You are on page 1of 36

Uncensored Burma - Daily News ( 2011 Mar 16)

သတင်းတွေ ဖတ်ချင်ရင် Kowin2001@gmail.com ကို ဆက်သွယ်ပါ


မိုးမခ MoeMaKa.com အဖွဲ့က ကော်ပီကူးပြီး ဖြန့် ပါတယ်

မာတိကာ

အင်တာနက်ဖုန်းခေါ်ဆိုမှု စတင်ပိတ်ပင်တော့မည်
အံ့ဘုန်းမြတ် ၁၆ မတ် ၂ဝ၁၁ - DVB

အင်တာနက်မှ VOIP တယ်လီဖုန်း ဆက်သွယ်မှုကို တားမြစ်


2011-03-16 RFA

အင်တာနက် ဖုန်းမခေါ်ရန် ဆက်သွယ်ရေး ပိတ်ပင်


အောင်မြတ်စိုး၊ ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၆ ဘန်ကောက်၊ ချင်းမိုင် (မဇ္ဈိမ)

အင်တာနက်ဆိုင်မှ ဖုန်းခေါ်ဆိုမှုများ စစ်အစိုးရ ပိတ်မည်


နရီလင်းလက် Wednesday, 16 March ဧရာဝ
ဧရာဝတီ

Supermoon ကြောင့် ငလျင်နှင့် ရေကြီးမှု ဖြစ်နိုင်


ထွန်းထွန်း | ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၆ နယူးဒေလီ (မဇ္ဈိမ) ။ ။

တိုင်းရင်းသားစာပေ သင်ကြားခွင့် ရှိရမည်ဟု ၂ဝ၁ဝ အမတ်ပြော


ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၆ ချင်းမိုင် (မဇ္ဈိမ) ။ ။

ပါတီတူအမတ်ချင်း ကန့်ကွက်မှု NDF ခေါင်းဆောင် မနှစ်သက်


မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၆ ရက် ၂၀၁၁ ချင်းမိုင် (မဇ္ဈိမ) ။

ဝ' ခေါင်းဆောင်က ၂၀၁၀ အောင်မြင်မှုအပေါ် အားရ


ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၆ ချင်းမိုင် (မဇ္စျိမ) ။ ။

ပုဂ္ဂလိကပိုင်ပြုမှု ငွေခ၀ါချရေး အတွက် ဖြစ်နေ


ရန်ပိုင် Wednesday, 16 March ဧရာဝ
ဧရာဝတီ
ဝ တပ် နှစ်ချုပ် အစည်းအဝေး ကျင်းပ
သန်းထိုက်ဦး Wednesday, 16

ဒဂုံတောင် လေပြင်းဒဏ်ခံ ပြည်သူများကို NLD ကူညီ


မြတ်ကျော် Wednesday, 16 ဧရာဝ
ဧရာဝတီ

ဂျပန်ရှိ မြန်မာများ သံရုံး ကူညီမှုမရ


လင်းသန့် Wednesday, 16 March ဧရာဝ
ဧရာဝတီ

NLD ဗဟိုအလုပ်အမှုဆောင်နှင့် စစ်ကိုင်းတိုင်း ကိုယ်စားလှယ်များဆွေးနွေး


2011-03-16 RFA

ငလျင်ဒဏ်သင့် ဂျပန်က မြန်မာနိုင်ငံကို အကူအညီဆက်ပေးမည်


2011-03-16 RFA

NDF ပါတီက အမတ်နှစ်ဦး လွှတ်တော်တွင်း သဘောထားကွဲလွဲ


2011-03-16 RFA

တရုတ်သို့ ပို့မည့် ဓာတ်ငွေ့ ပိုက်လိုင်းများ ဧရာဝတီမြစ်ကို ဖြတ်တော့မည်


2011-03-16 RFA

ကိုဇာဂနာ လူ့အခွင့်အရေးလှုပ်ရှားသူ အနုပညာသမားဆုချီးမြင့်ခံရ


2011-03-16 RFA

နယ်ကျော်ဝင်ရောက်သော မြန်မာစစ်တပ်အား KIA မောင်းထုတ်


ဗုဒ္ဓဟူးနေ့၊ မတ်လ 16 ကချင်သတင်းဌာန

ဆူနာမီထိတဲ့ ဂျပန်နောက်ဆုံးအခြေအနေ
ဇော်ဇော်လှိုင် ၁၆ မတ် ၂ဝ၁၁ - DVB

အချိန်အခါမဟုတ် မိုးကြောင့် ပဲနှင့်စပါးများ ပျက်စီး


နော်နိုရင်း ၁၆ မတ် ၂ဝ၁၁ - - DVB

အင်န်အယ်ဒီဆိုတာ အများအတွက် အများနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်း


ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊
မခ မတ် ၁၆၊ ၂၀၁၁

ရွက်ဟောင်း
မောင်စွမ်းရည်
မတ် ၁၆၊ ၂၀၁၁ မိုးမခ
နွယ်
ဉာဏ်ဦးမောင် - မိုးမခ

ရယ်စရာကို ရယ်စရာနဲ့ တိုက်မယ့်သူ


ရန်ကုန်သားတာတေ Wednesday, 16 March ဧရာဝ
ဧရာဝတီ ထွေရာလေးပါး

အစိုးရသစ် ဘတ်ဂျက် လူမှုဖူလုံရေးကို လျစ်လျူရှု


ထက်အောင် Thursday, 10 March ဧရာဝ
ဧရာဝတီ သူ့အတွေး သူ့အမြင်

အင်တာနက်ဖုန်းခေါ်ဆိုမှု စတင်ပိတ်ပင်တော့မည်
အံ့ဘုန်းမြတ် ၁၆ မတ် ၂ဝ၁၁ - DVB

ပြည်ပနိုင်ငံတွေကို ဈေးနှုန်း သက်သက်သာသာနဲ့ ခေါ်လို့ရနေတဲ့ အင်တာနက်ဖုန်းခေါ်ဆိုမှုတွေကို


ဆက်သွယ်ရေးဝန်ကြီးဌာနက နိုင်ငံခြားဝင်ငွေ လျော့ နည်းလာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့
စတင်ပိတ်ပင်တော့မယ်လို့ ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပါတယ်။

ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာနက ဦးဆောင်ည�န်ကြားရေး မှူး လက်မှတ်ထိုးပြီး


ဒီလဆန်းပိုင်းက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ အင်တာ နက်ဖုန်းဖြစ်တဲ့ VOIP Call ဖုန်းအသုံးပြုမှုတွေကို
PAC ခေါ်တဲ့ အများသုံး အင်တာ နက်ဆိုင်တွေက ခေါ်ယူပေးနေတာတွေကို မပြုလုပ်ဖို့ ည�န်ကြားလာတာ
ဖြစ်ပြီး ဆက် ပြီး လုပ်ဆောင်မယ်ဆိုရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ ဖော်ပြထားပါ တယ်။

ဒီလို ခေါ်ဆိုပေးနေတာ တွေနဲ့ပတ်သက်ပြီးတော့္နပညောမေ ၍ည်သ-ဤနခ့ ကုမ္ပဏီက


အင်တာနက်ဆိုင်တွေအနေနဲ့ လိုက်နာကြဖို့လည်း ဒီလ (၁ဝ) ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်
ထားပြန်ပါတယ်။

လူငယ် နည်းပညာကုမ္ပဏီပိုင်ရှင်တဦးက �သူတို့စီစဉ်တာ အရဆကသအိးက သူတို့ ဖုန်းနဲ့သုးံ မှ


လုံခြုံရေးစနစ်က အပြည့်အဝ မိမှာကိုး။ အခု ဂျီတော့ကနေ ထွက်တယ်၊ ပြည်တွင်း call ကနေထွက်တယ်ဆိုတော့
သူတို့ လုံခြုံရေးစနစ်တွေကို လျော့ရဲစေ တယ်။ အရဆကသအိးကရည်ရွယ်ချက်က ကျနော့်အထင်ပေါ့။
လုံခြုံရေးစနစ်လျော့စေတဲ့ အ တွက် အရဆကသအိးက လူပုဂ္ဂိုလ်တွေပြောနေတဲ့ သူတို့လိုချင်တဲ့စကားသံတွေကို
မကြားတဲ့ ဟာတွေကို အဲဒါတွေကို မကြိုက်တာ�လို့ ပြောပါတယ်။

အစိုးရရဲ� ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဒီဆက်သွယ်ရေးနည်းပညာ တွေကို ယှဉ်ပြိုင်ချင်တယ်ဆိုရင်


တရားဝင်ကောက်ခံနေတဲ့ ပြည်ပတယ်လီဖုန်း ခေါ်ဆို မှုနှုန်းထားတွေကို လျှော့ချ ကောက်ခံတာကသာ
နည်းလမ်းမှန်ပြီး အခုလို အာဏာ အသုံးပြု ပိတ်ပင်တာဟာ မလုပ်သင့်တဲ့ ကိစ္စဖြစ်တယ်လို့လည်း ဆိုပါတယ်။

အင်တာနက်နေ ဖုန်းခေါ်တဲ့အခါမှာ တမိနစ်ကို ကျပ် ၁ဝဝ နှုန်း ဝန်းကျင်သာ ကျပြီး အစိုးရ


ခေါ်ဆိုခနှုန်းထားမှာတော့ အနည်းဆုံး တမိနစ်ကို ကျပ်တထောင်ဝန်း ကျင် (င်္နဃ ပြား ၉ဝ) ကုန်ကျနေတာ
ဖြစ်ပါတယ်။ ဒီလိုကွာဟချက်တွေကြောင့် အင်တာနက်ခေါ်ဆိုမှုတွေကို ပိတ်ပင်လိုက်ရင် အခက်အခဲတွေ
အများကြီး ဖြစ်လာနိုင်တယ်လို့ အသုံးပြုနေသူတဦးက ဆိုပါတယ်။
�ဒီမှာ တယ်လီဖုန်းနဲ့ ပြောရင်လည်း င်္နဃ သွားသွင်းရတာ ဖုန်း�ုံးမှာ အ ရမ်းကို ကျပ်တယ်၊ တခါသွားစီရင်
အနည်းဆုံး ၂ နာရီလောက်ကြာတာ။ င်္နဃ က လည်း လူတိုင်းမှာ မရှိဘူးဆိုတော့ သွားပြီးလဲနေရသေးတယ်၊
အလုပ်�ှုပ်သွားတာ ပေါ့၊ ဒီမှာတော့ လမ်းထိပ်နားထွက်ပြီးတော့ ဖုန်းပြောလိုက်ရင် ပြောချင်တဲ့အချိန် ချက်ချင်း
ပြောရတယ်၊ ချက်ချင်းရှင်းလို့ ရတယ်။ အဆင်ပြေတာကနေ မပြေတော့ လူတွေ
တော်တော်စိတ်ရဆကသအားတ်ကျတယ်။ အဲဒီဆိုင်တွေမှာဆို ဖုန်းပြောတဲ့လူတွေက ပြည့်နေတာပဲ။�

ဆက်သွယ်ရေးဝန်ကြီးဌာနရဲ� ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ အသံ တင်မက �ုပ်ပါမြင်နိုင်တဲ့


အင်တာနက်ကွန်ရက်တွေဖြစ်တဲ့ VZO/ Skype စတာတွေ ကို ပြည်သူတွေကြား တွင်တွင်ကျယ်ကျယ်
အသုံးပြုနေတာဟာ ဝင်ငွေနည်းပါးလာ ရတဲ့ အချက်အဖြစ် ထောက်ပြရေးသားထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး နည်းပညာနယ်ပယ်က ပုဂ္ဂိုလ်အချို�ကတော့ အင်တာနက် ဝန်ဆောင်မှုတွေနဲ့အတူ ပါလာတဲ့


ခေတ်ပေါ်ဆက်သွယ်ရေး နည်းပညာတွေဖြစ်တာ ကြောင့် အင်တာနက် ကုမ္ပဏီတွေကို ပေးသွင်းထားတဲ့
ငှားရမ်းအသုံးပြုခွင့် အခွန်နဲ့၊ အခကြေးငွေတွေမှာ ပါဝင်ပြီး ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒ

ီလိုဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အခုပြုလုပ်နေတဲ့ လွှတ် တော် အစည်းအဝေးတွေမှာ


ကိုယ်စားလှယ်တွေဘက်က တင်ပြသင့်သလို အစိုးရ ဘက ကလည်း ပြေလည်အောင် အချိန်နဲ့တပြေးညီ
ဖြေရှင်းပေးဖို့ လိုတယ်လို့လည်း နည်းပညာနယ်ပယ် ပုဂ္ဂိုလ်အချို�က အကြံပေး ပြောဆိုတာတွေ ရှိနေပါတယ်။

အင်တာနက်မှ VOIP တယ်လီဖုန်း ဆက်သွယ်မှုကို တားမြစ်


2011-03-16 RFA

မြန်မာနိုင်ငံမှာ အင်တာနက်ကနေတဆင့် ပြည်ပနိုင်ငံတွေက တယ်လီဖုန်းတွေဆီ ဈေးသက်သက်သာသာနဲ့


ခေါ်နိုင်ခွင့်ကို သက်ဆိုင်ရာက တားမြစ် ပိတ်ပင်လိုက်ပါတယ်။

အဲဒီ ညွှန်ကြားစာမှာ အင်တာနက်ကနေတဆင့် VOIP ခေါ်ဆိုမှုများ မပြုလုပ်ကြရန် ကြိုတင် အသိပေး


အကြောင်းကြားခြင်းလို့ ဖော်ပြထားပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ညွှန်ကြားလာတဲ့အတွက် အခုလို
ကြိုတင် အကြောင်းကြားတာလို့ စာထဲမှာ ဖော်ပြထားပါတယ်။ ဒီကြေညာစာကို မြန်မာအင်ဖိုတက်ခ်
ကော်ပိုရေးရှင်းရဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိန်ဝင်း က လက်မှတ် ရေးထိုးထားပြီး၊ ၂၀၁၁ ခုနှစ် မတ်လ
၁၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားတာပါ။

မြန်မာအင်ဖိုတက်ခ်က အခုလို ပိတ်ပင်တဲ့ ညွှန်ကြားချက်ကို တိတိကျကျ ကျင့်သုံးမယ်ဆိုရင် ပြည်သူတွေကြားမှာ


အခက်အခဲ တော်တော် ဖြစ်သွားမယ်လို့ ရန်ကုန်မြို့ခံတဦးက RFA ကို ပြောပါတယ်။

“အဲလိုဆိုရင်တော့ အင်တာနက်ဆိုင်တွေရဲ့ စီးပွားရေးက အရမ်းကို ထိခိုက်သွားမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့


အင်တာနက်ဆိုင်တွေက အဲဒါတွေနဲ့ပဲ လုပ်နေရတာ။ Account အရောင်းအဝယ် ဆိုတာလေ စင်ကာပူကနေ ဒီ
Pfingo တို့ ဘာတို့တွေကို အရောင်းအဝယ်တွေလေ၊ ၈ နာရီတို့၊ ၁၀ နာရီတို့ ကျွန်မက အဲဒါကို account အတွက်
ပတ်စ်ဝတ်ဒ်နဲ့ သွင်းထားပြီးတော့ ကိုယ်က ကုမ္ပဏီရဲ့ ကြားခံပြီး ရောင်းပေးလိုက်ပြီးတော့ ကျွန်မက အဲဒါနဲ့
တကမ္ဘာလုံးကို ဖုန်းခေါ်ဖို့ Pfingo account နဲ့။”

ကမ္ဘာတဝန်း အင်တာနက် သုံးစွဲသူတွေဟာ ကိုယ့်ကွန်ပျူတာကနေ အသိမိတ်ဆွေရဲ့ ကွန်ပျူတာကို skype,


gtalk, Pfingo, VZO စတဲ့ အင်တာနက် ဝန်ဆောင်မှုစနစ်တွေကတဆင့် တယောက်မျက်နှာ တယောက်ကြည့်ပြီး
စကားပြောနိုင်သလို၊ တယ်လီဖုန်းဆီကိုလည်း ခေါ်ဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်ကနေတဆင့် တယ်လီဖုန်းခေါ်တဲ့အခါမှာ အမေရိကားကို ခေါ်ရင် တမိနစ်ကို ၁၅၀
ကျပ်၊ စင်ကာပူနိုင်ငံက ဖုန်းကိုခေါ်ရင် ၅၀ ၊ စသဖြင့် ပြည်သူတွေအနေနဲ့ အဝေးရောက် မိသားစုတွေဆီ
ဈေးသက်သက်သာသာ ခေါ်နိုင်တဲ့ အခြေအနေ ဖြစ်တာလို့ သိရပါတယ်။ အင်တာနက် ကဖေးဆိုင်
ဖွင့်ထားသူတွေကလဲ ဒီကိစ္စနဲ့ပဲ၊ ဆိုင်လုပ်ငန်း ဝင်ငွေရနေကြတာလို့ ဆိုပါတယ်။
အင်တာနက်နဲ့ပတ်သက်ပြီး ထိန်းချုပ်ထားတာ၊ နိုင်ငံရေးနဲ့ ဆိုင်တဲ့ဝက်ဘ်ဆိုက်တွေ ကြည့်လို့ မရအောင်
ပိတ်ထားတာ၊ ဘလော့ဂါတွေကို ထောင်ချထားတာတွေကြောင့် မြန်မာစစ်အစိုးရကို ပြင်သစ်နိုင်ငံအခြေစိုက်
နယ်စည်းမခြား သတင်းထောက်များအဖွဲ့က အက်တာနက်ရဲ့ ရန်သူအဖြစ် စာရင်းသွင်းထားပါတယ်။

အင်တာနက် ဖုန်းမခေါ်ရန် ဆက်သွယ်ရေး ပိတ်ပင်


အောင်မြတ်စိုး၊ ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၆

ဘန်ကောက်၊ ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် အင်တာနက်မှတဆင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုမှု (VOIP)


များကို ပိတ်ပင်မှု တင်းကြပ်ရန် ကြေးနန်းနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားချက်များ
ထုတ်ပြန်လိုက်သည်။

Skype, Gtalk, Pfingo, VZO မှတဆင့် နိုင်ငံခြားသို့ ဖုန်းခေါ်မှုကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏


တရားဝင် နိုင်ငံခြားခေါ်ဆိုမှုများ ကျဆင်းကာ နိုင်ငံခြားဝင်ငွေ ထိခိုက်နေကြောင်း မြန်မာ့ဆက်သွယ်ရေး၊
စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးတင့်လွင်၏ မတ်လ ၂ ရက်နေ့ ရက်စွဲပါ
ညွှန်ကြားစာတွင် ဖော်ပြပြီး VOIP ခေါ်ဆိုမှုများ ပြုလုပ်ပါက ဥပဒေအရ အရေးယူမည်ဟု ပါရှိသည်။

ညွှန်ကြားစာကို နိုင်ငံတဝှန်းရှိ အများပြည်သူသုံး အင်တာနက်ဆိုင်များ public access center (PAC) ကို


ချုပ်ကိုင်ထားသည့် Myanmar Info-Tech Corp. Ltd ကုမ္ပဏီ ဥက္ကဋ္ဌထံ ပေးပို့ခဲ့ရာ ကုမ္ပဏီကလည်း မတ်လ ၁ဝ
ရက်နေ့တွင် တရားဝင် စာထုတ်ကာ ထပ်ဆင့်ညွှန်ကြားခဲ့သည်။

မြန်မာနိုင်ငံတွင် Skype နှင့် Pfingo အသုံးပြု၍ နိုင်ငံရပ်ခြားသို့ ဖုန်းခေါ်ဆိုမှု အများဆုံးဖြစ်ကြောင်း


အင်တာနက်ဆိုင်ရှင်များက ပြောသည်။

မြန်မာ့ဆက်သွယ်ရေး၏ နိုင်ငံတကာဖုန်း International Direct Dialing - IDD ခေါ်ဆိုနှုန်းထားများမှာ FEC ဖြင့်


တွက်ချက် ပေးဆောင်ရသည့်အပြင် အင်တာနက် VOIP ဖုန်းများထက် အဆများစွာ ပိုမိုဈေးနှုန်းမြင့်မား
နေခြင်းကြောင့် အင်တာနက်ဖုန်းများကို လူထုက ပိုမိုအသုံးပြုလာကြသည်။

အစိုးရ ဆက်သွယ်ရေး ဖုန်းဖြင့် အမေရိကန်သို့ ခေါ်ဆိုပါက ပထမ တမိနစ်အတွက် FEC ၄.၅ ဒေါ်လာ
(မြန်မာကျပ်ငွေ ၄ဝဝဝ ခန့်) ၊ ထိုင်းနိုင်ငံသို့ ခေါ်ဆိုပါက FEC ၁.၄ ဒေါ်လာ (မြန်မာကျပ်ငွေ ၁ဝဝဝ ကျော်)
အသီးသီး ကျသင့်မည်ဖြစ်ပြီး အင်တာနက်ဆိုင်များတွင် VOIP စနစ်သုံး ခေါ်ဆိုပါက အမေရိကန်သို့ တမိနစ် ၁ဝဝ
ကျပ်၊ ထိုင်းနိုင်ငံသို့ တမိနစ် ၅ဝ ကျပ် ခန့်သာ ကျသင့်သည်။

ပြီးခဲ့သည့်နှစ်က ပုံမှန်ခေါ်ဆိုခထက် ပိုမိုသက်သာသည့် ကြိုတင်ငွေပေးစနစ်သုံး ဂျီအက်စ်အမ်ဖုန်းကတ်များ


ဆက်သွယ်ရေးမှ ထုတ်ရောင်းခဲ့သေးသည်။ သုံးစွဲသူများခဲ့သော်လည်း နိုဝင်ဘာ ရွေးကောက်ပွဲ နောက်ပိုင်းတွင်
ကြိုတင်ငွေပေးစနစ်သုံး ဖုန်းကတ်များရောင်းချခြင်းကို စစ်အစိုးရက ပြန်လည် ထိန်းချုပ်ခဲ့သည်။
VOIP မသုံးရန် မြန်မာ့ဆက်သွယ်ရေး၏ ညွှန်ကြားချက် အွန်လိုင်းတွင် ပျံနှံနေသော်လည်း တရားဝင်
အကြောင်းကြားစာ ပေးပို့ခြင်း မရှိသေးကြောင်း အင်တာနက် ဆိုင်များက ပြောသည်။

မြန်မာနိုင်ငံတွင် အများပြည်သူ သုံးစွဲခွင့်လျှောက်ထားနိုင်သည့် အင်တာနက်ဆားဗစ်လုပ်ငန်း ISP ၂ ခုရှိပြီး


ရတနာပုံတယ်လီပို့တ်နှင့်၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့ ဖြစ်သည်။

ယခု ကြေငြာချက်ကြောင့် အင်တာနက်ဆိုင်များအနေဖြင့် များစွာ ဝင်ငွေထိခိုက်မည်မဟုတ်ပဲ အသုံးပြုသူများသာ


အဓိကထိခိုက်နစ်နာနိုင်ကြောင်း အလုံမြို့နယ်မှ အင်တာနက် ဆိုင်ရှင်တဦးက ပြောသည်။

" ဖုန်းတွေကို မခေါ်ရတော့ဘူး ဆိုရင်လဲ Gtalk အချင်းချင်း၊ Skype အကောင့်အချင်းချင်း အချိန်းအချက် လုပ်ပြီး
ပြောလာကြမှာပဲ ထင်တယ်။ ဖုန်း တိုက်ရိုက်ခေါ်မရတော့ အွန်လိုင်းတက်လာမယ့်အချိန် စောင့်ပြီး
သုံးရတာမျိုးတွေ ဖြစ်လာမယ်။ ဒီမှာက ကော်နက်ရှင်လည်း မကောင်းတော့ သုံးတဲ့သူတွေအချိန်ကုန် လူပင်ပန်း
ပိုပြီး ဖြစ်ကြမှာပေါ့" ဟု သူက ပြောသည်။

အင်တာနက်ဆိုင်မှ ဖုန်းခေါ်ဆိုမှုများ စစ်အစိုးရ ပိတ်မည်


နရီလင်းလက် Wednesday, 16 March ဧရာဝ
ဧရာဝတီ

အင်တာနက် ဆိုင်များမှတဆင့် နိုင်ငံခြားသို့ ဆက်သွယ်ခေါ်ဆိုမှု များပြားလာ သောကြောင့်


မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အခပေး နိုင်ငံခြားခေါ်ဆိုမှုများ ကျဆင်းလာပြီး နိုင်ငံတော်ဝင်ငွေ
ထိခိုက်သည်ဟုဆိုကာ အာဏာပိုင်များက အဆိုပါ ၀န်ဆောင်မှုများ မပြုလုပ်ရန် တရားဝင် ညွှန်ကြားလိုက်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားမှူး ဦးတင့်လွင်က မတ်လ ၂ ရက်နေ့ နေ့စွဲဖြင့်


မြန်မာအင်ဖိုတက် ကော်ပိုရေးရှင်း လီမိတက်သို့ ပေးပို့သော ညွှန်ကြားချက်၌ ပြည်ပသို့ ခေါ်ဆိုရာတွင်
အများပြည်သူသုံး Public Access Center (PAC) နှင့် ဆိုက်ဘာကဖေးများမှ အများဆုံး အသုံးပြုနေသည့်
Skype, G-talk, Pfingo, VZO စသည့် VOIP အသုံးပြုခေါ်ဆိုမှုများကို တားမြစ်ရန် ဖော်ပြထားသည်။

တရားဝင်လိုင်စင်ဖြင့် ဖွင့်လှစ်ခွင့်ပြုထားသည့် PAC များနှင့် အင်တာနက်ကဖေးများတွင် အဆိုပါ ၀န်ဆောင်မှုများ


ပြုလုပ်ပါက ဆက်သွယ်ရေး၏ တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်မည်ဟုလည်း ရေးသားထားသည်။

PAC များ ဖွင့်လှစ်ရေးကို ဝန်ဆောင်မှုပေးထားသည့် မြန်မာအင်ဖိုတက်က ယင်းကြေညာချက်ကို မတ်လ ၁၀


ရက်နေ့ နေ့စွဲဖြင့် ထပ်မံ အကြောင်းကြားစာ တွေ့ရသော်လည်း အင်တာနက်ဆိုင်များသို့ မရောက်ရှိသေးကြောင်း
သိရပြီး တရားဝင်ပိတ်ပင်မှုများ အနှေးနှင့်အမြန် ဖြစ်လာနိုင်သောကြောင့် အင်တာနက်ဆိုင်များ
ထိခိုက်မှုရှိနိုင်သည်ဟု ပြည်တွင်း အင်တာနက်ဆိုင် အသိုင်းအဝန်းမှ သိရသည်။

Sky Net အင်တာနက်ကဖေးမှ ဝန်ထမ်းတဦးက “မြန်မာပြည်ကနေ လိုင်းဖုန်းသုံးပြီး ခေါ်တာထက် Skype နဲ့


Pfingo တို့က ခေါ်တဲ့အခါ ကျတဲ့ဈေးနှုန်းက အရမ်းကွာတော့ တော်တော်များများက အင်တာနက်သုံးပြီးခေါ်တဲ့
ဝန်ဆောင်မှုကို သုံးကြတယ်။ အခုထိတော့ အကြောင်းကြားစာ မရောက်သေးပေမယ့် ဒီလိုသာ
ဖြစ်လာမယ်ဆိုရင်တော့ ၀င်ငွေ ၄၀ ရာခိုင်နှုန်းလောက် လျော့သွားနိုင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

အင်တာနက် အသုံးပြု ခေါ်ဆိုခမှာ စင်ကာပူ၊ မလေးနှင့် အာရှနိုင်ငံများသို့ ၁ မိနစ်လျှင် ၅၀ ကျပ်၊ အမေရိကန်သို့


၁ မိနစ်လျှင် ၂၀၀ ကျပ်၊ တောင်အာဖရိကနိုင်ငံသို့ ၁ မိနစ်လျှင် ၄၀၀ ကျပ်နှုန်း ရှိသည်ဟု သိရသည်။
လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တယ်လီဖုန်းလိုင်း အသုံးပြုခေါ်ဆိုပါက စင်္ကာပူနိုင်ငံသို့ ၁ မိနစ်လျှင်
အမေရိကန်ဒေါ်လာ ၁.၇၅ ဒေါ်လာ (၁၆၀၀ ကျပ်ခန့် )၊ ထိုင်းနိုင်ငံသို့ ၁ မိနစ်လျှင် ၁.၄ ဒေါ်လာ (၁၀၀၀
ကျပ်ခန့်)၊ အမေရိကန်သို့ ၁ မိနစ်လျှင် ၄.၅ ဒေါ်လာ (၃၂၀၀ ကျပ်ခန့်) သတ်မှတ်ထားသည်။

ကျောက်တံတားမြို့နယ်ရှိ အင်တာနက် ကဖေးဆိုင်မှ တာဝန်ရှိသူတဦးက “လက်ရှိ အခြေအနေကို သုံးသပ်ရင်


အင်တာနက်သုံးပြီး ဖုန်းခေါ်တဲ့ ၀န်ဆောင်မှုက ဆိုင်အနေနဲ့ရော လာသုံးတဲ့သူအတွက်ပါ တော်တော် အဆင်ပြေ၊
အကျိုးရှိတယ်။ ငွေကုန်ကြေးကျ မများဘူး။ တွေ့တဲ့ အင်တာနက်ဆိုင် ၀င်သွားပြီး ခေါ်ပေးပါ ပြောလို့ရတယ်” ဟု
ပြောသည်။

ပြည်တွင်းရှိ အင်တာနက်ဆိုင် အများစုတွင် ဖုန်းခေါ်ဆိုမှုကို အဓိက ၀န်ဆောင်မှုပေး ရပ်တည်နေသည့်ဆိုင်နှင့်


ပုံမှန် အင်တာနက် သုံးစွဲမှုအတွက် အဓိက ၀န်ဆောင်မှုပေးသည့် ဆိုင်ဟူ၍ ၂ မျိုး ခွဲနိုင်ကြောင်း သိရသည်။

၎င်းက ဆက်၍ “လက်ရှိ အခြေအနေက အင်တာနက်ဆိုင် အလုပ်ကနေ တခြားအလုပ် ပြောင်းလုပ်ရမယ့်


အခြေအနေဖြစ်နေပြီ။ တနေ့တနေ့ ပိုပို ဆိုးလာတဲ့ ကွန်နက်ရှင်နဲ့ အင်တာနက် ၀န်ဆောင်မှုနဲ့ကတော့ တော်တော်
အဆင်မပြေတာ။ အခုနောက်ပိုင်း ချပေးတဲ့၊ အင်တာနက်သုံးလို့ရတဲ့ ၅ သိန်းတန်ဖုန်းတွေက ထွက်လာတော့
ဆိုင်မှာ လူလျော့သွားတယ်။ ထပ်ပြီး ဒီလို ဖုန်းဝန်ဆောင်မှုပါ မလုပ်ရတော့ဘူးဆိုရင်တော့
ဆိုင်ပိတ်ဖို့ပဲရှိတော့တယ်” ဟု ပြောသည်။

ယင်းကဲ့သို့ ပိတ်ပင်နည်းဖြင့် အာဏာပိုင်များက နိုင်ငံခြားဝင်ငွေ တိုးလာစေရန် ပြုလုပ်ခြင်းသည် သုံးစွဲသူ


ပြည်သူများအတွက် ငွေကြေးကုန်ကျမှုပိုများပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအတွက်သာ
အကျိုးရှိလာနိုင်သည်ဟု ပြည်ပခေါ်ဆိုမှု ပုံမှန်ပြုလုပ်နေသူတဦးက ဆိုသည်။

၎င်းက “လိုင်းဖုန်းသုံးခေါ်ရင် ဈေးကြီးတယ်။ ပြည်ပကလူကို မြန်မာပြည် ခေါ်ခိုင်းတော့ မရဘူးလားဆိုတော့


ရပါတယ်။ ဒါပေမယ့် G-talk ပြောတာ၊ VZO နဲ့ ချက်ပြီး ကိုယ့်မိသားစုနဲ့ ပြောတာမျိုးတွေ မသုံးရဘူး
ဆိုတာကတော့ စဉ်းစားဉာဏ်မရှိဘူးလို့ ထင်တယ်။ ဒီလို အခမဲ့ သုံးစွဲခွင့်ရနေတဲ့ ဟာတွေကို
လိုက်ပိတ်ပင်နေတာမျိုးကတော့ သိပ်ဆိုးလွန်းတယ်” ဟု ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှုး ဦးတင့်လွင်သည် နိင


ုငံခြားခေါ်ဆိုမှုမှ ရရှိသည့် ၀င်ငွေ
ကျဆင်းနေခြင်းကြောင့် ယခုကဲ့သို့ နည်းလမ်းရှာခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအသိုင်းအ၀န်းမှ
သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် နီးစပ်သူတဦးက “ဦးတင့်လွင်က လုပ်ချင်နေတာ ကြာပြီ။ တဖက်ကလည်း


အင်တာနက်လိုင်းတွေနဲ့ ပတ်သက်ပြီး FTTX လို ၀န်ဆောင်မှုတွေအပြင် အာဏာပိုင်နဲ့ နီးစပ်တဲ့သူတွေ
ထုတ်ရောင်းနေတဲ့ အင်တာနက် သုံးလို့ရတဲ့ဖုန်းတွေနဲ့ အပြိုင်ဖြစ်နေမှာ စိုးလို့ဆိုပြီး ခဏစောင့်နေတာ။
အရင်တုန်းက လိုင်းဖုန်းကနေ ဥပမာ တလမှာ နိုင်ငံခြားဖုန်းခေါ်တာ မိနစ် ၁ သိန်းကနေ မိနစ် ၅ သောင်းအထိ
ကျသွားတဲ့အခါ ရမယ့်ဒေါ်လာ လျော့သွားတော့ တော်တော် မကျေမနပ်ဖြစ်နေတယ်။ အဲဒါကြောင့် အခုလို
ညွှန်ကြားချက် ထွက်လာတာ” ဟု ဆိုသည်။

ပြည်တွင်းမှ စာနယ်ဇင်းသမား တဦးက “အရင်က ဖုန်းခေါ်ချင်ရင် ပြည်တွင်းအထွက်က ဈေးကြီးလို့


ပြည်ပကလူက လှမ်းခေါ်ကြတယ်။ ပြည်ပမှာကတော့ အပြိုင်အဆိုင် ဖုန်းခေါ်ခတွေ ဈေးလျှော့တော့ ပြည်ပကနေ
ပြည်တွင်းကိုခေါ်တာ ပိုများတယ်။ အင်တာနက်ရလာတော့ အင်တာနက်ကနေ ဖုန်းခေါ်လို့ ပြန်ရသွားတာနဲ့ ၂
ဖက်လုံး တော်တော်အဆင်ပြေသွားရာကနေ အခုက ခေတ်နောက်ပြန် ဆွဲသလို ဖြစ်နေတယ်” ဟု ပြောသည်။
မြန်မာအင်ဖိုတက် ကော်ပိုရေးရှင်း လီမိတက်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ခွင့်ပြုချက်ဖြင့် PAC
လိုင်စင်ထုတ်ပေးသည့် ၀န်ဆောင်မှုကို တဦးတည်း လုပ်ကိုင်ခွင့်ရရှိထာကြောင်း၊ နည်းပညာနယ်ပယ်တွင်
ပထမဆုံးသော အများပိုင်ကုမ္ပဏီဖြစ်ပြီး နိုင်ငံတော်အဆင့် စီးပွားရေးလုပ်ငန်းများကို ပါဝင်လုပ်ကိုင်ခွင့်
ရနေကြောင်း သိရသည်။

ယမန်နှစ် မတ်လက ကျင်းပသော မြန်မာအင်ဖိုတက်၏ နှစ်ပတ်လည် အစီရင်ခံစာအရ ကုမ္ပဏီ၏ ဝင်ငွေ


ကျပ်သိန်း ၈၀၀၀ ကျော်ရရှိခဲ့ကြောင်း၊ PAC များမှရရှိသည့် ၀င်ငွေသည် ကျပ်သိန်း ၃၅၀၀ ၀န်းကျင်ဖြင့် အများဆုံး
ဖြစ်ကြောင်း သိရသည်။

၂၀၀၁ ခုနှစ်တွင် ငွေကျပ် သိန်း ၅၀၀ ဖြင့် စတင်ခဲ့သော မြန်မာအင်ဖိုတက်သည် လက်ရှိ အသားတင်
ရင်းနှီးမြှုပ်နှံမှု ကျပ်သန်းပေါင်း ၁၀၇၀၀ ရှိပြီး ထည့်ဝင်ထားသည့် ရှယ်ယာအရေအတွက် ၃၀၄၀၀၀၀ ကျော်
ရှိသည်ဟု ယခုနှစ် မတ်လ ၁၀ ရက်နေ့ထုတ် အင်တာနက်ဂျာနယ်တွင် ဖော်ပြထားသည်။

Supermoon ကြောင့် ငလျင်နှင့် ရေကြီးမှု ဖြစ်နိုင်


ထွန်းထွန်း | ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၆

နယူးဒေလီ (မဇ္ဈိမ) ။ ။ Supermoon အမည်ရ လနှင့် ကမ္ဘာ နီးကပ်မှု မတ်လ ၁၉ ရက်နေ့တွင်


ဖြစ်ပေါ်သည့်အခါ မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း ဖြစ်နိုင်သည်ဟု
မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ပြောသည်။

ကမ္ဘာမြေနှင့် အနီးဆုံးအဖြစ် ၃၅၆၅၇၇ ကီလိုမီတာ (မိုင်ပေါင်း ၂၂၁၅၆၇) သို့ လ’ရောက်မည် ဖြစ်သဖြင့် ရူပဗေဒ
ပညာရပ်အရ ဆွဲအားပြင်းမှုဖြစ်ပေါ်ပြီး ရေကြီးခြင်းနှင့် ငလျင်လှုပ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ပြောဆိုခြင်း
ဖြစ်သည်။

“ကမ္ဘာနဲ့ လနဲ့ နီးလာရင် ရူပဗေဒသဘောအရ ဓာတ်ဆွဲအားကတော့ အများဆုံးဖြစ်မယ့် အနေအထားပဲ။


ဓာတ်ဆွဲအား အများဆုံးဖြစ်ရင် ဒီလို နက္ခတ်ဂြိုဟ်တွေပေါ်မှာ အမှီပြုပြီးတော့ဖြစ်တဲ့ ရာသီဥတု ဖြစ်စဉ်တွေက
ရှိတာပဲလေ။ ဥပမာ ရေတက်တာတို့၊ လှိုင်းကြီးတာတို့၊ ငလျင်လှုပ်တာတို့ဆိုတော့ ဒါလေးတွေကလည်း သူ့ဟာသူ
လှုပ်ချင်နေတာကိုး။ ဒီလိုဖြစ်လာရင်တော့ အကုန်ထလှုပ်မှာပေါ့” ဟု ဦးထွန်းလွင်က မဇ္ဈိမကို ပြောသည်။

ကမ္ဘာနှင့် လ အကွာအဝေးသည် ပုံမှန်အားဖြင့် ၃၈၄၄ဝ၅ ကီလိုမီတာ (၂၃၈၈၅၈ မိုင်) ရှိရာမှ ၂၇၈၂၈ ကီလီုမီတာ
(၁၇၂၉၂ မိုင်) အထိ ပိုမိုနီးကပ်လာမည်။ ယခုနီးကပ်မှုမှာ ၂-၃ နှစ်လျှင် တကြိမ် ဖြစ်လေ့ရှိသော်လည်း
Supermoon ဖြစ်စဉ်ဟု ခေါ်ဆိုနိုင်သည့် အဆင့်မရှိခဲ့ပေ။

“အနီးဆုံးဆိုတာ ကျနော်တို့ သိသလောက်ကတော့ ဒါ အခုမှ ဖြစ်တာလည်း မဟုတ်ဘူးလေ။ လဆိုတာ ဘဲဥပုံ


ပုံစံနဲ့ သွားနေတာပေါ့။ အဲဒီတော့ ကမ္ဘာနဲ့ အနီးဆုံး တခါရှိမယ်၊ အဝေးဆုံး တခါရှိမယ်။ အခုတခါတော့ အနီးဆုံး
တခါဖြစ်တယ်ပေါ့” ဟု မိုးဇလပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။

မြန်မာနိုင်ငံ၌ ရာသီဥတု အပြောင်းအလဲများ ဖြစ်နေသော်လည်း Supermoon ဖြစ်စဉ်ကြောင့်ဟု အတိအကျ


မပြောနိုင်သေးကြောင်း နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ အကြီးတန်းအရာရှိတဦးက မဇ္ဈိမကို
ပြောသည်။
“လနဲ့ ကမ္ဘာနီးတာတော့ ကျနော်တို့လည်း ကြားပါတယ်၊ သတင်းဌာနတွေမှာလေ။ အဲဒီဟာ Effect
ဟုတ်မဟုတ်တော့ မဆုံးဖြတ်တတ်ပါဘူး။ ” ဟု အကြီးတန်းအရာရှိက ပြောဆိုသည်။

Supermoon ဖြစ်စဉ်မျိုးမှာ ၂ဝဝ၅ ခုနှစ် ဇန်နဝါရီလ အစောပိုင်းကလည်း ဖြစ်ပေါ်ခဲ့ပြီး ထိုဖြစ်စဉ်မပေါ်မီ


နှစ်ပတ်အလို ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့၌ အင်ဒိုနီးရှား၌ ငလျင်ဖြစ်ပေါ်ခဲ့ပြီး ဆူနာမီလှိုင်းများ
ပေါ်ထွက်ခဲ့သည်။

နောက်ဆုံးရရှိသည့် သတင်းများအရ မြန်မာနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းနေကြောင်း သိရသည်။

“မိုးက ရွာတုန်းပဲ။ တခါမှ မအေးဘူးတဲ့ အအေးမျိုးနဲ့ အေးနေတာ။ လူတိုင်း ခိုက်ခိုက်တုန် နေကြတယ်။


အိမ်တံခါးပေါက်ဆို မဖွင့်ရဲလောက်ကို ဖြစ်နေတာ၊ အေးတာများ။ အပြင်ထွက်ရမှာတောင် ကြောက်တယ်။ ” ဟု
ရန်ကုန်မြို့သူတဦးက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံတဝှန်း၌ မတ်လကုန်အထိ တနာရီလျှင် လေတိုက်နှုန်း ၃၅ မိုင် ပြင်းအားအထိ ရှိနိုင်သည့်


လေပြင်းမုန်တိုင်းများ တိုက်ခတ်ကာ ထစ်ချုန်းမိုးများ ရွာသွန်းဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက
မြန်မာ့အလင်း သတင်းစာတွင် အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည်။

တိုင်းရင်းသားစာပေ သင်ကြားခွင့် ရှိရမည်ဟု ၂ဝ၁ဝ အမတ်ပြော


ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၆

ချင်းမိုင် (မဇ္ဈိမ) ။ ။ မွေးရာပါအခွင့်အရေးအရ တိုင်းရင်းသားစာပေများ လွတ်လပ်စွာ သင်ကြားခွင့် ရှိရမည်ဟု


အမျိုးသားဒီမိုကရေစီအင်အားစု NDF ပြည်သူ့လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က ပြောသည်။

လူ့အခွင့်အရေး အထူးသံတမန် မစ္စတာ တောမတ်စ် အိုဟေးကင်တားနား ဂျနီဗာ ကုလလူ့အခွင့်အရေး


ကောင်စီ၌ ယခုတပတ် တင်သွင်းခဲ့သည့် အစီရင်ခံစာပါ တိုင်းရင်းသားစာပေ တရားဝင် သင်ကြားခွင့် ရှိရေးအပေါ်
ထောက်ခံပြောဆိုခြင်း ဖြစ်သည်။

“တိုင်းရင်းသားတွေ ကိုယ့်ရဲ့ဘာသာစကား သင်ခွင့်ဆိုတာ သူ့ရဲ့မွေးရာပါ လူ့အခွင့်အရေးတခုပဲလေ။


နိုင်ငံသားတိုင်းဟာ လွတ်လပ်စွာ သင်ယူခွင့်ရှိတယ်ဆိုတာ မြန်မာစာပဲလို့ ပါတာမဟုတ်ဘူး။ ပိတ်ပင်ခွင့် မရှိဘူး”
ဟု အလုံအမတ် ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

ကင်တားနား အစီရင်ခံစာ၌ “တိုင်းရင်းသား ၁၃၅ မျိုးရှိပြီး ဘာသာစကား ၁ဝဝ ခန့် ရှိသည်ဟု စစ်အစိုးရက
လက်ခံထားသော်လည်း ဗမာစာတခုထဲကိုသာ တရားဝင် သင်ကြားခွင့်ပြုထားခြင်းသည်
တိုင်းရင်းသားလူငယ်များ မိခင်ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံကို ဆက်ခံခွင့် ဆုံးရှုံးရသည်” ဟု ထောက်ပြထားသည်။

အမျိုးသားလွှတ်တော် အဋ္ဌမနေ့၌ စစ်အစိုးရ ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းက “တိုင်းရင်းသားများ၏


စကားနှင့် စာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရကျောင်းများတွင် သင်ယူခွင့်ပြုရန်” မဖြစ်နိုင်သေးဘဲ
ကျောင်းပြင်ပ သင်ကြားလိုပါက ကူညီမည်ဟု ပြောသွားသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အမတ် ဒေါက်တာဗညားအောင်မိုး မေးသည့် တိုင်းရင်းသား


ပညာရေးဌာနများ ဖွင့်လှစ်ရန်လည်း အစီအစဉ် မရှိသေးကြောင်း ဖြေသွားသည်။
မွန်စာပေကို ကျောင်းပိတ်ရက် နွေရာသီသင်တန်းများအဖြစ်သာ ရန်ကုန်၊ ပဲခူး၊ မွန်ပြည်နယ်၊
တနင်္သာရီတိုင်းတို့တွင် နားလည်မှုဖြင့် သင်နေရပြီး အနှောင့်အယှက်များ ရှိသည်ဟု မွန်အမျိုးသားပညာရေး
ကော်မတီဝင် မွန်ဆရာတဦးက ပြောသည်။

မွန်စာပေနှင့် လူမှုလုပ်ငန်းများကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်နေသည့် မွန်အမျိုးသား ပညာရေး


ကော်မတီဝင် မွန်ဆရာတဦးကလည်း “တရားဝင်သင်ခွင့် လိုချင်တာပေါ့။ အစိုးရကျောင်းတွေမှာဆို
ပိုကောင်းတာပေါ့။ အခုကျတော့ အောက်ခြေမှာက မင်းတို့ကို ဒါဘယ်သူသင်ခိုင်းတာလဲ၊ တိုင်လိုက်ရမလား၊
အဲဒီလို ခြိမ်းခြောက်တာမျိုးတွေ အမြဲတမ်း ကြုံနေရတယ်” ဟု မဇ္ဈိမကို ပြောသည်။

“တခြားတိုင်းရင်းသားတွေလဲ ဒီလိုပဲ ခံစားရမယ်လို့ ယူဆတယ်လေ။ တိုင်းရင်းသား စာပေသင်ခွင့်


မရဘူးဆိုရင်တော့ လူမျိုးပျောက်သွားမယ်လေ။ အခုတောင် မွန်စကား မတတ်တ့၊ဲ မွန်စာ မတတ်တဲ့ မွန်တွေ
အများကြီး ဖြစ်လာတယ်” ဟု သူက ဆက်ပြောသည်။

မွန်အမျိုးသား ပညာရေးကော်မတီကို အပစ်ရပ် မွန်ပြည်သစ်ပါတီက ကမကထပြု ဖွဲ့ခဲ့သော်လည်း


လွတ်လပ်သည့် အဖွဲ့တခုဖြစ်ပြီး၊ သံလွင်မြစ်အရှေ့ခြမ်း ရေး၊ သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ရေဖြူ၊
ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ ဘားအံမြို့နယ်များတွင် အမျိုးသားကျောင်း ၁၅၄ ကျောင်း
ထောင်ထားသည့်အနက် မူလတန်းများပြီး အထက်တန်း ၃ ကျောင်း၊ အလယ်တန်း ၁၇ ကျောင်းပါဝင်ကြောင်း
သိရသည်။ ကျောင်းသား စုစုပေါင်း ၁၂,၅ဝဝ ခန့်ရှိပြီး ဘာသာရပ်များကို မွန်စာပေဖြင့် အဓိကထားပြီး
ဗမာစာလည်း သင်သည်ဟု ဆိုသည်။

စစ်အစိုးရကမူ ပညာရေးကဏ္ဍအတွက် နှစ် ၃ဝ စီမံကိန်းချထားပြီး တက္ကသိုလ်နှင့် ကောလိပ်အရေအတွက်


များလာမှုကို တိုးတက်မှုအဖြစ် ဖော်ပြလေ့ရှိသည်။ သို့သော် ပညာရေးကျွမ်းကျင်သူများက မြန်မာနိုင်ငံ၏
ပညာရေးစနစ် ပြုပြင်ပြောင်းလဲရန် လိုနေကြောင်း ထောက်ပြလေ့ရှိသည်။

ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ UNESCO ကမူ ပညာရေးကဏ္ဍတွင် ငွေမည်မျှ


သုံးစွဲသည်ကိုကြည့်ပြီး တိုင်းတာရသည်ဆိုကြောင်း မစ္စတာကင်တားနား အစီရင်ခံစာတွင် ထောက်ပြထားသည်။
စစ်အစိုးရသည် ပညာရေးအတွက် တနိုင်ငံလုံး ထုတ်ကုန်၏ ၁ ဒဿမ ၃ ရာခိုင်နှုန်းသာ သုံးစွဲခဲ့သည် ဆိုသည်။

၂ဝ၁၁ မြန်မာနိုင်ငံ ဘတ်ဂျက်အသစ်တွင် စစ်တပ်အတွက် ၃ဝ ရာခိုင်နှုန်းခန့် လျာထားပြီး၊ ပညာရေးအတွက် ၎


ရာခိုင်နှုန်းသာ သုံးရမည်ဟု သတ်မှတ်ထားသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များတွင် ယခုလ ၉ ရက်နေ့မှစ၍ မေးခွန်းနှင့် အဆိုတင်မှုများ


စနေပြီဖြစ်သော်လည်း အတိအကျ မဖြေဘဲ၊ လုပ်ကိုင်ခဲ့သည်များသာ ပြန်ပြောနေသဖြင့် စစ်အစိုးရကို
အရောင်တင်ပေးသကဲ့သို့ ဖြစ်နေသည်ဟု ဝေဖန်ခံနေရသည်။

ယနေ့လည်း လွှတ်တော်များကို မနက် ၁ဝ နာရီမှ စတင်ခဲ့သော်လည်း ပြည်သူ့လွှတ်တော်ကို မွန်းလွဲ ၁ နာရီခွဲနှင့်


အမျိုးသားလွှတ်တော်ကို ၁၂ နာရီတွင် အဆုံးသတ်ခဲ့သည်။ မနက်ဖြန်တွင် ခေတ္တရပ်နားပြီး လာမည့်အပတ်
တနင်္လာတွင် ပြန်စမည်ဟု သိရသည်။

ပါတီတူအမတ်ချင်း ကန့်ကွက်မှု NDF ခေါင်းဆောင် မနှစ်သက်


မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၆ ရက် ၂၀၁၁
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမတ်တဦး လွှတ်တော်တွင် တင်သွင်းသည့်အဆိုကို ပါတီတူ အမတ်တဦးက
ကန့်ကွက်ခြင်းမှာ လက်ခံနိုင်ဖွယ် မရှိကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ NDF ခေါင်းဆောင်
ဦးခင်မောင်ဆွေက ပြောသည်။

အင်္ဂါနေ့ ပြည်သူ့လွှတ်တော်တွင် NDF အလုံမြို့နယ် အမတ် ဦးခိုင်မောင်ရည်က အလယ်တန်းအဆင့်အထိ အခမဲ့


ပညာသင်ကြားရေးအဆိုကို တင်သွင်းခဲ့ရာ NDF လသာမြို့နယ်အမတ် ဦးကြည်မြင့်က ကန့်ကွက်ခဲ့ခြင်းကို
ဝေဖန်လိုက်ခြင်း ဖြစ်သည်။

“ပါတီစည်းမျဉ်းနဲ့ မူဝါဒတွေအတိုင်းပဲ လွှတ်တော် ကိုယ်စားလှယ်များဟာ လုပ်ရလိမ့်မယ်။ လွှတ်တော်ထဲမှာ


အားလုံး ဆုံးဖြတ်ချက်နဲ့ လုပ်ဖို့လိုတယ်၊ ဌာနချုပ်ရဲ့ ညွှန်ကြားချက်ကို လက်ခံဖို့လိုတယ်။ ပါတီနောက်ခံနဲ့
သွားတဲ့ကိစ္စ ပါတီအလံကိုမှ မလေးစားဘူးဆိုရင်၊ ကိုယ့်အချင်းချင်းမှ မလေးစားနိုင်ဘူးဆိုရင် ပါတီနဲ့ ဘယ်လို
ရှေ့လျှောက်ဆက်ဆံမလဲဆိုတာ မေးရတော့မယ်။ ဒါမျိုးတွေကို လက်ခံစရာ အကြောင်းမရှိဘူး” ဟု
ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

ဦးကြည်မြင့်က ချမ်းသာသော နိုင်ငံများ၌ပင် ထိုစနစ် ကျင့်သုံးနိုင်ခြင်း မရှိဟုဆိုကာ ဦးခိုင်မောင်ရည်၏


တင်သွင်းချက်ကို ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

NDF ၏ ပညာရေး မူဝါဒတွင်လည်း အလယ်တန်းအဆင့်အထိ အခမဲ့ပညာသင်ကြားရေးစနစ် ချမှတ်ကျင့်သုံးရေး


ကြိုးပမ်းသွားမည်ဟု ပါရှိသည်။ ပါတီမူဝါဒများနှင့် ပတ်သက်ပြီး လွှတ်တော်ရေးရာ ကော်မတီ အစည်းအဝေးများ၌
တင်ပြခဲ့ပြီး၊ ယခုလို ပြုမူဆောင်ရွက်မှုကို လက်မခံနိုင်ဟု NDF လွှတ်တော်ရေးရာ ကော်မတီခေါင်းဆောင်
ဦးခင်မောင်ဆွေက ဆိုသည်။

“လွှတ်တော်အမတ် ဖြစ်သွားရင် ငါလုပ်ချင်တာ လုပ်မယ်ဆိုတဲ့ ဟာမျိုးကို ကျနော်တို့ အမျိုးသား ဒီမိုကရေစီ


အင်အားစုပါတီက လက်မခံဘူးလို့၊ NDF ရဲ့ အလံတော်အောက်က ပြိုင်တဲ့သူ မှန်သမျှဟာ NDF ရဲ့ မူဝါဒတွေနဲ့
မကင်းကွာရဘူးဆိုတာ လွှတ်တော်ကော်မတီ အစည်းအဝေးတွေမှာ ကျနော်ကိုယ်တိုင်ပဲ ပြောလိုက်တာပဲ” ဟု
သူက ပြောသည်။

NDF သည် လွှတ်တော်များအတွင်း အမတ်များ ဆွေးနွေးခြင်း၊ အဆိုတင်သွင်းခြင်းများ အဆင်ပြေစေရန်


လွှတ်တော်ရေးရာ ကော်မတီကို ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းတွင် ဖွဲ့စည်းခဲ့သည်။ ကော်မတီတွင် ခေါင်းဆောင်
ဦးခင်မောင်ဆွေနှင့် အကြံပေးအဖြစ် ဒေါက်တာသန်းငြိမ်း ပါဝင်ပြီး ကော်မတီဝင်ပေါင်း ၁၅ ဦး ရှိသည်။

NDF အမျိုးသားလွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်ကလည်း ဦးကြည်မြင့်၏ လုပ်ဆောင်ချက်သည်


ပါတီဆုံးဖြတ်ချက်ကို လိုက်နာခြင်း မရှိကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“တခုခုတင်ပြတော့မယ်၊ ဆွေးနွေးတော့မယ်ဆိုရင် ခေါင်းဆောင်တွေကို ပြပြီးမှ မိတ္တူပေးပြီး ခွင့်ပြုချက်ယူပြီးမှ


လုပ်ကြပါလို့ ဒီအတောအတွင်းမှာတင် ထွက်ထားတာ ရှိတယ်။ အဲဒီလို ရှိလျက်သားနဲ့ ဒီပါတီရဲ့
စည်းမျဉ်းစည်းကမ်း၊ ဆုံးဖြတ်ချက်တွေကို ဘာတခုမှ မလိုက်နာဘူးဆိုတာ အလုပ်နဲ့ သက်သေပြတာ။ ဒါ
ရှင်းရှင်းလေးပဲ” ဟု သူက ဆိုသည်။

ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်းက ‘အခြေခံပညာကဏ္ဍ အနှစ် ၃ဝ နှစ်ရှည် စီမံကိန်းအရ နိုင်ငံသားတိုင်း


အခြေခံပညာ အဆင့်အလိုက် သင်ယူပြီးမြောက်စေရေးကို စီမံချက်များ ချမှတ်ဆောင်ရွက်နေကြောင်းနှင့်
ပညာရေးကဏ္ဍတွင် ပုဂ္ဂလိက အခန်းကဏ္ဍ ပါဝင်နိုင်ရေး အစီအမံများ ထားရှိပြီးဖြစ်ကြောင်း’
ပြန်လည်ဆွေးနွေးခဲ့အပြီး ဦးခိုင်မောင်ရည်က သူ၏ အဆိုကို ပြန်လည်ရုပ်သိမ်းခဲ့ရသည်။

ဝ' ခေါင်းဆောင်က ၂၀၁၀ အောင်မြင်မှုအပေါ် အားရ


ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၆

ချင်းမိုင် (မဇ္စျိမ) ။ ။ မြန်မာစစ်အစိုးရက နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးခံခဲ့ရသော်လည်း


စည်းလုံးစွာဖြင့် ငြင်းဆန်နိုင်ခဲ့သည့်အပေါ် အားရကျေနပ်မှုရှိကြောင်း ဝ’ ပြည် သွေးစည်းညီညွှတ်ရေးပါတီ UWSP
ဒုဥက္ကဋ္ဌ ကျောက်ဝင်ကွမ်းက ပါတီစုံညီအစည်းဝေး၌ ပြောဆိုလိုက်သည်။

၂ဝ၁ဝ နှစ်ချုပ် စုံညီအစည်းအဝေး ပထမနေ့ကို UWSP ဌာနချုပ်တည်ရှိရာ ရှမ်းပြည်( မြောက်ပိုင်း) ပန်ဆန်းမြို့၌


ဗုဒ္ဓဟူးမနက် ၈ နာရီမှ ညနေ ၃ နာရီထိ ကျင်းပခဲ့ရာ အောက်ခြေ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့နှင့်
မြို့နယ်အဆင့်ဆင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များ စုစုပေါင်း ၂၁၃ ဦး တက်ရောက်စဉ် ကျောက်ဝင်ကွင်းက
ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ပါတီဥက္ကဋ္ဌ ဦးပေါက်ယူချန်းမှာ တက်ရောက်ခြင်း မရှိပေ။

“ကျနော်တို့ ဒုဥက္ကဌက နှစ်ချုပ်အတွက် ဆော်သြောတဲ့ မိန့်ခွန်းပြောတယ်။ အရင်နှစ် ဘယ်လိုလုပ်ခဲ့တယ်၊ အဖွဲ့ရဲ့


ဦးဆောင်တဲ့ လူတွေက တည်ငြိမ်အောင် ရပ်တည်နေတယ်ဆိုတာက အောင်မြင်မှုတွေပဲ ဆိုတာတွေ
ရှင်းပြတယ်။ နောက် အောင်မြင်ဆိုတဲ့အထဲမှာ ကျနော်တို့ ချွတ်ခြုံကျတာ မရှိဘဲ ရပ်တည်နေတယ်ဆိုတာတွေ၊
နိုင်ငံရေးကပဲဖြစ်ဖြစ် ကွဲပြားသွားတာ မရှိဘဲ တည်တည်ငြိမ်ငြိမ်နဲ့ အားလုံးစုပေါင်းပြီး လုပ်နိုင်တာက
အောင်မြင်မှုပဲ ဆိုတာတွေ ပြောတယ်” ဟု ဝ’ ဗိုလ်မှူးတဦးက မဇ္စျိမကို ပြောသည်။

အစည်းအဝေးကို အနည်းဆုံး ၅ ရက်ခန့်ကြာ ကျင်းပမည်ဖြစ်ပြီး၊ ယနေ့တွင် လယ်/ဆည်၊ သစ်တောနှင့်


ကျန်းမာရေး ဌာနများမှ ကိုယ်စားလှယ်များက နှစ်ချုပ်အစီရင်ခံစာများ တင်ပြခဲ့သည်။ လာမည့်
ရက်များတွင်၂ဝ၁၁ ခုနှစ်အတွက် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြမည်ဖြစ်သည်။

တိုင်းရင်းသား အခွင့်အရေးအတွက် လက်နက်ကိုင်ထားသည့် တပ်ဖွဲ့များတွင် စစ်အင်အား


အတောင့်တင်းဆုံးဖြစ်ပြီး၊ တပ်အင်အား ၃ သောင်း ကျော်ရှိသည်ဟု အကဲခတ်များက ခန့်မှန်းထားသည့် UWSP
၏ တပ်မတော် UWSA သည် နယ်ခြားစောင့်တပ်ကို လက်မခံဘဲ ၂ဝ၁ဝ ရွေးကောက်ပွဲအရ ဖြစ်ပေါ်လာမည့်
အစိုးရသစ်နှင့် နိုင်ငံရေးအရ ဆွေးနွေးသွားမည်ဟု ဆိုခဲ့သည်။

ဝ’ တပ်ဖွဲ့အနေဖြင့် နယ်ခြားစောင့်တပ်အရေးကို လက်မခံဘဲ တပ်ရင်းကို အခြေခံသည့် ဝမ်ဟုန်နှင့် ပန်ခမ်း


စစ်ဒေသခွဲ ၂ ခုဖွဲ့ရန် အပါအဝင် အချက် ၉ ချက် တင်ပြခဲ့မှုကို စစ်အစိုးရဘက်က ပယ်ချခဲ့သည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ် ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း (ပန်ခမ်း)
စသည့် ၆ မြို့နယ်ကို ခရိုင် ၂ ခု ဖွဲ့ပြီး ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် သတ်မှတ်ထားသည်။ သို့သော် ဝ’
လူမျိုးအများစု နေထိုင်သော မြို့ ၆ ခု အနက် ဟိုပန်နှင့် ပန်ဆန်း (ပန်ခမ်း) မြို့ကို စစ်အစိုးရက
ထိန်းချုပ်ထားသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တော်လှန်နေသော တိုင်းရင်းသား ငြိမ်းအဖွဲ့များဖြစ်သည့် UWSA အပါအဝင် ကချင်


လွတ်မြောက်ရေး တပ်မတော် KIO၊ တိုင်းရင်းသား လူမျိုးများ ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (မိုင်းလား-NDAA)၊
ရှမ်းပြည်နယ် တပ်မတော် (မြောက်ပိုင်း - SSA-N) နှင့် မွန်ပြည်သစ်ပါတီ NMSP က ပြီးခဲ့သည့်နှစ် မေလအတွင်း
မဟာမိတ် ဖွဲ့ခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်တဖွဲ့ကို စစ်တပ်က တိုက်ခိုက်လာပါက စုပေါင်းကာကွယသ
်ွားရန်အတွက်
စစ်အစိုးရနှင့် အပစ်ရပ်အဖွဲ့များ၊ အပစ်မရပ်စဲသော အဖွဲ့များ အပါအဝင် စုစုပေါင်း ၁၂ ဖွဲ့ အပါအဝင်ဖြင့်
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင်လည်း
ဖွဲ့စည်းခဲ့သည်။ သို့သော် ထိုကောင်စီတွင် UWSP ပါဝင်ခြင်း မရှိသေးပေ။

UWSA သည် ဗမာပြည် ကွန်မြူနစ်ပါတီ ဗကပ ထံမှ ၁၉၈၉ ခုနှစ်တွင် ခွဲထက


ွ်ကာ၊ ထိုနှစ်အတွင်း စစ်အစိုးရနှင့်
အပစ်အခတ် ရပ်စဲခဲ့သည်။

ပုဂ္ဂလိကပိုင်ပြုမှု ငွေခ၀ါချရေး အတွက် ဖြစ်နေ


ရန်ပိုင် Wednesday, 16 March ဧရာဝ
ဧရာဝတီ

စစ်အစိုးရက လေလံတင် ရောင်းချနေသည့် နိုင်ငံပိုင် အဆောက် အအုံများနှင့် မြေကွက်များကို စီးပွားရေး


လုပ်ငန်းရှင်များက ငွေကြေးခ၀ါချမှု ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် မတန်တဆ ဈေးများပေးကာ အလုအယက်
ဝယ်ယူနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ၂၁ရက်နေ့ အစိုးရ သတင်းစာတွင် ၀န်ကြီးဌာန ၁၅ ခုပိုင် စီးပွားရေးလုပ်ငန်း ၇၆ ခုမှ


အဆောက်အအုံနှင့် မြေ နေရာများကို လေလံတင်ရောင်းချရန် ကြေညာခဲ့ရာ စီးပွားရေး လုပ်ငန်းရှင်ကြီးများက
ဈေးအဆမတန်ပေးကာ ၀ယ်ယူ ကြကြောင်း၊ ထိုသို့ ၀ယ်ယူခြင်းမှာ တရားဝင်စီးပွားရေးလုပ်ငန်းမှ ရရှိထားသည့်
ငွေဖြစ်ကြောင်း သက်သေပြစရာမလိုဘဲ ၀ယ်ယူသည့်တန်ဖိုး အပေါ်တွင် အစိုးရအား အခွန်ငွေ ၁၅
ရာခိုင်နှုန်းပေးဆောင်ခြင်းဖြင့် တရားဝင်ငွေကြေး(၀ါ) ငွေဖြူဟု အသိအမှတ်ပြုခံရမည် ဖြစ် သည့် အတွက်
ဖြစ်ကြောင်း ရန်ကုန်မြို့ခံ စီးပွားရေးသမားတဦးက ဧရာဝတီ ကို ပြောသည်။

“အခွန် ၁၅ ရာခိုင်နှုန်း ဆောင်လိုက်ရင် နာမည်ပေါက်ဖြစ်ပြီ၊ ရောင်းမယ့်နေရာတွေက နေရာကောင်းတွေဆိုတော့


ဈေးပိုပေးရ လည်း တွက်ခြေကိုက်တယ်”ဟု ၎င်းက ဆိုသည်။

ရောင်းချသည့် ၀န်ကြီးဌာနပိုင် စီးပွားရေးလုပ်ငန်း ၇၆ ခုတွင် ရန်ကုန်မြို့နှင့် တခြားသောနေရာများရှိ စက်ရုံများ၊


ကုန်သိုလှောင်ရုံများ၊ စီးပွားရေးအရ အချက်အချာကျသည့် နေရာများတွင် တည်ရှိသည့်
ပြည်သူပိုင်သိမ်းထားသော နေရာများ ပါဝင်သည်။

စစ်အစိုးရနှင့် ဆက်စပ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အေးရှားဝေါလ်ကုမ္ပဏီ၊ မက်စ်မြန်မာ ကုမ္ပဏီ၊


ထူး ကုမ္ပဏီများ က အလုအယက် ၀ယ်ယူနေရာ ပြီးခဲ့သည် မတ်လ ၁ ရက်နေ့က ဖွင့်လှစ်သည့်
နောက်ဆုံးလေလံပွဲတွင် အဆောက်အအုံနှင့် မြေ ကွက်များစွာကို စစ်အစိုးရ အတွင်းရေးမှူး(၁) သီဟ သူရ
ဦးတင်အောင်မြင့်ဦးနှင့် နီးစပ်သူ ဘိန်းဘုရင် လော်စစ်ဟန် ၏ သား စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင်
ပိုင်ဆိုင်သည့် အေးရှားဝေါလ် ကုမ္ပဏီက ရရှိသွားသည်ဟု ရန်ကုန်မြို့ခံ စီးပွားရေးသမားက
ဆက်လက်ပြောပြသည်။

ယခု နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကို အတွင်းရေးမှူး (၁) သီဟသူရ


ဦးတင်အောင်မြင့်ဦးနှင့် အမျိုး သားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသာက
တာဝန်ယူ လုပ်ကိုင်နေကြောင်း သိရသည်။
ယင်းအဆောက်အအုံများကို လေလံတင်ရောင်းချရာတွင် ဈေးပြိုင် အိတ်ပိတ်တင်ဒါစနစ်ဖြင့် မည်သူမဆို
လွတ်လပ်စွာ ယှဉ်ပြိုင် ၀ယ်ယူနိုင်ပြီး ၀င်ရောက်ယှဉ်ပြိုင်လိုသူသည် လျှောက်လွာတစောင်လျှင် ငွေကျပ်
၁သောင်းနှင့် စပေါ်ငွေအဖြစ် ငွေကျပ် သိန်း ၁၀၀ တင်ရသည်ဟု စီးပွားရေးလုပ်ငန်းရှင်များ အသိုင်းအ၀ိုင်းက
ပြောသည်။

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် နီးစပ်သူတဦး အဆိုအရ မည်သူမဆို


လွတ်လပ်စွာ ယှဉ်ပြိုင် ၀ယ်ယူနိုင်သည် ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး နေရွှေသွေးအောင် ခေါ်
ဖိုးလပြည့် နှင့် ဦးစိုးသာ၏ သား အောင် စိုးသာ တို့သည် လေလံရရှိရေးတွင် အရေးပါကြောင်း သိရသည်။

“နေရာကောင်းလိုချင်ရင် ၀န်ကြီးသား အောင်စိုးသာကို ပြောလိုက်ရုံပဲ၊ ဒါဆို သွင်းဈေးဘယ်လောက်၊ သူတို့


သားအဖ အတွက် ဘယ်လောက် ဆိုပြီး ခွင်ရိုက်လိုက်တာ”ဟု ၎င်းက ပြောဆိုသည်။

ထိုသို့ အောင်စိုးသာနှင့် သဘောတူညီမှု ရလျှင် လေလံစာရင်းတွင် ပါဝင်နေသည့် ကြိုက်နှစ်သက်ရာ နေရာကို


တခြားသူ တဦး တယောက်မျှ မ၀ယ်ယူနိုင်ရန် လေလံစာရင်းမှ ပယ်ဖျက်ကြောင်း ၀န်ကြီး ဦးစိုးသာ က
တရားဝင်စာထုတ်ပြန်ပေးပြီး သဘော တူညီ ထားသူအား ရောင်းချပေးသည်ဟု အမျိုးသား စီမံကိန်းနှင့်
စီးပွားရေး ဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် နီးစပ်သူက ဆက်ပြောသည်။

ဗိုလ်ချုပ်မှူးကြီး၏ မြေး နေရွှေသွေးအောင်မှာမူ နိုင်ငံပိုင် အဆောက်အအုံများ ၀ယ်ယူနိုင်ရန် ၎င်းအားလာရောက်


ပြောဆိုထားသည့် စီးပွားရေးလုပ်ငန်းရှင်များ အတွက် အတွင်းရေးမှူး(၁) သီဟ သူရ ဦးတင်အောင်မြင့်ဦးအား
တိုက်ရိုက်ပြောဆို၍ ရယူပေးကြောင်း လည်း ၎င်းက ဆိုသည်။

နေရွှေသွေးအောင် ကိုယ်တိုင်ပင် ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ အမှတ်(၁) စက်မှုဝန်ကြီး ဌာန၊


ရန်ကင်း မြို့နယ် အတွင်းရှိ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၊ အဏုမြူ စွမ်းအင် ဦးစီးဌာန၊ အမှတ်(၂) စက်မှုဝန်ကြီး
ဌာန၊ အခွန်လွတ်ဈေး စသည့် နေ ရာများကို ရယူထားကြောင်း သိရသည်။

စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်၊ ဧဒင်ဆောက်လုပ်ရေးနှင့်


မြန်မာ့ရှေ့ဆောင် ဘဏ် လုပ်ငန်းရှင် ဦးချစ်ခိုင်နှင့် အေးရှားဝေါလ် ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင် တို့ကမူ
အတွင်းရေးမှူး(၁) သီဟ သူရ ဦးတင်အောင်မြင့်ဦး အား ချဉ်းကပ်၍ ၎င်းတို့ လိုချင်သည့် နိုင်ငံပိုင် နေရာများနှင့်
ဝန်ကြီးဌာနများကို လေလံစာရင်းတွင် ထည့်သွင်းပေးရန် ငွေကြေးပေး ၍ ပြုလုပ်ကြောင်း အမျိုးသား စီမံကိန်းနှင့်
စီးပွားရေး ဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် နီးစပ်သူက က ပြောပြသည်။

ယခုအခါ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် အမှတ် (၁)၊ အင်းလျားလမ်းနှင့် ဥယျာဉ် လမ်းထောင့်ရှိ တဧကခွဲခန့်


ကျယ်ဝန်းသည့် မြေ ကွက်ကို တပေပတ်လည်လျှင် ငွေကျပ် ၃ သိန်းဈေးဖြင့် မက်စ်မြန်မာ ကုမ္ပဏီပိုင်ရှင်
ဦးဇော်ဇော်ကလည်းကောင်း၊ ဆူးလေဘုရား အနီးရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနပိုင်
အထပ် ၁၅ ထပ်ခန့် ပါရှိသော အမှတ် (၇၃/၇၅) Yangon Commerical Tower အား ဦးတေဇ၏ ထူးကုမ္ပဏီက
ငွေကျပ် သိန်း ၇သောင်း ဖြင့်လည်းကောင်း ၀ယ်ယူခွင့်ရရှိသွားသည်ဟု သိရ သည်။

ပြန်ကြားရေး ၀န်ကြီးဌာနပိုင် အမှတ် ၃၂၁ ဗိုလ်ချုပ်အောင်ဆန်းလမ်း ကျောက်တံတားမြို့နယ်ရှိ ဘုရင့် ရုပ်ရှင်ရုံကို


ရုပ်ရှင် မင်းသမီး ဒေါ်ဝါ၀ါဝင်းရွှေက ကျပ်သိန်း ၅၅၀၀၀ ဖြင့် ၀ယ်ယူကာ တရုတ်လူမျိုး ကျောက်သူဌေး တဦးအား
ကျပ်သိန်း ၈၀၀၀၀ ဖြင့် ပြန်လည် လက်လွှဲရောင်းချလိုက်ပြီး ဆုထူးပန် ရုပ်ရှင်ရုံကိုလည်း ရရှိထားသည်ဟု
ရန်ကုန်မြို့ခံ စီးပွားရေးသမားက ပြောသည်။
ထို့အပြင် ပြည်လမ်း ၉ မိုင်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အဆောက်အအုံ နှင့်
ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ အဆောက်အအုံတချို့ကို ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းသူဌေး
ရန်ချန်းဝင်း(ခ) ဦးစိန်ဝင်းရရှိသွားသည်ဟု ရန်ကုန်အခြေ စိုက် ခရော်နီကယ် အင်တာနက် စာမျက်နှာတွင်
ရေးသားထားသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က ထုတ်ပြန်သည့် ရောင်းချပြီး နေရာများတွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ


ပဒုမ္မာ ကဇာတ်ရုံ နှင့် အားကစားကွင်း ပါရှိကြောင်းလည်း ဖော်ပြထားသည်။

အတည်မပြုနိုင်သောသတင်းများအရ အေးရှားဝေါလ် ကုမ္ပဏီက စမ်းချောင်း ပဒုမ္မာက ဇာတ်ရုံနှင့်


အားကစားကွင်းကို ကျပ် သိန်းပေါင်း ၅ သိန်းဖြင့် ၀ယ်ယူသွားခြင်း ဖြစ်သည်ဟု သိရသည်။

၁၉၈၉ ခုနှစ်က ကိုးကန့်၊ ၀၊ မိုင်းလား အစရှိသည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ခ့ဖ


ဲူးသည်ဆိုသော
အပစ်အခတ်ရပ်စဲရေး ပြုလုပ် ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ၏ စီးပွားရေးလုပ်ငန်းများ၊
ရင်းနှီးမြှုပ်နှံမှုများကိုလည်း တရားဝင်ငွေကြေး ဖြစ်ကြောင်း သက်သေပြစရာ၊ အခွန်ဆောင်စရာ မလိုအပ်ဘဲ
စစ်အစိုးရက ခွင့်ပြုခဲ့ဖူးသည်။

ထိုသို့ နိုင်ငံပိုင် ပစ္စည်းများအား ယာယီဝယ်ယူပြီး အမြတ်အစွန်းရရှိရေး အတွက် လက်ပြောင်းလက်လွှဲသဘော


ပြန်လည်ရောင်းချမှု များရှိနေသည့်အတွက် ပုဂ္ဂလိကပိုင် ပြုလုပ်မည့် စက်ရုံ၊ အိုးအိမ်၊ မြေကွက်များကို
ဈေးအများဆုံးပေးမည့် သူများထက် ကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်းကဲ့သို့ အများပြည်သူနှင့် သက်ဆိုင်သည့်
ဝန်ဆောင်မှုလုပ်ငန်းများ အမှန်တကယ် လုပ်ကိုင်မည့်သူကိုသာ ရွေးချယ် ချထားပေးသင့်သည်ဟု
ပြည်တွင်းထုတ် Weekly Eleven စာစောင်တွင် မကြာသေးမီက အကြံပြုရေးသားထားသည်ကို တွေ့ ရသည်။

ဝ တပ် နှစ်ချုပ် အစည်းအဝေး ကျင်းပ


သန်းထိုက်ဦး Wednesday, 16

နအဖ စစ်တပ်နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တပ်များ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ


ဖြစ်ပွားနေချိန်တွင် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ်၌ သက်ဆိုင်ရာဌာနအလိုက်
နှစ်ချုပ် အစည်းအဝေးကို ကျင်းပနေသည်။

အစည်းအဝေးကို UWSA ဌာနချုပ် တည်ရှိသော ပန်ဆန်းမြို့တွင် ၎င်းတို့၏ ခေါင်းဆောင် ဦးပေါက်ယူချမ်းနှင့်


တပ်မှူးများ အပါ အ၀င် ဌာနအလိုက် ကိုယ်စားလှယ်၂၀၀ ကျော် တက်ရောက်ပြီး ယမန်နေ့မှ စတင်၍ ၃ ရက်ခန့်
ကျင်းပမည် ဖြစ်ကြောင်း သိရ သည်။

UWSA အနေဖြင့် နောက်တက်လာမည့် အစိုးရသစ်နှင့် နိုင်ငံရေးအရ တွေ့ဆွေးနွေးရေး၊ စစ်အစိုးရက


ကျင့်သုံးနေသော ဖြတ် လေးဖြတ် ကာကွယ်ရေး အစီအစဉ်နှင့် တခြားသော တိုင်းရင်းသား လက်နက်ကိုင်
တပ်ဖွဲ့များနှင့် စစ်ရေး မဟာမိတ်ဖွဲ့စည်းရေး စသည့် အကြောင်းအရာများကို ဆွေးနွေးနိုင်ကြောင်း တရုတ် -
မြန်မာ နယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော က ဧရာဝတီ သို့ ပြောသည်။

UWSA တပ်ဖွဲ့ဝင်များ အစည်းအဝေး ကျင်းပနေချိန်တွင် ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ်နှင့် တန့်ယန်း


မြို့နယ်၌ နအဖ တပ်နှင့် SSA-N တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားနေသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။
တန့်ယန်းမြို့နယ် အတွင်းသို့ ရောက်ရှိနေသော စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ နှင့်
မန္တလေးတိုင်း မိထ္တီလာမြို့နယ် အခြေစိုက် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းများက SSA-N
ထိန်းချုပ်ထားသော ဒေသအတွင်းသို့ ၀င်ရောက်လာသော ကြောင့် ၎င်း တပ်များနှင့် အပြန်အလှန် တိုက်ပွဲများ
ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ နအဖ စစ်အစိုးရ တပ်မ ၃၃ နှင့် တပ်မ ၉၉ တို့သည် ယခုအခါ တန့်ယန်း အခြေစိုက် တပ်များနှင့်
ပူးပေါင်း၍ ယင်း ဒေ သ များတွင် စစ်အင်အား တိုးချဲ့ထားသည်။

အတည်မပြုနိုင်သော တန့်ယန်းဒေသခံများ၏ ပြောပြချက်အရ ယခုရက်ပိုင်း နအဖ စစ်အစိုးရနှင့် SSA-N တို့


ဖြစ်ပွားခဲ့ သော တိုက်ပွဲတွင် UWSA တပ်ဖွဲ့ဝင်များက ကူတိုက်ပေးခဲ့ကြောင်း ကြားသိရသည်။
ယင်းတိုက်ပွဲများတွင် SSA-N တပ်သား တချို့ဒဏ်ရရရှိသည်ဟု ကြားသိရသော်လည်း နအဖ
ဗိုလ်ကြီးအဆင့်ရှိသူတဦး အပါအ၀င် တပ်သား ၈ ဦး ကျဆုံးခဲ့သည်။

စစ်ရေးလေ့လာသူများ အဆိုအရ ယခုကျင်းပနေသော UWSA နှစ်ချုပ် အစည်းအဝေးတွင် ရှမ်းပြည်နယ်တွင်


လတ်တလော ဖြစ်ပွားနေသော စစ်ရေး ပဋိပက္ခများကိုလည်း ဆွေးနွေးနိုင်ခြင်း ရှိသကဲ့သို့ SSA-N ခေါင်းဆောင်
တချို့ကလည်း စည်းဝေးနေ ကြောင်း သိရသည်။

UWSA ဌာနချုပ် လက်အောက်ခံ ရဲတပ်ဖွဲ့များက တရုတ်နှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်ငန်းများကို


ပြီးခဲ့သည့် ဖောဖော်ဝါရီ လဆန်းပိုင်းက စီစဉ်ဆောင်ရွက်ခဲ့ကြောင်း ယမန်နေ့က UWSA ဌာနချုပ်မှ
ပြန်လည်ရောက်ရှိလာသူ သတင်းထောက် တဦးက ပြောသည်။

ထို့အပြင် UWSA ထိန်းချုပ် ဒေသများတွင် ည ၁၀ နာရီနောက်ပိုင်း အပြင်မထွက်ရန် လုံခြုံရေး


တင်ကျပ်ထားကြောင်း သိရ သည်။

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ


ထိန်းချုပ်ဒေသများကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် ချေမှူန်းရန် စစ်အစိုးရ ခေါင်းဆောင်များက
ယခုလဆန်းပိုင်းမှ စတင်၍ ညွှန်ကြားထားကြောင်း စစ်ရေးလေ့လာသူများက ပြောသည်။

၁၉၇၀ ပြည့်နှစ်များတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တို့အပေါ်


ဗိုလ်ချုပ်ကြီးနေဝင်း၏ မဆလ ခေတ် အစိုးရ ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးများတွင် စတင်ကျင့်သုံးခဲ့သည်။

ယင်း ဖြတ်လေးဖြတ် အစီအစဉ်မှာ လက်နက်ကိုင်အဖွဲ့များ၏ စားနပ်ရိက္ခာအရင်းအမြစ်ကို ဖြတ်တောက်ခြင်း၊


ဘဏ္ဍာငွေအရင်း အမြစ်များကို ဖြတ်တောက်ခြင်း၊ သတင်းအရင်းမြစ်ကို ဖြတ်တောက်ခြင်းနှင့်
တပ်ဖွဲ့ဝင်သစ်မစုဆောင်းနိုင်ရန် ဖြတ်တောက်ခြင်း တို့ဖြစ်သည်။

စစ်အစိုးရ၏ ဒု ဗိုလ်ချုပ်ကြီးဟောင်း ရဲမြင့်နှင့် UWSA ကိုယ်စားလှယ်တချို့တို့ ပြီးခဲ့သည့်နှစ် သြဂုတ်လက


ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့၌ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး နောက်ဆုံးအကြိမ် တွေ့ဆုံ
ဆွေးနွေးခဲ့သည်။ UWSAသည် ၎င်းတို့ ၏ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအနက် အင်အား
အတောင့်တင်းဆုံး တပ်ဖွဲ့ ဖြစ်သည်။
UWSA တပ်ဖွဲ့ အပါအ၀င် မိုင်းလား တပ်ဖွဲ့(NDAA) တို့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့ စည်းရေးကို
လက်မခံဘဲ ငြင်း ဆန်ထားသည်။ စစ်အစိုးရက အပစ်ရပ်တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး
အတွက် ၂၀၀၉ ခုနှစ်ဧပြီလ ကတည်းက စတင်အကောင်အထည် ဖော်ခဲ့သည်။

UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။


၁၉၈၉မှ ၁၉၉၅ အတွင်းအပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ စုစုပေါင်း
၁၇ ဖွဲ့ရှိသည်ဟု စစ် အစိုးရ ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ဒဂုံတောင် လေပြင်းဒဏ်ခံ ပြည်သူများကို NLD ကူညီ


မြတ်ကျော် Wednesday, 16 ဧရာဝ
ဧရာဝတီ

ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၆၉ ရပ်ကွက်တွင် မတ်လ ၁၁ ရက်နေ့က တိုက်ခတ်ခဲ့သည့်


လေဆင်နှာမောင်းဒဏ် သင့်ခဲ့သော ပြည်သူများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ
လှူဒါန်းကူညီလျက်ရှိသည်။

NLD ဗဟိုအထောက်အကူပြုအဖွဲ့မှ ဦးလှသိန်းက “အိမ်ခြေ ၄၀ ကျော်လောက် လုံးဝပျက်စီးသွားပြီး အိမ် ၁၀၀


လောက်က နေလို့ထိုင်လို့ မရတဲ့အခြေအနေပါ။ ပြန်ဆောက်ဖို့အတွက် လုပ်နေကြပါတယ်” ဟု ပြောသည်။

NLD လူငယ်များက ပျက်ဆီးသွားသောအိမ်များအား ပြန်လည်တည်ဆောက်ပေးခြင်း၊ အလှူငွေထောက်ပံ့ခြင်း၊


မိုးကာစများ ဝေငှခြင်း၊ အ၀တ်အထည်များ ပေးခြင်းတို့ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

၆၉ ရပ်ကွက်တွင် နေထိုင်သူတဦးက “NLD က အလှူငွေနဲ့ အ၀တ်အထည်တွေ လာလှူသေးတယ်။


အိမ်ပျက်တွေကိုလည်း ပြန်ဆောက်ဖို့ စာရင်းကောက်တယ်။ တချို့ကို မနေ့က ပြန်ဆောက်ပေးနေတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း တာပေါ်လင်စတွေ လှူလိုက်တယ်လို့ ကြားတယ်။ ကျမတို့
ဒုက္ခရောက်နေတဲ့အချိန်မှာ အကူညီပေးတာမို့ ရပ်ကွက်ထဲကလည်း ကျေးဇူးတင်နေကြပါတယ်” ဟု ပြောသည်။

အမှတ် ၆၉ ရပ်ကွက်သည် ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် ဆက်စပ်လျက်ရှိပြီး အခြေခံလူတန်းစား


အများဆုံးနေထိုင်သော ရပ်ကွက်တခုဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် မတ်လ ၁၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်တိုင်း


ခရမ်းမြို့နယ် အေးရွာတွင် အိမ်ခြေ ၁၆လုံး၊ မြောက်ဒဂုံမြို့နယ်တွင် အိမ်ခြေ ၉၄ လုံး၊ တောင်ဒဂုံ မြို့နယ်တွင်
အိမ်ခြေ ၃၈ လုံးနှင့် ဧရာဝတီတိုင်း သရက်ချောင်းကျေးရွာတွင် အိမ်ခြေ ၂၀ ခန့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်ဟု
မတ်လ ၁၄ ရက်နေ့ထုတ် စစ်အစိုးရသတင်းစာများတွင် ဖော်ပြခဲ့သည်။

ဂျပန်ရှိ မြန်မာများ သံရုံး ကူညီမှုမရ


လင်းသန့် Wednesday, 16 March ဧရာဝ
ဧရာဝတီ

နျူကလီးယား အန္တရာယ် စိုးရိမ်မှုများကြောင့် ဂျပန်နိုင်ငံမှ ရှောင်တိမ်းရန် ကြိုးစားနေကြသည့် မြန်မာများကို


တိုကျိုရှိ မြန်မာ သံရုံးက မည်သို့မျှ အကူအညီ ပေးခြင်းမရှိဘဲ အခွန်ကောက်ခံမှုသာ အဓိက
လုပ်ဆောင်နေသည်။
“သံရုံးတော့ ဖွင့်ထားတယ်၊ မြန်မာနိုင်ငံပြန်ဖို့ သံရုံးကိုဆက်သွယ်ပါလို့ ပြောထားတယ်၊ လူတွေလည်း ကြိတ်ကြိတ်
တိုး ပဲ၊ အခက်အခဲကို ကူညီဖို့ သူတို့ စိတ်မ၀င်စားဘူး၊ အခွန်ကောက်ဖို့ပဲ စိတ်ဝင်စားတာ၊ အခွန်ရုံးလို့ပဲခေါ်တယ်၊
သံအမတ် လည်း မရှိဘူး ကြားတယ်”ဟု ဂျပန် ရှိမြန်မာ အမျိုးသား တဦးဖြစ်သူ ဦးသာထက်က ဧရာဝတီသို့
ပြောသည်။

မြန်မာသံအမတ်ကြီးနှင့် မိသားစုမှာ ဂျပန်မှတိမ်းရှောင်သွားပြီဖြစ်ကြောင်း ဂျပန်ရှိ မြန်မာ အသိုင်းအ၀ိုင်းကြား


အတည်မပြုနိုင်သော သတင်းများ ထွက်ပေါ်နေသည်။

ယင်း ကိစ္စရပ်များနှင့် ပတ်သက်ပြီး မေးမြန်းရန် ဂျပန်ရှိ မြန်မာသံရုံးသို့ အကြိမ်ကြိမ် ဖုန်းဖြင့်


ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

ထို့အပြင် ငလျင်နှင့် ဆူနာမီ စတင်ဖြစ်ပွားပြီးနောက် မြန်မာသံရုံးခေတ္တပိတ်ထားသည်ဟု


သံရုံး၏၀က်ဘ်ဆိုက်တွင် ဖော်ပြ ခဲ့သည်။ ထို့နောက် မတ်လ ၁၅ ရက်နေ့ ဒေသစံတော်ချိန် ၁၃:၀၀
နာရီမှစတင်ကာ ရုံးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ကြေညာထားသည်။

ဂျပန်ရှိ မြန်မာအများစုမှာ အလုပ်အကိုင်ရှိသူအနေနှင့် တလလျှင်အခွန်ငွေ ယန်း တသောင်း(အမေရိကန်ဒေါ်လ


၁၂၅)မြန် မာသံရုံးသို့ပေးသွင်းမှသာ နိုင်ငံကူးလက်မှတ်တရားဝင်မည်ဖြစ်သော်လည်း တချို့မှာ
အခက်အခဲကြုံကြရကြောင်း၊ ငလျင် နှင့် ဆူနာမီ နောက်ဆက်တွဲ နျူကလီးယား
စက်ရုံတချို့ပေါက်ကွဲမှုများဖြစ်ပြီးနောက် နျူကလီးယား အန္တရာယ် စိုးရိမ်မှုမြင့် မားလာကာ မြန်မာများ ဂျပန်မှ
နေရပ်ပြန်ရေးအတွက် အပူတပြင်း စီစဉ်နေကြကြောင်း သိရသည်။

မြန်မာသံရုံးက မြန်မာအစိုးရ ပညာတော်သင်များကို မြန်မာပြည်ပြန်လျှင် ကူညီမည်ဟု ဖုန်းဆက် အကြောင်း


ကြားမှုများ ပြုလုပ်လျက်ရှိပြီး အခြားသောမြန်မာအလုပ်သမားများနှင့် ကျောင်းသားများကို ဆက်သွယ်မှု
ပြုလုပ်ခြင်းမရှိပေ။ မြန်မာနိုင်ငံ သို့ ပြန်မည့်သူများ ရှိကြသကဲ့သို့ မပြန်ဘဲ နေလိုသူများလည်း ရှိနေကြသည်။

“မနက်က သံရုံးက မြန်မာပြည် ပြန်မလားဆိုပြီး ဖုန်းဆက်တယ်။ တော်တော်များများက


မပြန်ဘူးလို့ပြောကြတယ်”ဟု တိုကျို မြို့တွင်ပညာသင်နေသော ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊
ပြည်တွင်းအခွန်များဦးစီးဌာနမှ ပညာတော်သင် အရာရှိ တဦးက ပြောသည်။

Tsukuba တက္ကသိုလ်တွင် ပညာသင်ကြားနေသော အစိုးရ အရာရှိတဦး၏ မိသားစုဝင်တဦးကလည်း“မြန်မာနိုင်ငံ


ပြန် မယ်ဆိုရင် ပညာရေးကလည်း မပြီးဆုံးဘဲနဲ့ပြန်ရမယ်။ နောက်ပြီးရနေတဲ့ အခွင့်အရေးတွေ နောက်တကြိမ်
ထပ်မရနိုင် တော့ ဘူး။ ဒါကြောင့်အားလုံးက မပြန်ကြတာ”ဟု ပြောသည်။

ငလျင်နှင့် ဆူနာမီ ထိခိုက်မှုဒဏ်ကြောင့် နျူကလီးယား ဓာတ်ပေါင်းဖိုများ ပေါက်ကွဲသည့်


ဖူကူရှီးမား(Fukushima) ခရိုင် တွင် မြန်မာအစိုးရ၏ အစီအစဉ်ဖြင့် ပညာသင်နေကြသော ကျောင်းသူ၊
ကျောင်းသား များနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အလုပ်ဗီဇာဖြင့်ရောက်ရှိနေကြသူများ ရှိနေကြသော်လည်း
၎င်းတို့ကိုအကူအညီများပေးရန် တိုကျို မြန်မာအဖွဲ့အစည်းများက ဆက်သွယ်ရန်ကြီးစားနေကြရာ တချို့မှာ
ဆက်သွယ်ရန် ခက်ခဲနေကြောင်းလည်း သိရသည်။

ထိုဒေသမှ အဆက်အသွယ်ရရှိခဲ့သည့် မြန်မာပြည်ပြန်လိုသော မြန်မာကျောင်းသူ၊ ကျောင်းသားတချို့ကို


တိုကျိုရှိ မြန်မာ ယဉ်ကျေးမှုနှင့် လူမှုရေးအသင်းမှအကူအညီပေးရေး လုပ်ဆောင်နေကြသည်ဟု Itabashi
မြန်မာဘုန်းတော်ကြီး ကျောင်း မှ ဆရာတော် ဦးသြဘာသ က မိန့်ကြားသည်။
အဏုမြူအန္တရာယ် စိုးရိမ်ပူပန်မှုများ တိုးပွားလာသည့်အတွက် မြန်မာနိုင်ငံသားများပါမက
ဂျပန်ရှိမြန်မာနိုင်ငံသားများနှင့် အိမ်ထောင်ကျနေကြသော ဂျပန်များပါ မြန်မာနိုင်ငံသို့ ရှောင်တိမ်းရန်
ကြိုးစားနေကြသည်။

“နျူကလီးယား အန္တရာယ်ကြောင့် ဂျပန်အမျိုးသားနဲ့အိမ်ထောင်ကျတဲ့ မြန်မာမိန်းကလေးတယောက်ဆိုရင်


သူ့ကလေးနဲ့ သူ့ခင်ပွန်းတို့ပါ ခဏဂျပန်ကနေရှောင်ရှားဖို့အတွက် ကလေးနဲ့ ပတ်သက်ပြီး စာရွက်စာတမ်းရဖို့
တောင်းတော့ အခု သံရုံး ကိုလာရမယ်လို့ပြောတယ်။ သံရုံးကိုသွားဖို့က လမ်းပန်း ဆက်သွယ်ရေး
အခုခက်နေတယ်၊ နောက် အရမ်းဝေးတယ်၊ အခု အခြေအနေမှာ အွန်လိုင်းက လက်မခံဘူးဆိုတော့ သူတို့
အခက်အခဲတွေဖြစ်နေတယ်”ဟု ဂျပန်နိုင်ငံ တိုကျိုမြို့ရှင်ဂျုကု တွင် နေထိုင်သည့် မြန်မာ အမျိုးသမီး မခင်စန်းရီ
က ပြောသည်။

ဂျပန်ရှိမြန်မာအသိုင်းအ၀ိုင်းတွင် ဂျပန်နိုင်ငံမှ တိမ်းရှောင်ရန် ဆန္ဒရှိသော်လည်း မြန်မာနိုင်ငံ


ပြန်လို့မရသူပေါင်းများစွာရှိနေ ကြောင်း ၊ အန္တရယ်ကင်းမည့်နေရာ တခုကိုအချိန်မရွေးသွားရောက်
ရှောင်တိမ်းနိုင်ရန် အသင့်ပြင်ထားကြောင်း၊ စိုးရိမ် သော်လည်း အခြေအနေအရ အလုပ်ပြန်ဝင်နေကြသူ
တချို့လည်း ရှိကြောင်း ဂျပန်ရှိ မြန်မာယဉ်ကျေးမှုနှင့် လူမူရေးအဖွဲ့မှ အဆိုပါ မခင်စန်းရီက ပြောသည်။

မြန်မာယဉ်ကျေးမှုနှင့် လူမူရေးအဖွဲ့ အနေနှင့် ယခုအခါ ဂျပန်ဘာသာဖြင့် ကြေညာနေသော


အရေးပေါ်သတင်းများနှင့် သတိပေး နှိုးဆော်ချက်များကို မြန်မာများ အလွယ်တကူ သိစေရန် အင်တာနက်မှ
တဆင့် မြန်မာ ဘာသာဖြင့် အီးမေးလ် များ ပို့ကာ ကူညီပေးနေသည်ဟု ၎င်းက ဆိုသည်။

“မြန်မာတွေ ပြန်တဲ့ လူတွေလည်း ပြန်ကုန်ကြပြီ၊ လေယာဉ်လက်မှတ်လည်း ခက်တယ်၊ Haneda


လေဆိပ်တခုတည်း ဖွင့် ထား တာ၊ ဒီကနေ့အထိတော့ ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာ မြန်မာတွေပါတာ
မကြားရသေးပါဘူး”ဟု မခင်စန်းရီက က ဆက်လက်ပြောကြားသည်။

မတ်လ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်ရှိ ဂျပန်


သံအမတ်ကြီးထံ သို့ ဂျပန်နိုင်ငံရှိ ငလျင်နှင့် ဆူနာမီ ဒဏ်ကြောင့် အသက် အိုးအိမ် ပျက်စီးဆုံးရှုံးသူများအတွက်
ဝမ်းနည်းကြောင်း သ၀ဏ် လွှာ ပေးပို့ခဲ့သည်။

စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်က ဂျပန်ဝန်ကြီးချုပ်ထံ စာနာထောက်ထားကြောင်း ပေးပို့သည့် သ၀ဏ်လွှာ ကို


ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။

NLD ဗဟိုအလုပ်အမှုဆောင်နှင့် စစ်ကိုင်းတိုင်း ကိုယ်စားလှယ်များဆွေးနွေး


2011-03-16 RFA

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်းက ကိုယ်စားလှယ်တွေနဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ


မတ်လ ၁၆ ရက် ဒီကနေ့ ရန်ကုန် ဌာနချုပ်ရုံးမှာ တွေ့ဆုံ ဆွေးနွေးကြပြီး ပါတီရေးရာ ကိစ္စတွေနဲ့ ဒေသတွင်း
အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း မြို့နယ်အသီးသီးက ကိုယ်စားလှယ် ၅၃ ဦးနဲ့ စစ်ကိုင်းတိုင်း တိုင်းစည်းရုံးရေး ကော်မတီက


အဖွဲ့ဝင် ၉ ဦး စုစုပေါင်း စစ်ကိုင်းတိုင်းက ၆၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ထူးခြားတဲ့ အခြေအနေတွေကတော့ ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ တိုင်း
ဖြစ်တာကြောင့် စစ်အစိုးရက ၂၀၀၃ ခုနှစ်နောက်ပိုင်းကတည်းက အပြင်းအထန် ဖိနှိပ်တာတွေ ရှိခဲ့ကြောင်း၊
ဒါကြောင့် လူမှု ကူညီထောက်ပံရေး ကိစ္စတွေကိုတောင် လုပ်ဆောင်နိုင်ဖို့ ခက်ခဲကြောင်း၊ အခမဲ့ဆေးခန်း၊
အခမဲ့စာသင်ကျောင်း ဖွင့်လှစ်တာမျိုးကို ပိတ်ပင်တာတွေ ရှိကြောင်း ကိုယ်စားလှယ်တွေက တင်ပြခဲ့ပါတယ်။

ဒါ့အပြင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စအဖြစ် အထူးသဖြင့်တော့ ကသာနယ်အတွင်း သစ်တောတွေကို


စက်ယန္တရားကြီးတွေကို အသုံးပြုပြီး၊ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက် စတဲ့သစ်မာတွေ အပါအဝင် သစ်မျိုးစုံကို
ခုတ်လှဲပြီး နေ့စဉ် တန်ချိန် ထောင်နဲ့ သောင်းနဲ့ ချီကာ၊ တရုတ်ပြည်ကို တင်ပို့နေတာကြောင့် တရွာနဲ့ တရွာ
လှမ်းမြင်ရလောက်အောင် ကွင်းပြင်တွေအဖြစ် သစ်တောတွေ ပြုန်းတီးကုန်ကြောင်း တင်ပြကြပါတယ်။

ဒါ့အပြင် ပါတီစည်းရုံးရေးနဲ့ လူမှုကူညီရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်တာ၊ အခြေအနေ တိုးတက်မှု


ရှိလာတာတွေကိုလည်း အချို့မြို့နယ်တွေက တင်ပြကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အခုလို နိဂုံးချုပ် ပြန်လည် ဆွေးနွေးပါတယ်။

“ကျွန်မတို့ ငြိမ်းချမ်းတဲ့ နည်းကို ရွေးတယ်ဆိုတာ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်စေချင်လို့ ရှိလို့


ရှိရင် အကြမ်းဖက်တဲ့ နည်းကို မသုံးပဲနဲ့ ဖြစ်နိုင်တယ်ဆိုတဲ့ အစဉ်အလာကို ကျွန်မတို့ ခိုင်မြဲအောင် လုပ်ဖို့
ဖြစ်ပါတယ်။”

အခက်အခဲ အမျိုးမျိုးကြားမှာ ကြိုးပမ်းဆောင်ရွက်နေရတဲ့ အခြေအနေတွေကို ပြောကြားခဲ့သလို ပြည်သူ့


ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူတွေရဲ့ အခြေအနေတွေကို မပြတ်သိနေဖို့ လိုအပ်ကြောင်း၊ ဒါ့အပြင်
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နည်းလမ်းကျကျ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ အကြမ်းမဖက် ပြောင်းလဲနိုင်တယ်ဆိုတဲ့
အစဉ်အလာကို ဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ စတာတွေ အပါအဝင် အရေးကြီးတဲ့
လမ်းညွှန်ချက်တွေကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အလုပ်အမှုဆောင် ဦးဝင်းတင်တို့ကလည်း လုပ်ဆောင်သင့်တဲ့ နည်းနာတွေကို
ညွှန်ပြခဲ့ကြကြောင်း သိရှိရပါတယ်။

ငလျင်ဒဏ်သင့် ဂျပန်က မြန်မာနိုင်ငံကို အကူအညီဆက်ပေးမည်


2011-03-16 RFA

ဂျပန်နိုင်ငံဟာ သဘာဝ ဘေးအန္တရာယ်ဒဏ် ခံစားနေရပေမဲ့ မြန်မာနိုင်ငံအပေါ် လက်ရှိ ပေးနေတဲ့


အကူအညီတွေနဲ့ ပတ်သက်ပြီး အပြောင်းအလဲ မရှိပဲ ဆက်လက် ကူညီသွားမှာ ဖြစ်ကြောင်း JICA ခေါ် ဂျပန်
နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ က ပြောကြားလိုက်ပါတယ်။

JICA ဟာ ၁၉၈၁ ခုနှစ်က စပြီး မြန်မာနိုင်ငံအတွင်း ကူညီရေး အစီအစဉ်တွေ ဆောင်ရွက်ခဲ့တာပါ။ အဲဒီ


အေဂျင်စီရဲ့ ၂၀၁၀ ခုနှစ် စာရင်းဇယားတွေအရ မြန်မာနိုင်ငံက မြို့ပေါင်း ၁၁ မြို့မှာ အကူအညီ အစီအစဉ် ၂၄ ခု
ဆောင်ရွက်ခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာ့ အထည်ချုပ်လုပ်ငန်းရဲ့ ထွက်ကုန် ၇၀ ရာနှုန်းကို တင်သွင်းနေတာ ဖြစ်ပါတယ်။ အခု


ဂျပန်နိုင်ငံရဲ့ ငလျင်နဲ့ ဆုနာမီဘေးဟာ မြန်မာ့ အထည်ချုပ် လုပ်ငန်းအပေါ် ဘယ်လောက် ထိခိုက်မလဲဆိုတာ
မပြောနိုင်သေးကြောင်း အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါတယ်။
သဘာဝဘေးဒဏ် ခံခဲ့ရတဲ့ ဂျပန်နိုင်ငံအတွက် မြန်မာစစ်အစိုးရ ဝန်ကြီးချုပ်ရဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာကို
မတ်လ ၁၁ ရက်နေ့က ပေးပို့ခဲ့ကြောင်း ဒီကနေ့ မတ်လ ၁၆ ရက်နေ့ထုတ် စစ်အစိုးရပိုင် သတင်းစာတွေမှာ
ဖော်ပြခဲ့ပါတယ်။ အင်အယ်လ်ဒီပါတီကလည်း မတ်လ ၁၂ ရက်က ဝမ်းနည်းကြောင်း သ၀ဏ်လွှာကို
ပေးပို့ခဲ့ပါတယ်။

NDF ပါတီက အမတ်နှစ်ဦး လွှတ်တော်တွင်း သဘောထားကွဲလွဲ


2011-03-16 RFA

ဒီကနေ့ မတ်လ ၁၆ ရက်ထုတ် စစ်အစိုးရ သတင်းစာတွေထဲမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)


ပါတီက လွှတ်တော်အမတ် ဦးခိုင်မောင်ရီက လွှတ်တော်အတွင်းမှာ တင်သွင်းတဲ့အဆိုကို NDF ပါတီဝင် နောက်
အမတ်တဦးဖြစ်တဲ့ ဦးကြီးမြင့်ကနေ ချေပ ပယ်ဖျက်လိုက်တာကို ဖော်ပြထားပါတယ်။

အဲဒီလို NDF ပါတီဝင် အမတ်အချင်းချင်း ချေဖျက်လိုက်တာနဲ့ ပတ်သက်လို့ NDF ပါတီ ခေါင်းဆောင်


ဦးခင်မောင်ဆွေက ဦးကြီးမြင့်ရဲ့ လုပ်ရပ်ဟာ ပါတီသဘောထား မဟုတ်ပဲ သူသဘောနဲ့သူ လုပ်ခဲ့တာ ဖြစ်ကြောင်း
RFA ကို ပြောပါတယ်။

“နိုင်ငံရေး၊ စီးပွားရေး မူဝါဒတွေမှာ ပါရှိပြီး ဖြစ်တဲ့ မူလတန်း၊ အလယ်တန်းတွေကို အခမဲ့ ပညာသင်ကြားခွင့်ကို


ဖော်ဆောင်ပေးမယ် ဆိုတဲ့ ကျွန်တော်တို့ မူဝါဒနဲ့အညီ တင်တာ ဖြစ်ပါတယ်။ ဦးကြီးမြင့် ကန့်ကွက်တာကတော့
သူ့ဟာသူ၊ သူ့သဘောနဲ့သူ ကန့်ကွက်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကိုလည်း ကြိုတင် အသိမပေးပါဘူး။”

ဆက်လက်ပြီး သူတို့ပါတီက လွှတ်တော်အမတ်တွေ ရန်ကုန်ပြန်ရောက်ရင် အဲဒီကိစ္စကို NDF ပါတီကနေ


စုံစမ်းစစ်ဆေးပြီး ပါတီစည်းကမ်းအရ လုပ်ဆောင်သွားမယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

NDF ပါတီဟာ သူတို့ ပါတီ ခေါင်းဆောင်တယောက် ဖြစ်တဲ့ သင်င်္ဃန်းကျွန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်


ဦးသိန်းညွန့်ကိုလည်း ပါတီစည်းကမ်း မလိုက်နာလို့ ဆိုပြီး ပါတီကနေ ထုတ်ပယ်ခဲ့ပါတယ်။

တရုတ်သို့ ပို့မည့် ဓာတ်ငွေ့ ပိုက်လိုင်းများ ဧရာဝတီမြစ်ကို ဖြတ်တော့မည်


2011-03-16 RFA

မြန်မာနိုင်ငံက သဘာဝ စွမ်းအင်လောင်စာတွေကို တရုတ်ပြည်ကို ပေးပို့ဖို့အတွက် ရခိုင်ပြည်နယ်ကနေ


ပိုက်လိုင်းသွယ်တန်းနေတဲ့ လုပ်ငန်းဟာ အခုအခါ ဧရာဝတီမြစ်ကို ဖြတ်သန်းတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ-တရုတ် ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း နှစ်လိုင်းကို ဧရာဝတီမြစ်ရဲ့ ကြမ်းပြင်အောက်ကနေ


ဖြတ်သန်းဖို့အတွက် မတ်လဆန်းပိုင်းမှာ တရုတ် CNPC ကုမ္ပဏီက စတင် တူးဖောက်ခဲ့ပါတယ်။ ဧရာဝတီ
မြစ်ဖြတ် ပိုက်လိုင်းကို မကွေးတိုင်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာအနီး ဧရာဝတီမြစ်
အနောက်ဖက်ကမ်းက စတင် တူးဖောက်ခဲ့တာပါ။

အဲဒီပိုက်လိုင်းတွေဟာ ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းကနေ စတင်ပြီး တရုတ်ပြည် ယူနန်ပြည်နယ်


ရွှေလီမြို့ကို ဝင်ရောက်မှာ ဖြစ်ပါတယ်။

ကိုဇာဂနာ လူ့အခွင့်အရေးလှုပ်ရှားသူ အနုပညာသမားဆုချီးမြင့်ခံရ


2011-03-16 RFA

ပြင်သစ်နိုင်ငံပါရီမြို့အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ ရုပ်ရှင်ပွေ


ဲ တ်ာက မြန်မာနိုင်ငံက
အကျဉ်းကျနေတဲ့ စွယ်စုံရ အနုပညာသမား လူရွှင်တော် ဇာဂနာ ခေါ် ကိုသူရကို လူ့အခွင့်အရေး လှုပ်ရှားသူ
အနုပညာသမားဆု မတ်လ ၁၅ ရက် အင်္ဂါနေ့က ချီးမြှင့်လိုက်ပါတယ်။

ကိုဇာဂနာ အကြောင်းရိုက်ကူးခဲ့တဲ့ This Prinson Where I Live ဆိုတဲ့သတင်းမှတ်တမ်းခွေ အတွက် အခုလို


ဆုချီးမြင့်တာဖြစ်ပြီး ရုပ်ရှင်ကားရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Rex Bloomstein ကို ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ဒီဆုကို ပါရီမြို့အခြေစိုက် မြန်မာနိုင်ငံသားများအဖွဲ့က လက်ခံခဲ့တယ်လို့ တာဝန်ခံ ကိုထင်ကျော် က


ပြောပြပါတယ်။

ပြီးခဲ့တဲ့လကပဲ အသက် ၅၀ ပြည့်ခဲ့တဲ့ လူရွှင်တော်ဇာဂနာဟာ အာဏာရှင်စနစ်ကို အကြောက်တရား ကင်းကင်းနဲ့


ဝေဖန် သရော်တတ်သူအဖြစ် ထင်ရှားသလို ပြည်ပမီဒီယာတွေကနေ စစ်အစိုးရကို ပွင့်ပွင့်လင်းလင်း
ပြောဆိုဝေဖန်တတ်လို့ အာဏာပိုင်တွေက သူ့ရဲ့ အနုပညာ လုပ်ပိုင်ခွင့်တွေကို ပိတ်ပင် ခဲ့ပါတယ်။

အခုချီးမြှင့်ခဲ့တဲ့ ဆုရွေးချယ်ရေးအဖွဲ့က ပါရီမြို့က ကျောင်းသားလူငယ်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ဆုပေးခဲ့တာလို့


သိရပါတယ်။ ဒီဆုဟာ ငွေသားမပါပဲ ရုပ်ရှင်ပွဲတော်တွေမှာ ပေးလေ့ရှိတဲ့ ဖန်သားဆု ရုပ်တုကို ပေးခဲ့တာပါ။

လောလောဆယ် ဆုလက်ခံခဲ့တဲ့ ပြင်သစ်ရောက်မြန်မာတွေက ဒီဆုကို ကိုဇာဂနာလွတ်လာချိန်ဖြစ်စေ၊


မိသားဆုဆန္ဒနဲ့ လက်ခံလိုရင်ဖြစ်စေ လွှဲပြောင်းနိုင်အောင် စီစဉ်ပေးမယ်လို့ ပြောပါတယ်။

ထောင်ဒဏ် ၃၅ နှစ်အပြစ်ပေးခံရပြီး မြစ်ကြီးနားထောင်မှာ အကျဉ်းကျနေတဲ့ ကိုဇာဂနာဟာ


သူထောင်ကျနေစဉ်အတွင်း ဒီဆုနဲ့ဆိုရင် နိုင်ငံတကာက ချီးမြှင့်တဲ့ဆု ၄ ဆု ရှိခဲ့ပါတယ်။

ဒီဆုတွေကတော့ ၂၀၀၈ ခု နိုဝင်ဘာလက ဗြိတိန်နိုင်ငံကပေးတဲ့ လူ့အခွင့်အရေး ဆိုင်ရာ အနုပညာ


ဖန်တီးမှုဆုကို ဇင်ဘာဘွေနိုင်ငံက ပြဇာတ်ရေးဆရာနဲ့ ပူးတွဲရခဲ့သလို၊ လန်ဒန် ကလောင်ရှင်တွေရဲ့ Pen
ကလောင်ဆုနဲ့ ဂျာမနီက Bremen သွေးစည်းညီညွတ်ရေး ဆုတွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုညိုက နော်ဝေးနိုင်ငံကနေ သတင်းပေးပို့ထားပါတယ်။


သတင်းပေးပို့ချက်
အသံဖိုင်ယူရန်

နယ်ကျော်ဝင်ရောက်သော မြန်မာစစ်တပ်အား KIA မောင်းထုတ်


ဗုဒ္ဓဟူးနေ့၊ မတ်လ 16 ကချင်သတင်းဌာန

မတ်လ ၁၂ ရက် စနေနေ့က ကချင်ပြည်နယ်အရှေ့ဘက် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နယ်မြေထဲသို့


နယ်ကျော် ၀င်ရောက်လာသည့် မြန်မာစစ်တပ်အား KIAတပ်ဖွဲ့များမှ အတင်းမောင်းထုတ်ခဲ့သည်။

kachin-army၀ိုင်းမော်မြို့နယ်၊ တရုတ်နယ်စပ်ကိန်ပိုင်တီနှင့် ဆဒုံးကြား၊ လဖိုင်ရွာအနီးရှိ KIA ငွါးလေးစစ်စခန်းသို့


နယ်ကျော် ၀င်ရောက်လာသည့် မြန်မာစစ်သား ၁၈ ယောက်ပါတပ်စုအား “ဆုတ်ခွာခြင်း မပြုလျှင် ပစ်ခတ်မည်”
ဟု KIAမှ သတိပေးပြီးနောက် ယခုလို ပြန်ဆုတ်ပေးခြင်း ဖြစ်ကြောင်း ဒေသခံများ ပြောသည်။
ဆဒုံးနယ်တွင် မြန်မာစစ်ကြောင်းများ လှုပ်ရှားမှု တိုးလာခြင်းကြောင့် KIA တပ်များလည်း တိုး၍ ချထားလာသည်။

KIA ငွါးလေးစခန်းမှတဆင့် တရုတ်နယ်စပ် ကန်ပိုင်တီမြို့သို့သွားရန် မြန်မာစစ်တပ်၏ အကြိမ်ကြိမ် ကြိုးပမ်းမှုကို


KIAက လုံးဝဖြတ်သန်းခွင့် မပြုခဲ့ဟု KIA က ဆိုသည်။

ယင်းမြန်မာစစ်သားများသည် ကချင်ပြည်နယ်အနောက်ဘက် ဟူးကောင်းချိုင့်ဝှမ်းရှိ ဒကစ-တနိုင်း


(ဒေသကွပ်ကဲရေးနှင့် စစ်ဆင်ရေး ဌါနချုပ်)မှ ဖြစ်သည်ဟု လဖိုင်ကျေးရွာ ဒေသခံများပြောသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ နှစ်ဖက်ကြား စစ်ရေးတင်းမာလာချိန်ကတည်းက ရှမ်းပြည်မြောက်ပိုင်းနှင့်


ကချင်ပြည်နယ်ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နယ်မြေထဲ မြန်မာစစ်သားများဝင်ရောက်ခြင်း မပြုရန် KIO
က မြန်မာစစ်အစိုးရအား အကြာင်းကြားခဲ့ကြောင်း KIO အရာရှိများပြောသည်။

KIO နိုင်ငံခြားရေးတာဝန်ရှိသူ ထိုင်းနိုင်ငံ ဘန်ကောက်မှ ဂျိမ်းလွမ်းဒေါင်က “ကျနော်တို့ဘက်ကစပြီး


မြန်မာစစ်တပ်ကို စတိုက်မှာမဟုတ်ဘူး။ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စစ်မှန်တ့န
ဲိုင်ငံရေးဆွေးနွေးအဖြေရှာဖို့
ကျနော်တို့ ကြိုးပမ်းနေပါတယ်။” ဟု ကချင်သတင်းဌာနသို့ ပြောသည်။

မနှစ်က ဒီဇင်ဘာလကတည်းက မြန်မာစစ်ကြောင်းများ (စစ်ကြောင်းတစ်ကြောင်းတွင် စစ်သား ၁၀ ကျော်


သို့မဟုတ် ၁၀၀ ကျော်ပါရှိ) ဆဒုံးဧရိယာထဲရှိ KIO နယ်မြေများအနီး လှုပ်ရှားမှုတိုးပြုလုပ်လာကြောင်း KIA
အရာရှိများပြောသည်။

ယခု မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ် (ယခင် ဒီမိုကရေစီသစ်တပ်မတော်-ကချင်-NDA-K)


တို့ပူးတွဲထိန်းချုပ်သည့် ဆဒုံးနယ်တွင် ဘိန်းစိုက်ဧက ၂၀၀၀၀ ကျော်ရှိသေးကြောင်း KIO
မူးယစ်တိုက်ဖျက်ရေးကော်မတီက ပြောသည်။

မြန်မာဘိန်းခင်းဖျက်ဆီးရေးအဖွဲ့သည် ဘိန်းခင်းပိုင်ရှင်များထံမှ ပိုက်ဆံတောင်းသည့်အပြင် KIO


မူးယစ်တိုက်ဖျက်ရေးကော်မတီ၏ ဘိန်းခင်းဖျက်ဆီးနေမှုကိုလည်း နှောင့်ယှက်နေကြောင်း ဒေသခံများနှင့် KIO
မူးယစ်တိုက်ဖျက်ရေး အရာရှိများပြောသည်။

ရှမ်းပြည်နယ်၊ မိုင်းရှူးနယ် မိုင်းအောက်ကျေးရွာအုပ်စုတွင် မြန်မာစစ်တပ်နှင့် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း


(SSA-N)ကြား မတ်လ ၁၃ မှ ၁၄ ရက်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။

KIO နှင့် SSA-N သည် ယခင်လက ဖွဲ့စည်းသော ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ


(UNFC) အဖွဲ့ဝင်များဖြစ်ကြသည်။

UNFC သည် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရန် မြန်မာစစ်တပ်အား နိုင်ငံရေး၊ စစ်ရေးဖြင့်


တွန်းအားပေးရန်ဖြစ်သည်။ ယခု ဖွဲ့စည်းနေသည့် စစ်တပ်ကျောထောက်နောက်ခံ အစိုးရသစ်၏
တိုင်းရင်းသားများပေါ် ထားရှိမည့်သဘောထားကို UNFC က စောင့်ကြည့်နေကြောင်း သိရသည်။

မြန်မာစစ်အစိုးရ၏ KIO နှင့် အခြား လူမျိုးစု လက်နက်ကိုင်အဖွဲ့များအပေါ် စစ်ရေးအရခြိမ်းခြောက်ခြင်းသည်


၎င်း၏ “လုပ်ရိုးလုပ်စဉ်သာဖြစ်ပြီး စိုးရိမ်စရာမလိုကြောင်း” KIO နိုင်ငံခြားရေးရာ တာဝန်ရှိသူ ဂျိမ်းလွမ်းဒေါင်
ပြောသည်။
ဆူနာမီထိတဲ့ ဂျပန်နောက်ဆုံးအခြေအနေ
ဇော်ဇော်လှိုင် ၁၆ မတ် ၂ဝ၁၁ - DVB

ဂျပန်နိုင်ငံမှာ မတ်လ ၁၁ ရက်နေ့က ဖုကူရှီးမားခ�ိုင်မှာ ပြင်းအား မြင့် မြေငလျင်ကြီး လှုပ်ခတ်ပြီးနောက် မနေ


့ည ၁ဝ နာရီ ၃၁ မိနစ် က ပြင်းအား ၆ ကျော်တဲ့ မြေငလျင်တခု လှုပ်ခတ်ခ့ပ
ဲါတယ်။ တိုကျိုမြို�မှာတော့ ပြင်းအား
၃ ကျော်ရှိခဲ့ပြီး ပြင်းအားနိမ့် ငလျင်ငယ်လေး များကတော့ နာရီပိုင်းတိုင်း လှုပ်ခတ်နေပါတယ်။

ဖူကူရှီးမား ရဆကသအားတ်အားထုတ်စက်�ုံအမှတ် (၁) နျူကလီယား ရဆကသအားတ်ပေါင်းဖို ၃ ခု


ပျက်စီးခဲ့ရတဲ့ အတွက် ရေဒီယို သတ္တိ�ကွမှု ဖြစ်ပေါ်ခဲ့တာတွေကတော့ မနေ့က ထက် နိမ့်ကျသွားပြီး ပုံမှန်ထက်
အနည်းငယ်သာ မြင့်ပါတော့တယ်။ အဆောက်အဦ အမှတ် ၄ မှာတော့ ဒီနေ့မနက်က မီးထပ်လောင်နေပါတယ်။

တိုကျိုဧရိယာမှာလည်း လေထုတွင်း ရေဒီယိုသတ္တိ�ကွမှု အဆင့်ဟာ့ နိမ့်ကျ သွားပြီလို့ သိရပြီး ငလျင်ဒဏ်ခံရတဲ့


ဒေသတွေမှာ ဆီးနှင်းကျပြီး လေတိုက်တာက လည်း ပင်လယ်ဘက်ကို တိုက်ခတ်တဲ့အတွက်
ရေဒီယိုသတ္တိ�ကွမှုဟာ ဂျပန်နိုင်ငံ တွင်းကို မရောက်လာသလို မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတွေကိုလည်း မ
ရောက်ရှိနိုင်ပါဘူး။

ဖူကူရှီးမား ရဆကသအားတ်အား ထုတ်စက်�ုံမှတ် ၁ က အနုမြူသုံး စက်�ုံ ၃ �ုံစလုံး အပြင်းအထန် ကြိုးစားပြီး


အအေးခံပေမယ့် ဒီနေ့ ဒီသတင်းရချိန်အထိ အစိုးရက သ တင်းမထုတ်ပြန်သေးတဲ့အတွက် ဂျပန်နိုင်ငံမှာနေ
ထိုင်သူတွေကတော့ ထပ်လှုပ်မယ့် ငလျင်ဘေးရော ရေဒီယိုသတ္တိ�ကွမှုကိုပါ စိုးရိမ်နေကြပါတယ်။

တိုကျိုမြို�မှာတော့ ဆန်ရေဆေးဝါးအချို� ပြတ်လပ်နေပါတယ်။ ဂျပန်နိုင်ငံ အမျိုးသားရဲ အေဂျင်စီက ဒီကနေ့


နေ့ခင်းပိုင်း ထုတ်ပြန်ရာမှာ ဆူနာမီကြောင့် ၃၇၇၁ ဦး သေဆုံးပြီး ၇၈၄၃ ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဆိုပါ
တယ်။ အခုအချိန်အထိတော့ ငလျင်ဒဏ်ကြောင့် သေဆုံးသူထဲမှာ မြန်မာလူမျိုး ပါ မပါတော့ အတိအကျ
မသိရသေးပါဘူး။

ဆူနာမီဖြစ်ပြီး ငါးရက်အကြာ ဒီကနေ့ထုတ် မြန်မာသတင်းစာတွေမှာတော့ မြန်မာဝန်ကြီးချုပ်က


သေဆုံးပျက်စီးမှုတွေအတွက် စာနာထောက်ထားကြောင်း ဂျပန်ဝန်ကြီးချုပ်ထံ အခုလ ၁၁ ရက်နေ့ ကတည်းက
သဝဏ်လွှာပို့ခဲ့တဲ့အကြောင်း ဖော်ပြပါတယ်။

ဒီမနက်ပိုင်းမှာတော့ တိုကျိုမြန်မာသံ�ုံးမှာ မီးသတ်ကားများ အဆင့်သင့် ထိုးရပ်ထားတာတွေ့ရပြီး


ဂျပန်နိုင်ငံရောက် မြန်မာအချို� နိုင်ငံကူးစာအုပ်သက်တမ်း တိုးဖို့ အခွန်လာဆောင်သူတခိျု့ကို တွေ့ရပါတယ်။

ဂျပန်နိုင်ငံမှာ အလုပ်အကိုင် ရှားပါးနေပေမယ့်လည်း မြန်မာသံ�ုံးကို လစဉ် ယန်းတသောင်း မပေးရင်


နိုင်ငံကူးလက်မှတ်စာအုပ် သက်တမ်းတိုးပေးမှာ မဟုတ် လို့ လာရောက်ကြရတာလို့ သက်တမ်း
လာတိုးသူတွေက ပြောကြပါတယ်။
-----------------------------------------------------------------------------------
အချိန်အခါမဟုတ် မိုးကြောင့် ပဲနှင့်စပါးများ ပျက်စီး
နော်နိုရင်း ၁၆ မတ် ၂ဝ၁၁ - - DVB

အခုရက်ပိုင်း နိုင်ငံအနှံ အချိန်အခါမဟုတ် ရွာသွန်းတဲ့မိုးကြောင့် ရိတ်သိမ်းစ နွေစပါးနဲ့ မတ်ပဲတွေ


ပျက်စီးဆုံး�ှုံးကြရပါတယ်။ နွေစပါးနဲ့မတ်ပဲတွေ အရဆကသအိးကစိုက်တဲ့ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ
ပြီးခဲ့ တဲ့ နှစ်ရက်လောက်ကစပြီး မိုးရွာတဲ့အတွက် စပါးနဲ့ ပဲတွေ ပျက်စီးကုန်တယ်လို့ ပဲခူး တိုင်း သာယာဝတီက
လယ်သမားတဦးက ပြောပါတယ်။

�ပဲကော၊ ပဲတီစိမ်းပါ ဒီအတိုင်းဆက်မိုးရွာနေမယ်ဆိုရင်တော့ တော်တော် များများ ပျက်စီးသွားလိမ့်မယ်။


ပဲသိမ်းတဲ့အချိန်ဖြစ်နေတော့ သူက ဆည်ထဲကို မရောက်သေးဘူး၊ သလင်းထဲမှာပဲ ရှိသေးတဲ့အတွက် ပဲက
တဝက်လောက် ပျက်နိုင် ချေရှိတယ်။ စပါးတုန်းကလည်း အဲလိုပဲ မိုးကြောင့်ပျက်ထားတာ။ ပဲက ရေထည့်ရင်
အပင်ပေါက်သွားတယ်၊ အဲဒါကြီးကတော့ တော်တော်ဒုက္ခရောက်နိုင်တယ်။�

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် မြင်းကကုန်းကျေးရွာအုပ်စုမှာလည်း အခု ရက်ပိုင်း ရွာတဲ့မိုး ကြောင့်


စပါးပျက်စီးမှုအခြေအနေကို လယ်သမားတဦးက အခုလို ပြောပါတယ်။

�အဲဒီဘက်တွေမှာလည်း တော်တော်များများ လေးငါးဆယ်ဧကကို ရိတ် သိမ်းပြီးကာမှ ကွင်းထဲမှာပဲ


ကောက်လှိုင်းပုံဘဝမှာပဲ ရှိသေးတဲ့ အခြေအနေမှာ မိုး ရွာတော့ လှန်းဖို့လည်း အချိန်မမီတာ တွေ့ရတယ်။
အားလုံးက သီးထပ်မြေတွေကြီး ပဲ။ မိုးစပါး နည်းနည်း လက်လွှတ်တာများတဲ့အတွက် နွေစပါး အစား
စိုက်တဲ့လူတွေ အခုချိန်မှာတော့ လယ်တွေတော်တော်များများ ပျက်ဆီးဆုံး�ှုံးနေတယ်လို့လည်း
ပြောကြတယ်။�

လွန်ခဲ့တဲ့လေးရက်လောက်ကလည်း ဘိုကလေးမြို�နယ် ကျွန်းသာယာ ကျေး ရွာ ဘက်မှာလည်း


ကွက်ကျားလေဆင်နှာမောင်း တိုက်ခိုက်သွားတဲ့အတွက် အိမ် အလုံး ၃ဝ လောက် ပျက်စီးသွားတယ်လို့ သူကပဲ
ဆက်ပြောပါတယ်။

ဧရာဝတီတိုင်း လပွတ္တာမြို�နယ်မှာလည်း အခုရက်ပိုင်းလေပြင်းတိုက်ပြီး မိုး ရွာသွန်းတာကြောင့် တချို�


တာပေါ်လင်အမိုးနဲ့ မိုးထားတဲ့ အဆောက်အအုံတချို� ပျက်စီးမှုရှိပြီး ဆားလုပ်ငန်းရှင်တွေကလည်း
လုပ်ငန်းရပ်နားထားရတယ်လို့ မြို�ခံတ ဦးက ပြောပါတယ်။

မန�လေးတိုင်းမှာလည်း မနေ့ညက ၁၁ နာရီကနေ ၁၂ နာရီလောက်တိ မိုး သက်လေးပြင်း ရောက်ခဲ့တဲ့အတွက်


ပျက်စီးမှုအနည်းငယ် ရှိခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
ရန်ကုန်မြို့မှာလည်း အချိန်အခါမဟုတ် လေတိုက်ပြီး မိုးရွာတာကြောင့် ရန် ကုန်မြို�ရဲ�
အအေးရဆကသအားတ် ပုံမှန်ထက် ထူးခြားနေတယ်လို့ ရန်ကုန်မြို�ခံတဦးက ဆိုပါ တယ်။

မိုးလေဝသနဲ့ ဇလပေဒ ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မနက်ဖြန် ညနေအ ထိ မွန်ပြည်နယ်မှာ နေရာကွက်ပြီး


မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မကွေးတိုင်းနဲ့ ကချင်းပြည်နယ်တွေမှာ နေရာ ကွက်ကြား၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊
မန�လေးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှ နေရာ ကျဲကျဲ မိုးရွာနိုင်ပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ နေရာစိတ်စိတ်နဲ့
နေရာအနှံ့အ ပြား မိုးထစ်ချုပ်ရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အင်န်အယ်ဒီဆိုတာ အများအတွက် အများနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်း


ဦးဝင်းတင်နဲ့ မေးခွန်းများ မိုးမခ၊
မခ မတ် ၁၆၊ ၂၀၁၁

မိုးမခနဲ့ ဦးဝင်းတင်တို့ ယခုတပတ်တွေ့ဆုံကြရာမှာ လက်ရှိပါတီဌာနချူပ်မှာ တိုင်းနဲ့ ပြည်နယ်အသီးသီးက


လူငယ်များ၊ ပါတီဝင်များနဲ့ တွေ့ဆုံဆွေးနွေးကြတာတွေ၊ အသိအမြင် သဘောထားများ ဖလှယ်ကြတဲ့
အကြောင်းတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။
ပထမမေးချင်တာကတော့ မြန်မာပြည်မှာ နိုင်ငံရေးလှုပ်ရှားတက်ကြွမှု ရေခံ မြေခံအတွက် ဘာတွေ ရှိနေပြီလဲ။
အင်န်အယ်ဒီပါတီင်္နဲ့ ပါတီရဲ့ အင်အားတွေက အဲသည်မှာ ရှိနေပြီလား။ ဥပမာအားဖြင့် နိုင်ငံရေးကို
စိတ်ဝင်စားတက်ကြွတဲ့ လုပ်ကိုင်နိုင်တဲ့ လူပုဂ္ဂိုလ်တဦးချင်း ရှိနေပြီ။ အဲသည် လူတဦးချင်းဆီကို
အားပေးဝန်းယံကူညီတဲ့ ပတ်ဝန်းကျင် ရှိနေပြီ။ ပြီးတော့ အဲသည် လူပုဂ္ဂိုလ်တဦးချင်းစီကနေ စုဝေးပူးပေါင်းပြီး
ရပ်တည်လှုပ်ရှားနိုင်တဲ့ အဖွဲ့အစည်းအဖြစ် ရှိနေပြီ။ အဲသည်လိုမျိုး individual – society – institution
ဆိုတာမျိုး မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ အင်န်အယ်ဒီရဲ့ နေရာက ဘယ်လိုမျိုး ရောက်ရှိနေသလဲ
ဆိုတာကို မေးချင်ပါတယ်။

ပထမအချက်ပြောချင်တာကတော့ ပါတီအဖွဲ့အစည်းတရပ်လို့ပဲ ပြောပြော၊ အင်စတီကျူးရှင်းလို့ပဲ ဆိုဆို


အဖွဲ့အစည်းဆိုပြီးတော့ အလုပ် လုပ်စရာမရှိရင် အလကားပဲ။ ဒါကြောင့် တိုင်းပြည်ရဲ့ အနာဂတ်က
အရေးကြီးတယ်၊ ဒီမိုကရေစီ ရရှိအောင် စွမ်းဆောင်နိုင်ရေး၊ လုပ်ကိုင်နိုင်ရေးသာလျင် အဓိကကျတယ်လို့
ကျနော်တို့ အစည်းအဝေးတွေမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါတွေကို ဦးတည်ပြီး
လုပ်ကိုင်နိုင်ရင် စွမ်းဆောင်နိုင်တဲ့ ပြည်သူထောက်ခံမှုရတဲ့ အဖွဲ့အစည်းပဲလို့ ပြောချင်တာ ဖြစ်တယ်လို့ ကျနော်က
ထင်မြင်ပါတယ်။

အခုအချိန်မှာလည်းပဲ ပြည်သူလူထုက အားကိုးတဲ့ မျှော်လင့်ယုံကြည်တဲ့ ခေါင်းဆောင်တွေရှိတာကြောင့်၊


တိုင်းပြည်ရဲ့ နိုင်ငံရေးကိစ္စတွေမှာ မှန်ကန်တဲ့ ရပ်တည်ချက်တွေ လုပ်ရပ်တွေနဲ့ သက်သေပြနိုင်ခဲ့တာကြောင့်
ပြည်နယ်နဲ့ တိုင်းအသီးသီး ပါတီတွေ၊ လူငယ်တွေ အင်အားတွေနဲ့ ပါတီညီလာခံသဘောမျိုး ကျင်းပနေနိုင်တာ
မဟုတ်လား ဆရာ။

ပြောလို့ ရပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ကျနော်တို့ရဲ့ နိုင်ငံရေးအင်အားစုတွေဟာ တလျောက်လုံး ဖိနှိပ်မှုတွေ


ဖြိုခွဲမှုတွေ ခံလာခဲ့ရတော့ ပါတီအဖွဲ့အစည်းတွင်းမှာ မျူိးဆက် ကွာဟမှုတွေ ရှိနေတယ်။ စစ်အစိုးရက
ကန့်သတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့တာတွေကြောင့် ပြည်သူတွေနဲ့ ပါတီအင်အားတွေကြားမှာလည်း နီးစပ်
ရင်းနှီးမှုတွေ အားနည်းနေတာတွေ ရှိတာကိုလည်း ၀န်ခံရပါမယ်။

ဒါဆိုရင် အားရှိစရာ အခြေအနေတွေကော မရှိဘူးလားဆရာ။ အခု ရွေးကောက်ပွဲကြီး ပြီးဆုံးသွားတဲ့


အခုကာလအပိုင်းအခြားအတွင်းမှာ လွှတ်တော်တွင်းကို ၀င်ရောက်ခြင်း မပြုဘဲနဲ့ မြန်မာပြည်သူလူထုတွေနဲ့အတူ
ရပ်တည်နေတယ်ဆိုတဲ့ အင်န်အယ်ဒီပါတီ အဖွဲ့အစည်းတရပ် အနေနဲ့ ဘာတွေ အားတက်စရာ၊ အားရစရာ
အခြေအနေတွေ ရှိသလဲ။
ရှိတာပေါ့။ အခု ပါတီက တိုင်းနဲ့ ပြည်နယ်က လာရောက်ကြတဲ့ဆီမှာ အတွေ့အကြုံတွေ၊ အကြံဥာဏ်တွေ၊
အခက်အခဲတွေ ကိုယ်စီကိုယ်ငှ အများကြီး ရှိတယ်။ အဖွဲ့အစည်းအနေနဲ့ အခုလို စုဝေးမိကြလို့ တဦးနဲ့ တဦး
ဝေမျှစရာ၊ သင်ခန်းစာယူစရာ၊ ၀ိုင်းဝန်း ဆွေးနွေး တိုင်ပင်စရာတွေ ရှိကြရတာ ဖြစ်ပါတယ်။ ဗဟိုနဲ့ မြို့နယ်တွေ
ဆက်သွယ်ဖို့၊ မြို့နယ်တွေ အချင်းချင်း ဆက်သွယ်ကြဖို့ ဒါတွေ အသိပညာ ဖလှယ်နိုင်တယ်။ ကိုယ့်ပတ်ဝန်းကျင်နဲ့
ပြည်သူတွေကြား အဆက်အစပ်တွေ ကူညီအားပေးနိုင်ဖို့ အကြောင်းတွေ မြင်တွေ့လာကြတယ်။ ကိုယ်သန်ရာ
အားသန်ရာတွေ တွေ့လာရတယ်။ လွှတ်တော်ထဲမှာ အချိန်ကုန်နေမယ့်အစား ဆင်းရဲကြပ်တည်းမှု မျိုးစုံ
ရင်ဆိုင်နေရတဲ့ ပြည်သူလူထုနဲ့အတူ လုပ်စရာတွေ လုပ်နေကြရတာတွေ သိလာကြတယ်။ ကျနော်တို့ရဲ့
ရပ်တည်ချက်တွေကို ပိုပြီး အမြင်ရှင်းလာကြတယ်လို့ ပြောနိုင်ပါတယ်။

ဘယ်လိုမျိုး လူထုကြားထဲမှာ လုပ်စရာတွေ ရှိနေတယ်လို့ ပြောဆို ဆွေးနွေးလာကြတာလဲ ဆရာ။


လူမှုရေးလိုအပ်ချက်တွေ၊ ပညာရေးလိုအပ်ချက်တွေကအစ ပြည်သူတွေမှာ လိုနေတယ်။ လယ်သမားရေးရာ၊
အလုပ်သမားရေးရာ ပြီးတော့ ကလေးစစ်သား စတဲ့ အရေးကိစ္စတွေက နေရာအနှံ့မှာ ဖြစ်ပွားနေတယ်။
အဲသည်အတွက် အရေးအကြောင်းရှိလို့ ကျနော်တို့ဆီက ပါတီဝင်တွေ၊ လူငယ်တွေ၊ ကွန်ယက်တွေက
အဆင်သင့် လုပ်စရာရှိတာ လုပ်ပေးနိုင်မယ်လို့ ကျနော်က မျှော်လင့်တယ်။ ဥပမာ သွေးလှူဖို့ လိုနေတာမျိုးမှာ
ကျနော်တို့က သွားလှူနိုင်ရမှာပေါ့။ သဘာဝဘေးဒဏ်တွေ ဘေးဒုက္ခတွေ ဖြစ်ပွားလာရင် ကျနော်တို့တွေက
ဝိုင်းပြီး လုပ်ကိုင်ပေးရမယ်။ အဲသည်အတွက် ကျနော်တို့တွေကိုယ်တိုင်က ကြောက်ရွံ့နေတာ၊ စိုးရိမ်နေတာကို
ဖယ်ရှားထားနိုင်ရမယ်။ ဒါတွေကို ဆွေးနွေးဖြစ်တယ်။ ပြောကြတယ်။ ဒါတွေဟာ ကျနော်တို့အတွက် New
Dimension တွေ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

ဒါဆိုရင် မြန်မာပြည်မှာ ပြည်သူလူထုအများစုရဲ့ အကျိုးစီးပွားကို ကိုယ့်ခြေထောက်ပေါ်ကို ရဲရဲ ရပ်တည်ပြီးတော့


ဆောင်ရွက်ပေးတာ၊ ဒီမိုကရေစီရေးအတွက် စွန့်စားပြီး ဆောင်ရွက်နေတဲ့ ပြည်တွင်း institution လိုမျိုး
အဖွဲ့အစည်းဆိုတာက အင်န်အယ်ဒီလိုမျိုးတွေက ရှိနေတယ် ဆိုရင် အခုမှ မှတ်ပုံတင်ပြီးတော့
ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲ ၀င်သွားကြတဲ့ ပါတီတွေ၊ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို ဘယ်လို
ပြောမလဲ ဆရာ။
ဒါတွေက အခုကတည်းမှ မဟုတ်ပါဘူး၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဝင်ခဲ့တဲ့ တဆညလိုပါတီမျိုးတွေ၊
အဲသည်ပါတီဝင် လူပုဂ္ဂိုလ်တွေ ရှိနေတာပဲ။ ပြီးတော့ လူမှုရေးအသင်းဆိုပြီး ထူထောင်ခဲ့တဲ့
ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကိုယ်တိုင်ကလည်း နိုင်ငံရေးပါတီ အသွင်ပြောင်းပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့တာတွေ
မြင်နေရတာပဲ။ သူတို့တတွေက အများပြည်သူတွေအတွက် ဘာတွေ ရပ်တည် ဆောင်ရွက်ပေးနိုင်တာ၊ ပေးခဲ့တာ
ရှိသလဲ။ ဒါတွေကို နှိုင်းယှဉ်ပြီးတော့တောင် ပြောစရာမလိုဘူး လို့ ထင်ပါတယ်။ အခုအချိန်မှာ
အတိတ်ကအကြောင်းတွေ ပြန်မကြည့်နဲ့ဦး အခုလက်ရှိမှာကော၊ အနာဂတ်မှာပါ သူတို့တွေရဲ့ ရပ်တည်ချက်တွေ၊
လုပ်ဆောင်ချက်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်မှာ ဒီမိုကရေစီရရှိလာအောင် ဘယ်လိုမျိုး စွမ်းမှာလဲ၊
လုပ်မှာလဲဆိုတာကို မြန်မာပြည်သူတွေက အဖြေသိထားပြီး ဖြစ်တယ်လို့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ် ဆရာ။ ဆရာရဲ့ ကျန်းမာရေးကော ဘယ်လိုလဲဆရာ။ နေကောင်းရဲ့လား။ ၈၁ နှစ် ပြည့်


မွေးနေ့အတွက် ဆုတောင်းလိုက်ပါတယ် ခင်ဗျာ။
အေးဗျာ။ အသက်ကကြီးလာတော့ မောတယ်ဗျာ။
(ဆက်လက်ဖော်ပြပါမည်)

ရွက်ဟောင်း
မောင်စွမ်းရည် မတ် ၁၆၊ ၂၀၁၁ မိုးမခ

ရွက်ဟောင်းတွေ
နွေမှာကြွေတာ မဆန်းပါ။
မကြွေက
ခြွေရမည်မှာ သင့်ဝန်တာ။
(စက်တင်ဘာ ၁၀၊ ၂၀၁၀)

နွယ်
ဉာဏ်ဦးမောင် - မိုးမခ

ဧည့်သည်
လာရောက်ခိုနား
သူ ပျံသွားသော်
ကိုင်းဖျား ဆတ်ဆတ်ခါသတည်း။
မောင်ပေါက်စည် (မန္တလေး)

ခရီးအကြိမ်ကြိမ် သွားတတ်လေ့ရှိသော ကိုယ်သည် ခရီးသွားခြင်းနှင့်စပ်သော စကားတစ်ခွန်းနှင့်လည်း


အလွန်ရင်းနှီးပါ သည်။ ထိုစကားမှာ ဧည့်သည်ဆိုသော စကားဖြစ်ပါသည်။

ကိုယ်သည် ဧည့်သည်လည်း အကြိမ်များစွာဖြစ်ဖူးသလို အိမ်ရှင် လည်း အကြိမ်များစွာ ဖြစ်ဖူးပါသည်။ ကိုယ်က


ဧည့်သည်ဖြစ်သဖြင့် အိမ်ပြန်ရသော အခါမှာပဲဖြစ်စေ၊ ကိုယ်ကအိမ်ရှင်ဖြစ် သဖြင့် အိမ်မှာကျန်ခဲ့ရသော
အခါမျိုးမှာပဲဖြစ်စေ၊ ထူးခြားသော 'ဧည့်ရသ'တစ်ခုကိုတော့ ခံစားမိတတ်ပါသည်။

ထိုသို့ခံစား မိတတ်တိုင်း ဆရာမောင်ပေါက်စည်၏ ကဗျာလေးကိုလည်း သတိရမိတတ်ပါသည်။


ဧည့်သည်ဆိုသည်မှာ ငှက်တစ်ကောင် အလားပမာဖြစ်ပါသည်။

လူသားဘဝဆိုသည်မှာကလည်း တစ်နေရာထဲ၌ ရပ်တန့်ကာ နေထိုင်သွားနိုင်ဖို့ မလွယ်ကူတတ်ပါ။ ထိုအတွက်


သွားလာ လှုပ်ရှားနေကြရစမြဲ ဖြစ်ပါသည်။ အပေါင်းအသင်းနှင့် နေထိုင်ကြရသောကြောင့်လည်း တစ်ဦးနှင့်တစ်ဦး
ကူးလူးဆက်ဆံ နေကြရစမြဲလည်း ဖြစ်ပါသည်။ သွားချည့်တစ်ခါ၊ ပြန်ချည်တစ်လှည့်။ စုန်ခဲ့တစ်ဖန်၊
ဆန်ခဲ့တစ်ဖုန်။ မဆုံးနိုင်သော ဘဝ ဇာတ်ခုံဝယ် အိမ်ရှင်ဧည့်သည် အလဲလှယ်နှင့် မသေချာလှသော
ဇာတ်ရုပ်တစ်ခုနှယ် ကပြအသုံးတော် ခံနေရစမြဲပင်။ သေချာသည်ကတော့ ဧည့်သည်ဆိုသည်မှာ အချိန်တန်လျှင်
ပြန်မည့်သူသာဖြစ်သည်။ အကြောင်းအပေါင်းသင့်လို့ ထပ် လာချင်လည်း လာလည်နိုင်ပါသည်။ ထို့အတူ
ထပ်လာချင်မှလဲ လာပေတော့မည်။ ပြန်လည်ဆုံတွေ့ရန် အခါအခွင့်ဆို သည်မှာ ရှိချင်မှသာ ရှိနိုင်ပေမည်။
ဧည့်သည်တစ်ယောက်သည် ဧည့်သည်တစ်ယောက်သာလျှင် ဖြစ်ပေမည်။

ဧည့်သည်ဆိုသည်ကတော့ အစားစားရှိနိုင်သည်။ စိတ်အနွမ်းကို ပေးတတ်သောဧည့်သည်မျိုးရှိနိုင်သလို


စိတ်အလွမ်းကို ပေးတတ်သော ဧည့်သည်မျိုးလည်း ရှိနိုင်ပါသည်။ ၄င်းအပြင် ခဏတာ
လာရောက်လည်ပတ်သောဧည့်သည်၊ အချိန် အတန်ကြာကြာ လာရောက်သောဧည့်သည်စသဖြင့်လည်း
ဧည့်သည်အမျိုးမျိုး ရှိနိုင်ပြန်ပါသည်။ မည်သို့သော ဧည့်သည် ပင်ဖြစ်စေ ခင်မင်ရင်းနှီးမှု အတိုင်းအတာပေါ်
လိုက်၍ ထိုဧည့်သည် ပြန်သွားသည့်အခါ ခံစားရသော ခံစားချက်တစ်ခုခု ဆိုသည်မှာကတော့ အိမ်ရှင်တွင်
ကျန်နေတတ်ပါသည်။ မခွဲခွါလိုသေးခင်မှာ ခွဲခွါရသဖြင့် ဝမ်းနည်းခြင်း၊ စိတ်မကောင်းခြင်း စသော ခံစားမှုများ။
ထိုခံစားမှုကြောင့် မျက်ရည်စများဖြင့် နှုတ်ဆက်လက်ပြခြင်းမျိုးလည်း ရှိနိုင်သလို ခွဲခွါစေလိုချိန်မှာ
ဧည့်သည်ပြန်သွားသဖြင့် လွတ်လပ်ခြင်း၊ ဝမ်းမြောက်ခြင်းစသောခံစားမှုများ။ ထိုခံစားမှုကြောင့်
ကျေနပ်ပျော်ရွှင်စွာ နှုတ် ဆက်နိုင်ခြင်းမျိုးလည်း ရှိနိုင်ပါသည်။

အနွမ်းပေးတတ်သောဧည့်သည် ပြန်လေသဖြင့် ပန်းကျန်ရစ်သောအဖြစ်သည် ယာယီအခိုက်အတန့်မျှ


အိမ်ရှင်အဖို့ နွမ်းလျ နိုင်ပါသည်။ သို့သော် တမ်းတစရာ မဟုတ်လေသမို့ အချိန်ကြာကြာ သတိတရ
ရှိနေကောင်းမှ ရှိပါမည်။ အလွမ်းပေးတတ် သော ဧည့်သည်ပြန်လေသဖြင့် တမ်းကျန်ရစ်ရသောအဖြစ်သည်
တစိမ့်စိမ့်စီးပျော်ဝင်သော ရေပမာ ခြောက်သွေ့သွားဖို့ ခဲ ယဉ်းနိုင်ပါသည်။ ထာဝစဉ်မျှ
ထင်ကျန်တော့လေမလားရယ်ဟုပင် တွေးထင်မိတတ်ပါသည်။

လာရောက်ခိုနားသော ငှက်ဆိုသည်မှာ ပျံချိန်တန်လျင်ဖြင့် ပျံလေမည်မှာ ဓမ္မတာသာပင်ဖြစ်သည်။ သို့သော်


လာနားသော ငှက် ပျံလေသဖြင့် လှုပ်ခါကျန်နေခဲ့သော သစ်ကိုင်းကလေးအတွက်မူ မူလကဲ့သို့ ပြန်လည်
တည်ငြိမ်ရန်ဆိုသည်မှာ အချိန် အခါတစ်ခုကိုဖြင့် အသေအချာပင် စောင့်ဆိုင်းရပေဦးတော့မည်။ ။

(ဝန်ခံချက်) လောကအလှမှ ရတနာ၏အတွေးကို ထပ်ဆင့်ခံစားပါသည်။


ရယ်စရာကို ရယ်စရာနဲ့ တိုက်မယ့်သူ
ရန်ကုန်သားတာတေ Wednesday, 16 March ဧရာဝ
ဧရာဝတီ ထွေရာလေးပါး

ကျွန်ုပ် ရန်ကုန်သား တာတေသည် နွေခေါင်ခေါင် မိုးတစိမ့်စိမ့် ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ ကုန်ကြမ်း


ရှာချင်ယောင် ဆောင်ရင်း မဒမ်တာတေ အလစ်တွင် တရေးလောက်ကွေးရန် ပုဆိုးကလေး ခြုံလိုက်စဉ် …
ကျွန်ုပ်၏ ဇာတ်လိုက်ကျော် ချင်းမိုင် ရုက္ခစိုးကြီးမှာ နတ်ပီပီ ကိုယ်ထင်မပြဘဲ အူယားဖားယား ပြေးလာသည်ကို
တွေ့လိုက်ရလေသည်။

ရုက္ခစိုး။ ။ ကိုတာတေ ကိုတာတေ … ဒုက္ခတွေတော့ များကုန်ပြီဗျ။

တာတေ။ ။ ဘာဖြစ်လာတာလဲ ဦးရုက္ခစိုးရယ်။ ဒေဝါလီမဂ္ဂဇင်း အဟက်ခံရတဲ့ ကိစ္စ ပြောမလို့လား။


သိပြီးသားပါ။ ပြန်ရှင်းပြ ပြီးပြီမဟုတ်လား။

ရုက္ခစိုး။ ။ မဟုတ်ဘူး … ကိုတာတေရဲ့ … ဟို ...။

တာတေ။ ။ သြော် … အရွယ်တော် တဆိတ်အဟိုင်းလွန်နေတဲ့ အဆိုတော်ခြေကျ မမကြီးက သေပြီလို့


အရေးခံရလို့ ဆတ်ဆတ်ခါနာပြီး မပြီးနိုင်မစီးနိုင် ရှင်းနေတာကို ပြောချင်လို့လား။ ဒါကတော့ဗျာ … သူ့ခမျာ
အခွင့်အရေးလေး ရတုန်း နာမည်ပြန်ကြီးလို ကြီးငြား လုပ်တာနေမှာပါ။ ခွင့်လွှတ်လိုက်ပါဗျာ။

ရုက္ခစိုး။ ။ လွဲပြန်ပြီ … အဲဒီကိစ္စက ...။

တာတေ။ ။ သြော် … သိပြီ … ဂျပန်က ဆူနာမီကြောင့် အဏုမြူဓာတ်ပေါင်းဖို ပေါက်တဲ့အတွက် မြန်မာပြည်မှာ


အက်ဆစ်မိုး ရွာမယ်ဆိုတဲ့ အကြောင်းလား။ ကောလာဟလပါ ဦးရုက္ခစိုးရယ် …။

ရုက္ခစိုး။ ။ အဲ … မဟုတ် … ။

တာတေ။ ။ ခက်တယ်ဗျ၊ လူတွေကလည်း ဘုမသိ ဘမသိ ကြောက်ဖို့ပဲ … နည်းနည်းပါးပါး


ခေါင်းကိုမသုံးကြဘူး။ ဒီမှာ ဦးရုက္ခစိုး … ခင်ဗျား ဝါရှင်တန်ပို့စ် ကြားဖူးလား၊ နယူးယောက် တိုင်းမ်စ်ကော
သိရဲ့လား … အီကောနောမစ် ဂျာနယ်က ဘယ်လို ပြောသလဲ ဆိုလို့ရှိလို့ ရှိရင် ...။

အခွင့်သာလျင် ဆရာမလုပ်ရ မနေနိုင်သော ကျွန်ုပ်သည် ဟိုနားနည်းနည်း ဒီနားနည်းနည်း ကြားဖူးသမျှဖြင့်


ဦးရုက္ခစိုးကို ပညာခန်းပြရန်အတွက် နေရာပြင်ထိုင်လိုက်သည်။ ဦးရုက္ခစိုးမှာ ကျွန်ုပ်၏ ဗဟုသုတများအတွက်
အလွန်အထင်ကြီး လေးစား နေပုံရသည်။ မျက်လုံးကြီး ပြူး၍ ကျွန်ုပ်အား ကြည့်နေ၏။

ရုက္ခစိုး။ ။ ဒီမှာကိုတာတေ … တံတွေးတွေ စင်တယ်ဗျ … ထင်ရာတွေ စွတ်ပြောမနေနဲ့ … ခင်ဗျားချည်းပဲ


ပြောနေတာ … ကျုပ် ဘာမှကို မပြောရသေးဘူး။

တာတေ။ ။ အဲ … အဲဒီ အဏုမြူ ဓာတ်ပေါင်းဖို ပေါက်တဲ့ကိစ္စ … ။


ရုက္ခစိုး။ ။ တခုမှ မဟုတ်ဘူး။ ဒါနဲ့များ ဂျာနယ်လစ်တဲ့၊ စတိုင်ယာရစ်တဲ့ … ဘာတုန်း၊ ခင်ဗျားဘာသိလဲ။ အခု
ဒုက္ခများနေပြီ ဆိုတာ … ခင်ဗျား ထမင်းအိုးကို တုတ်နဲ့ ထိုးမယ့်သူ ပေါ်လာပြီ … ခင်ဗျား ထမင်းငတ်တော့မယ်
ဆိုတာ လာပြောတာ။ နားလည်လား။

တာတေ။ ။ ခင်ညာ … ဘယ် … ဘယ်လို ...။

ကျွန်ုပ်၏ ထမင်းအိုး တုတ်နှင့်ထိုးမည့် ကိစ္စဟု ဆိုလိုက်သည်နှင့် အလွန်စိတ်ပူသွားမိသည်ကို ဝန်ခံပါသည်


(ပညာရှိများသည် ထိုသို့ အသေးအဖွဲ စိတ်ပူပန်မှုများဖြစ်မိပါက လူရှေ့သူရှေ့တွင် ရဲရဲဝံ့ဝံ့ ဝန်ခံရဲကြသည်
မဟုတ်တုံလော) ထိုကိစ္စမှာ ဆူနာမီ ထက်၊ နာဂစ်ထက်၊ ဂီရိထက် ကျွန်ုပ်အတွက် အလွန် အရေးကြီးပေသည်။
မဒမ်တာတေနှင့် တိုက်ရိုက် ပတ်သက်သည့်ကိစ္စ ဖြစ်နေသောကြောင့်ပင် (ပညာရှိများသည် မိန်းမ
အလွန်ကြောက်ကြသည် မဟုတ်တုံလော)

ရုက္ခစိုး။ ။ အဲဒါပဲ … ခင်ဗျားအတွက် လာပြောတာ။ ခင်ဗျားရဲ့ ထွေရာလေးပါးကဏ္ဍကို လူမဖတ်တော့ဘူး …


ခင်ဗျားထက် ရယ်ရအောင် လုပ်နိုင်တဲ့သူ ရှိနေပြီ။ အခု ကာတွန်း ကိုဟန်လေးအတွက်တောင် စိတ်ပူစရာပဲ။

ကိုတာတေ။ ။ ကျနော့်ထက် ရယ်ရအောင် လုပ်နိုင်တဲ့သူ ဟုတ်လား။ ကာတွန်း ဟန်လေးထက်လည်း


ရယ်ရတယ်။

ကျွန်ုပ် အံ့သြပြီးရင်း အံ့သြရင်း ဖြစ်မိသည်။ လူရွှင်တော်ကြီး ကိုဇာဂနာလည်း ထောင်ထဲမှာ ...၊


သီးလေးသီးကလည်း ဇာတ်ခေါင်းကွဲနေသည်၊ ပြည်တွင်းက လူရွှင်တော်များကလည်း ခါးအောက်ပြက်လုံးများ
ကြားတွင် တဝဲလည်လည်နှင့် …၊ ကာတွန်းအော်ပီကျယ်လည်း စိစစ်ရေးဘောင်ထဲမှာ ရေးနေရသည် ...
သို့ဆိုလျင် မည်သူနည်း ...။ ခေါင်းထဲတွင် ကွက်ရှင်မတ်များ အတွဲလိုက် ထွက်လာ၏ ...။

ရုက္ခစိုး။ ။ ဘယ်သူလဲ ဟုတ်လား … တခြားသူတော့ မဟုတ်ဘူး။ မြန်မာ့အမှောင် သတင်းစာကြီးပါ ခင်ဗျာ။


အခု လူတွေက မြန်မာ့အမှောင် သတင်းစာကြီးကို ဖတ်ဖတ်ပြီး ရယ်နေကြလေရဲ့ … ကိုတာတေရေ။ ခင်ဗျားရဲ့
ထမင်းအိုးကို တုတ်နဲ့ ထိုးမယ့်သူဗျ။

ကျွန်ုပ်သည် ဝါရှင်တန်ပို့စ်လောက်၊ နယူးယောက်တိုင်းမ်စ်လောက်၊ အီကောနောမစ်လောက် … အနည်းဆုံး


ဘန်ကောက်ပို့စ် လောက်ကိုသာ နေ့စဉ် ဟိုလှန်သည်လှန် လုပ်ရုံလုပ်၏ (တလုံးမှတော့ မဖတ်တတ်ပါ)။ အေပီ၊
အေအက်ဖ်ပီ၊ အန်အိတ်ခ်ျကေ၊ စီအန်အန်၊ ဘီဘီစီ သတင်းများကို သူများ ဘာသာပြန်ပေးလျင် ဖတ်၏။
မြန်မာ့အမှောင် သတင်းစာကိုမူ တောင်လှန် မြောက်လှန် လုပ်သော်လည်း လုံးလုံး မစဉ်းစားမိချေ (ပညာရှိ
သတိဖြစ်ခဲပဲလေ) ...။ အခုတော့ သူက တွယ်ချေပြီ။

တာတေ။ ။ ဘာလဲဗျ … မြန်မာ့အမှောင်မှာ စတိုင်ယာကဏ္ဍ ထည့်ထားလို့လား။

ကျွန်ုပ်၏ မေးခွန်းအဆုံးတွင် “ဟားဟားဟား ဟားဟားဟား ဟားဟားဟား” ဆိုသည့် ရယ်သံနက်ကြီး တသံ


ပေါ်ထွက်လာ၏။ မည်သူ ရယ်နေမှန်းမသိရ ...။ ကျွန်ုပ်ကော ဦးရုက္ခစိုးပါ သေသေချာချာ ရှာတော့မှ အိမ်ရှေ့
ရေကပြင်ဘေးက ရာဝင်အိုး နောက်တွင် ရောက်နေသော အရပ်အလွန်ပုရှာသည့် ပြန်ကြားရေးဝန်ကြီး
ဦးဆော်ကြမ်း ဖြစ်နေလေသည်။
ဆော်ကြမ်း။ ။ မောင်တာတေ … မောင်တာတေ … တော်တော် ပေါက်ကရပြောတာပဲ။ ဒီလောက် ခန့်ငြားတဲ့
ကျုပ်ရဲ့ သတင်းစာတော်ကြီးမှာ မလောက်လေးမလောက်စား စတိုင်ယာကဏ္ဍ ထည့်ပါ့မလား။ စဉ်းစဉ်းစားစား
ပြောစမ်းပါ။

ရုက္ခစိုး။ ။ ဟုတ်လိုက်လေ ဝန်ကြီးရယ်။ ဝန်ကြီးရဲ့ သတင်းစာက စတိုင်ယာကဏ္ဍ သီးသန့်


ထည့်စရာမလိုဘဲကို ရယ်နေရတာကိုး။

ဆော်ကြမ်း။ ။ အဲဒါ ပညာပဲလေ။ မီဒီယာကို မီဒီယာနဲ့တိုက်မယ်၊ ရယ်စရာကို ရယ်စရာနဲ့တိုက်မယ်။ ဒါပဲ။

တာတေ။ ။ ဒါတော့ ဝန်ကြီးတို့ မတရားတာဘဲ။ ကျုပ်က ရယ်စရာရေးတာမှ မဟုတ်ဘဲ။ သတင်းအမှန်တွေကို


တင်ပြတာ။

ဆော်ကြမ်း။ ။ လျှာမရှည်နဲ့ မောင်တာတေ။ သိတယ်။ မင်းက ထွေရာလေးပါး ကဏ္ဍရဲ့ အောက်ဆုံးကနေ


ဒီကဏ္ဍဟာက စတိုင်ယာဖြစ်ပါတယ်၊ သတင်းမှန်တွေကို အခြေခံထားတာ မဟုတ်ပါဘူးလေး ဘာလေးနဲ့
မလှိမ့်တပတ်လုပ်ပြီး သတင်း အမှန်တွေကို ရေးနေတာလေ။ အဲဒီတော့ ကျုပ်ကလည်း စတိုင်ယာမရေးဘဲ
သတင်းအမှန်ထဲကနေ လူတွေ ရယ်ရအောင် လုပ်တာပေါ့။ ဘယ်ရမလဲ။

ရုက္ခစိုး။ ။ ဟုတ်တယ် ဟုတ်တယ်။ ဝန်ကြီးတို့ လွှတ်တော်သတင်းတွေဆို အရယ်ရဆုံးပဲ။ အဲဒီထဲမှာ


ဦးဆော်ကြမ်း ပြောတာ ပိုပြီးရယ်ရတယ်။ လူပြက်လုပ်ပါလားဟင်။

ဆော်ကြမ်း။ ။ လုပ်ဦးမှာ … အခုကျင့်နေပြီ။ ဇာဂနာလောက်တော့ သနားတယ်ဗျာ။

သူတို့ပြောနေသည်ကို ကျွန်ုပ် ဘာတလုံးမှ နားမလည်ပေ။ နယူးယောက်တိုင်းစ်၊ ဝါရှင်တန်ပို့စ်၊ အီကောနောမစ်၊


ဘန်ကောက်ပို့စ် အကြောင်းပြောတော့မှ ဆရာလုပ်တော့မည်ဟု တေးထားလိုက်ပြီး ယခု
တပည့်ခံရန်ဆုံးဖြတ်လိုက်သည်။ ဦးဆော်ကြမ်း ကိုတော့ မမေးရဲ။ နတ်နိုင်ဦးရုက္ခစိုးကိုသာ ခပ်တိုးတိုး
ကပ်မေးလိုက်သည်။

တာတေ။ ။ ဘယ်လိုလဲ ဦးရုက္ခစိုး။ လုပ်ပါဦး။ ကျနော် ခေတ်နောက်ကျနေပြီထင်တယ်။

ရုက္ခစိုး။ ။ သေချာတာပေါ့ ကိုတာတေရယ်။ ဦးဆော်ကြမ်းလုပ်ချလိုက်တာ သိလား။ သတင်းစာ မျက်နှာဖုံးမှာ


စာလုံးမည်းကြီးနဲ့လေ ...။ မြန်မာပြည်သူတွေအနေနဲ့ သတင်းအချက်အလက်များ၊ အသိဗဟုသုတများ၊
ဖျော်ဖြေမှုများကို ကမ္ဘာ့ပြည်သူများနည်းတူ အချိန်နဲ့တပြေးညီ အပြည့်အဝ ရရှိခံစားနိုင်ပြီတဲ့ ...။ အဟိ ခွိခွိခွိ …
ဟားဟားဟား။

ဦးရုက္ခစိုးကြီးမှာ ပြောရင်းက စိတ်မထိန်းနိုင်ဘဲ ဝါးလုံးကွဲ ရယ်လေတော့သည်။ ဦးဆော်ကြမ်းမှာကား


မိန့်မိန့်ကြီးပြုံးလျက် “ဘာတတ်နိုင်သေးလဲ မောင်တာတေ” ဆိုသည့်ပုံ ဖမ်းထားသည်။

တာတေ။ ။ ဒီတခုတည်းနဲ့တင် ကျနော်မျိုးကြီး သေဖို့ ကောင်းနေပါပြီ။ ရှိသေးလား ဦးရုက္ခစိုး။

ရုက္ခစိုး။ ။ မြန်မာနိုင်ငံမှာ သဘာဝဘေးဒဏ် ကာကွယ်စောင့်ရှောက်ရေး ဥက္ကဋ္ဌအဖြစ် ဝန်ကြီးချုပ်


ဦးသိန်းဂိန်ကို ခန့်ထားတာတဲ့။ ဒါမျိုး ကမ္ဘာ့နိုင်ငံတွေမှာ မရှိသလောက် ရှားတယ်ဆိုတဲ့အကြောင်း ...။
ဆော်ကြမ်း။ ။ ကျန်သေးတယ်လေ ဦးရုက္ခစိုးရဲ့ ... နာဂစ်ဒေသ ပြန်လည်ထူထောင်ရေးက လိုအပ်တာထက်
မြန်နေလို့ တခြားနိုင်ငံတွေက မြန်မာနိုင်ငံကိုတောင် စံနမူနာ ထားရတယ်ဆိုပြီးကို လွှတ်တော်မှာ
ပြောချလိုက်ကြတာ။ အဟီး။ အဲဒီလို မျက်နှာပြောင်တိုက်တဲ့ အပြောလေးတွေကို ကျုပ်က သတင်းစာထဲမှာ
မပါပါအောင် ထည့်တာဗျ။ ဒါတောင် မကောင်းတတ်လို့၊ တကယ်ဆို ဂျပန်က ဆူနာမီကိစ္စအတွက် နည်းပညာ
အကူအညီပေးမယ်လို့ပါ ထည့်ချင်တာ။

ရုက္ခစိုး။ ။ ကျန်တာတော့ ကိုယ့်ဘာသာပဲ ဖတ်ပေတော့။ သေချာတာတော့ မင်း … ထမင်းအိုးကွဲပြီ။

ကျွန်ုပ်အလွန် အားငယ်သွားသည်။ မြန်မာ့အမှောင်သတင်းစာကြီးက ဤသို့ ပေါရဲနေမှတော့ ကျွန်ုပ်အတွက်


နေရာမရှိပြီ။
ထို့ကြောင့် မရဲတရဲနှင့် “နိုင်ငံကြီးကို အုပ်ချင်တိုင်းအုပ်ပြီး အရေးကြုံလာရင် ရှောင်မယ့် နိုင်ငံအုပ်ရှောင် ကိစ္စကော
မပါဘူးလား” ဟု မေးကြည့်လိုက်၏။

ဆော်ကြမ်း။ ။ လာမယ် … ဒါက ဖြည်းဖြည်းချင်းလာမယ်။ အဲဒီသတင်းက ထုတ်လို့မဖြစ်သေးဘူး။


ချိုကုပ်ဒူးကြီး အမိန့်မပေး သေးဘူးလေ။

ရုက္ခစိုး။ ။ ခင်ဗျားတို့ လွှတ်တော်ကြီးက မေးခွန်းတွေကို ဖြေတာ အရမ်းအရမ်းကို ရှင်းတာပဲဗျာ။ ဟိုးအရင်


လက်ကျန် ပင်စင်စားကြီးတွေရဲ့ ပင်စင်လစာ တိုးမလားဆိုတဲ့မေးခွန်းကိုများ ဖြေသွားလိုက်တာ … တကယ့်ကို
ဝေ့လည်ကြောင်ပတ်နဲ့ ဘာပြောချင်မှန်းကို မသိရဘူး။

ဆော်ကြမ်း။ ။ ဒါကတော့ဗျာ … တိုးချင်လည်း တိုးပါမယ်၊ မတိုးချင်လည်း မတိုးပါဘူး ဆိုတာကို


လူကြားကောင်းအောင် မလှိမ့်တပတ်နဲ့ ဖြေရတာ လွယ်တာမှတ်လို့ …။ အဲဒါကိုလည်း ကျုပ်ရဲ့
မြန်မာ့အမှောင်ကြီးမှာ သေချာ ထည့်ရေးထားပါတယ်။

သူတို့နှစ်ဦး အချီအချ ပြောနေသည်များကို နားထောင်ရင်းနှင့် ကျွန်ုပ်မှာ အလွန်အားငယ်လာသည်။


ဦးဆော်ကြမ်းကား ရယ်စရာကို ရယ်စရာနှင့် တိုက်နေလေပြီတကား။ ကျွန်ုပ်ကို ကြည့်ကာ ဦးဆော်ကြမ်းက
မြေနိမ့်ရာ ဓားမြောင် ထပ်စိုက်မည့် ရုပ်နှင့် (လှံက သူ့အရပ်နဲ့ အတူတူလောက်ဆိုတော့ ဓားမြောင်ပဲ
နိုင်တဲ့သဘောပါ) “ဒီမှာ ကိုတာတေ … မကြာခင် မှာတော့ ခင်ဗျားတို့ အားလုံး ချုံးပွဲချပြီး ငိုရတော့မှာဗျ ဟဲဟဲ”
ဟု ပြောလေသည်။

ရုက္ခစိုး။ ။ ဘာများပါလိမ့် ...။ မြန်မာပြည်မှာ ၂၄ နာရီ မီးဖျက်မယ်ဆိုတဲ့သတင်းလား။ ဒါလောက်နဲ့တော့


မြန်မာတွေက မငိုလောက်ပါဘူးဗျာ။

ဆော်ကြမ်း။ ။ သိပါတယ်ဗျာ။ အဲဒါမဟုတ်ပါဘူး။ အခုဟာက ဆက်သွယ်ရေး ဝန်ကြီးပြောတာ။


ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်ဝင်ငွေ ထိခိုက်အောင်လုပ်တဲ့ ကောင်တွေကို မကြာခင် ကျုပ်တို့
ချိုကုပ်ဒူးကြီးက အသေ နှိပ်ကွပ်တော့မှာတဲ့။ အီလက်ထရွန်နစ် ပုဒ်မနဲ့ကို တရားစွဲတော့မှာ။ ပြီးရင်ထောင်ချပြီပဲ။

တာတေ။ ။ ဘယ်သူတွေလဲဗျ။ နိုင်ငံတော်ဝင်ငွေ ထိခိုက်အောင်လုပ်တာ။

ဆော်ကြမ်း။ ။ နာမည်တွေကလည်း ဘာတွေလဲ မသိပါဘူး။ တယောက်က ပီဖင်ဂိုးတဲ့ … ခေါင်းတိုက်သွင်းတဲ့


ဂိုးပဲ ကြားဖူးပါတယ် … သူ့ကျမှ ဖင်နဲ့ဂိုးရတယ်လို့။ နောက်တယောက်က ဗီဇက်အိုတဲ့ … အသက်ကြီး
နေပြီထင်ပါရဲ့။ နောက် တယောက် ကတော့ မိန်းမဗျ၊ နာမည်ကလည်း ဂျီးတော်တဲ့ ...။
ကျွန်ုပ်တသက်တာတွင် တခါမှ မကြုံဘူးသော အံ့သြကုန်နိုင်ဖွယ် ဖြစ်ရပ်ဆန်းနှင့် ကြုံတွေ့နေရလေပြီ။
ကျွန်ုပ်အလွန် အထင်ကြီးလှသော နယူးယောက်တိုင်းမ်စ်၊ ဝါရှင်တန်ပို့စ်၊ အီကော်နောမစ်၊ ဂါးဒီးယန်း စသည့်
သတင်းစာကြီးများသို့ အဆိုပါသတင်း ရေးပို့လိုက်ပါက ကမ္ဘာကျော်ပေတော့မည် … သို့သော် အင်္ဂလိပ်လို
မရေးတတ်တာက ခက်၏။

ရုက္ခစိုး။ ။ အဲဒါကြောင့်ပြောတာ … မင်းထမင်းအိုး ရိုက်ခွဲမယ့်သူ ပေါ်လာပြီလို့ ...။ စတိုင်ယာ မရေးနဲ့တော့။

တာတေ။ ။ ဟုတ်တယ်။ စွန့်လွှတ်မယ်။ စွန့်လွှတ်မယ်။ ဒီအလုပ်ကို တသက်မလုပ်တော့ဘူး။

ထိုစဉ် ကျွန်ုပ် မျက်စိထဲ၌ မီးများ ဝင်းခနဲပွင့်သွားကာ မျက်စိရှေ့မှ ဦးဆော်ကြမ်းကော၊ ဦးရုက္ခစိုးပါ ရုတ်တရက်


ထူးဆန်းစွာ ပျောက်ကွယ်သွားလေတော့၏။

“ကို … တာ … တေ” ဆိုသည့် မဒမ်တေ၏ ငှက်ဆိုးထိုးသံကြီးကြောင့် မီးပွင့်သွားခြင်းဖြစ်ပေသည်။


နောက်ဆက်တွဲအနေဖြင့် “ဘာ … စွန့်လွှတ်မှာလဲ ...ဟမ် ... ဘာအလုပ်မှဖြင့် မယ်မယ်ရရ မလုပ်ဘဲနဲ့ ရှိတဲ့ ဒီ
စာရေးတာကိုတောင် စွန့်လွှတ်ဦးမယ်ပေါ့ … ဟုတ်လား။ ရှင် အိမ်ပေါ်က ဆင်းတော့ သွား။ ဟွန်း … အခုလည်း
စာရေးဖို့ ကုန်ကြမ်း စဉ်းစားဦးမယ်ဆိုပြီး အိပ်နေ လိုက်တာ ယောင်တောင်ယောင်တယ် … တကတည်းတော် …”
အစချီ၍ ပေါက်ပေါက်များဆက်တိုက် ဖောက်နေလေ၏။

ကျွန်ုပ် အိပ်ပျော်သွားချိန် အိပ်မက် မက်နေခြင်းပေတကား။ ကျွန်ုပ်၏ မိန်းမ အလိုက်မသိတတ်ပုံများ ...


နယူးယောက်တိုင်းစ်၊ အီကောနောမစ်၊ ဝါရှင်တန်ပို့စ်၊ ဂါးဒီးယန်း … အစရှိသည့် အင်တာနေရှင်နယ်
သတင်းစာများကို ပို့ရန်အတွက် သတင်းစိတ်ကူး များ ပျက်စီးရသည်အထိပင် မဟုတ်တုံလော။ ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ


အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

နောက်ဆုံး ဖတ်စရာ

အစိုးရသစ် ဘတ်ဂျက် လူမှုဖူလုံရေးကို လျစ်လျူရှု


ထက်အောင် Thursday, 10 March ဧရာဝ
ဧရာဝတီ သူ့အတွေး သူ့အမြင်

စစ်ဘက်အရပ်ဘက် ပေါင်းစပ်ထားတဲ့ အစိုးရသစ်အတွက် လက်ရှိစစ်အစိုးရက ဥပဒေအဖြစ် ထုတ်ပြန်လိုက်တဲ့


၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အသုံးစရိတ်ဟာ ၎င်းတို့ကာလရှည်ကြာ ကိုင်စွဲလာခဲ့တဲ့ စစ်ရေးအရ
လုံခြုံမှုရှိရေးကိုသာ ထိပ်တန်းဦးစားပေးထားပြီး တိုင်းပြည်မှာ အမှန်တကယ် လိုအပ်နေတဲ့ လူမှုဖူလုံရေးနဲ့
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးခံယူချက် ကင်းမဲ့နေတာကို တွေ့ရပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကနေ တင်မြှောက်လိုက်ပြီး ပထမဆုံး


နိုင်ငံတော် သမ္မတဖြစ်လာမယ့် လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဟာ စစ်အစိုးရဆီက
အာဏာလွှဲယူပြီးနောက် အစိုးရသစ်ကို ဦးဆောင်ရမှာဖြစ်ပေမယ့် အစိုးရသစ်ရဲ့ အသုံးစရိတ်ကို
လက်ရှိကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော်ထံ တစုံတရာ အသိပေး တင်ပြအတည်ပြုခြင်းမရှိဘဲ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ရဲ့လက်မှတ်နဲ့ ဖေဖော်ဝါရီလ ၁၁ ရက် နေ့မှာ အစိုးရပြန်တမ်းအဖြစ်
ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါပြန်တမ်းအရ အစိုးရသစ်ရဲ့အသုံးစရိတ်မှာ ကာကွယ်ရေးဝန်ကြီးဌာန တခုတည်းကိုပဲ ကျပ်ကုဋေ ၁၃၁၈
ကျော် (အမေရိ ကန်ဒေါ်လာ ၁.၄၉ ဘီလီယံကျော်) အများဆုံး သုံးစွဲခွင့်ပေးထားပါတယ်။ အဲဒီပမဏာဟာ
ကျပ်ကုဋေ ၆၇၇၂ ကျော် (အမေ ရိကန်ဒေါ်လာ ၇.၆၅ ဘီလီယံကျော်) ရှိတဲ့ အစိုးရအသုံးစရိတ်တခုလုံးရဲ့ ၂၀
ရာခိုင်နှုန်းနီးပါး ရှိပါတယ်။

အစိုးရသစ် အသုံးစရိတ်တွေကို ၀န်ကြီးဌာနအလိုက် ခွဲဝေရာမှာ ကာကွယ်ရေးအသုံးစရိတ်ပြီးရင်


အသုံးစရိတ်အများဆုံး ခွဲဝေထားတဲ့ ၀န်ကြီးဌာနတွေက စွမ်းအင်၊ အခွန်နဲ့ဘဏ္ဍာရေး၊ လျှပ်စစ်၊
ဆောက်လုပ်ရေးနဲ့ စက်မှုဝန်ကြီးဌာနတို့ ဖြစ်တယ်။

ဇန်န၀ါရီလကတည်းက စစ်အစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ “ကူးပြောင်းရေးကာလ ပြဌာန်းချက်များ” ကို


အသုံးပြုပြီး ဥပဒေသစ်တွေ အတွဲလိုက် ပြဌာန်းနေပါတယ်။ ဒီ နိုင်ငံတော်ဘဏ္ဍငွေအရ အသုံးဆိုင်ရာဥပဒေဟာ
နိုင်ငံတော်ပြန်တမ်းအနေနဲ့ နောက်ဆုံးထွက်ရှိလာတဲ့ ဥပဒေဖြစ်ပေမယ့် အများပြည်သူ လေ့လာနိုင်အောင်
စစ်အစိုးရက နိုင်ငံပိုင်သတင်းစာတွေထဲကနေ ထုတ်ပြန်ကြေညာခြင်း မရှိပါ။

ထိုဥပဒေနဲ့အတူ စစ်အစိုးရဟာ နောက်ထပ်အရေးကြီးတဲ့ ဥပဒေတခုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့


“နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သောအသုံးစရိတ်ဆိုင်ရာ
အထူးရန်ပုံငွေဥပဒေ” ဖြစ်ပါတယ်။ အထူး ရန်ပုံငွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တဦးတည်းကသာ
သုံးစွဲခွင့်ရှိပြီး ကာကွယ်ရေးဦးစီးချုပ်က နှစ်စဉ်တင်ပြလာတဲ့ ငွေကြေးပမာဏကို အစိုးရအသစ်ရဲ့သမ္မတက
ခွင့်ပြုပေးရမှာဖြစ်ပါတယ်။

ဒီနေရာမှာ အလွန်အရေးကြီးတဲ့ မေးခွန်းတွေပေါ်လာတယ်။ အောက်မှာ ဖော်ပြထားတဲ့ အစိုးရသစ်


ဘတ်ဂျက်ဇယားကို လေ့လာကြည့်မယ်ဆိုရင် အစိုးရသစ် ၀န်ကြီးဌာနအားလုံးကို စုစုပေါင်း သုံးစွဲငွေ ကျပ်ကုဋေ
၆၇၇၂ ကျော်လုံး ဝေခြမ်းထားပြီးပြီ ဆိုတော့ သမ္မတက ကာကွယ်ရေးဦးစီးချုပ်တောင်းဆိုတဲ့ အထူးရန်ပုံငွေကို
ဘယ်ကရှာပေးမှာလဲ။ ပြီးတော့ အဲဒီငွေတွေက ဘယ်ကရတာလဲ။ ပြည်သူလူထုကို အသိမပေးဘဲ
ပြည်သူလူထုက ရွေးချယ်ထားတဲ့ အစိုးရခေါင်းဆောင် သမ္မတက ဒီလိုလုပ်ပိုင်ခွင့် ရှိသလား။
ဖွဲ့စည်းပုံအခြေခံဥပဒေကရော ခွင့်ပြုထားတာရှိသလား။

အဲဒီ အထူးရန်ပုံငွေကို ပြည်တွင်းပြည်ပအန္တရာယ်တွေကို ကာကွယ်ဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို


ကာကွယ်စောင့်ရှောက်ဖို့ သုံးစွဲမယ်လို့ ဥပဒေက ဆိုထားပါတယ်။ ဒီလိုသုံးစွဲတဲ့နေရာမှာလည်း “မည်သည့်ပုဂ္ဂိုလ်
(သို့မဟုတ်) အဖွဲ့အစည်းကမျှ မေးမြန်းခြင်း၊ တင်ပြစေခြင်း၊ စာရင်းစစ်ဆေးခြင်း ခံယူရန်မလို” လို့ ဆိုထားပြီး
အသုံးစရိတ်များကို သမ္မတ တဦးထဲကိုသာ နှစ်စဉ် ရှင်းလင်းတင်ပြရမည်လို့ ဆိုထားပါတယ်။

ဒီအချက်တွေကြောင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ မတ်လ ၄ ရက်နေ့မှာ ကြေညာချက်တစောင်ထုတ်ပြန်ပြီး
စစ်အစိုးရထုတ်ပြန်လိုက်တဲ့ အထူးရန်ပုံငွေဥပဒေဟာ “ပြည်သူ့ဘဏ္ဍာငွေ သုံးစွဲခြင်းကို ပြည်သူများက
(တိုက်ရိုက်သော်လည်းကောင်း၊ ကိုယ်စားလှယ်မှ တဆင့်သော်လည်းကောင်း) စစ်ဆေးမေးမြန်းခွင့် မရှိ၊
ပိတ်ပင်ထားခြင်းဖြစ်၍ ဥပဒေတို့၏အင်္ဂါရပ်နှင့် မကိုက်ညီကြောင်း” ဝေဖန်ခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ စစ်ရေးအသုံးစရိတ်နဲ့ပတ်သက်ပြီး နိုင်ငံတော်ဘတ်ဂျက်ရဲ့ ၄၀ ရာခိုင်နှုန်းခန့်အထိ


သုံးစွဲနေကြောင်း ယခင်က ပညာရှင်များ၊ လေ့လာသူများက ဆိုကြပါတယ်။ အခုထွက်ပေါ်လာတဲ့
အစိုးရသစ်အသုံးစရိတ်ကို ရုတ်တရက်ကြည့်မယ်ဆိုရင် စစ်ရေးအသုံးစရိတ်ဟာ ထက်ဝက်နီးပါး
လျော့ကျသွားသယောင် ရှိပါတယ်။

ဒါပေမယ့် ၂၀၁၁ ခုနှစ် နိုင်ငံတော်ဘတ်ဂျက် ရေးဆွဲတဲ့နေရာမှာ စစ်ဗိုလ်ချုပ်ကြီးတွေ အသုံးချထားတဲ့ လှည့်ကွက်


မဟာဗျူဟာကတော့ တဘက်မှာ ဘတ်ဂျက်ရဲ့ ၂၀ ရာခိုင်နှုန်းကိုပဲ စစ်ရေးအသုံးစရိတ်အဖြစ် ယူထားပြီး
ပြည်သူ့ဘဏ္ဍာငွေထဲက ဘယ်သူမှ မသိနိုင်တဲ့ ငွေကြေးပမာဏကို အထူးရန်ပုံငွေထဲ လွှဲပြောင်းရယူမယ့်
အထူးအခွင့်အရေးတရပ်ကို စစ်တပ်က ဖန်တီးလိုက်တာပါပဲ။

စစ်ရေးလေ့လာသူတချို့က အထူးရန်ပုံငွေဟာ စစ်တပ်ရဲ့ လျှို့ဝှက်စစ်ရေး စီမံကိန်းတွေဖြစ်တဲ့ လှိုဏ်ခေါင်းတွေ


တည်ဆောက်တဲ့နေရာမှာ၊ အဆင့်မြင့် ဒုံးပျံနည်းပညာတွေ ရယူဖို့ကြိုးစားတဲ့နေရာမှာနဲ့
အရှေ့တောင်အာရှဒေသမှာ ပထမဆုံး နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်လာရေးအတွက် အဏုမြူ
ဓာတ်ပေါင်းဖိုတည်ဆောက်ရေး စီမံကိန်းတွေထဲ ရောက်သွားနိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

အစိုးရသစ် အသုံးစရိတ်တွေအနက် စွမ်းအင်ဝန်ကြီးဌာနကို ၁၄.၉၀ ရာခိုင်နှုန်း၊ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနကို


၁၃.၇၂ ရာခိုင်နှုန်းနဲ့ လျှပ်စစ်ဝန်ကြီးဌာနကို ၉.၉၃ ရာခိုင်နှုန်း အသီးသီး ခွဲဝေပေးထားပါတယ်။

ဒီအချက်ကိုကြည့်ရင် အစိုးရအသစ်ဟာ သဘာဝအရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲတာကိုပဲ အာရုံစိုက်ပြီး


ကုန်းတွင်းနဲ့ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်တာနဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေးလို လုပ်ငန်းတွေမှာ
နိုင်ငံခြားကုမ္ပဏီတွေ၊ ပြည်တွင်း စစ်တပ်နဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေနဲ့ တွဲဖက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေကိုပဲ
ဦးစားပေးဆောင်ရွက်သွားဖို့ ရှိပါတယ်။

တိုင်းပြည်စီးပွားရေးရဲ့ ရာခိုင်နှုန်းအများစုကို စစ်တပ်ကပိုင်ဆိုင်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့


မြန်မာစီးပွားရေး ကော်ပိုရေးရှင်းတို့က ထိထိရောက်ရောက် ချုပ်ကိုင်ထားကြပါတယ်။
ထိုစစ်တပ်ရဲ့စီးပွားရေးအင်ပါယာကြီးမှလည်း စစ်တပ်အတွက် အရေအတွက်မသိနိုင်တဲ့ ရန်ပုံငွေတွေကို
ရှာဖွေပေးနိုင်ပါတယ်။ ဒါ့အပြင် တိုင်းပြည်ရဲ့ အဓိက၀င်ငွေကို စွမ်းအင်၊ လျှပ်စစ်နဲ့ သတ္တုတူးဖော်ရေး
စတဲ့ကဏ္ဍတွေက ရရှိတာဖြစ်တဲ့အတွက် အဲဒီဝင်ငွေတွေထဲကနေ စစ်ရေးရန်ပုံငွေထဲ ရောက်ရှိ သွားနိုင်ပါတယ်။

မြန်မာပြည်သူတွေဟာ ၂၀၀၈ ခုနှစ်မှာ ဆိုင်ကလုန်း နာဂစ် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသေမှာ တကြိမ်၊ ၂၀၁၀


ခုနှစ်မှာ ဆိုင်ကလုန်း ဂီရိကို ရခိုင်ပြည်နယ်တွင် တကြိမ် ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရတဲ့အတွက် ပြည်သူတွေရဲ့
ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ လူမှုဘ၀တိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေးကဏ္ဍတွေမှာ
ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး အစိုးရသစ်အနေနဲ့ သင့်လျော်တဲ့ ဘတ်ဂျက်ခွဲဝေသုံးစွဲမှု ရှိသင့်ပါတယ်။

ဒါပေမယ့် အစိုးရသစ်ဘတ်ဂျက်က ပညာရေးအတွက် ၄.၅၇ ရာခိုင်နှုန်း၊ ကျန်းမာရေးအတွက် ၁.၃၁ ရာခိုင်နှုန်းနဲ့


လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနအတွက် ၀.၂၆ ရာခိုင်နှုန်းသာ
ခွဲဝေပေးခဲ့ပါတယ်။

မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို နိုင်ငံတကာအစိုးရတွေက စာနာထောက်ထားကြပြီး


ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံစားခဲ့ရတဲ့ သန်းနဲ့ချီတဲ့ မြန်မာပြည်သူအတွက်၊ တိုင်းပြည်မှာ ဆင်းရဲမွဲတေလွန်းလို့
ဖြစ်ပေါ်လာတဲ့ တခြားလူမှုဒုက္ခတွေ သက်သာစေဖို့ သူတို့ နိုင်ငံက အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေးတွေကို
ရက်ရက်ရောရော လှူဒါန်းခဲ့ပါတယ်။
ဒီလို နိုင်ငံတကာအသိုင်းအ၀န်းက စေတနာထားခဲ့ပေမယ့် ပြည်သူပြည်သားတွေ လက်ရှိရင်ဆိုင်နေရတဲ့
လူမှုဘ၀ ဆင်းရဲဒုက္ခတွေကို ယခုအစိုးရသစ်ရဲ့ ဘတ်ဂျက်က တာဝန်ယူမှုမရှိပဲ လျစ်လျူရှုထားပါတယ်။

သုံးစွဲငွေ

ကျပ် (ဘီလီယ)ံ အမေရိကန်ဒေါ်လာ


နံပါတ်စဉ် ၀န်ကြီးဌာန
းဌာန ရာခိုင်နှုန်း
(ဘီလီယ)ံ

(%)
(၁ဒေါ်လာ = ၈၈၅
ကျပ်)*
)*

စုစုပေါင်းအသုံးစရိတ် ၆၇၇၂.၅၂ ၇.၆၅ ၁၀၀.၀၀

၁ ကာကွယ်ရေး ၁၃၁၈.၅၈ ၁.၄၉ ၁၉.၄၈

၂ စွမ်းအင် ၁၀၀၈.၈၇ ၁.၁၄ ၁၄.၉၀

၃ ဘဏ္ဍာနှင့်အခွန် ၉၃၂.၆၂ ၁.၀၅ ၁၃.၇၂

၎ လျှပ်စစ် ၁၊ ၂ ၆၆၉.၉၃ ၀.၇၆ ၉.၉၃

၅ ဆောက်လုပ်ရေး ၅၇၈.၀၃ ၀.၆၅ ၈.၅၀

၆ စက်မှု ၁၊ ၂ ၄၂၀.၄၉ ၀.၄၇ ၆.၁၄

၇ ဆက်သွယ်ရေး ၃၂၁.၀၁ ၀.၃၆ ၄.၇၀

၈ လယ်ယာစိုက်ပျိုးရေး ၃၁၀.၂၃ ၀.၃၅ ၄.၅၇

၉ ပညာရေး ၃၁၀.၀၁ ၀.၃၅ ၄.၅၇

၁၀ ကျန်းမာရေး ၉၀.၈၂ ၀.၁၀ ၁.၃၁

၁၁ လူမှုဖူလုံရေး ၁၄.၅၈ ၀.၀၂ ၀.၂၆

၁၂ တခြားဝန်ကြီးဌာနများ ၇၉၇.၃၅ ၀.၉၁ ၁၁.၉၀

ရင်းမြစ်။ ။မြန်မာနိုင်ငံတော်ပြန်တမ်း “ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ


အသုံးစရိတ်”
*မြန်မာကျပ်ငွေ-ဒေါ်လာ လဲလှယ်နှုန်းကို မှောင်ခိုဈေးကွက်နှုန်းထားအတိုင်း တွက်ချက်ဖော်ပြထားပါသည်။

ပြီးဘီ The End

You might also like