You are on page 1of 13

Uncensored Burma - Daily News ( 2011 Apr 14)

သတင်းတွေ ဖတ်ချင်ရင် Kowin2001@gmail.com ကို ဆက်သွယ်ပါ


မိုးမခ MoeMaKa.com အဖွဲ့က ကော်ပီကူးပြီး ဖြန့် ပါတယ်

မာတိကာ

တိုက်ကြီးရှိ ခမရ ၇၀၉ နဲ့  ၇၁၀ တို့  အပစ်ခံရ


ဘီဘီစီ

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အညတြသူရဲကောင်းဆု ချီးမြှင့်မည်


2011-04-14 RFA

သောင်းချီသော မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံမှာ သင်္ကြန်ပွဲဆင်နွှဲ


2011-04-14 RFA

NLD လူငယ်များ၏ စတုဒီသာအလှူ ဧည့်ပရိသတ်စည်ကား


2011-04-14 RFA

မြန်မာစစ်တပ်နှင့် မဆွေးနွေးခဲ့ဟု SSA မြောက်ပိုင်း ငြင်းဆို


2011-04-14 RFA

ဒေါ်စု ဓာတ်ပုံ လွတ်လပ်စွာ ရောင်းချ


By ဦးရော်နီညိမ်း ကြာသပတေး, 14 ဧပြီ VOA

လူထုဒေါ်အမာ ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အခမ်းအနားများ ကျင်းပခဲ့ပြီး


ခင်သန့်ဇင်၊ ရန်ကုန်
ဧပြီ ၁၄၊ ၂၀၁၁ မိုးမခ

အာဏာငရဲ လှိုင်းငရဲ … ဒို့ စာနာ ကြေကွဲ


ရာဇာ
ဧပြီ ၁၄၊ ၂၀၁၁ မုးမခ
ိးမခ

နိုင်ငံရေးဆိုတာ မြင့်မြတ်သူတို့ရဲ့အလုပ်
မောင်မောင်ဝမ်း
ဧပြီ ၁၄၊ ၂၀၁၁ မိုးမခ
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အညတြသူရဲကောင်းဆု ချီးမြှင့်မည်
2011-04-14 RFA

မြန်မာ့ဒီမိုကရေစီရေးအတွက် နှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့် ကြိုးပမ်းနေတဲ့သူတွေကို ဂုဏ်ပြုတဲ့


အညတြ သူရဲကောင်းဆုကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ဒီနှစ်မှာ ပထမဆုံးအကြိမ် အဖြစ်
ပြုလုပ်ပြီး နိုင်ငံရေးအကျဉ်းသား ၃ ဦးကို ရွေးချယ်လိုက်တယ်လို့ သတင်းရရှိပါတယ်။
ဒီနှစ်အတွက် အညတြ သူရဲကောင်းအဖြစ် ရွေးချယ်ခံရတဲ့ ပုဂ္ဂိုလ် ၃ ဦးကတော့ ဦးဣန္ဒက၊ ဘိုးတော် ခေါ်
ဦးခင်ဝင်းနဲ့ ကိုသန်းနိုင်တို့ ဖြစ်ပါတယ်။

ဦးဣန္ဒကဟာ မဂ္ဂင်ကျောင်းတိုက် နောက်ဆုံးဆရာတော် ဖြစ်ပြီး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ကာလက


အဖမ်းခံလိုက်ရတာပါ။ အဲဒီနောက် ထောင်ဒဏ် ၂၆ နှစ်နဲ့ လာရှိုးထောင်မှာ ကျခံနေရ ပါတယ်။

ဘိုးတော် ခေါ် ဦးခင်ဝင်းက ၁၉၉၉ ခုနှစ်မှာ ၉ လေးလုံး လှုပ်ရှားမှုနဲ့ အဖမ်းခံရပြီး အင်းစိန်အကျဉ်း ထောင်မှာ
ထောင်ဒဏ် ၂၃ နှစ် ကျခံနေရပါတယ်။

ကိုသန်းနိုင်ကတော့ HIV/AIDS ဝေဒနာသည်တွေ ကူညီ စောင့်ရှောက်ရေး ကြိုးပမ်းနေရင်း ၂၀၀၇ မှာ


အဖမ်းခံရပြီး မအူပင် အကျဉ်းထောင်မှာ ထောင်ဒဏ် ၁၄ နှစ်ကျခံနေရပါတယ်။

ဒီဆုပေးတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဆုရွေးချယ်ရေး ကော်မတီဝင် ကိုမင်းထက်ဇော်က RFA ကို အခုလို ပြောပါတယ်။

“ကျွန်တော်တို့ ပြည်တွင်းမှာပေါ့လေ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ကို ပဓာနမထားပဲနော်၊ မိမိရဲ့ မိသားစု


ဘဝတွေပါ ပေးဆပ်ပြီးတော့ ဆောင်ရွက်ခဲ့တဲ့ လူတွေကို ကျွန်တော်တို့အနေနဲ့ ချီးမြှင့်လိုတဲ့ ဆန္ဒ ဖြစ်ခဲ့တာပေါ့။
နောက် သူတို့တွေက အမည်နာမအားဖြင့်လည်း ထင်ပေါ် ကျော်ကြားခြင်း မရှိဘူး။ ကျွန်တော်တို့ အဲဒီအပေါ်မှာ
ဂုဏ်ပြုချင်တဲ့ ဆန္ဒ ဖြစ်လာတဲ့အတွက်ကြောင့် ဒီ လုပ်ငန်းစဉ်တွေ ဖြစ်လာတာ ဖြစ်ပါတယ်။ ဒီဆု
ရွေးချယ်တာကိုတော့ ပြည်တွင်းကပေါ့လေ၊ ဆရာကြီး ဦးဝင်းတင် ဦးဆောင်တဲ့ အညတြ သူရဲကောင်းဆု
ရွေးချယ်ရေး ကော်မတီကနေ ရွေးချယ်ခြင်း ဖြစ်ပါတယ်။”

ဆုရရှိတဲ့ ပုဂ္ဂိုလ် ၃ ဦးကို တဦးကို ကျပ်ငွေ ၁၀ သိန်းစီ ချီးမြှင့်မှာ ဖြစ်ပါတယ်။ အခမ်းအနားကို လာမဲ့ နှစ်ဆန်း ၁
ရက်နေ့ကျရင် ရန်ကုန်မြို့က အမျိုးသား ဒီမိုကရေစီရုံးချုပ်မှာ ကျင်းပမှာ ဖြစ်ပြီး၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချီးမြှင့် ပေးအပ်မယ်လို့ သိရပါတယ်။

ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ ချီးမြှင့်တဲ့ အညတြ သူရဲကောင်းဆုကို တနှစ် နှစ်ကြိမ် ပေးအပ်ဖို့


စဉ်းစားထားကြပြီး၊ အနည်းဆုံးတော့ တနှစ်တကြိမ် ပေးအပ်ဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆုချီးမြှင့်ရေး
ကော်မတီဝင် ကိုမင်းထက်ဇော်က ပြောပါတယ်။

ဆုချီးမြှင့်ခံရသူတွေနဲ့ပတ်သက်ပြီး RFA မှ ဦးနေရိန်ကျော်က ဆက်လက် တင်ပြထားပါတယ်။


အညတြသူရဲကောင်းများ
အသံဖိုင်ယူရန်

သောင်းချီသော မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံမှာ သင်္ကြန်ပွဲဆင်နွှဲ


2011-04-14 RFA

ထိုင်းနိုင်ငံ မြို့ကြီးတွေဖြစ်တဲ့ ဗန်ကောက်၊ ချင်းမိုင် အပါအဝင် ထိုင်းမြန်မာနယ်စပ်က မြို့တွေမှာ သောင်းနဲ့ချီတဲ့


ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ ရိုးရာသင်္ကြန် ဆင်နွှဲနေကြပါတယ်။

ဗန်ကောက်မြို့အနီးတဝိုက်က မြန်မာအလုပ်သမားတွေစုပေါင်းပြီး ဒုလ္လဘ ရဟန်းခံ ရှင်ပြုပွဲတွေနဲ့


အလှူဒါနပြုပွဲတွေ ကျင်းပခဲ့တယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေတဲ့ ဦးကျော်သောင်းက ပြောပါတယ်။
“မြန်မာ အလုပ်သမား အမျိုးသား အပါး ၅၀ ကျော် ဒုလ္လဘ ရဟန်းခံကြတယ်၊ ပြီးတော့ မဟာချိုင်မှာ ရှိတဲ့
ဘုန်းကြီးကျောင်း ၄ ကျောင်းထက် မနည်းမှာ ရှိတဲ့ ထိုင်းသံဃာတွေရယ်၊ မြန်မာ သံဃာတွေရယ်ကို
ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွေ လုပ်ကြတယ်။ ပြည်ပကို ရောက်နေကြတဲ့ မြန်မာ အလုပ်သမားတွေဟာ
ကိုယ့်တိုင်းပြည်ရဲ့ ရိုးရာ ယဉ်ကျေးမှု ဖြစ်တဲ့ သင်္ကြန်ကို ဒီလိုပဲ ကောင်းမှုကုသိုလ် ဒါနပြုပြီးတော့ ဒုလ္လဘ
ရဟန်းဝတ်တာတို့၊ မယ်သီလရှင် ဝတ်တာတို့တွေ လုပ်ကြတယ်။ ပြီးတော့ ဆွမ်းဆန်စိမ်း လောင်းလှူပြီးတော့
ကုသိုလ်ဒါန ပြုကြတယ်ပေါ့ဗျာ။”

မဲဆောက်မြို့မှာလည့်း ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရဟန်းခံရှင်ပြု အလှူပွဲတွေနဲ့တရားစခန်းတွေ ဟာ


အရင်နှစ် သင်္ကြန်ထက်စာရင် ပိုများလာတယ်လို့ ဆိုပါတယ်။ ထိုင်း အာဏာပိုင်တွေက အလုပ်သမားတွေကို
စစ်ဆေး မေးမြန်းတာတွေ မရှိပဲ သင်္ကြန်ပွဲတော်ကာလအတွင်း လွတ်လွတလ
် ပ်လပ် သွားလာခွင့်ပြုထားတယ်လို့
မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌ ကိုမိုးကြိုးက ပြောပါတယ်။

“အရင်တုန်းကဆိုရင် အလုပ်သမား လက်မှတ်တွေ ဘာတွေ မရှိကြဘူးဗျာ။ လက်မှတ်တွေ ဘာတွေ မရှိရင်


အပြင်မထွက်ရဲကြတဲ့ မြန်မာ အလုပ်သမား တော်တော်များများ ရှိတယ်။ အခု သင်္ကြန်ကာလမှာ
ထိုင်းရဲတပ်ဖွဲ့တွေ၊ လူဝင်မှု ကြီးကြပ်ရေးကလည်း အဖမ်းအဆီး မရှိတဲ့အခါကျတော့ အကုန်လုံး ကိုယ့်ရဲ့ စက်ရုံ
အလုပ်ရုံတွေထဲက ထွက်ပြီးတော့ အပြင်မှာ သင်္ကြန် ပျော်နိုင်တာပေါ့ဗျာ။ အဲဒါက ထူးခြားချက်ပဲဗျ။”

မြန်မာပြည်ဖက်ခြမ်းကနေလည်း မဲဆောက်မြို့ဖက်ကို လာရောက် လည်ပတ်တာတွေ ရှိနေတာကြောင့်


သင်္ကြန်ပွဲတော်ကာလအတွင်း ဖျော်ဖြေရေးတီးဝိုင်းတွေ၊ ရိုးရာလက်ဝှေ့ပေ
ွဲ တွနဲ့ စည်စည်ကားကား ဖြစ်နေပါတယ်။
မလေးရှားနိုင်ငံရောက် မြန်မာတွေလည်း အများအားလပ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေမှာ သင်္ကြန်ပွဲကို စုပေါင်း
ဆင်နွှဲကြမယ်လို့ သိရပါတယ်။

မြန်မာစစ်တပ်နှင့် မဆွေးနွေးခဲ့ဟု SSA မြောက်ပိုင်း ငြင်းဆို


2011-04-14 RFA

မြန်မာအစိုးရကို ဆက်လက် လက်နက်ကိုင် တိုက်ခိုက်နေတဲ့ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်မဟာ


(၁) နဲ့ အစိုးရ စစ်အရာရှိတွေအကြား ရှမ်းပြည်နယ် လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတာ
မဟုတ်မှန်ကြောင်း SSA မြောက်ပိုင်း ပြန်ကြားရေးဌာန တာဝန်ရှိသူက ငြင်းဆိုလိုက်ပါတယ်။

ပြည်သူ့စစ်ဖွဲ့စည်း သွားတဲ့ ရှမ်းတပ်ဖွဲ့တွေရဲ့ ကြားခံဆောင်ရွက်ပေးမှုနဲ့သာ အစိုးရဖက်က တောင်းဆိုမှုတွေကို


သူတို့အနေနဲ့ သွားရောက် နားထောင်ခဲ့တာသာ ရှိကြောင်း၊ ညှိနှိုင်းဆွေးနွေးတာ မရှိကြောင်း သူက ပြောပါတယ်။

SSA မြောက်ပိုင်း တပ်မဟာ (၁) ဟာ ပြည်သူ့စစ် ဖွဲ့စည်းဖို့ကို လက်မခံပဲ ရှိနေပြီး အခု ရက်ပိုင်းအတွင်း အချိန်ထိ
ရှမ်းပြည်နယ်တွင်းက တချို့နယ်မြေဒေသတွေမှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်းလည်း
ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းတနေရာမှာ ရှိတဲ့ SSA မြောက်ပိုင်း ပြန်ကြားရေးဌာနက ဗိုလ်ကြီးမင်းနိုင်ကို RFA


အဖွဲ့သား ဦးဝင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
NLD လူငယ်များ၏ စတုဒီသာအလှူ ဧည့်ပရိသတ်စည်ကား
2011-04-14 RFA

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ရုံးချုပ်ရှေ့မှာ မြန်မာ့ရိုးရာအတာ သင်္ကြန်


ပွဲတော်အဖြစ် စတုဒီသာကျွေးတဲ့ ပွဲတခု ဒီနေ့ ဧပြီ ၁၄ ရက် သင်္ကြန် အကျနေ့ မနက်က ကျင်းပခဲ့ပါတယ်။

ဒီအလှူကို NLD ဗဟိုလူငယ်အဖွဲ့က ဦးဆောင် ကျင်းပခဲ့တာပါ။ ပွဲမှာ မုန့်လက်ဆောင်းကျွေးပြီး နောက်ပိုင်းမှာ


ဖျော်ရည်အအေး တိုက်တယ်လို့ NLD လူငယ်ခေါင်းဆာင် ကိုမျိုးညွန့်က အခုလို ပြောပါတယ်။

“ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တွေကနေ စတုဒီသာ ကျွေးတယ်။ ဒီနေ့ ကျွေးတာက


မုန့်လက်ဆောင်းပေါ့။ ညနေကျရင် မုန့်လုံးရေပေါ် ကျွေးမယ်။ ကျွေးတဲ့အခါကျတော့ ကျွန်တော်တို့ အဖွဲ့က
လူတွေလည်း လာတယ်၊ နောက် လမ်းကပေါ့၊ ဝယ်တဲ့လူတွေပေါ့၊ ကားတွေက ရပ်ရပ်ပြီးတော့
လာသောက်ကြတယ်ပေါ့၊ အဲလိုမျိုးပေါ့။ ပါဆယ်ပေးရင်လည်း ပေးလိုက်တယ်။ လာပြောသွားတဲ့လူက ဒါမှ
ငါတို့အမေ၊ ဒါ ငါတို့အမေ ဆိုပြီး ပြောကြတာ ရှိတယ်။”

လူငယ်တွေရဲ့ စတုဒီသာကျွေးပွဲကို NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟို အလုပ်အမှုဆောင်တွေ ဖြစ်တဲ့ ဦးဝင်းတင်နဲ့


ဦးဟံသာမြင့်တို့လည်း သွားရောက်ခဲ့ပါတယ်။

မနက်ဖြန်မှာလဲ NLD လူငယ်တွေက စတုဒီသာကျွေးဖို့ ပြင်ဆင်ထားပြီး နှစ်ဆန်းတရက်နေ့မှာတော့ ပရိတ်ရွတ်ပဲန


ွဲ့
သက်ကြီးဝါကြီးတွေကို ပူဇော်တဲ့ပွဲ ကျင်းပမယ်လို့ သိရပါတယ်။

ရန်ကုန်သင်္ကြန်က မနှစ်က ဗုံးကွဲထားတဲ့ အရှိန်ကြောင့် ဒီနှစ်မှာ လုံခြုံရေး တင်းကျပ်ထားသလို စည်စည်ကားကား


မရှိဘူးလို့ သိရပါတယ်။
ဒေါ်စု ဓာတ်ပုံ လွတ်လပ်စွာ ရောင်းချ
By ဦးရော်နီညိမ်း ကြာသပတေး, 14 ဧပြီ VOA

ပဲခူးတိုင်း ဒေသကြီးထဲက ပဲခူး၊ သနပ်ပင် နဲ့ ဝေါမြို့နယ်တွေက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူငယ်


အကူအညီပေးရေး ပြည်သူ့ကွန်ယက်အဖွဲ့ကနေ ပဲခူးမြို့က ရွှေမောဓော ဘုရားပွဲမှာ သူတို့နယ်မြေတွေအတွင်း
ပြည်သူလူထုတွေရဲ့ ကျန်းမာရေးနဲ့ ပညာရေး လုပ်ငန်းတွေအတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့
ဒေါ်အောင်ဆန်းစုကြည် ပုံတွေပါဝင်တဲ့ အမှတ်တရပစ္စည်းတွေနဲ့ ဈေးရောင်းချပြီး ရန်ပုံငွေရှာပွဲကို
စတင်ခဲ့ကြပါတယ်။ ရွှေမောဓော ဘုရားပွဲ ပြီးဆုံးမယ့် ဧပြီလ ၁၈ ရက်နေ့အထိ ဒီရန်ပုံငွေရှာပွဲကို
ဆက်လုပ်ကြမှာဖြစ်ပြီး နယ်မြေခံအာဏာပိုင်တွေ ကလည်း အနှောက်အယှက် မပေးကြဘူးလို့ အဲဒီ သုံးမြို့နယ်
NLD လူငယ် အကူအညီပေးရေး ပြည်သူ့ကွန်ယက်အဖွဲ့က ပြောပါတယ်။ ဆက်သွယ်မေးမြန်း ထားတဲ့
ဦးရော်နီညိမ်းက တင်ပြထားပါတယ်။

လူထုအခြေပြု လူထုအဖွဲ့အစည်းကြီးတွေ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဖွ့စ


ဲ ည်းတည်ထောင်နိုင်ခွင့် မရှိသေး
ပေမဲ့လည်း လူထုကြားဆင်းပြီး တပိုင်တနိုင် လုပ်ဆောင်နေသူတွေရဲ့ လှုပ်ရှားမှုတွေ ရှိလာနေပါပြီ။ ပဲခူးမြို့က
ရွှေမောဓော ဘုရားပွဲမှာ လူထုအတွက် ကျန်းမာရေး၊ ပညာရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရန်ပုံငွေ ရှာဖွေနေသူ
ကိုကျော်ဝင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ရွှေမောဓော ဘုရားပွဲမှာ ပဲခူးခရိုင်မှာရှိနေတဲ့ သနပ်ပင် ရယ်၊ ပဲခူး ရယ်၊ ဝေါ ရယ် သုံးမြို့နယ် ပူးပေါင်း ပြီးတော့
ကျနော်တို့ ပြည်သူ့ကွန်ယက် ရန်ပုံငွေပေါ့။ ကျန်းမာရေးနဲ့ ပညာရေး ရန်ပုံငွေအတွက် ကျနော်တို့
အရောင်းဆိုင်ဖွင့်ပြီး ကျနော်တို့ ရောင်းတယ်။ ဒီနေ့က တတိယနေ့ ကျနော်တို့ ရောင်းချတဲ့နေ့ပါ။”

ဘယ်လိုပစ္စည်းတွေကို အဓိက ရောင်းချပါသလဲခင်ဗျ။ -

“အဓိက ကတော့ ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံ ပါတဲ့ တီရှပ်တွေ။ နောက်ပြီးတော့


ဒေါ်အောင်ဆန်းစုကြည်ပုံ ပါတဲ့ တီရှပ်တွေ၊ အဲဒါတွေကို အဓိက ရောင်းတယ်။ နောက်ပြီးတော့
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်း တွဲလျက်ပုံပါတဲ့ ဖန်စီဆြွဲ ကိုးတွေ၊ လက်ကောက်တွေ၊
ချိန်းဆွဲကြိုးတွေ၊ သော့ချိတ်တွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံတွေ၊ ဗိုလ်ချုပ်ဓါတ်ပုံတွေကို ရန်ပုံငွေ အဖြစ်
ကျနော်တို့ ရောင်းချတယ်။”

အခု အဲဒါမျိုးတွေ လုပ်တဲ့အခါမှာ အာဏာပိုင်တွေဆီက ဘာများ နှောက်ယှက်တာ ရှိပါသေးလဲ။ -

“ကျနော်တို့ဆီကိုတော့ ဒီလိုဆောင်ရွက်တဲ့အတွက် နှောက်ယှက်တာတို့ ဘာတို့ မရှိဘူး။ သူတို့ စောင့်ကြည့်


တာတော့ ရှိတယ်။ စောင့်ကြည့်တယ်ဆိုတာကလည်း ကျနော်တို့ဆီက ဓါတ်ပုံတွေဘာတွေ လာဝယ်တယ်။
အင်္ကျီတွေဘာတွေ လာဝယ်တယ်။ ပြီးတော့ အဝေးကနေ သူတို့ ဓါတ်ပုံရိုက်တယ်။ ကျနော်တို့ဆီကို လုံးဝ
ဒီအချိန်အထိတော့ ကျနော်တို့ကို အနှောက်အယှက်ပြုတာတို့၊ ကျနော်တို့ စိတ်အနှောက်အယှက်ဖြစ်အောင်
လုပ်တဲ့ဥစ္စာမျိုးတော့ ခုချိန်ထိ မရှိသေးပါဘူး။”

အခုလို ရန်ပုံငွေ ရှာဖွေရတာဟာ သူတို့ရဲ့ ကွန်ယက်အဖွဲ့က လူထုကြားထဲဆင်းပြီး ကျန်းမာရေး အကူအညီ


ပေးတဲ့လုပ်ငန်းတွေ လုပ်ဆောင်ခဲ့ရာမှာ တွေ့ကြုံရတဲ့ အတွေ့အကြုံတွေကြောင့်လို့ ကိုကျော်ဝင်းက ပြောပါတယ်။

“ကျနော်တို့ ပဲခူးခရိုင်မှာရှိတဲ့ သုံးမြို့နယ်က ရှေ့ထွက်ပြီးဆောင်ရွက်နေတာ ပညာရေးရော၊ ကျန်းမာရေးရော


ဆောင်ရွက်နေတယ်လေ။ ဒါပေမဲ့ ကျနော်တို့ တောင်သူလယ်သမားကိစ္စ၊ အလုပ်သမားကိစ္စ တွေကိုလည်း
ပူးတွဲဆောင်ရွက်တယ်။ လောလောဆယ်မှာ ကျနော်တို့ ကျန်းမာရေးကွန်ယက်အနေနဲ့ ကျနော်တို့ ဒီ
သုံးမြို့နယ်မှာ အခမဲ့ ဆေးဝါးကုသတဲ့ကိစ္စတွေကို ကျနော်တို့ ဆောင်ရွက်ပေးနေတယ်။ မတ်လ ၃ ရက်နေ့က
ကျနော်တို့ ပဲခူးမြို့မှာရှိတဲ့ ရေကြီးကွင်းပေါ့။ အဲဒီမှာ အခမဲ့ တနေကုန် ဆေးဝါးကုသတာတွေ လုပ်တယ်။ ဒီ ဧပြီလ
၃ ရက်နေ့မှာလည်း တိုးချဲ့ (၁) မဇင်း ရပ်ကွက်မှာ အခမဲ့ဆေးဝါးကုသတာ လုပ်တယ်။ ဒီမှာ ကျနော်တို့
လိုအပ်ချက်တွေ အများကြီး မြင်ရတယ်။ အခု ကျနော်တို့ ကျန်းမာရေးဆိုင်ရာကိစ္စ လုပ်တယ်ဆိုရင် ကျနော်တို့
ပထမဆုံး လုပ်တဲ့အချိန်က လူ ၁၃၀၊ ၁၄၀ လောက်၊ ရပ်ကွက်တခုမှာ အိမ်ခြေ ၃၀၀ ကျော် ရှိတယ်။ လူ ၁,၂၀၀
လောက်ရှိတဲ့ဆီမှာ ဒီမှာလာရောက် ဆေးဝါးကုသတာက၊ ဒါ ကျနော်တို့မှာ မှတ်တမ်း အရ ပြောတာပါ။ ၁၃၇
ယောက် ရှိတယ်။ ဒီ ၁၃၇ ယောက်စလုံးရဲ့ အနေအထားက ဒီမှာ နေ့စဉ် ဆေးဝါး ကုသခံမှ ပျောက်မယ့်
အနေအထားမျိုး ရှိတယ်။”

မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းကြီးလို သဘာဝ ဘေးအန္တရာယ် ကျရောက်ခဲ့တာကို ကူညီဆောင်ရွက်ခဲ့တဲ့


လူထုထဲက လူထုတွေကိုပဲ အာဏာပိုင်တွေက နှိမ်နှင်းဖြိုခွင်း ဖမ်းဆီးချုပ်နှောင် ထောင်တွင်းအကျဉ်းချ တာတွေ
လုပ်ဆောင်ခဲ့ပေမဲ့ အခုနောက်ပိုင်း လူထုအချင်းချင်း လူထုကြားဆင်းပြီး ကူညီဆောင်ရွက်တဲ့ လှုပ်ရှားမှုတွေကို
အခုပေါ်လာတဲ့အမည်သစ်နဲ့ ပြည်ထောင်စု အစိုးရက ဘယ်လောက်အထိ ခွင့်ပြုမလဲ ဆိုတာကို
စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။

လူထုဒေါ်အမာ ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အခမ်းအနားများ ကျင်းပခဲ့ပြီး


ခင်သန့်ဇင်၊ ရန်ကုန်
ဧပြီ ၁၄၊ ၂၀၁၁ မိုးမခ

ထင်ရှားသည့် သတင်းစာဆရာနှင့် မြန်မာစာရေးဆရာမကြီး လူထုဒေါ်အမာ ကွယ်လွန်ခြင်း နှစ်ပြည့်


အခမ်းအနားကို ဧပြီလ ၇ ရပ်နေ့ နံနက် ၁၀ နာရီက မန္တလေးမြို့မြတောင် ကျောင်းတိုက် နှစ်၁၀၀ပြည့်
သာသနာ့ဗိမာန်တွင်ကျင်းပခဲ့သည်။

မြတောင် ကျောင်းတိုက်ဆရာတော် အမှူးပြုပြီး သံဃာအပါး ၁၀၀ အားဆွမ်းဆက်ကပ်ခဲ့သည်။


ထိုအခမ်းအနားသို့ စာပေမိတ်ဆွေ ရောင်းရင်းများကိုလည်း ကျွေးမွေးဧည့်ခံခဲ့သည်။ စာရေးဆရာ လူထုဒေါ်အမာ
မှာ ၂၀၀၈ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၉၇
နှစ်ရှိပြီဖြစ်သည်။

အာဏာငရဲ လှိုင်းငရဲ … ဒို့ စာနာ ကြေကွဲ


ရာဇာ
ဧပြီ ၁၄၊ ၂၀၁၁ မိုးမခ

Share our love


Share our peace
Share our harmony
ကိုသားထွေး၊ ကိုတိုးလွင်တို့ နောက်ကနေ ကလပ်စီကယ်တီးခတ်သံကြားက တေးရေးကိုရဲလွင်ရဲ့အသံဟာ
ဓမ္မဆရာတစ်ယောက် တရားဟောသလို ထွက်ပေါ်နေပါတယ်။ နေရာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရုံးတွင်းခမ်းမ ထဲမှာပါ။နောက်တစ်ယောက်တက်လာပါတယ်။
လူ…စက်…မြို့…မြိုဝါး
နာဂါစကီ ဗုံးဝင်စား…
ဆူနာမီနဂါး။ ။
ပန်းချီတွေလည်းရေး သီချင်းလည်းဆိုတဲ့ ညီညီလွင်ရဲ့ အသံ ထပ်မံထွက်ပေါ်လာပါတယ်။
ဝမ်းနည်းစရာကောင်းလှတဲ့ ဂျပန်ဆူနာမီဒဏ်သင့်ခံရတာကို အဘဦးဝင်းတင်ရေးစပ်ထားတာကို ညီညီလွင်က
တကယ့်ဂရုဏာတရားနဲ့ ရွတ်ဆိုလိုက်တာပါ။

နောက် ကဗျာဆရာငြိမ်းသစ် ငေးနေတဲ့ကမ္ဘာ … တဲ့


သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးရသူနဲ့ အာဏာရှင်လက်အောက် အသက်ပျောက်ခဲ့ရသူတွေ
ပိုများနေတယ်။

စွပ်စွဲချက်လေလား။ ကမ္ဘာဦး အစကတည်းက အတ္တယှဉ်စစ်ပွဲများကို မြင်ယောင်မိစေပါတယ်။ ဒါပေမယ့်လည်း


ခုဟာကတော့ ဆူနာမီလေ … ဆူနာမီ။
ဟော နောက်တစ်ယောက် ကဗျာဆရာမိုဃ်းဇော် တက်လာပြန်ပါတယ်။ သူကလည်း ထပ်မံ
မေးခွန်းထုတ်နေပြန်ပါတယ်။

ခင်ဗျားသားသာ အဲ့ဒီလှိုင်းတွေထဲ ပါသွားရင်


ခင်ဗျား အဖေအမေတွေသာ အဲ့ဒီလှိုင်းတွေထဲ ပါသွားရင်
ခင်ဗျား အမ အကို ဦးလေး အဒေါ် ညီမ ညီလေးသာ အဲ့ဒီလှိုင်းတွေထဲ ပါသွားရင်
ခင်ဗျား အခုလိုပုံစံမျိုးနဲ့
အခုလို ကုလားထိုင်ကြီးမှာ
ဘာမှမဖြစ်သလို မျိုးနဲ့
ခြေထောက်နှစ်ချောင်း ချိတ်ပြီး
မိန့်မိန့်ကြီး ထိုင်နေနိုင်ပါ့မလား …
ကျနော့်ကို မေးခွင့်ပြုပါ။

ဂီတသံနဲ့ ကဗျာသံ ရောထွေးယှက်တင်ပြီးတော့ ကြေကွဲစရာ တေးတစ်ပုဒ်တွေလိုပေါ့။ ဆွတ်ပျံ့စရာ


ကောင်းလာနေပါတယ်။

ဇော်မိုးလွင်၊ နှင်းပွင့်ဝေ၊ ခန့်မင်းထက်၊ မြတ်မင်းခန့်၊ ညီမင်းညို နောက် ကဗျာတခေတ်ထူထောင်ထားနိုင်တဲ့


ကြည်မောင်သန်း၊ ဟိန်းမြတ်ဇော်၊ ရိုးဝေးထက်၊ မုံရွာအောင်ရှင်၊ ဖျာပုံနီလုံဦး၊ သြရ၊ တိုးလွင် (ဥတ္တရအလင်း) စတဲ့
ကဗျာဆရာတွေရဲ့ ကဗျာတွေ စာနာဖွဲ့နွဲ့မှုတွေဟာ လွမ်းဆွတ်ဖွယ် ပျံ့နှံ့နေပါတယ်။
ဂျပန်ပြည်သူတွေကို စာနာဖွဲ့နွဲ့ထားတာလေးတွေပါ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့
သ၀ဏ်လွှာကိုတော့ ဖတ်တာ မတွေ့ရပါဘူး။ ဒါပေမယ့် ဒီသ၀ဏ်လွှာဟာ ဂျပန်လူမျိုးတွေရဲ့ နှလုံးသားမှာတော့
ယိုစိမ့်ခိုလှုံနေမှာ သေချာပါတယ်။

ကျနော့်မြင်ကွင်းမှာ လှိုင်းတွေ လှိုင်းတွေ တိုက်တာ အဆောက်အဦတွေ ပြိုပျက်ကျနေတာ၊ ကားတွေ


အထပ်လိုက် ကလေးကစားစရာလို ဖြစ်နေတာတွေ မြင်ယောင်နေသလိုပဲ။ နူကလီးယားဓာတ်ပေါင်းဖို
ပေါက်မထွက်သွားအောင် ၀ိုင်းဝန်းမီးငြိမ်းသတ်နေတဲ့ ဂျပန်ပြည်က မီးသတ်သမားတွေ၊ တပ်မတော်သားတွေကို
မြင်ယောင်နေပါတယ်။

နောက်မြင်ကွင်းကလည်းချိန်းသွားပါတယ်။ နူကလီးယားဓာတ်သင့်နိုင်တာ သိသိနဲ့ ဓာတ်ပေါင်းဖိုကို


မီးသွယ်တန်းပေးနေတဲ့ ဂျပန်ဆာမူရိုင်းတွေကို တဆက်စပ်တည်း မြင်နေရပြန်ပါသေးတယ်။
လေးစားစိတ်ဟာ ငယ်ထိပ် အထိရောက်သွားပါတယ်။ ကြက်သီးဖြန်းဖြန်း ထလာပါတယ်။ ထိန်းမထားရင်
တွဲခိုနေတဲ့မျက်ရည်တွေ ထိမ်းမရအောင် ကျလာလိမ့်မယ်လို့ ကိုယ့်ဖာသာ သတိထားမိပါတယ်။
ဆာမူရိုင်းတို့ရေ အကြိမ်ကြိမ် ဦးညွတ်လိုက်ပါရဲ့။

လည်တယ်၊ လည်တယ်။ ကမ္ဘာဟာ သူ့ဝင်ရိုးပေါ်မှာ လည်တယ်။


လှုပ်တယ်၊ လှုပ်တယ်။ ငလျင်ဟာ ဆန်ဒိုင်းကိုမှ ရွေးလှုပ်တယ်။

ခန့်မင်းထက်လေး အသံကြားတော့ ဖူကူရှီးမားကို သတိရမိတယ်။ ဗမာတွေ အများကြီးနေတာတဲ့၊ ရင်ထဲမှာ


လှပ်ခနဲ တချက် ဖြစ်သွားတယ်။ သွေးသားဆိုတဲ့ အချင်းရာက သွေးပြန်ကြောကနေတဆင့် ၀င်လာတယ်။
အားလုံး သွေးသားချင်း ဆိုပေမယ့် ဘာသာစကားတူညီမှုက အလေးသာစေသလား။

ငေးဆဆ နွမ်းလျနေတယ်။ ဆုတောင်းပွဲ ခေါ်လေမလား။ အောက်မေ့တသပွဲ ခေါ်လေမလား။ ၀ိဉာဉ်များအတွက်


ကြေကွဲပွဲ ခေါ်မလား။ ကမ္ဘာ့အရှေ့ဆုံးသော တိုင်းပြည်က ဆုံးရှုံးနစ်နာရမှု ကြေကွဲစရာ အဖြစ်ပျက်ဆိုးများအတွက်
ကျနော်တို့ တာဝန်ကျေခဲ့ကြပါတယ်။

အသိစိတ်တွေ မြောက်များစွာနဲ့ ဆိုင်တစ်ဆိုင်ထိုင်နေတုန်း ဗြုန်းဆို ဖုန်းဝင်လာလေရဲ့။


တယ်လီဖုန်းမျက်နှာပြင်ကိုကြည့်လိုက်တော့ နိုင်ငံခြားက ဖုန်းမှန်းသိလိုက်တယ်။ အခမ်းနားပွဲတွေဆိုရင်
ပြည်ပသတင်းဌာနက ဆက်တတ်လေတော့ မီဒီယာကပဲ ထင်လိုက်တယ်။

ဟယ်လို … ကျမ ဂျပန်က … … … ပါ။

ဟုတ်ကဲ့၊ အခုပဲ ကျနော်တို့ ဂျပန်ပြည်သူတွေ စာနာပွဲအနေနဲ့ ကဗျာတွေ ရွတ်ဆိုခဲ့ကြပါတယ်။ ဘယ်သူနဲ့


ပြောချင်သလဲ ဆိုတော့ ကျနော်အံ့အားသင့်သွားတယ်။ ကျနော့်ကိုပဲပြောနေတာ ပြောနေတဲ့အကြောင်းအရာက
ငလျင်နဲ့ ဘာမှမဆိုင်ဘူး။

သူတို့ အဝေးရောက်နေတဲ့ အထူးသဖြင့်တော့ ဂျပန်ရောက်နေတဲ့မြန်မာတွေစုပေါင်းပြီး ထောင်ထဲရောက်


အကျဉ်းကျနေတဲ့ လူတွေ … လူမသိ သူမသိနဲ့ အနစ်နာခံနေတဲ့ ထောင်တင
ွ်းက လူတွေကို ရွေးချယ်ပြီး
အညတရသူရဲကောင်းဘွဲ့ ပေးမယ် ဆိုတဲ့ အစီအစဉ်ကို ပြောနေတာပါ။ ကျနော်တို့လည်း စွမ်းသမျှ ကူဖို့ပါပဲ။
ဒါပေမယ့် ဒီလိုကမ္ဘာပျက်ချိန်မှာ ကိုယ့်အတွက်ကိုယ် မစဉ်း စားဘဲ မြန်မာပြည်ထဲကလူတွေကို
အောက်မေ့တသနေတာ၊ ထောင်သွင်း အကျဉ်းချထားခံရသူတွေကို တသသ သတိတရဖြစ်နေတာကိုတော့
တုန်လှုပ်စိတ်နဲ့ အားကျ လေးစားမိပါပေရဲ့။

ဆုက အဓိကမဟုတ်ပါဘူး။ စိတ်ဓာတ်ခွန်အားတွေ ပေးချင်တာပါ။ ဗမာပြည်ထဲက အကျဉ်းကျနေသူတွေဟာ


အထီးကျန်တွေမဟုတ်ဘူး ဆိုတဲ့ သတင်းစကား ပါးချင်တာပါ …တဲ့။
ဂျပန်ပြည်ကနေ ဆက်နေတဲ့ဖုန်းလိုင်းသံဟာ ပြတ်သား ကြည်လင် အားကောင်းနေလေရဲ့။ ဘေးနားက
လာပြောနေလေသလား၊ ကဗျာဆရာတွေကတော့ ကျနော်ပြောနေတာတွေကိုမသိတော့ ဂျပန်ငလျင်အတွက်
စာနာနေလေရဲ့။

ကျနော်တယောက်တည်းသာ ငလျင်ဒေသသင့်သူကနေ ပြန်လည်အားပေးတာကို ပီတိနဲ့တကွ ခံစား


ငေးရီနေရတယ်။ ၀ိုင်းတစ်ဝိုင်းတည်းမှာ ဂရုဏာတရားဟာ လွန်းထိုးနေတယ်။
ကျနော်လည်း ဟုတ်ကဲ့ ကလွဲလို့ ဘာ ပြန်ပြောမိတယ် မသိဘူး။ ကမ္ဘာပျက် နှစ်ခု ချိတ်ဆက်ပြီး ဂရုဏာရသကို
သွန်းထုပေးရတော့မှာပါလား။
ကိုမိုဃ်းဇော်က ဖုန်းပြောလို့။ ကိုငြိမ်းသစ်ကလည်း သူ့ကဗျာထဲကအတိုင်း ငေးရီနေ။ ကိုညီညီလင
ွ်ကော
ဆံပင်ရှည်တွေ သပ်တင် စိတ်မကောင်းဖြစ်လို့။ ကိုတိုးလွင်၊ ခန့်မင်းထက်၊ တပ်ဦးလ၊ သက်ငြိမ်သစ်၊ ညီမင်းညို၊
အောင်ရင်ငြိမ်း အစရှိတဲ့ ကဗျာဆရာ ကြီး ငယ် ရွယ် လတ်တို့ကတော့ ကိုကြည်မောင်သန်းဆီ သွားဖို့
တိုင်ပင်နေကြလေရဲ့။

ကျနော်ငေးရီနေမိပါတယ်။ “သွားမယ်၊ တိုက်မှာ အလုပ်ရှိသေးတယ် …” တဲ့။


အေးသက်တဲ့အပြုံးပိုင်ရှင် ကိုရင်နီ နှုတ်ဆက်တော့ ကျနော် အသက်ဝင်လာတယ်။ သူထ ထွက်သွားတယ်။ သူ့
ကျောပြင်ကို ငေးရင်း ကျနော် ခုနက သူရွတ်သွားတဲ့ သူ့ကဗျာလေးကို သံယောင်လိုက်နေမိတယ်။
ခင်ဗျားတို့လည်း ဆူနာမီ
ကျနော်တို့လည်း ၂၀၀၈ နာဂစ်နဲ့
၂၀၁၀ တာလေငလျင် …
ကျနော်တို့လည်း ဘယ်သက်သာပါ့မလဲ
တောင့်ထား ချယ်ရီ … တောင့်ထားတဲ့။

ကဗျာဆရာကတော့ ကဗျာတိုင်း ဖွဲ့နွဲ့သွားလေသလား အခြားသော အဓိပ္ပါယ် ဆောင်လေသလား။

ကျနော်ကတော့ ၂၀၀၈ကိုကော ၂၀၁၀ ကိုပါ နာကျည်းမိပါရဲ့။ ဒါပေမယ့် ကျနော် တွေးပြီးတော့ ပြုံးမိပါတယ်။

လူသားကမ္ဘာနဲ့ အာဏာရှင်ကမ္ဘာ ဘာများ ကွာနေပါလိမ့်။


ခုနက ဖုန်းသံရှင်ကိုလည်း သတိရလိုက်ပါရဲ့။

သဘာဝဆူနာမီတိုက်ခတ်ခံရသူက အာဏာရှင်ဆူနာမီ နှစ်ရှည်ထောင်ဆူနာမီ သင့်သူတွေကို


ကိုယ်ချင်းစာနေလေရဲ့။

ကျနော် ပြုံးလိုက်မိတယ်။ နာကျည်းခံပြင်းမှုလေလား၊ ဒါမှမဟုတ် ပီတိအပြုံးလား။ ကျနော်ဝေခွဲမတတ်တော့


ကျနော့်ပီတိပြုံးကို အာဏာရှင်တွေ ဘယ်လိုများထိလို့ ရမှာပါလိမ့်။ ဆူနာမီသင့် ဂျပန်ပြည်သူများနဲ့ အိမ်အဝေးကို
ရောက်နေတဲ့ မြန်မာပြည်သူများကို ကိုရဲလွင်ရဲ့ မေတ္တာထပ်မံမျှဝေပါတယ်။

Share our love


Share our peace
Share our harmony
အားလုံးကိုချစ်ခင်လျက်။ ။

နောက်ဆုံး ဖတ်စရာ

နိုင်ငံရေးဆိုတာ မြင့်မြတ်သူတို့ရဲ့အလုပ်
မောင်မောင်ဝမ်း
ဧပြီ ၁၄၊ ၂၀၁၁ မိုးမခ

ဟိုးလွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကာလကို ပြန်ပြောင်းလို့ သတိရမိတယ်။


၁၉၉၀ ရွေးကောက်ပွဲအကြို စည်းရုံးရေးကာလမှာ ကျနော်တို့မြို့ကို စည်းရုံးရေးဆောင်ရွက်ဖို့ အနုပညာရှင်တွေ
ရောက်ရှိလာကြတယ်။ ကဗျာဆရာကြီး ဦးတင်မိုး၊ ဖေမြင့်၊ မောင်သွေးသစ်၊ ကိုမြတ်ခိုင်၊ အဆိုတော် ကိုတင်လှိုင်၊
စန္ဒယား တင်ဝင်းလှိုင်တို့ … ညဘက် တညမှာ ကျန်တဲ့သူတွေက အိမ်ကြီးရဲ့ အောက်ဘက် မြက်ခင်းပြင်မှာ
ဆိုကြ တီးကြ ကဗျာတွေရွတ်ကြနဲ့၊ အိမ်အပေါ်ထပ်မှာတော့ ဆရာ ဦးတင်မိုးနဲ့ လူငယ်ကျောင်းသားတချို့
ရှိနေကြတယ်…။ ဆရာကြီးနဲ့ ဝိုင်းဖွဲ့ဆွေးနွေးရင်း... ဆရာကြီးရဲ့ သြဝါဒတွေကို ခံယူတယ်ဆိုရင်လည်း
မမှားပါဘူး။ အဲဒီနေ့ညက မှတ်မှတ်ရရ … … …

စကားဝိုင်းကို အားလုံးတပြေးညီ ကြမ်းပြင်ပေါ်မှာပဲ ဝိုင်းဖွဲ့ခဲ့ကြတယ်။ ဆရာကြီးက ထိပ်ဆုံးမှာ ...

“တကယ်တော့ … နိုင်ငံရေးအလုပ်ဆိုတာ မြင့်မြတ်တဲ့အလုပ်ပါ… တနည်းအားဖြင့် မြင့်မြတ်သူတို့ရဲ့အလုပ် …


တော်ရုံစိတ်ထားနဲ့ လုပ်နိုင်ဖို့ခက်တယ်… ဒါပေမယ့် ကျုပ်က နိုင်ငံရေးသမားတော့ မဟုတ်ဘူး…။
နိုင်ငံရေးသမားလို့ ခံယူရလောက်အောင် စွန့်လွှတ် အနစ်နာခံစိတ် အဲသလောက် မကြီးမားဘူး …။
မြင့်မြတ်တဲ့စိတ် အဲသလောက် မရှိသေးဘူး …။ ပေမီဒေါက်မီ နိုင်ငံရေးသမားတယောက်ဖြစ်ဖို့
တော်တော်လိုတာဗျ…။ ဥပမာ … ဗိုလ်ချုပ်အောင်ဆန်းတို့ ဒေါ်အောင်ဆန်းစုကြည်တို့လိုပေါ့…။ ကျုပ်က
အများကြီး လိုသေးတယ် …”

ဆရာကြီး ရင်ထဲကထွက်လာတဲ့ စကားလုံးတွေထဲမှာ ရိုးသားဖြူစင်တဲ့


အရိပ်ငွေ့တွေရောထွေးပါလာတယ်…ပကာသနတွေ မပါဘူး . .. ဟန်ဆောင်မှုတွေ မသုံးဘူး။

“ဒါဆို ဆရာကြီး နဝတ (အဲဒီကာလက နဝတ ပဲရှိသေးတယ်) က နိုင်ငံရေးလုပ်နေတာ မဟုတ်ဘူးလား…


သူတို့လည်း မြင့်မြတ်တဲ့အလုပ် လုပ်နေတာပေါ့ ” ဆိုတော့ …

“ဘယ်ကလာ … … သူတို့က စီးပွားရှာနေကြတာ … နိုင်ငံအာဏာနဲ့ စီးပွားရေးလုပ်နေတာ …


နိုင်ငံရေးလုပ်နေတာ မဟုတ်ဘူး…။ နိုင်ငံရေးသမားက နိုင်ငံရေးကို ခုတုံးလုပ်ပြီး စီးပွားမရှာဘူးဗျ …။
နိုင်ငံရေးအလုပ်ကို နိုင်ငံရေးအတွေး ခေါ်လုပ်ငန်းစဉ်အတိုင်းပဲ လုပ်တယ်…။ တိုင်းပြည်နဲ့ လူထုကို ဘယ်လို
တိုးတက်အောင် လုပ်ပေးရမလဲဆိုတဲ့ အတွေးတွေကိုပဲ စဉ်ဆက်မပြတ်တွေးတယ် …၊ လုပ်တယ်…၊
သူ့ရင်ထဲမှာရှိတာ ငွေမဟုတ်ဘူး …။ လူထု …။ တိုင်းပြည်ကို ဘယ်လိုချစ်ပါတယ် … ဘယ်လို တိုးတက်အောင်
လုပ်နေပါတယ် ဘယ်လောက်ပဲပြောပြော… လက်တွေ့ ဟုတ်သလား … ကြည့် …။ မဟုတ်ရင် … တခုခုမှားနေပြီ
…။ တကယ်လုပ်မယ့်သူက တကယ်ဖြစ်နိုင်မယ့် လုပ်ငန်းစဉ်ကိုပဲ ရွေးချယ်တယ်…။ တင်းသင့်တာတွေကိုတင်း …၊
လျှော့သင့်တာတွေကိုလျှော့ …။ လူထုမျက်နှာ…၊ လူထုအခွင့်ရေးကိုပဲ ကြည့်တယ်…။ တခါတလေ ကျုပ်
စိတ်ကူးယဉ်ကြည့်တယ် … ကိုယ်က သမ္မတပေါ့ဗျာ (စိတ်ကူးယဉ်တာတော့ ရာထူးမြင့်မြင့်ထားမှ ကောင်းတာ ...)
တိုင်းပြည်ကို တည်ဆောက်ကြည့်တယ် … တကယ်ကို အရသာရှိတာဗျာ ... စိတ်ကူးနဲ့တောင် အရသာရှိတယ် …
ကျုပ် အမြင်ပြောရရင် လောကမှာ အများအကျိုးကို စိတ်ရှိသလောက် ဆောင်ရွက်နေရတာလောက် ကောင်းတာ
ဘာမှမရှိဘူး … အစောက ပြောခဲ့သလိုပါပဲ ... နိုင်ငံရေးဆိုတာ မြင့်မြတ်တဲ့အလုပ်ပါ …။ တခါ ...
မြင့်မြတ်သူတို့ရဲ့ အလုပ်ပါ။ ဘာလို့လဲဆိုတော့ အများအကျိုးကို ကိုယ်ကျိုးစွန့်ပြီး သယ်ပိုးရတာကိုး ...”

“ဆရာကြီး စစ်အာဏာရှင်တွေကတော့ ... နိုင်ငံရေးဆိုတဲ့အသံကြားလိုက်တာနဲ့ တီကောင်ကို ဆားထိလိုက်သလို


တွန့်တွန့်သွားတာ .. ဘာလို့လဲ”

“သူတို့က နိုင်ငံရေးလုပ်နေတာမှ မဟုတ်တာ … သူတို့ရေး လုပ်နေတာဆိုတော့ … နိုင်ငံရေးလုပ်နေသူများဟာ …


သူတို့အတွက် ရန်ဘက်ဖြစ်နေတာပေါ့ …။ ကျုပ် နားလည်တာက … နိုင်ငံရေးအလုပ်ဆိုတာ … မှားမှန်းသိရင်
ပြင်နိုင်ရမယ် … မှန်ရင် ဆက်လျှောက်ရဲရမယ် …။ ပြုနိုင်လွယ် ... ပြင်နိုင်လွယ်ဖြစ်ရမယ် … လူထုမျက်နှာ …
လူထုအကျိုးးစီးပွားကို ရှေးရှုရမယ် … အဲဒါမှ နိုင်ငံရေး”
လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုဆီက စကားတွေဟာ ခုထိလတ်ဆတ်နေဆဲ၊ ခေတ်မီနေဆဲ၊ ကျနော့်ရင်ထဲမှာ
စွဲထိနေဆဲပါ … … “နိုင်ငံရေးဆိုတာ မြင့်မြတ်သူတို့ရဲ့အလုပ်တဲ့”

မြင့်မြတ်တဲ့အလုပ်ကို လုပ်မယ်ဆို … မမြင့်မြတ်သူတို့ရဲ့ ထိုးနှက်တိုက်ခိုက် ဝေဖန်စော်ကားမှုတွေ


သတ်ဖြတ်မှုတွေဆိုတာ မလွဲမသွေ ကြုံရမှာပါပဲ … ဆန့်ကျင်ဘက်တို့ရဲ့ အားပြိုင်မှုဆိုတာ … လောကဓမ္မပဲလေ
… ဒီကမ္ဘာလောကကြီးကိုက ဆန့်ကျင်ဘက်တို့ရဲ့ အားပြိုင်မှုတွေနဲ့ တည်ဆောက်ထားတာ မဟုတ်လား … … …

ဦးစော သတ်ဖြတ်မှာကိုကြောက်လို့ ဗိုလ်ချုပ်ဟာ နိုင်ငံရေးလောကကနေ ဟိုးအစောကြီးကထဲက


စွန့်ခွာသွားခဲ့မယ်ဆိုရင် မြန်မာပြည်ရဲ့လွတ်လပ်ရေး ကံကြမ္မာဟာ ဘာတွေများဖြစ်လာလိမ့်မလဲ …

မြင့်မြတ်တဲ့သူတွေရဲ့ လုပ်ရပ်များဟာ မိမိယုံကြည်ရာ ပန်းတိုင်အတွက် ဘာကိုမှ စိုးရွံ့စိတ်မရှိ၊


အောင်မြင်မှုပန်းတိုင်ကို မရောက်ရောက်သည်အထိ လျှောက်တတ်ကြတယ်။

ခေတ်အဆက်ဆက် စစ်အာဏာကြီးများက နိုင်ငံရေးဆိုတာကို ပုံဖျက်သွားကြလေတော့ … နိုင်ငံရေးဆိုတာ


ကြားလိုက်ရုံနဲ့ … အများစုက မသတီစရာတခုလို့ မြင်လာတတ်ကြတယ် … နိုင်ငံရေးသမားဆိုသူများကို
အဖျက်သမားတွေ၊ အချောင်သမားတွေ၊ လူထုကို ဒုက္ခပေးမယ့်သူတွေလို့ မြင်လာအောင် အမျိုးမျိုးဝါဒတွေ
ဖြန့်တယ်။ နာမည်တွေပျက်အောင် ဖျက်တယ်။ တကယ်တော့ နိုင်ငံရေး အလုပ်ဟာ လောကီနယ်ပယ်တခုလုံးမှာ
အလွန်မှ မြင့်မြတ်တဲ့ အလုပ်ပဲဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာကို ညစ်နွမ်းအောင်လုပ်တာဟာ လုပ်တဲ့သူရဲ့လုပ်ရပ်ပဲ
ဖြစ်တယ်၊ နိုင်ငံရေးရဲ့ ဖြစ်စဉ်မဟုတ်ဘူး။

နအဖ ရေလဲသုံးတတ်တဲ့ နိုင်ငံရေးနဲ့မပတ်သက်ရ ဆိုတဲ့စကားရပ်ကို အသည်း ယားတယ်။ နိုင်ငံရေးဆိုတာ


နိုင်ငံသားတွေရဲ့အရေးပဲ တနည်းအားဖြင့် လူသားတွေရဲ့ အရေးပဲ။ ဒါကို မပတ်သက်ရဆိုတော့ လူထုက
ဘယ်နေရာမှာ သွားပတ်သက်ရတော့မှာလဲ။ လိုရင်လိုသလို မလိုရင် မလိုသလို ဆွဲယူတတ်တာ
အာဏာရှင်တွေရဲ့ စရိုက်လက္ခဏာတခုပါ။

တကယ်တော့ စစ်အာဏာရှင် အဆက်ဆက်မှာ နိုင်ငံရေးဆိုတဲ့ဝေါဟာရကို အဓိပ္ပာယ် ဖွင့်သွားတာက


ဆန့်ကျင်သူ၊ အာဏာကို ဖြတ်လမ်းနည်းဖြင့်ရယူသော လုပ်ရပ်၊ တိုင်းပြည်ကို ဖျက်စီး နှောက်ယှက်နေသူများ
စသဖြင့်ပေါ့လေ။ သူတို့ကိုသူတို့ကျ နိုင်ငံရေးသမားများလို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ အဲသလောက်ထိ
နိုင်ငံရေးဆိုတဲ့ ဝေါဟာရကို ကြောက်ရွံ့ကြတာ …။ တခါက ဒေါ်အောင်ဆန်းစုကြည်နဲ့
ကျနော်တို့ကျောင်းသားတွေ ဆုံခဲ့စဉ်အခါက အန်တီစု ပြောခဲ့တဲ့စကားလေးကိုလည်း သတိရမိတယ် …။

“နိုင်ငံရေးဆိုတာ စက်ဆုတ်ရွံ့ရှာစရာ အလုပ်မဟုတ်ဘူးဆိုတာကို … လူထုတရပ်လုံးသိအောင် ကြိုးစားဖို့


လိုတယ် … နိုင်ငံရေးဆိုတာ ပြည်သူပြည်သားအားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စ … ပြည်သူတရပ်လုံး
နိုးကြားတက်ကြွနေဖို့လိုတယ် …။ အန်တီတို့ချည်းပဲ လုပ်နေလို့မရဘူး … လူထုတရပ်လုံးက နိုးကြားမှု
မရှိဘူးဆိုရင် … ဘယ် လမ်းစဉ်ကောင်းကောင်းနဲ့ပဲ သွားသွား မအောင်မြင်နိုင်ဘူး … ဒီမိုကရေစီ မရသေးတဲ့နိုင်ငံ
မပြောနဲ့ … ဒီမိုကရေစီနိုင်ငံကြီးတွေမှာတောင် ... ရရှိထားပြီးသား ဒီမိုကရေစီကို ပျောက်ပျက်မသွားအောင် …
လူထုရဲ့ နိုးကြားတက်ကြွမှုတွေနဲ့ ဝိုင်းထိန်းသိမ်းကြရတာ”

မှတ်သားစရာကောင်းတဲ့ စကားတွေပါ။ တကယ်တော့ နိုင်ငံရေးဆိုတာ ကိုယ်ကျိုးကိုစွန့်ပြီး အများအကျိုးကို


ဆောင်ရွက်ရတဲ့ကိစ္စပါ။ လောကုတ္တရာမှာ ဘာသာသာရေးဟာ အထွတ်အထိပ်ဆိုရင် လောကီမှာ နိုင်ငံရေးဟာ
အမြင့်ဆုံးမှာရှိတယ်လို့ ဆိုချင်ပါတယ်။ အင်မတန်မှ ဖြူစင်မြင့်မြတ်တဲ့ နိုင်ငံရေးကို အရောင်ဆိုး ပုံဖျက်သူများဟာ
သူတို့ရဲ့ကိစ္စသာ ဖြစ်ပါလိမ့်မယ်။ မူလနိုင်ငံရေးကတော့ အမြဲဖြူစင်လျှက်ပါ။ နိုင်ငံရေးဆိုတာ
လူသားတွေအကျိုးစီးပွား (အများအကျိုးစီးပွား) ကို ဆောင်ကျဉ်းပေးရတဲ့ အလုပ်ဖြစ်တဲ့အတွက် တကယ်တော့
နိုင်ငံရေးဆိုတာ မြင့်မြတ်သူတို့ရဲ့အလုပ်သာ ဖြစ်ပါတယ်။

စိတ်ဓာတ်မြင့်မားလေ အများအကျိုးဆောင်ရွက်လေ
ဆရာတော်အရှင်ဆန္ဒာဓိက

ကြုံတွေ့လာသမျှ လူသားတိုင်းရဲ့ အကျိုးစီးပွားကို


ကိုယ်စွမ်းနိုင်သမျှ မေတ္တာစေတနာအပြည့်နဲ့ 
ကူညီဆောင်ရွက်ပေးတာကိုပဲ
ဒီဘဝ ကျေးဇူးရှင်၊ သံသရာ ကျေးဇူးရှင်တွေကို
ကျေးဇူးတုံ့ပြန်နေတာမို့ 
ကျေးဇူးဆပ်တယ် လို့ ခေါ်ပါတယ် …။

မျက်မှောက်မျက်ကွယ် ကျေးဇူးရှင်တွေကို
ကျေးဇူးဆပ်နေရတာကိုပဲ
ပေးဆပ်နေရတယ်လို့ ပေါ့ပေါ့ပါးပါး သုံးနှုန်းကြပါတယ် ...။

ကျေးဇူးတရားကို သိနားလည်တဲ့ သူတော်ကောင်းမှန်သမျှ


ကိုယ်နဲ့ ထိတွေ့ပတ်သတ်လာသူတွေရဲ့ အကျိုးစီးပွားကို
ကိုယ်စွမ်းနိုင်တဲ့ဘက်က
သို့မဟုတ်
ကိုယ်စိတ်ဝင်စားတဲ့ အခန်းကဏ္ဍက
အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးရင်း
ကျေးဇူးတရားကို တုံ့ပြန်ပေးဆပ်နေကြတာမို့ 
လောကအတွက် ပေးဆပ်နေကြတဲ့
ပရဟိတ သူတော်ကောင်းတိုင်းကို
မြင့်မြတ်စွာ ပေးဆပ်နေသူများလို့
ကမ္ပည်းထိုးနိုင်ပါတယ် …။

အားလုံးကို လေးစားစွာဖြင့်
မောင်မောင်ဝမ်း

ပြီးဘီ The End

You might also like