You are on page 1of 53

ကိုဝေဠုကနေ ဗိုလ်ချူပ်မှုးကြီး ထံ တောင်းဆိုပေးပို့ တဲ့ စာ။

အသင်းအဖွဲ့ ဥပဒေပြင်ရန်နှင့် တွေ့ဆုံဆွေးနွေးရန် ဗိုလ်ချုပ်မှူးကြီးထံ တောင်းဆို

ဖနိဒါ | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၅ မိနစ်

ချင်းမိုင(် မဇ္စျိမ)။ ။ မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ကျောင်းသားများကို လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် ပြုရေး ဥပဒေကို ပြင်ဆင်ဖြည့်စွက်ပေးရန်
စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပြည်တွင်းမှ ယနေ့ စာတစောင်ပို့ခဲ့သလို အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် နအဖ၊ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား အဖွဲ့အစည်းများ တွေ့ဆုံ ဆွေးနွေးဖို့ စာပို့မှုများ ရှိခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ လိပ်မူပြီး စာတိုက်မှပေးပို့ခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂ ဌာနခွဲများ၊ နိုင်ငံတကာ သံရုံးများနှင့် မြန်မာနိုင်ငံရှိ အစိုးရ မဟုတ်သော
အဖွဲ့အစည်းများအားလည်း မိတ္တူကို အီးမေးမှတဆင့် ပေးပို့ခဲ့သည်ဟု ဆိုသည်။

“နိုင်ငံတော် လုံခြုံရေးအတွက် လူမှုအကျိုးပြု လုပ်ငန်းတွေ မြောက်များစွာ ဖြစ်ပေါ်ဖို့ လုပ်ကိုင်ဖို့၊ စိတ်ဆန္ဒ ရှိပါတယ်။ နိုင်ငံသူ နိုင်ငံသားတွေ၊
ကျောင်းသားလူငယ်ထုတွေပါ ဒီစိတ်ဆန္ဒရှိပါတယ်။ ဒါကြောင့် ဒီမရှင်းလင်းတဲ့ ဥပဒေတွေ၊ လိုအပ်နေတဲ့ ဥပဒေတွေကို ရှင်းလင်းအောင် ဖော်ပြပေးဖို့”ဟု
ဒဂုံတက္ကသိုလ်မှ မြန်မာကျောင်းသား ကိုဝေဠု က ပြောသည်။

“နိုင်ငံတခု တည်ဆောင်မယ်ဆိုရင် Civil Society တွေ ဖွံ့ဖြိုးတိုးတက်နေမှ နိုင်ငံနဲ့ လူမျိုးအရွေ့ကို ပိုမို မြန်ဆန်လိမ့်မယ်လို့ ယုံကြည်တယ်လေ။ အဲဒီအတွက် ဒီ Civil
Society တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဥပဒေကို ရှင်းရှင်းလင်းလင်း မြင်မြင်သာသာ ဖော်ပြပေးစေချင်တဲ့ အတွက် တင်ပြတယ်”ဟု သူက ထပ်ပြောသည်။

လူမှုအသင်းအဖွဲ့များ ပိုမိုဖြစ်ထွန်းလာစေရန် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၈ အရ နိုင်ငံသားများ၏


မူလအခွင့်အရေးနှင့် တာဝန်များအကြောင်း ပုဒ်မ ၃၅၄ ပါအချက်များကို ပွင့်လင်းရှင်းလင်းစွာ သိရှိနိုင်ရန် ပြန်လည် ပြင်ဆင်ပေးရန် တင်ပြခြင်းဖြစ်ကြောင်း သူက
ဆိုသည်။

ထို့အပြင် ယနေ့ရက်စွဲဖြင့် “အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော နိုင်ငံတော် အေးချမ်းသာယာရေးနှင့်


ဖွံ့ဖြိုးရေးကောင်စီ၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ပါဝင်သင့် ပါဝင်ထိုက်သော လူပုဂ္ဂိုလ်၊
အဖွဲ့အစည်းများနှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေး အကောင်အထည် ဖေါ်ဆောင်ပေးပါရန်” မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများ (M.D.C) အဖွဲ့မှလည်း
ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာရေးသား ပေးပို့ တောင်းဆိုထားကြသည်။

“ယနေ့အချိန်အခါသည် နိုင်ငံတော်နှင့် ပြည်သူများအတွက် အရေးတကြီး အလိုအပ်ဆုံးသော အရာမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်


တွေ့ဆုံဆွေးနွေးရေးပင် ဖြစ်ပေမည်ဟု” ၄င်းတို့ယုံကြည်ကြောင်း စာတွင် ဖော်ပြပါရှိသည်။

M.D.C မှ ကိုသိန်းအောင်မြင့်က “သူတို့တွေ စဉ်းစားနိုင်မယ်လို့ ကျနော်တို့ထင်ပါတယ်၊ ဘာလို့လဲ ဆိုတော့ ကနေ့ဆိုရင် ထိုင်းပြည်ဟာ ချွတ်ခြုံကျ ဆင်းရဲနေရပြီး
တိုင်းရင်းသားတွေနဲ့ စစ်ပွဲတွေဟာလဲ ဆက်လက် ဖြစ်ပွားနေဆဲပါ၊ ဒါတွေကို ဘယ်သူကမှ မမြင်ချင်ပါဘူး” ဟု ဆိုသည်။

စစ်အစိုးရကလည်း ရွေးကောက်ပွဲ ရလဒ်ဖြင့် ပြည်သူ့လွှတ်တော် ခေါ်ယူနိုင်ရေးကို ဦးတည် ဆောင်ရွက်နေသကဲ့သို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့်


တိုင်းရင်းသား ခေါင်းဆောင်တချို့ကလည်း ဒုတိယ ပင်လုံ ညီလာခံတရပ် ကျင်းပနိုင်ရန် ဆောင်ရွက်နေသည့် ယင်းဦးတည်ချက် (၂)ရပ်လုံးသည် တိုင်းပြည်
အနာဂတ်အတွက် လိုအပ်မှုများပင် ဖြစ်သည်ဟု စာတွင် ရေးသားဖော်ပြသည်။

ယခင်က ထိုကဲ့သို့ စာရေးသားပေးပို့မှုများ ရှိခဲ့သော်လည်း မည်သည့်အကြောင်း ပြန်ကြားချက်မှ မရှိဘူးကြောင်း သူက ဆက်ပြောသည်။

ထိုလိုအပ်ချက်များကို မျက်ကွယ်ပြုနေပါက မလိုလားအပ်သောပြဿနာများကို ဖိတ်ခေါ်နေသလို ရှိနေသောကြောင့် ပြည်သူများ လိုလားနှစ်သက်ကြမည်


မဟုတ်ဟု ယနေ့ပေးပို့သော စာတွင် ဖော်ပြပါရှိသည်။

ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများ (MDC) အဖွဲ့ကို ၂ဝဝ၇ ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ဦးဆောင်ဆန္ဒပြလေ့ရှိသည်။ ၂ဝဝ၇
ဧပြီ ၂၂ က သင်္ကန်းကျွန်း စံပြဈေးရှေ့တွင် (MDC)အဖွဲ့က ဦးဆောင်ဆန္ဒပြသူ (၈)ဦးကို အာဏာပိုင်များက ရိုက်နှက် ထိုးကြိတ်၍ ဖမ်းဆီးခဲ့ဖူးသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ဝဝဝ ပြည့်နှစ်က တွေ့ဆုံခဲ့ဖူးသေးသော်လည်း ဗိုလ်ချုပ်မှူးကြီးဘက်က နိုင်ငံရေး အခြေခံသော


စကားမပြောခဲ့ပေ။

“အတူတကွ လက်တွဲလုပ်ဆောင်ချင်တဲ့ ဘက်နှစ်ဘက်အနေနဲ့ တယောက်နဲ့ တယောက် တဖက်ဖက်ကစပြီး စကားပြောဖို့ဟာ အရေးအကြီးဆုံးကိစ္စ ဖြစ်သင့်တယ်“


ဟု ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုဝင်ဘာလ(၁၃)ရက် ပြန်လည်လွတ်မြောက်လာပြီး နောက်ပိုင်း မဇ္ဈိမနှင့်အင်တာဗျူး တခုတွင် ပြောဆိုထားဖူးသည်။

မတ်လ ကျောက်မျက်ပွဲအမီ နေပြည်တော်မှာ ဟိုတယ်တိုး

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၄၆ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ မတ်လ နေပြည်တော်ကျောက်မျက်ပြပွဲအမီ နေပြည်တော် ဟိုတယ်ဇုန်ရှိ ဟိုတယ်များ အခန်းများ ထပ်တိုးချဲ့ကာ ဆောက်လက်စ
ဟိုတယ်များ အမြန်ပြီးစီးရန် ကြိုးစားနေကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ က နေပြည်တော်တွင် ပထမဆုံး ကျင်းပသည့်ကျောက်မျက်ပြပွဲလာ ဧည့်သည် အရေအတွက်အနေအထားကို မူတည်ကာ


မတ်လကျောက်မျက်ပွဲတွင် ဧည့်သည်အခန်းများလုံလောက်မှုရှိစေ
ရန် ဆောင်ရွက်နေကြသည်။

“လာမယ့် မတ်လ ကျောက်မျက်ပွဲမှာ ဧည့်သည်


အရေအတွက် ထပ်တိုးလာမယ်လို့ ကျောက်မျက်ပြပွဲ ကော်မတီက ပြောတယ်၊ ဒါကြောင့်
လက်ရှိ လည်ပတ်နေတဲ့ ဟိုတယ်တွေကလဲ အခန်းတွေကို ထပ်တိုးကြတယ်၊
အသစ်တွေလဲ ဆောက်လက်စတွေ အပြီးသတ်ဖို့ အမြန် ပြင်ဆင်နေကြတာပေါ့” ဟု
စကိုင်းပဲလေ့စ် ဟိုတယ်မှ တာဝန်ရှိသူက ပြောသည်။

ရွှေ့ဆိုင်းကျင်းပခဲ့သော ၂ဝ၁ဝ ပြည့်နှစ် နှစ်လည် ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာ


၁၇ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သော နေပြည်တော်တွင် ပထမဆုံးကျင်းပသော
ကျောက်မျက်ပြပွဲကို ပြည်တွင်း ပြည်ပကုန်သည် ၆၇၅ဝ တို့ တက်ရောက်ခဲ့သည်။

နေပြည်တော်တွင်လက်ရှိလည်ပတ်နေသောဟိုတယ်အခန်းပေါင်း စုစုပေါင်း ၁၅ဝဝေ


ကျာ်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“နိုဝင်ဘာလတုန်းက ကျမတို့ဟိုတယ်ကို နဂိုအခန်းထက် ပိုပြီး တိုးလိုက်တယ်၊ အရင်က


၄၀ ကျော်၊အခု ၅၀ကျော်လောက် ထပ်တိုးနေတယ် ၊ကျောက်မျက်ပွဲအမီ အခန်းစုစုပေါင်း
၅၀ ကျော်လောက် ထပ်ချဲ့ခဲ့ရတယ်၊ နေပြည်တော်ဟာ ဧည့်သည်တွေ တကူးတက
MCC Center ၁၁ ၁၁၁၁ ကကကကကကကကကကကကကက
လာလည်တာထက် အလုပ်ကိစ္စကြောင့် လာတဲ့သူတွေ များတယ်၊ ဒါကြောင့် ဧည့်သည်
ပြတ်တယ်ဆိုတာ မရှိသလောက်ပဲ” ဟု ရွိုင်ရယ် ကုမုဒြာဟိုတယ် -
ဈေးကွက်တာဝန်ရှိသူက ပြောသည်။

အမရာဟိုတယ်တွင် စုစုပေါင်းအခန်း ၆၄ခန်းတိုးချဲ့ခဲ့ရာ ယခုပြီးခါနီးဟု အဆိုပါဟိုတယ်မှ အရောင်း တာဝန်ခံ တဦးက ပြောသည်။

“အမရာ ဟိုတယ်မှာလက်ရှိ အခန်း ၆၇ခန်းရှိပါတယ်။ နိုဝင်ဘာလ ကျောက်မျက်ပွဲ အမီ ၆၄ ခန်း ထပ်ပြီး


တိုးချဲ့ခဲ့တယ်။ ပြီးသလောက် ဖွင့်ခဲ့နိုင်တယ်၊ ကျန်တာတွေကို မကြာခင် ပြီးအောင် တည်ဆောက်နေတယ်”ဟု
ယင်းက ပြောသည်။

လည်ပတ်နေသော ဟိုတယ်များ အနက် အော်ရီယံပဲလေ့စ် ဟိုတယ်၊ ဟိုတယ်သင်္ဂဟ တို့တွင်လည်း အခန်းများ ထပ်မံတိုးချဲ့နေကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှလည်း အခန်းလိုအပ်ချက် မရှိစေရန် ဆောင်ရွက်ရမည်ဟု ဟိုတယ် လုပ်ငန်းရှင်များကို ထုတ်ပြန် ကြေညာထားကြောင်း
ဟိုတယ် လုပ်ငန်းရှင်များက ဆိုသည်။

“နေပြည်တော်မှာ ကျောက်မျက်ပွဲ လုပ်တော့မယ် ဆိုကထဲက အခန်းတွေ လိုတယ်၊ တည်းခိုဖို့ အခက်အခဲရှိတယ် ဆိုတာမျိုးတွေ မဖြစ်စေဖို့ ဟိုတယ်ခရီးက
လုပ်ငန်းရှင်တွေကို ပြောထားတယ် ”ဟု နေပြည်တော် ဟိုတယ်လုပ်ငန်းရှင် တဦးက ပြောသည်။

ကျောက်မျက်ပြပွဲအမီ တည်ဆောက်နေသည့် ဟိုတယ်များမှာ Junction ဟိုတယ်၊ ဇမ္ဘူသီရိဟိုတယ်၊ ကောင်းကင်နန်းတော် ဟိုတယ်၊ မင်္ဂလာသီရိဟိုတယ်၊ တုံဂပူရီ
ဟိုတယ်၊ မန်းမြန်မာဟိုတယ်၊ မြင့်မိသားစု ဟိုတယ်၊ Country ဟိုတယ်နှင့် Golden Land ဟိုတယ် တို့ ဖြစ်သည်။

ဒီကေဘီအေနှင့် ၄ ရက်မြောက် တိုက်ပွဲ

ကျော်ခ | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၂၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်တွင် နယ်ခြားစောင့်တပ်ပြောင်းရေး လက်မခံသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် ဒီကေဘီအေ
နှင့် စစ်အစိုးရတပ်များ ၄ ရက်မြောက် တိုက်ပွဲ ဆက်ဖြစ်ပွားနေကြောင်း ဒီကေဘီအေ ဗဟို ဌာနချုပ်က ယနေ့မနက်ကပြောသည်။

ယနေ့မနက်ပိုင်း မြဝတီမြို့နယ် ဖလူးလေး ဘုရားကုန်းတွင် ဗိုလ်မှူးကြီးကျော်သက် ဦးစီးသည့် ဒီကေဘီအေ ကလို့ထူးဖော အမှတ် ၂ ဗျူဟာ တပ်ရင်းများနှင့်
စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနချုပ် ၁၂ လက်အောက်ခံ ခမရ ၅၄၇၊ ၃၅၆၊ ခလရ ၂၃ဝ တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဆိုသည်။

“ကျနော်တို့ ဘက်က ဗျူဟာမှူး ဗိုလ်ကျော်သက် လက်အောက်ခံ တပ်ရင်းတွေနဲ့ စစ်တပ်နဲ့ ဒီနေ့မနက်ပိုင်း ဘုရားကုန်း မှာ ပစ်နေကြပြီ။ အခုအချိန်ထိ
တိုက်နေတုန်းပဲ ထိခိုက်၊ အသေအပျောက်ကတော့ ဘာစာရင်းမှ မရသေးဘူး” ဟု ဒီကေဘီအေ ဗဟိုဆက်သွယ်ရေးဌာနချုပ်မှ ဗိုလ်မှူး ချစ်စရာက မဇ္ဈိမကို
ပြောသည်။

ယနေ့မနက် ၁၁ နာရီ ၂၅ မိနစ်က စတင်ပစ်ခတ်ခဲ့ပြီး မဇ္ဈိမက ဒီကေဘီအေ ဗဟို ဌာနချုပ်သို့ ဆက်သွယ်မေးမြန်းချိန် ထိုင်းစံတော်ချိန် ၁ နာရီ ခွဲထိ
တိုက်ခိုက်နေသေးကြောင်း သိရသည်။

မြဝတီမြို့နယ်တွင် တိုက်ပွဲဖြစ်နေချိန် ကော့ကရိတ်မြို့နယ်ေ ဝါလေဒေသ ကနဲလေးတွင်လည်း ၉ဝ၉ တပ်ရင်းနှင့် ကလို့ထူးဘော ဗဟို လုံခြုံရေး တပ်ခွဲတို့
ပူးပေါင်း၍ ဗိုလ်မှူး ဗညားဝင်း ဦးစီးသည့် ခလရ ၄ဝ၉ စစ်ကြောင်း ၂ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒီကေဘီအေဘက်က ပြောသည်။

“ဒီနေ့မနက် ၇ နာရီလောက်က ကနဲလေးဂွင်မှာ နှစ်ဖက်ပစ်ခတ်တုန်း ပြေးလွှားရင်းနဲ့ ကျနော်တို့ ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဒဏ်ရာရသွားတာ။ မနေ့ကလဲ
အဲဒီမိုင်းဂွင်ထဲမှာပဲ ဗိုလ်မှူးဗညားဝင်းတပ်ကပဲ ၂ ယောက် မိုင်းနင်းမိပြီး ခြေထောက်တွေ ပြတ်ကုန်တယ်” ဟု ဗိုလ်မှူး ချစ်စရာက ပြောသည်။

စစ်အစိုးရက နယ်စပ်တွင် ပြန်လည်ပေါ်ပေါက်နေသောတိုက်ပွဲများနှင့် ပတ်သက်၍ ရေငုံနှုတ်ပိတ်နေဆဲ ဖြစ်သည်။

အဆိုပါ ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကြီး၊ ဖလူးလေးနှင့် ကော့ကရိတ် ဝေါလေဒေသတွင် ယခုလ ၁၈ ရက်ကစ၍ဖြစ်ပွားသော တိုက်ပွဲများကြောင့် လူ ၅ဝဝ
ကျော် စစ်ဘေးတိမ်းရှောင်ကာ ထိုင်းနိုင်ငံဘက် ရောက်ရှိလာကြောင်း ထိုင်းနယ်စပ်မြို့ မဲဆောက်အခြစိုက် မယ်တော်ဆေးခန်း ကျန်းမာရေးမှူး ဦးသာဝင်းက
ပြောသည်။

ဒုက္ခသည်များ ထိုင်းအာဏာပိုင်များထံ တရားဝင်ခိုလှုံခွင့် တောင်းဆိုပါက သေနတ်သံများ ငြိမ်သွားလျှင် ချက်ချင်းပြန်ပို့မည်ကို စိုးရိမ်ကြသဖြင့် မဲဆောက်မြို့၊


ဖုတ်ဖရာ့၊ မဲ့ကိုကင်းရွာရှိ အသိအိမ်များနှင့် လယ်တဲများ၊ စိုက်ပျိုးရေးခြံများ၊ သစ်ပင်များနှင့် သောင်ရင်း ချောင်းဘေးများတွင် မိုးကာစများခင်း၍ ပုန်းအောင်း
ခိုလှုံနေကြသည်ဟု ဦးသာဝင်းက ပြောသည်။

အကယ်၍ နအဖ စစ်တပ်က အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့ပါက အင်အား ၁ဝဝဝ ကျော်သာရှိသည့် ဒီကေဘီအေ အနေဖြင့် ပြန်လည် ခုခံနိုင်စွမ်းမရှိပေမည့်
နိုင်ငံရေးအရ မဖြေရှင်းမချင်း ပြောက်ကျားစနစ်ဖြင့် စစ်အစိုးရကို လက်နက်ကိုင်တိုက်သွားမည်ဟု ဗိုလ်မှူးစောအေဝမ်းက ပြောသည်။

ဦးကျော်ငြိမ်းနှင့် တိုင်း ၆

ဘိုဘိုကျော်ငြိမ်း | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၁၀ နာရီ ၅၀ မိနစ်

စာပေလောကမှာ စိတ်ကူးနဲ့ ဇာတ်ကောင်တွေကိုထွင်ပြီး ဝတ္တုရေးတာကို Fiction လို့ ခေါ်ပါတယ်။ အကြောင်းအရာ အချက်အလက်ကို မှီပြီးရေးတာကို non-
fiction လို့ ခေါ်ပါတယ်။ Non-fiction မှာ အထူးသဖြင့် ရာဇဝင်အကြောင်း ရေးပြီဆိုရင် အချက်အလက်ကို ထွင်လို့ မရသလို သွေဖီလို့မရပါဘူး။ အတိုချုပ်
ရေးတာဗျ ဆိုပြီး ရောထွေးပစ်လို့လဲ မရပါဘူး။

ဥပမာ ဦးကျော်ငြိမ်း က တိုင်း(၆) နိုင်ငံရေးမှူး ၊ဒါက အချက်အလက် (fact)။ ဦးကျော်ငြိမ်း တိုင်း (၆) ကို ရောက်မလာလို့ ဗိုလ်ချုပ် ကျော်ဇောက ဦးကျော်ငြိမ်း ကို
သူရဲဘော နဲတယ်လို့ ကောက်ချက်ချတယ်။ ဒါက သုံးသပ်ချက် - အမြင် (Opinion)။ မှားတာ မှန်တာ အပထားလို့ သူ့ အမြင် သူရှိခွင့်ရှိတယ်။ ဒါ လွတ်လပ်စွာ
တွေးခွင့် ပြောဆိုခွင့်ကို ယုံကြည်ရင်ပေါ့။ တချိန်ထဲမှာ ဦးကျော်ငြိမ်းဘက်က ပြန်ချေပခွင့်ရှိတယ်။ ကျနော်က သားတယောက်အနေနဲ့ ပြန်ချေပ ပြီးပြီ။ စာဖတ်သူတွေ
သုတေသီတွေ ရာဇဝင်ဆရာတွေ ဆုံးဖြတ်ကြပါစေ။

သာမန် အပေါ်ယံကြော အမြင်နဲ့ကြည့်ရင် ဗိုလ်ချုပ်ကျော်ဇောလို ပုဂ္ဂိုလ်ကြီးက ရေးတာဆိုတော့


မှန်နိုင်တာပေါ့၊ ယုံချင်စရာပေါ့။ ဒါပေမဲ့ ခရစ်တီကယ် တွေးခေါ်မှု နဲ့တိုင်းတာကြည့်ရင် ဗိုလ်ချုပ်ကျော်ဇောက
ကကကကကကကကကကကကကကက ကကကကကက ကကကကကကကကကကကကကက
ဦးကျော်ငြိမ်းကို ဒီလိုကောက်ချက်ချရအောင် ဘာအထောက်အထားတွေ ရှိလို့လဲ၊ ဦးကျော်ငြိမ်းအကြောင်း
ကကကကကကကကကက ကက ကကကကက ကကကကကကကကကကကက ကကကကကကကကကက
နီးနီးကပ်ကပ် သိလို့လား၊ ကွန်မြူနစ်အမြင်နဲ့ ရေးတာလား။ တာဝန်ကျရာတိုင်းကို မရောက်လာတာ ဘာ reconcile ကကကကက ကကကကကကကကကကက ကကကကကကကကကကက
အကြောင်းများ ရှိသလဲ။ “ကကကကက” ကကကကကက ကကကကကက “”

ဗိုလ်ချုပ်အောင်ဆန်းက စစ်တိုင်း (၁) တာဝန်ကို ဗိုလ်မောင်မောင်ကို လွှဲပေးလိုက်တဲ့အခါ နိုင်ငံရေးမှူး ကိုဗဟိန်းလဲ တာဝန်ကျရာတိုင်းကို မရောက်လာတော့ဘူး။
ဒါဆို ကိုဗဟိန်းရော သူရဲဘောနည်းတာလား စသည်စသည်ဖြင့် တွေးမယ် မေးမယ်၊ ခရစ်တီကယ် တွေးခေါ်မှု ရှိခဲ့ရင်ပေါ့။

ဦးကျော်ငြိမ်းနဲ့အနီးကပ် လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့တဲ့ ဦးနုက တာတေစနေသား စာမျက်နှာ (၁၃၇) မှာ ဦးကျော်ငြိမ်း ဟာ သတ္တိရှိတယ်လို့
အတိအလင်းရေးခဲ့ပါတယ်။

ဦးကျော်ငြိမ်းဟာ အခုပြောခဲ့တဲ့လူစားမျိုးမှာ မပါဘူး သူဟာသတ္တိ ရှိတယ်၊ သာယာစီးတွေ အချောင်သမားတွေ၊ ခွတုပ်တွေလုပ်နေတဲ့ အလုပ်မျိုး သူမလုပ်ဘူး။
ရန်သူကို စစ်ကျေညာပြီး ချနေတာပဲ။ ....သူ့ကိုသာ ရန်သူက ဖမ်းမိသွားရင် လူထုရုံးတော်ကိုတောင် တင်နေမှာမဟုတ်ဖူး။ ချက်ချင်းကားစင်တင်၊ ရင်ခွဲ ၊ အူအသဲကို
ထုတ်ပြီး အစိမ်းလိုက် ဝါးစားပြစ်ကြလိမ့်မယ် ထင်တယ်။ ဒီလိုလုပ်ကြမယ်ဆိုတာကို ဦးကျော်ငြိမ်း ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ ဒါကို နဲနဲကလေးမှ
သူစောက်ဂရုမစိုက်ဖူး။ သူ့အစီအစဉ်အတိုင်း သူဆက်သွားနေတာပဲ။

ဦးနု နဲ့ ဗိုလ်ချုပ်ကျော်ဇော - ဘယ်သူက ဦးကျော်ငြိမ်း အကြောင်း ပိုသိမယ်ထင်ပါသလဲ။ ဘယ်သူ့ သုံးသပ်ချက်က ပိုမှန်နိုင်တယ် ထင်ပါသလဲ။
လွတ်လပ်စွာပြောဆိုခွင့်ကို ယုံရင် လွတ်လပ်စွာတွေး ခေါ်ခွင့်ကို လက်ခံရမှာပဲ။ တွေးခွင့်ရှိတယ်၊ အမြင် (Opinion) ရှိခွင့်ရှိပါတယ်။

ဒါပေမဲ့ အချက်အလက်ကို ဘယ်တော့ ဘယ်သူမှ ပြောင်းခွင့် မရှိပါဘူး။ ဗိုလ်ချုပ်ကျော်ဇောပင် ပြောင်းခွင့်မရှိပါဘူး။ ဝင်းတင့်ထွန်းရဲ့ ချေပချက်ကို သုံးသပ်ရရင်
အချက်အလက် (facts) နဲ့ မိမိအမြင် (Opinion)ကို မခွဲခြားနိုင်ဘူးဆိုတာ ထင်ရှားပါတယ်။

တိုင်းတာဝန်တွေခွဲကြတော့ ဦးကျော်ငြိမ်းက တိုင်း(၆) နိုင်ငံရေးမှူး၊ သခင်ချစ်က တိုင်း (၄) နိုင်ငံရေးမှူး၊ သခင်ဗဟိန်းက တိုင်း (၁) နိုင်ငံရေးမှူး၊ ဦးဗဆွေက
ရန်ကုန်တာဝန်ခံ။ ဒါတွေက ပြင်လို့မရတဲ့ အချက်အလက် တွေပါပဲ။ ဒါ ခေါင်းဆောင်တွေအားလုံး စုံပြီး သဘောတူခဲ့ကြတာ။

အကြောင်းကြောင်းကြောင့် တိုင်းကို ရောက်မလာတာတပိုင်း၊ ဦးကျော်ငြိမ်းသော်လည်းကောင်း ကိုဗဟိန်းသော်လည်းကောင်း ၎င်းတို့ တိုင်းသို့ မသွားနိုင်လျှင်


၎င်းတို့နေရာတွင်ရှိရာလူကို တိုင်းတာဝန်ရှိသူတို့က အစားထိုး ခိုင်းနိုင်တယ်။ သို့သော် နောင်တချိန်မှ ရာဇဝင် အကြောင်းရေးသူက ဦးကျော်ငြိမ်းသည်
ရန်ကုန်တွင်ရှိနေ၍ ဦးဗဆွေကြီးနှင့်အတူ ရန်ကုန်တိုင်းတာဝန်ခံ ဖြစ်စေသတည်းလို့ လုပ်၍ မရပါ။

(ဂျပန်တော်လှန်ရေးအစမှာ ဂျပန်တွေရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ ဦးဗဆွေ လွတ်မြောက်ရေးအတွက် လုံးပန်း အားထုတ်ဖို့ တာဝန်ကျရာ တိုင်း (၃) ကို
မလိုက်နိုင်တော့တဲ့ ဦးကျော်ငြိမ်းဟာ ရန်ကုန်မှာပဲ လှည့်လည် ရှောင်တိမ်းရင်း ရန်ကုန်တာဝန်များကို ထမ်းဆောင်ပါတယ်လို့ ဝင်းတင့်ထွန်းရဲ့ အမှောင်ကြားက
ဗမာပြည်စာအုပ် စာမျက်နှာ ၃၉ မှာ ဖော်ပြထားပါတယ်။ အယ်ဒီတာ)

ဦးကျော်ငြိမ်း ဟာ တိုင်း(၆) နိုင်ငံရေး တာဝန်ခံဆိုတာ (ပြင်) ၍မရတဲ့ အချက်အလက် ဖြစ်တာကြောင့်ပါပဲ။ ဦးကျော်ငြိမ်းဘာကြောင့် တိုင်း(၆) ကိုမသွားရသလဲ
ဆိုတာ ကျနော် ဗိုလ်ချုပ်ကျော်ဇောဆိုတဲ့ ဆောင်းပါးမှာ ရှင်းခဲ့ပြီးပါပြီ။

(၁) ဦးဗဆွေကြီးကို ဂျပန်ကင်တိုင်က ဖမ်းသွားတော့ နောက်ဆုံးအချိန်ကျမှ ပျဉ်းမနားကို မသွားနိုင်တော့လို့ ဦးကျော်ငြိမ်းနဲ့ ဦးလှမောင်တို့က ဦးဗဆွေကြီး
လွတ်မြောက်ရေး အတွက် ဆောင်ရွက်ခဲ့ကြရသည်ဟု ဒေါက်တာမောင်မောင်က ၁၉၅၅ မတ်လထုတ် ဂါးဒီးယန်း II, စာမျက်နှာ (၉) မှ (၁၉) တွင် ရေးခဲ့သည်ကို
ဒေါက်တာမောင်မောင် ဇနီး၏ခွင့်ပြုချက်ဖြင့် Dr Robert Taylor ထုတ်ဝေတဲ့ Dr. Maung Maung Gentleman Scholar Patriot ဆိုတဲ့စာအုပ် စာမျက်နှာ (၁၃၈)
မှာ ဖေါ်ပြထားပါတယ်။ ဒေါက်တာမောင်မောင်က ဦးကျော်ငြိမ်းနဲ့ တွေ့ဆုံဆွေးနွေးပြီးမှ ရေးသားခြင်းဖြစ်တယ်။ ဗိုလ်ချုပ်ကျော်ဇောအကြောင်းလဲ
အခန်းတခန်းပါတယ်။

(၂) နောက် အရေးကြီးသော အကြောင်းတရပ်မှာ ကွန်မြူနစ် ဆိုရှယ်လစ် ပဋိပက္ခမှာ ကြီးမားရာ တဖက်နှင့် တဖက် သံသယဝင်မှုမှာ မသေးငယ်ပါ။ ထို့ကြောင့်
စစ်တိုင်းတွေခွဲကြအပြီး နိုင်ငံရေးမှူးတွေခွဲကြရာမှာ ဗိုလ်ချုပ်ကျော်ဇောကဖိတ်ခေါ်ရာ ဦးကျော်ငြိမ်းကငြင်းပယ်ကာ ကျုပ် ဗိုလ်ရဲထွဋ်တိုင်းကိုသွားမယ်လို့ တိုင(်း ၆)
ကိုရွေးချယ်ခဲ့ကြောင်း ရေးပြခဲ့ပြီးပါပြီ။ ထို့နည်းတူစွာ ကွန်မြူနစ် ကိုဗဟိန်းလဲ ဗိုလ်ချုပ်အောင်ဆန်းအစား ဆိုရှယ်လစ် ဗိုလ်မောင်မောင်ဦးစီးသော စစ်တိုင်း(၁) သို့
မသွားတော့ပါ။
(မှတ်ချက်။ ရှုပ်ထွေးသောနိုင်ငံရေး အခြေအနေနောက်ခံကို ထည့်မတွက်ပဲ လိုရာဆွဲရေးလျှင် ပြည့်စုံမည်မဟုတ်ပါ)

ဖတပလ (AFO) ကို ဖွဲ့ကြတော့ သခင်ချစ်ဟာ ပြည်သူ့အရေးတော်ပုံပါတီ ကိုယ်စားလှယ် အနေနဲ့ တက်လာတာပါ။ ကွန်မြူနစ်ပါတီ ကိုယ်စားလှယ် အနေနဲ့
မဟုတ်ပါ။ တော်လှန်ရေးအပြီး နောင်ကွန်မြူနစ်ပါတီ အလံထောင်မှ တရားဝင် ကွန်မြူနစ် ဖြစ်သွားသူပါ။ ဒီအချက်ကို ကြည့်ရင် တော်လှန်ရေးပြီးမှ
သခင်ချစ်ကိုကွန်မြူနစ်လို့ သတ်မှတ်လို့ ရပါမယ်။ တော်လှန်ရေးကာလမှာ သခင်ချစ်ဟာ ပြည်သူ့အရေးတော်ပုံပါတီခေါင်းဆောင်သာဖြစ်ပေတယ်။
ဤရာဇဝင်အချက်အလက်ကိုလဲ (ပြင်) ၍ မရပါ။

ထို့ကြောင့် အချက်အလက်အမှန်က ပြည်သူ့အရေးတော်ပုံ ပါတီက ဦးကျော်ငြိမ်း သည် တိုင်း (၆) နိုင်ငံရေးတာဝန်ခံ၊ ပြည်သူ့အရေးတော်ပုံ ပါတီက သခင်ချစ်က
တိုင်း (၄) နိုင်ငံရေးတာဝန်ခံ၊ ပြည်သူ့အရေးတော်ပုံ ပါတီက ဦးဗဆွေကြီးက ရန်ကုန် နိုင်ငံရေး တာဝန်ခံ။ ထို့ကြောင့် ဝင်းတင့်ထွန်း ရေးတဲ့ တိုင်း နိုင်ငံရေးမှူးများမှာ
ကွန်မြူနစ်ပါတီမှချည်း ဖြစ်ကြသည်ဆိုသည်မှာ အချက်အလက်မမှန် အဓိပ္ပာယ် မရှိပါ။

ဝင်းတင့်ထွန်းက ပြန်လည်ခြေပရာမှာ အောက်ပါအတိုင်းရေးခဲ့ပါတယ်။

အဲဒီနိုင်ငံရေးမှူးတွေကို ပြန်ကြည့်လိုက်ပါ။ အကုန်လုံးဟာ သခင်ချစ်ကလွဲပြီး အဲဒီတုန်း က ကွန်မြူနစ်ပါတီကချည်းမဟုတ်လား။ ဘိုဘိုကျော်ငြိမ်းက


ကပ်လုံးထောက်လုံးအဖြစ် ထောက်ပြချင်တဲ့ သခင်ချစ် ကိုယ်တိုင်ပင်လျှင် ပြန်ကြည့်ပါ။ အဲဒီလို တာဝန်ခွဲကြတဲ့ မတ်လဆန်းကအထိပဲ “ပြည်သူ့အရေးတော်ပုံပါတီ
” ဆိုင်းဘုတ်နဲ့ဖြစ်နေပြီး မေလဆန်း ကွန်မြူနစ်ပါတီဌာနချုပ် ဗားကရာမှာ ဖွင့်လိုက်ပြီးတဲ့နောက်ပိုင်း ကွန်မြူနစ်ပါတီဝင်အ ဖြစ်
အတိအလင်းပြောင်းလဲဖေါ်ပြလိုက်တယ် မဟုတ်လား။ သေတဲ့အထိလဲ ကွန်မြူနစ် ကြီးအဖြစ် ပြတ်ပြတ်သားသားဖေါ်ပြသွားခဲ့ပြီး တပါတီလုံးရဲ့
အတွင်းရေးမှူးကြီးအဖြစ် နဲ့တောင် ရပ်တည်ဖေါ်ပြသွားခဲ့တယ် မဟုတ်လား။ ဒါကြောင့် အတိုချုပ်အဖြစ် ကွန်မြူနစ် ပါတီကချည်းလို့ ဖေါ်ပြခဲ့မိတာဟာ
ဘိုဘိုကျော်ငြိမ်းပြောသလို ကြီးကျယ်တဲ့ လိုရာဆွဲ ကောက်ချက်ကြီးပါလား။ နိုင်ငံရေးမှူးတွေထဲမှာ ဦးကျော်ငြိမ်းက ဘယ်မှမသွား၊ သခင် ချစ် ကလွဲလို့
ကျန်နိုင်ငံရေးမှူးတွေအားလုံးဟာ ကွန်မြူနစ်တွေချည်းဖြစ်နေတော့ (သခင် ချစ်တောင် မကြာမတင်အတွင်း ကွန်မြူနစ်အဖြစ် တိတိလင်းလင်း ခံယူလိုက်တော့) ဒါ
အတော်ကြီးကျယ်တဲ့ လိုရာဆွဲ ကောက်ချက်ကြီးဆိုတာ ဖြစ်နိုင်ပါ့မလား။

ဒီရေးသားချက်ကိုကြည့်ရင် ဝင်းတင့်ထွန်းဟာ သူ့ဟာသူ ဝိရောဓိ (conflict) ဖြစ်နေတယ် ဆိုတာကိုပင် သတိပြုမိပုံ မပေါ်ပါ။ သခင်ချစ် ဟာ
ပြည်သူ့အရေးတောပုံပါတီကဖြစ်ကြောင်း အရှေ့မှာဝန်ခံထားပြီး နောက်မှာတခါ သခင်ချစ်ဟာ မဟာကွန်မြူနစ်ဖြစ်ကြောင်း ရောချထားပါတယ်။ သခင်ချစ်ဟာ
ကွန်မြူနစ် ဘုရားသခင် အဖြစ် သေသွားအုံး အရေးမကြီးပါ။ အရေးကြီးသော အချက်မှာ နိုင်ငံရေးမှူး သခင်ချစ်ကို ပြည်သူ့အရေးတော်ပုံပါတီကပါဟု လက်ခံလျှင်
“နိုင်ငံရေးမှူးများမှာ ကွန်မြူနစ်ပါတီမှချည်း ဖြစ်ကြသည်” ဆိုသည်မှာ အချက်အလက်မမှန် အဓိပ္ပာယ် မရှိပါ။

ရာဇဝင်အကြောင်းရေးရာမှာ အတိုချုပ် ရောရေးတာမရှိရပါ တိကျမှုရှိရပါမယ်။ စိတ်မကောင်းစရာက ဤသို့ အချက်အလက် အမှန်ကို


လိုရာဆွဲဆန့်ပြီး ကောက်ချက် ချခြင်းသည် မည်မျှ အရေးကြီးသော လွဲမှားမှုဖြစ်ကြောင်း ဆိုတာကို ဝင်းတင့်ထွန်း သဘောပေါက်ပုံမရပါ။ ဒါကြောင့်
ကကကကကက က က က က က က က
အတိုချုပ်အဖြစ် ကွန်မြူနစ်ပါတီကချည်းလို့ ဖေါ်ပြခဲ့မိတာဟာ ဘိုဘိုကျော်ငြိမ်းပြောသလို ကြီးကျယ်တဲ့ လိုရာဆွဲ ကောက်ချက်ကြီးပါလား
လို့ရေးရဲတာပါ။ () ကကကကကကကကကကက က က က
ကကကကကက ကကကကကကကက ကကက က
ရာဇဝင် ဆိုတာ အတိုဘဲရေးရေး ၊စာတကြောင်းဘဲ ရေးရေး ပေါ့ပေါ့ရေး၍မရ အချက်အလက်မှန်ရမည် ဆိုတာကို နားမလည်နိုင်ရင်တော့
ခက်သားလား။

သခင်တင်မြရဲ့တန်ဖိုး

သခင်တင်မြ ကို နိုင်ငံရေး ဝါဒအမြင်နဲ့ ကြည့်ရင် ဘဝင်မကျစရာ လက်မခံ စရာတွေ ရှိပါတယ်။ သို့သော် သခင်တင်မြဟာ ငယ်စဉ်ကထဲက တော်လှန်ရေးမှာ
ပါခဲ့တာကြောင့် အတွင်းသိ တယောက် ဖြစ်ပြန်တယ်။ ဒါကြောင့် စာရေးဆရာ အထူးသဖြင့် ရာဇဝင် စာရေးဆရာတယောက်အနေနဲ့ ကြည့်ရင် တန်ဖိုး ရှိပါတယ်။
ကျနော်က သခင်တင်မြ ကို နိုင်ငံရေးသမား သခင်တင်မြ နဲ့ ရာဇဝင် စာရေးဆရာ သခင်တင်မြလို့ ခွဲမြင်ပါတယ်။

ကျနော်က ဗိုလ်ချုပ်ကျော်ဇော ကို ကွန်မြူနစ်လို့ မမြင်ဖူး၊ တိုင်းပြည်အတွက် အသက်စွန့်စား လွတ်လပ်ရေး အတွက်တိုက်ခဲ့ တဲ့ တော်လှန်ရေးသမားကြီး လို့ပဲ
မြင်မိတယ်။

ကျနော် ရှင်းပြပါရစေ၊ ရာဇဝင် သုတေသီတယောက်ဖြစ်လိုရင် စာအုပ်ပေါင်းများစွာကို ထောင့်ပေါင်းစုံက ကြည့်ရပါတယ်။ ပြီးမှ ကွဲပြားမှုက ဒါ တူညီမှုက ဒါ
ဖြစ်နိုင်ခြေက ဒါ ဆိုတာ ဉာဏ်မီသလောက် သုံးသပ်ရပါတယ်။ ဒါကို reconcile လို့ခေါ်ပါတယ်။ ဒီလူကိုတော့ မကြိုက်လို့ ဒီလူရေးတာတွေ မဖတ်ဖူးဆိုရင်
မိမိကိုယ်မိမိ ”ဆင်ဆာ” လုပ်တာ ဖြစ်သွားပါတယ်။ self-censorship လို့ခေါ်ပါတယ်။ ဒါကြောင့် လူကိုကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ တော်လှန်ရေးတွင်
ကိုယ်တိုင် အတွင်းကျကျ ပါဝင်ခဲ့သော သခင်တင်မြ အရေးအသားများကို လျစ်လျူရှု၍ မရပါ။ ဘုံဘဝ ကို မဖတ်ဖူးရင် နိုင်ငံရေး လေ့လာမှု မှာ အားမနဲ
သွားဘူးလား။

သခင်သန်းထွန်းနောက်ဆုံးနေ့ စာအုပ် မှာ ရဲဘော် ဂိုရှယ်ကိုမသတ်ခင် သခင်သန်းထွန်းက မိန့်ခွန်းချွေရာမှာ ဗမာပြည်ကွန်မြူနစ်ဆဲလ် စဖွဲ့စဉ်က အိန္ဒိယ ကွန်မြူနစ်
နဲ့ အင်္ဂလိပ် ကွန်မြူနစ်ပါတီက အကူအညီ ယူခဲ့ရတယ်လို့ ဆိုခဲ့တယ်။ (သခင်သန်းထွန်း နောက်ဆုံးနေ့ စာမျက်နှာ ၄၆ဝ)။ အိန္ဒိယကွန်မြူနစ်ပါတီရဲ့
အကြောင်းကရှင်းတယ် အင်္ဂလိပ် ကွန်မြူနစ်ပါတီ အကြောင်းရှာမရခဲ့ပါ။ ဇူလိုင် (၂၂) ၂ဝ၁ဝ ထုတ် Northern Star အပတ်စဉ် ဂျာနယ် အမှတ် (၇၄) မှာ ပါတဲ့
သခင်တင်မြ ရဲ့ ဆောင်းပါးမှာမှ အင်္ဂလိပ်တွေရဲ့ ပါဝင်မှုအကြောင်းစုံကို သိခွင့်ရခဲ့တော့တယ်။ ဧပြီလ (၁) ရက် ထုတ် Northern Star အပတ်စဉ် ဂျာနယ် အမှတ်
(၆ဝ) - စာမျက်နှာ (၅) မှာပါတဲ့ ဆောင်းပါးမှာ ဖတပလ ဖွဲ့စဉ်က သခင် ဗဟိန်း ငှက်ဖျားထ နေတာကြောင့် မပါနိုင်ကြောင်းရေးပြခဲ့ပါတယ်။

ကျနော်တို့ ဗမာ့နိုင်ငံရေးမှာ ပုဂ္ဂိုလ်စွဲ သိပ်ကြီးကြတယ်။ ဒီလူရဲ့ နိုင်ငံရေး ကိုမကြိုက်တာနဲ့ ဒီလူကို ပစ်ပယ်ရမယ်၊ တိုက်ခိုက်ရမယ်ဖြစ်လာကြတယ်။
ရန်ငါစည်းကွဲရမယ်၊ ဖြုတ်-ထုတ-် သတ် စိတ်တွေ ဝင်လာကြတယ်၊ အစွန်းသိပ်ရောက်တယ်။ ရလဒ်က ဘက်စုံအမြင်အစား တဖက်သတ် (ဘက်လိုက)် အမြင်တွေ
ဝင်လာတယ် ရှုပ်ထွေးလာတယ်။ အဆိုးဆုံးက ရာဇဝင် အကြောင်းရေးသူတွေမှာ (တာဝန်) ရှိတယ်ဆိုတာကို မသိကြတဲ့အတွက် နောက်ဆက်တွဲ ပြဿနာတွေ
ဆက်တိုက် လိုက်လာတတ်တယ်။

အခု ပြဿနာမှာလဲ ကြည့်ပါ။ တိုင်းတွေခွဲစဉ်က ဦးကျော်ငြိမ်းအတွက် သတ်မှတ်ချက်က တိုင်း(၆) နိုင်ငံရေးမှူး - ဒါကရာဇဝင် အဖြစ်မှန် - ဝင်းတင့်ထွန်းက
ဗိုလ်ချုပ်ကျော်ဇောရေးတာကို ဖတ်ပြီး သူ့အမြင်အရ သူ့ဟာသူ ကောက်ချက်ချပြီး ဦးကျော်ငြိမ်းကို ရန်ကုန် တာဝန်ခံ အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်တယ်။
ဝင်းတင့်ထွန်း ရေးတာကိုဖတ်ပြီး နောက်တယောက် ကလဲ ထပ်ဆင့် ရေးခဲ့ပြန်ရင် ဒီလိုနဲ့ ဆက်ကာဆက်ကာ (ပွား) သွားတော့ နောင် အနှစ် (၂ဝ) (၄ဝ) (၅ဝ) မှာ
ဦးကျော်ငြိမ်းဟာ တိုင်း (၆) နိုင်ငံရေးမှူးလား - ရန်ကုန် တာဝန်ခံလား ဆိုတာကို အငြင်းပွားစရာ မဖြစ်နိုင်ဘူးလား။ ဒါကြောင့် ရာဇဝင်အချက်အလက်ကို
ပြောင်းလို့မရဘူးလို့ ဆိုနေရတာပါ။
သခင်တင်မြပြဿနာကိုကြည့်ရင်လဲ ကျနော့်အယူအဆကတော့ တယောက်ယောက်က ဝင်းတင့်ထွန်းလို အစောကြီး ပြောင်း ရေးလိုက်တယ်လို့ သံသယရှိတယ်။
ကျနော်ကိုယ်နှိုက်ပင် ဖတ်ခါစ က ဘာကြောင့် သခင် ဗဟိန်း မဟုတ်ပဲ သခင်တင်မြ ဖြစ်တာလဲ ဆိုပြီးတွေးမိတယ်။

ဝင်းတင့်ထွန်း က သခင်ကြီးတွေစုပေါင်းရေးထားတဲ့ စာအုပ်ကြီးကိုညွှန်းလာပြီး သခင်သိန်းဖေ စတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေကို ရှေ့တန်းတင်လာပါတယ်။ စာရေးရင်


အင်္ဂလိပ်လို (context) အကြောင်းအရာ ဟာအလွန်အရေးကြီးပါတယ်။ ဒီသခင်ကြီးတွေကို ကျနော်လေးစားပါတယ်။ ဒါပေမဲ့ ဒီသခင်ကြီးတွေ သူတို့ပါဝင်ခဲ့တဲ့
တို့ဗမာအစည်းအရုံးအကြောင်းရေးတာမှာ ယုံကြည်မှု ရှိစရာဖြစ်ပေမယ့် ဆင်ပေါင်ဝဲရွာက ကြက်တိုက်ပွဲ အကြောင်းမှာ ဒီသခင်ကြီးတွေကို သွားကိုးကားရင်
ဘာအဓိပ္ပာယ်ရှိမှာလဲ။ ဖြစ်စဉ်မှာ ကိုယ်တွေ့ ဖြစ်ဖို့က အရေးကြီးပါတယ်။ဖတပလ ဖွဲ့တော့ သခင်သိန်းဖေက အိန္ဒိယမှာပါ။ သခင်ကြီးတွေရော ဒီအစည်းအဝေးမှာ
ရှိခဲ့လို့လား ။

ထိုစဉ်အချိန်က ကွန်မြူနစ်တွေအကြားမှာ အာဏာအရှိဆုံးခေါင်းဆောင်က သခင်စိုးကြီးပါ။ ထိုစဉ်က သခင်စိုးကြီး အားအကိုးဆုံးက သခင်တင်မြ ပါ။


စစ်တပ်အထဲမှာ ကွန်မြူနစ် ဝါဒတရားတွေ သင်ကြားဖို့ သခင်စိုးကြီးက ဗိုလ်ချုပ်အောင်ဆန်းစီမှာ ခွင့်တောင်းပြီး စေခိုင်းတာဝန်ပေးတာလဲ သခင်တင်မြ ကိုပါပဲ။
ထိုစဉ်က သခင်စိုးရဲ့ ကိုယ်ပွားဟာ သခင်တင်မြ လို့ပြော လို့ရပါတယ်။ လက်ဝဲညီညွတ်ရေးအတွက် ပြည်သူ့ရေးတော်ပုံပါတီနဲ့
ကွန်မြူနစ်ပါတီပေါင်းစည်းဖို့သဘောတူညီမှု ကို ဘယ်သူမှမတိုင်ပင်ပဲ ဖျက်ပစ်တာလဲသခင်စိုးပါပဲ။ ဒီလောက် သခင်စိုးမှာ အာဏာရှိပါတယ် သြဇာကြီးပါတယ်။
ထိုစဉ်က သခင်စိုးကို ဘယ်သူမှ မကျော်နိုင်ပါ။ ဒါကြောင့် ဖတပလ ဖွဲ့စဉ်က အစည်းအဝေးမှာ ရှိနေတဲ့ သခင်စိုး ရဲ့တပည့်အရင်း သခင်တင်မြ ရေးတာက
ပိုနီးစပ်တယ်လို့ တွေးလို့ ရပါတယ်။

စာဖတ်သူများ တို့ဗမာအစည်းအရုံးသမိုင်းကို ရှာလို့ရရင်ရှာဖတ်စေချင်ပါတယ်။ အရှေ့ပိုင်းမှာ တို့ဗမာအစည်းအရုံးအကြောင်းရေးစဉ်က အသေးစိတ်တိတိကျကျ


ပိုင်ပိုင်နိုင်နိုင် ရေးပြသွားကြ ပါတယ်။ စာမျက်နှာ ၅၇၇ မှစ၍ ”တို့ဗမာအစည်းအရုံးကြီးမှဖြာထွက်သွားသောအင်အားစု နှင့်အဖွဲ့ အစည်း” များခေါင်းစဉ် အောက်မှာ
ဗမာပြည်ကွန်မြူနစ်ပါတီ က (၂)ပိုဒ် - (တမျက်နှာ) ပြည်သူ့ရေးတော်ပုံပါတီက (၁)ပိုဒ် နီးနီး - ဗမာ့တပ်မတော် က (၂) ပိုဒ် (၂)ခု ပေါင်း တမျက်နှာ အခန်း (၁) နှင့်
အခန်း (၂) တွင် ”မြေအောက် ဖက်ဆစ်တိုက်ဖျက်ရေး တပ်ပေါင်းစုကြီး ဖွဲ့စည်းခြင်း“ ခေါင်းစဉ်အောက်တွင် ဖတပလ အကြောင်း
တမျက်နှာကျော်ကျော်သာဖေါ်ပြခဲ့ပါတယ်။ စာစီစာကုံး ဆန်ဆန် ရေးသားခြင်းသာဖြစ်တယ။် ဆိုလိုတာက အင်္ဂလိပ်လို authoritatively တိတိကျကျ
သေချာသဖြင့် ရဲရဲရေးသားထားတဲ့ လေသံ မရှိပါ။ ဤအဖွဲ့အစည်းများသည် တို့ဗမာအဖွဲ့အစည်းများမှဖြာထွက်လာသည်လို့ ဆိုလိုရင်းဖြစ်တယ်။ တဆင့်ခံ
ဖေါ်ပြခြင်း ဆိုတာ ထင်ရှားပါတယ်။ သခင်တင်မြကဲ့သို့ ကိုယ်တွေ့ ရေးသားပုံမပေါက်ပါ။

ဝင်းတင့်ထွန်းဟာ တို့ဗမာအစည်းအရုံးသမိုင်း စာအုပ်ထူကြီးကို အကိုးအကားပြု ရှေ့တန်းတင် လာသော်လဲ အသေအချာစေ့စေ့စပ်စပ်ဖတ်ပုံမရပါ။

ရေးနည်းရေးဟန် သတ်မှတ်ချက်များ - စာမျက်နှာ (၄) -

အမှတ်စဉ် (၆) - အထောက်အထားအကိုးအကားမှန်သမျှ အခိုင်အမာဖြစ်စေရန်

အမှတ်စဉ် (၇) - သမိုင်းကို အတိတ်၏ဖြစ်စဉ် ဖြစ်ရပ်အတိုင်းသာ ရေးသားရန်။ ပုဂ္ဂိုလ်အာဘော်များ၊ သဘော တရားကောက်ချက်များ၊ ပစ္စုပ္ပန်ဖြင့်သွားရောက်
နှိုင်းယှဉ်ချက်များမပါရန်

အချက် (၈)ချက်ပါသော စည်းမျဉ်းဘောင် သတ်မှတ်ပေးထားပါတယ်။

ဤ သတ်မှတ်ချက်များအရဆိုလျှင် - ဦးကျော်ငြိမ်းကို ဖြစ်စဉ်က သတ်မှတ်ချက်အတိုင်း - တိုင်း (၆) နိုင်ငံရေးမှူးအဖြစ်သာဖေါ်ပြရပါမယ်။ ဝင်းတင့်ထွန်းရဲ့အာဘော်


အရ ရန်ကုန်တာဝန်ခံလို့ ပြောင်းလဲသတ်မှတ်ခွင့် မရှိပါ။ စာရေးလျှင် ရည်ညွှန်းကိုးကားသောစာအုပ်များလို့ ရောချပြီး ကျမ်းကိုး စာရင်းတင်ပြရုံနဲ့ မပြည့်စုံပါ။
(အမှောင်ကြားကဗမာပြည်(စာမျက်နှာ ၅၆ဝ-၅၆၁)) အတိအကျ မည်သည့်စာအုပ် မည်သည့် စာမျက်နှာတွင် ပါရှိကြောင်းအတိအကျ ကိုးကားရပါမယ်။
သို့မဟုတ်ပါက ဤစာအုပ်များကို ဖတ်ဖူးပါသည်ဆိုသည်မှ လွဲ၍ ဘာမှ အဓိပ္ပာယ်မရှိပါ။ အထောက်အထားအကိုးအကား ပြည့်စုံရမယ်ဆိုတာကို ဤ
ရေးနည်းရေးဟန် သတ်မှတ်ချက်များမှ ဝင်းတင့်ထွန်း ပညာရပါစေလို့ ဆုတောင်းလိုက်ပါရစေ။ ကျနော့်ဆီမှာ ပထမတွဲ ဒုတိယတွဲ (၂)အုပ်ပေါင်း ပထမနှိပ်ခြင်း
၁၉၇၆ ထုတ် စာအုပ် ရှိပါတယ်။

တခါ ဝင်းတင့်ထွန်းက တက္ကသိုလ်များ သမိုင်းသုတေသန ဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးမြဟန် ရဲ့ “ကိုလိုနီ ခေတ်
မြန်မာ့သမိုင်းအဘိဓာန်” ဒေါက်တာသန်းထွန်းတို့အမှာ ရေးသားထားတယ်ဆိုပြီး သက်သေ ထုတ်လာပြန်တယ်။ ဦးမြဟန် ရဲ့
ကကကကကက ကကကကကကကကကက ကကကကက
သုတေသနပြုမှု မည်မျှသေချာ တိကျတယ်ကို ကျနော်မသိပါ။ အမှာစာ ဆိုတာက မိတ်ဆက်တာပါ တည်းဖြတ်တာနဲ့ မတူပါ။ သုတေသနမှာ
ကကကကကကကက ကကကကကကကကက က က က က
ကောင်းပြီး သေချာသပ်ရပ် တိကျတဲ့ စာရေးဆရာကောင်းတယောက်ကိုတော့ ကျနော် သိပါတယ်။ သူက ဆွီဒင်နိုင်ငံသား ကွန်မြူနစ်တွေရဲ့
ဌာနချုပ် ပန်ဆောင်ကို သက်စွန့်ဆံဖျား သွားရောက် သုတေသနပြု ဗမာကွန်မြူနစ်နဲ့တိုင်းရင်းသားတွေအကြောင်း နှိုက်နှိုက် ချွတ်ချွတ် ကကကကကကကကကကကက ကကကကကကက က
ရေးပြနိုင်ခဲ့တဲ့ Bertil Lintner ပါပဲ ။ ကကကကကကကကကက ကကကကကက ကကကကကကက

ကွန်မြူနစ် ဆဲလ်စဖွဲ့တဲ့ကြောင်းကိုရေးကြရင် နေ့ရက်တခုပဲ အငြင်းမပွားစရာ လာဖြစ်ပါတယ်။ နေရာ နဲ့ ဘယ်သူတွေပါတယ်ဆိုတာ


အငြင်းပွားစရာလာဖြစ်ပါတယ် သခင်စိုး သခင်တင်မြကိုပြန်ပြော တာ - ဗိုလ်လက်ျာ ပြောတာ - သခင်သိန်းဖေ ပြောတာ - သခင်ဗသိန်းတင်ပြောတာချင်း (မတူ)
ကြပါ။ Bertil Lintner က သူရဲ့ Burma in Revolt ဆိုတဲ့စာအုပ် စာမျက်နှာ (၃၉) မှာ ဒီ ဆဲလ်စဖွဲ့ဒါကို ဖေါ်ပြခဲ့ပြီး စာမျက်နှာ (၉ဝ) မှာနောက်ဆက်တွဲ
အဖြစ်ကျန်တဲ့ လူတွေရဲ့ ကွဲလွဲသော ပြောဆိုချက်တွေကို ထပ်ဖေါ်ပြခဲ့ပါတယ်။ ဤမျှတိကျ ၍ သုတေသနပြမှုမှာ နာမည်ကြီးပြီး တကမ္ဘာလုံးကသိတဲ့
ကျနော်လေးစားတဲ့ စာရေးဆရာ Bertil ကသူ့ရဲ့ Burma in Revolt စာအုပ် စာမျက်နှာ (၇၃) မှာ ဖတပလ ဖွဲ့တဲ့အကြောင်း ရေးရာမှာ - (သခင်တင်မြ) လို့
ရေးခဲ့ပါတယ်။ သခင်ဗဟိန်း လို့ မရေးခဲ့ပါ။ သခင်တင်မြ လဲ အသက်ထင်ရှား ရှိပါသေးတယ်။

ကျနော်မှတ်မိသမျှ ကျနော်တို့ငယ်စဉ်က တော်လှန်ရေးနေ့တွေလို နေ့ထူး တွေမှာ ပြတိုက် မှာ အထူး ပြသရာ ဖတပလ ဖွဲ့စဉ်က ပါဝင်ခဲတဲ့လူတွေ လက်မှတ်ထိုး
ထားတာ တွေ့ဖူးပါတယ်။ မော်ကွန်းတိုက်မှာ ရှိပါသေးတယ်။ သုတေသန ပြုရင်ပေါ်လာမှာပါ။ ဘယ်စာအုပ် ဘယ်စာတန်းမှာမှလဲ သခင်ဗဟိန်း ဒီအစည်းအဝေးကို
တက်တယ်လို့ ဘယ်သူကမှ ဖော်ပြထားတာ မတွေ့ဖူးသေးပါ။ အစည်းအဝေးမတက်ရင် လက်မှတ် မထိုးနိုင်ပါ။

နောက်စဉ်းစားစရာရှိတာက (၉)ယောက်မှာ ဘယ်သူမှ အငြင်းပွားစရာမဖြစ်ပါ။ သခင်တင်မြ တယောက်ထဲသာ အငြင်းပွားစရာလာဖြစ်ရတယ်။


အဘယ်ကြောင့်ပါလဲ။ဒါကြောင့် ရာဇဝင် အချက်အလက်ကို မပြင်ကောင်းလို့ ပြောနေရခြင်းပါ။ လူကိုမုန်းတာနဲ့ ရာဇဝင် အချက်အလက်ကိုပြင်ရင် အန္တရာယ်
ကြီးတယ်ဆိုတာကို လူငယ်လေးတွေ သတိပြုစေချင်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ဟာ လက်ဝဲ၊ လက်ယာအားလုံးကို တိုင်းပြည်ချစ်ရင် လိုက်ခဲ့ဆိုပြီး အားလုံးကို ဆွဲခေါ်ခဲ့တာပါ။ ဒါကြောင့် အင်အားကြီးမား


ထောက်ခံမှုများပြီး အောင်ပွဲခံနိုင်ခဲ့တယ်။ အတု ယူစရာပါ။

ဦးကျော်ငြိမ်းကို (မုန်း) လို့ရပါတယ်၊ (မုန်း) ခွင့်ရှိပါတယ်။ သို့သော် ဦးကျော်ငြိမ်းကို (မုန်း) တာနဲ့ ရာဇဝင်ထဲက ဆွဲနှုတ်ဖို့ မလုပ်ကောင်းပါ။
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် တိုက်တွန်းအားပေးခြင်း

EO 12958 DECL: 11/01/2014


TAGS PREL, PGOV, PHUM, PTER, SNAR, IN, BM, CN, India-Burma
SUBJECT: INDIA ENCOURAGES DEMOCRACY IN BURMA
REF: A. 10/23 CAMP-PYATT E-MAIL
B. NEW DELHI 6881
Classified By: PolCouns Geoffrey Pyatt, Reasons 1.4 (B,D).

အကြောင်းအရာ။ ။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် တိုက်တွန်းအားပေးခြင်း။


လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ။ နိုင်ငံရေး ကောင်စစ်ဝန် ဂျော့ဖရီ ပိုင်ယတ် (Geoffrey Pyatt) အကြောင်းပြချက် 1.4 (B,D).

အကျဉ်းချုပ်
၁။ (C) အကျဉ်းချုပ်။ ။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံတွင် ဒီမိုကရေစီကင်းမဲ့နေမှုကို စိုးရိမ်ကြောင်း ရန်ကုန်မှ စစ် ခေါင်းဆောင် (ဗိုလ်ချုပ်) သန်းရွှေ မကြာသေးမီက
လာရောက်လည်ပတ်ခဲ့သော ခရီးစဉ်တွင် အလေးပေး ဖော်ပြခဲ့ပြီး ၀န်ကြီးချုပ် မမ်မိုဟန် ဆင်းဂ် ကိုယ်တိုင် ဤသတင်းစကားကိုပါးခဲ့သည်။ MEA
တွဲဖက်အတွင်းရေးမှူး (အရှေ့တောင် အာရှ-I) မီတရာ ဗာရှစ်စတာ (Mitra Vashishta) က မိမိတို့ကို SIPDIS တွင် နိုဝင်ဘာ ၁ ရက်နေ့က ပြောကြားခဲ့သည်။
မြန်မာ့ ဒီမိုကရေစီရေးအတွက် တိုက်တွန်းအားပေးရန် ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုများအတွက် အိန္ဒိယသည် အဓိက အခန်းကဏ္ဍက
ရှိနေကြောင်း အိန္ဒိယနိုင်ငံအစိုးရ၏ ယုံကြည်ချက်ကို ထင်ဟပ် ဖော်ပြခြင်းလည်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က "ပေါ်လိုက် ပျောက်လိုက်ရှိနေနိုင်ပြီး"
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပေါ်ထွန်းလာစေရေးသည် ပို၍ကြီးလေးသော ထိတွေ့ဆက်ဆံမှု၊ ပြည်သူများနှင့် ပြည်သူများအချင်းချင်း ဆက်ဆံမှုဖြင့်သာ
အမြစ်တွယ်နိုင်သည်ဟု ပြောကြားသည်။ ဗာရှစ်စတာက ရည်ညွှန်းပြောကြားရာတွင် အောက်တိုဘာလ ၂၉-၃၁၊ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂအထူးသံ
ရာဇာလီအစ္စမိုင်း နယူးဒေလီသို့ လာရောက်လည်ပတ်မှုသည် အိန္ဒိယနိုင်ငံ က မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ဆက်လက်ဆောင်ရွက်လိုစိတ်
ရှိနေသေးကြောင်း သန္နိဌာန်ကို ပြသခြင်းသာဖြစ် ကြောင်း ပြောကြားသည်။ အိန္ဒိယနိုင်ငံ အစိုးရအနေဖြင့် အမေရိကန်ပြည်ထောင်စုထံမှ (မြန်မာနိုင်ငံတွင)်
ဒီမိုကရေစီပေါ် ထွန်းလာစေရေးအတွက် မည်သို့မည်ပုံ အကောင်းဆုံးမြှင့်တင် ဆောင်ရွက်သွားနိုင်မည်ကို အကြံပြုချက်များကိုလည်း ကြို ဆိုပါကြောင်း၊ အိန္ဒိယ-
မြန်မာနယ်စပ်တွင် အခြေစိုက်ပြီး အိန္ဒိယနိုင်ငံကို ဆန့်ကျင်နေသည့် သောင်းကျန်းသူများကို နှိမ်နင်း ရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်ရန် ရန်ကုန်(အစိုးရ) ကို
ထောက်ပံ့မှုများနှင့် စစ်လက်နက်ပစ္စည်းများ အကန့် အသတ်နှင့် ပေးအပ်မည်ဟု သဘောတူညီထားပြီး ဖြစ်ကြောင်း ပြောကြားသည်။ သို့သော်လည်း စစ်အစိုးရနှင့်
ပူးတွဲ စစ် ရေး လုပ်ငန်းများ လုပ်ဆောင်သွားရန် အိန္ဒိယနိုင်ငံတွင် အစီအစဉ်မရှိပါ။ နိုင်ငံရေးကောင်စစ်ဝန်က ယခုမြန်မာနိုင်ငံ ၀န်ကြီး ချုပ်အသစ် လက်အောက်တွင်
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအတိုက်အခံများ၏ လုံခြုံရေးနှင့် သူတို့အပေါ် ပြုမူ ဆက်ဆံပုံများကို စိုးရိမ်ပါကြောင်း အလေးပေးပြောကြားသည်။ (ref A),
ထို့နောက် အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ဒီမို ကရေစီရေးအတွက် ဆက်လက်ဖိအားပေးသွားပါရန် တိုက်တွန်းသည်။ အကျဉ်းချုပ်- ဆုံး။

ဒီမိုကရေစီ
---------
၂။ (C) အောက်တိုဘာလ ၂၄-၂၉ တွင် ရောက်လာသည့် မြန်မာစစ်ခေါင်းဆောင် သန်းရွှေ၏ ခရီးစဉ်တွင် ဒီမိုကရေစီရေး သည် အိန္ဒိယနိုင်ငံ၏
ထိပ်တန်းကိစ္စဖြစ်ကြောင်း၊ MEA တွဲဘက် အတွင်းရေးမှူး (အရှေ့တောင်အာရှ- - I) မစ်တရာ ဗာရှစ်စတာ (Mitra Vashishta) က နိုင်ငံရေးကောင်စစ်ဝန် SIPDIS
နှင့် နိုင်ငံရေးအရာရှိသို့ နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။ ၀န်ကြီးချုပ် မမ်မိုဟန် ဆင်းဂ် ကိုယ်နှိုက် သန်းရွှေကို ဤကိစ္စပြောကြား ဆွေးနွေးခဲ့ခြင်း ဖြစ်ပြီး
သတင်း မီဒီယာတွင် "ဖော်ပြနိုင်သည့် နည်းလမ်းထက် ပို၍ပြင်းထန်စွာ" ဆွေးနွေး ပြောကြားခဲ့သည်ဟု သူက ဆိုသည်။ အိန္ဒိယ နိုင်ငံအနေဖြင့် (မြန်မာနှင)့်
ဆက်ဆံရေးတွင် အကျိုးယုတ်စရာ အကြောင်းရှိသော်လည်း ဒီမိုကရေစီအရေးကို မြှင့်တင် ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားသည်ဟု ပြောသည်။ ဗာရှစ်စတာက
ပြောကြားရာတွင် အိန္ဒိယနိုင်ငံအနေဖြင့် "တည်ငြိမ် သော၊ ငြိမ်းချမ်းသော၊ ကြွယ်ဝသော ဒီမိုကရေစီ မြန်မာနိုင်င"ံ ကို မြင်တွေ့လိုပါသည်ဟူသော စာပိုဒ်ကို
ပူးတွဲထုတ်ပြန် ကြေညာချက်တွင် ထည့်သွင်းဖော်ပြလိုသည့်အတွက်ကြောင့် တိုက်ပွဲဆင်ခဲ့ရသည်ဟု ဆိုသည်။ သူက မှတ်ချက်ပေးရာ တွင်
မြန်မာကိုယ်စားလှယ်အဖွဲ့က ဤစာပိုဒ်ပြုတ်ကျန်စေရန်"မည်သို့ဖြစ်ဖြစ် လုပ်ဆောင်လိုကြောင်း"၊ ဤစာပိုဒ်ထည့်သွင်း ခြင်းသည် "အိန္ဒိယနိုင်ငံက အာဏာသိမ်းခြင်း"
သာ ဖြစ်သည်ဟု ဖြည့်စွက်ပြောသည်။ နောက်ဆုံးထုတ်ပြန်ကြေညာချက် ကို အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီး "အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်
မြန်မာနိုင်ငံတွင် စောလျှင်စွာ ဒီမိုကရေစီ ကူးပြောင်းရေးကို ထောက်ခံပါကြောင်း" ဖော်ပြထားသည်။

၃။ (C) မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို ဆက်လက်မြှင့်တင်နိုင်ရေးအတွက် နယူးဒေလီအစိုးရ၏ အစီအစဉ်ကို မေးမြန်းရာ၌ ဗာရှစ်စတာက တုံ့ပြန်ဖြေဆိုရာတွင်


ရန်ကုန်က အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီစံပြ နမူနာကို ထည့်သွင်းစဉ်းစားပါကြောင်းနှင့် အိန္ဒိယအစိုးရက (မြန်မာနိုင်ငံတွင)် ဒီမိုကရေစီ မြှင့်တင်ရေးအတွက်
အကောင်းဆုံး "ယုံကြည်ကိုးစားမှု" ရှိထားသည်ဟု ဆို သည်။ သူက ဒီမိုကရေစီကို အောက်ခြေလူထုများ၏ ကြိုးပမ်းဆောင်ရွက်ချက်များ ဖြင့်သာ
တည်ထောင်နိုင်မည်ဟု ထင်မြင်သည်။ ဤနေရာတွင် အိန္ဒိယနိုင်ငံက မြန်မာပြည်သူများ အာဏာပိုရှိလာစေရေးအတွက် "မည်သို့ပင်ဖြစ်စေ"
ဆောင်ရွက်သွားမည်ဟုလည်း အလေးပေး ပြောကြားသည်။ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံအကြား ပြည်သူများ-ပြည်သူများ အချင်းချင်း
ဆက်ဆံရေးတိုးမြင့်လာခြင်းကို ရည်ညွှန်း၍ ဗာရှစ်စတာက ပြောရာတွင် အိန္ဒိယအစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် လည်း အလားတူမဟာဗျူဟာ
ချမှတ်ကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှု၊ အားကစား ဆက်ဆံမှု များ တိုးမြှင့်ရင်း ဆောင်ရွက်သွားမည်ဟု ပြောသည်။ "မိမိတို့က
မြန်မာနိုင်ငံအခြေအနေအပေါ် ပါကစ္စတန်လောက် စိတ် မပူ" ဟုလည်း သူက မှတ်ချက်ပေးသည်။ ရန်ကုန်တွင် မည်သို့မည်ပုံ အပြောင်းအလဲများ
ဆောင်ရွက်နိုင်မည်ကို အမေ ရိကန်ပြည်ထောင်စု၏ အကြံပြုချက်များကိုလည်း ကြိုဆိုပါကြောင်း သူက ဖြည့်စွက်ပြောသည်။

၎။ (C) ဗာရှစ်စတာ အဆိုအရ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေးသည် လူအများအလွန်လေးစားကြသည့် ဒေါ်အောင်ဆန်း စုကြည်နှင့် နီးစပ်စွာ


ဆက်နွယ်နေကြောင်း၊ သူ၏ ကာလများက "ပေါ်လာလိုက် ပျောက်သွားလိုက"် ရှိနေနိုင်ကြောင်း ဆို သည်။ သူက ပြောရာတွင် သန်းရွှေက ခရီးစဉ်အတွင်း
ဒီမိုကရေစီရေးအတွက် ဆုံးဖြတ်ချက်ချထားသည်ကို ဖော်ပြခဲ့ ကြောင်း၊ သူက မျက်နှာမပျက်ရဘဲ ဆောင်ရွက်နိုင်ပါလျှင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများအတွက်
ပို၍ ဆောင်ရွက်နိုင် မည်ဟုလည်း ခန့်မှန်းပြောကြားခဲ့သည်။ နိုင်ငံရေး ကောင်စစ်ဝန်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ကင်းမဲ့နေသည့်အပေါ်
အမေရိကန်ပြည်ထောင်စု၏ စိုးရိမ်ပူပန်ချက်များကို ဖော်ပြခဲ့ပြီး ဤကိစ္စကို အိန္ဒိယနိုင်ငံက စစ်အစိုးရနှင့် ဆက်လက်ဖိအား ပေး ဆောင်ရွက်နိုင်လိမ့်မည်ဟု
ဖော်ပြပြောဆိုခဲ့သည်။

မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံခြင်းသည် အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာလိုအပ်ချက်များအရ ဖြစ်သည်။


--------------------------------------------- --
၅။ (C) သန်းရွှေ၏ ခရီးစဉ်ကို "အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွားလုံးလုံး" ဖြစ်ကြောင်း ဖော်ပြပြီး ဗာရှစ်စတာက ပြောကြားရာတွင် ယခင်ဝန်ကြီးချုပ် ခင်ညွန့်
ထုတ်ပယ်ခံရသည့် နောက်ပိုင်း (မည်သို့ပင်) ဖြစ်စေ၊ နယူးဒေလီကလည်း ဤခရီးစဉ်နှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားကြောင်း
ပြောသည်။ အကြောင်းမှာ ခင်ညွန့်ကို အစားထိုးခန့်အပ် ခြင်းသည် "ဒီမိုကရေစီရွှေမှုန်ကြဲလာစေမည်"့ ဖော်ပြချက်တခုအဖြစ် မယုံကြည်ထားသောကြောင့်ဟု
ဆိုသည်။ အိန္ဒိယ အစိုးရက ယုံကြည်သည်မှာ အာဏာသိမ်းမှုသည် "အတွင်း ပဋိပက္ခ" သာ ဖြစ်ပြီး စစ်အစိုးရအနေနှင့် တစုံတရာမတည်မငြိမ် ရှိနေဦးမည်ဟု သူက
ခန့်မှန်းပြောဆိုသည်။ သာဓကအနေနှင့် သန်းရွှေက အခြား အာဏာကြီးသည့် ဗိုလ်ချုပ်၂-ဦးဖြစ်သည့် သူရရွှေမန်းနှင့် စိုးဝင်းတို့၏ ဇနီးများနှင့်
လာရောက်လည်ပတ်ခြင်းသည် ရန်ကုန်ရှိ ဗိုလ်ချုပ်များအကြား သန်းရွှေမရှိစဉ် တည်ငြိမ်နေစေရန် "ဓားစာခံအဖြစ်" ခေါ်လာခြင်းသာဟု သူက တွက်ဆသည်။

၆။ (C) ဗာရှစ်စတာက ထပ်၍ ပြောကြားရာတွင် စစ်အစိုးရနှင့် အပြုသဘောဆက်ဆံခြင်းဖြင့်သာ အဓိပ္ပာယ်ရှိသော အပြောင်းအလဲများ ဖြစ်ပေါ်လာစေမည်ဟု


အိန္ဒိယက ယုံကြည်နေသည်၊ ပိတ်ဆို့ဒဏ်ခတ်မှုက မြန်မာနိုင်ငံကို ပို၍ အထီးကျန်ဖြစ်စေမည်၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် မတိုက်တွန်းနိုင်ဟု ဆိုသည်။
မြန်မာနိုင်ငံသည် အလွန်အထီးကျန်ဖြစ်နေပြီး သန်းရွှေ ကိုယ်စားလှယ်အဖွဲ့၏ အဖွဲ့ဝင်များသည် အမေရိကန်ပြည်ထောင်စု၏ အာရုံစိုက်ခံရမှု ရရှိစေရန် "
အနုမြူဘက်သို့ လှည့်ပုံရသည်" ထင်ကြေးပေးကြောင်း သူက ပါကစ္စတန်နှင့် နှိုင်းယှဉ်၍ မှတ်ချက်ချပြောသည်။ အကယ်၍ အိန္ဒိယကသာ မြန်မာနိုင်ငံကို
အထီးကျန်ဖြစ်အောင် ထားပါက ရန်ကုန် (အစိုးရ) နှင့် မည်သူကမျှ ဒီမိုကရေစီရေးအတွက် သော်လည်းကောင်း၊ သို့မဟုတ်
အခြားကိစ္စများအတွက်သော်လည်းကောင်း ဆက်ဆံပြောဆိုသူ ရှိမည်မဟုတ်ဟု သူက အလေးပေးပြောသည်။

၇။ (C) ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ် ရာဇာလီ အစ္စမိုင် အောက်တိုဘာလ ၂၉-၃၁ ရက်က နယူးဒေလီသို့ ရောက်ရှိလာခြင်းမှာလည်း
တိုက်ဆိုင်မှုမဟုတ်ကြောင်း အချိန်ကိုက်မှုကို ဦးစားပေးဖော်ပြပြီး ဗာရှစ်စတာက ဆိုရာ၌ အိန္ဒိယ နိုင်ငံက ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံအရေးအတွက်
လုပ်ဆောင်ရန်ဆန္ဒရှိပါသည်ဟု ဆိုသည်။ သို့သော်လည်း သူက ၎င်းအဖွဲ့အစည်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအမြင်၌ "ယုံကြည်ကိုးစားမှုကျဆင်းနေကြောင်း"
ငြင်းချက်ထုတ် ပြောဆိုသည်။ အနည်းဆုံး "မြန်မာနိုင်ငံဘက် ပိုလိုလားသည်"့ ကြိုးပမ်းမှုမျိုး ပြသင့်သည်ဟု ဆိုသည်။ ဥရောပသမဂ္ဂအနေနှင့် မြန်မာနိုင်ငံ
အရေးတွင် အရေးပါသည့်အခန်းကဏ္ဍက ဆောင်ရွက်နိုင်ရန် အလွန် "ထင်ရှားလွန်းပြီး မသေသပ်၊ ရေတိုကြည့်သည်၊ ၀ိရောဓိကွဲစရာများ ပြည့်နေသည်" ဟု သူက
ပြောသည်။ ထိုင်းနိုင်ငံက ရန်ကုန်နှင့် လက်ဦးမှုရှိစွာ ချည်းကပ်ဆောင်ရွက် နေသော်လည်း "သူတို့ ၀န်ကြီးက နောက်ထပ် ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်ချင်သောကြောင်"့ ဟုသာ ပြောဆိုသည်။

အကြမ်းဖက်မှု ဆန့်ကျင်ရေး သဘောတူညီချက်


---------------------------
၈။ (C) "သမားရိုးကျမဟုတ်သည့် လုံခြုံရေးဆိုင်ရာ ပြဿနာများအတွက"် နားလည်မှု စာချွန်လွှာ စာချုပ်ချုပ်ဆိုမှုသည်
"သူတို့က မည်သို့ ခေါ်ဆိုသည်ဖြစ်စေ" အကြမ်းဖက်မှုဆန့်ကျင်ရေး သဘောတူညီချက်သာ ဖြစ်ကြောင်း၊ ဗာရှစ်စတာက
ပြောရာတွင် မြန်မာ့နယ်မြေအတွင်း လှုပ်ရှားနေကြသည့် အိန္ဒိယ ဆန့်ကျင်ရေး စစ်သွေးကြွအဖွဲ့များကို နှိမ်နင်းပေးရန် ရန်ကုန် (အစိုးရ) ၏ တာဝန်ရှိမှုကို
ဤစာချုပ်တွင် ဖော်ပြထားကြောင်း ပြောသည်။ ရန်ကုန်က ဤသောင်းကျန်းသူ အဖွဲ့များကို နယူးဒေလီ (အစိုးရ) ကို ဆန့်ကျင်ရန် အားပေးအားမြှောက်
ပြုထားသည်ဟု အိန္ဒိယနိုင်ငံက မယုံကြည်ပါ။ အကြောင်းမှာ "ဤကိစ္စသည် မြန်မာနိုင်ငံ၏ မဟာဗျူဟာ အကျိုးစီးပွားမဟုတ"် ၊ သို့သော်လည်း နယူးဒေလီအနေဖြင့်
နယ်စပ်ဒေသများတွင် သောင်းကျန်းသူလှုပ်ရှားမှုများ တိုးတက်လာသည့်အပေါ် စိုးရိမ်စိတ်ပွားရသည်ဟု ပြောသည်။ မြန်မာအစိုးရက အိန္ဒိယ-မြန်မာနယ်စပ်သို့
တပ်များ ရွှေ့ပြောင်းချထားရန် သဘောတူသည်။ သို့သော် "သူတို့အကျိုး စီးပွားကြောင့် မဟုတ်ဘဲ အိန္ဒိယနိုင်ငံ၏ အကျိုးစီးပွားက သူတို့နှင့်
ဆက်စပ်ချည်နှောင်လာသောကြောင့် ဖြစ်သည်" ဟု ဗာရှစ်စတာက စီးပွားရေးဖွံ့ဖြိုးမှုအပေါ် ဥပမာပေး ရည်ညွှန်း၍ ပြောဆိုသည်။ သူက မြန်မာနိုင်ငံနှင့်ပတ်သက်၍
အကောင်း မြင် ပြောဆိုရာတွင် အိန္ဒိယနိုင်ငံ၏တောင်းဆိုချက်အပေါ် လေးနက်မှုရှိကြောင်း၊ ယခင် အတိတ်ကာလများနှင့် မတူ ကြောင်း ဆိုသည်။ မြန်မာနိုင်ငံ၏
ဝန်ကြီးချုပ်သစ် စိုးဝင်းက အိန္ဒိယနိုင်ငံ နယ်စပ်ဒေသများတွင် တပ်များကို ကွပ်ကဲဖူး သည်ဟု သူက မှတ်ချက်ချသည်။ နိုင်ငံရေးကောင်စစ်ဝန်က စိုးဝင်းသည်
၂၀၀၃ မေလ ၃၀ ရက် ဒေါ်အောင်ဆန်း စုကြည်နှင့် သူ၏နောက်လိုက်အင်အားစုများကို တိုက်ခိုက်ရာတွင် တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့မှုကြောင့် ဒေါ်အောင်ဆန်း
စုကြည်နှင့် ဒီမိုကရေစီအတိုက်အခံများ၏ လုံခြုံရေးနှင့် သူတို့အပေါ် ပြုမူဆက်ဆံပုံများကို စိုးရိမ်ပါကြောင်း အလေးပေး ပြောကြားသည်။ (ref A) ဗာရှစ်စတာကမူ
မတူခြားနားသည့် သတင်းများ ရရှိထားပြီး အချို့သော အတိုက်အခံအင်အားစု များက ရေတိုကာလတွင်ပင် နိုင်ငံရေးအရ ပွင့်လင်းမှုများ
ရှိလာမည်မျှော်လင့်နေကြကြောင်း ပြောဆိုသည်။

စစ်ရေးပူးတွဲ လေ့ကျင့်မှု မရှိပါ။ သို့သော် ထောက်ပံ့မှုများ ရှိမည်။


---------------------------------------
၉။ (C) သန်းရွှေ ခရီးစဉ်နှင့် ပတ်သက်၍ အိန္ဒိယ-မြန်မာ ပူးတွဲထုတ်ပြန်ကြေညာချက်တွင် "ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ရန် အလားအလာများ ရှိနေသည်" ဟု
ဖော်ပြထားသော်လည်း ဗာရှစ်စတာက ကာကွယ် ပြောဆိုရာတွင် ပူးတွဲစစ်ရေး လေ့ကျင့်မှုများကို "လုံးဝ မလုပ်ဆောင်ဟု ပိုင်းဖြတ်ထားကြောင်း" ဗာရှစ်စတာက
အခိုင်အမာပြောသည်။ "အတိအကျ၊ အသေအချာ ပြောလိုသည်။ မလုပ်ပါ" ဟု ဆိုသည်။ အိန္ဒိယအစိုးရက ရန်ကုန်သို့ အကန့်အသတ်ဖြင့် စစ်ပစ္စည်းများ
ထောက်ပံ့ကြောင်း သူက ဖော်ပြပြောဆိုသည်။ "အခြား အာဆီယံနိုင်ငံများ ထောက်ပံ့ပေးနေသလိုပါပဲ" ဟု ဆို၍ မြန်မာ နိုင်ငံနှင့် ပူးတွဲစစ်ရေး
ဆောင်ရွက်မှုများတွင်မူ "အလွန်တရာ ဂရုထားသည်" ဟု ပြောသည်။

၁၀။ (C) ဗာရှစ်စတာက အတည်ပြုရာတွင် လောင်စာစွမ်းအင်၊ ဓာတ်ငွေ့နှင့် ရေနံချက်စက်ရုံ အဆင့်မြှင့်ရာတွင် သုံးရန် အတွက် အမေရိကန်ဒေါ်လာသန်း ၂၀
ထောက်ပံ့ပေးခဲ့သည်။ ဤငွေကြေးသည် ရန်ကုန်ကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာစေရန် ဆွဲဆောင်မှုအတွက် သုံးသည်ဟု ပြောဆိုသည်။ သူက
ရှင်းပြရာတွင် စစ်အစိုးရက "အချို့ကိစ္စများ လုပ်ဆောင်မှသာ" ဤရန်ပုံငွေများကို ရမည်ဟု ဆိုသည်။ အိန္ဒိယနိုင်ငံက " သူတို့ကို (ထောက်ပံ့ငွေ) ဖြင့် ဆက်ဆံ၍
ပြုပြင်ပြောင်းလဲရေးအတွက် အခြေခံများ ဖြည်းဖြည်းချင်း ချသွားမည်" ဟု မျှော်လင့်ထားကြောင်း ပြောသည်။ဤသည်မှာ နယူးဒေလီ (အစိုးရ) ၏ ပြည်သူချင်း-
ပြည်သူချင်း ဆက်ဆံရေးမဟာဗျူဟာ၏ တစိတ်တပိုင်းဟု ကြွားလုံးထုတ်သည်။

တရုတ်နိုင်ငံ
-----
၁၁။ (C) မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ သြဇာအပေါ်စိုးရိမ်ကြောင်း ဖော်ပြ၍ ဗာရှစ်စတာက နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) သည်
လူ့အခွင့်အရေးကိစ္စနှင့် ပတ်သက်၍ "သူ၏ ဆရာထံမှ နိုင်ငံတကာကို မည်သို့ လှည့်ဖျားရမည်ကို လေ့လာသင်ယူနေသည်" ဟု ဆိုသည်။ တရုတ်နိုင်ငံက
အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက် ဆိပ်ကမ်းများ ရလိုကြောင်း၊ သို့နှင့် "အိန္ဒိယသြဇာလွှမ်းထားသည့် နေရာတိုင်းတွင"် ၎င်း၏ သြဇာကို မြှင့်တင်လိုကြောင်း သူက ပြော
သည်။ ဗာရှစ်စတာက "ရှင်တို့ တရုတ်ပြည်သူ့တပ်မတော် (PLA) က မြန်မာနိုင်ငံမှာ (ပတ်သက်နေမှု) ကို ကြားထားတာ က ရေခဲတောင်ကြီးရဲ့ အစွန်အဖျားပဲ
ရှိသေးတယ်" ဟု ဆိုသည်။ အမေရိကန် ထောက်လှမ်းရေးများ သိရှိနေရမည်ဟု ဆိုသည်။ (မြန်မာနိုင်င)ံ ကို "တရုတ်က အဆင်သင့်ရနေသည်" ဟူသော
မြန်မာနိုင်ငံ၏ယုံကြည်နေမှုအပေါ် မြန်မာနှင့် အိန္ဒိယဆက်ဆံရေးက အခြေခံနေသည်ဟုလည်း သူက အလေးပေး ပြောကြားသည်။

ဘာသာရေး
--------
၁၂။ (C) (မြန်မာ) ကိုယ်စားလှယ်အဖွဲ့က အိန္ဒိယနိုင်ငံတွင် အရေးပါသည့် ဗုဒ္ဓဘာသာစေတီပုထိုးများကို ပြီးခဲ့သည့် ၃-နှစ် တာကာလအတွင်း
လာရောက်လည်ပတ်ခဲ့သည်ကို မှတ်ချက်ပြု၍ သန်းရွှေက ထိုနေရာများကို ဘုရားဖူးသွားရန် အကြိမ် ကြိမ် တောင်းဆိုခဲ့ကြောင်း၊ ယခုခရီးစဉ်နောက်ကွယ်တွင်
ဘာသာရေးကိစ္စက အဓိက ရည်ရွယ်ချက်ဖြစ်ပုံရကြောင်း ခန့်မှန်း ပြောကြားသည်။ ယခု ဘုရားဖူးခရီးစဉ်သည် စစ်အစိုးရ၏ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှုကို
ထင်ပေါ်စေရန် အရောင်တင် ရုံမျှသာ မဟုတ်၊ သန်းရွှေ၏ တဦးချင်း ယုံကြည်ကိုးကွယ်မှုနှင့် ဆိုင်မည်ဟု ဆိုသည်။ သို့သော် သူက ဖြည့်စွက်ပြောကြား ရာတွင်
မြန်မာစစ်အစိုးရက သူတို့အမှားကျူးလွန်ခဲ့သည်ဟု မထင်ထားကြောင်း၊ ဤအပြစ်များအတွက် ၀ဋ်ဆေးစရာမလို ကြောင်း ဆိုသည်။
မှတ်ချက်
-------
၁၃။ (C) ယခင် ရန်ကုန် သံအမတ်ကြီးဖြစ်သူ နိုင်ငံခြားရေး အတွင်းဝန် ဆာရန် (Foreign Secretary Saran) က ဦးဆောင်၍ အိန္ဒိယအစိုးရက မြန်မာနိုင်ငံတွင်
အဓိက သံတမန်ရေး ကြိုးပမ်းဆောင်ရွက်မှုတရပ် ပြုနေကြောင်း ပြော သည်။ မြန်မာအစိုးရအပေါ် အိန္ဒိယနိုင်ငံ၏ မူဝါဒသည်အိန္ဒိယနိုင်ငံ
လုံခြုံရေးအကျိုးစီးပွားအတွက် လက်တွေ့ကျကျ ချဉ်းကပ်ခြင်းသာ ဖြစ်သည်။ သို့သော်လည်း ၎င်းနိုင်ငံ၏ အရှေ့ဖျား မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို မြင်လိုသည့်ဆန္ဒ
အိန္ဒိယ အစိုးရတွင် နောက်ဆုံးရှိနေပါသည်။ ၎င်းနေရာတွင် ဒီမိုကရေစီ မည်သို့မည်ပုံ မြှင့်တင်နိုင်မည်ကို အမေရိကန်ပြည်ထောင်စု၏ အကြံပြုချက်များကို
ကြိုဆိုပါသည်။ အခြေအနေပေးပါက အမေရိကန်-အိန္ဒိယနိုင်ငံတို့၏ ဒေသဆိုင်ရာ ဆွေးနွေးပွဲများ ကို ချဲ့ထွင်၍ ရန်ကုန်တွင် ဖြစ်ထွန်းတိုးတက်မှုများ ရှိလာစေရန်
တင်ပြသွားနိုင်မည်ဟု ဆိုသည်။

MULFORD

http://www.mizzimaburmese.com/home.html

အမေရိကန်နှင့် နိုင်ငံတကာရှိ နိုင်ငံရေး လှုပ်ရှား တက်ကြွသူများ ၏ သားသမီး များ နှင့် မိသားစုဝင်များ မြန်မာ နိုင်ငံ သို့ တိတ်တဆိတ် ၀င်ရောက် လာလျှင် လှို
့ဝှက် ဖမ်းဆီး ၍ ထုတ်ဖော်ပြောမပြနိုင်လောက် သည့် ကာမဆက်ဆံ မှု စသော စိတ်ပိုင်း ၊ ရုပ် ပိုင်း နာကျင်စေမှု များ လုပ်ပြီး ထို ဖြစ်ရပ် ကို ဗီဒီယို မှတ် တမ်း တင်
ထားက ထောက်လှမ်းရေး နှင့်သတင်း တပ်ဖွဲ့ ၏ ခိုင်းစေချက် များ ကို သဘောမတူ ပါက ထို အခွေ ကို အင်တာ နက် တွင် ဖြန့်မည့် အစီအစဉ် မျိုး ရေးဆွဲ ချမှတ်
ထား သည် ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင် တစ်ဦး၏ မြန်မာ ၀ီကီလိခ် သို့ ပေးစာတွင် ဖော်ပြထားသည်။

လွန်ခဲ့သည့်တစ်နှစ် ကျော်က အမေရိကန် နိုင်ငံ နယူးယောက် အခြေစိုက် ဒီမိုကရေစီ လှုပ်ရှား သူ တစ်ဦး၏ အမျိုးသမီး မိတ်ဆွေ တစ်ဦး မြန်မာနိုင်ငံသို့ ပြန်လာ ရာ
ဗိုလ်ချုပ်ဈေး တွင် ရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး နောက် မည်သို့ အပေး အယူ ပြုခဲ့သည် ကိုမူ မသိရဟု ထိုစာထဲ တွင် ပေး ပို့ သူ ရဲကဖော်ပြထားသည်။
ထိုစာထဲ တွင် ပေးပို့ သူ ဒုရဲအုပ် က ထပ်မံ ရေးသား ထားသည်မှာ အမျိုးသမီး များ အနေဖြင့် သတိထား ဖို့ လိုကြောင်း ငါ့ အဖေ နိုင်ငံရေး လုပ်တာ ၊ ငါလုပ်တာ
မဟုတ်ဘူး၊ ငါ့..ယောင်္ကျား နိုင်ငံရေးလုပ်တာ ငါလုပ်တာ မဟုတ်ဘူး ဆိုသည့် စိတ်ကူး မျိုး ဖြင့် လာလျှင် ဖော်ပြ လို့ မရနိုင်လောက် သည့် အရှက်တစ်ကွဲ အကျိုး
နည်းမှု မျိုး နှင့် ကြုံမှ ဖြစ်ပြီး ၊ နေရင်း နိုင်ငံ ပြန်ရောက် သွားလာ လျှင် လည်း သတင်းပေး ဘ၀ ဖြင့် အသက် ဆက်ရမည် ဖြစ်သလို သတင်း မပေး ပါကလည်း
အရှက် ခွဲခံ ရမည် ဖြစ်သည် ဟု သတိပေးရေး သားထားသည်။

ပြည်ပ ရောက်အတိုက်အခံ နိုင်ငံရေး အသိုင်းအ၀ိုင်း မှ မိန်းကလေးငယ်များ မြန်မာနိုင်ငံပြန်လျှင်သတိထားရန် လိုပြီး စစ်တပ် ဒေါက် တိုင်များက လိင်ပိုင်းဆိုင်ရာ
စော်ကားကာ ၎င်း တို့ အတွက်အသုံးချမည်ဖြစ်ကြောင်း သတိပေးထားသည်။ ရဲသတင်း တပ် ဖွဲ့ သည် ထိုကိစ္စ ကို စီစဉ်ရန် အတွက် အမျိုးသားရဲ နှင့် အမျိုးသမီး ရဲ
လေးဆယ်ထက် မနည်း ပါသော အဖွဲ့ ကို ဖွဲ့ စည်း ပြီး ချက်ခြင်းဖမ်းဆီးပြီး မည်သူမှ မသိသေးခင်မှာပင် နာရီ ပိုင်း အတွင်း ခြိမ်းခြောက် အကြပ်ကိုင်ရန် စီစဉ်
ထားပြီး ဖြစ်သည် ဟု ရေးသားထားသည်။
Posted by မြန်မာ ၀ီကီလိခ် at 2:52 PM

ဗိုလ်ချုပ်မှုးကြီး နေအိမ်သစ် အတွက် စာရေးဆရာ ဟိန်းလတ် က ဖုန်းရွှေ နည်းဖြင့် စီရင်ပေးခဲ့


ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ ကြပ်ပြေးနေပြည်တော် မှ နေအိမ်သစ် အတွက် စာရေးဆရာ ဟိန်းလတ်က ဖုန်းရွှေ နည်း လမ်း ဖြင့် စီရင် ပေးခဲ့သည် ဟု မြန်မာ
ဝီကီလိခ် မှ ယနေ့ လက်ခံရရှိထားသော အီးမေးခြောက် ခု အနက် တစ်ခု တွင် ဖော်ပြထား သည်။

အင်္ဂလိပ် နှစ် သစ်ကူးနေ့ ညတိုင်း နိုင်ငံခြားသံတမန် များ ကို ပါ ဗေဒင် ဟောကြားပေးလေ့ရှိ သည်။ စာရေးဆရာ ဟိန်းလတ် သည် ၂၀၀၅ ခုနှစ် နိုဝင်ဘာ လ
အတွင်းနေပြည်တော် ရှိ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ အိမ်သစ် အတွက် ဖုန်းရွှေ နည်းပညာ ဖြင့် စီရင် ပေးခဲ့ သည် ဟု ဖော်ပြထားသည်။ စာရေးဆရာ ဟိန်းလတ်
သည် ဗိုလ်ချုပ်ကြီးသူရရွှေ မန်း အတွင်းရေး မှုး၃ဟောင်း ဗိုလ်ချုပ် ၀င်းမြင့် ၊ သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ် သာအေး ၊ ရန်ကုန်မြို့ တော်ဝန် ဗိုလ်မှုးချုပ်
အောင်သိန်းလင်းနှင့် မန္တလေးမြို့တော်ဝန် ဗိုလ်မှုး ချုပ် ဖုန်းဇော်ဟန်၊ ပြန်ကြားရေး ၀န်ကြီး ၊ ရန်ကုန် တိုင်းမှုးအဆက်ဆက် တို့ ၏ နေအိမ် များကိုဖုန်းရွှေ
နည်းပညာဖြင့် စီရင် ပေးခြင်း၊ စစ်ဗိုလ်ချုပ်များ ၏ ကတော် များ အား အဆောင် လက်ဖွဲ့ ယတြာ များ စီရင် ပေးခြင်း၊ ဗေဒင် ဟောကြားပေးခြင်း များ ပြုလုပ် ပေး
သည် ဟု ဖော်ပြထားသည်။
Posted by မြန်မာ ၀ီကီလိခ် at 2:32 PM

ဗိုလ်ချုပ်ဟောင်း၏ သားကို နေရွှေသွေးအောင် လူလွှတ်၍ ရိုက်ခိုင်း

ရန်ပိုင် Tuesday, 21 December 2010 10:49

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင် (ဖိုးလပြည့်) က ၎င်း၏ နောက်လိုက်များအား စေလွှတ်ပြီး ဗိုလ်ချုပ်ဟောင်း ၀င်းလှိုင်၏သား ၀င်းထွေးလှိုင်ကို


ရိုက်နှက် ထိုးကြိတ်စေခဲ့ကြောင်း သတင်းရရှိသည်။

နေရွှေသွေးအောင်သည် ရန်ကုန်မြို့ရှိ လစ်လပ်နေသည့်


ဝန်ကြီးဌာနပိုင် မြေနေရာများနှင့် ပတ်သက်ပြီး စီးပွားရေး
လုပ်ငန်းရှင်များကို ငွေကြေးရယူ လုပ်ကိုင်ဆောင်ရွက်
ပေးနေကြောင်း၊ ၎င်းပြောဆိုထားသည့် မြေနေရာကို
ကာကွယ်ရေး ၀န်ကြီးဌာန ပစ္စည်းဝယ်ယူရေး (ကက ၀ယ်)
ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ် ၀င်းလှိုင်၏သား
ဝင်းထွေးလှိုင်ကလည်း ၀င်ရောက် လုပ်ကိုင်ရန် ကြိုးစားရာမှ
ပြဿနာ စတင်ခြင်းဖြစ်သည်ဟု သိရကြောင်း စစ်အစိုးရနှင့်
နီးစပ်သူ လုပ်ငန်းရှင်တဦးက ဧရာဝတီ သို့ ပြောသည်။

“၀င်းထွေးလှိုင်ကို ဖိုးလပြည့်က ဒီနေရာဟာ


သူဦးထားတဲ့အတွက် နောက်ဆုတ်ဖို့ သူငယ်ချင်း တယောက်က
တဆင့် တားခိုင်း တယ်။ ဒါပေမယ့် ၀င်းထွေးလှိုင်ကလည်း
ဗိုလ်ချုပ်သားဆိုတော့ ဖိုးလပြည့်လည်း သောက်ဂရုမစိုက်ဘူးလို့

( - Reuters)
ပြန်ပြောလိုက် တယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့ နှစ်ဦးနှစ်ဘက် ပြောဆိုနေချိန်တွင် အနား၌ ဖိုးလပြည့်ကိုယ်တိုင် ရှိသည့်အပြင် ဖုန်း၏ စပီကာလည်း ဖွင့်ထားသည့်အတွက် နေရွှေသွေးအောင်က စိတ်ဆိုးပြီး
၎င်း၏ နောက်လိုက်များအား စေလွှတ်ခါ ၀င်းထွေးလှိုင်အား ရိုက်နှက်ရန် ခိုင်းစေခဲ့ကြောင်း၊ ၀င်းထွေးလှိုင် အိမ်မှထွက်အလာ ခြံဝမှစောင့်၍
ရိုက်နှက်ထိုးကြိတ်သည့်အတွက် ၀င်းထွေးလှိုင်မှာ မျက်နှာတွင် ဒဏ်ရာ ရရှိသွားကြောင်း အထက်ပါ လုပ်ငန်းရှင်က ပြောသည်။

ထိုသို့ ရိုက်နှက်သူများမှာ နေရွှေသွေးအောင်အနားတွင် တာဝန်ယူထားသည့် ဗိုလ်မှူးနှင့် ဗိုလ်ကြီး အဆင့် ရှိသူများ ဖြစ်သည် ဟု သတင်းများထွက်ပေါ်နေကြောင်း
၎င်းက ဆက်လက်ပြောပြသည်။

ရိုက်နှက် ထိုးကြိတ်ခံရသည့် ၀င်းထွေးလှိုင်မှာ အသက် ၃၁ နှစ်ခန့်ရှိ ဂေါက်သီး ကစားသမား တဦးဖြစ်ပြီး ကြေးစား ဂေါက်သီး ကစားသမားအဖွဲ့ PGA
(Professional Golfers' Association) အသိအမှတ်ပြုခံရသူ တဦးဖြစ်ကြောင်း သိရသည်။

၎င်း၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ် ၀င်းလှိုင်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တပ်မမှူး အဖြစ် တပ်မ ၈၈ တွင် တာဝန်ယူခဲ့စဉ်က ဗိုလ်မှူးတဦး ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးအား
ဂေါက်သီးရိုက် သင်ကြားပေးခဲ့သူ ဖြစ်ကြောင်း၊ ယခု ဗိုလ်ချုပ်မှူးကြီး၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူထားသည့် ဗိုလ်ချုပ် နေ၀င်း ပြီးလျှင် ဗိုလ်ချုပ်မှူးကြီး၏
မျက်နှာသာအပေးခံရဆုံးသူဟု နာမည်ကြီးသူဖြစ်ကြောင်း လည်း သိရသည်။

ထို့အပြင် ဗိုလ်ချုပ် ၀င်းလှိုင်မှာ ကာကွယ်ရေး ၀န်ကြီးဌာန ပစ္စည်းဝယ်ယူရေး(ကက ၀ယ်) ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် ၏ မန်နေဂျင်း
ဒါရိုက်တာ၊ စစ်အစိုးရပိုင် မြ၀တီဘဏ် ၏ ဥက္ကဋ္ဌ တာဝန်အသီးသီး ဆောင်ရွက်ခဲ့ပြီးနောက် စစ်တပ်မှ သက်ပြည့်ပင်စင် ယူခဲ့သူ ဖြစ်သည်။

ယခု အရိုက်ခံမှုနှင့် ပတ်သက်ပြီး ဗိုလ်ချုပ် ၀င်းလှိုင်မှ စစ်တပ်အတွင်းရှိ သူ၏ လုပ်ဖော်ကိုင်ဖက်များနှင့် ရဲတပ်ဖွဲ့သို့ ဖိအားပေးပြီး တရားခံကို ဖော်ထုတ်စေကြောင်း၊
သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ရေးအရာရှိ ဗိုလ်ချုပ် နေ၀င်းက ၎င်းကိစ္စကို လုပ်ကိုင်ခဲ့သူမှာ နေရွှေသွေးအောင် ဖြစ်နေသည့်အတွက်
ဆက်လက်မလုပ်ရန် ပြောဆိုခဲ့ကြောင်း စစ်တပ်အသိုင်းအ၀န်း သတင်းများအရ သိရသည်။

နေရွှေသွေးအောင်သည် ပြီးခဲ့သည့် နှစ်ကလည်း အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ သား ဗိုလ်ကြီး ဟောင်း တဦးဖြစ်သော
တေဇာစောဦး နှင့် ၀န်ကြီး ဦးစိုးသာ၏သားတို့ လုပ်ကိုင်နေသည့် “7 Lekker” ကော်ဖီဆိုင်ကို ၎င်း ၏ နောက်လိုက်များ စေလွှတ်၍ ဖျက်ဆီးခဲ့သည်ဟူသော
သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်မှ ၀န်ထမ်းတဦးက ပြီးခဲ့သည့်လအတွင်းက ရန်ကုန်မြို့ လမ်း ၅၀ ရှိ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် ရုံးချုပ်၌
နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးတဦးသည် နေရွှေသွေးအောင်၏ ကားရှေ့မှ ပိတ်ရပ်မိသည့်အတွက် ၎င်း၏ ဆုံးမသြ၀ါဒကို ၂ နာရီခန့်
နားထောင်ခဲ့ရသည်ဟု ပြောသည်။

ယခုအခါ နေရွှေသွေးအောင်သည် ဗိုလ်ချုပ်မှူးကြီး၏ အရှိန်အ၀ါဖြင့် ဆိပ်ကမ်းတွင် အကောက်ခွန် ဥပဒေအရ ဖမ်ဆီးထားသည့် ပစ္စည်းများ၊ အထူးသဖြင့်
ကားကဲ့သို့သော တားမြစ်ပစ္စည်းများကို အခကြေးငွေယူ၍ ကုမ္ပဏီတချို့အတွက် သွားရောက် ထုတ် ယူပေးခြင်း စသည့် လုပ်ငန်းများကို လုပ်ကိုင်နေသည်ဟု
သတင်းရရှိသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတော် ခရီးစဉ်များနှင့် ယခုနှစ် စက်တင်ဘာလအတွင်း သွားရောက်ခဲ့သည့် တရုတ်ပြည် ခရီးစဉ်တွင် ဇနီးဖြစ်သူ
ဒေါ်ကြိုင်ကြိုင်အပြင် သမီးများဖြစ်သည့် ကြည်ကြည်ရွှေ၊ ခင်ပြုံးရွှေနှင့် အေးအေးသစ်ရွှေ၊ မြေးဖြစ်သူ နေရွှေသွေးအောင် တို့ကိုပါ ခေါ်ဆောင်သွားသည်ကို
တွေ့ရသည်။

ဝီကီလိစ်မှ မကြာသေးမီက ပေါက်ကြားခဲ့သော ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ပေး သည့် လျှို့ဝှက်စာတွင် ၂၀၀၈ ခုနှစ်က
နာမည်ကြီး မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို ၀ယ်ပေးရန် နေရွှေသွေးအောင်က အဖိုးဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ပြောဆိုခဲ့ကြောင်း၊
သို့သော် နာဂစ်မုန်တိုင်းကြောင့် လူအများ ဒုက္ခရောက် နေချိန် ဖြစ်သည့်အတွက် ဝေဖန်ခံရမည်ကို စိုးရိမ်ပြီး နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများကို
ဘောလုံးအသင်း ထောင်စေပြီး မြန်မာနေရှင်နယ်လိဂ်ဟု ပြုလုပ်စေခဲ့ကြောင်း ရေးသားထားသည်။

နေရွှေသွေးအောင်သည် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း မျိုးလှိုင်ဝင်းကို ခေါ်ယူ၍ နည်းပြစေပြီး ၂၀၀၇ ခုနှစ် အာရှအကောင်းဆုံးဆုရ


ဂျပန်ဘောလုံးသမား နာကာတာအား ဖိတ်ခေါ်၍ သုဝဏ္ဍကွင်းတွင် စမ်းသပ်ကစားရာ နေရွှေသွေးအောင် ၀င်ရောက်ကစားပြီး နှစ်ဂိုးသွင်းခဲ့သည်။

ယခုအခါ ထိပ်တန်း စစ်ဗိုလ်ချုပ်များနှင့် စီးပွားရေးသမားကြီးများ အကြားတွင် ၎င်းတို့၏ သားသမီးများအား ဗိုလ်ချုပ်မှူးကြီး၏ မြေး နေရွှေသွေးအောင် နှင့် ထိပ်တိုက်
ပြဿနာမဖြစ်ဘဲ နေထိုင်ကြရန် ပြောဆိုနေကြကြောင်း သိရသည်။

စင်တင်ပွဲများ ဆင်ဆာဖြတ်ပြီးမှ ကရမည်

သော်ညိမ်း Tuesday, 21 December 2010 16:53

ရန်ပုံငွေပွဲများ ကပြတင်ဆက်၍ ဗီဒီယိုအခွေအဖြစ်


ထုတ်လုပ်ဖြန့်ချိမည်ဆိုပါက ဗီဒီယိုဆင်ဆာအဖွဲ့မှ
ခွင့်ပြုထားသည့် အတိုင်းသာ ကပြဖျော်ဖြေ
ရတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက
တရားဝင် ထုတ်ပြန်လိုက်သည်။

ထို့အပြင် ရန်ပုံငွေပွဲများ ကပြခြင်းမပြုမီ ၃ ရက် ကြိုတင်၍ ဗီဒီယို


ဆင်ဆာအဖွဲ့ တာဝန်ရှိသူများ ရှေ့မှောက်တွင် ဝတ်စုံပြည့်ဖြင့်
ကပြရဦးမည်ဖြစ်ကြောင်းလည်း သိရသည်။

“အခုလို စည်းမျဉ်းစည်းကမ်းတွေ ထုတ်လိုက်တော့


ကျနော်တို့အတွက် ခွင်ကျဉ်းသွားတယ်။ ပြက်လုံးတွေ
ဘာတွေကို အပြင်မှာ ပရိသတ်တွေရှေ့ရောက်မှ ပြက်တော့

( -http://shwehangan.blogspot.com/)
လက်တွေ့ ဆန်ဆန် သဘာဝ ကျတာလေးတွေ တင်ဆက်လို့ ရတာပေါ့။ ဆင်ဆာတင်တဲ့ အတိုင်းသာ ကပြမယ်ဆိုရင် ဘယ်သူမှ လာကြည့်မှာ မဟုတ်ဘူး” ဟု
ပြဇာတ်၊ အငြိမ့် ဒါရိုက်တာ တဦးကဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့က ကျင်းပခဲ့သော ထာရနှင်းဆီ အငြိမ့်ပွဲနောက်ပိုင်းတွင် ယခုကဲ့သို့ ထုတ်ပြန် ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန် ၃၅ လမ်းမှ ဗီဒီယို
ထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းလုပ်ကိုင်သူ တဦးက ပြောသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ ထုတ်ပြန်ကြေညာချက်တွင် ဆင်ဆာအဖွဲ့က ကြိုတင် ညွှန်ကြားထားသည့်အတိုင်း တသဝေမတိမ်း အများပြည်သူများသို့


တင်ဆက်ကပြရန်၊ အများပြည်သူသို့ ကပြဖျော်ဖြေခြင်း မပြုမီ ကပြမည့် ဇာတ်လမ်း၊
အငြိမ့်ဇာတ်ညွှန်း၊ ပြက်လုံးများကို စာရွက်စာတမ်း အပြည့်အစုံနှင့် ကြိုတင် တင်ပြပြီး ခွင့်ပြုချက် တောင်းခံရန်နှင့် ဗီဒီယို ဆင်ဆာအဖွဲ့၏ ခွင့်ပြုမိန့်ဖြင့်
ရန်ပုံငွေပွဲအတွက် ပွဲမိန့်ရရှိရေး ဆောင်ရွက်ရန် ဟူ၍ ပါရှိကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူ တဦးက ဆိုသည်။

“ဆင်ဆာအဖွဲ့က ခွင့်မပြုရင် ပွဲမိန့်မရဘူး၊ မကရဘူး။ က ရင် အရေးယူမယ် ပြောတယ်” ဟု ဟာသ အနုပညာရှင် တဦးက ပြောသည်။

ထာဝရနှင်းဆီ အငြိမ့်ခွင်တွင် ဆင်ဆာ ဖြတ်တောက်မှုကို လျှော့ပေါ့ပေးရန် တောင်းဆိုသည့် ပြက်လုံး၊ ၂၀၁၀ ရွေးကောက်ပွဲကို သရော်ထားသည့် ပြက်လုံးများ၊
စစ်စိုးရ၏ စီးပွားရေး ဦးပိုင်မှ ချုပ်ကိုင်ထားသည့် လုပ်ငန်းများကို သရော်ထားသည့် ပြက်လုံးများ အပါအဝင် လက်ရှိ လူနေမှုဘဝနှင့် ဆက်နွှယ်သည့် ပြက်လုံးများ
ပါဝင်သည်။

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) စီစဉ်သော ထာဝရ နှင်းဆီအငြိမ့်တွင် မင်းသမီးအဖြစ် မေကဗျာ၊ ဂျင်းနီ၊ မိုးယုစံနှင့် ဖူးစုံတို့က လည်းကောင်း၊
လူရွှင်တော်များအဖြစ် သရုပ်ဆောင် နေတိုး၊ ကျော်ကျော်ဗို၊ ရဲလေး၊ ထွန်းထွန်းနှင့် မိုးမိုးတို့က လည်းကောင်း ကပြဖျော်ဖြေခဲ့ပြီး အဆိုပါပွဲကို သုဝဏ္ဏ
အားကစားပြိုင်ပွဲရုံ (၁) ၌ တင်ဆက်ခဲ့ရာ လူအများ နှစ်ချိုက် အားပေး ခဲ့ကြသည်။

အုပ်ချုပ်ရေးကဏ္ဍတွင် ကြံ့ဖွံ့ပါတီဝင်များကို အစားထိုး ခန့်အပ်မည်

ဧရာဝတီ Tuesday, 21 December 2010 16:00

ရွေးကောက်ပွဲအပြီး လွှတ်တော်အမတ်နေရာအများစု အနိုင်ရရှိသည်ဟု ထုတ်ပြန်ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ဝင်များကို


ရပ်ကွက်၊ မြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေး ယန္တရားများတွင် အစားထိုးခန့်အပ်မည် ဖြစ်ကြောင်း သိရသည်။

ကြံ့ဖွံ့အစိုးရ မပေါ်ပေါက်မီ အခြေခံကျသော ရပ်ကွက်၊


မြို့နယ်နှင့် ခရိုင် အုပ်ချုပ်ရေး ယန္တရားများကို စတင်ပြောင်းလဲမှု
ပြုလုပ်ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း ကြံ့ဖွံ့ပါတီအသိုင်း အ၀န်းက
ပြောသည်။

“အခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ရာအိမ်မှူး၊


ဆယ်အိမ်မှူးတွေ နေရာမှာ အစားထိုးဖို့ ရပ်ကွက်၊ လမ်းအလိုက်
အမာခံ ပါတီဝင်စာရင်း တောင်းထားတယ်။ မြို့နယ်၊ ခရိုင်
အုပ်ချုပ်ရေး ရာထူးတွေကတော့ တိုင်းအဆင့်
ပါတီလူကြီးတွေထဲက ခန့်သွားဖို့ ရှိတယ်။ အငြိမ်းစား
စစ်မှုထမ်းဟောင်းတွေလည်း မြို့နယ်နဲ့ ခရိုင်အုပ်ချုပ်ရေး
ယန္တရားမှာ ပူးတွဲတာဝန် ထမ်းဆောင်ကြမှာပါ” ဟု
မြို့နယ်ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌ တဦးက ပြောသည်။

အုပ်ချုပ်ရေး ယန္တရား မပြောင်းလဲသေးခင်၌ပင်


ကြံ့ဖွံ့ပါတီဝင်များသည် ရပ်ကွက်များတွင် အဆိုပါ ပါတီ၏
( -) တံဆိပ် ခြင်္သေ့ အမှတ်အသားကို အသုံးပြုကာ
အခွင့်အရေးယူနေကြကြောင်း တောင်ဥက္ကလာပ ဒေသခံများက ပြောသည်။

“ရန်ကုန်မှာ ဆိုင်ကယ်စီးနင်းခွင့်မရှိဘူး။ ဒါပေမယ့် ကြံ့ဖွံ့ပါတီဝင်တွေက ခြင်္သေ့တံဆိပ် တပ်ပြီး လိုင်စင်မဲ့ ဆိုင်ကယ်စီး တယ်၊ ကြံ့ဖွံ့ပါတီဝင်
ဆိုက်ကားသမားတွေတောင် ခြင်္သေ့တံဆိပ်တပ်၊ ကြံ့ဖွံ့ အင်္ကျီဝတ်ပြီး လိုင်စင်မဲ့ဆိုက်ကားတွေကို ပေါ်ပေါ်တင်တင် လမ်းမတွေပေါ်မှာ နင်းကြတယ်” ဟု
တောင်ဥက္ကလာပ ၇ ရပ်ကွက်နေ ပြည်သူတဦးက ပြောသည်။

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းတဦး ကမူ ကြံ့ဖွံ့အစိုးရ ပေါ်ပေါက်ပြီးပါက ပြည်သူများအနေနှင့်


ကြံ့ဖွံ့ပါတီဝင်များကို ကြောက်ရွံ့ရမည့် အနေအထား ဖြစ်လာနိုင်သည်ဟု ဆိုသည်။

“ဆိုက်ကားသမားတောင် ကြောက်ရမယ့်ပုံဖြစ်နေပြီ။ ဆိုက်ကားသမားတွေ တော်တော်များများက ကြံ့ဖွံ့ ပါတီဝင်တွေဆိုတော့။

ပြည်သူတွေ ကြောက်စရာ နောက်တခု ထပ်တိုးတာပေါ့။ အရင်က ရဲနဲ့ စစ်သားကိုပဲ ကြောက်ရတာ။ အခုတော့ ကြံ့ဖွံ့တွေကိုပါ ကြောက်ရတော့မယ့် ပုံပဲ” ဟု ၎င်းက
ပြောသည်။

နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ရရှိသော သတင်းများအရ ပြည်နယ်/တိုင်း အစိုးရ၀န်ကြီးချုပ်များ၊ ၀န်ကြီး
ရာထူးများအတွက် တာဝန် ထမ်းဆောင်မည့်သူများကို အပြီးသတ် ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာက ထိုင်းကို ၄ ဂိုး သုညဖြင့်ရှုံး

ဟိန်းသူ Tuesday, 21 December 2010 18:26


၁၅ ကြိမ်မြောက် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲ အမျိုးသား ဘောလုံးပွဲစဉ်တွင် ယနေ့ ကျင်းပသည့် ဆီမီးဖိုင်နယ် အဆင့်၌ မြန်မာအသင်းက အိမ်ရှင်
ထိုင်းအသင်းအား ၄ ဂိုး သုညဖြင့် ဂိုးပြတ် ရှုံးနိမ့်ခဲ့သည်။

ယင်း တက္ကသိုလ်အဆင့် အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ


ချင်းမိုင်မြို့တွင် ဒီဇင်ဘာ ၁၅ ရက်နေ့မှ ၂၃ ရက်နေ့အထိ
ကျင်းပမည် ဖြစ်သည်။

မြန်မာအသင်းအနေဖြင့် ဗိုလ်လုပွဲသို့တက်ရောက်ခွင့်
မရတော့သောကြောင့် တတိယနေရာအတွက်သာ အာရုံစိုက်
ရတော့မည်ဖြစ်ကြောင်း အားကစားပွဲသို့ လိုက်ပါလာသည့်
မြန်မာအသင်းနည်းပြ ဦးဇော်မင်းက ပြောသည်။

“တတိယနေရာအတွက် မျှော်လင့်ထားပါတယ်။ ဒီပွဲမှာ


ကျနော်တို့အသင်း အစစအရာရာ မယှဉ်နိုင်ခဲ့လို့
အခုလိုရှုံးနိမ့်ခဲ့တာပါ” ဟု ၎င်းက ဆိုသည်။

ဘောလုံးပွဲသို့ လာရောက်ကြည်ရှုသည့်
မြန်မာပရိသတ်တဦးကလည်း မြန်မာအသင်းသည်
အသင်းအလိုက် စုစည်းမှု အားနည်းခြင်း၊ ဘောလုံး
၁၁ () () ( -) ကျွမ်းကျင်မှုပိုင်း အားနည်းခြင်း၊ နည်းဗျူဟာပိုင်း
အားနည်းခြင်းတို့ကြောင့် ထိုင်းအသင်းကို မယှဉ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။

ဝါရင့်အားကစား ကလောင်ရှင် ခင်မောင်ထွေး (ပျဉ်းမနား) ကမူ ထိုင်းအသင်းကဲ့သို့ မြန်မာအသင်းမှာ နှစ်ရှည်စီမံကိန်းဖြင့် ဘောလုံးသမားများကို မွေးထုတ်ထားခြင်း
မဟုတ်ကြောင်း၊ ထို့ကြောင့် မယှဉ်နိုင်ခြင်းဖြစ်ကြောင်း သုံးသပ်သည်။

မြန်မာတက္ကသိုလ်များ ဘောလုံးအသင်းကို
အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ၂ သင်း ရွေးချယ်ကာ
ယှဉ်ပြိုင် စေခဲ့ပြီး အကောင်းဆုံး ကစားသမားများကို
ယခုပြိုင်ပွဲအတွက် ခေါ်ယူသွားခြင်း ဖြစ်ကြောင်း
ဦးခင်မောင်ထွေးက ရှင်းပြသည်။

ဆီမီးဖိုင်နယ် ဘောလုံးပြိုင်ပွဲသို့ ထိုင်းပရိသတ် အနည်းငယ်သာ


လာရောက် အားပေးသော်လည်း မြန်မာပရိသတ်များမှာ
အထူးတန်းပွဲကြည့်စင် အပြည့် လာရောက်အားပေးခဲ့သည်ကို
တွေ့ရသည်။

အာဆီယံ တက္ကသိုလ်အဆင့် အမျိုးသား ဘောလုံးပြိုင်ပွဲသို့


ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ လာအို၊ မြန်မာနှင့်
ကမ္ဘောဒီးယား စုစုပေါင်း ၇ နိုင်ငံ ၀င်ရောက်ယှဉ်ပြိုင်ပြီး အဆင့် ၁
မှ ၄ အတွင်း ၀င်သော အသင်းများမှာ ဆီမီးဖိုင်နယ် အဆင့်သို့ ( -)
တက်ရောက်ခွင့် ရခဲ့သည်။

မြန်မာအသင်းမှာ အုပ်စုအဖွင့် ပွဲစဉ်တွင် လာအိုအသင်းအား ၂ ဂိုး - ၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယပွဲစဉ်တွင် မလေးရှား အသင်းအား ၁ ဂိုး - ၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
နောက်ဆုံး ပွဲစဉ်တွင် မြန်မာအသင်းက စင်ကာပူအသင်းနှင့် ဂိုးမရှိ သရေကျခဲ့သည့် အတွက်ကြောင့် ဇယားအဆင့် ၃ နေရာ ရရှိခဲ့၍ ဆီမီးဖိုင်နယ် အဆင့်ကို
တက်ရောက်ခွင့် ရခဲ့ခြင်းဖြစ်သည်။

တခြားသော ဆီမီးဖိုင်နယ် ပွဲစဉ်တွင် လာအို အသင်းက ဗီယက်နမ် အသင်းအား ၂ ဂိုး - ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် မြန်မာအသင်းမှာ ဗီယက်နမ်အသင်းနှင့်
တတိယနေရာ လုရမည်ဖြစ်သည်။

ဗိုလ်လုပွဲ နှင့် တတိယလုပွဲကို အားကစားပွဲ


နောက်ဆုံးရက်ဖြစ်သော ဒီဇင်ဘာ ၂၃ ရက်နေ့တွင်
ကျင်းပသွားမည်ဖြစ်ပြီး ဆုပေးပွဲပါ တခါတည်း ကျင်းပမည်
ဖြစ်ကြောင်း သိရသည်။

ချင်းမိုင်မြို့တွင်ကျင်းပသည့် အားကစား ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ


ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်
ခဲ့ပြီး ယခုဘောလုံးပွဲကိုလည်း လာရောက်
အားပေးသွားခဲ့သည်ကို တွေ့ရသည်။

ယခု ဘောလုံးပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ စင်ကာပူ၊


အင်ဒိုနီးရှား၊ လာအို၊ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊
ဘရူနိုင်းနှင့် အရှေ့တီမောနိုင်ငံတို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

အာဆီယံ တက္ကသိုလ်များ အားကစားပွဲတွင် စုစုပေါင်း


အားကစားနည်း ၁၆ မျိုး ယှဉ်ပြိုင်သော်လည်း မြန်မာနိုင်ငံမှ
( -) ကစားနည်း ၈ မျိုးသာ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ပြိုင်ပွဲများတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ တက္ကသိုလ်အဆင့် ကျောင်းသူ/ ကျောင်းသား အားကစားသမား ၂၀၀၀ ခန့် လာရောက် ယှဉ်ပြိုင်ခဲ့သည်။
မြန်မာနိုင်ငံမှာ ယခုယှဉ်ပြိုင်လျက်ရှိသည့် အာဆီယံ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိမှု၌ အဆင့် ၉ နေရာတွင် ရပ်တည်နေပြီး အမျိုးသား
ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု တဆုသာ ရရှိထားသည်။

ဆုတံဆိပ် ရရှိမှုဇယားထိပ်ဆုံးတွင် အိမ်ရှင် ထိုင်းအသင်းက စုစုပေါင်း ဆုတံဆိပ် ၈၂ ခု ဖြင့်ရပ်တည်နေပြီး အင်ဒိုနီးရှားနိုင်ငံမှာ စုစုပေါင်း ဆုတံဆိပ် ၇၂ ခုဖြင့်
ဒုတိယ၊ မလေးရှားအသင်းက စုစုပေါင်း ဆုတံဆိပ် ၆၄ ခုဖြင့် တတိယနေရာ၌ ရပ်တည် နေကြသည်။

နိုင်ငံရေး အကျဉ်းသား မသင်းဇူလိုင်ကျော် လွတ်မြောက်

ရန်ပိုင် Tuesday, 21 December 2010 18:08

ပဲခူးတိုင်း ပြည်မြို့အကျဉ်းထောင်၌ အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား တဦးဖြစ်သော မသင်းဇူလိုင်ကျော် သည် လွတ် ရက် စေ့၍ ယမန်နေ့နံနက်က
ပြန်လည် လွတ်မြောက်လာသည်။

ကျန်းမာရေး ကောင်းမွန်ကြောင်း၊ လွတ်ရက်စေ့၍ လွတ်လာခြင်းဟု ဆိုနိုင်သော်လည်း ရုံးတင်တရားမစွဲဆိုမီနှင့် အမှုရင်ဆိုင် နေရ စဉ် အချိန်အတွင်း
ထောင်တွင်းနေထိုင်ရသည့် အချိန်ကာလကိုပါ ရေတွက်ကြည့်လျှင် ချမှတ်ခံရသည့် ပြစ်ဒဏ်ထက် ၅ လခန့်ပင် ပိုပြီး အကျဉ်းထောင်ထဲတွင် နေထိုင်ခဲ့ရသည်ဟု
မသင်းဇူလိုင်ကျော် ကဆိုသည်။

“ကျန်းမာရေးရော စိတ်ဓာတ်ရော ကောင်းတယ်၊ ကိုယ်လွတ်ပေမယ့် အပြည့်အ၀ မပျော်နိုင်ဘူး၊ တခြားဘ၀တူ နိုင်ငံရေး အကျဉ်း သားတွေ
အကုန်လွတ်စေချင်တယ်”ဟု ၎င်းက ဆိုသည်။

မသင်းဇူလိုင်ကျော်သည် ၂၀၀၈ ခုနှစ် ဇန်န၀ါရီလက ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ


ကော်ဖီဆိုင်တဆိုင်တွင် ဘလော့ဂါ နေဘုန်း လတ်နှင့် အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး
နိုင်ငံတော်အား အကြည်အညိုပျက်စေသည့် ပုဒ်မ ၅၀၅ (ခ) နှင့် ထောင်ဒဏ် ၂ နှစ်၊ သီးလေးသီး
အငြိမ့်အဖွဲ့၏ ဗီဒီယို အခွေလက်ဝယ်တွေ့ရှိမှုကြောင့် ပုဒ်မ ၃၆ (ခ) ဗီဒီယို အက်ဥပဒေဖြင့်
ထောင်ဒဏ် ၆လ စုစုပေါင်း ထောင်ဒဏ် ၂ နှစ် နှင့် ၆ လ ပြစ်ဒဏ်ချမှတ် ခြင်းခံခဲ့ရသည်။

ကိုနေဘုန်းလတ်မှာ အီလက်ထရွန်နစ် ပုဒ်မ အတွက် ၁၅ နှစ်၊ ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ)


၃၆ အရ ၃ နှစ်နှင့် ၆ လ၊ အများပြည်သူ ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အတွက် ၂ နှစ်
စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ နှင့် ၆ လ ချမှတ်ခံရ ပြီး ယခုအခါ ကရင်ပြည်နယ်
ဘားအံထောင်တွင် ထောင်ဒဏ် ကျခံနေရသည်။

လက်ရှိ ပြည်မြို့အကျဉ်းထောင်တွင် ရန်ကုန်တိုင်း သာကေတမြို့နယ်မှ အမျိုးသားဒီမိုကရေစီ


အဖွဲ့ချုပ် အဖွဲ့ဝင် ဒေါ်ချို၊ ပုဒ်မ ၅၀၅ (ခ) ဖြင့် ပြစ်ဒဏ်ကျနေသည့် ဒဂုံမြို့နယ်မှ ကျောင်းသူ
မသရဖီသိမ့်သိမ့်ထွန်း တို့အပြင် တောင်ဒဂုံမြို့နယ်မှ သားကြီး(ခ) မြင့်လွင် ဦး၊ သံဃာတော်
ဦးခေမာဝံသ၊ ကိုအောင်ကျော် စသည့် နိုင်ငံရေး အကျဉ်းသားများ ကျန်နေသေး ကြောင်း
သိရသည်။

( -
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)မှ မြန်မာနိုင်ငံရှိ
အကျဉ်းထောင်အသီးသီးတွင် ယုံကြည်ချက် ကြောင့် အကျဉ်းကျနေသည့် အမျိုးသမီး နိုင်ငံရေး
)
အကျဉ်းသား ဦးရေမှာ ၁၇၅ ဦးရှိသည်ဟု ထုတ်ပြန်ထားသည်။

၂၀၀၇ ခုနှစ် လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် လမ်းလျှောက် ဆန္ဒပြခဲ့သည့် အတွက် မကွေးတိုင်း သရက်ထောင် တွင် ထောင်ဒဏ် ၆၅ နှစ်
ချမှတ်ခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းသည် ထောင်တွင်း၌ အစာငတ်ခံ ဆန္ဒပြနေ ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက သတင်းများ
ထွက်ပေါ်ခဲ့သေးသည်။

မနီလာသိန်းမှာ အမျိုးသမီးရောဂါ ရှိနေပြီး မျက်စိကြောင့် ခေါင်းကိုက်သည့် ဝေဒနာကို ပြင်းထန်စွာ ခံစားနေရကြောင်း၊ ထို့ကြောင့် လစဉ် ဆေးများပို့ပေး
နေရကြောင်း၊ ခင်ပွန်းဖြစ်သူ ကိုဂျင်မ(ီ ခ) ကိုကျော်မင်းယုမှာလည်း တောင်ကြီးထောင်တွင် ပြစ်ဒဏ်ကျခံနေရပြီး သမီးငယ်နှင့်လည်း ခွဲခွာနေရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသား ၁၇ ဦးလွတ်မြောက်လာခဲ့သေးသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေးလ် ကင်တာနာကလည်း မြန်မာနိုင်ငံ အကျဉ်းထောင်များ တွင်ရှိသည့် နိုင်ငံရေး
အကျဉ်းသားများမှာ ကျန်းမာရေးဆိုးရွားကြောင်း၊ အဆိုပါ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ကျော်ကို ပြန်လွှတ် ပေးရန် ပြီးခဲသည့် ရက်ပိုင်းက တောင်းဆိုခဲ့သည်။

လူထုအခြေပြု အဖွဲ့များ၏ လိုအပ်ချက် ဒေါ်အောင်ဆန်းစုကြည် ကူညီနိုင်မည် မျှော်လင့်

မင်းနိုင်သူ Monday, 20 December 2010 17:50

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လူထုအခြေပြု လူမှုရေး အဖွဲ့အစည်း (Community Based Organization - CBO) များ၏ လိုအပ်ချက်များကို
ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းအဖွဲ့အစည်းများမှ လူငယ်များက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် လူငယ်များ ဦးဆောင် ပါဝင်သည့်
လူမှုရေး အဖွဲ့အစည်းများနှင့် မကြာမီ တွေ့ဆုံသွားလိမ့်မည်
ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ
ခေါင်းဆောင် တဦးဖြစ်သည့် ဦးအုံးကြိုင်က ဆိုသည်။

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်း မြို့နယ်တွင် ဖွဲ့စည်းထားသည့်


The Green One သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ
ကိုပြည့်စုံထက်က “ဒေါ်အောင်ဆန်းစုကြည် လွတ်လာ ပြီးနောက်
လူမှုရေးနဲ့ နိုင်ငံရေး ခွဲခြားလို့မရဘူး၊ အဖွဲ့ချုပ် သည်လည်း
လူမှုရေး လုပ်ငန်းတွေကို ဆက်ပြီး အရှိန်မြှင့် လုပ်ကိုင်သွားမယ်
ဆိုပြီး ပြောလာတော့ ကျနော်တို့ အဖွဲ့အနေနဲ့ အားတက်မိ
တာပေါ့။ နောက်ပိုင်းမှာ ကျနော်တို့ အဖွဲ့အနေနဲ့ သူတို့နဲ့
ချိတ်ဆက်ပြီး လုပ်ရမှာ တွေလည်း ရှိကောင်း
ရှိလာနိုင်တယ်လေ” ဟု ဧရာဝတီသို့ ပြောသည်။

The Green One အဖွဲ့ကို နာဂစ်ဆိုင်ကလုန်း မုန်တိုင်းပြီးနောက်


ဖွဲ့စည်းခဲ့ပြီး ဧရာဝတီတိုင်း အတွင်း သူငယ်တန်းမှ ကိုးတန်းအထိ AIDS ၁ NLD ( - Getty Images)
ကျောင်းသားများကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာ ပေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“Sunday Talk ဆိုပြီး သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လူငယ်စကားဝိုင်းလေးတွေ ကျောင်းတွေမှာ ကျနော်တို့လုပ်တယ်။ အဲဒါနဲ့ပတ်သက်ပြီး အာဏာပိုင်တွေရဲ့
စောင့်ကြည့်မှုတွေလည်း ခံရတော့ ဒါတွေကိုလည်း ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေးတိုင်ပင်သွားချင်ပါတယ်” ဟု ကိုပြည့်စုံထက်က ပြောသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် လှည့်လည်ပညာသင်ကြားရေးနှင့် သင်ထောက်ကူပစ္စည်း လှူဒါန်းရေး ဆောင်ရွက်ပေးနေသည့် New Myanmar


အဖွဲ့မှ မမြနန္ဒာက “စဖွဲ့စက ပြည်ပရောက် သူငယ်ချင်းတွေရဲ့ လှူဒါန်းငွေနဲ့ စဖြစ်ခဲ့တာပါ။ အခုနောက်ပိုင်းမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကလည်း
များလာတယ်။ ဒီအတွက် အလှူငွေတွေလည်း ပိုလိုလာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရင် ဒီအခက်အခဲတွေကို ပြောပြမယ်” ဟု ဆိုသည်။

မိဘမဲ့ကလေးများ ပညာသင်ကြားရေးကို ဆောင်ရွက်ပေးနေသည့် Voluntry Intermship Program အဖွဲ့မှ ကိုတင့်ဇော်သန်းက “ကျနော်တို့မှာ နေရာ၊ ရန်ပုံငွေ၊
သင်ထောက်ကူပစ္စည်းတွေ လိုတယ်ဗျာ။ နောက်ပြီး ဒီမှာက အဖွဲ့အစည်းတွေ လွတ်လပ်စွာဖွဲ့စည်းခွင့်ကလည်း မရှိသေးတော့ အခက်အခဲတွေ
အများကြီးကြုံရတယ်။ ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရင် ပြောပြပြီး ဒီအခက်အခဲတွေကို ဘယ်လို ကျော်လွှားကြနိုင်မလဲဆိုတဲ့ အကြံဉာဏ်တွေ
ရနိုင်မယ်ထင်တယ်” ဟု ပြောသည်။

မြန်မာပြည်တွင် NGO ပေါင်း ၆၄ ခုနှင့် တရားဝင် အသိအမှတ်ပြုထားသော လူထုအခြေပြု လူမှုအထောက်အကူပြုအဖွဲ့ ၄၅၅ ဖွဲ့ရှိကြောင်း သိရသည်။

၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းအပြီး လူမှုကူညီရေး အသင်းအဖွဲ့များစွာ ပေါ်ပေါက်ခဲ့ရာ ယခုအခါ တရားဝင် NGO အဆင့် မရောက်ရှိသေးသည့်
လူထုအခြေပြု လူမှုရေးအသင်းအဖွဲ့ များစွာရှိနေပြီး ထိုအဖွဲ့များသည် INGO များ၊ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်သံရုံးများတွင် ငွေကြေးထောက်ပံ့ရေး
သဘောတူညီချက်များ ရယူခြင်း၊ ဈေးပွဲတော်များ ကျင်းပ၍ ရန်ပုံငွေရှာခြင်း၊ ပြည်ပရောက် မြန်မာများ၏ လှူဒါန်းငွေများ လက်ခံခြင်းတို့ဖြင့်
ရပ်တည်နေကြခြင်းဖြစ်ကြောင်း သိရသည်။

သင်္ကြန်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူ ထောင် ၈ နှစ် ချခံရ

ဧရာဝတီ Tuesday, 21 December 2010 18:34 သတင်းတိုများ

၂၀၁၀ သင်္ကြန်တွင်း ရန်ကုန်မြို့ရှိ X2O ရေကစားမဏ္ဍပ် ဗုံးပေါက်ကွဲမှုကို ဓာတ်ပုံ မှတ်တမ်းယူခြင်းကြောင့် ဖမ်းဆီးခံရသည့် ကိုစည်သူဇေယျ ကို
မင်္ဂလာတောင်ညွန့် တရားရုံးက နယ်စပ်ဖြတ်ကျော် ပုဒ်မဖြင့် ထောင်ဒဏ် ၃ နှစ်၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မဖြင့် ၅ နှစ် စုစုပေါင်း ထောင်ဒဏ် ၈ နှစ်
ချမှတ်လိုက်ကြောင်း ရှေ့နေများက ပြောသည်။ ဗုံးဖောက်ခွဲသူ လက်သည်ကိုမူ ဖမ်းဆီးရမိကြောင်း အာဏာပိုင်များက ထုတ်ဖော် ကြေညာခြင်း မရှိသေးပေ။

ဂီရိလေဘေးဒုက္ခသည်များ အခက်အခဲဖြစ်နေဆဲဟု NGO များပြော

ဧရာဝတီ Tuesday, 21 December 2010 16:36 သတင်းတိုများ

ရခိုင်ပြည်နယ် အတွင်း ဂီရိဆိုင်ကလုန်း လေဘေးဒုက္ခသည် များသည် မုန်တိုင်းတိုက်ခတ်ပြီး ၂ လ ပြည့်သည့်တိုင် စားစရာနှင့် နေစရာ အခက်အခဲများ
ကြုံတွေ့နေရဆဲဖြစ်ကြောင်း NGO အဖွဲ့များကပြောသည်။ လေဘေးဒုက္ခသည်များ အနေနှင့် တနိုင်တပိုင် ပြန်လည်ထူထောင်ရေး လုပ်ငန်များ လုပ်လိုသော်လည်း
စားစရာ ဆန်မရှိ၍ လုပ်ငန်းခွင် ၀င်ရန် အခက်အခဲ ဖြစ်နေကြောင်း၊ ကူညီပေးနေသည့် NGO များကလည်း တပတ်စာထက် ပိုပေးနိုင်ခြင်း မရှိသေးကြောင်း
သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ILO ကိုယ်စားလှယ် စတိဗ်မာရှယ်တို့ တွေ့ဆုံ

ဧရာဝတီ Tuesday, 21 December 2010 15:45 သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) ၏ မြန်မာနိုင်ငံကိုယ်စားလှယ် မစ္စတာစတိဗ် မာရှယ်က ယမန်နေ့က သွားရောက်တွေ့ဆုံပြီး


မြန်မာစစ်အစိုးရနှင့် ILO အကြား နားလည်မှု စာချွန်လွှာရေးထိုးထားသည့် ကလေးစစ်သား ပပျောက်ရေး၊ အဓမ္မ လုပ်အားပေးခိုင်းစေမှု ပပျောက်ရေးနှင့်
အသိမ်းဆည်းခံ လယ်ယာမြေ ကိစ္စရပ်များအပေါ် NLD အနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း NLD
ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။
အု
ပ်ချု
ပ်ေ
ရး
က

တွ
င်
ကြံ့
ဖွံ့ပ
ါတီ
ဝင်
များ
ကို
စခ
န့်
အနိုင်ရ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များကို ရပ်ကွက်၊ မြို့နယ်၊ ခရိုင်
အုပ်ချုပ်ရေးယန္တရားတွင် အဓိကနေရာမှ ထည့်သွင်း
ခန့်အပ်နေပြီဖြစ်ကြောင်း ကြံ့ဖွံ့ပါတီဝင်များက ပြောသည်။ ကြံ့ဖွံ့ပါတီ၏
ဗဟိုကော်မတီအစည်းအဝေးအား ဒီဇင်ဘာလ ၂၀၊ ၂၁ ရက်နေ့ တို့တွင်
နေပြည်တော်၌ ကျင်းပနေပြီး တနိုင်ငံလုံးမှ ရွေးကောက်ပွဲအနိုင်ရ
ကိုယ်စားလှယ်များ၊ ပါတီဝင်များ ပါဝင်သော အစည်းအဝေးကိုမူ
ဇန်န၀ါရီလဆန်းပိုင်း၌ ပြုလုပ်သွားရန် ရှိကြောင်းလည်း သိရသည်။

UWSA ပန်ဆန်း ၌ နှစ်ချုပ် စည်းဝေး

ဧရာဝတီ Tuesday, 21 December 2010 13:37 သတင်းတိုများ

“ဝ”ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့၌ ယခု တပတ်မှ စတင်ကာ သက်ဆိုင် ရာ ဌာနအလိုက် နှစ်ချုပ်
အစည်းအဝေးများ ကျင်းပနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ လယ်/ဆည် နှင့် သစ်တောရေးရာ ဌာန၊ ပြန်ကြားရေး ဌာန၊ ကျန်းမာရေး ဌာန၊ ပညာရေး ဌာန၊
ကာကွယ်ရေး ဌာန စသည့် ဌာနများက တ နှစ်တာ အတွင်း ၎င်းတို့၏ မှတ်တမ်း မှတ်ရာများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြကြောင်း အမည်မဖော်လိုသူ ဝ
တပ်မှူး တဦးက ပြောသည်။

http://www.irrawaddy.org/bur/

This Blog
Linked From Here
Other Website
This Blog

Linked From Here

Other Website
Tuesday, December 21, 2010

ဥက္ကဋ္ဌ သစ်

ဒီနေ့ထုတ် သတင်းစာမှာ အဲပုဂံပိုင်ရှင် ဦးတေဇကို မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌသစ် ဆိုပြီး သုံးနှုန်းထားပါတယ်။ ၂၀၁၁ ကနေ
စ မြန်မာ့ ကျောက်မျက် လောကကိုလည်း မောင်ပိုင်စီး တော့မလား ဆိုပြီးမှ အားလုံးက စိတ်ဝင်စားနေကြပါတယ်။

တပ်ချုပ်ကြီးရဲ့ မြဲ သုံး မြဲ ဆိုတာ ဘာပါလိမ့်

-ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က နေပြည်တော်မှာ တပ်မတော်နည်းပညာတက္ကသိုလ်လို့ ခေါ်တဲ့ အန်ချင်စရာ ... အဲ ... မှားတွားလို့ ... အင်ဂျင်နီယာ
ဗိုလ်လောင်းသင်တန်း ဆင်းပွဲ ကျင်းပခဲ့ပါတယ် (အဆိုတော် ဗီဒီယို ရုပ်ရှင်သရုပ်ဆောင် မော်ဒယ်လ်မန်း ကိုနေရဲမာန်ကြီးလည်း အဲသည်ကဆင်းသပေါ့၊
အန်ချင်စရာတပ်မှာ ခိုးလို့ရတာတွေနဲ့ အခု ဇီးသီးတွေထုတ်၊ ရုပ်ရှင်ကားတွေ ရိုက်နေဆိုပဲ - စကားချပ်)

အဲဒီ ဗိုလ်လောင်းသင်တန်း ဆင်းပွဲမှာ ကျွန်ုပ်တို့ရဲ့ နိုင်ငံတော်အကြီးအကဲ ချိုကုပ်ဒူးကြီးဟာလည်း ထုံးစံမပြတ် မိန့်ခွန်းဖတ်... ယောင်လို့ မိန့်ခွန်း
ပြောကြားခဲ့ပါတယ်။

အဲဒီမိန့်ခွန်းထဲမှာ ကိုတာတေ့အတွက် မှတ်သားစရာတွေ ပါလာတော့ကာ ဧရာဝတီ ဘလော့ပရိသတ်ကို မျှဝေချင်စိတ် ကလိကလိနဲ့ ပေါ်လာပါတော့တယ်။

ချိုကုပ်ဒူးကြီးက ပြောပါတယ် အန်ချင်စရာ ဗိုလ်လောင်းတွေ အနေနဲ့ မြဲသုံးမြဲနဲ့ ပြည့်စုံရမယ်တဲ့။ သူ့ရဲ့ မြဲသုံးမြဲကတော့ “အမြဲတမ်း လေ့ကျင့်နေရမယ်၊ အမြဲတမ်း
စစ်ရေးသတိရှိရမယ်၊ အမြဲတမ်း တိုက်ပွဲဝင် အသင့် ဖြစ်နေရမယ်” ဆိုပဲ။ အဲဒီမြဲတွေနဲ့ အန်ချင်စရာတပ်နဲ့ ဘာများဆိုင်လို့တုန်းနော်။ မယုံကိုနေရဲမာန်ကြီးကို
မေးကြည့် ... သူတို့ အန်ချင်စရာတပ်နဲ့ဆိုင်တဲ့ မြဲတွေကို ပြောပြလိမ့်မယ်။

ကိုတာတေကတော့ သိတယ်။ ကိုယ့်ဘာသာသိတာတော့ မဟုတ်ရပါဘူး။ ကိုတာတေတို့ ငယ်ငယ်က ဖတ်ခဲ့တဲ့ ကာတွန်းတပုဒ်က ပြောပြတာပါ။ နှယ်နှယ်ရရ
ကာတွန်းလို့တော့ မထင်လိုက်လေနဲ့ ...။ အလင်္ကာကျော်စွာ ဘွဲ့ရတဲ့ ကာတွန်းဆရာကြီး ဦးဘဂျမ်းရဲ့ ကာတွန်းပါ။

တကယ်ဆို တပ်ချုပ်ကြီးကလည်း ဦးဘဂျမ်းရဲ့ ကာတွန်းကို ကိုးကားပြီး မိန့်ခွန်းပြောသင့်တာပေါ့ ... အဲဒီထဲမှာ မြဲက ၃ မြဲတင်မကဘူး ... ၄၊ ၅၊ ၆ မြဲမကပါတယ်။

အာဇာနည်နေ့မှာ ဦးဘဂျမ်းရဲ့ ဇာတ်ကောင် ဦးဖျောက်ဆိပ်က ကာတွန်းရဲ့ ပထမ အကွက်မှာ “အားလုံးသတိ ... ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ
ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများကို တနှစ်တကြိမ်သတိရသော အားဖြင့် အလေးပြု” လို့ ဆိုပါတယ်။ သြော် ရှေးလူကြီးများ တယ်ပြီး
အမျှော်အမြင်ရှိတာကိုး ... အခုတော့ တနှစ်တကြိမ်တောင် သတိရခွင့်မရှိတော့ဘူး။ စကားက နည်းနည်းချော်သွားပြန်ပြီ။

ကာတွန်း နောက်တကွက်မှာတော့ “နေမြဲ” တဲ့။ နေမြဲ ဆိုတာနဲ့ မပြီးသေးပါဘူး သူက နောက်ကိုလှည့်ပြီး “နေမြဲဆိုတာက နေမြဲ၊ စားမြဲ၊ ခိုးမြဲ၊ ရမ်းမြဲ၊ ဆော်မြဲ .... လို့
ပြောတာ” တဲ့ ... နောက်မှာ ပါသေးတယ်။ ကျန်တာတွေကတော့ အောက်က ကာတွန်းပုံမှာ ရှုတော်မူကြပါ။ ဒီလောက်ဆို အန်ချင်စရာတပ်အတွက် လုံလောက်ပြီ
မဟုတ်လား။ တပ်ချုပ်ကြီးရဲ့ မြဲသုံးမြဲနဲ့ ခပ်ဆင်ဆင်ပါပဲ။ သြော် ရှေးလူကြီးတွေ အမျှော်အမြင် ရှိပုံများတော့ ...။ ကာတွန်းအော်ပီကျယ် စကားနဲ့ ပြောရရင် ...
ဦးဘဂျမ်းကတော့ သူ့ကာတွန်း ခေတ်မီပါစေ ဆိုပြီး ဆွဲတာ မဖြစ်နိုင်ဘူး၊ ခေတ်ကိုက မပြောင်းတာ ... လို့ပဲ ဆိုရမယ် ထင်ပါရဲ့။

ရန်ကုန်သားတာတေ
ပုဂံမှ ဦးအောင်ဆန်းဦး နေအိမ်
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အမွေအမှုနဲ့ တရားရင်ဆိုင်နေတဲ့ ဦးအောင်ဆန်းဦးရဲ့ ပုဂံရှိ နေအိမ်ဟာ တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရပါတယ်။

မြန်မာ့လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးဟာ မြန်မာ့နိုင်ငံရေးကို ပါဝင်ပတ်သက်ခြင်း မရှိတဲ့အပြင်


ညီမဖြစ်သူရဲ့ နိုင်ငံရေးဆောင်ရွက်ချက်တွေကို အားမပေးတဲ့အတွက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေရဲ့ ဝေဖန်ပြစ်တင်မှုကို ခံနေရသူဖြစ်ပါတယ်။

ပုဂံမှာ တည်ဆောက်ထားတဲ့ နေအိမ်အတွက် နအဖစစ်အစိုးရက ထောက်ပံ့မှုတွေ ပေးခဲ့ပြီး တည်ဆောက်ရေးလုပ်နေစဉ်အတွင်းမှာ တာဝန်ရှိသူမှအပ မ၀င်ရဆိုတဲ့


ဆိုင်းဘုတ်ထောင်ထားပြီး စစ်တပ်ကလည်း လုံခြုံရေးရယူပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဦးအောင်ဆန်းဦး တည်ဆောက်ပြီးစီးသွားသည့် ပုဂံနေအိမ်


photo:ဧရာဝတီပရိတ်သတ်တဦး

ဦးအောင်ဆန်းဦး၏ ပုဂံနေအိမ် တည်ဆောက်ဆဲကာလ ပုံများ


photo:minnaingthu-monywa.bolgspot.com

http://www.irrawaddyblog.com/

နိုင်ငံရေးအကျဉ်းသားကိစ္စ ICRC နဲ့ ဒေါ်စု တွေ့ဆုံ

By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 21 ဒီဇင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ရှိသူတွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ဒီကနေ့
သွားရောက်တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ အသေးစိတ်ကို နှစ်ဘက်စလုံးက တရားဝင် ထုတ်ပြန်ဖို့ မရှိပေမဲ့ သူတို့ တွေ့ဆုံစဉ်အတွင်း နိုင်ငံရေး
အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး ကိစ္စကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။

“ဒီနေ့ ၂ နာရီမှာ ရန်ကုန်မှာ အခြေစိုက်တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) က ဒေါ်စုအိမ်မှာ လာတွေ့ပါတယ်။ ဒေါ်စုနဲ့ ဆွေးနွေးပါတယ်။ Delegation
၎ ယောက်စလုံး လာပါတယ်။ Head of Delegation က ဂျော့ခ်ျ ပက်စလီ စန်နူး၊ Deputy Head က ပက်ထရစ် ၀ီလီယက်၊ Protection Unit က ဒိုမိနစ် အာဘန်၊
နောက် ဒေါက်တာဇော်ဝင်းပါ။ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး ကိစ္စတွေ အဓိက ဆွေးနွေးတယ်လို့ ကျနော် သိပါတယ်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေပိုင်းမှာတော့ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး H.E. Mr. Sebastianus Sumarsono ရဲ့ ဖိတ်ကြားမှုအရ
အင်ဒိုနီးရှား သံအမတ် နေအိမ်ကို သွားရောက်ပြီး သံအမတ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ထုတ်ပြန်မှု မရှိပါဘူး။

ဂီရိမုန်တိုင်းဘေး EU ယူရိုငွေ ၃,၀၀၀,၀၀၀ လှူ

By ဦးသားညွန့်ဦး အင်္ဂါ, 21 ဒီဇင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook
• StumbleUpon

• Yahoo! Buzz

• del.icio.us

မြန်မာနိုင်ငံက ဆိုင်ကလုံးဂီရိဒဏ် ခံခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီငွေ ယူရို ၃,၀၀၀,၀၀၀ ထောက်ပံ့ဖို့ ဥရောပ ကော်မရှင်က
ဆုံးဖြတ်လိုက်ပါတယ်။ ဒီအကူအညီငွေတွေကို နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေကတဆင့် ထောက်ပံ့ပေးသွားမှာ
ဖြစ်သလို အကူအညီငွေတွေ ထိရောက်မှု ရှိမရှိကိုလည်း စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ အာရှဒေသ ဥရောပ ကော်မရှင်ရုံး တာဝန်ရှိသူက ပြောပါတယ်။
အပြည့်အစုံကို ဆက်သွယ်မေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ လိုအပ်ချက်ရှိနေတဲ့ သူတွေကို အကူအညီ ပေးသွားမယ်ဆိုတဲ့ ဥရောပသမဂ္ဂရဲ့ ပိုင်းဖြတ်ချက်အတိုင်း အထူးသဖြင့် ဆင်းရဲမွဲတေတဲ့


မြန်မာနိုင်ငံလိုမျိုး သဘာဝဘေးဒဏ် ခံလိုက်ရချိန်မှာ လိုအပ်ချက်တွေအတွက် အကူအညီပေးဖို့ ဥရောပသမဂ္ဂရဲ့ ကတိက၀တ်အတိုင်း အခုလို ဆိုင်ကလုံးဂီရိ
ဒုက္ခသည်တွေအတွက် ထောက်ပံ့ကူညီရတာ ဖြစ်တယ်လို့ ဥရောပ ကော်မရှင်က ဒီကနေ့ ကြေညာချက် ထုတ်ပါတယ်။

အခုလို အကူအညီ မပေးခင်မှာလည်း တကယ့်လိုအပ်ချက်ကို သူတို့အနေနဲ့ ကွင်းဆင်းလေ့လာခဲ့တယ်လို့ ဥရောပ ကော်မရှင်ရဲ့ အာရှဒေသ ပြန်ကြားရေးအရာရှိ
မားသီးယပ်စ် အစ်ခ် (Mathias Eick) က ဗွီအိုအေ မြန်မာပိုင်းကို ရှင်းပြပါတယ်။

“ဆိုင်ကလုံးဂီရိ ဒုက္ခသည်တွေအတွက် အရေးပေါ် အကူအညီအဖြစ် ယူရို ၃,၀၀၀,၀၀၀ ထောက်ပံ့ဖို့ ဥရောပ ကော်မရှင်က ဆုံးဖြတ်ခဲ့ပါတယ်။ ရန်ကုန်မှာရှိတဲ့
ဥရောပ ကော်မရှင် အဖွဲ့ကနေ ဂီရိမုန်တိုင်း အခြေအနေ အကဲဖြတ် သုံးသပ်ချက် လုပ်နိုင်ခဲ့ပြီးတဲ့နောက် အခုလို ဆုံးဖြတ်ခဲ့တာပါ။ နိုင်ငံတကာ အစိုးရ မဟုတ်တဲ့
အဖွဲ့အစည်းကြီးတွေ၊ ကုလသမဂ္ဂနဲ့ ကမ္ဘာ့ကြက်ခြေနီအသင်း စတဲ့ အခြားအဖွဲ့တွေရဲ့ သတင်းအချက်အလက် ပံ့ပိုးမှုလည်း ပါပါတယ်။ ဒီလို သုံးသပ်
အကဲဖြတ်မှုတွေက တဆင့် မဖြစ်မနေ လိုအပ်နေတဲ့ အစားအစာတွေ၊ နောက် အခြား အသုံးအဆောင် ပစ္စည်းတွေအတွက် အခုလို ထောက်ပံ့ဖို့ ဘရပ်ဆဲလ်မှာရှိတဲ့
ဥရောပ ကော်မရှင်ရုံးကနေ ယူရို ၃,၀၀၀,၀၀၀ သတ်မှတ်ခဲ့တာပါ။”

အကူအညီတွေအတွက် လက်တွေ့ အကောင်အထည်ဖော်တဲ့ နေရာမှာတော့ စိတ်ချရတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့


ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“အကူအညီတွေကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ဥရောပ ကော်မရှင်ကနေ အသိအမှတ်ပြု လက်ခံထားပြီးသား လက်တွဲဖက် အဖွဲ့အစည်းပေါင်း ၂၀၀
ကျော် ရှိပါတယ်။ လုပ်ငန်းဆောင်ရွက်ပုံတွေမှာ သူတို့နဲ့ ဥရောပ ကော်မရှင်အကြား သတ်မှတ်ချက် သဘောတူထားတာတွေ ရှိပါတယ်။ ဆိုလိုတာကတော့
ဒီအဖွဲ့တွေဟာ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု ရှိရုံတင် မဟုတ်ဘဲ ရန်ပုံငွေကြေး စီမံသုံးစွဲမှုပိုင်းမှာလည်း တာဝန်ခံမှု လုပ်နိုင်တဲ့ အဖွဲ့အစည်းတွေပါ။

“အခုလက်ရှိ မြန်မာနိုင်ငံတွင်း လက်တွေ့အခြေအနေမှာလည်း ဒီလို အကူအညီတွေ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ


အေဂျင်စီတွေ ရှိနေပါတယ်။ ဥရောပ ကော်မရှင်ရဲ့ အထောက်အပံ့တွေကို ဒီအဖွဲ့တွေကတဆင့် ဒုက္ခရောက်နေသူတွေထံ တိုက်ရိုက် ဖြန့်ဖြူးသွားမှာပါ။”

ဥရောပ ကော်မရှင် အနေနဲ့ အရင် နာဂစ်ဆိုင်ကလုံး ကယ်ဆယ်ကူညီရေးတွေမှာ လုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံ ရှိသလို ရန်ကုန်မှာလည်း သူတို့ရုံးခွဲ ရှိတာမို့
ဒီအကူအညီတွေ ထိရောက်မှု ရှိမရှိကို စောင့်ကြည့်သွားနိုင်ပါတယ်လို့လည်း အာရှဒေသ ပြန်ကြားရေး အရာရှိ မားသီးယပ်စ် အစ်ခ်က ပြောပါတယ်။

“ရန်ပုံငွေတွေကို သုံးစွဲမယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ ထောက်ပံ့ကူညီမှု လုပ်တဲ့နေရာမှာ သူတို့ မူလ လျာထားတဲ့အတိုင်း ထိရောက်အောင်
ဆောင်ရွက်နိုင်ရဲ့လားဆိုတာ စောင့်ကြည့်သွားရမှာပါ။ ဥရောပ ကော်မရှင် အနေနဲ့ ဒီစောင့်ကြည့်မှု စနစ်ကို ကောင်းကောင်း လုပ်နိုင်ပါတယ်။”

အောက်တိုဘာ ၂၂ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ ဂီရိ ဆိုင်ကလုံးမုန်တိုင်းကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုတွေဟာ ကြီးကြီးမားမား ရှိသလိုပဲ အခု ၂ လနီးပါးအတွင်း
အရေးပေါ် အကူအညီ ဆောင်ရွက်မှုတွေကြောင့် ဒေသခံလူထုဟာ အတော်လေး အလျှင်အမြန် နာလံထူလာနိုင်တယ်ဆိုပြီး ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ
လူသားချင်း စာနာမှု ညှိနှိုင်းရေးမှူးရုံးက ပြောပါတယ်။

ဂီရိမုန်တိုင်း အဓိက ရိုက်ခတ်ခဲ့တဲ့ ကျောက်ဖြူ၊ မြေပုံ၊ မင်းပြားနဲ့ ပေါက်တောမြို့နယ်တွေမှာ အိမ်ခြေ ၇၀-၈၀% လုံးဝ ပျက်စီးပြီး လူပေါင်း ၁၀၀,၀၀၀ ကျော်
အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

အရေးပေါ် အကူအညီနဲ့ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်ဟာ အမေရိကန်ဒေါ်လာ ၅၇ သန်း ရှိမယ်လို့ ခန့်မှန်းပြီး လက်ရှိအားဖြင့် နိုင်ငံတကာ
အလှူရှင်တွေက အကူအညီငွေ ဒေါ်လာ ၂၀.၅ သန်းပေးဖို့ လျာထားပြီးသား ဖြစ်တယ်လို့လည်း ရန်ကုန် ကုလသမဂ္ဂရုံးက ထုတ်ပြန်ထားပါတယ်။

ဒေါ်စုနဲ့ တွေ့ဆုံမေးမြန်းခန်း ပြည်တွင်း သတင်းဂျာနယ်တွေ ဖော်ပြခွင့်မရ

By မသင်းသီရိ အင်္ဂါ, 21 ဒီဇင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း သတင်းဂျာနယ်တချို့က အယ်ဒီတာတွေ ကိုယ်တိုင် တွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးနဲ့


ဆောင်းပါးတွေ အားလုံးကို စာပေစိစစ်ရေးက ပယ်ချခဲ့ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ပြည်တွင်းက အပတ်စဉ်ထုတ် ဂျာနယ်တွေဖြစ်တဲ့ ပြည်သူ့ခေတ်၊ ဗီးနပ်စ်ဂျာနယ်၊ 7 days ဂျာနယ်တွေအပြင် ရန်ကုန်တိုင်းမ်နဲ့ The Voice weekly ဂျာနယ်တွေဟာ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်တိုင် တွေ့ဆုံ မေးမြန်းထားတဲ့ အင်တာဗျူးတွေကို ဖော်ပြခွင့်မရဘဲ အားလုံး ပယ်ချခံရပါတယ်။ ခွင့်ပြုချက် မပေးဘူးဆိုတဲ့ နေရာမှာ
ဆိုင်းငံ့ဆိုတဲ့ မှတ်ချက်နဲ့ ပြန်ကျလာတာဖြစ်ပြီး ဆိုင်းငံ့ဆိုပေမဲ့ များသောအားဖြင့်ကတော့ နောက်တပတ်တွေမှာလည်း ပြန်လည်ခွင့်ပြုချက် မရဘဲ ပယ်ချခံရတာ
များတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ နောက်တပတ် ထုတ်ဝေမယ့် ဂျာနယ်တွေထဲမှာ ဖော်ပြနိုင်ဖို့ စာပေစိစစ်ရေးကို ပြန်တင်ဦးမယ်လို့ ဗီးနပ်စ်ဂျာနယ်
တာဝန်ခံတဦးက ပြောပါတယ်။

“ကျနော်တို့ဂျာနယ်တော့ ဒီလိုပဲလေ၊ ဆိုင်းငံ့ဆိုတော့ ဆိုင်းငံ့ထားတာ။ ထုံးစံအတိုင်း ကျနော်တို့ တင်မယ့်အပတ်ဆို သက်ဆိုင်ရာ နေ့ရက်မှာ ပြန်လုပ်ကြတာပါပဲ။
ပြန်တင်မှာပါ၊ ကျနော်တို့ ဒီတပတ်ကတော့။ သူတို့က ဆိုင်းငံ့ဆိုတော့ ကျနော်တို့ နောက် ပြန်တင်မှာပါ။ Understood တွေပဲလေ၊ ဒါတွေက။ ဆိုင်းငံ့လို့ပြောရင်
ကျနော်တို့က ဆိုင်းငံ့လို့ပဲ မှတ်ထားတာပေါ့။”
အခု ဒေါ်အောင်ဆန်းစုကြည် သတင်းကို ဆိုင်းငံ့လို့သာ မှတ်ချက်ပေးပြီး စာပေစိစစ်ရေးက တခြား တိကျတဲ့ အကြောင်းပြချက် တစုံတရာ မပေးပါဘူး။
ဂျာနယ်တွေရဲ့ မူကြမ်းတင်တဲ့ စာမူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေ၊ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေအပြင်
၂၁ ရာစု ပင်လုံညီလာခံဆိုင်ရာ အကြောင်းတွေနဲ့ လူမှုရေး အခြေအနေတွေအကြောင်း ရှုထောင့်အမျိုးမျိုးကနေ တင်ပြနိုင်ဖို့ ရေးသားထားတဲ့ ဆောင်းပါးတွေလည်း
ဖြစ်ပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်လာကတည်းက သူနဲ့ပတ်သက်တဲ့ သတင်းတွေကို ဖော်ပြခွင့်မရဘူး ဆိုတဲ့ အခြေအနေမျိုး


မဖြစ်ရလေအောင် ခွင့်ပြုတဲ့ အဆင့်မျိုးမှာသာ ရှိနေပြီး အာဏာပိုင်တွေဘက်ကလည်း သတိကြီးကြီးနဲ့ စောင့်ကြည့် ကန့်သတ်နေတာ ဖြစ်တယ်လို့ မဂ္ဂဇင်း
အယ်ဒီတာ တဦးက သုံးသပ်ပါတယ်။

“ဘာကြောင့် ဆိုင်းငံ့သလဲ၊ ဘယ်လောက်ကာလမှာ ပြန်ပြီးတော့ ခွင့်ပြုမလဲ ဆိုတာမျိုးကိုတော့ တိတိကျကျ မသိဘူးဗျ။ လွတ်လာပြီးကာစကတော့ ဂျာနယ်တွေမှာ
မျက်နှာဖုံး ဖော်ပြခွင့် မပေးခဲ့ဘူးဗျ။ အတွင်းဖော်ပြခွင့် ပေးတယ်၊ အဲဒီလို အတွင်းဖော်ပြခွင့် ပေးတာကို တချို့က အထူးအချပ်ပို ဘာညာ ဆိုပြီးတော့ မျက်နှာဖုံးမှာ
စွပ်လို့ ဟိုတလောကပဲ ဂျာနယ် ၉ စောင် တပတ် နှစ်ပတ် အပိတ်ခံရတာတွေလည်း ရှိခဲ့တယ်လေ။

“ထူးထူးခြားခြားတော့ အန်တီ့သား ရောက်လာတဲ့ အချိန်မှာ အန်တီ သွားရောက်ကြိုဆိုတယ် ဆိုတဲ့ သတင်းမျိုးကို ဖော်ပြခွင့်ပေးတယ်။ အရွယ်အစား
ကန့်သတ်ချက်နဲ့ ဖော်ပြခွင့် ပေးတယ်။ စာဆိုရင်လည်း ဒီလောက်ပမာဏသာ အသုံးပြုရန် ဆိုတဲ့ ကန့်သတ်ပြီးတော့ ဖော်ပြခွင့် ပေးတယ်ဗျ။ အခု
အင်တာဗျူးကိစ္စကြတော့ စာပေစိစစ်ရေးကလည်း ကိုင်တွယ်ဖို့ တော်တော်လေး မရဲဖြစ်ဟန် တူပါတယ်။ လွှတ်ပေးလိုက်ရင် နောက်ဆက်တွဲ ဖြစ်လာမယ့်၊ သူတို့
လုပ်ရကိုင်ရ ခက်မယ့် ပြဿနာတွေကို သူတို့ ချိန်ဟန်တူပါတယ်။”

တကယ်တော့ မြန်မာနိုင်ငံထဲမှာ သတင်းစာနယ်ဇင်းဆိုင်ရာ လုပ်ငန်းတွေ လုပ်ရကိုင်ရတာ အတော်လေး ခက်ခဲပါတယ်။ တိကျတဲ့မူဝါဒ မရှိတဲ့ စာပေစိစစ်ရေးရဲ့
ကန့်သတ်ချက်တွေကိုလည်း အမျိုးမျိုး ဖြတ်သန်းနေကြရတာပါ။ အခု မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြီးသွားပြီမို့ ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုတဲ့ အစိုးရ
လက်ထက်ထဲမှာ အခုလို စာပေစိစစ်ရေး အဖွဲ့ဆိုတာ မရှိသင့်သလို မအပ်စပ်တော့ဘူးလို့လည်း သုံးသပ်ကြပါတယ်။

“မူဝါဒနဲ့ ကန့်သတ်ချက် ဆိုတာတော့ ပြောရခက်တယ်။ ပြောရခက်တယ်ဆိုတာ စာပေစိစစ်ရေး ကိုယ်၌က သူတို့ ဒီလိုမူနဲ့ ကျင့်သုံးနေတယ် ဆိုတာမျိုး တိတိကျကျ
ရှိဟန်မတူဘူး။ စိစစ်ရေးက အကြမ်းဖျင်း ပြောလေ့ရှိတာကတော့ တပ်မတော် အစိုးရကို ထိခိုက်စေမယ့်၊ ပုတ်ခတ်ရေးတဲ့ အရေးအသားမျိုး ဖော်ပြခွင့် မပြုဘူး
ဆိုတာမျိုးလောက်တော့ ပြောပါတယ်။

“ဒါပေမဲ့ အခုဟာက ရက် ၉၀ အတွင်းမှာ ပါလီမန်ခေါ်မယ်၊ နောက်ထပ် အစိုးရသစ် ဖွဲ့မယ် ဆိုတဲ့ နောက်ပိုင်းမှာတော့ စာပေစိစစ်ရေး ရှိသင့်သလား၊
မရှိသင့်သလားဆိုတာ အခု ဒီဘက် စာပေလောကမှာတော့ မေးခွန်းထုတ်စရာလေးတွေ ပေါ်နေပြီဗျ။ ကျနော်တို့ဘက်ကတော့ စာပေစိစစ်ရေးဟာ ဒီမိုကရေစီ
အစိုးရဆိုတဲ့ ဂုဏ်ပုဒ်နဲ့ စာပေစိစစ်ရေးနဲ့ကတော့ ဘယ်လိုမှ အပ်စပ်လိမ့်မယ်လို့ မယူဆဘူး။”

မဂ္ဂဇင်း အယ်ဒီတာတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

စာပေစိစစ်ရေးက သတင်းတွေကို မကြိုက်လို့ ဖြုတ်ပစ်ရတယ်၊ မကြိုက်လို့ ပြန်လဲခိုင်းရတယ်ဆိုတဲ့ အခြေအနေမျိုးတွေ ကြုံနေရတာ သတင်းသမားတွေအတွက်


သိပ်အထူးအဆန်း မဟုတ်ပေမဲ့ စာဖတ်သူတွေ စိတ်ဝင်စားမယ့် သတင်းမျိုးတွေကို အားတက်သရော အပင်ပန်းခံပြီး ရေးသားတင်ပြဖို့ ကြိုးစားပေမဲ့
ခွင့်ပြုချက်မရတာ များလာရင်တော့ လုပ်အားဆုံးရှုံးမှုတွေနဲ့အတူ ငွေကြေးဆိုင်ရာ နစ်နာမှုတွေအပြင် ကြိုးစားချင်ကြတဲ့ လူငယ်သတင်းသမားတွေရဲ့
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုးတွေ ကြုံရတာတွေ ရှိတယ်လို့လည်း ပြောကြပါတယ်။

ကြံ့ဖွံ့ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ နေပြည်တော်မှာ စည်းဝေးပွဲတက်ရောက်

By ဦးဇော်ဝင်းလှိုင် အင်္ဂါ, 21 ဒီဇင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

နိုဝင်ဘာ ၇ ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအများစု အနိုင်ရခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက အနိုင်ရ လွှတ်တော်အမတ်တွေ
ရွေးကောက်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် စည်းဝေးပွဲ ကျင်းပဖို့ နေပြည်တော်မှာ ရောက်နေကြပါတယ်။ ပါတီအနေနဲ့ နေပြည်တော်မှာ ၃ ရက်ကြာ စည်းဝေးပွဲ
ကျင်းပမှာ ဖြစ်ပေမဲ့ ဘယ်အကြောင်းအရာတွေကို ဆွေးနွေးကြမယ် ဆိုတာတော့ မသိရသေးဘူးလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကနေ အမျိုးသားလွှတ်တော်
အမတ်အဖြစ် ရွေးကောက်တင်မြှောက် ခံခဲ့ရတဲ့ ဇေကမ္ဘာ ဦးခင်ရွှေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က
တင်ပြပေးထားပါတယ်။

ဆောက်လုပ်ရေုး လုပ်ငန်းတွေနဲ့ ချမ်းသာကြွယ်ဝလာတဲ့ ဇေကမ္ဘာ ဦးခင်ရွှေ ခေါ် ဒေါက်တာခင်ရွှေဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တွံတေး၊
ကော့မှူး၊ ကွမ်းခြံကုန်း မဲဆန္ဒနယ်မြေကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော်အတွက် အရွေးခံခဲ့ရသူပါ။

မနက်ဖြန်မှာ စတင်မယ့် ၃ ရက်ကြာ စည်းဝေးပွဲကို တက်ဖို့အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ
အားလုံး နေပြည်တော်ကို အခုရောက်နေကြပေမဲ့ ဘယ်ကိစ္စကို ဆွေးနွေးမယ် ဆိုတာတော့ မသိသေးဘူးလို့ ဦးခင်ရွှေက အခုလို စပြောပါတယ်။

“မနက်ဖြန်ခေါ်ဖို့ လုပ်ထားပါတယ်။”

အဲဒါ လွှတ်တော်ကိုယ်စားလှယ်တွေလား ခင်ဗျ။

“ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ။”

နေပြည်တော်မှာလား။

“ဟုတ်ပါတယ်။”

တခြားပါတီတွေလည်း အစည်းအဝေးတွေ ခေါ်နေကြတယ် ကြားတယ်လေ။ ဆရာတို့ပါတီ အနေနဲ့လည်း အဲဒီလိုမျိုး ပြည်သူ့လွှတ်တော် ကော်မတီတို့ ဘာတို့ ဖွဲ့ဖို့
အစီအစဉ်တွေ ရှိပါသလားခင်ဗျ။
“အဲဒါကတော့ ကျနော်တို့ ပြည်သူ့လွှတ်တော်တို့၊ အမျိုးသားလွှတ်တော်တို့၊ ပြည်ထောင်စုလွှတ်တော်တို့ ခေါ်မှာပဲ။ အဲဒီမှာ တက်ဖို့ပဲ ရှိတာပဲ။ ကျန်တာ မရှိပါဘူး။”

လွှတ်တော်ရေးရာ ကော်မတီတွေ ဘာတွေ လွှတ်တော်အမတ်တွေနဲ့။

“အဲဒါတွေကတော့ အဲဒီကျတော့မှ ပြည်သူ့လွှတ်တော်၊ ပြည်သူ့လွှတ်တော် ဆိုင်ရာ၊ အမျိုးသားလွှတ်တော်၊ အမျိုးသားလွှတ်တော် ဆိုင်ရာ၊ ပြည်ထောင်စုလွှတ်တော်


ဆိုလည်း ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ၊ သူတို့ဟာသူတို့ အဲဒီကျမှပဲ ရွေးချယ်ကြမှာပေါ့။”

မနက်ဖြန်ခေါ်မယ့် စည်းဝေးပွဲက ထူးထူးခြားခြားများ ဆွေးနွေးစရာ ရှိပါသလား။

“ဘာမှတော့ မရှိပါဘူး။ ပါတီအနေနဲ့ ခေါ်တာပဲ။”

ဒါ ပထမဆုံးအကြိမ် ခေါ်တာပေါ့၊ ရွေးကောက်ပွဲပြီးမှ။

“ဟုတ်ပါတယ်။”

ဒါဆိုရင် ၀န်ကြီးချုပ် ဘယ်သူဖြစ်မယ်တို့ နိုင်ငံတော်သမ္မတ ဖြစ်ဖို့ကိစ္စတွေ ဘာတွေရော၊ ဆရာတို့ ပါတီက အများစု အနိုင်ရတဲ့ပါတီ ဆိုတော့၊ အဲဒါတွေနဲ့
ပတ်သက်ပြီးတော့ ပြောရေးဆိုခွင့် ပိုရှိမှာပေါ့။ အဲဒီအပေါ်မှာရော။

“အဲဒါတော့ ဘာမှ မသိသေးဘူး။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကြမှပဲ ပြောကြ ဆိုကြမှာပေါ့။”

ဆရာရော အခု နေပြည်တော် ရောက်နေပြီလားခင်ဗျ။

“ကျနော် နေပြည်တော် ရောက်နေပါပြီ။”

အကုန် စုံစုံညီညီ တက်ကြမယ်ပေါ့၊ မနက်ဖြန်တော့။

“ဟုတ်ကဲ့။”

ကျနော်တို့ကြားနေတာ ပြည်သူ့လွှတ်တော် မကြာခင် ခေါ်တော့မယ်လို့ ကြားတယ်။ ဆရာတို့ရော ဘယ်လိုကြားပါသလဲ၊ ဘယ်တော့လောက် ခေါ်ဖြစ်မလဲ။

“နောက်လ အလယ်လောက်လို့တော့ ကြားပါတယ်။ ဇန်န၀ါရီလလယ်လောက်တော့ ဖြစ်ဖို့များပါတယ်။”

နိုင်ငံရေး လုပ်ငန်းတွေနဲ့၊ တဘက်မှာ စီးပွားရေး လုပ်ငန်းတွေနဲ့ဆိုတော့ အလုပ်တော့ တော်တော်ရှုပ်မှာပဲ၊ အနာဂတ်မှာတော့။

“ဟုတ်ကဲ့၊ များပါတယ်။”

စီးပွားရေး လုပ်ငန်းတွေကိုရော တခြား လွှဲပြောင်းပေးဖို့၊ သားတွေ ဘာတွေကို လွှဲပေးဖို့ မရှိဘူးလား။

“အားလုံးတော့ လုပ်နေကြတာပဲ။ စုပေါင်း လုပ်နေကြတဲ့ သဘောပါ။ မိသားစုအဖြစ်။ သားလုပ်လိုက်၊ သားမက်လုပ်လိုက်၊ သမီးလုပ်လိုက်၊ သူ့ကဏ္ဍနဲ့သူ လက်ရှိ
လုပ်နေကြတာပါ။”

လောလောဆယ်တော့ အကြီးအကဲတယောက် အနေနဲ့ ဆက်ပြီး ထဲထဲဝင်ဝင် လုပ်နေတုန်းပဲပေါ့။ နိုင်ငံရေးတဘက် ရှိပေမဲ့လည်း။

“ဟုတ်ကဲ့၊ စီးပွားရေးပဲ အဓိက ဇောက်ချ လုပ်နေပါတယ်။ အခုလက်ရှိကတော့ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက ကတိခံထားတဲ့ ကိစ္စတွေ လိုက်လုပ်နေပါတယ်။
ရွာတွေသွားပြီး ရွာတွေရဲ့ လိုအပ်ချက်တွေ လိုက်လုပ်ပေးနေတယ်။”

ဆိုလိုတာက မဲဆန္ဒနယ်မြေအတွက် ပြောထားတဲ့ကိစ္စတွေ။

“နယ်မြေအတွင်းမှာ ကျနော်တို့က ဘာလုပ်ပေးမယ်၊ ဘာလုပ်ဖို့ ဘာလုပ်ဖို့ ၁၀၀% ရတဲ့ ရွာတွေ တော်တော်များများ လိုက်လုပ်ပေးနေတယ်။
လမ်းတွေဘာတွေလည်း အဲဒီဘက်က လမ်းတွေ မကောင်းတော့ လုပ်ဖို့ အစီအစဉ်တွေ လုပ်နေပါတယ်။”

အဲဒီဘက်မှာ အဓိက လမ်းဖောက်တာတွေ အပြင် တခြား ဘာတွေများ လုပ်နေပါသေးလဲ။

“ကျေးရွာချင်းဆက်တဲ့ လမ်းတို့၊ စပါးစိုက်နိုင်အောင်တို့ တော်တော်များများ လုပ်နေပါတယ်။ မကြာခင်မှာလည်း အဲဒီရွာတွေက ကိုယ်စားလှယ်တွေကို


လေ့လာခိုင်းပြီးတော့ စပါးထွက်အောင်၊ မွေးမြူရေးတက်အောင်၊ သူတို့ စီးပွားရေးတက်အောင် လုပ်ဖို့ အစီအစဉ် လုပ်နေပါတယ်။”

အဲဒီကိစ္စတွေ အခုလုပ်နေတာ လောလောဆယ် အိတ်စိုက် လုပ်ပေးနေရတာပေါ့။

“အစကတည်းက ကျနော် အိတ်စိုက်နဲ့ လုပ်တာပါပဲ။ ရွေးကောက်ပွဲပြီးရင် ကျနော် ပိုက်ဆံသုံးမယ်ပေါ့ဗျာ။ သူတို့ ဖွံ့ဖြိုးရေးကိစ္စတွေ လိုက်လုပ်ဖို့ ပြောထားတယ်။
အဲဒီကိစ္စကို စလုပ်ပေးနေတာပါ။”

လွှတ်တော်ထဲမှာရော လုပ်ပေးချင်တဲ့ ကော်မတီတွေ ဘာတွေ ဖြစ်လာပြီဆိုရင်၊ လွှတ်တော်ဖြစ်လာပြီဆိုတော့ ကော်မတီတွေ ဘာတွေ ဖွဲ့မယ်၊ လုပ်ငန်းစဉ်အရပေါ့၊
ဆရာ့အနေနဲ့ရော ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ၊ စီးပွားရေး လုပ်ငန်းတွေအတွက် ၀င်ပြီးတော့ ထဲထဲဝင်ဝင်လုပ်ဖို့ အစီအစဉ် ရှိပါသလား၊ စဉ်းစားထားပါသလား။

“အဲဒါကတော့ တာဝန်ပေးခဲ့ရင်တော့ လုပ်ရမှာပေါ့။”

ဝန်ကြီးတွေ ဘာတွေ ခန့်မယ်ဆိုရင်ရော။

“အဲဒါတော့ သိပ်မလုပ်ချင်ပါဘူး။ အဓိက ကျနော် စီးပွားရေးပဲ လုပ်ချင်တယ်။”

အဲလောက်ရာထူးကြီးကြီး၊ တာဝန်ကြီးကြီး မလုပ်ချင်ဘူးပေါ့။

“တာဝန်ကြီးကြီးဆိုတာ ခုနလို ၀န်ကြီးလုပ်ခိုင်းမယ် ဘာညာဆို တဘက်က စီးပွားရေးတွေကလည်း အများကြီး၊ ကျန်တာလေးတွေကတော့ လိုအပ်တဲ့


အကြံဉာဏ်ပေး၊ အဓိကတော့ စီးပွားရေးကိုပဲ ဇောက်ချပြီး သွားချင်တယ်။ နိုင်ငံတော်က စီးပွားရေးအရ၊ အခုက လမ်းပန်းဆက်သွယ်ရေးလည်း တည်ဆောက်ပြီးပြီ၊
ကျန်တာကတော့ နောက် စီးပွားရေးကိုပဲ အဓိက ဇောက်ချပြီး သွားရမှာ။”

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မဲဆန္ဒနယ်မြေကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော်အတွက် အရွေးခံထားရတဲ့
ဇေကမ္ဘာ ဦးခင်ရွှေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား ကုလ နျူကလီးယား စစ်ဆေးရေးမှူးတွေ လာရောက်ခွင့်ပြုမည်

By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 21 ဒီဇင်ဘာ 2010


ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

မြောက်ကိုရီးယားနိုင်ငံက ကုလသမဂ္ဂ လက်နက် စစ်ဆေးရေးမှူးတွေကို လာရောက်ခွင့်ပြုမယ်လို့ သဘောတူလိုက်တဲ့ အကြောင်း အမေရိကန် သံတမန်ဟောင်း


တဦးဖြစ်တဲ့ ဘေလ် ရစ်ချတ်စန် (Bill Richardson) က အာမခံလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံကနေ ကုလသမဂ္ဂ နျူကလီးယားလက်နက် စစ်ဆေးရေးမှူးတွေကို ၂၀၀၉ ခုနှစ်က နှင်ထုတ်ခဲ့ပါတယ်။

ဘေလ် ရစ်ချတ်စန်ဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် မြောက်ကိုရီးယားနိုင်ငံကို ရောက်ရှိနေစဉ် ခရီးစဉ် ၄ ရက်မြောက်တဲ့နေ့ မနေ့က အခုလို ပြောဆိုလိုက်တာ
ဖြစ်ပါတယ်။

မြောက်ကိုရီးယားက မကြာခင်က ဖွင့်လှစ်လိုက်တဲ့ ယုံဗြောင်း နျူကလီးယား ဓာတ်ပေါင်းဖိုရှိ ယူရေနီယံ သန့်စင်ရေး စက်ရုံကို IAEA နိုင်ငံတကာ အဏုမြူစွမ်းအင်
အေဂျင်စီရဲ့ စစ်ဆေးရေးမှူးတွေကို စောင့်ကြည့်ခွင့်ပေးမှာ ဖြစ်တယ်လို့ မစ္စတာ ရစ်ချတ်စန်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလို မြောက်ကိုရီးယားက ယူရေနီယံ သန့်စင်ရေး လုပ်နေတာဟာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ ဟုတ်မဟုတ် ဆိုတာကို ကုလသမဂ္ဂ
စစ်ဆေးရေးမှူးတွေက စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက ကုလသမဂ္ဂ စစ်ဆေးရေးမှူးတွေကို လာရောက်ခွင့်ပြုမယ် ဆိုတာဟာ အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ အမေရိကန်


နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီ.ဂျေ ခရော်လီ (P.J Crowley) က မနေ့က ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားနိုင်ငံဟာ ကတိစကားတွေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တာ နှစ်တွေ အတော်ကြာခဲ့ပြီ ဖြစ်တာကြောင့် အပြောနဲ့အလုပ် ညီမညီ
စောင့်ကြည့်ရမှာ ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။

ထိုင်းအစိုးရ အရေးပေါ် အခြေအနေ အမိန့် ရုပ်သိမ်း

By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 21 ဒီဇင်ဘာ 2010

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook
• StumbleUpon

• Yahoo! Buzz

• del.icio.us

ထိုင်းနိုင်ငံမှာ ၈ လကြာ ကြေညာခဲ့တဲ့ အရေးပေါ် အခြေအနေ အမိန့်ကို ဒီနေ့ အင်္ဂါနေ့ကစပြီး ရုပ်သိမ်းလိုက်ပြီလို့ ထိုင်းအစိုးရက ကြေညာလိုက်ပါတယ်။

ဘန်ကောက်မြို့တော်နဲ့ မြို့တော်ဝန်းကျင်က ခရိုင် ၃ ခုမှာ အရေးပေါ် အခြေအနေ ကြေညာထားတာကို ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

ဒီနှစ် ဧပြီလဆန်းတုန်းက ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံသူ အနီဝတ်တွေက ဘန်ကောက်မြို့တော်မှာ
လူစုလူဝေးနဲ့ သီတင်းပတ်တွေနဲ့ချီပြီး ဆန္ဒပြခဲ့ကြလို့ အရေးပေါ် အခြေအနေ ကြေညာခဲ့ရတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံရေး အတိုက်အခံတွေဟာ ပိုပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း ရှိလာတာ တွေ့ရလို့ အရေးပေါ် အခြေအနေ ရုပ်သိမ်းလို့ရပြီ ဆိုတာကို အစိုးရ
ဝန်ကြီးအဖွဲ့က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရသူက ပြောဆိုလိုက်ပါတယ်။

အဲဒီ အရေးပေါ် အမိန့်အရ လူ ၅ ဦးထက် ပိုပြီးစုရင် ဖမ်းဆီးနိုင်သလို လှုံ့ဆော်နေသူလို့ မသင်္ကာရသူကိုလည်း တရားစွဲဆိုခြင်း မရှိဘဲ ရက်ပေါင်း ၃၀ အထိ
ချုပ်ထားနိုင်ပါတယ်။

ဒီအမိန့်အရ အစိုးရ ဆန့်ကျင်ရေး ရေးသားမယ့် သတင်းမီဒီယာကိုလည်း နှုတ်ပိတ်ဖို့အတွက် အသုံးချနေတယ်လို့ ထိုင်းနိုင်ငံကလာတဲ့ သတင်းတွေမှာ


ဖော်ပြထားပါတယ်။

http://www.voanews.com/

မြန်မာ နိုင်ငံမြောက်ပိုင်း ဒေသ များ တွင် မြူနှင်း များ ထူထပ် စွာကျမည်

December 21, 2010 freedom news group Leave a comment Go to comments

5
1
i
Most Popular ContentAll | Today | This Week | This Month

• Rated 171↑ 6↓ (177 မဲပေးရန်)

• Rated 161↑ 21↓ (182 မဲပေးရန်)

• () Rated 155↑ 1↓ (156 မဲပေးရန်)

create your own rating

မဲပေးပါ

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၊စစ်ကိုင်း တိုင်း၊ချင်းပြည် နယ်နေရာ အချို့ တို့ တွင် ဆီး


နှင်းများ ထူထပ် စွာကျပြီး စစ်ကိုင်း တိုင်း နေ ရာ အချို့ တွင် မူမြူ နှင်းများ ထူထပ် စွာ ကျမည်
ဖြစ်ကာ ထို သို့ ဆီးနှင်း ကျရောက် မှု သည် နှစ် သုံးဆယ် အတွင်း အဆိုးရွား ဆုံးဖြစ် နိုင်သည် ဟု
Freedom Weather Forecast မှ ယနေ့  သတင်း ထုတ်ပြန်သည်။မြန်မာ နိုင်ငံ တောင် ပိုင်း တွင်မူ ဆောင်းရာ သီ ၏ အအေး ၈၅ ဒီဂရီ ဖာရင်ဟိုက် ခန့် ပင်
ညပိုင်းချိန်
များ ဉ် ရှိသောကြောင့် ပုံမှန် ဆောင်းရာ သီများလောက် ပင် အေးချမ်းမှု မရှိ ဟု သိရသည်။

အောက်မြန်မာ နိုင်ငံ တွင် မူ နေရာ အချို့ တွင် ၇၅ ဒီဂရီ ဖာရင် ဟိုက် ခန့် အေးမြ သည့် နေရာများ
လည်း ရှိသည်။

မြန်မာ အတွက် အမျိုးသမီး သံအမတ် ကြီး အား သြစတေးလျှ ခန့် အပ်

December 21, 2010 freedom news group Leave a comment Go to comments

12
0

မဲပေးပါ

မြန်မာနိုင်ငံ ဆိုင်ရာ သြစတေးလျှ သံအမတ်


ကြီး အဖြစ် နိုင်ငံတကာ အတွေ့  အကြုံ ရှိ
သြစတေးလျှ သံအမှုထမ်း တစ်ဦး ဖြစ်သည့်
ဘရွန်တီ မိုလက်(စ) အား ခန့် အပ် လိုက်
သည် ဟု ယနေ့  သြစတေးလျှ နိုင်ငံခြားရေး
ဝန်ကြီး ဌာန မှ ထုတ် ပြန် သော သတင်း ကို
ကိုးကားပြီး ဆစ်ဒနီ မောနင်း ဟာရယ်
သတင်းစာ က ရေးသား ထားသည်။

ဘရွန်တီ မိုလက်(စ) အား သြစတေးလျှ နိုင်ငံ၏ အထူးအာဏာ ကုန် လွှဲ အပ်ခြင်း ခံရသည့် မြန်မာ
နိုင်ငံဆိုင်ရာ သံအမတ်ကြီး အဖြစ် ခန့် အပ်ခြင်း ဖြစ်သည် ဟု သတင်းစာ က ရေး သားထားသည်။

မစ္စမိုလက်(စ)သည် ၂၀၀၀ ပြည့် နှစ် အစောပိုင်းမှ စ၍ သြစတေးလျှ နိုင်ငံ ၏ ကုလသမဂ္ဂ ဆိုင်ရာ သံ


ကိုယ်စားလှယ် အဖွဲ့ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ပြီး အီရတ် နိုင်ငံ တွင် အာဏာရှင် ဆက်ဒမ် ဟူစိန်
လက် စားနပ် ရိက္ခာ ၀ယ်ရန် အတွက် ကုလ မှ ရေနံ ရောင်းချသည့် ငွေ များ ကို လက်နက် များ ၀ယ်
ရန် သုံး စွဲ ခဲ့မှု ဉ် စုံစမ်းစစ်ဆေးသည့် အဖွဲ့ ဝင် တစ်ဦး အဖြစ်တာ ၀န်ထမ်းဆောင် ခဲ့သည်။

လက်ရှိ တွင် သြစတေးလျှ နိုင်ငံဆိုင်ရာ ထိုင်း နိုင် ငံ ဒုသံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင် နေသည်။

သြစတေးလျှ နိုင်ငံသည် မြန်မာ နိုင်ငံတွင်း ဉ် ဆက်လက် နေထိုင် ရန် မဖြစ်တော့ သည့် သူများ ကို
၎င်းတို့ နိုင်ငံတွင်း နေထိုင်ရန် လက်ခံပြီး မြန်မာ နိုင်ငံ ၏ ဒီမိုကရေစီ ရေး ကို အားပေး ကူညီ ခဲ့သည့်
နိုင်ငံ တစ်ခု လည်း ဖြစ်သည်။

ယခင် က ဗြိတိသျှ နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ် ကြီး အဖြစ် အမျိုး သမီး သံအမတ်ကြီး တစ်ဦး
ဖြစ်သူ ဗစ်ကီိဘိုးမန်း နဲ့ သြစတေးလျှ သံအမတ်ကြီး အဖြစ် မစ် မစ်ချယ်(လ)ချမ်း
တာဝန် ထမ်းဆောင် ဖူးသည်။

ဘရွန်တီ မိုလက်(စ) အား သြစတေးလျှ နိုင်ငံခြားရေး ၀န်ကြီး ကီဗင် ရဒ် က မြန်မာ နိုင်ငံတွင် သံအမတ်
အဖြစ် တာဝန် ထမ်းဆောင်ရန်အတွက် ယနေ့ လက်မှတ် ရေးထိုး အတည်ပြုခဲ့ခြင်း ဖြစ်သည်။

http://freedomnewsgroup.com/

သတိ လက်နှိပ်ဓါတ်မီးမဆောင်ရ
ဝင်းမြတ်၊ ရန်ကုန်

ဒီဇင်ဘာ ၂၂၊ ၂၀၁ဝ နေပြည်တော်ဘူတာ၊ မတ်လ ၂၀၁၀ (photo-getty images)

လက်နှိပ်ဓါတ်မီး ဆောင်ထားတယ် ဆိုရင်တော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သိမ်းဆည်းဖို့ နေပြည်တော်ဘူတာကနေ သင့်ကို စောင့်ကြိုနေမှာပါ။

ဒီရက်ပိုင်းအတွင်းမှာ ဗုံးဖောက်ခွဲ တိုက်ခိုက်နိုင်တယ်လို့ စစ်အစိုးရက ယုံကြည်တာကြောင့် နေပြည်တော် ဘူတာမှာ တင်းကြပ်စွာ စစ်ဆေးနေပြီး


သံသယရှိဖွယ် ပစ္စည်းတွေကို သိမ်းဆည်းနေပါတယ်။

အဲဒီအထဲမှာ လုံခြုံရေးတပ်ဖွဲ့တွေ သတိအထားဆုံးကတော့ လက်နှိပ်ဓါတ်မီးတွေပဲလို့ ရထားစီး ခရီးသည်တွေက ပြောကြပါတယ်။

`ရထားပေါ်မှာလည်း မီးကလည်း ကောင်းကောင်း လင်းတာ မဟုတ်။ ရန်ကုန်ရောက်ရင်လည်း လမ်းတိုင်းမှာ မီးက လင်းတာ မဟုတ်။
လက်နှိပ်ဓါတ်မီးတွေကို ဗုံးလုပ်နိုင်တယ် ဆိုပြီး အကုန်သိမ်းတော့တာပဲ´ လို့ ဓါတ်မီး အသိမ်းခံခဲ့ရတဲ့ ခရီးသည်တစ်ဦးက ပြောပါတယ်။

ခရီးသည်တွေကို အမျိုးသား၊ အမျိုးသမီး နှစ်တန်း ခွဲပြီး ခရီးဆောင်အိတ်တွေကို ဖွင့်ကြည့် စစ်ဆေးခြင်းနဲ့ ခန္ဓာကိုယ် အနှံ့ ရှာဖွေ စစ်ဆေးတာတွေ
လုပ်တာကြောင့် ခရီးစဉ် နှောင့်နှေးပြီး စိတ် အနှောက်အယှက် ဖြစ်ကြရတယ်လို့ ခရီးသည်တွေက ဆိုပါတယ်။

`လုံခြုံရေးအတွက် စစ်ဆေးနေပါတယ်။ ကြည်ဖြူစွာ ခံယူပါ လို့ ပြောတယ်။ ခရီးသည်တွေ လုံခြုံရေးလား သူတို့အတွက် လုံခြုံရေးလား ဆိုတာတော့
သူတို့ပဲ သိမှာပါ။ တကယ် ဗုံးဖောက်မယ့်သူက ဓါတ်ခဲ အကြီးကြီးတောင် မလိုဘူး။ ဟန်းဖုန်းနဲ့တောင် အလုပ်ဖြစ်တယ်´ လို့ ခရီးသည် တစ်ဦးက ၄င်းရဲ့
ခံစားချက်ကို ပြောပါတယ်။

၂၀၁၀ သင်္ကြန်ကာလအတွင်း ကန်တော်ကြီးပတ်လမ်းက X2O ရေကစားမဏ္ဍပ်မှာ ဖောက်ခွဲခဲ့တဲ့ ဗုံးများဟာ ဟန်းဖုန်းကို အခြေခံပြီး ပြုလုပ်ခဲ့တယ်
ဆိုတာကြောင့် အခုလို ဓါတ်မီးနဲ့ ဓါတ်ခဲများ သိမ်းဆည်းတာဟာ ပြည်သူတွေ လုံခြုံရေးအတွက် အမှန်တကယ် လုပ်ဆောင်နေတာ မဟုတ်ဘူးလို့ ခရီးသည်တွေက
ယူဆကြပါတယ်။

နေပြည်တော်ဘူတာမှာ သိမ်းဆည်းထားတဲ့ လက်နှိပ်ဓါတ်မီးတွေ ရာဂဏန်းနဲ့ချီပြီး တွေ့ခဲ့ရတယ်လို့ လက်နှိပ်ဓါတ်မီး ပြန်သွားတောင်းခဲ့တဲ့


ခရီးသည်တစ်ဦးက ပြောပါတယ်။

http://www.moemaka.com/

ပြည်ပပို့ သစ်တောခွန် တိုးမြှင့် ၊ ကျောက်ဆည်တွင် လာဘ်ယူပြီး အခွန်လျှော့ယူ

Tuesday, 21 December 2010 20:25 သျှမ်းသံတော်ဆင့်

မြန်မာနိုင်ငံ သစ်တောဝန်ကြီးဌာနက ပြည်ပပို့ကုန် သစ်တောထွက်ပစ္စည်းများအပေါ် အခွန်နှုန်း တိုးမြှင့် ကောက်ခံနေ သော် လည်း မန္တလေးတိုင်း
ကျောက်ဆည်ခရိုင် သစ်တောဦးစီးဌာနက လာဘ်ငွေယူ၍ ယခင်အခွန်နှုန်းများ အတိုင်း ကောက်ခံနေကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း သစ်တောထွက်ပစ္စည်း အခွန်များကို ၂ ကျပ်မှ ၇၅ ကျပ်အထိ ၂၀၀၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ မှစတင် တိုးမြှင့် ကောက်ခံခဲ့ကြောင်း သစ်တော
ဝန်ထမ်း တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ယခင် ဖာလာစေ့ (တစ်ကီလ)ို (ကျပ်) ၂၀ ၊ ရှားစေး ၁၈ ၊ ကြောင်ပန်းစေ့ ၇ နှင့် သရက်ပြား ၁ကျပ် ၈၀ ပြား သတ်မှတ် ကောက်ခံ နေရာမှ လွန်ခဲ့သည့်နှစ်မှစ၍
ဖာလာစေ့ (ကျပ်) ၁၅၀ ၊ ရှားစေး ၇၅ ၊ ကြောင်ပန်းစေ့ ၆၀ နှင့် သရက်ပြား ၆၀ အထိ အသီးသီး ပြောင်းလဲ ကောက်ခံခဲ့ကြောင်း သိရသည်။

ထိုသို့ပြောင်းလဲလိုက်သော်လည်း ကျောက်ဆည်ခရိုင်သစ်တော ဦးစီးဌာနက တရုတ်နယ်စပ်ဘက် တင်ပို့သည့် သစ်တော ထွက်ပစ္စည်းများ အခွန်ကောက်ရာတွင်


အခွန်၏ ၃ ချိုး ၁ ချိုးကို လာဘ်ငွေယူ၍ မူလသတ်မှတ် အခွန် နှုန်း အတိုင်းကောက် ခံနေသည်ဟု သူက ဆိုသည်။

“တခြားမြို့တွေမှာတော့ အခုသတ်မှတ်တဲ့ အတိုင်းပဲ ကောက်တာပေါ့ ဒါပေမဲ့ ကျောက်ဆည်ခရိုင်သစ်တောရုံးက နေပြီး တော့ အရင်ဈေးအဟောင်းအတိုင်းပဲ


လာဘ်ငွေယူပြီးကောက်တုန်းပေါ့နော် အဲဒါကိုလုပ်ပေးတာက ဦးအောင်မြင့် မန္တလေး တံတားဦးမြို့နယ်က သူက သစ်တောရုံးချုပ်က ညွန်ကြားရေးမှူး
ဦးမောင်မောင်ကျော်ရဲ့တူ နောက် ဦးသောင်းအေး နှစ် ယောက် ကလုပ်ပေးတာပေါ့” ဟု ဆိုသည်။

မန္တလေးမှ တရုတ်နယ်စပ်ဘက် ကုန်များသယ်ရာတွင် ဦးအောင်မြင့်နှင့် ဦးသောင်းအေးတို့နှစ်ဦးပိုင် ကုန်ကား များဖြင့်တင်ပို့မှသာ ထိုသို့ဆောင်ရွက်ပေးကြောင်း


သိရသည်။

“ဒီနှစ်ယောက် ကိုပဲလုပ်ပေးတာ ကျန်တဲ့သူတွေသွားရင် နဂိုဈေးအတိုင်းပဲပေါ့နော် မန္တလေးကနေကုန်သည် တွေလာပြီ ဆိုရင် သူတို့ကားနဲ့တင်ပေးတာပေါ့နော် ၃


ချိုး ၁ ချိုးမှာ သူတို့က တချိုးယူတယ်ဗျာ ကျောက်ဆည် သစ်တောရုံးကို တစ်ချိုး ပေးတာပေါ့ ” ဟု ဆိုသည်။

တပ်မဟာ ၇ ဌာနချုပ်အား မြို့နယ်ခွဲအဆင့်အဖြစ် နအဖ တိုးချဲ့

Tuesday, 21 December 2010 17:38 သျှမ်းသံတော်ဆင့်

ပြည်သူ့စစ်အသွင်ပြောင်းရန် သဘောတူထားသည့် အပစ်ရပ် SSA တပ်မဟာ ၇ ဌာနချုပ် ကာလိ ကျေးရွာအုပ်စု အား အစိုးရဌာနပေါင်းစုံထားရှိကာ
မြို့နယ်ခွဲအဆင့်တိုးမြင့်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

“ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်လောက်က တောင်ကြီးအခြေစိုက် ရပခ တိုင်းမှူးက ကွန်ဟိန်းမြို့နယ် ကာလိအုပ်စု နဲ့ မိုင်းရှူးမြို့နယ် မိုင်းဇန်ကျေးရွာအုပ်စုဘက်
လာရောက်စစ်ဆေးတယ်၊ အဲဒီကျေးရွာအုပ်စု နှစ်ခုလုံးကို မြို့နယ်ခွဲ အဆင့် တိုးချဲ့မယ်ပြောတယ်” - ဟု ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့်
အသိုင်းအ၀ိုင်း ကပြော ပါသည်။

ဒီဇင်ဘာ ၁၇-၁၈ ရက်၌ ရပခ တိုင်းမှူး ဗိုလ်မှူးချုပ်ဆန်းဦး နှင့် အဖွဲ့က နမ့်ဇန်မြို့နယ်၊ ကွန်ဟိန်းမြို့နယ် နှင့် မိုင်းရှူးမြို့နယ်အတွင်း
သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ ကာလိကျေးရွာအုပ်စု နှင့် မိုင်းဇန်ကျေးရွာအုပ်စု အား မြို့နယ်ခွဲအဆင့်တိုးမြင့်၍ ဌာနပေါင်းစုံရုံးစိုက်ရန် မြေနေရာများ
ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ လုံခြုံရေး အတွက် ခြေလျင်/ ခြေမြန်တပ်ရင်းအပြင် အမြောက်တပ်ရင်းလည်း တိုးချဲ့ချထားမည်ဖြစ်ကြောင်း - အမည် မဖေါ်လိုသည့်
ကာလိဒေသခံ ခေတ်ပညာတတ်လူငယ်တဦးက ပြောပါသည်။

“အဲဒီဒေသတွေကို မြို့နယ်ခွဲအဆင့်တိုးမြှင့်မယ်ဆိုတာ အနာဂတ်စစ်ရေးအခြေအနေအတွက် ကြိုတင်ပြင်ဆင် တာလဲဖြစ်တယ်၊ တနည်းအားဖြင့်


လက်နက်ကိုင်တိုက်ခိုက်နေဆဲအဖွဲ့တွေနဲ့ အသွင်ပြောင်းရေးငြင်းဆန်တဲ့ အဖွဲ့တွေ ၀င်ထွက်ဆက်သွယ်မှုခက်ခဲအောင်၊ အသွင်ပြောင်းရေးမူလက်ခံထားတဲ့
ဖါးတပိုင်းငါးတပိုင်း တပ်မဟာ ၇ တပ်ဖွဲ့ မလှုပ်ရှားနိုင်အောင် / သူတို့ရဲ့ကျွန်ဖြစ်သွားအောင် လုံးဝသွတ်သွင်းလိုက်တာဘဲ” - ဟု မြောက်ပိုင်းနေ
သျှမ်းတော်လှန်ရေးသမားဟောင်းတဦးကပြောပါသည်။

မိုင်းရှူးမြို့နယ် မိုင်းဇန်ဒေသ နှင့် ကွန်ဟိန်းမြို့နယ် ကာလိဒေသအား နအဖ တပ်ဝင်ရောက်ထိန်းချုပ်ပါက အသွင် ပြောင်းရေးလက်မခံသည့် ဗိုလ်ချုပ်ပန်ဖှ
ဦးဆောင်သည့် တပ်မဟာ ၁ နှင့် ၀ တပ်ဖွဲ့တို့ ကြား ဆက်ဆံရေးလည်း ခက်ခဲသွားမည်ဖြစ်ကြောင်း ၀ တပ်ဖွဲ့ အရာရှိတဦးက လည်းပြောပြပါသည်။

၂၀၁၀ ဧပြီ ၂၄ ရက်နေ့ မတိုင်ခင်အထိ ဗိုလ်ချုပ်လွယ်မောဝ် ဦးဆောင်သည့် SSA (အပစ်ရပ်) တပ်ဖွဲ့တွင် ဆိုင်ကျောက်(စိန်ကျော့) ဗဟိုဌာနချုပ်တပ်ဖွဲ့၊
မိုင်းရယ်မြို့နယ် မိုင်းခေး အခြေစိုက် တပ်မဟာ ၃ တပ်ဖွဲ့၊ ကွန်ဟိန်းမြို့နယ် ကာလိအခြေစိုက် တပ်မဟာ ၇ တပ်ဖွဲ့နှင့် လက်ရှိအခြေအနေအထိ အသွင်ပြောင်းရေး
လက်မခံသည့် ဗိုလ်ချုပ်ပန်ဖှ ဦးဆောင်သည့် ၀မ့်ဟိုင်းဌာနချုပ်အခြေစိုက် တပ်မဟာ ၁ တပ်ဖွဲ့တို့ ရှိကြသည်။

ဦးလွယ်မောဝ် နှင့် ဦးကိုင်ဖတို့ ဦးဆောင်မှုဖြင့် တပ်မဟာ ၃ ၊ ၇ နှင့် ဆိုင်ကျောက် ဗဟိုဌာနချုပ်တို့ နအဖ ဆန္ဒ အတိုင်းအသွင်ပြောင်း ရေးလက်ခံထားသော်လည်း
ဗိုလ်ချုပ်ပန်ဖှဦးဆောင်သော တပ်မဟာ ၁ မှာ ယနေ့တိုင် အသွင်ပြောင်းရေး ငြင်းဆန်နေဆဲဖြစ်၏။ ထို့ကြောင့် စက်တင်ဘာ ၁ ရက်နေ့မှစ၍ နအဖတို့၏
ကျူးကျော်ရန်စ စစ်ပွဲ ၅ ကြိမ်ထက်မနည်း ရင်ဆိုင်တိုက်ခိုက်ခဲ့ရပြီးဖြစ်သည်။

ကျားဖြူနှင့် USDP အပြန်အလှန်တရားစွဲဖို့ပြင်ဆင်

Tuesday, 21 December 2010 17:31 သျှမ်းသံတော်ဆင့်

ဒီဇင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်အထိ ကျင်းပသည့် သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီစုံညီ ညီလာခံ ကျင်းပပြီး နောက် ပိုင်း USDP ပါတီက
ကျားဖြူပါတီကို အမှုဖွင့် တရားစွဲဆိုခဲ့ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒုဥက္ကဌ စိုင်းဆောင်ဆီက ပြောသည်။

အနိုင်ရ ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမှတ် ၁ စိုင်းမွန်း


“ရွေးကောက်ပွဲကော်မရှင်ကနေနှုတ်ထွက်ပြီး ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်လွှတ်တော်မှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ဒေါက်တာ စိုင်းခမ်း လိုင်က
အနိုင်ရကျားဖြူပါတီအမတ် စိုင်းမွန်းကို သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ကထောက်ခံမဲ ပေးတယ်ဆိုပြီး တရားစွဲ ဆိုခဲ့တယ် ” ဟု ကျားဖြူပါတီ
ဗဟိုကော်မတီဝင်တဦးကပြောသည်။

ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒုဥက္ကဌစိုင်းဆောင်ဆီက-ကွန်ဟိန်းမြို့နယ် ကြံ့ခိုင်ရေးပါတီ၏ ပြည်နယ်လွှတ်တော် ၂ စိုင်းနုသည်လည်း ကြိုတင်


မသမာမဲကြောင့်အနိုင်ရထားကြောင်း ကျားဖြူပါတီ ပြည်နယ်ွှတ်တော် ၂ ကိုယ်စားလှယ်လောင်း စိုင်းထွန်းကြည်တွင် သက်သေအထောက်
အထားနှင့်တကွရှိသဖြင့် ပြန်လည်တရားစွဲရန် ရှိကြောင်း ပြောသည်။

“ကျားဖြူပါတီဟာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းနဲ့မှ မဆက်သွယ် ဘူး။ ရွေးကောက်ပွဲဥပဒေဘောင်ထဲကနေ ဘဲလှုပ်ရှား တဲ့ အတွက် ပြည်ခိုင်ဖြိုးဘက်ကသာ


အထောက်အထား အချက်အလက် တွေနဲ့ပြည့်စုံပါစေ။ဖြေရှင်းဖို့ အဆင်သင့်ဘဲ” ဟု ဒုဥက္ကဌ စိုင်းဆောင်ဆီက ပြောသည်။

ပြိုင်ဘက်ကြံ့ဖွတ်ပါတီအားသက်သေအထောက်အထားဖြင့်ပြန်လည်တရားစွဲမည့် ကျားဖြူပါတီပြည်နယ်လွှတ်တော်အမှတ် ၂ စိုင်းထွန်းကြည်

တရားစွဲဆိုမည့်ရက် အတိအကျမသိရသေးသော်လည်း ကျားဖြူပါတီ၏ ဥပဒေအကြံပေးအဖွဲ့ကအချက်အလက်များ စုဆောင်း နေ ကြောင်း


စိုင်းဆောင်ဆီကပြောသည်။

USDP ခေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက သျှမ်းပြည်တောင်ပိုင်းကျားဖြူပါတီ၏ အနိုင်ရ ပြည်နယ် လွှတ်တော် အမတ်စိုင်းမွန်းအား ပြည်ခိုင်ဖြိုးပါတီ


ဒေါက်တာစိုင်းခမ်းလှိုင်မှ တရားစွဲသကဲ့သို့ ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကြံ့ဖွတ် ပါတီ လည်း အနိုင်ရကျားဖြူပါတီအား
ထို့နည်းတူတရားစွဲဆိုထားသေးသည်ဟုဆိုသည်။

အောက်တိုဘာ ၁၇ ရက် ၂၀၁၀ ရွေးကောက်ပွဲမကျင်းပခင် လားရှိုးမြို့ ပါတီဝင်များနှင့် နေ့တွေ့ဆုံစဉ် -သျှမ်းပြည် မြောက်ပိုင်း အတွင်း ကျားဖြူပါတီအား
အနိုင်ယူရန်မလွယ်ကူကြောင်း၊ ကျားဖြူအားသာသည့် လားရှိုးမြို့အတွင်း၌ပင် ပြည်ခိုင်ဖြိုး အနိုင်ရရန် ၅၀ ရာခိုင်နှုန်းကျော် နိုင်ဖွယ်မရှိကြောင်း
သျှမ်းလူမျိုးအများဆုံးနေထိုင်သည့်အချို့မြို့နယ် များတွင် အနိုင်ရရန်ပို၍ပင်ခက်ခဲကြောင်း ပါတီဝင်များတင်ပြစဉ်ကလည်း - ၀န်ကြီးချုပ်ဦးသိန်းစိန်က -“ခင်ဗျားတို့
စိတ်မပူနဲ့ သူတို့တွေကို တရားမ၀င်လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ ပတ်သက်ဆက်နွှယ်နေတယ်လို့ ပြောလိုက်ရုံဘဲ” - ဟု
ကြိုတင်ပြောဆိုခဲ့သည့်သတင်းလည်းထွက်ပေါ်ခဲ့သည်။ ကျားဖြူပါတီခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက လွှတ်တော်သုံးရပ်အတွက် ၁၅၇ နေရာ
ယှဉ်ပြိုင်ရာ ၅၇ ဦး အနိုင်ရရှိခဲ့ပါသည်။

ကျိုင်းတုံ - မိုင်းလား ကုန်တင်ကားဖြတ်သန်းခွင့် နအဖ ပြန်လည်ခွင့်ပြု

Tuesday, 21 December 2010 17:02 မွေခေါဝ်

အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု - သျှမ်းပြည်အရှေ့ပိုင်း NDAA - ESS မိုင်းလားအထူးဒေသ (၄) နှင့် သျှမ်း အရှေ့မြို့တော်ကျိုင်းတုံသို့ ဆက်သွယ်
ထားသော နမ့်လွေမြစ်တံတားနယ်ခြား တာ့ပင်းဂိတ် ကုန်တင်ကားအား လုံးနအဖ ဘက်မှ ပြန်လည်ဝင်ထွက် ခွင့်ပြုလိုက်ကြောင်း စုံစမ်းသိရှိရပါသည်။
တာ့ပင်းဂိတ်

“တာ့ပင်းဂိတ်ကို ကုန်တင်ကားတွေ ပုံမှန်ပြန်လည်ပြေးဆွဲပြုလိုက်တာ ပြီးခဲ့တဲ့အပတ်ကတည်းက။ မိုင်းလားက သျှမ်းနှစ်သစ်ကူးပွဲ ပြီး


နှစ်ရက်သုံးရက်လောက်ကစပြီး ပြန်လည်ပြေးဆွဲခွင့်ပြုတယ်။ ဒါပေမဲ့ကျိုင်းတုံကတဆင့်ဝင်တဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေကိုတော့ ဖြတ်သန်းခွင့်မပြုသေးဘူး”
ဟု ကျိုင်းတုံကားဆရာတစ်ဦးက ပြောပါသည်။

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ပေါင်းစု - သျှမ်းပြည်အရှေ့ပိုင်း NDAA - ESS မိုင်းလားအထူးဒေသ(၄)နှင့် နအဖ ထိန်းချုပ်နယ်မြေအကြား


နယ်ခြားတာ့ပင်းဂိတ်အား မိုင်းလားသျှမ်းနှစ်သစ်ကူးပွဲတော်အပြီး လွန်ခဲ့သည့်အပတ်မှ စ၍ နအဖဘက်မှ ပြန်လည်ဖြတ်သန်းခွင့်ပေးခဲ့ကြောင်း၊
ကုန်တင်ကားများဖြတ်သန်းခွင့်ပိတ်ပြင်တားမြစ်ရသည့် အကြောင်းရင်းမသိရှိရသကဲ့သို့ ဘာ့ကြောင့်ပြန်လည်ခွင့်ပြုရသည်ဆိုတာကိုလည်း
ယနေ့တိုင်မသိရှိရကြောင်း မိုင်းလားအရာရှိတစ်ဦးက ပြောပါသည်။

နယ်ခြားတာ့ပင်းဂိတ်အ၀င်အထွက် ကုန်တင်ကားများကို နိုဝင်ဘာ ၂၃ ရက်မှစ၍ နအဖအာဏာပိုင်တို့ ပိတ်ပင်ခဲ့ သည်။ ထို့ပြင် နိုဝင်ဘာ ၂၆ ရက်မှစ၍
ခရီးသွားဧည့်သည့်များ ၀င်ရောက်လည်ပတ်ခွင့်ကိုမူ ယနေ့တိုင်ပိတ်ပင်ထား ဆဲဖြစ်သည်။

စရဖ ဂျီဝမ်း ဗိုလ်မှူးကြီး ခင်မောင်ထွေး က တာ့ပင်းဂိတ်ပိတ်ပင်ရသည့် အဓိကအကြောင်းရင်းနှစ်ရပ်ရှိကြောင်း၊ နံပါတ်တစ် တရုတ်ကုန်ပစ္စည်းမှာ


လိုင်စင်မဲ့ဖြစ်သောကြောင့် တရားဝင်မဟုတ်ကြောင်း၊ နံပါတ်နှစ် အထက်အမိန့်အရ ကုန်တင်ကားဝင်ထွက်မှုအားလုံး ပိတ်ရခြင်းဖြစ်ကြောင်း ကျိုင်းတုံရှိ
မိုင်းလားဆက်ဆံရေးမှူးအား ပြောပြခြင်းဖြစ်သည်။

နအဖဘက်မှ တာ့ပင်းဂိတ်ပိတ်ထားသော်လည်း တရုတ်ဘက်မှ ပိတ်ပင်ခြင်းမရှိသည့်အတွက် မိုင်းလားမှ ထွက်ကုန်များ လွတ်လပ်စွာတင်သွင်းနိုင်သည်သာမက


ခရီးသွားဧည့်သည်များလည်း လွတ်လပ်စွာဝင်ရောက်လည်ပတ်နိုင် ကြောင်း မိုင်းလားသျှမ်းနှစ်သစ်ကူးပွဲသွားရောက်ခဲ့သူ လူငယ်တစ်ဦးက ပြောပါသည်။

တရုတ်သံအမတ်က စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် (ငြိမ်း) ဦးတင်နိုင်သိန်းနှင့် ဒီဇင်ဘာလ ဆန်းပိုင်း၌ တွေ့ဆုံခဲ့ပြီးနောက် ကချင်ပြည် KIO
ထိန်းချုပ်နယ်မြေရှိ လိုင်ဇာဂိတ်ကို နအဖဘက်မှ ဒီဇင်ဘာ ၁၃ ရက်၌ ပြန်လည်ဖွင့်ပေးလိုက်ကြောင်း ဧရာဝတီသတင်းဌါနမှ ရေးသားဖော်ပြထားသည်။

http://www.mongloi.org/burmese/

ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုရီးယား သမတဟောင်း၏ ဇနီးတို့ စာရေးသား

2010-12-21

နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု နှုတ်ဆက်တဲ့အနေနဲ့ ကွယ်လွန်သူ


တောင်ကိုရီးယား သမတဟောင်း ကင်မ်ဒဲဂျုန်ရဲ့ ဇနီး မစ္စ ယီဟီဟိုက ဒီဇင်ဘာလ ၁၄ ရက်နေ့ ရက်စွဲနဲ့ စာရေးသား ပေးပို့ခဲ့ပါတယ်။ သူ့ခင်ပွန်း တောင်ကိုးရီးယား
သမတဟောင်း ကင်မ်ဒဲဂျုန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အလွန် လေးစားကြောင်း ရေးသားထားတဲ့အပြင် ဒုက္ခဆင်းရဲအပေါင်းကို ရင်ဆိုင် ကျော်ဖြတ်
အောင်နိုင်သူ တဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးထားပါတယ်။

(Photo: Courtesy of NLD-LA Korea)


တောင်ကိုရီးယား သမတဟောင်း၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ကင်မ်ဒေးဂျုန် (ယာ) နှင့် မြန်မာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ ဥက္ကဋ္ဌ ဦး တယ်ဒီ
ဘူးရီ (ဝဲ) တို့ ၂၀၀၉ မေလ ၂၂ ရက်နေ့က ဆိုးလ်မြို့တော်တွင် တွေ့ဆုံနေပုံ ဖြစ်ပါသည်။ (Photo: Courtesy of NLD-LA Korea)

သူ့ခင်ပွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ မတွေ့ဆုံလိုက်ရတဲ့အတွက်လည်း ဝမ်းနည်းမိကြောင်း စာထဲမှာ ဖော်ပြထား ပါတယ်။

စာကို လက်ခံရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီဇင်ဘာလ ၁၆ ရက်နေ့ ရက်စွဲနဲ့ မစ္စ ယီဟီဟို ဆီကို စာပြန် ရေးသား ပေးပို့ခဲ့ပါတယ်။

သမတ ကင်မ်ဒဲဂျုန် ကွယ်လွန်သွားတာကို အလွန် နှမျောတမ်းတမိကြောင်း၊ မြန်မာ့ ဒီမိုကရေစီရေးအတွက် သမတ ကင်မ်ဒဲဂျုန်ဟာ မိတ်ဆွေကောင်း တဦးအနေနဲ့
တစိုက်မတ်မတ် အားပေးထောက်ခံခဲ့တာကို မေ့ပျောက်လို့ ရမှာမဟုတ် ကြောင်း၊ မြန်မာ့ ဒီမိုကရေစီခရီးမှာ သမတ ကင်မ်ဒဲဂျုန်ဟာ စံနမူနာထားသင့်တဲ့
ပုဂ္ဂိုလ်အဖြစ် ကျန်ရစ်နေမှာ ဖြစ်ကြောင်း သူ့အနေနဲ့ လေးစားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရေးသားခဲ့ ပါတယ်။

မစ္စယီဟီဟိုနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အပြန်အလှန် ပေးကြတဲ့စာတွေကို တောင်ကိုးရီးယားနိုင်ငံထုတ် နာမည်ကြီး သတင်းစာစောင်မှာ ဒီဇင်ဘာ ၂၀ ရက်


မနေ့က အထူးသတင်းအနေနဲ့ ဖော်ပြခံရတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ-ကိုရီးယားဌာနခဲ)ွ ပြန်ကြားရေးတာဝန်ခံ ကိုရန်နိုင်ထွန်းက
ပြောပါတယ်။

“သမတကြီး ကင်ဒဲဂျုန်ရဲ့ ဇနီးဖြစ်သူ မစ္စ ယီဟီဟိုဟာ ဆိုလို့ရှိရင် သူ့ရဲ့ ခင်ပွန်း သက်ရှိထင်ရှား ရှိနေတဲ့ အချိန်ကာလတုန်းကလည်း မြန်မာ့
ဒီမိုကရေစီရေးအတွက်ကို တက်တက်ကြွကြွနဲ့ ဆက်လက် ဆောင်ရွက်ခဲ့တယ်။ အခု သူ့ခင်ပွန်း ကွယ်လွန်သွားပြီးတဲ့ နောက်ပိုင်းမှာလည်း သူ့ခင်ပွန်း
တည်ထောင်ပြီး ထားခဲ့တဲ့ ဒီ ကိုရီးယားနိုင်ငံမှာ ရှိတဲ့ ကင်ဒဲဂျုန် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး စင်တာကနေပြီးတော့ ဗမာပြည် ဒီမိုကရေစီရေးအတွက်ကို
ခုချိန်ထိတိုင်အောင် အားပေးလျက်ရှိတယ်၊ ထောက်ခံလျက် ရှိတယ်၊ ကျွန်တော်တို့ ဝိုင်းဝန်းပြီးတော့ ကူညီနေတာ ရှိပါတယ်။ အဲဒီအတွက်ကြောင့် ခုလို
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အချိန်မှာ သူ့အနေနဲ့ ဝမ်းမြောက်ဝမ်းသာနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကို တခုတ်တရနဲ့ အခုလို စာရေး
အကြောင်းပြန်တယ်၊ နောက်ပြီးတော့ မြန်မာ့ ဒီမိုကရေစီရေးအတွက်ကို သူ့ခင်ပွန်း မရှိသော်လည်းပဲ သူ့ခင်ပွန်း ရှိနေသကဲ့သို့ ဆက်လက်ပြီးတော့ ကူညီမယ်၊
အားပေးမယ်၊ ထောက်ခံမယ် ဆိုတဲ့ သဘောမျိုးနဲ့ စာရေးတယ်လို့ ကျွန်တော် ထင်ပါတယ်ခင်ဗျ။”

ကင်မ်ဒဲဂျုန်ဟာ ၂၀၀၉ ခုနှစ် မကွယ်လွန်ခင် အချိန်အတွင်း နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံဖို့
ကြိုးစားခဲ့တယ်လို့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အတွက်ကတော့ ကျွန်တော်တို့ အမြင်မှာပေါ့လေ၊ သူ့အနေနဲ့ သမတကြီး ကင်ဒဲဂျုန်ရဲ့ ထောက်ခံမှု၊ အားပေးမှုတွေကို ဟိုး လွန်ခဲ့တဲ့
နှစ်ပေါင်း ၂၀ ကျော်ကျော်လောက်ကတည်းက တွေ့ကြုံခဲ့ဖူးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သမတကြီးအနေနဲ့ သမတ မဖြစ်ခင် ကာလတုန်းကလည်း
ဗမာပြည်ကို တခေါက် သွားခဲ့ဖူးတယ်၊ စာတွေ အပြန်အလှန် ရေးသားခဲ့ဖူးတယ်။ ရာထူးကနေ အနားယူသွားပြီးတော့ ဒီ ကင်ဒဲဂျုန် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး
စင်တာမှာ တာဝန်ယူ ဆောင်ရွက်နေတဲ့ အချိန်မှာ ကိုရီးယားမှာ ရှိတဲ့ မြန်မာသံ ရုံးကို သွားပြီးတော့ ဗမာပြည် ဗီဇာ သွားလျှောက်ခဲ့ပါတယ်။ သွားလျှောက်ခဲ့ပြီး သူ
ဗမာပြည်ကို သွားမယ်၊ သွားပြီးတော့ စစ်အာဏာပိုင်တွေနဲ့ တွေ့ဆုံမယ်၊ တွေ့ဆုံပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက်
သူကြိုးစားမယ်ဆိုပြီးတော့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တယောက် အနေနဲ့ သူသွားပြီး ဗီဇာ သွားလျှောက်ခဲ့ဖူးပါတယ်။ အဲဒီအချိန်မှာ မြန်မာ သံရုံးက
သမတဟောင်းကိုပေါ့လေ သူ့ကို ဗီဇာမပေးခဲ့ပါဘူးခင်ဗျ။”

ကိုရီးယားသတင်းစာမှာ ကိုရီးယားဘာသာနဲ့ ဖော်ပြခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ကိုရီးယား သမတဟောင်း ကင်မ်ဒဲဂျုန်ရဲ့ ဇနီးတို့ အပြန်အလှန်


စာရေးသားတဲ့ သတင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ-ကိုရီးးယားဌာနခဲ)ွ အဖွဲ့ဝင် ကိုဇော်မိုးအောင်က မြန်မာဘာသာ ပြန်ဆိုခဲ့ပါတယ်။

ကရင်ပြည်နယ်မှာ စစ်တပ်နှင့် DKBA တိုက်ပွဲငယ်များဖြစ်ဆဲ

2010-12-21

မြန်မာ စစ်အစိုးရတပ်တွေနဲ့ ဒီကေဘီအေတပ်တွေအကြား နေ့စဉ်ရက်ဆက် ဆိုသလို တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့မှာလည်း
တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး (ခေါ်) ဗိုလ်မှူးချုပ် စောလားပွယ်က RFA ကို ပြောပါတယ်။

(RFA)
တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) မှ ဗိုလ်နှုတ်ခမ်းမွေး ခေါ် ဗိုလ်မှူးကြီး စောလားပွယ်သည် မြန်မာစစ်အစိုးရ၏ နယ်ခြားစောင့်တပ်
အသွင်ပြောင်းရေး ဖိအားပေးမှုကို လက်မခံသည့် တပ်မဟာ ၅ တပ်မှူး ဖြစ်ပါသည်။ (RFA)

ဝေါ်လေဒေသမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း စစ်အစိုးရတပ်တွေဖက်က ထိခိုက်ကျဆုံးမှု များသလို ဒီကေဘီအေဘက်ကလည်း တဦးသေဆုံးပြီး၊ ၅


ဦးဒဏ်ရာ ရရှိတယ်လို့ သိရပါတယ်။ စစ်အစိုးရဖက်က တပ်အင်အားတွေ ထပ်မံဖြည့်တင်းနေပြီး၊ နောက်ရက်တွေမှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဦးမဲ့
အခြေအနေ ရှိတယ်လို့ ဗိုလ်မှူးချုပ် စောလားပွယ်က ပြောပါတယ်။

ဒီအတောအတွင်း ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်းမှာ မြန်မာစစ်အစိုးရတပ်တွေက ရိက္ခာ သယ်ယူရေးအတွက် ဒေသခံရွာသားတွေကို အဓမ္မ


ပေါ်တာဆွဲနေတယ်လို့ သိရပါတယ်။ မာနယ်ပလောဒေသ ဆင်ဖြူတောင်စခန်း အခြေစိုက် ခမရ ၃၃၈ က လှိုင်းဘွဲ့မြို့နယ်အတွင်း ဝိုင်းတော်၊ ကွန်းဒေါ၊ ကြာအင်း၊
ဝါးဂုတ်တော စတဲ့ ကျေးရွာတွေက ရွာသား ၂၀၀ ကျော်ကို အခု ရက်ပိုင်းအတွင်း မလိုက်မနေရ ခြိမ်းခြောက်ပြီး ပေါ်တာဆွဲသွားခဲ့တယ်လို့ ကေအန်ယူ ဘားအံ ခရိုင်
ဥက္ကဋ္ဌ ဖဒိုစောအောင်မော်ဧက ပြောပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်ဒေသမှာတော့ ဒီကနေ့ စစ်အစိုးရတပ်တွေဘက်က ကေအန်ယူ တပ်မဟာ ၆ တပ်တွေ ရှိတဲ့ဖက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှု
ရှိခဲ့ပေမဲ့ ထိခိုက်မှု မရှိဘူးလို့ ဒေသခံ ကေအန်ယူ အရာရှိတွေက ပြောပါတယ်။ အဲဒီ ဒေသမှာ ဒီကေဘီအေနဲ့ မြန်မာစစ်အစိုးရ တပ်တွေ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး
စစ်အစိုးရတပ်တွေဖက်က ၈ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကေဘီအေဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီကေဘီအေနဲ့ မြန်မာ စစ်အစိုးရတပ်တွေအကြား ဒီကနေ့ တိုက်ပွဲဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်နှုတ်ခမ်းမွှေး
ခေါ် ဗိုလ်မှူးချုပ် စောလားပွယ်ကို အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဂီရိမုန်တိုင်းဘေးအတွက် ယူရို ၃ သန်းEU လှူဒါန်း

2010-12-21

ရခိုင်ပြည်နယ်က ဂီရိမုန်တိုင်းသင့် ပြည်သူတွေအတွက် ဥရောပသမဂ္ဂ ကော်မရှင်က ယူငွေ ၃ သန်း ထောက်ပံ့ ကူညီမယ်လို့ ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့ ထုတ်ပြန်
ကြေညာလိုက်ပါတယ်။

(Photo: U Kyaw Zaw Win/www.demowaiyan.co.cc)

ရခိုင်ကမ်းရိုးတန်းသို့ အောက်တိုဘာ ၂၂ ရက်နေ့က ဆိုင်ကလုန်း ဂီရိ မုန်တိုင်း တိုက်ခတ်ပြီးနောက် ကျောက်ဖြူမြို့တွင် မုန်တိုင်းသင့် အပျက်အစီးများကို တွေ့ရပုံ
ဖြစ်ပါသည်။ (Photo: U Kyaw Zaw Win/www.demowaiyan.co.cc)

ဒီထောက်ပံ့မှုကို စစ်အစိုးရ အာဏာပိုင်တွေကနေ တဆင့်ပေးတာမျိုး မဟုတ်ပဲ နိုင်ငံတကာ အဖွဲ့အစည်း တွေကနေတဆင့် လူထုကို ပေးမှာ ဖြစ်တယ်လို့
သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး EU ကော်မရှင် ဒေသဆိုင်ရာ ပြန်ကြားရေးတာဝန်ခံ Mr. Mathias Eick က RFA ကို ပြောပါတယ်။

“မုန်တိုင်းသင့်ပြည်သူတွေအတွက် ပေးမဲ့အထောက်အပံ့ကို အစိုးရဆီကနေ တဆင့်ပေးမှာ မဟုတ်ပါ ဘူး၊ ကျနော်တို့ မိတ်ဆွေ အဖွဲ့အစည်းတွေဖြစ်တဲ့ NGO
တွေကနေ တဆင့်ပဲ ပြည်သူတွေဆီ ရောက်အောင် ပို့မှာပါ။ ဥပမာအနေနဲ့ဆိုရင် မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံတကာ NGO တွေ၊ ကုလသမဂ္ဂလို၊
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့လို အဲဒီလိုအဖွဲ့တွေကနေတဆင့် ပေးသွားမှာပါ”

EU ကော်မရှင်ဟာ ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတို့မှာ လူသားချင်း စာနာမှု အကူအညီအဖြစ် လတ်တလော ယူရိုငွေ ၇ သန်း
လျာထားတဲ့အထဲက ၃ သန်းကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဂီရိမုန်တိုင်းသင့် ပြည်သူတွေကို ထောက်ပံ့မယ်လို့ ဆုံးဖြတ်လိုက်တာပါ။ ဒီအတွက်
မုန်တိုင်းသင့်ဒေသက ပြည်သူပေါင်း ၂ သိန်းခွဲလောက်ကို ထောက်ပံ့နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

EU ကော်မရှင်ဟာ အရင်က နာဂစ် မုန်တိုင်းသင့် ပြည်သူတွေအတွက်လည်း ထောက်ပံ့ ကူညီခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ဂီရိမုန်တိုင်းသင့် ပြည်သူတွေအတွက် ဆက်လက်ကူညီဖို့ ကုလသမဂ္ဂက နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr Bishaw Parajuli နဲ့အဖွဲ့ဟာ အဲဒီဒေသတွေကို ပြီးခဲ့တဲ့ သီတင်းပတ်က သွားပြီး ကွင်းဆင်း
လေ့လာခဲ့ကြပါတယ်။ အဲဒီနောက် ဒီကနေ့မှာ နိုင်ငံတကာ အလှူရှင်တွေနဲ့ တွေ့ဆုံပြီး အခုလို တိုက်တွန်းပြောဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ မုန်တိုင်းသင့် ပြည်သူ မိသားစုပေါင်း ၅၂၀၀၀ မှာ ၃၈ ရာခိုင်နှုန်းဖြစ်တဲ့ မိသားစု ၂ သောင်းကျော်အတွက်ပဲ နေစရာ
အမိုးအကာ ကူညီနိုင်သေးတယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီကြေညာချက်မှာပဲ ဂီရိမုန်တိုင်းသင့် ပြည်သူတွေကို အရေးပေါ် ထောက်ပံ့မှုနဲ့ ပြန်လည်ထူထောင်ရေး အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၇ သန်း
လိုအပ်တယ်လို့ ဆိုပါတယ်။ အဲဒီအတွက် ဒေါ်လာ သန်း ၂၀ ကျော်ပဲ ရရှိသေးပြီး၊ အဲဒီထဲမှာ ကုလသမဂ္ဂ အရေးပေါ် ထောက်ပံ့ရေးအဖွဲ့ရဲ့ ငွေ ၆ သန်း
ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
အလုပ်ပွဲစားက အဓမ္မစစ်သားစုဆောင်းမှု ILO ကို တိုင်ကြား

2010-12-21

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ရပ်ကွက်အမှတ် ၁၄၀ နေ ဒေါ်မိုးရီ ရဲ သား ကိုခန့်ချောကို အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းခဲ့တဲ့အတွက် မိသားစုက ဒီဇင်ဘာ
၂၁ ရက် ဒီကနေ့မှာ ILO ကို တိုင်ကြားလိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။

(Photo: AFP)

မြန်မာ စစ်အစိုးရ၏ တပ်မတော်တံဆိပ်ကို စစ်ဦးထုပ်တွင် တပ်ဆင်ထားပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီဇင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်တိုင်း ဒဂုံတောင်ပိုင်း ရွာသာကြီးနေ လူပွဲစား ဦးအောင်ဝင်းက ဒေါ်မိုးရီရဲ့ သား ကိုခန့်ချောကို ရဲမွန်တပ်ရင်းက ဗိုလ်မှူး သီဟဟန်
အိမ်မှာ အလုပ်လုပ်ရမယ်ဆိုကာ ခေါ်ဆောင်သွား ခဲ့ကြောင်း၊ အဲဒီနောက် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကိုခန့်ချောကို ဒညင်းကုန်း စစ်သားစုဆောင်းရေးကို
ပို့ခဲ့ကြောင်း မိခင်ဖြစ်သူ ဒေါ်မိုးရီက အခုလို ပြောပြပါတယ်။

“သူက ခေါ်သွားတုန်းကတော့ ဗိုလ်မှူးတိုက်ခန်းမှာ တောက်တိုမယ်ရ လုပ်ရမယ်လို့ ပြောတယ်။ ဗိုလ်မှူး သွားတဲ့နောက်ကို လိုက်ရမယ်လို့ ပြောခေါ်တာ။
ခေါ်သွားပြီးတော့ သူက စုဆောင်းရေးထဲမှာ ပို့လိုက်တာ။ ဒညင်းကုန်း စုဆောင်းရေးပဲ။”

လူပွဲစား ဦးအောင်ဝင်းက ကိုခန့်ချောကို ခေါ်ဆောင်သွားတဲ့နေ့က ဒေါ်မိုးရီ ကိုယ်တိုင် ဗိုလ်မှူးသီဟဟန် ရဲ့ နေအိမ်ကို လိုက်ပါသွားခဲ့ရာမှာ ကိုခန့်ချောကို
ခေါ်လာတဲ့အတွက် ဦးအောင်ဝင်းကို ဗိုလ်မှူးသီဟဟန်က ငွေပေးခဲ့ပါတယ်။ အဲဒီနောက် ဦးအောင်ဝင်းက ဒေါ်မိုးရီကို ကြိုတင်လစာဆိုကာ ကျပ်ငွေ ၅ သောင်း
ပေးခဲ့ပါတယ်။ ဒီဇင်လာ ၁၅ ရက်နေ့မှာ ကိုခန့်ချောက စစ်ထဲ မဝင်လိုတဲ့အတွက် ထွက်ပြေးပြီး မိခင်ထံ ပြန်လာခဲ့ပါတယ်။

နောက်နေ့မှာ ဗိုလ်မှူးသီဟဟန်၊ အလုပ်ပွဲစား ဦးအောင်ဝင်းနဲ့ ဇနီး၊ ဆယ်အိမ်ခေါင်းနဲ့ ရဲ့တပ်ဖွဲ့ဝင်တဦးတို့ ရောက်လာပြီး ကိုခန့်ချောကို ရှာဖွေခဲ့ပါတယ်။
မတွေ့တဲ့အတွက် မိခင်ဖြစ်သူ ဒေါ်မိုးရီကို ဦးအောင်ဝင်းနဲ့ ဇနီးဖြစ်သူက ကန်ကျောက် ရိုက်နှက်ခဲ့ပါတယ်။ အဲဒီနောက် ဒေါ်မိုးကို ရယက ဥက္ကဋ္ဌ ဦးအောင်ကျော်သူ
အိမ်ကို ခေါ်ဆောင်သွားခဲ့ပြီး ကိုခန့်ချောကို ပြန်ရှာပေးဖို့ ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း သိရပါတယ်။ ပြန်ရှာမပေးပါက ဒေါ်မိုးရီတို့ကို ရပ်ကွက်အတွင်း
နေထိုင်ခွင့်မပေးဘူးလို့ ခြိမ်းခြောက်ခဲ့ကြောင်း ပြောပါတယ်၊

ဒီအမှုကိစ္စကို ဒီကနေ့ နေ့လည်ပိုင်းက အတင်းအဓမ္မ စစ်သားစုဆောင်းမှု။ လူကုန်ကူးမှုတွေ စတဲ့ ကိစ္စရပ်တွေနဲ့ အိုင်အယ်အိုရုံးမှာ တိုင် ကြားခဲ့ပါတယ်။ ဒေါ်မိုးရီရဲ့
မေတ္တာရပ်ခံချက်အရ စမ်းချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသက်ဝေက လိုက်လံ ကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။

ဒေါ်မိုးရီရဲ သား ကိုခန့်ချောကို ၁၇ ရက်နေ့က ရပ်ကွက် ဆယ်အိမ်ခေါင်းနဲ့ ရဲတပ်ဖွဲ့ဝင်တဦးက အိမ်မှာ လာရောက် ခေါ်ဆောင်သွားပြီး အခုအခါ ဘယ်မှာ
ရောက်နေတယ်ဆိုတာ မိခင်အနေနဲ့ မသိရသေးကြောင်း၊ ဒညင်းကုန်း စစ်သားစုဆောင်းရေးကို ပြန်လည် ပို့ဆောင်မယ်လို့ ယူဆရကြောင်း မိခင် ဒေါ်မိုးရီက
ပြောဆိုခဲ့ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူ ဒေါ်မိုးရီနဲ့ RFA ဝိုင်းတော်သား ကိုဇော်မိုးကျော် ဆက်သွယ် မေးမြန်းထားပါတယ်။

သင်္ကြန်မဏ္ဍပ်ဗုံးကွဲမှု ဓာတ်ပုံရိုက်သူ ကိုစည်သူဇေယျကို ထောင် ၈ နှစ် ပြစ်ဒဏ်ချ

2010-12-21

ပြီးခဲ့တဲ့ သင်္ကြန်က ရန်ကုန်မြို့ ကန်တော်ကြီးစောင်း X2O ( အိပ်ခ်စ် တူးအိ)ု ရေကစားမဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုကို ဓာတ်ပုံရိုက် သတင်းယူတဲ့အတွက်ဆိုပြီး
ဖမ်းဆီးထားတဲ့ ကိုစည်သူဇေယျနဲ့ သူ့ဖခင် ဦးဇေယျတို့ နှစ်ဦးမှာ သားဖြစ်တဲ့ ကိုစည်သူဇေယျကို ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့ စွဲချက်နှစ်ခုအတွက် ထောင်ဒဏ် ၈ နှစ်
ချမှတ်လိုက်ပါတယ်။
(Photo: AFP)

ရန်ကုန်မြို့၊ ကန်တော်ကြီးနဘေးရှိ X2O သင်္ကြန်မဏ္ဍပ်တွင် ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့က ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲသဖြင့် ထိခိုက်ဒဏ်ရာရသူများကို
လူနာတင်ယာဉ်ပေါ်သို့ တင်ဆောင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးလေးဖြစ်သူ ဦးဒေဝက RFA ကို အတည်ပြု ပြောဆိုပါတယ်။

အခုလို အမိန့်တွေ ချမှတ်လိုက်ပေမဲ့ ကိုစည်သူဇေယျကို အီလက်ထရွန်းနစ် ပုဒ်မနဲ့လည်း စွဲချက် တင်ထားတဲ့အတွက် နောက်ထပ် တရားရုံးမှာ ထွက်ပြီး၊
စစ်ဆေးခံရဦးမှာ ဖြစ်သလို ထောင်ဒဏ်ကျခံ ရဦးမှာ ဖြစ်ပါတယ်။ သူတို့အမှုကို ရှေ့နေဦးအေးသိန်းက လိုက်ပါ ဆောင်ရွက်နေတာပါ။

လက်ရှိကာလမှာ ဦးဇေယျနဲ့ သားဖြစ်သူ ကိုစည်သူဇေယျတို့ကို အင်းစိန်ထောင် ၂ ဆောင်နဲ့ ၃ ဆောင်မှာ အဆောင် တခုစီ ခွဲပြီး ထည့်ထားတဲ့အတွက်
သားအဖချင်း တွေ့ခွင့်မရဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒါ့အပြင် ကိုစည်သူဇေယျက မျက်စိဝေဒနာ ခံစားနေရပြီး ဆေးကုသမှု ရဖို့ ထောင်အာဏာပိုင်တွေကို တင်ပြထားတယ်လို့ မိခင်ဖြစ်သူ ဒေါ်ရီရီတင့်က ပြောပါတယ်။

“ကျန်းမာရေး အနေနဲ့ကတော့ မောင်စည်သူက ခုတလောလေးမှာ မျက်စိ သူမမြင်ရလို့တော့ အထက်အရာရှိတွေကိုတော့ ပြောထားတော့ သူတို့ မျက်မှန် စစ်ပေးဖို့
မနက်ဖြန် စစ်ပေးမယ်လို့တော့ ပြောပါတယ်။”

ကိုစည်သူဇေယျရဲ့ ဖခင် ဦးဇေယျကိုတော့ ရုံးတင်စစ်ဆေးနေဆဲ ဖြစ်ပြီး နောက်လထဲမှာ အမိန့်ချဖို့ ရှိတယ်လို့ မိသားစုနဲ့ ရှေ့နေက ခန့်မှန်းထားပါတယ်။
ဦးဇေယျဟာ ကွယ်လွန်သူ ဘာသာပြန် စာရေး ဆရာ လင်းယုန်မောင်မောင်ရဲ့ သားဖြစ်ပြီး၊ ကိုစည်သူဇေယျက မြေးတော်စပ်သူ ဖြစ်ပါတယ်။

ကမာ့ကြက်ခြေနီအဖွဲ့တာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံ

2010-12-21

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမာ့ ကြက်ခြေနီအဖွဲ့ ICRC ရဲ့ ရန်ကုန်ရုံးခွဲ တာဝန်ရှိသူတွေ ဒီဇင်ဘာ ၂၁ ရက် ဒီကနေ့ ညနေပိုင်းက
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ လာရောက် တွေ့ဆုံ ဆွေးနွေးကြောင်း သိရပါတယ်။

(Photo: AFP)

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) ၏ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ရုံးခွဲ ဖြစ်ပါသည်။ (Photo: AFP)

ICRC ဖက်က မြန်မာနိုင်ငံမှာ သူတို့အဖွဲ့က လက်တလော လုပ်ဆောင်နေတယ်ဆိုတဲ့ အကြောင်းကိစ္စတွေနဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေကို
ကူညီထောက်ပံ့နေတာတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့ကြောင်း NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

“ICRC နဲ့ အိမ်မှာ တွေ့ဆုံပါတယ်။ ဟို သူတို့ အဓိက ICRC က လုပ်နေတဲ့ ကိစ္စတွေ၊ နိုင်ငံရေး အကျဉ်းသားတွေကို ထောက်ပံ့တဲ့ ကိစ္စတွေ၊ နောက် နိုင်ငံရေး
အကျဉ်းသားဖက်ကလည်း ဟို မလုံမလောက် ဖြစ်နေတဲ့ စရိတ်စကတွေပေါ့နော်၊ အကျဉ်းကျတွေကို အဝေးကို ပို့တော့ ခရီးစရိတ်တွေ ဟိုဒင်းဖြစ်တယ်။ အဲဒါတွေနဲ့
ပတ်သက်ပြီးတော့ ရန်ပုံငွေကိစ္စတွေ ဆွေးနွေးတယ်လို့ ကျွန်တော် အဲလို သိရပါတယ်။”

ဒီလို တွေ့ဆုံရာမှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ဖက်က မေတ္တာရပ်ခံခဲ့ကြောင်းလည်း


သိရပါတယ် ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းတုန်းကလည်း မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး Mr. Sebastianus Sumarsono နဲ့ ရန်ကုန်မြို့က
အင်ဒိုနီးရှားသံရုံးမှာ သွားရောက် တွေ့ဆုံခဲ့ကြောင်းသိရပါတယ်။ ဘာတွေ ဆွေးနွေးခဲ့တယ် ဆိုတာကိုတော့ NLD ပါတီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက ခုလို
ပြောပြပါတယ်။

“ကျွန်တော်တို့ ဒီ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ ဒါတွေကို ပြောဖြစ်ကြတယ်လို့ သိရပါတယ်။ သံရုံးမှာပါ။”


ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးနဲ့အတူ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

သံဃာများ ပညာသင်ကြားရေး သာသနာ့ဦးသျှောင်အဖွဲ့ ထောက်ပံ့ရန်စီစဉ်

2010-12-21

အမေရိကန်ပြည်ထောင်စု အခြေစိုက် သာသနာ့ဦးသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် အနေနဲ့ သံဃာတော်တွေအတွက်


ပညာသင်ထောက်ပံ့ကြေး ဆုငွေချီးမြှင့်ဖို့ စီစဉ် လုပ်ဆောင်နေတယ်လို့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဦးဝိလာသက RFA ကို ဒီဇင်ဘာ ၂၀ ရက် မနေ့က
မိန့်ကြားပါတယ်။

(Photo: Tyler Chapman/RFA)

ဘုန်းကြီးကျောင်းတခုတွင် သံဃာများကို စာပေ ပရိယတ္တိ သင်ကြား စာချပေးနေပုံ ဖြစ်ပါသည်။ (Photo: Tyler Chapman/RFA)

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တတိယအကြိမ်မြောက် သာသနာ့ဦးသျှောင်ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို နယူးယောက်မြို့မှာ ကျင်းပခဲ့ပါတယ်။

ပြည်တွင်းပြည်ပမှာ ရှိတဲ့ သံဃာတော်တွေကို ထောက်ပံ့ဖို့အတွက် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။

“နံပါတ် ၁ က ပြည်တွင်းမှာ ရှိတဲ့ သံဃာတွေ ထောက်ပံ့ဖို့ရယ်၊ နံပါတ် ၂ က အိန္ဒိယနဲ့ သီရိလင်္ကာတို့မှာ စာသင်နေတဲ့ မြန်မာ ရဟန်းသံဃာတွေကို
ပညာသင်ကြေးတွေ ထောက်ပံ့ပေးဖို့ပေါ့။ နယ်စပ်နဲ့ ပြည်တွင်းမှာ ရှိတဲ့ သံဃာတွေ အတွက်ပေါ့လေ။ ရောက်နေတဲ့ မြန်မာ ရဟန်းသံဃာတွေအတွက်ကို လုံးဝ
တာဝန်ယူထားတာတွေ ရှိပါတယ်။ အဓိကထားပြီး လှုပ်ရှားမှာကတော့ သာသနာ့ အန္တရာယ် ကာကွယ်ရေးပေါ့။”

“ဒီ သာသနာနဲ့ ပတ်သက်ပြီးတော့ ဘုန်းကြီး၊ ရဟန်းသံဃာတွေနဲ့ သီလရှင်တွေ အဓိက ဖြစ်နေတဲ့ ဒုက္ခတွေပေါ့။ အထူးသဖြင့် ထောင်ကျ ရဟန်းသံဃာတွေ
လိုအပ်တဲ့ဟာတွေ၊ ဘာဖြစ်လို့လဲဆိုတော့ ထောင်ထဲမှာ ရှိနေတဲ့ ရဟန်းသံဃာတွေဟာ သူတို့ကို သွားပြီးတော့ ကြည့်မဲ့ရှုမဲ့ ဒကာဒကာမတွေ မရှိတော့
ဘုန်းဘုန်းတို့က အထူးသဖြင့် သူတို့တွေအတွက်ပေါ့၊ ဒါက ပြည်တွင်းအတွက် ဘုန်းဘုန်းတို့က ရပ်တည်သွားမှာပါ၊ သူတို့နဲ့ အတူတူ။”

ဒါ့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေး၊ လူမှုရေး လုပ်ငန်းတွေကိုလည်း


သာသနာ့ဦးသျှောင်အဖွဲ့ကြီးက ထောက်ခံတယ်လို့ ဆက်လက် မိန့်ကြား သွားပါတယ်။

နှစ်ပတ်လည်အစည်းအဝေးအပြီး ဦးဆောင်ဆရာတော်တွေကို ပြန်လည်ဖွဲ့စည်းခဲ့ရာမှာ နာယကဆရာတော်တွေ အဖြစ် ပီနန်ဆရာတော် ဘဒ္ဒန္တ ပညာဝံသ၊


ကနေဒါဆရာတော် ဦးကောဝိဒ၊ ဦးဂုဏိဿရ၊ ဦးပညာနန္ဒ၊ ဦးစန္ဒောဘာသတို့ ဖြစ်ပါတယ်။

သာသနာ့ ဦးသျှောင် အဖွဲ့ကို ၂၀၀၇ ခုနှစ် စက်တင်ဘာလမှာ သာသနာ့ရန် ကာကွယ်ရေးနဲ့ သံဃာ့ညီညွတ်ရေး ဦးတည်ချက်နဲ့ ဖွဲ့စည်းခဲ့တာပါ။
ပျံလွန်တော်မူခဲ့ပြီဖြစ်တဲ့ မစိုးရိမ်ဆရာတော် ဘဒ္ဒန္တ ကောဝိဒါဘိဝံသက ဦးဆောင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

http://www.rfa.org/burmese

ရခိုင်နိုင်ငံတော် ကျဆုံးသည့်နေ့ နယူးယောက်မြို့ကုလသမဂ္ဂရုံးရှေ့တွင် ဆန္ဒပြမည်

12/21/2010

Adjust font size:

၂၂၆ နှစ်မြောက် ရခိုင်နိုင်ငံတော် ကျဆုံးခြင်း အထိမ်းအမှတ်နေ့ကို 'ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလ သမဂ္ဂရုံး
ရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုပြီး ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
ပြိုပျက်နေသော ရခိုင်မင်းနေပြည်တော်ဟောင်း မြောက်ဦးရှိ ရှေးဟောင်းယဉ်ကျေးမူ အမွေအနှစ်များကို နိုင်ငံခြားသားများ လာရောက်လည်ပတ်နေစဉ်

ထိုဆန္ဒပြပွဲကို အမေရိကန်ရောက် ရခိုင်အမျိုးသားများက ဒီဇင်္ဘာလ ၃၁ ရက်နေ့ နံနက် ၁၀ နာရီမှ စတင်ကာ ပြုလုပ် သွားကြမည် ဖြစ်ကြောင်း သိရှိရ သည်။

ထိုဆန္ဒပြပွဲကို စီစဉ်သူများထဲမှ တာဝန်ခံ တစ်ဦးဖြစ်သူ ခိုင်ဘခင်က “ ကျနော်တို့ ရခိုင် နိုင်ငံတော် ကျဆုံးတဲ့နေ့ကို ရခိုင်လူမျိုးတွေ အမြဲတမ်းအမှတ် တရဖြစ်နေ
အောင်ရယ်။ ပြီးတော့ ၁၇၈၄ ခုနှစ်ကတည်း ယနေ့အထိ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ် တိုက်ပွဲဝင် ရင်း ကျဆုံး သွားခဲ့ကြတဲ့ ရခိုင် အာဇာနည်
ခေါင်းဆောင်တွေကို ဂုဏ်ပြုတာ လည်းဖြစ်တယ်။ ကျနော် တို့ အနေနဲ့ ဆုံးရှုံး နေတဲ့ လူမျိုး တစ်မျိုးရဲ့ ရပိုင်ခွင့်တွေကို ကုလသ မဂ္ဂရုံးရှေ့မှာ ဆန္ဒထုတ်ဖော်
တောင်းဆို သွားကြမှာ ဖြစ်တယ်” ဟု ပြောသည်။

၎င်းပြင်သူက “ ကျနော်တို့ နိုင်ငံကျဆုံး ကတည်းက ဘာမှ လုပ်ပိုင်ခွင့် မရှိတော့ဘူး။ လူမျိုးတစ်မျိုးရဲ့ ရပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေ ဘာမှကို မရှိတော့တာ။
ပြီးတော့ ကျနော်တို့ရဲ့ သမိုင်း အမွေအနှစ်တွေ ဖျောက်ဖျက်ခံနေရတယ်။ စာပေ ယဉ်ကျေးမူတွေကိုလည်း လွတ်လပ်စွာ ဖေါ်ထုတ်လို့ မရဘူး။ ဒီတော့
ဗမာကိုလိုနီအောက်မှာ ကျရောက်နေတာက ဗြိတိသျှ ကိုလိုနီ လက်အောက်မှာ ကျရောက်နေတာထက် ပိုမို ဆိုးရွားပါတယ်” ဟု ပြောသည်။

၁၉၆၀ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂအဖွဲ့ကြီးမှ ကိုလိုနီစနစ်ကိုဖျက် သိမ်းလိုက်ပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ သို့သော်လည်း တစ်ချို့
သော နိုင်ငံများမှာ ယခု ထက်တိုင် ဖုန်းကွယ်ခံ ကိုလိုနီကျွန် စနစ်အောက်တွင် ကျန်ရှိနေ သေးကြကြောင့် ခိုင်ဘခင်က ရှင်းပြသည်။

ကိုယ့်ထီးကိုယ်နန်းဖြင့် နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့သော ရခိုင်နိုင်ငံတော်သည် ၁၁၄၆ ခုနှစ် ပြာသို လပြည့်ကျော် ၇ ရက်၊ ခရစ် သက္ကရာဇ် ၁၇၈၄ ခုနှစ်
ဒီဇင်္ဘာလ ၃၁ ရက် စနေနေ့တွင် ဗမာဘုရင် ဘိုးတော်မောင်းဝိုင်း၏ စစ်ကျေညာခြင်း မရှိဘဲ ကျူးကျော် သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။

တခြား တာဝန်ခံ တစ်ဦးဖြစ်သူ ဦးတင့်ဝေက “ ရခိုင်ပြည် ဖွံ့ဖြိုးတိုး တက်မူကို အကြောင်း ပြပြီး လက်ရှိ ဖောက်လုပ်နေတဲ့ မီးရထားလမ်းကြောင့် ရခိုင့်ရှေးဟောင်း
အမွေ အနှစ်တွေ အများအပြား ဖျက်ဆ်ီး ခံနေရတာကြောင့် ဒီလုပ်ရပ်ဟာ လူမျိုးတစ်မျိုးရဲ့ ရှေးဟောင်း အမွေအနှစ် တွေကို ပျောက်ကွယ်အောင် ပြုလုပ်နေခြင်း
ဖြစ်တယ်။ သွယ်ဝိုက်ပီးတော့ ရခိုင် လူမျိုးကို ပျောက်ကွယ်သွား လုပ်နေခြင်းသာဖြစ် ပါတယ်” ဟု ပြောသည်။

ဒီဇင်္ဘာ ၃၁ ရက်နေ့ ဆန္ဒပြပွဲကို အမေရိကန်ရှိ ရခိုင်အမျိုးသား အများအပြား ပူးပေါင်း ပါဝင်ကြမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ကုလားတန် မြစ်ကြောင်း ဘက်စုံ စီမံကိန်း ရခိုင်ကို အကျိုးသာယုတ်စေမည်

12/21/2010

Adjust font size:

ဒီဇင်္ဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် မြန်မာ-အိန္ဒိယ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေး အုတ်မြစ်ချ


အခမ်းအနားကို ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အိန္ဒိယဘက်မှ ပြည်ပရေးရာ ဝန်ကြီးဌာနမှ


ဒုတိယဝန်ကြီး Mr. Jayant Prassad ၊ ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုင်ရာ
အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Dr. Villur Sundararajan Seshadri နှင့်
သံရုံးအဖွဲ့ဝင်များ၊ အိန္ဒိယ ပြည်တွင်ရေကြောင်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့
ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ESSAR Projects (India) Ltd. မွမ်ဘိုင်းနှင့်
မြန်မာတို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုရေး
အသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားသို့ ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး


ကောင်စီဥက္ကဌ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်း၊
ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေတို့ တက်ရောက် ခဲ့ကြသည်။

အဆိုပါ အခမ်းအနား ကျင်းပ ပြုလုပ်ပြီးနောက် စစ်တွေမှ နိုင်ငံရေး လေ့လာ


လိုက်စားသူ လူငယ် စာရေး ဆရာ တစ်ဦးကို ကုလားတန် မြစ်ကြောင်း စီမံကိန်းနှင့် ပတ်သက်ပြီး နိရဉ္စရာမှ ဆက်သွယ် မေးမြန်းရာ သူက သူ့အမြင်
သူ့သဘောထားကို ယခုကဲ့သို့ စတင် ပြောကြားသည်။

“ ရခိုင်ပြည်နယ် တိုးတက်ဖို့ အတွက် ဘယ်လိုလဲဆိုတော့ ဟိုမှာ လမ်းဖောက်တယ်။ ဟိုမှာ ရေနက်ဆိပ်ကမ်း ဆောက်တယ် စသဖြင့် ဘာတွေဘဲ လုပ်လုပ်
ဘယ်လိုဘဲ ရှိနေပါစေပေါ့နော်၊ စီးပွားရေးလုပ်ငန်းနဲ့ Resources တွေကို စီမံခန့်ခွဲ ပိုင်ခွင့်ဟာ ရခိုင်လူမျိုးတွေ လက်ထဲမှာ မရှိဘဲနဲ့တော့ ဘယ်တော့မှ ရခိုင်လူမျိုး
ကြီးပွား တိုးတက်ရေးကို ကြံဆောင်နိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့များ ဖွံ့ဖြိုးတိုးတက်လာတယ် ဆိုရင်လည်း ကျနော်တို့ ဒေသခံတွေ တိုးတက်လာတာ ဖြစ်ချင်မှ
ဖြစ်မယ်။ ဒါမှ မဟုတ် တခြားနေရာက ရောက်လာတဲ့ လူတွေ အဲဒီလူတွေ ချမ်းသာလာတဲ့ အတွက် ဒီဒေသ ဖွံ့ဖြိုးတိုးတက်လာတယ်လို့ မြင်ကြတာ ဖြစ်ကောင်း
ဖြစ်မယ်။ ဒီဒေသခံတွေ အတွက် သူတို့ရဲ့ ဒေသစီးပွားရေး Resources တွေ၊ လုပ်ပိုင်ခွင့် အခွင့်အာဏာတွေ၊ ဓနအင်အားတွေ သူတို့ လက်ထဲမှာ
မရှိသရွေ့ကာလပတ်လုံး သူတို့ရဲ့ နိုင်ငံရေး အာဏာ သူတို့လက်ထဲမှာ မရှိသေးသမျှ ကာလပတ်လုံး ဒီဒေသက လူတွေ ဖွံ့ဖြိုးတိုးတက် လာမယ်လို့ ကျနော်
မမြင်ပါဘူး ခင်ဗျာ။”

စစ်အစိုးရကလည်း ပြောပါတယ်။ အိန္ဒိယကလည်း ပြောပါတယ်။ ဒီဒေသဟာ ကုလားတန် စီမံကိန်းကြောင့် ဖွံ့ဖြိုး တိုးတက်လာမယ်လို့ ပြောနေပါတယ်။
တကယ်လို့ သူတို့ ပြောသလို ဖွံ့ဖြိုးတိုးတက်မူ မရှိဘူးဆိုရင် ရခိုင်လူမျိုးအတွက် ထိခိုက်နစ်နာမှုများ ရှိလာနိုင်ပါသလားဟု မေးမြန်းရာ သူက ယခုကဲ့သို့
ဆက်ပြောသည်။

“ လောလောစဉ် အကြမ်းဖျင်းအားဖြင့်တော့ လမ်းဖောက်မယ်ဆိုတော့ ရွာတွေ ဖယ်ပေးရမယ်။ ပထမဆုံး အဲဒီ ဖယ်ပေးရတဲ့ ရွာတွေ အတွက်၊ အိမ်ယာတွေ
အတွက်၊ လယ်မြေတွေအတွက် သူတို့ ဘယ်လို လျော်ကြေး ပေးမှာလဲ။ သူတို့ အရင် လုပ်ထုံးလုပ်နည်း အတိုင်းဘဲ ၂ ပဲ ၁ ပြား ဘဲ ပေးမှာလား။
အဲဒီလိုမျိုးပေးပြီးတော့ အိမ်တွေယာတွေ ခြံတွေ ဖယ်ခိုင်းတယ်ဆိုရင် အဲဒါ ပထမဆုံး ဒေသခံလူထု အတွက် ကြုံတွေ့ရတဲ့ နစ်နာမှုပေါ့နော်။ ပီးတော့
ဒီလမ်းကြောင်းပေါ်ကို လမ်းကြောင်း လုံခြုံဖို့၊ ကုန်စည် စီးဆင်းမှု လုံခြုံမှု အတွက် စစ်အင်အားတွေ တိုးချဲ့ ချရမယ်။ စစ်အင်အားကို တိုးချဲ့ချလာရင်
ဗမာစစ်တပ်ဆိုတာကလည်း ယေဘုယျ ပြောရရင် အင်အားတွေ သုံးပြီးတော့ ဒေသခံတွေကို အနိုင်ကျင့်တဲ့ သဘောရှိတယ်။ ဆိုတော့ စစ်အင်အား များလာ
လေလေ ပိုပြီး အနိုင်ကျင့် ခံရတဲ့ ဖြစ်နိုင်ခြေက များလာမယ်။ အဲဒီတော့ အဲဒါကလည်း အခြေအနေ ပို ဆိုးလာနိုင်တယ်။ ပထမဆုံး ကျနော်တို့ ကြုံရမဲ့ အချက် ၂
ချက်ရှိတယ်။ အဲဒီတော့ နောက်ပိုင်းမှာ ဘယ်လို တိုးတက်လာမလဲ ဆိုတာကိုတော့ ကျနော်လည်း အသေချာ မပြောနိုင်ပါဘူး ခင်ဗျာ။”

အခု စစ်တွေဆိပ်ကမ်းကို ဆောက်ရင် ဒေသခံ အလုပ်မရှိတဲ့သူတွေ အလုပ်ရနိုင်တဲ့ အခြေအနေမျိုး မဖြစ်လာနိုင်ဘူးလားဟု မေးမြန်းရာ သူက ယခုကဲ့သို့
ဖြေကြားသည်။

“ အခု လောလောဆယ် သူတို့ အလုပ်ခန့်တဲ့ အနေထားကိုတော့ ကျနော် မသိသေးပါဘူး။ ဒါပေမဲ့ သူတို့ လိုအပ်တဲ့ ပညာရှင်မျိုး သူတို့လိုအပ်တဲ့ technology ရှိတဲ့
ပုဂ္ဂိုလ်မျိုးက ရှိတယ်ဆိုရင်တော့ သူတို့ ဒီက ခန့်ရမှာပေါ့ ခင်ဗျာ။ ဒါပေမဲ့ အနည်းဆုံး အောက်ခြေ အဆင့် အလုပ်သမားတွေကို သူတို့ သုံးရမဲ့ သဘောရှိပါတယ်။
ဒါပေမဲ့ သူတို့ ဘယ်လို လုပ်မယ်မှန်းမှ မသိသေးတာ။ ကျနော် အမြင်ကို ပြောရရင်တော့ ကျနော်တို့ လောလောဆယ် ဒီ အလုပ်အကိုင်လေး နည်းနည်းပါးပါး
ရတာလောက်နဲ့ နောက်ပိုင်း ရေရှည်မှာ ကိုယ်တို့ ရဲ့ စီးပွားရေးကို သူများတွေက လာပြီး လွမ်းမိုးချုပ်ကိုင်မယ့် အခြေအနေမျိုး ဖြစ်သွား နိုင်တာပေါ့နော်။
အလုပ်ကလေးရတာနဲ့ ကိုယ့်စီးပွားရေး သူများတွေ လက်ဝါးကြီး အုပ်သွားတာနဲ့ မကာမိဘူး ထင်ပါတယ်။” ဟု ပြောသည်။

ကုလားတန် မြစ်ကြောင်း စီမံကိန်းကြောင့် နအဖ စစ်အစိုးရနှင့် ၎င်းတို့နှင့် ဆက်စပ်သူ ကုမ္ပဏီများသာ အကျိုးရှိသွားနိုင်ပြီ ဒေသခံများအတွက်
အကျိုးယုတ်စရာသာ ရှိနေကြောင်း သူက သုံးသပ် ပြောဆိုသွားသည်။

http://www.narinjara.com/burmese.asp

ဒီကနေ့ နအဖ ၆ ယောက်ကျပြီး ၁၃ ယောက် ဒဏ်ရာရတဲ့ ဖလူးလေး ဘုရားကုန်းတိုက်ပွဲ

Posted by admin on December 21st, 2010

dkba

ဒီကနေ့ မြဝတီတောင်ဘက် ဖလူးလေး ဘုရားကုန်းမှာ ဒီကေဘီအေ ကလို့ထူးဖော အမှတ် ၂ ဗျူဟာ တပ်ရင်းတွေနဲ့ စကခ ၁၂ လက်အောက်ခံ ခမရ ၃၁၀ တို့
တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီကေဘီအေ ဗျူဟာမှူး ဗိုလ်ကျော်သက် ပြောပြတာက …

မနက် ၁၁ နာရီမခွဲခင် ဖလူးလေးဘုရားကုန်းနားမှာ ဒီကေဘီအေဘက်က ဗိုလ်ဗလာဏ နဲ့ ဗိုလ်စောချစ် တို့ဦးဆောင်တဲ့ တပ်ဖွဲ့တွေက နအဖ ခမရ ၃၁၀ တပ်ကို
စောင့်ကြိုပြီး ပစ် ခတ်တိုက်ခိုက်လိုက်တာပါ။

တိုက်ပွဲက ၁၅ မိနစ်လောက်ပဲကြာမယ်၊ နအဖ ဘက်က ၆ ယောက်ကျဆုံးတယ် ၁၃ ယောက် ဒဏ်ရာရတယ်။ တိုက်ပွဲပြီးတဲ့အချိန်မှာ တက်လာတဲ့ နအဖ တပ်တွေ
ပြန် ဆုတ်ခွာသွားတယ်” လို့ ပြောပြသွားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာလ ၇ ရက် ကတည်းက စလိုက်တဲ့ နအဖ စစ်အုပ်စုတပ်တွေနဲ့ DKBA တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေဟာ ကရင်ပြည်နယ်
မြ၀တီနဲ့ ကော့ကရိတ်မြို့နယ်ထဲက ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာလင်းမြိုင်နဲ့ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ
ဆိုက်တိုက်ဆိုလို ဖြစ်ပွား ပြန့်နှံ့လျက်ရှိပါတယ်။

၂ဝ၁၁ ဇန်နဝါရီလ (၈) ရက်နေ့မှာ ကျရောက်မယ့် ကရင်နှစ်သစ်ကူးနေ့အတွက် မန်းရောဘတ် ဘဇန် ရဲ့ နှစ်သစ်ကူး စကားလက်ဆောင်မွန်

Posted by admin on December 21st, 2010

RBZ SLB
ကရင်အမျိုးသားအပေါင်းတို့ …

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ဒီနှစ်သစ်အခါတော်နေ့မှာ နှုတ်ခွန်းဆက်သခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောလိုပါတယ်။ ဒီနေ့ ကျနော်


ကရင်တမျိုးသားလုံးက လို အပ်နေတဲ့အချက်ကြီး (၃) ချက်ကိုတင်ပြလိုပါတယ်။

(၁) ကရင့်လွတ်လပ်ရေးအရယူကြ။

(၂) ကရင့်လွတ်လပ်ရေးအရယူနိုင်ဘို့ကရင့်ရှေ့ဆောင်၊ မိခင် KNU အစည်းအရုံးကို ဝိုင်းရံကြ။

(၃) ကရင့်ရှေ့ဆောင် မိခင် KNU အစည်းအရုံးကို ဝိုင်ရံနိုင်ဘို့ အောက်ပါ လုပ်ငန်းငန်း စဉ် (၃) ရပ်ကို အကောင်အထည်ဖေါ်ထုတ် လုပ်ကိုင်ကြရန် ဖြစ်ပါတယ်။

(က) ကရင့်လွတ်လပ်ရေးအရ ယူကြ။

ကရင့်လွတ်လပ်ရေးဆိုတာ လွတ်လပ်ပြီး တရားမျှတတဲ့၊ ဒီမိုကရေစီကျတဲ့၊ တရားဥပဒေ စိုးမိုးတဲ့၊ တန်းတူတဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်နယ်ပေါင်းစု


ဖယ်ဒရယ် ပြည်ထောင်စုအဖွဲ့ဝင် (ကရင်ပြည်နယ်) ရရှိပြီး၊ ကရင်တမျိုးသားလုံးရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ ပြည်နယ်ဆိုင်ရာဥပဒေပြုခွင့်၊ တရားစီရင်ခွင့်နှင့်
အုပ်ချုပ်ခွင့်ရှိတဲ့ ကရင်ပြည်နယ်မျိုးရရှိ တာဖြစ်တယ်။

ဒါ့အပြင် ကရင်ပြည်နယ်ကိုကာကွယ်မဲ့ (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) ကို ကရင်ပြည်သူ့အကျိုးစီးပွားနဲ့ ပြည်နယ်ပေါင်းစု


ဖယ်ဒရယ်ပြည်ထောင်စုကို ကာကွယ် ဘို့ ဖွဲ့စည်းထူထောင်နိုင်ရမယ်။

ဥပမာ အမေရိကန်ပြည်ထောင်စုတပ်မတော်၏ (ပြည်နယ်စစ်တပ်ပုံစ)ံ အတိုင်း ဖြစ် တယ်။

အဲ့ဒီလို ကရင်ပြည်နယ်မျိုးနဲ့ နေနိုင်ဘို့ ကရင်တိုင်း လှဲနေလှေအောင်း မြင်းဇောင်းမကျန် တာဝန်သိသိနဲ့ ပါဝင်လုပ်ကိုင်ကြမှ ကရင်လွတ်လပ်ရေး


မုချရလာမှာဖြစ်တယ်။

ကရင်တွေကပိုင်ဆိုင်တဲ့ မြေကြီး ပြည်နယ် ရှိမှ ကရင်ဟာ လွတ်လပ်တဲ့ လူမျိုးဖြစ်လာ မယ်။ ဂုဏ်သိက္ခာရှိတဲ့ လူမျိုး ဖြစ်လာမယ်။ တန်ဘိုးရှိတဲ့လူမျိုး ဖြစ်လာမယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာရောက် ကရင်တိုင်းက လက်လွတ်ဆုံးရှုံးခံထားလိုက်ရတဲ့ ကရင် ပြည်နယ်ကို အရယူကြမယ်လို့ ဒီကရင်နှစ်သစ်ကူးနေ့မှာ သစ္စာပြုကြဘို့


စကားလက် ဆောင် ပေးလိုက်ပါတယ်။

(ခ) ကရင့်လွတ်လပ်ရေးအရယူနိုင်ဘို့ကရင့်ရှေ့ဆောင် မိခင် KNU အစည်းအရုံးကို ဝိုင်းရံကြ။

ကရင့်ရှေ့ဆောင် KNU ကရင်အမျိုးသားအစည်းအရုံးဟာ ကရင်အမျိုးသား အောင်လံ တော်ကို ငွါးငွါးစွင့်စွင့်လွင့်ထူပြီးကရင့်လွတ်လပ်ရေးအတွက်


ပေးဆပ်ခြင်းများစွာဖြင့် နှစ် ပေါင်း (၆ဝ) ကျော်လာသည့်တိုင်သစ္စာရှိရှိ တော်လှန်တဲ့ခုခံစစ် ဆင်နွှဲနေတဲ့ ကရင့်ရှေ့ ဆောင် မိခင်အဖွဲ့အစည်း ဖြစ်တယ်။
အဖွဲ့အစည်းတခုရဲ့ နိယာမတရားအရ အဖွဲ့အစည်း တခုအတွင်း အချောင်သမား၊ အခွင့်ထူးခံ၊ ကိုယ်ကျိုးရှာသမားတွေ ရှိနိုင်ပေမဲ့ KNU ရဲ့ အခန်းကဏ္ဍဟာ
သမိုင်းအစဉ်အလာကြီးမားတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး။

တောက်ပြောင်တဲ့၊ ကရင်ပီသတဲ့၊ ကရင့်သူရဲကောင်း အထောင်အသောင်းဟာ ကရင့် လွတ်လပ်ရေးနဲ့ ကရင်ပြည်အတွက် အသက်စွန့်ခဲ့ကြပြီ။


ကရင့်လွတ်လပ်ရေးအတွက် က ရင် သူရဲကောင်းတွေ အသက်ဆက်လက်ပေးဆပ်ကြရအုံးမယ်။

ပေးဆပ်ခြင်းနဲ့ စွန့်လွတ်ခြင်းအမျိုးမျိုးဟာ တော်လှန်ရေးတရပ်ရဲ့ ဖြစ်စဉ်တွေဖြစ်နေ တော့ ပေးဆပ်စွန့်လွတ်ကြရအုံးမယ်။ ကရင်တိုင်းလုပ်ဆောင်ရမယ့်


အလုပ်ဖြစ်တယ်။ နိုင်ငံအသီးသီးရောက် ကရင်များအနေနဲ့ ရှေ့ဆောင်မိခင် KNU အစည်းအရုံးကို ဝိုင်းရံ ဘို့ လုပ်ငန်း (၃) ခုရှိတယ်။ ကာယ၊ ဥာဏ နဲ့ ဓန
အင်အားအရ ကူညီကြရမယ်။

တနှစ်တခါ ခွင့်ရသလောက် ကိုယ်တိုင်ပါဝင်ကူညီလုပ်ဆောင်ဘို့၊ နိုင်ငံတကာတော်လှန် ရေးအတွေ့အကြုံများကို မိမိ ကရင့်တော်လှန်ရေးနှင့် ပေါင်းစပ်နိုင်ဘို့


အကြံပြု (Input) ပေးကြဘို့၊ ပြည်နယ်အလိုက် စီမံကိန်းရေးဆွဲပြီး ငွေကြေးအရ ကူညီထောက်ပံ့ဘို့၊ ကရင် မျိုးဆက်သစ်တွေမွေးမြူဘို့ ဖြစ်တယ်။

(ဂ) ကရင့်ရှေ့ဆောင်မိခင် KNU ကရင်အမျိုးသားအစည်းအရုံးကို ဝိုင်းရံဘို့ အောက်ပါ လုပ်ငန်းစဉ် (၃) ရပ်ကို အကောင်အထည်ဖေါ်ထုတ်လုပ်ဆောင်ကြ။

ကရင့်ရှေ့ဆောင်မိခင် KNU ကရင်အမျိုးသားအစည်းအရုံးကို ဝိုင်းရံဘို့လုပ်ငန်းစဉ် (၃) ခုချမှတ်ထားပါတယ်။

(၁)။ အနာဂါတ် ကရင်မျိုးဆက်သစ်များ၏ ပညာရေးကိုမြင့်တင်ရေး။

(၂)။ ကရင်ကို ကမ္ဘာက သိရှိရေး Raise Karen Awareness

(၃)။ ကရင့်ရှေ့ဆောင် မိခင် KNU ကရင်အမျိုးသားအစည်းအရုံးကို ကူညီပံ့ပိုးဘို့ဖြစ်ပါတယ်။

အထက်ပါ လုပ်ငန်းစဉ် (၃) ရပ်ကို နောက်ထပ် (၁ဝ) နှစ်ရေရှည်စီမံကိန်းနဲ့ လုပ်သွားကြ ရင် အနာဂါတ် ကရင်ပြည်နဲ့ ကရင့်လွတ်လပ်ရေးမုချရလာမှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ (၁ဝ) နှစ်အတွင်း ဒီလုပ်ငန်းစဉ် (၃) ချက်ကို တစိုက်မှတ်မှတ်လုပ်ခဲ့တဲ့အတွက် ကျနော်တို့ အသီးအပွင့်တွေတချို့ ခံစားနေရပါပြီး။

ကရင်အမျိုးသားအပေါင်းတို့…

ကရင့်လွတ်လပ်ရေးကို အဟန့်အတားဖြစ်နိုင်တာတွေဖြစ်တဲ့ အမျိုးသားစည်းလုံး ညီ ညွတ်မှုကို ပျက်ပြားစေတဲ့လုပ်ငန်းများကို ရှောင်ကျဉ်ကြရမှာဖြစ်ပါတယ်။


မျိုးနွယ်စု အစွဲ၊ နယ်မြေအစွဲ၊ ဘာသာအစွဲ၊ ဂိုဏ်းဂဏအစွဲတွေကိုတိုက်ချွတ် ဆေးကြောကြပါ။ သီးခံ စိတ်ရှည်ကြပါ၊ စိတ်နှိမ့်ချကြပါ။ ကျဆုံးသွားလေပြီးဖြစ်တဲ့
ကရင့်အာဇာ နည်တွေရဲ့ သစ္စာတရားကို စောင့်ထိန်းကြပါ။ သူတို့ရဲ့မှာကြားချက်တွေကို အစဉ်သတိရကြပါ။

ကရင်ဟာ တရားမျှတမှု၊ တရားဥပဒေစိုးမိုးမှု၊ လွတ်လပ်ရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်အတွက် တိုက်ရဲတဲ့ လူမျိုးဖြစ်ကြောင်း၊ ကမ္ဘာကိုပြမယ်၊
အနိုင်ကျင့်ဗိုလ်ကျစိုးမိုး တဲ့ နအဖ ဖက်ဆစ်စစ်အုပ်စုကို ဘယ်တော့မှ ဦးညွတ် အရှုံးပေး လက်မြောက်မှာ မ ဟုတ်ဘူး၊ အမျိုးသားခေါင်းဆောင်ကြီးစောဘဦးကြီးရဲ့
တော်လှန်တဲ့ သစ္စာတရား (၄) ပါး၊ မူ (၄) ချက်ကို စွဲစွဲမြဲမြဲဆုတ်ကိုင်သွားမယ်လို့ ဒီကရင်နှစ်သစ်မင်္ဂလာ အခါတော်နေ့ မှာ သစ္စာအဓိဋ္ဌာန်ပြုကြပါစို့ ….

ကရင်အမျိုးသား စည်းလုံးညီညွတ်ရေးတည်ဆောက်ကြ

ကရင့်ရှေ့ဆောင်မိခင် KNU ကရင်အမျိုးစားအစည်းအရုံးကို ဝိုင်းရံကြ

ကရင့်လွတ်လပ်ရေးအတွက် ကရင်တိုင်းပါဝင်ဆင်နွှဲကြ

ကရင်တမျိုးသားလုံးကို ဘုရားသခင် ကောင်းချီမင်္ဂလာသွန်းလောင်းပါစေ

မန်းရောဘတ် ဘဇန်၊

ဇန်နဝါရီလ ၈ ရက်၊ ၂ဝ၁၁။


http://www.naytthit.net/

တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာသား ၃ဦး ထိခိုက်ဒဏ်ရာရခဲ့

Submitted by Karen Information Center on Tuesday, 21 December 2010No Comment

ဒီဇင်ဘာလ ၂၁ရက်။ နန်းထူးစံ (ကေအိုင်စ)ီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် သုံးဆယ်သုံးဆူကျေးရွာအနီးတွင် ဒီဇင်ဘာလ ၁၉ရက်နေ့က နအဖ ခမရ(၅၄၅)တပ်ဖွဲ့ နှင့်


ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA) တပ်ရင်း(၁၈)တပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် အမျိုး သမီး ၁ဦး အပါအ၀င် ရွာသူရွာသား ၃ဦး
ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ထိုနေ့ညနေ ၅နာရီကျော်အချိန်တွင် မိုးမင်းနိုင် ဦးစီးသည့် နအဖ ခမရ(၅၄၅)တပ်ဖွဲ့နှင့် ကေအဲန်အယ်လ်အေ တပ်ရင်း(၁၈)တပ် ဖွဲ့ဝင်များ


သုံးဆယ်သုံးဆူရွာအနားတွင် ရင်ဆိုင်တိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ရာ နအဖဘက်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး များက အန်ကောင်ကျေးရွာအတွင်းသို့
ကျရောက်ခဲ့ခြင်းကြောင့် ရွာသူရွာသားများ ယခုလို ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ကော့ကရိတ်နယ်ခံတစ်ဦးက “အန်ကောင်ရွာက သုံးဆယ်သုံးဆူရွာနဲ့ နီးနီးလေးဆိုတော့ နအဖဘက်က ပစ်လိုက်တဲ့ လက်နက် ကြီးတွေ ကျတာလေ။


လက်နက်ကြီးအစတွေနဲ့ထိတာပေါ့။ အဲဒီဒဏ်ရာရတဲ့ အန်ကောင်ရွာသားတွေက မောင်ကြီး ၇၀နှစ်၊ မောင်ငြိမ်း ၄၀နှစ်နဲ့ ဒေါ်စန်းတင် ၅၀နှစ်တို့ဖြစ်တယ်လို့
သိရတယ်။”ဟု ပြောသည်။

ထို့အပြင် ဒီဇင်ဘာလ ၁၉ရက်နေ့ မွန်းလွဲပိုင်း ၁နာရီကျော်အချိန်၌ ကေအဲန်အယ်လ်အေ တပ်ရင်း(၁၈)မှ တပ်ခွဲ(၂)၊ (၃)အဖွဲ့ နှင့် ဒီကေဘီအေတပ်ဖွဲ့ဝင်များတို့
ပူးပေါင်းပြီး ကော့ကရိတ်မြို့အနီး နအဖ တပ်ရေကျော်ကြီးစခန်းကို သွားရောက်ပစ်ခတ်ခဲ့ရာ နအဖဘက်မှ ၁ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကေအိုင်စီက
စုံစမ်းသိရှိရသည်။

ထိုင်းဘုရင့်မွေးနေ့ ပွဲတော်ညရဲ့ ရင်နင့်စရာ

Submitted by Karen Information Center on Tuesday, 7 December 2010No Comment

ဒီဇင်ဘာလ ၇ရက်။ ခေါင်ဆူ.လိုင့်

- အိမ်ပြန်ခရီးသို့

ဦးခေါင်းကို အ၀တ်ဖြူပေါင်းပြီး ဆနွင်းပါးပါး လိမ်းကျံထားတဲ့ ၀ါဖန့်ဖန့် မျက်နှာဝိုင်းဝိုင်းလေးနဲ့ လူလတ်ပိုင်း အမျိုးသမီးတစ်ဦး ဟာ အနှီးဖြူလေး ပတ်ထားတဲ့ သူမရဲ့
နို့စို့ရင်သွေးလေးကို နို့ချိုတိုက်ကျွေးနေပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ပိုင်ရုံးဝင်းထဲမှာ ဒီဇင်ဘာလ ၁ရက်နေ့ကနေ ၁၀ရက်နေ့အထိ နှစ်စဉ် ထိုင်းဘုရင့်မွေးနေ့ပွဲတော် ပြု လုပ်နေကျမို့ ဒီနှစ်မှာ ကျရောက်တဲ့
၈၄နှစ်မြောက် ဘုရင့်မွေးနေ့ပွဲတော်ထဲမှာ လူတွေ ပျားပန်းခတ်မျှ သွားလာနေကြပါတယ်။ အဲဒီလို သွားလာနေတဲ့ ပွဲခင်းလမ်းလေးရဲ့ ဘေးတနေရာမှာ
ငွေတောင်းစားနေတဲ့ သူမကို ပွဲတော် ပထမနေ့ကတည်းက ကျမ သတိထားမိလိုက်တာပါ။

သူ့နာမည်က မခင်မျိုးနွယ်တဲ့။
အသားအရည် စိုပြေပြီး အသက် ၃၆နှစ် ရှိပြီဖြစ်တဲ့ မခင်မျိုးနွယ်ရဲ့ ညာဘက်နားမှာ ၄နှစ်ကျော်အရွယ် တတိယမြောက်လို့ သူမပြောတဲ့ သမီးငယ်လေးက
မိခင်ဘက်ကိုလှည့်ပြီး ကွေးကွေးလေး အိပ်ပျော်နေရှာတယ်။
ဘာလူမျိုးလဲ မေးလိုက်တော့ “ကျမက ဗုဒ္ဓဘာသာပါ”တဲ့လေ။

စစ်တောင်းဇာတိသူ သူမဟာ အိပ်ပျော်နေတဲ့ ၂လသားအရွယ် တစ်ဦးတည်းသော သားငယ်လေးကို ပေါင်ပေါ်တင်ထားပြီး သွားလာနေသူတွေကို ဘယ် ညာ


ကြည့်ကာ တောင်းစားနေပါတယ်။ သူမနှုတ်ဖျားကတော့ ငွေလေး မစဖို့၊ ထမင်းဖိုး ဟင်းဖိုး ကူညီဖို့ နှုတ်ဖျားက အသံမထွက်ပေမဲ့ ပလပ်စတစ်ခွက် ပါးပါးလေးကို
လက်တစ်ဖက်နဲ့ လှုပ်ခါတောင်းရမ်းနေပါတယ်။

“မတောင်းစားခဲ့ဖူးပါဘူး အမရယ်။ ကလေးက ၂လလေ။ ယောက်ျားက ကားမှောက်လို့ ဆုံးသွားတော့ ကလေး ၄ယောက်နဲ့ ကျန်ခဲ့တယ်။ ကလေးကိုလည်း
ကျောင်းသားဆေးခန်း(မယ်တော်ဆေးခန်း)မှာ လာမွေးရတာ။ ရှားရှားပါးပါး ယောက်ျားလေးက ဒီတစ်ယောက်ပဲ။”လို့ ဆိုပြီး အနှီးဖြူလေးထဲမှာ ပြာနှမ်းနှမ်း
မျက်နှာလေးနဲ့ အိပ်ပျော်နေရှာတဲ့ သားငယ်လေးကို သူမ ငုံ့ကြည့် လိုက်ပါတယ်။

စားဝတ်နေရေးအတွက် အလုပ်လုပ်လို့တောင် မတတ်သေးတဲ့ ၁၂နှစ်အရွယ်သမီးကြီးနဲ့ ၁၁နှစ်အရွယ် သမီးလတ်ကို အိမ်မှာ ထားခဲ့ပြီး သမီးငယ်၊ သားငယ်နဲ့အတူ
ပွဲခင်းထဲ တောင်းစားနေရတာကလည်း လောလောဆယ် နေထိုင်ရေးနဲ့ အိမ်အပြန် လမ်း စရိတ်အတွက်ပါတဲ့။

သူမနဲ့ သက်တူရွယ်တူ ခင်ပွန်းဖြစ်သူက ဝေါမြို့သား ကိုသံချောင်းက မြ၀တီ တောင်ပေါ်ကားလမ်းမှာ ကားမောင်းတယ်။ သူမ က သမီး ၃ယောက်နဲ့အတူ မြ၀တီမှာ
လာလိုက်နေရင်း သားလေး ကိုယ်ဝန် ၃လလောက်မှာ ခင်ပွန်းဖြစ်သူဟာ တောင်ပေါ် လမ်းမှာ ကားမှောက်ပြီး သေဆုံးသွားခဲ့တယ်။ အဲဒီနောက်ပိုင်း
ကိုယ်ဝန်တဖက်နဲ့ အကြော်မုန့်တွေကို ဖောက်သယ်ယူရောင်းပြီး တဖက်တလမ်းက မိသားစု ၀င်ငွေကို ရှာကြံ ရပ်တည်ရပါတယ်။

မွေးချင်းမောင်နှမ ၇ယောက်မှာ ငါးယောက်မြောက်ဖြစ်တဲ့သူမက “ကိုယ်ဝန်ရင့်လာတော့လည်း ဘာလုပ်လို့နိုင်တော့မလဲ အမ ရယ်။ ဒီတော့ ကလေးတွေကိုခေါ်ပြီး


ကျောင်းသားဆေးခန်းမှာ လာမွေးလိုက်တယ်။ အိမ်ပြန်ဖို့လည်း ပိုက်ဆံမရှိတော့ ဒီလိုပဲ တောင်းစားနေတာပေါ့။ သားအမိတွေ ညဘက်အိပ်ဖို့ကျတော့လည်း
သူများအိမ်မှာ တည ဘတ် ၂၀ပေးပြီး အိပ်ရတယ်။ စားဖို့ လည်း ရှိသေးတယ်။ ကျန်တဲ့ မောင်နှမနဲ့ မိဘတွေက အောက်မှာပဲလေ။ ကိုယ့်ဒုက္ခက မိဘတွေကို
မပေးသိချင်ပါဘူး။ ကလေး မွေးပြီးဆိုတာပဲ အကြောင်းကြားလိုက်တယ်။ ဘယ်မှာနေတယ်၊ ဘာလုပ်တယ်ဆိုတာလည်း မပြောချင်တော့ပါဘူး။”လို့ ရင်
ဆိုင်နေရတဲ့ဘ၀ကို အန်တုရင်း ပြောပါတယ်။

သမီးအကြီးမက ကျောင်းနေခဲ့ဖူးသေးတယ်။ သမီးလတ်ကတော့ ကျမတို့ ဟိုပြောင်းဒီရွှေ့နဲ့ မနေခဲ့ရဘူးလေ။ မိဘတွေက လယ်လုပ်၊ ချောင်းလုပ်သမားတွေ။


ကျမက ဈေးပဲရောင်းတတ်တာ။ အခု အိမ်အပြန် လမ်းစရိတ်ရရင်လည်း ကျမ စစ်တောင်း မှာ မနေပါဘူး။ အမေတို့အလုပ်တွေ ကျမ လုပ်မတတ်ဘူး။ ကျမ
ဈေးပဲရောင်းတတ်တယ်။ ကျမ ရန်ကုန်၊ လှိုင်သာယာမှာ ၄နှစ် ဈေးရောင်းခဲ့ဖူးတယ်။ အခု ဗမာပြည်ပြန်ရင်လည်း ရန်ကုန်မှာပဲ ပြန်နေပြီး ကလေးတွေနဲ့
ဈေးရောင်းစားမယ်။ အဲဒီမှာက ယောက်ျားဘက်က ၀မ်းကွဲအစ်ကိုတွေ ရှိတယ်လေ”လို့ ယခင်ဘ၀နဲ့ ကြိုတင်ပုံဖော်ထားတဲ့ သူမရဲ့ အနာဂတ်ဘ၀လေးကို ကျမ
သိလိုက်ရပြီးတဲ့နောက် ပွဲခင်းထဲက အပြန်မှာ ၀ါဖန့်ဖန့် မျက်နှာပိုင်ရှင် မခင်မျိုးနွယ်နဲ့ ပြာနှမ်းနှမ်း မျက်နှာလေးနဲ့ အိပ်ပျော် နေတဲ့ သားငယ်လေးရဲ့ မြင်ကွင်းလေးက
ကျမရင်ကို ဆို့နင့်စေခဲ့ပါတော့တယ်။

- သူများဆော့တော့ ဆော့ချင်တယ်

ပွဲခင်းထဲက ကလေးကစားတဲ့နေရာလေးမှာ ၆နှစ်အရွယ်ရှိတဲ့ ကျမသမီးက အပျော်တမ်း ရေဆေးပန်းချီကို ထိုင်ဆွဲနေပါတယ်။ ခဏအကြာမှာ ကျမနဲ့ သမီးတို့
ရှိတဲ့နေရာလေးကို ၃နှစ်အရွယ် ယောက်ျားလေးက လာပြီး လက်ဖြန့်တောင်းနေပါတယ်။ ဘေး မှာထိုင်နေတဲ့ ကျမနဲ့အတူလာတဲ့ ညီမလေးက စားလက်စ
ပိုးကောင်ကြော်အထုပ် လက်ကျန်လေးကို ပေးလိုက်ပါတယ်။

ကျမတို့ရှေ့က စားပွဲတန်းမှာ လိုက်တောင်းနေတဲ့ အသက် ၁၀နှစ်အရွယ်ရှိ မိန်းကလေးတယောက်ဟာ ကျမတို့ခုံတန်းဘက်ကို လှည့်လာခဲ့ပါတယ်။ ပြီးတော့


စကားမပြောဘဲ ကျမတို့ဝယ်ထားတဲ့ ပိုးကောင်ကြော်ထုပ်ဘက်ဆီ လက်ညွှန်ပြပြီး သူမကိုကျွေးဖို့ တောင်းစားပါတယ်။

စားချင်တာလေး ၀ယ်စားဖို့ ပိုက်ဆံတောင်းမရလည်း စားစရာလေး တောင်းစားလို့ရရင်လည်း စားရတာပဲ ဆိုတဲ့သဘောနဲ့ တောင်းနေတာပါလားလို့ ကျမ


တွေးလိုက်မိချိန်မှာပဲ သူမနဲ့ အဲဒီကလေးငယ်ဟာ စောစောက ပိုးကောင်ကြော်နည်းနည်းကို မျှဝေစားရင် ကျမတို့အနားက ထွက်ခွာသွားပါတယ်။

ဘတ်ငွေ ၂၀ပေးပြီး လက်မှတ်ဖြတ်လို့ရရင် ကစားစရာတမျိုးလောက်ကို ဆော့ခွင့်ရနေတဲ့ ဒီပွဲရဲ့ ကလေးကစားကွင်းလေးမှာ ကလေးတွေသာဖြစ်တဲ့


သူတို့လေးတွေဟာလည်း ဘ၀ပေးကောင်းတဲ့ အခြားကလေးတွေလို ဆော့ချင်ရှာမှာပဲလို့ တွေးရင်း စိတ်မကောင်း ဖြစ်လိုက်မိပါသေးတယ်။

ဒီမြင်ကွင်းနဲ့ဆန့်ကျင်ဘက် ကျမတို့ထိုင်နေတဲ့ ရှေ့စားပွဲမှာတော့ ကျမသမီးလိုပဲ အပျော်တမ်းဆေးရောင်ခြယ် ပန်းချီဆွဲနေတဲ့ သားငယ်လေးကို အမေနဲ့ အဖေက


တဖက်စီ ၀န်းရံပြီး စောင့်ပေးနေပါတယ်။ သားငယ်ဆွဲပြီးတဲ့အခါတိုင်း ဖခင်ဖြစ်သူက လက် မထောင်ပြရင်း အားပေးနေတာက ကျမစိတ်ထဲတမျိုး
ချမ်းမြေ့သာယာရပါတယ်။ အခြားကစားတဲ့နေရာတွေမှာလည်း မိမိတို့ ကလေးငယ်တွေ ဆော့ကစားနေတာကို စောင့်နေကြတဲ့ မိဘ၊ အုပ်ထိန်းသူတွေကိုလည်း
ထိုင်လို့တမျိုး၊ မတ်တပ်ရပ်လို့ တဖုံ မြင်တွေ့နေရတယ်။

ချားရဟတ်၊ ရေဆေးပန်းချီ လျှပ်စစ်ရထား အပါအ၀င် ကစားဖို့နေရာ ၇ခုလောက်ရှိပြီး ထိုင်းသီချင်းသံတွေနဲ့ ဆူညံနေတဲ့ ဒီကစားကွင်းလေးမှာ ပျော်ရွှင်စွာ
ကစားနေကြတဲ့ အသက် ၁၀နှစ်နဲ့အောက် ကလေးတွေနဲ့ ဆန့်ကျင်စွာ တောင်းစားနေရတဲ့ အလားတူအရွယ် ကလေးတွေကလည်း ဒီအနားက မခွာနိုင်ကြပါဘူး။

ရေဆေးပန်းချီကနေ လေပူဖေါင်းလျှောစီးကို ပြန်ကစားနေတဲ့ သမီးကို ထိုင်စောင့်ပေးနေတုန်း ၉နှစ်နီးပါးအရွယ် ယောက်ျား ကလေးတစ်ယောက်ဟာ ကျမ


လက်ကို လာပုတ်ပြီး သမီးတို့ ကစားနေတဲ့ဆီကို လက်ညှိုးထိုးပြပါတယ်။

သူက “သား ကစားချင်တယ်။ သားကို ပိုက်ဆံပေးပါလား”လို့ လာတောင်းရမ်းနေတဲ့ အဲဒီကလေးငယ်ကို မေးကြည့်တော့ မိဘတွေက သူနဲ့ သူ့အောက်က ညီငယ်၊
ညီမငယ်ကို ချန်ထားခဲ့ပြီး ကော့ကရိတ်ကို ပြန်သွားတာ တနှစ်လောက်ရှိပြီလို့ ပြောပါ တယ်။

ယုံရခက်ခက်၊ မယုံရခက်ခက်နဲ့ ဆက်မေးကြည့်တော့ “သား ကျောင်းနေတယ်။ ၁တန်း။ သားတို့ကျောင်းက ဟိုးဘက်မှာ”ဆို ပြီး ပွဲခင်းရဲ့ အရှေ့ဘက်အရပ်ကို
လက်ညှိုးညွှန်လိုက်သေးတယ်။ သူ့ရဲ့ စာသင်ကျောင်းရှိတဲ့နေရာကို လမ်းညွှန်တတ်ပေမဲ့ ကျောင်းနာမည်ကိုတော့ သူ မသိဘူးလို့ ဆိုပါတယ်။ သူ အခုလို
ဆော့ချင်လို့ ပိုက်ဆံတောင်းနေတဲ့အချိန်မှာ ညီလေး၊ ညီမ လေးတွေကို ပွဲခင်းထဲအတူလာတဲ့ သူငယ်ချင်းမိဘတွေနဲ့ ထားခဲ့တယ်လို့ ဆိုတယ်။

“ညီလေးနဲ့ ညီမလေးကို သား သူငယ်ချင်းမိဘတွေနဲ့ ထားခဲ့တယ်။ သူတို့က ဗူးခွံကောက်တယ်။ သားလည်း အားရင် ဗူးခွံ ကောက်တယ်။ လိုက်တောင်းစားတယ်။
သားအခု ထမင်းတောင် မစားရသေးဘူး။ ဆော့ချင်လို့။”ဆိုပြီး ပြောလာတဲ့ သူ့လက် ကလေးထဲကို ငွေ ၂၀ ထည့်ပေးလိုက်တော့ အပြေးအလွှား လက်မှတ်ဝယ်ပြီး
ကစားဝင်းခြံထဲ ခုန်ပေါက်ပြေးဝင်သွားပါတော့ တယ်။

ကျမတို့ အမိဗမာပြည်ရဲ့ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ဒီမိုကရေစီစနစ်အရ တိုးတက်နေတဲ့ အာရှနိုင်ငံတခု ဖြစ် နေတာမို့ နယ်စပ်
မဲဆောက်မြို့ဟာလည်း ထိုင်းနဲ့ ဗမာပြည်သားတွေ ဆတူနီးပါးလောက် နေထိုင်ရပ်တည်နေကြပါတယ်။ ဒါ့အ ပြင် ထိုင်းလူမျိုးတွေနဲ့အတူ ဒီ မဲဆောက်မြို့မှာ
လာရောက်လုပ်ကိုင်ပြီး စားဝတ်နေရေး ရုန်းကန်နေရတဲ့ ဗမာပြည်သား ရွှေ့ ပြောင်းအလုပ်သမားတွေဟာလည်း ထောင်သောင်းမက ရှိနေပါတယ်။

အခုလို ပွဲတော်မျိုးမှာဆို ထိုင်းဈေးသည်တွေနဲ့အပြိုင် ဗမာပြည်သားတွေဟာလည်း ပွဲခင်းထဲ စားစရာ၊ အချိုရည်၊ ကလေး ကစားစရာအရုပ်နဲ့


ရာဘာဘောလုံးတွေရောင်းပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေကြရသလို တောင်းရမ်းစားသောက်နေ ကြတဲ့ ဆယ်နှစ်အောက် ကလေးငယ်တွေဟာလည်း
ဆယ်ဦးထက်မက ရှိနေပါတယ်။ သူတစ်ပါးနိုင်ငံမှာ နည်းလမ်းပေါင်းစုံနဲ့ အသက်ရှင်ရပ်တည်နေရတဲ့ အရွယ်၊ အတန်းအစားစုံတဲ့ ဗမာပြည်သားတွေရဲ့
ဒီလိုဘ၀မျိုးတွေကို ကယ်တင်ဖို့ ဘယ်သူ့မှာ တာဝန်ရှိနေပါသလဲလို့ တိုင်းပြည်ကို လက်ရှိ မတရား အုပ်ချုပ်နေသူတွေကို မေးလိုက်ချင်ပါတယ်။

နိုင်ငံတနိုင်ငံမှာ ကလေးသူငယ်တွေကို အနာဂတ်ရဲ့ ကြယ်ပွင့်လေးများလို့ တင်စားနေတတ်ကြပေမဲ့ ဒီကြယ်ပွင့်လေးတွေ အချိန်မတန်ဘဲ ကြွေလွှင့်ပျက်စီးမှု၊


အကျင့်စာရိတ္တ ပျက်ပြားမှုတွေဟာလည်း အဲဒီနိုင်ငံရဲ့ ပျက်စီး၊ ဆုတ်ယုတ်မှု ပြယုဂ်တစ်ခု သာပဲလို့ ကျမ ရင်မောစွာ တွေးလိုက်မိပါတော့တယ်… ။

http://www.kicnews.org/

မြန်မာပြည်နှင့် သက်ဆိုင်သော ကြေးနန်းများ - ဇော်ဇော်၏ လှုပ်ရှားမှုများအကြောင်း နောက်ဆုံးရရှိသော သတင်းများ


by We are Burmese! on Monday, 20 December 2010 at 04:41
ဝီကီလိခ်တွင်ပါ အမေရိကန် သံတမန်များက ဝါရှင်တန်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနထံ ပေးပို့သော ကြေးနန်းများ အနက်မှ မြန်မာပြည်နှင့် သက်ဆိုင်သော
ကိစ္စများကို သီးသန့် ဘာသာပြန် ဖော်ပြချက် ဖြစ်သည်။ www.mizzimaburmese.com
အကြောင်းအရာ။ ။ မြန်မာနိုင်ငံ - (စစ်အစိုးရ) အပေါင်းပါ ဇော်ဇော်၏ လှုပ်ရှားမှုများအကြောင်း နောက်ဆုံးရရှိသော သတင်းများ
(၂ဝဝ၉) ခုနှစ်၊ ဇွန်လ (၁၆) ရက်။
လျှို့ဝှက်မှတ်တမ်း ဖြည့်သွင်းသူ - စီွးားရေးအရာရှိ ဆမန်သာ အေ ကားလ်-ယိုဒါ (Samatha A. Carl-Yoder) for Reasons 1.4 (b and d)
အကျဉ်းချုပ်
-------
(၁) စစ်အစိုးရ၏ အပေါင်းအပါတဦးဖြစ်သူ ဇော်ဇော် မြန်မာနိုင်ငံရှိ သူ၏ လုပ်ငန်းများကို တိုးချဲ့လျက်ရှိသည်။ ဇော်ဇော်သည် မက်စ် မြန်မာကုမ္ပဏီစု (Max
Myanmar Group of Companies) အပြင် အဖျော်ယမကာ ပုလင်းသွပ် ကုမ္ပဏီ၊ ဘိလပ်မြေစက်ရုံ တရုံ၊ ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီတခု၊ ဖားကန့်ရှိ
ကျောက်စိမ်းတွင်း တတွင်း၊ မွန်ပြည်နယ် ရှိ ရာဘာခြံတခြံနှင့် ကြေးစား ဘောလုံးသင်း တသင်းတို့ကိုလည်း ပိုင်ထားသည်။ ရန်ကုန်ရှိ သံရုံးက နိုင်ငံခြားအရင်းအနှီး
များထိန်းချုပ်ရေးရုံး (OFAC) ၏ ဒဏ်ခတ်မည့် စာရင်းတွင် ဇော်ဇော်၏ နောက်တိုး ကုမ္ပဏီများနှင့် ထိုကုမ္ပဏီများ၏ ထိပ်တန်းမန်နေဂျာများ (စာပိုဒ် ၅ တွင်
ဖေါ်ပြထားသည်) ကို ထည့်သွင်းရန် အကြံပြုထားသည်။ (အကျဉ်းချုပ် ပြီးဆုံး)

နောက်တိုး စီးပွားရေးလုပ်ငန်းများ

--------------

(၂) ဇော်ဇော်သည် မြန်မာနိုင်ငံစစ်အစိုးရ၏ နောက်တက်လာသော အပေါင်းပါများအနက် တဦးဖြစ်ပြီး သူ၏ စီးပွားရေး လုပ်ငန်းများကို


ဆက်လက်တိုးချဲ့လျက်ရှိသည်။ သူ၏ ဆောက်လုပ်ရေှးနှင့် ခရီးသွားလာရေး လုပ်ငန်းကို ကြီးကြပ်သော မက်စ် မြန်မာကုမ္ပဏီစုကို ဘဏ္ဍာရေးဌာန၏
ဒဏ်ခတ်မှုစာရင်းတွင် ထည့်သွင်းပြီးဖြစ်သည် (ရည်ညွှန်းချက် -က)။ ဇော်ဇော်သည် ပြည်တွင်းသုံးအတွက် မက်စ်ကိုလာ အပါအဝင် အဖျော်ယမကာများ
ထုတ်လုပ်သော ပင်းယ ထုတ်လုပ် ရေးကုမ္ပဏီ လီမိတက်ကိုလည်း ပိုင်ဆိုင်ကြောင်း ကျွန်ုပ်တို့ အတည်ပြုပြီးဖြစ်သည်။ ပင်းယ ထုတ်လုပ်ရေး ကုမ္ပဏီ သည်
ကျပ်ငွေ(၁၂. ၅) သန်း (၁၉၉၈ က အမေရိကန်ဒေါ်လာ ၄၁, ဝဝဝ ဒေါ်လာ) ရင်းနှီး မြှုပ်နှံမှုဖြင့် စတင်ခဲ့ပြီး ယခုအခါ အလုပ်သမား (၇ဝ) ကျော်ကို ခန့်ထားသည်။
ပင်းယ ထုတ်လုပ် ရေး ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်း၌ ဖြန့်ချိရေးဌာနခွဲပေါင်း (၁၃) ခုရှိသည်။

ဇော်ဇော်သည် မက်စ်မြန်မာ ကုမ္ပဏီ၏ ကွပ်ကဲမှုအောက်မှာ သူ၏စီးပွားရေးလုပ်ငန်းများကို တိုးချဲ့နေကြောင်း၊ ၎င်း တိုးချဲ့လုပ်ငန်းများတွင် အာရှလေဆိပ်


စီမံကိန်းအတွက် စတီဗင်လောထံ ဘိလပ်မြေသွင်းရန်ဟု ကြားသိရသော နေပြည်တော်ရှိ ဘိလပ်မြေစက်ရုံ (ရည်ညွှန်းချက် -ခ)၊ နေပြည်တော်ရှိ ကွန်ကရစ်အုတ်
စက်ရုံ၊ ဖားကန့်ရှိ ကျောက်စိမ်း တွင်းနှင့် မွန်ပြည်နယ်ရှိ ရာဘာခြံတို့ ပါဝင်ကြောင်း သံရုံး၏ စီးပွားရေး အဆက်အသွယ် (----) က အတည်ပြုပေးခဲ့သည်။
စီးပွားရေးအဆက်အသွယ် (---) ၏ သတင်းပေးချက်အရ ဇော်ဇော်သည် သတ္တုတွင်းဝန်ကြီးဌာနနှင့် ပူးပေါင်းကာ လုံးခင်း ကျောက်စိမ်းတွင်းကို
လုပ်ကိုင်နေကြောင်း၊ မကြာသေးမီကပင် ကျောက်စိမ်းလုပ်ငန်း အတွက် ဖားကန့်မှာ နောက်ထပ်မြေ ဧက (၅ဝ) ကို ရထားကြောင်း သိရသည်။ ဇော်ဇော်သည်
၂ဝဝ၉ မတ်လက အစိုးရ၏ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ လေလံတင်ရောင်းချပွဲမှာ ကျောက်စိမ်းအမြောက်အများ ရောင်းချခဲ့ကြောင်း သိရသည်
(သတင်းပေးသူ အမည်ကို ဖြုတ်ထားသည်)။

(၄ ) ဇော်ဇော်သည် ယခုလောလောဆယ်၌ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်ပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဝင် ကြေးစားဘောလုံးအသင်း


တသင်းဖြစ်သော ဒယ်လ်တာယူနိုက်တက် အသင်း၏ ပိုင်ရှင်လည်း ဖြစ်သည်။ ဗိုလ်ချုပ်မှူး ကြီး သန်းရွှေ၏မြေးကို အသင်းမှာကစားရန် ငှားထားသည်ဟု
အဆက်အသွယ်များက အတည်ပြုသည် (ရည်ညွှန်း ချက် -ဃ)။ ဇော်ဇော်သည် ဒယ်လ်တာ ယူနိုက်တက်အသင်း၏ ဌာနေဖြစ်လာမည့် ဧရာဝတီတိုင်း၊
ပုသိမ်မြို့တွင် ဘောလုံးကွင်း အားကစားရုံ အသစ်တရုံ တည်ဆောက်ရန်လည်း စီမံကိန်း စတင်ရေးဆွဲလျက်ရှိကြောင်း၊ အမေရိကန် ဒေါ်လာ (၁) ဘီလျံကျော်ကျော်
ကုန်ကျမည်ဖြစ်ကြောင်းနှင့် ၂ဝ၁၁ တွင်အပြီး တည်ဆောက်လိမ့်မည်ဖြစ်ကြောင်း (---) နှင့် (---) တို့က ခန့်မှန်းကြသည်။

(၅) အောက်ပါတို့သည် ဇော်ဇော်ပိုင် နောက်တိုး ကုမ္ပဏီများနှင့်ပတ်သက်သော သတင်းအချက်အလက်များ ဖြစ်သည်။

ရန်ကုန်

-- ဒယ်လ်တာ ယူနိုက်တက် ဘောလုံးအသင်း၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့။ အမည်ပါ ပိုင်ရှင်- ဦးဇော်ဝင်းရှိန်၊ ဧရာ ဟင်္သာ ကုမ္ပဏီ လီမိတက် ပိုင်ရှင်။

-- လုံးခင်း ကျောက်စိမ်းတွင်း၊ ဖားကန့်၊ ကချင်ပြည်နယ်။

-- မက်စ်မြန်မာ ဘိလပ်မြေစက်ရုံ၊ တောင်ဖီလာ ထုံးကျောက်တွင်း အနီး၊ လယ်ဝေးမြို့နယ်၊ နေပြည်တော်။

-- မက်စ်မြန်မာ ကွန်ကရစ်အုတ်စက်ရုံ၊ နေပြည်တော်။

-- မက်စ်မြန်မာ ရာဘာခြံ၊ ဘီးလင်း၊ မွန်ပြည်နယ်။

-- ပင်းယ ထုတ်လုပ်ရေး ကုမ္ပဏီ လီမိတက် ဗန်းမော် အတွင်းဝန် လမ်း၊ စက်မှုဇုံ (၃)၊ လှိုင်သာယာ၊ ရန်ကုန်၊ ဖုန်း- ၉၅-၁-၆၈၁-၇၄၅။ ၉၅-၁-၆၈၅-၇၅။ ဖက်စ် - ၉၅-
၁-၆၈ဝ-၆၆၉။ မန်နေဂျာချုပ် ဦး ကြည်လွင် (ခေါ်) ဦးကြံခင်း။

သံရုံး၏ အကြံပြုတင်ပြချက်

-----------------

(၆) ဇော်ဇော်သည် စစ်အစိုးရကို မျက်နှာလို မျက်နှာရလုပ်ရန် ကြိုးစားနေပြီး အစိုးရအဆက်အသွယ်ဖြင့် သူ၏ စီးပွားရေး လုပ်ငန်းများကို တိုးချဲ့နေသော
အလယ်အလတ်အဆင့် အပေါင်းပါတဦးဖြစ်သည်။ ၎င်း၏ မိသားစုနှင့်တကွ ၎င်း၏ ကုမ္ပဏီ အတော်များများသည် နိုင်ငံခြားအရင်းအနှီးများထိန်းချုပ်ရေးရုံး (OFAC)
၏ ပစ်မှတ်ထားသော ဒဏ်ခတ်စာရင်းတွင် ပါပြီး ဖြစ်သည်။ (OFAC) အနေနှင့် အထက်ဖေါ်ပြပါ ကုမ္ပဏီများနှင့် ထိပ်တန်းမန်နေ ဂျာတို့ကိုလည်း စစ်အစိုးရ၏
ဒီမိုကရေစီ ဆန့်ကျင်ရေး လုပ်ရပ်များ အက်ဥပဒေ (JADE Act) အရ အရေးယူပေးပါရန် ရန်ကုန်သံရုံးက အကြံပြုတင်ပြသည်။
(၆) မြန်မာအစိုးရသည် ဘဏ္ဍာရေးနှစ်ကုန်ပြီးနောက်တွင် အသုံးစားရိတ် ကြီးကြီး ပြထားသော နောက်ဆက်တွဲ ဘတ်ဂျက် ကို ထုတ်ပြန်လေ့ရှိသည်။ ၎င်း၏ နှစ်စဉ်
စုစုပေါင်း လိုငွေသည် ရေးဆွဲထားသော တရားဝင်ဘတ်ဂျက်ထက် များစွာပို သည်။ သာဓကအားဖြင့် (၂ဝဝ၈-ဝ၉)ဘဏ္ဍာရေးနှစ် သုံးငွေသည် ဘတ်ဂျက်ထက်
ကျပ်ငွေ (၇၄၃. ၉)ဘီလျံ(လက်ရှိ ပေါက်ဈေး အမေရိကန် ဒေါ်လာ ၇၄၃ ဘီလျံ) ပိုနေပြီး စုစုပေါင်း သုံးငွေသတ်မှတ်ချက်ထက် ၁၅ ရာနှုန်းပိုသည်။

(၇) “အစိုးရ”သည် လွန်ခဲ့သောနှစ်များ၌ အပိုသုံးငွေ ခွင့်ပြုချက် အများဆုံး (အမေရိကန်ဒေါ်လာ ၂၈၂ သန်း) ရရှိခဲ့ပြီး ၎င်း ပမာဏသည် (၂ဝဝ၈-ဝ၉)
ဘဏ္ဍာရေးနှစ် အပိုသုံးငွေ၏ ထက်ဝက်နီးပါးရှိသည်။ ငွေများကို နေပြည်တော်ရှိ ဆောက်လုပ် ဆဲ လုပ်ငန်းများနှင့် အစိုးရ၏
အခြားအခြေခံအဆောက်အအုံလုပ်ငန်းများအတွက် သုံးစွဲသည်ဟု ယူဆရကြောင်း စီးပွား ရေး လုပ်ငန်းရှင်တဦးကပြောပြခဲ့သည်။ အစိုးရပိုင် လုပ်ငန်းများသည်
ခွင့်ပြုငွေအများဆုံးရရှိသည်။ ကျပ်ငွေ (၁၈၅) ဘီလျံ (အမေရိကန်ဒေါ်လာ ၁၈၅ သန်း)ရရှိခြင်းဖြစ်ပြီး ဘတ်ဂျက်၏ ၆၅ ရာနှုန်း တိုးသွားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာနက ကျပ်ငွေ (၉) ဘီလျံ (အမေရိကန်ဒေါ်လာ ၉ သန်း) တိုး၍ ရရှိခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနက ကျပ်ငွေ (၅၃) ဘီလျံ (အမေရိကန်
ဒေါ်လာ ၅၃ သန်း) တိုး၍ ရရှိခဲ့သည်။ ဆိုင်ကလုံး မုန်တိုင်းကို အကြောင်းပြု၍ မြန်မာနိုင်ငံအစိုးရသည် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနအတွက် ကျပ်ငွေ
(၇၇)ဘီလျံ (အမေရိကန်ဒေါ်လာ ၇၇ သန်း) တိုး၍ ခွင့်ပြုပေးခဲ့ပြီး လူမှုဝန်ထမ်း ဝန်ကြီးဌာနကိုမူ ကျပ်ငွေ (၄၄) ဘီလျံ (အမေရိကန်ဒေါ်လာ ၄၄ သန်း)
တိုးခွင့်ပြုခဲ့သည်။

အခွန်တော်ဝင်ငွေ ရရှိမှုနည်းခြင်း

---------------------

(၈) လွန်ခဲ့သောနှစ် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ ပုဒ်မ (၄) ဆွေးနွေးပွဲများ၌ အဖွဲ့ ကိုယ်စားလှယ်များက မြန်မာနိုင်ငံအစိုးရ၏ အခွန် စီမံအုပ်ချုပ်မှုစနစ်ကို
တိုးတက်ကောင်းမွန်အောင် ပြုပြင်သွားရန်နှင့် လိုလျှင် လိုသလို အခွန်လွတ်ငြိမ်းခွင့်ပေးနေမှုများကို ပြုပြင်သွားရန် လိုအပ်ကြောင်း ထောက်ပြခဲ့သည်။ နိုင်ငံတကာ
ငွေကြေး ရန်ပုံငွေအဖွဲ့ အရာရှိများ၏ ပြောပြချက်အရ မြန်မာစစ်အစိုးရသည် အဓိက အကြောင်းများဖြစ်သည့် အခွန်ကောက်ခံရေး အားနည်းချက်၊ အစိုးရပိုင်
စီးပွားရေးလုပ်ငန်းများနှင့် အစိုးရဝန်ထမ်းများ၏ ထိရောက်မှုမရှိခြင်းကြောင့် ဆုံးရှုံးရမှုများ၊ အစိုးရ၏ အထိန်းအချုပ်မဲ့ သုံးစွဲမှု၊ ကာကွယ်ရေးနှင့်
ဆောက်လုပ်ရေးကဲ့သို့သော ဝင်ငွေမရနိုင်သည့် လုပ်ငန်းများအတွက် ဘတ်ဂျက် အသုံးစရိတ် ပြဿနာတို့ကို ဖြေရှင်းခြင်းဖြင့် ဘတ်ဂျက်လိုငွေပြမှုကို
လျှော့ချရန်မှာ ၎င်းတို့၏ ရည်မှန်းချက် တခုဖြစ်ကြောင်း အကြောင်း ပြန်ခဲ့သည်ဟု သိရသည်။ သို့ရာတွင် မြန်မာအစိုးရသည် ၎င်း၏ အခွန်ကောက်ခံရေးစနစ်ကို
၂ဝဝ၈ အတွင်း မပြုပြင်ခဲ့ကြောင်းနှင့် သို့ဖြစ်၍ (၂ဝဝ၉-၂ဝ၁ဝ) ဘဏ္ဍာရေးနှစ် အတွင်းမှာ အခွန် ဘဏ္ဍာဝင်ငွေ ၂၇ ရာနှုန်းတိုးရမည်ဟူသော အစိုးရ၏
ကြိုတင်တွက်ကိန်းမှာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း ကျွန်ုပ်တို့၏ စီးပွားရေး အဆက်အသွယ်များက ဆိုပါသည်။

(၉) လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အာဏာပိုင်များက ဝင်ငွေခွန်ကို ပိုမိုတိကျစွာကောက်ခံခြင်း၊ ကုန်ပစ္စည်းနှင့် မူလ ကုန်ကြမ်းအပေါ်မူတည်လျက်


ရာဖြတ်နှုန်းကို ကျပ် (၄ဝဝ)၊(၁)ဒေါ်လာမှနေ၍ ကျပ်(၈ဝဝ)၊ (၁၂ဝဝ)ကျပ်အထိ တိုးမြှင့်ခြင်းအားဖြင့် အခွန်တော်ဝင်ငွေတိုးလာစေရန် ကြိုးပမ်းခဲ့သည်။ ဤသို့
ရာဖြတ်နှုန်းကို တိုးမြှင့်ခြင်းသည် အမျိုးမျိုးကွဲနေသော ငွေကြေးလဲလှယ်နှုန်းများကို ညှိယူရန် ကြိုးပမ်းသည့် သဘောဖြစ်သော်လည်း မြန်မာနိုင်ငံ၏
နဂိုမူလကတည်းက ရှုပ်ထွေးနေသော တရားမဝင် ငွေလဲစနစ်ကို ပို၍ ရှုပ်ထွေးသွားစေသည်ဟု မြန်မာအစိုးရအရာရှိများက အလွတ်သဘော ပြောပြကြသည်။

(၁ဝ) (၂ဝဝ၉-၂ဝ၁ဝ) ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ပါ အချက်အလက်များအရဆိုလျှင် အစိုးရပိုင် စီးပွားရေးလုပ်ငန်း အများစု သည် အရှုံးနှင့်
စခန်းသွားရမည်ဖြစ်သည်။ အမြတ်ကြီးကြီးရမည်ဟု ယူဆရသော သယံဇာတ ထုတ်ယူရေး လုပ်ငန်းများမှာ ပင်လျှင် အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ၏
အသားတင် အရှုံးသည် အကြမ်းဖျင်းအားဖြင့် ကျပ်ငွေ (၄၈၄) ဘီလျံ (အမေရိကန် ဒေါ်လာ ၄၈၄ သန်း)ရှိလိမ့်မည် (သို့ရာတွင် ဤခန့်မှန်းချက်သည်
အလွန်နိမ့်သော ခန့်မှန်းချက် ဖြစ်နိုင်ပါ သည်)ဟု ကြိုတွက်၍ ရသည်။ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများသည် (၂ဝဝ၈-၂ဝဝ၉) ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ (၆ဝ၁)
သန်း အရှုံးပြခဲ့ပြီး မြန်မာအစိုးရ မူလက ခန့်မှန်းထားသော အရှုံး ကျပ်ငွေ သန်း(၄၅ဝ) ထက် များစွာပိုနေပါသည်။ တရားဝင်ထုတ်ပြန်သော ဘတ်ဂျက်စာရင်း
ဇယားများအရ အစိုးရပိုင် စီးပွားရေးလုပ် ငန်းများသည် (၂ဝဝ၇-၂ဝဝ၈) ဘဏ္ဍာ ရေးနှစ်တွင် ကျပ်ငွေ သန်း(၈ဝဝ)၊ (၂ဝဝ၆-၂ဝဝ၇) ဘဏ္ဍာရေးနှစ်တွင် ကျပ် ငွေ
(၄၃၆) သန်းနှင့် (၂ဝဝ၅-၂ဝဝ၆) ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ (၅၄၉)သန်း အရှုံးပေါ်ခဲ့သည်။

(၁၁) ရာထူးအဆင့်တိုင်းမှာ အကျင့်ပျက် ခြစားမှုရှိနေခြင်းသည် မြန်မာနိုင်ငံမှာ ပြဿနာတခုအဖြစ် ရှိနေပြီး အစိုးရ၏ အခွန်ငွေ ကောက်ခံနိုင်မှုစွမ်းရည်ကို
ထိခိုက်နေစေရှိသည်။ ကျွန်ုပ်တို့၏ စီးပွားရေးအဆက်အသွယ်များ၏ ပြောပြ ချက်အရဆိုလျှင် အစိုးရသည် ၂ဝဝ၆ အတွင်းက မသမာသော အကောက်ခွန်
အရာရှိများကို နှိမ်နင်း အရေးယူမှု များလုပ်ခဲ့သော်လည်း နယ်စပ်များ၌ လာဘ်ပေး လာဘ်ယူမှုများ ဆက်လက်၍ ရှိမြဲရှိနေသည်။ အကျင့်ပျက်ခြစားမှုသည်
ပြည်တွင်းအခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မီတီတို့ အပါအဝင် အစိုးရ၏ အခြား သော
အဖွဲ့အစည်းများထဲမှာလည်း ထူပြောနေသည်။

ထင်မြင်သုံးသပ်ချက်

-------------

ထုတ်ဝေထားသော ဘတ်ဂျက် စာရွက်စာတမ်းများ၌ မြန်မာအစိုးရက ၎င်း၏ ရန်ပုံငွေများကို မည်သို့ ခွဲဝေသတ်မှတ်ပေး မည် ဟူသော ယေဘုယျ လမ်းညွှန်ချက်
ပေးထားသော်လည်း (ယေဘုယျအားဖြင့် မြန်မာအစိုးရ၏ ကိန်းဂဏန်းများသည် ယုံကြည်စိတ်ချရလောက်စရာမရှိသဖြင်)့ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေကို
အတိအကျ ပုံဖေါ်ကြည့်ရန် မဖြစ်နိုင် ချေ။ ဤသို့ပြဿနာ ရှိနေရသည့်အထဲ ထိပ်တန်းခေါင်းဆောင်များမှာ သုံးစွဲရေးမူ ဟူ၍ မရှိဘဲ မိမိတို့ မျက်နှာသာပေး
ထားသော လုပ်ငန်းများအတွက်သာ ရန်ပုံငွေများကို သတ်မှတ်ခွဲဝေပေးကာ စီမံကိန်းလုပ်ငန်းများကို ကြီးကြပ်ခြင်း၊ အလေးထားခြင်း မရှိကြသဖြင့်
ဤပြဿနာသည် ပို၍ ဆိုးသွားလေသည်။ မြန်မာအစိုးရက ဘတ်ဂျက်လိုငွေ လျှော့ချရေးကို ရည်ရွယ်ထားသည်ဟု ထုတ်ဖေါ်ကြေညာထားသော်လည်း
အထိန်းအချုပ်မဲ့ သုံးစွဲမှု၊ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ၏ အရှုံးပေါ်မှုနှင့် အခွန်စနစ် ပြုပြင်ရေး မရှိမှုတို့ကြောင့် နောက်ထပ် အပုံကြီး ပို၍ တိုးလာစရာ ရှိသည်။
မြန်မာ့စီးပွားရေး၏ အနာဂတ်သည် ဆိုးရွားနေဆဲပင် ရှိသည်။

You might also like