You are on page 1of 7

ဗကပ အမြင်တင်ပြချက်

(အတွေးအခေါ်ညှိနှိုင်းရန် ဗကပ အမြင်ကိုတင်ပြခြင်း)

(၇ - ၅ - ၂၀၁၀)
၂၀၁၀)

ဒီမိုကရေစီတော်လှန်ရေး ဘာကြောင့်ထစ်နေသလဲ

(၁) လွတ်လပ်ရေး (အမျိုးသားလွတ်လပ်ရေးတော်လှန်ရေး) ဟာ အင်္ဂလိပ် - ဗမာ ပထမစစ်ပွဲက စတွက်ရင် (၁၈၂၄ မှ ၁၉၄၈ အထိ)
(၁၂၄) နှစ် ကြာတယ်။ တပြည်လုံး ကိုလိုနီဖြစ်တ့န
ှဲစ်က စတွက်ရင် (၁၈၈၆ မှ ၁၉၄၈ ထိ) (၆၂) နှစ် ကြာတယ်။

ဒီမိုကရေစီတော်လှန်ရေးကလည်း ၁၉၄၈ က စတွက်ရင် ၂၀၁၀ အထိ (၆၂) နှစ် ကြာခဲ့ပြီ။ ရှေ့မှာ ဘယ်လောက်ကြာဦးမလဲ
မသိဘူး။

ဘာကြောင့် ထစ်နေသလဲ။

(၂) အဓိကအကျဆုံး အချက်က အတွေးအခေါ် မှားနေလို့ပ။ဲ ဒီမိုကရေစီတော်လှန်ရေး အောင်မြင်စေဖို့ အတွေးအခေါ်မှန် ရှိရပါမယ်။


မှန်ကန်တဲ့အတွေးအခေါ်ကို အားလုံးကလည်း တညီတညွတ်တည်းလည်း လက်ခံကြဖို့ လိုပါတယ်။ အတွေးအခေါ်မှန်ရင် 'အနိမ့်ဆုံး
ဘုံလုပ်ငန်းစဉ်' ရှိလာမှာပါ။

'အတွေးအခေါ်မှား' နေရင် ဘယ်တော့မှ မအောင်မြင်နိုင်ပါဘူး။ ၁၈၂၄ က ၁၈၈၆ ထိ အင်္ဂလိပ်နယ်ချဲ့သမားကို ပဒေသရာဇ်


သက်ဦးဆံပိုင်စနစ် အတွေးအခေါ်နဲ့ ရင်ဆိုင်ခြဲ့ ကတယ်။ တိုက်တိုင်းရှုံးတာပဲ။ 'အင်္ဂလိပ် - ဗမာ ပထမစစ်ပ'ွဲ မှာပဲ ပထမပိုင်းမှာ
စစ်နဲ့တူအောင် တိုက်ခ့တ
ဲာပဲ။ ဒါလည်း ရှုံးတာပဲ။ 'ဒုတိယစစ်ပ'ွဲ နဲ့ 'တတိယစစ်ပ'ွဲ ဆိုတာတွေက စစ်လို့သာ ပြောရတယ်၊ စစ်နဲ့တူအောင်
မတိုက်နိုင်ခဲ့ပါဘူး။

တပြည်လုံး ကျွန်ဖြစ်သွားတော့လည်း 'ပဒေသရာဇ်အတွေးအခေါ်' နဲ့ပဲ မင်းလောင်းတွေ တယောက်ပြီးတယောက် ပေါ်တယ်။


တိုက်တိုင်း ရှုံးကြတာပဲ။ 'ဆရာစံသူပုန'် ဟာ နောက်ဆုံး 'ပဒေသရာဇ်အတွေးအခေါ်' နဲ့ အန်တုမှု ဖြစ်တယ်။

၁၉၃၀ နောက်ပိုင်းကျတော့ 'ပဒေသရာဇ်အတွေးအခေါ်' နဲ့တိုက်လို့တော့ လွတ်လပ်ရေး ဘယ်တော့မှ မရနိုင်ဘူးဆိုတာကို


သိလာတယ်။ 'ပဒေသရာဇ်အတွေးအခေါ်' ကို အပြီးတိုင် စွန့်ပစ်လိုက်ကြတယ်။ အဲဒီကတည်းက 'အနိမ့်ဆုံးဘုံလုပ်ငန်းစဉ်' ကို
တဖြည်းဖြည်းရရှိလာတာ ဖြစ်တယ်။

အတွေးအခေါ်လွတ်မြောက်လာတော့မှ တိုက်တိုင်း အားအင်တိုးလာတယ်။ နိုင်ငံတကာ့အခြေအနေကို ကောင်းကောင်း


အသုံးချတတ်လာတယ်။ အဲဒီလိုနဲ့ 'လွတ်လပ်ရေး' ရခဲ့တာပဲ။ ၁၉၃၀ ကနေ ၁၉၄၈ အထိ (၁၈) နှစ်ပဲ ကြာတယ်။

အခုလည်း အတွေးအခေါ်လွတ်လပ်ကြမှ ဖြစ်မှာပါ။ အတွေးအခေါ်လွတ်လပ်မှု မရှိရင် ထစ်နေမှာပဲ။ အောင်ပွဲ မရနိုင်ပါဘူး။

(၃) ဘယ်လိုအတွေးအခေါ် မှားခဲ့ကြသလဲဆိုတာကိုတော့ နောက်တပတ် တင်ပြပါမယ်။


ကိုယ့်စိတ်ဆန္ဒနဲ့မဆိုင်တဲ့ ဗမာပြည်ရဲ့ ပကတိဘာဝအကြောင်းအချက်။

(၁) အတွေးအခေါ်က ကိုယ့်ဆန္ဒန့ဆ


ဲိုင်တဲ့ အတ္တဘာဝအကြောင်းအချက်ပါ။ အတွေးအခေါ်ကိစ္စကို မကိုင်ခင်မှာ ဗမာပြည်ရဲ့ ပကတိဘာဝ
အကြောင်းအချက် (တနည်းအားဖြင်)့ ဗမာပြည်ရဲ့ ထူးခြားချက်ကို အရင်လေ့လာရပါမယ်။

(၂) ဗမာပြည်ဟာ ကမ္ဘာမှာ လူဦးရေအများဆုံးရှိတဲ့ နိုင်ငံကြီး (၂) ခု တရုတ်နဲ့အိန္ဒိယကြားမှာ တည်ရှိတယ်။ အဲဒီလိုရှိတာ ဗမာနဲ့နီပေါပဲ
ရှိတယ်။ နီပေါက ကုန်းတွင်းပိတ်နိုင်ငံပ။ဲ ဗမာပြည်ကတော့ အိန္ဒိယသမုဒ္ဒရာကမ်းခြေမှာ တည်ရှိနေတယ်။ ဒါကြောင့် အိန္ဒိယသမုဒ္ဒရာကို
ပိုင်စိုးထားတဲ့ နိုင်ငံကြီးတွေန့လ
ဲ ည်း တိုက်ရိုက်ပတ်သက်နေရတယ်။ အိန္ဒိယသမုဒ္ဒရာကို ပိုင်စိုးထားတဲ့သူဆိုတာက အဲဒီခေတ်ကာလရဲ့
အင်အားအကြီးဆုံးနိုင်ငံကြီးတွေပဲ ဖြစ်ကြတယ်။ ပေါ်တူကီကြီးစိုးတော့ ဗမာပြည်သံလျင်မှာ ငဇင်ကာ ဘုရင်လုပ်သွားတယ်။ နောက်
အင်္ဂလိပ်ရဲ့ ကျွန် ဖြစ်တယ်။ နောက် ဂျပန်။ အခုတော့ ဟိုစိုးရိမ်ရ ဒီစိုးရိမ်ရ အခြေအနေ။

အဲဒါအပြင် ဗမာပြည်က အရှေ့တောင်အာရှနိုင်ငံ ဖြစ်နေပြန်တယ်။ ASEAN အဖွဲ့ ဝင် ဖြစ်နေတယ်။ ASEAN


နိုင်ငံတွေကလည်း ဗမာပြည်နိုင်ငံရေးမှာ တစုံတရာသြဇာသက်ရောက်မှု ရှိနေတယ်။

(၃) အဲဒီထူးခြားချက်ကြောင့်ပဲ ဗမာပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်တိုင်းမှာ အင်အားကြီးတွေနဲ့ အိမ်နီးချင်းထိုင်း (ယိုးဒယား) က တနည်းနည်းနဲ့


ပါဝင်ပတ်သက်လေ့ ရှိတာပဲ။ ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ် ခေတ်တိုင်းမှာ ဒီလိုပဲ ဖြစ်ခဲ့တယ်။ ဖြစ်နေတယ်။
သူတို့ ပါဝင်ပတ်သက်လာရင်လည်း ဗမာပြည်နိုင်ငံရေးအင်အားစုတွေထဲမှာ အတွေးအခေါ်၊ အယူအဆတွေ ကွဲပြားခြားနားလေ့ ရှိတယ်။
သူဖြူရင် ကိုယ်မမ
ဲ ယ်ဖြစ်လေ့ ရှိတယ်။ ဒါကြောင့် 'ဘုံရန်သူရှိတယ်။ ဒါပေမဲ့ ဘုံလုပ်ငန်းစဉ် မရှိဘူး' ဆိုတဲ့အဖြစ်မျိုး ကြုံရတာပဲ။

(၄) 'ဘုံလုပ်ငန်းစဉ်' မရှိတော့ ဗမာပြည်ရဲ့ အဆက်ဆက်သော အုပ်စိုးသူတွေက ဒီအချက်ကိုကိုင်ပြီး လှည့်ပတ်ကစားသွားတာ


ခံခဲ့ရတယ်။ ခံနေရတယ်။

(၅) ဒါဟာ ပကတိဘာဝအကြောင်းအချက်ပ။ဲ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို စဉ်းစားကြရပါလိမ့်မယ်။

ဒုတိယပကတိဘာဝအကြောင်းအချက်

(၁) ပကတိဘာဝအကြောင်းအချက်လို့ ပြောချင်ရင် ပြောနိုင်တဲ့ကိစ္စက တိုင်းပြည်အတွင်းရှိ လူဦးရေနဲ့လူမျိုးအသီးသီး ပါဝင်မှု


အချိုးအစား ဖြစ်တယ်။

(၂) အရှေ့တောင်အာရှနိုင်ငံတွေလည်းဖြစ်၊ လုံးတူရပ်တူလို့လည်း ပြောနိုင်တဲ့ ထိုင်း၊ ဗီယက်နမ်တို့နဲ့ ဗမာပြည်ရဲ့ လူဦးရေရယ်၊


လူမျိုးအသီးသီး ပါဝင်မှုအချိုးအစားကို နှိုင်းယှဉ်ကြည့်စေချင်တယ်။

လူဦးရေမှာ သူတို့က ပိုများပါတယ်။ နယ်မြေကျတော့ ဗမာပြည်က အကျယ်ဆုံးပဲ။

လူမျိုးအသီးသီး ပါဝင်မှုအချိုးအစားမှာကျတော့ ဗမာပြည်နဲ့သူတို့ အတော်ကြီးကွာခြားတာ တွေ့ရမယ်။

• ထိုင်းမှာ ထိုင်းလူမျိုးက သူ့လူဦးရေရဲ့ ၉၄% တောင် ရှိတယ်။ ကျန်တဲ့ လူမျိုးတွေက ၆%။

• ဗီယက်နမ်မှာ ဗီယက်နမ်လူမျိုးက လူဦးရေရဲ့ ၈၄% ရှိတယ်။ ကျန်လူမျိုးတွေက ၁၆%။

• ဗမာပြည်မှာက ဗမာက ၆၆% ပဲ ရှိတယ်။ ကျန်လူမျိုးတွေက ၃၄%။


(မှတ်ချက်)။ (၁၉၇၆ ထုတ် လောင်းမင်းအဘိဓာန်ကရတဲ့ စာရင်းတွေပ။ဲ ဒီအငြင်းအခုံထဲမှာ ဗကပ က မပါချင်ဘူး။ အခု
လိုအပ်လို့သာ လက်လှမ်းမီရာ အဘိဓာန်ကို ကိုးကားလိုက်တာပါ။)

(၃) သမိုင်းဖြစ်ပေါ်ပုံခြင်း မတူကြတာကြောင့်ရော၊ ပထဝီအကြောင်းအချက်တွေကြောင့်ပါ ဗမာပြည်က သူတို့နဲ့ မတူတာတခုက


သူတို့မှာ လူမျိုးအခြေခံတဲ့ ပြည်နယ်တွေ မရှိဘူး။ ဗမာပြည်မှာက ရှိတယ်။ ပြီးတော့လည်း ဗမာလူမျိုးက ဧရာဝတီမြစ်ဝှမ်းမှာပဲ
နေကြတာလို့ ပြောနိုင်တယ်။ ဒါကလည်း ခပ်လယ
ွ်လွယ်ပြောတာပါ။ ရောနှောနေထိုင်ကြတာပဲ။ ရှမ်းတွေ၊ ကချင်တွေ၊ ကရင်တွေ၊
မွန်တွေ၊ ရခိုင်တွေကလည်း သူတို့ပြည်နယ်အတွင်းမှာချည်း နေကြတာ မဟုတ်ဘူး။ ဗမာကလည်း အဲဒီလိုပ။ဲ ဗမာပြည်ရဲ့
ဘယ်နေရာမှာဖြစ်ဖြစ် ခြေကျင် တနေကုန်သွားကြည့်။ လူမျိုးတော်တော်များများ တွေ့ရဖို့ရှိတယ်။ သီးသန့်နေတယ်ဆိုတာ
မရှိဘူးဆိုတာ ပြောချင်တာပါ။ ရှမ်းပြည်နယ်ထမ
ှဲာတင်ပဲ ပအိုဝ်းက ရှမ်းထက်အပုံကြီးများနေတဲ့ နေရာကျယ်ကြီးတွေ၊ ဝ၊ အင်းသား
စတာတို့က လွှမ်းမိုးနေတဲ့ နေရာကျယ်ကြီးတွေ ရှိနေတယ်။

(၄) ပထမတင်ပြခဲ့တဲ့ ပထဝီအနေအထား အကြောင်းအချက်နဲ့ အခု ဒုတိယအကြောင်းအချက်ကို တွဲပြီးကြည့်လိုက်ရင်


ဗမာပြည်ဒီမိုကရေစီ တော်လှန်ရေးမှာ 'ဘာ့ကြောင့် ဘုံရန်သူရှိပြီး ဘုံလုပ်ငန်းစဉ် မရှိတာလဲ' ဆိုတာရဲ့ အဖြေကို တွေ့ရပါမယ်။

(၅) ဒီပြဿနာကို ကျွန်တော်တို့ ဖြေရှင်းကြရပါမယ်။ လွယ်တော့ လွယ်လှမယ် မထင်ပါဘူး။ လက်ဝဲလက်ယာပြဿနာနဲ့


အတော်ကြီးကို ဆက်နယ
ွ်နေတဲ့ ကိစ္စကြီးဖြစ်လို့ပါပဲ။

(၆) ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလကလိုလည်း ဒီနေ့ကမ္ဘာရဲ့အခြေအနေက တည်ရှိနေတာ မဟုတ်ပါဘူး။ 'စစ်အေးခေတ်'


တုန်းကရော၊ စစ်အေးလွန်ကာလမှာပါ ကမ္ဘာ့အခြေအနေက အုပ်စိုးသူကို မျက်နှာသာပေးပါတယ်။ သူတို့မှာ ကစားကွက်
ကျယ်ကျယ်ပြန့်ပြန့် ရှိပါတယ်။

(၇) ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီတော်လှန်ရေး အောင်ပရ


ွဲ ချင်ရင် ဒီပြဿနာကို ရှင်းရမှာပါ။ ဒီကိစ္စကျတော့ အတ္တဘာဝ၊ မိမိတို့ရဲ့
အတွေးအခေါ်နဲ့ မြော်မြင်မှုက အဓိကကျပါလိမ့်မယ်။ လက်ဝဲလက်ယာ မခွန
ဲ့ဆိုတာ ပြောရလွယ်ပါတယ်။ လက်တွေ့ကျတော့
ခက်ပါတယ်။

အတ္တဘာဝအတွေးအခေါ်နယ်ပယ်မှ အကြောင်းအချက်တချို့

(၁) လွတ်လပ်ရေးခေတ် (၆၂) နှစ် အတွေးအခေါ်အပြောင်းအလဲများကို တင်ပြဖို့ မရည်ရွယ်ပါ။ ချုပ်ပြီး အခိုင်အမာကိစ္စများကိုပဲ


တင်ပြပါမယ်။

(၂) လွတ်လပ်ရေးရတော့ နိုင်ငံရေးအင်အားစုတိုင်းလောက်က 'ဆိုရှယ်လစ်လမ်းကြောင်း' ပေါ်ရောက်ပြီလို့ ထင်ခဲ့ကြတယ်။


အထူးသဖြင့် အာဏာရတွေက 'ဆိုရှယ်လစ်' စကား အများဆုံးပြောတယ်။ လွတ်လပ်ရေးရတာဟာ ဒီမိုကရေစီတော်လှန်ရေးအဆင့်
ပြီးမြောက်တာလို့ ထင်ကြတယ်။ ဆိုရှယ်လစ်ပါတီ အာဏာရတာဟာ ဆိုရှယ်လစ်လမ်းကြောင်းပေါ် ခြေလှမ်းစလှမ်းတာပဲလို့
ထင်ကြတယ်။ အဲဒီကာလက ဒီမိုကရေစီစည်းဝိုင်း အပြင်ဘက်ရောက်နေရတဲ့ ဗကပ ကို "ဒီမိုကရေစီစည်းဝိုင်း အကျယ်ကြီးပဲ။
ဝင်လာပါ။ လက်နက်သာ ချလာပါ" လို့ တဖွဖေ
ွ ပြာခဲ့တာပဲ။ '၁၉၅၅' ရောက်တော့ ဗကပ က စည်းဝိုင်းထဲဝင်ဖို့ အရင်ဆုံး
စေ့စပ်ချင်တယ်လို့ ပြောတယ်။ အဲဒါကို အာဏာရတွေက လက်မခံဘူး။ သဘောထားကြံ့ခိုင်သူကို ချေမှုန်း၊ ပျော့ညံ့သူကို သိမ်းသွင်းတဲ့
ပေါ်လစီ လုပ်တယ်။

အဲဒီလိုဖြစ်နေရင်းက ဖဆပလ ၂ ခြမ်းကွ၊ဲ စစ်အာဏာသိမ်းပွဲဖြစ်၊ အဲဒီကာလမှာလည်း ဖဆပလ ဆိုရှယ်လစ်


လုပ်ခဲ့တဲ့ပေါ်လစီကို ခပ်ကြမ်းကြမ်းဆက်လုပ်တယ်။

၁၉၆၂ ခုနှစ်ရောက်တော့မှ စစ်အုပ်စုက 'မင်းတို့လုပ်တာ ဆိုရှယ်လစ်မဟုတ်ဘူး။ တို့လုပ်ပြမယ်' ဖြစ်လာတယ်။


အဲဒီကျတော့မှ ဖဆပလ ဆိုရှယ်လစ် (၂) ခြမ်းလည်း အတွေးအခေါ်ပြောင်းသွားတယ်။ ဒီမိုကရေစီစည်းဝိုင်းက ကျဉ်းပါလား၊
ဒီမိုကရေစီရေး မပြီးသေးပါလားဆိုတာ သိလာတယ်။ ဒါဟာ အုပ်စိုးသူတွေဘက်က အတွေးအခေါ်အလှည့်အပြောင်းပဲ။
ဒီအလှည့်အပြောင်းရဲ့ ထင်ရှားတဲ့ဖော်ပြချက်က ဦးနု တော်လှန်ရေးလုပ်တမ်း ကစားတာနဲ့ "ဦးသန့်အရေးအခင်း" မှာ 'တည်မြဲ' တွေရဲ့
သားသမီးမျိုးဆက်တွေ ပါဝင်လာတာပဲ။ ဒါပေမဲ့ 'အိမ်စောင့်စစ်အုပ်စ'ု ဝင်တွေထဲကတော့ ဘယ်သူမှ ပါမလာကြသေးဘူး။ သူတို့က
'မဆလ ဒီမိုကရေစီ' စည်းဝိုင်းအပြင်ဘက်သာ ရောက်နေတာပဲ။ ဒါပေမဲ့ 'ဒီမိုကရေစီရေး - တို့အရေး' စည်းထဲ မရောက်သေးဘူး။
နောက်ပိုင်းကျမှ တဖြည်းဖြည်း ရောက်လာတယ်။ (၁၉၈၈) မှာ လူထုတိုက်ပွဲ ဒီရေမြင့်လာမှ အတိအကျအားဖြင့်ပြောရင်
မ်ိဳးခ်စ္ရေ
ဲ ဘ်ာဟောင်းများအဖွဲ့ ပေါ်လာမှ အတွေးအခေါ်ပြောင်းလာတာ ဖြစ်တယ်။

အုပ်စိုးသူတွေအတွင်း အတွေးအခေါ်ပြောင်းတာဟာ အရေးကြီးပါတယ်။ ဒါပေမဲ့ ...... အတွေးအခေါ်က အကုန်အစင်


ပြောင်းမှပဲ ဖြစ်မှာပါ။

(၃) ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံအပြီးမှာကျတော့ နိုင်ငံရေးအင်အားစုတိုင်းလောက်က 'ဒီမိုကရေစီလမ်းကြောင်း' ပေါ်


ရောက်ကြပြန်တယ်။ ၁၉၄၈ က 'ဆိုရှယ်လစ်လမ်းကြောင်း' ပေါ် ရောက်ကြသလိုမျိုးပါ။ အာဏာရ (ဟောင်း) က 'ဒီမိုကရေစီ
လမ်းကြောင်း' ပေါ် ရောက်လာတယ်။ 'ဒီမိုကရေစီလမ်းကြောင်း' ပေါ်မှာ 'စစ်အုပ်စ'ု ကလည်း ရောက်လာတယ်။ သူတို့ပြောတာက
'စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီ' တဲ့။ နေဝင်းစစ်အုပ်စုက ဆိုရှယ်လစ်ရေး - တို့အရေး လုပ်ခဲ့သလို သန်းရွှေစစ်အုပ်စုက 'ဒီမိုကရေစီရေး
တို့အရေး' လုပ်ပြချင်နေပြီ။

ဒါဟာ စစ်အုပ်စုရဲ့ အတွေးအခေါ်ပြောင်းတာ မဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကို လက်ငင်းတည်ရှိနေတဲ့ 'ကမ္ဘာ့အစီအစဉ်'


(World Order) နဲ့ ထိန်းညှိပြီး ပြုပြင်တာသာ ဖြစ်တယ်။

'ကမ္ဘာ့အစီအစဉ်' ပြောင်းရင် တပြေးညီထိန်းညှိပြီး ပြောင်းရတာဟာ သဘာဝတရားပါ။ ဒီကိစ္စကိုတော့ နောက်တပတ်မှာ


တင်ပြပါမယ်။

'လှုပ်ရှားတက်ကြွသူများရဲ့တပ်ဦး (AF)
AF) ကြံဆချက်နဲ့ ပတ်သက်၍တင်ပြချက်'

(၁) ကမ္ဘာ့အစီအစဉ် (WO) က မတည်ငြိမ်သေးပါ။ စစ်အေးခေတ် (WO) ပျက်ပြီးနောက် ကမ္ဘာ့အစီအစဉ်သစ် (NWO) အတွက် လွန်ပွဲ
အႀကိတ္အနယ္ဆေ
ွဲ နချိန် ဖြစ်တယ်။ အမေရိကန်က စလိုက်တဲ့ စီးပွားရေးအကျပ်အတည်းကလည်း ထပ်ဆင့်ပြီး လိုက်လာတော့ 'လွန်ပ'ွဲ
ကို ပိုပြီးပြင်းထန်ထက်မြက်လာစေတယ်။ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို တိုင်းပြည်ကြီးတွေက အတိအလင်း လုပ်နေကြပြီ။
ကြာလေပြင်းထန်လေဖြစ်မယ့် အလားအလာကို မြင်တွေ့နေရပြီ။

(၂) အဲဒီလို ရှုပ်ထွေးတဲ့ ကမ္ဘာ့အခြေအနေမှာ မိမိတို့က ဒီမိုကရေစီတော်လှန်ရေးအဆင့်ကို ဖြတ်သန်းနေရတာပဲ။ ဂျပန်ခေတ်


လုပ်ရတာနဲ့ လုံးလုံးမတူဘူး။ ဒါ့ကြောင့် အဖြစ်နိုင်ဆုံး၊ အနိမ့်ဆုံး အလုပ်တူတြွဲ ပီး လုပ်နိုင်ဖို့ (AF U/G) ကြံဆချက်ကို ဗကပ က
တင်ပြခဲ့တာပါ။ တည်ရှိနေတဲ့ ကမ္ဘာ့အခြေအနေမှာ (AF U/G) ပဲ လုပ်နိုင်မှာပါ။

(၃) ကျွန်တော်တို့တင်ပြတဲ့ (AF U/G) ကြံဆချက်က ပြည်တင


ွ်းနိုင်ငံရေးကိုပဲ ဇောင်းပေးတဲ့၊ ပြည်တင
ွ်းမှာပဲလုပ်တဲ့ (AF) ဖြစ်ပါတယ်။
အခုကာလမှာ အကြောင်းကိစ္စအမျိုးမျိုးအတွက် ပြည်ပမှာ လှုပ်ရှားနေကြတဲ့ Activists (A) တွေက များပါတယ်။ အဲဒါတွေကို ဆိုလိုတာ
မဟုတ်ပါဘူး။

(၄) ပြည်တင
ွ်းနိုင်ငံရေးကို ဇောင်းပေးတဲ့ (AF) မှာလည်း ပုံစံအမျိုးမျိုးနဲ့ ဖွဲ့ စည်းဖြစ်ပေါ်နေမှာပါ။ တခုတည်းသော (AF) ဖြစ်ဖို့
မလွယ်သေးပါဘူး။ သူ့အစုအဖွဲ့ နဲ့သူ၊ သူ့ခေါင်းဆောင်မှုနဲ့သူ ရပ်တည်လှုပ်ရှားကြတာတွေပဲ ရှိနေမှာပါ။ အဲဒီလို ဖြစ်နေတာမှာ (AF)
အချင်းချင်း ထိခိုက်မိတာ၊ ပွတ်တိုက်မိတာ ဖြစ်နိုင်ချေ အများကြီးရှိပါတယ်။ ရန်သူက သူ့လူသင
ွ်းပြီး သွေးခဲရ
ွ န်တိုက်ပေးတာ ရှိနိုင်သလို
ကိုယ့်အချင်းချင်း ရန်မီးပွားတာ၊ ဂိုဏ်းဂဏဝါဒဝင်တာတွေလည်း အများကြီး ဖြစ်နိုင်ပါတယ်။ အဲဒီလို မဖြစ်ဖို့ ခေါင်းဆောင်သူများက
ထိန်းသိမ်းကြဖို့ လိုပါတယ်။
အခုဖြစ်နေတာက အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေး၊ ဂျပန်ဖက်ဆစ်ဆန့်ကျင်ရေးတုန်းကလို အခြေအနေမျိုး မဟုတ်ဘူးဆိုတာကို
သတိပြကြဖို့ လိုပါတယ်။

(၅) နည်းနည်းနောက်ကြောင်းပြန်ပါမယ်။ ဗကပ က '၁၉၈၀' ကတည်းက ဗကပ ရဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးနဲ့ စစ်အာဏာရှင်


စနစ်ရဲ့ ကြားမှာ 'လစ်ဘရယ်ဒီမိုကရက်တစ်အင်အားစု' တခု ပေါ်ပေါက်စေချင်ခဲ့တယ်။ ဒါကြောင့် အမျိုးမျိုးအဖုံဖုံ ကြိုးစားခဲ့တယ်။ ၁၉၈၈
ကျတော့ ပေါ်လာပါတယ်။ ဒီမိုကရေစီရေးအလံလွှင့်ထူထားတဲ့ ပါတီတွေ (၂၃၅) ပါတီ ပေါ်လာပါတယ်။

ဗကပ က တွေဝေမနေပါဘူး။ မိမိတို့ ပေါ်ပေါက်စေချင်တဲ့ ပါတီက NLD ပဲလို့ ယတိပြတ်ဆုံးဖြတ်ခဲ့တယ်။ အားပေးခဲ့တယ်။


NLD ရဲ့ အဓိကခေါင်းဆောင် ဖြစ်လာသူတွေထဲမှာ ၁၉၅၈ စစ်တပ်အာဏာသိမ်းပွရ
ဲ့ဲ အဓိကပုဂ္ဂိုလ်တွေ ဖြစ်နေတာကိုလည်း
သိပါတယ်။ ဗမာပြည်မှာ 'စစ်အာဏာရှင်စနစ်' ဖြစ်ပေါ်ဖို့ ပန္နက်ချခဲ့သူတွေက သူတို့ပ။ဲ သူတို့က အခု NLD ရဲ့ အချက်အခြာနေရာ
ယူထားတာကို ခွင့်လွှတ်ပြီး သည်းခံခ့တ
ဲ ယ်။ ဗကပ က သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်သည်းခံပေမယ့် ဗိုလ်အောင်ကြီးကတော့
သဘောထား မကြီးခဲ့ရုံမက NLD ထဲ ရောက်နေတဲ့ 'မြေပေါ်ကွန်မြူနစ်' ဆိုသူတွေကို ထုတ်ပစ်ရမယ်လို့ အကျပ်ကိုင်ခဲ့တယ်။
အိမ်စောင့်အစိုး (၁၉၅၈ - ၁၉၆၀) က တောထဲမှာ အရှင်ဖမ်းမိတဲ့ 'ဗကပ' တွေကို "လက်နက်ချမယ်ဆိုမှ ပြို့ပေါ်ခေါ်လာခဲ့။
လက်နက်မချဘူးဆိုရင် သတ်ပစ်ခ့။ဲ မြို့ပေါ်မှာ ကွန်မြူနစ်ရှားလို့ တောထဲသွားပင့်ခိုင်းနေတာ မဟုတ်ဘူး" ဆိုတဲ့ပေါ်လစီချပြီး
လုပ်ခဲ့ဖူးတယ်။ သခင်မောင်ကြီး၊ ဆရာကွန်း၊ ဗိုလ်အာဠာဝက၊ ဗိုလ်သိန်း စသူတွေနဲ့ ရဲဘော်တွေအများကြီး ဖမ်းမိပြီးမှ
အသတ်ခံကြရတယ်။ အဲဒီ 'အိမ်စောင့်ခေတ်ပေါ်လစီ' ကို NLD ဥက္ကဌကြီး ဗိုလ်အောင်ကြီးက ဆက်လုပ်ခဲ့တာပါ။ ဗိုလ်အောင်ကြီးပြောတဲ့
'မြေပေါ်ကွန်မြူနစ်' စာရင်းနဲ့ ဗိုလ်ခင်ညန
ွ့် 'စာအုပ်နီကလေး' ထဲက စာရင်း တထပ်တည်း ဖြစ်နေတယ်။ ဒါဟာ မတော်တဆတိုက်ဆိုင်မှု
မဟုတ်ပါဘူး။ သူတို့ (၂) ဦး 'ဘိန်းဘုရင်' လော်စစ်ဟန် အကူအညီနဲ့ ဗကပ ဖြိုခွေ
ဲ ရးလုပ်ခဲ့ကြတာရဲ့ အဆက်ပ။ဲ ဗိုလ်ခင်ညန
ွ့်က
ကွန်မြူနစ်ဆိုတာ 'ကင်ဆာကလာပ်စည်း' နဲ့တူတယ်။ အကုန်လုံးကို ရှင်းပစ်ရမယ်လို့ ဗကပ ခွဲထွက်ခေါင်းဆောင်တွေကို
ညွှန်ကြားခဲ့သလို ဗိုလ်အောင်ကြီးကလည်း NLD ထဲက 'မြေပေါ်ကွန်မြူနစ်' ရှင်းပစ်ဖို့ ညွှန်ကြားခဲ့တာပါ။ ဒါဟာ အိမ်စောင့်အစိုးရ
ခေတ်က သူတို့စစ်ဗိုလ်ထိပ်သီးတွေ အားလုံးရဲ့ ပေါ်လစီပါပဲ။

(၆) AF တွေ အများကြီးပေါ်မှာကို ကျွန်တော်တို့ ကြိုတင်ပြီး စဉ်းစားမိပါတယ်။ ဒီကာလမှာ ဒီလိုပဲ ဖြစ်လာမှာပါ။ သတိပေးချင်တာ
တခုတော့ ရှိပါတယ်။ ဂျပန်ခေတ်က သခင်ကျော်စိန်လိုလူမျိုးပေါ်လို့ ကျွန်တော်တို့ သိပ်ပြီးမထိခိုက်ခဲ့ပါဘူး။ အခုခေတ်မှာ
သခင်ကျော်စိန်လို ပရမ်းပတာလုပ်တ့လ
ဲူ ပေါ်ရင်တော့ အများကြီးနာကုန်ပါလိမ့်မယ်။ သတိရှိကြရပါမယ်။

• ဗမာပြည်က ကျဉ်းကျဉ်းကလေးပါ။ ကိုယ့်အချင်းချင်း ခြေမြင်ကြသလို ထောက်လှမ်းရေးကလည်း


မျက်စိဒေါက်ထောင့်ပြီး ကြည့်နေတာပါ။

• အတွေးအခေါ် အရှုပ်ထွေးဆုံးကာလကြီးလည်း ဖြစ်ပါတယ်။ IT ခေတ်ဖြစ်လို့လည်း ရန်သူကို တဖက်လှည့်နဲ့


'သတင်းပေးလုပ်သူတွေ' အများကြီး ပေါ်နိုင်တယ်။ ပေါ်နေပါတယ်။

(၇) ဗကပ ကြံဆတဲ့ AF ဟာ (U/G) ပါ။ (AF U/G) ပါ။ ပြည်တင


ွ်းမှာပဲလုပ်ဖို့ ဖြစ်ပါတယ်။ ပြည်ပမှာ မလုပ်ပါ။ ပြည်ပမှာလုပရ
် င် O/G
တပိုင်း ဖြစ်နေလိမ့်မယ်။ ဖုံးတဝက်ပေါ်တဝက် ဖြစ်နေလိမ့်မယ်။

အတွေးအခေါ်ကိစ္စများ တင်ပြချက်

(၁) အတွေးအခေါ် အရှုပ်ထွေးဆုံးကာလတခုကို ကျွန်တော်တို့ ဖြတ်သန်းနေရပါတယ်။ ဒါကြောင့် အတွေးအခေါ်တိုက်ပွဲကို


အလေးထားရပါမယ်။ ဗဟိုမဏ္ဍိုင်ပြုရပါမယ်။ စည်းရုံးရေးနဲ့ဖွဲ့ စည်းရေးတွေကို လောနေလို့ မဖြစ်ပါဘူး။ အတွေးရှင်းမှ အလုပ်တွေကို
မှန်မှန်ကန်ကန် လုပ်နိုင်မှာ ဖြစ်ပါတယ်။

(၂) "ဘုံအတွေးအခေါ်မရှိဘဲ ဘုံလုပ်ငန်းစဉ် (အနိမ့်ဆုံးဘုံလုပ်ငန်းစဉ် Minimum Common Programme) မရှိနိုင်ပါဘူး။"


(၃) လောလောဆယ် ဘာတွေရှုပ်နေသလဲ။ NLD ရဲ့ 'မှတ်ပုံမတင်ရေးဆုံးဖြတ်ချက် မှန်သလားမှားသလား' အတွေးအခေါ်တိုက်ပွဲ
ဖြစ်နေတယ်။ အထူးသဖြင့် NLD မှာ ဖြစ်နေတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့သဘောထားကို ပြတ်ပြတ်သားသားပေးလိုက်လို့ နောက်ဆုတ်သွားသူတွေက စည်းရုံးရေး


အရသာ နောက်ဆုတ်လိုက်တာပဲ။ အတွေးအခေါ်မှာ နောက်မဆုတ်ဘူး။ မေလတွင်းမှာ 'ပါတီသစ်' ထောင်ပြီး 'မှတ်ပုံတင်ရေး
ရွေးကောက်ပွဲဝင်ရေး' အတွေးအခေါ်ကို တိုးတိုးတိတ်တိတ်ပြောဟော ဝါဒဖြန့်နေကြတယ်။

ဗကပ အနေနဲ့ စောင့်ကြည့်နေပါတယ်။ အခုတော့ ပြောချိန်မတန်သေးလို့ မပြောပါဘူး။ NLD ကို 'ခေတ်ပြိုင်မိတ်ဖက်'


အင်အားစုလို့ နှစ်ပေါင်းများစွာ သဘောထားခဲ့ပေမယ့် ပါတီသစ် (ဘာနာမည်နဲ့ပဲ ထွက်လာထွက်လာ) ကိုတော့ 'မိတ်ဖက်' လို့
သဘောထားမှာ မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ကို အလုပ်အကျွေးပြုတဲ့ ပြည်သူ့အကျိုးကို မျက်ကွယ်ပြုသွားတဲ့ အင်အားစုလို့
သဘောထားရတော့မှာပါ။

(၄) ဇွတ်တိုးပြီး လုပ်ကြရင်ဖြင့် သူတို့ 'နှာခေါင်းကျည်ပွေ့' တွေ့မှာပါ။ သိပ်ပြီးကြာကြာစောင့်ရမယ် မထင်ပါဘူး။ '၂၀၀၈ အခြေခံဥပဒေ'
နဲ့ ကျုံးသွင်းပြီး ထူးခတ်ခံရတဲ့၊ 'ရွေးကောက်ပဥ
ွဲ ပဒေ (၅) ခု' နဲ့ ချွန်းကိုင်ပြီး ဦးစီးတာခံရတဲ့ ပါတီက ဘာများလုပ်နိုင်မှာလဲ။ အဲဒီအခါကျမှ
ဗကပ ထဲက ဒီမိုကရေစီကို လက်နက်န့လ
ဲ သ
ွဲားသူတွေရဲ့ ဘဝမျိုးရောက်မှာပဲ။ 'ခြေသုတ်ပဆ
ိုး မြွေစွယ်ကျိုး' ဖြစ်မှာပဲ။

(၅) 'ပါတီသစ်' ထောင်တာကို လက်ခုပ်တီး ကြိုဆိုသူတွေကတော့ NLD ထဲ ကွဲတာပြဲတာကို ကြိုဆိုမှာပါ။ စစ်အုပ်စုဂျာနယ်ထဲမှာနဲ့


တချို့ဂျာနယ်တွေမှာ ဖဆပလ ခေတ်၊ မဆလ ခေတ်က ကိစ္စတွေ နောက်ကြောင်းပြန်ရေးပြီး ကြိုဆိုနေကြတာ ဖတ်နေရပါပြီ။

တချို့က ပြည်တင
ွ်းစစ် အစပိုင်းကို ပြန်ဖော်တယ်။ ဆိုရှယ်လစ်လည်း မှားတယ်။ ကွန်မြူနစ်လည်း မှားတယ်။ ပူးတွဲတရားခံ
ဖြစ်စေလို့ ရေးတယ်။

တချို့က ဖဆပလ အကွမ


ှဲာ ပမညတ ရပ်တည်ချက်မှားလို့ စစ်အာဏာသိမ်းပွဲဖြစ်တာလိုလို ရေးတယ်။ ဖဆပလ (၂)
ခြမ်းလည်း မှားတယ်။ ပမညတ လည်း မှားတယ်လို့ ရေးတယ်။

တချို့ကတော့ မဆလ ရဲ့ အမှားတွေကို 'မရဲတရဲ' ရေးတယ်။ အခု စစ်အုပ်စုရဲ့ နံပါတ်ဝမ်းက မဆလ ဗဟိုကော်မတီ
(ဟောင်း)၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (ဟောင်း) ဖြစ်နေလို့ မရဲတရဲပဲ ရေးတာပါ။

ကမ္ဘာစစ်န့ေ
ဲ တ်ာလှန်ရေးခေတ်ကို မီခ့သ
ဲူတွေကတော့ သခင်စိုးအမှားကို အသေးစိတ်လောက် ရေးတယ်။ သခင်စိုးရဲ့
'လယ်တဲကန
ွ်ဂရက်' မှာ တက်ရောက်သူက (၆) ဦးပဲ ရှိပါတယ်လို့ ဝန်ခံတာတောင် ပါတယ်။ အားလုံးက သခင်စိုး ဆက်သားတွေချည်းပဲ
ဆိုတာတော့ မရေးဘူး။

(၆) ဒါတွေအားလုံးက တခုတည်းသော ရည်ရယ


ွ်ချက်နဲ့ ရေးကြတာချည်းပဲ။ အဲဒီ 'ရည်ရွယ်ချက်' က -

• ခေတ်အဆက်ဆက် နိုင်ငံရေးပါတီတွေအားလုံး မှားခဲ့တယ်။

• စစ်အုပ်စုက စစ်အာဏာရှင်စနစ်ထူထောင်တာ မှန်တယ်။

• နအဖ စစ်အုပ်စုက ဦးစီးပြီး ကျင်းပမယ့် ရွေးကောက်ပွဲကို သပိတ်မှောက်ရင် မှားတယ်။

• နိုင်ငံရေးပါတီတွေကို စစ်အာဏာရှင်စနစ်က ဒီမိုကရေစီသို့ ချီတက်နည်း အကြာကြီး သင်ပေးနေရဦးမယ်ဆိုတဲ့

'ရပ်တည်ချက်' ကို ဗဟိုပြုပြီး ရေးကြတာပါ။


(၇) ပါတီသစ်ထောင်သူတွေလည်း နောက်ဆုံးတော့ အဲဒီပုဂ္ဂိုလ်တွေလိုပဲ 'ပင်တိုင်ဆောင်းပါးရှင'် တွေ ဖြစ်လာမယ့်အလားအလာ
ရှိပါတယ်။

သူတို့ကတော့ "NLD တွင်း နှစ် '၂၀' အတွေ့အကြုံများ" ရေးနိုင်ကြလိမ့်မယ်။ (အခုကိုပဲ တိုးတိုးတိတ်တိတ်တော့ ဒေါ်စုက
ဘယ်လိုပ၊ဲ ဘယ်ကေဒါတွေက ဘယ်လိုပဆ
ဲိုတာကို ပြောနေသံကြားပါတယ်။)

(၈) ရွေးကောက်ပမ
ွှဲာ ကံစမ်းချင်တ့ပ
ဲါတီတွေလည်း အခုပေါ်နေတယ်။ သူတို့အတွေးအခေါ်ကလည်း ဂျာနယ်စာမျက်နှာမှာ
နေရာရတယ်။ သူတို့ကလည်း အတွေးအခေါ်မှားကို ဖြန့်ဖြူးကြတယ်။ ဒါကိုတော့ နောက်တပတ်ကျမှ ရေးပါမယ်။

www.cpburma.org

You might also like