You are on page 1of 5

Myanmar Muslim Media (MMM)

ကမ္ဘာတလွှား တို့မတ
ွ စ
် လင်မည
်ီနောင်များကဏ္ဍ

တရုတ်ပြည်ရှိမွတ်စလင်မ် …..

အသံတိတ်ခွေ အကြောင်းတစေ့တစောင်း

တရုပ်ပြည်ကြီးဟာ အိပေ
် ပျာ်နေတဲ့ ခွေးကြီးတစ်ကောင်လိုပါပဲ သူကိုသွားနိုးလိုက်မယ်ဆိုယင်
တကမ္ဘာလုံး တုန်ဟီးသွားလိမ့်မယ်။

ယခုအချိန်သမယမှာ ကမ္ဘာကြီးရဲ့ လူဦးရေ ၅ ပုံ ၁ ပုံ တို့ရဲ့ နေထိုင်ရာအိမ်ဖြစ်တဲ့ နိုင်ငံတစ်နင


ိုငံ အပေါ်
ဒီလို ထိုးထွင်းလေ့လာသုံးသပ်မှု တစ်ခုကို နပိုလီယံက မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ အဲဒအ
ီ ချိန်
နောက်ပိုင်းမှာတော့ တရုတ်ပြည်ဟာ တခြားသော အင်အားကြီးနိုင်ငံများနဲ့ ရင်ပေါင်တန်းရပ်တည်နင
ိုတဲ့
မဟာ နိုင်ငံကြီး တစ်နိုင်ငံ အမှနပ
်ဲ ဖြစ်လာခဲ့ပါတယ်။

သူရဲ့ မဟာတံတိုင်းကြီးကြောင့် အကြော်ကြားဆုံးဖြစ်ရသလို


တရုတ်ပြည်မှာ ဖုံးကွယ်ထားတဲ့ ရတနာ တွေရဲ့
ဌာနေလဲဖြစ်ပါတယ်။ တရားဝင်မဟုတ်တဲ့ အစီရင်ခံမှုများအရ
တရုတ်ပြည်မှာ မွတ်စလင်မ် လူဦးရေ သန်း ၉၀ ရှိနေပါတယ်။
သမိုင်းနဲ့ ယနေ့ခေတ်မွတ်စလင်မ်တွေရဲ့ အခြေအနေ
ဆိုးရွားလှတဲ့ အခြေအနေတွေကို Halaqah Media ရဲ့
အသံသင
ွ်း မှတ်တမ်း တွေအရ သိရှိနိုင်ပါတယ်။

တရုတ်ပြည်ကို အစောပိင
ုးမွတ်စလင်မ်တွေ စပြီးထိတွေခဲ့မှုဟာ ၆၅၁ CE မှာဖြစ်တယ်လို့ မှတ်တမ်းများ

ကမ္ဘာတလွှား တို့မတ
ွ်စလင်မ် ညီနောင်များ တရုတ်နင
ိုငရ
ှိံမတ
ွ စ
် လင်မ်များ 1 of 5
Myanmar Muslim Media (MMM)

အရ သိရှိရပါတယ်။ အဲဒီအချိန်မှာ ခလီဖာသမ္မတကြီး


အွတ်စမာန် (ရသွေ့) ရဲ့ ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့ ဟာ
တရုတ်ပြည် တရားရုံးတစ်ခုကို ရောက်ရှိခဲ့တာ
ဖြစ်ပါတယ်။ အဲဒီအဖွဲ့ ကို တမန် တော်မြတ် (ဆွ) ရဲ့
ထင်ရှားတဲ့ သာဝကကြီးတစ်ပါးဖြစ်တဲ့ ဆအဒ်အိဗ်နေ အဗီ
ဝကာစ် (ရသွေ)့ က ဦးဆောင် ခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံး
ခေါင်းချရာ အရပ်ဟာ လည်း တရုတ်ပြည်မှာ ပဲ
ဖြစ်ပါတယ်။
ဆအတ် အိဗ်နေ အဗီ ၀ကာစ် ၏ ကဗရ် မြှပ်နရ
ှာံ နေရာ

အစောပိင
ုးတရုတ်ပြည်နဲ့ ဆက်ဆံရေးဟာ မွတ်စလင်မ်စီး ပွားရေးသမားတွေ ရဲ့ကြိုးပမ်းမူ တစ်ရပ်
ဖြစ်ခဲ့ပါတယ်။ အာရပ်နဲ့ ပါရှန်း စီးပွားရေးသမားတွေဟာ ရှေးယခင်ကတည်းက တရုတ်ပြည်ကို
သွားရောက်လည်ပတ်မှုတွေ ကုန်သယ
ွ်မှုတွေပြုခဲ့ကြပါတယ်။ သူတို့တစ်တွေရဲ့ စီးပွားရေးမှာ
စောင့်စည်းမှုတွေနဲ့ စိတ်ဓါတ်အမူအကျင့်တွေက တရုတ်တွေရဲ့ နှလုံးသားကို အနိုင်ယူနိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ ပဲအစ္စလာမ်ဟာ တရုတ်ပြည်မှာ တဖြည်းဖြည်းပျံနှံ့ခဲ့တာဖြစ်ပါတယ်။

၁၃ ရာစုမှာ အစ္စလာမ်နယ်မြေတွေကို အကြီးအကျယ်ဖရိုဖရဲဖြစ်အောင်လုပ်ခဲ့ပြီး ပြန်လည်ဆုတ်ခွာ ခဲ့ရတဲ့


မွန်ဂိုတွေဟာ နောက်ဆုံးတော့ အစ္စလာမ်ကို ပြောင်းလဲ လက်ခံခဲ့တဲ့အပြင် ထင်ရှားတဲ့ မွတ်စလင်မ်
ပညာရှိ တွေ သိပ္ပံပညာရှင်တွေ စီးပွားရေးသမားတွေ အုပ်ချုပ်ရေးသမားတွေနဲ့ လက်မှုပညာရှင်တွေကို
သူတို့နဲ့ အတူတရုတ်ပြည်ကို ပြန်ခေါ်လာခဲ့ပါတယ်။ မွန်ဂိုတွေဟာ မွတ်စလင်မ်တွေကို အထူးပဲ
အရေးပေးခဲ့ကြပြီး အုပ်ချုပ်ရေးပိုင်းနေရာ တော်တော်များများမှာ ခန့်ထားခဲ့ပါတယ်။ သူတို့ရဲ့ တိုတောင်း
လှတဲ့ ၈၉ နှစ်တာကာလ အုပခ
်ျုပ်မှု အချိန်အခါသမယမှာ မွတ်စလင်မ်တွေဟာ သူတို့်ရဲ့ ထူးချွန်တဲ့
အရည်အသွေးတွေကို မြင့်မားတဲ့ရာထူးတွေကိုရယူနိုင်ခြင်းဖြင့် သက်သေပြသ နိုင်ခဲ့ပါတယ်။
ဒီနောက်ပိုင်းမင်းဆက်တော်တော်များများ တက်လိုက်ကျလိုက် ပြောင်းလဲခဲ့သလို မွတ်စလင်တွေဟာ လဲ
မြင့်လိုက်နိမ့်လိုက်ဖြစ်ခ့ေ
ဲ ပမဲ့ သူတို့ဟာ သူတို့ရဲ့ ယုံကြည်ချက်ကို အပြည့်အ၀ဆက်လက်ထိန်းသိမ်း
ထားနိုင်ခဲ့ပါတယ်။

မွတ်စလင်မ်တွေဟာ တရုတ်ပြည်ကြီးကို သိပ္ပံနဲ့ နည်းပညာ တိုးတက်မှုတွေနဲ့


ပြည့်နှက်စေခဲ့ပါတယ်။ မွတ်စလင်မ်
ဗိသုကာပညာရှင် တစ်ဦးက
ပေကျင်း(ပီကင်း) မြို့တော်အတွက်
ခိင
ုမာတဲ့ အုတ်မြစ်ချ
တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။
အီဗနေဆီနားရဲ့ စည်းမျဉ်းများအပါအ၀င်
ရေတပ်ဗလ
ိုချုပ်ကြီး Zhang နှင့် သူ၏ ရေတပ်

ကမ္ဘာတလွှား တို့မတ
ွ်စလင်မ် ညီနောင်များ တရုတ်နင
ိုငရ
ှိံမတ
ွ စ
် လင်မ်များ 2 of 5
Myanmar Muslim Media (MMM)

များစွာသော သိပ္ပံနဲ့ ဆေးပညာဆိုင်ရာ စာပေများစွာကို အာရဗီဘာသာမှ တရုတ်ဘာသာသို့


ပြန်ဆိုနိုင်ခဲ့ပါသည်။ မွတ်စလင်မ်တွေဟာ ကတ်ကျေးနဲ့ ဓါးတွေကို အသုံးပြုပြီး
ပထမဆုံးခွဲစိတ်ကုသမှုတစ်ရပ်ကို တရုတ်ပြည်မှာ ဆောင်ရွက် နိုင်ခဲ့တာဖြစ်ပါတယ်။ ရေတပ်ဗိုလ်ချုပ်ကြီး
ကျန် (Xang) ဟာ တရုတ် ရေတပ်ကြီး ကို အမိန့်ပေးပြီး နိုငင
်ံ ၃၅ နိုင်ငေ
ံ ကျာ်ကို လည်ပတ်နိုင်ခ့ပ
ဲါတယ်။

တရုတ်မွတ်စလင်မ်အများစုဟာ ဟနဖီ သို့မဟုတ်


မာလီကီ တွေးခေါ်ဆုံးဖြတ်မှု နောက်လိုက်များ
ဖြစ်ကြပါတယ်။ ၁၇ ရာစု အဆုံးတိုင်အောင်
တရုတ်ပြည်မှာ ရှိတဲ့ အစ္စလာမ်ဟာ တစ်စုံ တစ်ရာ
ဂိုဏ်းဂနကွဲပြားမှုမရှိပဲ ရိုးရှင်းစွာရှိခဲ့ပါတယ်။
အဲဒီအချိန်ကာလမှာ ရိုးရာတရုတ်ယဉ်ကျေးမှု
ကျင့်သုံးမှုတွေနဲ့ အတူရှိနေတဲ့ မွတ်စလင်မ် တွေကို
များစွာသော ဂိုဏ်းကွဲနဲ့ ထပ်ဆင့် ဂိုဏ်းကွဲ
အယူအဆတွေ သယ်ဆောင် လာရာ ကနေ
ပြင်းထန်သော ၀ိရောဓိနဲ့ ထင်ရှားတဲ့ ကြွဲ ပားမှုတွေနဲ့ ရောနှောစေခဲ့ပါတယ်။

ဒီအတွင်းငြင်းခုန်မှုတွေကနေ မွတ်စလင်မ်တွေအကြား သွေးထွက်သံယိုမှုတွေ အမြောက်အမြား ဖြစ်ပွား


စေခဲ့ပါတယ်။ မူလသန့်စင်တဲ့ အစ္စလာမ်နဲ့ မွတ်စလင်မ်
တွေအကြား ညီညွတ်မှုကို ပြန်လည် ထိန်းသိမ်းမယ်လို့
သံဓိဌာန်ချထားတဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီတွေရဲ့
လှုပ်ရှားမှုတစ်ရပ် ပေါ်ပေါက်လာပြီး နောက်မှာ ကွဲပြား
တဲ့အမြင်တွေ လျော့ပါးသက်သာမှုရရှိခဲ့ပါတယ်။ မက္ကာကို
ဟဂ်ျပြုပြီး ပြန်လာကြတဲ့ ငယ်ရွယ်ပြီး
လှုပ်ရှားမှုအရှိန်ကောင်းတဲ့ လူငယ်တစုရဲ့ မဆုတ်မနစ်
တဲ့ဇွဲနဲ့ ပြင်းပြင်းထန်ထန် ကြိုးပမ်း အားထုတ်မှုတို့ကနေ
ကြီးမားတဲ့ အောင်မြင်မှုတွေ ကို သူတို့ ရရှိခဲ့ ပါတယ်။
စင်ကျန်ပြည်နယ်ရှိ မွတ်စလင်မ်လူငယ်များ
တိုတောင်းလှတဲ့ အချိန် အနှစ်၂၅ နဲ့ ၃၀ အတွင်းမှာပဲ
ဒီမွတ်စလင်မ်တွေဟာ လွမ်းမိုးပြီး တက်ကြွတဲ့ အင်အားတစ်ရပ်ဖြစ် လာခဲ့ပါတယ်။

၁၉၄၈ ကွန်မြူနစ်တော်လှန်ရေးဟာ တရုတ်ပြည်မှာ ရှိတဲ့ မွတ်စလင်မ်တွေအတွက် ကပ်ဆိုးကြီးတစ်ခု


ဖြစ်လာခဲ့ပါတယ်။ အဆက်ဆက်သော အစိုးရတွေဟာ တရုတ်ပြည်မှာ ဖိနှိပ်ရေးမူဝါဒတွေကို စတင်
ကျင့်သုံးခဲ့ပြီး တိုင်းပြည်အတွင်း အခြေခံလူ့အခွင့်အရေးတွေကို ဖယ်ထုတ်ပစ်ခဲ့ပါတယ်။ ဒီမဝ
ူါဒကို အဆင့်
၃ ဆင့် ခွဲခြားပြီးတွေ့နိုင်ပါတယ်။

အဆင့် ၁။ ။ ၁၉၄၉ ကနေ ၁၉၅၈ ခုနှစ်အတွင်းမှာ မွတ်စလင်မ်တွေဟာ သူတို့ရဲ့ ဘာသာကို

ကမ္ဘာတလွှား တို့မတ
ွ်စလင်မ် ညီနောင်များ တရုတ်နင
ိုငရ
ှိံမတ
ွ စ
် လင်မ်များ 3 of 5
Myanmar Muslim Media (MMM)

ကိုးကွယ်ခင
ွ့်ရှိပါတယ်၊ ဒါပေမဲ့ အစိုးရရဲ့ ထိမ်းချုပ်မှု တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာ နေရပါတယ်။
တရုတ်အစ္စလာမ့်အသင်းလို့အမည်ရတဲ့ အသင်းကြီး တစ်ခုကိုသာလျင် လည်ပတ်လှုပ်ရှားခွင့်
ပြုထားခဲ့ပါတယ်။ ဗလီတွေရဲ့ ပြင်ပမှာ အစ္စလာမ့်သင်ကြားမှုများကို ခွင့်ပြုခဲ့ခြင်းမရှိခဲ့ပါ။

အဆင့် ၂။ ။ ၁၉၅၉ ကနေ ၁၉၇၉ မှာတော့ ဘာသာရေးဆိုင်ရာ ကျင့်သုံးမှုအားလုံးကို


ပိတ်ပင်တားမြစ်ခ့ပ
ဲါတယ်။ များစွာသော အီမာန် ၀တ်ပြုဆရာတွေနဲ့ ပညာရှင်တွေကို လူသူကင်းဝေးပြီး
မကောင်းသတင်းနဲ့ကျော်ကြားခဲ့တဲ့ ပြုပြင်ထိမ်းသိမ်းရေးစခန်းတွေဆီကို ပို့ခဲ့သဖြင့် အများစုမှာ
ပြန်လာနိုင်ခြင်းမရှိတော့ပါ။ ရမသွာန်လတွင် မွတ်စလင်ကျောင်းသားများအား ကျောင်းမတက်မှီအရင်
အတင်းအကျပ် ရေတိုက်ခ့သ
ဲ လို အတင်းအကျပ် ၀က်သားကျွေးခြင်းများပြုလုပ်ခဲ့ပါသည်။ ဗလီများစွာကို
အသွင်ပြောင်းခြင်း ဖြိုချခြင်းများပြုလုပ်ခ့ပ
ဲါသည်။

အဆင့် ၃။ ။ ၁၉၈၀ ခုနှစမ


ှ်စ၍ ယနေ့အထိတိုင်မူ ဘာသာရေးဆိုင်ရာ ကျင့်သုံးမှုများကို ယခင်ကနှင့်
ယှဉ်လျင် လျော့ပေါ့ပေးခဲ့ပါသည်။ လြန္ခ့ေ
ဲ သာ ၁၅ နှစ် အတွင်း၌မှာပင် ဗလီ ၃၀၀၀ ကျော် ဆောက်လုပ်
ခွင့်ပြုခဲ့ ပါသည်။ သို့သော် လူထု သို့မဟုတ် ဘာသာရေးဆိုင်ရာ အစည်းအဝေးများပြုလုပ်ခင
ွ့်အား
ယနေ့တိုင် ခွင့်မပြုခဲ့ပါ။

အဆိုပါ အသံ မှတ်တမ်းတွင် ရဲဝံလှသော မွတ်စလင်မ်တို့၏ တရုတ်အစိုးရအပေါ်တော်လှန်မှု အစိုးရ၏


ပြင်းထန်သော တုံ့ပြန်မှု များအား မှတ်တမ်းပြုစုထားကြောင်းတွေ့ရပါသည်။ ဒီအပြင် လူငယ်များ၏
ဘာသာတရား ကိုယ်ကျင့်သိက္ခာ မွတ်စလင်မ်အမျိုးသမီးများ၏ အစ္စလာမ့် ဥပဒေအပေါ် တင်းကျပ်စွာ
လိုက်နာမှုကို ထိန်းသိမ်းထားခြင်း တို့ကို လည်းအသေးစိတ် ဖေါ်ပြထားပါသည်။

ကမ္ဘာတလွှား တို့မတ
ွ်စလင်မ် ညီနောင်များ တရုတ်နင
ိုငရ
ှိံမတ
ွ စ
် လင်မ်များ 4 of 5
Myanmar Muslim Media (MMM)

ထိမ်းချုပ်မူများကို လျော့ပါးစေခြင်း (စီးပွားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို အဓိကကြေငြာခြင်း)


များပြုလုပ်ခဲ့သော်လည်း မွတ်စလင်မ်များအား ဖိနှိပ်မှုများကို ဆက်လက်ပြုလုပ်ခဲ့ပါသည်။ သေးငယ်တဲ့
ဆန္ဒပြမှုလေးကိုပင် ပြင်းပြင်းထန်ထန် ရက်ရက်စက်စက်ဖြိုခွင်းခဲ့ပါသည်။ ဒီဆယ်စုနှစ်တစ်ခု အတွင်း
မှာပင် ရာပေါင်းများစွာသော မွတ်စလင်မ်များသည် အသတ်ခံရခြင်း သွေးထွက်သံယို ဖြစ်ခြင်းများ ဖြစ်ခဲ့
ကြပြီး အဆိုပါအရေအတွက်ထက်ပိုနိုင်မည်ဟု ခန့်မှန်းရပါသည်။

အနောက်မြောက်ပိုင်း စင်ကျန်ပြည်နယ်ရှိ ပြသနာများမှာ


ဆက်လက်ဖြစ်ပွားလျက်ရှိနေပါသည်။ အလားတူပင် အစိုး ရသည်
နူကလီးယားစမ်းသပ်မူများကို မွတ်စလင်မ်အများစုနေထိုင်ရာ
ပြည်နယ်များတွင် ပြုလုပ်ခဲ့ခြင်းဖြင့် မွတ်စလင်မ် သန်းပေါင်း
များစွာ၏ အသက်များကို အန္တရယ်အတွင်းသို့ သက်ဆင်း
စေခဲ့ပါသည်။

လတ်တလော စီးပွားရေးပြုပြင်ပြောင်းလဲမှုများသည် (ရုပဝ


်ါဒီသက်သက်တို့၏ ကြီးစိုးခြင်းအပြင်
အနောက်နိုင်ငမ
ျာံးအား မျက်စိပိတ် ပုံတူကူးချမှု) သက်သက်မျှသာဖြစ်ပြီး ကောင်းမွန်သော ရိုးရာ
တန်ဖိုးများစွာ ပျက်စီးမှုကိုသာလျင် ဦးတည်စေခဲ့ကာ များစွာသော တရုတ်ပြည်သူများအား ဘာမှ
မရှိတော့သော နတ္ထိ ဘ၀ သာကျန်စေခဲ့ပါသည်။အစ္စလာမ်၏ သတင်းစကားကို အကောင်းဆုံး
သင့်လျော်သောပုံစံဖြင့် ဖြန့်ချိရန်မှာ မွတ်စလင်မ်အားလုံး၏ တာဝန်တရပ်ဖြစ်သည်နှင့် အညီ
အခြားသူများအားပေးစွမ်းသကဲ့သို့ သူတို့၏ ပြသနာများအတွက် အဖြေတစ်ရပ်ကို အစ္စလာမ်က
ကမ်းလှမ်းခဲ့ပါသည်။

အဆိုပါအသံတိတ်ခွေဟာ တရုတ်မတ
ွ်စလင်မ်တွေရဲ့ စိတဝ
် င်စားဖွယ် သမိုင်းကို ဖေါ်ပြထားသလို
( Halaqah Media ရဲ့ထူးခြားလှတဲ့ အရေးအသွေးကောင်းမွန်တဲ့ တင်ဆက်မှုတစ်ရပ်ကို ဂုဏ်ပြုထိုက်
ပါတယ်) သူ့မှာ အသံဆိုင်ရာ ထည့်သင
ွ်းအသုံးပြုမူတွေအတွက် တိုးတက်အောင် ဆောင်ရွက်ထားတာ
တွေ့ရပါတယ်။ တရုတ်အမည်တွေကို မှန်ကန်စွာအသံထွက်နိုင်ဖို့ လမ်းညွန်ပေးတဲ့ စာအုပ်ပါတွဲပါတဲ့
အတွက် အလွန်ပဲ အထောက်အကူပြုစေမှာဖြစ်ပါတယ်။

ပြန်ဆိုသူ ….မင်းနိုင်ဦး (MMM)

တရုတ်မွတ်စလင်မ် သီချင်းတစ်ပုဒ် .. http://www.youtube.com/watch?v=uV5OD1X75Ks

ကမ္ဘာတလွှား တို့မတ
ွ်စလင်မ် ညီနောင်များ တရုတ်နင
ိုငရ
ှိံမတ
ွ စ
် လင်မ်များ 5 of 5

You might also like