You are on page 1of 44

ကွန်ရက်ဖြင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး ဖော်ဆောင်မည်

ဧရာဝတီ Tuesday, 08 February 2011 17:29

တနိုင်ငံလုံး ချိတ်ဆက်ဖွဲ့စည်း လုပ်ဆောင်မည့် လူထုကွန်ရက်တွင် ရည်ရွယ်ချက်နှင့် ထိန်းကွပ်ရမည် ဖြစ်ပြီး ရည်ရွယ်ချက်မှာ လူအခွင့်အရေးနှင့် ဒီမိုကရေစီအရေး ဖြစ်သည်ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ယနေ့ကျင်းပပြုလုပ်သော “ပြည်နယ်/တိုင်း လူငယ်များတွေ့ဆုံပွဲ” တွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့
ပြောကြားခြင်းဖြစ်သည်။
“ကွန်ရက်ဆိုတာက ဖွင့်ထားတာ၊ သဘောထားကြီးရမယ်၊
နားလည်မှုရှိရမယ်၊ ကွန်ရက်ဆိုတဲ့ အခြေခံသဘောထားကို
နားလည်နိုင်အောင် ကြိုးစားရမယ်။ တူညီတဲ့သဘောထား၊
တူညီတဲ့လုပ်ငန်းစဉ်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့
ဆောင်ရွက်သွားရမယ်။ ကွန်ရက်လုပ်နေတယ်၊ လာမရှုပ်နဲ့ဆိုတာမျိုး
မဖြစ်ရဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ကွန်ရက်တွင် လူတိုင်းပါဝင်ရေးနှင့် ပတ်သက်၍


ဒေါ်အောင်ဆန်းစုကြည်က “ကွန်ရက်မှာ လူကြီးတွေ မပါရဘူးဆိုတာမျိုး
မဟုတ်ဘူး။ လူငယ်တွေလည်း ပါမယ်၊ လူကြီး တွေလည်းပါမယ်။ အဓိက
လူငယ်တွေက အင်အားရှိတော့ သွားနိုင်၊ လာနိုင်တော့
လူကြီးတွေထက်ပိုပြီး လှုပ်ရှားနိုင်တယ်။ ကန့်သတ်မှုတွေရှိရင်
ကွန်ရက်ရဲ့ဘောင်က ကျဉ်းသွားမယ်” ဟု ဆိုသည်။

လူထုကွန်ရက်တွင် NLD ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍


ဒေါ်အောင်ဆန်းစုကြည်က “NLD ကတော့ နိုင်ငံရေးပါတီဖြစ်တဲ့အတွက်
နိုင်ငံရေးလုပ်အနေနဲ့ ဆောင်ရွက်မယ်။ ဒီ့အပြင် လူမှုရေး
လုပ်ငန်းတွေကိုလည်း တိုးချဲ့လုပ်ဆောင်သွားမယ်” ဟု ဆိုသည်။
( -)
ယနေ့ တွေ့ဆုံပွဲသို့ တက်ရောက်သည့် ပဲခူးတိုင်းမှ မချောစုထွေးက
“ကျမတို့က နိုင်ငံရေး အကျဉ်းသား မိသားစုဆိုတော့ ပတ်ဝန်ကျင်က မမေးရဲ၊ မဆိုရဲ၊ မပြောရဲ၊ မဆက်ဆံရဲတာ၊ ပြည်သူတွေ အတွေးအမြင် နိမ့်ကျနေတာ၊ နိုင်ငံရေးဆိုတာ အန်တီစု
အဓိပ္ပာယ်ဖွင့်ဆိုသလို ပြည်သူတွေက မသိကြတာ ဆိုတဲ့အကြောင်း တင်ပြခဲ့ပါတယ်” ဟု ပြောသည်။

တက်ရောက်လာသည့် လူငယ်များက အပြန်အလှန် မေးမြန်းကြရာ ဒေါ်အောင်ဆန်းစုကြည် ဖြေကြားသည့်အပြင်၊ မစ္စတာ ဂျွန်ယက်တော အမှုနှင့် ပတ်သက်၍ မေးမြန်းမှုကို
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်း၊ စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးတို့က အသီးသီးဖြေကြားပေးကြောင်း သိရသည်။

ယနေ့ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များတွေ့ဆုံပွဲသို့ လူငယ် ၂၀၀ ကျော်တက်ရောက်ပြီး စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့နှင့် ဧရာဝတီတိုင်းမှ
လူငယ်ရှေ့နေများကွန်ရက်စသည်တို့ တက်ရောက်ကြောင်း NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွေ့ဆုံဆွေးနွေးပွဲသို့ နေရာအခက်အခဲကြောင့် မတက်ရောက်နိုင်သော တခြားပြည်နယ်နှင့် တိုင်းဒေသအသီးသီးမှ


လူငယ်များနှင့် ထပ်မံတွေ့ဆုံသွားမည်ဟု သိရှိရသည်။

၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ပထမဆုံးအကြိမ် လူငယ်များနှင့် တွေ့ဆုံပြီးနောက် လူငယ်များအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုများ ရှိနေပြီး အဆိုပါလှုပ်ရှားမှုများတွင်
တိုးတက်မှုများရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ရှမ်းတိုင်းရင်းသားများအပေါ် ဖိနှိပ်မှု လျှော့သွားဦးမည် မဟုတ်
စိုင်းဇွမ်ဆိုင်း Tuesday, 08 February 2011 19:06

ရှမ်းတိုင်းရင်းသားများအပေါ် ဖိနှိပ်နေမှုများသည် အနာဂတ်ကာလ၌ လျော့နည်းသွားရန် အခြေအနေ မရှိကြောင်းနှင့် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသည့် ရှမ်းခေါင်းဆောင်များကို


လွှတ်ပေးရန် တောင်းဆိုကြောင်း အဖျက်သိမ်းခံ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ပြောသည်။
SNLD မှ ပြောခွင့်ရပုဂ္ဂိုလ် ကိုစိုင်းလိတ်က ယခင်နှစ်များတွင် SNLD ဥက္ကဋ္ဌ
အပါအဝင် တခြား ရှမ်းခေါင်းဆောင်များအား လွှတ်ပေးရန်
တောင်းဆိုသည့် ထုတ်ပြန်ကြေညာချက်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်
နှစ်စဉ် ထုတ်ပြန်နေကျဖြစ်ပြီး ယခုနှစ်တွင်မူ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်
ကျရောက်သည့် ရှမ်းပြည်နယ်နေ့အတွက် သော်လည်းကောင်း၊
အစိုးရအဖွဲ့အသစ်အတွက် လွှတ်တော် အစည်းအဝေးများ
ကျင်းပနေသောကြောင့်လည်းကောင်း စောစီးစွာ ထုတ်ပြန်လိုက်ရခြင်း
ဖြစ်သည်ဟု ဆိုသည်။

“ဥက္ကဋ္ဌကြီး ဦးခွန်ထွန်းဦးနဲ့ ရှမ်းခေါင်းဆောင် ၉ ဦး အပါအဝင်


နိုင်ငံရေးယုံကြည်ချက်ကြောင့် ထောင်ချခံထားရတဲ့ ပုဂ္ဂိုလ်တွေကို
အမြန်ဆုံးလွှတ်ပေးပြီးတော့ ပွင့်လင်းမြင်သာမှုရှိတဲ့ တွေ့ဆုံဆွေးနွေးမှု
အသစ်တခုကို အမြန်ဆုံး ကျင်းပပေးဖို့ ရှမ်းပြည်နယ်နေ့နဲ့
တိုက်ဆိုင်အောင် တောင်းဆိုရခြင်း ဖြစ်ပါတယ်ဟု” ကိုစိုင်းလိတ်က
ဧရာဝတီသို့ ပြောသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် ပင်လုံညီလာခံ ကျင်းပနေချိန်တွင်


ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်သည်ဟု
၉၉ SNLD ( - S.H.A.N) ထိုစဉ်က ရှမ်းပြည်တောင်ပိုင်း စော်ဘွားဖြစ်သူ စဝ်ဖှပန်းစိန် က
ကြေညာသဖြင့် ယခုနှစ်သည် ၆၄ နှစ် တိုင်ခဲ့ပြီးဖြစ်ပြီး ၎င်းနေ့၌ပင် အမျိုးသားအလံ၊ အမျိုးသားသီချင်း စသည်တို့ကို သတ်မှတ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ရန်ကုန်မြို့၌ ကျင်းပရာတွင်လည်း ရှမ်းပြည်နယ်နေ့ အခမ်းအနားဟု အမည်တပ်ခွင့်မပေးဘဲ တိုင်းရင်းသားပေါင်းစုံ ပဒေသာကပွဲ အခမ်းအနားနှင့်
အစားအစာ ဈေးရောင်းပွဲနေ့ဟုသာ အာဏာပိုင်များက အမည်တပ်ခိုင်းကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်နေ့ အခမ်းအနားကို လွတ်လပ်စွာ ကျင်းပခွင့်မရှိသကဲ့သို့ ရှမ်းစာပေကိုလည်း လွတ်လပ်စွာ သင်ကြားခွင့်မရှိသဖြင့် အနာဂတ်ကာလတွင် ရှမ်းတို့၏ သမိုင်း၊ ဓလေ့ထုံးတမ်း၊
ယဉ်ကျေးမှု စသည်တို့ ပျောက်ကွယ်မည်ကို စိုးရိမ်မိသည်ဟု ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင် တဦးက ပြောဆိုသည်။

၎င်းက ဆက်လက်၍ “ဦးနေဝင်းရဲ့ မဆလ ခေတ်လောက်မှာကတည်းက ကျနော်တို့ ရှမ်းစာသင်တာကို အာဏာပိုင်တွေဘက်က ကန့်သတ်ချင်တဲ့ သဘောမျိုးတွေ တွေ့လာနေရတယ်။
ဒီနောက်ပိုင်းမှာကျတော့ ရိုးရာ ပွဲလမ်းသဘင်တွေကိုပါ အစိုးရက လုပ်ခွင့်ကို မပေးတော့ဘူး။ ဒီမှာဆိုရင် ရှမ်းပြည်နယ်နေ့ကို နှစ်တိုင်း ကျင်းပခွင့်မရဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ရှမ်းအမျိုးသား ခေါင်းဆောင်များဖြစ်သည့် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အပစ်ရပ် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နာယက ဗိုလ်ချုပ်ဆေထင် အပါအဝင် ရှမ်းတိုင်းရင်းသားခေါင်းဆောင်
၉ ဦး တို့သည် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင် အဖမ်းခံခဲ့ရပြီး အမျိုးသားညီလာခံကို နှောင့်ယှက်ဖျက်ဆီးမှု၊ နိုင်ငံတော် ပုန်ကန်မှု စသည့်အမှုများဖြင့် စွပ်စွဲကာ ဗိုလ်ချုပ် ဆေထင်ကို
ထောင်ဒဏ် ၁၀၆ နှစ်၊ ဦးခွန်ထွန်းဦးကို ထောင်ဒဏ် ၉၃ နှစ်၊ SNLD အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကို ထောင်ဒဏ် ၈၅ နှစ် စသည်ဖြင့် ၎င်းတို့ ၉ ဦးကို နှစ်ရှည်ထောင်ဒဏ်များ
ချမှတ်ခဲ့သည်။

၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် SNLD သည် ရှမ်းပြည်နယ်အတွင်း မဲအများဆုံး ရရှိခဲ့ကာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)
ပြီးလျှင် တနိုင်ငံလုံး၌ ဒုတိယ မဲအများဆုံး ရရှိသည့် ပါတီအဖြစ် ရပ်တည်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတမှုမရှိဟုဆိုကာ ဝင်ရောက်ယှဉ်ပြိုင်ရန် ငြင်းဆန်ပြီး ပါတီဆက်လက်
တည်ထောင်ခွင့် လျှောက်ထားခြင်း မပြုခဲ့သောကြောင့် စစ်အစိုးရက ဖျက်သိမ်းခဲ့သည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၃ မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သော ဒေါက်တာ စိုင်းမောက်ခမ်းသည် ဒု သမ္မတအဖြစ်
ရွေးချယ်ခံထားရသည်။

ဒေါက်တာ စိုင်းမောက်ခမ်းသည် ရှမ်းတိုင်းရင်းသား ဖြစ်သော်လည်း ကြံ့ဖွံ့ပါတီကို ကိုယ်စားပြုထားသဖြင့် မျှော်လင့်ချက် မထားနိုင်သောကြောင်း၊ သူ၏ လုပ်ပုံကိုင်ပုံကို ကြည့်ပြီးမှ
ဆုံးဖြတ်ရလိမ့်မည်ဖြစ်ကြောင်း ကိုစိုင်းလိတ်က မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဒီမိုကရေစီ မပေါ်ထွန်းမချင်း တိုင်းရင်းသားများအပေါ် ဖိနှိပ်မှုသည် ဆက်လက် ဖြစ်ပွားနေဦး မည်ဟုလည်းကောင်း၊ တိုင်းရင်းသားများအတွက် အမှန်တကယ်
လိုအပ်နေသည့် တန်းတူအခွင့်အရေး ရရှိရေးဆိုသည့် အချက်မှာလည်း ရရှိနိုင်ဦးမည်မဟုတ်ကြောင်းလည်း ကိုစိုင်းလိတ်က ပြောသည်။
အစိုးရဝန်ကြီးများ၏ လုံခြုံရေးကို ရဲတပ်ဖွဲ့က တာဝန်ယူမည်
နရီလင်းလက် Tuesday, 08 February 2011 17:24

မြို့ပြ လုံခြုံရေးနှင့် အစိုးရ၀န်ကြီးများ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြောင်းလဲ တာဝန်ယူသွားမည်ဟု သိရသည်။

အစိုးရသစ် တက်ပါက ဖွဲ့စည်းပုံအသစ်ဖြင့် ပြောင်းလဲရန် စီစဉ်ထားသည့်အတိုင်း ယခင် တပ်မတော်က တာဝန်ယူထားသည့် လုံခြုံရေးတာဝန်များကို လျှော့ချကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က
အဓိက တာဝန်ယူ ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိတဦးက အတည်ပြု ပြောဆိုလိုက်သည်။
“၀န်ကြီးတွေ အားလုံးရဲ့ လုံခြုံရေးအစီအစဉ်ကို ပြောင်းလိုက်တာပါ။
စစ်တပ်ဆိုတာကို မြင်ကွင်းထဲကနေ အကုန် ဖျောက်ချင် တော့ ရဲတပ်ဖွဲ့ကို
တာဝန်ပေးလိုက်တဲ့ သဘောမျိုးပဲ” ဟု အဆိုပါ အရာရှိက ဧရာဝတီကို
ပြောသည်။

နိုင်ငံတော် အဆင့်မြင့် ခေါင်းဆောင်များ၏ လုံခြုံရေးတာဝန်များ ပေးနိုင်ရန်


လုံခြုံရေး အရာရှိ၊ ကိုယ်ရေးအရာရှိ များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ
ရွေးချယ်၍ စာရင်းတင်ထားရသည်ဟုလည်း သူက ဆိုသည်။

ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏


အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့် ကြီးမား လာမည်ဖြစ်ပြီး
အင်အားတောင့်တင်းသည့် ဖြိုခွင်းရေး အဖွဲ့အစည်းတခု နေရာသို့
ယူလာနိုင်သည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိ တဦးက
ပြောသည်။

လွှတ်တော်စတင်ခေါ်ယူသည့် နေ့ကလည်း ရန်ကုန်နှင့်


နေပြည်တော်တို့တွင် လုံခြုံရေးတာဝန်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က
စတင် တာဝန်ယူခဲ့သည်ဟု သိရသည်။
၉၉ ( - AP)
ဖွဲ့စည်းပုံ အသစ်အရ လက်ရှိ ရဲမှူးကြီးများကို ပြည်နယ်နှင့်တိုင်း
အသီးသီးအလိုက် ရဲချုပ်များအဖြစ် ထားရှိ သွားမည်ဖြစ်ပြီး လက်ရှိ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက ပြည်ထောင်စု ရဲချုပ်ကြီး အဖြစ် တာဝန်ယူသွားရန် ရှိသည်ဟု နေပြည်တော် အသိုင်းအ၀န်း
တွင် ပြောဆိုနေကြသည်။

မြန်မာနိုင်ငံ အစိုးရ အဖွဲ့သစ် ပေါ်ပေါက်လာပြီးနောက် လုံခြုံရေး ကိစ္စရပ်များတွင် တပ်မတော်၏ အခန်းကဏ္ဍကို လုံးဝ လျှော့ချသွားမည့် အာဏာပိုင်များ၏ အစီအစဉ်အတိုင်း စတင်
အကောင်အထည် ဖော်နေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ အရာရှိတဦးက ပြောသည်။

“စစ်တပ်ဘက်က တချို့ လူတွေကို ရဲတပ်ဖွဲ့ထဲ ပြောင်းထည့်တာ ရှိသလို၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကနေ အရာရှိ အနေနဲ့ ထပ် ခေါ်နေတာတွေလည်း ရှိတယ်။ အောက်ခြေကို အင်အား
ထပ်ဖြည့်နေတယ်” ဟု သူက ဆိုသည်။
ဖိနှိပ်မှုများ ရှိနေလျှင် ပိတ်ဆို့အရေးယူမှု ဆက်ရှိသင့်
သန်းထိုက်ဦး Tuesday, 08 February 2011 18:40

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ပပျောက်မှသာလျှင် အမေရိကန်နိုင်ငံနှင့် အနောက်နိုင်ငံများက စစ်အစိုးရအပေါ် ပိတ်ဆို့အရေးမှုကို ဖယ်ရှားရန်
စဉ်းစားသင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကြေညာချက် ထုတ်ပြန်ကာ ယနေ့ တိုက်တွန်းလိုက်သည်။

“မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမား အခွင့်အရေးတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ပြီးတော့ အလုပ်ရရှိမှုတွေ၊ ပေါ်လာမယ့် ရင်နှီးမြှုပ်နှံမှုတွေ ဆိုလို့ရှိရင်တော့ စဉ်စားပြီးတော့
လက်ခံသင့်တယ်” ဟု NLD ဗဟိုကော်မတီဝင် တဦးဖြစ်သူ ဦးဝင်းထိန် က ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရက ပြည်သူများအပေါ် ဖိနှိပ်မှုများ ဖယ်ရှားနိုင်မှသာလျှင် စီးပွားရေး ပိတ်ဆို့မှုများကို ရုပ်သိမ်းနိုင်ရန် စဉ်းစားနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ
လွတ်မြောက်ရေးသည်လည်း အဓိကဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

နိုင်ငံရေးသမား အများစုကမူ စစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့ထားသော်လည်း မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဍများ၌ အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများဖြစ်သော တရုတ်၊
ထိုင်းနိုင်ငံတို့နှင့် ပိုမိုနီးစပ်သွားကြောင်း သုံးသပ်ကြသည်။
မြန်မာ့အရေးလေ့လာသူများ၊ ပညာရှင်များနှင့် နိုင်ငံရေးသမားများ အကြားတွင် စီးပွားရေးပိတ်ဆို့မှုများ၏ ထိရောက်မှုနှင့် ရုပ်သိမ်းရေးအတွက် အငြင်းပွားနေကြဆဲဖြစ်သည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့၌ အရှေ့တောင် အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကမ်းဘဲလ်က စစ်အစိုးရ အပေါ်ထားရှိသည့်
စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းရန် အချိန်စောသေးကြောင်း၊ စစ်အစိုးရ အနေဖြင့် NLD ပါတီကို တရားဝင်ပါတီအဖြစ် အသိမှတ်ပြုရန် အမေရိကန်အစိုးရက ဆက်လက်
ဖိအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်အစိုးရ၏ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲအပေါ် အမေရိကန် အစိုးရက စိတ်ပျက်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကို ကြိုဆိုကြောင်း၊ အိုဘားမား အစိုးရနှင့်
စစ်အစိုးရအကြား ထားရှိသည့် တိုက်ရိုက် ထိတွေ့ဆက်ဆံရေး မူဝါဒသည်လည်း အပြောင်းအလဲကို ဖော်ဆောင်ပေးနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

၂၀၁၀ ပြည့်နှစ် မေလအတွင်း၌ မစ္စတာ ကာ့တ် ကမ်းဘဲလ်သည် မြန်မာနိုင်ငံသို့ ဒုတိယ အကြိမ်အဖြစ် ရောက်ရှိခဲ့ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင်လည်း တကြိမ်လာရောက်ခဲ့ကာ
နှစ်ကြိမ်စလုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။

စစ်အစိုးရကို ပထမဆုံးအကြိမ်အဖြစ် ဥရောပသမဂ္ဂက ၁၉၉၆ ခုနှစ်တွင် စီးပွားရေးပိတ်ဆို့မှု စတင်ခဲ့ပြီး ၎င်းတို့၏ စီးပွားရေး ပိတ်ဆို့မှု သက်တမ်းကို နှစ်စဉ် ဧပြီလတွင်
သက်တမ်းတိုးသည်။

ထို့အပြင် အမေရိကန်အစိုးရက ၁၉၉၇ ခုနှစ်တွင် စစ်အစိုးရအား ရင်းနှီးမြှုပ်နှံမှုများ အသစ်မလုပ်ရန် တားမြစ်ထားပြီး ၂၀၀၃ ခုနှစ်တွင် “မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ ဥပဒေ
(၂၀၀၃)” ကို ပြဋ္ဌာန်း ကာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုများကို လုပ်ဆောင်ခဲ့သည်။

ထိုဥပဒေအောက်တွင် စစ်အစိုးရကို ထောက်ပံ့မှုများ မဖြစ်စေရန် မြန်မာနိုင်ငံမှ ကုန်စည်များ တင်သွင်းခွင့်ကို ပိတ်ဆို့ခြင်း၊ အမေရိကန်နိုင်ငံတွင် ရှိနေသော စစ်အစိုးရ အသိုင်းအဝန်း၏
ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊ ခရီးသွားလာခွင့် ဗီဇာပိတ်ဆို့ခြင်း၊ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ပံ့ပိုးခြင်းစသည်ဖြင့် အခန်း ၉ ခန်း ပါဝင်သည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးအပြီးတွင် စစ်အစိုးရနှင့် အပေါင်းအပါများအား ဥရောပနိုင်ငံများသို့ ဝင်ခွင့် ပိတ်ပင်ခြင်း၊ ဥရောပနိုင်ငံများတွင် အခြေချနေထိုင်ခြင်း၊ စစ်အစိုးရ၏
မိသားစုဝင်များ၊ နီးစပ်သူများကိုပါ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှု များ ပြုလုပ်ခဲ့သည်။
Set as favorite
Bookmark
Email this
Hits: 869

Comments (0)

0
အခွန်ရှောင်သူ ထောင်ချတော့မည်
Object 1 Object 2

ဧရာဝတီ Tuesday, 08 February 2011 14:58

နိုင်ငံတော် သမ္မတသစ် ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် အခွန်ဆိုင်ရာ တင်းကျပ်သော ဥပဒေနှင့် နည်းဥပဒေသစ် တချို့ ထွက်ရန်ရှိပြီး အဆိုပါ ဥပဒေများတွင်
အခွန် ရှောင်တိမ်းမှုများ အတွက် ပြစ်မှုကြောင်းအရ တရားစွဲ ထောင်ချ အရေးယူနိုင်သော အချက်များပါဝင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
ဒီမိုကရေစီနိုင်ငံ ဖြစ်သည်နှင့်အညီ နိုင်ငံသားတိုင်း အခွန်ဆောင်ရန်
တာဝန်ရှိကြောင်း၊ စစ်အုပ်ချုပ်ရေးနှင့် အုပ်ချုပ်စဉ်က ၀င်ငွေခွန်၊
ကုန်သွယ်ခွန်၊ အမြတ်ခွန် အပါအ၀င် အခွန်ကိစ္စ အများစုကို
တင်းကျပ်မှုမရှိဘဲ အပြုသဘောနှင့်သာ ဆောင်ရွက် ခဲ့သော်လည်း ယခု
ဒီမိုကရေစီ နိုင်ငံတော်အဖြစ် အသွင်ပြောင်းလဲ လာချိန်တွင် အခွန်ဆိုင်ရာ
တင်းကျပ်သော ဥပဒေများ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပြည်တွင်း
အခွန်များ ဦးစီးဌာနမှ အရာရှိတဦးက ပြောသည်။

“၀န်ကြီးချုပ် (ယခု သမ္မတ ဦးသိန်းစိန)် က အခွန်ကိစ္စတွေမှာ မှန်မှန်


ကန်ကန်နဲ့ တင်းတင်း ကျပ်ကျပ်လုပ်ဖို့ မှာထားတယ်။ လိုအပ်တဲ့
ဥပဒေတွေကိုလည်း ပြင်ဆင်ဖို့၊ နိုင်ငံတကာပုံစံ အတိုင်း အခွန်အတုပ်တွေ
ကောက်ခံနိုင်ဖို့ လမ်းညွှန်ထားတယ်။ ရှိရင်းစွဲအခွန် ဥပဒေတွေကို
ထပ်ဖြည့်ပြီး ပြင်ဆင်တာ ထုတ်ပြန်တာမျိုး ဆိုတော့ အသစ်ပုံစံ
ဖြစ်ကောင်း ဖြစ်နိုင်တယ်။
အခွန်ရှောင်ရင် ဒဏ်ရိုက်တာ၊ ပြစ်မှုကြောင်းအရ တရားစွဲဆို
ထောင်ချတာတွေ အထိ ပါလာမယ်” ဟု အခွန်အရာရှိက ဆိုသည်။

ဥပဒေဖြင့် တင်းကျပ်မည့် အခွန်များတွင် ၀င်ငွေခွန်၊ ကုန်သွယ်ခွန်၊


Withholding Taxွ
ပင်းရင်းမှ နုတ်ယူပေးသွင်းသည့်အခွန်၊ အမြတ် ခွန်များ ပါဝင်ကြောင်း
သိရသည်။
( -ွ )
“ပင်ရင်းနုတ်ယူ ပေးသွင်းခွန် (Withholding Tax) ကတော့ ဒီနှစ်
ဇန်န၀ါရီလ ၁ ရက်နေ့ ကတည်းက စပြောင်းပြီး ကျင့်သုံးတာ အောင်မြင်နေပြီ။ သွင်းကုန် သွင်းမယ့်သူတိုင်း ပင်ရင်းနုတ်ယူပေးသွင်းခွန် ဆောင်မှ အစိုးရဘဏ်ကနေ ပြည်ပကို
ငွေလွှဲ လက်မှတ် (Letter of Credit) ထုတ်ပေးတော့ သွင်းကုန်သမားတိုင်း အခွန်ဆောင်နေတယ်” ဟု ရန်ကုန်တိုင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အရာထမ်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် လစာဝင်ငွေနှင့် စီးပွားရေးလုပ်ငန်း၊ အသက်မွေးဝမ်းကြောင်းမှု လုပ်ငန်းများ အပါအ၀င် ၀င်ငွေရလမ်း မဖော်ပြနိုင်သော ၀င်ငွေကျပ် ၃၀၀၀၀ အထက် ရရှိသူတိုင်း ၀င်ငွေခွန်
ဆောင်ရမည်ဟု တရားဝင် ပြဋ္ဌာန်းထားသော်လည်း ၀င်ငွေခွန်ဆောင်သူ မရှိသလောက် နည်းပါးကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သိရသည်။

“၂၀၀၆ ခုနှစ် ဧပြီ ၆ ရက်နေ့က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ၀င်ငွေခွန်နဲ့ ပတ်သက်လို့ အခွန်ကောက်ခံရမယ့် နှုန်းတွေကို တရားဝင် အမိန့်
ထုတ်ထားတယ်။ အဲဒီအတိုင်း မပြောင်းလဲဘဲ ကောက်ခံ သွားမယ်လို့ သိရပါတယ်” ဟု ပြည်တွင်းအခွန် အရာရှိက ပြောသည်။

ဥပဒေအရ လစာဝင်ငွေ ကျပ် ၃၀၀၀၀ နှင့် ၅၀၀၀၀ အကြား ရရှိသူတိုင်း အခွန် ၁၂ ရာခိုင်နှုန်း၊ ၀င်ငွေ ၅၀၀၀၀ မှ ၇၀၀၀၀ ရရှိသူတိုင်း ၁၅ ရာခိုင်နှုန်း၊ ၇၀၀၀၀ မှ ၉၀၀၀၀ ကြားရရှိသူတိုင်း
၁၆ ရာခိုင်နှုန်း၊ ၉၀၀၀၀ မှ ၁၁၀၀၀၀ ရရှိသူတိုင်း ၁၇ ရာခိုင်နှုန်း၊ ၁၁၀၀၀၀ မှ ၁၅၀၀၀၀ အကြားရရှိသူတိုင်း ၁၈ ရာခိုင်နှုန်း၊ ၁၅၀၀၀၀ မှ ၂၀၀၀၀၀ အကြား ရရှိသူတိုင်း ၁၉ ရာခိုင်နှုန်း
စသည့်ဖြင့် ရရှိသော ၀င်ငွေပေါ်မူတည် ကောက်ခံမည်ဖြစ်ပြီး လစာ ၅၀၀၀၀၀ ကျော်လျှင် အခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

အသက်မွေး ၀မ်းကျောင်းပညာ လုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ပစ္စည်းနှင့် ၀င်ငွေရလမ်းမဖော်ပြနိုင်သည့် ၀င်ငွေနှင့် တခြား ရလမ်းမှ ၀င်ငွေများသည် ကျပ် ၃၀၀၀၀ ထက်ကျော်ပါက
အနည်းဆုံး အခွန် ၁၄ ရာခိုင်နှုန်း စတင် ကောက်ခံမည်ဖြစ်ပြီး ၀င်ငွေ သိန်း ၂၀ ကျော်လျှင် အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမည်ဟု ဥပဒေတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တဦးက “အခွန်ဆောင်တာက အစိုးရ ၀န်ထမ်းတွေအိတ်ထဲ ငွေရောက်တာပဲဆိုတဲ့ အသိက လူတွေဆီမှာ ရှိနေတယ်။ အဲဒီလို
ရှိနေလောက်အောာင်လည်း ဗိုလ်ချုပ်တွေ၊ ရာထူးကြီးတဲ့ အစိုးရ အရာရှိတွေက ထားစရာ မရှိအောင် ချမ်းသာနေတယ်။ တကယ်လို့သာ အခွန်မဆောင်လို့ ထောင်ချတဲ့အထိ
လုပ်မယ်ဆိုရင် အခွန်ဝန်ထမ်းတွေ ပိုပြီး
လာဘ်ပေး လာဘ်ယူ လုပ်လာမယ်” ဟု ပြောသည်။
အစိုးရသည် ဓာတ်ငွေ့၊ ရေနံနှင့် သဘာဝ သယံဇာတ ရောင်းချမှုတို့မှ ရရှိသော ၀င်ငွေနှင့် အခွန်များကို စစ်တပ် ကြီးထွားရေး တွင်သာ အဓိက သုံးနေသည့် အတွက်
ပြည်သူ့ကျန်းမာရေးနှင့် ပညာရေးပိုင်း ဆိုင်ရာကိစ္စများတွင် နိမ့်ကျနေသည်ဟု သတင်းစာဆရာ တဦးက ပြောသည်။

“ပြည်သူ အတွက် ဘာမှ လုပ်မပေးဘဲနဲ့တော့ ဘယ်သူကမှ အခွန်ဆောင်မှာ မဟုတ်ဘူး။ ရတဲ့ ပိုက်ဆံ စစ်တပ်အတွက်ပဲ အဓိက သုံးနေတယ်။ ဘယ်လိုလူမျိုးက အခွန်ဆောင်ချင်မလဲ။
အခွန်ဆောင်ချင်စိတ် ရှိအောင်လည်း အစိုးရက လုပ်ပြရမယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၅၀ ကျော်ရှိသော်လည်း ၁. ၀၉ ရာခိုင်နှုန်းကသာ အခွန် ဆောင်သည်ဟု အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော် အမတ် တဦးဖြစ်ပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်ဟောင်း
ဦးလှထွန်းသည် သမ္မတဦးသိန်းစိန် ဖွဲ့စည်းမည့် အစိုးရတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးအဖြစ် ပြန်လည်ခန့်အပ် ခံရမည်ဖြစ်ကြောင်း နေပြည်တော် အစိုးရ၀န်ထမ်း အသိုင်းအ၀န်းမှ
သိရသည်။
ရန်ကုန်တွင် “ရှမ်းပြည်နယ်နေ့” အမည်တပ်ကျင်းပခွင့် မပေး
ခိုင်သွယ် Tuesday, 08 February 2011 16:12

ယမန်နေ့က ၆၄ နှစ် ပြည့်ခဲ့သည့် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ရန်ကုန် မရမ်းကုန်းမြို့နယ်၊ ပြည်လမ်း၊ အောင်မြေဘုံသာ ၉ မိုင် သျှမ်းကျောင်းတွင် ကျင်းပခွင့် ပေးခဲ့သော်လည်း
ရှမ်းပြည်နယ်နေ့ အခမ်းအနားဟု အသုံးပြုခွင့်မပေးဘဲ ရှမ်းပြည်နယ် တိုင်းရင်းသား ပေါင်းစုံ ပဒေသာ ကပွဲအခမ်းအနားနှင့် အစားအစာ ဈေးရောင်းပွဲနေ့ ဟူ၍သာ အမည်တပ်ခွင့်
ပြုခဲ့ကြောင်း ပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။
“ရှမ်းပြည်နယ်နေ့ဆိုပြီး ကျင်းပလို့ မရတာ ကြာပြီပဲ။ ဒီနှစ်လည်း ပွဲလုပ်ခွင့်
၁ ရက်ပဲ ပေးတယ်။ ရှမ်းပြည်နယ် တိုင်းရင်းသားများ ရိုးရာပဒေသာကပွဲနဲ့
ဈေးရောင်းပွဲ ဆိုပြီး လုပ်ပေါ့ ဆိုပြီး ချပေးလာတာပဲ” ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်နယ်နေ့ကို ရှမ်းတိုင်းရင်းသားများက အလေးအမြတ်ထား


ကြသော်လည်း ရှမ်းပြည်နယ်နေ့ဟု သုံးခွင့် မရသည့်အတွက်
စိတ်မကောင်းကြောင်း၊ ရှမ်းတိုင်းရင်းသားများသည်
မြန်မာနိုင်ငံအနှံ့အပြား၌ နေထိုင်သော တိုင်းရင်းသားကြီးမျိုး
ဖြစ်သည့်အတွက် ရှမ်းတိုင်းရင်းသားနေ့ သို့မဟုတ် ရှမ်းပြည်နယ်နေ့ဟု
သတ်မှတ်ကာ ကျင်းပခွင့် ပေးသင့်ကြောင်း၊ ရန်ကုန်တိုင်း ရှမ်းစာပေနှင့်
ယဉ်ကျေးမှု အဖွဲ့ဝင်တဦးက ပြောသည်။

ရှမ်းပြည်နယ်နေ့တွင် ရန်ကုန်တိုင်းအတွင်းရှိ နေရာဒေသ အသီးသီး၌


နေထိုင်ကြသော ရှမ်း၊ ပအိုဝ်း၊ ပလောင်၊ ဓနု စသည့် တိုင်းရင်းသားတို့
လာရောက်တွေ့ဆုံကြပြီး ပဒေသာကပွဲတွင် ၀င်ရောက်ကပြခြင်း၊
ဒေသထွက်ကုန်နှင့် အစားအသောက်များ ရောင်းချခြင်းတို့
ပြုလုပ်ကြသည်။

၉၉ ( -) ရှမ်းတိုင်းရင်းသားများ၏ ရှမ်းရိုးရာ အစားအစာများ၊


ရိုးရာအ၀တ်အထည်များနှင့် ရှမ်းစာပေနှင့် ရေးသားထားသည့်
စာအုပ်များကိုလည်း ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ရောင်းချပေးလျက်ရှိသည်။

“ရှမ်းဘာသာစကားနဲ့ ယဉ်ကျေးမှု မပျောက်အောင် ပဒေသာ ကပွဲ လုပ်ခွင့်ပြုတာကိုပဲ ကျေးဇူးတင်ရမယ်” ဟု ပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတဦးက ဆိုသည်။

အဆိုပါ ရှမ်းပြည်နယ်နေ့ပွဲသို့ လားရှိုးအသင်း၊ သီပေါအသင်း၊ ကျောက်မဲအသင်း၊ တောင်ကြီးအသင်း စသည်ဖြင့် ပြည်နယ်ဆိုင်ရာ အသင်းအဖွဲ့ များကလည်း အရောင်းဆိုင်များ
ဖွင့်လှစ်ရောင်းချသည်။

ရန်ကုန်တိုင်းအတွင်း ရှမ်းတိုင်းရင်းသားများနှင့် ရှမ်းတိုင်းရင်းသား အနွယ်ဝင် စုစုပေါင်း ၂ သိန်းဝန်းကျင် နေထိုင်ကြကြောင်း ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ သိရသည်။
စတော့ရှယ်ယာ ဈေးကွက်ဖြစ်ရေး အလှမ်းဝေးသေး
ဧရာဝတီ Tuesday, 08 February 2011 17:22

အာဆီယံ နိုင်ငံများတွင် ၂၀၁၅ ခုနှစ်၌ စတော့ရှယ်ယာ ဈေးကွက် ဖြစ်ထွန်းရေး ဆောင်ရွက်နေ ကြသော်လည်း မြန်မာ စစ်အစိုးရ၏ စီးပွားရေးအပေါ် ချုပ်ကိုင်မှုနှင့် မှားယွင်းစွာ
စီမံခန့်ခွဲမှုများကြောင့် စတော့ရှယ်ယာဈေးကွက် ထူထောင်ရန် မလွယ်ကူကြောင်း ပြည်တွင်းမှ စီးပွားရေးပညာရှင်များက ပြောသည်။

စစ်အစိုးရက နီးစပ်ရာ စီးပွားရေးသမားများကို လုပ်ပိုင်ခွင့်များပေးခြင်း၊ ခေတ်နှင့် လျော်ညီသော


နိုင်ငံခြားငွေလဲလှယ်နှုန်းထား မရှိခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ ဥပဒေများ မပြည့်စုံခြင်း အပါအ၀င်
လိုအပ်ချက်များစွာ ရှိနေခြင်းတို့ကို စီးပွားရေးပညာရှင်များနှင့် စီးပွားရေးသမားများက
ထောက်ပြထားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ဥက္ကဋ္ဌ၊ ယခု သမ္မတအဖြစ် အရွေးခံရသူ


ဦးသိန်းစိန် ဦးဆောင်သော အရပ်သားအမည်ခံ အစိုးရစနစ်သစ်သို့ ပုံစံပြောင်း
အုပ်ချုပ်မည်ဖြစ်သော်လည်း မြန်မာ့စီးပွားရေးမူဝါဒတွင် ထူးထူးခြားခြား အပြောင်းအလဲများ
ဖြစ်ပေါ်လာမည်ဟု မထင်မြင်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ အသင်းဝင် စီးပွားရေးသမား တဦးက ပြောသည်။

“၀န်ကြီးချုပ်ကို သမ္မတရာထူး ပေးလိုက်တာဆိုတော့ စီးပွားရေးပိုင်းမှာတော့ ကြီးကြီးမားမား


ပြောင်းလဲမှုဖြစ်မယ်လို့ မထင်ပါဘူး။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နောက်ကွယ်မှာ ရှိနေဆဲပဲလေ။
အတိုက်အခံ အမတ်တွေကလည်း လွှတ်တော်ထဲမှာ သိပ်လုပ်လို့ ရမယ့်လမ်း မမြင်ဘူး။ ဦးတေဇ၊
ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဦးနေအောင်တို့လို စီးပွားရေးသမားကြီးတွေပဲ ဆက်ပြီးစီးပွားရေး
လုပ်ပိုင်ခွင့်တွေ ရသွားမှာပါ” ဟု အဆိုပါစီးပွားရေးသမားက ဆိုသည်။

နီးစပ်ရာ စီးပွားရေးသမားကို လုပ်ပိုင်ခွင့်ပေးသော စနစ်သည် စတော့ရှယ်ယာဈေးကွက် ထူထောင်ရာတွင် ကြီးမားသော အခက်အခဲ အတားအဆီးကြီးတခုဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်
အခွန်ဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်မှ အမည်မဖော်လိုသူ အရာရှိတဦးက သုံးသပ်သည်။

“ရှယ်ယာဈေးကွက်ရဲ့ အခြေခံသဘောက ရှယ်ယာတွေထုတ်ရောင်းပြီး အရင်းအနှီးစု၊ ပြီးရင် လုပ်ငန်းတွေထူထောင်၊ တိုးချဲ့၊ လုပ်ငန်းအောင်မြင်တော့ ရှယ်ယာဈေးတွေတက်။ ဒီလိုပုံစံမျိုး။
ဒီက စီးပွားရေးသမားတွေက ရှယ်ယာထုတ်ရောင်းပြီး အရင်းအနှီး ရှာစရာမလိုဘူး။ ထိပ်ပိုင်း ဗိုလ်ချုပ်နဲ့အဆင်ပြေရင် လုပ်ပိုင်ခွင့်ရပြီ။ လုပ်ငန်းထူထောင်ဖို့ ပိုက်ဆံတွေ
နည်းလမ်းပေါင်းစုံနဲ့ ရနေတာဆိုတော့ စတော့ရှယ်ယာဈေးကွက် ထူထောင်လည်း အလကားပဲလို့ ပြောရတော့မယ်” ဟု အဆိုပါ ဘဏ်အရာရှိက ပြောသည်။

တချို့သော စီးပွားရေးလုပ်ငန်းရှင်ကြီးများသည် ကြံ့ဖွံ့ပါတီ၏ လွှတ်တော်အမတ်များအဖြစ် တာဝန်ယူနေပြီး ထိုလွှတ်တော်အမတ်များထဲတွင် ဦးဝင်းမြင့် (ရွှေနဂါးမင်းကုမ္ပဏီ နှင့် UMFCCI
ဥက္ကဋ္ဌ)၊ ဦးခင်ရွှေ (ဇေကမ္ဘာကုမ္ပဏ)ီ ၊ ဦးတင့်ဆန်း (ACE ဆောက်လုပ်ရေးကုမ္ပဏ)ီ တို့ကဲ့သို့သော နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်များလည်း ပါဝင်နေသည်။
မြန်မာနိုင်ငံတွင် တရားမ၀င် နိုင်ငံခြားငွေလဲဈေးနှုန်းနှင့် ဈေးကွက်ဖြစ်ပေါ်နေခြင်း၊ တိကျရေရာသော ဥပဒေများ၊ ဘဏ်လုပ်ငန်းဆိုင်ရာ နည်းဥပဒေများ မရှိခြင်းကလည်း
စတော့ရှယ်ယာဈေးကွက် ထူထောင်ရန် အဟန့်အတားများ ဖြစ်နေကြောင်း စီးပွားရေးပညာရှင်များက ပြောသည်။

ထို့အပြင် အမေရိကန် အပါအဝင် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့ အရေးယူမှုကြောင့် စတော့ရှယ်ယာဈေးကွက်သို့ အိမ်နီးချင်းနိုင်ငံအပါအဝင် ပြည်ပမှ


ဝင်ရောက်ရင်းနှီးမြှုပ်နှံကြမည် မဟုတ်ကြောင်းလည်း ထောက်ပြကြသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း စစ်အစိုးရကို အကျိုးသက်ရောက်စေမည့်
စီးပွားရေးပိတ်ဆို့မှုများ ဆက်လက်ထားရှိရန် လိုအပ်ကြောင်းနှင့် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားစေလိုပါက တိုးတက်သည့် လုပ်ရပ်များ စစ်အစိုးရက ပြသရန်လိုကြောင်း ကြေညာချက်ကို
ယနေ့ ထုတ်ပြန်ထားသည်။

ခေတ်နှင့် မလျော်ညီသော ငွေလဲနှုန်းနှင့် ပတ်သက်၍ စီးပွားရေးပညာရှင်တဦးက “တရားဝင်ငွေလဲနှုန်း တဒေါ်လာကို ခြောက်ကျပ်က ပြောင်းမှဖြစ်မယ်။ ဘဏ်လုပ်ငန်းနဲ့
နည်းဥပဒေတွေလည်း ထပ်ပြီးပြင်ဆင်ရမယ်။ ဥပမာ - နိုင်ငံခြားနဲ့ကုန်သွယ်ဖို့ အစိုးရရဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (Myanmar Investment & Commerce
Bank) နဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (Myanmar Foreign Trade Bank) နှစ်ခုကနေပဲ နိုင်ငံခြားငွေ Account ဖွင့် ငွေလွှဲ၊ ငွေယူလုပ်လို့ရတယ်။ ပုဂ္ဂလိကဘဏ်တွေရဲ့ အခန်းကဏ္ဍ
သိပ်မပါသလိုဖြစ်နေတယ်။ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဥပဒေတွေ အများကြီးပြင်ဆင်ရမယ်” ဟု ပြောသည်။

စတော့ရှယ်ယာဈေးကွက် ထူထောင်ရန် ဥပဒေတရပ်လည်း ပြဋ္ဌာန်းရန်လိုအပ်ပြီး စတော့ရှယ်ယာများ ဈေးကစားခြင်း၊ ရှယ်ယာအကျိုးဆောင် ပွဲစားများအတွက် နည်းဥပဒေများ


ပြဋ္ဌာန်းပေးခြင်းစသည့် ရှယ်ယာဈေးကွက်ဥပဒေနှင့်
နည်းဥပဒေများစွာ လိုအပ်လျက်ရှိကြောင်း ၀ါရင့် စီးပွားရေးပညာရှင်တဦးက ပြောသည်။

“ဒီကလူတွေက နည်းပညာပိုင်းမှာ တတ်ကျွမ်းမှု မရှိဘူး။ ကိုယ်ထောင်မယ့် စတော့ရှယ်ယာဈေးကွက်က အစိုးရရှယ်ယာတွေ ထုတ်ရောင်းတာက စမလား၊ ဒါမှမဟုတ် အများပိုင်
ကုမ္ပဏီတွေ ထူထောင်ပေးပြီး ရှယ်ယာဈေးကွက် စမလားပေါ့။ ဒါမျိုးတွေလည်း တိတိကျကျ လုပ်ဖို့ လိုအပ်တယ်။ အဓိက နည်းပညာနဲ့ လုပ်ပုံလုပ်နည်းမှာ လေ့လာရမှာတွေ အများကြီး
ပဲ” ဟု ၄င်းက ရှင်းပြသည်။

စတော့ရှယ်ယာဈေးကွက် ထူထောင်ရာတွင် အဓိက အရေးကြီးဆုံးမှာ အစိုးရက စီးပွားရေးကို အမှန်တကယ် လွတ်လပ်ခွင့်ပေးလိုသော ဆန္ဒဖြစ်ကြောင်း၊ လက်ရှိ စစ်ဗိုလ်ချုပ်ဟောင်းများ
ဦးဆောင်မည့် အစိုးရသည် စီးပွားရေးကို ဆက်လက်ထိန်းချုပ်မည့် အခြေအနေရှိသည့်အတွက် စီးပွားရေးတိုးတက်မှုနှင့် ရှယ်ယာဈေးကွက်အတွက် ဖြစ်ပေါ်လာရေး နှေးကွေးစေဦးမည်ဟု
အဆိုပါစီးပွားရေးပညာရှင်က ဆက်လက်ပြောသည်။

မြန်မာ့စီးပွားရေး ဘဏ်အရာရှိက “ဓာတ်ဆီဆိုင်တွေ၊ ဒီဇယ်အရောင်းဆိုင်တွေ လွှဲတုန်းက ပုဂ္ဂလိက လက်ထဲရောက်သွားလို့ မှောင်ခိုဈေးကွက်တော့ ပျောက်သွားပြီ ထင်ခဲ့ကြတယ်။
တကယ်တော့ ဖြစ်မလာဘူး။ အစိုးရက ဆီဆိုင်သာ လွှဲပေးတာ။ အပြည့်အ၀ လွတ်လပ်စွာ တင်သွင်းရောင်းခွင့် မပေးဘူး။ ကန့်သတ်မှုတွေ၊ တားဆီးမှုတွေ လုပ်ထားတယ်။ အဲဒီလိုပဲ
တခြားစီးပွားရေး ကဏ္ဍတွေမှာလည်း ပုဂ္ဂလိက လွှဲတယ်လို့သာပြောတာ၊ အစိုးရ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတယ်” ဟု သုံးသပ်သည်။

အများပိုင်ကုမ္ပဏီ ဖြစ်ပေါ်လာရေးအတွက် အစိုးရက အားပေးရမည့်အပြင် အများပိုင်ကုမ္ပဏီအတွက် လုပ်ပိုင်ခွင့်များကို


အခွင့်အရေးပေးရန် လိုအပ်သည်ဟု UMFCCI မှ စီးပွားရေးသမားက ပြောသည်။

“အများပိုင်ကုမ္ပဏီတွေက စီးပွားရေးလုပ်ငန်း တိုးချဲ့တာ၊ လုပ်ငန်းသစ် ထူထောင်ချင်တာ လုပ်ဖို့ စဉ်းစားတိုင်း Trade Council ကို တင်ရတယ်။ ဒါတောင် လုပ်ခွင့်ရဖို့ မသေချာဘူး။
အများပိုင်ကုမ္ပဏီက လုပ်ပိုင်ခွင့်တောင်းတဲ့ လုပ်ငန်းက ဦးတေဇ လုပ်ပိုင်ခွင့်တောင်းတဲ့ လုပ်ငန်းမျိုးဖြစ်နေရင်တော့ ဦးတေဇကိုပဲ ပေးလိုက်တယ်။ အများပိုင်ကုမ္ပဏီကို မပေးဘူး။
အဲလိုမျိုးတွေလည်း ရှိတယ်။ တကယ်ဆိုရင် လေကြောင်းလိုင်း၊ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်းတွေဆိုတာ အများပိုင်ကုမ္ပဏီ ထူထောင်ပေးပြီး ပုဂ္ဂလိကကို
လွှဲသင့်တဲ့လုပ်ငန်းတွေပဲ။ အခုတော့ ဦးပိုင်နဲ့ သူတို့နဲ့ ရင်းနှီးတဲ့ လုပ်ငန်းရှင်ကြီးတွေကပဲ ရသွားတယ်” ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် အများပိုင်ကုမ္ပဏီတချို့ရှိသော်လည်း အစိုးရ၀န်ကြီးဌာန တစိတ်တပိုင်းပါဝင်သော အများပိုင်ကုမ္ပဏီများကသာ ကြီးစိုးလျက်ရှိကြောင်း၊ သစ်တောဝန်ကြီးဌာနက ရှယ်ယာ


၅၅ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး အများပြည်သူသို့ ရှယ်ယာ ၄၅ ရာခိုင်နှုန်း ထုတ်ဝေရောင်းချ လုပ်ကိုင်နေသော မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်း လီမိတက်၊
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရှယ်ယာ ၅၃ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး အများပြည်သူက ၄၇ ရာခိုင်နှုန်း ပိုင်ဆိုင်သော မြန်မာနိုင်ငံသားများဘဏ်လီမိတက်တို့သည်
အစိုးရထူထောင်ထားသည့် အောင်မြင်နေသော အများပိုင်ကုမ္ပဏီကြီးများ ဖြစ်ကြသည်။

ပထမ ပုဂ္ဂလိကဘဏ်၊ FMI ကုမ္ပဏီတို့မှာမူ ပုဂ္ဂလိကနှင့် အများပြည်သူ ပူးပေါင်းထူထောင်ထားသော အများပိုင်ကုမ္ပဏီများ ဖြစ်သော်လည်း စီးပွားရေးအရ အစိုးရအများပိုင်ကုမ္ပဏီများနှင့်
နှိုင်းယှဉ်လျှင် အကျိုးအမြတ်နည်းပါးလှကြောင်း သိရှိရသည်။

၂၀၁၅ ခုနှစ်တွင် အာဆီယံနိုင်ငံတိုင်း စတော့ရှယ်ယာဈေးကွက် ဖြစ်ထွန်းရမည်ဆိုသော သဘောတူချက်ဖြင့်


စတော့ရှယ်ယာဈေးကွက် မရှိသေးသည့် နိုင်ငံများက ရှယ်ယာဈေးကွက် များထူထောင်နေကြရာ၊ လာအိုနိုင်ငံက ဇန်န၀ါရီလတွင်လည်းကောင်း၊ ကမ္ဘောဒီယားနိုင်ငံက မကြာမီတွင်
ထူထောင်ရန်လည်းကောင်း ပြဆင်လျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသည် စတော့ရှယ်ယာဈေးကွက် ထူထောင်ရန် တောင်ကိုရီးယားကုမ္ပဏီနှင့် ဆွေးနွေးမှုများ ရှိနေကြောင်း တောင်ကိုရီးယားနိုင်ငံအခြေစိုက် သတင်းဌာနတချို့၏


ဇန်န၀ါရီလအတွင်း ထုတ်ပြန်သော သတင်းများအရ သိရှိရသည်။
ဝန်ကြီးအမိန့်မကျသဖြင့် GSM ချပေးမည့်ရက် ရွှေ့ဆိုင်း
ဟိန်းဇော် Tuesday, 08 February 2011 14:51

ကျပ် ၅ သိန်းတန် GSM ဖုန်းများကို ဖေဖော်ဝါရီ ၆ ရက်နေ့တွင် စတင် ချပေးမည်ဟု ထုတ်ပြန်ထား သော်လည်း ယခုအချိန်အထိ ဆက်သွယ်ရေး ဝန်ကြီးထံမှ အမိန့်မကျသေး
သောကြောင့် ဖုန်းချပေးမည် အစီအစဉ်ကို ရက် အကန့် အသတ်မရှိ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ဆက်သွယ်ရေး ဝန်ထမ်းတဦးက ပြောသည်။
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်သော
ဦးတေဇပိုင်ဆိုင်သည့် Elite Tech IT Service ကုမ္ပဏီက ကျပ် ၅
သိန်းတန် GSM ကြိုတင် ငွေပေးချေကတ် (Prepaid card) များကို
ရတနာပုံ ဆိုက်ဘာစီးတီးတွင် ထုတ်လုပ်မည်ဖြစ်ပြီး ဝန်ဆောင်မှုကို
ရတနာပုံ တယ်လီပို့ ကုမ္ပဏီလီမိတက် နှင့် သတင်းအချက်အလက်
နည်းပညာ ဗဟိုဝန်ဆောင်မှု ကုမ္ပဏီ တို့အား
လုပ်ကိုင်ခွင့်ပေးထားကြောင်း သိရသည်။

“၅ သိန်းတန် GSM တွေက အမှန်တကယ် ချပေးမှာပါ။ ဒါပေမယ့်


ဝန်ကြီးခွင့်ပြုမိန့် မကျသေးတာလည်း တကြောင်း၊
ကြိုတင်ငွေသွင်းကတ်တွေ အဆင်သင့် မဖြစ်သေးတာလည်း
တကြောင်းကြောင့် မချပေးသေးတာပါ” ဟု Elite Tech IT Service
မှတာဝန်ရှိသူတဦးက ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးမှ ကျပ် ၅ သိန်းတန်GSM မိုဘိုင်းဖုန်းများ ဇန်နဝါရီ


၃၁ ရက်နေ့တွင်စတင် လျှောက်ထားခွင့် ပြုမည် ဆိုသည့် သတင်းကို
ပြည်တွင်းဂျာနယ် အများစုတွင် ရေးသားခဲ့သဖြင့် လူအများ
စိတ်ဝင်စားကြသည်။
GSM
“ကျနော်တို့က သူတို့ပြောလို့ရေးတာပေါ့။ ဒါပေမယ့် ၃၁ ရက်နေ့မှာ
မချပေးဘူးလည်း ဆိုကော ဂျာနယ်တိုက်တွေကို လူတွေက ဝိုင်းမေးကြတာ၊ မနည်း ရှင်းရတယ်” ဟု ပြည်တွင်းသတင်း အယ်ဒီတာ တဦးက ဆိုသည်။
ကျပ် ၅ သိန်းတန်ဖုန်းများကို ချပေးမည့် ရက်အား ဇန်နဝါရီ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီ ၆ ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့ပြီး ယခုတဖန် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ မြန်မာ့ဆက်သွယ်ရေးမှ ကျပ် ၅ သိန်းတန် GSM မိုဘိုင်းဖုန်းများ ချပေးတော့မည် ဆိုခြင်းကြောင့် ဖုန်းဝယ်ရောင်း အကျိုးဆောင်များ၊ ဖုန်းသုံးစွဲလိုသူ လူထုကြားတွင်
လျှောက်ထားလိုသူ များပြားနေသည်။ ယခင်က GSM ဖုန်း တန်ဖိုးမှာ ကျပ် ၁၅ သိန်း ဖြစ်သည်။

ကျပ် ၅ သိန်းတန် GSM ဖုန်းများကိုလည်း လက်ရှိ GSM ဖုန်းများ အသုံးပြုနေသည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့်
ပဲခူးတိုင်း အရှေ့ခြမ်းရှိ မြို့နယ် ၂၆ မြို့နယ်တွင် အသုံးပြု နိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် GSM ရေဒီယို စခန်းပေါင်း ၃၀၊ CDMA 450 MHz ရေဒီယိုစခန်း ၁၅၁ ခု၊ CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခု တို့ကို ဆောက်လုပ်လျက်ရှိပြီး ပြီးစီးသွားပါက
မြန်မာတနိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အရေအတွက် ၆၁၀၀၆၁ လုံး ရှိလာမည်ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ GSM ဖုန်း ၄၉၄၃၀၀၊ CDMA450MHz ဖုန်း ၅၄၅၆၅၀၊ CDMA 800MHz ဖုန်း ၁၅၀၀၀၀၊ CDMA (Fixed) တယ်လီဖုန်း ၂၀၀၃၈ လုံး၊ WCDMA တယ်လီဖုန်း
အလုံးရေ ၂၈၀၀၀ တို့ ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ GSM ဖုန်း အလုံးရေ ၅ သိန်းဝန်းကျင်ကို ချထားပေးပြီး ဖြစ်သည်။ GSM ဖုန်းများကို ၂၀၀၀ ပြည့်နှစ် ၀န်းကျင်မှ စတင် ချထားပေးခဲ့သည်။

သင်္ဃန်းကျွန်း
၁၆ ရပ်ကွက်
မီးအကြီးအကျ
ယ်
လောင်ကျွမ်းနေ

ရန်ကုန်မြို့
သင်္ဃန်းကျွန်း
ရပ်ကွက်အတွင်း
မီးအကြီးအကျယ်
လောင်နေကြောင်း၊
မီးလောင်ကျွမ်းချိန် ၁
နာရီခန့်ရှိပြီ
ဖြစ်သော်လည်း
ငြှိမ်းသတ်နိုင်ခြင်း
မရှိသေးကြောင်း
သတင်းရရှိသည်။

အစိုးရသစ်လ
က်ထက်
ဝန်ကြီးဌာန
၃၃
ခုရှိလာမည်

လာမည့် အစိုးရသစ် လက်ထက်တွင်


ဝန်ကြီးဌာန ၃၃ ခု ရှိလာမည် ဖြစ်ပြီး မြန်မာ့
စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန
ဟူ၍ အသစ်တခု ထပ်တိုးကြောင်း
သတင်းရရှိသည်။ ယခင် ဝန်ကြီးချုပ်ရုံးဝန်ကြီး
ကိုလည်း သမ္မတရုံး ဝန်ကြီးဟူ၍
အမည်ပြောင်းလဲ ခေါ်ဝေါ်မည် ဖြစ်ကြောင်း
လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

ဒေါ်အောင်ဆန်းစြု
ကည်နှင့် လူငယ်
၂၅၀ ကျော်တွေ့ဆုံ

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်


ပြည်နယ်တိုင်း အသီးသီးမှ ရောက်ရှိ နေသော လူငယ် ၂၅၀
ကျော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းတွင် ယနေ့
နံနက် ၁၁ နာခန့်ကစတင် တွေ့ဆုံနေပြီဖြစ်သည်။ အဆိုပါ
တွေ့ဆုံပွဲသို့ ပြည်တွင်း ပြည်ပမှ သတင်းထောက်များလည်း
တက်ရောက်ကြပြီး တွေ့ဆုံမှုကို ညနေမှ
အဆုံးသတ်မည်ဖြစ်ကြောင်း သိရသည်။
http://bur.irrawaddy.org/

Tuesday, February 8, 2011


အရှုပ်အရှင်းများကြောင့် ဆန်းဂရုဏာနဲ့ မပေါင်းနိုင်တဲ့ နာရေးအသင်း
သင်းအောင်၊ ဖေဖော်ဝါရီ ၈၊ ၂၀၁၁

နာရေး ကူညီမှုအသင်း (ရန်ကုန)် ၏ အသုဘပို့ယာဉ်များ အကူအညီနဲ့ ဆက်သွယ် ဆောင်ရွက်မယ်လို့ ပြည်ပမီဒီယာများမှာ ဖော်ပြခဲ့တဲ့ “ဆန်းဂရုဏာ နာရေးကူညီမှုအသင်း” ရဲ့
ကမ်းလှမ်းမှုကို နာရေးကူညီမှု အသင်း (ရန်ကုန်) က လုံးဝ လက်မခံနိုင်ကြောင်း အသင်းဥက္ကဋ္ဌ ဦးကျော်သူက ဧရာဝတီကို ပြောပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်တဲ့ ဆန်းဂရုဏာ နာရေးကူညီမှုအသင်းရဲ့ အဆိုပါ ကမ်းလှမ်းမှုချက်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေမှာ နာရေးကူညီမှုအသင်းက အခုလို
ငြင်းပယ်လိုက်တာပါ။

ဦးကျော်သူက “ကျနော်တို့ရဲ့ နိဗ္ဗာန်ယာဉ်တွေနဲ့ အကူအညီပေးဖို့ ဆန်းဂရုဏာက ဖေဖော်ဝါရီ ၄ ရက်၊ ၅ ရက် ၀န်းကျင်က စာတင်ပါတယ်။ ဒီအပေါ် တဦးတယောက်တည်း ဆန္ဒနဲ့
ဆုံးဖြတ်လို့ မရပါဘူး။ မနေ့က ဖေဖော်ဝါရီ ၆ ရက် အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဆန်းဂရုဏာရဲ့ အကူအညီတောင်းခံမှုကို ငြင်းပယ်လိုက်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဆန်းဂရုဏာ နာရေးကူညီမှု အသင်းရဲ့ ပုဂ္ဂိုလ်ရေး၊ လူမှုရေး၊ ငွေကြေး အရှုပ်အရှင်းတွေကို ပါဝင်ပတ်သက်မှု မပြုလိုကြောင်း၊ အယုတ်အလတ် အမြတ်မရွေး မည်သည့်
နာရေးရှင်မဆို တိုက်ရိုက် အကူအညီတောင်းခံခြင်းကိုသာ ကူညီရန် အသင့်ရှိပါကြောင်း၊ ယခု ငြင်းပယ်မှုဟာလည်း အများဆန္ဒသာဖြစ်ကြောင်း ဦးကျော်သူက ရှင်းပြပါတယ်။
နာရေး ကူညီမှုအသင်း (ရန်ကုန)် ရဲ့ တခြား တာဝန်ရှိ ပုဂ္ဂိုလ် တဦးကလည်း “သူတို့ရဲ့ ကမ်းလှမ်းမှုကို အများဆန္ဒနဲ့ ဆုံးဖြတ်ဖို့ စီစဉ်နေဆဲမှာပဲ သူတို့က ‘နာရေး ကူညီမှုအသင်း (ရန်ကုန)်
နှင့် ဆက်သွယ်ဆောင်ရွက်သွားမည်’ လို့ ပြည်ပ မီဒီယာမှာ ဖွင့်ချလိုက်ခြင်းဟာ နာရေးကူညီမှု အသင်း (ရန်ကုန်) ကို ခုတုံးလုပ် အသုံးချလိုက်ခြင်းသာ ဖြစ်တယ်” လို့ ပြောပါတယ်။

ဦးကျော်သူကပင် “ကျနော်တို့ရဲ့ အခုလို ဆုံးဖြတ်မှုဟာ ပြည်သူတွေနဲ့ ရန်တိုက်ပေးသလို ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ ဒါပေမယ့် မတတ်နိုင်ပါဘူး။ ခုရှုပ်မှ နောင်ရှင်း ကိစ္စ ဖြစ်နေတာမို့ သူတို့
ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ရခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အမှတ် ၁၈၁၊ သုဒဿန ၄ လမ်း၊ ၁၆ ရပ်ကွက် အပိုင်း (၂) သင်္ကန်းကျွန်းမြို့နယ်တွင် ယာယီ ရုံးခန်း ဖွင့်လှစ်ထားသော ဆန်းဂရုဏာ နာရေးကူညီမှု အသင်းကို ၂၀၁၁ ဇန်န၀ါရီ ၂၅
ရက်က စတင်ဖွဲ့စည်းခဲ့ပါတယ်။

ဆန်းဂရုဏာ နာရေး ကူညီမှု အသင်းအား ဥက္ကဋ္ဌ ဦးဇော်ဝင်း၊ ဒုတိယ ဥက္ကဋ္ဌ ဒေါ်အေးမိ၊ အတွင်းရေးမှူး ဦးစန်းလှိုင်၊ ဘဏ္ဍာရေးမှူး ဒေါ်ကြည်ကြည်ဝင်း အပါအ၀င် အသင်းဝင် ၃၁ ဦး၏
လစဉ် စုပေါင်း ထည့်ဝင်ငွေ ၉ သောင်းကျော်နဲ့ အသင်းအား စတင် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း၊ နာရေးရှင်များ လာရောက် အကြောင်းကြားသည်နှင့် အသင်းမှ ကနဦး ထောက်ပံ့ငွေ ကျပ်
တစ်သောင်း ပေးမည်ဖြစ်ကြောင်း၊ ရုပ်အလောင်း သင်္ဂြိလ်ရန်ကိုမူ နာရေးကူညီမှု အသင်းသို့ မိမိတို့ အဖွဲ့မှ ဆက်သွယ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အသင်းရုံးခန်း ဖွင့်လှစ်သည့်
ဖေဖော်ဝါရီ ၅ ရက်က အသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းက ထည့်သွင်းပြောကြားသွားပါတယ်။

ဒါပေမယ့် ဆန်းဂရုဏာ နာရေးကူညီမှု အသင်းက အဲဒီလို နိဗ္ဗာန်ယာဉ် တောင်းခံတာကို နာရေးကူညီမှု အသင်း (ရန်ကုန)် က လုံးဝငြင်းပယ်လိုက်ကြောင်း ဇန်န၀ါရီ ၇ ရက် ညနေ ၎
နာရီအထိ ဆန်းဂရုဏာ နာရေး ကူညီမှုအသင်းမှ မသိရှိသေးတာ တွေ့ရပါတယ်။

ဆန်းဂရုဏာ နာရေး ကူညီမှု အသင်းသည် ၂၀၁၁ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြည်ထဲရေး ၀န်ကြီးဌာနသို့ အသင်းဖွဲ့စည်းခွင့်နှင့် မှတ်ပုံတင် လျှောက်ထားဆဲဖြစပြီး ၀န်ကြီးဌာန၏
အတည်ပြုချက်ကို ယနေ့အထိ မရရှိသေးကြောင်း သိရပါတယ်။
ပျက်အစဉ် ပြင်မရ

"ကွန်ပြူတာမှာ ပေါ်လာတဲ့ စာတန်း။


ဒီစာတန်းက MPT က ကိုယ် login လုပ်ရင် တက်လာနေကျ"

ရန်ကုန်က အင်တာနှေး သုံးစွဲသူတယောက် လှမ်းပြော လှမ်းပို့တဲ့ စာတွေပါ။

ဆက်သွယ်ရေး ၀န်ကြီး ဌာန (MPT) ရဲ့ အင်တာနက် Server အတိုက်ခံရတယ်၊ ဒါကြောင့် အင်တာနက် ဘ၀ကနေ အင်တာပျက် ဘ၀ အရှင်လတ်လတ် ရောက်သွားတယ် ဆိုတာ
ကြာလှပြီပဲ။ အောက်တိုဘာ ကတည်းက မဟုတ်လား။

၃ လကြာသွားပြီ။ နှေးလိုက် ပျက်လိုက် ဖြစ်နေတုန်းပဲ တဲ့။

နောက် ၅ နှစ်အကြာမှာ ဦးသိန်းစိန် သမ္မတအဖြစ် ထပ်အရွေးခံရချိန် ရောက်ရင်တော့ ပြင်လို့ ပြီးနိုင်ကောင်းပါရဲ့။


နေအဖွဲ့အစည်းသစ် တွေ့ရှိ

အမေရိကန် အကာသ စူးစမ်းလေ့လာရေး နာဆာအဖွဲ့က လွန်ခဲ့သောနှစ် ၂၀၁၀ ဒီဇင်ဘာလတွင် နေအဖွဲ့စည်းသစ်တွေ့ရှိချက်ကို ယခုနှစ်တွင် အတည်ပြု ထုတ်ဖော်လိုက်သည်။

အလွန်အားကောင်းသော အလင်းနှစ်အား၂၀၀၀ ရှိ နက္ခတ်ကြည့်မှန်ပြောင်း ကပ်ပလာ (kepler) ဖြင့် ကမ္ဘာ့မြေပြင်မှ အလွန်ဝေးကွာသော အကာသဟင်းလင်းပြင်တွင် အံ့ဩဖွယ်ရာ
နေအဖွဲ့အစည်းသစ်တခုကို တွေ့ရှိရကြောင်း သိရသည်။

ထိုနေအဖွဲ့အစည်းသစ်သည် နေကို ဗဟိုပြု၍ လည်ပတ်နေသော ဂြိုလ် ၆ ခု နှင့် အဝါရောင်ရှိသော ဂြိုလ်ရံငယ်တခု အပါဝင်နေကြောင်း၊ မည်သို့ တည်ရှိနေသည်ကို မသိရကြောင်း
ဆိုသည်။

နာဆာသိပ္ပံပညာရှင် Jack Lissauer က “အရင်တုန်းက နေအဖွဲ့အစည်းဆိုတာ ကျနော်တို့ ကမ္ဘာကလွဲလို့ မရှိသေးဘူးလို့ ယူဆကြတယ်။ အခုတော့ အံ့ဩဖွယ်ကောင်းအောင် ကျနော်တို့
နေအဖွဲ့အစည်းနဲ့ အလားသဏ္ဌာန်တူတဲ့ နေအဖွဲ့အစည်းရှိနေတဲ့ အချက်ဆိုတာပါပဲ။ ဂြိုလ်အားလုံးရဲ့ အရွယ်အစားကတော့ ကမ္ဘာရဲ့ ထုထည်အရွယ်အစားနဲ့ သိပ်မကွာဘူးလို့လည်း
သိရပြီး ပျမ်းမျှအရွယ်ကတော့ ယူးရေးနစ်ဂြိုလ်နဲ့ နက်ပကျွန်းဂြိုလ်တို့နှင့် အများဆုံးတူနိုင်တယ်” ဟု ထုတ်ဖော်သွားပါသည်။

ဝင်းလက်
http://www.irrawaddyblog.com/
စစ်မှုမထမ်းမနေရအမိန့်  နှင့် တတိုင်းတပြည်လုံးအတွက်အန္တရာယ် ( ဒေါက်တာလှိုင်မြင့် ) .......................
by San Maung on Tuesday, February 8, 2011 at 7:19pm
ကနေ့  န.အ.ဖ ဟာ...၂၀၀၈ နာဂစ်အခြေခံဥပဒေနဲ့ ..ကလိန်ကကျစ် အရှက်တရား အလွန်ကင်းမဲ့စွာ..အလွန်အရုပ်ဆိုးလှတဲ့ ရွေးကောက်ပွဲအတုအလိမ်ကိုကျင်းပပေးခဲ့ပြိး..တဖက်သတ်
အနိင်ယူထားယုံတောင် အားမရသေးဘဲ...နာဂစ်အခြေခံဥပဒေမှာ အတိအလင်းဆိုထားပြိးသား...ဥပဒေကို ပေါ်ပေါက်လာမဲ့ လွှတ်တော်က အတည်ြ့ပုပြိးရင် အဲဒီဥပဒေဟာ
အတည်ဖြစ်စေရမယ်ဆိုထားပါတယ် ။

အခု သန်းရွှေ ဟာ မြန်မာပြည်သူတွေအားလုံးကိ..(


ု -ီး ) ထင်တယ် လုပ်ပြလိုက်တာပါဘဲ ။ လွှတ်တော်ခေါ်ဖို့  ရက်ပိုင်းလောက်သာလိုတော့တဲ့အချိန်လေးမှာ..သူစိတ်ကြိုက်ဆွဲထားတဲ့
ဥပဒေကို ( ကိုယ်မွေးထားတဲ့ ဥပဒေ ) ကို ပြန်ပြိး မုဒိမ်းကျင့်ပြလိုက်တာပါဘဲ ။ မွေးလု ဆဲဆဲ မိခင်ဝမ်းဗိုက်ထဲက ( ကိုယ့်ရင်သွေး စစ်စစ် ) ခလေး ကို မုဒိမ်း ကျင့်လိုက်တာနဲ့ဘဲ
နိုင်းယှဉ်ရပါတော့မယ် ။ ရိုင်းတယ်လို့ ပြောလဲ ပြောကြပါ ။ သူဟာ ကနာမငြိမ(် desperate ) ဖြစ်နေတယ်ဆိုတာ ကို လှစ်ဟပြလိုက်တာလဲဖြစ်ပါတယ် ။
ဥပဒေကိုနားမလည်တာကိုလဲပြလိုက်တာပါဘဲ ။ ဥပဒေကို..မလေးစားရင်တောင် ဥပဒေကို နားလည်သူဆိုရင်..ဒီလောက်အထိ လုပ်ဝံ့ မှာ မဟုတ်ပါဘူး ။

ဥပဒေကို နဲနဲလေးမှ အလေးမထားသူ သန်းရွှေ ပါးစပ်က စည်းကမ်းပြည့်ဝသော ဒီမိုကရေစိ နိုင်ငံတော် ဆိုတာ ယုံကြသူတွေ...စဉ်းစားသာကြည့်ကြတော့ ။သူဟာ ကျနော်တို .့ .၁၉၈၈
တုံးကတော်လှန်ဖြုတ်ချခဲ့တဲ့ ( ဥိး )နေ၀င်း ထက် အလွန်နိမ့်ကျသူ..အောက်တန်းကျသူတဥိးဖြစ်တယ်ဆိုတာကို ပြလိုက်တာပါဘဲ ။ ဥိးနေ၀င်းဟာ ဥပဒေကို မလွန်ဆန်မိအောင်
အမြဲဆင်ခြင်ပါတယ် ။ သူဟာ နိုင်ငံတကာတွေကို နစ်စဉ်..လူကြိးလူကောင်းံပုံ့စံနဲ့ သွားလည်နေသူဆိုတော့...လူပြောမခံရအောင် ဆင်ဆင်ခြင်ခြင် ပြုမူပါတယ် ။
လူလည်ဆိုတော့..ဥပဒေကို မချိုးဖေါက်မိအောင် သတိထားတယ် ။ လည်လွန်းတော့..ဥပဒေကို သူလိုသလို ဆွဲ ကစားပါတယ် ။ ဥပဒေကို လက်တလုံးခြားလှဲ့ ကစားပါတယ် ။ ဒါပေမဲ
့..ဥပဒေမဲ့ မလုပ်ဘူး ။

ဒေါက်တာမောင်မောင် ကို အမြဲတိုင်ပင်တတ်ပါတယ် ။ သူလုပ်ချင်တာကိ...ဒီ


ု ယုံဖမ်းဖို့  ဒီခြုံ ပြင်လုပ်ပါတယ် ။

အခုဆောင်းပါးမှာ ကျနော် စာဖတ်သူများကို ရှင်းပြဖို့ လိုတာလေး ရှင်းပြပါရစေခင်ဗျာ ။

ပထမ တချက်က ...အာဏာရှင် ချင်းအတူတူ ဥိးနေ၀င်းကျတော့ ဥိးနေ၀င်းလို့ သုံးနုံးပြီ...သန်းရွှေကျတော့ ( သန်းရွှေ ) လို့ သုံးတာ..ဘက်လိုက်ရာ..ကိုယ်ထက်အသက်ကြိးသူကို
ရိုင်းဆိုင်းရာရောက်နေတာလေး ပထမ ရှင်းလင်းပါရစေခင်ဗျာ ။ ဥိးနေ၀င်းဟာ...<span>အသက်ခြောက်ပြည့်တာနဲ <
့ /span>..( တဖက်လှဲံ့  ) စစ်တပ်ကထွက်ပြိး..ဥိးနေ၀င်းလို
့တရားဝင်ပြောင်းခဲ့ပါတယ် ။ မကောင်းလဲ ဥိးနေ၀င်းဘဲပေါ့ ။ မြန်မာ့ ထုံးတမ်းအရ.ဥိးတပ်ခေါ်ရမှာပါဘဲ ။ အဲဒီလိုမခေါ်ရင် ကျနော်ဟာ..ထောင်ဝန်ထမ်းတွေလိုဘဲ...ဖြစ်နေပါမယ် ။
ဥိးနေ၀င်းဟာ..အဲဒီမှာကို ဥပဒေကို ဘယ်လောက်အလေးထားတယ်ဆိုတာ ပြလိုက်တာပါဘဲ ။

သန်းရွှေဟာ...အသက်ငယ်ငယ်နဲ့ ဒု-ဥိးစိးချုပ်ဖြစ်လာရတာဟာ....ဥိးနေ၀င်းရဲ့ ဥပဒေအပေါ်အလေးထားမှု ကြောင့်ရလာတာပါ ။ ဗိုလ်ချုပ်ကျော်ထင်..အသက်ခြောက်ပြည့်လို


့..ယူနီဖေါင်းချွှတ်ရတော့ သူ့ နောက် ဥိးစိးချုပ်လုပ်ရသူ နစ်ဥိးဟာ..( ၂..၃.) နစ်အကြာမှာ ထပ် အသက်ခြောက်ဆယ်ပြည့်လို့  ဥိးစိးချုပ် ခဏခဏ
ပြောင်းရတာ..နိင်ငံတော်လုံခြုံရေးအတွက် မကောင်းလို .့ .ဥိးစိးချုပ်စောမောင် အနားယူရင်..အချိန်ကြာကြာ ဥိးစိးချုပ်ခန့် နိုင်ဖို .့ ..အသက်ငယ်ရွယ်သူကို အရှာခိုင်းတော့...လူက ရိုးရိုးအအ
ဟန်ဆောင်ကအကောင်း....တိုင်းမှုး ဘ၀မှာကိ.ု .အိမ်မှာ တကယ်ကြက်မွှေးမြူရေးလုပ်တဲ့သူဆိုတော့...လူရိုးဘဲ ထင်ပြိး သူ့ ကိုရွေးလိုက်တာပါ ။

“တိုင်းပြည် အင်အားရှိဖို့ အရေးကြီးတယ်” (ကာတွန်း ဘီရုမာ)

သူကလဲ လူလယ်လေ ။ တပ်မှုးကြိးများညစာစားပွဲမှာဆိုရင်..ဘီယာကို မသောက်တတ်လေယောင်ဆောင်ပြိး...ဘီယာကိုဆော်ဒါရောသောက်ပြိး မှုးပြတယ်လေ ။ အဲဒီလို လူလယ် (


လူလိမ် ) မသောက်တတ်တာမဟုတ.် ..မသောက်တတ်ချင်ယောင်ဆောင်ပြတာ ..အယောင်တောင်တာဟာ ( လိမ်တာ ) ဘဲလေ ။ ဥိးနေ၀င်း ဥပဒေကို လေးစား လို့ သူ
ဥိးစိးချုပ်ဖြစ်လာတာကိုတောင် မထောက်ထားဘဲ....သူ့ အလှဲ့ ကျတော့..ဗိုလ်ချုပ်မှုးကြိး ဆက်လုပ်နေတာဟာ....သူကိုယ်တိုင.် .မြန်မာ့ဥပဒေ..တပ်မတော်ဥပဒေကို ..ထင်သလို
ချိုးဖေါက်နေတာဖြစ်ပါတယ် ။

ဒီနေရာမှာ...( ကျနော်ထောင်ထဲမှာဘဲ ..ရှိသေးတယ် ) ..ဥိးနေ၀င်းက...တကြိမ်မက..တ.စ.ည သူ့ တပည့်ဟောင်းတွေနဲ့


ဆုံတိုင်း..သန်းရွှေအကြောင်းပြောမိရာမှာ...ဟာဒီလူက..အာဏာက ဆင်းပေးတော့မှာမဟုတ်ဘူး...တို .့ .သန်းရွှေက အာဏာမက်နေတာမဟုတ်ဘူး ကြိုင်ကြိုင်က မက်နေတာ....ဖြုတ်ချမှ
ရတော့မယ်..ဆိုတာမျိုးပြောမိ..ပြောတတ်ပါတယ် ။ အဲဒါကို ကြိုင်ကြိုင်က အခဲမကျေတော့...လံကျုတ်ဇတ်လမ်းလုပ်ပြိးဖမ်းတာပါ ။

နောက်တခုက..တ.စ.ည တပ်မှုးဟောင်းကြိးတွေ ကတော်စောင်းကြိးတွေက ဥိးနေ၀င်းအာဏာမဂှိတော့ပေမဲ့ ..အဖေလို ကိုးကွယ်နေတာကို မနာလိုရှုစိမ့်တာလဲပါ..ပါတယ် ။


ပိုဆိုးတာက...သူတို့ တွေက..စန္ဒာဝင်းကိ.ု .လေးစားကြတာကို မခံချင်အဆုံး ပါဘဲ ။ ..၁၉၉၆ ခုနစ်..ဗိုလ်ချုပ်ကျော်ထင်နဲ့  ဗိုလ်ချုပ်စန်းယု..အာသုဘ
နစ်ခု..နစ်ရက်ဘခြားပြိး..တော်လှန်ရေးနေ့ ဝန်ကျင်မှာ ဖြစ်လိုက်တော့...မကြိုင်သွားးတာ...အများက သူ့ ကိုအလေးသိပ်မထား...မစန္ဒာ..မစန္ဒာ လုပ်နေတာ သိပြိး ဆက်မသွားတော့ဘူး ။
လှည့်ပြန်သွားပါတယ် ။ ဒီလောက်ဆ.ို .အမြင်ကျယ်သူတွေ သဘောပေါက်ပါပြီ ။

မ၀ယ်မနေရ၊ မလာမနေရ၊ မလုပ်မနေရ၊ မရေးမနေရ .... စစ်မှု မထမ်း မနေရ .....

“စစ်မှု မထမ်းမနေရ” (ကာတွန်း ဘီရုမာ - ဧရာဝတီဝက်ဘ်ဆိုက)်

ဒါပေမဲ့လမ်းမကြိးတွေမှာထောင်ထားတဲ့ ..ဆောင်ပုဒ်ကြိးတွေမှာ..( ဥပဒေကိုလေးစားပါ..လိုက်နာပါ ) ရေးထားတဲ့ ..ဆိုစကားတွေကိုလေးစားတာကြောင့်ကော..ကျနော်ဟာ


ဥပဒေကိုမချိုးဖေါက်ချင်လို .့ .ဥပဒေဘောင်လွန်ပြိး...ဗိုလ်ချုပ်ဖြစ်နေသူ ဘယ်သူကိုမဆိ.ု .ခင်ဗျားတို့ က ကြောက်လို့ ဘဲခေါ်ခေါ် ( ဘာအကြောင်းပြချက် ) နဲ့ဘဲခေါ်ခေါ်
..အဲဒီလိုခေါ်နေတာဟာ...ခင်ဗျားတို့ ကိုယ်တိုင် ဥပဒေကိုချိုးဖေါက်ရာရောက်နေပါပြီ ။

ဥပမာဗျာ...ဆရာဝန်အတုတယောက်ကို..ခင်ဗျားတို့ က အတုမှန်းလဲသိတယ်..ထားပါတော့ ဆရာ ဆရာနဲ့ ခေါ်ကြရင်..သူ


့အကြောင်းမှန်ကိုမသိသူတွေက..ဆရာဝန်အစစ်ထင်ပြိးအားကိုးတကြိး ကုမယ်..ဒုက္ခရောက်ရင် ချင်ဗျားတို့  ပယောဂ မကင်းသလိုပေါ့ ။ မစစ်မှန်သူကို မခေါ်သင့်တာကိ.ု .မခေါ်ဆိုဖို
့..ဘုရားဟောတွေထဲမှာကော...လက်ရှိဥပဒေထဲမှာလဲ ပြဒါန်းထားပြိးဖြစ်ပါတယ် ။

ဒီတော့ ကျနော်က ဥပဒေကို မချိုးဖေါက်နိုင်တော့...ဗိုလ်ချုပ်မှုးကြိး လို့ မပြောနဲ့အု့း..ဗိုလ်ချုပ်လို့ တောင် မခေါ်နိုင်ဘူး ။ တခါ ဥိးသန်းရွှေခေါ်ရအောင် သူကိုတိုင်က..သူ့ ကိုယ်သူ ဥိးသန်းရွှေ
လို့ မှ အသိအမှတ်မပြုသေးတော့..ခေါ်စရာ..တခုဘဲရှိတော့တယ်လေ ။ သူတို့ တပ်ထဲကလူတွေ ၀န်ကြိးတွေ ..သူ့ ကို ဥိးသန်းရွှေလို့ ခေါ်ဝံ့သူ ရှိရဲ့ လား ။ မျိုးပါကန်းသွားနိုင်တယ် ။
..ဒီတော့..သန်းရွှေ ဘဲပေါ့  ။

ဘွဲ့ ထူး ဂုဏ်ထူးတပ်ခေါ်ကျကြေးဆိုရင်...ဗိုလ်ချုပ်မှုးကြိးရာထူးကို ခိုးယူထားလေသူဆိုတော့...သူခိုးဗိုလ်ချုပ်မှုးကြိး လို့ ခေါ်ရမလား..ဗိုလ်ချုပ်မှုးသူခိုးကြိးလို


့ခေါ်ရမလား..အကြံသာပေးကြပါ ။

နောက် ဒုတိယ တခုရှင်းဖို့ လိုတာက..သူဟာ ဥပဒေကို ဘယ်လောက် (ေ-သာက် ) ရေးမလုပ်သလဲဆိုတာပါ ။ ၁၉၈၉ နစ်..မေလ..ဖွန်လလောက်မှာ..NLD လူငယ်တာဝန်ခ.ံ .စိုးသိမ်း နဲ့
မသီတာ..တို့ ကိုယ်ဝန်ဖျက်ချမှုပေါ်ပေါက်ခဲ့ပါတယ် ။ ဒီနေရာမှာ..အဖွဲ့ ချုပ်ဘက်က အားနည်းတာလေးပါထောက်ပြလိုပါတယ် ။ အဖွဲ ချုပ်ဖွဲ့ ခါစ ကာလ မှာ...အဖွဲ့ ချုပ်ဟာ..န.အ.ဖ ကို
ဟန်နဲ့ တော်လှန်ပြရဲသူကိုမှ ( ဆင်ဖမ်းမယ်...ကျားဖမ်းမယ်..မြွှေပွှေး ကစ်ဆင်ရိုက်မယ် ) ဆိုသူတွေက.ို .နိုင်ငံရေးသမားကောင်း..ခံယူချက်ပြည့်သူ ထင်ကြပုံရှိပါတယ် ။
အဲဒီလိုလူတွေကို နေရာပေးထားပါတယ် ။ ကျနော်က သူ့ ပုံတွေ စာမျက်နာပေါ်ပါလာတော့..( ဟာ..ဒီလိုဥပဓိ ရုပ်က သစ္စာရှိသူမဟုတ်ဆိုတာ တန်း ပြောနေမိပါတယ် )
မကြာပါဘူး..ကိုယ်ချစ်သူနဲ့ ရတဲ့ ကိုယ့်သားသမိးအရင်းကို ပြန်သတ်တဲ့ ( ဘီလူးထက်ဆိုးတဲ့လူစား ) လူယုတ်မာဆိုတာ သက်သေပြလိုက်ပါတယ် ။

အဲဒီမှာ ခင်ညွန့် တို့ က ခြုံထွင်ပါတော့တယ် ။ စိုးသိမ်းကော..မသီတာကိုကော..ကိုယ်ဖျက်ချပေးသူ..ဒေါက်တာဒေါ်ခင်ခင်( အသက် ရ၀-ခန့်ံ ) ကိုရော..ဒေါက်တာဒေါ်ခင်ခင်ဆီသွားလို


့..နံမည်လေးညွှန်းမိသ.ူ .ဒေါက်တာ ဥိးဌေးကြွယ် ( မြောက်ဥက္ကလာ ) အပြင်..ကားနဲ့ပို့ သူအပါအ၀င်..နေမကောင်းလို့ ဆေးကုပေးသူ..( ရိုးရိုးအဖျားကျဆေးကုပေးမိသူတွေကိုပါ )
အကုန်ဆွဲ ဖမ်းပါတော့တယ် ။ ပြိးမသီတာကိ.ု .ဗဟိုအမျိုးသမိးဆေးရုံကြိးမှာ...သားအိမ်အတွင်းအပြင်..ဆေးစစ်ပါတယ် ။ သားအိမ်ကို ဆေးစစ်ပါတယ် ။
ဗဟိုအမျိုးသားဓါတ်ခွဲခန်းမှာကော...( C.I.D မှုခင်းဌာန ) ဓါတ်ခွဲခန်းမှာပါစစ်ပါတယ် ။ နစ်ဌာနစလုံးမှာ..ဖျက်ချထားတဲ့ လက္ခဏာ..ဆေးဝါး..ဘာမှမတွေ့ ပါဘူး ။

ဒီတော့ ပြန်လွှတ်လိုက်ပါတယ် ။ ဒါပေမဲ့..တဖက်လှဲ့ နဲ့ စိုးသိမ်း နဲ့ မသီတာကို ပြန်ဖမ်းမယ်..လို့ ညာသံပေးလိုက်ပါတယ် ။ တောခြောက်တယ်ပေါ့ ။ ဒီတော့ ကိုယ်တော်ချောက
ပုန်းနေပါလေရော ။ အဲဒီမှာ စိုးသိမ်းအဖေပါဆိုပြိး..အဖွဲ့ ချုပ်ရုံးကို ဖုံးဆက်လာပြီး...စိုးသိမ်းအတွက်ပူပင်လို့ ဘာညာပေါ့ ။ ပြိးဥိးဝင်းတင်ကို တွေ့ ချင်တယ်ပေါ့ ။ ဥိးဝင်းတင်က
အစည်းအဝေးထဲမှာမို .့ .ဘာမှမပူပါနဲ့  စိတ်ချရတဲ့နေရာမှာ..စီစဉ်ထားပေးပါတယ်ပေါ့..( တဆင့် ) ပြန်ဖြေလိုက်တယ် ။

နောက် နစ်ရက်နေတော့...နံနက်စောစောစိးစိး ( ၄.၀၀ နာရိလောက် ) မှာ...ဒေါ်ခင်ခင်..ဥိးဌေးကြွယ်..အပါအ၀င် တပြုံကြိးကိုလာဖမ်းပြိး...မနက် ၈.၀၀ နာရိမှာ..တရားရုံးကို


စောဖွင့်ပြိး..တထိုင်ထဲ အမိန့် ချမှတ်လိုက်ပါတယ် ။ တခါချမှတ်လိုက်တဲ့အမိန့် ကလဲ...သူတို့ ကိုးကားတဲ့ ..ပုဒ်မ က..၃၇ ( ? ) ရာဇသတ်ကြိးပုဒ်မတွေ နဲ့ အကိုးအကားပါ ။
ဒါပေမဲ့ သူတို့ ကိုးကားတဲ့ ပုဒ်မက..ကိုယ်ဝန် ( ငါးလ အောက် ကိုယ်ဝန် ) ကို အများဆုံး..ထောင်ဒါဏ် ( ခြောက်လ ) ထက်မပိုစေရ ဆိုထားပါတယ် ။

သူတို့ ချလိုက်တာက..( ၁၀ ) နစ်ပါ ။ ဒီတော့ ကျနော်နဲ .့ .ဒေါက်တာ ဒေါ်ခင်ခင်ရဲ့ သား..ဒေါက်တာခင်မောင်လွင် တို့  အမိန့် ချမှတ်တဲ့ တရားသူကို သွားတွေ့ ပါတယ် ။
ဥပဒေစာအုပ်ကြိးနဲ့ ကိုင်ပြောတော့တာပေါ့ ။ အဲဒီမှာ တရားသူကြိး ( နံမည်တော့မေ့သွားပြီ ) က..မျက်စေ့မျက်နာပျက်ပျက်နဲ့  .( .ကျနော်ဘာမှ မသိရပါဘူး..အမှုက ဘာဆိုတာတောင်
မသိရပါဘူး...မနက် ၆.၀၀ နာရီ အိမ်လာနိုးပြိး..အရေးကြိးအမှု တခုစစ်ရန်ဆိုပြိး စစ်ကားနဲ့ လာခေါ်တယ် ။ ထိုင်ခိုင်းတယ်...ပြိး ..စာအိပ်တခုပေးပြိး..ဖတ်ခိုင်းတာပါဘဲ )လို
့ဝန်ခံပါတော့တယ် ။ ( တရားသူကြိးက ပြောလိုက်ပါသေးတယ်.ကျနော်တောင် ဘာမှန်းမသိဘဲ ဖတ်နေတာမှာ..အများဆုံး ခြောက်လသာ ချနိုင်တာကိ.ု .( ဆယ်နစ် ) လို့ ဖတ်မိပြိး..တန်
့သွားမိတာ ခင်ဗျားတို့ အားလုံး သတိထားမိလိုက်ကြပါတယ် ) ဆိုလာပါတယ် ။ ဟုတ်ပါတယ် ။ ဖတ်ရင်း တရားသူကြိး တန့် ကနဲ့ဖြစ်..ဟိုကြည်.့ .ဒီကြည့်ဖြစ်သွားပါတယ် ။

ဟုတ်ပါတယ် ။ မွေးခါနိးနိးကယ်ဝန်ကို ဖျက်ချရင်တောင်..အများဆုံးထောင်ဒါဏ်ကမှ...( ၃ ) နစ်ပါ ။ မသီတာကိုယ်ဝန်က..တလခွဲ ဘဲရှိသေးတော့..ထိုးဆေးထိုးပေးတာနဲ့တင် ပျက်ကျတဲ့


ကိုယ်ဝန်ပါ ။

အဲဒိတော့ တရားသူကြိးက...ဒါဟာ ဥပဒေ ဘောင်ကျော်တဲ့ဟာကို နိုင်ငံတော်အကြိးအကဲဆီစာတင်ပါဘဲ ညွှန်းလိုက်ပါတယ် ။ ဒီတော့ စောမောင်ဆိကော..သန်းရွှေ..ခင်ညွှန်


့အကုန်တင်တာပေါ့ ။ ဘာမှ အကြောင်းပြန်မလာတော့..အမျိုးတော်..( အဲဒီတုံးက ဗိုလ်မှုး ) ကိုကျော်သိန်း(ထောက်လှမ်း ) ဆီကိုသွားတွေ့ ပြိး..ခင်ဗျားတို .့ ကိုးကားထားတဲ
့..ရာဇသတ်ပုဒ်မ အရဆိုရင်..ခြောက်လ ထက်ပိုချ လို့ မရဘူး...ပြန်စဉ်းစားပေးပါတောင်းဆို ပါတယ် ။ ကိုယ်တော်...ဘာပြန်ပြောသလဲဆိုတော့...ဥပဒေစာအုပ်နဲ့လာကိုးကားတာမလုပ်နဲ .့ .
။ ပိုနာသွားမယ် ။ ကျုပ်တို့ က စစ်တပ် ဘယ်ဥပဒေမှ အရေးမလုပ်ဘူး ။ ကျနော်ကလဲ ဘယ်ရမလဲ..ဒါဆိ.ု .အမိန့် ထဲမှာထဲ့ရေးလိုက်လေ..ဥပဒေအရ ( ခြောက်ထက်မပိုရဆိုသော်လည်း..)
ဆိုတာထဲ့ရေးလိုက်လေ ချဲတာပေါ့ ။ ခင်ဗျား ပြန်ပါ..ကျုပ် သွားစရာရှိတယ်လုပ် အိမ်ပေါ်တက်သွားတော့ပါတယ် ။

အဓိက ကတော့..မင်းတို့ ..ရာဇသတ်ကြိးကို ( -ီး ) ထင်တယ်ပြောလွှတ်သလိုဘဲ ခံစားနေမိတုံးပါဘဲ ။. ရှင်းနေပြိ...ဥပဒေကို (ေ-ာက်ရေးကိုမလုပ်တာနော် ) ။အဲဒီမှာ ရှိသေးတယ် ။
စိုးသိမ်းတို့ ကို ဖမ်းပြိး..တဆက်ထဲ ဥိးဝင်းတင်က.ို .တရားခံပြေး ကို ကူညီ ၀ှက်ထားပေမှုနဲ့ ထောင်ဒါဏ် ( အများဆုံး ) ဆိုပြိး ( ၃ ) နစ်ချမှတ်လိုက်ပါတယ် ။ ဥိးဝင်းတင်ကို ဖမ်းချင်လို
့..ဆင်တဲ့ အမှု ။ မတရား..အထောက်အထားမခိုင်လုံဘဲ အကွက်ဆင်လိုက်တဲ့အမှု ။ူသူတို့ ကို ခြောက်လသာချပြိး..တရားခံ ကို ၀ှက်ပေးသူက.ို .( ၃ -နစ် )
ချရင်..ရုပ်ပျက်ဆင်းပျက်ဖြစ်နေမှာမို့ ..ဥပဒေကိုကျော်လွန်ပြိး..ဆယ်နစ်မောင်းလိုက်တာပါ ။

မပြိးသေးဘူး...၁၉၉၂ ကျတော့...နိုင်ငံတော်လွတ်ငြိမ်းခွင့်ဆိုပြိး...စိုးသိမ်းအပါအ၀င်..အားလုံးကို..နစ်နစ်ကျော်ဖမ်းထားရာကနေ လွှတ်လိုက်ပါတယ် ။ ( ၃ .နစ် ) မောင်းထားသူ


ဥိးဝင်းတင်ကို ဆက်ကာဆက်ကာ.အမှုဆင်လိုက်တာ...အနစ်..နစ်ဆယ်လောက် ဖြစ်သွားပါတော့တယ် ။

သန်းရွှေ က အဲဒီလို ဥပဒေကိ.ု .အလေးမထားတာ...ရှင်းတယ်နော် ။ တခါ အဖွဲ့ ချုပ်ဘက်က နာတာ...စိုးသိမ်း.. ( ကလေးဖျက်ချမှု ) ကိ.ု .၀င်မကူသင့်ပါဘူး ။ ကူတာ သူတို့ အမှား ။
ကူလို့ ဥိးဝင်းတင် ထောင်ချောက်မိသွားတယ် ။ စိုးသိမ်းက ထောင်က လွှတ်ပြိးတော့...နောက်ဆုံး..မန္တလေး..သပိတ်ကျင်းဘက်မှာ...ထွန်းကြည်အမျိုးတွေနဲ့ပေါင်း..ရွှေတွင်းလုပ်
ချမ်းသာနေပါတော့တယ် ။ ကိုယ်ကြိုးကိုဥိးစားပေးတဲ့လူစားကို ကူမိလျှက်ဖြစ်ခဲ့တဲ့ နစ်နာမှုတွေပါ ။

ကိုယ်ဝန်ဖျက်ချမှုဆိုတာ မြန်မာပြည်မှာ..ကိုယ်ဝန်ဖျက်ချလို့ ဖမ်းတယ်ဆိုတာ...မရှိသလောက်အမှုကိစ္စပါ ။ မလွှဲသာ..လူသေတာဖြစ်ပြိး..မဖုံးနိုင်မဖိနိုင်ဖြစ်ကာမှ အမှုဖြစ်ကြတာပါ ။


အဲဒီလိုဖမ်းမယ်ဆို၇င်..ရန်ကုန်မြို့ လယ်ခေါင်က နံမည်ကြိးသားဖွားခန်းကြိးတခုမှာဆိ.ု .နေ့ စဉ် ဖျက်ချနေတာ...ဆယ်ယောက်မကဘူး ။ တောင်ဥက္ကာလာ..အားကစားကွင်းဘေး.(
စစ်တပ်စွဲထားတယ်နော် ) ..တနေ့ တနေ့  အများကြိးဖျက်ချနေတာ. သတိပေးတာတောင် မလုပ်ပါဘူး ။

ထားပါတော့..

အခု စစ်မှုမထမ်းမနေရလုပ်လာပါတယ် ။ အခုမြန်မာနိုင်ငံမှာ...သူ့ ပါးစပ်ကဘဲ..ဘယ်ခေတ်ဘယ်အခါကမှ မရဘူးတဲ့ တိုင်းရင်သား..ဘယ်နစ်ဖွဲ့ နဲ


့ငြိမ်းချမ်းရေးရထားတယ်ပြောတာလဲ..ဒီပါးစပ်...အခု စစ်မှုမထမ်းမနေရကိ.ု .လွှတ်တော်က အတည်ပြုအောင်ထိအောင်တောင် မအောင့်နိုင်တာလဲ ဒီပါးပါဘဲ ။
အခုငြိမ်းချမ်းရေးရနေပါတယ်ဆိုပြိး ဘာလို့  စစ်မှုမထမ်းမနေရအပြင်..နိုင်ငံတကာမှာ ကျင့်သုံးခြင်းလုံးဝမလုပ်တဲ့ ဥပဒေကို ထုတ်ပြန်လိုက်တာ....စစ်မှုထမ်းပါမယ်လို
့နစ်စဉ်နစ်တိုင်း..စာတင်ရမယ် ။ မတင်ရင် ဖမ်းနိုင်းခွင့်ဆိုတဲ့ ဟာက..( ဒေါ်အောင်ဆန်းစုကြည့် ) တို့ ပြောပြောနေတဲ.့ .မတရားတဲ့ဥပဒေဟူသမျှ..တာဝန်အရဖီဆန်ကြ
ဆိုထားတာမှာ....ဒီဥပဒေဟာ...မတရားမှုတွေအားလုံးရဲ့  ထိပ်ခေါင်ပါဘဲ ။

ကဲ..မတရားတဲ့ဥပဒေဟူသမျှ တာဝန်အရ ဖီဆန်ကြဆိုသူတွေမှာတာဝန် ကျလာပါပြီ ။ ဒီဥပဒေအတည်ပြုလိုက်တာနဲ .့ .အလိုလ.ို .စစ်ကျွှန်ဖြစ်သွားပါပြီ ။ စာမတင်တာနဲ့တင်


ဖမ်းခွင့်ရှိသွားပါပြီ ။ စာတင်ပြန်ရင်လဲ..စစ်ထဲဆွဲ သွင်းခွင့်ပေးလိုက်ရပါပြီ ။ ( ရိုင်းရိုင်းပြောရရင်...စိတ်ထင်တိုင်း.( ဖ ) ချပါတော့လို .့ .ကုန်းပေးလိုက်ရတဲ့ဘ၀ ရောက်သွားပါပြီ ။
ရိုင်းတယ်မထင်ကြပါနဲ .့ ..တွေးကြည့်ရင် ရင်နာစရာအလွန်ဖြစ်ရလို့ ပါ ။

ပိုဆိုးတာ ပိုလူပါးဝထားတာက...မြန်မာပြည်မှာ အခုထက်ထ.ိ ..အမျိုးသမိး လက်နက်ကိုင်တပ်ဖွဲ့ မရှိသေးဘဲ..မြေပေါါ်မြေအောက်..သက်ရှိအားလုံး..ကျားမ-မရွေး ငါတို့ ထင်တိုင်း.( မုဒိမ်း


) ကျင့် ခွင့်ပြုရေးလုပ်လိုက်တာပါဘဲ ။

ဒါဘာရည်ရွယ်ချက်လဲ စဉ်းစားမိကြပါသလား ။ သူ့ တာ၈တ် ( TARGET ) က ဘာလဲ ။ ရှင်းပါတယ် ။ နိုင်ငံရေးလှုပ်ရှားတဲ့ လူငယ်တွေကိုရွေးဆွဲမယ် ။ တပ်ထဲမှာ မတရားတင်းကျပ်မယ်
။ မလိုက်နာနိုင် ရင် ( စစ်ဥပဒေ ) နဲ့ ထောင်ချပြစ်မယ် ။ စစ်ရုံးက ချမှတ်တာကို...လွှတ်တော်က ၀င်စွက်ဖက်ခွင့်မရှိစေရဆိုထားတယ်လေ ။ တချို့ ကိုရှေ့ တန်းပို့ မယ် ။
စစ်ကြောင်းချီတက်ခိုင်းပြိး..ရန်သူအတုနဲ့  အပြတ်ရှင်းမယ်လေ ။

စစ်မှုမထမ်းချင်လို့ ပြည်ပထွက်ချင်ဖို့ တောင် မကြာခင် စစ်မှုမထမ်းသေးရင် မထွက်ရနဲ့ ကန့် သတ်လာပါမယ် ။ ထွက်ပြန်ရင်လဲ မတရားအခွန်တောင်းပါတော့မယ် ။ လာမှာပါ မပူနဲ့  ။
စစ်မှုထမ်းပြိးသူက အခွန်တမျိုး..လုပ်လာပါမယ် ။ ကြံ့ ဖွတ်ထဲဝင်မယ်ဆို၇င်..စစ်မှုထမ်းတာမကျအောင် လုပ်ပေးမယ်တွေ လာပါမယ် ။

ဒီတော့...ဒီမတရားလှတဲ့ ( မတရားတကာတို့ ရဲ့ ထိပ်ခေါင်. ).မတရားလှတဲ့ဥပဒေကြိးကိ.ု .ဒေါ်အောင်ဆန်းစုကြည် နဲ့ ဥိးဝင်းတင်တို့ ဘယ်လို ရင်ဆိုင်ပါမလဲ ။
တတိုင်းတပြည်လုံးထဆူအောင် ဆွှပေးနိင်မလား ။

ကျနော်မြင်တာလေး....ဒေါ်အောင်ဆန်းစုကြည် အနေ နဲ့ အမြင်တူမယ်...လုပ်ပေးလိုက်ရင်...တတိုင်းတပြည်လုံးတင်မက..စစ်တပ်ကြိးတခုလုံးပါ ထဆူလာစေရပါမယ် ။ စစ်သားတွေရဲ


့လစာဟာ..အင်မတန် ( အာရှ မှာကို ) ရုပ်ပျက်ဆင်းပျက်နည်းနေပါတယ် ။ ဒေါ်အောင်ဆန်းစုကြည့်အနေနဲ .့ .စစ်သားတွေရဲ့ လစာကိ.ု .( ထိုင်းနိုင်ငံရဲ့  ထက်ဝက် ) လောက်ပေးနိုင်မဲ့
့နည်းလမ်းတွေကို ဆွေးနွေးပြိး..မီဒီယာတွေပေါ်တင်ပေးလိုက်ပါ ။ သန်းရွှေ ထွက်ပြေးစေရပါမယ် ။ စစ်သားတွေကို...ရာသက်ပန် ကျွှန်လို မတရားသဖြင့် စာချုပ်နဲ့ ချီနောင်တုတ်
ခိုင်း...စစ်မြေပြင်မှာသေတော့...အလောင်းတောခွေးစားတာ ခံရ ။ ကျန်ရစ်သူမိသားစုကတော့..နောက်ဆုံး..သူများမယားငယ် ခံကြရ..အများစုကတော့..ပြည်တန်ဆာဘဝ
ထဲရောက်သွားကြရတာတွေ ကိုစာရင်းကောက် ထုတ်ပြန်ပေးဖို့ လိုပါတယ် ။
၂၀၁၁ က ညစ်ပတ်စွာ ကြိုဆိုပါ၏
ဘီရုမာ Tuesday, 04 January 2011 17:42 ကာတွန်း

အလုပ်သမားတွေအတွက် အနိမ့် ဆုံးလုပ(် နေ့ စား လုပ်ခ ) ကို ဘယ်လောက်သတ်မှတ်သင့်တယ် ကြေငြာလိုက်ပါ ။ အလုပ်သမားထုကြိး ထဆူလာစေရပါမယ် ။ ချကြပါ
ပြောစရာမလိုပါဘူး ။ မဆူအောင်သူတို့ လစာတိုးပေးရရင်လ.ဲ .ကိုယ်လုပ်ပေးလို့ ဆိုတာ ပြည်သူတွေက ( အ အ ) တွေမှမတုတ်တာ သိတာပေါ့ ။ ဘယ်သူကြောင့်ငါတို
့အဆင်ပြေလာတယ်ပြောလာကြပါမယ် ။ သိပါတယ် ။

လစာ..နဲ့ လုပ်ခတိုးပေးလိုက်တာနဲ့  ..န.အ.ဖ ငွေပိုတွေ ဖေါက်ထုတ်ခံလိုက်ရတာပါဘဲ ။ သူတို့ အတွက် ( ဆုတ်လဲဆူး..စားလဲရူး DILEMMA ) ဖြစ်အောင်ကိုင်တတ်ရပါမယ် ။ အခု
အဖွဲ့ ချုပ်က စိးပွားရေးပိတ်ဆို့ တာကိ.ု ..ဆက်လုပ်ဖို့ တောင်းဆိုတာ..ပြည်သူတွေ ကိုမထိခိုက်ဘူးဆိုတာ ကတော့ ..မှားနေပါတယ် ။ န.အ.ဖ တွေကို ထိပါတယ် ။ သူတို့ ကို ထိ သွားလို
့ဘာမှမဖြစ်ပါဘူး ။ တနစ်ကို..ဒေါ်လာနဲ့..ဆယ်သန်းမမြတ်တာဘဲရှိမယ် ။ ဒေ၀ါလီ ခံစရာအကြောင်းမမြင်ပါဘူး ။ ပြည်သူတွေကို အလုပ်အကိုင် ရှားပါးနေရတဲ့အခါမှာ..ပြည်သူတွေကို
မထိခိုက်ပါဘူးဆိုတာဟာ....ကျနော် ပြည်သူတွေထဲ ကျင်လယ်လာခဲ့သူပါ ။ ထထြဲဝင်ဝင် တနေ့ လုပ် တနေ့ စားပြည်သူတွေကို တကယ်ကိုယ်တွေ့ မေးကြည့်ကြပါအု့း ။

အခု..ခေတ်က အမေရိကန်လုပ်ငန်းရှင်တွေက ၀င်လာချင်ရင်..တခြားတနိုင်ငံကနေ ၀င်လာလို့ ရနေတာဘဲ ။ အခုမြန်မာ ပစ္စည်းတွေလဲ ကြားခံနိုင်းငံတွေကနေ ထွက်နေတာဘဲ ။


မြန်မာလူထုက လုပ်ရပြိး လုပ်ခ ပိုနာတာဘဲ အဖတ်တင်တာပါ ။ အခု ထားဝယ်ရေနက်ဆိပ်ကမ်း ကို အဖွဲ့ ချုပ်က့ တားလို့ ရနိုင်မလား ။ ဒေါ်လာ..( ဘီလျှံပေါင်း ) ၁၂၀
အထက်ဝင်လာမှာပါ ။

နောက်တခုက တနေ့ တခြားမြန်မာတွေ ပြည်ပ ထွက်လုပ်တာ ပိုပိုများလာတာ..စိးပွားရေး ထိခိုက်တာရဲ့  ..အခက်အလက်တွေ မဟုတ်ပါဘူး ငြင်းချင်ပါသလား ။

အဖွဲ့ ချုပ်ဟာ..န.အ.ဖ ကို တကယ် က ပူးကပ်ပြိး သတ်ရမှာပါ ။ အလဲမထိုးနိုင်ရင် ပူးသတ်ရပါမယ် ။ န.အ.ဖ ဟာ အဖွဲ့ ချုပ်ကို ငဖယ်တေ တေလာခဲ့တာ အကြိမ်းပေါင်း များစွာ ။ အဖွဲ
့ချုပ်က န.အ.ဖ ကို ထိုးနက်နိုင်ခဲ့တာ မရှိသလောက်ပါ ။ တကယ်တော့ ..န.အ.ဖ ဟာ ဖန်( မှန် ) အိမ်ဆောက်ထားသူ နဲ့တူနေပါတယ် ။ အဖွဲ့ ချုပ်က..တဲအိမ်နဲ့  တူနေပါတယ် ။
မှန်အိမ်ထဲက လူက တဲအိမ်ကို ခဲ နဲ့ အကြိမ်ကြိမ် ထုနေတာကိ.ု .တဲအိမ်ကလူက ပြန်မထုရဲ တာပါ ။ အင်္ဂလိပ်အဆိုလေးရှိတယ် ။ မှတ်မိသလောက်လေး ရေးရရင် ( DO NOT
THROW STONES TO OTHERS , IF YOU LIVES IN A GLASS HOUSE ) ကိုယ်က မှန်အိမ်မှာနေရင် သူတပါးကို..ခဲနဲ့ မထုပါနဲ့ တဲ့ ။

န.အ.ဖ ဟာ.မှန်ပါးပါးလေးနဲ့ ဆောက်ထားသလိုပါဘဲ ။ မူဝါဒ ကမရှိ ။ အလိမ်တွေ အင်တွေ အညာတွေ ။ ဟိုနိုင်ကို တမျိုးပြော..ဒီနိုင်ငံကို တမျိုးညာ..နဲ့ လိမ်ညာဖါထေးနေရတဲ့
အခြေအနေပါ ။ တကယ် နိုင်ငံရေး အမြင် ကျယ်ကျယ် နဲ့ သု့းသပ်ပြိး ကိုင်တတ်ရင်...ကော့နေအောင်..အရှိုက်ကို ထိုးချလို့ ရပါတယ် ။ ကျနော် ၂၀၀၅ --ဒီဇင်ဘာ..ခရစ်စမတ်
ရက်ပိုင်း..VOA တိုက်ရိုက်လေလှိုင်း အစီအစဉ်ကနေ..ငါးမိနစ်မရှိပါဘူး..ပြောလိုက်တာလေး ( သူငယ်ချင်းဆရာဝန်ပါမောက္ခကြိးတွေ လစာ ဟာ.တလမှ..ဒေါ်လာအားဖြင့်.၁၂
ဒေါ်လာဘဲရတာ ကမ္ဘာသိအောင် လုပ်ပါလေးပြောလိုက်ပါတယ် ။)

န.အ.ဖ ဟာ..ချက်ချင်း..လစာတိုးဖို့ ဆုံးဖြတ်ရတယ် ။ ၂၀၀၆ ဘတ်ဂျက် နစ်အသစ်မှာ တိုးလိုက်တာ...တိုးပြိး..၉-လ အတွင်း စစ်ဗိုလ်တွေ..၁၁၀၀၀ ( တစ်သောင်းတစ်ထောင် )
ကျော်ဖြုတ်ရ..နောက်ဆုံး..လောင်စာဆီဈေးတင် ယူရတော့တာ..ကိုမင်းကိုနိုင်တို့ ..ပညာသားပါပါ...( ပါးပါးလေး ) လည်လှီးထဲ့ တာ ခံလိုက်ရပါတယ် ။ အဲဒီမှာလဲ..အဖွဲ့ ချုပ် ရဲ
့တိုက်ကွက.် .ကစားကွက်.. ထိုးနက်ချက် မပါခဲ့ပါဘူး ။ ကိုမင်းကိုနိုင်တို့ ကို ကျနော် တော်တော်လေးကို လေးစာသွားပါတယ် ။

အဲဒီတုံးက လစာတွေ တိုးပေးပြိးတာတောင်...ဆော်စရာတွေ ရှိနေပါတယ် ။ ကမောက် ကမ ဖြစ်နေတာတွေကို မီဒီယာကြိးတွေကို မေးပို့ ပါတယ် ။ ၀ိုင်းမဆော်ကြလို့ ပါ ။

ဥပမာ..တခု...လက်ထောက်ကထိက ( ဆရာဝန် ) တယောက်လစာဟာ..လစာတိုးပေးပြိးနောက်..၈၅၀၀၀ ( ကျပ် ) ။ ထားပါတော့ အိမ်ထောင်ရှိမယ် ။ သားသမိး နစ်ယောက်ဘဲထား ။


ကျောင်းစားရိတ်..အိမ်စားစရိတ်..ရေဖိုး..မိးဖိုး..ဘာညာ..မလောက်နိုင်ပါဘူး ။ ထားပါအုံး..ကားတစိးတော့ရှိတယ် ။ ကားအတွက် ဓါတ်ဆီခွဲတမ်းက..တလ..၈ါလံ ( ၆၀ ) ..အစိုးရဆိုင်က
ဓါတ်ဆီဈေးက ..တစ်ဂါလံ.၂၅၀၀-ကျပ်ဗျာ...သူရတဲ့ လခ က အစိုးရဆိုင်က ဓါတ်ဆီကို ထုတ်ဖို့ တောင် မလောက်ဘူးလေ ။ ဂါလံ ( ၆၀ ) ထုတ်ဖို့ ငွေ..၁၅၀၀၀၀-ကျပ်လိုနေတာလေ ။
အဲဒီလို ကမောက်ကမ ဖြစ်နေတာ..မီဒယာကြိးတွေ ဆီမေးပို့ ပါတယ် ။ ဘာမှအကြောင်းမပြန်ပါဘူး ။ အရေးမပါတာတွေ လို့ တောင် ပြောနေကြမလားမသိဘူး ။ ကျနော်ကိုတောင်
ငကြောင် လုပ်နေကြပါမယ် ။ ငါတို့ လို ကျွှမ်းကျင်သ.ူ .ပါရဂူကိုလာပြိး..အကြံပေးရအောင် ..မင်းကိုယ်မင်းဘာကောင်ထင်နေသလဲ လုပ်နေကြပါမယ် ။

၂၀၀၆ ထဲမှာ..အခု..ဘီဘီစီ မှာလုပ်နေသူတဥိးကတော့.( အသိပါ ) ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေတာလဲ ..ကောလာပါတယ် ။

အခု အဖွဲ့ ချုပ်က...စိးပွားရေးပိတ်ဆို့ တာကိုထောက်ခံရင်...ငတ်နေတဲ့ပြည်သူတွေ..က တမျိုးမြင်ကြပါမယ် ။ ကျနော် က တကယ်လုပ်စေချင်တာက..အဖွဲ့ ချုပ်အနေနဲ


့..စိးပွားရေးကိ.ု .ဖွင့်ပေးဖို .့ .အနောက်နိုင်ငံတွေနဲ့ ညှိစေချင်တယ် ။ ( ဒါပေမဲ့ ) ဒီ..ဒါပေမဲ့က အသက်ဘဲ ။ စက်ရုံတခုက..အလုပ်သမားတွေက.ို .တနေ့ လုပ်ခ..( အနိမ့်ဆုံး )..လေးဒေါ်လာ..နဲ
့ အလုပ်ချိန်က.ို ..ရှစ်နာရီ ..နဲ့  အလုပ်သမား..အခွင့်အရေးအာမခံတဲ့ ကုမ္မဏီ ဖြစ်မှတင်သွင်းခွင့်လက်ခံရမယ် ( ဆို တဲ့ ) ချက်ကလေးခံထားရပါမယ် ။

ပိုပိုလိုလ.ို ..တိုင်းပြည်မှာ ..ကိုယ့်ပြည်က ထွက်တဲ့ ( ဓါတ်ငွေ့ နဲ့  ) စွမ်းအင်ပေးနိုင်တဲ့တနေ့ မှ ဆိုတာပါ ထဲ့ထားလိုက်ပါလား...န.အ.ဖ ကော့သွားစေရမယ် ။ အလုပ်သမားတွေ လုပ်အာခ
တိုးလိုက်ရတာနဲ .့ စစ်သားတွေကို သူတို့ လစာတိုးပေးရပါတော့မယ် ။ တခုပြိးတခု..ဆင့်ကဲ ဆင့်က.ဲ ..ဒိုမီနို ကစားသလို ရိုက်ခတ်သွားစေရပါမယ် ။ ဘာမှတပြည်လုံး ထဆူစရာမလိုပါဘူး

ဒါကို န.အ.ဖ က ဆောင်းပါးနဲ့ တောင် ပြန် မရေးနိုင်စေရပါဘူး ။ ဒါကို ကန့် ကွက်ရင်တပြည်လုံး..ထဆူလာပါမယ် ။


အချုပ်အားဖြင့်...န.အ.ဖ က အခု တပြည်လုံးကို လည်မျိုညစ်လာပါပြီ ။ ဂဏန်းလက်မ က လည်မျိုကိုညှပ်ဖို့  လည်က.ို .ရောက်နေပါပြီ ။ မတရားမှု တကာတို့ ရဲ
့ထိပ်ခေါင်...ကမ္ဘာ့အဆိုးဝါးဆုံး..မတရားမှုကြိးပါ ။ အဖွဲ့ ချုပ်ရဲ့ ဆောင်ပုဒ်...မတရားတဲ့ အမိန်အာဏာဟူသမျှ...တာဝန်အရ ဖီဆန်ကြ ။ အဲဒီဆောင်ပုဒိကု ဖြုတ်လိုက်ပြီလို
့တော့မသိသေးပါဘူး ။ ရှိနေပါအုံးမယ် ။

အခု ဘာလုပ်ကြမလဲ ။ မှန်အိမ်ကို ခဲသေးသေးလေဒးနဲ့ ထုရင်က..(


ို ဂွမ် ..ချလွှမ် ) မြည်ပါမယ် ။ ထုမှာလား..ငုံ့ ခံနေမှာလား...ပြည်သူတွေက အကဲခတ်နေကြပါပြီ ။ အဖွဲ့ ချုပ်ရဲ့ 
နိုင်ငံရေး အသက်ဟာ..အခုဥပဒေ ပေါ်မှာ..ဘယ်လို တုံ့ ပြန်မယ်ဆိုတာပေးမှာ မူတည်နေပါပြီ ။ နိုင်င့ရေး အမြင်ရှိသူတွေက.ို .တပ်ထဲဆွဲသွင်းပြစ်မယ်ဆိုတာ နဲ့ ဟန့် ထုတ်ပစ်ဖို
့လုပ်လာတာပါ ။ ယောင်လည်လည် လုပ်နေလို့ မရတော့ပါဘူး ။

နောက်တခုက...နာဂစ်ဥပဒေဟာ....ပြင်လို့ မရအောင် ဘောင်ကွတ်ထားပါတယ် ။ ဒါပေမဲ့ အဲဒီဥပဒေကြိးကို အဖွဲ့ ချုပ်က ကစားတတ်ရင်..ပြိုကျသွားပါမယ် ။ ဘယ်လို ဖြိုရမယ်ဆိုတာ
န.အ.ဖ ဆိုတာ ဖျက်သိမ်းပြိးချိန်ကျရင် တင်ပြပေးပါမယ် ။ အခုနေ တင်လိုက်ရင် ကြိုကန်တာလုပ်လာနိုင်ပါတယ် ။ အဖွဲ့ ချုပ် ပါဝင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန် လွယ်လွယ်နဲ့ 
ဖြိုချနိုင်ပါမယ် ။

ကျနော်တို့ က ပြည်ပရောက်နေပါပြီ ။ ဒီမတရားလှတဲ့ ..ဘယ်နိုင်ငံမှာမှ မကျင့်သုံးတဲ့  ..ဒီဥပဒေကို တော်လှန်ဖို .့ .ကျနော်အားလုံးမှာ တာဝန် ရှိပါတယ် ။
နောက်ဆုံးဗျာ..မရရင်..ယုတ်မာပြရပါတော့မယ် ။ ယုတ်မာမှ ရမဲ့အခြေအနေ ရောက်လာရင် ယုတ်မာတာ မခက်ပါဘူးဗျာ ။ လွယ်ပါတယ် ။ လူလဲများများကို မလိုဘဲ..ယုတ်မာပြပါမယ် ။
ဒီနည်းကို လူတွေ ကို မပြကောင်းလို .့ .မြိုသိပ်နေတာပါ ။ မဖြစ်နိုင်လို့ မဟုတ်ပါဘူး ။

အားလုံးကို..တကယ်လို့ ကျနော်ရေးသားတာ ကြမ်းတယ်..ရိုင်းတယ်ထင်ရင်..နားလည်ပေးကြပါဗျာ ။ ကိုယ်ကိုက.ို .စစ်မှုထမ်းရမဲ့သူတယောက်နေရာကေန ၀င်စဉ်းစားပေးပါလို


့ပန်ကြားရင်း...

လှိုင်မြင့်

Share via bro Maung Maung Wann....

NLD ရပ်တည်ခွင့် ပယ်ဖျက်မှု လူ့အခွင့်အရေး ကောင်စီတိုင်မည်


ကျော်ခ | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၀၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားမဝင်အဖွဲ့ဖြစ်အောင် လုပ်မှုကို လူ့အခွင့်အရေး ချိုးဖောက်မှုအဖြစ် ပါတီခေါင်းဆောင်များက ကုလသမဂ္ဂ လက်အောက်ခံ
လူ့အခွင့်အရေး ကောင်စီသို့ တိုင်ကြားရန် စီစဉ်နေသည်။

လူ့အခွင့်အရေး ကောင်စီသို့ တိုင်တန်းရန် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ NLD ဥပဒေ အတိုင်ပင်ခံရှေ့နေကြီးများနှင့် တနင်္လာနေ့က ရန်ကုန်ရုံးချုပ်တွင် ဆွေးနွေးခဲ့ကြပြီး
နှစ်ပတ်အတွင်း တိုင်ကြားသွားမည်ဟု NLD ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေ ဦးကျော်ဟိုးကပြောသည်။

“NLD ပါတီ တရားဝင် ရပ်တည်ခွင့်ဆိုတာ အခြေခံ


လူအခွင့်အရေးလေ။ အဲဒါကို ရပ်တည်ခွင့်မရှိအောင် လုပ်တဲ့ အာဏာပိုင်တွေကတော့
လူအခွင့်အရေးချိုးဖောက်တာပေါ့နော်” ဟု ဦးကျော်ဟိုး က မဇ္ဈိမကို ပြောသည်။

ထို့ပြင် ၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များ၏ ရပိုင်ခွင့်၊


စစ်အစိုးရ ကတိပေးထားသည့် လွှတ်တော် ခေါ်ယူပေးရေးကိစ္စ အကောင်ထည်ဖေါ်ပေးခြင်း
မရှိမှုများမှာ လူအခွင့်အရေး ချိုးဖောက်မှုဖြစ်သည်ဟုလည်း သူက ပြောသည်။

“ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကို တိုက်ရိုက်တင်မယ်ဆိုတော့ သူတို့ ဘယ်လောက်ထိ


လုပ်ပေးနိုင် မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့ဟု” ဟု ဦးကျော်ဟိုးက ပြောသည်။

NLD ဆက်လက် ရပ်တည်နိုင်ရေး အထူးအယူခံကို နေပြည်တော် တရားရုံးချုပ်မှ တရားသူကြီးချုပ်


ဦးအောင်တိုးနှင့် ဒုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ အဖွဲ့ဝင် ဦးခင်မြင့်တို့က ဇန်နဝါရီ ၂၈ က
ပလပ်ခဲ့သည်။

စစ်အစိုးရက ဦးဆောင်ရေးဆွဲပြီး ၂ဝဝ၈ တွင် အငြင်းပွားဖွယ်ရာ အတည်ပြုခဲ့သော အခြေခံဥပဒေနှင့်


ရွေးကောက်ပွဲ ဥပဒေများကို “မတရား” ဆိုကာ အဓိက အတိုက်အခံပါတီက ရွေးကောက်ပွဲကို
သပိတ်မှောက်ခဲ့သည်။ NLD
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လက်ရှိပါတီခေါင်းဆောင်အချို့ကို ထုတ်ပယ်ရမည့် ပါတီတည်ထောင်ခွင့် ဥပဒေကြောင့် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံမတင်ရန်
ဆုံးဖြတ်ခဲ့ကြသည်။

ပါတီမှတ်ပုံခြင်း မပြုတော့သဖြင့် NLD တရားဝင်မှု ပျက်ပြယ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂ဝ၁ဝ စက်တင်ဘာ ၁၄ တွင် ကြေညာခဲ့သည်။

ပါတီဖျက်ခံရသဖြင့် မှေးမှိန်သွားမည်ကို စိုးရိမ်မှုများ ရှိနေသော်လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် လူမှုရေးလုပ်ငန်းများ၊


လူငယ်ကွန်ယက်များ လူထုကြားထဲ တိုးချဲ့သွားရန်ရှိသဖြင့် လူထုထောက်ခံမှု ပိုရရှိရန်သာရှိကြောင်း NLD ခေါင်းဆောင်များက ယုံကြည်နေသည်။

နေအိမ်အချုပ်တွင် ၁၄ နှစ်နီးပါး နေခဲ့ရသော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး နောက်တရက်တွင်ပင် ရွှေဂုံတိုင်လမ်း ရုံးချုပ်ရှေ့တွင် ဟောပြောပွဲလုပ်ရာ လူသောင်းနှင့်ချီ၍
တက်ရောက်နားထောင်ခဲ့ကြသည်။

NLD တရားဝင် ရပ်တည်ခွင့် ပလပ်ခံခဲ့ရသော်လည်း နိုင်ငံရေးနှင့် လူမှုရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေရာ အာဏာပိုင်များဘက်က ခွင့်ပြုထားသည်။

ကုလလူ့အခွင့်အရေးကောင်စီကို ၂ဝဝ၆ တွင် စတင်တည်ထောင်ခဲ့သည်။ ၁၄ နိုင်ငံမှ အဖွဲ့ဝင် ၄၇ ဦးကို ကောင်စီတွင် အမှုထမ်းရန် ရွေးချယ်ထားကြသည်။ ထိုင်းနိုင်ငံ အဖွဲ့ဝင်အဖြစ်
ပါရှိသော လက်ရှိ လူ့အခွင့်အရေး ကောင်စီ ၂ဝ၁၃ တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

လယ်သမား ၂၇ ဦး အသိမ်းခံလယ်များ ပြန်ရလို


ကိုပေါက် | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၈ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၀၉ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ် ကျီစုကျေးရွာမှ လယ်သမား ၂၇ ဦးသည် ကုမ္ပဏီ ၁၈ ခုက သိမ်းယူခဲ့သည့် ၎င်းတို့ပိုင် လယ်ဧက ၅ဝဝ ကို ပြန်ရလိုကြောင်း
၎င်းမြို့နယ်အတွင်းရှိ အရှေ့ပိုင်းခရိုင် ခယက ထံ တင်ပြခဲ့ကြောင်း ကာယကံများ အဆိုအရ သိရသည်။

၂ဝဝ၈ ခုနှစ်တွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန်ဟူသော အကြောင်းပြချက်ဖြင့် ဆိပ်ကမ်းမြို့နယ် ကျီစုကျေးရွာမှ လယ်သမား ၂၇ ဦး၏ လယ်ဧက ၅ဝဝ ကို စီးပွားရေးကုမ္ပဏီ ၁၈ ခုက
သိမ်းယူခဲ့ရာမှ ၎င်းတို့က ပြန်ရရေးအတွက် ယခုလ ၄ ရက်နေ့တွင် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

“သိမ်းတာကတော့ သူ့အပိုင်နဲ့ အပိုင်နဲ့ပေါ့။ ဧက ၅ဝဝ ထဲက သူ့အကန့်နဲ့သူပဲ ထားတာပေါ့။ လယ်ယာမြေတွေ သိမ်းလိုက်ကတည်းက အဘတို့မှာ ခြေမဲ့လက်မဲ့ဖြစ်ပြီး
စားရေးသောက်ရေးတွေက အခက်အခဲနဲ့ ကြုံနေရတယ်လေ” ဟု လယ်သိမ်းခံရသူ ကျီစုကျေးရွာမှ လယ်သမားကြီး ဦးငွေက မဇ္ဈိမကို ပြောသည်။

၎င်းတို့က စပါးကို အဓိက စိုက်ပျိုးခဲ့ကာ၊ ပဲတီစိမ်းနှင့် မတ်ပဲကို တနိုင်စိုက်ပျိုးခဲ့ရာမှ မတ်ပဲနှင့် ပဲတီစိမ်းများ စီမံကိန်းဖြစ် အကျိုးတူ စိုက်ပျိုးရန်အတွက် စီးပွားရေး ကုမ္ပဏီများက
သိမ်းယူခဲ့ခြင်း ဖြစ်သည်။

“မယက ဥက္ကဋ္ဌကြီးကနေ ခေါ်ပြီးတော့ လယ်သမားတွေဟာ ဆင်းရဲနွမ်းပါးတယ်။ ကုမ္ပဏီကြီးတွေက ခေတ်မီ စက်ယန္တယားတွေနဲ့ လာလုပ်ရင် လယ်သမားတွေ
စီးပွားရေးတိုးတက်လာမယ်။ သားသမီးတွေလည်း အဆင့်မြင့် ပညာတွေ သင်နိုင်မယ်ဆိုပြီးတော့ အစည်းအဝေးခေါ်ပြီး ပြောပါတယ်” ဟု လယ်သမားကြီး ဦးစိုးနိုင်က မဇ္ဈိမကို
ပြောပြသည်။

ဇုန် ၁ နှင့် ၂ ဟူ၍ ခွဲခြားထားပြီး အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကုမ္ပဏီ ၁၈ ခုတွင် ထိပ်တန်း စီးပွားရေးကုမ္ပဏီများဖြစ်သည့် ဦးဇော်ဇော်၏ မက်စ်မြန်မာ၊ ဦးဝင်းအောင်၏
ဒဂုန်အင်တာနေရှင်နယ်၊ ဦးဋ္ဌေးမြင့်၏ ယုဇန၊ ဦးတေဇ၏ ထူးထရေးဒင်း၊ ဦးဝင်းမြင့် (UMFCCI) ၏ ရွှေနဂါးမင်း ပါဝင်သည်။ ထို့အပြင် Green Asia ၊ ရွှေဟိန်းထက်၊ ဆင်းရွှေလီ ၁ နှင့် ၂၊
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ ဒီဇင်္ဘာ၊ ဝန်းရံခ၊ အမျိုးသား ကြီးပွား တိုးတက်ရေး၊ Good Brothers ၊ ပင်လယ်ကိုးသွယ်၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေး၊ မြတ်ရွှေဝါနှင့် ဧဒင်တို့လည်း
ပါဝင်သည်။

တကယ်တမ်း ပူးပေါင်းဆောင်ရွက်ရာတွင် အကျိုးမရှိသည့်အတွက် မိမိလယ်မြေကို ပြန်လည် ရယူ လုပ်ကိုင်လိုသည်ဟု ဦးငွေက ဆိုသည်။

“သူတို့ရဲ့ စိတ်နေသဘောထားနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်၊ သူတို့ခိုင်းတဲ့ အလုပ်တွေက လိုက်လုပ်ရတော့ အဘတို့ကတော့ အံမကျလို့၊ ဂွင်မကျလို့ လိုက်မလုပ်နိုင်ဘူးလေ။
သူတို့ခိုင်းတာကိုလည်း အဘတို့က မလုပ်နိုင်တော့ဘူး” သူက ပြောသည်။

၂ နှစ်ကျော်ကြာအထိ ထိုလယ်မြေများ၌ စီမံကိန်းရှင်းလင်းဆောင် ဆောက်လုပ်ထားပြီး၊ အချို့လယ်များတွင်သာ စိုက်ပျိုးရေးလုပ်ကာ လယ်အများစုမှာ မည်သည့်သီးနှံမှ စိုက်ပျိုးခြင်း


မရှိကြောင်း လယ်သမားများအရေး ကူညီပေးနေသည့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ အင်အားစုမှ ဒေါ်ခင်အေးက ပြောဆိုသည်။

လယ်ယာမဲ့ဖြစ်သွားသော လယ်သမားများမှာ နွားများကို ရောင်းစားရကာ ပန်းရံ၊ လက်သမား၊ အခစား လယ်ယာလုပ်သား စသည့် အလုပ်များကို လုပ်ကိုင်စားသောက်နေကြသည်။

လယ်သိမ်းယူမှုမှာ ဆိပ်ကမ်းမြို့နယ် ကျီစုကျေးရွာမှ ဧက ၅ဝဝ သာမက ဆိပ်ကမ်းမြို့နယ်မှပင် ညောင်ပင်၊ သရက်ပင်ချောင်၊ တောင်ဒဂုံမြို့နယ်ရှိ သုံးခွ စသည့် ကျေးရွာများမှ ဧက ၅ဝဝဝ
လည်း သိမ်းယူခံထားရသည်ဟု ဒေါ်ခင်အေး အဆိုအရ သိရသည်။

အသိမ်းခံလယ်များကို ပြန်လုပ်ခွင့်ရရန် အကူအညီတောင်းခံသူ တောင်သူပေါင်း ၁၈၄ ဦး ရှိပြီး၊ ရှေ့နေဦးဖိုးဖြူ၏ အလုပ်သမား/လယ်သမားသမဂ္ဂများ ဖော်ထုတ်ရေးအဖွဲ့ကလည်း
ကူညီလျက်ရှိကာ ယခုအဆင့်မှာ တိုင်ကြားသည့် အဆင့်သာဖြစ်ကြောင်းနှင့် တရားရင်ဆိုင်သည့်အဆင့် မရောက်သေးကြောင်း သူက ဆက်ပြောသည်။

ကျီစုကျေးရွာမှ လယ်သမားများ ၃၃ ဦးကို ဦးငွေ ဦးဆောင်၍ ပြီးခဲ့သည့်နှစ် ဒီဇင်္ဘာလ ၆ ရက်နေ့တွင် ခယက ရုံးထံ စတင်တိုင်ကြားခဲ့သေးသည်။

ထိုသို့တိုင်ကြားမှုများကို ပြည်ပမီဒီယာများ ထုတ်လွှင့်ကြသဖြင့် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ၊ သက်ဆိုင်ရာ ကုမ္ပဏီများနှင့် ခရိုင်ရုံးက ပြီးခဲ့သည့်လ ၁၄ ရက်နေ့တွင်
လာရောက်ဖြေရှင်းပေးခဲ့သည်။

“ခရိုင်နဲ့ မယက က လာပြီးတော့ လယ်ပြန်ယူမလား၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်မလားဆိုတဲ့ ပုံစံလေးတွေ ပါလာတယ်။ ဦးငွေတို့ရွာက ၃၃ ဦးက အကျိုးတူပူးပေါင်း
မလုပ်ကြတော့ဘူးပေါ့။ ကိုယ့်ဘိုးဘွားပိုင်လယ်တွေပဲ ပြန်လိုချင်ပါတယ်လို့ ဆန္ဒတွေပေး၊ လက်မှတ်တွေ ထိုးပေးလိုက်ကြတယ်” ဟု ဒေါ်ခင်အေးက ပြောသည်။

အဆိုပါ ဖြေရှင်းပွဲတွင် လယ်သမားများဘက်က လယ်ယာမြေ တန်ရာတန်ကြေး သို့မဟုတ် အစားထိုးမြေယာ ရလိုကြောင်း တင်ပြခဲ့ကြသေးသည်ဟု ၁၉ ရက်နေ့ထုတ် Popular News
ဂျာနယ်၌ ဖော်ပြပါရှိသည်။

“နိုင်ငံတော် စီမံကိန်းဖြစ်လို့ နိုင်ငံတော်ပိုင်တယ်။ စီမံကိန်းစတော့ လယ်တဧက (ကျပ်) ၂ သောင်း ပေးခဲ့တာဟာ ကရုဏာကြေး ဖြစ်တယ်။ လယ်ဖိုးပေးခဲ့တာ မဟုတ်ပါဘူး” ဟု
အိုးအိမ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဝင်းက ပြန်လည်ဖြေကြားခဲ့သည်ဟု ဆိုထားသည်။

ဤစီမံကိန်းမှာ မြန်မာနိုင်ငံ၏ ပထမဆုံးသော ခေတ်မီ စက်မှုလယ်ယာ စံပြစိုက်ပျိုးရေး အထူးဇုန်အဖြစ် ၂ဝဝ၈ ခုနှစ်ကတည်းက ချမှတ်လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
ပိန္နဲသီးအိုးမီး အိမ် ၁၅ လုံးပျက်စီး
မျိုးသိဏ်း | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၄ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မီးသွေးမီးဖိုပေါ်တွင် ပိန္နဲသီးအိုး တည်ထားရာမှ မီးလောင်ကျွမ်းသဖြင့် သင်္ကန်းကျွန်းမြို့နယ်တွင် လူနေအိမ် ၁၅ လုံး လုံးဝပျက်စီးသွားမှု အင်္ဂါနေ့က
ဖြစ်ပွားသည်။

ရန်ကုန်မြို့အရှေ့ပိုင်းရှိ သင်္ကန်းကျွန်းမြို့နယ်၊ ၁၆ ရပ်ကွက်၊ အပိုင်း ၄ ၊ သီတာရေစင်လမ်း၊ အမှတ် ၆ဝ၃ ဘီ နေအိမ် မီးဖိုမီးက မွန်းလွဲ ၁ နာရီ ၄၅ မိနစ် မှသည် ၁ နာရီကျော်ကြာ
ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

"
တန်ဖိုးဆိုရင်တော့ နည်းမှာ မဟုတ်ဘူးခင်ဗျ။ အကုန်လုံးက အောက်က အုတ်ခံ အပေါ်က
ပျဉ်ထောင်နဲ့ အာစီတွေပဲခင်ဗျ " ဟု လမ်းမှူးဖြစ်သူ ကိုအောင်သန်းက မဇ္ဈိမသို့ ပြောသည်။

" အကုန်လုံးကို ပျက်စီးသွားတာခင်ဗျ။ ကျနော့်အိမ်လည်း မီးလောင်တဲ့အထဲမှာ ပါသွားပါတယ်။


အခုပြောနေတာ မီးလောင်ထားတဲ့နေရာ၊ ပြာပုံပေါ်က ပြောနေတာခင်ဗျ။"ဟု သူက ဆက်ပြောသည်။

ရန်ကုန်တိုင်း ဗဟိုမီးသတ်တပ်ဖွဲ့ကလည်း မီးလောင်မှုကြောင့် အိမ်ခြေ ၁၅ လုံး ပျက်စီးသွားကြောင်း


ပြောသည်။

" မီးလောင်ရတဲ့ အကြောင်းက ပိန္နဲသီးအိုးကို မီးသွေးမီးဖိုနဲ့


တည်ထားပြီး မေ့လျော့ရာကနေ
လောင်တာလို့ သတ်မှတ်ပါတယ်။ " ဟု
တိုင်းဗဟိုမီးသတ်တပ်ဖွဲ့မှ
တာဝန်ရှိသူတဦးက မဇ္ဈိမကို
ပြောသည်။

၉ ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့နှင့်
မြို့နယ် အများအပြားမှ မီးသတ်ယာဉ်၊ ရေသယ်ယာဉ်နှင့် အုပ်ချုပ်မှုယာဉ် စုစုပေါင်း ၄၆ စီး သွားရောက်
ငြှိမ်းသတ်ပေးခဲ့ရကြောင်း မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်ယူနေဆဲ ဖြစ်ကြောင်း
တိုင်းဗဟိုမီးသတ်တပ်ဖွဲ့က ပြောသည်။

ပြီးခဲ့သည့်နှစ် ၂ဝ၁ဝ ခုနှစ် ဖော်ဖော်ဝါရီလ ၁၂ ရက် ကလည်း သင်္ကန်းကျွန်းမြို့နယ်အတွင်းရှိ သင်္ဃန်းကျွန်းဈေးတွင်


ဝါယာရှော့ခ်မှ စတင် မီးလောင်ကျွမ်းခဲ့ပြီး ဈေးရှိ ဆိုင်ခန်းပေါင်း ၈ဝဝ နီးပါးအနက် ၆၅၁ ဆိုင် ပျက်စီးခဲ့သည်။
သမ္မတက ဝန်ကြီးဌာန ၃၄ ခု တင်သွင်း
ဖနိဒါ | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၄၄ မိနစ်


ချင်းမိုင် (မဇ္စျိမ) ။ ။ မြန်မာနိုင်ငံ ပြည်ထောင်စု အစိုးရသစ်တွင် ပါရှိမည့် ဝန်ကြီးဌာန ၃၄ ခု၏ အမည်စာရင်းကို သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်တွင် အင်္ဂါနေ့က
တင်သွင်းလိုက်သည်။

စက်မှုလက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် သမ္မတရုံးဝန်ကြီးဌာနတို့ပါ အသစ်ပါဝင်လာသော သမ္မတ တင်သွင်းသည့် ဝန်ကြီးဌာနများ၏ အမည်စာရင်းများကို ပြည်ထောင်စု လွှတ်တော်
နာယက ဦးခင်အောင်မြင့်က ကြေညာပေးခဲ့သည်။

မဇ္ဈိမက စုံစမ်းရရှိထားသော ဝန်ကြီးဌာနစာရင်းတွင် ကာကွယ်ရေး၊


ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ နိုင်ငံခြားရေး၊ ပြန်ကြားရေး၊ လယ်ယာ၊ ဆောက်လုပ်ရေး၊ ဆက်သွယ်ရေး၊ အမျိုးသားစီးပွား၊
လူမှုဝန်ထမ်း၊ သစ်တော၊ ပို့ဆောင်ဆက်သွယ်ရေး၊ သတ္တု၊ အလုပ်သမား၊ ဟိုတယ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ အမှတ် (၁)
စက်မှု၊ အမှတ် (၂) စက်မှု၊ စွမ်းအင်၊ အမှတ် (၁) လျှပ်စစ်၊ အမှတ် (၂) လျှပ်စစ်၊ ပညာရေး၊ ယဉ်ကျေးမှု၊ သာသာနာရေး၊
သိပ္ပံ၊ လူဝင်မှုကြီးကြပ်ရေး၊ အားကစား၊ စက်မှုလက်မှုဖွံ့ဖြိုးရေးနှင့် သမ္မတရုံး တို့ပါဝင်သည်။

ဗုဒ္ဓဟူးနေ့တွင် ဝန်ကြီးဌာနများ ဖွဲ့စည်းမှုအပေါ် လွှတ်တော်မှ အဆုံးအဖြတ်ပေးရမှာ ဖြစ်သည်။ ထို့နောက် ခန့်အပ်မည့်


ဝန်ကြီးများကိုလည်း ကြေညာမှာ ဖြစ်သည်။

ဝန်ကြီးဌာနများကို ပြည်ထောင်စု လွှတ်တော်တွင် အမတ်များက ကန့်ကွက်လိုလျှင် လွှတ်တော်ရုံးသို့ စာဖြင့်


တင်နိုင်သော်လည်း ကန့်ကွက်မည့် လက္ခဏာမတွေ့ရဟု အစည်းအဝေး တက်ရောက်နေသော အမတ်တဦးက မဇ္ဈိမသို့
ပြောသည်။

ယနေ့ကျင်းပသော ၅ ရက်မြောက် လွှတ်တော် အစည်းအဝေးသို့ လွှတ်တော် ကိုယ်စားလှယ် ၆၅၉ ဦးထဲမှ ကြံ့ခိုင်ရေးနှင့်


ဖွံ့ဖြိုးရေးပါတီမှ အမတ်တဦး အရေးပေါ် ခရီးလွန်နေသဖြင့် ပျက်ကွက်ခဲ့သည်ဟု သူက ပြောသည်။

အသက် ၆၅ နှစ်အရွယ် ဦးသိန်းစိန်မှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး


သန်းရွှေ၏ သြဇာလွှမ်းခံရသူဟု အတိုက်အခံများက စွပ်စွဲကြသည်။

လွှတ်တော်အတွင်း မေးခွန်းနှင့် အဆိုတင်သွင်းရန် လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ပြည်ထောင်စုလွှတ်တော် နာယကထံ


မေးခွန်းများကို ၁ဝ ရက်၊ အဆိုတင်သွင်းမှုကို ၁၅ ရက် ကြိုတင်တင်သွင်းနိုင်ပြီး ထိုမှတဆင့် သက်ဆိုင်ရာ
ဝန်ကြီးဌာနများသို့ ပေးပို့ရမည်။
၉၉ွ
လွှတ်တော်အတွင်း ကြီးစိုးထားသော စစ်တပ် ကျောထောက်နောက်ခံ ပြုထားသည့် ကြံ့ဖွံ့ပါတီက ဂုဏ်ပြုညစာ
စားပွဲတရပ်ကို တနင်္လာနေ့က ကျင်းပခဲ့ရာ ကိုယ်စားလှယ် ၃၀၀ ကျော်တက်ရောက်ခဲ့သည်။

ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန်က လာမည့် ၅ နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ယခုကတည်းက အကောင်အထည် ဖော်သွားရန် ပြောကြားခဲ့သည်ဟု ပြောဆိုခဲ့သည်။

“ရွေးကောက်ပွဲ စည်းရုံးရေးဝင်နေတဲ့ အချိန်မှာ အရင်အတိုင်း ကတိပေးတာတွေ လုပ်ပေးဖို့ရယ်၊ အောက်ခြေ လူတန်းစားတွေကို တွေ့ထိပြီးတော့ သူတို့ရဲ့ လိုအပ်ချက်တွေ
ဖြည့်ဆည်းပေးဖို့ ကိစ္စတွေ၊ ကိုယ်ရောက်တဲ့နေရာမှာ တာဝန်ကျေအောင် လုပ်ဖို့ရယ်၊ မိမိရဲ့ မဲမရလို့ မအောင်တဲ့ နေရာတွေမှာ မိမိရဲ့ စည်းရုံးမှု ညံ့သွားလို့ ပျော့သွားလို့
ဖြစ်တဲ့အတွက်ကြောင့် အဲဒီနေရာတွေ ပိုပြီး စည်းရုံးပြီးတော့ အဲဒီနေရာတွေမှာ ပိုလုပ်ပေးဖို့၊ နောက် ၅ နှစ်အတွက်ကို အခုကတည်းက Plan ချပြီးလုပ်ဖို့ ဒါလေးတွေ မိန့်ကြားသွားပါတယ်”
ဟု အမတ်တဦးက မဇ္ဈိမသို့ ပြန်လည်ပြောပြသည်။

ထို့အပြင် ကြံ့ဖွံ့ပါတီ ဒုဥက္ကဋ္ဌများအဖြစ် သူရဦးရွှေမန်း၊ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ဦးတင်အေးတို့ကို တင်မြှောက်လိုက်သည်ဟု ကြံ့ဖွံ့ခေါင်းဆောင်တဦးက ပြောသည်။

ကြံ့ဖွံ့ ဥက္ကဋ္ဌ နေရာတွင် ပါတီအတွင်းရေးမှူးဖြစ်သူ လက်ရှိ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးဋ္ဌေးဦး ဖြစ်လာနိုင်ကြောင်း ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ
ဒေါက်တာ အေးမောင်က ခန့်မှန်းထားသည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတ၏ လုပ်ပိုင်ခွင့် ဥပဒေ အချို့
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၀၄ မိနစ်

ပြည်ထောင်စု ရှေ့နေချုပ်

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဖြစ်သည်။ သမ္မတက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၃၇ အရ အသက် ၄၅ နှစ်ပြည့်ပြီးသူ လွှတ်တော်ကိုယ်စားလှယ် သို့မဟုတ် လွှတ်တော် ကိုယ်စားလှယ်
မဟုတ်သူများကို ခန့်အပ်နိုင်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံး ၅ နှစ် ဆောင်ရွက်ခဲ့သူ၊ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁ဝ နှစ် ထမ်းဆောင် ခဲ့သူ၊ သို့မဟုတ် တရားလွှတ်တော် ရှေ့နေအဖြစ် အနည်းဆုံး
အနှစ် ၂ဝ အမှုလိုက်ခဲ့သူ၊ သို့မဟုတ် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသူဟု သမ္မတက ယူဆသူဖြစ်ရမည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ဥပဒေချုပ်တို့ဖြင့် ဖွဲ့စည်း သည်။


ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၉ နှင့် ၂ဝ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့် ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ တရားလွှတ်တော်တရားသူကြီးများနှင့် ဥပဒေ(ဘာလဲ)
ချုပ်များ၊ စာရင်းစစ်ချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌများကို သမ္မတက ခန့်အပ်နိုင်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၈ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ ဝန်ကြီးချုပ်က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ ဝန်ကြီးများကို
ခန့်အပ် နိုင်ကြောင်းလည်း တွေ့ရသည်။ လုံခြုံရေးနှင့် နယ်စပ်ရေးရာ တာဝန်ပေးအပ်မည့် ဝန်ကြီးများကိုမူ ကာကွယ်ရေး ဦးစီးချုပ်ကပေးသည့် တပ်မတော်သားများကိုသာ
ခန့်ရမည်ဖြစ်သည်။

သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်

ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၃၂။ ။ အရ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို သမ္မတက ထုတ်ပိုင်ခွင့်ရှိသည်။ အမိန့်ကို ပြန်ရုပ်သိမ်းခြင်း မရှိလျှင် ရက်ပေါင်း ၆ဝ အတွင်း
အနီးဆုံး ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ အတည်ပြုချက်ယူရမည်။ ရက်ပေါင်း ၆ဝ အတွင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမရှိလျှင် ပြည်ထောင်စုလွှတ်တော် အထူး
အစည်းအဝေးခေါ်၍ အတည်ပြုချက် ယူရမည်။

သမ္မတက အရေးပေါ်အခြေအနေ ကြေညာခြင်း

ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၈၅။ ။ အခြေအနေ ၃ ရပ်ကို အခြေခံ၍ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့်အမိန့်ဖြင့်
အရေးပေါ်အခြေအနေ ကြေညာနိုင်သည်။ ပုဒ်ခွဲ (ဂ) အရ နိုင်ငံတော်အာဏာကို အကြမ်းဖက်မှုဖြင့် ရယူရန် ဆောင်ရွက်၊ ကြိုးစားခြင်းကြောင့် ပြည်ထောင်စုနှင့်
တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေမည့်အခြေအနေရှိသည်ဟု ယူဆပါကလည်း ကြေညာမည်ဖြစ်သည်။

ပုဒ်မ ၈၇ အရ တပ်မတော်၏ အကူအညီကို ရယူနိုင်ပြီး စစ်အုပ်ချုပ်ရေးအမိန့်တရပ်လည်း ထုတ်ပြန်နိုင်သည်။ ကာကွယ်ရေးဦးစီးချုပ်အား အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်
ခွင့်များကို သတ်မှတ်ပေးနိုင်သည်။
ပုဒ်မ ၈၅ ပုဒ်ခွဲ ခ အရ ပြည်သူများ၏ အသက်စည်းစိမ်ကို ထိပါးနိုင်မည့်အခြေအနေရှိသည်ဟု ယူဆပါက ပုဒ်မ ၉ဝ အရ နိုင်ငံတဝန်းလုံးသို့ အမိန့်ထုတ်ပြန်သည့်နေ့ရက်မှ တနှစ်အထိ
အရေးပေါ် အခြေ အနေအဖြစ် ကြေညာမည်ဖြစ်သည်။ ယင်းဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်လက်သို့ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများကို
လွှဲအပ်ကြောင်း ကြေညာရမည်။ လွှဲအပ်သည့်နေ့မှစ၍ သမ္မတနှင့် ဒုသမ္မတများမှအပ သက်ဆိုင်ရာလွှတ်တော် များ၏ သဘောတူညီချက်ဖြင့် တာဝန်ပေးထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ဒေသဦးစီးအဖွဲ့ဝင်များအား တာဝန်မှ ရပ်စဲပြီးဖြစ်သည်။

လွှတ်တော်၏ အတည်ပြုချက်ယူရန်မလိုပဲ သမ္မတက တိုက်ရိုက်ဆောင်ရွက်နိုင်မည့် စာချုပ်နှင့် သဘောတူညီချက်၃ဝ

ပြည်ထောင်စု လွှတ်တော် ဆိုင်ရာဥပဒေ ပုဒ်မ ၅၉၊ ၆ဝ၊ ၆၁ တို့အရ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ စာချုပ် သဘောတူညီချက်၊ ကွန်ဗင်းရှင်းများကိစ္စ၊ ဆည်မြောင်း တာတမံနှင့်
စိုက်ပျိုးရေ ရရှိရေး လုပ်ငန်းများ၊ ရေနက် ပင်လယ်ဆိပ်ကမ်း တည်ဆောက် ရေး၊ လမ်းတံတားတည်ဆောက်ရေး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး၊ အခွန်ကိစ္စ၊ အနုမြူ
စမ်းသပ်မှုပိတ်ပင်ရေး၊ နိုင်ငံတော်အတွင်း ခိုလှုံခွင့်ပေးရေး၊ ရေကြောင်း လေကြောင်း သွားလာမှု၊ စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ ဖက် (စ်)၊ အီးမေး၊ အင်တာနက်၊ အင်ထရာနက်နှင့်
အလားတူ ဆက်သွယ်ရေးဆိုင်ရာကိစ္စ၊ သဘာဝစွမ်းအင် သယံဇာတ ပစ္စည်းများထုတ်ဖော်မှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး စသည်တို့ ဖြစ်သည်။
တရားစီရင်မှုကို ထောက်ပြရန် ဒေါ်စုက တိုက်တွန်း
ထွန်းထွန်း | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၈ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ တရားစီရင်မှု အားနည်းလျှင် ထောက်ပြပြောဆိုရန် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့တွင် လူငယ်များနှင့် တွေ့ဆုံစဉ်
တိုက်တွန်းခဲ့သည်။

ရန်ကုန်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် ပြည်နယ်နှင့်တိုင်း လူငယ်များနှင့် တွေ့ဆုံပွဲ၌ နိုင်ငံတဝှန်း ဥပဒေပုဒ်မများအတိုင်း တရားစီရင်မှု မရှိခြင်း၊
ဥပဒေနှင့်အညီ ဆောင်ရွက်ခွင့် မရခြင်းများကြောင့် ဥပဒေစိုးမိုးရေး လိုအပ်နေသဖြင့် ထောက်ပြပြောဆိုရန် တာဝန်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“တရားစီရင်မှု လုပ်ငန်းတွေမှာ ဘယ်လို အားနည်းမှုတွေ ရှိပေမယ်လို့ ကိုယ့်ဘက်ကတော့ မမှန်ဘူးဆိုတဲ့ အကြောင်းကို ထောက်ပြရမယ်။ တရားဥပဒေ စိုးမိုးမှုရှိအောင် ဒီနည်းနဲ့
ဆက်ပြီးသွားမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ” ဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့ပုံကို NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြန်ပြောပြသည်။

တွေ့ဆုံပွဲကို မနက် ၉ နာရီခွဲမှ စတင်ခဲ့ကာ ဧရာဝတီ၊ မကွေး၊ စစ်ကိုင်း၊ မွန်၊ ကရင် စသည့် တိုင်းနှင့် ပြည်နယ်များမှ ပါတီဝင်များသာမက အခြားလူငယ်များ စုစုပေါင်း ဦးရေ ၂ဝဝ ကျော်
တက်ရောက်ခဲ့သည်။

တရားရုံးများတွင် ဥပဒေပါအတိုင်း တရားစီရင်မှု မရှိပုံ၊ ဥပဒေနှင့်အညီ ဆောင်ရွက်ခွင့် မရပုံများကို ပြုပြင်ရန် လိုကြောင်း အပြန်အလှန် ဆွေးနွေးခဲ့သည်။ ထို့အပြင် လူငယ်များက
၎င်းတို့ကြုံတွေ့နေသည့် လူမှုရေးနှင့် ပညာရေး အခြေအနေများ၊ သောက်သုံးရေ အခက်အခဲ၊ စစ်မှုထမ်းဥပဒေ အကြောင်းများကို တင်ပြခဲ့ကြသေးသည်။

လူငယ်များနှင့် ပထမအကြိမ် တွေ့ဆုံပွဲကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် ထပ်မံတွေ့ဆုံကြဦးမည် ဖြစ်သည်။
သင်္ကန်းကျွန်း မီးငြိမ်းပြီ
မျိုးသိဏ်း | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၀၀ မိနစ်

သင်္ကန်းကျွန်း အမှတ် ၁၆ ရပ်ကွက်တွင် လောင်နေသည့် မီးအားငြိမ်းသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း တိုင်း ဗဟို မီးသတ်ဦးစီးဌာနက မဇ္ဈိမကို ပြောသည်။

"၁၄ နာရီ ၄၅ မိနစ်မှာ မီးငြိမ်းသွားပြီလို့ ကျနော်တို့ဆီကို သတင်းပို့ပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကတော့ ရီပို့တ်မတက်သေးပါဘူးဗျာ။" ဟု ဗဟိုမီးသတ်တာဝန်ရှိသူက
ပြောသည်။

အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့် ပြည်တွင်းသတင်းထောက်က အိမ်ခြေ ၁၅ လုံးခန့် မီးလောင် ပျက်စီးသွားကြောင်း မဇ္ဈိမကို ပြောသည်။

"လူနေအိမ်တွေချည်းပဲ လောင်သွားတာ အားလုံးဆို ၁၅ လုံးလောက်ရှိတယ်။ အခု ဒီမှာ မီးသတ်ကား ၃ စီးပဲ ကျန်တော့တယ်။ အခုတော့ မီးတောက်မရှိတော့ဘူး။ မီးခိုးကတော့
အူပြီးထွက်နေတယ်။ လူတွေတော့ ဝိုင်းအုံနေတုန်းပဲ။ လောင်သွားတဲ့ အိမ်တွေကတော့ အကုန်လုံးနီးပါးကို ပျက်စီးသွားတယ်။ ဝါယာရှော့ခ်က လောင်တာလို့ မီးသတ်တပ်ဖွဲ့ဝင်တွေ
ပြောနေကြတယ်ဗျ။" ဟု သတင်းထောက်က ဆိုသည်။
...................................................................

သင်္ကန်းကျွန်းတွင် မီးလောင်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်အတွင်းရှိ လူနေရပ်ကွက်တခုတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားနေကြောင်း သိရသည်။

သင်္ကန်းကျွန်းမြို့နယ်၊ ၁၆ ရပ်ကွက်၊ အပိုင်း ၄ ၊ သီတာရေစင်လမ်းတွင် မီးလောင်ကျွမ်းမှုတခု လက်ရှိ ဖြစ်ပွားနေကြောင်း ရန်ကုန်တိုင်း ဗဟိုမီးသတ်ဦးစီးဌာနက အတည်ပြုသည်။
"ဒါက ကျနော်တို့ဆီကို တက်လာတဲ့ သတင်းပို့ချက်ပါ။ ကျနော်တို့ သတင်းရတဲ့ အချိန်က ၂ နာရီ ၈ မိနစ်ပါ။ ဒီက ကားတွေ အကုန်ထွက်သွားပါတယ်။ ကားတွေ ပြန်မဝင်သေးပါဘူး။" ဟု
ဗဟိုမီးသတ်မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

အခင်းဖြစ်ပွားရာနှင့် အနီးဆုံးဖြစ်သည့် သင်္ကန်းကျွန်းမီးသတ်ဌာနက " မီးကတော့ ငြိမ်းသွားပြီလို့ သတင်းရပြီ။ မီးသတ်ကားတွေတော့ ပြန်မဝင်သေးဘူး။ မီးကြွင်းမီးကျန်တွေ
ငြှိမ်းနေရတုန်းပဲလို့ သတင်းပို့ထားပါတယ်ရှင့်။" ဟု ပြောသည်။

မီးသတ်တပ်ဖွဲ့ဝင်များ အခင်းဖြစ်ရာနေရာတွင်သာ ရှိနေသေးသဖြင့် မီးလောင်ကျွမ်းမှု ပမာဏ အနေအထားနှင့် မီးသတ်တပ်ဖွဲ့ဝင်အင်အား၊ အသုံးပြုသည့် စုစုပေါင်း မီးသတ်ကား
အရေအတွက်တို့ကို အတိအကျ မသိရသေးကြောင်း တိုင်းဗဟိုမီးသတ်နှင့် သင်္ကန်းကျွန်းမီးသတ် ဌာန ၂ ခုလုံးက ပြောသည်။
http://www.mizzimaburmese.com/home.html

လူ့အခွင့်အရေး တိုးတက်မှုတွေ ရှိလာဖို့ ပိတ်ဆို့မှု ဆက်ထားရှိမည်


By ဦးသားညွန့်ဦး အင်္ဂါ, 08 ဖေဖော်ဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
မြန်မာနိုင်ငံတွင်း စီးပွားရေး အကျပ်အတည်းတွေဟာ အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုကြောင့် မဟုတ်ဘဲ အစိုးရရဲ့ မှားယွင်းတဲ့ မူဝါဒတွေကြောင့်သာ ဖြစ်တယ်လို့ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်လိုက်ချိန်မှာ အမေရိကန် ပြည်ထောင်စုကတော့ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေကို ဆက်လက် ထားရှိသွားမယ်လို့ ပြောလိုက်ပါတယ်။ အခုလို
အရေးယူမှုတွေဟာ မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက
တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံတွင်း အပြောင်းအလဲတွေ မယ်မယ်ရရ မတွေ့ရသေးတာကြောင့် အမေရိကန် ပြည်ထောင်စု အနေနဲ့ နဂိုချမှတ်ထားတဲ့ မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှုတွေကို
ရုတ်သိမ်းဖို့ မရှိသေးဘူးလို့ တုံ့ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ကြည့်ရင် အမေရိကန် ပြည်ထောင်စုက လက်ရှိ ချမှတ်ထားတာဟာ
အပြင်းထန်ဆုံးလို့ ပြောရမှာပါ။
အထူးသဖြင့် စစ်အစိုးရ စစ်တပ် အကြီးအကဲတွေနဲ့ သူတို့ မိသားစုဝင်တွေ၊ သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေကို ပစ်မှတ်ထားပြီး ငွေကြေးနဲ့ ခရီးသွားလာခွင့် ပိတ်ဆို့
အရေးယူထားတာတွေ ပိုပြီး ထိရောက်တယ်လို့ အတိုက်အခံ ဒီမိုကရေစီ အင်အားစု အတော်များများက ယူဆပါတယ်။ ဒါပေမဲ့လည်း ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ တားမြစ်တဲ့
အရေးယူမှုဟာ မြန်မာလူထုကို ထိခိုက်စေသလို ပစ်မှတ်ထား အရေးယူမှုဟာလည်း ထင်သလောက် ထိရောက်မှု မရှိဘူးလို့ ဝေဖန်သံတွေလည်း အတော် ကျယ်လောင်ခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ မြန်မာ့စီးပွားရေး အကျပ်အတည်းတွေဟာ ဒီ အရေးယူ ဒဏ်ခတ်မှုတွေကြောင့် မဟုတ်ဘဲ စစ်အစိုးရ ကိုယ်တိုင်ရဲ့ မူဝါဒ
လမ်းညွှန်မှုတွေကြောင့်သာ ဖြစ်တယ်လို့ အပြစ်တင်ပါတယ်။
အမေရိကန် ပြည်ထောင်စု အနေနဲ့တော့ လက်ရှိ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်လာအောင် ဖိအားပေးဖို့ အရေးယူမှုတွေကို ဆက်ထားရှိမှာ ဖြစ်တယ်လို့ အမေရိကန်
နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
“မြန်မာအာဏာပိုင်တွေ အနေနဲ့ ထင်သာမြင်သာတဲ့ အရေးယူ ကိုင်တွယ်ဖြေရှင်းမှုတွေ လုပ်ဆောင်ဖို့ ဖိအားပေးတဲ့ အနေနဲ့ ဒီ အရေးယူ ဒဏ်ခတ်မှုတွေကို ဆက်ထားရှိပါမယ်။ အမျိုးသား
ပြန်လည်သင့်မြတ်ရေး အတွက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ဖို့
နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ အမေရိကန် ပြည်ထောင်စုတို့က လိုလားပါတယ်။”
ဒါပေမဲ့လည်း အရေးယူမှုကြောင့် လူထုကို ဘယ်လောက် ထိခိုက်စေသလဲ ဆိုတာတွေကိုလည်း အမေရိကန် ပြည်ထောင်စု အနေနဲ့ မပြတ် အမြဲတမ်း လေ့လာနေတယ်လို့လည်း
ပြောပါတယ်။
“ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုဟာ ဘယ်လောက်အထိ ထိရောက်သလဲ ဆိုတာနဲ့ ဘယ်လောက်အထိ ထိခိုက်စေသလဲ ဆိုတာတွေကို ဒီမိုကရေစီ အတိုက်အခံ အုပ်စုတွေ၊ တိုင်းရင်းသား
လူနည်းစုတွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွေနဲ့ ပုံမှန်မပြတ် ဆွေးနွေးတိုင်ပင်မှု ရှိပါတယ်။”
တကယ်တော့ လွှတ်တော်တွင်း ၀င်ရောက်တဲ့ နိုင်ငံရေးပါတီ အတော်များများ၊ ကိုယ်စားလှယ် အတော်များများက စီးပွားရေး ပိတ်ဆို့မှုတွေကို ပြန်လည်စဉ်းစားဖို့ ပန်ကြားထားတာပါ။
USCB အမေရိကန် ပြည်ထောင်စု အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကိုအောင်ဒင်ကတော့ တိုင်းပြည် စီးပွားရေး ပြဿနာကို ကြည့်မယ်ဆိုရင်
စီးပွားရေး ပိတ်ဆို့မှု တခုတည်းကို ဇောင်းပေးပြောဆိုနေတာ မလုပ်သင့်ဘူးလို့ ဝေဖန်ပါတယ်။
“တကယ့် တိုင်းပြည်ရဲ့ ပြဿနာတွေကို သေချာစဉ်းစား သုံးသပ်ပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်ဖို့ လိုပါတယ်။ တကယ်ကိုပဲ လူထုအကျိုးစီးပွား ဦးစားပေးကြမယ်ဆိုရင်၊ လက်ရှိကာလမှာ
နအဖ စစ်အုပ်စုရဲ့ မတရားသဖြင့် အာဏာကို သိမ်းပိုက်ထားမှုတွေ၊ မမျှမတ စီမံခန့်ခွဲမှုတွေ၊ ကိုယ်ကျိုးရှာမှုတွေ၊ လာဘ်စားမှုတွေ စသဖြင့်ပေါ့၊ အလွဲသုံးစား လုပ်မှုတွေ၊ မှန်ကန်တဲ့ ဥပဒေ
ပြဋ္ဌာန်းချက်တွေ မရှိတာ၊ ဒါတွေအားလုံးက တိုင်းပြည်ရဲ့ စီးပွားရေး ချွတ်ခြုံကျမှုကို ဦးဆောင်နေတာပါ။
“တိုင်းပြည်ရဲ့ စီးပွားရေး ပြဿနာကို ကြည့်မယ်ဆိုရင် Sanction ကို အဓိကထား ကြည့်ရမယ့်အစား ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ မတရားမှုတွေ၊ ပြဿနာတွေကို အရင်ဆုံး
အဖြေရှာရမှာပါ။ အဲဒီလို အဖြေရှာဖို့အတွက် သူတို့ကိုယ်နှိုက်က နအဖစစ်အုပ်စုကိုရော၊ အခုတက်လာမယ့် ပုံသဏ္ဌာန် ပြောင်းသွားမယ့် အစိုးရသစ်ကိုရော ပွင့်ပွင့်လင်းလင်း ဝေဖန်
ထောက်ပြဖို့ လိုပါတယ်။ အဲဒီလို ပြည်တွင်းမှာတော့ တကယ်တမ်း တာဝန်ရှိတဲ့ စစ်အုပ်စုကို တိုက်ရိုက် မပြောရဲဘဲနဲ့ နိုင်ငံတကာ Sanction တွေကို လာပြီး ဦးစားပေးနေမယ်ဆိုရင်
သူတို့ရဲ့ လူထုအပေါ် သစ္စာရှိတယ်၊ ယုံကြည်တယ်ဆိုတဲ့ အချက်အလက်တွေကတော့ အင်မတန် သံသယရှိစရာ ဖြစ်ပါလိမ့်မယ်။”
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ အရေးယူ ဒဏ်ခတ်မှုရဲ့ ရိုက်ခတ်မှုတွေကို လေ့လာသုံးသပ်ရာမှာ စီးပွားရေး ပိတ်ဆို့မှုတွေကို ဝေဖန်တာတွေဟာ
တိုင်းပြည်အတွင်း လတ်တလော ဖြစ်နေတဲ့ အဓိက ပြဿနာရပ်တွေကနေ အာရုံလွှဲမှု ဖြစ်စေတယ်လို့ သုံးသပ်ပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေဟာ တောင်းဆိုချက်တွေကြောင့်
မဟုတ်ဘဲ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ စဉ်းစား ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့လည်း ထောက်ပြသလို အဲဒီနိုင်ငံတွေက စိုးရိမ်နေတဲ့ မြန်မာနိုင်ငံတွင်း ပြဿနာရပ်တွေကို ကိုင်တွယ်
ဖြေရှင်းခြင်းကသာ ပိတ်ဆို့မှုတွေကို ဖယ်ရှားနိုင်မယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေ အတွက်လည်း စီးပွားရေး ပိတ်ဆို့မှု လုပ်ထားတဲ့ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ
လုပ်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။

မြန်မာကို ပိတ်ဆို့မှု အမေရိကန်နဲ့ ကနေဒါ ရုပ်သိမ်းဖို့ အစီအစဉ်မရှိ


By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 08 ဖေဖော်ဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုပြီး စစ်အစိုးရက လူ့အခွင့်အရေး လေးစား လိုက်နာရေး၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးရေး၊ ဒီမိုကရေစီ
အင်အားစုတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အနှစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေအတွက် အခိုင်အမာ အရေးယူ ဆောင်ရွက်တာတွေ လုပ်လာအောင် တွန်းအားပေးတဲ့ အနေနဲ့
အမေရိကန် ပြည်ထောင်စုက တားဆီး ပိတ်ဆို့မှုတွေကို ဆက်လက် ထိန်းထားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဒီနေ့ ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေး ချွတ်ခြုံကျနေရတာဟာ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်နေတဲ့ စစ်အစိုးရ အပေါ်မှာ အခိုင်အမာ မူတည်နေတယ် ဆိုတာကို ကနေဒါ နိုင်ငံခြားရေး
ဝန်ကြီးဌာနက သဘောတူတဲ့အကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကနေဒါနိုင်ငံက စစ်အစိုးရအပေါ် အပြင်းထန်ဆုံး ဒဏ်ခတ်ထားတာကို ရုပ်သိမ်းပေးဖို့ အစီအစဉ် မရှိကြောင်း၊ မြန်မာနိုင်ငံမှာ လွတ်မြောက်ရေး၊ လူ့အခွင့်အရေး လေးစား လိုက်နာရေး၊
ဒီမိုကရေစီရေးတွေ ဖြစ်ထွန်း တိုးတက်အောင် နိုင်ငံတကာ မိတ်ဆွေတွေနဲ့အတူ ဘယ်လို ကူညီနိုင်မလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်၊ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တခြား
ဒီမိုကရေစီ အင်အားစုတွေနဲ့ ဆွေးနွေးမယ့် အစီအစဉ်ကို ကြိုဆိုပါကြောင်း ကနေဒါ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး လေ့လာသုံးသပ်ချက်
တစောင်ကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့အပေါ် အမေရိကန် ပြည်ထောင်စုက အခုလို မှတ်ချက်ပေးလိုက်တာပါ။
မြန်မာနိုင်ငံမှာ စီးပွားရေး ပိတ်ဆို့မှုဆိုင်ရာ စည်းကမ်းချက်တွေကို ဘယ်အချိန်မှာ ဘယ်လိုအခြေအနေတွေ အောက်ကနေပြီး ပြုပြင် မွမ်းမံနိုင်မယ် ဆိုတာကို သဘောတူညီမှု ရရှိနိုင်အောင်
အမေရိကန် ပြည်ထောင်စု၊ EU ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၊ ကနေဒါ၊ နယူးဇီလန်နဲ့ သြစတြေးလျ နိုင်ငံတို့ကို ညှိနှိုင်း ဆွေးနွေးသွားဖို့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က
တောင်းဆိုမယ်လို့ သူတို့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီလိုစဉ်းစားရာမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တောင့်တင်းခိုင်မာတဲ့ စီးပွားရေး အခြေအနေတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
အများရဲ့ လေးစားမှုကို ခံယူရရှိပြီးဖြစ်တဲ့ ပညာရှင်အဖွဲ့ တခုကနေ စီးပွားရေး ပိတ်ဆို့မှုတွေရဲ့ အကျိုးအပြစ်တွေကို လေ့လာ ဆန်းစစ်ပေးနိုင်မယ်ဆိုရင် အဲဒီဆွေးနွေးမှုတွေဟာ အများကြီး
အထောက်အကူပြု၊ အကျိုးဖြစ်စေမယ်လို့ NLD ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စု မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (USCB) ကလည်း စစ်အစိုးရအပေါ် တားဆီး ပိတ်ဆို့မှုတွေကို အပြည့်အ၀ အကောင်အထည်ဖော်ဖို့ လိုနေသေးကြောင်း
စစ်အစိုးရရဲ့ နိုင်ငံခြားငွေ ဘဏ်စာရင်းတွေကို ပိုပြီး ထောက်လှမ်းရင်းနဲ့ ချိတ်ပိတ်ဖို့ ဆက်လုပ်ဖို့ လိုအပ်နေသေးတယ်လို့ ဗွီအိုအေကို ပြောပြပါတယ်။
တချိန်တည်းမှာပဲ Burma Campaign (UK) ဗြိတိန်နိုင်ငံ မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ကလည်း EU ဥရောပသမဂ္ဂ အနေနဲ့ ဧပြီလမှာ သက်တမ်းကုန်ဆုံးမယ့် စစ်အစိုးရ
ခေါင်းဆောင်ပိုင်းအပေါ် ပစ်မှတ်ထားပြီး ဒဏ်ခတ်တာတွေကို သက်တမ်းတိုးပြီး ဆက်လက် ထိန်းသိမ်းထားသင့်တယ်လို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။
ပြုပြင်ပြောင်းလဲရေး ကမ်းလှမ်းပေမဲ့ အီဂျစ် ဆန္ဒပြမှု အားကောင်းဆဲ
By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 08 ဖေဖော်ဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
အီဂျစ်သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) က ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ကော်မတီတွေကို ဖွဲ့စည်းမယ်လို့ ဆုံးဖြတ်လိုက်ပေမဲ့လည်း အီဂျစ်မြို့တော်
ကိုင်ရိုက တဟီရီ ရင်ပြင်မှာတော့ သမ္မတ မူဘာရက်ခ် ချက်ချင်း ရာထူးက နှုတ်ထွက်ဖို့ တောင်းဆို ဆန္ဒပြနေသူတွေကတော့ ထောင်နဲ့ သောင်းနဲ့ ချီပြီး အင်အားကောင်းကောင်းနဲ့ မနေ့က
ရှိနေခဲ့ပါတယ်။
ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမဲ့လည်း ဆန္ဒပြလာကြတာ ၁၅ ရက် ရှိလာပါပြီ။
သမ္မတ မူဘာရက်ခ်က နောက်တကြိမ် သမ္မတ ရွေးကောက်ပွဲမှာ သူ ထပ်ပြီး အရွေးမခံတော့ဘူးလို့ ကြေညာထားပါတယ်။ နောက်တကြိမ် ရွေးကောက်ပွဲက စက်တင်ဘာလကျရင်
ကျင်းပမှာပါ။
သမ္မတ မူဘာရက်ခ်ရဲ့ သဘောထား ကြေညာချက်တွေ ရှိနေပေမဲ့လည်း လူထု ဆန္ဒပြမှုတွေကတော့ လျော့မသွားဘဲ ကြီးကြီးမားမား ဆက်ပြီး ရှိနေတာပါ။
မနေ့က ဆန္ဒပြပွဲမှာ အဖမ်းခံထားရာက တနင်္လာနေ့က ပြန်လွတ်လာခဲ့တဲ့ အမေရိကန် ဆော့ဖ်ဝဲကုမ္ပဏီ Google မှာ အလုပ်လုပ်နေတဲ့ ၀ဲလ် ဂွန်နင်လည်း ပါပါတယ်။ သူ့ကို
အားပေးနှုတ်ဆက်တာတွေ၊ ဂုဏ်ပြု ချီးမွမ်းတာတွေ အများအပြား ရှိခဲ့ပါတယ်။
အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို မူကြမ်းရေးဆွဲရေး ကော်မတီနဲ့ ဒီကိစ္စတွေကို အကောင်အထည်ဖော်မှုကို လေ့လာစောင့်ကြည့်ရေး ကော်မတီတွေ ဖွဲ့စည်းဖို့ သမ္မတ မူဘာရက်ခ်က
ပြောထားတဲ့အကြောင်း မနေ့တုန်းက ဒု-သမ္မတက ပြောပါတယ်။
ပြီးခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း သေဆုံး ဒဏ်ရာရမှုတွေအတွက် စုံစမ်းစစ်ဆေးဖို့ ကော်မတီတရပ်ကိုလည်း သမ္မတ မူဘာရက်ခ်က ဖွဲ့စည်းထားတယ်လို့ ဒု-သမ္မတက ပြောပါတယ်။
ပြီးခဲ့တဲ့ အပတ်အတွင်း ဆန္ဒပြမှုတွေမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားတွေနဲ့ အစိုးရ ထောက်ခံသူတွေအကြား အပြင်းအထန် တိုက်ခိုက်မှုတွေ ရှိခဲ့တာပါ။
အခုချိန်ထိတော့ သမ္မတက ဖွဲ့စည်းတဲ့ ကော်မတီတွေမှာ ဘယ်သူတွေ ပါလိမ့်မလဲ ဆိုတာနဲ့ ပါမယ့်သူတွေကို ဘယ်လိုရွေးချယ်မလဲ ဆိုတာ ဘာမှ မသိရသေးပါဘူး။
ဝန်ကြီးနဲ့ ဝန်ကြီးဌာနစာရင်း သမ္မတ အဆိုပြု
By ဦးကျော်ကျော်သိန်း အင်္ဂါ, 08 ဖေဖော်ဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မကြာခင်ကမှ သမ္မတ ဖြစ်လာခဲ့တဲ့
ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ၀န်ကြီးဌာန ၃၄ ခု စာရင်းနဲ့ ၀န်ကြီး အယောက် ၃၀ တို့ရဲ့ စာရင်းကို တင်သွင်းလိုက်ပါပြီ။ ၀န်ကြီးဌာန အရေအတွက်က အခုရှိနေတာထက်
နည်းသွားတယ် ဆိုပေမဲ့ မြန်မာနိုင်ငံ အခြေအနေနဲ့စာရင် များလွန်းသလို ဒီဝန်ကြီးဌာနတွေရဲ့ စွမ်းဆောင်နိုင်ရည် အပေါ်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဝေဖန်တာ ရှိပါတယ်။
အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
လွှတ်တော်အစည်းအဝေးတွေကို ကြားထဲမှာ နားထားခဲ့ပြီးတဲ့နောက် ဒီကနေ့ အင်္ဂါနေ့ ပြန်စတဲ့ အချိန်မှာတော့ လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပပြီး
သမ္မတဖြစ်လာတာ မကြာသေးတဲ့ ဦးသိန်းစိန်က ဖွဲ့စည်းမယ့် ၀န်ကြီးဌာန စာရင်းနဲ့ ၀န်ကြီး အမည်စာရင်းတွေကို လွှတ်တော်မှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
“လွှတ်တော် နာယကက နေပြီးတော့ သမ္မတက တင်သွင်းတဲ့ ၀န်ကြီးဌာန ၃၄ ဌာနရဲ့ အမည်စာရင်းကို ဖတ်ပြပါတယ်။ အဲဒီ ၃၄ ဌာနနဲ့ ၀န်ကြီးဦးရေကျတော့ ၃၀ ဦး တင်ပါတယ်။
ဝန်ကြီးဌာန ၃၄ ဌာန အမည်စာရင်းတော့ ဖတ်ပြပါတယ်။ ၀န်ကြီးဦးရေ ၃၀ အမည်စာရင်းကိုတော့ ဖတ်မပြပါဘူး။ အခု ဖတ်ပြတာတော့ ကာကွယ်ရေးက စပြီးတော့ နဂိုအဟောင်းတွေပါပဲ။
အသစ်ကတော့ သမ္မတရုံး ၀န်ကြီးဌာနနဲ့ မြန်မာ့ စက်မှုဖွံ့ဖြိုးရေး ၀န်ကြီးဌာနပါ။”
လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ပြောပြသွားတာ ဖြစ်ပါတယ်။
သမ္မတက တင်သွင်းတဲ့အထဲမှာ ၀န်ကြီးဌာန အရေအတွက်က ၃၄ ခုရှိပြီး ၀န်ကြီးစာရင်းက အယောက် ၃၀ ပဲ ရှိရတဲ့ အကြောင်းကတော့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားရေးနဲ့
နယ်စပ်ဒေသရေးရာ ၀န်ကြီးဌာနတွေအတွက် ၀န်ကြီးတွေကို ကာကွယ်ရေး ဦးစီးချုပ်က ခန့်ထားမှာကြောင့် ဖြစ်တယ်လို့ နောက် လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီက
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ရှင်းပြပါတယ်။
သမ္မတက အခုလို တင်သွင်းထားတာနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့ ဆက်ပြီး ကျင်းပမယ့် အစည်းအဝေးမှာ ဆွေးနွေးချင်တာရှိရင် ဆွေးနွေးဖို့ လွှတ်တော်နာယကက အသိပေး
ပြောဆိုခဲ့တယ်လို့လည်း ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
မြန်မာနိုင်ငံလို ဖွံ့ဖြိုးတိုးတက်မှုကလည်း နောက်ကျ၊ အခြေခံ အဆောက်အအုံတွေကလည်း အခိုင်အမာမရှိ၊ ဘဏ္ဍာငွေကြေး အင်အားလည်း တောင့်တင်းမှု မရှိတဲ့ နိုင်ငံမျိုးမှာ အခုလောက်
ဝန်ကြီးဌာန အရေအတွက်များများ လိုအပ်ရဲ့လား ဆိုတာနဲ့ ဘယ်လောက် ထိရောက်မှု ရှိမလဲ ဆိုတာတွေက မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ပြောသူကတော့ ဗဟု ဖွံ့ဖြိုးတိုးတက်ရေး
ဆိုင်ရာအဖွဲ့က ဦးအောင်သူငြိမ်းပါ။
“အသေအချာတော့ ၀န်ကြီးဌာန ဘယ်နှစ်ခုလိုတယ် ဆိုတာမျိုးတော့ ပြောရခက်တာပေါ့ဗျာ။ ယေဘုယျ မူအရ ပြောမယ်ဆိုရင်တော့ ၀န်ကြီးဌာနတွေ၊ ၀န်ထမ်းတွေ များများထားလေလေ
ကုန်ကျမှု စရိတ်က ပိုများလေလေပဲပေါ့။ အခုအနေအထား ဖြစ်တဲ့အခါကျတော့ ပြောရမယ်ဆိုရင် အရင် စစ်အစိုးရတုန်းကလည်း ၀န်ကြီးဌာန ၃၈ ခုလောက် ရှိတယ်ဆိုတော့ ဘာမှ
သိပ်မပြောင်းတဲ့ အနေအထားပေါ့။ ပိုနေမြဲ ကျားနေမြဲပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပိုပြောင်းသွားတဲ့ အနေအထားကတော့ အခုအချိန်မှာဆိုရင် လွှတ်တော်အမတ်တွေအတွက် လစာပေးစရာ
အများကြီး ဖြစ်လာမယ်။ လွှတ်တော်မှာ ရေးရာကော်မတီတွေ၊ ၀န်ထမ်းတွေ အများကြီး ပိုလာတယ်။
“နောက်တဆင့်ဖြစ်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း နောက်ထပ် အစိုးရအလွှာတရပ် ထပ်ပေါ်လာဦးမယ် ဆိုတော့ ကျနော် တွက်ကြည့်တာက ၀န်ထမ်းတွေ ပိုများလာမယ်၊
ဝန်ကြီးတွေလည်း ပိုများလာမယ်၊ လစာပေးရတာလည်း ပိုများလာမယ်ဆိုတော့ အစိုးရဘက်က ကုန်ကျစရိတ်တွေက ပိုများလာဖို့ ရှိပါတယ်။ အဲဒီအနေအထားမှာဆိုရင် တဘက်က
ဘယ်လောက်အထိ ထိထိရောက်ရောက် လုပ်နိုင်မလဲ၊ နောက်တခုကတော့ ဒီကုန်ကျစရိတ် ငွေတွေကို ဘယ်နေရာက ဖြည့်ဆည်းမလဲ ဆိုတဲ့ မေးခွန်းတွေ ရှိပါတယ်။”
ဗုဒ္ဓဟူးနေ့မှာ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ဆက်လက်ကျင်းပမှာဖြစ်ပြီး ၀န်ကြီးဌာန ဖွဲ့စည်းဖို့တွေနဲ့ ၀န်ကြီးခန့်ထားဖို့ ကိစ္စတွေကို လွှတ်တော်ကိုယ်စားလှယ်တွေဘက်က
ဆွေးနွေးကြဖို့ဖြစ်တယ် ဆိုပေမဲ့ ဗွီအိုအေက ဆက်သွယ် မေးမြန်းခဲ့သလောက်မှာတော့ ပြန်လှန်ဆွေးနွေးမယ့် လွှတ်တော်ကိုယ်စားလှယ် မရှိသလောက်ပါပဲ။
တချို့ လွှတ်တော်ကိုယ်စားလှယ်က ပြန်ပြီး ဆွေးနွေးစရာ မရှိပါဘူးလို့ ပြောတာရှိသလို တချို့ လွှတ်တော်ကိုယ်စားလှယ်ကကျတော့ ပါတီတွင်း ပြန်ပြီး ညှိနှိုင်းပြီးမှ ဆွေးနွေးရေး၊
မဆွေးနွေးရေးကို ပါတီလူကြီးတွေက ပြောပါလိမ့်မယ်ဆိုပြီး ဖြေဆိုခဲ့တာမျိုးလည်း ရှိပါတယ်။
စီးပွားရေးပြဿနာ အုပ်ချုပ်မှုကြောင့်လို့ NLD ပြော
By ဦးကျော်ကျော်သိန်း အင်္ဂါ, 08 ဖေဖော်ဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg
• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေဟာ ပြည်သူလူထု အများစုကြီးကို မထိခိုက်ဘဲ လူနည်းစုကိုသာ ထိခိုက်တာဖြစ်ပြီး တိုင်းပြည်မှာ စီးပွားရေးအရ အကျပ်အတည်း
ကြုံတွေ့နေရတဲ့ တကယ့်အဖြစ်မှန်ကတော့ Good Governance လို့ ဆိုတဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး မရှိတာကြောင့် ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က
ပြောလိုက်ပါတယ်။ ဒါ့အပြင် ဒဏ်ခတ်အရေးယူမှု ချမှတ်ထားတဲ့ နိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ကိုလည်း NLD က နှိုးဆော်လိုက်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ
ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
ဒီအရေးယူမှုတွေဟာ ပြည်သူလူထုကို တကယ်တမ်း ထိခိုက်မှု ရှိ မရှိ လေ့လာသုံးသပ်တာတွေ လုပ်သွားမယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ပြောခဲ့ဖူးပါတယ်။ အဲဒီလို
လေ့လာသုံးသပ်တာတွေကို အချိန်ယူ လုပ်ခဲ့ပြီးတဲ့ နောက်မှာတော့ ဒဏ်ခတ် အရေးယူမှုတွေအပေါ် NLD ရဲ့ တရားဝင် သဘောထား ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။
“ဒီနေ့ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မရှိရခြင်းနဲ့ အကျပ်အတည်းတွေ ကြုံတွေ့နေရခြင်းဟာ စီးပွားရေး ပိတ်ဆို့မှုကြောင့် မဟုတ်ဘူး။ စီးပွားရေး
ပိတ်ဆို့မှုကြောင့် ထိခိုက်တယ် ဆိုရင်လည်း အများစု ပြည်သူလူထုကြီးကို နစ်နစ်နာနာ မထိခိုက်ဘဲ တချို့ အသိုင်းအ၀ိုင်းကိုပဲ အနည်းအကျဉ်း ထိခိုက်မှုတွေ ရှိတယ်ဆိုတာ ဖော်ပြတယ်။
“တကယ့်တကယ် စီးပွားရေး တိုးတက်မှု နှေးကွေးရခြင်း၊ စီးပွားရေး အကျပ်အတည်းတွေ ကြုံတွေ့ရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ အစိုးရရဲ့ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနဲ့
စီးပွားရေးမှာ လွတ်လပ်ခွင့်၊ တရားမျှတခွင့်၊ တရားဥပဒေ စိုးမိုးမှုတွေ ဒီနယ်ပယ်မှာလည်း မရှိတာကြောင့် ဖြစ်တယ်။ Good Governance မဟုတ်တာကြောင့် ဖြစ်တယ်လို့ ကျနော်တို့
သုံးသပ်ပါတယ်။”
NLD ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဒဏ်ခတ်အရေးယူမှုတွေရဲ့ သက်ရောက်မှု၊ ထိခိုက်မှုနဲ့ ပတ်သက်ပြီး NLD ကိုယ်တိုင်ကလည်း လက်တွေ့ လေ့လာခဲ့သလို စီးပွားရေး ပညာရှင် အသီးသီး၊ အဖွဲ့အစည်း အသီးသီးရဲ့
လေ့လာ သုံးသပ်ချက်တွေကိုလည်း သေသေချာချာ ဆန်းစစ်ခဲ့ပါတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။
ဒဏ်ခတ် အရေုးယူမှုတွေကို ချမှတ်ထားတဲ့ အမေရိကန် အပါအ၀င် အနောက်နိုင်ငံတွေ ပြောတာကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်လာအောင်
လုပ်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့၊ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ အရှိန်မြှင့်လုပ်ဖို့ ဖိအားပေးတဲ့ အနေနဲ့
အရေးယူမှုတွေကို ချမှတ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ကောင်းမွန်တဲ့ စီးပွားရေးဝန်းကျင်တို့ ဖြစ်ပေါ်ဖို့အတွက် ဘယ်အချိန်မှာ၊ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လို အခြေအနေမျိုး အောက်မှာ ဒဏ်ခတ် အရေးယူမှုတွေကို
ပြုပြင်ပြောင်းလဲနိုင်ခြေ ရှိမယ်ဆိုတဲ့အပေါ် သဘောတူညီချက်တရပ် ရနိုင်ရေးဆိုတဲ့ အမြင်နဲ့ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ သြစတြေးလျ နိုင်ငံတို့နဲ့
ဆွေးနွေးဖို့အတွက် NLD က တောင်းဆိုထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ပါတီစုံ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီး လွှတ်တော်အစည်းအဝေးတွေ ကျင်းပနေ၊ အစိုးရအဖွဲ့တရပ် ပေါ်လာဖို့ အခြေအနေ ရှိနေတယ် ဆိုပေမဲ့
တကယ်တမ်းကျတော့ အများပါဝင် ပတ်သက်နိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တရပ် ပေါ်ပေါက်လာဖို့ ဘယ်လိုအရိပ်လက္ခဏာမျိုးမှ မတွေ့ရသေးဘူး၊ ဒါကြောင့် ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းဖို့
အဓိက ဘာလုပ်သင့်တယ် ဆိုတဲ့အပေါ် NLD ရဲ့ သဘောထားကို ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။
“အခုချိန်မှာ အများပါဝင် ပတ်သက်တဲ့ နိုင်ငံရေး ဖြစ်စဉ်ကြီးတရပ် ပေါ်ပေါက်လာရေးကို အရေးတကြီး တောင်းဆိုဖို့တောင်မှ လိုအပ်နေတဲ့ အနေအထားတွေ တွေ့နေရတယ်။ အဲဒီတော့
စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်ဖို့ ဆိုရင်လည်း စောစောက ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ထားတဲ့ နိုင်ငံကြီးတွေရဲ့ တွန်းအားပေးတဲ့ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်ပြီးတော့ လွတ်လပ်
ပွင့်လင်းတဲ့ နိုင်ငံရေးပုံစံတခု ပေါ်အောင် ကြိုးပမ်းခြင်းသာလျှင်၊ အဲဒီအပေါ်မှာသာလျှင် စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့၊ ကင်းလွတ်ဖို့ ဆိုတာဟာ အဓိက မူတည်နေတယ်လို့ ကျနော်တို့
ပြောလိုက်တာ ဖြစ်ပါတယ်။”
ဒဏ်ခတ်အရေးယူမှုနဲ့ ပတ်သက်ပြီး NLD ဘက်က အခုလို သဘောထား ရှိပေမဲ့ NLD ကနေ ခွဲထွက်သွားတဲ့ ခေါင်းဆောင်တချို့ ဖွဲ့စည်းခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)
ပါတီကတော့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာတွေကို ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတာ ရုပ်သိမ်းပေးဖို့ မကြာသေးခင် ရက်ပိုင်းကပဲ တောင်းဆိုထားပါတယ်။ လူနည်းစုကို
ဦးတည်ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေဟာ ပြည်သူအများကို ထိခိုက်တာတွေ ရှိလာတယ်လို့ NDF က သုံးသပ်ပါတယ်။
“ဥပမာ သစ်ထုတ်လုပ်ရေးပဲ ကြည့်ပါ။ သစ်ထုတ်လုပ်ရေးသာ ရှိနေမယ်ဆိုရင် သစ်တောအစပ်မှာရှိတဲ့ ရွာတွေအထိ သစ်ခွဲစက်ကလေးတွေ ထောင်ပြီး လူတွေဟာ အလုပ်အကိုင်တွေကို
လုပ်ကိုင်လာနိုင်မယ့် အနေအထားတွေ ရှိပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ကုန်သွယ်ရေးမှာ ပိတ်ဆို့မှု ဖြစ်ပြီးတော့ သစ်တွေကို မပို့ရဘူး၊ တိုက်ရိုက်မပို့ရဘူး၊ တဆင့်ခံ ပို့ရမယ်ဆိုရင်
တိုင်းပြည်မှာ ဖွံ့ဖြိုးပြီး နိုင်ငံတွေက ဈေးကွက်ကြီးနဲ့ တိုက်ရိုက်ထိစပ်မှု မရှိတဲ့အတွက် အောက်ဈေးနဲ့ပဲ ရောင်းရမှာ ဖြစ်ပါတယ်။
“အဲတော့ တိုင်းပြည်နစ်နာရင် ပြည်သူနစ်နာတာပဲ။ ဒါကြောင့် ပြည်သူတွေကို မထိခိုက်ဘူး ဆိုတာကတော့ ကျနော်တို့ မယုံကြည်ပါဘူး။ ပြည်သူကို ထိခိုက်တဲ့ နေရာတွေဟာ ကုန်သွယ်မှု
အပိုင်းမှာ ပါသလို ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာလည်း ပါနေတဲ့အတွက် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းတွေကို တကယ်လို့ ဖွံ့ဖြိုးစေချင်တယ် ဆိုရင်တော့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှု
ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးဖို့ အင်မတန်မှ အရေးကြီးပါတယ်လို့ ကျနော်တို့ ယူဆပါတယ်။”
NDF ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေ ပြောပြသွားတာ ဖြစ်ပါတယ်။
ဒဏ်ခတ်အရေးယူမှု ကိစ္စဟာ မြန်မာ့နိုင်ငံရေးမှာ အပြောအဆို အများဆုံး ကိစ္စတရပ်ဖြစ်ပြီး သဘောထား ကွဲပြားမှု အရှိဆုံး ကိစ္စတခုလည်း ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း
အရေးယူမလား၊ ထိတွေ့ဆက်ဆံမလား ဆိုတဲ့အပေါ် ခုချိန်ထိ တူညီတဲ့ သဘောထား မရှိသလို အရေးယူတဲ့ နေရာမှာလည်း အဆင့်အမျိုးမျိုး၊ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ အကွဲကွဲ အပြားပြား
ရှိနေဆဲ ဖြစ်ပါတယ်။
တောင်၊ မြောက် ကိုရီးယား စစ်ရေးဆွေးနွေးပွဲ စတင်
By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 08 ဖေဖော်ဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
ဒီနေ့ မနက်ပိုင်းမှာ တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ စစ်တပ်တွေရဲ့ ဗိုလ်မှူးကြီးအဆင့် ရှိသူတွေဟာ တနာရီနီးပါး တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး နေ့လယ်မှာလည်း ဆွေးနွေးပွဲတွေကို
ဆက်ခဲ့ပါတယ်။
နှစ်နိုင်ငံနယ်စပ် ပန်မွန်ဂျုံရွာမှာ တောင်နဲ့ မြောက်ကိုရီးယား စစ်တပ်တို့ရဲ့ ဗိုလ်မှူးကြီး ၂ ဦး လက်ဆွဲနှုတ်ဆက်နေကြတဲ့ ဓာတ်ပုံကို တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ဒီနေ့
ဖြန့်ဝေလိုက်ပါတယ်။
ဒီ့ထက် အဆင့်မြင့်တဲ့ စစ်အရာရှိကြီးတွေရဲ့ ဆွေးနွေးပွဲ ဖြစ်ပေါ်ရေး အစီအစဉ်နဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဒီနေ့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး မနက်ဖြန်မှာလည်း ဆွေးနွေးပွဲတွေ
ဆက်ဦးမယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
မြောက်ကိုရီးယား နျူကလီးယားအရေး ၆ နိုင်ငံ ဆွေးနွေးပွဲရဲ့ တောင်ကိုရီးယားဘက်က ထိပ်တန်း သံတမန် ၀ီဆန်လက် (Wi Sun Lac) ဟာ ဆိုးလ်မြို့တော်ကို ရောက်ရှိနေတဲ့
အမေရိကန် အထူးသံတမန် ရောဘတ် ကင်း (Robert King) နဲ့ တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
ပြုပြင်ပြောင်းလဲရေး ကော်မတီ မူဘာရက်ခ် ဖွဲ့စည်း
By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 08 ဖေဖော်ဝါရီ 2011
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
အီဂျစ်နိုင်ငံမှာ ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆို ဆန္ဒပြခံနေရတဲ့ သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) က ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေး ကော်မတီတွေကို
ဖွဲ့စည်းခဲ့ပါတယ်။
အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရေး မူကြမ်းကော်မတီ၊ အဲဒီကော်မတီရဲ့ လုပ်ငန်း တာဝန်တွေကို စောင့်ကြည့် လေ့လာမယ့် ကော်မတီ၊ ပြီးခဲ့တဲ့ သီတင်းပတ် တိုက်ခိုက်မှုတွေ
ဖြစ်ပွားခဲ့မှုအတွင်း သေဆုံးရမှုအတွက် စုံစမ်းစစ်ဆေးရေး ကော်မတီ စတဲ့ ကော်မတီ ၃ ရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ ဒု-သမ္မတ ဆူလေမန်ရဲ့ ရုပ်သံလွှင့် မိန့်ခွန်းထဲမှာ ဒီနေ့
ဖော်ပြခဲ့ပါတယ်။
ဆန္ဒပြပွဲတွေကတော့ ဒီကနေ့မှာ ၁၅ ရက်မြောက် ဆက်တိုက် ဖြစ်ပေါ်နေပြီး ကိုင်ရိုမြို့တော်က တဟီရာ ရင်ပြင်မှာ ထောင်သောင်းချီတဲ့ ဆန္ဒပြ လူထုတွေ ဆက်ပြီး ရောက်ရှိနေကြပါတယ်။
ဂျော်ဒန်နိုင်ငံမှာ ဘီဒိုဝင် (Bedouin) တိုင်းရင်းသား ၃၆ ဖွဲ့ရဲ့ ခေါင်းဆောင်တွေက နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေ ချက်ချင်း လုပ်ဆောင်ပေးဖို့ တနင်္လာနေ့ နေ့စွဲနဲ့ တောင်းဆိုထားတဲ့
စာတစောင် ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ (King Abdullah) ဆီ ပေးပို့လိုက်ပါတယ်။ ဂျော်ဒန်လွှတ်တော်ထဲမှာ ဘုရင်ကို သစ္စာရှိသူတွေက အမတ်နေရာ အများစုနဲ့ လွှမ်းမိုးထားစေတဲ့
ရွေးကောက်ပွဲ ဥပဒေကို ဖျက်သိမ်းပေးဖို့ သူတို့က တောင်းဆိုထားပါတယ်။
တူနီးရှားနိုင်ငံမှာတော့ အလုပ်တာဝန်တွေကို ရှောင်လွှဲနေကြတဲ့ တူနီးရှား တပ်မတော်ရဲ့ အရန်တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အလုပ်ကနေ ဖြုတ်ပစ်မယ်လို့ တူနီးရှား ၀န်ကြီးချုပ်
မိုဟာမက် ဂန်နူချီ (Mohamed Ghannouchi) က ကြေညာထားပါတယ်။
http://www.voanews.com/burmese/

အစိုးရ ဖွဲ့ သည့် နေ့ လောင်သည့် မီး ညှိမ်း မနိုင် ဖြစ်နေ


February 8, 2011 Leave a comment Go to comments

သင်္ဃန်း ကျွန်းမြို့ နယ် ၊သုမင်္ဂလာ လမ်း ရှိ ဇ၀န Junction Center အနီး တွင် ယနေ့ နေ့ လည်
၁၂ နာရီ အချိန် ကတည်း က လောင်ကျွမ်းသည့် မီးမှာ မီးတောက် မီးလျှံ များ ပို မို အားကောင်း
လာပြီး ထန်းသုံး ပင်ဈေး အနီး ရှိ ရန်ကုန-် ဒါးပိန် ကားဂိတ် ကို ပါဆက် လက်လောင်ကျွမ်းနေသည်
ဟု သိရသည်။
မီးလောင် ကျွမ်းမှု မှာ သင်္ဃန် ကျွန်း ဘဏ်နှင့် လည်း နီးပြီး မိကျောင်းကန် အပိုင်း ၄ တွင် ဖြစ်
သည်။ မီးလောင် ကျွမ်းမှု ဖြစ်ပွားရာသို့ တောင်ဥက္ကလာ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာ ၊ အင်းစိန်၊
တာမွေ၊ တံတာလေး (ဗဟိုမီးသတ်) တို့ မှ မီးသတ် ကားများ စွာ လာရောက် ညှိမ်း သတ် သော်
လည်း ယခု အချိန် ညနေ လေး နာရီ အထိ မီးညွှန့် မကျိုးသေး ဟု သိရသည်။
Exit Through The Gift Shop
February 8, 2011 Leave a comment Go to comments

7
0

i
မဲပေးပါ

ငြိမ်းချမ်းငြိမ်း nyeinchennyein@facebook.com
လက်ဆောင် ပစ္စည်း ရောင်း သည့် ဆိုင် ကို ဖြတ်ပြီး ထွက် ပါ( Exit Through The Gift Shop) ဆိုသည့် ရုပ်ရှင် ဇာတ်ကား သည် ဖေဖော်ဝါရီ လ ၂၇ ရက်နေ့ တွင် ကျင်းပမည့်
အော်စကာ ဆုပေးပွဲဉ် အကောင်းဆုံးမှတ်တမ်းရုပ်ရှင် ကားဆု အတွက် လျှာထားခံသည်။ ယခင်နှစ်က Burma VJ ဇာတ်ကားမှာလည်း မှတ်တမ်းရုပ်ရှင် ဆု အတွက် လျှာထားခံရသည်။
ယခုနှစ် တွင် Exit Through The Gift Shop, Gas Land, Inside Job, Waste Land နှင့် Restrepo တို့ မှာအကောင်းဆုံး မှတ် တမ်း ရုပ်ရှင်ကား ဆု အတွက် လျှာထားခံရသည်။
—In feature films the director is God; in documentary films God is the director.
–Alfred Hitchcock

ထိုသို့ လျှာထားခံရသည့်ဇာတ်ကားများ အနက် Exit through the Gift Shop ဆိုသည့် ဇာတ်ကားမှာ ရုပ်ရှင်နယ်ပယ်ထဲမှ ဒါရိုက်တာ
တစ်ဦးဦး ဖန်တီးထားသည့် ဇာတ်ကားမဟုတ်ဘဲ နံရံပေါ်မှာ စိတ်ကူး ပုံဖော်သည့် ဂရပ်ဖတီ ပညာရှင် နှင့် နိုင်ငံရေး လှုပ်ရှား သူ တစ်ဦး က ရိုက် ကူးထားခြင်း ဖြစ်သည်။E T T G S
မှတ်တမ်းဇာတ်ကား တွင် အမေရိကန် လောဇင်းဂျလိစ် မြို့ တွင် ပြောင်းရွှေ့ နေထိုင်သည့် အမေရိကန် ဂရဖ်ဖတီ ပညာရှင်သီယာရီ ဟင် နီရီ အကြောင်း ကို အင်္ဂလန် နိုင်ငံသား ဘန်ဆီ က
ရိုက်ကူးထား ခြင်း ဖြစ်သည်။ ဘန်ဆီ (Banksy) သည် ၎င်း ၏ နာမည် ရင်း မဟုတ် ပါ။ ၎င်း ၏ နာမည် ရင်း ကို မည်သူမျှ မသိကြသကဲ့သို့ သူ့ ကို မည် သည့် ခုနှစ် တွင် မွေးဖွား ခဲ့သည်
ဟု လည်း မည် သူမျှ မသိပါ။
ဘန်ဆီ သည် ခောတ်ပြိုင် ဂရပ်ဖတီ အနုပညာ တစ်မျိုး ဖြစ်သည့် နံရံ ပေါ်တွင် ပန်းချီရေး ဆွဲရာဉ် အလွန်ကြော်ကြားသူ တစ်ဦး ဖြစ်သည်။ ဘန်ဆီ သည် လန်ဒန်လမ်းမများ ရှိ အဆောက်
အဦးများ ၊ ဘာကင်ဟမ် နန်းတော်၊အစ္စရေး တို့ တည်ဆောက် နေ သည့် ပါလက်စတိုင်းမှ တံတိုင်းကြီး ၊အမေရိကန် မြို့ ကြီး များ နှင့် ဥရောပ တစ်လွှား တွင် လက်စွမ်းပြပြီး သွားပြီ
ဖြစ်သည်။
Exit through the Gift Shop ဇာတ်ကားတွင် Mr . Brain Wash အဖြင့် နာမည် ရ သူမှာ Pop Art လှုပ်ရှားမှု ကိုဦးဆောင်သည့် သီယာရီ ဟင်နရီ ဖြစ်သည်။ ဘန်ဆီ နှင့် သီယာရီ တို့ 
နှစ်ဦးစလုံး သည် ခောတ်သစ်Pop Art လှုပ်ရှားမှု ကို ဦးဆောင် သူများ ဖြစ်သည်။ ဘန်ဆီ သည် ခောတ်သစ် အင်ဒီ ၀ါးဟိုး ဖြစ်သည်။
Exit through the Gift Shop ဇာတ်ကားတွင် သီယာရီ ဟင်နရီ က ဒီဇိုင်းဆန်း အကျီ်ရောင်း သူ တစ်ဦး အဖြစ်အသက်မွေး ၀မ်းကျောင်း ပြုပြီး သွားလေရာတွင် ဗီဒီယို ကင်မရ တစ်လုံး
ကိုင်ကာ ရိုက်ကူး တတ်
သူ တစ်ဦး ဖြစ်သည်။
တစ်နေ့ ပြင်သစ် မှ သူ၏ တူ ဖြစ်သူ Street Artist တစ်ဦး ဖြစ်သူ Invader နှင့် ၎င်း၏ သူငယ်ချင်းများ
လာရောက် လည်ပတ် ရာမှ တစ် ဆင့် OBEY (အိုဘားမား နှင့် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံများ ကို
ဂရပ်ဖတီ ပြန်လည် ဆွဲခဲ့သ)ူ နှင့် ၎င်း ၏ တူမှ တစ်ဆင့် ရင်းနှီးခဲ့သည်။ Shepard Fairey (Obey) ၏အနု
ပညာ ဖန်တီးမှု များ ကို ၎င်း က ဗီဒီယို မှတ်တမ်း ရိုက်ကူးခဲ့သည်။

သီယာရီ ကိုယ်တိုင်လည်း နောက် ပိုင်း တွင် Street Art


လှုပ်ရှားမှု များ ကို လိုက်လံရိုက်ကူးမှတ်တမ်းတင်ရင်းထိုလှုပ်ရှားမှု များတွင် ပါဝင်လာသည်။
Exit through the Gift Shop ဇာတ်ကားတွင် Thierry Guetta, Banksy , Shepard Fairey, Invader, André တို့ ပါဝင် သရုပ်ဆောင် ထားသည်။ ဘန်စီ သည် နှင့် သီယာရီ ဂတ်တာ
သည်
နိုင်ငံရေး သရော်ချက်များ ကို လည်း နံရံပေါ်တွင် အရုပ်ရေးပြီး လှောင်ပြောင်ခဲ့သည်။ ဘန်စီ ၏
လက်ရာ အများစု မှာ နိုင်ငံရေးသလျှော် ချက်များ ဖြစ်သည်။
ထိုဇာတ်ကားသည် ခောတ်ပြိုင် လူငယ်များ ၏ နိုင်ငံရေး အံတုမှု နှင့် စိတ်အချဉ်ပေါက်မှု များ ကို
သရုပ်ဖော်ထားသည်။
Street Art လှုပ်ရှားမှု များ ကို ပထမ ဦးဆုံးအကြိမ် သရုပ်ဖော် မှတ်တမ်းတင်ထားသော ဇာတ်ကားဖြစ်သည်။
ဘန်ဆီ သည် ၎င်း ၏ အနုပညာ အတွက် ထောင်နှုတ်ခမ်း နင်း၍ ဖန်တီးနေရသူ တစ်ဦး ဖြစ်သည်။ သူ၏ အနုပညာ ကိုလူငယ်များ က နှစ်ခြိုက်ကြပြီး လူကြီးများ က ကန့် ကွက် ကြသည်။
ဝေဖန် ခံရမှု နှင့် ရှုံချခံရမှု များဒွန်တွဲ နေသူ တစ်ဦး ဖြစ်ပြီး လှုမှု ပတ်ဝန်းကျင်၏ လှောင်ရယ်စရာ ဖြစ်ရပ် များ ကို ထေ့ငေါ့တတ်သူ တစ်ဦးဖြစ်သည်။
Exit through the Gift Shop ဇာတ်ကားကို Banksy က ရိုက်ကူးပြီး နိုင်ငံတကာ Street Art လှုပ်ရှားမှုများ ကြောင့် လူကြိုက်များနေသည်။
ဘန်ဆီ သည် နံရံ တွင် အရုပ်ရေးဆွဲ ရုံသာမက တပ်ဆင်မှု နှင့် စမ်းသပ်မှု အနုပညာ များ ကို
လည်း ဖန်တီး သူ ဖြစ်သည်။ အချိုး ဖျက် အနု ပညာ ကို လည်း အထင်ကရ နေရာများ တွင် ဖန်
တီး ပြီး ခောတ်ကို စိမ်ခေါ်သည်။ ဟောင်းနွမ်း ပုပ် သိုး ဆွေးမြေ့ နေ သည့် လူ့ အဖွဲ့ ကို ဗြောင်ဆန့် 
ကျင် သည်။
ဘန်ဆီ ၏ အနုပညာ သည် အာဏာပိုင် နှင့် အချိုးမကျ သော လူ မှု အဆောက် အဦးများ ကို
ရယ်သွေးဖွယ့် သောကြောင့် ရုန်းကန် မျှော်လင့်ရမှု နှင့် အပြောင်းအလဲ ကို
အမှန် တကယ် လို လား သူများ က နှစ် သက်ကြသည်။
Sundance ရုပ်ရှင် ပွဲတော် တွင် လည်းဆု ရခဲ့သည့် Exit Through The Gift Shop ဇာတ်ကား
မှာ သမရိုးကျ လမ်း ကို ဖောက်ထွက် သော တီထွင်ဖန်တီးမှု နှင့် ဖီဆန် ပုန် ကန် မှုများ ကို ကိုယ်
စားပြသည်။
အဆိုပါ ဇာတ်ကားတွင် Mr.Brainwash အဖြစ်သရုပ်ဆောင် ခဲ့သည့် သီယာရီ ဟင်နရီ မှာ
မက်ဒေါနား ၊ မစ်ဂျက်ဂါ စသည့် အဆိုတော် များ ၏ တေး အယ်(လ)ဘမ် တွင် ကာဗာ ဒီဇိုင်း
များ ဆွဲပေး သူ တစ်ယောက် ဖြစ်သည်။

C O M I N G S O O N
Related Articles

• POTD: Banksy Begins Street Art Oscar Campaign? Or Is This The Work of Mr. Brainwave? (slashfilm.com)

• Keyboard Cat Spoofs Banksy’s “Exit Through the Gift Shop” (mashable.com)
http://freedomnewsgroup.com/

လူနှစ်ထောင်ကျော်ရဲ့ အိမ်အပြန်
ခင်နှင်းလွင် ၊ ရန်ကုန်
ဖေဖော်ဝါရီ ၉၊ ၂၀၁၁
“ဝေးကွာနေတဲ့ မိသားစုတွေ၊ သူတို့အိမ်ပြန်လာမဲ့ အချိန်ကို စောင့်မျှော်နေတဲ့ မိဘတွေအတွက် ၀မ်းနည်းမိပေမဲ့ တိုင်းပြည်အတွက် လိုအပ်တဲ့အခန်းကဏ္ဍမှာ ပါဝင်နိုင်သရွေ့
ဆက်လက်ပါဝင်ဖို့ သူခံယူထားတယ်”

အထီးကျန်နေတဲ့ အိမ်
လူနေသိပ်သည်းတဲ့ ရပ်ကွက်တစ်ခုဆိုတဲ့အတိုင်း အိမ်ရှေ့ အိမ်နောက် မကွဲပြားလောက်အောင် ကျဉ်းမြောင်းတဲ့ လူတကိုယ်စာ လမ်းသွယ်လေးတွေကအတော်ပင်ပေါများလှသည်။
လမ်းကျဉ်းလေးအတိုင်း လျှောက်လာရင်း အုတ်ရိုးတံတိုင်းအဆုံးမှာတော့ ပျဉ်ထောင်အိမ်နှစ်ခန်းတွဲကို တွေ့မြင်ရပါသည်။ နှစ်ခန်းတွဲရဲ့ အစွန်ဆုံး အခန်းရောက်တဲ့အခါ ထိုအခန်းနဘေး
ခြံဝင်းတ၀င်းရဲ့ အုတ်နံရံက အိမ်မျက်နှာစာကို ပိတ်ထားသည်။
အကျယ် ၈ ပေ၊ အလျား ၁၅ပေသာသာ အလင်းရောင်သိပ်မရှိသော အိမ်ရှေ့ခန်းးရဲ့ သစ်သားခင်း ကွပ်ပျစ်ကလေးပေါ်မှာတော့ အသက်၇၀၀န်းကျင် အဖိုးအိုတစ်ဦး။ ခပ်လျော့လျော့
စည်းထားတဲ့ ပုဆိုးနဲ့ ရှပ်အကျီဖလန်ထည် အကွက်ကို ၀တ်ဆင်ထားပြီး သူ့ရင်ဘတ်အပေါ်လက်တင်ကာ လှဲလှောင်းနေသည်။
သူ့နဘေး သစ်သားကာ ကြွက်လျှောက်မှာတော့ ဟောင်းနွမ်းပြီး ဆေးသားပြယ်စ ပြုနေတဲ့ မိသားစုဓါတ်ပုံလေး တပုံက ထောင်လျက်ရှိနေသညလူ်။ ထိုပုံထဲမှာ လင်မယားစုံတွဲတစ်တွဲနှင့်
ကလေးငယ်၊ အဲဒီနောက် တဦးကတော့ မြန်မာပြည်ရဲ့ အထင်ရှားဆုံး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ ဓါတ်ပုံမှာ လွန်ခဲ့သည့် ၁၀ နှစ်ကျော်က
ဓါတ်ပုံဟုယူဆရသည်။
သမီးနှင့်ပတ်သက်သည့် ဧည့်သည်ရောက်လာ၍ သမီးကို သတိတရဖြစ်နေသည့် ပုံပေါ်လွင်နေပြီး
“အဘလည်း သူ့ကိုမျှော်နေပါတယ်ကွယ်”
ဟု ခပ်ဖြေးဖြေး ပြောဆိုလိုက်သည်။ သူ့ရဲ့ အကြည့်က ခေါင်းရင်းဘက်က ပြတင်းပေါက်မှ အဝေးတနေရာဆီ မျှော်ကြည့်နေခဲ့သည်။
ခဏအကြာမှာ အဖိုးအိုက ထဖို့ကြိုးစားလိုက်ရာ ကုတင်နှင့်မနီးမဝေးအခန်းအပြင်တွင် အ၀တ်လျှော်နေသည့် ရင်လျားနှင့် အမျိုးသမီးတစ်ဦးက လာရောက်ပြီး ချိုင်းမှ မချီကာ ထိုင်ဖို့
ကူညီပေးလိုက်သည်။
လေဖြတ်ထားသဖြင့် လမ်းမလျှောက်နိုင်ပဲ ကြမ်းပျဉ်ပေါ် အမြဲလဲလှောင်းနေရရှာတဲ့ အဖိုးအိုကတော့ ယခုအင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ်အနှစ်၂၀ကျော် ကျခံနေရတဲ့
နိုင်ငံရေးအကျဉ်းသူ “မဏီ” ရဲ့ဖခင်ဖြစ်သည်။ တစ်ဦးတည်းသော သမီးဖြစ်သူရဲ့ အိမ်ပြန်အလာကို စောင့်နေတဲ့ အဘဦးညိုလို မိဘတွေ၊ ခင်ပွန်းသည်တွေ ပြန်အလာကို စောင့်နေရတဲ့
ဇနီးသည်တွေ အများအပြားရှိနေကြသည်။

အဝေးဆီက ကန္တာရနှစ်များ
မြန်မာနိုင်ငံမှာ ယုံကြည်မှုကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် ရှိသည်ဟု အေအေပီပီခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ပေးရေး
အဖွဲ့ကထုတ်ပြန်ထားသည်။ ထိုနိုင်ငံရေးအကျဉ်းသားများကို ရန်ကုန်မြို့ အင်းစိန်ထောင်မှာ ထားရှိတာ မဟုတ်ပဲ မိသားစုတွေနဲ့ မဝေးဝေးအောင် မြန်မာနိုင်ငံ တနံတလျားမှ ထောင်များသို့
ပြောင်းရွေ့ချုပ်နှောင်ထားလျက်ရှိသည်။
အဲဒီလိုခက်ခဲအောင် နအဖ စစ်အစိုးရရဲ့ လုပ်ဆောင်မှုကြောင့် နိုင်ငံရေးအကျဉ်းသား တွေရဲ့ မိသားစုဝင်များအနေနဲ့ နယ်ထောင်များအထိ ထောင်ဝင်စာသွားမတွေ့နိုင်တဲ့ အဖြစ်တွေ၊
အခက်အခဲတွေလည်း မကြာခဏကြားနေဖတ်နေရသည်။
“အရင်တုန်းက အင်းစိန်ထောင်မှာ ဆိုရင် ဆယ်ရက်တစ်ခါ တွေ့လို့ရတယ်။ အခုနယ်ထောင်ကို ရောက်သွားတော့ အစက တလ တခါ သွားမယ် စိတ်ကူး ထားပေမဲ့ တကယ့်တကယ်
လက်တွေ့မှာ ဒီလမ်းခရီးစရိတ်နဲ့ သူ့ကိုပေးရတာနဲ့ နှစ်လမှတစ်ခါပဲ သွားဖြစ်တော့တယ်”
ဟု ရန်ကုန်မှာ မိသားစုရှိပေမယ့်လည်း သူ့ခင်ပွန်းဖြစ်သူ ကိုဇော်သက်ထွေးကို တောင်ကြီးထောင်ကို ပြောင်းရွေ့ အကျဉ်းချခံထားရတဲ့ မခိုင်ချိုဇော်ဝင်းတင်က ပြောပြသည်။
အဲဒီလို အဝေးပို့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တွေ့ဖို့ရာ မိသားစုဝင်များအနေဖြင့် ခရီးလမ်းစရိတ် သောင်းနဲ့ သိန်းနဲ့ ကုန်ကျခံကြရသည်။ သိန်းဂဏန်းနဲ့ချီတဲ့
လေယာဉ်လက်မှတ်ကို မတတ်နိုင်သဖြင့် တစ်နှစ်မှာ တစ်ကြိမ် နှစ်ကြိမ်သာ တွေ့ဆုံနိုင်တဲ့ မိသားစုတွေလည်း ရှိသည်။
လမ်းစရိတ်က အထဲမှာအကျဉ်းကျသူအတွက် ၀ယ်ခြမ်းသွားရသည့် စားစရာ၊ ဆေးဝါး၊ အခြားတိုလီမိုလီတို့ထက် များနေသည့်သဘောလည်း ဖြစ်သည်။ စစ်အစိုးရ၏
ညစ်ပရိယာယ်ကြောင့် မိသားစုတွေရဲ့ ဘ၀ပိုမိုပင်ပန်းဆင်းရဲကြရှာသည်။
တချို့ကလည်း အင်းစိန်ထောင်မှာပင်ထားစေဦးတော့ တစ်လတစ်ခါပင် လာရောက်ပြီး ထောင်ဝင်စာ မတွေ့နိုင်တဲ့ မိသားစုဝင်များရှိသေးတာကိုလည်းတွေ့ရသည်။ သူတို့ဘ၀တွေအနေနဲ့
ပြင်ပက မိသားစုတွေ ဘ၀ရပ်တည်ရေး စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေကြရတာကြောင့်ဟု သိရသည်။
“အန်အယ်ဒီကပေးတဲ့ လူမှုထောက်ကူ ငွေ တစ်လ ငါးထောင်ကိုပဲ အထဲကလူအတွက် အားထားရာဖြစ်ခဲ့တယ်။ အိမ်ကမှမလာနိုင်ဘဲ။ တချို့မိသားစုဆို ဆင်းရဲတော့ အဲဒီငွေငါးထောင်ပဲ
သုံးလိုက်ရတော့ အထဲကလူဆီ မရောက်တာတွေလဲရှိတယ်။”
လို့ အန်အယ်ဒီအဖွဲ့ဝင် တစ်ဦးကပြောပြသည်။
ရွှေဝါရောင်သံဃာ့အရေးအခင်းတွင် ထောင်ချခံခဲ့ရတဲ့ သံဃာတော်များအတွက် သံဃာနှင့်မအပ်စပ်တဲ့ အကျဉ်းထောင်မှာတော့ ဒုက္ခပေါင်းစုံကို ခံစားနေရသည့်အပြင်
ငယ်ဖြူသံဃာတော်များအဖို့ နီးစပ်ရာ ဒကာ၊ ဒကာမအချို့ ပေးအပ်လှူဒါန်းတဲ့ ငပိကြော်တစ်ထုပ်၊ ငခြောက်ကြော် တစ်ထုပ်၊ ကော်ဖီမစ် အနည်းကိုသာ အားပြုမှီဝဲနေခဲ့ရသည်ဟု မကြာမှီမှ
လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ယောက်က ပြောပြသည်။

ယုံကြည်ချက်ဖြင့် ဖွင့်ထားသော နား မျက်စိများ


အထက်က ဘ၀တွေက အပြင်မှာ ကျန်ခဲ့တဲ့ မိသားစုတွေနဲ့ သူတို့ရဲ့ ရုန်းကန်နေရတဲ့ဘ၀တွေ ဖြစ်ပြီး ထောင်နံရံ တံတိုင်းရဲ့ အတွင်းဘက်က နိုင်ငံရေး အကျဉ်းသားတွေ
ဘယ်လိုနေကြသလဲ ဆိုတာကိုလည်း နည်းနည်း စေ့ငုကြည့်မိသည်။
အထဲမှာနေကြရတဲ့အတွက် ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်နေ၊ ပြင်ပကအခြေအနေတွေကို မသိဘူးလို့ ယူဆလျင် ထိုယူဆချက်မှားယွင်းလိမ့်မည် ဖြစ်သည်။
နိုင်ငံရေး အကျဉ်းသူ မဏီက
“ အန်တီပြန်လွတ်လာပြီလို့ ကြားတုန်းက အရမ်းဝမ်းသာတယ်။ မိဘမရှိတဲ့ ကလေးတွေလိုပဲ အခုမှ မိဘပြန်ရောက် လာသလိုခံစားရတယ်။ အန်တီလွတ်လာတော့ ထောင်ထဲမှာလဲ
အန်တီ့မျက်နှာနဲ့ အခွင့်အရေး ပြန်ပေးလာတယ်လို့ထင်တယ်။ ကိုယ့်အမေ ပြန်ရောက်လာပြီ ဆိုတဲ့အသိနဲ့ အဲဒီနေ့က အထဲမှာအရမ်းပျော်ကြတယ်”
လို့ ထောင်ဝင်စာတွေ့ရာတွင် ပြောပြခဲ့သည်။
ဒီပြောဆိုချက်ကို ကြည့်ခြင်းဖြင့် သူတို့အနေနဲ့ ပြင်ပမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေများကို မျက်ခြေမပြတ်သည်ကို သဘောပေါက်နိုင်ပါသည်။ တရားဝင်သွင်းခွင့်ရတဲ့
အပတ်စဉ်ထုတ် ဂျာနယ်တွေကို မျှဝေဖတ်ကြခြင်း၊ အပြင်မှ မိသားစုလာတွေ့တဲ့အခါ တစွန်းတစ သတင်းများကို ဆက်စပ်နားထောင်ခြင်းဖြင့် နိုင်ငံရေး ဖြစ်ပေါ်မှုတွေကို
အမြဲစိတ်ဝင်တစားရှိနေကြသည်။
နိုင်ငံရေးမှုနဲ့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတိုင်းအတွက် အိမ်ကမိသားစုတွေ လာတွေ့ရင် မပါမဖြစ် ပါစေချင်တဲ့ အရာကတော့ စာအုပ်များပင် ဖြစ်သည်။
အကျဉ်းကျ နိုင်ငံရေးသမားများ အတွက်တော့ အပြင်ကသတင်းတွေက သူတို့အသက်ပါပဲလို့ မဏီကပြောခဲ့သည်။ ထို့ကြောင့်လဲ အာဏာပိုင်တို့က သာမာန်အကျဉ်းသားများကို
အိမ်မှမိသားစုဝင် များနှင့် ထောင်ဝင်စာတွေ့ဆုံ စကားပြောဆိုလျှင် မည်သို့မျှစောင့်ကြည်ခြင်း နှောက်ယှက်ခြင်း မပြုသော်လည်း နိုင်ငံရေးအကျဉ်းသားများ ထောင်ဝင်စာ
တွေ့ဆုံပြီဆိုရင်တော့ ထောင်ဝန်ထမ်း တစ်ဦးလိုက်ပါပြီး စာရွက်နှင့်ရေးမှတ်ခြင်း၊ အချိန်တိုတောင်းစွာသာ ကန့်သတ်ပြောဆို ခိုင်းခြင်းများကို ပြုလုပ်လေ့ရှိသည်။
သူကပဲ
“ဒီအစိုးရသစ်အပေါ် အမြင်ကတော့ အပြင်ကထောင်ဝင်စာ လာတဲ့လူတွေ သွင်းပေးတဲ့ ဂျာနယ်တွေကို ဖတ်ပြီးတော့ ပြောရမယ်ဆိုရင် အာဏာရပါတီလို ဖြစ်နေတဲ့ ကြံ့ခိုင်ဖွံဖြိုးရေး ကပဲ
နိုင်မယ်ဆိုတာ တစ်ထစ်ချတွက်ပြီးသားပဲ။ အဆိုးထဲကအကောင်း ဖြစ်ပြီးတရားဝင် လုပ်ခွင့်ရတဲ့ အပေါ်လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားပြီးလုပ်ကိုင် လာနိုင်မယ်မျှော်လင့်ရတာပဲ။
နောက်သဘောထား ပျော့ပျောင်း လာမလား ဆိုတာအကဲခတ်ရမှာပဲ။ သိပ်တော့ မမျှော်လင့်ပါဘူး။ တကယ်လို့ ရိုးသားပြီး ဆွေးနွေးချင် တယ်ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသားတွေကို
လွှတ်ပေးရမှာပဲ”
လို့ ပြောပြခဲ့သည်။
“ဝေးကွာနေတဲ့ မိသားစုတွေ၊ သူတို့အိမ်ပြန်လာမဲ့ အချိန်ကို စောင့်မျှော်နေတဲ့ မိဘတွေအတွက် ၀မ်းနည်းမိပေမဲ့ တိုင်းပြည်အတွက် လိုအပ်တဲ့အခန်းကဏ္ဍမှာ ပါဝင်နိုင်သရွေ့
ဆက်လက်ပါဝင်ဖို့ သူခံယူထားတယ်”
ဟု စိတ်ကိုပိုင်းဖြတ်ထားတဲ့ မျက်နှာအမူရာပေါ်လွင်စွာဖြင့် ပြောပြသည်။
လေဖြတ်ထားလို့ အိပ်ယာထဲ လဲနေတဲ့ ဖခင်ဖြစ်သူရဲ့အဖြစ်၊ အသက်အရွယ်အိုမင်းပြီး ကျန်းမာရေးချူချာတဲ့ဘ၀မှာ တဦးထည်းသော သားသမီးကို ဘယ်လောက်
တမ်းတရှာမည်လဲဆိုသည်တို့ကို သူ့အနေဖြင့် မစဉ်းစားမိမည်မဟုတ်။ စဉ်းစားမိမည်မှာ အမှန်ပင် ၊ သို့ပေမယ့် နိုင်ငံရေး တိုက်ပွဲက မပြီးဆုံးသေး၊ ယခုအချိန်မှာ အထက်က
အကြောင်းတွေကြောင့် လက်နက်ချ အရှုံးပေးလို့ မဖြစ်နိုင်ဟု ခံယူထားလေသလား မသိ။
“ကျမတို့အတွက် ဒီအထဲမှာ တစ်မိနစ်နေရင် တစ်မိနစ် တန်ဖိုးတက်နေတယ်လို့ ခံယူထားတယ်။ မတရားအကျဉ်းချခံထားရတာလဲ လူတိုင်းသိတယ်။ ကမ္ဘာကလဲသိတယ်။
ကိုယ်တိုင်အကျဉ်းအကျပ် ထဲကလွတ်မြောက်ချင်သလို ပြည်သူတွေကိုလဲ ဒီစနစ်ဆိုး လက်အောက်ကနေ လွတ်စေချင်တယ်”
လို့ သူကပင်ပြောပြခဲ့သည်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတို့ အဖို့ထောင်တွင်း ဒုက္ခပေါင်းစုံကို ခံစားနေရပါသေးတယ်။ အလှည့်ကျ လမ်းလျှောက်ခွင့် သာရတဲ့တိုက်တွေမှာဆို အနံခြောက်ပေ၊ အလျား
၈ပေသာသာ အခန်းကျဉ်းလေးထဲမှာပဲ တရားထိုင် ၊ပုတီးစိပ်၊ အခန်းသန့်ရှင်းရေးလုပ်ရင်း လမ်းလျှောက်ခွင့် ရမဲ့အချိန်အထိ စောင့်နေကြရတာလဲ နေ့စဉ်အလုပ် တစ်ခုပါပဲ။

ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး အကျဉ်းသား


“ဟိုတလောက အရမ်းအေးတယ်။ တိုက်တွေက ပူလွယ်အေးလွယ်တော့ အေးရင်လဲ အသေပဲ။ ခြေအိတ်က မရှိတော့ ကိုယ့်လိုပဲ နိုင်ငံရေးနဲ့ ကျနေတဲ့ ညီမတယောက်က
တီရှပ်အကျီဟောင်းတထည်ကို ဖြတ်ပြီးခြေစွပ်ဖြစ်အောင် ချုပ်ပေးရှာတယ်။ ခြေထောက်မှာမြဲရအောင် သားရေကွင်းတကွင်းစီနဲ့ အ၀တ်စကို ချုပ်ထားတာ၊ လမ်းလျှောက်တဲ့အခါ
ဘတ်လပ်ဘတ်လပ်နဲ့ ကြည့်ပြီးရယ်နေရသေးတယ်၊ ဆရာဝန်တွေက တိုက်တွေဆိုရင်တော့ ဂရုစိုက်ပါတယ်။ ဒါပေမဲ့ တစ်ခုခုဖြစ်ရင် ကိုယ်ကအရင်ဖြစ်မှာ ဆိုတော့ ဘာပဲဖြစ်ဖြစ်
ကျန်းမာအောင် တော်တော်ဂရုစိုက်နေရတယ်”
လို့ သူမကပင်ပြောပြခဲ့သည်။
အခြားအကျဉ်းသားများအတွက် ထောင်ဖွင့်ချိန် မနက် ၆နာရီမှ ညနေ ၆နာရီအထိ လွတ်လပ်စွာ ထောင်ဝန်းအတွင်း နေထိုင်သွားလာခွင့် ရရှိနိုင်ပေမဲ့ နိုင်ငံရေး အကျဉ်းသားတို့အဖို့
တနေ့လျှင် လမ်းလျှောက်ခွင့် ၅နာရီမျှသာ ရပါသည်။
“ကျမတို့အတွက် အစားအသောက် အနေအထိုင် အစစအရာရာ ချို့တဲ့ပေမဲ့ ဒါဟာတိုက်ပွဲဝင် နေတာဆိုတဲ့ အသိလေးနဲ့တင် ကျမတို့စိတ်ကို ပြန်အားတင်းထားနိုင်ခဲ့တယ်။ ဒါပေမဲ့
အပြင်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေအပေါ် တာဝန်မကျေတာတော့ စိတ်မကောင်းဘူး”
လို့သူမကမျက်ရည်စို့ရင်း ပြောပြခဲ့သည်။
တကယ်တော့ ထောင်အုတ်ရိုးအတွင်းမှာ ချုပ်နှောင်ထားရုံ မျှမက ခြင်္သေတွေ ကျားတွေလို သံတံခါးအထပ်ထပ်နဲ့ လှောင်အိမ်တွေထဲမှာ နေနေရတဲ့ အကျဉ်းသားတွေရဲ့ ဘ၀ကတော့
စိတ်ဓါတ်ကို သံမဏိလုပ်ထားနိုင်မှ တော်ကာကျမယ်လို့ သူမကပြောပြခဲ့သည်။

မျှော်လင့်ချက်တို့ဖြင့် လင်းနေတဲ့ သန်းကောင်ယံ


အကျဉ်းသားတိုင်း မျှော်လင့်ဖူးတဲ့ အစိုးရကနေ လွတ်ရက်မစေ့ခင် လွှတ်ပေးတဲ့ ဖိုးအိုဝမ်း (၄၀၁) နဲ့ ပတ်သတ် ပြီးတော့ အန်အယ်ဒီရဲ့ ဥပဒေ အကျိုးဆောင် ဦးအောင်သိန်းက
“အကျဉ်းသားတစ်ယောက်ကို လွတ်ရက်မစေ့မှီ လွှတ်တာက ပုဒ်မ ၄၀၁နဲ့လွှတ်တာပေါ့နော်။ အဲဒီမှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာတွေပါမယ်။ နောက်လျော့ပေါ့ ပြောင်းလဲတာတွေ
ပါမယ်။ ဒီပုဒ်မရဲ့ သဘောက တစ်ယောက်ယောက်ကို ပြစ်ဒဏ်ချမှတ်ပြီးတဲ့အခါ နိုင်ငံတော်သမ္မတကနေ ဘယ်အချိန်မဆို စည်းကမ်းချက် မထားပဲနဲ့ဖြစ်ဖြစ် ပြစ်ဒဏ်ချမှတ်ခံရတဲ့သူ
သဘောတဲ့ စည်းကမ်းချက်တစ်ခုခု ထားပြီးဖြစ်စေ သူ့အပေါ်မှာ ချမှတ်ထားတဲ့ ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်တယ်”
လို့ ပြောပြခဲ့သည်။
နိုင်ငံအရေးအကျဉ်းသား ၂၀၀၀ကျော် လွတ်မြောက်ရေးအတွက် ပြည်တွင်းပြည်ပမှ တွန်းအားပေး တောင်းဆိုနေကြတာလဲ အချိန်နဲ့အမျှပါပဲ။ မြန်မာစစ်အစိုးရက နိုင်ငံရေးအကျဉ်းသား
၂၀၀၀ ကျော် ကို လွှတ်ပေးပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေး ခဲ့လျှင် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားဖို့ စဉ်းစားမည်ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး(အရှေ့အာရှ
ပိစိဖိတ်ရေးရာတာဝန်ခ)ံ ဂျိုးဇက် ၀ိုင် ယန်းက ဂျာကာတာပို့စ် သတင်းစာကို ပြောဆိုခဲ့သည်။
ထို့အတူ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် လွှတ်တော်တွင် တင်ပြသွားရန် ရွေးကောက်ပွဲဝင် အန်ဒီအက်ပါတီမှလည်း သတင်းထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီ ၇ရက်နေ့က
ပြုလုပ်သော ရှမ်းအမျိုးသားနေ့တွင် အကျဉ်းကျခံ ရှမ်းနိုင်ငံရေးခေါင်းဆောင်များ လွတ်မြောက်ရေး အတွက် ရှမ်းအန်အယ်ဒီအဖွဲ့မှ တောင်းဆိုခဲ့သည်။
ယုံကြည်ချက်နှင့် အကျဉ်းကျခံထားရသော နိုင်ငံရေး အကျဉ်းသားများတွင် တိုင်းရင်းသားလူမျိုးစုများမှ နိုင်ငံရေးအကျဉ်းသား ၂၂၅ဦးပြီး လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးပါဝင်တာကို
တွေ့ရသည်။ ထို့အပြင် သတင်းစာ ၊စာနယ်ဇင်းသမား ၄၂ဦးနှင့် ရှေ့နေ ၁၁ဦးတို့ အကျဉ်းကျခံထားရဆဲ ဖြစ်သဖြင့် နယ်ပယ်အသီးသီးမှ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ
အကျဉ်းသားပေါင်း ၂၀၀၀ကျော်ရှိသည်။ ထို့အပြင် ထောင်တွင်း အနေအစားချို့တဲ့မှုကြောင့် ရောဂါဝေဒနာ ခံစားနေရသော နိုင်ငံရေး အကျဉ်းသား ၁၄၂ ဦးရှိကြောင်း အေအေပီပီက
ထုတ်ပြန်သည့် ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေကို ပြထားသည့် စာရင်း အရသိရှိရသည်။

လူ ၂၀၀၀ ရဲ့ အိမ်အပြန်


ယခုလို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ အစိုးရသစ် အကူးအပြောင်း ကာလတွေဟာ ထောင်တွင်း အကျဉ်းချခံထားရတဲ့ လူတွေအဖို့ နိုင်ငံတော်လို့ ခေါ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို
မျှော်လင့်နိုင်တဲ့ အခြေအနေပါ။ သို့ပေမဲ့ နိုင်ငံရေးအကျဉ်းသား မည်ရွေ့မည်မျှ လွတ်နိုင်သည်ကိုတော့ ခန့်မှန်းရနိုင်တဲ့ အနေအထား မဟုတ်တဲ့အတွက် မျှော်လင့်ချက်နဲ့ သာမိမိတို့
သားသမီး ၊ ဇနီး၊ ခင်ပွန်းတို့ကို စောင့်နေရုံသာ ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားတစ်ဦးရဲ့ မိခင်က ပြောပြခဲ့သည်။
“အမကတော့ အချိန်မရွေး မျှော်လင့်တယ်။ ရုံးကနေပြန်လာရင်တောင် ငါ ပျော်အောင်များ ရုံးကို အကြောင်းမကြားပဲ ထားတာလား ၊ သူရှိနေမလား ဆိုတဲ့အသိကတော့ အမြဲရှိနေတယ်”
လို့ မခိုင်ချိုဇော်ဝင်းတင်က ပြောသည်။
အားလုံးသော မြန်မာပြည်သားများကလည်း သူတို့ အိမ်ပြန်လာချိန်ကို မျှော်နေကြသည်။
သူတို့ကလည်း စောင့်မျှော်နေမည့် အိမ်နဲ့ မိသားစုသားချင်းများထံ ရဲရင်တည်ကြည်သော ခြေလှမ်းများဖြင့် အရောက်ပြန်လာကြမည် ဖြစ်သည်။

စားသုံးတို့ ငွေကုန်ကြေးကျ များစေတဲ့ မြန်မာပြည်က ဖုန်းအမျိုးမျိုး ၀န်ဆောင်မှု စာရိတ်အမျိုးမျိုး


မိုးမခ အထောက်တော်၊ ရန်ကုန်
ဖေဖေါ်ဝါရီ ၇၊ ၂၀၁၁
မြန်မာနိုင်ငံ တယ်လီဖုန်း ဆက်သွယ်ရေး စနစ်တွင် မတူညီသည့် နည်းစနစ် မတူညီသည့် မိုဘိုင်းဖုန်းများ၊ ဧရိယာကန့်သတ်မှုများ ၊ ကုန်ကျစရိတ်ကြီးမားသည့် ပြောဆိုခနှင့်
အခြားသောဝန်ဆောင်မှုများကြောင့် ဖုန်းသုံးစွဲသူများမှာ မကြာခဏ ငွေထပ်မံ သုံးစွဲကြရသည့်ပြင် ၀န်ဆောင်မှုအပိုင်းမှာတော့ အိမ်နီးချင်းနိုင်ငံများထက်ညံ့ဖျင်းလျက်ရှိကြောင်း
ဖုန်းသုံးစွဲသူများက ပြောဆိုသည်။
အင်တာနက်ဖုန်း ကဒ်လဲရန် ငွေ ၃ သောင်းက ၅ သောင်း
လွန်ခဲ့သည့် ဇန်န၀ါရီလလယ်က စတင်လိုက်သည့် မိုဘိုင်းဖုန်းတွင် အင်တာနက် ၀န်ဆောင်မှုအတွက် နကိုဖုန်းလက်ဝယ်ရှိသူများပင် အင်တာနက်တပ်ဆင်ခ အဖြစ် ကျပ်ငွေ ၃ သောင်းမှ
၅ သောင်းဝန်းကျင်ထိထပ်မံ သုံးစွဲကြရပြန်သည်။ ယမန်နှစ်ဆန်းက စတင်ရောင်းချခဲ့သည့် ငါးသိန်းတန် ၈၀၀ မီဂါဟတ်ဇ စီဒီအမ်အေ ဖုန်းများအားအင်တာနက် သုံးစွဲခွင့်ပြုရာတွင်
ကဒ်လဲလှယ်ရန်ဟု အကြောင်းပြပြီး ကျပ်ငွေ ၃ သောင်းထပ်မံပေးသွင်းရမည်ဟု မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် လက်တွေ့လိုက်လံလုပ်ဆောင်သည့်အခါ
အနည်းဆုံးကျပ်ငွေ ၃ သောင်းခွဲမှ ကျပ် ၅ သောင်းအထိကုန်ကျကြရသည်။
နကိုရှိပြီးသား RUIM ကဒ် (ဆင်းကဒ် အမျိုးအစားတမျိုး) ကို ကျပ်ငွေ သုံးသောင်းပေးသွင်းပြီး အလားတူကဒ်မျိုးဖြင့်သာပြန်လဲလှယ်ခြင်းဖြစ်သည်။ သုံးစွဲသူများထံမှ ငွေကောက်ခံလိုသဖြင့်
ထိုသို့ကဒ်လဲလှယ်ခြင်း အစီအစဉ်ကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု သုံးစွဲသူအချို့က ထင်မြင်ယူဆကြသည်။

အင်တာနက်ဖုံး ဟင်းဆက်လဲရန် ၁ သိန်းက ၂ သိန်း


နကိုက ကိုင်ဆောင်လျက်ရှိသည့် ၈၀၀ မီဂါဟတ်ဇ ဟန်းဆက်များမှာ အင်တာနက်သုံးစွဲရန် ခေတ်မမှီသဖြင့် အင်တာနက် သုံးသူများအနေဖြင့် အင်တာနက် သုံးနိုင်သည့် တရုတ်နိုင်ငံထုတ်
ဟန်းဆက်များကို အနည်းဆုံးကျပ် ၁သိန်းမှ ၂ သိန်းကျော်ပေးဝယ်ပြီး လဲကြရသည်ဟု ငါးသိန်းဖုန်းဖြင့် အင်တာနက် သုံးသူများက ပြောသည်။
ကားပွဲစား လုပ်သူတစ်ဦးက ``အင်တာနက် သုံးဖို့လျှောက်လို့ရပြီဆိုတော့ သားအတွက် ကျွန်တော် သွားလျှောက်တယ်။ တန်းစီ လျှောက်လွှာတင်၊ ပြီးတော့ငွေသွင်း ကဒ်လဲပြီး
အင်တာနက်သုံးလို့ရတယ်ဆိုတဲ့ Huawei ဟန်းဆက်ကို ၁ သိန်း ၂သောင်းနဲ့ဝယ်လိုက်တယ်။ အခုအဲဒီဟန်းဆက်က အင်တာနက်တိုက်ရိုက်သုံးလို့ အဆင်မပြေတာတွေရှိလို့ ကွန်ပျူတာနဲ့
ချိတ်ဆက်ဖို့ လိုက်လုပ်ရပြန်တယ်။ အရင်သုံးပြီးသား ငါးသိန်းဟန်းဆက် တစ်လုံးကလည်း အိမ်မှာ ဒီအတိုင်းပဲ။ သူတို့စနစ်တွေပြောင်းနေတာနဲ့ နောက်ကလိုက်ရတဲ့သူက
ငွေတွေကုန်တာလည်း မပြောနဲ့တော့´´ဟုပြောသည်။

ငါးသိန်းဖုန်းကို ကွန်ပျူတာနဲ့ အင်တာနက်သုံးတဲ့အခါ လိုအပ်တဲ့ မိုဒမ် ကြော်ငြာကို အလုံအိတ်ချိန်းရုံးမှာ ချိတ်ဆွဲထား


လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်း နအဖ စစ်အစိုးရက ဂျီအက်စ်အမ်၊ CDMA 800Mhz ၊ WCDMA၊ ကမ်းရိုးတန်း450 Mhz CDMA ၊ ငါးသိန်း CDMA အစရှိသည့် နည်းစနစ် အမျိုးမျိုး၊
ဈေးနှုန်းအသီးသီးဖြင့် ငှားရမ်းခွင့်ပြုခဲ့သည်။ မကြာမီ ၅ သိန်းဂျီအက်စ်အမ်လည်း ရောင်းချတော့မည်ဟု ပြည်တွင်း အပတ်စဉ်ထုတ်ဂျာနယ်များတွင် ဖေါ်ပြထားချက်အရ သိရသည်။
၁ ခါသုံး ဖုံးကဒ် ၁ နာရီ ပြော ငွေ ၂ သောင်းခွဲ …
၂၀၀၉ ခုနစ်ဆန်းမှ စတင်ပြီး တစ်ခါသုံး ဖုန်းကဒ်များအား ကျပ် ၂သောင်းကျော်ဖြင့်ရောင်းချခဲ့သည့် အတွက်လည်း သိန်းနှင့်ချီတန်သည့်မိုဘိုင်းဖုန်း မကိုင်နိုင်သူများ
ဝယ်ယူသုံးစွဲခဲ့ကြသေးသည်။ တစ်လသာခံသည့် ဆင်းကဒ်တကဒ်အတွက် ကျပ် ၂သောင်းကျော်ကို အကုန်ကျခံခဲ့ကြရသည်။ ကဒ်သက်တမ်းမှာ တစ်လဟုဆိုသော်လည်း တစ်မိနစ်ကို
ကျပ်၃၀၀ ၀န်းကျင်ကျသင့်သဖြင့် အမှန်တကယ် တောက်လျှောက်ခေါ်ဆိုလျင် တစ်နာရီသာသာဖြင့် ကုန်ဆုံးသွားမည်ဖြစ်ပြီး အ၀င်ခေါ်ဆိုမှုကိုလည်း လက်ခံနိုင်မည် မဟုတ်တော့ပေ။
အရောင်းစာရေး တဦးအနေဖြင့် တစ်လလျင် လုပ်ခလစာ ကျပ် ၃သောင်းမှ ၅ သောင်းဝန်းကျင်သာရှိသည့် မြန်မာနိုင်ငံတွင် မိနစ် ၆၀ စာဖုန်းကဒ်တကဒ်အား ကျပ် ၂သောင်းခွဲဖြင့်
ဝယ်ယူသုံးစွဲဖို့ လူတိုင်းမတတ်နိုင်ခဲ့ကြပေ။
ငါးသိန်းဖုန်းများ အသစ်လျှောက်ရန်နဲ့ အင်တာနက် တပ်ဆင်ရန် အတွက် အလုံအိတ်ချိန်းရုံးမှာ လျှောက်ထားသူတွေ စည်ကားနေစဉ်
နယ်ကျော်ပြီး ပြောခွင့်မရှိတဲ့ လက်ဝါးကြီးအုပ် မိုဘိုင်းဖုန်း
၂၀၁၀ ခုနှစ်တွင်ယခင်က သိန်း၁၆သိန်း၊ ၁၈ သိန်း ပေါက်ဈေးရှိခဲ့သည့် မိုဘိုင်းဖုန်းများအာ်း ၅သိန်းကျပ်ဖြင့်ရောင်းချပေးခဲ့ပြီး ဆက်သွယ်နိုင်သည့် ဧရိယာကို ကန့်သတ်ထားခဲ့သည်။
သုံးစွဲသူလူထုအနေဖြင့် ငါးသိန်းဖြင့် မိုဘိုင်းဖုန်း ၀ယ်ယူနိုင်သည့် အချက်ကို အခွင့်အရေး တခုအဖြစ် မြင်ခဲ့ကြပြီး အလုံးရေ သိန်းနဲ့ချီဝယ်ယူခဲ့ကြသည်ကိုတွေ့ရသည်။
၂၀၀၈ ခုနှစ်အကုန်မှစတင်ပြီး မြန်မာ့ တယ်လီဖုန်း ဆက်သွယ်ရေး နယ်ပယ်အတွင်းသို့ စစ်အစိုးရနှင့် အကျိုးတူလုပ်ကိုင်နေသည့် ပုဂ္ဂလိက လုပ်ငန်းရှင် ဦးတေဇက
ပါဝင်လုပ်ကိုင်ခွင့်ရလာခဲ့သည်။ အက်အီးစီ ၂၀ နှင့် ၅၀ တန်ကဒ်များ စတင်ရောင်းချသည့် အစီအစဉ်မှ စပြီးယခု ၈၀၀ မီဂါဟတ်ဇ စနစ်သုံး ငါးသိန်းဖုန်းများ ၊ အင်တာနက်
သုံးစွဲသည့်ဝန်ဆောင်မှုများတွင် အီလိုက်တက်ခ ကုမ္ပဏီနာမည်ဖြင့် လုပ်ကိုင်ခွင့်ရရှိခဲ့သည်။ စစ်အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများက ဆက်သွယ်ရေးနှင့် မိုဘိုင်းဖုန်းလုပ်ပိုင်ခွင့်များကို
လက်ဝါးကြီးအုပ်ထားသည့် အတွက် လွတ်လပ်သည့် ပြိုင်ဆိုင်သည့် ဈေးကွက်မရှိပဲ သုံးစွဲသူအများစုမှာ ၀င်ငွေနှင့်မမျှသည့် ငွေကြေးပမာဏကို သုံးစွဲနေကြရသည်ကို တွေ့ရသည်။
အိမ်နီးချင်းထိုင်းနိုင်ငံတွင် မိုဘိုင်း တယ်လီဖုန်း ဆက်သွယ်ခ တစ်မိနစ်လျင် တစ်ဘတ် (၂၉ ကျပ် ) သာကျသင့်ပြီး အေဒီအက်စ်အယ် တစ်လျင် ဘတ် ၅၉၀ ( ကျပ် သောင်း ၇ထောင် )သာ
ကျသင့်သော်လည်း မြန်မာနိုင်ငံတွင် တမိနစ် အနည်းဆုံး ၅၀ ကျပ်မှ ၆၀ ကျပ် (ထိုင်းနိုင်ငံထက် ၂ဆ) အထိကျသင့်ပြီး အေဒီအက်စ်အယ် အင်တာနက်လိုင်းတစ်လိုင်း သွယ်ယူရန်
အမေရိကန်ဒေါ်လာ ၁၅၀၀ အနည်းဆုံးကျသင့်သည့် အနေအထားလည်း ဖြစ်သည်။

ကာတွန်း စောငို - ရှမ်း ရုပ်သေး


ဖေဖော်ဝါရီ ၈၊ ၂၀၁၁
နိုင်ငံရေး အကြပ်အတည်းများ၊ လက်နက်ကိုင်တပ်မတော် ပြီင်္းတော့ နိုင်ငံရေးအင်အားစု
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဖေဖော်ဝါရီ ၈၊ ၂၀၁၀

ပထမဦးဆုံးကတော့ ဆရာရေ … အင်န်အယ်ဒီရဲ့ တရားဝင်ပါတီဖြစ်တည်မှုကို စစ်အစိုးရတရားရုံးက အယူခံခွင့် ပယ်ချလိုက်တယ်။ လွန်ခဲ့တဲ့ အပတ်က ထိုင်းနိုင်ငံက အစိုးရအဖွဲ့ဝင်တွေက
မြန်မာပြည်နဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုကြပြန်တာကလည်း လက်ရှိ ရွေးကောက်ပွဲကော်မရှင်မှာပဲ မှတ်ပုံတင်ပါလို့ တိုက်တွန်းတာတွေ ပြောလာတယ်။ အဲဒါလေးကို
နည်းနည်းလောက် ပြောလို့ရမလားခင်ဗျာ။
ဟုတ်ကဲ့ပါ။ ကျနော်တို့က အင်န်အယ်ဒီင်္ပါတီက ၁၉၉၀ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ခဲ့ပြီးတဲ့ နိုင်ငံရေးပါတီတခုဖြစ်တယ်။ ကျနော်တို့နဲ့အတူ မှတ်ပုံတင်ခဲ့ကြတဲ့
တိုင်းရင်းသားနိုင်ငံရေးပါတီတွေလည်း ရှိခဲ့တယ်။ အခု ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်မှာ ထပ်ပြီး မှတ်ပုံတင်စရာ မလိုဘူးလို့ ကျနော်တို့က ဆုံးဖြတ်ပြီး ရပ်တည် ခဲ့ပြီးပြီ။ ဒါကို တရားရုံးက
အယူခံခွင့်ကို ပယ်ချလိုက်ပြီးတော့ တဖက်ကနေပြီး ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ခိုင်းနေတာကို ကျနော်တို့က လက်မခံနိုင်ဘူး။ မြန်မာပြည်တွင်းမှာ
ဥပဒေနည်းလမ်းတွေရှိနေသမျှနဲ့ ကျနော်တို့က ဒီတရားဝင်ရပ်တည်မှုအရေးကို ဆက်လက် ရင်ဆိုင်သွားမှာပဲ။ အခုလိုအခြေအနေမှာ ဒီထက်ပိုပြီး လုပ်ကြရမှာကတော့
နိုင်ငံတကာကဥပဒေ တရားရုံး၊ ခုံရုံးများမှာ လျောက်ထား တင်ပြပြီးတော့ ဆက်လက် ဆောင်ရွက်သွားမှာပဲ ဖြစ်တယ် ဆိုတာကို ပြောချင်ပါတယ်။
အခုအချိန်မှာ စစ်အစိုးရက သူတို့စစ်အာဏာရှင်အလိုကျ နိုင်ငံရေးအင်အားစုတရပ်ကို အင်န်အယ်ဒီပါတီ၊ စီအာရ်ပီပီမဟာမိတ် အင်အားစုတွေကို တန်ပြန် စိန်ခေါ်နိုင်ဖို့
မွေးယူဖန်တီးပြီးတော့ ၂၀၁၁ လွှတ်တော် ၃ ရပ်ကို ခေါ်ယူလိုက်ပြီ။ အဲသည်မှာ သူတို့စိတ်တိုင်းကျ စစ်သားတွေ၊ စစ်တပ်ပါတီ ကြံ့ဖွံ့တွေနဲ့ နိုင်ငံရေးပါတီ ဆိုသူတွေကို ပွဲထုတ်လာတာကို
တွေ့နေရပြီ ဆရာရယ်။ ဆရာတို့က သည်လွှတ်တော်တွေ၊ ပေါ်လာမယ့် အစိုးရတွေကို လက်ခံမှာလား။
ကျနော်တို့တတွေက စစ်အစိုးရ တဖက်သတ် အတည်ပြုခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကို လက်မခံခဲ့ဘူး။ အဲသည် ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့် ၂၀၁၀
ရွေးကောက်ပွဲကိုလည်း ကျနော်တို့က ၀င်ရောက်ခြင်း မပြုခဲ့ဘူး။ အခု ရွေးကောက်ပွဲက ပေါ်ထွန်းလာတဲ့ လွှတ်တော်ဆိုတာကလည်း မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ လူု့အခွင့်အရေးကို
ဖော်ဆောင်နိုင်ခြင်း၊ အာမခံခြင်း မရှိတဲ့အတွက် ကျနော်တို့က လက်မခံနိုင်ဘူးလို့ ပြောနိုင်ပါတယ်။ အခုလည်းပဲ အားလုံးမျက်မြင်ပဲ အခုကျင်းပနေတဲ့ လွှတ်တော်မှာ အတားအဆီး
အကန့်အသတ် ပိတ်ပင်ထားတာတွေ၊ လွတ်လပ်ပွင့်လင်းမှု မရှိတာတွေကို မြင်တွေ့နေကြရပြီ ဖြစ်တယ်။
ဟုတ်ကဲ့ပါဆရာ။ အခုလိုမျိုး စစ်အာဏာရှင်တွေက သူတို့ရဲ့ လွှတ်တော်တွေကို ထူထောင်ခေါ်ယူထားတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပြည်ပက အာဏာရှင်နိုင်ငံတခုဖြစ်တဲ့ အီဂျစ်မှာ
အထွေထွေအကြပ်အတည်းကို သီးမခံနိုင်တော့တဲ့ လူငယ်မျိုးဆက်သစ်တွေ၊ ပြည်သူလူထုတွေဟာ လူထုအုံကြွမှုကြီးတခုနဲ့ လက်ရှိအစိုးရကို သပိတ်မှောက် ကန့်ကွက်မှုတွေ
ပြုလုပ်နေကြတယ်။ အာဏာရှင် မူဘာရက်ကိုယ်တိုင်ကလည်း လက်နက်ကိုင်စစ်တပ်ကို အသုံးချပြီး အကြမ်းဖက်သတ်ဖြတ် ဖြေရှင်းတာတွေ မလုပ်နိုင်ဘူး။ သူကိုယ်တိုင်က လူထုကို
အလျော့ပေး စေ့စပ်မှုတွေ လုပ်နေရတယ်။ အဲသည် နိုင်ငံတကာက စောင့်ကြည့်နေရတဲ့ အီဂျစ်ပြည် လူထုအုံကြွမှု အရေးအခင်းနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ ဆရာ။
ကမ္ဘာတ၀ှမ်းလုံးမှာ ကြည့်လိုက်လို့ရှိရင် နိုင်ငံတွေမှာ စီးပွားရေး အကြပ်အတည်းတွေ ဆိုက်နေတယ်။ ဒါကြောင့် လူထုဟာ လက်ရှိအစိုးရတွေကို ကန့်ကွက်ဆန္ဒပြလာကြတယ်။
သူတို့ဟာ စားဝတ်နေရေးကြပ်တည်းတာတွေ၊ အထွေထွေကုန်ဈေးနှုန်းမြင့်မားတာတွေကို ဆက်ပြီး သီးမခံနိုင်တော့ဘူး။ ဒါတွေကို အီဂျစ်တို့ တူနီးရှားတို့ စတဲ့ နိုင်ငံတွေမှာ မြင်တွေ့နေရပြီ
ဖြစ်တယ်။ ဒါဟာ ကမ္ဘာတ၀ှမ်းလုံးနဲ့ သက်ဆိုင်တာ ဖြစ်တဲ့အတွက် အားလုံးကို ဂယက်ရိုက်တတ်တယ်။ အခြားနိုင်ငံတွေမှာလည်း ကူးစက်ပြန့်နှံ့မှုတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့်
အစိုးရတွေကော၊ လူ့အဖွဲ့အစည်းတွေ အားလုံးက သင်ခန်းစာယူပြီး ပြင်ဆင်ကြမှ ဖြစ်မယ်။ ရင်ဆိုင်ကြမှ ဖြစ်မယ် ဆိုတာကို ပြောချင်တယ်။
မြန်မာပြည်မှာဆိုရင်တော့ အဓမ္မမှုတွေ၊ အကျင့်ပျက် ခြစားမှုတွေ၊ မတရားမှုတွေ အများအပြား ဖြစ်ပွားနေတဲ့အတွက် လူထုရဲ့ မကျေနပ်မှုကနေ အုံကြွမှုတွေဆိုတာ အချိန်မရွေး
ထပြီး ဖြစ်ပွားနိုင်တဲ့ အခြေအနေ ရှိနေတယ်။
ဟုတ်ကဲ့။ အဲသည်လို လူထုအုံကြွမှု ပေါ်ပေါက်လာတဲ့အခါ အီဂျစ်ပြည်မှာဆိုရင် နိုင်ငံရေးအုံကြွမှုပြသနာတွေကို ဖြေရှင်းဖို့၊ ထိန်းသိမ်းဖို့ တာဝန်ယူ ဖြေရှင်းပေးနိုင်တဲ့၊ တွေ့ဆုံဆွေးနွေး
အဖြေရှာပေးနိုင်တဲ့ နိုင်ငံရေး အင်အားစုတွေ၊ အစုအဖွဲ့တွေ၊ ခေါင်းဆောင်မှုတွေနဲ့ ပတ်သက်ပြီး ခုချိန်အထိ မပေါ်ပေါက်လာသေးဘူးလို့ ပြောနေကြပါတယ် ဆရာ။ အဲသည်မှာ
မြန်မာနိုင်ငံလိုမှာ ဆိုရင် အခု ပေါ်ပေါက်လာတဲ့ လွှတ်တော်က ၀င်ရောက် ဖြေရှင်းပေးနိုင်မှာလား။ သို့မဟုတ် လက်နက်ကိုင်ပြီး ဖြေရှင်းမယ့် စစ်အာဏာရှင်တွေ လက်ထဲပဲ ပြန်ရောက်
သွားမှာလား။
ဒီလွှတ်တော်ကို ပြည်သူလူထုက အယုံအကြည်မရှိတဲ့အတွက် သူတို့တတွေက ဦးဆောင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူး လို့ ပြောချင်တယ်။ အဲသည်တော့ သူတို့နောက်က
ကြိုးကိုင်နေတဲ့ စစ်အာဏာရှင်တွေလက်ထဲကိုပဲ တိုင်းပြည်ရဲ့ ကံကြမ္မာကို ထိုးအပ်ရမယ့် အခြေအနေဖြစ်နေတယ်။
သို့သော် လွှတ်တော်ပြင်ပရဲ့ နိုင်ငံရေးအင်အားစုတွေက ၀င်ရောက် ထိန်းကွပ်နိုင်တဲ့ အခြေအနေရှိသလားလို့ မေးမယ် ဆိုရင်လည်း စစ်အာဏာရှင်တွေက
အတိုက်အခံနိုင်ငံရေးအင်အားစုတွေ၊ ပါတီတွေ၊ ခေါင်းဆောင်ပုဂ္ဂိုလ်တွေကို တောက်လျောက် ဖိနှိပ် နှိမ်နှင်းထားတဲ့အတွက် သူတို့ရဲ့ အခမ်းကဏ္ဍရှိဖို့အရေးကလည်း အခုအခြေအနေမျိုးမှာ
စိုးရိမ်စရာ ရှိနေတယ်။
အဲသည်တော့ စစ်တပ်ရဲ့ ပါဝင်ပတ်သက်မှု ရပ်တည်မှုဟာ အဲသည်လို အခြေအနေမျိုးမှာ အရေးပါတယ်လို့ ပြောချင်တယ်။

တိုင်းပြည်ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးအတွက် လက်နက်ကိုင်စစ်တပ်တွေအတွက် အခြေအနေကောင်းတွေက ဘာလို ဖြစ်သလဲ ဆရာ။


ဥပမာအားဖြင့် ၁၉၈၈ ခုနှစ် ပတ်ဝန်းကျင်မှာ အရှေ့တောင်အာရှက အာဏာရှင်နိုင်ငံတွေမှာ လူထုအုံကြွမှုတွေ ဖြစ်ခဲ့ကြတုန်းက ဖိလစ်ပိုင်တို့၊ အင်ဒိုနီးရှားနိုင်ငံတို့မှာ ရှိတဲ့ စစ်တပ်တွေ၊
စစ်ဗိုလ်ချုပ်တွေက နိုင်ငံရဲ့ အပြောင်းအလဲအတွက် ရပ်တည်ခဲ့ကြပုံတွေ၊ ပြည်သူလူထုကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ကြတာတွေကို ပြန်ကြည့်စေချင်တယ်။
လက်နက်ကိုင်စစ်တပ်ဟာ ဒီမိုကရေစီရေး အပြောင်းအလဲအတွက် တစုံတရာသော ပံ့ပိုးခြင်း၊ ပါဝင်ခြင်းတို့ကြောင့် အခြေအနေကောင်းတွေ ပေါ်ပေါက်ခဲ့တယ်လို့ ပြောချင်ပါတယ်။
အခု အီဂျစ်ပြည်သူလူထုရဲ့ သန်းနဲ့ချီတဲ့ အုံကြွမှုမှာ ဆိုရင် ၁၄ ရက် ကျော်လာပြီ။ အာဏာရပါတီနဲ့ အစိုးရဖက်က အပြောင်းအလဲတွေ လုပ်လာတယ်။ ညှိနှိုင်းမှုတွေ လုပ်လာတယ်။
လူထုကလည်း မကျေနပ်နိုင်သေးဘူး။ တင်းမာနေဆဲပဲ။ နိုင်ငံရေးအရ ရွေးကောက်ပွဲအသစ်လုပ်ဖို့၊ စုံစမ်းစစ်ဆေး အရေးယူဖို့၊ အစိုးရအဖွဲ့ ပြောင်းလဲဖို့၊ နိုင်ငံရေးနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်
ရှိဖို့၊ တွေ့ဆုံဆွေးနွေးဖို့တွေ စေ့စပ်ပြောဆို ကမ်းလှမ်းလာတာတွေ တွေ့ရတယ်။ အဲသည်မှာ လက်နက်ကိုင်စစ်တပ်က လက်ရှိအာဏာရှင်တွေဖက်ကလည်း မလိုက်ဘူး။
ပြည်သူလူထုကိုလည်း အကြမ်းဖက်ပြီး သတ်ဖြတ်နှိမ်နှင်းတာတွေ မလုပ်ဘူး။ ဒါမျိုး ရပ်တည်နေတယ်။ ဒါဟာ အခြေအနေကောင်းတခုလို့ ဆိုချင်တယ်။
မြန်မာပြည်မှာက လက်နက်ကိုင်စစ်တပ်က ဘယ်လမ်းကို ရွေးမှာလဲ ဆရာ။
၁၉၈၈ မှာ စစ်တပ်ဟာ အာဏာရှင်တွေ စေခိုင်းသလို လူထုကို အကြမ်းဖက်သတ်ဖြတ်ခဲ့တယ်။ ၂၀၀၇ မှာတုန်းကလည်း စစ်တပ်ဟာ အာဏာရှင်တွေအလိုကျ
သံဃာတော်တွေအပါအ၀င် လူငယ်တွေ၊ ပြည်သူတွေကို နှိမ်နှင်းခဲ့တယ်။ သို့သော် ဖိလစ်ပိုင်က စစ်တပ်တွေလို ပြည်သူဖက်က လိုက်မှာလား။ ဒါမှမဟုတ် အီဂျစ်စစ်တပ်လို
ကြားနေမှာလား။ ဒါကို တပ်မတော်သားတွေက ရွေးချယ်ကြရတော့မှာဖြစ်တယ်။ အကယ်၍များ မြန်မာပြည်သူလူထုဟာ ဆင်းရဲကြပ်တည်းလွန်းလို့၊ တရားမျှတလွတ်လပ်မှု မရှိလို့
မခံမရပ်နိုင်ဖြစ်ပြီး ဆူပူအုံကြွမှုတွေ မလွှဲမရှောင်သာ ဖြစ်ကြရမယ်ဆိုရင် တပ်မတော်ဟာ လက်ရှိအခြေအနေမှာ အကြမ်းဖက်ဖြေရှင်းမယ်၊ ပစ်ခတ်သတ်ဖြတ်ဦးမယ် ဆိုရင် မြန်မာပြည်ကြီးနဲ့
ပြည်သူလူထုတရပ်လုံးဟာ ဆင်းရဲတွင်း ဘေးဒုက္ခမျိုးစုံကနေ လွတ်မြောက်ခြင်းမရှိဘဲ ဒီထက်ပိုပြီး နစ်သည်ထက် နစ်ကြဦးမယ် ဖြစ်တယ်လို့ ပြောချင်ပါတယ်။
ပြည်ပက လူုပုဂ္ဂိုလ်တွေ၊ မိတ်ဆွေတွေ၊ အဖွဲ့အစည်းတွေကို ပန်ကြားချင်တာကတော့ နိုင်ငံတကာက တိုင်းပြည်အသီးသီးက လက်နက်ကိုင် တပ်မတော်တွေရဲ့
တိုင်းပြည်ကောင်းကျိုးအတွက် ရပ်တည်မှုတွေ၊ ထိန်းသိမ်းမှုတွေ၊ ဆောင်ရွက်မှုတွေ၊ ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေ၊ လူထုအကျိုးအတွက် အကာအကွယ်ပေးတာတွေကို
တတ်နိုင်သလောက် ဖော်ထုတ်ပြောဆိုပေးကြပါ။ ဆွေးနွေးပြန်ကြားပေးကြပါလို့ ပြောပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။
ဟုတ်ကဲ့ပါဆရာ။ ဆရာပြောတဲ့သဘောက လက်နက်ကိုင်စစ်တပ်တွေက ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်ဖို့ အရေးပါတယ်။ လိုအပ်တယ် လို့ ပြောသွားတယ်။ အဲသည်မှာ
တိုင်းပြည်ရဲ့ အကြပ်အတည်းတွေ၊ အခက်အခဲတွေကို အဖြေရှာဖို့ ဆွေးနွေးဖြေရှင်းဖို့ဆိုတာက တိုင်းပြည်ရဲ့ ခေါင်းဆောင်တွေ၊ အတိုက်အခံတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ သက်ဆိုင်တယ်
ဆိုတဲ့ သဘောပေါ့နော်။ အီဂျစ်ပြည်မှာဆိုရင် အာဏာရပါတီတွေ၊ အာဏာရှင်တွေနဲ့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေ တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ နိုင်ငံတကာက
တိုက်တွန်းကြတယ်။ ပြည်သူလူထုရဲ့ လတ်တလော စားဝတ်နေရေးပြသနာတွေကို လက်ရှိအာဏာရအစိုးရက ချက်ခြင်း အရေးယူဖြေရှင်းပေးဖို့လည်း ၀ိုင်းပြောနေကြတယ်။
မြန်မာပြည်မှာဆိုရင်ကော အဲသည်လို အခြေအနေမျိုး ရှိသလား။
အီဂျစ်နိုင်ငံက လူထုအုံကြွမှုတွေမှာ မျိုးဆက်သစ်လူငယ်တွေက တယောက်တလက် ဦးဆောင်ပြီး ဆောင်ရွက်ကြတာ ဖြစ်တယ်။ လူထုအုံကြွမှုဖြစ်ပွားင်္ပြီးတော့မှ
အရှိန်ရလာတော့မှသာ ဟိုက ဒီက အတိုက်အခံအင်အားတွေ၊ လူပုဂ္ဂိုလ်တွေ ပေါ်ထွက်လာတာမျိုး တွေ့ရတာ ဖြစ်တယ်။ ဥပမာ မွတ်စလင်ဘရားသားဟုဒ်ဆိုတဲ့ အဖွဲ့တို့၊ ကုလသမဂ္ဂ
ညူကလီးယားအေဂျင်စီမှာ ဦးဆောင်ခဲ့ဖူးတဲ့ အယ်လ်ဘာရာဒေးတို့ ပေါ်ထွက်လာတယ်။ ဆိုလိုတာက သူတို့ဆီမှာ အတိုက်အခံနိုင်ငံရေးအင်အားစုတွေ ခေါင်းဆောင်သူတွေကို
အီဂျစ်ပြည်သူတွေက မျက်ခြေပြတ်သွားခဲ့တဲ့ အချိန် ရှိတယ်။
ကျနော်တို့ မြန်မာပြည်အနေနဲ့ကတော့ ၁၉၈၈ အရေးတော်ပုံကနေပြီးတော့ ပေါ်ပေါက်လာတဲ့ အင်န်အယ်ဒီပါတီ၊ မဟာမိတ်ပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ စီအာရ်ပီပီလို့ ခေါ်တဲ့ ၁၉၉၀
ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီ စတဲ့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေက တောက်လျောက် ရှိနေတယ်။ ရပ်တည်နေတယ်။
တိုင်းရင်းသားပါတီင်္ကိုယ်စားလှယ်တွေလည်း ပါဝင်လျက်ရှိနေတယ်။ သူတို့တတွေက တိုင်းပြည်ရဲ့ အရေးပေါ်အခြေအနေတရပ် ပေါ်ပေါက်လာတဲ့အခါမှာ
အတိုက်အခံနိုင်ငံရေးအင်အားစုတွေ အဖြစ်နဲ့ ပြည်သူတွေနဲ့အတူ အဆင်သင့် ရင်ဆိုင်နိုင်ရမယ် လို့ ပြောချင်ပါတယ်။
ဒါဆိုရင် မြန်မာပြည်သူလူထုတွေကကော အခုအချိန်မှာ အင်န်အယ်ဒီတို့ စီအာရ်ပီပီတို့ရဲ့ ဦးဆောင်မှုနဲ့အတူ ထောက်ခံရပ်တည်မှုတွေ ပြသတာ၊ လှုပ်ရှားတာတွေကော ရှိနေလို့လား
ဆရာ။
အပေါ်ယံအနေနဲ့ ကြည့်ရင်တော့ မြန်မာပြည်က ပြည်သူလူထုက ငြိမ်သက်နေတယ်လို့ ပြောရမယ် ထင်တယ်။ စစ်အစိုးရဖက်ကပြောရင်တော့လည်း သူတို့ရဲ့ အုပ်ချုပ်မှုတွေကြောင့်
တိုင်းပြည်ဟာ ငြိမ်ဝပ်ပိပြားနေတယ်လို့ ပြောချင်လည်း ပြောမှာပဲ။ ဒါဟာ လူထုက သူတို့ကို ထောက်ခံတယ်လို့ တဖက်သပ် ကောက်ချက်ဆွဲလို့ မရဘူး။ လူထုဟာ ခုချိန်မှာ စားဝတ်နေရေး
ပြသနာပေါင်းစုံ ဖိဆီးနေလို့ နိုင်ငံရေးလှုပ်ရှားမှုတွေဖက်ကို မလှည့်လာနိုင်သေးဘူး ဖြစ်နေတယ်။ နောက် ဦးကြည်မောင် ပြောခဲ့တဲ့ စကားကို ကိုးကားပြီးပြောရရင် လူထုဟာ
နိုင်ငံရေးသားကြောပြတ်နေတဲ့ သဘောပဲ။
နိုင်ငံရေး နိုးကြားအောင်၊ ဗဟုသုတတွေ ရှိအောင်၊ ဆွေးနွေးဖလှယ်ခွင့်ရအောင်၊ အမြင်ကျယ်အောင် လုပ်ခွင့်၊ ဖတ်ခွင့်၊ ပြောဆိုခွင့် အခြေအနေတွေလည်း
စစ်အစိုးရလက်အောက်မှာ ခုထိ ဘာမှ မရှိသေးဘူး။ သို့သော်လည်းပဲ သူတို့က လူထုက ငြိမ်ဝပ်ပိပြားနေအောင် ဘယ်လိုပဲ လုပ်ထား လုပ်ထား ကျေးလက်တောရွာ တွေအထိ
လူကိုယ်တိုင် သွားကြည့်လိုက်မယ်ဆိုရင် မြန်မာပြည်သူတွေဟာ အခုလိုမျိုး ဆင်းရဲဒုက္ခရောက်နေတာကို မလိုလားဘူး။ အဲသည်လို မတရားဖိနှိပ်ခံထားရတာကို မကြိုက်ဘူး။ သည်တော့
အခုလက်ရှိ စစ်အစိုးရတွေ အပေါင်းအပါတွေကို မထောက်ခံဘူး။ ဒါကို တွေ့ကြရမှာ ဖြစ်တယ်။
ဒါကြောင့် တိုင်းပြည်ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီ ဆိုတဲ့အခါက နေရာဒေသအသီးသီးက ပြည်သူတွေဟာ တခဲနက်တည်း မတိုင်ပင်၊
မဖိတ်ခေါ်ရဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီမှာ လာရောက် စုဝေးကြတာတွေ၊ ထောက်ခံမှု ပြကြတာတွေကို တွေ့ကြရတာ ဖြစ်တယ်။ ဒါတွေကို ကြည့်ရင် စစ်အစိုးရကို
အယုံအကြည်မရှိဘူး၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေး အင်အားစုတွေကို ထောက်ခံတယ်ဆိုတာ ထင်ရှားတယ်။
ဒါပေမယ့် အခုအချိန်မှာ နေ့စဉ်နေ့တိုင်းမှာ အတိုက်အခံနိုင်ငံရေး လှုပ်ရှားမှုတွေထဲမှာ ပြည်သူလူထုကို အချိန်တိုင်း မတွေ့ရတာကတော့ ပြည်သူလူထုဟာ နေ့တဓူဝ အိမ်ရှိ
လူအကုန် ထွက်ပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေရတယ်။ လူပိုမရှိအောင် ပင်ပင်ပန်းပန်း အလုပ်ဆင်းနေကြရတယ်။ သူတို့တတွေဟာ လက်ရှိစစ်အာဏာရှင်တွေလက်အောက်မှာ
ပျော်ရွှင်ကျေနပ်ပြီး လုပ်နေကြတာ မဟုတ်ဘူး။ မြန်မာပြည်သူလူထုတွေဟာ အင်န်အယ်ဒီင်္တို့ စီအာရ်ပီပီတို့ စတဲ့ အတိုက်အခံနိုင်ငံရေးအင်အားတွေ၊ ၈၈ မျိုးဆက်တို့လို့ ၂၀၀၇
ရွှေဝါရောင်မျိုးဆက်တွေလိုမျိုး အမြဲတမ်း အားပေးထောက်ခံ ၀င်ရောက် လှုပ်ရှားလျက် ရှိနေတယ်။ ဒါကြောင့် ပြည်သူရဲ့ ၀န်းယံမှုတွေနဲ့ ကျနော်တို့တတွေဟာ တည်ရှိနေတယ်၊
ဆက်လက် ရှင်သန်နေတယ် ဆိုတာကို ထောက်ပြချင်တယ်။ အဲသည်လို ရပ်တည်နေကြတယ်လို့ ပြောချင်တယ်။
ကျေးဇူးတင်ပါတယ် ဆရာ။
(ဆက်လက်ဖော်ပြပါမည်)
http://www.moemaka.com/
http://www.mongloi.org/burmese/

ALP ရခိုင်ပြည် လွတ်လပ်ရေး လမ်းစဉ် ယတိပြတ် ပြည်သူရှေ့မှောက် ကျေညာပြီ

2/8/2011
Adjust font size:

---------------
မင်းဆက်ခိုင်
---------------
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP မှ ခေါင်းဆောင်းများနှင့် မလေးရှားနိုင်ငံရောက် ရခိုင်ပြည်သူများ တွေ့ဆုံပွဲ တရပ်ကို ယခုလ ၆ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ
Wisma Belia ခန်းမတွင် ကျင်းပရာ ALP ပါတီ၏ ရည်မှန်းချက် ပန်းတိုင်မှာ ရခိုင်ပြည် လွတ်လပ်ရေးသာ ဖြစ်ကြောင်း တရားဝင် ပါတီခေါင်းဆောင်များက ကျေညာပြောကြားခဲ့သည်ဟု
သိရသည်။

အဆိုပါ ပြောကြားမူကို တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသူ ပါတီ ဒုဥက္ကဌ ခိုင်မျိုးမင်းနှင့် ပါတီ အထွေအထွေ အတွင်းရေးမှူး စောမြရာဇာလင်းတို့က တက်ရောက်လာသူ
ပြည်သူများနှင့် အပြန်အလှန် မေးမြန်းစဉ် ဖြေကြားခဲ့ခြင်း ဖြစ်ကြောင်း ALP(မလေးဌာနခွဲ) အတွင်းရေးမှူး ခိုင်ဇော်မိုးက ပြောသည်။

“ အခုလက်ရှိ တိုင်းရင်းသားပါတီတွေ ဖွဲ့ထားတဲ့ မဟာမိတ် အဖွဲ့ထဲမှာ ALP ပါတီအနေနဲ့ ပါဝင်ခြင်း မရှိတာနဲ့ ပတ်သက် ပြီးတော့ တက်ရောက်လာသူတွေက မေးမြန်းကြပါတယ်။
ကျနော်တို့ရဲ့ ခေါင်းဆောင်တွေက ALP ဟာ ဖက်ဒရယ်နဲ့သွားနေတာ မဟုတ်တဲ့ အကြောင်း၊ ပြီးတော့ ALP ဟာ အရင်ကတည်းက NDF ထဲမှာ ပါဝင်ပြီးသား ဖြစ်ပါတယ်။ NDF ထဲမှာ
ပါဝင်တယ်ဆိုတာကလည်း တယောက်ကို တယောက် လေးစား ယုံကြည်မှုရှိတယ်။ တယောက်ကိုတယောက် အသိမှတ် ပြုတဲ့ အတွက်ဖြစ်ပါတယ်။ ALP ဟာ ရခိုင်ပြည် လွတ်မြောက်ဖို့နဲ့
ရခိုင့် အချုပ်အချာ အာဏာ ပြန်လည်ရရှိဖို့ အတွက် သွားနေတာဖြစ်တဲ့ အတွက်ကြောင့် ALP အပေါ်မှာ တခြား ဖက်ဒရယ် ထူထောင် လိုတဲ့ တိုင်းရင်းသားပါတီတွေက အသိအမှတ်ပြုရင်
ALP ကလည်း အသိမှတ်ပြုပါတယ်။ တကယ်လို့ ALP ကို လက်နက်ကိုင် တပ်မတော်တခုလို့ အသိမှတ်မပြုရင် ALP အနေနဲ့လည်း ပြုမှာ မဟုတ်ဘူး။ ဒါကြောင့် ALP ဟာ မည်သည့်
လူမျိုး အဖွဲ့အစည်းကိုမှ အားမကိုးပဲနဲ့ ရခိုင်လူထု အပေါ် အဓိက အခြေခံပြီး အင်အားကြီးထွား လာအောင် တည်ဆောက် ပြီးတော့ ရခိုင်ပြည် လွတ်မြောက်ရေးကို ချီတက် သွားမယ်။
စစ်ရေး မြင့်တင်တဲ့နေရာမှာ ရခိုင်ပြည်သူတွေနဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ်ဆိုတဲ့ အကြောင်း တွေကို ပြောခဲ့ပါတယ်။”

၎င်းပြင် သူက “ တက်ရောက်လာတဲ့ ရခိုင်အမျိုးသားတွေကို ကျနော်တို့ရဲ့ ခေါင်းဆောင်တွေက ဖက်ဒရယ်ကို လိုချင်လား လွတ်လပ်ရေး Independence ကို လိုချင် သလားလို့
မေးတဲ့အခါ တက်ရောက် လာသူတွေက Independence ၊ Independence လို့ သုံးကြိမ်သုံးခါ အော်ဟစ် ဖြေကြားခဲ့ကြပါတယ်။”
အဆိုပါ အခမ်းအနားကို မလေးရှားနိုင်ငံတွင် ရောက်နေကြသော ရခိုင် အလုပ်သမား ၅၀၀ ခန့် တက်ရောက်ခဲ့ပြီး ALP ခေါင်းဆောင်းများအား လက်ရှိ မြန်မာနိုင်ငံအရေး၊ ရခိုင်ပြည်
အရေးများနှင့် ပတ်သက်ပြီး အပြန်အလှန်မေးမြန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယခုကဲ့သို့ အခမ်းအနားကို မလေးရှားတွင် ကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ခိုင်မိုးဇော်က ယခုကဲ့သို့ ဆက်ပြောသည်။

“ကျွန်နော်တို့ အခုလို ကျင်းပရတာက မလေးရှားရောက် ရခိုင်တွေနဲ့ နိုင်ငံတကာမှာ ရောက်ရှိ နေကြတဲ့ ရခိုင်ပြည်သူတွေ အမျိုးသားရေး စိတ်ဓာတ် ရှင်သန် ထက်မြက် လာဖို့နဲ့ လက်ရှိ
မြန်မာ့ နိုင်ငံရေး အခြေအနေနဲ့ နအဖစစ်အုပ်စုက တရာမဝင် ရွေးကောက်ပွဲကြီး ပြုလုပ် သွားခဲ့တာကို ရခိုင်သူ ရခိုင်သားတွေက နားလည်သိရှိဖို့၊ နောက်ပြီးတော့ ရခိုင်ပြည်သူတွေ
သူ့ကျွန်ဘဝက လွတ်မြောက်ဖို့အတွက် စစ်ဆင်ရေးတွေ မြှင့်တင်လာတဲ့ အခါ ပြည်သူတွေအနေနဲ့ ဘယ်လို အခန်းကဏ္ဍတွေက အမျိုးသားရေးစစ်ပွဲကို ပါဝင်လာနိုင်ဖို့နဲ့ နောက်တ
ချက်က ရခိုင်ပြည် လွတ်မြောက်အတွက် ရခိုင်ပြည်သူ ပြည်သားတွေအားလုံး ပူးပေါင်းပါဝင် လာနိုင်ရန် အတွက် ပြုလုပ်ရခြင်းဖြစ်ပါတယ်။”

အခမ်းအနားကို ALP ပါတီမှ ဒု-ဥက္ကဌ(၂) ခိုင်မျိုးမင်းနှင့် အထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းတို့ အပြင် မလေးဌာနခွဲမှ တာဝန်ရှိများလည်းတက်ရောက်ခဲ့ကြသည်ဟု
သိရသည်။ ယခုကဲ့သို့ တွေ့ဆုံပွဲမျိုးကို ALP ပါတီရုံခွဲရှိရာ နိုင်ငံများတွင်လည်း ကျင်းပပြုလုပ်သွားရန် အစီစဉ်များ ရှိကြောင်း ခိုင်ဇော်မိုးက ပြောသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားကို နေ့လည် ၁နာရီတွင် စတင်ခဲ့ပြီး ညနေ ၆နာရီခွဲတွင် ရခိုင့် အလံတော်နှင့် ALP ပါတီ အလံတော်အား ဝှေ့ရမ်းကာ ရခိုင်စစ်ချီတေးကို ဖွင့်လှစ်၍ အဆုံး
သတ်ခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီကို ၁၉၆၈ ခုနှစ် ပတ်ဝန်းကျင်က ရန်ကုန်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၇၃-၇၄ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး နယ်မြေတွင် ဥက္ကဌကြီးက
ခိုင်မိုးလင်းက ပြန်လည် ထူထောင် ဖွဲ့စည်း ခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် ဥက္ကဌကြီး ခိုင်မိုင်းလင်း အာဇာနည်ပီသစွာဖြင့် ချင်းပြည်နယ် တနေရာတွင် ဗမာ စစ်တပ်နှင့် တိုက်ခိုက်စဉ်
ကျဆုံးသွားခဲ့ပြီး လက်ရှိ ကျန်နေခဲ့သော ပါတီ ဥက္ကဌ ခိုင်ရဲခိုင်နှင့် ပါတီ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က ပါတီကို ပြန်လည် ထူထောင်ခဲ့သည်။ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီမှာ ရခိုင့်
လွတ်လပ်ရေး အတွက် လက်နက်ကိုင်နေသော ရခိုင်ပြည်မှ အင်အားအကြီးဆုံးနှင့် စည်းလုံးညီညွတ်မူ အတောင့်တင်းဆုံး ပါတီ တရပ် ဖြစ်သည်။

ပါတီ၏ လက်ရှိ ခေါင်းဆောင်များမှာ ဥက္ကဌ ခိုင်ရဲခိုင်၊ ဒုဥက္ကဌ (၁) ခိုင်စိုးနိုင်အောင်၊ ဒုဥက္ကဌ (၂) ခိုင်မျိုးမင်း၊ အထွေထွေ အတွင်းရေးမှူး အောင်မိုးဝေ(ခေါ်) စောမြရာဇာလင်း၊
တွဲဘက်အတွင်းရေးမှူး (၁) ခိုင်ရန်နောင်စိုး၊ တွဲဘက် အတွင်းရေးမှူး (၂) ခိုင်သုခတို့ ဖြစ်ကြသည်။
စစ်တွေတွင် ကြက်မွေးမြူသူများ ထိခိုက်နစ်နာ

2/8/2011
Adjust font size:

စစ်တွေမြို့တွင် ကြက်တုတ်ကွေးကြောင့် ကြက်များကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသဖြင့် ကြက်မွေးမြူရေး လုပ်သူများ အနေဖြင့် စီးပွားရေး အရ အထူး ထိခိုက်နစ်နာမူ
ဖြစ်ပေါ်နေကြရကြောင်း သတင်း ရရှိသည်။

ဘင်္ဂလာဒေခ်ျ့တွင် တုတ်ကွေးကြောင့် ကြက်များကို ဤသို့ သုတ်သင် ရှင်းလင်းပစ်ခဲ့ရသည်။


အမည်မဖေါ်လိုသူ ကြက်မွေးမြူရေး လုပ်သူ တစ်ဦးက “ ကျွန်တော်ကြက်ခြံက ကြက်ကောင်ရေ ၄၀၀၀ သုတ်သင်ခံလိုက်ရပါတယ်။ သိန်း ၁၀၀ နီးပါးထိ နစ်နာသွားခဲ့ပါတယ်။ အစိုးရက
ဘာမှ လျော်ကြေးပေးတာတို့၊ ထောက်ပံ့ကူညီပေးတာတို့ မရှိပါဘူး” ဟု ပြောသည်။

စစ်တွေမြို့နယ် ဘုမေကျေးရွာမှ ကြက်ခြံတစ်ခုတွင် ဇန္န၀ါရီလ ၁၂ ရက်နေ့က အပြင်းစား ကြက်တုတ်ကွေး Highly Pathogenic Avian Influenza- HPAI (H5N1 virus) ရောဂါပိုးကို
ရှာဖွေတွေ့ရှိပြီးနောက် အနီးအနားရှိ ကြက်ခြံများမှ ကြက်များကို ကျန်းမာရေးဌာနနှင့် စည်ပင်သာယာက လာရောက် ရှင်းလင်းပစ်ခဲ့သည်။

“ ကျွန်တော်ကြက်ခြံက ဘုမေကျေးရွာအုပ်စု သဲချောင်းမှာ ရှိနေတော့ ကြက်တွေ အကုန်လုံး အရှင်းခံလိုက်ရပါတယ်။ ဘုမေအုပ်စုတောင်မကပါဘူး။ တခြားနေရာတွေက


ကြက်ခြံတွေလည်း အကုန်လုံး ရှင်းလင်းခံခဲ့ရပါတယ်။ ခန့်မှန်းခြေ ကြက်ကောင်ရေ ၅၀၀၀၀နဲ့ ၁၀၀၀၀၀ ကြားမှာ ရှင်းလင်း ပစ်ခံခဲ့ရတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

အဆိုပါ ကြက်ခြံများမှ ကြက်များကို တုတ်ကွေးကြောင့် ရှင်းလင်းပစ်ခဲ့သော်လည်း အစိုးရမှ နစ်နာကြေး အတွက် ငွေကြေးများ တစ်စုံတရာ ထောက်ပံ့ပေးမူ မရှိသလို ချေးငွေများ
ထုတ်ချေးပေးခြင်းလည်း မရှိကြောင်း သိရသည်။

“ ကျွန်တော်တို့ တိုင်းပြည်မှာ ဒီလို အစိုးရက ထောက်ပံ့ပေးတာ၊ လျော်ကြေးပေးတာတွေ မရှိပါဘူး။ ဒါကြောင့် ကိုယ်ဖြစ်ရင် ကိုယ်ခံကြရတဲ့ သဘောပါ။ အဲသလို အစိုးရက
လျော်ကြေးပေးတာတွေ မရှိတဲ့ အပြင် ကြက်ခြံတွေကို ဆေးဖြန့်တဲ့ အတွက် ရော သုတ်သင်ရှင်းလင်းတဲ့ အတွက်ရော သက်ဆိုင်ရာ အဖွဲ့တွေကို ငွေတွေ ပေးရတာတောင် ရှိပါတယ်”
သူက ဆက်ပြောသည်။

ကြက်ခြံများမှ ကြက်များကို သုတ်သင် ရှင်းလင်းပစ်ပြီးနောက် ယခုအခါ တုတ်ကွေး ဖြစ်ပွားနေမူကို မကြားရတော့သဖြင့် ထိန်းချုပ်နိုင်သည့် အနေအထားသို့ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း
မင်းဂံရပ်ကွက်မှ တိရစ္ဆာန် ဆေးကု ဆရာဝန် တစ်ဦးက ပြောသည်။

“ တုတ်ကွေးသတင်းက ဘာသံမှ ထွက်မလာတော့ဘူး။ ထိန်းချုပ်နိုင်တဲ့ အဆင့်ကို ရောက်သွားပါပြီ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း အပြင်းစား တုတ်ကွေးဆိုတော့ သတိထားပြီး
စောင့်ကြည့်နေပါတယ်။ ကြက်၊ ကြက်ဥ စတာတွေကိုလည်း အတင် အသွင်း မလုပ်ရဘူးလို့ ပိတ်ပင်ထားတဲ့ အတွက် အခြေအနေကို ထိန်းချုပ်နိုင်ပြီလို့ ယူဆလို့ ရပါတယ်။” ဟု
ပြောသည်။

အဆိုပါ တုတ်ကွေးမှာ အိမ်နီးချင်းနိုင်ငံမှ တဆင့် ကူးစက် ပျံ့နှံ့ ရောက်ရှိလာခဲ့ပုံရသည်ဟု အဆိုပါ တိရစ္ဆာန် ဆရာဝန်က ပြောသည်။
အမြင်ကပ် ပုဒ်မဖြင့် ထောင်ချခံရသူ NDPD စည်းရုံးရေးမှူး ပြန်လည် လွှတ်မြှောက်လာ

2/7/2011
Adjust font size:

အမြင်ကပ်ပုဒ်မဖြင့် မောင်တောတွင် ဖမ်းဆီး ထောင်ချခံခဲ့ရသည့် NDPD ပါတီမှ စည်းရုံးရေးမှူး ဦးခင်ကျော်သည် လွန်ခဲ့သော အပတ်က ထောင်ကနေ ပြန်လည် လွှတ်မြှောက်လာကြောင်း
သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ တရားရေး ၀န်တစ်ဦးက “ သူက NDPD လို့ခေါ်တဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ် ပါတီက စည်းရုံးရေးမှူး ဖြစ်ပါတယ်။ သူ့ကို ကြာသပတေးနေ့က
လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ထောင်သုံးလ ပြည့်သွားတဲ့ အတွက် ဘူးသီးတောင်ထောင်ကနေ ပြန်လည် လွှတ်မြောက်လာတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဦးခင်ကျော်အား မောင်တော အာဏာပိုင်များက ၂၀၁၀ ခုနှစ် နိုဝင်္ဘာလ ပထပတ်က မောင်တောမြို့နယ် မောင်နီရွာ စာသင်ကျောင်းကို ဂဲပစ်မူဖြင့် စွပ်စွဲပြီး ဖမ်းဆီးပြီး နောက်ပိုင်းတွင်
ထောင်သုံးလ ပြစ်ဒဏ်ချမှတ်ခဲ့သည်။

“ သူ့ကို ပြည်သူပိုင် ပစ္စည်း ဖျက်ဆီးမူ၊ အားပေး ကူညီမူ ၆၁ မျဉ်းစောင်း ၉ နဲ့ ဖမ်းဆီးပြီး ထောင်သုံးလ ချမှတ်ခဲ့ပါတယ်။ ကြံ့ခိုင်ရေးနဲ့ NDPD တို့ မောင်တောမှာ အပြိုင်
မဲဆွယ်စည်းရုံးကြစဉ် ကြံ့ခိုင်ရေးက သူတို့ပါတီရှုံးမယ်ထင်ပြီး ကိုခင်ကျော်ကို မတရားစွပ်စွဲပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ရွှေးကောက်ပွဲမှာ ကြံ့ခိုင်ပါတီက မောင်တောမှာ နိုင်သွားတော့
သူ့ကို လျော့လျော့ပေါ့ပေါ့နဲ့ ထောင်သုံးလ ချပြီး ပြန်လည် လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

မောင်တောမြို့နယ်တွင် နိုဝင်္ဘာလ ၇ ရက်နေ့က ပြုလုပ်သော ရွှေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် နေရာအာလုံးကို ကြံ့ခိုင်ရေးပါတီ အနိုင်ရရှိသွားပြီး NDPD ပါတီမှ
တစ်နေရာမှ အနိုင်မရရှိခဲ့ကြောင်း သိရသည်။
http://www.narinjara.com/burmese.asp

စစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှု အမေရိကန် မရုပ်သိမ်း


2011-02-08
စစ်ခေါင်းဆောင်တွေနဲ့ စီးပွားရေး အပေါင်းပါတွေ အပေါ် ပစ်မှတ်ထား ပိတ်ဆို့ အရေးယူတာကို အနောက်နိုင်ငံတွေအနေနဲ့ ဆက်လက် ထားရှိဖို့ ဆိုတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
သဘောထား ကြေညာချက် အပေါ်မှာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အရာရှိတဦးက RFA ကို အခုလို ပြောဆိုပါတယ်။

(Photo: AFP)
စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ယာ) နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး (ဝဲ) တို့ အခမ်းအနားတခု တက်ရောက်နေပုံ ဖြစ်ပါသည်။ စစ်အစိုးရ ခေါင်းဆောင်များနှင့်
အပေါင်းပါ စီးပွားရေးသမားများကို ပစ်မှတ်ထားသော ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုများကို အမေရိကန်နှင့် အနောက်နိုင်ငံများက ကျင့်သုံးနေသည်။ (Photo: AFP)
ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်လို့ ထိရောက်မှု ရှိမရှိဆိုတာ အမေရိကန်အစိုးရအနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အပါအဝင် မြန်မာအစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊
ဒီမိုကရေစီရေး လှုပ်ရှားနေ သူတွေ၊ တိုင်းရင်းသားတွေနဲ့ ပုံမှန် ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ စစ်မှန်တဲ့အပြောင်းအလဲတွေ ဖြစ်လာဖို့ စစ်ခေါင်းဆောင်တွေအပေါ် ဖိအားပေးတဲ့အနေနဲ့
ဒဏ်ခတ်အရေးယူမှုကို အမေရိကန် နိုင်ငံက ဆက်လက်ထားရှိမှာ ဖြစ်တယ်လို့ အမေရိကန် အရာရှိက ပြောသွားပါတယ်။
အနောက်နိုင်ငံတွေရဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုကြောင့် စစ်အစိုးရရဲ့ စစ်ရေးစီမံကိန်း တချို့ ရပ်နားခဲ့ရတာတွေ ရှိတယ်လို့ ပြည်ပကို ရောက်နေတဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်းက
ဆိုပါတယ်။
“နျူကလီးယား စက်ရုံအတွက် လိုအပ်တဲ့ ပစ္စည်း အစိတ်အပိုင်းတွေကို ထုတ်လုပ်ပေးနိုင်ဖို့အတွက် သူတို့ စက်ရုံတွေ ဆောက်တယ်လေ။ အဲဒီ ဆောက်တဲ့ စက်ရုံတွေက သူတို့ ၅ ရုံအထိ
ဆောက်မယ် ဆိုပြီးတော့ သူတို့ စီမံထားတာ ရှိတယ်။ ပထမ စက်ရုံက ပြင်ဦးလွင်မှာ၊ ဒုတိယစက်ရုံက မြိုင် ကျွန်တော် နေခဲ့တဲ့ စက်ရုံပေါ့။ အဲဒီ စက်ရုံ နှစ်ရုံအပြင်ကို သူတို့က ၅ ရုံအထိ
ဆောက်မယ်လို့ သူတို့က စီမံထားတာ။ တတိယ စက်ရုံ အဲဒီ ပထိုးလုံမှာ ဆောက်မယ်လို့ သူတို့က စီမံထားတာလေ။ ဒါပေမဲ့ အဲဒီ ပထိုးလုံ စီမံကိန်းက လုံးဝ ပျက်သွားတယ်။ ပြီးတော့
ပြင်ဦးလွင်မှာ ရှိတဲ့ စက်ရုံတွေမှာ ဆိုလို့ရှိရင်လည်း သူတို့ မလုပ်နိုင်တာတွေ အများကြီး ရှိတယ်၊ ဒီ ရော့ကက် အစိတ်အပိုင်းတွေ ထုတ်လုပ်နိုင်ဖို့အတွက် သူတို့ လိုအပ်တဲ့ စက် fast axis
machine တွေ ဝယ်လို့ မရတာတွေ ရှိတယ်။ အဲဒါ sanction ရဲ့ အကျိုးသက်ရောက်မှုပေါ့ဗျာ။”
စစ်အစိုးရ အုပ်ချုပ်နေတဲ့ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မရှိတာဟာ စီမံခန့်ခွဲမှု အားနည်းချက်နဲ့ အစိုးရရဲ့ဆောင်ရွက်ချက်တွေမှာ ပွင့်လင်းမြင်သာမှု
မရှိခဲ့တာကြောင့်လို့ ဗိုလ်မှူး စိုင်းသိန်းဝင်းက ပြောပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေပေမဲ့ အဂတိ လိုက်စားမှု ကင်းရှင်းရေး၊ တရားဥပဒေ စိုးမိုးရေး၊
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးစတဲ့ အခြေခံအချက်တွေ လိုအပ်နေတယ်ဆိုတာကို ထောက်ပြ ပြောဆို ထားပါတယ်။
စစ်ဆင်ရေးမှာ ရှေ့တန်းက တိုက်ခိုက်ဖို့ ကရင် နယ်ခြားစောင့်တပ်များ ငြင်းဆန်
2011-02-08
မြန်မာစစ်အစိုးရတပ်တွေဟာ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ တပ်မဟာ (၇) ဌာနချုပ် နယ်မြေကို အလုံးအရင်းနဲ့ စစ်ဆင်နိုင်ဖို့အတွက် နယ်ခြားစောင့်တပ်
ပြောင်းလဲထားတဲ့ DKBA ခွဲထွက် ကရင်တပ်တွေကို ရှေ့တန်းက ထိုးဖောက်ဖို့ ညွှန်ကြားထားပေမဲ့ နယ်ခြားစောင့် တပ်ရင်းတွေက အမိန့် မနာခံပဲ ရပ်တံ့နေကြတယ်လို့ သတင်းရရှိပါတယ်။

RFA
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ ဖိအားပေးမှုကို လက်မခံပဲ ပြန်လည် တိုက်ခိုက်နေသော ဗိုလ်နှုတ်ခမ်းမွေး
ခေါ် ဗိုလ်မှူးချုပ် စောလားပွယ် ဦးဆောင်သည့် ခွဲထွက်အဖွဲ့မှ တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (RFA)
အခုလို ရှေ့တိုးဖို့ ငြင်းဆန်နေတဲ့ တပ်တွေကတော့ ဗိုလ်မှူး စောမောင်ဝင်း ခေါင်းဆောင်တဲ့ BGF နယ်ခြားစောင့်တပ်အမှတ် ၁၀၁၉ နဲ့ ဗိုလ်မှူး စောလှိုင်စိမ့် ခေါင်းဆောင်တဲ့
နယ်ခြားစောင့်တပ်အမှတ် ၁၀၁၇ တို့ ဖြစ်ပါတယ်။ ဒီတပ်တွေဟာ မြေမြှုပ်မိုင်း အန္တရာယ်ကို အကြောင်းပြပြီး ရှေ့တိုးဖို့ ငြင်းဆန်နေတာ ဖြစ်တယ်လို့ ကေအန်ယူ ဖားအံခရိုင် ဥက္ကဋ္ဌ
ဖဒိုစောအောင်မော်ဧက ပြောပါတယ်။
“တပ်မဟာ ၇ ဌာနချုပ်နေရာကို ရှင်းမယ်လေ၊ လာမယ်ဆိုတော့ အဲဒါ BGF တွေကို အရင် လာခိုင်းတာပေါ့နော်။ အဲဒါ သူတို့ BGF ကလည်း ငါတို့ မသွားရဲဘူး မင်းတို့ အရင်သွားဆိုပြီးတော့
သူမသွားချင်ဘူး၊ ငါမသွားချင်ဘူးနဲ့ နည်းနည်းလောက်ပဲ လာပြီးတော့ သူတို့ ရပ်နေတယ်။ ငါတို့ မသွားဘူး၊ မိုင်းရှိတယ်၊ သွားရင်တော့ မိုင်းထိမယ်ပေါ့။”
အဲဒိ နယ်ခြားစောင့်တပ်တွေကို စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ-၁၉ တပ်က အမိန့်ပေး ညွှန်ကြားနေတာလို့ သိရပါတယ်။
စစ်အစိုးရရဲ့ BGF နယ်ခြားစောင့်တပ် ပြောင်းလဲသွားတဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေက ကရင်တိုင်းရင်းသား အချင်းချင်း တိုက်ခိုက်ရမှာကို မလိုလားတဲ့အတွက် BGF
နယ်ခြားစောင့်တပ်ကနေ ထွက်ပြေးပြီး ကေအန်ယူနဲ့ ပြန်လည် ပူးပေါင်းလာမှုတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကစလို့ သိသိသာသာ တိုးများလာတယ်လို့ ကေအန်ယူ တပ်မဟာ (၇)
အရာရှိတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ထောင်ဝင်စာ ပိတ်ပင်ခံရမှု များလာ
2011-02-08
စစ်အစိုးရဟာ အကျဉ်းသားတွေကို ထောင်ထဲမှာ ကောင်းကောင်းမွန်မွန် ထားနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မှာ ပြောနေပေမဲ့ တကယ့် လက်တွေ့မှာတော့
နိုင်ငံရေးအကျဉ်းသားတွေ တိုက်ပိတ်ခံနေရပြီး ထောင်ဝင်စာ တွေ့ခွင့်မရတဲ့ ဖြစ်ရပ်တွေ အမြောက်အမြား ရှိနေတဲ့အတွက် အထူး စိုးရိမ်မိတယ်လို့ AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ
ကူညီ စောင့်ရှောက်ရေးအသင်းက ဖေဖော်ဝါရီ ၈ ရက် ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

(Photo: AFP)
AAPP ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်င)ံ ၏ တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က မြန်မာစစ်အစိုးရ ဖမ်းဆီး အကျဉ်းချထားသော နိုင်ငံရေး
အကျဉ်းသားများ၏ ဓာတ်ပုံကို ပြသပြီး ရှင်းလင်း ပြောကြားနေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
ထောင်ဝင်စာ အပိတ်ခံထားရတဲ့ သူတွေထဲမှာ မြစ်ကြီးနားထောင်က လူရွှင်တော်ကိုဇာဂနာ၊ အင်းစိန်ထောင်က ဓာတ်ပုံ သတင်းထောက် ကိုစည်သူဇေယျ၊ သရက်ထောင်က ၈၈ မျိုးဆက်
ကျောင်းသူ မနီလာသိန်း၊ ပူတာအိုထောင်က ဒေါ်ထက်ထက်ဦးဝေတို့လည်း ပါတယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ AAPP တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က RFA ကို အခုလိုပြောပါတယ်။
“အခု လောလောဆယ် အင်းစိန်ထောင်မှာလည်း ပြဿနာတွေ တချို့ တက်နေတာ ရှိတယ်။ ဥပမာ ကိုစည်သူဇေယျပေါ့နော်၊ ဓာတ်ပုံ ရိုက်လို့ အဖမ်းခံရတယ်၊ သူလည်း ဟိုတလောက
ပြဿနာတွေ တက်ပြီးတော့ ၇ ရက် ၈ ရက်လောက် နေ့စဉ် အရိုက်ခံရတာတွေ ရှိတယ်။ ပြီးတော့ ထောင်ဝင်စာတွေ့ခွင့်လည်း အပိတ်ခံထားရတာ ရှိတယ်။”
“နောက် အဲလိုမျိုးပဲ ဒီ ပြဿနာ မတက်ပဲနဲ့ ထောင်ဝင်စာ အပိတ်ခံရတဲ့ သူတွေလည်း ရှိတယ်။ ဥပမာ ကိုဇာဂနာဆိုရင် ပြဿနာ ဖြစ်တာမဟုတ်ဖူး၊ ဒါပေမဲ့ မိသားစု အရင်းမဟုတ်လို့
မတွေ့ရဘူး ဆိုတဲ့ ဟာမျိုးတွေ ရှိတယ်။”
“ဒါတွေဟာ နအဖကနေပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဒုက္ခမရောက်ရောက်အောင် လုပ်နေတဲ့ ပုံစံမျိုးတွေ ရှိတယ်။ ဒီ နိုင်ငံတကာမှာကျတော့ သူတို့က
အကျဉ်းသားတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေပါတယ်လို့ မျက်နှာပြောင်တိုက်ပြီး ရှင်းနေတာမျိုးတွေ ရှိတယ်။”
“ဒါကြောင့်မို့ ကျွန်တော်တို့က နိုင်ငံတကာကိုလည်း လက်တွေ့ အခြေအနေမှာတော့ ဒါတွေ ဖြစ်နေပါတယ်လို့ ပိုပြီးတော့ သိလာအောင် ဆက်အသိပေးနေတာ ဖြစ်ပါတယ်။”
အခုလို ထောင်ဝင်စာ ပိတ်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ X2O သင်္ကြန်ရေကစားမဏ္ဍပ် ရှေ့က ဗုံးကွဲမှုနဲ့ စွပ်စွဲခံရပြီး အဖမ်းခံထားရတဲ့ ကိုဖြိုးဝေအောင်လည်း ပါနေပါတယ်။
သူ့ကို မနေ့ကစပြီး ထောင်ဝင်စာ ပိတ်ထားတာလို့ မိသားစုဝင်တွေဆီက တဆင့် သိရပါတယ်။
စစ်အစိုးရဟာ နိုင်ငံရေးလှုပ်ရှားသူ ၂၀၀၀ ကျော်ကို ဖမ်းဆီး ထောင်ချထားပါတယ်။ အဲဒီထဲမှာ ၁၅၄ ဦးက လတ်တလော ကျန်းမာရေး ချို့တဲ့နေပြီး ဆေးကုသခွင့် ကောင်းကောင်းမွန်မွန်
မရဘူးလို့ AAPP က ပြောပါတယ်။
တဆက်တည်းမှာလည်း ပြီးခဲ့တဲ့ သင်္ကြန်က ရန်ကုန်မြို့ ကန်တော်ကြီးစောင်း X2O ရေကစား မဏ္ဍပ်ရှေ့ ဗုံးပေါက်ကွဲမှုနဲ့ စွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ ကိုဖြိုးဝေအောင်ဟာ အင်းစိန်ထောင်မှာ
တိုက်ပိတ်ခံနေရ တဲ့အတွက် မိသားစုက တွေ့ခွင့်ရဖို့ အာဏာပိုင်တွေထံ တောင်းဆိုထားတယ်လို့ သိရပါတယ်။
ဒီအကြောင်း အပြည့်အစုံကို RFA သတင်းထောက် ကိုမိုးကျော်က သတင်း ပေးပို့ထားပါတယ်။


င်




ပို့


က



ံဖို
င်

ူရ
န်
ရှမ်းခေါင်းဆောင်များ လွှတ်ပေးရေး ရှမ်းအမျိုးသားနေ့မှာ SNLD တောင်းဆို
2011-02-08
ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ ၆၄ နှစ်မြောက် ရှမ်းပြည်နယ်နေ့ ခေါ် ရှမ်းအမျိုးသားနေ့ ကို ရန်ကုန်မြို့ အပါအဝင် ပြည်တွင်းပြည်ပမှာ ရောက်ရှိနေကြတဲ့
ရှမ်းတိုင်းရင်းသားတွေက အထိမ်းအမှတ် အခမ်းအနားတွေ မနေ့က ကျင်းပခဲ့ကြပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ထောင်ဒဏ် ၉၃ နှစ် ချမှတ်ပြီး မြန်မာနိုင်ငံ မြောက်ဖျား ပူတာအို ထောင်သို့ ပို့ဆောင်
အကျဉ်းချထားပါသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ရှမ်းခေါင်းဆောင် ၉ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ စစ်အစိုးရကို တောင်းဆိုလိုက်သလို နိုင်ငံရေး
တွေ့ဆုံ ဆွေးနွေးမှုတရပ် အမြန်ဆုံး ကျင်းပဖို့ လိုအပ်ကြောင်း တိုက်တွန်းလိုက်ပါတယ်။
၆၄ နှစ်မြောက် ရှမ်းပြည်နယ်နေ့ ခေါ် ရှမ်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန် ၉ မိုင် ဘုန်းကြီးကျောင်းဖြစ်တဲ့ ရှမ်းကျောင်းမှာ မနေ့က ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၇
နာရီကစလို့ ရှမ်းပြည်နယ်အတွင်းက တိုင်းရင်းသားအသင်းတွေ ဖြစ်တဲ့ တောင်ကြီးအသင်း၊ ရန်ကုန် ရှမ်းစာပေ ယဉ်ကျေးမှုအသင်း၊ ပအို့၊ တအာင်း ပလောင်၊ အင်းသား၊ ဓနု၊ ကျောက်မဲ၊
သီပေါ၊ မိုးမိတ်အသင်းစတဲ့ အဖွဲ့ ၁၂ ဖွဲ့ကနေ ပူးပေါင်းပြီး ဖျော်ဖြေပွဲတွေကို မနက် ၃ နာရီ အထိ ကျင်းပခဲ့သလို ရှမ်းပြည်နယ်အတွင်းက အစားအသောက်တွေကိုလည်း
ရောင်းချခဲ့ကြတယ်လို့ သိရပါတယ်။
ဒီလို အခမ်းအနားတွေကို မန္တလေးတက္ကသိုလ်မှာ ရှိတဲ့ ရှမ်းကျောင်းသူ ကျောင်းသားတွေကလည်း ရှမ်းပြည်နယ်နေ့ အမှတ်တရပွဲတခု ကျင်းပခဲ့သလို ထိုင်း-မြန်မာ နယ်စပ်ဒေသက
ရှမ်းပြည် တပ်မတော်တောင်ပိုင်း လွိုင်တန်းလျှန်း စစ်ဌာနချုပ်မှာလည်း စစ်ရေးပြ အခမ်းအနားတွေနဲ့အတူ ကျင်းပခဲ့ကြပါတယ်။ အလားတူပဲ ဂျပန်နိုင်ငံ တိုကျိုမြို့နဲ့ တခြားပြည်ပမှာ
ရောက်ရှိနေကြတဲ့ ရှမ်းတိုင်းရင်းသားတွေကလည်း နေရာဒေသအလိုက် အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။
တဆက်တည်းမှာပဲ ဒီ ၆၄ နှစ်မြောက် ရှမ်းပြည်နယ်နေ့မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကနေပြီး ဥက္ကဋ္ဌ ခွန်ထွန်ဦး နဲ့ အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင်
အပါအဝင် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ၉ ဦးနဲ့တကွ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု
တရပ် အမြန်ဆုံး စတင် ကျင်းပသွားဖို့လိုအပ်ကြောင်း တပ်မတော်အစိုးရနဲ့တကွ နိုင်ငံရေးအစုအဖွဲ့အားလုံးကို တိုက်တွန်းပြောဆိုတဲ့ အချက် ၂ ချက်ပါ တောင်းဆိုတဲ့ စာတစောင်
ထုတ်ပြန်ခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေးနဲ့ ပါသင့်ပါထိုက်သူတွေ ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု ပေါ်ပေါက်လာဖို့
အရေးကြီးကြောင်း RFA ကို ပြောပါတယ်။
“လွှတ်ပေးပြီးတာနဲ့ ပွင့်လင်းမြင်သာပြီးတော့မှ ပါဝင်သင့် ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ အားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု တရပ်ကို အမြန်ဆုံး စတင်ဖို့ ဒီနှစ်ချက်ကို အဓိက
ထားပြီးတော့ တိုက်တွန်းတောင်း ဆိုထားတာပါ။ အခု တိုင်းရင်းသားနဲ့ တပ်မတော် အစိုးရ အဆက်ဆက် တိုင်းရင်းသားတွေရဲ့ တန်းတူညီ အခွင့်အရေးကို ဖော်ဆောင်နိုင်ခြင်း မရှိဘူး။
တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို တိုင်းရင်းသားတွေ ကိုယ်နှိုက်က လုပ်ဆောင် နိုင်ခဲ့ခြင်းမရှိဘူး။”
“နောက်တခါ လက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်းပဲ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု တရပ် ဘယ်တော့မှ မလုပ်ပေးပဲနဲ့ တိုင်းရင်းသားတွေအနေနဲ့ သူတို့ရဲ့ ရပိုင်ခွင့်ကို
တောင်းဆိုဖို့ဆိုတာ လွှတ်တော်ထဲမှာလည်း မဖြစ်နိုင်ဘူး။ တင်ပြခွင့်လည်း မရဘူး။ အဲ့လို တင်ပြခွင့်မရ ဆွေးနွေးခွင့်မရတဲ့ အနေအထားမျိုး ဆိုလို့ရှိရင် တချိန်မှာ ကျနော်တို့ နိုင်ငံရဲ့
တည်ငြိမ်အေးချမ်းရေးကို ထိခိုက်လာနိုင်တယ်။ ဒီမိုကရေစီ ဖော်ဆောင်ရေးကိုလည်းပဲ မဖြစ်မနေ ထိခိုက်လာမှာပဲ ဒါကြောင့်မိုလို့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ဒီမိုကရေစီ
ဖော်ဆောင်ရေးကို အားလုံးဝိုင်းဝန်းလုပ်ဆောင်နိုင်ဖို့အတွက် အဓိကထားပြီး ဒီ ၂ ချက်ကို တောင်းဆိုရခြင်းဖြစ်ပါတယ်။”
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအဝင် ရှမ်းခေါင်းဆောင် ၉ ဦးဟာ ရှမ်းပြည် အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းရေးနဲ့ မြန်မာပြည်မှာ နိုင်ငံရေး
ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရေး အတွက် ဆွေးနွေး ပြီးနောက် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလမှာ အဖမ်းခံရတာပါ။ သူတို့တွေကို နိုင်ငံတော်ပုန်ကန်မှု အပါအဝင် အခြား စွဲဆိုချက်တွေနဲ့
နှစ်ရှည်ထောင်ဒဏ် ချမှတ်ပါတယ်။
ဒီအကြောင်းအပြည့်အစုံကို့ RFA သတင်းထောက် ဦးအောင်မိုးမြင့်က သတင်း ပေးပို့ထားပါတယ်။


င်




ပို့


က



ံဖို
င်

ူရ
န်
အစိုးရသစ် ဝန်ကြီးဌာနများစာရင်း သမတဦးသိန်းစိန် လွှတ်တော်ကိုတင်ပြ
2011-02-08
ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ ကျင်းပတဲ့ စစ်အစိုးရရဲ့ လွှတ်တော်မှာ သမတသစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က သူဖွဲ့မဲ့ အစိုးရသစ်အတွက် ဝန်ကြီးဌာနတွေနဲ့ ဝန်ကြီးတွေရဲ့ စာရင်း
တင်သွင်းတယ်လို့ သတင်းရရှိပါတယ်။
(Photo: AFP/MRTV 4)
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော်
အစည်းအဝေးကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)
လာမဲ့အစိုးရအဖွဲ့မှာ သမတရုံး ဝန်ကြီးဌာနနဲ့ မြန်မာ့ စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဆိုတဲ့ ဌာနနှစ်ခု အသစ်တိုးပြီး စုစုပေါင်း ဝန်ကြီးဌာန ၃၄ ခုနဲ့ ဖွဲ့စည်းဖို့ အဆိုတင်သွင်းတာလို့ ဒီကနေ့
လွှတ်တော် တက်ခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ် NDF အမတ် ဦးဘုန်းမြင့်အောင်က RFA ကို ပြောပါတယ်။
“သမတက သူဖွဲ့မဲ့ အစိုးရ ဝန်ကြီးဌာန အမည်စာရင်း ၃၄ ခုနဲ့ ဝန်ကြီး အရေအတွက် ၃၀ ဦးကို ပြည်ထောင်စု လွှတ်တော်ကို တင်ပါတယ်။ ဝန်ကြီးဌာက ၃၄ ခုဗျ၊ ဝန်ကြီးက ၃၀ ဦးပဲ
ရှိတယ်။ အဲဒီတော့ ဝန်ကြီးတပါးက ဝန်ကြီးဌာန နှစ်ခုကို ကိုင်မဲ့ သဘောတွေ တွေ့တာပေါ့ဗျာ။ ကျွန်တော်တို့ မနက်ဖြန်မှာ သမတ တင်တဲ့ ဝန်ကြီးဌာန အရေအတွက်နဲ့ နောက် ဝန်ကြီး
၃၀ ဦးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ လွှတ်တော်မှာ ဆွေးနွေးချင်တဲ့လူများ ဆွေးနွေးနိုင်ပါတယ် ဆိုတဲ့အကြောင်း လွှတ်တော် နာယကက ပြောပါတယ်။”
ဝန်ကြီးဌာန ၃၄ ခုအတွက် တာဝန်ယူမဲ့ ဝန်ကြီး အယောက် ၃၀ ခန့်မယ်လို့ အဆိုတင်သွင်းခဲ့ပေမဲ့ အဲဒီပုဂ္ဂိုလ်တွေက ဘယ်သူတွေလဲ ဆိုတာကို လွှတ်တော် တက်ခဲ့တဲ့ အမတ်တွေ မသိကြ
ဘူးလို့ ဦးဘုန်းမြင့်အောင်က ပြောပါတယ်။
ဒါ့အပြင် ဒီကိစ္စနဲ့ ပတ်သက်ပြီင်္း လွှတ်တော်မှာ မနက်ဖြန် ဆွေးနွေးကြမယ် ဆိုပေမဲ့ NDF ပါတီ ကိုယ်စားလှယ်တွေကတော့ သီးသန့် ကိစ္စရပ်တွေ တင်ပြဆွေးနွေးဖို့ မရှိကြောင်း
ဦးဘုန်းမြင့်အောင်က အခုလို ပြောပါတယ်။
“ကျွန်တော်နဲ့ ဦးသိန်းညွန့်ကတော့ ကပ်ရက်ဆိုတော့ဗျာ၊ သူကတော့ ဆွေးနွေးဖို့ကိစ္စ မပြောဘူးဗျ။ ကျွန်တော်ကတော့ ပိုပြီးတော့ ဝေးတာပေါ့ဗျာ။ ဦးသိန်းညွန့်ဖက်ကလည်း ဆွေးနွေးဖို့
အစီအစဉ် ရှိတယ် မကြားပါဘူး။ ကျွန်တော်တို့ကတော့ မရှိဘူး။ ကျန်တဲ့လူတွေကတော့ မသိဘူးဗျ။”
“ကားပေါ်အပြန်မှာတော့ ဆွေးနွေးမယ်ဆိုတဲ့ လူတွေလည်း အသံကြားပါတယ်။ သူတို့ ဒီ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမယ်၊ နောက် အရေအတွက်နဲ့ ပတ်သက်ပြီးတော့
ဆွေးနွေးမယ်ဆိုတဲ့ အသံတွေလည်း တယောက်တပေါက် ပြောနေတာတော့ ကြားရပါတယ်။”
ဒီကနေ့ ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် ၆၅၉ ဦး ရှိတဲ့အထဲက ၆၅၈ ဦး တက်ရောက်ကြပြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တဦးပဲ စကားပြောတယ်လို့
သိရပါတယ်။
တိုင်းနှင့် ပြည်နယ်မှ လူငယ် ၃၀၀ ကျော်ကို ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
2011-02-08
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်အနှံ့က လူငယ်တွေ တွေ့ဆုံပွဲ ဖေဖော်ဝါရီ ၈ ရက် ဒီကနေ့ စတင်ပြုလုပ်ရာမှာ လူငယ်ကွန်ရက်ကိစ္စ၊ လူမှု
ကူညီထောက်ပံရေး ကိစ္စတွေ၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စတွေ၊ ဒီမိုကရေစီ ထွန်းကားရေး ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

(Photo: AFP)
‘ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ...’ ဟူသော စာတမ်းပါ တီရှပ်ဆင်တူ ဝတ်ဆင်၍ နိုဝင်ဘာ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်
လွတ်လာမည်ဟု မျှော်လင့် စောင့်ဆိုင်းနေသူများ ဖြစ်ပါသည်။ (Photo: AFP)
ဒီကနေ့ ဆွေးနွေးပွဲမှာ တိုင်းနဲ့ ပြည်နယ် အသီးသီးမှ တက်ရောက်တဲ့ လူငယ်တွေက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး၊ လူမှုရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ မေးမြန်းတာ၊ သူတို့အမြင်
အယူအဆတွေကို တင်ပြဆွေးနွေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ လာရောက်တဲ့ လူငယ်တွေဟာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊
ရှမ်းပြည်နယ်တွေက ဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့ တိုင်းနဲ့ ပြည်နယ် ၅ ခုက အခြေအနေတွေကို အဓိကဆွေးနွေးခဲ့ပြီး မနက်ဖြန်မှာ ကျန်ရှိနေတဲ့ တိုင်းနဲ့ ပြည်နယ်က လူငယ်တွေက တင်ပြ ဆွေးနွေးကြဦးမယ်လို့ သိရပါတယ်။
ဒီကနေ့ တက်ရောက်တဲ့ လူငယ် စုစုပေါင်း ၃၀၀ လောက်ရှိပြီး အားလုံးဟာ အန်အယ်ဒီ အဖွဲ့ဝင် မဟုတ်ပဲ တိုင်းပြည်ရေး၊ လူမှုရေးကို စိတ်ဝင်စားတဲ့ လူငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒီတွေ့ဆုံပွဲကို ၂ ရက်ကြာ ပြုလုပ်မှာ ဖြစ်ပြီး ပထမနေ့အဖြစ် ဒီကနေ့ မနက် ၉ နာရီ ခွဲလောက်က စတင်ကာ နေ့လည် ၂ နာရီကျော်လောက်မှာ ပြီးဆုံးခဲ့ပါတယ်။
ဒီအကြောင်းကို RFA မှ ကိုဇော်မိုးကျော် ဆက်သွယ် မေးမြန်းထားပြီး ကိုဝင်းနိုင်က စုစည်း တင်ပြထားပါတယ်။
ကို

ဇာ်
မိုး

က
ျာ်


က်
သွ
ယ်

မြး

န်း
ချ
က်


သံ
ဖို
င်
ယူ

န်


ကို

င်း
နို
င်
စု

ည်


င်ြ

ချ
က်


သံ
ဖို
င်
ယူ

န်
စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ သဘောထား NLD တရားဝင်ထုတ်ပြန်
2011-02-08
စီးပွားရေး ပိတ်ဆို့အရေးယူမှုကို ဖယ်ရှားသင့်မသင့်၊ ပြင်ဆင်သင့် မသင့်ကိစ္စ ဆွေးနွေးနိုင်ဖို့ အမေရိကန် အပါအဝင် ဥရောပသမဂ္ဂ (EU) နိုင်ငံတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
(NLD) က ဖေဖော်ဝါရီ ၈ ရက် ဒီကနေ့ ဖိတ်ခေါ် လိုက်ပါတယ်။

(Photo: AFP)
စစ်အစိုးရအပေါ် တင်းကျပ် ပြင်းထန်သော စီးပွားရေး ပိတ်ဆို့ ပြစ်ဒဏ်ခတ်သည့် မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ အက်ဥပဒေကို အမေရိကန် သမတ ဂျော့ခ်ျ ဒဘလျူ ဘုရှ်
(အလယ်) ၂၀ဝ၃ ခုနှစ် ဇူလိုင် ၂၈ ရက်က အတည်ပြု လက်မှတ်ရေးထိုး ပြဋ္ဌာန်းနေသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာလို စာမျက်နှာ ၆ မျက်နှာပါ ကြေညာချက်မှာ အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့
စီးပွားရေးချွတ်ချုံ ကျမှုဟာ Sanctions ခေါ် ပြည်ပက ပိတ်ဆို့အရေးယူမှုကြောင့် ဆိုတာထက်၊ စစ်အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ မူဝါဒ မှားယွင်းမှု၊ အဂတိ လိုက်စားမှု၊ လူတစုက
လက်ဝါးကြီးအုပ် ခြယ်လှယ် နေမှုတွေကြောင့် အဓိက ဖြစ်ရတယ်လို့လည်း အချက်အလက်တွေနဲ့တကွ ဖော်ပြထား ပါတယ်။
ဒီကြေညာချက်မှာ စီးပွားရေး ပိတ်ဆို့ အရေးယူမှု အပေါ် ထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားကိုလည်း အချက် ၈ ချက်နဲ့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အနောက်တိုင်း နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယမှုဟာ မြန်မာနိုင်ငံက မည်သည့် နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တဦးတယောက် တောင်းဆိုလို့
ချမှတ်ထားတာ မဟုတ်ပဲ၊ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စိးပွားရေးပိတ်ဆို့ အရေးယူမှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့
ဒီမိုကရေစီ ဆိတ်သုဉ်းမှုတွေကြောင့် အရေးယူခဲ့တာဖြစ်လို့ ပိတ်ဆို့ရေးယူမှုတွေ ရုပ်သိမ်းဖို့အတွက် ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းရမှာ ဖြစ်ကြောင်း၊
နိုင်ငံရေး အကျဉ်းသားတွေကို အားလုံး လွှတ်ပေးရမှာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရေးသား ဖော်ပြထားပါတယ်။
ဒီကနေ့ သဘောထား ထုတ်ပြန်ချက်ကို အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ ထုတ်ပြန်ထားပါတယ်။
ဒီ ကြေညာချက်ပါ အချက်အလက် တချို့ကို RFA မှ ဦးဇော်မိုးကျော်က ကောက်နုတ် တင်ပြထားပါတယ်။

က

က
် နု



င်




က



ံဖို
င်

ူရ
န်
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဦးစိန်ကျော်လှိုင်က သုံးသပ် တင်ပြထားပါတယ်။

ုံး

ပ်

င်




က



ံဖို
င်

ူရ
န်
အလုပ်သမားအေဂျင်စီများကို ဖမ်းဆီးအရေးယူ
2011-02-08
တရားမဝင် စာရွက်စာတမ်းတွေနဲ့ အလုပ်သမားတွေကို နိုင်ငံခြားကို ပို့ဆောင်နေတဲ့ အလုပ်သမားအေဂျင်စီ ၂၀ ကို မြန်မာအာဏာပိုင်တွေက ဒီတပတ်အတွင်းမှာ ဖမ်းဆီးလိုက်ပါတယ်။

(Photo: AFP)
နိုင်ငံခြားသို့ သွားရောက် အလုပ်လုပ်လိုသည့် မြန်မာ အမျိုးသား၊ အမျိုးသမီးများ ရန်ကုန်မြို့ရှိ အလုပ်သမား အေဂျင်စီတခုရှေ့တွင် စုပြုံ တိုးဝှေ့နေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo:
AFP)
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့က ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာ မလေးရှားဗီဇာအတုနဲ့ မလေးရှားကို သွားမဲ့ အလုပ်သမား ဂ၀ ကျော်ကို တွေ့ရှိခဲ့အပြီးမှာ အခုလို အရေးယူခဲ့တာပါ။
မြန်မာနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံကို အလုပ်သွားလုပ်မဲ့ အလုပ်သမားတွေကိုလည်း အစိုးရ အေဂျင်စီအချင်းချင်းသာ ပို့ဆောင်ခွင့် ရှိပြီး ပုဂလိက အေဂျင်စီတွေအနေနဲ့
လုပ်ပိုင်ခွင့်မရှိဘူးလို့ မြန်မာ အလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာလက သတ်မှတ်ခဲ့ပါတယ်။
အစိုးရရဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ ပြည်ပကို အလုပ်သမား ပို့နေတဲ့ အေဂျင်စီ ၁၀၁ ခုလောက် ရှိပြီး တောင်ကိုရီးယားနိုင်ငံက လွဲလို့ တခြားနိုင်ငံတွေကို အလုပ်သမားတွေ
ပို့နေကြပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေး တနေ့တခြား ကျဆင်းလာတဲ့အတွက် ကျေးလက်နဲ့ အညာက မြန်မာ လူငယ်တွေဟာ မလေးရှားနဲ့ စင်ကာပူလို အိမ်နီးနားချင်း အာရှနိုင်ငံတွေမှာ သွားရောက်
အလုပ်ရှာဖွေ လုပ်ကိုင်တာတွေ ပိုများလာနေပါတယ်။
အခုလို နိုင်ငံခြား အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေ အပိတ်ခံရပြီး နောက်ပိုင်း အခြေအနေတွေနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သူ မမေစောမြင့်က တင်ပြထားပါတယ်။

လု
ပ်


ဂျ
င်
စီ
မ်
ား

ြေ




သံ
ဖို
င်
ယူ

န်
အရေးယူပိတ်ဆို့မှုများ မထိရောက်ဟု NDF သဘောထားထုတ်ပြန်
2011-02-08
စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့မှုကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် အကျိုးဖြစ်ထွန်းတာမျိုး မတွေ့ရဘူးလို့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) က
ဖေဖော်ဝါရီ ၇ ရက် မနေ့က ပြောဆိုပါတယ်။

(Photo: AFP)
အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပဲခူးတိုင်း ဒေသကြီး ပါတီ ရုံးခွဲ ဖွင့်ပွဲတွင် အောက်တိုဘာ ၇ ရက်နေ့က ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ မိန့်ခွန်း ပြောကြားနေပုံ ဖြစ်ပါသည်။
(Photo: AFP)
စစ်အစိုးရဖက်က အမျိုးသား ရင်ကြားစေ့ရေးအတွက် ဆောင်ရွက်လာဖို့ ပိတ်ဆို့အရေးယူမှုတွေကို အနောက်နိုင်ငံတွေဖက်က ရုပ်သိမ်းဖို့ လိုတယ်လို့ NDF ခေါင်းဆောင်
ဦးခင်မောင်ဆွေက RFA ကို ပြောပါတယ်။
“နိုင်ငံရေး ပြဿနာတွေကို အရင်တုန်းက နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားခဲ့တာ ကျွန်တော်တို့ သဘောတူခဲ့တာပဲ။ အခုအခါကျတော့ နိုင်ငံရေး ပြဿနာတွေကို လွတ်လပ်ရေး
ရပြီးကတည်းက စစ်ရေးနည်းနဲ့ ဖြေရှင်းခဲ့တယ်၊ မအောင်မြင်ခဲ့ပါဘူး။ နိုင်ငံရေး ပြဿနာတွေကို နောက်တခါ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုပြီး ကျွန်တော်တို့ အပါအဝင် လုပ်ခဲ့တာလည်း
မအောင်မြင်သေးပါဘူး။ ဒါကြောင့်မို့ အခုအခါမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုမှ ရောက်စေချင်တယ် ဆိုလို့ရှိရင်တော့ နိုင်ငံရေး ပြဿနာတွေကို စီးပွားရေးနည်းနဲ့ ဖြေရှင်းမှ
ရမယ်ဆိုတာကို ကျွန်တော်တို့ ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ စီးပွားရေး ပိတ်ဆို့မှုတွေကို ပြန်လည် ရုပ်သိမ်းဖို့ လိုအပ်ပြီ၊ အထူးသဖြင့် trade ban နဲ့ investment ban တွေကိုတော့
ရုပ်သိမ်းဖို့ လိုတယ်လို့ ကျွန်တော်တို့ ထုတ်ပြန်ကြေညာရခြင်း ဖြစ်ပါတယ်။”
မြန်မာနိုင်ငံအပေါ် ဆယ်စုနှစ် နှစ်စုနီးပါးကြာအောင် စီးပွားရေးအရ ပိတ်ဆို့အရေးယူခဲ့တာ မအောင်မြင်ဘူးလို့ အနောက်နိုင်ငံတွေဖက် ဝန်ခံ ပြောဆိုထားတယ်လို့လည်း NDF ရဲ့
ကြေညာချက်မှာ ထောက်ပြထားပါတယ်။
စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုကြောင့် မြန်မာနိုင်ငံအနေနဲ့ အခွင့်အလမ်းတွေ လက်လွတ် ဆုံးရှုံးနေပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းစကို ဟန့်တားရာ ရောက်နေတယ်လို့ NDF က
သဘောထား ထုတ်ပြန်ထားပါတယ်။
http://www.rfa.org/burmese

ပဒိုမန်းဇဋိလ ဈာပနပြီးစီး
Submitted by Karen Information Center on Tuesday, 8 February 2011No Comment

ဖေဖော်ဝါရီလ ၈ရက်။ ကေအိုင်စီ


ကေအဲန်ယူ ပြည်ထဲရေးနှင့် သာသနာရေးတာဝန်ယူခဲ့သူ ပဒိုမန်းဇဋိလ ၆၉နှစ်သည် ဖေဖော်ဝါရီလ ၆ရက်နေ့တွင် လူကြီးရောဂါ ဖြင့် ကွယ်လွန်သွားခဲ့ပြီး ၎င်း၏ ဈာပနအခမ်းအနားကို
ထိုင်း-မြန်မာနယ်စပ်တွင် ယမန်နေ့က ပြုလုပ်ပြီးစီးသွားခဲ့သည်။
လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းများ အပါအ၀င် လူထုပရိဿတ် ၄၀၀ခန့် လာရောက်ခဲ့သည့် ပဒိုမန်းဇဋိလ၏ ဈာပန အခမ်း အနားကို မိသားစု၊ အသိုင်းအ၀ိုင်းများက ဗုဒ္ဓဘာသာတို့၏
ထုံးစံအတိုင်း သံဃာတော်များ ပင့်ဖိတ်ကာ ကျင်းပပြုလုပ်ခဲ့ကြပြီး အခြားတိုင်းရင်းသားများကလည်း သူ၏နောက်ဆုံး ခရီးကို ဂါရ၀ပြုခဲ့ကြသည်။
မန်းဇဋိလ၏ ဇနီးဖြစ်သူ နန်းသိန်းမြိုင်က “ဒီရောဂါကို သူခံစားနေတာ အတော်လေးကြာပါပြီ။ ကုလိုက်၊ သက်သာလိုက် ဘုရား၊ တရားအလုပ်လေးလုပ်လိုက်နဲ့ အခုတော့ သူ
အေးချမ်းသွားပြီ။ နိုင်ငံခြားရောက်နေတဲ့ သားအကြီးနှစ်ယောက်ကလည်း သူတို့ အဖေကို မမှီလိုက်တာကို စိတ်မကောင်းကြဘူးလေ။”ဟု ဆိုသည်။
မွေးချင်းမောင်နှမ ၈ဦးအနက် အထွေးဆုံးသားဖြစ်သူ ငယ်နာမည် စစိုးသိန်း ခေါ် ပဒိုမန်းဇဋိလကို ၁၉၄၁ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၀၃ခုနှစ်၊
တန်ဆောင်မုန်းလပြည့်ကျော် ၃ရက်နေ့)တွင် သထုံခရိုင်၊ အပေါင်မြို့နယ် ကျောက်စ ရစ်ကျေးရွာ၌ မန်းလောင်ကြိုင်၊ နန်းစောမျှင်တို့မှ ဖွားမြင်ခဲ့သည်။
သူသည် ဇာတိရွာတွင် ၄တန်းအောင်မြင်ခဲ့ပြီး မော်လမြိုင်မြို့ အထက်တန်းကျောင်းမှတဆင့် မော်လမြိုင်ကောလိပ်၊ ၎င်းနောက် ရန်ကုန်တက္ကသိုလ်တွင် ဘီအေ(၀ိဇ္ဖာ)ဘွဲ့ ရရှိခဲ့သည်။
၁၉၇၃ခုနှစ်တွင် ဗမာ့တပ်မတော် ဗိုလ်လောင်းသင်တန်းကို ၆လကြာ သာ တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းမှ ကရင့်တော်လှန်ရေး လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာခဲ့သည်။
၁၉၇၆ခုနှစ်တွင် ကေအဲန်အယ်လ်အေတပ်ရင်း(၁၀၁)ဌာနချုပ် ၀မ်းခါဂိတ်တွင် ရဟန်းအမည် အရှင်ဇဋိလ ဘွဲ့အမည်ဖြင့် သီ တင်းသုံးရင်း အမျိုးသားရေး၊ တော်လှန်ရေးတာဝန်များကို
ထမ်းဆောင်ခဲ့သည်။ ၁၉၇၇ခုနှစ်မှ ၁၉၈၅ခုနှစ်အထိ ကေအဲန်ယူ အရံဗဟိုကော်မတီဝင်အဖြစ်လည်းကောင်း၊ ၁၉၈၅ခုနှစ်တွင် ဘိတ်ထားဝယ်ခရိုင်၌ မွေးမြူရေးနှင့်
ငါးဖမ်းဌာနတာဝန်ကိုလည်း ကောင်း၊ ၁၉၉၅ခုနှစ်တွင် ၁၁ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်မှ ပေးအပ်သည့် ကုန်သွယ်ရေးနှင့် ငါးဖမ်းဌာနတာဝန်ခံအ ဖြစ်လည်းကောင်း
တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

၂၀၀၀ခုနှစ် (၁၂)ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်တွင် ဗဟိုအမြဲတမ်းကော်မတီအဖြစ် ထပ်မံ ရွေးကောက်ခံရပြီး ဗဟိုပြည် ထဲရေးနှင့် သာသနာရေးဝန်ကြီးအဖြစ်တွင်


တာဝန်ပေးအပ်ခြင်းခံရကာ ၂၀၀၇ခုနှစ်၊ ထိုမှဆက်၍ ၂၀၀၉ခုနှစ်အထိ လုပ်ငန်းတာ ၀န်များကို ထမ်းဆောင်ခဲ့သည့်အပြင် ထိုနှစ်တွင် ကျန်းမာရေးအရ အနားယူခဲ့သော်လည်းKEAB
(Karen Elder Advisor Board) တွင် အဖွဲ့ဝင်အဖြစ် ကွယ်လွန်သည်အထိ ပါဝင်ခဲ့သည်။
ရိုးသားကြိုးစားပြီး ယုံကြည်မှုပြင်းထန်သည့် မျိုးချစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ မန်းဇဋိလသည် အချောင်သမား၊ ဂိုဏ်းဂန၀ါဒကို ပြတ်သားစွာ ဆန့်ကျင်ကာ စုပေါင်းခေါင်းဆောင်မှုနှင့်
လုပ်ဖော်ကိုင်ဖက်များနှင့် လူငယ်များအပေါ် ခင်မင်ရင်းနှီးစွာ ဆက်ဆံ ပေါင်းသင်းတတ်ပြီး အမျိုးသားရေး၊ သာသနာရေးတာဝန်များကို ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အတွက် သူ
ကွယ်လွန်သွားခြင်း သည် အမျိုးသားအတွက် ကြီးမားသော ဆုံးရှုံးမှုပင်ဖြစ်သည်ဟု ပဒိုစောလေးတောက ဈာပနအခမ်းအနားတွင် ပြောဆိုခဲ့သည်။
ပဒိုမန်းဇဋိလ ကွယ်လွန်ချိန်တွင် ဇနီး နန်းသိန်းမြိုင်နှင့်အတူ သားလေးဦး၊ သမီးတစ်ဦး ကျန်ရစ်ခဲ့သည်။
http://www.kicnews.org/

You might also like