You are on page 1of 38

Uncensored Burma - Daily News ( 2011 Apr 11)

သတင်းတွေ ဖတ်ချင်ရင် Kowin2001@gmail.com ကို ဆက်သွယ်ပါ


မိုးမခ MoeMaKa.com အဖွဲ့က ကော်ပီကူးပြီး ဖြန့် ပါတယ်

မာတိကာ

နိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ သမ္မတဦးသိန်းစိန်ထံ NLD စာပို့


By ကိုဇော်ဝင်းလှိုင် တနင်္လာ, 11 ဧပြီ VOA

နိုင်ငံရေးဆွေးနွေးဖို့ အစိုးရသစ် တံခါးဖွင့်ထားမည်


By ကိုကျော်ကျော်သိန်း တနင်္လာ, 11 ဧပြီ VOA

ဘိုကလေးမှာ လေဆင်နှာမောင်းတိုက်ခတ်
2011-04-11 RFA

ကုလအထူးကိုယ်စားလှယ် ကင်တားနား ဗီဇာတောင်းထား


2011-04-11 RFA

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် ခန့်အပ်တာဝန်ပေး


2011-04-11 RFA

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အာဏာသိမ်း စစ်ခေါင်းဆောင် ဖြစ်လာနိုင်


2011-04-11 RFA

အစိုးရသစ်လက်ထက် နိုင်ငံသားအခွင့်အရေး ပိုဆုံး�ှုံး


နော်နိုရင်း ၁၁ ဧပြီ ၂ဝ၁၁ - DVB

အကန့်အသတ်များကြောင့် သင်္ကြန်မစည်နိုင်
ရွှေအောင် ၁၁ ဧပြီ ၂ဝ၁၁ - DVB

ဒဏ်ငွေမပေးသဖြင့် ရဲက ထိုးကြိတ်နော်


နိုရင်း ၁၁ ဧပြီလ ၂ဝ၁၁ - DVB

ရှမ်းပြည်နယ်က တောင်သူများ လယ်သိမ်းခံရမှု တရားစွဲမည်


အေးနိုင် ၁၁ ဧပြီ ၂ဝ၁၁ - DVB
ဓာတ်ဆီဈေး ၅၅ဝဝ ကျပ်ထိ ထိုးတက်
အေးနိုင် ၁၁ ဧပြီ ၂ဝ၁၁ - DVB

ဒေါ်အောင်ဆန်းစုကြည် အဖွဲ�ချုပ်လူငယ်များကို ရဟန်းခံ


ဒီဗွီဘီ ၁၁ ဧပြီ ၂ဝ၁၁ - DVB

လေလံကြေးသွင်းရန် ငွေဖော်သူများကြောင့် မြန်မာ့ရွှေဈေးကျ


ဧရာဝတီ Monday, 11 April ဧရာဝတီ

အစိုးရသစ်ကို အသိအမှတ်ပြုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော


လင်းသန့် Monday, 11 April ဧရာဝတီ

ဆီးဂိမ်းကြောင့် နေပြည်တော် ကျေးရွာတချို့ ရွှေ့ရမည်


စည်သူ Monday, 11 April ဧရာဝတီ

ထိုင်း မှောင်ခိုပစ္စည်း ပိတ်ပင်မှု ပြန်လည်ရုပ်သိမ်း


ဧရာဝတီ Friday, 08 April ဧရာဝတီ

သမ္မတသစ် သတင်းစာရှင်းလင်းပွဲ လုပ်မည်


စည်သူ Friday, 08 April ဧရာဝတီ

ဒေါ်ခင်မာအေး ၃ နှစ်မြောက် ဆွမ်းကျွေးပွဲ (ခင်ပွန်းသည် ဦးလှရွှေနှင့် အင်တာဗျူး)


ဖနိဒါ | တနင်္လာနေ့၊ ဧပြီလ ၁၁ ချင်းမိုင် (မဇ္စျိမ)။

တိုက်ပွဲများ ရပ်စဲချင်သည့် ကရင်ပါတီ


သဲသဲ | တနင်္လာနေ့၊ ဧပြီလ ၁၁ နယူးဒေလီ (မဇ္ဈိမ)

သံချပ်မထိုးရန် အစိုးရသစ် တားမြစ်


ထွန်းထွန်း | တနင်္လာနေ့၊ ဧပြီလ ၁၁

တီးတိုး ငွေကြေးများ အပိုင်း (၄)


စန္ဒီနွယ် | တနင်္လာနေ့၊ ဧပြီလ ၁၁ မဇ္ဈိမ

၁၉ ၆၂ ကျောင်းသားခေါင်းဆောင်ဟောင်း ဒေါ်ခင်မာအေး (၁၉ ၄၀ - ၂၀၀၈)


ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အမှတ်တရအခမ်းအနား ကျင်းပ
မိုးယံမခ
ဧပြီ ၁၁၊ ၂၀၁၁ မိုးမခ

ရန်ငါမခွဲ တို့အထဲကြောင့် ဘီလူးသွားကို လဖြဲတည်း


ရဲဘော်ကျော်သန်း
မတ် ၁၁၊ ၂၀၁၁ မိုးမခ
ဦးမောင်မောင် ပြည်တော်ပြန် မပြန် (ဦးဇော်ထွန်းနှင့် အင်တာဗျူး)
မျိုးသိဏ်း | တနင်္လာနေ့၊ ဧပြီလ ၁၁ ရက် နယူးဒေလီ (မဇ္ဈိမ) ။

ပြည်တော်ပြန် မပြန် (ဦးမောင်မောင်နှင့် အင်တာဗျူး)


မျိုးသိဏ်း | တနင်္လာနေ့၊ ဧပြီလ ၁၁ ရက် နယူးဒေလီ (မဇ္ဈိမ

နိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ သမ္မတဦးသိန်းစိန်ထံ NLD စာပို့


By ကိုဇော်ဝင်းလှိုင် တနင်္လာ, 11 ဧပြီ VOA

မြန်မာသမ္မတသစ် အနေနဲ့ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေး ရှိဖို့လိုတယ်လို့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ


ကတိပြုသွားတဲ့အတိုင်း လက်တွေ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)
ပါတီက စာတစောင်ပေးပို့ တိုက်တွန်းလိုက်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ ပထမခြေလှမ်း အဖြစ် နိုင်ငံရေး
အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာလို ဥပဒေနဲ့အညီလုပ်ဆောင်တဲ့ ကိစ္စတွေကို စတင်ဖို့လည်း သမ္မတသစ်ကို
ပေးပို့တဲ့စာမှာ ဖော်ပြခဲ့တာပါ။ အစိုးရသစ်ကို ဦးဆောင်ပြီး သမ္မတ ဖြစ်လာတဲ့ ဦးသိန်းစိန်ကို
ပေးပို့တဲ့စာနဲ့ပတ်သက်လို့ NLD ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက အခုလို ရှင်းပြပါတယ်။

“ဦးသိန်းစိန်က တိုင်းပြည်နဲ့ပတ်သက်တဲ့ Rule of Law ကို သိပ်ပြောတယ်လေဗျာ၊ သူ့ရဲ့မိန့်ခွန်းထဲမှာ။ ကျနော်တို့


လောကပါလတရားတို့ ဘာတို့ပေါ့ဗျာ။ ပြောတယ်လေ။ ကျနော်တို့ကလည်း ဒါကိုပဲ လိုချင်တာပါ။ ကျနော်တို့
တိုင်းပြည်မှာ အေးအေးချမ်းချမ်း ဖြစ်ဖို့ဆိုတာကတော့ သူ့ရဲ့မိန့်ခွန်းထဲမှာပါတဲ့အတိုင်း ပြည့်ပြည့်စုံစုံပေါ့။
ကျနော်တို့ ဒါ တရားမျှတမှု၊ ဖြောင့်မတ်မှု ဆိုတာကိုပြောတာပါ။ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ သူပြောထားတဲ့
လောကပါလတရား အတိုင်းပေါ့နော် အဲဒါကို လုပ်မယ်လို့ ခင်ဗျား (ဦးသိန်းစိန်) ပြောထားတာနဲ့ပတ်သက်လို့
ကျနော်တို့က ကြိုဆိုတယ်ပေါ့ဗျာ။ ဒါပေမဲ့လို့ အခုတွေ့နေရတဲ့ အချိန်အတော်အတွင်းမှာ
ဒီကနေ့အထိကတော့ဖြင့် ခင်ဗျားပြောထားတဲ့ ဆိုထားတဲ့ အချက်အလက်တွေ ကတော့ ကျနော်တို့
အရိပ်အယောင် မတွေ့သေးဘူးပေါ့ဗျာ။ သို့သော်လည်း ခင်ဗျားပြောထားတဲ့အတိုင်း ဆက်လက်ပြီးတော့
တရားမျှတမှု၊ ပြည်သူလူထုအပေါ်မှာ အားလုံးရကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ဆိုတဲ့အကြောင်းကို
ကျနော်တို့က သူတို့ဆီ ရေးလိုက်တာ။ ဒါပါပဲ။ အဲဒီဟာနဲ့အညီ လုပ်ပါလို့ ကျနော်တို့က တိုက်တွန်းတာပါပဲ။”

သမ္မတသစ် ဦးသိန်းစိန်ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲ မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးရေးကို လုပ်ဆောင်မယ်လို့ ထည့်သွင်း


ပြောကြားခဲ့တာကြောင့် ဥပဒေစိုးမိုးရေးကို တကယ် လိုလားရင် နိုင်ငံရေးအကျဉ်းသားတွေ အရင်လွှတ်ပေးဖို့
လိုအပ်တဲ့အကြောင်း တောင်းဆိုတဲ့စာကို NLD က ပေးပို့ခဲ့တာပါ။ အခုပို့လိုက်တ့စ
ဲာဟာ တက်လာတဲ့ အရပ်သား
အစိုးရသစ်နဲ့ လက်တွဲလုပ်နိုင်ဖို့ အလားအလာရှိမရှိ စမ်းသပ် ပေးပို့တဲ့စာဖြစ်တဲ့ အကြောင်းကိုလည်း ဦးတင်ဦးက
ဆက်ပြောပါတယ်။

“စပြီးတော့ test (စမ်းသပ်) လုပ်ကြည့်တာပါလေ။ တယောက်နဲ့တယောက် ဆက်သွယ်မှု သူပြောထားတဲ့


အတိုင်းကလည်း ကျနော်တို့ လိုလားတဲ့အတိုင်း ဒီနှစ်ခုက ကျနော်တို့ သဘောတူညီမှု ရှိနိုင်တဲ့သဘောပေါ့ဗျာ။
အဲဒီအပေါ်မှာ ကျနော်တို့က ဒီအတိုင်းလေးလုပ်ပါ ဆိုတဲ့ဟာကို စပြီးတော့ စကားဆက်ကြည့်တာပဲလေ။
ကျနော်တို့ကို ဆက်သွယ်ပဲ ဆက်သွယ်မလား၊ မဆက်သွယ်ဘဲ ဒီလိုပဲထားမလား။ ဒါကတော့ သူတို့
အကြောင်းပြန်မှ သိမှာပေါ့ဗျာ။ ခါတိုင်းဆိုရင်တော့ ဒီလို အကြောင်းပြန်ချင်လည်း ပြန်တယ်။ မပြန်ရင်လည်း
သတင်းစာထဲမှာ ကျနော်တို့ရေးတဲ့ စာသားကို တုံ့ပြန်တဲ့သဘောထားတွေတော့ ရေးတတ်တာတွေရှိတယ်။
အဲဒါတော့ ကျနော်တို့ စောင့်ကြည့်နေတယ်ပေါ့။”

မြန်မာနိုင်ငံမှာ အစိုးရသစ်တရပ် ပြောင်းသွားခဲ့ပေမဲ့လည်း တိုင်းပြည်အတွင်း ဥပဒေစိုးမိုးမှုကင်းမဲ့တဲ့ လုပ်ရပ်တွေ


နေရာအနှံ့မှာ ရှိနေတုန်းပဲဆိုတာကိုလည်း ဦးတင်ဦးက ထောက်ပြ ပြောဆိုပါတယ်။

“ဒီလိုဟာလေးတွေအပေါ်မှာ တူတယ် ညီတယ်၊ သူတို့လည်း တကယ်လုပ်တယ်ဆိုရင် ကျနော်တို့


ဝမ်းသာတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ အဖမ်းအပြုခံနေရတဲ့ အနှောင်အဖွဲ့ထဲမှာ အများဆုံးက ကျနော်တို့
ဒီမိုကရေစီအင်အားစုတွေက ခံရတာကိုး။ ဒီကြားထဲမှာလည်းပဲ လယ်သမားတွေနဲ့ပတ်သက်ပြီးတော့
မြေယာသိမ်းတာကို ကျနော်တို့ တောင်းဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ တရားစွဲတာတွေဆိုရင်
ရိုက်တယ်ပြုတယ် ဆိုတာတွေက ကြားနေရတော့ အဲဒါလေးတွေအပေါ်မှာ တရားမျှတမှုပေးပါလို့ ဒါလေးတွေကို
ကျနော်တို့ ဖြစ်စေချင်တာပါ။ အဲဒါပါပဲ။ အဲဒါကို ကျနော်တို့က သူတို့လည်း တရားမျှတမှုနဲ့ ပတ်သက်ပြီးတော့
Rule of Law လို့ပြောတယ်။ ကျနော်တို့ကလည်း အစစအရာရာ Rule of Law ကိုပဲ ဖြစ်ချင်တယ်ပေါ့နော်၊
အေးချမ်းအောင်ဆိုရင် ဒီမိုကရေစီဖြစ်အောင်ဆိုရင်။ အဲဒါက ဒီအပေါ်မှာ သဘောထားက ခင်ဗျားတို့
ဒါလေးတွေကိုတော့ အောင်အောင်မြင်မြင် ဖြစ်ဖြစ်မြောက်မြောက် လုပ်ပေးပါ၊ လုပ်ရင်တော့ ကျနော်တို့
ကျေနပ်တယ်၊ ၀မ်းသာတယ်ပေါ့ဗျာ။ ကျေနပ်တယ် သဘောကျတယ်ပေါ့ဗျာ။ အဲဒါလေးတွေကို ကျနော်တို့က
စပျိုးကြည့်တာပဲလေ။ ”

အစိုးရသစ်အနေနဲ့ ပြောထားတဲ့အတိုင်း တကယ် လက်တွေ့မှာ လုပ်ဆောင်ခြင်း ရှိမရှိဆိုတာကိုတော့


စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့ တကယ်ပဲ လုပ်သလား မလုပ်ဘူးလားဆိုတာ ကြည့်မှာပေါ့။ အခု နိုင်ငံရေးအကျဉ်းသမားများနဲ့


ပတ်သက်ပြီးတော့တောင်မှ လိပ်ခဲတင်းခဲ ဖြစ်နေသေးတာပဲ။ ဘာအရောင်မှ မထွက်သေးဘူးလေ။
သိတဲ့အတိုင်းပဲ။ အဲဒီတော့ ဒါတွေကို စောင့်ကြည့်ရမှာပေါ့။ အဓိကကတော့ ကျနော်တို့ နိုင်ငံရေး
အကျဉ်းသမားများ အားလုံးသာ လွှတ်ဖို့ဆိုတဲ့ဟာက အရေးကြီးတာကိုး၊ ကျနော်တို့အတွက်က။ နောက်ပြီးတော့
ဒါက သိပ်လည်း မျှော်လင့်ကြတယ်လေ။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေ ဆွေးမျိုးသားချင်းတွေ
အားလုံးကလည်း မျှော်လင့်ကြတယ်။ ကျနော်တို့ကလည်းပဲ ခုနကပြောတဲ့ ဦးသိန်းစိန်ပြောတဲ့အတိုင်း Rule of
Justice တို့ Rule of Law တို့နဲ့ ဆိုရင်တော့ဖြင့် ဒါ စဉ်းစားကောင်း စဉ်းစားရဲ့ဆိုပြီးတော့ စောင့်စားနေတာ။
သို့သော် အခုထက်ထိတော့ မလာသေးဘူးပေါ့။ သင်္ကြန်ပြီးလို့ နှစ်ဆန်းတရက်တို့ ဘာတို့ကျရင်တော့
လာမလားပေါ့ဗျာ။ အဲဒီလိုဟာလေးတွေကလည်း လူတွေက တွေးကြတာပေါ့ဗျာ။”

သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသစ်ထံ NLD က ရေးသားပေးပို့ခဲ့တဲ့ စာပါ အကြောင်းအရာတွေကို ဒုဥက္ကဌ


ဦးတင်ဦးက ပြောပြခဲ့တာပါ။ NLD က ရေးသားပေးပို့ခဲ့တဲ့စာနဲ့ပတ်သက်လို့ အခုချိန်ထိ တစုံတရာ
အကြောင်းပြန်ကြားခြင်းတော့ မရှိသေးပါဘူး။

အရင် စစ်အစိုးရလက်ထက်မှာ အကြိမ်ကြိမ် ပြောခဲ့တဲ့အတိုင်းဘဲ NLD အနေနဲ့ အမျိုးသားရင်ကြားစေ့ရေး


ဖြစ်ပေါ်လာအောင် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ အမြဲတမ်း တံခါးဖွင့်ထားတယ်ဆိုတာကိုလည်း
ဦးတင်ဦးက ပြောပါတယ်။

သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ


ဖြစ်ပေါ်လာဖို့ NLD အပါအ၀င် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့
ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု အပါအ၀င် တိုင်းပြည်တော်တော်များများက တိုက်တွန်းထားကြ သလိုပဲ
ပြီးခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းဝေးတွင်းမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ
လွှတ်ပေးဖို့ကိစ္စကို တောင်းဆိုခဲ့ကြပါတယ်။

နိုင်ငံရေးဆွေးနွေးဖို့ အစိုးရသစ် တံခါးဖွင့်ထားမည်


By ကိုကျော်ကျော်သိန်း တနင်္လာ, 11 ဧပြီ VOA

မြန်မာအစိုးရအဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာ့နိုင်ငံရေးမှာ


သက်ဆိုင်သူ အားလုံးနဲ့ ဆက်သွယ်သွားဖို့ တံခါးဖွင့်ထားပါတယ်လို့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးအသစ်က
ပြောလိုက်ပါတယ်။ ထိုင်း နိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ကျင်းပပြီးစီးခဲ့တဲ့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့
ASEAN နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ အစည်းအဝေးအတွင်းမှာ အဲဒီလို ပြောခဲ့တာပါ။

မြန်မာနိုင်ငံခြားရေးဝန်ကြီးရဲ့ အခုလိုပြောဆိုချက်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် NLD ကလည်း


ကြိုဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
အရှေ့အာရှ ထိပ်သီးအစည်းအဝေးဆိုင်ရာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်သဘော
အထူးအစည်းအဝေးကို ဘန်ကောက်မြို့တော်မှာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံခြားရေး ၀န်ကြီးသစ်
ဦးဝဏ္ဏမောင်လွင်လည်း အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

အစည်းအဝေး အတွင်းမှာ မြန်မာနိုင်ငံက နောက်ဆုံး အခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံခြားရေး


ဝန်ကြီးက အာဆီယံနိုင်ငံခြားရေး ၀န်ကြီးတွေကို ပြောပြခဲ့တာမှာ မြန်မာနိုင်ငံမှာ သက်ဆိုင်သူအားလုံးနဲ့
အဆက်အသွယ် လုပ်သွားရေး တံခါး ဖွင့်ထားပါတယ်လို့ ထည့်သွင်း ပြောဆိုခဲ့တဲ့အကြောင်း အာဆီယံအဖွဲ့
အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာရ်တီ နာတာလီဂါဝါ (Marty Natalegawa) က
သတင်းထောက်တွေကို ပြန်ပြောပြခဲ့ပါတယ်။

“ကျနော်တို့ကို ပြန်မျှဝေပြောပြခဲ့တဲ့ အဓိက အချက်တွေထဲမှာ သက်ဆိုင်သူအားလုံးနဲ့ ဆက်သွယ်သွားဖို့


တံခါးဖွင့်ထားတယ် ဆိုတာလည်း ပါဝင်ပါတယ်။ အာဆီယံဥက္ကဋ္ဌ အနေနဲ့မဟုတ်ဘဲ အင်ဒိုနီးရှား နိုင်ငံအနေနဲ့
ကျနော်ဟာ ဒေါ်အောင်ဆန်းစု ကြည်နဲ့ အကြိမ်အတော်များများ စကားပြောခဲ့ဖူးပါတယ်။ သူဟာ မြန်မာအစိုးရ
အဖွဲ့သစ်နဲ့ ဆက်သွယ် လုပ်ဆောင်သွားဖို့ မျှော်လင့်ထားတယ်ဆိုတာ ကျနော်သိပါတယ်။ အစိုးရအဖွဲ့ကလည်း
ဒီလိုအမြင်မျိုး ရှိတယ်ဆိုရင် ဆက်သွယ်တဲ့ကိစ္စဟာ ရည်ရွယ်ချက် သက်သက် အနေနဲ့ မဟုတ်ဘဲ အစစ်အမှန်
ဖြစ်လာသင့်ပါတယ်။”

ဦးဝဏ္ဏမောင်လွင်ရဲ့ အခုပြောစကားဟာ မြန်မာအစိုးရ အဖွဲ့သစ် ဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာ


မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ ပထမဆုံးထွက်လာတဲ့ မှတ်ချက် ဖြစ်ပါတယ်။ အာဆီယံ နိုင်ငံခြားရေး
ဝန်ကြီးတွေကလည်း မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ တိုးတက်မှုတွေ ဆက်ရှိ
သွားဖို့ လိုအပ်တယ်ဆိုတာကို အလေးအနက် ပြောခဲ့ကြတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက
ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့
သဘောထားကိုလည်း မစ္စတာ နာတာလီဂါဝါက ပြောခဲ့ပါသေးတယ်။

“မြန်မာ့အရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အဖြေရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ ဒါက ပကတိလက်တွေ့


အစစ်အမှန် အခြေအနေပါ။ ဒါ့ကြောင့် မြန်မာနိုင်ငံ အနာဂတ်မှာ သူပါဝင်ရပါမယ်၊ အနာဂတ် ဆွေးနွေးပွဲတွေမှာ
သူ ပါဝင်ရပါမယ်။ ဒါက အင်ဒိုနီးရှားနိုင်ငံရဲ့ အမြင်ပါ၊ အာဆီယံဥက္ကဋ္ဌ အနေနဲ့ ကျနော်ပြောတာမဟုတ်ပါဘူး။”
မြန်မာနိုင်ငံခြားရေးဝန်ကြီးက ဒီလိုပြောခဲ့တာ မှန်တယ်ဆိုရင် ကြိုဆိုပါတယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူ
ဦးဉာဏ်ဝင်းက ပြောသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ သဘောထားအပေါ်လည်း
တုံ့ပြန်မှတ်ချက်ပေးခဲ့ပါတယ်။

“ဒီလိုပြောတယ်ဆိုတာ ဟုတ်တယ်ဆိုရင်တော့ ကျနော်တို့ ကြိုဆိုပါတယ်။ ကျနော်တို့ ထိတွေ့ဆက်ဆံဖို့က


အရေးကြီးပါတယ်။ ကျနော်တို့ ကြိုဆိုပါတယ်။ ကျနော်တို့ကလည်း ကိုယ်ပါဝင်ရမှ မဟုတ်ဘူး၊
တိုင်းပြည်အရေးအတွက် ဆောင်ရွက်ဖို့ လမ်းဖွင့်ပြီးတော့ dialogue (ဆွေးနွေးဖို့) တောင်းနေတာပါ။”

သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဆီကို မကြာသေးခင်ရက်ပိုင်းကပဲ NLD က စာတစောင်


ရေးသားပေးပို့ခဲ့ပါတယ်။ ဒါဟာလည်း အစိုးရအဖွဲ့သစ်ဆီကို NLD ဘက်က ပထမဆုံး စတင်
ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။

“ကျနော်တို့ ပို့ထားတာ မှန်ပါတယ်။ ဟိုအရင်တုန်းကတော့ ဆက်သွယ်ရေးဝန်ကြီးက ကျနော်တို့ ပို့တဲ့စာကို ၆


ရက်ကြာမှ ရတယ်လို့ ပြောဖူးတယ်လေ။ ကျနော်တို့ အဲဒါကို စောင့်ပါတယ်။”

အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကအခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလေ့လာနိုင်ဖို့ အာဆီယံ


ကိုယ်စားလှယ်တွေကို မြန်မာနိုင်ငံလာရောက်ခွင့် ပြုဖို့ကိုလည်း ဘန်ကောက်အစည်းအဝေးအတွင်း
ပြောခဲ့ကြတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီးက ပြန်ပြောပြပါတယ်။ ဒီကမ်းလှမ်းချက်ကို
မြန်မာတာဝန်ရှိသူတွေဘက်က ချက်ခြင်းအဖြေမပေးခဲ့ဘဲ အကြောင်းပြန်ပါ့မယ်လို့သာ ပြောခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ အမြန်ဆုံးဖြစ်လာဖို့ သူ့အနေနဲ့ မျှော်လင့်ပါတယ်လို့ သတင်း
ထောက်တွေကို ပြောခဲ့ပါတယ်။

ဘိုကလေးမှာ လေဆင်နှာမောင်းတိုက်ခတ်
2011-04-11 RFA

ဧပြီလ ၁၀ ရက်နေ့ ညနေ ၄ နာရီလောက်က ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်း လေဆင်နှာမောင်း


တိုက်ခတ်ခဲ့တဲ့အတွက် ပျဉ်ဘိုးကြီးကျေးရွာမှာ စာသင်ကျောင်း တကျောင်း အပါအဝင် အိမ်ခြေ ၂၀ လောက်
ပျက်စီး သွားကြောင်း သတင်းရရှိပါတယ်။

အသင့်အတင့်အားပြင်းတဲ့ လေဆင်နှာမောင်း တိုက်ခတ်ပြီးတဲ့နောက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက


ပျဉ်ဘိုးကြီးကျေးရွာကို သွားရောက်ခဲ့ကြောင်း ဘိုကလေးမြို့ခံ ကိုစောဗန်ကူးက အခုလိုပြောပြပါတယ်။

“ဟုတ်ပါတယ်ခင်ဗျာ။ အခုဒီ ဘိုကလေးမြို့နဲ့ ဒီ ၁၅ မိုင်ခန့်အကွာပေါ့၊ ပျဉ်ဘိုးကြီး ကျေးရွာမှာ တိုက်သွားတာပါ။


အိမ်ခြေက အဲဒီ ကျေးရွာမှာက ၁၅၀ လောက် ရှိပြီးတော့ အိမ်အလုံး ၂၀ ခန့် အမိုးလန်သွားတယ်။ နောက်
စာသင်ကျောင်းလေး အမိုးလန်သွားတယ်ပေါ့။ ၆ နာရီ ၁၀ မိနစ်လောက်မှာတော့ ဒေသဆိုင်ရာက အုပ်ချုပ်ရေး
ကဏ္ဍရယ်၊ နောက်ပြီးတော့ ရဲတပ်ဖွဲ့က ဒုရဲအုပ်တယောက်နဲ့ ရဲတပ်သား တယောက်ရယ်။ ပြီးတော့
ပညာရေးဌာနရယ်၊ ကြက်ခြေနီအဖွဲ့ရယ် ဆင်းသွားတယ်လို့တော့ ကြားသိရတယ်။”

သဘာဝ ဘေးအန္တရာယ်တွေအကြောင်းကို မြန်မာ့ မိုးလေဝသနဲ့ ဇလဗေဒဌာန အကြီးအကဲဟောင်း


ဦးထွန်းလွင်က ဘိုကလေးမြို့နယ်အတွင်း လှည့်လည် ဟောပြောနေချိန်မှာ အခုလို လေဆင်နှာမောင်း
ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် မြန်မာနိုင်ငံမှာ မိုးဦးရာသီ စောလာနေပြီး
မုန်တိုင်းတွေ ဖြစ်ပေါ်တတ်ကြောင်း ဧပြီလ ၉ ရက်နေ့က သတိပေးပြောကြားချက်နဲ့ တိုက်ဆိုင်နေကြောင်း
ဒေသခံတွေ ကပြောဆိုပါတယ်။

ဦးထွန်းလွင်ရဲ့ ဟောပြောပွဲကို သွားရောက် နားထောင်ခဲ့တဲ့ ဘိုကလေးမြို့ခံတဦးကတော့ အခုလို ပြောပါတယ်။

“ဦးထွန်းလွင်က ခုမိုးကြိုကာလကတဲ့ ဧပြီ၊ မေဟာ မိုးကြိုကာလ ဖြစ်နေပြီတဲ့။ ဟိုတုန်းက မိုးကြိုကာလက မေ ၁၅


ရက်မှာ စတာတဲ့။ အခုဟာက သူက ရှေ့ကို ၄၅ ရက် တိုးပြီးတော့ စတဲ့အတွက် ဧပြီနဲ့ မေမှာ မုန်တိုင်း
ဖြစ်ပေါ်နိုင်မှုတွေ ရှိတယ်လို့တော့ သူက ပြောသွားတယ်ခင်ဗျ။ တော်တော် အကျိုးရှိပါတယ်။ ဒီပုဂ္ဂိုလ်ဟာ
တော်တော်လေးကိုလည်း ကျွမ်းကျင်တယ်ပေါ့နော်။ မိုးလေဝသနဲ့ ပတ်သက်လာရင်။ သူ့အပေါ်မှာ လူထုကလည်း
တော်တော် ယုံကြည်တယ်။”
ဦးထွန်းလွင်ဟာ ဧပြီ ၁၁ ရက် ဒီကနေ့မှာတော့ မနေ့က လေဆင်နှာမောင်းဒဏ် ခံရတဲ့ ရွာနဲ့ ကပ်လျက်
စက်စမ်းကျေးရွာမှာ သွားရောက် ဟောပြောနေကြောင်း သိရပါတယ်။

ကုလအထူးကိုယ်စားလှယ် ကင်တားနား ဗီဇာတောင်းထား


2011-04-11 RFA

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို ရှေ့လအတွင်း သွားရောက်စုံစမ်း လေ့လာနိုင်ဖို့


မြန်မာအစိုးရသစ်ထံ စာရေး တောင်းဆိုလိုက်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး
အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက RFA ကို ပြောကြားပါတယ်။

လာမဲ့ မေလအတွင်း မြန်မာနိုင်ငံကို သွားရောက်ခွင့် ရဖို့ ပြီးခဲ့တ့သ


ဲီတင်းပတ်ကပဲ ဂျီနီဗာမြို့မှာ ရှိတဲ့
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးကတဆင့် စာရေးသား ဆက်သွယ် တောင်းဆိုလိုက်ပြီ ဖြစ် ပါတယ်၊
မြန်မာအစိုးရထံက တုံ့ပြန်ချက်ကို စောင့်ဆိုင်းနေဆဲပါလို့ မစ္စတာ ကင်တားနား ပြောသွားပါတယ်။

မစ္စတာ ကင်တားနားဟာ လာမဲ့ ခရီးစဉ်အတွင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့


တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ ဒါ့ပြင် နိုင်ငံရေး အကျဉ်းသားတွေနဲ့ တွေ့ဆုံဖို့ အကျဉ်းထောင်တွေကို
သွားရောက်မှာ ဖြစ်သလို ကရင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေကိုလည်း သွားရောက်
လေ့လာမယ်လို့ ပြောပါတယ်။

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ပြောဆို


ထောက်ပြလေ့ ရှိတဲ့အတွက် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ခရီးစဉ်နောက်ပိုင်း မြန်မာနိုင်ငံကို နောက်ထပ်
လာရောက်ဖို့ တောင်းဆိုချက်တွေကို စစ်အစိုးရက ငြင်းပယ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် ခန့်အပ်တာဝန်ပေး


2011-04-11 RFA

အမေရိကန်သမတ ဘာရက် အိုဘားမားဟာ လက်ရှိ ပင်တဂွန်စစ်ဌာနချုပ်က အရာရှိတဦးဖြစ်သူ မစ္စတာ Derek


Mitchell ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံကိုယ်စားလှယ်အဖြစ် ခန့်အပ်တာဝန်ပေးဖို့ ပြင်ဆင်နေပါတယ်။

မစ္စတာ Derek Mitchell ဟာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အာရှ ပစိဖိတ် ဒေသဆိုင်ရာ ဒုတိယ
လက်ထောက် ကာကွယ်ရေး ဝန်ကြီး ဖြစ်ပါတယ်။ သူဟာ လက်ရှိ အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့ အရေးယူမှုကို
ထောက်ခံသလို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ထောက်ခံလိမ့်မယ်လို့
ခန့်မှန်းနေကြပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး အပြောင်းအလဲအတွက် အိမ်နီးချင်းနိုင်ငံတွေရဲ့ ပံ့ပိုးပေးမှုရအောင် အမေရိကန်


အထူးသံကိုယ်စားလှယ် အနေနဲ့ ကြိုးစားသွားမဲ့ သဘောရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အိမ်နီးခြင်း
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့
တောင်းဆိုထားသလို အိမ်နီးချင်း အိန္ဒိယ နဲ့ တရုတ်နိုင်ငံတွေကလည်း မြန်မာအစိုးရနဲ့ မဟာဗျူဟာကျတဲ့
ဆက်ဆံရေးမျိုး တည်ဆောက်နေတာ ဖြစ်တဲ့အတွက် အမေရိကန် အထူးကိုယ်စားလှယ်အတွက် အခက်အခဲတွေ
ရင်ဆိုင်ရလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။

တကယ်လို့ သမတ အိုဘားမားက မစ္စတာ မစ်ချဲလ်ကို အထူးသံကိုယ်စားလှယ်အဖြစ် သတ်မှတ်လိုက်ပြီးရင်


အထက်လွှတ်တော်က အပြီးသတ် အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ မစ္စတာ မစ်ချဲလ်ဟာ တရုတ်နိုင်ငံရေးရာ
ကျွမ်းကျင်သူတဦး ဖြစ်ပြီး အာရှနိုင်ငံ အတွေ့အကြုံတွေ ရှိသူ တဦး ဖြစ်ပါတယ်။ သူ့ကိုခန့်အပ်မဲ့
အစီအစဉ်နဲ့ပတ်သက်ပြီး သတင်းဌာနတွေကိုတော့ တစုံတရာ မပြောဆိုသေးပါဘူး။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အာဏာသိမ်း စစ်ခေါင်းဆောင် ဖြစ်လာနိုင်


2011-04-11 RFA

မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ သူ့ရဲ့ ပထမဆုံး မိန့်ခွန်းကို ဧပြီ


၈ ရက် ပြီးခဲ့တဲ့ သောကြာနေ့က ရှမ်းပြည်နယ် ဗထူးတပ်မြို့မှာ ကျင်းပတဲ့ ဗိုလ်သင်တန်းဆင်းပွဲမှာ
ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ မိန့်ခွန်းအရ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ သြဇာခံတပည့်ရင်း


ဖြစ်တာနဲ့အညီ ယခင် ကာကွယ်ရေး ဦးစီးချုပ်တွေ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်ကြီး စောမောင်တို့လို
အာဏာသိမ်း စစ်ခေါင်းဆောင်တဦး ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေအကြား သုံးသပ်မှုတွေ
ထွက်ပေါ်လာပါတယ်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အကြောင်း နိုင်ငံတကာ သတင်းစာစောင်တွေမှာ ဆောင်းပါး ရေးသားဖော်ပြခဲ့သူ


မြန်မာသတင်းသမဂ္ဂရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးဇင်လင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်
မေးမြန်း တင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်

အစိုးရသစ်လက်ထက် နိုင်ငံသားအခွင့်အရေး ပိုဆုံး�ှုံး


နော်နိုရင်း ၁၁ ဧပြီ ၂ဝ၁၁ - DVB

ရခိုင်ပြည်နယ် သံတွဲမြို့မှာ နေထိုင်တဲ့ အစ္စလမ်ဘာသာဝင်တွေဟာ မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြား


ကိုင်ဆောင်ထားပေမယ့် အစိုးရသစ်လက်ထက်မှာ ခရီးသွားခွင့် ပိုတင်းကျပ်လာတယ်လို့ သံတွဲမြို�နေ
အစ္စလာမ်ဘာသာဝင်တဦးက ပြောပါတယ်။

အရင်အစိုးရဟောင်းလက်ထဲက အစ္စလန်ဘာသာဝင်တွေအနေနဲ့ သံတွဲမြို�နယ်လောက်မှာ


ခွင့်ပြုချက်တောင်းပြီးသွားလာလို့ ရပေမယ့် အခု ပြည်နယ်အထိ သွားတောင်းခိုင်းတဲ့အတွက် သွားရေး
လာရေးအခက်ဖြစ်ပြီး စာဝတ်နေရေးအဆင်မပြေတော့ဘူးလို့ သံတွဲမြို�ခံ အစ္စလန်ဘာသာဝင် ကိုကျော် လင်းက
ပြောပါတယ်။

�ဒေသခံ အစ္စလာမ်ဘာသာဝင်တွေက ခရီးသွားလာခွင့်ကို ရခိုင်ပြည်နယ် စစ်တွေကို တင်ရတယ်။ ပြည်နယ်


လဝက ကို၊ ပြည်နယ် လဝက ရဲ� ခွင့်ြ့ပုမိန့်နဲ့မှ ခရီးသွားလာခွင့်ရှိတော့တယ်။ အဲတော့
အစိုးရဖွဲ�ပြီးနောက်ပိုင်းမှာ ကျနော်တို့ သမ္မတကြီး ဦးသိန်းစိန်ပြောခဲ့တဲ့ နိုင်ငံသားတိုင်းက နိုင်ငံသားအခွင့်အရေး
ရရှိရမယ်။ တန်းတူအခွင့်အရေး ရ�ှိရမယ်ဆိုတာ ကျနော်တို့ လုံးဝမရ�ှိပါဘူး။ တချို� ကားသမားတွေ
ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေ သံတွဲရန်ကုန်သွားနေတဲ့ ကုန်ကားတွေ �ှိတယ်။ ခရီးသည်
လိုင်းကားတွေ ရှိတယ်။ ဒီခရီးသည်ကားတွေ ကုန်ကားတွေမှာ စားဝတ်နေရေးအရ ဆောင်�က
ွ်နေကြတဲ့
ပုဂ္ဂိုလ်များက နေ့တရဆကသအူးဝ ခရီးသွားလာခွင့်တွေ လုံးဝ ကျမလာတာ တွေ�ရတယ်။ အဲတော့
သူတို့အနေနဲ့လည်း အရမ်းကို ဒုက္ခဖြစ်နေကြတယ်။ သူတို့မိသားစုအရေးတွေ တော်တော်ကျပ်တည်းနေတယ်။�

အကန့်အသတ်များကြောင့် သင်္ကြန်မစည်နိုင်
ရွှေအောင် ၁၁ ဧပြီ ၂ဝ၁၁ - DVB

ရန်ကုန်နဲ့ မန္တလေးသင်္ကြန်မြို့တွေမှာ ကန့်သန့်ချက်တွေနဲ့ စီးပွားရေးအခြေအနေတွေကြောင့် အခုနှစ်သင်္ကြန်


မစည်ကားနိုင်ဘူးလို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။ ဒီနှစ်သင်္ကြန်မှာ မ�ပ်ဆောက်လုပ်ခွင့်
အကန့်အသတ်တွေများပြီး ဆောက်လုပ်ခွင့်ပြုတဲ့ အရေအတွက်လည်း နည်းတာကြောင့် မနှစ်ကလောက်
စည်မယ်မထင်ဘူးလို့ ဆိုပါတယ်။

�သူတို့ရဲ� ခွင့်ပြုချက်ပေါ်မှာလည်း မူတည်တယ်။ သူတို့က ဘယ်လောက်ပဲ လုပ်ချင်တယ်ဆိုရင်


ဘယ်လောက်ပဲ ဖြစ်မယ်ဆိုတဲ့ အနေအထားဖြစ်သွားတယ်။ အရင်တုန်းက အနေအထားက
ပါမစ်သွားလျှောက်တယ် ရတယ်။ ပါမစ်ခေတ်မဟုတ်ခင်တုန်းက ပိုလွတ်လပ်တာပေါ့။ အခုကျတော့ သူတို့က
ဒီနားမှာပဲလုပ်ရမယ်။ အဲဒီအတွက်ကို ဘယ်သူတွေ လုပ်ချင်သလဲ လာည�ိပါဆိုတာမျိုး ရောက်သွားတယ်။
ဘယ်လောက် အတိုင်းအတာထိ ဘယ်လိုလုပ်မလဲဆိုတာက သူတို့ပေါ် မူတည်တယ်ဆိုတဲ့ အရဆကသအိးပ္ပာယ်
သွား သက်ရောက်တယ်။ ထိပ်က ထိန်းချုပ်လိုက်တဲ့သဘောပဲ။ ထိပ်ကနေပြီးတော့မှ ဒီနှစ်လျှော့လိုက်ဆိုရင်
အောက်ကလည်း သူ့ဟာသူ လျှော့ချလိုက်တယ်။�

စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ စပွန်ဆာတွေ လျော့ကျကုန်တာ၊ မ�ပ်စရိတ်တွေ တက်လာတာ တွေကြောင့်လဲ


သကြန်မ�ပ်နည်းသွားတာ ပါတယ်လို့ ပြောပါတယ်။ ဒီနှစ်သင်္ကြန်မ�ပ်တွေမှာ စီစီတီဗီ လုံခြုံရေးကင်မရာတွေ
တပ်ရမယ်ဆိုတာကြောင့် တပ်ဆင်ကြရပြီး လုံခြုံရေးဝန်ထမ်းတွေလည်း ခေါ်ယူချထားပေးကြရမှာ ဖြစ်ပါတယ်။

မနှစ်က သင်္ကြန် မ�ကြီးတခု ကုန်ကျစရိတ် ကျပ်သိန်း ၁ဝဝ လောက်ရှိပြီး ဒီနှစ်တော့ ၁၂၅


သိန်းလောက်ကုန်ကျတယ်လို့ မ�ပ်စီစဉ်သူတဦးက ပြောပါတယ်။

မနှစ်က ရန်ကုန်သင်္ကြန်ဗုံးပေါက်ကွဲမှုကိုအကြောင်းပြုပြီး ဒီနှစ်သင်္ကြန်မှာ လုံခြုံရေးတွေကို မ�ပ်တခု ဘယ်နှဦးထိ


ချထားမယ်ဆိုတာမျိုးကို ပြည်တွင်းသတင်းဂျာနယ်တွေမှာ ရေးသားဖော်ပြခဲ့ကြပါတယ်။ လုံခြုံရေးချတဲ့ကိစ္စမျိုးက
လှိျု့ဝှက်ဆောင်ရွက်ရတာဖြစ်တယ်။ ဒါကို အကျယ်တဝင့်ပြောပြီး ရေးသားဖော်ပြနေတော့ သင်္ကြန်ပွဲနွဲမယ့်
ပြည်သူတွေကို ကြိုတင်ခြောက်လှန့်ထားသလို ဖြစ်နေတယ်လို့လည်း စာနယ်ဇင်းအယ်ဒီတာတဦးက
မှတ်ချက်ပေးပါတယ်။
မန္တလေးမြို့မှာလည်း မနှစ်ကသင်္ကြန်နဲ့စာရင် သင်္ကြန်မ�ပ်အရေအတွက် ထက်ဝက်လောက် လျော့ကျ
သွားတယ်လို့ မြို့ခံတဦးကပြောပါတယ်။ ဒီနှစ်မှာ ဌာနဆိုင်ရာမဏပ်တခိျု့မထွက်တော့ဘဲ ကုမ္ပဏီ
မ�ပ်အရေအတွက်လည်း လျော့ကျသွားတယ်လို့ ဆိုပါတယ်။ အခုလို မ�ပ်တွေလျော့ကျသွားတာ
အကြောင်းနှစ်ခုကြောင့် ဖြစ်နိုင်တယ်လို့ မန္တလေးက စာနယ်ဇင်းဆရာ ကျော်ရင်မြင့်က အခုလို ပြောပါတယ်။

�မ�ပ်လုပ်မယ်ဆိုရင် လုံခြုံရေးအစီအမံတွေ အများကြီးထားရမယ်။ နောက် မ�ပ်တာဝန်ခံတွေမှာ


တာဝန်အများကြီး�ှိတယ်။ ကိုယ့်မ�ပ်မှာ တခုခု ဖြစ်သွားရင် သူတို့မှာ တာဝန်ရှိတယ်။ အဲတော့ မလုပ်ဘဲနဲ့
လျှော့သွားတယ်ထင်တယ်။ နောက်တခုက မ�ပ်တွေ လုပ်ကြတာက များသောအားဖြင့် စီးပွားရေး
လုပ်ငန်းကုမ္ပဏီတွေက လုပ်ကြတယ်။ နောက်တခါ ဌာနဆိုင်ရာတွေက တာဝန်အရ လုပ်ကြတယ်။ စီးပွားရေး
ကုမ္ပဏီတွေက ပိုက်ဆံသိပ်ပြီး မသုံးလိုတဲ့ သဘောကြောင့်ဖြစ်မယ်။ မသုံးလိုတာ၊ မသုံးနိုင်တာပေါ့။�

အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးက အစိုးရသစ်က သင်္ကြန်လို အပျော်အပါး ကိစ္စတွေမှာ


ငွေကြေးအမြောက်အမြားသုံးစွဲတာကို မလုပ်စေချင်တာကြောင့် လုပ်ငန်းရှင်အများစုလဲ ဒီနှစ်
သင်္ကြန်ငြိမ်နေကြတာလို့ ဆိုပါတယ်။ ရန်ကုန်သင်္ကြန်မှာ မနှစ်က သင်္ကြန်မ�ပ်ပေါင်း ၆ဝ ကျော်ရှိခဲ့ရာက ဒီနှစ်မှာ
၎ဝ လောက်၊ မန္တလေးမှာ ၆၅ ခုလောက်ရှိခဲ့ရာက ဒီနှစ်မှာ ၃ဝ ကျော်လောက်ပဲ ရှိတယ်လို့ ပြောပါတယ်။

ဒဏ်ငွေမပေးသဖြင့် ရဲက ထိုးကြိတ်နော်


နိုရင်း ၁၁ ဧပြီလ ၂ဝ၁၁ - DVB

ပဲခူးတိုင်း ဒိုက်ဦးမြို�နယ်မှာ ဆိုင်ကယ်ဦးထုပ်မဆောင်းသူကို ရဲက ဖမ်းဆီးပြီး ဒဏ်ငွေ တပ်ရာမှာ ငွေမပေးနိုင်လို့


ထိုးကြိတ်ခဲ့ပါတယ်။ အခုလ ၅ ရက်နေ့က ဒိုက်ဦးမြို� ကုန်သည်ရပ်ကွက်မှာနေတဲ့ ကိုဇင်ဘိုဌေး အောင်ဟာ ရဲက
ဦးထုပ်မဆောင်းလို့ ဒဏ်ငွေ ၅ဝဝဝ ကျပ် ပေးဆောင်ခိုင်းရာမှာ ငွေမပါတဲ့အတွက် ထိုးကြိတ်ခံခဲ့ရတာလို့
ကိုဇင်ဘိုဌေးအောင်က ပြောပါတယ်။

�ကျနော်က ဒရယ်မီးမှာ အကြွေးရစရာရှိလို့ သွားတောင်းတော့ ရထား ကုန်းအဆင်းမှာ ရဲ ၂ ယောက်က လာပြီး


�ုတ်တရက် လိုက်တားပြီးတော့ ဦးထုတ်မပါလို့ ပိုက်ဆံ ၅ဝဝဝ တောင်းပါတယ်။ တောင်းတဲ့အချိန်မှာ ကျနော့်
သော့တွေကိုပါ လုပါတယ်။ လုတော့ ကျနော်က ပြန်လာပေးမှာပါ။ ရှေ�မှာ အကြွေးတောင်းမှာပါ။
ကျနော်လာပေးမယ်ဆိုတာကို မရဘူး။ ကျနော့်ကို ထိုးကြပါတယ်။ ကျနော်ဒီမြိ�
ု ထဲကပါလို့
ကောင်းကောင်းမွန်မွန်ပဲ ပြောပြပါတယ်။ လာရင်းကိစ္စကိုလည်း ပြောပြပါတယ်။ ဒါကိုသူတို့က လက်မခံပဲ
ထိုးကြပါတယ်။ ကျနော့်ရဲ� ဘယ်ဘက်လက်ပြင်မှာ ပေါက်ပြဲပြီးတော့ သွေးတွေကျပါတယ်။
နားတဖက်ကအူနေပါတယ်။ သိပ်မကြားရပါဘူး။�

သားဖြစ်သူကို ရဲက အခုလို ထိုးကြိတ်ခဲ့တဲ့အတွက် ဦးဆန်းဌေးအောင်က သက်ဆိုင်ရာ ရဲတွေ၊ ရဲချုပ်နဲ့


ပြည်ထဲရေးဝန်ကြီးဌာနတွေကို တိုင်ကြားခဲ့ပေမယ့် တစုံတရာ လာရောက်မေးမြန်း စစ်ဆေးတာမရှိဘူးလို့
ဦးဆန်းဌေးအောင်က ပြောပါတယ်။

�ရဲ ၂ ယောက်ရဲ� နာမည်က တပ်ကြပ်ကြီး ကိုတင့်နိုင်၊ ဒုတပ်ကြပ် နေဝင်းနိုင်။ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကိုကို


ကိုလည်း ကျနော်တို့ တိုင်ထားပါတယ်။ ဘယ်လိုတိုင်လဲဆိုတော့ ရဲမှ မတရား�ိုက်နှက်မှုကို အရေးယူပေးဖို့
တိုင်ကြားတာပါ။ အခုတော့ အကြောင်းမပြန်သေးပါဘူး။ ကျနော်တို့ တိုင်ထားတာ ၄ နေရာရှိပါတယ်။
ကျနော်အာဏာပိုင်အဖွဲ�အစည်းတွေကို သိစေချင်လို့ပါ။ သမ္မတကြီးနဲ့တကွ အထက်ကလူတွေကို အခုလို
ကျနော်တို့ မြို�နယ်မှာ မင်းမဲ့တိုင်းပြည်လို ပြည်သူတွေကို �ိုက်နှက်ည�ဉ်းပန်းနေတာကို သိစေချင်တာပါ။�
ရှမ်းပြည်နယ်က တောင်သူများ လယ်သိမ်းခံရမှု တရားစွဲမည်
အေးနိုင် ၁၁ ဧပြီ ၂ဝ၁၁ - DVB

ရှမ်းပြည်နယ် ကျိုင်းတုံမြို�နယ်နဲ့ တာချီလိတ်မြို�နယ်အတွင်းက တောင်သူတွေ သူတို့ တောင်ယာတွေကို


အခကြေးငွေမပေးဘဲ သိမ်းယူတဲ့ကိစ္စကို တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ တရား�ုံးချုပ်ရှေ�နေ ဦးမြင့်သွငက

ပြောပါတယ်။

�လက်ရှိမှာ ကျိုင်းတုံဘက်မှာတို့ တာချီလိတ်ဘက်တို့မှာ ဘိုးဘွားပိုင်မြေတွေကို ရာဘာခြံတွေ စိုက်ဖို့


သိမ်းသွားပြီးတော့ နစ်နာကြေးတို့ လျော်ကြေးတို့ ပြန်ပေးတာမရှိဘူး။ မြေစာရင်း�ုံးမှာလည်း
အမည်တွေပြောင်းသွားပြီး သူတို့ အလျဉ်းသင့်တဲ့လူနဲ့ လူကြီးပိုင်းတွေရယ်။ နောက်တခါ
ငွေကြေးတတ်နိုင်ပြီးတော့ ပြန်ပြီးအကွက်ချတဲ့ထဲမှာ ပါသွားကြတော့ ဘိုးဘွားစဉ်ဆက်
လုပ်တဲ့တိုင်းရင်းသားတွေအပိုင် ခုန်ရှမ်းတို့ လားဟူ၊ အခါတို့ အဲဒီနယ်မြေခံ တိုင်းရင်းသားတွေက
တော်တော်နစ်နာနေတယ်။ စာရွက်စာတမ်း အထောက်အထားနဲ့အတူ အချက်အလက်တွေ ပြည့်စုံပြီးရင်တော့
ကျနော်တို့ တရား�ုံးကို တင်ပြီး တရားစွဲပေးဖို့ ပြင်ဆင်ထားပါတယ်။�

သူလိုက်ပါဆောင်ရွက်ပေးမယ့် အမှုတွေမှာ ရှမ်းပြည်နယ် မိုင်းလားအုပ်စု ဝမ်ခုတ်ရွာက ဦးစိုင်းမုတ်ဟာ လွန်ခဲ့တဲ့


(၃) နှစ်တုန်းက မြေပဲစိုက်တဲ့ တောင်ယာ (၆) ဧက ကို သိမ်းဆည်းပြီး ရာဘာစိုက်ပျိုးနေတာ ဖြစ်ပါတယ်။

မရမ်းကျန်အုပ်စု၊ ဝမ်ပေါက်ကျေးရွာက ဦးစံတစ်ရဲ့ လက်ဖက်စိုက်တောင်ယာ (၂) ဧကကို သိမ်း ဆည်းပြီး အခု


ရာဘာစိုက်ပျိုးနေတာ ဖြစ်ပါတယ်။

ကဖ အုပ်စု လောင်တောင်းရွာက ဦးလုံးစိုင်းသိုက်ပိုင် တောင်ယာမြေ ခြောက်ဧကကို လွန်ခဲ့တဲ့ ၁၂ နှစ်က


သိမ်းဆည်းခဲ့ပေမယ့် စိုက်ပျိုးခွင့်ရပေမယ့် လွန်ခဲ့တဲ့ ခြောက်နှစ်ကတော့ စိုက်ပျိုးခွင့်ပါ မရတော့ဘူးလို့ ဆိုပါတယ်။

မိုင်းကိုင်၊ မှိုင်းကမ်းအုပ်စု ဝမ်ကမ်ရွာက ကိုစိုင်း ဆိုသူရဲ့ မြေဧကတခိျု့လည်း သိမ်းခံရတယ်လို့ ဆိုပါတယ်။ လက်ရှိ


စုံစမ်းရသလောက်ကတော့ ပုဂ္ဂလိကတွေက အာဏာပိုင်တွေကို ပေါင်းပြီး မြေသိမ်း ခိုင်းတဲ့အချက်အလက်တွေ
တွေ့ရတယ်လို့ ဦးမြင့်သွင်က ရှင်းပြပြီး ဒီသိမ်းဆည်းမှုတွေဟာ ကုမ္ပဏီက သိမ်းတာလား၊ အစိုးရက
သိမ်းတာလား၊ �ိုး�ိုးပုဂ္ဂလိက က သိမ်းတာလားဆိုတာ သဲကွဲအောင် မှတ်တမ်းလုပ်နေတယ်လို့ ဆိုပါတယ်။

တခိျု့တောင်သူတွေဟာ နှစ်ပေါင်း (၄ဝ) လောက် လုပ်လာပေမယ့် တောင်တန်းဒေသတွေမှာ ရေခွန်၊ ဦးပိုင်ပေါက်၊


လုပ်စားပိုင်ခွင့် စတဲ့ စာရွက် စာတမ်းအထောက်အထား အားနည်းတဲ့အတွက်
ခိုင်လုံတဲ့ထောက်ခံစာတွေရရှိအောင် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ဒီလို စစ်ကောင်စီလက်ထက်တုန်းက သိမ်းဆည်းခဲ့တဲ့ အမှုတွေကို တရားဥပဒေဘောင်တွင်းက


ဆောင်ရွက်ပေးနိုင်ပါတယ်လို့ တရား�ုံးချုပ်ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။

�ဥပဒေနဲ့ ပတ်သက်ရင် သူတို့နစ်နာကြေးကို ကျနော်တို့ပြန်ကိုင်တွယ်မှာက ယခင်တုန်းကဆိုရင် ပုဂ္ဂလိကကို


တိုက်�ိုက်ခွင့်တောင်းတယ်။ အစိုးရစီမံကိန်းဆိုရင်တော့ ကျနော်တို့ အချက်အလက်တွေ ပြည့်စုံအောင်
နည်းနည်းသတိထားရမှာ ရှိပါတယ်။ ဒါပေမယ့် အခု ၂ဝဝ၈ ဖွဲ�စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ အခန်း (၈) နဲ့
ပတ်သက်တာကတော့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးတွေနဲ့ ပတ်သက်တယ်။
�နောက်တဦချင်းရဲ� အခွင့်အရေးတွေနဲ့ ပတ်သက်တာတွေ ရှိသလို ကျနော်တို့ ၁၉၇၅ ခုနှစ် နိုင်ငံသားများရဲ�
ကာကွယ်စောင့်ရှောက်ရေး ဥပဒေဆိုတာ ရှိသေးတယ်။ အဲဒီဥပဒေက ဖွဲ�စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတခု
ပေါ်ပြီဆိုရင် နိုင်ငံသားတယောက်ကို နိုင်ထက်စီးနင်းလုပ်ခွင့်မရှိတဲ့ ဥပဒေပေါ့။ အဲဒါက အာဏာပိုင်
အဖွဲ�အစည်းကို ဖြစ်စေ၊ ဝန်ထမ်းကိုဖြစ်စေ၊ တိုင်တန်းတာဖြစ်စေ၊ တရားစွဲတာဖြစ်စေ
နစ်နာကြေးတောင်းတာဖြစ်စေ၊ လုပ်လို့ရတယ်လို့ ဥပဒေမှာ ပြ�ာန်းထားပါတယ်။ ဒါကြောင့်မို့လို့
တိုင်းရင်းသားတွေနဲ့ ပတ်သက်တာ နစ်နာတာ၊ ဆုံးရှုံးတာဆိုရင် ကျနော်တို့ ဥပဒေနဲ့အညီ ပြန်တရားစွဲခွင့်
ရှိတဲ့အတွက် ကျနော်စွဲပေးမှာဖြစ်ပါတယ်။�

သမ္မတ ဦးသိန်းစိန် အစိုးရမတိုင်ခင်ကာလတုန်းက လယ်ယာမြေသိမ်းဆည်းခံရတဲ့ တောင်သူတွေ


တရားစွဲအမှုရင်ဆိုင်တဲ့အခါ သက်ဆိုင်ရာက ပြန်တရားစွဲလို့ ထောင်ကျတာတွေ ကြုံရဖူးပါတယ်။
ဦးသိန်းစိန်အစိုးရဖြစ်လာပြီးမှာလည်း လွန်ခဲ့တဲ့ ရက်ပိုင်းက မကွေးတိုင်း ကံမမြို့နယ်က ကုမ္ပဏီတွေရဲ့
လယ်သိမ်းမှုကို တိုင်ကြားဖို့ ကြိုးစားသူ လယ်သမားငါးယောက် ဖမ်းချုပ်ခံထားရပြီး တရားရင်ဆိုင်နေရပါတယ်။

ဓာတ်ဆီဈေး ၅၅ဝဝ ကျပ်ထိ ထိုးတက်


အေးနိုင် ၁၁ ဧပြီ ၂ဝ၁၁ - DVB

မော်တော်ကားတွေနဲ့ အလည်အပတ်များပြားတဲ့ သင်္ကြန်မတိုင်မီ မြန်မာနိုင်ငံ ရန်ကုန်နဲ့ မြို�ကြီးတွေမှာ


လောင်စာဆီ ဓာတ်ဆီဈေးဟာ တဂါလန်ကို ၅၅ဝဝ ကျပ်ထိ တက်လိုက်လာတယ်လို့ ရန်ကုန်မြို�က
ကုန်ကားသမားတယောက်က ပြောပါတယ်။

အစိုးရကဖြန့်တဲ့ဓာတ်ဆီကို တဆင့်ပြန်ဖြန့်တဲ့ ပုဂ္ဂလိကဆိုင်တွေမှာ တဂါလန်ကို ၂၅ဝဝ ကျပ်နဲ့ ရောင်းနေ


ပေမယ့်လွန်ခဲ့တဲ့ရက်ပိုင်းက စလို့ ကားတွေကို ဓာတ်ဆီစာအုပ်နဲ့ လေးဂါလန်နှုန်း ထည့်ပေးနေရာမှာ
တန်းစီနေတယ်လို့ သူက ပြောပါတယ်။

မနှစ် ဇွန်လဆန်းက စဖွင့်ခွင့်ပြုတဲ့ ပုဂ္ဂလိက လောင်စာဆီဆိုင်တွေကို အစိုးရက တဂါလန် ၂၃၅ဝ ကျပ်နဲ့


ချပေးပြီး ၂၅ဝဝ ကျပ်နဲ့ ရောင်းချခွင့်ပေးနေတာပါ။ ပုဂ္ဂိလကဆိုင်တွေမှာ ၂၅ဝဝ ကျပ်နဲ့ထုတ်တဲ့ ဓာတ်ဆီဟာ
အပြင်မှာ လေးထောင်ကျော်ခဲ့ပြီးတဲ့နောက် အစိုးရက ကားတွေကို ဓာတ်ဆီစာအုပ်နဲ့ထုတ်ပေးတဲ့စနစ်နဲ့
စမ်းသပ်ခဲ့ပါတယ်။

ဒီအစီအစဉ်သစ်ကြောင့် ကားသမားတွေက ကိုယ်တိုင် တန်းမစီတော့ဘဲ ပွဲစားလက်ကို အပ်လိုက်ရင် အမြတ်


ငွေထဲက ငါးပုံနှစ်ပုံ ကျပ်ငွေေ လးထောင် နေ့တွက်ကိုက်တယ်လို့ ပြောပါတယ်။

�ကျနော့်ကားစာအုပ်ဆို သွားတန်းမစီနိုင်ဘူး။ တန်းမစီနိုင်တော့ ပွဲစားဆိုင်လေးတွေရှိတယ်။ ဆိုင်ကို


ပေးထားရင် တနေ့ ၄ဝဝဝ ကျနော့်ကို ပေးတယ်။ အဲလိုပဲ တချို�တိုးစားနေတဲ့လူတွေက သမဝါယမစာအုပ်လို
စာအုပ်တွေကို ကောက်ပြီးတော့ ထုတ်စားကြတယ်။ တသောင်းရတယ် လေးဂါလန်ဆိုရင်။ ကျနော့်ကို
လေးထောင်ပေးရင် သူ ခြောက်ထောင်ရမယ်။ ဆိုင်ကိုလည်း သူ နှစ် ထောင် သုံးထောင်လောက်တော့ပေးမှာပေါ့။
သမဝါယမခေတ်ကလို ဆိုင်ကလူနဲ့ လုပ်ထားရတာပေါ့။ ထုံးစံကတော့ တနေ့တကြိမ်ပဲထုတ်ရတယ်။
စာအုပ်မှာဆို မှတ်ချက်ရေးတယ်လေ။ ဒါပေမယ့် သူနဲ့ ပတ်သက်ရာပတ်သက်ကြောင်းကျတော့ အဆင်ပြေအောင်
ဒီလိုပဲ ထုတ်ကြတာပေါ့။�

မန္တလေးမြို�က မော်တော်ဆိုင်ကယ်စီးနင်းသူ မြို့ခံတဦးကလည်း ဓာတ်ဆီဆိုင်တွေမှာ တန်းစီရတာကို


စိတ်မရှည်လို့ အပြင်မှောင်ခိုးဈေးတန်းကပဲ ဝယ်သုံးတော့တယ်လို့ ပြောပါတယ်။
�တန်းစီတဲ့လူက အရမ်းကိုများတာဗျ။ တန်းစီမယ့်အချိန်နဲ့စာရင် ကာမိအောင် ကိုယ့်ဟာကိုယ် အပြင်ကပဲ
ဝယ်လိုက်တဲ့လူလည်း ရှိတာပေါ့ဗျာ။ ဓာတ်ဆီဆိုင်မှာ တိုးစားတဲ့ လူတန်းစားတရပ်ဖြစ်သွားတယ်။
သူငယ်ချင်းတယောက်က ပြောတယ်။ ပန်းရန်တို့ လက်သမားတို့တောင်မှ လုပ်ငန်းခွင်မှာ
ရှာရနည်းနည်းခက်သွားတယ်။ သူတို့ပန်းရန်လုပ်တာ၊ လက်သမားလုပ်တာထက် ဓာတ်ဆီဆိုင် တိုးစားတာက
ကိုက်တယ်ဆိုတော့ ဓာတ်ဆီဆိုင်မှာ တိုးကြတာ။�

ဖေဖော်ဝါရီလလယ်ပိုင်းက ဒီဇယ်တဂါလန်ဟာ ၃၃ဝဝ ကျပ်ကနေ တဖြည်းဖြည်းတက်လာရာက အခု တဂါလန်


၎ဝဝဝ ကျပ်လောက်မှာ တန့်နေပါတယ်။ အဲဒီတုန်းက တဂါလန်ကို အပြင်ပေါက်ဈေး ၄ဝဝဝ လောက် နီးပါးရှိတဲ့
ဓာတ်ဆီအပြင်ပေါက်ဈေးဟာ အခု ၅၅ဝဝ ကျပ်ဖြစ်နေပါတယ်။

နအဖစစ်အစိုးရက ၂ဝဝ၇ ခုနှစ် သြဂုတ်လလယ်မှာ ကြိုတင်မကြေညာဘဲ ဓာတ်ဆီနဲ့ ဒီဇယ် ဈေးကိုနှစ်ဆ၊


သဘာဝဓာတ်ငွေ့ဈေးကို ငါးဆခန့် တင်လိုက်လို့ လောင်စာဆီဈေး ကျဆင်းရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး
လမ်းလျှောက်ဆန္ဒပြပွဲတွေ ကျယ်ပြန့်ဖြစ်ခဲ့သလို သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်းရေးအထိ
ကြီးမားကျယ်ပြန့်ခဲ့ဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အဖွဲ�ချုပ်လူငယ်များကို ရဟန်းခံ


ဒီဗွီဘီ ၁၁ ဧပြီ ၂ဝ၁၁ - DVB

မြန်မာ့�ိုးရာသင်္ကြန်ပွဲတော် အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ�ချုပ် လူငယ်အဖွဲ့ဝင် ၅ ဦးကို


အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ရဟန်းခံ မင်္ဂလာ ပြုလုပ် ပေးခဲ့ပါတယ်။

တနင်္ဂနွေနေ့ နံနက်ပိုင်းက ဗဟန်းမြို�နယ် ရွှေတောင်ကုန်းရပ်ကွက် ပ�ိတာရာမ ကျောင်းတိုက်မှာ


မြန်မာ့�ိုးရာသင်္ကြန်ပွဲတော် အထိမ်းအမှတ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ�ချုပ် လူငယ်အဖွဲ့ဝင် ၅ ဦးကို
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့က ဦးဆောင်ပြီး သံဃာတော်တွေကို သိမ်ဆင်းလောင်းပြီး
ဆွမ်းကျွေးခဲ့ပါတယ်။ အဖွဲ�ချုပ်ဝင် လူငယ်တွေထဲက ၅ ဦးကို ဒုလ�ဘမဲနှိုက်ရွေးချယ်ခဲ့တာဖြစ်ပြီး ကိုသီဟန်၊
ကိုငြိမ်းမောင် ၊ ကိုသက်အောင်၊ ကိုသက်မင်းသိန်း ၊ ကိုငြိမ်းချမ်းသူတို့ မဲပေါက်ကာ ရဟန်းပြုခွင့်ရခဲ့ပါတယ်။

လေလံကြေးသွင်းရန် ငွေဖော်သူများကြောင့် မြန်မာ့ရွှေဈေးကျ


ဧရာဝတီ Monday, 11 April ဧရာဝတီ

အစိုးရလေလံအောင်သူများက လေလံကြေးသွင်းနိုင်ရန် ရွှေနှင့်ဒေါ်လာများ ထုတ်ရောင်း၍


ငွေဖော်ကြသောကြောင့် မြန်မာ့ရွှေဈေးမှာ ကမ္ဘာ့ရွှေဈေးထျက် နိမ့်ကျနေကြောင်း သိရသည်။

ကမ္ဘာ့ဈေးကွက်တွင် ရွှေဝယ်ယူမှုများပြီး ဧပြီ ၇ ရက်နေ့တွင် ရွှေတအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၅၉ ဖြင့်


ကမ္ဘာ့စံချိန် ချိုးသည်အထိ ထိုးတက်သွားခဲ့သော်လည်း မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးထက် ကျပ် ၁
သောင်းကျော် နိမ့်ကျနေသည်။

ယနေ့ အကယ်ဒမီအခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၆၆၈၀၀၀ ခန့်ရှိပြီး ဝယ်သူ နည်းနေကြောင်း သိရသည်။


“နိုင်ငံတကာမှာ ရွှေအ၀ယ်များလို့ ဈေးတအား ထိုးတက်ပေမယ့် ပြည်တွင်းမှာက အရောင်းအ၀ယ် မကောင်းဘူး။
ဈေးလည်း သိပ်ပြီးမတက်နိုင်ဘူး။ ကမ္ဘာ့ဈေးကွက်နဲ့မြန်မာ့ဈေးကွက်ပြောင်းပြန်ပဲ” ဟု မြန်မာနိုင်ငံ
ရွှေလုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌ
ဦးကျော်မြင့်နှင့် နီးစပ်သူ မန္တလေး ရွှေဆိုင်ပိုင်ရှင်တဦးက ဆိုသည်။

ပြည်သူပိုင် မြေကွက်၊ လုပ်ငန်း၊ အဆောက် အအုံများကို ငွေကျပ်သန်းပေါင်း သောင်းနှင့်ချီ၍ ပုဂ္ဂလိကသို့


ရောင်းချမှုကြောင့် ဈေးကွက်အတွင်း လှည့်လည်နေသော ကျပ်ငွေများမှာ အစိုးရထံသို့ အလုံးအရင်းနှင့်
ပြန်လည်စီးဝင်ပြီး ငွေရှားပါးမှု ဖြစ်ပေါ်နေသည်။ ထိုသို့ ငွေရှားပါးမှုသည် ရွှေဈေးကွက်ကိုပါ ထိခိုက်စေပြီး
မြန်မာငွေတန်ဖိုး တက်စေကာ အမေရိကန် ဒေါ်လာတန်ဖိုးကို ကျဆင်းစေသည်ဟု စီးပွားရေး ပညာရှင်တဦးက
ပြောသည်။

မတ်လလယ်က အမေရိကန် ၁ ဒေါ်လာ ၈၉၀ ကျပ်ခန့် ဈေးပေါက်သော်လည်း မတ်လကုန်မှ စ၍ ယနေ့အထိ


အမေရိကန် ၁ ဒေါ်လာ ၈၆၀ ကျပ် ဈေးနှင့် အရောင်းအ၀ယ် ပါးနေသည်။

“စီးပွားရေးတက်လို့ မြန်မာငွေ ဈေးတက်တာ မဟုတ်ဘူး။ လှည့်ပတ်ငွေရှားသွားလို့ ဈေးတက်တာ။ လှည့်ပတ်ငွေ


ရှားရင် စီးပွားရေးကျမယ်၊ စီးပွားရေးကျရင် ဝင်ငွေကျပြီး လူတွေ ဒီထက်ပို ဆင်းရဲမယ်” ဟု စီးပွားရေး ပညာရှင်က
ပြောသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ


ဗဟိုအလုပ် အမှုဆောင် စီးပွားရေးသမားတဦးက အစိုးရ၏ လေလံရောင်းချမှု၊ နိုင်ငံခြားဝင်ငွေ ဘီလီယံချီ
ရရှိနေမှုများသည် ပြည်တွင်းစီးပွားရေးကို
တုံ့ဆိုင်းစေသည်ဟု ဆိုသည်။

“အစိုးရက ဓာတ်ငွေ့ရောင်း၊ ကျောက်မျက်ရောင်း၊ သစ်ရောင်း၊ ရေအားလျှပ်စစ် ထုတ်ရောင်းရာကနေ


နိုင်ငံခြားဝင်ငွေ ဒေါ်လာ ဘီလီယံချီရနေတယ်။ ပြည်တွင်း စီးပွားရေးကောင်းလာအောင် မလုပ်ဘဲနဲ့ သယံဇာတ
ထုတ်ရောင်းဖို့ပဲ အားသန်နေတယ်။ ပြည်သူပိုင်တွေ လေလံထုတ်ရောင်းတာကလည်း စီးပွားရေးလုပ်မယ့်
ပိုက်ဆံတွေကို ပြန်သိမ်းသလို ဖြစ်နေတယ်” ဟု သူက ပြောသည်။

အစိုးရသစ်ထံ အာဏာလွှဲပြောင်းခြင်း မပြုမီ စစ်အစိုးရက ပြည်သူပိုင်ပစ္စည်း အမြောက်အမြားကို ပုဂ္ဂလိကသို့


လွှဲပြောင်း ရောင်းချခဲ့သည်။

လေလံရရှိသည့် လုပ်ငန်းရှင်များက အစိုးရထံ လေလံကြေး ပေးသွင်းရန် ဘဏ်များမှ ငွေချေးငှားခြင်း၊


ပိုင်ဆိုင်မှုများ ထုတ်ရောင်းခြင်းတို့ ပြုလုပ်ကြရာ စီးပွားရေးဈေးကွက်အတွင်း လှည့်လည်နေသော ငွေကြေးများ
တစုတစည်းတည်း အလုံးအရင်းနှင့် အစိုးရထံ ပြန်လည် ရောက်ရှိသွားကြောင်း၊ ထိုသို့ရောက်ရှိခြင်းကြောင့်
ငွေရှားပါးမှုဖြစ်ပေါ်ပြီး ကျဆင်းနေသော စီးပွားရေးအခြေအနေကို ပိုမိုနှေးကွေးလာစေကြောင်း ရန်ကုန်အခြေစိုက်
စီးပွားရေး အသိုင်းအဝန်းက ပြောဆိုနေသည်။

စစ်အစိုးရသည် ယခုနှစ် ဖေဖော်ဝါရီလအတွင်း ပြည်သူပိုင်မြေကွက်နှင့် အဆောက်အအုံများကို လေလံတင်ခဲ့ရာ


စမ်းချောင်း မြို့နယ်ရှိ ပဒုမ္မာဇာတ်ရုံ မြေကွက်နှင့် အဆောက်အအုံ တခုတည်းကို ပြည်တွင်း လုပ်ငန်းရှင် တချို့က
ကျပ် ၅၆၇၇၇ သန်းဖြင့် ဝယ်ယူခဲ့သည်။
နေပြည်တော်တွင် မတ်လ၌ ကျင်းပပြုလုပ်ခဲ့သော ၄၈ ကြိမ်မြောက် ကျောက်မျက် ရောင်းချပွဲတွင်လည်း
အမေရိကန်ဒေါ်လာ ၂. ၈ ဘီလီယံဖိုး ရောင်းချခဲ့ရပြီး စစ်အစိုးရအနေဖြင့် စံချိန်တင် ၀င်ငွေရရှိခဲ့သည်။

အစိုးရသစ်ကို အသိအမှတ်ပြုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော


လင်းသန့် Monday, 11 April ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန် အစိုးရသစ်နှင့် ပတ်သက်၍ ပထမဆုံး အကြိမ်အဖြစ် အရှိကို


အရှိအတိုင်း အသိအမှတ်ပြုကြောင်း၊ သို့သော် စောင့်ကြည့်ရန် လိုကြောင်း လွတ်လပ်သော အာရှအသံ (RFA)
တွင် ပြောကြားသွားသည်။

RFA က သောကြာနေ့တိုင်း ထုတ်လွှင့်သော “လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်” ကဏ္ဍတွင်


လက်ရှိအစိုးရသစ်ကို အသိအမှတ်ပြု မပြုဟူသော ပရိသတ်တဦး၏ မေးခွန်းနှင့် စပ်လျဉ်း၍ “အခု အစိုးရသစ်တခု
ရှိနေတယ် ဆိုတာကို အရှိ အရှိအတိုင်းပဲ အသိအမှတ်ပြုပါတယ်။ တကယ့်ကို ပြည်သူတွေရဲ့ဆန္ဒကို လေးစားပြီး
ပြည်သူတွေနဲ့ တိုင်းပြည်အတွက် အကျိုးရှိစေမယ့် အစိုးရမျိုး ဖြစ်မဖြစ် ဆိုတာကိုတော့ နည်းနည်းတော့
စောင့်ကြည့်ရဦးမှာပါ” ဟု ဖြေကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က “ကျနော်တို့ အထွေထွေအတွင်းရေးမှူး


ပြောတာက ရှင်းပါတယ်။ အခု သူတို့ဘက်က ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲလုပ်ပြီး လွှတ်တော်ကတဆင့်
အစိုးရသစ်တက်လာပြီဆိုတာ အရှိတရားပဲ၊ ဒီအရှိတရားကို ရည်ရွယ်ပြောတာပဲဖြစ်တယ်။ တိုင်းပြည်ပြဿနာကို
သက်ဆိုင်ရာ နိုင်ငံရေးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှ ဖြစ်မှာ” ဟု ဧရာဝတီသို့ ရှင်းပြသည်။

အားလုံးပူးပေါင်း ပါဝင်နိုင်စေရန်နှင့် တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရေးတို့အတွက် ၂၀၀၈


ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ပေးရန် NLD က တောင်းဆိုခဲ့သည်။

ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြန်လည်မှတ်ပုံမတင်ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ NLD


သည် ၁၉၉၀ ခုနှစ် ပါတီစုံအထွေထွေရွေး ကောက်ပွဲရလဒ်မှတဆင့် တွေ့ဆုံဆွေးနွေး အဖြေရှာရေးအတွက်
တစိုက်မတ်မတ် တောင်းဆိုလာခဲ့သည်။

NLD ပါတီအနေဖြင့် ဦးသိန်းစိန် အစိုးရသစ်ထံ စာတစောင် ရေးသားပေးပို့ထားကြောင်း၊ စာပါ အကြောင်းအရာ


အသေးစိပ်ကို သက်ဆိုင်ရာသို့ ရောက်သောအချိန်တွင် ပြည်သူကို အသိပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်နှင့် အစိုးရသစ်ထံ စာပေးပို့သည့်ကိစ္စရပ်များနှင့် ပတ်သက်ပြီး


ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) မှ ဦးအေးသာအောင်က “လက်တွေ့မှာ၂၀၀၈ ဖွဲ့စည်းပုံအရ
အစိုးရသစ်တခုတော့ ဖြစ်လာပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ရည်ရွယ်ပုံရတယ်။ ဒီအစိုးရသစ်ဟာ ပြည်သူတွေ
မျှော်လင့်သလို အပြောင်းအလဲတခု ဖြစ်လာဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်သူတွေရဲ့ ကောင်းကျိုးကို
ဖော်ဆောင်မယ်လို့လည်း မထင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ပြည်တွင်း ပြည်ပမှ မြန်မာ့အရေးလေ့လာသူများက ဒေါ်အောင်ဆန်းစုကြည်သည်


နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်၍ လက်တွေ့နိုင်ငံရေးကို ချင့်ချိန် လုပ်ဆောင်ရခြင်းကြောင့်တကြောင်း၊
တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်မှတဆင့် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးနှင့် တိုင်းပြည်၏ အဖက်ဖက်မှ
ဆင်းရဲဒုက္ခရောက်နေရခြင်းတို့မှ လွတ်မြောက်စေရန် ရှိနေသော အရှိတရားကို ပြောပြရုံမျှသာဖြစ်သည့်
ချည်းကပ်မှုအသစ်ဖြစ်ကြောင်း သုံးသပ်ကြသည်။
သံတမန်ဟောင်း ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက “ဒါကလည်း တိုင်းပြည်ငြိမ်းချမ်းမယ်လို့ ယုံကြည်ပြီး
တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာဖို့ ကြိုးပမ်းနေတာလို့မြင်တယ်။ တကယ့်လက်တွေ့မှာက ဘယ်လိုပဲဖြစ်ဖြစ်
အစိုးရသစ် တက်လာတာကို ရည်ညွှန်းပြောတာပါပဲ။ အစိုးရသစ်အနေနဲ့ တိုင်းပြည်အကျိုး ရှေ့ရှုပြီး နိုင်ငံရေး
အဖြေရှာကြဖို့ကို တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။

နိုင်ငံတကာရှိ မြန်မာ့အရေးလှုပ်ရှားနေကြသော အဖွဲ့များကလည်း ဦးသိန်းစိန် အစိုးရသစ်အနေဖြင့်


အပြုသဘောဆောင်သော လုပ်ဆောင်မှုများ မရှိလျှင် နိုင်ငံတကာမှ ဖိအားပေးရန် တိုက်တွန်းနေကြသည်။

ဆီးဂိမ်းကြောင့် နေပြည်တော် ကျေးရွာတချို့ ရွှေ့ရမည်


စည်သူ Monday, 11 April ဧရာဝတီ

နေပြည်တော် ဇေယျာသီရိမြို့နယ် ကိုးရွာသပြေကုန်း ကျေးရွာအုပ်စုရှိ ကျေးရွာ ၁၀ ရွာခန့်သည် ၂၀၁၃ ခု


အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) အပါအ၀င် စီမံကိန်း အသစ်များကြောင့် ရွှေ့ပြောင်းပေးရမည်
ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“စီမံကိန်းက ဈေးဝယ်စင်တာ ဆောက်လုပ်မယ်လို့ကြားတယ်။၂၀၁၃ ဆီးဂိမ်းအမီ ဆောက်မယ်တ့။ဲ အဲဒါကြောင့်


ဒီကျေးရွာတွေက ဖယ်ပေးရတော့မယ်”ဟု ဆောက်လုပ်ရေး အသိုင်းအ၀ိုင်းမှ လုပ်ငန်းရှင်တဦးက ဧရာဝတီ သို့
ပြောကြားသည်။
၂၀၁၃ ဆီးဂိမ်း ပြိုင်ပွဲကို မြန်မာက အိမ်ရှင် နိုင်ငံအဖြစ် လက်ခံ ကျင်းပမည်ဖြစ်သည်။

အဆိုပါ ကိုးရွာသပြေကုန်း ကျေးရွာသည် ဇေယျာသီရိ မြို့နယ်အတွင်းရှိ ဥပါတ္တသန္တိ စေတီ အနီးတွင်တည်ရှိကာ


ကျေးရွာ ၁၀ ရွာခန့် ပါဝင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။

“ဘုရားနားနီးတဲ့ အပြင် နေပြည်တ်ာရဲ့ အဓိကလမ်းမကြီးဖြစ်တဲ့ ရာဇဌာနီ လမ်းမကြီးပေါ်မှာရှိတော့


နေပြည်တော်အတွက်မတင့် တယ်ဘူး ဆိုပြီးတော့ ရွှေ့ခိုင်းတာလည်းပါတယ်”ဟု ဆောက်လုပ်ရေး
အသိုင်းအ၀ိုင်းမှ လုပ်ငန်းရှင်က ဆက်လက်ပြောဆိုသည်။

ရွှေ့ပြောင်းရမည့် ကျေးရွာများမှ ဒေသခံများကို နေပြည်တော်ရှိ ဘူးကွဲအိမ်ရာ အနီးရှိ ရွှေနံ့သာကျေးရွာနှင့်


ယင်းကျေးရွာ အနီးတွင် မြေကွက်များဖော်ထုတ်ကာ နေရာချထားပေးမည်ဖြစ်ကြောင်း နေပြည်တော်
စည်ပင်သာယာရေး ကော်မတီ ၀န်ထမ်း တဦးက ပြောသည်။

“ကျေးရွာသားတွေကို တအိမ်ထောင် ပြောင်းရွှေ့ခ ကျပ် ၅ သိန်းပေးမယ်။ မြေကွက်


တကွက်စီပြန်ချထားပေးမယ်။ အခုအချိန် အထိတော့ မြေကွက် ဘယ်နှပေ ပတ်လည် ဆိုတာ
မဆုံးဖြတ်ရသေးဘူး”ဟု ၎င်းက ဆိုသည်။

သို့သော် မည်သည့်အချိန်တွင် စတင်ရွှေ့ပြောင်းရမည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း နေပြည်တော်


စည်ပင်ဝန်ထမ်းက ဆက်လက် ပြောဆိုသည်။

ကိုးရွာသပြေကုန်း ရွာသားတဦးကလည်း“ကျနော်တို့က လက်လုပ်လက်စားနဲ့ လယ်လုပ်သူများတယ်။


မြေကွက်အသစ် ချထား ပေး လည်း ကျနော်တို့ လုပ်မစားတတ်ဘူး။ အပြင် စီးပွားရေးကို၊ တော်တော်တော့
စဉ်စားရဦးမယ်။ ကျနော်တို့ကို ပြောင်းပေးတဲ့ နေရာ မှာ အလုပ် အဆင်ပြေအောင်”ဟု ပြောသည်။
ယခင်ကလည်း နေပြည်တော် တောင်ပေါ်ဒေသများရှိ ချင်းရွာများ၊ ကရင်ရွာများကို ဗျူဟာလမ်း(နေပြည်တော်
ပတ်ပတ်လည်ရှိ တောင်များပေါ်တွင် စစ်ရေးအတွက်
လျှို့ဝှက်ဖောက်လုပ်ထားသောလမ်း)ဖောက်လုပ်ရန်အတွက် မြေပြန့်သို့ နေရာချထားပေးရာမှ ၀ါးခုတ်၊ မျှစ်ချိုးသာ
လုပ်ခဲ့သော တောင်ပေါ် ဒေသခံများမှာ မြေပြန့်တွင် အလုပ် မလုပ်တတ်သဖြင့် တချို့ မိန်းကလေးများမှာ
ခန္ဓာကိုယ်နှင့် ရင်းနှီး လုပ်ကိုင်ရသည်များရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“အစိုးရက ရွှေ့ဆို အတင်းရွှေ့ခိုင်းတယ်။ လျော်ကြေး မပေးဘူးမဟုတ်ဘူး ပေးပါတယ်။ လယ်တဧက ကျပ် ၅


သိန်း ပေးတယ်။ အဲဒီ ၅ သိန်းက သုံးလေးလဆို ကုန်တာပဲ။ လယ်တဧက က ကျနော်တို့ တသက်လုံး
ထမင်းစားလို့ ရတယ်”ဟု ၂၀၁၃ ဆီးဂိမ်း အတွက် အားကစားကျေးရွာ ဆောက်လုပ်ရန် ယမန်နှစ်က
လယ်အသိမ်းခံခဲ့ရသူ ပုပ္ပါးကုန်းကျေးရွာ ဒေသခံတဦးက ပြောသည်။

အစိုးရ စီမံကိန်းများကြောင့် လယ်မြေအသိမ်းခံရသူများမှာ စီးပွားရေးလုပ်ကိုင်မှု အဆင်မပြေမှုများရှိခဲ့သည့်


အတွက် မကြာမီ ရွှေ့ ပြောင်းရတော့မည့် ကိုးရွာသပြေကုန်းရွာသားများသည် နေပြည်တော် တည်ဆောက်
ရေးလုပ်ငန်းခွင်များနှင့် တနိုင် တပိုင် ကိုယ်ပိုင် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ပြင်ဆင်လျက်ရှိ ကြောင်း သိရသည်။

ထိုင်း မှောင်ခိုပစ္စည်း ပိတ်ပင်မှု ပြန်လည်ရုပ်သိမ်း


ဧရာဝတီ Friday, 08 April ဧရာဝတီ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ တဆင့် မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ ထိုင်းကုန်ပစ္စည်းများ တရားမ၀င်


တင်သွင်းနေခြင်းအား မြန်မာအာဏာပိုင်များက တလခန့် ပိတ်ပင်ထားမှုကို ပြန်လည်ရုပ်သိမ်းလိုက်သဖြင့်
နယ်စပ်ကုန်သွယ်ရေး တချို့ပြန်လည်ကောင်းမွန်လာသည်ဟု ကုန်သည်များက ပြောသည်။

နေပြည်တော် အမိန့်ဖြင့် မတ်လ ၉ ရက်နေ့က ထိုင်းကုန်ပစ္စည်းများ မြန်မာဘက်သို့ မှောင်ခိုတင်ပို့မှုများကို


ပိတ်ပင်ထား ရာမှ မတ်လကုန်ပိုင်းတွင် ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာဘက်မှပြန်လည်ခွင့်ပြုပေးမှုကြောင့် ထိုင်းနိုင်ငံထုတ်လူသုံးကုန်၊ စားသုံးကုန်များကို


နှစ်နိုင်ငံကုန်သည်များက နေ့ည မပြတ် တင်သွင်းလျှက်ရှိသည့်အတွက် သင်္ကြန်ကာလမတိုင်မီ ရန်ကုန်
အပါအ၀င် မြန်မာနိုင်ငံအတွင်း ထိုင်း စားသောက် ကုန်ပစ္စည်းဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း
မြန်မာကုန်သည်များက ပြောဆိုကြသည်။

ရန်ကုန်မှ စားသောက်ကုန် တင်သွင်းသည့် မြန်မာကုန်သည်တဦးက“ထိုင်းစားသောက်ကုန်တွေက


ဈေးကွက်ပြတ်ပြီး အဆ မတန် ဈေးတက်နေရာကနေ မြ၀တီလမ်းကနေ ပစ္စည်းတွေ ပြန်ဝင်တော့
ဈေးကအများကြီးကိုပြန်ကျသွားတယ်၊ ဒီ သင်္ကြန်မှာ ဈေးတက်မယ်လို့ထင်ထားတဲ့ ထိုင်းကုန်တွေထဲက
သံဘူးဘီယာဆိုရင် တဖာကို ကျပ်လေးရာ နီးနီးဈေးကျ
သွားတယ်၊ အခြားစားသောက်ကုန်တွေလည်း ဒီအတိုင်းပဲ မြ၀တီလမ်းကိုသာ တရားဝင်ပြန်ဖွင့်ခဲ့ရင် ဒီထက်မက
ဈေးနှုန်း တွေ ထပ်ကျဖို့ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

သင်္ကြန်ကာလအမီ ကုန်သည်များ အဓိကတင်သွင်းနေသည့် ထိုင်းစားသောက်ကုန်များထဲတွင် အချိုရည်မျိုးစုံ၊


မုန့်မျိုးစုံ၊ ဘီယာမျိုးစုံ၊ အချိုမှုန့်နှင့် စားအုန်းဆီများကို တင်သွင်းလျှက်ရှိကြောင်း သိရသည်။
မြန်မာ အာဏာပိုင်များက မြ၀တီနယ်စပ်ကုန်သွယ်ရေးကိုပိတ်ကာ ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ နေရာတွင်
တရုတ်နိုင်ငံ ထုတ်ကုန်များနှင့် အစားထိုးတင်သွင်းခွင့်ပြုထားသော်လည်း အရေအသွေးညံ့သည့်အတွက်
ထိုင်းကုန်များမြန်မာ နိုင်ငံတွင် ဈေးကွက်ရရှိနေခြင်း ဖြစ်သည်ဟု ကုန်သည်များက ပြောသည်။

ထိုင်းစားသောက်ကုန်များအပြင် ဆောက်လုပ်ရေးသုံးပစ္စည်များ၊ လူသုံးကုန်ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများ၊


အ၀တ် အထည်များ အပါအ၀င် လယ်ယာသုံးပစ္စည်းများကိုလည်း မြန်မာကုန်သည်များက
တင်သွင်းလျှက်ရှိသည်ဟုလည်း သိရ သည်။

မဲဆောက်-မြ၀တီနယ်စပ် ကုန်သွယ်ရေးလမ်းကြောကို မြန်မာအာဏာပိုင်များဘက်က


လုံခြုံရေးအကြောင်းပြချက်ဖြင့် ယမန်နှစ် ဇူလိုင်လမှစတင်ကာ နှစ်နိုင်ငံချစ်ကြည်ရေးတံတား အပါအ၀င်
တရားမ၀င်ဂိတ် ၃၀ ခန့်ကို ပိတ်ခဲ့သည်မှာ ယနေ့ အထိဖြစ်သည်။

ယင်းသို့ မဲဆောက်-မြ၀တီနယ်စပ် ကုန်သွယ်ရေးလမ်းကြောကို ပိတ်လိုက်သဖြင့် တရားမ၀င်နည်းဖြင့်


ကုန်သွယ်မှုပြုရာ တလလျှင် ဘတ်သန်း ၈၀၀ ဖိုးခန့်သာရှိတော့သည်ဟု ထိုင်းကုန်သည်ကြီးများအသင်းက
ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြော တရားဝင်ဖွင့်လှစ်ထားစဉ်က


မြန်မာဘက်သို့တင်ပို့သည့် ထိုင်းကုန်ပစ္စည်းတန်ဖိုးမှာ တလလျှင် ထိုင်းဘတ် သန်း ၃၀၀၀ ကျော် ရှိကြောင်း ထိုင်း
ကုန်သည်ကြီးများ အသင်း၏ မှတ် တမ်းများအရ သိရသည်။

လက်ရှိ မဲဆောက်-မြ၀တီ ကုန်သွယ်ရေးတွင် မြန်မာဘက်က ထိုင်းဘက်သို့ ပရိဘောဂ အပါအ၀င်


သစ်တောထွက်
ပစ္စည်း များ၊ လယ်ယာထွက်ကုန်များ၊ ရေထွက်ပစ္စည်းမျိုးစုံနှင့် ချည်ထည်များ တင်ပို့လျှက်ရှိသည်။

မြ၀တီ နယ်စပ်ကုန်သွယ်ရေးကို ပိတ်ပင်ထားသောကြောင့် မဲဆောက်ရှိ ထိုင်းကုန်သည်ကြီးများမှာ


တာချီလိတ်နှင့် ရနောင်း နယ်စပ်များမှတဆင့် မြန်မာနိုင်ငံဘက် ကုန်ပစ္စည်းတင်ပို့နေရသောကြောင့် ခရီးဝေးပြီး
ကုန်ကျစရိတ်ပိုများသည်ဟု ထိုင်းကုန်သည်ကြီးများက ပြောသည်။

မြ၀တီမှ ရန်ကုန်သို့ အကွာအဝေးမှာ၂၆၅ မိုင်သာရှိသောကြောင့် မြ၀တီနယ်စပ်မှတဆင့် ကားဖြင့်


ကုန်စည်စီးဆင်းပါက ၁၄ နာရီခန့်သာကြာသည့်အတွက် ထိုင်းမြန်မာနယ်စပ် ကုန်သွယ်ရေးအတွက်
အကောင်းဆုံးလမ်းကြောဖြစ်သည်ဟု လည်း သိရသည်။

သမ္မတသစ် သတင်းစာရှင်းလင်းပွဲ လုပ်မည်


စည်သူ Friday, 08 April ဧရာဝတီ

သမ္မတသစ် ဦးသိန်းစိန်က မကြာမီကာလတွင် ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်မည်


ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန အသိုင်းအ၀ိုင်းက ပြောသည်။

“မကြာခင်လုပ်မယ်လို့ ပြောတယ်။ ဘယ်နေ့ဆိုတာတော့ အတိအကျမသိသေးဘူး”ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ


ညွှန်ကြားရေးမှူးတဦးက ဆိုသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်တွင်း ပြည်ပ
သတင်း သမား များကိုလည်း ဖိတ်ကြားသွားမည်ဟု ၎င်းက ပြောပြသည်။

ယင်းသတင်းစာရှင်းလင်းပွဲသို့ သမ္မတ အပါအ၀င် တက်ရောက်မည့်သူများကိုမူ မသိရှိရသေးကြောင်းလည်း


ပြန်ကြားရေး ၀န်ကြီး ဌာနမှ ညွှန်ကြားရေးမှူး က ပြောသည်။

မြန်မာ့နိုင်ငံရေး လေ့လာသူ တဦးက“အရင် ဗိုလ်ချုပ်ကြီး ခင်ညွှန့် လက်ထက်ကတော့ သူအပါအ၀င် မဟာဗျူဟာ


လေ့လာရေး ဌာန က သတင်းစာရှင်းလင်းပွဲကို ဦးဆောင်တယ်။ နောက် ပြန်ကြားရေးဝန်ကြီးနဲ့ ရဲချုပ်က
ဦးဆောင်တယ်။ အခုလို နိုင်ငံတော် သမ္မတ က သတင်းစာရှင်းလင်းပွဲလုပ်မယ် ဆိုတော့ မီဒီယာသမားတွေ
အတွက်ကော ပြည်သူတွေအတွက်ပါ ကောင်းမယ်လို့ထင် ပါတယ်”ဟု ဆိုသည်။

ပြည်တွင်း ဂျာနယ် အယ်ဒီတာ တဦးကမူ အစိုးရသစ်၏ ပွင့်လင်းမြင်သာမှုကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း


ပြောသည်။

“နိုင်ငံတော် သမ္မတ ကိုယ်တိုင် ဒီလိုသတင်းစာရှင်းလင်းပွဲ လုပ်မယ်ဆိုတာ ကောင်းပါတယ်။ သမ္မတကိုယ်တိုင်


ကျမ်းသစ္စာကျိန် တဲ့နေ့ က မီဒီယာကို စတုတ္ထမဏ္ဍိုင်ဖြစ်တယ်လို့ ပြောသွားခဲ့သေးတာပဲ။ အစိုးရအသစ် ရဲ့
ပွင့်လင်းမြင်သာမှုကို စောင့်ကြည့်ရပါမယ်”ဟု ၎င်းက ဆိုသည်။

၎င်းက ဆက်လက်ပြီး“သတင်းစာရှင်းလင်းပွဲက အရင်ကလိုမဟုတ်ဘဲ တကယ်ပွင့်လင်းတဲ့ရှင်းလင်းပွဲဖြစ်ရင်


အကောင်းဆုံးပေါ့။ သတင်းစာရှင်းလင်းပွဲ တခုလုပ်တာနဲ့တော့ ဒီမိုကရေစီအစိုးရဖြစ်ပြီလို့
မပြောနိုင်သေးပါဘူး”ဟုလည်း ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက် သမ္မသစ် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် စာနယ်ဇင်းများ၏


အခန်းကဏ္ဍကို အလေးထားရန် လိုအပ်ကြောင်း၊ စာနယ်ဇင်းများမှတဆင့် ပြည်သူများသိသင့်သည့်
အချက်များကို အသိပေးရန် လိုသကဲ့သို့ စာနယ်ဇင်းများကလည်း အပြုသဘောဆောင်သည့် အကြံပြုချက်များကို
အလေးထားရန်လိုအပ်ကြောင်း သမ္မတသစ် ဦးသိန်းစိန် က ပြောကြားခဲ့သည်။

“စာနယ်ဇင်းဆိုတာ တိုင်းပြည်အတွက် ကောင်းမွန်မှန်ကန်တဲ့ အရာတွေကို လမ်းပြနိုင်ရမယ်။ အဲဒီလို


လမ်းပြဖို့ဆိုတာ စာနယ်ဇင်း လွတ်လပ်ခွင့်မရှိဘဲ မဖြစ်နိုင်ဘူး။ အစိုးရသစ်လက်ထက်မှာ
တကယ်စာပေလွတ်လပ်ခွင့်ရမယ်ဆို ကောင်းတာပေါ့”ဟု ၀ါရင့် သတင်းစာဆရာ တဦးက ပြောသည်။

မကြာသေးမီကလည်း စာပေအမျိုးအစား ၆ မျိုးကို လွတ်လပ်စွာထုတ်ဝေနိုင်ခွင့်အား အစိုးရသစ်က ခွင့်ပြုလျှင်


ထုတ်ဝေနိုင်တော့ မည်ဖြစ်ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက
ပြည်တွင်းဂျာနယ်များကို ပြောကြားခဲ့သည်။

ဒေါ်ခင်မာအေး ၃ နှစ်မြောက် ဆွမ်းကျွေးပွဲ (ခင်ပွန်းသည် ဦးလှရွှေနှင့် အင်တာဗျူး)


ဖနိဒါ | တနင်္လာနေ့၊ ဧပြီလ ၁၁

ချင်းမိုင် (မဇ္စျိမ)။ ။ နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါ်ခင်မာအေး ကွယ်လွန်မှု ၃ နှစ်မြောက် ဆွမ်းကျွေးပွဲကို


ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ နေအိမ်၌ တနင်္လာနေ့တွင် ကျင်းပခဲ့သည်။ ဆွမ်းကျွေးပွဲသို့ စာပေ
အသိုင်းအဝိုင်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်ဝင်
ဦးဝင်းတင် အပါအဝင် လုပ်ဖော်ကိုင်ဘက် စုစုပေါင်း ၃ဝဝ ခန့် တက်ရောက်ခဲ့သည်။
သခင်ဘသောင်း (တောင်ငူခရိုင် ဒို့ဗမာ အစည်းအရုံး) ၏ သမီးသူ ဒေါ်ခင်မာအေးသည် ၁၉၄ဝ ခုနှစ်တွင်
မွေးဖွားကာ ၂ဝဝ၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့၊ အသက် ၆၈ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်ခင်မာအေးသည် ကျောင်းသူဘဝ ကတည်းကနေ နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး


စစ်တပ်က အာဏာ သိမ်းပြီးနောက် နိုင်ငံရေး လှုပ်ရှားမှုများ ဆက်လုပ်လာခဲ့သည်။ သူ၏ မိသားစုဝင်များပါ
နှစ်ရှည် အကျဉ်းချခံရမှုများ ခံခဲ့ရရုံမက ၁၉၆၇ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ရေကြည်အိုင် စစ်ကြောရေးစခန်း၌ ၃
နှစ်ကျော်ကြာ ဖမ်းဆီးနှိပ်စက်ခံခဲ့ရသေးသည်။

၁၉၉၂ ခုနှစ် အမျိုးသားညီလာခံ ဆန့်ကျင်ရာတွင်လည်း ပါဝင်ခဲ့သဖြင့် ၅ (ည) အရေးပေါ်စီမံချက် အက်ဥပဒေဖြင့်


ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည်။

ခင်ပွန်းသည်ဖြစ်သူ ဝါရင့်နိုင်ငံရေးသမားကြီး ဦးလှရွှေကို လက်ရှိ စစ်အစိုးရသစ် နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲလာမှု


အခြေအနေများနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းထားပါသည်။

ဒီနေ့ အန်တီကွယ်လွန်တာ ၃ နှစ်ပြည့် အထိမ်းအမှတ်ပွဲမှာ ဘယ်သူတွေ တက်ရောက်ခဲ့လဲရှင့်။

’’ဒီနေ့က ဒေါ်ခင်မာအေးကြီး ဆုံးတဲ့ ၃ နှစ်ပြည့်ပေါ့။ ဘဘက ထောင်ထွက်ဆိုတော့ ထောင်ထဲမှာ နေခဲ့ရတဲ့


မိတ်ဆွေတွေပေါ့။ ဦးဝင်းတင် လာပါတယ်။ စာပေအသိုင်းအဝိုင်းက အယ်ဒီတာတွေ၊ စာရေးဆရာတွေလာတယ်။
၃ဝဝ လောက်ရှိမယ် ထင်တယ်’’

နိုင်ငံရေး လှုပ်ရှားမှုတွေမှာ အန်တီက ဘယ်လို ပါဝင် လှုပ်ရှားခဲ့ပါသလဲ။

’’သူက ကျောင်းသားဘဝကနေ ဘဘတို့ ဒုက္ခရောက်လာတာ အိမ်ထောင်သည်ဘဝ ရောက်တော့လည်း


သားတကွဲ၊ မယားတကွဲဘဲ နေရတာ အခုထက်ထိပဲ။ သားတွေလည်း ဘယ်ရောက်လို့ ရောက်နေမှန်း မသိဘူး။
သားနှစ်ယောက်စလုံး အာဏာသိမ်းပြီးတော့ နိုင်ငံခြားကို ထွက်သွားကြတာ။ သားငယ်က အမေရိကန်မှာလိုလို၊
အကြီးကောင်က ဂျပန်မှာလိုလို ထွက်သွားကြတာ။ ကြားရတာပဲ၊ နိုင်ငံရေး ဘာလမ်းကြောင်းမှ မလုပ်တော့ဘူး။
သူကလည်း ဒီလိုနိုင်ငံရေးလှုပ်ရှားနေရင်းနဲ့ပဲ ကွယ်လွန်ခဲ့တာပါပဲ’’

လက်ရှိ နိုင်ငံရေးဖြစ်ပေါ်မှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမြင်လဲ။

’’ဘာထူးမလဲ။ လက်ရှိ နိုင်ငံရေးဖြစ်ပေါ်မှုနဲ့ ပတ်သက်ပြီးတော့ ဘဘ အမြင်အရ ပြောရမယ်ဆိုရင်တော့


ထူးမခြားနားပါပဲ။ အသက်အရွယ်နဲ့ အတွေ့အကြုံ ဖြတ်သန်းမှုအရဆိုရင် တချို့က စောင့်ကြည့်ချင်တယ်။
ဘာတခုမှ ပြောင်းလဲလာတာ မရှိခဲ့ဘူး။ မတူတဲ့အမြင်တွေ ရှိတဲ့လူတွေက အစိုးရအသစ်ကို စောင့်ကြည့်မယ်
ဆိုတာက အဓိပ္ပာယ်မရှိဘူး။ ဘဘတို့ တချို့ပြောချင်တာက ကောင်းတဲ့ဘက်ကို ဘာတွေ ဖြစ်မလဲဆိုတော့ ဘဘ
တဦးချင်းအရ ပြောရင်တော့ ဒီအခြေအနေနဲ့ ပတ်သက်လို့ ဘာမှ စိတ်ကူးမယဉ်ဘူး။ ဘာလို့လဲဆိုတော့
မြင်တွေ့နေရတဲ့ အချက်တွေက ဘာမှ ထွေထွေထူးထူး တခုမှ အသစ်မရှိဘူး။ ဘာနဲ့တူနေလဲဆိုတော့
ရွှေမန်းတင်အောင်၊ စိန်အောင်မင်းတို့ ကသလိုပါပဲ။ ၁၅ မိနစ်တခါ မင်းသားတွေက ပုဆိုးလဲနေတာပဲ။
အဲဒီအဓိပ္ပာယ် အတိမ်အနက်ရှိသလို ဘဘတော့ မထင်ဘူး။ ဘာမှ မျှော်လင့်စရာမရှိဘူး’’

ဘယ်လို စိတ်ဓာတ်မျိုးနဲ့ နိုင်ငံရေး လုပ်ခဲ့တာလဲ။


’’ဘဘတို့ ၁၅ နှစ်သား၊ ၁၆ နှစ်သား ဒုက္ခခံပြီးတော့ တကယ်တိုင်းပြည်ကို ချစ်တဲ့စိတ်နဲ့ လုပ်ခဲ့တယ်။ တိုင်းပြည်
မှားတာမှန်တာ ရှိမှာပါ။ ဒါပေမဲ့ အခု နိုင်ငံရေးလမ်းကြောင်းပေါ်မှာ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါနေတဲ့လူတွေက
ဗမာပြည်အကြောင်းတောင် သိရဲ့လားလို့ ဘဘထင်တယ်။ ကြီးရင်လည်း ကြီးမယ်၊ ငယ်ရင်လည်း ငယ်မယ်၊
အသက်ကို ချို့ယွင်းချက် မထားပါဘူး။ အပြင်ကနေ ပြောနေတာတွေက တခါတလေ အရမ်းငြီးငွေ့စရာ
အများကြီးပဲ။ ဗမာပြည် နိုင်ငံရေးက မပြောတတ်၊ မဆိုတတ်လို့ ကျဉ်းကပ်ပုံမဟုတ်လို့ ကြန့်ကြာနေတာ
မဟုတ်ဘူး။ စီးပွားရေး အကျိုးစီးပွားနဲ့ နိုင်ငံရေးအာဏာအတွက် ဖြေရှင်းရခက်နေတာ။ အဲဒါကို နားလည်မှ
ဗမာပြည်နိုင်ငံရေးမှာ ခေါင်းဆောင်နိုင်မှာ။ ဥစ္စာဓနနဲ့ ဗမာပြည်နိုင်ငံရေးဟာ ရှည်လျားနေတာ။ ဒါကို မသိရင်
နိုင်ငံရေးသမားဟာ ခေါင်းဆောင်နိုင်မှာ မဟုတ်ဘူး’’

မြန်မာပြည်နိုင်ငံရေးကို ဘယ်လို ပုံစံတွေနဲ့ ဖြေရှင်းသင့်လဲ။

’’ဘဘအတွေ့အကြုံအရ ပြောရရင် ၈၈ ဖြစ်ခဲ့တယ်။ ဖြစ်ချင်တာ မဖြစ်ခ့တ


ဲာ ပြောစရာတွေ၊ ဝေဖန်စရာတွေ၊
သုံးသပ်စရာတွေ အများကြီးပါပဲ။ သို့သော် ရှေ့မှာ ဘယ်လိုဖြစ်မလဲဆိုတော့ ရိုးရိုးပဲ အမျိုးသား
ပြန်လည်သင့်မြတ်ရေးလုပ်တာ ကောင်းလား မကောင်းဘူးလား၊ ကောင်းတယ်။ ဥပဒေဘောင်နဲ့လုပ်တာ
ကောင်းလား၊ မကောင်းလား ကောင်းတယ်။ ဒါပေမဲ့ တယောက်ထဲလုပ်လို့ မရဘူး၊ တဖက်ထဲလုပ်လို့ မရဘူး’’

နိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းဆီးထားတုန်းပါပဲ။ စစ်အစိုးရသစ် အနေနဲ့ လွှတ်ပေးသင့် မသင့်


ဆိုတာကိုကော။

’’ဘဘ ထောင်က လွတ်လာတာ မကြာသေးဘူး။ နိုင်ငံရေးကြောင့် ထောင်ကျနေတဲ့ လူတွေပေါ့။ ဆိုလိုတာက


နိုင်ငံရေး သဲသဲကွဲကွဲ သိပြီးတော့ နိုင်ငံရေး အခြေအနေတွေ လုပ်နိုင်တာကတော့ ကိုပေါ်တို့ အုပ်စုက လွဲပြီး
တခြား ထူးထူးခြားခြား မရှိပါဘူး။ သို့သော် နိုင်ငံရေး သိသိ မသိသိ နိုင်ငံရေး တင်းမာနေတယ် ဆိုတာကို
ပြနေတယ်။ အဲဒါကို သဘောပေါက်ဖို့ လိုတယ်။ ဗမာပြည်နိုင်ငံရေး အခြေအနေ အဆက်နဲ့ အကျိုးဆက်ဖြစ်တဲ့
ပြဿနာ ဖြစ်တယ်။ ဒီလိုမကြည့်ဘဲ အကျဉ်းသား သပ်သပ်၊ ဒေါ်စုကိစ္စ သပ်သပ်၊ မင်းကိုနိုင်တို့ ကိစ္စသပ်သပ်
ကြည့်ရင်တော့ မပြောတတ်တော့ဘူး။ သို့သော် ဗမာပြည် နိုင်ငံရေး အခြေအနေ ဆက်လက် ဖြစ်ပေါ်မှု ဖြစ်တယ်။
အဲဒီတော့ ဗမာပြည်နိုင်ငံရေး ဆက်လက် ဖြစ်ပေါ်မှုက အပြုသဘောဆောင်တဲ့ ဆက်လက် ဖြစ်ပေါ်မှု မဖြစ်ဘူး
ဆိုလို့ရှိရင် ကျန်တာတွေ ဘာမှ စိတ်ကူး မယဉ်နေနဲ့၊ လွှတ်ချင် လွတ်မယ်၊ မလွှတ်ချင် မလွှတ်ဘူး။
နိုင်ငံရေးနားလည်ဖို့ ပြောတာ။ နိုင်ငံရေးအကျဉ်းသားကိစ္စ ပြောနေလို့ မဖြစ်ဘူး’’

တိုက်ပွဲများ ရပ်စဲချင်သည့် ကရင်ပါတီ


သဲသဲ | တနင်္လာနေ့၊ ဧပြီလ ၁၁

နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကရင် လက်နက်ကိုင် အဖွဲ့များနှင့်


စစ်တပ်အကြား အပစ်အခတ် ရပ်စဲစေလိုကြောင်း ကရင်ပြည်သူ့ပါတီက ပြောသည်။

“ဒေသမှာ လိုအပ်နေတဲ့ လမ်းတွေ၊ ကျောင်းတွေ ဆောက်တယ်။ တောကလူတွေနဲ့ တိုက်ပွဲဖြစ်၊ မီးရှို့၊


ဒါတွေဖြစ်နေရင် ဘယ်လိုတိုးတက်မလဲ။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးမှုက ဆက်နွယ်နေတာဆိုတော့
တယောက်နဲ့တယောက် အပြန်အလှန် နားလည်မှုရှိအောင် လုပ်ရမယ်” ဟု ကရင်ပြည်သူ့ပါတီ အထွေထွေ
အတွင်းရေးမှူး ဦးစောစေးဝါးက မဇ္ဈိမကို ပြောသည်။

ပြည်နယ် အစိုးရ အနေဖြင့် အပစ်ရပ်ရေးကို ဦးစားပေး လုပ်ငန်းအဖြစ် လုပ်ကိုင်စေလိုသော်လည်း ချက်ချင်း


လက်ငင်း ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်ဟုလည်း သူက ဆိုသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်အတွက် တိုက်ပွဲဝင်သည့် ကရင်အမျိုးသားအစည်းအရုံး KNU၊ တိုးတက်သော
ကရင်ဗုဒ္ဓဘာသာ တပ်မတော် DKBA နှင့် နေပြည်တော် တပ်များအကြား ပြည်နယ်အတွင်း မကြာခဏ ဆိုသလို
တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။

ကရင်ပြည်နယ်အစိုးရ ဝန်ကြီးဌာန ၉ နေရာတွင် ကရင်ပြည်သူ့ပါတီမှ တဦး၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ၂


ဦး၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ တဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ တဦး
အသီးသီး ပါဝင်သည်။ ကျန်နေရာများမှာ စစ်တပ်ကိုယ်စားလှယ်နှင့် ကြံ့ခိုင်ရေးပါတီမှ ဖြစ်ကြသည်။

ကရင်ပြည်သူ့ပါတီမှ သံတောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ဦးစောခရစ္စတိုဖာက လူမှုရေး၊ ပညာရေးနှင့်


ကျန်းမာရေးဝန်ကြီး ဖြစ်သည်။

ဝန်ကြီးချုပ်မှာမူ အခြားပြည်နယ်များနှင့်မတူ တမူထူးခြားစွာပင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ်


ဇော်မင်း (ဥက္ကဋ္ဌဟောင်း၊ ကရင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) ဖြစ်သည်။

“ဝန်ကြီးချုပ်နေရာမှာ ကိုယ့်ပါတီက မရတောင် တခြားပါတီက ကိုယ့်အမျိုးသား တယောက်ယောက်ရရင်


ပိုအားရှိတာပေါ့။ အဲလိုမဖြစ်လာတာ ကျနော်တို့တွေ ညံ့လို့ပါ” ဟု ဦးစောစေးဝါးက ပြောသည်။

ကရင်အမျိုးသားလက္ခဏာ တရပ်ဖြစ်သည့် ကရင်စာပေ သင်ကြားနိုင်ရေးမှ စတင်ကာ ပြုပြင်ပြောင်းလဲရေးကို


တဆင့်ချင်း လုပ်ဆောင်နိုင်လိမ့်မည်ဟုလည်း ကရင်ပြည်သူ့ပါတီက မျှော်လင့်ထားသည်။

ပြည်နယ်လွှတ်တော်၌ အမတ်နေရာ ၂၃ နေရာအနက် တပ်မတော်သားကိုယ်စားလှယ် ၆ ဦးနှင့် ရွေးကောက်ခံ


အမတ် ၁၇ ဦး ဖြစ်သည်။ ထိုအထဲတွင် ကရင်အမျိုးသားများ၊ စစ်မှုထမ်းဟောင်းများဖြင့် ဖွဲ့စည်းထားသည့်
ကရင်ပြည်သူ့ပါတီမှ ၂ ဦး ပါဝင်သည်။

ဝန်ကြီးများ စာရင်း
၁။ ဗိုလ်မှူးကြီးအောင်လွင် (တပ်မတော်သား ကိုယ်စားလှယ်) လုံခြုံရေးနှင့် နယ်စပ်ရေးရာ
၂။ ဦးသံဒိုင် (ကြံ့ဖွံ့) စက်မှုနှင့်ဆက်သွယ်ရေး
၃။ ဦးစောဆာလောလ (ကြံ့ဖွံ့) သတ္တု
၎။ ဦးစောဝင်းထိန် (ကြံ့ဖွံ့) စိုက်ပျိုးရေးနှင့်မွေးမြူရေး
၅။ ဦးစောခရစ္စတိုဖာ (ကရင်ပြည်သူ့) လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး
၆။ ဦးမင်းစိုးသိန်း(ခ)နိုင်မင်းစိုးသိန်း (မွန်ဒေသလုံး) စွမ်းအင်
၇။ ဦးချစ်လှိုင် (ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး) စီးပွားရေး
၈။ ဦးစောကြည်လင်း (ဖလုံ-စဝေါ်) သစ်တော
၉။ ဦးစောခင်မောင်မြင့် (ဖလုံ-စဝေါ်) ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး

သံချပ်မထိုးရန် အစိုးရသစ် တားမြစ်


ထွန်းထွန်း | တနင်္လာနေ့၊ ဧပြီလ ၁၁

နယူးဒေလီ ။ ။ သမ္မတ ဦးသိန်းစိန် အစိုးရသစ်က သင်္ကြန်ပွဲတော် ရက်များအတွင်း ရိုးရာ


အစဉ်အလာတခုဖြစ်သော သံချပ်ထိုးခြင်း မပြုလုပ်ရန် တနင်္လာနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှတဆင့်
ပွဲဦးထွက် တားမြစ်လိုက်သည်။
ရက်ပိုင်းမျှသာ သက်တမ်းရသေးသော အစိုးရသစ်၏ ပွဲဦးထွက်တားမြစ်ချက်တခုဖြစ်သည့် ယဉ်ကျေးမှု
ဝန်ကြီးဌာန ထုတ်ပြန်နှိုးဆော်ချက်တွင် “တပါးသူ၏ ဂုဏ်သိက္ခာပျက်ပြားထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊
သွယ်ဝိုက်၍ဖြစ်စေ ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်း စသည့် အပြုအမူများ”
မပြုလုပ်ကြရန် ဧပြီလ ၉ ရက်နေ့ထုတ် အစိုးရအာဘော်သတင်းစာတွင် ဖော်ပြပါရှိသည်။

မဟာသင်္ကြန်ကာလအတွင်း ထိုသို့ သံချပ်ထိုးခြင်း၊ သီဆိုခြင်း ပိတ်ပင်ခြင်းသည် တိုင်းပြည်၏ ပါးစပ်၊ နားနှင့်


နှလုံးသားကို ပိတ်ပင်လိုက်ခြင်းနှင့် တူညီကြောင်း ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်က သုံးသပ်သည်။

“ဒါတွေက နေ့တိုင်းဆိုနေကျ၊ နေ့တိုင်းပြောနေကြတဲ့ကိစ္စ မဟုတ်ဘူး။ တနှစ်မှာ တခါပဲ ပြောတာ။ တနှစ်မှာ


တခါပြောတဲ့ဟာကို ပိတ်ထားတယ်ဆိုလို့ရှိရင် ဒီသင်္ကြန်သံချပ်ဆိုတာက သီတင်းကျွတ်မှာလည်း သွားထိုးလို့
မရဘူးဗျာ။ ဝါဆိုလပြည့်နေ့ သွားထိုးစရာလည်း မလိုဘူးပေါ့ဗျာ။ သင်္ကြန်သံချပ်ကို သင်္ကြန်ကာလမှာ
ပိတ်လိုက်တယ်ဆိုတာဟာ တိုင်းပြည်ရဲ့ ပါးစပ်၊ တိုင်းပြည်ရဲ့ နား၊ ဒါတင်မကဘူး တိုင်းပြည်ရဲ့နှလုံးသားကိုပါ
ပိတ်တယ်လို့ ကျနော် အဲဒီလိုပဲ ပြောလို့ရတာပေါ့ဗျာ” ဟု ဦးဝင်းတင်က ပြောသည်။

ယခင် သီးလေးသီးအငြိမ့်အဖွဲ့မှ လူရွှင်တော် ဂေါ်ဇီလာကလည်း “သံချပ်ဆိုတာက လူတွေရဲ့ ရင်ထဲမှာရှိတဲ့


ခံစားချက်တွေ ဟစ်တိုင်ပဲဗျ။ ဒါ ဖော်ထုတ်ကြတာ။ ဖော်ထုတ်ကြတယ်ဆိုတာက သူတို့ရင်ထဲမှာ နာကျဉ်းမှုက
များလေ သံချပ်တွေက ကောင်းလေပဲလေ။ ဆိုတော့ ပိုပြီးတော့ ထိရောက်တယ်ပေါ့နော်။ ပြတ်လုံးတွေထက်
စာရင်လည်း သူက ပိုပြီးတော့ ထိရောက်တယ်ဗျ။ အဲဒီလို ထိရောက်တဲ့အခါကျတော့ ဒီ
လူရွှင်တော်ပြတ်လုံးတောင်မှ သူတို့က အထိမခံဘူးလေ။ နည်းနည်းလေး ရိပ်ဖမ်းသံဖမ်း ပြောတာတောင်
အထိအခံတဲ့အခါကျတော့ သံချပ်ကျတော့ ဒဲ့ဖြစ်တာကိုး။ ဒဲ့တော့ ပိုအပြောမခံဘူး” ဟု မဇ္ဈိမကို ပြောသည်။

မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်များတွင် ရှေးယခင်ကတည်းက သင်္ကြန်ရောက်တိုင်း သံချပ်ထိုးလေ့ရှိပြီး


အပြုသဘောဆောင်သည့် ဝေဖန်ထောက်ပြချက်များကို ရေးသား၊ သီဆိုခဲ့သည့် အစဉ်အလာအဖြစ် မြန်မာများက
လက်ခံခဲ့ကြသည်။

သံချပ်ဆိုသည်မှာ “အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်းတို့တွင် အတိုင်၊ အဖောက် သီဆိုလေ့ရှိသော သံပေါက်ဆန်ဆန်


သီချင်းမျိုး ဖြစ်သည်။ သံချပ်ထိုးခြင်းဆိုသည်မှာ အကြောင်းအရာ တရပ်ရပ်ကို သံချပ်စပ်၍ သီဆိုခြင်းနှင့်
သံချပ်ဖြင့် ထုတ်ဖော်ပြက်ရယ်ပြုခြင်း” ဟူ၍ ၁၉၈ဝ ခုနှစ်တွင် ပထမအကြိမ် ထုတ်ဝေခဲ့သည့် မြန်မာအဘိဓာန်
အကျဉ်းချုပ်၌ ဖော်ပြထားသည်။

“မြန်မာ့လူ့ဘောင်က လုပ်လာခဲ့တာ နှစ်ပေါင်းမြောက်မြားစွာ ရှိပြီ။ ဂျပန့်ခေတ်မှာလည်း ဒီလိုသံချပ်တွေ


ပေါ်ခဲ့တာပဲ။ အင်္ဂလိပ်ခေတ်မှာလည်း ဒီလိုသံချပ်တွေ ပေါ်ခဲ့တာပဲ။ အင်္ဂလိပ်ခေတ်ကိုလည်း မြန်မာတွေက
ဆော်တာပဲ။ ဖက်ဆစ်ဆိုတဲ့ ဂျပန်တွေကိုလည်း မြန်မာတွေက ဝေဖန် ပြစ်တင် ထိုးနှက်တာပဲ။ နောက်
မြန်မာအစိုးရဆိုတဲ့ ဒီမိုကရေစီအစိုးရတွေ၊ ဆိုရှယ်လစ်အစိုးရတွေလည်း ဒီလိုပဲ ထိုးနှက်ကြတာပဲဗျ။ ဒီခေတ်ကျမှ
ပိတ်ခံရတယ်ဆိုတာကတော့ ဒါ တော်တော် လွန်တဲ့ဟာ” ဟု ဦးဝင်းတင်က ပြောဆိုသည်။

သံချပ်ထိုးခြင်းကို ပိတ်ပင်ခြင်းသည် ရိုးရာယဉ်ကျေးမှုကို ဖောက်ဖျက်ရာကျပြီး အစိုးရက ပြောဆိုနေသည့်


ရိုးရာယဉ်ကျေးမှုထိန်းသိမ်းခြင်းဆိုသည့် အရာနှင့် လွဲချော်နေကြောင်း ဝေဖန်မှုများလည်း ရှိသည်။

“ရိုးရာယဉ်ကျေးမှုကိုလည်း ပိတ်သလိုဘဲပေါ့နော်။ ကျနော်တို့ အနုပညာသမားတွေအနေနဲ့ အဲဒီလို ခံစားရတယ်။


ဒီ သင်္ကြန်နဲ့ သံချပ်ဆိုတာ တကယ်တမ်းပြောရင် လင်နဲ့ မယားပဲ။ ဒီလို ရိုးရာယဉ်ကျေးမှုကို သူတို့က
တကယ်တမ်းပြော ရရင် ဒီအစိုးရက ထိန်းသိမ်းစောင့်ရှောက်ခြင်းလည်း မရှိဘူး။ သူတို့ရဲ့
ထိန်းသိမ်းစောင့်ရှောက်မှုက သတင်းစာတို့ ပါးစပ်ထဲတို့မှာပဲ ရှိတယ်” ဟု ကိုဂေါ်ဇီလာက မဇ္ဈိမကို ပြောသည်။

ဦးဝင်းတင်ကမူ နိုင်ငံရေး၊ စီးပွားရေးနှင့် အစိုးရအဖွဲ့အတွင်း အကျင့်ပျက် ခြစားမှုများကို ဖော်ထုတ်မည်ကို


စိုးရိမ်သောကြောင့်ဟု သုံးသပ်သည်။

“နိုင်ငံရေး ပတ်သက်ကောင်း ပတ်သက်မယ်ပေါ့ဗျာ။ ဒါ သူတို့ရဲ့ စီးပွားရေးပတ်သက်တာ ဖြစ်မယ်ဗျာ။ သူတို့ရဲ့


အုပ်ချုပ်ရေးနဲ့ ပတ်သက်တာ ဖြစ်မယ်ဗျာ။ ဒါမှမဟုတ်လည်း သူတို့ရဲ့ အသိုင်းအဝိုင်းတခုလုံးက အကျင့်ပျက်
ခြစား၊ သူခိုး သဘက်တွေလို ဖြစ်နေတဲ့၊ ဓားပြတွေလို ဖြစ်နေတဲ့အခါမှာ လူတွေကြားထဲမှာ နေ့တိုင်း၊ အချိန်တိုင်း
မပြောတတ်ပေမယ့်လို့၊ ပြောဖို့လမ်းတွေ မရှိတဲ့အခါမှာ သင်္ကြန်လို ကာလမျိုးမှာ လူတိုင်းက သူ့ပါးစပ်နဲ့ကို
တခါတည်း အော်ပြီးတော့ ဒီသံချပ်တွေဘာတွေနဲ့ ပြောတဲ့အခါ၊ အဲဒီလို ပြောခြင်းဟာ သူတို့အဖို့ကတော့
ဘယ်လိုမှ သည်းညည်းမခံနိုင်တော့ဘူး။ အဲဒါကြောင့် သူတို့က ဒါတွေကို ပိတ်တယ်၊ ဆို့တယ်” ဟု သူက
ဆိုသည်။

ဦးသိန်းစိန်၏ သမ္မတသစ် မိန့်ခွန်းတွင် “စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်း မီဒီယာများနှင့် ပတ်သက်၍


ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ခေတ်နဲ့မလျော်ညီတဲ့ စာပေ၊ စာနယ်ဇင်းဆိုင်ရာ
ဥပဒေအချို့ကို ပြင်ဆင်ပြဋ္ဌာန်းခြင်း” များ ပြုလုပ်သွားရန် ထည့်သင
ွ်းပြောဆိုခဲ့သေးသည်။

တီးတိုး ငွေကြေးများ အပိုင်း (၄)


စန္ဒီနွယ် | တနင်္လာနေ့၊ ဧပြီလ ၁၁ မဇ္ဈိမ

ရင်မခုန်တော့သော ကျောင်းတော်

’’ကျနော်က ကျောင်းဆရာ အလုပ်နဲ့ အသက်မွေးတာ အနှစ် ၃ဝ နီးပါး ရှိသွားပါပြီ။ မူလတန်းပြနဲ့တင် အနှစ် ၂ဝ


လောက် လုပ်ခဲ့ရတယ်။ ကိုယ့်နောက်က တက်တဲ့သူတွေတောင် အလယ်တန်းပြ၊ အထက်တန်းပြတွေ
ဖြစ်ကုန်တယ်။ ကိုယ်က အဲလိုဖြစ်အောင်လုပ်ဖို့ နည်းလမ်းကို သိထားတယ်။ ဒါပေမဲ့ အဲဒါက ကိုယ့်ကို
အကျင့်ဖျက်သွားလိမ့်မယ်၊ ဒါတွေက တကယ်တော့ ရင်ခုန်စရာ မကောင်းပါဘူး။ အလယ်တန်းပြဖြစ်ချင်ရင်
ဘယ်နှသိန်း၊ အထက်တန်းပြဖြစ်ချင်ရင် ဘယ်နှသိန်းဆိုတာ သတ်မှတ်ထားပြီးသား။”

”ကျနော်က ဒီကျောင်းဆရာ အလုပ်ကို တကယ့်ဝါသနာနဲ့၊ ခံယူချက်နဲ့ လုပ်ခဲ့တာ။ ဒီတော့ကာ ကျနော်


လာဘ်ပေးတာတွေ၊ လာဘ်ယူတာတွေ မလုပ်ဘဲ မူပြ ဆရာအဖြစ်နဲ့ အနှစ် ၂ဝ ပြည့်ခါနီးမှ
တောနယ်တနေရာဖြစ်တဲ့ သုံးခွမြို့စွန်က မူလတန်းကျောင်းလေးမှာ မူလတန်းကျောင်းအုပ် ဖြစ်ခဲ့ပါတယ်။
ဒါလည်း ကျနော် သည်းခံပြီး လုပ်ခဲ့သေးတယ်။ နောက်ပိုင်းတော့ ဒီိလိုမူမမှန်တဲ့ ပညာရေးစနစ်မှာ ကျနော်
ဘယ်လိုမှ ဆက်သွားလို့ မရတော့ဘူးဆိုတာ ခံစားလိုက်ရတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ခေတ်ရဲ့
ပညာရေးစနစ်ထဲမှာ အမှန်တကယ် ထူးချွန်တဲ့ ကျောင်းသူ ကျောင်းသားတွေ ပေါ်ထွက်လာဖို့ မျှော်လင့်ချက်က
ဝေးလွန်းတယ်။ ဒီလိုမပေါ်ထွက်အောင် အကွက်ချထားတဲ့ စီမံကိန်းလို့ပဲ ပြောရတော့မယ်။ အရည်အချင်းက
အဓိကမဟုတ်ဘူး။ အရေအတွက်က အဓိက ဖြစ်နေတယ်။”

”ဟိုအရင်တုန်းက နှစ်ဆန်း ၂ ရက်နေ့ရောက်လို့ အောင်စာရင်းတွေ ထွက်ကြပြီဆိုရင် မူလတန်းကစပြီး


အထက်တန်း (နဝမတန်း) အထိ တကယ်ကို ရင်ခုန်စရာ ကောင်းပါတယ်။ ကိုယ်ခုံနံပါတ်မှ ပါပါ့မလားဆိုပြီး၊
လူတွေ ကျောင်းရှေ့မှာ ကြိတ်ကြိတ်တိုးလို့။ ဘယ်လောက် တန်ဖိုးရှိလိုက်လဲ။”
”အခုတော့ နှစ်ဆန်းနှစ်ရက်နေ့ အောင်စာရင်းထွက်တဲ့နေ့မှာ လူတွေ ခြောက်ကပ်လို့။ ဘာလို့လဲဆိုတော့
သူတို့ကိုယ်သူတို့ အောင်မယ်ဆိုတာ သိနေကြပြီလေ။ နောက်တတန်းအတွက်တောင် ဆရာမက နွေကျူရှင်
တခါထဲ ခေါ်လိုက်ပြီ။ သူတို့ခေါ်တဲ့ ကျူရှင်သာတက်ရင် အောင်ပြီးသားပဲ။ တကယ်တော့ ပြဋ္ဌာန်းထားတဲ့
ပညာရေးစနစ်ကိုက ၁ဝဝ ရာခိုင်နှုန်း စာမေးပွဲအောင်ရမယ်။ စာတတ်ရမယ် မဟုတ်ဘူး။ လုံးဝ အကျဆိုတာ
မရှိဘဲ။ ဒါကိုက ဆရာ ဆရာမတွေကို အကျင့်ပျက်ဖို့ ဖြစ်လာတာ။ အလိုလိုအောင်မယ့် ကိစ္စကို သူတို့ကျူရှင်
တက်မှ၊ သူတို့ကို လက်ဆောင်ပဏာပေးမှ အောင်မယ်ဆိုတဲ့ စတိုင်ဖမ်းလာကြတယ်။ ဘယ်လောက်
စိတ်ပျက်စရာကောင်းလဲ။ ဒီတော့ တယ်တော်တဲ့ ကျောင်းသား၊ ကြိုးစားချင်စိတ် ရှိတဲ့သူတောင် ကြိုးစားမှုနှုန်းက
သုံးပုံမှာ တပုံလောက် ကျသွားတယ်။”

”ဒီလိုဇာတ်လမ်းကြီးမှာ ကျနော် ဘယ်လိုမှ ဆက်ပြီး သရုပ်မဆောင်နိုင်တော့ဘူး။ ရှေ့ကလူတွေလို


လိုက်မလုပ်ရင်လည်း ကျနော့် မိသားစု ဒီလစာနဲ့ ထမင်းငတ်တော့မယ်။ ဒီတော့ ကျနော် လုပ်ဖို့က ရင်ခုန်စရာ
မကောင်းတဲ့ ဒီဇာတ်လမ်းထဲက ထွက်လိုက်ဖို့ပဲ။ အခုတော့ ဆန်ရောင်းနေတယ်” လို့ ဆရာဦးထွန်းဆိုသူက
ရင်ဖွင့်ပြောဆိုပါတယ်။

ကလေး စာမေးပွဲ အောင်ဖို့ကတော့ လွယ်ပါတယ်

’’ကျမ ကလေးက အခု ဒုတိယတန်းပါ။ ဒါပေမဲ့ “က“ ကနေ “အ“ အထိတောင် ကောင်းကောင်း မသိချင်သေးဘူး
ဖြစ်နေတယ်။ မူလတန်းကတည်းက သူ့အတန်းပိုင်ဆရာမဆီမှာပဲ ကျူရှင်ပြန်ထားခဲ့တာ။ ကိုယ်က
ထားချင်လို့တော့ မဟုတ်ဘူး။ ဆရာမက အတန်းမှာရှိတဲ့ ကျောင်းသားတိုင်း သူ့ဆီမှာ တက်ရမယ်လို့ ပြောတယ်။
အဲဒါ ကိုယ့်ကလေးမျက်နှာငယ်မှာဆိုးလို့ ထားလိုက်တယ်။ ဆရာမက ကျောင်းသားတွေရဲ့ စီးပွားရေးကိုလည်း
သိနေတယ်။ သူက တယောက်ချင်း ခေါ်မေးထားတာ။ တကယ်မတတ်နိုင်တဲ့ သူဆိုရင်တော့ သူက
သင်မပေးဘူး။ အလကားတော့ သင်မပေးဘူး။ အတန်းထဲမှာလည်း ဂရုမစိုက်တော့ဘူး။ အဲလိုဂရုမစိုက်မှာစိုးလို့
ဆရာမကို ပေးရကမ်းရတဲ့ အကျိုးက ကိုယ်ကလေးက စာတော့ မတတ်ဘူး၊ အတန်းတွေတော့ တက်သွားတယ်။

ပြီးတော့ အောင်စာရင်းမထွက်ခင် ကျမကို ခေါ်ခေါ်တော့ ပြောပါတယ်။ ကလေးက စာမေးပွဲမှာတော့


ကျနေတယ်။ ဒါပေမဲ့ သူ့ကို ကျမ အတန်းတင်ပေးလို့ ရပါတယ်။ အဲဒါ တင်ရမလား၊ မတင်ဘဲ ထားရမလားဆိုတာ
မေးတာပါ။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်သားသမီးကို အောင်စေချင်တာပဲလေ။ ဒီတော့ ကျမလည်း
တင်ခိုင်းလိုက်မိတယ်။ အဲဒါ အခုမှ နောင်တရနေတယ်။ ကလေးက စာကို ကောင်းကောင်း မဖတ်တတ်ဘူး
ဖြစ်နေတယ်’’ ဆိုပြီး ကျောင်းသားမိခင်က ကလေးရဲ့ အနာဂတ်ပညာရေးကို ရင်မောစွာနဲ့ ဆိုလာပါတယ်။

တီးတိုးငွေနဲ့ ကပ်တိုး ဆရာမ

မဝေလင်းနဲ့ မခိုင်ဇာဟာ အရမ်းရင်းနှီးကြတဲ့ ရွယ်တူသူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်ဟာ


စနစ်သစ် ပညာရေးရဲ့ ပထမဆုံးနှစ်ဖြစ်တဲ့ ၂ဝဝ၁-၂ဝဝ၂ တက္ကသိုလ်ဝင်တန်းကို ဧရာဝတီတိုင်း ဒေသကြီးကနေ
ဖြေဆိုအောင်မြင်ခဲ့ကြသူတွေပါ။ သူတို့ရဲ့ ရမှတ်တွေဟာလည်း မတိမ်းမယိမ်းပါပဲ။ တဘာသာကို ရမှတ် ၄ဝ နဲ့ ၆
ဘာသာ ၂၄ဝ ကို မြန်မာစာ တဘာသာထဲမှာ ၅ဝ ကျော်ရသွားလို့ သူတို့ အမှတ်က စုစုပေါင်း ၂၅ဝ
ကျော်တွေနဲ့ပေါ့။

တကယ်ကို ဘာမှ လုပ်စားလို့ မရတဲ့ အမှတ်တွေပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂုဏ်ကလေးတခုရှိအောင်


မီရာလျှောက်မယ်လို့ နှစ်ဦးသား ဆုံးဖြတ်လိုက်ပါတယ်။
အဲဒါ တခြားမဟုတ်ပါဘူး။ ဆရာ အတတ်သင် လျှောက်ဖို့ပဲ ဖြစ်ပါတယ်။ လျှောက်လွှာ ခေါ်ချိန် ကို
စောင့်ကြပါရော။ လျှောက်လွှာခေါ်တဲ့ အခါ နှစ်ယောက်စလုံး လိုအပ်တာ ယူပြီး သွားကြတဲ့အခါ သူလိုကိုယ်လို
သုံးစားလို့ မရတဲ့ အမှတ်တွေနဲ့ လျှောက်တဲ့သူတွေက များတော့ လျှောက်လွှာရွေးချယ်ပွဲမှာတင် စကွဲမှာ စိုးရိမ်ပြီး
သူတို့ အိမ်ပြန်လာကြပါတယ်။

အိမ်ရောက်လို့ အကျိုးအကြောင်းပြောတော့ မိဘဖြစ်သူတွေက သားသမီးလျှောက်လွှာပါဖို့အရေး အဲဒီနယ်ပယ်က


အာဏာရှိ ဝန်ထမ်းတဦးနဲ့ မရရတဲ့နည်းနဲ့ ချိတ်ဆက်ရပါတော့တယ်။ ဘာပဲဖြစ်ဖြစ် သမီးတွေ ဆရာမဖြစ်ဖို့အရေး
ပင်ကို အရည်အသွေးထက် ပိုအရေးကြီးတာက ကပ်တိုးတတ်ဖို့ပါပဲ။ အကောင်ကြီးကြီးကို ကပ်ပြီး တိုးဝင်ပါမှ
လိုရာပန်းတိုင် ရောက်နိုင်တော့မှာ မဟုတ်ပါလား။ ဒီအတွက် တောက်လျှောက်ဆိုသလို တီးတိုးငွေ
ထုတ်ပါတော့တယ်။

ပထမအဆင့် ဖောင်ပါပြီး အင်တာဗျူးခန်း ဝင်ဖို့အတွက် ငွေကျပ် ၅ သောင်းနဲ့ လက်ဆောင်ပဏာတွေ


ဖြစ်ပါတယ်။ ဒီအတွက် သူတို့နှစ်ယောက် ပထမအဆင့်ကို ချောမောစွာ ဖြတ်ကျော်သွားကြပါတယ်။
အင်တာဗျူးခန်း ရောက်လို့ မေးတဲ့မေးခွန်းက နိုင်ငံရေး ဦးတည်ချက်၊ စီးပွားရေး ဦးတည်ချက်တွေကို
မေးတာပါတဲ့။ အဲဒီမှာ နှစ်ယောက်စလုံး အပြင်ရောက်လို့ အဖြေတိုက်ကြတဲ့အခါ ဝက်ဝက်ကွဲအောင်
လွဲကြပါတယ်တဲ့။ သိပ်ခက်တဲ့ မေးခွန်းမို့ မဖြေနိုင်ကြပါဘူးတဲ့။

သူတို့ကိုယ်သူတို့ မပါတော့ဘူးလို့ ထင်ပေမယ့် သူတို့နှစ်ယောက်လုံး ရွေးချယ်ခံခဲ့ရပါတယ်။ ဒါက


တီးတိုးငွေကြေးရဲ့ အကျိုးပါပဲ။

တီးတိုးငွေနဲ့ ကပ်တိုးဆရာမ ဖြစ်ဖို့ ကြိုးပမ်းလိုက်ကြတာ နောက်ဆုံးမှာတော့ သူမတို့နှစ်ယောက် သွေးကွဲတဲ့


အဆင့်ကို ရောက်ပါတော့တယ်။ မဝေလင်းဆိုသူက သင်တန်းပြီးလို့ ဆရာမအဖြစ် တာဝန် ထမ်းဆောင်တဲ့အခါ
ဇာတိနဲ့ မနီးမဝေး ဖျာပုံမှာ မူ-ပြ ဆရာမ ဖြစ်ခဲ့ပေမယ့် မခိုင်ဇာကတော့ ဘာမှ မဆီမဆိုင်တဲ့ ချင်းပြည်က မူ-ပြ
ဆရာမလေး ဖြစ်လို့ သွားပါတယ်။

ဒါပေမဲ့ အခုတော့ မခိုင်ဇာတယောက် ဟင်္သာတကို လယ်-ပြ အဖြစ်နဲ့ ရောက်လို့နေပါပြီ။ ’’ဒါဟာလည်း


တီးတိုးငွေရဲ့ အကျိုးပဲ’’ လို့ဆိုပါတယ်။

၁၉ ၆၂ ကျောင်းသားခေါင်းဆောင်ဟောင်း ဒေါ်ခင်မာအေး (၁၉ ၄၀ - ၂၀၀၈)


ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အမှတ်တရအခမ်းအနား ကျင်းပ
မိုးယံမခ
ဧပြီ ၁၁၊ ၂၀၁၁ မိုးမခ

၁၉၆၂ ခုနှစ်ကတည်းက ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူ၊ စစ်အာဏာရှင်စနစ်ကို


ဆန့်ကျင်ခဲ့သူ၊ ဗမာပြည်ရဲ့ အမျိုးသားဒီမိုကရေစီတော်လှန်ရေးမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့သူ တဦးဖြစ်တဲ့
ကျောင်းသားခေါင်းဆောင်ဟောင်း ဒေါ်ခင်မာအေး ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အမှတ်တရ အခမ်းအနားကို
ကျန်ရစ်သူမိသားစုများက ရန်ကုန်မြို့၊ သင်္ကန်းကျွန်း၊ ဆ/ခ ရပ်ကွက်၊ ကျိုက္ကဆံရွာလယ်လမ်း၊ အမှတ် ၈၄၅
နေအိမ်မှာ ၂၀၁၁ ခုနှစ် ဧပြီလ ၁၁ ရက် တနလာင်္နေ့မှာ ကျင်းပကြမယ်လို့ သိရှိရပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းသူဘ၀မှာ ဒေါ်ခင်မာအေးဟာ ကျောင်းသားလှုပ်ရှားမှုများစွာမှာ ပါဝင်ခဲ့ပါတယ်။ ၁၉


၆၁ - ၆၂ ဘွဲ့ရသည်အထိ ရန်ကုန်တက္ကသိုလ် ကျောင်းသား ညီညွတ်ရေးတပ်ဦးရဲ့ ကောင်စီဝင်တဦးလည်း
ဖြစ်ပါတယ်။ သီရိဆောင်နဲ့ မာလာဆောင် သဟာယနဲ့ စာဖတ်အသင်း အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။
သူဟာ ပအို့ဝ်အမျိုးသမီးတယောက်ဖြစ်ပြီး ပအိုဝ့်ကျောင်းသူ ကျောင်းသားအသင်း တွဲဖက်အတွင်းရေးမှူး၊
တောင်ငူခရိုင် ကျောင်းသူ၊ သား အသင်း အမှုဆောင်၊ ရန်ကုန်တက္ကသိုလ်သဟာယနဲ့ စာဖတ်သင်းများအဖွဲ့ချူပ်
အမှုဆောင်အဖွဲ့ဝင်၊ ၁၉ ၆၁ - ၆၂ ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းရဲ့ အယ်ဒီတာအဖွဲ့ဝင်တဦးအဖြစ်
ဆောင်ရွက်ခဲ့ပါတယ်။

ကေတုပွင့်လင်း၊ မငြိမ်းအေး၊ ကြည်သာခင် စတဲ့ ကလောင်အမည်များနဲ့ ကဗျာ၊ ဆောင်းပါးများ


ရေးသားခဲ့ပါတယ်။

၁၉၆၇ မှ ၇၁ အထိ စစ်အုပ်စုရဲ့ ရေကြည်အိုင် စစ်အကျဉ်းစခန်းမှာ အခြားကျောင်းသူ ခေါင်းဆောင် ၂ ဦးနဲ့ အတူ


၎ နှစ် နီးပါး ထိန်းသိမ်းခံခဲ့ရပါတယ်။ ၁၉၉၃ ခုနှစ်မှာ အမျိုးသားညီလာခံနဲ့ ပတ်သက်တဲ့ ဗကသများအဖွဲ့ချူပ်ရဲ့
သဘောထားထုတ်ပြန် ကြေညာချက် ဖြန့်ဝေမှုနဲ့ ပုဒ်မ ၅ ဖြင့် ထောင် ၃ နှစ် ကျခံခဲ့ရပါတယ်။
၁၉၆၂ နှစ်လည်မှာ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးလှရွှေနဲ့ လက်ထပ်ခဲ့ပြီး ခင်ပွန်းဖြစ်သူရဲ့
နိုင်ငံရေးပါရမီဖြည့်ဖက်အဖြစ် မိသားစုဘ၀ကို ရုန်းကန် ရပ်တည်ခဲ့ရင်း စစ်အာဏာရှင်စနစ်ဆိုးရဲ့ အမျိုးမျိုးသော
ဒုက္ခပေးမှုတွေအောက်မှာ ကြံ့ကြံ့ခံကာ အသက် ၆၈ နှစ် ၊ဧပြီင်္လ ၁၁ ရက်၊ ၂၀၀၈ မှာ ကွယ်လွန်ခဲ့တာ
ဖြစ်ပါတယ်။

ဒေါ်ခင်မာအေးရဲ့ နှစ်လည်ကို မျိုးဆက်သစ် မျိုးဆက်ဟောင်း အမျိုးသားရေးတိုက်ပွဲဝင်သူ ကျောင်းသားဟောင်း


လူကြီး လူငယ်တွေက အမှတ်တရ အလေးအနက်ပြု တက်ရောက်ကြပါတယ်။

ရန်ငါမခွဲ တို့အထဲကြောင့် ဘီလူးသွားကို လဖြဲတည်း


ရဲဘော်ကျော်သန်း
မတ် ၁၁၊ ၂၀၁၁ မိုးမခ

ရုတ်တရက် ခေါင်းစဉ်ကြည့်ပြီး ယုတ်ရင်းသလိုတော့ ဖြစ်နေမယ်။ ဒါပေမယ့် တင်ပြချင်တဲ့ အကြောင်းကတော့


ဒီစကား လုံးတွေနဲ့တောင် စံမမှီအောင် ယုတ်မာ အောက်တန်းကျ တာဝန်မဲ့လှပါတယ်။ ဂုဏ်တော်အနန္တနဲ့
ပြည့်စုံတဲ့ မြတ်စွာဘုရားကို လူနတ်ဗြဟ္မာတွေသာမက ဂုမ္ဘာဏ်ယက္ခ ဘီးလူး သဘက်တွေကပါ သွားဖြဲ
ပူဇော်ကြပုံကို “နတ်ဘီလူးတို့၊ သုံး ဦး ပရမေ၊ ဂုဏ်မြုတေကို၊ ဖူးလေတုံမြောက်၊ လက်ပမ်းပေါက်ဖြင့်၊
ဝမ်းမြောက်ဝမ်းသာ၊ စေတနာနှင့်၊သဒ္ဓါရွှင်မြူး၊ကြည် ညွတ်နူးသည်။ ဘီလူးသွားကို လဖြဲတည်း။” လို့ ရေးဖွဲ့ထားတဲ့
အင်းဝခေတ် အကျော်တပါး ဖြစ်တဲ့ ရှင်ဥတ္တမကျော်ရဲ့တောလားထဲက စကားကို ယူသုံးလိုက်တာပါ။
အားတော့နာပါရဲ့။

ဒီနေရာမှာတော့ ဘီးလူးသွားဖြဲတာက မကောင်းတဲ့သဘော၊ သရော်တဲ့ သဘောဖြစ်တယ်။ တိုင်းပြည်နဲ့


လူမျိုးအတွက် ဘီးလူးသဘက်လို စစ်အာဏာရှင်များနဲ့ သူတို့နောက်ဆွဲ အလိုတော်ရိတွေက လောကကြီးကို
အထူးသဖြင့် တော်လှန် ပါတယ်ဆိုတဲ့ ကျုပ်တို့အားလုံးကို “မင်းတို့ ဘာတတ်နိုင်လို့လဲ” ဆိုပြီး သရော်မော်ကား
ပြုံးတဲ့ ဘီလူးသွားကို လဖြဲ တည်း ဖြစ်တယ်။

အနှစ် (၂၀) ကျော် တပ်ပေါင်းစုခေါင်းဆောင်ကြီးတွေဆိုတော့ ပြောစရာမလို သူတို့အလုပ် သူတို့သိတယ်လို့


ယုံကြည် လို့ မပြောတော့ဘူးလို့ နေခဲ့တာ။ အခြေအနေက ပြောမှကို ဖြစ်တော့မယ်။ အတော်ကြာ
မဟုတ်မတရား ဖောက်ပြား တာကို နှုတ်ဆိတ်မိတဲ့ သမိုင်းတာဝန်ကြွေး တင်တော့မယ်။

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီဆိုတဲ့ နကပ် (NCUB) အထွေထွေအတွင်းရေးမှူးချုပ်ကြီးရဲ့ ငွေကြေး


စာ ရိတ္တနဲ့ တော်လှန်ရေးအပေါ်ဖောက်ပြားမှုတွေကို သူ့ရဲ့မိခင်အဖွဲ့ (FTUB) အဖွဲ့ဝင်တွေက ဖွင့်ချခဲ့တယ်။
တလကျော် သွားပေမယ့် ဟုတ်ဟုတ်ငြားငြား အရေးယူတာ မတွေ့မိပါ။ သူဟာ (၂၀၀၈) တနှစ်အတွင်းမှာ
ဗမာပြည်ကို သုံးကြိမ် တိုင်တိုင် သွားခဲ့တယ်ဆိုတာကို အထောက်အထားနဲ့ တင်ပြထားတယ်။ ပြည်ပ ထိပ်တန်း
အတိုက်အခံအဖွဲ့အစည်း ခေါင်းဆောင် တယောက် ရန်သူစစ်အုပ်စုရဲ့အာဏာစက်ထဲကို
ဝင်ချီထွက်ချီလုပ်နေနိုင်တာဟာ အံ့ဖွယ်သူရဲ ထူးပေ သည့် ဆန်းကြယ် ပါပဲ။ နှစ်ဘက်ပါဝင်ပတ်သက်နေကြတဲ့
လူပုဂ္ဂိုလ် အဖွဲ့အစည်းများရဲ့ အပြန်အလှန် သီးခံပျော့ ပြောင်းတဲ့ စိတ်ဓာတ်တွေကလည်း
အောချလောက်ပါပေရဲ့။ သူတို့အတွက်တော့ ရန်သူနဲ့ ပလူးပလဲလုပ်တာဟာ ထ မင်းစားရေသောက်
ကိစ္စလိုမှတ်ယူနေကြဟန် တူပါရဲ့။

ဒါ့ထက်မက ရဟန်းများ သိက္ခာထပ်သလို အမေရိကန် ဖို့ဒ်ဝိန်းညီလာခံကြီးက အနှီခေါင်းဆောင်ကြီးကို


နိုင်ငံရေးအ ရောင်တွေ ထပ်တင်ပေးလိုက်ကြသေးတယ်။ အဲဒီ ညီလာခံထဲမှာ နိုင်ငံတကာရောက်
တော်လှန်သည်ဆိုသော အမတ် မင်းများ၊ အထူးတော်လှန်သော (၈၈) မျိုးဆက်များနဲ့ နိုင်ငံတကာရောက်
စစ်အာဏာရှင်ဆန့်ကျင်ရေး ခေါင်းဆောင် ကြီးတွေ တက်ရောက်ခဲ့ကြတယ်။ အဲဒီထဲမှာ “ရန်ငါမပြတ်လို့
သံဃာအသတ်ခံရတယ်”လို့ မြည်ကြွေးခဲ့တဲ့ ကဗျာကျော် ကြီးလည်း တွေ့လိုက်တယ်။ အနှီသို့သော
တော်လှန်ရေးသမားကြီးတွေအကြား အနှီသော ခေါင်းဆောင်ကြီးက “သာ ဒင်ကို ဘာထင်သလဲ” ဆိုတဲ့
ဂိုက်နဲ့မိန့်မိန့်ကြီးပြုံး မိန်းခွန်းတော်တွေခြွေလို့။ တကယ့်ကို ဘီလူးသွားကို လဖြဲတည်းပဲ။ ရန်သူနဲ့
ပလူးပလဲလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီးမေးခွန်းထုတ်ဖို့ နေနေသာသာ ခေါင်းဆောင်းကြီး သိပ်
ဖြစ်ချင်နေတဲ့ အစိုးရဖွဲ့ပြီး ဝန်ကြီးချုပ်လုပ်ရေး ပထမအဆင့် ရောကျော်လွှတ်တော်ဖွဲ့ရေးကို ဝိုင်းဝန်းထောက်ခံပေး
လိုက်ကြတယ်။

ဘီးလူးသွားကို လဖြဲတည်းက ဒီတင် မရပ်သေးဘူး။ ဘက်မလိုက်သတင်းဌာနကြီးများက ကော်ပတ်စား ပူတင်းဖို့


အ ရောင်တင်ပေးလိုက်တာနဲ့ အာကာသတခွင် ပြဲပြဲစင်အောင် ခရီးဆန့်လိုက်သေးတယ်။
အဖိနှိပ်ခံလူထုကြီးရဲ့နားကို လှည့်စားကြတယ်။ အနှီသတင်းဌာနကြီးများက ခေါင်းဆောင်ကြီးရဲ့ ဗမာပြည်
နိုင်ငံရေးအခြေအနေတွေ၊ ဩဝါဒတွေ ကို ဝေဝေဆာဆာထုတ်လွှင့်ခဲ့တယ်။ ပြီးမှ ရန်သူ စစ်အုပ်စုနဲ့ပတ်သက်တဲ့
စွပ်စွဲချက်ကို အရေးမကြီးသလို ခရီးသွား ဟန်လွှဲ မေးဖြေချေဖျက်သွားကြတယ်။ သက်ဆိုင်သူ
ဘီလူးသဘက်အပေါင်းတို့ကတော့ ကြားကြားသမျှ အဟောဝတ ကောင်းလေစွ ကောင်းလေစွလို့ မိန့်မိန့်ကြီး
ဘီလူးသွားကို လဖြဲတည်းနေကြမှာပဲ။ ဖြေရှင်းချက်ကလည်း ရိုးလိုက်ပါ့ ရွာ စားရယ် ဆိုသလို ပုဂ္ဂိုလ်ရေး
အပုပ်ချတာဆိုပဲ။ စဉ်းတော့ စဉ်းစားစရာပဲ။ အပုပ်ချတယ်ဆိုတဲ့ လူတွေကလည်း သူ့အဖွဲ့ ဝင်တွေ၊
တယောက်ကဆို သူ့ညီလို့တောင် ဆိုတယ်။

မထူးပေမဲ့ဆန်းတာက နှစ်ဘက်အမြင်ပါမှ သတင်းအင်္ဂါရပ်နဲ့ပြည့်စုံတယ်ဆိုတဲ့ သတင်းသမားကြီးတွေက


ဒီတခါတော့ တဖက်ထဲအမြင်နဲ့ သတင်းဖြစ်စေ လုပ်လိုက်ကြတယ်။ တဖက်က စွဲဆိုသူရဲ့အမြင်ကို
ဘာကြောင့်ထည့်သွင်း မတင်ပြ ကြသလဲ။ စွဲချက်တင်သူ ကိုဇော်ထွန်းက အင်တာဗျူးဖို့ ငြင်းဆန်လို့
ထည့်မပေးတာတော့ မဟုတ်နိုင်ဘူး။ သူက ကြိုက် တဲ့ တရားရုံးရှေ့မှာတောင် ထွက်ဆို စစ်ဆေးခံဖို့
အာမခံထားတယ်။ သူ့ရဲ့ ဆက်သွယ်ရမည့် နံပါတ်တွေကိုလည်း ပေး ထားတယ်။

ပြောရရင်တော့ ဗမာလူထုရဲ့ဘဝက ရင်နာစရာပါ။ ပြည်သူလူထု အကျိုးစီးပွားကို ဦးထိပ်ထားပြီး ပြည်သူလူထုရဲ့


ကျေးဇူးသစ္စာကို စောင့်သိရိုသေတဲ့ ခေါင်းဆောင် နိုင်ငံရေးသမားဆိုတာက ခပ်ရှားရှား။ နိုင်ငံတော်၊
တော်လှန်ရေးနဲ့ လက်တွေ့ နိုင်ငံရေးဆိုတဲ့ စကားလုံးတွေကို အမြုပ်ထွက်မတတ်ပြောပြီး လူထုကိုလက်ညှိုးထိုး
လုပ်စားနေသူတွေက ပိုများနေ တယ်။ ဆိုးလိုက်ပုံက ဒီလို လုပ်စားသမားတွေကပဲ ရှိစုမဲ့စု
လူထုခေါင်းဆောင်တွေကို ခေါင်းမာသလေး၊ လက် တွေ့မကျသလေးနဲ့ တပြန်စီး ကဲ့ရဲ့ရှုတ်ချပြန်သေးတယ်။
ကောက်ညှင်းက မစီးရပဲ ဆန်းကြမ်းကစီးပြီး ငပြူးကပြဲပြနေ ကြတာပေါ့။
တကယ်တော့ ပြည်တွင်းအင်းအားစုတွေက အဓိကအခန်းကဏ္ဍမှာ ရှိတယ်ဆိုပေမယ့် နယ်ခြားနဲ့
ပြည်ပအင်အားစု တွေရဲ့ အခန်းကဏ္ဍကလည်း ဗမာပြည်လူထုလှုပ်ရှားမှုအတွက် အရေးပါပါတယ်။ ဒီလို
အရေးပါတဲ့ အင်အားစုတွေရဲ့ ဦး ဆောင်မှုတွေ ဖောက်လွှဲဖောက်ပြန်ဖြစ်နေတာက “အာကာကို လွှာပုံပြုလို့
မေရုကို စုတ်တံချီ”လည်း ကုန်မှာ မဟုတ် ပါဘူး။ ဒီအထဲက အခု ဦးမောင်မောင်ရဲ့ ရန်သူနဲ့ဆက်နွယ်တယ်ဆိုတဲ့
စွပ်စွဲချက်ကတော့ အဆိုးဝါးဆုံးပဲ။ မရှိတဲ့ နိုင်ငံ ရေးသိက္ခာ၊ ကုန်းကောက်စရာမကျန်အောင် ကျဆင်းသွားတယ်။
ဒီလောက် ဆိုးဝါးတဲ့ အခြေအနေဆိုးမှာတောင် ကာ ယကံရှင်ကတော့ ဟန်မပျက် သွားမြဲလာမြဲ ကျော်ဟိန်းက
ကျော်ဟိန်း ဂိုက်ဖမ်းထားတုန်းပဲ။

ဒီအခြေအနေတွေကို ကြည့်ရင် ပြည်ပအင်အားစုတွေ ကြားမှာ တော်လှန်ရေးစိတ်ဓာတ်၊


တော်လှန်ရေးဝိဉာဉ်ပျောက် ဆုံး နေပြီလို့ ကောက်ချက်ချနိုင်ပါတယ်။ တော်လှန်ရေးဝိဉာဉ်ဖြစ်တဲ့ ရန်ငါစည်း
မပြတ်တဲ့ လက္ခဏာဖြစ်တယ်။ ရန် စည်း ငါစည်း ပြတ်ရမယ်ဆိုတဲ့ တော်လှန်ရေးဥပဒေသကို ကွန်မြူနစ်တွေရဲ့
ဆောင်ပုဒ်လို့ တလွဲထင် အင်ဂျီအိုတွေ အ လိုကျ ပုတ်ခတ်ဖျက်ဆီးခဲ့ကြတဲ့ ဒဏ်ရာဒဏ်ချက်
အကျိုးဆက်ဖြစ်တယ်။ ရန်ငါစည်းခြား ပြတ်သားရမယ်ဆိုတာ ကွန် မြူနစ်မှ မဟုတ် တော်လှန်ရေးတရပ်ကို
ဆင်နွှဲတဲ့ ဘယ်အင်အားစုမဆို လိုက်နာရမယ့် ဥပဒေသ ဖြစ်တယ်။

ဗမာတွေရဲ့ လူမှုပုံစံမှာ တိကျပြတ်သားတဲ့ ခွဲခြားသတ်မှတ်ချက်နဲ့ နေထိုင်ကျင့်ကြံကြတယ်။ အရွယ်၊


တာဝန်ဝတ္တရား အရ ဂုဏဝုတ္တိ၊ ဝယဝုတ္တိ ပိုင်းခြားထားသလို တိုက်ပွဲဆန်တဲ့ ကိစ္စတွေမှာလဲ လူ့စည်း
ဘီလူးစည်းခွဲခြားပြီး တိတိကျကျ လိုက်နာကျင့်ကြံကြတယ်။ အင်္ဂလိပ်ဗမာ ဒုတိယစစ်ပွဲအပြီး အောက်ဗမာပြည်
အသိမ်းခံခဲ့ရတယ်။ ဒါကို အောက်ဗမာ ပြည်က မျိုးချစ်တွေက တော်လှန်ကြတယ်။ အဲဒီအထဲမှာ ငမြတ်ထွန်းလို့
ချိုးဖဲ့ခေါ်ပေမယ့် အင်္ဂလိပ်တွေ ကိုယ်တိုင်က ကြောက်ရွံ့ခန့်ငြားရတဲ့ ဗိုလ်မြတ်ထွန်းလည်း
တဦးအပါအဝင်ဖြစ်တယ်။ ဗိုလ်မြတ်ထွန်းဟာ ထောင်ချီတဲ့ နောက်လိုက် အင်အားနဲ့ အင်္ဂလိပ်တွေရဲ့
သိမ်းပိုက်ရေးတပ်တွေကို ထိထိရောက်ရောက် တိုက်ခိုက်ခဲ့တယ်။ ရန်စည်းငါစည်း ပြတ် ပြတ် သားသား ခွဲခြားပြီး
ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့တယ်။ ဒါကြောင့် အင်္ဂလိပ်တွေက ဗိုလ်မြတ်ထွန်းတို့ ကျောထောက် နောက်ခံပြု တဲ့ ကျေးရွာ
နယ်ပယ်တွေကို ရက်ရက်စက်စက် ဖျက်ဆီးချေမှုန်းတယ်။ ဆုတော်ငွေ ထုတ်တယ်။ ကြာတော့ ဗိုလ်မြတ်ထွန်းတို့
ရပ်တည်လှုပ်ရှားရေး ခက်ခဲလာတယ်။ ပင်ပန်းဆင်းရဲမှုနဲ့ အကျအဆုံးတွေ များလာတယ်။ တ ဖက်မှာလည်း
အင်္ဂလိပ်တွေက ဗိုလ်မြတ်ထွန်းနဲ့ နောက်လိုက်တွေကို လက်နက်ချဖို့ ငွေကြေး၊ အာဏာ၊ မြို့စား၊ ဝန် ထောက်
ရာထူးတွေနဲ့ ချော့မြူနေတယ်။ ဒီအခြေအနေမှာ ဗိုလ်မြတ်ထွန်းရဲ့ သားတဦးက ပင်ပန်းဆင်းရဲမှုတွေကို ညီး
တွားပြီး ရန်သူ အင်္ဂလိပ်တွေရဲ့ ကမ်းလှမ်းချက်တွေကို လက်ခံပြီးစေ့စပ်ဖို့ တပ်ထဲမှာပြောမိတယ်။ ဒါကို
ဖခင်လုပ်တဲ့ ဗိုလ်မြတ်ထွန်းက ဗိုလ်ပုံအလယ်မှာတင် ကွပ်မျက် သုတ်သင်ခဲ့တယ်။ သားကိုတောင်
မထောက်ညှာပဲ ရန်ငါစည်းပြတ် တဲ့ ဗိုလ်မြတ်ထွန်း ရဲ့ ဒီလို လုပ်ရပ်ကို ဒေါ်စုနဲ့ ဦးဝင်းတင်တို့ကို ခေါင်းမာဂိုဏ်းလို့
အပုပ်ချနေကြတဲ့ အညံ့ခံ ရွှေပြည် အေးသမားတွေက ဘယ်လို သွားပုပ်လေလွင့် ပြောကြအုံးမလဲ မသိနိုင်ဘူး။

ဒီနေ့ခေတ် ကျုပ်တို့ထဲက ရန်သူနဲ့ ပလူးပလဲလုပ်တာ၊ အရေးတော်ပုံကို သစ္စာဖောက်တာ၊ ရန်သူရဲ့ မတရားတဲ့


လုပ် ရပ်တွေကို မသိမသာတမျိုး၊ သိသိသာသာတမျိုး အားပေး ထောက်ကူနေတာ။ အခု ဦးမောင်မောင်လို
ရန်သူနဲ့ မရှင်း မရှင်း ကိစ္စမျိုးတွေကို ဗိုလ်မြတ်ထွန်း သာရှိရင် ဘယ်လိုပြောလို့ ဘယ်လို အရေးယူမလဲ။
သိပ်များများ စဉ်းစားစရာ မ လိုဘူး ထင်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ် တော်လှန်ရေးသမား
ဆိုသူများအတွက်တော့ ဒါဟာ သူ့အမြင်သူတင်ပြတာ လို့ ဆို ကြအုံးမှာပဲ။ ဒါပေမယ့် ဗိုလ်မြတ်ထွန်းရဲ့ သားနဲ့
ကျုပ်တို့ခေတ် နိုင်ငံရေးသမားတွေနဲ့ ခေါင်းဆောင်တချို့ရဲ့ အ ပြုအမူတွေဟာ အကျိုးသက်ရောက်မှု
အားဖြင့်တော့ တော်လှန်ရေး အရေးတော်ပုံတပ်သားတွေရဲ့ စိတ်ဓာတ်ကိုတွေ ဝေယိမ်းယိုင်စေတယ်။ ဒါကြောင့်
ဗိုလ်မြတ်ထွန်းက သားဖြစ်သူကို ပြတ်ပြတ်သားသား တော်လှန်ရေးဆန်ဆန် အရေး ယူလိုက်တာပဲ။ ကဲ
ကျုပ်တို့အထဲမှာကော ဒီလို တော်လှန်ရေးဆန်တဲ့ ခေါင်းဆောင်မှု ဘယ်မှာလဲ။ အဖွဲ့ပေါင်းစုံစုထား တဲ့ နကပ်
အဖွဲ့ကြီးမှာ မရှိတာကတော့ ဦးမောင်မောင် ကိစ္စက သက်သေပဲ။
ဒေါ်အောင်ဆန်းစုကြည်ကို ဟိုလိုမလုပ်ဘူး၊ ဒီဟာမလုပ်ဘူး၊ ဒါလုပ်တာ အလကားလို့ ဝေဘန်ကဲ့ရဲ့နေကြတဲ့
အမည်ခံ တော်လှန်ရေးသမားများ မောင်မောင့် အရှုပ်တော်ပုံကြမှ နှုတ်ဆိတ်နေတာကလည်း
အတော်ဆန်းတယ်။ ဘာကိုများကြောက်နေကြရလို့လဲ။ ဘာကိုများ ထောက်ထားနေကြရလို့လဲ။ အင်ဂျီအိုတွေကို
သိပ်ပိုင်ပါတယ်ဆိုတဲ့ အနှီခေါင်း ဆောင်ကြီးနောက်ကွယ်က ထောက်ထားစရာ၊ အကြောက်ပွားစရာ
ဘာတွေများရှိနေသလဲ။ စိတ်ဝင်စားစရာ အချက် တွေထဲက စိတ်ဝင်စားစရာ အကောင်းဆုံးက ဗမာပြည်မှာ
မလုံခြုံလို့ဆိုတဲ့အချက်နဲ့ ခိုလှုံခွင့်ပေးထားတဲ့ အမေရိကန် အာဏာပိုင်တွေကလည်း ခိုလှုံသူ ဗမာပြည်ကိုသွားတဲ့
ကိစ္စကို တစုံတရာ အရေးယူစစ်ဆေးတာ မတွေ့ရတာပဲ ဖြစ် တယ်။ အမေရိကန်ရောက်
တော်လှန်ရေးသမားဆိုသူများကကော ဒီကိစ္စကို သက်ဆိုင်ရာ အာဏာပိုင်တွေဆီ ထောက် ပြအရေးမဆိုကြတာ
ဘာကြောင့်လဲ။

တချို့ကတော့ ဒီကိစ္စကို ရှုတ်ချကြတယ်။ လူပုဂ္ဂိုလ်ချင်းကြားမှာပဲ လက်မခံဘူးလို့ ပြောကြတယ်။ ဒါပေမယ့်


ရန်စည်းငါ စည်းခြားဖို့ အရေးယူဆောင်ရွက်မှုတွေ ပူးပေါင်းဆောင်ရွက်ကြဘို့ နှိုးဆော်ရင်တော့
အကြောင်းအမျိုးမျိုးနဲ့ ရှောင်ကြ တယ်။ “ဒီကောင့်ကို အစကတည်းက မယုံလို့ စိတ်ကိုမဝင်စားဘူး” “ဘာမှ
လုပ်စရာမလိုဘူး၊ သူ့အလိုလို ကျဆုံးသွား လိမ့်မယ်” “အဖက်လုပ်စရာမလိုဘူး” စတဲ့ ဆင်ခြေအမျိုးမျိုးကို
ပေးကြတယ်။ ခက်တာက အနှီပုဂ္ဂိုလ်ဟာ အသိအမှတ် ပြုသည် ဖြစ်စေ၊ မပြုသည်ဖြစ်စေ
နိုင်ငံတော်ကောင်စီဆိုတဲ့ NCUB နကပ်ရဲ့ အတွင်းရေးမှူးချုပ် ခေါင်းဆောင်ကြီး ဖြစ် တယ်။
သူ့လုပ်ရပ်အားလုံးဟာ ပြည်ပလှုပ်ရှားတင်မက ပြည်သူတရပ်လုံးကိုပါ ကိုယ်စားပြုသလို ဖြစ်နေတယ်။ ပြည်
ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီလို့ ဆိုထားတာကိုး။ ဒီလိုနေရာ ဒီလိုပုဂ္ဂိုလ်ရဲ့ ဒီလိုလုပ်ရပ်ကို တစုံတရာ
ဝိုင်း ဝန်းအရေးယူဆောင်ရွက်တာ မလုပ်ဘူး၊ မလုပ်နိုင်ဘူးဆိုတာဟာ အဖိနှိပ်ခံ ပြည်သူတရပ်လုံးကို
စော်ကားသလို ဖြစ် နေတယ်။ ဒီအတိုင်းသာဆို ကျုပ်တို့အားလုံး တော်လှန်ရေးဆိုတဲ့ စကားလုံးကို ရာသက်ပန်
စွန့်လွှတ်ဖို့ လိုပြီထင်ပါတယ်။

ရန်ငါစည်းမပြတ်တဲ့တော်လှန်ရေးဟာ အောင်ပွဲဆင်စရာအကြောင်းမရှိပါဘူး။ အယုတ်မျိုးစုံ၊ အကောက်အကျစ်


အနန္တ နဲ့ ရက်စက်မှု သရဖူဆောင်းနေတဲ့ စစ်မိစ္ဆာ တွေကို ဆန့်ကျင်တိုက်ပဲဝ
ွ င်ရာမှာ ပိုတောင် ခက်ခဲပါသေးတယ်။
ရန်စည်း ငါးစည်း မခွဲခြားနိုင်ခြင်းဟာ ရန်သူကို အခွင့်အလမ်းပေးခြင်းဖြစ်တယ်။ ထိုးဖောက်ဝင်ရောက်ဖို့
လမ်းဖွင့်ပေးခြင်း ဖြစ် တယ်။ ကျုပ်တို့ တော်လှန်ရေးတပ်ပေါင်းစုတွေထမ
ှဲာ ထရိုဂျင်မြင်း( Trogen Horse of
Troy ) က တကောင်မက အုပ် ဖွဲ့ နေရာယူထားကြသလားတောင် ထင်မိတယ်။ ပိုဆိုးတာက
အင်အားစုတွေကြားမှာ ယုံကြည်မှုပျက်ပြားပြီး တိုက်ပွဲ ဝင် သတ္တိ ပျောက်ဆုံးစေတာ ဖြစ်တယ်။ အရေးတော်ပုံ
တပ်သားတွေကြားမှာ “ငါလုပ်လည်း ဘာမှထူးမှာ မဟုတ်ပါ ဘူး” ဆိုတဲ့ အမြင်ဟာ တော်လှန်ရေးကို ရှုံးနိမ့်စေတဲ့
အဓိကအကြောင်းတရား ဖြစ်တယ်။

တော်လှန်ရေးဆိုတာ လူစု ဟိုဘက်ဒီဘက် အသင်းခွဲပြီး ဘောလုံးကန်သလို မရိုးစင်းပါဘူး။ သူ့လူ


ကိုယ့်ဘက်သား ရှိ နိုင်သလို၊ သူ့ဘက်ရောက်နေတဲ့ ကိုယ့်လူတွေလဲ ရှိနိုင်ပါတယ်။ ဒါတွေကို
တော်လှန်ရေးသတိနဲ့ စောင့်ကြည့်ကာကွယ် ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။ အထူးသဖြင့် တော်လှန်ရေးရဲ့
ဦးဆောင်မှုကို ရန်ငါစည်းပြတ်အောင် ထိန်းသိမ်းကာကွယ် ဖို့ လိုပါတယ်။

ရန်ငါသဘောဆိုတာကလည်း လူပုဂ္ဂိုလ် အသင်းအဖွဲ့နဲ့ ရပ်တည်ချက်ကိုဘဲကြည့်ပြီး ဆုံးဖြတ်လို့ မရပါဘူး။


ပါဝင်ပတ် သက်နေသူတွေရဲ့ အတွေးအမြင် အကျင့်အကြံစတဲ့ စိတ်သဘော နာမ်သဘောတွေကိုပါ ချင့်တွက်ဖို့
လိုပါတယ်။ တော်လှန်ရေးဆိုတာက စနစ်ဟောင်း ပုံစံဟောင်းတွေကို ဖြိုဖျက်ပြီး စနစ်သစ်၊ စနစ်ကောင်းနဲ့
အစားထိုးဖို့ ဖြစ်ပါ တယ်။ ဖောက်ပြန်တဲ့ စစ်အုပ်စုနေရာမှာ နောက်ထပ် ထူးမခြားနားတဲ့ အစိုးရတခုနဲ့အစားထိုးဖို့
(Regime Change) မဟုတ်ပါ ဘူး။ ဒီတော့ ပါဝင်ပါတ်သက်နေသူ အားလုံးက မိမိကိုယ်တိုင်ထဲမှာ စွဲကပ်နေတဲ့
စနစ်ဟောင်း စနစ်ဆိုးထဲ က အကျင့်ပျက် စရိုက်ဆိုးတွေကို ဖယ်ခွာထားနိုင်ဖို့ လိုပါတယ်။

အများနဲ့သက်ဆိုင်တဲ့ ကိစ္စတွေမှာ လုပ်ဖောက်ကိုင်ဖက် တဦးနဲ့တဦးအကြား ပွင့်လင်းပွင့်လင်း


ဆွေးနွေးအဖြေရှာရမယ့် အစား အုပ်စုဖွဲ့ဂိုဏ်းဖွဲ့ လှုပ်ရှားမှု၊ ကိုယ်ကျိုးမျှော်ကိုးချက်နဲ့ ကိုယ်တွက်ချန် နိုင်ငံရေး
သို့မဟုတ် အများစုအကျိုးထက် အတ္တအကျိုးကို ရှေ့တန်းတင်မှု၊ တာဝန်မဲ့ နေထိုင်ကျင့်ကြံမှု၊ စွန့်လွှတ်ခြင်း
အနစ်နာခံခြင်းစတဲ့ ကောင်းမြတ်တဲ့ ပြိုင် ဆိုင်မှုနဲ့ အပြန်အလှန် အသိအမှတ်ပြုမှုထက် အပြန်အလှန်
နင်းချေအသုံးချတဲ့ ဆက်ဆံရေး၊ မင်းသားကြီး မလုပ်ရရင် ပတ်မကြီးထိုးဖောက်တတ်တဲ့ အကျင့်၊
စုပေါင်းဆောင်ရွက်မှုထက် တဦးကောင်း တယောက်ကောင်းဝါဒကို သိရက်နဲ့ ဖြစ် စေ၊ မသိဘဲနဲ့ ဖြစ်စေ
လက်ခံကျင့်ကြံမှု စတဲ့ စနစ်ဟောင်းရဲ့ အကျင့်ဆိုးတွေက လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော် ကာ လတခုလုံး ကျုပ်တို့
တော်လှန်ရေးကို ကြီးစိုးနေခဲ့တယ်။ ဒါတွေက ကျနော်တို့ကိုယ်တွင်းက ရန်သူတွေပါပဲ။ ဒီအတွင်း ရန်သူတွေက
ကျနော်တို့ကို အောင်ပွဲနှင့် ကင်းဝေးအောင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါတယ်။ ဦးမောင်မောင် ရဲ့
အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး အခုထိ ထိထိရောက်ရောက် အရေးမယူနိုင်တာဟာ ဒီအကျင့်ဆိုးတွေ ရှိနေတာကို
သက်သေခံနေတယ်။

ဒီလို တော်လှန်ရေးထဲက ဖောက်ပြန်မှု အထွေထွေကို အရေးယူဖယ်ရှား မလုပ်နိုင်တာဟာ လူထုရဲ့ ယုံကြည်မှုကို


ပျက် ပြားစေတယ်။ ပူးပေါင်းဆောင်ရွက်မှုကို ယုတ်လျော့စေတယ်။ လူထုယုံကြည်မှု ပျက်ပြားပြီး
ပူးပေါင်းဆောင်ရွက်မှုမရှိ တဲ့ ဘယ်တော်လှန်ရေးဟာ အောင်ပွဲခံစရာ အကြောင်းမရှိပါဘူး။ မဖြစ်မနေ
လူထုဆီသွားရမယ့် တော်လှန်ရေးသမား တွေက ကိုယ့်အနားရောက်လာတဲ့ လူထုတွေကိုတောင်
မစည်းရုံးနိုင်ခဲ့ဘူး။ သူတို့ကိုယ်သူတို့ လူတန်းစားတရပ်လို ကျင့်ကြံ နေထိုင်ကြတယ်။ မင်းစိတ်ပေါက်ပြီး
လူထုနဲ့ထိတွေ့ဖို့ ဝန်လေးလာကြတယ်။ လူထုကလည်း “သူတို့က နိုင်ငံ ရေးသမား တွေ” ဆိုတဲ့ အမြင်နဲ့
မဆိုင်သလို ရှုမြင်လာကြတယ်။ ဒါတွေကို ပြုပြင်ရကောင်းမှန်း မသိတဲ့အပြင် ဘဝင် မြင့်သလိုတောင်
ကျင့်ကြံလိုက်ကြသေးတယ်။ အဆိုးဆုံးကတော့ နိုင်ငံရေးသမားလုပ်ရင် အဖွဲ့အစည်းကလူဖြစ်ရင် ငွေ ဖောဖော
သုံးပြီး လတ်ယားလတ်ယား နေနိုင်တယ်ဆိုတဲ့ လူထုရဲ့ အမြင်ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့
တော်လှန်ရေးဆိုတာ ငတ်မယ်၊ ပြတ်မယ်၊ ဆင်းရဲမယ်ဆိုတာတောင် ယုံတမ်းစကား ဖြစ်သွားပြီ။
ပြောရရင် ဒါတွေအားလုံးဟာ အင်ဂျီအို ရင်ငွေ့လှုံခေါင်းဆောင်မှုကြောင့် ဖြစ်တယ်။ အနှစ် (၂၀) ကျော်
ခေါင်းဆောင်မှု ဆိုတာ ရပေါက်ရလမ်းဖြစ်တဲ့ အင်ဂျီအိုနဲ့ ပြေလည်အောင်လုပ်ငွေရှာ၊ ငွေနဲ့ ခေါင်းဆောင်မှု
ထူထောင်ပြီးတော့ တခါ ဒီ ခေါင်းဆောင်မှုနဲ့ အင်ဂျီအိုနဲ့ပေါင်း ငွေရှာနဲ့ သံသရာလည်နေတာ ဖြစ်တယ်။
ပရောဂျက်၊ ပရိုပိုဆယ်၊ ရပို့ဆိုတာတွေထဲ က မထွက်နိုင်တဲ့ ခေါင်းဆောင်မှုပဲ ဖြစ်တယ်။ သူတို့အတွက်တော့
တိုင်းပြည်အကျိုး လူထုအကျိုးဆိုတာ လေဒီယိုထဲ မှာ လေကြီးလေကျယ်ပြော၊ စာရွက်ပေါ်မှာ စာလုံးကြီးကြီးနဲ့
အမဲတင်လိုက်ရင် ပြီးတယ်။ ဒီတော့ တော်လှန်ရေးခေါင်း ဆောင်မှုရဲ့ အခြေခံအကြောင်းတရားဖြစ်တဲ့
လူထုအခြေခံ၊ လူထုယုံကြည်ကိုးစားမှုဆိုတာ ပျောက်ဆုံးသွားရ တော့ တယ်။ ဝမ်းနည်းစရာတင်မက
စိုးရိမ်စရာကောင်းတာက ဒီဖောက်ပြန်တဲ့ အကျင့်ဆိုးတွေဟာ ပလိပ်ရောဂါလို ပျံ့နှံ့သွား ပြီး ပြည်တွင်းက
အင်အားစုတွေကိုပါ ကူးစက်သွားတာပဲ ဖြစ်တယ်။ NLD ပါတီထဲက တချို့လွင့်စင် ခွဲထွက်သွားတာဒါကြောင့်ပဲ။
ရန်သူစစ်အုပ်စုကလည်း ဒါတွေကိုသိရဲ့နဲ့ တမင်လမ်းဖွင့်ပေးထားတယ်။ NGO တွေနဲ့ ချိတ်ဆက်ပြီး ပြည် တွင်းက
အုပ်စုတချို့ရဲ့ သင်တန်းတွေ၊ ဟောပြောပွဲတွေကို အနှောက်အယှက်မရှိ လှုပ်ရှားနေနိုင်တာက ပြယုဂ်တခု
ဖြစ်တယ်။

ဒီဖောက်ပြန်မှုတွေကို ဖယ်ရှားပြုပြင်ဖို့ ကျိုးစားသူတွေ၊ ဝေဘန်မှုတွေကို ညီညွတ်ရေးတို့ ရန်သူအားပေး


လုပ်တယ်တို့ ဆိုတာတွေနဲ့ အပုပ်ချရှောင်လွဲခဲ့ကြတယ်။ ဒီမိုကရေစီပြောပြီး ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့
အပြန်အလှန် ဝေဘန်ရေး ကို ကြောက်နေကြတာ အံ့သြစရာပဲ။ အခုတော့ ငါးပါးတင်မက သံဃာစင်ပါ
မှောက်ခဲ့ပြီ။ အင်ဂျီအို သတင်းမီဒီယာနဲ့ သင့် တင့် (Think Tank) ဆိုတဲ့ လူတတ်များက ဒီဖောက်ပြန်မှု
အဆောက်အဦယန္တရားကို ဝိုင်းဝန်းကာကွယ်ခဲ့ကြ တယ်။ ဒါမှလည်း သူတို့အိတ်ဖောင်းပြီး
ဘဝကူးကောင်းကြမှာကိုး။ အခုတောင် တချို့ ကူးဖို့ပြောင်းဖို့ ချောင်းနေကြပြီ။ သူ့ဖောက် သယ်နဲ့သူ၊
ကိုယ့်စားခွက်နဲ့ကိုယ် အားလုံး သဟဇာတဖြစ်ပြီး ညီပြီး ညွတ်နေကြတာပဲ။

ဒီညီညွတ်မှုနဲ့ တော်လှန်ရေးထဲက မတူကွဲပြားတဲ့ အမြင်တွေ၊ ပြုပြင်းပြောင်းလဲလိုတဲ့ အင်အားစုတွေကို


ဝိုင်းပတ်ချေ မှုန်းထားနိုင်ခဲ့ကြတယ်။ ဒီအင်အားစုတွေရဲ့ ညီညွတ်မှုက တိုင်းပြည်၊ လူမျိုးနဲ့ အရေးတော်ပုံအတွက်
ဘယ်လောက် အ ကျိုး ပြုခဲ့တယ်ဆိုတာ အနှစ် (၂၀) ကျော် ကာလက သက်သေပါပဲ။ ဒါကြောင့်လည်း
တကမ္ဘာလုံးက အော့နှလုံးနာ၊ ပြည်သူ တရပ်လုံးက ခါးသည်းစက်ဆုပ်နေတဲ့ စစ်အုပ်စုဟာ အခုထိ ဘီလူးသွားကို
လဖြဲတည်း လုပ်နေနိုင်တာ ဖြစ်တယ်။

ဒီတော့ ရန်ငါစည်းကွဲပြားပြီး တော်လှန်ရေးကို တော်လှန်ရေးအတွေးအကြုံနဲ့ လုပ်မယ့်အင်အားစုနဲ့


လူထုအကျိုးကို ဦးထိပ်ထားတဲ့ အင်အားစုတွေ လူပုဂ္ဂိုလ်တွေရဲ့ ညီညွတ်ရေးသာ အလိုရှိအပ်တယ်။ ပြည်သူကို
အကျိုးပြုနိုင်တယ်။ လက်ရှိ အနှစ်(၂၀)ကျော် ပြည်ပဦးဆောင်မှုနဲ့ စစ်ဗိုလ်ချုပ်တွေရဲ့
ညီညွတ်ရေးဆိုတာတွေကတော့ အလိုမရှိအပ်တဲ့ အရာ တွေ ဖြစ်တယ်။ တိုင်းပြည်အတွက် အဆိုးကိုသာ
ဖြစ်စေတဲ့ ချေမှုန်းရမဲ့အရာ ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်း စကားအတိုင်း ပြောရရင် “စားဖားတွေရဲ့
ညီညွတ်ရေး အလိုမရှိဘူး”။

တလောကတော့ အင်စီယူဘီ စုံစမ်းရေးကော်မရှင်တခုဖွဲ့လိုက်တယ်။ လယ်ပြင်ဆင်သွားအထင်းအရှား ကိစ္စကို


စုံစမ်း ကော်မရှင်ဖွဲ့ပြီး စုံစမ်းဦးမယ်ဆိုပဲ။ ယောက်မခါထိုး ရှာတာပါ။ ကော်မရှင်နာကြီးတွေ ကြည့်လိုက်တော့မှ
ကော်မရှင်ဆို တာ “ငါ့မယုံ ငါ့မယားမေးကြည့်”ဆိုတဲ့ ကော်မရှင်မျိုး ဖြစ်နေတယ်။ ဒီလို ကော်မရှင်က
ထွက်လာမယ့်အဖြေကလည်းကာယကံရှင်အလိုကျပဲ ထွက်လာမှာပါ။ ရှစ်လေးလုံး မတိုင်ခင် RIT
အရေးအခင်းကို စုံစမ်းတဲ့ ဗိုလ်နေဝင်းရဲ့ ကော်မ ရှင် လို ရီမင်တန်( Remington) လက်နက်ဆန်းနဲ့ မြေရှပ်ပြီး
ပစ်လိုက်တာ ကိုဖုန်းမော်တို့ ကိုစိုးနိုင်တို့ ရင်ဘတ်တက် မှန်သွားတယ်ဆိုတဲ့ အဖြေမျိုးပဲ ထွက်လာမှာပါ။
တကယ်လုပ်သင့်တာက ဦးမောင်မောင်ရဲ့ ခရီးသွားစာအုပ်ကို ကြည့်ရှုစစ်ဆေးရမှာဖြစ်တယ်။ ပြီးတော့
သူ့ကိုထောက် ခံခဲ့တဲ့ တပ်ပေါင်းစုဝင်တွေက ထောက်ခံမှုရုတ်သိမ်း ရာထူးချပြီး သူ့မိခင် အဖွဲ့အစည်းကို
ပြန်အပ်ရမှာ ဖြစ်တယ်။ ပြီး တော့မှ လိုအပ်တဲ့ စစ်ဆေးအရေးယူ အပြစ်ပေးတာတွေ လုပ်ရမှာဖြစ်ပါတယ်။
အပြစ်မရှိရင်လည်း မရှိတဲ့အလျှောက် ကင်းရှင်းကြောင်း ကြေငြာပေးရမှာ ဖြစ်ပါတယ်။ သိပ်သေချာရင်
ထိုင်းလေကြောင်းလိုင်းနဲ့ပေါင်းပြီး စာရွက်အတုလုပ် သူကို ဇော်ထွန်းတို့ကို တရားစွဲရမှာ ဖြစ်တယ်။ ဒါတွေမလုပ်ပဲ
ယုန်တောင်ပြေး ခွေးမြောက်လိုက်လုပ်နေတာဟာ တပ် ပေါင်းစုရဲ့ နိုင်ငံရေးသိက္ခာကို ဖျက်ဆီးနေကြတာ
ဖြစ်တယ်။ လူထုကို စော်ကားနေတာဖြစ်တယ်။ တော်လှန်ရေးကို ချ ရောင်းနေတာ ဖြစ်တယ်။

အိန္ဒိယဘက်ရောက်လာတဲ့ မန္တလေးက ကျောင်းဆရာ ဆရာထူးက ကျနော်တို့အတွက် ကဗျာလေးတပုဒ်


ပေးခဲ့တယ်။ ၈၉ – ၉၀ လောက်က မေးခွန်းလေးတခုပါ။ ဒီနေ့ခေတ် တော်လှန်ရေးသမား ဆိုသူတွေ ဖြေနိုင်ရင်
ဖြေကြည့်ပါ၊ ဖြေရဲ ရင် ဖြေကြည့်ပါ။

ဘယ်လောက်ဈေးလဲ တော်လှန်ရေး

ဟိန်းဟောက်သံပ
ကြုံးဝါးကြလည်း
တောကြား မြိုင်ချောက်
ပြေးကွယ်ပျောက်သည်
ဘယ်လောက်ဈေးလဲ တော်လှန်ရေး။
ရဲဘော်ကျော်သန်း
(kyaw_than2004@yahoo.com)

နေ့သစ် ဝက်ဘ်ဆိုဒ် မှ ကူးယူဖော်ပြပါတယ်။


ဆောင်းပါးရဲ့ မြစ်ဖျားခံရာ ပစ်စာတွေ၊ တိုင်စာတွေက သည်နေရာမှာ ရှိတယ်။ ဖတ်ကြည့်နိုင်ပါတယ်။
http://moemaka.net/displayimage.php?pid=2126

ဦးမောင်မောင် ပြည်တော်ပြန် မပြန် (ဦးဇော်ထွန်းနှင့် အင်တာဗျူး)


မျိုးသိဏ်း | တနင်္လာနေ့၊ ဧပြီလ ၁၁ ရက်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားနေသော တပ်ပေါင်းစု တခုဖြစ်သည့် ပြည်ထောင်စု


မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB ၏ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် မြန်မာနိုင်ငံသို့ ၂ဝဝ၈
ခုနှစ်က သုံးကြိမ် သွားရောက်ခဲ့ကြောင်း စွပ်စွဲခဲ့သူ FTUB ၏ ဘဏ္ဍာရေးမှူးဟောင်း ဦးဇော်ထွန်းကို
မေးမြန်းထားခြင်း ဖြစ်သည်။

တနင်္ဂနွေနေ့တုန်းက ဦးမောင်မောင်က သတင်းစာရှင်းလင်းပွဲ လုပ်သွားတဲ့အပေါ် မှတ်ချက်ပေးချင်တာ ရှိမလား။

’’ကျနော့်အနေနဲ့တော့ ထင်မြင်ချက် မပေးချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီ NCUB ကလည်း စုံစမ်းစစ်ဆေးရေး


ကော်မရှင် ဖွဲ့ပြီးပြီလေ။ ကျနော့်အနေနဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က မေးလာတာတွေကိုပဲ တင်ပြသွားမှာပါ။
ဦးမောင်မောင်ရဲ့ သတင်းစာ ရှင်းလင်းပွဲအပေါ် သီးသန့် မှတ်ချက် မပေးချင်ပါဘူး’’

စုံစမ်းရေး ကော်မရှင်က ကိုဇော်ထွန်းကိုကော မေးမြန်းစုံစမ်းမှုတွေ လုပ်ပြီးပြီလား။

’’မလုပ်ရသေးပါဘူး ခင်ဗျ။ လုပ်ဖို့ အစီအစဉ်တော့ ရှိပါတယ်။ မလုပ်ရသေးတာက စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်


တယောက်ရဲ့ ဥက္ကဋ္ဌက ဆုံးသွားတော့ နာရေးကိစ္စ ရှိနေတော့ အဖွဲ့က မစုံသေးဘူးလေ။ လူစုံမှ ကျနော့်ကို
မေးမြန်းမှုတွေ လုပ်သွားမှာပါ’’

ဦးမောင်မောင်ဘက်က သူ့ကို မလိုမုန်းထားတဲ့သူတွေက စွပ်စွဲတယ်လို့ ပြောဆိုသွားတာ ရှိပါတယ်။


ကိုဇော်ထွန်းနဲ့ ပြဿနာ တစုံတရာ တက်ဖူးတာ ရှိပါသလား။

’’ဒါကတော့ သူ Opinion (ထင်မြင်ချက်) နဲ့ သူပြောသွားတာပါ။ ကျနော့် အနေနဲ့တော့ မလိုမုန်းထားတာ တခုမှ


မရှိပါဘူးခင်ဗျ။ ကျနော် FTUB မှာ စထောင်ကတည်းက အလုပ်လုပ်လာခဲ့တာပဲ။ ကျနော့် အနေနဲ့ကတော့
မလိုမုန်းထားတာ မရှိပါဘူး။ ဒါပေမဲ့ ဘာရှိလဲဆိုတော့ ကျနော်တို့က ဖိနှိပ်မှုကို မလိုချင်လို့ ဒီစစ်အစိုးရကို
တိုက်ပါတယ်။ ဒီမိုကရေစီရေး၊ အလုပ်သမားရေးအတွက် ကျနော်တို့ တိုက်နေတဲ့အချိန်မှာ ဒီမိုကရေစီ မရှိဘူး၊
အလုပ်သမား အခွင့်အရေး မရှိဘူး ဆိုတာမျိုးကတော့ မဖြစ်သင့်ပါဘူး။ တချို့က ပြောပါတယ် ဒါတော်လှန်ရေး
အချိန်၊ ဒီမိုကရေစီရေးနဲ့ အလုပ်သမားရေးကို တော်လှန်ရေးပြီးမှ ရှင်းမယ်ဆိုတာမျိုး။ ဒါမျိုးကို ကျနော့်အနေနဲ့
လက်မခံပါဘူး ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူများကို ကိုယ်ကတိုက်ရင် ကိုယ့်ဘက်က မှန်ရမယ်ဗျ။ ပြီးတော့
ဦးမောင်မောင်မှ မဟုတ်ပါဘူး၊ ဒီအဖွဲ့အစည်းထဲမှာ ဖြစ်နေတာနဲ့ ပတ်သက်ပြီး ကျနော်မြင်တာ မှားနေတာရှိရင်
ပြင်ဖို့ အမြဲပြောခဲ့ပါတယ်။ ကျနော် အခုမှ ပြောတာ မဟုတ်ပါဘူး၊ ဟိုး ၂ဝဝဝ ခုနှစ် အစောပိုင်းကတည်းက FTUB
ထဲမှာ ငွေရေးကြေးရေး အလွဲသုံးစား လုပ်နေမှုတွေ ရှိပါတယ်လို့ ပြောလာခဲ့တာပါ။ ကျနော်ကတော့
အဲလိုအမြဲတမ်း ပြောခဲ့တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီမိုကရေစီလို့ ပြောလို့ရှိရင် ကိုယ့်အဖွဲ့အစည်းက အရင်
ဒီမိုကရေစီ ကျရမယ်။ အလုပ်သမား အခွင့်အရေးအတွက် အကျိုးဆောင်တဲ့ အဖွဲ့အစည်း သမဂ္ဂဖြစ်ရင်
အလုပ်သမား အခွင့်အရေးနဲ့ ပတ်သက်တာကို လက်ခံရမယ်။ လက်မခံရင် အလုပ်သမား အဖွဲ့အစည်းလို့
သတ်မှတ်လို့ မရပါဘူး’’

လေကြောင်းလိုင်းက အထောက်အထားတွေကို အကိုက ရထားတယ်၊ ဒီ့အပြင်တော့ ဦးမောင်မောင် ဗမာပြည်


သွားခဲ့တယ်ဆိုတဲ့ တခြား အထောက်အထား ပြဖို့ မရှိဘူးပေါ့နော်။

’’ကျနော့်မှာတော့ မရှိပါဘူး ခင်ဗျ။ ကျနော့်မှာတော့ ထိုင်းအဲဝေးက လာတဲ့ Statement တခုပဲ ရှိပါတယ် ခင်ဗျ’’

ဦးမောင်မောင်ရဲ့ ဖြေရှင်းချက်တွေထဲမှာ ထိုင်းလဝက အထောက်အထားတွေနဲ့ ရှင်းပြ ထားပါတယ်၊ နောက်ပြီး


လေကြောင်းလိုင်း စာရွက်က မမှန်ကန်ဘူးလို့ တင်ပြထားပါတယ်။ ဒါနဲ့ ပတ်သတ်ပြီးတော့ ဘာများ
ပြောချင်ပါသလဲ ခင်ဗျ။

’’ဒီလေကြောင်းလိုင်း စာရွက်က မမှန်ကန်ဘူး ဆိုတာကတော့ ကျနော့်ဆီမှာရှိတဲ့ ထိုင်းအဲဝေးက စာရွက်ကို သူတို့


စစ်ဆေးလို့ ရပါတယ်။ ဒီစာရွက်က အတုလား၊ အစစ်လားဆိုတာကို ကျနော့်ဆီမှာ ရှိတဲ့ဟာကို ကျနော် ပြလို့
ရပါတယ်။ ကျန်တဲ့ဟာကတော့ ကျနော် ထင်မြင်ချက်ပေးလို့ မရပါဘူး ခင်ဗျ။ ကျနော့်ဆီမှာ ရှိတဲ့ စာရွက်ကိုတော့
Verify လုပ်လို့ ရပါတယ်ခင်ဗျ။ ဒီစာရွက်က ထိုင်းအဲဝေးက စာရွက် မှန်သလား၊ မမှန်သလား ဆိုတာ။
ဒီ့ထက်ပိုပြီးတော့ ကျနော် ပြောလို့ မရပါဘူးခင်ဗျ’’

ဦးမောင်မောင်ရဲ့ Frequent Flyer ကို အကို ဘယ်အချိန်က ရခဲ့တယ်ဆိုတာ ပြောလို့ရမလား ခင်ဗျ။

’’အဲဒါတော့ ကျနော်လည်း သေသေချာချာ မမှတ်မိဘူး ခင်ဗျ။ အဲဒါကို သူတို့ Issue လုပ်ပြီးတဲ့အချိန်


သိပ်မကြာဘူးခင်ဗျ။ ကျနော်က ရုံးမှာ ရတာကိုး။ ကွာလို့ရှိရင် Issue Date နဲ့ တလ၊ တလခွဲလောက်ပဲ။
ကျနော်ထင်တာ ပြောတာနော်။ ကျနော်လည်း သေသေချာချာ မမှတ်မိဘူးခင်ဗျ’’

ဦးမောင်မောင်က သူ့ကို ဒီကိစ္စကို ၂ဝ၁ဝ ဒီဇင်ဘာမှ ပြောတယ်လို့ ပြောထားပါတယ်။ လေကြောင်းခရီးစဉ်


စာရွက်က ၂ဝဝ၈ ဆိုတော့ ဒီကြားထဲမှာ အကိုတို့ အဖွဲ့အစည်းထဲက တခြားသူတွေကို ပြခဲ့ဖြစ်လားခင်ဗျ။

’’ကျနော် ဦးသန်းလွင်ကို ပြခဲ့ပါတယ်။ ၂ဝဝ၉ မှာ ကျနော်ပြောပါတယ်’’

ဘာပြန်ပြောသလဲ မသိဘူး။

’’ဦးသန်းလွင်ကို ကျနော်ပြောတော့ ဦးသန်းလွင်က ဒီကိစ္စကို သူစုံစမ်းမယ်လို့ ပြောပါတယ်။ အဲဒါပဲ။ သူစုံစမ်းမယ်။


မှန်မမှန်ဆိုတဲ့ ဟာကိုပေါ့နော်။ အဲလို ပြောပါတယ်’’

လေကြောင်း ခရီးစဉ်စာရွက်ကို ကိုဇော်ထွန်းဘက်က ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်တယ်ဆိုတဲ့ တန်ပြန်


စွပ်စွဲချက်တွေကို အကို့အနေနဲ့ သက်သေပြနိုင်တယ်လို့ပဲ ယူဆရမလားခင်ဗျ။ ထိုင်းအဲဝေးရဲ့ စာရွက်
အစစ်အမှန်၊ ထိုင်းအဲဝေးက ထုတ်ပေးခဲ့တဲ့ စာရွက်လို့ ပြောလို့ရမလား ခင်ဗျ။

’’ကျနော့်ကို ထုတ်ပေးတာ မဟုတ်ဘူးခင်ဗျ။ သူ့ဆီကို စာတိုက်က ပို့လာတာကို ကျနော်က ကြည့်မိတာပါ။ သူတို့


အမြဲတမ်း ပို့တယ်လေ။ ၃ လ တကြိမ်လား၊ ၆ လတကြိမ်လား မသိဘူး၊ သူတို့ ပို့တယ်။ သွားခဲ့တဲ့ ခရီးမိုင်
ဘယ်လောက်ရှိတယ်ဆိုတာကို အဲ့တာကို ကျနော့်ကို ထုတ်ပေးတာမဟုတ်ဘူးခင်ဗျ။ သူ့ဆီကို ပို့တဲ့ စာရွက်ပါ’’
စုံစမ်းစစ်ဆေးမှုတွေ ပြီးသွားလို့ ဦးမောင်မောင်ဘက်က ကိုဇော်ထွန်းကို ပြန်လှန် တရားစွဲဆိုမှုတွေ
ဖြစ်လာခဲ့ရင်ကော ဘယ်လိုဖြစ်လာနိုင်မလဲ။

’’သူ့အနေနဲ့ တရားစွဲတယ်ဆိုရင်တော့ ကျနော့်အနေနဲ့ ပြန်ဖြေရှင်းရမှာပေါ့နော်။ ဒါပေမဲ့ ထိုင်းတရားရုံးမှာ


စွဲတယ်ဆိုရင် ကျနော်ကတော့ ထိုင်းတရားရုံးမှာ သွားရောက် ဖြေရှင်းမှာ မဟုတ်ပါဘူး။ ဒါကတော့
ကျနော်ပြောခဲ့ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ ဆိုရင်တော့ တရားရုံးကို ဒီကိစ္စနဲ့ တရားစွဲချင်တယ်လို့
တင်ပြရပါတယ်။ အမှုကိစ္စ တခုအနေနဲ့ ဆက်သွားသင့်၊ မသွားသင့်ဆိုတာ တရားရုံးက ဆုံးဖြတ်ပြီးတော့မှ
စွဲပိုင်ခွင့်ရှိတယ်၊ စွဲလို့ရတဲ့ အခြေအနေ တခုဆိုရင် တရားစွဲလို့ ရပါတယ်။ သူ့အနေနဲ့ တရားစွဲမယ်ဆိုရင်
တရားစွဲလို့ရပါတယ်။ တရားရုံးကလည်း လက်ခံတယ်ဆိုရင် တရားရင်ဆိုင်ရမှာ ကျနော့်တာဝန်ပါ။
သြစတြေးလျမှာလည်း စွဲလို့ရပါတယ် ပြဿနာ မရှိပါဘူး ခင်ဗျ’’

အခု အနေအထားက ပြည်ပနိုင်ငံရေး လှုပ်ရှားမှုတွေအပေါ် တစုံတရာ အကျိုးသက်ရောက်မှု


ဖြစ်သွားစေနိုင်မလား။

’’ကျနော့်အနေနဲ့တော့ မမြင်ပါဘူးခင်ဗျ။ ဘာလို့လဲဆိုတော့ ကိုယ်လုပ်တာမှန်တယ်၊ ကိုယ်လျှောက်တဲ့လမ်း


မှန်တယ်ဆိုရင်၊ လုပ်တဲ့လမ်းစဉ် မှန်တယ်၊ လုပ်တဲ့ နည်းဗျူဟာ မှန်တယ်ဆိုရင် အကျိုးသက်ရောက်မှု မဖြစ်ပါဘူး
ခင်ဗျ။ နောက်တခုက အဲလိုမျိုး ဖြစ်လိုက်လို့ အဖွဲ့အစည်းတွေအနေနဲ့ ပိုပြီး နည်းလမ်းကျလာမယ်၊ ပိုပြီးတော့
စည်းစနစ်ကျလာမယ်ဆိုရင် ကျနော်တို့ တော်လှန်ရေးအတွက် ပိုပြီးတော့ ကောင်းပါတယ်ခင်ဗျ’’

တခြားဘာများ ပြောချင်တာ ရှိဦးမလဲခင်ဗျ။

’’ကျနော့်အနေနဲ့ ၂ ခုပဲ ရှင်းအောင် ထပ်ပြောချင်ပါတယ်။ ကျနော် ဒီဟာတွေကို အခုမှ ပြောတာမဟုတ်ပါဘူး။


ကျနော် အဖွဲ့အစည်းထဲမှာ မဖြစ်သင့်တာတွေကို မဖြစ်အောင် ပြင်ဖို့ ကြိုးစားနေခဲ့တာ ဟို ၂ဝဝဝ ခုနှစ်
နှစ်ဆန်းပိုင်း ကတည်းကပါ’’

’’ဦးမောင်မောင် ဗမာပြည်ကို သွားတယ်၊ မသွားတယ် ဆိုတဲ့ကိစ္စကို ကျနော့်စာထဲမှာလည်း ရှင်းအောင်


ရေးထားပါတယ်။ ကျနော် စွပ်စွဲတာ မဟုတ်ဘူး။ ကျနော့် စာထဲမှာလည်း ဒါရှိတယ်။ ဒါကို မှန်လား၊ မမှန်လား
စုံစမ်း စစ်ဆေးပေးပါ ဆိုတဲ့ဟာပေါ့။ အဲဒီနှစ်ခုကိုပဲ ကျနော် ထပ်ပြောချင်ပါတယ် ခင်ဗျ’’

ဖတ်စရာ ဒါ နောက်ဆုံးပါပဲ

ပြည်တော်ပြန် မပြန် (ဦးမောင်မောင်နှင့် အင်တာဗျူး)


မျိုးသိဏ်း | တနင်္လာနေ့၊ ဧပြီလ ၁၁ ရက်

နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသော တပ်ပေါင်းစုတခုဖြစ်သည့် ပြည်ထောင်စု


မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB ၏ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် မြန်မာနိုင်ငံသို့ ၂ဝဝ၈
ခုနှစ်က သုံးကြိမ် သွားရောက်ခဲ့ကြောင်း သတင်း အချက်အလက်များ မတ်လဆန်းမှ စ၍ ထွက်ပေါ်လာခဲ့သည်။

မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FTUB ၏ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သူ ဦးမောင်မောင်


မြန်မာနိုင်ငံသို့ သွားခဲ့ကြောင်း ထိုင်းလေကြောင်းလိုင်း (Thai Airway) ခရီးစဉ်ပျံသန်းမှု မှတ်တမ်းတခုကို
တင်ပြ၍ စွပ်စွဲခဲ့သူမှာ FTUB ၏ ဘဏ္ဍာရေးမှူးဟောင်းဖြစ်သူ ဦးဇော်ထန
ွ်း ဖြစ်သည်။
NCUB က စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့စည်းထားပြီး စုံစမ်းမှုများ ပြုလုပ်ဆဲဖြစ်သည်။ ဦးမောင်မောင်နှင့် သူ၏
မိခင် အဖွဲ့အစည်းဖြစ်သော မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ကတော့ မြန်မာပြည် ပြန်သည်ဆိုခြင်းမှာ
မဟုတ်မှန်ကြောင်း ယတိပြတ် ငြင်းဆိုထားသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သတ်၍ မဇ္ဈိမ သတင်းထောက် မျိုးသိဏ်းက ဦးမောင်မောင်အား ဆက်သွယ်


မေးမြန်းခဲ့ပါသည်။

အခုဖြစ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အန်ကယ်လည်း သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီး


အန်ကယ်ပြောချင်တာလေးတွေ ပြောပြပေးပါဦး။

’’အဓိကအားဖြင့်တော့ ကျနော့်ကို ဗမာပြည် ပြန်တယ်ဆိုပြီး ပြောတဲ့ကိစ္စက ကျနော် ဗမာပြည် လုံးဝ


မပြန်ဘူးဆိုတာ အများပြည်သူကော၊ တော်လှန်ရေးထဲက တပ်ပေါင်းစု အဖွဲ့တွေကော သိအောင်ပြောဖို့
ကျနော့်မှာ တာဝန်ရှိလို့ မီဒီယာနဲ့ တွေ့တဲ့ပွဲ လုပ်ဖြစ်ခဲ့တာပါ’’

အန်ကယ်ဖြေရှင်းချက်ထဲမှာ မလိုမုန်းထားတဲ့သူ တချို့ကြောင့်လို့ ပြောသွားတာလေး ရှိပါတယ်။ အန်ကယ်နဲ့


ဦးဇော်ထွန်းကြားမှာ ပြဿနာ တစုံတရာများ ရှိခဲ့ဖူးသလား ခင်ဗျ။

’’ဒီလိုပါ။ ကိုဇော်ထွန်းက ၉၂ ခုနှစ်လောက်ကတည်းက FTUB မှာ လူငယ်တဦး ဖြစ်ခဲ့တယ်လေ။ ပထမဦးဆုံး


သင်္ဘောသား သမဂ္ဂဖွဲ့ပြီးတော့ အပြည်ပြည်ဆိုင်ရာ သင်္ဘောသားသမဂ္ဂ အဖွဲ့ချုပ် အဖွဲ့ဝင်လည်း ဖြစ်အောင်
စွမ်းဆောင်နိုင်ခဲ့တဲ့ လူငယ်တဦးပါ။ အဲလိုဖြစ်အောင်လည်း ကျနော်ပဲ Train လုပ်ခဲ့တာပါ။ နောက်တခါ
သြစတြေးလျနိုင်ငံမှာ ပညာတော်သင် သွားဖို့ကိစ္စလည်း သြစတြေးလျ သံရုံးကို ပြောဆိုပေးခဲ့တဲ့ ပုဂ္ဂိုလ်တဦး
ဖြစ်ပါတယ်။ ဒါပေမဲ့ လုပ်ငန်းခွင်မှာ ပေါ့လျော့မှုတွေ ဖြစ်လာတဲ့အခါမှာ သတိပေးရတဲ့ ကိစ္စတွေ ရှိတယ်။
လုပ်ငန်းခွင်နဲ့ ပတ်သက်ရင် အများနဲ့ အဆင်ပြေအောင်နေဖို့ သတိပေးခဲ့ရတဲ့ ကိစ္စလေးတွေမှာ
အဆင်မပြေမှုလေးတွေ ရှိပါတယ်။ ပုဂ္ဂိုလ်ရေးအရ တခုမှ မပါပါဘူး’’

’’အထူးသဖြင့် ကျနော်မွေးခဲ့တဲ့ လူဖြစ်ပေမယ့် နောက်ပိုင်း ပုဂ္ဂိုလ်ရေး အားနည်းလာတဲ့အချိန်မှာ


အဖွဲ့အစည်းအနေနဲ့ အစည်းအဝေးအရ အရေးယူတဲ့ ကိစ္စတွေကို ခံစားချက်တွေ ရှိတယ်ပေါ့ဗျာ။ အဖွဲ့အစည်းက
ကြီးလာပြီ၊ လူနည်းစုမဟုတ်တော့ဘူး၊ အထူးသဖြင့် ညီလာခံရှိလာတဲ့အချိန်မှာ ညီလာခံထဲကအတိုင်း
ကျင့်ကြံရမယ်လို့ ပြောဆိုတဲ့အချိန်မှာ အဆင်မပြေမှုတွေ ရှိလာပါတယ်’’

’’ဆိုတော့ ပုဂ္ဂိုလ်ရေးအရတော့ ဘာမှမရှိပါဘူး။ လုပ်ငန်းအရ လုပ်ငန်းအပေါ်မှာ ပတ်သက်ပြီး အများကို


မထိခိုက်အောင် အရေးယူခဲ့ရတဲ့ ကိစ္စတွေ ရှိပါတယ်’’

စုံစမ်းစစ်ဆေးရေး ကော်မရှင်က အန်ကယ့်ကို ဘာတွေ စစ်ဆေးမှုတွေ လုပ်ပြီးပြီလဲ။

’’ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီက မတ်လ ၁၉-၂ဝ မှာလုပ်တဲ့ အစည်းအဝေးမှာ ဖွဲ့ပေးခဲ့တာက


စုံစမ်းရေး ကော်မရှင်ပဲ ဖြစ်ပါတယ်။ စစ်ဆေး ဆိုတဲ့ စကားလုံး မပါပါဘူး။ နောက်ထပ်တခုက
ဆွေးနွေးတဲ့နေရာမှာ ကျနော်က နိုင်ငံရေးအရ တာဝန်ရှိတဲ့ ရာထူး၊ တပ်ပေါင်းစု တခုလုံးရဲ့ အဓိကကျတဲ့
နေရာကို ယူထားတာ ဖြစ်တယ်။ ကျနော်တို့အနေနဲ့ ဒါကို လက်လွတ်စပယ်လုပ်လို့ မရသလို သူများရေးတဲ့
အပေါ်မှာလည်း အရမ်းကြီး အာရုံစိုက်လို့ မရဘူး။ ဒါပေမဲ့ နိုင်ငံရေး တပ်ပေါင်းစုနဲ့ တပ်ပေါင်းစုမှာ အဓိက
တာဝန်ယူနေတဲ့ ကျနော့်ကို ဝိုင်းဝန်းကာကွယ်တဲ့အနေနဲ့ ကျနော့်ကို စုံစမ်းပြီးတော့ ဒါကို သဘာပတိအဖွဲ့ကို
ပြန်တင်ပြဖို့ ဖွဲ့စည်းပေးထားတာပဲ ဖြစ်ပါတယ်’’

အန်ကယ့် ခရီးသွားလက်မှတ်ကို ကော်မရှင်က စီစစ်ဖို့ တောင်းခံထားတာတွေ ရှိပြီလား ခင်ဗျ။

’’ရှိပါတယ်။ ဒါကတော့ အဓိက တရပ်ပါပဲ။ ကျနော် ဗမာပြည် ခရီးသွားခြင်း၊ မသွားခြင်းဆိုတဲ့ ကိစ္စကို ကျနော့်ကို
လာမေးတာပါပဲ။ ဒီခရီးသွားတယ်ဆိုတဲ့ လက်မှတ်က မောင်မောင်ဆိုတဲ့ နာမည်နဲ့ ရေးထားတာ မှန်ပေမယ့်
ထိုင်းအဲဝေးကို သွားစစ်ဆေးတဲ့အခါမှာ သူတို့ရဲ့ အဖွဲ့ဝင် မောင်မောင်ပေါင်း ၂၁ ယောက် ရှိတယ်၊ သူတို့ဘက်က
မှားနိုင်တယ်လို့ ပြောပါတယ်။ ဒါနဲ့ ကျနော်က ကျနော့်မွေးသက္ကရာဇ်နဲ့ တိုက်ပေးပါဆိုတော့ ၃ နှစ်ကျော်တောင်
ရှိနေပြီဆိုတဲ့အတွက် ချက်ချင်း ထုတ်ပေးခွင့် မရှိဘူး၊ စာနဲ့ရေး အကြောင်းကြားပါလို့ ပြန်ပြောတော့ ကျနော်က
စာရေး အကြောင်းကြားရတယ်။ ဒါကိုလည်း ကျနော် စုံစမ်းရေး ကော်မရှင်ကို တင်ပြထားတာ ရှိပါတယ်’’

’’နောက် သူတို့ချိန်းတဲ့ ဧပြီလ ၁ ရက်နေ့မှာ ကျနော် ပြန်သွားတဲ့အချိန်မှာ အမေရိကန် အလုပ်သမားအဖွဲ့ချုပ်


ဒါရိုက်တာလည်း သက်သေအနေနဲ့ ပါပါတယ်။ သူတို့ ပထမပြောသလိုပဲ ကျနော့် ခရီးသွားလက်မှတ်ကို
တောင်းပြီး ခရီးသွားလက်မှတ်ထဲမှာ ရှိတဲ့ မွေးသက္ကရာဇ်နဲ့ အဲဒီထဲမှာ ရှိတဲ့ နံပါတ်တခုပေါ့ဗျာ၊ ကျနော့်ရဲ့ A
နံပါတ်လို့ ခေါ်ပါတယ်။ ဘယ်တော့မှ မပြောင်းလဲနိုင်တဲ့ နံပါတ်ပါ။ အဲဒါတွေနဲ့ တိုက်စစ်တဲ့အခါမှာ ကျနော်
ဗမာပြည်သွားထားတယ်ဆိုတဲ့ လက်မှတ်နဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူသွားတဲ့ လက်မှတ်၊ နောက်တခုက
အိန္ဒိယနိုင်ငံကို သွားထားတဲ့ လက်မှတ် အဲဒါတွေက လွဲနေတယ်။ ဒီသက္ကရာဇ်ချင်း မတူဘူးဆိုတာကြောင့်
ဒါတွေအားလုံးကို ပြင်ပြီးတော့ ကျနော့်ကို ပေးပါတယ်’’

ဒီတော့ အန်ကယ် ဗမာပြည်ကို ၃ ခေါက်မသွားပါဘူးလို့ သက်သေပြနိုင်တဲ့ သဘောရောက်ပြီလား ခင်ဗျ။

’’ဒါတင်မကပါဘူး။ ဒီနိုင်ငံမှာ ပြည်ဝင်ပြည်ထွက်ကို ကြီးကြပ်တာက လဝက ဖြစ်ပါတယ်။ လဝက ကိုလည်း


သွားပြီး အကူအညီတောင်းတဲ့အခါမှာ အဲဒီရက်တွေမှာ ကျနော့်မွေးသက္ကရာဇ်နဲ့ ကျနော်ကိုင်တဲ့ စာအုပ်နံပါတ်နဲ့
ဗမာပြည်ကိုသော်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာကိုသော်လည်းကောင်း အဝင်အထွက် လုပ်တာ မရှိပါဘူးလို့
အာမခံပေးပါတယ်’’

’’နောက်တချက်က ဘာလဲဆိုတော့ နိုင်ငံရေးအရ ကျနော်လုပ်တဲ့ အလုပ်တွေရှိပါတယ်။ ဥပမာ ၂ဝဝ၈


ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ကျနော်ရန်ကုန်က လာတယ်ဆိုတဲ့အချိန်မှာ ကျနော်က ၂၅-၂၆-၂၇ မှာ SCM
အစည်းအဝေး၊ မဟာဗျူဟာညှိနှိုင်းအစည်းအဝေးကို လူ ၃ဝ ကျော်နဲ့ ကျနော် လုပ်နေပါတယ်။ ဓာတ်ပုံကော၊
အစည်းအဝေး မှတ်တမ်းကော ရှိပါတယ်။ နောက် ၂၈ ရက်နေ့မှာ ကျနော်တို့ ကြေငြာချက်နဲ့ ထုတ်ပါတယ်။
အဲဒီအချိန်မှာ ကျနော်နဲ့ ဆလိုင်းလျန်မှုန်းနဲ့၊ မဥမ္မာ ထင်ပါတယ်။ ကျနော်တို့ ၃ ယောက်က တာဝန်ခံပြီး
ဖြေရှင်းရတဲ့အတွက် ၂၈ ရက်နေ့လည်း SCM အစည်းအဝေးမှာ ကျနော် ရှိတယ်ဆိုတာ ပြနိုင်ပါတယ်။
နောက်တခုက ၉ ရက်နေ့မှာ ကွာလာလမ်ပူက ရန်ကုန်သွားတယ်လို့ ပြောထားပါတယ်။ အဲဒီနေ့မှာလည်း NCUB
ရဲ့ အဖွဲ့ဝင်ပေါင်းစုံပါတဲ့ သဘာပတိအစည်းအဝေးပွဲ ကျင်းပနေချိန် ဖြစ်ပါတယ်။ အဲဒါလည်း
အစည်းအဝေးမှတ်တမ်းတွေနဲ့ ကျနော့်ပြောဆို ဆွေးနွေးချက်တွေ ရှိပါတယ်’’

’’ကျနော်ပြောချင်တာက ကျနော် ရန်ကုန်သွားတယ်ဆိုတဲ့ ကိစ္စကို ထိုင်းလေကြောင်းလိုင်း ထွက်ဆိုချက်


အရကကော၊ ထိုင်းလဝက ကကော၊ နိုင်ငံရေး မှတ်တမ်းတွေ အရကော ရှင်းရှင်းလင်းလင်း သိသာနေပါတယ်’’

မြန်မာ အစိုးရဘက်က တာဝန်ရှိသူတွေ အနေနဲ့ အန်ကယ့်ကို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းချက် တစုံတရာများ


လက်ခံ ရခဲ့ဖူးပါသလား ခင်ဗျ။
’’မရှိပါဘူးခင်ဗျ။ ကျနော့်ကို ဘယ်သူကမှ စကားပြောဖို့ ကမ်းလှမ်းခဲ့တာ မရှိပါဘူး’’

အခု ကိစ္စတွေ ဖြစ်ပျက်သွားတော့ တပ်ပေါင်းစုအဖွဲ့တွေကို လူဝေဖန်စရာ ထောက်ပြစရာတွေ ဖြစ်သွားတဲ့အတွက်


အန်ကယ် ဘယ်လိုခံစားရလဲ ခင်ဗျ။

’’ကျနော့်အနေနဲ့ ပုဂ္ဂိုလ်ရေးအရ တော်တော်ကြီးကို စိတ်ဆိုးပါတယ်။ ကျနော် တော်တော် ခံပြင်းပါတယ်။


ကျနော်က နအဖကို တပြားမှ မလျှော့ဘဲ တိုက်လာတာပါ။ အရင်တုန်းကလည်း တိုက်ခဲ့တယ်၊ အခုလည်း
တိုက်နေတယ်။ ကျနော်တယောက်ထဲ ရှိတုန်းကလည်း တိုက်ခဲ့တယ်၊ FTUB အနေနဲ့လည်း အခုလည်း
တိုက်နေတယ်၊ နောင်လည်း ဆက်တိုက်သွားမှာပဲ။ ၈၈ ခုနှစ်ကတည်းက ကြွေးကြော်ခဲ့တဲ့ ပါတီစုံအစိုးရ၊
ဖယ်ဒရယ်စနစ်ဆိုတာကို မရမချင်း တိုက်သွားမှာပါ။ ဒီ့အပြင် ကျနော်တို့ စုစည်းမှုနဲ့ လုပ်နေတဲ့အခါမှာ စုစည်းမှုကို
အဟန့်အတား ဖြစ်အောင် လုပ်တဲ့လုပ်ရပ်က ရန်သူလုပ်ရပ်လို့ပဲ ကျနော်မြင်တယ်။ ဒါကြောင့်မို့ ကျနော်
စိတ်ဆိုးတယ်။ ရန်သူကိုတော့ ကျနော်က ရန်သူလို ဆက်ဆံမှာပဲ။ ကျနော့်ကိုလည်း ရန်သူလို ဆက်ဆံသလို
ကျနော်ကလည်း ရန်သူလို ဆက်ဆံမှာပဲ။ အထူးသဖြင့် ကျနော် တပ်ပေါင်းစုကိုယ်စား
တာဝန်ခံလုပ်နေတဲ့အချိန်မှာ အမှားတွေမယ်၊ အမှားတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရမယ်။ အဝေးကနေပြီး
ပုန်းလျှိုးကွယ်လျှိုး ပစ်တဲ့ ကိစ္စကို ကျနော် လုံးဝ လက်မခံပါဘူး။ အဲဒါတော့ ကျနော် ပြောချင်တယ်’’

ဒီဖြစ်ရပ်က ပြည်ပ ဒီမိုကရေစီ လှုပ်ရှားမှု အနေအထားကို ဘယ်လောက်တောင် ထိခိုက်သွားနိုင်မယ်လို့


အန်ကယ် ထင်ပါသလဲ။

’’ကျနော်ကတော့ စိတ်မကောင်းစရာပေါ့နော်။ ကျနော်တို့ ရှင်းပြနိုင်တဲ့ အနေအထား မရှိသေးခင်၊ အချက်အလက်


ယူနေတဲ့အချိန်မှာ အားရဝမ်းသာ NCUB နဲ့ NCUB ရဲ့ လူကြီးတွေကို တိုက်ခိုက်ကြတယ်၊ NCUB က
ကော်မရှင်ကိုလည်း တိုက်ခိုက်ကြတယ်။ ဒီပုဂ္ဂိုလ်တွေက သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အလကားနေရင်း
တင်လာတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ ရွေးကောက်ပွဲတွေ၊ ညီလာခံတွေ၊ ပေးဆပ်မှုတွေ အများကြီးကနေ
ပေါ်လာတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်ခင်ဗျ။ အဲဒီပုဂ္ဂိုလ်တွေကို စော်ကားတာ ကျနော် လုံးဝ သီးမခံဘူး၊
စိတ်မကောင်းလည်း ဖြစ်တယ်၊ လုံးဝ ခံပြင်းတယ်ဆိုတဲ့ အကြောင်းကို အရင်ပြောချင်တယ်’’

’’ဘယ်လောက်သက်ရောက်မှု ရှိသလဲဆိုတော့ ကျနော်တို့ကို သက်ရောက်မှု မရှိပါဘူး။ ဘာလို့လဲဆိုတော့


ကျနော်တို့ မဟုတ်တာမလုပ်ဘူး၊ အမျိုးသားကောင်စီအနေနဲ့လည်း မဟုတ်တာမလုပ်ဘူး။ နိုင်ငံရေးကို
အစဉ်တစိုက် လုပ်နေတယ်။ နအဖ လမ်းပြမြေပုံနဲ့ ပါလီမန်အပေါ်မှာ ကျနော်တို့ သဘောထားပြတ်တယ်။
နိုင်ငံရေး လုပ်ငန်းအားဖြင့်တော့ သိပ်ထိခိုက်စရာ မရှိပါဘူး။ သို့သော် ပုဂ္ဂိုလ်ရေးအရ၊ အဖွဲ့အစည်းကို
တိုက်ခိုက်တာမျိုးကတော့ ခွင့်လွှတ်ဖို့ တော်တော်ခဲယဉ်းမယ်လို့ ပြောချင်ပါတယ်’’

ပြီးဘီ The End

You might also like