You are on page 1of 6

Generated by Foxit PDF Creator © Foxit Software

http://www.foxitsoftware.com For evaluation only.

ကျောခိုင်း ထွက်လာကြပါ

ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး

အောက်တိုဘာ ၁၆၊ ၂၀၁၀

“---ခုံတစ်ခုံမှာ ဝင်ထိုင်ပြီး ပေးတာယူ၊ ကျွေးတာစား၊ လက်ညှိုးထောင် ခေါင်းညိမ့်လုပ်ရတဲ့ ရုပ်သေး


အမတ်၊ စစ်အာဏာရှင်တွေ အလိုကျ လိုက်လုပ်ရတဲ့ ခိုင်းဖတ် အမတ်တွေပဲ ဖြစ်လာဖို့ ရှိပါတယ်---”

မကြာခင်မှာ ရွေးကောက်ပွဲတွေ စတင်တော့မှာဖြစ်ပါတယ်။ စစ်အစိုးရက သူတို့စိတ်ကြိုက်


စနစ်တကျ စီစဉ်ပြီးမှ လုပ်တဲ့ ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်။ အနှစ်နှစ်ဆယ်အတွင်း ပထမဆုံးလုပ်တဲ့
ရွေးကောက်ပွဲလို့ ပြောလို့ရသလို အနှစ်နှစ်ဆယ်လုံးလုံး လိုသလို ပုံဖော်ထားတဲ့ ဖွဲ့စည်းပုံ
အခြေခံဥပဒေအပေါ် မူတည်ပြီး စစ်တပ်အာဏာ တရားဝင် ဖြစ်ရေး၊ အနာဂတ် မြန်မာ့နိုင်ငံရေး
လောကကို စစ်တပ်က ဆက်လက်ကြိုးကိုင်နိုင်ရေးအတွက် တစ်ဖက်သတ် အပေါ်စီးယူပြီး လုပ်တဲ့
ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

ဒီအချက်နဲ့ ပတ်သက်ပြီး အထင်ရှားဆုံး၊ သိသာမြင်သာ အဖြစ်ဆုံးကတော့ ဗိုလ်ချုပ်ကြီးများ


ဦးဆောင်တဲ့ ကြံ့ဖွံ့အသင်းကို ကြံ့ဖွံ့ပါတီအဖြစ် မျက်နှာပြောင်တိုက် ပြောင်းလဲပြီး ရွေးကောက်ပွဲဝင်ဖို့
လုပ်တဲ့ အချက်ပါပဲ။ အရှက်သိက္ခာ မရှိတဲ့နေရာမှာ သူတို့ပြဋ္ဌာန်းထားတဲ့ ဥပဒေကိုတောင် သူတို့
မလိုက်နာနိုင်တဲ့ အထိပါပဲ။ ဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်လို့ စစ်အုပ်စု
အာဏာသိမ်းယူစဉ်က ဥပဒေပြဋ္ဌာန်းခဲ့ ပါတယ်။ အခု ကြံ့ဖွံ့ပါတီဝင် သန်း (၂၂) သန်းကျော်ထဲမှာ
နိုင်ငံဝန်ထမ်းက တစ်ဝက်လောက် ပါနေတာပါ။ ဒါနဲ့ ပတ်သက်ပြီး ဘာအကြောင်းအချက်မှ
ထုတ်ပြန်ရှင်းလင်းတာ မရှိပါဘူး။ အဲဒီ ပါတီဝင် အင်အားတွေရဲ့ မဲအပါအဝင် မတရားသော
နည်းလမ်းမျိုးစုံသုံးပြီး ရွေးကောက်ပွဲ အနိုင်ရရေးကို ရတဲ့ပုံစံနဲ့ ယူကြပြီး စစ်အုပ်စု
အာဏာတည်မြဲအောင် လုပ်ကြမှာပါ။

ကြံ့ဖွံ့ပါတီဟာ လွှတ်တော်သုံးရပ်လုံးအတွက် ကိုယ်စားလှယ်လောင်းပေါင်း (၁ဝဝဝ) ကျော်နဲ့


ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အတိုက်အခံတွေထဲက တစည ပါတီကို ဖယ်ပြီး ကျန်ပါတီအားလုံးရဲ့
ကိုယ်စားလှယ်တွေကို ပေါင်းရင်တောင် ကြံ့ဖွံ့ရဲ့ တစ်ဝက် မရှိပါဘူး။ ဒီအချက်က ဘာကို
ပြသလဲဆိုရင် တစ်ချို့ပါတီတွေ ပြောပြောနေတဲ့ လွှတ်တော်ထဲဝင်ပြီး ၂ဝဝ၈ ဖွဲ့စည်းပုံကို
ပြင်ဆင်မယ်ဆိုတဲ့ အချက်ဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာကို သိသာစေပါတယ်။ လွှတ်တော်ထဲက
ကိုယ်စားလှယ် အားလုံးရဲ့ နှစ်ဆယ်ရာခိုင်နှုန်းရှိမှ ဖွဲ့စည်းပုံပြင်ဖို့ အဆိုတင်သွင်းခွင့် ရှိတာပါ။ ပြင်မယ်
မပြင်ဘူး စဉ်းစား ဆုံးဖြတ်တဲ့ အဆင့်မဟုတ်ပါဘူး။ အဆိုတင်သွင်းရုံ တင်သွင်းခွင့်ပဲ ရှိတာပါ။
Generated by Foxit PDF Creator © Foxit Software
http://www.foxitsoftware.com For evaluation only.

အတိုက်အခံ ကိုယ်စားလှယ် အားလုံး ရွေးကောက်ပွဲမှာ အနိုင်ရရင်တောင် လွှတ်တော်ထဲမှာ


နှစ်ဆယ်ရာခိုင်နှုန်း မရှိသေးပါဘူး။ ဒါကြောင့် ဘယ်နည်းနဲ့မှ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်လို့မရနိုင်ပါဘူး။
၂ဝဝ၈ ဖွဲ့စည်းပုံကို မပြင်နိုင်သမျှ မြန်မာ့နိုင်ငံရေးဟာ စစ်ဗိုလ်ချုပ်၊ စစ်အုပ်စုတွေရဲ့ လက်ထမ
ှဲာပဲ
ရှိနေဦးမှာပါပဲ။

အတိုက်အခံ ပါတီတွေရဲ့ အနေအထားက ရွေးကောက်ပွဲမှာ နိုင်ဖို့ကလည်း မသေချာ၊


နိုင်ခဲ့ပြန်ရင်လည်း ကိုယ်အင်အားက တစ်ဘက်ရန်သူကို တိုက်ခိုက် အနိုင်ယူနိုင်တဲ့ အခြေအနေလည်း
မရှိ။ လွှတ်တော်ထဲက ခုံတစ်ခုံမှာ ဝင်ထိုင်ပြီး ပေးတာယူ၊ ကျွေးတာစား၊ လက်ညှိုးထောင်
ခေါင်းညိမ့်လုပ်ရတဲ့ ရုပ်သေး အမတ်၊ စစ်အာဏာရှင်တွေ အလိုကျ လိုက်လုပ်ရတဲ့ ခိုင်းဖတ်
အမတ်တွေပဲ ဖြစ်လာဖို့ ရှိပါတယ်။ ဒါဆိုရင် ပြည်သူလူထုတွေ အနှစ်နှစ်ဆယ်လုံးလုံး
မျှော်လင့်တောင့်တခဲ့တဲ့ ဒီမိုကရေစီက ဘယ်လိုရတော့မှာလဲ။ ဒီအနေအထားနဲ့ကတော့ ဘယ်နည်းနဲ့မှ
ဒီမိုကရေစီ မရနိုင်ပါဘူး။ ရွေးကောက်ပွဲပြီးလဲ မြန်မာလူထုကတော့ စစ်ကျွန်ပဲ ဖြစ်နေရဦးမှာ
သေချာပါတယ်။

ဒီအခြေအနေမှာ ဘာလုပ်သင့်သလဲ။ ဘာလုပ်ကြမလဲ။ အတိုက်အခံ အင်အားစု


အားလုံးစဉ်းစားကြပါလို့ တိုက်တန
ွ်းချင်ပါတယ်။ အကောင်းဆုံးကတော့ စစ်အာဏာရှင် စနစ် တရားဝင်
တည်ရှိရေးအတွက် စစ်အုပ်စုက မဖြစ်မနေ လုပ်ချင်နေတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို
အတိုက်အခံပါတီအားလုံးက သပိတ်မှောက်ပြီး ကျောခိုင်း ထွက်လာကြပါလို့ ပြောချင်ပါတယ်။
လောလောဆယ်မှာ ဒီနည်းလမ်းကပဲ မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲကို ရုပ်ပျက်ဆင်းပျက်
ဖြစ်စေပြီး နိုင်ငံတကာရဲ့ စိန်ခေါ်မှုတွေနဲ့ စစ်အုပ်စု အကျပ်ရိုက်စေနိုင်မှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

မူရင်း - ဗွီအိုအေ အသံလွှင့်ဌာန၊ ဗုဒ္ဓဟူး, 22 စက်တင်ဘာ 2010

“အခါခါ အလိမ်မခံ ရွေးကောက်ပွဲကို


မြေလှန်သပိတ်မှောက်ကြရန်သာ”

Posted by admin on October 15th, 2010

ရွေးကောက်ပဲက
ွို နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပမယ်လို့ စစ်အစိုးရက ကြေငြာပြီးခဲ့ပါပြီ။
သူတို့ကြေငြာမယ်လို့ ဆုံးဖြတ်ထားတဲ့အချိန်မှာ ကြေငြာတာပဲ ဖြစ်ပါတယ်။ ဘယ်သူတွေ
ပြောလို့မှ ဖိအားပေးလို့မှ မဟုတ်ပါဘူး။ စကတည်းကိုက ရွေးကောက်ပွဲဝင်မယ့် ပါတီ တွေ
ကိုယ်စလှယ်တွေကို ပြင်ဆင်ချိန်ဘယ် လောက်ပဲပေးမယ်။ မဲဆွယ်စည်းရုံးခွင့်ဘယ်
Generated by Foxit PDF Creator © Foxit Software
http://www.foxitsoftware.com For evaluation only.

လောက်ပဲပေးမယ်။ ဘယ်လို အနှောက်အယှက်အဟန့်အတားလုပ်မယ် စတာတွေကို စ


နစ်တကျ ကြိုတင်စဉ်း စားဆုံးဖြတ်ထားပြီးဖြစ်သလို သူတို့ပါတီကြံ့ဖွံ့ကို ဘယ်လိုအနိုင်
ရအောင်လုပ်မယ်။ ဘယ်လိုလက်ဦးမှုယူမယ် အသာစီးယူမယ်ဆိုတာတွေကိုလည်း စဉ်း
စားစီစဉ်ပြီး ဖြစ်ပါတယ်။ အဲဒီအတိုင်းလည်း လုပ်နေပါတယ်။

ရွေးကောက်ပဲေ
ွ က်ာမရှင် နာမည်သုံးပြီး နိုင်ငံရေးပါတီတွေ ကိုယ်စလှယ်တွေကို ဘယ် လို
စည်းမျဉ်းစည်းကမ်းတွေကို ဘယ်အချိန်မှာ ထုတ်ရမယ်ဆိုတာကိုလည်း ညွှန်ကြား ထားပြီး
ဖြစ်ပါတယ်။ ညွှန်ကြားထားတဲ့အတိုင်းလည်း ရုပ်သေး ရွေးကောက်ပဲေ
ွ က်ာမ ရှင်က
လုပ်ပေးနေပါတယ်။ တရားမျှတမှု မရှိတာ၊ ဘက် လိုက်တာ၊ ခြိမ်းခြောက်တာ၊ ကန့်သတ်
ချုပ်ချယ်တာ၊ လိမ်လည်ဝါဒဖြန့်တာ စတာတွေကိုလုပ်ဆောင်လာခဲ့၊ လုပ် ဆောင်နေဆဲ
ဖြစ်ပါတယ်။ ခု ကျနော် တင်ပြနေတာတွေက မှန်းပြီးရမ်းပြီး တင်ပြနေ တာ မဟုတ်ပါဘူး။
စစ်အစိုးရလုပ်နေတာတွေဟာ ရမ်းသမ်းမှန်းသမ်းပြောနေတာတွေ မဟုတ်ပါဘူး။
စစ်အစိုးရလုပ်ခဲ့တာ၊ လုပ်နေတာတွေပါ။

ရွေးကောက်ပဲဝ
ွ င်ကြမယ့် နိုင်ငံရေးပါတီတွေ ကိုယ်စလှယ်တွေကလည်း စစ်အ စိုးရပေး
သလောက် အခွင့်အရေးလေးတွေနဲ့ရသမျှ အချိန်လေးအတွင်းမှာ ပြင် ဆင်လို့ရသမျှ
ပြင်ဆင်ကြ မဲဆွယ်စည်းရုံးကြပါတယ်။ အနည်းအကျဉ်းလောက် အလွတ်သဘော
ညည်းငြူပြောဆိုတာ မကြေမနပ်ပြောတာလေးတွေလောက်ပဲ တွေ့ရပါတယ်။

စစ်အစိုးရကတော့နိုင်ငံတကာက ဝေဖန်ပြောဆိုနေတာတွေကို ထုံးစံအတိုင်းမ ထုံတက်


တေးလုပ်ပြီး သူတို့လမ်းညွှန်မြေပုံအတိုင်း အကောင်အထည်ဖော်နေပါတယ်။ ကတိပေး
ထားတဲ့အတိုင်း ရွေးကောက်ပွဲကျင်းပဖို့လုပ်နေပါတယ်လို့ ပြောထား ပြထားပါတယ်။
မြန်မာနိုင်ငံတွင်းနဲ့ မြန်မာနိုင်ငံပြင်ပက ဒီမိုကရေစီအင်အားစုတွေရဲ့ တုန့်ပြန်တာတွေ
ဝေဖန်တိုက်ခိုက်တာတွေကိုလည်း ဘာမှထူးထူးခြားခြားတု့န်ပြန်ဖြေရှင်းတာ ဆောင်
ရွက်လိုက်လျှောတာ မရှိပါဘူး။ ရွေးကောက်ပဲက
ွို ဆန့်ကျင်ကန့်ကွက်ဖို့ ပြောဆိုနေတာ
တွေကိုအစပိုင်းမှာ လွှတ်ပေးထားပေမယ့် စာရွက်စာတမ်းနဲ့ လှုံ့ဆော်လာတဲ့အခါ အ
ရေးယူဖမ်းဆီးမှု တွေလုပ်လာပါပြီ။

ဒီအချိန်မှာ ရွေးကောက်ပွဲမဝင်ဘူးလို့ ကြေငြာထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က


ရွေးကောက်ပဲက
ွို သပိတ်မှောက်တယ်လို့ ကြေငြာလိုက်ပါတယ်။ မှန်ကန်ရဲရင့်တဲ့ ဆုံး
ဖြတ်ချက်ဖြစ်သလို ခြေလှမ်းလည်းဖြစ်ပါတယ်။ လူထုကိုရွေး ကောက်ပဲက
ွို ဆန့်ကျင်
သပိတ်မှောက်ဖို့ မဲမထည့်ဖို့လည်း စည်းရုံးသွားမယ်လို့ ထုတ်ဖော်ပြောလာပါပြီ။ တရား
မျှတမှုမရှိ ဒီမိုကရေစီအင်္ဂါရပ်နဲ့ မညီညွတ်တဲ့ ရွေးကောက်ပဲဥ
ွ ပဒေတွေနဲ့ ကျင်းပမယ့်
ရွေးကောက်ပြွဲ ဖစ်တဲ့အတွက် ၁၉၉ဝ ခု ရွေးကောက်ပွဲအနိုင်ရပါတီ အစိုးရဖွဲ့စည်းခွင့်ကို
Generated by Foxit PDF Creator © Foxit Software
http://www.foxitsoftware.com For evaluation only.

မတရားပိတ်ပင်ခံခ့ရ
ဲ တဲ့ နိုင်ငံ ရေးပါတီကြီးတရပ်အနေနဲ့ လုပ်ကိုလုပ်ရမယ့် အလုပ်ပါ။
ပြည်သူလူထုကလည်း ထောက်ခံကြမှာပါ။

ဒါပေမယ့် စစ်အစိုးရက ရွေးကောက်ပွဲကို အထိခံမယ်မဟုတ်ပါဘူး။ သူတို့ တုန့်ပြန်အရေး


ယူမှာ သေချာပါတယ်။ ဒါကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်
ထားရပါလိမ့်မယ်။ တပြိုင်နက်တည်းမှာ ပြည်သူလူထုတရပ်လုံးကို ရွေးကောက်ပွဲကို ပြီး
ပြီးရော သဘောထားပြီး ကိုယ်မှာရှိတဲ့အခွင့်အရေးကို အလွဲသုံးစားလုပ်မပစ်ဖို့ ကိုယ်စီ ကိုယ်စီ
ဆန့်ကျင်သပိတ်မှောက်လိုက်ရင် ရရှိလာနိုင်တဲ့အကျိုးကျေးဇူးဟာ ဘယ်လောက်
ကြီးမားနိုင်တယ် စစ်အစိုးရ ဘယ်လောက်အခက်အခဲ တွေ့သွားနိုင်တယ်ဆိုတာကို အချိန်
တိုအတွင်း သိရှိနားလည်သွားကြရအောင် စည်းရုံးပြောဆိုဖို့ကြိုးစား ရပါလိမ့်မယ်။ သုံးစွဲ
လို့ရနိုင်သမျှ နည်းလမ်းအားလုံးကိုသုံးပြီး ရွေးကောက်ပွဲမှာ မဲမပေးခွင့်ကို အသုံးချဖို့ အ
သုံးချရဲကြဖို့ တိုက်တွန်းစည်းရုံးရပါလိမ့်မယ်။

အရေးအကြီးဆုံးအချက်ကတော့ ပြည်သူလူထုတရပ်လုံး တညီတညွတ်တည်း စစ်အစိုး ရရဲ့


ရွေးကောက်ပဲက
ွို ခေါင်းခါကြဖို့ ဖြစ်ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်
ပြောခဲ့ဖူးသလိုပဲ အကြောက်တရားရှိချင်ရှိမှာ ဖြစ်ပေမယ့် ကြောက်တြဲ့ ကားကပဲ
လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြရမှာ ဖြစ်တယ်ဆိုတာကို လူထုနားလည်လက်ခံလာ အောင်
တိုက်တန
ွ်းစည်ရုံး အားပေးရမှာ ဖြစ်ပါတယ်။

စစ်အစိုးရရဲ့ ရွေးကောက်ပဲက
ွိုမဝင်တာ ဆန့်ကျင်သပိတ်မှောက်တာဟာ မှားတယ်။ အ
မျှော်အမြင်နည်းရာကျတယ်စသဖြင့် အရင်တုံးက ဝါရင့်နိုင်ငံရေးသ မားကြီးတချို့က လည်း
တဘက်က ရေးသားစည်းရုံးနေတာ တွေ့ရပါတယ်။ အံ့သြစရာကောင်းတာက
ဆရာမောင်စူးစမ်း တို့လို ပုဂ္ဂိုလ်မျိုးတွေက… သူ့ရဲ့ “ရွေးကောက်ပဲဆ
ွ န့်ကျင်ရေးနှင့်
နိုင်ငံရေးသူငယ်နာ” ဆိုတဲ့ဆောင်းပါးထဲမှာ…

(ယခင် လက်ဝန
ဲိုင်ငံရေးစကားနှင့်ပြောလျှင် ပေါ်ထွန်းမည့် နိုင်ငံရေးစနစ်သစ် ခိုင်မြဲရေး သည်
ကမ္မပိုင်းနှင့် ကတ္တားပိုင်းပေါ်တွင် မူတည်သည်။ ဆိုလိုသည်မှာ သက်ဆိုင်ရာ ပ
လေယာအားလုံးတို့သည် စေတနာကောင်းဖြင့် စနစ်သစ်ပေါ် ထွန်းခိုင်မာရေးကို ကူညီ
အားပေးသင့်သည်ဟု ဆိုခြင်းဖြစ်သည်။ လူတိုင်းသိ နေသောအချက်မှာ ကျင်းပတော့ မည့်
ရွေးကောက်ပဲသ
ွ ည် နိုင်ငံရေးစနစ်သစ် ကို လည်းကောင်း၊ နိုင်ငံသားတို့၏ အခွင့်
အရေးကိုလည်းကောင်း ပေါ်ထွန်းစေ မည်ဆိုသောအချက်ဖြစ်သည်လို့ ရေးသားလာ တာ
တွေ့ရပါတယ်။
Generated by Foxit PDF Creator © Foxit Software
http://www.foxitsoftware.com For evaluation only.

ဆရာမောင်စူးစမ်းက ပလေယာ စစ်အစိုးရကို စိတ်ကောင်းစေတနာရှိတဲ့ အစိုးရလို့ တ ကယ်ပဲ


ယုံကြည်သလားတော့မသိပါဘူး ဒါပေမယ့် လူတိုင်းသိနေ သောအချက်လို့
မောင်စူးစမ်းပြောသွားတဲ့အချက်ကတော့ ပြည်သူလူထုအား လုံးက လုံးဝပြောင်းပြန်နား
လည်ထားတဲ့အချက် ဖြစ်နေတယ်ဆိုတာကို မြန်မာနိုင်ငံထဲမှာ နေထိုင်နေတဲ့ မောင်စူး စမ်း
မသိတာကတော့ အတော်အံ့သြစရာ ကောင်းတယ်လို့ ပြောရမှာပါပဲ။ နိုင်ငံရေးစ နစ်သစ်နဲ့
နိုင်ငံသားတို့ရဲ့ အခွင့်အရေး ပေါ်ထွန်းစေမည်ဆိုတဲ့အချက်ကို ဘယ်လိုအ
ထောက်အထားနဲ့များ ပြောရဲတာပါလိမ့်။ စဉ်းစားမရဖြစ်ရတယ်။

ဆရာမောင်စူးစမ်း ၂ဝဝ၈ ခုနှစ်စစ်အစိုးရ ရဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖတ်မကြည့်ရ


သေးဘူးဆိုတာကလည်း မဖြစ်နိုင်လောက်ပါဘူး။ ဖတ်ခြဲ့ ပီဆိုရင်လည်း သာမန်အတော်
အတန် နိုင်ငံရေးနားလည်တဲ့သူတွေတောင် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်အစိုးရက
ဘာရည်ရွယ်ချက်နဲ့ ရေးဆွအ
ဲ တည်ပြု ပြဋ္ဌာန်းခဲ့တယ်ဆိုတာကို မသိစရာအကြောင်း မရှိပါဘူး။

ရွေးကောက်ပဲဆ
ွိုင်ရာ ဥပဒေတွေ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေထုတ်ပြန်ကြေ ငြာ
ပြီးနောက်ပိုင်း စစ်အစိုးရဘာတွေလုပ်သွားခဲ့တယ် ကြံ့ဖွံ့ကို နိုင်ငံရေးပါတီအဖြစ် အ
တင်းပြောင်းလဲပြီး ဘာတွေလုပ်နေတယ်ဆိုတာတွေဟာ အများပြည်သူတွေ မြင်သာထင်
ရှားပါ။ ကြံ့ဖွံ့က အမိန့်အာဏာငွေကြေးတွေကို သုံးစွဲပြီး အတိအလင်းပြည် သူလူထုကို
လိမ်လည်လှည့်ဖျား မဲဆွယ်စည်းရုံးနေသလို တခြားရွေးကောက်ပဲဝ
ွ င်မယ့် ပါတီတွေကို လည်း
စည်းရုံးလှုပ်ရှားလို့မရအောင် ဟန့်တားနှောက်ယှက် ခြိမ်းခြောက်နေပါတယ်။

အဲဒီလိုအခြေအနေအောက်မှာ နိုင်ငံရေးစနစ်သစ်ကိုလည်း ကောင်းနိုင်ငံသား တို့၏ အ


ခွင့်အရေးကိုလည်းကောင်းပေါ်ထွန်းစေမည်လို့ ရေးရဲတာဟာ တော်ရုံတန်ရုံ ဖောက်ပြန်
မှုတော့ မဟုတ်ပါဘူး။ ဒီမိုကရေစီအင်အားစုတွေ ပြည်သူလူထုတွေ အထူးသတိထား
ကြရမယ့်ကိစ္စ ဖြစ်ပါတယ်။

သူတို့တွေပြောနေတဲ့ ရွေးကောက်ပဲက
ွိုမရွေးရင် အော်လတာနေတစ် ဘာလဲဆို တာက တော့
လူထုတိုက်ပွဲနည်းနဲ့ စစ်အစိုးရရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကိုဖျက် ၂ဝ၁ဝ ရွေးကောက်ပွဲ ကို
ဆန့်ကျင်ပြီး မအောင်မြင်အထမမြောက်အောင်လုပ် စစ်အစိုးရကို ဖယ်ရှားရှင်းလင်း
ပစ်နိုင်တဲ့အထိ လူထုတိုက်ပွဲရဲ့ အရှိန်အဟုန်ကိုမြှင့်တင် အဆုံးသတ်ဒီမိုကရေစီ အောင်
ပွဲရတဲ့အထိ အပြင်းအထန် ကြိုးစားအားထုတ်ကြရုံပါပဲ။

ဘာများတတ်နိုင်မှာလဲ လုပ်ဆိုလုပ်လိုက်ကြရုံပေါ့ဆိုတဲ့ လက်နက်ချ အညံ့ခံအရှုံးပေး ရေး


အတွေးအတွေးအခေါ်ကို ပြည်သူလူထုအားလုံးက လက်မခံ မတရားတဲ့ အမိန့်အာ
ဏာတွေအားလုံးကို ဆန့်ကျင်ကန့်ကွက် အုံကြွတော်လှန်ကြဖို့ ကြိုးစားကြရမှာပါပဲ။ လူ
Generated by Foxit PDF Creator © Foxit Software
http://www.foxitsoftware.com For evaluation only.

ထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တခါကပြောဖူးသလို စစ်အာဏာရှင်တွေ ဘာ ဖြစ်လို့


အုပ်ချုပ်လို့ရနေတာလဲ တို့တွေလက်သင့် ခံနေသေးလို့ပဲ တို့လက်မခံရင် အုပ် ချုပ်လို့
မရနိုင်ဘူးဆိုတဲ့ အတွေးအခေါ်ကို ပြည်သူလူထုတွေ ကိုယ်စီကိုယ်စီ လက်ခံယုံ ကြည်
လာကြပြီဆိုရင်တော့ အဲဒီ အချိန်ဟာ စစ်အာဏာရှင်စနစ်ကို မြေမြှုပ်သင်္ဂြိုဟ် ပစ်နိုင်တဲ့ အချိန်
ဖြစ်မှာပါပဲ။ ၂ဝ၁ဝ ရွေးကောက်ပဲဟ
ွာ ကျနော်ကို့တိုင်းပြည်ရဲ့ အဆုံး သတ် ကံကြမ္မာ
မဟုတ်ပါဘူး၊ ကျနော်တို့ရဲ့ မပြီးဆုံးသေးတဲ့ လူထုဒီမိုကရေစီအရေး တော်ပုံကြီး ကို
အဆုံးသတ်အောင်ပွဲရအောင်လုပ်ဖို့ အားကြိုးမာန်တက် ကျားကုတ် ကျားခဲ ပြန်ပြီး
ကြိုးစားအားထုတ်ကြရမယ့် အချိန်ဖြစ်ပါတယ်။ ကျနော်တို့ရှေ့မှာ ဖြတ်
သန်းခဲ့တဲ့သမိုင်းကိုပြန်ကြည့်ပြီး အမှားတွေကနေ သင်ခန်းစာယူကြရပါမယ်။

အဲဒီလိုအမှားမျိုး နောက်ထပ်မဖြစ်ရအောင် နည်းလမ်းရှာ ရှောင်ရှားကြရပါမယ်။


ကျနော်တို့နဲ့အတူ ပြည်သူလူထုကြီး ရှိပါတယ်။ ဒီမိုကရေစီ ချစ်မြတ်နိုးသူ နိုင်ငံတကာ
ပြည်သူတွေ ရှိကြပါတယ်။

ထာဝရတည်တန့်ခိုင်မြဲခ့တ
ဲ့ အာဏာရှင်စနစ်ဆိုတာ ကမ္ဘာ့သမိုင်း မရှိပါဘူး။ မြန်မာနိုင်ငံ က
စစ်အာဏာရှင်စနစ်ဟာ မလွှဲမသွေကျဆုံးရမှာ အသေအချာပဲ ဖြစ်ပါတယ်။ ကျနော် တို့
ကြိုးစားအားထုတ်ကြဖို့ပဲ ရှိပါတယ်။

စိုးနေလ

You might also like