You are on page 1of 40

Uncensored Burma - Daily News ( 2011 Mar 31)

သတင်းတွေ ဖတ်ချင်ရင် Kowin2001@gmail.com ကို ဆက်သွယ်ပါ


မိုးမခ MoeMaKa.com အဖွဲ့က ကော်ပီကူးပြီး ဖြန့် ပါတယ်

ကာတွန်း ၀င်းဖေ - ရေသူမ (၂)


မတ် ၃၁၊ ၂၀၁၁ မိုးမခ

ကာတွန်းမောင်ရစ် - ကြံ့ဖွတ်အစိုးရသစ်ကြီးကို ကြိုဆိုကြပါစို့


မတ် ၃၁၊ ၂၀၁၁ မိုးမခ
ကာတွန်း စောငို - ကြိုဆိုရမှာပေါ့လေ …
မတ် ၃၁၊ ၂၀၁၁ မိုးမခ

မာတိကာ

အစိုးရသစ် မူဝါဒအပေါ် အမြင်များကွဲလွဲ


ခင်ဦးသာ Thursday, 31 March ဧရာဝ
ဧရာဝတီ

ရန်ကုန်တွင် ရေကစားမဏ္ဍပ်ကြီး ၃၁ ခုသာ ဆောက်ခွင့်ပြု


မိုးယံ Thursday, 31 March ဧရာဝ
ဧရာဝတီ

လေဘေးသင့် ရေလုပ်သား တသောင်းကျော် ကယ်ဆယ်ပြီး၊ ၇၀၀ ကျော် ပျောက်ဆုံးဆဲ


နရီလင်းလက် Thursday, 31 March 2011 ဧရာဝ
ဧရာဝတီ

လူကုန်ကူးခံရမှု နှစ်စဉ် တိုးလာ


ဟိန်းဇော် Thursday, 31 March ဧရာဝ
ဧရာဝတီ

ဇာတ်ညွှန်းသိပြီးသား ပြဇာတ်
အောင်သက်ဝိုင်း Thursday, 31 March ဧရာဝ
ဧရာဝတီ ဆောင်းပါး

မြန်မာ့နိုင်ငံရေးအပေါ် အမေရိကန် စိုးရိမ်


2011-03-31 RFA

ငလျင်မြေပုံ ရေးဆွဲရေး နော်ဝေးကူညီမည်


2011-03-31 RFA

NLD ပါတီလူငယ်များကို ကျေးလက်ဒေသဖွံဖြိုးရေး ပညာပေး ဟောပြော


2011-03-31 RFA
မြန်မာအမတ်များ အာဆီယံလွှတ်တော်မှာ အဖွဲ့ဝင်ဖြစ်ရန် ခက်ခဲနိုင်
2011-03-31 RFA

ဟာသသရုပ်ဆောင် ကိုဇာဂနာအကြောင်း မှတ်တမ်းရုပ်ရှင် အမေရိကန်မှာ ပြသ


2011-03-31 RFA

တိုင်းရင်းသားအရေးကို အစိုးရသစ် မဖြေရှင်းနိုင်ကြောင်း ဝေဖန်


2011-03-31 RFA

အရပ်သား အစိုးရအစစ်ဖြစ်ကြောင်း သက်သေပြဖို့ ကုလအကြီးအကဲ တောင်းဆို


2011-03-31 RFA

ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် NLD ရပ်တည်ချက် အမေရိကန် အထက်လွှတ်တော်အမတ် ၄ ဦး ထောက်ခံ


By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 31 မတ် VOA

မြန်မာအစိုးရသစ်အပေါ် နိုင်ငံတကာ တုံ့ပြန်


By Adaptation of Peter Simpson's report in Burmese ကြာသပတေး, 31 မတ် VOA

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဗြိတိန်စိုးရိမ်


By ဒေါ်ခင်မျိုးသက် ကြာသပတေး, 31 မတ် VOA

နိုင်ငံရေးဆွေးနွေးပွဲ စတင်ရန် အစိုးရသစ်ကို တိုက်တွန်း


အေးနိုင် ၃၁ မတ် ၂ဝ၁၁ - DVB

လယ်သိမ်းခံရသူ ၅ ဦးကို ပြန်တရားစွဲ


နော်နိုရင်း ၃၁ မတ် ၂ဝ၁၁ DVB

အစိုးရသစ်ကို အကောင်းဆုံးဖြစ်လာစေချင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


အံ့ဘုန်းမြတ် ၃၁ မတ် ၂ဝ၁၁ - DVB

ပြည်နယ်အကျိုးအတွက် အကောင်းဆုံးလုပ်နိုင်မည်ဟု ဝန်ကြီးပြော


ရွှေအောင် ၃၁ မတ် ၂ဝ၁၁ - DVB

ငလျင်သင့်ဒေသမှာ ဝမ်းရောဂါဖြစ်
နော်နိုရင်း ၃၁ မတ် ၂ဝ၁၁ - DVB

အစိုးရသစ်လက်ထက် ဆင်ဆာများလျှော့ရန် တောင်းဆို


အံ့ဘုန်းမြတ် ၃၁ မတ် ၂ဝ၁၁ - DVB

မိုးမခ၏ မတ်လ စာကိုး၊ စကားကိုး


မတ် ၃၁၊ ၂၀၁၁ မိုးမခ
မြန်မာပြည် အစိုးရအဖွဲ့ အပြောင်းအလဲကို ဒီလို မြင်ကြတယ်
မတ် ၃၁၊ ၂၀၁၁ မိုးမခ

မိုးမခ မတ်လစစ်တမ်း
ကိုမိုက်ခဲစိန်
မတ် ၃၁၊ ၂၀၁၁ မိုးမခ

၅၀၀ တန် စည်းကမ်း၊ ဧရာဝတီ နဲ့ ငလျင်ကြောင့် ပျက်တဲ့လမ်း


အဝေးကြည့်မှန်ပြောင်း (ရန်ကုန်)
မတ် ၃၁၊ ၂၀၁၁ မိုးမခ

ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဒုတိယမြောက် နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦး


သန်းဝင်းလှိုင်
မတ် ၃၁၊ ၂၀၁၁ မိုးမခ

အစိုးရသစ် မူဝါဒအပေါ် အမြင်များကွဲလွဲ


ခင်ဦးသာ Thursday, 31 March ဧရာဝ
ဧရာဝတီ

သမ္မတသစ် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်က ဒီမိုကရေစီစနစ် စတင်ကူးပြောင်း


ကျင့်သုံးတော့မည်ဟု ပြည်သူလူထုသို့ ရုပ်သံမှတဆင့် ပြောဆိုလိုက်ခြင်းကို အတိုက်အခံ နိုင်ငံရေး
အင်အားစုများက အမြင်အမျိုးမျိုးဖြင့် ရှုမြင်ကြသည်။

“ပြောတဲ့အတိုင်း လက်တွေ့ကျင့်သုံးမယ် ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ၊ ဒါပေမယ့် လုပ်မယ်ဆိုရင်တောင် ဒီ


စစ်ဗိုလ် လူထွက်တွေက လုပ်တတ်ပါ့မလားဆိုတာ သံသယ ဖြစ်မိတယ်”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
(NLD) ၏ ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

ဦးသိန်းစိန်သည် နအဖ အစိုးရထံမှ အာဏာ တရားဝင် လွှဲပြောင်းရယူပြီး ပြည်သူလူထုသို့ သမ္မတသစ်


တဦးအနေဖြင့် ပထမဆုံး ပြောဆိုသော မိန့်ခွန်းတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း ပေါ်ပေါက်လာသော
အစိုးရသစ်ကို လက်ခံစေလိုကြောင်း၊ ဒီမိုကရေစီရေးအပြင် လူ့အခွင့်အရေး၊ အလုပ်သမား၊ လယ်သမား
အရေးများကို ဖွဲ့စည်းပုံ ဥပဒေအရ ဆောင်ရွက်သွားမည် ဟုလည်း ပြောဆိုသွားသည်။

နအဖ စစ်အစိုးရက အတည်ပြုထားပြီး လက်ရှိအချိန်ထိ အငြင်းပွားနေဆဲဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ


ဥပဒေအား ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံပါ အားနည်းချက်များကို ပြန်လည် ပြုပြင်နိုင်ရန်
အချက်တချို့ကို ဖွဲ့စည်းပုံတွင်ရေးဆွဲထားသည့်အတိုင်း ပြင်ဆင်သွားမည်ဟုလည်း ဦးသိန်းစိန်က ဆိုသည်။

နိုင်ငံတော်အားကာကွယ်ရန်အတွက် ကမ္ဘာ့အဆင့်မီ တပ်မတော်တခုရှိရန် လိုအပ်၍ စစ်တပ်ကိုအင်အား


တိုးချဲ့သွားမည်ဟု လည်း သမ္မတသစ် က ဆိုသည်။
စစ်အစိုးရက တဖက်သတ်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ကာကွယ်သွားမည်ဟူသော
စကားသည် ပြန်လည်ပြုပြင်နိုင်မည့် အရေးကိုခြိမ်းခြောက်သည့် သဘောသက်ရောက်နေပြီး ဖွဲ့စည်းပုံ
အတိုင်းလုပ်ဆောင်သွားမည်ဟု တိုက်ရိုက်ပြော ဆိုခြင်းဖြစ်ကြောင်း ဦးဝင်းတင် က ဆိုသည်။

အစိုးရသစ်အား အတိုက်အခံနိုင်ငံရေး အင်အားစုများက လက်ခံမှုအပြည့်မရှိသကဲ့သို့ တိုင်းရင်းသား


လက်နက်ကိုင်အဖွဲ့များကလည်း လက်မခံကြပေ။

“ဖွဲ့စည်းပုံက ပြန်ပြင်ဖို့မလွယ်သလို အစိုးရသစ်ဟာလည်း အများမျှော်မှန်းထားတဲ့ အစိုးရ မဟုတ်ဘူးလေ၊


ဒီမိုကရေစီ အစိုးရ လည်း ဖြစ်လာမှာမဟုတ်ဘူး”ဟု ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) SSA-S အဖွဲ့မှ
စိုင်းလောင်ဝ်ဆိုင်း က ဧရာဝတီကို ပြော သည်။

၎င်းကဆက်၍“ဒီအစိုးရဟာလည်းပဲ နအဖ ပဲဖြစ်တယ်၊ သူတို့တက်လာကတည်းက ပြည်တွင်း


စစ်မီးတွေပိုများလာတယ်၊ တိုင်း ရင်းသားတွေအရေးကိုလည်း ဘာမှလုပ်ပေးနိုင်တဲ့ အစိုးရမဟုတ်လို့
အစိုးရသစ်ကိုလည်းပဲ လက်မခံနိုင်တာပါ”ဟု ပြောသည်။

ကရင်အမျိုးသား အစည်းအရုံး(KNU) မှ နော်စီဖိုးရာစိန်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်သည့်အပြင်


ထိုဖွဲ့စည်းပုံအရ ပေါ်ပေါက်လာသော အစိုးရသစ်ကိုလည်း အသိအမှတ်မပြုနိုင်ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီ တချို့ကမူ


အစိုးရသစ် အား ဝေဖန်ရန် စောသေးကြောင်း၊ အစိုးရသစ်အား အပြုသဘောဆောင်၍ ၎င်းတို့၏
လုပ်ဆောင်ချက်ကိုစောင့်ကြည့်ဦးမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)၏ ခေါင်းဆောင်
ဦးခင်မောင်ဆွေ က ဧရာဝတီကို ပြောသည်။

“သမ္မတသစ် ပြောသွားတဲ့စကားတွေထဲမှာ လက်ခံနိုင်တာရော၊ မခံနိုင်တာတွေရောပါ ပါတယ်၊


ဒါပေမယ့်လုံးဝမကောင်းဘူးလို့ပြောလို့မရဘူးလေ၊ သေချာတာကတော့ စစ်တပ်ကနေ အရပ်သားအစိုးရကို
အာဏာ လွှဲပေးလိုက်တာကိုတော့ ဘယ်သူမှ ငြင်း မရပါဘူး”ဟု ဦးခင်မောင်ဆွေ က ဆိုသည်။

NLDပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကလည်း“ကျနော်တို့ အနေနဲ့ လက်တွေ့ကျကျ


ပေါ်လာတဲ့အစိုးရကိုတော့ လက် ခံ ရမယ်၊ ဒါပေမယ့် အမျိုးသားရင်ကြားစေ့ရေး လုပ်နိုင်မလုပ်နိုင်ဆိုတာက
အရေးကြီးပါတယ်၊ ဒီအတွက်လည်း မျှော်လင့် ထား တယ်”ဟု ပြောသည်။

ဦးသိန်းစိန်က မြန်မာ့နိုင်ငံရေး၌ အစဉ်အလာတခုကဲ့သို့ ဖြစ်နေသော အစိုးရနှင့်အတိုက်အခံဆိုသည့် ပဋိပက္ခ


အသွင်ဆောင်သော အမြင်သဘောထားကို ကိုင်စွဲခြင်းမပြုဘဲ အမျိုးသားအကျိုးစီးပွားကိုအခြေခံ၍
လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘော ထားကာ လက်တွဲ ဆောင်ရွက်သွားရန် တိုက်တွန်းပါသည်ဟု မိန့်ခွန်း၌
ပြောဆိုသည်။

“ပြောသွားတာတွေကတော့ အတော်နားထောင်ကောင်းတယ်ဗျ၊ ပြည်ပက မြန်မာသံရုံးတွေက


ကိုယ့်နိုင်ငံသားတွေ တခုခု အကူအညီ သွားတောင်းရင်တောင် အလွယ်တကူ လုပ်ပေးတာ တခါမှ မကြားဖူးဘူး၊
အခုပြောတဲ့ ကူညီမယ်ဆိုတာ ဘယ်လို ဟာမျိုးကိုပြောတာလဲ ဆိုတာမသိဘူး”ဟု ဦးဝင်းတင်က ပြောသည်။

အစိုးရသစ်သည် ပြည်သူများအား လုပ်ဆောင်ပေးသွားမည်ဟု ကတိပေးပြောဆိုသည့်အတိုင်း


လုပ်ပေးမည်ဆိုပါက မြန်မြန် အကောင်အထည် ဖော်ပေးရန်လိုအပ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
သမ္မတသစ် ဦးသိန်းစိန်၏ မိန့်ခွန်းတွင် နိုင်ငံရေးပါတီ အများစုကတောင်းဆိုနေသော
နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးကို ပြောဆိုမသွားသည့်အပြင်
လွှတ်တော်အစည်းအဝေးများမှလည်း ပယ်ချခံခဲ့ရသည်။

လွှတ်တော် အစည်းအဝေး တက်ရောက်ခဲ့ကြသော ကိုယ်စားလှယ်များကမူ ပြည်သူများကိုယ်စား တင်ပြ


ဆွေးနွေးခဲ့သော အဆိုများကို လွှတ်တော်က ပယ်ချခံခဲ့ရ၍ အားရကျေနပ်မှု မရှိခဲ့ကြကြောင်း၊
အစိုးရသစ်သည်လည်း ပြည်သူများအတွက်
ထူးခြားသော ပြောင်းလဲမှုကို လုပ်ပေးနိုင်မည်ဟု မထင်ကြောင်း ပြောဆိုကြသည်။

“လွှတ်တော်မှာ NDFက တင်တာ ပယ်ချခံရတာက လွှတ်တော်ရဲ့လုပ်ထုံးလုပ်နည်းတွေနဲ့မညီလို့ပါ၊ ကျနော်တို့က


လွှတ်တော် မတင်ခင် မီဒီယာတွေကို ကြိုပြောလိုက်မိတာ၊ နောက်ဆိုရင် မီဒီယာတွေကို ထိန်းထိန်းသိမ်းသိမ်း
ပြောရတော့မှာပေါ့”ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ က ဆိုသည်။

နအဖ မှ ပြည်ထောင်စု သမ္မတ နိုင်ငံတော်သို့ ပြောင်းလဲ၍ အစိုးရသစ် ပေါ်ပေါက်လာခြင်းကို ကမ္ဘာ့ကုလသမဂ္ဂက


ကြိုဆိုလိုက်ပြီး အများလက်ခံနိုင်သော အပြောင်းအလဲများအတွက် အစပြုရန် တိုက်တွန်းသည်ဟု ဆိုသည်။

အမေရိကန်အစိုးရကမူ အရပ်သားအစိုးရသစ်ဖွဲ့လိုက်သော်လည်း စစ်ယူနီဖောင်းချွတ် ဗိုလ်ချုပ် ဟောင်းများက


အရေးကြီး သည့် နေရာများကို ဆက်လက်ယူထားသည့်အတွက် ကြီးမားသော အပြောင်းအလဲ မဟုတ်ကြောင်း၊
အဓိကကျသည့် ဆုံးဖြတ် ချက်များနှင့်ပတ်သက်ပြီး စစ်အုပ်စု သြဇာ သက်ရောက်နေဆဲဖြစ်သည်ဟု
ယူဆကြောင်း၊ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု မူဝါဒကို ဆက်လက်ကိုင်စွဲကျင့်သုံးသွားမည်ဖြစ်ပြီး
အစိုးရသစ်နှင့်ထိတွေ့ဆက်ဆံရေးကိုလည်း ဆောင်ရွက်သွားမည်ဟု ပြောဆိုသည်။

ရန်ကုန်တွင် ရေကစားမဏ္ဍပ်ကြီး ၃၁ ခုသာ ဆောက်ခွင့်ပြု


မိုးယံ Thursday, 31 March ဧရာဝ
ဧရာဝတီ

ရန်ကုန်မြို့တခုလုံး၌ ယခုနှစ် မဟာသင်္ကြန် အတွက် ရေကစား မဏ္ဍပ်ကြီး ၃၁ ခုသာ ဆောက်လုပ်ခွင့်


ပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်လိုက်သည်။

“နေရာ ၃၁ နေရာမှာ မဏ္ဍပ်ကြီး ၃၁ ခုဆောက်ဖို့ လျာထားတယ်” ဟု ရန်ကုန်မြို့တော်


စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

၂၀၁၀ ပြည့်နှစ် သင်္ကြန်တွင် ရန်ကုန်မြို့တော်၌် ရေကစားမဏ္ဍပ်ကြီး ၄၀ ကျော် ခွင့်ပြုခဲ့ကြောင်း ယခင်နှစ်တွင်


ရေကစားမဏ္ဍပ် တာဝန်ယူတည်ဆောက်ခဲ့သူတဦးက ပြောသည်။

၎င်းက “လုံခြုံရေး ပေးနိုင်သလောက်ပဲ ခွင့်ပြုပေးတာလို့ ကြားတယ်” ဟု ဆိုသည်။

အဆိုပါ ရေကစားမဏ္ဍပ်ကြီး ၃၁ ခုအတွက် မင်္ဂလာတောင်ညွှန်မြို့နယ် ကန်ပတ်လမ်းတွင် ၇ နေရာ၊


ပြည်လမ်းမပေါ်တွင် ၅ နေရာ၊ ပါရမီလမ်းပေါ်တွင် ၂ နေရာ၊ ကမ္ဘာအေးဘုရားလမ်းတွင် ၅ နေရာ၊ ဗဟန်းမြို့နယ်
ဆရာစံလမ်းတွင် ၃ နေရာ၊ စက်မှု (၁) လမ်း ၁ နေရာ၊ ဗိုလ်ချူပ်အောင်ဆန်းလမ်းတွင် ၁ နေရာ၊
ဝေဇယန္တာလမ်းတွင် ၁ နေရာ၊ ဘုရင့်နောင်လမ်းတွင် ၃ နေရာ၊ ဒဂုံမြို့နယ်ရှိ အလုံလမ်းတွင် ၂ နေရာနှင့်
ကြည်မြင့်တိုင်မြို့နယ် ကမ်းနားလမ်းတွင် ၁ နေရာ တည်ဆောက်ခွင့်ပြုထားကြောင်း ၎င်းက ဆိုသည်။
ယမန်နှစ်က ဗုံးပေါက်ကွဲခဲ့သည့် မင်္ဂတောင်ညွှန်မြို့နယ် ကန်ပတ်လမ်းတွင် ရေကစားမဏ္ဍပ်ကြီးများ ၁၆ ခု
ခွင့်ပြုခဲ့ပြီး ယခုနှစ်တွင် ဆောက်လုပ်ခွင့် ပေးမည်မဟုတ်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း အဆိုပါနေရာ
ဝန်းကျင်တွင် ရေကစားမဏ္ဍပ် ၅ နေရာ တည်ဆောက်ခွင့်ပြုထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

X2O ရေကစားမဏ္ဍပ်ကို လုပ်ဆောင်မည့်အဖွဲ့မှ တာဝန်ရှိသူတဦးက “ကျနော်တို့ X2O ရေကစားမဏ္ဍပ်


ဒီနှစ်ပြန်ဆောက်မှာပါ။ အရင်နေရာမှာပဲ ပြန်ဆောက်ဖြစ်မှာပါ” ဟု ဆိုသည်။

ယမန်နှစ်က မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီးပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှု သုံးခု


ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦး သေဆုံးကာ ၁၇၀ ကျော်ဒဏ်ရာရခဲ့ကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

“မဏ္ဍပ်တွေကို တနေရာတည်း အများကြီး ဆောက်ခွင့်မပေးတော့ဘဲ မဏ္ဍပ်တွေကို နေရာခွဲပြီး


ဆောက်ခိုင်းထားတယ်” ဟု ရန်ကုန်မြို့တော်စည်ပင်မှ ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့် တာဝန်ခံတဦးက
ပြောသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအ၀င် မြို့ကြီးများတွင် ဆောက်လုပ်မည့် ပုဂ္ဂလိက သင်္ကြန်မဏ္ဍပ်အားလုံး


လိုက်နာရမည်ဖြစ်သော လုံခြုံရေးဆိုင်ရာ စည်းကမ်းချက် ၂၅ ချက်အား စည်းကမ်းထိန်းသိမ်းရေးနှင့်
လုံခြုံရေးကော်မတီက မတ်လ ဒုတိယ ပတ်အတွင်း စတင် ထုတ်ပြန်ကြေညာထားသည်။

လေဘေးသင့် ရေလုပ်သား တသောင်းကျော် ကယ်ဆယ်ပြီး၊ ၇၀၀ ကျော် ပျောက်ဆုံးဆဲ


နရီလင်းလက် Thursday, 31 March 2011 ဧရာဝ
ဧရာဝတီ

ဧရာဝတီတိုင်း ဖျာပုံခရိုင်အတွင်းရှိ လေဘေးသင့် ရေလုပ်သား ၁၁၀၀၀ ကျော်ကို ကယ်ဆယ်ရရှိ ထားသည်ဟု


ဖျာပုံမြို့နယ် ကျားပိုက် လုပ်ငန်းရှင်များအဖွဲ့က ယနေ့ ပြောကြား လိုက်သည်။

အဆိုပါ အရေအတွက်သည် ဖျာပုံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း၂ ခုသို့ ဒေသအသီးသီးမှ


ကယ်ဆယ် ရရှိလာပြီးသည့် လူစာရင်းဖြစ်သည်ဟု ဖျာပုံမြို့နယ် ကျားပိုက်လုပ်ငန်းရှင်များအဖွဲ့ တာဝန်ရှိသူ
တဦးက ဧရာဝတီ သို့ ပြောသည်။

“ကျနော်တို့ ဆီမှာ ရှိတဲ့ ရေလုပ်သားစာရင်းနဲ့ ပြန်ကယ်ဆယ်လို့ ရောက်လာတဲ့ လူစာရင်းကို နုတ်လိုက်တော့


ပျောက်ဆုံးနေတဲ့ ရေ လုပ်သား ၇၀၀ ကျော် လောက်ရှိနေသေးတယ်။ ပင်လယ်ထဲ မျောသွားတဲ့
ရေလုပ်သားအများစုက ဖျာပုံမြို့ထဲက များတယ်”ဟု ၎င်း က ဆိုသည်။

မတ်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ လေပြင်းတိုက်ခတ်မှုကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဖျာပုံ ၊


ဒေးဒရဲ ၊ လပွတ္တာ ၊ မြောင်းမြ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး စသည့် မြို့နယ်များရှိ ရေလုပ်သားများ
ပင်လယ်တွင်း မျောပါသွားခဲ့သည်။

မတ်လ ၁၄ ရက်နေ့ မှ မတ်လ ၁၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့ ၊


မွန်ပြည်နယ်နှင့် တနင်္သာရီ ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံအရှေ့ဘက်မှ
လေပြင်းများကျရောက်ပြီး လှိုင်းအသင့် အတင့် မှ လှိုင်းကြီးနိုင်ကြောင်း၊ လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည်
တနာရီ ၃၅ မိုင် တိုက်ခတ်မည်ဖြစ်ကြောင်း ဖော်ပြခဲ့ သည်။
သို့သော် လေပြင်းတိုက်ခတ်မှုနှုန်းမှာ ၁ နာရီ မိုင် ၆၀ မှ ၇၀ နှုန်း ရှိခဲ့သောကြောင့် ဧရာဝတီတိုင်းအတွင်းရှိ
ရေလုပ်သားများသည် ကော့သောင်း ၊ ကျိုက္ခမီ ၊ ကိုကိုးကျွန်း ၊ ဟိုင်းကြီးကျွန်းနှင့် ရန်ကုန်မြို့ စသည့်
ဒေသအနှံ့သို့ ရောက်ရှိ သွားခဲ့ကြောင်း သိရသည်။

“ဖျာပုံမြို့နယ်မှာတင် ကျေးရွာ အုပ်စုတွေက အများကြီး၊ အဲဒီမှာ ရေလုပ်သားတွေကလည်း အများကြီးဆိုတော့


ဧရာဝတီတိုင်း တခု လုံးအနေနဲ့ တွက်ရင် ရေလုပ်သား ၁ သောင်းခွဲနဲ့ ၂ သောင်းကြားမှာ ရှိနေတယ်”ဟု
ဖျာပုံမြို့နယ် ကျားပိုက်လုပ်ငန်းရှင်များအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဖျာပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်သွယ်ရေး ဦးစီးဌာနမှ စာရင်းအရ ခန့်မှန်းခြေ ကျေးရွာအုပ်စု ၄၃ အုပ်စု


၊ ကျေးရွာပေါင်း ၁၄၀ ၊ ကျေးရွာ ခွဲပေါင်း ၉၇ ခု ရှိကြောင်း စုံစမ်း သိရှိရသည်။

ဖျာပုံမြို့နယ်၌ အင်္ဂလန်ကျားဖောင် လုပ်ငန်း လုပ်ကိုင်သူ ၂၅၀၀ ရှိပြီး အဆိုပါ ကျားဖောင်တစီးလျှင် လူ ၃ ဦးမှ ၎


ဦး ပျမ်းမျှ လိုက် ပါလေ့သည်ဟု ဖျာပုံမြို့နယ် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းက ဆိုသည်။

“ဒေသအခေါ်အရ အင်္ဂလန် ကျားဖောင် ဆိုတာ ၀ါးဖောင်အကြီးကြီးတွေဖွဲ့ပြီး ကမ်းစပ်မှာ စိုက်ပြီး ပုစွန် ၊ ငါးနုတ် ၊


ငါးသေး လေး တွေ အဓိက ဖမ်းပြီး အသက်မွေးဝမ်းကျောင်းတဲ့ သူတွေပေါ့။ ၀ါးဖောင်ပေါ်မှာ တဲအိမ်လေးတွေ
ဆောက်ပြီး မိသားစုပါ ချက်ပြုတ်စားပြီး နေကြတာပေါ့”ဟု ဖျာပုံမြို့နယ်ရှိ မြန်မာနိုင်ငံငါးလုပ်ငန်း မှ တာဝန်ရှိသူ
တဦးက ပြောသည်။

အဆိုပါ အင်္ဂလန် ကျားဖောင် လုပ်ငန်း လုပ်ကိုင်လိုပါက သက်ဆိုင်ရာ ဒေသရှိ မြန်မာနိုင်ငံ


ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ကျပ် ၄၀၀၀ မှ ၅၀၀၀ ကြား ပေးဆောင်ကာ လိုင်စင်ထုတ်ယူနိုင်ကြောင်း၊
ငွေကြေးချို့တဲ့သည့် ဒေသခံအများစုမှာ ယင်း ကျားဖောင် လုပ်ငန်းဖြင့် သာ အသက်မွေးကြကြောင်း သိရသည်။

“ဒေသခံ ရေလုပ်သားအများစုကတော့ ဘာငါးဖမ်းစက်လှေမှ မပိုင်သလို ၊ ငါးဖမ်းလှေလည်း မရှိဘူး။


အားလုံးကချို့တဲ့တော့ ကျားဖောင်နဲ့ပဲ ငါးဖမ်းတာများတယ်။ ငါးဖမ်း စက်လှေက မြင်းကောင်ရေပေါ်မူတည်ပြီး
ကျပ် ၁ သိန်းကနေ ၄ သိန်း ပေးရတယ် ဆိုတော့ ဘယ်သူမှလည်း မ၀ယ်နိုင်ဘူး။ အများစုကတော့
စီးပွားရေးလုပ်ငန်းရှင်တွေပဲ ပိုင်တာ များတယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းတာဝန် ရှိ သူက ဆက်ပြောသည်။

ယမန်နေ့အထိ ပင်လယ်ငါးဖမ်းစက်လှေများမှ ရန်ကုန်မြို့ နန်းသီတာ ဆိပ်ကမ်းသို့ ကယ်ဆယ်ရရှိလာသည့်


ရေလုပ်သား အရေ အတွက်မှာ ၄၀၀၀ ကျော်ရှိပြီး ယနေ့ အထိ ထပ်မံ ကယ်ဆယ်ရလာခြင်းမရှိသေးဟု ၎င်းက
ဆိုသည်။

“ပထမ ခန့်မှန်းခြေ ပင်လယ်ထဲမှာ မျောနေတာ ၇၀၀၀ လောက်ရှိမယ် ထင်တာ၊ ဖျာပုံတမြို့တည်းတင် ကျားစီး


ဖောင်လိုင်စင်ရှိတဲ့ အရေအတွက် ၊ ဖောင်ပေါ်ပါတဲ့ ရေလုပ်သား အပါအ၀င် သူတို့တွေက
အိမ်ဆောက်နေတာဆိုတော့ မိသားစုတွေ အပါအ၀င် ခန့်မှန်းခြေ ၁၁၀၀၀ ကျော်လောက်ရှိတယ်”ဟု အထက်ပါ
ငါးလုပ်ငန်းတာဝန်ရှိသူက ပြောသည်။

မတ်လ ၂၂ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် လေဘေးသင့် ရေလုပ်သားများကို ပင်လယ်ပြင်တွင်


ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယနေ့အထိ တပ်မတော်(ရေ) စစ် ရေယာဉ်များ၊
ပင်လယ်ပြင်အတွင်း ငါးဖမ်းရေယာဉ်များနှင့် ဒေသခံ ငါးဖမ်းစက်လှေများက ရေလုပ်သား ၃၃၇၄ ဦးကို
ကယ်တင်နိုင်ခဲ့ကြောင်း၊ ၎င်း ရေလုပ်သားများ အနက် ၃၁၅၂ ဦးကို သက်ဆိုင်ရာ နေရပ်များသို့
ပို့ဆောင်ပေးခဲ့ကြောင်း၊ ကျန်ရှိနေသော ရေလုပ်သား၂၂၂ ဦးကိုမူ တာဝန်ရှိသူများက လိုအပ်သော ဆေးဝါး
ကုသမှု များ၊ အ၀တ် အထည်များ၊ စားသောက်ဖွယ်ရာများဖြင့် ထောက်ပံ့ကူညီ စောင့်ရှောက်ပေးထားကြောင်း
ရေးသားထားသည်။

“ကျားဖောင်တွေက များသောအားဖြင့် ကမ်းနဲ့ ၁၅ မိုင် နဲ့ မိုင် ၃၀ လောက် အကွာ မုတ္တမ ပင်လယ်ဝ ၊ ကပ္ပလီ
ပင်လယ် တွေမှာ ဆိုက်ထားပြီး ငါးဖမ်း၊ ပုစွန်ဖမ်းလုပ်ကြတာ။ ကြေညာထားတဲ့ လေတိုက်နှုန်းက ၃၅ မိုင်
လောက်ပဲ ရှိမယ်ဆိုတော့ ကျားဖောင် တွေက မိုင် ၅၀ လောက် အထိ လေတိုက်နှုန်းကို ခံနိုင်တယ်။ ဒီတော့
ပုံမှန်ပဲ နေနေကြတာ”ဟု ငါးဖမ်း လုပ်ငန်း လုပ်ကိုင်သူတဦးက ပြောသည်။

၎င်းက ဆက်၍ “ငါးဖမ်းစက်လှေကြီးတွေ ၊ ငါးဖမ်းသဘောင်္ကြီးတွေ အများစုက အင်တာနက် က သတင်းတွေ


ဖတ်တယ်။ နောက် ယိုးဒယား လိုင်းက မိုးလေ၀သ သတင်းတွေနားထောင်ဖြစ်တော့ အချိန်မီ
ကမ်းကပ်နိုင်သွားတယ်။ ဒါကြောင့်လည်း ဘာမှ မဖြစ် တာ”ဟု ပြောဆိုသည်။

ရန်ကုန်အခြေစိုက် ဂျာနယ်သတင်းထောက် တဦးကလည်း“တနေ့ကအထိတော့ နန်းသီတာ သဘောင်္ဆိပ်ကို


ရောက်လာတဲ့ ရေ လုပ်သားတွေကို ငါးလုပ်ငန်းက စီစဉ်ပေးထားတဲ့ ကားနဲ့ နေရပ်ကို ချက်ချင်း ပြန်လွှတ်တာ”ဟု
ပြောသည်။

လေပြင်း တိုက်ခတ်မှုများကြောင့် ရန်ကုန်တိုင်းအတွင်း နေအိမ် အလုံး ၁၁၀၊ တဲ ၃၈ လုံးနှင့်


ဧရာဝတီတိုင်းအတွင်း အိမ်ခြေ ၂၀ ခန့် ပြိုကျပျက်စီးသွားခဲ့ကြောင်း မတ်လ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း
သတင်းစာတွင် ဖော်ပြထားသည်။

ယမန်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခု


ဖြစ်ပေါ်နေပြီး အဆိုပါ လေ ဖိ အားနည်း ရပ်ဝန်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ် ၊ မုတ္တမကွေ့၊ မွန်ပြည်နယ်နှင့်
တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီး
လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း ၊ မိုးသက်လေပြင်းကျ ရောက် စဉ် ရေပြင် မြေပြင်လေသည် တနာရီ
၃၅ မိုင်မှ မိုင် ၄၀ ထိ တိုက်ခတ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

လူကုန်ကူးခံရမှု နှစ်စဉ် တိုးလာ


ဟိန်းဇော် Thursday, 31 March ဧရာဝ
ဧရာဝတီ

မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှု ပပျောက်ရေးကို ၅ နှစ် စီမံကိန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေ


သော်လည်း မြန်မာ အမျိုးသမီးများ လူကုန်ကူးခံရမှု ပမာဏသည် တနှစ်ထက် တနှစ် ပိုမိုများပြား နေကြောင်း
လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။

“အဓိက စားဝတ်နေရေး အခက်အခဲကြောင့် လူကုန်ကူးခံရတာ များနေတာ”ဟု ၎င်းက ဆိုသည်။

လူကုန်ကူးခံရမှုသည် ၂၀၀၆ခုနှစ်မှ စတင်ပြီး တနှစ်ထက် တနှစ်များပြားလာကြောင်း၊ ပြီးခဲ့သည့်


၂၀၁၀ပြည့်နှစ်အတွင်း မြန်မာနိုင်ငံ မှ တရုတ်နိုင်ငံသို့ လူကုန်ကူးမှုအများဆုံး ဖြစ်ပြီး ရှမ်းပြည်နယ်
မြောက်ပိုင်းတွင် အများဆုံးလူကုန်ကူးမှုဖြစ်ပွားခဲ့ကြောင်း အထက်ပါ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးအဖွဲ့
တာဝန်ရှိသူက ပြောဆိုသည်။

၂၀၁၀ပြည့်နှစ်အတွင်း ဖမ်းဆီးရမိသော လူကုန်ကူးမှု အမှုပေါင်း ၁၇၃မှုအနက် ၁၃၃မှု(၇၆.၈ ရာနှုန်း) မှာ


တရုတ်နိုင်ငံ၊ ၁၉ မှု(၁၀.၉ ရာနှုန်း)မှာ ထိုင်းနိုင်ငံ၊ ၆ မှု(၃.၄ ရာနှုန်း)မှာ မလေးရှားနိုင်ငံနှင့် ၁၅ မှု(၈.၆ ရာနှုန်း)
ပြည်တွင်း လူကုန်ကူးမှုတို့ ဖြစ်သည်ဟု သိရှိရ သည်။

“လူကုန်ကူးမှုဖြစ်တာက ရှမ်းပြည်မြောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်နဲ့


မွန်ပြည်နယ်တို့မှာ အဖြစ်များတာ။ အဲဒီအထဲမှာမှ ရှမ်းပြည်မြောက်ပိုင်းက ၄၁ ရာခိုင်နှုန်းရှိတယ်”ဟု လူမှုဝန်ထမ်း
ဦးစီးဌာနမှ တာဝန်ရှိသူတဦးကပြော သည်။

မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်မှ ၂၀၁၀ပြည့်နှစ် ဒီဇင်ဘာလအထိ လူကုန်ကူးမှုပေါင်း ၆၄၁ မှု ဖမ်းဆီးနိုင်ခဲ့ပြီး


လူကုန်ကူးခံရသူ ၁၄၇၇ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ဌာန
စာရင်းဇယားများအရ သိရသည်။

“ကျမတို့အနေနဲ့ လူကုန်ကူးမှုကို လေ့လာကြည့်တဲ့အခါမှာ တရုတ်နိုင်ငံကို အဓိကထားပြီး လူကုန်ကူးတာ


တွေ့ရပြီး လူကုန်ကူးခံရ တဲ့ သူတွေကို ကယ်တင်ဖို့ အခက်အခဲတွေ အများကြီးရှိတာတွေ့ရတယ်။
ဒီနှစ်ထဲမှာတော့ ကြိုတင်ကာကွယ်ရေး စီမံချက်တွေလုပ်သွားပါမယ်”ဟု လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူက
ပြောသည်။

အဆိုပါ ကြိုတင်ကာကွယ်ရေး စီမံချက်လုပ်ငန်းစဉ်များတွင် ယာဉ်ရပ်နားစခန်းများ၌ ကြော်ငြာ ဆိုင်းဘုတ်ကြီးများ


ထောင်ခြင်း၊ ယာဉ်ရပ်နားစခန်းများရှိ နားနေဆောင်များတွင် လူကုန်ကူးမှုပညာပေး စာရွက်များကပ်ခြင်း၊
ခရီးသည်ပို့ဆောင်ရေး ယာဉ် လုပ်သား များကို အုပ်စုငယ်ပုံစံဖြင့် လူကုန်ကူးမှု ဆိုင်ရာ ပညာပေးခြင်းများ
စသည်တို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လူကုန်မှုများတွင် အဓမ္မထိမ်းမြားခြင်း၊ လုပ်အားခေါင်းပုံဖြတ်ခြင်း၊ လိင်အလုပ်သမ အဖြစ်ရောင်းစားခြင်း၊ အဓမ္မ


တောင်းရမ်းခိုင်း
ခြင်းနှင့် ကလေး သူငယ် လူကုန်ကူးမှု စသည့် အမျိုးအစားများ ပါဝင်ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး
ဗဟိုအဖွဲ့မှ တာဝန်ရှိသူတဦး က ပြောပြသည်။

ယမန်နှစ်အတွင်းက မြန်မာနိုင်ငံရှိ အနှိပ်ခန်း၊ ကာရာအိုကေ ကေတီဗီ၊ အဖျော် ယမကာနှင့် စင်တင်တေးဂီ


စသော နေရာများတွင် လုပ်ကိုင်နေသော မိန်းကလေးများကို ချစ်သူရည်းစားအဖြစ် ဟန်ဆောင်၍ လိမ်လည်
လှည့်ဖျားကာ ပြည်ပနိုင်ငံများသို့ ရောင်းစား သော လူကုန်ကူးမှုပုံစံမျိုး ဖြစ်ပွားခြင်းများလည်း ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှုဆိုင်ရာ ၅ နှစ်စီမံကိန်း(၂၀၀၇-၂၀၁၁)ကိုပြဌာန်းခဲ့ပြီး စီမံချက်များရေးဆွဲဆောင်ရွက်


နေသော်လည်း လူကုန်ကူးမှု ဖမ်းဆီးရမိမှုမှာ၂၀၀၆ ခုနှစ်တွင် ၅၂ မှု၊ ၂၀၀၇ တွင် ၁၂၇ မှု၊ ၂၀၀၈ တွင် ၁၃၄ မှု၊
၂၀၀၉ တွင် ၁၅၅ မှု၊ ၂၀၁၀ တွင် ၁၇၃ မှု ဖမ်းဆီးရမိ၍ လူကုန်ကူးမှု ပမာဏမှာ နှစ်စဉ် တိုးပွားလျက် ရှိကြောင်း
သိရသည်။

၂၀၀၄ ခုနှစ် အောက်တိုဘာ အတွင်းက မဲခေါင်ဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ


နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် စသည့် ၆
နိုင်ငံမှ ၀န်ကြီးများက ရန်ကုန်မြို့တွင် လက်မှတ် ရေး ထိုးထားသည်။
ဇာတ်ညွှန်းသိပြီးသား ပြဇာတ်
အောင်သက်ဝိုင်း Thursday, 31 March ဧရာဝ
ဧရာဝတီ ဆောင်းပါး

မီးအလင်းရောင်နှင့် နေ့အလင်းရောင်ကြောင့် လင်းထိန်နေသော ခန်းမတခုလုံးတွင် အပ်ကျသံမျှပင်


ကြားနိုင်လောက်သည် အထိ တိတ်ဆိတ်လွန်းလှသည်။ လူရာပေါင်းများစွာ ရှိနေသော်လည်း လူအားလုံးက
ခန်းမကြီး၏ စင်မြင့်ဆီသို့သာ လှမ်းမျှော်ကြည့်နေကြသည်။

ရွှေရောင်ကနုတ်များ ခြယ်သထားသည့် အမည်းရောင် ၀တ်ရုံကို ၀တ်ဆင်ထားသော လူကြီးက အ၀ါရောင်


ပေါလစ်သုတ်ထားသော စင်မြင့်ထက်တွင် မတ်တပ်ရပ်နေပြီးသူ၏ လက်ထဲမှ အနီရောင် ခပ်ပါးပါးဖိုင်တွဲကို ဖွင့်ပြီး
တစုံတရာကို စူးစမ်းနေသည်။

ထိုလူကြီး၏ ဘေးတွင် တိုက်ပုံအဖြူရောင်၊ ခေါင်းပေါင်းနှင့် မြန်မာ့ရိုးရာဝတ်စုံကို သေချာစနစ်ကျနစွာ


ဝတ်ဆင်ထားသော လူနှစ်ဦးက သူတို့၏ညာလက်များကို စင်မြင့်ပေါ်တင် ထားသော စာအုပ်ငယ်တခုပေါ်တွင်
တင်ထားကြသည်။ ထိုလူနှစ်ဦးဘေးတွင် အ၀ါရောင်ခေါင်းပေါင်းနှင့် ရှမ်းရိုးရာဝတ်စုံကို
ဆင်မြန်းထားသူတဦးလည်း ရှိနေပြီး သူကလည်း လက်ကို စင်မြင့်ထက်ပေါ်ရှိ စာအုပ်ငယ်ပေါ်တွင်
တင်ထားလိုက်သည်။

ယင်းနောက် အမည်းရောင်ဝတ်ရုံနှင့် လူကြီး၏အသံက တိတ်ဆိတ်နေသော ခန်းမကြီးတွင် ကျယ်လောင်စွာ


ထွက်ပေါ်လာပြီး စာအုပ်အသီးသီးအပေါ် လက်တင်ထားသူ သုံးဦး၏ အသံကလည်း ညီညာစွာပင် တသံတည်း
ထွက်ပေါ်လာသည်။

“ကျွန်ုတို့သည် နိုင်ငံတော်သမ္မတများအဖြစ် ရွေးချယ်ခံရပြီးဖြစ်သဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို


ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်။ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပါမည်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား
စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင်
ဆောင်ရွက်ပါမည်။ ထို့ပြင် ယခုကျွန်ုပ် ထမ်းဆောင်မည်ဖြစ်သော တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာ
ဆောင်ရွက်မည်ဟု လေးနက်တည်ကြည်စွာ ကတိသစ္စာပြုပါသည်” ဆိုသော လူသုံးဦး၏ ပြိုင်တူရွတ်ဆိုသော
အသံကပြည်ထောင်စုလွှတ်တော်ဟု ရွှေရောင်စာလုံးကြီး ရေးထိုးထားသော ခန်းမကျယ်ကြီးတွင်
ဟိန်းထွက်နေသည်။

ထိုသုံးယောက်မှာ သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာ


စိုင်းမောင်ခမ်း တို့ဖြစ်ပြီး အမည်းရောင်ဝတ်နှင့်လူမှာ ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်ဖြစ်သည်။

မတ်လ ၃၀ ရက်နေ့သည် စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲတွင် နည်းလမ်းမျိုးစုံဖြင့် အနိုင်ရယူထားသော


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) ၏ ဥက္ကဋ္ဌလည်းဖြစ်၊ စစ်အစိုးရ ၀န်ကြီးချုပ်ဟောင်းလည်းဖြစ်သူ
ဦးသိန်းစိန်ဦးဆောင်သော ကြံ့ဖွံ့အစိုးရအဖွဲ့ ကတိသစ္စာပြုသောနေ့ (သို့) ကျမ်းကျိန်သောနေ့ဖြစ်သည်။

အစိုးရသစ်တရပ် အပြောင်းအလဲဖြစ်ပေါ်လာပြီ ဖြစ်သော်လည်း လွှတ်တော်သည် ရွေးကောက်ပွဲ မ၀င်ခင်က


မျှော်လင့်ထားခဲ့သော လွှတ်တော်မျိုး မဟုတ်သည့်အတွက် ၄င်း၏ဆန္ဒများ မပြည့်ဝပါဟု ရန်ကုန်တိုင်းဒေသကြီးမှ
လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသူတဦးက ပြောသည်။
၎င်းက “အစိုးရသစ်တခုတော့ တက်လာပြီ။ ဒါပေမယ့် ကျနော်တို့လိုချင်တဲ့ တရားမျှတမှု၊ ဒီမိုကရေစီ၊
ဥပေဒစိုးမိုးမှုရဖို့ကတော့ သိပ်မမြင်လှဘူး။ အရပ်စကားနဲ့ပြောရရင် ခရီးကြမ်းကို ကျနော်တို့
ဆက်လျှောက်ရဦးမယ်။ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် လွှတ်တော်မှာ တင်ပြတဲ့အခါ မဲခွဲလိုက်ရင် ကိုယ်တင်ပြတာက
သဲထဲရေသွန်ဖြစ်သွားတော့ တကယ့်အရေးကြီးတဲ့ ပြည်သူအတွက် အကျိုးရှိမယ့် ကျန်းမာရေး၊ ပညာရေး၊
စီးပွားရေးလို ကိစ္စမျိုးတွေကို ကိုင်တွယ်ဖို့၊ ဥပဒေပြုဖို့ မဖြစ်နိုင်ဘူး” ဟု ထောက်ပြသည်။

ရန်ကုန်တိုင်းဒေသကြီးမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးကလည်း လွှတ်တော်ကိုယ်စားလှယ်


ဖြစ်သည့်တိုင် အရေးပါသော နိုင်ငံတော်ရေးရာကိစ္စများကို သိခွင့်မရသေးသဖြင့် အားမလိုအားမရ ဖြစ်နေသည်။

“သမ္မတနဲ့ အစိုးရ ကတိသစ္စာပြုမယ်ဆိုတာက အရေးကြီးတဲ့ကိစ္စပဲလေ။ ဒါကို


လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ကျနော်တို့ကို ကြိုတင် အသိမပေးဘူး။ လွှတ်တော်ထဲရောက်မှ သိရတာ။
နောက်ပြီး လွှတ်တော်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ ဒု
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး စိုးဝင်း လာတက်တယ်။ ဒါပေမယ့် နာမည်နဲ့ လူနဲ့ တွဲမသိဘူး။
ကိုယ့်မှာ သိချင်လို့ တပ်က ကိုယ်စားလှယ်တွေလိုက်မေးမှ မင်းအောင်လှိုင်နဲ့ စိုးဝင်းမှန်းသိရတာ။ နောက်ပြီး
ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒု ကာကွယ်ရေးဦးစီးချုပ် လွှတ်တော်ကို ၀င်လာတဲ့အခါ၊ ပြန်ထွက်တဲ့အခါမှာ
လွှတ်တော်က အရေးတယူ တလေးတစားနဲ့ ကြေညာတယ်။ ဒါလည်း သဘာဝမကျဘူး ထင်ပါတယ်” ဟု ၎င်းက
ဝေဖန်သည်။

သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော်သို့ မိန့်ခွန်းပြောနေချိန်တွင် ဗိုလ်ချုပ်ကြီးမင်း အောင်လှိုင်နှင့်


ဒု ဗိုလ်ချုပ်ကြီး စိုးဝင်းတို့သည် ပြည်ထောင်စုလွှတ်တော်နာယကလည်းဖြစ်၊
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်သူ ယဉ်ကျေးမှုဝန်ကြီးဟောင်း၊ ဗိုလ်ချုပ်ဟောင်း ဦးခင်အောင်မြင့်နှင့်
တတန်းတည်း ရှေ့ဆုံးမှ အတူထိုင်ပြီး မိန့်ခွန်းနားထောင်ခဲ့သည်။ ဤသို့ နားထောင်ခြင်းသည်
ကာကွယ်ရေးဦးစီးချုပ်၏ အရှိန်အ၀ါမှာ မြင့်မားကြောင်း သက်သေပြနေသည်ဟု
လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်သည်။

အဖြေသိထားသော ပုစ္ဆာတခု တွက်ရသကဲ့သို့ သမ္မတ ကတိသစ္စာပြုသောနေ့၊ မိန့်ခွန်းပြောသောနေ့သည်


စိတ်လှုပ်ရှားစရာ မကောင်းဘဲ လွှတ်တော်ပြီးဆုံးသည့်အတွက် ကိုယ့်အိမ်ကိုယ် ပြန်ရမည်ကိုမူ
အတော်စိတ်လှုပ်ရှားမိသည်ဟုဆိုသော လွှတ်တော်ကိုယ်စားလှယ်များလည်းရှိနေသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက “မနက်ဖြန် အိမ်ပြန်ရောက်မယ်။ ကလေးတွေနဲ့ ခွဲရတာလည်း


နှစ်လရှိပြီ။ အခု အိမ်ကိုပဲ စိတ်ရောက်နေတယ်။ နိုင်ငံရေးကိစ္စတွေကတော့ ပါတီနဲ့ သေချာပြန်ပြီး
သုံးသပ်ရဦးမယ်။ လောလောဆယ်တော့ အိမ်ပြန်ဖို့ စိတ်စောနေတယ်” ဟု ပြောသည်။

ဖေဖော်ဝါရီလနှင့် မတ်လ နှစ်လလုံး ပြုလုပ်ကျင်းပခဲ့သော လွှတ်တော်တွင် ရာထူးများခန့်အပ်ခြင်း၊ အဆိုနှင့်


မေးခွန်းများ တင်သွင်းခြင်း၊ သက်ဆိုင်ရာ အစိုးရ၀န်ကြီးများက ကိန်းဂဏန်းများသုံးကာ အဆိုနှင့် မေးခွန်းများ
ဖြေဆိုခြင်းနှင့် ငြင်းပယ်မှုခြင်းများကို အစဉ်တစိုက် လုပ်ဆောင်ခဲ့ပြီး ပြည်သူများအတွက်
အမှန်တကယ်အကျိုးပြုသော ထင်သာမြင်သာရှိသည့် အရေးကိစ္စ တစုံတခုမှ အကောင်အထည်ပေါ်လာခြင်း
မရှိပေ။ တချို့သော လွှတ်တော်
အစည်းအဝေးရက်များတွင် ၁၅ မိနစ်ခန့်ဖြင့်သာ အချိန်ကုန်ဆုံးခဲ့ရပြီး နွေရာသီ နေပူကြောက်သော
လွှတ်တော်အမတ်များအဖို့ တည်းခိုရာ နေပြည်တော်စည်ပင်ရိပ်သာတွင် အခန်းအောင်း
ချွေးထုတ်ကုန်ဆုံးသည့်ရက်များကလည်း မနည်းလှဟု ဆိုကြသည်။
အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်များက ကြံ့ဖွံ့လွှတ်တော်ကိုယ်စားလှယ်များ ကြီးစိုးထားသော
လွှတ်တော်တွင် ပြည်သူ့အကျိုးအတွက် ထိရောက်စွာ လုပ်ဆောင်နိုင်သော အခြေအနေမရှိဟု ပြောကြသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးက “ဒီငါးနှစ်မှာတော့ ကျနော်တို့ ဘာမှ ထိထိရောက်ရောက်


လုပ်နိုင်မှာမဟုတ်ဘူး။ နောက်ငါးနှစ်မှာတော့ အင်နဲ့အားနဲ့ အနိုင်ရအောင်လုပ်ပြီး အစိုးရထဲမှာ ထဲထဲဝင်ဝင်
ပါဝင်နိုင်အောင်လုပ်မှကို အဆင်ပြေမယ်” ဟု ပြောသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို မျှော်မှန်းပြီး အားခဲနေသော လွှတ်တော်ကိုယ်စားလှယ်များ၊


ပညာရှင်များရှိသော်လည်း လက်တွေ့တွင် ၂၀၁၀ ရွေးကောက်ပွဲ၌ ဖြစ်ပွားခဲ့သော မဲလိမ်မဲခိုးမှုနှင့် ပြဿနာများကို
အလျင် စဉ်းစား ဖြေရှင်းသင့်သည်ဟု ထင်မြင်သူများကလည်း ရှိနေသည်။

ရန်ကုန်မြို့မှ စီးပွားရေးသမားတဦးက “တခါအလိမ်ခံလိုက်ရပြီ။ ရွေးကောက်ပွဲဥက္ကဋ္ဌကလည်း သူ့လူ၊ မြို့နယ်၊


ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် တွေကလည်း သူတို့ခန့်တဲ့လူ။ သူ့လူတွေဝန်းရံပြီး လုပ်ခဲ့တဲ့ပွဲမှာ မဲလိမ်၊
မဲခိုးခဲ့တာတွေ အသိသက်သေတွေ မျက်မြင်တွေနဲ့ လူအားလုံးက မတရားမှန်းသိတယ်။ ဒါပေမယ့်
ဘယ်သူတွေကများ ဆယ်သိန်းအကုန်ခံ တရားစွဲ ခဲ့ကြသလဲ။ အများစုက တရားစွဲလည်း ဘာမှ
ထူးမှာမဟုတ်ဘူးဆိုပြီး စိတ်ထားတဲ့ သူတွေချည်းပဲ။ အဲဒါများ နောင်လာမယ့် ရွေးကောက်ပွဲမျှော်ဦးမယ်။
ဗေဒင်မတွက်နဲ့၊ နတ်မမေးနဲ့၊ အခုကတည်းက တခါတည်း ဟောကိန်းထုတ်မယ်။ ၂၀၁၅ ရွေးကောက်ပွဲဆိုရင်
မဲလိမ်မဲခိုးတာ ဒီ့ထက်ပိုဆိုးမယ်” ဟု ပြောသည်။

သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့အစိုးရ လွှတ်တော်တွင် ကတိသစ္စာပြုချိန် အစိုးရရုပ်မြင်သံကြားက


သတင်းကြေညာသော်လည်း ပြည်သူအများစုက စိတ်မ၀င်စားကြောင်း တွေ့ရသည်။ အခြေခံကျဆုံးသော
ရပ်ကွက်၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အမည်မှ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်နှင့်
တိုင်း အုပ်ချုပ်ရေးမှူရုံး ဆိုသော ဆိုင်းဘုတ်များကို မတ်လ ၃၀ ရက်နေ့တွင် ပြင်ဆင်ပြောင်းလဲလိုက်သည်ကိုပင်
သတိမမူမိသည့် ပြည်သူများ ဒုနှင့်ဒေးရှိသည်။

စမ်းချောင်းမြို့နယ်၊ ရှမ်းလမ်းရှိ Newday ဆီဆိုင်တွင် ဓာတ်ဆီတန်းစီနေသူ အငှားယာဉ်မောင်းတဦးက


“သမ္မတသိန်းစိန် တက်လာတယ်ဆိုလား ပြောသံတော့ ကြားတယ်။ ကိုယ်က ဓာတ်ဆီတန်းဆီနေတာ။ ဒီနေ့
ဆီဖြည့်ပြီးတာနဲ့ ခရီးသည်ရှာရဦးမယ်။ နိုင်ငံရေးစိတ်ဝင်စားနေလို့ ကိုယ့်နဲ့ ကိုယ့်မိသားစုကို ဘယ်သူက
ထမင်းလာကျွေးမှာလဲ။ ဓာတ်ဆီတန်းစီးရတာက ဒီနေ့ကျမှ ကားတော်တော်များတယ်။ ကိုယ်တန်းစီနေတာ
နေ့လယ် ၁၂ နာရီကတည်းက။ ကားတအားများတော့ ၂ နာရီခွဲလောက်ကျမှ ဆီရမယ် ထင်တယ်” ဟု
ပြောသည်။

ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့အစိုးရ အာဏာစတင်ရယူသော မတ်လ ၃၀ ရက်နေ့တွင်


ပြည်သူအများစုသည် ရန်ကုန်မြို့၏ လမ်းမများပေါ်တွင် သွားမြဲ၊ လာမြဲ ၊ ပုံမှန်လုပ်နေကျ အလုပ်များကို
လုပ်ကိုင်မပျက် ရှိကြသည်။

ပြည်တွင်းသတင်းထောက်တဦးကမူ ဇတ်ညွှန်းသိရှိထားပြီးဖြစ်သော ပြဇတ်တပုဒ်၏နိဂုံးပိုင်း အဆုံးသတ်သွားပြီဟု


ဆိုသည်။

နေပြည်တော် စစ်ဘက်အသိုင်းဝိုင်းမှ တောက်လျှောက် ထွက်ပေါ်ခဲ့သော ထိပ်တန်းစစ်ရာထူးနှင့် တိုင်းမှူးများ


ပြောင်းရွှေ့ခန့်ထားသည် ဆိုသောသတင်း၊ ဦးသိန်းစိန် သမ္မတအဖြစ် တာဝန်ယူမည်ဆိုသော သတင်း၊ ဒု
ဗိုလ်ချုပ်ကြီး သူရမြင့်အောင် ရာထူးမှ ဖယ်ရှားခံရသည်ဆိုသော သတင်း၊ ဒု ဗိုလ်ချုပ်ကြီး ကိုကို
ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရမည်ဆိုသောသတင်း၊ မင်းအောင်လှိုင် ဗိုလ်ချုပ်ကြီးရာထူး
အတိုးခံရသည်ဆိုသောသတင်း၊ ကာကွယ်ရေးဦးစီးချုပ် ရာထူးကို မင်းအောင်လှိုင် ရရှိမည်ဆိုသောသတင်း
အပါအ၀င် ပေါက်ကြားလာသော လျှို့ဝှက်ထိပ်တန်း သတင်းအများစုမှာ မှန်ကန်ကြောင်း သက်သေပြသွားခဲ့ပြီ။

သို့သော် နေပြည်တော် စစ်ဘက်အသိုင်းအ၀ိုင်းမှ ထွက်ပေါ်နေသော နိုင်ငံ့ဥသျှောင်အဖွဲ့ ဖွဲ့မည်ဆိုသော


သတင်းတခုသာ သက်သေမပြနိုင်ဘဲ ကျန်ရှိနေသေးသည်။

နေပြည်တော် စစ်ဘက်အသိုင်းအ၀ိုင်းကမူ သမ္မတ ကတိသစ္စာပြုသည့်နေ့ မတ်လ ၃၀ ရက်နေ့တွင်ပင်


နိုင်ငံ့ဥသျှောင်အဖွဲ့ အမှန်တကယ်ရှိပြီး ဖွဲ့စည်းထားခဲ့ပြီဟု အတည်ပြုပြောဆိုသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်တွင် ကြယ်ဖြူ တလုံးပါ သုံးရောင်ခြယ် နိုင်ငံတော်အလံသစ် လွှင့်တင်ထားခြင်းမရှိသော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးကြီးသည် အဖြူရောင်ကြယ်တံဆိပ်ပါ အနီရောင် ခွပ်ဒေါင်း
အလံတော်အောက်တွင် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

မြန်မာ့နိုင်ငံရေးအပေါ် အမေရိကန် စိုးရိမ်


2011-03-31 RFA

မြန်မာနိုင်ငံမှာ စစ်အစိုးရကနေ အရပ်သား အစိုးရအဖြစ် ပြောင်းလဲလိုက်တာနဲ့ ပတ်သက်လို့ အမေရိကန်


အစိုးရအနေနဲ့ နိုင်ငံရေး အခင်းအကျင်းအပေါ် အထူး စိုးရိမ်ကြောင်း မတ်လ ၃၀ ရက် မနေ့က သတင်းစာ
ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mark Toner က ပြောလိုက်ပါတယ်။

အတိုချုပ်ပြောရရင် မြန်မာအစိုးရသစ်ဟာ စစ်အစိုးရဟောင်းထဲက အဓိက စစ်ခေါင်းဆောင်တွေ ဦးဆောင်တဲ့


အစိုးရသစ်ဖြစ်သလို အပြစ်အနာအဆာများတဲ့ ရွေးကောက်ပွဲ လမ်းကြောင်းကနေ ထွက်ပေါ်လာတာ
ဖြစ်ကြောင်း၊ စစ်ယူနီဖောင်းချွတ်ပြီး အရပ်သားအဝတ် ပြောင်းလဲထားတဲ့ အစိုးရတရပ်သာ
မြင်တွေ့ရသေးကြောင်း Mr. Toner က ပြောပါတယ်။

စစ်ယူနီဖောင်းချွတ်ပြီး အရပ်သားအဝတ် ပြောင်းလဲထားတဲ့ အစိုးရတရပ်သာ မြင်တွေ့ရသေးကြောင်း

အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအပေါ်


ဖိနှိပ်ချုပ်ချယ်ထားတဲ့ နိုင်ငံရေး အခင်းအကျင်းအပေါ် အထူး စိုးရိမ်ဆဲဖြစ်ကြောင်း၊ မြန်မာအာဏာပိုင်တွေ အနေနဲ့
နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ရဲ့ တရားဝင်
ရပ်တည်ခွင့်ကို အသိမှတ်ပြုပေးဖို့နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အပါအဝင် စစ်မှန်တဲ့ ဆွေးနွေး
အဖြေရှာတာတွေ လုပ်ဖို့ တိုက်တွန်းကြောင်း Mr. Toner က ပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ လောလောဆယ်အထိ စီးပွားရေး ပိတ်ဆို့အရေးယူမှုနဲ့ အတူ အစိုးရ အဆင်မြင့်


အရာရှိချင်း ထိတွေ့ဆက်ဆံရေးကိုလည်း ပြောင်းလဲဖို့ အစီအစဉ်မရှိပဲ ဆက်လက် ထိန်းသိမ်း သွားဖြစ်ကြောင်း
အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။
ငလျင်မြေပုံ ရေးဆွဲရေး နော်ဝေးကူညီမည်
2011-03-31 RFA

မြန်မာနိုင်ငံမှာ မြေငလျင်နဲ့ ပတ်သက်ပြီး ကြိုတင် ဆောင်ရွက်စရာ ရှိတာတွေကို လုပ်ဆောင်နိုင်ဖို့ အာရှ သဘာဝ


ဘေးဒဏ်များ ကြိုတင် ကာကွယ်ရေး အဖွဲ့ (ADPC) ရဲ့ ပံ့ပိုးမှုနဲ့ seismic mapping ခေါ် ငလျင်အခြေပြ
မြေပုံရေးဆွဲမှာ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒီလုပ်ငန်းကို နော်ဝေးနိုင်ငံက အကူအညီပေးမှာ ဖြစ်ပါတယ်။ ADPC အဖွဲ့ဟာ မြန်မာနိုင်ငံ ငလျင် ကော်မတီ


MEC နဲ့ ပူးပေါင်း စီစဉ် ဆောင်ရွက်မှာပါ။ ငလျင် ကော်မတီဝင် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း ဥက္ကဋ္ဌ ဒေါက်တာ
ဝင်းဆွေက အခုလို ပြောပါတယ်။

“အမှန်တော့ ADPC နဲ့ တွဲလုပ်တာ။ အဲဒါကနေ နောက်တဆင့် တက်မှာပေါ့။ ADPC ကနေ ခေါ်လာပြီးတော့
ကျွန်တော်တို့ မြန်မာ earth quake ကော်မတီနဲ့ အဲဒီမှာ သင်တန်းပေးတယ်။ အဲဒီ mapping ပေါ့လေ။ သင်တန်း
နည်းနည်း ပို့ချသွားတာပေါ့။ Introduction နောက်ကျတော့ သူတို့ ဆက်လုပ်မယ်ဆိုတဲ့ သဘောပါပဲ။”

ADPC က မြန်မာပညာရှင်တွေကို သင်တန်း ပို့ချပြီးတဲ့နောက် ငလျင်မြေပုံအတွက် ဆက်လက် ဆောင်ရွက်မှာ


ဖြစ်တယ်လို့ ဆိုပါတယ်၊

မြန်မာနိုင်ငံမှာ ငလျင်နဲ့ ပတ်သက်ပြီး ရေးဆွဲထားတဲ့ အခြေပြမြေပုံ မရှိသေးတာကြောင့် ငလျင် အလှုပ်များတဲ့


ဒေသတွေကို သွားရောက်ပြီး ငလျင်ဆိုင်ရာ ဘူမိရူပ မြေပုံတွေ ထုတ်ယူဖို့ စီစဉ်တာ ဖြစ်ပါတယ်။

ငလျင်မြေပုံ ရေးဆွဲနိုင်ပြီဆိုရင် ငလျင်နဲ့ ပတ်သက်ပြီး ကြိုတင် ဆောင်ရွက်သင့်တဲ့ စီမံချက်တွေ ရေးဆွဲ၊


ငလျင်ဒဏ်ခံ အဆောက်အဦတွေ ဆောက်လုပ်ရေးအတွက် ကြိုတင် တွက်ချက်မှုတွေ ရေးဆွဲ
ဆောင်ရွက်နိုင်မယ်လို့ သိရပါတယ်။

NLD ပါတီလူငယ်များကို ကျေးလက်ဒေသဖွံဖြိုးရေး ပညာပေး ဟောပြော


2011-03-31 RFA

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်ပညာပေး ဟောပြောပွဲတွေ အပတ်စဉ်ကျင်းပနေရာမှာ မတ်လ ၃၁


ရက် ဒီကနေ့ မင်းနိုင်အောင်ကုမ္ပဏီက စိုက်ပျိုးရေးပညာရှင် ဦးစိန်ဝင်းဟန်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေး
အကြောင်း သိကောင်းစရာတွေကို ဟောပြော ဆွေးနွေးခဲ့ပါတယ်။

ရန်ကုန်မြို့ ရွှေဂုံတိုင်မှာ ရှိတဲ့ ပါတီဌာနချုပ်ရုံးမှာ ဒီကနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့တာပါ။ ဒီဟောပြောပွဲမှာ


ရွေးကောက်ပွဲဝင် ပါတီတချို့လည်း တက်ရောက် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပါတီ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က အခုလို ပြောပါတယ်၊

“တက်ရောက်တဲ့ လူတွေထဲမှာ ကျွန်တော်တို့ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ နောက်


ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) က ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးနေဖူးဗဆွေ၊ (ဒေါ်)
နေရီဗဆွေ စတဲ့ နိုင်ငံရေးပါတီတွေက ခေါင်းဆောင် ၇ ယောက်လောက် တက်ရောက်လာတာ တွေ့ရပါတယ်။
နောက် တခြားတခြားပေါ့လေ စိတ်ပါဝင်စားတဲ့ မြို့နယ်စည်းတို့ ဘာတို့က အဖွဲ့ဝင်တွေ လာရောက်
တက်ရောက်ပါတယ်။ ဦးစိန်ဝင်းဟန်က ဟောပြောပြီးတဲ့နောက် အဲဒီ တက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေက သူတို့
သိချင် ဆွေးနွေးချင်တဲ့ အချက်အလက်တွေကို မေးမြန်းကြပါတယ်။ မေးမြန်းပြီးတော့ ပါဝင်ဆွေးနွေးကြတာကို
တွေ့ရပါတယ်ခင်ဗျ။”
ဟောပြောပွဲမှာ NLD လူငယ်ကွန်ရက်က လူငယ် ၇၀ ကျော်လောက် တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။ NLD
ပါတီရဲ့ အပတ်စဉ် လူငယ်ပညာပေး ဆွေးနွေးပွဲကို ကြာသပတေးနေ့တိုင်း ကျင်းပနေပါတယ်။

မြန်မာအမတ်များ အာဆီယံလွှတ်တော်မှာ အဖွဲ့ဝင်ဖြစ်ရန် ခက်ခဲနိုင်


2011-03-31 RFA

မြန်မာအမတ်တွေကို အာဆီယံလွှတ်တော်မှာ အဖွဲ့ဝင်အဖြစ် လက်ခံဖို့ ဆိုရင် အဆင့်လိုက် သွားရမဲ့


အခက်အခဲတွေ ရှိနေတယ်လို့ မြန်မာ့ အရေးဆောင်ရွက်နေတဲ့ အာဆီယံလွှတ်တော် အမတ်များအဖွဲ့ AIPMC
ဥက္ကဋ္ဌ Kraisak Choonhavan က RFA ကို ပြောပါတယ်။

ကျွန်တော်တို့ အာဆီယံလွှတ်တော်မှာ မြန်မာကိစ္စကို အပြန်အလှန် ဆွေးနွေးကြပါတယ်၊ ဘာကြောင့်လဲ ဆိုတော့


မြန်မာနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ စိုးရိမ်တဲ့အချက်တွေ အများကြီး ရှိနေလို့ပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်
မရှိသေးတာ၊ လူအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာ၊ လူနေမှုကွာဟချက် ကြီးမားနေတာ စတာတွေကို
မဖြေရှင်းနိုင်သေးပါဘူး လို့ သူက ပြောသွားပါတယ်။

ဒါ့ပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဏာ လွှဲပြောင်းပေးလိုက်လို့ စစ်အာဏာရှင် အုပ်ချုပ်မှု မရှိတော့ဘူး ဆိုပေမဲ့


စစ်မှန်တဲ့ ဒီမိုကရေစီ လူ့ဘောင် ပေါ်ထွန်းလာနိုင်တဲ့ အခြေအနေတွေနဲ့ အလှမ်းဝေး နေသေးတယ်လို့လည်း
ဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲတဲ့အဆင့်ကနေ အတည်ပြုတဲ့ အဆင့်၊ ရွေးကောက်ပွဲ ကျင်းပတဲ့ အဆင့်၊


နောက်ဆုံး အစိုးရသစ်ဖွဲ့စည်းတဲ့ အဆင့်အထိ အဆင့်တိုင်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အဓမ္မ တဖက်သတ်
လုပ်သွားတာကို နိုင်ငံတကာ အသိုင်းအဝိုင်းက သိနေပါတယ်လို့ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ AIPMC
ဥက္ကဋ္ဌ Kraisak Choonhavan က ပြောဆိုလိုက်ပါတယ်။

ဟာသသရုပ်ဆောင် ကိုဇာဂနာအကြောင်း မှတ်တမ်းရုပ်ရှင် အမေရိကန်မှာ ပြသ


2011-03-31 RFA

မြန်မာနိုင်ငံကို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အတိုက်ခတ်ခံရပြီး နောက်ပိုင်း အကျဉ်းချခံနေရတဲ့ လူရွှင်တော်


ဇာဂနာခေါ် ကိုသူရ အကြောင်း ရိုက်ကူးထားတဲ့ This prison where I live (ကျနော်နေတဲ့ ဒီအကျဉ်းထောင်)
မှတ်တမ်းရုပ်ရှင်ကို မတ်လ ၃၀ ရက် မနေ့ညနေက အမေရိကန် ပြည်ထောင်စုမှာ ပထမဦးဆုံး အကြိမ် အနေနဲ့
ပြသနေပါတယ်။

အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ခြမ်း ဝါရှင်တန်ဒီစီမြို့တော်နဲ့ သိပ်မဝေးတဲ့ အာလင်တန်မြို့နယ်က လူ ၂၀၀


ဆန့် အနုပညာ ပြပွဲရုံတခုမှာ စီစဉ်ပြသနေကြောင်း ဒီရုပ်ရှင်ပွဲကို စီစဉ်သူ မြန်မာ့အရေး လှုပ်ရှားနေတဲ့
ကိုအောင်ကျော်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ This prison where I live ဆိုတဲ့ ကိုဇာဂနာ့အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင် documentary ကို
ကျွန်တော်တို့ ဒီ U.S. မှာ ပထမဆုံးအကြိမ် premiere အနေနဲ့ ဒီပက
ွဲို လုပ်တာပါ။ ဒီရုပ်ရှင်ကို ရိုက်ပေးတဲ့
ဒါရိုက်တာကြီးနဲ့ ကျွန်တော် ဗန်ကောက်မှာ တွေ့တယ်လေ။ ဗန်ကောက်မှာ တွေ့ပြီးတော့ သူ ဒီ အမေရိကားကို
လာလည်တယ်။ လာလည်ရင်းနဲ့ ကျွန်တော်နဲ့ စကားပြောဖြစ်ရင်းနဲ့ ဒီမှာ ဒီဟာလေး လုပ်ချင်တယ်လို့ ပြောတော့
သူကလည်း အိုကေပါတဲ့၊ လုပ်ပါဆိုလို့ အဲဒါ ကျွန်တော်တို့ လုပ်ဖြစ်တာပါ။ ကိုသူရ ဇနီးရယ်၊ နောက် သူ့သားရော၊
သမီးရော ပါလာပါတယ်။”

ဒီရုပ်ရှင်ပြပွဲမှာ ရန်ကုန်မြို့ကိုသွားပြီး လူရွှင်တော် ဇာဂနာအကြောင်း မှတ်တမ်းရုပ်ရှင် ကိုယ်တိုင် ရိုက်ကူးခဲ့တဲ့


ဗြိတိသျှ လူမျိုး ဒါရိုက်တာ Rex Bloomstein နဲ့အတူ လူရွှင်တော် ကိုဇာဂနာရဲ့ ဇနီးနဲ့ သားသမီး နှစ်ဦးတို့လည်း
ကိုယ်တိုင် တက်ရောက်ပြီး လူရွှင်တော်ဇာဂနာနဲ့ ပတ်သက်လို့ ပရိသတ် သိလိုသမျှကို ပြန်လည် ဖြေကြားမယ်လို့
သိရပါတယ်။

ရုပ်ရှင်ကြည့်ခ လက်မှတ်ကိုတော့ အမေရိကန် ၈ ဒေါ်လာ၊ ၁၀ ဒေါ်လာနဲ့ ၁၂ ဒေါ်လာ သတ်မှတ် ရောင်းချပြီး


ဒီပွဲဖြစ်မြောက်အောင် A.I ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ၊ HRW ခေါ် လူ့အခွင့်အရေး
စောင့်ကြည့်အဖွဲ့တို့နဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။

တိုင်းရင်းသားအရေးကို အစိုးရသစ် မဖြေရှင်းနိုင်ကြောင်း ဝေဖန်


2011-03-31 RFA

လက်ရှိအစိုးရသစ်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခြေခံ


လူ့အခွင့်အရေးတွေကို ဖော်ဆောင်ပေးနိုင်မှာ မဟုတ်သလို တိုင်းပြည်ရဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်မှာ
မဟုတ်တဲ့အကြောင်း ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK က အနှစ်ချုပ်
စာတမ်းတစောင် မတ်လ ၃၁ ရက် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

စစ်အစိုးရရေးဆွဲပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ တိုင်းရင်းသား လူမျိုးစုတွေအတွက် အာမခံချက်


တစုံတရာ မပါဝင်တဲ့အတွက် တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာဖို့
တောင်းဆို လှုပ်ရှားတဲ့အနေနဲ့ ဒီစာတမ်းကို ထုတ်ပြန်ရတာ ဖြစ်တယ်လို့ Burma Campaign UK ရဲ့
နိုင်ငံခြားရေးရာ တာဝန်ခံ မဇိုရာဖန်းက ပြောပါတယ်။

“နိုင်ငံတကာ အဖွဲ့အစည်းတွေက မြန်မာပြည် အခြေအနေကို ဒီထက်ပိုပြီးတော့ နားလည်ဖို့၊ ပြီးတော့


တိုင်းရင်းသား လူမျိုးစုတွေရဲ့ အခြေအနေကိုလည်း နားလည်ဖို့၊ တဆက်တည်းမှာပဲ မြန်မာပြည်
အနာဂတ်အတွက် ပြုပြင်ပြောင်းလဲမှု၊ ပြီးတော့ တည်ငြိမ်မှု ရနိုင်အောင် အဲဒါ တိုင်းရင်းသား လူမျိုးစုတွေရဲ့
လိုအပ်တဲ့ ဖက်ဒရယ် အခြေခံ ဥပဒေတခု ဖြစ်မြောက်လာဖို့အတွက်လည်း အားလုံး ဝိုင်းဝန်းပြီးတော့
လုပ်ဖို့ပေါ့နော်၊ ကျွန်မတို့ အဓိက ဖြစ်ပါတယ်။”

တိုင်းရင်းသား အခွင့်အရေးတွေကို စစ်အစိုးရက လျစ်လျူရှုခဲ့တဲ့အတွက် တိုင်းပြည်မှာ မတည်ငြိမ်မှုတွေ


ဖြစ်လာနေရကြောင်း၊ ဒါကြောင့် လက်ရှိ အစိုးရသစ် ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကလည်း
တိုင်းပြည်ကို ငြိမ်သက်အောင် လုပ်နိုင်မှာ မဟုတ်တဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။

Burma Campaign UK က ထုတ်ပြန်လိုက်တဲ့ ဒီစာတမ်းနဲ့ ပတ်သက်လို့ RFA မှ မခင်ခင်အိက ဆက်သွယ်


မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
အရပ်သား အစိုးရအစစ်ဖြစ်ကြောင်း သက်သေပြဖို့ ကုလအကြီးအကဲ တောင်းဆို
2011-03-31 RFA

မြန်မာအစိုးရသစ်ဟာ အရပ်သားစစ်စစ် ဖြစ်ပြီး နှစ်ပေါင်း ၅၀ နီးပါး တိုင်းပြည် အာဏာကို ယူခဲ့တဲ့


စစ်အုပ်ချုပ်ရေးစနစ်ဟာ တစခန်းရပ်သွားပြီဆိုတာ သက်သေပြရမှာ ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
ဘန်ကီမွန်းက မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေကို မတ်လ ၃၀ ရက် မနေ့က ကြေညာချက် ထုတ်ပြန်
တောင်းဆိုလိုက်ပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ သူတို့အစိုးရသစ်ဟာ အပေါ်ယံသာမဟုတ်ပဲ တကယ် အမှန်စင်စစ် အရပ်သား


အစိုးရအဖြစ်ကို ပြောင်းလဲတာ ဖြစ်ကြောင်း မြန်မာပြည်သူတွေကို သက်သေပြဖို့ အခွင့်အခါကောင်း ဖြစ်သလို
သက်သေပြဖို့လည်း တာဝန်ဝတ္တရား ရှိကြောင်း မစ္စတာဘန်ကီမွန်းက ပြောပါတယ်။

မြန်မာအစိုးရသစ်အနေနဲ့ နှစ် ၅၀ နီးပါး စစ်ဖက်က တိုက်ရိုက် အုပ်ချုပ်တဲ့ စနစ်ကနေ တကယ်အမှန်


ပြောင်းလဲတယ်ဆိုတာ လက်တွေ့ပြဖို့ လိုကြောင်းလည်း မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ
ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ အကြီးကဲဟာ မနှစ်က ကျင်းပခဲ့တဲ့ မြန်မာစစ်အစိုးရ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့


အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ မပါဝင်နိုင်အောင် ကန့်သတ်မှုတွေ ရှိခဲ့တဲ့အတွက် ကျေနပ်စရာ
မဟုတ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုအပေါ် NLD ရပ်တည်ချက် အမေရိကန် အထက်လွှတ်တော်အမတ် ၄ ဦး ထောက်ခံ


By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 31 မတ် VOA

အမေရိကန် အထက်လွှတ်တော်အမတ် ၄ ယောက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ


အဖွဲ့ချုပ်ရဲ့ ပိတ်ဆို့အရေးယူရေး ရပ်တည်ချက် စာတမ်းကို ထောက်ခံတဲ့အကြောင်း ကြေညာလိုက်ကြပါတယ်။

အစိုးရက ပြုပြင်ပြောင်းလဲရေးတွေကို ဖြစ်ဖြစ်မြောက်မြောက် လုပ်တဲ့တိုင်အောင် ဆက်လက် ပိတ်ဆို့


အရေးယူထားဖို့ သဘောတူတဲ့အကြောင်း မတ်လ ၂၉ ရက်နေ့ နေ့စွဲနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ
ကလင်တန် (Hillary Clinton) ဆီပို့တဲ့ ပေးစာထဲမှာ သူတို့က အခုလို ပြောလိုက်ကြတာပါ။

အထက်လွှတ်တော်အမတ် ၄ ယောက်ကတော့ ဒိုင်ယန်း ဖိုင်းစတိန်း (Diane Feinstein)၊ မစ်ခ်ျ မက်ကောနဲလ်


(Mitch Connell)၊ ဘာဘရာ ဘောက်စာ (Barbara Boxer) နဲ့ မာ့ခ် ကာ့ခ် (Mark Kirk) တို့ ဖြစ်ကြပါတယ်။

ပိတ်ဆို့ အရေးယူတာ ပိုပြီး ထိရောက်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တယောက်ကို အမြန်


ခန့်ထားဖို့လည်း နိုင်ငံခြားရေး ၀န်ကြီးဌာနကို သူတို့က တိုက်တွန်းလိုက်ကြပါတယ်။

မြန်မာအစိုးရသစ်အပေါ် နိုင်ငံတကာ တုံ့ပြန်


By Adaptation of Peter Simpson's report in Burmese ကြာသပတေး, 31 မတ် VOA

မြန်မာအစိုးရသစ်အပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်သံတွေက အခုချိန်မှာ မျိုးစုံ ထွက်ပေါ်နေတာပါ။ မြန်မာစစ်အစိုးရ


အပေါ်မှာ ပြင်းပြင်းထန်ထန် ပြောလေ့မရှိတဲ့ ဂျာမဏီနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင် ရပ်တည်ခွင့်ပြုဖို့ တိုက်တွန်းလိုက်ပါတယ်။ ဂျပန်နိုင်ငံကလည်း
အစိုးရသစ် အနေနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် စလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့
မြန်မာအစိုးရနဲ့ နီးစပ်တဲ့ တရုတ်နိုင်ငံကတော့ မြန်မာအစိုးရသစ်ကို ကြိုဆို ချီးကျူးလိုက်ပြီး တခြားနိုင်ငံတွေက
မြန်မာအစိုးရသစ် အပေါ်မှာ ဝေဖန်တာတွေကိုလည်း ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့
ဗွီအိုအေ သတင်းထောက် ပီတာ စင်မ်စန် (Peter Simpson) ဘေဂျင်းက သတင်းပေးပို့ထားတာနဲ့အတူ
မြန်မာ့အရေး ဆောင်ရွက်သူတဦးကို မေးမြန်းထားတာကို စုစည်းပြီး ဦးဝင်းမင်းက တင်ပြပေးထားပါတယ်။

မြန်မာအစိုးရသစ် ခေါင်းဆောင် သမ္မတ ဦးသိန်းစိန်က နိုင်ငံတကာကို ပူးပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ကြောင်း


သူ့ရဲ့ ပထမဆုံး မိန့်ခွန်းထဲမှာ ထည့်ပြောသွားချိန်မှာ နိုင်ငံတကာဘက်ကလည်း တုံ့ပြန်လိုက်ကြပါတယ်။ EU
ဥရောပသမဂ္ဂက တက်လာတဲ့ မြန်မာအစိုးရရဲ့ လုပ်ရပ်တွေအပေါ် စောင့်ကြည့်သွားမယ်လို့ ပြောလိုက်ချိန်မှာ
အဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ ဂျာမဏီနိုင်ငံက ၀န်ကြီးချုပ် အိန်ဂျလာ မာကဲလ် (Angela Merkel) ကတော့
ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က ဖုန်းခေါ်ခဲ့ပြီး အခုလို ထူးထူးခြားခြား တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ဂျာမန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို


အခြား နိုင်ငံရေး အဖွဲ့အစည်း အားလုံးနဲ့အတူ တရားဝင် ရပ်တည်ခွင့် ပြုဖို့နဲ့ ငြိမ်းချမ်းရေး၊ အမျိုးသား
ပြန်လည်သင့်မြတ်ရေးတွေအတွက် ဆွေးနွေးပွဲတွေ လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဂျာမဏီနိုင်ငံဟာ ဥရောပသမဂ္ဂ အတွင်းမှာ မြန်မာအစိုးရကို သိပ်မဝေဖန်ဘဲ အပြုသဘော ဆက်ဆံဖို့


ပိုအားသန်တဲ့ နိုင်ငံတခု ဖြစ်တာမို့ အခုလို ပြောလိုက်တာဟာ ထူးခြားတယ်လို့ ဂျာမဏီနိုင်ငံမှာ
မြန်မာ့ဒီမိုကရေစီအရေး နှစ်ပေါင်းများစွာ ဆောင်ရွက်နေသူ ဦးနွယ်အောင်က ပြောပါတယ်။

“သူကိုယ်တိုင် ဒီလိုဆက်ပြီး ပြောတယ်ဆိုတာကို ကြည့်ခြင်းအားဖြင့် ကျနော်တို့က ပိုပြီးတော့ ၀မ်းသာပါတယ်။


ဘာကြောင့်လဲဆိုရင် ဂျာမန်အစိုးရရဲ့ ပေါ်လစီက နိုင်ငံရေးအရဆိုရင် သူတို့က နည်းနည်း
တွန့်ဆုတ်ဆုတ်ရှိတယ်။ EU မှာဆိုရင် ဂျာမန်အစိုးရက မြန်မာပြည်အတွက် ပြင်းပြင်းထန်ထန် ပြောဆိုတာတို့၊
ဝေဖန်ဖို့တို့ ဆိုရင် တော်တော်ဝန်လေးတဲ့ အစိုးရ ဖြစ်တဲ့အတွက်ကြောင့် ဒီလို ၀န်ကြီးချုပ်က နေပြီးတော့
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောတာတွေ ဆိုတာကတော့ ကျနော်တို့က ဒီလိုကြားရတာ ၀မ်းသာတယ်၊
ကြိုဆိုတယ်။ ရှေ့ဆက်ပြီးတော့လည်း ဂျာမန်အစိုးရ အနေနဲ့ ဒီ့ထက်ပိုပြီးတော့ ခိုင်ခိုင်မာမာ လုပ်ဖို့
လိုလိမ့်မယ်လို့တော့ ကျနော် ယူဆပါတယ်ခင်ဗျ။”

ဘာကြောင့် ဂျာမန်အစိုးရက အရင်တုန်းက EU မှာ မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် မဝေဖန်ချင်တာလဲ။

“စီးပွားရေးကိစ္စပဲ ဖြစ်တယ်လေ။ သူတို့က စီးပွားရေးဘက်ကို ပိုဝင်ချင်တယ်။ ဥပမာ တိုင်းပြည်က


လွတ်လပ်ရင်တောင်မှ ဂျာမန်အစိုးရက ၀င်ပြီးသားဖြစ်ဖို့ သူတို့က အမြဲ အဲဒီလို မျှော်လင့်နေတယ်။”

ဒီအချိန်မှာပဲ မြန်မာနိုင်ငံက ဖိနှိပ်မှုတွေကြောင့် ၁၉၈၈ ခုနှစ်ကတည်းက အကူအညီတွေ စပြီး လျှော့ပေးလာခဲ့တဲ့


ဂျပန်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနက မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး မြန်မာနိုင်ငံမှာ အားလုံး ပိုမို
ပါဝင်နိုင်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာအောင်လုပ်ဖို့ မြန်မာအစိုးရသစ်ကို တောင်းဆိုလိုက်ပါတယ်။
ဒီလိုလုပ်ဆောင်ရာမှာ ပါလီမန်ထဲမှာ အပြန်အလှန် ဆွေးနွေးပွဲတွေ ပိုလုပ်ပြီး အမျိုးသား
ပြန်လည်သင့်မြတ်ရေးရအောင် နောက်ထပ် ခြေလှမ်းသစ်တွေ စလှမ်းဖို့ အစိုးရသစ်ကို တောင်းဆိုလိုက်ပါတယ်။
ဂျပန်အစိုးရဟာ ၁၉၈၈ မတိုင်ခင်မှာ မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေး အကူအညီ အများဆုံးပေးခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။
ဒါပေမဲ့ ၁၉၈၈ နောက်ပိုင်း မြန်မာစစ်အစိုးရကို အကူအညီ အများဆုံး ပေးခဲ့တဲ့ တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန
ပြောရေးဆိုခွင့်ရှိသူ ကျန်ယု (Jiang Yu) ကတော့ မြန်မာအစိုးရရဲ့ ဒီမိုကရေစီ ဖော်ဆောင်မှုကို ချီးကျူးလိုက်ပြီး
အနောက်နိုင်ငံတွေကို မြန်မာ့ပြည်တွင်းရေး ၀င်မစွက်ဖို့ ချက်ချင်းပဲ သတိပေးလိုက်ပါတယ်။

“မြန်မာနိုင်ငံ ပါလီမန်က အရပ်သား ဦးဆောင်တဲ့ အစိုးရသစ် ဖွဲ့လိုက်တာဟာ တကယ် အစိုးရသစ် မဟုတ်ဘူး၊


စစ်အစိုးရဟောင်းပဲ ပုံစံသစ်နဲ့ ပြန်ထွက်လာတာပါလို့ အခြားနိုင်ငံတွေက ပြောတာကို တရုတ်အစိုးရ အနေနဲ့
သဘောမတူနိုင်ဘူး။” လို့ ပြောဆိုသွားပါတယ်။

ကျန်ယု အခုလို မပြောခင်လေးမှာပဲ မြန်မာအစိုးရကို အပြင်းထန်ဆုံး ဆန့်ကျင်ခဲ့တဲ့ အမေရိကန် အစိုးရက


မြန်မာနိုင်ငံမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေပဲ ပြန်ဦးစီးထားတဲ့ အစိုးရသစ်ဖြစ်ပြီး ဖိနှိပ်မှုတွေ ဆက်ရှိနေတာမို့
စိုးရိမ်မှုတွေ ဆက်ရှိနေသေးတယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် အစိုးရရဲ့ ပြောရေးဆိုခွင့် ရှိသူက
ဆွေးနွေးပွဲတွေ ဆက်ဖြစ်လာဖို့ ဆက်လက် ဖိအားပေး တိုက်တွန်းသွားပြီး အပြုသဘော ဆက်ဆံရေးကိုလည်း
ဆက်လက် ကျင့်သုံးသွားမယ်လို့ ဆိုခဲ့ပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ မြန်မာအစိုးရသစ်ကို ကြိုဆိုခဲ့ပြီး မြန်မာလူထုရဲ့ အကျိုးကို ဆောင်ရွက်ပေးနိုင်ဖို့


မျှော်လင့်တယ်လို့ ဆိုလိုက်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂကတော့ အခုလို အပြောင်းအလဲ ဖြစ်နေချိန်ကို
အခွင့်ကောင်းအဖြစ် အမိအရ ဆုပ်ကိုင်ပြီး မြန်မာနိုင်ငံမှာ အားလုံးက လိုလားနေကြတဲ့ နိုင်ငံရေး၊ စီးပွားရေး၊
လူမှုရေး တိုးတက် ပြောင်းလဲမှုတွေ စတင်ဖော်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဗြိတိန်စိုးရိမ်


By ဒေါ်ခင်မျိုးသက် ကြာသပတေး, 31 မတ် VOA

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပပေးပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို


ပြန်လွှတ်ပေးခဲ့ပေမဲ့ လူ့အခွင့်အရေး အခြေအနေက သိသိသာသာ တိုးတက်လာတာ မတွေ့ရဘူးလို့ ဗြိတိသျှ
နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ၂၀၁၀ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ နှစ်ပတ်လည် အစီရင်ခံစာမှာ
ဖော်ပြထားပါတယ်။ ဗြိတိသျှ အစိုးရ အနေနဲ့ ၂၀၁၁ ခုနှစ် လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ပုံမှန်သုံးသပ်တဲ့
UPR လုပ်ငန်းစဉ်ကတဆင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး တိုးတက် ကောင်းမွန်လာစေဖို့အတွက်
မြန်မာအာဏာပိုင်တွေနဲ့ ဆက်ပြီး တိုက်ရိုက်ဆက်သွယ် လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ဗြိတိန်နိုင်ငံက မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၂၆ နိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက်


စိုးရိမ်ပူပန်ကြောင်း ၂၀၁၀ အစီရင်ခံစာထဲမှာ ထည့်သွင်း ဖော်ပြထားတယ်လို့ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး
ဝီလီယံ ဟေ့ဂ် (William Hague) က ပြောပါတယ်။

“လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေဟာ ကျနော်တို့ရဲ့ နိုင်ငံခြားရေး မူဝါဒ ချတဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့်


ဆက်နွယ်နေတယ် ဆိုတာကို ဒီအစီရင်ခံစာကို ကြည့်ရင် သိနိုင်ပါတယ်။ ဒီအထဲမှာ နိုင်ငံပေါင်း ၂၆ နိုင်ငံနဲ့
ပတ်သက်ပြီး ကျနော်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖော်ပြထားတဲ့အပြင် ဒီနင
ိုငံတွေနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံက
ဘယ်လို အရေးယူ ဆောင်ရွက်ဖို့ လုပ်နေတယ်ဆိုတာ ဖော်ပြထားပါတယ်။”

ဒီ ၂၆ နိုင်ငံထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်လို့ မစ္စတာ ဟေ့ဂ် ပြုလုပ်တဲ့


ဒီအစီရင်ခံစာဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့သူ ဗြိတိန်နိုင်ငံက မြန်မာ့အရေး ဆောင်ရွက်တဲ့
Burma Campaign (UK) က မဇိုရာဖန်းက ပြောပါတယ်။
“အခု မြန်မာပြည်ရဲ့ အခြေအနေက အင်မတန် ဆိုးရွားနေတယ်ပေါ့။ အခု ဒေါ်အောင်ဆန်းစုကြည်ကို
လွှတ်လိုက်ပြီ၊ ဒါပေမဲ့ တိုင်းပြည်ရဲ့ အခြေအနေကတော့ တိုးတက်မှု မရှိသေးဘူး၊ လက်ရှိ အခြေအနေမှာဆိုရင်
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အင်မတန်ကို ဆိုးရွားနေတဲ့အကြောင်း ပြောခဲ့တယ်။ ပြီးတော့ နိုင်ငံရေး
အကျဉ်းသားတွေကို နှိပ်စက် ညှဉ်းပန်းမှုတွေ လုပ်တယ်။ တိုင်းရင်းသား ပြည်သူလူထုတွေ နယ်မြေမှာလည်း
လူမျိုးစုတွေကို ဖိနှိပ်တာတွေကိုလည်း ပြောသွားတယ်။

“ပြီးတော့ တိုင်းရင်းသားတွေကို ဆက်လက်ပြီးတော့ တိုက်ခိုက်နေတဲ့ အကြောင်းလည်း ဖော်ပြသလို


တိုင်းရင်းသား လူမျိုးစုတွေနဲ့ တခြား ဒီမိုကရေစီ အင်အားစုတွေ အားလုံးအတွက် အာမခံချက် ပေးနိုင်တဲ့
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရှိမှပဲ တိုင်းပြည် တည်ငြိမ်မယ်လို့ ပြောခဲ့ပါတယ်။”

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကြာမှ ပထမဆုံး ရွေးကောက်ပွဲ ကျင်းပပေးခဲ့သလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်


ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီး လွှတ်ပေးခဲ့ပေမဲ့လည်း လူ့အခွင့်အရေး အခြေအနေဟာ သိသိသာသာ
တိုးတက်လာတာမျိုး မတွေ့ရသလို စစ်အစိုးရဘက်က ပုံစံတမျိုးနဲ့ အာဏာဆက်ပြီး ချုပ်ကိုင်ထားတာ
တွေ့ရတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ၂၀၁၀ နှစ်ကုန်တဲ့အထိ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် ရှိနေဆဲ


ဖြစ်သလို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ပြီး မိသားစုနဲ့ ဝေးရာ
နယ်စွန်နယ်ဖျား ထောင်တွေကို ပို့တာ၊ နှိပ်စက် ညှဉ်းပန်းတာတွေနဲ့ ဆေးကုသခွင့် မပေးတာတွေလို
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံသားတွေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခုထိ မရကြသေးဘဲ သတင်းမီဒီယာ


လွတ်လပ်ခွင့် အပိတ်ပင်ခံရဆဲ ရှိနေသလို ဘာသာရေး လွတ်လပ်ခွင့်လည်း ဆိတ်သုဉ်းနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကလေးသူငယ် ရပိုင်ခွင့်တွေ ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေး အကာအကွယ် ပေးမှုတွေ
ချို့ယွင်းနေတာမို့ UNICEF လို ကုလသမဂ္ဂ အဖွဲ့အစည်းတွေ မြန်မာနိုင်ငံထဲမှာ ဆက်လက်ပြီး
လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့် ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ဗြိတိန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ဦးဆောင်ပြီး ဆောင်ရွက်နေတာ


တွေ့ရတယ်လို့ မဇိုရာဖန်းက ပြောပါတယ်။

“ပြီးခဲ့တဲ့ အပတ်မှာပဲ ဗြိတိန် နိုင်ငံခြားရေးဌာနက ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကောင်စီမှာလည်း နိုင်ငံတကာရဲ့


စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု ရဖို့၊ မြန်မာပြည်အပေါ်မှာ သူတို့ စုံစမ်းပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ အထွေထွေ ညီလာခံမှာလည်း သူတို့ ဆက်လက်ပြီးတော့ UN ကနေတဆင့် စုံစမ်းစစ်ဆေးရေး
ကော်မရှင်တခု ရဖို့အတွက်လည်း သူတို့ ဆက်ပြီးတော့ ကြိုးစားမယ်၊ တဆက်တည်းမှာပဲ မြန်မာနိုင်ငံအပေါ်မှာ
Pressure တွေ ထားသင့်လား၊ မထားသင့်လား Discussion တွေ လုပ်တဲ့အချိန်မှာလည်း ဗြိတိသျှ အစိုးရက EU
ကနေတဆင့် မြန်မာအပေါ်မှာ ဒီ့ထက်ပိုပြီးတော့ Pressure တွေ ပေးရမယ်ဆိုတာ တော်တော်လေး
လုပ်ပေးတယ်။”

ဗြိတိန်နိုင်ငံ အနေနဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး


ကင်တားနား (Tomas Ojea Quintana) အဆိုပြုထားတဲ့ မြန်မာနိုင်ငံတွင်း စစ်ရာဇ၀တ်မှုတွေနဲ့
လူသားမျိုးနွယ်တွေ အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်မှု ရှိမရှိ ကုလသမဂ္ဂက စုံစမ်းရေး
ကော်မရှင်တရပ် ဖွဲ့စည်းဖို့ ဆက်လက် ထောက်ခံနေမှာဖြစ်ပြီး ၂၀၁၁ ခုနှစ် လူ့အခွင့်အရေး အခြေအနေဆိုင်ရာ
ပုံမှန်သုံးသပ်တဲ့ UPR လုပ်ငန်းစဉ်ကတဆင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ တိုးတက်
ကောင်းမွန်လာစေဖို့အတွက် မြန်မာအာဏာပိုင်တွေနဲ့ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်သွားမယ်လို့လည်း
အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲ စတင်ရန် အစိုးရသစ်ကို တိုက်တွန်း


အေးနိုင် ၃၁ မတ် ၂ဝ၁၁ - DVB

မြန်မာ့နိုင်ငံရေးပြဿနာတွေ ပြေလည်ပြီး တိုင်းပြည် အေးချမ်းသာယာဖို့အတွက် နိုင်ငံရေး


တွေ့ဆုံဆွေးနွေးပွဲတွေ စတင်ဖို့ သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရကို
ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားအဖွဲ့နဲ့ အင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။

ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုထွန်းမြင့်အောင်က

�အစိုးရအသစ်အနေနဲ့ ပြည်သူလူထုကြီးရဲ� ယုံကြည်ကိုးစားမှု ရဖို့အတွက်ကို ၃ ချက် လုပ်ပေးဖို့ လိုမယ်လို့


ကျနော် ပြောချင်တာဗျာ။ တချက်က ဘာလဲဆိုတော့ ပြည်တွင်းစစ်ကို ရပ်စဲဖို့ လိုတယ်။
ပြည်တွင်းစစ်ရပ်စဲပြီးတော့ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပ�ိပက္ခတွေ၊ နောက်တခုက ကျနော်တို့
တိုင်းပြည်ရဲ� ယနေ့ ပြဿနာတွေရဲ� ဗဟိုချက်မဖြစ်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံပြန်လည် ပြင်ဆင်သုံးသပ်ရေး
ကိစ္စတွေကို အင်အားစုအသီးသီးနဲ့ ဦးသိန်းစိန် အစိုးရသစ်ဟာ တွေ့စုံဆွေးနွေး စကားပြောဖို့ လိုနေပါပြီ။
နောက်တချက်ကတော့ လတ်တလော ပြည်သူလူထုရဲ� ယုံကြည်ကိုးစားနိုင်မှုကို ရရှိနိုင်ဖို့ ဆိုလို့ရှိရင်
မတရားဖမ်းဆီး ခံနေရတဲ့ နိုင်ငံရေးကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး ချက်ချင်း လွှတ်ပေးဖို့ လိုနေပါပြီ�
လို့ ပြောပါတယ်။

မနေ့က သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းမှာ အမြင်မတူကြပေမယ့် တိုင်းပြည်အ ကျိုးစီးပွားအတွက် တူတဲ့ကိစ္စတွေမှာ


ပူးပေါင်းဆောင်ရွက်ဖို့၊ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ ပါဝင်ယှဉ်ပြိုင်ပြီး လုပ်ပိုင်ခွင့်အာဏာကို
တရားနည်းလမ်းကျကျ ရယူဖို့ တိုက်တွန်းခဲ့ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီပြောခွင့်ရသူ ရဲဘော်ဖိုးသံချောင်းက သမ္မတဦးသိန်းစိန် အစိုးရသစ်တက်လာပေမယ့်


မြန်မာပြည်အပြောင်းအလဲအတွက် ဖြစ်လာနိုင်ခြေ မရှိဘူးလို့ ခုလို သုံးသပ်ပြောဆိုပါတယ်။

�ဦးသိန်းစိန် တယောက်တည်းနဲ့ မရပါဘူး။ ဒီဟာက အရေးအကြီးဆုံးက တပ်မတော်ဟာ သူ့ရဲ�နေရမှန်ဖြစ်တဲ့


တပ်တွင်းကို ပြန်သွားဖို့ ဖြစ်ပါတယ်။ အဲဒီဟာက ဗမာပြည်ရဲ� အခရာကျတဲ့ ပြဿနာပါ။ အဲဒီလို မဟုတ်ဘဲနဲ့
တပ်မတော်ဟာ အဝတ်အစားပြောင်းပြီးတော့ တပ်မတော်ဟာ နိုင်ငံရေထဲ၊ စီးပွားရေးထဲ ဝင်ပါနေလို့ကတော့
တိုင်းပြည်တိုးတက်ဖို့ အဖြစ်နိုင်ပါဘူး။ အဲဒီတော့ ဦးသိန်းစိန်လို့ပဲခေါ်ခေါ် ဗိုလ်ချုပ်ကြီး သိန်းစိန်လို့ပဲ
ခေါ်ခေါ်ပေါ့ဗျာ သူတို့ကနေ ဆက်ပြီး ခြယ်လှယ်နေမယ့် အရင် ဒီ ကောင်းစားတဲ့ လူတစုအတွက်ပဲ ဆက်ပြီး
ခြယ်လှယ်။ ဦးသန်းရွှေ နားသွားသော်လည်းပဲ သူ့အရင်းအနှီးတွေအတွက် သူ့သားသမီးအရင်းအနှီးတွေအတွက်
နောင်အစိုးရတွေက ဆက်ပြီး ကာကွယ် ပေးနေမယ်။ အဲဒီလိုပဲ သွားနေကြဦးမှာပါ။ တိုင်းပြည်ရဲ�ခြေအနေက
အခု ဦးသိန်းစိန် တက်လာတဲ့အတွက် ဦးသိန်းစိန်က အပြောင်းအလဲတခု စွမ်းဆောင်နိုင်မယ်လို့တော့
မျှော်လင့်စရာအကြောင်း မရှိပါဘူးခင်ဗျ။�

�ုပ်ရှင်ဒါ�ိုက်တာ ကိုချိုတူးဇော်ကလည်း ဦးသိန်းစိန်အစိုးရသစ်ဟာ ရေရှည်ဖြစ်ပွားခဲ့တဲ့ မြန်မာပြည်ရဲ�


နှစ်ကာလရှည်ကြာတဲ့ မြန်မာပြည်ပြဿနာတွေကို ပြေလည်အောင်လုပ်ဖို့ လိုတယ်လို့ သူ့ထင်မြင်ချက်ကို
ပြောပါတယ်။
�လက်ရှိတက်လာတဲ့ အစိုးရသစ်ရဲ�တာဝန်ဟာ ဒီ ၅ နှစ်သက်တမ်းအတွင်းမှာ တိုင်းပြည်ဖွံ့ဖြိုးရေး
တည်ငြိမ်ရေးတွေကို လုပ်ပေးရုံနဲ့တော့ တာဝန်ကျေတဲ့ ပြည်သူလူထုကို တကယ်ကိုယ်စားပြုတဲ့ အစိုးရတရပ်လို့
ကျနော် မမြင်ဘူးခင်ဗျ။ အဲဒီတော့ ဒီအစိုးရဲ� တာဝန်က အဓိက အရေးအကြီးဆုံးက ဘာလဲဆိုတော့ ကျနော်တို့
တိုင်းပြည်မှာ ကာလရှည်ကြာစွာ အမြစ်တွယ်နေတဲ့ ပ�ိပက္ခတွေ ပြဿနာတွေကို ချုပ်ငြိမ်းသွားအောင်ပေါ့
ခေတ်အဆက်ဆက် အစိုးရ အဆက်ဆက်က မဖြေရှင်းခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ လိုတယ်လို့ ကျနော်
မြင်တယ်ခင်ဗျ။ အဲဒီတော့ ဒီအစိုးရက တက်လာတဲ့အခါမှာ တိုင်းပြည်ဖွံ့ဖြိုးရေးတွေ တည်ငြိမ်ရေးတွေကို
လုပ်တာက တက�၊ အဓိက လုပ်ရမယ့် တာဝန်က ဘာလဲဆိုတော့ ဒီ ပ�ိပက္ခတွေနဲ့
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အားလုံးကို ချုပ်ငြိမ်းသွားအောင် ကျနော်တို့
တွေ့စုံဆွေးနွေးရေးပေါ့နော် နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းတဲ့ တွေ့စုံဆွေးနွေးရေးကို လုပ်ဖို့ လိုအပ်တယ်လို့
ကျနော် မြင်ပါတယ်။ အဲဒါကတော့ ဒီအစိုးရအနေနဲ့ အဓိကထားပြီးတော့ လုပ်ရမှာပေါ့ဗျာ။�

-----------------------------------------------------------------------------------
လယ်သိမ်းခံရသူ ၅ ဦးကို ပြန်တရားစွဲ
နော်နိုရင်း ၃၁ မတ် ၂ဝ၁၁ DVB

မကွေးတိုင်း ကံမ္မမြို�နယ်က လယ်သမားတွေဟာ လယ်မြေ သိမ်း ခံရတဲ့ကိစ္စကို တရားစွဲဖို့ ကြိုးစားနေချိန်မှာ


�ိုက်နှက်ခံရတဲ့အပြင် တဖက်က ပြန် တရားစွဲဆိုတဲ့ အမှုတွေကို ရင်ဆိုင်နေကြရပါတယ်။ ကံမမြို�နယ်
စစ္စရံကျေးရွာက လယ်သမားတွေရဲ� ခွင့်ပြုချက်မရဘဲ ထူး ဆောက်လုပ်ရေးကုမ္ပဏီနဲ့
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့က ယာမြေထဲကို ကော့ စတစ်စက်�ုံ လာရောက် ဆောက်လုပ်ခဲ့တဲ့အတွက်
လယ်သမားတွေက တ ရားစွဲဆိုခဲ့ပါတယ်။

ဦးပိုင်အရာရှိ ဒုတိယဗိုလ်မှူး ဦးမောင်မောင်အေး၊ ဗိုလ်မှူးဝင်းမြင့်နဲ့ ဦးဂျို ကာ သုံးဦးကို လယ်ယာမြေ


ကျူးကျော်ဝင်ရောက်မှု၊ လယ်ယာမြေပေါ်မှာရှိတဲ့ အ ကျိုးဖျက်ဆီးမှု၊ ခြိမ်းခြောက်တဲ့အမှုတွေနဲ့ တရား�ုံးမှာ
ဦးတိုက်လျောက် တရားစွဲဆို ခဲ့ပါတယ်။

သူတို့ရဲ� စွဲဆိုမှုကို ကံမမြို�နယ်နဲ့ သရက်ခ�ိုင် တရား�ုံးက ပယ်ချခဲ့ပြီး မ ကွေးတိုင်း တရား�ုံးကို


ပြင်ဆင်ချက်တက်ဖို့ လုပ်နေချိန် အခုလ ၂၁ ရက်နေ့ညမှာ �ိုက်နှက် ခံခဲ့ရတာပါ။

ကံမမြို�ကနေ စစ္စရံရွာကို ဆိုင်ကယ်နဲ့ အပြန်မှာ �ိုက်နက်ခံရတဲ့အပြင် �ိုက် နှက်သူတွေက


မူးယစ်ရမ်းကားလို့ဆိုပြီး ရဲကို ဦးအောင် တိုင်ကြားခဲ့ပါတယ်။ ဒီနောက် ကံမရဲစခန်းက လယ်သမား ဦးသန်းဦး
ဖမ်းဆီးခဲ့ပြီး ဆေး�ုံမှာ ခြေကျင်းနဲ့ ကုသမှုခံယူခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း ဦးသန်းဦးနဲ့ လုပ်ဖော်ကိုင်ဖက် လယ်သမား ၅ ဦး အပါ အဝင် ဆိုင်ကယ်သမားတဦးကို


ကံမမြို�နယ် အာဏာပိုင်တွေက လာရောက်ဖမ်းဆီး ပြီး ဗိုလ်မှူးဝင်းမြင့်က တရားလိုလုပ်ပြီး တရားစွဲခဲ့တာ
ဖြစ်ပါတယ်။

ဦးသန်းဦးပါ လယ်သမား ၅ ဦးကို ပုမ် ၄၅၂၊ ၄၅ဝ နဲ့ ၂၉၄၊ ၃၃၆၊ ၄၂၇ စတဲ့ ပိုင်နက်ကျူးလွန်မှု၊
ထိခိုက်နာကျင်စေမှု၊ ဆဲဆိုမှုတို့နဲ့ တရားစွဲလိုက်တယ်လို့ သူတို့ အမှုအတွက် လိုက်ပါကူညီပေးနေတဲ့
ဥပဒေအကြံပေး ဦးအောင်သိန်းက ပြောပါ တယ်။
�အဲဒီအမှုကတော့ သူတို့ ဒီစစ္စရံကျေးရွာကို ဆိုင်ကယ် ၃ စီးနဲ့ ပြန်လာတာ ပေါ့လေ။ ရှေက ဆိုင်ကယ် ၂
စီးကတော့ လွတ်သွားပြီး ဦးသန်းဦး ပါတဲ့ ဆိုင်ကယ် ကျတော့ တုံးနဲ့ ခံပြီးတော့ ဝိုင်း�ိုက်တာပေါ့။ �ိုက်ပြီး သူတို့
�ုံးခန်းထဲ ဆွဲသွင်း သွားတာပေါ့။ ဆွဲသွင်းသွားပြီး သူတို့�ုံးကို ခဲနဲ့ပေါက်တယ်၊ ဆဲတယ်၊ သူတို့ လူကိုလည်း ခဲနဲ့
ထိမှန်တယ် ဆိုပြီးတော့ အဲဒီပုဒ်မတွေ တတ်ပြီး သူတို့ကနေပြီး တော့ မတရားတဲ့နည်းနဲ့ အစွဲခံရတာပေါ့။ ကျန်တဲ့
၃ ယောက်က ရွာမှာ နောက်မှ လိုက်ဖမ်းပြီးတော့ နောက်နေ့ကျမှပဲ အဲဒီ အမှုတွဲမှာ စွဲတင်တာပါ။ အမှုကို ဆက်
ပြီး စစ်နေတယ် ကံမမြို�နယ် တရား�ုံးမှာပဲ။�

လယ်သမားတွေ တရားစွဲဆိုခဲ့ပြီး နောက်ပိုင်း မတ်လ ၂၅ ရက်နေ့ကစလို့ တရားလိုပြသက်သေ ၁၁ ဦးကို


စစ်ဆေးနေဆဲဖြစ်တယ်လို့ ဦးအောင်သိန်းက ပြော ပါတယ်။ လယ်သမားတွေ အခု တရားစွဲခံရတဲ့ အမှုတွေဟာ
ထောင်ဒဏ် ၇ နှစ်အထိ ကျနိုင်ပါတယ်။ ဒီကိစ္စကို လယ်သမားတွေက အိုင်အယ်လ်အိုထံ တိုင်ခဲ့သလို အ
မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံလည်း တိုင်ခဲ့ပါတယ်။ အဖွဲ့ချုပ် ဒုတိယဥက္က� ဦးတင်ဦးက အိုင်အယ်လ်အိုက
ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ဖို့ ခုလို တောင်းဆိုသွားပါတယ်။

�ကံမမှာ ဖြစ်တဲ့ကိစ္စက လယ်ယာကို အတင်းသိမ်းတယ်။ အတင်းသိမ်း �ုံတင် မကသေးဘူး၊


လယ်သမားတွေက မပေးနိုင်လို့ ဒါနဲ့ ပတ်သက်ပြီး တရားစွဲမယ် လုပ်တာကို တရားစွဲရပါ့မလား ဆိုပြီးတော့
အဲဒီကောင်က လူတွေ မွေးပြီးတော့ �ိုက် တယ်။ �ိုက်ပြီတော့ အ�ိုက်ခံရတဲ့ကောင်ကို ထောင်ထဲထည့်ဖို့
အတွက်ကို ဆေး�ုံ မှာ ချုပ်ထားပြီးတော့ ခြေကျင်းခတ်ထားတယ်။ နောက် ကျန်တဲ့ လူကိုလည်း ဖမ်း တယ်။
ကနေ့ အဲဒါမျိုးတွေ ဖြစ်တယ်နော်။ ဒါကြောင့် မစ္စတာ စတိမာရှယ်ကို ပြော ပါ။ ကိုယ်တိုင် လာပြောဖို့လိုလည်း
လာပြောမယ်။ အဲဒါကိုတော့ လေးလေးနက်နက် ကျနော် ပြောနေတာ။�

-----------------------------------------------------------------------------------
အစိုးရသစ်ကို အကောင်းဆုံးဖြစ်လာစေချင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
အံ့ဘုန်းမြတ် ၃၁ မတ် ၂ဝ၁၁ - DVB

မြန်မာဒီမိုကရေစီခေါင်းဆောင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်


အောင်ဆန်းစုကြည်က ပေါ်ပေါက်လာတဲ့ အစိုးရသစ်ကို ဓမ္မဓိဌာန်ကျကျသာ �ှုမြင်ကြောင်းနဲ့ တိုင်းပြည်အတွက်
အကောင်းဆုံးတွေ ဖြစ်လာစေချင်တယ်လို့ ပြောကြား လိုက်ပါတယ်။

ဒါ့အပြင် အဖွဲ့ချုပ်အနေနဲ့ အစိုးရနဲ့ အမြဲတမ်းကောင်းမွန်တဲ့ ဆက်ဆံရေးတွေကိုပဲ လိုလားသလို တွေ့ဆုံ


ဆွေးနွေးရေးလုပ်ဖို့ အစိုးရ ဘက်မှာသာ မူတည်လိမ့်မယ်လို့လည်း မနေ့က အစိုးရအဖွဲ့သစ် ကျမ်းသစ္စာ ကျိန်ဆို
အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

�ကျမတို့ကတော့ အမြဲတမ်း ကောင်းတဲ့ဆက်ဆံရေးကို လိုချင်တာပဲ။ အဲဒီ တော့ ပိုပြီးတော့ ကောင်းပါစေ


လို့တော့ ကျမတို့ကတော့ ဆုတောင်းတာပေါ့လေ။ အပြုသဘောလည်းမဟုတ်ဘူး၊ အပြစ်သဘောလည်း
မဟုတ်ဘူး။ ဒီဟာကို ဖြစ်စဉ် ကို ဓမ္မဓိဌာန်ကျကျ �ှုရမှာပေါ့။ ဒါပေမယ့် ဘာပဲပြောပြော တိုင်းပြည်အတွက်
ကြည့် ပြီးတော့ ပိုပြီးတော့ ကောင်းလာစေချင်တာပေါ့။ ဖြစ်စေချင်တာပဲ။ ကျမတို့ကတော့ ကျမတို့ဘက်က
ဘယ်လို ဖြစ်စေချင်တယ်ပဲ ပြောနိုင်မှာပေါ့နော်။ ဟိုဘက်က ဘယ် လိုလုပ်မယ် ဘယ်လို ဆက်ဆံမယ်
ဆိုတာကတော့ ကာယကံရှင်တွေ ကိုယ်တိုင်ပဲ သိမှာပေါ့။ ကျမတို့ကတော့ အကောင်းဖြစ်အောင်လို့တော့
ကြိုးစားရမှာပေါ့။�

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ� ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ် ဝင်းကလည်း အစိုးရသစ်ကို


အသိအမှတ်ပြုတယ်လို့ ပြောကြားပါတယ်။
�ယနေ့ထုတ်တဲ့ ကြေညာချက်တွေအရ ယခင်အစိုးရ မရှိတော့ဘူး။ ပါလီမန် အစိုးရတခု ရှိနေပြီဆိုတာ
ကျနော်တို့ အသိအမှတ် ပြုပါတယ်။ အန်အယ်လ်ဒီ အ နေနဲ့ကလည်း ဒီလက်ရှိ ဒီနေ့ဖွဲ့စည်းတဲ့ အစိုးရနဲ့
ဒိုင်ယာလော့ မျှော်လင့်ထားပါ တယ်။ အန်အယ်လ်ဒီဟာ ဒိုင်ယာလော့နဲ့ ပတ်သက်ရင် အမြဲတမ်း ဖွင့်လှစ်ထားပါ
တယ်။�

၁၉၈၈ ခုနှစ် အာဏာသိမ်းအစိုးရဖြစ်တဲ့ နအဖစစ်အစိုးရဟာ ၁၉၉ဝ ပြည့် နှစ် ပါတီစုံ


အထွေထွေရွေးကောက်ပွဲအပြီးမှာ အာဏာလွှဲပြောင်းပေးတာမျိုး မရှိခဲ့ ဘဲ ၂ဝ၁ဝ ရွေးကောက်ပွဲ အပြီးမှာတော့
အနိုင်ရ ကြံ့ခိုင်ရေးပါတီကို အာဏာလွှဲ ပြောင်း ပေးခဲ့တာဖြစ်ပြီး နအဖကောင်စီရဲ� ဝန်ကြီးချုပ် ဦးသိန်းစိန်ကနေ
ကြံ့ခိုင်ရေး ပါတီရဲ� ဥက္က�၊ သမ္မတဖြစ်လာတဲ့ ဦးသိန်းစိန်ကို မတ်လ ၃ဝ ရက်နေ့မှာ အာဏာ
လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

-----------------------------------------------------------------------------------
ပြည်နယ်အကျိုးအတွက် အကောင်းဆုံးလုပ်နိုင်မည်ဟု ဝန်ကြီးပြော
ရွှေအောင် ၃၁ မတ် ၂ဝ၁၁ - DVB

မနေ့က ဖွဲ့စည်းလိုက်တဲ့ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှာ အင်းတိုင်း ရင်းသားရေးရာ ဝန်ကြီးအဖြစ်


ခန့်အပ်တာဝန်ပေးခံရတဲ့ ဦးဝင်းမြင့်က သူတို့ အစိုးရ အဖွဲ့အနေနဲ့ သူတို့ဖြစ်ချင်တာရဲ� ၇၅ ရာခိုင်နှုန်းလောက်
လုပ်နိုင်လိမ့်မယ်လို့ ဆိုပါ တယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဦးဝင်းမြင့်ကို ဆက်သွယ် မေးမြန်းထားပါ တယ်။ အခုဖွဲ့လိုက်တဲ့ ပြည်ထောင်စု


အစိုးရမှာလည်း ဒုသမ္မတက ရှမ်းလူမျိုး ဖြစ်တယ်၊ အန် ကယ်တို့ ရှမ်းပြည်နယ်မှာပါတဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်
အပါအဝင် ဝန်ကြီးတော် တော်များများကလည်း ရှမ်းတိုင်းရင်းသားတွေဖြစ်တာ တွေ့ရတော့ အချိန်တိုအတွင်း မှာ
အန်ကယ်တို့ အဲဒီလို သူတို့ဆန္ဒတွေ ဖြည့်ဆည်းပေးနိုင်မယ်လို့ကော ယုံကြည်ပါ သလားခင်ဗျ။

�ယုံကြည်ပါတယ် ကျနော်တို့ အရွေးချယ်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ် တွေက ရှမ်းပြည်နယ်မှာဆိုရင်


ခက်ခက်ခဲခဲလေး ကြံ့ခိုင်ရေးပါတီကိုလည်း ယှဉ်ပြိုင် လာရတယ်။ ကြံ့ခိုင်ရေးကလည်း ရွေးချယ်တင်မြေ�ာက်ပွဲမှာ
ခက်ခက်ခဲခဲ ပြိုင်လာတဲ့ လူတွေရှိတော့ သူတို့ကတော့ မျိုးချစ်စိတ်ဓာတ်နဲ့ ကိုယ့်ဒေသဖွံ့ဖြိုးရေးကိုတော့ အ
ကောင်းဆုံးလုပ်ချင်တဲ့ လူတွေပဲလို့ ကျနော်တို့ အစည်းအဝေးတက်တဲ့ ကာလ ၂ လ အတွင်းမှာ ကျနော် အဲဒီလိုပဲ
မြင်မိပါတယ်။�

အန်ကယ်တို့ အဲဒီမှာ ကျားဖြူတို့ ဘာတို့လည်း ပါမှာပေါ့။

�ကျနော်တို့ ကျားဖြူကတော့ ဝန်ကြီးက ၂ ဦးပါတယ်ခင်ဗျ။ နောက်ပြီး တော့မှ ကျနော်တို့ ရေးရာကော်မတီမှာ ၂


ဦးစီတော့ ပါတယ်ခင်ဗျ။� ကြံ့ခိုင်ရေးမဟုတ်တဲ့ အခြားတိုင်းရင်းသား ပါတီတွေ ပါလာတဲ့ အနေအထား အရ
ကော အန်ကယ်တို့ လုပ်သာကိုင်သာ ရှိမယ့် အနေအထားကော တွေ့ရပါသလား ခင်ဗျာ။

�ကျနော်တို့က မဲသဘောနဲ့ မဲဆန္ဒအရ ဆုံးဖြတ်မယ်ဆိုရင်တော့ ဒါ ကျနော် တို့ကတော့ လုပ်သာကိုင်သာ


အနိမ့်ဆုံးတော့ သူတို့လောက်တော့ ကိန်းဂဏန်းအရ မလုပ်နိုင်ဘူးပေါ့လေ။ ဒါပေမယ့် တယောက်နဲ့ တယောက်
အပေးအယူ ညိ�နှိုင်းပြီး တော့မှ တော်တော်လေး လုပ်နိုင်မယ်လို့တော့ ကျနော်ထင်ပါတယ်။ ကျနော်တို့ ဖွဲ့
စည်းပုံအခြေခံဥပဒေအတိုင်း မဲနဲ့ဆုံးဖြတ်မယ်ဆိုရင်တော့ ကြံ့ခိုင်ရေးပါတီနဲ့ ဒီတပ် က ဟာတွေကို
ကျနော်တို့ကတော့ ကျော်လွှားနိုင်မှာ မဟုတ်ဘူးလေ။ ဒါကတော့ အမှန်အတိုင်းပဲလေ နော်။ ဒါပေမယ့်
ကျနော်တို့ရဲ� လွှတ်တော်တွင်းမှာ သွားလာ လှုပ်ရှား ပြောဆို စကားတွေကိုလည်း ကြံ့ခိုင်ရေးပါတီက
တော်တော်လေး စာနာ ထောက်ထားမှု ရှိတယ်။ ဒီ့ပြင် တိုင်းရင်းသားပါတီတွေလည်း စာနာထောက်ထားမှု
ရှိတယ်။ အဲဒါဆိုတော့ ကျနော်တို့ကတော့ မဲအနိုင်အ�ှုံးနဲ့ ဆုံးဖြတ်လို့သာ မပြော နိုင်ပေမယ့်
တယောက်နဲ့တယောက် ပွင့်ပွင့်လင်းလင်း ပြောပြီးတော့မှ လက်ဖက် ရည်ကြမ်းဝိုင်းမှာ ညိ�နှိုင်းပြီးတော့မှ
လုပ်နိုင်လို့ရှိရင် ပြည်နယ်လွှတ်တော် အတွင်းမှာ လည်း အခြေအနေတမျိုး ပြောင်းလဲသွားနိုင်တယ်လို့
ကျနော်ထင်တယ်ဗျာ။�

အားကြီးတဲ့ ကြံ့ခိုင်ရေးနဲ့လည်း အတူတက်ခဲ့ပြီးပြီဆိုတော့ အဲဒီလို ပူးပေါင်း ညိ�နှိုင်း ပြီးတော့ လုပ်လို့ရမယ့်


အနေအထားမျိုးကော အန်ကယ် တွေ့ရပါသလားခင်ဗျ။

�ကျနော်တို့ ရှမ်းပြည်နယ်လွှတ်တော်မှာတော့ အဲဒီ အနေအထားမျိုး တွေ့ ရတယ် ခင်ဗျ။ ဒီပြင်


လွှတ်တော်အနေအထားတော့ ကျနော် မပြောတတ်ဘူးဗျ။�

ဒေသတိုင်းရင်းသားတွေပေါ့နော် အင်းသားတွေကိုကော အန်ကယ်တို့ လုပ်မယ့် ကိုင်မယ့် အလုပ်တွေ


ဘာတွေညာတွေ ချပြဖို့ကော ရှိပါသလားခင်ဗျာ။

�သိပ်မကြာခင်ကပဲ ကျနော်တို့ ရွေးချယ်တင်မြေ�ာက်ပွဲ သွားရင်းနဲ့ အောက် ခြေ ပြည်သူလူထုတွေ


ဘာတွေလိုသလဲဆိုတာ ကျနော်တို့က မှတ်သားလာပြီး တော့မှ အဲဒါတွေလည်း လုပ်နိုင်ကိုင်နိုင်အောင်
ပြည်နယ်မှာ ဝန်ကြီးအဆင့် တာဝန် ပေးထားတဲ့ လူနဲ့လည်း အချက်အလက်လေး ပေးထားပြီးသား ရှိတယ်ခင်ဗျ။
အဲဒါ ဆိုတော့ ကျနော်တို့ကတော့ အောက်ခြေကို ဆင်းပြီးတော့မှ ပြည်သူလိုအပ်ချက် တွေကို ချက်ချင်း
ရာနှုန်းပြည့်မလုပ်နိုင်တောင် ကျနော်တို့က ၆ဝ ရာခိုင်နှုန်းလောက် ကတော့ ချက်ချင်း အကောင်အထည်ဖော်နိုင်ဖို့
အလားအလာ ရှိတယ်ခင်ဗျ။�

ဥပမာ ဘယ်လို လုပ်ငန်းမျိုးပါလဲခင်ဗျ။

�ဥပမာ ကျနော်တို့ ညောင်ရွှေနဲ့ ရွှေညောင် သွားတဲ့ လမ်းလေးက ဆိုရင် နိုင်ငံခြား ခရီးသည်လာတယ်။


လမ်လေးကတော့ နိုင်ငံတကာအဆင့် ချောချောမွေ့ မွေ့ မဖြစ်ဘူးပေါ့လေနော်။ အဲဒါလေးတွေကတော့ နောင်
ပြည်နယ်မှာ ဆောက်လုပ် ရေး တာဝန်ယူမယ့် ဝန်ကြီးကနေပြီးတော့မှ သူ မျက်မြင်ကိုယ်တွေ့လည်း တွေ့တယ်၊
အခြေအနေလည်း ကြည့်တယ် အဲဒါလေးတွေလည်း သူ လုပ်ဆောင်ပေးမယ်လို့ ကျနော်တို့ကို ပြောခဲ့တာ
ရှိတယ်လေ။ နောက်ပြီးတော့မှ ဒေသဖွံ့ဖြိုးရေးပေါ့။ ကျနော်တို့ ကိုယ့်အားကိုယ်ကိုးက တပိုင်း၊ နောက် နိုင်ငံတော်
အစိုးရက တပိုင်း အဲဒါတွေနဲ့ ပူးပေါင်းပြီးလုပ်မယ့် လမ်းဖောက်မယ့် လုပ်ငန်းလေးတွေလည်း ကိုယ့် ပါတီကော
ဒေသခံပြည်သူတွေကော ကျနော်တို့ စည်း�ုံးပြီးတော့မှ ဒီ တန်ခူးပြီးရင် တော့ ကျနော် လုပ်မယ့်
အနေအထားတော့ ရှိတယ်ဗျ။�

အန်ကယ်တို့ ဦးစားပေးက လမ်းပန်းဆက်သွယ်ရေးပေါ့။

�ဘာလို့လဲဆို အင်းလေးရေမရှိတဲ့ အခါကျရင် ကုန်းလမ်းကခရီးက သွားရ မယ့် အနေအထား ရှိတာကိုး။


ဒါကြောင့် ကျနော်တို့ အင်းတောင်ပိုင်းမှာ ဒီ ကုန်း လမ်းခရီးပေါ့ အင်းတောင်ပိုင်းကနေမှ ညောင်ရွှေကို
လမ်းကောင်းသွား အောင်ပေါ့ လေ။ နော် ဖြစ်သင့်ဖြစ်ထိုက်တဲ့ လမ်းလုပ်ငန်းလေးတွေကိုတော့ ကျနော်တို့ ဒါ
အရင် ဖြစ်လာမှာပဲ။ မိုးမကုန်မီပေါ့လေနော်။�
အခုဖွဲ့လိုက်တဲ့ ပြည်နယ်အစိုးရအဖွဲ့က တကယ်ကော ကိုယ့်ပြည်နယ် ကောင်းစား ရေး အတွက် အနှောင်အဖွဲ့
ကင်းကင်းနဲ့ ကိုယ့်ဒေသ ဖွံ့ဖြိုးအောင် လုပ်နိုင်မယ်လို့ အန်ကယ် မြင်မိလားခင်ဗျ။

�မြင်မိပါတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုရင် အားလုံးက ပညာတတ်တွေပဲ ခင် ဗျ။ နောက်ပြီးတော့ ဒီဒေသမှာမွေး၊


ဒီဒေသမှာ ကြီးလာတဲ့ လူတွေပဲ။ နောက်ပြီး တော့ သူတို့ စိတ်ထဲမှာ ကျနော် ကြည့်ရတာကတော့
အပြောင်းအလဲလေးတွေကို လုပ်ချင်တဲ့ ဆန္ဒက အပြည့်အဝ ရှိတယ်။ ဒါပေမယ့် တချို�ကလည်း ထုတ် မပြောရဲ
ဘူးပေါ့လေ နော်။ ဒါကြောင့် သူတို့အနေနဲ့ လုပ်ပိုင်ခွင့်ရတဲ့အခါမှာ သူတို့ ဖြစ်ချင် တာရဲ� ရာခိုင်နှုန်း ၁ဝဝ မှာ ၇၅
ရာခိုင်နှုန်းလောက်ကတော့ ဖြစ်သွားမယ်လို့တော့ ကျနော် ထင်မိပါတယ်ခင်ဗျ။�

-----------------------------------------------------------------------------------
ငလျင်သင့်ဒေသမှာ ဝမ်းရောဂါဖြစ်
နော်နိုရင်း ၃၁ မတ် ၂ဝ၁၁ - DVB

ရှမ်းပြည်အရှေ�ပိုင်းက ငလျင်ဒဏ်အပြင်းအထန်ခံခဲ့ရတဲ့ ဒေသ တချို�မှာ သောက်ရေသန့်


လုံလောက်အောင်မရတဲ့အတွက် အကျိုးဆက်အဖြစ် ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားနေတယ်လို့
ကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။ ငလျင်ကြောင့် ရေတွင်း၊ ရေကန်နဲ့ ရေပိုက်တွေ
ပျက်စီးခဲ့တဲ့အတွက် ရေရှား ပါးနေပြီး ရနိုင်တဲ့ရေကလည်း (ကန့်) ဓာတ်တွေများနေတဲ့အတွက် သောက်သုံးဖို့
မသင့်ဘဲ စိုရိမ်စရာကောင်းနေတယ် ဆိုတာကို တသမို လငျငသည က ထုတ်ဖော် ပြော ဆိုထားပါတယ်။

ကန့်ဓာတ်များတဲ့ရေ သောက်သုံးမိတဲ့အတွက် ငလျင်ဒဏ်သင့်သူတချို� ဝမ်း ရောဂါ ဖြစ်ပွားနေကြသလို


ပျို�အန်တာတွေလည်းရှိတယ်လို့ မနေ့က တောင်ပေါ် ဒေသမှာ သွားရောက်ကူညီပေးခဲ့တဲ့
တာချီလိတ်မြို�ခံတဦးက ပြောပါတယ်။

�ကယ်ဆယ်ရေးတွေတော့ သူဘာသာသူလည်း အလှူရှင်တွေတော့ သွား နေကြတယ်။ ဒါပေမယ့်


အခုလောလောဆယ်တော့ ရေတွေ မကောင်းဘူး။ ဝမ်းတွေ ပျက်တာတွေ အဲလိုမျိုးတော့ ရှိတယ်။ ဒါပေမယ့်
ကျန်းမာရေးဌာနတွေလည်း အခု ဝင်နေတယ်။ သောက်ရေသန့်စက် အသေးစားလေးတွေ လုပ်ပေးဖို့တော့
စီစဉ်နေ တယ်။ လောလောဆယ် အဲဒီစက်တွေ မရောက်သေးဘူးပေါ့နော်။ ရေတွင်းတွေ အ ကုန်လုံး
မသောက်ခိုင်းသေးဘဲ ကျန်းမာရေးဌာနကတော့ ဆေးတွေ ဘာတွေ ခပ် တာပေါ့နော်။ လောလောဆယ်တော့
တောင်ပေါ်မှာလည်း သောက်ရေအခက်အခဲ ရှိတယ်။

� တသမို လငျသငည အဖွဲ့ကတော့ ငလျင်ဘေးသင့်ဒေသကို တနာရီ ရေသန့် ၂၄ဝ လီတာ ထုတ်လုပ်နိုင်တဲ့


ရေသန့်စင်စက် ၅ လုံး တပ်ဆင်ပေးထားပြီး ရေသန့် ဆေးပြားတွေကိုလည်း ပေးဆောင်ခဲ့တယ်လို့ ပြောပါတယ်။
မနေ့ကထုတ်တဲ့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ကိစ္စရပ် များဆိုင်ရာ အဖွဲ့အစည်း္က္ဒဥဃံဗ
အစီရင်ခံစာမှာတော့ ငလျင်ကြောင့် ရေပိုက် များ၊ ရေတွင်း၊ ရေလှောင်ကန်များ ပျက်စီးဆုံး�ှုံးကုန်လို့
သောက်သုံးရေ ရရှိမှု အ ခက်အခဲများ ကြုံတွေ့နေရကြောင်း၊ ဒေသအချို�တွင် ဝမ်းရောဂါ ဖြစ်ပွားနေကြောင်း
ဖော်ပြထားပါတယ်။ မနေ့ကအထိ ပြုစုတဲ့စာရင်းအရ ငလျင်ကြောင့် အိမ်ခြေ ၇ဝ၂ လုံး ပျက်စီးခဲ့ ပြီး မြန်မာနိုင်ငံ
ကြက်ခြေနီအသင်းရဲ� စာရင်းမှာ လူပေါင်း ၃၁၅၂ ယောက် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ အစီရင်ခံစာမှာ
ဖော်ပြထားပါတယ်။ ဒါ့အပြင် ရွာပေါင်း ၉ဝ မှာနေတဲ့ လူပေါင်း ၁၈�ဝဝဝ ဟာ ငလျင်ဒဏ်ခံစားခဲ့ရ ပြီး
အဲဒီရွာတွေအများစုဟာ တာလေနဲ့မိုင်းလင်းဒေသက ဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။

-----------------------------------------------------------------------------------
အစိုးရသစ်လက်ထက် ဆင်ဆာများလျှော့ရန် တောင်းဆို
အံ့ဘုန်းမြတ် ၃၁ မတ် ၂ဝ၁၁ - DVB

အစိုးရသစ်လက်ထက် အနုပညာနယ်ပယ်မှာ ချမှတ်ထားတဲ့ တင်း ကျပ်တဲ့ ဆင်ဆာမူဝါဒတွေကို


လျှော့ပေါ့ပြောင်းလဲပေးဖို့ �ုပ်ရှင်လောကသားတွေက တောင်းဆိုလိုက်ကြပါတယ်။

တိုင်းပြည်ကို ၂၂ နှစ်ကျော် အုပ်ချုပ်ခဲ့တဲ့ နအဖစစ်အစိုးရက အရပ်သား တ ပိုင်း အစိုးရသစ်ကို မနေ့က


အာဏာလွှဲပြောင်း ပေးလိုက်ချိန်မှာပဲ သမ္မတ ဦးသိန်စိန် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ
ဖွဲ့စည်းပုံအခြေခံဥပဒေလည်း အသက်ဝင် လာပြီ ဖြစ်တာကြောင့် �ုပ်ရှင်၊ ဗွီဒီယိုတွေမှာ ချမှတ်ထားတဲ့
တင်းကျပ်တဲ့ ဆင်ဆာ မူဝါဒတွေကို လျှော့ပေါ့ပေးဖို့ လိုအပ်လာပြီလို့ �ုပ်ရှင်လောကသားတွေက ပြော
ကြားလိုက်ကြတာ ဖြစ်ပါတယ်။

ဒါ�ိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)က �လောလောဆယ် ဆင်ဆင်မူတွေ ပြောင်းစေချင်တယ်။


နောက်တခုက ဆင်ဆာ �ုပ်ရှင်လွတ်လပ်ခွင့်၊ အနုပညာ လွတ် လပ်ခွင့်တွေကို ရချင်တယ်။ အားလုံးကလည်း
ဒီဟာကို မျှော်မှန်းနေကြတယ်။ နိုင်ငံ တကာက သရဲကားတွေ �ိုက်နေကြတယ်၊ �ုံတင်နေကြတယ်။ နောက်
သိပ္ပံကားတွေ၊ လူသတ်ကား၊ သမ္မတကို လုပ်ကြံတဲ့ကားတွေ အကုန်တင်နေကြတယ်။ လွတ်လွတ် လပ်လပ်
�ိုက်နေကြတယ်။ ဗမာပြည်မှာ လွတ်လွတ်လပ်လပ် �ိုက်လို့ မရဘူး။ အဲဒီ လွတ်လွတ်လပ်လပ်
�ိုက်လို့ရတဲ့ဟာ လေးတခု လိုချင်တယ်�လို့ ပြောပါတယ်။

ဒါ့အပြင် အစိုးရသစ်လက်ထက်မှာ �ုပ်ရှင်လုပ်ငန်းတွေကို ဈေးကွက် စီးပွား ရေးစနစ်နဲ့ အညီ ရင်းနှီးမြ�ုပ်နှံတွေ


ပြုလုပ်နိုင်တဲ့ ခိုင်မာတဲ့ ဥပဒေတွေကိုလည်း တင် သွင်း ပြ�ာန်းပေးချင်ပြီး ဒီလိုလုပ်မှသာ မြန်မာ့�ပ
ုရှင်ဟာ
နိုင်ငံတကာအဆင့် တန်း မီနိုင်လိမ့်မယ်လို့လည်း ဒါ�ိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြောပါတယ်။

ဒါ့အပြင် �ုပ်ရှင်နဲ့ ဗွီဒီယိုလောကသားတွေအနေနဲ့ ရှိနေပြီးသား �ုပ်ရှင်အ စည်းအ�ုံးတို့


မြန်မာ့�ပ
ုရှင်လုပ်ငန်းတို့ကိုလည်း အားကိုးလို့မရတဲ့ အခြေအနေမျိုး ရှိနေတာကြောင့် အောက်ခြေ
လောကသားတွေအထိ ပါဝင်တဲ့ ကော်မတီမျိုးတွေ ဖွဲ့စည်းပြီး အစိုးရသစ်နဲ့ကြား ညိ�နှိုင်းနိုင်ဖို့
ပြင်ဆင်စေချင်တယ်လို့လည်း ဒါ�ိုက်တာ သှျိုညိုထွန်းသိမ်းက ပြောပါတယ်။

�ကျနော်တို့ �ုပ်ရှင်ဗွီဒီယိုတွေမှာကတော့ ဦးဆောင်ဦးရွက် လုပ်ပေးမယ့်သူ လည်း မရှိ၊ ဒီလိုမျိုး


ကော်မတီဖွဲ့မယ့်သူလည်း မရှိ ဖြစ်နေတယ်ဗျ။ �ုပ်ရှင်အစည်းအ �ုံးကတော့ �ုပ်ရှင်အစည်းအ�ုံး
သပ်သပ်ပေါ့လေ။ ကျနော်ဆိုရင် စိတ်ကူးယဉ်ခဲ့ဖူး တယ်ခင်ဗျ။ ဒါ�ိုက်တာတွေအဖွဲ့က ဒါ�ိုက်တာတွေ
အဖွဲ့ခေါင်းဆောင်၊ သ�ုပ်ဆောင် တွေ အဖွဲ့က သ�ုပ်ဆောင်တွေ ခေါင်းဆောင်၊ အဲဒီခေါင်းဆောင်တွေက
စုပြီးတော့ �ုပ်ရှင်ဗွီဒီယို အနုပညာမြင့်မားရေးအတွက် အဖွဲ့အစည်းတရပ် အရမ်းပေါ်ချင်တာပဲ ခင်ဗျ။ အဲဒီလို
အဖွဲ့အဖွဲ့တွေက ပေါင်းပြီးတော့ ကော်မတီလေး အဖွဲ့လေးတခု ရှိလို့ ရှိရင် တက်လာမယ့် အစိုးရသစ်နဲ့
ညိ�ညိ�နှိုင်းနှိုင်း ပြေပြေလည်လည် ညိ�နှိုင်းလို့ရှိရင် ကျနော်တို့ အနုပညာလုပ်ငန်းတွေက
ပိုကောင်းလာနိုင်တာပေါ့။�

ဝါရင့်�ပ
ုရှင်ဒါ�ိုက်တာ တဦးဖြစ်သလို �ုပ်ရှင်အစည်း အ�ုံးရဲ� ဥက္က�အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့
ဒါ�ိုက်တာဦးကြည်စိုးထွန်းက အခုလို ပြောပါတယ်။

��ုပ်ရှင်ဆင်ဆာကတော့ ရှိဦးမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီ�ပ


ုရှင် ဆင်ဆာဆိုတာက ဟိုးလွန်ခဲ့တဲ့
နှစ်အတော်များများကတည်းက မြန်မာ�ုပ်ရှင် ပေါ် ပြီးတော့ လေးငါးဆယ်နှစ် လောက်ကတည်းက
ဆင်ဆာဆိုတာ ဖြစ်လာတာ။ လျှော့ သာလျှော့မယ် ပျောက်မယ်တော့ မထင်ဘူး။ ဆင်ဆာ တနည်းနည်းနဲ့
ရှိနေမှာပဲ။ �

ပေါ်ပေါက်လာမယ့် အစိုးရသစ်လက်ထက်မှာတော့ ပြန်ကြားရေးဝန်ကြီးဌာ နရဲ� အရင်ဝန်ကြီးဖြစ်တဲ့


ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ဆန်းပဲ ယဉ်ကျေးမှုဝန်ကြီးဌာန နဲ့ ပေါင်းစည်းပြီး ပြန်လည်တာဝန်ယူလာမှာ
ဖြစ်ပါတယ်။ ပြန်ကြားရေးရဲ� ဒုဝန်ကြီးကတော့ ဦးစိုးဝင်းဖြစ်ပြီး သူကတော့ အရင်က သ တင်းနှင့်
စာနယ်ဇင်းလုပ်ငန်းမှာ ဦးဆောင်ည�န်ကြားရေးမှူးအဖြစ် လုပ်ကိုင်ခဲ့တဲ့ ဗိုလ်မှူးကြီး အငြိမ်းစားတဦး ဖြစ်ပါတယ်။
သူတို့လက်မှာ �ုပ်ရှင်လောကသားတွေအနေနဲ့ ဘယ်လောက်အထိ လွတ် လွတ်လပ်လပ်
လုပ်ဆောင်ရမယ်ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ပြောဆိုနေ ကြပါတယ်။

မိုးမခ၏ မတ်လ စာကိုး၊ စကားကိုး


မတ် ၃၁၊ ၂၀၁၁ မိုးမခ

ကဗျာဆရာ ဆိုတာကလည်း ၀ါဒတွေ မတူကြပါဘူး။ အတွေးအခေါ်တွေ မတူကြပါဘူး။ ပေါင်းစပ်လို့ လုံးဝ


မရနိုင်တဲ့ အထဲမှာ ကဗျာဆရာတွေလည်း ပါပါတယ်။ ဒါပေမယ့် မြန်မာပြည်က ကဗျာဆရာတွေ အားလုံး ပါမယ့်
(မြန်မာကဗျာ ၂၀၁၀) ကဗျာစာအုပ် ထုတ်ရခြင်း ဖြစ်ပါတယ်။ အမြန်စီစဉ်လိုက်တာ ဖြစ်တဲ့အတွက် တချို့
ကဗျာဆရာတွေ ကျန်ခဲ့ပါတယ်။
ညိုသစ်ငယ်၊ ကဗျာဆရာ
အလင်းတန်းဂျာနယ်၊ မတ် ၂၈

------------------------------
ဗိုလ်ချုပ်အောင်ဆန်းမှာ သူ၏နိုင်ငံရေးစွမ်းပကားကြောင့် တိုင်းပြည် လွတ်လပ်ရေး ခေါင်းဆောင်အထိ
ဖြစ်ခဲ့သော်လည်း တကယ်တမ်း မြန်မာပြည်နှင့် လူမျိုးကို ပျော့ညံ့သွေးအေး နိမ့်ပါးသည့်ဘဝမှ သူပုန်လူမျိုးအဖြစ်
မီးထိုးတင်ပေးလိုက်သည်မှာ ယောဂီကြီးမစ္စတာမောင်မှိုင်း၏ တစ်တစ်ခွခွ ဋီကာများဖြစ်သည်။
ဆရာမှိုင်းကြီးစာများမှာ ဝေ့လည်ကြောင်ထိုး ပျော့ချိချိ ကြောင်စီစီ သမားဂုဏ်ပြစာများ မဟုတ်ကြ။
သတင်းစာအတတ်ကို လူထုစွဲအောင် အစဉ်အလာ အဆိုအပြော စာသဘောနှင့် တွ၍

ထူမပေးခဲ့သူလည်းဖြစ်သည်။
ဘိုဘိုလန်းစင်
မဇ္ဈိမ၊ မတ်လ ၂၄

------------------------------
အင်တာနက်ကောင်းကောင်း သုံးချင်ရင် ည ၁ နာရီကျော်မှ သုံးရတာမျိုးတွေလည်း ရှိပါတယ်။ မိုးလင်းတဲ့အထိ
အလုပ်လုပ်ရပါတယ်။ လုံးဝ သုံးမရတော့ဘူး ဆိုရင်လည်း မြန်နှုန်းမြင့်ရတဲ့ ဆိုင်တွေမှာ သွားသုံးရတာတွေ
ရှိတယ်။ မြန်နှုန်းမြင့်အင်တာနက် ရတဲ့ စင်တာတွေကို သွားသုံး ရတာတွေလည်း ရှိပါတယ်။ အဲဒီလို mobile user
လုပ်ရတဲ့အခါမျိုးတွေလည်း ရှိပါတယ်။ မိုး/ဇလ သတင်းတွေကို အချိန်မီ ထုတ်ပေးနိုင်အောင်တော့ ကျနော်လည်း
ကြိုးစားပါတယ်။ လုံးဝ မရတော့ဘူး ဆိုရင်တော့လည်း မတတ်နိုင်ဘူးပေါ့ဗျာ။
မိုး/ ဇလ ညွှန်ချုပ်ဟောင်း ဒေါက်တာထွန်းလွင်
ဧရာဝတီ၊ မတ် ၂၄

------------------------------
အစိုးရသစ်လို့ ပေါ်လာပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ဟာ
နောက်ကွယ်က အာဏာကို ဆက်လက်ကိုင်စွဲသွားမှာပဲ ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို အတင်း
အတည်ပြုလိုက်ကတည်းက ဒီလိုလုပ်လာမယ်ဆိုတာ အားလုံးကြိုသိပြီးသား။ အခုက နအဖ က ပုံဖေါ်နေတဲ့
ရုပ်သေးပြဇာတ်တပုဒ်လို့ပဲ ထင်တယ်။
ဦးအေးသာအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP)
ဧရာဝတီ၊ မတ် ၃၀

------------------------------
ဘော်လုံးကစားချင်တဲ့သူတွေ ရှိတယ်၊ ကစားခွင့် မရဘူး။ ကျောင်းသူကျောင်းသားတွေပေါ့။ နောက်တခုက
မြို့တိုင်း နယ်တိုင်းမှာ ဘော်လုံးကွင်းတွေမှာ မြေကွက်လပ်တွေမှာ တော်တော်လေး ဆုံးရှုံးကုန်တာ ရှိတယ်။
ရပ်ကွက်၊ အဆောက်အအုံတွေ ဖြစ်ကုန်တာ။ အဲဒါလည်း အဓိက အချက် တချက် ပါတယ်။
ခင်မောင်ထွေး (ပျဉ်းမနား)၊ အားကစားကလောင်ရှင်
VOA အသံလွှင့်ဌာန၊ မတ် ၃၀

------------------------------
လူငယ်တွေအတွက် ဘော်လုံးပြိုင်ပွဲတွေ မရှိဘဲ ဘော်လုံးသင်တန်းကျောင်းပဲ ရှိနေတဲ့ ကမ္ဘာမှာ တခုတည်းသော
နိုင်ငံ ဖြစ်ကောင်းတောင် ဖြစ်နိုင်တဲ့ မြန်မာနိုင်ငံရဲ့ အားကစား ရှေ့ရေးအတွက် ကျနော်တို့ ဘယ်လောက်များ
စိတ် ရှည်ရှည်ထားကြမလဲ။ ဒါကတော့ ပရီးမီးယားလိဂ် ကြည့်နေကြတဲ့ ဘော်လုံး ပရိသတ်ကြီး စဉ်းစားဖို့ မေးခွန်း
ဖြစ်ပါတယ်။
တင်မောင်သန်း၊ စာနယ်ဇင်းသမား
VOA အသံလွှင့်ဌာန၊ မတ် ၃၀

------------------------------
လူရယ်လို့ဖြစ်လာရင် လူ့တာဝန်ကျေဖို့ အရေးကြီးပါတယ်။ ၁၀၀ရှိတဲ့ထဲမှာ တစ်ခုလောက်ပဲ တာဝန်ကျေနိုင်ရင်
အဲဒီတစ်ခုကိုပဲ တာဝန် ကျေနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ ကျွန်တော့်ဘ၀မှာ တာဝန်တစ်ခုမှ မကျေမှာကိုပဲ
ကြောက်တာပါ။ နောက် ပြီး ကျွန်တော် ပြည်သူချစ်တဲ့လူတစ်ယောက် ထာဝရဖြစ်ချင်တယ်။
ဗေလုဝ၊ သရုပ်ဆောင်
news-eleven.com

------------------------------
ဝိုင်းကြပြီးဆိုရင် ဘီယာပဲသောက်လေ့ ရှိတယ်လေ။ ကျွန်တော့်သွေးက နဂိုကတည်းက အယ်လ်ကိုဟောကို
ကြာကြာမခံ နိုင်ဘူး။ လူကလည်း နဂိုပျော်ဆိုတော့ မူးလာရင် ပိုပို ပျော်လာတယ်လေ။ အနားက
လူတွေအားလုံးက အင်မတန် ချစ်စရာကောင်းတယ်။ အဲဒီတော့ ကျွန်တော်က မူးလာရင် ဖက်နမ်းပစ်တာပဲ။
အရိုး၊ တေးရေး/တေးဆို
မန္တလေးအာရုဏ်ဦးဂျာနယ်၊ မတ် ၁၆

------------------------------
အမှတ်တွေ များတိုင်းလည်း ဆေးတက္ကသိုလ် တက်ဖို့ မစဉ်းစားပါနဲ့။ ကိုယ်ဘာဖြစ်ချင်လဲ ဆိုတာကိုပဲ သေချာ
သိအောင်လုပ်ပါ။ ကိုယ်လုပ်ချင်တဲ့ နယ်ပယ်မှာအကောင်းဆုံး ဖြစ်အောင်သာ အားစိုက်ထုတ်ပါ။ စာမေးပွဲမှာရတဲ့
အမှတ်က အကောင်းဆုံး မဟုတ်သေးပါဘူး။ စာမေးပွဲက ကိုယ့်ရဲ့ နောက်ဆုံး အရည်အချင်းလို့ မထင်ပါနဲ့။
ကိုအောင်ဖုန်းမြင့်၊ Bates ကောလိပ်၊ အမေရိကန်နိုင်ငံ
The Voice ဂျာနယ်၊ မတ် ၁၄

------------------------------
စစ်အစိုးရကလည်း ကျနော်တို့ကို မယုံဘူး၊ အတိုက်အခံတွေကလည်း ကျနော်တို့ကို မကြိုက်ကြဘူး။
ဦးအောင်နိုင်ဦး၊ မြန်မာ့အရေး လေ့လာသူ
Financial Times မတ် ၃၀

------------------------------
အခုနောက်ပိုင်း နိုင်ငံတကာမှာ သူတို့ကို မသန်မစွမ်းသူ disabled လို့တောင် မခေါ်ကြတော့ပါဘူး။ သူတို့ရဲ့
လူ့ဂုဏ်သိက္ခာအတွက် တနည်းတဖုံအားဖြင့် သန်စွမ်းသူများ differently abled လို့ ပြောင်းခေါ်လာကြတယ်။
အခြေအနေတခုခုကြောင့် ကိုယ်ကာယ မသန်စွမ်းမှုရှိမယ်။ အခြားတနေရာရာ၊ တကဏ္ဍမှာတော့ သူ့ထက်ကဲ
တနည်းနည်း စွမ်းဆောင်နိုင်သူများလို့ ဆိုချင်ပုံ ရပါတယ်။
အောင်သူငြိမ်း၊ ဘလော်ဂါ၊ မြန်မာ့အရေးလေ့လာသူ
မဇ္ဈိမ မတ် ၁၁

------------------------------
အမျိုးသမီးဘက်က မိသားစုက အနုပညာလုပ်တာ လုံးဝမကြိုက်ဘူး။ ကျွန်တော့အပေါ် မယုံကြည်ဘူး ပေါ့နော်။
ကျွန်တော်ကလည်း တစ်နှစ် နှစ်နှစ် အတွင်း အောင်မြင်အောင် လုပ်မယ်လို့ ကြွေးကြော်ထားတယ်။
အလုပ်လုပ်ရင် ပါးစပ်နဲ့ သက်သေပြတာထက် အလုပ်နဲ့သက်သေပြတာက ပိုကောင်းတယ်။

အနုပညာ အလုပ်လုပ်တဲ့ သူတွေအပေါ် လူတွေက တစ်မျိုးမြင်တတ်တယ်ဗျ။ သစ္စာမရှိဘူး၊ ကတိမတည်


ဘူးဆိုတဲ့ သဘောမျိုးတွေပါတယ်။ ကျွန်တော့် ယောက္ခမက မြင်နေတာပေါ့နော်။ ကျွန်တော်ကလည်း အဲ့ဒါကို
အတိုက်အခံလုပ်ပြီး အနုပညာအလုပ်ကို လုပ်ခဲ့တယ်။ အနုပညာ သမားတစ်ယောက် အနေနဲ့ ရပ်တည်ပြခဲ့တယ်။
ဩရသ၊ တေးရေး၊ တေးဆို
မန္တလေးအာရုဏ်ဦးဂျာနယ်၊ မတ် ၂

------------------------------
ဓာတ်ပုံနှင့် သရုပ်ဖော် - demonmisty.blogspot.com / tunlwin.com / yadanabon fan club / မင်းကျော်ခိုင်
/ news-eleven.com / မန္တလေးအထင်ကရ / The Voice / ဧရာဝတီ / yaw-han-aung.blogspot.com /
ရွှေအမြုတေ
Posted by zarny win at 10:07 PM 0 comments

မြန်မာပြည် အစိုးရအဖွဲ့ အပြောင်းအလဲကို ဒီလို မြင်ကြတယ်


မတ် ၃၁၊ ၂၀၁၁ မိုးမခ

ယမန်နေ့က နအဖ စစ်ကောင်စီကို ဖျက်သိမ်းလိုက်သည်။ မကြာသေးမီက စစ်တပ်မှ အစုလိုက်အပြုံလိုက်


အငြိမ်းစားယူလိုက်သူများ ပါဝင်သည့် "အရပ်သားအစိုးရ"ကို ဖွဲ့စည်းလိုက်သည်။ သို့သော်လည်း အာဏာကို
ချုပ်ကိုင်ထားသည့် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတွင် မည်သည့် ရာထူး၊ မည်သည့်
တာဝန်များရှိသည်ကို မသိရသေးပေ။ တချိန်တည်းတွင်ပင် သူ၏ ရာထူး "ကာကွယ်ရေးဦးစီးချုပ်" ရာထူးက
ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ထံသို့ ရောက်သွားကြောင်း လွှတ်တော်တက်သူများကို ကိုးကားပြီး သတင်းဌာနတို့က
ဖော်ပြကြသည်။

ဤအပြောင်းအလဲများနှင့် ပတ်သက်ပြီး ယမန်နေ့က သတင်းဌာနတချို့တွင် ပါရှိသည့် သုံးသပ်ချက်များကို


ကူးယူ ဖော်ပြလိုက်သည်။
တကယ် အာဏာရှိတဲ့သူက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်ပါတယ်။ ဆိုတော့ - သူက အာဏာစွန့်ပါတယ်
ဆိုတာကို လုံးဝ ပြတ်ပြတ် သားသား မမြင်ရသရွှေ့ ကာလပတ်လုံး ဒါဟာ အာဏာလွှဲတယ်လို့ ဆိုဖို့
ခက်ခဲပါလိမ့်မယ်။
ဦးကျော်ဇံသာ၊ စာနယ်ဇင်းသမား
VOA

ဗိုလ်ချုပ်မင်းအောင်လှိုင်တို့က သူတို့နဲ့ စာရင် အသက် အများကြီး ကွာပါတယ်။ အချိန်မရွေး ဒီလူတွေဟာ


စိတ်နေစိတ်ထား ပြောင်းလဲသွားနိုင်ပါတယ်။ ကမ္ဘာမှာ အခု ဖြစ်နေတဲ့ အခြေအနေနဲ့ ယှဉ်ရင်၊ အရှေ့အလယ်ပိုင်း
အခြေအနေတွေမှာလည်း စစ်တပ်က ပြည်သူလူထုနဲ့ ပေါင်းသွားတဲ့ အခြေအနေမျိုးတွေက အာဏာရှင်ကို
ဖယ်နိုင်တယ် ဆိုတဲ့ အတွေးအခေါ်မျိုးတွေက အများကြီး ဖြစ်နေတဲ့ အချိန်အခါမျိုးမှာ သူ အလန့်ဆုံးပါပဲ။
ဦးအောင်လင်းထွဋ်၊ ထောက်လှမ်းရေးဗိုလ်မှူးဟောင်း
VOA

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ စစ်တပ်က အနားယူလိုက်တယ် ဆိုပေမယ့် ဒီ (လက်ရှိ) ဗိုလ်ချုပ်တွေ အပေါ်မှာ


ဆက်ပြီး ချုပ်ကိုင်နိုင်တဲ့ နေရာ တခုခုကို ဖန်တီးပြီးတော့ နောက်ကွယ်ကနေ ကြိုးကိုင်နေဦးမယ်လို့ ယူဆပါတယ်။
စစ်ရေးလေ့လာသူ ဦးဌေးအောင်
BBC

ပြည်သူလူထု မျှော်မှန်းတောင့်တနေတဲ့ ပြောင်းလဲမှုမျိုးတော့ မဖြစ်သေးဘူး။


ဦးအုန်းကြိုင်၊ NLD
RFA

ရခိုင်ပြည်နယ်က ကျနော် မနေ့ညနေကမှ ရောက်ပါတယ်၊ ပြည်သူတွေကြားမှာ၊ ရွာတွေမှာ ကျနော်ရောက်တဲ့


အခါကြတော့ တကယ့် အားကိုးတကြီးနဲ့ သူတို့ရဲ့ အခက်အခဲတွေ၊ သူတို့ရဲ့ အကျပ်အတည်းတွေကို
တင်ပြနေတာက ကျနော်တို့ကိုပဲ တင်ပြနေတာ ဖြစ်နေတယ်။ အဲတော့ တကယ်ဆိုရင် ပြည်သူတွေက
အစိုးရသစ်နဲ့တကွ ကိုယ်စားလှယ်တွေကို အားကိုးတယ်ဆိုရင် သူတို့ကို တင်ပြရမှာပေါ့။
ဦးအေးသာအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP)
VOA

အစိုးရအသစ်က လည်ပတ်သွားပြီးတော့ အရှိန်လေး ရလာတဲ့အချိန်မှာ ကျနော်တို့ ပြည်သူလူထုအတွက်


ဘာလုပ်ပေးနိုင်မလဲ၊ အစိုးရသစ်ကလည်း ပြည်သူလူထုကို ဘာတွေ စွမ်းဆောင်ပေးနိုင်မယ်ဆိုတာ အဲဒီတော့မှ
အဖြေပေါ်မှာပေါ့။
ဦးစိုင်းစောင်စီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)
VOA

လွှတ်တော်ထဲမှာရော အစိုးရထဲမှာရော သူတို့လူတွေချည်းပဲ ဆိုတော့ သူတို့ကိုယ်တိုင်က လူများစုနဲ့


အနိုင်ကျင့်တဲ့အဖြစ်ကို မရောက်အောင် နိုင်ငံတကာ မျက်နှာစာမှာ နိုင်ငံရေးသိက္ခာ အပြည့်နဲ့ ဆောင်ရွက်မယ်
ဆိုရင်တော့ အားထားဖွယ်ရာ ရှိလာစရာ ရှိတယ်။
ဦးခင်မောင်ဆွေ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ(NDF)
VOA
အစိုးရအဖွဲ့ဆိုတာ အရင်တုန်းကဆိုရင် စစ်ဗိုလ်တွေချည်းပဲ၊ ယူနီဖောင်းတွေချည်းပဲ မြင်ရတယ်။ အခုတော့
ခေါင်းပေါင်းနဲ့ ပုဆိုးနဲ့ဆိုတော့ ဒါဟာ အရပ်သားတွေနဲ့ တန်းတူရည်တူ အစိုးရမျိုး ဖြစ်သွားတယ်။
ဦးသုဝေ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)
RFA

နာမည်ရှေ့က ‘ဗိုလ်ချုပ်’ တွေ ဖြုတ်ပြီး ‘ဦး’ တွေ တပ်၊ အရပ်သား အစိုးရပုံနဲ့ လုပ်လိုက်တော့ မသိတဲ့သူတွေ
မျက်စိလည်စရာပဲ။ သူ့သြဇာခံမယ့် သူတွေကိုရွေးပြီး အစိုးရသစ်ကို ဖန်တီးထားတာ။ ဦးသန်းရွှေတို့ကတော့
ဘေးကနေ မတော်မတရား မလုပ်အောင် ၀င်ပြောမယ်လို့ ကြားတာပဲ။ တိုက်ရိုက်အုပ်ချုပ်တာ မဟုတ်ပေမယ့်
သွယ်ဝိုက်အုပ်ချုပ်မှာပါပဲ။ သူတို့က ရာထူးသြဇာ အကုန်စွန့်လိုက်တဲ့ပုံစံ လုပ်ပြလိုက်တာပါပဲ။ တကယ်တော့သူတို့
လုပ်ချင်သလိုလုပ်လို့ ရနေတာပဲ။
ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း
ဧရာဝတီ

မိုးမခ မတ်လစစ်တမ်း
ကိုမိုက်ခဲစိန်
မတ် ၃၁၊ ၂၀၁၁ မိုးမခ

မိုးမခက လူတွေက စစ်တမ်း ၄ ခု ထုတ်ပြီး ပျော်တော်ဆက်ကြည့်တယ်။ ပြီးတော့ မဲစာရင်းကို ပို့ပေးပြီးတော့


ရေးစမ်းပါဦးတဲ့။ မိုးမခစစ်တမ်းဆိုတော့ မိုးမခပရိသတ်ရဲ့ သဘောထားပဲ ဖြစ်တယ်။ ပြီးတော့ မြန်မာပြည်တွင်းက
စာဖတ်သူတွေရဲ့ သဘောထားတော့ မဖြစ်နိုင်ဘူး။ ပြည်ပရောက် မြန်မာတွေထဲက မိုးမခစာကိုဖတ်တဲ့ ပရိသတ်
“ကွက်ကွက်ကလေး”ရဲ့ သဘောဖြစ်တယ်။ ဒါကို မြန်မာပြည်ကြီးက လူတွေသဘောလို့ ၀ါးလုံးနဲ့ ရမ်းလို့တော့
မဖြစ်နိုင်ဘူး။

ဒါ့အပြင် စစ်တမ်းကောက်ချိန်ကလည်း ၂၄ နာရီ လောက်အတွင်းက ပရိသတ်ကို ယူတာဆိုတော့ အချိန်ကို


ကန့်ပြီး လျှပ်တပြက်ကောက်တဲ့ သဘောပဲ။ လူဦးရေကလည်း အနည်းဆုံး ၂၀၀ ကနေ ၅၀၀ လောက်ပဲ ရှိတာကို
တွေ့ရတယ်။ တခုပဲ ထူးခြားတာက အများစုရဲ့ သဘောနဲ့ အများစုက ဘာတွေလည်းဆိုတာကို
ထုတ်ကြည့်တဲ့သဘောဖြစ်တယ် ထင်တယ်။ ဘာကြောင့်ဆိုတော့ မဲတွေက အပြတ်အသတ် ကွာနေတာတွေ
ရှိတယ်။ ခန့်မှန်းပြီး ပြောနေကြတဲ့ အချက်တွေကို စစ်တမ်းတခုကနေ အနည်းနဲ့ အများတော့
အတည်ပြုလို့ရတာပေါ့။

ကဲ … ပထမဆုံး သူတို့ သိချင်တာက မြန်မာပြည်အတွက် သင်ထောက်ခံတဲ့ အဖွဲ့အစည်း၊ အုပ်စုက ဘယ်ဟာလဲ


တဲ့။ သိပ်ရွေးစရာ မရှိဘူး။ သို့သော် ပရိသတ်အများကြားထဲ ခေတ်စားတဲ့ အုပ်စုတွေကို ထုတ်ပြတာ ဖြစ်တယ်။
တ၀က်ကျော်က အင်န်အယ်ဒီကို ထောက်ခံတာကို တွေ့ရပါတယ်။ လက်နက်ကိုင်အုပ်စုတွေကိုလည်း ၁၀ % က
ထောက်ခံတယ် ဆိုတယ်။ သူတို့ အယုံအကြည် မရှိဆုံးတွေက စစ်အုပ်စု၊ ကြံ့ဖွတ်လွှတ်တော်၊ အနောက်အုပ်စုနဲ့
ကုလသမဂ္ဂလို့ တွေ့ရတယ်။ သို့သော်လည်း တိုင်းပြည်ကို ကစားနေသူတွေက နောက်ဆုံးက အုပ်စု ၄ စုကပဲ
ဖြစ်ပါတယ်နော်။ သူတို့တွေပဲ လက်ခုပ်ထဲက ရေလို မြန်မာပြည်ကို လုပ်နေတာ ဖြစ်ပါတယ်။ အင်း …
စဉ်းစားစရာ။
ဒါနဲ့ အင်န်အယ်ဒီကို ထောက်ခံကြပါတယ်ဆိုလို့ ဘယ်လိုများ ထောက်ခံကြသလဲ မေးလိုက်တော့မှာ ရုပ်လုံးက
ပိုကြွလာတယ် ပြောရမယ် ထင်တယ်။ ထောက်ခံတယ် ဆိုတဲ့နေရာမှာ အင်န်အယ်ဒီကို မိုးမခပရိသတ်က
သတင်းနားစွင့်ပြီး “စောင့်ကြည့်” နေကြတာက အများဆုံး ၅၀ % နီးပါး ဖြစ်နေတာကိုး။ စိတ်လည်းပါ
လက်လည်းပါတဲ့ ၀င်ရောက်လှုပ်ရှားသူတွေက ၁၀ % အောက်မှာ အသီးသီး ပြန့်နေတာကို တွေ့ရပါတယ် ခင်ဗျ။
ဘာကြောင့်လဲ ဆိုတာကို မိုးမခက ဆရာသမားတွေက မေးခွန်းလေးတွေနဲ့ စစ်တမ်း
ထပ်ကောက်သင့်တာပေါ့လေ။ သူတို့ ဒါကို လုပ်မထားသေးဘူး။

တတိယစစ်တမ်းမှာတော့ လက်နက်ကိုင်တော်လှန်ရေး ထောက်ခံသူတွေကို မေးခွန်းထုတ်ထားတာ ဖြစ်ပါတယ်။


အင်န်အယ်ဒီကို မေးသလိုမျိုးပါပဲ။ ဘယ်လိုမျိုး ကိုယ်ထိ လက်ရောက် ထောက်ခံနေသလဲ ဆိုတာမျိုးကို
မေးပြန်တော့လည်း အမြဲနားစွင့်နေတဲ့ ပရိသတ်က ၅၀ % နီးပါး ရှိနေတာပါပဲ။

သို့သော် တခုထူးခြားတာကတော့ အင်န်အယ်ဒီကို ငွေကြေးရင်းမြစ်ကူညီသူတွေ ၅ % ရှိတဲ့အချိန်မှာ


လက်နက်ကိုင်အဖွဲ့အစည်းများကို ငွေကြေးကူညီသူတွေက ၁၀ % နီးပါး ရှိတယ်လို့ ရာခိုင်နှုန်း အားသာမှုကို
ပြောနိုင်တာ ရှိပါတယ်။

ဘယ်လက်နက်ကိုင်အဖွဲ့အစည်းတွေကို ပရိသတ်က ထောက်ခံနေတာလည်း ဆိုတာကို သူတို့က ထပ်ပြီး မေးခွန်း


ထုတ်မထားပြန်ပါဘူး။

ဒါနဲ့ ဆက်ပြီး ကြည့်လိုက်တော့ သူတို့ရဲ့ စတုတ္ထစစ်တမ်းမှာ နည်းလမ်းတွေ ကိစ္စ ပါလာပါတော့တယ်။ အပေါ်က


စစ်တမ်းတွေမှာ အရိပ်အယောင် မတွေ့ရတဲ့ “လူထုအုံကြွမှု” တို့ “လူထုသပိတ”် တို့ကို စစ်တမ်း ၄ မှာ
ထည့်သွင်းထားပါတယ်။

အဲသည် နည်းလမ်းတွေကို ကိုင်စွဲတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ သမဂ္ဂတွေ၊ ၈၈ မျိုးဆက်၊ ၂၀၀၇ မျိုးဆက်၊


မြေအောက်လှုပ်ရှားသူများကို ပထမစစ်တမ်းမှာ မထည့်သွင်းခဲ့ဘဲ အခုကျမှ နည်းလမ်းစစ်တမ်းမှာမှ
ထည့်သွင်းတယ် ဆိုတော့ … မိုးမခမှာ သပိတ်အဖွဲ့၊ အုံကြွမှုအဖွဲ့တွေ၊ တနည်းအားဖြင့် ယူဂျီအဖွဲ့တွေ အတွက်
နံမယ်တတ်မေးစရာ အရေအတွက် များနေလို့ပေလား။ ဒါဆိုရင်လည်း နောက်စစ်တမ်းတခုမှာ
ထည့်သွင်းမေးသင့်ပါတယ်။

ကဲ စစ်တမ်း ၄ မှာ ပွဲကြည့်ပရိသတ်ကြီးအားလုံးရဲ့ တခဲနက် ဆန္ဒမှန် ပေါ်ပေါက်လာတယ် ဆိုရမှာ ဖြစ်ပါတယ်။


မိုးမခရဲ့ ကွက်ကွက်လေးဖြစ်တဲ့ ပရိသတ်က လူထုသပိတ် လူထုအုံကြွမှုကို ၃၀ % နီးပါး ထောက်ခံကြပြီး
လူထုနည်း၊ နိုင်ငံရေးနည်း၊ လက်နက်ကိုင်တော်လှန်နည်း ၃ ခု စလုံး ပူးပေါင်းပြီး လှုပ်ရှားကြဖို့ကို ၂၀ %
သဘောတူကြတာကို တွေ့ရပါတယ်။ လက်နက်ကိုင်ပြီး တော်လှန်ကြဖို့ကိုလည်း ၁၇ % က မျှော်လင့်ကြတယ်
လို့ ဆိုပါတယ်။ နောက် ၁၅ % က နိုင်ငံရေးနည်းသက်သက်ကို အားပေးတယ်လို့ ပြောထားပါတယ်။

စစ်တမ်း ၄ မှာ လူထုဟာ အားလုံး တယောက်တလက်ပါဝင်နိုင်တဲ့ လူထုအုံကြွမှု နဲ့အတူ


လက်နက်ကိုင်လမ်းစဉ်တွေ နိုင်ငံရေးလမ်းစဉ်တွေကို ၀န်းယံစေချင်တယ်လို့ စိတ်ကူးနေကြပုံရတယ် ထင်ပါတယ်။

နောက်ဆုံးစစ်တမ်းကတော့ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတဲ့ တိုင်းပြည်ကောင်းစားရေး


လမ်းစဉ်တွေကို ရွေးကြသူ မိုးမခပရိသတ်ကြီးကိုယ်တိုင်ကို မေးခွန်းပြန်ထုတ်တာပါပဲ။ သင်တို့တတွေ သင်တို့
မိတ်ဆွေ ပတ်ဝန်းကျင်က ဘယ်လိုလူမျိုးတွေပါလိမ့် ဆိုတဲ့ စစ်တမ်းဖြစ်ပါတယ်။

ထုံးစံအတိုင်း သတင်းနားစွင့် သိရှိနေသူ ပရိသတ် သက်သက်က ၂၄ % (တမတ်သား)၊ အင်န်အယ်ဒီနဲ့


ပတ်သက်သူတွေက ၂၀ % ကျော်၊ လူမှုရေးတွေမှာ တက်ကြွလုပ်ကိုင်နေသူ ၁၇ % ရှိတာကို တွေ့ရပါတယ်။
အခြားအဖွဲ့အစည်း နယ်ပယ်တွေ ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ လက်နက်ကိုင်တော်လှန်သူတွေ၊
လူထုအုံကြွမှု စည်းရုံးသူ နဲ့ မီဒီယာသမားအုပ်စုတွေက ၅ % ၀န်းကျင်မှာ ရှိနေကြပါတယ်။
ငွေကြေးရင်းမြစ်ကူညီသူများနဲ့ ပြည်ပက နိုင်ငံတကာနဲ့ ဆက်ဆံသူ ကင်ပိန်းအဖွဲ့အစည်းတွေကတော့ ရာခိုင်နှုန်း
အနည်းဆုံး ဖြစ်နေတာ တွေ့ရပါတယ်။ ဒါက မိုးမခရဲ့ ပရိသတ် ကွက်ကွက်လေးထဲက ပရိသတ်အမျိုးအစားကို
ပြောတာ ဖြစ်ပါတယ်နော်။

“ပြောကြည့်ရရင်တော့” … ဒါက ဈေးသည်တွေ ပွဲစားတွေ ပြောတဲ့ လေသံပါ။ “အကို ပေးချင်တဲ့ ဈေး


ပြောကြည့်လိုက်လေ …” လို့ ဈေးသည်က ပြောပြီ ဆိုလို့ကတော့ ဟဲဟဲ … သိတယ်ဟုတ်။
ကြည့်ပြောရတော့မယ့် သဘော ဖြစ်ပါတယ်။

မိုးမခစာဖတ်သူတွေက မြန်မာပြည်အရေးကိစ္စတွေကို အစဉ်တစိုက် မျက်လုံးဒေါက်ထောက်ပြီး


စောင့်ကြည့်နေသူတွေ၊ “နိုးကြားနေသူတွေ” ဖြစ်တယ် ဆိုတာကို တွေ့ရပါတယ်။ စစ်အုပ်စုနဲ့ အပေါင်းအပါတွေ၊
မဟာမိတ်တွေကို ခါးခါးသီးသီး ဆန့်ကျင်သူတွေ၊ ပြတ်ပြတ်သားသား ရှုတ်ချနေသူတွေ ဖြစ်နေတာကို
တွေ့ရပါတယ်။ စစ်အာဏာရှင်ကို တိုက်ခိုက်နေတဲ့ အတိုက်အခံတွေကို အားပေးထောက်ခံသူတွေ
ဂရုဏာသက်သူတွေ အများစု ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

အဲသည်အတွက် ပရိသတ်အကြိုက်လိုက်မယ် ဆိုရင်တော့ အင်န်အယ်ဒီသတင်း၊ လက်နက်ကိုင်တော်လှန်ရေး


သတင်းနဲ့ လူထုအုံကြွမှု လူထုသပိတ် လှုပ်ရှားမှုတွေကို များများ သတင်းလိုက်ပေးရမယ့် သဘောဖြစ်နေပါတယ်။
သို့သော်လည်း …
မိုးမခပရိသတ်တွေထဲမှာ စည်းရုံး လှုံဆော်သူတွေ၊ တက်ကြွ လှုပ်ရှားသူတွေ၊ စိတ်တင်မဟုတ်ဘဲ ကိုယ်ရော
လက်ပါတဲ့ သူတွေ ရဲ့ ရာခိုင်နှုန်းကတော့ နည်းနေပါသေးတယ်။ ဒါကလည်း မိုးမခရဲ့ အားနည်းချက် ဖြစ်ပါတယ်။
မိုးမခက အဲသည်လို တက်ကြွ လှုပ်ရှားသူတွေ၊ စည်းရုံး လှုံဆော်နေသူတွေ အမြဲဖတ်ရှုစောင့်ကြည့်နေတဲ့
စာစောင်တခု မဟုတ်သေးတဲ့ သဘောလို့ ကိုယ်ပေါင်ကို ထောင်းပြီး ဝေဖန်ရမှာပေါ့ ခင်ဗျာ။

နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးလမ်းစဉ် တခုခုရဲ့ လက်အောက်ခံ မီဒီယာတခုဆိုတဲ့ ပေတံနဲ့


တိုင်းရင်တော့ မိုးမခမီဒီယာဟာ စာမေးပွဲကျမှာ ဖြစ်ပါတယ်။ သူ့ဆီက စာတွေ သတင်းတွေသည်
ပရိသတ်တွေအတွက် သတင်းနားစွင့်သူ၊ စောင့်ကြည့်သူ၊ နိုးကြားသူတွေအတွက် အများစု ဖြစ်နေတယ် ဆိုတော့
သူဟာ တစုံတခုသောလမ်းစဉ်အတွက် ၀ါဒဖြန့်သူတဦးအဖြစ် မစွမ်းဆောင်နိုင်ဘူးကိုးလေ။

ဒီလိုသာ ကောက်ချက်ဆွဲမယ် ဆိုရင်တော့ မီဒီယာတွေက ဘက်မလိုက်ဘူးပေါ့လို့ ဆိုရတော့ မလိုလို၊


သို့သော်လည်း မိုးမခမီဒီယာပရိသတ်သည် အာဏာရှင်နဲ့ အပေါင်းအပါတွေရဲ့ အားပေးထောက်ခံမှုကို
လုံးဝရရှိထားခြင်း မရှိတာကို တွေ့ရတာကြောင့် မိုးမခမီဒီယာသည် အခြားတဖက်ကို ပြောင်ပြောင်ကြီး
ဘက်လိုက်တယ်ဆိုတာကတော့ ထင်ရှားသွားပြီ ဖြစ်ပါတယ်။

အင်း … ပြောကြည့်လိုက်တာပါ။ မြန်မာပြည်မှာကလည်း စစ်အစိုးရအသစ်တရပ် တက်ပြီ ဆိုတော့


စစ်အစိုးရဘက်လိုက်တဲ့သူတွေကလည်း သူတို့ရဲ့ အခြေခံဥပဒေစစ်တမ်း၊ ရွေးကောက်ပွဲ စစ်တမ်း၊
ပြည်သူ့လွှတ်တော်စစ်တမ်း … နောက်ဆုံး ကြံ့ဖွတ်အစိုးရ စစ်တမ်းနဲ့ လူထုကို အကဲစမ်းဦးပေတော့မယ်။ ကဲ …
သူတို့လည်း “ပြောကြည့်” လိုက်ဦးလေ။

၅၀၀ တန် စည်းကမ်း၊ ဧရာဝတီ နဲ့ ငလျင်ကြောင့် ပျက်တဲ့လမ်း


အဝေးကြည့်မှန်ပြောင်း (ရန်ကုန်) မတ် ၃၁၊ ၂၀၁၁ မိုးမခ

ခုတလော တကယ်ဘဲ မအားလပ်လွန်းလှလို့ ဂျာနယ်တွေကို ဖတ်ဖြစ်သလောက် မညွှန်းဖြစ်။ စိတ်သာရှိပါ၏


လူကမတတ်နိုင်။ ဒါဆိုဘာလို့ရေးနေသေးလဲမေးရင် အသည်းယားလို့၊ မနေနိုင်လို့ မအားလွန်းတဲ့ကြားက
တပုဒ်စ နှစ်ပုဒ်စ ရေးမိရပါတယ်။ သည်းခံ ဖတ်ရှုတော်မူကြပါခင်ဗျာ။ စ လိုက်ချင်တာကတော့
ငါးရာတန်စည်းကမ်းအကြောင်းနဲ့ပါ။

၅၀၀ တန် စည်းကမ်း


စီးတော်ကျားလေး လိုင်စင် သက်တမ်းတိုးတယ်၊ သိပ်မကြာခင်ကပါ။ အားကိုးရတဲ့ သူငယ်ချင်းတယောက်နဲ့
သွားကြတယ်။ သက်တမ်းမတိုးမီ သူတပါးထိခိုက်မှုအာမခံ တင်ရပါတယ်။ ကောင်းတဲ့ အလေ့အထလေးမို့
လေးလေးစားစားဘဲ မြို့လယ် ဆူးလေနားက မြန်မာ့အာမခံ ရုံးကို ချီတက်သွားလိုက်တယ်။ အပေါက်ဝမှာ
လက်မှတ်ထိုး၊ အပေါ်တက်၊ စည်းနဲ့ကမ်းနဲ့ပေါ့လေ။

အပေါ်ရောက် ထပ် လက်မှတ်ထိုး၊ ဖေါင်ဝယ်၊ ဖြည့်၊ စာရွက်ထပ်၊ အလှည့်ကျလို့ ခေါ်ရင် သွား၊ စာရွက်ယူ၊
ငွေသွင်း၊ ချလံထုတ်.. တွက်ကြည့်လိုက်တော့ တနေ့ ကုန်သလောက် ဖြစ်သွားမယ်။ ဒါကတော့ သူ့စည်း
သူ့ကမ်းဘဲလေ..။ အင်း.. ကိုယ်ကလဲ ဒီတနေ့ဘဲအားတယ် လိုင်စင်ကလဲ ၀င်ရဦးမယ်.. ဘယ်လိုကြံရပါ့။
ဟဲဟဲ.. ဒါကစိတ်ကူးခင်ဗျ။

သူငယ်ချင်းက အကြောင်း သိပုံရတယ် .. ဘာမှစဉ်းစားမနေနဲ့ ဟိုမှာကြည့် ဆိုတော့ .. ကားက ခုမှ အာမခံရုံးရှေ့


ရောက်တာ။ ပါတိတ်ဝမ်းဆက်လေးတယောက် ကားမရပ်ခင် အနား ကပ်လာတယ်။ အူတူတူနဲ့
ကြည့်နေတဲ့ကိုယ့်ကို…

“အကို..အကို ပရီမီယံ ဆောင်ဖို့ ငါးရာဘဲပေး နာရီဝက်အတွင်း အမြန် ဆောင်ရွက်ပေးမယ်..”.. တဲ့။

ဟုတ်မှဟုတ်ပါ့မလား.. သူငယ်ချင်းက ကားရပ်ပါရစေဦးဗျာ လို့ ပြောရင်း ကားရပ်ဖို့နေရာ ကြည့်ပါလေရော..


“အကို ..ဟောဒီနားရပ်..” တဲ့..။

အလဲ့.. ၀န်ဆောင်မှုက ဒီလောက် ကောင်းလာတော့ ကိုယ်လဲ မျက်လုံးတွေ တောက်လာတာပေါ့နော်။


တကယ်ပါဘဲလေ..။ သွက်လိုက်တာများ နားထောင်ကြည့်..

“အကိုတို့ အေးအေးဆေးဆေး အောက်နားက လက်ဘက်ရည်ဆိုင်က စောင့်။ လူ လိုက်စရာမလိုဘူး..။ ကျမကို


စာရွက်စာတန်းတွေ ပေးလိုက်ရမှာမို့။ မယုံရင် ကျမ မှတ်ပုံတင် အပေါင်ထားခဲ့မယ်။ ၀န်ဆောင်ခ ငါးရာကို
မမြင်ပါနဲ့ တရက် သက်သာသွားမှာကို စဉ်းစားပါ.. ရုံးထဲကဘဲ ဆောင်ရွက်ပေးမှာမို့ အစစ်အမှန်လဲ
ဖြစ်တယ်လေ။ အပေါ်တက်ဖို့ လက်မှတ်ထိုး တန်းစီ လုပ်စရာ မလိုတော့ဘူးပေါ့..။”

ဒါက သူ ထပ်ခါထပ်ခါ ပြောသမျှ မှတ်ထားတဲ့ထဲ ပါတာလေးတွေပါ။ တကယ်တော့ သူက အထပ်ထပ် အခါခါ


မမောမပမ်း ဆက်တိုက် ပြောနေရှာတာ non-stop ခင်ဗျ။

နေရာတကာ စည်းကမ်း လိုက်နာတတ်တဲ့ ကိုယ့်ကို သူငယ်ချင်းက မချိုမချဉ် ကြည့်ရင်း .. ကဲ.. မင်းက


အားတာလဲမဟုတ်ဘူး ပေးလိုက်ပါ..။ သူ့မှတ်ပုံတင်လဲ ယူထားမှာဘဲဟာ တဲ့။

ဒီလိုနဲ့ ယူသွားပြီပေါ့ဗျာ..။ ဟုတ်မှ ဟုတ်ပါ့မလား လို့လဲ တွေးနေတာပေါ့။ မကောင်းတတ်လို့


လက်ဘက်ရည်ဆိုင်မှာ လက်ဘက်ရည် တယောက်တခွက် မှာသောက်ရင်း.. အနားပတ်ဝန်းကျင်ကို
လေ့လာရင်း၊ ရောက်တတ်ရာရာ ပြောရင်း.. မယုံမရဲ စောင့်နေမိတယ်..။
မကြာပါဘူး၊ တကယ့်ကို နာရီဝက်ပါဘဲ..။ ပါတိတ်ဝမ်းဆက် ပြုံးပြုံးလေး ပြန်ရောက်လာတယ်။ အကို.. ရော့
ဟောဒီမှာက ငွေဆောင်တဲ့ ဘောက်ချာ.. ဟောဒါက ပရီမီယံ စာအုပ် အသစ် လဲထားတာ.. စစ်ကြည့်ပါဦး.. တဲ့။

အလိုလေး.. ဟုတ်မှဟုတ်ခင်ဗျာ.. လိုလေသေးမရှိ ပြည့်စုံ၏ လို့ အော်ရမတတ်ပါဘဲ။ ကျသင့်တဲ့ အခွန်အခလဲ


စိုက်ပြီး ဆောင်လာခဲ့တာဗျို့..။ မြန်မာ့အာမခံရုံးရဲ့ ရောင်းမကုန်တဲ့ စာစောင်တစောင် အတင်း
ရောင်းလိုက်တာက လွဲရင် ၀န်ဆောင်ခက တကယ်ဘဲ ငါးရာကျပ် ခင်ဗျ။ အထဲမှာ ဘယ်လို
ဝေကြယူကြတယ်တော့ မသိ၊ အပြင်မှာကတော့ ကိုယ့်လို လူတွေ အများသား။

ကိုင်း.. ထုတ်ထားတဲ့ စည်းကမ်းချက်တွေ အတိုင်းသာ လိုက်နာမယ် ဆိုရင် အနည်းဆုံး နေ့တ၀က် ကြာမှာကို


ကိုယ်က ငါးရာကျပ်နဲ့ဝယ်ခဲ့တာ။ နာရီဝက်ဘဲ ကြာပါတယ် ဆိုရင် စာဖတ်သူတွေက ယုံပါ့မလား။

တကယ်ပါ ခင်ဗျာ၊ မြန်မာ့အာမခံရုံးရဲ့ စည်းကမ်းချက်တွေကတော့ ငါးရာကျပ်ဘဲ တန်ပါတယ်။

အဟေးဟေး.. ပြောစရာတွေ အများကြီး ကျန်သေး.. ဒီနေ့အဖို့တော့ မအားလို့ ဒီလောက်ဘဲနော့။ နောင်များမှ


ကြုံရင် ကြုံသလိုပေါ့။

မတ်လ ၃၁ ရက်နေ့ထုတ် 7Day News နှင့် ပြည်မြန်မာ ဂျာနယ်များ


ခေါင်းပေါင်းစ ညာချသူတို့ ပြောတဲ့ ဧရာဝတီမြစ်အကြောင်း

ခဏခဏရေးလဲ ရေးစရာက ရှိနေမြဲ.. ခုလဲ လာပြန်ပါပြီ။ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြောင့်


ဧရာဝတီမြစ်အောက်ပိုင်းဒေသများ မထိခိုက်နိုင် လို့ လွှတ်တော်မှာ လျှပ်စစ်စွမ်းအား ၀န်ကြီးက ပြောသွားတာ..
ဒီအပတ် ဆဲဗင်းဒေး နဲ့ ပြည်မြန်မာ ဂျာနယ်တို့မှာ ပါလာကြလေရဲ့။ တော်တော် အလွယ်ပြောတဲ့ ၀န်ကြီးပေဘဲ။
အင်းလေ.. ရေတိုကိုတောင် မမြင်တော့ ရေရှည်တွေးတတ်ဖို့ ဆိုတာ မဖြစ်နိုင်ပေဘူးပေါ့။ မယုံရင်
သွားကြည့်ပါခင်ဗျာ.. အခုကိုဘဲ တရုတ်ကုမ္ပဏီတွေက ဆည်ဆောက်တဲ့ ပတ်ဝန်းကျင်ကလူတွေကို နှင်ထုတ်ပြီး
မြစ်ကြောတလျှောက် ရွှေတွေ ကျင်နေလိုက်တာ မြင်လို့တောင် မကောင်းပါဘူး။

ပြဒါးနဲ့ဖမ်းရတဲ့ ရွှေ ပိသာပေါင်း မြောက်မြားစွာ တရုတ်ပြည်ကို သယ်နေတာ ဆည် စမဆောက်မီ လူတွေ


နှင်နေကတည်းကလေ။ ဒီရွှေတွေ ဖမ်းဖို့အတွက် သုံးတဲ့ ပြဒါးတွေက ရေကြောအတိုင်း မျောရင်
မြစ်ညာကစလို့.. ဟိုး.. အောက်ဖက်ဆီက ပင်လယ်ဝထိ ဘယ်လောက်များ ဓါတုအဆိပ်တွေ သင့်မလဲ..
တချက်လောက်တွေးရုံနဲ့ သိနိုင်တာကိုဗျာ.. ဘာမှဖြစ်ပါဘူး တဲ့..။ ဒါ.. ရေတို အနေနဲ့ပြောတာနော့။

တခုတော့ရှိသဗျ.. သူက ပြောသွားတာထဲမှာ မြစ်အောက်ပိုင်း ဒေသတွေမှာ စိုက်ပျိုးရေး၊ လူမှုရေး၊ စီးပွါးရေး


ထိခိုက်မှု မရှိနိုင်ပါ တဲ့.. ကျန်းမာရေး မပါဘူးလေ.. မသကာ လူအများကြီး အနာရောဂါ ရလို့
သေသွားရုံလေးကို.. ဒါလေးများ လို့ ပြောများ ပြောလေဦးမလား..။ အင်းလေ.. လူသတ်အစိုးရပေဘဲ..
ဒီလောက်ကတော့ မပြောပလောက်..။

(ပြည်မြန်မာ + Messenger)
ငလျင်ကြောင့်ပျက်တဲ့လမ်းချင်း အတူတူ
လမ်းပြင်တယ် ဆိုတာ သာမန်တော့လွယ်တာပေါ့နော်..။ ငလျင်ကြောင့် အက်ကွဲသွားတဲ့ လမ်းပျက်ကိုကျတော့
ဘယ်လို ပြင်ကြမလဲ။ ဂျပန်မှာတော့ ဟိုင်းဝေးလမ်းမကြီး ပျက်လို့ပြင်တာ ၆-ရက် ဆိုဘဲ..။ ကြည့်လိုက်ဦး
ကြံ့ခိုင်ချောမွတ် အပြစ် လွတ်အောင် ပြင်ထားတာများ။
ကိုယ်တို့ ငလျင်လဲ သူတို့လိုဘဲ ပျက်တာဘဲနော်.. ဘယ်လိုများ ပြင်ကြမလဲ ဘယ်လောက် ကြာမှာလဲ
အရည်အသွေးကရော..။ အရှက်မရှိ ပြောကြဦးမှာ ခင်ဗျ၊ နိုင်ငံတကာအဆင့်မ.ီ . နိုင်ငံတကာအဆင့်မီနဲ့။
မှတ်သားထားသင့်တယ်ထင်လို့ တင်ပြလိုက်ရခြင်းပါ..။ မယုံရင်ကြည့် အက်နေတဲ့ အပေါက်ကြား မြေစာလောင်း၊
အပေါ်ယံက အသာဖိလို့ အပြကောင်းရုံလေး ပြင်ပြကြဦးမှာ..။

နောက်ဆို ခရီးသွားကားများ မြေမြိုသွားလို့ ဆိုတဲ့ သတင်းမျိုး ကျိန်းသေ ကြားကြရပါဦးမယ်..။ မယုံမရှိနဲ့ဗျို့..။

နောက်ဆုံး ဖတ်စရာ

ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဒုတိယမြောက် နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦး


သန်းဝင်းလှိုင်
မတ် ၃၁၊ ၂၀၁၁ မိုးမခ

၁၉၅၂ ခုနှစ် မတ်လ၃ရက်မှ ၂၁ နေ့အထိ ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါလီမန်


ပြည်သူ့လွှတ်တော်ညီလာခံ ပထမအကြိမ်အစည်းအဝေးကို ကျင်းပနေစဉ်၌ မတ်လ ၁၂ ရက် နေ့ တွင်
ပြည်သူု့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်နှစ်ရပ်တွဲဖက် ညီလာခံမှ နိုင်ငံတော် တရား ရေး
ဝန်ကြီးချုပ်ဟောင်းဒေါက်တာဘဦးအား ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတ အဖြစ်
ရွေးကောက်တင်မြောက်ခဲ့ကြည်။ သို့ဖြင့် မတ်လ ၁၃ရက်နေ့တွင်ပြည်သူ့လွတ်တော်အစည်း အဝေးခန်းမ ကြီး၌
ဒေါက်တာဘဦးသည် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုသည့်အခမ်းအနားကို ကျင်းပခဲ့သည်။ ယင်းနေ့၌ပင်
နိုင်ငံတော် သမ္မတကြီးအဖြစ် ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၅ ရက်မှ ၁၉၅၂ ခုနှစ်မတ်လ ၁၂ ရက်နေ့ အထိ
ထမ်းရွက်ခဲ့သော သမ္မတဟောင်း ညောင်ရွှေ စော်ဘွားကြီး စ၀်ရွှေသိုက်အား လူမျိုးစုလွှတ်တော် နယက အဖြစ်
ရွှေးကောက်တင်မြောက်ခဲ့ ကြသည်။

မြန်မာနိုင်ငံ၏ဒုတိယမြောက် နိုင်ငံတော်သမ္မတကြီးအဖြစ် ရွှေူးကောက် တင် မြောက် ခြင်းခံ ရသော


ဒေါက်တာဘဦးကို ခရစ် ၁၈၈၇ ခုနှစ် မေလ ၂၆ရက် ကြာသာပတေးနေ့တွင် ပုသိမ်မြို့၌ အဖ အရေးပိုင် ဦးဖိုးလှ
(C.I.E, K.S.M, A.T.M) အမိ ဒေါ် ညွန့်တို့မှ ဖွားမြင်ခဲ့သည် မွေးချင်းကိုးယောက်အနက် အကြီးဆုံးဖြစ်သည်။
မွေးချင်းကိုးယောက် အနက် ညီငါး ယောက် နှင့် ညီမ ၁ ယောက်တို့မှာ ငယ်စဉ်ကပင် ဆုံးပါးသွား ခဲ့ရာ
ဒေါက်တာဘဦး၊ ညီကပ္ပတိန်လှဘူး နှင့် ဦးမြဘူး တို့သာ ကျန်ရစ်ခဲ့သည်။
ဖခင်ဖြစ်သူ အရေးပိုင် ဦးဖိုးလှ မှာ ၁၉၂၁ ခုနှစ်တွင် အငြိမ်းစားယူပြီးနောက် ပုသိမ်မြို့မှ အောက်လွှတ်တော်
အမတ်အဖြစ် ရွေးကောက်တင်မြောက်ခံရသည်။ အောက်လွတ်တော် အမတ် အဖြစ်
သက်တန်းတကြိမ်ဆောင်ရွက်ပြီးနောက် ၁၉၃၆ ခုနှစ်တွင် အထက် လွှတ်တော် ဒုဥက္ကဌအဖြစ် ဒုတိယကမ္ဘာစစ်
မဖြစ်မီအထိ ဘုရင်ခံ၏ ခံ့အပ်ခြင်းခံခဲ့ရသည်။
ဒေါက်တာဘဦးသည် ပုသိမ် တိုင်းရင်းမြန်မာကျောင်း၊ မအူပင် အစိုးအလယ်တန်း ကျောင်း အေတီအမ်
အလယ်တန်းကျောင်း၊ ပုသိမ်အစိုးရအထက်တန်းကျောင်း၊ ရန်ကုန်းအစိုး ရအထက်တန်းကျောင်း တို့တွင်
ပညာသင်ကြားခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် ရန်ကုန်အစိုးရ အထက်တန်းကျောင်းမှ မက်ထရစ် စာမေးပွဲ
(တက္ကသိုလ်ဝင်တန်း) ကို ဒုတိယ အဆင့်မှ အောင်မြင်၍ ပညာသင်စုရခဲ့သည်။ ရန်ကုန်ကောလိပ်၌
ဆက်လက်ပညာသင်ရာအက်ဖ်အေ စာမေးပွဲ မဖြေမီ ၁၉၀၇ ခုနှစ် စက်တင်ဘာလတွင် အင်္ဂလန်ပြည်သို့
ဥပဒေပညာ သွားရောက် သင်ယူသည်။
ထို့နောက် ကိန်းဘရစ် တက္ကသိုလ် ထရီနတီ ကောလိပ် မှ ၁၉၁၂ တွင် ဥပဒေဘွဲ့ (L.LB) မဟာဝိဇ္ဇာဘွဲ့
(M.A) ၁၉၁၃တွင် ၀တ်လုံဘွဲ့ (Barrister) ဘွဲ့များရရှိခဲ့သည်။ အင်္ဂလန် ၌ပညာသင်နေစဉ်အတွင်း မြန်မာ -
ကိန်းဘရစ်တက္ကသိုလ်ကလပ်အသင်း တွင် အတွင်းရေးမှုး အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၁၃ခုနှစ်တွင်
မြန်မာပြည်သို့ပြန်လာခဲ့သည်။
၁၉၁၃ မှ ၁၉၂၀ထိ ရန်ကုန်လွှတ်တော် ရှေ့နေအဖြစ် ဆောင်ရွက်၍ ၁၉၂၁ ခုနှစ်မှ စတင်ကာ
အစိုးရ၀န်ထမ်းလောကသို့ ၀င်ရောက်ခဲ့သည်။ ၁၉၂၁- ၂၂ တွင် ဖျာပုံခရိုင် စက်ရှင် တရားသူကြီး၊ ၁၉၂၂-၂၃တွင်
ရန်ကုန်အစိုးရ ရှေ့နေ ၊ ၁၉၂၃ - ၃၀ တွင်တောင်ငူ၊ မကွေး၊ မြောင်းမြ ခရိုင်စက်ရှင် တရားသူကြီး။ ၁၉၃၀ - ၃၂
တွင် တရားလွှတ်တော် တရားဝန်ကြီး၊ ရန် ကုန်ခရိုင်နှင့် အင်းစိန်ခရိုင် စက်ရှင်တရားသူကြီး
အဖြစ်ဆောင်ရွက်ခဲ့သည်။ ခရိုင်နှင့် စက်ရှင် တရာသူကြီးအဖြစ် အင်းစိန်ခရိုင်တွင် တာဝန်ချထားခံရစဉ် ၁၉၃၀
ပြည့်နေ့ ဒီဇင်ဘာလတွင် ဆရာစံ ဦးဆောင်သော တောင်သူလယ်သမား အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ရာ
အထူးခုံရုံး တရာသူကြီး ဂျေအာအီးကန်းလစ်၊ အေဂျေဒါဝတ် တို့နှင့်အတူ အထူးခုံရုံးအဖွဲ့ဝင်
တရားသူကြီးအဖြစ်ဆောင်ရွက်ခဲ့ပြီး ဆရာစံဦဆောင်သော တောင်သူလယ်သမား အရေးတော် ပုံ
ဂဠုန်တပ်သားများကို အိန္ဒိယ ရာဇသတ် ပုဒ်မ ၁၂၁ အရ သေဒဏ် အပြစ်ပေးခဲ့သည်။

သို့သော် နောင်တွင် ၄င်းရေးသားခဲ့သော ‘ ကျွှန်ုပ် ၏ ပြည်မြန်မာခေါ် သမ္မတတစ်ဦး၏ ကိုယ်ရေး


အတ္ထုပ္ပတ္တိ’ (My Burmaး The autobiography of a president ) စာအုပ်တွင်
တောင်သူလယ်သမားများဘက်မှ တတ်နိုင်သမျှ ဖေးမ ခဲ့ကြောင်း၊ ပြစ်ဒဏ်ထင်ရှားသူများကို သာ အထက်မှ
ဖိအားပေး၍ တာဝန်အရ ပြစ်ဒဏ်စီရင် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း ခုခံ ရေးသားထားလေသည်။
ထို့ပြင် မြန်မာ့လွတ်လပ်ရေး လမ်းပြဆရာတော် ဦးဥတ္တမ သည် ဒေးဒရဲမြို့ စုကလပ်ရွှာ တရားပွဲတွင်
နယ်ချဲ့ ဗြိတိသျှ အစိုးရအား ပြင်းပြင်းထန်ထန် ဆန့်ကျင်တရားဟောပြောမှုဖြင့်ပုဒ်မ ၁၂၄(က) နှင့်  ၁၅၃ (က)
အရ ထောင်ဒဏ်သုံးနှစ်နှင့် ၈ လ ချမှတ်ခဲ့သည့် ကိစ္စနှင့်ပတ် သက်၍ ဆရာတော်ဦဥတ္တမကို ပြစ်ဒဏ်
ချမှတ်ခဲ့သူမှာ ၄င်း၏ဦးလေး မအူပင်အရေးပိုင် ဦးဖိုးဘေ (K.S.M, A.T.M)ဖြစ်ပြီးအမှုကို ကိုင်တွယ်ရမည့် ဖျာပုံ
ခရိုင်အရေးပိုင်မှာ သူ၏ဖခင် ဦးဖိုးလှဖြစ်ကြောင်း၊ ၄င်း၏ဖခင်ဖြစ်သူ ဦးဖိုးလှက အမှုကို မကိုင်တွယ်လို၍
အခြားတစ်ဦးအား လွှဲပြောင်းခွင့်တောင်းခဲ့ရာ မအူပင် ခရိုင်အရေးပိုင် ဦးဖိုးဘေအား တရားလွှတ်တော်မှ
လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်ကြောင်း၊ တဖန် ဦးဖိုးဘေကလည်း လွှဲပြောင်းခွင့်ထပ်မံတောင်းရာ တရားလွှတ်
တော်ချုပ်မှ ခွင့်မပြု၍ ဆရာတော်ဦးဥတ္တမအား စီရင်ချက်ချခဲ့ရခြင်း ဖြစ်ကြောင်း စီရင်ချက်ချခဲ့ သော်လည်း
ဆရာတော်အား ထောင်တွင်း၌သက်တောင့်သက်သာ နေစေရန် ၄င်း၏ဖခင်က စီမံပေးခဲ့၍
ဆရာတော်ဘက်မှလည်း ကျေးဇူးတင်ရှိကာ ဆရာဒကာ ဆက်ဆံရေး ရှိခဲ့ကြောင်း၊ သူ၏ဖခင်နှင့် ဦးလေးတို့၏
သဘောထားကို ဆရာတော် နားလည်၍ ဆရာတော်ထောင်မှ လွှတ်ချိန်တွင် ၄င်း၏ညီများနှင့်
အလွန်ရင်းနှီးသွားပြီး အထူးသဖြင့် ကပ္ပတိန် လှဘူး၏ နေအိမ်တွင် အခါအားလျော်စွာ ဆွမ်းဘုန်းပေးခဲ့သည်မှာ
ဆရာတော်ပြန်လွန်တော် မမူခင် ၂ နှစ် ၃ နှစ်မျှ ထိပင် ကြာမြင့်ခဲ့ကြောင်း ရေးသားခဲ့လေသည်။

ထို့နောက် ဒေါက်တာဘဦးသည် ၁၉၃၂-၄၂တွင် တရားလွှတ်တော် တရားဝန်ကြီး၊ ၁၉၄၂-၄၅ ဂျပန်


ခေတ်တွင် တရားလွှတ်တော်ဝန်ကြီး ၊ ၁၉၄၅ -၄၈ တွင် တရားလွှတ်တော်ချုပ်၏ တရားဝန်ကြီး ချုပ် ၊ ၁၉၅၂ ခုနှစ်
မတ်လ ၁၃ရက်နေ့မှ ၁၉၅၇ မတ်လ ၁၂ရက်နေ့အထိ နိုင်ငံတော်သမ္မတ ၊ ၁၉၆၀ပြည့်နေ့ ဧပြီလ ၂၅ရက်နေ့ မှ
၁၉၆၂ မတ်လ ၁ရက် နေ့အထိ နိုင်ငံတော်အစိုးရ အကြံပေးအဖွဲ့ဥက္ကဌအဖြစ် အသီးသီး ဆောင်ရွက်ခဲ့သည်။
ဒေါက်တာဘဦးသည် ၁၉၁၃ ခုနှစ်တွင် ဖခင်၏ အစ်မ ကြီး ဒေါ်ရှင်နှင့် ခရိုင်စက်ရှင် တရားသူကြီး
ဦးအောင်ဇံ (K.S. M) သမီးဖြစ်သူ ဒေါ်ငြိမ်းငြိမ်းနှင့်လက်ထပ်၍ သားနှစ်ယောက် ထွန်းကားခဲ့သည်။ ထို့နောက်
၁၉၂၁ ခုနှစ်တွင် ဇနှီးဖြစ်သူ ဒေါ်ငြိမ်းငြိမ်း အဆုတ်ရောဂါဖြစ် ကွယ်လွန်ခဲ့ပြီးနောက် ၁၉၂၃ ခုနှစ်တွင် ဖခင်၏
ညီဖြစ်သူ အရေးပိုင် ဦးဖိုးဘေ (K.S.M, A.T.M)၏ သမီးထွေး ဒေါ်အေးနှင့် ဒုတိယအိမ်ထောင် ထူခဲ့သည်။
ဒေါ်အေးနှင့် သားနှစ် ယောက် သမီး ၃ ယောက် ထွန်းကားခဲ့သည်။ ၁၉၄၁ ခုနှစ်တွင်ဒေါ်အေး ကွယ်လွန်ခဲ့သည်။
ဒေါ်အေးကွယ်လွန်ပြီးနောက် ၆လအကြာတွင် ပထမအိမ်ထောင်မှ ဒုတိယ သား နှင့်ဒုတိယ အိမ်ထောင်မှ
သမီးနှစ်ယောက်တို့ အဆုတ်ရောဂါဖြစ် ကွယ်လွန်သွားခဲ့လေသည်။
တရားလွှတ်တော် တရားဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့စဉ်က ရွှေးကောက်ပွဲ စုံစမ်းရေး ကော်မတီများ၊
၁၉၃၈ ဒီဇင်ဘာလတွင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရသည့် ကျောင်းသားသ ပိတ်တွင် စုံစမ်းရေးကော်မတီဝင်၊
၁၉၃၁ ခုနှစ်တွင် ဆရာစံနှင့် ဂဠုန်တပ်သားများအား အမှု့စစ် ဆေး၍ အပြစ်ဒဏ်ချမှတ်ခဲ့သည့် အထူးခုံရုံး
တရားသူကြီးအဖွဲ့ဝင်၊ ၁၉၄၇ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီ၏ တရားရေးကော်မတီ၌
အကြံပေး၊ ၁၉၄၈ -၅၂ ဒေသ အုပ်ချုပ်မှု စုံစမ်းရေးကော်မတီနှင့် ရွေးကောက်ပွဲ ကြီးကြပ်ရေးကော်မရှင်ဥက္ကဌ
စသည့်တာဝန် များကိုထမ်းရွက်ခဲ့သည်။
လူမှုရေးလုပ်ငန်းများအနေဖြစ် အိုးရီးရင့်ကလပ် ဥက္ကဌ၊ မြန်မနိုင်ငံကြက်ခြေနီအသင်း၊
သူနာပြုတပ်ဖွဲ့၊တက္ကသိုလ်ရန်ပုံငွေအဖွဲ့၊ပန်းဥယျာဉ်အသင်းဥက္ကဌအဖြစ်စသည့်အဖွဲ့အ စည်းများကို ဦးဆောင်
ပါဝင်ခဲ့သည်။
၁၉၄၇ ခုနှစ် ဇန်န၀ါရီလတွင် ဗြိတိသျှအစိုးရမှ ချီးမြင့်သောဆာဘွဲ့ ရရှိခဲ့သည်။ ၁၉၅၂ ခုနှစ်တွင်
နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြောက်ခံရသည့်အခါ ဆာဘွဲ့ကို စွန့်လွှတ်ခ့ရ
ဲ သည်။
နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦးအား နိုင်ငံတော်အစိုးရက အဂ္ဂမဟာသရေစည် သဘွဲူ့၊ အဂ္ဂမဟာ
သီရိသူဓမ္မဘွဲ့များ ချီးမြင့်ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က ဂုဏ် ထူးဆောင်ဥပဒေပညာ ပါရဂူ (L.
LD) ဘွဲ့ ချီးမြှင့်ခံရသည်။၁၉၅၅ တွင် ယိုးဒယား(ထိုင်း) ဘုရင်၏ ဂုဏ်ထူးဆောင် ဆင်ဖြူဘွဲ့ တဆိပ် ၊
ယူဂိုစလားဗီးယား နိုင်၏ ဂရိတ်စတားတဆိပ် များ ချီးမြင့်ခံရသည်။
ဒေါက်တာဘဦးသည် ၁၉၆၃ ခုနှစ်နိုဝင်ဘာလ ၉ ရက်နေ့တွင်ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်စဉ် က
သားကြီးဦးကျော်ဦး၊ ဦးမြဦး၊ ဦးမြင့်ဦး နှင့်သမီး ခင်စောဦး ကျန်ရစ်ခဲ့သည်။
နိုင်ငံတော်သမ္မတဟောင်းဒေါက်တာဘဦးသည် ၁၉၅၉ခုနှစ်က ကျွှန်ုပ်၏ ပြည်မြန်မာခေါ်
သမ္မတတဦး၏ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်ကိုအင်္ဂလိပ်ဘာသာဖြင့် ရေးသား၍ ထုတ်ဝေခဲ့သည်။
အဆိုပါစာအုပ်ကို ၂၀၁၀ ပြည်နေ့ ဇွန်လတွင် စာရေးဆရာ စိန်ဝင်းစိန်က ကျွှန်ုပ်၏မြန်မာနိုင်ငံ အမည်ဖြစ်
ဘာသာပြန်၍ လောကသစ်စာပေတိုက်မှ ထုတ်ဝေဖြန့်ချိခဲ့သည်။

ပြီးဘီ The End

You might also like