0% found this document useful (0 votes)
9 views15 pages

Pasted Text

Uploaded by

babyloafer
Copyright
© © All Rights Reserved
We take content rights seriously. If you suspect this is your content, claim it here.
Available Formats
Download as RTF, PDF, TXT or read online on Scribd
0% found this document useful (0 votes)
9 views15 pages

Pasted Text

Uploaded by

babyloafer
Copyright
© © All Rights Reserved
We take content rights seriously. If you suspect this is your content, claim it here.
Available Formats
Download as RTF, PDF, TXT or read online on Scribd

အပိုင်း(1261) ရက်စက်တဲ့ သဘာ၀ကို ထုတ်ဖော်ခြင်း

ယန်ကျွင့်နဲ့ ကျန်တဲ့ငါးယောက်က တစ်ယောက်ကို တစ်ယောက် အကြည့်ချင်း


ဖလှယ်ပြီးတော့ တုံ့ဆိုင်းနေ ခဲ့ကြပါတယ်။
ဒီလူရဲ့ အပြုအမှုက အရမ်းကို ထူးဆန်းလွန်းပါတယ်။ တကယ်လို့ သူ့မှာ
နောက်ခံကောင်းကောင်း မရှိဘူးဆိုရင်တောင် သူ့အနေနဲ့ လောကဘုံ စိတ်
ဝိညာဉ် ကျောက်တုံးတွေကို မြေကြီးပေါ် ပစ်ချပြီး အလျင်အမြန် ထွက်ပြေးသ
င့်တယ် မဟုတ်လား။
သူက အခုငါတို့နဲ့အတူ သဗွတ်အူလို ရှုပ်ထွေးအောင် လုပ်နေတာလား။
ဒါပေမဲ့ သူ့အရှေ့မှာ နေလအဆင့်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်မှာရှိတဲ့
လက်ရွေးစင် တစ်ယောက် ရှိနေတယ်။ သူက ရှုပ်ထွေးအာင်လို့ လုပ်ရဲသေးလို့
လား။
လူငယ်တွေထဲက တစ်ယောက်က လျှောက်လာပြီးတော့ ပြောလိုက်တယ်။
“ကောင်းပြီ။ ဒါဆိုရင် ငါ့ကို အဲဒါတွေ ပေးလိုက်”
သူ့ရဲ့ မျက်လုံးတွေထဲမှာ ရည်မှန်းချက် အရိပ်အယောင်တစ်ခု ရှိနေပါတယ်။
တကယ်လို့ သူက ဒီလောကဘုံ စိတ်ဝိညာဉ် ကျောက်တုံးနှစ်တုံးကို
ကိုယ်တိုင်ကိုယ်ကျ ပြန်ယူသွားနိုင်မယ်ဆိုရင် ဂိုဏ်းထဲမှာ သူ့ရဲ့အဆင့်
က အတော်လေးကို မြင့်မားသွားပါလိမ့်မယ်။
ဂိုဏ်းခေါင်းဆောင် မြောင်က ကောင်းကင်ဘုံ ခန္ဓာကိုယ် အဆင့်ကို အဆင့်တက်
နိုင်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာက သော့ချက်ဖြစ်ပါတယ်။ တကယ်လို့ သူက
ဂိုဏ်းခေါင်းဆောင် အဆင့်တက်ဖို့ ကူညီပေးနိုင်ခဲ့ရင် ခေါင်းဆောင်
မြောင်က သူ့အပေါ်မှာ သေချာပေါက် အမြင်သစ် တစ်ခု ဖြစ်လာပါလိမ့်မယ်။
တကယ်လို့ သူ့ကို ကောင်းကင်ဘုံ ခန္ဓာကိုယ်အဆင့် လက်ရွေးစင် တစ်ယောက်က
ကြည့်ရှူစောင်မတယ်ဆိုရင် ဘယ်လောက်တောင် မယုံနိုင်စရာ ကောင်းနေလိမ့်မ
လဲ။
ခြေတစ်လှမ်း တိုးလာပြီးတဲ့နောက်မှာ သူက ဒုတိယမြောက် တစ်လှမ်း အဲဒီ
နောက် တတိယမြောက် ခြေလှမ်းကို လှမ်းလာပါတယ်။ သူက လင်းဟန်ရဲ့ အရှေ့ကို
ရောက်လာပြီး လောကဘုံ စိတ်ဝိညာဉ် ကျောက်တုံး နှစ်တုံးကို ဖမ်းဆုပ်
လိုက်ပါတယ်။
“ဟူး”
လင်းဟန်က သက်ပြင်းချပြီးတော့ လက်ချောင်းတစ်ချောင်းကို အသာလေး လှုပ်
လိုက်ပါတယ်။
ရွှပ်။
ဓားချီတစ်ခုက ချက်ချင်းပဲ ပေါက်ကွဲထွက် လာခဲ့ပါတယ်။
“မိုက်ရိုင်းလိုက်တာ”
လူငယ်က အော်ဟစ်လိုက်ပါတယ်။ လင်းဟန်က အရမ်းကို အစွမ်းထက်တယ် ဆိုတာကို
သူသိထားပါတယ်။ ဒါကြောင့် သူက ယန်ကျွင့်ကိုတောင် ဖိနှိပ်ထိန်းချုပ်ထား
နိုင်ခဲ့တာပါ။ ဒါပေမဲ့လည်း သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ပြင်းထန်
အလယ်အလတ် အဆင့်ရဲ့ အထွတ်အထိပ် အဆင့်ကို ရောက်နေပြီး သူက ကြယ်တစ်ပွင့်
ပါရမီရှင်လည်း ဖြစ်ပါတယ်။ နောက်တစ်မျိုး ပြောရမယ်ဆိုရင် သူက ယန်ကျွင့်
ထက် အနည်းငယ် အစွမ်းထက်ပါတယ်။
ဒါကြောင့် တကယ်လို့ လင်းဟန်က ယန်ကျွင့်ကို အနိုင်ယူနိုင်ခဲ့တယ် ဆို
ရင်တောင် သူ့ကို အနိုင်ယူနိုင်စွမ်း ရှိလိမ့်မှာ မဟုတ်ပါဘူး။ ဘယ်လိုပဲ
ဖြစ်ဖြစ် တကယ်လို့ လင်းဟန်က သူ့ကို အနိုင်ယူနိုင်တယ် ဆိုရင်တောင် သူက
သူ့ကိုယ်သူ ကာကွယ်ဖို့ စွမ်းရည်တော့ ရှိနေပါလိမ့်မယ်။ အဲဒီလိုမျိုး
စဉ်းစားမိတာကြောင့် သူက အရှေ့ကို တက်လာရဲတာ ဖြစ်ပါတယ်။ အဲဒီလိုမှ
မဟုတ်ဘူးဆိုရင် လင်းဟန်က အရူးလုပ်ပြီး သူနဲ့အတူ တခြားသူတွေကိုပါ ဆွဲ
ခေါ်သွားချင်နေ ခဲ့တာဆိုရင် သူက ဒီလိုလုပ်မှာတဲ့လား။
ဒါပေမဲ့လည်း လင်းဟန်က သူ့ကို အမှန်တကယ် တိုက်ခိုက်ရဲတဲ့အတွက် သူက
အံ့အားသင့်နေဆဲ ပါပဲ။
သူက အဲဒီအတွက် စိတ်ထဲမှာ ပြင်ဆင်ထားပြီးပြီ ဆိုပေမဲ့ ဓားချီက ပေါက်ကွဲ
ပြီး သူ့ဆီကို ပြေး၀င်လာ ခဲ့ပါတယ်။
သူက လက်တစ်ဖက်ကို မြှောက်ပြီးတော့ ဓားအလင်းတန်းကို တားဆီးကာကွယ်
လိုက်ပါတယ်။ ငါ့နောက်မှာ ပြီးပြည့်စုံခြင်း အဆင့်ရှိတဲ့ လက်ရွေးစင်
တစ်ယောက် ရပ်နေတာတောင် ငါ့ကို အခုလို တိုက်ခိုက်တာက မင်းကသေလမ်း ရှာနေ
တာပဲ။ ဖိနှိပ်ခံရဖို့ စောင့်ကြည့်နေလိုက်။
ဒါပေမဲ့လည်း အကြီးအကဲက လင်းဟန်ရဲ့ တိုက်ခိုက်မှုကို မြင်လိုက်ရတဲ့ အခါ
မှာ အံ့အားသင့် သွားခဲ့ပါတယ်။ သူက အလျင်အမြန်ပဲ ခုန်၀င်ပြီးတော့
အော်ဟစ်လိုက် ပါတယ်။
“ရပ်လိုက်”
အရမ်းကို နောက်ကျသွားခဲ့ပါပြီ။
ဓားအလင်းတန်း တစ်ခုက ခုတ်ချလာခဲ့ပါတယ်။
ဖူး။
လေထဲမှာ သွေးတွေပျံ့နှံ့သွားပြီး လူငယ်ရဲ့ လက်ချောင်းလေးချောင်း
ချက်ချင်းပဲ လှီးဖြတ်ခံ လိုက်ရပါတယ်။ နတ်မိမယ် တစ်ယောက်က ပန်းပွင့်တွေ
ကို ဖြန့်ကျဲလိုက်သလိုမျိုး ဘေးကို လွင့်ထွက်ကုန်ပါတယ်။
“အား”
လူငယ်က ချက်ချင်းပဲ နာကျင်မှုကြောင့် စတင်ညည်းတွားလိုက်ရပါတယ်။
လင်းဟန်က ကြယ်ခူးဆွတ်ခြင်း ခြေလှမ်းကို သုံးပြီးတော့ အကြီးအကဲရဲ့
တန်ပြန်တိုက်ခိုက်မှုကို မယုံနိုင်စရာကောင်းတဲ့ အမြန်နှုန်း တစ်ခုနဲ့
ရှောင်တိမ်းလိုက်ပါတယ်။ သူက ပြုံးပြီးတော့ ပြောလိုက်တယ်။
“အာ မင်းရဲ့ လက်ချောင်းတွေ ပြတ်သွားပြီ။ မင်း အခု ဘယ်လိုလုပ်ပြီးတော့
လောကဘုံ စိတ်ဝိညာဉ် ကျောက်တုံးတွေကို ဘယ်လိုယူမလဲ”
“ကောင်လေး မင်းက တကယ်ပဲ သေဖို့ကို တောင်းဆိုနေတာပဲ”
အကြီးအကဲက ပြောလိုက်ပြီး သူ့ရဲ့ မျက်နှာအမူအရာက သုန်မှုန်လို့ နေပါ
တယ်။
ဒီကောင်လေးက ဝုိင်းခံထားရတာတောင် သူက သတ္တိကောင်းကောင်းနဲ့ ခုခံရဲ
သေးပါတယ်။ သူက သေလမ်း ရှာနေတာပါပဲ။
လင်းဟန်က ရယ်မောပြီးတော့ ပြောလိုက်တယ်။
“ဘယ်သူက အသက်ရှင်သန် နေနိုင်မလဲ ဘယ်သူက သေမလဲဆိုတာ ပြောဖို့ အရမ်းကို
စောလွန်းပါသေးတယ်”
“ကောင်လေး မင်းက အရမ်းကို ဘ၀င်မြင့်လွန်းတယ်”
အကြီးအကဲက နှာခေါင်းတစ်ချက် ရှုံ့ပြီးတော့ ပြောလိုက်တယ်။ နတ်ဘုရား
သင်္ကေတတွေ ထွက်ပေါ်လာပြီးတော့ လင်းဟန်ကို သူက ဖမ်းဆုပ်ဖို့ ပြင်
လိုက်ပါတယ်။ သူ့လက်က လက်ချောင်းငါးချောင်း တောင်တစ်လုံးအဖြစ်ကို
ပြောင်းလဲပြီးတော့ မိုးကောင်းကင်ပေါ်ကနေ ဆင်းသက်လာခဲ့ပါတယ်။
အကြီးအကဲရဲ့ နာမည်က ချင်စန်း ဖြစ်ပါတယ်။ သူက မီးတောက်ချော်ရည်ဂိုဏ်း
မှာ အဆင့်မြင့်တဲ့ လူတစ်ယောက်ပါ။ အခု ဂိုဏ်းခေါင်းဆောင်မြောင်မှာ
ကောင်းကင်ဘုံ ခန္ဓာကိုယ် အဆင့်ကို ရောက်ရှိဖို့ အခွင့်အရေးတစ်ခု ရှိနေ
ပါပြီ။ ဒါက ဂိုဏ်းထဲမှာ အရမ်းကို အရေးကြီးတဲ့ ကိစ္စဖြစ်လာပါပြီ။ ဒါ
ကြောင့် အားလုံးက လောကဘုံ စိတ်ဝိညာဉ် ကျောက်တုံးတွေကို ထွက်ပြီးတော့
ရှာဖွေကြပါတယ်။
ကောင်းကင်ဘုံ ခန္ဓာကိုယ် အဆင့်ရဲ့ တံခါးရှေ့ကို ရောက်လာတာနဲ့
ကောင်းကင်ဘုံ ခန္ဓာကိုယ် အဆင့်ကို အမှန်တကယ် အဆင့်တက်နိုင်တာက
လုံး၀ကို ကွဲပြားခြားနားတဲ့ အရာနှစ်ခု ဖြစ်ပါတယ်။ မီးတောက်ချော်ရည်
ဂိုဏ်းက သေးငယ်တဲ့ နေလအဆင့် အင်အားစု တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်
ကောင်းကင်ဘုံ ခန္ဓာကိုယ်အဆင့် လက်ရွေးစင် တစ်ယောက် ထွက်ပေါ်လာမှုက သူ
တို့ဂိုဏ်းရဲ့ အဆင့်အတန်းကို သေချာပေါက် တိုးမြှင့်သွားပါလိမ့်မယ်။
ဒါကို အောင်မြင်မှု ရရှိဖို့ မီးတောက်ချော်ရည်ဂိုဏ်းက လောကဘုံ စိတ်
ဝိညာဉ် ကျောက်တုံးတွေ ရရှိဖို့ အစွမ်းကုန် အားထုတ်နေကြပါတယ်။
လင်းဟန်က အကြီးအကဲကို စိုက်ကြည့်ပြီးတော့ ချက်ချင်းပဲ သူ့ခန္ဓာကိုယ်က
နေ ကောင်းကင်ဘုံ စွမ်းအားတစ်ခု ပေါက်ကွဲထွက်ပေါ် လာခဲ့ပါတယ်။
၀ှမ်း။
ပတ်၀န်းကျင်ကို အထင်ကြီးစရာကောင်းတဲ့ အစွမ်းတစ်ခု ပျံ့နှံ့သွားပါတယ်။
“ဘာတွေဖြစ်ကုန်တာလဲ”
“ဘာဖြစ်လို့ ငါ့စွမ်းအားက ရုတ်တရက်ကြီး ဆုတ်ယုတ်သွားတာလဲ”
“သောက်ကျိုးနည်း”
ယန်ကျွင့်နဲ့ တခြားသူတွေ အားလုံးက အံ့အားသင့်စွာနဲ့ အော်လိုက်မိ ကြပါ
တယ်။ ကောင်းကင်ပေါ်ကနေ ဆင်းသက်လာတဲ့ ချင်စန်းရဲ့ လက်တောင်မှ သူ့
လမ်းကြောင်းကနေ အနည်းငယ် သွေဖယ်သွားပါတယ်။ ဒါပေမဲ့လည်း ဒီလက်က အရမ်း
ကို ကြီးမားပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ သွေဖယ်ပါစေ အဲဒီလက်က လင်းဟန်
အပေါ်ကို ဆင်းသက်လာနေဆဲပါပဲ။
လင်းဟန်က လက်သီးတစ်လုံးနဲ့ မိုးကောင်းကင်ပေါ်က လက်ငါးချောင်းတောင်ဆီ
ကို ထိုးထည့်လိုက်ပါတယ်။ သူ့လက်သီးရဲ့ စွမ်းအားတွေ စုစည်းပြီး အစက်
အပြောင် တစ်ခုအဖြစ် သိပ်သည်းလာခဲ့ပါတယ်။
ဖူး။
လက်ငါးချောင်းတောင်က ပေါက်ထွက်သွားပြီး နတ်ဘုရား အလင်းတန်း တစ်ခုက
မိုးကောင်းကင်ပေါ် ထိုးတက်သွားပါတယ်။ ဧရာမ လက်ကြီးပေါ်မှာ အပေါက်ကြီး
တစ်ပေါက် ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီအပေါက်ကို ဖြတ်ပြီးတော့ လက်သီးရဲ့
တောက်ပနေတဲ့ အလင်းတန်းကို တွေ့မြင်နိုင်ပါတယ်။
ချင်စန်းဆီက ညည်းတွားသံတစ်ချက် ထွက်ပေါ်လာပါတယ်။ လက်ငါးချောင်း တောင်
က သူ့ရဲ့ မူလစွမ်းအင်နဲ့ ဖြစ်ပေါ်ထားတယ် ဆိုပေမဲ့ လက်ငါးချောင်းတောင်
ထိုးဖောက်ခံလိုက်ရတဲ့ အချိန်မှာ တန်ပြန်အကျိုးသက်ရောက်မှု အနည်းငယ်
ကို သူ့လက်မှာ ခံစားနေရဆဲပါပဲ။ သူ့လက်ဝါးပေါ်က နာကျင်မှုနဲ့အတူ အနီ
ရောင် အမှတ်အသားတစ်ခု ကျန်ရစ်နေခဲ့ပါတယ်။
သူက အနည်းငယ် မှင်တက်အံ့သြ သွားခဲ့ပါတယ်။ ဒီလူငယ်ရဲ့ စွမ်းအားက မယုံ
နိုင်စရာ ကောင်းလွန်းပါတယ်။ သူ့ခံစစ်ကို ထိုးဖောက်နိုင်စွမ်း ရှိပြီး
တော့ သူ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကို ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်
စွမ်း ရှိပါတယ်။
ဒါပေါ့။ သူက လင်းဟန်ကို လျော့တွက်မိ ထားခဲ့တာလည်း တစ်စိတ်တစ်ပိုင်း
ပေါ့။ သူ့တိုက်ခိုက်မှုက အရမ်းကို ကြီးမားကျယ်ပြန့်တာကြောင့် ဧရိယာ
ကို ဖုံးအုပ်သွားပြီး သူ့စွမ်းအားက အရမ်းကို ကြီးမားတဲ့ ဧရိယာတစ်ဝုိက်
ကို ပျံ့နှံ့သွားတယ်လို့ ဆိုလိုပါတယ်။ တကယ်လို့ သူက လင်းဟန်ထက် အဆ
ထောင်ပေါင်းများစွာ အစွမ်းထက်မယ် ဆိုရင်တောင် ဒီလိုမျိုး တိုက်ခိုက်
မှုရဲ့ ရလဒ်က အရမ်းကို ဆိုးဝါးနေပါဆဲ ဖြစ်နေပါဦးမယ်။
တစ်ဖက်မှာ တကယ်လို့ သူ့မှာရှိတဲ့ သူ့စွမ်းအားကို အာရုံစိုက်ထားမယ်ဆို
ရင် လင်းဟန်ရဲ့ မိုးကောင်းကင်ဘုံ စွမ်းအားက သူ့ကို သူ့ပစ်မှတ်ကနေ
လုံး၀ကို လွဲချော်သွားစေပါလိမ့်မယ်။
“ကောင်လေး မင်းက အတော်လေးကို စိတ်၀င်စားစရာ ကောင်းတာပဲ”
သူက ခြိမ်းခြောက်တဲ့ အသံတစ်ခုနဲ့ ပြောလိုက်ပါတယ်။ သူက လင်းဟန်ကို
ချီးကျူးတယ် ဆိုပေမဲ့ သူ့အသံထဲက သတ်ဖြတ်ချင်တဲ့ ဆန္ဒကိုတော့ ဖုံးကွယ်မ
ထား နိုင်ခဲ့ပါဘူး။
လင်းဟန်က ရိုးရိုးလေးပဲ ပြုံးပြီးတော့ ပြောလိုက်တယ်။
“ကျနော့်စွမ်းအားက ဒီလိုပါပဲ။ ကျုပ်ကို အခုလိုမျိုး ချီးကျူးစရာ မလို
ပါဘူး ဆရာကြီး။ ခင်ဗျားက ကျုပ်ကို ဘ၀င်မြင့်အောင် လုပ်လိုက်ပေမဲ့
လူငယ်တွေ အတွက်တော့ ခွင့်မပြုသင့်တဲ့ အရာကြီး တစ်ခုပဲ”
ချင်စန်းရဲ့ အမူအရာက နောက်ဆုံးတော့ ပြောင်းသွားပါတယ်။ လင်းဟန်တဲ့
တည်ငြိမ်တဲ့ အမူအရာက သူ့စိတ်ထဲမှာ ဒေါသတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။
“မင်းက ကိုယ့်သေတွင်းကို ကိုယ်ရှာနေတာပဲ”
သူက ညာဘက်မျက်လုံးကို ပြူးလိုက်ပြီး အံ့အားသင့်စရာ ကောင်းလောက်အောင်
မီးတောက် မီးလျှံတွေ တောက်လောင်နေတဲ့ လိုဏ်ဂူတစ်ခု အဖြစ်ကို ပြောင်းလဲ
သွားပါတယ်။ အဲဒီနောက် အထဲက လက်တစ်ဖက် ထွက်လာပြီး မီးတောက်တွေ ဖုံးနေ
တဲ့ နတ်ဘုရား ဓားတစ်လက်ကို ဆွဲထုတ် လိုက်ပါတယ်။
နတ်ဘုရား ပစ္စည်းတစ်ခုကို သူ့ကိုယ်ပိုင် ခန္ဓာကိုယ်နဲ့အတူ ပြုစု
ပျိုးထောင်တာက နတ်ဘုရား ပစ္စည်းရဲ့ ခွန်အားကို အစွမ်းကုန် တိုးမြှင်
ပေးပါလိမ့်မယ်။ ဒါပေမဲ့လည်း ဒီလိုမျိုး လုပ်တာကလည်း နောက်ပြန်ဆွဲတဲ့
လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ကြီးထွားဖွံ့ဖြိုးလာတဲ့ အချိန်မှာ နတ်ဘုရား
ပစ္စည်းက ပိုင်ရှင်ရဲ့ သွေးအဆီအနှစ်ကို စုပ်ယူပါလိမ့်မယ်။ အဲဒါကြော
င့် ပိုင်ရှင်ရဲ့ ကိုယ်ပိုင် တိုးတက်မှု အပေါ်မှာ အကျိုးသက်ရောက်မှု
ရှိပါတယ်။
ဒါပေမဲ့လည်း ချင်စန်းလို နေလအဆင့်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်မှာရှိ
တဲ့ လူစားမျိုးကတော့ အဆင့်တက်ဖို့ အလားအလာ မရှိတော့တာကြောင့် သွေး
အဆီအနှစ် အနည်းငယ် ဝါးမျိုခံရတာ အရေးမကြီးပါဘူး။ ကုန်ခမ်းသွားတဲ့ သွေး
အဆီအနှစ်တွေကို အချိန်ခဏလောက် ကျင့်ကြံအားထုတ် ပြီးတဲ့နောက်မှာ
ပြန်လည်ပြည့်၀လာနိုင်ပါတယ်။
ချင်စန်းက ဒီနတ်ဘုရား ဓားကို ရရှိထားတာ နှစ်ပေါင်းတစ်ရာ ကျော်နေပါပြီ။
သူက ချွေတာစုဆောင်းပြီး အဆင့်ရှစ် နတ်ဘုရား သတ္တုတုံး တစ်ခုကို၀ယ်
ယူခဲ့ပါတယ်။ သူ့အတွက် ဓားတစ်လက်ကို တစ်စုံတစ်ယောက်ကို သွန်းလုပ်
ခိုင်းပြီးတော့ သူ့ခန္ဓာကိုယ်ရဲ့ အတွင်းမှာ ထည့်ပြီး ပြုစုပျိုးထောင်
ထားခဲ့ပါတယ်။ ဒါက ရာစုနှစ်တစ်ခုပဲ ဆိုပေမဲ့ သူ့ရဲ့နတ်ဘုရားဓားက
ကြီးမားတဲ့ အောင်မြင်မှု အဆင့်ကို ရောက်ရှိနေပါပြီ။
လက်ထဲက ဒီနတ်ဘုရားဓားနဲ့အတူ သူက ပြီးပြည့်စုံခြင်း အဆင့်မှာရှိနေတဲ့
လက်ရွေးစင် အများစုကို အနိုင်ယူနိုင်တယ်ဆိုပြီးတော့ ယုံကြည်ထားပါတယ်။
သင့်တော်တဲ့ နတ်ဘုရား ပစ္စည်းတစ်ခုက ကျင့်ကြံသူ တစ်ယောက်ကို ကြီး
ကြီးမားမား ကူညီပေး နိုင်ပါတယ်။
“နှလုံးသားကို မီးတောက်တွေ လောင်ကျွမ်းခြင်း”
ချင်စန်းက သူ့ဓားနဲ့ ခုတ်ချလိုက်တဲ့ အခါမှာ မီးတောက်တွေ လောင်ကျွမ်းနေ
တဲ့ ဘောလုံးတစ်ခုက လင်းဟန်ရဲ့ ရင်ဘတ်ကို ထိုးဖောက်ဖို့ အလင်းတန်း တစ်
ခုအဖြစ်ကို ပြောင်းပြီး ပြေး၀င်လာ ခဲ့ပါတယ်။ သူ့ရဲ့ ပြင်းထန်တဲ့
အပူချိန်ကြောင့် အလင်းတန်းက လေထဲမှာ အပူလှိုင်းတွေတောင် ဖြစ်ပေါ်လာစေ
ခဲ့ပါတယ်။ အဲဒီနောက် လေထဲမှာ မီးတောက်မီးလျှံတွေ ပေါက်ကွဲထွက် လာပါ
တယ်။
ဒါက အရမ်းကို ကြောက်မက်ဖွယ်ရာ ကောင်းလွန်းပါတယ်။ ဒီမီးတောက်တွေကို ထိ
ဖို့မပြောနဲ့ ဖျက်ဆီးခြင်း အပူလှိုင်းတွေနဲ့တင် နေလအဆင့်ရဲ့
ပြီးပြည့်စုံခြင်း အဆင့်က အစောပိုင်း အဆင့်မှာရှိတဲ့ လက်ရွေးစင်ကို
တောင် ထိခိုက်ဒဏ်ရာ ဖြစ်စေပါလိမ့်မယ်။
တခြားသူတွေ အားလုံးက မီးတောက်တွေ သူတို့ကို ဟပ်မှာကို ကြောက်ပြီးတော့
အနောက်ကို ဆုတ်လိုက် ကြပါတယ်။ တကယ်လို့ အဲဒီလိုသာ ဖြစ်သွားမယ်ဆိုရင်
သူတို့ကို ဘာက ထိလို့ထိသွားမှန်းတောင် မသိလိုက်ရပဲ သေသွားပါလိမ့်မယ်။
ဒါပေမဲ့လည်း လင်းဟန်က ရယ်မောလိုက်မိပါတယ်။
တကယ်လို့ ချင်စန်းက အဆိပ်ရည်တွေ ဒါမှမဟုတ် ထူးခြားတဲ့ လက်နက်တွေနဲ့
သူ့ကို တိုက်ခိုက်လာမယ် ဆိုရင်တောင် သူက နည်းနည်းလောက် ကြောက်ပါလိမ့်
မယ်။ တကယ်တော့ ချင်စန်းက နေလအဆင့်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်မှာရှိ
တဲ့ လက်ရွေးစင် တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူက မီးဓာတ်
တိုက်ခိုက်မှု တစ်ခုကို ထုတ်ဖော်ခဲ့ပါတယ်။ တစ်ခုသိရမှာက လင်းဟန်ဟာ အ
ရင်က တန်ခိုးရှင်မီးတောက်ရဲ့ လောင်ကျွမ်းခြင်းကို ခံခဲ့ရပါတယ်။
တန်ခိုးရှင်မီးတောက်ထဲမှာ ပြာပုံထဲက ရုန်းထွက်ခြင်းဆိုတဲ့ လျှို့ဝှက်
နည်းစနစ်ကို နားလည်ဆင်ခြင်ခဲ့ပါတယ်။
တကယ်လို့ လူတစ်ယောက်က သူ့ကို မီးနဲ့အနိုင်ယူချင်တယ်ဆိုရင် သူတို့ရဲ့
ကျင့်ကြံခြင်း အဆင့်က သူ့ထက် အဓိက အဆင့်ကြီးတစ်ခု မြင့်နေဖို့ လိုအပ်
ပါလိမ့်မယ်။
Chapter 1261 end

အပိုင်း(1262) အလှည့်အပြောင်း
ရွှပ်။
အလင်းတန်းက လင်းဟန်ဆီကို မယုံနိုင်စရာကောင်းတဲ့ အမြန်နှုန်း တစ်ခုနဲ့
တိုး၀င်လာ ခဲ့ပါတယ်။ တကယ်တော့ ဒါက နေလအဆင့်ရဲ့ ပြီးပြည့်စုံခြင်း
အဆင့်မှာရှိတဲ့ လက်ရွေးစင် တစ်ယောက်ရဲ့ တိုက်ခိုက်မှု ဖြစ်ပါတယ်။
သာမန်အခြေအနေမှာဆိုရင် လင်းဟန်အတွက်တော့ ဒီလိုမျိုး တိုက်ခိုက်မှု
တစ်ခုကို ရင်ဆိုင်နိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ နောက်ပြီး သူ့
ရဲ့အစွမ်းထက်တဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နဲ့တောင် သူ့ရဲ့ နတ်
ဘုရား အရိုးတွေ ပျက်စီးသွားပါလိ့မ်မယ်။ ချင်ဆန်းရဲ့ တိုက်ခိုက်မှုက
သူ့ကို လောင်ကျွမ်းပြာကျသွားစေဖို့ လုံလုံလောက်လောက် အစွမ်းမထက်ပေမဲ့
သူ့ခန္ဓာကိုယ်ကို အပေါက်တစ်ခု ဖြစ်သွားအောင်တော့ အစွမ်းထက်နေပါတယ်။
သူ့အရေပြားပေါ်က နေရာတော်တော်များများ မီးဟပ်ခံရပါလိမ့်မယ်။
ဒါပေမဲ့လည်း သူက တန်ခိုးရှင် မီးတောက်တွေရဲ့ စမ်းသပ်မှုကို ခံယူခဲ့တဲ့
လူတစ်ယောက် ဖြစ်ပါတယ်။ သူ့မှာ အနက်ရောင် မျှော်စင်ရဲ့ အကူအညီကို လက်ခံ
ရရှိခဲ့ပေမဲ့ မယုံနိုင်စရာ ကောင်းလောက်အောင် အထင်ကြီးဖို့ ကောင်းနေဆဲ
ပါပဲ။ ဒါကြောင့် သူ့ကို နတ်ဘုရား မီးတောက်တွေနဲ့အတူ ထိခိုက်အောင် လုပ်
ဖို့ဆိုတာ ဖြစ်နိုင်လိမ့်မှာမဟုတ်ပါဘူး။ သူ့ပြိုင်ဘက်က သူ့ထက် အဆင့်
ကြီး တစ်ဆင့် မမြင့်သရွေ့ပေါ့။
မှန်ပါတယ်။ သူ့ကို ဖိနှိပ်ထိန်းချုပ်ဖို့ အဓိက အဆင့်ကြီးနဲ့ ပတ်သက်
ပြီး ရှိရပါမယ်။
အဲဒါကြောင့် လင်းဟန်က ရှောင်တိမ်းဖို့တောင် အရမ်းကို ပျင်းရိငြီးငွေ့
နေခဲ့ပါတယ်။ သူက သူ့ညာဘက်လက်ကို မြှောက်ပြီးတော့ အလင်းတန်းဆီကို
ဖိနှိပ်တဲ့ လှုပ်ရှားမှုမျိုး တစ်ခုကို လုပ်လိုက်ပါတယ်။ တချိန်တည်း
မှာ သူက လျင်မြန်မှု နည်းစနစ်ရဲ့ သိုင်းအသိဆန္ဒကို ထုတ်ဖော်ပြီးတော့
သူ့လက်ရဲ့ အမြန်နှုန်းကို အများကြီး တိုးလာအောင် လုပ်လိုက်ပါတယ်။
ဖူး။
အလင်းတန်းကို သူ့လက်နဲ့ ထိမှန်သွားတဲ့ အချိန်မှာ လွှမ်းမိုးနိုင်တဲ့
စွမ်းအားနဲ့ ရောယှက်ပြီး သူ့ကို ချက်ချင်းပဲ အနောက်ကို ယိုင်သွားစေခဲ့
ပါတယ်။ ဒါက ပြီးပြည့်စုံခြင်း အဆင့်မှာရှိတဲ့ လက်ရွေးစင် တစ်ယောက်ရဲ့
အထင်ကြီးစရာ စွမ်းအား ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့လက်ကနေ အံ့အားသင့်စရာ
ကောင်းတဲ့ ရောင်စဉ်တစ်ခု ထွက်ပေါ်လာပြီး ချင်စန်းရဲ့ တိုက်ခိုက်မှု
ကို သူ့ရဲ့အနားကနေ ကွေ့ဝုိက်သွားပြီး သူ့လက်ကို မီးတောင်မဟပ်သွားပါ
ဘူး။
၀ုန်း။
လင်းဟန်က ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ အမြန်နှုန်းတစ်ခုနဲ့ အနောက်
ဘက်ကို ဆက်ပြီးတော့ ဒယိမ်းဒယိုင်နဲ့ ဆုတ်သွားရပါတယ်။ သူ့အမြန်နှုန်းက
ခွန်အားအပြည့်နဲ့ ပြေးနေသလို လျင်မြန်လွန်းပါတယ်။ တိုက်တိုက်ဆိုင်
ဆိုင် သူ့အနောက်မှာ မီးတောက်ချော်ရည် ဂိုဏ်းရဲ့ တပည့်တစ်ယောက် ရပ်နေပါ
တယ်။ အဲဒီတပည့်က တုံ့ပြန်ဖို့ အချိန်တောင် မရလိုက်ပဲ လင်းဟန်ရဲ့
ခန္ဓာကိုယ်နဲ့၀င်ဆောင့် မိသွားပါတယ်။
ဒီလိုမျိုး စွမ်းအားရောယှက်မှုက ဘယ်လောက် အစွမ်းထက်လိုက်လဲ။
ဒါက ပြီးပြည့်စုံခြင်း အဆင့်မှာရှိတဲ့ လက်ရွေးစင် တစ်ယောက်က သူ့လက်ထဲက
အဆင့်ခြောက် နတ်ဘုရား ပစ္စည်းတစ်ခုနဲ့အတူ အစွမ်းကုန် တိုက်ခိုက်မှု
တစ်ခုလိုမျိုး အစွမ်းထက်ပါတယ်။
အဲဒီတပည့်က ပြင်းထန်ကနဦး အဆင့်ရဲ့ နောက်ပိုင်းအဆင့်မှာပဲ ရှိပါတယ်။ ဒါ
ကြောင့် ဘယ်လိုလုပ် ဒီလိုမျိုး စွမ်းအားတစ်ခုကို ရင်ဆိုင်နိုင်မှာလဲ။
အဲဒီတပည့်က အစိတ်စိတ် အပိုင်းပိုင်း ပြတ်ထွက်သွားပြီး ပတ်၀န်းကျင်ကို
သွေးတွေနဲ့ အသားတွေ ပျံ့နှံ့ကုန်ပါတယ်။ သူက သွေးမိုးစက် တစ်ခုအဖြစ်ကို
ပြောင်းလဲသွားပြီး အရိုးတွေ အသားစတွေ လွင့်ပျံကုန်ပါတယ်။
ဒါပေမဲ့လည်း အခုလို ၀င်ဆောင့်မိတာက လင်းဟန်ကို ရပ်သွားအောင်လို့ ကူညီ
ပေးပါတယ်။ သူက သူ့လက်ကို ခါလိုက်ပြီး တောက်လောင်နေတဲ့ မီးတောက်တွေကို
ငြိမ်းသတ်လိုက်ပါတယ်။ အဲဒီနောက် သူ့လက်ကို မြှောက်ပြီးတော့ ထိခိုက်
မှု ရှိမရှိ စစ်ဆေးလိုက်ပါတယ်။ သူ့လက်ဝါးက လုံး၀ကို မည်းနက်ပြီးတော့
သူ့အရေပြားပေါ်မှာ အသေးစား မီးလောင်ကျွမ်းမှု တချို့ ရှိနေပါတယ်။
သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေ အကြားက ကြီးမားတဲ့ ကွာဟချက် ရှိနေတာ
က သူ့အတွက် အနည်းငယ် အရေးနိမ့်နေသေးတယ် ဆိုတာကို ထင်ရှားစေပါတယ်။
လင်းဟန်က ပြုံးပြီးတော့ မျက်စိတစ်ချက် ဝေ့ပြီး ပြောလိုက်တယ်။
“ငါအရမ်းကို စိတ်မကောင်းပါဘူး။ ငါ့ခေါင်းအနောက်မှာ မျက်လုံးတွေ မရှိ
ဘူး။ ဒါကြောင့် မင်းကို သေသွားတဲ့အထိ မတော်တဆ ၀င်ဆောင့်လိုက်မိတယ်။
ဒါပေမဲ့လည်း မင်းက တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် ငါ့ကို
တိုက်ခိုက်တဲ့ လူကိုပဲ အပြစ်တင်သင့်တယ်။ တကယ်တော့ ငါလည်း ဒုက္ခသည် တစ်
ယောက်ပါပဲ”
မီးတောက်ချော်ရည်ဂိုဏ်းရဲ့ ကျန်ရှိတဲ့ အဖွဲ့၀င်ခြောက်ယောက်စလုံး မှင်
တက်အံ့သြကုန်ပါတယ်။ သူတို့က ဘာပြောလို့ ပြောရမှန်းတောင် မသိအောင် ဖြစ်
ကုန်ပါတယ်။
ဒီလူက မကောင်းဆိုးဝါး တစ်ယောက်များလား။
သူက နေလအဆင့်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်မှာရှိတဲ့ လက်ရွေးစင် တစ်
ယောက်ဆီက တိုက်ခိုက်မှုကို ခံရတာတောင် သူ့ခန္ဓာကိုယ်က အစိတ်စိတ်
အပိုင်းပိုင်း မဖြစ်သွားဘူးလား။ သူ့ရဲ့သွေးတွေနဲ့ အရိုးတွေက
လောင်ကျွမ်းပြာကျ မသွားဘူးလား။ သူက တိုက်ခိုက်မှုရဲ့ စွမ်းအားကြောင့်
အနောက်ဘက်ကို ဒယိမ်းဒယိုင် ဆုတ်သွားရုံနဲ့ ပျက်ပြယ်သွားစေခဲ့တာလား။
ချင်းစန်းက သူ့ရဲ့စွမ်းအားကို အပြည့်အ၀ အသုံးမပြုခဲ့ဘူးလား ဆိုပြီး
တော့ သံသယ၀င်ကောင်း ၀င်နိုင်ပါတယ်။ ဒါပေမဲ့လည်း ဒါက ဖြစ်နိုင်ပါ့မလား။
လင်းဟန်က သူတို့ရဲ့ နံပါတ်ခုနစ် ဂျူနီယာ ညီလေးကို ၀င်ဆောင့်ပြီး အစိတ်
စိတ် အပိုင်းပိုင်း ဖြစ်သွားစေခဲ့ပါတယ်။ ဒီစွမ်းအားက မပြင်းထန်ဘူး
လား။
တကယ်လို့ လင်းဟန်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က မယုံနိုင်စရာ
ကောင်းလောက်အောင် မာကျောနေတယ် ဆိုရင်တောင် ဒီလိုမျိုး ပြင်းထန်တဲ့
စွမ်းအားကို စုပ်ယူမယ်ဆိုရင် ဘယ်လိုလုပ်ပြီး လောင်ကျွမ်းနေတဲ့
မီးတောက်တွေရဲ့ အစွမ်းကနေ သူက အသက်ရှင်နေ ရတာလဲ။
ဒါက နတ်ဘုရား မီးတောက်တွေရဲ့ စွမ်းအား ဖြစ်ပါတယ်။ ပြီးတော့ ပြီးပြည့်
စုံခြင်းအဆင့် လက်ရွေးစင် တစ်ယောက်ရဲ့ အဆင့်ရှစ် နတ်ဘုရား ပစ္စည်းကနေ
ထုတ်ဖော်လိုက်တာ ဖြစ်ပါတယ်။ ဒီလိုမျိုး မီးတောက်တွေက သေချာပေါက် နေလ
အဆင့်ရဲ့ ပြင်းထန်အဆင့်မြင့်မှာ ရှိနေတဲ့ လက်ရွေးစင်တွေကို မီးလောင်
ပြာကျ စေနိုင်ပါတယ်။ လင်းဟန်ကတော့ သူ့လက်ပေါ်မှာ အသေးစား မီးဟပ်တဲ့
ဒဏ်ရာတွေပဲ ရှိနေပါတယ်။
ဘယ်လိုလုပ် ဒီလိုမျိုး လူထူးလူဆန်း တစ်ယောက် ရှိနေနိုင်တာလဲ။
လင်းဟန်က ဖျက်ဆီးလို့ မရနိုင်တဲ့ ကောင်းကင်မှော်စာလိပ်ကို လည်ပတ်
လိုက်ပြီး ချက်ချင်းပဲ သူ့လက်ပေါ်က မီးလောင်ဒဏ်ရာ အလွှာက ကြွေကျသွားပါ
တယ်။ အဲဒီနေရာမှာ ကျောက်စိမ်းနဲ့ တူတဲ့ အရေပြား အလွှာအသစ်တစ်ခု ထပ်
ပေါ်လာခဲ့ပါတယ်။ ဒီမီးလောင်နေတဲ့ အရေပြားကို လဲလိုက်ရတာက ချင်စန်းရဲ့
သိုင်းဆန္ဒ အကြွင်းအကျန်ကြောင့် ဖြစ်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်
တကယ်လို့ သူက ဖျက်ဆီးလို့ မရနိုင်တဲ့ ကောင်းကင်မှော်စာလိပ်ကို မလည်ပတ်
ရင်တောင် အသစ်ပြန်ဖြစ်လာပါလိမ့်မယ်။
လင်းဟန်က စပ်ဖြဲဖြဲပြုံးပြီးတော့ ပြောလိုက်တယ်။
“ငါမင်းတို့ကို ပုံမှန်စီးပွားရေး လုပ်ဖို့ အခွင့်အရေး ပေးခဲ့တယ်။
မင်းတို့ကတော့ သူခိုးတွေ ဖြစ်လာကြတယ်။ အခု အဲဒီအကျိုးဆက်ကို ခံစားဖို့
အချိန်ရောက်ပြီ”
၀ှစ်။
သူက လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးတော့ မီးတောက်ချော်ရည်
ဂိုဏ်းရဲ့ တပည့်တွေဆီကို ပြေး၀င်လာခဲ့ပါတယ်။
“ရပ်လိုက်”
ချင်စန်းက အော်လိုက်ပါတယ်။ သူက အလျင်အမြန်ပဲ လင်းဟန်ရဲ့ တိုက်ခိုက်မှု
တွေကို ရင်ဆိုင်ပြီး အရှေ့ကို ပြေးထွက်လာပါတယ်။ ဒီကောင်လေးက အရမ်းကို
ထူးဆန်းလွန်းပါတယ်။ ပြီးတော့ သူ့ရဲ့ တိုက်ပွဲစွမ်းရည်က သူ့ကျင့်ကြံ
ခြင်း အဆင့်အပေါ်မှာ အခြေခံပြီးတော့ တိုင်းတာလို့ မရနိုင်ပါဘူး။
တကယ်လို့ သူ့ကို လွတ်လွတ်လပ်လပ် တိုက်ခိုက်ခွင့် ပြုလိုက်မယ်ဆိုရင် သူ
ကလွဲပြီး အားလုံးက ဆိုးဆိုးဝါးဝါး ဖြစ်ကုန်ပါလိမ့်မယ်။
မီးတောက်ချော်ရည်ဂိုဏ်း အတါက်တော့ နေလအဆင့်မှာရှိတဲ့ တပည့်တိုင်းက မ
ယုံနိုင်စရာ ကောင်းလောက်အောင် တန်ဖိုးရှိပါတယ်။
တပည့်ခြောက်ယောက် မဟုတ်ဘူး။ အခု ငါးယောက်ပဲ ကျန်ပါတယ်။ သူတို့အားလုံ့း
ကို ဂိုဏ်းက နှစ်ပေါင်းတစ်သိန်းကျော် လေ့ကျင့်ပေးခဲ့ရပါတယ်။ သူတို့
မှာ ကြီးမားတဲ့ ပါရမီရှိပြီး တကယ်လို့ သူတို့က အခွင့်အလမ်းကောင်းတွေ
နဲ့ ကြုံဆုံခဲ့မယ်ဆိုရင် အနာဂတ်မှာ သူတို့ဟာ ကောင်းကင်ဘုံ ခန္ဓာကိုယ်
အဆင့်ထိ တက်နိုင်စွမ်း ရှိပါလိမ့်မယ်။
ဒါပေါ့။ လက်ရွေးစင်တွေ တော်တော်များများက ဂိုဏ်းရဲ့ ထောက်တိုင်တွေ
အဖြစ် တည်ရှိနေမှ တိုးတက်ဖွံ့ဖြိုးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဂိုဏ်း
တစ်ခုရဲ့ အစစ်အမှန် အူတိုင်က သူတို့ရဲ့ တပည့်တွေ ဖြစ်ပါတယ်။ အဲဒီလိုမှ
မဟုတ်ဘူးဆိုရင် ကောင်းကင်ဘုံ ခန္ဓာကိုယ်အဆင့် လက်ရွေးစင် တစ်ယောက်ရှိ
ပြီးတော့ တပည့်တွေ မရှိဘူးဆိုရင် ဘာလုပ်ရမှာလဲ။
ချင်စန်းက ပြီးပြည့်စုံခြင်း အဆင့်မှာရှိတဲ့ လက်ရွေးစင် တစ်ယောက် ဖြစ်
ပါတယ်။ ပြီးတော့ သူ့လက်တွေကို ဖြန့်လိုက်ပြီး တောင်နဲ့တူတဲ့ ဖိအားတစ်
ခုက မိုးကောင်းကင်ပေါ်ကနေ ဆင်းသက်လာခဲ့ပါတယ်။ ဒီအထင်ကြီးစရာကောင်းတဲ့
ဖိအားက လင်းဟန်ရဲ့ လှုပ်ရှားမှုကို အကန့်အသတ် ဖြစ်စေပြီး တပည့်တွေကို
သူ့ရဲ့ ဖမ်းဆုပ်မှုကနေ လွတ်မြောက်အောင် အချိန်ပေးခြင်း ဖြစ်ပါတယ်။
“ဒါက အတော်လေး ပြဿနာ ရှိတာပဲ”
လင်းဟန်က သူ့ခေါင်းကို ခါပြီးတော့ ပြောလိုက်တယ်။ နေလအဆင့်ရဲ့
ပြီးပြည့်စုံခြင်း အဆင့်မှာရှိတဲ့ လက်ရွေးစင် တစ်ယောက်ရဲ့ စောင့်
ရှောက်မှုအောက်မှာ လက်ရွေးစင်က အမှုမဲ့ အမှတ်မဲ့ ဖြစ်မနေသရွေ့ လူတွေ
ကို သတ်ပစ်ဖို့ဆိုတာ အရမ်းကို ခက်ခဲပါတယ်။ ဒါပေမဲ့လည်း ချင်စန်းက အခု
ပြင်ဆင်ထားတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် သူ့အတွက် လူတွေကို သတ်
ဖို့ဆိုတာ မယုံနိုင်စရာကောင်းလောက်အောင် ခက်ခဲပါလိမ့်မယ်။
“ကောင်လေး မင်းက အတော်လေး အစွမ်းထက်တယ် ဆိုတာကို ငါ၀န်ခံပါတယ်”
ချင်စန်းက ပြောလိုက်တယ်။
“ဒါပေမဲ့လည်း မင်းနဲ့ငါ့အကြားက ကွာဟချက်က အားလုံးကို
ရှင်းရှင်းလင်းလင်း မြင်နေတာပဲ။ မင်းအတွက် အနိုင်ရဖို့ မဖြစ်နိုင်
ဘူး။ လောကဘုံ စိတ်ဝိညာဉ် ကျောက်တုံးတွေကို ပေးပြီးတော့ မင်းကိုယ်ပိုင်
လက်နှစ်ဖက်ကို ဖြတ်ပစ်လိုက်ပါ။ တကယ်လို့ မင်းက ငါပြောသလို လုပ်မယ်ဆို
ရင် မင်းအသက်ကို ငါချမ်းသာပေးနိုင်တယ်”
“ဦးလေးချင်”
ယန်ကျွင့်နဲ့ တခြားသူတွေက အံ့အားသင့်စွာနဲ့ ခေါ်လိုက်မိပါတယ်။
ဒီကောင်လေးက မီးတောက်ချော်ရည်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ကို သတ်ပစ်ခဲ့ပါ
တယ်။ ဘယ်လိုလုပ်ပြီး သူတို့က သူ့ကို အလွယ်တကူနဲ့ လွှတ်ပေးနိုင်မှာလဲ။
ဒါပေမဲ့လည်း ချင်စန်းက သူ့ရဲ့ နတ်ဘုရားဓားနဲ့အတူ ခွန်အားပြည့်
တိုက်ခိုက်မှုက လင်းဟန်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေဖို့ မဖြစ်နိုင်
ဘူးဆိုတာ သိနားလည်ပါတယ်။ သူ့ရဲ့ ခုခံမှုက အရမ်းကို ထူးဆန်းလွန်းပါတယ်။
သူ့မှာ စွမ်းအားရယ် စည်းမျဉ်းဥပဒေကို နားလည်နိုင်စွမ်းနဲ့ ပတ်သက်ရင်
အားသာချက် တစ်ခုရှိတာကြောင့် လင်းဟန်ကို ဖိနှိပ်ထားနိုင်စွမ်း ရှိပါ
တယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် သူတောင်မှ ချာခနဲ လှည့်ပြီးတော့
ထွက်ပြေးရပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် သူက လောကဘုံ စိတ်ဝိညာဉ် ကျောက်တုံးတွေကို ရရှိတာနဲ့
အောင်မြင်တဲ့ တာ၀န်လို့ ပြောလို့ရပါလိ့မ်မယ်။ ခေါင်းဆောင်မြောင်က
ကောင်းကင်ဘုံ ခန္ဓာကိုယ် အဆင့်ကို ချိုးဖျက်တက်ရောက်နိုင်တာနဲ့ သူက
အဲဒီကောင်လေးထက် အဆင့်ကြီးတစ်ဆင့် အားသာချက် ရှိသွားပါလိ့မ်မယ်။ ဒါ
ကြောင့် တကယ်လို့ အဲဒီကောင်လေးက နေလအဆင့်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်
ကို အဆင့်တက်သွားမယ် ဆိုရင်တောင် ကိစ္စမရှိပါဘူး။ သူက တစ်ချက်တည်းနဲ့
အသတ်ခံရမဲ့ ကံကြမ္မာကနေ လွတ်မြောက်နိုင်စွမ်း ရှိလိမ့်မှာ မဟုတ်ပါ
ဘူး။
မတူညီတဲ့ အခြေအနေတွေမှာ မတူညီတဲ့ ဖြေရှင်းနည်းတွေ လိုအပ်ပါတယ်။ ချင်
စန်းက ဘယ်ဟာက အရေးပါဆုံးလဲ ဆိုတာကို နားလည်သဘောပေါက်ပါတယ်။
ဒါပေမဲ့လည်း လင်းဟန်က သူ့ခေါင်းကို ခါပြီးတော့ ပြောလိုက်တယ်။
“မင်းတို့တွေက အရမ်းကို မောက်မာပြီးတော့ ဗိုလ်ကျလွန်းတယ်။ မင်းတို့က
ငါ့ကို ဓားပြတိုက်ဖို့ ကြိုးစားနေတာ ထင်ရှားတယ်။ ဒါတောင်မှ မင်းတို့က
ငါ့ရဲ့ ကျေးဇူးရှင်တွေလို ပုံစံမျိုး လုပ်နေသေးတယ်။ ငါ့ကိုယ်ပိုင် လက်
နှစ်ဖက်ကို ဖြတ်ပစ်ချင်နေတာလား။ အဟက် ခင်ဗျားက သောက်ကျိုးနည်းအောင် ဥာ
ဏ်ထုံထိုင်းနေတာလား”
သူက အရမ်းကို ဒေါသထွက် သွားပါတယ်။ သူ့ညာဘက်လက်ကို ဝှေ့ယမ်းလိုက်တဲ့
အခါမှာ မြေပြင်ပေါ်မှာ ပန်းတစ်ပွင့် ပေါ်လာခဲ့ပါတယ်။ ဒီပန်းပွင့်က
အသက်ရှူမှားလောက်အောင် လှပပြီး တာအိုရဲ့ စည်းချက်တွေနဲ့အတူ ရောင်စဉ်
ဖြာလို့ နေပါတယ်။ အဲဒီပန်းပွင့်က မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးက
ပြုစုပျိုးထောင်ပေးတဲ့ နတ်ဘုရား ဆေးပင်တစ်ခုနဲ့ တူပါတယ်။
ဒါပေမဲ့လည်း တကယ်လို့ သူတို့က ဒီပန်းကို ထိပ်တန်းနတ်ဘုရား ဆေးပင်တစ်
ပင်လို့ ယုံကြည်လိုက်မိတာနဲ့ ကပေါက်တိ ကပေါက်ချာ ဖြစ်သွားပါလိမ့်မယ်။
ဒါက စိတ်မြူခိုး ဖမ်းစားခြင်း ပန်းပွင့်ဖြစ်ပါတယ်။ စမ်းချောင်းဝါ
လျှို့ဝှက်ဆန်းကြယ်ဘုံထဲကနေ လင်းဟန်က ရရှိခဲ့တဲ့ ပန်းပွင့်တစ်ပွင့်
ပါ။ အဲဒီအချိန်တုန်းက ပန်းပွင့်ရဲ့ သားကောင်အဖြစ်ကို ကျရောက်လုနီးပါး
ဖြစ်သွားခဲ့ပါတယ်။ သူ့ရဲ့စိတ်ဝိညာဉ်က ခိုင်မာပြီးတော့ မရေမတွက်နိုင်
တဲ့ သူတော်စင်ပိုးမွှားတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
အနက်ရောင် မျှော်စင်ထဲမှာ ရှိနေတဲ့ အချိန်အတွင်း ဒီအဆိပ်ပန်းပွင့်က
အနည်းငယ် ပိုပြီးတော့ ဖွံ့ဖြိုးလာခဲ့ပါတယ်။ သူ့ရဲ့အရှိန်အဝါက အခုဆို
မဟာတာအိုနဲ့တောင် ပိုပြီးတော့ စည်းချက်ကျပြီး သူ့ရဲ့ လူတွေကို ညှို့ယူ
နိုင်တဲ့ စွမ်းရည်ကလည်း နောက်တစ်ဆင့်ကို တိုးမြှင့်သွားခဲ့ပါပြီ။
ယန်ကျွင့်နဲ့ ကျန်တဲ့ငါးယောက်ရဲ့ မျက်နှာတွေပေါ်မှာ ယစ်မူးတဲ့ အမူအရာ
တစ်ခု ဖြစ်ပေါ်သွား ခဲ့ပါတယ်။ သူတို့က ပုံရိပ်ယောင် အမျိုးအစား
တစ်ခုခုထဲကို ၀င်ရောက်သွားသလိုမျိုးပါပဲ။ သူတို့ရဲ့ ခန္ဓာကိုယ်က သက်
တောင့်သက်သာ ဖြစ်လာပြီးတော့ သူတို့ရဲ့ နှုတ်ခမ်းထောင့်တွေ ကွေးပြီး
တော့ အပြုံးတစ်ခု ပေါ်လာခဲ့ပါတယ်။
လင်းဟန်က ချက်ချင်းပဲ လှုပ်ရှားလိုက်ပါတယ်။
ဖောက် ဖောက် ဖောက် ဖောက်။
ချင်းစန်းကလွဲပြီး ကျန်တဲ့လူငါးယောက်ရဲ့ ဦးခေါင်းတွေ အားလုံးက အစိတ်
စိတ် အမြွှာမြွှာ ဖြစ်ကုန်ပါတယ်။
ချင်စန်းက နေလအဆင့်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်မှာ တန့်နေတာ အချိန်တွေ
အရမ်းကို ကြာမြင့်လို့ နေပါပြီ။ ပြီးတော့ သူ့ရဲ့ နတ်ဘုရား အာရုံကို
အရမ်းကို ဒဏ်ခံနိုင်တဲ့ အခြေအနေ တစ်ခုအထိ ကျင့်ကြံအားထုတ် ထားခဲ့ပါ
တယ်။ လင်းဟန်ရဲ့ ပထမတိုက်ခိုက်မှု ထွက်ပေါ်လာတဲ့ အခါမှာ သူ့ရဲ့
မသိစိတ်က စေ့ဆော်မှုနဲ့အတူ သေကွင်းသေကွက် တိုက်ခိုက်မှုကို ဘေးဘက်ကို
လှုပ်ရှားပြီး ရှောင်တိမ်းလိုက်ပါတယ်။ လင်းဟန်ရဲ့ လက်သီးက သူ့မျက်နှာ
ဘေးကနေ ဖြတ်သွားပြီး လေပြင်းအားက အသားတွေကို တေ်ာတော်များများ
စုတ်ပြတ်သွားစေခဲ့ပြီး ထိခိုက်မှု ပြင်းထန်တာကြောင့် သူ့ရဲ့ သွားတွေ
တောင် ထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမဲ့လည်း ဒီတိုက်ခိုက်မှုက ချင်စန်းရဲ့ အာရုံတွေကို ပြန်ပြီးတော့
သတိ၀င်လာစေခဲ့ပါတယ်။ သူက အံ့အားသင့်စွာနဲ့ အနောက်ကို ခုန်ဆုတ်လိုက်
ပြီး မီတာရာပေါင်းများစွာ ဆုတ်ပြီးမှ ရပ်လိုက်ပါတယ်။ သူ့မျက်နှာပေါ်
မှာ စိတ်မြူခိုး ဖမ်းစားခြင်း ပန်းပွင့်ကို စိုက်ကြည့်နေရင်း ထိတ်လန့်
တုန်လှုပ်မှု တစ်ခု ဖြစ်ပေါ်လို့ နေပါတယ်။ ဒီနတ်ဘုရား ဆေးပင်နဲ့တူတဲ့
ပန်းပွင့်က တကယ်ပဲ သူ့ရဲ့ နတ်ဘုရား အာရုံကို သက်ရောက်မှု ရှိပါတယ်။ ဒါ
ကြောင့် သူက ခေါင်းပြားပြီး သေလုနီးပါး ဖြစ်သွားခဲ့ပါတယ်။
လင်းဟန်ရဲ့ တိုက်ခိုက်ချင်တဲ့ စိတ်ဝိညာဉ်က မိုးထိအောင် ထိုးတက်လာပြီး
ချက်ချင်းပဲ ချင်စန်းကို လိုက်ဖမ်းရင်း ပြောလိုက်တယ်။
“အဘိုးကြီိးစုတ် ခင်ဗျားရဲ့ ဂျူနီယာတွေအားလုံး သေကုန်ပြီ။ ဒါကြောင့်
ခင်ဗျားက ဘာဖြစ်လို့ သူတို့နဲ့ သွားမပူးပေါင်းပဲ နေနေတာလဲ”
Chapter 1262 end

အပိုင်း(1263) ဒုတိယအကြိမ် ဆေးကြောခြင်း


“ကောင်လေး မင်းစောင့်နေလိုက်ပါ”
ချင်စန်းက အေးစက်စက် အသံနဲ့ အော်ပြောလိုက်ပါတယ်။ အဲဒီနောက် သူက ချာခနဲ
လှည့်ပြီးတော့ ထွက်ပြေးသွားလိုက်ပါတယ်။
သူ့ရဲ့ တိုက်ပွဲစွမ်းရည်က လင်းဟန်ကို ဖိနှိပ်ထိန်းချုပ်နိုင်ပါတယ်။
ဒါပေမဲ့လည်း လင်းဟန်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က အရမ်းကို
ကြောက်စရာ ကောင်းလွန်းပြီးတော သူ့အတွက်တော့ လင်းဟန်ကို တစ်ချက်တည်း
နဲ့ သတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်ပြီးတော့ လင်းဟန်မှာ သူ့
ရဲ့ နတ်ဘုရား အာရုံကိုတောင် အကျိုးသက်ရောက်စေတဲ့ ပန်းပွင့်ကိုလည်း
ပိုင်ဆိုင်ထားခဲ့ ပါတယ်။ ဒါကြောင့် သူက တကယ်လို့ လင်းဟန်ကို
တစ်ချက်တည်းနဲ့ အသေမသတ်ပစ် နိုင်ဘူးဆိုရင် သူ့ဘက်က အရေးနိမ့်သွားပါလိ
မ့်မယ်။
သူက နှစ်ပေါင်းသုံးသန်းကျော် ရှင်သန်နေထိုင်ခဲ့သူ ဖြစ်ပြီးတော့ သေ
ခြင်းတရား အမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ ခဲ့ရဖူးပါတယ်။ ဒါပေမဲ့လည်း
အခုချိန်ထိ အသက်ရှင်သန်နေခဲ့တာက သူ့ရဲ့ အသက်ကို သူကပိုပြီးတော့
ချစ်ခင်မြတ်နိုးလို့ပဲ ဖြစ်ပါတယ်။
တကယ်လို့ သူသေကိုယ်သေ တိုက်ခိုက်ယှဉ်ပြိုင်ရမယ်ဆိုရင်တောင် သူက
လက်စားပြန်ချေနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘာဖြစ်လို့ အရဲစွန့်နေ
ဦးမှာလဲ။
သူက မီးတောက်ချော်ရည်ဂိုဏ်းကို ပြန်ရပါမယ်။
ခေါင်းဆောင်မြောင်က ကောင်းကင်ဘုံ ခန္ဓာကိုယ်အဆင့်ကို ချိုးဖျက်၀င်
ရောက်ဖို့ အဖျားကို ရောက်နေပါပြီ။ လောကဘုံ စိတ်ဝိညာဉ် ကျောက်တုံးတွေက
ဒီဖြစ်စဉ်ကို အရှိန်မြှင့်တင်ပေး နိုင်ပါတယ်။ ဒါပေမဲ့လည်း ဒါက သူတို့
အသုံးပြုမှုရဲ့ တစ်ခုလုံး ဖြစ်ပါတယ်။ အဆင့်ချိုးဖျက် တက်ရောက်ဖို့ မ
ရှိမဖြစ်လိုအပ်ချက် မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် တကယ်လို့ သူက မအောင်မြင်
ဘူး ဆိုရင်တောင် မီးတောက်ချော်ရည်ဂိုဏ်းမှာရှိတဲ့ တခြားအဖွဲ့တွေက
လောကဘုံ စိတ်ဝိညာဉ် ကျောက်တုံးတွေကို ရှာဖွေနေကြပါသေးတယ်။ သူတို့
အားလုံးတော့ မအောင်မြင်တာ မဖြစ်နိုင်လောက်ပါဘူး။ ဟုတ်တယ်မလား။
ချင်စန်းက သူအတတ်နိုင်ဆုံး လျင်လျင်မြန်မြန်နဲ့ ထွက်ပြေးပြီး လင်းဟန်
အနားကို ကပ်လာတဲ့ အချိန်တိုင်း သူ့ရဲ့ဓားနဲ့ ခုတ်ချခဲ့ပါတယ်။ လင်းဟန်က
နေလအဆင့်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်မှာရှိတဲ့ စွမ်းအားကို
ပိုင်ဆိုင်ထားတဲ့ ဒီတိုက်ခိုက်မှုတွေကို လျစ်လျူရှူလို့ မရနိုင်ပါ
ဘူး။ ခုတ်ချက်တိုင်းက သူ့ခန္ဓာကိုယ် အပေါ်မှာ ဒဏ်ရာတစ်ခု ကျန်ရစ်စေပေ
မဲ့ ဒီဒဏ်ရာတွေက ထိခိုက်မှု နည်းနည်းလေးမှတော့ ဖြစ်စေလိမ့်မှာ မဟုတ်ပါ
ဘူး။
ဒါကြောင့် တကယ်လို့ သူတို့တွေ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မယ်ဆိုရင်
ချင်စန်းက လင်းဟန်ကို ထိခိုက်ဒဏ်ရာရအောင် အပြည့်အ၀ လုပ်နိုင်စွမ်း ရှိ
ပါလိမ့်မယ်။
တကယ်တော့ သူ့မှာ စွမ်းအားနဲ့ ပတ်သက်ရင် ကြီးမားတဲ့ အားသာချက်တစ်ခု ရှိ
ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ စိတ်ထဲမှာ နတ်ဘုရား မီးတောက်နဲ့ လင်းဟန်ကို ထိခိုက်
ဒဏ်ရာ ဖြစ်စေဖို့ မအောင်မြင်မှုက စိတ်ဒဏ်ရာကြီး တစ်ခုလို ကျန်ရစ်စေခဲ့
ပါတယ်။ လင်းဟန်ရဲ့ ခံစစ်ကို ထိုးဖောက်လို့ မရနိုင်ဘူး ဆိုတာကို သူ
ယုံကြည်ထားခဲ့ပါတယ်။ သူသတိမထားမိတာက တကယ်လို့ သူ့ရဲ့ နတ်ဘုရား
မီးတောက်တွေ အသုံးပြုတာကို ရပ်ပြီးတော့ လင်းဟန်ကို သန့်စင်တဲ့
စွမ်းအားကို သုံးပြီးတော့ ရင်ဆိုင်တိုက်ခိုက်မယ်ဆိုရင် ကြီးကြီးမား
မား အားသာချက် ရလိမ့်မယ် ဆိုတာကိုပါပဲ။
သူ့အနေနဲ့ ဒီအချက်ကို နားလည်သဘောပေါက်မှု မရှိပဲ သူ့ကို လိုက်ဖမ်းနေရာ
ကနေ လွတ်မြောက်ဖို့ အလျင်အမြန်ပဲ ထွက်ပြေးနေရပြီး သူ့စိတ်ထဲမှာ
တိုက်ခိုက်ချင်စိတ် နည်းနည်းမှ ရှိမနေခဲ့ပါဘူး။
တစ်ခုသတိထားရမှာက လင်းဟန်ဟာ ကြယ်ခြောက်ပွင့်ပဲရှိတဲ့ ပါရမီရှင် တစ်
ယောက် ဖြစ်ပါတယ်။ နောက်တစ်မျိုး ပြောရမယ်ဆိုရင် သူ့ရဲ့ တိုက်ပွဲစွမ်း
ရည်က အမြင့်ဆုံး ပြင်းထန်အဆင့်မြင့်ရဲ့ အစောပိုင်း အဆင့်ထိပဲ ရောက်
နိုင်ပါတယ်။ ဘယ်လိုလုပ်ပြီးတော့ ပြီးပြည့်စုံခြင်း အဆင့်ကို
နှိုင်းယှဉ်လို့ ရနိုင်မှာလဲ။
ဒါပေါ့ ချင်စန်းက သူ့ရဲ့ စိတ်မြူခိုး ဖမ်းစားခြင်း ပန်းပွင့်ကိုလည်း
စိုးရိမ်တကြီး ဖြစ်နေပါသေးတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် သူ့အနေနဲ့ ဒီ
လိုမျိုး ဆိုးဆိုးဝါးဝါး အခြေအနေ တစ်ခုနဲ့ အဆုံးသတ် လိမ့်မှာ မဟုတ်ပါ
ဘူး။
လင်းဟန်က သူ့နောက်ကို ခဏလောက် လိုက်ဖမ်းပြီးတဲ့နောက်မှာ လက်လျော့
လိုက်ပါတယ်။ ချင်စန်းကို လိုက်ဖမ်းစရာ အကြောင်း မရှိပါဘူး။ ဘာပဲ
ဖြစ်ဖြစ် သူ့အနေနဲ့ ချင်စန်းကို မသတ်နိုင်ပါဘူး။ ပြီးတော့ ဝံပုလွေ
လက်သည်းမြို့က ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုတွေကို တင်းတင်းကျပ်ကျပ်
တားမြစ်ထားတဲ့ မြို့တစ်ခု ဖြစ်ပြီးတော့ အဲဒီမြို့နဲ့ နီးကပ်လို့ လာပါ
ပြီ။
သူက ခဏလောက် စဉ်းစားပြီးတော့ ဝံပုလွေ လက်သည်းမြို့ကို အရင်ဆုံး ပြန်
ဖို့ ဆုံးဖြတ်လိုက် ပါတယ်။ သူက သူ့ရဲ့ လောကဘုံ စိတ်ဝိညာဉ် ကျောက်တုံး
တွေကို ရောင်းချရဦးမှာ ဖြစ်သလို အားလပ်ချိန်မှာ မှော်ဆေးလုံးတွေကို
လည်း သန့်စင်ဖော်စပ် ရပါဦးမယ်။ သူက ဒီဆေးလုံးတွေကို ထာ၀ရ သိမ်းဆည်းမ
ထားနိုင်ပါဘူး။ သူက အစစ်အမှန် မူလကျောက်တုံးနဲ့ နတ်ဘုရား ပစ္စည်းတွေ
အတွက် သူတို့ကို အလဲအလှယ်လုပ်တာက အကောင်းဆုံး ဖြစ်ပါတယ်။ အဲဒါမှပဲ သူ့
ရဲ့ အံ့ဖွယ်နတ်ဆိုးဓားကို အဆင့်မြှင့်တင်တဲ့ နေရာမှာ ကူညီပေးပါလိမ့်
မယ်။
အကျိုးပြု အမှတ်တွေနဲ့ ပတ်သက်ရင် သူက မရေမတွက်နိုင်တဲ့ မြေအောက်ကမ္ဘာ
ရဲ့ သက်ရှိတွေကို သတ်ဖြတ်ခဲ့ပြီး အများစုက နေလအဆင့်ရဲ့ ပြင်းထန်ကနဦး
မှာ ရှိပါတယ်။ ဒါကြောင့် သူက အနားယူဖို့ လုံလောက်တဲ့ အကျိုးပြုအမှတ်
တွေကို စုဆောင်းမိခဲ့ပါတယ်။
ဒါပေါ့ လူတစ်ယောက်က စစ်တပ်ကနေ အနားယူပြီးတဲ့ နောက်မှာ လောကဘုံ နှစ်ခု
စစ်မြေပြင်ကို ပြန်လာလို့ ရနိုင်ပါသေးတယ်။ ဒါ့အပြင် သူတို့က ပိုပြီး
တော့တောင် လွတ်လွတ်လပ်လပ်နဲ့ လှုပ်ရှားလို့ ရနိုင်ပါလိမ့်မယ်။ သူတို့
က ထွက်ခွာဖို့ အကျိုးပြုအမှတ် လုံလုံလောက်လောက် ရှိရမှာနဲ့ ပတ်သက်ပြီး
စိုးရိမ်ပူပန်နေစရာ လိုလိမ့်မှာ မဟုတ်သလို သူတို့က စွန့်ခွာမှုအတွက်
လူပုံအလယ်မှာ ခေါင်းဖြတ်ကွပ်မျက်ခံရမှာနဲ့ ပတ်သက်ပြီးတော့လည်း
စိုးရိမ်ပူပန်နေစရာ မလိုပါဘူး။
နေ့တစ်၀က်ခန့် ကြာပြီးတဲ့နောက်မှာ လင်းဟန်က ဝံပုလွေလက်သည်းမြို့ကို
ပြန်ရောက်လာခဲ့ ပါတယ်။ သူပထမဆုံး လုပ်တဲ့ အရာက စစ်ဘက်ဆိုင်ရာ ခန်းမဆီ
ကို သွားပြီးတော့ သူ့ရဲ့ အကျိုးပြုအမှတ်တွေကို လဲလှယ်ခြင်းပဲ ဖြစ်ပါ
တယ်။ သူက မြေအောက်ကမ္ဘာက အလောင်းကောင်တွေ တစ်ယောက်ပြီး တစ်ယောက်
ထုတ်ပေးပြီးတော့ သူ့ရဲ့ အကျိုးပြု အမှတ်တွေကို တွက်ချက်ပြီး လဲလှယ်ခဲ့
ပါတယ်။
နောက်ပြီးတော့ ဒီမြေအောက်ကမ္ဘာ အလောင်းကောင်တွေက အသုံး၀င်နေဆဲပါပဲ။
မြေအောက်ကမ္ဘာက ကျင့်ကြံခြင်း နည်းစနစ်တွေရဲ့ အရင်းအမြစ်ကို ရှာဖွေ
ချင်တဲ့ လူတွေက ဒီအလောင်းကောင်တွေကနေ လေ့လာစူးစမ်းကြပါတယ်။ သူတို့က
တန်ခိုးရှင်ဘုံရဲ့ ကျင့်ကြံခြင်း နည်းစနစ်တွေနဲ့ မြေအောက်ကမ္ဘာရဲ့ ကျ
င့်ကြံခြင်း နည်းစနစ်တွေ အကြားက ကွာခြားမှုတွေကို လေ့လာစူးစမ်း ချင်နေ
ခဲ့ပါတယ်။
ဒါက အသုံးမ၀င်တဲ့ လေ့လာစူးစမ်းမှုတွေတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ဒါက
အရမ်းကို သိသာတဲ့ သုတေသန တစ်ခု ဖြစ်ပါတယ်။ တကယ်လို့ သူတိုပက မြေအောက်
ကမ္ဘာရဲ့ ကျင့်ကြံခြင်း နည်းစနစ် အရင်းမြစ်ကို ရှာဖွေနိုင်ခဲ့မယ်ဆို
ရင် သူတို့က တိုက်ပွဲထဲမှာ သူတို့ကို အထူးပစ်မှတ်ထား နိုင်စွမ်း ရှိလာ
ပါလိမ့်မယ်။ အဲဒီအချိန်ကျရင် တန်ခိုးရှင်ဘုံက ကျင့်ကြံသူတွေက တူညီတဲ့
ကျင့်ကြံခြင်း အဆင့်မှာရှိတဲ့ မြေအောက်ကမ္ဘာက ကျင့်ကြံသူတွေ အပေါ်မှာ
လွှမ်းမိုးနိုင်စွမ်း ရှိလာပါလိမ့်မယ်။
ပိုပြီးတော့ အရေးကြီးတဲ့ အချက်က ဒီအစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေက
မြေအောက်ကမ္ဘာထဲက မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စည်းမျဉ်းဥပဒေ
စွမ်းအားကြောင့် တန်ခိုးရှင်ဘုံက ကျင့်ကြံသူတွေ အပေါ်မှာ ဖိနှိပ်
ထိန်းချုပ်ထားမှုကို ဘယ်လိုမျိုး ပယ်ဖျက်ရမလဲ ဆိုတာကို လေ့လာစူးစမ်း
နေကြပါတယ်။ ဒါက အနာဂတ်မှာ မီးကုန်ယမ်းကုန် တိုက်ခိုက်မှု တစ်ခုအတွက်
ပြင်ဆင်ခြင်း ဖြစ်ပါတယ်။
တန်ခိုးရှင်ဘုံက ဒီလိုမျိုး သုတေသန တစ်ခုကို လေ့လာနေသလို မြေအောက်
ကမ္ဘာကလည်း ဒီလိုလုပ်ငန်းမျိုးကို လုပ်နိုင်လောက်ပါတယ်။
အရာအားလုံး ၀ရုန်းသုန်းကား ရှုပ်ထွေးနေသလိုမျိုး လင်းဟန်က ခံစားနေရပါ
တယ်။ ဘယ်သူက အမှန်တကယ် ကျူးကျော်တဲ့ လူတွေလဲ။ သူစုဆောင်းရရှိတဲ့
အချက်အလက်တွေအရ ဘယ်ဘက်ကမှ လူကောင်းတွေ ပုံစံမျိုး မရှိပါဘူး။ နှစ်ဖက်
လုံးက သူတို့ကိုယ်သူတို့ ကျူးကျော်ခံ ရတဲ့ လူတွေလို အပြစ်မရှိသလို
လုပ်နေကြပါတယ်။
သူက ခေါင်းကို ခါပြီးတော့ ဒီအတွေးတွေကို ခေါင်းထဲကနေ ထုတ်ပစ်လိုက်ပါ
တယ်။ အခုချိန်မှာ သူက အရမ်းကို အားနည်းနေပါသေးတယ်။ သူ့အတွက်တော့ ဒီ
ကိစ္စတွေထဲမှာ ပါ၀င်ပတ်သက်ဖို့ မဖြစ်နိုင်ပါဘူး။ အခုချိန်မှာ အရေး
အကြီးဆုံး အချက်က သူ့ရဲ့ ကျင့်ကြံခြင်းကို မြှင့်တင်ဖို့ပဲ ဖြစ်ပါတယ်။
သူ့ရဲ့ အကျိုးပြုအမှတ်တွေကို လက်ခံရရှိပြီးတဲ့ နောက်မှာတော့ စစ်တပ်က
နေ အားယူဖို့အတွက် လိုအပ်တဲ့ ပမာဏကို ရေတွက်ကြည့်ပြီးတာတောင် အမှတ်လေး
ထောင်ကျော် ကျန်နေပါသေးတယ်။
ဒါပေမဲ့လည်း အကျိုးပြုအမှတ် လေးထောင်က ဒီအချိန်မှာ သူလိုအပ်တဲ့
ပစ္စည်းတွေကို အလဲအလှယ် ပြုလုပ်ဖို့ မလုံလောက်သေးပါဘူး။ သူက ဒီ
အကျိုးပြုအမှတ်တွေကို တောင်မြစ်အဆင့် အရင်းအမြစ် ပမာဏ အများကြီးနဲ့
လဲလှယ်လို့ ရနိုင်ပေမဲ့ ဒီလိုမျိုး လုပ်တာက လုံး၀ကို အဓိပ္ပါယ် ကင်း
မဲ့သလို အကျိုးလည်း မရှိပါဘူး။
နောက်ပြီးတော့ ဝံပုလွေလက်သည်းမြို့မှာ အကျိုးပြု အမှတ်တွေနဲ့
အလဲအလှယ် လုပ်ထားတဲ့ ပစ္စည်းတွေကို ရောင်းချတာနဲ့ ပတ်သက်ပြီး တင်းတင်း
ကျပ်ကျပ် တားမြစ်ထားပါတယ်။ ဖမ်းဆီးရမိတဲ့ ဘယ်သူ့ကိုမဆို သေဒဏ်
အပြစ်ပေးပါလိမ့်မယ်။
လင်းဟန်က သူ့ရဲ့ အကျိုးပြုအမှတ်တွေနဲ့ အလဲအလှယ် မလုပ်ဖို့ အရင်ဆုံး
ဆုံးဖြတ်ထား ခဲ့ပါတယ်။ သူက အခုဆို လွတ်လွတ်လပ်လပ် လည်ပတ်သွားလာပြီး
မြေအောက်ကမ္ဘာက သက်ရှိတွေကို ပိုသတ်ပြီးတော့ အကျိုးပြုအမှတ်တွေ
ပိုမိုစုဆောင်းဖို့ ဆုံးဖြတ်ထားပါတယ်။
သူက မြို့ထဲမှာရှိတဲ့ လေလံအိမ်ဆီကို ဦးတည်လာခဲ့ပါတယ်။
လောကဘုံ နှစ်ခုရဲ့ စစ်မြေပြင်မှာ လေလံအိမ်တစ်ခု ဖွင့်ဖို့အတွက် ဆက်
သွယ်ရေး ကွန်ယက်ကောင်းကောင်းတစ်ခု ရှိရမဲ့အပြင် စွမ်းအားနဲ့ သတ္တိရှိ
ဖို့ပါ လိုအပ်ပါတယ်။
မူလရွှေ လေလံအိမ်က ဒီမရှိမဖြစ် လိုအပ်တဲ့ အချက်တွေနဲ့ ကိုက်ညီပါတယ်။
ကောလာဟလတွေ အရတော့ ဒီလေလံအိမ်က ထိပ်တန်းအစွမ်းထက်တဲ့ အင်အားစု တစ်ခု
ဖြစ်တဲ့ ဂျင်ကလန် ပိုင်ဆိုင်ထားတယ်လို့ ဆိုကြပါတယ်။ ဂျင်ကလန်မှာ သူ
တို့ရဲ့ မျိုးဆက်တွေ အားလုံးအတွက် စီးပွားရေး လုပ်ငန်းထဲမှာ ပါ၀င်
ပတ်သက် ကြပါတယ်။ သူတို့က အံ့အားသင့်စရာကောင်းတဲ့ အရင်းအမြစ် ပမာဏတွေ
ကို ထိန်းချုပ်ထားပါတယ်။ ရတနာတောအုပ် အဖွဲ့နဲ့အတူ သူတို့ကို အမြွှာ
ဂုဏ်ကျက်သရေဆောင် အဖွဲ့လို့ ခေါ်ဆိုကြပါတယ်။
လင်းဟန်က လေလံအိမ်ထဲကို ၀င်လာခဲ့ပါတယ်။ သူ့ရဲ့ လောကဘုံ စိတ်ဝိညာဉ်
ကျောက်တုံးတွေ ထုတ်လိုက်ပြီးတဲ့နောက်မှာ သူက ချက်ချင်းပဲ တာ၀န်ခံရဲ့
အာရုံစိုက်ခြင်းကို ခံရပြီးတော့ လေလံတင်ပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်
အချက်အလက်တွေကို သူနဲ့အတူ ဆွေးနွေးဖို့ ရောက်လာပါတယ်။
ဒီလိုကြီးမားတဲ့ လောကဘုံ စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံးကို လေလံတင်
လိုက်မယ် ဆိုရင် စျေးကောင်းကောင်း ရပါလိမ့်မယ်။
ဒါကြောင့် လေလံအိမ်က ဒီလောကဘုံ စိတ်ဝိညာဉ် ကျောက်တုံးကို အရင်ဆုံး
လေလံတင်ဖို့ မဆုံးဖြတ်ခဲ့ပဲ အဲဒီအစား ဒီလေလံပွဲ သတင်းကို တတ်နိုင်သမျှ
ပျံ့နှံ့အောင် လုပ်ပြီးတော့ လက်ရွေးစင်တွေ ပိုမိုပါ၀င်ယှဉ်ပြိုင်လာ
အောင် သူတို့တွေ လုပ်ဆောင်ပါလိမ့်မယ်။ ဒါပေါ့ သူတို့ရဲ့ ပစ်မှတ်က ကျ
င့်ကြံခြင်းအဆင့် ပိုမြင့်မားတဲ့ လက်ရွေးစင်တွေ ဖြစ်ပါတယ်။ ဒီလို
မျိုး လက်ရွေးစင်တွေက ပိုပြီးတော့ ချမ်းသာကြွယ်၀ ကြပါတယ်။
လင်းဟန်က ရက်အနည်းငယ်လောက် စောင့်နေရဖို့နဲ့ ပတ်သက်ပြီး ကိစ္စမရှိပါ
ဘူး။ သူက သူဖော်စပ်ထားတဲ့ မှော်ဆေးလုံးတွေကို ထုတ်ပြီးတော့ သူ့အတွက်
လေလံတင်ပေးဖို့ တာ၀န်ခံကို တောင်းဆိုခဲ့ပါတယ်။
သူ့ရဲ့ လောကဘုံ စိတ်ဝိညာဉ် ကျောက်တုံးကို လေလံတင်တဲ့အတွက် လေလံအိမ်က
ပွဲစားခ ရောင်းရငွေရဲ့ ဆယ့်ငါးရာခိုင်နှုန်းကို ယူပါလိမ့်မယ်။ ဒါက
အရမ်းကို များပြားတဲ့ ပမာဏ တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် လေလံအိမ်က
ရက်ရက်ရောရောနဲ့ သူ့ရဲ့ မှော်ဆေးလုံးတွေကို ပွဲစားခ မယူပဲ လေလံတင်
ရောင်းချပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
လောကဘုံ စိတ်ဝိညာဉ် ကျောက်တုံးတွေရဲ့ လေလံပွဲအတွက် ပြင်ဆင်ဖို့ အချိန်
တစ်လလောက် ယူရပါလိမ့်မယ်။ လင်းဟန်က ခဏလောက် စဉ်းစားပြီးတော့ လေလံအိမ်က
သူတို့ရဲ့ နေရာမှာ နေထိုင်ဖို့ ဖိတ်ကြားမှုကို လက်ခံဖို့ ဆုံးဖြတ်ချက်
ချခဲ့ပါတယ်။
အဲဒီအချိန်တွေမှာ သူက မှော်ဆေးလုံးတွေ အဆက်မပြတ် ဖော်စပ်သန့်စင်ပြီး
ကျင့်ကြံအားထုတ် နေခဲ့ပါတယ်။ ရက်ပေါင်းနှစ်ဆယ်လောက်မှာ အနက်ရောင်
မျှော်စင်က သူ့ခန္ဓာကိုယ်ကို ဒုတိယ အကြိမ် ဆေးကြောဖို့အတွက် တန်ခိုး
ရှင် မီးတောက်တွေကို လုံလုံလောက်လောက် စုစည်းထား ခဲ့ပါတယ်။
ဒီပုံပန်းသွင်ပြင် ဘယ်လောက်တောင် ၀မ်းနည်းစရာ ကောင်းလိုက်လဲ။ လင်းဟန်
က အနားမှာ ဘယ်သူမှ မရှိတဲ့ အချိန်မှာ သူ့ရဲ့ မွေးကင်းစပုံစံကို ပြန်
ပြောင်းလိုက် ရပါတယ်။ ဒါပေမဲ့လည်း သူက ဒီပုံပန်းသွင်ပြင်နဲ့ ပတ်သက်
ပြီး တကယ့်ကို မကျေမနပ် ဖြစ်နေခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် သူက မှော်ဆေးပညာထဲမှာ အစွမ်းကုန် ကြိုးစားအားထုတ်ဖို့
ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ တကယ်လို့ ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်
ထားခဲ့မယ်ဆိုရင် အဆင့်သေး တစ်ဆင့်ကို တိုးတက်ဖို့ မူလစွမ်းအင်ကို နှစ်
ပေါင်းတစ်သောင်းလောက် စုစည်းဖို့ လိုအပ်နေပါသေးတယ်။ နောက်ပြီးတော့ အဲ
ဒါက ကျင့်ကြံခြင်း အရင်းအမြစ်တွေ အကန့်အသတ်မဲ့ ထောက်ပံ့ပေးမှု ရရှိတဲ့
အခြေအနေ တစ်ခုပေါ်မှာ ဖြစ်ပါတယ်။
ကျင့်ကြံခြင်းကိုပဲ ကြိုးစားပမ်းစား ကျင့်ကြံအားထုတ်နေလို့ ဒီအချိန်
မှာ အကျိုးအမြတ် မရှိဘူးဆိုတာ ထင်ရှားပါတယ်။ သူ့ရဲ့လက်ရှိ ကျင့်ကြံ
ခြင်း အဆင့်နဲ့ သူက သွေးစိတ်ဝိညာဉ် ပေါက်ကွဲခြင်း ဆေးလုံးတွေကို
သုံးစွဲနိုင်ပါတယ်။ ဒါကြောင့် ဆေးလုံးတွေကို ချေဖျက်ရပါမယ်။
ပါရမီရှင် တချို့က နှစ်ပေါင်းရာဂဏန်း အနည်းငယ် ဒါမှမဟုတ် ထောင်ဂဏန်း
အနည်းငယ် အတွင်းမှာ နေလအဆင့်ရဲ့ အထွတ်အထိပ် အဆင့်ကို ရောက်နိုင်ပါတယ်။
သူတို့အားလုံးက ဆေးလုံးတွေ ဒါမှမဟုတ် တခြားအမျိုးအစားတွေ သုံးစွဲတယ်
ဆိုတာ ပေါ်လွင်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင် အရမ်းကို လျင်လျင်မြန်မြန်
နဲ့ အဆင့်တက်ဖို့ မဖြစ်နိုင်ပါဘူး။
ပါရမီရှင်ပဲဖြစ်ဖြစ် ပါရမီရှင် မဟုတ်တဲ့လူပဲ ဖြစ်ဖြစ် သူတို့ရဲ့ ကျင့်
ကြံခြင်း နားလည်သဘောပေါက် နိုင်စွမ်းက ရောင်ပြန်ဟပ်ပါလိမ့်မယ်။
တကယ်လို့ သာမန်ကျင့်ကြံသူ တစ်ယောက်ကို သွေးစိတ်ဝိညာဉ် ပေါက်ကွဲခြင်း
ဆေးလုံးတွေ ပေးလိုက်မယ်ဆိုရင် ဆေးလေးလုံးကို ချေဖျက်ပြီးတဲ့နောက်မှာ
ပြင်းထန်ကနဦးအဆင့်ရဲ့ အထွတ်အထိပ် အဆင့်ကို တက်မယ်ဆိုရင်တောင် နည်း
နည်းလေး ကွဲပြားခြားနား ပါလိမ့်မယ်။ သူတို့က ပြင်းထန်အလယ်အလတ် အဆင့်
အတွက် မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စည်းမျဉ်းဥပဒေတွေကို နားလည်
သဘောပေါက်ဖို့ မအောင်မြင်တာမျိုး ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် သူ
တို့က သူတို့ရဲ့ သက်တမ်းအဆုံးကို ရောက်ရှိတဲ့ အခါမှာ သေဆုံးသွားရပါ
လိမ့်မယ်။
ရက်ပေါင်းနှစ်ဆယ် အကျော်မှာ မျှော်စင်လေးက လင်းဟန်ကို တန်ခိုးရှင်
မီးတောက်တွေထဲ နောက်တစ်ကြိမ် သူ့ခန္ဓာကိုယ်ကို ဆေးကြောနိုင်ပြီ ဆိုတာ
ကို သတိပေးလာခဲ့ပါတယ်။
လင်းဟန်က ဒီနေ့အတွက်ကို စောင့်နေတာ ဖြစ်ပါတယ်။ သူက ဒုတိယ အတွေးတွေ ရှိ
နေပြီး အခု အဲဒါက နောက်ဆုံးတော့ ရောက်လာခဲ့ပါပြီ။ သူ့ရဲ့အရင်
အတွေ့အကြုံနဲ့ ပတ်သက်ပြီး စဉ်းစားကြည့်ရင် သူ့ကို ထိတ်လန့်တုန်လှုပ်
စေပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်က ပြာကျတဲ့အထိ လောင်ကျွမ်းခံလိုက်ရပြီး သူ့
ရဲ့ နတ်ဘုရားအာရုံ အမျှင်စု တစ်ခုပဲ ရှင်သန်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ပိုပြီးတော့ သန်မာလာဖို့အတွက်ကြောင့် လင်းဟန်က အံကို
ကြိတ်ပြီးတော့ မီးဖိုထဲကို ပြတ်ပြတ်သားသားပဲ ခုန်ဆင်းလိုက်ပါတယ်။
ဒီဆေးကြောမှုက သုံးရက်နဲ့ သုံးညတိတိ ကြာမြင့်ပါတယ်။
လင်းဟန်က မီးဖိုထဲကနေ ပြန်ထွက်လာတဲ့ အချိန်မှာ အသစ်တစ်ဖန် ပြန်လည်မွေး
ဖွား လာသလိုမျိုး လတ်ဆတ်လို့ နေပါတယ်။ ဒါပေမဲ့လည်း သူက သုံးလပဲ ကြီး
ထွားလာပါတယ်။ ဒါကြောင့် မွေးကင်းစ တစ်ယောက်အဖြစ် ဒုံရင်းအခြေအနေ ပြန်
ဖြစ်သွားတာက ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု မဖြစ်ခဲ့ပါဘူး။
“ရလဒ်တွေက အတော်လေးကို ကောင်းမွန်တယ်”
လင်းဟန်က ခေါင်းတချက် ညိတ်ပြီးတော့ ပြောလိုက်တယ်။
“ငါ့ရဲ့ အရေပြား၊ အသွေးအသားနဲ့ နတ်ဘုရား အရိုးတွေရဲ့ မာကျောမှု
အနည်းငယ် တိုးလာတယ်။ ပိုပြီးတော့ အရေးကြီးတာက ပြာပုံထဲက ရုန်းထခြင်း
လျှို့ဝှက်နည်းစနစ်ကို သင်ယူလေ့လာ ခဲ့တာပဲ။ တကယ်လို့ အခုချိန်မှာ သေ
လောက်တဲ့ ဒဏ်ရာတစ်ခုကို ခံစားရမယ် ဆိုရင် ပြာပုံထဲကနေ ရုန်းထလာနိုင်
တဲ့ အခွင့်အရေး တစ်ရာခိုင်နှုန်း ရှိလိမ့်မယ်။ ငါ့ရဲ့ ဒဏ်ရာတွေ
ပြန်လည်ကောင်းမွန်လာတဲ့ အပြင် ငါ့စွမ်းအားရဲ့ အထွတ်အထိပ်ကိုတောင်
ပြန်ပြီးတော့ ရောက်လာလိမ့်မယ်”
Chapter 1263 end

You might also like