You are on page 1of 1

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွ့ခ

ျဲုပ်(ဗကသများအဖွဲ့ချုပ်)
All Burma Federation of Student Unions (ABFSU)

စာအမှတ်။ ။ ၂/၀၉(ဗ.က.သများအဖွဲ့ချုပ်)
ရက်စွဲ ။ ။ ၂၈ - ၈ - ၀၉
ကျောင်းသားကျောင်းသူ အပေါင်းတို့----
(၁) ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်မြောက်ရေး တိုက်ပွဲအဆက်ဆက်တွင် တပ်
ဦးမှနေ၍ ရဲရဲရင့်ရင့် မြင့်မြင့်မားမား လွှင့်ထူခြဲ့ ကသည့် အစဉ်အလာကြီးမားသော ဗ.က.သ များအဖွဲ့ချုပ်၏ တိုက်ပွဲဝင်
ခွပ်ဒေါင်းအောင်လံတော်ကို ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးတွင် ကိုမင်းကိုနိုင် ဦးဆောင်သည့် နောင်တော် ရှစ်
ဆယ့်ရှစ်မျိုးဆက်ကျောင်းသားကြီးများက သမဂ္ဂမြက်ခင်းပြင်၌ ပြန်လည်စိုက်ထူနိုင်ခ့ပ
ဲါသည်။
(၂) လွန်ခဲ့သည့် ၂ နှစ် ၊ ၂၀၀၇-ခုနှစ် သြဂုတ်လ ၂၁-ရက်နေ့မှစတင်၍ နောင်တော်ကျောင်သားကြီးများ နှင့် တကွ
All Burma Federation of Student Unions (ABFSU)

ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေးနှုန်းကျဆင်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ပြသကြသော အရပ်သား ပြည်


သူများအား န.အ.ဖ စစ်အစိုးရက ပြေလည်အောင်ဖြေရှင်းပေးခြင်းမပြုဘဲ သိမ်းကျုံး၍သာ ဖမ်းဆီးခဲ့သည်။
၎င်းကိစ္စ နှင့်ပတ်သက်၍ ကျွန်ုပ်တို့မျိုးဆက်သစ်ကျောင်းသားလူငယ်များအနေဖြင့် မဆိုင်သလို လက်ပိုက်ကြည့်
မနေနိုင်တော့ဘဲ ကျောင်းသားဝတ္တရားနှင့် သမိုင်းပေးတာဝန်အရ ၂၀၀၇ ခုနှစ် သြဂုတ်လ-၂၈-ရက်နေ့တွင်
ကိုကျော်ကိုကို၊ ကိုစည်သူမောင်၊ ကိုလင်းထက်နိုင်တို့ဦးဆောင်၍ ဗ.က.သများအဖွဲ့ ချုပ်အား တရားဝင် ပြန်လည်
စုစည်း ထူထောင်ခဲ့ပါသည်။ ထို့နောက် စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးကြီးအတွင်းတွင် ရဟန်း သံဃာတော်
များနှင့်အတူ ပြည်သူ့ရှေ့မှ မားမားမတ်မတ်ရပ်တည်ကာ ခွပ်ဒေါင်းအောင်လံတော်အား မိုးယံသို့လွှင့်ထူ၍ ဒီမိုက
ရေစီနှင့် လူ့အခွင့်အရေး ထွန်းကားရေးအတွက် ခိုင်မာသော သံဓိဋ္ဌါန်ဖြင့် တိုက်ပွဲဝင်ခြဲ့ ကပါသည်။
(၃) ယနေ့အထိလည်း ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းများအား စစ်အစိုးရက စာသင်ခန်းများအတွင်းမှ
ဆွဲနုတ်၍ ထောင်သွင်းအကျဉ်းချပြနေသည့်တိုင် ကျွနုပ်တို့အနေဖြင့် ကျောင်းသားသွေးတစက်ကလေး ပျက်သွား
သည်ဟူ၍မရှိဘဲ တိုင်းပြည်နှင့်လူထုအကျိုး၊ ကျောင်းသားထု၏အကျိုးကို ရည်မျှော်ကာ သမဂ္ဂအလံတော်အောက်တွင်
ရဲရဲညီညီ ရှေ့သို့ချီ၍ ဦးလည်မသုန် ဆက်လက်တိုက်ပွဲဝင်နေကြပါသည်။ ထိုသို့လျှောက်လှမ်းကြရာတွင် ကျောင်း
သားထုအတွင်း စိတ်ဝမ်းကွဲစရာ၊ ညီညွတ်ရေးပျက်ပြားစရာများကို အထူးသတိထား ရှောင်ကျဉ်ကာ ဥက္ကဌ၊ အတွင်း
ရေးမှူးဟူ၍မထားဘဲ စုပေါင်းဦးဆောင်၊ စုပေါင်းတာဝန်ယူမှုဖြင့်သာ ကျရာဒေါင့်မှ ကျောင်းသားတာဝန် ကျေပွန်အောင်
ထမ်းဆောင်နေကြကြောင်းကိုလည်း ကျောင်းသားထုသို့ လေးစားစွာအသိပေးအပ်ပါသည်။
(၄) ကမ္ဘာ့နိုင်ငံများအကြားတွင် ခေတ်မီဖံွ့ ဖြိုးတိုးတက်သော၊ တည်ငြိမ်အေးချမ်းသော နိုင်ငံတော်ကို စစ်တပ်အင်အား
ကြီးထွားမှုပေါ်တွင် မတည်ဆောက်နိုင်ဘဲ ၊ ဒီမိုကရေစီပညာရေးထွန်းကားမှုပေါ်တွင်သာ လူရိုသေ ရှင်ရိုသေ ခိုင်ခိုင် မြဲ
မြဲ တည်ဆောက်နိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ဗ.က.သများအဖွဲ့ချုပ်အနေဖြင့် ရိုးရိုးရှင်းရှင်းနားလည်ယုံကြည်ထားပါသည်။
သို့ပါသောကြောင့် စစ်ကျွန်ပညာရေးစနစ်အား ကျွန်ုပ်တို့ အလိုမရှိ။ ဒီမိုကရေစီကျကျ ရေးဆွထ
ဲားသည့် နိုင်ငံ
တော်ဖွဲ့စည်းပုံကသာလျှင် ဒီမိုကရေစီပညာရေးစနစ်ကို ကျင့်သုံးနိုင်မှာဖြစ်သည်။ န.အ.ဖ နာဂစ်စစ်ဖွဲ့စည်းပုံသည် ဒီမို
ကရေစီကျကျရေးဆွဲ ၊ အတည်ပြုထားခြင်းမဟုတ်။ ထို့ကြောင့် ထိုစစ်ဖွဲ့စည်းပုံမှ အရပ်သား ဒီမိုကရေစီအစိုးရ မည်
သည့်နည်းနှင့်မျှ မပေါ်ပေါက်နိုင်။ မတရားသဖြင့် အဓမ္မအတည်ပြုထားသော ဖွဲ့စည်းပုံဖြင့်ကျင်းပမည့် ရွေးကောက်
ပွဲသည်လည်း မတရား ၊ မသန့်ရှင်းသော ရွေးကောက်ပွဲသာဖြစ်လိမ့်မည်ဆိုသည်မှာ ယုံမှားသံသယ ဖြစ်စရာ မရှိပေ။
(၅) ပြည်ထောင်စုတိုင်းရင်းသားပြည်သူတရပ်လုံး၏ အကျိုးစီးပွားကိုဖော်ဆောင်နိုင်ပြီး ၊ ကျွန်ုပ်တို့ ကျောင်းသားထု
အခွင့်အရေးများကို အာမခံချက်ပေးနိုင်မည့် ဒီမိုကရေစီဖွဲ့စည်းပုံနှင့် ဒီမိုကရေစီ အစိုးရတရပ် ပေါ်ပေါက်လာသည်
အထိ ကျောင်းသားကျောင်းသူ ညီအကိုမောင်နှမများအနေဖြင့် သမဂ္ဂအလံတော်အောက်တွင် ကျွန်ုပ်တို့ ဗ.က.သ
များအဖွဲ့ချုပ်နှင့်အတူလက်တွဲ၍ သမိုင်းအသစ်ကို ခွပ်ဒေါင်း စိတ်ဓါတ်ဖြင့် ထုဆစ်ကြပါစို့။ ။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်
ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်

ဝေဖန်အကြံပြုလိုပါက ဆက်သွယ်ရန်။ ။ abfsu.07@gmail.com

You might also like