Professional Documents
Culture Documents
ရေးသူ-လူထုစိန်ဝင်း
အတုမြင်အတတ်သင်မှာစိုး
ဆရာကောင်း တပည့်တွေ
အဲဒီတုန်းက “ဆရာရေးတာ သိပ်မှန်တာပဲ” တို့၊ “ရေးတာ နည်းတောင် နည်းသေးတယ်”
တို့ ပြောခဲ့ကြတဲ့ လူငယ် တချို့ တောင် အခုတော့ အင်ဂျီအို ဆိုင်းဘုတ် ကိုယ်စီနဲ့
ဖြစ်နေတာကို တွေ့မြင် နေရပါတယ်။ ဒါကြောင့် ရေးရပြောရ ပြန်တာပါ။ ဒီလူငယ်တွေဟာ
အစကတော့ သန့်ရှင်းတဲ့ အဖြူထည်တွေပါ။ နောက်ကျမှ ဟိုနိုင်ငံ ဒီနိုင်ငံတွေမှာ
ဟိုသင်တန်း ဒီသင်တန်း ဆိုတာမျိုးတွေ တစ်ပတ်လောက်၊ နှစ်ပတ်လောက်
သွားတက်ခြဲ့ ကပြီး ပြန်ရောက်လာတော့ သူတို့ ကိုယ်တိုင် ဆိုင်းဘုတ် ထောင်ကုန်ကြ
တော့တာပါပဲ။ တစ်ပတ်နှစ်ပတ် သင်တန်းတက်ပြီး ဘာတွေ တတ်လာတယ် ဆိုတာတော့
မသိဘူး။ လက်တွေ့ မြင်ရတာ ကတော့ သူတို့ ကိုယတ
ိုင် “အင်ဂျီအို” ကုန်ကြတာပဲ
ဖြစ်တယ်။ မဖြစ်ဘဲ နေရိုးလား၊ သူတို့ကို ခေါ်ပြီး သင်တန်း ပေးသူတွေ ကိုယ်တိုင်က
သူတို့ကို မျောက်အဖြစ် လက်ညှိုးထိုးပြပြီး ဆန်လည်း တောင်းသူတွေ ဖြစ်နေကြတာကိုး။
အတုမြင် အတတ်သင်ပဲ ပြောမလား။ “ဆရာကောင်း တပည့်ပ”ဲ ပြောမလား
မသိတော့ပါဘူး။
ဂိုရင်းအဘရော့ဒ်
စံပြပုဂ္ဂိုလ် လိုတယ်
ကလေးတွေ အတွက် မေတ္တာ အပို့ခံပြီး ဒီလို ရေးနေ ပြောနေရတာပါ။ အင်ဂျီအို အားလုံး
မကောင်းဘူးလို့ ဆိုတာ မဟုတ် ပါဘူး။ စေတနာ အစစ်၊ မေတ္တာအစစ်၊ ကရုဏာ အစစ်နဲ့
လုပ်နေကြတဲ့ အင်ဂျီအိုတွေနဲ့ ရှင်းသန့်တဲ့ လူငယ်တွေလည်းရှိပါတယ်။ ဒါပေမယ့်
အစစ်အမှန် သမားတွေက မျောက်ပြဆန်တောင်း သူတွေလို “ပြေ (ပြည်) ပေါ်မှာ
ရွှေကြော်ငြာထုတ်”တဲ့ အလုပ်မျိုးတွေ လုပ်လေ့ မရှိတော့ သူတို့အကြောင်း ကလေးတွေက
မသိကြဘူး။ ကလေးတို့၊ လူငယ်တို့ ဆိုတာ သူတို့ အားကျ အတုယူရတဲ့ “စံပြု ပုဂ္ဂိုလ်”
(Role Model)တွေ ရှိဖို့ လိုပါတယ်။ ဒါကြောင့် ကွယ်လွန်ရှာပြီ ဖြစ်တဲ့ လူရိုး လူကောင်းကြီး
မြန်မာ့အလင်း ဦးတင် အကြောင်းကို နှစ်ကြိမ် သုံးကြိမေ
် လာက် ရေးပြ ခဲ့ဖူးပါတယ်။
မြန်မာ့အလင်း သတင်းစာ တိုက်အုပ် ဦးတင်က ဘိုးဘွားရိပ်သာကို မူလနေရာ
နှင်းဆီကုန်းကနေ စစ်ပြီးတော့ လက်ရှိနေရာကို ရွှေ့ပြောင်းနိုင်ဖို့ ကြိုးစား အားထုတ် ခဲ့သူ
ဖြစ်ပါတယ်။ ရွှေ့ပြီးတဲ့ ဘိုးဘွား ရိပ်သာမှာ မနက်တိုင်း ရုံး လာထိုင်ပါတယ်။ ပြီးမှ
မြန်မာ့အလင်းတိုကက
ို သွားပါတယ်။
ပရဟိတသမားစစ်စစ်