You are on page 1of 37

မိုးမခ MoeMaKa.

com အဖွဲ့က ကော်ပီကူးပြီး ဖြန့် ပါတယ်


သတင်းတွေ ဖတ်ချင်ရင် Kowin2001@gmail.com ကို ဆက်သွယ်တော်မူပါ

Uncensored Burma - Daily News ( 2011 Mar 17)


မာတိကာ

မြဝတီ သတင်းစာ တပ်မတော်နေ့ထုတ်မည်


ဖနိဒါ | ကြာသပတေးနေ့၊ မတ်လ ၁၇

လွှတ်တော် ခေတ္တနား
မျိုးသန့် | ကြာသပတေးနေ့၊ မတ်လ ၁၇

NLD နဲ့ NDF ခေါင်းဆောင်တွေ တွေ့ဆုံ


By ကျော်ကျော်သိန်း ကြာသပတေး, 17
ဓာတ်ပေါင်းဖိုတွေ အပူကျအောင် ဂျပန်ကြိုးစား
By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 17 မတ် ဗွီအိုအေ

ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသွားရန် စီစဉ်နေ


2011-03-17 RFA

ပြည်ပပို့ခွင့်မရ၍ ကြက်သွန်ဈေးကျ
2011-03-17 RFA

လယ်သမားအရေးဆောင်ရွက်ပေးသူများ လယ်လုပ်ခွင့်ပြန်မရသေး
2011-03-17 RFA

ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေး ဒေါ်အောင်ဆန်းစုကြည် ပြောဆို


2011-03-17 RFA

အိန္ဒိယနိုင်ငံသား လူငယ်တဦး ကလေးစစ်သားအဖြစ် စုဆောင်းခံရ


2011-03-17 RFA

တရုတ် ထိပ်တန်းခေါင်းဆောင် မလာမီ အစိုးရသစ် အမြန်ဖွဲ့မည်


ရန်ပိုင် Thursday, 17 March 2011 19:21 ဧရာဝတီ

မစ္စတာ ဒန်ကလေကို အာမခံ မပေး


မင်းနိုင်သူ Thursday, 17 March ဧရာဝတီ

DKBA စစ်ဆင်ရေး သတင်းကြောင့် မြဝတီမြို့ခံများ တိမ်းရှောင်


ဧရာဝတီ Thursday, 17 March ဧရာဝတီ

ကျေးရွာ၊ ရပ်ကွက်ခေါင်းဆောင်နေရာများ ကြံ့ဖွံ့ကန့်ကွက်ခံရ


ခင်ဦးသာ Thursday, 17 March ဧရာဝတီ

ရှမ်းပြည်နယ် တိုက်ပွဲ ပြင်းထန်၊ ဒေသခံ ရာချီ ထွက်ပြေး


သန်းထိုက်ဦး Thursday, 17 March ဧရာဝတီ

ဆူနာမီထိတဲ့ ဂျပန်အခြေအနေ တိုကျိုမြို�ခံ မြန်မာတဦးနှင့် မေးမြန်းချက်


အေးနိုင် ၁၇ မတ် ၂ဝ၁၁ - DVB

လွှတ်တော်အလိုက် အဆိုနှင့် မေးခွန်း တင်သွင်းမှုရပ်တန့် အစည်းအဝေးများ ပြီးဆုံးတော့မည်ဟုဆို


အ့ဘုန်းမြတ် ၁၇ မတ် ၂ဝ၁၁ - DVB

ပြည်သူ့လွှတ်တော်တွင် ကြံ့ခိုင်ရေးကိုယ်စားလှယ်များ၏အဆို စတင်တော့မည်


အံ့ဘုန်းမြတ် ၁၆ မတ် ၂ဝ၁၁ - DVB
ထိုင်းအလုပ်ရှင်သေဆုံးမှု မြန်မာလင်မယားကို ဝရမ်းထုတ်
မန်းစိုင်းမွန် ၁၇ မတ် ၂ဝ၁၁ - DVB

ပခုက္ကူ မဟာဝိသုတာရာမ (အလယ်) ကျောင်းတိုက် ဆရာတော် ဦးသုမင်္ဂလ ပျံလွန်


အံ့ဘုန်းမြတ် ၁၇ မတ် ၂ဝ၁၁ - DVB

ထုံးသင်္ကန်းမှ ရွှေသင်္ကန်းသို့ ပြောင်းလဲရသည့် ကောင်းမှုတော်စေတီ


(နွားကျောင်းသားကိုဝင်း စုစည်းသည်)
မတ် ၁၇၊ ၂၀၁၁ မိုးမခ

မင်္ဂလာနှင့် နိုင်ငံရေး ၂၅
မောင်လူရေး
မတ် ၁၇၊ ၂၀၁၁

ပြည်ထေင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံးသော ယာယီသမ္မတကြီးစ၀်ရွှေသိုက်


သန်းဝင်းလှိုင်
မတ် ၁၇၊ ၂၀၁၁ မိုးမခ

ICG စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေး အစီရင်ခံစာအကြောင်း


By ဦးကျော်ဇံသာ ဗုဒ္ဓဟူး, 16 မတ် VOA

ဂျပန်ငလျင်၊ ဆူနာမီနှင့် အနုမြူပြဿနာ


ဘိုဘိုကျော်ငြိမ်း | ကြာသပတေးနေ့၊ မတ်လ ၁၇ မဇ္စျိမ

မြဝတီ သတင်းစာ တပ်မတော်နေ့ထုတ်မည်


ဖနိဒါ | ကြာသပတေးနေ့၊ မတ်လ ၁၇

ချင်းမိုင်(မဇ္စျိမ) ။ ။ မြဝတီ ဟု အမည်ပေးထားသော စစ်တပ်အာဘော် နေ့စဉ်ထုတ် သတင်းစာသစ်


တစောင်ကို ဆေးရောင်စုံဖြင့် မတ်လ ၂၇ ရက်နေ့တွင် စတင်ထွက်ရှိလာမှာဖြစ်ရာ ၃ စောင်မြောက်
မြန်မာဘာသာဖြင့် ထုတ်ဝေသော သတင်းစာဖြစ်လာမှာ ဖြစ်သည်။

၆၆ နှစ်မြောက် တပ်မတော်နေ့တွင် ထွက်ရှိမည့် မြဝတီသတင်းစာ၏ အယ်ဒီတာအဖွဲ့ကို စာတည်းချုပ် ဦးရဲမြင့်က


ဦးစီးမည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းဟောင်းများလည်း ပါဝင်မည်ဖြစ်သည်။ ရုံးချုပ်ကို
နေပြည်တော် ပုပ္ပသီရိမြို့နယ် ဘုရင့်နောင်ရပ်ကွက်နှင့် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်တွင် ရုံးခွဲများ
ဖွင့်လစ်မှာဖြစ်သည်။

မြဝတီသတင်းစာအတွက် မတည်ငွေကို စစ်တပ်အသုံးစရိတ်မှ ထုတ်ယူမည်လား၊ ပြန်ကြားရေး


ဝန်ကြီးဌာနအောက်မှ ထုတ်ယူမည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း မူအားဖြင့်
စစ်တပ်အာဘော် ဖြစ်လာဖွယ်ရှိသည်ဟု ယုံကြည်ရသည်။
သတင်းစာ၏ ပထမဆုံး စာဆောင်အတွက် ရန်ကုန်မြို့ရှိ စာရေးဆရာများသို့ နေပြည်တော်မှ စာတည်းမှူးချုပ်က
သတင်း၊ ဆောင်းပါ၊ ခရီးသွားဆောင်းပါး၊ နိုင်ငံတကာ သတင်းဆောင်းပါး၊ ကဗျာနှင့် ကာတွန်းစာမူများကို
တောင်းခံနေသည်။

မြဝတီနေ့စဉ်သတင်းစာ ထုတ်ဝေရန် အခြေအနေများကို ရန်ကုန်မြို့ မြဝတီ သတင်းစာတိုက်ရုံးခွဲသို့


ဆက်သွယ်မေးမြန်းခဲ့ရာ ထုတ်ဝေမည့် ရက်အသိအကျ မပြောနိုင်သေးကြောင်း ရုံးတာဝန်ရှိသူ ကဗျာဆရာ
ပေါ်ဦးသစ်က မဇ္စျိမကို ပြောသည်။

“ကျနော်က ရုံးခွဲဆိုတော့ ဂဃနဏ မသိပါဘူး။ မပြောတတ်သေးဘူး။ ဌာနချုပ်မှာက လုပ်နေတယ်။ အခုတော့


လေ့ကျင့်ပေးနေရတာ။ ကျနော်တို့ စစ်တပ်ကတော့ ထုတ်ချင်လည်း ချက်ချင်း ထုတ်တာဘဲ။ မထုတ်ချင်လည်း
မထုတ်သေးဘူး အမိန့်စောင့်နေတာ” ဟု ပေါ်ဦးသစ်က ပြောသည်။

လက်ရှိတွင် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေသော မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့ရှိပြီး


နေ့စဉ်စောင်ရေအားဖြင့် ၃ သိန်းကျော် ဖြန့်ဝေလျက်ရှိသည်။

မြဝတီသတင်းစာသည် အမျိုးသားနိုင်ငံရေးတွင် တပ်မတော်သားများ ဦးဆောင်ပါဝင်ရမည်ည်ဟု ဆိုထားသဖြင့်


ပြည်သူ၏ခံစားချက်၊ ပြည်သူဘက်မှ ရပ်တည်ပြီး ရေးသားထားခြင်း မဟုတ်သဖြင့် အများပြည်သူအတွက်
အကျိုးရှိမည့် သတင်းစာဖြစ်လာမည် မဟုတ်ကြောင်း အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်နှင့် သတင်းစာဆရာဟောင်း ဦးဝင်းတင်က ပြောသည်။

“သတင်းစာဆိုတာက ပေါ်လစီတခုကို ပေးရုံနဲ့ မပြည့်စုံဘူးပေါ့။ သြဇာရှိတယ် မရှိဘူးဆိုတာထက်


ဒီပြည်သူလူထုရဲ့ ယူဆချက်၊ ထင်မြင်ချက်၊ ခံစားချက်တွေ မဖေါ်ပြနိုင်ဘူးဆိုရင် ဒီသတင်းစာက အကျိုးမရှိဘူး၊
ပေါ်လစီတခုတည်းကို ကြွေးကြော်နေရုံနဲ့ သတင်းစာမဟုတ်ဘူး။ ပြည်သူလူထုအသံ၊ လိုလားချက်တွေ
ပါဝင်ပူးပေါင်းဆောင်ရွက်မှုတွေကို ထင်ဟပ်ပေါ်လွင်ပြီးတော့ ဖော်ပြနိုင်မှ ပြည်သူလူထုမှာ အကျိုးရှိမှာ၊ အဲဒီလို
အကျိုးရှိမှသာလျှင် ပြည်သူကို အကျိုးရှိမယ်” ဟု ဦးဝင်းတင်က ပြောသည်။

၁၉၅၇ ခုနှစ်က စတင်ထုတ်ဝေခဲ့သော ကြေးမုံသတင်းစာသည် လူကြိုက်များပြီး သြဇာရှိသော


သတင်းစာတစောင်ဖြစ်ခဲ့သော်လည်း လက်ရှိတွင် စစ်အစိုးရအာဘော်သတင်းစာဖြစ်လာသည်။

ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဆင်ဆာတည်းဖြတ်ရေးအဖွဲ့ကို ဖြတ်သန်းပြီးမှ ဖြန့်ချိခွင့်ရသော


အပတ်စဉ်ထုတ်ဂျာနယ်များထုတ်ဝေခွင့်ကို ပုဂ္ဂလိကပိုင်အဖြစ် ခွင့်ပြုပေးမှုရှိသော်လည်း
နေ့စဉ်ထုတ်သတင်းစာအဆင့်ကိုမူ ထုတ်ဝေခွင့်မပြုဘဲ ကန့်သတ်ထားဆဲဖြစ်သည်။

လွတ်လပ်စွာရေးသားခွင့်မရှိသေးသော်လည်း ဈေးကွက်ရှိနေသဖြင့် ပုဂ္ဂိလကပိုင်ဂျာနယ်တိုက်အချို့က


သတင်းစာသို့ တက်လှမ်းထုတ်လိုသော်လည်း စစ်တပ်ကလွှမ်းမိုးထားသော အရပ်သားအစိုးရလက်ထက်တွင်
ခွင့်ပြုလာလိမ့်မည်ဟု မျှော်လင့်နေကြသည်။

ယခုအချိန်တွင် အနည်းဆုံး ဂျာနယ်တိုက် ၄ ခုမှာ သတင်းစာထုတ်ဝေနိုင်ရန် ပြင်ဆင်လျက်ရှိသည်ဟုလည်း


ရန်ကုန်ရှိ စာနယ်ဇင်းသမားများက ပြောကြသည်။
ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက လူဦးရေသန်း ၆ဝ ကျော်ရှိသော မြန်မာနိုင်ငံတွင် သတင်းစာ ၅ စောင်၊
ဂျာနယ် ၁၇ဝ စောင်၊ မဂ္ဂဇင်း ၁၈၂ စောင်ထုတ်ဝေလျက်ရှိသည်ဟု မတ်လ ၁ဝ ရက်နေ့က နေပြည်တော်တွင်
ပြုလုပ်သော ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့သည်။

ဦးကျော်ဆန်းက နိုင်ငံတဝန်း မြန်မာဘာသာဖြင့် ဖြန့်ချိလျက်ရှိသော ကြေးမုံ၊ မြန်မာ့အလင်း၊ အင်္ဂလိပ်ဘာသာဖြင့်


ထုတ်ဝေသော New Light of Myanmar အပြင် ရန်ကုန်စည်ပင်မှ ထုတ်ဝေသော မြို့တော်သတင်းစာနှင့်
မန္တလေးစည်ပင်မှ ထုတ်ဝေသော ရတနာပုံသတင်းစာများကို ရည်ညွှန်း ပြောဆိုခြဲ့ ခင်း ဖြစ်သည်။

လွှတ်တော် ခေတ္တနား
မျိုးသန့် | ကြာသပတေးနေ့၊ မတ်လ ၁၇

ချင်းမိုင် (မဇ္ဈိမ) ။ ။ နေပြည်တော်တွင် ကျင်းပလျက်ရှိသော လွှတ်တော်အစည်းအဝေးများကို


ကြာသပတေးနေ့မှ စတင်၍ ခေတ္တရပ်နားမည်ဖြစ်ကြောင်း လွှတ်တော်အမတ်များထံမှ စုံစမ်းသိရသည်။

အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးများကို ကြာသပတေးနေ့မှစတင် ရပ်နားပြီး မတ်လ


၂၁ ရက်နေ့တွင်သာ ပြန်လည်စတင်မှာဖြစ်သည်။

လွှတ်တော်အစည်းအဝေးများ ရပ်နားရခြင်းမှာ နေပြည်တော်တွင် သာသနာရေးဌာနမှ ဦးစီးကျင်းပသည့်


သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူပွဲရှိနေခြင်းကြောင့်ဟု ပြည်သူ့လွှတ်တော်အမတ်
ဒေါ်တင်နွယ်ဦးက ပြောသည်။ ထို ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ နေပြည်တော်ရောက် အမတ်များ သွားရောက်ရန်
တရားဝင်ဖိတ်ကြားခြင်း မရှိသော်လည်း သွားရောက်လိုက သွားနိုင်သည်။

ဗုဒ္ဓဟူးနေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးများတွင် လွှတ်တော်အမတ်များ၏ ရှမ်းပြည်နယ်၊


ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်သည့် မေးခွန်းများကို ဆောက်လုပ်ရေးဝန်ကြီး
ဦးခင်မောင်မြင့်က ပြန်လည်ဖြေကြားရာတွင် လမ်းပန်းဆက်သွယ်ရေးကိစ္စများ ဆောင်ရွက်လျက်ရှိကြောင်း
ဖြေကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဝင်းခိုင်၏ ရာသီအလိုက် သီးနှံများ လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်


ရောင်းချခွင့်ရှိ/မရှိ မေးခွန်းကို လယ်/ဆည်ဝန်ကြီး ဦးဌေးဦးက ထူးခြားသည့် အခြေအနေများရှိပါက
လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဖြေရှင်းပေးမည်ဟု ဖြေကြားခဲ့သည်။

ထို့နောက် ပင်စင်စားများ လစာတိုးပေးရေး အဆိုကို ဦးစိုးဝင်းက တင်ပြဆွေးနွေးရတွင် ဘဏ္ဍာရေးဝန်ကြီး


ဦးလှထွန်းက သင့်လျော်သောအချိန်အခါတွင် ဆောင်ရွက်ပေးသွားမည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ဦးအောင်ဇင်၏ ထွက်ကုန်သီးနှံများကို တည်ငြိမ်သောဈေးရရှိရေး သင့်တင့်သော ထိန်းသိမ်းခ


သတ်မှတ်၍ အစိုးရနှင့် ပုဂ္ဂလိကတို့ထံ တရားဝင် အပ်နှံထားခွင့်ပြုရေး ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရေး အဆိုကို
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးတင်နိုင်သိန်းက ပြန်လည် ဆွေးနွေးရာတွင် သိုလှောင်ရုံများ
အလုံအလောက်မရှိခြင်း၊ တောင်သူလယ်သမားများ၏ ယုံကြည်စိတ်ချ အားထားမှု တည်ဆောက်ရန်
အချိန်များစွာ လိုအပ်ခြင်းတို့ကြောင့် ထိုအဆိုကို ဆောင်ရွက်ရန် မသင့်ကြောင်း ငြင်းဆိုခဲ့သည်။
အမျိုးသားလွှတ်တော်ဘက်တွင်လည်း ချင်းပြည်နယ်မှ ဦးပေါ်လျှံလွင်၏ ချင်းပြည်နယ်အတွင်း ချင်းအမျိုးသား
ဆရာဝန်များ ပိုမိုချပေးရေးအဆိုကို ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်က ဆောင်ရွက်ဆဲ ဖြစ်သည်ဟု
ပြန်လည် ဖြေကြားခဲ့သည်။

ထို့အပြင် ကျန်းမာရေးကဏ္ဍတွင် အားနည်းနေသည့်အတွက် ဘုတ်အဖွဲ့တခု ဖွဲ့စည်းဆောင်ရွက်ရေး


ဦးစတီဗင်သာဘိတ်၏ အဆိုကို ကျန်းမာရေးဝန်ကြီး ဒေါက်တာ ကျော်မြင့်က ပြန်လည်ဆွေးနွေးရာ အမျိုးသား
ကျန်းမာရေးကော်မတီမှ ရာသီအလိုက် ဖြစ်ပွားတတ်သော ရောဂါများနှင့်ပတ်သက်၍ ပြည်သူများ၏ ကျန်းမာရေး
အသိပညာများ နိုးကြားအောင် ပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖြေကြားသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဥာဏစိုး၏ စက်သုံးဆီ မှောင်ခို ရောင်းဝယ်မှုနှင့်


ပတ်သက်သည့် မေးခွန်းကို စွမ်းအင်ဝန်ကြီး ဦးလွန်းသီက ပြန်လည် ဖြေကြားရာတွင် တရားမဝင်
လမ်းဘေးဆီဆိုင်များ လျော့နည်းပပျောက်စေရန် ဆောင်ရွက်လျက်ရှိသည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

NLD နဲ့ NDF ခေါင်းဆောင်တွေ တွေ့ဆုံ


By ကျော်ကျော်သိန်း ကြာသပတေး, 17

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသား ဒီမိုကရေစီ


အင်အားစု (NDF) ပါတီ ခေါင်းဆောင် ၂ ဦးနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ NDF ပါတီနဲ့ ပတ်သက်တာတွေကို
ဒေါ်အောင်ဆန်းစုကြည်က စိတ်ဝင်တစား မေးမြန်းခဲ့တယ်လို့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ NDF ခေါင်းဆောင်တဦးက
ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက
သတင်းပေးပို့ထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ကနေ ခွဲထွက်သွားတဲ့ NDF ပါတီ


ခေါင်းဆောင် ၂ ယောက်နဲ့ NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်မှာ မတ်လ ၁၇ ရက် ညနေပိုင်းက
တွေ့ဆုံခဲ့တာပါ။ ဦးတင်ဦးနေအိမ်မှာ ဖြစ်ပေမဲ့ တွေ့ဆုံပွဲမှာ ဦးတင်ဦး မပါဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ
ဦးဝင်းထိန် ပါဝင်ခဲ့ပြီး NDF ပါတီဘက်က ဦးခင်မောင်ဆွေနဲ့ ဒေါက်တာသန်းငြိမ်းတို့ ပါဝင်ခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲကို အစည်းအဝေးလို့ ခေါင်းစဉ်မတပ်ဘဲ သာမန်တွေ့ဆုံပွဲ အဖြစ်ပဲ ဦးခင်မောင်ဆွေက ပြောခဲ့ပါတယ်။

“ကျနော်တို့ NLD တုန်းက ဖြစ်ပျက်ခဲ့တဲ့ဟာတွေကို ရှင်းပြတာရယ်၊ ကျနော်တို့ပါတီ NDF ရဲ့


အကြောင်းအရာတွေ သူသိချင်တာတွေ မေးတာ ဖြေရပါတယ်။ ပြီးတော့ လွှတ်တော်ထဲမှာ ကျနော်တို့ NDF ရဲ့
လုပ်နိုင်ကိုင်နိုင်ချေတွေ ဘယ်လောက်ရှိလဲ ဆိုတာကို မေးတာလည်း ဖြေရပါတယ်။ အဲဒီလောက်ပါပဲဗျ။
ကျန်တာကတော့ အလာပ သလာပ ရှေးဟောင်းနှောင်းဖြစ်တွေရော၊ ဒီလောက်ပါပဲ။”

NDF ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အခုတကြိမ် တွေ့ဆုံတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး


ပထမအကြိမ်တုန်းကတော့ နိုင်ငံရေးကိစ္စတွေ၊ ပါတီကိစ္စတွေ ဘာမှမပါဘဲ သာမန် လူမှုရေး ကိစ္စတွေပဲ
ပြောဆိုခဲ့ကြတယ်လို့ ပြောခဲ့ဖူးပါတယ်။ အခုတကြိမ်မှာ ဒေါ်အောင်ဆန်းစုကြည်က NDF ပါတီနဲ့ ပတ်သက်လို့
ပိုပြီး စိတ်ဝင်တစား မေးမြန်းခဲ့သလို တွေ့ဆုံပွဲအပေါ် အားရ ကျေနပ်တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“သူကလည်း သိချင်တယ်ဗျ၊ ကျနော်တို့ ပါတီတွင်းကိစ္စနဲ့ ပတ်သက်ပြီး သူကလည်း သိချင်စရာတွေ


ဖြစ်လာတာကိုး။ လွှတ်တော်ထဲမှာ ပြောတာ ဆိုတာတွေ ကြားနေတာကိုး။ ရယ်စရာ မောစရာတွေနဲ့
ကျနော်တို့ကို နောက်တာလည်း ရှိတာပေါ့။ နောက်တာလည်း ရှိတယ်၊ အပြစ်တင်တာလည်း ရှိတာပေါ့ဗျာ။
အရမ်းကောင်းပါတယ်။ ကျနော်တို့ခေါင်းဆောင်ပဲဗျာ။

“အခုလည်း ကျနော်တို့က တွေ့တဲ့အခါမှာ နိုင်ငံရေးအရရော၊ လူမှုရေးအရရော အားလုံး ခင်ခင်မင်မင်


ဖွဲ့ဖွဲ့စည်းစည်း ရှိပါတယ်၊ ပြောရဆိုရတာ။ သူလည်း တော်တော်များများကြီး နားလည်နေပါတယ်။ အားလုံးရဲ့
အခြေအနေကို ခြုံငုံပြီး သိနေပါတယ်။ အင်အားအပေါ်ကို နားလည်လာလေ ကျနော်တို့အပေါ်ကို ပိုပြီး
အမြင်ရှင်းလာလေပေါ့။ ပြီးတော့ သဘောပေါက်တာကို သိရတဲ့အတွက် ကျနော် ၀မ်းသာစရာ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က မလွတ်မြောက်ခင်လေးမှာ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေး


မ၀င်ရေးနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲပြီး ဦးခင်မောင်ဆွေတို့က ခွဲထွက်သွားပြီးတော့ NDF ပါတီကို
ထူထောင်ခဲ့တာပါ။ အဲဒီအချိန်တုန်းက နှစ်ဘက်အကြား အပြန်အလှန် စကားစစ်ထိုး တိုက်ခိုက်တာတွေ
ရှိခဲ့ဖူးပါတယ်။

အခုအခြေအနေမှာတော့ NLD က ရွေးကောက်ပွဲ မ၀င်တဲ့အတွက် မြန်မာစစ်အစိုးရရဲ့ ဥပဒေအရ တရားဝင်


နိုင်ငံရေးပါတီ တခုအဖြစ် ဆက်ရှိမနေတော့ဘဲ NDF ကတော့ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေလည်း
ရှိနေတဲ့ တရားဝင် နိုင်ငံရေးပါတီတခု ဖြစ်ပါတယ်။ NLD အနေနဲ့ ပါတီ တရားဝင် ရပ်တည်ရေးကိစ္စ
မြန်မာတရားရုံးတွေရဲ့ ဆုံးဖြတ်ချက်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်တွေကို
ချိုးဖောက်တယ်ဆိုပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

ဓာတ်ပေါင်းဖိုတွေ အပူကျအောင် ဂျပန်ကြိုးစား


By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 17 မတ် ဗွီအိုအေ

ဂျပန်နိုင်ငံမှာ သောကြာနေ့က ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားရတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေကို


အအေးခံဖို့ အပြင်းအထန် ကြိုးစားတဲ့ အနေနဲ့ ဂျပန်စစ်တပ်ဟာ အားပြင်းတဲ့ မီးသတ်ပိုက်တွေကို
အသုံးပြုနေကြပြီး အချိန်သိပ်မကျန်တော့ဘူး ဆိုတာကိုလည်း အရာရှိတွေက အသိအမှတ်ပြု ပြောသွားပါတယ်။

ရဟတ်ယာဉ်မောင်းတွေအတွက် ရေဒီယို သတ္တိကြွဒဏ် သင့်နိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ပထမနေ့မှာ


ကောင်းကင်ပေါ်က ရေနဲ့ဖျန်းချတဲ့ အစီအစဉ်ကို ရပ်ပစ်လိုက်ရပြီးနောက် ကြာသပတေးနေ့ အစောပိုင်းမှာတော့
အစိုးရက ကောင်းကင်ပေါ်ကနေ ရေနဲ့ ဖျန်းချနေပြန်ပါတယ်။

လောင်စာချောင်းတွေ အေးအောင်လုပ်တာကို ပိုပြီး အချိန်ဆွဲ မနေနိုင်တော့တာကြောင့် အစိုးရက အခုလို


ဆုံးဖြတ်ခဲ့ရတာလို့ ကာကွယ်ရေးဝန်ကြီး တိုရှီမီ ကီတာဇာဝါ (Toshimi Kitazawa) က ပြောပါတယ်။

ဒါပေမဲ့ ရေတွေက ဖျန်းပက်တဲ့နေရာ မရောက်ဘဲ လမ်းမှာ လေထဲလွင့်သွားတာ ရုပ်မြင်သံကြားသတင်းမှာ


တွေ့ရပြီး ၄ ကြိမ်လောက် ကြိုးစားပြီးတဲ့နောက်မှာ လက်လျှော့လိုက်ရတယ်လို့ ပြောပါတယ်။

တိုကျိုမြို့တော် မြောက်ပိုင်း မိုင် ၁၅၀ လောက်မှာ တည်ရှိတဲ့ နျူကလီးယား စက်ရုံတဝိုက်မှာ ရေဒီယို


သတ္တိကြွနှုန်း မြင့်မားလွန်းလို့ အလုပ်သမားတွေဟာ မိနစ်ပိုင်းထက်ပိုပြီး စက်ရုံမှာ ရှိနေလို့ မရပါဘူး။

ကနဦး တိုင်းတာချက်တွေအရ ပထမအကြိမ် ရဟတ်ယာဉ်ပေါ်ကနေ ရေနဲ့ဖျန်းချခဲ့တာက ဘာမှ


အကျိုးသက်ရောက်မှု မရှိဘူးဆိုတာ တွေ့ရပါတယ်။
စက်ရုံမှာ မကြာခင် လျှပ်စစ်မီး ပြန်ရတော့မယ်လို့ အရာရှိတွေက ကြာသပတေးနေ့မှာ ပြောသွားပြီးတဲ့နောက်
စက်ရုံမှာရှိတဲ့ ဓာတ်ပေါင်းဖို ၆ ခုက လောင်စာချောင်းတွေဆီ ရေပြန်ပို့ပေးတဲ့ နေရာမှာ ပိုအားကောင်းတဲ့
ရေစုပ်စက်တွေ အသုံးပြုနိုင်တော့မယ်ဆိုပြီး မျှော်လင့်ချက်တွေ များလာနေပါတယ်။

အမေရိကန်အစိုးရ အပါအ၀င် နိုင်ငံခြား အစိုးရတွေကတော့ သူတို့ရဲ့ နိုင်ငံသားတွေကို စက်ရုံနဲ့ အနည်းဆုံး မိုင်


၅၀ အကွာမှာ နေကြဖို့ အကြံပြုထားပါတယ်။ သံရုံးအများအပြားကလည်း သူတို့ဝန်ထမ်းတွေကို ပြန်ပြီး
ခေါ်ယူနေကြပါပြီ။

ဂျပန်ပြည်သူတွေ အဲဒီလို အခက်အခဲနဲ့ တွေ့ကြုံနေရတဲ့ အခါမှာ ထားရှိတဲ့ ကြံ့ခိုင်တဲ့ စိတ်ဓာတ်ကို ဂုဏ်ယူ


လေးစားပါကြောင်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဂျပန်ဝန်ကြီးချုပ် နာအိုတို
ခန် (Naoto Kan) ကို ကြာသပတေးနေ့တုန်းကပဲ ဖုန်းဆက်ပြီး ပြောကြားခဲ့ပါတယ်။

ကုလ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသွားရန် စီစဉ်နေ


2011-03-17 RFA

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို လာမဲ့ သုံးလအတွင်း သွားရောက် စုံစမ်းနိုင်ဖို့ စီစဉ်နေပြီလို့


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က RFA ကို
ဒီကနေ့ မတ်လ ၁၇ ရက်မှာ ပြောပါတယ်။

မစ္စတာကင်တားနား။ ။ “မြန်မာအစိုးရက ကျနော် နောက်ထပ်သွားရောက်မဲ့ ခရီးစဉ်ကို လက်ခံတယ် ဆိုတာ


ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ တရားဝင် ထုတ်ဖော် ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။
ဒါ့ကြောင့် ကျနော့်အနေနဲ့ သွားရောက်မဲ့ ရက်အတိအကျနဲ့ ခရီးစဉ် အသေးစိတ်ပါဝင်တဲ့ အဆိုပြုချက်
စာတစောင်လည်း မကြာခင် မြန်မာအာဏာပိုင်တွေထံ ပေးပို့ဖို့ စီစဉ်နေပါပြီ၊ ဇွန်လမတိုင်ခင် သွားရောက်ဖို့
မျှော်လင့်ထားပါတယ်”

မစ္စတာ ကင်တားနားဟာ ၂၀၁၁ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာကို ပြီးခဲ့တဲ့


တနင်္လာနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ဖတ်ကြား
တင်ပြခဲ့ပါတယ်။
သူ့ရဲ့ တင်ပြချက်ထဲမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ ဆက်လက် ဆိုးဝါးနေဆဲ ဖြစ်ကြောင်း၊
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်သွားအောင် အစိုးရက တာဝန်ယူ ဆောင်ရွက်မှု မရှိဘူး ဆိုရင်
နိုင်ငံတကာ ဝင်ရောက် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ အစိုးရသစ်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို
ဖော်ထုတ်ဖို့ တာဝန်ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် မစ္စတာ ကင်တားနားက ရှေ့ဆက်လက် ဆောင်ရွက်သွားမဲ့ လုပ်ငန်းစဉ်မှာ အစိုးရသစ်နဲ့ ဆွေးနွေးမှု


မြှင့်တင်ရေး၊ ပူးပေါင်း ဆောင်ရွက်ရေး ဗျူဟာကို ချမှတ် အကောင်အထည် ဖော်သွားမယ်လို့ ပြောပါတယ်။

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ထောက်ပြဝေဖန်


ပြောဆိုတဲ့အတွက် စစ်အစိုးရက ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားတာ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလကတည်းက
ဖြစ်ပါတယ်။
ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ မစ္စတာကင်တားနား အခုနှစ် တင်သွင်းခဲ့တဲ့
အစီရင်ခံစာထဲမှာ ထူးခြားချက်အဖြစ် မြန်မာနိုင်ငံ ပညာရေးနဲ့ ပတ်သက်လို့ အကျယ်တဝင့် ဖော်ပြထားတာ
ဖြစ်ပါတယ်။
ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ကောက်နုတ် တင်ပြထားပါတယ်။
ကောက်နုတ်တင်ပြချက် အသံဖိုင်ယူရန်

ပြည်ပပို့ခွင့်မရ၍ ကြက်သွန်ဈေးကျ
2011-03-17 RFA

ချောင်းကြက်သွန်၊ ကိုင်းကြက်သွန်တွေ တပြိုင်တည်း လှိုင်လှိုင်ထွက်လာချိန်မှာ ပြည်ပကို ကြက်သွန် တင်ပို့ခွင့်


ပိတ်ပင်ထားတာမို့ ကြက်သွန်ဈေးတွေ ကျဆင်းနေတယ်လို့ စုံစမ်းသိရပါတယ်။

ဒီဇင်ဘာလကုန်၊ ဇန်နဝါရီလဆန်းလောက်က ကြက်သွန် တပိဿာ ကျပ် ၈၀၀၊ ၁၀၀၀ ဈေးအထိ


တက်သွားပြီးတဲ့နောက် ခုရက်ပိုင်းမှာတော့ တပိဿာ ၂၅၀ ဈေးပဲ ရှိတော့တယ်လို့ မကွေးတိုင်းက ကြက်သွန်ပွဲရုံ
ပိုင်ရှင် ဦးတင့်လွင်က ပြောပါတယ်။

“ကြက်သွန် အခြေအနေက ဈေးအေးတာပေါ့နော်၊ ၂၅၀၊ ၃၀၀ လောက် ဖြစ်သွားတယ်ပေါ့နော။ ကျတာတော့


၈၀၀ ဈေးက ကျတာပေါ့။ ၈၀၀ ဈေးကနေပြီးတော့ ၇၀၀၊ ၆၀၀၊ ၅၀၀၊ ၄၀၀ အခု ၃၀၀။ အဲ ၃၀၀ ကနေပြီးတော့
၂၅၀ လောက် ဖြစ်လာတာပေါ့။ ဟိုတလောက တော်တော် တက်တယ်ဆိုတာက ကြက်သွန်က
ရှားသွားတာပေါ့နော်။ အဲဒီ ၈၀၀၊ ၁,၀၀၀ ဖြစ်လိုက်တာက ဒီ ပြည်တွင်းမှာကိုပဲ ကြက်သွန်က ရှားသွားလို့
ဈေးတက်ရတာ။ အဲဒါက ကျွန်တော်တို့ ဒီဇင်ဘာလကုန် ဇန်နဝါရီ လဆန်းလောက်က။”

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဖက်ကို ကြက်သွန် မတင်ပို့နိုင်တဲ့အပြင် တရုတ်နဲ့ ထိုင်းနိုင်ငံဖက် တင်ပို့ခွင့် မရတော့လို့


ကြက်သွန်ဈေး တအိအိ ကျဆင်းသွားကြောင်း ဆက်လက်ပြောဆိုပါတယ်။

“ဘာလို့ ကျတုန်းဆိုတော့ ထိုင်းဖက်ကလည်း မထွက်ရဘူး၊ အပိတ်အဆို့ ရှိတာရယ်၊ တရုတ်လမ်းဖက်


ကျတော့လည်း ပါမစ် မပေးဘူးပေါ့နော်၊ ခိုးလိုင်းလေးတွေနဲ့ သွားနေကြတာ။ ဟို အပြင်မထွက်ရလို့ပေါ့နော်၊
တက်တဲ့ ကြက်သွန်အားက ဒီအချိန်မှာ များပြီးတော့ အပြင်ကို ရောင်းရတဲ့ အားက နည်းနေတာပေါ့။ နိုင်ငံခြားကို
မထွက်ရဘူး ဖြစ်နေတာပေါ့။ ဒီတရုတ်တို့ ထိုင်းတို့ မထွက်ရဘူး ဖြစ်နေတာ။ တရုတ်က တော်တော်
လိုချင်တယ်ခင်ဗျ။ လိုချင်တာကို ဒီက ပါမစ် မပေးတဲ့အခါကျတော့ ကောင်းကောင်း မသွားနိုင်ဘူး ဖြစ်နေတာ။”

ပြည်ပကို သင်္ဘောနဲ့ တင်ပို့တဲ့ ကိစ္စကို အာဏာပိုင်တွေကပဲ ချုပ်ကိုင်ထားတဲ့အတွက် သာမန် ကုန်သည်တွေ


ကုန်တင်ပို့ဖို့ မလွယ်ကူပဲ၊ နယ်စပ်ကို ကုန်ကားတွေနဲ့ တင်ပို့ပြန်တော့လည်း အတားအဆီး အပိတ်အဆို့တွေ
များပြားတယ်လို့ ဆိုပါတယ်။ လမ်းတလျှောက် ဂိတ်ကြေးတွေ ပေးနေရတဲ့အတွက် တွက်ခြေမကိုက်ဘူးလို့
ပြောပါတယ်။
ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့မယ်ဆိုရင် အခုလို ကုန်ဈေးနှုန်းတွေ ကမောက်ကမဖြစ်မှာ
မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

လယ်သမားအရေးဆောင်ရွက်ပေးသူများ လယ်လုပ်ခွင့်ပြန်မရသေး
2011-03-17 RFA
ILO ကမ္ဘာ့ အလုပ်သမားအဖွဲ့နဲ့ ဆက်သွယ်ပြီး လယ်သမားအရေးတွေ လိုက်လံ ဆောင်ရွက်ပေးနေတဲ့
အောင်လံမြို့နယ်က လယ်သမားတချို့ကို သက်ဆိုင်ရာ မြေစာရင်း အာဏာပိုင်က လယ်လုပ်ခွင့် ကန့်သတ်
ပိတ်ပင်ထားတယ်လို့ စုံစမ်း သိရှိရပါတယ်။

လယ်လုပ်ခွင့် ပိတ်ပင်ခံထားရတဲ့လယ်သမား ၁၀ ဦး ရှိပြီး သူတို့ဟာ လယ်သမားအရေး ဦးဆောင် ဆောင်ရွက်မှုနဲ့


ပတ်သက်ပြီး ထောင်ဒဏ် ချမှတ်ခံခဲ့ရရာက မနှစ်က ပြန်လွတ်လာခဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီ လယ်သမား ၁၀
ဦးထဲမှာ ပါဝင်တဲ့ ဦးသန်းစိုးက RFA ကို အခုလို ပြောပါတယ်။

“အောင်လံ မြို့နယ် မြေစာရင်း ဦးဝင်းမြင့်ဦးက ဒါက တောင်သူလယ်သမားတွေကို ဒေသခံ အာဏာပိုင်တွေက


လုပ်ကိုင်ခွင့် ပေးလိုက်တဲ့အတွက် ခင်ဗျားတို့ လွတ်လွတ်လပ်လပ် လုပ်စားကြပါတော့တဲ့။ မြေလွတ် မြေလပ်
မြေရိုင်းအဖြစ် အသုံးပြုခွင့် လျှောက်ထားတဲ့ သကြားစက်က ရှုံးသွားတဲ့အတွက် သူတို့ တက်မယ်ဆိုရင်လည်း
အယူခံ တက်နိုင်တာပေါ့ဗျာတဲ့။ ကျွန်တော့ဆီ လာမှာပေါ့တဲ့။ ဒီနေ့ထိတော့ သူ့ဆီ မလာသေးဘူးတဲ့။
လုပ်ကြပါတဲ့ လွတ်လွတ်လပ်လပ်တဲ့။”

“သို့သော်လည်းပဲ အခု ဖြစ်နေတဲ့ အခက်အခဲက အောင်လံမြို့နယ် မြေစာရင်း ဦးစီးဌာန ဦးစီးမှူးရဲ့


လက်ထောက်ပေါ့ဗျာ၊ ကိုတင်မောင်ဘိုပေါ့။ ဒီမြေတွေကို ဆက်လက် သိမ်းယူထားပြီးတော့ သူ့
ကိုယ်ကျိုးစီးပွားအတွက် မြေငှား ဆက်ချနေတဲ့အတွက် စီးပွားရေးသမားတွေနဲ့ ကျွန်တော်တို့
တောင်သူလယ်သမား ၁၀ ဦးနဲ့ပေါ့ ဆက်လက်ပြီးတော့ ပြဿနာတွေ ဖြစ်နေကြတယ်။”

မြေသိမ်းခံခဲ့ရတဲ့ တောင်သူလယ်သမားက စုစုပေါင်း ၄၃ ဦး ရှိခဲ့ပါတယ်။ အဲဒီလယ်သမားတွေ စိုက်ပျိုး


လုပ်ကိုင်နေတဲ့ လယ်မြေတွေကို သကြားစက်နဲ့ မြေတိုင်းဌာန အာဏာပိုင်တွေက သိမ်းပိုက်ခဲ့တဲ့ကိစ္စ ILO ကို
တိုင်တန်းတဲ့အတွက် တန်ပြန်အရေးယူခံရပြီး လယ်သမား ၁၂ ဦး ထောင်ချခံခ့ရ
ဲ တာပါ။

နောက်ပိုင်းမှာတော့ ILO ရဲ့ တောင်းဆိုမှုကြောင့် စစ်အစိုးရက သူတို့ကို အကျဉ်းထောင်ကနေ


ပြန်လွှတ်ပေးခဲ့ရသလို၊ လယ်မြေတွေ ပြန်လည် လုပ်ကိုင်ခွင့်လည်း ပေးခဲ့ရပါတယ်။

ဒါပေမဲ့ လယ်သိမ်းခံရသူ ၄၃ ယောက်ထဲမှာ ဦးသန်းစိုး အပါအဝင် ILO နဲ့ ဆက်သွယ် ဆောင်ရွက်ခဲ့သူ


လယ်သမား ၁၀ ဦးကို လုပ်ကိုင်ခွင့် ဆက်မပေးပဲ ထားခဲ့တာပါ။

ဒီအကြောင်း အသေးစိတ်ကိုလည်း ဦးသန်းစိုးတို့က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ILO ရုံးကို ဆက်လက်


တင်ပြထားတယ်လို့ သိရပါတယ်။

ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ရေး ဒေါ်အောင်ဆန်းစုကြည် ပြောဆို


2011-03-17 RFA

ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်အောင် လုပ်တဲ့နေရာမှာ တိုင်းရင်းသားတွေက ဗမာအစိုးရကို မယုံသလို၊


ဗမာအစိုးရက တိုင်းရင်းသားအရေးကို အလေးမထားဘူးလို့ ခံယူနေတဲ့အတွက် ပြည်ထောင်စုစိတ်ဓာတ်
ခိုင်မာသင့်သလောက် မခိုင်မာခဲ့တာ ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
သုံးသပ် ပြောဆိုလိုက်ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်တွေနဲ့ ရှမ်းပြည်နယ်က စည်းရုံးရေး ခေါင်းဆောင်တွေ
ဒီကနေ့ တွေ့ဆုံတဲ့ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။

“ကျွန်မတို့ ပြည်ထောင်စု စိတ်ဓာတ်ကို ရှင်သန်အောင် လုပ်တဲ့နေရာမှာ ဘယ်လို အထစ်အငေါ့တွေ ရှိနေသလဲ၊


ဘယ်လို အပိတ်အဆို့တွေ ရှိနေသလဲ၊ ဘယ်လို ခလုတ်ကန်သင်းတွေ ရှိနေသလဲဆိုတာကို ကျွန်မတို့ နားလည်ဖို့
လိုပါတယ်တဲ့။”

“အဓိက အချက်တခုကတော့ ကျွန်မတို့ တိုင်းရင်းသားများအနေနဲ့ ညီအစ်ကို မောင်နှမတွေ အနေနဲ့ ပြည်မ


အစိုးရကို မလွန်ဆန်နိုင်တဲ့ ကိစ္စ ဒီလိုပဲ ကျွန်မ မြင်ပါတယ်။ ဗမာအစိုးရကို မယုံကြည်သလို ဗမာအစိုးရဟာ
တိုင်းရင်းသားတွေရဲ့ အရေးကို ဘယ်တော့မှ အလေးမထားဘူး ဆိုတဲ့ ခံယူချက်တွေကြောင့် ကျွန်မတို့
ပြည်ထောင်စု စိတ်ဓာတ်ဟာ ခိုင်မာသင့်သလောက် မခိုင်မာခဲ့တာ ဖြစ်တယ်။”

“ဒီလို ပြဿနာတွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာကို အဓိက ထားပြီးတော့ ကျွန်မတို့ မြို့နယ်တွေက


အခြေအနေတွေ၊ ပြည်နယ်တွေက အခြေအနေတွေ တင်ပြစေချင်ပါတယ် စသဖြင့် သူက အဲဒီလို
ဖွင့်ပေးပါတယ်ခင်ဗျ။”

ဒါ့အပြင် လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှာ အမျိုးသားခေါင်းဆောင်တွေက ပြည်ထောင်စုအတွက် ရှမ်းပြည်နယ်


ပင်လုံမြို့မှာ ညီလာခံ ကျင်းပနိုင်ခဲ့တာဟာ ရှမ်းတိုင်းရင်းသားတွေရဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မှုကြောင့်
ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဒါကြောင့် ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက်ရေးမှာလည်း ရှမ်းတိုင်းရင်းသားတွေအနေနဲ့ ဆက်လက် ပူးပေါင်း


ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

ရှမ်းပြည်နယ်ကနေ ဆွေးနွေးပွဲ တက်လာတဲ့ ကိုယ်စားလှယ်တွေကလည်း ဒုတိယ ပင်လုံညီလာခံ


ပေါ်ပေါက်ရေးအတွက် သူတို့အနေနဲ့ အတတ်နိုင်ဆုံး ပံ့ပိုးကူညီမယ်လို့ ပြန်လည် ပြောဆိုကြောင်း သိရပါတယ်။

ဒါ့အပြင် သူတို့ဒေသတွေမှာ NLD ကို ဖိအားပေးတာတွေ များတဲ့အတွက် ပြည်သူတွေကြား လှုပ်ရှားရတာတွေ


နှေးကွေးနေရတဲ့ ကိစ္စ၊ စစ်အစိုးရနဲ့ အပစ်ရပ်အဖွဲ့တွေရဲ့ စီးပွားရေး ချဲ့ထွင်မှုကြောင့် ဒေသခံလယ်သမားတွေ
လယ်မြေတွေ အသိမ်းခံရတဲ့ကိစ္စ၊ ဘိန်းစိုက်ပျိုးမှုတွေ ဆက်ရှိနေတဲ့ ကိစ္စတွေ တင်ပြကြတယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲမှာ ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟို အလုပ်အမှုဆောင် ဦးဝင်းတင်တို့ကလည်း ကိုယ်စားလှယ်တွေရဲ့


မေးမြန်းချက်တွေကို ပြန်လည် ဖြေဆိုကြပါတယ်။

အိန္ဒိယနိုင်ငံသား လူငယ်တဦး ကလေးစစ်သားအဖြစ် စုဆောင်းခံရ


2011-03-17 RFA

မြန်မာနိုင်ငံသား မဟုတ်တဲ့ အိန္ဒိယနိုင်ငံသား အသက်မပြည့်သေးတဲ့ နာဂကလေးငယ်တဦးကို မြန်မာစစ်တပ်က


စစ်သားအဖြစ် စုဆောင်းခဲ့တယ်လို့ အမှုကို ကူညီဆောင်ရွက်နေတဲ့ ရှေ့နေတွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံသားတဦး ဖြစ်တဲ့ ထန်မိုင်စိုးလ်ဟာ အိန္ဒိယနိုင်ငံ နာဂလန်းပြည်နယ်က နာဂလူမျိုး တဦးဖြစ်ပြီး လွန်ခဲ့
၃ နှစ်က လူမှောင်ခို ပွဲစားတွေကတဆင့် စစ်သား စုဆောင်းရေးကို ရောင်းစားခဲ့တာလို့ အမှုကို ကူညီပေးနေတဲ့
ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။

“မိဘတွေက အင်ဖာမြို့မှာ နေတဲ့ နာဂတန်းဆိုတာ ရပ်ကွက်မှာပေါ့နော်၊ အဲဒီမှာနေတာ သူ့အဖေ နာမယ်က


ရော့က်ဆန်း၊ အမေနာမယ်က ဟာမီလာ။ သူ့ကို ဒီ အိန္ဒိယ-ဗမာ နယ်စပ်မှာ ဒီဖက်ကို ယူလာပြီး
ရောင်းလိုက်တာဗျ။ ရောင်းလိုက်ရင်းနဲ့ သူက ဒီ အင်တိုင်းမှာ ရှိတဲ့ ၃၆၁ တပ်ကို စစ်သားအဖြစ်နဲ့
ရောက်သွားတယ်။ ရောက်တဲ့အချိန်မှာ သူက အသက်က ၁၆ နှစ် မပြည့်သေးဘူး။”

“ဒါပေမဲ့ သူ့ကို ထန်မိုင်စိုးလ် ခေါ် ထန်မင်းဇော်ဆိုပြီး ပြောင်းပြီးတော့ အဖေနာမယ်ကိုလည်း ဦးသန်းလွင်


ဆိုပြီးတော့ အဲဒီ လာပို့တဲ့လူက သူ့နာမယ် သွင်းလိုက်တာ။ အဲဒီတော့ သူက ဒီ ကရင်ပြည်နယ် စစ်ဆင်ရေးကို
လွှတ်လိုက်တဲ့အခါကျတော့ သူက မလိုက်လိုတော့ သူ့မှာ ပြန်ဖို့ကလည်း မရှိဘူး။ အဲဒီတော့ သူက အရာရှိရဲ့
သေနတ်ကို ယူပြီးတော့ ရောင်းဖို့ ဆိုပြီးတော့ ပြန်လာတာ၊ မန္တလေးမြို့မှာ အဖမ်းခံလိုက်ရတယ်။ အဲဒီတော့
စစ်တရားရုံးက ထောင် အနှစ် ၂၀ ချလိုက်တယ်။”

ဒီကိစ္စနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ


အာဏာပိုင် အဖွဲ့အစည်းတွေဆီကို တင်ပြထားတယ်လို့ သိရပါတယ်။

တရုတ် ထိပ်တန်းခေါင်းဆောင် မလာမီ အစိုးရသစ် အမြန်ဖွဲ့မည်


ရန်ပိုင် Thursday, 17 March 2011 19:21 ဧရာဝတီ

နေပြည်တော်တွင် ပြုလုပ်နေသည့် လွှတ်တော် အစည်းအဝေးများကို အပြီးသတ်ကာ လာမည့် ရက်ပိုင်အတွင်း


အစိုးရသစ်ကို စတင်ဖွဲ့စည်း တော့မည်ဟု နေပြည်တော်နှင့် နီးစပ်သည့် အသိုင်းအ၀န်းက ပြောသည်။

နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူများ အဆိုအရ လာမည့် ဧပြီလ ၂ ရက်နေ့တွင်


တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်တန်းခေါင်းဆောင် ကျာချင်လင်း (Jia Qinglin) မြန်မာနိုင်ငံသို့
လာရောက်လည်ပတ်မည့် ဖြစ်ကြောင်း၊ ယင်း တရုတ်ထိပ်တန်း ခေါင်းဆောင်နှင့် ဦးသိန်းစိန် ခေါင်းဆောင်သည့်
အစိုးရအဖွဲ့သစ်ကို တွေ့ဆုံရန်အတွက် ဖြစ်နိုင်ကြောင်း သိရသည်။

ထို့အပြင် အစိုးရအဖွဲ့ဟောင်း၏ ဘဏ္ဍာရေးနှစ်သည်လည်း ယခု မတ်လကုန်လျှင် ပြီးဆုံးမည်ဖြစ်ပြီး အစိုးရသစ်၏


ဘဏ္ဍာရေးဆိုင်ရာ အသုံးစရိတ်များကို ဧပြီလတွင် စတင်လည်ပတ်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် မစ္စတာ ကျာချင်လင်းသည် တရုတ်ကွန်မြူနစ်ပါတီ၏


ပေါ်လစ်ဗျူရိုအဖွဲ့တွင် တဦး အပါအ၀င်ဖြစ်ပြီး ယခုခရီးစဉ်သည် မြန်မာပြည်၏ အရပ်သားအစိုးရသစ်ကို
လာရောက်တွေ့ဆုံကာ ချီးကျူးခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

တရုတ်အစိုးရသည် မြန်မာစစ်အစိုးရနှင့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ရှိပြီး စီးပွားရေးကဏ္ဍတွင်သာမက


စစ်ရေးဆက်ဆံမှုများလည်း ရှိနေရာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်မှ လေ့လာရေး
ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်ရက်ပိုင်းက လာရောက် လည်ပတ်ခဲ့ကြောင်း
စစ်အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့က ပြုလုပ်သည့် ရွေးကောက်ပွဲတွင် စစ်အစိုးရ
ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က
ပြည်သူလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် အများစု
အနိုင်ရရှိခဲ့သည်။

ရွေးကောက်ပွဲအပြီး ၂ ရက်အကြာတွင် တရုတ်သမ္မတ ဟူကျင်းတောင်နှင့် ဒု သမ္မတ ဇီကျန်ပင်းတို့က


ရွေးကောက်ပွဲတွင် အနိုင်ရ ရှိခဲ့သည့်အတွက် ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာပေးပို့ခဲ့သည်။

အစိုးရသစ်ဖွဲ့စည်းရေးနှင့် ပတ်သက်သည့် လွှတ်တော်အစည်းများကို လွန်ခဲ့သည့် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ


စတင်ကျင်းပခဲ့ရာ ယခုဆိုလျှင် ၁ လခွဲနီးပါး ကြာမြင့်နေပြီဖြစ်ပြီး သမ္မတအဖြစ် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ်
ဦးသိန်းစိန်၊ ဒုသမ္မတအဖြစ် စစ်အစိုးရ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့်
ရှမ်းအမျိုးသား ဒေါက်တာ စိုင်းမောက်ခမ်းတို့အား ခန့်အပ်ထားသည်။

ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းမှာ ပြည်သူလွှတ်တော် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အမျိုးသားလွှတ်တော်


ဥက္ကဋ္ဌအဖြစ် ယဉ်ကျေးမှုဝန်ကြီး ဦးခင်အောင်မြင့်က ဆောင်ရွက်သည်။ လွှတ်တော် အစည်းအဝေးများသည်
များသောအားဖြင့် အချိန် ၁၅ မိနစ်ခန့်သာ ကြာမြင့်သောကြောင့် ၁၅ မိနစ်လွှတ်တော်ဟုပင်
ရေးသားပြောဆိုခံရသည်။

တရုတ်အစိုးရသည် လက်ရှိ စစ်အစိုးရနှင့် ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများ၊ ရခိုင်ပြည်နယ် ကျောက်ဖြူ


ရေနက်ဆိပ်ကမ်း စီမံကိန်းများကို လုပ်ကိုင်နေပြီး ရခိုင်ကမ်းလွန်မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေများကို
တရုတ်နိုင်ငံသို့တင်ပို့ ရေး စီမံကိန်းများကို သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် သဘောတူလက်မှတ်များ
ရေးထိုးပြီးဖြစ်သည်။

မစ္စတာ ဒန်ကလေကို အာမခံ မပေး


မင်းနိုင်သူ Thursday, 17 March ဧရာဝတီ

မြန်မာတိုင်းမ် အမှုဆောင် အရာရှိချုပ် မစ္စတာ ရော့စ် ဒန်ကလေအား ယနေ့ တတိယ အကြိမ်မြောက်


ရုံးထုတ်ရာတွင် အာမခံ လျှောက်ထားမှုကို တရားသူကြီးက ပယ်ချ လိုက်သည်။

မြန်မာတိုင်းမ်မှ မန်နေဂျာ ဦးဝေလင်းက “ပြီးခဲ့တဲ့ တရားခွင်တုန်းက မစ္စတာ ဒန်ကလေရဲ့ ရှေ့နေတွေက


အာမခံရဖို့ လျှောက်လဲချက် တင်ထားပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး မစ္စတာ ဒန်ကလေအပေါ် စွဲဆိုထားတဲ့
ပုဒ်မတွေဟာ အာမခံပေးလို့ မရဘူးလို့ တရားသူကြီးက အမိန့်ချမှတ်ပါတယ်” ဟု ပြောသည်။

ယနေ့တရားခွင်၌ တရားလိုဘက်မှ သက်သေအဖြစ် တင်သွင်းသည့် မစ္စတာဒန်ကလေ၏ ခြံနှင့်


မျက်နှာခြင်းဆိုင်ခြံမှ ခြံစောင့်အလုပ်သမားတဦးနှင့် မူးယစ်ဆိုင်ရာ ဆရာဝန်တို့၏ ထွက်ဆိုချက်များကို
တရားသူကြီးက ကြားနာခဲ့ကြောင်း သိရသည်။

အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေနေသည့် မြန်မာတိုင်းမ်ဂျာနယ် အမှုဆောင်အရာရှိချုပ် မစ္စတာ


ဒန်ကလေသည် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃ (၁)၊ ရာဇ၀တ်မှု ပုဒ်မ ၃၂၃၊ ၃၂၈၊ ၃၅၂၊ ၃၄၁ တို့ဖြင့်
ငြိစွန်းသည်ဟု စွပ်စွဲခံရပြီး ကမာရွတ်တရားရုံးတွင် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။
သြစတြေးလျနိုင်ငံသား မစ္စတာ ဒန်ကလေသည် ၂၀၀၀ ပြည့်နှစ်တွင် မြန်မာတိုင်းမ်ဂျာနယ်ကို ထိုစဉ်က
တန်ခိုးထွားသည့် စစ်ထောက်လှမ်းရေး၏ ကျောထောက်နောက်ခံပြုမှုဖြင့် စတင်ထုတ်ဝေခဲ့သည်ဟု ရန်ကုန်
စာနယ်ဇင်း အသိုင်းအ၀ိုင်းက ဆိုသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့်၏ စစ်ထောက်လှမ်းရေးအဖွဲ့ကို ၂၀၀၄ ခုနှစ်တွင် စစ်အစိုးရက ဖျက်သိမ်းခဲ့ပြီးနောက်


မြန်မာတိုင်းမ်ဂျာနယ် ရှယ်ယာဝင် ဗိုလ်မှူးချုပ် သိန်းဆွေ၏သား ဦးဆန်နီဆွေလည်း အဖမ်းခံခဲ့ရကာ ၄င်း၏
အစုရှယ်ယာများကို ပြန်ကြားရေးဝန်ကြီးနှင့် နီးစပ်သည့် ဒေါက်တာ တင်ထန
ွ်းဦးထံ လွှဲပြောင်းပေးခဲ့ရကြောင်း
အမည်မဖော်လိုသည့် သတင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

မစ္စတာ ဒန်ကလေကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် ၃ ရက်အကြာတွင် ပြည်မြန်မာဂျာနယ်၊


သုတစွယ်စုံမဂ္ဂဇင်း အပါအဝင် အပတ်စဉ်ထုတ် ဂျာနယ်များနှင့် လစဉ်ထုတ် မဂ္ဂဇင်းများကို ထုတ်ဝေနေသူ
စွယ်စုံမီဒီယာပိုင်ရှင် ဒေါက်တာတင်ထွန်းဦးက မြန်မာတိုင်းမ်ဂျာနယ် အယ်ဒီတာချုပ်အဖြစ် ပြောင်းလဲ
တာဝန်ယူခဲ့သည်။

မစ္စတာ ဒန်ကလေအမှုကို မတ်လ ၂၃ ရက်နေ့တွင် ဆက်လက်ကြားနာရန် ကမာရွတ်တရားရုံးက


ထပ်မံချိန်းဆိုထားသည်။

DKBA စစ်ဆင်ရေး သတင်းကြောင့် မြဝတီမြို့ခံများ တိမ်းရှောင်


ဧရာဝတီ Thursday, 17 March ဧရာဝတီ

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က ထိုင်း - မြန်မာ နယ်စပ် ကရင်ပြည်နယ်


မြ၀တီမြို့တွင် ယနေ့ စစ်ဆင်ရေး ပြုလုပ်မည် ဆိုသည့်သတင်း ထွက်ပေါ် နေသဖြင့် မြို့ခံများ ဘေးကင်း
လုံခြုံရာသို့ ရှောင်တိမ်း နေကြသည်ဟု သိရသည်။

မြ၀တီမြို့ခံတဦးက “DKBA ဗိုလ်နှုတ်ခမ်းမွေး အဖွဲ့က ဝင်တိုက်မယ်ဆိုတော့ ထိုင်းဘက်နဲ့ ကော့ကရိတ် ဘက်ကို


ရှောင်တာရှိသလို၊ မြို့ပြင် ဘက်ကိုလည်း ရှောင်နေကြတယ်။ အာဏာပိုင်တွေကတော့ ဒီသတင်း မဟုတ်ဘူး၊
ကောလာဟလလို့ ရပ်ကွက်ထဲ လိုက်ပြောနေတယ်။ ဒါပေမယ့် ရှောင်နေတဲ့အထဲမှာ သူတို့ ဆွေမျိုး သားချင်းတွေ
ရှေ့ဆုံးကပဲ” ဟု ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲ သတင်းများကြောင့် မြဝတီမြို့၌ ကျီးလန့်စာစားဖြစ်နေချိန်တင


ွ် ထိုင်းဘက်ခြမ်း နယ်ခြားမျဉ်းအနီးရှိ
သုဿန်တွင် ပြုလုပ်သော ဈာပနမှ ပစ်ဖောက်သည့် မီးကျည်အသံများကြောင့် မြို့ခံများ ထိတ်လန့်ကာ တမြို့လုံး
အသွားအလာမရှိဘဲ ငြိမ်သက်နေသည်ဟု သူက ဆိုသည်။

DKBA တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး တဦးဖြစ်သည့် ဗိုလ်မှူးဆန်းအောင်က “ဒီနေ့ စစ်ဆင်ရေးရှိတာ ဟုတ်တယ်။


ကျနော်တို့တပ်ဖွဲ့တွေ မြို့ကိုဝိုင်းထားပေမယ့် ဒီရက်တွေမှာ မိုး တအား ရွာနေတာကြောင့် စစ်ဆင်ရေးကို
အဟန့်အတား ဖြစ်မှာစိုးလို့ ဒီနေ့တော့ မလုပ်ဖြစ်ပါဘူး။ ဒီစစ်ဆင်ရေးက နအဖ ရဲ့ ယန္တရား ကိုပဲ အဓိကတိုက်မှာ
ဖြစ်တဲ့အတွက် အရပ်သားတွေ စိုးရိမ်ဖို့ မလိုဘူး။ ဒါပေမယ့် သတိနဲ့တော့ သွားလာဖို့ လိုတယ်” ဟု ပြောသည်။

DKBA တပ်မဟာ ၅ အဖွဲ့သည် ၁၀ တန်း ကျောင်းသားများ စာမေးပွဲပြီးသည့် ရက်ပိုင်းအတွင်း မြ၀တီမြို့ကို


ထိုးစစ်ဆင်မည် ဆိုသည့်အကြောင်း မြို့ခံများ သိရှိစေရန် ကြိုတင်ပြောကြားထားပြီး ဖြစ်သည်ဟုလည်း
ဗိုလ်မှူးဆန်းအောင်က ဆိုသည်။
လွန်ခဲ့သည့် ၃ ရက်ခန့်ကလည်း DKBA အဖွဲ့သည် မြ၀တီ - ကော့ကရိတ် ကားလမ်းပေါ်ရှိ တောင်သုံးလုံး ဒေသ
အနီးတွင် နအဖ တပ်စခန်းများကို ၀င်ရောက်ပစ်ခတ်ခဲ့သည့် အတွက် နအဖ တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့သည်ဟု
မြ၀တီမြို့ခံ ယာဉ်မောင်းတဦးကပြောသည်။

DKBA အဖွဲ့သည် ဆက်လက်ရပ်တည်ရန် ဘဏ္ဍာငွေ မရှိတော့သဖြင့် မြ၀တီမြို့ကို ၀င်ရောက်တိုက်ခိုက်ပြီး


ပြည်သူများထံမှ ဓားပြတိုက် လုယက်ရန် အစီအစဉ်ရှိသည်ဟု မြ၀တီခရိုင် အစိုးရ အာဏာပိုင်များက ခရိုင်
အတွင်း သတင်းဖြန့်ထားသည်ဟု သိရသည်။

မြဝတီမြို့ခံ ယာဉ်မောင်းက “မြ၀တီခရိုင်နဲ့ ကော့ကရိတ်ခရိုင် နှစ်ခုကို DKBA နဲ့ KNU (ကရင်အမျိုးသား


အစည်းအရုံး) က ဘယ်အချိန် ၀င်တိုက်တိုက် ရတဲ့အနေအထား ရှိတာကို လူထုက သိထားတယ်။ သူတို့မှာ
အတွေ့အကြုံနဲ့ အဆက်အသွယ်တွေက ရှိပြီးသားဆိုတော့ အရင်ရှောင်ထားတာ အလကားမဖြစ်ဘူးဆိုတာ
သိနေကြတယ်။ မြ၀တီနဲ့ ကော့ကရိတ်လမ်းကိုတောင် လုံခြုံရေး မပေးနိုင်တဲ့ အာဏာပိုင်တွေကို လူထုက
အယုံအကြည် မရှိတာ ရှေ့မှာ နမူနာတွေအများကြီး ရှိခဲ့တယ်” ဟုပြောသည်။

DKBA အဖွဲ့က မြ၀တီမြို့ စစ်ဆင်ရေးကို အကောင်အထည်ဖေါ်မည့် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်


လုပ်ဆောင်သွားမည်ဟု ပြောထားပြီး မြ၀တီခရိုင်အာဏာပိုင်များ ဘက်မှ မြို့တွင်းလုံခြုံရေးအတွက် ပုံမှန်ထက်
တပ်အင်အားများ တိုးမြှင့်ချထားကြောင်း၊ ခရိုင်အတွင်း တပ်လှန့် ထားကြောင်း ကရင် နယ်ခြားစောင့်တပ်မှ
တပ်ဖွဲ့ဝင်တဦးက ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့တွင် စစ်အစိုးရ ရွေးကောက်ပွဲ ကျင်းပသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့မှစ၍


နအဖတပ်နှင့် DKBA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံများ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ ထွက်ပြေးခဲ့ကြ
ရသည်။

ကျေးရွာ၊ ရပ်ကွက်ခေါင်းဆောင်နေရာများ ကြံ့ဖွံ့ကန့်ကွက်ခံရ


ခင်ဦးသာ Thursday, 17 March ဧရာဝတီ

အစိုးရသစ် လက်ထက်တွင် တာဝန်ယူကြမည့် ကျေးရွာ၊ ရပ်ကွက် ဥက္ကဋ္ဌသစ် ရာထူးများအတွက် ပြည်ထောင်စု


ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၀င်များကို အဆိုပြုထားခြင်း အပေါ် ကန့်ကွက်ခံနေရကြောင်း
သိရသည်။

“ဥက္ကဋ္ဌ နေရာကို ကြံ့ဖွံ့ပါတီဝင်ကို ခန့်မယ့်ကိစ္စ ကန့်ကွက်ထားပါတယ်။ ကန့်ကက


ွ်နေတဲ့ကြားက
ခန့်ထားမယ်ဆိုရင် ဆရာတော်တွေဆီက တဆင့်ပြန်ပြီးတော့ ကန့်ကွက်သွားဖို့ ပြင်ဆင်နေကြတယ်” ဟု
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ဧရာဝတီကို ပြောသည်။

မွန်ပြည်နယ်၌ ဆရာတော်၊ သံဃာတော်များ၏ သြဇာသည် ဒေသခံပြည်သူများအပေါ် အပြည့်အဝ


သက်ရောက်မှုရှိကြောင်း၊ ထိုပုဂ္ဂိုလ်များ၏ မိန့်ကြားချက်ကို ပြည်သူအားလုံးက လက်ခံကြသောကြောင့်
ကြံ့ဖွံ့ပါတီဝင်များအား ဥက္ကဋ္ဌ အဆိုပြုခြင်းကို ဆရာတော်များ၏ ထောက်ခံမှုဖြင့် ပယ်ချသွားမည် ဖြစ်ကြောင်း
ဦးနိုင်ငွေသိန်းက ရှင်းပြသည်။

ကျေးရွာ၊ ရပ်ကွက် ဥက္ကဋ္ဌ နေရာအတွက် အမည်စာရင်းတင်သွင်ခြင်းကို ဖေဖော်ဝါရီ လကုန်ပိုင်းမှ စ၍


မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တခြားသော နေရာဒေသများတွင် လုပ်ဆောင်နေကြောင်း သိရသည်။
အစိုးရသစ်သည် ယခုလအတွင်း အာဏာလွှဲပြောင်းယူမည်ဟု သတင်းများထွက်ပေါ်နေပြီး
၎င်း၏လက်အောက်တွင် တာဝန်ယူကြမည့် ရပ်ကွက်၊ ကျေးရွာ ဥက္ကဋ္ဌ များ၏ အမည်စာရင်းကိုလည်း
ကြိုတင်ပြင်ဆင်နေကြသည်။

ကျေးရွာ၊ ရပ်ကွက် ဥက္ကဋ္ဌ များအား ရွေးချယ်ရာတွင် နိုင်ငံရေးပါတီဝင် မဟုတ်သော လူအများ


လေးစားကြည်ညိုသည့် ရပ်မိ၊ ရပ်ဘ လူကြီးများကိုသာ ရွေးချယ်တင်မြှောက်ရမည်ဟု ၂၀၀၈ ဖွဲ့စည်းပုံတွင်
ထည့်သွင်း ရေးဆွဲထားသည်။

“ကြံ့ဖွံ့က ဥပဒေကို ဆန့်ကျင်ပြီးတော့ ဥက္ကဋ္ဌနေရာမှာ သူ့တို့လူကို စာရင်းတင်ထားတယ်၊ အဲဒါကိုမကျေနပ်လို့


သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တိုင်ထားတယ်” ဟု ကျောက်ဖြူမြို့မှ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ
(RNDP) ၀င် တဦးကပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ စသည့်မြို့နယ်များ၌ ရပ်ကွက်ဥက္ကဋ္ဌ၊ ကျေးရွာဥက္ကဋ္ဌ


များ၏ အမည်စာရင်းအတွက် ကြံ့ဖွံ့က လူထုထံ ကွင်းဆင်း၍ မဲစနစ်နှင့် ကောက်ခံနေသော်လည်း
နောက်ဆုံးထွက်လာသည့် အမည်မှာ ကြံ့ဖွံ့ပါတီဝင်သာ ဖြစ်နေခြင်းကို ဒေသခံများက မကျေနပ်၍
အငြင်းပွားမှုများဖြစ်နေကြကြောင်း RNDP ပါတီဝင်က ရှင်းပြသည်။

တိုင်တန်းမှု၊ ကန့်ကွက်မှုများကို ဆက်တိုက်လုပ်ဆောင်နေကြချိန်တွင် ကြံ့ဖွံ့ပါတီဝင်များသည် ၎င်းတို့တင်သွင်း


အဆိုပြု ထားသော အမည်များကို ရုပ်သိမ်းထားသော်လည်း လျှို့ဝှက်မဲစနစ်နှင့် လုပ်ဆောင်ပါက
ကြံ့ဖွံ့ပါတီဝင်ကိုသာ ထောက်ခံ ပေးကြရန် နည်းလမ်းစုံဖြင့် လိုက်လံ စည်းရုံးနေကြကြောင်း သိရသည်။

“ဥပမာ ရယက အဖွဲ့မှာ ၅ ယောက်ရှိရင် ကြံ့ဖွံ့လူက ၃ ယောက်လောက် ပါနေတယ်။ ဒါကို ဒေသခံတွေက လုံးဝ
ကန့်ကွက် နေကြတယ်” ဟု ကျောက်ဖြူဒေသခံ တဦးက ပြောသည်။

လက်ရှိ ဥက္ကဋ္ဌ တာဝန်ယူထားသူများသည် ကြံ့ဖွံ့ပါတီဝင်များသာဖြစ်ပြီး ဒေသခံများအပေါ် အာဏာသုံးကာ


မတရားသော လုပ်ရပ်မျိုးစုံကို လုပ်ဆောင်နေသူများဖြစ်၍ ၎င်းတို့ဆက်လက် အုပ်ချုပ်မည်ကို ဒေသခံများက
မလိုလားကြပေ။

ဦးနေ၀င်း၏ မဆလ အစိုးရ လက်ထက်တွင်လည်း ကျေးရွာ၊ ရပ်ကွက် ဥက္ကဋ္ဌ နေရာများ၌ ဒေသခံပြည်သူများ၏


ကြည်ညို လေးစားခြင်းခံရသည့် ရပ်မိ၊ ရပ်ဘ ပုဂ္ဂိုလ်များကိုသာ ခန့်ထားခဲ့၍ အောက်ခြေအဆင့်၏ အုပ်ချုပ်ရေး
စနစ်သည် ဒေသခံများအတွက် ကောင်းမွန်ခဲ့ကြောင်း သိရသည်။

မဆလ အစိုးရလက်ထက်တွင် ရပ်ကွက်၊ ကျေးရွာ ဥက္ကဋ္ဌ ရွေးချယ်ရန် ကျေးရွာလူထုကို စုရုံးပြီး


အများသဘောတူမှု ရရှိသူကို သာခန့်ထားကြောင်း၊ မကျေနပ်ပါက အများ၏ ဆန္ဒဖြင့်
ပြန်လည်ဖြုတ်ချနိုင်ခြင်းများကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး
သခင်ချန်ထွန်းက ဧရာဝတီကို ပြောသည်။

“လူအများက လေးစားထောက်ခံသူကပဲ သူကြီးဖြစ်တာဆိုတော့ သူကိုယ်တိုင်က လေးလေးစားစားနဲ့ အလုပ်


လုပ်တယ်။ လာဘ်စားတာ၊ ဘက်လိုက်တာ မရှိသလောက်ပါပဲ။ တွေ့ရင်လည်း ချက်ချင်းအရေးယူတာတွေ
ရှိခဲ့တယ်” ဟု သူက ဆိုသည်။
ကျေးရွာ၊ ရပ်ကွက် ဥက္ကဋ္ဌများသည် ပါတီနိုင်ငံရေး သမားများ မဟုတ်၍ ၎င်းတို့၏ လုပ်ဆောင်ချက်များကို
ပါတီနိုင်ငံရေးသမားများက စောင့်ကြည့်ဝေဖန်ပိုင်ခွင့်တို့ ရှိခဲ့သည်ဟုလည်း သူက ပြောသည်။

“အခုက ပါတီတွေက များတော့ ကောင်းတယ်ထင်ရပေမယ့်၊ လက်တွေ့မှာ လုပ်ပိုင်ခွင့်၊ ပြောပိုင်ခင


ွ့် မရှိတော့
အာဏာရ သူတွေကပဲ ဆက်နေရာယူမယ့် သဘောပါ” ဟု သခင်ချန်ထွန်းက ဆိုသည်။

ကြံ့ဖွံ့ပါတီသည် အောက်ခြေအဆင့် အုပ်ချုပ်ရေး တာဝန်များကို ၎င်းတို့လူများအား ခန့်ထားနိုင်ကြောင်း၊ သို့မှသာ


လာမည့်ရွေးကောက်ပွဲများ၌ ၎င်းတို့၏ အာဏာဖြင့် အနိုင်ရရေးကို ကြိုးပမ်းနိုင်မည်ဖြစ်ကြောင်း သူက
ဆက်လက်ရှင်းပြသည်။

ရှမ်းပြည်နယ် တိုက်ပွဲ ပြင်းထန်၊ ဒေသခံ ရာချီ ထွက်ပြေး


သန်းထိုက်ဦး Thursday, 17 March ဧရာဝတီ

ရှမ်းပြည် တောင်ပိုင်း မိုင်းရှုးမြို့နယ် အတွင်း စစ်အစိုးရတပ်နှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N)


တပ်များ အဆက်မပြတ် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရာနှင့်ချီသော ဒေသခံ ရွာသားများ အိုးအိမ် စွန့်ခွာ
ထွက်ပြေးနေရသည်။

ပြီးခဲ့သော တနင်္လာနေ့က SSA မြောက်ပိုင်း ထိန်းချုပ်ဒေသရှိ ဟိုနမ့်ကျေးရွာတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့်


အသက် ၁၀ နှစ် အရွယ် ကလေးငယ် တဦး အပါအ၀င် ရွာသား ၂ ဦးသေဆုံး၍ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း
သိရသည်။

“ဒဏ်ရာရတဲ့ လူနာတွေကို ဆေးရုံတင်ဖို့ ကြိုးစားနေပေမယ့် သူတို့က ဆွေမျိုးမရှိလို့ မြို့ပေါ်မှာ


ဆေးကုမခံချင်ဘူးပြောတယ်” ဟု မိုင်းရှုးမြို့နယ် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

အဆိုပါ တိုက်ပွဲများသည် ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ်နှင့် တန့်ယန်း မြို့နယ်တွင် ပြီးခဲ့သည့်


တနင်္ဂနွေနေ့မှ စတင် ၍ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းတိုက်ပွဲများတွင် နှစ်ဘက် ထိခိုက်
ဒဏ်ရာ ရရှိမှုများ ရှိနိုင်ကြောင်း SSA-N သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

SSA-Nက မြန်မာ စစ်အစိုးရနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာလိုသော်လည်း


လက်ခံခြင်း မရှိသည့် အပြင် စစ်အစိုးရက စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။

“မိမိတို့သည် အကောင်းဆုံး အခြေအနေကို မျှော်လင့်ရင်း အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ရန်လည်း


ပြင်ဆင်ထားပါတယ်” ဟု SSA-N ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“အခု မိုင်းရှုးမြို့ပေါ်မှာ ရွာက တက်လာတဲ့ လူတွေက အမျိုးအိမ်တွေမှာ လာခိုလှုံနေတာ သိသိသာသာကို


များတယ်”ဟုမိုင်းရှုးဒေသခံ တဦးက ပြောသည်။

ထို့အပြင် ကွန်ဟိန်း၊ နမ့်စန်နှင့် ကျေးသီးမြို့နယ်မှ ရွာပေါင်း ၁၁ ရွာကို ကျိုင်းတုံ-တောင်ကြီး


အဝေးပြေးလမ်းမဘေးသို့ ပြောင်း ရွှေ့ရန် စစ်အစိုးရတပ်ဖွဲ့များက ထုတ်ပြန်ထားကြောင်း သိရသည်။
SSA မြောက်ပိုင်း ဌာနချုပ်ရှိရာ ၀မ်ဟိုင်းရွာ အနီးတ၀ိုက်ကိုလည်း စစ်အစိုးရက တပ်အင်အားများ ထပ်မံတိုးချဲ့
ချထားပြီး ယခုလကုန်ပိုင်းတွင် ပြောင်းရွှေ့ရန်လည်း ညွန်ကြားထားသည်။

ဝမ်ဟိုင်းဌာနချုပ်သည် ရှမ်းပြည်နယ် မိုင်းရယ်နှင့် မိုင်းရှုးမြို့နယ်ကြားတွင်ရှိသည်။ လားရှိုး၊ တန့်ယန်းနှင့်


မိုင်းရူးမြို့နယ်များတွင် SSA-N တပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားပြီး တင်အင်အား ခန့်မှန်းခြေ ၃၀၀၀ ရှိကြောင်း
သိရသည်။

ယမန်နေ့က နမ့်လောင် ဒေသရှိ SSA-N တပ်စခန်း တခုကို စစ်အစိုးရတပ်များက ထိုးစစ်ဆင်၍


သိမ်းလိုက်ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲသည် ရှမ်းပြည်နယ် မြောက်ပိုင်း လာရှိုးနှင့်
မိုင်းရယ်မြို့နယ်ကြားတွင် ဖြစ်ပွားခဲ့ပြီး ယင်း နမ့်လောင် တပ်စခန်း ကို စစ်အစိုးရ တပ်များက
လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သောကြောင့် SSA-N တပ်များက စခန်းမှ ဆုတ်ခွာပေးလိုက်ရခြင်းဖြစ်သည်ဟု
သျှမ်း သံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

“SSA ဘက်က ပြောက်ကျားစနစ်နဲ့ပဲ လုပ်နိုင်တော့ သူတို့ ဆုတ်ပေးရတာပေါ့၊ နောက် နအဖက သူတို့ဒေသ


နမ့်လောင် ခွင်ကို နေရာယူလိုက်ပြီ”ဟု ၎င်းက ဆိုသည်။

နအဖ၏ စစ်ရေး နည်းဗျူဟာ အနေဖြင့် တပ်အင်အားကို အသုံချခြင်း မရှိသကဲ့သို့ လက်နက် အင်အားကို ပိုမို
အသုံးချကြောင်း ကြားသိရသည်ဟု ဦးစိန်ကြည်က ဆက်ပြောသည်။ ယင်းတိုက်ပွဲများတွင်လည်း ထိ
ခိုက်ဒဏ်ရာရရှိမှုများ ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

ယခုအခါ တိုက်ပွဲဖြစ်သည့် ဒေသများသို့ တခြားသော တိုက်ရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ


မလာရောက်နိုင်ရန် အတွက် လမ်းကြောင်းများကို နအဖ စစ်အစိုးရ တပ်များဖြင့် ပိတ်ပင်ထားကြောင်း
ရှမ်းပြည်တပ်မတော် တောင်ပိုင်း(SSA -S)မှ ပြောခွင့် ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်းက ပြောသည်။

“နအဖ တပ်တွေကတော့ ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)နဲ့ SSA-N တို့ အပြန်အလှန် ကူညီ


ပေးနေတဲ့ လမ်းကြောင်း တွေကို ပိတ်ထားတယ်”ဟု ၎င်းက ဆိုသည်။

SSA တောင်ပိုင်း အနေဖြင့်လည်း SSA မြောက်ပိုင်း တပ်ဖွဲ့ဝင်များကို အကူအညီအပေးနိုင်ရန် ရှမ်းပြည်နယ်


ကွန်ဟိန်းမြို့ နယ် ဒေသ အပါအ၀င် မိုင်းရူးမြို့နှင့် ကျေးသီးမြို့နယ် ဒေသများတွင် နအဖ စစ်အစိုးရက စစ်ရေး
တိုးချဲ့ထားကြောင်း စိုင်းလောင်ဆိုင်းက ဆက်ပြောသည်။

အစိုးရဘက်ကSSA-N တပ်စခန်းကို သိမ်းလိုက်သည့် တပ်ရင်း အမည်များကိုမူ ရှင်းလင်းစွာ မသိရှိရသေးပေ။


သို့သော်လည်း ယင်း ဒေသများတွင် နအဖ စစ်တပ်အင်အား ခန့်မှန်းခြေ ၁၅၀၀ခန့် တိုးချဲ့ထားပြီးဖြစ်ကြောင်း
စစ်ရေးလေ့လာသူများက ပြော သည်။

ယခုတိုက်ဖြစ်ပွားရာ ဒေသများတွင် ရှမ်းပြည်နယ် ကျောက်မဲမြို့အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု


ဌာနချုပ်(စကခ) ၁ နှင့် လွိုင် လင် အခြေ စိုက် စကခ ၂ လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားနေသည့် အပြင်
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ နှင့် မန္တလေးတိုင်း မိထ္တီလာမြို့နယ် အခြေစိုက် တပ်မ ၉၉
လက်အောက်ခံ တပ်ရင်းများက SSA-N ထိန်းချုပ်ထားသော တန့်ယန်း မြို့နယ် အတွင်းသို့ ရောက်ရှိနေကြောင်း
သိရသည်။
အဆိုပါ နအဖ စစ်အစိုးရ တပ်မ ၃၃ နှင့် တပ်မ ၉၉ တို့သည် ယခုအခါ တန့်ယန်း အခြေစိုက် တပ်များနှင့်
ပူးပေါင်း၍ ယင်း ဒေ သ များတွင် စစ်အင်အား တိုးချဲ့ထားသည်။

မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို


နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ SSA-Nက လက်မခံသဖြင့် စစ်ရေးအရ
နှစ်ဘက် တင်းမာနေခြင်း ဖြစ်သည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ်


ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့


စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ဆူနာမီထိတဲ့ ဂျပန်အခြေအနေ တိုကျိုမြို�ခံ မြန်မာတဦးနှင့် မေးမြန်းချက်


အေးနိုင် ၁၇ မတ် ၂ဝ၁၁ - DVB

အဲဒီမှာရှိတဲ့မြန်မာနိုင်ငံသားတွေ ပြည်ပကို ထွက်ခွာ နေကြတယ် လို့ ကြားတယ်။ အဲဒီအခြေအနေကို ပြောပြပါ။

�လောလောဆယ် ဒီမှာ တရားဝင်နေတဲ့လူတွေက ဂျပန်ကို (Re-entry Permit) ဂျပန်ကို ပြန်ဝင်ခွင့်ပေါ့လေ။


လဝကမှာယူပြီးတော့ ထွက်ဖို့ ကြိုးစားနေကြ ပြီ။ သွားတဲ့သူကတော့ သွားကြပြီ။ နောက် တချို�က တိုကျိုကနေ
ဝေးတဲ့ အနောက် ဘက်ခြမ်းက တချို�မြို�တွေကိုလည်း အသိမိတ်ဆွေတွေ ဆွေမျိုးသားချင်းရှိတဲ့ သူ တွေက
ပြောင်းတဲ့သူက ပြောင်းကြပြီ။ ဒါကတော့ လူအနည်းစုပေါ့ဗျာ။ အများစုက တော့ တိုကျိုမှာဆက်ပြီးတော့
ရှိနေကြတယ်။ တချို�တွေကလည်း အပြင်ကို သွား တာ လာတာက တော်တော်လေးနည်းသွားတာပေါ့လေ။
ကိစ္စရှိမှပဲသွားတော့တယ်။ ကိစ္စမရှိရင်တော့ မသွားတော့ဘူး။�

အဲဒီမှာရှိတဲ့ အမေရိကန်သံ�ုံးက ပြောတာက ရဆကသအားတ်ပေါင်းဖိုတွေ ပေါက်ကွဲတဲ့ ဖူကူရှီး မားနဲ့


မိုင်ရှစ်ဆယ်လောက်အကွာကို ဝေးဝေးမှာ နေခိုင်းတယ်။

�ဟုတ်တယ်။ စိုးရိမ်ရတာအမှန်ပဲ။ အခုဂျပန်အစိုးရသတ်မှတ်ထားတာက စက်�ုံကနေ ကီလိုမီတာ (၃ဝ)


အချင်းဝက်အတွင်းမှာ ဘယ်သူမှ မနေနဲ့ပေါ့လေ။ နေ တဲ့ လူတွေလည်း အိမ်ပြင်ကို မထွက်ဖို့။ လောလောဆယ်
ကီလိုမီတာ ၂ဝ အတွင်းမှာ ရှိတဲ့ လူတွေအကုန်လုံးကို နလခေကအေန (ဘေးကင်းရာကို ပြောင်းရွှေ့မှု)
လုပ်လိုက်ပြီ။ အခု နောက်ဆုံးအခြေအနေအရ အဲဒီ ရဆကသအားတ်ပေါင်းဖိုကို ရေနဲ့ လောင်းချပြီးတော့ အ
ပူချိန်လျော့သွားအောင် ကြိုးစားနေတယ်။ အခုတော့ ရဟတ်ယာဉ်နဲ့ မကျဲဘဲနဲ့ မီး သတ်ကားနဲ့သွားပြီး ပက်ဖို့
ကြိုးစားနေကြတယ်။�

ငလျင်ကော လှုပ်သေးလား။

�ငလျင်ကတော့ တောက်လျောက်လှုပ်နေတယ်။ ဒီနေ့အထိ မပြတ်ဘူး။ အားလေး နည်းတာနဲ့ များတာ


အဲဒါပဲကွာတယ်။ ဒီမနက်တင် လေးကြိမ်လောက် လှုပ်သွားတယ်။ အင်အားတော့ မပြင်းပါဘူး။
နည်းနည်းလေးပဲ။�
ဂျပန်ဝန်ကြီးချုပ်ပြောတဲ့ကီလို (၃ဝ) နဲ့ အမေရိကန်ပြောတဲ့ မိုင်ရှစ်ဆယ် ကွာလှ ချည်လား၊ ဘယ်လိုဖြစ်လဲ။

�ဟုတ်တယ်။ နည်းနည်းကွာတယ်။ အမေရိကားက ကျနော် မက်ဆေ့ခ်ျ တခုရတာက္ကှ ၼသညေိူ ၼနေါေည က


အဲဒီပင်လယ်ထဲမှာ အခုရောက်နေတယ်။ သူက နျူကလီးယားပါဝါသုံး။ အဲဒီမှာ သူတို့မှ္တာမေညငညါ
(သတိပေးချက်) အရ ရေ ဒီယိုသတ္တိ�ကွမှုတွေ တော်တော်လေး ပျံ�နေတယ်ဆိုတာ သူတို့ သိထားရတယ်။ တ
ချို� အမေရိကန်တွေဆိုရင် အခု အိုဆာကာ ကိုပြောင်းခိုင်းတယ်။ တချို� ကုမ္ပဏီ ဝန် ထမ်းတွေကို။ နောက်
သြစေတြးလျားသံ�ုံးက ကျိုတိုကို ပြောင်းလိုက်ပြီ။ ဝန်ထမ်း တွေ အားလုံး ရွှေ�လိုက်ပြီ။ နောက် ပနားမားက
အိုဆာက ရောက်သွားပြီ။ အရင်က တိုကျိုမှာ အခုပြောင်းသွားကြတာ။ ဖူကူရှီးမားနဲ့ တိုကျိုနဲ့က ကီလိုမီတာ ၂၅ဝ
ဝေး တယ်။ အိုဆာကာနဲ့ တိုကျိုက ကီလိုမီတာ ၄ဝဝ လောက်ဝေးတယ်။ ပိုဝေးတဲ့နေရာ ကို ပြေးနေကြပြီ။� �

လွှတ်တော်အလိုက် အဆိုနှင့် မေးခွန်း တင်သွင်းမှုရပ်တန့် အစည်းအဝေးများ ပြီးဆုံးတော့မည်ဟုဆို


အ့ဘုန်းမြတ် ၁၇ မတ် ၂ဝ၁၁ - DVB

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေရဲ� လွှတ်တော်အလိုက် အစည်းအဝေးတွေ မကြာခင်


ပြီးဆုံးတော့မယ်လို့ အစည်းအဝေးတက်နေတဲ့ ကိုယ်စားလှယ်အချို�က ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး
အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ� အမျိုးသားလွှတ် တော် ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က
အခုလိုပြောပါတယ်။

�လွှတ်တော်က ဒီအပတ်လွတ်တော်အတွက် အဆိုတင်သွင်းဖို့ အနေနဲ့ ရပ်ထားတယ်ပြောတယ် ကျနော်


ကြားတာက။ အဲဒီ အဆိုတွေ မေးခွန်းတွေဆိုတာ ၁ဝ ရက် ကြိုတင်ရတာပေါ့။ ၁ဝ ရက် ကြိုတင်ရတာ
ရပ်ထားတယ်ဆိုတော့ လွှတ်တော်က ၁ဝ ရက်အတွင်းပဲ ပြီးတော့မယ် ထင်ပါတယ်။ ကျနော်တို့ ယူဆတာက
အဆိုတွေ မေးခွန်းတွေကို သူတို့ တင်တာ လက်မခံဘူးဆိုတဲ့အတွက် လွှတ်တော်ကြီးက ပြီးတော့မယ့်ပုံ
ပေါ်နေတာပေါ့နော်။�

လွှတ်တော်အစည်းအဝေးတွေ ပြီးဆုံးပြီဆိုရင်တော့ လွှတ်တော်နှစ်ရပ်ပေါင်း


ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပဖို့ရှိနေပြီး ဒီတကြိမ် ပြည်ထောင်စုလွှတ်တော်မှာလည်း
အဆိုတင်တာနဲ့ မေးခွန်းမေးမြန်းတာတွေကို ပြုလုပ်ဖို့များတယ်လို့လည်း အခြား
လွှတ်တော်ကိုယ်စားလှယ်အချို�ကဆိုပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ မေးမြန်းတင်သင
ွ်းမယ့်
အဆိုတွေနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင်က

အခုလို ခန့်မှန်းပြောဆိုပါတယ်။

�ပြည်ထောင်စုလွှတ်တော်မှာ တင်မယ်ဆိုလို့ရှိရင်ကတော့ တချို�မီတာလေးတွေ ရှိသေးတယ်။


ပြည်ထောင်စုလွှတ်တော်က နောက်မှ ပေါင်းလုပ်မှာကိုး။ အဲဒီကျ သူက ပေါ်လစီဆိုင်ရာလေးတွေ ဘာတွေ
ဖြစ်လာဖို့ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာကျတော့ ဗာညနျအပ ဘာညာကို တင်ထားကြတာလေ။
နည်းနည်းမြင့်သွားတာပေါ့။ ပြည်ထောင်စုလွှတ်တော်က ဖြေရှင်းရမယ့် အဆင့်မျိုးဖြစ်သွားတာပေါ့။�
လွှတ်တော်�ုံးအသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေ တင်သွင်းထားတဲ့ မေးခွန်းတွေ အဆိုတွေရဲ�
ခေါင်းစဉ်အမည်တွေကို တရက်သာ ကြိုတင်ပြီး ထုတ်ပေးနေသလို ကြိုတင်ထုတ်ပြန်ပေးခြင်း မရှိတာကြောင့်
ဆွေးနွေးဖို့ အချက်အလက်စုဆောင်းချိန် နည်းပါးနေရတယ်လို့လည်း အခြားကိုယ်စားလှယ်အချို�က
ဆိုပါတယ်။ လာမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွေမှာ အဆိုနဲ့ မေးခွန်တွေရဲ� ခေါင်းစဉ်တွေကို
လွှတ်တော်�ုံးက ကြိုတင် ထုတ်ပြန်ပေး စေချင်တယ်လို့လည်း သူတို့တွေက ဆိုပါတယ်။
လက်ရှိအခြေအနေမှာတော့ လွှတ်တော် အစည်းအဝေးတွေကို ဒီလ (၁၇) ရက်နေ့ကနေ (၂ဝ) ရက်နေ့အထိ
ရပ်နားထားပြီး (၂၁) ရက်နေ့မှာ ပြန်လည် ကျင်းပဖို့ရှိပါတယ်။
ပြည်သူ့လွှတ်တော်တွင် ကြံ့ခိုင်ရေးကိုယ်စားလှယ်များ၏အဆို စတင်တော့မည်
အံ့ဘုန်းမြတ် ၁၆ မတ် ၂ဝ၁၁ - DVB

လာမယ့် ၂၁ ရက်နေ့ လွှတ်တော် ပြန်စတဲ့အခါမှာ ရွေးကောက်ပွဲ မှာ အများဆုံး အနိုင်ရထားတဲ့


ပါတီကြီးတခုဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ် တွေက အဆိုကို ပြည်သူ့လွှတ်တော်မှာ စတင်
တင်သွင်းတော့မှာ ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ� မရမ်းကုန်းမဲဆန္ဒနယ်က ကိုယ်စားလှယ် ဒေါက်တာပွင့် ဆန်းက �နိုင်ငံတကာ အဆင့်မီ


လူမှုဖူလုံရေး ဥပဒေသစ်တရပ်ကို မူကြမ်းရေးဆွဲပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကို
တင်သွင်းဆွေးနွေး နိုင်ရေးအ တွက် လိုအပ်တဲ့ အစီအစဉ်များပြုလုပ်ပေးဖို့� အဆိုကို တင်သွင်းမှာ ဖြစ်ပါတယ်။

ဒီအဆိုနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင်က



အခုလို ပြောပြပါတယ်။

�ဖော်ပြတာကလည်းပဲ လုပ်ထုံးလုပ်နည်းအရ မှန်တဲ့သဘော ရှိတယ်။ လူ ကိုယ်တိုင်ပြောတဲ့အခါမှာလည်း


သူတို့က အဖွဲ�အစည်းနဲ့ သေချာလုပ်ပေးတဲ့ သ ဘောရှိတယ်။ ဒါက လွှတ်တော်အတွက်ကတော့ နောက်နောင်
တခြားပါတီတွေကပဲ ဖြစ်ဖြစ် ပုဂ္ဂိုလ်တဦးခြင်းက အဆိုတင်သွင်းမယ်ဆိုရင် အဲလိုပုံစံလေးတွေကျအောင်
ကြိုးစားနိုင်မှ အဆင့်ရှိမယ်ဆိုတာ နမူနာဖြစ်သွားတယ်။ အလုပ်လုပ်နိုင်တဲ့ လူတွေ ကတော့ အဲလောက်အဆင့်ထိ
လုပ်တတ်မှဆိုတဲ့ နမူနာတော့ ဖြစ်သွားတာပေါ့။�

ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တွေ တင်သွင်းလာမယ့် မေးခွန်းတွေနဲ့ အ ဆိုတွေကို လွှတ်တော်ဥက္က�တွေနဲ့


ဝန်ကြီးတွေဘက်က ဘယ်လို ကိုင်တွယ်ဆောင် ရွက်မယ်ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့
အခြားကိုယ်စားလှယ် အ ချို�က ဆိုပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွေမှာ ဆိုရင်တော့ ကချင်ပြည် နယ်နဲ့ ရှမ်းပြည်နယ်ဘက်က


ကိုယ်စားလှယ်တွေက လမ်းပန်းဆက်သွယ်ရေးနဲ့ စိုက် ပျိုးရေးဆိုင်ရာ မေးခွန်း စုစုပေါင်း ၅ ခုလောက်
မေးမြန်းခဲ့ကြပါတယ်။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက စမ်းချောင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးစိုးဝင်းတင်သွင်းတဲ့ �ပင်စင်လစာငွေတွေကို နှုန်းအလိုက် ကွဲပြား စွာ ခံစားနေရတဲ့အတွက် အခုခေတ်
ကုန်ဈေးနှုန်းတွေနဲ့ ကွာဟနေတာကြောင့် ပင် စင်လစာတွေကို အဆင့်သုံးဆင့် စဉ်းစားခွဲခြား ထုတ်ပေးရန်နဲ့
အသက်အုပ်စုတွေ အလိုက် စီစစ်ပြ�ာန်းပေးရေ� အဆိုကို ပြန်လည်�ပ
ုသိမ်းပေးခဲ့ရပါတယ်။

အဲ့ဒီနောက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ပုဇွန်တောင်မြို�နယ် ကိုယ်စားလှယ် ဦးအောင်ဇင်


တင်သွင်းတဲ့ �တောင်သူလယ်သမားများရဲ� ထွက်ကုန် သီးနှံတွေကို တည်ငြိမ်သောဈေးရရှိစေဖို့ သင့်တင့်တဲ့
ထိန်းသိမ်းခသက်မှတ်ပြီး အစိုး ရနဲ့ ပုဂ္ဂလိကတို့ဆီ တရားဝင်အပ်နှံထားခွင့်ပြုရေးကို ဥပဒေတရပ်
ပြ�ာန်းပေးရေး� အဆိုကိုလည်း ပြန်လည် �ုပ်သိမ်းပေးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေက စတင်ပြီး လွှတ်တော်အသီးသီးမှာ မေးမြန်းတင်သွင်း ခဲ့ကြတဲ့ အဆိုတွေ မေးခွန်းတွေဟာ


အရပ်သားပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေ က ကိုယ်စားလှယ်တွေ တင်သွင်း မေးမြန်းကြတဲ့ ဟာတွေသာ
ဖြစ်ပြီး အားလုံးနီးပါး ပြန်လည်�ပ
ုသိမ်းခဲ့ကြရကာ မေးခွန်းအားလုံးကိုလည်း အစိုးရ အဖွဲ့ဝန်ကြီးတွေက
အာမခံချက်ပေး ဖြေကြားမှုမျိုး နည်းပါးနေပါတယ်။
ထိုင်းအလုပ်ရှင်သေဆုံးမှု မြန်မာလင်မယားကို ဝရမ်းထုတ်
မန်းစိုင်းမွန် ၁၇ မတ် ၂ဝ၁၁ - DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို�အနီး ဖြစ်ပွားခဲ့တဲ့ လူသေမှုတခုမှာ မြန် မာအလုပ်သမားဇနီးမောင်နှံကို ရဲက


သံသယနဲ့ ဖမ်းဝရမ်းထုတ်ထားတယ်လို့ ထိုင်း သတင်းတွေမှာ ဖော်ပြပါတယ်။ ဘန်ကောက်အနီး ပထုံဌာနီက
ထိုင်း သားသတ်�ုံပိုင်ရှင် (၄၅) နှစ်အရွယ် အမျိုးသမီးဟာ ဒီလ ၁၄ ရက်နေ့က သူ့အိမ်ရေချိုးခန်းမှာ
လည်ပင်းရဆကသအားးဒဏ်ရာနဲ့ သေဆုံးခဲ့ပြီးတဲ့နောက် အဲဒီအိမ်မှာ အလုပ်လုပ်တဲ့ အသက် ၂ဝ ကျော် မြန်မာ
ဇနီး မောင်နှံနှစ်ဦးကို သံသယနဲ့ ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပြီး ခုထိ ရဲက ဖမ်းမမိသေး ပါဘူး။

သေဆုံးသူရဲ� ခင်ပွန်းသည်က သူ့ဇနီးကို သတ်သူဟာ မြန်မာအလုပ်သမား ဇနီးမောင်းနှံပဲ ဖြစ်မယ်လို့ ရဲထံမှာ


အစစ်ခံတိုင်ကြားခဲ့သလို အဲဒီအခင်းဖြစ်ချိန်က စလို့ မြန်မာဇနီးမောင်နှံ ပျောက်ဆုံးသွားတယ်လို့ သတင်းတွေက
ဆိုပါတယ်။ သေသူ အမြဲစွပ်ထားတဲ့ ၅ သိန်းတန် စိန်လက်စွပ်လည်း ပျောက်သွားတယ် လို့ ဆိုပါတယ်။

သေဆုံးသူရဲ� သမီးဟာ နာမည်ရလာစပြုတဲ့ တက်သစ်စ�ုပ်ရှင် မင်းသမီး ဖြစ်တာကြောင့် ဒီသတင်းကို ထိုင်းမှာ


လူသိများနေပါတယ်။

ဒီသေဆုံးမှုမျိုးကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ တခြား မြန်မာအလုပ် သမားတွေအပေါ် ဘယ်လို


သက်ရောက်မှု ရှိနိုင်သလဲဆိုတာနဲ့ ပတ်သက်လို့ ထိုင်း လူမျိုးတဦးက ခုလို ပြောပါတယ်။

�ဒီအမှုမျိုးကနေ ဂယက် ၂ ခု ရှိနိုင်ပါတယ်။ တခုက မြန်မာအလုပ်သမား တွေအပေါ် မုန်းတီးစိတ်တွေ


ထိုင်းလူမျိုးတွေမှာ အနည်းနဲ့အများ ပိုမိုတိုးလာနိုင်တာ ဖြစ်ပြီး နောက်တခုက ထိုင်းအလုပ်ရှင်တွေက ငှားရမ်းတဲ့
မြန်မာအလုပ်သမားတွေ ကို အလုပ်သမားလက်မှတ် လုပ်ပေးတာတွေ တိုးလာနိုင်တယ် ဆိုတာပါပဲ။ ဘာဖြစ်
လို့လဲ ဆိုတော့ အလုပ်သမားလက်မှတ် မလုပ်ပေးထားတဲ့အတွက် ခုအမှုမှာ ထွက်
ပြေးတိမ်းရှောင်သွားသူတွေကို ဘယ်လို လိုက်ရှာဖမ်းရမှန်းမသိ ဖြစ်နေကြရတာ။�

မြန်မာအလုပ်သမားတဦးကတော့ ဒီအမှုမျိုးဟာ ထိုင်းမှာ မကြာခဏ ဖြစ် နေတာမို့ ထင်သလောက် ဂယက်


မရှိနိုင်ဘူးလို့ထင်တဲ့အကြောင်း၊ တရားဝင် လက် မှတ်တွေ လုပ်ထားပေးတဲ့အတွက် အလုပ်ရှင် အလုပ်သမား ၂
ဖက်လုံးအတွက် အကျိုးရှိတယ်လို့ ဆိုပါတယ်။

ပခုက္ကူ မဟာဝိသုတာရာမ (အလယ်) ကျောင်းတိုက် ဆရာတော် ဦးသုမင်္ဂလ ပျံလွန်


အံ့ဘုန်းမြတ် ၁၇ မတ် ၂ဝ၁၁ - DVB

၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင်သံဃာလှုပ်ရှားမှု စတင်ခဲ့ရာ မကွေးတိုင်း၊ ပခုက္ကူမြို့က မဟာဝိသုတာရာမ


ပါဠိတက္ကသိုလ် (အလယ်) ကျောင်း တိုက်ရဲ့ နာယကဆရာတော် နိုင်ငံတော်သြဝါရစတြိရ အဂ္ဂမဟာပဏ္ဍိတ
ဘဒ္ဒန္တသု မင်္ဂလ ဘဝနတ်ထံ ပျံလွန်တော်မူသွားပါတယ်။

ဆရာတော် ဦးသုမင်္ဂလဟာ ရန်ကုန်မြို့ အထူးကုဆေးရုံ တ±ုံမှာ ဒီလ ၁၆ ရက်နေ့ည ၉ နာရီ အချိန်လောက်က


ပျံလွန်တော်မူခဲ့တာဖြစ်ပြီး ပျံလွန်တော်မူစဉ် မှာ သက်တော် ၈၁ နှစ် ဝါတော် ၆၁ ဝါ ရှိနေပြီ ဖြစ်ပါတယ်လို့ ပခုက္ကူ
မဟာဝိသုတာ ရာမ (အလယ်) ကျောင်းတိုက်ရဲ့ ဂေါပကအဖွဲ့ဝင်တဦးက ပြောပါတယ်။

“ဆရာတော်ကြီးက အစာအိမ်ရောဂါ ရှိလို့လေ။ မနက်ကို ဆေးစစ်မှာမို့လို့ ဆေးသောက်ရင်းနဲ့ လည်ချောင်းမှာ


နည်းနည်းအသက်ရှုလမ်းကြောင်း ကြပ်သွား တာ။ ဆရာတော်ကြီးမှာလည်း နဂိုရောဂါ အခံ ရှိပါတယ်။”
ဆရာတော်ကြီးရဲ့ ကျွင်းကျန်ရစ်တဲ့ ရုပ်ကလပ်ကို ပခုက္ကူမြို့ကို ပြန်လည် သယ်ဆောင်နေပြီး အန္တိမဈာပနအခမ်း
အနားကို မတ်လ (၂၉) ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။ ဆရာတော်ကြီးဟာ ၂ဝဝ၇ ခုနှစ်
ရဟန်းသံဃာတော်တွေ ဦးဆောင်တဲ့ စက် တင်ဘာ သံဃာလှုပ်ရှားမှုကြီး စတင်ဖြစ်ပွားခဲ့စဉ်က အာဏာပိုင်တွေနဲ့
သံဃာတော် တွေကြား ဝင်ရောက်ဖြေရှင်း ပေးခဲ့ပုံကိုလည်း ပခုက္ကူမြို့ခံ သံဃာတော်တပါးက
အခုလိုမိန့်ကြားပါတယ်။

“ပခုက္ကူသံဃာ့အရေးအခင်း စတင်ရာကျောင်းပေါ့။ ကျောင်းကတော့ ဆရာ တော်က အာဏာပိုင်တွေကို


သံဃာတော်တွေက ထိန်းသိမ်းထားတုန်းကကော သွေး ထွက်သံယိုမဖြစ်အောင် ဆရာတော်က ကြားထဲက
သူ့တပည့်တွေကိုလည်း ထိန်း၊ အပြင်ဘက်က စစ်တပ်လည်း မလာအောင် သူထိန်းခဲ့ရတာပေါ့။ နောက်ပြီးတော့
လည်း အာဏာပိုင်တွေ ဖမ်းမယ်ဆိုတာ ကြိုသိတုန်းကလည်း ဆရာတော်ကပဲ မင်း တို့ ဘေးလွတ်ရာသွားတော့လို့
တခိျု့ဟာတွေဆို လမ်းစရိတ်တွေ ဘာတွေ ထုတ် ပေးလိုက်တာ။”

ဆရာတော်ဟာ ပခုက္ကူ မဟာဝိသုတာရာမပါဠိတက္ကသိုလ်(အလယ်) ကျောင်း တိုက်ရဲ့ ဦးဆောင် ဆရာတော်


တပါးဖြစ်သလို မြန်မာတနိုင်ငံလုံးမှာ ရှိတဲ့ ပခုက္ကူ စာ ချနည်းဖြစ်တဲ့ မဟာဝိသုဒ ဥသျှောင်ဆရာတော် တပါးလည်း
ဖြစ်ပါ တယ်။ ဒါ့အပြင် မြန်မာတနိုင်ငံလုံးမှာရှိတဲ့ မဟာဝိသုတာရာမ စာသင်တိုက်ပေါင်း (၂ဝဝ) ကျော်က
စာသင်သံဃာ နှစ်သိန်းကျော်ရဲ့ ပရဆကသအားန နာယက ဆရာတော် တပါးလည်း ဖြစ်ပါတယ်။

ထုံးသင်္ကန်းမှ ရွှေသင်္ကန်းသို့ ပြောင်းလဲရသည့် ကောင်းမှုတော်စေတီ


(နွားကျောင်းသားကိုဝင်း စုစည်းသည်)
မတ် ၁၇၊ ၂၀၁၁ မိုးမခ

စစ်ကိုင်းမှ ၃၇၅ နှစ် သက်တမ်းရှိ ကောင်းမှုတော်စေတီသည် အဖြူရောင်မှ ရွှေရောင်သို့ ပြောင်းလဲနေသည်။


ရှေးဟောင်းစေတီကို ကြီးမားသည့် အပြောင်းအလဲ ပြုလုပ်လိုသူမှာ စစ်အစိုးရခေါင်းဆောင်ဖြစ်သည်ဟု အများက
ယူဆကြသည်။ ဤပြောင်းလဲမှုနှင့် ပတ်သက်သည့် အချက်အလက်များ၊ အသံများကို စုစည်း ဖော်ပြလိုက်သည်။

မြန်မာတိုင်းမ် ဂျာနယ်၊ လျှပ်တစ်ပြက်ဂျာနယ်တို့မှ အချက်အလက်များ

လိုအပ်သည့် ရွှေဆေးဆီ ဂါလန်ပေါင်း - ၈၀၀ ကျော်


ကုန်ကျစရိတ် ခန့်မှန်းချေ - သိန်း ၂၀၀၀
နှစ်စဉ် ထုံးသင်္ကန်း ကုန်ကျစရိတ် - ၁၀ သိန်း
ရသော အလှူငွေပေါင်း - သိန်း ၆၀၀၀ ကျော် (ဖေဖော်ဝါရီ လဆန်း)
ကမ္ဘောဇဘဏ်၏ အလှူ - သိန်း ၁ဝဝဝ
ဖေဖော်ဝါရီ ၄ ရက်နေ့ထုတ် မြန်
မြန်မာတိုင်းမ် သတင်းမှ တခဲနက် ထောက်
ထောက်ခံသံများ
ကျွန်တော် ငွေကြေးတော့ တအား မတတ်နိုင်ဘူး။ ဒါ့ကြောင့် ဒီဘုရားမှာ လုပ်အားဒါန လာလုပ်တာပါ။ ထုံးကြေး
ချွတ်တာကို ၀ိုင်းကူပေးတယ်။ ဆေးသုတ်ဖို့ လိုအပ်တဲ့ ရေတွေကို ထမ်းပေးတယ်။ ကျွန်တော်တို့နယ်ကဘုရား
ထုံးစေတီကနေ ရွှေစေတီကြီး ဖြစ်သွားတာ ၀မ်းသာတာပေါ့ဗျာ။
ကိုခင်မောင်သန်း၊ စစ်ကိုင်း မြို့သား

ရွှေ သင်္ကန်းကပ်ချင်နေတာကြာပြီ။ ဒီစေတီ တစ်ဆူလုံးကို ရွှေသင်္ကန်းကပ်ဖို့ ဆိုတာ ငွေကြေးတတ်နိုင်မှ


ဖြစ်မှာလေ။ အဲဒါနဲ့ ဩ၀ါဒါဆရာတော်တွေကို ပင့်ဖိတ်ပြီး အကြံဉာဏ် တောင်းတယ်။ ဆရာတော်တွေကလည်း
မြန်မာနိုင်ငံမှာ ရှိတဲ့ စေတီ သေးသေးလေးတွေက အစ ရွှေရောင် တ၀င်းဝင်းနဲ့ ဖြစ်နေတာ။ ဒီစေတီကြီး
ရွှေသင်္ကန်းကပ်တာ ၀မ်းမြောက်ပါတယ်လို့ တစ်ပြိုင်တည်း မိန့်ခဲ့ကြတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း နိုင်ငံတော်
ကိုတင်ပြပြီး သတင်းစာတွေကနေ ကြော်ငြာ ထည့်ကြတာပါ။
ဦးတုပ်၊ ကောင်းမှုတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ

မြန်မာနိုင်ငံမှာ တောကြိုအုံကြားက ဘုရားတောင် ရွှေစေတီတွေ ဖြစ်ကုန်ပြီ။ ဦးပဉ္စင်းတို့ ဘုရားက


ရှေးအဆက်ဆက်က တည်ခဲ့တဲ့ သမိုင်းဝင်ဘုရားလေ။ သူ့ကိုလည်း ရွှေသင်္ကန်း ကပ်သင့်တယ်လို့ ထင်တယ်။
ရှေးဟောင်းဘုရား တစ်ဆူဟာ ထုံးစေတီကနေ ရွှေရောင် စေတီဖြစ်သွားရင် သာသနာ အတွက်
ပိုမကောင်းပေဘူးလား။
ဒီဘုရားကြီးကို ရွှေသင်္ကန်း မကပ်နိုင်လို့ ထုံးသင်္ကန်းပဲ အမြဲကပ်နေရတာ။ အခုတော့ ရွှေသင်္ကန်း
ကပ်နိုင်သွားပြီလေ။
ဦးဥတ္တမသာရ၊
သာရ ကောင်းမှုတော်စေတီ ဩ၀ါဒါ ဆရာ တော် ၁၀ ပါးတွင် ပါဝင်သူ

တခြားမီဒီယာပေါင်းစုံမှ ၀မ်းနည်းသံများ

မြန်မာဘုရင်တွေ ရွှေသင်္ကန်းမကပ်ခဲ့ဘူး ဆိုတာ မကပ်နိုင်လို့ မဟုတ်ဘူးလေ။ ရည်ရွယ်ချက်တခုနဲ့ မကပ်ဘဲ


ထားခဲ့တာ။ ထုံးဖြူဖြူနဲ့ ကြည်ညိုဖွယ်ရာ၊ သပ္ပာယ်ဖွယ်ရာ ဖြစ်တာပဲ။ ရွှေမရှိတဲ့ ဘုရား လူမလေးစား ဆိုတာ
မရှိပါဘူး။
ညီစေမင်း၊ စာရေးဆရာ
ဧရာဝတီ၊ မတ် ၁၀

ရွှေတိဂုံ စေတီတော်ရဲ့ ကောက်ကြောင်း ပုံသဏ္ဌာန်က “ကကြီး” လိုင်းလေးတွေ ရှိတယ်။ ဒီတော့ အပြာခံခံ၊


အနက်ခံခံ ကုန်းမို့မို့ပေါ်မှာ ရွှေစေတီကြီးက သပ္ပာယ်တာ မှန်ပါတယ်။ ကောင်းမှုတော်ကျတော့ ပျူ၊
သရေခေတ္တရာ ခေတ်က “ကကြီး” လိုင်းနဲ့ ပိုတူတယ်။ စစ်ကိုင်းတောင်ရိုး နောက်ခံ၊ ထုံးဖြုဖြူနဲ့ ဆိုတော့
ပိုကြည်ညိုစရာ ကောင်းတာပေါ့။
ဦးအေးမြင့် (ြ
(မြန်မာမူ ဒီဇိုင်းသုတေသီ)
ဧရာဝတီ

ကောင်းမှုတော်ဘုရားကြီးကို လုံးတော်ပြည့် စတင် ရွှေချနေကြပါပြီ။ ကျမစိတ်ထဲတော့ ဝမ်းနည်းသလိုလိုကြီးပါ။


ထုံးနဲ့ရွှေ ဘယ်သင်းက ပို တန်ကြေးရှိတယ် ဆိုတာတော့ သိပါရဲ့။ နို့ပေတဲ့ ခုဟာက စရစ်ဝိုင်းနဲ့
သနပ်ခါးအဖွေးသား တောကလုံမပျိုကို အိုမီဂါပုံ ညှပ်ပြီး မိတ်ကပ် အတင်း လူးပေးသလို ခံစားမှုမျိုးပါ။
ချစ်ကြည်အေး၊ ဘလော်ဂါ
chitkyiaye.com February 17, 2011
ရှေးဟောင်း အစဉ်အလာ လက်ရာကြီး ပျက်စီးသွားပြီလို့ ပြောရမယ့် အချိန် ဖြစ်နေပါပြီ။
ဒေါက်တာကောင်းညွန့်၊ Auckland တက္ကသိုလ်၊ နယူးဇီလန်
RFA ဗီဒီယို မတ် ၁

ကောင်းမှုတော်ကိုတော့ ရွှေဆေးသုတ်မယ်လို့ ကြားတဲ့အတွက် စိတ်မကောင်းဘူးလို့ (Hot News ဂျာနယ်မှာ)


ဆရာ ရေးလိုက်တယ်။ အခုတော့ ကောင်းမှုတော်ကို ရွှေဆေးသုတ်တဲ့ အလုပ်ကို ၂ လ အတွင်း ပြီးအောင်
အမြန်ဆုံး ဆောင်ရွက်မယ် ဆိုတဲ့ သတင်းတွေ ထပ်ကြားရတော့ စိတ်မကောင်းတဲ့ အဆင့်ကနေ ရင်ကွဲနာကျတဲ့
အဆင့်ကို ရောက်သွားပြီ။ ---- ယဉ်ကျေးမှု လက်ရာတွေကို ထပ်ပြီးတော့ မဖျက်ဆီးကြပါနဲ့လို့ ထပ်ပြီးတော့
မေတ္တာရပ်ခံချင်တယ်။
လူထုစိနဝ
် င်း၊ စာနယ်ဇင်းသမား
RFA ဗီဒီယို မတ် ၁

ဘယ်ကငွေနဲ့ ဒီဟာတွေ အားလုံးကို လုပ်မှာလဲ။ ဒါလည်း ကျနော် စိတ်ဝင်စားတယ်။ ---- တခါတလေတော့


တဦးတယောက်က ကုသိုလ် လုပ်တာပဲ။ ဒါပေမယ့် လူတော်တော်များများ အကုသိုလ် ဖြစ်သွားတာလည်း
ရှိတတ်တယ်။ အဲဒီလိုဖြစ်မကုန်အောင်တော့ ကာယကံရှင်ကလည်း ဂရုစိုက်ဖို့ ကောင်းတယ်။ လူတွေကလည်း
သတိရှိကြရမယ်ဗျ။
ဝင်းဖေ၊ စွယ်စုံရ အနုပညာရှင်
RFA ဗီဒီယို မတ် ၁

ရှေးဟောင်းပစ္စည်းအမွေကို မထိခိုက်ဘူး ဆိုရင်သာ ပြုပြင်ခွင့် ရှိတယ်။ ရမ်းပြီးတော့ ကိုယ့်ယတြာနဲ့ကိုယ်


လုပ်လိုက်ရင် တိုင်းပြည် ရတနာ အမွေကို ဆုံးရှုံးသွားလိမ့်မယ်။
မောင်စွမ်းရည်၊ စာရေးဆရာ
RFA ဗီဒီယို မတ် ၁

မင်္ဂလာနှင့် နိုင်ငံရေး ၂၅
မောင်လူရေး
မတ် ၁၇၊ ၂၀၁၁

တပမင်္ဂလာ -
ထိုမင်္ဂလာကို ကျင့်ဖို့ လိုက်နာဖို့ဆိုလျှင် မြတ်စွာဘုရားရှင်းပြထားသော ပုဂ္ဂိုလ်လေးမျိုးကို နာယူမှတ်သားဖို့
လိုသည်။ ထိုလေးမျိုးမှာ-
မိမိကိုယ်ကို ညှင်းဆဲသူ။
အခြားသူများကို ညှင်းဆဲသူ။
မိမိရော သူတပါးကိုပါ ညှင်းဆဲသူ။
မည်သူ့ကိုမှ မညှင်းဆဲသူတို့တည်း။
ယနေ့နိုင်ငံတော်၌ ပထမအမျိုးအစား မိမိကိုယ်ကို ညှင်းဆဲသူမှာ ဝန်ထမ်းများနှင့် ထိုဝန်ထမ်းများ၏
လစာကိုသတ်မှတ်သော ဝန်ထမ်းများတည်း။ စားမှု ဝတ်မှု နေမှုတို့သည် လစာအတိင
ုးဆိုလျှင် အလွန်လိပ်ခဲ
ကျပ်တည်း သိပ်သည်းရကား ဒိဋ္ဌမျက်မှောက်ပင် စိတ်ကျလက်ပျောက်၍ အသက် အောက်သွားနိုင်သည်။
ထို့သို့အသက် အအောက်မခံနိုင်သောကြောင့် စားမိစားရာ သောက်မိသောက်ရာ စားကြ
သောက်ကြရလေတော့ရာ ပဒိုင်းသီးစားမိသူ၊ ဇာတ်တူသားစားမိသူ၊ မိုးခါးရေသောက်မိသူတွေ
ဖောချင်းသောချင်းနှင့် အရူးစိတ်ပေါက်သူတွေ၊ ဘီလူးစိတ်ပေါက်သူတွေ ဒုနဲ့ဒေးဖြစ်နေတော့သည်။

ဒုတိယအမျိုးအစား အခြားသူများကိုညှင်းဆဲသူဆိုတာကတော့ ဂုဏ်ယူဖွယ်ကောင်းစွ၊ နိုင်ငံတဝှမ်း


လက်ညှိုးထိုးမလွဲတည်း။ ထုထည်ကောင်းကောင်းနှင့်ပင် ရှိနေလေသည်။ အင်အားကောင်းကောင်းနှင့်ကို
ရှိနေပေပြီ။ မြန်ပြည်သာရာသာကြောင်း လူသား အရင်းအမြစ်ကြီး ပေတည်း။

တတိယအမျိုးအစား မိမိရော သူတပါးကိုပါ ညှင်းဆဲသူဆိုတာကတော့ ဗိုလ်ခင်ညွှန့်ခေါင်းဆောင်သော


သွားလေသူ ထောက်လှမ်းရေးများကို ဆိုရပေမည်။

ယနေ့ သူတပါးကိုညှင်းဆဲသူများလည်း ညှင်းဆဲရင်း ညှင်းဆဲရင်းပင် လူရည်လူသွေးခြောက်ခန်းကာ


လူရိပ်လူရောင်ပျောက်ဆုံး၍ လူ့ဝန်းကျင်နှင့်ဝေးဝေးနေရသော လူ့အဝန်းအဝိုင်းက လက်သင့်မခံသောညှင်းဆဲမှု
ကို သူတပါးကိုညှင်းဆဲရင်း ပြန်လည်ရရှိနေကြပေသည်။

စတုတ္ထအမျိုးအစား မည်သူ့ကိုမျှ မညှင်းဆဲသူကား တပမင်္ဂလာဆောင်သူတည်း။


တပမင်္ဂလာရှိသူဟူသည် လူသားထုကြီးက တညီတညွတ်တည်း ချမှတ်ထားသော ကုလသမဂ္ဂဆိုင်ရာ
လူ့အခွင့်အရေး ကြေညာစာတမ်း ကို လေးစားလိုက်နာသူတည်း။

လူ့အခွင့်အရေးလေးစားမှ သတ်ဖြတ်ညှင်းဆဲခြင်း၊ ထောင်ချခြင်း၊ ဥပဒေပြု၍ မတရားရယူခြင်းစသည့် မတရားမှု


အစုစုကိုရှောင်ကြဉ်သော နိုင်ငံပြုသီလကို စောင့်ထိန်းရာရောက်သည်။ အလုံးစုံပျက်သုဉ်းရေးဆီဦးတည်သော
ဖျက်လိုဖျက်ဆီးမှုတွေ၊ ဖမ်းဆီးထိန်းချုပ်မှုတွေ၊ အဖွဲ့ပိုင်စီးလိုမှုတွေ မဖြစ်ပွားအောင် ကြိုးစားထိန်းချုပ်နိုင်မည်။
လွတ်လပ်မှုကို ပိတ်ပင်ဟန့်တားမှုများကင်းရှင်း၍ ဥပဒေပြုလုပ်ဆောင်မှုမှန်သမျှ လူ့ယဉ်ကျေးမှုအဆင့်
တဆင့်မြင့်တက်မည်။

ဤသည်တို့ကား တပအကျင့်တို့ပေတည်း။ ထိုတပအကျင့်သည် ကျွန်ုပ်တို့ရွှေဝါပြည်၌


ရမ္မက်ကြီးမှု (အာဏာပိုင်တို့၏ မတရားလွန်းသော ပိုင်ဆိုင်မှုများ)၊
အဖျက်ကြီးမှု (ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး၊ ယဉ်ကျေးမှုစသည်)
များကို ဖယ်ရှားပြီး ပညာရပ်တို့၌၊ အများသူငါကောင်းစားရေးတို့၌တက်ကြွ အားသန်မှုကို ဖြစ်စေကာ
စာရိတ္တကြွယ်ဝ၍ လောကပါလတရားထွန်းကားသော ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးကို
ဖော်ဆောင်ပေးပါလိမ့်မည်။
မတပဖြင့် ဒီမိုကရေစီ မရနိုင်။

ဗြဟ္မစရိယမင်္ဂလာ=သန့်စင်သောတိုင်းပြည်ကို တည်ဆောက်ရေးမင်္ဂလာ။
သန့်စင်သောတိုင်းပြည်ကို သန့်စင်သောနိုင်ငံသားများဖြင့်သာ တည်ဆောက်၍ရသည်။ သန့်စင်သောနိုင်ငံသား
ဖြစ်ဖို့ တနည်း သန့်စင်သောလူသားဖြစ်ဖို့ နိုင်ငံပြုသီလဖြစ်သည့် လူ့အခွင့်အရေးကို လေးစားလိုက်နာရမည်။
အခြားနည်းမရှိ။

လူ့အခွင့်အရေးကိုလေးစားလိုက်နာခြင်းသည် တနည်း နိုင်ငံပြုသီလကို စောင့်ထိန်းခြင်းသည် နိုင်ငံတော်ကို


တည်ငြိမ်မှုရှိစေလေသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှ အဆင့်မြင့်ပညာသည်များ ရှိပြီး
အဆင့်မြင့်ပညာရပ်များထွန်းကားမည်။ (ဆူပူသောနေရာနှင့် ပညာသည် လားလားမှ မအပ်စပ်) သို့မှသာ
ပညာဖြင့် တည်ငြိမ်အေးဆေး၍ ဘေးကင်းသောနိုင်ငံတော်ပေါ်ပေါက်လာမည်။ ဘေးကင်းသောနိုင်ငံတော်ဟူ
သည် သန့်စင်သောနိုင်ငံတော်တည်း။
ပြည်ထေင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံးသော ယာယီသမ္မတကြီးစ၀်ရွှေသိုက်
သန်းဝင်းလှိုင်
မတ် ၁၇၊ ၂၀၁၁ မိုးမခ

၁၉၄၇ခုနှစ် စက်တင်ဘာလ ၂၅ရက်နေ့တွင် တိုင်းပြည်ပြုလွှတ်တော် တတိယညီလာခံမှ


နိုင်ငံတော်ယာယီ သမ္မတအဖြစ် ညောင်ရွှေစော်ဘွားကြီးစ၀်ရွှေသိုက်အား ရွေးကောက်တင်မြှောက်ခဲ့ကြသည် ။
၁၉၄၇ခုနှစ် စက်တင်ဘာလ၂၄ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော် တတိယအကြိမ်ညီလာခံအဋ္ဌမမြောက်
အစည်းအဝေးတွင် အတည်ပြုခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် နိုင်ငံသားအားလုံး၏
အထွတ်အထိပ်ဖြစ်သောကြောင့် ငါးနှစ်တကြိမ် ပါလီမန်လွှတ်တော်နှစ်ရပ်ပေါင်း (ပြည်သူ့လွှတ်တော်နှင့်
လူမျိုးစုလွှတ်တော်) အစည်းအဝေးမှလျှို့ဝှက်မဲစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရသည်။
သမ္မတသည် နိုင်ငံတော်၏အကြီးအကဲဖြစ်သဖြင့် တတိုင်းတပြည်လုံး၏ ရိုသေလေးစားကိုင်းရှိုင်းမှုကိုခံယူရသည်။
နိုင်ငံတော်သမ္မတ၏ရာထူးသက်တမ်းသည် ငါးနှစ်ဖြစ်ပြီး၊ မည်သူမဆိုသမ္မတရာထူးသက်တမ်းကို
နှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခွင့်မရှိစေရဟု ဖွဲ့စည်းပုံတွင်အတိ အလင်းဖေါ်ပြထားသည်။
သမ္မတသက်တမ်းငါးနှစ်အတွင်း သမ္မတကိုဖြုတ်ချခွင့် မရှိပေ။ သို့သော်သမ္မတသည်
နိုင်ငံတော်၏ကျေးဇူးသစ္စာကိုဖေါက်ဖျက်ခြင်း၊ အခြေခံဥပဒေကိုကျူးလွန်ခြင်း၊ အကျင့်သိက္ခာလွန်ကဲစွာ
ပျက်ပြားမှသာ ပါလီမန်က သတ်မှတ်သည့်နည်းများအတိုင်း စွပ်စွဲပြစ်တင်စုံစမ်းစစ်ဆေးပြီး ခိုင်လုံမှသာ
သမ္မတကိုရာထူးမှ ထုတ်ပယ်နိုင်သည်။
နိုင်ငံတော်အစိုးရ၏ဆောင်ရွက်ချက်များကို သမ္မတနာမည်ခံပြီး ဆောင်ရွက်ရမည်။ ပါလီမန်၏ ပြ
ဌာန်းသည့်ဥပဒေများကို သမ္မတလက်မှတ်ထိုးမှသာ အတည်ဖြစ်သည်။
သမ္မတသည်အစိုးရအဖွဲ့၏ထောက်ခံချက်၊ အကြံပေးချက်တို့ကို လက်ခံပြီးမှသာ ကိစ္စအ၀၀ကိုဆောင်ရွက်ရမည်။
တဦးတည်း ထင်သလိုဆောင်ရွက်ခွင့် မရှိချေ။
ဥပဒေပြုရာ၌လည်း ပါလီမန်က သဘောတူအတည်ပြုထားသည့်ဥပဒေကြမ်းကို သမ္မတထံလက်မှတ် ရေးထိုးရန်
ပေးပို့ရသည်။ သို့သော် ခုနှစ်ရက်အတွင်း သမ္မတက လက်မှတ်ရေးထိုးခြင်းမပြုလျှင် သမ္မတက
လက်မှတ်ရေးထိုးပြီးသကဲ့သို့ အတည်ဖြစ်သည်ဟု မှတ်ယူရမည်။
နိုင်ငံတော်ဝန်ကြီးချုပ်ကို ပါလီမန်က ရွေးချယ်တင်မြှောက်ပြီး သမ္မတက ခန့်အပ်ပေးရမည်။
ဝန်ကြီးများနှင့် နိုင်ငံတော်ရှေ့နေချုပ်၊ နိုင်ငံတော်စာရင်းစစ်ချုပ်များကို ၀န်ကြီးချုပ်က ထောက်ခံပြီးမှ
သမ္မတကခန့်အပ်ရမည်။ တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်ဝန်ကြီးများကိုလည်း အစိုးရအဖွဲ့က
ရွေးချုပ်ပြီး နာမည်တင်သွင်းလာမှုကို ပါလီမန်က အတည်ပြုပြီးမှသာ သမ္မတက ခန့်အပ်ရမည်ဟူ၍
သမ္မတ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အပ်နှင်းထားလေသည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် တိုင်းပြည်၏ အထွဋ်အထိပ် နိုင်ငံတော်အကြီးအကဲ ဖြစ်သောကြောင့်
နိုင်ငံတော်မှထောက်ပံသည့် အိမ်တဆောင်ဥပဒေအရ ပြဋ္ဌာန်းထားသော လစာငွေ ၅၀၀၀ကျပ်၊ တနှစ်ဧည့်ခံစရိတ်
၂၄၀၀၀ကျပ်၊ နိုင်ငံတော်အတွင်း လှည့်လည်ခရီးသွားစရိတ် ၇၅၀၀၀ကျပ်၊ ၀တ်စုံခ ၁၀၀၀၀ ကျပ် ၊ ဒုတိယအကြိမ်
ထပ်မံရွေးကောက်ခံရလျင် ၀တ်စုံခ ငွေ ၅၀၀၀ ကျပ်သာ ရရှိမည်ဟု သမ္မတ၏
ခံစားခွင့်ကိုသတ်မှတ်ပေးထားသည်။
နိုင်ငံတော်၏ ယာယီသမ္မတအဖြင့် ရွေးကောက်တင်မြှောက်ခံရသော စ၀်ရွှေသိုက်ကို ၁၈၈၆ ခုနှစ်
အောက်တိုဘာလ ၁၆ရက်သောကြာနေ့တွင် ညောင်ရွှေမြို့၌ ဖွားမြင်ခဲ့သည် ၊ မိဘများမှာ အင်းတိန်မြို့စား
စ၀်ချုံနှင့် စ၀်နန်းဆာတို့ ဖြစ်သည်။ သို့သော်ဖခင်၏အကိုရင်းဖြစ်သူ ညောင်ရွှေစော်ဘွားကြီး ဆာစ၀်မောင်
(ဆာစောမောင်) နှင့် ကြင်ယာတော် မဟာဒေ၀ီတို့မှ မွေးစားခဲ့သည်။ မွေးစားဖခင် ညောင်ရွှေစော်ဘွားကြီး ဆာ
စ၀်မောင်သည် မန္တလေးနန်းတွင်းတွင် ကြီးပြင်း၍ ၁၈၈၅ခုနှစ်နိုဝင်ဘာလ ၂၉ရက်နေ့တွင် သီပေါမင်းပါတော်မူချိန်
၌ အရှင်နှစ်ပါးအား ပြန်လည်လု့ယူရန်ကြိုးစားခဲ့သည်။ ထို့အပြင် ၁၉၂၅ခုနှစ်နိုဝင်ဘာလ ၂၄ရက်နေ့တွင်
နတ်ရွာစံသော မိဘုရားခေါင်ကြီး စုဘုရားလတ်၏ ဈာပနတွင် အဓိကအခန်းမှ ပါဝင်ဆောင်ရွက်ပေးခဲ့သူ
ဖြစ်သည်။ နောင်တွင်အင်္ဂလိပ်အစိုးရက ညောင်ရွှေစော်ဘွားကြီးစ၀်မောင်အား `ဆာ´ (sir)ဘွဲ့ချီးမြှင့်ခဲ့သည်။
စ၀်ရွှေသိုက်သည် တောင်ကြီးမြို့ရှိ ရှမ်းစော်ဘွားသားသမီးများ ပညာသင်သောကျောင်း၌ ပညာသင်
ကြားခဲ့သည်။ ငယ်ရွယ်စဉ်ကပင် စစ်ပညာကို ၀ါသနာပါခဲ့သည် ။ ၁၉၁၄ခုနှစ်တွင် ဘားမားရိုင်ဖယ် (Burma
Rifile) အင်္ဂလိပ်စစ်တပ်၌ ရိုးရိုးတပ်သားအဆင့်မှ အရာခံဗိုလ်ရာထူးတိုင်အောင် အမှုထမ်းခဲ့သည်။ ပထမကမ္ဘာစစ်
၁၉၁၈ခုနှစ်တွင် ဖြစ်ပွားသောအခါ အီရတ်နိုင်ငံ မက်ဆိုပိုတေးမီးယား (Mesopotamia) စစ်မြေပြင်သို့
သွားရောက်ရန် ရန်ကုန်လေဆိပ်၌ စောင့်ဆိုင်းနေစဉ် ရွှေဘိုစစ်ဋ္ဌာနချုပ် ထောက်လှမ်းရေးအရာရှိငယ်
အဖြစ်တာဝန် ပေးအပ်ခြင်းခံရသည်။ ၁၉၂၀-၂၃ တွင် မြန်မာနိုင်ငံ အရှေ့မြောက်နယ်ခြားဒေသ၏
စစ်တပ်တာဝန်ခံ အရာရှိငယ် အဖြစ်အမှုထမ်းသည်။ ထို့နောက် စစ်တပ်မှ အနားယူခဲ့သည်။ သို့သော်
ဒုတိယကမ္ဘာစစ် (၁၉၃၉-၁၉၄၅) ဖြစ်ပွား လာချိန်တွင် စစ်မှုထမ်းရန် ပြန်လည်ဆင့်ခေါ်ခြင်းခံရသည်။
၁၉၂၇ခုနှစ်တွင် ဖခင်ဖြစ်သူ ဆာစ၀်မောင်ကွယ်လွန်သောအခါ ယင်းနှစ် အောက်တိုဘာလတွင်
စော်ဘွားအဖြစ် ရွေးချယ်ခံရသည်။ သို့သော် ၁၉၂၉ခုနှစ် မတ်လ ၈ရက်နေ့မှ ညောင်ရွှေစော်ဘွား
အရိုက်အရာကို အင်္ဂလိပ်အစိုးရက ခန့်အပ်ခဲ့သည်။ စော်ဘွားအဖြစ် နယ်သူ နယ်သားများ၏
လေးစားချစ်ခင်မှုကိုလည်း ရရှိခဲ့သည်။
၁၉၂၉-၃၀တွင်ဟောင်ကောင်၊ တရုတ်ပြည် ၊ ဥရောပနိုင်ငံများနှင့် အင်္ဂလန်ပြည်များသို့ ဒေသန္တာရ
ဗဟုသုတရှာမှီးရန် ခရီးအကြိမ်ကြိမ် ထွက်ခဲ့သည်။ ၁၉၃၁နိုဝင်ဘာလ၂၇ရက်နေ့တွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့
အထက်လွှတ်တော် ဘုရင့်ဝတ်လဲတော်ခန်းမ၌ ကျင်းပခဲ့သော မြန်မာနိုင်ငံဆိုင်ရာ
ဒုတိယမျက်နှာစုံညီအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်၂၄ ဦးတို့နှင် အတူ တက်ရောက်ခဲ့သည်။
၁၉၃၇ခုနှစ်ဇွန်လတွင် သိန္နီမြှောက်ပိုင်းစော်ဘွားကြီး၏ သမီးစ၀်ဟုံခမ်းနှင့် လက်ထပ်ခဲ့သည်။
စ၀်ပုံခမ်းသည် သိန္နီစော်ဘွားစ၀်ဟုံဖ၏ ညီမဖြစ်သည်။ သား ၇ယောက် သမီး ၄ယောက် စုစုပေါင်း ၁၁ ဦး
ထွန်းကားခဲ့သည်။ သားသမီးများကို အင်္ဂလန်ရှိ ဘုရင့်တက္ကသိုလ်၊ ကိန်းဘရစ်တက္ကသိုလ်တို့၌
ပညာသင်ကြားစေခဲ့သည်။
စ၀်ရွှေသိုက်သည် ၁၉၄၆ခုနှစ် မတ်လ ၂၈ရက်နေ့တွင် ရှမ်း-ဗမာ ယဉ်ကျေးမှုအသင်း တည်ထောင်ရာ
ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ အတွင်းရေးမှူးအဖြစ် ဂဠုန်ဦးစောဖြစ်သည်။
၁၉၄၇ခုနှစ် ဖေဖေါ်ဝါရီလ ၃ရက်မှ ၁၂ရက်နေ့ အထိ ပင်လုံမြို့၌ ကျင်းပခဲ့သော သမိုင်းဝင် ပင်လုံညီလာခံ၌
ရှမ်းစော်ဘွားများအဖွဲ့၏ ဒုတိယခေါင်းဆောင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ပထမခေါင်းဆောင်မှာ
တောင်ပိုင်းစော်ဘွားကြီး ခွန်ပန်းစိန် ဖြစ်သည်။ စော်ဘွားများဘက်မှ အဓိကဦးဆောင်၍ ပြောဆိုသူဖြစ်သည်။
ဖေဖေါ်ဝါရီလ ၁၂ရက်နေ့တွင် သမိုင်းဝင် ပင်လုံစာချုပ်လက်မှတ်ရေးထိုးသူ ၂၄ ဦးတွင် တဦး
အပါအ၀င်ဖြစ်သည်။
တောင်တန်းသားများ စည်းလုံးညီညွန်ရေးအဖွဲ့ (၁၉၄၇) ၏ ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ၁၉၄၇
နယ်စပ်ဒေသ ရှမ်းပြည်အမတ်တဦးအဖြစ် ရွေးချယ်ခံ၍ အခြေခံဥပဒေ ရေးဆွဲရာတွင် ကော်မတီဝင် ၅၅ ဦး ၌
ရှမ်းပြည်အမတ် ၆ ဦးတွင်တဦးအပါအ၀င် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၄၇ ဇွန်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံ
တိုင်းပြုပြည်ပြုလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။
ထို့နောက် ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် တိုင်းပြုပြည်ပြုလွတ်တော် တတိယညီလာခံက
ညောင်ရွှေစော်ဘွားကြီးစ၀်ရွှေသိုက်ကို နိုင်ငံတော် ယာယီသမ္မတအဖြစ် ရွေးကောင်တင်မြှောက်ခဲ့ကြသည်။
နိုင်ငံတော်ယာယီသမ္မတကြီးအဖြစ် ၁၉၅၂ ခုနှစ် မတ်လ၁၂ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
သမ္မတသက်တမ်းအတွင်း ၁၉၅၀ပြည့်နှစ် နိုဝင်ဘာလ ၂၆ရက်နေ့တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ၌
၁၉၄၈ခုနှစ် ဇန်န၀ါရီလတွင် တည်ဆောက်ခဲ့သော လွတ်လပ်ရေး ကျောက်တိုင်ဖင
ွ့်ပွဲအခမ်းအနားကို တက်ရောက်
ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် သမ္မတသက်တမ်း ကုန်ဆုံးပြီး ၁၉၅၂မှ ၁၉၆၀ ပြည့်နှစ်အထိ လူမျိုးစုလွှတ်တော်ဥက္ကဋ္ဌအဖြစ်
ဆက်လက် တာဝန်ယူခဲ့သည်။ ၁၉၆၀ပြည့်နှစ် ဧပြီလ ၈ ရက်နေ့တွင် လူမျိုးစုလွှတ်တော်အစည်းအဝေးတွင်
စ၀်ရွှေသိုက်အား သဘာပတိအဖြစ်ခန့်အပ်ခဲ့သည်။ ၁၉၆၀ပြည့်နှစ် သြဂုတ်လတွင်
မြန်မာချစ်ကြည်ရေးအဖွဲ့ကိုဦးဆောင်၍ ချက်ကိုစလိုဗက်ကီးယားနိုင်ငံ သို့လည်း သွားရောက်ခဲ့သည်။
အိမ်စောင့်အစိုးရလက်ထက် ၁၉၅၉ ခုနှစ် ဧပြီလ ၂၄ရက်နေ့တွင် အခြားရှမ်းစော်ဘွား ၂၉ ဦး နှင့် အတူ စော်ဘွား
အာဏာကို စွန့်လွတ်ခဲ့ရသည်။
သမ္မတကြီး စ၀်ရွှေသိုက်သည် အမျိုးဘာသာ၊ သာသနာ၊ ပညာတွင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံတော်မှ
ချီးမြှင့်သော အဂ္ဂမဟာသရေစည်ဘွဲ့၊ အဂ္ဂမဟာသီရိသုဓမ္မဘွဲ့များ ရရှိခဲ့သည်။
ငယ်စဉ်က စစ်မှုရေးရာ ၊အားကစား၊ ဘောလုံး၊ ရေကူး၊ ဟော်ကီ၊ ခရစ်ကတ်၊ တောပစ် ၀ါသနာပါ၍
လိုက်စားခဲ့သည်။ သမ္မတဘ၀တွင် ကလေးသူငယ်များစောင့်ရှောက်ရေးအသင်း၊ အနာကြီးရောဂါသည်များ
ကူညီစောင့်ရှောက်ရေးအသင်း စသည့် လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးခဲ့သည်။
၁၉၄၇ နိုဝင်ဘာလ ၂၀ ရက်နေ့ တွင်အင်္ဂလန်ပြည် လန်ဒန်မြို့ ၀က်စမင်တန်အက်ဘေး ဘုရားရှိခိုးကျောင်း၌
ကျင်းပသော ဆဋ္ဌမမြောက် ဂျော့ဘုရင်၏ သမီးတော်ကြီး အယ်လီဇဘက်မင်းသမီး (ယခု ဒုတိယမြောက်
အယ်လီဇဘက်ဘုရင်မ) နှင့် ကြင်ရာတော် ဖီးလစ်မင်းသားတို့၏ လက်ထပ်မင်္ဂလာအခမ်းအနား သို့
မြန်မာနိုင်ငံကိုယ်စား သမ္မတကြီးစ၀်ရွှေသိုက်နှင့် မဟာဒေ၀ီတို့ တက်ရောက် ချီးမြှင့်ခဲ့သည်။
ထို့နောက် လူမျိုးစုလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေစဉ် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့၌
ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သော တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့ပြီးနောက်
ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသည်။ သမ္မတဟောင်း စ၀်ရွှေသိုက်သည် ၁၉၆၂ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင်
ထိန်းသိမ်းထားရာ အင်းစိန်ထောင်၌ ကွယ်လွန်ခဲ့လေသည်။
၁၉၆၂ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီမှ အာဏာသိမ်းခဲ့သောနေ့၌ သားဖြစ်သူ မီမီသိုက်
တော်လှန်ရေးကောင်စီ၏ စစ်တပ်မှ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရာ စ၀်ရွှေသိုက်သည် စိတ်ထိခိုက်ခဲ့ရသည်။
(၁) မြန်မာ့စွယ်စုံကျမ်း အတွဲ၃ စာ၁၈၊၁၉
(၂) မောင်ဇေယျ မြန်မာလူကျော်၁၀၀ (ပထမအုပ်) ယူနီတီစာပေတိုက် ၊ ပ ကြိမ် ၂၀၁၀ မတ်
(၃)ရေနံမြေခင်စု “ဗမာ့ပထမသမ္မတကြီး” စာပေဗိမာန် မဂ္ဂဇင်း တွဲ ၁ အမှတ် ၁ (၁၉၅၆မေ)

ICG စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေး အစီရင်ခံစာအကြောင်း


By ဦးကျော်ဇံသာ ဗုဒ္ဓဟူး, 16 မတ် VOA

ဒီတပတ် မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက် ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ က အရှေ့ တောင်အာရှ


စီမံကိန်း ညွှန်ကြားရေးမှူး Mr. Jim Della-Giacoma ကို ဆက်သွယ်ပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို
ရုတ်သိမ်းသင့်တယ်လို့ ICG (International Crisis Group) နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့ အစီရင်ခံစာ ကို
သုံးသပ်ဆွေးနွေး တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ICG အစီရင်ခံစာရဲ့  ထောက်ခံတင်ပြချက်တွေမှာ အဓိကအချက်ကတော့ မြန်မာနိုင်ငံအပေါ်


ထားရှိတဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုတ်သိမ်းရေးကိစ္စဖြစ်တယ်လို့ ထင်ပါတယ်။ ဟုတ်ပါသလား။

Mr. Jim Della-Giacoma ။ ။ ကျနော်တို့ ထောက်ခံတင်ပြထားတာတွေ အတော်များပါတယ်။


မြန်မာနိုင်ငံမှာဖြစ်ပေါ် တိုးတက်နေတဲ့ အခြေအနေတွေပေါ်ကြည့်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းဖက်က
ပြောင်းလဲသင့်တဲ့အချက်တွေလို့ ထင်ပါတယ်။ ပထမအချက်က ဖွံ့ဖြိုးရေးအစီအစဉ်တွေကို မပိတ်ပင်ဘဲ
အတော်မြှင့်မားတိုးတက်လာတဲ့အထိ ပေးသင့်ပါတယ်။ နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့တွေက နည်းပညာပိုင်ဆိုင်ရာ
အထောက်အပံ့တွေကို ရပ်ဆိုင်းထားမယ်ဆိုရင် ဖြစ်နိုင်ပေမယ့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး
အထောက်အပံ့တွေကိုတော့ ပြန်ပေးသင့်ပါတယ်။ အမေရိကန်နဲ့ ဥရောပတို့ရဲ့ 
ကုန်သွယ်ရေးကန့်သတ်ချက်တွေကိုလည်း လုံးဝရုတ်သိမ်းရပါလိမ့်မယ်။ ဒီလို ပိတ်ဆို့မှုတွေကို
ရုတ်သိမ်းလိုက်တဲ့အတွက် ပြဿနာ ရုတ်တရက် ပြေလည်သွားမယ်လို့ မဆိုလိုပါဘူး။ သာမန်ပြည်သူတွေရဲ့ 
ဘဝအခြေအနေ တဖြည်းဖြည်းတိုးတက်လာနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ပိတ်ဆို့မှုတွေက targeted sanctions - ပစ်မှတ်ထားပြီး


အရေးယူတယ်လို့ ဆိုနေကြပါတယ်။ ICG က ထောက်ခံတင်ပြချက်နဲ့ ဘယ်လောက်အကြုံဝင်ပါသလဲ။

Mr. Jim Della-Giacoma ။ ။ အခု သုံးနေတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေက သိပ်ကျယ်ပြန့်ပါတယ်။


ကုန်သွယ်ရေးပိတ်ဆို့မှု၊ မြန်မာအထည်စက်ရုံတွေကို ပိတ်ပင်မှု၊ ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံတကာ
အထောက်အပံ့တွေကို ပိတ်ပင်မှုတွေ။ ဒါတွေဟာ targeted sanctions လို့ခေါ်တဲ့ ပစ်မှတ်ထား ပိတ်ဆို့မှု
မဟုတ်တော့ပါဘူး။ သိပ်ကျယ်ပြန့်ပါတယ်။ မြန်မာပြည်သူ သာမန်ပြည်သူလူထုကို ထိခိုက်စေပါတယ်။
နိုင်ငံတကာနဲ့ ဆက်ဆံလို့ အိမ်နီးချင်းတိုင်းပြည်က လူထုရရှိနေတဲ့ အကျိုးစီးပွားမျိုးကို မြန်မာပြည်သူတွေ
မရရှိနိုင်ဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ targeted


မဟုတ်ဘူး။ ပစ်မှတ်ထားအရေးယူမှု မဟုတ်ဘူးဆိုတဲ့ သဘောပေါ့။

Mr. Jim Della-Giacoma ။ ။ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အရေးယူပိတ်ဆို့မှု၊ ကုန်သွယ်ရေး ကန့်သတ်ပိတ်ပင်မှု၊


နိုင်ငံတကာ အေဂျင်စီတွေရဲ့  အထောက်အပံ့ ထိန်းချုပ်မှုတွေဟာ ပစ်မှတ်ထားအရေးယူမှုတွေ
မဟုတ်တော့ပါဘူး။ ဒါတွေဟာ သိပ်ကျယ်ပြန့်ပါတယ်။ သာမန်လူထုကို နစ်နာစေပါတယ်။
အိမ်နီးချင်းနိုင်ငံတွေရတဲ့ အကျိုးခံစားမှုမျိုးကို မြန်မာလူထုမရရှိနိုင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ICG အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံ လက်ရှိအခြေအနေကို သုံးသပ်တဲ့အခါကြတော့


အာဏာပြအုပ်ချုပ်မှုက ဆက်လက်ရှိနေသေးတယ်၊ ဘာမှ တိုးတက်တာ မတွေ့ရသေးဘူး၊
ရွေးကောက်ပွဲကလည်း အစစ်အမှန်မဟုတ်ဘူးဆိုတာကို အမှန်အတိုင်း သုံးသပ်ရေးသားထားတယ်လို့
တွေ့ရပါတယ်။ ဒါပေမဲ့ ထောက်ခံတင်ပြတဲ့အခါမှာတော့ သိပ်ကိုလျှော့လျှော့ပေါ့ပေါ့နဲ့
အကောင်းမြင်တွေ့ရပါတယ်။ ဒါကြောင့် ဒီ အစီရင်ခံစာဟာ ရှေ့ နောက်မညီညွှတ်ဘူးလို့ ဆိုရင် မှားပါသလား။

Mr. Jim Della-Giacoma ။ ။ နှစ်ပေါင်း (၂၀) ကျင့်သုံးလာတဲ့ ပိတ်ဆို့ဒဏ်ခတ်မှု ရလဒ်ကို ကျနော်တို့


ကြည့်ပါတယ်။ အလုပ်မဖြစ်ဘူးလို့ ကျနော်တို့ သုံးသပ်မိပါတယ်။ နိုင်ငံရေးအခြေအနေကို မပြောင်းလဲနိုင်ပါဘူး။
အခုအခါမှာ အစိုးရတရပ် ဖြစ်ပေါ်လာပါပြီ။ ဒါကြောင့် ကျနော်တို့က ချည်းကပ်မှုတရပ်တောင်းဆိုပါတယ်။
ပြည်သူလူထုကို အပြစ်ဒဏ်မခတ်တဲ့ ချည်းကပ်မှုကို ကျနော်တို့ တောင်းဆိုလာခဲ့တာပါ။ နှစ်ပေါင်းများစွာ
အလုပ်မဖြစ်ခဲ့တဲ့ ကျယ်ပြန့်တဲ့ ပိတ်ဆို့မှုတွေကို ရုတ်သိမ်းဖို့ တောင်းဆိုတာပါ။ အခုအချိန်ကာတော့ နိုင်ငံတကာ
အသိုင်းအဝိုင်း၊ အထူးသဖြင့် အနောက်နိုင်ငံတွေ မူဝါဒ အပြောင်းအလဲလုပ်ဖို့ အခါအခွင့်သင့်ပြီလို့ ထင်ပါတယ်။
(၃း၅၀)

ဦးကျော်ဇံသာ ။ ။ ICG အနေနဲ့ ဒီလို ထောက်ခံချက်တွေမလုပ်ခင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ 


တင်ပြချက်ကို ထည့်သွင်းစဉ်းစားခဲ့ပါသလား။ စီးပွားရေးပိတ်ဆို့တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့်
ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စီးပွားရေးပိတ်ဆို့မှု၊ ဒဏ်ခတ်မှုတွေကို ရုတ်သိမ်းစေချင်ရင်
မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန်အောင် အရင်လုပ်ပါလို့ အန်အယ်လ်ဒီ က
အကြံပေးထားပါတယ်။ အဲဒီအချက်ကို လူကြီးမင်းတို့ ထည့်သွင်းစဉ်းစားထားပါသလား။
Mr. Jim Della-Giacoma ။ ။ ဒေါ်အောင်ဆန်းစုကြည် Davos (World Economic Forum) မှာ
စကားပြောတုန်းက မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ ရင်းနှီမြုပ်နှံမှုလုပ်ဖို့ကိစ္စကို အပြုသဘောနဲ့ ပြောသွားခဲ့ပါတယ်။
အခု ကန့်သတ်ပိတ်ပင်မှုတွေထဲမှာ သဘာဝပတ်ဝန်းကျင် မပျက်သုဉ်းရေးကို ဦးစားပေးတဲ့ကုမ္မဏီတွေ၊
လူမှုရေးတာဝန်ယူမှုတွေကို ခေတ်သစ်စံနှုန်းတွေနဲ့အညီ လိုက်နာတဲ့ ရင်နှီးမြုပ်နှံမှုတွေလည်း ပါဝင်နေပါတယ်။
အဲဒီလို ကုမ္မဏီတွေ ရင်းနှီမြုပ်နှံမှုတွေကို လက်ခံသင့်တယ်လို့ ထင်ပါတယ်။ တားဆီးပိတ်ပင်ခြင်း မပြုသင့်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ရင်းနှီမြုပ်နှံမှုကို ဒေါ်အောင်ဆန်းစုကြည် က အားပေးတဲ့ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး အဲဒီ


မိန့်ခွန်းထဲက တကယ့် စကားအသုံးအနှုန်းကို လူကြီးမင်း ကိုးကားပြနိုင်ပါသလား။ အဲဒီ Davos မိန့်ခွန်းကို အချို
့က ဒေါ်အောင်ဆန်းစုကြည် က ရင်းနှီမြုပ်နှံမှုတွေကို အလေးအနက် စဉ်းစားကြဖို့ ထောက်ပြတာပဲလို့
အဓိပ္ပါယ်ဖွင့်ကြပါတယ်။

Mr. Jim Della-Giacoma ။ ။ ဟုတ်ပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုရာမှာ ကွလ


ွဲမှုတွေ ရှိနေကြပါတယ်။ Davos မှာ
သူမိန့်ခွန်းပြောပါတယ်။ ကုန်သွယ်ရေးအစရှိတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ ငွေကြေးပြောင်းလဲမှုအပေါ် ထားရှိတဲ့
ကျယ်ပြန့်တဲ့အရေးယူမှုတွေ ဘာညာမရုတ်သိမ်းသေးသမျှ နိုင်ငံတကာ ရင်းနှီမြုပ်နှံမှုတွေ မလုပ်ဘဲ နေကြဖို့
အားပေးသွားတာပါ။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ ဒဏ်ခတ်တဲ့နေရာမှာ ရှေ့ တန်းကပါဝင်တဲ့ အမေရိကန်က


အခု အိုဘားမား လက်ထက်မှာ မြန်မာနိုင်ငံအပေါ် အယူအဆကို နည်းနည်းပြုပြင်တယ်လို့ ဆိုရမှာပါ။
မြန်မာနိုင်ငံဖက်က တိုးတက်မှုတစုံတရာ ပြသလာရင် နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးတက်အောင်လုပ်မှာကို
အဆင်သင့်ပဲလို့ ပြောဆိုနေပါတယ်။ ဒါဟာ မလုံလောက်ဘူးလား။ တင်းမာတဲ့သဘောကို ပြသနေဆဲပဲလို့
ဆိုနိုင်ပါသလား။

Mr. Jim Della-Giacoma ။ ။ အမေရိကန် အပါအဝင် sanction ကျင့်သုံးတဲ့ နိုင်ငံအနည်းအကျဉ်းတို့ဟာ


မြန်မာနိုင်ငံအပေါ် မူဝါဒချမှတ်ရမှာ ထိရောက်မှုရှိဖို့ထက် တင်းတင်းမာမာ ရှိဖို့ကို ဦးစားပေးနေကြတယ်လို့
ကျနော်တို့ယူဆပါတယ်။ သူတို့ဟာ ပြည်တွင်းဖိအားကို အခြေခံပြီး မူမပြောင်းဘဲ ဆက်လုပ်နေကြတယ်
ထင်ပါတယ်။ လက်ရှိ မြန်မာပြည်အခြေအနေကို ကျနော်တို့က ပြောင်းလဲနေပြီးလို့ ထင်ပါတယ်။ မြန်မာနိုင်ငံဟာ
အာဏာပြအုပ်စိုးမှုအောက် နေလာခဲ့ရတာ နှစ်ပေါင်း (၅၀) ရှိလာခဲ့ပါပြီ။ အမေရိကန်ပြည်ထောင်စု နဲ့ တခြား
အနောက်နိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ တခြား အာဏာရှင်နိုင်ငံတွေနဲ့ ပျော်ပျော်ကြီး ဆက်ဆံနေကြပါတယ်။
မြန်မာပြည်သူတွေကိုတော့ အဲဒီလိုမျိုး မဆက်ဆံကြပါဘူး။ ဒီအတွက် မြန်မာပြည်သူတွေ နစ်နာကြရပါတယ်။
တခြားနိုင်ငံက သာမန်ပြည်သူတွေရရှိတဲ့ တိုးတက်မှုတွေ၊ အကျိုးခံစားခွင့်တွေ မရရှိကြပါဘူး။ ဒါဟာ
မြန်မာနိုင်ငံအပေါ် ဆက်ဆံတာဟာ တခြားနိုင်ငံတွေအပေါ် ဆက်ဆံတဲ့ပုံစံနဲ့ မတူလို့ ဖြစ်ရတာပါ။ ဒါကြောင့်
အနောက်နိုင်ငံတွေဟာ မြန်မာပြည်အပေါ် မူပြောင်းရမယ်။ နေပြည်တော်နဲ့ အပြုသဘောဆက်ဆံရမယ်။
sanction သည်သာ တခုတည်းသောနည်းလမ်း တင်းမာသော သဘောထားသည်သာ
တခုသောနည်းလမ်းဆိုတာကို ထိုးဖောက်ကြရပါလိမ့်မယ်။ ဒါတွေဟာ အလုပ်မဖြစ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ တချို့  ဒီမိုကရေစီလှုပ်ရှားသူတွေက ပြောကြပါတယ်။ Sanction တွေ


တင်းကြပ်မှုတွေကို လျှော့ပေးလိုက်ရင် စစ်အစိုးရက သူတို့လိုရာဆွဲပြီး အဓိပ္ပါယ်ဖွင့်လိမ့်မယ်။ သူတို့အာဏာကို
ချုပ်ကိုင်ရေးအတွက် အသုံးချမယ်။ သူတို့က တရားဝင်အစိုးရဖြစ်တယ်လို့ ကမ္ဘာက အသိအမှတ်ပြုတယ်ဟေ့
သူတို့ လုပ်ကြပါလိမ့်မယ်။ ဆိုတော့ အဲဒီလို လုပ်မှာကို စိုးရိမ်တဲ့အတွက် sanction တွေ ဆက်ထားသင့်တယ်လို့
ဒီမိုကရေစီလှုပ်ရှားသူတွေက ဆိုကြပါတယ်။ အဲဒီလို ယူဆနိုင်တဲ့ အထောက်အထားတွေ မရှိဘူးလို့
ထင်ပါသလား။
Mr. Jim Della-Giacoma ။ ။ ကျန် ကမ္ဘာ့နိုင်ငံတွေအပေါ် အမေရိကန်ပြည်ထောင်စုတို့ ကျင့်သုံးနေတဲ့ကိစ္စကို
ကြည့်သင့်ပါတယ်။ အဲဒီ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာ အောင်မြင်နေပါတယ်။
တွေ့ဆုံဆွေးနွေးနေတယ်၊ ကုန်သွယ်မှုလုပ်တယ်၊ ပြည်ပရင်းနှီမြုပ်နှံမှုတွေ လုပ်ကြတယ်။ ဒီလိုနဲ့ သူတို့
တံခါးဖွင့်စေတယ်။ သာမန်ပြည်သူတွေဆီကို အကျိုးအမြတ်တွေ ရောက်ရှိစေတယ်။ အထီးကျန်ပြစ်ထားတဲ့
မူဝါဒက အလုပ်မဖြစ်ဘူးလို့ ထင်ပါတယ်။ အရေးယူပိတ်ဆို့မှုတွေဟာ မြန်မာနိုင်ငံကို ပိုပြီးတော့
အထီးကျန်ဖြစ်စေပါတယ်။ လူထုအတွက် အကျိုးယုတ်စေတယ်။ နိုင်ငံတကာ တိုးတက်မှုတွေကို
လက်လွှတ်စေတယ်။ နိုင်ငံတကာ အကူအညီနဲ့ ဆက်နွှယ်ဖြစ်ထွန်းစေမယ့် နိုင်ငံရေးအခြေအနေ
တိုးတက်မှုတွေကိုလည်း လက်လွှတ်သွားစေပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဘေးဖယ်ပေးတော့မယ်လို့


ICG အစီရင်ခံစာထဲမှာ ရေးထားတာတွေ့ရပါတယ်။ ဒါ သေချာပါရဲ့ လား။ ကြေညာထားတဲ့ မရှိသေးပါဘူး။

Mr. Jim Della-Giacoma ။ ။ အခု ယန္တယားအသစ်ထဲမှာ သမ္မတအသစ် ရှိနေပါပြီ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ


အခန်းကဏ္ဍကတော့ စောင့်ကြည့်ရအုံးမှာပေါ့။ လာမယ့်လတွေအတွင်းမှာပါ။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံရေးမှာ ရာထူးတစုံတရာမရှိဘဲ ပုဂ္ဂိုလ်ရေး လွှမ်းမိုးကြီးစိုးမှုကလည်း


သိပ်အရေးကြီးပါတယ်။ လစ်ဗျားမှာ ကြည့်ပါ။ ကဒါးဖီး က သူ့မှာ ဘာရာထူးမှမရှိဘူး၊ ထွက်ပေးစရာ မလိုဘူးလို့
ပြောနေတယ် မဟုတ်ဘူးလား။ အဲဒီတော့ မြန်မာနိုင်ငံမှာလည်း အဲဒီလိုမျိုးတွေ ရှိနေပါတယ်။

Mr. Jim Della-Giacoma ။ ။ ဒါမျိုးက နိုင်ငံတော်တော်များများမှာ ရှိနေပါတယ်။


အာဏာအပြောင်းအလဲလုပ်ရာမှာ မြင်ကွင်းနောက်ကွယ်က လူတွေရှိနေတတ်ပါတယ်။ ကျနော်တို့
ထောက်ခံတင်ပြတာက ဒါကို စောင့်ကြည့်ပြီး လိုက်လျောညီထွေစွာ လိုက်လံပြောင်းလဲဖို့ ဖြစ်ပါတယ်။

နောက်ဆုံး

ဂျပန်ငလျင်၊ ဆူနာမီနှင့် အနုမြူပြဿနာ


ဘိုဘိုကျော်ငြိမ်း | ကြာသပတေးနေ့၊ မတ်လ ၁၇ မဇ္စျိမ

မတ်လ ၁၁ ရက်နေ့က လှုပ်သွားတဲ့ ဂျပန်ငလျင်ဟာ ၁၉ဝဝ ခုနှစ် စရင်းစကောက်ချိန်ကစပြီး ပဉ္စမအကြီးဆုံး


ငလျင်ကြီးတခု ဖြစ်တယ်။ ဂျပန်ကျွန်းဟာ ၁၂-၁၃ ပေ အရှေ့ဘက်ကို ရွေ့သွားပြီး ကမ္ဘာ့ဝင်ရိုးတောင် ၆.၅ လက်မ
ပြောင်းလဲသွားတယ်။ ကမ္ဘာကြီးလည်ပတ်မှုတောင် ၁.၈ မိုက်ခရိုစက္ကန့် (၁ စက္ကန့်= မိုက်ခရိုစက္ကန့် ၁သန်း)
နှေးသွားတယ်လို့ နာဆာ ပညာရှင် Richard S Gross ရဲ့ တွက်ချက်မှုအရ သိရတယ်။ ဒါကြောင့် ဒီငလျင်ဟာ
ဒုတိယကမ္ဘာ စစ်အပြီး ဂျပန်နိုင်ငံအတွက် အဆိုးဆုံး သဘာဝဘေးဒဏ်ဖြစ်တယ်။ ဂျပန်နိုင်ငံဟာ
ငလျင်ကြောပေါ်မှာ ရှိတာကြောင့် ငလျင်အတွက် ပြင်ဆင်မှုရှိတယ်။

ပြဿနာက ငလျင်ကြောင့်ဖြစ်လာတဲ့ ဆူနာမီပဲ။ ဆူနာမီ ဆိုတာကလည်း ဂျပန်စကားပါပဲ။


တိုက်တွေလောက်ကြီးတဲ့ လှိုင်းလုံးကြီးတွေ ကမ်းပေါ်ကို ရောက်လာပြီး၊ ကမ်းခြေမှာရှိတဲ့ အိမ်ခြေ မြို့ရွာတွေကို
တိုက်စားသွားနိုင်တဲ့ လှိုင်းကြီးတွေကို ဆူနာမီလို့ခေါ်တာပါ။

ပိုရှင်းသွားအောင် ဘာကြောင့် ငလျင်လှုပ်တာလဲ၊ ငလျင်ကြောင့် ဆူနာမီဘယ်လို ဖြစ်ရတာလဲဆိုတာကို


ကြည့်ကြရအောင်။
ကျနော်တို့ရဲ့ကမ္ဘာကြီးဟာ တကယ်တော့ အသေမဟုတ်ဘူး၊ အရှင်လို့ပြောရလိမ့်မယ်။ ဆိုလိုတာက ကျနော်တို့
ရပ်နေတဲ့ မြေပြင်ကြီးဟာ တကယ်တော့ (ရွေ့)နေတာပါ။ ဥပမာ ရန်ကုန်မြို့အောက်မှာ ကမ္ဘာမြေကြီးရှိတယ်။
ဒီကမ္ဘာမြေကြီးဟာ အမြဲဒီနေရာမှာပဲ တည်တန့်နေမှာ မဟုတ်ဘူး။ ရွေ့နေတာက တနှစ်မှာ ၁ စင်တီမီတာ၊ ၂
စင်တီမီတာ ရွေ့တာဆိုတော့ တိုတောင်းလှတဲ့ လူ့သက်တန်းမှာ ရွေ့တယ်လို့ မထင်ရဘူးပေါ့။ ဒါပေမဲ့ နှစ်ပေါင်း
သန်းရာနဲ့ ထောင်နဲ့ချီပြီး ကြာတဲ့ကာလမှာမှ ရွေ့ရှားမှုဟာသိသာလာပါတယ်။ ဥပမာ ကမ္ဘာတည်ပြီးစ
တည်ငြိမ်လာတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း ၃,၁ဝဝ လောက် ကာလမှာ အခုလို ကုန်းတိုက်ကြီး ၇ တိုက် မရှိပါ။
ကုန်းမြေတွေအားလုံးဆက်နေတဲ့ တိုက်ကြီးတတိုက်ပဲရှိပြီး၊ ရေတွေ ဝိုင်းရံလျက်ရှိပါတယ်။ Super Continentလို့
ခေါ်ပါတယ်။ သိပ္ပံပညာရှင်တွေက နောက်နှစ်ပေါင်း သန်း ၁,ဝဝဝ ကျော်ရင် တိုက်တွေအားလုံး စုပေါင်းလာပြီး၊
Super Continent ပြန်ဖြစ်မယ်လို့ ကွန်ပြူတာ စင်မြူလေးရှင်းလို့ခေါ်တဲ့ တွက်ချက်နည်းအရ ကြိုတင်
ဟောကိန်းထုတ်ထားကြပါတယ်။ လက်ရှိ အိန္ဒိယတိုက်ငယ်ဟာ နှစ်သန်းပေါင်းများစွာက အာဖရိကတိုက်နဲ့
ကပ်လျက်ရှိရာကနေ အခုနေရာဆီ တဖြည်းဖြည်း ရွေ့လာတာပါ။

တိုက်ကြီးတွေနဲ့ သမုဒ္ဒရာတွေအောက်မှာ တက်တောနစ်ပလိပ် Tectonic Plates လို့ခေါ်တဲ့


ကမ္ဘာ့ကျောက်လွှာထုကြီးတွေ ရှိပါတယ်။ စက်ရုံတွေမှာ တွေ့လေ့တွေ့ထရှိတဲ့ သံမဏိအပြား Iron Plates
ဒါမှမဟုတ် Iron Sheets တွေကို ပြေးမြင်ကြည့်ပါ။ ဘေဆော့ basalt နဲ့ ဂရင်နိုက် granite လို့ ခေါ်ကြပြီး၊ ၅
မိုင်ကနေ မိုင် ၃ဝ အထိ ထူပါတယ်။ ဒီကျောက်လွှာထုတွေအောက်မှာ တဝက်တပျက် အရည်ပျော်နေတဲ့
စီးကပ်ကျောက်အရည် Viscous semi-molten rocks တွေ ရှိပါတယ်။ အဲဒီအပေါ်မှာ ကမ္ဘာ့ကျောက်လွှာထုကြီး
Tectonic Plates တွေဟာ ရွေ့လျားနေကြပါတယ်။

ဒီ Tectonic Plates တွေဟာ တခုနဲ့တခု ထိတွေ့တဲ့ နေရာမှာ အစဉ်တွန်းလျက် အားပြိုင်နေကြပါတယ်။


Tectonic Plate တွေ ထိတွေ့ဆက်စပ် တွန်းအားပြိုင်ရာ လမ်းကြောင်းတွေကို Fault Line ငလျင်အကြောလို့
ခေါ်ကြပါတယ်။ စာဖတ်သူတို့ ကျွဲ ၂ နှစ်ကောင် ခေါင်းချင်းဝှေ့နေတာကို ပြေးမြင်ကြည့်ပါဦး။ အားချင်းမျှနေလို့
ကျွဲနှစ်ကောင် ရွေ့တယ်လို့ မထင်ရပေမယ့် ကျွဲနှစ်ကောင်ရဲ့ တွန်းအားဟာ ထိတွေ့တဲ့နေရာမှာ အားတွေ
စုနေပါတယ်။ တချက်လှုပ်ခါသွားမှ အားလွတ်ထွက်ပြီး၊ အားနဲ့ရွေ့လျားသွားတတ်ပါတယ်။ အဲဒီနည်းတူစွာ
Tectonic Plates တွေဟာ သူတို့ထိတွေ့ရာမှာ တခုနဲ့တခု အတင်းတွန်းနေပါတယ်။ ဒီတွန်းအားတွေကြောင့်
စွမ်းအင် Energy ဟာ အဲဒီဆုံမှတ်နေရာမှာ (စု) နေပါတယ်။ အဲဒီအင်အားတွေ လျှပ်တပြက် အတင်းတုန်ခါ
လွတ်မြောက်သွားရင် ငလျင်အကြော Fault Line အတိုင်း ငလျင်လှုပ်တာ ဖြစ်ပါတယ်။

တကယ်တော့ ငလျင်လှုပ်တယ်ဆိုတာက ပလိပ် Plate တွေ တိုက်ပြီး၊ စုနေတဲ့ စွမ်းအင်၊အင်အားတွေ


လွတ်ထွက်သွားတာပါ။ ငလျင်လှုပ်ရင် ဘေးတိုက်လှုပ်တာ ရှိသလို၊ အပေါ်အောက်လှုပ်တာ ရှိပါတယ်။
ကံဆိုးတာက ဂျပန်နိုင်ငံဟာ Tectonic Plates ၄ ခု ဆုံရာ ငလျင်ကြောတွေပေါ်မှာ တည်ရှိနေတာပါ။ ဒါကြောင့်
ငလျင် ခဏခဏ အလှုပ်ခံရတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီနည်းတူ အမေရိကန် အနောက်ဘက်ကမ်း
တခုလုံးဟာလည်း ငလျင်ကြောတွေအပေါ် တည်ရှိပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာလည်း ငလျင်
ခဏခဏ အလှုပ်ခံရပါတယ်။

ဂျပန်ဟာ မြောက်အမေရိကား၊ ပစိဖိတ်၊ ယူရိုအာရှ Eurasian နဲ့ ဖိလစ်ပိုင် Plates တွေ လာ(စုံ)ရာ ဖြစ်ပါတယ်။
ဂျပန်မြောက်ပိုင်းဟာ မြောက်အမေရိကား Plate ရဲ့ အနောက်အစွန်းဖျားမှာ တည်ရှိပြီး၊ ဂျပန်တောင်ပိုင်းက
ယူရိုအာရှ Plate အပေါ် တည်ရှိပါတယ်။

အခုလှုပ်သွားတဲ့ ငလျင်မှာ တိုကျိုမြို့ကနေ အရှေ့မြောက် ၂၃၁ မိုင်နဲ့ ဟွန်ရှူးကျွန်း စင်ဒိုင်မြို့ အရှေ့ဘက် မိုင်
၈ဝ ပစိဖိတ်သမုဒ္ဒရာအောက် Japan Trench အနီး ဖြစ်ပွားတာပါ။ ဒီနေရာမှာ ပစိဖိတ် ပလိပ်ဟာ
မြောက်အမေရိကား ပလိပ်နဲ့ အားချင်းပြိုင် ထိပ်တိုက်တွန်းကြရာကနေ ပစိဖိတ်ပလိပ်ဟာ မြောက်အမေရိကား
ပလိပ်အောက်ထဲ တဖြည်းဖြည်း ထိုးဆင်းသွားခြင်းပါ။ ဒီလိုနေရာကို Seduction zone (Trench) လို့
ခေါ်ကြပါတယ်။ တချိန်မှာ (အား) တွေ စုစည်းနေရာကနေ လွတ်ထွက်ပြီး၊ အပြင်းအထန် လှုပ်ရှားတာလည်း
ဖြစ်တန်ပြန်ပါတယ်။ အပေါ်အောက် လှုပ်ရှားခြင်းပါ။ အဲဒီလို ပစိဖိတ် Plate က အောက်ထဲ
လျှိုဝင်အဖိခံခြင်းကနေ ရုန်းထွက်ပြီး၊ အပေါ်ကို ပြန်ဦးမော့လာတာကြောင့် သမုဒ္ဒရာအောက် မြေကြီးဟာ
အပေါ်ကိုမြင့်တက်လာကာ အရှေ့ဘက်ဆီ ၁၂-၁၃ ပေလောက် ရွေ့သွားပါတယ်။ ဗဟိုချက်မဟာ
သမုဒ္ဒရာအောက် ၁၅.၂ မိုင်မှာ ဖြစ်ပွားတာကြောင့် တိမ်တယ်လို့ ဆိုနိုင်ပါတယ်။ အဲဒီလို သမုဒ္ဒရာအောက်
ကမ္ဘာမြေကြီး ပြောင်းလဲမှုကြောင့် အရှိန်နဲ့ဖယ်ရှားခံရတဲ့ ပင်လယ်ရေတွေဟာ အရပ်လေးမျက်နှာဆီ
လှိုင်းနှစ်ခုသဏ္ဍာန် ရွေ့လျားသွားကြပါတယ်။ တနာရီမှာ မိုင် ၅ဝဝ နှုန်းနဲ့ ရွေ့လျားတယ်လို့ တွက်ချက်လို့
ရပါတယ်။

လှိုင်းတွေဟာ သမုဒ္ဒရာရေကြောကို ဖြတ်သန်းရာမှာ အတိုက်ခံမရှိလို့ မကြီးမားပေမယ့် ကမ်းခြေနဲ့


နီးလာတာနဲ့အမျှ အနောက်က ပါလာတဲ့ အရှိန်နဲ့၊ အရှေ့က ကာဆီးထားမှုကြောင့် လှိုင်းလုံးကြီးတွေဟာ
ကမ်းခြေနဲ့ နီးလေကြီးလာလေ ဖြစ်ပါတယ်။ ဆူနာမီဆိုတာက လှိုင်းတခုထဲ မဟုတ်ပါဘူး။ အရှိန်ကြီးရင် ကြီးသလို
လှိုင်းလုံးကြီးတွေ ဆက်တိုက် လိုက်လာပြီး၊ Plates တွေ နှစ်ပေါင်းများစွာ ထိပ်တိုက်တွန်းကြရင်း စုပြုံနေတဲ့
စွမ်းအားတွေဟာ လှိုင်းအရှိန်အဖြစ် ပြောင်းလဲသွားတာကြောင့် ဒီလှိုင်းတွေရဲ့ အင်အားဟာ အလွန်ပဲ
ကြီးမားလှပါတယ်။ ငလျင်လှုပ်ရာ ဗဟိုနဲ့နီးလေ အင်အားကြီးမားလေ ဖြစ်ပါတယ်။ အခုလှုပ်တဲ့ ဗဟိုဟာ
ဂျပန်ကျွန်းနဲ့ မိုင် ၈ဝ ပဲဝေးတာမို့၊ ထွက်ပြေးဖို့လည်း သိပ်အချိန်မရ၊ လှိုင်းအရှိန်ကလည်း ကြီးမားလှပါတယ်။
ဒါကြောင့် တနေရာမှာ အတွင်းပိုင်းထဲ ၆ မိုင်အထိ ရေတွေဝင်လာကြပါတယ်။ အလွန်အင်အားကြီးမားတဲ့
လှိုင်းလုံးကြီးတွေဟာ အိမ်တွေ၊ ကားတွေကို အရုပ်လေးတွေလိုပဲ ဖယ်ရှားသယ်ဆောင်သွားနိုင်တာ ဖြစ်ပါတယ်။
လှိုင်းအမြင့်က ပေ ၂ဝ အထိ မြင့်တယ်လို့ ဆိုကြပါတယ်။

ဒီငလျင်ကြီး ပြီးသွားတဲ့အခါ Plate နှစ်ခုဟာ ဆက်တွန်းနေကြပြန်ပြီ။ နောင်နှစ်ပေါင်း ၅ဝဝ-၁ဝဝဝ လောက်မှ


တခါ ငလျှင်ကြီး ထပ်လှုပ်ပါမယ်။ တချို့ပညာရှင်တွေက ဒီငလျင်မျိုးဟာ နှစ် ၅ဝဝ မှာမှ တခါလှုပ်တတ်တယ်လို့
ဆိုသလို၊ တချို့က ၁၇ဝဝ ခုနှစ် လောက်တုန်းက တခါလှုပ်ဖူးကြောင်း ရာဇဝင်မှာ မှတ်တမ်းရှိတယ်လို့
ထောက်ပြကြပါတယ်။

ငလျင်ကို လေ့လာကြတဲ့ သိပ္ပံရဲ့ ပြဿနာမှာ နောက်တခါလှုပ်ဖို့ အချိန်တန်ပြီလို့ ပြောနိုင်ပေမယ့် ဘယ်အချိန်မှာ


ဒီစွမ်းအင် အင်အားတွေ လွှတ်ထွက်မှာကို မသိနိုင်ကြသေးပါ။ ဥပမာ ငလျင်လှုပ်မှု အချိန်ဇယားကို ကြည့်ပြီး၊
အနှစ် ၁ဝဝ မှာ တခါလှုပ်တယ်၊ အနှစ် ၂ဝဝ မှာ တခါလှုပ်မယ်လို့ ခန့်မှန်းခြေ ပြောနိုင်ပေမယ့် အတိအကျ
ဘယ်တော့လှုပ်မယ်လို့ ပြောနိုင်လောက်အောင် သိပ္ပံက မထွန်းကားသေးပါ။ ကမ္ဘာမြေပြင်ပေါ်မှာပင်
ကိရိယာတွေ မြှုပ်နှံပြီး၊ tremor လို့ ခေါ်တဲ့ တုန်ခါမှု အသေးတွေကို တိုင်းထွာခန့်မှန်းနိုင်ပေမယ့် Plate
အဆင့်အထိ ဖြစ်စဉ်ကို မတိုင်းနိုင်ကြသေးပါ။

ဒါကြောင့် ဒီ ၂ဝ၁၁ ခု ဂျပန်ငလျင်မှာ ဆူနာမီက ငလျင်ထက် ကြီးမားတဲ့ ပျက်စီးမှုကို ဖြစ်စေပါတယ်။ ဆူနာမီ


ဖျက်စီးမှု နောက်ဆက်တွဲမှာ အနုမြူဓာတ်ပေါင်းဖိုတွေ ပေါက်ကွဲမှုကြောင့် Radiation အနုမြူရောင်ခြည် ပျံ့နှံ့မှု
အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ကမ္ဘာမှာ စွမ်းအင်အသုံးဆုံး ၂ နေရာ ရှိပါတယ်။ လျှပ်စစ်နဲ့ ကား၊ လေယာဉ်၊ ရထားတွေ မောင်းနှင်ဖို့ ဓာတ်ဆီနဲ့
ဒီဇယ်ဆီ ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံတွေ၊ လူနေအိမ်တွေ မီးရဖို့ လျှပ်စစ်ထုတ်လုပ်ရပါတယ်။
ဒီနေ့ခေတ်မှာ လျှပ်စစ်အပေါ် အားလုံး မီခိုနေကြရရာ လျှပ်စစ်မရှိရင် မည်ရွေ့မည်မျှ ဒုက္ခရောက်ကြောင်း
မြန်မာနိုင်ငံသားတွေ အသိဆုံးပါ။ လျှပ်စစ်ထုတ်လုပ်ဖို့ လျှပ်စစ်တာဘိုင် စက်ကြီးတွေကို လည်စေရပါတယ်။
ရေအားဖြင့်သော်လည်းကောင်း၊ အပူအားဖြင့်သော်လည်းကောင်း၊ လေအားဖြင့်သော်လည်းကောင်း
ကျောက်မီးသွေး၊ ရေနံ၊ သဘာဝဓာတ်ငွေ့ စသည်တို့ကို မီးရှို့ခြင်းဖြင့်သော်လည်းကောင်း ဒီ လျှပ်စစ်
တာဘိုင်တွေကို လည်စေခြင်းဖြင့် လျှပ်စစ်ဓာတ်ကို ထုတ်လုပ်ရပါတယ်။ ကျောက်မီးသွေး၊ ရေနံ၊
သဘာဝဓာတ်ငွေ့ စတာတွေကို မီးရှို့တဲ့အခါ ကာဘွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ထွက်ကာ၊ ဒီဓာတ်ငွေ့ဟာ
လေထုကို ညစ်ညမ်းစေပြီး၊ နေမှ အပူဓာတ်ကို စုပ်ယူထားတာကြောင့် Global Warming လို့ ခေါ်တဲ့ ကမ္ဘာကြီး
ပူနွေးမှုကို ဖြစ်စေပါတယ်။

သိပ္ပံညာရှင် အိုင်စတိုင်းရဲ့ ကမ္ဘာကျော် ဖော်မြူလာ ရှိပါတယ်, E=mc2 ။ Mass ဒြပ်ထုနဲ့ စွမ်းအင် Energy ရဲ့
ဆက်စပ်မှုကို ဖော်ထုတ်ထားတဲ့ ဖော်မြူလာဖြစ်ပါတယ်။ အနုမြူဗုံးဟာ အနုမြူတွေ ခွဲထုတ်ပြီး၊
ဆက်တိုက်ပြိုကွဲစေပြီး ထွက်ပေါ်လာတဲ့စွမ်းအင်ကို လက်နက်အဖြစ် သုံးတာပါ။ အဲဒီနည်းတူ အနုမြူစွမ်းအင်ကို
ထိန်းချုပ်မှုရှိတဲ့ ပတ်ဝန်းကျင်မှာ အကျိုးရှိရှိသုံးနိုင်ပြန်ပါတယ်။ လွယ်လွယ်နားလည်အောင် ပြောရရင်
သဘာဝအရ မတည်ငြိမ်တဲ့ ယူရေနီယမ် ၂၃၈ ဟာ ပိုပေါ့ပါးတဲ့ ယူရေနီယမ် ၂၃၄ ဘဝဆီ ကူပြောင်းစဉ်
စွမ်းအင်အဖြစ် ဂန္မာရောင်ခြည် (Gamma Rays) တွေ ထွက်ပြီး၊ နြူထရွန် neutron တွေ ထွက်ကျလာပါတယ်။
သဘာဝအရ ဒီဖြစ်စဉ်ဟာ နှစ်ပေါင်း သန်းပေါင်းများစွာ ကြာပါတယ်။ ဒါကြောင့် ထွက်ကျလာတဲ့ နြူထရွန်တွေကို
တခြား ယူရေနီယမ် နြူကလီးယပ်စ်နဲ့ တိုက်စေရာမှာ နြူထရွန်တွေ ထွက်ကျစေတာကို ဆက်တိုက်ပြိုကွဲစေပြီး
Chain Reaction လို့ ခေါ်ပါတယ်။ ဒီဖြစ်စဉ်ကနေ (အပူ) ဓာတ်ထွက်ပါတယ်။ ဒီအပူဓာတ်ကိုသုံးပြီး ရေကို (ဆူ)
စေကာ၊ ရလာတဲ့ (ရေနွေးငွေ့) ရဲ့ စွမ်းအားနဲ့ လျှပ်စစ် တာဗိုင်တွေကို လည်စေကာ လျှပ်စစ်ထုတ်ပါတယ်။

ဒါပေမဲ့ ဒီဖြစ်စဉ်မှာ ယူရေနီယမ် ၂၃၄ ဟာ အနုမြူရောင်ခြည်လို့ခေါ်တဲ့ Radiation ကို ထုတ်လွင့်ပြီး၊


ဒီရောင်ခြည်ဟာ လူ့ခန္ဓာကိုယ်ရှိ ဆဲလ်တွေကို ဖျက်ဆီးနိုင်တာကြောင့် လူသားတွေအတွက် အလွန်အန္တရာယ်
ကြီးမားလှပါတယ်။ ဒါကြောင့် Radiation ကို ထုတ်လွင့်နေတဲ့ ယူရေနီယမ် ၂၃၄ တွေ အပြင်ဘက် ပြန့်မထွက်ဖို့
အလွန်ထူတဲ့ သံမဏိသံပေါင်းဖိုတွေမှာထားပြီး၊ ထပ်ဆင့်အလွန်ထူတဲ့ ကွန်ကရစ်အကာ အဆောက်အအုံတွေထဲ
ထားရပါတယ်။

ထပ်တူအရေးကြီးတာက အပူလွန်ပြီး ပေါက်ကွဲမှုမဖြစ်စေဖို့၊ လျှပ်စစ်တာဘိုင်တွေကို လည်စေတဲ့


ရေနွေးငွေ့တွေကို ရေကန်ထဲဖြတ်စေကာ အပူကို လျော့ချစေရပါတယ်။ ဒီရေကန်ထဲဆီ ဒီဇယ်ဆီနဲ့ မောင်းနှင်တဲ့
ရေစုပ်စက်တွေမှ ပိုက်တွေကတဆင့် (ရေ) တွေကို ပို့ပေးရပါတယ်။ တချိန်ထမ
ှဲာ သံမဏိ သံပေါင်းဖိုတွေကို
ရေလှည့်ပတ်မှုနဲ့ အပူမလွန်ဖို့ ထိန်းပေးထားရပါတယ်။

ဒီအနုမြူဓာတ်ပေါင်းဖို ဒီဇိုင်းမှာ ၁၉၇ဝ ခေတ်ကဖြစ်ပြီး၊ နှစ် ၄ဝ ကျော်ပါပြီ။ ခေတ်ပေါ် ဒီဇိုင်းတွေမှာ ရေကိုသုံးပြီး၊


အအေးခံတဲ့ စနစ်ကို မသုံးကြတော့ပါ။ ဂျပန်ရဲ့ ပြဿနာမှာ တာဝန်ရှိသူတွေဟာ ငလျင်ရန်ကို စိုးရိမ်ကြလို့
ငလျင်ဖြစ်တာနဲ့ အလိုလျောက် ရပ်ဆိုင်းခြင်း Automatic Shutdown ကို အလေးပေးခဲ့ကြပေမယ့် ဆူနာမီရန်ရဲ့
အန္တရာယ်ကို အလေးမပေးမိကြ။ ဒါ့အပြင် နားလည်သူတွေက သတိပေးတဲ့ကြားက ဒီဇယ် ရေစုပ်စက်တွေကို
နေရာမရွှေ့မိခဲ့ကြ။ ဒီအနုမြူဓာတ်ပေါင်းဖို ၆ ခုကို တနေရာတည်းမှာ စုပြုံထားမိတာကလည်း တဒုက္ခ။

ပြဿနာမှာ ဆူနာမီကြောင့် အရန်အပို မီးပေးစနစ် Backup electricity system ပျက်သွားပြီး လျှပ်စစ်မရှိလို့


ရေစုပ်စက်တွေ မလည်နိုင်။ ဒါ့ကြောင့် ရေပြတ်သွားတာကြောင့် ဒီအနုမြူဓာတ်ပေါင်းဖိုတွေ အပူလွန်ကာ
ပြဿနာတက်ခြင်း ဖြစ်ပါတယ်။ လျှပ်စစ်ထုတ်လုပ်တဲ့ ဒီအနုမြူဓာတ်ပေါင်းဖိုမှာ လျှပ်စစ်ပြတ်သွားခြင်း
ဖြစ်ပါတယ်။ နောက်ဆုံး အပူလွန်ပြီး အဆောက်အအုံတွေ ပေါက်ကွဲကာ Radiation တွေ လေထဲလွင့်သွားပါရင်၊
ကမ္ဘာ့လေကြောင်းတွေမှတဆင့် တခြားနိုင်ငံတွေဆီ ပျံ့နှံ့ကုန်ပါရင် လူတွေအတွက် အန္တရာယ်ရှိပါတယ်။
Radiation ပျံ့နှံ့မှုများရင်သော်လည်းကောင်း၊ အနီးကပ်ဖြစ်ရင်သော်လည်းကောင်း၊ အန္တရာယ် ပိုကြီးပြီး၊
Radiation နည်းနည်း လေထဲမှ ရှူမိရင် ရေရှည်မှာ ကင်ဆာဖြစ်နိုင်တာကြောင့် လူတွေ စိုးရိမ်ကြခြင်း ဖြစ်ပါတယ်။
ပြဿနာမှာ Radioactive ဖြစ်နေတဲ့ အရာဝတ္ထုတွေ လေမှတဆင့် မိုးရေနဲ့ ရောသွားပါရင် Radiation Rain
ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အက်စစ်မိုး Acid Rain နဲ့ ဘာမှမဆိုင်ပါ။ ကျောက်မီးသွေး၊ ရေနံ၊
သဘာဝဓာတ်ငွေ့တွေကို မီးရှို့ပြီး၊ လျှပ်စစ်ထုတ်လုပ်တဲ့ စက်ရုံတွေဟာ စီအိုတူးလို့ခေါ်တဲ့ ကာဗွန်ဒိုင်
အောက်ဆိုဒ် ဓာတ်ငွေ့တွေကို လေထဲမှုတ်ထုတ်ကြပါတယ်။ အဲဒီနည်းတူ အကြီးစားစက်မှုလက်မှု
စက်ရုံတွေဟာလည်း ဆာလ်ဗါဒိုင်အောက်ဆိုဒ်နဲ့ နိုက်ထရိုဂျင် အောက်ဆိုဒ်တွေကို လေထုထဲ စွန့်ထုတ်ပါတယ်။
အလားတူပင် သန်းပေါင်းများစွာသော ကားတွေကနေ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို မှုတ်ထုတ်ကြကာ
လေထုထဲ ပျံ့နှံ့စေပါတယ်။

ဒီဓာတ်ငွေ့တွေဟာ မိုးရေနဲ့ ပေါင်းမိတဲ့အခါ အက်ဆစ်တွေအဖြစ် ပြောင်းလဲကာ မိုးထဲမှာ အက်ဆစ်တွေ


ပါလာတဲ့အတွက် ပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ ဥပမာ အက်ဆစ်ကြောင့် သစ်ပင်တွေ၊ ပန်းပင်တွေ
သေစေနိုင်ပါတယ်။ အဆောက်အအုံတွေ သံချေးတက်နိုင်ပါတယ်။ ဒါ့ကြောင့် အမေရိကန်မှာ လေထုထဲကို
ညစ်ညမ်းတဲ့ ဓာတ်ငွေ့တွေ မှုတ်ထုတ်မှုကို အသေအချာ သုတေသနပြုပြီးမှ ဥပဒေနဲ့ တားမြစ်လာရပါတယ်။
ဒါပေမဲ့ Radiation နဲ့ အက်ဆစ်မိုးနဲ့က ဘာမှ မဆိုင်ပါ။

နောက် မိုးလေဝသပညာအရ ကမ္ဘာ့လေကြောတွေဟာ နာရီပတ်တံနဲ့ ပြောင်းပြန် (လက်ဝဲရစ်) လည်ပတ်ပါတယ်။


ဒါကြောင့် ဂျပန်၊ တရုတ်ပြည်မှ လေတွေဟာ မြန်မာနိုင်ငံဆီ တိုက်ခတ်မလာပါ။ အမေရိကန် နိုင်ငံဘက်သာ
သွားနိုင်တယ်။ အိန္ဒိယ သို့မဟုတ် မြန်မာရဲ့ အရှေ့မှာရှိတဲ့ နိုင်ငံတွေ (အီရန်လိုနိုင်ငံမျိုး) ဖြစ်ခဲ့ရင် အန္တရာယ်
ရှိနိုင်ပါတယ်။ ကျနော် ဥာဏ်မီသလောက် တင်ပြခြင်းပါ။

အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ အနုမြူ ကောလာဟလတွေကိုယုံပြီး၊ မြန်မာပြည်သူတွေ စိုးရိမ်စိတ် များနေမှာကို


စိုးလို့ ဒီဆောင်ပါး ရေးရခြင်းပါ။ မကြာခင် ဟိုက်ထရိုဂျင်ခေတ်ဆီ ရောက်လာရမှာက မော်တော်ကားတွေဟာ
ရေနံမှဖြစ်တဲ့ ဓာတ်ဆီအစား ဟိုက်ထရိုဂျင်ကို လောင်စာအဇြစ်သုံးပြီး၊ ကာဘွန်ဒိုင်အောက်ဆိုဒ်အစား ရေသာ
ထွက်လာကာ လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်မယ်။

အခုအသုံးပြုနေတဲ့ အနုမြူနိဿရမှာ ဖစ်ရှင် Fission လို့ ခေါ်ပါတယ်။ နေမင်းကြီးမှာ သဘာဝအလျောက်


စွမ်းအင်ထုတ်လုပ်တဲ့ နည်းမှာ ဖြူရှင် Fusion လို့ ခေါ်ပါတယ်။ ဖြူရှင် Fusion ဟာ ဖစ်ရှင် Fission ရဲ့
ပြောင်းပြန်ဖြစ်တယ်။ ဖစ်ရှင် Fission ဟာ ပိုကြီးတဲ့ အနုမြူကို ခွဲပြီး၊ ပိုငယ်တဲ့ အနုမြူကို ဖော်ထုတ်ခြင်းပါ။ ဖြူရှင်
Fusion မှာ ပိုငယ်တဲ့ အနုမြူ နှစ်ခုကို ပေါင်းစပ်ပြီး၊ ပိုကြီးတဲ့ အနုမြူကို ဖော်ထုတ်တာပါ။ ဒါပေမဲ့
စွမ်းအင်ထုတ်လုပ်မှုမှာ ဖြူရှင် Fusion က ဖစ်ရှင် Fission ထက် ၃ - ၄ ဆ ပိုထုတ်နိုင်ပါတယ်။

အနုမြူဗုံး (Atomic Bomb) ထက် အစွမ်းထက်တဲ့ ဟိုက်ထရိုဂျင်ဗုံး ဆိုတာက ဖစ်ရှင် Fission ကို သုံးပြီး၊ ဖြူရှင်
Fusion ဖြစ်စဉ် Reaction ရအောင် လုပ်ကာ လက်နက်အဖြစ် သုံးခြင်းပါ။ ဖြူရှင် Fusion ဖြစ်ဖို့ ဖိအားနဲ့
အပူလိုတယ်။ သိပ္ပံပညာရှင်တွေ ဖြူရှင် Fusion အနုမြူဓာတ်ပေါင်းဖို တည်ဆောက်နိုင်ဖို့ သုတေသန လုပ်နေတာ
နှစ်ပေါင်း ၅ဝ ကျော်ပြီ။ မအောင်မြင်သေးပါ။ သုံးရတဲ့ စွမ်းအင်က ထွက်လာတဲ့ စွမ်းအင်ထက် များနေလို့ပါ။ ဖြူရှင်
Fusion ရဲ့ အားသာချက်မှာ လူတွေကို ဒုက္ခပေးနိုင်တဲ့ radioactive particles အနုမြူရောင်ခြည်လွှမ်းအရာတွေ
များများစားစား မဖော်ထုတ်ခြင်းဖြစ်ပြီး၊ ပိုအသုံးဝင်တဲ့ သိပ္ပံနည်းပညာ ဖြစ်ပါတယ်။

လောလောဆယ် အနုမြူအတတ်ပညာမှာလည်း သုံးပြီးသား ယူရေနီယမ် အချောင်းတွေကို လောင်စာအဖြစ်


အသုံးပြုတဲ့ Breeder Reactor ဆိုတာ ပေါ်နေပါပြီ။ ဒါ့ကြောင့် Radioactive ဖြစ်တဲ့ လောင်စာတွေကို
မြေကြီးအောက်မှာ မြှုပ်ပြီး စွန့်လွှတ်စရာ မလိုတော့ပါ။
ဒီမှာ ကျနော်တို့ မြန်မာနိုင်ငံသားတွေ ဂျပန်တွေကို အတုယူသင့်တာတွေ ရှိပါတယ်။ ဂျပန်တွေဟာ တိုင်းပြည်နဲ့
လူမျိုးကိုချစ်တဲ့စိတ် အင်မတန် ပြင်းထန်တယ်။ ဂျပန်ထုတ်ပစ္စည်းမှ ကောင်းတယ်။ ဂျပန်ဆန်ကမှ တကယ့်
ဆန်ဆိုပြီး ဂျပန်မှ ဂျပန်စိတ် ရှိပါတယ်။ စည်းကမ်းရှိတဲ့ နေရာမှာလည်း စံယူသင့်ပါတယ်။ သဘာဝ ဘေးဒုက္ခ
ရောက်တာတောင် ခိုးဝှက်မယ့်သူတွေ မရှိတာကြည့်ပြီး ကမ္ဘာက ချီးကျူးရတယ်။ ဟေတီမှာ ငလျင်လှုပ်တော့
ခိုးလိုက်ကြတာ သောက်သောက်လဲ။ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ သူခိုးတွေ။

နောက် သတိပြုစေချင်တာက အနုမြူပညာဆိုတာ လူတွေ သေကြေဖို့ ဗုံးအဖြစ် သုံးနိုင်သလို ထိန်းချုပ်နိုင်တဲ့


ပတ်ဝန်းကျင်မှာ လူတွေကို အလင်းပေးတဲ့၊ အကျိုးပြုတဲ့ လျှပ်စစ်ထုတ်လုပ်ရာမှာလည်း အသုံးချနိုင်ပါတယ်။
စစ်တပ်ဆိုတာလည်း ထိုနည်းတူပါပဲ။ စိတ်ထားမှန်ရင် တိုင်းပြည်နဲ့ လူမျိုးကို အကျိုးပြုနိုင်တဲ့ ကဏ္ဍကနေ
ရပ်တည်နိုင်ပါတယ်။

မြန်မာပြည်ကြီး တိုးတက်ချမ်းသာပါစေ။
စာဖတ်သူတို့ အသိကြွယ်၍ စိတ်အေးမှု ရပါစေ။

(မှတ်ချက်။ စာရေးသူသည် အင်ဂျင်နီယာဖြစ်၍ သိပ္ပံပညာကို ဝါသနာပါသဖြင့် တသက်လုံး လေ့လာဖတ်ရှုခဲ့ရာ


တသက်လုံး စုဆောင်းလာသည့် အသိကြောင့် သိပ္ပံအကြောင်းအရာများကို နားလည်လွယ်လာပါသည်။
ဤဆောင်းပါးအတွက် အသုံးပြုရသည့် ဆောင်းပါးနှင့် စာစောင်များမှာလည်း များပြားလွန်းပါသဖြင့် အညွှန်းကို
မဖော်ပြတော့ပါ။ ဘာသာရပ်ဆိုင်ရာ အသုံးအနှုံး များသဖြင့် နားလည်မလွဲရန် မူလ အင်္ဂလိပ် အခေါ်အဝေါ်များကို
မလွှဲမရှောင်သာ အသုံးပြုရသည်ကိုလည်း ခွင့်လွှတ်စေချင်ပါသည်။)

ဘိုဘိုကျော်ငြိမ်း

ပြီးဘီ The End

You might also like