲ့အစည်း အသီးသီးက သူတွေနဲ့အတူ ဒီမိုကရေစီရေး လှုပ်ရှားသူ အတိုက်အခံတွေရဲ့ အသံတွေဟာ အင်မတန်မှ
အရေးကြီးပါတယ်လို့လည်း ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီးက ကြေညာချက်ထဲမှာ ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၂
ထောင် ကျော်ကို ပြန်လွတ်ပေးဖို့ဟာလည်း မြန်မာစစ်အစိုးရ အနေနဲ့ ဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စအဖြစ် ရှိနေဆဲပဲလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်

By ဦးအောင်ခင် & မညိုညိုလွင် စနေ, 04 ဒီဇင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

မြန်မာပြည်က လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ မသမာတဲ့ ရွေးကောက်ပွဲကို ဝေဖန်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက နိုဝင်ဘာ (၁၈)
ရက်နေ့က ချမှတ်လိုက်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို အရေးယူဖို့ အခြေအနေ ပေးပုံမရပါဘူး။ တာဝန်သိမှုနဲ့ တရားမျှတမှုကို နားလည်သဘောပေါက်ဖို့အတွက်
ဗမာစစ်အစိုးရ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် ကင်တားနား (Tomas Ojea
Quintana) က အောက်တိုဘာလ က တင်ပြထားပါတယ်။ ဒီမိုကရေစီအကြောင်း မပြောခင် တိုင်းသူပြည်သားကို တရားမျှတစွာနဲ့ တာဝန်သိစွာ ဆက်ဆံဖို့
ဗမာအစိုးရကို သတိပေးတဲ့အနေနဲ့ အရေးယူမယ့် အစီအစဉ်ပါပဲ။ အပြစ်ဒဏ်ပေးဖို့ မရည်ရွယ်ဘူးလို့ ကင်တားနား က ပြောဆိုပါတယ်။

ဒါပေမဲ့ ဒီအစီအစဉ်ကို တရုတ်နဲ့ရုရှားက လက်မခံနိုင်ပါဘူး။ ဗမာစစ်အစိုးရကို အရေးယူမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့  အစီအစဉ်ကို ၂၀၀၇ ခုနှစ်မှာ
တရုတ်နဲ့ရုရှားက ဗီတိုအာဏာနဲ့ ပယ်ချခဲ့ဘူးပါတယ်။ အာဆီယံနိုင်ငံတွေနဲ့ ဂျာမဏီကလည်း စုံးစမ်းရေး ကော်မရှင်ဖွဲ့မယ့် အစီအစဉ်ကို လက်မခံနိုင်ဘူးလို့
သိရပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုး ဘန်ကီမွန်း (Ban Ki-moon) နောက်ထပ် (၅) နှစ် ဆက်လုပ်ချင်ရင် တရုတ် ထောက်ခံမှုရဖို့ လိုပါတယ်။
ဒါကြောင့်မို့ တရုတ် ငြိုငြင်မယ့်ကိစ္စမျိုးကို ဘန်ကီမွန်း က လိမ္မာပါးနပ်စွာ ရှောင်ရှားနေတာလို့လည်း သုံးသပ်ကြပါတယ်။

စက်တင်ဘာလ (၁၄) ရက် နေ့စွဲနဲ့ ထုတ်ဝေတဲ့ ဘန်ကီမွန်းရဲ့  (၁၆) မျက်နှာ အစီရင်ခံစာမှာ ဗမာအစိုးရရဲ့  လုပ်ပုံကိုင်ပုံတွေကို အလွန်စိတ်ပျက်မိတယ်လို့သာ
ဖော်ပြထားပါတယ်။ ဗမာစစ်အစိုးရ ကဏ္ဍကောစလုပ်တိုင်း ကုလသမဂ္ဂ မြန်မာ့မိတ်ဆွေများ အစည်းအဝေးကို ဘန်ကီမွန်း က ကျင်းပလေ့ ရှိပါတယ်။ ဒါပေမဲ့ ဒီ
အစည်းအဝေးကိုလည်း ဗမာကိုယ်စားလှယ်က တက်ရောက်ခြင်း မရှိပါဘူး။ ဒါကြောင့်မို့ မြန်မာ့အရေးကို ပြောဆိုဆွေးနွေးကြပေမယ့် လက်ဆုပ်လက်ကိုင်
မပြနိုင်ဘဲ ဖြစ်နေကြပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးကို တင်သွင်းမယ့် မြန်မာ့ရေးရာ ဆုံးဖြတ်ချက်မူကြမ်းကို စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ကိစ္စကို
ဖော်ပြထားတာ မတွေ့ရပါဘူး။ နိုင်ငံပေါင်း (၄၀) ကျော် ထောက်ခံထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းဖြစ်ပါတယ်။

ဒါကြောင့်မို့ ရွေးကောက်တင်မြှောက်မခံရဘဲ အနှစ် (၂၀) ကျော် အကြမ်းဖက် အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရကို အရေးယူဖို့ တာဝန်ပျက်ကွက်ခဲ့တဲ့ ကုလသမဂ္ဂဟာ
ရွေးကောက်ပတင်မြှောက်ထားတဲ့ ဗမာစစ်အစိုးရကို အရေးယူနိုင်ပါ့မလားဆိုတာဟာ ဒီကနေ့ စဉ်းစားစရာ ဖြစ်လာပါတယ်။ ရွေးကောက်ပွဲမှာ မတရားလုပ်တာကို
ကုလသမဂ္ဂ က ဝေဖန်ရှုတ်ချနေလို့ အကြောင်းထူးမှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲမှာ မတရားလုပ်တာကို ကုလသမဂ္ဂက ဝေဖန်ရှုတ်ချနေလို့ အကြောင်းထူးမှာ
မဟုတ်ပါဘူး။ ရွေးကောက်ပွဲ ချောချောမောမော ပြီးစီးသွားဖို့ ဆုတောင်းပေးသူတွေထဲမှာ တရုတ်၊ အိန္ဒိယ နဲ့ အာဆီယံနိုင်ငံအချို့ လည်း ပါဝင်ပါတယ်။
ဒီနိုင်ငံတွေဟာ မြန်မာနဲ့ ကုန်သွယ်လို့ အကျိုးအမြတ် ခံစားနေရသူတွေ ဖြစ်ပါတယ်။

ဗမာစစ်အစိုးရရဲ့  ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အမေရိကန်နဲ့ အနောက်တိုင်းနိုင်ငံအချို့  စိတ်ဝင်စားပေမယ့် အာဆီယံ၊ တရုတ် နဲ့ အိန္ဒိယ က
စိတ်မဝင်စားကြပါဘူး။ အာဆီယံနိုင်ငံတွေထဲမှာတောင် ဗမာဒီမိုကရေစီအရေးကို ဆွေးနွေးချင်သူက လူနည်းစု ဖြစ်နေပုံရပါတယ်။ အောက်တိုဘာလ နှောင်းပိုင်း
ဟနွိုင်မြို့ တော်မှာ ကျင်းပတဲ့ အာဆီယံထိပ်သီး အစည်းအဝေးမှာ မြန်မာ့ဒီမိုကရေစီအရေး မပါပါဘူး။ ဗမာအစိုးရဟာ အာဆီယံအသင်းရဲ့  တိုက်တွန်းချက်ကို
ဂရုမစိုက်ဘဲ မိမိ စိတ်ကြိုက်ထင်သလို လုပ်ခဲ့တာ (၁၀) နှစ်ကျော်နေပါပြီ။ အာဆီယံရဲ့  တောင်းဆိုချက်ကို ဗမာအစိုးရ လိုက်လျောဘူးတာ တခါပဲ ရှိပါတယ်။
အာဆီယံ အလှည့်ကျ ဥက္ကဌမလုပ်ဖို့ ဝိုင်းဝန်းတိုက်တွန်းတာကို ဗမာကလက်ခံပြီး ဥက္ကဌ မလုပ်ဖို့ ၂၀၀၅ ခုနှစ်က ဆုံးဖြတ် လိုက်တာပဲဖြစ်ပါတယ်။

တိုင်းရင်းသားပြဿနာကို ဗမာစစ်အစိုးရက အကြမ်းဖက် ဖြေရှင်းနေတာကြောင့် ဒုက္ခသည်တွေ ထိုင်းနိုင်ငံကို အစုလိုက်အပြုံးလိုက် ထွက်ပြေးနေတာ ကြာပါပြီ။


တိုင်းရင်းသားလက်နက်ကိုင်တွေ ထိုင်းနိုင်ငံမှာ ဝင်ထွက်သွားလာနေတာလည်း ကြာပါပြီ။ ဒီပြဿနာကြောင့် ထိုင်းအစိုးရဟာ ဗမာအစိုးရသစ်ရဲ့  ယုံကြည်မှုရအောင်
ကြိုးပမ်းပါလိမ့်မယ်။ တဦးကတဦးကို အန္တရာယ်လို့ မယူဆဘဲ ကုန်သွယ်ဘက် အိမ်နီးချင်းနိုင်ငံအဖြစ်သာ သဘောထားနိုင်ဖို့ ထိုင်းဘက်က စီးပွားရေးမက်လုံးတွေ
ပေးနေပါတယ်။ ဗမာအစိုးရနဲ့ ဆက်ဆံရာမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မပြောဘဲ စီးပွားရေးလုပ်တာဟာ အကောင်းဆုံးဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း
သက်ဆင် လက်တွေ့ပြနေခဲ့ပါတယ်။

ရွေးကောက်ပွဲပြီးသွားပေမယ့် တိုင်းရင်းသားပြဿနာကို ဖြေရှင်းနိုင်တာ မဟုတ်တဲ့အတွက် ပြည်တွင်းစစ် အချိန်မရွေး ဖြစ်နိုင်ပါတယ်။ စစ်ဖြစ်ပြီဆိုရင်


စစ်ပြေးဒုက္ခသည်တွေ ထိုင်းနိုင်ငံထဲ လှိမ်းဝင်လာမှာ သေချာပါတယ်။ ကုလသမဂ္ဂက အရေးမယူဘဲထားတဲ့ ဗမာအစိုးရရဲ့  ရာဇဝတ်မှုတွေဟာလည်း
ပိုမိုများပြားလာနိုင်ပါတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ စီးပွားရေးအမြတ်ထုတ်မှုစတဲ့ ကိစ္စတွေဟာ ဆက်စပ်နေပါတယ်။
ဗမာအစိုးရတဦးတည်း တဖက်သတ် ဖြေရှင်းနိုင်တဲ့ကိစ္စမဟုတ်ကြောင်း ပြည်ပဆက်ဆံရေးက သက်သေပြနေပါတယ်။

http://www.voanews.com/burmese/news/

ဒေါ်အောင်ဆန်းစုကြည် မှ သံဃာတော်များ အား သင်္ဃန်း လောင်းလှူ ဒါန ပြုမည်

December 4, 2010 freedom news group Leave a comment

4
0
i

မဲပေးပါ

မြန်မာ နိုင်ငံတ၀ှမ်းရှိ သံဃာတော်အရှင်သူမြတ်တို့ ဘုရား …ဗဟန်း အုဌ် လမ်း သို့ ထို နေ့ တွင်
မပျက်မကွက် ဆက်ဆက်ကြွရောက်၍ သင်္ဃန်း ဒါန လက္ခွံရန် မြတ်နိဗ္ဗာန် ကို ရည်မှန်း ၍
Freedom News Group မှ အကျိုးမျှော်၍ နှိုးဆော်လိုက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင်များ မှ သံဃာတော်များ အား ဆွမ်းကမ်လောင်းလှုမည့် အစီအစဉ် အား ရန်ကုန် မြို့ နေရာ
အချို့ တွင် လိုက်လံ ကပ် ထား သည် ကို စနေနေ့ က ဤ သို့ တွေ့ ရှိရသည်။

မြေမြုတ်မိုင်း ပိတ်ပင်တားဆီးရေး အိုဘားမားအား ဒေါ်စု တိုက်တွန်း

December 4, 2010 freedom news group Leave a comment Go to comments

11
1

မဲပေးပါ

အောင်မြင်၊ ၊ယခင်လက နေအိမ် အကျယ်ချုပ်


မှ ပြန်လည် လွတ်မြောက်လာသည့် ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ဟာငြိမ်းချမ်းရေး နိုဘယ်ဆုရှင်
တွေပါဝင်တဲ့စစ်ပွဲများတွင်မြေမြုတ်လူသတ်မိုင်းတွေ
ကို၎နှစ်အတွင်းဖျက်ဆီးအသုံးမပြုရေး အတွက်
အမေရိကန်သမ္မတအိုဘားမားထံ လက်မှတ်ထိုး
တောင်းဆိုလိုက်သည်။

နိုဝင်ဘာ ၃၀ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဂျိုဒီဝီလီလျံ၊ဘုန်းတော်ကြီး ဒက်စမွန်တူးတူးတို့နှင်အခြား နိုဘယ်ဆုရင်ရှင် ၁၆ယောက်တို့ဟာ


လူသတ်မြေမြုတ်မိုင်းများ ဖျက်ဆီးပစ်ပြီး
အသုံးမပြုတော့ရန် အိုဘားမားထံ လက်မှတ်တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ အိုဘားမားလည်း မြေမြုတ်မိုင်းအသုံးမပြုရေး လှုပ်ရှားမှုတွင်
တက်တက်ကြွပါဝင်မည်ဖြစ်ကြောင်း သတင်းတွင်ဖေါ်ပြထားသည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ၂ဦးရဲ့ ပဏာခြေလှမ်းအဖြစ် မြန်မာနိုင်ငံတွင်ပြည်တွင်းစစ်အတွင်း


ယနေ့တိုင်မြေမြုတ်မိုင်းအသုံးပြုနေခြင်းတားဆီဖျက်သိမ်းသွားနိုင်ရန်မိမိတို့အမျိုးသမီး
၂ဦးဆောင်မှဦးဆောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မစ္စဝီလျံကိုဆက်သွယ် ပြောဆိုခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင်ထုတ်ဖေါ်ပြောဆိုခဲ့သည်။

မြန်မာအမျိုးသားခေါင်းဆောင်ဒေါ်စုနေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာမှုကိုဂုဏ်ပြုကြောင်းနှင့်
နိုင်ငံရေးအကျဉ်းသား၂၀၀၀ကျော်အမြန်ဆုံးလွတ်မြောက်ရေးကြိုးပမ်းမှုကိုလည်းညီအမရင်းသဖွယ် အကူအညီပေးမယ်လို့ မစ္စဝီလျံကပြောဆိုခဲ့ပါသည်။

မစ္စဝီလျံဟာ နိုင်ငံတကာ လူသတ်မြေမြုတ်မိုင်းအသုံးပြုနေမှုကို တားဆီးဖျက်သိမ်းမှုအတွက်


လှုပ်ရှားနေတဲI့ CBL အဖွဲ့အစည်းဖြင့်တာဆီးလုပ်ဆောင်မှုကြောင့်၁၉၉၇မှာငြိမ်းချမ်းရေး နိုဘယ်ဆုချီးမြှင့်ခြင်းခံခဲ့ရသည်။ လူသတ်မြေမြုတ်မိုင်းများကို
၎နှစ်အတွင်းအသုံးမပြုရေး၊ အသုံးပြုထားသောမြေမြုတ်မိုင်းမိုင်းများ ဖျက်ဆီးရေးတို့ကို ကျယ်ကျယ်ပြန့် ဖွဲစည်းလုပ်ကိုင်ကြရန်နှင့် မြေမြုတ်မိုင်းဒါဏ်ကြောင့်
ဒုက္ခိတဘဝရောက်နေသူများကို ကူညီသွားဖို့ ပြင်းပြင်းပြပြ ဆန္ဒပြုကြောင်း နယူးယောက် တိုင်း သတင်းမှာဖေါ်ပြခဲ့သည်။

Freedom News Group သည် အပတ်စဉ် စနေနေ့ တိုင်း အင်တာနက်လူမှုကွန်ယက်တစ်ခုဖြစ်သည့်


Face Book တွင်မြန်မာ ပြည်သူများဝေဖန် ဆွေးနွေး ဖြစ်ခဲ့ကြသည့် အကြောင်းအရာများ ကို ဖော်ပြပေး
သွား မည် ဖြစ်ပါသည်။ဒီတစ်ပတ် တွင် တော့ ဆူဇူကီ ဖလား အဖွင့် ပွဲစဉ်တွင် မြန်မာ အသင်းက
ဗီယက်နမ် အသင်းကို ၇ ဂိုး ၁ ဂိုး ဖြင့် ရှုံး နိမ့်ရခြင်း အား ဖေ့ဘွတ် တွင် ဝေဖန် ဆွေးနွေး ထားခြင်းမှ မပြုံးဘဲ နှင့်
ဝါးလုံး ကွဲ ရယ်ချင် စရာ တစ်ခု ကို ဖော်ပြလိုက်ပါသည်။

“မြန်မာနိုင်ပြီ။ တို့မြန်မာနိုင်ပြီ။ ပြည်သူကပေး ပေးအပ်လိုက်တဲ့ တာဝန်များကို ကျေပွန်ပါသည်။ တကယ့်ကို ကျေပွန်သည်။ သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။
ပြည်သူအများ ဂုဏ်ပြုထိုက်ပေသည်။”
(ပိတ်သတ်ကြီး ခင်မျာ။ မနေ့ညနေက ရှုံးသလိုလိုဖြစ်သွားပေမယ့် ညက ကြိုတင်ဂိုးတွေနဲ့ ပြန်ရေလိုက်တဲ့အခါ အပြတ်အသတ် ပြန်နိုင်သွားပါကြောင်း။
မယုံတဲ့ကောင် ဆွဲစိ….ကွာ……)

အထက်ပါ စာစု လေးမှာ Face Booker တစ်ဦး ဖြစ်သည့် ကိုစိုးမင်း (Soe Min) ၏ နံရံပေါ်မှ
စကားလုံးများဖြစ်ပါသည်။

Object 1

ထောက်လှမ်းရေး အကြီးအကဲဟောင်း နေအိမ် အကျယ်ချုပ် မှ ပြန်လည်လွတ်မြောက်

December 4, 2010 freedom news group Leave a comment Go to comments

16
13

မဲပေးပါ
House Arrests Ex-Spy Chief Release But Probation Era
Updated စစ်ထောက်လှမ်းရေး အရာရှိ နှစ်ဆယ် ကျော်ကို ပြန်လည် လွှတ်ပေးမည် ဟု ထောက်
အကျဉ်းသား မိသားစု သတင်း ရပ်ကွက် မှ သတင်းရရှိ (နံနက် ၁၁း၀၀)
စနေနေ့ နံနက် ၅ နာရီ မိနစ် ၃၀: နေအိမ် အကျယ်ချုပ်မှ ကွင်းလုံးကျွတ် လွတ်မြာက်ခြင်း မဟုတ်
ပဲ အကန့် အသတ် ဖြင့်သာ လွတ်မြောက်ခြင်း ဖြစ်သည် ဟု ထပ်မံ သတင်းရရှိသည်။

့ ဟိန်းခိုင်ထွန်း၊ ၊၂၀၀၄ ခုနှစ် အောက်တိုဘာ


လ ၁၈ ရက်နေ့ က မန္တလေး မြို့ မှ အပြန်
ရန်ကုန် မင်္ဂလာဒုံ လေဆိပ် တွင် ဖမ်းဆီးခံရပြီး
နောက် အမိန့် မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသား
လုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရ သည့် ထောက်လှမ်းရေး အကြီးအကဲ ဟောင်း နှင့်
ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့် အား
ဒီဇင်ဘာလ ၃ရက်နေ့ သောကြာနေ့ ည ၁၂ နာရီ
ခန့် တွင် နေအိမ်အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေး
လိုက်သည် ဟု သတင်းရရှိသည်။

ဗိုလ်ချုပ် ခင်ညွန့် အား နေအိမ် အကျယ်ချုပ် မှ ပြန်လည် လွှတ်ပေး သည် ဆိုသည့် သတင်း နှင့် ပတ်
သက်၍ ဗိုလ်ချုပ်ခင်ညွှန့် ၏ အိမ် အနီးတွင် နေထိုင်သူ တစ်ဦးက ည ၁၁ နာရီ ခွဲလောက်မှာ စစ်ကား
တွေရောက်လာတယ်။ ရဲကား နှစ်စီးလဲ ပါတယ်။ ဘာဖြစ်လဲ ဆိုတာ တစ်လမ်း လုံးက စောင့်ကြည့်
နေကြတာ ။ နောက် အားလုံး ပဲ ရယ်ရယ်မောမောနဲ့  ပြန်ထွက် သွား တယ်။ ဗိုလ်ချုပ် ခင်ညွန့် ကို
လည်း ခြံထဲ မှာတွေ့ တယ်။ပြီးတော့ သူ ခြံတံခါးရှေ့ က လုံခြုံရေး အစောင့် တွေ က သံဆူးကြိုးတွေ
ဖယ်လိုက်တယ် ..အစောင့်တွေ ကတော့ အခုထိ ရှိသေးတယ် ၊ ဘေးအိမ်တွေ မှာ လည်း သူ့ လို နေအိမ်
အကျယ်ချုပ် တစ်ယောက် ရှိသေးတယ် ဟု FNG သို့ ပြောသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် သည် နေအိမ် အကျယ်ချုပ် ဖြင့် ခြောက်နှစ် ကျော် နေထိုင်စဉ် ကာလ အတွင်း
ငွေကြေးပြတ်လပ်၍ ၎င်း၏ Air Force ဂျာကင် များ ကို လုံခြုံရေး အစောင့် စစ်သားများ မှ တစ်ဆင့်
အပေါင်ဆိုင်များ တွင် သွားရောက် ရောင်းချရသည် ဟု သိရသည်။

FNG သည် ထိုသတင်း ကို သီးခြား အတည်ပြု နိုင်ခြင်း မရှိသေး သော်လည်း ထိုသတင်းနှင့်ပတ်သက်၍ တိုးတက်ဖြစ်ထွန်းသမျှ ကို ထပ်မံ တင်ဆက်
ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

သတင်းတင်ချိန် ။ ဒီဇင်ဘာ ၄ ရက် နံနက် ၁း ၁၀ နာရီ

http://freedomnewsgroup.com/

မြန်မာဝီကီလိခ် သို့မဟုတ် ဗိုလ်ချုပ်ခင်ညွှန့် ပါတော်မူ ဗီဒီယိုဖိုင်

မိုးမခ အထောက်တော်၊ ရန်ကုန်


ဒီဇင်ဘာ ၅၊ ၂၀၁၀

မကြာခင်ရက်ပိုင်းက အသံတိတ်ဖိုင်အဖြစ်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ် ပထမဆုံး ရောက်ရှိခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွန့် ပါတော်မူဖိုင်ရဲ့ ပထမပိုင်းကို


ဒီနေ့မှာတော့ အသံနဲ့တွဲလျက် ထွက်ပေါ်လာပြန်ပါတယ်။ ပထမဆုံးအကြိမ် ဖေ့စ်ဘွတ်မှာ ပေါ်ထွက်စဉ်က stone age ဆိုတဲ့ အကောင့်ပိုင်ရှင်က
စတင်ဖြန့်ဝေလိုက်တာပါ။

အဆိုပါ အကောင့်ပိုင်ရှင်ဟာ ဘယ်သူဆိုတာ ဘယ်သူမှ မသိကြပါဘူး။ နာမည်ဝှက်တစ်ခုသာ ဖြစ်ပြီး အစိုးရ ဌါနဆိုင်ရာ ၀န်ထမ်းလား၊ ဒါမှမဟုတ်
အစိုးရဌါနဆိုင်ရာအရာရှိတွေရဲ့ မေးလ်တွေ ၀က်ဆိုက်တွေကို ထိုးဖောက်ကြည့်ရှုနိုင်သူ (ဟက်ကာ) လားဆိုတာ အတိအကျ မသိနိုင်ပါဘူး။ အစိုးရ ဌာနဆိုင်ရာ
ဝန်ထမ်းသာဆိုခဲ့ရင်တော့ နအဖ စစ်အစိုးရရဲ့ လုပ်ပုံကိုင်ပုံကို မနှစ်သက်လို့ နအဖရဲ့ လျှို့ဝှက်ချက် သတင်းတွေကို ဖွင့်ချခြင်းဖြင့် သူ့တတ်နိုင်တာကို
လုပ်ဆောင်သူ ဖြစ်နိုင်ပါတယ်။
လွန်ခဲ့တဲ့နှစ်က နအဖ စစ်ခေါင်းဆောင်တွေ ရုရှနဲ့ မြောက်ကိုးရီးယား သွားတဲ့ ခရီးစဉ်ရဲ့ မှတ်တမ်းဓါတ်ပုံတွေ၊ ဆွေးနွေးပွဲဖိုင်တွေ ပေါက်ကြားခဲ့ပြီး
ဗိုလ်ကြီးဝင်းနိုင်ကျော်နဲ့ သူ့ရဲ့သား ဖြစ်သူတို့ကို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးခဲ့ပါတယ်။
အခုဗိုလ်ချုပ်ခင်ညွန့်ကို နေရာရွှေ့ပြောင်းတဲ့ အသံမပါ ဗီဒီယိုဖိုင် စတင်ပျံ့နှံ့ပြီးနောက် ခန့်မှန်းတွက်ဆသူ တချို့က တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းတွေ အရေး ကိစ္စမှာသူ့ကိုအသုံးချဖို့ ရွှေ့တာလား၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့လား အစရှိတဲ့ လွဲချော်တဲ့ခန့်မှန်းမှုတွေ ပေါ်ထွက်ခဲ့တာလည်း
ကြားသိနေရပါတယ်။
အမှန်ကတော့ ဗိုလ်ချုပ်ခင်ညွန့်ကို နေရာရွှေ့ပြောင်းစဉ် ဒေါ်ခင်ဝင်းရွှေကားပေါ် မတက်မီ မျက်ရည်သုတ်တာ၊ မြေးတွေကို နှုတ်ဆက်နေတာ၊
ရဲချုပ်ခင်ရီနဲ့ စကားပြောစဉ် စိတ်လှုပ်ရှားနေတာ၊ ငြင်းဆိုတဲ့ မျက်နှာနဲ့ ခေါင်းအမူအရာတွေကို အကဲခတ်ခြင်းအားဖြင့် စွပ်စွဲချက်ကို ငြင်းဆိုတယ်ဆိုတာရော၊
နောက်ရွှေ့ရမယ့် နေရာဟာ ယခုထက် လွတ်လပ်မှု အများကြီးနည်းပါးမယ့် ဆိုတာတွေကို နားလည်သဘောပေါက်နိုင်ပါတယ်။
လွယ်လွယ်ပြောရရင်တော့ နေအိမ်အကျယ်ချုပ်နဲ့ ထားရာမှာ တစုံတရာ လှုပ်ရှားမှုရှိတဲ့ သံသယ၊ သာဓကကြောင့် ပြစ်ဒဏ်ပေးခံရတယ် ဆိုတာကို
ခန့်မှန်းနိုင်ပါတယ်။ နောက်တနေရာကို ရောက်တဲ့အခါ အရောင်မတူတဲ့ ယူနီဖောင်းဝတ် ၂ ဦး ရဲချုပ်ခင်ရီနဲ့ အတူပါလာတာကိုလည်း တွေ့ရပါတယ်။
သူတို့လက်မောင်းက ဗက် ကိုကြည့်ခြင်းဖြင့် အကျဉ်းဦးစီး ဌာနကဆိုတာ ထင်ရှားပါတယ်။
အဲဒီ အဓိပ္ပါယ်က ဘာကိုညွှန်းဆိုသလဲဆို ဗိုလိချုပ်ခင်ညွန့်ကို အကျဉ်းဦးစီးဌါန လက်အောက်လွှဲပြောင်းလိုက်ပြီ၊ သီးသန့်ထောင်ကိုရွှေ့လိုက်ပြီဆိုတာ
နားလည်နိုင်ပါတယ်။ အကျဉ်းဦးစီးရဲ့ တာဝန်ယူမှုအောက်ကို ရွှေ့လိုက်တဲ့သဘောပဲ ဖြစ်ပါတယ်။ နောက်ရွှေ့လိုက်တဲ့နေရာဟာ ခပ်ပုပုသေးသေးနှစ်ထပ်တိုက်
တခုဖြစ်ပြီး သူနကိုနေခဲ့တဲ့ ခမ်းနားလှတဲ့ အိမ်ကြီးနဲ့ဆို ဆီနဲ့ရေလောက် ကွာခြားပါတယ်။ သူ့ကိုပြစ်ဒဏ်ပေးလိုက်တဲ့ သဘောဆိုတာ ကောက်ချက်ချနိုင်ပါတယ်။
အထက်ပါ အချက်အလက်တွေကတော့ ပထမ ထွက်ပေါ်လာတဲ့ အသံတိတ်ဗီဒီယိုကို ကြည့်ခြင်းအားဖြင့် ခန့်မှန်းလို့ရတဲ့ အချက်အလက်တွေပါ။
ဒီနေရာမှာ ဒီဗီဒီယိုဖိုင်ကို ဘယ်သူက ပေါက်ကြားစေသလဲ ဆိုတဲ့ အချက်ဟာ စိတ်ဝင်စားစရာ အချက်ပါ။ နအဖ အစိုးရအဖွဲ့ထဲ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေထဲမှာ
အလယ်အလတ်ရာထူးရှိသူတွေလည်း နအဖ စစ်အစိုးရလုပ်ရပ်ကို မကျေနပ်သူတွေရှိနေတယ်ဆိုတဲ့ အချက်ပါ။
စစ်အစိုးရရဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို ဖေါ်ထုတ်ဖောက်ချခြင်းဖြင့် နအဖ စစ်အစိုးရ ပြိုကျအောင် လုပ်ဆောင်နေတဲ့ သဘောလည်း
ဖြစ်ပါတယ်။ တနည်းအားဖြင့် စစ်အစိုးရရဲ့ လိမ်ညာမှု၊ မသမာမှုတွေကို ဖွင့်ချခြင်းဖြင့် အတိုက်အခံ ဒီမိုကရေစီ အင်အားစုကို အထောက်အပံ့ဖြစ်အောင်
လုပ်ဆောင်ပေးနေတဲ့ သဘောဖြစ်ပါတယ်။
ဒါကို မြန်မာ ၀ီကီလိခ် လို့တောင်ခေါ်ဆို နိုင်မယ် ထင်ပါတယ်။

ကမ္ဘာမှာ ၀ီကီလိခ အင်တာနက် စာမျက်နှာကြောင့် နိုင်ငံကြီးငယ်တွေက အစိုးရအဖွဲ့တွေ မျက်နှာပူ၊ အကြပ်ရိုက်နေကြပါတယ်။ သံတမန်တွေရဲ့


မှတ်ချက်တွေ၊ ခေါင်းဆောင်တွေရဲ့ မှတ်ချက်တွေကို ဖွင့်ချဖေါ်ထုတ်လိုက်တာကြောင့် ကန့်လန့်ကာ နောက်ကွယ်က သဘောထားတွေ လုပ်ဆောင်မှုတွေ
ပေါ်ထွက်လာတာကြောင့် အစိုးရအချင်းချင်း မျက်နှာပူစရာတွေဖြစ်ကုန်ကြလို့ပါပဲ။
ဒီဝက်ဆိုက်ကို လွှင့်တင်ထားတဲ့ ဂျူလီယန် အက်ဆန်းကို အင်တာပိုလ်က ၀ရန်းထုတ်ထားပြီး ခြိမ်းခြောက်မှုတွေလည်း ရှိနေတာကို ဖတ်ရှုရပါတယ်။
လွှင့်တင်သူ ဂျူလီယန် အက်ဆန်းကတော့ အစိုးရတွေရဲ့ မရိုးဖြောင့်တာ၊ ပွင့်လင်းမြင်သာမှု မရှိတာကို ဖေါ်ထုတ်ဖွင့်ချခွင့်ရှိတယ်လို့ ယူဆထားသူပါ။
မည်သို့ပင် ဖြစ်စေကာမူ၊ မြန်မာဝီကီလိခ်ကြောင့် မြန်မာနိုင်ငံရေးပရိသတ်၊ ဖေ့ဘွတ်၊ ရေဒီယို၊ အင်တာနက် ပရိသတ်ကြားမှာ ဗိုလ်ခင်ညွန့် ပါတော်မူ
ရုပ်သံဟာ အတော်ကို လှုပ်ခတ်သွားပါတယ်။ အတော်များများကတော့ အမျိုးသားရင်ကြားစေ့ရေး၊ ပြန်လည်သင့်မြတ်ရေးဘက်ကို မျှော်လင့်အားခဲပြီး တွက်ကြ၊
ချက်ကြ၊ ဟောကိန်းတွေ ထွက်ခဲ့ကြတာကို တွေ့ရတာကြောင့် အတော် အကောင်းမြင်စိတ်တွေနဲ့ တုန့်ပြန်ကြတယ်လို့ ဆိုနိုင်ပါတယ်။ သို့သော်လည်း ဗိုလ်ခင်ညွန့်
ထောင်ပြောင်းရုပ်သံအပြင် အခြား မြန်မာဝီကီလိခ် ရုပ်သံတွေ၊ မှတ်တမ်းတွေ ဆက်တိုက် ထွက်လာမှသာလျင် တွက်သူများ၊ တွေးသူများ၊
အကွက်မြင်ချင်သူများအတွက် ပိုပြီး အဆင်ပြေလာပါလိမ့်မယ်လို့ ပြောချင်ပါတယ်။ ဒီလောက်နဲ့တော့ မလုံလောက်သေးပါဘူး ခင်ဗျား။

“လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်”
လွတ်လပ်တဲ့အာရှအသံက စီစဉ်တင်ဆက်သော
အပတ်စဉ် အမေး အဖြေ အစီအစဉ် (ဒီဇင်ဘာ ၃ရက်၊ ၂၀၁၀)
ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေး ကောင်းမှသာလျှင် အားလုံးက နေပြီးတော့ ကွန်ယက်ကြီး သဖွယ် ဒီမိုကရေစီ ရရှိရေးအတွက် ဆောင်ရွက်သွား နိုင်မယ်လို့
ယုံကြည်တာကြောင့် မို့လို့၊ ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေး လမ်းကြောင်းတွေ ကောင်းအောင်လို့ တတ်နိုင်သမျှ လူငယ်များက ကူညီပေးပါလို့ မေတ္တာရပ်ခံ
ချင်ပါတယ်။

မေးခွန်းမေးသူ။ ။ ဦးပညာဇောတ (သံဃာ့တပ်ပေါင်းစု ပြည်ပတာဝန်ခံဆရာတော်)


Q: ဒီနေ့၊ ဒီအချိန်၊ ဒီကာလမှာ ပြည်သူ၊ ပြည်သားတွေက နေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို အကြွင်းမဲ့ ယုံကြည်နေတယ်။ အကြွင်းမဲ့ လေးစားနေတယ်။
ကုလသမဂ္ဂကိုတော့ အားကိုးနေလို့ ဖြစ်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကုလသမဂ္ဂမပါဘဲနဲ့ ကိုယ့်နိုင်ငံ ပြောင်းလဲရေး ကိစ္စကို ဒကာမကြီးအနေနဲ့ ဘယ်လို ပုံစံနဲ့
လုပ်ရင် ကိုယ့်နိုင်ငံမှာ အမြန်ဆုံး ပြောင်းလဲနိုင်မလဲ ဆိုတဲ့နည်းကို စဉ်းစားပြီးတော့ ပြည်သူတွေနောက်က လိုက်နိုင်အောင် အဲဒီနည်းကို အဲ နည်းနည်းလေး ချပြရင်
ပိုကောင်းမယ်လို့ ထင်ပါတယ်။ အဲဒီ နည်းလမ်းများ ရှိရင် ဦးဇင်းတို့ကို ပြောပြစေချင်ပါတယ်။

A: တပည့်တော်မတို့ရဲ့ နိုင်ငံ ကောင်းကျိုးအတွက် ပြည်သူပြည်သားတွေက အဓိကလုပ်ရမှာ ဆိုတာ တပည့်တော်မတို့ လက်ခံပါတယ် ဘုရာ့။ ဒါပေမယ့်လည်း
ဒီလိုလုပ်တဲ့နေရာမှာ ကုလသမဂ္ဂရဲ့ အကူအညီကိုလည်း ရနိုင်သလောက် ရအောင် ယူတာတော့ မမှားဘူးလို့ ထင်ပါတယ်ဘုရာ့။ အခု တပည့်တော်မတို့
ပြည်တွင်းက နေပြီးတော့ နိုင်ငံသူ နိုင်ငံသားတွေ၊ ပြည်ပက နေပြီးတော့ တပည့်တော်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားများသာမက၊ တပည့်တော်မတို့ကို
ထောက်ခံအားပေးတဲ့ သူတွေ အားလုံးဟာ၊ ကွန်ယက်ကြီး တခုလို ဒီမိုကရေစီအတွက် လှုပ်ရှားသွားကြမယ်ဆိုရင် အမြန်ဆုံး အောင်မြင်နိုင်မယ်လို့ တပည့်တော်မ
ယုံကြည်ပါတယ်။ ဒီလို ကွန်ယက်ကြီးတခု ဖွဲ့ဖို့ဆိုတာဟာတော့၊ အဓိကကတော့ ဆက်သွယ်ရေး လမ်းကြောင်း ပါပဲ ဘုရာ့။ ဒါကြောင့်မို့လို့ တပည့်တော်မတို့လဲ
တတ်နိုင်သမျှ ပြည်ပ၊ ပြည်တွင်းအားလုံး ဆက်သွယ်မှု လမ်းကြောင်းတွေ ရှိအောင်လို့ ကြိုးစားနေပါတယ် ဘုရာ့။

မေးခွန်းမေးသူ။ ။ မဇိုရာဖန်း (အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့နေ မြန်မာ့အရေးလှုပ်ရှားနေသူ လူငယ်တဦ)း


Q: အခြားနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ လူငယ်တွေပေါ့နော်၊ ကျမတို့ တိုင်းပြည်အတွက် ဘယ်လို အဓိက အားဖြည့်၊ အတတ်နိုင်ဆုံး ဆောင်ရွက်
ပေးလို့ရမလဲဆိုတာကို ဒေါ်စုက ဘာအကြံဉာဏ်တွေ ပေးချင်လဲ ပေါ့နော် အဲဒါ ကျမ မေးချင်တာပါ။

A: မဇိုရာနဲ့ တခြား မြန်မာလူငယ်တွေ နိုင်ငံခြားမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ကြိုးပမ်းမှုတွေ အကြောင်းကို အမြဲကြားနေရပါတယ်။ ဒီလိုပဲ
ဆက်ပြီးတော့ ကြိုးပမ်းသွားကြမယ် ဆိုလို့ရှိရင် အင်မတန်မှ ကောင်းပါတယ်။ ပိုပြီးတော့ ထိထိရောက်ရောက် ဘယ်လိုလုပ်မလဲ ဆိုတာကတော့ ကိုယ့်ဟာကိုယ်
တယောက်ချင်း တယောက်ချင်း စဉ်းစားရမှာပေါ့။ အခုအချိန်မှာ ဆိုရင်တော့ ပြည်တွင်း ပြည်ပ ဆက်သွယ်ရေးက သိပ်ပြီးတော့ အရေးကြီးတယ်လို့ ထင်ပါတယ်။
စောစောက ဖြေခဲ့တဲ့ အတိုင်းပဲ ပေါ့နော်၊ ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေး ကောင်းမှသာလျှင် အားလုံးက နေပြီးတော့ ကွန်ယက်ကြီး သဖွယ် ဒီမိုကရေစီ
ရရှိရေးအတွက် ဆောင်ရွက်သွား နိုင်မယ်လို့ ယုံကြည်တာကြောင့် မို့လို့၊ ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေး လမ်းကြောင်းတွေ ကောင်းအောင်လို့ တတ်နိုင်သမျှ
လူငယ်များက ကူညီပေးပါလို့ မေတ္တာရပ်ခံ ချင်ပါတယ်။

မေးခွန်းမေးသူ။ ။ မဇင်မာဝင်း (အင်္ဂလန်နိုင်ငံတွင် ပညာသင်ကြားနေသော မြန်မာ့အရေးလှုပ်ရှားနေသူ၊BBC Member တဦး)


Q: သမီးတို့အနေနဲ့ ပေါ့နော် အန်တီရဲ့ ပြောဆိုဆုံးမချက်တွေကို အမြဲတမ်း နားထောင်တယ်၊ အန်တီနဲ့ အချိတ်အဆက် အမြဲတမ်းရအောင် ဘယ်လိုများ၊
ကြိုးပမ်းဆောင်ရွက် နိုင်မလဲပေါ့နော်။ သမီးတို့ ပြည်ပကနေ ပြီးတော့ ဒီထက်ပိုပြီးတော့ ထိရောက်အောင် ဘယ်လိုများ လုပ်ပေးနိုင်မလဲ ပေါ့နော်၊ အန်တီ
တဆိတ်လောက် သမီးကို ဖြေကြားပေးပါလားရှင်။

A: သမီးရဲ့မေးခွန်းကလေ မဇိုရာရဲ့ မေးခွန်းနဲ့ ဆင်တူယိုးမှား ပါပဲနော်။ အဲဒါကြောင့်မို့လို့ ဒီအချိတ်အဆက်တွေ ရအောင်ဆိုတာ သမီးတို့က ပိုပြီးတော့
လုပ်ပေးရမှာပေါ့။ ပြည်ပက လူတွေက၊ ပြည်တွင်းက လူတွေထက် ပိုပြီးတော့ ဒီလိုဆက်သွယ်ရေးလမ်းကြောင်းတွေ ကောင်းအောင် လုပ်ပေးနိုင်တဲ့
အခြေအနေမှာရှိတယ်လေ။ ဒါကြောင့်မို့လို့ အန်တီတို့နဲ့ ဆက်သွယ်ချင်တယ် ဆိုလို့ရှိရင် သမီးတို့ကနေပြီးတော့ နည်းအမျိုးမျိုး ရှာပြီးတော့၊ ဆက်သွယ်ပါ။
အန်တီတို့ကလဲ ဒီဘက်က နေပြီးတော့ နည်းအမျိုးမျိုး ရှာပြီးတော့ ဆက်သွယ်နေပါတယ်။ အခု ဒီလို အစီအစဉ်ကနေ ပြီးတော့ သမီးတို့ကို ဖြေနေတယ် ဆိုတာလဲ
ဒီလိုနည်း တမျိုးပါပဲ။ အဲဒီတော့ လူငယ်တွေက နေပြီးတော့၊ အကြံဉာဏ် အမျိုးမျိုး ပေးကြပါ။ လူငယ်တွေရဲ့ အသံတွေကို ကြားချင်ပါတယ် ဆိုတာ။ အဲဒီဟာတွေလဲ
ပါပါတယ်။

မေးခွန်းမေးသူ။ ။ မတင်သူဇာဆွေ (အင်္ဂလန်နိုင်ငံတွင် မဟာသိပ္ပံဘွဲ့အတွက် ပညာသင်ကြားနေသော ကျောင်းသူတဦ)း


Q: အခု Election ကလည်းပြီးသွားပြီ၊ ကြံ့ဖွတ်ပါတီကိုလဲ အနိုင်ရတယ်လို့ ဒီအစိုးရက ကြေညာလိုက် ပါပြီ။ အဲဒီ အတွက်ကြောင့် သုံးလအတွင်းမှာ ဒီ ဖွဲ့စည်းပုံ
အခြေခံ ဥပဒေအရဆိုရင် ပါလီမန်ကို ခေါ်ရတော့မယ်ပေါ့နော်။ ပါလီမန်ခေါ်လိုက်တဲ့အခါ ဒီ ၂၀၀၈ခုနှစ်မှာ ရေးဆွဲထားတဲ့ ဒီ Constitution က အသက်ဝင်သွားပြီလို့
သမီးက နားလည်ထားပါတယ်။ အဲဒီအတွက်ကြောင့် အခုလို စစ်အာဏာရှင်စနစ်ကို ဘက်လိုက်ရေးဆွဲထားတဲ့ ဒီ Constitution ကို အသက်မဝင်အောင်
ဘယ်လိုကြိုးစားသွားရမလဲ။ အန်တီစု အနေနဲ့ ဘယ်လို ကြိုးစားသွားမလဲ ဆိုတာကို သိချင်ပါတယ်။
A: အန်တီတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစကတည်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ နိုင်ငံအတွက် ဒီပုံစံ အတိုင်းပဲ ဆိုလို့ရှိရင်တော့
မသင့်တော်ပါဘူး ဆိုတာ ပြောခဲ့ပါတယ်။ အဲဒါကြောင့် မို့လို့ အဲဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက မသင့်တော်တဲ့ အချက်တွေကို ပြန်ပြီးတော့ ပြင်ဖို့ ဆိုတာဟာ၊
အားလုံး ဝိုင်း ကြိုးစားရမှာပါ။ အန်တီတို့ အနေနဲ့လည်း ဆက်ပြီးတော့ ကြိုးစားသွားမှာပါ။ အန်တီတို့က ဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မသင့်တော်ဘူးလို့
ပြောတဲ့နေရာမှာ၊ တစု တဖွဲ့တည်းအတွက် ပြောနေတာ မဟုတ်ပါဘူး။ အားလုံးအတွက်ပါ။ ဒီထဲမှာပါတဲ့ တချို့အချက်အလက်တွေဟာ တိုင်းပြည်အတွက်
မကောင်းသလို၊ တပ်မတော် အတွက် မကောင်းတာတွေလည်း ပါပါတယ်။ အဲဒါတွေကို အားလုံးပြန်ပြီးတော့ ဆွေးနွေး ညှိနှိုင်း ပြီးတော့၊ ပြေလည်အောင်လို့
ပြန်ပြီးတော့ ပြုပြင် ဖြေရှင်းစေချင်ပါတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ ပြည်သူတွေရဲ့ ထောက်ခံမှု အင်အားနဲ့ အန်တီတို့က ဆက်ပြီးတော့ ကြိုးစားသွားမှာပါ။
အဲဒီကြိုးစားတာကိုလည်း သမီးတို့တွေက နေပြီးတော့ သမီးတို့ရဲ့ ဉာဏ်စွမ်း၊ ကိုယ်စွမ်း၊ စိတ်ဓါတ်စွမ်း၊ အားလုံးနဲ့ ဝိုင်းပြီးတော့ ကူညီပေးကြမယ်ဆိုတာ အန်တီတို့
ယုံကြည်ပါတယ်။ အဲဒီတော့ အန်တီတို့ ယုံကြည်တဲ့အတိုင်းပဲ သမီးတို့ ကူညီပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

မေးခွန်းမေးသူ။ ။ မအိချော (ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိ)ု့


Q: သမီးတို့ရဲ့ နိုင်ငံဟာ သူများတကာ နိုင်ငံမျိုးလို လွတ်လွတ်လပ်လပ် ပြည့်ပြည့်စုံစုံ ဖြစ်လာနိုင်ဖို့ အလားအလာ ရှိလာနိုင်ပါသလား။ သမီးတို့ မြန်မာနိုင်ငံသား
အားလုံးရဲ့ မျှော်လင့်ချက် အားလုံးဟာ အန်တီစု ဖြည့်ဆည်းပေးနိုင်မယ်လို့ သမီးတို့ထင်ပါတယ်။ နောက်ပြီး အဲလိုမျိုး လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံ ရရှိဖို့၊
ချုပ်ခြယ်မှုတွေဘာတွေ မရှိဖို့၊ အန်တီစုက လုပ်ပေးနိုင်မယ်လို့ သမီးတို့ထင်ပါတယ်။ မျှော်လင့်လဲ မျှော်လင့်တယ်။ ယုံကြည်လဲ ယုံကြည်ပါတယ်။

A: တခြားတိုးတက်တဲ့ နိုင်ငံတွေလို အန်တီတို့ နိုင်ငံဟာလည်း တိုးတက်နိုင်မယ်။ လွတ်လွတ်လပ်လပ် ရှိနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါပေမယ့်


ဒီလိုဖြစ်နိုင်ဖို့ဆိုတာဟာ နိုင်ငံသူ နိုင်ငံသား အားလုံးက နေပြီးတော့၊ တာဝန်သိသိနဲ့ ပါဝင်ဖို့ လိုပါတယ်။ နိုင်ငံသူ နိုင်ငံသားတွေဟာ ကိုယ့်ရဲ့ အင်အားကို
ကိုယ်နားလည်ဖို့ လိုပါတယ်။ ကိုယ်ဟာ အင်အားမဲ့တဲ့လူတွေ မဟုတ်ပါဘူး။ အင်အားရှိတဲ့သူတွေပါ ဆိုတာ အဲဒါကို အဓိက ယုံကြည်ပြီးတော့၊ ကြိုးပမ်းကြဖို့၊
ကြိုးစားကြဖို့၊ အားထုတ်ကြဖို့ လိုပါတယ်။ အန်တီတယောက်တည်း လုပ်ပေးလို့ မရပါဘူး။ တကယ် အရေးကြီးတဲ့ အရာဆိုတာဟာ လူတယောက်တည်း လုပ်လို့
ဘယ်တော့မှ မရပါဘူး။ ဒီတော့ အန်တီတို့ နိုင်ငံအတွက် ဒီနိုင်ငံ တိုးတက်ဖို့၊ လွတ်လပ်ဖို့၊ တကယ့်ကို သာယာဖို့၊ အေးချမ်းဖို့ ဆိုတာဟာ နိုင်ငံသူ၊
နိုင်ငံသားအားလုံးရဲ့ တာဝန်ဖြစ်သလို၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံးရဲ့ လုပ်အားကို လိုပါတယ်လို့ အန်တီပြောပါရစေ။

မေးခွန်းမေးသူ။ ။ ကိုပန်းမောင် (ခေါ်) Calvin (ဆန်ဖရန်စစ်စကိုမြို့၊ အမေရိကန်နိုင်င)ံ


Q: နိုင်ငံခြားအစိုးရတွေက မြန်မာပြည် ဒီမိုကရေစီရအောင် ကြိုးပမ်းနေကြတာ ကျနော်တွေ့ရတယ်။ ဒါပေမယ့် မြန်မာပြည်အစိုးရကို ထောက်ပံ့နေတဲ့
တရုတ်အစိုးရကို Pressure ပေးဖို့၊ အဲဘက်အပိုင်းမှာ သိပ်မရှိဘူးလို့ ကျနော်တွေ့ရတယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ဘယ်လိုရှိလဲ ဆိုတာ
ကျနော်သိချင်တယ်။ တရုတ်အစိုးရရဲ့ ထောက်ပံ့မှုကို မြန်မာအစိုးရ ရနေတဲ့အတွက် ဒီ နိုင်ငံခြား Pressure တွေကို သူတို့က အရှုံး မပေးဘဲနဲ့ ပြည်သူလူထုကို
ဆက်ပြီးတော့ နှိပ်စက်နေတာပေါ့နော်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင် ဘယ်လိုလဲ မြင်လဲပေါ့နော်။

A: မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ အိမ်နီးနားခြင်းတွေ ဖြစ်ပါတယ်။ အိမ်နီးနားခြင်း နိုင်ငံတွေဟာ ခင်ခင်မင်မင်နဲ့ အေးအေးချမ်းချမ်း နေနိုင်ဖို့ဟာ အရေးကြီးပါတယ်။
ကျမတို့ရဲ့ နိုင်ငံရဲ့ အနာဂတ်အတွက် တရုတ်နိုင်ငံဟာ မှန်ကန်တဲ့ နေရာကနေပြီးတော့ ကူညီနိုင်ဖို့ဆိုတာ ကျမတို့အားလုံး ဝိုင်းပြီးတော့ ကြိုးစားတိုက်တွန်း ရမယ့်
ကိစ္စတွေပါ။ နောက်ဆုံးကျတော့ ဒီနိုင်ငံရဲ့ အရေးတွေဟာ ဒီနိုင်ငံသူ နိုင်ငံသားတွေ ကြိုးစားပြီး လုပ်ရမယ့် အရေးတွေလို့ အဲသလိုပဲ ကျမမြင်ပါတယ်။ ကျမတို့ဟာ
တရုတ်နိုင်ငံနဲ့ ခင်ခင်မင်မင် မိတ်ဆွေသဖွယ်၊ ဒီနိုင်ငံက ပြည်သူပြည်သား အများစု ကောင်းကျိုး အတွက် လုပ်ဖို့ လိုပါတယ်ဆိုတာ ကျမတို့ရဲ့
အိမ်နီးနားချင်းနိုင်ငံကြီး နားလည်အောင်လို့ နည်းအမျိုးမျိုးနဲ့ ကြိုးစားနေပါတယ် ဆိုတာလည်း ပြောပါရစေ။

မေးခွန်းမေးသူ။ ။ မနုနုစော (အီတလီနိုင်ငံတွင် ပညာသင်ကြားနေသူ)


Q: မြန်မာပြည် ဒီမိုကရေစီ နိုင်ငံအဖြစ် ပြောင်းလဲဖို့ မဝေးတော့ဘူးလို့ ယူဆရတဲ့ အချိန်မှာ၊ ပြည်သူလူထုရဲ့ လွတ်လပ်ပျော်ရွှင်ခြင်းကို တွေးမိပြီးတော့ အန်တီ့ကို
ဒီမေးခွန်းလေး မေးချင်ပါတယ်။ ဘူတန်(Bhutan) ရဲ့ Gross National Happiness အယူအဆကို အနာဂတ်မြန်မာပြည်မှာ တိုင်းပြည်အတွက် ဆီလျော်မယ့်
နည်းစနစ် အရ ညှိယူပြီးတော့ ပေါ်လစီ တခုအဖြစ် အသုံးချလို့ရမယ်လို့ အန်တီ ထင်ပါသလား။

A: Gross National Happiness ဆိုတဲ့အဓိပ္ပါယ်ကတော့ နိုင်ငံသူ၊ နိုင်ငံသားများရဲ့ စိတ်အေးချမ်း သာယာမှုကို ရှေ့တန်းတင်တဲ့ အမြင်ပါပဲ။ အဲဒါကို ပေါ်လစီတခု
အနေနဲ့ မဟုတ်ဘဲနဲ့ ကျမတို့အားလုံး လိုအပ်တဲ့ အရာတခု အနေနဲ့ မြင်လို့ရှိရင် ပိုပြီးတော့ကောင်းမယ်လို့ ထင်ပါတယ်။ နိုင်ငံတနိုင်ငံမှာ ဆိုလို့ရှိရင် လုံခြုံမှု၊
လွတ်လပ်မှု၊ စီးပွားရေးတိုးတက်မှု၊ အဲဒါတွေအားလုံး ပေါင်းလိုက်တော့မှ အားလုံးရဲ့ စိတ်ချမ်းသာမှုကို ဖြစ်စေတယ် ဆိုတော့၊ Gross National Happiness ဆိုတဲ့
ပြည်သူအမျုား စုပေါင်းလိုက်လို့ ရတဲ့ စိတ်ချမ်းသာမှု တိုင်းတာတဲ့ နည်းနဲ့၊ တိုင်းတာသွားမယ် ဆိုလို့ရှိရင် ပြည်သူတွေကို အလေးထား၊ အဓိကထားတဲ့၊ ပုံစံမျိုး
ဖြစ်တာကြောင့်မို့လို့ အင်မတန်မှ လိုလားအပ်တဲ့နည်းတခုပါပဲ။ တိုတိုပြောရမယ် ဆိုလို့ရှိရင်တော့ အန်တီတို့ နိုင်ငံသူ နိုင်ငံသားများအားလုံး ကောင်းကျိုးအတွက်
အားလုံးကနေပြီးတော့ ဝိုင်းပြီးတော့ ကြိုးစားသွားနိုင်မယ့် နည်းလမ်းတခုဖြစ်တယ် လို့ပဲ ထင်ပါတယ်။ ဒီတော့ ဘူတန်(Bhutan) မှာလဲ ဒီလို လုပ်နိုင်သလို ကျမတို့
နိုင်ငံမှာလဲ မလုပ်နိုင်စရာ အကြောင်းမရှိပါဘူးလို့ ပြောချင်ပါတယ်။

တပ်မတော်နဲ့ အင်န်အယ်ဒီ မဆုံဖြစ်သေးဘူးလား

ဦးဝင်းတင်နဲ့ မေးခွန်းများ

မိုးမခ ။ ဒီဇင်ဘာ ၄၊ ၂၀၁၀

ယမန်နေ့က အင်န်အယ်ဒီပါတီက ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ နိုဝင်ဘာလ ၁၃ ရက်နေ့က သတ်မှတ်ရက် ပြည့်လို့


အကျယ်ချူပ်က လွတ်မြောက်လာသူ တိုင်းပြည်ရဲ့ ဒီမိုကရေစီရေးခေါင်းဆောင် အောင်ဆန်းစုကြည် ပြည်သူတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ နိုင်ငံတကာက
မိတ်ဆွေတွေနဲ့ တွေ့ဆုံ နှုတ်ဆက် ပြောဆို ဆွေးနွေးနေကြတဲ့ ကာလကလည်း ၃ ပတ်မြောက် နီးပါး ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီကွန်ယက်၊ လူငယ်နဲ့ အမျို်းသမီးတို့ရဲ့ နိုင်ငံရေးလှုပ်ရှားမှု အခန်းကဏ္ဍ၊ ပင်လုံညီလာခံ၊


လူမှုကယ်ဆယ်ရေးလုပ်ငန်းများ စတဲ့ အကြောင်းအရာတွေကို အများပြည်သူနဲ့ ပြောဆိုလျက် ရှိနေပါတယ်။ တဖက်က စစ်အစိုးရရဲ့ တရားစီရင်ရေးဌာနမှာ
အင်န်အယ်ဒီပါတီ တရားဝင်ဖြစ်တည်မှုကို ဥပဒေနည်းလမ်းများနဲ့ အညီ ရင်ဆိုင်လျက် ရှိပါတယ်။

အဲသည်မှာ မေးစရာရှိတာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယခင်ကတည်းက ဆက်သွယ်ရန် သတ်မှတ်ထားသူ ဆက်ဆံရေးဝန်ကြီး


ဦးအောင်ကြည်နဲ့ ပဏာမအနေနဲ့ တွေ့ဆုံတာ၊ နှုတ်ဆက်ကြတာ မရှိဘူးလား ဆိုတဲ့ မေးခွန်းပါပဲ။

ဆရာက ပြောကြားရာမှာ …

“မတွေ့ရဘူး။ မတွေ့ရဘူး။ ဘာအစအနမှ မရှိဘူး။ ဒီနေ့အထိ ဦးအောင်ကြည်နဲ့ အဆက်အသွယ် မရသေးဘူး။ အဲဒါတွေ အဆက်အသွယ်တွေ
မရှိတဲ့အခါကျတော့ တိုင်းပြည်မှာ လူတွေကြားထဲ သို့လော၊ သို့လော သတင်းတွေဖြစ်ပြီး ဟိုပြော သည်ပြောတွေ ဖြစ်ကုန်ကြတာက ဗိုလ်ခင်ညွန့်ကို
ခေါ်သွားတယ်တို့၊ ဗိုလ်ခင်ညွန့်က ဒေါ်အောင်ဆန်းစုကြည်တို့၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ထိတွေ့ ဆက်ဆံဖို့ လုပ်လာတာဖြစ်လိမ့်မယ်လို့ အရပ်သတင်းတွေ
ဖြစ်လာတယ်လေ။ ဒါက ဒေါ်စုနဲ့ စစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးစေချင်တဲ့ သဘောထားတွေ ပေါ်ပေါက်နေလို့ ဒါမျိုးတွေ အရပ်စကား ဖြစ်လာကြရတာလို့
ဆိုနိုင်တယ်။ ဒါပေမယ့် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် တိုက်ရိုက်အရိပ်အယောင် မမြင်ရသေးဘူး။
ဒေါ်အောင်ဆန်းစုကြည်ဖက်ကပဲ တွေ့ဆုံဆွေးနွေးကြရအောင်လို့ ပြောနေတာပဲ ရှိတယ်လို့ ပြောနိုင်တယ်။ ခုချိန်မှာတော့ ဦးအောင်ကြည်က ရှိနေသေးလား၊
ဆက်ပြီးတော့ ထားထားသလားတောင် မသိရသေးဘူး။”

နောက်မေးခွန်းတခုကတော့ ကလေးမြို့ ဆုံးဖြတ်ချက်နဲ့ ဒုတိယပင်လုံညီလာခံ ခေါ်ဖို့ တိုက်တွန်းနှိုးဆော်ကြတယ်။ ပြီးတော့


တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီရေး နိုင်ငံရေးအင်အားစုတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးအတွက် တာဝန်ယူ
ဆောင်ရွက်နိုင်ဖို့အတွက် အားလုံးက သဘောထားပေးကြတယ်။ အဲသည်မှာ တိုင်းပြည်ရဲ့ လက်ရှိ လက်နက်တွေ အာဏာတွေကို ရယူထားတဲ့
တပ်မတော်အစိုးရကိုကော ကမ်းလှမ်းမှု ဖိတ်ခေါ်မှု အကျယ်တ၀င့် မလုပ်ခဲ့ကြဘူးလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

“ကလေးမြို့ ဆုံးဖြတ်ချက်မှာ လုပ်တဲ့လူတွေရဲ့ စကားတွေမှာ တပ်မတော်ကိစ္စကတော့ ပါရမယ်၊ ပထမဆုံး ပဏာမအနေနဲ့ တပ်မတော်ကို ဖိတ်မယ်။
တပ်မတော်ဖက်က ဘာမှ ပြန်ကြားခြင်း မရှိခဲ့ဘူးဆိုရင် ဒုတိယပင်လုံညီလာခံခေါ်ယူရေး လုပ်ငန်း အဆင့်ဆင့်တွေက ရပ်ဆိုင်းမသွားဘူး။ ဒို့ဖက်က
လုပ်စရာရှိတာတွေ ဆက်လုပ်သွားမယ်။ ပြီင်္းတော့မှာ ဒုတိယအဆင့်မှာ ထပ်မံဖိတ်ကြားမယ်။ နောက် အဆင့်ဆင့်တိုင်းမှာ တပ်မတော်ကို အမြဲတန်း
ဖိတ်ကြားသွားမယ်လို့ သဘောထား ရှိပါတယ်။ ဒါကို အင်န်အယ်ဒီကကော၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ခံထားတယ်။

အဲသည်မှာ ကလေးမြို့ ညီလာခံမှာ သည်ကိစ္စကို စတင်အကောင်အထည်ဖော်ကြတဲ့ တိုင်းရင်းသားအဖွဲ့တွေကော၊ ၀ါရင့်နိုင်ငံရေးအင်အားစုတွေကကောက


ဒေါ်စုနဲ့တွေ့ဆုံကြတဲ့ တာဝန်ပေးအပ်တဲ့ အခမ်းအနားမှာလည်း ဒါကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။ တပ်မတော်ကို ဖိတ်ခေါ်တယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဖိတ်ခေါ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အခုအချိန်မှာ တာဝန်ပေးချက်ကို လက်ခံတာပဲ ရှိသေးတယ်။ မူအားဖြင့်
လက်ခံတယ်။ အဆင့်ဆင့် ဘာတွေ ဆက်ပြီး လုပ်သွားမယ်၊ အကောင်အထည် ဖော်သွားမယ် ဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးဘူး။ ဒီလိုမျိုး
ပြောလို့ရမယ်။”

နောက်မေးခွန်းကတော့ ဒီဇင်ဘာ ၁ ရက်မှာ အင်န်အယ်ဒီပါတီရဲ့ အမျိုးသားနေ့ကြေညာစာတမ်းမှာ ထုတ်ဖော်ပြောဆိုရာမှာ “တိုင်းပြည်တွင် အမှန်တကယ်


ကြုံတွေ့နေရသော အထွေထွေအကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် အဆုံးအဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များပါဝင်လျက် တွေ့ဆုံဆွေးနွေးကြရန် …” လို့
ဖော်ပြထားပါတယ်။ အဲသည်တော့ တပ်မတော်ဖက်ကနေပြီးတော့ အဆုံးအဖြတ်ပေးနိုင်မယ့် ပုဂ္ဂိုလ်တွေဆိုတာကို အင်န်အယ်ဒီဖက်က ဘယ်လိုများ ကြိုပြီး
အမည်နာမနဲ့ သတ်မှတ်ထားပြီးသား ရှိလို့လား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

“ဒါကတော့ ဒီလိုပြောချင်တယ်။ ဒါက ပြီးခဲ့တဲ့နှစ်က ကျနော်တို့ထုတ်ပြန်ခဲ့ပြီးဖြစ်တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်း ရှိပါတယ်။ အဲသည်မှာလည်း


အဲသည်အချက်ကို ပြောခဲ့ပြီးပြီ။ ကျနော်တို့ ပြောတာကတော့ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်ချင်း တွေ့ကြပါ … ဒါပဲ။ ဒါက အန္တိမ ရည်မှန်းချက်ပဲ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချူပ်မှူးကြီး သန်းရွှေ၊ သို့မဟုတ်ရင်လည်း ဒုဗိုလ်ချူပ်မှူးကြီး မောင်အေး၊ သူတို့အကြီးအကဲပေါ့ကွာ။ အဆုံးအဖြတ်ပေးနိုင်တဲ့သူ
ဖြစ်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီဖက်က၊ အတိုက်အခံအင်အားစုဖက်က အဆုံးအဖြတ်ပေးနိုင်မယ့်သူ ဖြစ်မယ်။ ဒါကို ပြောတာ ဖြစ်ပါတယ်။”

ဒါဆိုရင် မေးစရာတခုကတော့ အကြီးအကဲတွေ၊ ခေါင်းဆောင်တွေ မတွေ့သေးခင်မှာကော အောက်ခြေကနေ အထက် အဆင့်ဆင့်မှာ ရှိနေတဲ့


ခေါင်းဆောင်တွေ အချင်းချင်းကော တွေ့ဆုံဆွေးနွေးကြတာတွေကိုကော ရှိနေပြီလား။ မျှော်လင့်သလား။ လက်ခံသလား ဆိုတာက နောက် မေးခွန်းဖြစ်ပါတယ်။

“ဒီနေရာမှာ ကျနော်တို့တတွေဖက်က ခေါင်းဆောင် အောက်ခြေကနေ အဆင့်ဆင့် တွေ့ဆုံကြတဲ့နေရာမှာ မှန်ကန်စွာ ချည်းကပ်မှု၊ စည်းစနစ်ကျတဲ့


ချည်းကပ်မှုနဲ့ ပတ်သက်လို့ ကျနော်တို့ဖက်က ဘာမှ မငြင်းဘူး။ ဆိုပါတော့ကွာ … လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဆိုရင် ကျနော် ထောင်ထဲမှာ ရှိနေတုန်းက၊
အင်န်အယ်ဒီကို တပ်မတော်အစိုးရက လာကမ်းလှမ်းဖူးတယ် လို့ ပြောတယ်။ အင်န်အယ်ဒီ စီအီးစီ နဲ့တွေ့ချင်တယ်။ ဒါပေမယ့် တဖက်က တွေ့မယ့်သူတွေက
ဗိုလ်မှူးကြီး အဆင့်လောက်၊ ကာနယ်လောက်အဆင့်နဲ့ လာတွေ့ကြမှာဆိုတော့ အင်န်အယ်ဒီက လက်မခံလိုက်ဖူး လို့ ကြားတယ်။ တပ်မတော်ဖက်က
ဗိုလ်မှူးကြီးလောက် အဆင့်ကနေပြီး ပါတီရဲ့ ခေါင်းဆောင်အဆင့်ကို လာတွှေတယ်ဆိုတာက တပ်မတော်ဖက်က အကြီးအကဲကြီးတွေအဖြစ် ဆုံးဖြတ်ချက်
ပေးနိုင်မှာလဲ မဟုတ်တဲ့အတွက် လက်မခံနိုင်တဲ့အကြောင်းကို ပြန်ပြောလိုက်တယ်ကွ။ သဘောကတော့ ဒါပဲ၊ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေ အချင်းချင်း
တွေ့ကြမယ်။ ညှိနှိုင်းပြီးတော့ တွေ့ဆုံ ဆွေးနွေးရေးတွေ လုပ်ကြပါ။ ကျနော်တို့ သဘောကတော့ ဒါပဲ။

သို့သော်လည်းပဲ ကြိုတင် ပြင်ဆင်မှုတွေ၊ ကြိုတင်ညှိနှိုင်းမှုတွေ လုပ်ကြဖို့ လိုအပ်တယ် ဆိုရင်လည်းပဲ အောက်ခြေကနေ အဆင့်ဆင့် ဖွဲ့စည်းပုံအတိုင်း
ရှိနေတဲ့ အဆင့်ဆင့်သော ခေါင်းဆောင်တွေအချင်းချင်း တွေ့ကြရမှာကို လက်ခံပါတယ်။ အချိုးအဆစ် ညီမျှတဲ့ ဘက်တွေအချင်းချင်း တွေ့ဆုံဆွေးနွေးကြတာကို
ကြိုဆိုပါတယ်။

သူတို့ဖက်က ဆုံးဖြတ်ချက်ကို ကိုင်ထားတာ ဗိုလ်ချူပ်မှူးကြီး သန်းရွှေ ဖြစ်နေပြီးတော့၊ သူတို့ဆီက ဗိုလ်မှူးကြီးအဆင့်လောက်နဲ့ အင်န်အယ်ဒီဖက်က


ဒေါ်အောင်ဆန်းစုကြည်လို၊ သူကဲ့သို့ ခေါင်းဆောင်မှုအဆင့်အတန်းရှိတဲ့ စီအီးစီက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ကြတော့ အဆုံးအဖြတ်ပေးနိုင်တဲ့ အနေအထားမျိုး၊
ညှိနှိုင်းနိုင်တဲ့ သဘောထားမျိုး မရှိတဲ့အခါကျတော့ ကျနော်တို့က ဒါကို လက်မခံနိုင်ဘူးလို့ ထောက်ပြရတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချူပ်မှူးကြီး သန်းရွှေတို့ တိုက်ရိုက်မတွေ့နိုင်သေးဖူး ဆိုရင်တောင်မှာ အင်န်အယ်ဒီက စီအီးစီတွေနဲ့ တပ်မတော်ရဲ့


စစ်ကောင်စီတွေထဲက အကြီးအကဲတွေဖြစ်တဲ့ ဒုတိယဗိုလ်ချူပ်မှူးကြီး မောင်အေးတို့ ဗိုလ်တင်အောင်မြင့်ဦး တို့ စသည်ဖြင့်တို့ပဲ ဖြစ်ရမှာပေါ့လို့ ပြောချင်ပါတယ်။

နောက် မေးခွန်းတခုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားရင်ကြားစေ့ပေးတဲ့သူ ဖြစ်စေချင်တယ်။ စေ့စပ်ပေးတဲ့သူပဲ ဖြစ်စေချင်တယ်လို့


ပြောနေတာမျိုးတွေ ရှိလာတယ်။ ဒေါ်စုကို Facilitator အဖြစ် မြင်ချင်တယ် ဘာညာနဲ့ လျှောက်ပြောနေတာတွေ ရှိတယ်။ အဲဒါကို ဆရာ ဘယ်လို နားလည်သလဲ။
ဘာပြောချင်သလဲ။

“ဘာကြောင့် ဒါမျိုးတွေ ပြောလာသလဲဆိုတာကတော့ ကျနော်လည်း နားလည်ကြည့်လို့ မရဘူး။ ကျနော်တို့ နားလည်သလို ပြောရရင်တော့ မြန်မာပြည်ရဲ့
အမျိုးသားနိုင်ငံရေးနဲ့ အထွေထွေ အကြပ်အတည်း ပြသနာကို ဖြေရှင်းဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအင်အားစုဘက်က ခေါင်းဆောင်အဖြစ်
ရှိနေတယ်။ ပြည်သူလူထုက ဒေါ်စုဖက်က ရပ်နေတယ်။ တိုင်းရင်းသားတွေအားလုံးကလည်း ဒေါ်စုဖက်က ရပ်နေတယ်။ တိုင်းရင်းသားတွေ ကိုယ်စား၊
ပြည်သူလူထုကိုယ်စား ဒေါ်အောင်ဆန်းစုကြည်က ပြောနိုင်တယ်။ ဒါကြောင့် ဒေါ်စုက ဘာမှ facilitate လုပ်နေစရာမလိုဘူး။ ဒေါ်စုနဲ့
တိုက်ရိုက်တွေ့ဆုံစကားပြောပြီး ဖြေရှင်းရုံပဲ ဖြစ်တယ်။ ဒါပဲ။

ဒေါ်စုနဲ့ ဗိုလ်သန်းရွှေနဲ့ အမျိုးသားရေးအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ လုပ်ဖြစ်ကြမယ် ဆိုရင် အဆင်ပြေအောင်လို့ ကြားထဲကနေပြီး


ဝင်ရောက် စေ့စပ်ပေးနိုင်တဲ့၊ ဆွေးနွေး ညှိနှိုင်းပေးနိုင်မယ့် Facilitate လုပ်ပေးမယ်ဆိုတဲ့ သူတွေ၊ အုပ်စုတွေ လိုကောင်းလိုမယ်ပေါ့ကွာ။ အဲသည်လိုမျိုး
ဆိုတာတွေကလည်း ခုချိန်မှာဆိုရင် သံတမန်တွေ၊ ကုလသမဂ္ဂကိုယ်စားလှယ်တွေ၊ ကျောင်းသားတွေ၊ ဘယ်သူတွေကပဲ လုပ်လုပ်ပေါ့။ ကျနော်တို့ကလည်း
ကြားဝင်တဲ့လူတွေ အမှန်တကယ် လိုအပ်တယ်ဆိုရင် လက်ခံပါတယ်။ ဒါပေမယ့် အဆုံးအဖြတ်ပေးနိုင်တဲ့ ဒေါ်စုကိုယ်တိုင်ကနေပြီး ကြားဝင်တဲ့လူကိုယ်တိုင်တော့
မဖြစ်နိုင်ဘူး။ အဲဒါကို အမြင်ရှင်းကြဖို့ လိုတယ် ထင်တယ်။”

ဟုတ်ကဲ့ပါဆရာ။ နောက်ဆုံးမေးခွန်းကတော့ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ အချိန်ကာလမှာ ဒုတိယပင်လုံညီလာခံကို ခေါ်ယူဖို့


တာဝန်တွေ ပေးကြတယ်။ တိုက်တွန်း နှိုးဆော်မှုတွေ လုပ်ကြတယ်။ တချို့ကကျတော့လည်း ပင်လုံညီလာခံကို အလောသုံးဆယ် လုပ်စရာ မလိုသေးပါဘူး၊
ဘာညာနဲ့ ပြောကြတယ်။ စိုးရိမ်တယ်တို့၊ တပ်မတော်နဲ့ ထိပ်တိုက်မဖြစ်စေချင်ဘူးနဲ့ ပြောကြတယ်။ ဘာလို့ ပြောကြတာလဲ ဆရာ။

“ အဲသည်မှာ ကျနော့်အမြင်ကတော့ ပင်လုံညီလာခံကို ဦးတည်တဲ့နေရာမှာ အခြေခံ အချက် ၂ ချက်နဲ့ ရင်ဆိုင်ရမယ်။ ကိုင်တွယ်ရမယ် လို့ ထင်တယ်။
ပထမတချက်က အများပြည်သူလူထုတရပ်လုံးရဲ့ လက်ခံမှု၊ နားလည်မှု အတိုင်းအတာ ဘယ်လောက် ရှိနေပြီလဲ။ ရှေ့ကို ဘယ်လောက်ကော
အလားအလာရှိလာပြီလဲ။ အမျိုးသားရင်ကြားစေ့ရေးတို့၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေးတို့ကို ဖော်ဆောင်ဖို့အတွက် လိုအပ်ချက်တခုဖြစ်တယ် ဆိုတာကို
လူတွေက ဘယ်လောက်အထိ လက်ခံသဘောပေါက်သလဲ။ အရေးတကြီး လိုအပ်ချက်အဖြစ် တကယ်ကို ခံယူသလဲ ဆိုတာ က တချက် ဖြစ်တယ်။

နောက်တချက်ကတော့ စစ်မှန်တဲ့ပြည်ထောင်စုစနစ်နဲ့ မြန်မာပြည်ကို ထူထောင်ဖို့ဆိုတာကို လူတွေက ဘယ်လို မြင်သလဲ။ ဖယ်ဒရယ်ဆိုတာကို


ဘယ်လောက်အထိ လူတွေက သဘောပေါက်ထားသလဲ။ ကလေးညီလာခံမှာ သဘောထားပြောကတည်းက ခွဲထွက်ရေး မဟုတ်သော၊
တပြည်ထောင်စနစ်မဟုတ်သော ပြည်ထောင်စု စနစ်လို့ စကားကို ရှင်းအောင် ပြောထားတာကို လူတွေက ဘယ်လောက်အထိ ထဲထဲဝင်ဝင်
သဘောပေါက်သလဲဆိုတာက တချက်ဖြစ်လာမယ် ထင်ပါတယ်။”

ဒါဆိုရင်လည်း ဆရာကပဲ မြန်မာပြည်ကြီးက ဖယ်ဒရယ်ပြည်ထောင်စုကနေပြီး တပြည်ထောင်စနစ်အဖြစ် ပြောင်းလဲ အသားကျလာခဲ့ပုံတွေကို နည်းနည်းလောက်


ပြောပြနိုင်မလား ဆရာ။

“သမိုင်းကို ပြန်ကြည့်ရင် ၁၉၄၇ အခြေခံဥပဒေ ရေးဆွဲစဉ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းတို့က တပြည်ထောင်ကို လက်မခံခဲ့ဘူး။ ပြည်ထောင်စုဆိုတာကို


လက်ခံခဲ့ပြီးသား ဖြစ်သော်လည်း ဖယ်ဒရယ်ဆိုတာကို ခေတ်အဆက်ဆက် အုပ်ချူပ်သူတွေက လက်ခံခဲ့ကြဘူး။ ပြည်ထောင်စု ဆိုတာအစား
တပြည်ထောင်ဆိုတာကို အကောင်အထည်ဖော်ခဲ့ကြတယ်။ အဲဒီအကြောင်းကို မြန်မာပြည်ထောင်စုလွှတ်တော်ထဲမှာ ၄၇ အခြေခံဥပဒေဆွဲခဲ့သူ တဦးဖြစ်တဲ့
ဦးချန်ထွန်းက ပြောဖူးတယ်။ ပင်လုံမှာ ဖယ်ဒရယ်လုပ်ဖို့ သဘောတူခဲ့သော်လည်း အခြေအနေတွေအရ ပြည်ထောင်စုစနစ်ကနေပြီး တပြည်ထောင်အဖြစ်ကို
လုပ်ခဲ့ကြတယ်လို့ ပြောခဲ့ဖူးတယ်။ စဉ်းစားစရာပေါ့။

နောက် အဲသည်တုန်းက နိုင်ငံတော်အလံကို ပြန်ကြည့်ရင် ကြယ်ကြီးတလုံးနဲ့ အရန်ကြယ် ၅ လုံး၊ အဲသည် ငါးလုံးက ပင်လုံမှာ သဘောတူခဲ့တဲ့ ဗမာ၊ ရှမ်း၊
ကချင်၊ ချင်း၊ ကယား ရယ် ၅ ဦး၊ အလယ်က ကြယ်ကြီးကတော့ အရေးတော်ပုံကြီး၊ လွတ်လပ်ရေးတိုက်ပွဲကြီး၊ တော်လှန်ရေးကြီးကို ကိုယ်စားပြုတဲ့၊
တိုင်းပြည်ကြီးတခုလုံးရဲ့ စုစည်းညီညွတ်မှုကို ကိုယ်စားပြုတဲ့ ကြယ်ကြီးပေါ့ကွာ။ ဒါပဲ။ ကျန်တဲ့ ကြယ် ၅ လုံးက ပင်လုံ စာချူပ်မှာ လက်မှတ်ထိုးတဲ့ တိုင်းရင်းသား ၅ စု
ကို ကိုယ်စားပြုတယ်။

ဒါပေမယ့် ၁၉၅၂ လောက်မှာ ကော်သူးလေ ဖြစ်လာတယ်။ ကရင်ပြည်နယ်ကို ပေးမယ်ပေါ့ကွာ။ အဲလိုဖြစ်လာတော့ ကြယ်တလုံး ထပ်တိုးရတော့မယ်
ဖြစ်လာတော့ အစိုးရက ဘာလုပ်သလဲဆိုတော့၊ အဲသည်တုန်းက ဖဆပလ အစိုးရက ဘာလုပ်သလဲ ဆိုတော့ ကြယ်မကြီးကို ထားလိုက်တော့၊
နောက်ကြယ်တလုံးလည်း မတိုးတော့ဘူး။ ကြယ်မကြီးဟာ တော်လှန်ရေးတွေ၊ အရေးတော်ပုံတွေကို ကိုယ်စားပြုတယ် မလုပ်တော့ဘူး။ ဒီကြယ်ကြီးကို
ပြည်မလုပ်လိုက်လို့ ပြောလိုက်တယ်။ ဒါက ပြည်မကို ကိုယ်စားပြုတယ်။ အရန်ကြယ်တွေကတော့ ရှမ်း၊ ချင်း၊ ကချင်၊ ကယား၊ ကော်သူးလေ ဆိုပြီး
သဘောထားလိုက်လို့ ပြောဖူးတယ်။ အဲသလို စကားရှိဖူးတယ်။

ပြောချင်တာကတော့ အဲသည် ၁၉၅၂ နောက်ပိုင်းမှာ မြန်မာပြည်ဟာ ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ စိတ်ထားကနေပြီးတော့ ပြည်မကြီးနဲ့


ပြည်နယ်တွေဆိုတဲ့ တပြည်ထောင်စနစ်ဖက်ကို ရောက်လာတယ်။ မင်းတို့ပြည်နယ်တွေက အရန်တွေပဲလို့ဖြစ်တယ်။

နောက်တော့ ၁၉၆၁ မှာ တောင်ကြီးမှာ ဖယ်ဒရယ်ညီလာခံ တိုင်းရင်းသားတွေနဲ့ လုပ်ကြတယ်။ အဲသည်မှာ ရှမ်းက သြဇာအကြီးဆုံးပေါ့။ အဲသည်မှာ
မြန်မာတွေက ပြည်မဆိုပြီး လုပ်ထားတာထက် မြန်မာတွေကလည်း ပြည်နယ်တခုအနေနဲ့ပဲ ရပ်တည်ပါ။ ပြည်ထောင်စုပုံစံ ပြန်သွားပါဆိုပြီး ပြောလာကြတယ်။
အဲသည်လို ပေါ်လည်း ပေါ်ရော ၁၉၆၂ မှာ ဦးနုက ပထစအစိုးရအနေနဲ့ တိုင်းရင်းသားညီလာခံ ရန်ကုန်မှာ လုပ်တယ်။ စာတမ်းတွေ ပြင်ဆင်ကြတယ်။
တရားရေးဝန်ကြီး ဦးအေးမောင် အဲသည်တုန်းက ရှိနေတယ်။ သို့သော် အဲသည် ဖက်ဒရယ်မူကို ပထစအစိုးရကလည်း မထောက်ခံဘူး၊ အတိုက်အခံ
လွှတ်တော်ထဲက ပမညတတွေကလည်း မထောက်ခံဘူး ဆိုပြီး ဖြစ်လာတယ်။ အဲသည်တော့ တပ်မတော်က အဲသည်သဘောထားတွေ၊ အဲသည်လို
မထောက်ခံတာတွေကို သိထားတဲ့အခြေအနေမှာ မတ်လ ၂ ရက်မှာ စစ်တပ်က အာဏာသိမ်းတာပဲ။ အကြောင်းပြချက်တွေထဲက ၁ ခုက ဘာလဲဆိုတော့
ဖယ်ဒရယ်ဆိုတဲ့ ပြည်ထောင်စုမူဆိုတာက မြန်မာပြည်ကနေ ခွဲထွက်ဖို့ လုပ်ကြတာပဲ။ ပြည်ထောင်စုပြိုကွဲရေး ကိစ္စပဲလို့ ၁၉၆၂ စစ်တပ်အာဏာသိမ်းပြီးကတည်းက
အဲသလိုမျိုး သတ်မှတ်ခြင်းကို ခံလိုက်ရတော့တာပဲ။

ဒါကြောင့် စစ်အာဏာရှင်တွေကနေ ပေါ်ထွန်းလာတဲ့ မဆလတပါတီ အာဏာရှင်က ဖယ်ဒရယ်ဆိုတဲ့ပြည်ထောင်စုစနစ်ဆိုတာကို နောက်ထပ်


ပေါ်မလာအောင်လို့ မြန်မာပြည်ကို ပြည်နယ်နဲ့ တိုင်းတွေ ခွဲခြားပစ်လိုက်တယ်။ ရန်ကုန်တိုင်းတတိုင်းအပါအ၀င် တိုင်း ၇ တိုင်း၊ ပြည်နယ် ၇ ပြည်နယ် ခွဲခြားပြီး
သတ်မှတ်လိုက်တယ်။ အဲဒါတွေကို အခြေခံတဲ့ နိုင်ငံတော်ကောင်စီဆိုတာ ပေါ်လာတယ်။ အဲသည်မှာ ဗမာက ၀န်ကြီးချူပ် အဖြစ် ယူထားတော့
နိုင်ငံတော်ကောင်စီအဖွဲ့ပေါင်းက တိုင်းနဲ့ ပြည်နယ် ၂ ဦးကျ နဲ့ ၂၈ ဦး နဲ့ ၀န်ကြီးချူပ် တဦး အပါအ၀င် ၂၉ ဦး ကောင်စီဆိုတာ ဖြစ်လာတယ်။ ဒါကြောင့် တပ်ထဲမှာ
ပါတီ၊ ကောင်စီတွေထဲမှာ လူတွေထဲမှာ ဖယ်ဒရယ်ဆိုတာ ပြည်ထောင်စု ပြိုကွဲရေးပဲ၊ ခွဲထွက်ရေးပဲလို့ လုပ်ထားလိုက်တယ်။ ဒါပဲ။

နောက်ပိုင်းမှာ အဲဒီအချက်အလက်တွေကို သိရှိတဲ့အတွက် ၈၈ အရေးတော်ပုံနောက်ပိုင်းမှာ ဖယ်ဒရယ်ကိစ္စက ပြန်ပြီး ဖြစ်လာတယ်။ ဒါကြောင့် ၁၉၉၈မှာ


မဲသဝေါထသဘောတူညီချက်ဆိုတာကို တိုင်းရင်းသားတွေ နိုင်ငံရေးအင်အားစုတွေက လက်မှတ်ရေးထိုးကြတယ်။ အင်န်အယ်ဒီက
ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒါကို လက်မှတ်ရေးထိုးခဲ့တယ်။ သဘောက ဘာလဲဆိုတော့ ပြည်ထောင်စုစနစ်ပြန်လည် ပေါ်ထွန်းရေးပဲ။ ဖယ်ဒရယ်စနစ်နဲ့
နေထိုင်ကြရေးပဲ။ အဲသည်မှာ ဒေါ်အောင်ဆန်းစုကြည်က ဘာပြောခဲ့သလဲဆိုတော့ တိုင်းရင်းသားတွေကြားမှာ၊ မြန်မာတွေအပါအ၀င် သဘောထားတွေ ကွဲပြားတာ၊
နားလည်မှုလွဲတာတွေ မဖြစ်ရအောင် ပြည်ထောင်စု စစ်စစ်မူ လို့ သုံးကြပါလို့ တိုက်တွန်းခဲ့ဖူးတယ်။

ဒါပေမယ့် လက်ရှိအာဏာကို ကိုင်စွဲထားတဲ့ စစ်အစိုးရက ဒီ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို လက်မခံဘူး။ တပြည်ထောင်စနစ်ကိုပဲ ရပ်တည်တယ်။


အဲသည်မှာ ရှိနေတဲ့ တိုင်းရင်းသားတွေအားလုံး ဖြစ်မြောက်စေချင်တဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ဆန့်ကျင်နေတာကို တွေ့ရတာ ဖြစ်တယ်။ ဒါကြောင့်
ကလေးမြို့ညီလာခံမှာ တိုင်းရင်းသားတွေ၊ နိုင်ငံရေးအင်အားစုတွေက ကြေညာလိုက်တဲ့အခါကျတော့ ဒုတိယပင်လုံညီလာခံရဲ့ အခက်အခဲက ဘာဖြစ်လာမလဲ
ဆိုတော့ ဒီလိုအဆိုတွေကို သူတို့က လက်မခံနိုင်ဘူးလို့ ပြောလာမယ့် အနေအထားတွေ ရှိလာနိုင်တယ်။”

ဒါဆိုရင်လည်း ဆရာရယ် … ကလေးမြို့ညီလာခံက တိုက်တွန်းနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းနိုင်ဖို့ ဒုတိယပင်လုံညီလာခံ ကျင်းပရေး


လုပ်ငန်းစဉ်က လက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေးတို့အတွက် တပ်မတော်ကို ဦးတည်နေတဲ့ဆီမှာ ထိပ်တိုက်ဖြစ်အောင်
လုပ်သလို ဖြစ်နေတယ်လို့ ပြောလာရင်ကော ဘာပြောမလဲ။

“ဒီနေ့အထိ အင်န်အယ်ဒီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ကို ဆက်လက်ပြီး


ကိုင်စွဲပြီး လုပ်ကိုင်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်က အခုအချိန်မှာ ထပ်ပြီး ပြောတဲ့စကားကတော့ ညီလာခံကြီးဖြစ်လာဖို့ဆိုတဲ့ အချိန်မတိုင်ခင်မှာ
မြန်မာပြည်သူပြည်သားတွေ အားလုံးမှာ အမျိုးသား စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ် စစ်စစ်တွေ မွေးမြူပြီး ဆောင်ရွက်ကြရမယ်။ တည်ဆောက်ကြရမယ်လို့
ဆိုထားတယ်။ ဒီလိုမျိုး ကျနော်တို့တတွေက ဆက်ပြီး သွားကြရလိမ့်မယ်လို့ ပြောချင်ပါတယ်။

http://www.moemaka.com/

ဇေကမ္ဘာကုမ္ပဏီမှသိမ်းဆီးမြေအတွက်လျှော်ကြေးငွေ ပေးသော်လည်း ရွာသားများမကျေနပ်

စိုးစိုး၊ ကောင်းဝါ
တန်ဆောင်မုန်းလဆုတ် ၁၃ရက်။ဒီဇင်ဘာ ၄၊၂၀၁၀။
စိုးစိုး(ဒီဇင်ဘာ-၄)။ ။ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ နှီးတုန် ကော့ဒွန်း ကော့ပနော်ကျေးရွာမှ ရွာသားများ၏ ခြံမြေ များကို ဇေကမ္ဘာကုမ္ပဏီကနေ
ဘိလပ်မြေစက်ရုံဆောက်လုပ်ရန်အတွက် သိမ်းဆည်းခဲ့တဲ့အပေါ် လယ်ယာခြံမြေ အသိမ်းဆည်းခံရသူတွေက နေပြည်တော်အထိတိုင်တန်းခဲ့မှုကြောင့်
ဒီဇင်ဘာ(၃)ရက်နေ့တွင် လျော်ကြေးပေး နေခဲ့ပြီးဟုဒေသခံများမှပြောပါသည်။
ပု-ံ ကောင်းဝါ၊ ဘိလပ်မြေထုတ်လုပ်မည့် ပျားတောင်ပုံ
သို့ရာတွင်လျော်ကြေးပေးသည့်နှုန်းထားနည်းနေသောကြောင့် လယ်သမား များ ကျေနပ်မှုမရှိဟု လယ်သမားအရေးကူညီဆောင်ရွက်ပေးသူ မွန်ဆရာတော်
တစ်ပါးကပြောကြားခဲ့ပါသည်။

"ဧကပေါင်း(၄၀၀)နီးပါးလောက်ရှိတယ်။ လယ်သမားတွေကဦးရေ(၃၀)ကျော်ကျော်လောက်တော့ရှိမယ်။ ဇေကမ္ဘာကုမ္ပဏီကလေ။


နှီးတုန်ကိုဆင်းလာပြီးတော့သူတို့ကလယ်သမားတွေနဲ့ အဲတာ ဈေးနှုန်းပေးကြမယ်လို့ သူတို့ကပြောတော့တစ်ဧကကို သုံးသိန်းခွဲနဲ့ယူမလို့တဲ့။ နောက်ပြီးတော့
လယ်သမားတွေကတော့ သူတို့က နဲနဲ နည်းတယ်ဆိုတော့ သူတို့ကသိပ်ပြီးတော့မပေးချင်ကြဘူးပေါ့လေ။"

လက်ရှိပေါက်ဈေးအရ လယ်မြေတစ်ဧကလျှင် (၈)သိန်းနဲ့(၁၀)သိန်းဝန်းကျင်ရှိနေသည်ဟု လယ်သမား တစ်ဦးကပြောပါတယ်။ ဇေကမ္ဘာကုမ္ပဏီအနေနဲ့


ယခုလိုလယ်ယာခြံမြေတွေကိုသိမ်းဆည်းပြီး လျော်ကြေး ပေးနေ သည်ဆိုသော်လည်း လယ်အသိမ်းခံလယ်သမားများရှေ့ဆက်ဘ၀အတွက်
ထိခိုက်နစ်နာနေသည်ဟု လယ်အသိမ်း ခံသူတစ်ဦးမှပြောပါသည်။

"ဘယ်လိုထိခိုက်မလဲဆိုတော့ လယ်သမားတွေဟာ သူတို့လယ်ကိုဘဲအားကိုးပြီးတော့ အသက်ရှင် နေကြတော့လေ။ မိုးစပါးရော နွေစပါးရော နောက်မြေပဲရော


အချိန်မရွေးစိုက်လို့ရတဲ့ အတွက်ကြောင့် ဒီလယ်မရှိဘူးဆိုရင် ဘာလုပ်စားရမလဲ။ ဒီလယ်ကိုအသိမ်းခံရပြီးတော့ တခြားစီးပွါးရေးတခုခု ပြောင်းလုပ် ဖို့ကလဲ
ကုမဏြီကလျော်ပေးတာနဲနဲဘဲဆိုတော့ တခြားအလုပ်ဘာလုပ်ရမှန်းတောင်မသိတော့ဘူး။"

(၂၀၁၀)ခုနှစ်အောက်တိုဘာလလောက်တွင် ဇေကမ္ဘာကုမ္ပဏီအပါဝင်(၆)ဦးစပ်ကုမ္ပဏီတို့သည် ကျိုက်မ ရောမြို့နယ် ဘိလပ်မြေစက်ရုံစီမံကိန်းအတွက်


ရွာသားများ၏ခြံမြေဧက(၆၀၀)လောက်ကို မြို့နယ်အာဏာပိုင် များနှင့် ပူးပေါင်းပြီးတိုင်းတာသိမ်းယူခဲ့သည်။

၎င်းအပေါ်မှာ ဒေသခံရွာသားများမှမကျေမနပ်ဖြစ်ပြီး နေပြည်တော် အထိ တက်ရောက်တိုင်ကြားခဲ့သည်။

အဆိုပါတိုင်းတန်းမှုကြောင့် လယ်ဧက(၄၀၀)လောက်သာသိမ်းခဲ့ပြီး သိမ်းဆည်းလယ်မြေအတွက် လျော်ကြေးပေးခဲ့သည်ဟု


အကျိုးဆောင်ဆရာတော်မှမိန့်ကြားခဲ့ပါသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ပျားတောင်ကြီးသည် ဘိလပ်မြေထုတ်လုပ်ရန် ကောင်းမွန် သည့် ကျောက်တောင်ဖြစ်သည်ဟု ကွင်းဆင်းလေ့လာခဲ့ဖူးသော


ဘူမိဗေဒပညာရှင်များက ပြောပါသည်။

(၁၉၉၆)ခုနှစ်က အင်ဒိုနီးရှားသမ္မတဆူဟာတိုမိသားစုတွေပိုင်ကုမ္ပဏီကနေ ဘိလပ်မြေစက်ရုံဆောက်ရန်အတွက် မြန်မာစစ်အစိုးရ နှင့်နှစ်ဘက်


သဘောတူညီမှုတွေရှိခဲ့သည်။

သို့သော် အင်ဒိုနီးရှားနိုင်ငံ၏ ပြောင်းလဲသွားသော နိုင်ငံရေး အခြေ အနေကြောင့် အဆိုပါဘိလပ်မြေစက်ရုံ တည်ဆောက်ရေးစီမံကိန်းရပ်တန့်သွားခဲ့သည်။

ယခုလို ဇေကမ္ဘာကုမ္ပဏီ ကနေ ဘိလပ်မြေစက်ရုံတည်ဆောက်ရေးစီမံကိန်းကို ပြန်လည်လုပ်ကိုင်ခြင်းသည် စစ်အစိုးရမှ ကြောထောက် နောက်ခံပေးထားသည့်


ကုမ္ပဏီဖြစ်သည့်အတွက်ဟု စီးပွါးရေးလုပ်ငန်းရှင်များမှ သုံးသပ်ပြောဆိုပါသည်။

အလားတူ ကချင်ပြည်နယ်ဟူးကောင်းချိုင့်ဝှမ်းဒေသဘက်တွင်လည်း ဦးဌေးမြင့်ပိုင်ဆိုင်သည့် ယုဇနကုမ္ပဏီမှ ဒေသခံပြည်သူ များပိုင်ဆိုင်သည့်


လယ်မြေဧက(၂)သိန်းလောက် သိမ်းယူမှုတွေရှိခဲ့သည်ဟု ဒေသခံများမှ ပြောပါသည်။

လက်နက်ချကရင်လက်နက်ကိုင်တပ်ဖွဲ့အချို့ တဖန်လက်နက်ပြန်ချ

မင်းထက်အောင်၊ ကောင်းဝါ
တန်ဆောင်မုန်းလဆုတ် ၁၃ရက်။ဒီဇင်ဘာ ၄၊၂၀၁၀။
မင်းထက်အောင်(ဒီဇင်ဘာ-၄)။ ။ KNU-KNLA/PC တပ်ဖွဲ့မှ ဗိုလ်မှူးလက်ကိုင်ဦးစီးအင်အား ၂၁ ဦးတို့သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေ၌
စစ်အစိုးရတပ်ဖွဲ့ထံ နိုဝင်ဘာ ၂၇ ရက်တွင် လက်နက်ချလိုက်ကြောင်း ယနေ့စစ်အစိုးရထုတ်သတင်းစာများက ရေးဖေါ်ပြသည်။
စစ်အစိုးရယနေ့သတင်းစာပါရေးသားဖေါ်ပြချက်
မည်သည့်နေရာတွင် မည်ကဲ့သို့လက်နက်ချခဲ့သည်ကို အဆိုပါသတင်းစာများ၌ အကျယ်တဝင့်ရေးသား ဖေါ်ပြခြင်းမပြုသော်လည်း
ဘုရားသုံးဆူဒေသတဝိုက်လှုပ်ရှားနေသော တပ်ဖွဲ့ဟု ကေအဲန်ယူတပ်မဟာ ၆ ပြောခွင့်ရ ဗဒိုစောထဲနေက ပြောသည်။

“ဟိုတုန်းကလက်နက်ချခဲ့တဲ့အဖွဲ့ပဲ၊ အခုတော့ လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်တယ်ဆိုတော့ လက်နက်အကြွင်းမဲ့ အပ်လိုက်ရတယ်” ဟု ဗဒိုစောထဲနေက


ဆက်ပြောသည်။

KNU-KNLA/PC တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချူပ်ထိန်မောင်သည် KNU မှခွဲထွက်ကာ စစ်အစိုးရထံ ၂၀၀၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင်
လက်နက်ချခဲ့ပြီးဖြစ်ကြောင်း သတင်းမှတ်တမ်းများတွင် ရေးသားဖေါ်ပြခဲ့သည်။

ထိုသို့လက်နက်ချပြီးနောက် အခြားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့များကဲ့သို့ လက်နက်ကိုင်ဆောင်ခွင့်နှင့် ဂိတ်အကောက်စခန်းများဖွင့်လှစ်ကာ


တပ်ဖွဲ့ရံပုံငွေရှာဖွေခွင့်များကို စစ်အစိုးရ ခွင့်ပြုခဲ့သည်။

ဘုရားသုံးဆူဒေသတဝိုက်၌ KNU-KNLA/PC တပ်မှ ဗိုလ်လက်ကိုင်ဦးစီးသောဗဟိုအဖွဲ့၊ စောနေစိုးမြ ၇၇၇ တပ်ဖွဲ့နှင့် ဗိုလ်ချုပ်ထိန်မောင် ၇၀၉ တပ်ဖွဲ့တို့ ဂိတ်စခန်း
၃ ခုခွဲ၍ ဖွင့်လှစ်ထားရှိသည်။

ဗိုလ်လက်ကိုင် ယခုကဲ့သို့လက်နက်ချလိုက်သည့်ဖြစ်ရပ်ကို ၇၇၇ နှင့် ၇၀၉ တပ်ဖွဲ့တို့ မသိရှိသေးကြောင်း သက်ဆိုင်ရာတပ်ဖွဲ့နှင့် ဆက်သွယ်မေးမြန်းချက်အရ


သိရသည်။

တဖန်စစ်အစိုးရအဆိုပါသတင်းစာ၌ ဗိုလ်မှူးမန်းသိန်း ဦးစီးသော ၁၃ ဦးတို့သည်လည်း ဒီဇင်ဘာလ ၁ ရက်နေ့တွင် လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခဲ့သည်ဟု


လက်နက်စာရင်းများနှင့်တကွ ရေးသားဖေါ်ပြခဲ့သည်။

အဆိုပါဗိုလ်မှူးမန်းသိန်းဆိုသူသည် ဒီကေဘီအေ ၉၀၆ တပ်ရင်း၊ တပ်ခွဲ ၃ မှအနားယူခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ဘုရားသုံးဆူဒေသတဝိုက်၌


လက်အောက်ခံတပည့်ငယ်သားများနှင့် လက်နက်ကိုင်ဆောင်ခွင့်ရရှိနေပြီး စီးပွားရှာဖွေခွင့်ရရှိနေသူတစ်ဦးဟု သူ၏နီးစပ်သူများထံမှ သိရသည်။

“ဒီကေဘီအေအစစ်တွေက စစ်အစိုးရကိုပြန်တိုက်ခိုက်လာတော့ လက်နက်ကိုင်ပြီးစီးပွားရှာချင်တဲ့လူတွေက ရှိတဲ့လက်နက်လေးတွေကိုပြန်အပ်ပြီး


မြေပေါ်မှာဆက်ရပ်တည်သွားတာပဲ” ဟု နယ်စပ်စစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။

လွန်ခဲ့သောနိုဝင်ဘာ ၈ ရက်နေ့တွင် ဘုရားသုံးဆူမြို့ကို ဒီကေဘီအေတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဒီကေဘီအေနှင့်မသက်ဆိုင်သော


အခြားလက်နက်ကိုင်ကရင်ငြိမ်းချမ်းရေးအဖွဲ့ဝင်အချို့ ဘုရားသုံးဆူမြို့ရှိ ဓမ္မဟေဝန်ကျောင်းတိုက်၌ ဝင်ရောက်ပုန်းခိုနေကြောင်း မျက်မြင်တွေ့ရှိသူများ
ပြောကြားချက်အရ သိရသည်။

မြဝတီမြို့တွင် ဒီကေဘီအေနှင့် စစ်အစိုးရတပ်ဖွဲ့များပစ်ခတ်မှုဖြစ်ပွားပြီး နာရီပိုင်းအတွင်း၌ ဘုရားသုံးဆူမြို့ကို ဗိုလ်မှူးစောအေဝမ်း ဦးစီးသည့်ဒီကေဘီအေ ၉၀၁


တပ်ရင်းမှ ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
http://www.kaowao.org/b/index.php

ဘင်္ဂလာဒေခ်ျ့ ကဗျာပွဲတော် မြန်မာ ကဗျာဆရာများ ပါဝင်မည်

12/4/2010

Adjust font size:

ဘင်္ဂလာဒေခ်ျ့နိုင်ငံ ကော့ဘဇားမြို့တွင် ယနေ့ စတင်မည့် နိုင်ငံပေါင်း ၉ နိုင်ငံမှ ကဗျာဆရာများ ပါဝင်မည့် သုံးရက်ကြာ နိုင်ငံတကာ ကဗျာ ပွဲတော်တွင်
မြန်မာနိုင်ငံမှ ကဗျာဆရာများလည်း ပါဝင်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ကဗျာပွဲတော်သို့ တက်ရောက်လာသည့် ၀န်ကြီး တစ်ဦး

အဆိုပါ ကဗျာပွဲတော်တွင် နိုင်ငံပေါင်း ၉ နိုင်ငံမှ ကဗျာဆရာ ၃၀၀ နီးပါး တက်ရောက်ကြပြီး ကဗျာများကို ရွှတ်ဆိုကြမည် ဖြစ်ကြောင်း သိရသည်။

ပါဝင်မည့် နိုင်ငံများမှာ အိန္ဒိယ၊ မြန်မာ၊ ပါကိစ္စတန်၊ နီပေါ၊ သြစတြေးလျ၊ အီတလီ၊ အမေရိကန်၊ အိုင်းစ်လန်း ( Iceland) နှင့် ဘင်္ဂလာဒေခ်ျ့တို့ နိုင်ငံတို့
ဖြစ်ကြသည်။

ကဗျာပွဲတော်အား ယနေ့တွင် အခမ်းအနားဖြင့် ဖွင့်လှစ်မည် ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့ ဂုံလျော် ၀န်ကြီး အဘာဒူလ် လာတိ ဆာဒီကွီမှ ဖွင့်လှစ်ပေးမည် ဖြစ်သည်။

အဆိုပါ ပွဲတော်မှာ ဘင်္ဂလီလို Kabita Mela ဟု အမည်ရပြီး ယခု အကြိမ်မှာ ဒုတိယ အကြိမ် ဖြစ်ကြောင်း သိရသည်။

“ ပွဲတော်ကိုတော့ မြန်မာ နယ်စပ်မြို့ ကော့ဘဇားမှာ လုပ်မယ်ဆိုပီး ပြင်ဆင် စီစဉ်နေတာကို တွေ့ရပါတယ်။ နိုင်ငံတကာနဲ့ ဘင်္ဂလာဒေခ်ျ့ ကဗျာ ဆရာတွေ၊ ကဗျာ
ချစ်မြတ်နိုးတဲ့သူတွေလည်း အများအပြား ရောက်နေ တာကို တွေ့ရပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယခု ကဗျာရွတ်ဆိုပွဲမှ ဘင်္ဂလာဒေခ်ျ့ ကဗျာ ဆရာများ အနေဖြင့် နိုင်ငံ တကာ ကဗျာများ၏ ဖြစ်ပေါ်တိုးတက်မူများကို သိရှိရမည် ဖြစ်သလို
အတွေ့အကြုံများလည်း ဖလှယ်နိုင်မည် ဖြစ်သဖြင့် အကျိုးကျေးဇူး ရရှိနိုင်ကြောင်း စီစဉ်သူ တစ်ဦးက ပြောသည်။

အရှေ့ခြမ်းမှ နှစ်လုံးထီ အနောက်ခြမ်းထိ ရောက်လာ၍ လူမူရေး မတည်ငြိမ်မူများ ပေါ်ပေါက်

12/4/2010

Adjust font size:

တရားမ၀င် ထိုင်း နှစ်လုံးထီ သုံးလုံးထီများ ယခုအခါ မြန်မာနိုင်ငံဘက် အနောက်ဘက်ခြမ်း မောင်တောမြို့နယ်ထိ ရောက်ရှိလာသဖြင့် ဒေသခံ ပြည်သူများ အတွင်း
လူမူရေး မတည်ငြိမ်မူများ ပေါ်ပေါက်နေကြောင်း သိရသည်။

အမည်မဖေါ်လိုသူ ကြိမ်ချောင်းကျေးရွာမှ ရခိုင်အမျိုးသမီး တစ်ဦးက သူတို့ရွာသို့ ချဲထီ ရောက်ရှိလာပြီး နောက်ပိုင်း သူမတို့ မိသားစု အတွင်း ဖြစ်ပျက်နေမူကို
ယခုကဲ့သို့ ပြောသည်။

“ ကျွန်မတို့အိမ်မှာ ချဲထီ ရွာကို ရောက်လာကတည်းက တစ်နေ့မှ နားအေး ပါးအေးနေရတဲ့ အနေအထားမျိုး မရှိတော့ပါဘူး။ အဖေနဲ့ အမေ ဆဲဆို
ရိုက်နှက်နေကြတာ နေ့တိုင်းပါဘဲ။ အဖေက အမေ ချဲထီထိုးတာကို မကြိုက်တော့ အမေကို နေ့တိုင်း ရန်ရှာတာနဲ့ နေ့တိုင်း ရန်ဖြစ် နေကြတာ ပါဘဲ။ အရင်က
မိသားစု အတွင်းမှာ ဘာမှ ပြဿနာထွေထွေထူး မရှိခဲ့ပေမယ့် ချဲထီ ရောက်လာကတည်းက အိမ်မှာနေ့တိုင်း ပြဿနာ တက်နေပါတော့တယ်။”

၎င်းပြင် အိမ်ခြေ ၆၀ ခန့်သာ ရှိသော ကြိမ်ချောင်း ကျေးရွာတွင် ချဲထီကြောင့် သားနှင့် အမိ၊ မိသားစု တစ်စုနှင့် တစု ပြဿနာများ ဖြစ်ပွားလာပြီး ကျေးရွာ၏
စည်းလုံးညီညွှတ်ရေးမှာလည်း ပြိုကွဲလာကြောင်း သူမက ပြောသည်။
“ ကျွန်မတို့ရွာမှာ ချဲထီဒိုင်ကိုင်တဲ့သူက ကိုသန်းထွန်းဆိုတဲ့ သူ ဖြစ်ပါတယ်။ တပတ်မှာ ၅ ရက်ထိ ကစားလို့ရပါတယ်။ ဒီမှာကတော့ နှစ်လုံးထီလို့ ခေါ်ပါတယ်။
ဒီအပတ်မှာ ရွာထဲက ချဲထီ ကစားကြတဲ့သူတွေ အများကြီး ပေါက်တယ်။ ကျပ် သုံးသောင်းကျော်တောင် ကိုသန်းထွန်းက လျော်ပေးရမယ်လို့ သိရပါတယ်။ သူက
သူ့ဆွေမျိုးလောက်ကိုသာ လျော်ပေးပြီး ကျန်တဲ့သူတွေကို လျော်မပေးတော့ ခုရွာမှာ ပြဿနာ အကြီးအကျယ် တက်နေပါတယ်။ ချဲထီပေါက်ပေမယ့် ပိုက်ဆံမရတဲ့
သူတွေက မကျေနပ်တော့ ရိုက်မယ် နှက်မယ် ဖြစ်နေတော့ ရွာတစ်ခုလုံး ဆူဆူပူပူ ဖြစ်နေပါတယ်။ ဒီပြဿနာကို အထက်ကို တိုင်ကြားရင်လည်း သူတို့က
ပိုက်ဆံယူထားတော့ ဖြေရှင်းမပေးတာနဲ့ တစ်ရွာလုံးမှာ အခက်အခဲ ကြုံနေကြရပါတယ်” ဟု သူမက ပြောသည်။

ကိုသန်းထွန်းမှာ ကြိမ်ချောင်းကျေးရွာတွင် ချဲထီဒိုင် ဖွင့်ခွင့် ရရှိရန် အတွက် နစကနှင့် နယ်မြေခံ ရဲအဖွဲ့ကို လစဉ် ကျပ် တသိန်းပေးရသည်ဟု သိရသည်။

ယခုကဲ့သို့ ၀င်ငွေများ ရရှိနေသဖြင့် နယ်မြေခံ တာဝန်ရှိသူများက ချဲထီကြောင့် ဒေသခံ ပြည်သူများ ဒုက္ခရောက်နေကြရသော်လည်း တစုံတရာ တားမြစ်ခြင်း
မရှိသလို ဖမ်းဆီးခြင်းလည်း မရှိကြောင်း အဆိုပါ အမျိုးသမီးက ပြောသည်။

အလားတူ မြန်မာနိုင်ငံ အနောက်ဘက် အစွန်ဆုံး ကျေးရွာများဖြစ်ကြသည့် ငခူရ၊ စံပယ်ပင်ရင်း၊ ရွက်ညိုးတောင်၊ ပြူးမ၊ နံသာတောင် စသည့်
ကျေးရွာများတွင်လည်း ယခုမှ ရောက်ရှိလာသော ချဲထီကြောင့် ပြည်သူများမှာ ဒုက္ခရောက်နေကြရပြီး ဒေသ အတွင်းရှိ နစကနှင့် ရဲအရာရှိများမှာမူ ချဲထီဒိုင်များမှ
ဆက်ကြေး လစဉ် ပုံမှန် ရရှိနေသဖြင့် အထူး ကောင်းစားနေကြသည်ဟု သတင်း ရရှိသည်။

ထူးကုမ္ပဏီမှ ဓါတ်ဆီကို မှောင်ခိုဈေးကွက် ရောင်းချ၍ စစ်တွေ လူထု အခက်ကြုံ

12/3/2010

Adjust font size:

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ဓါတ်ဆီထောက်ပံ့ရောင်းချမူကို တာဝန်ယူထားသော ထူးကုမ္ပဏီမှ ဓါတ်ဆီ ရောင်းချမူ ပမာဏကို လျော့ချလိုက်သဖြင့်
မြို့ခံများ အထူး အခက်ကြုံနေရသည်ဟု သိရသည်။

“ အခု ဆိုင်ကယ် တစီးကို ဂါလံဝက်ဘဲ ရပါတယ်။ အဲဒါကို တန်းစီ စောင့်ပီး ၀ယ်ယူရပါတယ်။ ဆိုင်ကယ် ၃၀၀ နီးပါးခန့်က အကြာကြီး စောင့်ရတဲ့ အတွက်
လူတွေအကုန်လုံးကို ဒုက္ခရောက်နေပါတယ်” ဟု မြို့ခံ တစ်ဦးက ပြောသည်။

ဆိုင်ကယ် စီးသူများ အပါအ၀င် ကားပိုင်ရှင်များမှာ မှောင်ခိုဈေးကွက်တွင် ဓါတ်ဆီဈေး ကြီးနေမူကြောင့် မ၀ယ်ယူနိုင်သဖြင့် ဂါလံဝက်သာ ရသော ဓါတ်ဆီကို
စောင့်ဆိုင်းဝယ်ယူနေရခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ ထူးကုမ္ပဏီက ဓါတ်ဆီ တဂါလံကို ၂၅၀၀ ကျပ် နဲ့ ရောင်းပါတယ်။ အပြင်မှာ တဂါလံကို ၄၈၀၀ ကျပ် ဈေးရှိပါတယ်။ အပြင် မှောင်ခို ဈေးကွက်မှာ ဓါတ်ဆီကို
လိုသလောက် ကြိုက်တဲ့ အချိန် ၀ယ်ယူလို့ ရပေမယ့် ဈေးကြီးတဲ့အတွက် မ၀ယ်နိုင်ဘဲ ဖြစ်နေကြရပါတယ်။”

အစိုးရမှ စက်သုံးဆီ ရောင်းဝယ် ဖေါက်ကားမူကို တင်းတင်း ကျပ်ကျပ် ထိန်းချုပ်ထားသဖြင့် အပြင်တွင် ဓါတ်ဆီများကို ကြိုက်သလောက် ၀ယ်ယူ၍ ရနေခြင်းမှာ
ထူးကုမ္ပဏီမှ တာဝန်ရှိသူများမှ ဓါတ်ဆီများကို ပြင်ပ မှောင်ခို ဈေးကွက်များသို့ ရောင်းချထား၍ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ ထူးကုမ္ပဏီက ခု ဓါတ်ဆီတွေကို ပြင်ပ မှောင်ခိုသမားတွေနဲ့ ပေါင်းပြီး တဂါလံကို ၄၈၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ မှောင်ခိုဈေးကွက်က လူတွေနဲ့
ထူးကုမ္ပဏီက လူတွေ ပေါင်းပြီး ခုလို မှောင်ခိုဈေးကွက်ကတဆင့် ၄၈၀၀ ကျပ်နဲ့ ရောင်းချနေတဲ့ အတွက် သူတို့အတွက် တော်တော့ကို
တွက်ခြေကိုက်နေတယ်လို့ သိရပါတယ်။ လူထုကတော့ ဒုက္ခရောက်မြဲ ရောက်နေကြရတာပါဘဲ” ဟု သူက ပြောသည်။

အစိုးရမှ ဓါတ်ဆီတဂါလံကို ၂၃၀၀ ကျပ်ဖြင့် ထူးကုမ္ပသို့ ရောင်းချပေးပြီး ထူးကုမ္ပဏီ ဓါတ်ဆီဆိုင်များမှ တစ်ဂါလံကို ၂၅၀၀ ရောင်းချပေးကြောင်း သိရသည်။
သို့သော်လည်း ယခုအခါ ဆိုင်ကယ် တစီးကို တစ်နေ့ ဂါလံဝက်သာပေးပြီး ကျန်ဆီများကို မှောင်ခို ဈေးကွက်မှ တဆင့် ရောင်းချနေကြာင်း သိရသည်။

http://www.narinjara.com/burmese.asp

အရှင်ဖမ်းမိသွားတဲ့ ကရင်ငြိမ်းချမ်းရေးအဖွဲ့မှ ရဲဘော် ၆ ဦး အသတ်ခံရကြောင်း သတင်းများထွက်

Posted by admin on December 4th, 2010

နိုဝင်ဘာလ ၃၀ ရက်နေ့က နအဖရ စစ်အုပ်စုရဲ့ အလစ်အငိုက်တိုက်ခိုက်ခြင်းခံလိုက်ရတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ဖမ်းဆီးခြင်းခံလိုက်ရတဲ့


ရဲဘော်ခြောက်ဦး ယနေ့ထိ ပြန်ရောက်မလာသေးကြောင်းကို ယနေ့ သက်ဆိုင်ရာ တပ်မှူးများဆီက ကြာသိရပါတယ်။

ယနေ့ထိ နအဖ စစ်အုပ်စုရဲ့ ဖမ်းဆီးတာကိုခံလိုက်ရတဲ့ ရဲဘော် ခြောက်ဦးပြန်လွတ်လာခြင်းမရှိသေးပဲ အလစ်အငိုက်အတိုက်ခိုက်ခံလိုက်ရတဲ့


နေရာပတ်ဝန်းကျင်ဒေသတွေမှာ အလောင်းတွေ ဟိုနေရာ ဒီနေရာမှာ တွေ့ရှိနေရတယ်လို့ ကရင်ငြိမ်းချမ်းရေးကောင်းစီမှာ တပ်မှူးတချို့က ပြောပြလာပါတယ်။

အလစ်အငိုက်အငိုက်အတိုက်ခံလိုက်ရတဲ့ နေရာမှာ အလောင်တလောင်း၊ ထီးမဲဝါးခီရွာ အနီးမှာ အလောင်း ၂ လောင်း နဲ့ ထီးညာလီခီးရွာအနီးမှာ ၂ လောင်း စတဲ့
အလောင်းတွေ တွေ့ခဲ့ရတယ်လို့ နီစပ်ရာ ရွာသာများနဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီမှ တပ်မှူးအချို့က ပြောကြားခဲ့လို့ သတင်းရရှိပါတယ်။
အရေးပါသော ပုဂ္ဂိုလ်များ၏ လုံခြုံရေးအား အနီးကပ် ကာကွယ်စောင့်ရှောက်ခြင်း

Posted by admin on December 4th, 2010

kmmm

နိဒါန်း … ပဋိပက္ခဖြေရှင်းရေး၊ အကြမ်းဖက်မှု နှိမ်နင်းတိုက်ဖျက် ရေးဆိုင်ရာ သင်တန်းတွေမှာ ကာ ကွယ် စောင့်ရှောက်ခြင်းနဲ့ ပတ်သက်ပြီး ဘာသာရပ်နှစ်မျိုးကို
သင်ကြားလေ့ရှိပါတယ်။ ပထမတမျိုးက Critical Infrastructure Protection ဖြစ်ပြီး၊ ဒုတိယတမျိုးကတော့ close protection ဖြစ်ပါတယ်။ လူတဦးတယောက်
(သို့မဟုတ)် အုပ်စုတခုကို အနီး ကပ် ကာကွယ်စောင့်ရှောက်ရတဲ့အခါမှာ စောင့်ရှောက်ခံရသူ (သို့မဟုတ)် အုပ်စုတခုမှာ အရေးပါတဲ့ပုဂ္ဂိုလ် (Very Important
Person- VIP) တွေ ပါဝင်နေတတ်ပါတယ်။ ဒါ ကြောင့်လဲ VIP/ Close Protection လို့ လုံခြုံရေးလောကမှာ ခေါ်ဝေါ်သုံးနှုံးပါတယ်။

ယေဘုယျအားဖြင့် လူသားတွေဟာ ကိုယ့်ကိုကိုယ် ကာကွယ်စောင့်ရှောက် လေ့ရှိကြပါ တယ်။ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကိုလဲ ခံယူလေ့ရှိကြပါတယ်။


ဒါပေမယ့် နိုင်ငံ တနိုင်ငံရဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်တွေကျတော့ ကိုယ့် ဘာသာကိုယ် ကာကွယ်စောင့်ရှောက်ရုံနဲ့တင်
မလုံလောက်ပါဘူး။ အသက်အန္တရာယ် လုံခြုံရေးကို အနီးကပ်ကာကွယ် စောင့်ရှောက်ပေးနိုင်သူတွေ၊ သက်တော်စောင့်တွေကို အနီးမှာ ထားရှိဖို့ လိုအပ်ပါတယ်။
အစိုးရအဖွဲ့ဝင်တွေကတော့ အုပ်ချုပ်ရေး ယန္တရား တွင်းမှာရှိတဲ့ စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေး အဖွဲ့အစည်းတွေကို အသုံးပြုတတ်ကြပါ တယ်။
အစိုးရအဖွဲ့ဝင်မဟုတ်တဲ့ ထင်ပေါ်ကျော်ကြားသော နိုင်ငံရေး ခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင် ကြီးတွေကကျတော့ နီးစပ်ရာ ပါတီဝင်၊
အဖွဲ့အစည်းဝင်တွေကိုပဲ ဖြစ်ဖြစ်၊ ပရိုက်ဗိတ် လုံခြုံရေးအရာရှိများကို ငှားရမ်းပြီးပဲဖြစ်ဖြစ် တာဝန်ပေးအပ်ရပါ တယ်။ ဒီလိုတာဝန်ပေးအပ်လို့ပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာ
ပါတီဝင်၊ အဖွဲ့အစည်းဝင်များက မိမိတို့ဘာသာ အသိစိတ်နဲ့ပဲဖြစ်ဖြစ် အနီးကပ်ကာကွယ်စောင့်ရှောက်မှုကို ပြုလုပ်တဲ့အ ခါ VIP/ Close Protection နဲ့ ပတ်သက်ပြီး
သိသင့်သိထိုက်တဲ့ အချက်လေးတွေ ရှိပါ တယ်။

လုပ်ကြံမှု သီအိုရီ

လူတယောက်ကို အခြားလူတယောက်ကဖြစ်စေ၊ လူတစုကဖြစ်စေ သေစေလိုသော ရည်ရွယ်ချက်နဲ့ သတ်ဖြတ်လိုက်တဲ့အခါ ဒါကို သတ်ဖြတ်မှု (murder) လို့
ခေါ်ပါတယ်။ သားကောင်ဟာ ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးခေါင်းဆောင် တယောက်ဖြစ်နေခဲ့ရင် တော့ ဒါကို လုပ်ကြံမှု (assassination) လို့ ခေါ်ပါတယ်။
ဒီလိုလုပ်ကြံတဲ့အခါမှာ လုပ်ကြံ သူတွေအနေနဲ့ ပထမဦးစွာ ပစ်မှတ်ကို ရွေးချယ်သတ်မှတ်ကြပါတယ် (subject select ion)။ ပြီးရင် ပစ်မှတ်ရဲ့ လှုပ်ရှားမှုတွေကို
စောင့်ကြည့် လေ့လာပါတယ် (surveillance)။ ပစ်မှတ်သွားလာလေ့ရှိတဲ့ နေရာဒေသတွေရဲ့ ၀န်းကျင်အနေအထားတွေကို သုံးသပ်ပါ တယ်။ ပစ်မှတ်နဲ့
သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းပါတယ် (intelli gence gathering)။ ဒီအချက်တွေ ရပြီးတဲ့အခါမှာ လုပ်ကြံသတ်ဖြတ်မှု အစီအစဉ်ကို
ချမှတ်ပါတယ် (planning)။ ဒါတွေ အားလုံးပြီးမှ အမှန်တကယ် လုပ်ကြံမှုကို ပြုလုပ်ပါ တယ် (execution)။

ဒီလုပ်ကြံမှုဆိုင်ရာ သီအိုရီသဘောတရားတွေကို နားလည်ပြီးမှ လုပ်ကြံသတ်ဖြတ်ခံရ နိုင်တဲ့ risk ရှိတဲ့ နိုင်ငံရေးခေါင်းဆောင်ကို ကာကွယ်စောင့်ရှောက်နိုင်မယ့်


contra measures တွေကို ချမှတ်အသုံးပြုရမှာ ဖြစ်ပါတယ်။ ခေါင်းဆောင်ရဲ့ လုံခြုံရေးတာဝန် ယူထားသူများဟာ

(၁) ခေါင်းဆောင်ရဲ့ ၀န်းကျင်အခြေအနေကို သိရပါမယ်

(၂) ခေါင်းဆောင်ကို အန္တရာယ်ပြုနိုင်မယ့် ရန်သူအခြေအနေကို သိရပါမယ်

(၃) အန္တရာယ် အဆင့်ကို သိရပါမယ် (အသက်အန္တရာယ်၊ ထိခိုက်အနာတရဖြစ်စေမှု အန္တရာယ်၊ ဂုဏ်သိက္ခာညှိုးနွမ်းစေမှု အန္တရာယ်)

(၄) အန္တရာယ်ပြုနိုင်မယ့် လူ (သိ)ု့ အဖွဲ့အစည်းတွေကို ခွဲခြားသတ်မှတ်ရပါမယ်

(၅) လုပ်ကြံသတ်ဖြတ်မှု ပြုလုပ်နိုင်တဲ့ အလားအလာရှိသူများ ခေါင်းဆောင်အနီးကို ရောက်မလာစေဖို့ သတိပြုရပါမယ်။ အလားအလာရှိသူတွေထဲမှာ


အထီးကျန်သမားတွေ၊ ပြိုင်ဘက်တွေ၊ စိတ်ဖောက်ပြန် နေသူတွေ၊ အစွန်းရောက်တွေ ပါဝင်ပါတယ်။

ဒီလုပ်ငန်းဆောင်တာတွေကို ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် အရေးပါသော ခေါင်းဆောင်ရဲ့ လုံခြုံရေးကို အနီးကပ်ကာကွယ်စောင့်ရှောက်ပေးရမယ့် close


protect tion အဖွဲ့တခု ဖွဲ့စည်းထားရှိဖို့ လိုပါတယ်။

Close Protection အဖွဲ့

ဒီအဖွဲ့မှာ ယေဘုယျအားဖြင့် အဖွဲ့ငယ် ငါးမျိုးထပ်ခွဲလေ့ရှိပါတယ်။

(၁) personal escort team

(၂) advance team

(၃) ယာဉ်မောင်းအဖွဲ့

(၄) mobile support team

(၅) Command team

(၁) personal escort team

ဒီအဖွဲ့ငယ်ဟာ အရေးပါ ပုဂ္ဂိုလ်က နေရာ အေကနေ နေရာ ဘီကို သွားတဲ့အခါ နေရာ အေကို ပြန်ရောက်ချိန် အထိ အရေးပါ ပုဂ္ဂိုလ်မှာ ဘယ်လိုထိခိုက်မှုမှ
မရှိအောင် တာဝန် ယူရမယ့် အဖွဲ့ငယ် ဖြစ်ပါတယ်။ ဒီအဖွဲ့ငယ်မှာ အဖွဲ့ခေါင်းဆောင်၊ သက်တော်စောင့်၊ ရှေ့ ကနေသွားရမယ့်သူ (point), နောက်မှလိုက်ပါမည့်သူ (
tail), ဗယ်တောင်ပံလူ (left flank), ညာတောင်ပံလူ ( right flank) ပါဝင်ပါတယ်။

ဒီအဖွဲ့မှာပါတဲ့ အဖွဲ့ခေါင်းဆောင် (Team Leader) ဟာ တာဝန်အရှိဆုံးလူဖြစ်ပါတယ်။ အရေးပါပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကို ထိခိုက်စေမယ့် အရာအားလုံးကို နားရှင်ရှင်၊
မျက်စိရှင် ရှင်နဲ့ သုံးသပ်နိုင်ပြီး၊ လိုအပ်သလို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်သူ ဖြစ်ရပါမယ်။ သက်တော်စောင့် (Body Guard) ဟာ အရေးပါ ပုဂ္ဂိုလ်အနီးမှာ
အချိန်ပြည့် ရှိနေရမယ့် သူ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးခေါင်းဆောင်ဖြစ်ခဲ့ရင် အမျိုးသမီး သက်တော် စောင့် ထားရှိသင့်ပါတယ်။ ပွိုင့်၊ တေးလ်၊ ဗယ်တောင်ပံ၊
ညာတောင်ပံ လူတွေပါ ထပ် ထည့်လိုက်ရင် ခြောက်ယောက်ဖြစ်ပါတယ်။ အရံလူတယောက်ပါ ထပ်ထည့်ပြီး များ သောအားဖြင့် ခုနစ်ယောက်ပါတဲ့
အဖွဲ့ငယ်လေးတွေကို ဖွဲ့လေ့ရှိပါတယ်။
(၂) advance team

အရေးပါပုဂ္ဂိုလ် မရောက်ခင်မှာ သူသွားမယ့်နေရာဒေသကို ကြိုတင်ရှင်းလင်းရေးလုပ်တဲ့ အဖွဲ့ငယ်ဖြစ်ပါတယ်။ များသောအားဖြင့် အဖွဲ့ဝင် ခြောက်ယောက်ခန့်


ပါဝင်လေ့ရှိပါတယ်။ အရေးပါပုဂ္ဂိုလ်က ဟိုတယ်တခုမှာ ညစာစားပွဲသွားတဲ့အခါ ဒီအဖွဲ့ငယ်ဟာ ဟိုတယ်ရဲ့ ၀င်ပေါက်ထွက်ပေါက်၊ ဧည့်ကြိုနေရာ၊ လှေကား၊
ဓာတ်လှေကား၊ ဟိုတယ်ဝန်းကျင် စ တာတွေမှာ လုံခြုံရေးအခြေအနေ စိတ်ချရမှု ရှိမရှိ ကြိုတင်လေ့လာ ရှင်းလင်းရေးလုပ်ဖို့ ဖြစ်ပါတယ်။ အရေးပါ
ပုဂ္ဂိုလ်ရောက်လာချိန်မှာ ၀န်းကျင်လုံခြုံရေး၊ လူအ၀င်အထွက်အ ခြေအနေ၊ သတင်းထောက်တွေရဲ့ လှုပ်ရှားမှု စတာတွေကို အကဲခတ်ပြီး၊ personal escort team
နဲ့ လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။

(၃) ယာဉ်မောင်းအဖွဲ့

အရေးပါပုဂ္ဂိုလ်ရဲ့ ယာဉ်တန်းတွေမှာ ပါဝင်တဲ့ ကားတွေကို မောင်းနှင်သူများ ဖြစ်ပါတယ်။ ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်သူများ၊ အသောက်အစား


ကင်းသူများ ဖြစ်ရပါ မယ်။ ယာဉ်တန်းကို တိုက်ခိုက်ခံရတဲ့အခါ အရေးပါပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကို အဓိကထားပြီး၊ အန္တရာယ်ကြားကနေ ဆွဲထုတ်ရမယ့် အရေးကြီးဆုံး
လူဖြစ်ပါတယ်။ အရေးပါ ပုဂ္ဂိုလ်မှာ ကားအရေအတွက် များများ သုံးနိုင်ခဲ့ရင် အသွား၊ အပြန်မှာ ရှေ့ကား၊ နောက်ကားတွေ ပြောင်းလဲ စီးသင့်ပါတယ်။ အသွားမှာ
ဗယ်ဘက်ထိုင်ရင် အပြန်မှာ ညာဘက်ထိုင်တာမျိုး တွေ လုပ်သင့်ပါတယ်။ ဒီလိုလုံခြုံရေးလှည့်စားမှုတွေမှာ ယာဉ်မောင်းတွေရဲ့ အခန်းကဏ္ဍ က အရေးကြီးပါတယ်။
ကိုယ့်ကားပေါ်မှာ အရေးပါပုဂ္ဂိုလ် အမှန်တကယ် မပါပဲ ပါသ ယောင် မောင်းထွက်ပြီး၊ ရန်သူ့အာရုံကို လှည့်စားရတာတွေလဲ ရှိတတ်တာကြောင့် ယာဉ်
မောင်းအဖွဲ့မှာ ပါမယ့်သူများကို စနစ်တကျ ရွေးချယ်ဖွဲ့စည်းရပါမယ်။

(၄) mobile support team

တိုက်ခိုက်ခံရမှုမှာ လက်နက်ပစ္စည်းနဲ့ စက်ကိရိယာ ပံ့ပိုးပေးတဲ့ အဖွဲ့ငယ် ဖြစ်ပါတယ်။ များသောအားဖြင့် အစိုးရအဖွဲ့ဝင်တွေကို ကာကွယ်စောင့်ရှောက်ရေးမှာပဲ


အသုံးပြုလေ့ရှိ ပါတယ်။ ပရိုက်ဗစ်လုံခြုံရေးမှာတော့ အသုံးပြုလေ့ မရှိပါ။

(၅) Operation Commander and administrative team

ဒီအဖွဲ့ငယ်မှာတော့ အနီးကပ်လုံခြုံရေး အဖွဲ့တခုလုံးကို ကွပ်ကဲရတဲ့ ကွယ်ကဲရေးမှူးနဲ့ နည်းပညာအရ၊ လုပ်ထုံးလုပ်နည်းအရ သူ့ကို ပံ့ပိုးပေးရမယ့်


အုပ်ချုပ်ရေးလက်ထောက် များ ပါဝင်ပါတယ်။

Close Protection အဖွဲ့ဝင်

အရေးပါတဲ့ ပုဂ္ဂိုလ်တယောက်ရဲ့ လုံခြုံရေးကို အနီးကပ်တာဝန်ယူရတဲ့ လုံခြုံရေးအဖွဲ့ဝင် တယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေနဲ့ ကျင့်ဝတ်တွေ


ရှိပါတယ်။ အနီးကပ် လုံခြုံရေး အဖွဲ့ဝင်တွေဟာ သူတို့တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်နဲ့အတူ အများပြည်သူအကြား ကို ၀င်ထွက်သွားလာရမယ့် သူများဖြစ်ပါတယ်။
တနည်းဆိုရင် သူတို့ဟာ အရေးပါ ပုဂ္ဂိုလ်ရဲ့ public image ဖြစ်ပါတယ်။ ဒါကြောင့် ၀တ်စားဆင်ယင်မှု၊ လူအများနဲ့ ဆက်ဆံ မှုတွေမှာ သတိရှိဖို့ လိုအပ်ပါတယ်။
သူတို့တတွေဟာ လူအများနဲ့ ဆက်ဆံရေးမှာ ရည် ရည်မွန်မွန် ဆက်ဆံတတ်သူများ ဖြစ်ရပါမယ်။ အရေးပါပုဂ္ဂိုလ်ဟာ လူအများရဲ့ ၀န်းရံမှု ကို ခံနေရတဲ့ အခါ
(သို့မဟုတ)် သတင်းသမားတွေရဲ့ ဓာတ်ပုံဝိုင်းရိုက်နေခြင်းကို ခံရတဲ့ အခါ ရှေ့ဆက်သွားဖို့ လမ်းပိတ်နေတယ်ဆိုရင် လူထုကို အေးဆေးစွာနဲ့ပဲ ဖယ်ရှားခိုင်းဖို့
ကြိုးပမ်းရပါမယ်။ လူထုကို တွန်းထုတ်ခြင်းကို တတ်နိုင်သမျှ ရှောင်ရှားဖို့ လိုပါတယ်။

နိုင်ငံတကာလုံခြုံရေးနဲ့ သံတမန် အသိုင်းအ၀ိုင်းမှာတော့ close protection အဖွဲ့ဝင်တ ယောက်မှာ PPSS ရှိရမယ်လို့ သတ်မှတ်ထားပါတယ်။

(၁) P- Personal

close protection အဖွဲ့ဝင်တယောက်ရဲ့ သွင်ပြင်လက္ခဏာဟာ ထက်မြက်တက်ကြွမှု ရှိ ရပါမယ်။ မိမိကိုယ်ကို ယုံကြည်မှု ရှိရပါမယ်။ အပြုသဘောနဲ့ ရှုမြင်တတ်မှု
လိုအပ်ပါ တယ်။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ထိန်းချုပ်နိုင်သူ ဖြစ်ရပါမယ်။ စူးစမ်းလေ့လာ တတ်သူဖြစ်ပြီး၊ တာဝန်ယူတတ်သူ ဖြစ်ရပါမယ်။ ဘယ်လောက်ပဲ
စိတ်ရှုပ်ထွေးစရာ ကောင်းတဲ့ အခြေအနေမျိုးမှာမဆို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ဖြေရှင်းတတ်သူ ဖြစ်ရပါ မယ်။

(၂) P- Physical

close protection အဖွဲ့ဝင်တယောက်ဟာ ကျန်းမာသန်စွမ်းသူ ဖြစ်ရပါမယ်။ သပ်သပ် ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း ၀တ်စားနေထိုင်တတ်သူ ဖြစ်ရပါမယ်။
သက်တော်စောင့်ဟာ အရေးပါပုဂ္ဂိုလ်နဲ့ အလုံးအရပ်တူသူ ဖြစ်သင့်ပါတယ်။

(၃) S- Social

close protection အဖွဲ့ဝင်တယောက်ဟာ အရေးပါပုဂ္ဂိုလ်ရဲ့ public image ဖြစ်ပါတယ်။ လူအများကြားမှာ သွားလာလှုပ်ရှားရမယ့်သူ ဖြစ်တဲ့အတွက်
လူမှုဆက်ဆံရေး ဗဟုသုတ ရှိသူဖြစ်သင့်ပါတယ်။ စကားကို ရှင်းရှင်းလင်းလင်း ပြောတတ်ပြီး၊ လူအများနဲ့ ပြေလည် အောင် ဆက်ဆံနေထိုင်တတ်သူတွေ
ဖြစ်ရပါမယ်။ အချိန်တိကျပြီး၊ ယုံကြည်စိတ်ချသင့် တဲ့ လူတွေ ဖြစ်ရပါမယ်။ လူအများနဲ့ ဆက်ဆံရာမှာ လမ်းဘေးစကားများ၊ ရိုင်းပျသော စကားများကို အသုံးပြုမှုမှ
ရှောင်ကြဉ်ခြင်း၊အပြုံးနှင့် ဆက်ဆံခြင်း၊ ကျေးဇူးတင်စကား ပြောခြင်း စတဲ့ Professional Courtesy ကို ကျင့်သုံးနိုင်သူများ ဖြစ်ရပါမယ်။ အရေးပါ တဲ့
ဘယ်ပုဂ္ဂိုလ်က ဘယ်အချိန်မှာ အစည်းအဝေး တက်ရမှာလို့ ရှေ့ကနေ လမ်းဖယ်ပေး ပါ ဆိုတာထက် လမ်းဖယ်ပေးလို့ ရနိုင်မလား ခင်ဗျာ ဆိုတဲ့ စကားလုံးက
လူအများနဲ့ ဆက်ဆံရေးကို ပိုကောင်းမွန်စေတတ်ပါတယ်။

(၄) S- Skills

ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းများအား ခွဲခြားသိမြင်နိုင်မှု၊ လုပ်ကြံသတ်ဖြတ်မှု ဖြစ်စေနိုင် သည့် အခြေအနေများကို သိမြင်နိုင်မှု၊ အချိန်အခါနှင့် အခြေအနေပေါ်
မူတည်ပြီး လှုပ် ရှားတတ်မှု၊ ရှေးဦးသူနာ ပြူစုမှု၊ လိုအပ်ပါက အသုံးပြုနိုင်ရန် ကိုယ်လုံပညာများ တတ် ကျွမ်းမှု စတာတွေ ဖြစ်ပါတယ်။

နိဂုံး

ယခုဆောင်းပါးမှာ အရေးပါသော ပုဂ္ဂိုလ်များအား လုပ်ကြံသတ်ဖြတ်ခံရမှုမှ ကာကွယ် စောင့်ရှောက်ရန် လုံခြုံရေးအဖွဲ့ကို စနစ်တကျဖွဲ့စည်း၍ အဖွဲ့ဝင်များကို


တိကျသော တာ ၀န်ပေးအပ်မှုများ လိုအပ်ကြောင်းနှင့် အဖွဲ့ဝင်များတွင် ရှိသင့်သည့် အရည်အချင်းလိုအပ် ချက်မျာကို ဖော်ပြထားခြင်း ဖြစ်ပါသည်။ VIP/ Close
Protection နဲ့ ပတ်သက်ပြီး အ ခြား သိသင့်သိထိုက်တဲ့ venue protection ၊ foot protection ၊ motorcades prote ction၊ လမ်းကြောင်းတွင် တိုက်ခိုက်ခံရပါက
လုပ်ဆောင်ရမည့် နည်းလမ်းများ၊ သံသယ ဖြစ်ဖွယ် အန္တရာယ်အငွေ့အသက်များ စသည်တို့ကို သီးခြားဆောင်းပါးများဖြင့် ရေးသား ဖော်ပြပါမည်။

ခင်မမမျိုး

(၃၊ ၁၂၊ ၂၀၁၀)

http://www.naytthit.net/
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗီဒီယိုမှတ်တမ်း အသံထွက်ပေါ်လာ

2010-12-04

ပြီးခဲ့တဲ့အပတ်က ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ပတ်သက်ပြီး အသံမပါတဲ့ ဗီဒီယိုမှတ်တမ်းတခု အင်တာနက်မှာ ထွက်ပေါ်ခဲ့ပြီးနောက် ဒီကနေ့ ဗိုလ်ချုပ်ကြီးဟောင်း
ခင်ညွန့်နဲ့ ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီတို့ အပြန်အလှန် ပြောစကားအသံတွေပါတဲ့ ဗီဒီယိုမှတ်တမ်း ထွက်ပေါ်လာပြန်ပါတယ်။

(screenshot of the leaked video)

နေအိမ် အကျယ်ချုပ် ချထားသော ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အား ရိုက်ကူးထားသည့် ဗီဒီယို မှတ်တမ်းတခုတွင် ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီနှင့် စစ်အစိုးရအရာရှိများ
ခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားရန် ပြင်ဆင်နေပုံ ဖြစ်ပါသည်။ (screenshot of the leaked video)

အခုထွက်ပေါ်လာတဲ့ မှတ်တမ်းမှာ သူဟာ အပြင်နဲ့ ဆက်သွယ်ပြီး ဘာတခုမှ လုပ်ဆောင်ခဲ့တာမျိုး မရှိကြောင်း၊ သူ့အပေါ် လုံခြုံရေးအရ သတ်မှတ်ထားတဲ့အတိုင်း
နေနေကြောင်း၊ သူဟာ နိုင်ငံတော် ဆန့်ကျင်နေတဲ့သူ မဟုတ်ပါဘူးလို့ ပြောဆိုသွားသံကို ကြားကြရပါတယ်။

ဒါ့ပြင် သူ့ကို ခေါ်ဆောင်သွားဖို့ ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီက ပြောဆိုတဲ့အခါ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က “သားနှစ်ယောက်လည်း ခေါ်သွားပြီ။ သားမက်လည်း
ထောင်ချထားပြီးပြီ။ အခု ကလေးတွေလည်း တယောက်မှ ကျောင်းမတက်ရဘူး” လို့ ပြောပါတယ်။

အဝတ်အစားတွေ မယူခဲ့ဖို့ ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီက ပြောတဲ့အခါမှာ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်က “ယူသွားမယ်၊ ယူသွားမယ်။ ဘာလို့လည်းဆိုတော့ အရင်
သားတွေ ခေါ်တုန်းကလည်း ဘာမှ ပစ္စည်း မယူရဘူးဆိုပြီး ဘာမှ ပါမသွားဘူး…” ဆိုပြီး ပြောဆိုတာကိုလည်း ကြားကြရပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်တဲ့ ကိုဘိုကြည်က အခုလို မှတ်ချက်ချ ပြောဆိုပါတယ်။

“ကျနော်တို့တွေ ဆိုတာ အဲဒီအချိန်တုန်းက သူတို့ရဲ့ သားအရွယ် သမီးအရွယ်တွေပါ။ ကျနော်တို့တွေကို သူတို့တွေ ဒီလိုပဲ ခနဆိုပြီး ခေါ်သွားတယ်၊ ထောင်ထဲမှာ
နှစ်ပေါင်းများစွာ ကြာတယ်။ အဲလိုပဲ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အမိန့်နဲ့ အဖမ်းခံထားရတဲ့ သန့်ဇော်နဲ့ ညီညီဦး ဆိုရင် အခုချိန်အထိ ထောင်ထဲမှာ အနှစ် ၂၀ ကျော်လောက်
ဖြစ်နေပါပြီ။ သူတို့ဆိုရင် သံလျင်ရေနံချက် စက်ရုံမှာ ဗုံးခွဲတဲ့ကိစ္စနဲ့ သူတို့နဲ့ ဘာမှ မပတ်သက်ဘူး။ အဲဒါကို ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အမိန့်နဲ့ သေဒဏ် ချထားတယ်။
ခုချိန်ထိ ထောင်ထဲကနေ ပြန်လွှတ်မပေးသေးဘူး။ ဒီလိုမျိုးတွေ အများကြီးပဲ။ သူတို့ နှိပ်စက်ခဲ့လို့ မတရားလုပ်ခဲ့လို့ ထောင်ထဲမှာ သေသွားတဲ့
နိုင်ငံရေးအကျဉ်းသားတွေလည်း အများကြီး ရှိနေပါတယ်။ အခု သူခံစားနေရတယ်ဆိုတဲ့ အဖြစ်အပျက်က နိုင်ငံရေးအကျဉ်းသားတွေ၊ ပြည်သူလူထုတွေ
ခံစားနေရတာနဲ့ စာရင် ဘာမှ မရှိသေးပါဘူး”

အပြည့်အစုံကို အာအက်ဖ်အေ ဝိုင်းတော်သား ကိုဥာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

လူ့အခွင့်အရေးတွေအတွက် စာရေးကြပါ

2010-12-04

မြန်မာ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် လန်ဒန် အခြေစိုက် Amnesty International ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးနဲ့
နယူးဇီလန်နိုင်ငံရောက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign New Zealand (BCNZ) အဖွဲ့တို့ ပူးပေါင်းပြီး “Write for Rights”- “မိမိ မွေးရာပါ
လူ့အခွင့်အရေးအတွက် စာရေးကြပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားမှုတရပ်ကို Auckland နဲ့ Wellington မြို့တွေမှာ မနေ့က စတင်ခဲ့တယ်လို့ သိရပါတယ်။
(Photo: Tin Zaw Moe)

စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် မြန်မာ့ ဒီမိုကရေစီ အင်အားစုများ နယူးဇီလန်နိုင်ငံ အော့ကလန်မြို့တော် Aotea square
ရင်ပြင်တွင် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: Tin Zaw Moe)

လောလောဆယ် ပထမဦးဆုံး လှုပ်ရှားမှုအဖြစ် ခန္တီးအကျဉ်းထောင်မှာ ထောင်ဒဏ် ၈ နှစ်ခွဲ ကျခံနေရတဲ့ မစုစုနွေးနဲ့ ပူတာအိုထောင်မှာ ၃၅ နှစ် ကျခံနေရတဲ့
ကိုဇာဂနာ တို့အတွက် လှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ BCNZ အဖွဲ့တာဝန်ခံ ကိုနိုင်ကိုကိုက RFA ကို ပြောပြခဲ့ပါတယ်။

အကြောင်းစုံကို အာအက်ဖ်အေ အဖွဲ့သား ဦးဘအောင်က စုစည်းတင်ပြထားပါတယ်။

လေဘေးသင့်ပြည်သူတွေ အလှူငွေ ၃၉ သိန်း ရရှိ

2010-12-04

ရခိုင်ပြည်နယ် ဂီရိမုန်တိုင်းသင့် ပြည်သူတွေအတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကူညီ ထောက်ပံ့တဲ့ အလှူငွေ ၃၉ သိန်းကို လေဘေးသင့်
ပြည်သူတွေထံ NLD အဖွဲ့ဝင်တွေ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

(Photo: RFA Listener)

ရခိုင်ကမ်းရိုးတန်းသို့ အောက်တိုဘာ ၂၂ ရက်က ဆိုင်ကလုံး ဂီရိ မုန်တိုင်း တိုက်ခတ်ပြီးနောက် လေဘေးဒုက္ခသည်များ ကျောက်ဖြူမြို့ရှိ ဘုန်းကြီးကျောင်းတခုသို့
စုရုံး ရောက်ရှိလာပုံ ဖြစ်ပါသည်။ (Photo: RFA Listener)

ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ လှူဒါန်းလိုက်တဲ့ ကျပ်ငွေ ၃၉ သိန်းကို ရခိုင်ပြည်နယ် NLD အဖွဲ့ဝင်တွေ စုစည်း ဖွဲ့စည်းထားတဲ့ ဂီရိ
မုန်တိုင်းသင့် ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ထောင်ရေး ကော်မတီက ဦးဆောင်ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့က စလို့ မြေပုံ၊ ပေါက်တော၊
ကျောက်ဖြူ စတဲ့ မြို့နယ်တွေ အတွင်းက ကျေးရွာတွေမှာ လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို လှူဒါန်းခဲ့ကြတာနဲ့ ပတ်သက်ပြီး ဦးဆောင် ပါဝင်ခဲ့တဲ့ NLD ဗဟိုဦးစီး အဖွဲ့ဝင်လည်းဖြစ်၊ ရခိုင်ပြည်နယ် တွဲဘက် အတွင်းရေးမှူးလည်း ဖြစ်တဲ့
ဦးသိန်းလှိုင်က အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။

“နိုဝင်ဘာ ၂၄ ရက်နေ့က ဒေါ်စုနဲ့ ကျနော်ရယ် ဒေါ်ညိုအေးရယ်၊ နောက် ကိုစိုးလေးရယ် သုံးယောက် တွေ့ပြီးတော့ အလှူငွေတွေကို လက်ခံတယ်။ နိုဝင်ဘာ ၃၀
ရက်နေ့မှာ မြေပုံမြို့နယ် အမျက်ထွက်ရွာရယ် ပေါက်ကုန်မြို့နယ် သဲတွေရွာ။ ဒီဇင်ဘာ ၁ ရက်နေ့ကျတော့ ကျင်းခြံရယ် နောက် ကွမ်းခြံရွာ။ ဒီဇင်ဘာ ၂ ရက်နေ့မှာ
သရက်ချောင်း ရွာဟောင်း သရက်ချောင်းရွာသစ် သွားပြီးတော့ လှူတယ်။ အိမ်ထောင်စု တစုကို ဆန် ငါးပြီ၊ ငွေ ငါးထောင်စီ လှူတယ်။ အားလုံး ၃၉ သိန်းနဲ့
ငါးသောင်းကျပ်ဖိုး ကျနော်တို့ လှူနိုင်ခဲ့တယ် ခင်ဗျ။ ဒါဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ လှူတဲ့အလှူ ဖြစ်တယ်လို့
ပြောပြတယ်။ သူတို့ကလည်း ဒေါ်စု အပေါ်မှာ အင်မတန်မှ ကျေးဇူးတင်တယ် ဆိုတဲ့အကြောင်းကို ကျနော်တို့ကို ပြောတယ်ခင်ဗျ”

ဂီရိမုန်တိုင်းဒဏ် ခံခဲ့ကြရတဲ့ ကျေးရွာတွေမှာ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေအောင် အမြန်ဆုံး လုပ်ဆောင်ဖို့ လိုအပ်နေသလို မုန်တိုင်းသင့် ပြည်သူတွေထံ
သွားရောက်ကူညီခဲ့တဲ့ ခရီးစဉ် တလျှောက်မှာလည်း လမ်းခရီး အခက်အခဲတွေ ကြုံခဲ့ကြရတယ်လို့ ဦးသိန်းလှိုင်က ဆက်ပြောပါတယ်။

အလှူရှင်တွေက ကူညီကြတယ် ဆိုပေမယ့် တကယ်တမ်း မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ကြုံခဲ့ရတဲ့ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တောစတဲ့ မြို့နယ်တွေအတွင်းက
ကျေးရွာအတော်များများမှာ အရေးပေါ် အကူအညီတွေ လိုအပ်နေဆဲ ဖြစ်သလို ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ အတွက်လည်း
အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ပြီးချိန်မှာပဲ မုန်တိုင်းသင့် ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ထောင်ရေး ကော်မတီဟာ ကျောက်ဖြူမြို့နယ်က
ကျေးရွာ ၆ ရွာလောက်ကို ဆန်အိတ် ၁၀၀ လှူဒါန်းခဲ့သလို နိုဝင်ဘာလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာလည်း ဒေါ်မေ၀င်းမြင့် ဦးဆောင်တဲ့ အဖွဲ့နဲ့အတူ ကျောက်ဖြူနဲ့
မြေပုံမြို့နယ်တွေမှာ ဆန်အိတ် ၁၀၀ နဲ့ အ၀တ်အထည်တွေ လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

http://www.rfa.org/burmese
http://burmese.dvb.no/

You might also like