You are on page 1of 1

အခုလိုဆန္ဒဖော်ထုတ်တဲ့သူတွေကိုလုံထိန်းနဲ့စွမ်းအားရှင်တွေက

၃၀၊၁၂၊၂၀၀၈ရက်နေ့မှာပြည်လမ်းမပေါ်မှာရိုက်နှက်ဖမ်းဆီးသွားကြပါတယ်
စိုးသန်း ဓါတ်ပုံ

NLD လူငယ် (၉)ဦး ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြနေစဉ် လုံထိန်းမှရိုက်နှက် ဖမ်းဆီးခံရ


ဒီဇင်ဘာ (၃၀) ၂၀၀၈ NLD(LA)AUS မှသတင်းရရှိခြင်း

ကိုထွန်းထွန်းဝင်း(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့တာဝန်ခံ ၁ နှင့်ရန်ကုန်တိုင်းလူငယ်အကူအညီပေးရေးအဖွဲ့ဝင်)
ကိုပြည့်ပြည့်(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)မထက်ထက်ဦးဝေ(ရွှေပြည်သာအဖွဲ့ဝင်)
ကိုရဲနီစိုး(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
ကောင်းထက်လှိုင်(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
သက်ထွန်းမောင်(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
ဝင်းမြင့်အောင်(ခ) ပဲပြုတ်(ခရမ်းလူငယ်)
အောင်ဖြိုးဝေ(စမ်းချောင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်)
မင်းသိမ်း
သင့်ရင်ထဲက ဆန္ဒတွေကိုဘယ်လိုအရာကတားဆီးနိုင်မလဲ။ သင်ပြောချင်ရာဖွင့်ပြောလိုက်ပါ
ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံ နှင့် ပိုစတာများကိုင်၍ ယနေ့နေ့လည်ငြိမ်းချမ်းစွာ ချီတက်လာစဉ်
လွှတ်တော်ရှေ့အရောက်၌ လုံထိန်ကားများဖြင့် ပိတ်ဆို့ရိုက်နှက်ဖမ်းဆီးသွားကြောင်းသိရှိရပါသည်။
လက်ကမ်း ပို့စကဒ်များဖြန့်ဝေခဲ့ကြောင်းလည်းသိရှိရပါသည်။ကိုမင်းသိမ်းမှထွက်ပြေးသည်ကို အဲဒီကောင်ကိုဖမ်း
ရိုက်ဟုဆိုကာလုံထိမ်းများက နံပါတ်တုတ်များဖြင့်ဦးခေါင်းအားရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားသည်။
လုံထိမ်းများနှင့်အတူအရပ်ဝတ်များလဲဟိုင်းလတ်ကားတစီးအပြည့် ပါသည်။.

You might also like