You are on page 1of 36

Uncensored Burma - Daily News ( 2011 Mar 30)

ကာတွန်းစောငို - တခုတည်းသော ခွေးကတက် - မိုးမခ

အခုပဲမွေးလိုက်တာ … အစိုးရသစ်ကလေးလေ …ဟန်လေး Monday, 28 March ဧရာဝ


ဧရာဝတီ
ကာတွန်း ဂျော်ဒီး - မြန်မာပြည်၏ ယနေ့ နိုင်ငံရေးအခြေအနေ မိုးမခ

ကာတွန်းမောင်ရစ် - မညီညွတ်တာက လူနည်းစုလေးပါ ဆို- မိုးမခ

သတင်းတွေ ဖတ်ချင်ရင် Kowin2001@gmail.com ကို ဆက်သွယ်ပါ


မိုးမခ MoeMaKa.com အဖွဲ့က ကော်ပီကူးပြီး ဖြန့် ပါတယ်

မာတိကာ

အစိုးရသစ် ကျမ်းသစ္စာကျိန်ဆို၊ နအဖ စစ်အစိုးရကို ဖျက်သိမ်း


2011-03-30 RFA
အစိုးရသစ် ကျမ်းသစ္စာဆို
By ဦးမိုးဇော် ဗုဒ္ဓဟူး, 30 မတ် VOA
VOA

အစိုးရသစ်ကို အရှိအတိုင်း NLD လက်ခံ


By နော်ရှိုး ဗုဒ္ဓဟူး, 30 မတ် VOA
VOA

သတင်းသုံးသပ်ချက်
ပြည်သူ့လွှတ်တော် နဲ့ လုပ်ပိုင်ခွင့်အာဏာ
By ဦးကျော်ဇံသာ ဗုဒ္ဓဟူး, 30 မတ် VOA
VOA

သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှု တရားစစ်ဆေးပုံ အာရှ လူ့အခွင့်အရေးကော်မရှင် ဝေဖန်


2011-03-30 RFA
RFA

အကျဉ်းကျ ရှမ်းခေါင်းဆောင်များကို ဂုဏ်ပြု


2011-03-30 RFA
RFA

ပြည်သူ မျှော်မှန်းသော အစိုးရမဟုတ်ကြောင်း NLD ရှုမြင်


2011-03-30 RFA
RFA

မြန်မာအပါအဝင် ၄၈ နိုင်ငံမှာ ဆင်းရဲမှုတိုက်ဖျက်ရေး တိုးတက်မှုနည်း


2011-03-30 RFA
RFA

နအဖ စစ်ကောင်စီ ဖျက်သိမ်း၊ အစိုးရသစ်ဖွဲ့


ခင်ဦးသာ Wednesday, 30 March ဧရာဝ
ဧရာဝတီ

မှောင်ခို ဈေးကွက် စက်သုံးဆီဈေး မြင့်တက်


နရီလင်းလက် Wednesday, 30 March 2011 ဧရာဝ
ဧရာဝတီ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နောက်ကွယ်မှ အာဏာဆက်လက် ချုပ်ကိုင်နိုင်


လင်းသန့် Wednesday, 30 March ဧရာဝ
ဧရာဝတီ

စစ်အစိုးရ လေလံကြောင့် စီးပွားရေးလည်ပတ်မှု ကျဆင်း


ဧရာဝတီ Wednesday, 30 March ဧရာဝ
ဧရာဝတီ

ချိုကုပ်ဒူးကြီးနှင့် ၀ိုင်ပုလင်း
ရန်ကုန်သားတာတေ Wednesday, 30 March ဧရာဝ
ဧရာဝတီ ထွေရာလေးပါး

ဇာဂနာ မှတ်တမ်းရုပ်ရှင်
By မခင်ဖြူထွေး ဗုဒ္ဓဟူး, 30 မတ် VOA

မြန်မာအစိုးရသစ်အပေါ် အမေရိကန်နဲ့ ကုလသမဂ္ဂ တုံ့ပြန်


By ဦးသားညွန့်ဦး ဗုဒ္ဓဟူး, 30 မတ် VOA
ကြွပ်ကြွပ်အိတ်ကြောင့် ဈေးသည် ထောင်ချခံရ
ကျော်ခ | ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၀ ချင်းမိုင် (မဇ္ဈိမ) ။

အစိုးရသစ်နှင့် ဆွေးနွေးရန် အသင့်ဟု NLD ဆို


သဲသဲ | ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၀ နယူးဒေလီ (မဇ္ဈိမ) ။

ဇေကမ္ဘာဦးခင်ရွှေ အမတ်များကို ဒုတိယအကြိမ်ဧည့်ခံ


ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၀ ချင်းမိုင် (မဇ္ဈိမ) ။

သမ္မတ ကျမ်းကျိန်စဉ်မှာ အလွဲလွဲအချော်ချော်


မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၀ ချင်းမိုင် (မဇ္စျိမ) ။ ။

နအဖ ဖျက်သိမ်းပြီ၊ ဘောင်းဘီချွတ်ဝန်ကြီးများအစိုးရအဖွဲ့ ပေါ်ပေါက်


မိုးမခအထောက်တော်၊ ရန်ကုန် မတ် ၃၀၊ ၂၀၁၁ မိုးမခ

နာဂစ်ဝင်မည်ကို မိုးဇလဌာန ၅ ရက်ခန့် ကြိုသိခဲ့


မိုးမခအထောက်တော် အမှတ် ၀၀၈
မတ် ၃၀၊ ၂၀၁၁ မိုးမခ

ရ၀တ၊ မ၀တ ကို အုပ်ချုပ်ရေးမှူးရုံး အဖြစ် ဆိုင်းဘုတ်ပြောင်းပြီ


မိုးမခအထောက်တော်၊ ရန်ကုန် မတ်လ ၃၀၊ ၂၀၁၁ မိုးမခ

နတ်မောက်ကို ကျေးဇူးဆပ်ခြင်း
ကျော်သူ မတ် ၃၀၊ ၂၀၁၁ မိုးမခ

အစိုးရသစ် ကျမ်းသစ္စာကျိန်ဆို၊ နအဖ စစ်အစိုးရကို ဖျက်သိမ်း


2011-03-30 RFA

အစိုးရသစ်ကို နိုင်ငံတော်အာဏာ လွှဲပြောင်းလိုက်ပြီး လက်ရှိ စစ်အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်ကြောင်း


ရုပ်သံသတင်းက ဒီကနေ့ မတ်လ ၃၀ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒီအမိန့်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက
နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံဖြိုးရေးကောင်စီ ဥက္ကဋ္ဌအနေနဲ့ လက်မှတ်ရေးထိုး ကြေညာခဲ့တာ
ဖြစ်ပါတယ်။

သူ့ရဲ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို အသက် ၅၄ နှစ်အရွယ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က


ဆက်ခံလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီးနဲ့
ရွှေတြိဂံဒေသ စစ်တိုင်းမှူး ဖြစ်ခဲ့ပါတယ်။

ဒီကနေ့ နေပြည်တော် ပြည်ထောင်စု လွှတ်တော်ခန်းမမှာ သမတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်


ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး
မင်းအောင်လှိုင်နဲ့အတူ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ လွှတ်တော်နာယကတွေနဲ့ လွှတ်တော် အမတ်တွေ
တက်ရောက်ခဲ့ကြပါတယ်။

မကြာခင် အသက် ၆၆ နှစ်ပြည့်တော့မဲ့ သမတသစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကို ဗိုလ်ချုပ်မှူးကြီး


သန်းရွှေရဲ့ ယုံကြည်စိတ်ချရသူ အနီးကပ် လူယုံတဦးအဖြစ် ပြည်တွင်း ပြည်ပက သိကြပါတယ်။ စစ်အစိုးရ
အဖွဲ့အတွင်းမှာ လာဘ်ပေးလာဘ်ယူကိစ္စ အကင်းရှင်းဆုံးအဖြစ် လူသိများပြီး ပြည်ပကလည်း သူ့ကို
ဦးသန့်ရှင်းလို့ ခေါ်ကြကြောင်း သတင်းဌာနတွေက ဖော်ပြကြပါတယ်။

အခုလို အစိုးရသစ်ကို အာဏာလွှဲလိုက်ပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သြဇာအာဏာကတော့ တနည်း တဖုံ


ဆက်ရှိနေဦးမယ်လို့လည်း ပြည်တွင်း ပြည်ပက ယုံကြည်နေကြပါတယ်။ ဒါကြောင့် သိသာထင်ရှားတဲ့
အပြောင်းအလဲတွေ ပေါ်ပေါက်လာဖို့ မျှော်လင့်နိုင်ဦးမှာ မဟုတ်ကြောင်းလည်း နိုင်ငံတကာ အကဲခတ်တွေက
သုံးသပ်ပြောဆိုကြပါတယ်။

အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့သူ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ


လွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်ကတော့ တိုင်းပြည်ရဲ့အခြေအနေ တိုးတက် ကောင်းမွန်လာဖို့ ဆိုတာ
သမတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်ရဲ့ အရည်အချင်းပေါ်မှာ မူတည် နေတယ်လို့ ပြောပါတယ်။

“အခုကျတော့ အဲဒီအခြေအနေက ဟို နီးစပ်သည်ထက် နီးစပ်လာတဲ့ သဘောရှိတယ်။ ဘာလို့လဲဆိုတော့ ဟို


သမတကြီး ရှင်းလင်းသွားတဲ့ မိန့်ခွန်းပြောသွားတဲ့ အထဲမှာရော ဘာရော အခြေအနေ အကုန်လုံးဟာ
အားလုံးဟာ ထင်ထားတာထက် ပိုပြီးတော့ကို အခြေအနေ ကောင်းတဲ့သဘော ရှိတယ်။ အခုလာမဲ့ အနာဂတ်
မြန်မာနိုင်ငံရဲ့ အရေးသည် အခု ဆောင်ရွက်မဲ့ လူတွေရဲ့ အရည်အချင်းပေါ်မှာ မှီပြီးတော့ တိုးတက်တာ
ပြောင်းလဲတာ ဖြစ်သွားမယ်လို့ အဲလိုပဲ မြင်တယ်လေ။”
အစိုးရသစ်ကို တရားဝင် အာဏာ လွှဲပြောင်းလိုက်ပြီးတဲ့နောက် အေးချမ်းသာယာရေးနဲ့ ဖွံဖြိုးရေးကောင်စီရုံး
အဆင့်ဆင့်ကိုလည်း အုပ်ချုပ်ရေးမှူးရုံးတွေအဖြစ် နာမည်ပြောင်းလိုက်ပြီး ဆိုင်းဘုတ်သစ်တွေ
ပြောင်းလဲတော့မယ်လို့ သိရပါတယ်။

အစိုးရသစ် ပြောင်းလဲလိုက်တာနဲ့ ပတ်သက်ပြီး RFA မှ မအင်ကြင်းနိုင်နဲ့ ကိုနေရိန်ကျော်တို့က သုံးသပ်သူတွေ


အမြင်ကို စုစည်း တင်ပြထားပါတယ်။
စုစည်းတင်ပြချက် (၁)
အသံဖိုင်ယူရန်

စုစည်းတင်ပြချက် (၂)
အသံဖိုင်ယူရန်

အစိုးရသစ် ကျမ်းသစ္စာဆို
By ဦးမိုးဇော် ဗုဒ္ဓဟူး, 30 မတ် VOA
VOA

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အစိုးရအဖွဲ့သစ်ရဲ့ သမ္မတအဖြစ်


ရွေးချယ်တင်မြှောက် ခံထားရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်ဟာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ဒီလို
ကျိန်ဆိုခဲ့ပြီးတဲ့နောက်မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာအရပ်ရပ်ကို အစိုးရသစ်ကို
လွှဲအပ်ကြောင်းနဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။
တဆက်တည်းမှာပဲ နိုင်ငံတော်သမ္မတက သူ့ရဲ့မိန့်ခွန်းမှာ အစိုးရသစ်က ဆောင်ရွက်မယ့် မူဝါဒတွေကို ထည့်သွင်း
ပြောကြားခဲ့သလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အသစ် ပြောင်းလဲကြောင်းကိုလည်း
ပြည်ထောင်စုလွှတ်တော်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက်
ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ဒီကနေ့မနက် ၁၁ နာရီလောက်မှာ စတင်ကျင်းပခဲ့ပြီး ၁၅


မိနစ်လောက် အကြာမှာ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာပါ။
အဲဒီနောက်မှာတော့ မြန်မာပြည်ကို နှစ်ပေါင်း ၂၀ ကျော်ကြာ အုပ်ချုပ်ခဲ့တဲ့ စစ်ကောင်စီက
အာဏာလွှဲအပ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အတွင်းမှာ အစိုးရသစ်ကို အာဏာလွှဲပြောင်း ပေးအပ်လိုက်တဲ့


အခြေအနေကိုတော့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က
အခုလို ပြောပါတယ်။

“သမ္မတက ၁၁ နာရီ ၁၅ မိနစ်က စပြီး ကျမ်းကျိန်တယ်။ ၁၁ နာရီ ၂၀ လောက်မှာ ပြီးတယ်ဗျ။ နောက် နိုင်ငံတော်
အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံတော် အေးချမ်းသာယာရေးနဲ့
ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းကြောင်း ကြေညာတယ်။ ဒီ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကြေညာချက်ကို
ပြည်ထောင်စုလွှတ်တော် နာယကက ဖတ်ပြတာပေါ့ဗျာ။”

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကြေညာချက်မှာ ပြည်ထောင်စုအစိုးရ အဖွဲ့ ဝင်တွေ ပြည်ထောင်စုလွှတ်တော်မှာ


ကတိသစ္စာ ပြုပြီးတဲ့ အချိန်ကစပြီး နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီက ကျင့်သုံးနေတဲ့
ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အာဏာတွေကို လွှဲပြောင်း ပေးအပ်လိုက်ကြောင်းလည်း
ဖော်ပြထားပါတယ်။ တဆက်တည်းမှာပဲ တိုင်းနဲ့ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာ အဆင့်ဆင့်
အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီတွေကိုလည်း ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။

ဒီလို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီကို ဖျက်သိမ်းပြီး အာဏာအရပ်ရပ်ကို အစိုးရသစ်ကို


လွှဲအပ်ပေးတဲ့ အခမ်းအနားကိုတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တက်ရောက်တာ မရှိခဲ့ပါဘူး။

ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့ နောက်မှာတော့ နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်မှာ အစိုးရသစ်ရဲ့


မူဝါဒကို ဖော်ပြတဲ့မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

“သမ္မတ အနေနဲ့ စီးပွားရေးနဲ့ ပတ်သက်လို့ လယ်ယာစိုက်ပျိုးရေးနဲ့ စက်မှုဖွံ့ဖြိုးရေး လုပ်ဖို့၊ ကာကွယ်ရေးနဲ့


ပတ်သက်လို့ တပ်မတော်ကို အင်အားရှိအောင်၊ ကမ္ဘာ့အဆင့်မီအောင် တည်ဆောက်ဖို့၊ နိုင်ငံသားတိုင်း
တပ်မတော်မှာ ပါဝင်ဆောင်ရွက်ရမယ်လို့ ပြောပါတယ်။ ကျနော်တို့ နားလည်တာတော့ ဟိုတလောက ပြောတဲ့
စစ်မှုထမ်းရေးကိစ္စ ဖြစ်မယ်ထင်ပါတယ်။ နိုင်ငံသားတိုင်းဟာ တပ်မတော်မှာ ပါဝင်ရမယ် ဆိုတဲ့သဘော
ပြောပါတယ်။

“နိုင်ငံရေးနဲ့ ပတ်သက်လို့လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မကြိုက်တဲ့ ပြည်တွင်း ပြည်ပက


အဖွဲ့အစည်းတွေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ချင်တယ် ဆိုရင်လည်း ဥပဒေနဲ့အညီ ပြင်ဖို့ပဲ ကြိုးစားပါတဲ့။
ဥပဒေနဲ့အညီ ပြင်ဖို့ကြိုးစားတာ ဥပဒေနဲ့ မညီဘူး ဆိုရင်လည်း လိုအပ်တဲ့ တားဆီးပိတ်ပင်မှုတွေ သူတို့
လုပ်ပါမယ်လို့ ပြောပါတယ်။ ခေတ်စနစ်နဲ့ လျော်ညီတဲ့ ဥပဒေတွေ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးပေါ့ဗျာ၊
အားလုံး လိုအပ်တဲ့ ဥပဒေတွေ သူတို့ ပြင်မယ်လို့လည်း ပြောပါတယ်။”
ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာပဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အသစ်
ခန့်အပ်ကြောင်း လွှတ်တော်နာယကက ကြေညာခဲ့ပေမဲ့ နာမည်တွေတော့ ထည့်သွင်း မကြေညာခဲ့ဘူးလို့
ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

“တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ပြည်ထောင်စုလွှတ်တော်မှာ


လွှတ်တော်နာယကက ရာထူးပဲ ကြေညာတယ်၊ နာမည်တွဲပြီး မကြေညာဘူး။ အဲဒီတော့ တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ကျနော်တို့ မြင်ရတာတော့ နာမည်မပါတဲ့
ဗိုလ်ချုပ်ကြီး ၂ ယောက်တွေ့တယ်။

“အဲဒါ သူတို့ ၀င်တွေ့နေတဲ့လူ ပြောတာတော့ ဗိုလ်ချုပ် မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ် စိုးဝင်းဆိုလား မသိဘူး။


သူတို့က နာမည်ထည့် မပြောတော့။ လူသစ် ၂ ယောက်ပေါ့၊ အဲဒါ တွေ့ရပါတယ်။ လူတွေကိုတော့ ရှေ့မှာ
မြင်ရပါတယ်။ နာမည်ကိုတော့ မကြေညာပါဘူး။ သူတို့ ကိုယ်ရေးရာဇ၀င်ကိုလည်း မပေးပါဘူး။ အဲဒါ ထူးခြားချက်
ရှိပါတယ်။”

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စု အစိုးရ


ဝန်ကြီးတွေလည်း ကျမ်းသစ္စာ ကျိန်ဆိုခဲ့သလို ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက ပြည်နယ်နဲ့ တိုင်း
ဝန်ကြီးချုပ်တွေနဲ့ ၀န်ကြီးတွေလည်း ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။

“ဒီနေ့တော့ ကျမ်းသစ္စာ ကျိန်ဆိုကြပါတယ်။ ၀န်ကြီးချုပ်ရယ်၊ ပြည်နယ် ၀န်ကြီးတွေရယ်၊ ရှေ့နေချုပ်ရယ်၊


စာရင်းစစ်ချုပ်ရယ်၊ တရားသူကြီးချုပ်ရယ်ပေါ့။ ပြီးတော့ ၀န်ကြီးဌာနနဲ့ လူနဲ့ တွဲပေးတာပေါ့။”

ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော် ပြောသွားတာ ဖြစ်ပါတယ်။

ဒီနေ့ စတင် အသက်ဝင်လာတဲ့ ပြည်ထောင်စု အစိုးရသစ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အုပ်ချုပ်ရေး


အဖွဲ့ဝင်တွေဟာ အရင် စစ်အစိုးရ ၀န်ကြီးဟောင်းတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ စစ်တပ်က ကိုယ်စားလှယ်တွေ
အများစု လွှမ်းမိုးထားတာလည်း ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော် အပါအ၀င် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အသီးသီးက အစည်းအဝေးတွေကို


မနက်ဖြန်က စတင်ပြီး ရပ်နားမှာ ဖြစ်တာကြောင့် ကိုယ်စားလှယ် အသီးသီးဟာ နေရပ်ပြန်ဖို့ ပြင်ဆင်နေကြပြီ
ဖြစ်ပါတယ်။

အစိုးရသစ်ကို အရှိအတိုင်း NLD လက်ခံ


By နော်ရှိုး ဗုဒ္ဓဟူး, 30 မတ် VOA
VOA

အခုလက်ရှိ အစိုးရသစ် ဖွဲ့စည်းလိုက်တဲ့အပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီတွေ


အပါအ၀င် ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ ပြည်တွင်းက တခြား နိုင်ငံရေး အင်အားစုတွေ ဘယ်လို
တုံ့ပြန် ပြောဆိုကြသလဲဆိုတာ နော်ရှိုးက တင်ပြပေးထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို အစကတည်းကနေ တောက်လျှောက် သပိတ်မှောက်လာတဲ့ NLD အမျိုးသား


ဒီမိုကရေစီ အဖွဲ့ချုပ်က အခု ဒီရွေးကောက်ပွဲကနေပဲ ပေါ်ပေါက်လာတဲ့၊ ဒီနေ့ကြေညာတဲ့ အစိုးရသစ်ပေါ်မှာ
ဘယ်လိုသဘောထားလဲဆိုတာ သိရအောင် မေးကြည့်တော့ ဦးဉာဏ်ဝင်းက အခုလိုပဲ တိုတိုတုတ်တုတ်
ဖြေကြားခဲ့ပါတယ်။
“အခုလက်ရှိ ပြည်သူ့လွှတ်တော်က အစိုးရအဖွဲ့သစ်တရပ် ဖွဲ့စည်းပြီးသွားပြီဆိုတဲ့ အခြေအနေကို အရှိအတိုင်း
ကျနော်တို့ လက်ခံပါတယ်။ အရှိအတိုင်း အသိအမှတ် ပြုပါတယ်။ အဲတော့ NLD အနေနဲ့ကတော့
အစိုးရအဖွဲ့သစ်နဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ လောလောဆယ် ကျနော်တို့ရဲ့ သဘောထား ဒီ
၂ ခုပါပဲ။”

CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီက ဦးအေးသာအောင်ကတော့ ပြည်သူတွေ လိုချင်တဲ့


အပြောင်းအလဲအတိုင်း ပြောင်းလဲလာတဲ့ အရပ်သား အစိုးရ မဟုတ်တဲ့ အတွက်ကြောင့် ဒီအစိုးရအဖွဲ့ဟာ
ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အမှန်တကယ် ဆောင်ရွက်နိုင်စွမ်း ရှိမရှိ အပေါ်မှာတော့ သံသယရှိတယ်လို့
ပြောကြားခဲ့ပါတယ်။

“အစိုးရသစ် ဆိုပေမဲ့လည်း ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲ၊


ရွေးကောက်ပွဲကနေ အစိုးရသစ်၊ အဲတော့ ဒီလိုဖြစ်လာမယ် ဆိုတာတော့ ကျနော်တို့လည်း တွက်ပြီးသားပါ။
ဒါပေမဲ့ ကျနော်တို့ ဖြစ်စေချင်တဲ့၊ ပြည်သူတွေက ဖြစ်စေချင်တဲ့ အပြောင်းအလဲပေါ်မှာ အခြေခံပြီး ဖြစ်လာတဲ့
အစိုးရမျိုးတော့ မဟုတ်ဘူးပေါ့။

“ဒီနေ့ တိုင်းပြည်မှာ လိုအပ်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေး၊


ဒီနေ့ဖြစ်နေတဲ့ ပြည်တွင်းစစ်၊ တိုင်းရင်းသားများနဲ့ ဖြစ်နေတဲ့ လက်နက်ကိုင်တိုက်ပွဲ အပါအ၀င် အားလုံး
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အပြောင်းအလဲတခုကို ဖြစ်ဖို့အတွက် ဆောင်ရက
ွ်နိုင်မယ့် အစိုးရသစ်လို့တော့ ကျနော်တို့က
မဆုံးဖြတ်ဘူးခင်ဗျ။

“အခု ကျနော်တို့ ပြည်သူတွေကြားကို ရောက်တဲ့အခါမှာ၊ အထူးသဖြင့် ရခိုင်ပြည်နယ်က ကျနော် မနေ့ညနေကမှ


ရောက်ပါတယ်၊ ပြည်သူတွေကြားမှာ၊ ရွာတွေမှာ ကျနော်ရောက်တဲ့ အခါကြတော့ တကယ့် အားကိုးတကြီးနဲ့
သူတို့ရဲ့ အခက်အခဲတွေ၊ သူတို့ရဲ့ အကျပ်အတည်းတွေကို တင်ပြနေတာက ကျနော်တို့ကိုပဲ တင်ပြနေတာ
ဖြစ်နေတယ်။ အဲတော့ တကယ်ဆိုရင် ပြည်သူတွေက အစိုးရသစ်နဲ့တကွ ကိုယ်စားလှယ်တွေကို
အားကိုးတယ်ဆိုရင် သူတို့ကို တင်ပြရမှာပေါ့။ ဒီတော့ ပြည်သူတွေရဲ့ အမြင်မှာက တမျိုးဖြစ်နေတယ်။
ဒါကြောင့်မို့ ပြည်သူ့အကျိုးအတွက် ကျနော်တို့ကတော့ ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

တဆက်တည်းမှာပဲ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး တိုင်းရင်းသား ပါတီတွေထဲမှာ မဲအများဆုံး


ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က ဦးစိုင်းစောင်စီကတော့ အခုထွက်ပေါ်လာတဲ့
အစိုးရသစ်နဲ့အတူ ပြည်သူလူထု အကျိုးစီးပွားအတွက် အတတ်နိုင်ဆုံး ဆောင်ရွက်သွားဖို့ မျှော်မှန်းတယ်လို့
ပြောခဲ့ပါတယ်။

“အစိုးရသစ်မှာ ကျနော်တို့ ကျရာ အခန်းကဏ္ဍကနေ လူထုအတွက် ကောင်းအောင် လုပ်ရမှာပေါ့။


လမ်းကြောင်းလည်း ရှာရမှာပါ။ ဒီနေ့မှပဲ ဇာတ်လမ်းက စမှာကိုး။ အဲဒီတော့ အစိုးရအသစ်က
လည်ပတ်သွားပြီးတော့ အရှိန်လေး ရလာတဲ့အချိန်မှာ ကျနော်တို့ ပြည်သူလူထုအတွက် ဘာလုပ်ပေးနိုင်မလဲ၊
အစိုးရသစ်ကလည်း ပြည်သူလူထုကို ဘာတွေ စွမ်းဆောင်ပေးနိုင်မယ်ဆိုတာ အဲဒီတော့မှ အဖြေပေါ်မှာပေါ့။
အဲဒီအချိန်ကျရင်တော့ ပိုပြီး ပီပီပြင်ပြင် ဝေဖန်လာနိုင်မှာပေါ့။ ဒီအစိုးရအသစ်ထဲ ကျနော်တို့ကလည်း
ပါဝင်နေပြီဆိုတော့ မလွဲမသွေ ဒီလမ်းကို လူထုအတွက် အကျိုးရှိအောင် ကြိုးစားရ၊ ဖြတ်သန်းရတော့မှာပါ။”

တဆက်တည်း ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ နောက် တိုင်းရင်းသားပါတီ တခုဖြစ်တဲ့ ကရင်ပြည်သူ့ပါတီက


ဦးစောစေးဝါးကတော့ တိုင်းရင်းသား ပြည်သူအများရဲ့ လတ်တလော လိုအပ်ချက်တွေနဲ့ ရေရှည်
လိုအပ်ချက်တွေအတွက် လုပ်ဆောင်နိုင်ဖို့ လမ်းကြောင်းတရပ်တော့ ပေါ်လာပြီလို့ အခုလို
ကောက်ချက်ပေးပါတယ်။

“အစိုးရတခု ပီပီပြင်ပြင် ဖြစ်လာတဲ့အတွက် ၀မ်းသာတယ်။ တို့ မူလရည်မှန်းချက်တွေ ရှိတယ်လေ။


အမျိုးသားရေးကိုပဲ ပထမဆုံး စကိုင်တွယ်ရမှာပေါ့။ အမျိုးသားရေးဆိုတာ ကရင်ချည်းပဲ မဟုတ်ပါဘူး။
တိုင်းရင်းသား အရေးတွေကိုလည်း တဖြည်းဖြည်း လုပ်သွားရမယ်။ အားလုံး သူ့ဟာသူ တည်တည်ငြိမ်ငြိမ်
ဖြစ်သွားအောင် ခဏ စောင့်လိုက်တဲ့သဘော။ အခက်အခဲတွေ၊ ပြဿနာတွေ တဖြည်းဖြည်း တာဝန်ရှိတဲ့
ပုဂ္ဂိုလ်တွေ နားဝင်အောင် ရှင်းပြသွားရမယ့်သဘော ရှိပါတယ်။

“ဥပဒေမူကြမ်းတွေကိစ္စနဲ့ ပတ်သက်ရင်တော့ ၂ ခုရှိတာပေါ့၊ ဥပဒေမူကြမ်း တင်မယ့်ကိစ္စ ရှိမယ်၊ နောက်တခုက


တို့ရဲ့ အမျိုးသားရေး လိုလားချက်တွေပေါ့၊ ပထမဆုံး လိုလားချက်တွေကို ပထမ ကိုင်တွယ်ရမယ့်သဘော
ရှိတယ်။ စားဝတ်နေရေးတွေ၊ စာပေရေးတွေ၊ ယဉ်ကျေးမှုရေးတွေ စသဖြင့်ပေါ့၊ ပြီးမှ ဥပဒေနဲ့ ပတ်သက်တာ
ဆက်ကိုင်တွယ်မယ်။ အဲဒီကိစ္စကျတော့ တယောက်ချင်း၊ တဖွဲ့ချင်း မဟုတ်ဘဲ အများနဲ့ စုပေါင်းပြီး
တိုင်ပင်လုပ်ရမယ့်သဘော ရှိတယ်။”

ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ NLD က ခွဲထွက်သွားတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက


ဦးခင်မောင်ဆွေက ဒီအစိုးရသစ်ဟာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို အမှန်တကယ် ဆောင်ရွက်နိုင်မယ်
ဆိုတာကို အားထားနိုင်ဖို့ကတော့ မဖြစ်နိုင်သေးဘူးလို့ တုံ့ပြန်ပါတယ်။

“NDF ကတော့ဗျာ ဒါကတော့ စစ်အုပ်ချုပ်ရေးကို ကျနော်တို့ ကိုယ်တိုင်လည်း မလိုချင်ဘူး၊ ပြည်သူတွေလည်း


မလိုချင်ဘူး ဆိုတော့ စစ်အုပ်ချုပ်ရေးကို ပြောင်းလဲသွားအောင် ရွေးကောက်ပွဲနဲ့ ၀င်ရောက်ပြီး ဆောင်ရွက်ခဲ့ကြတဲ့
မှတ်တိုင်တခုကတော့ဖြင့် အောင်မြင်သွားပြီပေါ့ဗျာ။ ဒီလိုပဲ ကျနော်တို့ ယူဆပါတယ်၊ နံပါတ်တစ် အချက်ပေါ့။

“ကျနော်တို့ မျှော်မှန်းတာကတော့ မျှော်မှန်းထားပါတယ်။ အားထားလို့ကတော့ မရဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့


မျှော်မှန်းတာကတော့ ကျနော်တို့ ကိုယ်ပိုင်တဲ့ ဒိုမိန်းပေါ့၊ ကိုယ့်အ၀န်းအ၀ိုင်းထဲမှာတော့၊ လွှတ်တော်ထဲမှာတော့
ပြည်သူတွေနဲ့ ပတ်သက်တဲ့ ကောင်းရာကောင်းကျိုးတွေ၊ တိုင်းပြည်အတွက် ကောင်းမွန်တဲ့ ဥပဒေကြမ်းတွေ၊
အဆိုတွေ တင်သွင်းဖို့ကတော့ စဉ်ဆက်မပြတ် ဖန်တီးပြီး ဆောင်ရွက်သွားမှာပါပဲ။

“ဆောင်ရွက်သွားတဲ့အပေါ်မှာ ဖန်တီးပေးမှုကို အားထားဖို့ကြတော့ အစိုးရအဖွဲ့နဲ့ လွှတ်တော်မှာ အများစု


အနိုင်ရထားတဲ့ ပါတီတွေက ဒါကို လိုက်လျောညီထွေနဲ့ ပြည်သူ့အကျိုးစီးပွားကို သူတို့ကလည်း တကယ်တမ်း
ရှုမြင်ပြီး ဆောင်ရွက်ဖို့ လိုပါတယ်။ အဲဒီလို ရှိမှသာလျှင် အားထားလို့ရမှာ ဖြစ်ပါတယ်။ ပြီးတော့ လူများစုနဲ့
အနိုင်ရထားတဲ့ ပါတီကြီးဖြစ်လို့ လွှတ်တော်ထဲမှာရော အစိုးရထဲမှာရော သူတို့လူတွေချည်းပဲ ဆိုတော့
သူတို့ကိုယ်တိုင်က လူများစုနဲ့ အနိုင်ကျင့်တဲ့အဖြစ်ကို မရောက်အောင် နိုင်ငံတကာ မျက်နှာစာမှာ နိုင်ငံရေးသိက္ခာ
အပြည့်နဲ့ ဆောင်ရွက်မယ် ဆိုရင်တော့ အားထားဖွယ်ရာ ရှိလာစရာ ရှိတယ်လို့ ကျနော်တို့ ယူဆပါတယ်။”

အလားတူ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဦးသုဝေကလည်း


အရပ်သား အစိုးရ ပြောင်းလဲလာတာဟာ ကောင်းတဲ့လက္ခဏာဖြစ်တယ်၊ ဒါပေမဲ့ ဒီမိုကရေစီ
ပီပြင်လာအောင်တော့ လုပ်ဆောင်စရာတွေ အများကြီး ရှိသေးတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

“ဒါ တိုးတက် ဖြစ်ပေါ်လာတဲ့ ကောင်းတဲ့လက္ခဏာလို့ ကျနော်တို့ကတော့ ဒီလိုပဲ ယူဆတယ်။ ဒါပေမဲ့ ဒီမိုကရေစီ


ပီပြင်အောင်ကတော့ အများကြီး ကြိုးစားဖို့ လိုတာပေါ့နော်။ အဲတော့ အစိုးရကိုချည်း အားကိုးနေလို့ မရဘူး။
ကျနော်တို့လည်း ၀ိုင်းပြီးတော့ ပံ့ပိုး ကြိုးစားရမယ်လို့ ယူဆပါတယ်။”
အစိုးရသစ် ပြောင်းလဲ ဖွဲ့စည်းလိုက်တဲ့အပေါ် နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေး အသိုင်းအ၀ိုင်းက
တုံ့ပြန်ပြောဆိုမှုတွေ ဖြစ်ပါတယ်။

သတင်းသုံးသပ်ချက်
ပြည်သူ့လွှတ်တော် နဲ့ လုပ်ပိုင်ခွင့်အာဏာ
By ဦးကျော်ဇံသာ ဗုဒ္ဓဟူး, 30 မတ် VOA
VOA

ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ ဥပဒေပြုလွှတ်တော်ဟာ တကယ့်


အာဏာရှိတဲ့လွှတ်တော် မဟုတ်ဘူး၊ လက်ညှိုးထောင်၊ ခေါင်းညိတ်လွှတ်တော်မျှသာ ဖြစ်တယ်ဆိုတဲ့
ဝေဖန်ချက်တွေရှိနေပေမယ့် ဒီလွှတ်တော်နဲ့ ပတ်သက်လို့ မျှော်လင့်ထားနိုင်စရာတွေရှိတယ်လို့
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) အမတ်တဦးက ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး
သူကြုံတွေ့ ခံစားရသမျှ ဗွီအိုအေ ကို စာရေးပြောဆိုလာသူ သီပေါမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးရဲထွန်း ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ကျနော်မေးချင်တာက အခု လွှတ်တော်နဲ့ ပတ်သက်ပြီးတော့ အတိုက်အခံတွေ၊


ဝေဖန်တဲ့လူ အတော်များများက ဒီလွှတ်တော်ဟာ Rubber Stamp ဘာဘဲလုပ်နိုင်မှာ မဟုတ်ဘူး။
ဘာမှလွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်လည်း ရှိမှာမဟုတ်ဘူး။ ဟိုတုန်းက အမျိုးသားညီလာခံ ကျင်းပခဲ့တာနဲ့
နှိုင်းယှဉ်ပြောဆိုကြတာလည်း ရှိပါတယ်။ ဦးရဲထွန်း အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့
ကိုယ်တိုင်လွှတ်တော်တက်နေတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဦးရဲထွန်း အမြင်မှာ ဒီဟာမှာ ကောင်းတဲ့အကွက်တွေ၊
အားတတ်စရာအချက်တွေလည်း ရှိတယ်လို့ ဆိုထားပါတယ်။ ဘယ်လိုအချက်တွေက
အားတတ်စရာကောင်းသလဲ။ အလားအလာကောင်းဆိုတာကို ပြောပြပါ။

ဦးရဲထွန်း ။ ။ ဘယ်လိုအချက်တွေက ကောင်းသလဲဆိုရင် ကျနော်တို့ကစပြီး ဒီ လွှတ်တော်ရောက်ဖို့အတွက်


ရွေးကောက်ပွဲဝင်ခဲ့တုန်းက အများကြီး မမျှော်လင့်ထားခဲ့ဘူး။ အခုနပြောသလို ဒီလွှတ်တော်က နှစ်ပေါင်း (၅၀)
အတွင်းမှာ ပထမဦးဆုံး ပါတီစုံ ဒီမိုကရေစီလွှတ်တော်ဖြစ်တဲ့အတွက်ကြောင့် နည်းနည်းပါးပါးပဲ ပြည်သူလူထုရဲ့ 
ခံစားချက်တွေ၊ သူတို့ရဲ့  ဒုက္ခသုက္ခတွေကို ပြောခွင့်ရတယ်ဆိုရင်ပဲ မဆိုဘူးဆိုတဲ့ ခံယူချက်နဲ့သွားခဲ့တယ်။
သွားတဲ့အခါကြတော့လည်း အဲဒီမှာ ပြောခွင့်ရတယ်။ ပြောခွင့်ရတဲ့အခါကြတော့ လွှတ်တော်အထဲမှာ
ပြောခွင့်ပြောထိုက်ရတဲ့ဥစ္စာတွေ ပြောလိုက်တော့ ချက်ချင်း အကျိုးသက်ရောက်တာတွေလည်း တွေ့ရတယ်။ အခု
ဥပမာ ၁၆ မိုင်ဂိတ်မှာ ကျနော်တို့ ရှမ်းပြည်မြောက်ပိုင်းကို သယ်ယူပို့ဆောင်ခွင့် မရတဲ့ ဆန်၊ ပဲ စသည်တို့ကို
ပိတ်ထားတဲ့ကိစ္စတွေ။ အဲဒါမျိုးဆိုရင် အခု ကျနော့်ဒေသက ဖုန်းဆက်လာတာက တော်တော်လေး
လွတ်လွတ်လပ်လပ် သွားလို့ရပြီပေါ့။

ဦးကျော်ဇံသာ ။ ။ အဲဒါက လွှတ်တော်မှ တင်ပြဆွေးနွေးလိုက်လို့ အဆင်ပြေသွားတဲ့ သဘောလား။

ဦးရဲထွန်း ။ ။ လွှတ်တော်မှာ မေးခွန်းအနေနဲ့ တင်ပြပြီးတဲ့အခါကြတော့ ဒီကိစ္စကို ဈေးကွက်စီးပွားရေးစနစ်အရ


မသင့်တော်ပါဘူးလို့ မေးလိုက်တဲ့အခါမှာ ဖြေတဲ့ ဝန်ကြီးကလည်း သေသေချာချာ ဖြေပေးပါတယ်။
လက်တွေ့ပိုင်းမှာလည်း သူတို့က အဲဒါကို ဖြေလျှော့ပေးတယ်။ နောက်တခုကတော့ တချို့ ကိစ္စတွေ
လွှတ်တော်ထဲမှာ ပြောလို့ဆိုလို့ မသင့်တဲ့ကိစ္စတွေဆိုလိုရှိရင်လည်း ကျနော်တို့က သက်ဆိုင်ရာ တာဝန်ခံကို
စာနဲ့ရေးပြီးတော့ ကျနော်တို့ဒေသမှာ ဒီလိုအခက်အခဲတွေ ရှိပါတယ်ဆိုပြီးတော့ အောက်ခြေမှာ နားလည်းမှုနဲ့
ဆောင်ရွက်တာလည်းရှိတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒါကို ဥပမာလေးပေးပြီး ဘယ်ကိစ္စကို လွှတ်တော်မှာ တင်ပြလို့ မသင့်တော်လို့
စာရေးပြောခဲ့တယ်၊ ပြေလည်သွားတယ်ဆိုတာကို ခပ်တိုတိုပြောပေးပါ။

ဦးရဲထွန်း ။ ။ အဲဒါကိုတော့ မပြောပါရစေနဲ့။ အဲဒါကတော့ ကျနော်တို့ရဲ့  လက်တွေ့လုပ်ငန်းတွေမှာလည်း နောင်မှာ


ပြည်သူလူထု အကျိုးစီးပွားအတွက် ထိထိရောက်ရောက် ဖြေရှင်းနိုင်ဖို့အတွက်ပဲ ရည်ရွယ်ထားတော့ ဒါတော့
ကျနော် မီဒီယာကို သိပ်မပြောလိုဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အခုနပြောသလို နယ်မြေဒေသအတွင်းမှာ ကူးသန်းရောင်းဝယ်ရေး


အဆင်မပြေတာတွေ လုပ်ပေးနိုင်တာ သိပ်ကောင်းတဲ့အချက်ပါ။ ဒါပေမဲ့ တိုင်းပြည်အတွက်
တကယ့်အရေးကြီးတဲ့ကိစ္စတွေကိုရော လွှတ်တော်မှာ အခု ဆုံးဖြတ်ချက်တွေထဲမှာ ဘယ်ဟာတွေကို
အဆိုတင်သွင်းပြီးတော့၊ ဘယ်အချက်တွေ အတည်ပြုနိုင်ခဲ့တယ်ဆိုတာကို ပြောနိုင်ပါသလား။ အဲဒါမျိုး
ရှိပါသလား။

ဦးရဲထွန်း ။ ။ ကျနော်အဆိုပြုတဲ့ အဆိုတခုကတော့ သန်းခေါင်စာရင်းကောက်ဖို့ဆိုတဲ့ ကိစ္စ။ အဲဒါကတော့


လုပ်လည်းလုပ်ရာမှာဖြစ်တယ်။ နောက် မလုပ်တာလည်းကြာပြီဆိုတော့ အဲဒီအဆိုကတော့ အနိုင်ရတယ်။
ကျန်တဲ့ တော်တော်များများ အဆိုတွေကတော့ အစိုးရဖက်ပိုင်းမှာလည်း လုပ်ပေးဖို့ အခက်အခဲရှိတယ်ထင်တယ်။
ခက်တာက ကျနော်တို့တတွေက အခုမှ လွှတ်တော်ထဲရောက်ပြီးတော့ အစိုးရရဲ့  ဘတ်ဂျက်အခြေအနေ၊
ဘာညာဆိုတာကလည်း ကောင်းကောင်းမသိသေးတော့ အစိုးရမှာ ဘတ်ဂျက်တွေအရ လုပ်ပေးနိုင်သလား၊
မပေးနိုင်သလားဆိုတာကို ဂဃနဏ မသိသေးဘူး။

ဦးကျော်ဇံသာ ။ ။ ကျနော်မေးချင်တာက ဒီဟာတင် မဟုတ်ဘဲနဲ့ ဥပမာအားဖြင့် ဘတ်ဂျက်မှာ စစ်အသုံးစရိတ်


များနေပြီး ပညာရေး၊ ကျန်းမာရေးအတွက် နည်းနေတယ်ဆိုတဲ့ကိစ္စ။ အဲဒါမျိုးတွေကို ဆွေးနွေးခွင့် ရပါသလား။
ဘတ်ဂျက်ကို လွှတ်တော်ကိုယ်စားလှယ်ဝင်တွေနဲ့ တရားဝင် ဆွေးနွေးထုတ်ဖော် ပြောဆိုခွင့် ရှိပါသလား။

ဦးရဲထွန်း ။ ။ အဲဒီဟာ ဘတ်ဂျက်ကို ကျနော်တို့က အခုထိ မတွေ့ရသေးဘူး။ ဘတ်ဂျက်က ပြုလားမပြုလား။


မီဒီယာတွေက ကြားရတာတော့ အဲဒီ ဘတ်ဂျက်က လာမယ့်ဟိုအဝါအတွက်က လွှတ်တော်ထဲမှာ မတင်ဘဲနဲ့
သူတို့က အတည်ပြုလိုက်ပြီ၊ ဘာညာ ကြိုပြီအတည်ပြုလိုက်ပြီးဆိုပြီ ကြားရတယ်။ ကျနော်တို့က အဲဒါကို
မတွေ့ရဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒါမျိုးကို လွှတ်တော်မှာ မေးလို့မရဘူးလား။ ဘတ်ဂျက်ဥပဒေနဲ့ ပတ်သက်ပြီး ပြန်တမ်းမှာ


ဖော်ပြထားတယ်လို့ သိရတယ်။ ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်တဲ့ လွှတ်တော်မှာ တင်ပြဖို့ အစီအစဉ်
ရှိပါသလားဆိုတာလောက်တော့ မဆွေးနွေးဘူးလား။

ဦးရဲထွန်း ။ ။ မေးလို့ရပါတယ်။ အဲဒါ မေးမယ်ဆိုရင်တော့ သူတို့ အဖြေပေးမှာပေါ့။ ကျနော်တို့လည်း အဲဒါကို


သတိမရလိုက်ဘူး။ ကျနော်တို့လည်း ကိုယ့်ဒေသ ကိုယ့်လူထုကိစ္စကိုပဲ
နည်းနည်းအဓိကထားလိုက်တဲ့အခါကြတော့ ဒီတပတ်မှာလည်း တပြည်လုံးနဲ့ဆိုင်တဲ့ကိစ္စတွေဘာတွေ
နည်းနည်းလျှော့ထားတယ်။ သိပ်ပြီး အလေးမထားဘူး။

ဦးကျော်ဇံသာ ။ ။ နောက်တခုက လွှတ်တော်မှာ မေးမယ်ဆိုရင် မေးလို့ရတဲ့ အဲဒီလို မေးဖို့အတွက် ကြိုပြီတော့


ခွင့်တောင်းရပါသလား။ တင်ပြပေးရသလား။
ဦးရဲထွန်း ။ ။ တင်ပြရပါတယ်။ ကျနော်တို့က အဲဒီဟာကို မေးခွန်းပဲဖြစ်စေ၊ အဖြေပဲဖြစ်စေ။ ကျနော်တို့က
သူ့စည်းကမ်းအတိုင်း ကြိုတင်ရတယ်။

ဦးကျော်ဇံသာ ။ ။ ဘတ်ဂျက်ကိစ္စဆိုလို့ရှိရင် ဦးရဲထွန်းတို့က ခွင့်တောင်းပြီးတော့ မေးခွန်းထုတ်နိုင်လိမ့်မယ်လို့


ထင်တယ်ပေါ့နော်။

ဦးရဲထွန်း ။ ။ ဟုတ်ကဲ့ဗျ။

ဦးကျော်ဇံသာ ။ ။ ကျနော်သိတာက တချို့ ကြတော့ လွတ်ငြိမ်းချမ်းသာခွင့်အဆို။ အဲဒီ အဆိုထက်ပိုပြီးတော့


ယေဘုယျအားဖြင့် ပြောလိုက်တာက အပြင်မှာ မီဒီယာကို ပြောထားတဲ့အဆိုတွေကို လွှတ်တော်မှာ
မေးခွင့်မရှိဘူး၊ တင်သွင်းခွင့်မရှိဘူးလို့ စည်းကမ်းထုတ်တယ်လို့ ကြားရပါတယ်။ ဟုတ်ပါသလား။

ဦးရဲထွန်း ။ ။ စည်းကမ်းရယ်လို့တော့ မဟုတ်ဘူး။ ကျနော် ကြားလိုက်တာက အမျိုးသားလွှတ်တော်ဥက္ကဌ


ဦးခင်အောင်မြင့်က တချို့ မေးခွန်းတွေလား၊ အဆိုလား မပြောတတ်ပါဘူး။ ကောင်းကောင်းမမှတ်မိတော့ဘူး။
အဲဒါတွေက တင်ထားတာ ရှိပေမယ့် သူတို့မဖြေခင်မှာ လွှတ်တော်ထဲမှာ မဖြေခင်မှာ မီဒီယာကို
ပေါက်ကြားတယ်။ ဒါကြောင့်မို့ အဲဒါတွေကို သူအနေနဲ့ ထည့်မပေးတော့ဘူးလို့ ပြောတာကို သတိထားမိတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် စဉ်းစားမိတာက တချို့  တိုင်းပြည်အတွက် သိပ်အရေးကြီးတဲ့ ကိစ္စတွေရှိမယ်။


မီဒီယာကို ပေါက်ကြား၊ မပေါက်ကြားတာထက် အဲဒီကိစ္စမျိုးကို မီဒီယာပေါက်ကြားလို့ဆိုပြီး မေးခွန်းမပေးရင်
လွှတ်တော်ရဲ့  တာဝန်၊ အခန်းကဏ္ဍ မှေးမှိန်ရာ မရောက်ဘူးလားလို့ စဉ်းစားမိတာပါ။ ဥပမာ
လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ တင်သွင်းမယ်ဆိုရင် လွှတ်တော်ကိုယ်စားတဦးက ကျနော်တို့ဆီကို မကြာခဏ
ပြောပါတယ်။ အဲဒီကိစ္စကို ကျနော်တို့က မီဒီယာပီပီ ဖော်ထုတ်ပြောလိုက်တဲ့အခါမှာ အဲဒီမေးခွန်းကို
မေးလို့ရတော့မှ မဟုတ်တော့ဘူးလို့ ဖြေသွားလို့ပါ။

ဦးရဲထွန်း ။ ။ မဟုတ်ဘူးဗျ။ ကျနော်တို့ဆီက ကျားဖြူပါတီက မေးတဲ့ မေးခွန်းကိုတော့ အဖြေပေးတယ်။


အဓိကတော့ ဒါက အဲဒီလို မီဒီယာတွေ ပေါက်ကြားလို့ ရှိရင် မဖြေဘူးဆိုတဲ့ စည်းကမ်းချက်မျိုး မဟုတ်ဘဲနဲ့
ဒီဟာကတော့ လွှတ်တော်ဥက္ကဌရဲ့ သဘော။ လွှတ်တော်ဥက္ကဌက မေးခွန်းတွေ၊ အဆိုတွေကို
ကြည့်လိုက်တဲ့အခါမှာ မသင့်တော်ဘူးလို့ထင်လို့ရှိရင် သူ့မှာ agenda ထဲကို ထည့်မလားမထည့်ဘူးလားဆိုတာ
ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ အဲဒါကတော့ သူက အကြောင်းပြချက်ကို ရိုးရိုးလေး ပြောတာပေါ့။ သို့သော်
သူမထည့်ဘူးဆိုရင် ဘာကြောင့် မထည့်ဘူးဆိုတာကို မေးခွင့်မရှိဘူး။

ဦးကျော်ဇံသာ ။ ။ မေးခွင့်မရှိဘူးဆိုတော့ အခုအခါကြတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ပါတယ်ဆိုတဲ့


မေးခွန်ကို လွှတ်တော်ကိုယ်စားလှယ်တွေက မေးမြန်းတယ်လူ၊ အဆိုတင်သွင်းတဲ့လူ ရှိပါသလား။

ဦးရဲထွန်း ။ ။ မေးခွန်းမေးတာ ရှိတယ်။ ကျနော်တို့ ကျားဖြူပါတီ က မေးတယ်။ နောင်


လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စက သမ္မတက ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တဲ့အတွက်ကြောင့် သမ္မတ
ကျမ်းသစ္စာဆိုပြီးရင် နောင်သူလုပ်ပါလိမ့်မယ်လို့ ပြည်ထဲရေးဝန်ကြီးက ဖြေသွားတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အခု ဝန်ကြီးအဖွဲ့ ဖွဲ့တဲ့နေရာမှာလည်း တိုင်းရင်းသားကိုယ်စားလှယ်တွေ


မပါဘူး။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လူတွေနဲ့ သူတို့ရွေးထားတဲ့ အရပ်သားတချို့  တယောက်နှစ်ယောက်လောက်ပဲ
ပါတယ်လို့ ဆိုကြပါတယ်။ တိုင်းရင်းသားအမတ်တွေက အဲဒီကိစ္စကို မမေးမြန်း မဆွေးနွေးကြဘူးလား။
ဦးရဲထွန်း ။ ။ ပြည်ထောင်စုအစိုးရအဖွဲ့မှာ မပါတဲ့ကိစ္စကိုတော့ မပြောကြဘူး။ မပြောကြဘူးဆိုတာ သူ့ရဲ့ 
constitution အရကတော့ ဒါက သမ္မတ ရွေးချယ်ခံရသူရဲ့  ဆုံးဖြတ်ချက်ပဲဆိုတော့ အမေရိကန်မှာ
အမေရိကန်သမ္မတ ရွေးတဲ့ကိစ္စကို ကျနော်တို့ ဥပဒေအကြောင်းအရာ ဘာမှ ဝင်စွက်ဖက်ခွင့်မရှိသလိုပေါ့။

ဦးကျော်ဇံသာ ။ ။ ဥပဒေအကြောင်းအရ ဝင်ရောက်စွက်ဖက်ခွင့် မရှိသောလည်း ဘယ်အကြောင်းအရာမဆို


လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေကတော့ မေးခွင့်ရှိတာပေါ့။ မမေးဘူးလား။

ဦးရဲထွန်း ။ ။ မေးခွင့်ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ မမေးကြဘူးပေါ့။

ဦးရဲထွန်း ။ ။ အစောပိုင်းကတော့ ကျနော်တို့ ချင်းကိုယ်စားလှယ် ဦးမော်မောင် က အုပ်ချုပ်ရေးကဏ္ဍတွေ၊


စီမံခန့်ခွဲရေးကဏ္ဍတွေမှာ တိုင်းရင်းသားတွေကို ထည့်ပေးဖို့ သူက မေးခွန်းမေးထားတာရှိတယ်။
မေးခွန်းမဟုတ်ဘူး အဆိုတင်သွင်းထားတာရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပြည်နယ်တွေမှာ တော်တော်များများ
တိုင်းရင်းသားပါတီတွေကလည်း ရတဲ့အတွက်ကြောင့် ဒါ ကျေနပ်လောက်ဖွယ်ရှိတယ်ဆိုပြီး အဆိုရှင်ကိုယ်၌က
ကျေနပ်လက်ခံသွားတာရှိတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီအဆိုကို မဲမခွဲဘူးပေါ့။

ဦးရဲထွန်း ။ ။ ဟုတ္ကဲ့ခင္မ်။ မဲခြဲတဲ့အဆင့္မေရာက္ဘူး။

သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှု တရားစစ်ဆေးပုံ အာရှ လူ့အခွင့်အရေးကော်မရှင် ဝေဖန်


2011-03-30 RFA
RFA

မနှစ်က သင်္ကြန်ဗုံးပေါက်ကွဲမှုမှာ ဖောက်ခွဲရေးသမားအဖြစ် ဖမ်းဆီး၊ စွဲဆိုခံနေရတဲ့ ကိုဖြိုးဝေအောင်ရဲ့ အမှု ကို


စစ်ဆေးရာမှာ တရားရုံးဟာ ဥပဒေနဲ့ ညီညွတ်မှု မရှိကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင်က မတ်လ ၃၀
ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်၊

အာရှ လူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုလို ရှင်းပြ


ပြောဆိုပါတယ်

“ထွက်ဆိုတဲ့ သက်သေတွေ အနေနဲ့ ဒီအမှုမှာ ခိုင်လုံတဲ့ အထောက်အထားတွေ တင်ပြနိုင်ခြင်း မရှိတာကို


ကျွန်တော်တို့ တွေ့ရတယ်။ အဓိက တာဝန်ရှိတဲ့ ဒုရဲမှူး ဦးဝင်းမောင် ဆိုလို့ရှိရင်လည်း ဒီအမှုနဲ့ ပတ်သက်ပြီးတော့
ကိုယ်တိုင် သိတဲ့ အချက်အလက် ဘာမှ မရှိတာကို ကျွန်တော်တို့ တွေ့ရတယ်။ သက်သေခံအဖြစ်
တင်သွင်းထားတဲ့ အချက်အလက်တွေက ရဲချုပ်ဆီကနေပြီးတော့ သိရတဲ့ အချက်အလက်တွေ ဖြစ်တယ်။”

“အမှုကို ကိုယ်တိုင်သိတယ်၊ ကိုယ်တိုင်ကြားတယ်၊ ကိုယ်တိုင်မြင်တွေ့တယ်၊ ကိုယ်တိုင်စစ်ဆေးတယ် ဆိုတဲ့


သူကပဲ လာရောက်ပြီးတော့ သက်သေခံဖို့ သက်သေခံ ဥပဒေက အတိအကျ ပြဋ္ဌာန်းထားပါတယ်။ အခုတော့
စစ်ဆေးရေးအဖွဲ့မှာ စစ်သွားတဲ့ စစ်ကြောတဲ့သူတွေ မပါဘူး။ နောက်ပြီးတော့တခါ ဒီ ပါရဂူတွေ စစ်ဆေးတယ်၊
ပါရဂူတွေကို သက်သေ တင်ပြထားခြင်း မရှိဘူး။ နောက်ပြီးတော့တခါ အစီရင်ခံစာတွေပေါ်မှာ မူတည်ပြီးတော့
ထွက်တယ်။ အစီရင်ခံစာ ရေးသားတဲ့သူကို သက်သေခံ စာရင်းထဲမှာ ထည့်သွင်းထားတာ မတွေ့ရပါဘူးခင်ဗျ။”
ဒါ့ အပြင် ကိုဖြိုးဝေအောင်ရဲ့ အမှုကို စစ်ဆေးရာမှာ တရားရုံးကိုယ်တိုင်က ဥပဒေနဲ့ မညီတဲ့
သက်သေခံချက်တွေကို လက်ခံ ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။ ဥပမာ ဒုတိယ ရဲမှူး ဦးဝင်းမောင်ရဲ့
သက်သေထွက်ချက်ဟာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ဦးမင်းလွင်ဦးက အခုလိုပြောပြပါတယ်

“လာရောက်ပြီးတော့ သက်သေခံ ထွက်ဆိုတဲ့ အခါမှာလည်း စာမျက်နှာ ၈၀ လောက် ပါတဲ့ စာအုပ်ကို


ကြည့်ပြီးတော့မှ သက်သေထွက်ဆိုတာ ဖြစ်တယ်။ ကျွန်တော်တို့ သက်သေခံ ဥပဒေအရ ဆိုလို့ရှိရင် မိမိ
မှတ်သားထားတဲ့ အချက်အလက်တွေ ဖြစ်တယ်ဆိုရင် ပြန်လည် မှတ်မိဖို့အတွက် ကြည့်ရှုထွက်ဆိုနိုင်တာ
ဖြစ်တယ်။ သို့သော်လည်းပဲ စာအုပ်တအုပ်လုံးကို ဖတ်ပြီး သက်သေခံ သွင်းဖို့ မဟုတ်ပါဘူး။”

အခုလို တရားရုံးရဲ့ ဆောင်ရွက်မှုတွေဟာ ပြဋ္ဌာန်းထားတဲ့ တည်ဆဲ ဥပဒေနဲ့ ညီညွတ်မှု မရှိတဲ့ အပြင်


ကိုဖြိုးအောင်အပေါ်မှာလည်း ခွဲခြားဆက်ဆံမှုတွေ ရှိတဲ့အတွက် ရုံးပြောင်း လျှောက်ထားရာမှာ အထက်ရုံး
အဆင့်ဆင့်က ပယ်ချခဲ့တယ်လို့လည်း အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ထုတ်ပြန် ကြေညာချက်မှာ
ဖော်ပြပါရှိပါတယ်။
ကိုဖြိုးဝေအောင်ရဲ့ အမှုဟာ တရားဥပဒေ စိုးမိုးမှု ရှိတဲ့ ပတ်ဝန်းကျင်မှာ စစ်ဆေးမယ်ဆိုရင် ရုံးတင်နိုင်တဲ့ ခိုင်လုံတဲ့
အခြေအနေတောင် မရှိကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက ပြောဆိုပါတယ်။

အကျဉ်းကျ ရှမ်းခေါင်းဆောင်များကို ဂုဏ်ပြု


2011-03-30 RFA
RFA

စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ် ချထားတဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအဝင်၊ အခြား


အကျဉ်းကျရှမ်းခေါင်းဆောင်တွေကို တိုင်းရင်းသား လူမျိုးစု နိုင်ငံရေးခေါင်းဆောင်တွေက နိုင်ငံရေး
သူရဲကောင်းအဖြစ် ဂုဏ်ပြုမှတ်တမ်း ပေးအပ်တဲ့ပွဲကို ရန်ကုန်မြို့က ဦးခွန်ထွန်းဦးရဲ့ နေအိမ်မှာ မတ်လ ၃၀ ရက်
ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ထောင်ဒဏ် ၉၃ နှစ် ချမှတ်ပြီး


မြန်မာနိုင်ငံ မြောက်ဖျား ပူတာအို ထောင်သို့ ပို့ဆောင် အကျဉ်းချထားပါသည်။
ဒီပွဲကို ဝါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့နဲ့ NLD အဖွဲ့ချုပ်ကလည်း တက်ရောက် ချီးမြှင့်ခဲ့တယ်လို့ NLD
ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။

“SNLD က ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထန


ွ်းဦးနဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များကို
တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အင်အားစုများက နိုင်ငံရေး သူရဲကောင်းများအဖြစ် ဂုဏ်ပြုလွှာ ပေးအပ်တဲ့
အခမ်းအနားကို ဦးခွန်ထွန်းဦးရဲ့ နေအိမ်မှာ ဒီနေ့မနက် ကျင်းပပါတယ်။ အဲဒီမှာ တက်ရောက်တဲ့
ပုဂ္ဂိုလ်များကတော့ ဦးအေးသာအောင်တို့၊ ဦးပူကျင့်ရှင်းထန်တို့၊ နောက် ဦးထောင်ကိုထန်းတို့၊ နောက်
ကျွန်တော်တို့ ဦးနိုင်ငွေသိန်းတို့၊ ဦးနိုင်ထွန်းသိန်းတို့ စတဲ့ ပုဂ္ဂိုလ်တွေ၊ ဦးသာဘန်းတို့ ဘာတို့ စတဲ့ ပုဂ္ဂိုလ်တွေ၊
နောက် ဦးစိုင်းစောအောင် စတဲ့ အဲလို ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေ၊ ရခိုင်စတဲ့ တိုင်းရင်းသား
ခေါင်းဆောင်တွေ တွေ့ရပါတယ်။”

“နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဆရာ ဦးဝင်းတင်၊


ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်စတဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ တက်ရောက်ပါတယ်။ နောက် ဝါရင့်
နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ သခင်ချန်ထွန်းတို့၊ နောက် တိုင်းရင်းသား ခေါင်းဆောင်ထဲက မစ္စတာ
ဦးအာပီသောင်းတို့ ဘာတို့လည်း တက်ရောက်တာ တွေ့ရပါတယ်။”
ဂုဏ်ပြလွှာကို ဦးခွန်ထွန်းဦးရဲ့ ဇနီး ဒေါ်ဝေဝေလွင်ကို ပေးအပ်လိုက်တယ်လို့ ဆိုပါတယ်။

ဦးခွန်ထွန်းဦးဟာ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်ပြီး သူတို့ကို ၂၀၀၅ ခုနှစ်မှာ
စစ်အစိုးရက အမျိုးသားညီလာခံ ကျင်းပရေးကို နှောင့်ယှက်မှုနဲ့ စွပ်စွဲပြီး ဖမ်းဆီး ထောင်ချ ထားတာပါ။ လက်ရှိမှာ
ဦးခွန်ထွန်းဦးက ထောင်ဒဏ် ၉၃ နှစ်နဲ့ ကချင်ပြည်နယ် ပူတာအိုထောင်မှာ အပို့ခံထားရပြီး ကျန်းမာရေး
ချို့တဲ့နေတယ်လို့ သိရပါတယ်။

SNLD ပါတီအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကို ထောင်ဒဏ် ၈၅ နှစ်နဲ့ ကလေးအကျဉ်းထောင်၊ ဦးစိုင်းလှအောင်ကို


ထောင်ဒဏ် ၇၅ နှစ်နဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူထောင်၊ အပစ်ရပ် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နာယက
ဗိုလ်ချုပ် ဆေထင်ကို ထောင်ဒဏ် ၁၀၆ နှစ်နဲ့ ရခိုင်ပြည်နယ် စစ်တွေထောင်မှာ ပို့ထားတယ်လို့ သိရပါတယ်။

သူတို့နဲ့ အတူ ထောင်ချခံလိုက်ရတဲ့ ဆရာဦးမြင့်သန်းက သံတွဲအကျဉ်းထောင်မှာ ကွယ်လွန်သွားခဲ့ပါတယ်။


SNLD ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ တနိုင်ငံလုံး လွှတ်တော်ကိုယ်စားလှယ် ဒုတိယ အများဆုံးရရှိတဲ့ ပါတီ
ဖြစ်ပါတယ်။

ပြည်သူ မျှော်မှန်းသော အစိုးရမဟုတ်ကြောင်း NLD ရှုမြင်


2011-03-30 RFA
RFA

စစ်အစိုးရကနေ အရပ်သား အစိုးရအဖြစ် မတ်လ ၃၀ ရက် ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုလိုက်တဲ့ သမတသစ်နဲ့


အစိုးရသစ်ဟာ ပြည်သူလူထု အမှန်တကယ် မျှော်မှန်း တောင့်တနေတဲ့ အစိုးရတရပ် မဟုတ်ဘူးလို့ ရှုမြင်
သုံးသပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။

ဒါနဲ့ပတ်သက်လို့ NLD အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။

“အစိုးရသစ် ပြောင်းလဲတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့ အမြင်ကတော့ အနှစ်ချုပ်ပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံ


အခြေခံ ဥပဒေကနေ ဆင်းသက်လာတာ။ ရွေးကောက်ပွဲကျတဲ့ အခါကျတော့လည်း ကမ္ဘာကြီးက all inclusive
ဖြစ်အောင် လုပ်ပါဆိုတဲ့ ကြားထဲကနေပြီးတော့ တဖက်သတ်လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ၊ အဲဒီ ရွေးကောက်ပွဲက
ဖြစ်ပေါ်လာတဲ့ လွှတ်တော်၊ အဲဒီ လွှတ်တော်ကနေ အခု ဖွဲ့လိုက်တဲ့ အစိုး ရ။ သို့သော်လည်းပဲ သမတ၊ ဒုတိယ
သမတ၊ လွှတ်တော် ဆိုတာတွေ ရှိလာတယ်။ ဒါကတော့ အရင်နဲ့ စာရင်ပေါ့ဗျာ၊ မတူတဲ့ ပြောင်းလဲမှုတွေ
ဖြစ်လာတာ ကျွန်တော်တို့ ပကတိအတိုင်း မြင်ပါတယ်။ သို့သော် အဲဒီ ပြောင်းလဲလာတဲ့ဟာက တကဲ့
ပြည်သူလူထု မျှော်မှန်းတောင့်တနေတဲ့ ပြောင်းလဲမှုမျိုးတော့ မဖြစ်သေးဘူးဆိုတာလည်း ကျွန်တော်တို့ အဲလိုပဲ
ပြောရပါမယ်။”

ပြည်သူတွေ မျှော်လင့်နေတဲ့ အစိုးရ မဟုတ်ပေမဲ့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ရဖို့ ဆိုရင်
တွေ့ဆုံဆွေးနွေးရေးက အဓိကကျတဲ့အတွက် အဆုံးအဖြတ် ပေးနိုင်မဲ့ ခေါင်းဆောင်တွေ တွေ့ဆုံကြဖို့ မူကို NLD
အဖွဲ့ချုပ်က ဆက်လက် စွဲကိုင်ထားတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

“တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ရေးဆိုတာဟာ အဆုံးအဖြတ် ပေးနိုင်တဲ့ ပုဂ္ဂိုလ်နဲ့ ကျွန်တော်တို့ ဒီဖက်က


ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည် ရင်ထဲက အသံဟာ သူတို့ ရင်ထဲက အသံပါပဲလို့ ပြောနေတဲ့ အဲဒီ
ကျွန်တော်တို့ ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေး ပြေလည်အောင် အဖြေရှာဖို့သာ ဖြစ်ပါတယ်။ ကျွန်တော်တို့
အဲဒီအတိုင်းပဲ ဆက်လက်ပြီးတော့ ရပ်တည်ထားပါတယ်။”
“အဲဒါဟာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက် တချက်ပါပဲ။ အဲဒီတော့ အစိုးရသစ်နဲ့ တွေ့ဆုံဆွေးနွေးမယ်ဆိုလည်းပဲ
ကျွန်တော်တို့ကတော့ ဒါ တွေ့ဆုံဆွေးနွေး ပြေလည်ရေးကိုသာ ကျွန်တော်တို့ ခုထက်ထိ ရပ်ထားတုန်းပဲလို့
ပြောချင်ပါတယ်။”

အခုအစိုးရသစ်ကို ပြည်သူမျှော်မှန်းတဲ့ အစိုးရတရပ်အဖြစ် အသိအမှတ် ပြုနိုင်ဖို့ဆိုရင် ပြည်သူလူထု လိုချင်နေတဲ့


ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဘယ်လောက် ဖော်ဆောင်ပေးမလဲ၊ ဥပဒေကိုလေးစား လိုက်နာပြီး
ဥပဒေအတိုင်း ဘယ်လောက် ဆောင်ရွက်နိုင်မလဲဆိုတဲ့ အချက်တွေကို စောင့်ကြည့်ပြီး သတ်မှတ် ပြောဆိုရမှာ
ဖြစ်တယ်လို့လည်း NLD အဖွဲ့ချုပ်က ပြောပါတယ်။

မြန်မာအပါအဝင် ၄၈ နိုင်ငံမှာ ဆင်းရဲမှုတိုက်ဖျက်ရေး တိုးတက်မှုနည်း


2011-03-30 RFA
RFA

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့အဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ ၄၈ နိုင်ငံဟာ ဆင်းရဲမွဲတေမှု


တိုက်ဖျက်ရေးမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်း တိုးတက် အောင်မြင်မှု အနည်းငယ်သာ ရှိခဲ့တယ်လို့
ကုလသမဂ္ဂ အကြီးတန်း သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

ဒီနိုင်ငံတွေထဲမှာ ဘော့စ်ဝါနာ၊ ကိတ် ဘာဒီ နဲ့ မော်လ်ဒိုက် ၃ နိုင်ငံကသာ အဆင်းရဲဆုံး နိုင်ငံစာရင်းက


ရုန်းထွက်နိုင်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံး ၄၈ နိုင်ငံမှာ အာရှမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနဲ့ အာဖဂန်နစ္စတန် အပါအဝင် ၁၄


နိုင်ငံပါ ဝင်ပြီး ကျန်တဲ့ နိုင်ငံအများစုက အာဖရိကတိုက်က ဖြစ်ပါတယ်။ ဒီစာရင်းမှာ အနောက်နိုင်ငံတွေထဲက
နိုင်ငံရေး မတည်ငြိမ်တဲ့ ဟေတီနိုင်ငံ တနိုင်ငံပဲ ပါဝင်ပါတယ်။

အချမ်းသာဆုံး နိုင်ငံတွေအနေနဲ့ ဒီနိုင်ငံတွေ ဆင်းရဲခြင်းက လွတ်အောင် လယ်ယာ စိုက်ပျိုးရေးကဏ္ဍ


အထွက်နှုန်းတိုးရေး၊ ကျောင်းနေအရွယ် ကလေးသူငယ်တွေ ပညာသင်ခွင့်ရရေးစတဲ့ အဓိကကျတဲ့ ကဏ္ဍတွေမှာ
သင့်လျော်တဲ့ အကူအညီပေးသင့်တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာလည်း ကုလသမဂ္ဂ အဖွဲ့အစည်းတခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO)


က အဆင်းရဲဆုံးနိုင်ငံတွေနဲ့ ပတ်သက်လို့ အစီရင်ခံစာတစောင် ထွက်ပေါ်လာပါတယ်။
ဒီအစီရင်ခံစာမှာ ဆင်းရဲတဲ့ နိုင်ငံတွေမှာ အလုပ်အကိုင် ရရှိမှုနှုန်း တိုးတက်မှု အနည်းငယ်သာ ရှိပေမဲ့ ပြည်တွင်း
ထုတ်ကုန်တန်ဖိုး နိမ့်ကျလျက် ရှိကြောင်း၊ အလုပ်သမားအများစုဟာ ရပိုင်ခွင့် ကန့်သတ်ခံရတဲ့ အခြေအနေမှာ
ရောက်နေတဲ့အတွက် ဆင်းရဲတွင်းက မရုန်းနိုင်ပဲ ရှိနေကြောင်း ဖော်ပြထားပါတယ်။

နအဖ စစ်ကောင်စီ ဖျက်သိမ်း၊ အစိုးရသစ်ဖွဲ့


ခင်ဦးသာ Wednesday, 30 March ဧရာဝ
ဧရာဝတီ

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရအဖွဲ့ကို ယနေ့မှစ၍ ဖျက်သိမ်းလိုက်ပြီ


ဖြစ်ကြောင်း MRTV-4 ရုပ်သံ မှ ယနေ့ နေ့လယ်ပိုင်းက ကြေညာသည်။
သမ္မတသစ် ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် အဖွဲ့အား နအဖ စစ်အစိုးရ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏
အမိန့်ဖြင့် နိုင်ငံတော် အာဏာ အရပ်ရပ်ကို လွှဲပြောင်းလိုက်ကြောင်း၊ အာဏာလွှဲပြောင်းလိုက်ချိန်မှစ၍ နအဖ
အစိုးရအဖွဲ့သည် ဗဟို၊ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့်မှ ရပ်ကွက်၊ ကျေးရွာ အဆင့်အထိ ဖျက်သိမ်းပြီး
ဖြစ်ကြောင်း ကြေ ညာသွားသည်။

အစိုးရသစ်အဖွဲ့တွင် ဗိုလ်ချုပ်လှမင်း ကို ကာကွယ်ရေးဝန်ကြီး၊ ဒု ဗိုလ်ချုပ်ကြီး ဦးကိုကိုအား ပြည်ထဲရေးဝန်ကြီး၊


ဗိုလ်ချုပ် သိန်းဌေး ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့်
အမျိုးသားစက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ဦးဝဏ္ဏမောင်လွင်အား နိုင်ငံခြားရေးဝန်ကြီး စသည်တို့ကို
သမ္မတသစ် ဦးသိန်းစိန်၏ အမိန့်ဖြင့် ခန့်အပ်ကြောင်း ကြေညာချက်၌ ပါရှိသည်။

ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ် အဖွဲ့တင


ွ် တာဝန်ထမ်းဆောင်ကြမည့် ၀န်ကြီးများ
အားလုံးနီးပါးသည် ယခင်ဌာန၌ပင် ၀န်ကြီးနေရာကို ပြန်လည် ခန့်ထားသည်ကိုတွေ့ရပြီး ပြန်ကြားရေးဝန်ကြီး
ဦးကျော်ဆန်းအား ယာဉ်ကျေးမှု ၀န်ကြီးဌာနကိုပါ ပူးတွဲခန့်ထားသည်။

ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ဒေါက်တာထွန်းရှင်နှင့် ပြည်ထောင်စု တရားသူကြီးချုပ် အဖြစ် ဦးထွန်းထွန်းဦး


တို့ကိုခန့်ထား သည်။

နအဖ အစိုးရ၏ အကြီးအကဲနေရာအား စွန့်လွှတ်ကာ သမ္မတသစ်ကို အာဏာလွှဲပေးလိုက်ပြီး


ကာကွယ်ရေးစီးချုပ်ရာထူးကို လည်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား
လွှဲပြောင်းပေးသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် သမ္မတ အစိုးရသစ် လက်ထက်တွင် မည်သည့်
အခန်းကဏ္ဍမှ ပါဝင်မည်ဟူသည်ကို စိတ်ဝင်စားမှုများ ရှိနေကြသည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတော်၏ အဆင့်အမြင့်ဆုံးအဖွဲ့ နိုင်ငံ့ဥသျှောင် အဖွဲ့ကို


ဖေဖော်ဝါရီလ အတွင်း ကပင် ဖွဲ့ထားပြီးဖြစ်ကြောင်း၊ ယင်းအဖွဲ့မှ တပ်မတော်ကို တိုက်ရိုက်ကွပ်ကဲ
အုပ်ချုပ်မည်ဖြစ်ကြောင်း၊ အဓိကကျသော ဆုံးဖြတ်ချက်၊ အမိန့်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကသာ
ချမှတ်မည်ဖြစ်ကြောင်း နေပြည်တော် စစ်တပ် အသိုင်းအဝန်း၏ ပြော ဆိုချက်အရ သိရသည်။

နိုင်ငံ့ဥသျှောင်အဖွဲ့တွင် အဖွဲ့ဝင် ၈ ဦး ပါဝင်မည်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊


ဗိုလ်ချုပ်ကြီး ဟောင်းနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ သမ္မတ ဦးသိန်းစိန်၊ ဒု သမ္မတ သီဟ သူရ
ဦးတင်အောင်မြင့်ဦး၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးနှင့်အတူ တခြားအဆင့်မြင့် စစ်အရာရှိဟောင်း ၂ ဦး
ပါဝင်ကြောင်းလည်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။

မှောင်ခို ဈေးကွက် စက်သုံးဆီဈေး မြင့်တက်


နရီလင်းလက် Wednesday, 30 March 2011 ဧရာဝ
ဧရာဝတီ

မြန်မာနိုင်ငံ တ၀န်းလုံးရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များတွင် လောင်စာဆီရရှိရန် တန်းစီနေသည့်


ကားတန်းများ ပိုမိုများပြားလာပြီး မှောင်ခိုဈေးကွက် အတွင်းရှိ ဓာတ်ဆီဈေးနှုန်းမှာလည်း
ဆက်လက်မြင့်တက်လျက်ရှိသည်ဟု သိရသည်။

ယခုလဆန်းမှစတင်၍ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်းက မှောင် ခိုဓာတ်ဆီ


ဈေးကွက် ပ ပျောက်ရန် ကားများကို စက်သုံးဆီအသင်း တံဆိပ်ပါ ဓာတ်ဆဝ
ီ ယ်ယူခွင့် စာအုပ်များ ထုတ်ပေးပြီး
စနစ်သစ်ပုံစံဖြင့် ကန့် သတ် ရောင်းချ ပေးသည့် စနစ်ကို စတင်ကျင့်သုံးခဲ့သည်။
ယင်းကဲ့သို့ ကန့်သတ်ရောင်းချသည့် စနစ်ကို ပြောင်းလဲ ကျင့်သုံးပြီးနောက်တွင် မှောင်ခိုဈေးကွက်အတွင်း
ဈေးနှုန်းမြင့် တက် မှု များ ဖြစ်ပေါ်လာသည်ဟု အငှားယာဉ်မောင်းသမားတဦးက ပြောသည်။

“အာဏာပိုင်တွေကတော့ မှောင်ခိုဈေးကွက်ပျောက်အောင် ၊ ၃-၄ ခေါက် ပြန်ပြန်တိုးပြီး လုပ်စားတဲ့ သူတွေ


လျော့အောင် လုပ် တယ်ဆိုပေမယ့် သူတို့ ပြောနေတဲ့ မှောင်ခိုဈေးကွက်က မပျောက်တဲ့ အပြင်
တကယ်သုံးစွဲသူတွေ ဈေးကြီးကြီပေးဝယ်ရ တဲ့ အခက်အခဲပိုဖြစ်လာတယ်”ဟု ၎င်းက ပြောသည်။

အငှားယာဉ်မောင်း သမားက ဆက်၍ “ည ၇ နာရီ ကားသိမ်းခါနီးလောက်ကတည်းက တန်းစီတာ ကားတန်းက


မြင်မကောင်း အောင် အရှည်ကြီး။ တခါတလေ ကားထားခဲ့ပြီး မနက်မှလာပြန်ယူ ဆီထုတ်ရတာမျိုး
ဒုက္ခမခံရင်လည်း အပြင်ဈေးတွေက အရမ်း တက်နေတော့ မ၀ယ်နိုင်ဘူး။ မှောင်ခိုကနေ ဈေးကြီးပေးဝယ်လို့
ကားခဈေးတိုးတောင်းပြီပဲထား ကားခတွေကလည်း ဈေးတက်တော့ အရင် ၂၀၀၀ ကျပ် လောက် လမ်းကို ၃၀၀၀
ကျပ် ဆို ဘယ်သူက ငှားနိုင်တော့မလဲ။ ကားသမားလည်းမကိုက် စီးတဲ့ လူလဲ မကိုက်ဘူး”ဟု ပြောဆိုသည်။

အဆိုပါ မှောင်ခိုဈေးကွက်အတွင်း ဓာတ်ဆီဈေးမြင့်တက်မှုသည် ကန့်သတ်လိုက်သည့် လောင်စာဆီထုတ်ယူမှု


ပမာဏနှင့် လည်း သက်ဆိုင်သည်ဟု ခရီးသွားကား စင်းလုံးငှားရမ်းသည့် ၀န်ဆောင်မှု လုပ်ကိုင်နေသူ တဦးက
ပြောသည်။

“မှောင်ခိုပျောက်အောင် ကန့်သတ်ရောင်းတယ် ၊ တန်းမစီနိုင်တော့ မှောင်ခိုဈေးမှာ ဈေးကြီးပေးဝယ်ရတယ်။


သွားရင်းလာရင်း ဆီပြတ် သွားရင် တန်းစီနေတဲ့ ကားတန်းထဲ ဘယ်လို ၀င်တိုးမလဲ။ ဒီကြားထဲ မှောင်ခို
ဆိုင်လေးတွေ တွေ့ရင်လိုက်ဖမ်းတာမျိုးလုပ်တော့ မှောင်ခို ဈေးကွက်က ဈေးပိုတက်တယ်။ အမှန်တော့လည်း
မှောင်ခို ဈေးကွက်ဆိုတာ ပုဂ္ဂလိက ဆိုင်တွေက ပြန် ထုတ်ရောင်းတာကနေ လာတာလေ။ ပုဂ္ဂလိက က
ကားတွေကို ပမာဏ လျှော့ပေးတော့ အပြင်များများထုတ် ရောင်း ဈေး လည်း ပိုရ။ အစိုးရကလည်း မသိတာ
မဟုတ်ဘူး။ အခုက အစိုးရရယ်၊ ပုဂ္ဂလိက ဆီဆိုင်တွေရယ် မှောင်ခိုရယ် စီးပွားဖြစ်နေ တယ်”ဟု ၎င်းက ဆိုသည်။

ပုဂ္ဂလိက အရောင်းဆိုင်များတွင် ဓာတ်ဆီ တဂါလန် ၂၅၀၀ ကျပ် ၊ ဒီဇယ် တဂါလန် ၄၀၀၀ ကျပ်
ဖြင့်ရောင်းချပေးနေသော် လည်း မှောင်ခို ဈေးကွက်တွင် ဓာတ်ဆီ တဂါလန် ၄၆၀၀ ကျပ် ၊ ဒီဇယ် ၁တဂါလန်
၄၁၀၀ ကျပ်ဖြင့် ရောင်းချနေသည်ဟု သိရ သည်။

“စာအုပ်နဲ့ ဆီထုတ်ရတဲ့ စနစ်ကို ပြောင်းလိုက်ပြီးနောက်မှာ တချို့ ဆိုင်တွေက တရက်ကို ၂ ဂါလန်


ရောင်းပေးတာ ရှိသလို တချို့ ဆိုင်က ၃ ဂါလန် ရောင်းပေးတာ ရှိတယ်။ ပုဂ္ဂလိက ဆီဆိုင်ကြီးတွေ ကိုယ်တိုင်က
အစိုးရဆီက ၀ယ်ခွင့်ရတဲ့ ဂါလန် အရေအတွက် တယောက်နဲ့ တယောက်မတူတာလည်း ပါတယ်”ဟု ဓာတ်ဆီ
မှောင်ခိုဈေးကွက်တွင် ရောင်းချနေသူ တဦးက ပြောသည်။

သူက ဆက်၍ “အရင်နှစ် သင်္ကြန်နီးလာတာတောင် ဓာတ်ဆီဈေးတက်တာ ဒီလောက်မရှိဘူး။ အခုက ပြီးခဲ့တဲ့


လဆန်း က တည်းက ဈေးတွေ ထိုးတက်တာ အခုထိလည်း ထပ်တက်နေတုန်း။ ပုဂ္ဂလိက ဆိုင်တွေမှာလည်း
တန်းစီနေတဲ့ ကားတန်းတွေ ဆီထုတ်တဲ့ စနစ်ကို အစိုးရ ကြိုက်သလို ပြောင်း ကားတွေ တန်းစီနေတာတော့
မပြောင်းဘူး”ဟု ပြောသည်။

နယ်မြို့များရှိ ဓာတ်ဆီ မှောင်ခိုဈေးနှုန်းမှာ ပိုမိုမြင့်တက်နေပြီး ရခိုင်ပြည်နယ်တွင် ဓာတ်ဆီ တဂါ လန် ၆၀၀၀


ကျပ် ၊ တောင် ကြီး မြို့တွင် ဓာတ်ဆီ တဂါလန် ၅၀၀၀ ကျပ် ၊ မန္တလေးမြို့ တွင် ဓာတ်ဆီ တဂါလန် ၅၂၀၀ ကျပ် ၊
မုံရွာမြို့တွင် ဓာတ်ဆီ ၁ ဂါလန် ၅၆၀၀ ကျပ် အသီးသီးထိ ဈေးနှုန်းမြင့်တက်နေသည်ဟု သိရသည်။
ယခုကျင်းပနေသည့် လွှတ်တော်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက
စက်သုံးဆီ ဖြန့်ဖြူး ရောင်းချခြင်းနှင့်ပတ်သက်၍ မေးမြန်းချက်အား စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး ဦးလွန်းသီ က
အစိုးရက ပုဂ္ဂလိက ကဏ္ဍ အတွက် လစဉ် ဓာတ်ဆီဂါလန် ၉ သန်းခန့်ရောင်းချနေပြီး လျှော့ဈေးဖြင့် ရောင်းချ
ပေးသောကြောင့် ကမ္ဘာ့ ဓာတ်ဆီပေါက်ဈေးထက် သက်သာနေသည်ဟု ပြန်လည်ဖြေဆိုထားသည်ကို မတ်လ
၁၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ထို့အပြင် လစဉ် နိုင်ငံတော်မှ ရောင်းချပေးနေသည့် ဓာတ်ဆီ ဂါလန် ၉ သန်းခန့်ဖြင့် လုံလောက်မှု


မရှိသောကြောင့် ပြည်ပ မှ တင်သွင်းရောင်းချရန် နိုင်ငံတော်မှ စီစဉ်ပေးထားပြီး နိုင်ငံတကာသုံး ဓာတ်ဆီ
အော့တိန်းဆီ(92 Ron)ကို ပုဂ္ဂလိက လုပ်ငန်းရှင် များအား ပြည်ပမှ အလုံအလောက်တင်သွင်းခွင့်ပြုထားပြီး
လွတ်လပ်စွာဖြန့်ဖြူးရောင်းချခွင့်လည်း ပေးထားသည်ဟု ပြောထားသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နောက်ကွယ်မှ အာဏာဆက်လက် ချုပ်ကိုင်နိုင်


လင်းသန့် Wednesday, 30 March ဧရာဝ
ဧရာဝတီ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယနေ့ မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့်


ဖွံ့ဖြိုးရေးကောင်စီကို တရားဝင် ဖျက်သိမ်းလိုက်ကြောင်း ကြေညာသွား သော်လည်း နောက်ကွယ်မှ
အာဏာအရပ်ရပ်ကို ဆက်လက်ချုပ်ကိုင်သွားမည်သာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် ၀ါရင့်
နိုင်ငံရေးသမားကြီးများက ပြောကြားလိုက်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သူယူထားသော ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုလည်း ဗိုလ်ချုပ်ကြီး


မင်းအောင်လှိုင်အား လွှဲပေးလိုက်သည်။

သံတမန်ဟောင်း၊ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက “သူတို့က ဒီမိုကရေစီစနစ်ကို


ကျင့်သုံးတော့မယ်ဆိုတဲ့ သဘောမျိုးနဲ့ နိုင်ငံရေးရာထူးတွေ ယူထားတာ မတွေ့ရတော့ဘူး။ ဒါပေမယ့်
ဗိုလ်ချုပ်မှူးကြီးက ဂုဏ်ထူးဆောင်အနေနဲ့ ဆက်နေမယ်ထင်တယ်။ နာမည်ရှေ့က ‘ဗိုလ်ချုပ်’ တွေ ဖြုတ်ပြီး ‘ဦး’
တွေ တပ်၊ အရပ်သားအစိုးရပုံနဲ့ လုပ်လိုက်တော့ မသိတဲ့သူတွေ မျက်စိလည်စရာပဲ။ သူ့သြဇာခံမယ့်
သူတွေကိုရွေးပြီး အစိုးရသစ်ကို ဖန်တီးထားတာ။ ဦးသန်းရွှေတို့ကတော့ ဘေးကနေ မတော်မတရား
မလုပ်အောင် ၀င်ပြောမယ်လို့ ကြားတာပဲ။ တိုက်ရိုက်အုပ်ချုပ်တာ မဟုတ်ပေမယ့် သွယ်ဝိုက်အုပ်ချုပ်မှာပါပဲ။
သူတို့က ရာထူးသြဇာ အကုန်စွန့်လိုက်တဲ့ပုံစံ လုပ်ပြလိုက်တာပါပဲ။ တကယ်တော့သူတို့ လုပ်ချင်သလိုလုပ်လို့
ရနေတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့မှာ အာဏာမျက်နှာစာတွင် ရာထူးတစုံတရာ


ယူထားခြင်းမရှိသော်လည်း နောက်ကွယ်မှ အာဏာအရပ်ရပ်ကို ဆက်လက်ချုပ်ကိုင်သွားမည်ဟု အများက
သံသယ ရှိကြသည်။ အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေ၀င်း၏ သင်ခန်းစာ ရှိသည့်အတွက်
ဗိုလ်ချုပ်မှူးကြီးအနေဖြင့် အာဏာအရှိဆုံးအဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်ဟု အကဲခတ်များက
သုံးသပ်သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အတွင်းရေးမှူး ဦးအေးသာအောင် က “အစိုးရသစ်ဆိုတာ


၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာတဲ့ အစိုးရဆိုတော့ အစိုးရသစ်ဆိုပေမယ့် ပုလင်းအဟောင်းနဲ့အသစ်
ပြောင်းလိုက်ရုံပဲ။ ဘာမှ ပြည်သူတွေအတွက် အကျိုးပြုမယ့်အစိုးရသစ် ဖြစ်လာမှာမဟုတ်ဘူး။ ဒီဖွဲ့စည်းပုံက
တိုင်းရင်းသားတွေရဲ့ ဒီမိုကရေစီအခွင့်အရေးတွေ ဘာမှ ဖော်ဆောင်ထားတာ မရှိဘူး။ အစိုးရသစ်လို့
ပေါ်လာပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ဟာ နောက်ကွယ်က
အာဏာကို ဆက်လက်ကိုင်စွဲသွားမှာပဲ ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို အတင်း အတည်ပြုလိုက်ကတည်းက
ဒီလိုလုပ်လာမယ်ဆိုတာ အားလုံးကြိုသိပြီးသား။ အခုက နအဖ က ပုံဖေါ်နေတဲ့ ရုပ်သေးပြဇာတ်တပုဒ်လို့ပဲ
ထင်တယ်” ဟု ပြောသည်။

ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော်ဆောင်မည်ဟု သမ္မတသစ် ဦးသိန်းစိန်၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲအပြီး


မိန့်ခွန်းရှည်တွင် ဒီမိုကရေစီကူးပြောင်းရေး လုပ်ငန်းစဉ်ကို အကောင်းဆုံး အကောင်အထည်အဖော်ရန်
အခြေခံဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု ပြောဆိုသွားသည်။

သခင်ချန်ထွန်းက “အရင်က ဗိုလ်ချုပ်နေ၀င်းက ဦးနေ၀င်းကို အာဏာလွှဲပေးတာ လုပ်ခဲ့တယ်။ အခုကျတော့


သူက ဦးသိန်းစိန်ကို လွှဲပေးပြီး အာဏာစွန့်တဲ့ပုံ။ သူက သမိုင်းရေးနေတာလေ။ သူဘာလုပ်ခဲ့တယ်ဆိုတာကို
ရေးနေတာ။ ထွင်တာပေါ့။ ဟိုတုန်းက ဖဆပလ က လုပ်တဲ့ပုံစံမျိုးလည်း မဟုတ်ဘူး။ ဦးနေ၀င်းလုပ်ခဲ့တဲ့ပုံစံလည်း
မဟုတ်ဘူး။ တမျိုးထွင်တာပေါ့။ လုပ်နေတာက သမိုင်းမှတ်တမ်းမှာ သူအာဏာအားလုံး စွန့်တဲ့ပုံပေါ့” ဟု
ပြောသည်။

သမ္မတသစ်၏ ပထမဆုံး မိန့်ခွန်းတွင် အစိုးရသစ်ကို အသိအမှတ်ပြုရန် တိုက်တွန်းကြောင်း၊ အမျိုးသားပြန်လည်


စည်းလုံးညီညွတ်ရေးအတွက်လည်း အစွမ်းကုန်ကြိုးစားသွားမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

ဦးအေးသာအောင်က “မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေး အဖြေရှာမှ ရမှာ။ အခုလွှတ်တော်ကလည်း ဘာမှ


ပြောင်းလဲအောင် မလုပ်နိုင်ဘူး။ အဲဒီ လွှတ်တော်ကနေပြီး ထွက်ပေါ်လာတဲ့ အစိုးရသစ်က အရင်အစိုးရက
လူတွေပဲ၊ ဘာမှ မပြောင်းလဲဘူး။ ဒီတော့ အစိုးရသစ်အနေနဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတာကို လုပ်မယ်လို့
မထင်ဘူး” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) မှ


ခေါင်းဆောင် ဒေါက်တာသန်းငြိမ်းကမူ “ဒီနေ့ ကြေညာတယ်ဆိုတာပဲ သိရတယ်။ အပြည့်အစုံတော့ ကျနော်တို့က
မသိသေးဘူးဗျ။ ဘယ်လိုပဲဖြစ်ဖြစ် အပြောင်းအလဲတခု ဖြစ်တယ်ဆိုရင်တော့ ကြိုဆိုရမယ်။ ဒါပေမယ့်
သတိနဲ့တော့ ကြိုဆိုတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ စောင့်ကြည့်သွားရမှာပါပဲ” ဟု ဆိုသည်။

ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်တွင် ဝန်ကြီး ၃၄ ဦးတို့က ဝန်ကြီးဌာန ၃၀ ကို


ကိုင်တွယ်သွားကြမည်ဖြစ်သည်။

စစ်အစိုးရ လေလံကြောင့် စီးပွားရေးလည်ပတ်မှု ကျဆင်း


ဧရာဝတီ Wednesday, 30 March ဧရာဝ
ဧရာဝတီ

စစ်အစိုးရက ပြည်သူပိုင် မြေကွက်၊ လုပ်ငန်း၊ အဆောက် အအုံများကို ငွေကျပ်သန်း သောင်းချီ၍ ပုဂ္ဂလိကသို့


ရောင်းချမှုကြောင့် ဈေးကွက်အတွင်း လှည့်လည်နေသော ကျပ်ငွေများ အစိုးရထံသို့ အလုံးအရင်းနှင့်
ပြန်လည်စီးဝင်ပြီး ငွေရှားပါးမှုနှင့် စီးပွားရေး နှေးကွေး ကျဆင်းမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

အစိုးရသစ်ထံ အာဏာလွှဲပြောင်းခြင်း မပြုမီ စစ်အစိုးရက ပြည်သူပိုင်ပစ္စည်း အမြောက်အမြားကို ပုဂ္ဂလိကသို့


လွှဲပြောင်းရောင်းချခဲ့ကြောင်း၊ လေလံရရှိသည့် လုပ်ငန်းရှင်များက အစိုးရထံ လေလံကြေး ပေးသွင်းရန်
ဘဏ်များမှ ငွေချေးငှားခြင်း၊ ပိုင်ဆိုင်မှုများ ထုတ်ရောင်းခြင်းများ ပြုလုပ်ကြရာ စီးပွားရေးဈေးကွက်အတွင်း
လှည့်လည်နေသော ငွေကြေးများ တစုတစည်းတည်း အလုံးအရင်းနှင့် အစိုးရထံ ပြန်လည်ရောက်ရှိသွားကြောင်း၊
ထိုသို့ရောက်ရှိခြင်းကြောင့် ငွေရှားပါးမှုဖြစ်ပေါ်ပြီး ကျဆင်းနေသော စီးပွားရေးအခြေအနေကို
ပိုမိုနှေးကွေးလာစေကြောင်း ရန်ကုန်မြို့ အခြေစိုက် စီးပွားရေး အသိုင်းအဝန်းမှ သိရှိရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ


ဗဟိုအလုပ်အမှုဆောင်တဦးက “ဒီ ၂ နှစ်၊ ၃ နှစ်အတွင်းမှာ အစိုးရက နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကကို
ရောင်းပစ်တယ်။ ရောင်းလိုက်တဲ့ လုပ်ငန်းတွေကလည်း ငွေကျပ်သန်းကို ထောင်သောင်းသိန်းချီ တန်ဖိုးဖြတ်ပြီး
ရောင်းတာ။ လုပ်ငန်းရှင်တွေကလည်း အမြတ်များမယ့်လုပ်ငန်း၊ အကျိုးများမယ့်မြေကွက်နေရာ၊
အဆောက်အဦးတွေ ရမှာဆိုတော့ ရှိတာထုတ်ရောင်းပြီး အစိုးရကို လေလံကြေးသွင်းတယ်။ အဲဒီတော့
စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံမှုက ထိုးကျတယ်။ ရင်းနှီးမြုပ်နှံမှုအသစ်တွေ ထပ်မ၀င်တော့
လုပ်ငန်းတွေက ပိုပြီးနှေးလာတယ်” ဟု
ပြောသည်။

စီးပွားရေးသမားကြီးများကလည်း ပြည်တွင်းစီးပွားရေး လုပ်ငန်းများသည် တနှစ်ထက်တနှစ် ကျဆင်းလာကြောင်း


ပြောဆိုကြသည်။

ရန်ကုန်အခြေစိုက် စီးပွားရေးသမားတဦးက “အရောင်းအ၀ယ်၊ ရင်းနှီးမြှုပ်နှံမှုတွေက အချိန်ကြာလာနဲ့အမျှ


ကျလာတယ်။ အစိုးရထိပ်ပိုင်း လူကြီးတွေနဲ့ စီးပွားရေးလုပ်နေတဲ့ ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်းတို့လို
လူမျိုးတွေကလွဲရင် ကျန်တဲ့ စီးပွားရေးသမားတွေက ငုတ်တုတ်ကို မေ့နေတာ။ ရေလုပ်ငန်းသမားလည်း
အလုပ်မဖြစ်၊ အရောင်းအ၀ယ်ကုန်သည်တွေလည်း ညည်းကြတယ်။ အလုပ်မဖြစ်လို့။
ဆောက်လုပ်ရေးကုမ္ပဏီတွေလည်း ကုမ္ပဏီမပြုတ်အောင် ရုန်းကန်ကြနဲ့ အားလုံးကျပ်တည်းတယ်” ဟု ဆိုသည်။

ပြည်တွင်းစီးပွားရေးပညာရှင်တဦးက စစ်အစိုးရသည် ပြည်သူပိုင်ပစ္စည်းများကို ရောင်းချခြင်းဖြင့်


ဘတ်ဂျက်လိုငွေပြမှုများကို ဖြည့်ဆည်းခြင်းဖြစ်ကြောင်း၊ ဈေးကွက်လှည့်ပတ်ငွေကြေးများ အစိုးရထံ
အလုံးအရင်းဝင်ရောက်ခြင်းကြောင့် စီးပွားရေး နာလန်မထူမှုများ ဖြစ်ပေါ်နိုင်ကြောင်း သုံးသပ်သည်။

၎င်းက “ငွေရှားသွားတော့ ငွေတန်ဖိုးက တက်လာမယ်။ ဒါကို စီးပွားရေးတက်လို့ ငွေတန်ဖိုးတက်တယ်


ပြောလို့မရဘူး။ ရှားလို့တက်တာ။ လှည့်ပတ်ငွေရှားရင် စီးပွားရေးကျမယ်။ စီးပွားရေးကျရင် ၀င်ငွေကျပြီး
အောက်ခြေ
လူတန်းစားတွေ ပိုများမယ်။ စားဝတ်နေရေး ကျပ်မယ်။ လူတွေ ဒီ့ထက်ပိုဆင်းရဲမယ်” ဟု ပြောသည်။

၎င်းက ဆက်လက်၍ ဘိန်းမှောင်ခိုနှင့် တရားမ၀င် သစ်ရောင်းချခြင်း အပါအ၀င် မှောင်ခိုလုပ်ငန်းများမှ ရရှိသော


ငွေမည်းများကို ငွေဖြူအဖြစ် အသုံးပြုလိုသူများကလည်း အစိုးရလေလံများကို ဈေးကြီးပေးဝယ်ယူခြင်းဖြင့်
ငွေကြေးခ၀ါချမှုများ ပြုလုပ်နိုင်ကြောင်း ထောက်ပြသည်။

ကျပ်ငွေ ရှားပါးခြင်းကြောင့် မတ်လ ပထမအပတ်က အမေရိကန် တဒေါ်လာ ၈၉၀ ၀န်းကျင်ရှိရာမှ မတ်လ ၃၀


ရက်နေ့တွင် တဒေါ်လာ ၈၆၀ ကျပ်အထိ မြန်မာငွေတန်ဖိုး တက်လာသည်။

စစ်အစိုးရသည် ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပြည်သူပိုင်မြေကွက်နှင့် အဆောက်အအုံများကို လေလံတင်ခဲ့ရာ


စမ်းချောင်းမြို့နယ်ရှိ ပဒုမ္မာဇာတ်ရုံ မြေကွက်နှင့်အဆောက်အအုံ တခုတည်းကိုပင် ပြည်တွင်း လုပ်ငန်းရှင်
နှစ်ဦးက ငွေကျပ် သန်းပေါင်း ၅၆၇၇၇ သန်းဖြင့် ဝယ်ယူခဲ့သည်။
“ပဒုမ္မာဇတ်ရုံနဲ့ မြေကွက်ကို ဈေးအကြီးဆုံးပေး လေလံနိုင်သွားတာက PAC Link ကုမ္ပဏီပိုင်ရှင်
ဒေါက်တာကိုကိုကြီးနဲ့ ပရီမီယာကုမ္ပဏီပိုင်ရှင် ဦးထွန်းရင်တို့နှစ်ဦး စပ်တူလေလံ အောင်တယ်။
လေလံအောင်တဲ့ဈေးရဲ့ ၃၀ ရာခိုင်နှုန်းကို နှစ်ပတ်အတွင်း အစိုးရကို သွင်းရမယ်။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ၃ လ
ကနေ ၆ လအတွင်း သွင်းရမယ်” ဟု ရန်ကုန်မှ စီးပွားရေးသမားတဦးက ပြောသည်။

ဒေါက်တာ ကိုကိုကြီးနှင့် ဦးထွန်းရင်တို့နှစ်ဦးက ပဒုမ္မာဇာတ်ရုံကို စပ်တူလေလံအောင်မြင်သည်ဟု ဆိုသော်လည်း


အမှန်တကယ်တွင် ဦးထွန်းရင်သည် ဒေါက်တာ ကိုကိုကြီး ပိုင်ဆိုင်သော PAC Link ကုမ္ပဏီ၏
လက်ခွဲကုမ္ပဏီတခုဖြစ်သည့်
ပရီမီယာကုမ္ပဏီကို ကြီးကြပ်အုပ်ချုပ်နေသော ရှယ်ယာပိုင်ရှင် တဦးမျှသာဖြစ်ကြောင်း၊ ဒေါက်တာကိုကိုကြီးသည်
အမည်မခံဘဲ စီးပွားရေးလုပ်ငန်းအများအပြားကို လုပ်ဆောင်နေသူဖြစ်ကြောင်း သတင်းများလည်း
ထွက်ပေါ်နေသည်။

ဒေါက်တာ ကိုကိုကြီးနှင့် နီးစပ်သူ ပြည်တွင်းစီးပွားရေးသမားတဦးက “နေပြည်တော်နဲ့ ရန်ကုန်မှာရှိတဲ့ Capital


Hyper Market, ဒိုင်မွန်းစတားဂျုံမှုန့်၊ အာမိုဓာတ်မြေသြဇာ၊ ပို့ကုန်သင
ွ်းကုန်လုပ်ငန်း၊ ဆေးရောင်းဝယ်ရေး၊
ဆောက်လုပ်ရေး၊ ပရီမီယာကော်ဖီနဲ့ ခေါက်ဆွဲထုပ်တွေလို စားသောက်လုပ်ငန်းတွေ အပါအ၀င်
စီးပွားရေးလုပ်ငန်းကြီးတွေ တော်တော်များများကို ဒေါက်တာ ကိုကိုကြီးက ပိုင်တယ်” ဟု ပြောသည်။

ဒေါက်တာ ကိုကိုကြီးသည် စင်ကာပူနိုင်ငံတွင်သာ နေထိုင်ပြီး မြန်မာနိုင်ငံသို့ တလလျှင် တကြိမ်၊ နှစ်ကြိမ်ခန့်


ပြန်လာကာ စီးပွားရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲကြောင်း၊ ၄င်း၏ ကုမ္ပဏီတွင် စစ်ဗိုလ်ချုပ်များ၏
ရှယ်ယာများ ပါဝင်နိုင်ကြောင်း ပြည်တွင်းစီးပွားရေးသမားများက သုံးသပ်သည်။

စစ်အစိုးရလေလံတင်သော ပြည်သူပိုင်အဆောက်အအုံ၊ မြေကွက်နှင့် လုပ်ငန်းအများစုကို


ထိပ်ပိုင်းစစ်ဗိုလ်ချုပ်များနှင့် နီးစပ်သူ စီးပွားရေးသမားကြီးများက ရရှိလေ့ရှိသည်။

ချိုကုပ်ဒူးကြီးနှင့် ၀ိုင်ပုလင်း
ရန်ကုန်သားတာတေ Wednesday, 30 March ဧရာဝ
ဧရာဝတီ ထွေရာလေးပါး

ကနေ့ နေပြည်တော်၌ အစိုးရသစ်၊ သမ္မတသစ် ကျမ်းကျိန်ပွဲ အပါအ၀င် အပြောင်းအလဲများရှိသည်ဟု


ယမန်နေ့ကတည်းက ကြားသိထားသောကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ နှစ်ဦးလည်း သတင်းယူရန်
ရောက်ရှိနေကြသည်။ ထိုပွဲသို့ ချိုကုပ်ဒူးကြီး တက် မတက်၊ စစ်ဝတ်နှင့် တက်မည်လား၊ အရပ်ဝတ်
ချိတ်လုံချည်ဖြင့် တက်မည်လားဟူ၍ အငြင်းအခုံပင် ဖြစ်ခဲ့ရသေးသည်။

ကြွက်စုတ်မှာ ဖိုးရှုပ် ခေါ်လာ၍သာ မလိုက်ချင် လိုက်ချင်ဖြင့် လိုက်ခဲ့ရပြီး စားသောက်ဆိုင် တဆိုင်ရှိ တီဗီ


တလုံးရှေ့၌ ရှိနေသည်။ အပြင်မထွက်ဘဲ နေချင်သည်က တကြောင်း၊ မကြာသေးခင်က ဖြစ်ပွားခဲ့သည့် ဂျပန်
ဆူနာမီ ကြောင့် နျူကလီးယား ဓာတ်ပေါင်း ဖိုတွေ ပေါက်ကွဲပြီး ရေဒီယို ဓာတ်သတ္တိကြွမှုတွေဖြစ်၊
မြန်မာပြည်အထိ လေထဲမှာ ဓာတ်ရောင်ခြည်တွေ ပျံ့မည်၊ အက်ဆစ်မိုးတွေ ရွာမည် ဆိုသည့် ဘာဘာ ညာညာ
ကောလာဟလတွေလည်း ပျံနေမဟုတ်လား၊ ဒီကြားထဲ ငလျင်တွေကလည်း လှုပ်ဆိုတော့ ကြွက်စုတ်
ကြောက်သွေးဖျန်းနေခြင်းလည်း ဖြစ်သည်။

တကယ်ဆို ယခုရောက်ရှိနေသည့် စားသောက်ဆိုင်အစား မာဆတ် ဌာနီ အဲ...ရာဇ ဌာနီ လမ်းမကြီးပေါ်ရှိ


မာဆတ် အနှိပ်ခန်း တခုခုတွင် နှပ်နေရရင် အကောင်းသား...ဟု ကြွက်စုတ်က အလိုမကျစွာ
တွေးတောနေမိသည်။
အတွေးကောင်းနေဆဲရှိစဉ် ယခင် အစိုးရဟောင်းကို ဖျက်သိမ်းပြီး အစိုးရသစ်ကို ချိုကုပ်ဒူးကြီးက
အာဏာလွှဲလိုက်သည်ဟု မြန်မာ့ ရုပ်သံက ကြေညာလိုက်ရာတွင် ကြွက်စုတ် က တီဗီ ကြည့်နေရာမှ ချက်ချင်း
ထပြောလိုက်သည်။

ကြွက်စုတ်။ ။ ဟ ချိုကုပ်ဒူးကြီးက အစိုးရသစ်ကို အာဏာလွှဲတယ် ဆိုပါလား...၊ ဖိုးရှုပ် မင်းတို့ မီဒီယာတွေမှာ


ပြောပြောနေတာ ချိုကုပ်ဒူးကြီးက အသက်သာ သေရင် အသေခံမယ်၊ အာဏာကို တစိတ် တခြမ်းတောင်
ခွဲပေးမှာ မှုတ်ဘူးဆို...။

ဖိုးရှုပ်။ ။ ဟေ့ကောင်...ဟေ့ကောင်...အခုမှ အစပဲ ရှိသေးတာ၊ မင်းပါးစပ် မဟရင် ကောင်းမယ်...။

ထိုကြေညာချက်အပြီး မြန်မာ့ ရုပ်သံ၌ “အဆင်ပြေပါစေ မြန်မာပြည်..”စာသား ပါသည့် သီချင်းသံနှင့်


နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပုံကိုပြရင်း ကျန်ရှိ ကြေညာချက်များကို ဆက်လက်
ထုတ်ပြန်မည်ဖြစ်ကြောင်း စာတန်း တခုက ပြေးနေသည်။

တီဗီ ကြည့်နေရင်း ရုတ်တရက် ကြွက်စုတ်က ဖိုးရှုပ်ဘက်လှည့်၍ ပြောလိုက်သည်။

ကြွက်စုတ်။ ။ မင်း ဒီလိုတော့ သူတပါးပြောဆိုခွင့်ကို မပိတ်ပင်နဲ့လေ...ဖိုးရှုပ်၊ အခု မင်းအမြင်၊ တီဗီမှာ


ကြေညာသွားတာ၊ အရပ် သား သမ္မတ အစိုးရသစ် ပေါ်လာပြီလေ...။

ဖိုးရှုပ်က ပြန်ပြောမည် ဟန်ပြင်လိုက်စဉ် တီဗီတွင် ကြေညာချက် အသစ် ကြေညာလာပြန်၍ ငြိမ်


နားထောင်လိုက်ရသည်။

ယခု ကြေညာချက်မှာ သမ္မတ ဦးသိန်းဂိန် အစိုးရသစ်အဖွဲ့ဝင် ၀န်ကြီးများ၏ စာရင်းဖြစ်သည်။ ၀န်ကြီးများ၏


စာရင်းတွေ ရွတ်ပြပြီး ချိန်တွင် ဖိုးရှုပ်က နှုတ်ခမ်းမဲ့ မျက်ခုံးပင့်ပြီး ကြွက်စုတ်ကို မေးငေါ့ လိုက်သည်။

ဖိုးရှုပ်။ ။ ဟေ့ကောင် မင်းကြားလား...၊ အစိုးရသစ် အဖွဲ့မှာ သမ္မတက စပြီး အများစုက လူ အဟောင်းတွေနဲ့


သူတို့ စစ်အုပ်စု လူတွေချည်းပဲ၊ အဲဒါကို အစိုးရသစ်လို့ ဘယ်လို ခေါ်ရမှာလဲ...

ကြွက်စုတ်။ ။ ဒါကတော့ကွာ... လုပ်နေကြ အသားကျပြီးသား လူတွေဆိုတော့ လုပ်ငန်း ပိုကျွမ်းကျင်တယ်ဆိုပြီး


ပြန်ထည့်တာ လည်း ဖြစ်နိုင်တာပေါ့။

ဖိုးရှုပ်။ ။ မင်းကြားဘူးမလားတော့ မသိဘူး ကြွက်စုတ်၊ ဟို ၀ိုင် အဟောင်းနဲ့ ပုလင်း အသစ်ဆိုလား...၊ ပုလင်း
အဟောင်းနဲ့ ၀ိုင် အသစ် ဆိုလား...၊ အဲဒီလိုမျိုးလေ...။

ကြွက်စုတ်။ ။ တကမ္ဘာလုံး အရေး အရမ်းအရမ်းကို ကျွမ်းကျင်သူတွေ လေမျိုးနဲ့ ပြောမနေနဲ့၊ မင့် ၀ိုင်နဲ့ ပုလင်း
ဘယ်လိုပဲ ဖြစ်ဖြစ်၊ တို့ တိုင်းပြည်မှာ နှစ် ၂၀ ကျော်လောက် ခေါ်စရာမဲ့နေတဲ့ သမ္မတ ဆိုတာတော့ ခေါ်စရာ
ရှိလာတာ အသေအချာပဲ...။

ဖိုးရှုပ်။ ။ သြော် လက်စသတ် မင်းက သမ္မတကြီး...သမ္မတကြီးလို့ ခေါ်ရတဲ့ လျှာ အရသာ ခံချင်နေတာကိုး...၊


ချိုကုပ်ဒူးကြီး သာ ကြားလို့ကတော့ ငါးခူပြုံး၊ ငါးသလောက်ပြုံး အပြုံးမျိုးစုံ ပြုံးပြီး မင့်ကို မိန့်မိန့်ကြီး ကြည့်နေမှာ
မြင်ယောင်သေး...၊ သူရွှေ့လိုက်တဲ့ ဇယားထဲ မင်းက အကောင်လိုက်ကြီး ၀င်လာလို့ လေ...။
ဖိုးရှုပ် အပြောကြောင့် ကြွက်စုတ် ဒေါကန် သွားပြီး ပြန်ပက်မည်ပြင်လိုက်စဉ် ဦးရုက္ခစိုး ရုတ်တရက်ရောက်လာပြီး
ကြားဖြတ်ဝင်ပြော လိုက်သည်။

ရုက္ခစိုး။ ။ ဟေ့ကောင်တွေ မင်းတို့ နှစ်ကောင်က ထုံးစံလို ဖြစ်နေပြီ၊ တွေ့ရင် ကိုက်ကြ၊ မတွေ့ရင်လိုက်ရှာနဲ့၊


အခု ဘာဖြစ်နေပြန် ပြီလဲ...။

ဦးရုက္ခစိုး အမေးကို ဖိုးရှုပ်က ဦးစွာ ပြန်ဖြေလိုက်သည်။

ဖိုးရှုပ်။ ။ ဒီမှာ ဦးရုက္ခစိုးကောင် ငကြွက်၊ သူ့ဘာသူ ငတ်တာ ကျပြီး လျှာ အရသာခံချင်တာနဲ့ ကျနော့်ကို
ဘုတောနေတာ...။

ရုက္ခစိုး။ ။ ဘာငတ်လို့လဲ...ဒီကောင်က...။

ဖိုးရှုပ်။ ။ သမ္မတ...

ဖိုးရှုပ်က တုံးတိတိ ဖြေလိုက်၍ ဦးရုက္ခစိုး ရုတ်တရက် ကြောင်သွားသည်။

ရုက္ခစိုး။ ။ ဘာ သမ္မတ လဲ...၊ ပေါင်မုန့်လား...ရုပ်ရှင်ရုံ လား...။

ဖိုးရှုပ်။ ။ ဟာ ဦးရုက္ခစိုး ပြောမှ ပိုရှုပ်ကုန်တော့မှာပဲ...၊ တီဗီ မှာ စောစောကတင် အစိုးရဟောင်း ဖျက်ပြီး


အစိုးရသစ်ကို အာဏာ လွှဲတယ်လို့ ကြေညာသွားတယ်...။

ရုက္ခစိုး။ ။ ဟေ ဟုတ်လား...ငါတောင် မသိလိုက်ဘူး...။

ဦးရုက္ခစိုး အူကြောင်ကြောင်ဖြင့် စကားစ ပြတ်သွားသည်ကို အခွင့်ကောင်းယူ၍ ကြွက်စုတ်က


ဝင်ပြောလိုက်သည်။

ကြွက်စုတ်။ ။ ဦးရုက္ခစိုးက နေ့လယ်နေ့ခင်းဆို တရေးတမော မှေးရင်း နတ်စည်းစိမ် ယဇ် နေတာကိုး


ဘယ်သိမလဲ...၊ ကျနော်က အဆိုးထဲ က အကောင်းကို မြင်ကြည့်တာပါ၊ အခုဆို အရပ်သား အစိုးရ
ပေါ်လာပြီလေ...ဟုတ်တယ် ဟုတ်၊ ဒီကောင် ဖိုးရှုပ် ဆိုတဲ့ ကောင်က အဆိုးပဲ မြင်နေတာ...။

ဖိုးရှုပ်။ ။ ဟေ့ကောင် ပြောပြန်ပြီ...၊ မင်းတော့ ငါ လုပ်လိုက်ရ...။

ဦးရုက္ခစိုးက ဖိုးရှုပ်တို့ နှစ်ဦး၏ တင်းမာလာသည့် အခြေအနေကို ကြားဝင်လိုက်သည်။

ရုက္ခစိုး။ ။ ဖိုးရှုပ်ကလည်း ဖြည်းဖြည်းပြောလေ...၊ မင်းတို့ ဟာက...။

ကြွက်စုတ်။ ။ ဦးရုက္ခစိုးပဲ စဉ်းစားကြည့် ဒီကောင်က ကြီးကြီး ကျယ်ကျယ်နဲ့ ပြောတယ်လေ...၊ အစိုးရ


အဟောင်းနဲ့ အသစ်က ဘာမှ မထူးတဲ့ ပုံမျိုး...၊ ၀ိုင် အဟောင်းနဲ့ ပုလင်း အသစ်၊ ပုလင်း အဟောင်းနဲ့ ၀ိုင် အသစ်
ဘာညာနဲ့လေ...။
ဤတွင် ဦးရုက္ခစိုး ဇာတ်ရည်လည်စ ပြုလာသည်။

ရုက္ခစိုး။ ။ သြော် မင်းတို့ ပြဿနာကို ငါ သိသွားပြီ၊ အေး..ကွ တကယ်တော့ ကြွက်စုတ်ရ ရွေးဂေါက်ပွဲ


အဖြေကနေ လွှတ်တော် အစည်းအဝေးတွေကိုပဲ ကြည့်ရင် စစ်အုပ်စုနဲ့ သူတို့ လူတွေချည်း ပဲ...၊ အမတ်တွေမှာ
ဘာမှ မယ်မယ်ရရ ပြောဆို လုပ်ပိုင်ခွင့်မရှိ လို့ ခမျာ များ စိတ်ပျက်နေကြတာ၊ အခုဆို သူတို့ အိမ်ပြန်ရမှာမို့
ပျော်နေကြတယ်လို့တောင် ကြားတယ်...။

ပြောရင်း ဆိုရင်းနှင့် ဦးရုက္ခစိုးနှင့် ဖိုးရှုပ်တို့ သဘောထား နီးစပ်လာသည်ကို သတိထားမိလိုက်၍ ကြွက်စုတ်


ကမန်းကတန်း ၀င်ဖြတ်ပြောသည်။

ကြွက်စုတ်။ ။ ဒီလိုပါ ၊ ကျနော် ပြောတာက အပြုသဘောပါ၊ ဦးရုက္ခစိုးပဲ စဉ်းစားကြည့် စစ်တပ်ရာနှုန်းပြည့်၊


နေရာပြည့် ၊ ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် စိမ်းစိမ်း စိမ်းစိမ်း ဖြစ်နေရာကနေ အခု အရပ်သား ပုံစံ
လုပ်လာနေရပြီလေ...။

ဖိုးရှုပ်။ ။ အဲဒါ ဟန်ပြ ၊ အယောင်ဆောင် ၊ ချွတ်စွပ် အစိုးရ လုပ်ထားတာ ဆိုတာ လူတိုင်း သိတယ်...၊ မင်းသာ
ငတုံး မို့လို့...။

ရုက္ခစိုး။ ။ ဟေ့ကောင် ဖိုးရှုပ်...ရှင်းရှင်း ပြောစမ်း မင့်ဟာက၊ ဘာ ချွတ်စွပ် လဲ...။

ကြွက်စုတ်။ ။ သူပြာတာက စစ်ယူနီဖောင်းချွတ် အရပ်သား ၀တ်စုံ စွပ်ပြီး


အယောင်ဆောင်တယ်လို့ပြောချင်တာ...၊ ဒီကောင်က သတင်းလေး ဘာလေး မတောက်တခေါက်
ရေးတတ်တာနဲ့ လေကြီး လေကျယ်တွေ လုပ်နေတာ...။

ထိုအချိန်ကျမှ ဦးရုက္ခစိုးက သူ၏ အမြင်ကိုပြောချလိုက်သည်။

ရုက္ခစိုး။ ။ မင်းတို့ နှစ်ယောက်စလုံးနဲ့ကို ငါ သဘောထား ကွဲလွဲနေတယ်...၊ ချွတ်စွပ်လည်း မဟုတ်ဘူး...၊ ၀ိုင်


အဟောင်းနဲ့ ပုလင်း အသစ်လည်း မဟုတ်၊ ပုလင်း အဟောင်းနဲ့ ၀ိုင် အသစ်လည်း မဟုတ်ဘူး...၊ ချိုကုပ်ဒူးကြီးက
ဝိုင် ပုလင်းကို တံဆိပ် အသစ်နဲ့ အဟောင်း ပြောင်းကပ် ပေးလိုက်တာပါ ကွာ...။

ဤတွင် ၎င်းတို့ ၃ ဦးမှာ ဟိုအရေး ဒီအရေး ကျွမ်းကျင်သူများ ပြောသည့် ၂ ဦးရှိက ၃ စုကွဲ၊ ၃ ဦးရှိက ၄ စုကွဲ
ဆိုသကဲ့သို့ အဖြစ်ကို ရောက်ရှိ သွားလေတော့သည်။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်း အချက်အလက်
အမှန်များအပေါ် အခြေခံရေးသားထားခြင်း မဟုတ်ပါ။

ဇာဂနာ မှတ်တမ်းရုပ်ရှင်
By မခင်ဖြူထွေး ဗုဒ္ဓဟူး, 30 မတ် VOA

မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဟာသ သရုပ်ဆောင်၊ ဒါရိုက်တာ၊ လက်ရှိ မြန်မာစစ်အစိုးရ အကျဉ်းထောင်တွင်းမှာ


ထောင်ဒဏ် ၃၅ နှစ် ကျခံနေရတဲ့ ကိုသူရ ခေါ် ဇာဂနာအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ခွေ တခုကို
အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီ မြို့တော်က ရုပ်ရှင်ရုံတခုမှာ ပြသနေပါတယ်။ အပြည့်အစုံကို
မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။
ကျနော်နေထိုင်ရာ အကျဉ်းထောင်လို့ အဓိပ္ပာယ်ရတဲ့ The Prison Where I live မှတ်တမ်းရုပ်ရှင်ကို အင်္ဂလန်၊
ပြင်သစ် အပါအ၀င် ဥရောပနိုင်ငံတွေ အတော်များများမှာ ပြသခဲ့ပြီး ဖြစ်သလို အမေရိကန် ပြည်ထောင်စုက
ပြည်နယ်တချို့မှာတော့ မတ်လ ၂၄ ရက်နေ့ကစပြီး ပြသနေတာပါ။ ဒီဇာတ်လမ်းကို ကြည့်ခဲ့ပြီးဖြစ်တဲ့
လန်ဒန်မြို့က ကိုခွန်စိုင်းက ဇာတ်လမ်း အကျဉ်းချုပ်ကို အခုလို ပြောပြပါတယ်။

“ဂျာမန်က ဒီနေ့ အင်မတန်မှ နာမည်ကြီးနေတဲ့ ဟာသပညာရှင်က မြန်မာပြည်ကို သတ်သတ် သွားလည်ပြီးတော့


ကိုဇာဂနာနဲ့အတူ လုပ်ခဲ့ကိုင်ခဲ့တဲ့ ကိုဇာဂနာရဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ တွေ့ပြီး ကိုဇာဂနာ့ဘ၀ကို
ခရေစေ့တွင်းကျ မေးတဲ့အကြောင်း၊ အဲဒီအခါမှာ ကိုဇာဂနာ့ကို လူတွေက ဘယ်လောက်ချစ်ကြသလဲ၊ သူ့ရဲ့
လုပ်ဖော်ကိုင်ဘက်တွေက ဘယ်လောက်ချစ်ကြသလဲ၊ ကိုဇာဂနာရဲ့ ပြက်လုံးတွေက ဘယ်လိုတွေပေါ့၊
အဲဒါတွေကို အသေးစိတ် တင်ပြထားတယ်။

“နောက်ဆုံးမှာ ဒီဟာသပညာရှင်က ကိုဇာဂနာ့အကြောင်း ပိုပိုစိတ်ဝင်စားလာပြီးတော့ ကိုဇာဂနာကို


အရမ်းတွေ့ချင်လာတယ်။ တကယ့်တကယ် တွေ့ဖို့လုပ်တဲ့ အခါကျတော့ ကိုဇာဂနာက ထောင်ကျနေတယ်၊
သူတွေ့ခွင့်မရတော့ဘူး။ ဒါပေမဲ့ သူက အရမ်းတွေ့ချင်တယ်။ တွေ့ချင်တဲ့အခါကျတော့ သူက ကိုဇာဂနာရှိတဲ့
အရပ်ကို လိုက်သွားတာ။ ကိုဇာဂနာက အခုအချိန်မှာ မြစ်ကြီးနားထောင်မှာ ကျနေတာ။ ထောင်ကလည်း မြို့နဲ့ဆို
ခပ်လှမ်းလှမ်း ဝေးတဲ့နေရာပေါ့။

“အဲဒီ ဟာသအနုပညာရှင်က ကိုဇာဂနာကို သူ မမြင်ရပေမဲ့ ကိုဇာဂနာနဲ့ အနီးဆုံးအရပ်ကို သွားချင်တယ် ဆိုပြီး


သူ့စိတ်ထဲမှာ ဖြစ်ပြီးတော့ အဲဒီထောင်နားအထိ သွားတာ။ အင်မတန်မှ အန္တရာယ်ကြီးတယ်ပေါ့နော်။
နိုင်ငံခြားသား တယောက်က ထောင်နားကို ကပ်ပြီးတော့ ကိုဇာဂနာရှိတဲ့ အရပ်ကို မှန်းပြီးတော့ သွားကြည့်တဲ့
ဇာတ်လမ်းလေးပေါ့။

“သူ ခိုးကြောင်ခိုးဝှက် သွားရတယ်၊ ဆိုင်ကယ်တစီးရဲ့နောက်က လိုက်ပြီးတော့။ ထောင်ကိုပတ်ပြီး


သူကြည့်တယ်။ အဲဒီအခါမှာ နယ်မြေခံ ထောက်လှမ်းရေးတွေက ရိပ်မိသွားပြီး လိုက်တာ။ လိုက်တော့ သူတို့
ပြန်ပြီး ထွက်ပြေးရတယ်။ နောက်ဆုံး သူလည်း လက်မတင်လေး လွတ်သွားတယ်။ နောက် သူ့ကို လိုက်ပြီး
လမ်းပြလုပ်တဲ့သူလည်း တိုင်းပြည်ကနေ ထွက်ပြေးရတယ်။ အဲဒီအကြောင်းအရာလေးကို ရိုက်ထားတာ။
တော်တော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။”

ဒီရုပ်ရှင်မှတ်တမ်းခွေ ရိုက်ကူးဖြစ်ခဲ့ပုံနဲ့ ဇာဂနာအပေါ် သူ့ရဲ့ အမြင်တချို့ကိုတော့ ဒီဇာတ်လမ်း ရိုက်ကူးခဲ့တဲ့


ဒါရိုက်တာ ရက်စ် ဘလွမ်းစတိန်း (Rex Bloomstein) က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပြပါတယ်။

“ဇာဂနာဟာ ကျနော့်အတွက်တော့ ထူးခြားတဲ့ လူတယောက်ပါ။ သူ့အကြောင်း ရိုက်ဖြစ်ခဲ့ပုံကတော့ လွန်ခဲ့တဲ့ ၃


နှစ်လောက်က စခဲ့တာပါ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အကြောင်း မှတ်တမ်းခွေတခု လုပ်ဖို့ ကမ္ဘာတ၀န်းက
လူတချို့နဲ့ ကျနော် လိုက်လံတွေ့ဆုံပြီး မေးမြန်းမှုတွေ လုပ်နေတဲ့ အချိန်ပါ။ အဲဒီမှာ လူတယောက်က ကျနော့်ကို
အကြံပေးလာတယ်၊ မြန်မာနိုင်ငံမှာ ဟာသပျက်လုံးတွေက သိပ်ကို အရေးပါတဲ့ အကြောင်းကိုလည်း သူက
ရှင်းပြပါတယ်။

“ဒါနဲ့ မြန်မာနဲ့ နိုင်ငံတကာမှာ မိမိရဲ့ အယူအဆတခုကို ထုတ်ဖော် ပြောဆိုတဲ့အတွက် ဖမ်းဆီးထိန်းသိမ်း


ခံကြရတဲ့ ဟာသသရုပ်ဆောင်၊ ကဗျာဆရာ စတဲ့ အနုပညာရှင်တွေ အကြောင်းကို ကျနော် မှတ်တမ်းရုပ်ရှင်
ရိုက်ချင်ခဲ့ပါတယ်။ မြန်မာနိုင်ငံက နှုတ်ခမ်းမွေးညီနောင်လို့ လူသိများတဲ့ ပါပါလေးတို့ လူရွှင်တော်အဖွဲ့
အကြောင်းကိုလည်း ကျနော်ကြားရတယ်။ ဒါနဲ့ သူတို့အကြောင်းရိုက်ဖို့ ကျနော်ပြင်တယ်။
“အဲဒီမှာ ကျနော့် အဆက်အသွယ် တယောက်က မြန်မာနိုင်ငံမှာ တကယ့်ကိုတော်တဲ့ ဟာသ
အနုပညာရှင်တယောက် ရှိသေးတယ်။ သူကတော့ ဇာဂနာ၊ သူ့အကြောင်း ရိုက်သင့်တယ်လို့ ကျနော့်ကို
ပြောလာတယ်။ အဲဒီအချိန်က ဇာဂနာဟာ နေအိမ်အကျယ်ချုပ် ပုံစံမျိုးနဲ့ အာဏာပိုင်တွေရဲ့ စောင့်ကြည့်မှု
ခံနေရတဲ့ အချိန်ပါ။ သူ့အကြောင်းရိုက်ဖို့ ကျနော် ကမ်းလှမ်းတာကို ဇာဂနာက လက်ခံပါတယ်။ ဒါနဲ့ပဲ
ဒီဇာတ်လမ်းကို ရိုက်ဖြစ်ခဲ့တာပါ။”

ဇာဂနာဟာ ဟာသလူရွှင်တော် တယောက်သာမက ရုပ်ရှင်ထုတ်လုပ် ရိုက်ကူးသူ၊ ဒါရိုက်တာ စတဲ့ စွယ်စုံရ


အနုပညာရှင်တယောက် ဖြစ်တဲ့အပြင် လူမှုရေး တက်ကြွလှုပ်ရှားသူ တဦးလည်း ဖြစ်တယ်လို့ ဒါရိုက်တာ
ဘလွမ်းစတိန်းက ပြောပါတယ်။

ဂျာမဏီနိုင်ငံက နာမည်ကြီး လူရွှင်တော် တယောက်က မြန်မာနိုင်ငံက နာမည်ကြီး လူရွှင်တော် တယောက်ကို


စိတ်ဝင်တစားနဲ့ အခက်အခဲ မျိုးစုံကြားကနေ တွေ့ဆုံဖို့ ကြိုးစားခဲ့တဲ့အကြောင်း ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းမှာ
လူရွှင်တော် ၂ ယောက်ရဲ့ လှုပ်ရှားမှုတွေကို တင်ပြထားပေမဲ့ ရယ်မောစရာ ဇာတ်ကားတခုတော့ မဟုတ်ခဲ့ပါဘူး။
သူ့အတွက်တော့ ဒီဇာတ်လမ်းဟာ တကယ့်ကို ကြေကွဲစရာ ဇာတ်လမ်းတပုဒ်ပါလို့ ကိုခွန်စိုင်းက ပြောပါတယ်။

“လူပြိန်းပေါ့နော်၊ ကျနော်တို့ သိတာက ဟာသပညာရှင်က လုပ်ရင် ရယ်စရာတွေ ဖြစ်မယ်ထင်တာ။ အဲဒီလို


ရယ်စရာတွေ မဟုတ်ဘဲနဲ့ အနုပညာရှင် အချင်းချင်း လေးစားမှု၊ နှလုံးသားချင်း ချိတ်ဆက်နေမှု၊ အဲဒါကို
တောတော် နက်နက်ရှိုင်းရှိုင်း ဖော်ပြနိုင်တယ်လို့ ထင်တယ်။ ကျနော် အဲဒီ ဟာသအနုပညာရှင်ကို တော်တော့်ကို
လေးစားသွားတယ်။

“ဘာကြောင့်လဲဆိုတော့ ကိုဇာဂနာ့အပေါ်မှာရှိတဲ့ သူ့ရဲ့ လေးစားမှု၊ ချစ်ခင်မှုပေါ့၊ သူတို့ အနုပညာသည်


အချင်းချင်းမှာရှိတဲ့ ရင်တွင်းခံစားချက်၊ အဲဒါကို ဖော်ပြနိုင်တယ်လို့ ထင်တယ်။ ဒါကြောင့် ဒီဇာတ်ကားက
ကျနော့်အတွက်တော့ တော်တော့်ကို ထိခိုက်ကြေကွဲစရာကောင်းတဲ့ ဇာတ်လမ်းလို့ ခံစားရတယ်။”

မြန်မာစစ်အစိုးရရဲ့ တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေအောက်မှာ သူ့ရဲ့ ဟာသ အနုပညာ ပြက်လုံးတွေနဲ့


ပြည်သူတွေကို အသိပညာ ပေးနေသူ လူရွှင်တော် ဇာဂနာရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ဟာ
ပဲရစ်စ်မြို့မှာ လုပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာလည်း Student Prize ဆိုတဲ့ဆုကို
ရရှိခဲ့တဲ့ မှတ်တမ်းတင် ရုပ်ရှင်ခွေလည်း ဖြစ်ပါတယ်။

မြန်မာအစိုးရသစ်အပေါ် အမေရိကန်နဲ့ ကုလသမဂ္ဂ တုံ့ပြန်


By ဦးသားညွန့်ဦး ဗုဒ္ဓဟူး, 30 မတ် VOA

မြန်မာနိုင်ငံမှာ အရပ်ဘက် အစိုးရသစ် ဖွဲ့လိုက်ပြီ ဆိုပေမဲ့ ယူနီဖောင်းချွတ် ဗိုလ်ချုပ်ဟောင်းတွေက ဆက်ပြီး


အရေးကြီးတဲ့ နေရာတွေ ယူထားတာမို့ ကြီးကြီးမားမား အပြောင်းအလဲ မဟုတ်ဘူးလို့ အမေရိကန်
ပြည်ထောင်စုက ယူဆထားပါတယ်။ ဒါပေမဲ့ ဒီပြောင်းလဲမှုဟာ အများလက်ခံနိုင်တဲ့ အပြောင်းအလဲတွေအတွက်
အစပြုချက်တရပ် ဖြစ်လာဖို့တော့ ကုလသမဂ္ဂက တိုက်တွန်းပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက
တင်ပြပေးထားပါတယ်။

နိုင်ငံအာဏာကို နှစ်အတော်ကြာ ထိန်းထားခဲ့တဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီကနေ


အခု အရပ်ဘက် အစိုးရသစ်ကို မနေ့က တရားဝင် အာဏာလွှဲပြောင်းလိုက်ပြီ ဆိုပေမဲ့ အစိုးရသစ်ရဲ့ အဓိက
နေရာတွေ၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေအတွက် စစ်အုပ်စုရဲ့ သြဇာအာဏာ ဆက်ပြီး
သက်ရောက်နေတုန်းပဲလို့ အမေရိကန် ပြည်ထောင်စုက ယူဆပါတယ်။ နိုင်ငံရေး ဖိနှိပ်မှုတွေ
ဆက်ရှိနေတာကြောင့် စစ်မှန်တဲ့ အပြောင်းအလဲတွေ လုပ်ဖို့လိုမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန
ပြောခွင့်ရသူ မာ့ခ် တိုနာ (Mark Toner) က ပြောပါတယ်။

“အခြေခံအားဖြင့် ရွေးကောက်ပွဲရဲ့ အားနည်းချက်တွေကြောင့် အရေးပါတဲ့ စစ်ဗိုလ်ချုပ်တွေဟာ အခု အစိုးရ


အဖွဲ့အတွင်း ဆက်ပြီး သြဇာလွှမ်းထားနိုင်သလို အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ ပါဝင်ဆောင်ရွက်နိုင်ပါတယ်။
ဒီဗိုလ်ချုပ်ကြီးတွေဟာ စစ်ယူနီဖောင်းချွတ်ပြီး အရပ်ဝတ် ပြောင်းထားတာပါ။ မြန်မာနိုင်ငံတွင်း နိုင်ငံရေး
ဖိနှိပ်မှုတွေ ဆက်ရှိနေတဲ့ အပေါ်မှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ စိုးရိမ်နေတုန်းပါပဲ။

“နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဒီမိုကရေစီ အင်အားစုတွေနဲ့


တိုင်းရင်းသား နိုင်ငံရေးပါတီတွေကို အသိအမှတ်ပြုဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့
မြန်မာအာဏာပိုင်တွေကို တိုက်တွန်းပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးရဲ့ ပထမအဆင့်အဖြစ် အဲဒီ
အင်အားစုတွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ စလုပ်ဖို့ တိုက်တွန်းပါတယ်။”

အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ လက်ရှိ ကျင့်သုံးနေတဲ့ အရေးယူ ပိတ်ဆို့ ဖိအားပေးတဲ့ နည်းကိုရော


အစိုးရသစ်နဲ့ ထိစပ်ဆက်ဆံတဲ့ မူဝါဒကိုပါ ချဉ်းကပ်မှု ၂ မျိုးစလုံး ဆက်ကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ အခုလို အရပ်ဘက် အစိုးရဘက်ကို အာဏာလွှဲပြောင်းမှုကို


အပြောင်းအလဲတွေ စနိုင်တဲ့ အခွင့်အလမ်းအဖြစ် ဆုပ်ကိုင်ဖို့ လိုမယ်လို့ တိုက်တွန်းပါတယ်။ ဒီကနေ
အများလက်ခံနိုင်တဲ့ စနစ်တရပ် ဖြစ်လာဖို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး
ပြောခွင့်ရသူ ဖာဟန် ဟာ့က် (Farhan Haq) က ပြောပါတယ်။

“နှစ် ၅၀ နီးပါးကြာတဲ့ စစ်အုပ်ချုပ်ရေးကနေ အပြောင်းအလဲအတွက် ခြေလှမ်းအစ ဖြစ်တယ်ဆိုတာ


သက်သေပြနိုင်ဖို့ မြန်မာအာဏာပိုင်တွေအတွက် အခွင့်အလမ်းတရပ် ဖြစ်ပါတယ်။ မြန်မာလူထုအတွက် ဒီလို
ဆောင်ရွက်ဖို့လည်း မြန်မာအာဏာပိုင်တွေမှာ တာဝန်ရှိပါတယ်။ မြန်မာအာဏာပိုင်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ
ရင်ဆိုင်နေရတဲ့ နိုင်ငံရေးနဲ့ လူမှုရေး၊ စီးပွားရေး ပြဿနာရပ်တွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရေးအတွက်
အများယုံကြည် လက်ခံနိုင်တဲ့ စနစ်တရပ် ဖြစ်လာစေဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် သက်ဆိုင်ရာ
အဖွဲ့အစည်းတွေ အားလုံးနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ရမယ်လို့ အတွင်းရေးမှူးချုပ်က ယုံကြည်ထားပါတယ်။

“မြန်မာပြည်သူတွေ နှစ်ရှည်လကြာ တောင့်တနေခဲ့တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်


တိုင်းပြည်အတွင်း တည်တံ့တဲ့ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးမှုတွေ ရှိလာစေဖို့ ဒီမိုကရေစီ ဖြစ်ထွန်းမှုတွေနဲ့ လူ့အခွင့်အရေး
လေးစားလိုက်နာမှုတွေ မဖြစ်မနေ လိုအပ်နေပါတယ်။”

ကုလသမဂ္ဂ အနေနဲ့ကတော့ မြန်မာနိုင်ငံ အနာဂတ်မှာ တည်ငြိမ်ပြီး ပြည့်ဝတဲ့ ဒီမိုကရေစီ ဖြစ်လာစေရေးမှာ


နိုင်ငံသားအားလုံး ပါဝင်နိုင်ရေးအတွက် သက်ဆိုင်ရာ အရေးပါတဲ့ ပုဂ္ဂိုလ်အားလုံးနဲ့ အတူတကွ လက်တွဲ
ဆောင်ရွက်သွားမယ်လို့ အတွင်းရေးမှူးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

ကြွပ်ကြွပ်အိတ်ကြောင့် ဈေးသည် ထောင်ချခံရ


ကျော်ခ | ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ မန္တလေး ချမ်းအေးသာစံမြို့နယ်၊ ရတနာပုံ ယာယီဈေးတွင် ကြွပ်ကြွပ်အိတ်သုံးစွဲ


ရောင်းချသည်ဆိုကာ ကုန်စိမ်းသည် အမျိုးသမီးတဦးကို ယခုလ အစောပိုင်းက ထောင် ၁၅ ရက် ချလိုက်သည်။
၂ဝဝ၉ ကထုတ်ပြန်ထားသည့် ကြွပ်ကြွပ်အိတ်အသုံးမပြုရ အမိန့်ကို မလိုက်နာဆိုကာ ကုန်စိမ်းသည် ဒေါ်ကြူအား
စည်ပင် တရားရုံးက စည်ပင် အက်ဥပဒေ ပုဒ်မ ၂၆ အရ အပြစ်ပေး ထောင်ချ လိုက်သည်ဟု မြို့နယ် စည်ပင်
တာဝန်ရှိသူများနှင့် ဈေးသူ၊ ဈေးသားများကပြောသည်။

ကြွပ်ကြွပ်အိတ်သုံးစွဲမှုဖြင့် မြန်မာနိုင်ငံ၌ ပထမဆုံးထောင်ချလိုက်ခြင်းဖြစ်ပြီး ရတနာပုံ ဈေး၌ ကြွပ်ကြွပ်အိတ်များ


သုံးစွဲနေသည် သတင်းကြောင့် မြို့တော်ဝန် ဦးဖုန်းဇော်ဟန် ကိုယ်တိုင် ဝင်ရောက် စစ်ဆေးတွေ့ရှိခဲ့သည်ဟု
ဈေးသည်များက ပြောသည်။

“လူကြီးကိုယ်တိုင် ဈေးထဲဝင်ပြီး ရှောင်တခင်ဝင်ရှာတဲ့ နေ့မှာမိသွားတာပေါ့လေ။ ခါတိုင်းလဲ ဖမ်းတာပဲ။ ဒါပေမဲ့


အိတ်တွေပဲ သိမ်းသွားတာ။ ခုတခါက လူကြီးကိုယ်တိုင်ပါတော့ ထိတာပေါ့” ဟု ဘဝတူ ဈေးသည်တဦးက
မဇ္ဈိမကို ပြောသည်။

ဈေးတွင်း ယာယီဆိုင်တန်းရှိ ဒေါ်ကြူ၏ ဆိုင်တွင်ဝင်ရောက်ရှာဖွေရာ ကြွပ်ကြွပ်အိပ် ၁ဝဝ ဝင် အထုပ် ၁၈


ထုပ်တွေ့ခဲ့သည်ဟု မန္တလေး စည်ပင်သန့်ရှင်းရေးဌာန တာဝန်ရှိသူတဦးက ပြောသည်။

သဘာဝ ပတ်ဝန်းကျင်ကို ဆိုးရွားစွာ ပျက်စီးစေသော ကြွပ်ကြွပ်အိတ်များကို ကမ္ဘာတဝန်း နိုင်ငံအတော်များများ၌


သုံးစွဲမှုလျော့ချလာသလို မြန်မာနိုင်ငံ၌လည်း မသုံးစွဲမရောင်းချရဟု ၂ဝဝ၉ က ရန်ကုန်၊ မန္တလေး ဈေးများတွင်
ထုတ်ပြန်ထားပြီး ကြွပ်ကြွပ်အိတ် စက်ရုံများကို ပိတ်ခဲ့သည်။

ဈေးနှုန်းချိုသာခြင်း၊ ထုတ်ပိုးရလွယ်ကူခြင်းတို့ကြောင့် ဈေးသည်များ စက္ကူအိတ်နှင့် အခြားအိတ်များကို သုံးရန်


မလွယ်သေးကြောင်း ရတနာပုံဈေး ဒုတိယထပ်ရှိ ရတနာ ဓာတ်ဘူးနှင့် ကြွေထည်အရောင်းဆိုင်ရှင်
တဦးကပြောသည်။

“ကျနော်တို့ကတော့ ကြွေထည်တွေရောင်းတာဆိုတော့ စက္ကူနဲ့ထုပ်ရောင်းတာပေါ့။ ကုန်စိမ်းတို့ ဘာတို့


တဆွဲတပိုး ရောင်းတဲ့ တခြားဈေးသည်တွေကတော့ တာဝန်ရှိတဲ့လူတွေ ဖမ်းဆီးနေတဲ့ကြားကနေ
ခိုးသုံးနေကြတာပဲ” ဟု သူက မဇ္ဈိမကိုပြောသည်။

နှစ်ပေါင်းများစွာ ဆွေးမြေ့မသွားနိုင်သော ကြွပ်ကြွပ်အိတ်သုံးစွဲမှုကို တားမြစ်ပိတ်ပင်ထားသော်လည်း


နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များ၌ပင် တွင်တွင်ကျယ်ကျယ် သုံးနေဆဲဖြစ်ကြောင်း အမရပူရ
စည်ပင်သာယာ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

အစိုးရသစ်နှင့် ဆွေးနွေးရန် အသင့်ဟု NLD ဆို


သဲသဲ | ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၀

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်


အစိုးရသစ်နှင့် ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိကြောင်း ပြောဆိုလိုက်သည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီထံမှ ယနေ့တွင် အာဏာလွှဲပြောင်းယူခဲ့သည့်


အစိုးရသစ်အနေဖြင့် မြန်မာနိုင်ငံတွင် လိုအပ်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံ
ဆွေးနွေးပွဲများဖြစ်လာရန် မျှော်လင့်ကြောင်း NLD က ပြောဆိုခြင်းဖြစ်သည်။
“ကျနော်တို့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာရေးကို မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံကို ခေတ်မှီဖွံ့ဖြိုးတဲ့ ဒီမိုကရေစီ
နိုင်ငံအဖြစ် ငြိမ်းချမ်းစွာ ပြောင်းလဲစေလိုပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က ၁၉၈၉ ခုနှစ်
ကတည်းကနေ အခုတည်း တောက်လျှောက်လုံးပန်းလာခဲ့ကြတာပါ” ဟု NLD ဥက္ကဌ ဦးတင်ဦးက ပြောသည်။

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးသိန်းစိန်ခေါင်းဆောင်သော


အစိုးရအဖွဲ့ကို နအဖက အာဏာ လွှဲပြောင်းပေးလိုက်သော်လည်း ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးသန်းရွှေ၏
သြဇာမှာ လွှမ်းမိုးနေဦးမည်ဟု ဦးတင်ဦးက ယုံကြည်နေသည်။

သမ္မတသစ်က ပြည်ထောင်စုလွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က ပထမဆုံးပြောကြားသည့် မိန့်ခွန်းတွင်


အခြေခံဥပဒေနှင့် လမ်းပြမြေပုံကို လက်မခံသည့် ပြင်တွင်းပြည်ပ အဖွဲ့များက တိုင်းပြည်ဂုဏ်သိက္ခာ
ကျဆင်းအောင် ပြောဆိုပြုမူမှုများ မပြုလုပ်ရန် ပါရှိသည်။

အခြေခံဥပဒေကို ပြင်ဆင်လိုပါက ရွေးကောက်ပွဲဝင်ကာ အခြေခံဥပဒေပါ လုပ်ထုံးလုပ်နည်းများနဲ့အညီ


ပြင်ဆင်နိုင်သည့် အခွင့်အရေးရှိသဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြီး လုပ်ပိုင်ခွင့်အာဏာ ရယူနိုင်ရန်
တခါးဖွင့်ထားကြောင်း အတိုက်အခံများနှင့် ပတ်သတ်ပြီး ထည့်သွင်း ပြောဆိုခဲ့သေးသည်။

ဇေကမ္ဘာဦးခင်ရွှေ အမတ်များကို ဒုတိယအကြိမ်ဧည့်ခံ


ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၀

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအမတ် ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက


ပြည်ထောင်စုလွှတ်တော် အမတ်များအတွက် ဒုတိယအကြိမ်မြောက် ဧည့်ခံပွဲကို အင်္ဂါနေ့ညက
ပြုလုပ်ပေးခဲ့သည်။

“ပါတီပေါင်းစုံမှ တိုင်းရင်းသားတွေအတွက် နှုတ်ဆက်ညစာစားပွဲ” ဟု ခေါင်းစည်းတပ်ထားသည့် ဧည့်ခံပွဲကို


နေပြည်တော် Mount Pleasant ကြယ်ငါးပွင့်အဆင့် ဟိုတယ်တွင် ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး
အဆိုကျော် ၇ ဦး၏ ဖျော်ဖြေပွဲပါ ထည့်သွင်းပေးခဲ့သည်။

အတိုက်အခံပါတီများမှ အမတ်များအပါအဝင် အမတ်ပေါင်း ၁၀၀ ခန့် ဧည့်ခံပွဲကို တက်ရောက်ခဲ့သည်။


ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဦးခင်ရွှေကလုပ်ခဲ့သော ဧည့်ခံပွဲထက် တက်ရောက်သူ ပိုမိုလာခြင်း ဖြစ်သည်။

ဧည့်ခံပွဲတွင် အကောင်းစား ဝီစကီ၊ ဘီယာနှင့် ဝိုင်တို့ပါဝင်ပြီး “စိတ်ကြိုက်” သောက်၍ ရကြောင်း၊


အစားအသောက်ကို “ကိုယ်တိုင်ယူစား” စနစ်ဖြင့် ဆန္ဒရှိရာစားနိုင်သည်ဟု သိရသည်။ လူတယောက်ကို ကျပ် ၃
သောင်းနှုန်းအထိ ကုန်ကျဖွယ်ရှိသည်ဟု အမတ်များက ခန့်မှန်းသည်။

ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင်လည်း နေ့လည် ၁ နာရီခန့်တွင် ပြည်ထောင်စု


လွှတ်တော်ခန်းမ၌ နာယက ဦးခင်အောင်မြင့်က နေ့လည်စာဖြင့် တည်ခင်းခဲ့သေးသည်။

လွှတ်တော်အစည်းအဝေးများ ရပ်နားမည်ဖြစ်သဖြင့် ဌာနေပြန်စရိတ်အဖြစ် အမတ်များကို တဦးလျင် ၃ သိန်း ၎


သောင်းနှင့် ဒေသအလိုက် ခရီးစရိတ်များ ထုတ်ပေးထားသည်။
သမ္မတ ကျမ်းကျိန်စဉ်မှာ အလွဲလွဲအချော်ချော်
မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၀

ချင်းမိုင် (မဇ္စျိမ) ။ ။ သမ္မတဦးသိန်းစိန်နှင့် ဒုသမ္မတများ ပြည်ထောင်စုလွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က


ကျမ်းသစ္စာကျိန်ဆိုမှုပြုရာတွင် လွဲချော်မှုဖြစ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော်အမတ်များက ပြောသည်။

၂၂ နှစ်အတွင်း မြန်မာပြည်အတွက် ပထမဆုံးဖြစ်လာသော ကျမ်းကျိန်ဆိုမှုတွင် သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ


သီဟသူရတင်အောင်မြင့်ဦး၊ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုလွှတ်တော်နာယက
ဦးခင်အောင်မြင့်တို့သာ မတ်တပ်ရပ်နေခဲ့ကြပြီး လွှတ်တော်အမတ်များမှ ထိုင်လျက်သားဖြင့်
စောင့်ကြည့်နေခဲ့ကြသည်။

လွဲချော်မှု ဖြစ်ခဲ့ရခြင်းအပေါ် အမတ်များမှ လွှတ်တော်နာယက သို့မဟုတ် လွှတ်တော်ညွှန်ချုပ်တို့မှ


ကြိုတင်မှာကြားမှုလုပ်ရန် သတိမေ့လျော့ခဲ့ခြင်းကြောင့်ဟု အပြစ်ပြောသည်။

“သမ္မတ ကျမ်းကျိန်နေတဲ့အချိန်မှာ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်အားလုံးက ထိုင်လျက်ပဲ ထိုင်နေရတယ်၊


လွှတ်တော်ညွှန်ချုပ်ကလည်း ဘာမှမပြောဘူး၊ အခမ်းအနားမှူးရယ် ဘာရယ်မဟုတ်တော့ဘဲနဲ့ နာယက က
အခမ်းအနားမှူး ပုံစံမျိုးလုပ်သွားတာ အဲဒီ အချက်ကတော့ လွဲချော်နေတယ်ဗျ” ဟု လွှတ်တော်အမတ်တဦးက
ပြောသည်။

သို့သော်လည်း ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့ဝင်များ ကျမ်းကျိန်ရာတွင် လွှတ်တော်နာယက


ဦးခင်မောင်မြင့်က လွှတ်တော်အမတ်များကို မတ်တပ်ရပ်ပေးရန် မေတ္တာရပ်ခံခဲ့သည်။

“သမ္မတတွေတုန်းက သူကိုယ်တိုင် ရှေ့ထွက်ပြီးတော့ တိုင်ပေးတယ်၊ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေကျတော့


နာယက က သူ့ခုံကနေထိုင်ပြီးတော့ တိုင်ပေးတယ်၊ အဲဒီလို မတိုင်ခင် နာယက က လွှတ်တော်
ကိုယ်စားလှယ်ကြီးများ အားလုံး မတ်တပ်ရပ်ပေးပါ၊ သမ္မတ တုန်းက သူတယောက်ပဲ မှတ်တပ်ရပ်သွားတယ်၊
ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်တွေကျတော့ နာယက ထိုင်နေတယ် လွှတ်တော် ကိုယ်စားလှယ်တွေက
မတ်တပ်ရပ်ရတယ်၊ အဲဒီတော့ ပြောင်းပြန်တော့ ဖြစ်နေတယ်” ဟု အမတ်တဦးက ပြောသည်။

မှားယွင်းမှုများသည် လွှတ်တော်အတွေ့အကြုံများ နည်းပါးခြင်းကြောင့်ဖြစ်ရခြင်းသာ ဖြစ်ကြောင်း


ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးစိုင်းမောင်တင် ပြောသည်။

သမ္မတ သုံးဦးက သစ္စာဆိုကြရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့ကို သစ္စာစောင့်သိရန်၊ အချုပ်အချာအာဏာကို


တည်တံ့အောင် ထိန်းသိမ်းသွားရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းသွားရန်၊ တာဝန်များကို ဖြောင့်မှတ်စွာ
ဆောင်ရွက်သွားရန်၊ လောကပါလ တရားများအတိုင်း အုပ်ချုပ်သွားရန်နှင့် နိုင်ငံတော်အား အသက်နှင့်ကိုယ်ကို
အပ်နှင်းကြောင်း ပါရှိသည်။

သမ္မတများ ကျမ်းကျိန်ခြင်းကို နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ခန်းမတွင်


ပြုလုပ်ခြင်း ဖြစ်သည်။ ထိုအခမ်းအနားကို လွှတ်တော်နှစ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များအပြင် ပြည်ထောင်စု
တရားသူကြီးချုပ်၊ ပြည်ထောင်စုလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ
ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု
ရှေ့နေချုပ်များ တက်ရောက်ခဲ့ကြသည်။
၁၈ ရက်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပပြီးနောက် ပထမအကြိမ်
လွှတ်တော်အစည်းအဝေးများ ရပ်နားလိုက်သည်။

နအဖ ဖျက်သိမ်းပြီ၊ ဘောင်းဘီချွတ်ဝန်ကြီးများအစိုးရအဖွဲ့ ပေါ်ပေါက်


မိုးမခအထောက်တော်၊ ရန်ကုန်မတ် ၃၀၊ ၂၀၁၁ မိုးမခ

(ရုပ်သံက ကြေညာသည့် ဦးသိန်းညွန့် - သမ္မတရုံးဝန်ကြီး အပါအ၀င် ၀န်ကြီးစာရင်းကို နောက်ဆက်တွဲတွင်


ကြည့်ပါ)

နအဖ စစ်ကောင်စီကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့် ဖျက်သိမ်းပြီး၊ “အရပ်သား” ၀န်ကြီးများ၊


၎င်းတို့တာဝန်ယူရမည့် ၀န်ကြီးဌာနများစာရင်းကို ယနေ့ နံနက်ပိုင်း ပြည်ထောင်စုလွှတ်တော်က ကြေညာသည်ဟု
သိရသည်။

ဒု ၀န်ကြီး စာရင်းများကို ညနေပိုင်းလွှတ်တော်တွင် ကြေညာမည်ဟု သတင်းရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ကတိသစ္စာပြုချိန်၊ မြို့နယ်/ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ရုံးများ ဆိုင်းဘုတ်တင်ချိန်များမှာ


ထူးခြားနေသည်ဟု သတင်းထောက်တဦးက ပြောသည်။

“ကျမ်းကျိန်တဲ့အချိန်က ၁၁နာရီ ၂၀ မိနစ်၊ ဆိုင်းဘုတ်က ၈း၅၅” ဟု သူက ပြောသည်။

နောက်ဆက်တွဲ

ရုပ်သံက ကြေညာသည့် ၀န်ကြီးစာရင်း၊ ၎င်းတို့ တာဝန်ယူမည့် ဌာနစာရင်း


ဝန်ကြီးတချို့ က ဌာန ၂ ခု တွဲကိုင်သည်

ဒုဗိုလ်ချုပ်ကြီး လှမင်း - ကာကွယ်ရေးဝန်ကြီးဋ္ဌာန


ဒုဗိုလ်ချုပ်ကြီးဟောင်း ကိုကို - ပြည်ထဲရေး

ဦးဝဏ္ဏမောင်လွင် - နိုင်ငံခြားရေး
ဦးကျော်ဆန်း - ပြန်ကြားရေး/ယဉ်ကျေးမှု

ဗိုလ်ချုပ်သိန်းဋ္ဌေး - နယ်စပ်စည်ပင်/ မြန်မာ့စက်မှု ဖွံ့ဖြိုးရေး


ဦးခင်ရီ - လူဝင်မှုကြီးကြပ်ရေး

ဦးမြင့်လှိုင် - လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း


ဦးဝင်းထွန်း - သစ်တောရေးရာ

ဦးလှထွန်း - ဘဏ္ဍာရေး
ဦးခင်မောင်မြင့် - ဆောက်လုပ်ရေး

ဦးတင်နိုင်သိန်း - အမျိုးသားစီမံကိန်း/ မွေး-ရေ


ဦးဝင်းမြင့် - စီးပွားကူးသန်း

ဦးသိန်းထွန်း - ဆက်သွယ်ရေး စာတိုက်


ဦးအောင်ကြည် - အလုပ်သမား/ လူမှုဝန်ထမ်း - ကယ်ဆယ်ရေး

ဦးသိန်းထိုက် သတ္တုတွင်း ၀န်ကြီးဋ္ဌာန


ဦးဥာဏ်ထွန်းအောင် - ပို့ဆောင်ရေး

ဦးအုန်းမြင့် - သမ၀ါယမ
ဦးတင့်ဆန်း - ဟိုတယ်ခရီး/ အားကစား

ဦးကျော်စွာခိုင် - အမှတ် ၁ စက်မှု


ဦးစိုးသိန်း - အမှတ် ၂ စက်မှု

ဦးအောင်မင်း - ရထား ပို့ဆောင်ရေး


ဦးသန်းဋ္ဌေး - စွမ်းအင်

ဦးဇော်မင်း - အမှတ် ၁ လျှပ်စစ်


ဦးခင်မောင်စိုး - အမှတ် ၂ လျှပ်စစ်

ဒေါက်တာမြအေး - ပညာရေး
ဒေါက်တာဖေသက်ခင် - ကျန်းမာရေး

သူရဦးမြင့်မောင် - သာသနာရေး
ဦးအေးမြင့် - သိပ္ပံနှင့် နည်းပညာ

ဦးသိန်းညွန့် - သမ္မတရုံးဝန်ကြီး
ဦးစိုးမောင် - သမ္မတရုံးဝန်ကြီး

နာဂစ်ဝင်မည်ကို မိုးဇလဌာန ၅ ရက်ခန့် ကြိုသိခဲ့


မိုးမခအထောက်တော် အမှတ် ၀၀၈
မတ် ၃၀၊ ၂၀၁၁ မိုးမခ

နာဂစ်ဒေသတွင် အာဏာပိုင်တို့က ကယ်ဆယ်ရေးလုပ်ငန်းကို ဦးစားမပေးဘဲ


အခြေခံဥပဒေအတည်ပြုရေးအတွက် ထောက်ခံမဲရရန် ကြိုးပမ်းခဲ့ပုံကို ကာတွန်းဆရာတဦးက အထက်ပါအတိုင်း
သရုပ်ဖော်ခဲ့သည်။

၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းကြီးလာတော့မည်ကို ရက်အတန်ကြာကပင် သိရှိခဲ့ကြောင်း ထိုစဉ်က


မိုးလေ၀သဌာန၏ အကြီးဆုံး အရာရှိအဖြစ် လုပ်ကိုင်ခဲ့သူ ဒေါက်တာထွန်းလွင်က ပြောလိုက်သည်။

ကြာသပတေးနေ့က ဧရာဝတီသတင်းဌာန ၀က်ဆိုက်ရှိ အင်တာဗျူးတွင် သူ၏ ပြောကြားချက်များကို


ဖော်ပြထားသည်။
“နာဂစ်က ဒီနေရာမှာ ဒီလို ဖြစ်တော့မယ်ဆိုတာ ကျနော် ၅ ရက်လောက် ကြိုသိနေတာပဲလေ။ ဒါပေမယ့်လို့
ကျနော်တို့ အားလုံးက အတွေ့အကြုံ မရှိကြတာရယ်၊ ဒီအပေါ်မှာ သိပ်ပြီးတော့ အရေးတယူ မရှိတာရယ်၊
အထင်သေးတာလည်း ပါတယ်ပေါ့လေ” ဟု သူက ရှင်းပြသည်။

မိုး/ဇလဟု အတိုကောက် ခေါ်ကြသည့် မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒ ဌာနတွင် ထိုစဉ်က


ညွှန်ကြားရေးမှူးချုပ် ရာထူး ကိုင်ထားသော်လည်း မိုးလေ၀သ သတင်းများကို ထုတ်ပြန်ပိုင်ခွင့်မရှိဟု ဆိုသည်။

“၀န်ထမ်းဆိုတော့ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းတွေ လိုက်နာရတာပေါ့။ ကိုယ့်အထက်မှာ ရှိတာပေါ့။


ကိုယ့်အထက်ကလူရဲ့ ခွင့်ပြုမှုတို့၊ အတည်ပြုမှုတို့ လိုတာပေါ့။ ဒါတွေကို အလုပ်သဘောအရ မလုပ်မနေ
လုပ်ရတာပေါ့”

“အထက်ကလူ” သည် ၀န်ကြီး သို့မဟုတ် မည်သည့် ဗိုလ်ချုပ်ဖြစ်သည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

နာဂစ်မုန်တိုင်းကို ကြိုတင်သတိပေးရန် ပျက်ကွက်ခဲ့သည့်အပြင် မုန်တိုင်းမှာ ကုန်းတွင်းပိုင်းသို့ ၀င်ရောက်စဉ်


အားပျော့သွားပြီဖြစ်ကြောင်းဟုပင် မြန်မာအသံက ကြေညာခဲ့သည်။

မျှော်လင့်မထားသော အင်အားကြီးသည့် သေမင်းတမန် နာဂစ်မုန်တိုင်း တိုက်ခတ်မှုကို ဧရာဝတီတိုင်း၊


ရန်ကုန်တိုင်း လူထုက အကာအကွယ်မဲ့ လည်စင်းခံခဲ့ကြရသည်။ အနည်းဆုံး လူပေါင်း ၁ သိန်းခွဲ သေဆုံးသည်။

နာဂစ်အလွန် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း အကန့်အသတ်ဖြင့် လုပ်ကိုင်ခသ


ဲ့ ည်။

ယခု ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်တွင် ငလျင်ဒဏ်ကြောင့် လူအများအပြား သေဆုံးခဲ့သည်။ ငလျင်အလွန်


ကူညီကယ်ဆယ်ရေး အခြေအနေများမှာလည်း နာဂစ်ကာလနှင့် ဆင်တူနေသည်။

အာဏာပိုင်တို့ကမူ သဘာဝဘေးအန္တရာယ် ကျရောက်တိုင်း ထိုဒေသများတွင် အစွမ်းကုန်


ကူညီလုပ်ဆောင်ပေးကြောင်း ရေးသားဖော်ပြထားသည်။

ရ၀တ၊ မ၀တ ကို အုပ်ချုပ်ရေးမှူးရုံး အဖြစ် ဆိုင်းဘုတ်ပြောင်းပြီ


မိုးမခအထောက်တော်၊ ရန်ကုန်
မတ်လ ၃၀၊ ၂၀၁၁ မိုးမခ

ရပ်ကွက်၊ မို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟု အမည် အသီးသီး ပေးထားသည့် အုပ်ချုပ်ရေး


အဖွဲ့ရုံးများ ယနေ့နံနက် ၉နာရီမထိုးမီ မိနစ်ပိုင်းအလိုတွင် ဆိုင်းဘုတ်အသစ်ပြောင်းလဲလိုက် ကြသည်ကို
တွေ့ရသည်။

ရပ်ကွက်ရုံး ဆိုင်းဘုတ်တွင် မြို့နယ်အမည်နှင့် “အမှတ် (..) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး”ဟူ၍ ဖေါ်ပြထားပြီး


အရောင်မှာ အစိမ်းရင့်ရောင် ဖြစ်သည်ကို တွေ့ရသည်။ ယခုကဲ့သို့ ဆိုင်းဘုတ်ပြောင်းလဲခြင်းကို ရန်ကုန်မြို့ရှိ
မြို့နယ်နှင့် ရပ်ကွက်အားလုံးတွင် ပြုလုပ်ကြသည်ဟု သိရှိရပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်မည်ဟု
ယူဆရသည်။
ယခုကဲ့သို့ ဆိုင်းဘုတ်ပြောင်းလဲခြင်းမှာ ယနေ့ နေပြည်တော်တွင် ကျင်းပရန်ရှိသည့် အစိုးရအဖွဲ့သစ်
ကျမ်းသစ္စာကျိန်ဆိုပွဲနှင့် အချိန်ကိုက် လုပ်ကိုင်ရန် ညွှန်ကြားထားသည့် သဘောဟု ရန်ကုန်မြို့မှ နိုင်ငံရေး
စောင့်ကြည့်သူ တချို့က ကောက်ချက်ချ ပြောဆိုသည်။

ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဟု အမည်သစ်ပြောင်းလိုက်သည့် ရ၀တ အဖွဲ့တွင် ယခုလောလောဆယ်


ဥက္ကဋ္ဌတဦးသာ ခန့်အပ်ထားရှိပြီး ရာအိမ်မှူး၊ အတွင်းရေးမှူး ရာထူးများအား လစ်လပ်ထားရှိပြီး အစိုးရအဖွဲ့သစ်
တာဝန်ယူပြီးနောက်တွင် ပြန်လည် ခန့်အပ်လိမ့်မည် ဟု ယူဆရကြောင်း ရာအိမ်မှူးဟောင်း တဦးက ပြောသည်။

ရ၀တ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှုင့် အဖွဲ့ဝင်များအား ကြံ့ဖွံ့ပါတီဝင်များနှင့် အစားထိုးရန်


လုပ်ဆောင်နေသည်ဆိုသည့် သတင်းများ လွန်ခဲ့သည့်လက ထွက်ပေါ်ခဲ့သည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင်
စစ်တပ်က ချုပ်ကိုင်ထားသည့် ကြံ့ဖွံ့ပါတီအနိုင်ရရေးအတွက် ရ၀တ၊ မ၀တနှင့် စစ်အစိုးရက ရွေးချယ်
ခန့်အပ်ခဲ့သည့် ရွေးကောက်ပွဲကော်မရှင် ၀န်ထမ်းများက မဲမသမာမှုများ လုပ်ဆောင်ပေးခဲ့ကြရသည်ဟု
ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်များက သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။

နေပြည်တော်တွင်ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ယမန်နေ့အထိ အဆိုတင်သွင်းခြင်း၊


မေးခွန်းမေးခြင်းတို့ ပြုလုပ်ခဲ့ကြပြီး သမ္မတသစ်ဖြစ်လာမည့် ဦးသိန်းစိန်နှင့် ဒုသမ္မတများထံသို့ နိုင်ငံတကာ
အစိုးရအဖွဲ့များက ပေးပို့သည့် သ၀ဏ်လွှာများကို ဖတ်ကြားကြသည်။ ယနေ့ကျင်းပမည့် အစီအစဉ်ကို
ကိုယ်စားလှယ်များသို့ ကြိုမပေးထားသဖြင့် ယနေ့ ကျမ်းသစ္စာကျိန်ဆို ဖွယ်ရှိသည်ဟု ကိုယ်စားလှယ်အချို့က
ခန့်မှန်းထားကြသည်။

“ အစိုးရအဖွဲ့တဖွဲ့လုပ်နေပြီး ဘယ်နေ့ ကျမ်းကျိန်မယ်၊ အာဏာလွှဲမယ် ဆိုတာကို လျှို့ဝှက် လုပ်နေကြတာဟာ


ဘာမှန်းကို နားမလည်နိုင်အောင်ပါပဲ။ ရွေးကောက်ပွဲနဲံ့ အာဏာရလာတဲ့ အစိုးရအနေနဲ့ ပြည်သူကို
အသိမပေးချင်ရင်တောင်မှ လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ အသိပေးထားသင့်တယ် ထင်တယ်။ အခုဟာ
သူတို့တောင် သေချာမသိသေးဘူး ဆိုတော့ ခိုးကြောင်ခိုးဝှက် လုပ်နေတာမျိုး ဖြစ်နေတာ”ဟု ရန်ကုန်မြို့ခံ
တဦးက ပြောသည်။

နောက်ဆုံး

နတ်မောက်ကို ကျေးဇူးဆပ်ခြင်း
ကျော်သူ မတ် ၃၀၊ ၂၀၁၁ မိုးမခ

၂၀၁၀ ခုနှစ် ဧပြီလတွင်း ပူပြင်းလှသော ရာသီဥတုဒဏ်ကြောင့် သောက်သုံးရေ ရှားပါးမှုများ မြန်မာပြည်အနှံ့


အများပြည်သူတို့ ခံစားခဲ့ကြရ၍ ပြည်တွင်း/ပမှ ပြည်သူလူထုတို့သည် လူသားချင်း စာနာစိတ်
မွေးဖွားပေါ်ပေါက်လာကာ ဒုက္ခသည်များနေထိုင်ရာ အရပ်ဒေသများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှတဆင့်
ရေတွင်း၊ ရေကန်၊ အဝီစိတွင်းများ တူးဖော်နိုင်ရန်အတွက် အလှူငွေများ လှူဒါန်းခဲ့ကြသည်။ ထိုသို့ ရေဒုက္ခသည်
အရပ်ဒေသများသို့ ရေတူးဖော်မှု၊ အုတ်ကန် တည်ဆောက်ပေးမှု၊ ရေစုပ်စက်များ လှူဒါန်းမှုတို့ကို ယခု ၂၀၁၁
ခုနှစ် ဧပြီလအထိ လုပ်ဆောင် လှူဒါန်းပေးနေရဆဲ ဖြစ်သည်။
၁၄.၁၂.၂၀၁၀ ရက်နေ့တွင် မြန်မာပြည်၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးဖွားရာ
ဇာတိဖြစ်သော မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ရေတူးဖော်မှု၊ အုတ်ရေကန် တည်ဆောက်ပေးမှုများကို
စတင်အကောင်အထည်ဖော် လုပ်ဆောင်ပေးခဲ့သည်။ နတ်မောက် ဒေသတွင် အများပြည်သူတို့သည် ယခင်က
ရေသုံးစွဲမှုအတွက် လက်ယက်တွင်းများနှင့် ပူပြင်းလှသော သဲချောင်းအတွင်းမှ ခပ်ယူသုံးစွဲခဲ့ကြရသည်။
နတ်မောက်မြို့နယ် ဇာတိဖြစ်သော ဦးနိုင်ဝင်း၊ ဦးစိုးလှိုင်တို့၏ ကမ်းလှမ်းချက်ကြောင့်
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပြည်မြို့ရှိ မိုးမေတ္တာ ပရဟိတလူငယ်အဖွ့မ
ှဲ ကိုညီညီအောင် ဦးစီး၍
သွားရောက်လေ့လာကာ တူးဖော်မှုလုပ်ငန်းများကို လုပ်ကိုင်စေခဲ့သည်။

မိုးမေတ္တာ ပရဟိတလူငယ်အဖွဲ့သည် ပြည်မြို့၊ ရွှေတောင်မြို့နယ်၊ ပေါက်ခေါင်းမြို့ တို့တွင်


ရေတူးဖော်မှုလုပ်ငန်းများအား နာရေးကူညီမှု အသင်း(ရန်ကုန်)နှင့် ပူးပေါင်း၍ ကူညီမှုများ ပေးဆပ်ခဲ့သော
လူငယ်လူမှုရေးသမားနှင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။ နတ်မောက်မြို့နယ်တွင် လင်းကတိုးရွာ အိမ်ခြေ ၃၈၀၊
ဂွေးချိုရွာ အိမ်ခြေ ၃၀၀ ကျော်၊ ထနောင်းလှရွာ အိမ်ခြေ ၂၀၀ ကျော်၊ ကျောက်ပုံရွာ အိမ်ခြေ ၂၆၀ ကျော်တို့
သောက်သုံးရေရရှိရန်အတွက် အဝီစိတွင်းများ၊ အုတ်ရေကန်များ၊ ရေစုပ်စက်များအား လှူဒါန်း အကောင်အထည်
ဖော်ပေးပြီးဖြစ်ပါသည်။
ယင်းလှူဒါန်းပွဲအား ၂၀.၃.၂၀၁၁ တွင် မြို့နယ်သံဃာတော်/ ဆရာတော်များနှင့် ဒေသခံရွာသူ/သားများရှေ့တွင်
ရေစက်သွန်းချ လှူဒါန်းအပ်နှံပွဲ က်း နာရေးကူညီမှုအသင်း(ရန်ကုန်)” ဟူ၍ ကဗ္ဗည်းတင် ထားရှိခဲ့သည်။ ထို့ပြင်
နတ်မောက်မြို့နယ် ဂွေးချိုကျေးရွာ(ပင်း)ရှိ အများပြည်သူ မျိုးဆက်သစ် လူငယ်တို့အတွက် ဖွင့်လှစ်ထားသော
“တက်နေဝန်း” စာကြည့်တိုက်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ “သုခအလင်း” စာကြည့်တိုက်မှ
စာအုပ်စာပေ၊ စာစောင်များကိုလည်း လှူဒါန်းပေးခဲ့ပြီး ဖြစ်သည်။ ဆက်လက်၍ နတ်မောက်မြို့နယ်အတွင်းရှိ
တောင်ဦးကျေးရွာ အိမ်ခြေ ၄၀၀ ကျော်၊ ကျောင်းကုန်းကျေးရွာ အိမ်ခြေ ၁၂၀ ကျော်တို့တွင် ရေတူးဖော်မှု
အလှူဒါနအား ဆောင်ရွက်လျှက်ရှိသည်။

ထိုကဲ့သို့ ရေလှူဒါန်းမှုများ ပြုလုပ်ခြင်းသည် မြန်မာပြည်သူလူထုတို့အတွက် လွတ်လပ်ရေးကို


စွမ်းဆောင်ပေးခဲ့သော မြန်မာပြည်သူလူထုတို့၏ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးတရားများအား
မိမိတို့ တတ်နိုင်သည့်ဘက်မှ မိမိတို့ စွမ်းဆောင်နိုင်သလောက် ပြန်လည်၍ ကျေးဇူးဆပ်ခြင်းပင် ဖြစ်သည်။
တနည်းအားဖြင့် ဗိုလ်ချုပ်၏ကျေးဇူးအား အများပြည်သူ (ပြည်တွင်း/ ပ) မှ ကောင်းမှု (သို့) ကျေးဇူးဆပ်ခြင်း၊
ပေးဆပ်ခြင်းပင် ဖြစ်တော့သည်။

ပြီးဘီ The End

You might also like