You are on page 1of 2

အထူး ထုတ်ပြန်ကြေငြာချက်

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၆၄)နှစ်ပြည့် မွေးနေ့ကို မြန်မာပြည်တွင်း နေရာ အနှံ့အပြားတွင်၎င်း၊ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်ကြီးများကိုယ်တိုင် ပါဝင်ဆင်နြွဲ ပီး လက်မှတ်ရေးထိုးတောင်းဆိုမှု့များကြောင့်၎င်း၊ ဒေါ်အောင်ဆန်းစုကြည်အား မတရား ဖမ်းဆီးထားမှု့ကို တကမ္ဘာလုံးမှ မလိုလားဘဲ ဆန့်ကျင်ကြောင်း ထင်ရှားပါသည်။ ကျွန်ုပ်တို့ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့မှ ရုံးထုတ်ရက်များတွင် အင်းစိန်ထောင်ရှေ့သို့ သွားရောက်ခဲ့ပြီး လူထုရှေ့တန်းခေါင်းဆောင်ကြီး ဆရာကြီး ဦးဝင်းတင်၏ ဦးဆောင် မှု့အောက်တွင် ရှိခဲ့ပါသည်။သီးခြားအစီအစဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသမား အား လုံး ချွင်းချက်မရှိလွတ်မြောက်ရေး စာရွက်စာတမ်းများဖြန့်ဝေခြင်း၊မှုတ်ဆေးမှုတ်ခြင်း၊ပိုစတာ ကပ်ခြင်းများ နှင့် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံများ ဝေငှ ခြင်းများကို နေ့စဉ် လုပ်ဆောင်လျှက်ရှိပါသည်။ လက်ရှိအခြေအနေအား သီးမခံနိုင်သော စတေးခံ အဖွဲ့ဝင်များ၏ သဘောထားကို လိုက်လျောရန် အကြောင်းရင်းပေါ်ပေါက်လာသဖြင် ပြည်တွင်း/ပြည်ပ နိုင်ငံရေး အဖွဲ့အစည်းအသီးသီးအား အသိပေး အကြောင်းကြားပါသည်။လက်ရှိအခြေအနေ ဆိုသည်မှာ ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုများနှင့် ကုလ အတွင်းရေးမှူးချုပ်အပါအ၀င် ကမ္ဘာ့ နိုင်ငံအသီးသီးမှာ ခေါင်းဆောင်များ ယဉ်ကျေးသောာ လူ့အဖွဲ့ အစည်းများမှ သူအားလုံးတို့သည် ဒေါ်အောင်ဆန်းစုကြည်အား မတရား ပြစ်ဒါဏ်ပေးမည့်နေ့ရက်ကို စောင့် မျှော်နေသည်ဟု ကျွန်ုပ်တို့အဖွဲ့မှ ဝမ်းနည်းစွာ တွေ့ရှိရပါသည်။ သို့ဖြစ်ပါသဖြင့် ကျွန်ုပ်တို့အဖွဲ့၏ အရေးပေါ်အစည်းအဝေးအား ၁၉-၆-၀၉ ရက်နေ့တွင် သမိုင်းဝင် သာဓုကန်စေတီတော်ကြီး(ရွှေပြည်သာ) တွင် ကျင်းပခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ မိမိကိုယ် ကို

သဘောထားပေး

တောင်းဆိုလာသူ ၏

ဆရာတော် ပြင်းပြသော

ဦးကုသလ(ရတနာ သဘောထားကို

သင်္ခကျောင်းတိုက်မလွဲမရှောင်သာ

အနောက်ကြို့ကုန်း-အင်းစိန်မြို့နယ်)

အသိအမှတ်ပြုသောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်အား မတရား ပြစ်ဒါဏ် ချမှတ်ခဲ့ပါက စတေးခံ အမှတ်(၀၀၁၉) ဆရာတော် ဦးကုသလ မှ မိမိကိုယ်တိုင် အင်းစိန်ထောင်ရှေ့ (သို့) ထောင်ဝင်းအတွင်း တွင် သွားရောက်ပြီး ဓါတ်ဆီလောင်းမီးရှို့ စတေးခံကာ ကမ္ဘာ ကသိအောင် နအဖ စစ်အုပ်စု၏ မတရား လုပ်ကြံမှု့ကြီးအား ဝိုင်းဝန်းဆန့်ကျင်ပြီး ဖိအားပေးကြရန်နှင့်တောင်းဆိုနေခြင်းထက် အပြုသဘော ဆောင်သည့် အလုပ်ဖြစ်မည့် လက်တွေ့ကျကျ အစီအစဉ်များကို ဆောင်ရွက်ပေးကြပါရန်အတွက်

ရည်ရွယ်ပါသည်။ တင်းကြပ်သော လုံခြုံရေးအခြေအနေများကြောင့် ဆရာတော်နှင့်ပတ်သက်သော အချက်အလက် များအား တိကျစွာ လုံးဝ(လုံးဝ) ဖေါ်ပြနိုင်ခြင်းမရှိပါ။ခိုင်လုံသော အကြောင်းပြချက်များရှိပါက ဝေဖန်အကြံ ပေးနိုင်ရန် ရဲဝံ့သတ္တိရှိစွာဖြင့် ကျွန်ုပ်တို့အဖွဲ့မှ ထုတ်ပြန်ကြေငြာလိုက်သည်။ပူးပေါင်းဆောင်ရွက်လိုသော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ၊သီးခြားလှုပ်ရှားသူများ မည်သူမဆို လာရောက်ပူးပေါင်းဆောင်ရွက်ကြပါ ရန် အကြောင်းကြားပါသည်။ မည်သည့် စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ။

You might also like