Professional Documents
Culture Documents
ဒီမှာ
ရေကလည်း အဆန်
လေကလည်း ထန်နေတုံးမို့
ပန်းပန်ကာ ခေါင်းမော့လို့ ရွှေရင်ကို ကော့ပြီး
ကြော့နေတဲ့ ဟန်နဲ့
မကြာခင်ဘဲ
လွတ်လပ်ရေး အောင်ပွဲ
ဆင်နွှဲရမယ်တော့၊ ဒို့ မထင်ဘူး။
ဒါဘဲ
တွေဝေမှုတွေ ရှင်းထား။
သတ္တိတွေ ရှိသားနဲ့
သူတို့နဲ့ ဒို့တွေကြား၊ ဖြစ်ပွားနေတဲ့ တိုက်ပွဲ
လက်တွဲကာ ပါဝင်နွှဲဖို့ ခိုင်ခိုင်မြဲမြဲနဲ့
စိတ်ထဲမှာ အပြီးသတ်၊ ဆုံးဖြတ်လိုက်တော့။
ဒီကြည့်
ယုံကြည်မှု အပြည့်ထား။
အားမာန်ကို ခဲ၊ မလျော့တဲ့ ဇွဲနဲ
တစ်သမတ်တည်း သွား
အမှန်တရားကို သိ
ဥာဏ်မျက်စိ နဲ့ သုံးသပ်
ငါ့အတွက်ဆိုတဲ့ စိတ်ဓာတ်ကို ပ လပ်ပြီး
မျက်ခြည်မပြတ်၊ လွတ်လပ်တဲ့ ပန်းတိုင်ဆီ
ဦးတည်ကာ ချီတက်
သေချာအောင်
ဟိုဘက်ထိ လွန်သွားပါစေ။
သူ့လူ (ကာရိုလိုင်းနား)