You are on page 1of 6

၂ဝ၁၁ လွှတ်တော်အရပ်ရပ် မှတ်စုများ

ကိုပေါက် | အင်္ဂါနေ့၊ မတ်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၃ မိနစ်


http://www.mizzimaburmese.com/special/research/7007-2011-03-01-12-11-55.html

နယူးဒေလီ (မဇ္ဈိမ) ။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲရလဒ်အရ ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်၊


တိုင်းဒေသကြီးလွှတ်တော် ပထမနေ့ အစည်းအဝေးများကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် တပြိုင်နက်တည်း ခေါ်ယူကျင်းပခဲ့သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းသည့် ပြည်ထောင်စု လွှတ်တော်ကိုပါ ထိုနေ့ ညနေပိုင်းတွင် ဆက်လက်ကျင်းပခဲ့သည်။


(မှတ်ချက်။ ။ အခြေခံဥပဒေ ပုဒ်မ ၇၈ အရ ပြည်ထောင်စုလွှတ်တော်အား ပြည်သူ့လွှတ်တော်၏ ပထမအစည်းအဝေး စတင်သည့် နေ့မှ ၁၅
ရက်အတွင်း ကျင်းပရမည်ဟု ပါရှိ။)
ပထမအကြိမ် တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်အစည်းအဝေး ဒုတိယနေ့အဖြစ် ၁၁၊ ၂၊ ၂ဝ၁၁ ရက်နေ့က အသီးသီး ကျင်းပခဲ့ရာ နိုင်ငံတော်
သမ္မတက အဆိုပြုသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝန်ကြီးဌာန ၉ ဌာန၊ ဝန်ကြီးဦးရေ ၉ ဦး၊ တရားလွှတ်တော် တရားသူကြီး ဦးရေ
၃ ဦး (ချင်းပြည်နယ် ၂ ဦး၊ မန္တလေးတိုင်း ဒေသကြီး ၆ ဦး၊ ရန်ကုန်တိုင်းဒေသကြီး ၆ ဦး၊ ဧရာဝတီတိုင်းဒေသကြီး ၅ ဦး) နှင့် ဝန်ကြီးချုပ်
အမည်စာရင်းတို့ကို သက်ဆိုင်ရာ လွှတ်တ်ာကိုယ်စားလှယ်များ၏ သဘောတူညီချက်များဖြင့် အသီးသီး အတည်ပြု ကြေညာခဲ့ကြသည်။
http://www.mizzimaburmese.com/special/research/7007-2011-03-01-12-11-55.html

You might also like