You are on page 1of 2

'အမျိုးပျောက်မှာ စိုးကြောက်ပါလှသည်'

(၁ - ၁၂ - ၂၀၀၉)
၂၀၀၉)

(၁) ကိုလိုနီခေတ်က သီချင်းရဲ့ တပိုင်းတစပါ။ အဲဒီတုန်းက (ကုလား) ကိုပဲ ပြောတာပါ။ ဘာကြောင့်လဆ


ဲိုတော့ အင်္ဂလိပ်က
ကုလားတပ်ကိုပသ
ဲုံးပြီး နယ်ချဲ့ခဲ့တာ၊ ပြီးတော့ စိတ်ချလက်ချသုံးနိုင်တဲ့ ကုလားအလတ်တန်းစားတွေ၊ ဓနရှင်တွေ၊ ကုလား
လယ်သမားတွေကို လိုသလောက် သွင်းလာတယ်။ အောတိုက်ပြီး ခေါ်သွင်းလာပါတယ်။ ကုလားအလတ်တန်းစားတွေပဲ အပိုင်စီးထားတဲ့
အစိုးရဌာနကြီးတွေ ပေါ်တယ်။ ကုန်သေးရောင်းတယ်။ ဆံပင်ညှပ်တာကအစ ကုလားတွေချည်းပဲ။ ငွေတိုးချေးစားတာလည်း ကုလား။
လက်ဖက်ရည်ဆိုင်ဖင
ွ့်တာ ကုလား။ လယ်ယာလုပသ
်ားလုပ်တာလည်း ကုလား။ လန်ခြားဆွဲတာ၊ ချယ်ဂါရီတန
ွ်းတာလည်း ကုလား။
အထက်ဗမာပြည်မှာ မြေကွက်ကြီးတွေ ဧကပေါင်းများစွာ 'ဂရန်' ချပေးခံထားရတာလည်း ကုလားစစ်ဗိုလ် (ဟောင်း) တွေပ။ဲ ရန်ကုန်မှာ
ကုလားစကား နည်းနည်းမှမတတ်ရင် ဘာမှလုပ်မရဘူး။ ကုလားမြို့ပဲ။
တရုတ် - သူတို့လည်း ရှိတယ်။ ဒါပေမဲ့ မများဘူး။ တရုတ်ပြည်က အင်္ဂလိပ်ကိုလိုနီနိုင်ငံ မဟုတ်သေးလို့ပ။ဲ ကိုလိုနီတပိုင်းနိုင်ငံပဲ
ဖြစ်နေသေးတယ်။ ဗမာကလည်း တရုတ်ဆိုရင် လက်တိုမျိုး၊ လက်ရှည်မျိုးလို့ပဲ သိတာ။ ကွမ်တုန်းနယ်သားနဲ့ ဖူးကျင့်နယ်သားကို ဗမာ့နည်း
ဗမာ့ဟန်နဲ့ ခွဲထားတာပါ။ ယူနန်နယ်သား တရုတ်လည်း ရှိတာပါပဲ။ ဒါပေမဲ့ သူတို့က ရှမ်းပြည်နဲ့မြစ်ဖျားပိုင်းမှာပဲ နေကြတာ များတယ်။
အညာမှာလည်း ရှိတယ်။
အဲဒီတုန်းကတော့ စစ်သားလည်း ကုလား။ စစ်ဗိုလ်လည်း ကုလား။ မြေရှင်လယ်ကူလီလည်း ကုလား။ သင်္ဘောဌာနမှာလည်း
ကုလား။ မီးရထားဌာနမှာလည်း ကုလား။ အစိုးရကျောင်းတွေမှာလည်း ဆရာတွေ အများစုက ကုလားပဲဆိုတော့ 'ကုလားကြောက်စိတ်'
ဗမာမှာပေါ်တာ မဆန်းဘူး။

(၂) နောက်ပြောဖို့လိုတာက ကုလားက သူရဲ့ ဇာတ်စနစ်ကြောင့် ဗမာနဲ့ မရောဘူး။ သီးသီးသန့်သန့် နေတယ်။ သူတို့ကုလားချင်းတောင်
ဇာတ်စနစ်နဲ့မို့ တသီးတခြားနေတယ်။ တရုတ်ကတော့ ဇာတ်စနစ် မရှိဘူး။ ဘာသာရေးအရကလည်း ကန်သ
့ တ်ထားတာ မရှိဘူး။
ဘုရားတကာတရုတ်၊ ကျောင်းတကာတရုတ်တွေ အညာနဲ့ရှမ်းပြည်မှာ များတယ်။ ဒါကြောင့် တရုတ်ကြောက်စိတ်က (နAှိုင်းယှဉ်ချက်အရ)
နည်းတယ်။ လွတ်လပ်ရေးအရေးတော်ပုံရဲ့ နိုင်ငံရေး၊ စစ်ရေး နယ်ပယ်တွေမှာလည်း တရုတ်ကပြားတွေ များတယ်။ ကုလားကတော့
စစ်ကြီးအတွင်းမှာ အိန္ဒိယ ပြန်ပြေးကြတာ များတယ်။ လွတ်လပ်ရေးအတွက် တော်လှန်တဲ့လမ်းကို လိုက်ခဲ့ကြကတည်းက ဗမာက
အရှေ့မျှော်ခဲ့တာပဲ။ ကုလားပြည်နိုင်ငံရေးနဲ့က စောစောပိုင်းကတည်းက လမ်းခွခ
ဲ့ကြပြီ။ စောစောပိုင်းကတော့ ကုလာပြည်နိုင်ငံရေး ကို
ဆရာတင်ခဲ့တာပဲ။
စစ်ကြီအတွင်းမှာ အပြီးအပိုင် လမ်းခွခ
ဲ့ကြတယ်လို့ ဆိုနိုင်တယ်။ ဗမာက အင်္ဂလိပ်ကို အကြမ်းဖက်တော်လှနရ
် သလို
ဖက်ဆစ်ဂျပန်ကိုလည်း တော်လန
ှ်ခဲ့ရတယ်။ တမျိုးသားလုံးကို စည်းလုံးပြီး တော်လှန်ခဲ့ရတာပါ။
ကုလားပြည်မှာကတော့ ၁၈၅၇ တပ်တင
ွ်းပုန်ကန်မAှုကြီး ပြီးကတည်းက အကြမ်းဖက်တော်လှန်ရေး မရှိခဲ့ပါဘူး။ ဆရာစံ
လယ်သမားသူပန
ုမျိုးတောင် သိပ်မရှိလှဘူး။ သူက တိုင်းပြည်ကလည်းကြီး၊ ဇာတ်စနစ်ကလည်းရှိတော့ ပြည်လုံးကျွတ်ပုန်ကန်မAှု ဖြစ်ဖို့က
မလွယ်လှဘူး။
ဆူဘတ်ချန်ဒရာဘို့စ်ရဲ့ (INA) အိန္ဒိယလွတ်လပ်ရေးတပ်မတော်က အင်ဖားစစ်မြေပြင်ရဲ့ အစွန်အဖျားပဲရောက်တာ။ ဗမာပြည်က
(BIA) က တပြည်လုံးရောက်တယ်။ အုပခ
်ျုပ်ရေးအာဏာလည်း ခဏတော့ ရတယ်။
အဓိကအကျဆုံးက ဗမာပြည်မှာ အင်္ဂလိပ်ရဲ့ ဗျူရိုကရေစီယန္တရားကြီး ကျေမွပျက်စီးသွားတာပဲ။ အိန္ဒိယမှာက ဗျူရိုကရေစီ
ယန္တရားက စစ်ကြီးအတွင်းမှာ ပိုပြီးတောင် တောင့်တင်းခိုင်မာလာတယ်။ ဗမာပြည်မှာက ကိုလိုနီစစ်တပ် ပြိုပျက်တယ်။ စစ်ကြီးပြီးလို့
ပြန်လာတော့လည်း ကန္ဒီစာချုပ်နဲ့ စေ့စပ်ပြီး တပ်သစ်ဖွဲ့ ရတယ်။ အိန္ဒိယနဲ့ လုံးဝမတူဘူး။

(၃) လွတ်လပ်ရေးခေတ်မှာကျတော့ ကုလားပြည်က အနောက်ဘက်က ရန်သူပဲ အလေးထားရပေမယ့် ဗမာပြည်ကတော့ အရှေ့ဘက်က


ရန်ကို အဓိကထားလာရတယ်။ ချန်ကေရှိတ် KMT စစ်ပြေးတပ်ကို စစ်ဆင်ရေးလုပ်ပြီး တိုက်ရတယ်။ ဆီးတိုးဌာနချုပ်က ယိုးဒယားမှာရှိတော့
သူ့ကိုလည်း အလေးဂရုပြုရတယ်။
နောက်တော့ ကြားနေနိုင်ငံအဖြစ် တိတိကျကျလုပ်တော့ တရုတ်နဲ့က ရွှေလမ်းငွေလမ်း ပေါက်တော့တာပဲ။ ဆွေမျိုးပေါက်ဖော်
ဆိုတဲ့စကားကို ဗမာက စတာပါ။ တရုတ်က ဒါကို နင်းလိုက်တာပဲ။
နေဝင်း အတွက်မှားတဲ့ ကာလကတော့ (၁၉၆၇ - ၁၉၇၀) မှာပဲ။ နိုင်ငံရေးတင်းမာခဲ့တာပါ။ နောက်တော့ အဆင်ပြေပါတယ်။
၁၉၈၉ မှာ စစ်အေးခေတ် ကုန်ဆုံးတော့ အဆင်ပြေရာက အဆင်ချောမွေ့ပြေပြစ်ပါတယ်။ အခုအထိပါပဲ။
ဒါပေမဲ့ စစ်အေးလွန်ခေတ် ပျားရည်ဆမ်းချိန်က တိုတောင်းပါတယ်။ တရုတ်ပြည်အပေါ်ထားတဲ့ အမေရိကန်နဲ့ မဟာမိတ်များရဲ့
ပေါ်လစီက သိပ်မတည်ငြိမ်ဘူး။ သူ့ပေါ်လစီက မတည်ငြိမ်သလို နအဖ ပေါ်လစီကလည်း မတည်ငြိမ်လှဘူး။ အကျိုးဆက်ကတော့
အခုဆိုရင် လူထုထမ
ှဲာ 'တရုတ်ကြောက်စိတ'် က လွှမ်းလာပါတယ်။ 'လူမျိုမှ လူမျိုးပျောက်တယ်' ဆိုတဲ့ 'ဆောင်ပုဒ'် ကို စတာက နေဝင်း
စစ်အုပ်စု၊ နောက်တော့ အဆင်ပြေအဆင်ချောလာတော့ နဝတ/နအဖ ခေတ်မှာ အဲဒ'ီ ဆောင်ပုဒ'် ကို မှိန်ထားလိုက်တယ်။ လူထုထဲမှာတော့
'နအဖ ဆန့်ကျင်ရေးစိတ်ဓာတ်' နဲ့ 'တရုတ်ကြောက်စိတ'် ပေါင်းစည်းမိသွားတယ်။ ဒါကလည်း သဘာဝကျပါတယ်။ ဒီလိုပဲ ဖြစ်တတ်ပါတယ်။

(၄) ကမ္ဘာလွှမ်းခြုံတဲ့ 'ဂလိုဘယ်လ်လိုက်ဇေးရှင်း' ခေတ်မှာတော့ ပြဿနာတွေက ပိုပြီးရAှုပ်ထွေးတော့မှာပါ။ 'အရင်းရှင်စီးပွားပျက်ကပ်'


ကလည်း အင်အားကြီးနိုင်ငံတွေကို 'ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ' လုပ်ကြဖို့ တွန်းဆော်ပေးနေပါတယ်။ ရှေ့မှာ ပိုပြီး ရAှုပ်ရAှုပ်ထွေးထွေး
ဖြစ်လာမှာပါ။
• ဗမာပြည်ဟာ နိုင်ငံတခုအဖြစ် စတင်ဖြစ်ပေါ်လာကတည်းက တရုတ်ပြည်ဘက်က ကျူးကျော်လာမှာကိုပဲ
စိုးရိမ်ခ့ရ
ဲ တာပါ။ ကုလားပြည်ဘက်ကို လွှတ်ထားခဲ့ရတာပဲ။
• ဒါပေမဲ့ တရုတ်န့က
ဲုလားကြားမှာပဲ ဗမာပြည်ကရှိတာ မဟုတ်ဘူး။ ပင်လယ်ကမ်းရိုးတန်း အရှည်ကြီးလည်း ရှိတယ်။
ဒါဟာ ကမ္ဘာ့ဘယ်နေရာမှာမှ မရှိတဲ့ ဗမာပြည်ရဲ့ ထူးခြားချက်ပ။ဲ ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံကြီး ၂ နိုင်ငံကြားမှာ
ရှိတယ်။ အိန္ဒိယသမုဒ္ဒယာပင်လယ်ပြင်ကို စိုးမိုးတဲ့ အင်အားစုရဲ့ ခြိမ်းခြောက်မAှုခံရတဲ့ တိုင်းပြည်ဖြစ်တယ်။
ဒီအနေအထားဟာ ဗမာပြည်ရဲ့ ဘယ်သူနဲ့မှ မတူတဲ့ ထူးခြားချက်ပ။ဲ
ဒီထူးခြားတဲ့ အနေအထားကြောင့်ပဲ တရုတ်ရော၊ ကုလားရဲ့လက်အောက်ကို ဘယ်တုန်းကမှ မရောက်ခဲ့ဖူးတဲ့
ဗမာပြည်ဟာ အင်္ဂလိပ်ရဲ့ ကိုလိုနီ ဖြစ်ရတာပဲ။ ဖြစ်တာကလည်း ခဏတဖြုတ်မဟုတ်ဘူး။ ရာစုနှစ် တခုကျော်
ဖြစ်ခ့တ
ဲာပဲ။
ဒါကြောင့် တရုတ်ကြောက်စိတ်၊ ကုလားကြောက်စိတ်သာမက နယ်ချဲ့ကျူးကျော်လာနိုင်မAှုတိုင်းကို ကြောက်တဲ့စိတ်ပါ
ရှိနေရတာပဲ။
မိမိတို့တည်ဆောက်ရမယ့်စိတ်က 'ပြည်ချစ်ဝါဒစိတ်ဓာတ်' ပဲ။ ဘယ်သူအထိပါးမှ မခံဘူး။ ဗမာပြည် 'နယ်မြေပြည့်စုံတည်တံ့မ'Aှု ကို
ကာကွယ်မယ်ဆိုတ့သ
ဲ န္နိဌာန် ပြင်းထန်ရမှာပါ။
ဗမာပြည်ဟာ ကိုယ့်ဘာသာ မဖြိုရင် မပြိုပါဘူး။ ကိုယ့်ဘာသာ မဖျက်ရင် မပျက်ပါဘူး။ ဒီလိုနဲ့ တရုတ်နဲ့ကုလားကြားမှာ
အဓွန့်ရှည်ရှည် ရပ်တည်လာနိုင်ခ့တ
ဲ ယ်။
ပြောရရင် အမျိုးပျောက်မှာ ကြောက်စရာ မရှိဘူး။ မွဲပြာကျသွားမှာကိုပဲ ကြောက်ရမှာပါ။

www.cpburma.org

You might also like