You are on page 1of 3

အမျိုးသားပြန်လည်သင့်မြတ်ရေး : ပြည်ထောင်စုစိတ်ဓါတ် နှင့် ၂၁ ရာစု ပင်လုံညီလာခံ (၂)

တိုင်းပြည်ချစ်စိတ်နှင့်မျိုးချစ်စိတ်

တိုင်းပြည်ချစ်စိတ်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အနာဂတ်ပြည်ထောင်စု တည်ဆောက်ရေး ရေးအတွက်


အလွန်အရေးကြီးတဲ့ အခြင်းအရာဖြစ်ပါတယ်။ ပြည်ထောင်စုစိတ်ဓါတ်ရှိရုံတင်မက ဒီပြည်ထောင်စုကြီး၊ ဒီ တိုင်း
ပြည်ကြီးကိုချစ်တဲ့စိတ်၊ ပြည်သူလူထုတွေကိုချစ်တတ်တဲ့စိတ်မှသာ အမျိုးသားပြန်လည်သင့်မြတ်ရေး ရေရှည်
တည်တံ့နိုင်မှာဖြစ်တယ်။ တိုင်းပြည်ချစ်စိတ်ဟာ အမျိုးသားပြန်လည်သင့်မြတ်မှုရေရှည်တည်တံ့ရေးအတွက်
အုတ်မြစ်ဖြစ်တယ်လို့ဆိုခြင်ပါတယ်။ ဒါကြောင့်တိုင်းပြည်ချစ်စိတ် (ပြည်ထောင်စုချစ်စိတ်)ရှင်သန်တိုးပွားရေး အ
တွက် အင်တိုက်အားတိုက် လုပ်ဆောင်သင့်ကြပါတယ်။

ခေတ်သစ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်သည့်နေရာမှာ လူတိုင်းလူတိုင်း၊ လူမျိုးစုတိုင်း၊ နိုင်ငံသားတိုင်း


အုတ်တချပ် သဲတပွင့်အဖြစ် စုစည်းပါဝင်နိုင်အောင်၊ ပြည်ထောင်စုအကျိုးစုစည်းသယ်ပိုးလာအောင် စည်းရုံးလုပ်
ဆောင်ဖို့လိုအပ်ပါတယ်။ ဒါမှသာ ကျနှုပ်နိုင်ငံဟာ အိမ်နားနီချင်းနိုင်ငံများနှင့်သာမက ကမ္ဘာ့နိုင်ငံများနှင့်ယှဉ်ပြီး
မြန်မြန်ဆန်ဆန်တိုးတက်လာမှာဖြစ်တယ်။ အခြေခံအားဖြင့်တော့ မြန်မာနိုင်ငံဟာ ချမ်းသာကြွယ်ဝဖို့အတွက်
ရေခံမြေခံကိုသဘာဝက ပေးထားပြီးဖြစ်ပါတယ်။ ပြည်သူများကသာ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ကြမယ်ဆို
ရင် ကမ္ဘာ့အလယ်မှာ အောက်ကျနောက်ကျ ဖြစ်စရာအကြောင်းဘာမှမရှိနိုင်ပါ။ အောက်ကျနောက်ကျ အခြေ
အနေများက ကင်းဝေးဖို့အတွက် ပြည်သူတစ်ယောက်ချင်းမှာ တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်တွေ ရှင်သန်လာဖို့
လိုအပ်ပါမယ်၊ ပြည်သူတစ်ယောက်ချင်းမှာ တိုင်းပြည်ချစ်စိတ် ရှင်သန်ထက်မြက်ဖို့လိုအပ်ပါမယ်။ ပြည်ထောင်စု
အကျိုးစုစည်းသယ်ပိုးဖို့ စည်းရုံးဆောင်ရွက်ရာမှာ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးဆိုတဲ့ ဆောင်ပုဒ်မျိုးထက်
တိုင်းပြည်ချစ်စိတ် ရှင်သန်ထက်မြက်ရေးဆိုတဲ့ ဆောင်ပုဒ်ကို အလေးပေးသုံးသင့်တယ်လို့ ထင်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ တစ်တိုင်းပြည်လုံး လူမျိုးစု များအားလုံးကို လွမ်းခြုံစည်းရုံးတဲ့နေရာမှာ ပိုပြီးအား force
ပါတယ် လို့မြင်တဲ့အတွက်ဖြစ်တယ်။

လူ့သဘာဝအရ ဂုဏ်ယူစရာများကြုံလာရင် လူမျိုးနာမယ်တပ် ဂုဏ်ယူတတ်ကြတယ်။ ဒီလိုဘဲ တခါတရံမှာ လူ


တစ်ယောက်မကောင်းပြုမိတာကိုပင် လူမျိုးနာမည်နဲ့ကိုင်တုတ်တတ်ကြတယ်။ “ဒီကောင် တစ်ယောက်မကောင်း
တာနဲ့ဘဲ ငါတို့လူမျိုး တစ်မျိုးလုံးထိခိုက်တယ်.. တမျိုးလုံးနာမည်ပျက်တယ်” စသဖြင့် အပြောခံရသူလူမျိုးက
ခံစားပြောဆိုတတ်ကြတယ်။ လူမျိုးတစ်မျိုးက တစ်မျိုးကိုစော်ကာမော်ကားပြုမိတဲ့အခါမျိုးမှာ အမျိုးကိုထိရင်
မချိအောင်နာတယ် ဆိုတဲ့သုံးနှုံးပြောဆိုတတ်ကြပါတယ်။ ဒါဟာ မျိုးချစ်စိတ်အခြေခံကြောင့်လို့ဆိုနိုင်ပါတယ်။
လက်တွေ့မှာ မျိုးချစ်စိတ်လို့ ဆိုလိုက်တာနဲ့ ကိုယ့်အမျိုးကိုချစ်တဲ့၊ ကိုယ့်လူမျိုးကိုချစ်တဲ့၊ စိတ်ဆိုတဲ့ဘက်ကို
ဆွဲစဉ်းစားတတ်ကြပါတယ်၊ အလေးပေးစဉ်းစားတတ်ကြပါတယ်။ ဒီလိုစဉ်းစားတာကလည်း သဘာဝတော့ကျပါ
တယ်။ ဒီမျိုးချစ်စိတ်မျိုးကို လူမျိုးရေးမျိုးချစ်စိတ် racial patriotic လို့ ဆိုလို့ရနိုင်မယ်ထင်ပါတယ်။ မြန်မာ
နိုင်ငံဟာ national sovereignty state အမျိုးသားအချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်တဲ့အတွက်မျိုးချစ်စိတ် ဆိုတာ
တစ်နိုင်ငံလုံးမှာရှိတဲ့ လူမျိုးအားလုံးခြုံငုံပါဝင်တဲ့ချစ်စိတ်ဖြစ်တယ်လို့ ဆိုရင်လည်းရနိုင်ပါတယ်။ အမျိုးသားမျိုးချစ်
စိတ်လို့ ဆိုလို့ရနိုင်မယ်ထင်ပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံဟာ မတူကွဲပြားသည့်လူမျိုးစုများ စုစည်းနေထိုင်တဲ့နိုင်ငံဖြစ်တာကတစ်ကြောင်း၊ မျိုးချစ်စိတ်လို့


ပြောရင် အထက်ဆိုခဲ့သလို ကိုယ့်အမျိုး၊ ကိုယ့်လူမျိုးဘက်ကို အလေးပေးစဉ်းစားတတ်တာကတစ်ကြောင်း၊
လူမျိုးစုတန်းတူရေးပြသနာများရှိနေတာကတစ်ကြောင်း တို့ကြောင့်မျိုးချစ်စိတ်ဓါတ်ရှိရေး၊ မျိုးချစ်စိတ်ဓါတ် ရှင်
သန်ထက်မြက်ရေး ဆိုတဲ့ဆောင်ပုဒ်များ၊ ကြွေးကြော်သံများဟာ တနိုင်လုံး၊ လူမျိုးအားလုံးကို လွမ်းခြုံ စုစည်း
စေဖို့ရာမှာ တွန်းအား(force) နည်းတယ်လို့မြင်ပါတယ်။ တိုင်းပြည် ချစ်စိတ်ရှင်သန်ထက်မြက်ရေးဆိုတဲ့
ကြွေးကြော်သံ၊ ဆောင်ပုဒ်က မျိုးချစ်စိတ်ရှင်သန်ရေး ဆောင်ပုဒ်ထက် တနိုင်ငံလုံးကိုလွမ်းခြုံစုစည်းအား ပိုပြီး ပါ
တယ်လို့မြင်ပါတယ်။

မျိုးချစ်စိတ်ကို မြန်မာစာဦးစီးဌာနထုတ် အင်္ဂလိပ်မြန်မာ အဘိဓါန်မှာ nationalism လို့ ဖေါ်ပြပါတယ်။ patriotism


နဲ့လည်း ဆင်တူပါတယ်။ ပညာရေးဝန်ကြီးဌာနထုတ် မြန်မာ- အင်္ဂလိပ် အဘိဓါန်မှာ မျိုးချစ်ဟူသော ဝေါဟာရကို
patriot ဟုဖေါ်ပြထားပါတယ်။ online planet dictionary က patriot ကို a person who loves (and serves)
his country ဟူ၍ လည်းကောင်း၊ ရှေ့ဆောင်အဘိဓါန်က a person who loves and is ready to defend his
country ဟုလည်းကောင်း ရေးသားထားပါတယ်။ ဆိုတော့ကာ မြန်မာနိုင်ငံသား (မည်သည့် လူမျိုးစု၊ မည်သည့်
လူမျိုးမဆို၊ မည်သည့်ဘာသာဝင်မဆို) ဘယ်သူမဆို တိုင်းပြည်ကိုချစ်ပြီး တိုင်းပြည်အတွက် ပြည်သူတရပ်လုံး
အတွက်အလုပ်အကြွေးပြုသူဟာ မျိုးချစ်ပုဂိုလ်ဖြစ်တယ်၊ ဆိုတဲ့သဘောဖြစ်ပါတယ်။ အဲဒီလိုအလုပ်အကြွေးပြု
စိတ်ကို တိုင်းပြည်ချစ်စိတ် national patriotism လို့ဆိုလို့ရမယ်ထင်ပါတယ်။

တိုင်းပြည်ချစ်စိတ်(မြန်မာဝေါဟာသဘောအရ)ဆိုတာ တိုင်းပြည်အတွင်းရှိ လူမျိုးစုအားလုံး၊ ပြည်သူအားလုံးကို


ချစ်ခြင်းဆိုတဲ့ သဘောသက်ရောက်ပါတယ်။ တိုင်းပြည်တွင်းက လူမျိုးတစ်မျိုးမျိုး ဘဲချစ်တဲ့စိတ်မွေးမယ်ဆိုရင် ဒါ
တိုင်းပြည်ချစ် စိတ်ရှိသူလို့ဆိုလို့မရတော့ဘဲ၊ လူမျိုးရေးမျိုးချစ်စိတ်ရှိသူသာဖြစ်မယ်။ လူမျိုးကြီးဝါဒ သို့မဟုတ်
ကျဉ်းမြောင်းသည့် လူမျိုးရေးဝါဒ မွေးမြူကျင့်သုံးတာသာဖြစ်ပါမယ်။

တိုင်းပြည်ချစ်စိတ်ဘက်ကို အလေးပေးပြောနေလို့ မျိုးချစ်စိတ်မရှိရဘူးလို့၊ ဆိုလိုတာမဟုတ်ပါဘူး၊ မျိုးချစ်စိတ်


ဆိုတာလည်းရှိသင့်တဲ့အရာပါ။ မျိုးချစ်စိတ်ဟာရှိသင့်တဲ့အရာဖြစ်သလို သိသင့်တဲ့အရာလည်း ရှိပါတယ်။ မျိုးချစ်
စိတ်မှာ ကောင်းတဲ့အခြင်းအရာများရှိသလို မကောင်းတဲ့အခြင်းအရာများလည်းရှိပါတယ်။ ကောင်းတဲ့အခြင်းအရာ
က မျိုးချစ်စိတ်ဟာ ကိုယ့်လူမျိုးရဲ့ လူမျိုးရေးလက္ခဏာ၊ နိုင်ငံရေး အဆင့်အတန်း၊ စာပေ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊
စသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်စေတာဖြစ်တယ်။ မျိုးချစ်စိတ်မရှိရင် မိမိတို့လူမျိုးရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံး
စံ၊ စာပေတွေတိမ်ကောသွားပြီး နှောင်မှာ လူမျိုးပါပပျောက်သွားတတ်ပါတယ်။
တဖက်မှာ မျိုးချစ်ဝါဒရဲ့ မကောင်းတဲ့ အချင်းအရာတွေလည်းရှိတယ်။ တရားလွန် မျိုးချစ်ဝါဒီများ၊ အစွန်းရောက်
လူမျိုးရေးမျိုးချစ်ဝါဒီများပေါ်လာတတ်တယ်။ ဒီလိုတရားလွန်မျိုးချစ်များ တနည်းအားဖြင့်မျက်ကန်းမျိုးချစ်တွေ
ပေါ်လာခဲ့ရင် လူမျိုး အခြင်းခြင်းအကြား ပဋ္ဋိပက္ခများဖြစ်လာပြီးစုစည်းမှုပြိုကွဲနိုင်ပါတယ်။ နောက်တစ်ခုက
ကိုယ်ကျိုးအမြတ်ရှာဖို့ မျိုးချစ်စိတ်ကိုအသုံးချမဲ့ အမည်ခံမျိုးချစ်တွေလည်းပေါ်လာတတ်ပါတယ်။

မတူကွဲပြားတဲ့လူမျိုးများ၊ စုပေါင်းနေထိုင်တဲ့နိုင်ငံမှာ လူမျိုးတစ်မျိုးနဲ့တစ်မျိုး အပြန်အလှန်လေးစားဖို့လိုအပ်တယ်။


လူမျိုးတစ်မျိုးရဲ့ အထူးသဖြင့် လူနည်းစုများရဲ့ နိုင်ငံရေးအဆင့်အတန်း၊ စာပေယဉ်ကျေးမှု ဓလေ့ထုံးစံများကို
အသိအမှတ်ပြုဖို့၊ အလေးထားအားပေးဖို့လိုအပ်တယ်။ အဲဒီလိုမှမဟုတ်ဘဲ လူမျိုးတစ်မျိုးက တစ်မျိုးကို၊ တစ်က
တစ်ခုကို လွမ်းမိုးမှု ဖိနှိမ်မှုတွေရှိနေ မယ်ဆိုရင်၊ ခွဲခြားမှုတွေရှိမယ်ဆိုရင်၊ စာပေ ယဉ်ကျေးမှု တစ်ခုက တစ်ခုကို
ဇွတ်လွမ်းမိုးဖို့ လုပ်မယ်ဆိုရင်၊ အစွန်းရောက်စိတ်များပေါ်လာပြီး မလိုလားအပ်တဲ့၊ ပဋ္ဋိပက္ခဖြစ်မှုတွေနဲ့ကြုံရ
တတ်ပါတယ်။ ရှိနေတဲ့၊ ရှိခဲ့တဲ့ စုစည်းညီညွတ်မှုတွေလဲ ပြိုကွဲသွားနိုင်ပါတယ်။
တိုင်းပြည်ချစ်စိတ် ဆိုရာမှာတော့ တစ်တိုင်းပြည်လုံး၊ တိုင်းပြည်တွင်းရှိပြည်သူတရပ်လုံးကို ချစ်တဲ့စိတ်၊ လူမျိုး
အားလုံးအတွက် အကျိုးပြုတဲ့စိတ်ဖြစ်လို့ လူမျိုးရေးအရ ပဋ္ဋိပက္ခဖြစ်မှု ကင်းဝေးစေနိုင်မှာဖြစ်တယ်။ ဒါကြောင့်
အင်အားတောင့်တင်းတဲ့ ပြည်ထောင်စုနိုင်ငံသစ် တည်ဆောက်တဲ့နေရာမှာ တိုင်းပြည်ချစ်စိတ် ရှင်သန်ထက်မြက်
ရေးအတွက် နိုးဆော်တိုက်တွန်းဆောင်ရွက်သင့်ကြပါကြောင်း တင်ပြလိုက်ရပါ တယ်။

ဝင်းမောင်
၉ ရက် ဇန္နဝါရီလ၊ ၂၀၁၁ ခုနှစ်။

You might also like