You are on page 1of 52

အရေးပါသည့် ဝန်ကြီးဌာနများကို စစ်ဗိုလ်ချုပ်များ ချုပ်ကိုင်မည်

မင်းနိုင်သူ Wednesday, 09 February 2011 17:03

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး ၃ ဦးကို အရပ်သား အသွင်ပြောင်း အစိုးရအဖွဲ့တွင် အမြင့်ဆုံး အာဏာများ အပ်နှင်းခဲ့ ပြီးနောက် အရေးပါသည့် ကာကွယ်ရေး၊
ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများကို ကိုင်တွယ်ရန် စစ်ဗိုလ်ချုပ်များကို ယနေ့လွှတ်တော်တွင် အမည်စာရင်း တင်သွင်းလိုက်ပြီဖြစ်သည်။

“ဒီနေ့ကတော့ ၀န်ကြီးအယောက် ၃၀ ရဲ့ အမည်စာရင်းကို သမ္မတကြီးက


အဆိုတင်သွင်းတဲ့ အဆင့်ပါပဲ။ ဒီအမည်စာရင်းကို လာမယ့် ၁၁ ရက်နေ့မှာ
အတည်ပြုမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမ၏ (ကြံ့ဖွံ့ပါတီ) မှ လွှတ်တော်အမတ် ဦးခင်ရွှေက
ပြောသည်။

အဆိုပါဝန်ကြီးနေရာ ၃၀ အနက် အရေးပါသည့် ကာကွယ်ရေး ၊


ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများအဖြစ် ဒု ဗိုလ်ချုပ်ကြီး ကိုကို၊ ဒု
ဗိုလ်ချုပ်ကြီး လှမင်းနှင့် ဗိုလ်ချုပ် သိန်းဌေးတို့ကို လျာထားကြောင်း
သိရသည်။

ထိုဝန်ကြီး ၃ ဦးသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မြန်မာနိုင်ငံ၏


အမြင့်ဆုံးအာဏာရှိ အဖွဲ့အစည်းဖြစ်လာမည့် အမျိုးသားလုံခြုံရေးနှင့်
ကာကွယ်ရေးကာင်စီတွင် သမ္မတ၊ ဒုသမ္မတ ၂ ဦး၊ ကာကွယ်ရေးဦးစီးချုပ်၊
ဒု ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့်အတူ
ကောင်စီအဖွဲ့ဝင်များ ဖြစ်လာမည်ဖြစ်သည်။

“အခုချိန်ထိ ဘယ်ဌာနကို ဘယ်သူကိုင်မယ်ဆိုတာ မသိရသေးဘူး။


၃၃ ( - Reuters) သမ္မတက အမည်စာရင်း တင်သွင်းသွားတာပဲရှိတယ်။ ဘယ်ဌာနနဲ့
ဘယ်သူဆိုတာကို တွဲပြီး ပြောမသွားဘူး။ ကျနော်တို့ ဘာမှ
သေချာမသိရသေးပါဘူး” ဟု ဒီမိုကရက်တစ်ပါတီတခုမှ အမတ်တဦးက ပြောသည်။

ယမန်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ၀န်ကြီးဌာန ၃၄ ခု ထားရှိမည်ဖြစ်ကြောင်း သမ္မတ၏ အဆိုပြုချက်ကို လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ရာ အမျိုးသားဒီမိုကရေစီ
အင်အားစုမှ လွှတ်တော်အမတ် ဒေါက်တာ မြတ်ဉာဏစိုးက ၀န်ကြီးဌာန ၂၅ ခုသာ ထားရှိသင့်ကြောင်း အဆိုပြုလွှာ တင်သွင်းခဲ့သည်။

သို့သော် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းက တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ ၀န်ကြီးဌာနများနှင့် နှိုင်းယှဉ်ပြကာ သမ္မတ၏ အဆိုပြုချက်သည်သာ သင့်မြတ်ပါကြောင်း
ထောက်ခံအဆိုပြုခဲ့ပြီးနောက် မဲခွဲဆုံးဖြတ်ရာ ၀န်ကြီးဌာန ၃၄ ခုထားရှိရေးက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။

“၀န်ကြီးဌာန ၃၄ ခုထားမယ်လို့ သမ္မတက အဆိုပြုပေမယ့် ၀န်ကြီးကိုတော့ အယောက် ၃၀ ပဲထားမယ်လို့ သမ္မတက ဆိုတယ်။ တချို့ဝန်ကြီးတွေက ဌာန ၂ ခု
တွဲကိုင်ရတာမျိုးရှိလာလိမ့်မယ်” ဟု လွှတ်တ်ာအမတ်တဦးက ပြောသည်။

သမ္မတ ဦးသိန်းစိန် ယနေ့တင်သွင်းခဲ့သော ၀န်ကြီး ၃၀ ၏ အမည်စာရင်းတွင် စစ်ဗိုလ်ချုပ်ဟောင်းများစွာ ပါဝင်နေပြီး ၀န်ကြီးအားလုံးသည် ကြံ့ဖွံ့ပါတီမှ ဖြစ်သည်။

အတည်မပြုနိုင်သေးသည့် တပ်တွင်း သတင်းများအရ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ် စိုးဝင်းတို့ကို


ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က သမ္မတ ရွေးကောက်တင်မြှောက်အပြီးနေ့ကစလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံကို သတင်းစာမှာ တခမ်းတနားဖော်ပြတယ်။ သမ္မတ
ဦးသိန်းစိန်ဓါတ်ပုံတောင် မတွေ့ရဘူး။ ဒီကနေ့အထိလည်း ဗိုလ်ချုပ်မှူးကြီးပုံကိုပဲ ဖော်ပြနေတယ်ဆိုတော့ သူသာ နိုင်ငံရဲ့အမြင့်ဆုံးနေရာမှာ ရှိနေဆဲပဲဆိုတာကို အသိပေးတဲ့သဘောပဲ” ဟု
သတင်းထောက်တဦးက ပြောသည်။

ဦးခွန်ထွန်းဦး ကျန်းမာရေးအခြေအနေ ဆိုး

ဧရာဝတီ Wednesday, 09 February 2011 16:04

ဖျက်သိမ်းခံ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌဖြစ်ပြီး


ကချင်ပြည်နယ် ပူတာအိုထောင်တွင် ထောင်ဒဏ် ၉၃ နှစ်
ချမှတ်ခံထားရသော ဦးခွန်ထွန်းဦးသည် ရာသီဥတု အခြေအနေကြောင့်
လေးဘက်နာ ရောဂါအပြင် ဆီးကျိတ်ရောဂါပါ ခံစားနေရသဖြင့်
ကျန်းမာရေးအခြေအနေ ဆိုးရွားနေကြောင်း သိရသည်။

ဦးခွန်ထွန်းဦးသည် ဆီးကျိတ်ရောဂါကြောင့် တညလျှင် ၁၀


ကြိမ်ထက်မနည်း ဆီးသွားသဖြင့် ကောင်းစွာ မအိပ်နိုင်ကြောင်း၊
ထောင်အာဏာပိုင်များက ကန့်သတ်သဖြင့် ဆရာဝန်နှင့်လည်း ကုသခွင့်
မရကြောင်း၊ ဦးခွန်ထွန်းဦး ကိုယ်တိုင်ကလည်း ဆီးကျိတ်ရောဂါမှတဆင့်
ကင်ဆာရောဂါ ဖြစ်မည်ကို စိုးရိမ်နေကြောင်း SNLD ပြောခွင့်ရပုဂ္ဂိုလ်
ဦးစိုင်းလိတ်က ဆိုသည်။
“ဦးခွန်ထွန်းဦးရဲ့ မိသားစုတွေ ထောင်ဝင်စာ သွားတွေ့တော့လည်း အချိန်နည်းနည်းပဲ တွေ့ရတယ်။ တွေ့ရရင်လည်း ခါတိုင်းထက် ပိုပြီးမှ တင်းကျပ်ထားတယ်” ဟု ကိုစိုင်းလိတ်က
ဧရာဝတီသို့ ပြောသည်။

ဦးခွန်ထွန်းဦး၏ မိသားစုနှင့် နီးစပ်သူတဦးက “သူ့အမျိုးတွေ သူ့ကိုသွားကြည့်တော့ ဦးခွန်ထွန်းဦး ခြေထောက်တွေ ရောင်နေတယ်။ ပြီးတော့ သူ့အတွက် စားစရာတွေ သွင်းပေးဖို့ကိုလည်း
အကျဉ်းထောင် ဝန်ထမ်းကို လာဘ်ထိုးရသေးတယ်လို့ ပြောတယ်” ဟု ဆိုသည်။

SNLD သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြီးလျှင် တနိုင်ငံလုံး၌ ဒုတိယ အများဆုံး မဲရရှိသည့် ပါတီဖြစ်သည်။

အသက် ၆၆ နှစ်အရွယ် ဦးခွန်ထွန်းဦးသည် အမျိုးသားညီလာခံကို ဖျက်လိုဖျက်ဆီး ပြုလုပ်မှု၊ နိုင်ငံတော် ပုန်ကန်မှုတို့ဖြင့် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင် တခြား
ရှမ်းတိုင်းရင်းသားခေါင်းဆောင် ၈ ဦးနှင့်အတူ အဖမ်းခဲရခြင်းဖြစ်သည်။

ဦးခွန်ထွန်းဦး နှင့်အတူ SNLD အတွင်းရေးမှူး စိုင်းညွန့်လွင်ကို ထောင်ဒဏ် ၈၅ နှစ်ဖြင့် ကလေးထောင်တွင်လည်းကောင်း၊ စိုင်းလှအောင်ကို ထောင်ဒဏ် ၇၅ နှစ်ဖြင့် ကျောက်ဖြူထောင်တွင်
လည်းကောင်း၊ အပစ်ရပ် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နာယက ဗိုလ်ချုပ် ဆေထင် ကို ထောင်ဒဏ် ၁၀၆ နှစ်ဖြင့် စစ်တွေထောင်တွင်လည်းကောင်း အသီးသီး ပို့ဆောင်ထားသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (မြန်မာနိုင်င)ံ ၏ မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ ၂၁၈၉ ဦးရှိသည့် အနက် ၂၂၅
ဦးမှာ တိုင်းရင်းသားများ ဖြစ်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်လည်း ဦးခွန်ထွန်းဦးအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန် SNLD က ကြေညာချက်တစောင် ထုတ်ပြန် တောင်းဆိုခဲ့သေးသည်။

အမှန်တရားအတွက် အကြောက်တရားခဝါချထားရန် ဒေါ်အောင်ဆန်းစုကြည်ပြော

မင်းနိုင်သူ Wednesday, 09 February 2011 18:40

အမှန်တရားအတွက် ဆောင်ရွက်ရာတွင် အကြောက်တရားကို ခ၀ါချထားရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရုံးချုပ်တွင်
ပြုလုပ်သည့် လူငယ်များနှင့် တွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။

ယနေ့ တွေ့ဆုံပွဲအတွက် အကူအညီပေးခဲ့သော NLD လူငယ်တာဝန်ခံ ကိုမျိုးညွှန့်က “ပြည်နယ်နဲ့တိုင်းက ဒီပွဲကိုတက်ဖို့လာကြတဲ့ လူငယ်တွေဟာ စရဖ၊ သတင်းတပ်ဖွဲ့၊ ရဲတပ်ဖွဲ့တို့ရဲ့
စောင့်ကြည့်ခြင်းတွေ ခံခဲ့ရတဲ့အကြောင်း၊ တချို့လည်း ကြောက်လို့ လှည့်ပြန် သွားတာမျိုးတွေ ရှိကြောင်း လူငယ်တွေက ပြောပြကြလို့ ကျနော်တို့ ခေါင်းဆောင်က အကြောက်တရားနဲ့
ပတ်သက်ပြီး ရှင်းပြသွားတာပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၈ ရက်တွင် ရန်ကုန်မြို့နှင့်အနီးတ၀ိုက်မှ လူငယ် ၃၀၀
ခန့်ကို ပထမတွေ့ဆုံခဲ့သည်။

ယခု တိုင်းနှင့်ပြည်နယ် အသီးသီးမှ NLD ပါတီဝင်မဟုတ်သည့် လူငယ်များနှင့် ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံခြင်းဖြစ်သည်။

“လူငယ်ကွန်ယက် ဖွဲ့ကြဖို့ကို အဓိကထား ဆွေးနွေးကြတာပါ။ လူငယ်တွေဘက်က ပညာရေးစနစ် နိမ့်ကျနေတာကိုလည်း အဓိကထား ဆွေးနွေးပါတယ်။ မနေ့က
တိုင်းနဲ့ပြည်နယ်အသီးသီးက လူငယ် ၃၀၀ လောက် တက်ပြီး ဒီကနေ့ ၂၀၀ ကျော်တက်ပါတယ်” ဟု ကိုမျိုးညွှန့်က ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD က စစ်အစိုးရ ကျင်းပပေးမည့် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိနိုင်သည့်အပြင်၂၀၀၈ ဖွဲ့စည်းပုံကိုလည်း လက်မခံနိုင်ဟုဆိုကာ နိုင်ငံရေး
ပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့် မလျှောက်ထားရန် ၂၀၁၀ မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။

ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က NLD ပါတီနှင့် ၁၉၉၀ ရွေးကောက်ပွဲဝင် ပါတီ ၁၀ ခုကို တရားဝင် ပါတီအဖြစ်မှ ရပ်စဲကြောင်း ၂၀၁၀ စက်တင်ဘာ ၁၄ ရက်နေ့တွင်
ကြေညာခဲ့သည်။

ပါတီရပ်တည်ခွင့်အတွက် တရား ရုံးချုပ်သို့ လျှောက်ထားခဲ့သော်လည်း နေပြည်တော် တရားရုံးချုပ်က အထူးအယူခံကို ဇန်န၀ါရီ ၂၈ ရက်တွင် အပြီးသတ် ပယ်ချ ထားသည်။

NLD ပါတီ ရပ်တည်ခွင့်နှင့်စပ်လျဉ်းကာ လူငယ်တချို့က မေးမြန်းခဲ့ကြပြီး တရားဥပဒေလမ်းကြောင်းအရ ဆောင်ရွက်နေမှုများကို ပါတီရှေ့နေကြီး ဦးဉာဏ်ဝင်းက


ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆောင်းခို ရှားပါးငှက် မျိုးသုဉ်းမည့် အန္တရာယ်ကြုံ

ဝင့်နဒီ Wednesday, 09 February 2011 12:16

မြန်မာနိုင်ငံ မုတ္တမ ပင်လယ်ကွေ့ ကမ်းရိုးတန်း ဒေသတွင် ကျက်စားသည့် ကမ္ဘာ့ရှားပါး ငှက်မျိုးဖြစ်သော ရေညှောင့် နှုတ်ဝိုင်းငှက် (ခေါ်) ဒီလုံးငှက် (Spoon-Billed Sandpiper) သည်
ဖမ်းဆီးရောင်းချ ခံရခြင်းကြောင့် မျိုးသုဉ်းပျောက်ကွယ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် ကောင်ရေတထောင်ခန့်ပင် မကျန်ရှိတော့ဟု Birdlife


International အဖွဲ့က ခန့်မှန်းထားသည့် ဆောင်းခိုငှက်မျိုးဖြစ်သော
ညှောင့်နှုတ်ဝိုင်းငှက်အား မြန်မာနိုင်ငံတွင် ဒေသခံများက ထောင်ဖမ်းပြီး
ရောင်းချမှုများ ပြုလုပ်လျက်ရှိသောကြောင့် ငှက်မျိုးပြုန်းမည့်
အန္တရာယ်ဖြင့် ရင်ဆိုင်နေရကြောင်း ဇီဝမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်
ထိမ်းသိမ်းရေးအသင်း (BANCA) မှ အဖွဲ့ဝင် ဒေါ်ခင်သီတာလွင်က
ပြောသည်။

“ကျမတို့ ကွင်းဆင်းလေ့လာကြည့်တော့ လူတော်တော်များများက


ငှက်ထောင်ပစ်တယ်။ ပြီးတော့ ဒီငှက်မျိုးကိုပဲ သီးသန့်ဖမ်းတာတွေ၊
ဆေးချတာတွေလည်း လုပ်ပြီး စားသောက်နေ ကြတယ်။ အဲဒီလိုပဲ
လုပ်နေကြတာ သုံး လေးနှစ်ရှိပြီ။ အခုတော့ အကောင်ရေ
နည်းသွားတယ်။ ပြုန်းတီးကုန်တော့မှာတောင် စိုးရိမ်နေရပြီ” ဟု
ဒေါ်ခင်သီတာလွင်က ပြောသည်။

BANCA အဖွဲ့သည် ရေညှောင့်နှုတ်ဝိုင်းငှက်ရှိရာ မုတ္တမ ပင်လယ်ကွေ့နှင့်


ရခိုင်ပြည်နယ် စစ်တွေမြို့များတွင် သွားရောက်၍ လေ့လာခဲ့ရာ
ဒေသခံများအနေဖြင့် ငှက်ဖမ်းခြင်း၊ ငါးမျှားခြင်းတို့ဖြင့် ကြုံသလို
၃ () (Spoon-Billed Sandpiper) အသက်မွေးဝမ်းကျောင်း ပြုနေရသည်ကို တွေ့မြင်ခဲ့ရခြင်းဖြစ်ကြောင်း
ပြောသည်။

ရေညှောင့်နှုတ်ဝိုင်းငှက်သည် ရုရှားနိုင်ငံ အရှေ့မြောက်ဘက်ခြမ်း ချီကိုတာ ပြည်နယ်တွင် သားပေါက်ပြီး ဆောင်းတွင်းတွင် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ
ကမ်းရိုးတန်းဒေသများ၌ လာရောက် ဆောင်းခိုခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ မုတ္တမ ပင်လယ်ကွေ့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့တွင် ၂၀၀၈ ခုနှစ်မှ စတင်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ကျန်ရှိနေသည့် ရေညှောင့်နှုတ်ဝိုင်း ငှက်ကောင်ရေနှင့် ပတ်သက်၍


BANCA အသင်း ဥက္ကဋ္ဌ ဦးထင်လှက ရှင်းပြရာ ၂၀၀၈ ခုနှစ်တွင် BANCA
အဖွဲ့၊ တခြား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများနှင့်
ရုရှပညာရှင်များ ပူးပေါင်းရှာဖွေရာ မုတ္တမ အနောက်မြောက်ဘက်
ကမ်းရိုးတန်း၊ ရခိုင်အရှေ့ဘက်ကမ်း၊ ရခိုင်ပြည်နယ် စစ်တွေမြို့
နံ့သာကျွန်းတို့တွင် ရေညှောင့်နှုတ်ဝိုင်းငှက် ကောင်ရေ ၁၀၀
ခန့်တွေ့ရှိခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်တွင် မုတ္တမနှင့် နံ့သာကျွန်းတွင် ၆၁
ကောင်နှင့် ၂၀၁၀ ခုနှစ်တွင် ယင်းဒေသများ၌ပင် ၉၁ ကောင်သာ
တွေ့ရှိရတော့ကြောင်း သိရှိရသည်။

မြန်မာနှင့် နိုင်ငံခြားသား ပညာရှင်များက လေ့လာပြုစုပြီး ၂၀၁၀ တွင်


ထုတ်ပြန်သော အစီရင်ခံစာအရ ရေညှောင့်နှုတ်ဝိုင်းငှက်ကောင်ရေ
အလွန်အမင်း ကျဆင်းလာခြင်းတွင် မြန်မာပြည်၌ ငှက်ထောင်ဖမ်းခြင်း၊
သတ်ဖြတ်ခြင်းသည် အဓိကအချက်အဖြစ် ရှာဖွေတွေ့ရှိရကြောင်း
ရေးသားဖော်ပြထားသည်။

ထိုဒေသတွင် ဒေသခံအများစုမှာ အလုပ်အကိုင်ရှားပါးခြင်း၊


စားဝတ်နေရေး ကျပ်တည်းခြင်းတို့ကြောင့် ငှက်ဖမ်းခြင်း၊ ငါးမျှားခြင်း၊
သစ်ခုတ်ခြင်း စသည့်လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း “ ” ေေေေေေေေေေေေေေေေေေေေေေေေ ေေေေေ ေေေေေေေေေ ေေေေေေေေေေေေေေေေေေ
သိရှိရသည်။
၃၃၃၃ ( - BTO)
ရန်ကုန်မှ မုတ္တမ ပင်လယ်ကွေ့အထိ ၈ ရက်ကြာသွားရောက်ပြီး ရေညှောင့်နှုတ်ဝိုင်း ဆောင်းခိုငှက်နှင့် ငှက်ကြည့် ခရီးသွားအစီစဉ်ကို SST ခရီသွားလုပ်ငန်းက ဝန်ဆောင်မှုပေးနေကြောင်း
သိရသည်။

ပင်လုံကဲ့သို့သော ညီလာခံတခု ကျင်းပသင့်

ဧရာဝတီ Wednesday, 09 February 2011 18:00 အင်တာဗျူး

ပြည်ပရောက် ကချင်များနှင့် ပြည်တွင်းရှိ ကချင်ခေါင်းဆောင်များ ဆွေးနွေးမှု ရလဒ်အဖြစ် ကချင်အမျိုးသား အဖွဲ့ (Kachin National Organization-KNO) သည် ၁၉၉၉ ခုနှစ် ဇန်နဝါရီလ
၉ ရက်နေ့တွင် စတင်ပေါ်ပေါက်လာသည်။ KNO အဖွဲ့သည် ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် အခြေစိုက်ပြီး အမေရိကန်၊ ကနေဒါ၊ အင်္ဂလန်၊ တရုတ်၊ တောင် ကိုရီးယား၊ ဂျပန်
စသည့်နိုင်ငံများတွင်လည်း ရုံးခွဲများထားရှိကာ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး၊ တန်းတူ အခွင့်အရေး ရရှိရေး၊ ဒီမိုကရေစီရေး တို့အတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။

KNO ၏ လှုပ်ရှားမှုနှင့် ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (KIO) တို့၏ ပူးပေါင်း ဆောင်ရွက်မှု၊ ဒုတိယ ပင်လုံညီလာခံအပေါ်
သဘောနှင့် လက်ရှိ နိုင်ငံရေး အခြေအနေတို့အပေါ် အမြင်တို့ကို KNO ဥက္ကဋ္ဌ ဒူဝါ ဘွမ်ဝမ် လရော် (Du Wa Bawm Wang La
Raw) နှင့်တွေ့ဆုံ၍ ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်းက မေးမြန်းထားပါသည်။

မေး ။ ။ KNO နဲ့ ကချင်လူမျိုးကို ကိုယ်စားပြုထားတဲ့ KIO တို့ရဲ့ ဆက်ဆံရေးအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ ။ ။ ကချင်အမျိုးသား လွတ်မြောက်ရေးနဲ့ ဗမာပြည်ကြီးက ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာဖို့အတွက် ကျနော်တို့ အဖွဲ့က


KIO နဲ့အတူ လက်တွဲပြီး တိုက်ပွဲဝင်သွားဖို့ သဘောတူထားတယ်။

မေး ။ ။ KNO အဖွဲ့က ဘယ်လိုမျိုး လှုပ်ရှားနေတာလဲ။ ဘယ်လို နည်းလမ်းတွေ ချမှတ်ထားလဲ။

ဖြေ ။ ။ ကျနော်တို့အဖွဲ့က နဂိုတည်းက ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကို တခြား တိုင်းရင်းသားအဖွဲ့တွေနဲ့ ပူးပေါင်း


ဆောင်ရွက်မှုရှိတယ်။ ပြီးတော့ Majority ဖြစ်တဲ့ ဗမာလူမျိုးတွေ၊ ဒီမိုကရက်တစ်တွေနဲ့လည်း စုစုစည်းစည်းနဲ့ ကျနော်တို့
မြန်မာပြည်ကြီးကို ဖက်ဒရယ် ပြည်ထောင်စုကြီးအဖြစ် ပေါ်ထွန်းလာဖို့ ကျနော်တို့တွေ ကြိုးစားနေပါတယ်။

မေး ။ ။ KIO ကတော့ ဒုတိယအကြိမ် ပင်လုံညီလာခံလို ညီလာခံတခု ခေါ်ယူကျင်းပရေးကို သဘောတူထားတယ်။ KNO


KNO ( - KNO) အနေနဲ့ကရော။

ဖြေ ။ ။ အခုလက်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုတဲ့ နိုင်ငံက ပင်လုံစာချုပ်ကို အခြေခံပြီးမှ ပေါ်ပေါက်လာတာ ဖြစ်တယ်။ ဒါပေမယ့် ကြာလာတဲ့အခါမှာ
ဗမာနိုင်ငံရေးခေါင်းဆောင်တွေက ပင်လုံစာချုပ်ထဲမှာပါတဲ့ အချက်တွေနဲ့ ဆန့်ကျင်တာတွေကို လုပ်နေလို့ ကျနော်တို့ တိုင်းပြည်ကြီးက အားလုံးသိတဲ့ အခုလက်ရှိ အခြေအနေကို
ရောက်နေရတာဖြစ်တယ်။ တယောက်နဲ့ တယောက် စိတ်ဝမ်းတွေကွဲပြီး ပြည်တွင်းစစ်တွေ ဖြစ်ရတယ်။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာဖို့ကိုတော့
ပင်လုံစိတ်ဓာတ်ရှင်သန်ရေးကို အရင်ဆုံး ပြန်သွားကြရမယ်။ ဒါပေမယ့် မူရင်း ပင်လုံစာချုပ်ထဲမှာပါတဲ့ အချက်တွေအတိုင်း ပြန်တူချင်မှတူမယ်။ ဒါပေမယ့် ကျနော်တို့ တိုင်းရင်းသား
ညီအစ်ကိုတွေအားလုံး စုပေါင်းပြီးမှ ကျနော်တို့နိုင်ငံအတွက် အသင့်တော်ဆုံး အစိုးရ၊ အသင့်တော်ဆုံး ဥပဒေတွေ ပေါ်ထွန်းလာဖို့ ကျနော်တို့ တိုင်းရင်းသားတွေအပါအဝင်
ဗမာလူမျိုးတွေပါ ပင်လုံညီလာခံကဲ့သို့သော ညီလာခံတခု ပြန်ကျင်းပကြရမယ်။ အဲလိုလုပ်မှပဲ ကျနော်တို့ နိုင်ငံကို ပြန်ပြီး ထူထောင်နိုင်လိမ့်မယ်ဆိုတဲ့ ခံယူချက် ကျနော်တို့ဆီမှာရှိတယ်။
အဲဒါကြောင့်မို့လို့ ပင်လုံကဲ့သို့သော ညီလာခံတခုကို ခေါ်ယူကျင်းပမှသာလျှင် ကျနော်တို့တိုင်းပြည်အတွက် စစ်မှန်တဲ့ အစိုးရအသစ် ပေါ်ထွန်းလာမှာဖြစ်တယ်။

မေး ။ ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာပဲ အစိုးရအဖွဲ့သစ်အတွက် သမ္မတရော ဒု သမ္မတတွေကိုပါ ရွေးချယ်လိုက်တယ်။ သူတို့ ရွေးချယ်ထားတဲ့သူတွေကို ကြည့်ခြင်းအားဖြင့် ဒါဟာ
တိုင်းပြည်အတွက် တကယ်လိုအပ်နေတဲ့အစိုးရလား၊ ဘယ်လိုမြင်လဲ။

ဖြေ ။ ။ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ကတော့ ဒီအစိုးရကို ဖွဲ့စည်းခြင်း၊ သမ္မတ ရွေးချယ်ခြင်းတွေက နိုင်ငံအတွက် အဓိက မကျဘူး၊ အဓိက က သူတို့ရေးဆွဲထားတဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေပါပဲ။ အခု သမ္မတတွေက စစ်ဝတ်စစ်စားလဲပြီး ပြန်ဝင်လာပေမယ့်လည်းပဲ သူတို့က ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းပဲ လုပ်ဆောင်ကြရမှာပဲ။ ဒီအခြေခံ
ဥပဒေဆိုတာကလည်း အားလုံးသိတဲ့အတိုင်းပဲ စစ်အစိုးရရဲ့ အာဏာရှင်သက်တမ်းကို ရှည်အောင်လုပ်ပေးနေတဲ့ အခြေခံဥပဒေပဲဖြစ်တယ်။ အဲဒါကြောင့် ဘယ်သူတွေပဲ သမ္မတ
ဖြစ်လာဖြစ်လာ ကျနော်တို့ တိုင်းပြည်ကတော့ ဘာမှထူးခြားဦးမှာ မဟုတ်ဘူး။ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ လက်နက်ကိုင် ပဋိပက္ခတွေ ဖြေရှင်းရေးကို
အစိုးရအဖွဲ့အသစ်ကလည်း ဖြေရှင်းနိုင်ဦးမှာမဟုတ်ဘူး။

ဒါပေမယ့်သူတို့ တကယ်တမ်း လုပ်ချင်တယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့ ပြန်ပြင်ရလိမ့်မယ်။ အဲဒါကို မပြင်ဆင်ခင်မှာ ကျနော်တို့ တိုင်းရင်းသားအားလုံး၊ ပြည်သူလူထုကို
တကယ်ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပင်လုံညီလာခံကဲ့သို့ သော ညီလာခံ နောက်တခု ခေါ်ယူကျင်းပရေးကို ကျနော်တို့ တောင်းဆိုရခြင်း ဖြစ်တယ်။ အဲဒါမှပဲ
ပြည်သူလူထုတွေ အမှန်တကယ် လိုအပ်နေတာတွေကို ဒီ ညီလာခံကနေတဆင့် သိရှိနိုင်မှာဖြစ်တယ်။

မေး ။ ။ ပင်လုံညီလာခံလို နောက်ထပ်ညီလာခံတခု ခေါ်ယူကျင်းပရေးဆိုတဲ့ ကိစ္စမှာ KNO အနေနဲ့ ဘာတွေ လုပ်ဆောင် နေတာရှိလဲ။

ဖြေ ။ ။ ကျနော်တို့ အဖွဲ့အစည်းက ကချင်အဖွဲ့အစည်းဆိုတော့ တခြားတိုင်းရင်းသား အဖွဲ့တွေကို ဦးဆောင်ဖို့ ကျနော်တို့အနေနဲ့ အခက်အခဲရှိတယ်။ အဲဒါကြောင့်မို့
တိုင်းရင်းသားအားလုံးကို ဦးဆောင်နိုင်တဲ့အဖွဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ဦးဆောင်မယ်ဆိုရင် ကျနော်တို့က တခဲနက် ထောက်ခံတယ်။
ပူးပေါင်းဆောင်ရွက်သွားဖို့လည်း အစီအစဉ်ရှိပါတယ်။ လောလောဆယ် ကျနော်တို့အဖွဲ့အစည်း လုပ်ဆောင်နေတာကတော့ ပြည်တွင်းမှာရော ပြည်ပမှာပါ ရှိတဲ့ ကျနော်တို့
ကချင်လူထုတွေအနေနဲ့ သူတို့တွေ ရရှိရမယ့်၊ ရရှိသင့်တဲ့ အခွင့်အရေးတွေနဲ့ပတ်သက်ပြီးတော့ ဘယ်လို အခန်းကဏ္ဍမျိုးမှာ ရပ်တည်သင့်လဲဆိုတာကို ကျနော်တို့အဖွဲ့အစည်းက
ပြည်တွင်းမှာရော ပြည်ပမှာပါ လှုပ်ရှားဆောင်ရွက် နေပါတယ်။

မေး ။ ။ တချို့နိုင်ငံရေးလေ့လာသူတွေက အပြောင်းအလဲဆိုတာ လွှတ်တော်ထဲကပဲလာမယ်လို့ ယုံကြည်ထားတဲ့သူတွေ ရှိသလို တချို့ကလည်း လက်နက်ကိုင်တိုက်မှ ရမယ်လို့


ပြောနေကြလို့ နယ်စပ်မှာ တိုက်ပွဲတွေဖြစ်နေတယ်။ အဲဒါကိုရော ဘယ်လိုမြင်လဲ။

ဖြေ ။ ။ အဲဒါကတော့ ဘယ်သူတွေက ဘယ်လိုပဲ ယုံကြည် ယုံကြည် ကိုယ့်ရဲ့ လုပ်ဆောင်မှုအပေါ်မှာပဲ မူတည်တယ်လို့ ပြောချင်ပါတယ်။ လွှတ်တော်က အပြောင်းအလဲ
လုပ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားတဲ့သူတွေ အတွက်တော့ သူတို့ ယုံကြည်တဲ့ လွှတ်တော်ထဲမှာ တကယ့်အပြောင်းအလဲကို လိုချင်တဲ့ ကိုယ်စားလှယ်တွေ ပါသလားဆိုတာ ပထမဆုံး
မေးခွန်းထုတ်ရမယ့် အချက်ပဲ။ တဘက်ကလူက လက်နက်အားကိုးနဲ့ အနိုင်ထက်စီးနင်း ပြုလုပ်နေတယ်ဆိုရင်တော့ အနည်းဆုံး ကိုယ့်ဘက်ကလည်း လက်နက်တော့ ကိုင်ရမယ်။
ဒါပေမယ့် တိုက်ပွဲတွေဖြစ်၊ သေ၊ ကျေ၊ ဒဏ်ရာရတာကိုတော့ ဘယ်သူမှမလိုချင်ဘူး။ ဒါပေမယ့် ကိုယ့်ရဲ့လူမျိုး၊ ကိုယ့်ရဲ့အဖွဲ့အစည်းကို လာပြီးထိခိုက်နေမယ်ဆိုရင်တော့ လက်နက်နဲ့ပဲ
အကာအကွယ်ပေးရမယ်။ ကျနော့်အမြင်ကတော့ စားပွဲပေါ်မှာ ဆွေးနွေးနေတာလည်း ဆွေးနွေးရမယ်၊ လူထုကလည်း လုပ်စရာရှိတာ လုပ်ရမယ်၊ လက်နက်ကိုင်အဖွဲ့တွေကလည်း
သူတို့ရဲ့ အလုပ်တွေကို တပြိုင်နက်တည်း လုပ်နေရမယ်။ လူတိုင်းလူတိုင်းက ကိုယ်လုပ်စရာရှိတာကို တခြားသူတွေနဲ့ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်မှပဲ ကျနော်တို့ လိုချင်နေတဲ့
ပန်းတိုင်ကို ရရှိမှာ ဖြစ်တယ်။

မေး ။ ။ KIO ကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ စစ်အစိုးရက သောင်းကျန်းသူလို့ ပြန်လည် ခေါ်ဆိုလိုက်တယ်။ KNO နဲ့လည်း အဆက်အဆံ ရှိတယ်ဆိုတော့ KIO ကို
ဘာတွေအကြံပေးချင်လည်း။ ဘယ်လိုမျိုးတွေလုပ်ပါလို့ တိုက်တွန်းချင်လဲ။

ဖြေ ။ ။ KIO ကတော့ ကချင်လူထုအတွက် အဓိကဦးဆောင်နေတဲ့ တော်လှန်ရေးအဖွဲ့ဖြစ်တယ်။ အဲလို တော်လှန်ရေး လုပ်လာတာကလည်း နှစ်ပေါင်း ၅၀ ရှိသွားပြီ။ အခုလိုမျိုး
သောင်းကျန်းသူလို့ ပြန်လည် အခေါ်ခံလိုက်ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘာမှ တွေဝေနေဖို့ မလိုဘူး။ အရင်ကတည်းက လုပ်လာသလိုမျိုး ပြည်သူအတွက်ကိုပဲ ဆက်လုပ်သွားရမယ်။
တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ စစ်အစိုးရနဲ့လည်းပဲ ၁၆ နှစ်လုံးလုံး ဆွေးနွေးခဲ့ပြီးပြီ။ ဒါပေမယ့် ဘာတခုမှ အရာမထင်လာဘူး၊ ဆိုတော့ KIO နည်းတူပဲ စစ်အစိုးရကို တော်လှန်နေတဲ့
ပြည်တွင်းက အင်အားစုတွေနဲ့ရော ပြည်ပက အဖွဲ့တွေနဲ့ပါ ပူးပေါင်းပြီးတော့ ဆက်လက်တိုက်ပွဲဝင်ပါလို့ပဲ ကျနော်အကြံပေးချင်ပါတယ်။ ။

သင်္ဃန်းကျွန်း ရပ်ကွက်မီး၊ အိမ် ၁၅ လုံး ဆုံးရှုံး

မိုးယံ Wednesday, 09 February 2011 15:02

သင်္ဃန်းကျွန်းမြို့နယ် ၁၆ ရပ်ကွက်၊ အပိုင်း ၄၊ သီတာရေစင် လမ်းတွင် မီးဖိုအသုံးပြုသော နေအိမ်မှ စတင်ပြီး နေအိမ် ၁၅ လုံးအထိ မီးစွဲလောင်ကျွမ်းမှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း
မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

“ကျနော်တို့ ရောက်တဲ့အချိန်မှာပဲ မီးကတော်တော် စွဲနေပြီ။ သွပ်မိုး ဓနိဆိုတော့လည်း မီးကူးမြန်တယ်။ မီးညွန့်ကတော့ ၃ နာရီမှာ ကျိုးသွားပေမယ့် တငွေ့ငွေ့လောင်နေတာတွေကို
ထပ်ငြိမ်းနေရတယ်” ဟု မီးသတ်သမားတဦးက ဆိုသည်။

မီးသည် နေ့လည် ၂ နာရီခန့်တွင် စတင်လောင်ကျွမ်းခဲ့ကြောင်း၊ မီးစတင် လောင်ကျွမ်းသည့် နေအိမ်မှ ညှော်နံထွက်လာပြီး ၁၀ မိနစ်ခန့်တွင် မီးညွန့်များပါ ထွက်လာကြောင်း
မီးလောင်ရာတွင် နေအိမ်ပါသွားသူတဦးက ပြောသည်။

“မီးညွန့်ကြီးက လူနှစ်ရပ်လောက်မြင့်ရော၊ ကျနော်လည်း ကိုယ့်အိမ်ထဲ ပြေးဝင်ပြီး ပစ္စည်းသွားသိမ်းတာ၊ ကြောက်အားလန့်အားနဲ့ ဘာကိုင်လို့ကိုင်ရမှန်း မသိဘူးဖြစ်ရင်း မီးက
ကျနော့်အိမ်ကို စွဲလာတော့ ဆင်းပြေးရတော့တယ်” ဟု ၎င်းကဆိုသည်။

မီးလောင်ကျွမ်းသော ရပ်ကွက်သည် ဆင်ခြေဖုံးရပ်ကွက်ဖြစ်သည့်အတွက် လမ်းများမှာ ကားဝင်ရန် ကျဉ်းမြောင်းသည့် အပြင် မီးလောင်မှုကို လာရောက်ကြည့်ကြသော ရပ်ကွက်အတွင်းရှိ
လူများ၊ စက်ဘီးများနှင့် မိမိအိမ်များကို မီးကူးလာမည် စိုးရိမ်သဖြင့် ပစ္စည်းများ သယ်ပြေးသူများကြောင့် မီးငြိမ်းသတ်ရန် လာရောက်သော မီးသတ်ကားများ အလွယ်တကူ
မ၀င်ရောက်နိုင်ကြောင်း သီတာရေစင်လမ်းတွင် နေထိုင်သူတဦးက ပြောသည်။

“အိမ်တွေက မီးကူးမြန်တဲ့ သစ်တွေ၊ ဓနိတွေနဲ့ ဆောက်ထားတာတွေဆိုတော့ မီးကူးမြန်တယ်လေ။ ကျမအိမ်နဲ့ တော်တော်လှမ်းပေမယ့် ကလေးတွေကို လိုက်ရှာပြီး သယ်နိုင်တဲ့
တန်ဖိုးရှိပစ္စည်းတွေ သယ်ပြီး ပြေးရတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှုတွင် အိုးမဲ့အိမ်ဖြစ်ပွားခဲ့သော မိသားစုများအတွက် ကယ်ဆယ်ရေးစခန်းကို ရပ်ကွက်ဓမ္မာရုံတွင် ဖွင့်လှစ်ထားပေးကြောင်း ရပ်ကွက်လူကြီးတဦးက ပြောသည်။

“ပိုက်ဆံတွေရော၊ ပစ္စည်းတွေရော တခုတောင် မကျန်တော့ဘူးတဲ့။ နဂိုကတည်းက အခက်အခဲအစုံတွေ့ပြီး မပြေလည်တဲ့ အဘွားတို့မိသားစု ရှေ့လျှောက် ဘယ်လိုဆက်သွားရမလဲ” ဟု
မီးလောင်ကျွမ်းရာတွင် နေအိမ်ပါသွားပြီး ရပ်ကွက် ဓမ္မာရုံတွင် ခိုလှုံနေသော အသက် ၆၅ နှစ်ရှိ အမျိုးသမီးကြီးက ဆိုသည်။

မီးလောင်ကျွမ်းရာတွင် ရပ်ကွက် ရာအိမ်မှူးအိမ်လည်း ပါသွားပြီး ယင်း မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနမှ ဆုံးရှုံးမှုတန်ဖိုးစာရင်းနှင့်
မီးစတင်လောင်ကျွမ်းခဲ့သော နေအိမ်ကို စစ်ဆေးအရေးယူမှုများ ပြုလုပ်နေကြောင်း သိရသည်။

၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင်လည်း သင်္ဃန်းကျွန်းဈေးကြီး မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၇၈၀ ကျော်အနက် ၆၅၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့သည်။

ချိုကုပ်ဒူးကြီးရဲ့ ပြည်ထောင်စုစိတ်ဓာတ်

ရန်ကုန်သားတာတေ Wednesday, 09 February 2011 18:30 ထွေရာလေးပါး

“ခေါင်းလောင်းသံ … တညံညံ … ပေး …. အေးအေး … ရွာကျောင်း … ဟောင်းဟောင်းမှာ … လက်ချင်း ဟင်ဟင်း ယှက်ကာ … ပြေး ဟေး ကာ … လွှား ဟား ကာ …
ကျောင်းတက်လာကြ တာဟာတွေ … မေ့နိုင်ပါမလား ဟာ ဟား… မင်းတို့ ငါတို့ ငယ်ငယ် တုန်းကလေ ဒန့်တန်ဒန် … ဒန့်တန်ဒန်”

ချိုကုပ်ဒူးကြီး အခန်းထဲတွင် နာမည်ကျော် တွံတေးသိန်းတန် သီချင်းဖွင့်ထားခြင်း မဟုတ်ပါ။ ဖွင့်ထားသော ရုပ်မြင်သံကြား ဖန်သားပြင်ကို


စူးစိုက်ကြည့်၍ … ချိုကုပ်ဒူးကြီး ကာရာအိုကေ ဆိုနေခြင်း ဖြစ်သည်။ နောက်တွင် ဦးရုက္ခစိုး ရောက်လာတာကို မသိပေ။

ရုက္ခစိုး။ ။ ဟား ချိုကုပ်ဒူးကြီးက တွံတေးကြီးသီချင်းနဲ့ တယ်လန်းနေပါလား။ သူငယ်ပြန်နေတာလား။

သီချင်းသံ ရုတ်တရက် ရပ်သွားပြီး ချိုကုပ်ဒူးကြီး လှည့်ကြည့်လိုက်သည်။

ချိုကုပ်။ ။ သြော် ဦးရုက္ခစိုး။ လာ လာ။ နောက်ဆို … ခင်ဗျားနဲ့ ကျုပ်လည်း သိပ်တွေ့ချင်မှ တွေ့ရတော့မှာ။ ကာတွန်း ကိုဟန်လေးနဲ့
တွေ့ရင်လည်း ပြောလိုက်။ ကျုပ်ပုံချည်းပဲ ရေးမနေနဲ့လို့ …။ သိန်းဂိန် ပုံလေးဘာလေး လေ့ကျင့်ထားလို့ ...။

ရုက္ခစိုး။ ။ ဘာဖြစ်လို့လဲ။ ချိုကုပ်ဒူးကြီးက ရာထူးက နားပြီး တရားစခန်းဝင်တော့ မလို့လား။

ချိုကုပ်။ ။ နားတော့မနားပါဘူး။ ကာကွယ်ရေး ဦးစီးချုပ်ချုပ်ကြီးပဲ ဆက်လုပ်မှာ။ ဒါပေမယ့် အများအမြင်မှာ အရပ်သား အစိုးရဆိုတော့


ကျုပ်ပုံကြီး နေရာတကာ မြင်နေရလို့ မဖြစ်တော့ဘူးလေ။ ကျုပ်က နောက်ကွယ်ကနေပဲ စီစဉ်ညွှန်ကြား တော့မယ်။

“ကျည်းရေလေ တပ်မတော်ထဲက သယ်ယင်းတွေ … ရဲရဲတောက် တိုက်စစ် ဆင်ကာလေ … ”


ချိုကုပ်ဒူးကြီးက ဖန်သားပြင်ကို ကြည့်ကာ သီချင်းဆက်ဆိုလိုက်ပြန်သည်။ ဆိုနေရင်း ဦးရုက္ခစိုးဘက် လှည့်၍ “လမ်းပျောက်မြေပုံကြီး အားလုံး ပြီးဆုံးသွားပြီလေ … အဲဒါကြောင့် ပျော်လို့
ကာရာအိုကေ ဆိုနေတာ” ဟု ပြောလိုက်သည်။

ရုက္ခစိုး။ ။ လွှတ်တော်ကြီးကို ဒီတိုင်းပဲ လွှတ်ထားတာလား ချိုကုပ်ဒူးကြီးရဲ့။

ချိုကုပ်။ ။ မလွှတ်ပါဘူး။ ကျုပ်ပြောသမျှ လိုက်လုပ်တဲ့ သိန်းဂိန်နဲ့ လွှဲထားတယ်။ ကျုပ် ရေးပေးတာတွေပဲ သူ ဖတ်လိမ့်မယ်။ မယုံရင်ကြည့်။

ချိုကုပ်ဒူးကြီးက ရီမုတ်ကွန်ထရိုးကို နှိပ်လိုက်ရာ တီဗီပေါ်တွင် လွှတ်တော် ခန်းမကြီး ဘွားကနဲ ပေါ်လာသည်။

ချိုကုပ်။ ။ ဝန်ကြီးဌာနတွေနဲ့ ဝန်ကြီးစာရင်းတွေ ဖတ်ပြနေတယ် တွေ့လား။

တီဗီပေါ်တွင် ငလဒကြီး ဦးသိန်းဂိန်က ဝန်ကြီးဌာန အရေအတွက်ကို ဖတ်ပြနေသည်။ စုစုပေါင်း ၃၃ ခုဖြစ်သည်။ ဦးသိန်းဂိန် ဖတ်အပြီး တိုင်းရင်းသား ကိုယ်စားလှယ် တယောက် နေရာက
ထလိုက်ရာ ဦးသိန်းဂိန်က ချိုကုပ်ဒူးကြီးနှင့် ဆက်သွယ် ထားသော အင်တာကွန်ကို ဖွင့်၍ “အစီအစဉ်ထဲမှာ အဲဒါမပါဘူး ချိုကုပ်ဒူးကြီး။ ကျနော် ဘာလုပ်ရမလဲ” ဟု မေးလိုက်သည်။
ချိုကုပ်ဒူး ကြီးက “အသာနားထောင်လိုက်” ဟု ပြန်ပြောသည်။

တိုင်းရင်းသား။ ။ ဝန်ကြီးဌာန နောက်တခု ထပ်တိုးစေချင်ပါတယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးဆိုပြီး လုပ်ပေးပါ။

သိန်းဂိန်။ ။ (အသံကို နှိမ့်ကာ) ဘာပြောရမလဲ ချိုကုပ်ဒူးကြီး။

ချိုကုပ်။ ။ မပေးနိုင်ဘူးလို့ ပြောလိုက်ကွာ။

သိန်းဂိန်။ ။ အားလုံး စီစဉ်ပြီးသား ဖြစ်နေလို့ တိုင်းရင်းသား ကိုယ်စားလှယ်တော်ကြီး တင်ပြချက်ကို လောလောဆယ် လက်မခံနိုင်ပါဘူး။ ဒါပေမယ့် စာရင်းတို့ထားလိုက်ပါမယ်။

ထိုစဉ် ဦးဆော်ကြမ်းက နေရာမှ ခပ်တည်တည်ထကာ “ဒါက ဒီလိုရှိပါတယ်၊ ဟိုဟာက ဟိုလို ရှိပါတယ်။ ငလဒကြီး လုပ်ထားတာ ထောင့်စေ့လွန်းပြီး ကောင်းလွန်းအား ကြီးနေပါတယ်။
ကျုပ်ရောက်ဖူးတဲ့ အိန္ဒိယတို့ တရုတ်တို့ အီသီ ရိုးပီးယားတို့ ဆိုမာလီတို့ ဟိုနိုင်ငံ ဒီနိုင်ငံတွေ ဆိုရင်လည်း ဒီလိုပါပဲ။ ဟောဒီက ငလဒကြီး ဦးသိန်းဂိန်လိုပဲ စဉ်းစားတာပါပဲ။ ငလဒကြီးကို
ကြည့်ပါလား သေချာ စဉ်းစားထားရလို့ ထိပ်တွေတောင် ပြောင်နေပါပြီ။ ထောက်ခံပါတယ်။ ထောက်ခံပါတယ်” ဟု ပြောလိုက်သည်။

ချိုကုပ်။ ။ သိန်းဂိန် … ဆော်ကြမ်းတော်တယ် … သူ့ကို ပြန်ကြားရေးဝန်ကြီး ဆက်ခန့်လိုက်။

ချိုကုပ်ဒူးကြီးက လှမ်းပြောရာ ဦးသိန်းဂိန်က စာရွက်တွင် တေး မှတ်ထားလိုက်သည်။ ခဏနေတော့ ဝန်ကြီးများ စာရင်းကို ဦးသိန်းဂိန်က ဖတ်ပြန်သည်။

ရုက္ခစိုး။ ။ ဝန်ကြီးတွေကလည်း အရင်ဝန်ကြီးဟောင်းတွေနဲ့ ... ကျန်တာက ကြံ့ဖွံ့ပါတီက ချည်းပါပဲလား။ ချိုကုပ်ဒူးကြီး လုပ်ကွက်က သိပ် သိသာနေသလိုပဲနော်။

ချိုကုပ်။ ။ သိသာလို့လား။ ကျုပ်က အပြောင်းအလဲတော့ လုပ်ထားပါတယ်။ ဟိုဝန်ကြီးကို ဒီရွှေ့၊ ဒီဝန်ကြီးကို ဟိုရွှေ့ လုပ်ထားတယ်လေ။ တချို့ကို အပြောင်းအလဲ ဖြစ်သွားအောင် ဌာန
နှစ်ခု သုံးခု ပေါင်းကိုင်ခိုင်းလိုက်မယ်။ ဂျပု ဆော်ကြမ်း ကတော့ မဖြစ်ဘူးဗျ။ သတင်းသမားတွေကို နိုင်တာ သူပဲရှိတော့ သူ့ကိုတော့ အပြောင်းအလဲ လုပ်လို့မဖြစ်ဘူး။

ထိုစဉ် ငလဒကြီးဦးသိန်းဂိန် ဖတ်ပြသွားသော ဝန်ကြီး ဌာနစာရင်းကို စက်ခလုပ်ဖြင့် မဲပေး အတည်ပြုကြသည်။ ထိုအထဲတွင် ကန့်ကွက်မဲများ ပါလာသည်ကို ချိုကုပ်ဒူးကြီး တွေ့လိုက်ရာ
ဒေါပွပြီး စားပွဲကို လက်သီးဆုပ်ဖြင့် ထုလိုက်၏

ချိုကုပ်။ ။ ဘာကန့်ကွက်မဲမှ မလိုချင်ဘူး။ အဲဒါ စက်က မှားတာပဲဖြစ်မယ်။ ပြင်စမ်း၊ အမြန်ဆုံးပြင်စမ်း။

ထိုစဉ် အန်ချင်စရာဗိုလ်ပြူး တယောက် ပြူးပြူးပြာပြာဖြင့် ချိုကုပ်ဒူးကြီးနား ရောက်လာသည်။

အန်ချင်စရာ။ ။ အဲဒါက ပြင်လို့မရပါဘူး ချိုကုပ်ဒူးကြီး။ စက်မှားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ စက်က ဂျာမနီက လာတာပါ။

ချိုကုပ်။ ။ ဟ … ဂျာမနီလည်း မှားနိုင်တာပဲ။ တို့ စက်မှုဇုန်တွေက လုပ်တဲ့ စက်တွေနဲ့ ပြောင်းသုံးစမ်း။

အန်ချင်စရာ။ ။ ဒီစက်က အာဆီယံမှာလည်း သုံးနေတယ်၊ ယူအန်မှာလည်း သုံးနေတာပဲလေ။ သူတို့ သုံးတော့ ဘာမှမဖြစ်ပါဘူး။ အခုလည်း ပျက်တာ မဖြစ်နိုင်ပါဘူး။

ချိုကုပ်။ ။ မလိုချင်ဘူး။ ကန့်ကွက်မဲ ပါတယ်ဆိုကတည်းက ဒီစက် ပျက်နေတာ။ ပြင်ကို ပြင်ရမယ်။

အန်ချင်စရာ။ ။ ပြင်လို့မှ မရဘဲ။

ချိုကုပ်။ ။ ဒါဆို မောင်မင်းကို ရာထူးချမယ်။ ဒိုးတော့ … ရှင်းရှင်းပဲ မင်းကို ပြောမယ် ဒိုးတော့။

ငလဒကြီး သိန်းဂိန်က ကုပ်ချောင်းချောင်းပုံစံဖြင့် လှမ်းကြည့်ကာ “ကန့်ကွက်မဲ ပါပေမယ့် အရေအတွက်က အရမ်းနည်းပါတယ် ချိုကုပ်ဒူးကြီး။ ခုလို ကန့်ကွက်မဲ ရှိတယ်ဆိုတော့
အင်တာနေရှင်နယ်မှာ တရားမျှတတယ်ဆိုပြီး ပြောလို့ကောင်းတာပေါ့။ သဘာဝလည်း ပိုကျမယ်ထင်တယ်” ဟု လေသံလေးဖြင့် ပြောလိုက်သည်။

ချိုကုပ်။ ။ ဟေ … အင်တာနေရှင်နယ်မှာကော ဒီလိုပဲလား။

သိန်းဂိန်။ ။ ဟုတ်ပါတယ်။ ကျနော် ရောက်ခဲ့တဲ့ ကန်းထရီးတိုင်း ဒီလိုချည်းပါပဲ။ လိမ်မယ်ဆိုရင်လည်း သဘာဝကျကျ လိမ်တာ ပိုကောင်းပါတယ်။

ချိုကုပ်။ ။ အိုကေ အိုကေ။ မောင်မင်းပြောတာ ကောင်းတယ်။ ဆက်လုပ်။

ဦးသိန်းဂိန်ကို အမိန့်ပေးပြီးသည်နှင့် ချိုကုပ်ဒူးကြီးက “ကျည်းရေလေ တပ်မတော်ထဲက သူငယ်ချင်းတွေ” ဟုဆိုပြီး ထက တော့သည်။

ထိုစဉ် ဗိုလ်ပြူးတယောက်ဝင်လာကာ “ချိုကုပ်ဒူးကြီး … ရှမ်းပြည်နယ်နေ့ ရန်ကုန်မှာ လုပ်ချင်တယ် ပြောနေပါတယ်” ဟု ပြောလိုက်သည်။

ချိုကုပ်။ ။ ကြံကြံဖန်ဖန် … ဘာရှမ်းပြည်နယ်မှ မရှိဘူး၊ … ပြောလိုက် လုပ်ချင်ရင် တခြား ဈေးရောင်းပွဲတို့၊ အကပွဲတော်တို့ နာမည်တခုခုတပ်လို့။ လုပ်ရင်လည်း တရက်ပဲလုပ်လို့၊
ရှမ်းပြည်နယ်နေ့တော့ ပေးမလုပ်နိုင်ဘူးလို့။

ရုက္ခစိုး။ ။ တရုတ်နှစ်သစ်ကူး ကျတော့ ၅ ရက်၊ ၆ ရက် စည်စည်ကားကား ပေးလုပ်တယ်နော်။

ချိုကုပ်။ ။ ဒါက ဆွေမျိုးပေါက်ဖော်တွေလေ။ ပေးလုပ်မှ ရမှာပေါ့။

ထိုဗိုလ်ပြူး ပြန်ထွက်သွားသည်နှင့် “ကျည်းရေလေ တပ်မတော်ထဲက ဆွေမျိုးတွေ” ဟုဆိုကာ ဆက်ကပြန်သည်။ ထိုစဉ် နောက်ထပ် ဗိုလ်ပြူးတယောက် ထပ်ဝင်လာကာ “ချိုကုပ်ဒူးကြီး …
ပြည်ထောင်စုနေ့ သဝဏ်လွှာပါ” ဟု ဆိုကာ စာရွက် တရွက်ကို လာပြသည်။
ချိုကုပ်။ ။ (ထိုဗိုလ်ပြူးလက်ထဲမှ စာရွက်ကို ဆွဲဖြဲကာ) တော်တော်ညံ့တာပဲ။ ပြန်ပြင်ရေးစမ်း။ တို့တိုင်းရင်းသား ညီအစ်ကိုတွေဟာ ချစ်ကြည်ရင်းနှီးမှု တိုးတက်
ခိုင်မြဲလာပြီဆိုတဲ့အကြောင်း သေချာ ပေါ်လွင်အောင်ရေး။

ရုက္ခစိုး။ ။ နယ်စပ်မှာ စစ်တပ်နဲ့ တိုင်းရင်းသား တိုက်ပွဲတွေ ဖြစ် … ဖြစ် ...။

ချိုကုပ်။ ။ ဟာ ဦးရုက္ခစိုး ပြောမှ သတိရတယ်။ နယ်စပ်တိုက်ပွဲတွေမှာ လက်နက်ကြီးတွေ များများသုံး၊ အင်အားတွေ ထပ်ဖြည့်၊ တိုင်းရင်းသား ရွာတွေပါ မီးရှို့လို့ ပြောလိုက်ကြစမ်း။ ကဲ
ဗိုလ်ပြူး ငါပြောနေတာ ဘယ်ရောက်သွားပြီလဲ။

ဗိုလ်ပြူး။ ။ တိုင်းရင်းသား ညီအစ်ကိုတွေ ချစ်ကြည်ရင်းနှီးမှု ခိုင် မြဲ … မြဲ။

ချိုကုပ်။ ။ ဟာ … နေဦး နေဦး … အရမ်း အရမ်းကို ကဗျာဆန်တဲ့ စကားလုံးလေးတွေ သဝဏ်လွှာမှာ ထည့်ချင်တယ်။ ဦးရုက္ခစိုး လုပ်ပါဦး။ ခုနက ကျုပ်ဆိုနေတဲ့ သီချင်းခေါင်းစဉ်လေ။
အရမ်းမိုက်တယ်ဗျာ။ အသီးတွေ ပြွတ်တယ်ဆိုလား။

ရုက္ခစိုး။ ။ သြော် … အသီးတရာ အညှာတခုပါ ချိုကုပ်ဒူးကြီးရယ်။

ချိုကုပ်။ ။ တရာ ဆိုမှတော့ ပြွတ်တာနဲ့ အတူတူပါပဲဗျာ။ ဆက်ရေး ဗိုလ်ပြူး၊ တိုင်းရင်းသား ညီအစ်ကိုတွေအားလုံး နိုင်ငံသားတွေအားလုံးဟာ အသီးတရာ အညှာတခုပမာ
တွယ်ဆက်ပြီး …. တွယ်ဆက်ပြီး … လည်ထွက် … အင်း … ခဏနေဦး စဉ်းစားလိုက်ဦးမယ်။

ချိုကုပ်ဒူးကြီးက မျက်လုံးကို မှေးစင်း၍ ခံစားပြီး စဉ်းစားနေစဉ် ဘေးကလိုက်ရေးနေသော ဗိုလ်ပြူးမှာ ပဲဟင်း အစား များခဲ့သဖြင့် ဗိုက်ရစ်နေသည်။ ဆက်မအောင့်နိုင်တော့သည့် အဆုံး
အသက်အောင့်၍ အီးပေါက်လိုက်တော့၏။

“ဘူ” ဆိုသည့် အသံကြီး ရုတ်တရက် ထွက်ပေါ်လာရာ ငြိမ်၍ စဉ်းစားနေသော ချိုကုပ်ဒူးကြီး လန့်သွားပြီး “အဲဒါ ကေအန်ယူ လက်ချက်၊ ကေအန်ယူ လက်ချက် …... ပစ် …. ပစ် ........”
ဟု ထအော်လိုက် သဖြင့် ဦးရုက္ခစိုးပင် ယောင်ရမ်းပြီး ခြေဦးတည့်ရာသို့ ထွက်ပြေးမိခဲ့ လေတော့သည်။ ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

http://www.bur.irrawaddy.org

Wednesday, February 9, 2011

SEA Globe က ရွေးတဲ့ ဘလော်ဂါ ၅ ဦး

Southeast Asia Globe မှာ အရှေ့တောင်အာရှက ထိပ်တန်း အွန်လိုင်း


တက်ကြွလှုပ်ရှားသူ ငါးဦး စာရင်းကို ဖော်ပြထားတာ တွေ့ရပါတယ်။ မြန်မာအနေနဲ့ ဒေါက်တာ ဇာနည် အပါအဝင်၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားတို့က ဘလော်ဂါ
တက်ကြွလှုပ်ရှားသူတွေပါ။

(၁) Chap Sopheap (ကမ္ဘောဒီးယား)


တရားမမျှတမှု၊ လူ့အခွင့်အရေးနဲ့ ခြစားမှုတွေ ဖော်ထုတ်ရေးသားပါတယ်။ သူ့ရဲ့ ရဲရဲရင့်ရင့် ဝေဖန်ပြောကြားချက်တွေကြောင့် သူ့ကို အောင်ဆန်းစုကြည် အသေးစားလို့တောင်
အမည်ပေးကြပါသတဲ့။ (သူ့ကို ဘန်ကောက်မှာ တွေ့စဉ်က သူ့ဘလော့ဂ်ကို ၂၀၀၇ စက်တင်ဘာမှာ စရေးကြောင်း၊ ရွှေဝါရောင်တော်လှန်းအကြောင်းကို သူရေးခဲ့ကြောင်းနဲ့
ဒေါ်အောင်ဆန်းစုကြည်အကြောင်း မေးမြန်းပါတယ်။ သွက်သွက်လက်လက် ပြောရဲဆိုရဲ ပွဲတိုးတဲ့ ကမ္ဘောဒီးယားသူ ဖြစ်ပါတယ်။) sapheapfocus.com

(၂) Soonthon Prueksapipat (ထိုင်း)


thaifreenews.org ကို တည်ထောင်သူပါ။ ၂၀၀၆ မှာ စရေးပါတယ်။

(၃) Nguyen Van Hai (ဗီယက်နမ်)


Club of Free Journalists ကို တည်ထောင်သူ။ အခွန်ရှောင်မှု အကြောင်းပြပြီး ထောင် ၂ နှစ်ချခံရသူ။
(၄) မောင်ဇာနည် (မြန်မာ)
သူကတော့ မြန်မာတွေ ရင်းနှီးပြီးသားကပါပဲ။ ဒေါက်တာဇာနည်ကတော့ Free Burma Coalition ကို တည်ထောင်သူ။ pyinnya.com ကို ထောင်ပြီး ပညာရေး၊ နိုင်ငံရေး၊ သုံးသပ်ချက်တွေ
ရေးသူ။

(၅) Raja Petra Kamarudin (မလေးရှား)


မလေးရှား တူဒေး ဝက်ဆိုဒ်မှာ သတင်းဆောင်းပါးတွေ ရေးပြီး မနှစ်က မလေးရှားကနေ ဗြိတိန်ကို ထွက်ပြေးရသူ။ ထွက်မပြေးခင် ၂၀၀၄ မှာ တခါ၊ ၂၀၀၈ မှာ တခါ အဖမ်းခံရသေးသည်။
malaysia-today.net

ခက်ထန်
Ref: SEA GLOBE

စက်ရုပ်တွေ ဂျန်းဖြစ်သွားတဲ့အတွက် ဂဏန်းမငြိမ်တော့တဲ့ ဝန်ကြီးတွေ

မနေ့က လွှတ်တော်အစည်းအဝေးကြီးမှာ တက်ရောက်လာတဲ့ စက်ရုပ် ကိုယ်စားလှယ်တော်ကြီးတွေ ဂျန်း ဖြစ်သွားလို့ ဝန်ကြီးဌာန ဝန်ကြီး နာမည်တွေ ဂဏန်းမငြိမ် ဖြစ်သွားရတယ်လို့
ကြားရပါတယ် (နေပြည်တော် ကြက်ငှက်တုပ်ကွေးကြောင့် များလားတော့ မသိဘူး)

သမ္မတကြီး ရွေးချယ်တင်မြှောက်လိုက်တဲ့ ဝန်ကြီးတွေကို စက်ရုပ်ကိုယ်စားလှယ်တော် ကြီးတွေက စက်ခလုပ်နှိပ်ပြီး လက်ခံမခံ ဆုံးဖြတ်ရာမှာ မဲပေးသူ စက်ရုပ် ၆၃၆ ရုပ်ထဲက
ထောက်ခံမဲက ၆၁၅ မဲ၊ ကြားနေ ၁၄ မဲနဲ့ ကန့်ကွက်မဲ ၇ မဲ ဖြစ်နေတဲ့အတွက် သမ္မတကြီးရယ် ဝန်ကြီးဟောင်း ဝန်ကြီးသစ် (တကယ်တော့ ဘယ်လိုပြောရမှန်းတောင် မသိပါဘူး၊
ဒီဝန်ကြီးက ဒီဝန်ကြီးပဲ၊ ဟိုပြောင်းဒီရွှေ့ပဲ ဖြစ်ကုန်တာကိုး) တွေအားလုံးရယ်ဟာ ဒီ ကန့်ကွက်မဲ ၇ မဲကို မသင်္ကာဘူးတဲ့။ ဘယ်စက်ရုပ် ဂျန်းဖြစ်သွားတာလဲ၊ ဂျာမဏီက လာတဲ့ မဲခွဲတဲ့
စက်ခလုပ်ခုံ ပျက်တာလားဆိုပြီး ပြာလောင်ခတ်သွား ဆိုပဲ။

အဲဒီမှာ ပျာပျာသလဲ ဖြစ်ကုန်တဲ့ သမ္မတကြီးနဲ့ ဝန်ကြီးတွေကြောင့် ပျာယာခတ်သွားရတဲ့ အင်ဂျင်နီယာတပ်က ဗိုလ်မှူးတဦးဟာ မျက်ကလဲဆံပြာ ပုံစံနဲ့ ဝင်လာပြီး ဒီစက်ကြီးကို
စစ်ဆေးပေးရပါတယ်။ အဲဒီလို စစ်ဆေးရင်း ဒီဗိုလ်မှူး က “ဒါ ဂျာမဏီကစက်၊ APEC မှာလည်း ဒီစက်ပဲ သုံးတယ်၊ ယူအန်မှာလည်း ဒီစက်ပဲ၊ အာဆီယံမှာလည်း ဒီစက်ပဲ သုံးတာ” လို့
ရှင်းပြတယ်တဲ့။ ဒီတော့ ကန့်ကွက်မဲ ၇ မဲဖြစ်နေတာ စက်ကြောင့် မဟုတ်ရင် မဲပေးတဲ့ စက်ရုပ်ကြီးတွေ ဂျန်းဖြစ်နေလို့ပဲ ဖြစ်ရမယ်လို့ ကိုတာတေကတော့ ကိုယ့်ဘာသာ စဉ်းစား
ဆုံးဖြတ်လိုက်ပါတယ်။

သေချာတာကတော့ ဝန်ကြီးဌာနနဲ့ ဝန်ကြီးတွေ ဂဏန်းမငြိမ်သေးပါဘူး။ မနေ့က ဝန်ကြီး ဌာန စာရင်းကို ၁၊ ၂၊ ၃၊ ၄ အစဉ်လိုက်ထုတ်ပြန်ပြီး ဒီနေ့ ဝန်ကြီးစာရင်းကို ၁၊ ၂၊ ၃၊ ၎
အစဉ်အတိုင်း ထုတ်လိုက်တော့ စက်ရုပ်ကိုယ်စား လှယ်တော်ကြီးတွေကလည်း ဟိုဘက် ၁ နဲ့ ဒီဘက် ၁ ကို ယှဉ်ကြည့်ရင်း နှလုံးထီဂဏန်းတွက်သလို ဘယ် ဝန်ကြီးဌာနက
ဘယ်သူဝန်ကြီး ဖြစ်နိုင်တယ် ဆိုတာကို စမ်းတဝါးဝါး တွက်ချက် ကြည့်နေရပါတယ်တဲ့ ခင်ဗျား။
မစ္စတာ တာတေ

အလောင်းမြှုပ်ပေးသူ စေတနာ့ဝန်ထမ်း ဂျာနယ်လစ် ထောင်မှ ပြန်လွတ်

Myanmar Tribune ဂျာနယ် အယ်ဒီတာချုပ် ဦးအောင်ကျော်ဆန်း


တောင်ကြီးထောင်ကနေ ပြန်လွတ်လာပြီလို့ သိရပါတယ်။ ထောင်ဒဏ် ၈ နှစ်ကနေ ၂ နှစ်အထိလျှော့ချခံရပြီးနောက် ပြန်လွတ်လာတာပါ။
ဧရာဝတီတိုင်းအတွင်း ပြန့်ကျဲနေတဲ့ လူသေအလောင်းတွေကို အစိုးရနဲ့ အန်ဂျီအို အဖွဲ့များတွေက ရှင်းလင်း မြှုပ်နှံခြင်းများ မပြုနိုင်ချိန်မှာ Myanmar Tribune ဂျာနယ် အယ်ဒီတာချုပ်
ကိုအောင်ကျော်ဆန်းနဲ့အဖွဲ့က လူသေအလောင်းများကို ရှင်းလင်းမြှုပ်နှံခြင်း လုပ်ငန်းများ ကိုယ်ထူ ကိုယ်ထ လုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီလို လုပ်ဆောင်ခြင်းကြာင့် ကိုအောင်ကျော်ဆန်း
အပါအဝင် အလောင်းမြှုပ်သူ ၇ ဦးကို ဇွန်လ ၁၄ ရက်နေ့မှာ ဖမ်းဆီးလိုက်တာပါ။

http://www.irrawaddyblog.com/

ပြည်သူ့ကွန်ယက်ကြီးအဖြစ် ချိတ်ဆက်မည်

ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၉ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဖွဲ့စည်းထူထောင်ပြီးသမျှ လူမှုကွန်ယက်များအားလုံးကို ဆက်စပ်၍ ပြည်သူ့ကွန်ယက်ကြီးအဖြစ် လှုပ်ရှားဆောင်ရွက်သွားရန် ဗုဒ္ဓဟူးနေ့တွင် ကျင်းပခဲ့သည့်


ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ တွေ့ဆုံပွဲက ဆုံးဖြတ်လိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်၌ နှစ်ရက်တာ ကျင်းပပြီးစီးသွားသည့် တိုင်းနှင့် ပြည်နယ် လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲသို့ ရှမ်း၊ ကယား၊ ကချင်၊ ချင်း၊ ရခိုင်
ပြည်နယ်များနှင့် မန္တလေး၊ မကွေးတိုင်းတို့မှ NLD အဖွဲ့ဝင်နှင့် အခြား လူငယ် ၂ဝဝ ခန့် တက်ရောက်ဆွေးနွေးခဲ့ရာမှ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“အန်တီပြောတဲ့ ပြည်သူ့ကွန်ယက်ဆိုတာ အကုန်လုံးပါဝင်တဲ့ လူငယ်ရော၊ ရှေ့နေရော၊ ဆရာဝန်ရော စသည်ဖြင့် မြန်မာပြည်မှာရှိတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လိုလားတဲ့
လူတွေအားလုံး၊ အဖွဲ့အစည်းတွေအားလုံးနဲ့ ချိတ်တွဲဆောင်ရွက်သွားမယ်ဆိုတာပါ။ မြို့ကြီးပြကြီးတွေတင်မက တောလက်ကျေးရွာတွေအထိပါ ရောက်အောင် လုပ်မယ်ဆိုတဲ့
ရည်ရွယ်ချက်ပါ” ဟု NLD လူငယ်တာဝန်ခံ ကိုမျိုးညွန့်က မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ တတိယအကြိမ် ဆွေးနွေးမှုအပြီး ယခုလို တိုးမြှင့် ဆောင်ရွက်လာနိုင်ရာ၊ လူပုဂ္ဂိုလ်မရွေး ပါဝင်ဆက်စပ်နိုင်ရန်အတွက်Gmail အကောင့်တခုလည်း
ဖွင့်လှစ်ထားရှိသည်။

“ဆက်သွယ်ရေးကတော့ လက်ရှိလုပ်နေတဲ့ လူငယ်တွေကနေ Gmail တခု ဖွင့်ထားတယ်ဗျ။ pushingtogether.myanmar@gmail.com ဤ အီးလေးလိပ်စာသည် spambots များရန်မှ
ကာကွယ်ထားသည်။ ဤသည်ကို ကြည့်ရှုရန် သင့် JavaScript ဖွင့်ရန် လိုအပ်သည်။ ဆိုပြီးတော့။ အဲဒီ Gmail ထဲကို ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့ အဖွဲ့အစည်း ဒါမှမဟုတ်
လူပုဂ္ဂိုလ်တဦးတယောက်ကနေ ဒီမေးလ်ထဲကို ဝင်လာမယ်။ သူတို့အနေနဲ့ ဘာအကူအညီတွေ ပေးနိုင်မယ်၊ ဘာတွေ အကူအညီတွေ လိုတယ်ဆိုတာ ချိတ်တွဲဆောင်ရွက်ထားပါတယ်” ဟု
ကိုမျိုးညွန့်က ပြောသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့မှ NLD ပါတီဝင်မဟုတ်သည့် ရှေ့နေအမျိုးသမီးတဦးကလည်း ၎င်းအနေဖြင့် ဤဆွေးနွေးပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်ဖူးခြင်းဖြစ်ပြီး၊


ပြည်သူ့ကွန်ယက်တွင် တက်ကြွစွာ ပါဝင်သွားမည်ဟု မဇ္ဈိမကို ပြောသည်။

“တခြားနေရာတွေကတော့ မသိဘူး။ တောင်ကြီးမြို့နယ်ကတော့ ငါတို့ ဒီလိုဒီလို လုပ်ကြမယ်ဆိုတဲ့ အဖွဲ့လေးပေါ့ အယောက် ၂ဝ လောက် ရှိပါတယ်။ ကျမတို့ အလကား လိုက်ပေးနေတဲ့
အမှုတွေ အများကြီးရှိပါတယ်။ အဲဒီကိစ္စတွေကို ဆက်ပြီးတော့ လုပ်သွားမယ်။ နောက်ထပ်ရှိရင်လည်း ကျမတို့နဲ့ ဆက်သွယ်ဖို့ပြောမယ်။ ဒါပေမယ့် ရှေ့နေဆိုတာကတော့
မကြော်ငြာရဘူးပေါ့။ တကယ် မတရားခံနေရတဲ့ လူတွေက ကျမတို့ကို လာဆက်သွယ်ဖို့ပဲ လိုတယ်။ ဆက်သွယ်ပြီး သူတို့က ပါဝါပေးတဲ့အခါကျမှ ကျမတို့က ဆက်လုပ်နိုင်မှာ” ဟု သူက
ဆိုသည်။

မြန်မာပြည်တွင် အခြားလူငယ်ကွန်ယက်များ ရှိသော်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရန်အတွက် ရည်ရွယ်ချက်တူ၊ လုပ်ငန်းတူလျှင် အားလုံးချိတ်ဆက်


ဆောင်ရွက်သွားမည်ဖြစ်ပြီး မိမိတို့ကွန်ယက်အား နာမည်ပေးထားရန် မလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ခဲ့သည်ဟု ကိုမျိုးညွန့်က ပြောဆိုသည်။

ယနေ့ပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲတွင် လူငယ်ကွန်ယက်ကိစ္စအပြင် ၂၁ ရာစု ပင်လုံညီလာခံကိစ္စလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

လူငယ်ကွန်ယက်အနေဖြင့် ဤညီလာခံအတွက်လည်း တက်ကြွစွာ ပါဝင်လှုံ့ဆော်သွားကာ၊ မကြာမီကာလတွင် ဒုတိယပင်လုံ နှီးနှောဖလှယ်ပွဲများ ခေါ်ယူကျင်းပသွားနိုင်ရန် လူကြီးများနှင့်


စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကိုမျိုးညွန့် ပြောဆိုချက်အရ သိရသည်။

အင်္ဂါနေ့ တွေ့ဆုံပွဲတွင် ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ လူငယ် ၂ဝဝ ကျော် တက်ရောက်ခဲ့ကြသေးသည်။

သမ္မတ သိန်း ၅ဝ၊ ကား ၆ စီး

ထွန်းထွန်း | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံတော် သမ္မတလစာ ကျပ်သိန်း ၅ဝ ဟုပါရှိသော အစိုးရ အဖွဲ့ဝန်ထမ်းများ အတွက် လစာနှုန်းထားများနှင့် အခြား ခံစားခွင့်ဆိုင်ရာ ဥပဒေများကို
စစ်အစိုးရက ထုတ်ပြန်ထားကြောင်း ရခိုင် ပြည်သူ့လွှတ်တော် အမတ် ဦးဘရှိန်က ပြောသည်။

အဆိုပါဥပဒေများအရ နိုင်ငံတော်သမ္မတသည် လစဉ်ချီးမြှင့်ငွေ ကျပ်သိန်း ၅ဝ၊ မော်တော်ကား ၆ စီးအပြင် ဝတ်စုံစရိတ်၊ ပြည်တွင်းပြည်ပ သွားလာစရိတ်၊ နိုင်ငံရပ်ခြားတွင်
အခမဲ့ဆေးကုသခွင့်များ ရရှိသည်။ ထို့ပြင် သမ္မတအိမ်တော်နှင့် အသုံးအဆောင်များ၊ အိမ်တော်အတွက် ကုန်ကျစရိတ်ဖြစ်သည့် ရေ၊ လျှပ်စစ်ဓာတ်အား၊ ဖုန်းသုံးစွဲမှုစရိတ်၊
မော်တော်ယာဉ်တွင် သုံးစွဲမည့် စက်သုံးဆီ၊ ချောဆီစရိတ်များပါ ရရှိသည်။

ဇန်နဝါရီ ၁ဝ ရက်ရက်စွဲဖြင့် ထုတ်ပြန်သည့် ဥပဒေများမှာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေ၊ တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေတို့ ဖြစ်သည်။

နိုင်ငံတော် သမ္မတသည် အဆိုပါ ခံစားခွင့်များအပြင် ကိုယ်ရေးအရာရှိနှင့် ကိုယ်ရံတော်အရာရှိ နှစ်ဦးစီ ရရှိမည်။ ဒုတိယသမ္မတသည် လစာချီးမြှင့်ငွေ ကျပ်သိန်း ၄ဝ နှင့် ကိုယ်ရေးအရာရှိ
တဦးပါ ရရှိမည်။

’’လစာကိစ္စက ဥပဒေထုတ်ပြီး ပြဋ္ဌာန်းပေးထားတာပဲ။ ၂၈ ရက်နေ့ ကျနော်တို့ လွှတ်တော်ရုံးကိုသွားတော့ ဒီစာအုပ်ကို ပေးပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တိုင်းနဲ့
ပြည်နယ်နဲ့ဆိုင်တဲ့ လွှတ်တော်တွေအတွက် ဖြစ်မှာပေါ့’’ ဟု ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP မှ ပြည်သူ့လွှတ်တော်အမတ် ဦးဘရှိန်က ပြောသည်။

နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေများလည်း သက်ဆိုင်ရာ
လွှတ်တော်အမတ်များထံ ဖြန့်ဝေခဲ့သည်။

“ ကျနော်တို့ လူပျိုပေါက်စ မီလိုက်တဲ့ ဖဆပလခေတ်က ငွေကြေးနဲ့ တွက်မယ်ဆိုရင် ရွှေတကျပ်သားကို (ကျပ်) ၁၈ဝ၊ ၂ဝဝ။ အဲဒီအချိန်က လစာနဲ့ အခု ရွှေတကျပ်နဲ့ တွက်မယ်ဆိုရင်
လွှတ်တော် ကိုယ်စားလှယ်တွေကို ပေးတဲ့ ငွေ ၃ သိန်းတို့၊ ၂ သိန်းတို့ဆိုတာ အဲဒီအချိန်က ငွေနဲ့တွက်ကြည့်လိုက်ရင် အလွန်နည်းတယ်လို့ပဲ ပြောရမှာပေါ့’’ ဟု ဦးဘရှိန်က ပြောသည်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများနှင့် ပြည်ထောင်စု
တရားသူကြီးချုပ်မှာ ကျပ် ၃၅ သိန်း ရရှိမည်ဖြစ်သည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီး၊
ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထာင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌများ ကျပ်သိန်း ၃ဝ ရရှိမည်။

“အစိုးရအသုံးစရိတ် သိပ်များလာပြီဆိုရင် တဖက်က ပြန်စဉ်းစားဖို့က ဘယ်ကနေ ပြန်ရှာမလဲပေါ့။ ဆိုတော့ တိုင်းပြည်က၊ ပြည်သူလူထု အခွန်အတုပ်ကပဲ ရှာဖို့ ရှိတဲ့အခါကျတော့
အခွန်အတုပ် ပိုပိဖို့ ရှိတာပေါ့” ဟု ထိုင်းအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းက ပြောသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယာင်များဆိုင်ရာ ဥပဒေထဲတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများနှင့်
ပြည်နယ်ဝန်ကြီးချုပ်တို့ ကျပ်သိန်း ၃ဝ ရရှိမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ၄င်းလွှတ်တော်များ၏ ဒုဥက္ကဋ္ဌများ၊ တိုင်းဒေသ သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်၊ တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်စာရင်းစစ်ချုပ်များအတွက် ကျပ်သိန်း ၂ဝ နှင့် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီး ရာထူးများအတွက် ကျပ်
၁ဝ သိန်းစီ ရရှိမည်ဖြစ်သည်။

လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ မြန်မာနိုင်ငံတွင် ဗဟိုအစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရဟူ၍ အစိုးရနှစ်ရပ် ရှိလာမည်ဖြစ်သည်။ ယင်းအပြင် ဝန်ကြီးဌာန
ဝန်ထမ်းများလည်း များလာဖွယ်ရှိသည်။

နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေအရ နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် ကျပ်သိန်း ၃ဝ နှင့်
ကောင်စီဝင်များသည် ကျပ်သိန်း ၂ဝ စီ ရရှိမည်ဖြစ်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသဥက္ကဋ္ဌများမှာ ကျပ်သိန်း ၂ဝ စီနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များမှာ ကျပ် ၁ဝ သိန်း စီ ရရှိမည် ဖြစ်သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေအရ လွှတ်တော်ကြီးနှစ်ရပ်ရှိ ရွေးကောက်ခံနှင့် တပ်မတော်သား ကိုယ်စားလှယ်များအတွက် လစဉ် ချီးမြှင့်ငွေ ကျပ် ၃ သိန်း
ဖြစ်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်နှင့် တပ်မတော်သား ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသဦးစီးအဖွဲ့ဝင်များအတွက် ကျပ် ၂ သိန်းစီနှင့်
ဖြည့်စွက် ဦးစီးအဖွဲ့ဝင်များအတွက် ကျပ် ၁ သိန်းစီ ဖြစ်သည်။

“ကျနော်တို့ဆီမှာ ချမ်းသာတဲ့လူတွေက အခွန်ဘယ်လောက် ပေးသလဲဆိုတာ မသိရဘူး။ ဥပမာဆိုပါစို့… ဦးတေဇတို့၊ ဇေကမ္ဘာဦးခင်ရွှေတို့က အခွန်ဘယ်လောက် ပေးသလဲဆိုတာ
ကျနော်တို့ မသိရဘူးပေါ့ဗျာ။ အဲဒီတော့ ချမ်းသာတဲ့သူတွေက အခွန်လုံးဝမပေးတာလဲ ဖြစ်နိုင်တယ်။ ဆင်းရဲတဲ့သူတွေကို အခွန်တိုးကောက်တဲ့ စနစ်မျိုး ဖြစ်နိုင်တယ်ဗျ။ ဆိုတော့
အဲဒီဟာမျိုး အနေအထားမှာ ဆိုရင်တော့ မကောင်းဘူးဗျ” ဦးအောင်သူငြိမ်းက ပြောသည်။

မြဝတီ ဗုံးကွဲ နှစ်ဦးသေပြန်

ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၈ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနယ်စပ် မြဝတီမြို့ ချစ်ကြည်ရေးတံတားထိပ်အနီး ထမင်းဆိုင်တခုတွင် ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီကျော်ခန့်က ဗုံးပေါက်ကွဲရာ လူ ၂ ဦး သေဆုံးပြီး အနည်းဆုံး ၂
ဦး ဒဏ်ရာရသွားခဲ့သည်ဟု မျက်မြင်သက်သေများက ပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ကူးသော တံတားအနီးရှိ ရွှေတံတားတည်းခိုခန်းနှင့်ကပ်လျက် 7 Star ထမင်းဆိုင်အတွင်း ပေါက်ကွဲကာ အသက် ဆယ်နှစ်ကျော် မိန်းကလေး တဦးနှင့်
ယောက်ျားလေး တဦးသေဆုံးသွားသည်ဟု အခင်းဖြစ်ပွားရာအနီးနေသူက ပြောသည်။

“ချိန်ကိုက်မိုင်း ပေါက်တယ်လေ။ အထုပ်ကနေပေါက်တာ။


... ထမင်းဆိုင်နဲ့ လက်ဖက်ရည်ဆိုင် တွဲရက်၊ အဲဒီဆိုင်မှာ လာထားသွားတာ အထုပ် ပေါက်တာ” ဟု
သူက ပြောသည်။

အနည်းဆုံး ဒဏ်ရာရသူ နှစ်ဦး မြဝတီဆေးရုံတွင် ကုသနေရပြီး ဒဏ်ရာပြင်းထန်သည်ဟု သူက


ဆက်ပြောသည်။

“ဘုန်းကနဲဆို အသံကြားတော့ ကျနော်တို့လဲ ထွက်ကြည့်တာ 7 Star ဆိုင်ထဲမှာ ဗုံးပေါက်တာ


ဖြစ်နေတယ်။ လူတွေဝိုင်းအုံကြည့်နေတုန်း ရဲတွေရောက်လာပြီး လူစုခွဲလိုက်တယ်။ ကြည့်ခွင့်လဲ
မပေးတော့ဘူး" ဟု အခြား မျက်မြင်သက်သေတဦးက ပြောသည်။

ဒဏ်ရာရသူ ၅ ဦးအထိ ရှိသည်ဟု သူက ပြောသည်။

အခင်းဖြစ်ပွားပြီးချင်း နယ်ခြားစောင့်တပ်က ၅ ချက်ခန့် သေနတ်မိုးပေါ်ထောင်ဖောက်ကာ လူစုခွဲသဖြင့်


အထိတ်တလန့် ဖြစ်သွားကြသည်။
နယ်ခြားစောင့်တပ်ပြောင်းရန် ငြင်းဆန်ပြီး စစ်အစိုးရနှင့် ဆက်ဆံရေး ပျက်ပြားသွားသော
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး အဖွဲ့ဝင်များ မြဝတီအနီး လှုပ်ရှားနေသလို
မကြာသေးခင်က မြို့တွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် စိုးရိမ်နေကြသည်။

တံတားအနီး စားသောက်ဆိုင်များ၊ အထည်ဆိုင်များ၊ ငွေလဲဆိုင်များ တံခါးစောစီးစွာ


ပိတ်သိမ်းကုန်တော့သည်။

နိုဝင်ဘာ ၈ ရက်က မြို့သိမ်းရန် ကြိုးစားသော ဒီကေဘီအေ တပ်ဖွဲ့အချို့နှင့် စစ်အစိုးရတပ်များ


မြို့တွင်းတိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်နေသော ကရင်အမျိုးသား အစည်းအရုံး၏


အမာခံ နေရာဟောင်းနှင့် နယ်စပ်ကုန်သွယ်ရေး အချက်အခြာတခုဖြစ်သော မြဝတီတွင် ဗုံးကွဲမှုများ
ယခင်ကလည်း ဖြစ်ပွားခဲ့ဖူးသည်။

သြဂုတ်လ ၆ ရက် ဗုံးပေါက်ကွဲမှုတွင်လည်း လူနှစ်ဦးသေဆုံးခဲ့သည်။

အမျိုးသမီးမဲ့ ဝန်ကြီးအဖွဲ့

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၄၈ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲပြီး ပထမဆုံး ဝန်ကြီးအဖွဲ့သစ်တွင်လည်း အမျိုးသမီးတဦးမျှ မပါဝင်ဘဲ လက်ရှိနှင့်ယခင် စစ်အရာရှိဟောင်းများ ကြီးစိုးထားသည်။ သို့သော်လည်း
စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် လူသစ်အချို့ကို တွေ့မြင်ရမည် ဖြစ်သည်။

သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်တွင် ဝန်ကြီးဌာန ၃၄ ခုအတွက် လျာထားသော ဝန်ကြီးအမည် ၃ဝ ကို ဗုဒ္ဓဟူးနေ့က တင်သွင်းခဲ့သည်ဟု သတင်းရပ်ကွက်များက
ပြောသည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ကို နေပြည်တော်တွင် ယနေ့ကျင်းပရာ


သမ္မတ၏ ဝန်ကြီးအမည်စာရင်း တင်သွင်းမှုကို ထောက်ခံမဲ ၆၁၅ မဲ၊ ကြားနေမဲ ၁၄ မဲ ၊ ကန့်ကွက်မဲ ၇
မဲဖြင့် အတည်ပြုခဲ့သည်ဟု လွှတ်တော်တက်နေသော အမတ်တဦးက မဇ္ဈိမကို ပြောသည်။

ACE ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဝဏ္ဏကျော်ထင် စည်သူဦးတင့်ဆန်း၊ ရန်ကုန်ဆေးတက္ကသိုလ်


ပါမောက္ခချုပ် ကလေးအထူးကု ဒေါက်တာဖေသက်ခင်၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်
အသင်းဥက္ကဋ္ဌ ဆီလုပ်ငန်းရှင် ကြံ့ဖွံ့အမတ် ဝဏ္ဏကျော်ထင် ဦးဝင်းမြင့်တို့ ဝန်ကြီးအဖွဲ့တွင်
ပါဝင်လာသည်။

လာမည့် သောကြာနေ့တွင် ယနေ့ တင်သွင်းထားသည့် အမည်စာရင်းအတွက် လက်ကိုင်ဝန်ကြီးဌာန


အမည်များ ကြေညာသွားမည်ဟု သိရသည်။

မဇ္ဈိမက စုံစမ်းရရှိထားသော ဝန်ကြီးအဖွဲ့သစ် လူစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။


လက်ရှိဝန်ကြီးအချို့ ပြန်ပါမည်ဖြစ်သော်လည်း ဝန်ကြီးဌာန ပြောင်းလဲ ကိုင်တွယ်ရမည့်
အနေအထားရှိနေသည်ဟု အမတ်များက ပြောသည်။

ဒုဗိုလ်ချုပ်ကြီ
၁းဟောင်း
ဦးကိုကို

ဗိုလ်ချုပ်
၂ လှမင်း(ကစ
ထမှူး)

ဗိုလ်ချုပ်
ဦးသိန်းဌေး(
၃ ထောက်ပံ့
ညွန်ကြားရေ
းမှူး)

ဂျနီဗာကုလ
သံအမတ်ေ
၎ ဟာင်း
ဦးဝဏ္ဏမောင်
လွင်

ဒုဗိုလ်ချုပ်ကြီ
းဟောင်း
၅ ဦးမြင့်လှိုင်(
လားရှိုး
ကစထမှူး)

ပြန်ကြားရေး
ဝန်ကြီးဟော
၆ င်း
ဦးကျော်ဆန်

ကုန်သည်ကြီ
းများအသင်း

ဥက္ကဋ္ဌ
ဦးဝင်းမြင့်

၈ ဆောက်လုပ်
ရေးလုပ်ငန်းရှင်
ဦးတင့်ဆန်း

ဆောက်လုပ်ရေ
၉းဝန်ကြီးဟောင်း
ဦးခင်မောင်မြင့်

ဗိုလ်ချုပ်ဟောင်း
၁၀
ဦးသိန်းထွန်း

ဘဏ္ဍာရေးဝန်ြ
၁၁
ကီး ဦးလှထွန်း

စစ်ဆင်ရေးမှူးချု
ပ်ဟောင်း
၁၂
ဗိုလ်ချုပ်
ဦးသိန်းထိုက်

ပို့/ဆက်
ဒုဝန်ကြီးဟောင်

၁၃ ဗိုလ်မှူးကြီးဟော
င်း
ဦးဉာဏ်ထွန်းေ
အာင်

စီးပွား၊
၁၄ ကူးသန်းဝန်ကြီး
ဦးတင်နိုင်သိန်း

သစ်တောညွန်ခ
၁၅
ျုပ် ဦးဝင်းထွန်း

အလုပ်သမားဝ
၁၆ န်ကြီးဟောင်း
ဦးအောင်ကြည်

ဒုဗိုလ်ချုပ်ကြီးေ
၁၇ ဟာင်း
ဦးအုန်းမြင့်

၁၈ ဦးကျော်စွာခိုင်

စက်မှု (၂)
၁၉ ဝန်ကြီး
ဦးစိုးသိန်း

စွမ်းအင်
၂၀ ဒုဝန်ကြီးဟောင်
း ဦးသန်းဌေး

ရထားဝန်ကြီးေ
၂၁ ဟာင်း
ဦးအောင်မင်း

ဒေါက်တာ
၂၂
မြအေး

ရန်ကုန်
ဆေးတက္ကသို
လ် (၁)
၂၃ ပါမောက္ခချုပ်
ကလေးအထူး
ကု ဒေါက်တာ
ဖေသက်ခင်

ကာကွယ်ရေး
ဒုဝန်ကြီးဟောင်
၂၄
း ဗိုလ်ချုပ်
ဦးအေးမြင့်

သာသနာရေးဝ
၂၅ န်ကြီးဟောင်း
သူရမြင့်မောင်

ရဲချုပ်ဟောင်း
၂၆
ဦးခင်ရီ

လျှပ်စစ်ဝန်ကြီး
၂၇
ဦးဇော်မင်း

ရန်ကုန်တိုင်း
လျှပ်စစ်ဦးစီးမှူး
၂၈
ဟောင်း
ဦးခင်မောင်စိုး

နယ်စပ်စည်ပင်
၂၉ ဝန်ကြီး
ဦးသိန်းညွန့်

တပ်မတော်ဥပ
၃၀ ဒေချုပ် ဗိုလ်ချုပ်
စိုးမောင်
ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်ထားရန် NLD ပြော

သဲသဲ | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး တိုးတက်ပြောင်းလဲမှုရှိမှသာ ဒဏ်ခတ်ပိတ်ဆို့မှုများ ဖယ်ရှားသင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်NLD က
အင်္ဂါနေ့တွင် ထုတ်ဖော် ပြောဆိုလိုက်သည်။

မြန်မာ့စီးပွားရေး ကျပ်တည်းမှုသည် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူကြောင့် မဟုတ်ဘဲ၊ စစ်အစိုးရ၏ မှားယွင်းသည့် မူဝါဒများနှင့် ယုံကြည်စိတ်ချရမှု မရှိသည့် စီးပွားရေး
ဝန်းကျင်ကြောင့်ဖြစ်သည်ဟုဆိုသည်။

“Sanction မရှိခြင်းဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရိုက်ချိုးမှုတွေ မရှိပါဘူးလို့ ပြောလိုက်သလိုပါပဲ။ နောက်တက်လာတဲ့ အစိုးရကရော လူ့အခွင့်အရေး ချိုးဖောက်မှုတွေ
မလုပ်ပါဘူးလို့ ဘယ်သူ အာမခံမလဲ။ ဒါတွေ တိုးတက်ပြောင်းလဲလာမှသာလျှင်
အရေးယူပိတ်ဆို့ထားတဲ့ နိုင်ငံတွေက ရုပ်သိမ်းဖို့ စဉ်းစားလို့ရမှာပါ။ ဒါက သူ့ဥပဒေနဲ့သူ ရှိပြီးသားပဲ။
ကျနော်တို့က ဒီအပေါ်မှာ ဆက်ထောက်ခံတာပါ” ဟု ကြေညာချက်နှင့် ပတ်သက်ပြီး NLD
ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က မဇ္ဈိမကို ရှင်းပြသည်။

ပိတ်ဆို့မှုများသည် ထိရောက်မှုမရှိဟု ဝေဖန်သော်လည်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကျင့်စဉ်များ


လိုက်နာမှု မရှိဘဲ၊ ပြည်သူကို နှိပ်စက်သည့် အာဏာရှင် အစိုးရကို ခြိမ်းခြောက်နေဆဲဖြစ်သည်ဟု
ဆိုသည်။

လက်ရှိ ဒဏ်ခတ်ပိတ်ဆို့မှုများတွင် စစ်အစိုးရ အသိုင်းအဝိုင်း၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခြင်း၊


ခရီးသွားလာခွင့် ဗီဇာပိတ်ဆို့ခြင်းဖြစ်သည့် ပစ်မှတ်ထား ပိတ်ဆို့မှု (Targeted Sanction) ၊
ကုန်သွယ်ရေး ပိတ်ဆို့မှု (Trade Sanction) နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိတ်ဆို့မှု (Investment
Sanction) တို့ ပါဝင်သည်။

ပိတ်ဆို့ဒဏ်ခတ်မှု အားလုံး ဆက်ထားရန် NLD ပြောသော်လည်း စစ်အုပ်စုကို ပစ်မှတ်ထားသည့်


အရေးယူမှုသာ ထိရောက်ပြီး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပိတ်ဆို့ခြင်းမှာ ပြည်သူများအပေါ်
ထိခိုက်သည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု NDF က ဆိုသည်။

GPS စနစ်ဖြင့် ကုန်သွယ်ခွင့်အပြင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ပိတ်ဆို့မှုကြောင့် အလုပ်အကိုင်၊ နည်းပညာနှင့် နိုင်ငံတကာဈေးကွက် တိုက်ရိုက်ထိတွေ့နိုင်သည့် အခွင့်အလမ်း
ဆုံးရှုံးမှုသည် ပြည်သူများအတွက် ထိခိုက်သည်ဟု NDF က ယခုလ ၇ ရက်နေ့တွင် ကြေညာချက် ထုတ်ခဲ့သည်။ NDF မှာ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် လွှတ်တော်အမတ် ၁၆ နေရာ
အနိုင်ရခဲ့သည့် ပါတီဖြစ်သည်။

“GSP ပိတ်ဆို့ထားတာလည်း အန်ကယ်တို့ ဆုံးရှုံးပါတယ်။ အဲဒါအပါအဝင် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပိတ်ဆို့မှုကို ပြန်လည်ရုပ်သိမ်းပေးဖို့ လိုအပ်တယ်လို့ အတိအလင်း
ပြောထားပါတယ်။ လူ့အခွင့်အရေးကတော့ အခုအချိန်မှာ သိပ်ဦးစားပေး မဟုတ်လို့ မကိုင်တွယ်သေးပါဘူး။ ပြောတော့ ပြောရမှာပါ။ စီးပွားရေး အခွင့်အလမ်းနဲ့အတူ လူ့အခွင့်အရေးလည်း
မြင့်တက်လာမှာပါ။ ဒါတွေကို ကျနော်တို့က သွယ်ဝိုက်တဲ့ နည်းနဲ့ ပြောတာ” ဟု NDF ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

အလားတူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကလည်း ဒီမိုကရေစီရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးမပြုသဖြင့် ဒဏ်ခတ်မှု ရုပ်သိမ်းရန် လိုအပ်ကြောင်း အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရှမ်း၊ ရခိုင်၊ မွန်၊ ချင်းနှင့် ဖလံ-ု စဝေါ် စသည့် တိုင်းရင်းသား ပါတီများကလည်း တိုင်းရင်းသားဒေသများ စီးပွားရေးတိုးတက်မှု နှောင့်နှေးစေသဖြင့် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့
ဒဏ်ခတ်မှုကို ရုပ်သိမ်းပါရန် ပြီးခဲ့သည့်လ ၁၆ ရက်နေ့တွင် တောင်းဆိုခဲ့သည်။

NLD ကြေညာချက်တွင် ပိတ်ဆို့မှု ဖယ်ရှားလိုလျင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် စစ်အစိုးရကို တိုက်တွန်းပြီး၊ အရေးယူထားသော နိုင်ငံများနှင့် ပိတ်ဆို့မှုဆိုင်ရာ စည်းကမ်းများ
ပြုပြင်မွမ်းမံရေးအတွက် NLD က တွေ့ဆုံညှိနှိုင်းရန်ပါ တောင်းဆိုထားသည်။

ထိုဆွေးနွေးပွဲတွင် လူအများ လေးစားခံရသည့် ပညာရှင်အဖွဲ့တဖွဲ့၏ ပိတ်ဆို့ခြင်းမှ ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကို လေ့လာဆန်းစစ်ချက်များ ပါဝင်ရန် လိုလားသည်ဟု ဆိုသည်။

၁၉၉၃ ခုနှစ်တွင် အမေရိကန်က စစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်သဖြင့် လက်နက်တင်ပို့မှု ပိတ်ပင်ခဲ့ကာ၊ ၁၉၉၇ တွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ မပြုလုပ်ရန် တားမြစ်ခဲ့သည်။ ၂ဝဝ၃
ခုနှစ်တွင် ပစ်မှတ်ထား ပိတ်ဆို့မှု ပြဋ္ဌာန်းခဲ့သည်။ သို့သော် မြန်မာနိုင်ငံမှ ကျွန်းသစ်နှင့် ကျောက်မျက်ကိုမူ အခြားနိုင်ငံမှ တဆင့်ခံ တင်သွင်းခွင့်ပြုသည်။ ပြီးခဲ့သည့်နှစ် မေလတွင်
စီးပွားရေးပိတ်ဆို့မှု သက်တမ်းထပ်တိုးခဲ့သည်။

ဥပရောသမဂ္ဂ EU ကလည်း စစ်လက်နက်ပစ္စည်း လွှဲပြောင်းခြင်း (သိ)ု့ ရောင်းချခြင်းကို ၁၉၉၆ တွင် တားမြစ်ခဲ့သည်။ စစ်ခေါင်းဆောင်များနှင့် ၎င်းတို့မိသားစုဝင်များ၊
လုပ်ဖော်ကိုင်ဘက်များ၏ ပြည်ပတွင် တရားဝင် ထားရှိသော ပိုင်ဆိုင်မှုများကို ထိန်းချုပ်ကန့်သတ်ကာ၊ ခရီးသွားလားခွင့် ပိတ်ဆို့မှု ပြုလုပ်ပြီး ဒဏ်ခတ်ခဲ့သည်။

၂ဝဝ၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင် စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲသဖြင့် EU က လူသားချင်း စာနာမှု အကူအညီမှလွဲပြီး နှစ်နိုင်ငံကြား အကူအညီများ ရပ်ဆိုင်းခဲ့သည်။ ထို့ပြင် သစ်၊
ကျောက်မျက်နှင့် သတ္ထုတင်ပို့မှုပါ တားမြစ်ခဲ့သည်။ ထိုသို့ ဝါရှင်တန်အစိုးရနှင့် EU ၏ အရေးယူ ပိတ်ဆို့မှု စာရင်းတွင် ၂ဝ၁ဝ ရွေးကောက်ပွဲ အနိုင်ရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ
ခေါင်းဆောင်များပါ ပါဝင်သည်။

ပျဉ်းမနားတွင် ကြက်တုပ်ကွေး တိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်း

ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြက်ငှက်တုပ်ကွေးရောဂါ တွေ့ရအပြီး နေပြည်တော် ပျဉ်းမနားမြို့နယ် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဦးဆောင်၍ ၎င်းရောဂါ
ရှာဖွေတိုက်ဖျက်ရန်အတွက် အဖွဲ့ ၆ ဖွဲ့ပါ ကော်မီတီတရပ် ဖွဲ့စည်းလိုက်သည်။

မယက က ဦးဆောင်၍ မွေးမြူရေးနှင့် ကုသရေးဌာန၊ စည်ပင်သာယာဌာန၊ ရဲဌာန၊ မီးသတ်ဌာန၊


ကြက်ခြေနီ ပူးပေါင်းကာ ပြီးခဲ့သည့် တပတ်ထဲတွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ ရောဂါရှာဖွေ
တိုက်ဖျက်ရေးများ ပြုလုပ်နေကြောင်း ကော်မတီ တာဝန်ရှိသူများ အဆိုအရ သိရခြင်း ဖြစ်သည်။

“ကျနော်တို့က မြို့ပေါ်ရပ်ကွက်တွေအပါအဝင်
နေပြည်တော်၊ ပျဉ်းမနား အနီးတဝိုက်မှာရှိတဲ့ ရွာတွေကို ကွင်းဆင်းတယ်။ ကြက်ခြံတွေကို
လိုက်စစ်တယ်။ နောက်ပြီး မြို့အဝင်ဂိတ်တွေမှာ ကြက်တွေအဝင်အထွက် မရှိအောင်
စစ်ဆေးရေးဂိတ်တွေ လုပ်တယ်ပေါ့လေ” ဟု တိုက်ဖျက်ရေး ကော်မတီအဖွဲ့ တာဝန်ရှိသူ တဦးက
မဇ္ဈိမကို ပြောသည်။

မြို့ပေါ်ဈေးများတွင်လည်း ကြက်သားရောင်းချခွင့်၊ ပိတ်ပင်ခွင့်နှင့် ကြီးကြပ်မှုတို့ကိုလည်း

(photo
::http://marketopportunities.blogspot.com)
ထိုကော်မတီမှပင် လုပ်ဆောင်ပေးနေပြီး၊ ယခုအခါ ပျဉ်းမနားနှင့် နေပြည်တော်သို့ အဓိက ကြက်တင်ပို့နေသည့် လမ်းကြောင်းဖြစ်သည့် သကြားစက်လမ်းဆုံတွင် ကော်မတီ အဖွဲ့ဝင်များက
အချိန်ပြည့် စောင့်ကြည့် စစ်ဆေးနေသည်ဟု ဆိုသည်။

ဖေဖော်ဝါရီလဆန်းပိုင်းတွင် ပျဉ်းမနားမြို့အစွန်ရှိ သစ်လေးလုံး ကျေးရွာအုပ်စု၊ ပရွက်ဆိတ်ကုန်းကျေးရွာ၊ ဦးဝင်းမောင်၏ ဥစားကြက်ခြံတွင် ကြက်ငှက်တုပ်ကွေးရောဂါ H5N1 ကို
စတွေ့ပြီးနောက် ၎င်းရွာအနီးရှိ အိမ်မွေးကြက် (အိမ်ကြက်) များကိုပါ ကူးစက်ခဲ့ကြောင်း နေပြည်တော် ကျန်းမာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ပုရွက်ဆိတ်ကုန်းရွာရှိ အဆိုပါ ကြက်ခြံကိုလည်း ပဲခူးတိုင်း တောင်ငူမြို့မှ သယ်ဆောင်လာသည့် ကြက်များမှတဆင့် ကူးစက်ခြင်းဖြစ်ပြီး တောင်ငူမြို့တွင်လည်း ကြက်ငှက်တုပ်ကွေး
ရှိနေပြီဟု သိရသဖြင့် မွေး/ကု ဌာနက စစ်ဆေးနေကြောင်း ကော်မတီ တာဝန်ရှိသူ တဦးက ဆိုသည်။

ပျဉ်းမနားမြို့ခံ တဦးကလည်း “မြို့ထဲအဝင် မြို့လျှောက်လမ်းနဲ့ ညောင်ပင်သာက လာတဲ့လမ်းမှာ ကားတွေကို ကြက်တွေ ပါမပါ စစ်တယ်။ အဲဒီဘက်ကလည်း အများဆုံး
ဝင်တာဖြစ်တော့လေ” ဟု သူက မဇ္ဈိမကို ပြောသည်။

ရောဂါစတွေ့ခဲ့သည့် ပြီးခဲ့သည့် တပတ်ထဲတွင် နေပြည်တော်နှင့် ပျဉ်းမနားမြို့ပေါ်ရှိ ဈေးများတွင် ကြက်သားရောင်းချခွင့် ပိတ်ပင်ခဲ့သော်လည်း ယခုအခါ စိစစ်ကြပ်မတ်၍
ကြက်သားဆိုင်အချို့ ရောင်းခွင့်ပြုထားသည်ဟု ကော်မတီထံမှ သိရသည်။

ရောဂါတွေ့ရှိသည့် သစ်လေးလုံး ကျေးရွာအုပ်စု ပရွက်ဆိတ်ကုန်းရွာ ကြက်ခြံမှ ကြက်များကို ပီနံအိတ်များဖြင့်ထည့်ကာ ဆေးဖျန်း၍ မြေမြှုပ် သုတ်သင်ပြီးကြောင်း ကျန်းမာရေးဝန်ကြီးဌာန
ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစောလွင်က ပြောသည်။

“ကျနော်တို့ကတော့ အဓိက လူတွေကို မကူးစက်နိုင်အောင် ရောဂါတွေ့တဲ့ ကြက်ခြံက ကြက်တွေကို သုတ်သင်တာမျိုး အဲဒီမှာလုပ်တဲ့ ဝန်ထမ်းတွေကို ဆေးစစ်တာမျိုးတွေ
လုပ်ပါတယ်ခင်ဗျ” ဟု ဒေါက်တာစောလွင်က ပြောသည်။

ရန်ကုန်အခြေစိုက် သတင်းဂျာနယ်တိုက် အယ်ဒီတာတဦးကမူ “အခုဟာက သူတို့ခေါင်းဆောင်တွေနေတဲ့ နေပြည်တော် ဝန်းကျင်မှာ ဖြစ်တာဆိုတော့ ချက်ချင်းဖွဲ့၊ ချက်ချင်းလုပ်ဆိုပြီး
အမြန်ကိုင်နေကြတာ။ နာဂစ်တို့ ဂီရိတို့ ဖြစ်တုန်းက အဲဒီလိုမျိုးအဖွဲ့တွေ ချက်ချင်းဖွဲ့ပြီး လုပ်ရင် ဒီလောက်တောင် ဒုက္ခရောက်မသွားဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီ ၁၂ ရက်နေ့တွင် အပြင်းစား ကြက်ငှက်တုပ်ကွေးရောဂါ Highly Pathogenic Avian Influenza (HPAI) စတင်တွေ့ရှိခဲ့သည့် စစ်တွေမြို့နယ် ဘုမေလက်သမားရွာ ကြက်ခြံနှင့် ၁
ကီလိုမီတာအတွင်းရှိ ကြက်ခြံပေါင်း ၇၅ ခြံမှ ကြက်များကို ပီနံအိတ်များနှင့် ထုပ်၍ မြေကျင်းတူးကာ ပိုးသတ်ဆေးဖျန်း၍ ရှင်းလင်းခဲ့ရသေးသည်။

ထို့အပြင် စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ဗိုလ်မြရပ်ကွက်ရှိ ဥစားကြက် မွေးမြူရေးခြံ၌လည်း ယခုလ ၂ ရက်နေ့တွင် ကြက်၊ ငှက် တုပ်ကွေးပိုး H5N1 တွေ့ရှိသဖြင့် သုတ်သင်ခဲ့ရပြန်သည်။
ထို့ကြောင့် ယခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှု ၄ နေရာ ရှိသွားပြီဖြစ်သည်။

H5N1 ကို မြန်မာနိုင်ငံတွင် ၂ဝဝ၆ ခုနှစ်ထဲ၌ စတင်တွေ့ရှိခဲ့ပြီး၊ ရှမ်းပြည်နယ် ကျိုင်းတုံဒေသခံ တဦးထံ ကူးစက်ခဲ့သော်လည်း ဆေးကုသ ပျောက်ကင်းကာ ယခုတိုင် သက်ရှိထင်ရှား
ရှိနေသည်ဟု ဒေါက်တာ စောလွင်က ဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ထုတ်ပြန်ချက်အရ ၂ဝဝ၃ ခုနှစ်မှ ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ထိ နိုင်ငံ ၁၅ နိုင်ငံတွင် H5N1 ရောဂါမှာ လူ ၅၁၉ ဦးထံ ကူးစက်ခံခဲ့ရပြီး၊ ၃ဝ၆ ဦး
သေဆုံးခဲ့ကြောင်း သိရသည်။

ယခုနှစ် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားသော နိုင်ငံများမှာ မြန်မာ၊ တောင်ကိုးရီးယား၊ အီဂျစ်၊ ဘင်္ဂလားဒေ့ခ်ျ၊ ကမ္ဘောဒီးယား၊ တရုတ်နှင့် ဂျပန် ဖြစ်ပြီး၊ ၂ဝဝ၃ ခုနှစ်မှ ယခုလ ၃ ရက်နေ့ထိ
၎င်းရောဂါ ဖြစ်ပွားသည့် နိုင်ငံပေါင်း ၆၃ နိုင်ငံ ရှိကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO က ထုတ်ပြန်ခဲ့သည်။

အာဏာရှင်နှင့် လက်သိပ်ထိုး အရင်းရှင်များ သတိ

ဘိုဘိုကျော်ငြိမ်း | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၂၂ မိနစ်

ဘာလင်တံတိုင်းကို ဂျာမန်ပြည်သူလူထုက ၁၉၈၉ ခုနှစ်တွင် ဖြိုချခဲ့ပြီးနောက် ကမ္ဘာတဝှန်း ပြည်သူ့ အုံကြွမှုများဖြစ်ပြီး အစိုးရ အပြောင်းအလဲများ ဖြစ်ခဲ့ပါသည်။ ထိုစဉ်က ကွန်မြူနစ်
စနစ်ဆိုးအောက်မှ ပြည်သူများ ရုန်းထွက်ကြသည့် ကာလဖြစ်တာကြောင့် အာဏာရှင်စနစ်မှသည် ဒီမိုကရေစီသို့ကူးပြောင်းသည့် ကာလလို့လဲ ဆိုနိုင်ပါသည်။

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအများအပြားသည် ဈေးကွက်စီးပွားရေးစနစ်သို့ သုတ်ခြေတင် ပြောင်းလဲကြသော်လည်း ဒီမိုကရေစီ အနှစ်မပါပါက အာဏာရှင်တို့ ဉာဉ်အတိုင်း မိမိနှင့်
နီးစပ်သူများကိုသာ အခွင့်အရေးပေးသည့် အကျင့်ကို မဖျောက်ဖျက်နိုင်ကြ။ ထို့ကြောင့် ဈေးကွက်စီးပွားရေးစနစ် ဆိုပါသော်လည်း လက်တွေ့မှာ နီးစပ်သူများကိုသာ စီးပွားရေး
အခွင့်အရေးပေးကာ လာဘ်စားမှုကို မထိန်းနိုင်သောကြောင့် လက်တဆုပ်စာ လူများသာ ချမ်းသာလာသော နီးစပ်သူ လက်သိပ်ထိုး အရင်းရှင်စနစ် Crony Capitalism လမ်းပေါ်
ရောက်သွားကြသည်။ Crony Capitalism က အာဏာရှိသူများနှင့် နီးစပ်ရာ ရေပေါ်စီ လူတန်းစားတရပ်ကို ဖော်ထုတ်ပေးပြန်သည်။

ဈေးကွက်စီးပွားရေးစနစ် အောင်မြင်မှုသည် လူတန်းစားမရွေးဘဲ ဈေးကွက်တွင် ပစ္စည်းကောင်း ထုတ်လုပ်နိုင်သူတို့ လူတော်များကို မြေတောင်မြှောက်ပေးကာ ထုတ်လုပ်မှုကို


တိုးပွားတိုးတက်စေခြင်းဖြင့် အနိုင်ယူခြင်း ဖြစ်သည်။ တချိန်က နေမဝင်အင်ပါယာ အင်္ဂလိပ်များ ကျဆုံးရခြင်း အကြောင်းတရပ်မှာ ပဒေသရာဇ် အမျိုးသာ လူရာဝင်ပြီး အခွင့်အရေး
ရစေသောကြောင့် လူတန်းစားအရေး မပေးသော၊ လူတော်များကိုသာ အရေးပေးသော အမေရိကန်နိုင်ငံက ၂ဝ ရာစုအစတွင် ကျော်တက်သွားနိုင်ခဲ့သည်။

လူတန်းစားခွဲခြားပြီး ဦးစားပေးသည်နှင့်၊ အခွင့်အရေးရရှိမှု မညီမျှသည်နှင့် တိုးတက်မှုကို အဟန့်အတား ဖြစ်စေပါသည်။ ဥပမာ ပဒေသရာဇ်မျိုးမှ


ေေေေေေေေေေ ေေေေေေေေေေေေ ေ
အခွင့်အရေးရလျှင် ပဒေသရာဇ် မဟုတ်သူများက ထွန်းပေါက်ခွင့်မရှိလျှင် အောင်မြင်သည့် ကုမ္ပဏီတသိန်း ပေါ်ပေါက်ရမည့်အစား တထောင်ပဲ ပေါ်နိုင်မည်။
ကုမ္ပဏီတသိန်းက လူတသန်းကို အလုပ်ပေးနိုင်လျှင် ကုမ္ပဏီတထောင်က လူတသောင်းကိုပဲ အလုပ်ပေးနိုင်မည်။ ကျန်လူများမှာ အလုပ်လက်မဲ့နှင့် ေေေေေေ ေေေေေေေေ ေေေေေေေေေေေ
ပြဿနာလာဖြစ်မည်။ ဆိုရှယ်လစ်စီးပွားရေးစနစ် ကျဆုံးရခြင်းမှာလည်း အဆုံးတွင် အစိုးရကပဲ ရင်းနှီးငွေ (Capital) နှင့် ထုတ်ကုန်အားလုံးကို ကိုင်ထားပြီး၊ ေေေေေေေေေေေ ေေေေေေေေေေေေေ ေ
အားလုံးကို Plan အစီအစဉ်နှင့် လုပ်မည်ဟု ကြံလိုက်ရာ တကယ်တမ်း လုပ်ကြသည့်အခါ လူဆိုတာ လူပါပဲ။ ကိုယ့်ကိုယ်ကျိုး မပါတော့ (မလုပ)် နှင့် (မလုပ်) ေေ ေေေေေေေေေေ ေေေေေေေေေေေေေ
(မရှုပ်)(မပြုတ်) စိတ်ဓာတ် ကြီးစိုးပြီး ဆိုရှယ်လစ် စီးပွားရေးစနစ် ကျင့်သုံးသည့် နိုင်ငံတိုင်း မွဲတေခဲ့ကြရပါသည်။ မရှိတော့ ခိုးနဲ့ စာရိတ္တများလည်း
ထိခိုက်ကုန်ပါသည်။

နိုင်ငံတိုင်း၏ ဦးတည်ချက်မှာ ဈေးကွက်စီးပွားရေးစနစ် အောင်မြင်လာသည်နှင့်အမျှ လူလတ်တန်းစား Middle-class ဦးရေတိုးပွားလာကာ လူအများကို ဆင်းရဲတွင်းမှ ဆွဲထုတ်ရန်
ဖြစ်သည်။ သို့သော် Crony capitalism ကို ကျင့်သုံးသော နိုင်ငံများတွင် နီးစပ်သူ လူချမ်းသာများသည်သာ တနေ့တခြား ချမ်းသာသည်ထက် ချမ်းသာလာကာ လူအများမှာ ဆင်းရဲတွင်းမှ
ရုန်းမထွက်နိုင်ကြ။ လူချမ်းသာများ သုံးဖြုန်းပျော်မြူးနေချိန်တွင် လူအများက နေ့ညမှန်အောင်ပင် ဝဝလင်လင် မစားနိုင်ကြ။ လမ်းပေါ်မှ လူနှင့် လူချမ်းသာတို့ ကွာခြားမှုသည်
ပိုမိုကြီးထွားလာသည့်အခါ လူထုအုံကြွမှု ပေါ်ပေါက်လာသည်။

ယနေ့ဖြစ်ပေါ်လျက်ရှိသော အုံကြွမှုများသည် ဒီမိုကရေစီတောင်းဆိုမှုသာ မဟုတ်။ လူတန်းစားကွာခြားမှု ဆင်းရဲချမ်းသာ ကွာခြားမှုပါ ပါလာကြပေပြီ။ ဝေးဝေးမကြည့်ပါနှင့်


ထိုင်းနိုင်ငံတွင်ပင် ဘန်ကောက် ရေပေါ်ဆီတို့နှင့် တောရွာလယ်သမားတို့ ကွာခြားမှု ပြဿနာမှာ မသေးလှပါ။ အာရပ်နိုင်ငံအများစုသည် ရိုးရာအစဉ်အလာအရ ဒီမိုကရေစီနှင့် မနီးပါ။
ဆော်ဒီကဲ့သို့ နိုင်ငံများတွင် သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်ကို ကျင့်သုံးဆဲ။ အများစုမှာ အာဏာရှင်များ ဖြစ်ကြရုံမက အနှစ် ၂ဝ၊ အနှစ် ၃ဝ ဆက်တိုက် အုပ်ချုပ်လျက်ရှိသော
အာဏာရှင်ကြီးများ ဖြစ်ကြသည်။ ထို့အပြင် အာဏာ၏ ဖျက်ဆီးမှုအရ မိမိတို့၏ သားများကို အာဏာလွှဲရန် ကြိုးစားလာကြရာ ခေတ်သစ် ပဒေသရာဇ်စနစ်ကို ထူထောင်လာကြသည်။
ဥပမာ - ဆီးရီးယားနိုင်ငံတွင် အာဆတ်က သူ့သားကို အာဏာလွှဲပေးခဲ့ကာ အီဂျစ်မှ မူဘာရက်၊ လစ်ဗျားမှ ကဒါဖီ၊ ယီမင်မှ စလေး (Saleh) တို့ သားများကို အာဏာလွှဲရန်
ပြင်ဆင်ခဲ့ကြသည်။ ထို့ကြောင့် ပြဿနာပေါ်သောအခါ မူဘာရက်က သားကို ချက်ချင်း အင်္ဂလန်သို့ပို့ကာ ယီမင်သမ္မတကလည်း သက်တမ်းဆုံးလျှင် အာဏာဆက်မယူပါ။ မိမိ၏
သားကိုလည်း မဆက်ခံစေပါဟု ဂယောင်ခြောက်ခြား ထကြေညာခဲ့ရပေသည်။

စတာက တူနီးရှားက စတင်ခြင်း ဖြစ်သည်။ ၈၈ ခုနှစ်တုန်းကလို မထင်မှတ်သည့် နေရာက စဖြစ်ခဲ့သည်။ တူနီးရှားသမ္မတ ဘင်အာလီ Ben Ali (၇၄ နှစ်အရွယ်) သည် ၁၉၈၇ ခုနှစ်တွင်
ရာသက်ပန်သမ္မတ ဟာဘစ် Habib Bourguiba ထံမှ အာဏာသိမ်းပြီးကတည်းက ဓားမိုးအုပ်ချုပ်လာခဲ့သည်မှာ ၂၃ နှစ် ကြာခဲ့ပေပြီ။ သူ့ထက် အသက် ၂ဝ နှစ်ကျော် ကွာသည့်
ဒုတိယမိန်းမ (ယခင် ဆံပင်အလှပြုပြင်သ)ူ သည် အင်မတန်မှ ငွေမက်၊ အကောင်းကြိုက်သဖြင့် ဖီလစ်ပိုင်မှ အီမယ်လ်ဒါမားကို့စ် Imelda Marcos နှင့် နှိုင်းရအောင် နာမည်ပျက်သည်။
တခါ ၂၄ နှစ်အရွယ် သမီးကို ဘီလျံနာတဦးနှင့် ပေးစားပြီး သားမက်ကို အရိုက်အရာ ဆက်ခံစေရန် စီစဉ်နေပြန်သည်။ ဝီကီလိခ် Wikileaks ကျေးဇူးကြောင့် ဇနီးဖြစ်သူသည် ဒိန်ချဉ်ကိုပင်
ပြင်သစ်မှ မှာစားသည်။ ဇိမ်ခံပစ္စည်း အစားအသောက်များကို ကိုယ်ပိုင်လေယာဉ်ဖြင့် မှာယူကြသည်များကို ပြည်သူများ သိခွင့်ရခဲ့ကြသည်။ တိုင်းပြည်၏ စီးပွားရေး
အချက်အချာမှန်သမျှသည် သမ္မတ၏ မိသားစုနှင့် ရောင်းရင်းအပေါင်းအသင်းများ လက်ထဲမှာ ရှိနေသဖြင့် ရေပေါ်စီများ အလွန်အကျွံ သုံးဖြုန်းနေကြသည့် အချိန်တွင် ပြည်သူအများမှာမူ
နပ်မှန်အောင်ပင် မစားနိုင်ကြ။

တူနီရှားနိုင်ငံတွင် လူအများစုသည် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း လူငယ်များ ဖြစ်ကြပြီး၊ နိုင်ငံခြား ခရီးသည်များနှင့် ထိတွေ့မှု ရှိသည်။ ဆိုရှယ်ကွန်ယက် Social networking ဟု ခေါ်ကြသည့်
Facebook ၊ twitter တို့ကို ကောင်းကောင်း ကျွမ်းကြသည်။ သဘောက ခေတ်မီသည်၊ ကွန်ပြူတာ အတတ်ပညာများကို လိုက်မီသည်။ ပြဿနာမှာ အစိုးရက လက်သင့်ရာ
စားတော်ခေါ်ပြီး နီးစပ်ရာမိတ်ဆွေများကိုသာ အခွင့်ရေးပေးထားသဖြင့် ခေတ်ပညာတတ် လူငယ်များ အလုပ်ရှာမရကြဖြစ်သည်။ ထို့ကြောင့် ဆီဒီဘိုဇ်ီဟု ခေါ်သည့် တောမြို့လေးတွင်
ဘွဲ့ရပြီးသား ၂၆ နှစ် အရွယ်ရှိ လူငယ်လေး မိုဟာမက်အာယ်ဘူဇီဇီသည် လက်တွန်းလှည်းနှင့် သစ်ရွက်သစ်သီးများကို လှည်းပေါ်တင်ပြီး လှည့်ရောင်းရသည်။ မိုဟာမက်နေသည့် မြို့တွင်
ယောက်ျားလေး ၂၅ % ၊ မိန်းကလေး ၄၄ % ကျော်ကျော် ဘွဲ့ရပြီးသည်ပင် အလုပ်ရှာ၍ မရဖြစ်နေကြသည်။ အာဏာရှင် လက်အောက်ရှိ ပုလိပ်များ လုပ်နေကျအတိုင်း ထိုလူငယ်လေးကို
လိုင်စင်မရှိဟုဆိုပြီး ပုလိပ်များက ရစ်ပြီး လှည်းကို သိမ်းလိုက်ကြသည်။ ဘွဲ့ရပြီးသော်လည်း အလုပ် မရနိုင်သောကြောင့် လမ်းပေါ်တွင် သစ်ရွက်သစ်သီး လှည့်ရောင်းနေရသည်ကိုပင်
ကောင်းရောင်းကောင်းဝယ် မလုပ်နိုင်သော ထိုလူငယ်လေးခမျာ သေမထူး နေမထူးတော့သဖြင့် မိမိကိုယ်ကို ရေနံဆီလောင်းပြီး သတ်သေရန် ကြိုးစားခဲ့ရာ ချက်ချင်းမသေဘဲ
ဆေးရုံပေါ်တွင် ဝေဒနာ ခံစားနေရရှာသည်။

၎င်းအဖြစ်အပျက်ကို မှီတည်ပြီး လူများက မကျေနပ်ဖြစ်ကြကာ လမ်းပေါ်ကိုထွက် ဆန္ဒပြကြရာ တပြည်လုံး ပြန့်သွားပါရော။ အစိုးရက ပထမ လုံထိန်းများကို သုံးပြီး၊ ရက်ရက်စက်စက်ပစ်
နှိမ်နင်းသေးသည်။ သို့သော် နှစ်ရှည်လများ ခံစားလာရသော လူအုပ်ကြီးက ကြောက်မသွားဘဲ ကြီးသထက် ကြီးလာသောကြောင့် စစ်တပ်မပါဘဲ မရတော့။ တူနီးရှား စစ်တပ်က
သေးသေးလေး ကြည်းတပ်၊ ရေတပ်၊ လေတပ် အမျိုးသား ကာကွယ်ရေးတပ် National Guards အားလုံးပေါင်းမှ သုံးသောင်းကျော်ကျော်ပဲ ရှိသည်။ သို့သော် စစ်သားပီသသော စစ်တပ်
Professional Army ဖြစ်သည်။ ထို့ကြောင့် မိမိပြည်သူများကို ပစ်ရန် သမ္မတက ပစ်မိန့်ပေးသည့်အခါ စစ်တပ်က ငြင်းလိုက်သည်။ ထို့ကြောင့် သမ္မတက မနေနိုင်ဘဲ
ဆော်ဒီအာရေးဗီးယားကို ထွက်ပြေးရသည်။

သမီးတော် နက်စ်စလင်း Nesrine Ben Ali ၊ သူ့ခင်ပွန်းနှင့် မောင်းမအချွေအရံများ ပြင်သစ် ဒစ်စနီလင်း Disneyland က ဈေးကြီး ဟော်တယ်သို့ ရှောင်ပြေးရင်း ပိတ်မိနေကြသည်။
သမ္မတနှင့် ဇနီးတို့က သမီးရှိရာကိုအလာ ပြင်သစ် သမ္မတ ဆာကိုဇီက လေယဉ်ဆင်းခွင့် မပေးတာကြောင့် ဆော်ဒီကို ပြေးရသည်ဟု သတင်းအချို့က ရေးသားထားပါသည်။

အာရပ်ကမ္ဘာတွင် လက်ဝဲအန္တရာယ် မရှိတော့ပါ။ ပြဿနာက ဘာသာရေးနိုင်ငံရေးသမားများ ဖြစ်သည်။ ဘင်လာဒင်တို့၏ အယ်လ်ကိုင်ဒါးက အခုမှ ပေါ်သည်။ မူဆလင်ညီအကိုတော်များ
Muslim Brotherhood (MB) ဟု ခေါ်သည့် အသင်းက ၁၉၂၉ ခုနှစ် ဒုတိယကမ္ဘာစစ် မတိုင်ခင်ကတည်းက ပေါ်ခဲ့သည်။

Muslim Brotherhood က ညက်သည်။ သူက လူတဦး၊ ရပ်ကွက်၊ တိုင်းပြည်၊ မူဆလင်တိုင်းပြည်များ အဆင့်တိုင်းမှာ ဘုရားဟော ကိုရန်အတိုင်း လိုက်နာကျင့်သုံးရမည်။ သို့သော်
အဓိကကျသော အချက်က ဘင်ကြီးတို့လို အကြမ်းနည်းကို လက်မခံ။ အကြမ်းမဖက်သော နည်း Non-violence ဖြင့် သွားရမည်ဟူသည့် ခံယူချက်။

မူဆလင်ညီအကိုတော်များ၏ ခေါင်းဆောင်များထဲတွင် သြဇာအရှိဆုံးက Sayyid Qutb ဆိုသည့် Milestone စာအုပ်ကို ရေးခဲ့သည့် ပညာရှင်ဖြစ်သည်။ သူ၏ အဆိုအရ Sharia ဆိုသည့်
အစ္စလမ်ဘာသာ၏ ဥပဒေ ပြန်လည်ထူထောင်ပြီး အစ္စလာမ်ဘာသာကို ပြန်လည်ထူထောင်ရန်၊ ပြီးမှ အစ္စလာမ်မဟုတ်သည့် အုပ်ချုပ်ရေး စနစ်များကို တွန်းလှန်ဖျက်ဆီးရမည်ဟု
ရေးထားသည်။

မူဆလင်ညီအကိုတော်များက အာရပ်နိုင်ငံများတင်မက ဥရောပမှာလည်း ရှိသည်။ မူဆလင်ညီအကိုတော်များက ဘာသာရေးကို ဦးထိပ်တင်လာသဖြင့် အာရပ်နိုင်ငံအများက


အာဏာရှင်များနှင့် အနောက်နိုင်ငံများက ကြောက်ကြသည်။ ထို့ကြောင့် အလယ်အလတ် အစ္စလာမ်နိုင်ငံဟု သတ်မှတ်ခံရသည့် တူနီးရှားကဲ့သို့ နိုင်ငံများမှာ မိန်းမများ ခေါင်းမြီးခြုံစရာ
မလိုဆိုပြီး ဘာသာရေးမှာ ပျော့ပြောင်းသော်လည်း နိုင်ငံရေးတွင် အာဏာဖြင့် ဖိနှိပ်တာကို အနောက်နိုင်ငံများက လျစ်လျူရှုခဲ့ကြသည်။ တဖက်က တည်ငြိမ်သည်၊ ခိုင်မာသည်ဆိုသည့်
အချက်နှင့် မက်လုံးပေးထားသော်လည်း တဖက်က အာဏာရှင်စနစ်ဆိုးကြောင့် Crony capitalism ကို ကျင့်သုံးကြလျက်ရှိရာ ပြည်သူများက မွဲသထက်မွဲ၊ အာဏာရှင်များက
ချမ်းသာပြီးရင်း ချမ်းသာနှင့် ကွာခြားမှုသည် ကြောက်ခမန်းလိလိ ကြီးထွားလာကြသည်။ အာဏာရှင်စနစ် ဆိုသည်က ဒီမိုကရေစီစနစ်ကဲ့သို့ အပြန်အလှန် ထိန်းကွပ်မှု check and
balance မှ မရှိတာ။

အီဂျစ်မှာ ၁၉၅၂ ခုနှစ်ကတည်းက စစ်တပ်အာဏာသိမ်းပြီး ဘုရင်စနစ်ကို ဖြုတ်ချခဲ့သည်။ ကိုလိုနီဗြိတိသျှများက ဝန်ကြီးချုပ်သည် ဝင်ရိုးစွန်းနိုင်ငံများနှင့် ပက်ပင်းသည်ဟူသော စွဲချက်ဖြင့်
ဝန်ကြီးချုပ်ကို ဖြုတ်ရန် တပ်ရင်းတရင်းကို နန်းတော်ထဲ ခေါ်လာပြီး လူပါးဝတောင်းဆိုခဲ့သည်ကို မျိုးချစ်စိတ်ပြင်းသည့် စစ်ဗိုလ်နာဆာက နာကျည်းခဲ့သည်။ အင်္ဂလိပ်များ
မန္တလေးနန်းတော်ကို ချီတက်လာပြီး မြန်မာများကို လူပါးဝ၊ ဘုရားပေါ် ဘွတ်ဖိနပ်များ စီးပြီး လူမျိုးနှင့် ဘာသာကို စော်ကားခဲ့ကြသလိုပေါ့။ မျိုးချစ်စိတ်ပြင်းသည့်
မျိုးချစ်တပ်မတော်သားများသည် ပျော့ညံ့သည့် ဘုရင်နှင့် အင်္ဂလိပ်သြဇာက ကင်းဝေးသည့် လွတ်လပ်သော အရာရှိများ Free Officers အုပ်စုကို ဖွဲ့ခဲ့သည်။ ၎င်းအဖွဲ့တွင် မည်သူများ
ပါသည်ဆိုခြင်းကိုပင် တဦးနှင့် တဦး မသိကြ၊ နာဆာ တဦးသာ သိသည်။

၁၉၅၂ ခုနှစ်တွင် ဘုရင်က လွတ်လပ်သော အရာရှိများမှာ မည်သူများပါကြောင်း သိသွားပြီဟု သတင်းပေးသူက ပေးလာသဖြင့် လက်ဦးအောင် နာဆာ ခေါင်းဆောင်သည့် လွတ်လပ်သော
အရာရှိများအုပ်စုက အာဏာသိမ်းခဲ့သည်။ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ တုန်းကကဲ့သို့ နာဆာက ရာထူးငယ်နေသဖြင့် (ထိုစဉ်က ဒုဗိုလ်မှူးကြီး) ဗိုလ်ချုပ် Muhammad Naguib ကို
ခေါင်းဆောင်တင်ပြီး သမ္မတခန့်ခဲ့ကြသည်။ မကြာခင်မှာပဲ ၎င်းတို့နှစ်ဦးအကြား ကွဲလွဲမှုများ ရှိလာကြပြီး ဗိုလ်ချုပ်နာဂုဘ်က မူဆလင်ညီအကိုများအုပ်စု၊ ကွန်မြူနစ်နှင့် ကျန်သည့်
အဖွဲ့များနှင့် ပေါင်းရန် လုပ်လာခဲ့သည်။ ၁၉၅၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် နာဆာက အလက်ဇန္ဒြားမြို့၌ မိန့်ခွန်းပေးနေစဉ် မူဆစလင်ညီအကိုများ အဖွဲ့ဝင်တဦးက
သေနတ်နှင့်ပစ်၍ လုပ်ကြံရန် ကြိုးစားခဲ့သည်။ ၈ ချက်ပစ်ရာ တချက်မှမထိ။ နာဆာက မူဆလင်ညီအကိုများ အပါအဝင် ကွန်မြူနစ်နှင့် ဗိုလ်ချုပ်နာဂုဘ်နှင့်နီးသည့် စစ်ဗိုလ်များကို အကုန်
ရှင်းတော့သည်။ လူ ၂ သောင်းကျော်ဖမ်း၊ မူဆလင်ညီအကိုများ ၈ ဦးကို သေဒဏ်ပေး၊ ဗိုလ်ချုပ်နာဂုဘ်ကို အိမ်အချုပ်ထားပြီး နာဆာက သမ္မတဖြစ်လာသည်။ နာဆာသည်
စက်တင်ဘာလ ၂၈ ရက်နေ့ ၁၉၇ဝ ခုနှစ်တွင် နှလုံး သွေးကြောပိတ်ပြီး ဆုံးသွားရှာသည်။

နာဆာပြီးသည့်အခါ ဆဒတ် သမ္မတဖြစ်လာပြီး ဆဒတ်သည် နာဆာ၏ လူယုံ လွတ်လပ်သော အရာရှိများ အဖွဲ့ဝင် ဖြစ်သည်။ ၁၉၇၈ ခုနှစ်တွင် အီဂျစ်အကျိုးကို ရှေးရှုပြီး အစ္စရေးများနှင့်
ငြိမ်းချမ်းရေးစာချုပ် ချုပ်ခဲ့သည်။ အစွန်းရောက်သည့် ဘာသာရေးသမားများက ဆဒတ်ကို သစ္စာဖောက်အဖြစ် သတ်မှတ်သည်။ သတင်းရသဖြင့် လူ ၁၅ဝဝ ခန့်ကို ဖမ်းပြီး၊ နှိမ်နင်းရန်
ကြိုးစားသော်လည်း စစ်တပ်ထဲက ဘာသာရေးဆဲလ်တခု လွှတ်သွားသည်။ ၎င်းဆဲလ်ကပဲ စစ်ရေးပြ အခမ်းအနားတခုတွင် ဆဒတ်ကို လုပ်ကြံနိုင်ခဲ့သည်။

ဆဒတ်ပြီးတော့ မူဘာရက် တက်လာသည်။ ဆဒတ် အသတ်ခံရသည့်အခါ မူဘာရက်က ဆဒတ်၏ လူယုံ ဒုသမ္မတ။ အမှန်မှာ အီဂျစ်တွင် စစ်တပ်က အာဏာသိမ်းထားသည်က ၁၉၅၂
ခုနှစ်ကတည်းကပင်။ ထူးခြားသည်မှာ မူဘာရက်က လေတပ်ဦးစီးချုပ်။ အီဂျစ်နိုင်ငံ၏ နိုင်ငံရေးတွင် စစ်တပ်က စိုးမိုးထားပေမယ့် ရှေ့တန်းကနေရာ ယူထားခြင်း မဟုတ်ပါ။ ဦးနေဝင်း
လုပ်ခဲ့သလို ပါတီထောင်ပြီး ပါတီကတဆင့် အုပ်ချုပ်ခြင်းပင်။ ပထမအဆင့်အနေဖြင့် လုံထိန်းများက အာဏာတည်မြဲရေးကို တာဝန်ယူရသည်။

အီဂျစ်တပ်မတော်သည် ကမ္ဘာ့စစ်တပ်များအနက် အကြီးဆုံးနံပါတ် ၁ဝ ချိတ်ပါသည်။ အားလုံးပေါင်း တပ်သား ၁ သန်း ခန့်ရှိပြီး ၇၅ % က


( )
ကြည်းတပ်တွင် ဖြစ်သည်။ အစ္စရေးနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ပြီးကတည်းက အမေရိကန်က တနှစ်လျှင် (၁.၅ ဘီလျံ) ဒေါ်လာသန်းပေါင်း ၁၅ဝဝ
ကျော် အထောက်အပံ့ပေးပြီး အများစုကို စစ်တပ်အတွက် ပေးသည်။ ထို့ကြောင့် စစ်တပ်သည် အမေရိကန်လက်နက်များချည်း ဖြစ်နေသည်။ ေေေေေေေေေေေေေ ေေေေေေ ေေေေေေေေေေ
ကာကွယ်ရေးဝန်ကြီးဌာန အောက်၌ အထွေထွေထောက်လှမ်းရေးဌာန General Intelligence Directorate (GID) ရှိပါသည်။ ဗိုလ်ချုပ်ခင်ညွန့် ေေေေေေေေေေေ ေေေေေေေေေေ ေ ေ ေ ေ ေ
လက်ထက် DDSI နှင့် ဆင်တူပင်။ စစ်ထောက်လှမ်းရေး၊ ပြည်တွင်းပြည်ပ ထောက်လှမ်းရေး၊ တန်ပြန်ထောက်လှမ်းရေး၊ ()
အကြမ်းဖက်သမားနှိမ်နှင်းရေး အားလုံးမှာ GID အောက်တွင် ရှိသည်။ ၁၉၉၃ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ ထောက်လှမ်းရေးကို ဒုသမ္မတအဖြစ်
လောလောဆယ် ခန့်အပ်ခံရသူ ဗိုလ်ချုပ်ဆူလေမန်က ကိုင်ခဲ့သည်။ သူသည် ထောက်လှမ်းရေးနှင့် နိုင်ငံရေးတွင်သာမက အပြောအဆိုမှာပါ အင်မတန်ညက်သည်။ ထို့ကြောင့် ယခု
ပြဿနာပေါ်သည့်အခါ အရိုက်အရာကိုခံရန် ဆူလေမန်ကို ပွဲထုတ်လာရခြင်း ဖြစ်သည်။ ဆူလေမန်တင်မက သူ့လူများလည်း အင်မတန်ညက်ကြသည်။ ဥပမာ အတိုက်ခံများဟာ
ကြိုက်သလောက် အစိုးရကို ဆဲလို့ရသည်။ လက်တွေ့တွင်မူ မလုပ်နှင့် လုပ်လျှင် ဖမ်းမည်။ ပေးဆဲထားသည်က စိတ်ပြေအောင် ထွက်ပေါက်ပေးခြင်းပင်။

လုံထိန်းနှင့် ရဲများက ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် ရှိပါသည်။ လုံထိန်းများသည် ဆန္ဒပြသူများနှင့် ရင်ဆိုင် နှိမ်နှင်းရသူများ ဖြစ်သည်။ ၎င်းRiot Police များသည် အင်အား
၃၂၅,ဝဝဝ ခန့် ရှိပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန အောက်တွင် General Directorate for State Security Investigations Sector (SSIS) ဆိုသည်လည်း ရှိပါသေးသည်။

မူဘာရက်က အာဏာရှိလာသည်မှာ ကြာပြီဖြစ်သဖြင့် အန်တိုနေပြီ။ ထို့ကြောင့် ၈၈ ခုနှစ်မှာကဲ့သို့ ပထမ ရိုက်ကြည့်သည်။ မရတော့ အကျဉ်းသားများကို လွှတ်ပေး၊ လုံထိန်းများကို
ဖျောက်လိုက်ပြီး chaos ဖရိုဖရဲဖြစ်အောင် လုပ်ကြည့်သည်။ ကံကောင်းချင်တော့ မြန်မာများလို ခေါင်းဖြတ်တာများ မပေါ်ခဲ့ဘူး။ ဆင်းပေးမည်၊ ငါ့သက်တမ်း ပြီးအောင်စောင့် ဆိုပြီး
မျှော်လင့်ချက်ပေးပြန်သည်။ တဖက်တွင်လည်း ငါဆင်းပေးတာနှင့် တိုင်းပြည် ဖရိုဖရဲဖြစ်ပြီး မူဆလင်အစွန်းရောက်များ တက်လာသည်ကို မြင်ချင်သလားဆိုပြီး ခြိမ်းခြောက်ပြထားသဖြင့်
အနောက်နိုင်ငံများကလည်း အရမ်းမတွန်းရဲပါ။

စစ်တပ်က မပစ်ဘူးဟု ဆိုထားသော်လည်း မသိမသာ အစိုးရအတွက် ဝင်ကာပေးသည်။ နောက်ဆုံး စစ်တပ်က ကယ်တင်ရှင်လုပ်ပြီး မူဘာရက်ကို ဆူလေမန်နှင့် အစားထိုးမည်။
စစ်တပ်က ဒိုင်လူကြီးလုပ်ပြီး (လူအပြောင်းအလဲ လုပ်ပြီး) နောက်ကနေ ကြိုးကိုင်နိုင်လျှင် မူဘာရက်လည်း ခုံရုံးအတင်မခံရ၊ မူဆလင်အစွန်းရောက်များလည်း အာဏာမရ၊
အနောက်နိုင်ငံများ၏ အကျိုးလည်း မထိခိုက် (အချိန်) ဆွဲပြီး အကြံပိုင်သော ငခွေးလုပ်ခြင်း ဖြစ်သည်။ အီဂျစ်တွင် ရပ်နိုင်လျှင် ဂျော်ဒန်၊ ဆူဒန်၊ အယ်ဂျီးရီးယား၊ ဆော်ဒီအားလုံး
အစိုးရအပြောင်းအလဲ အန္တရာယ်က လွတ်ထွက်နိုင်သည်။ ဤသည်က အနောက်နိုင်ငံ မူဝါဒ ဖော်ဆာင်သူများ၏ မျက်စိနှင့် ကြည့်ခြင်း ဖြစ်ပါသည်။ အီဂျစ်သာ အီရန်ကဲ့သို့ ဖြစ်ခဲ့လျှင်
တကမ္ဘာလုံးအတွက် အန္ထရာယ်ရှိနိုင်သည်။

မူဆလင်ညီအကိုတော်များအဖွဲ့ကလည်း နိုင်ငံရေး လျင်ပါသည်။ လူများ စိုးရိမ်မှန်းသိသောကြောင့် ရှေ့မထွက်ဘဲ နောက်ကပဲ နေသည်။ မြန်မာနိုင်ငံတွင် လူမှုရေးသည် နိုင်ငံရေးမဟုတ်ဟု
ထင်သူများ ရှိသော်လည်း MB အဖွဲ့က လူမှုရေးအကူအညီများကို ဗလီများမှတဆင့် ပေးပြီး နိုင်ငံရေး စည်းရုံးလျက် ရှိပါသည်။ ပြီးလျှင် လူသိများသည့် နိုင်ငံတကာ အနုမြူစွမ်းအင်
အေဂျင်စီ IAEA က ဒေါက်တာ Mohamed ElBaradei ကို ဆွေးနွေးခွင့် ရှိသူအဖြစ် ရှေ့တန်းတင်ထားပါသည်။ နောက် လူငယ်ခေါင်းဆောင်လေးများကို ရှေ့တန်းတင်
နေရာပေးထားပါသည်။

လူငယ်အဖွဲ့များက စိတ်ဝင်စားဖို့ ကောင်းသည်။ အီဂျစ်မှာလည်း လူငယ်များက များလာသည်။ လူဦးရေ၏ သုံးပုံတပုံမှာ အသက် ၁၅ နှစ်မှ ၂၉ နှစ် အရွယ်ဖြစ်ကြသည်။ လူငယ်ဖြစ်သဖြင့်
ကွန်ပြူတာ ကျွမ်းကြသည်။ သို့သော် အများက နိုင်ငံရေးနှင့် ကင်းကွာနေကြသည်။ စတင်သည်က ၂ဝဝ၄၊ ၂ဝဝ၅ ခုနှစ်တွင် သမ္မတ ဘုရှ်၏ ဖိအားကြောင့် မူဘာရက်က ပါတီစုံ
ရွေးကောက်ပွဲ ကျင်းပပေးပြီး နိုင်ငံရေး ဖိနှိပ်မှုကိုလည်း လျှော့ပေးလာသည်။ ရွေးကောက်ပွဲက တရားမျှတမှု မရှိသော်လည်း တက်ကြွက်လှုပ်ရှားသူများအတွက် လှုပ်ရှားခွင့်နှင့်
ဆန္ဒပြခွင့်များ ရလာကြသည်။ ထိုအခွင့်အရေးက လက်ဝဲများ၊ ဆိုရှယ်လစ်များ၊ ဘာသာရေးသမားများ လျော့လျော့ရဲရဲ ပူးပေါင်းထားသည့် ကီဖာရာ Kefaya ဆိုသည့် အုပ်စုပေါ်လာသည်။
အာရပ်လို Enough (တော်လောက်ပြီ) ဟု အဓိပ္ပာယ် ရပါသည်။ သူတို့က ဝါဒရေးရာများ မဆွေးနွေးကြ။ သူတို့အားလုံး သဘောတူသည်က မူဘာရက်၏ သားဖြစ်သူ ဂမား Gamal ကို
အာဏာမလွှဲရေး ဖြစ်သည်။ ကီဖာရာ ပေါ်ပြီး မကြာခင်မှာ Wael Abbas အမည်ရသည့် ဘလော့ဂါက ကီဖာရာနှင့် ပတ်သက်သမျှကို တင်ပေးရာ လူကြိုက်များခဲ့သည်။

အီဂျစ်နိုင်ငံတွင် နိုင်ငံရေးပါတီများ ရှိသော်လည်း သူတို့သည် ဘာမှအလုပ်မဖြစ်ကြ။ ၂ဝဝ၅ ခုနှစ် ရွေးကောက်ပွဲတွင် အေမင်နော Ayman Nour ဆိုသည့် ရှေ့နေက အဲလ်ဂတ် El Ghad
နိုင်ငံရေး ပါတီထောင်ပြီး ဝင်ပြိုင်ရာ ၇ % နှင့် ဒုတိယ ရခဲ့ပါသည်။ အီဂျစ်သည် လူမှုရေး စည်းကမ်းကြီးသည့် နိုင်ငံဖြစ်သည့်အတွက် လူငယ်လေးများ နေရာမရပါ။ အစည်းအဝေးများ
ထိုင်ပြီး အစိုးရငြိုငြင်မှာကို တိုင်ပင်နေကြခြင်းဖြင့် အချိန်များ ကုန်နေသောကြောင့် လူငယ်များ စိတ်ပျက်ပြီး ထွက်လာကြသည်။

Esraa Rashid နှင့် Amed Maher ဆိုသည့် လူငယ် ၂ ဦးသည် Ghad လူငယ်အုပ်စုတွင် တွေ့ကြသည်။ “မဟာ” က ပါတီကို စွန့်ခွါပြီး၊ ကီဖာရာ Kefaya လူငယ်အုပ်စုတွင်
ပါဝင်လှုပ်ရှားကာ လမ်းပေါ်တွင် ဆန္ဒပြရင်း အဖမ်းခံရသည်။ ရာရှစ်ကလည်း နှေးကွးလှသည့် ပါတီဗျူရိုကရေစီကို စိတ်ပျက်နေချိန်တွင် ရာရှစ်ဆီကို မဟာဆီက မက်ဆေ့ခ်ျ ဝင်လာသည်။
ဧပြီလတွင် Mahalla al-Kobra ဆိုသည့် မြို့၌ အလုပ်သမားများ ဆန္ဒပြရန် စီစဉ်နေကြသည်။ ငါတို့လူငယ်များ တခုခုလုပ်ပြီး ထောက်ခံရရင် မကောင်းဘူးလားပေါ့။ ဒါနှင့် ရာရှစ်နှင့်
မဟာတို့ နှစ်ယောက် အကြံဉာဏ် တောင်းကြရအောင်ဆိုပြီး Facebook ၌ ဧပြီလ ၆ ရက်နေ့ ဆန္ဒပြအုပ်စု ဆိုပြီး ဖွင့်လိုက်ကာ သူတို့ ၂ ယောက်က ကြီးကြပ်သူများအဖြစ်
နေရာယူလိုက်ကြသည်။ နေ့ချင်း ညတွင်းချင်းမှာပဲ ထောင်နှင့်သောင်းနှင့် ဝင်ပါလာကြသည်။ အစိုးရပုလိပ်များ ခြိမ်းခြောက်သော်လည်း လူငယ်လေးများ မကြောက်ကြတော့ပါ။
ဆန္ဒပြမည့်နေ့ ရောက်သည့်အခါ ယခုနာမည်ကြီးနေသည့် Tahrir Square အနီးရှိ ကင်တာကီ ကြက်ကြော်ဆိုင်၌ ဆုံကြမည် ဆိုပြီး သူဝတ်လာမည့် အဝတ်အစားနှင့် ဆဲလ်ဖုံးနံပါတ်ကို
ရာရှစ်က ကြေညာလိုက်သည်။

ကိုဖရာမြို့တွင် ဆန္ဒပြပွဲဖြစ်ပြီး လူ ၃ ဦး သေဆုံးကာ၊ အချို့ အဖမ်းခံရသည်။ နောက်ဆုံး ရာရှစ်လည်း အဖမ်းခံရသည်။ လူများက ချက်ချင်း Facebook တွင် ရာရှစ်ပုံတပ်ပြီး လွှတ်ပေးရန်
ဝိုင်းတောင်းဆိုကြသည်။ ဝန်ကြီးချုပ်က ကိုင်ရိုတက္ကသိုလ်သို့ လာရောက်စကားပြောတော့လည်း ရာရှစ်ကို လွှတ်ပေးရန် ဝိုင်းအော်ကြသည်။ နှစ်ပတ်ခန့်ကြာတော့ ရာရှစ်လွတ်လာပြီး
Facebook ကောင်မလေးဆိုပြီး နာမည်ကြီးသွားသလို ဆိုရှယ်ဆိုက်များ၌ လူစုခြင်းသည်လည်း နာမည်ကျော်ခဲ့ရပါပြီ။ ဤသည်က ၂ဝဝ၉ ခုနှစ်ထဲတွင် ဖြစ်ခဲ့တာပါ။

ဘလော့များနှင့် လူစုတာက ဆာဗာကို ပိတ်လိုက်လျှင် ရသည်၊ Facebook တို့လို ဆိုရှယ်မီဒီယာများကျတော့ ပိတ်လိုက်လျှင် အားလုံးထိမည်။ ထို့ကြောင့် အစိုးရတွင်
အခက်အခဲရှိလာသည်။ လက်ရှိအရေးအခင်းတွင် အစိုးရက အင်တာနက်ရော၊ ဆဲလ်ဖုံးများပါ ပိတ်သော်လည်း သူတို့ပါ ထိသဖြင့် ကြာကြာမပိတ်နိုင်ခဲ့ပါ။

ဘီဘီစီနှင့် ..အင်တာဗျူးတခုတွင် …. ထောက်လှမ်းရေးအရာရှိတဦးက …. လက်ရှိအရေးအခင်းကို စစ်ပွဲဟု သတ်မှတ်သောကြောင့် စစ်ပွဲတပွဲနွှဲသလို


ေေေေ ေေေေေေေ ေေေေေေေေေေေေ
စီစဉ်ရင်ဆိုင်သည်။ အတိုက်အခံများဘက်က နိုင်ငံရေးတိုက်ပွဲဟုသာ သတ်မှတ်သည်။ ထို့ကြောင့် ဗျူဟာဖော်ထုတ်ကြတာချင်း မတူပါ။
သတိပြုစေချင်သည်က ၂ ခု ရှိသည်။ ယခုလို အရေးအခင်းများတွင် အရေးကြီးသည်မှာ နှစ်ချက်ရှိသည်။ တခုက အချိန်၊ အရှိန်ရတုန်းမှာ တရှိန်ထိုး ”တွန်း” Facebook
နိုင်လျှင် ရှစ်လေးလုံးကကဲ့သို့ ကြောက်စိတ်ကို ကျော်နိုင်ရမည်။ ဒါမှ ဘေးထိုင်နေသူများ၊ အစိုးရဝန်ထမ်းများ၊ စစ်သားများ ပါလာရမည်။ ေေေေေေေေေေေေေေ ေ ေ ေ ေ ေ ေ ေ
အရေးအကြီးဆုံးက (စစ်တပ်) စစ်တပ်ကို ထိုင်ဆဲနေရုံဖြင့် စစ်တပ် ပါမလာပါ။ စစ်တပ်လက်ခံနိုင်မည့် လူများ ရှိရမည်။ လေးစားလောက်သော
အတိုက်ခံခေါင်းဆောင်များ ရှိရမည်။ နောက်မို့ဆို အခွင့်အရေးရနေသော စစ်တပ်သည် ဘာ့ကြောင့် အခွင့်အရေးများ အဆုံးအရှုံးခံရမည်လဲ။

နိုင်ငံရေးဆိုသည် မျဉ်းဖြောင့် မဟုတ်ပါ။ လိုအပ်ချက်ကို နားလည်ရမည်။ ဗျူဟာရှိရမည်၊ ပြင်ဆင်မှု ရှိရမည်။ အပေးအယူ လုပ်တတ်ရမည်။ အခွင့်အရေးကို နားလည်၊ ယူတတ်ရမည်။
သူနိုင်ကိုယ်နိုင် အသေသတ်ချင်ရုံ သက်သက်ဖြင့် အောင်ပွဲမခံနိုင်ပါ။ တကယ်တမ်း တိုက်ပွဲဝင်လျှင် ခေါင်းဆောင်မှု ရှိကိုရှိရပါမည်။ ခေါင်းဆောင်မှု မရှိလျှင် လှုပ်ရှားမှုဖြစ်နိုင်သော်လည်း
အောင်ပွဲခံသည်အထိ ရောက်ရန် မလွယ်ကူပါ။

အီဂျစ်အရေးအခင်း မပြီးသေးပါ။ သင်ခန်းစာယူတတ်လျှင်၊ အတုယူတတ်လျှင် နှစ်ဖက်လုံးအတွက် ယူစရာများ အများကြီးပါ။ သေချာတာက ဆင်းရဲချမ်းသာ သိပ်ကွာခြားလာလျှင်
တချိန်တွင် ပေါက်ကွဲမှာ ဖြစ်သည်။ တကယ်တော့ လူတန်းစား မရှိသင့်ပါဘူး။ တိုင်းပြည်ကိုချစ်လျှင် နိုင်ငံအတွင်း နေထိုင်သူ အားလုံးသည် မိမိနိုင်ငံသား အားလုံးကို ချစ်ရမှာပါ။
ယနေ့ခေတ်တွင် လွတ်လပ်ခွင့်သာမက တန်းတူခံစားခွင့်ပါ အရေးကြီးလာပါပြီ။ ဆင်းရဲချမ်းသာ ကွာခြားမှုမှာ အာဏာရှင် နိုင်ငံများမှာသာမဟုတ် အမေရိကန်နိုင်ငံမှာပါ ပြဿနာ ရှိသည်။

ဉာဏ်ရှိသည့် ခေါင်းဆောင်များကမူ အခွင့်အရေးကို ဖွင့်ပေးပြီး၊ အများကို ပေးစားခွင့်ပြုပြီး မကျေနပ်မှုကို ထိန်းထားသည်။ ဥပမာ - တရုတ်ပြည်တွင် ပါတီက အုပ်ချုပ်ရေးအာဏာကို
ကိုင်ထားသော်လည်း စီးပွားရေးကို ဖွင့်ပေးသဖြင့် သန်းကြွယ်သူဋ္ဌေးများ၊ ဘီလျံနာများ ပေါလာပြီး လူလတ်တန်းစား ပေါလာသောကြောင့် အုပ်ချုပ်သူ ပါတီကို နာကျည်းမှု နည်းလာသည်။
တိုင်းပြည်ကြီးပွားလာသဖြင့် မျိုးချစ်စိတ်နှင့် တိုင်းပြည်ကို ဂုဏ်ယူလာကြသည်။ တရုတ်ပြည်တွင် လာဘ်စားမှုရှိသော်လည်း အားလုံး ဝဝလင်လင် စားနေရသဖြင့် ဖုံးထားနိုင်သည်။
အဓိကက အားလုံးကို စားရန် အခွင့်အရေးပေးခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ တိုးတက်ပါစေသော်

ခေတ္တဇင်းမယ်
(ဖေဖော်ဝါရီလ ၇ ရက်၊ ၂ဝ၁၁ ခုနှစ)်

ဆန္ဒပြသူတွေနဲ့ အီဂျစ်ရဲ ခိုက်ရန်ဖြစ်ပွား

By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 09 ဖေဖော်ဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz
• del.icio.us

သမ္မတဖြုတ်ချရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတဲ့ အီဂျစ်နိုင်ငံမှာ မနေ့တုန်းက ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အကြား ပဋိပက္ခတွေ ဖြစ်ခဲ့လို့ လူ ၃ ဦး သေဆုံးပြီး တော်တော်များများ
ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ဇန်န၀ါရီလ ၂၅ ရက် ဆန္ဒပြမှုတွေ စကတည်းကဆိုရင် အီဂျစ်မှာ ဆန္ဒပြပွဲနဲ့ ဆက်စပ်တဲ့ အကြမ်းဖက်မှုတွေအတွင်း သေဆုံးခဲ့သူ ၃၀၀ ကျော်သွားပြီလို့ ကုလသမဂ္ဂက ဆိုပါတယ်။

အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေတုန်းက အီဂျစ်နိုင်ငံ အနောက်တောင်ပိုင်း နယူးဗဲလီးဒေသမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း သေနတ်နဲ့ ပစ်ခတ်မှုတွေ ရှိခဲ့တာပါ။ အဲဒီမှာ အစိုးရ အဆောက်အဦး
တခုကိုလည်း ရာနဲ့ချီတဲ့ လူတွေက မီးရှို့ခဲ့ကြပါတယ်။

မြို့တော်ကိုင်ရိုက အဓိကစခန်းချပြီး ဆန္ဒပြနေကြတဲ့ တဟီရာရင်ပြင်မှာတော့ ထောင်နဲ့သောင်းနဲ့ချီတဲ့ လူတွေက သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) ကို အာဏာက
ချက်ချင်းဆင်းပေးဖို့ တောင်းဆိုနေကြတုန်းပါပဲ။

အဲဒီ တဟီရာရင်ပြင်ဟာ အဓိက သပိတ်စခန်းကြီး ဖြစ်သလို ဆေးခန်းတခုလည်း ဖြစ်နေပါတယ်။ လက်ကိုင်တယ်လီဖုန်းတွေရဲ့ ဘက်ထရီတွေကို အားဖြည့်တဲ့နေရာ ဖြစ်နေသလို ရေဒီယို
အသံလွှင့်ဌာနနဲ့ ပြည်သူ့ဟစ်တိုင် နေရာလည်း ဖြစ်နေတာပါ။ ဆန္ဒပြမှုတွေအတွင်း သေဆုံးခဲ့ရသူတွေရဲ့ ရုပ်ပုံတွေကိုလည်း အဲဒီရင်ပြင်မှာ ဂုဏ်ပြုပြသထားပါတယ်။

မနေ့တုန်းကတော့ အီဂျစ် ယဉ်ကျေးမှုဝန်ကြီး ဂါဘာ အက်စ်ဘို ရာထူးက နှုတ်ထွက်သွားပါပြီ။ အစိုးရအဖွဲ့သစ် ဖွဲ့ခဲ့ပြီး ၉ ရက်မြောက်နေ့မှာပဲ သူ နှုတ်ထွက်ခဲ့တာပါ။ ကျန်းမာရေး
အခြေအနေကြောင့် သူနှုတ်ထွက်ခဲ့တာလို့ ဆိုပါတယ်။

ဒု-သမ္မတ အိုမာ ဆူလေမန် (Omar Suleiman) ကတော့ ကိုင်ရိုမြို့တော်က တဟီရာရင်ပြင်မှာ ဆန္ဒတွေ ရေရှည်ပြနေတာကို အစိုးရက သည်းခံနေမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
အခုဆိုရင် ဆန္ဒပြမှုတွေဟာ ၁၅ ရက်ထဲ ရောက်လာနေပါပြီ။

အစိုးရသစ် လူဟောင်းများ အဓိကပါဝင်

By ဦးကျော်ကျော်သိန်း ဗုဒ္ဓဟူး, 09 ဖေဖော်ဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

၂၀၁၀ ရွေးကောက်ပွဲ နောက်ဆက်တွဲ ဖြစ်လာမယ့် အစိုးရအဖွဲ့ထဲမှာ ပါဝင်မယ့် ၀န်ကြီးအဖွဲ့ အမည်စာရင်းကို ရွေးကောက်ခံ သမ္မတက ဒီကနေ့ ပြည်ထောင်စုလွှတ်တော်
အစည်းအဝေးအတွင်း အမည်စာရင်း တင်သွင်းလိုက်ပါပြီ။ ထွက်လာတဲ့ အမည်စာရင်းအရ လက်ရှိ စစ်တပ်ဗိုလ်ချုပ်တွေ၊ ဗိုလ်ချုပ်ဟောင်းတွေ၊ ၀န်ကြီးတွေပဲ အများစု
ပါဝင်လာတာကြောင့် လူမပြောင်းတဲ့ အစိုးရအဖွဲ့တရပ် ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ဝန်ကြီးဌာန ၃၄ ခုအတွက် ၀န်ကြီးအယောက် ၃၀ ရဲ့ အမည်စာရင်းကို ရွေးကောက်ခံ သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က ဒီကနေ့ ဆက်ပြီး ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်
ပထမအကြိမ် အစည်းအဝေး၊ တတိယနေ့မှာ တင်သွင်းလိုက်တာ ဖြစ်ပါတယ်။ ဗွီအိုအေက သိရတဲ့ စာရင်းအရ စစ်တပ်ထဲက လက်ရှိ ဒုတိယဗိုလ်ချုပ်ကြီးနဲ့ ဗိုလ်ချုပ်တွေ၊ နောက်
အငြိမ်းစား ယူလိုက်တဲ့ ဗိုလ်ချုပ်ဟောင်းတွေ၊ လက်ရှိဝန်ကြီးတွေနဲ့ ဒုတိယ၀န်ကြီးတွေပဲ အများစု ပြန်ပါလာတာကို တွေ့ရပါတယ်။

အင်္ဂါနေ့ အစည်းအဝေးမှာ သမ္မတက တင်သွင်းထားတဲ့ ၀န်ကြီးဌာန ၃၄ ခု ဖွဲ့စည်းရေး ကိစ္စနဲ့ ၀န်ကြီးအရေအတွက် အယောက် ၃၀ ထားဖို့ ကိစ္စတွေအပေါ် အပြန်အလှန်
ဆွေးနွေးတာတချို့ ရှိခဲ့ပေမဲ့လည်း မဲခွဲဆုံးဖြတ်တာမှာ ထောက်ခံမဲ အပြတ်အသတ်ရပြီး ၀န်ကြီးဌာနစာရင်းနဲ့ ၀န်ကြီးအရေအတွက်စာရင်း အပြောင်းအလဲမရှိ အတည်ဖြစ်သွားခဲ့ပါတယ်။

“သမ္မတက လွှတ်တော်ကို တင်သွင်းတဲ့ ၀န်ကြီးဌာန ၃၄ ခုနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်က ၂ ဦး ဆွေးနွေးပါတယ်။ တဦးဖြစ်တဲ့ ဒေါက်တာ မြတ်ဉာဏစိုးကတော့ ၂၅ ခု ရှိသင့်ကြောင်း
ဆွေးနွေးပါတယ်။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ဒီ ၃၄ ဌာနက သင့်တော်ပါတယ် ဆိုတဲ့အကြောင်း ပြန်ဆွေးနွေးပါတယ်။ သမ္မတကလည်း ဒီ ၃၄ ဌာနအကြောင်း ပြန်ပြီး
ဆွေးနွေးပါတယ်။ အားလုံးဆွေးနွေးပြီးတော့မှ လွှတ်တော်ထဲမှာ စက်ခလုပ်နှိပ်ပြီး ဆန္ဒမဲ ခွဲကြပါတယ်။ ခွဲကြတဲ့အချိန်မှာ ၃၄ ဌာနကို ထောက်ခံမဲ ၆၀၀ ကျော် ရတဲ့အတွက် အဲဒါကို
လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

“၀န်ကြီး ၃၀ ဦး အကြောင်းကိုလည်း ချင်းကိုယ်စားလှယ် တယောက်က ၃၀ ဦးအစား ၃၄ ဦးထားဖို့ ဆွေးနွေးပါတယ်။ သမ္မတကလည်း ၃၄ ဦး ရှိတာထက်စာရင် ၃၀ ဦးရှိတာက
နိုင်ငံတော်အတွက် ၀န်ထုပ်ဝန်ပိုး လျော့ပါးစေတဲ့အကြောင်း ပြန်ဆွေးနွေးပါတယ်။ အဲဒါတွေအားလုံး ဆွေးနွေးပြီးတော့မှ လွှတ်တော်က မဲခွဲဆုံးဖြတ်တော့ ၀န်ကြီးအရေအတွက် ၃၀ ဦး
ရှိသင့်တဲ့ဘက်က ထောက်ခံမဲ ၆၀၀ ကျော် ရတဲ့အတွက် လွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။”

လွှတ်တော်အစည်းအဝေးတွေ တက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဝန်ကြီးဌာန ၃၄ ခုအတွက် ၀န်ကြီးအရေအတွက် ၃၀ ပဲ ခန့်ထားခြင်းအားဖြင့် နိုင်ငံမှာ ၀န်ထုပ်ဝန်ပိုး သက်သာသွားတယ်လို့ သမ္မတက အကြောင်းပြချက် ပေးခဲ့ပေမဲ့ ၀န်ကြီးဌာန ၃၄ ခု
ဖွဲ့စည်းဖို့ လိုအပ်ရဲ့လား ဆိုတဲ့အပေါ်နဲ့ အဲဒီဝန်ကြီးဌာနတွေရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်တာတွေက ရှိနေတာပါ။

ဒီကနေ့ အမည်စာရင်း တင်သွင်းတဲ့ ၀န်ကြီးစာရင်းထဲမှာ လက်ရှိ စစ်တပ်ထဲက ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဗိုလ်ချုပ် လှမင်း၊ ဗိုလ်ချုပ် သိန်းဌေးတို့ ပါဝင်သလို လက်ရှိ ကုလသမဂ္ဂဆိုင်ရာ
မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မြင့်လှိုင်၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ ကာကွယ်ရေး ဒု-၀န်ကြီး ဗိုလ်ချုပ်ဟောင်း ဦးအေးမြင့်၊
သာသနာရေးဝန်ကြီး သူရ ဦးမြင့်မောင်၊ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ၊ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်၊ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း စသည်အားဖြင့် ပါနေတာ တွေ့ရတာကြောင့်
ရွေးကောက်ပွဲ လုပ်ခဲ့ပြီး လွှတ်တော်တွေ ပေါ်လာပေမဲ့ အုပ်ချုပ်ရေးမှာ လူမပြောင်းဘူး ဆိုတာကတော့ ထင်ရှားနေပါတယ်။

အခု အမည်စာရင်း တင်သွင်းထားတဲ့ ၀န်ကြီးတွေက ဘယ်ဝန်ကြီးဌာနတွေကို ကိုင်မှာလဲ ဆိုတာကိုတော့ လွှတ်တော် အစည်းအဝေးအတွင်း တိတိကျကျ မပြောသေးဘူးလို့
ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

“လွှတ်တော် နာယကက ဒီ ၃၀ ပဲ ဖတ်ပြပါတယ်။ ဘယ်သူက ဘယ်လိုဆိုတာတော့ သူ မတွဲပါဘူး။ ကျနော်တို့ အပြင်မှာ တွဲနေတာပေါ့ဗျာ။ သတင်းစာထဲမှာပါတဲ့ ၀န်ကြီး ၃၄ ဌာနကို
အစဉ်လိုက် ရွတ်ပြီးတော့ သူအစဉ်လိုက်ရွတ်တဲ့ ၃၀ ဦးနဲ့ တွဲကြတယ်ပေါ့ဗျာ။ အဲဒါ အတည်တော့ မဟုတ်သေးပါဘူး။ အပြင်မှာ တွဲတဲ့သဘောပါ။ လူ ၃၀ ခန့်သင့်၊ မခန့်သင့်ကိုလည်း
သန်ဘက်ခါ လွှတ်တော်မှာ ဆွေးနွေးပြီးတော့မှ ဆုံးဖြတ်ရမှာပါ။ တခါတည်း လွှတ်တော်က မဆုံးဖြတ်ရသေးပါဘူး။ ၀န်ကြီးဌာန ၃၄ ခုက အတည်ဖြစ်တယ်။ ၀န်ကြီး အရေအတွက် ၃၀
ကလည်း အတည်ဖြစ်တယ်။”

ဝန်ကြီး အယောက် ၃၀ ရဲ့ အမည်စာရင်း တင်သွင်းထားတာကို ဖေဖော်ဝါရီလ ၁၁ ရက်၊ သောကြာနေ့မှာ အတည်ပြု မပြု ဆွေးနွေးကြရဦးမှာ ဆိုပေမဲ့ လွှတ်တော်အားလုံးမှာ
ပြည်ခိုင်ဖြိုးပါတီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေက လွှမ်းမိုးထားတာကြောင့် အတည်ဖြစ်ရေးဘက်က အလေးသာတယ်လို့ပဲ ဆိုရမှာပါ။

မဲဆန္ဒရှင် ပြည်သူလူထုက မဲပေးပြီး ရွေးကောက် တင်မြှောက်လိုက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဟာ မဲဆန္ဒရှင် ပြည်သူတွေကိုယ်စား တိုင်းပြည်ရဲ့ ကိစ္စအ၀၀ကို
စိစစ်မေးမြန်း စောင့်ကြည့် ကြီးကြပ်ဖို့ တာဝန်ပေးအပ်ခံရသူတွေဆိုရင် မမှားပါဘူး။ ဒီ ပေးအပ်လိုက်တဲ့ တာဝန်အတိုင်း ပြည်သူတွေရဲ့ အကျိုးစီးပွား တိုးတက်ရာ တိုးတက်ကြောင်းအတွက်
အပြည့်အ၀ စိစစ် ကြီးကြပ်ခွင့်၊ ဆွေးနွေးခွင့် ရရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ရှိပါတယ်။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ၂
ယောက်က အခုလို အသီးသီး ဖြေကြားခဲ့ကြပါတယ်။

“အဲဒါတော့ အဖြေရ ခက်တယ်ဗျ။ ကျနော် မဖြေနိုင်ဘူးခင်ဗျ။”

“သူတို့ကတော့ Warmly Welcome ပါပဲ။ ဆွေးနွေးမယ်ဆိုရင် ဆွေးနွေးခွင့်ကို ပွင့်ပွင့်လင်းလင်း ကြိုပြီးတော့ တင်ပါ၊ ဆွေးနွေးလို့ ရပါတယ်လို့ ပြောတယ်လေ။ မဲနဲ့ခွဲတယ်ဆိုတာက
များတဲ့ဟာကို ဆုံးဖြတ်တာပဲ။ အားလုံးပဲ ကိုယ့်ဆန္ဒနဲ့ကိုယ် လွတ်လွတ်လပ်လပ် ၀ိုင်းပြီး ဆုံးဖြတ်ကြတာပဲ။”

ဖေဖော်ဝါရီလ ၁၀ ရက် ကြာသပတေးနေ့မှာ အစည်းအဝေးတွေ ရပ်နားပြီး ၁၁ ရက် သောကြာနေ့မှာ ပြန်စမှာ ဖြစ်ပါတယ်။ အခု ကျင်းပနေတာက လွှတ်တော်နှစ်ရပ်ပေါင်း
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးဖြစ်ပြီး လွှတ်တော်တရပ်ချင်းစီ ဖြစ်တဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွေ ဘယ်တော့ ပြန်ကျင်းပမယ် ဆိုတာကိုတော့
လွှတ်တော်ကိုယ်စားလှယ်တွေ တိတိကျကျ မသိကြပါဘူး။ လွှတ်တော်အစည်းအဝေး တရက်ချင်းစီကျမှပဲ နောက်နေ့ အစည်းအဝေး ရှိမရှိ၊ ဘယ်နေ့ ဘာအစည်းအဝေး ဆိုတာကို
ကြေညာတာဖြစ်ပြီး ကြိုတင်ပြောမထားဘူးလို့ တက်ရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း ပြည်ခိုင်ဖြိုးကို ခေါင်းဆောင်မည်

By ဦးကျော်ထင် ဗုဒ္ဓဟူး, 09 ဖေဖော်ဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပါတီဥက္ကဋ္ဌ ဖြစ်လာဖွယ် ရှိနေပါတယ်။ လွှတ်တော်ထဲ သမာသမတ်ရှိရှိ ဆုံးဖြတ်ရမယ့်
ဥက္ကဋ္ဌဟာ ပါတီတခုရဲ့ ဥက္ကဋ္ဌလည်း ဖြစ်နေတော့ ပြည်ခိုင်ဖြိုးပါတီ လွှမ်းမိုးတဲ့ လွှတ်တော်မှာ အတိုက်အခံ ပါတီတွေ တင်ပြချက်က အရာမရောက်နိုင်ဘူးလို့ လေ့လာသူတွေက
သုံးသပ်ကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် သမ္မတဖြစ်လာတော့ ပါတီနာယကတွေဖြစ်တဲ့ သီဟသူရ တင်အောင်မြင့်ဦးနဲ့ ဦးတင်အေးတို့က ပါတီ ဒု-ဥက္ကဋ္ဌတာဝန် ယူလာကြပြီး ဒု-ဥက္ကဋ္ဌ သူရ
ဦးရွှေမန်းကို ပါတီဥက္ကဋ္ဌအဖြစ် လျာထားလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တင်္နလာနေ့က လုပ်တဲ့ ညစာစားပွဲမှာ သမ္မတ ဦးသိန်းစိန် ပါတီတာဝန်က အနားယူလိုက်တယ်လို့ ပြည်ခိုင်ဖြိုးပါတီအမတ် ဇေကမ္ဘာ ဦးခင်ရွှေက ပြောပါတယ်။

“ညစာစားပွဲ ကျွေးတယ်၊ ပြီးတော့မှ ကျနော်တို့ အောက်ခြေလူတန်းစားတွေက အစပေါ့လေ၊ သမ္မတကြီးက နေပြီးတော့ အားလုံး ကိုယ်စားလှယ်တွေနဲ့ တွေ့ထိပြီး သူ့ရဲ့ လိုအပ်ချက်တွေ
ဖြည့်ဆည်းဖို့ ကိစ္စတွေ အကုန်ပြောပါတယ်။ ဒုတိယဥက္ကဋ္ဌတွေအဖြစ် ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးတို့၊ ဗိုလ်ချုပ်ကြီး တင်အေးတို့
ထပ်ဖြည့်တာပေါ့။ ပါတီရဲ့ ဦးဆောင်မှုကတော့ လောလာဆယ် ဒု-ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို ဦးဆောင်ပါလို့တော့ ပြောသံကြားလိုက်တယ်။”

၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတနဲ့ ဒု-သမ္မတတို့ဟာ ရာထူးသက်တမ်းအတွင်း ပါတီလုပ်ငန်းတွေ တာဝန်မယူရဘူးလို့ ပါရှိပေမဲ့ ဒု-သမ္မတဖြစ်တဲ့ သီဟသူရ တင်အောင်မြင့်ဦးကို ပါတီ ဒု-
ဥက္ကဋ္ဌအဖြစ် ခန့်ထားတာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ပါတီဥက္ကဋ္ဌအဖြစ် လျာထားမှုအပေါ် ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက အခုလို သုံးသပ်ပါတယ်။

“ပါတီဥက္ကဋ္ဌလည်း လုပ်တယ်၊ လွှတ်တော်ဥက္ကဋ္ဌလည်း လုပ်တယ်ဆိုရင်တော့ တာဝန်ကြီးကြီး ၂ ခု ယူတယ်လေ။ အမှန် အရင်တုန်းက ဒီလိုမျိုးလုပ်တာ မရှိပါဘူး။ ဒုတိယဥက္ကဋ္ဌကနေပြီး
လွှတ်တော်ဥက္ကဋ္ဌ လုပ်တာရှိတယ်။ ဗိုလ်မှူးအောင်တို့တုန်းက၊ ဖဆပလ ခေတ်ကတော့ တာဝန်မကြီးဘဲကိုး။ တဘက်က လွှတ်တော်ဥက္ကဋ္ဌလုပ်တာ၊ အဲဒါမျိုးရှိတယ်။ အခုဟာက သူတို့
လုပ်ချင်ရာ လုပ်နိုင်တဲ့၊ လုပ်ချင်သလိုလည်း လုပ်နေတဲ့ဟာဆိုတော့ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး။ တို့လုပ်ချင်တာ လုပ်မယ်ဆိုပြီး လုပ်နေကြတာကိုး။”

ပြည်ခိုင်ဖြိုးပါတီနဲ့ စစ်တပ်ဟာ လွှတ်တော်ရဲ့ ၈၀% ကျော်လည်း ထိန်းချုပ်ထားနိုင်တော့ အတိုက်အခံပါတီတွေ အနေနဲ့ ပါတီဥက္ကဋ္ဌ တဖြစ်လဲ လွှတ်တော်ဥက္ကဋ္ဌက ဘယ်လောက်ထိ
သမာသမတ်ကျကျ လွှတ်တော်ကို ဦးစီးနိုင်မှာလဲ ဆိုတာကို လေ့လာသူတွေက မေးခွန်းထုတ်နေကြပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ မူဝါဒမှာ တိုင်းပြည်အကျိုးနဲ့ ပါတီအကျိုး ယှဉ်လာရင် ပါတီအကျိုး စွန့်လွှတ်မယ်၊ နောက် ပါတီအကျိုးနဲ့ မိမိအကျိုး ယှဉ်လာရင် မိမိအကျိုး စွန့်လွှတ်မယ်လို့ ပါရှိပါတယ်။

ဒီလို မူဝါဒ ချထားတယ် ဆိုပေမဲ့ လက်တွေ့မှာတော့ လွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီ လွှမ်းမိုးနိုင်အောင် နည်းမျိုးစုံ သုံးနေတယ်လို့ နိုင်ငံရေး သုံးသပ်သူ ဦးဌေးအောင်က ဆိုပါတယ်။

“အခုလည်း သူတို့တွေမှာ နိုင်ငံတော်အကျိုးတို့၊ ဘာတို့ ဆိုတာမျိုးက နိုင်ငံတော်နဲ့လည်း သူတို့နဲ့ ရောထွေးနေတာ၊ အုပ်ချုပ်တဲ့သူက သူတို့ကိုယ်သူတို့ နိုင်ငံတော်ဆိုပြီး
ပြောနေတာမျိုးပေါ့ဗျာ။ အဲဒီတော့ နိုင်ငံတော်အကျိုး၊ ပြည်သူလူထုအကျိုး လုပ်တယ် ဆိုတာကလည်း သူတို့ပါတီ အကျိုးတင် မကဘူး၊ သူတို့ကိုယ်ကျိုးကိုပါ လုပ်နေတဲ့ သဘောမျိုး။
အဲဒီတော့ ကျနော်မြင်တာက နိုင်ငံတော်အတွက် အရေးကြီးတဲ့ ဥပဒေတွေ ချမှတ်တဲ့ နေရာမှာ တာဝန်ယူ ကြီးကြပ်ရတဲ့ လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ သူလည်းပဲ ပါတီက နှုတ်ထွက်သင့်တဲ့
သဘောမျိုးလို့ မြင်တယ်။

“လွှတ်တော်ဥက္ကဋ္ဌက ပါတီမှာလည်း ဥက္ကဋ္ဌကြီး လာဖြစ်ဦးမယ်ဆိုတော့ ရှေ့နောက်မညီတဲ့ ဆက်စပ်မှု ဖြစ်တယ်။ နောက်တခုက သူတို့ပါတီက လိုချင်တဲ့ ဥပဒေတွေကို သူက
အတင်းအကျပ် လွှတ်တော်ထဲမှာ မကျကျအောင် ရေးဆွဲခိုင်းနိုင်တဲ့ အခွင့်အာဏာတွေလည်း ရှိနေတယ်ဆိုတော့ ဒါ လုံးဝမဖြစ်သင့်တဲ့ အရာလို့ပဲ ထင်တယ်။”

ပြည်ခိုင်ဖြိုးပါတီမှာ ပါတီဝင်အင်အား ၁၇ သန်းကျော်ရှိပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ လွှတ်တော် အသီးသီးအတွက် အမတ်နေရာ ၇၅% ကျော် အနိုင်ရခဲ့ပါတယ်။

အီဂျစ် ဆန္ဒပြပွဲ သေဆုံးသူ ၃၀၀ ကျော်ပြီ

By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 09 ဖေဖော်ဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

အီဂျစ်နိုင်ငံ အနောက်တောင်ဘက် ဒေသမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကြား ပဋိပက္ခတွေကြောင့် အနည်းဆုံး ဆန္ဒပြသူ ၁ ယောက် သေဆုံးပြီး အများအပြားလည်း
ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ဇန်န၀ါရီလ ၂၅ ရက်နေ့ကစလို့ ကုလသမဂ္ဂက လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ပြောဆိုထားတဲ့ ဆန္ဒပြပွဲတွေနဲ့ ဆက်နွယ်တဲ့ သွေးထွက်သံယို ပဋိပက္ခတွေထဲမှာ ဒါဟာ
နောက်ဆုံး အဖြစ်အပျက် တခုလည်း ဖြစ်ပါတယ်။

New Valley ဒေသမှာ ဒီကနေ့ ဖြစ်ပွားတဲ့ အဓိကရုဏ်းအတွင်း သေနတ်နဲ့ ပစ်ခတ်မှုတွေကြောင့် ဆန္ဒပြသမား အများအပြား ဒဏ်ရာတွေ ရခဲ့ကြတာပါ။

နှစ်ပေါင်း ၃၀ နီးပါး အုပ်ချုပ်လာတဲ့ သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) ရာထူးက ထွက်ပေးဖို့ မြို့တော် ကိုင်ရိုက တဟီရာ လွတ်မြောက်ရေး ရင်ပြင်မှာ ဆန္ဒပြသူ
ထောင်သောင်းချီပြီး ဆက်လက် စခန်းချ နေထိုင်ပြီး နောက်ထပ်လည်း ဆန္ဒပြသူတွေ တိုးလာနေချိန်မှာ အခုလို သွေးထွက်သံယို ပြဿနာတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေ ရက်အတော်ကြာတဲ့အထိ ဖြစ်ပွားနေတာတွေကို အစိုးရက ဆက်လက် သည်းညည်းခံနိုင်မှာ မဟုတ်ဘူးလို့ ဒု-သမ္မတ အိုမာ ဆူလေမန် (Omar Suleiman) ရဲ့
ပြောဆိုချက်ကိုတော့ နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ကိုရီးယား ၂ နိုင်ငံ ဆွေးနွေးပွဲပျက်

By ဗွီအိုအေ (မြန်မာဌာန) ဗုဒ္ဓဟူး, 09 ဖေဖော်ဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us

မြောက်ကိုရီးယားနဲ့ ၂ ရက်ကြာ စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုတွေဟာ သဘောတူညီချက် ဘာမှမရဘဲ ပျက်ပြားခဲ့ရတယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ
နယ်စပ်ဒေသက ပန်မွန်ဂျုံကျေးရွာမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲကနေ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေ ထွက်သွားခဲ့ကြတာလို့ တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာန
အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာတုန်းက မြောက်ကိုရီးယားက တောင်ကိုရီးယားကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ ရှိခဲ့ရာက တင်းမာမှုတွေ ကြီးထွားလာနေတာနဲ့
ပတ်သက်လို့ ၂ ဘက် စစ်တပ်က အဆင့်မြင့် အရာရှိတွေကြား ဆွေးနွေးပွဲတွေ စီစဉ်နိုင်အောင် ရည်ရွယ်ပြီး တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဆွေးနွေးမှုတွေ ပျက်ခဲ့တဲ့
အကြောင်းကိုတော့ အစိုးရ တာဝန်ရှိသူတွေက အသေးစိတ် မပြောပါဘူး။

ဒါပေမဲ့လည်း မနေ့တုန်းကနဲ့ ဒီကနေ့ ၂ ရက် အစည်းအဝေးပွဲအတွင်း အဆင့်မြင့် အရာရှိတွေရဲ့ ဆွေးနွေးပွဲတွေအတွက် တောင်ကိုရီးယားဘက်က သတ်မှတ်ချက် ၂ ခု ထားတဲ့အပေါ်
မြောက်ကိုရီးယားဘက်က လက်မခံနိုင်ကြောင်း ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားကတော့ နိုဝင်ဘာလ ၂၃ ရက်နေ့တုန်းက ယောင်ဗြောင်းကျွန်းပေါ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အပေါ် မြောက်ကိုရီးယားက တောင်းပန်ဖို့နဲ့ မတ်လထဲမှာတုန်းက ချိုနန်
စစ်သင်္ဘောကို ပစ်ခတ်နှစ်မြုပ်မှုအတွက် တာဝန်ရှိကြောင်း ၀န်ခံဖို့ တောင်းဆိုနေတာပါ။

မြောက်ကိုရီးယားကတော့ ချိုနန်သင်္ဘော နစ်မြုပ်မှုမှာ ပတ်သက်မှု မရှိဘူးလို့ ငြင်းဆန်နေတာဖြစ်ပြီး ယောင်ဗြောင်းကျွန်း ပြဿနာမှာလည်း တောင်ကိုရီးယားက ရန်စခဲ့တာလို့
ပြောဆိုထားတာ ဖြစ်ပါတယ်။

http://www.voanews.com/burmese

နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးခံရသည့် ဟာသပညာရှင် အကြောင်း ရုပ်ရှင်ကူး

February 9, 2011 Leave a comment Go to comments

ကိုဦး၊ ၊ယနေ့ညပိုင်းက ထိုင်းနိုင်ငံ


ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များအသင်းတွင် ကိုဇာဂနာ့အကြောင်း မှတ်တမ်း ရုပ်ရှင် ကား ဖြစ်သည့် This Prison Where I Live ကို ပြသခဲ့သည်။

ထိုပွဲသို့ ရုပ်ရှင်ဒါရိုက်တာ(REX BLOOMSTEIN)နှင့် လူ့အခွင့်အရေးကာကွယ်စောင့်ကြည့် ရေး(အာရှ)သုတေသနအရာရှိ (DAVIT MATHIESON) တို့က ဦးဆောင်ပြုလုပ်ခဲ့ကြကာ


ဖိတ်ကြားထား သည့် ပရိသတ် များလည်း တက်ရောက်ခဲ့ကြသည်။

ထိုဇာတ်ကား အဖွင့်တွင် ကိုဇာဂနာရဲ့ ၀ါးပတ္တလား လက်သံဖြင့်အဖွင့်တီးလုံးတစ်ပိုဒ် နအဖ ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ ဟာသ ဖြစ်စရာ ပြကွက်များ ဖြင့် တစ်ပုဒ်စီတင်
ဆက်ပြသခဲ့သည်။

ကိုဇာဂနာသည် ပြည်သူချစ်ဟာသလူရွှင်တော်အဖြစ် ရောက်ရှိခဲ့ပုံ၊ ရှစ်လေးလုံးအရေး တော်ပုံတွင်ပါခဲ့ပုံ၊ (၂၀၀၇) ရွှေဝါရောင် တော်လှန်ရေး( Saffron Revolution) တွင်ပါဝင်ခဲ့ပုံ၊
နာဂစ်(Nargis)
မုန်တိုင်းကြောင့် ဒုက္ခ ရောက်နေသူများကို ကူညီခဲ့ခြင်းများကို နောက်ခံထည့်သွင်းပြခဲ့သည်။

ကိုဇာဂနာရဲ့ နာမည်ကျော် သူတောင်းစားညီလာခံနှင့် အငြိမ့်ခန်းများ သူပါဝင်သရုပ်ဆောင်ခဲ့ သော ဇာတ်ကားများထဲမှအပိုင်းများဖြင့်ဝေေ၀ဆာဆာရှိလှကြောင်းကို သိရသည်။

ကိုဇာဂနာ၏ ပြက်လုံးများကို အင်္ဂလိပ်စာတမ်းထိုးဖြင့် တင်ဆက်ရာ ပရိသတ်များမှာ အလွန်နှစ်ခြိုက်မှုများဖြင့် ငြီးငွေ့ဖွယ်မဖြစ်အောင်တင်ဆက်ပြသထားသည်။ သူ၏မိခင်ဒေါ်ကြည်ဦး


ဖခင်စာရေးဆရာ နန်းညွန့်ဆွေတို့၏ ဈာပနကို တက်ရောက်ခွင့်မရခဲ့ခြင်းများကိုပါ ထည့်သွင်း ပြသထားသည်။

အာရှလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှအရာရှိ ဒေဗစ်မက်သီဆွန်းက “မြန်မာနိုင်ငံသား


တွေအားလုံးဟာ အစိုးရအသစ်တက်လာသော်လည်း မူလလူ့အခွင့်အရေးများကိုခံစားရဘို့
အလွန် ဘဲ စိုးရိမ်မိကြောင်း” ပြောခဲ့သလို ရုပ်ရှင်ဒါရိုက်တာ ရဲ့စ်ဘလူးမ်စတန်းက “ ကိုဇာဂနာ
အတွက် အလွန်ဝမ်းနဲမိကြောင်း၊ အမြန်ဆုံးပြန်လည်လွတ်မြောက်ပြီး သူ့ပရိသတ်နှင့်အမြန်ဆုံး ပြန်တွေ့စေလိုကြောင်း”ပြောကြားခဲ့ပါတယ်။

ယခုလက်ရှိ ဇနီးနှင့်သားသမီးတို့မှာ အမေရိကန်နိုင်ငံတွင်နေထိုင်လျှက်ရှိကြသည်။ ဗိုလ်ချုပ် အောင်ဆန်းအကြောင်းကိုရုပ်ရှင်ရိုက်ကူးရန် အစီအစဉ်ရှိကာ မြစ်ကြီးနားထောင်တွင်


ထောင်ဒဏ် (၃၅)နှစ်နှင့် ထောင်ဝင်စာအပိတ်ခံထားရသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ဘ၀ မှတ်တမ်း ရုပ်ရှင် ဇာတ်ကား


ကို နာမည်ကျော် ပြင်သစ် ဒါရိုက်တာ Luc Besson က ဂျိမ်း(စ)ဘွန်း စုံထောက် ဇာတ်ကားတွင်
သရုပ်ဆောင် ခဲ့သည့် မလေးရှား မင်းသမီး Michelle Yeoh ဖြင့် ရိုက်ကူးကာ The Lady ဟူ သော
ဇာတ်ကားနာမည် ဖြင့် ယခု နှစ် ကုန် ပိုင်း တွင် နိုင်ငံ တကာ သို့ ဖြန့် မည် ဟု သတင်းရရှိသည်။
စစ်အစိုးရ လူဟောင်းများ ၀န်ကြီးနေရာများ ကိုဆက်လက်ရယူ

February 10, 2011 Leave a comment Go to comments

0
3

i
မဲပေးပါ

စစ်အစိုးရ က ကိုယ်စားလှယ် များ က အမတ်နေရာ အများစု ထိန်းချုပ် ထားသည့် လွှတ်တော်


မှ ပြီးခဲ့သည့် သီတင်းပတ် အတွင်း သမ္မတ နှင့် ဒုတိယ သမ္မတ နေရာ များ ကို ထိန်းချုပ် ခဲ့ပြီး နောက်
ယနေ့ သမ္မတ က အစိုး ရ အဖွဲ့ သစ် ၏ ၀န်ကြီးများ ကို အတည် ပြုခဲ့သည်။

ဝန်ကြီးဌာန ၃၄ ခုရှိပြီး ၀န်ကြီး အယောက် ၃၀ ရှိကာ ၉၂ ရာခိုင်နှုန်း ၀န်ကြီးများ မှာ မြန်မာ စစ်
အစိုး ရ ၏ နအဖ ၀န်ကြီး ဟောင်းများ ဖြစ်ကာ အရေးပါသည့် ၀န်ကြီးဌာန များ ကို ထိန်းချုပ်ထား
သည်။

အစိုးရ အဖွဲ့ သစ် တွင် ကြံ့ဖွတ် ပါတီ ၀င်မဟုတ် သည့် အရပ်သား လေးဦး သာပါရှိသည်။ရန်ကုန်
မြို့ တော်ဝန် ဦး အောင်သိန်း လင်း နှင့် ယခင် ရန်ကုန် တိုင်း စစ်ဌာနချုပ် တိုင်းမှုး ဟောင်း ဒုတိယ
ဗိုလ်ချုပ်ကြီး မြင့်ဆွေ တို့ မှာ လွှတ်တော် အစည်းအဝေး မကျင်းပခင်က ၀န်ကြီး ဌာန များ ၏ အကြီး
အကဲ ဖြစ်မည် ဟု ရေပန်းစား သော်လည်း ယနေ့ ထွက်ပေါ်လာသည့် သတင်းများ အရ ဗိုလ်ချုပ်မှုး
ကြီး သန်းရွှေ က ချန်လှပ် ထား ခဲ့ သည်။
1. ဒုတိယဗိုလ်ချုပ်ကြီး ကိုကို (ကာကွယ်ရေးဝန်ကြီး)
2. ဗိုလ်ချုပ်လှမင်း (ပြည်ထဲရေးဝန်ကြီး)
3. ဦးဝဏ္ဏမောင်လွင် (နိုင်ငံခြားရေးဝန်ကြီး)
4. ဒေါက်တာမြအေး (ပညာရေးဝန်ကြီး)
5. ဦးအောင်မင်း (ရထားပို့ဆောင်ရေးဝန်ကြီး)
6. ဦးကျော်ဆန်း (ပြန်ကြားရေးဝန်ကြီး)
7. ဦးသိန်းဌေး (နယ်စပ်ရေးရာဝန်ကြီး)
8. ဦးကျော်စွာခိုင် (စက်မှု (၁) ဝန်ကြီး)
9. ဦးစိုးသိမ်း (စက်မှု (၂) ဝန်ကြီး)
10. ဦးဖေသက်ခင် (ကျန်းမာရေးဝန်ကြီး)
11. ဦးဝင်းမြင့် (မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဝန်ကြီး)
12. ဦးသန်းဌေး (စွမ်းအင်ဝန်ကြီး)
13. ဦးဉာဏ်ထွန်းအောင် (ပို့ဆောင်ရေးဝန်ကြီး)
14. ဦးသိန်းထွန်း (ဆက်သွယ်ရေးနှင့်စာတိုက်ဝန်ကြီး)
15. ဦးဇော်မင်း (လျှပ်စစ်(၁) ဝန်ကြီး)
16. ဦးခင်မောင်စိုး (လျှပ်စစ်(၂) ဝန်ကြီး)
17. ဦးလှထွန်း (ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး)
18. သူရဦးမြင့်မောင် (သာသနာရေးဝန်ကြီး)
19. ဦးတင်နိုင်သိန်း (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး)
20. ဦးဝင်းထွန်း (သစ်တောဝန်ကြီး)
21. ဦးခင်မောင်မြင့် (လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး)
22. ဦးခင်ရီ (လူဝင်မှုကြီးကြပ်ရေးဝန်ကြီး)
23. ဦးအောင်ကြည် (အလုပ်သမားရေးဝန်ကြီး)
24. ဦးမြင့်လှိုင် (လယ်/ဆည် ဝန်ကြီး)
25. ဦးအေးမြင့်(သိပ္ပံနှင့်နည်းပညာဝန်ကြီး)
26. ဦးသိန်းထိုက် (ဝန်ကြီးဌာန မသိသေး)
27. ဦးစိုးမောင်(။)
28. ဦးသိမ်းညွန(့် ။)
29. ဦးအုန်းမြင့်(။)
30. ဦးတင့်ဆန်း(။)

ဝန်ကြီးဌာနအရေအတွက်သည် ၃၄ ခု၊ ၀န်ကြီးအပါး ၃၀ ဖြစ်သည့်အတွက် အချို့ ၀န်ကြီးများသည် ၀န်ကြီးဌာန နှစ်ခုကို တွဲဖက်ကိုင်သွားမည့်ပုံဖြစ်သည်။

မြန်မာသတင်းများကွန်ယက်

မြ၀တီ တွင် ဗုံးပေါက်ကွဲ ၊ဆယ်နှစ် အရွယ် ကလေးနှစ်ဦးသေဆုံး

February 9, 2011 Leave a comment Go to comments

6
2

i
မဲပေးပါ

Border Town Bomb Explosive Kill Two Children


ထိုင်း-မြန်မာ နယ်စပ် က မြန်မာ နိုင်ငံဘက်ခြမ်း မြ၀တီ မြို့ က ချစ်ကြည်ရေး တံတား အနီးမှာ ယနေ့ 
ညနေ ငါးနားရီ ခန် က ဗုံးပေါက်ကွဲမှု ကြောင့်နှစ်ဦး သေဆုံး ခဲ့သည် ဟု သတင်းရရှိသည်။ဗုံးပေါက်ကွဲမှု ကြောင့် အခြား လူငါးဦး ခန့် လည်း ထိခိုက် ဒဏ်ရာရရှိ သွား သည် ဟု
သတင်းရရှိသည်။
မြ၀တီ နယ်စပ် ချစ်ကြည် ရေး တံတား နှင့် ကပ်လျှက် တည်ရှိ သည့် 7 Star ထမင်းဆိုင် တွင် ပေါက်
ကွဲခြင်း ဖြစ်သည်။

ဗုံး ပေါက်ကွဲ ပြီးနောက် နယ်စပ် မြ၀တီ မြို့ တွင် သေနတ် ပစ်ခတ် မှု များ ရှိ ပြီး ယခု သတင်း
ရေး နေချိန် ည ၁၀ နာရီတွင် စစ်ကား များ နှင့် BGF နယ်ခြား စောင့် တပ်များ မှ နေအိမ် အချို့ 
ကို လိုက်လံ စစ်ဆေး ရှာဖွေ လျှက် ရှိ သည် ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် နှစ် နိုဝင်ဘာ လ ၈ ရက်နေ့ မှ ၁၀ ရက်နေ့ ထိ မြ၀တီ မြို့ ကို DKBA တပ်မှုး တစ်ဦး ဖြစ်
သူ ဗိုလ်မှုး ကြီးစောလာပွယ် က သိမ်းပိုက် ထားပြီး နောက် တွင် မြန်မာ စစ်တပ် က နယ်စပ် မြ၀တီ
မြို့ တွင် လုံခြုံရေး အင်အား တိုးမြှင့် ချထားသည်။

ဇန်န၀ါရီလ အတွင်းက နယ်ခြား စောင့် တပ်မှ ရဲဘော်တစ်ဦး သည် ထိုင်းနိုင် ငံ မဲဆောက် မြို့ ရှိ
ကုလသမဂ္ဂ ဒုက္ခသည် များ ဆိုင်ရာ မဟာမင်းကြီး ရုံးရှေ့ တွင် လက်ပစ် ဗုံး ကိုင် ကာ ဆန္ဒပြ ခဲ့
ဖူးသည်။

ယခု ပေါက်ကွဲသည့် ဗုံးမှာ ချိန် ကိုက် ဗုံး ဖြစ်ပြီး မပေါက် ကွဲ ခင် တစ်နာ ရီ ခန့် အလို ကတည်းက
အဆိုပါ ချိန် ကိုက် ဗုံး ထည့် ထား သည့် အထုပ်မှာ ဆိုင်တွင် ရောက်ရှိ နေသည် ဟု မြ၀တီ ရဲစခန်း
မှ တာဝန် ရှိ သူ တစ်ဦး က FNG သို့ ပြောသည်။

ဗုံးပေါက်ကွဲ မှု ကြောင့် ဆယ်နှစ် အရွယ် ကလေး နှစ်ဦး သေဆုံး ပြီး လေးဦးဒဏ်ရာ ပြင်းထန်စွာ
ရရှိသည်။

ဖေ့ဘွတ် မှာ ပြောကြတာတွေ

February 9, 2011 Leave a comment Go to comments

11
6

i
မဲပေးပါ

အေ့. (လေချင်တက်ပြီး အရက်နာ ကျကာ ပျို့ သော အသံဖြင်)့ ဟေ့..ဟေ့


ကောင်လွဏ်းဆွေရေ ……….မင်းကတော့ ငါ့သိမှာ မဟုတ် ဘူးနဲ့  တူပါတယ်။ဒါပေမယ့် အရေးမကြီးဘူး။အေ့….အေ့ (ခဏ လေချင်တက်သည်) ဒါပေမယ့် မင်း ငါ အေ့ ငါဘယ်သူလဲ
ဆိုတာ သိအောင်တော့ ပြောဖို့ လိုတယ်။
ငါက တခြား လူတော့ မဟုတ် ပါဘူး။ သာမန် ဆူရှီ လိပ် ပြီး မိန်းမ နဲ့ နှပ်နေတာ ပါ။ ကြုံတုန်းလေး
ကပ်ကြွားရရင် ငါက ဗိုလ်မှုးကြီး အိုမာ ဆူလေမန် ရဲ့ တပ် နဲ့  အတူ ဖက်ဆစ် ဂျပန် ကို ရွပ်ရွပ် ချွံချွံ တိုက် ခိုက်ခဲ့ တယ်။အေ့ ……အခုလည်း အီဂျစ် တို့  တူနီး ရှား တို့ မှာ တော်လှန်ရေး
ဖြစ်တာ လည်း လည်း ငါလက်ချက်ပဲသူတို့ က ငါ့ ကို ခေါင်းဆောင် ဖို့ သိုးဆောင်း လို ရေးပြီး ဖိတ်တယ်။ ငါ က မဖတ် တတ်
တာ ရော ခရက်ဒစ် ခဏခဏ ပျက်တော့ လေယာဉ် ဖိုး လည်း မရှိ တာနဲ့  အမေရိကန် မှာ ပဲ ဆူရှိ
လိပ်ရင်း လေနဲ့ အားပေး ခဲ့တယ်။ …(ဤ နေရာတွင် လေချင် တစ်ချက် တက် ပြန်သည်) အေ့ ……..

မင်းကိုယ် တိုင်ရော မြန်မာ ပြည်မှာ ဘာတွေ လုပ်ခဲ့ ဖူးလို့ လဲ။ ငါကြား တာ အေ့ (Play Boy) ထုတ်
တယ်ကြားတယ်။ (အေး ဒီစာအုပ် ငါလဲ အတော် ကြိုက်တယ်)မဲ ဆောက် မှ ထပ်ထုတ် အုံး၊ မဲဆောက်
မှာ ဒီဈေးကွက် တော်တော် ကြီးမယ် ထင်တယ်။

အေ့ …ငါဘာ ဖြစ်လို့ ဝေဖန် ရသလဲ ဆိုတော့ အခုလို ရှာလကာရည် အရမ်း နာမည် ကြီး
နေတုန်း အချိန်မှာဝင်မနွှဲ ရင် ငါ အတော် မိုက်မဲ ရာ ကြမယ် ..အေ့ ဒါကြောင့်
ကြော်ငြာဝင်ထိုး ….ထိုး…ရတာပဲထိုး…အေ့……..(စကားလဲနဲနဲထစ်သည်၊လေချင်လည်းတက်သည်)

မင်းကိုယ်တိုင် လဲ ရှာလကာရည် ဖြစ်ချင် ဖြစ်မယ် ၊ ဒါမှမဟုတ် မင်းက ရှာလကာရည်ကို သဘော


ကျနေ လို့  လဲ ဖြစ်ချင်ဖြစ်မယ်။ နောက်တစ်ခါ ရှာလကာရည် ကို သဘောကျရင် ငါနဲ့ တွေ့ မယ်။
ဘာ ဖြစ်လို့ လဲ ဆိုတော့ ရှလကာရည် က ဆူရှီလိပ် ရင် အရမ်း အသုံးဝင် လို့ ငါဝင်ပါရတာပဲ…..
ငါ အခု အလုပ်ပြုတ် တုန်း နယ်လှည့် ဆူရှိ လိပ် သမား လုပ်နေရတော့ ရှလကာ ရည်ရဲ့ အသုံးဝင်
ပုံ ကို သိတယ်။

အေးငါလဲမင်း လိုပဲအရက်သမားပဲ။ အခု အသောက်များ လို့ စာကောင်းကောင်း မရေး နိုင် ဘဲ


လက်တုန် ခြေတုန် မို့ အသံသွင်းပြီး ပဲ ပြော နိုင်တော့တယ်။ နောက် စာက လဲ ကောင်းကောင်း
မရေးတတ်တော့ .ဒီလိုပဲ အသံ သွင်းပြီး လိုက်ဖြန့် တဲ့ အလုပ် ပဲ တတ်တယ်။

ငါလဲ အသောက် များ လို့  ပြုတ်လိုက် တဲ့ အလုပ် တွေက ခဏခဏ ပဲ။ ဘာပဲ ပြောပြော အခု အလုပ်
ပြုတ် လို့ အလုပ်လက်မဲ့ ဖြစ်နေ ချိန်မှာ အခုလို ၀င် နွှဲ ရတာ ပျော်ဖို့ ကောင်းတယ်။

ဒီလောက်ပဲ ပြောချင်တယ် ကျန်တာတွေ သိပ်မပြောတော့ဘူး ၊ဘာလို့ လဲ ဆိုတော့ အေ့ ငါလဲ တော်တော်မူးနေတော့ ……အေ့ ….ငါပြောချင်တာ ဒါပဲ ….အေ့ (လေချင်တက်သ)ံ
ငါက တိုင်း ပြည်နဲ့ လူမျိုး အတွက် ရပ်တဲ့ နေရာ မှ ပြတ်ပြတ် ရပ်တယ်။ အမေရိကန် က လွဲ ပြီး
တခြား သေပန်း ပွင့် မယ့် ဘယ် နိုင်ငံ မှ ရွေး မရပ် ဘူး။ …..ဒါပဲ ….အေ့ ….

အင်တာနက် လူမှု ကွန်ယက် တစ်ခု ဖြစ်သည့် ဖေ့ဘွတ် တွင် ပြောဆို ကြသည် ကို ပြန်လည် တင်
ဆက် ပေး ခြင်း ဖြစ် သည်။ မည်သူမှ သာစေ နာစေ လို ခြင်း မရှိပါ။

မည်သူက စတင် တင်ဆက် သည် ကို တော့ စုံစမ်း ၍ မရ ပါ။

Face book, Satire

http://freedomnewsgroup.com/

နိုင်ငံရပ်ခြားမြန်မာကလေးငယ်များနဲ့ သူတို့မြန်မာလူကြီးတွေကြား ဘာတွေခြား

ငယ်နိုင်
ဖေဖော်ဝါရီ ၁၀၊ ၂၀၁၁

မြန်မာလူမျိုးတွေလောက် လူသားအချင်းချင်းခွဲခြားတတ်တာ ကမ္ဘာမှာ မြန်မာလူမျိုးပဲ ရှိမယ်ထင်လို့ ပြောပြီး မြန်မာလူကြီးတွေဟာ လူကြီးအချင်းချင်းတွေ့ရင်လည်း


တယောက်ကိုတယောက် အားနည်းချက်ကို ရှာပြီး Bully လုပ်ကြတယ်။ ကလေးတွေ ဗမာလို ပြောတာ စကားပြောမပီရင်လည်း ရီစရာမဟုတ်တာကို ရယ်စရာလုပ်တယ်၊ ကလေးတွေကို
ငိုအောင် လိုက်စပြီး ကလေးတွေငိုရင်လည်း ဟားတိုက်ပြီး ရယ်စရာ လုပ်ကြတယ်၊ တခြားလူမျိုးတွေကိုလည်း လူသားအချင်းချင်းလည်း ထိခိုက်စော်ကားပြီး သိပ်ခွဲခြားတတ်တယ်
ဘယ်လိုမှ နားလည်လို့ကို မရဘူးလို့ ပြောတယ်။
"သားသား အိမ်စာမလုပ်ရသေးဘူး မဟုတ်လား"
"No I'havent"
"ဒါဆို သားလေးကစားတာ တော်တော့ အိမ်စာလုပ်လို့ရပြီ ကွန်ပြူတာပေါ်က အခုထတော့ ပြီးရင် ထမင်းစားလို့ရအောင် သားသားစားဖို့ မေမေ စားစရာ
သွားလုပ်လိုက်တော့မယ်"
"Yes I will. Don't worry May May I don't have much homework because our class teachre did not come to work today. I can finish my homework in a
short time"
ထိုင်ရာက မထသေးဘဲ နောက်ထပ်ဂိမ်းတခုကို ထပ်စဖို့ လုပ်ရင်း ပြောလိုက်တယ်။
" သားသား မေမေ့ကို ဆင်ခြေမပေးနဲ့ နင်ဂိမ်းကစားနေတာ ဘယ်လောက်ကြာနေပြီလဲ အခု ထရင်ထ မထရင် နင့်ကိုငါ ရိုက်တော့မယ်"
"May May don't threat me I'm not paying ဆင်ခြေ Just one more game please"
"မောင်တိုး နင်အတွန့်မတက်လာနဲ့နော့် နင့်ကိုငါ ခြိမ်းချောက်နေတာ မဟုတ်ဘူး တကယ်ရိုက်ဖို့ ပြောနေတာ နင့်ကိုပါးစပ်နဲ့ ပြောလို့မရရင် အင်္ကျီချိတ်နဲ့ လာမယ်
နင်ဘယ်လိုကလေးလဲ အခုထဆိုထ"
လို့ ကျွန်မဒေါသထွက်ပြီး အသံကျယ်ကျယ်နဲ့ ပြောလိုက်တော့ သူထလာတယ်။ ပြီးတော့ အိမ်စာမလုပ်သေးဘဲ စာအုပ်ကို ကိုင်ပြီးသူပြောချင်တာ ဆက်ပြောနေတယ်။
"May May it it nothing to be angry about. I don't like shouting and screaming don't treat me like that I am not that stupid"
"အော်.. နင်က အော်တာတော့ မကြိုက်ဘူး အေးအေးဆေးဆေး ပြောတာလည်း နားမထောင်ဘူး နင် အခုပါးစပ်ပိတ်ထားစမ်း လူကြီးကို ပြန်မပြောနဲ့ နင်ဆက်ပြောရင်
နင်နာပြီသာမှတ်တော့ ငါအင်္ကျီချိတ်နဲ့ကိုလာမယ်"
"I can't shut up May May. I don't care your အင်္ကျီချိတ.် I need to say what I have to. You Burmese adults have no idea with problem solving and the
only way what you do is screaming shouting and hurting children. I hate aggressive behabiour I wonder why our Burmese adults are that aggressive. You shold
go to the training to learn how to bring up children.
သားက အဲလို ပြောလိုက်တဲ့အချိန်မှာတော့ ကျွန်မဟာ ဆတ်ဆတ်တုန်အောင် နာပြီး ဘာပြောလို့ ပြောရမှန်းမသိနဲ့
"နင်ပြောလေကဲလေပါလား"
လို့ ပြောပြီး ကျွန်မ အိမ်ခန်းထဲက အင်္ကျီချိတ်သွားယူလာပြီး သူ့ကိုရိုက်ဖို့ ချိန်ရင်း
"ဆက်ပြော ခုနက ပြောနေတာတွေ နင်ဆက်ပြောစမ်း ဒီလောက်ပြောချင်တဲ့ကလေး" နင့်ကိုဝအောင် ပေးပြောမယ်"
လို့ ပြောပြီး ရိုက်ဖို့ရွယ်ထားတော့
"That's all"
တဲ့ ဘာမှ ဆက်မပြောတော့ဘူး ကြောက်တဲ့ပုံလည်း လုံးဝမပြဘူး။
ကျွန်မ တော်တော်ကို ဒေါသထွက်နေပေမဲ့ သူဆက်မပြောတော့ ရိုက်ဖို့ရွယ်ထားတဲ့ လက်ကိုချလိုက်ပြီး မရိုက်ဖြစ်ခဲ့ဘူး။
"ဒီနိုင်ငံကို ရောက်လာတာ နင့်အတွက်ရောက်လာတာ ဒီလို အချိုးမျိုးလုပ်နေရင် နင်ငါ့သား မဟုတ်တော့ဘူး၊ နင့်ကိုငါ မချစ်တော့ဘူး မချစ်တော့ နင့်ကိုငါ ရိုက်စရာလည်း
မလိုဘူး နင့်ကိုဒီမှာ မိဘမဲ့ဂေဟာမှာ ထားခဲ့ပြီး နင့်အဖေနဲ့ငါ နယ်စပ်ကိုပြန်မယ် နင်ဒီနိုင်ငံမှာ တယောက်တည်း နေခဲ"့
လို့ ကျွန်မ စိတ်တိုပြီးပြောလိုက်တော့ သားက ကျွန်မ မျက်နှာကို စူးစိုက်ကြည့်ပြီး မျက်နှာ နည်းနည်းညို့လာကာ
"Don't leave me alone May May" "Don't leave me alone May May"
လို့ ပြောပြီး ကျွန်မရင်ခွင်ထဲကို တိုးဝင်လာတာနဲ့ ကျွန်မလည်း မအောင့်နိုင်တော့ဘဲ သားကို ရင်ခွင်ထဲမှာ ပွေ့ဖက်မိတဲ့အချိန်မှာ သားက ရှိုက်ကြီးတငင် ငိုချလိုက်တယ်။
" May May, please don't say me that again, never ever say me that again. If you want me to do somethings, don't yell at me, tell me nicely, I'll listen
to you"
လို့ ပြောပြီး ဆက်ငိုနေလို့ ကျွန်မကပဲ ရင်ခွင်ထဲမှာ ပွေ့ချီထားပြီး မေမေ သားကို ကောင်းစေချင်လို့ ပြောတာ ဒေါသနည်းနည်း ပါသွားတယ် နောက်အဲလို ဒေါသနဲ့
မဆူတော့ဘူးလို့ ပြောပြီး ပြန်ချော့လိုက်ရတယ်။
ဒီအဖြစ်အပျက်တွေက လွန်ခဲ့တဲ့ သုံးနှစ် သားသား လေးတန်းနှစ်တုန်းက ဖြစ်ခဲ့တဲ့ အပြစ်အပျက်လေး တခုဖြစ်တယ်။ ကျွန်မလည်း အဲဒီအချိန်ကစပြီး ကျွန်မသားကို ကျွန်မ
ဘယ်တော့မှ မရိုက်တော့ဘူး သူမလုပ်ချင်တာကိုလည်း အတင်း ဘယ်တော့မှ မလုပ်ခိုင်းတော့ဘူးလို့ စိတ်ထဲမှာ ဆုံးဖြတ်လိုက်တယ်။
ဒီအဖြစ်အပျက်ကို လေ့လာကြည့်ရင် ကျွန်မတို့ သားအမိရဲ့ ပြောဆိုဆက်ဆံရာမှာ ကလေးတွေရဲ့ သဘောထားနဲ့ ဘာသာစကား သုံးစွဲထားပုံကို သတိထားမိပါလိမ့်မယ်။
နိုင်ငံခြားမှာ ကြီးတဲ့မြန်မာကလေးတွေ မြန်မာလို အပြောနည်းပြီး မိခင်ယဉ်ကျေးမှု အလေ့အထတွေကို ကျင့်သုံးမှု နည်းတာနဲ့ပတ်သက်တဲ့ အွန်လိုင်းပေါ်မှာ ပို့စ်တချို့ကို
ဖတ်ဖူးပါတယ်။
ဖတ်ရသလောက်တော့ အကောင်းဘက်က မြင်ခြင်း (သိ)ု့ ပကတိအတိုင်း မြင်ခြင်းထက် အဆိုးဘက်က မြင်တာက ပိုများတာကိုလည်း တွေ့ရပါတယ်။
အဲဒီအချက်တွေကလည်း တချိန်က ကျွန်မကိုယ်တိုင်ရဲ့ ထင်မြင်ချက်တွေနဲ့ ထပ်တူထပ်မျှ တူတဲ့ အမြင်တွေပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ အကြောင်းရင်းကိုတော့ ကျွန်မတို့ ဆန်းစစ်သင့်ပါတယ်။
ကလေးတွေ ဗမာလို မပြောတာ ဗမာလိုပြောရမှာ ရှက်လို့၊ မိမိလူမျိုးကို အထင်သေးလို့ မိဘတွေကိုယ်တိုင်က ဗိုလ်ရူးရူးနေပြီး သားသမီးကို ဗမာလို မသင်ပေးလို့ စသည်ဖြင့်
အမျိုးမျိုး အပြစ်တင်ဝေဖန်ကြတာ ဖတ်ဖူးပါတယ်။
တကယ်တော့ လေ့လာကြည့်ရင် အဲဒါတခုမှ မဟုတ်ဘူး၊
မိမိကိုယ်တိုင် ဒီပတ်ဝန်းကျင်မှာ ဒီလိုဘ၀ကို ဖြတ်သန်းဖူးမှ ဒီအခြေအနေကို ခံစားနားလည်နိုင်မှာ အမှန်ပဲဖြစ်တယ်။ သားကို ခပ်ငယ်ငယ်က ဗမာနဲ့တွေ့ရင်ဖြစ်စေ၊ မိဘနဲ့
အိမ်မှာ စကားပြောရင်ဖြစ်စေ ဗမာလိုပဲ ပြောရမယ်လို့ ပြောထားတယ်။ သားက လည်း သူငယ်တန်းပထမနှစ်ဝက်အထိ ဗမာလိုကို ကောင်းကောင်း ပြောပါတယ်။ ဒုတိယနှစ်ဝက်ကစပြီး
အင်္ဂလိပ်လို ညှပ်ညှပ်ပြီး ပြောလာရာကနေ နောက်တော့ အင်္ဂလိပ်လို ပြောပြီးဆက်ဆံရတဲ့ အချိန်က ပိုများနေလို့ အင်္ဂလိပ်လိုကိုပဲ လုံးဝ အားသန်သွားတယ်။
မြန်မာကျောင်းတွေ ဘုန်းကြီးကျောင်းတွေလည်း တပတ်တခါ သွားပို့ပေမဲ့ ဟိုမှာလည်း မြန်မာကလေးတွေအချင်းချင်း ဗမာလို မပြောဘဲ အင်္ဂလိပ်လိုပဲ ပြောကြတာ
တွေ့ရတယ်။
ဒါက ကျွန်မသား တယောက်တည်း မဟုတ်ပါဘူး၊ ဒါဟာ နိုင်ငံခြားရောက် မြန်မာကလေးတိုင်းနီးပါး ဖြစ်နေတဲ့ အခြေအနေ ဖြစ်တယ်။ ဒီဒေသ ဒီပတ်ဝန်းကျင်မှာ ကြီးပြင်းတဲ့
ကလေးတွေအားလုံးအတွက် အင်္ဂလိပ်လိုကို ပိုသန်သွားတာဟာ တကယ်တော့ ဘာမှ မထူးဆန်းပါဘူး၊ သဘာဝအတိုင်း ပုံမှန်သာ ဖြစ်ပါတယ်။ ဗမာလိုကောင်းကောင်း ကျွမ်းကျင်ဖို့ဆိုရင်
ဒီနိုင်ငံမှာ ကလေးစိတ်မပါဘဲနဲ့ အတင်းတွန်းလို့ မရတဲ့အတွက် ကလေးကလည်း စိတ်ပါဝင်စားမှ မိဘကလည်း အချိန်ပေးကာ အထူးကြပ်ကြပ်မတ်မတ် ဆောင်ရွက်နိုင်မှသာ
ကလေးတွေက ဗမာလိုကို ကောင်းကောင်း ပြောနိုင်ကြတာ ဖြစ်ပါတယ်။
အထက်ပါ ဖေါ်ပြတဲ့ အဖြစ်အပျက် ဖြစ်ပြီးနောက်ပိုင်း သားနဲ့ ကျွန်မဟာ ပိုပြီး ရင်းနှီးပွင့်လင်းသွားတော့ ကလေးတွေရဲ့ ခံစားချက်ကို ကျွန်မအရင်ကထက်
ပိုနားလည်လာတယ်။
ကိုယ်ဖြစ်ချင်တာကိုပဲ အတင်းတွန်းပြီး ဦးစားမပေးတော့ဘူး။ ဒီနှစ် နွေရာသီမှာ ကျွန်မ အလုပ်ပါးတော့ သားနဲ့ အေးအေးဆေးဆေး မကြာခဏ စကားပြောဖြစ်ပါတယ်။
ဗမာကလေးတွေဟာ သူများထင်သလိုပဲ မိမိလူမျိုးကို အထင်သေးလို့ နိုင်ငံခြားဘာသာစကားကို ပြောတာတကယ်များ ဖြစ်နေပြီလားတွေးပြီး ကလေးစိတ်ထဲမှာ
ဘယ်လိုရှိလဲဆိုတာ သိချင်လို့ ကျွန်မသားကို မေးကြည့်တယ်။
သားဆီက သိရသမျှ ဗမာလို မပြောတာကတော့ တချို့ထင်နေသလို လုံးဝမဟုတ်ဘူး။ ဒါပေမဲ့ မြန်မာလူမျိုး လူကြီးတွေရဲ့ အမူအကျင့်မှာ ကလေးတွေ မကြိုက်တာ
အထင်သေးနေတာတွေ အများကြီး ရှိတာကို သားဆီက ကျွန်မ သိလိုက်ရတယ်။
"ဗမာလို မပြောချင်တဲ့ အဓိကအကြောင်းအရင်းက ဗမာလိုဟာ အင်္ဂလိပ်လိုနဲ့ စာရင် သိပ်ကိုခက်ခဲတယ် ဒါက ပထမအချက် ဖြစ်တယ်" လို့ ဆိုတယ်။
နောက်တချက်က
"ဗမာလိုကို ဗမာလိုတကယ်တတ်တဲ့ ဗမာတွေနဲ့ ပြောမှဖြစ်တယ် ဒါပေမဲ့ ဗမာလူကြီးတွေဟာ သိပ်ကိုရိုင်းတယ်၊ ကလေးတွေ စကားပြောလို့ မပီရင် (သိ)ု့ မှားနေရင်
မပြင်ပေးတဲ့အပြင် သူတို့ ပြောတဲ့အတိုင်း ပုံစံတူ လိုက်ပြောပြီး တဟီးဟီး တဟားဟားနဲ့ ရယ်ကြတယ်။ ဒါဟာ သိပ်ရိုင်းတဲ့ အပြုအမူဖြစ်ပြီး သားတို့ကို နောက်ထပ် ဗမာလို
ထပ်မပြောချင်လောက်အောင် အရှက်ရစေတယ်"
လို့ ပြောပြတယ်။
ဒါဟာ သူတယောက်တည်းရဲ့ သဘောထား မဟုတ်ဘူး ကလေးအတော်များများရဲ့ သဘောထား ဖြစ်တယ်လို့ သူက ပြောပါတယ်။
ဖြစ်နိုင်ပါတယ်၊ တခြားကလေးတွေက သူတို့မိဘနဲ့ သူတို့ကြားမှာ သားနဲ့ ကျွန်မလောက် ရင်းနှီးပွင့်လင်းမှု မရှိတဲ့အတွက် သူတို့စိတ်ထဲမှာ ဒီလိုရှိနေတယ်ဆိုတာ မိဘကို
ဘယ်တော့မှ ပြောမယ် မထင်ဘူး။ မြန်မာလူကြီးတွေက ရိုင်းတယ်လို့ ပြောတာနဲ့ ပတ်သက်ပြီး သူတို့ထင်တဲ့ အချက်အလက်တွေက ကျွန်မတို့ လူကြီးတွေအတွက် ဘာမှမဟုတ်
ပျော်သည်ပျက်သည်ပြောတာ ဖြစ်ပေမဲ့ ဒီနိုင်ငံမှာ ကြီးတဲ့သူတို့ကလေးတွေအတွက် တကယ်ကို ဆင်ခြင်သင့်တာကို ကျွန်မသတိထားမိပါတယ်။
သူတို့ ရိုင်းတယ်ထင်တဲ့ အချက်အဲတွေကတော့ ကျွန်မတို့အချင်းချင်း တွေ့ကြရင် အဖြူတွေလို ဖက်လဲတကင်း နှုတ်ဆက်ပြီး ကောင်းတဲ့အချက်တွေကို ရှာပြီး ချီးကျူးတာမျိုး
မဟုတ်ဘဲ ၀မ်းသာအားရနဲ့
“ဟေး.. နေကောင်းလား မင်းပိန်ပြီး မဲသွားလိုက်တာ ကုလား/ကုလားမပုံပေါက်နေတာပဲ”
ဝနေတဲ့သူဆိုရင်လည်း
“ဗိုက်ကြီးက တွဲနေတာပဲ ဘီယာလား ကလေးလား ဘယ်နှစ်လ ရှိပြီလဲ ဘယ်တော့မွေးမလဲ၊ ဆံပင်တွေဖြူလာလိုက်တာ တော်တော် အရွယ်ကျသွားတယ်နော့် အိုပြီးကိုး …”
စသည်ဖြင့် လူကြီးတွေက တယောက်နဲ့တယောက် ရင်းရင်းနှီးနှီးစနှောက်ပြီး နှုတ်ဆက်ကြတာကို သူတို့မျက်စိနဲ့ နားမှာ အားနည်းချက်တွေကိုမှ ရှာပြီး ရယ်စရာ
လုပ်ရတယ်ဆိုပြီး သိပ်ကိုရိုင်းတယ်ဆိုတာ သားပြောမှ ကျွန်မသတိထားမိတယ်။
ကျွန်မတို့အတွက်တော့ တယောက်နဲ့တယောက် ရင်းနှီးလို့ ပြောတာ ဘာမှမခံစားရပေမဲ့ သူတို့စိတ်ထဲမှာတော့ လူတယောက်ရဲ့ အားနည်းချက်ကို ကြည့်ပြီး
အပျော်လုပ်ကြတာဟာ အဲဒီအလုပ်ခံရတဲ့သူကို စိတ်ဓါတ်ရေးရာအရ သိမ်ငယ်စေလို့ Bully လုပ်ခြင်းဖြစ်တယ်၊ အဲလို Bully လုပ်ပြီး ပျော်ကြတာကို ဘယ်လိုမှ ခံစားနားလည်လို့
ရမှာမဟုတ်ဘူး။
အတွေ့အကြုံတခုကို ဥပမာပေးရရင် ခရစ်စမတ်တုန်းက ကမ်းခြေမှာ ရေသွားကူးကြတော့ ကျွန်မတို့မိတ်ဆွေထဲက အသားခပ်ညိုညို သားသူငယ်ချင်း ကလေးတယောက်က
ရေကူးတာ Sun cream လုံလောက်အောင် လိမ်းခဲ့ပုံမရဘူး။ ရေထဲမှာ အကြာကြီးနေပြီး အပေါ်တက်လာတော့ မဲတူးနေတာကို လူကြီးတွေက ၀ိုင်းရယ်ပြီးတော့
“မင်းက ကုလားလား၊ ကပ္ပလီလားနဲ့ “
လိုက်စကြတယ်။
ပြီးတော့ မိတ်ဆွေတယောက်ကလည်း
“သူ့အမေကို နင်ဆေးရှုံမှာ ဒီကောင်ကိုမွေးတုန်းက ကပ္ပလီကလေးနဲ့ မှားပြီးပါလာလားမှ မသိတာ”
လို့ စလိုက်တော့ သူ့အမေအပါအ၀င် လူကြီးတွေက ဒါကို သဘောကျပြီး တ၀ါးဝါး တဟားဟားနဲ့ ဟားတိုက်ပြီး အကုန်ရယ်ကြတယ်။ ကလေးတွေကတော့ တယောက်မှ
မရီတာ ကျွန်မသတိထားမိလိုက်တယ်။
အိမ်ပြန်ရောက်ပြီး နောက်ပိုင်း သားသားနဲ့ ကျွန်မနဲ့ ဒီအကြောင်း စကားစပ်မိတော့ ကမ်းခြေမှာတုန်းက အဲဒီကလေးကို bully လုပ်တာတင်မကဘူး သူများလူမျိုးတွေဖြစ်တဲ့
ကုလားတွေ၊ ကပ္ပလီတွေကိုပါ သွားပြီး ထိခိုက်စေတယ်လို့ သားက မကျေမနပ်နဲ့ ပြောနေတယ်။ ပြီးတော့ မြန်မာလူမျိုးတွေလောက် လူသားအချင်းချင်းခွဲခြားတတ်တာ ကမ္ဘာမှာ
မြန်မာလူမျိုးပဲ ရှိမယ်ထင်လို့ ပြောပြီး မြန်မာလူကြီးတွေဟာ လူကြီးအချင်းချင်းတွေ့ရင်လည်း တယောက်ကိုတယောက် အားနည်းချက်ကို ရှာပြီး Bully လုပ်ကြတယ်။ ကလေးတွေ ဗမာလို
ပြောတာ စကားပြောမပီရင်လည်း ရီစရာမဟုတ်တာကို ရယ်စရာလုပ်တယ်၊ ကလေးတွေကို ငိုအောင် လိုက်စပြီး ကလေးတွေငိုရင်လည်း ဟားတိုက်ပြီး ရယ်စရာ လုပ်ကြတယ်၊
တခြားလူမျိုးတွေကိုလည်း လူသားအချင်းချင်းလည်း ထိခိုက်စော်ကားပြီး သိပ်ခွဲခြားတတ်တယ် ဘယ်လိုမှ နားလည်လို့ကို မရဘူးလို့ ပြောတယ်။
မြန်မာလူမျိုးတွေမှာ ကောင်းတဲ့အတုယူစရာဆိုလို့ ဘုန်းကြီးကျောင်းသွားတာနဲ့ အလှူအတန်း ရက်ရောတာပဲ တွေ့တယ် ကျန်တဲ့အတူယူစရာ ကောင်းတဲ့အချက်ဆိုလို့
မြန်မာလူမျိုးတွေမှာ သူဘာမှမတွေ့ကြောင်းလည်း ပြောလိုက်တယ်။
ဒါဟာ သူ့တယောက်တည်းရဲ့ သဘောထားမဟုတ် ကလေးတော်တော်များများက ဒီလိုပဲခံစားရပြီး သူတို့မိဘတွေကို မပြောပြရဲလို့ (သိ)ု့ ပြောလို့ အကျိုးမရှိဘူး ထင်လို့သာ
မပြောကြောင်း သားက ကျွန်မကို ပြောပြပါတယ်။
ကျွန်မလည်း ကလေးတွေကို လုပ်တဲ့အပြုအမူတွေ ဖြစ်တဲ့ စကားမပီရင် ရယ်တာ၊ လိုက်စပြီး ရယ်တာနဲ့ ကုလားလိုပဲ ကပ္ပလီလိုပဲလို့ ကလေးတွေကို ပြောတာတွေနဲ့
ပတ်သက်ပြီး အဲဒါကိုတော့ ရိုင်းတယ်ဆိုတာ ကျွန်မလက်ခံပေးလိုက်တယ်။ ကလေးစကားမပီလို့ ရီတာဟာ ကျွန်မတို့အတွက် ရည်ရွယ်ချက် မပါပေမဲ့ တဘက်သားကို ခံစားမှု ဖြစ်စေတာ
အမှန်ပဲ။
ဒါပေမဲ့ လူကြီးအချင်းချင်း တယောက်နဲ့တယောက် ခင်မင်ရင်းနှီးလို့ ပိန်တာ၊ ၀တာ အရွယ်ကျလာတာကို ပြောကြတာကတော့ တစိမ်းတွေကို ဘယ်တော့မှ မပြောဘဲ
တယောက်နဲ့တယောက် အင်မတန်ကို ခင်မင်ရင်းနှီးမှသာ ပြောကြတာ ဖြစ်တဲ့အတွက် ဒါကိုရိုင်းတယ်လို့ ပြောလို့မရကြောင်း သားကိုရော သားသူငယ်ချင်းတွကိုပါ ကျွန်မ
ရှင်းပြလိုက်ပါတယ်။
ကာယကံရှင် ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ ဒါဟာ အားနည်းချက်ကို အခွင့်ကောင်းယူတာ ဖြစ်တဲ့အတွက် ယဉ်ကျေးတဲ့အပြုအမူတခု မဟုတ်ဘူးလို့ပဲ
သူတို့သဘောထားကြတယ်။
မြန်မာလူမျိုးတွေဟာ ဘာသာရေးကိုင်းရှိုင်းတာနဲ့ အပေးအကမ်းလှူဒါန်း ရက်ရောတဲ့အပြေင် ကြီးသူရိုသေ၊ ငယ်သူသနား ရွယ်သူလေးစားတယ်။ အကြင်နာတရား
ရှိတယ်စသည်ဖြင့် အတုယူစရာအဖြစ် ကောင်းတဲ့အချက်လေးတွေ ပြောပြတော့ ကြီးသူရိုသေတာပဲ သူတို့လက်ခံပေမဲ့ ကျန်တာကိုတော့ သူတို့လက်မခံဘူး။ ကြီးသူကိုရိုသေတာ
တခုတော့ သက်ကြီးပူဇော်ပွဲတို့ နှစ်စဉ်လုပ်ပြီး အသက်ကြီးသူတွေကို တလေးတစား ဆက်ဆံတာ သူအမြဲတွေ့နေရလို့ သူကို သက်သေပြလို့ရသွားတယ်။ အကြင်နာတရား
ရှိတယ်ဆိုတာလည်း မြန်မာရုပ်ရှင်တွေထဲမှာ အမြဲတမ်း ဒေါသထွက်ကြ၊ ရန်ဖြစ်ကြတာ မကြာခဏတွေ့ရလို့ အကြင်နာတရားမှာ တခြားလူမျိုးတွေထက်တောင် နည်းသေးတယ်လို့
ထင်နေကြတယ်။
နိုင်ငံခြားမှာ ကြီးပြင်းတဲ့ ကျွန်မတို့သားသမီးတွေ ကိုယ့်ယဉ်ကျေးမှုကိုကိုယ် နားလည်ဖို့ဆိုတာ မိဘတွေမှာပဲ အများဆုံး တာဝန်ရှိပါတယ်။ ဒါပေမဲ့ ကျင့်သုံးဖို့ကိုကျတော့
အတင်းလုပ်လို့ရတဲ့အရာ မဟုတ်တဲ့အတွက် သူစိတ်ဝင်စားပြီး လက်ခံသဘောကျ ဆန္ဒရှိမှသာ ဖြစ်ပါတယ်။
ဒီနိုင်ငံမှာ ကလေးတွေကို ပြုစုပျိုးထောင်ပုံဟာ ကျွန်မတို့နိုင်ငံမှာ ကလေးတွေကို ပြုစုပျိုးထောင်တာနဲ့ မတူသလို ဒီကကလေးတွေရဲ့ အခွင့်အရေးကလည်း မြန်မာနိုင်ငံက
ကလေးတွေရဲ့ အခွင့်အရေးနဲ့ မတူပါဘူး။ ဒါကြောင့် မိဘပြောတာကို သူတို့လက်ခံဖို့ဆိုတာကလည်း လူကြီးတွေကိုယ်တိုင်က သူတို့ရဲ့ခံစားမှုကို နားလည်ဖို့ လိုအပ်ပါတယ်။
ဇီဝသိပ္ပံအရ သက်ရှိသတ္တ၀ါတိုင်းက သဘာဝ (Natural Selection) အရ သူရှင်သန်တဲ့ပတ်ဝန်းကျင်မှာသူနဲ့ Adaptation (လိုက်လျောညီထွေမ)ှု အံဝင်ခွင်ကျ ရှိပြီးသား
ဖြစ်နေပါတယ်။ သူရှင်သန်တဲ့ ပတ်ဝန်းကျင်က မဟုတ်တဲ့ အလေ့အထတခုကို မိတ်ဆက်ချင်ရင် သူ့သဘာဝနဲ့ ဆန့်ကျင်နေတာ ဖြစ်တဲ့အတွက် အထူး ပြုပြင်စီမံပြီး လုပ်ယူမှရပါတယ်။
ဒါကို Artificial Selection လို့ခေါ်ပါတယ်။
ကျွန်မတို့သားသမီးတွေအတွက် ကျွန်မတို့ရဲ့ ယဉ်ကျေးမှု အလေ့အထက ဒီအတိုင်း သဘာဝအလျှောက် အလိုလျှောက် မဖြစ်နိုင်တော့ဘူး။ သဘာဝကို လွန်ဆန်ပြီး လုပ်ယူ
သွတ်သွင်းယူမှရတဲ့ Artificial Selection ဖြစ်သွားပြီ။ ဒီလို လုပ်ရာမှာလည်း သဘာဝလျောက် ပူတဲ့ရာသီဥတုကို Artificial Selection ဖြစ်တဲ့ Aircon နဲ့ အေးအောင် လုပ်ရင် တချို့က
နှာစေးအအေးမိသွားတတ်သူ ရှိသလိုမျိုးပဲ Artificial Selection ကို လက်ခံနိုင်စွမ်းမရှိတဲ့ ကလေးတွေလည်း အများကြီး ရှိနိုင်ပါတယ်။
ဒါကြောင့်မို့ ကျွန်မတို့ရဲ့ ယဉ်ကျေးမှု အမွေအနစ်ကို ကျွန်မတို့ သွတ်သွင်းနိုင်မှုနဲ့ သူတို့ လက်ခံနိုင်မှု နှစ်ခုစလုံးအပေါ် မူတည်ပြီးပဲ ကျွန်မတို့ရဲ့ အမွေအနစ် သူတို့ဆီမှာ
လက်ဆက်ကမ်း ကျန်မှာဖြစ်တယ်။ လက်မခံနိုင်ရင်လည်း ဒါဟာ အပြစ်တင်စရာလည်းမဟုတ်ဘူး ၀မ်းနည်းစရာလည်း မဟုတ်ဘူး ဒါဟာ သဘာဝကို လွန်ဆန်သွားတာမဟုတ်
သူကြီးပြင်းတဲ့ပတ်ဝန်းကျင်ရဲ့ သဘာဝတိုင်းသာ ဖြစ်တဲ့အတွက် ကျွန်မတို့က လက်ခံပေးရမှာ ဖြစ်တယ်။
ဒါကြောင့်မို့ ကျွန်မသားလေးကို ကျွန်မ ဒီလိုလုပ်ပါလို့ လမ်းပဲလမ်းညွန်ပါတယ် အတင်းဘယ်တော့မှ မလုပ်ခိုင်းဘူး။ အခု အထက်တန်းစတက်တဲ့အချိန်မှာ တခြားကလေးတွေ
သူတို့ဘာသာစကားကို ကောင်းစွာပြောတတ်တာကို ကြည့်ပြီး သားက ဗမာလို ပြန်ပြောလာတာကို တွေ့ရပါတယ်။
သူတို့ မူလတန်းတုန်းကရော အခုအထက်တန်းစတက်ချိန်မှာပါ Culture Diversity ဆိုတာကို သင်ရပြီး Culture တခုမှာ ဘာသာစကားနဲ့ အလေ့အထ
ထုံးတမ်းအစဉ်အလာတွေ ပျောက်ရင် Natural Selection ရဲ့ Convergent Evolution Process အတိုင်း လူမျိုးဆိုတာလည်း တခြားလူမျိုးတွေကြားမှာ တိမ်ကော
ပျောက်ပျက်သွားနိုင်တယ်ဆိုတာ သဘောပေါက်သွားလို့ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် သားစကားပြောရင် ပုံတူလိုက်တုပြီး သူ့ကိုအမြဲတမ်း ရီတတ်တဲ့ သူ့အဖေကို သားဗမာလိုပြောလို့ အသံဝဲရင် ဗမာပီပီ မရီနဲ့နော့်လို့ သတိပေးထားရတယ်။ သူဗမာလို
ပြန်ပြောအောင် ကျွန်မအတင်းတိုက်တွန်းတာ မဟုတ်ဘူး။ Multi-cultural ပတ်ဝန်းကျင်မှာ မိမိ Culture ကို မျိုးဆက်တိုင်းက ထိန်းသိမ်းရမယ်ဆိုတဲ့ အသိနဲ့ သူ့ဖါသာသူ ဗမာလို
ပြန်ပြောတာ ဖြစ်တယ်။
တကယ်တော့ ဘာသာစကား၊ ၀တ်စားဆင်ယင်မှု၊ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတွေဆိုတာ အခြေအနေ၊ အချိန်အခါ ကာလံဒေသံ အရသာ ဖြစ်ပြီး ဒါကို ကျွန်မတို့
လွန်ဆန်လို့မရ၊ မျက်ကွယ်ပြုလို့ မရပါဘူး။ ဒါကြောင့်လည်းပဲ တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုး ဆိုတဲ့ မြန်မာစကားပုံနဲ့ ရောမရောက်ရောမ ဆိုတဲ့ နိုင်ငံခြား စကားပုံတွေ ပေါ်လာတယ်
မဟုတ်လား။
နိုင်ငံခြားမှာ ကြီးပြင်းတဲ့ မြန်မာကလေးတွေ မြန်မာလို အားမသန်တာ မြန်မာအမှုအမူ နည်းတာဟာ သူတို့ဘာမှ မမှားပါဘူး မိခင်ဘာသာစကားကို အထင်သေးလို့လည်း
မဟုတ်ဘူး ဒီပတ်ဝန်းကျင်မှာ ကြီးတဲ့ ကလေးတွေအတွက် ဒါဟာ ပုံမှန်သာဖြစ်ကြောင်းကို တင်ပြလိုက်ရပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
http://nge-naing.blogspot.com က နေ ကူးယူပါတယ်။
ဘလော့ဂ်ဂါက သူ့အကြောင်းကို သည်လို ဖော်ပြထားတယ်။
အမိ မြန်မာပြည်အား တကယ်ကို ငြိမ်းချမ်းသာယာ တိုးတက်စေချင်ပါသည်။ အဓမ္မကို အောင်နိုင်သည့် လက်နက်မှာ ဓမ္မသာလျင် ဖြစ်သည်ဟူသည့် ဗုဒ္ဓအဆုံးအမကို လုံးဝ
ယုံကြည် လက်ခံသောကြောင့် ဤလောဘ၊ ဒေါသ၊ မောဟဟူသည့် အမြိုက်တရားများဖြင့် မွမ်းမံထားသော အဓမ္မဟူသမျှကို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးဖြင့် အတတ်နိုင်ဆုံး
ရှောင်ကြဉ်ပါသည်။
၁၉၈၈ မှာ မိခင်တိုင်းပြည်မှ စာသင်ခန်းကို အထက်တန်းကျောင်းသူ ဘ၀နဲ့ စွန့်ခွာခဲ့ရပြီး လက်နက်ကိုင် တော်လှန်ရေး ကို ဆင်နွှဲတဲ့ ABSDF ကျောင်းသားတပ်မတော်မှာ
ဆေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ကျွန်မရဲ့ ဘလော့ဂ်က အဲဒီတုန်းက ဘ၀တွေ အပါအ၀င် ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု ပုံရိပ်တွေ ဖြစ်ပါတယ်။
ငယ်စဉ်က မပြီးပြတ်ခဲ့တဲ့ အထက်တန်း ပညာရေးကို မကြာသေးခင်ကမှ တိုင်းတပါးမှာ လက်စသပ်ခဲ့ရပြီး အခုမှ မိသားစုတာဝန် တဘက်နှင့် မိမိထက်အသက် တ၀က်နီးပါး
ငယ်သည့် လူငယ်များနှင့်အတူ တက္ကသိုလ်ပညာကို သင်ယူဆဲမို့ လက်ရှိအခြေအနေမှာ တကယ်ကို အလုပ်များသူတယောက် ဖြစ်ပါသည်။ (ေနရပ္မွာ ဆစ္ဒနီ၊ ၾသစေၾတးလ်)

ကာတွန်း စောငို - ဖိတ်ချင်းဖိတ်

ဖေဖော်ဝါရီ ၉၊ ၂၀၁၁
ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ခြင်း

ဂါမဏိ

ဖေဖော်ဝါရီ ၉၊ ၂၀၁၁

"ရန်သူမရှိ မိတ်ဆွေသာရှိ" "နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ" လို့ ဆရာ ဒဂုန်တာရာ စပြောတုန်းက မကျေလည်ခဲ့။ ဒီထက်ပို ရှင်းရှင်းပြောရရင် လုံးဝ

လက်မခံနိုင်ပါ။ ရန်ကုန်မြို့ရဲ့ လမ်းမများပေါ်မှာ၊ အကျဉ်းထောင်ထဲမှာ၊ တောထဲတောင်ထဲမှာ စစ်အာဏာရှင်တွေကို နှစ် ၃၀ ကျော် ရင်ဆိုင်တိုက်ပွဲဝင်လာသူ၊ ကိုယ့် မျက်စိရှေ့မှာ

ရန်သူ့လက်ချက်မိတဲ့ ရွာသားအလောင်းတွေ၊ မုဆိုးမတွေ၊ မီးလောင် ရွာပျက်ငုတ်တိုတွေ၊ မုဒိမ်းကျင့်ခံ မိန်းကလေးတွေ မြင်ခဲ့ရသူအဖို့ ရန်သူနဲ့ လည်ပင်းဖက်ဖို့ ဘယ်လိုမှ

စဉ်းစားမရနိုင်ခဲ့ပါ။

ဒါပေမယ့် သူငယ်ချင်းတယောက်ရဲ့ ဦးလေးဖြစ်သူ စိုင်းဗေဒါနဲ့ တွေ့တဲ့အခါ ကျနော့်သံသယတွေ ပျောက်ကွယ်သွားခဲ့ပါတယ်။ မိုညှင်း-မိုးကောင်းနယ်သား စိုင်းဗေဒါဟာ

ဖက်ဆစ်တော်လှန်ရေးမှာ ဝင်းဂိတ်တပ်ထဲ ပါခဲ့ဖူးပေမယ့် နဂိုမူလဘဝကတော့ ဆင်သမားတယောက် ဖြစ်ခဲ့ပါတယ်။ သူ့အဖိုး လုံးရွှေဝါနဲ့ လုံးရွှေနီတို့လိုဘဲ သူဟာ ဆင်ရိုင်းတွေကို ဖမ်းခဲ့၊

ဆင်ရိုင်းကို ဆင်ယဉ်ဖြစ်အောင် ကျင့်ခဲ့၊ ဆင်ယဉ်တွေကို ဦးစီးခိုင်းစေခဲ့တဲ့ ရှမ်းနီ အမျိုးသားတယောက် ဖြစ်ပါတယ်။ လုံးရွှေဝါနဲ့ လုံးရွှေနီတို့ကတော့ သီပေါမင်းခေတ် ပဒေသရာဇ်

တော်လှန်ရေး၊ အင်္ဂလိပ် ကိုလိုနီခေတ်ဦး တော်လှန်ရေးတွေမှာ ပါခဲ့ဖူးပါတယ်။

စိုင်းဗေဒါနဲ့ လုံးရွှေဝါ-လုံးရွှေနီတို့ရဲ့ ဆင်ဖမ်းအတွေ့အကြုံ၊ ဆင်ကျင့် ဆင်ခိုင်းအတွေ့အကြုံတွေနဲ့ တော်လှန်ရေး အတွေ့အကြုံတွေ ဆက်စပ်နှိုင်းယှဉ်ပြတာတွေ

ကြားရတဲ့အခါမှာတော့ ဆရာ ဒဂုန်တာရာရဲ့စကားကို ကျနော် ကောင်းကောင်းကြီး သဘောပေါက် လက်ခံသွားခဲ့ပါတယ်။

တကယ်တော့ တောဆင်ရိုင်းတွေဟာ ရင်ဆိုင်တိုးမိတဲ့ လူသားတွေအတွက် ရန်သူပါဘဲ။ ဆင်နဲ့လူ လုံးဝ စည်းခြား နယ်မြေကန့်သတ်နေလို့ မရနိုင်တဲ့အတွက် လူတွေအပေါ်

အန္တရာယ်အမြဲရှိနေပါတယ်။ သိပ်မကြာခင်လေးကပဲ အင်းတကော်မြို့ထဲမှာ အသက် ၈၀ ကျော်သီလရှင်ဆရာကြီးတပါးကို တောဆင်ရိုင်းတွေ နင်းသတ်ခဲ့တဲ့သတင်း

ကြားခဲ့ရပါသေးတယ်။ ပေါင်းလောင်းဒေသမှာ စစ်ကြောင်းလှုပ်ရှားနေတုန်း တောဆင်နဲ့ ရင်ဆိုင်တိုးမိခဲ့လို့ ဒိုက်ဦးနယ်သား ဗကပ ရဲဘော်ကိုအောင် ပေါင်မှာ အစွယ်တချောင်း

ထုတ်ချင်းပေါက် ဖောက်ဝင်သွားပြီး ဆင်ခေါင်းပေါ်မှာ အရပ် ၆ ပေကျော် ဂလန်ဂလား လူကြီး ဆင်စွယ်စိုက်လျက်တန်းလန်းနဲ့ ပါသွားခဲ့တာ (မာနယ်ပလောအထိတောင်)

ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။ အဲဒီဆင်ကိုတော့ ဝ ရဲဘော်တွေက ဝိုင်းပစ်သတ်ခဲ့ရပါတယ်။

ဒါပေမယ့် ဒီလို ဆိုးသွမ်းရိုင်းစိုင်းလှပြီး အင်အားအရွယ်အစားကြီးမားလှတဲ့ ရန်သူဆင်တွေကို လူအကျိုးပြုတဲ့ မိတ်ဆွေ အိမ်ဆင်ဖြစ်အောင် ဖမ်းဆီးလေ့ကျင့်ပေးတဲ့ဖြစ်စဉ်ဟာ

တကယ်တော့ ဆရာ ဒဂုန်တာရာပြောတဲ့ "ရန်သူကိုမိတ်ဆွေ ဖြစ်အောင်လုပ်ခြင်း" ဖြစ်စဉ်ပဲဖြစ်ပါတယ်။ စိုင်းဗေဒါ-လုံးရွှေဝါတို့ရဲ့ မိတ်ဆက်ပေးချက်တွေဟာ ခေါင်းစဉ်အရတင် မကဘဲ

အစိတ်အပိုင်းလိုက်လည်း အင်မတန် စိတ်ဝင်စား မှတ်သားစရာကောင်းလှပါတယ်။ ဒီဖြစ်စဉ်ကြီးတခုလုံးဟာ နိုင်ငံရေးစကားနဲ့ပြောရရင် အကြမ်းဖက်တိုက်ပွဲနည်းနာရော၊

အကြမ်းမဖက်တိုက်ပွဲနည်းနာပါ ပေါင်းစပ်ပါဝင်နေပြီး နှစ်မျိုးစလုံးကို သူ့အပိုင်းနဲ့သူ လှလှပပ အကွက်စေ့စေ့ဆက်စပ် ကျင့်သုံးသွားတာလို့ စိုင်းဗေဒါတို့က တော်လှန်ရေး

သဘောတရားတွေနဲ့ ချိန်ထိုးပြောပြခဲ့ပါတယ်။

ပထမဆုံး ဆင်ရိုင်းဖမ်းတဲ့အဆင့်မှာ အရင်ခေတ်ကလို အုပ်လိုက် ကျုံးသွင်းဖမ်းတာဖြစ်စေ၊ တကောင်ချင်း ကြိုးကွင်းပစ် (မီလာရှီကာနည်း) သို့မဟုတ်

ကျင်းထောင်ဖမ်းတာဖြစ်စေ၊ အခုခေတ် မေ့ဆေးသေနတ်နဲ့ပစ်ဖမ်းတာ ဖြစ်စေ အကြမ်းနည်းသုံးပြီး ဇွတ်အတင်းဖမ်းတာနဲ့ စခဲ့ရပါတယ်။ (အိမ်မှာခိုင်းဖို့ အသာတကြည် ခေါ်မရလို့

အတင်းဆွဲခေါ်ရတာ အကြမ်းဖက်တာပဲ မဟုတ်ပါလား) ဒီနေရာမှာ အိမ်ဆင်အယဉ်ကိုစီးပြီး လုပ်ရတာဖြစ်လို့ ရန်သူထဲက သူ့လူ ကိုယ့်ဖက်သားရှိထားဖို့ အရေးကြီးတာကိုလည်း

တွေ့ရပါတယ်။ ဘေးက ဆင်ရိုင်းတွေရဲ့ တိုက်ခိုက်မှု၊ ကျုံးထဲဝင်ခါနီး ဆင်ရိုင်းတွေရဲ့ ပြန်လှန် ရုန်းကန် ဖောက်ထွက်တိုက်ခိုက်မှုကို အကြမ်းဖက်နှိမ်နင်းရတာ၊ ဗျောက်အိုး မီးအိုးတွေ

ဖောက်၊ တူမီးသေနတ်တွေ ဖောက်၊ ဗုံတွေ မောင်းတွေ လင်းကွင်းတွေ ကျယ်ကျယ်လောင် လောင်တီးပြီး ပစ်ခတ်ခြောက်လှန့်ရတာတွေနဲ့လည်း ကြမ်းရပါတယ်။ ကျုံးမှန်း မသိအောင်၊

ကျင်းမှန်း မသိအောင်၊ ကြိုးကွင်းပစ်ဖမ်းမယ့်လူနဲ့ ဆင်ယဉ် မတွေ့အောင် ဖုံးကွယ်ဖို့လည်း အရေးကြီးပါတယ်။

ဒီလို အကြမ်းနည်းနဲ့ ဖမ်းထားတဲ့ ဆင်ရိုင်းကို ၂ ရက် ၃ ရက်လောက် အစာငတ် ရေငတ်ထားပြီး မာန် စချိုးရပါတယ်။ ဒီနောက်မှ တကောင်ချင်းကို ပုခက် သို့မဟုတ် ညှပ်ထဲ
သွင်းရပါတယ်။ အဲဒါကတော့ တကိုယ်လုံး ခြေ လက် ခေါင်း လုံးဝ မလှုပ်နိုင်အောင် သစ်လုံးအချုပ်ခန်းကျဉ်းကျဉ်းလေးထဲ ထည့်ထားတာ ဒါမှမဟုတ် ကြိုးအထပ်ထပ်တုတ်

ထူးခတ်ထားတာ ဖြစ်ပါတယ်။ ဒါဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးတိုက်ပွဲ လူထုတိုက်ပွဲသဘောဖြစ်ပြီး စီးပွားရေးပိတ်ဆို့မှု သဘောလည်း ဖြစ်ပါတယ်။ တချို့ကလည်း ဆင်ရိုင်းကို

တုံးလုံးလှဲ တကောက်ကွေး သားရေကို လှီးပြီး တစောင်းလက်ပပ် နို့ရည်ညှစ်ထည့်တဲ့နည်းနဲ့ အနာဖြစ်အောင်လုပ်ပြီးမှ ထူးခတ်ပါတယ်။ အဲဒီအခါမှာ ထူးကြိုးက တအားရုန်းရင်

အနာကိုသွားထိလို့ ဆင် အရမ်းနာကျင်စေတဲ့နည်းနဲ့ ဆင်ကို ငြိမ်အောင် အကြမ်းဖက်ထားတာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ အစာကို နည်းနည်းချင်း (ငှက်ပျောသီး တလုံးချင်း၊ ကြံ တဆစ်ချင်း၊ စပါး တခွက်ချင်း) ပြန်ကျွေးပြီး မနက်စောစောနဲ့ ညနေစောင်းမှာ ဆင်တကိုယ်လုံး၊ လက်

ခြေ ပေါင် ရင်ဘတ် ဗိုက် တင် လိင်အင်္ဂါ အမြီး နားရွက် ခေါင်း ကျော မေးစေ့ မျက်နှာ ဦးကင်း စသဖြင့် နေရာလပ်မကျန်အောင် လူ ၄-၅ ယောက်က လက်နဲ့ပွတ်သပ်ပေးကြ ပါတယ်။

လက်နဲ့ပွတ်ရင်း ပါးစပ်ကလည်း ချိုသာနူးညံ့တဲ့သီချင်းတွေ သံပြိုင်ဆိုပေး အော်ပေးနေရပါတယ်။ ဒီအဆင့်က တော့ အကြမ်းမဖက် တိုက်ပွဲနည်းနာတွေထဲက အာဏာဖီဆန်ရေးတိုက်ပွဲနဲ့

ပြန်လည်သင့်မြတ်ရေး ပေါင်းစပ်ထားတဲ့ သဘော၊ စေ့စပ်ဆွေးနွေးရေး (ဒိုင်ယာလော့) သဘောလို့လဲ ပြောလို့ရမယ် ထင်ပါတယ်။ ဘေးမှာလည်း အိမ်ဆင်တွေကို ကင်းစောင့်ချထားပြီး

ဆင်ရိုင်းက ကလန်ကဆန်လုပ်ရင် အိမ်ဆင်တွေက နှာမောင်းနဲ့ရိုက်တာမျိုး၊ လူတွေကလည်း ချွန်းနဲ့ပေါက် လှံနဲ့ထိုးပြီး ဟိန်းဟောက် ငေါက်ငန်းတာမျိုး အကြမ်းဖက်မှု တွဲရပါတယ်။

ကောင်းကောင်းမွန်မွန်နေရင်တော့ ထညက်ခဲတခဲ ကျွေးတာ၊ ငှက်ပျောသီးတလုံး ကျွေးတာ လုပ်ပါတယ်။

အစာနည်းနည်း ပြန်စားလာပြီးနောက် တချိန်တည်းမှာ ဒီဆင်ရိုင်းကြီးတွေကို ဘိန်းနည်းနည်း ကျွေးပါတယ်။ တချို့က ဘိန်းစွဲသွားစေတဲ့နည်းနဲ့

လူကိုနာခံအောင်လုပ်တာဖြစ်ပြီး တချို့ကတော့ စိတ်ရိုင်းစိတ်မိုက်တွေ ငြိမ်ဝပ်သွားအောင် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဆင်က အားနည်းသွားတဲ့အတွက် နှိုင်းယှဉ်ချက်အားဖြင့် လူက

အားကြီးသွားတာဟာ ကိုယ့် အင်အားကြီးထွားအောင်လုပ်ဖို့ ရည်ရွယ်တဲ့ အရပ်ဖက်လူမှုရေး အသင်းအဖွဲ့ civil society/NGO တည်ထောင် လူစုတဲ့ အကြမ်းမဖက်တိုက်ပွဲ

ပုံစံတမျိုးဖြစ်ပါတယ်။

ဆင်က ငြိမ်လာတဲ့အခါ ကြိုးလျှော့ပေးတာ ဖြေးဖြေးချင်း လုပ်ပေးပါတယ်။ ညှပ်ထဲမှာ စုစုပေါင်း အချိန် ၁၀ ရက် ၁၅ ရက် ထားပါတယ်။ ဒီလိုထားရင်း လူက တက်စီးတာကို

စမ်းလုပ်ပါတယ်။ ဒါက လူကို စက်သီးနဲ့ဆွဲပြီး ဆင်ကျောပေါ်ချ ပေးတာ ဖြစ်ပါတယ်။ ဆင်က ခေါင်းကိုခါပြီး နှာမောင်းနဲ့လှမ်းဆွဲချတာကို ဘေးက အိမ်ဆင်တွေက နှာမောင်းနဲ့

ထိန်းချုပ်ရိုက်နှက်တာ၊ ဘေးကလူက လှံနဲ့ထိုးတာလုပ်ပြီး တက်စီးတဲ့လူကိုလည်း အမြန် ပြန်မထုတ်ရပါတယ်။ ဒီလိုနဲ့ ဆင်ကျောပေါ် လူခွစီးနိုင်တဲ့အချိန် တဖြည်းဖြည်းများလာအောင်

ကျင့်သွားရပါတယ်။ ဒီနေရာမှာ အကြမ်းဖက်မှုနဲ့ အကြမ်းမဖက်မှု ပေါင်းစပ်ရပါတယ်။

လှံနဲ့ထိုး ချွန်းနဲ့ပေါက်လို့ ဆင်မှာ အနာဖြစ်လာတာကို ကြက်သားနုပ်နုပ်စင်းပြီး ဆေးမြစ်တွေနဲ့ရော အနာမှာ သိပ်ပေးတာကတော့ ပြန်လည်ရင်ကြားစေ့ရေးသဘော

ဆောင်ပါတယ်။

တကိုယ်လုံး လက်နဲ့ပွတ်သပ် စကားချိုချိုသာသာပြော ဘိန်းကျွေးတာက တဖက်၊ အစာငတ် ရေငတ်ထား လှုပ်မရ အောင်ချုပ်တာက တဖုံ၊ လှံနဲ့ထိုး ချွန်းနဲ့ပေါက်

ငေါက်ငမ်းတာကတနည်း ရက် ၂၀ လောက် သူ့အကန့်နဲ့သူ လုပ်လိုက်တဲ့အခါမှာတော့ ဧရာမ ရန်သူဆင်ရိုင်းကြီးဟာ လူခိုင်းလို့ရတဲ့ မိတ်ဆွေဆင်ယဉ် ဖြစ်သွားပါပြီ။ ဆရာ ဒဂုန်

တာရာပြောသလို ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်လိုက်နိုင်ပါပြီ။

နောက်တချက် စိုင်းဗေဒါတို့ပြောတာက ဆင်ရိုင်းအမည်းဖြစ်ဖြစ် ဆင်ရိုင်းဆင်ဖြူတော်ဖြစ်ဖြစ် ဒီနည်းတွေနဲ့ဘဲ ကိုင်ရတာဖြစ်တယ် တဲ့၊ ဆိုလိုတာက ၂၀၁၀ ရှေ့ပိုင်း နဝတ-

နအဖ စစ်အစိုးရဖြစ်ဖြစ်၊ ၂၀၁၀ နောက်ပိုင်း လွှတ်တော်ထွက် စစ်အစိုးရဖြစ်ဖြစ် ဒီနည်းတွေနဲ့ပဲ ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်ရမှာ ဖြစ်ပါတယ်။ ဆင်မည်းဖြစ်စေ ဆင်ဖြူဖြစ်စေ

ဆင်ရိုင်းတွေဟာ ရန်သူတွေပါပဲ။

ရန်သူဆင်ရိုင်းတွေ ဖမ်းနေ ကျင့်နေတုံးမှာ ကိုယ့်ဘက်က ဆင်သမားတွေ အသက်ဆုံးတာလည်း ရှိတတ်ပါတယ်။ ကိုယ့်ဘက်က နဂိုရှိထားတဲ့ဆင်ယဉ် တောဝင်ပြီး

ဆင်ရိုင်းတွေနောက်ပါသွားတာလည်း ရှိတတ်ပါတယ်။ ကျုံးဆောက်ရင် သစ်ဖိုး ဝါးဖိုး အုန်းဆံကြိုးဖိုး လုပ်အားခ စတာတွေ အင်မတန် အကုန်အကျများပေမယ့် ကျုံးသွင်း ဖမ်းတာဟာ

ကြိုးကွင်း ပစ်ဖမ်း ကျင်းထောင်ဖမ်းတာတွေထက်လည်း ဆင်ပိုရလို့ အရင်းကြေ အမြတ်ပိုထွက်ပါတယ်။ ငွေကြေး ရုပ်ဝတ္ထုပစ္စည်းနဲ့ အချိန် ရင်းရတာတင်မက အသက်သွေးချွေး

အရင်းအနှီးတွေကိုလည်း ရှောင်လို့မရပါဘူး။

ဒါပေမယ့် ရှိသမျှ ဆင်ရိုင်းတကောင်မကျန် ဒီနည်းနဲ့ မိတ်ဆွေ ဆင်ယဉ်ဖြစ်တာတော့ မဟုတ်ပါဘူး။ ကျင့်လို့မရ ထိန်းလို့မနိုင်ဖြစ်လို့ သတ်ပစ်လိုက်ရတာလည်း

ရှိတတ်ပါတယ်။ တချို့ အင်မတန် ခေါင်းမာတဲ့ ဆင်ရိုင်းတွေလည်း ရုန်းရင်းကန်ရင်း ဒဏ်ရာရ သေသွားတာတွေ ရှိပါတယ်။ (ကိုယ့်ကိုရန်မူတဲ့ ရန်သူကို ဘယ်လိုမှ မလွှဲမရှောင်သာလို့

သတ်ပစ်လိုက်ရတာ၊ သူ့ဖာသာသူ ခေါင်းမာလွန်းလို့ ကျုံးနံရံ ခေါင်းနဲ့တိုက်သေသွားတာ၊ ရုန်းရင်းကန်ရင်း လက်ကျိုး ခြေကျိုးပြီး သေသွားတာ၊ အစာမစားဘဲ သေသွားတာ ဖြစ်တော့လည်း

"ရန်သူမရှိ မိတ်ဆွေသာရှ"ိ ဖြစ်သွားတဲ့အထဲ အကျုံးဝင်သွားပါတယ်)

ဗုဒ္ဓဝင်မှာကြည့်ရင် နာဠာဂီရိဆင်၊ အာဠာဝကဘီလူး၊ အင်္ဂုလိမာလလူဆိုးတို့ကို မြတ်စွာဘုရားက မေတ္တာပို့ပြီး အောင်နိုင်ခဲ့ပေမယ့် မာရ်နတ်၊ ဒေဝဒတ်၊ နန္ဒောပနန္ဒနဂါး၊

စိဉ္စမာဏ အမျိုးသမီးတို့ကိုတော့ မေတ္တာပို့ ပြောင်းလဲပစ်လို့ မရခဲ့တာ တွေ့ရပါတယ်။ ဒေဝဒတ်နဲ့ စိဉ္စမာဏ ဆိုရင် အကြမ်းနည်းနဲ့ မြေမျိုပစ်ခဲ့ရပါတယ်။ အောင်ခြင်း ၈ ပါးမှာ ၅ ပါးပဲ

အနုနည်းနဲ့ အောင်မြင်တာ ဖြစ်ပါတယ်။ (ဘုရားရှင်ကိုယ်တိုင် အကြမ်းဖက်တာ မဟုတ်ပေမယ့် အမြင်မတော်သူတွေက 'ကြည့်ကြက်လုပ'် ပစ်လိုက်တာ ဖြစ်ပါတယ်) တန်ဖိုးစံတွေကိုသာ

ဟောပြောတဲ့နည်းနဲ့ လိုသလို ပြောင်းလဲဖန်တီးယူလို့ရရင် လွန်ခဲ့တဲ့နှစ် ၂၅၀၀ ကတည်းက ကမ္ဘာပေါ်က လူအားလုံး မဂ်ဖိုလ်ရပြီး ကျွတ်တန်းဝင်ကုန်ကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့်

ဗုဒ္ဓဘုရား ရှင်ကိုယ်တိုင်က ဒီလို မမျှော်မှန်းနိုင်ခဲ့တဲ့အတွက် ဂင်္ဂါဝါဠု သဲစုမက ဗုဒ္ဓတွေ ပွင့်ခဲ့ကြတာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဆင်သမားတွေ အဓိကပေးတဲ့ မက်ဆေ့ကတော့ အကြမ်းနည်းတမျိုးတည်း သို့မဟုတ် အနုနည်းတမျိုးတည်းကိုပဲ ပုံသေကားကျ တရားသေကျင့်သုံးတာမျိုး

ရှောင်ပြီး နှစ်မျိုးစလုံးကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ အကွက်ကျကျ ပေါင်းစပ်ကျင့်သုံးဖို့၊ ရတဲ့အချိန်ကို အကျိုးအရှိဆုံးအသုံးချဖို့၊ ရလာတဲ့ အခွင့်ကောင်းကို အစွမ်းကုန် အသုံးချဖို့ ဖြစ်ပါတယ်

တဲ့။

ကမ္ဘာပေါ်မှာဖြစ်ခဲ့တဲ့ တော်လှန်ရေးအားလုံးကိုကြည့်ရင် အကြမ်းနည်းတမျိုးတည်းနဲ့ အောင်ပွဲရတာ မရှိခဲ့သလို ရာနှုန်းပြည့် အနုနည်းသက်သက်နဲ့ အောင်ပွဲရတာလည်း

မရှိခဲ့ပါဘူး။ (တခါက မြန်မာ့သတင်းသမဂ္ဂ ညီလာခံတခုမှာ မီဒီယာရဲ့ ဘက်မလိုက်ရေးမူကို ဆွေးနွေးရင်း ထိုင်းသတင်းထောက်မ ယင်ဒီးက ထိုင်းနိုင်ငံမှာ လုံးဝ ဘက်မလိုက်တဲ့

သတင်းစာတစောင်မှ မရှိဘူးလို့ ဝန်ခံခဲ့သလိုပဲ လုံးဝ အကြမ်းမဖက်တဲ့ တော်လှန်ရေးဆိုတာဟာလည်း စိတ်ကူးယဉ် ကမ္ဘာထဲမှာသာရှိပြီး လက်တွေ့ ကမ္ဘာမှာ မရှိသေးပါဘူး၊

ဘယ်တော့မှလည်း ရှိမှာမဟုတ်ပါဘူး) အကြမ်းဖက် တော်လှန်ရေးလို့ ဗြောင်ပြောတဲ့ ရုရှား၊ တရုတ်၊ ဗီယက်နမ်၊ ကျူးဘား ကွန်မြူနစ် တော်လှန်ရေးတွေမှာလည်း မြို့ပေါ် ကျောင်းသား

ဆန္ဒပြပွဲတွေ၊ အလုပ်သမားသပိတ်တွေ၊ စေ့စပ်ဆွေးနွေးပွဲတွေ ပါခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကနေ့ နိုင်ငံရေးသိပ္ပံမှာတော့ အကြမ်းဖက်မှုဆိုတာ သေနတ်နဲ့ ပစ်၊ ဗုံးနဲ့ခွဲတာတွေကိုပဲ အဓိကရည်ညွှန်းတာ ဖြစ်နေပြီး "ငြိမ်းချမ်းစွာ" ဆန္ဒပြပွဲအတွင်း ရိုက်တာနှက်တာ
ခဲနဲ့ထုတာ မီးရှို့်ဖျက်ဆီးတာတွေကို အကြမ်းဖက်မှုအဖြစ် စာရင်းမသွင်းကြတော့ပါဘူး။

ဂန္ဓီခေတ်ကပဲဖြစ်ဖြစ်၊ မာတင်လူသာကင်းခေတ်ကပဲဖြစ်ဖြစ်၊ အခုနောက်ဆုံး ယူကရိန်း၊ ဂျော်ဂျီယာ ရောင်စုံ တော်လှန်ရေးတွေပဲဖြစ်ဖြစ် အကြမ်းဖက်မှု တွဲဖက်ခဲ့တာ လုံးဝ

မရှိဘူးလို့ ဘယ်သူ အာမခံပြောရဲပါသလဲ။ ဂန္ဓီခေတ်မှာ ဆူဘတ်စ်ချန်ဒရာဘို့စ် ရှိခဲ့သလို မာတင်လူသာကင်းခေတ်မှာ ကျားသစ်နက် Black Panther ရှိခဲ့ပါတယ်။ ယူကရိန်း

ဂျော်ဂျီယာတို့မှာလဲ အနည်းဆုံးတော့ ခဲနဲ့ထုတာ၊ ကားမီးရှို့တာလောက်တော့ ပါတာချည်းပါပဲ။ အဲဒါတွေရဲ့ အခန်းကဏ္ဍကို ပစ်ပယ်ရင် အင်မတန် အသိဉာဏ်နုံ့နည်းရာကျပါလိမ့်မယ်။

၁၉၈၉ အကျယ်ချုပ်မကျခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကလည်း အကြမ်းဖက် လက်နက်ကိုင်တော်လှန်ရေးရဲ့ အခန်းကဏ္ဍကို မငြင်းပယ်ခဲ့ပါဘူး။ (အဲဒီတချိန်တည်းမှာ စမူဆာ

အောင်ကြီးကတော့ လက်နက်ကိုင်တော်လှန်ရေး မှားကြောင်း၊ ကျောင်းသားတွေ တောခိုတာ မှားကြောင်း ပြောခဲ့ပါတယ်)

တနိုင်ငံလုံးနဲ့ချီပြီး ရန်သူဆင်ရိုင်းတွေကို မိတ်ဆွေဆင်ယဉ်ဖြစ်အောင်လုပ်မယ့် ဆင်ဖမ်းအဖွဲ့သားတွေ၊ အထူးသဖြင့် ဆင်ဖမ်းခေါင်းဆောင်တွေအနေနဲ့ ဆင်ရိုင်းတွေ

အများဆုံးဖမ်းနိုင်ဖို့နဲ့ ဆင်ယဉ်ဖြစ်အောင်ကျင့်နိုင်ဖို့ဆိုရင် အထက်မှာ ပြောခဲ့တဲ့ အတတ်ပညာတွေအားလုံးကို ကျွမ်းကျွမ်းကျင်ကျင် အသုံးချ ခိုင်းစေနိုင်မှ ပြည်သူလူထုတွေကို

နှိပ်စက်နေတဲ့ ဆင်ဆိုးအန္တရာယ် ဖယ်ရှားရေးတာဝန်ကို ကျေပွန်နိုင်မှာ ဖြစ်ပါတယ်။ ဆင်သမား နိုင်ငံရေး ဆရာတွေအနေနဲ့ ဆင်ယဉ်တွေ အမြန်ဆုံး ထုတ်လုပ်နိုင်ဖို့အတွက်

မြန်မာပြည်တော်လှန်ရေးမှာ လွှမ်းမိုးကြီးစိုးနေတဲ့ တကြောင်းထိုး၊ တလမ်းသွား၊ သူငယ်နာအတွေးအခေါ်တွေ အမြန် ဖယ်ရှားနိုင်ကြပါစေ။

သရုပ်ဖော် - အောင်ထက်

မစ်ရှီဂန်က ပေးတဲ့ စာ(၅၃)

အောင်ဝေး
ဇန်န၀ါရီ ၉၊ ၂၀၁၁

ဒေါ်အောင်ဆန်းစုကြည် ရေးသားသော စာအုပ်တအုပ် မျက်နှာဖုံး

မိတ်ဆွေကြီး ကိုဒေါင်း-

ကျန်းခံ့သာလို့မာကြပါရဲ့နော်။ ဒီတခါတော့၊ ပြည်ပရောက်နေတဲ့ မိသားစုတွေကနေ မွေးဖွားလာတဲ့ အဝေးရောက် မြန်မာကလေးငယ်တွေရဲ့ အားရ ကျေနပ်စရာကောင်းတဲ့


အချက်တချို့ ကျနော် ပြောပရစေ။

ကိုဒေါင်းရေ၊ အရင်တခါက ပြည်ပရောက် မြန်မာကလေးတွေ၊ ပြည်ပမှာ မွေးဖွားလာတဲ့ မြန်မာ ကလေးငယ်တွေ၊ မြန်မာစကား မပြောတတ်ကြတော့တဲ့ အကြောင်း၊ မြန်မာစာ
မသင်ကြရတဲ့ အကြောင်း၊ ကိုဒေါင်းကို ကျနော်ပြောခဲ့တာရှိတယ် မဟုတ်လား။

အခု ကျနော် ပြောမယ့် အချက်ကလည်း အဲဒီလို ဘာသာစကား ကိစ္စပါပဲ။ တိတိပပ ပြောရရင် Second language လို့ ဆိုတဲ့ ဒုတိယ ဘာသာစကား ကိစ္စပါ။ ကိုဒေါင်းရေ ပြည်ပက
မြန်မာကလေးတွေ မြန်မာစာ-မြန်မာစကား မတတ်ကြတော့ဘူး ဆိုတော့ လူကြီးတွေက ရှေ့ရေးကို တွေးမျှော်ပြီး စိတ်ပူတာပေါ့ဗျာ။ ရင်လေးတာပေါ့ဗျာ။ မိဘတွေက အနာဂတ်ကို
လှမ်းကြည့်ပြီး စိုးရိမ်ကြတာပေါ့ဗျာ။

ဒီတော့ ပြည်ပရောက် မြန်မာမိဘတွေက သူ့ သားသမီး၊ ကိုယ့်သားသမီး မြန်မာ စကား တတ်ဖို့၊ မြန်မာစာ သင်ဖို့ ကြိုးပမ်း အားထုတ်လာကြတာပေါ့ဗျာ။ ဒါလည်း ကောင်းပါတယ်။
မြန်မာစာ-မြန်မာဘာသာစကားက ကိုယ့်မိခင် ဘာသာစကား(Mother’s tongue)ပဲ မဟုတ်လား။

ကျနော်တို့လူကြီးတွေ၊ မိဘတွေအတွက်တော့ အင်္ဂလိပ်စာ-အင်္ဂလိပ်စကားဟာ ဒုတိယဘာသာစကား ဟုတ်တယ်။ ဒါပေမဲ့ ကလေးတွေအဖို့ကတော့ လူကြီးတွေ၊


မိဘတွေနဲ့မတူဘူး။ အင်္ဂလိပ်စာ-အင်္ဂလိပ်စကားဟာ သူတို့အတွက် ပထမဘာသာစကား ဖြစ်နေတာပဲ ကိုဒေါင်းရေ။ သူတို့ရဲ့ မူရင်းဘာသာစကားလို ဖြစ်သွားတာပေါ့။ အဲဒီမှာပြောင်းပြန်၊
မြန်မာစာ-မြန်မာစကားက အဲဒီကလေးတွေ အတွက်တော့ ဒုတိယဖြစ်သွားတာပဲဗျာ။

အဲဒီတော့၊ ဒီက အင်မတန် ကျေနပ်အားရစရာ ကောင်းတဲ့ ဒီမိုကရေစီ ပညာရေးစနစ်ကြောင့်လည်း ပါတယ် ဆိုပါတော့ဗျာ။ ဒီမှာ ကျောင်းတက်နေကြတဲ့
မြန်မာကလေးငယ်တွေဟာ ပင်ကိုကလည်း ဉာဏ်ရည်က မနိမ့်လေတော့၊ ပြောရမယ်ဆိုရင် မြန်မာကလေးအများစုဟာ ပညာအရည်အချင်းမှာ သာမန်ရဲ့အထက်ကို ရောက်နေကြတာပါ။

ဒီက ဒေသခံကလေးတွေ၊ တချို့ ကိုယ့်လိုပဲ တိုင်းတပါးက ရွှေ့ ပြောင်း ရောက်လာကြတဲ့ ကလေးငယ်တွေနဲ့တန်းတူ၊ ကိုယ့်ကလေးတွေကလည်း ပညာရေးမှာ
ထူးချွန်ထက်မြက်ကြတာပါ ကိုဒေါင်း။

ဆိုရရင်တော့ဗျာ၊ အဲဒီ ကျနော်တို့မြန်မာကလေးတွေက အဲဒီ ကျနော်တို့ မြန်မာမိဘ လူကြီးတွေထက် အင်္ဂလိပ်စာ ပိုကောင်းနေတာပါပဲ။ ဒါ ကျနော်တို့ဘယ်လိုမှ ငြင်းပယ်လို့
မရတဲ့ ကလေးတွေရဲ့ အားကောင်းချက်ပဲ။ အဲဒီကလေးတွေ သူများရေ၊ သူများမြေမှာ သူတို့ မကြောက်မရွံ့ ၊ မတွန့် မဆုတ် ထိုးဖောက် နေရာယူနိုင်ကြတယ်။ ကလေးတွေ မညံ့ဘူး ဆိုတာ
လူတိုင်းအသိ။ လက်တွေ့ပဲ။ ဒါ ဘာကြောင့်လဲ ဆိုတော့ အဲဒီကလေးတွေ အင်္ဂလိပ်စာကောင်းလို့ပဲ။

ဒီတော့ ကျနော်က ဒီက စာပေဟော ပြောပွဲတွေမှာကျလို့ရှိရင် ကလေးတွေ မြန်မာစကား မပြောတတ်လို့၊ ကလေးတွေ မြန်မာစာ မသင်ရလို့၊ ကြေကွဲဝမ်းနည်း စိတ်လက်မအေး
ဖြစ်နေကြတဲ့ လူကြီးမိဘတွေကို တတ်နိုင်သလောက် ဖြေသိမ့် အားပေးရပါတယ်။

ကိုဒေါင်းရေ၊ ဒီမှာကိုယ့်စာ-ကိုယ့်ဘာသာစကား သင်ကြားဖို့ ဆိုတာကလည်း အခြေအနေနဲ့ အခွင့်အလမ်းက လိုသေးတယ်။ ဒီမှာက ကလေးတွေ ကျောင်းမှာ စိန်ခေါ်မှုတွေ
များတယ်ဗျာ။ ယှဉ်ပြိုင်မှုတွေ များတယ်ဗျာ။ ကိုယ်က သူ့ နိုင်ငံသား-သူ့ နိုင်ငံဖွား မဟုတ်တော့၊ တချို့ မမြင်ရတဲ့၊ မထင်ရတဲ့ အခက်အခဲလေးတွေက နံရံပါးပါးလေး ခြားနေတာမျိုးလည်း
ကျနော်တို့ မြန်မာကလေးငယ်တွေ တွေ့ကြုံ ရင်ဆိုင်ရတာပါ။

ဒီတော့ဗျာ၊ အဲဒီ စိန်ခေါ်မှုတွေ၊ ယှဉ်ပြိုင်မှုတွေ၊ နံရံပါးပါးလေးတွေကို အောင်အောင် မြင်မြင် ကျော်လွှားသွားနိုင်ဖို့၊ သူတို့ကျောင်း၊ သူတို့ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်မှာ
အသေအလဲ၊ အသည်းအသန် ကြိုးစားနေကြရတာဆိုတော့၊ ကိုဒေါင်းရေ၊ ဒါကိုတော့ ကျနော်တို့ လူကြီးမိဘလုပ်တဲ့ သူတွေက နားလည် စာနာပေးရတာပဲပေါ့။

ကျနော်တို့ကလေးတွေ ထိုးဖောက်နေရတဲ့ ပတ်ဝန်းကျင်က၊ လူမှုအသိုင်းအ၀ိုင်းက အင်္ဂလိပ်စာ တွင်ကျယ်တဲ့၊ အင်္ဂလိပ်စကားပြောတဲ့ ၀န်းကျင်အသိုင်းအ၀ိုင်း ဖြစ်နေတာကိုး။


ဒီဘက်မှာတော့ ကျနော်တို့ မြန်မာကလေးငယ်တွေ ကောင်းကောင်း စွမ်းဆောင်နိုင်ကြပါတယ်။ ဒါ သူတို့အားသာချက် တချက်။

ပြီးတော့ ရှိသေးတယ်။ ပြည်ပရောက် မြန်မာကလေးတွေ အားလုံး ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအကြောင်း အနည်းနဲ့အများ သိကြပါတယ်။ သူတို့လေးတွေ အမေစု ကို
ကောင်းကောင်း သိတာပေါ့ဗျာ။ ရွှေဝါရောင်တော်လှန်ရေးကို သူတို့သိတယ်။ နာဂစ်မုန်တိုင်းကို သူတို့သိတယ်။ အခုနောက်ဆုံး သူတို့အမေကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့
ဒီမိုကရေစီကွန်ရက် ဆိုတာကိုလည်း သူတို့သိတယ်။

ဒီက ကလေးတွေဟာ ရုပ်ရှင်မင်းသားကျော်သူ လုပ်နေတဲ့ လူမှုရေးလုပ်ငန်းတွေကိုလည်း သိတာပဲ။ မဖြူဖြူသင်းတို့ရဲ့ တောင်ဒဂုံက HIV ဝေဒနာသည်တွေ အကြောင်းလည်း
သိတာပဲ။ ယုတ်စွအဆုံး၊ လူကြီးတွေတောင် တချို့မသိတဲ့ ပြည်တွင်းက တချို့ကိစ္စတွေ ဆိုရင်၊ ဒီကလေးတွေက အရင် သိနှင့်နေတာပါ ကိုဒေါင်း။ အဲဒါ ဘာကြောင့်လည်း ဆိုတော့၊
အီးမေးလ်တို့၊ ဖေ့စ်ဘွတ်တို့၊ ၀က်ဘ်ဆိုက်တို့ ဆိုတဲ့ အင်တာနက်ကြောင့်ပဲ ကိုဒေါင်း။

အဲဒီတော့၊ ဒီက ပြည်ပက မြန်မာကလေးသူငယ်၊ လူငယ်တွေ အင်္ဂလိပ်စာ ကောင်းတယ်။ အင်တာနက်ကို ကောင်းကောင်း အသုံးချနိုင်တယ်။ ဒါတွေဟာ သူတို့လေးတွေရဲ့
အားကောင်းချက်တွေပဲ။ ကျနော်ကတော့ ဒိထက် ပိုအားကောင်းတဲ့ အချက် ရှိသေးတယ်လို့ ပြောလိုက်ချင်သေးတယ်။ အဲဒါကတော့ အမျိုးသားစိတ်ပဲ ကိုဒေါင်း။ လွမ်းဖို့ကောင်းတဲ့၊
တက်ကြွဖို့ကောင်းတဲ့ အမျိုးသားရေးစိတ်ပါ။ ကလေးတွေမှာ ဒီစိတ် ရှိတယ်။

ကိုဒေါင်းရေ၊ ကျနော်တို့လူကြီးတွေမှာ အတိတ်ပဲရှိတယ်။ ကလေးတွေကတော့ အနာဂတ် ရှိတယ်လေ။ ဒီကကလေးတွေ မြန်မာစာ-မြန်မာစကား ကောင်းကောင်း မတတ်လို့လည်း
သိပ်ပြီး ရင်ထုမနာ မဖြစ်ကြစေချင်ဘူး။ တတ်ရင်တော့ အတိုင်းအထက် အလွန်ပေါ့ဗျာ။ သိပ်ကောင်းတာပေါ့ဗျာ။ အဓိက အကျဆုံးက ကလေးတွေရဲ့ အားကောင်းချက်ဖြစ်တဲ့
အင်္ဂလိပ်စာတို့၊ အင်တာနက်တို့ကို အမျိုးသားစိတ်ကလေးနဲ့ ပေါင်းချိတ်ပေးနိုင်ဖို့ပဲ မဟုတ်လား။

ဆိုပါတော့ဗျာ၊ ဒီက ကလေးတွေ ဒေါ်အောင်ဆန်းစုကြည် မြန်မာလိုရေးတဲ့ ကဗျာတွေ၊ စာတွေကို မဖတ်နိုင်ကြဘူး။ ဒါမှန်တယ်။ သို့ပေမဲ့၊ ဒီကလေးတွေ ဒေါ်အောင်ဆန်းစုကြည်
အင်္ဂလိပ်လို ရေးတဲ့ဟာ မှန်သမျှ အကုန်လုံး ကောင်းကောင်း ဖတ်နိုင်ကြပါတယ်။ အရေးကြီးတာက ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး အကြောင်း ဒေါ်အောင်ဆန်းစုကြည်ပဲ ရေးရေး၊ ဘယ်
နိုင်ငံခြားပညာရှင်ကပဲ ရေးရေး၊ အင်္ဂလိပ်လို ရေးထားတဲ့ စာအုပ်တွေ၊ ကလေးတွေ လက်လှမ်းမီရာမှာ ရှိနေဖို့၊ အတတ်နိုင်ဆုံး လူကြီးမိဘတွေက အနီးကပ် စီမံ ဆောင်ရွက်ပေးနိုင်မယ်
ဆိုရင်-

ကိုဒေါင်းရေ၊ ကျနော် စိတ်ကူးယဉ်တာတော့ မဟုတ်ပါဘူး။ လက်တွေ့ဖြစ်နေတာ၊ ဖြစ်နိုင်တာကို စိတ်ကူးကြည့်တာပါပဲဗျာ။

အားလုံးကို သတိရလျက်-

အောင်ဝေး (ဇန်န၀ါရီ ၁၂-၂၀၁၁)

မူရင်း - လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese

သောင်းကျန်းသူ ဟု သတင်းစာတွင် ဖော်ပြခြင်းကို မွန်ပြည်သစ်ပါတီ မအံ့သြဟုဆို

ကောင်းဝါ သတင်းဌာန
ဖေဖော်ဝါရီ ၉၊ ၂၀၁၁

နိုင်ဟံသာ

မွန်ပြည်သစ်ပါတီကို သောင်းကျန်းသူဟု သောကြာနေ့ ထုတ်ဝေသော သတင်းစာထဲ၌ ပထမဦးဆုံးအကြိမ် ဖေါ်ပြလိုက်ခြင်းမှာ အံ့သြစရာ မဟုတ်သလို ထူးထူး ခြားခြား မခံစားရကြောင်း
မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောလိုက်သည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မဲတရိုကျေးရွာ၌ ဇန္နာဝါရီလ(၃၁) ရက်နေ့တွင် မွန်သောင်းကျန်းသူ အဖွဲ့နှစ်ဖွဲ့ ပစ်ခတ်မှုဖြစ်ပွါးရာမှ အပြစ်မဲ့သည့် ပြည်သူတစ်ဦး သေဆုံးသွားသည်ဟု
သတင်းစာတွင် ဖေါ်ပြထားသည်။

မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူးဖြစ်သူ နိုင်ဟံသာက “ကျွန်တော်တို့ မွန်ပြည်သစ်အပေါ်မှာ လက်နက်ကိုင် သောင်းကျန်းသူလို့ သုံးနှုန်းထားတာဟာ အဲဒီအတွက်
ကတော့ ကျွန်တော်တို့ အနေနဲ့ မအံ့သြသလို တဖက်ကလည်း ထူးထူးခြားခြားတော့ မခံစားမိပါဘူး။ ဘာကြောင့်လဲ ဆိုရင် သူတို့အနေနဲ့က ကျွန်တော်တို့အင်အားကို ဖျက်ဆီးဖို့
ကျွန်တော်တို့ရဲ့ နိုင်ငံရေးအဆင့်နေရာကို ဖြိုဖျက်ဖို့ အတွက်ကို ကျွန်တော်တို့တပ်တွေကို နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ်အသွင်ပြောင်းဖို့၊ အဲဒီကနေ
ကျွန်တော်တို့အင်အားကို ဖြိုဖျက်ဖို့ သူတို့သွင်းတဲ့ပုံစံကို ကျွန်တော်တို့ မလိုက်တော့ ကျွန်တော်တို့အပေါ်မှာ ဒီလို သဘောထားမယ် ဆိုတာ ကျွန်တော်တို့ တွက်ထားပြီးသားပါ” ဟု
ဆိုသည်။

စစ်အစိုးရက ပါတီ အပေါ် သဘောထား ပြောင်းလဲသွားခြင်း ရှိမဲရှိ မေးမြန်းသည့်အခါ နိုင်ဟံသာက ယခုလို ဖြေကြား သွားသည်။

“ပြောင်းလဲတာက အခုမှ မဟုတ်ပါဘူး။ တပ်အသွင်ပြောင်းဖို့ ဆိုတဲ့ဟာကို ကျွန်တော်တို့ လက်မခံကတည်းက ဒီအမြင် ရှိပြီးသားပါ။ ဒါပေမဲ့ သူတို့က
အိနြေ္ဒဆောင်ပြီးတော့ပေါ့ဗျာ မပြောတာဘဲ ရှိမယ်။ အခုတော့ ဟန် မဆောင်နိုင်တဲ့ အနေအထားမှာ ပေါက်ထွက်လာတဲ့ သဘောပါ”

ဇန္နာဝါရီလကုန်လောက်တွင် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့မှ ဗိုလ်ကြီးကျော် ဦးစီးတပ်ဖွဲ့နှင့် မွန်လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သော မွန်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့တို့


ကျိုက်မရောမြို့နယ်၊ မဲတရိုကျေးရွာတွင် ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး အရပ်သားတစ်ဦး ထိခိုက်ခဲ့သည်ဟု ဒေသခံ မွန်ပြည်သစ်ပါတီဝင်တစ်ဦးက ပြောသည်။
လူနှစ်ထောင်ကျော်ရဲ့ အိမ်အပြန်
ခင်နှင်းလွင် ၊ ရန်ကုန်
ဖေဖော်ဝါရီ ၉၊ ၂၀၁၁
“ဝေးကွာနေတဲ့ မိသားစုတွေ၊ သူတို့အိမ်ပြန်လာမဲ့ အချိန်ကို စောင့်မျှော်နေတဲ့ မိဘတွေအတွက် ၀မ်းနည်းမိပေမဲ့ တိုင်းပြည်အတွက် လိုအပ်တဲ့အခန်းကဏ္ဍမှာ ပါဝင်နိုင်သရွေ့
ဆက်လက်ပါဝင်ဖို့ သူခံယူထားတယ်”

အထီးကျန်နေတဲ့ အိမ်
လူနေသိပ်သည်းတဲ့ ရပ်ကွက်တစ်ခုဆိုတဲ့အတိုင်း အိမ်ရှေ့ အိမ်နောက် မကွဲပြားလောက်အောင် ကျဉ်းမြောင်းတဲ့ လူတကိုယ်စာ
လမ်းသွယ်လေးတွေကအတော်ပင်ပေါများလှသည်။ လမ်းကျဉ်းလေးအတိုင်း လျှောက်လာရင်း အုတ်ရိုးတံတိုင်းအဆုံးမှာတော့ ပျဉ်ထောင်အိမ်နှစ်ခန်းတွဲကို တွေ့မြင်ရပါသည်။ နှစ်ခန်းတွဲရဲ့
အစွန်ဆုံး အခန်းရောက်တဲ့အခါ ထိုအခန်းနဘေး ခြံဝင်းတ၀င်းရဲ့ အုတ်နံရံက အိမ်မျက်နှာစာကို ပိတ်ထားသည်။
အကျယ် ၈ ပေ၊ အလျား ၁၅ပေသာသာ အလင်းရောင်သိပ်မရှိသော အိမ်ရှေ့ခန်းးရဲ့ သစ်သားခင်း ကွပ်ပျစ်ကလေးပေါ်မှာတော့ အသက်၇၀၀န်းကျင် အဖိုးအိုတစ်ဦး။
ခပ်လျော့လျော့ စည်းထားတဲ့ ပုဆိုးနဲ့ ရှပ်အကျီဖလန်ထည် အကွက်ကို ၀တ်ဆင်ထားပြီး သူ့ရင်ဘတ်အပေါ်လက်တင်ကာ လှဲလှောင်းနေသည်။
သူ့နဘေး သစ်သားကာ ကြွက်လျှောက်မှာတော့ ဟောင်းနွမ်းပြီး ဆေးသားပြယ်စ ပြုနေတဲ့ မိသားစုဓါတ်ပုံလေး တပုံက ထောင်လျက်ရှိနေသညလူ်။ ထိုပုံထဲမှာ
လင်မယားစုံတွဲတစ်တွဲနှင့် ကလေးငယ်၊ အဲဒီနောက် တဦးကတော့ မြန်မာပြည်ရဲ့ အထင်ရှားဆုံး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်။ ဓါတ်ပုံမှာ လွန်ခဲ့သည့် ၁၀
နှစ်ကျော်က ဓါတ်ပုံဟုယူဆရသည်။
သမီးနှင့်ပတ်သက်သည့် ဧည့်သည်ရောက်လာ၍ သမီးကို သတိတရဖြစ်နေသည့် ပုံပေါ်လွင်နေပြီး
“အဘလည်း သူ့ကိုမျှော်နေပါတယ်ကွယ်”
ဟု ခပ်ဖြေးဖြေး ပြောဆိုလိုက်သည်။ သူ့ရဲ့ အကြည့်က ခေါင်းရင်းဘက်က ပြတင်းပေါက်မှ အဝေးတနေရာဆီ မျှော်ကြည့်နေခဲ့သည်။
ခဏအကြာမှာ အဖိုးအိုက ထဖို့ကြိုးစားလိုက်ရာ ကုတင်နှင့်မနီးမဝေးအခန်းအပြင်တွင် အ၀တ်လျှော်နေသည့် ရင်လျားနှင့် အမျိုးသမီးတစ်ဦးက လာရောက်ပြီး ချိုင်းမှ
မချီကာ ထိုင်ဖို့ ကူညီပေးလိုက်သည်။
လေဖြတ်ထားသဖြင့် လမ်းမလျှောက်နိုင်ပဲ ကြမ်းပျဉ်ပေါ် အမြဲလဲလှောင်းနေရရှာတဲ့ အဖိုးအိုကတော့ ယခုအင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ်အနှစ်၂၀ကျော် ကျခံနေရတဲ့
နိုင်ငံရေးအကျဉ်းသူ “မဏီ” ရဲ့ဖခင်ဖြစ်သည်။ တစ်ဦးတည်းသော သမီးဖြစ်သူရဲ့ အိမ်ပြန်အလာကို စောင့်နေတဲ့ အဘဦးညိုလို မိဘတွေ၊ ခင်ပွန်းသည်တွေ ပြန်အလာကို စောင့်နေရတဲ့
ဇနီးသည်တွေ အများအပြားရှိနေကြသည်။

အဝေးဆီက ကန္တာရနှစ်များ
မြန်မာနိုင်ငံမှာ ယုံကြည်မှုကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် ရှိသည်ဟု အေအေပီပီခေါ် နိုင်ငံရေး အကျဉ်းသားများ
ကူညီစောင့်ရှောက်ပေးရေး အဖွဲ့ကထုတ်ပြန်ထားသည်။ ထိုနိုင်ငံရေးအကျဉ်းသားများကို ရန်ကုန်မြို့ အင်းစိန်ထောင်မှာ ထားရှိတာ မဟုတ်ပဲ မိသားစုတွေနဲ့ မဝေးဝေးအောင် မြန်မာနိုင်ငံ
တနံတလျားမှ ထောင်များသို့ ပြောင်းရွေ့ချုပ်နှောင်ထားလျက်ရှိသည်။
အဲဒီလိုခက်ခဲအောင် နအဖ စစ်အစိုးရရဲ့ လုပ်ဆောင်မှုကြောင့် နိုင်ငံရေးအကျဉ်းသား တွေရဲ့ မိသားစုဝင်များအနေနဲ့ နယ်ထောင်များအထိ ထောင်ဝင်စာသွားမတွေ့နိုင်တဲ့
အဖြစ်တွေ၊ အခက်အခဲတွေလည်း မကြာခဏကြားနေဖတ်နေရသည်။
“အရင်တုန်းက အင်းစိန်ထောင်မှာ ဆိုရင် ဆယ်ရက်တစ်ခါ တွေ့လို့ရတယ်။ အခုနယ်ထောင်ကို ရောက်သွားတော့ အစက တလ တခါ သွားမယ် စိတ်ကူး ထားပေမဲ့
တကယ့်တကယ် လက်တွေ့မှာ ဒီလမ်းခရီးစရိတ်နဲ့ သူ့ကိုပေးရတာနဲ့ နှစ်လမှတစ်ခါပဲ သွားဖြစ်တော့တယ်”
ဟု ရန်ကုန်မှာ မိသားစုရှိပေမယ့်လည်း သူ့ခင်ပွန်းဖြစ်သူ ကိုဇော်သက်ထွေးကို တောင်ကြီးထောင်ကို ပြောင်းရွေ့ အကျဉ်းချခံထားရတဲ့ မခိုင်ချိုဇော်ဝင်းတင်က ပြောပြသည်။
အဲဒီလို အဝေးပို့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တွေ့ဖို့ရာ မိသားစုဝင်များအနေဖြင့် ခရီးလမ်းစရိတ် သောင်းနဲ့ သိန်းနဲ့ ကုန်ကျခံကြရသည်။ သိန်းဂဏန်းနဲ့ချီတဲ့
လေယာဉ်လက်မှတ်ကို မတတ်နိုင်သဖြင့် တစ်နှစ်မှာ တစ်ကြိမ် နှစ်ကြိမ်သာ တွေ့ဆုံနိုင်တဲ့ မိသားစုတွေလည်း ရှိသည်။
လမ်းစရိတ်က အထဲမှာအကျဉ်းကျသူအတွက် ၀ယ်ခြမ်းသွားရသည့် စားစရာ၊ ဆေးဝါး၊ အခြားတိုလီမိုလီတို့ထက် များနေသည့်သဘောလည်း ဖြစ်သည်။ စစ်အစိုးရ၏
ညစ်ပရိယာယ်ကြောင့် မိသားစုတွေရဲ့ ဘ၀ပိုမိုပင်ပန်းဆင်းရဲကြရှာသည်။
တချို့ကလည်း အင်းစိန်ထောင်မှာပင်ထားစေဦးတော့ တစ်လတစ်ခါပင် လာရောက်ပြီး ထောင်ဝင်စာ မတွေ့နိုင်တဲ့ မိသားစုဝင်များရှိသေးတာကိုလည်းတွေ့ရသည်။
သူတို့ဘ၀တွေအနေနဲ့ ပြင်ပက မိသားစုတွေ ဘ၀ရပ်တည်ရေး စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေကြရတာကြောင့်ဟု သိရသည်။
“အန်အယ်ဒီကပေးတဲ့ လူမှုထောက်ကူ ငွေ တစ်လ ငါးထောင်ကိုပဲ အထဲကလူအတွက် အားထားရာဖြစ်ခဲ့တယ်။ အိမ်ကမှမလာနိုင်ဘဲ။ တချို့မိသားစုဆို ဆင်းရဲတော့
အဲဒီငွေငါးထောင်ပဲ သုံးလိုက်ရတော့ အထဲကလူဆီ မရောက်တာတွေလဲရှိတယ်။”
လို့ အန်အယ်ဒီအဖွဲ့ဝင် တစ်ဦးကပြောပြသည်။
ရွှေဝါရောင်သံဃာ့အရေးအခင်းတွင် ထောင်ချခံခဲ့ရတဲ့ သံဃာတော်များအတွက် သံဃာနှင့်မအပ်စပ်တဲ့ အကျဉ်းထောင်မှာတော့ ဒုက္ခပေါင်းစုံကို ခံစားနေရသည့်အပြင်
ငယ်ဖြူသံဃာတော်များအဖို့ နီးစပ်ရာ ဒကာ၊ ဒကာမအချို့ ပေးအပ်လှူဒါန်းတဲ့ ငပိကြော်တစ်ထုပ်၊ ငခြောက်ကြော် တစ်ထုပ်၊ ကော်ဖီမစ် အနည်းကိုသာ အားပြုမှီဝဲနေခဲ့ရသည်ဟု မကြာမှီမှ
လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ယောက်က ပြောပြသည်။

ယုံကြည်ချက်ဖြင့် ဖွင့်ထားသော နား မျက်စိများ


အထက်က ဘ၀တွေက အပြင်မှာ ကျန်ခဲ့တဲ့ မိသားစုတွေနဲ့ သူတို့ရဲ့ ရုန်းကန်နေရတဲ့ဘ၀တွေ ဖြစ်ပြီး ထောင်နံရံ တံတိုင်းရဲ့ အတွင်းဘက်က နိုင်ငံရေး အကျဉ်းသားတွေ
ဘယ်လိုနေကြသလဲ ဆိုတာကိုလည်း နည်းနည်း စေ့ငုကြည့်မိသည်။
အထဲမှာနေကြရတဲ့အတွက် ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်နေ၊ ပြင်ပကအခြေအနေတွေကို မသိဘူးလို့ ယူဆလျင် ထိုယူဆချက်မှားယွင်းလိမ့်မည် ဖြစ်သည်။
နိုင်ငံရေး အကျဉ်းသူ မဏီက
“ အန်တီပြန်လွတ်လာပြီလို့ ကြားတုန်းက အရမ်းဝမ်းသာတယ်။ မိဘမရှိတဲ့ ကလေးတွေလိုပဲ အခုမှ မိဘပြန်ရောက် လာသလိုခံစားရတယ်။ အန်တီလွတ်လာတော့
ထောင်ထဲမှာလဲ အန်တီ့မျက်နှာနဲ့ အခွင့်အရေး ပြန်ပေးလာတယ်လို့ထင်တယ်။ ကိုယ့်အမေ ပြန်ရောက်လာပြီ ဆိုတဲ့အသိနဲ့ အဲဒီနေ့က အထဲမှာအရမ်းပျော်ကြတယ်”
လို့ ထောင်ဝင်စာတွေ့ရာတွင် ပြောပြခဲ့သည်။
ဒီပြောဆိုချက်ကို ကြည့်ခြင်းဖြင့် သူတို့အနေနဲ့ ပြင်ပမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေများကို မျက်ခြေမပြတ်သည်ကို သဘောပေါက်နိုင်ပါသည်။ တရားဝင်သွင်းခွင့်ရတဲ့
အပတ်စဉ်ထုတ် ဂျာနယ်တွေကို မျှဝေဖတ်ကြခြင်း၊ အပြင်မှ မိသားစုလာတွေ့တဲ့အခါ တစွန်းတစ သတင်းများကို ဆက်စပ်နားထောင်ခြင်းဖြင့် နိုင်ငံရေး ဖြစ်ပေါ်မှုတွေကို
အမြဲစိတ်ဝင်တစားရှိနေကြသည်။
နိုင်ငံရေးမှုနဲ့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတိုင်းအတွက် အိမ်ကမိသားစုတွေ လာတွေ့ရင် မပါမဖြစ် ပါစေချင်တဲ့ အရာကတော့ စာအုပ်များပင် ဖြစ်သည်။
အကျဉ်းကျ နိုင်ငံရေးသမားများ အတွက်တော့ အပြင်ကသတင်းတွေက သူတို့အသက်ပါပဲလို့ မဏီကပြောခဲ့သည်။ ထို့ကြောင့်လဲ အာဏာပိုင်တို့က
သာမာန်အကျဉ်းသားများကို အိမ်မှမိသားစုဝင် များနှင့် ထောင်ဝင်စာတွေ့ဆုံ စကားပြောဆိုလျှင် မည်သို့မျှစောင့်ကြည်ခြင်း နှောက်ယှက်ခြင်း မပြုသော်လည်း နိုင်ငံရေးအကျဉ်းသားများ
ထောင်ဝင်စာ တွေ့ဆုံပြီဆိုရင်တော့ ထောင်ဝန်ထမ်း တစ်ဦးလိုက်ပါပြီး စာရွက်နှင့်ရေးမှတ်ခြင်း၊ အချိန်တိုတောင်းစွာသာ ကန့်သတ်ပြောဆို ခိုင်းခြင်းများကို ပြုလုပ်လေ့ရှိသည်။
သူကပဲ
“ဒီအစိုးရသစ်အပေါ် အမြင်ကတော့ အပြင်ကထောင်ဝင်စာ လာတဲ့လူတွေ သွင်းပေးတဲ့ ဂျာနယ်တွေကို ဖတ်ပြီးတော့ ပြောရမယ်ဆိုရင် အာဏာရပါတီလို ဖြစ်နေတဲ့
ကြံ့ခိုင်ဖွံဖြိုးရေး ကပဲ နိုင်မယ်ဆိုတာ တစ်ထစ်ချတွက်ပြီးသားပဲ။ အဆိုးထဲကအကောင်း ဖြစ်ပြီးတရားဝင် လုပ်ခွင့်ရတဲ့ အပေါ်လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားပြီးလုပ်ကိုင်
လာနိုင်မယ်မျှော်လင့်ရတာပဲ။ နောက်သဘောထား ပျော့ပျောင်း လာမလား ဆိုတာအကဲခတ်ရမှာပဲ။ သိပ်တော့ မမျှော်လင့်ပါဘူး။ တကယ်လို့ ရိုးသားပြီး ဆွေးနွေးချင် တယ်ဆိုရင်တော့
နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရမှာပဲ”
လို့ ပြောပြခဲ့သည်။
“ဝေးကွာနေတဲ့ မိသားစုတွေ၊ သူတို့အိမ်ပြန်လာမဲ့ အချိန်ကို စောင့်မျှော်နေတဲ့ မိဘတွေအတွက် ၀မ်းနည်းမိပေမဲ့ တိုင်းပြည်အတွက် လိုအပ်တဲ့အခန်းကဏ္ဍမှာ ပါဝင်နိုင်သရွေ့
ဆက်လက်ပါဝင်ဖို့ သူခံယူထားတယ်”
ဟု စိတ်ကိုပိုင်းဖြတ်ထားတဲ့ မျက်နှာအမူရာပေါ်လွင်စွာဖြင့် ပြောပြသည်။
လေဖြတ်ထားလို့ အိပ်ယာထဲ လဲနေတဲ့ ဖခင်ဖြစ်သူရဲ့အဖြစ်၊ အသက်အရွယ်အိုမင်းပြီး ကျန်းမာရေးချူချာတဲ့ဘ၀မှာ တဦးထည်းသော သားသမီးကို ဘယ်လောက်
တမ်းတရှာမည်လဲဆိုသည်တို့ကို သူ့အနေဖြင့် မစဉ်းစားမိမည်မဟုတ်။ စဉ်းစားမိမည်မှာ အမှန်ပင် ၊ သို့ပေမယ့် နိုင်ငံရေး တိုက်ပွဲက မပြီးဆုံးသေး၊ ယခုအချိန်မှာ အထက်က
အကြောင်းတွေကြောင့် လက်နက်ချ အရှုံးပေးလို့ မဖြစ်နိုင်ဟု ခံယူထားလေသလား မသိ။
“ကျမတို့အတွက် ဒီအထဲမှာ တစ်မိနစ်နေရင် တစ်မိနစ် တန်ဖိုးတက်နေတယ်လို့ ခံယူထားတယ်။ မတရားအကျဉ်းချခံထားရတာလဲ လူတိုင်းသိတယ်။ ကမ္ဘာကလဲသိတယ်။
ကိုယ်တိုင်အကျဉ်းအကျပ် ထဲကလွတ်မြောက်ချင်သလို ပြည်သူတွေကိုလဲ ဒီစနစ်ဆိုး လက်အောက်ကနေ လွတ်စေချင်တယ်”
လို့ သူကပင်ပြောပြခဲ့သည်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတို့ အဖို့ထောင်တွင်း ဒုက္ခပေါင်းစုံကို ခံစားနေရပါသေးတယ်။ အလှည့်ကျ လမ်းလျှောက်ခွင့် သာရတဲ့တိုက်တွေမှာဆို
အနံခြောက်ပေ၊ အလျား ၈ပေသာသာ အခန်းကျဉ်းလေးထဲမှာပဲ တရားထိုင် ၊ပုတီးစိပ်၊ အခန်းသန့်ရှင်းရေးလုပ်ရင်း လမ်းလျှောက်ခွင့် ရမဲ့အချိန်အထိ စောင့်နေကြရတာလဲ နေ့စဉ်အလုပ်
တစ်ခုပါပဲ။

ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး အကျဉ်းသား


“ဟိုတလောက အရမ်းအေးတယ်။ တိုက်တွေက ပူလွယ်အေးလွယ်တော့ အေးရင်လဲ အသေပဲ။ ခြေအိတ်က မရှိတော့ ကိုယ့်လိုပဲ နိုင်ငံရေးနဲ့ ကျနေတဲ့ ညီမတယောက်က
တီရှပ်အကျီဟောင်းတထည်ကို ဖြတ်ပြီးခြေစွပ်ဖြစ်အောင် ချုပ်ပေးရှာတယ်။ ခြေထောက်မှာမြဲရအောင် သားရေကွင်းတကွင်းစီနဲ့ အ၀တ်စကို ချုပ်ထားတာ၊ လမ်းလျှောက်တဲ့အခါ
ဘတ်လပ်ဘတ်လပ်နဲ့ ကြည့်ပြီးရယ်နေရသေးတယ်၊ ဆရာဝန်တွေက တိုက်တွေဆိုရင်တော့ ဂရုစိုက်ပါတယ်။ ဒါပေမဲ့ တစ်ခုခုဖြစ်ရင် ကိုယ်ကအရင်ဖြစ်မှာ ဆိုတော့ ဘာပဲဖြစ်ဖြစ်
ကျန်းမာအောင် တော်တော်ဂရုစိုက်နေရတယ်”
လို့ သူမကပင်ပြောပြခဲ့သည်။
အခြားအကျဉ်းသားများအတွက် ထောင်ဖွင့်ချိန် မနက် ၆နာရီမှ ညနေ ၆နာရီအထိ လွတ်လပ်စွာ ထောင်ဝန်းအတွင်း နေထိုင်သွားလာခွင့် ရရှိနိုင်ပေမဲ့ နိုင်ငံရေး
အကျဉ်းသားတို့အဖို့ တနေ့လျှင် လမ်းလျှောက်ခွင့် ၅နာရီမျှသာ ရပါသည်။
“ကျမတို့အတွက် အစားအသောက် အနေအထိုင် အစစအရာရာ ချို့တဲ့ပေမဲ့ ဒါဟာတိုက်ပွဲဝင် နေတာဆိုတဲ့ အသိလေးနဲ့တင် ကျမတို့စိတ်ကို ပြန်အားတင်းထားနိုင်ခဲ့တယ်။
ဒါပေမဲ့ အပြင်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေအပေါ် တာဝန်မကျေတာတော့ စိတ်မကောင်းဘူး”
လို့သူမကမျက်ရည်စို့ရင်း ပြောပြခဲ့သည်။
တကယ်တော့ ထောင်အုတ်ရိုးအတွင်းမှာ ချုပ်နှောင်ထားရုံ မျှမက ခြင်္သေတွေ ကျားတွေလို သံတံခါးအထပ်ထပ်နဲ့ လှောင်အိမ်တွေထဲမှာ နေနေရတဲ့ အကျဉ်းသားတွေရဲ့
ဘ၀ကတော့ စိတ်ဓါတ်ကို သံမဏိလုပ်ထားနိုင်မှ တော်ကာကျမယ်လို့ သူမကပြောပြခဲ့သည်။

မျှော်လင့်ချက်တို့ဖြင့် လင်းနေတဲ့ သန်းကောင်ယံ


အကျဉ်းသားတိုင်း မျှော်လင့်ဖူးတဲ့ အစိုးရကနေ လွတ်ရက်မစေ့ခင် လွှတ်ပေးတဲ့ ဖိုးအိုဝမ်း (၄၀၁) နဲ့ ပတ်သတ် ပြီးတော့ အန်အယ်ဒီရဲ့ ဥပဒေ အကျိုးဆောင် ဦးအောင်သိန်းက
“အကျဉ်းသားတစ်ယောက်ကို လွတ်ရက်မစေ့မှီ လွှတ်တာက ပုဒ်မ ၄၀၁နဲ့လွှတ်တာပေါ့နော်။ အဲဒီမှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာတွေပါမယ်။ နောက်လျော့ပေါ့
ပြောင်းလဲတာတွေ ပါမယ်။ ဒီပုဒ်မရဲ့ သဘောက တစ်ယောက်ယောက်ကို ပြစ်ဒဏ်ချမှတ်ပြီးတဲ့အခါ နိုင်ငံတော်သမ္မတကနေ ဘယ်အချိန်မဆို စည်းကမ်းချက် မထားပဲနဲ့ဖြစ်ဖြစ်
ပြစ်ဒဏ်ချမှတ်ခံရတဲ့သူ သဘောတဲ့ စည်းကမ်းချက်တစ်ခုခု ထားပြီးဖြစ်စေ သူ့အပေါ်မှာ ချမှတ်ထားတဲ့ ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်တယ်”
လို့ ပြောပြခဲ့သည်။
နိုင်ငံအရေးအကျဉ်းသား ၂၀၀၀ကျော် လွတ်မြောက်ရေးအတွက် ပြည်တွင်းပြည်ပမှ တွန်းအားပေး တောင်းဆိုနေကြတာလဲ အချိန်နဲ့အမျှပါပဲ။ မြန်မာစစ်အစိုးရက
နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ကို လွှတ်ပေးပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေး ခဲ့လျှင် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားဖို့ စဉ်းစားမည်ဟု အမေရိကန်
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး(အရှေ့အာရှ ပိစိဖိတ်ရေးရာတာဝန်ခ)ံ ဂျိုးဇက် ၀ိုင် ယန်းက ဂျာကာတာပို့စ် သတင်းစာကို ပြောဆိုခဲ့သည်။
ထို့အတူ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် လွှတ်တော်တွင် တင်ပြသွားရန် ရွေးကောက်ပွဲဝင် အန်ဒီအက်ပါတီမှလည်း သတင်းထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၇ရက်နေ့က ပြုလုပ်သော ရှမ်းအမျိုးသားနေ့တွင် အကျဉ်းကျခံ ရှမ်းနိုင်ငံရေးခေါင်းဆောင်များ လွတ်မြောက်ရေး အတွက် ရှမ်းအန်အယ်ဒီအဖွဲ့မှ တောင်းဆိုခဲ့သည်။
ယုံကြည်ချက်နှင့် အကျဉ်းကျခံထားရသော နိုင်ငံရေး အကျဉ်းသားများတွင် တိုင်းရင်းသားလူမျိုးစုများမှ နိုင်ငံရေးအကျဉ်းသား ၂၂၅ဦးပြီး လွှတ်တော်ကိုယ်စားလှယ် ၁၂
ဦးပါဝင်တာကို တွေ့ရသည်။ ထို့အပြင် သတင်းစာ ၊စာနယ်ဇင်းသမား ၄၂ဦးနှင့် ရှေ့နေ ၁၁ဦးတို့ အကျဉ်းကျခံထားရဆဲ ဖြစ်သဖြင့် နယ်ပယ်အသီးသီးမှ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ
အကျဉ်းသားပေါင်း ၂၀၀၀ကျော်ရှိသည်။ ထို့အပြင် ထောင်တွင်း အနေအစားချို့တဲ့မှုကြောင့် ရောဂါဝေဒနာ ခံစားနေရသော နိုင်ငံရေး အကျဉ်းသား ၁၄၂ ဦးရှိကြောင်း အေအေပီပီက
ထုတ်ပြန်သည့် ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေကို ပြထားသည့် စာရင်း အရသိရှိရသည်။

လူ ၂၀၀၀ ရဲ့ အိမ်အပြန်


ယခုလို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ အစိုးရသစ် အကူးအပြောင်း ကာလတွေဟာ ထောင်တွင်း အကျဉ်းချခံထားရတဲ့ လူတွေအဖို့ နိုင်ငံတော်လို့ ခေါ်တဲ့
လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်လင့်နိုင်တဲ့ အခြေအနေပါ။ သို့ပေမဲ့ နိုင်ငံရေးအကျဉ်းသား မည်ရွေ့မည်မျှ လွတ်နိုင်သည်ကိုတော့ ခန့်မှန်းရနိုင်တဲ့ အနေအထား မဟုတ်တဲ့အတွက်
မျှော်လင့်ချက်နဲ့ သာမိမိတို့ သားသမီး ၊ ဇနီး၊ ခင်ပွန်းတို့ကို စောင့်နေရုံသာ ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားတစ်ဦးရဲ့ မိခင်က ပြောပြခဲ့သည်။
“အမကတော့ အချိန်မရွေး မျှော်လင့်တယ်။ ရုံးကနေပြန်လာရင်တောင် ငါ ပျော်အောင်များ ရုံးကို အကြောင်းမကြားပဲ ထားတာလား ၊ သူရှိနေမလား ဆိုတဲ့အသိကတော့
အမြဲရှိနေတယ်”
လို့ မခိုင်ချိုဇော်ဝင်းတင်က ပြောသည်။
အားလုံးသော မြန်မာပြည်သားများကလည်း သူတို့ အိမ်ပြန်လာချိန်ကို မျှော်နေကြသည်။
သူတို့ကလည်း စောင့်မျှော်နေမည့် အိမ်နဲ့ မိသားစုသားချင်းများထံ ရဲရင်တည်ကြည်သော ခြေလှမ်းများဖြင့် အရောက်ပြန်လာကြမည် ဖြစ်သည်။
စားသုံးတို့ ငွေကုန်ကြေးကျ များစေတဲ့ မြန်မာပြည်က ဖုန်းအမျိုးမျိုး ၀န်ဆောင်မှု စာရိတ်အမျိုးမျိုး

မိုးမခ အထောက်တော်၊ ရန်ကုန်


ဖေဖေါ်ဝါရီ ၇၊ ၂၀၁၁
မြန်မာနိုင်ငံ တယ်လီဖုန်း ဆက်သွယ်ရေး စနစ်တွင် မတူညီသည့် နည်းစနစ် မတူညီသည့် မိုဘိုင်းဖုန်းများ၊ ဧရိယာကန့်သတ်မှုများ ၊ ကုန်ကျစရိတ်ကြီးမားသည့် ပြောဆိုခနှင့်
အခြားသောဝန်ဆောင်မှုများကြောင့် ဖုန်းသုံးစွဲသူများမှာ မကြာခဏ ငွေထပ်မံ သုံးစွဲကြရသည့်ပြင် ၀န်ဆောင်မှုအပိုင်းမှာတော့ အိမ်နီးချင်းနိုင်ငံများထက်ညံ့ဖျင်းလျက်ရှိကြောင်း
ဖုန်းသုံးစွဲသူများက ပြောဆိုသည်။
အင်တာနက်ဖုန်း ကဒ်လဲရန် ငွေ ၃ သောင်းက ၅ သောင်း
လွန်ခဲ့သည့် ဇန်န၀ါရီလလယ်က စတင်လိုက်သည့် မိုဘိုင်းဖုန်းတွင် အင်တာနက် ၀န်ဆောင်မှုအတွက် နကိုဖုန်းလက်ဝယ်ရှိသူများပင် အင်တာနက်တပ်ဆင်ခ အဖြစ် ကျပ်ငွေ
၃ သောင်းမှ ၅ သောင်းဝန်းကျင်ထိထပ်မံ သုံးစွဲကြရပြန်သည်။ ယမန်နှစ်ဆန်းက စတင်ရောင်းချခဲ့သည့် ငါးသိန်းတန် ၈၀၀ မီဂါဟတ်ဇ စီဒီအမ်အေ ဖုန်းများအားအင်တာနက်
သုံးစွဲခွင့်ပြုရာတွင် ကဒ်လဲလှယ်ရန်ဟု အကြောင်းပြပြီး ကျပ်ငွေ ၃ သောင်းထပ်မံပေးသွင်းရမည်ဟု မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ခဲ့သည်။ သို့ရာတွင်
လက်တွေ့လိုက်လံလုပ်ဆောင်သည့်အခါ အနည်းဆုံးကျပ်ငွေ ၃ သောင်းခွဲမှ ကျပ် ၅ သောင်းအထိကုန်ကျကြရသည်။
နကိုရှိပြီးသား RUIM ကဒ် (ဆင်းကဒ် အမျိုးအစားတမျိုး) ကို ကျပ်ငွေ သုံးသောင်းပေးသွင်းပြီး အလားတူကဒ်မျိုးဖြင့်သာပြန်လဲလှယ်ခြင်းဖြစ်သည်။ သုံးစွဲသူများထံမှ
ငွေကောက်ခံလိုသဖြင့် ထိုသို့ကဒ်လဲလှယ်ခြင်း အစီအစဉ်ကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု သုံးစွဲသူအချို့က ထင်မြင်ယူဆကြသည်။

အင်တာနက်ဖုံး ဟင်းဆက်လဲရန် ၁ သိန်းက ၂ သိန်း


နကိုက ကိုင်ဆောင်လျက်ရှိသည့် ၈၀၀ မီဂါဟတ်ဇ ဟန်းဆက်များမှာ အင်တာနက်သုံးစွဲရန် ခေတ်မမှီသဖြင့် အင်တာနက် သုံးသူများအနေဖြင့် အင်တာနက် သုံးနိုင်သည့်
တရုတ်နိုင်ငံထုတ် ဟန်းဆက်များကို အနည်းဆုံးကျပ် ၁သိန်းမှ ၂ သိန်းကျော်ပေးဝယ်ပြီး လဲကြရသည်ဟု ငါးသိန်းဖုန်းဖြင့် အင်တာနက် သုံးသူများက ပြောသည်။
ကားပွဲစား လုပ်သူတစ်ဦးက ``အင်တာနက် သုံးဖို့လျှောက်လို့ရပြီဆိုတော့ သားအတွက် ကျွန်တော် သွားလျှောက်တယ်။ တန်းစီ လျှောက်လွှာတင်၊ ပြီးတော့ငွေသွင်း
ကဒ်လဲပြီး အင်တာနက်သုံးလို့ရတယ်ဆိုတဲ့ Huawei ဟန်းဆက်ကို ၁ သိန်း ၂သောင်းနဲ့ဝယ်လိုက်တယ်။ အခုအဲဒီဟန်းဆက်က အင်တာနက်တိုက်ရိုက်သုံးလို့ အဆင်မပြေတာတွေရှိလို့
ကွန်ပျူတာနဲ့ ချိတ်ဆက်ဖို့ လိုက်လုပ်ရပြန်တယ်။ အရင်သုံးပြီးသား ငါးသိန်းဟန်းဆက် တစ်လုံးကလည်း အိမ်မှာ ဒီအတိုင်းပဲ။ သူတို့စနစ်တွေပြောင်းနေတာနဲ့ နောက်ကလိုက်ရတဲ့သူက
ငွေတွေကုန်တာလည်း မပြောနဲ့တော့´´ဟုပြောသည်။

ငါးသိန်းဖုန်းကို ကွန်ပျူတာနဲ့ အင်တာနက်သုံးတဲ့အခါ လိုအပ်တဲ့ မိုဒမ် ကြော်ငြာကို အလုံအိတ်ချိန်းရုံးမှာ ချိတ်ဆွဲထား

လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်း နအဖ စစ်အစိုးရက ဂျီအက်စ်အမ်၊ CDMA 800Mhz ၊ WCDMA၊ ကမ်းရိုးတန်း450 Mhz CDMA ၊ ငါးသိန်း CDMA အစရှိသည့်
နည်းစနစ် အမျိုးမျိုး၊ ဈေးနှုန်းအသီးသီးဖြင့် ငှားရမ်းခွင့်ပြုခဲ့သည်။ မကြာမီ ၅ သိန်းဂျီအက်စ်အမ်လည်း ရောင်းချတော့မည်ဟု ပြည်တွင်း အပတ်စဉ်ထုတ်ဂျာနယ်များတွင်
ဖေါ်ပြထားချက်အရ သိရသည်။
၁ ခါသုံး ဖုံးကဒ် ၁ နာရီ ပြော ငွေ ၂ သောင်းခွဲ …
၂၀၀၉ ခုနစ်ဆန်းမှ စတင်ပြီး တစ်ခါသုံး ဖုန်းကဒ်များအား ကျပ် ၂သောင်းကျော်ဖြင့်ရောင်းချခဲ့သည့် အတွက်လည်း သိန်းနှင့်ချီတန်သည့်မိုဘိုင်းဖုန်း မကိုင်နိုင်သူများ
ဝယ်ယူသုံးစွဲခဲ့ကြသေးသည်။ တစ်လသာခံသည့် ဆင်းကဒ်တကဒ်အတွက် ကျပ် ၂သောင်းကျော်ကို အကုန်ကျခံခဲ့ကြရသည်။ ကဒ်သက်တမ်းမှာ တစ်လဟုဆိုသော်လည်း တစ်မိနစ်ကို
ကျပ်၃၀၀ ၀န်းကျင်ကျသင့်သဖြင့် အမှန်တကယ် တောက်လျှောက်ခေါ်ဆိုလျင် တစ်နာရီသာသာဖြင့် ကုန်ဆုံးသွားမည်ဖြစ်ပြီး အ၀င်ခေါ်ဆိုမှုကိုလည်း လက်ခံနိုင်မည် မဟုတ်တော့ပေ။
အရောင်းစာရေး တဦးအနေဖြင့် တစ်လလျင် လုပ်ခလစာ ကျပ် ၃သောင်းမှ ၅ သောင်းဝန်းကျင်သာရှိသည့် မြန်မာနိုင်ငံတွင် မိနစ် ၆၀ စာဖုန်းကဒ်တကဒ်အား ကျပ် ၂သောင်းခွဲဖြင့်
ဝယ်ယူသုံးစွဲဖို့ လူတိုင်းမတတ်နိုင်ခဲ့ကြပေ။
ငါးသိန်းဖုန်းများ အသစ်လျှောက်ရန်နဲ့ အင်တာနက် တပ်ဆင်ရန် အတွက် အလုံအိတ်ချိန်းရုံးမှာ လျှောက်ထားသူတွေ စည်ကားနေစဉ်

နယ်ကျော်ပြီး ပြောခွင့်မရှိတဲ့ လက်ဝါးကြီးအုပ် မိုဘိုင်းဖုန်း


၂၀၁၀ ခုနှစ်တွင်ယခင်က သိန်း၁၆သိန်း၊ ၁၈ သိန်း ပေါက်ဈေးရှိခဲ့သည့် မိုဘိုင်းဖုန်းများအာ်း ၅သိန်းကျပ်ဖြင့်ရောင်းချပေးခဲ့ပြီး ဆက်သွယ်နိုင်သည့် ဧရိယာကို
ကန့်သတ်ထားခဲ့သည်။ သုံးစွဲသူလူထုအနေဖြင့် ငါးသိန်းဖြင့် မိုဘိုင်းဖုန်း ၀ယ်ယူနိုင်သည့် အချက်ကို အခွင့်အရေး တခုအဖြစ် မြင်ခဲ့ကြပြီး အလုံးရေ
သိန်းနဲ့ချီဝယ်ယူခဲ့ကြသည်ကိုတွေ့ရသည်။
၂၀၀၈ ခုနှစ်အကုန်မှစတင်ပြီး မြန်မာ့ တယ်လီဖုန်း ဆက်သွယ်ရေး နယ်ပယ်အတွင်းသို့ စစ်အစိုးရနှင့် အကျိုးတူလုပ်ကိုင်နေသည့် ပုဂ္ဂလိက လုပ်ငန်းရှင် ဦးတေဇက
ပါဝင်လုပ်ကိုင်ခွင့်ရလာခဲ့သည်။ အက်အီးစီ ၂၀ နှင့် ၅၀ တန်ကဒ်များ စတင်ရောင်းချသည့် အစီအစဉ်မှ စပြီးယခု ၈၀၀ မီဂါဟတ်ဇ စနစ်သုံး ငါးသိန်းဖုန်းများ ၊ အင်တာနက်
သုံးစွဲသည့်ဝန်ဆောင်မှုများတွင် အီလိုက်တက်ခ ကုမ္ပဏီနာမည်ဖြင့် လုပ်ကိုင်ခွင့်ရရှိခဲ့သည်။ စစ်အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများက ဆက်သွယ်ရေးနှင့် မိုဘိုင်းဖုန်းလုပ်ပိုင်ခွင့်များကို
လက်ဝါးကြီးအုပ်ထားသည့် အတွက် လွတ်လပ်သည့် ပြိုင်ဆိုင်သည့် ဈေးကွက်မရှိပဲ သုံးစွဲသူအများစုမှာ ၀င်ငွေနှင့်မမျှသည့် ငွေကြေးပမာဏကို သုံးစွဲနေကြရသည်ကို တွေ့ရသည်။
အိမ်နီးချင်းထိုင်းနိုင်ငံတွင် မိုဘိုင်း တယ်လီဖုန်း ဆက်သွယ်ခ တစ်မိနစ်လျင် တစ်ဘတ် (၂၉ ကျပ် ) သာကျသင့်ပြီး အေဒီအက်စ်အယ် တစ်လျင် ဘတ် ၅၉၀ ( ကျပ် သောင်း
၇ထောင် )သာ ကျသင့်သော်လည်း မြန်မာနိုင်ငံတွင် တမိနစ် အနည်းဆုံး ၅၀ ကျပ်မှ ၆၀ ကျပ် (ထိုင်းနိုင်ငံထက် ၂ဆ) အထိကျသင့်ပြီး အေဒီအက်စ်အယ် အင်တာနက်လိုင်းတစ်လိုင်း
သွယ်ယူရန် အမေရိကန်ဒေါ်လာ ၁၅၀၀ အနည်းဆုံးကျသင့်သည့် အနေအထားလည်း ဖြစ်သည်။
http://moemaka.com/
ရခိုင-် ကရင် ၃၄ဦး အမြန်ဆုံး လွတ်မြောက်ရေးအတွက် နိုင်ငံတကာတွင် တောင်းဆိုဆန္ဒပြမည်

2/9/2011

Adjust font size:

---------------
မင်းဆက်ခိုင်
---------------
အိန္ဒိယနိုင်ငံ ကာလကတ္တား အကျဉ်းထောင်တွင် ထိန်းသိမ်းခံနေရဆဲဖြစ်သော ရခိုင-် ကရင် တော်လှန်ရေးသမား ၃၄ဦးကို အိန္ဒိယအစိုးရမှ အမြန်ဆုံးလွတ်ပေးရန်နှင့် ယူအန်မှ နိုင်ငံရေး
ဒုက္ခသည်များအဖြစ် အသိမှတ်ပြုပေးရန် အတွက် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများကသူတို့ ဖမ်းဆီးခံရသည့် ၁၃ နှစ်ပြည့်မြောက်နေ့တွင် တောင်းဆို ဆန္ဒပြသွားမည်ဖြစ်ကြောင်း
သိရသည်။

ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုမည့်ကိစ္စနှင့် ပတ်သက်ပြီး ဦးဆောင် လူပ်ရှားနေသူ တဦးဖြစ်သူ AASYC ၏ အထွေ ထွေအတွင်းရေးမှူး ကိုအောင်မင်းဦးက “ အခု အဲဒီ မျိုးချစ်ရဲဘော်
၃၄ဦးကို ယူအန်က အင်တာဗျူးတွေ ပြီးသွား ပြီဆိုပေမယ့် အခြေအနေကို မသိရှိရသေးဘူး။ တကယ်လို့များ ယူအန်က သူတို့ကို မြန်မာနိုင်ငံသား ဒုက္ခ သည်တွေအဖြစ်
အသိအမှတ်မပြုဘူးဆိုရင် အိန္ဒိယအစိုးရက အချိန်မရွေး မြန်မာပြည်ကို ပြန်ပို့နိုင်ပါတယ်။ အဲဒီလို အနေအထားဆိုရင် သူတို့ရဲ့ ဘဝလုံခြုံရေးက အများကြီး စိုးရိမ်စရာ ရှိပါတယ်။
ဒါကြောင့် အိန္ဒိယ အစိုးရက သူတို့ကို မြန်မာပြည်ကို ပြန်မပို့ဆိုတဲ့ အာမခံချက်နဲ့ အပြီး အပိုင်လွတ်ပေးဖို့နဲ့ ယူအန်ကလည်း သူတို့ကို နိုင်ငံရေးဒုက္ခသည်တွေအဖြစ် အသိအမှတ်
ပြုပေးဖို့အတွက် တောင်းဆိုသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်-ကရင် ၃၄ဦး လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြပွဲများကို အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ အင်္ဂလန်၊ ဘင်္ဂလာဒေ့ခ်ျ နိုင်ငံများရှိ အိန္ဒိယသံရုံးရှေ့တို့တွင် သူတို့ ဖမ်းဆီးခံရသည့်
၁၃ နှစ်ပြည့် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်။ သို့သော်လည်း အမေရိကန်နိုင်ငံရှိ အိန္ဒိယသံရုံးရှေ့တွင် ၁၂ရက်နေ့နှင့် ဂျပန်နိုင်ငံရှိ အိန္ဒိယသံရုံးရှေ့တွင်
၁၈ရက်နေ့တို့တွင် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

“ရဲဘော် ၃၄ဦးအတွက် အခုလိုပြုလုပ်တာမျိုး အရင်နှစ်တွေက မရှိခဲ့သလို အခုက Campaign အဖွဲ့တွေ လည်းပါဝင်ပါတယ်။ အဓိက Burma Campaign UK တို့လို တခြား
ကန်ပိမ်းအဖွဲ့တွေလည်းပါတယ်။ ရဲဘော် ၃၄ဦး လွတ်မြောက်ပြီးတော့ တတိယနိုင်ငံတခုခုကို ရောက်ရှိဖို့အတွက် အားလုံးဝိုင်းဝန်ပြီးတော့ ထောက်ခံကြို ဆိုကြပါတယ်။ ပြီးတော့ အခု
ပြုလုပ်မှာကလည်း ကျနော်တို့ ရခိုင် အသိုင်းအဝိုင်း တခုတည်းမဟုတ်ပါ၊ ရခိုင်၊ ကရင်နဲ့ တခြား တိုင်းရင်းတွေလည်း ပါဝင်တောင်းဆိုမှာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာကလည်း
သူတို့ အပေါ်မှာ ပိုမိုနားလည်လာပြီးတော့ ထောက်ခံကြိုဆိုလာနိုင်သလို ယူအန်ကလည်း ဒုက္ခသည်တွေအဖြစ် အသိ မှတ်ပြုပေးလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူတို့ကို
ဒုက္ခသည်တွေအဖြစ် လက်ခံပေးဖို့အတွက် ယူအန် ရုံချုပ်ကို အဲဒီနေ့မှာပဲ တောင်းဆို စာတစောင်ပေးပို့ဖို့ အစီစဉ်ရှိပါတယ်။ နောက်တခုက သူတို့က မြန်မာပြည် ကို ပြန်မပို့ဖို့နဲ့
အပြီးအပိုင်လွတ်ပေးဖို့အတွက် အိန္ဒိယပြည်ထဲရေး ဝန်ကြီးဆီကိုလည်း တောင်းဆိုစာတစောင် ပို့သွားမှာပါ ” ဟု ဆက်ပြောသည်။

အဆိုပါ တော်လှန်ရေးသမား ၃၄ဦးလွတ်မြောက်လာခဲ့လျှင် အမျိုးသားရေး လုပ်ငန်စဉ်များတွင် ပါဝင်ပြီး လုပ်ဆောင်မည့်သူများ ဖြစ်သည့် အတွက် မြန်မာပြည် ဒီမိုကရေစီတိုက်ပွဲတွင်
တဘက်တလမ်းမှ အကျိုးပြုလာနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ကြောင်း သူကပြောသည်။

ရခိုင်-ကရင်တော်လှန်ရေးသမား ၃၄ဦးကို UNHCR က ကာလကတ္တားထောင်ထဲထိ သွားရောက်ပြီး ၂၀၁၁ ခုနှစ် ဇန္န၀ါရီလ ၅ ရက်နေ့မှ ဇန္န၀ါရီလ ၂၅ ရက်နေ့အထိ
အင်တာဗျူးများပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ UNHCR မှ အင်တာဗျူးလုပ်ပြီးခဲ့သည့်နောက်ပိုင်းတွင် ထို ၃၄ဦးအား ဒုက္ခသည်များအဖြစ် အသိအမှတ်ပြုပေးလိမ့်မည်ဟု လူအများကမျှော်လင့်ထားကြသော်လည်း


ယခုအချိန်ထိ တစုံတရာ အခြေအနေကို မသိရှိရ သေးချေ။

ရခိုင်နှင့် ကရင် ၃၄ ဦးအား ကာလကတ္တား တရားရုံးမှ ၂၀၁၀ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က နိုင်ငံခြားသားမူ ပုဒ်မ (၁၄) ဖြင့် ထောင် ၁ နှစ် ၃လနှင့် ဒဏ်ငွေ ရူပီ ၂၀၀၀၊ ပေါက်ကွဲ
စေတတ်သော လက်နက် ခဲယမ်းမီး ကျောက်များ ပိုင်ဆိုင်မူ ပုဒ်မ ၅ (ဘီ) ဖြင့် ထောင် ၁ နှစ် သုံးလနှင့် ဒဏ်ငွေ ၂၀၀၀၊ တခြား လက်နက်မူ ပုဒ်မ ၂၅ (ဘီ)ဖြင့် ထောင်ဒဏ် ၆ လနှင့်
ဒဏ်ငွေ ၂၀၀၀၊ စုစုပေါင်း ထောင်ဒဏ် ၃ နှစ်နှင့် ဒဏ်ငွေ ၆၀၀၀ စီ ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ယခုအခါ ရခိုင်နှင့် ကရင် အမျိုးသား လွတ်လပ်ရေး သမား ၃၄ ဦး အနေဖြင့် တဦးလျှင် ပေးဆောင် ကျန်ရှိ နေသော ဒဏ်ငွေ ၆၀၀၀ အားလည်း ပေးဆောင်ပြီး ဖြစ်သဖြင့်
အမူမှကွင်းလုံးကျွတ် လွှတ်မြောက်ခဲ့ပြီ ဖြစ်သည်။

ရခိုင်နှင့်ကရင် ၃၄ ဦးမှာ ၁၉၉၈ ခုနှစ်က ဖေဖေါ်ဝါရီလ အတွင်းက အိန္ဒိယ စစ်တပ်နှင့် သဘောတူညီမူအရ အိန္ဒိယ ပင်လယ်ပြင် အတွင်း တည်ရှိသော ကျွန်းငယ် တစ်ခုအတွင်း ရေတပ်
အခြေစိုက် စခန်း တည်ဆောက်ရန် ဗိုလ်ရာဇာနှင့် အတူ လာရောက်စဉ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများ ဖြစ်ကြသည်။

ဖမ်းဆီးခံရပြီး တရက်အကြာ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယ စစ်တပ်မှ ဗိုလ်ရာဇာနှင့် ခေါင်းဆောင် ၆ ဦးအား သွေးအေးအေးဖြင့် လုပ်ကြံသတ်ဖြတ်ပြီးနောက် ကျန်သူများကို
လက်နက်မှောင်ခိုမူနှင့် တရားစွဲဆိုပြီး ယခုအချိန်ထိ ဖမ်းဆီး ထိန်းသိမ်းထားသည်။

ရှစ်လေးလုံးနေ့ ၂၀ ပြည့်နှစ်တွင် ဆန္ဒပြ၍ ထောင်ကျသူ တောင်ကုတ်မှ လူငယ် ၅ ဦး ပြန်လည် လွှတ်မြှောက်လာ

2/9/2011

Adjust font size:

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ ၂၀၀၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံနေ့ နှစ် ၂၀ ပြည့်နေ့တွင် ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြ၍ ဖမ်းဆီးခံရသူ အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ် ၅ ဦးမှာ
ဖေဖေါ်ဝါရီလ ၇ ရက်နေ့က ဘူးသီးတောင်ထောင်ထဲမှ ပြန်လည် လွှတ်မြောက်လာခဲ့သည်။

လွတ်မြောက်လာသူ လူငယ် ၅ ဦးမှာ ကိုမိုးနေစိုး၊ ကိုသန်းလွှင်၊ ကိုချစ်မောင်မောင်၊ ကိုမောင်မောင်သက်နှင့် မနီနီမေမြင့်တို့ ဖြစ်ကြသည်။

စစ်တွေမှ အဖွဲ့ချုပ် လူငယ် တစ်ဦးက “ သူတို့ ဘူးသီးတောင်ထောင်က ဒီလ ၇ ရက်နေ့မှာ ထောင်သက်တမ်းစေ့တဲ့ အတွက် ပြန်လွတ်လာပါတယ်။ လွှတ်တဲ့နေ့မှာဘဲ စစ်တွေကို
ရောက်ပါတယ်။ သူတို့ကို စစ်တွေမှာ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက ကြိုဆိုနေရာချထားပါတယ်” ဟု ပြောသည်။

တခြား စစ်တွေက လူငယ် တစ်ဦးကလည်း “ သူတို့နဲက မနေ့က ညနေပိုင်းမှာ စစ်တွေ မြလဘက်ရည်ဆိုင်မှာ ဆုံဖြစ်ပါတယ်။ ကျန်းမာရေးကတော့ ကောင်းပုံရပါတယ်။ ထွေထွေထူးထူး
စကားတွေတော့ မပြောဖြစ်ခဲ့ပါဘူး။ သူတို့လည်း ပြောလိုပုံမရပါဘူး” ဟု ပြောသည်။

အဆိုပါ တောင်ကုတ်မြို့မှ လူငယ် ၅ ဦးသည် ၂၀၀၈ ခုနှစ် ရှစ်လေးလုံး (၂၀) ပြည့်နေ့က တောင်ကုတ်မြို့တွင် ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့သည့်အတွက် တခြားလူငယ် ၄၃
ယောက်နဲ့အတူ ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရပြီးနောက် သူတို့တွင် ၀တ်လာခဲ့သော ရှစ်လေးလုံးနေ့ တီရှပ်များကို တာဝန်ရှိသူများက ကိုယ်ပေါ်မှ ချွတ်ခိုင်းရာ ကျန်လူငယ်များက ချွတ်သော်လည်း သူတို့ ချွတ်ရန်
ငြင်းဆိုသဖြင့် ဆက်လက် ဖမ်းဆီးကာ ထောင်ဒဏ်ချမှတ် ခံခဲ့ရခြင်း ဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် သံတွဲထောင်သို့ ပို့ဆောင်ခံရကာ သံတွဲထောင် တရားရုံးက သြဂတ်လ ၁၅ ရက်နေ့တွင် နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၁၄၃ နှင့် ဆူပူလှုံဆော်မှု ၅၀၅
(ခ)ဖြင့် ထောင်ဒဏ် ၂နှစ်ခွဲစီ ချမှတ်ခဲ့သည်။ စက်တင်္ဘာလ ၉ ရက်နေ့တွင် သံတွဲထောင်ထဲတွင် ဆရာတော် ဦးဥတ္တမနေ့တွင် အစာငတ်ခံ ဆန္ဒပြသဖြင့် ဘူးသီးတောင် ထောင် သို့
ပို့ဆောင်ကာ ချုပ်နှောင် ထားခဲ့သည်။

http://www.narinjara.com/burmese.asp

ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်ဆွေးနွေးပွဲ ဒုတိယနေ့ ပြုလုပ်

2011-02-09

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်အနှံ့က လူငယ်များ ဆွေးနွေးပွဲ ဒုတိယပိုင်းအဖြစ် ဖေဖော်ဝါရီ ၉ ရက် ဒီကနေ့ ပြုလုပ်ရာမှာ လူငယ် ချိတ်ဆက်
လှုပ်ရှားကိစ္စ၊ ပြည်ထောင်စုကိစ္စ၊ ပညာရေး၊ လူမှုရေး ကိစ္စရပ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

(Photo: AFP)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ်များမှ လူငယ်များ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၈
ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်း၊ ရွှေဂုံတိုင်လမ်းရှိ ဌာနချုပ်ရုံးတွင် ကျင်းပနေခြင်း ဖြစ်ပါသည်။ (Photo: AFP)

ဒုတိယ ဆွေးနွေးပွဲမှာ တင်ပြဆွေးနွေးဖို့ ကျန်ရှိနေတဲ့ မန္တလေး၊ ကချင်၊ ရှမ်း၊ ချင်းပြည်နယ်၊ တနင်္သာရီ၊ မကွေး၊ ရခိုင်၊ ကယား စတဲ့ ပြည်နယ်နဲ့ တိုင်းက လူငယ်တွေက လက်ရှိ နိုင်ငံရေး၊
စီးပွားရေးနဲ့ လူမှုရေး ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်ကို ဆွေးနွေး တင်ပြကြတယ်လို့ သိရပါတယ်။

လူငယ်တွေ တင်ပြတဲ့ အကြောင်းအရာတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြား ဆွေးနွေးတာတွေလည်း ရှိတယ်လို ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ NDL လူငယ်
ခေါင်းဆောင် ကိုမျိုးညွန့်က ပြောပါတယ်။

ဆွေးနွေးပွဲကို မနက် ၉ နာရီခွဲက စတင်ပြီး နေ့လည် ၂ နာရီမှာ ပြီးဆုံးခဲ့ပါတယ်။ ဒီကနေ့တွေ့ဆုံပွဲကို လူငယ် ၂၀၀ ခန့် တက်ရောက်တယ်လို့ သိရပါတယ်။

ဒီအကြောင်း RFA ဝိုင်းတော်သား ကိုဇော်မိုးကျော်က ထိုင်းနိုင်ငံ ဗန်ကောက်မြို့ကနေ ဆက်သွယ် မေးမြန်း သတင်း ပေးပို့ထားပါတယ်။


င်




ပို့


က



ံဖို
င်

ူရ
န်
ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ လူငယ်တချို့ကို RFA မှ ကိုဝင်းနိုင်က ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။

လူ

ယ်
မ်
ား
နှ
င့်

က်
သွ
ယ်

မြး

န်း
ချ
က်


သံ
ဖို
င်
ယူ

န်

ပိတ်ဆို့အရေးယူမှုဆိုင်ရာ NLD သဘောထား ၈၈ ကျောင်းသားများအဖွဲ့ထောက်ခံ

2011-02-09

မြန်မာစစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ပြည်ပနိုင်ငံတွေက စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့ အရေးယူထားတာတွေနဲ့ ပတ်သက်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဖေဖော်ဝါရီ ၈ ရက် မနေ့က ထုတ်ပြန်ခဲ့တဲ့ သဘောထားကို ပြည်တွင်းမှာ လျှို့ဝှက် လှုပ်ရှားနေတဲ့ ၈၈ မျိုးဆက်
ကျောင်းသားများအဖွဲ့က ထောက်ခံလိုက်ပါတယ်။

(Photo: AFP)

တော်လှန်ရေးနေ့ အခမ်းအနားတခုတွင် စစ်ရေးပြနေသော စစ်ကြောင်းချီ တပ်ဖွဲ့တခု ဖြစ်ပါသည်။ စစ်အစိုးရသည် တိုင်းပြည် ဘဏ္ဍာငွေ အမြောက်အမြားကို စစ်တပ်နှင့်
ကာကွယ်ရေးအတွက် ပုံအော သုံးစွဲနေပြီး ပညာရေး၊ ကျန်းမာရေး စသော အခြား ကဏ္ဍများတွင် မစို့မပို့ ခွဲဝေ လျာထားသောကြောင့် ပြည်သူလူထု ဆင်းရဲမွဲတေနေရကြောင်း
ဝေဖန်ကြသည်။ (Photo: AFP)

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ ထောက်ခံမှုနဲ့ ပတ်သက်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူတဦး ဖြစ်တဲ့ ကိုစိုးထွန်းက RFA ကို အခုလိုပြောပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီးတော့ အားလုံး ချွင်းချက်မရှိ လွှတ်ပေးခြင်းအားဖြင့် ကျွန်တော်တို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို
ဖော်ဆောင်ရာလည်း ရောက်တယ်၊ ပြီးတော့ ကျွန်တော်တို့ စီးပွားရေး ပိတ်ဆို့မှုတွေကိုလည်း ဒါက တစတစ ပြန် ဖြေလျှော့ဖို့ အတွက်ကို ဒါ ကောင်းမွန်တဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့
ကျွန်တော်တို့ အလေးအနက် ထားပြီး ပြောချင်ပါတယ်။ အဲဒါကြောင့်လည်း ဒါ ကျွန်တော်တို့ ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်ကို ကျွန်တော်တို့ အနေနဲ့
လက်ခံပါတယ်၊ ထောက်ခံပါတယ်လို့ ပြောချင်ပါတယ်။”

စစ်အစိုးရဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေ စီမံခန့်ခွဲ သုံးစွဲမှုမှာ ကာကွယ်ရေး စရိတ်ကို အလွန်အမင်း သုံးနေပြီး၊ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍကို ၂ ရာခိုင်နှုန်းလောက်ပဲ
သုံးနေတဲ့အတွက်လည်း တိုင်းပြည် ချွတ်ခြုံ ကျရတာလို့ ကိုစိုးထွန်းက ထောက်ပြပါတယ်။

ဒါကြောင့် စီးပွားရေး ပိတ်ဆို့ အရေးယူမှု ဖယ်ရှားနိုင်ရေးအတွက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ပေးဖို့နဲ့ တရားမျှတ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု
လိုအပ်တယ်လို့ ဆိုပါတယ်။

စစ်အစိုးရအနေနဲ့ အဲဒီလို ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်မယ်ဆိုရင် စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ဖယ်ရှားရေးအတွက်လည်း လွယ်ကူသွားလိမ့်မယ်လို့ ကိုစိုးထွန်းက
ပြောပါတယ်။

အမေရိကန်အစိုးရကလည်း မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့ စစ်ခေါင်းဆောင်တွေ အပေါ် ဖိအားပေးတဲ့အနေနဲ့ ဒဏ်ခတ်အရေးယူမှုကို အမေရိကန်နိုင်ငံက
ဆက်လက် ထားရှိမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်က ပြောထားပါတယ်။

တဆက်တည်းမှာလည်း မြန်မာနိုင်ငံအပေါ် အမေရိကန်နဲ့ အီးယူ ဥရောပ နိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့ ပြစ်ဒဏ်ခတ်မှုကြောင့် တိုက်ရိုက် အထိခိုက်ဆုံး စီးပွားရေးကဏ္ဍဟာ
အထည်ချုပ် လုပ်ငန်းဖြစ်ပြီး၊ ၈၀ ရာနှုန်း ထိခိုက်တယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါတယ်။

စီးပွားရေးပိတ်ဆို့မှု မတိုင်ခင်က မြန်မာနိုင်ငံကနေ အမေရိကန်ကို ဒေါ်လာသန်း ၄၀၀ ဖိုး အဝတ်အထည်တွေ တင်ပို့နေခဲ့ရတဲ့အတွက် စီးပွားရေး ပိတ်ဆို့မှုကြောင့် သန်း ၄၀၀ ဈေးကွက်
ပျောက်သွားခဲ့ရတယ်လို့ သူက ပြောပါတယ်။

ဦးမြင့်စိုးကို RFA မှ ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဦြး

င့်
စိုး
နှ
င့်

က်
သွ
ယ်

မြး

န်း
ချ
က်


သံ
ဖို
င်
ယူ

န်
မြန်မာနိုင်ငံမှာ စီးပွားရေး ချွတ်ခြုံကျမှုဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် မဟုတ်ဘူးလို့ NLD ရဲ့ လေ့လာသုံးသပ်ချက် စာတမ်းမှာ ဖော်ပြထားပါတယ်။ ပိတ်ဆို့မှုတွေကို
ရုပ်သိမ်းဖို့ သဘောထား ရှိသူတွေဖက်ကတော့ စီးပွားရေး ဒဏ်ခတ်မှုကြောင့် တိုးတက်ဖို့ အခွင့်အလမ်းတွေ ဆုံးရှုံးနစ်နာခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့စီးပွားရေး ကျဆင်းလာတဲ့အကြောင်းရင်းနဲ့ ပတ်သက်လို့ သဘောထားအမြင်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

အစိုးရသစ် ခေါင်းဆောင်များ မြန်မာ့သမိုင်းမှာ အများဆုံးလစာများ ရမည်

2011-02-09

စစ်အစိုးရလွှတ်တော်သစ်က ခန့်အပ်မဲ့ အစိုးရအဖွဲ့သစ်အတွက် သမတအပါအဝင် လွှတ်တော်အမတ်တွေအထိ ခေါင်းဆောင်တွေရဲ့ လစာတွေဟာ မြန်မာ့သမိုင်းမှာ မကြုံစဖူး


အများဆုံးရမဲ့ လစာပမာဏတွေ ဖြစ်တယ်လို့ သိရပါတယ်။

(Photo: AFP)

မန္တ္တလေးမြို့၊ မဟာ ဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတပါးက ဆွမ်းခံ၍ ရရှိလာသော စားစရာများကို စားရမဲ့ သောက်ရမဲ့ ကလေးများနှင့် မိသားစုများကို ၂၀၀၉ စက်တင်ဘာ ၂၉ ရက်နေ့က
ပေးဝေနေပုံ ဖြစ်ပါသည်။ (Photo: AFP)

သမတ ဦးသိန်းစိန်ရဲ့ လစာဟာ ကျပ်သိန်း ၅၀ ဖြစ်ပြီး၊ ဒုတိယသမတတွေ ဖြစ်တဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦးနဲ့ ဒေါက်တာ စိုင်းမောက်ခမ်းတို့ဟာ လစာဝင်ငွေ သိန်း ၄၀ စီ
ရရှိကြမယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ က ထုတ်ပြန်တဲ့ ဥပဒေတွေကို ကိုးကားပြီး ရန်ကုန်မြို့မှာ အခုသီတင်းပတ် အတွက် ထုတ်ဝေတဲ့ ရန်ကုန်တိုင်းမ်
ဂျာနယ်မှာ ခုလိုဖော်ပြထားတာ ဖြစ်ပါတယ်။

လက်ရှိ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအဝင် စစ်အစိုးရ အဆက်ဆက် ဝန်ကြီးတွေ လစာဘယ်လောက် ရရှိနေကြသလဲဆိုတာ အရင်က ထုတ်ပြန်ကြေညာခဲ့တာ
မရှိပါဘူး။

အခုလို အစိုးရအဖွဲ့ဝင်တွေရဲ့ လစာတွေကို မြင်သာထင်သာ ထုတ်ပြန်တာဟာ ကောင်းတဲ့ လက္ခဏာ ဖြစ်တယ်လို့ ရန်ကုန်မြို့က စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) က
သုံးသပ်ပါတယ်။

ဒီလောက်ဆိုရင် သူတို့လည်း အိမ်စရိတ်လေးတွေ ဘာလေးတွေတော့ လုံလောက်လိမ့်မယ် ထင်တယ်။

“လခတွေနဲ့ တကွ ဖော်ပြထားတာကို သဘောကျတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒါ transparent ဖြစ်တာပေါ့နော်၊ မြင်သာထင်သာ ရှိတာကို သဘောကျပါတယ်။ အဲဒါတခု။
နောက်တခုကတော့ ဒီလောက်ဆိုရင် သူတို့လည်း အိမ်စရိတ်လေးတွေ ဘာလေးတွေတော့ လုံလောက်လိမ့်မယ် ထင်တယ်။ တတိယတခုအနေနဲ့ ပြောချင်တာကတော့ နောက်ကျတော့
တခြား ဝန်ထမ်းတွေရဲ့ လစာတွေလည်း အဲဒီလို လိုက်လျောညီထွေ လိုက်ပြီးတော့ တိုးတက်ကောင်း တိုးတက်မယ်လို့ အဲလို မျှော်လင့်တယ်။”

ဒါ့ပြင် လွှတ်တော် ဥက္ကဋ္ဌတွေ ဖြစ်တဲ့ ဦးသူရရွှေမန်း၊ ဦးခင်အောင်မြင့်တို့ရဲ့ လစာဟာ ပြည်ထောင်စု တရားသူကြီးချုပ် လစာနဲ့ တန်းတူ ၃၅ သိန်း ရရှိကြမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု
ဝန်ကြီးတွေရဲ့ လစာဟာ ပြည်နယ်-တိုင်းဒေသကြီး ဝန်ကြီးချုပ်လစာနဲ့ တန်းတူ သိန်း ၃၀ ရရှိမှာ ဖြစ်ပါတယ်။ ပြည်နယ်-တိုင်းဒေသကြီး ဝန်ကြီးတွေရဲ့ လစာကတော့ ပြည်ထောင်စု
ဒုတိယဝန်ကြီးတွေနဲ့ တန်းတူ သိန်း ၂၀ စီ ချီးမြှင့်ခံရမှာ ဖြစ်ပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေ အပါအဝင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် အမတ်တွေကတော့ လစာကျပ် ၃ သိန်း ရရှိမှာဖြစ်ကြောင်း အဲဒီ ချီးမြှင့်ငွေနဲ့ စရိတ်နဲ့
အဆောင်အယောင်များ ဆိုင်ရာ ဥပဒေတွေမှာ ဖော်ပြထားကြောင်း သိရပါတယ်။

ဒီအတောအတွင်း အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ လစာဝင်ငွေတွေကိုလည်း မကြာခင် တိုးမြှင့်ဖို့ စီစဉ်နေတယ်လို့ နေပြည်တော် စစ်အစိုးရ ဝန်ကြီးတွေနဲ့ နီးစပ်သူတွေထံက
စုံစမ်းသိရပါတယ်။

မြန်မာလွှတ်တော် လွတ်လပ်ခွင့် ဗြိတိသျှ အစိုးရ စိုးရိမ်

2011-02-09

မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ လွှတ်တော်မှာ လွတ်လပ်စွာ ဆွေးနွေးတင်ပြခွင့် ကန့်သတ်ထားပြီး တင်းကျပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေ ချမှတ်ထားတာနဲ့ ပတ်သက်လို့ ဗြိတိသျှ အစိုးရက
စိုးရိမ်ပူပန်ကြောင်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

(Photo: Courtesy of Burma Campaign UK)

မြန်မာနိုင်ငံတွင် ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှုကြီးအား စစ်အစိုးရက အကြမ်းဖက် ဖြိုခွဲနှိမ်နင်းသည့်အတွက် Burma Campaign UK အဖွဲ့မှ ဦးစီးပြီး ၂၀ဝ၇ ခုနှစ် အောက်တိုဘာ
၁၇ရက်နေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်တွင် ကန့်ကွက်ဆန္ဒပြပွဲ ဆင်နွှဲနေပုံ ဖြစ်ပါသည်။ (Photo: Courtesy of Burma Campaign UK)

ဗြိတိသျှ လွှတ်တော်အမတ်တွေက သူတို့ အစိုးရကို ပုံမှန်အားဖြင့် သူတို့ရဲ့ လုပ်ဆောင်နေမှုတွေကို မေးခွန်းတွေ မေးမြန်းလေ့ရှိရာ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး
ပါလီမန်လွှတ်တော်အမတ် Gregory Campbell က မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီမေးခွန်းကို ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး Jeremy Brown က အခုလို ပြန်လည် ဖြေကြားလိုက်တာ ဖြစ်တဲ့အကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် Burma Campaign UK အဖွဲ့က
မမေရီလှက ပြောပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီပြောကြားချက်ကို ဗြိတိန်နိုင်ငံ အခြေစိုက် Burma Campaign UK အဖွဲ့က ကြိုဆိုလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိသျှ အစိုးရက လာမဲ့လမှာ ကျင်းပမဲ့ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးကို တင်ပြ ဆွေးနွေး သွားမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Mr. Brown က
ပြောခဲ့တယ်လို့ သိရပါတယ်။

အစိုးရဝန်ကြီးအဖွဲ့ဝင် ၃၀ အမည်စာရင်းမှာ အရပ်သား စစ်စစ် ၄ ဦးသာ ပါဝင်

2011-02-09

နေပြည်တော်မှာ ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ အစိုးရအဖွဲ့ ဝန်ကြီးဌာန အရေအတွက်ကို မဲခွဲ ဆုံးဖြတ်ခဲ့ပြီး ဝန်ကြီး အမည်စာရင်းတွေကို သမတ ဦးသိန်းစိန်က
တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
(Photo: AFP/MRTV 4)

နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော်
အစည်းအဝေးကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)

ဝန်ကြီးဌာန ၃၄ ဌာန အတွက် ဝန်ကြီးအမည် ၃၀ ကို တင်သွင်းရာမှာ အရပ်သားစစ်စစ် ၄ ဦးသာ ပါပြီး အများစုဟာ စစ်တပ် အရာရှိဟောင်းတွေ ဖြစ်တယ်လို့ လွှတ်တော်ကို တက်ရောက်
နေတဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။

NDF အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ဝန်ကြီးဌာန ၂၅ ခုသာ ထားဖို့၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဌာန ထားရှိဖို့ တင်သွင်းခဲ့ပေမဲ့ သမတ ဦးသိန်းစိန်က
ဝန်ကြီးဌာန ၃၄ ခု ထားရှိရတဲ့ အကြောင်းနဲ့ တိုင်းရင်သားရေးရာဝန်ကြီးဌာန ထားစရာမလိုတဲ့အကြောင်းတွေကို ပြန်လည် ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် သမတက တင်သွင်းတဲ့ ဝန်ကြီးဌာန အရေအတွက်ကို လွှတ်တော်က မဲခွဲ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော်က လာတဲ့ သတင်းတွေအရ ကာကွယ်ရေး ဝန်ကြီး အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ အမတ်ကြီးဖြစ်နေသူ
ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေး ဝန်ကြီးအဖြစ် လက်ရှိရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ စတဲ့ပုဂ္ဂိုလ်တွေပါဝင်သလို အရပ်သားတွေထဲက ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ACE
ဆောက်လုပ်ရေးက ဦးတင့်ဆန်း၊ မန္တလေး ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာမြအေး၊ ရန်ကုန် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာ ဖေသက်ခင်တို့ ပါဝင်တယ်လို့
သိရပါတယ်။ အလားတူ ပြန်ကြားရေး ဝန်ကြီးအဖြစ် လက်ရှိဝန်ကြီး ဦးကျော်ဆန်းကို တင်သွင်းထားတယ်လို့လည်း သိရပါတယ်။

မနက်ဖြန်မှာ လွှတ်တော် တရက်နားပြီး လာမဲ့ သောကြာနေ့မှာ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လက်ရှိ ဝန်ကြီး အမည်စာရင်းထဲက ပုဂ္ဂိုလ်တွေကို မဲပေး အတည်မပြုခင်
ကန့်ကွက်လိုက ကန့်ကွက်လွှာ တင်သွင်းနိုင်တယ်လို့လည်း သိရပါတယ်။

ဒီအကြောင်း လွှတ်တော်တက်နေတဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီက ကိုယ်စားလှယ် ၂ ဦးကို RFA က ဆက်သွယ် မေးမြန်းထားပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းကို RFA မှ ကိုဇော်မိုးကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဦး
စိုး

င်း
နှ
င့်

က်
သွ
ယ်

မြး

န်း
ချ
က်


သံ
ဖို
င်
ယူ

န်
လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်ကို RFA မှ ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဦး
ဘု
န်ြး

င့်


ာင်
နှ
င့်

က်
သွ
ယ်

မြး

န်း
ချ
က်

သံ
ဖို
င်
ယူ

န်

ကရင်ခေါင်းဆောင် ဖဒိုမန်းရှာအား ပါဒူးတက္ကသိုလ်က ဆုချီးမြှင့်ရန် ဆုံးဖြတ်

2011-02-09

ကွယ်လွန်သူ ကရင်အမျိုးသားခေါင်းဆောင် ဖဒို မန်းရှာ လာဖန်း ကို အမေရိကန် ပြည်ထောင်စု အင်ဒီယားနား ပြည်နယ် ဖို့ဝိန်းမြို့ IPFW အင်ဒီယားနား ပါဒူးတက္ကသိုလ်က National
Equality Award ခေါ် အမျိုးသား တန်းတူရေးနဲ့ သာတူညီမျှရေးဆု ဂုဏ်ပြု ချီးမြှင့်မယ်လို့ သိရပါတယ်။

(Photo: AFP)

ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး တာဝန်ထမ်းခဲ့သော ဖဒို မန်းရှာသည် ၂၀ဝ၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အမည်မသိ သေနတ်သမားများ၏
လုပ်ကြံခြင်း ခံရပြီး ကွယ်လွန်ခဲ့သည်။ (Photo: AFP)

ဖဒိုမန်းရှာကို အခုလို ဆုပေးဖို့ကိစ္စ ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး၊ ဖို့ဝိန်းမြို့ အမျိုးသား သွေးစည်းညီညွတ်ရေး ကော်မတီ ညှိနှိုင်း ဆောင်ရွက်ရေးမှူး ဦးမောင်မောင်စိုးက ပြောပြရာမှာ ၂၀၀၃
ခုနှစ် ဒီပဲယင်း လုပ်ကြံမှုအပြီး ဖို့ဝိန်းမြို့မှာ IPFW အင်ဒီယားနား တက္ကသိုလ် ပါဒူးတက္ကသိုလ်က ကမကထပြုပြီး နိုင်ငံတကာ မြန်မာ့ဒီမိုကရေစီ အင်အားစုများ ညီလာခံတရပ်
ကျင်းပခဲ့ကြောင်း၊ အဲဒီ ညီလာခံမှာ ဖဒိုမန်းရှာလည်း ပါဝင်တက်ရောက်ပြီး အမျိုးသားတန်းတူရေးနဲ့ ညီမျှရေးဆိုင်ရာမူဝါဒတွေကို ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ အခုအချိန်မှာ ဖို့ဝိန်း
ညီလာခံကို ဒုတိယအကြိမ် ကျင်းပဖို့ စဉ်းစားကြရင်း ဖဒိုမန်းရှာကို ဂုဏ်ပြု ဆုချီးမြှင့်ရေးကိစ္စ ပါဝင်လာခဲ့ကြောင်း ပြောပြပါတယ်။

ဦးမောင်မောင်စိုးက ဆက်လက်ပြောပြရာမှာ -

“ဒီ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အခြေခံတဲ့ ဒီ award ကို စဉ်းစားတယ်။ စဉ်းစားတော့ အကြောင်းအချက် နှစ်ချက် ဖန်လာတယ်။ ၁ အချက်က ဖဒိုမန်းရှာက ကျွန်တော်တို့
ညီလာခံကြီးကို အစပြု ကမကထ ဦးဆောင်ခဲ့သလို သူကိုယ်တိုင်ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ အားလုံးဟာလည်း အမျိုးသားရေးနဲ့ တန်းတူညီမျှရေး ဆိုတဲ့ လုပ်ငန်းစဉ်တွေပေါ်မှာ
တစိုက်မတ်မတ် ရှိတယ်။ ယုံယုံကြည်ကြည် ရှိတယ်။ သမာသမတ် ရှိတယ်။ သူရဲကောင်းတယောက် ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ တွေ့ရှိရတယ်။ ဖဒို မန်းရှာရဲ့ အနစ်နာခံမှုတွေက
တခုတည်းအတွက် မဟုတ်ဖူး။ တစုံလုံးအတွက် ဖြစ်နေတယ်။ အမျိုးသား တန်းတူရေး equality ကို သူက ဦးစားပေးတယ်။ နောက်တခုက တခုလုံးရဲ့ လွတ်မြောက်ရေးကို တိုက်ပွဲဝင်တဲ့
အတွက်ကြောင့် အမျိုးသား တန်းတူရေးနဲ့ သာတူညီမျှရေးဆုကို ကျွန်တော်တို့ ပေးဖို့ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။”

ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာဟာ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မသမာသူတွေရဲ့လုပ်ကြံ
သတ်ဖြတ်မှု ခံခဲ့ရပါတယ်။

အခု ပထမဆုံးအကြိမ်ပေးအပ်မဲ့ ဒီ အမျိုးသား တန်းတူရေးနဲ့ သာတူညီမျှရေး ဆု ကို ဖို့ဝိန်းမြို့ IPFW အင်ဒီယားနား တက္ကသိုလ် ပါဒူးတက္ကသိုလ် မှာ မတ်လ ၅ ရက် နဲ့ ၆ ရက်နေ့တွေမှာ
ကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်။ ဖို့ဝိန်း ညီလာခံ ကျင်းပဖြစ်လို့ ညီလာခံက သဘောတူရင် ဒီဆုကို နှစ်စဉ်ချီးမြှင့် သွားဖို့ မျှော်လင့်ရကြောင်း ဦးမောင်မောင်စိုးက ပြောပါတယ်။

http://www.rfa.org/burmese

ရွှေ့ပြောင်းနေထိုင်သူတွေရဲ့အိမ်တွေ အလုခံရ

Posted by admin on February 9, 2011 0 Comment


ပရားဝိဟန်ဘုရားကျောင်းနားမှာ နယ်စပ်တိုက်ပွဲတွေဖြစ်ပြီး နောက်မှာ ရွာသား ၁၆,၀၀၀ လောက်ဟာ ဖယိုဖရဲနဲ့ ထွက် ပြေးနေရတာ တပတ်ကျော်ကြာပါပြီ။ ဒေသခံအရာရှိတွေဟာ
နယ်စပ်ရွာတွေမှာ ကင်းလှည့်နေရပါတယ်။ ဒါပေမဲ့ သူတို့ အိမ်တွေ အလုခံရတယ်လို့ ရွာသားအတော်များများက တိုင်တန်းပြောဆိုကြတယ်လို့ ဆီဆခက်ပြည်နယ် အုပ်ချုပ်ရေး မှူး
ဆုမ်ဆာ့က်ဆူဝမ်ချာရစ်က မနေ့က ပြောပါတယ်။

“ကျမယောက်ျားက ကျမကို မင်္ဂလာဦးလက်ဆောင် အနေနဲ့ ပေးထားတဲ့ ငွေခွက်ကလေးကို အမြတ်တနိုးသိမ်းထားတာ အနှစ် ၅၀ ကျော်ပါပြီ၊ အခုတော့ ဒါကို တယောက်ယောက်
ယူသွားပြီ” လို့ ကယ်ဆယ်ရေးစခန်းမှာ ထိုင်နေတဲ့ အသက် ၇၀ အရွယ် ချာဝီးဝမ်ဘွန်းဆနာ က ပြောပါတယ်။ ချာဝီးဝမ်ဟာ ဆီဆခက်ပြည်နယ်၊ ခန်သာလာရတ်ခရိုင်၊ ဖူးမ်ဆာရွမ်
ရွာမှာနေတဲ့ ရွာသား ၂၀၀၀ ကျော်ထဲက တယောက်ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ပတ်လည်မှာ အမြောက်ဆံတွေ မိုးရွာ သလိုကျလာတော့ အသက်ဘေးကလွတ်ဖို့ ဇာတိရွာက
ထွက်ပြေးခဲ့ကြရပါတယ်။ အခုထိ ခရိုင်မှာရှိတဲ့ ကျောင်း ၅၀ ပိတ်ထားရတယ်။ အနည်းဆုံး အိမ် ၇ လုံးကတော့ လုံးဝပျက်စီးသွားပြီး တခြားအိမ် ၁၀ လုံးလည်း အပျက်အစီး ရှိပါ တယ်။

ခန်သာလာရတ်ခရိုင်ရုံးရှေ့မှာ ယာယီတဲတွေထိုးပေးထားပြီး ဒုက္ခသည်တွေကို အိမ်ရှေ့မင်းသမီး သီရိဒုံ က ကယ်ဆယ် ရေးပစ္စည်းတွေကို ဝေးပေးနေပါတယ်။


တခြားနယ်စပ်ပြည်နယ်တခုဖြစ်တဲ့ ဆူရင်မှာ ဘေးကင်းလုံခြုံဖို့အတွက် လူပေါင်း ၅၅၄၃ ယောက်ကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ နယ်စပ်ခရိုင် ၄ ခုမှာ ၀ပ်ကျင်း ၇၆ ခုနဲ့ ဗုံးခိုကျင်း ၆၈ ခုကို
ဆောက်လုပ် ပြင်ဆင်ထားပေးပါတယ်။

ဖေဖေါ်ဝါရီ ၉၊ ၂၀၁၁ (The Nation)

http://www.naytthit.net

ဟတ်ကြီး ရေကာတာစီမံကိန်း ဖျက်သိမ်းရန် KNU ပြော

Submitted by Karen Information Center on Wednesday, 9 February 2011No Comment

ဖေဖော်ဝါရီလ ၉ရက်။ စောခါးစူးညား (ကေအိုင်စ)ီ

ကရင်ပြည်နယ် ဖားအံခရိုင် သံလွင်မြစ်အတွင်း ဟတ်ကြီးရေကာတာဖြစ်မြောက်ရေးအတွက် ငွေကြေးမြှုပ်နှံနေသည့် ကုမ္ပဏီများအနေဖြင့် ရေကာတာတည်ဆောက်ရေးစီမံကိန်းကို


ဖျက်သိမ်းရန် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ယမန် နေ့က ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းမှု မရှိသရွေ့ ယခု ရေကာတာတည်ဆောက်ရေး စီမံကိန်းတည်ဆောက်ရန် အချိန်မတန် သေးသည့်အတွက် ရေကာတာတည်ဆောက်ရေးကိစ္စကို


ဖျက်သိမ်းပေးရန် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု KNU အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ကေအိုင်စီကို ယခုလို ပြောသည်။

“မြန်မာပြည်တွင်းမှာ ငြိမ်းချမ်းမှုမရှိသေးတဲ့အတွက် ရေကာတာတည်ဆောက်ရေး ဖြစ်ပေါ်လာနိုင်တဲ့ အကောင်းအဆိုးတွေ ကို ရှာဖွေဖော်ထုတ်တဲ့နေရာမှာ မထိရောက်သေးဘူး။ ဒါကြောင့်


ဒီအချိန်မှာ ရေကာတာ မတည်ဆောက်သင့်သေးဘူး။ ကျမတို့ အဓိက မီးမောင်းထိုးပြချင်တာက ရေကာတာကြောင့် ဖြစ်လာမဲ့ ဆိုးကျိုးတွေကိုပါပဲ။ တကယ်လို့ တည်ဆောက် မယ်ဆိုရင်
ဒေသခံပြည်သူတွေ ဒုက္ခရောက်မယ်။ ဘာဖြစ်လဲဆိုရင် နအဖ စစ်တပ်ကလည်း လုံခြုံရေး လာချထားအုံးမယ်ဆို တော့ ဒေသခံတွေ အတင်းအဓမ္မ ခိုင်းစေခံရမယ်။ ရေကာတာပြီးရင်
နအဖပဲ အကျိုးရှိပြီး ပြည်သူတွေအတွက်တော့ အကျိုး ရှိမှာ မဟုတ်ဘူး ။”ဟု ပြောသည်။

၎င်းဟတ်ကြီးရေကာတာ တည်ဆောက်ပြီးစီးပါက ထိုဒေသတွင် ရေလွှမ်းမိုးမှုများဖြစ်ပြီး ဒေသခံပြည်သူများ အိမ်၊ မြေ၊ ခြံ၊ ပစ္စည်းများ စွန့်လွတ်၍ နေရပ်စွန့်ခွာရမည့်အပြင်
သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်မည်ဖြစ်သည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ထောက်ပြပြောဆိုထားသည်။

ရေအားလျှပ်စစ် စွမ်းအင် ၁,၂၀၀ မီကာဝပ် ထုတ်လုပ်နိုင်ရန် ဟတ်ကြီးရေကာတာ တည်ဆောက်ရေး စီမံကိန်းအတွက် မြန် မာနိုင်ငံမှ The state-run Myanmar Electric Power
Enterprise ကုမ္ပဏီ၊ တရုတ်နိုင်ငံမှ Sino-hydro Corporation ကုမ္ပဏီနှင့် ထိုင်းနိုင်ငံမှ Electricity Generating Authority of Thailand (EGAT)ကုမ္ပဏီတို့က ၂၀၀၆ခုနှစ်တွင် သဘော
တူ လက်မှတ်ရေးထိုးခဲ့သည်။

လက်ရှိအခြေအနေတွင် ဟတ်ကြီးရေကာတာ တည်ဆောက်ရေးကို သဘောတူလက်ခံရန် ထိုင်းနိုင်ငံဘက်ခြမ်းနှင့် မြန်မာ နိုင်ငံဘက်ခြမ်းရှိ ပြည်သူများကို ထိုင်း(EGAT)ကုမ္ပဏီနှင့်


ထိုင်းအစိုးရ ၀န်ထမ်းများက လိုက်လံစစ်တမ်းကောက်ယူနေ သည်ဟု သိရသည်။

ထိုင်း(EGAT)ကုမ္ပဏီနှင့် အစိုးရ၀န်ထမ်းများသည် ယခုလ ၇ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် ဟတ်ကြီးဂွင်အတွင်းရှိ သူးမွဲ ထာ့တနေရာတွင် ဒေသခံပြည်သူများနှင့်


အစည်းအဝေးတခုပြုလုပ်ကာ ဒေသခံများကို ရေကာတာတည်ဆောက်ရေးအ တွက် လက်ခံပေးရန် တိုက်တွန်းပြောဆိုနေကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူ မာနယ်ပလောဒေသမှ
မယ်ပရွာသား တဦးက ကေအိုင်စီကို ယခုလို ပြောသည်။

“ဒီကိစ္စကို လက်ခံဖို့ လာပြောတာက အရင်ကလိုပဲ။ လာတာ EGAT နဲ့ ထိုင်းအစိုးရ အရာရှိတွေပါတယ်။ ဒီကိစ္စကို လက်ခံဖို့ ပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ ဒေသခံတွေဘက်ကတော့ ဒါကို
လုံးဝ လက်မခံဘူး။ ဘာဖြစ်လဲဆိုရင် ဒီရေကာတာဖြစ်လာ မယ်ဆိုရင် ရေတွေ ကျနော်တို့ နေထိုင်တဲ့ နယ်မြေနဲ့ အိမ်ယာ၊ မြေတွေကို လွှမ်းမိုးမယ်။ နောက် ကျနော်တို့ မွေးတဲ့ ကျွဲ၊ နွား
တိရိစ္ဆာန်တွေလည်း နေစရာ မရှိတော့ဘူး။ ဒါ့အပြင် ကျနော်တို့ ကိုယ့်ရွာ၊ နယ်မြေ၊ ပစ္စည်းဥစ္စာတွေ အကုန်စွန့်ပြီး ပြောင်းရွှေ့ရမှာ ဖြစ်တဲ့အတွက် ကြပ်တည်းတဲ့ အခက်အခဲတွေနဲ့
ရင်ဆိုင်ရမှာပဲ်။”ဟု ရှင်းပြသည်။

ဟတ်ကြီးရေကာတာစီမံကိန်းအတွက် အဆိုပါကုမ္ပဏီများက အမေရိကန်ဒေါ်လာ ၁ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်းထား သလို လာမည့် ၂၀၁၉ခုနှစ်တွင် လျှပ်စစ်စွမ်းအင်
စတင်ဖြန့်ဖြူးနိုင်လိမ့်မည်ဖြစ်ကြောင်း Burma River Network- BRW ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

၂၀၀၇ခုနှစ် စက်တင်ဘာလက ဟတ်ကြီးရေကာတာတည်ဆောက်ရေးတွင် EGAT ကုမ္ပဏီမှ ၀န်ထမ်း ၂ဦး အသတ်ခံရပြီး နောက် ဟတ်ကြီးရေကာတာတည်ဆောက်မည့်
သံလွင်မြစ်နံဘေးရှိ မြန်မာဘက်ခြမ်းနှင့် ထိုင်းဘက်ခြမ်း ဒေသခံလူထုများ ကို ရေကာတာတည်ဆောက်မှုနှင့် ပတ်သက်၍ EGAT က ယခုအချိန်ထိ စစ်တမ်းကောက်ခံခဲ့ခြင်း ဖြစ်သည်။
မြ၀တီတံတားအောက် ဗုံးပေါက်ကွဲ အရပ်သား ၂ဦးသေ

Submitted by Karen Information Center on Wednesday, 9 February 2011No Comment

ဖေဖော်ဝါရီလ ၉ရက်။ နန်းဖော့ဂေ (ကေအိုင်စ)ီ

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ဘက်ခြမ်းရှိ ချစ်ကြည်ရေးတံတားအောက်နားတွင် ယနေ့ညနေ မြန်မာစံတော်ချိန် ၄နာရီခွဲခန့်၌ ချိန်ကိုက်ဗုံး ပေါက်ကွဲသဖြင့် အရပ်သား ၂ဦး သေဆုံးကာ
၅ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြော သည်။

သူက “ဗုံးပေါက်ကွဲတာ အတော်ကျယ်တယ်ဆိုတော့ အနီးအနားမှာ နေတဲ့သူတွေ၊ ရုံးတွေက ၀န်ထမ်းတွေတောင် အတော် ထိတ်လန့်သွားတယ်။ အဲဒီမှာ ၂ယောက် သေတယ်။ ၅ယောက်
ဒဏ်ရာရတယ်တဲ့။ ပြောသံကြားတာကတော့ ပစ္စည်းထုပ်လို အထုပ်ထဲက ထပေါက်တာပဲတဲ့။”ဟု ကေအိုင်စီကို ပြောသည်။

အခင်းဖြစ်ပွားသည့်နေရာမှာ တံတားညာဘက်ခြမ်း ရွှေတံတားတည်းခိုခန်းအနီးရှိ လက်ဖက်ရည်ဆိုင်ရှေ့မှ ပေါက်ကွဲခြင်းဖြစ် ပြီး ထိုနေရာနှင့် မနီးမဝေးတွင် နယ်ခြားစောင့်တပ်များ


လုံခြုံရေးစောင့်လျှက်ရှိသဖြင့် ထိခိုက်သည့်အထဲတွင် နယ်ခြားစောင့် တပ်မှ ဗိုလ်မှူးတဦးနှင့် တပ်သား ၂ဦးလည်း ပါဝင်ကြောင်း မြ၀တီဆေးရုံနှင့် နီးစပ်သူများက ပြောဆိုနေကြသည်။

အမည်မဖော်လိုသူတစ်ဦးက “သေသွားတဲ့နှစ်ယောက်က အရပ်သားပဲ။ လက်ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီးတယောက်နဲ့ အခြား အမျိုးသားတယောက်။ ဒဏ်ရာရတဲ့အထဲမှာ


နယ်ခြားစောင့်တပ်က ဗိုလ်မှူးကြည်လင်နဲ့ တပ်သား ၂ယောက်၊ ရဲ ၁ ယောက်နဲ့ အဲဒီအနားက ဖြတ်သွားတဲ့ ဆိုင်ကယ်သမားတယောက် ပါတယ်တဲ့။ အဲဒီဗိုလ်မှူးက မျက်နှာကိုထိတော့
မျက်လုံးနှစ် ဖက်စလုံး ဒဏ်ရာပြင်းတယ်လို့ ပြောတယ်။”ဟု ဆိုသည်။

ယခုပေါက်ကွဲမှုမှာ ဗုံးနှစ်လုံးဖြစ်ပြီး ပထမတလုံး ပေါက်ကွဲချိန်တွင် ထိခိုက်မှုမရှိဘဲ နောက်ထပ် ၅မိနစ်ခန့်အကြာတွင် ထိုနေရာ သို့ နယ်ခြားစောင့်တပ် သွားရောက်ကြည့်ရှုရာမှ ထပ်မံ
ပေါက်ကွဲခြင်းဖြစ်ကြောင်း ထိုပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်မှ လူ များကို ထိမှန်ခြင်းဖြစ်သည်ဟု နယ်ခြားစောင့်တပ်(၁၀၁၈)မှ တပ်ရင်းမှူး ဗိုလ်မှူးစောမောင်ဝင်းက အတည်ပြု
ပြောဆိုသည်။

“ပထမတလုံး ပေါက်တာ ဘယ်သူမှတော့ မထိဘူး။ အဲဒါကို ဗိုလ်ကြည်လင်တို့ သွားကြည့်တဲ့အခါမှာ အထုပ်ထဲက နောက် တလုံး ထပ်ပေါက်ပြီး ၂ယောက်သေသွားတယ်။ ၅ယောက်
ဒဏ်ရာရတယ်လေ။ ဗိုလ်ကြည်လင်ကတော့ မျက်နှာကိုထိတော့ အခု သူ့ကို မဲဆောက်ဆေးရုံကို ပို့ထားပါတယ်။”ဟု ကေအိုင်စီကို ပြောသည်။

၎င်းတံတားအောက်တွင် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲရက်နောက်ပိုင်း ပစ်ခတ်မှုများ ဖြစ်ပွားပြီးကတည်းက ယခုအချိန်ထိ နယ် ခြားစောင့်တပ်များက လုံခြုံရေးစောင့်ကြပ်ပေးနေရပြီး


ယခုပေါက်ကွဲမှုမှာ မည်သူ့လက်ချက်ဖြစ်သည်ကို မဖော်ထုတ်နိုင်သေး ပေ။

မြ၀တီမြို့တွင် ယခုလဆန်းပိုင်းမှစ၍ လုံခြုံရေး အခြေအနေကောင်းမည်မဟုတ်ကြောင်း မြို့ခံများအကြား ကောလဟလ ဖြစ် နေသည့်ကြားမှ ယခုလို ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်သည်။

http://www.kicnews.org/

You might also like