You are on page 1of 11

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)

UNITED DEMOCRATIC PARTY OF MYANMAR-UDP

ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)-UDP ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း

နိဒါန်း

၁။ မြန်မာနိုင်ငံသည် နှစ်ပေါင်း(၁၀၀)ကျော် နယ်ချဲ့ လက်အောက် ကိုလိုနီဘ၀ဖြင့်နေခ့ရဲ သည့်ဒဏ်ရာ


ဒဏ်ချက်အဖြစ် တိုင်းရင်းသားအချင်းချင်း စည်းလုံးမှုပြိုကွဲခဲ့ရခြင်းဆိုးမွေကို လွတ်လပ်ရေး ရာစုတ၀က်
ကျော်လာသည့်တိုင် ရိုက်ခတ်ခံရဆဲဖြစ်သည်။ ညီညွတ်မှုကင်းမဲ့ခြင်းအခြေခံကြောင့် တိုင်းပြည်၏ တိုးတက်
ရာ တိုးတက်ကြောင်း အရင်းအမြစ် လုပ်ဆောင်မှုအားလုံးသည် အိပ်ပေါက်နှင့်ဖါးကောက်သလို ဖြစ်နေ
ရသည်ကို တွေ့ မြင်သုံးသတ်နိုင်ပါသည်။

၂။ စည်းလုံးမှုပြိုကွဲခဲ့ရခြင်း ညီညွတ်မှုကင်းမြဲ့ခင်း တို့ ကြောင့်ဆက်စပ်ဖြစ်ပေါ်လာသည့် နိုင်ငံရေး


လှိုင်းဂရက်တို့ကအုပ်ချုပ်ရေး စီးပွားရေး မတည်မငြိမ်ဖြစ်လာစေသည်။ အကျယ်ပြောရလျှင် သဘာဝ
အရင်းအမြစ်များစွာ ပိုင်ဆိုငပ်ါလျက် လူနေမှု မညီမျှခြင်း၊ အများပြည်သူအတွက် ၀န်ဆောင်ပေးရမည့်
အခြေခံ ပညာရေး ကျန်းမာရေးနှင့် လူမှုဝန်ဆောင်ရေးကဏ္ဍ သုံးငွေတွေ လျော့ကျခြင်း လူသား အရင်း
အမြစ်နှင့် ကုန်ထုတ်စွမ်းအားလေလွင့် ကျဆင်းမှု၊ နိုင်ငံတော်ပိုင် (State-Owned Enterprises) စီးပွါးရေး
အဖွဲ့ အစည်းများမှာ အသုံးစရိတ်ကြီးမားပြီး အရှုံးပေါ်နေမှု၊ ဈေးကွက်စီးပွါးရေး အမှန်တကယ် ပုံဆောင်
သော ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြုပ်နှံမှု တိုးတက်လာခြင်း မရှိမှုတွေဖြစ်ပေါ်လာစေပြီး လူများစု ဆင်းရဲမွဲတေ
သည့်အခြေအနေ ဖြစ်ပေါ်စေပါသည်။

၃။ ယနေ့ လက်ရှိအခြေအနေကို သုံးသတ်ပါက တိုင်းရင်းသားလူမျိုးစုများ တပ်မတော်သား အစိုးရ၀န်ထမ်း


နိုင်ငံရေးအဖွဲ့ အစည်း ကျောင်းသား သံဃာ လုပ်သားပြည်သူ အားလုံး၏ ဦးတည်ချက် ရည်မှန်းချက်မှာ
လွတ်လတ်ရေး တရားမျှတရေး နှင့် ဒီမိုကရေစီရေး ဆိုသည့်အပေါ်တွင် တညီတညွတ်တည်း တူညီမှု
ရှိသည်ကိုလည်း အညင်းပွားစရာမရှိပေ။ စည်းလုံး ပူးပေါင်းဆောင်ရွက်နိုင်ရေး ညီညွတ်မှု သာလျှင် လိုအပ်
နေပါသည်။

၎။ မွန်မြတ်ပြီး မရှိမဖြစ်သည့် လိုအပ်ချက်ကြီးကို ဖြည့်ဆည်း အကောင်အထည်ဖေါ်ရေးအတွက် လှည်းနေ


လှေအောင်းမြင်းစောင်းမကျန် ရဟန်းရှင်လူ မိဘပြည်သူ တိုင်းရင်းသားလူမျိုးစုများ တပ်မတော်သားများ
လူမှုရေးအသင်းအဖွဲ့ များ နိုင်ငံ့ဝန်ထမ်းများ အသိပညာရှင် အတတ်ပညာရှင် အတွေ့ အကြုံ ကြီးရင့်သူများ
နိုင်ငံရေးအဖွဲ့ အစည်း ကျောင်းသား သံဃာ လုပ်သားပြည်သူ လူထုလူတန်းစားအားလုံး နှင့်အတူ တခဲနက်
လက်တွဲ ပါဝင်ဆောင်ရွက်ရန်အလို့ ငှာ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(မြန်မာနိုင်ငံ)-United Democratic
Party of Myanmar(UDP)ကိုအောက်ဖေါ်ပြပါဖွဲ့ စည်း ပုံ အခြေခံစည်းမျဉ်းများဖြင့် ဖွဲစည်း တည်ထောင်
လိုက်ပါသည်။

အခန်း(၁)
အမည်နှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်
၅။ အမည်
ဤအဖွဲ့အစည်းအမည်ကို မြန်မာဘာသာဖြင့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)ဟု
ခေါ်တွင်စေရမည်။
အင်္ဂလိပ်ဘာသာဖြင့် (United Democratic Party of Myanmar) အတိုကောက် (UDP)
ဟုခေါ်တွင်စေရမည်။

၆။ သင်္ကေတ အမှတ်အသား
ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ သင်္ကေတ အမှတ်အသားမှာ နှင်းဆီနီဖြစ်ပါသည်။ နှင်းဆီနီကို
လူတိုင်းနှစ်သက် မြတ်နိုးပြီး၊ တန်ဘိုးရှိသည့် အရာဟု လက်ခံကြပါသည်။ နှင်းဆီနီကဲ့သို့ ပင် ညီညွတ်သော
ဒီမိုကရက်တစ်ပါတီအား မြန်မာပြည်သူအားလုံးအတွက် ညီညွတ်ရေး၊ တန်းတူညီမျှရေး၊ တရားမျှတရေးနှင့်
ဒီမိုကရေစီအရေးတို့ကို ဦးတည်ကြိုးပမ်းသည့် ပါတီအဖြစ် ပြည်သူအားလုံးက လက်ခံယုံကြည် အားကိုးရသည့်
ပါတီအဖြစ်ရပ်တည်သွားမည်ဟု အဓိပ္ပါယ်ဖော်ဆောင်ပါသည်။

၇။ အလံ။
အလံ၏ အရွယ်အစားဟာ အလျား (၄)ပေ၊ အနံ (၃) ပေဖြစ်ပြီး အနံတစ်ပေစီကို အပြာရောင် အဖြူရောင်နှင့်
အနီရောင် သုံးခု အချိုးညီညီနှင့် ပေါင်းစပ်ထားပါတယ်။
အလံရဲ့ အလယ်တည့်တည့်မှာတော့ စတုရန်းတစ်ပေပတ်လည် အရွယ်ရှိတဲ့ ရွှေဝါရောင် ဂျိုးငှက်သည်
သံလွင်ရွက် သစ်စိမ်းကိုင်းကို နှုတ်သီးနှင့်ချည်ပြီး အပြာအ၀ါအနီ မျဉ်းပြိုင်သုံးကြောင်းပေါ်ကနေ ပျံသန်းနေပုံ
ဖြစ်ပါသည်။ ယူဒီပီသည် မြန်မာပြည်အတွက် ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက် တည်ငြိမ်ရေးနဲ့ တန်းတူညီမျှရေးကို
ဦးတည်ဆောင်ရွက်သည့်ပါတီအဖြစ်လို့ ပါတီရဲ့ အရောင်သုံးခုကိုလည်း အထက်ပါ အနက်အဓိပ္ပါယ်ကို
ရည်ညွှန်းရွေးချယ်ထားပါတယ်။ လူမှုရေး တရားမျှတမှုကို ကိုယ်စားပြုနေပါတယ်။
အ၀ါရောင် ဂျိုးငှက်နဲ့ သံလွင်ခက်ကတော့ တိုးတက်တဲ့ရွှေမြန်မာပြည်အတွက် ငြိမ်းချမ်းရေးကို
သယ်ဆောင်ပေးမည့်အဓိပ္ပါယ်ကိုဆောင်ပြီး ရောင်စုံမျဉ်းပြိုင်သုံးကြောင်းကတော့ တိုင်းရင်းသားပေါင်းစုံ
တန်းတူညီမျှ ရေးကို ကိုယ်စားပြုခြင်း ဖြစ်ပါတည်။
ငြိမ်းချမ်းရေး၊ ကြီးပွားတိုးတက်ရေးနဲ့ တန်းတူညီမျှရေးတွေသည် ယူဒီပီရဲ့ အခြေခံ စံတန်ဘိုးတွေ ဖြစ်ပါသည်။
အခန်း (၂)
၈။ ရည်ရွယ်ချက်
(က) ဒီမိုကရေစီရေး၊ လွတ်လပ်ရေး၊ တန်းတူညီမျှရေးနှင့် လူ့အခွင့်အရေးတို့ မြန်မာနိုင်ငံတွင်
ထွန်းကားလာစေရန်။
(ခ) မြန်မာပြည်သူအားလုံး၏ လှုပ်ရှားမှုကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်ရန်။
(ဂ) ပါတီဝင်အသစ်များ၊ တိုးပွားလာရေးအတွက် ဆောင်ရွက်ရန်။
(ဃ) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ အဓိကလုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက်
လိုအပ်သော ရန်ပုံငွေများ ရရှိရေးကို ဆောင်ရွက်ရန်။
(င) ဒီမိုကရက်တစ် ပြည်ထောင်စု မြန်မာနိုင်ငံ တည်ဆောက်ရန်။
(စ) ညီညွတ်သော ဒီမိုကရက်တစ်ပါတီကို ထောက်ခံအားပေးသူများ၏ လုပ်ဆောင်ချက်များကို ညှိနှိုင်း
ဆောင်ရွက်ရန်။
(ဆ) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ ပါတီအဆင့်အားလုံးတွင် တိုင်းရင်းသားများ၊ အမျိုးသား၊
အမျိုးသမီးများ တန်းတူပါဝင်မှု ရရှိရေးကို ဆောင်ရွက်ရန်။
(ဇ) မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူ၊ လူမျိုးစုများ အချင်းချင်းလေးစားမှု၊ ယုံကြည်မှုနှင့် ပူးပေါင်း
ဆောင်ရွက်မှုများ၊ အားကောင်းလာရေးကို ဆောင်ရွက်ရန်။

အခန်း (၃)
ပါတီဝင်ခွင့်လျှောက်ထားခြင်း။
၉။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီသို့ ၀င်ရောက်လိုသူများသည်
(က) အစိုးရ၀န်ထမ်းး၊ သာသနာ့ဝန်ထမ်း၊ ရူးသွပ်သူများမှအပ၊ အသက် (၁၈)နှစ် ပြည့်သူ၊ ပြည်ထောင်စုသူ၊
ပြည်ထောင်စုသားတိုင်း၊ ပါတီဝင်အဖြစ် လျှောက်ထားနိုင်သည်။
(ခ) ပါတီဝင်လျှောက်ထားသူသည် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ အခြေခံစည်းမျဉ်း၊ မူဝါဒနှင့်
လုပ်ငန်းစဉ်များကို လက်ခံယုံကြည်သူ ဖြစ်ရမည်။
(ဂ) အခြားသော မြန်မာနိုင်ငံအတွက် ဖွဲ့စည်းထားသည့် ပါတီဝင် မဟုတ်သူ ဖြစ်ရမည်။
(ဃ) အကျင့်စာရိတ္တကောင်းမွန်သူ ဖြစ်ရမည်။

(၉-၁) ပါတီမိတ်ဆွေများအဖြစ် အောက်ပါအချက်များနှင့် ပြည့်စုံသူများကို လက်ခံရန် သတ်မှတ်သည်။


(က) မြန်မာနိုင်ငံ အရေးအခင်းများတွင် စိတ်ပါဝင်စားမှုရှိပြီး၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ
လုပ်ငန်းများတွင် အချိန်ပိုင်း ပါဝင်ဆောင်ရွက်လိုသူ ဖြစ်ရမည်။
(သို့မဟုတ်)
(ခ) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ လုပ်ငန်းများတွင် အကြံဥာဏ်အားဖြင့်လည်းကောင်း၊
ငွေအားဖြင့်လည်းကောင်း၊ ရံဖန်ရံခါစာတမ်းများရေုးခြင်း၊ အကြံပြုချက်များ ပေးခြင်းဖြင့် လည်းကောင်း၊
ပါဝင်လိုသူ ဖြစ်ရပါမည်။

(၉-၂) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ ပါတီဝင်အဖြစ် လျှောက်ထားသူသည် အောက်တွင် ဖော်ပြပါ


အချက်များနှင့် အတူ မိမိနေထိုင်ရာ မြို့နယ်ဒေသရှိ ယူဒီပီတာဝန်ခံမှတဆင့် လမ်းစဉ်အတိုင်း လျှောက်ထား
ရမည်။
(က) ယူဒီပီ၏သတ်မှတ်ထားသည့် လျှောက်လွှာပုံစံကို ဖြည့်သွင်းခြင်း။
(ခ) ယူဒီပီ၏ လက်ရှိပါတီဝင်တစ်ဦး၏ ထောက်ခံချက်ရယူခြင်း။
(ဂ) ပါတီဝင်များ၏ သစ္စာအဓိဌာန်ကို ဖတ်ရှုလက်မှတ်ထိုးခြင်း။

(၉-၃) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ပါတီဝင်များ၏ သစ္စာအဓိဌာန်


၁။ ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် တိုင်းရင်းသား လုပ်သားပြည်သူများပေါ် သစ္စာရှိပါမည်။
၂။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီဝင်များ အချင်းချင်း သစ္စာရှိပါမည်။
၃။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေစည်းမျဉ်းများကို လေးစားလိုက်နာ
ပါမည်။
၎။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
၅။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်သူများ၏ အကျိုးစီးပွားကို အစဉ်အမြဲ
ကာကွယ်စောင့်ရှောက်ပါမည်။

အခန်း (၄)
ပါတီဝင်များ လိုက်နာရမည့် စည်းကမ်းချက်များ။
၁၀။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ ပါတီဝင်များအတွက် အောက်ပါစည်းကမ်းချက်များကို ပြဌာန်း
ပါသည်။
(က) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ ပါတီဝင်များသည် ဤပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း
ဥပဒေတွင် ဖေါ်ပြထားသည့် ရည်ရွယ်ချက်၊ မူဝါဒလမ်းစဉ် ဆုံးဖြတ်ချက်နှင့် စည်းကမ်းများကို
လိုက်နာရမည်။
(ခ) ၀ါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲကင်းရမည်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်တိုက်ခိုက်မှုများကို ရှောင်ရမည်။
(ဂ) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ သတ်မှတ်ပြဌာန်းသည့် ပါတီဝင်ကြေးကို ပေးဆောင်ရမည်။
(ဃ) အကျင့်စာရိတ္တပျက်ပြားမှုများ၊ ကိုယ်ကျိုးရှာမှုများနှင့် တကိုယ်ကောင်းဆန်မှုများကို ရှောင်ရမည်။
(င) ပါတီဝင်များ လိုက်နာရမည့် အချက်များကို ပါတီညီလာခံနှင့် ပါတီအလုပ်အမှုဆောင်အဖွဲ့မှ လိုအပ်
သလို သတ်မှတ်မည်။

အခန်း (၅)
ဖွဲ့စည်းပုံ
၁၁။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ ဖွဲ့စည်းပုံ အဆင့်ဆင့်ကို အောက်ပါအတိုင်း သတ်မှတ်သည်။
(က) အခြေခံပါတီ (ကျေးရွာ သို့မဟုတ် ရပ်ကွက်)
(ခ) မြို့နယ်ပါတီ
(ဂ) တိုင်းပါတီ
(ဃ) ဗဟိုကော်မတီ
(င) ဗဟိုပါတီဌာနချုပ်
(စ) နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ
အခန်း (၆)
အလုပ်အမှုဆောင်အဖွဲ့များ
၁၂။ ကျေးရွာအခြေခံပါတီ၊ ရပ်ကွက်ပါတီ၊ အလုပ်အမှုဆောင်အဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းနိုင် သည်။
၁။ ဥက္ကဌ
၂။ ဒု-ဥက္ကဌ
၃။ အတွင်းရေးမှူး
၎။ တွဲဘက်အတွင်းရေးမှူး
၅။ ဘဏ္ဍာရေးမှူး နှင့်
၆။ အမှုဆောင် (၆)ဦး

၁၃။ မြို့နယ်ပါတီ
မြို့နယ်ပါတီ အလုပ်အမှုဆောင်အဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းနိုင်သည်။
၁။ ဥက္ကဌ
၂။ ဒု-ဥက္ကဌ
၃။ အတွင်းရေးမှူး
၎။ တွဲဘက်အတွင်းရေးမှူး
၅။ ဘဏ္ဍာရေးမှူး နှင့်
၆။ အမှုဆောင် (၈)ဦး

၁၄။ တိုင်း (သို့)မဟုတ် ပြည်နယ်ပါတီ


တိုင်း (သို့) ပြည်နယ်ပါတီ အလုပ်အမှုဆောင်အဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းနိုင်သည်။
၁။ ဥက္ကဌ
၂။ ဒု-ဥက္ကဌ
၃။ အတွင်းရေးမှူး
၎။ တွဲဘက်အတွင်းရေးမှူး
၅။ ဘဏ္ဍာရေးမှူး နှင့်
၆။ အမှုဆောင် (၁၀)ဦး

၁၅။ ပါတီဌာနချုပ်
ပါတီဌာနချုပ် အလုပ်အမှုဆောင်အဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းနိုင်သည်။
၁။ ဥက္ကဌ
၂။ ဒု-ဥက္ကဌ
၃။ အတွင်းရေးမှူး
၎။ အထွေထွေအတွင်းရေးမှူးချုပ်
၅။ တွဲဘက်အထွေထွေအတွင်းရေးမှူးချုပ်
၆။ ဘဏ္ဍာရေးမှူး နှင့်
၇။ အမှုဆောင် (၁၁)ဦး

၁၆။ ညီလာခံကိုယ်စားလှယ်
(က) အခြေခံပါတီတွင် ပါတီဝင် (၂၅)ဦးမှ (၁၅၀)ထိရှိလျှင် မြို့နယ်ညီလာခံသို့ ညီလာခံကိုယ်စားလှယ်
(၅)ဦး၊ အကယ်၍ (၁၅၀) ထက်ပိုလျှင် အပို (၅၀) ပြည့်တိုင်း၊ နောက်ထပ်ညီလာခံကိုယ်စားလှယ်
(၁)ဦးကျ ထပ်မံရွေးခွင့်ရှိသည်။
(ခ) မြို့နယ်ပါတီတွင် ပါတီဝင် (၅၀၀) မှ (၁၀၀၀) ထိရှိလျှင်၊ တိုင်း/ပြည်နယ် ညီလာခံကိုယ်စားလှယ်
(၁၀)ဦး၊ အကယ်၍ (၁၀၀၀) ထက်ပိုလျှင်၊ အပို (၅၀၀)တိုးတိုင်း၊ ကိုယ်စားလှယ် (၁)ဦးကျ ထပ်မံရွေးခွင့်
ရှိသည်။
(ဂ) တိုင်း/ပြည်နယ်ပါတီတွင် ပါတီဝင် (၅၀၀)မှ (၁၀၀၀)ထိရှိလျှင် နိုင်ငံလုံးဆိုင်ရာညီလာခံ ကိုယ်စား လှယ်
(၅)ဦး၊ အကယ်၍ (၁၀၀၀) ထက်ပိုလျှင် အပို (၁၀၀၀)အတွက် ကိုယ်စားလှယ် (၅)ဦးကျ ထပ်မံ
ရွေးခွင့်ရှိသည်။
၁၇။ ဒီမိုကရေစီစနစ်အရ ရွေးကောက်တင်မြှောက်ခြင်း။
ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ အဆင့်ဆင့် အလုပ်အမှုဆောင်အဖွဲ့ကို ဒီမိုကရေစီစံနစ်အရ
ရွေးကောက်တင်မြှောက်ရမည်။ အနည်းစုက အများစုကို နာခံရမည်။ ပါတီဝင် တစ်ဦးချင်းသည်
ပါတီတစ်ရပ်လုံးသည် ဗဟိုကော်မတီကို နာခံရမည်။ ညီလာခံများတွင် ကိုယ်စားလှယ်များနှင့်
အလုပ်အမှုဆောင်များသာ မဲပေးနိုင်သည်။

၁၈။ နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ
(က) နိုင်ငံလုံးဆိုင်ရာပါတီညီလာခံသည် ပါတီ၏ အမြင့်ဆုံး အာဏာပိုင်ဖြစ်သည်။
(ခ) နိုင်ငံလုံးဆိုင်ရာပါတီညီလာခံအား (၄)နှစ်တွင် တစ်ကြိမ်ခေါ်ယူကျင်းပရမည်။
(ဂ) နိုင်ငံလုံးဆိုင်ရာပါတီညီလာခံကို ဗဟိုကော်မတီက ခေါ်ယူရမည်။
အခန်း (၇)
၁၉။ ဗဟိုကော်မတီ
(က) ဗဟိုကော်မတီသည် ညီလာခံတစ်ခုနှင့် တစ်ခုအကြားတွင် အမြင့်ဆုံးအာဏာပိုင် အဖွဲ့ဖြစ်သည်။
(ခ) ဗဟိုကော်မတီအား ပါတီညီလာခံမှ ရွေးကောက်တင်မြှောက်လိုက်သော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရ မည်။
(ဂ) ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဗဟိုကော်မတီဝင်များထဲမှ ရွေးချယ်ဖွဲ့စည်းရမည်။
(ဃ) ဗဟိုကော်မတီသည် ပါတီညီလာခံမှ ချမှတ်သော လမ်းစဉ်၊ လုပ်ငန်းစဉ်နှင့် ဆုံးဖြတ်ချက်များကို
တာဝန်ခံအကောင်အထည်ဖေါ် ဆောင်ရွက်ရမည်။
(င) ပါတီဗဟိုကော်မတီ အစည်းအဝေးကို (၆)လလျှင်တစ်ကြိမ်ခေါ်ယူရမည်။
(စ) ပါတီ၏ မူဝါဒများ၊ နိုင်ငံရေးလုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်း နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း များကို
ရေးဆွဲရန် ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ပါက ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးက
ရေးဆွဲပြင်ဆင် ဖြည့်စွက်နိုင်သည်။ ယင်းရေးဆွဲချက်၊ ပြင်ဆင်ဖြည့်စွက်ချက်များကို အနီးကပ်ဆုံး
ပါတီညီလာခံသို့ တင်သွင်းအတည်ပြုချက်ရယူရမည်။

အခန်း (၈)
၂၀။ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ
(က) နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံမှ ရွေးကောက်တင်မြှောက်လိုက်သော ဗဟိုကော်မတီဝင်များထဲမှ
ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များအား ဗဟိုကော်မတီမျက်နှာစုံညီ အစည်းအဝေးတွင် ရွေးချယ်
တာဝန်ပေးရမည်။
(ခ) ဗဟိုအလုပ်အမှုဆောင် ကော်မတီသည် ဗဟိုကော်မတီအစည်းအဝေးမှ အပ်နှင်းသော အခွင့်
အာဏာများနှင့် ပါတီ၏လုပ်ငန်းများကို ဦးစီးအကောင်အထည် ဖော်ရမည်။
(ဂ) ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကို (၃) လတစ်ကြိမ် ပုံမှန်ကျင်းပရမည်။

၂၁။ ဥက္ကဌ
(က) ဥက္ကဌသည် ပါတီ၏ အမြင့်ဆုံးနှင့် တာဝန်အရှိဆုံး ခေါင်းဆောင်ဖြစ်သည်။
(ခ) ဗဟိုကော်မတီ နှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ လုပ်ငန်းများအား တာဝန်ယူဦးစီးကွပ်ကဲ ရမည်။
(ဂ) ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၊ နိင
ုငံရေးလမ်းစဉ်နှင့် လုပ်ငန်းစဉ်များအား ထိန်းသိမ်းပေးရမည်။
(ဃ) ဗဟိုကော်မတီ အစည်းအဝေးနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးတို့တွင်
သဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်ရမည်။

၂၂။ ဒုတိယဥက္ကဌ
(က) ဒု-ဥက္ကဌသည် ပါတီ၏ ဒုတိယအဆင့်အမြင့်ဆုံးနှင့် ဒုတိယတာဝန်အရှိဆုံး ခေါင်းဆောင်ဖြစ်သည်။
(ခ) အကြောင်းအမျိုးမျိုးကြောင့် ဥက္ကဌသည် လုပ်ငန်းတာဝန်များကို မထမ်းဆောင်နိုင်သည့် ကာလများ တွင်
ဒု-ဥက္ကဌသည် ဥက္ကဌတာဝန်များကို ထမ်းဆောင်ရမည်။
(ဂ) ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ နိုင်ငံရေးလုပ်ငန်းများနှင့် ဘဏ္ဍာရေးသုံးစွဲမှုကို ဒု-ဥက္ကဌသည်
ဥက္ကဌနှင့် ညှိနှိုင်း ရမည်။

၂၃။ အထွေထွေအတွင်းရေးမှူး
(က) အထွေထွေအတွင်းရေးမှူးသည် ပါတီတစ်ရပ်လုံး၏ လုပ်ငန်းများ ပုံမှန်လည်ပတ်နေရေးအတွက်
အနီးကပ်ကြီးကြပ်စီစဉ်ဆောင်ရွက်ရမည်။
(ခ) အထွေထွေအတွင်းရေးမှူးသည် ဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီတို့၏
ဆုံးဖြတ်ချက်၊ လုပ်ငန်းလမ်းညွှန်တို့ ကို ထုတ်ပြန်ရမည်။
(ဂ) ဥက္ကဌ၏ ညွှန်ကြားချက်ဖြင့် အထွေထွေအတွင်းရေးမှူးးသည် ဗဟိုအလုပ်မှုဆောင် ကော်မတီ်
အစည်းအဝေးကို ခေါ်ယူရမည်။
(ယ) ဗဟိုကော်မတီအစည်းအဝေးနှင့်ဗဟိုအလုပ်မှုဆောင်ကော်မတီအစည်းအဝေးတို့တွင် အထွေထွေ
အတွင်းရေးမှုးသည် အကျိုးဆောင်အဖြစ် ဆောင်ရွက်ရမည်။
၂၄။ တွဲဘက်အထွေထွေအတွင်းရေးမှုး
(က) တွဲဘက်အထွေထွေအတွင်းရေးမှုးသည် အကြောင်းအမျိုးကြောင့် အထွေထွေအတွင်းရေးမှုးတာဝန်
ပေးပါကပါတီ၏လုပ်ငန်းစဉ်များ ဖော်ဆောင်ရေးတွင်ကူညီဆောင်ရွက်ရမည်။
(ခ) အကြောင်းအမျိုးမျိုးကြောင့် အထွေထွေအတွင်းရေးမှုးသည် လုပ်ငန်းတာဝန်များ မထမ်းဆောင်နိုင်
သည့်ကာလာများတွင် အထွေထွေအတွင်းရေးမှုး တာဝန်ကို ထမ်းဆောင်ရမည်။

၂၅။ ဗဟိုလုပ်ငန်းကော်မတီများ
(က) ဗဟိုကော်မတီသည် ပါတိ၏လုပ်ငန်းများ ချောမွေ့စွာလည်ပတ်နိုင်ရေးအတွက် ဗဟိုလုပ်ငန်း ကော်မ
တီများကို လိုအပ်သလိုဖွဲ့စည်းရမည်။ လုပ်ငန်းကော်မတီ တစ်ခုခြင်းကို ဗဟိုအလုပ်မှုဆောင်
ကော်မတီဝင် တစ်ဦးစီက ဦးဆောင်ရမည်။
(ခ) ဗဟိုကော်မတီသည် လုပ်ငန်းလိုအပ်ချက်အရ အောက်ပါ ဗဟိုလုပ်ငန်းကော်မတီများအတွက်၊
ပါတီဝင်များအတွင်းမှ သင့်တော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ပြီး၊ အဖွဲ့ဝင်အဖြစ် တာဝန်ပေး ရမည်။

၁။ အုပ်ချုပ်ရေးကော်မတီ
၂။ သတင်းနှင့်ပြန်ကြားရေးကော်မတီ
၃။ ဥပဒေရေးရာကော်မတီ
၎။ အမတ်လောင်းများရွေးချယ်ရေးကော်မတီ

အခန်း(၉)
၂၆။ ယူဒီပီ၏အလံအောက်တွင် အမျိုးသမီးအဖွဲ့ကိုလည်း၊ ပါတီအဆင့်ဆင့်-ကျေးရွာ/ရပ်ကွက်၊ မြို့နယ်၊
တိုင်း/ပြည်နယ်၊ဗဟိုဌာနချုပ် အလုပ်မှုဆောင်အဖွဲ့များကို ဖွဲ့စည်းသကဲ့သို့၊ အလားတူဖွဲ့စည်း ရမည်။

၂၇။ ယူဒီပီ၏ အလံတော်အောက်တွင် လူငယ်အဖွဲ့ကိုလည်း၊ ပါတီအဆင့်ဆင့် ကျေးရွာ/ရပ်ကွက်၊ မြို့နယ်၊


တိုင်း/ပြည်နယ်၊ ဗဟိုဌာနချုပ် အလုပ်မှုဆောင်အဖွဲ့များကို ဖွဲ့စည်းသကဲ့သို့ အလားတူဖွဲ့စည်း ရမည်။

၂၈။ ပါတီ၊အမျိုးသမီး၊လူငယ်အဖွဲ့အစည်းများတွင်
အထက်အောက်ဆက်စပ်မှုနှင့်ပါတီ၊အမျိုးသမီးလူငယ်အဖွဲ့များဆက်စပ်မှုရှိစေရန် အမှုဆောင်အဖွဲ့ကို
အောက်ပါအတိုင်းဖွဲ့စည်းရမည်။
(က) ပါတီဌာနချုပ်အမှုဆောင်အဖွဲ့ (Central Executive Committee)
ပါတီဌာနချုပ်အမှုဆောင်အဖွဲ့တွင် ၊ ဌာနချုပ်အလုပ်အမှုဆောင်အဖွဲ့ (Central Executive Working
Committee) + တိုင်း/ပြည်နယ်ပါတီဥက္ကဌများ + အမျိုးသမီးဌာနချုပ်ဥက္ကဌ + လူငယ်ဌာနချုပ်ဥက္ကဌ။
(ခ) တိုင်း/ပြည်နယ်အမှုဆောင်အဖွဲ့
တိုင်း/ပြည်နယ်ပါတီအမှုဆောင်အဖွဲ့တွင် တိုင်း/ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ + အမျိုးသမီး
တိုင်း/ပြည်နယ် ဥက္ကဌ+ မြို့နယ်ပါတီဥက္ကဌများ + လူငယ် တိုင်း/ပြည်နယ်ဥက္ကဌ။
(ဂ) မြို့နယ်ပါတီအမှုဆောင်အဖွဲ့
မြို့နယ်ပါတီအမှုဆောင်အဖွဲ့တွင် မြို့နယ်ပါတီ အလုပ်အမှုဆောင်အဖွဲ့ + ကျေးရွာ/ရပ်ကွက်ပါတီ
ဥက္ကဌများ + အမျိုးသမီးမြို့နယ်ဥက္ကဌ + လူငယ်မြို့နယ်ဥက္ကဌ။
(ဃ) ကျေးရွာ/ရပ်ကွက်ပါတီအမှုဆောင်အဖွဲ့
ကျေးရွာ/ရပ်ကွက်ပါတီအမှုဆောင်အဖွဲ့တွင် ကျေးရွာ/ရပ်ကွက်ပါတီ အလုပ်အမှုဆောင်အဖွဲ့ +
အမျိုးသမီးကျေးရွာ/ ရပ်ကွက်ဥက္ကဌ + လူငယ်ကျေးရွာ/ရပ်ကွက်ဥက္ကဌ

၂၉။ အမျိုးသမီးဌာနချုပ်အမှုဆောင်အဖွဲ့
(က) အမျိုးသမီးဌာနချုပ်အမှုဆောင်အဖွဲ့တွင် အမျိုးသမီးဌာနချုပ် အလုပ်အမှုဆောင်အဖွဲ့ +
အမျိုးသမီးတိုင်းပြည်နယ်ဥက္ကဌများ။
(ခ) အမျိုးသမီးတိုင်း/ပြည်နယ် အမှုဆောင်အဖွဲ့တွင် အမျိုးသမီးတိုင်း/ပြည်နယ် အလုပ်အမှုဆောင် အဖွဲ့+
အမျိုးသမီးမြို့နယ်ဥက္ကဌများ။
(ဂ) အမျိုးသမီးမြို့နယ်အမှုဆောင်အဖွဲ့တွင် အမျိုးသမီးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့+အမျိုးသမီး
ကျေးရွာ/ရပ်ကွက်ဥက္ကဌများ။

၃၀။ လူငယ်ဌာနချုပ်အမှုဆောင်အဖွဲ့
(က) လူငယ်ဌာနချုပ်အမှုဆောင်အဖွဲ့တွင် လူငယ်ဌာနချုပ် အလုပ်အမှုဆောင်အဖွဲ့ + တိုင်း/ပြည်နယ်
လူငယ်ဥက္ကဌများ။
(ခ) လူငယ်တိုင်း/ပြည်နယ် အမှုဆောင်အဖွဲ့တွင် လူငယ်တိုင်း/ပြည်နယ် အလုပ်အမှုဆောင်အဖွဲ့+
မြို့နယ်လူငယ်ဥက္ကဌများ။
(ဂ) လူငယ်မြို့နယ်အမှုဆောင်အဖွဲ့တွင် လူငယ်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့+ ကျေးရွာ/ရပ်ကွက်
လူငယ်ဥက္ကဌများ။

အခန်း(၁၀)
၃၁။ အရေးယူခြင်း
(က) ပါတီဝင်တိုင်းသည် ပါတီ၏ စည်းမျဉ်းစည်းကမ်း ဥပဒေ၊ နည်းဥပဒေများကို လိုက်နာရန် ပျက်ကွက် ပါက
သတိပေးခြင်း၊ ပါတီတာဝန်မှ ရပ်ဆိုင်းခြင်း အပါအ၀င် ပါတီဝင်အဖြစ်မှ ရပ်ဆိုင်း ၊ ထုတ်ပယ် ခြင်း အထိ
ပါတီမှ အရေးယူဆောင်ရွက်ရမည်။
(ခ) ပါတီဝင်များသည် စည်းမျဉ်းစည်းကမ်း ချိုးဖေါက်ခြင်းကို သင့်တော်သည့် အဖွဲ့ဝင်ဦးရေအား
ကော်မတီက သတ်မှတ်ပြီး ခုံအဖွဲ့ဖြင့် စနစ်တကျ စစ်ဆေးမည်။
(ဂ) အရေးယူအပြစ်ပေးခံရသူသည် ပါတီဗဟိုကော်မတီထံ အယူခံတင်သွင်းနိုင်သည်။
အခန်း (၁၁)
၃၂။ ပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဥပဒေပြင်ဆင်ခြင်း။
(က) ပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဥပဒေကို ပြင်ဆင်ဖြည့်စွက်၊ ပြောင်းလဲ ၊ အသစ်အစားထိုးရန်
လိုအပ်ပါက နိုင်ငံလုံးဆိုင်ရာပါတီညီလာခံတွင် တင်ပြပြီး အတည်ပြုချက် ရယူရမည်။
(ခ) နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံသို့ တက်ရောက်သည့် ကိုယ်စားလှယ် (၇၅%) ၏ သဘောတူညီ
ချက်ရမှသာ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းဥပဒေပြင်ဆင်ဖြည့်စွက်၊ ပြောင်းလဲ၊ အစားထိုးခြင်းတို့ကို
အတည်ပြုရမည်။

အခန်း (၁၂)
၂၃။ အထွေထွေ
(က) ဗဟိုကော်မတီသည် စာရင်းစစ်အဖွဲ့တစ်စုအား တစ်နှစ်တစ်ကြိမ် (သို့) လိုအပ်သည့်အခါ
အကူအညီတောင်းခံ၍ စာရင်းစစ်ဆေးရမည်။ ထိုကဲ့သို့ ဆောင်ရွက်ရန် ပါတီအထွေထွေ
အတွင်းရေးမှူးချုပ် (သို့) တွဲဘက် အထွေထွေ အတွင်းရေးမှူး တို့မှ အကူအညီတောင်းခံ၍
စာရင်းစစ်ရမည်။
(ခ) ဗဟိုကော်မတီသည် လူထုလူတန်းစားအလွှာအသီးသီးအလိုက် အသက်မွေးဝမ်းကြောင်းမှုလုပ်ငန်းများ
အလိုက် စည်းရုံးဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ၊ ရေးရာ ကော်မတီများကို ဖွဲ့စည်းရမည်။
(ဂ) ဗဟိုကော်မတီသည် မြန်မာ့အရေးအခင်းတွင် နှစ်ရှည်လများ ပါဝင်ဆောင်ရွက်ခဲ့သည့် အများလေးစားမှု
ခံရသည့် ပုဂ္ဂိုလ်များဖြင့် ဂုဏ်ထူးဆောင် အကြံပေးကော်မတီကို ဖွဲ့စည်းရမည်။
(ဃ) ပါတီ၏ ဘဏ္ဍာရေးရန်ပုံငွေများကို အောက်ပါနည်းလမ်းမှ ရယူနိုင်သည်။
၁။ အဖွဲ့အစည်းများမှ တိုက်ရိုက်ထည့်ဝင်ငွေများ၊
၂။ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကူညီငွေများ၊
၃။ စေတနာရှင်များမှ ထည့်ဝင်ငွေများ။
(င) ပါတီဝင်တိုင်းသည် ပြင်ပမှလှူဒါန်းသော ငွေကြေးကို ဘဏ္ဍာရေးမှူးထံ အမြန်ဆုံးပေးအပ်ရမည်။

ဗဟိုအလုပ်မှုဆောင်ကော်မတီ
ညီညွတ်သောဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)

P.O.Box 2319, Main Station, Vancouver, British Columbia, V6B 3W5, Canada
Tel: 604-580-1298, Fax: 604-639-3102 Email:uniteddemocraticparty@gmail.com

You might also like