You are on page 1of 20

Uncensored Burma - Daily News ( 2011 Apr 12)

ဒီစာကို ဖတ်နေချိန်မှာ
ကျောင်းသား၊ ရဟန်း၊ နိုင်ငံရေးသမား ၂၀၀၀ ၀န်းကျင်ဟာ မြန်မာပြည်ထောင်အနှံ့မှာ ရောက်နေတယ်။
တပ်မတော်ကို ကြောက်လို့ ရွာသားတွေ တောထဲ ထွက်ပြေးနေရတာ သောင်းနဲ့ချီ ရှိတယ်။

ဒီအခြေအနေတွေ ပြောင်းလဲဖို့ ကိုယ်နိုင်သလောက် လုပ်ကြ၊ ကူညီကြ၊ အားပေးကြပါစို့။

သတင်းတွေ ဖတ်ချင်ရင် Kowin2001@gmail.com ကို ဆက်သွယ်ပါ


မိုးမခ MoeMaKa.com အဖွဲ့က ကော်ပီကူးပြီး ဖြန့် ပါတယ်

မာတိကာ

သံချပ် ညီမျှခြင်း သင်္ကြန်


ထွန်းထွန်း | အင်္ဂါနေ့၊ ဧပြီလ ၁၂ မဇ္ဈိမ
(ဗေလုဝနှင့် စကားစမြည်)

အစိုးရသစ်လက်ထက် သံချပ်ထိုးခွင့်မပြု
အေးနိုင် ၁၂ ဧပြီ ၂ဝ၁၁ - - DVB

မြန်မာအစိုးရအဖွဲ့သစ်ဝင်များကို အီယူက ယာယီခရီးသွားခွင့်ပေးမည်


အံ့ဘုန်းမြတ် ၁၂ ဧပြီ ၂ဝ၁၁ - DVB

မီးသတ်သင်တန်းအတွက် ဟားခါးဒေသခံများထံ ငွေကောက်


နန်းမြနဒီ ၁၂ ဧပြီ ၂ဝ၁၁ - DVB

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရန် ထိုင်းတိုက်တွန်း


မန်းစိုင်းမွန် ၁၂ ဧပြီ ၂ဝ၁၁ - DVB

မြန်မာအပေါ် ပိတ်ဆို့အရေးယူမှု အီးယူသုံးသပ်


By ကိုဇော်ဝင်းလှိုင် အင်္ဂါ, 12 ဧပြီ VOA

ဒုက္ခသည်တွေ နေရပ်ပြန်ရေး မဖြစ်နိုင်သေး


By ဦးတင်မောင်သန်း အင်္ဂါ, 12 ဧပြီ VOA
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ အမေရိကန် ဒု လက်ထောက်ဝန်ကြီး ပြောကြား
2011-04-12 RFA

တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှု ရှမ်းအဖွဲ့ ရှုတ်ချ


2011-04-12 RFA

SSA မြောက်ပိုင်းနှင့် မြန်မာစစ်ခေါင်းဆောင်များ လျှိ့ဝှက် ဆွေးနွေး


2011-04-12 RFA

မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံမှု နိုင်ငံတကာ စိုးရိမ်


2011-04-12 RFA

နိုင်ငံရေးအကျဉ်းသားများ လွှတ်မှ ဆက်ဆံရေး လမ်းပွင့်နိုင်


ကိုပေါက် | အင်္ဂါနေ့၊ ဧပြီလ ၁၂ မဇ္ဈိမ

မဲဆောက်တွင် မြန်မာလေးငယ်တို့ သူတောင်းစားမှ ကျောင်းသားသို့ ပြောင်းမည်


မိုးမခအထောက်တော် မဲဆောက်
ဧပြီ ၁၂၊ ၂၀၁၁ မိးမခ
ုးမခ

ဦးဝင်းတင်နဲ့ မေးခွန်းများ
ဧပြီ ၁၂၊ ၂၀၁၁ မိုးမခ

သံချပ် ညီမျှခြင်း သင်္ကြန်


ထွန်းထွန်း | အင်္ဂါနေ့၊ ဧပြီလ ၁၂

(ဗေလုဝနှင့် စကားစမြည်)

နယူးဒေလီ (မဇ္ဈိမ)။ ။ သံချပ်မရှိလျှင် သင်္ကြန်ရှိမည် မဟုတ်ဟူ၍ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်


သံချပ်တင်ဆက်မှု၌ အဖွဲ့ခေါင်းဆောင်အဖြစ် လှုပ်ရှားခဲ့ဖူးသူ စွယ်စုံအနုပညာရှင် ဗေလုဝ ပြောဆိုသည်။

၁၉၇၄ ခုနှစ်မှစ၍ မြန်မာ့ရိုးရာ ရန်ကုန် အတာသင်္ကြန် သံချပ်ထိုးပြိုင်ပွဲများ၌ သူ၏ “မောင်မောင်ဆိုလေ


ထီးရိုးရှည်” သံချပ်အဖွဲ့ ယှဉ်ပြိုင်ခဲ့ရာ ပထမဆုအပါအဝင် ဆုတံဆိပ်များ ရရှိခဲ့သေးသည်။ အကိုဖြစ်သူ
မောင်မောင်နေ၀င်း (ခ) ဂန္ထ၀င်မောင်ဝိုင်း အကျဉ်းကျစဉ် ဗေလုဝက သံချပ်အဖွဲ့ခေါင်းဆောင် ဖြစ်လာခဲ့သည်။

ဗေလုဝ (ခ) ဦးမောင်မောင်မြင့်အောင်သည် ၁၉၈၈ နောက်ပိုင်းတွင် ကက်ဆက်ဇာတ်လမ်းခွေများ၌ ဒါရိုက်တာ၊


ဗီဒီယိုဇာတ်ညွှန်းရေးဆရာအဖြစ် လုပ်ကိုင်လာခဲ့သည်။ ဗီဒီယိုဒါရိုက်တာအဖြစ် “မယားပါ ဆွေမျိုးများ” မှ
စတင်ခဲ့သည်။ သူ၏ သရုပ်ဆောင်မှုအပေါ် ပရိသတ်များ တသောသောပွဲကျခဲ့သည့် ရုပ်ရှင်ဇာတ်ကားကြီးမှာ
စာရေးဆရာ အကြည်တော် ရေးသားပြီး၊ ဒါရိုက်တာ မီးပွားရိုက်ကူးသည့် “ဘီလူး” ဇာတ်ကား ဖြစ်သည်။
သူ၏ တခေတ်တခါမှစ၍ ယနေ့အထိ အစိုးရအဆက်ဆက်အနေဖြင့် မလိုမလား ဖြစ်ခဲ့ကြသော သံချပ်အပေါ်
သဘောထား၊ သံချပ်နှင့်အတူ ဖြတ်သန်းမှု၊ တင်ပြချင်သည့် သံချပ်အပိုင်းအစများ၊ မှေးမှိန်လာသည့် သံချပ်
ထုတ်ဖော်မှုများအပေါ် သူ၏ ရင်ဘတ်အသံများကို မဇ္ဈိမသတင်းထောက် ထွန်းထွန်း က မေးမြန်းထားပါသည်။

ဦးဗေအနေနဲ့ သင်္ကြန်မှာ သံချပ်တွေ လုပ်ဖူးတယ်။ ခေါင်းဆောင်အနေနဲ့လည်း ပါဝင်ခဲ့ဖူးတယ်လို့ သိရတယ်။


ဒီတော့ ဘယ်တုန်းကစပြီး လုပ်ဖြစ်ခဲ့တာလဲ။

“ကျနော်က “မောင်မောင်ဆိုလေ ထီးရိုးရှည်” မှာ သရုပ်ဆောင်ပေါ့နော်။ အဲဒါ ကြာပါပြီ။


သရုပ်ဆောင်ကနေပြီးတော့ သူ (မောင်မောင်နေ၀င်း (ခ) ဂန္ထ၀င်မောင်ဝိုင်း) သူ မထုတ်တော့တဲ့အချိန်မှာ ကျနော်
ခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။ ကျနော်ထင်တယ်၊ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီးတော့ ထွက်ရတာပေါ့။ ခုနှစ်ကတော့
၁၉၇၄ လောက်က ဖြစ်လိမ့်မယ်”

သင်္ကြန်သံချပ်တွေမှာ ဦးဗေအနေနဲ့ ဘယ်လိုအခန်းကဏ္ဍကနေ ဝင်ပါခဲ့သလဲ။

“အဲဒီမှာတော့ ခေါင်းဆောင်အနေနဲ့ စွယ်စုံဆိုပြီးတော့ ပြိုင်တာပဲ။ ဒါပေမဲ့ စွယ်စုံတော့ မရခဲ့ပါဘူး။ သံချပ်လည်း


ကိုယ့်နည်းကိုယ့်ဟန်နဲ့ တိုင်ပေါ့။ သံချပ်အတိုင်ပေါ့။ သရုပ်ပြလည်း ကိုယ်က ညွှန်ကြားပေါ့။ ဒါပေမဲ့ ကိုယ်က
အဲဒီတုန်းက ငယ်လည်း ငယ်သေးတော့ ကိုယ်က သိပ်ခေတ်မမီသေးဘူးလေ။ နောက် ငွေရေးကြေးရေးက
သိပ်မစိုက်ထုတ်နိုင်တော့ နည်းနည်းတော့… ဟို သံချပ် တတိယလောက်၊ ဒုတိယလောက်တော့ ရတာပေါ့ဗျာ”

သံချပ်လုပ်ခဲ့တယ်ဆိုတော့ ဘယ်လိုစိတ်ခံစားမှုမျိုးနဲ့ လုပ်ခဲ့ဖြစ်တာလဲ။

“စလုပ်ဖြစ်ခဲ့တာကတော့ ကျနော်က သင်္ကြန်ကို ချစ်လို့ပါပဲ။ ဘယ်လိုခေါ်မလဲ… မပြည့်မစုံနဲ့ ထွက်ရတဲ့


ဘဝတွေပေါ့ဗျာ။ မပြည့်မစုံဘဲ ထွက်ရတဲ့အခါကျတော့ အဖွဲ့ကတော့ အားနည်းတာပေါ့။ ဒါပေမဲ့ စိတ်ထဲ
ရှိသမျှနဲ့တော့ ၀င်ပြိုင်ရတာပေါ့။ အဲဒါမျိုး၊ ကျနော်တို့ ခေတ်တုန်းကပေါ့”

အဲဒီခေတ်က သံချပ်ထိုးရင် သံချပ်စာသားတွေကို သက်ဆိုင်ရာအာဏာပိုင်တွေကို ဘယ်လို တင်ပြရသလဲ။

“အဲဒီတုန်းက မလွတ်လပ်ပါဘူး။ ဆင်ဆာဆိုတာ ရှိတယ်။ မြို့နယ် ပြည်သူ့ကောင်စီရုံးပေါ့။ မဆလခေတ်မှာပေါ့။


ဆင်ဆာဆိုတာ ရှိတာပေါ့။ မြို့နယ်ပြည်သူ့ကောင်စီက ဆင်ဆာစစ်ပြီးတော့မှ။ ဆင်ဆာကတော့ ရှိနေတာပဲ။
မလွတ်လပ်ပါဘူး။ မလွတ်လပ်တဲ့ကြားထဲက ခေတ်ကို သရော်တာတို့၊ သမ (သမ၀ါယမ) တို့၊ လိုင်းကားတို့
သရော်တာတို့။ အဲဒါမျိုး သရော်တာကြပေါ့”

အဲဒီလို သံချပ်လုပ်တဲ့အချိန်မှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရတာရှိလဲ။

“အခက်အခဲကတော့ စွယ်စုံပဲ။ လူစုရတာကလည်း အသင်းသားတယောက်ကို ဘယ်လောက်၊ ဘယ်လောက်


သတ်မှတ်ပေမယ့်လည်း ရချင်မှလည်း ရတာပေါ့လေ။ ကိုယ်က ကွက်စိပ်ပေါ့။ ကွက်စိပ်ဆိုတော့ မရှိရှိတာ ရွှေ၊
ငွေ ရောင်းချပေါ့။ အိမ်ဂရံပေါင်။ အဲဒီလို ထွက်ခဲ့ရတာ။ အဖက်ဖက်က ဘာမှ မပြည့်မစုံပေါ့”

သံချပ်လုပ်လို့ တားမြစ်ခံရတာကော ရှိလား။

“သူတို့က တခါထဲတင်။ ဆင်ဆာက မြို့နယ်ရုံးမှာတင်။ သူ့ဟာသူ ဒါ ပယ်တာဆိုရင် အဲဒါပယ်ပြီးတော့


ကျန်တာပြောပေါ့။ အဲဒီတုန်းကတည်းက ပယ်တာပဲလေ။ တားမြစ်တာတို့၊ ဘာတို့တော့ မရှိဘူး။ သူတို့က
အဲဒီဆင်ဆာရုံးကနေပြီး ခွင့်ပြုချက်တံဆိပ်တုံးရိုက်ပြီးမှ သံချပ်ပြိုင်လို့ ရတာ။ အဲဒါရရင် ဆက်ပြိုင်ပေါ့။ အကိုတို့
တောင်ဥက္ကလာပမြို့နယ်က တံဆိပ်တုံးလေး နှိပ်လိုက်ရင် ဒါ ခွင့်ပြုချက် အမိန့်ပေါ့”

ဦးဗေတို့ ခေတ်တုန်းက သံချပ်အဖွဲ့တွေမှာ ဘယ်သံအချပ်အဖွဲ့ကို အကြိုက်ဆုံးလဲ။

“ဦးဗေတို့ ခေတ်တုန်းက ခေတ်ပြိုင်တွေက အများကြီးပါ။ ဒဲ့ဒိုးတို့၊ ဒိုးဒိုးဒေါက်ဒေါက်၊ ပြီးပါပြီတို့၊


အနန္တစွမ်းအားရှင်တို့၊ ယဉ်ကျေးမောင်တို့။ ဒါတွေက ခေတ်ပြိုင်တွေပေါ့။ နောက် အပြာရဲ့ အနီတို့။ ဒါတွေက
ခေတ်ပြိုင် သံချပ်အသင်းတွေပေါ့။ စွယ်စုံအသင်းတွေပါသလို သံချပ်အသင်းတွေလည်း ပါပါတယ်။ သံချပ်ချည်းပဲ
သီးခြားပြိုင်တဲ့ အသင်းအဖွဲ့ ရှိသလို စွယ်စုံ အလှ၊ အက၊ သဘာဝ၊ ဟာသ၊ သံချပ်ဆိုတဲ့ စွယ်စုံပေါ့။
အင်္ဂါရပ်နဲ့ညီအောင် ပြိုင်တဲ့ အသင်းကြီးတွေလည်း ရှိခဲ့တယ်ပေါ့။ အဲဒီထမ
ှဲာ အရမ်းနာမည်ကြီးတာကတော့
ယဉ်ကျေးမောင် ကိုခင်မောင်ဆွေတို့၊ နောက် အနန္တစွမ်းအားရှင်ဆိုတာ လမ်းမတော်ဘက်က ထွက်တာ။
သူတို့ကတော့ အရမ်းနာမည်ကြီးခဲ့တယ်ပေါ့၊ အဲဒီခေတ်တုန်းကတော့”

“ဦးဗေတို့ကတော့ သူတို့လောက် နာမည်မကြီးခဲ့ပါဘူး။ သူတို့ကတော့ စွယ်စုံအနေနဲ့ ရန်ကုန်တိုင်းမှာ


အများဆုံးရတဲ့ အသင်းတွေပေါ့။ ဦးဗေတို့ကျတော့ သံချပ် ပထမပေါ့။ နောက်ဆုံးမှာ ၇၈ ခုနှစ်လောက်မှာ စွယ်စုံ
နည်းနည်းပါးပါးလေး ရလာတယ်ပေါ့။ အသင်းလည်း အကြီးကြီး ဖြစ်လာတယ်။ ပထမ စလာခါစက
အသင်းလေးပေါ့။ နောက်ပိုင်းကျတော့ အသင်းကြီး ဖြစ်လာတယ်ပေါ့”

“တဖြည်းဖြည်းနဲ့ ဦးဗေတို့က နှစ်စဉ်ထွက်တဲ့အသင်းဆိုတော့ တစတစနဲ့ လူကောင်းတွေ ရလာတယ်။


ကြိုးစားလာတယ်။ နောက်ပြီးတော့ ခေတ်ကိုလည်း မျက်ခြည်မပြတ် ကြည့်လာတယ်။ အမြင်ကျယ်လာတယ်ပေါ့။
အမြင်ကျယ်လာတဲ့အခါကျတော့ နည်းနည်းဆန်းသစ်လာတယ်ပေါ့”

အဲဒီခေတ်တုန်းက ဘယ်လိုအကြောင်းအရာကို သံချပ်ထိုးလေ့ရှိသလဲ။

“ယဉ်ကျေးမှု များပါတယ်။ ယဉ်ကျေးမှုများတယ်၊ သမ၀ါယမတွေ များတယ်။ နောက်ပြီးတော့ အဲဒီတုန်းက


နိုင်ငံရေးဆိုတာတောင် သူက ဒဲ့တော့ ပြောလို့မရဘူးဗျ။ နိုင်ငံရေးအကြောင်း ဘာညာဆိုရင် အပေါ်က
ဆောင့်နေတာတွေလည်း ပြောလို့ မရဘူး။ အဲဒီတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှည့်ပတ်ပြောကြရတာပဲ။
အဓိကကတော့ သမ၀ါယမအကြောင်းနဲ့ ရပ်ကွက်လူကြီးတွေရဲ့ အကြောင်းပေါ့။ ရပ်ကွက်လူကြီးတွေ
ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့။ မိန်းကလေးတွေ ၀တ်စားဆင်ယင်မှု၊ ယဉ်ကျေးမှု၊ အဲဒါတွေ အများဆုံး
အပြောများကြပါတယ်”

“အဲဒီတုန်းက ပြောသမျှတွေ၊ ရေးသမျှတွေကို နယ်နှင်တယ်ပေါ့လေ။ နယ်နှင်လို့ရှိရင် အဲဒီမှာ


တချို့အသင်းတွေဆိုရင် ခြင်ထောင်ကြီးကို မအေက ငိုတယ်။ ခြင်ထောင်ကြီးဖွင့်တော့မှ တိုးနယားမှန်း သိတယ်။
အဲဒါမျိုးတွေပေါ့။ ခေတ်ရဲ့ တနှစ်လုံးမှာ ဘယ်ဟာ ထူးခြားမှု အဖြစ်ဆုံးလဲ။ အဲဒါကို လိုက်ပြီး ပြောကြ၊
ဆိုကြရတယ်။ ကိုယ့်နည်းကိုယ်ဟန်၊ ကိုယ့်အိုင်ဒီယာနဲ့ပေါ့”

တောင်ဒဂုံရှိ HIV/AIDS ဂေဟာတွင် နေထိုင်သူများကို ကိုယ်တိုင်ကိုယ်ကျ အလှူငွေပး အပ် နေသည့်


စွယ်စုံအနုပညာရှင် ဗေလုဝ (ဓာတ်ပုံ - www.mmcybermedia.com)

တောင်ဒဂုံရှိ HIV/AIDS ဂေဟာတွင် နေထိုင်သူများကို ကိုယ်တိုင်ကိုယ်ကျ အလှူငွေပး အပ် နေသည့်


စွယ်စုံအနုပညာရှင် ဗေလုဝ (ဓာတ်ပုံ - www.mmcybermedia.com)
အဲဒီတုန်းက တိုင်ခဲ့ဖူးတဲ့ သံချပ်ကလေးတွေကကော မှတ်မိရင် ပြောပြပါဦး။
“သားရေ…မှတ်တော့ မမှတ်မိတော့ဘူး။ နှစ်ပေါင်းကလည်း အစိတ်၊ သုံးဆယ်တွေ ဖြစ်ကုန်ပြီဆိုတော့။ နှစ်ပေါင်း
၃၀ ဆိုတော့လည်း ဘယ်လိုမှလည်း မမှတ်မိနိုင်တော့ဘူးလေ။ နောက် ဂီတဘက်လည်း မဟုတ်ဘူးလေ။ အဲဒါ
သင်္ကြန်ရဲ့ ရေစီးကြောင်းလောက်ပဲ ပြောလို့ရမယ်။ အခက်အခဲရှိခဲ့တယ်၊ အဲဒါတွေလောက်ပဲ ပြောလို့ရတယ်။
သံချပ်တွေကျတော့ ဘယ်လိုလုပ် မှတ်မိပါ့တော့မလဲ။ မေ့ကုန်ပြီ။ အခုပဲ ၅၀ ကျော်သွားပြီလေ”

ဒီနှစ်မှာကော သံချပ်လုပ်ဖို့ အစီအစဉ်ရှိသေးလား။

“ဘာမှ မရှိတော့ဘူး။ လုပ်လို့လည်း မရပါဘူး”

ဒီအချိန် သံချပ်ရေးရမယ်ဆိုရင် ဘယ်လိုကိစ္စတွေကို သံချပ်အနေနဲ့ ရေးချင်သလဲ။

“သံချပ်ရေးခွင့်ရမယ်ဆိုရင်တော့ ရင်ဘတ်ထဲမှာ အများကြီးပေါ့နော်။ သံချပ်ဆိုတာ သရော်တာပဲလေ။ ဒါကတော့


ကိုယ့်ဘက်က အကောင်းမြင်ဝါဒနဲ့ ပြောတာပဲလေ။ တဖက်က အဆိုးမြင်သွားရင်တော့ မတတ်နိုင်ဘူးပေါ့။
ကိုယ်ကတော့ အကောင်းမြင်ဝါဒနဲ့ သင်္ကြန်သမားဆိုတော့ သင်္ကြန်သမားစိတ်ရှိတ့၊ဲ သင်္ကြန်ဆိုလည်း
သွားပျက်တာပဲပေါ့။ ခေတ်ကို သရော်ချင် သရော်မယ်ပေါ့။ ယဉ်ကျေးမှုကို သရော်ချင် သရော်မယ်ပေါ့။
ကမ္ဘာကြီးကိုလည်း သရော်ချင် သရော်မယ်ပေါ့။ တချို့တွေလည်း အမြင်တွေလည်း ကြည်ကုန်ကြပါပြီ
အားလုံးက။ ပြောလို့ဆိုလို့ ကောင်းတဲ့ခေတ်ပေါ့ဗျာ။ လွတ်လွတ်လပ်လပ်ဆိုရင် သိပ်ကောင်းတာပေါ့”

ဥပမာအနေနဲ့ တခုလောက် တိုင်ပြပေးပါဦးလား။

“ကမ္ဘာကြီးက ဒုက္ခတွေနဲ့ပေါ့လေ။ ဘာဘေး၊ ညာဘေး၊ ကပ်ဆိုးဘေးတွေ ကြုံနေကြတယ်ပေါ့လေ။ သဘာဝ


တရားကြီးကပဲ နှိပ်စက်တာလား၊ ဒါမှမဟုတ် လူတွေကပဲ မောဟစနစ်ကို ဖျက်ဆီးပစ်တာလား။ ဒါတွေဟာ
စဉ်းစားစရာ၊ တွေးဝေစရာ၊ ငေးမောစရာ၊ အဖြေရှာစရာတွေပေါ့။ ကမ္ဘာကြီးက စစ်မက်တွေနဲ့၊ ယမ်းငွေ့တွေနဲ့
သွားနေကြတယ်။ ကောင်းကင်ကြီးကလည်း မကြည်လင်တော့ဘူး။ အဖြူရောင် မရှိတော့ဘူး။
ကောင်းကင်ကြီးကလည်း ညို့ညို့မှိုင်းနေတယ်။ အဲဒါမျိုးတွေပေါ့လေ။ သံချပ်ထိုးဖြစ်ရင် အဲဒါမျိုးတွေ ထိုးဖြစ်မှာ”

ဦးဗေအနေနဲ့ဆိုရင် သံချပ်ဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်သလဲ။

“သံချပ်ဆိုတာကတော့ သင်္ကြန်ရှိရင် သံချပ်ဆိုတာ ရှိနေမှာပဲ။ သင်္ကြန်လို့ပြောရင်တော့ သံချပ်ဆိုတာ သူ့ဟာသူ


Automatic (အလိုအလျောက်) ပေါ်လာတာပဲ။ သင်္ကြန်သံချပ်ဆိုတာကလည်း ခုနကပြောသလို ငါ့ညီနဲ့ ငါနဲ့
စကားပြောရင်းကလည်း အသံထွက်ရင် သံချပ်တွေပဲဗျ။ သံချပ်ဆိုတာကတော့ ခေတ်တခေတ်ရဲ့ ကြေးမုံပြင်ပဲ။
ရှိကို ရှိနေရမယ်”

“ဟိုခေတ်ကလည်း ရှိခဲ့တာပဲ။ ဂျပန်ကြီးက တိုကျိုပြန်၊ ဗိုက်တလုံးနဲ့ကျန်… ဒါတွေကလည်း သံချပ်တွေပဲ။


ဂျပန်ပြေးတဲ့ အခါကျတော့ ကျန်ခဲ့တဲ့ လူတွေရဲ့ ဖြစ်ရပ်ပေါ့။ သူတို့က သရော်ကြတာပေါ့လေ။ သရော်တယ်ရဲ့
အစပေါ့။ အဲဒါတွေ၊ သံချပ်တွေကနေ မြစ်ဖျားခံလာကြတာ”

သံချပ်တွေက မြန်မာ့လူ့အဖွဲ့အစည်းအတွက် ဘယ်လောက်အရေးကြီးမလဲ။

“အုတ်တချပ် သဲတပွင့်လောက်တော့ အရေးကြီးပါတယ်။ အုတ်တချပ် သဲတပွင့်လောက်တော့ မရှိမဖြစ်


လိုအပ်ပါတယ်ဗျာ။ ရှိကို ရှိသင့်ပါတယ်။ လူတွေက တအိမ်ထောင်ချင်း လိုက်ပြောလို့ မရဘူးလေ။ အဲဒီတော့
စင်မြင့်ပေါ်ကနေပြီးတော့ သံချပ်လေးနဲ့ ထိုးပြောတဲ့အခါကျတော့၊ အသံလေး ထည့်ပြောတဲ့အခါကျတော့
လူတွေက ပိုပြီးတော့ နားထဲကို ပိုရောက်တယ်။ အဲဒါကြောင့်မို့ သံချပ်က ရှိကို ရှိသင့်ပါတယ်လို့ သင်္ကြန်မှာ”

အခုဆိုရင် သံချပ်တွေက တိမ်ကောလာတဲ့အနေအထားကို ရောက်နေပြီလို့ ပြောရမှာပါပဲ။ ဒီတော့


ဒီနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးများ သံချပ်ထိုးလိုက်ချင်ပါသလဲ။

“အစဉ်အလာ လက်ဆင့်ကမ်းပြီး သယ်ဆောင်လာတဲ့ သင်္ကြန်သံချပ်တွေ … မျိုးပြုန်းသလို


ပျောက်ကွယ်ကုန်ပြီပေါ့။ သံချပ်တွေကို သွားကြည့်ရင် မဒမ်ဇီးကွက်ပြတိုက်ထဲမှာပဲ ကြည့်ရမလား… ဒါမှမဟုတ်
ဘယ်ပြတိုက်မှာ သွားကြည့်ရမှန်းမသိတဲ့ သံချပ်အသံတွေပေါ့လေ။ လုံးဝ ပျောက်ကွယ်ကုန်ပြီပေါ့။
ဘာကြောင့်လဲဆိုတာကတော့ ဦးနှောက်ပါတဲ့လူတိုင်း စဉ်းစားဆုံးဖြတ်ကြပါ…။ အဲဒီလိုပဲ သံချပ်ထိုးမိမှာပေါ့”

ပြည်တွင်းပြည်ပမှာ သံချပ်ကို ရှေးရိုးမပျက် လုပ်ဆောင်နေတဲ့သူတွေကိုကော ဘယ်လိုမျိုး


အားပေးစကားပြောချင်သေးလဲ။

“သံချပ်လေး ထိုးနေ၊ နားထောင်နေရင် ဦးဗေတို့ကတော့ ကျေနပ်နေ၊ ကြည်နူးနေတာပါပဲ။ ဘယ်သူမဆိုပါပဲ။


သင်္ကြန်ရောက်ရင်တော့ တိုင်းပြည်မှာပဲနေနေ၊ ဘယ်တိုင်းပြည်ရောက်ရောက်ပေါ့။ သင်္ကြန်သံချပ်ဆိုတာ
သင်္ကြန်မှာ သံချပ်ဆိုတာလေး သူတို့ရင်ထဲမှာ ရှိနေသရွေ့ ကာလပတ်လုံး သင်္ကြန်မပျောက်ကွယ်တော့ပါဘူး။
သင်္ကြန်သံချပ်ဆိုတာ တိုင်းပြည်မှာ မဆိုရရုံနဲ့ တခြားတိုင်းပြည်မှာ ဆိုရင် ဆိုနေကြမှာပေါ့။ ကိုယ်လည်း မမြင်ရတဲ့
ကိစ္စတွေ။ အဲဒီတော့ သံချပ် ထာဝရ ရှင်သန်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်”

သံချပ်ကို အမြဲနားသောတဆင်နေတဲ့ သံချပ်ဝါသနာအိုးတွေကိုကော ဘာများ မှာချင်သေးလဲ။

“ခင်ဗျားတို့ မသေသေးခင်ပေါ့။ တချိန်ချိန်မှာတော့ ခင်ဗျားတို့ နားထောင်ချင်တဲ့ သံချပ်တွေ


ထုတ်ခွင့်ရလိမ့်မယ်လို့ ထင်မြင်မိပါတယ်၊ ယူဆမိပါတယ်ပေါ့။ အဲဒီလို အားပေးချင်ပါတယ်”

အစိုးရသစ်လက်ထက် သံချပ်ထိုးခွင့်မပြု
အေးနိုင် ၁၂ ဧပြီ ၂ဝ၁၁ - - DVB

အသစ်ပေါ်ထွန်းလာတဲ့ အစိုးရသစ်ဟာ အရင်အစိုးရတွေ အုပ်ချပ်စဉ်တုန်းကအတိုင်းပဲ အုပ်ချုပ်ရေပိုင်းအပါအဝင်


ပြုပြင်စေချင်တာကို ဝေဖန် သရော်တဲ့ သံချပ်ထိုးခွင့် ပိတ်ပင်လိုက်ပါတယ်။ စနေနေ့ထုတ် သတင်းစာပါ
ယဉ်ကျေးမှုဝန်ကြီးဌာန နှိုးဆော်ချက်မှာ သင်္ကြန်မှာ �အများပြည်သူ ဂုဏ်သိက္ခာ ထိခိုက်ပျက်ပြားစေရန်
ပြောဆိုတာ၊ သံချပ်ထိုးတာ၊ သီချင်းဆိုတာ၊ လှုပ်ရှားဆောင်ရွက်တာ မပြုလုပ်ဖို့ နှိုးဆော်ထားပါတယ်။

ဒီလို သံချပ်ထိုးဖို့ ပိတ်ပင်မှုအပေါ် အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေရဲ့ သံချပ်ခွေတွေကို


နှစ်စဉ်စီစဉ်ပေးနေသူတဦးဖြစ်တဲ့ ကျောက်မဲကျော်ကြီးက ဒီတားမြစ်ချက်ကို ကြည့်ခြင်းအားဖြင့် ဦးသိန်းစိန်ရဲ�
အစိုးရသစ်ဟာ အရင်အစိုးရတွေအတိုင်းပဲ လူထုရင်ဖွင့်လာမှာကို ကြောက်တာပဲလို့ ပြစ်တင်ဝေဖန်ပါတယ်။

အရင်တုန်းက ဒီလို သံချပ်မထိုးရဘူးလို့ အမိန့်ထုတ်တားမြစ်တာ မရှိခဲ့ဘူး။ အခုတော့ အစိုးရသစ်က


ထူးထူးခြားခြားပဲ။ သူတို့ ဒီသံချပ်ထိုးတဲ့ အသံလေးတွေတောင် ဟာသအနေနဲ့ ဝေဖန်ပြောတာတွေတောင်မှ
နားမခံနိုင်တာပေါ့။ အဲဒါကြောင့်မို့လို့ ဒီလိုသံချပ်မထိုးရဘူးလို့ အမိန့်ထုတ်တာ။ အခုလုပ်နေတဲ့ မတော်မတည့်
ဖြစ်နေတာကို တော်တည့်အောင်လို့ သံချပ်ထိုးပြီးတော့ ပြောတာပါ။ ဟာသလေးတွေနဲ့
ထုတ်ပြောတာကိုတောင်မှ မခံနိုင်ဘူးဆိုတော့ သူတို့မတော်မတည့် လမ်းကြီးကို ကျနော်တို့ ဆက်သွားချင်တာမို့
ဆက်သွားကြပါစေလို့ အဲလိုပဲ ပြောရတော့မှာပါပဲ။�

တပါတီအာဏာရှင်စနစ်လို့ လူသိများတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက် ၁၉၇ဝ ခုနှစ်လောက်အထိ


သင်္ကြန်မ�ပ်တွေမှာ အလှ၊ အက၊ သဘာဝ၊ သံချပ် ပြိုင်ပွဲတွေ စည်စည်ကားကား ကျင်းပခဲ့ပြီး ဆုပေးပွဲတွေမှာ
ရှိခဲ့ပါတယ်။ ၁၉၈ဝ ခုနှစ်လွန်ပိုင်းတွေမှာတော့ သင်္ကြန်တွင်း သံချပ်ထိုးခွင့်မပြုတော့တာကြောင့်
နှစ်ပေါင်းသုံးဆယ်လောက် သံချပ်ထိုးသံတွေ ပြည်တွင်းမှာ ဆိတ်သုဉ်းခဲ့ရပါတယ်။

မန္တလေးမှာလည်း ကျုံးလေးဘက်လေးတန် မ�ပ်တွေရှိပေမယ့် သံချပ်ထိုးမယ့်အစီအစဉ်မပါဘူးလို့ ဆိုပါတယ်။


အစိုးရက သင်္ကြန်ကာလမှာ သံချပ်မထိုးဖို့ နှိုးဆော်ချက်ထုတ်ပြန်လိုက်တဲ့အတွက် ရခိုင်ပြည်နယ် စစ်တွေမြို့
မိဇံရပ်ကွက်မှာ သံချပ်ပြိုင်ပွဲကျင်းပဖို့ ပြင်ဆင်ထားပေမယ့် ကျင်းပခွင့်ရရေး မသေမချာ ဖြစ်နေပါတယ်။

�သံချပ်က ဘာမှဆုံးဖြတ်ချက်တော့ မချရသေးဘူး။ ရန်ကုန်ကတော့ ပိတ်တယ်လို့ ကြားတယ်။ အဲဒါကြောင့်


ကျနော်တို့လည်း အခြေအနေအရ ပိတ်ရင်ပိတ်ရမှာပေါ့လေ။ ဟိုကပိတ်ရင် ဒီဘက်လည်း ပိတ်ရမှာပဲ။
ပြိုင်ပွဲသဘောတော့ ခေါ်ထားတာပေါ့။ အဲဒီတုန်းကတော့ မပိတ်သေးဘူး။ မနေ့ကမှ သတင်းစာမှာပါလာတော့
ဒီမှာလည်း ပိတ်တယ်ဆိုတာသေချာပါတယ်။ အာဏာပိုင်တွေလည်း လာဦးမှာပဲ။ အဲဒီအစီအစဉ်က
ပျက်မယ်ထင်ပါတယ်။�

သင်္ကြန်သံချပ်ထိုးခွင့် မသေချာပေမယ့်လည်း မင်းဇံရပ်ကွက်မှာ ရခိုင်�ိုးရာလောင်းလှေတွေနဲ့


ရေပက်မှာဖြစ်သလို ရထားဆွဲပွဲကိုလည်း ဆက်လက်ကျင်းပဖို့ ကြိုးပမ်းနေသလို စစ်တွေတမြို့လုံးမှာ
မ�ပ်ပေါင်းနှစ်ဆယ်လောက် �ိုးရာသင်္ကြန်ဆင်နွဲမယ်လို့ ကိုအေးသိန်းက ပြောပါတယ်။

မြန်မာအစိုးရအဖွဲ့သစ်ဝင်များကို အီယူက ယာယီခရီးသွားခွင့်ပေးမည်


အံ့ဘုန်းမြတ် ၁၂ ဧပြီ ၂ဝ၁၁ - DVB

အဖစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခက်မှုတွေကို ပြုလုပ်ထားတဲ့ ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့က


အစိုးရအဖွဲ့သစ်ရဲ� အဖွဲ့ဝင်တွေကို ခရီးသွားလာ ခွင့်တွေ ယာယီစပေးတော့မယ်လို့ အေဂျင်စီ သတင်းတွေမှာ
ဖော်ပြထားပါတယ်။

မြန်မာအစိုးရအဖွဲ့ဝင်အချို�ကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ချမှတ် ထားတဲ့ ပြည်ဝင်ခွင့်နဲ့


ခရီးသွားလာခွင့်ပိတ်ပင်ထားတာတွေကို ဒီကနေ့စတင်ပြီး �ုပ်သိမ်းတော့မယ်လို့ အမည်မဖော်ပြတဲ့
အီးယူအရာရှိတဦးရဲ� ပြောဆိုချက်ကို ကိုးကားပြီး အေပီက ဖော်ပြထားတာပါ။

နအဖစစ်အစိုးရ အဖွဲ့ဝင်တွေကို ခရီးသွားလာခွင့်တွေပိတ်ဆို့ထားရာက အစိုးရသစ်ကို အာဏာလွှဲပြောင်းပေးပြီး


နှစ်ပတ်အကြာမှာ အခုလို အစိုးရအဖွဲ့ဝင် သစ်တွေကို ခရီးသွားခွင့် တနှစ်တိတိယာယီအားဖြင့် အီးယူအဖွဲ့ဝင်
နိုင်ငံတွေက �ုပ်သိမ်းပေးလိုက်တာဖြစ်ပါတယ်။ ဒီလို�ုပ်သိမ်းပေးလိုက်တဲ့အပေါ် ပိတ်ဆို့ဒဏ်ခက်မှုတွေကို
ထောက်ခံထား တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ� ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ရှေ�နေဦး ဉာဏ်ဝင်း က
အခုလိုပြောပါတယ်။

�ကျနော့်သဘောထားအနေနဲ့ကတော့ ဒါဟာ အစိုးရအဖွဲ�အစည်းတရပ်၊ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့၊


ယူနီဖောင်းချွတ်လာလာ အဖွဲ�သစ်တရပ်ဖြစ်တော့ ဒီအဖွဲ�သစ် ရဲ� လုပ်ကိုင်မှုကို အားပေးတယ်။
ပြုပြင်ပြောင်းလဲမှုကို အားပေးတဲ့သဘောနဲ့ ကျနော်တို့ ဆောင်ရွက်တာ ဖြစ်နိုင်တယ်။ ဒါကလည်း လက်ရှိ
အခုအစိုးရက နောင် လုပ်လာမယ့် ပြုပြင်ပြောင်းလဲမှု ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဒီအပေါ်မှာ မူတည်
လိမ့်မယ်လို့ပဲ ကျနော်ယူဆတယ်။�

နအဖစစ်အစိုးရအပေါ် ချမှတ်ခဲ့တဲ့ ပိတ်ဆို့မှုတွေကို ပြန်လည်�ုပ်သိမ်းဖို့ တောင်းဆိုနေတဲ့


နိုင်ငံရေးပါတီတွေထဲက အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ� ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက
အခုလိုပြောပါတယ်။

�မြန်မာနိုင်ငံအနေအထားတွေကို ထဲထဲဝင်ဝင်လေ့လာထားတဲ့ အချက်အ လက်တွေကို မူတည်ပြီးတော့


တကယ်ပဲ ဒီနိုင်ငံမှာ ပိတ်ဆို့အရေးယူထားခြင်းက ရာခိုင်နှုန်းပြည့် ထားရှိရင် မသင့်တော်ဘူးလို့
ပြန်လည်သုံးသပ်ပုံ ပေါ်ပါတယ်။ သူတို့ ပြောတဲ့အချက်တွေမှာလည်း အကုန်လုံး မဟုတ်တောင်မှ
တချို�တပိုင်းတဝက်က တော့ ပြန်စဉ်းစားမယ့် အနေအထားတွေ ရှိနေပြီလို့ ကျနော်တို့ သိရပါတယ်။ အဲဒီ
ဆွေးနွေးပွဲ အပြီးမှာကိုပဲ သိရပါတယ်။ သိရတော့ ဒီအခြေခံပေါ်မှာ မူတည်ပြီးတော့ သူတို့က မြန်မာနိုင်ငံကိုတော့
တပိုင်းက ပူးပေါင်းဆောင်ရွက်ရေးတွေကို လုပ်မှသင့် တော်မယ်လို့ စဉ်းစားဆုံးဖြတ်ချက်အရ
ပေါ်လာတာဖြစ်မယ်လို့ ကျနော်ယုံကြည်ပါ တယ်။�

ဒါ့အပြင် တဖက်က လျှော့ပေါ့မှုတွေကို စတင်ပြုလုပ်လာသလိုပဲ အစိုးရသစ် အနေနဲ့လည်း


နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားလွှတ်ပေး ဖို့၊ တွေ့ဆုံဆွေးနွေးဖို့
အားလုံးပါဝင်ခွင့်ရမယ့် နိုင်ငံရေးပုံစံတခု ဖန်တီးပေးဖို့ စတဲ့ အချက်တွေကိုလည်း အစိုးရသစ်အနေနဲ့
လုပ်ဆောင်ဖို့ကိုလည်း ဦးခင်မောင်ဆွေက တိုက်တွန်းပြောကြားထားပါတယ်။ ဒါ့အပြင်
ရှေ�နေဦးဉာဏ်ဝင်းကလည်း အစိုးရအနေနဲ့ လုပ်ဆောင်သင့်တဲ့ အရာတွေကို အခုလို
တိုက်တွန်းပြောကြားပါတယ်။

�အစိုးရအဖွဲ�က လုပ်ဆောင်ဖို့က ကျနော်တို့ ပြုပြင်ပြောင်းလဲမှုကို ဦးတည်တဲ့ ဆောင်ရွက်မှုတွေ


လုပ်ပြဖို့လိုတယ်။ ပြော�ုံမဟုတ်ဘူး။ တကယ်အလုပ်လုပ်ဖို့လို တယ်။ တကယ်အလုပ်လုပ်ရင် အခု အီးယူက
ဆုံးဖြတ်ချက်တွေဟာမျိုး ဒါတွေက ပြုပြင်ပြောင်းလဲမှု လုပ်တဲ့ပေါ်မှာ မူတည်ပြီးတော့ ပိုမို�ုပ်သိမ်းတာတွေ
ဖြစ်နိုင်တာ ပေါ့။ သို့သော်လည်း မလုပ်ရင်တော့ မလုပ်တဲ့အတိုင်းပဲ အကျိုးသက်ရောက်မှုက ရှိပါလိမ့်မယ်။
ကျနော်ဒီလိုပဲ မြင်ပါတယ်။ ဦးသိန်းစိန်မိန့်ခွန်းတွေကော နိုင်ငံခြား ရေးဝန်ကြီး အသစ်ပြောတာတွေကော
အပေါ်မှာ ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေ မယ့် အဲဒီမိန့်ခွန်းနဲ့ အခုပြောကြားချက်တွေက
အကောင်အထည်ဖော်ဖို့ လိုပါတယ်။ ကျနော်တို့ အဲဒီဟာတွေကိုလည်း စောင့်ကြည့်ဖို့လည်းလိုပါတယ်။�

အခုခရီးသွားလာခွင့်တွေကို ယာယီခွင့်ပြုထားတဲ့ထဲမှာတော့ အစိုးရအဖွဲ့ သစ်ဝင် အရင် နအဖကောင်စီက


တပ်မတော်အရာရှိဟောင်းတွေ ပါဝင်တာရှိမရှိကို တော့ ကွဲကွဲပြားပြား မသိရသေးသလို
ဥရောပသမဂ္ဂအဖွဲ့အနေနဲ့ ထုတ်ပြန်ကြေ ညာတာမျိုးလည်း မရှိသေးပါဘူး။

မီးသတ်သင်တန်းအတွက် ဟားခါးဒေသခံများထံ ငွေကောက်


နန်းမြနဒီ ၁၂ ဧပြီ ၂ဝ၁၁ - DVB

ချင်းပြည်နယ် ဟားခါးမှာ မီးသတ်သင်တန်းဖွင့်ဖို့ ရန်ပုံငွေဆိုပြီး ဒေသခံတွေဆီမှာ သက်ဆိုင်ရာအာဏာပိုင်တွေက


ဧပြီလဆန်းကစပြီး တအိမ်ကို ကျပ်ငွေ ၁ဝဝဝ လိုက်ကောက်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
�ဟားခါးမှာ ရပ်ကွက်ပေါင်း ၈ ရပ်ကွက်ရှိတယ်။ အဲဒီရပ်ကွက်တိုင်းလိုလိုမှာ ရပ်ကွက် ရယက
ဥက္က�တွေကနေပြီး တအိမ်ကို တထောင်စီ ကောက်ထားတယ်။ အဲဒါ တကယ့်အရေးကြီးလာရင် အသုံးပြုနိုင်ဖို့
မီးသတ်သင်တန်း အိမ်တိုင်းတက်ရမယ်ဆိုပြီး တအိမ်ကို တထောင်နှုန်းကောက်တယ်။�

မီးသတ်သင်တန်းကို နှစ်တိုင်းလုပ်နေတာမှာ အရင်နှစ်ကဆိုရင် လက်တွေ့မီးသတ်သင်တန်းကို


သေချာသင်ကြားရတာမဟုတ်ဘဲ စစ်သင်တန်းလိုပုံစံ ဖြစ်နေတယ်လို့ ချင်းဒီဗွီဘီသတင်းစဉ်ရဲ� မအဲန်းနီက
ပြောပါတယ်။

�၂ဝဝ၉ ကတည်းက စလို့ နှစ်တိုင်းသင်တန်းပေးတယ်။ ဒီနှစ်လည်း အဲဒီမီးသတ်သင်တန်းအတွက်


သင်တန်းကာလက တလကြာမယ်လို့ ပြောတယ်။ အဲဒီသင်တန်းမှာ အရင်တုန်းက သင်တန်းဝတ်စုံခကို
တစ်ယောက် ၃ဝဝဝ တောင်းတယ်။ ကျနော်တို့ အိမ်တိုင်းကလည်း ၁ဝဝဝ စီပေးရတယ်။ ပြီးတော့ သင်တန်းမှာ
သင်ပေးတာက ချီတက်ပုံချီတက်နည်း သင်ပေးတယ်။ ပြီးတော့ သေနတ်ကို ဘယ်လိုကိုင်ရမယ်။ အဲဒါမျိုးကို
သင်ပေးတယ်။ အဲဒါက တကယ့်မီးဘေးအန္တရာယ် ကြုံတဲ့နေရာမှာ အသုံးဝင်တဲ့ မီးသတ်သင်တန်းတော့
မဟုတ်ပါဘူး။ အဲဒီသင်တန်းမှာပဲ စစ်လေ့ကျင့်ခန်းတွေ သင်ပေးမလားမသိဘူး။�

ပြီးခဲ့တဲ့ မတ်လလယ်လောက်က ဟားခါးမြို�နယ်မှူးတွေ၊ ဌာနဆိုင်ရာအကြီးအကဲ၊ ရပ်ကွက်နဲ�


ကျေးရွာလူကြီးတွေက အစိုးရစစ်မှုမထမ်းမနေရဥပဒေကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ရန်ပုံငွေကို
ပြည်သူတွေဆီက စုဆောင်းရေး၊ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့သူတွေ စာရင်းကို ဧပြီလ ၁ဝ ရက်နေ�
နောက်ဆုံးထားပြီး ပေးပို့ဖို့အစည်းအဝေးလုပ်ပြီးတဲ့နောက် အခုလို မီးသတ်ရန်ပုံငွေတွေ လိုက်ကောက်နေတာ
ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရန် ထိုင်းတိုက်တွန်း


မန်းစိုင်းမွန် ၁၂ ဧပြီ ၂ဝ၁၁ - DVB

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံအတွင်း ပြန်လည်ရင်ကြားစေ့ရေး


အပါအဝင် တိုင်းရင်းသားလူမျိုးစုတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကနေ ဖြစ်ထွန်းတိုးတက်မှုတွေရှိလာဖို့ ထိုင်းက
မျှော်လင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။

ထိုင်းနိုင်ငံရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝ�မောင်လွင်ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကစစ်ပီရွန်နဲ့


ဘန်ကောက်မြို� နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို
ထိုင်းနိုင်ငံခြားရေးဌာန အတွင်းဝန် နိုင်ဌာနီထောင်းဖတ်ဒီး ပြောဆိုချက်ကို RYT 9 ထိုင်းသတင်းက
ကိုးကားရေးသားပါတယ်။

မနေ့ညဦးပိုင်းက တွေ့ဆုံပွဲမှာ ဝန်ကြီးနှစ်ဦးဟာ နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ဖို့၊ နယ်စပ်တကြော


လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆက်လက်လုပ်ဆောင်ဖို့ သဘောတူခဲ့ကြတယ်လို့လည်း
ဆိုပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝ�မောင်လွင်ကလည်း ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား ၂ဝဝ၂ ခုနှစ်က ချုပ်ဆိုခဲ့တဲ့


အခွန်ကောက်ခံမှုစာချုပ်အပြင် ၂ဝဝ၄ ခုနှစ်မှာ ချုပ်ဆိုတဲ့ ရင်းနှီးမြ�ုပ်နှံမှုစာချုပ်တွေနဲ့ ပတ်သက်ပြီး
အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာဘက်က ဆက်လုပ်နေပါတယ်လို့ ပြောဆိုခဲ့သလို မကြာခင်မှာ
အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။
မကြာခင်မှာ စာချုပ်ပါအတိုင်း နှစ်ဘက်လုံးက စပြီး အကောင်အထည်ဖော်ဖို့ရှိတယ်လို့
ထိုင်းနိုင်ငံခြားရေးဌာနအတွင်းဝန် နိုင်ဌာနီထောင်းဖတ်ဒီးက ပြောဆိုပါတယ်။

မတ် ၃ဝ ရက်က ခန့်အပ်ခံရတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝ�မောင်လွင်ဟာ ထိုင်းနိုင်ငံ


ဘန်ကောက်မှာကျင်းပတဲ့ အရှေ�အာရှနိုင်ငံများ ထိပ်သီးအစည်းအဝေးရဲ� အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ
အထူးအစည်းအဝေးတက်ရောက်နေတာဖြစ်ပြီး တနင်္ဂနွေနေ့ကလည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနဲ့
အလွတ်သဘော တွေ့ဆုံခဲ့ပါသေးတယ်။

မြန်မာအပေါ် ပိတ်ဆို့အရေးယူမှု အီးယူသုံးသပ်


By ကိုဇော်ဝင်းလှိုင် အင်္ဂါ, 12 ဧပြီ VOA

မြန်မာအစိုးရဘက်က စစ်မှန်တဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်ရင် ဥရောပသမဂ္ဂ (EU) က မြန်မာအစိုးရအပေါ်


ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို အကန့်အသတ်နဲ့ လျှော့ချပေးဖို့ အီးယူက စဉ်းစားနေပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် (Brussels) မြို့မှာ ဒီကနေ့ကျင်းပမယ့် အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့
စည်းဝေးပွဲအတွင်း မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်
စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာပြည်အပေါ် ပိတ်ဆို့ ဒဏ်ခတ်ထားတွေကို သက်တမ်းတိုးဖို့ ပြန်လည်သုံးသပ်ရာမှာ သမ္မတဦးသိန်းစိန်


ဦးဆောင်တဲ့ မြန်မာအစိုးရသစ်ထဲက အရပ်ဘက် ခေါင်းဆောင် တချို့အပေါ် ပြည်ဝင်ခွင့် ဗီဇာပိတ်ထားတာကို
ယာယီအားဖြင့် တနှစ် ရုတ်သိမ်းပေးသွားဖို့ ဆွေးနွေးနေတယ်လို့ အီးယူအဖွဝ
ဲ့ င် အစိုးရအရာရှိတွေနဲ့
နီးစပ်တဲ့အသိုင်းအ၀ိုင်းက ပြောပါတယ်။

ဒီကနေ့ ဘရပ်ဆဲလ်မြို့မှာကျင်းပမယ့် အီးယူနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲအတွင်း


မြန်မာနိုင်ငံအကြောင်း ဆွေးနွေးကြတဲ့အခါ ကျလာနိုင်ခြေရှိတဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့
ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က ညွန်ကြားရေးမှူး မာ့က် ဖာမနာ
(Mark Farmaner) က ပြောပြပါတယ်။

“မြန်မာအစိုးရ၀န်ကြီးတွေအပေါ် လက်ရှိချမှတ်ထားတဲ့ ပြည်ဝင်ခွင့်ဗီစာ ပိတ်ဆို့ထားတာတွေကို ဆက်လက်


ထားရှိသွားမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အစိုးရသစ်ထဲမှာပါလာတဲ့ ၀န်ကြီးအသစ်တွေ ကိုတော့
တနှစ် ရုတ်သိမ်းပေးထားမယ်လို့ ကျနော်တို့ သိရပါတယ်။ ဒါဟာ အစိုးရသစ်အနေနဲ့ အရပ်သားတွေကို အစိုးရရဲ့
အရေးပါတဲ့နေရာတွေမှာ တိုးချဲ့ ခန့်အပ်မယ်ဆိုရင်၊ စစ်မှန်တဲ့ ပြောင်းလဲမှုကို ဖော်ဆောင်ပေးမယ်ဆိုရင်
တို့ဘက်ကလဲ အလျှော့ပေးသွားဖို့ အဆင်သင့်ပဲဆိုတာကို အီးယူဘက်ကလဲ ပြသလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့
စစ်မှန်တဲ့ပြောင်းလဲမှုတွေကို မြန်မာအစိုးရဘက်က လုပ်မလာရင်တော့ အဲဒီ အရပ်သား ၀န်ကြီးအဖွဲ့ဝင်တွေလည်း
တနှစ်ကြာတဲ့အခါ ပြည်ဝင်ခွင့်ဗီစာ အပိတ်ခံရတဲ့ စာရင်းထဲ အထည့်ခံရမှာပါပဲ။”

အီးယူဖက်က အခုလို အပြုသဘောဆောင်တဲ့ မူဝါဒတွေကို ပြင်ဆင် ချမှတ်ဖို့ စဉ်းစားလာတာဟာ


မြန်မာနိုင်ငံအတွင်း စစ်မှန်တဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်လာတာကို မြင်တွေ့လိုတဲ့အတွက် ဖြစ်ပါတယ်။

“မြန်မာနိုင်ငံထဲမှာ ပြောင်းလဲမှုတွေ ဖော်ဆောင်ရင် ပိတ်ဆို့အရေးယူမှုတွေကို အီးယူဖက်က လျှော့ပေးဖို့


အဆင်သင့်ရှိတယ် ဆိုတာကို အချက်ပေးလိုက်တာပါ။ ဒါပေမဲ့ ဘယ်လိုပြောင်းလဲမှုမျိုးကို လိုချင်တယ်ဆိုတဲ့
အပေါ်မှာတော့ အီးယူဖက်က ပြတ်ပြတ်သားသား ရှိဖို့လိုပါတယ်။ ဒါကြောင့် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ
မချခင်မှာ ဒေါ်အောင်ဆန်းစုကြည်တို့၊ NLD တို့နဲ့ အရင် ဆွေးနွေးပြီး ဘာတွေကို ချမှတ်လုပ်ဆောင်သင့်တယ်
ဆိုတာကို ကျနော်တို့က ညှိနှိုင်းစေချင်တာပါ။ ဥပမာအားဖြင့် တကယ်လို့ မြန်မာအာဏာပိုင်တွေက နိုင်ငံရေး
အကျဉ်းသားတွေကို လွှတ်ပေးလိုက်မယ်ဆိုရင် ဘယ်လို ပိတ်ဆို့ အရေးယူမှုတွေကို အီးယူဖက်က
ရုတ်သိမ်းပေးမှာလဲ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအပေါ် ထိုးစစ်ဆင်နေတာတွေကို ရပ်တန့်လိုက်ရင်
ဘယ်လို ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးမှာလဲ စသဖြင့် အီးယူဖက်က ပြတ်ပြတ်သားသား ဖြစ်ဖို့
လိုပါတယ်။”

အီးယူနိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ စည်းဝေးပွဲကို ဒီကနေ့ ဘရပ်ဆဲလ်မြို့မှာ ကျင်းပနေကြတာဖြစ်ပြီး ဘရပ်ဆဲလ်


ဒေသစံတော်ချိန် ညနေစောင်းပိုင်းမှာတော့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေကို တရားဝင်
ထုတ်ပြန်နိုင်လိမ့်မယ်လို့ အီးယူ အရာရှိတွေက ပြောပါတယ်။

အီးယူအဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဟာ လောလောဆယ် မြန်မာနိုင်ငံကို တရားဝင်


သွားရောက်ခွင့် မရှိကြပါဘူး။ ဒါပေမဲ့ ဒီကနေ့ ကျင်းပတဲ့ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းဝေး အတွင်း
မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံပြီး နိုင်ငံရေးအရ ဖိအားတွေ ပိုပေးနိုင်အောင် အီးယူဝန်ကြီးတွေ မြန်မာပြည်ကို
တရားဝင် သွားခွင့်ပြုဖို့ ဆုံးဖြတ်ချက် ကျကောင်း ကျနိုင်တယ်လို့ ဆိုပါတယ်။ တကယ်လို့ အီးယူ ၀န်ကြီးတွေ
မြန်မာပြည်ကို သွားဖြစ်တယ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ကိုတွေ့ရမယ် ဆိုတဲ့ မူဝါဒကိုလည်း
ချမှတ်နိုင်တယ်လို့ မာ့က်ဖာမနာ က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အီးယူရဲ့ သဘောထား ပြောင်းလဲမှုတွေဖြစ်ပေါ်လာအောင် အခုလို သဘောထား


ပျော့ပြောင်းတဲ့ မူဝါဒတွေ ချမှတ်လာနိုင်အောင် ဂျာမနီနဲ့ အီတလီနိုင်ငံတို့က နောက်ကွယ်ကနေ
ကြိုးပမ်းနေကြတာပါ။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်တဲ့


EU က ၁၉၉၆ ခုနှစ်ကတည်းက ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ကျင့်သုံး လာနေတာဖြစ်ပြီး တနှစ်တခါ သက်တမ်း
တိုးလာနေခဲ့တာပါ။

အမေရိကန် ပြည်ထောင်စုကတော့ မြန်မာနိုင်ငံမှာ အစိုးရသစ် ပေါ်ပေါက်လာပေမဲ့လည်း အပေါ်ယံ


အပြောင်းအလဲတွေသာ ဖြစ်တာမို့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဆက်လက်ကျင့်သုံးသွားမှာ ဖြစ်တယ်လို့
ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက အဓိက နိုင်ငံရေး အတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကတော့
ဒဏ်ခတ်မှုတွေဟာ လူထုထက် အုပ်ချုပ်သူတွေနဲ့ သူတို့နဲ့နီးစပ်သူတွေကိုသာ ထိခိုက်စေတာမို့ ထိရောက်မှု
ရှိတဲ့အကြောင်း သဘောထား ကြေညာချက်တစောင် ထုတ်ပြန်ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်ရေး မဖြစ်နိုင်သေး


By ဦးတင်မောင်သန်း အင်္ဂါ, 12 ဧပြီ VOA

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ ဒုက္ခသည်စခန်းတွေကို ပိတ်လိုက်ပြီးတော့ မြန်မာနိုင်ငံကို ဒုက္ခသည်တွေ ပြန်ပို့ဖို့


လိုကြောင်း ထိုင်းတာဝန်ရှိသူတဦးရဲ့ ပြောဆိုလိုက်တဲ့အပေါ် စိုးရိမ်မကင်းဖြစ်သံတွေ ထွက်ပေါ်လာပါတယ်။
ဒါပေမဲ့လည်း ဒုက္ခသည် ပြန်နိုင်လောက်အောင် မြန်မာနိုင်ငံက အဆင်သင့်မဖြစ်သေးဘူးလို့ ဒုက္ခသည်အရေး
ဆောင်ရွက်နေသူတွေက မြင်ကြပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့တော့ ဦးတင်မောင်သန်းက
တင်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ ဒုက္ခသည်တွေကို တချိန်ချိန်မှာ ပြန်ပို့ဖို့ရှိပေမဲ့ လောလောဆယ်မှာတော့ ပြန်ပို့နိုင်တဲ့
အခြေအနေတွေတော့ မဖြည့်ဆည်းသေးဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)
က ပြောပါတယ်။

မကြာမီက ကျင်းပခဲ့တဲ့ အာဆီယံ အလွတ်သဘော ဆွေးနွေးပွဲကို တက်ကြရင်း ထိုင်း နိုင်ငံခြားရေး ၀န်ကြီး


ကဆစ် ပီရွန်မ် (Kasit Piromya) နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ ဒုက္ခသည်အရေးကို
နှစ်နိုင်ငံထဲ သီးခြား ဆွေးနွေးခဲ့ကြပါတယ်။ သင့်တော်တဲ့ တချိန်ချိန်မှာတော့ ဒုက္ခသည်တွေ ကိုယ့်ရပ်ကိုယ့်ရွာ
ပြန်ကြရမယ်ဆိုတာ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ နဲ့ ဒုက္ခသည်တွေရဲ့ အရေးကို ဆောင်ရွက်နေကြတဲ့ နိုင်ငံတကာ
အဖွဲ့အစည်းတွေကြားမှာ အခြေခံအားဖြင့် နားလည်ထားကြပြီးသားပါ။ ဒုက္ခသည်တွေ ကိုယ်နှိုက်ကလည်း
ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်နေချင်ကြတာချည်းပါပဲ။ ဒါပေမဲ့ ခုချက်ချင်းပြန်ပို့ဖို့ မဖြစ်နိုင်သေးဘူးလို့ အာရှဒေသ
ဆိုင်ရာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ကစ်တီမက်ကင်းဇီး (Kitty
McKinsey) က ဗွီအိုအေကို ပြောပါတယ်။

“ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်ကောင်းပြန်လို့ ရနိုင်မလားဆိုပြီး မကြာမီ ရက်ပိုင်းတွေအတွင်းက


ဆွေးနွေးကြတာတွေ ရှိပါတယ်။ ဒုက္ခသည်တွေ အိမ်ပြန်နိုင်တဲ့ အခြေအနေ မရှိသေးဘူးလို့ ကုလသမဂ္ဂ
ဒုက္ခသည်များ မဟာမင်းကြီးရုံးက ယူဆပါတယ်။ ဒုက္ခသည်တွေ အိမ်ပြန်ဖို့ဆိုရင် သူတို့မပြန်မီမှာကို
ဖြည့်ဆည်းထားရမယ့် အခြေအနေတွေ အများကြီး ရှိနေပါတယ်။ ဒုက္ခသည်တွေ အိမ်ပြန်နိုင်အောင်
ကူညီဖို့အတွက် ထိုင်းနဲ့ မြန်မာနိုင်ငံ တို့နဲ့ ကျမတို့ အတူတူ အလုပ်လုပ်ချင်ပါတယ်။”

လက်ရှိ အခြေအနေကတော့ မြန်မာနိုင်ငံ အရှေ့ပိုင်းက ဒုက္ခသည်တွေ ထိုင်းနိုင်ငံထဲကို ဆက်လက်


ဝင်လာနေတာ တွေ့နေရပါတယ်လို့ မြန်မာဒုက္ခသည်တွေရဲ့ အရေးကို ဆောင်ရွက်နေတဲ့ Thai Burma Border
Consortium (TBBC) အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဆယ်လီ သွန်မ်ပ်ဆင်န် (Sally Thompson) က အခုလို
ပြောပါတယ်။

“မြန်မာပြည် အရှေ့ပိုင်းမှာ ပဋိပက္ခတွေက ရှိနေဆဲပါပဲ။ ဒုက္ခသည် အသစ်တွေကလည်း ထိုင်းနိုင်ငံထဲကို နေ့တိုင်း


ဆက်လက် ရောက်လာနေဆဲပါ။ ဆက်ပြီး ဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ မြန်မာစစ်တပ်က တိုင်းရင်းသား
ဒေသတွေကို ထိန်းချုပ်နိုင်အောင် ကြိုးစားနေတယ် ဆိုတဲ့ ပြောပြချက်တွေလည်း ရှိနေပါတယ်။ ရွေးကောက်ပွဲ
ပြီးသွားကတည်းက ပဋိပက္ခတွေက ပိုများလာတာလည်း ကျမတို့ တွေ့နေရပါတယ်။”

မြန်မာဒုက္ခသည်အရေးက ၀န်ကြီးတွေ ဆွေးနွေးကြရာမှာ ပါလာနိုင်ပေမဲ့ စခန်းတွေကို ပိတ်မယ်ဆိုတဲ့


သတင်းဟာ ယူဆချက်နဲ့ ပြောဆိုနေကြတာသာ ဖြစ်ပါတယ်လို့ မစ္စ ကစ်တီ မက်ကင်းဇီးက ဗွီအိုအေကို အခုလို
ရှင်းပြပါတယ်။

“တော်တော်ကြီးကို လွန်လွန်ကျွံကျွံ စိတ်ကူးတွေနဲ့ ဒီကိစ္စကို ပြောနေကြတာပါရှင်။ ဒီနေ့ နေ့လည်ပိုင်း မှာတောင်


ထိုင်းအစိုးရက ကြေညာချက် ထုတ်လိုက်ပါသေးတယ်။ ချက်ချင်း ဒုက္ခသည်တွေကို ပြန်ပို့ဖို့
ပြောနေတာမဟုတ်ဘူးလို့ ဒီကြေညာချက်က ပြောထားပါတယ်။ ဒီသတင်းက ထိန်းလို့မရဘဲ
တကယ့်အဖြစ်ထက်ကို ပိုသွားတဲ့သတင်းပါ။ ဘယ်တော့ ပြန်ပို့မယ်ဆိုတဲ့ အချိန်သတ်မှတ်ချက်တွေ
ရှိတယ်လို့ဖြင့် ကျမ မထင်ပါဘူး။”

ဒုက္ခသည်တွေ ပြန်လက်ခံဖို့ဆိုရင် တက်လာတဲ့ အစိုးရအသစ်အနေနဲ့ အခြေအနေတချို့ ဖြစ်ပေါ်လာအောင်


အရင်ဆုံး ဖန်တီးရဦးမှာပါလို့ UNHCR ကပြောပါတယ်။ ပဋိပက္ခတွေ ရပ်သွားပြီး တိုင်းပြည်မှာ ရေရှည်
တည်တံ့နိုင်တဲ့ ငြိမ်းချမ်းရေး ရှိလာပြီလို့ ယူဆနိုင်ရပါမယ်။ မြေမြှုပ်မိုင်းတွေ ကင်းရှင်းရပါမယ်။
ဒုက္ခသည်တွေအတွက် လုံခြုံစိတ်ချမှု ရှိရမှာဖြစ်သလို ရွာတွေ ပြန်တည်ဆောက် ရပါမယ်။ ရေ ရရှိရပါမယ်။
ကျောင်းတွေ ရှိရပါမယ်။ အစရှိသဖြင့် အဲဒီလို အခြေခံ လိုအပ်ချက်တွေ ဖြည့်ဆည်းပြီး ဖြစ်နေရပါမယ်။
ဒုက္ခသည်တွေ ကိုယ်နှိုက်က စိတ်ချယုံကြည်မှု ရှိပြီး ပြန်မပြန်ကို သူတို့ကပဲ ဆုံးဖြတ်ရမှာပါ။ ကုလသမဂ္ဂ
ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း အဲဒီ ပဋိပက္ခဒေသတွေကို သွားရောက်
လုပ်ကိုင်နိုင်ရပါမယ်။ မစ္စ ကစ်တီ မက်ကင်းဇီးက အခုလို ဆက်ပြောပါတယ်။

“ကျမတို့ကို အဲဒီဒေသတွေမှာ သွားရောက် လုပ်ကိုင်နိုင်အောင် ခွင့်မပြုပါဘူး။ ဒုက္ခသည်တွေက


ကိုယ့်သဘောနဲ့ကိုယ် ပြန်သွားပြီး ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်မယ့် အခြေခံတွေ အခုချိန်ထိ မရှိသေးပါဘူးရှင်။”

တက်လာတဲ့ အစိုးရအသစ်ဟာ အဲဒီအခြေအနေတွေ ဖန်တီးဖို့ စီမံကိန်းတွေ ရှိရဲ့လား ဆိုတာကတော့


ဒုက္ခသည်အရေး ရတက်မအေးကြတဲ့ သူတွေ မေးနေကြတဲ့မေးခွန်းပါ။ ဆယ်လီ တွန်မ်ပ်ဆင်န် က အခုလို
ပြောပါတယ်။

“မရှိပါဘူး။ မရှိပါဘူး။ အဲဒီလို စီမံကိန်မျိုး ရှိတယ်လို့ ကျမတို့ သတိမထားမိပါဘူး။”

ဒါကြောင့် ဒုက္ခသည် လက်ခံရေး မူဝါဒဟာ နိုင်ငံတကာနဲ့ ပြည်တွင်း လူမှုအဖွ့အ


ဲ စည်းတွေအပေါ်
အသိအမှတ်ပြုရေး၊ လွတ်လပ်ခွင့်ပေးရေး အစရှိတဲ့ မူဝါဒတွေနဲ့လည်း ဆက်စပ်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ အမေရိကန် ဒု လက်ထောက်ဝန်ကြီး ပြောကြား


2011-04-12 RFA

မြန်မာအစိုးရသစ်အနေနဲ့ နိုင်ငံရေးအရ အပြုသဘော တိုးတက်မှု ရှိကြောင်း နိုင်ငံတကာကို အခိုင်အမာ ပြသဖို့


အတွက်ဆိုရင် ပထမဆုံးအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ လိုအပ်တယ်လို့ အာရှနဲ့
ပစိဖိတ် ဒေသဆိုင်ရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Joseph Yun က ဧပြီ ၁၁ ရက် မနေ့က
ပြောကြား လိုက်ပါတယ်။

နေပြည်တော်အစိုးရအနေနဲ့ အရင်ဆုံး ဆောင်ရွက်သင့်တာက အကျဉ်းသား နှစ်ထောင်ကျော်ကို လွှတ်ပေးဖို့


လိုပါတယ်၊ အကျဉ်းသားတွေထဲမှာ တချို့ဆိုရင် နှစ်ပေါင်း ၁၀ စုနဲ့ချီ ကျခံနေရတဲ့အတွက် အိုမင်းနေပါပြီ၊
ဒီနိုင်ငံရေး အကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ကိစ္စကို မိမိတို့ အကဲခတ် စောင့်ကြည့်နေပါတယ်လို့ ဂျိုးဇက်ဖ်
ယွန်က ပြောသွားပါတယ်။

ဒါ့ပြင် အန်အယ်လ်ဒီအပါအဝင် အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေရဲ့ လုံခြုံရေးအတွက် အမေရိကန်အနေနဲ့


အထူး စိုးရိမ်နေကြောင်း၊ မြန်မာ အစိုးရအနေနဲ့ NLD ကို တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ပေးဖို့
လိုအပ်ကြောင်း Mr Yun က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အမေရိကန် ဝါရှင်တန်ဒီစီမြို့တော်က John Hopkins တက္ကသိုလ် နိုင်ငံတကာ အထူးပြု လေ့လာရေးဌာနမှာ


မနေ့က ကျင်းပတဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံနေတဲ့ တောင်နဲ့ မြောက်ကိုးရီးယားနိုင်ငံတို့ရဲ့ ရည်ရွယ်ချက် ခေါင်းစဉ်နဲ့
ဆွေးနွေးပွဲမှာ မစ္စတာ Yun က အခုလို ပြောဆိုခဲ့တာပါ။

အဲဒီအခမ်းအနားမှာ မစ္စတာ ဂျိုးဇက်ယွန်ရဲ့ ပြောကြားချက်တွေထဲက RFA အဖွဲ့သား ကိုကျော်ကျော်အောင်က


ကောက်နုတ် တင်ပြထားပါတယ်။
ကောက်နုတ်တင်ပြချက် အသံဖိုင်ယူရန်
တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှု ရှမ်းအဖွဲ့ ရှုတ်ချ
2011-04-12 RFA

မြန်မာအစိုးရတပ်ဖွဲ့တွေဟာ အပစ်အခတ် ရပ်စဲခဲ့တဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)ကို တိုက်ခိုက်နေရာမှာ


လူ့အခွင့်အရေး ချိုးဖောက်မှု့တွေ ဆက်တိုက် ကျူးလွန်နေတယ်လို့ ရှမ်းပြည် လူမှု အသိုင်းအဝိုင်း အခြေပြု
အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီအထဲမှာ ပြီးခဲ့တဲ့ လ ၁၃-ရက်နေ့က ကျေးသီးမံစံမြို့နယ်၊ နန်းလောင်းကျေးရွာ ဘုန်းကြီးကျောင်းကို


လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ကိုရင် ၄ ပါး ပျံလွန်တော်မူသွားတာ၊ အမျိုးသမီး ၃ ဦးကို စစ်သားတွေက
အုပ်စုလိုက် အဓမ္မပြုကျင့်တာ၊ ရွာသားတွေကို ရိုက်နှက်တာတွေလည်း ပါဝင်ပါတယ်။

ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းတပ်တွေက ထိုးနှက်တိုက်ခိုက်ဖို့ မလွယ်ကူအောင် မြန်မာစစ်သားတွေက


အမျိုးသမီးတွေကို စစ်ကြောင်းရှေ့က ထားပြီး သွားခိုင်းတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါအပြင်
မြန်မာတပ်မတော်ရဲ့ ရန်က ကြောက်ရွံ့ပြီး မိုင်းရှူးမြို့နယ်အတွင်းမှာ ရွာသားတွေဟာ ကျေးရွာတွေကို စွန့်ခွာ
ထွက်ပြေးနေကြရတယ်လို့လည်း ပါရှိပါတယ်။

အဲဒီ သတင်းအချက်အလက်တွေကို ရရှိခဲ့ပုံနဲ့ ပတ်သက်ပြီး ရှမ်းပြည် လူမှုအသိုင်းအဝိုင်း အခြေပြုအဖွဲ့ တဖွဲ့မှာ


ပါဝင်တဲ့ ရှမ်းအမျိုးသမီး ယိင်းကော်တိုင်း က အခုလိုရှင်းပြပါတယ်။

“အဲဒီ SSA နောက်ကနေလည်း ရတယ်။ နောက်တခုကျတော့ စစ်တပ်တွေကြောင့် တချို့လူတွေ


ထွက်ပြေးတိမ်းရှောင်ရတယ်။ အဲဒီကဟာလည်း သတင်းအချက်အလက် ရတယ်။ နောက်တခုကျတော့
ရှမ်းသံတော်ဆင့် အဖွဲ့ဆီမှာလည်း ဒီကနေပြီးတော့ သတင်းအချက်အလက်တွေ ကောက်ပါတယ်ရှင့်။
ထိုင်းနိုင်ငံထဲ ရောက်တဲ့လူတွေလည်း သူတို့ဆီကနေ မေးမြန်းပြီးတော့မှ ရပါတယ်ရှင့်။ ပြီးတော့
ထွက်ပြေးပြီးတော့မှ ဒီဒေသကို ရောက်လာတဲ့ လူတွေပေါ့နော်၊ သတင်းအချက်အလက်တွေ အဲဒီကနေ
နည်းနည်း ရတယ်ရှင့်။ ကျွန်မတို့ information သတင်းအချက်အလက်တွေ ရတာ နည်းနည်းလေး
အခက်အခဲတွေလည်း ရှိတယ်ပေါ့နော်။ အကုန်”

ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းတပ်ဖွဲ့ဟာ နဝတ စစ်အစိုးရ လက်ထက်ကတည်းက အပစ်အခတ်


ရပ်စဲခဲ့တာ ၂၂ နှစ် ရှိခဲ့ပြီဖြစ်ပြီး အခု အစိုးရသစ်လက်ထက်မှာ ပြန်လည် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

SSA မြောက်ပိုင်းနှင့် မြန်မာစစ်ခေါင်းဆောင်များ လျှိ့ဝှက် ဆွေးနွေး


2011-04-12 RFA

အရင်စစ်အစိုးရက ပြည်သူ့စစ်ဖွဲ့ စည်းဖို့ ဖိအားပေးတာကို ငြင်းဆန်ခဲ့တဲ့ SSA-N ရှမ်းပြည်တပ်မတော်


(မြောက်ပိုင်း) တပ်မဟာ (၁)က ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရတပ်တွေအကြား ဧပြီ ၁၂ ရက် ဒီကနေ့
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ တွေ့ဆုံ ဆွေးနွေးကြတယ်လို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အစိုးရဖက်က SSA မြောက်ပိုင်း တပ်မဟာ (၁) နဲ့ ဆွေးနွေးလိုတယ်လို့


ကမ်းလှမ်းခဲ့ကြောင်း သတင်းထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့အတွက် ကြားခံ
ဆောင်ရွက်ပေးခဲ့တာက ပြည်သူ့စစ် ဖွဲ့သွားခဲ့တဲ့ SSA မြောက်ပိုင်း တပ်မဟာ ၇ က ခေါင်းဆောင်တွေ
ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးက RFA ကို ပြောပါတယ်။

SSA မြောက်ပိုင်းဟာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းလောက်ကတည်းက မြန်မာအစိုးရတပ်တွေနဲ့ ကွန်ဟိုင်းနဲ့


တန့်ယန်းအကြားမှာ မကြာခဏ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် အစိုးရတပ်တွေဟာ နန့်ပန်နဲ့
သံလွင်မြစ်ကြားက ဒေသတွေကို တပ်စွဲထားနိုင်ပြီ ဖြစ်တဲ့အတွက် UWSA နဲ့ SSA မြောက်ပိုင်း တပ်မဟာ ၁
တပ်တွေအကြား စစ်ရေးအရ ပိုင်းခြားထားနိုင်သလို ဖြစ်နေတယ်လို့ သိရပါတယ်။

SSA မြောက်ပိုင်း တပ်မဟာ (၁) ကို စစ်ရေးအရ ဆက်လက် ဖိအားပေးနေရင် SSA တောင်ပိုင်းတပ်တွေနဲ့
ပြန်လည် ပေါင်းစည်းသွားမှာ စိုးရိမ်တဲ့အတွက် အခုလို ဆွေးနွေးဖို့ ကမ်းလှမ်းတာ ဖြစ်နိုင်တယ်လို့လည်း
အကဲခတ်တွေက ပြောပါတယ်။

တကယ်လို့တွေ့ဆုံဆွေးနွေးမှု အဆင်ပြေရင် အင်အား ၃၀၀၀ ခန့် ရှိတဲ့ SSA မြောက်ပိုင်း တပ်မဟာ (၁) ကို
ဝန်ဟိုင်းဒေသမှာ ပြန်လည် နေရာပေးမယ်လို့လည်း အစိုးရဖက်က ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဒီကနေ့
ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ RFA က ကြိုးစားနေဆဲ ဖြစ်ပါတယ်။

မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံမှု နိုင်ငံတကာ စိုးရိမ်


2011-04-12 RFA

မြန်မာနိုင်ငံမှာ ညူကလီးယား လက်နက် ထုတ်လုပ်နေပြီဆိုတဲ့ အထောက်အထားတွေဟာ ခိုင်လုံမှု မရှိပေမဲ့


မြန်မာနဲ့ မြောက်ကိုရီးယားတို့ အနီးကပ် ဆက်ဆံနေမှုကတော့ နိုင်ငံတကာအတွက် အထူးစိုးရိမ်စရာ ဖြစ်တယ်လို့
အမေရိကန် ကျွမ်းကျင်သူတွေက ဧပြီ ၁၁ ရက် မနေ့က ပြောကြားလိုက်ပါတယ်။

Griffith တက္ကသိုလ်က သုတေသီ Andrew Selth က မြန်မာနိုင်ငံဟာ ညူကလီးယား နည်းပညာရရှိဖို့


ကြိုးပမ်းနေတယ်ဆိုတာ အားလုံးအသိ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်နက်ထုတ်လုပ်ရေးအတွက်လား ဒါမှမဟုတ်
တခြား ဘာရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေသလဲ ဆိုတာ တိတိကျကျ မသိရသေးပါဘူးလို့ သုတေသီ Andrew
Selth က ပြောသွားပါတယ်။

IAEA နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ အကြီးအကဲဟောင်း Robert Kelley ကလည်း မြန်မာအစိုးရဆီမှာ


ရုရှား အကူအညီနဲ့ ညူကလီးယား သုတေသန ဓာတ်ပေါင်းဖို အသေးစားတခု တည်ဆောက်နေတာ ရှိပေမဲ့
ဗုံးထုတ်လုပ်ဖို့ ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရှိရသေးကြောင်း ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်၊

ဒါ့ပြင် အမေရိကန်-ကိုးရီးယား သိပ္ပံက ပညာရှင် Alexandre Mansourov ကလည်း မြန်မာအစိုးရဟာ


မြောက်ကိုးရီးယားထံက စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူနေတဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက
ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် စည်းကမ်းတွေကို ချိုးဖောက်မှု ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်က John Hopkins တက္ကသိုလ် နိုင်ငံတကာ အထူးပြု


လေ့လာရေးဌာနမှာ မြန်မာနဲ့ မြောက်ကိုရီးယားအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နေမှု ခေါင်းစဉ်နဲ့
မနေ့က ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ကျွမ်းကျင်သူတွေက ခုလို ပြောဆိုခဲ့ကြတာပါ။
နိုင်ငံရေးအကျဉ်းသားများ လွှတ်မှ ဆက်ဆံရေး လမ်းပွင့်နိုင်
ကိုပေါက် | အင်္ဂါနေ့၊ ဧပြီလ ၁၂

နယူးဒေလီ (မဇ္ဈိမ)။ ။ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမည်ဆိုပါက အစိုးရသစ်နှင့်


ဒီမိုကရေစီအင်အားစုများအကြား ပွင့်လင်းသော ဆက်ဆံရေး လမ်းကြောင်းတခု ဖြစ်လာနိုင်သည်ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။

တနင်္လာနေ့တွင် ပြုလုပ်ခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌


မြန်မာနိုင်ငံခြားရေးဝန်ကြီးသစ် ဦးဝဏ္ဏမောင်လွင်က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့နိုင်ငံရေးတွင်
သက်ဆိုင်သူအားလုံးနှင့် ဆက်သွယ်ရေးတံခါး ဖွင့်ထားကြောင်း ပြောဆိုခဲ့မှုအပေါ် တုံ့ပြန်ပြောဆိုလိုက်ခြင်း
ဖြစ်သည်။

“နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ကိစ္စက အရေးကြီးတာကိုးဗျ။ ရွေးကောက်ပွဲပြီးရင်ပဲ လွှတ်မလား၊ လွှတ်တော်


ခေါ်ပြီးရင်ပဲ လွှတ်မလား၊ သမ္မတ ကျမ်းကျိန်ပြီးရင်ပဲ လွှတ်မလား၊ အခုဆို နိုင်ငံရေးအကျဉ်းသား မိသားစုနဲ့
ဒီမိုကရေစီ အင်အားစုတွေကတော့ နှစ်ဆန်းတရက်မှာပဲ လွှတ်မလားပေါ့။ ဒါတွေဖြစ်လာရင်တော့
ပြောဆိုထားတဲ့အတိုင်းပဲ ပွင့်ပွင့်လင်းလင်း ဆက်ဆံကြဖို့ လမ်းပွင့်သွားတဲ့ သဘောတော့ ရှိတာပေါ့ဗျာ” ဟု
ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။

အစိုးရသစ်နှင့် ဆက်ဆံရေးအတွက် လမ်းစပွင့်စေရန် ကြိုးစားသည့်အနေဖြင့် NLD ဒုဥက္ကဋ္ဌ လက်မှတ်ထိုးကာ


သမ္မတ ဦးသိန်းစိန်ထံ ယခင်အပတ်ထဲတွင် စာတစောင် ပေးပို့ခဲ့သော်လည်း တုံ့ပြန်မှုတစုံတရာ
မရှိသေးကြောင်းလည်း ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။

“ဦးသိန်းစိန်ရဲ့ မိန့်ခွန်းက တရားဥပဒေစိုးမိုးရေးတို့၊ တရားမျှတရေးတို့၊ လောကပါလတရားတို့ ပြောထားတော့ကာ


ကျနော်တို့ကလည်း တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်လို့ ထိထိရောက်ရောက် လုပ်ပါဆိုတဲ့သဘော
တိုက်တွန်းတာပဲ။ လက်ရှိအခြေအနေမှာ တရားရုံးတွေဘာတွေမှာ ပြောရဆိုရ လွတ်လွတ်လပ်လပ်
မဖြစ်သေးတာကို ဖြစ်အောင် လုပ်ပေးပါလို့။ အပြုသဘောဆောင်တဲ့၊ ရရှိနိုင်တ့သ
ဲ ဘောကို စမ်းသပ်ရေးလိုက်တဲ့
အစသဘောပဲဗျ” ဟု သူက ပြောဆိုသည်။

တရားရုံးများတွင် အများမြင်သာအောင် စစ်ဆေးရေးကဲ့သို့ နမူနာများကို ထောက်ပြပြီး လွတ်လပ်သော


တရားစီရင်ရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို အမှန်တကယ်ဖော်ဆောင်ရန် စာထဲတွင်
တိုက်တွန်းထားသေးသည်။

ထို့ပြင် ၎င်းစာမှာ NLD ၏ ၆၆ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ကြေညာချက်ပါ ရင်ကြားစေ့ရေး


သဘောထားများနှင့် တဆက်တည်းဖြစ်သည်ဟု ဦးတင်ဦးက ဆိုသည်။

စာပါအကြောင်းအရာများနှင့် စပ်လျဉ်း၍ အစိုးရသစ်အနေဖြင့် မည်မျှ လိုက်လျောလာနိုင်သည်ကိုမူ ဦးတင်ဦးက


“နောက်ပိုင်း လာတာ ကြည့်ရမှာပဲ။ အရင်လိုပဲ သွားတာပဲလား။ ဦးသိန်းစိန်က လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့
အနေအထားတွေ ရှိသလား” ဟု သူက ပြောသည်။
မဲဆောက်တွင် မြန်မာလေးငယ်တို့ သူတောင်းစားမှ ကျောင်းသားသို့ ပြောင်းမည်
မိုးမခအထောက်တော် မဲဆောက်
ဧပြီ ၁၂၊ ၂၀၁၁ မိုးမခ

ယနေ့နံနက် ၁၀ နာရီက မဲဆောက်မြို့ ဖဝေါးဆေးရုံးအနီး အမျိုးသားလူငယ် ရုံးတွင်


http://myanmarchildrenhelp.blogspot.com/ “နေရောင်အောက်မှ အလင်းမဲ့သူများ” ဘလော့ဂ်စာမျက်နာမှ
ကျင်းပသော သူတောင်းစားနှင့် လေလွင့်လူငယ် ပပျောက်ရေး အစီအစဉ် အခမ်းအနား ကျင်းပသည်ဟု
ဆိုသည်။

နွမ်းပါးကလေး ၁၅၀ ကိုလည်း ဒံပေါက် ကျွေးခဲကြောင်း၊ အခမဲ့ဆံသ ပေးခဲ့ပြီး လိုအပ်ချက်ရှိသည်များကို


ဆောင်ရွက် ပေးခဲ့ကြောင်း ပြောကြားသည်။ ကျောင်းနေချင်သော တောင်းရမ်းစားသောက်နေရသူ
ကလေးငယ်များကို လာမည့်ကျောင်းဖွင့်ချိန်တွင် ကျောင်းထားနိုင်ရေးအတွက် “သူတောင်းစားမှ ကျောင်းသားသို့
” အစီအစဉ်ကိုလည်း စတင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ အခမ်းအနားအစီအစဉ်ကို နေလည် ၁း၀၀ ရီတွင်
ပြီးဆုံးသွားပါသည်။

ရုပ်သံကို သည်မှာ ကြည့်နိုင်ပြီ။

နောက်ဆုံး ဖတ်စရာ

ဦးဝင်းတင်နဲ့ မေးခွန်းများ
ဧပြီ ၁၂၊ ၂၀၁၁ မိုးမခ

သည်တပတ်မှာတော့ ဆရာဦးဝင်းတင်နဲ့ တွေ့ဆုံခဲ့ကြရာမှာ မတ် ၃၀ စစ်အုပ်စုတင်မြှောက်လိုက်တဲ့


ကြံ့ဖွံ့အစိုးရက နိုင်ငံတော်ရဲ့ အာဏာအ၀၀ကို ရယူလိုက်ပြီးတဲ့နောက် လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေး၊
အုပ်ချုပ်ရေး နဲ့ လူ့အခွင့်အရေးကိစ္စတွေကို မြန်မာပြည်သူတွေအနေနဲ့ ဘယ်လိုမျိုး ဆက်လက်ပြီး ရင်ဆိုင်ရမှာလဲ၊
လှုပ်ရှားရမှာလဲ ဆိုတဲ့ အကြောင်းအရာတွေကို မေးဖြစ်ပါတယ်။

ကျနော့်အနေနဲ့ ပထမဦးဆုံး ပြောချင်တာကတော့ ကျနော်တို့ရဲ့ တိုင်းပြည်ရဲ့ ဗဟိုအချက်အချာဟာ


နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တယ်။ တိုင်းပြည်ရဲ့ လူထုတရပ်လုံးရဲ့ ရုန်းကန်မှု လှုပ်ရှားမှုတွေ ရဲ့ ပြယုဒ်ဖြစ်တယ်
လို့ ပြောချင်တယ်။ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှု၊ တိုင်းရင်းသားအရေးလှုပ်ရှားမှု၊
လူ့အခွင့်အရေးလှုပ်ရှားမှုတွေရဲ့ တိုက်ပွဲတွေ တော်လှန်ရေးတွေ အားလုံးကို ကိယ
ုစားပြုတဲ့သူတွေ ဖြစ်တယ်။

အဲသည် ပုဂ္ဂိုလ်တွေကို အင်န်အယ်ဒီပ်ါတီဝင်တွေ၊ မဟာမိတ်တွေ၊ မိတ်ဆွေတွေတင်သာ မကဘဲ


မြန်မာပြည်သူလူထုတွေ၊ နိုင်ငံတကာက မိသားစုတွေက အထူးဂရုစိုက်ပြီး သူတို့တွေ လွတ်မြောက်ဖို့၊ သူတို့တွေနဲ့
မိသားစုတွေကို ကူညီအားပေး လက်တွဲဖို့ ကြိုးစားကြတာတွေဟာ အလွန်ကို ဂုဏ်ယူဖွယ်ဖြစ်တယ်၊
မမေ့မလျော့ဘဲ အမြဲ ဦးစားပေးလုပ်နေရမယ့် အလုပ်တာဝန်ဖြစ်တယ်လို့ ပြောချင်ပါတယ်။
ဆိုတော့ အင်န်အယ်ဒီက ရန်ကုန်မှာ ရှိတဲ့ ဗဟိုဌာနချူပ်ကနေပြီးတော့ပဲ
နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးတွေ လုပ်နေတာလား။ တိုင်းနဲ့ ပြည်နယ်အနှံ့က
အင်န်အယ်ဒီပါတီင်္ဝင်တွေ၊ မိတ်ဆွေတွေအားလုံးက ၀ိုင်းဝန်းကြတာပေါ့နော် ဆရာ။
စစချင်းမှာတော့ အင်န်အယ်ဒီလူမှုထောက်ကူအဖွဲ့ရဲ့ နိုင်ငံရေးအကျဉ်းသား
စောင့်ရှောက်မှုကော်မီတီကနေပြီးတော့ ဦးဆောင်ပြီး စီစဉ်ဆောင်ရွက်မှုတွေ လုပ်နေတာဖြစ်ပါတယ်။
နောက်ပိုင်းမှာ အကျဉ်းထောင်တွေ ရှိနေတဲ့ မြို့နယ်တွေ အရပ်တွေမှာရှိတဲ့ အင်န်အယ်ဒီပါတီက နီးစပ်ရာ
မိသားစုတွေ အသိုင်းအ၀ိုင်းတွေကို ကူညီနေတဲ့ အဆင့်ကနေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင်
ဆောင်ရွက်လာကြပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ မိသားစုတွေအနေနဲ့ကော ဘယ်လိုမျိုး ရှိသလဲဆရာ။


နယ်တွေ မြို့တွေက ပါတီဝင်တွေ မိတ်ဆွေတွေက အားပေးမှုတွေ၊ ထောက်ခံမှုတွေ ပြကြလာသလိုပဲ
အခြားနိုင်ငံရေးပါတီဆိုသူတွေကလည်း ထုတ်ဖော်ပြောဆိုလာကြတယ်။ လက်ရှိတက်လာတဲ့ အစိုးရကိုလည်း
မေးခွန်းတွေ ထုတ်လာကြတယ်။

နိုင်ငံရေးအကျဉ်းသားမိသားစုတွေကိုယ်တိုင်ကလည်း မိမိတို့ရဲ့ နိုင်ငံရေးအကျဉ်းသားတွေ အရေးအတွက်ကို


တောင်းဆိုမှုတွေ တိုးပြီး လုပ်လာကြတယ်။ နိုင်ငံရေးအကျဉ်းသားတွေကိုယ်တိုင်ကလည်း မိမိတို့ ထောင်တွင်းက
အခွင့်အရေးတွေ၊ တရားစီရင်ရေးတွေအတွက်ကို ဥပဒေဘောင်တွင်းကနေ ပြောဆိုမှုတွေ
လုပ်လာကြတယ်လို့လည်း ကြားရပါတယ်။ ဒါတွေဟာ ကျနော်တို့ ကြားမိ သိရှိသလောက် လှုပ်ရှားမှုတွေလို့
ပြောချင်ပါတယ်။

ပြည်တွင်းပြည်ပက အားပေးမှုတွေ၊ ကူညီမှုတွေ ပြုလုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ တိုးတက်လာသလား


ဆရာ။
တိုးလာပါတယ်။ အဖွဲ့ချူပ်ကို တိုက်ရိုက်ဆက်သွယ်ပြီး ကူညီမှုတွေ လုပ်လာကြသလို နယ်တွေ
မြို့တွေမှာလည်း ရှေ့ကိုထွက်ပြီး စောင့်ရှောက်မှုတွေ အားပေးမှုတွေ လုပ်လာတာကို တွေ့နေရတယ်။ ပြည်ပက
ဆိုရင်လည်း ခင်ဗျားတို့ မိုးမခမိတ်ဆွေတွေက လက်လှမ်းမှီရာ ကူညီအားပေးမှုလုပ်ကြသလိုမျိုး နိုင်ငံအသီးသီးက
မြန်မာမိသားစုတွေကလည်း မိမိတို့ တတ်စွမ်းသမျှ အကူအညီပေးတာတွေ ရှိတယ်လို့ ကြားသိရပါတယ်။
အညတရ နိုင်ငံရေးအကျဉ်းသားတွေကို ထုတ်ဖော်ပြီး လူထုတွေသိအောင် အသိပေးပြီး ကူညီမှုတွေ
လုပ်ကြမယ်လို့လည်း စီစဉ်နေတယ် ကြားသိရပါတယ်။ နှစ်ရှည်ထောင်ကျနေသူတွေ၊ ရဟန်းသံဃာတွေ၊
နယ်ဝေးအစွန်အဖျားမှာ ရှိနေသူတွေ ကို လူတွေက ပိုပြီး သိလာ ရင်းနှီးအောင် လုပ်လာကြမယ်လို့လည်း
သိရပါတယ်။

ဆိုတော့ စစ်အစိုးရ တင်မြှောက်ပေးလိုက်တဲ့ ကြံ့ဖွံ့အစိုးရ တက်လာလို့ လူထုတွေဟာ


နိုင်ငံရေးအကျဉ်းသားအရေးကိစ္စတွေကို ကျောခိုင်းသွားကြတယ်။ အာရုံတွေ ပြောင်းသွားကြတယ်လို့ ပြောလို့
မရဘူးပေါ့ ဆရာ။
ဒီလိုအခြေအနေတွေကို ခြုံငုံကြည့်ရရင် အရင်တုန်းထက်ကစာရင် ပြည်သူလူထုဟာ
နိုင်ငံရေးအကျဉ်းသားအရေးကိစ္စကို မိမိမိသားစု သားချင်းအရေး သားသမီး ညီအကို မောင်နှမ အရေးလိုမျိုး
သဘောထားတွေ ဖြစ်လာတယ်။ အရင်တုန်းကတည်းက နိုင်ငံရေးအကျဉ်းသားဆိုတာ ရှိနေတာပဲ။
အရင်တုန်းကဆို လူထုရဲ့ စိတ်ဝင်စားမှုနဲ့ ထကြွမှုဟာ နိမ့်လိုက် မြင့်လိုက် ရှိတယ်။ အမြဲ အာရုံစိုက်ခြင်း မခံရဘူး။
အခုတော့ နိုင်ငံရေးအကျဉ်းသားအရေးသည် မြန်မာပြည်သူတွေရဲ့ နေ့တဓူဝ အရေးလိုမျိုး ဖြစ်လာပြီ ဖြစ်တယ်လို့
ပြောချင်တယ်။
နောက်မေးခွန်းတခုကတော့ ဆရာရယ် … အခု အစိုးရအပြောင်းအလဲဖြစ်တယ်တို့၊ အရပ်သားအစိုးရ
တက်လာတယ်တို့၊ ရွေးကောက်ပွဲနိုင်အနိုင်ရ အစိုးရတို့နဲ့ သတင်းတွေမှာ လူတွေက အမည်တတ်ပြီး
ရေးနေကြတယ်။ တကယ်တမ်းကတော့ စစ်အစိုးရကိုယ်တိုင် ထူထောင်ဖွဲ့စည်းပေးခဲ့တဲ့ ပြည်ခိုင်ဖြိုး ခေါ်
ကြံ့ဖွံ့အသင်းကြီး အသွင်ပြောင်း ကြံ့ဖွံ့ပါတီကို စစ်အစိုးရစိတ်တိုင်းကျ ရွေးကောက်ပွဲနဲ့ တဖက်သတ်
အစိုးရဖွဲ့ပေးလိုက်တာဆိုတော့ အခု အစိုးရဆိုတာကို အရင်တုန်းက နံမယ်တပ်သလို နအဖစစ်အစိုးရ၊
န၀တစစ်အစိုးရ ဆိုတဲ့ဆီကနေ ကြံ့ဖွံ့အစိုးရလို့ အမည်တတ်ရတော့မှာပေါ့နော် ဆရာ။

ဟုတ်ပါတယ်။ စစ်တပ်ရဲ့ လွှမ်းမိုးချူပ်ကိုင်မှုကို အတည်ပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို


ထောက်ခံတဲ့ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ လွှတ်တော်မှာ ကြံ့ဖွံ့ပါတီနဲ့ စစ်အုပ်စုကိုယ်စားလှယ်တွေက
အများစု ဖြစ်နေတယ်။ အဲသည်ကနေ ပေါ်ထွက်လာတဲ့ အစိုးရဆိုတာကို ကြံ့ဖွံ့အစိုးရလို့ ခေါ်ကြလိမ့်မယ်လို့
ပြောနိုင်ပါတယ်။

ကောင်းပါပြီ။ ကြံ့ဖွံ့အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးပြသနာတွေနဲ့ ပတ်သက်ပြီး တိုးတက်ကောင်းမွန်တဲ့


အပြောင်းအလဲတွေ ပေါ်ထွန်းလာအောင် အတိုက်အခံနိုင်ငံရေးအင်အားစုတွေက ဘာတွေကို ဦးစားပေးပြီး
တောင်းဆို လှုပ်ရှားသင့်သလဲ ဆရာ။

စစ်အစိုးရက ခန့်အပ်လိုက်တဲ့ ကြံ့ဖွံ့အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို ဘယ်လို


ဖြေရှင်းမယ်၊ ဘယ်လို ဆောင်ရွက်ပေးမယ် ဆိုတာတွေက နိုင်ငံရေးအင်အားစုတွေနဲ့ သက်ဆိုင်တယ်။ သူတို့ကို
ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုတုန့်ပြန်မလဲဆိုတာကို ရင်ဆိုင်ကြရမှာက ကျနော်တို့
အတိုက်အခံနိုင်ငံရေးအင်အားစုတွေနဲ့ သက်ဆိုင်ပါတယ်။ ဒါက တပိုင်း။

သူတို့က ပြောတာက ငြိမ်းချမ်းရေးတံခါးကြီး ဖွင့်ထားတယ်လို့ ဆိုတယ်။ သို့သော် သူတို့


ငြိမ်းချမ်းရေးတံခါးကြီးဆိုတာက ၂၀၀၈ အခြေခံဥပဒေကို သစ္စာခံဖို့၊ အဲသည် အခြေခံဥပဒေကို ကာကွယ်ပေးတဲ့
ရွေးကောက်ပွဲတွေ ၀င်ဖို့ ဒါပဲ ဖြစ်တယ်။ ဒီလို ပြောလိုက်တာကို အပေါ်ယံအားဖြင့် ကြည့်လိုက်ရင် ကြံ့ဖွံ့အစိုးရနဲ့
အတိုက်အခံနိုင်ငံရေးအင်အားစုတွေက လက်တွဲလုပ်ကြဖို့ပဲ ရှိတယ်။ ဘာလို့ လက်မခံနိုင်စရာရှိရမှာလဲ ဆိုပြီး
တချို့တွေက လျောက်ပြောနေကြတာကို ကြားနေရတယ်။

အစကတည်းက ဒါကိုလက်မခံတဲ့ အင်န်အယ်ဒီပါတီနဲ့


မဟာမိတ်နိုင်ငံရေးအင်အားစုတွေအနေနဲ့ကတော့ လက်ရှိ ကြံ့ဖွံ့အစိုးရနဲ့ ရင်ဆိုင်တ့ေ
ဲ နရာမှာ သူတို့ပြောနေတဲ့
၂၀၀၈ အခြေခံဥပဒေကို သစ္စာခံဖို့ထက် ဒီမိုကရေစီနည်းလမ်းမကျတဲ့ အချက်အလက်တွေကို ပြုပြင်ဖို့၊
ဒီမိုကရေစီနည်းလမ်းကျတဲ့ အခြေခံဥပဒေကို ပေါ်ထွန်းအောင် ၀ိုင်းဝန်း ဆောင်ရွက်ကြဖို့က အဓိကကျတယ်။
နောက်တချက်ကလည်း သာမန်ရွေးကောက်ပွဲဝင်တာထက် ဒီမိုကရေစီနည်းလမ်းကျတဲ့ ဒီမိုကရေစီရေးနဲ့
လူ့အခွင့်အရေးကို အာမခံမှုရှိတဲ့ ရွေးကောက်ပွဲတရပ် ပေါ်ထွန်းဖို့က အရေးကြီးတယ်။ ဒီမိုကရေစီကျတဲ့
လွတ်လပ်ပွင့်လင်းတဲ့ လွှတ်တော်တွေ ဖြစ်ပေါ်ဖို့ ဖြစ်တယ်။ ဒါကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊
နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ရေး၊ ဒီမိုကရေစီရေး လူ့အခွင့်အရေး ပေါ်ထွန်းရန်
တွေ့ဆုံဆွေးနွေး အဖြေရှာရေးတို့ကို နိုင်ငံရေးအင်အားစုများ ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ဒါဆိုရင် ပြည်သူလူထုဖက်ကကော … ကြံ့ဖွံ့အစိုးရနဲ့ ပတ်သက်ပြီးတော့ တိုင်းပြည်အုပ်ချူပ်ရေး ကိစ္စအရပ်ရပ်မှာ


တိုးတက်ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ပေါ်ထွန်းလာအောင် ဘာတွေကို ဦးစားပေးပြီး တောင်းဆို
လှုပ်ရှားသင့်သလဲ ဆရာ။
ပြည်သူတွေနဲ့ တိုက်ရိုက်သက်ဆိုင်တာက တိုင်းပြည်အုပ်ချူပ်ရေးအပိုင်းဖြစ်တယ်။ သူတို့တွေ
ပြောဆိုကတိပေးသလို ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရအဖြစ် လုပ်မယ်လို့ ပြောလိုက်တော့ ဒါတွေကို
လုပ်ပေးဖို့ကို ပြည်သူတွေကိုယ်တိုင်က ထောက်ပြ တောင်းဆို လှုပ်ရှားမှုတွေ ပြုလုပ်ရတော့မယ်။

Good Governance ပတ်သက်လို့ ကြည့်မယ်ဆိုရင် အခုခန့်အပ်လိုက်တဲ့ အစိုးရအဖွဲ့ဝင်တွေဆိုတာက


အရင် နအဖစစ်အုပ်စုဝင်တွေ ဖြစ်နေတယ်။ အရင်ကတည်းက သူတို့တတွေက ကောင်းမွန်တဲ့
အစိုးရအုပ်ချူပ်မှုတွေ မလုပ်နိုင်ခဲ့လို့ တိုင်းပြည်မှာ အဖက်ဖက်က ချွတ်ခြုံကျနေရတယ်။ တိုင်းရင်းသားဒေသတွေ
ဖွံဖြိုးတိုးတက်ဖို့ကိုလည်း မလုပ်နိုင်ဘူး။ အထက်နဲ့ အောက်နဲ့ အစိုးရ၀န်ထမ်းအဆင့်ဆင့်တင်သာမက စစ်မှုထမ်း
အဆင့်ဆင့် ထက်အောက်စီးဆင်းမှုတွေမှာလည်း အရေးအခင်းတွေ ဖြစ်နေတာကို ကြားနေရတယ်။
အထွေထွေအုပ်ချူပ်ရေး အဆင့်ဆင့်မှာလည်း စွမ်းအားရှင်တွေ မွေးပြီးတော့ လူမိုက်မွေးပြီးတော့ အောက်ခြေမှာ
ကိုယ့်ပြဿနာကိုယ်ရှင်းကြဆိုပြီး လုပ်ကိုင်နေဆဲပဲ ဖြစ်တယ်။ ဒါတွေဟာ ကောင်းမွန်တဲ့ အစိုးရဖြစ်ဖို့
မေးခွန်းဖြစ်တယ်။

ပြည်သူလူထုက ရှေ့လျောက်ပိုပြီးတော့ ကြံ့ဖွံ့အစိုးရဆိုတာကို ဝေဖန်ပြောဆို ထောက်ပြရမယ်။ လယ်သမားတွေ


အလုပ်သမားတွေမှာ အောက်ခြေမှာ နည်းမျိုးစုံနဲ့ ဖိနှိပ်ခံနေရတယ်။ ဒါတွေကို အပေါ်ကလည်း
ဖြေရှင်းဆောင်ရွက်ပေးရမယ်။ ကြည့်ရှင်းလိုက်လို့ ပြောလို့ မရဘူး။

Clean Governance ဆိုတာကလည်း လာဘ်ပေး လာဘ်ယူကိစ္စတင်မဟုတ်ဘူး၊ အဆင့်ဆင့်


ခြစားနေတာ အဂတိလိုက်စားနေတာတင် ပြောတာမဟုတ်ဘူး။ နေရာပေါင်းများစွာမှာ
အစိုးရ၀န်ထမ်းဆိုသူတွေဟာ ပြည်သူတွေကို အာဏာတွေ လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားလုပ်ပြီး
အနိုင်ကျင့်နေတာ၊ နှိပ်စက်နေတာ၊ အဓမ္မတောင်းနေတာတွေ။ ဗိုလ်ကျ စိုးမိုးတာတွေ။ ဒါတွေကို ဖြေရှင်းရမယ်။
ဒါတွေကို ရင်ဆိုင်ရမယ်။ ဆန့်ကျင်ရမယ်။

ဒါတွေဟာ နအဖစစ်အစိုးရလက်ထက်ကတည်းက အစိုးရ၀န်ထမ်းအဆင့်ဆင့်က ဗိုလ်ကျ


အနိုင်ကျင့်နေတာတွေကို ဒီကြံ့ဖွံ့အစိုးရကလည်း ဆက်ပြီး လက်ခံထိန်းသိမ်းထားရင် ပြည်သူလူထုက ဒါကို
လက်ခံနေလို့ မဖြစ်ဘူး။ ထောက်ပြ ဝေဖန်ရမယ်။ ဒါက Clean Governance ဆိုတာဟာ ပြည်သူလူထုနဲ့
ဘယ်လောက် တိုက်ရိုက် သက်ဆိုင်နေသလဲဆိုတာကို ပြောတာ ဖြစ်တယ်။

ဒီတော့ ဆရာပြောချင်တာကတော့ နိုင်ငံရေးအင်အားစုတွေက ကြံ့ဖွံ့အစိုးရနဲ့ နိုင်ငံရေးနည်းလမ်းများနဲ့


ရင်ဆိုင်ကြသလို ပြည်သူလူထုတွေကလည်း ကြံ့ဖွံ့အစိုးရကို အုပ်ချူပ်ရေးဆိုင်ရာမှာ ကောင်းမွန်မျှတဖို့
သန့်ရှင်းပွင့်လင်းဖို့ ဆိုတဲ့ကိစ္စတွေမှာ အမှန်အတိုင်းဖြစ်အောင် ရင်ဆိုင်ရကြမယ်လို့ ပြောချင်တာလား ဆရာ။
ဟုတ်ပါတယ်။

ဟုတ်ကဲ့ပါဆရာ၊ ကျေးဇူးတင်ပါတယ်။
ပြီးဘီ The End

You might also like