0% found this document useful (0 votes)
40 views6 pages

English Speaking Short - Cuts

Uploaded by

zaw khaing
Copyright
© © All Rights Reserved
We take content rights seriously. If you suspect this is your content, claim it here.
Available Formats
Download as DOCX, PDF, TXT or read online on Scribd
0% found this document useful (0 votes)
40 views6 pages

English Speaking Short - Cuts

Uploaded by

zaw khaing
Copyright
© © All Rights Reserved
We take content rights seriously. If you suspect this is your content, claim it here.
Available Formats
Download as DOCX, PDF, TXT or read online on Scribd

Speaking အတွက် ကျက်ထားရမဲ့ အတိုအထွာလေးတွေ

ပုံစံအမျိုးမျိုးနဲ့ စကားပြောမှာ ပြောင်းသုံးလို့ရပုံကို သိစေဖို့


အင်္ဂလိပ်လို အဓိပ္ပါယ်တူတဲ့ ဝါကျလေးတွေကို လေ့လာကြပါ။ ဝါကျတွေကို
အသံထွက်ဆိုပါ။ ထပ်ခါ ထပ်ခါ အသံထွက်ဖတ်ပြီး အလွတ်ရအောင်လေ့ကျင့်ပါ။ မကြ
ည့်ဘဲ ပြောနိုင်သလား...သွက်လက်စွာ အလွတ်ပြောနိုင်ပြီလား ကိုယ့်ကိုယ်
ကို ဆန်းစစ်ကြည့်ပါ။ That is really an effective way for you to practise to
speak English fluently.

📍ဒါလေးများ လွယ်လွယ်လေးပါကွာ။ မခက်ပါဘူး။

- It’s a piece of cake.

- It’s easy as pie.

(မြန်မာစကားမှာ ငှက်ပျောသီး အခွံနွှာစားသလို လွယ်ကူလွန်းတယ်လို့ ပြော


သလို အင်္ဂလိပ်စာမှာတော့ ကိတ်မုန့် ပိုင်းမုန့်လေး စားရသလို လွယ်တယ်
တဲ့)

- It’s not rocket science.

(အာကာသဒုံးပျံလေ့လာတဲ့ပညာမဟုတ်၊ လွယ်လွယ်လေး)

- I could do it with my eyes shut.

(ဒါလေးများ မျက်လုံးပိတ်ပြီးလုပ်လို့ရတယ်)

📍ငါ့ကို နားလည်မှုမလွဲပါနဲ့။

(တခုခုမပြောခင် ကိုယ့်ကိုနားလည်မှုမလွဲအောင် ဝါကျအစမှာ စပြောပုံ)

- Don’t get me wrong.

- Please don’t misunderstand me, but….

- Don’t take this the wrong way, but….

- You must understand that…..

📍မင်းသဘောပဲကွာ။ မင်းကြိုက်သလိုဆုံးဖြတ်။

- It’s up to you.
- The decision is yours.

- I will leave it to you.

- You decide.

You want to stay or leave? It’s up to you.

နေချင်နေ သွားချင်သွား၊ မင်းသဘောပဲ။

📍ပြဿနာမဟုတ်။ ရေးကြီးခွင်ကျယ်လုပ်စရာမဟုတ်။ အေးဆေးပါ။

- It’s not a big deal.

- No big deal.

- No biggie.

- No problem.

📍ငါနားမလည်ဘူး။ ငါမသိဘူး။

- I don’t get it.

- I don’t understand it.

- It beats me.

- I have no idea.

- I have no clue.

- I don’t have a clue.

📍မကြားလိုက်လို့ ပြန်ပြောပါ။

- I beg your pardon.

- Please repeat what you just said.

- What did you say?

ဒီလိုမျိုးဝါကျ အပြည့်ပြောလို့ရတဲ့အပြင်...

- Sorry?

- Excuse me?
- Pardon? ….ဆိုပြီးမေးခွန်းမေးသလို အသံမြှင့်ပြီး rising tone လေးနဲ့
ပြောပါ။

- Come again. (ဒါလည်း ဘာပြောလိုက်တာလဲ၊ မကြားလို့ပြန်ပြောခိုင်းတာ။


ထပ်လာပါလို့ ဘာသာမပြန်ရ။ informal ဆိုတော့ ရင်းနှီးသူတွေနဲ့ပြောရင်သာ
သုံးပါ။)

📍ကိုယ့်အပြစ်ပါ၊ တောင်းပန်ပါတယ်။

- I am sorry.

(sorry ကတော့ အကောင်းဆုံး အရိုးရှင်းဆုံးတောင်းပန်ပုံပါ။ စိတ်မကောင်း


တဲ့မျက်နှာလေးနဲ့ ရိုးသားစွာ I am sorry. လို့ပြောရင် တဖက်လူက လက်ခံမှာ
ပါ)

- I am so/very/extremely/terribly sorry.

(ပေးထားတဲ့ sorry ရှေ့က adjective တစ်ခုခုကိုထည့်ပြီးပြောတော့ တောင်းပန်


တာ ပိုလေးနက်တာပေါ့)

- It’s all my fault.

- My fault.

- My bad. (စကားပြောမှာ အရမ်းအသုံးများတယ်)

- How careless of me! (ငါကိုယ်က နမော်နမဲ့)

- I shouldn’t have + V3

- (I shouldn’t have said that. မပြောသင့်ခဲ့

- I shouldn’t have done that. မလုပ်သင့်ခဲ့ဘူး)

- Please accept my apologies. (တောင်းပန်တာ လက်ခံပေးပါ) ဒီဝါကျလေးက formal


ဖြစ်ပေမဲ့ ယဉ်ကျေးတဲ့အတွက် သုံးသင့်ပါတယ်။ apologies ဆိုပြီး အများ
ကိန်းနဲ့ သုံးရတာသတိပြုပါ။

📍ငါကတိပေးပါတယ်။

မလုပ်ပါဘူးလို့ ကတိပေးတယ်။ (promise not to…)

- I promise not to tell anyone.


- I promise not to hurt your feelings.

လုပ်မယ်လို့ ကတိပေးတယ်။ (promise to…)

- I promise to call you when I get back.

- I promise to wash the car this afternoon.

နောက်တော့ လုပ်မယ်/မလုပ်ဘူးကို that သုံးပြီးကတိပေးပုံ (promise


that……)

- I promise that I will study harder.

- I promise you that I will never drink again.

- I promise you that I won’t do that again.

📍Surprise အံ့သြကြောင်း ဘယ်လိုပြောမလဲ။

သတင်းကောင်းကြားရလို့ဖြစ်စေ၊ မမျှော်လင့်ထားတဲ့ ရလဒ်ကောင်းတခုခုကြော


င့်ဖြစ်စေ၊ ကိုယ့်အတွက် သူငယ်ချင်းတွေက ပျော်အောင် အံ့အားသင့်သွား
အောင် တစ်ခုခုစီစဉ်ထားလို့ဖြစ်စေ...ကျေနပ်ကြောင်း ဝမ်းသာအံ့သြကြောင်း
ပြောပုံ။

- Wow, I can’t believe it. This is great.

ဝိုး၊ မယုံနိုင်စရာပဲ။ ကောင်းလိုက်တာကွာ။

- This is such a nice surprise. Thank you so much.

မမျှော်လင့်ထားတာလေးပါ။ ကျေးဇူးအရမ်းတင်တယ်။

- Incredible, I never expected it.

မယုံနိုင်စရာ၊ လုံးဝ မမျှော်လင့်ထားခဲ့ဘူး။

- Wow, this is great. I appreciate this.

အိုး.. ကောင်းလိုက်တာ၊ ကြိုက်တယ်/ကျေးဇူးတင်/တန်ဖိုးထားတယ်။

- How awesome is this? I’m completely surprised.


တယ်မိုက်ပါလား။ တကယ့်ကို အံ့သြသွားတယ်။

(စကားပြောမှာ လူငယ်တွေက ကောင်းတာမှန်သမျှကို awesome လို့ပြောကြတယ်။


cool! ကိုလည်း အရမ်းသုံးကြတယ်။ သဘောကျရင် It’s cool! Cool! အဲလို တချိန်
လုံးကြားရလိမ့်မယ်)

- Oh my gosh! You guys are great. Thanks for all of this.

ဘုရားရေ၊ မင်းတို့ဟာ သူငယ်ချင်းကောင်းတွေ။ ဒါတွေအားလုံး လုပ်ထား ပြင်


ထားလို့ ကျေးဇူးတင်ပါတယ်။

📍ကိုယ်က သူများကို good news … သတင်းကောင်း တစ်ခုကို အသိပေးချင်ရင်


ဘယ်လိုပြောမလဲ။

(ရာထူးတက်တယ်၊ ထီပေါက်တယ်၊ စာမေးပွဲအောင်တယ်၊ လက်ထပ်တော့မယ်...စသည်ဖြ


င့် ဒီဝါကျလေးတွေမှာ သတင်းကောင်းတစ်ခုကို ထည့်ပြောပြီး လေ့ကျင့်ပါ။)

- I am really pleased to tell you….

မင်းကို......ပြောရမှာ ဝမ်းသာပါတယ်။

(I am really pleased to tell you that I have been chosen for a scholarship.

ငါ ပညာသင်ဆု အတွက်အရွေးခံရတယ်ဆိုတာ မင်းကို ပြောပြရတာ ဝမ်းသာတယ်)

- I have got (I’ve got) some good news to tell you…….

မင်းကို ပြောဖို့ သတင်းကောင်းလေးရှိတယ်။

- I have got (I’ve got) some great/ brilliant/ wonderful/ splendid news for
you.

( good news အစား great; brilliant; wonderful; splendid စသည်ဖြင့် adjective


တွေပြောင်းပြီးလေ့ကျင့်ပါ)

- Great news for you.

သတင်းကောင်းပြောမယ်နော်။

📍ကိုယ်က သူများကို bad news … သတင်းဆိုး၊ မကောင်းတဲ့ သတင်းပေးရမယ်ဆို


ဘယ်လိုပြောမလဲ။

(စာမေးပွဲကျ၊ အလုပ်မရ၊ ရည်းစားနဲ့ကွဲ၊ accident ဖြစ်..စသည်ဖြင့် ဒီဝါကျ


လေးတွေမှာ unpleasant news လေးထည့်ပြီး လေ့ကျင့်ပါ။)
- I am afraid I’ve got some bad news for you.

မင်းကို သတင်းဆိုးတစ်ခုပြောရမှာ အားနာလိုက်တာ။

(I am afraid I’ve got some bad news for you. I’ve been fired.

သတင်းဆိုးပြောရတော့မှာပဲ။ ငါ အလုပ်ပြုတ်သွားပြီ။)

- I am sorry I’ve got a bit of bad news to tell you.

မကောင်းတဲ့ သတင်းလေးနည်းနည်းပြောရမှာ စိတ်မကောင်းပါဘူး။

- I really don’t know how to say it, but…..

ဘယ်လိုပြောရမှန်းကို မသိပါဘူးကွာ....

- I am sorry to have to say this, but….

ဒီသတင်းပြောရမှာ စိတ်တော့မကောင်း.....

- I really feel bad to have to say this, but….

ဒါကိုပြောရမှာ စိတ်မချမ်းသာပါဘူး.....

Speaking တတ်ချင်တယ်လို့ ပြောနေကြတဲ့ လူငယ်လေးတွေ...မရှက် မကြောက်ဘဲ


ရဲရဲသာ အော်ဆို၊ အလွတ်ရအောင်ဖတ်...လေ့ကျင့် အသုံးချကြပါ။

With love,

Dr.Soe Than

You might also like