You are on page 1of 12

ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်)

UNITED DEMOCRATIC PARTY (MYANMAR)

ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်) – UDP ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း

နိဒါန်း
၁။ မြန်မာနိုင်ငံသည် နှစ်ပေါင်း (၁၀၀)ကျော် နယ်ချဲ့လက်အောက် ကိုလိုနီဘ၀ဖြင့်
နေခဲ့ရသည့် ဒဏ်ရာဒဏ်ချက်အဖြစ် တိုင်းရင်းသားအချင်းချင်း စည်းလုံးမှု ပြိုကွဲခဲ့ရခြင်း ဆိုးမွေကို
လွတ်လပ်ရေး ရာစုတ၀က်ကျော်လာသည့်တိုင် ရိုက်ခတ်ခံရဆဲဖြစ်သည်။ တဆက်တည်းတွင်
၁၉၆၀ ပြည့်လွန်ကာလများမှစ၍ (၂၆)နှစ်ကြာ ဆိုရှယ်လစ်စီမံကိန်း စီးပွားရေးစနစ်ချမှတ်
ကျင့်သုံးခဲ့ပြန်သဖြင့် နိုင်ငံခေတ်မှီ ဖွံ့ဖြိုးရေးတွင် အိမ်နီးချင်းနိုင်ငံများထက် များစွာနောက်ကျ
ကျန်ရစ်ခဲ့ပြန်ပါသည်။ အမျိုးသားချင်း စည်းလုံးညီညွတ်မှု မရှိခြင်းကြောင့် နွားကွဲလျှင် ကျားဆွဲ
သည် ဆိုသကဲ့သို့ ပြည်ပနိုင်ငံကြီး အချို့၏ စီးပွားရေး ပိတ်ဆို့မှုကိုလည်း တိုးတက်ရာ တိုးတက်
ကြောင်း အရင်းအမြစ် လုပ်ဆောင်မှု အားလုံးသည် အိပ်ပေါက်နှင့် ဖါးကောင်သလို ဖြစ်နေရသည်
ကို တွေ့မြင်သုံးသပ်နိုင်ပါသည်။

၂။ စည်းလုံးမှုပြိုကွဲခဲ့ရခြင်း ညီညွတ်မှုကင်းမဲ့ခြင်း ပြည်ပနိုင်ငံကြီး အချို့၏ စီးပွားရေး


ပိတ်ဆို့ခြင်းတို့ကြောင့် ဆက်စပ်ဖြစ်ပေါ်လာသည့် နိုင်ငံရေး လှိုင်းဂရက်တို့က အုပ်ချုပ်ရေး
စီးပွားရေး မတည်မငြိမ် ဖြစ်လာစေသည်။ အကျယ်ပြောရလျှင် ဈေးကွက်စီးပွားရေး အမှန်တကယ်
ပုံဆောင်သော ပုဂ္ဂလိကကဏ္ဍတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေး အရှိန်အဟုန်
နှေးကွေးနေခြင်း၊ ယင်း၏ အကျိုးဆက်အဖြစ် နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်း (State-owned
Enterprises) များကြီးမားစွာ ထူထောင်လာရပြီး အသုံးစရိတ်ကြီးမား အရှုံးပေါ်နေမှု၊ မျိုးဆက်သစ်
လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးပြီး ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်ရှာ
ကြရမှု၊ အများပြည်သူအတွက် ၀န်ဆောင်ပေးရမည့် အခြေခံပညာရေး၊ ကျန်းမာရေးနှင့် လူမူ
ဝန်ဆောင်ရေးကဏ္ဍ သုံးငွေတွေ လျော့ကျလာမှု၊ အကျင့်ပျက် လာဘ်စားသူကင်းပြီး ထူးချွန်
ထက်မြက်သည့် နိုင်ငံဝန်ထမ်းများ လေ့ကျင့်ပျိုးထောင်ပေးရန် အရင်းအမြစ် မလုံလောက်မှုတွေ
ဖြစ်ပေါ်စေပြီး အိမ်နီးချင်းနိုင်ငံများလောက် လူမှုဘ၀ မြင့်တက်မလာနိုင်သေးပါ။

၃။ ယနေ့ လက်ရှိအခြေအနေကို သုံးသပ်ပါက တိုင်းရင်းသား လူမျိုးစုများ တပ်မတော်သား


အစိုးရ၀န်ထမ်း နိုင်ငံရေးအဖွဲ့အစည်း ကျောင်းသား သံဃာ လုပ်သား ပြည်သူအားလုံး၏
ဦးတည်ချက် ရည်မှန်းချက်မှာ ပြည်ထောင်စု တိုင်းရင်းသားအားလုံး အတူတကွ လူမှုရေးအရ
လုံခြုံမှုရှိပြီး သဟဇာတညီညွတ်စေမှု၊ ပြည်သူလူထုအဖြစ်ကို မျက်ခြေမပြတ် လေ့လာလျက်
လိုအပ်ချက်ကို ဖြည့်ဆည်းပေးမှု (Globalization) ကမ္ဘာလွှမ်းခြုံဖြန့်ကျက်လာမှုနှင့် သဟဇာတ
ဖြစ်အောင် အနောက်တိုင်း စနစ်များကို လက်ခံကျင့်သုံးမှုနှင့် မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာကို
ပေါင်းစပ်ကျင့်သုံးမှုတို့အပေါ်တွင် တညီတညွတ်တည်း တူညီမှု ရှိနေကြပါသည်။ ညီညွတ်စွာ
ပူးပေါင်းလုပ်ဆောင်ကြဖို့ လိုပါသည်။

၎။ မွန်မြတ်ပြီး မရှိမဖြစ်သည့် အထက်ပါ လိုအပ်ချက်ကြီးများကို ဖြည့်ဆည်းအကောင်အထည်


ဖော်ရေးအတွက် လှည်းနေလှေအောင်း မြင်းစောင်းမကျန် ရဟန်းရှင်လူ မိဘပြည်သူ တိုင်းရင်းသား
လူမျိုးစုများ တပ်မတော်သားများ လူမှုရေးအသင်းအဖွဲ့များ နိုင်ငံ့ဝန်ထမ်းများ အသိပညာရှင်
အတတ်ပညာရှင် အတွေ့အကြုံ ကြီးရင့်သူများ နိုင်ငံရေး အဖွဲ့အစည်း ကျောင်းသား သံဃာ
လုပ်သား ပြည်သူ လူထုလူတန်းစားအားလုံးနှင့်အတူ တခဲနက် လက်တွဲပါဝင် ဆောင်ရွက် ရန်
အလို့ငှာ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ) – United Democratic Party of
Myanmar (UDP) ကိုအောက်ဖော်ပြပါ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းများဖြင့် ဖွဲ့စည်း တည်ထောင်
လိုက်ပါသည်။

အခန်း (၁)
အမည်နှင့်အဓိပ္ပါယ်ဖွင့်ဆိုချက်
၅။ အမည်
ဤအဖွဲ့အစည်းအမည်ကို မြန်မာဘာသာဖြင့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ
(မြန်မာပြည်) ဟုခေါ်တွင်စေရမည်။ အင်္ဂလိပ်ဘာသာဖြင့် (United Democratic Party of
Myanmar) အတိုကောက် (UDP) ဟုခေါ်တွင်စေရမည်။

၆။ သင်္ကေတအမှတ်အသား
ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ သင်္ကေတ အမှတ်အသားမှာ နှင်းဆီနီ ဖြစ်ပါသည်။
နှင်းဆီနီကို လူတိုင်းနှစ်သက် မြတ်နိုးပြီး၊ တန်ဘိုးရှိသည့် အရာဟု လက်ခံကြပါသည်။ နှင်းဆီနီ
ကဲ့သို့ပင် ညီညွတ်သော ဒီမိုကရက်တစ် ပါတီအား မြန်မာပြည်သူအားလုံးအတွက် ညီညွတ်ရေး၊
တန်းတူညီမျှရေး၊ တရားမျှတရေးနှင့် ဒီမိုကရက်တစ်အရေးတို့ကို ဦးတည်ကြိုးပမ်းသည့် ပါတီ
အဖြစ် ပြည်သူအားလုံးက လက်ခံယုံကြည် အားကိုးရသည့် ပါတီအဖြစ် ရပ်တည်သွားမည်ဟု
အဓိပ္ပါယ်ဖော်ဆောင်ပါသည်။
၇။ အလံ
အလံ၏ အရွယ်အစားသည် အလျား (၄)ပေ၊ အနံ(၃)ပေဖြစ်ပြီး အနံတစ်ပေစီကို
အပြာရောင် အဖြူရောင်နှင့် အနီရောင် သုံးခုအချိုးညီညီနှင့် ပေါင်းစပ်ထားပါသည်။
အလံ၏ အလယ်တည့်တည့်တွင် စတုရန်းတစ်ပေပတ်လည် အရွယ်ရှိသည့် ရွှေဝါရောင်
ဂျိုးငှက်သည် သံလွင်ရွက် သစ်စိမ်းကိုင်းကို နှုတ်သီးနှင့်ချီပြီး အပြာအ၀ါအနီမျဉ်းပြိုင်သုံးကြောင်း
ပေါ်ကနေ ပျံသန်းနေပုံ ဖြစ်ပါသည်။
ယူဒီပီသည် မြန်မာပြည်အတွက် ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက် တည်ငြိမ်ရေးနှင့် တန်းတူ
ညီမျှရေးကို ဦးတည်ဆောင်ရွက်သည့် ပါတီဖြစ်၍ ပါတီ၏ အရောင်သုံးခုကိုလည်း အထက်ပါ
အနက်အဓိပ္ပါယ်ကို ရည်ညွှန်းရွေးချယ်ထားပါသည်။ လူမှုရေး တရားမျှတမှုကို ကိုယ်စားပြုနေ
ပါသည်။
အ၀ါရောင် ဂျိုးငှက်နှင့် သံလွင်ခက်မှာ တိုးတက်သည့် ရွှေမြန်မာပြည်အတွက် ငြိမ်းချမ်းရေး
ကို သယ်ဆောင်ပေးမည့် အဓိပ္ပါယ်ကိုဆောင်ပြီး ရောင်စုံမျဉ်းပြိုင်သုံးကြောင်းကမူ တိုင်းရင်းသား
ပေါင်းစုံ တန်းတူညီမျှရေးကို ကိုယ်စားပြုခြင်း ဖြစ်ပါသည်။
ငြိမ်းချမ်းရေး၊ ကြီးပွားတိုးတက်ရေးနှင့် တန်းတူညီမျှရေးတို့သည် ယူဒီပီ၏ အခြေခံ
စံတန်ဘိုးတွေ ဖြစ်ပါသည်။

အခန်း (၂)
၈။ ရည်ရွယ်ချက်
(က) ဒီမိုကရေစီရေး၊ လွတ်လပ်ရေး၊ တန်းတူညီမျှရေးနှင့် လူ့အခွင့်အရေးတို့ မြန်မာနိုင်ငံတွင်
ထွန်းကားလာ စေရန်။
(ခ) မြန်မာပြည်သူအားလုံး၏ လှုပ်ရှားမှု ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်ရန်။
(ဂ) ပါတီဝင်အသစ်များ တိုးပွားလာရေးအတွက် ဆောင်ရွက်ရန်။
(ဃ) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ အဓိကလုပ်ငန်းများ အကောင်အထည်ဖော်ရေး
အတွက် လိုအပ်သော ရန်ပုံငွေများ ရရှိရေးကို ဆောင်ရွက်ရန်။
(င) ဒီမိုကရက်တစ် ပြည်ထောင်စု မြန်မာနိုင်ငံတည်ဆောက်ရန်။
(စ) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ ပါတီအဆင့်အားလုံးတွင် တိုင်းရင်းသားများ၊
အမျိုးသား၊ အမျိုးသမီးများ တန်းတူပါဝင်မှု ရရှိရေးကို ဆောင်ရွက်ရန်။
(ဇ) မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်သူ၊ လူမျိုးစုများ အချင်းချင်းလေးစားမှု၊ ယုံကြည်မှုနှင့်
ပူးပေါင်းဆောင်ရွက် မှုများ အားကောင်းလာရေးကို ဆောင်ရွက်ရန်။

အခန်း (၃)
၉။ ပါတီဌာနချုပ်တည်နေရာ။
ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ ဌာနချုပ်တည်နေရာသည် မြန်မာနိုင်ငံ၏ အချက်
အချာ ကျသော ရန်ကုန်မြို့၌သာ တည်ရှိရမည်။

၁၀။ ပါတီ၏ စည်းရုံးရေးနယ်နိမိတ်


ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ စည်းရုံးရေးနယ်နမိတ်သည် မြန်မာနိုင်ငံ၏ ပထ၀ီ
အနေအထားအရ သတ်မှတ်ထားသော နယ်နိမိတ်အတိုင်းဖြစ်သည်။

အခန်း (၄)
ပါတီဝင်ခွင့်လျှောက်ထားခြင်း
၁၁။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီသို့ ၀င်ရောက်လိုသူများသည်
(က) အစိုးရ၀န်ထမ်း၊ သာသနာ့ဝန်ထမ်း၊ ရူးသွပ်သူများမှအပ၊ အသက် (၁၈)နှစ်ပြည့်သူ၊
ပြည်ထောင်စုသူ၊ ပြည်ထောင်စုသားတိုင်း ပါတီဝင်အဖြစ် လျှောက်ထားနိုင်သည်။
(ခ) ပါတီဝင်လျှောက်ထားသူသည် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ အခြေခံစည်းမျဉ်း၊
မူဝါဒနှင့် လုပ်ငန်းစဉ်များကို လက်ခယ
ုံကြည်သူ ဖြစ်ရမည်။
(ဂ) အခြားသော မြန်မာနိုင်ငံအတွက် ဖွဲ့စည်းထားသည့် ပါတီဝင်မဟုတ်သူ ဖြစ်ရမည်။
(ဃ) အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်။

(၁၁-၁) ပါတီဝင်မိတ်ဆွေများအဖြစ် အောက်ပါအချက်များနှင့် ပြည့်စုံသူများကို လက်ခံရန်


သတ်မှတ်သည်။
(က) မြန်မာနိုင်ငံအရေးအခင်းများတွင် စိတ်ပါဝင်စားမှုရှိပြီး၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ
လုပ်ငန်းများတွင် အချိန်ပိုင်းပါဝင် ဆောင်ရွက်လိုသူ ဖြစ်ရမည်။
(ခ) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ လုပ်ငန်းများတွင် အကြံဥာဏ်အားဖြင့်လည်းကောင်း၊
ငွေအားဖြင့်လည်းကောင်း၊ ရံဖန်ရံခါ စာတမ်းများရေးခြင်း၊ အကြံပြုချက်များပေးခြင်းဖြင့်
လည်းကောင်း၊ ပါဝင်လိုသူဖြစ်ရပါမည်။
(၁၁-၂) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ ပါတီဝင်အဖြစ် လျှောက်ထားသူသည် အောက်တွင်
ဖော်ပြပါအချက်များနှင့်အတူ မိမိနေထိုင်ရာ မြို့နယ်ဒေသရှိ ယူဒီပီတာဝန်ခံမှတဆင့် လမ်းစဉ်
အတိုင်း လျှောက်ထားရမည်။
(က) ယူဒီပီ၏ သက်မှတ်ထားသည့် လျှောက်လွှာပုံစုံကို ဖြည့်သွင်းခြင်း၊
(ခ) ယူဒီပီ၏ လက်ရှိပါတီဝင်တစ်ဦး၏ ထောက်ခံချက်ရယူခြင်း၊
(ဂ) ပါတီဝင်များ၏ သစ္စာအဓိဌာန်ကို ဖတ်ရှုလက်မှတ်ထိုးခြင်း၊

(၁၁-၃) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ပါတီဝင်များ၏ သစ္စာအဓိဌာန်


၁။ ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် တိုင်းရင်းသား လုပ်သားပြည်သူများအပေါ် သစ္စာရှိ
ပါမည်။
၂။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီဝင်များ အချင်းချင်း သစ္စာရှိပါမည်။
၃။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ စည်းမျဉ်းများကို လေးစား
လိုက်နာပါမည်။
၎။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ပါမည်။
၅။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်သူများ၏ အကျိုးစီးပွားကို
အစဉ်အမြဲ ကာကွယ်စောင့်ရှောက် ပါမည်။

အခန်း (၅)
ပါတီဝင်များ လိုက်နာရမည့်စည်းကမ်းချက်များ
၁၂။ ညီညြတေ
် သာ ဒီမိုကရက်တစ်ပါတီ၏ ပါတီဝင်များတွက် အောက်ပါစည်းကမ်းချက်များကို
ပြဌာန်းပါသည်။
(က) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ ပါတီဝင်များသည် ဤပါတီ၏ ဖွဲ့စည်းပုံ
အခြေခံစည်းမျဉ်းဥပဒေတွင် ဖော်ပြထားသည့် ရည်ရွယ်ချက်၊ မူဝါဒလမ်းစဉ်၊
ဆုံးဖြတ်ချက်နှင့် စည်းကမ်းများကို လိုက်နာရမည်။
(ခ) ၀ါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲကင်းရမည်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်တိုက်ခတ်မှုများကို
ရှောင်ရမည်။
(ဂ) ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ သတ်မှတ်ပြဌာန်းသည့် ပါတီဝင်ကြေးကို
ပေးဆောင်ရမည်။
(ဃ) အကျင့်စာရိတ္တ ပျက်ပြားမှုများ၊ ကိုယ်ကျိုးရှာမှုများနှင့် တကိုယ်ကောင်းဆန်မှုများ
ကို ရှောင်ရမည်။
(င) ပါတီဝင်များ လိုက်နာရမည့် အချက်များကို ပါတီညီလာခံနှင့် ပါတီအလုပ်အမှု
ဆောင်အဖွဲ့မှ လိုအပ်သလို သတ်မှတ်မည်။
အခန်း (၆)
ဖွဲ့စည်းပုံ
၁၃။ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ ဖွဲ့စည်းပုံ အဆင့်ဆင့်ကို အောက်ပါအတိုင်း
သတ်မှတ်သည်။
(က) အခြေခံပါတီ (ကျေးရွာ သို့မဟုတ် ရပ်ကွက်)
(ခ) မြို့နယ်ပါတီ
(ဂ) တိုင်းပါတီ
(ဃ) ဗဟိုကော်မတီ
(င) ဗဟိုပါတီဌာနချုပ်
(စ) နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ

အခန်း (၆)
အလုပ်အမှုဆောင်အဖွဲ့များ
၁၄။ ကျေးရွာအခြေခံပါတီ၊ ရပ်ကွက်ပါတီ၊ အလုပ်အမှုဆောင်အဖွဲ့ကို အောက်ပါအတိုင်း
ဖွဲ့စည်းနိုင်သည်။
၁။ ဥက္ကဌ
၂။ ဒု-ဥက္ကဌ
၃။ အတွင်းရေးမှူး
၎။ တွဲဘက်အတွင်းရေးမှူး
၅။ ဘဏ္ဍာရေးမှူးနှင့်
၆။ အမှုဆောင် (၆)ဦး

၁၅။ မြို့နယ်ပါတီ
မြို့နယ်ပါတီ အလုပ်အမှုဆောင်အဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းနိုင်သည်။
၁။ ဥက္ကဌ
၂။ ဒု-ဥက္ကဌ
၃။ အတွင်းရေးမှူး
၎။ တွဲဘက်အတွင်းရေးမှူး
၅။ ဘဏ္ဍာရေးမှူးနှင့်
၆။ အမှုဆောင် (၈)ဦး

၁၆။ တိုင်း သို့မဟုတ် ပြည်နယ်ပါတီ


တိုင်း သို့မဟုတ် ပြည်နယ်ပါတီ အလုပ်အမှုဆောင်အဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းနိုင်
သည်။
၁။ ဥက္ကဌ
၂။ ဒု-ဥက္ကဌ
၃။ အတွင်းရေးမှူး
၎။ တွဲဘက်အတွင်းရေးမှူး
၅။ ဘဏ္ဍာရေးမှူးနှင့်
၆။ အမှုဆောင် (၁၀)ဦး

၁၇။ ပါတီဌာနချုပ်
ပါတီဌာနချုပ် အလုပ်အမှုဆောင်အဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းနိုင်သည်။
၁။ ဥက္ကဌ
၂။ ဒု-ဥက္ကဌ
၃။ အတွင်းရေးမှူး
၎။ အထွေထွေအတွင်းရေးမှူးချုပ်
၅။ တွဲဘက်အထွေထွေအတွင်းရေးမှူးချုပ်
၆။ ဘဏ္ဍာရေးမှူးနှင့်
၇။ အမှုဆောင် (၁၁)ဦး

၁၈။ ညီလာခံကိုယ်စားလှယ်
(က) အခြေခံပါတီတွင် ပါတီဝင် (၂၅)ဦးမှ (၁၅၀)ထိရှိလျှင် မြို့နယ်ညီလာခံသို့ ညီလာခံ
ကိုယ်စားလှယ်(၅)ဦး၊ အကယ်၍ (၁၅၀) ထက်ပိုလျှင် အပို(၅၀)ပြည့်တိုင်း၊ နောက်ထပ်
ညီလာခံကိုယ်စားလှယ် (၁)ဦးကျ ထပ်မံရွေးခွင့်ရှိသည်။
(ခ) မြို့နယ်ပါတီတွင် ပါတီဝင် (၅၀၀) မှ (၁၀၀၀) ထိရှိလျှင်၊ တိုင်း/ပြည်နယ် ညီလာခံ
ကိုယ်စားလှယ် (၁၀)ဦး၊ အကယ်၍ (၁၀၀၀) ထက်ပိုလျှင်၊ အပို (၅၀၀)တိုးတိုင်း၊
ကိုယ်စားလှယ် (၁)ဦးကျ ထပ်မံရွေးခွင့် ရှိသည်။
(ဂ) တိုင်း/ပြည်နယ်ပါတီတွင် ပါတီဝင် (၅၀၀)မှ (၁၀၀၀)ထိရှိလျှင် နိုင်ငံလုံးဆိုင်ရာညီလာခံ
ကိုယ်စားလှယ် (၅)ဦး၊ အကယ်၍ (၁၀၀၀) ထက်ပိုလျှင် အပို (၁၀၀၀)အတွက်
ကိုယ်စားလှယ် (၅)ဦးကျ ထပ်မံရွေးခွင့်ရှိသည်။

၁၉။ ဒီမိုကရေစီစနစ်အရ ရွေးကောက်တင်မြှောက်ခြင်း။


ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၏ အဆင့်ဆင့် အလုပ်အမှုဆောင်အဖွဲ့ကို ဒီမိုကရေစီ
စနစ်အရ ရွေးကောက်တင်မြှောက်ရမည်။ အနည်းစုက အများစုကို နာခံရမည်။ ပါတီဝင်
တစ်ဦးချင်းသည် ပါတီတစ်ရပ်လုံးသည် ဗဟိုကော်မတီကို နာခံရမည်။ ညီလာခံများတွင်
ကိုယ်စားလှယ်များနှင့် အလုပ်အမှုဆောင်များသာ မဲပေးနိုင်သည်။
၂၀။ နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ
(က) နိုင်ငံလုံးဆိုင်ရာပါတီညီလာခံသည် ပါတီ၏ အမြင့်ဆုံး အာဏာပိုင်ဖြစ်သည်။
(ခ) နိုင်ငံလုံးဆိုင်ရာပါတီညီလာခံအား (၄)နှစ်တွင် တစ်ကြိမ်ခေါ်ယူကျင်းပရမည်။
(ဂ) နိုင်ငံလုံးဆိုင်ရာပါတီညီလာခံကို ဗဟိုကော်မတီက ခေါ်ယူရမည်။

အခန်း (၈)
၂၁။ ဗဟိုကော်မတီ
(က) ဗဟိုကော်မတီသည် ညီလာခံတစ်ခုနှင့် တစ်ခုအကြားတွင် အမြင့်ဆုံးအာဏာပိုင်
အဖွဲ့ဖြစ်သည်။
(ခ) ဗဟိုကော်မတီအား ပါတီညီလာခံမှ ရွေးကောက်တင်မြှောက်လိုက်သော ပုဂ္ဂိုလ်များဖြင့်
ဖွဲ့စည်းရမည်။
(ဂ) ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ဗဟိုကော်မတီဝင်များထဲမှ ရွေးချယ်ဖွဲ့စည်း
ရမည်။
(ဃ) ဗဟိုကော်မတီသည် ပါတီညီလာခံမှ ချမှတ်သော လမ်းစဉ်၊ လုပ်ငန်းစဉ်နှင့် ဆုံးဖြတ်ချက်
များကို တာဝန်ခံအကောင်အထည်ဖေါ် ဆောင်ရွက်ရမည်။
(င) ပါတီဗဟိုကော်မတီ အစည်းအဝေးကို (၆)လလျှင်တစ်ကြိမ်ခေါ်ယူရမည်။
(စ) ပါတီ၏ မူဝါဒများ၊ နိုင်ငံရေးလုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်း နည်းဥပဒေ၊ စည်းမျဉ်း
စည်းကမ်းများကို ရေးဆွဲရန် ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ပါက ဗဟိုကော်မတီ မျက်နှာစုံညီ
အစည်းအဝေးက ရေးဆွဲပြင်ဆင် ဖြည့်စွက်နိုင်သည်။ ယင်းရေးဆွဲချက်၊ ပြင်ဆင်ဖြည့်စွက်
ချက်များကို အနီးကပ်ဆုံး ပါတီညီလာခံသို့ တင်သွင်းအတည်ပြုချက်ရယူရမည်။

အခန်း (၉)
၂၂။ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ
(က) နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံမှ ရွေးကောက်တင်မြှောက်လိုက်သော ဗဟိုကော်မတီဝင်
များထဲမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များအား ဗဟိုကော်မတီ မျက်နှာစုံညီ
အစည်းအဝေးတွင် ရွေးချယ် တာဝန်ပေးရမည်။
(ခ) ဗဟိုအလုပ်အမှုဆောင် ကော်မတီသည် ဗဟိုကော်မတီအစည်းအဝေးမှ အပ်နှင်းသော
အခွင့်အာဏာများနှင့် ပါတီ၏ လုပ်ငန်းများကို ဦးစီး အကောင်အထည်ဖော် ရမည်။
(ဂ) ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကို (၃) လတစ်ကြိမ် ပုံမှန်ကျင်းပရမည်။

၂၃။ ဥက္ကဌ
(က) ဥက္ကဌသည် ပါတီ၏ အမြင့်ဆုံးနှင့် တာဝန်အရှိဆုံး ခေါင်းဆောင်ဖြစ်သည်။
(ခ) ဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ လုပ်ငန်းများအား တာဝန်ယူဦးစီး
ကွပ်ကဲရမည်။
(ဂ) ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၊ နိုင်ငံရေးလမ်းစဉ်နှင့် လုပ်ငန်းစဉ်များအား ထိန်းသိမ်း
ပေးရမည်။
(ဃ) ဗဟိုကော်မတီ အစည်းအဝေးနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး
တို့တွင် သဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်ရမည်။

၂၄။ ဒုတိယဥက္ကဌ
(က) ဒု-ဥက္ကဌသည် ပါတီ၏ ဒုတိယအဆင့်အမြင့်ဆုံးနှင့် ဒုတိယတာဝန်အရှိဆုံး ခေါင်းဆောင် `
ဖြစ်သည်။
(ခ) အကြောင်းအမျိုးမျိုးကြောင့် ဥက္ကဌသည် လုပ်ငန်းတာဝန်များကို မထမ်းဆောင်နိုင်သည့်
ကာလများ တွင် ဒု-ဥက္ကဌသည် ဥက္ကဌတာဝန်များကို ထမ်းဆောင်ရမည်။
(ဂ) ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ နိုင်ငံရေးလုပ်ငန်းများနှင့် ဘဏ္ဍာရေးသုံးစွဲမှုကို ဒု-
ဥက္ကဌသည် ဥက္ကဌနှင့် ညှိနှိုင်းရမည်။

၂၅။ အထွေထွေအတွင်းရေးမှူး
(က) အထွေထွေအတွင်းရေးမှူးချုပ်သည် ပါတီတစ်ရပ်လုံး၏ လုပ်ငန်းများ ပုံမှန်လည်ပတ်
နေရေးအတွက် အနီးကပ်ကြီးကြပ်စီစဉ်ဆောင်ရွက်ရမည်။
(ခ) အထွေထွေအတွင်းရေးမှူးချုပ်သည် ဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ
တို့၏ ဆုံးဖြတ်ချက်၊ လုပ်ငန်းလမ်းညွှန်တို့ကို ထုတ်ပြန်ရမည်။
(ဂ) ဥက္ကဌ၏ ညွှန်ကြားချက်ဖြင့် အထွေထွေအတွင်းရေးမှူးချုပ်သည် ဗဟိုအလုပ်မှုဆောင်
ကော်မတီ် အစည်းအဝေးကို ခေါ်ယူရမည်။
(ယ) ဗဟိုကော်မတီအစည်းအဝေးနှင့် ဗဟိုအလုပ်မှုဆောင် ကော်မတီအစည်းအဝေးတို့တွင်
အထွေထွေအတွင်းရေးမှူးချုပ်သည် အကျိုးဆောင်အဖြစ် ဆောင်ရွက်ရမည်။

၂၆။ တွဲဘက်အထွေထွေအတွင်းရေးမှုး
(က) တွဲဘက်အထွေထွေ အတွင်းရေးမှူးသည် အကြောင်းအမျိုးကြောင့် အထွေထွေ
အတွင်းရေးမှူး တာဝန်ပေးပါက ပါတီ၏ လုပ်ငန်းစဉ်များ ဖော်ဆောင်ရေးတွင် ကူညီ
ဆောင်ရွက်ရမည်။
(ခ) အကြောင်းအမျိုးမျိုးကြောင့် အထွေထွေအတွင်းရေးမှုးချုပ်သည် လုပ်ငန်းတာဝန်များ
မထမ်းဆောင်နိုင်သည့် ကာလများတွင် အထွေထွေအတွင်းရေးမှူးက အထွေထွေ
အတွင်းရေးမှူးချုပ် တာဝန်များကို ထမ်းဆောင်ရမည်။
၂၇။ ဗဟိုလုပ်ငန်းကော်မတီများ
(က) ဗဟိုကော်မတီသည် ပါတီ၏လုပ်ငန်းများ ချောမွေ့စွာလည်ပတ်နိုင်ရေးအတွက် ဗဟို
လုပ်ငန်းကော်မတီများကို လိုအပ်သလိုဖွဲ့စည်းရမည်။ လုပ်ငန်းကော်မတီ တစ်ခုခြင်းကို
ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် တစ်ဦးစီက ဦးဆောင်ရမည်။
(ခ) ဗဟိုကော်မတီသည် လုပ်ငန်းလိုအပ်ချက်အရ အောက်ပါ ဗဟိုလုပ်ငန်းကော်မတီများ
အတွက်၊ ပါတီဝင်များအတွင်းမှ သင့်တော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ပြီး၊ အဖွဲ့ဝင်အဖြစ်
တာဝန်ပေးရမည်။
၁။ အုပ်ချုပ်ရေးကော်မတီ
၂။ သတင်းနှင့်ပြန်ကြားရေးကော်မတီ
၃။ သုတေသနနှင့် ပညာရေးကော်မတီ
၎။ ဥပဒေရေးရာကော်မတီ
၅။ အမတ်လောင်းများရွေးချယ်ရေးကော်မတီ

အခန်း(၁၀)
၂၈။ ယူဒီပီ၏အလံအောက်တွင် အမျိုးသမီးအဖွဲ့ကိုလည်း၊ ပါတီအဆင့်ဆင့်-ကျေးရွာ/ရပ်ကွက်၊
မြို့နယ်၊ တိုင်း/ပြည်နယ်၊ဗဟိုဌာနချုပ် အလုပ်မှုဆောင်အဖွဲ့များကို ဖွဲ့စည်းသကဲသ
ို့၊ အလားတူ
ဖွဲ့စည်းရမည်။

၂၉။ ယူဒီပီ၏ အလံတော်အောက်တွင် လူငယ်အဖွဲ့ကိုလည်း၊ ပါတီအဆင့်ဆင့် ကျေးရွာ/


ရပ်ကွက်၊ မြို့နယ်၊ တိုင်း/ပြည်နယ်၊ ဗဟိုဌာနချုပ် အလုပ်မှုဆောင်အဖွဲ့များကို ဖွဲ့စည်းသကဲ့သို့
အလားတူဖွဲ့စည်းရမည်။

၃၀။ ပါတီ၊အမျိုးသမီး၊လူငယ်အဖွဲ့အစည်းများတွင်
အထက်အောက်ဆက်စပ်မှုနှင့်ပါတီ၊အမျိုးသျမီးလူငယ်အဖွဲ့များဆက်စပ်မှုရှိစေရန် အမှုဆောင်အဖွဲ့
ကိုအောက်ပါအတိုင်းဖွဲ့စည်းရမည်။
(က) ပါတီဌာနချုပ်အမှုဆောင်အဖွဲ့ (Central Executive Committee)
ပါတီဌာနချုပ်အမှုဆောင်အဖွဲ့တွင် ၊ ဌာနချုပ်အလုပ်အမှုဆောင်အဖွဲ့ (Central Executive
Working Committee) + တိုင်း/ပြည်နယ်ပါတီဥက္ကဌများ + အမျိုးသမီးဌာနချုပ်ဥက္ကဌ +
လူငယ်ဌာနချုပ်ဥက္ကဌ။
(ခ) တိုင်း/ပြည်နယ်အမှုဆောင်အဖွဲ့
တိုင်း/ပြည်နယ်ပါတီအမှုဆောင်အဖွဲ့တွင် တိုင်း/ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ +
အမျိုးသမီး တိုင်း/ပြည်နယ် ဥက္ကဌ+ မြို့နယ်ပါတီဥက္ကဌများ + လူငယ်
တိုင်း/ပြည်နယ်ဥက္ကဌ။
(ဂ) မြို့နယ်ပါတီအမှုဆောင်အဖွဲ့
မြို့နယ်ပါတီအမှုဆောင်အဖွဲ့တွင် မြို့နယ်ပါတီ အလုပ်အမှုဆောင်အဖွဲ့ +
ကျေးရွာ/ရပ်ကွက်ပါတီ ဥက္ကဌများ + အမျိုးသမီးမြို့နယ်ဥက္ကဌ + လူငယ်မြို့နယ်ဥက္ကဌ။
(ဃ) ကျေးရွာ/ရပ်ကွက်ပါတီအမှုဆောင်အဖွဲ့
ကျေးရွာ/ရပ်ကွက်ပါတီအမှုဆောင်အဖွဲ့တွင် ကျေးရွာ/ရပ်ကွက်ပါတီ
အလုပ်အမှုဆောင်အဖွဲ့ + အမျိုးသမီးကျေးရွာ/ ရပ်ကွက်ဥက္ကဌ +
လူငယ်ကျေးရွာ/ရပ်ကွက်ဥက္ကဌ

၃၁။ အမျိုးသမီးဌာနချုပ်အမှုဆောင်အဖွဲ့
(က) အမျိုးသမီးဌာနချုပ်အမှုဆောင်အဖွဲ့တွင် အမျိုးသမီးဌာနချုပ် အလုပ်အမှုဆောင်အဖွဲ့ +
အမျိုးသမီးတိုင်းပြည်နယ်ဥက္ကဌများ။
(ခ) အမျိုးသမီးတိုင်း/ပြည်နယ် အမှုဆောင်အဖွဲ့တွင် အမျိုးသမီးတိုင်း/ပြည်နယ်
အလုပ်အမှုဆောင် အဖွဲ့+ အမျိုးသမီးမြို့နယ်ဥက္ကဌများ။
(ဂ) အမျိုးသမီးမြို့နယ်အမှုဆောင်အဖွဲ့တွင် အမျိုးသမီးမြို့နယ်
အလုပ်အမှုဆောင်အဖွဲ့+အမျိုးသမီး ကျေးရွာ/ရပ်ကွက်ဥက္ကဌများ။

၃၂။ လူငယ်ဌာနချုပ်အမှုဆောင်အဖွဲ့
(က) လူငယ်ဌာနချုပ်အမှုဆောင်အဖွဲ့တွင် လူငယ်ဌာနချုပ် အလုပ်အမှုဆောင်အဖွဲ့ +
တိုင်း/ပြည်နယ် လူငယ်ဥက္ကဌများ။
(ခ) လူငယ်တိုင်း/ပြည်နယ် အမှုဆောင်အဖွဲ့တွင် လူငယ်တိုင်း/ပြည်နယ်
အလုပ်အမှုဆောင်အဖွဲ့+ မြို့နယ်လူငယ်ဥက္ကဌများ။
(ဂ) လူငယ်မြို့နယ်အမှုဆောင်အဖွဲ့တွင် လူငယ်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့+
ကျေးရွာ/ရပ်ကွက် လူငယ်ဥက္ကဌများ။

အခန်း(၁၁)
၃၃။ အရေးယူခြင်း
(က) ပါတီဝင်တိုင်းသည် ပါတီ၏ စည်းမျဉ်းစည်းကမ်း ဥပဒေ၊ နည်းဥပဒေများကို လိုက်နာရန်
ပျက်ကွက် ပါက သတိပေးခြင်း၊ ပါတီတာဝန်မှ ရပ်ဆိုင်းခြင်း အပါအ၀င် ပါတီဝင်အဖြစ်မှ
ရပ်ဆိုင်း၊ ထုတ်ပယ် ခြင်း အထိ ပါတီမှ အရေးယူဆောင်ရွက်ရမည်။
(ခ) ပါတီဝင်များသည် စည်းမျဉ်းစည်းကမ်း ချိုးဖေါက်ခြင်းကို သင့်တော်သည့်
အဖွဲ့ဝင်ဦးရေအား ကော်မတီက သတ်မှတ်ပြီး ခုံအဖွဲ့ဖြင့် စနစ်တကျ စစ်ဆေးမည်။
(ဂ) အရေးယူအပြစ်ပေးခံရသူသည် ပါတီဗဟိုကော်မတီထံ အယူခံတင်သွင်း နိုင်သည်။
အခန်း (၁၂)
၃၄။ ပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဥပဒေပြင်ဆင်ခြင်း။
(က) ပါတီ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဥပဒေကို ပြင်ဆင်ဖြည့်စွက်၊ ပြောင်းလဲ ၊
အသစ်အစားထိုးရန် လိုအပ်ပါက နိုင်ငံလုံးဆိုင်ရာပါတီညီလာခံတွင် တင်ပြပြီး
အတည်ပြုချက် ရယူရမည်။
(ခ) နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံသို့ တက်ရောက်သည့် ကိုယ်စားလှယ် (၇၅%) ၏
သဘောတူညီ ချက်ရမှသာ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းဥပဒေပြင်ဆင်ဖြည့်စွက်၊ ပြောင်းလဲ၊
အစားထိုးခြင်းတို့ကို အတည်ပြုရမည်။

You might also like