You are on page 1of 1

သို့ 

ညီအကိုနောင်တော်များခင်ဗျာ..

"၁၉၉၀ရွေးကောက်ပွဲရလဒ်ကဘာလည်း"မေးပါရစေညီအကိုနောင်တော်များခင်ဗျာ။အစိုးရတစ်ရပ်ကိုအမတ်
(၅)ယောက်(၆)နဲ့ ဖွဲ့ ခွင့်ရှိသလား။အမှန်တစ်ကယ်ပြည်သူကတင်ပေး၊ ဆန္ဒမဲပေးခဲ့တဲ့ပါတီNLD ရဲ့ ဗဟို
ကော်မတီဝင် တွေဟာ အစိုးရအဖွဲ့ မဖြစ်ဘဲ၊နိုင်ငံရပ်ခြားမှာအစိုးရအဖွဲ ထ
့ ပ်ဖွဲ့ စည်းပြီးလူထု အတွက်
ဘာမှဖြစ်မလာ၊အဖိနှိပ်ခံတိုင်း ရင်းသားတွေ အတွက် ဘာမှ ဖြစ်မလာတာတွေကို ဘယ်လို အခြေအနေနဲ့ 
ကျနော်တို့ လူငယ်တွေ လက်ခံယြုံ ကည်ကြရမလည်း။

"၁၉၉၀ရွေးကောက်ပွဲဖြစ်လာဖို့ စတေးပြီးရင်းခဲ့ရတဲ့အသက်သွေးချွေး၊ ပဲ့စင်လွင့်ထွက်သွား ခဲ့ရတဲ့ဘ၀တွေ၊


မျက်ရည်မြစ်ချောင်းစီဆင်းခဲ့တာတွေက"ပုံပြင် မဟုတ်ဘူး ဆိုတာ ညီအကိုနောင်တော်များ အားလုံး
အသိပါခင်ဗျာ။ ယ္ခုတော့ဒါတွေ အားလုံး သဲထဲရေသွန် သလိုဖြစ်ရတော့မယ်။"၂၀၀၈အခြေခံဥပဒေရလဒ်၊
၂၀၁၀ရွေးကောက်ပွဲ"ဒါတွေကို စစ်တပ်က မဖြစ်မနေလုပ်ယူမှာပါပဲ။"လူ့ အခွင့်အရေးနှင့်ဒီမိုကရေစီ"ဆိုတာ
အဝေးကြီးပါ၊ ဥပမာကျနော်တို့ ညီအကိုနောင်တော်တွေ ပြည်တွင်းမှာနှစ် ရှည်ထောင်ချခြင်းတွေ ခံရပြီး
မတရားဖိနှိပ်ခြင်းတွေနှင့်အတူနယ်စပ်ထောင်တွေပို့ ခံခဲ့ရတာကိုကြည့်ရုံနှင့်သိသာပါတယ်။

"ပြီးခဲ့တဲ့၁၈နှစ်" ကစပြီး ပေါ်ထွက်ခဲ့တဲ့ အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ဦးခွန်ထွန်းဦးနှင့်


အခြားတိုင်းရင်းသား ခေါင်းဆောင်တွေ၊၈၈၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ အစရှိသလို
နောက်ဆုံး အမှန်တစ်ကယ် ဒုက္ခပင်လယ်ဝေနေရသူ ပြည်သူတွေ အတွက် အမှန်တစ်ကယ် ဘာတွေများ
ကူညီဆောင်ရွက်ပေးနိုင် ခဲ့ပါသလည်းဆိုတဲ့ မေးခွန်းနှင့် အတူအစိုးရ တစ်ရပ်အနေနှင့် ပြည်သူတွေကို
ဘာတွေများအတိအကျထုတ်ပြန်ကြေညာခဲ့ပါသလည်း။ယ္ခုအခါ ထပ်ပြီး မွန်းမံထားတဲ့ အစိုးရအနေနှင့်
နောက်ထပ်ဘာတွေများ လုပ်ဆောင်မည် ဆိုတာကျနော်တို့  အရင်လိုပဲ ၁၈နှစ်ကြာအောင် စောင့်ကြည့်
နေသင့် သလားဆိုတာ ကျနော်တို့ ညီအကို နောင်တော်များ ကိုယ်တိုင် စဉ်းစားပြီး ကျနော်တို့ ရှေ့ ဆက်
ရမယ့် ခရီးကိုရွေးပြီးပြတ်ပြတ်သားသား ပြည်သူလူထု တစ်ရပ်လုံးအတွက် တိုက်ပွဲကို
ရင်ဆိုင်ကြပါစို့ ။

လေးစားစွာဖြင့်
တိုက်ပွဲဝင်ရဲဘော်တစ်ဦး

You might also like