You are on page 1of 1

မမှန်မကန် သတင်းရေးသားဖြန်.

ချီမှုအတွက် ဧရာဝတီမဂ္ဂဇင်းကို တရားစွဲဆိုလိုက်ခြင်း


မတ်လ ၂၄ ရက် ၂၀၀၉ ခုနှစ်

ပုဂ္ဂိုလ်ရေးနစ်နာထိခိုက်အောင် ကြံရွယ်ချက်ဖြင့် မမှန်မကန် သတင်းရေးသား ဖြန်ချီခဲ့သည့် ထိုင်းနိုင်ငံအခြေ


စိုက် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာချုပ်ဖြစ်သူ ဦးအောင်ဇော်ကို ညီညွတ်သောဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)
-UDP အမှုဆောင်ဒုဥက္ကဋ္ဌ ဦးကျော်မြင့်က အသရေဖျက်သိက္ခာချမှုဖြင့် ထိုင်းတရားရုံးတစ်ခုမှာ မတ်လ ၂၄
ရက်က တရားစွဲဆိုလိုက်ပါသည်။

ဧရာဝတီမဂ္ဂဇင်းကနေ UDP အဖွဲ.ကိုလည်းကောင်း UDP အဖွဲ.ခေါင်းဆောင်တဦးဖြစ်သည့် ဦးကျော်မြင့်ကို


လည်းကောင်း ဦးတည်ပြီး နိုင်ငံရေး ပုဂ္ဂိုလ်ရေး စီးပွားရေးအရရော ထိခိုက်နစ်နာစေရန် ကြံရွယ်ချက်ဖြင့်
အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို အခြေခံပြီး ၂၀၀၈ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ.တွင်လည်းကောင်း ၂၀၀၉
ခုနှစ်ဖေဖေါ်ဝါရီလ ၂၃ ရက်နေ.နှင့် ၂၅ ရက်နေ.တွေတွင် ဧရာဝတီမဂ္ဂဇင်း အင်တာနက် တင်းစာမျက်နှာတွေက
တဆင့် ရေးသားဖြန်.ဝေခဲ့ပါသည်။

UDP အဖွဲ.ခေါင်းဆောင်နှင့် ပတ်သက်လို. ရေးသားချက်တွေအပေါ် ဧရာဝတီမဂ္ဂဇင်းအနေဖြင့် မှန်ကန်ကြောင်း


သက်သေအထောက်အထား( to prove the true of statements)တွေပြသရန် UDP အဖွဲ.က တရားဝင်
စာရေးဆက်သွယခ
်ဲ့ပေမယ့် ဧရာဝတီမဂ္ဂဇင်းအနေဖြင့် အကြောင်းတစုံတရာ တုံ.ပြန်ခဲ့ခြင်း မရှိခဲ့ပါ။
မမှန်သတင်းများဖြစ်ပါသည်ဟု တရားဝင် အသိပေးတင်ပြထားပြီးဖြစ်ပါလျက် အသရေပျက်စေသည့် ကြံရွယ်
ချက်ဖြင့် ဆက်လက်ပြီး ထပ်မံ စွပ်စွဲရေးသားမှုတွေ ပြုလုပ်လာခြင်းသည် ဧရာဝတီမဂ္ဂဇင်းနှင့် အယ်ဒီတာချုပ်
ဦးအောင်ဇော်တို.သည် စာနယ်ဇင်းကျင့်ဝတ်ကို မထိမ်းသိမ်းသည့်အပြင် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုရာ
ရောက်ပါသည်။

စာနယ်ဇင်းသတင်းသမားတွေအနေဖြင့် မိမိရေးသားပြောဆိုချက်တွေအပေါ်မှာ တာဝန်ခံရမည်ဖြစ်ပြီး မဟုတ်


မမှန်တဲ့ သတင်းအချက်အလက်တွေ ကောလဟာလသတင်းတွေ စွပ်စွဲချက်တွေကို အခြေခံပြီး တစုံတဦးကို
ပုဂ္ဂိုလ်ရေးအရရော လုပ်ငန်းပိုင်းဆိုင်ရာအရပါ ထိခိုက်နစ်နာစေမှုတွေဖြစ်အောင် ကြံရွယ်ချက်ဖြင့် ရေးချင်ရာရေး
ပြောချင်ရာပြောလို. မရပါဘူး။ စာနယ်ဇင်းကျင့်ဝတ်ကို လိုက်နာရန် လိုအပ်သလို လွတ်လပ်စွာ ရေးသား ပြော
ဆိုခွင့်တွေကို အလွဲသုံးစားပြုလို. မရဘူးဆိုတာသိအောင် အခုလို အရေးယူဖို. ဆုံးဖြတ်လိုက်တာ ဖြစ်ပါသည်။

ယခု တရားစွဲဆိုမှုသည် ပြည်ပ စာနယ်ဇင်းသမားတဦးကို ဥပဒေအရ ပထမဆုံးအကြိမ် ပွဲဦးထွက် တရားစွဲဆိုခံရ


ခြင်းဖြစ်ပြီး ဧရာဝတီမဂ္ဂဇင်းအခြေစိုက်ရာ ထိုင်းနိုင်ငံ၏ စာနယ်ဇင်းဆိုင်ရာ အသရေပျက်မှု ဥပဒေ(Thai Libel
and Defamatory Act)နှင့်အညီ အရေးယူပေးရန် တရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်
လိုက်ပါသည်။
သတင်းနှင့် ပြန်ကြားရေးဌာန
ညီညွတ်သောဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)-UDP
ဖုန်း ၇၇၈ ၆၆၈ ၆၄၁၈

You might also like