You are on page 1of 1

ဒေါ်ဘောက်ဂျာအား ယုဇနကုမ္ပဏီမှ တရားစဲဆ

ွိုရန် စီစဉ်နေခြင်း

MONDAY, JANUARY 17, 2011

ယုဇနကုမ္ပဏီသည် အမျိုးသား ဒီမိုကရေစီ အင်


အားစု ပါတီ(NDF) မှ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာအား တရားစွဲဆိုရန်
စီစဉ်နေကြောင်းသိရှိရသည်။ ဒေါ်ဘောက်ဂျာသည် ၂၀၁၀
အောက်တိုဘာ လ ၁၁ ရက်နေ့ထုတ် The Voice သတင်း
ဂျာနယ်၊ လွှတ်တော် ကိုယ်စားလှယ်လောင်း၊ မိတ်ဆက်
ခေါင်းစဉ် အခန်းကဏ္ဍ၌ ဖားကန့်ဒေသတွင် ယုဇန
ကုမ္ပဏီက မတရားသိမ်းယူထားသည့် ဒေသခံများ၏
လယ်ယာမြေများကို လျော်ကြေးငွေရရှိအောင် ဆောင်ရက
ွ်
ခဲ့သည် ဆိုသည့်အချက်အား ထည့်သွင်းဖော်ပြခဲ့သည်။ အဆိုပါ ဖော်ပြချက်သည် ဒေါ်ဘောက်ဂျာ၏ မတရားစွပ်စွဲ
ပြောဆိုချက်သာဖြစ်ပြီး၊ မိမိတို့ကုမ္ပဏီ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းကျဆင်းစေသဖြင့် အဆိုပါဖော်ပြချက်နှင့်ပတ်သက်၍
ယုဇန ကုမ္ပဏီတာဝန်ခံမှ ဒေါ်ဘောက်ဂျာအား ဖားကန့်မြို့နယ်တရားရုံး၌ တရားစွဲဆိုသွားမည် ဟုပြောပါသည်။

ရန်ကုန်အခြေစိုက် ယုဇနကုမ္ပဏီသည် ဖားကန့်မြို့နယ် အောင်ရာကျေးရွာ၊ ရှထူးဇွပ်ကျေးရွာ၊ ဘန်ကောက်


ကျေးရွာ၊ နမ်ဆန်ကျေးရွာ နှင့် ဝါရာဇွပ် ကျေးရွာများမှ ရွာသားများ၏လယ်ယာမြေများအပါအ၀င် မြေဧက ၂ သိန်းကျော်ကို
ပီလောပီနံနှင့် ကြံစိုက်ရန်၂၀၀၆ ခုနှစ်မှ ယခုချိန်ထိ မတရားသိမ်းယူထားသည်ဟုဆိုကာ မြစ်ကြီးနားပြည်နယ်တရားရုံးတွင်
တရားစွဲဆိုခြင်းခံထားရသည်။

တောင်သူများ၏ ဆုံးရှုံးရသောလယ်ယာမြေများအတွက် နစ်နာကြေးငွေတောင်းဆိုထားသည့် ယင်းအမှုအား


၂၀၁၀၊ ဒီဇင်ဘာလကုန်တွင် အပြီးသတ်စီရင်ဆုံးဖြတ်ရန် ပြည်နယ်တရားရုံးချုပ်မှ အချိန်သတ်မှတ်ထားသော်လည်း
ယုဇနကုမ္ပဏီမှ သက်သေအထောက်အထား ခိုင်လုံမှုမရှိ ချေပနေသည့်အတွက် အမှုမှာ ယခုအချိန်အထိ မပြီးဆုံး
သေးကြောင်းသိရှိရသည်။

ဘရန်ဆိုင်း(ဥရုချောင်း)

You might also like