You are on page 1of 11

Generated by Foxit PDF Creator © Foxit Software

http://www.foxitsoftware.com For evaluation only.

ပြည်ထောင်စုဆိုင်ရာ တပိုင်းတစအမြင်

တကယ်ညီညွတ်ချင်ရင် ရန်သူအစစ်ကို မြင်ဖို့လိုတယ်

ကိုထွန်းအောင်ကျော်ရဲ့ ဖယ်ဒရယ်ပြည်ထောင်စုဆိုတဲ့ စာတန်းဆန်ဆန် ဆောင်းပါးကို


ဖတ်ရပါတယ်။ တန်းတူရေးကို အခြေခံတဲ့ တိုင်းရင်းသားစုံ ညီညွတ်ရေးနဲ့ ပြည်ထောင်စုသစ်
တည်ဆောက်ရေးအတွက် သူ့အမြင်တွေကို တင်ပြထားပါတယ်။ စာတမ်းဆောင်းပါးရဲ့
အာဘော်နဲ့ ရည်ရွယ်ချက်ကို ယေဘုယျအားဖြင့် သဘောတူ လက်ခံပါတယ်။ သို့သော်လည်း
တချို့အချက်များကိုတော့ အပြန်အလှန်ဆွေးနွေးလိုပါတယ်။ ဖြည့်စွက်တင်ပြခြင်း သဘောပါ။

ဒါကလည်း နိုင်ငံရေးသမားတယောက်ရဲ့ တာဝန်လို့ ယူဆလို့ ဖြစ်ပါတယ်။ ဗိုလ်ချုပ်


အောင်ဆန်းပြောသလို နိုင်ငံရေးသမားဆိုတာ ကိုယ့်အမြင်အယူအဆကို လူထုအကြား ပွင့်ပင
ွ့်
လင်းလင်း ချပြရဲရမယ်။ အမှားအမှန်ကို သမိုင်း (ရာဇ၀င်) က ဆုံးဖြတ်ပါလိမ့်မယ်။ ဒီတော့
နိုင်ငံနဲ့ ပြည်သူအတွက် ရှောင်ရန် ဘေးအန္တရာယ်တွေ၊ ဆောင်ရန် သာယာဝပြောရေးနဲ့
ညီညွတ်ရေးနည်းလမ်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်မှန်တွေ အမြင်အယူ
အဆတွေကို တင်ပြဘို့ နိုင်ငံရေးသမားများ လုပ်ရှားတက်ကြွသူများမှာ တာဝန်ရှိပါတယ်။

ပထမဆုံး ဆွေးနွေးလိုတာက ပြည်ထောင်စုသစ် အမည်နဲ့ ပတ်သက်ပါတယ်။


သူ့ဆောင်းပါး အဆုံးပိုင်းက စတင်ဆွေးနွေး ရတာက ဗမာ၊ မြန်မာအသုံးနဲ့ ပတ်သက်နေလို့
ဖြစ်ပါတယ်။ ကျွန်တော်ရေးခဲ့တဲ့ စာတွေမှာလည်း တပြည်လုံး တမျိုးသားလုံးနဲ့ သက်ဆိုင်ရင်
ဗမာလို့ပဲ သုံးနှုန်းခဲ့သလို ဒီမှာလည်း ထို့အတူ သုံးစွဲသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဗမာ၊
မြန်မာ ကွဲပြားတဲ့ အယူအဆကို တင်ပြလိုတဲ့အတွက် သိသာထင်ရှားမှုရှိအောင် ဦးစွာ
ဆွေးနွေးတင်ပြခြင်း ဖြစ်ပါတယ်။

ကိုထွန်းအောင်ကျော်က သူ့အတွက် ဗမာပဲဖြစ်ဖြစ်၊ မြန်မာပဲဖြစ်ဖြစ် အကြောင်းကိစ္စမရှိ၊


ဒါမှမဟုတ် ဗမာရော၊ မြန်မာကိုပါ ပယ်ပြီး အားလုံးသဘောတူတဲ့ တခြားအမည် တခုကို
သုံးရင်လဲ သဘောတူညီတယ်၊ တဆက်တည်း သုဝဏ္ဏဘူမိကို ပြည်ထောင်စုသစ်ရဲ့
အမည်အဖြစ် အဆိုပြုသွားပါတယ်။ ကျွန်တော့ အတွက်တော့ နိုင်ငံတခုရဲ့ အမည်ဟာ
အများညီရုံနဲ့ အလွယ်မသတ်မှတ်သင့်လို့ မြင်ပါတယ်။ ခိုင်လုံတဲ့ သမိုင်းကြောင်း ဇာစ်မြစ်နဲ့
ကျိုးကြောင်း ယုတ္တိရှိဖို့ လိုပါတယ်။ ဒီနေ့ခေတ်မှာတော့ ဗမာပဲပြောပြော၊ မြန်မာပဲပြောပြော
အတူတူပါပဲလို့ ကွယ်လွန်သူ ဗိုလ်ချုပ်မြ ပြောသလိုပဲ မြေပြန့်နေ လူမျိုးစုကြီးရဲ့ အမည်လို့
အများက နားလည် လက်ခံနေကြတယ်။ ဒါပေမဲ့ နိုင်ငံတခုရဲ့ အမည်ဆိုတော့ အထက်မှာ
Generated by Foxit PDF Creator © Foxit Software
http://www.foxitsoftware.com For evaluation only.

ဆိုခဲ့သလို အကျိုးအကြောင်း ဇာစ်မြစ်ကိုတော့ ရှာဖို့လိုပါတယ်။ ရှာတဲ့ အခါမှာလည်း


ခေတ်ပြိုင် အိမ်နီးခြင်း အမျိုးသားတွေက ကျနော်တို့ကို ဘယ်လို ခေါ်ဝေါ်သတ်မှတ်တယ်
ဆိုတာကို ထည့်သွင့် စီစစ်ဖို့ လိုပါတယ်။

လေ့လာဆန်းစစ်မိသလောက်နဲ့ ကျွန်တော့အမြင် ပြောရရင်တော့ ပြည်ထောင်စု


တခုလုံးနဲ့ ပတ်သက်တဲ့ အများဆိုင်နာမ်ဟာ ဗမာသာဖြစ်သင့်ပြီး မြန်မာကတော့ ပြည်ထောင်စု
အလယ်ပိုင်း မြေပြန့်နေ လူမျိုးစုကြီးကို ခေါ်ဝေါ်ရည်ညန
ွ်းသင့်တယ်လို့ ယူဆပါတယ်။

ဗမာ

ဒီဝေါဟာရတွေနဲ့ ပတ်သက်ပြီး လေ့လာရာမှာ အိန္ဒိယမှာ ရောက်ရှိနေထိုင်ရတာက


ကျွန်တော့အတွက် အားသားချက်လို့ ဆိုရပါမယ်။ တကယ်တော့ ဗမာဆိုတဲ့ ဝေါဟာရဟာ
ဒီကနေ့ ဗမာပြည်ထဲမှာ နေထိုင်နေ့ကြတဲ့ တိုင်းရင်းသား မျိုးနွယ်စု အားလုံးရဲ့ ဘာသာစကားနဲ့
ဘယ်လိုမှ မပတ်သက်ပါဘူး။ ဗမာဆိုတာ အိန္ဒိယစကား သက္ကတဘာသာ ဗြဟ္မာကနေ
ပျက်ရွေ့လာတဲ့ ဝေါဟာရဖြစ်တယ်။ လွန်ခ့တ
ဲ့ အနှစ် (၃၀၀၀) ကျော် အထက်ကာလက
ကျွန်တော်တို့ ဘိုးဘွားတွေ ၀င်ရောက်အခြေချ မနေထိုင်မီကတည်းက မဇ္ဈိမတိုင်းသားတွေက
လက်ရှိ ဗမာပြည်လို့ ခေါ်တဲ့ နယ်မြေကို တွေ့ရှိထားပြီး ဖြစ်ပါတယ်။

အာသံနယ်ကနေ ဖြတ်စီးပြီး ဂင်္ဂါမြစ်ထဲကို ပေါင်းဆုံသွားတဲ့ ဗြဟ္မာကြီးရဲ့သားလို့


အဓိပ္ပါယ်ရှိတဲ့ ဗြဟ္မပုတ္တရမြစ်ရဲ့ အရှေ့ဘက်ဒေသကို မဇ္ဈိမတိုင်းသားတွေက သူတို့ဘာသာနဲ့
ဗြဟ္မာဒေ့ရှ် (သို့) ဗာရမာဒေ့ရှ် (Bramah Desh) လို့ ခေါ်ပါတယ်။ ဗြဟ္မာ+ ဒေ့ရှ် က ဗြဟ္မာဟာ
ဗြဟ္မာကြီးကို ရည်ညန
ွ်းပြီး ဒေ့ရှ်ဆိုတာကတော့ ဒေသ၊ နယ်မြေလို့ အဓိပ္ပါယ်ရှိပါတယ်။
ဗြဟ္မာကြီးရဲ့ နယ်မြေ (Land of Lord Bramah) ဆိုတဲ့ အဓိပ္ပါယ်ဖြစ်တယ်။ အဲဒီဒေသထဲမှာ
နေထိုင်သူများကိုတော့ ဗာရမာ သို့မဟုတ် ဗားရမားလို့ ခေါ်ကြတယ်။ ဒီနေ့ခေတ် အိန္ဒိယ
နိုင်ငံသားတွေက နိုင်ငံကို ဗရမာဒေ့ရှ်လို့ ခေါ်ပြီး လူတွေကိုတော့ ဗားရမားလို့ ခေါ်နေကြဆဲ
ဖြစ်တယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အထင်ကရဖြစ်တဲ့ ဧရာဝတီမြစ်ဆိုတာကလည်း
ဆင်မြစ်လို့ အဓိပ္ပါယ်ရတဲ့ သက္ကတ စကားပျက်ဖြစ်ပါတယ်။ ဧရာဝဏ်+ နဒီ က ဧရာဝဏ်
(Iravan) ဆိုတာ ဆင်ဖြစ်ပြီး နဒီဆိုတာကတော့ မြစ်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဗမာဆိုတဲ့
ဝေါဟာရသာလျှင် လက်ရှိပြည်ထောင်စုအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား အမျိုး
အနွယ်စု အားလုံးကို ခြုံငုံကိုယ်စားပြုတယ်လို့ ယူဆပါတယ်။

မြန်မာ
Generated by Foxit PDF Creator © Foxit Software
http://www.foxitsoftware.com For evaluation only.

မြန်မာဆိုတဲ့ ဝေါဟာရကို ဆန်းစစ်ကြည့်လျှင် အစောဆုံး သုံးနှုန်းခဲ့တာ ပုဂံခေတ်မှာလို့


ဆိုရမှာဖြစ်ပါတယ်။ ဟုတ်တာ၊ မဟုတ်တာ အပထားလို့ ရှေ့လူများအဆိုအရ ပုဂံခေတ်
နှောင်းပိုင်း တရုတ်ကျူးကျော်စစ်ကို ခုခံဘို့အတွက် ကျန်းမာသန်စွမ်းသူတွေ၊ “မြန်မြန်မာမာ”
လူတွေ ထွက်ကြလို့ ဆင့်ဆော်ရာကနေ ပေါ်လာတာလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီအသုံးအနှုန်းဟာ
အဲဒီ့နောက်ပိုင်း သိပ်ပြီး တွင်ကျယ်ခဲ့ဟန် မတူပါဘူး။ ပုံနှိပ်လုပ်ငန်းတွေ ပေါ်လာတဲ့
ကုန်းဘောင် ခေတ်နှောင်းပိုင်းကျမှ ပြန်ပေါ်လာတာကို တွေ့မိပါတယ်။

မြန်မာဝေါဟာရရဲ့ ဇာစ်မြစ်က တိဘက်ဗမာ မျိုးနွယ်စုဝင်တွေ့ရဲ့ မိမိနဲ့ စပ်ဆိုင်


ရည်ညွန်းတဲ့ စကားဖြစ်ပါတယ်။ မြန် နဲ့ မာကို ပေါင်းစပ်ထားတဲ့ ဝေါဟာရဖြစ်ပါတယ်။ အဲဒီမှာ
မာ ဆိုတာကို အထူးကြံဆစရာမလိုပဲ ဒီခေတ်အဓိပ္ပါယ်အတိုင်း မာချာခြင်း၊ သန်စွမ်းခြင်း စတဲ့
ချိနဲ့ပျောနွဲ့ခြင်းနဲ့ ဆန့်ကျင်ဘက်သဘောကို ဆောင်ပါတယ်။ တကယ်တော့ မာ စကားလုံးဟာ
မြန် ဆိုတဲ့ စကားလုံးကို ၀ိဂြိုလ်ပြုတဲ့ ကြိယာဝိသေသနသဘောသာ ဖြစ်ပါတယ်။ အရင်းမူလ
ပုဒ်က မြန် ပဲဖြစ်ပါတယ်။ မြန် ရဲ့ လုံးခြင်း အဓိပ္ပါယ်က ဒီနေ့ခေတ် နားလည်နေသလို
လျင်ခြင်း၊ မြန်ခြင်း၊ သွက်လက်ခြင်း အဓိပ္ပါယ် မဆောင်ပါဘူး။ မိမိကိုယ်ကို ရည်ညန
ွ်းတဲ့ “လူ”
ဆိုတဲ့ အဓိပ္ပါယ်သာ ဆောင်ပါတယ်။

ဘာသာဗေဒ (Linguistic) သဘောအရ မျိုးနွယ်စုတွေရဲ့ ဆွေမျိုးဆက်နယ


ွ် အနီး
အဝေးကို အခြေခံဝေါဟာရများ (Fundamental Word) တူညီမှု ပမာဏနဲ့ တိုင်းတာ
ကြတယ်။ တူညီမှုများရင် ဆွေမျိုးဆက်နယ
ွ်မှု နီးပြီး နည်းရင် ဝေးတယ်လို့ သတ်မှတ်ကြတယ်။
အခြေခံဝေါဟာရ ဆိုတာ ရေ၊ မီး၊ နေ၊ လ၊ အဖေ၊ အမေ၊ လူ၊ သစ်ပင်၊ တော၊ တောင်နဲ့
ကိန်းဂဏန်း အရေအတွက်စတဲ့ နိစ္စဓူဝ သုံးနှုန်းနေကြတဲ့ အခြေခံဝေါဟာရတွေကို
ဆိုလိုပါတယ်။ အိန္ဒိယ နယ်ခြား တောင်တန်းများ နဲ့ မြေပြန့်များမှာ နေထိုင်ကြတဲ့ တိဘက်ဗမာ
မျိုးနွယ်စုဝင် ချင်း၊ မီဇိုး၊ ဇိုမီး၊ ကသည်း၊ နာဂစတဲ့ အမျိုးအနွယ်တွေရဲ့ စကားမှာ လူ ဆိုတဲ့
ဝေါဟာရနဲ့ ပတ်သက်ပြီး ပြောဆို ရည်ညွန်းရာမှာ မုဋ္ဌဋ္ဌာန်လို့ ဆိုတဲ့ နှုတ်ခမ်းကို ပိတ်ပြီး
ရွတ်ဆိုစဉ် နှုတ်ခမ်းဖျားမှာ ဖြစ်ပေါ်တဲ့ “မ” ကို အခြေခံတဲ့ အသံတွေ ဖြစ်နေကြပါတယ်။ “မီ”
“မင်” “မန်” “မာန်” “မီယန်” “မြန်” စတဲ့ အသံများနဲ့ လူ ကို ရည်ညွန်းကိုယ်စားပြုကြတယ်။
အနောက်ဖက် တောင်တန်းသားများတွေထဲက သူတို့ကိုယ် သူတို့ မီဇိုး၊ ဇိုမီးလို့ ခေါ်ဝေါ်ကြတဲ့
ဝေါဟာရတွေရဲ့ အဓိပ္ပါယ်ကတော့ တောင်ပေါ်လူ၊ သို့မဟုတ် တောင်ပေါ်သားလို့ ဖြစ်ပါတယ်။
(မီ= လူ+ဇို= တောင်)

ကျွန်တော်တို့ ဘိုးဘွားတွေရဲ့ မူလဒေသဟာ တိဗက်ကုန်းမြင့်ရဲ့ အရှေ့တောင်ပိုင်း


ဒီနေ့တရုတ်ပြည် စီချွမ်ဒေသလို့ ဆိုပါတယ်။ ဗမာပြည်ထဲ ပြောင်းရွေ့နေထိုင်ရာ လမ်းကြောင်း
နောက်ဆုံး စခန်းထောက်ဖြစ်တဲ့ ယူနန်နယ်သားများက ကျွန်တော်တို့ကို “မြန်တင့်” လို့
Generated by Foxit PDF Creator © Foxit Software
http://www.foxitsoftware.com For evaluation only.

ခေါ်ကြပါတယ်။ ပုဂံပြည်ကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် တရုတ်တွေဟာ ဒီနေ့ဗမာပြည်


အထက်ပိုင်းကို “မီယန်ချန်-MienQan” လို့ အမည်သတ်မှတ်ပြီး တရုတ်အင်ပါယာထဲ
သွတ်သွင်းကြောင်း ကြေငြာခဲ့ပါတယ်။ (ဒီအချက်ကို ကိုးကားပြီး ကူမင်တန်
ထိုင်ဝမ်တရုတ်ပြည်က မြစ်ကြီးနား အပါအ၀င် ဗန်းမော် မျဉ်းတပြေးအထက် ဗမာပြည်ကို
သူတို့ပိုင် အဖြစ် သတ်မှတ် တောင်းဆို နေတာဖြစ်တယ်။) စကားစပ်အနေနဲ့ တင်ပြရရင်
အာသံမှာ ကျန်ခ့တ
ဲ့ ရှေးမြန်မာ အဆက် အနွယ်များဟာ သူတို့နာမည်နောက်မှာ
မျိုးနွယ်စုအမည် (Surname) အဖြစ် မာန် (Marn) ကို ထည့်ပြီး မျိုးနွယ်ကို
ထိန်းသိမ်းနေကြတာပါ။ ရှမ်းတွေက မျိုးနွယ်စု အမည်အဖြစ် (Shyam) လို့ သုံးပြီး
ထိန်းကြတယ်။ ဥပမာ- ရာမေ့ရှ်မာန် (Ramesh Marn) ထန်းအောင်ရှမ်း (Thang Ang
Shyam) တို့ ဖြစ်တယ်။ သူတို့ဟာ ပထမ အင်္ဂလိပ်ဗမာစစ်ပဲအ
ွ ပြီး ဗမာတွေ ပြန်ဆုတ်စဉ်
ကျန်ခ့တ
ဲ့သူတွေရဲ့ အဆက်အနွယ်တွေ ဖြစ်ပါတယ်။ သူတို့ဟာ ဗုဒ္ဓဘာသာဝင်တွေ
ဖြစ်တဲ့အတွက် နှစ်စဉ် ဗမာပြက္ခဒိန်အတိုင်း နှစ်သစ်ကူးပွဲတွေကို အတူဆင်နြွှဲ ကတယ်။ ပွဲဆန်ဂံ
(Pwe Sanghan) ဆိုတဲ့အမည်နဲ့ ဗာရမားဆိုတဲ့ ဘုံအမည်အောက်မှာ အတူဆင်နြွှဲ ကတာ
ဖြစ်တယ်။ အခုတော့ သူတို့အကြားက ဘုံစကားဟာ အာသံစကား (Assamese) ဖြစ်တယ်။

ရှေးဦးပုဂံခေတ် ဘုရင်နဲ့ ဆိုင်တဲ့ အသုံးအနှုန်းဖြစ်တဲ့ မင်းစော၊ မင်းစိုး၊ စိုးမင်းဆိုတဲ့


ဝေါဟာတွေနဲ့ ပတ်သက်ပြီး ဆန်းစစ်ကြည့်ရင်လဲ လူဆိုတဲ့ အဓိပ္ပါယ်ကိုသာ ရည်ညွန်းနေ
ပါတယ်။ ဒီမှာလည်း မင်း ဆိုတာ မင်၊ မီ၊ မာန်၊ မီယန် စတဲ့ ဝေါဟာရတွေရဲ့ အဓိပ္ပါယ် လူ
ပဲဖြစ်ပါတယ်။ စော၊ စိုဝ်၊ စိုး ဆိုတာတွေကလည်း အသံသာကွဲပြီး အဓိပ္ပါယ်တူတဲ့ ဝေါဟာရတွေ
ဖြစ်ပါတယ်။ စိုးမိုး ချုပ်ချာခြင်း၊ ကြီးမှုးခြင်းလို့ အဓိပ္ပါယ်ဆောင်ပါတယ်။ ဒါကြောင့် မင်းစော၊
မင်းစိုးဆိုတာ လူတို့ကို စိုးမိုးအုပ်ချုပ်သူ၊ လူထုရဲ့ အကြီးအမှုးလို့ အဓိပ္ပါယ် ဆောင်ပါတယ်။

အထက် တင်ပြခဲ့တဲ့ အချက်တွေအရ မြန်မာဝေါဟာရပါ မြန် ဆိုတာဟာ တိဗက်ဗမာ


အနွယ်ဝင်တွေက ကိုယ့်ကိုကိုယ်ရည်ညန
ွ်းတဲ့ လူ ဆိုတဲ့ အဓိပ္ပါယ်သာဖြစ်ကြောင်း
ကောက်ချက် ပြုနိုင်ပါတယ်။ ဒါကြောင့် သန်းစွမ်းမာချာတဲ့ လူများလို့ အဓိပ္ပါယ်ဆောင်တဲ့
မြန်မာ ဆိုတဲ့ ဝေါဟာရဟာ တိဗက်ဗမာမျိုးနွယ်စုဝင် မြေပြန့်နေ လူမျိုးစုကြီးကိုသာ
ရည်ညွန်းကြောင်း ထင်ရှားပါတယ်။

ဗမာလား၊ မြန်မာလား

ဗမာ၊ မြန်မာ ရေးထုံး ကွဲလွဲချက်တွေဟာ ကိုလိုနီခေတ်ဦးပိုင်းမှာ စခဲ့တယ်လို့ လေ့လာ


မိပါတယ်။ မြန်မာဆိုတဲ့ ဝေါဟာရဟာ ကုန်းဘောင်ခေတ်နှောင်း ပုံနှိပ်စက်များ ပေါ်လာစဉ်
အတော် အသုံးတွင်နေပြီ ဖြစ်ပါတယ်။ တချို့ဆိုရင် မ ကိုရရစ်ကာ မ နှစ်လုံးဆင့် ရေးချာနှင့်
Generated by Foxit PDF Creator © Foxit Software
http://www.foxitsoftware.com For evaluation only.

“မြမ္မာ” လို့ ရေးထားတာတွေတောင် ရှိပါတယ်။ ဗြိတိသျှအောက်ဗမာပြည် မော်လမြိုင်မြို့က


ထုတ်တဲ့ ပထမဦးဆုံး သတင်းစာရဲ့ အမည်ဟာ “မြမ္မာသီတင်းစာ” လို့ ဖြစ်ပါတယ်။ ဗမာဆိုတဲ့
ရေးထုံးနဲ့ အသုံးအနှုန်းက အင်္ဂလိပ်တွေ ဗမာတပြည်လုံးကို သိမ်းပြီးနောက်ပိုင်း သူတို့နဲ့
အတူပါလာတဲ့ အိန္ဒိယတိုက်သားတွေ ရောက်လာမှ တွင်ကျယ်လာတယ်လို့ ယူဆပါတယ်။
သူတို့အမြင် အတိုင်း ဌာနေဗမာပြည်သားအားလုံးကို ချုံငုံခေါ်ဝေါ်တဲ့ အမည်ဖြစ်ပါတယ်။
ဗားရမားဝါလားလို့ဖြစ်တယ်။ အဲဒီ့အချိန်က အင်္ဂလိပ် ကိုလိုနီအုပ်ချုပ်ရေး ယန္တရားရဲ့
စာရေးစာချီက အစ ၀န်ထောက် အတွင်းဝန်အထိ အများစုဟာ အိန္ဒိယတိုက်သားတွေ
ဖြစ်ပါတယ်။ အုပ်ချုပ်ခံ ဌာနေသားတွေက အုပ်ချုပ်သူတွေ နားလည်အောင် ဗားရမားဆိုတဲ့
စကားကို လိုက်ပြောရာကနေ ဗမာဆိုတဲ့အသုံး တွင်ကျယ်လာတယ်လို့ ယူဆရပါတယ်။
အဲဒီခေတ် ရှေ့ကာလ အရင်က ဗမာပြည်ထည်းမှာ ဗမာ မြန်မာဆိုတဲ့ အသုံးအနှုန်းက
မတွေ့မိ သလောက်ပါပဲ။ ရှိခဲ့ရင်လည်း အတော်နည်းပါးပါလိမ့်မယ်။ ထိုအချိန်က
အသုံးတွင်ခ့တ
ဲာက နန်းစိုက်ရာ မင်းနေပြည် မြို့ရွာအမည်အတိုင်း ပုဂံသား၊ အင်းဝသား၊
တောင်ငူသား၊ ဓည၀တီသားလို့ ခေါ်ဝေါ်သုံးနှုန်းခဲ့ကြပါတယ်။ ဒီနေ့ခေတ်ထိ မဏိပူရ
ကသည်းများက ဗမာကို အ၀ (အင်းဝ) (သို့မဟုတ်) ကဘော် (ကဘော်သား) လို့ ခေါ်နေ
ကြဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ် မှတ်တမ်းများမှာလည်း အင်းဝ (Ava)၊ သန်လျင်စသည်ဖြင့်
မြို့ရွာအမည်တိုင်းပဲ တွေ့ရ ပါတယ်။ အင်္ဂလိပ်တွေ အိန္ဒိယပြည်ကြီးကို သိမ်းပြီး အိန္ဒိယက
တဆင့် ဗမာပြည်ကို ဆက်စပ်ထိတွေ့လာချိန်ကျမှပဲ ဗားမား (Burma) လို့ ရေးလာတာ
ဖြစ်ပါတယ်။ ဒါကလည်း ဗမာရဲ့ ရင်းမြစ်ဖြစ်တဲ့ အိန္ဒိယတိုင်းသားတွေရဲ့ စကား၊ အခေါ်အဝေါ်
(Bramah) ကို အင်္ဂလိပ်နားအကြားနဲ့ ရေးခဲ့ခြင်း ဖြစ်ဟန်တူပါတယ်။

တို့ဗမာအစည်းအရုံးနဲ့ လူမျိုးစုံစည်းလုံးရေး

ဗမာဆိုတဲ့ အသုံးအနှုန်းနဲ့ တိုင်းရင်းသားအားလုံးကို ခြုံငုံကိုယ်စားပြုပြီး တွင်တွင်


ကျယ်ကျယ် အသုံးပြုလာတာဟာ တို့ဗမာအစည်းအရုံးခေတ်မှာ ဖြစ်ပါတယ်။ အဲဒီ့မတိုင်ခင်က
နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ဂျီစီဘီအေရဲ့ အမည် မြန်မာအသင်းချုပ်ကြီးဆိုတာနဲ့ ကွဲလွဲစွာ
သုံးထားခြင်းဖြစ်ပါတယ်။ ဒီနေ့ နိုင်ငံတော်သီချင်းရဲ့ အခြေခံဖြစ်တဲ့ တို့ဗမာသီချင်းမှာ-
“(တို့ဗမာ)၂ ပြေကို တိုင်းရင်းသား အကုန်အစင်၊ တို့ပြေလို့ မှတ်ထင်၊ တို့ဝတ္တရားပင်
တို့ဗမာသခင်” လို့ ရေးဖွဲ့ခဲ့ပါတယ်။ ဒီတို့ဗမာသီချင်းဟာ ၀ိုင်အမ်ဘီ သခင်တင်နဲ့ အစည်းအရုံး
စတင်တည်ထောင်သူ သခင်ဘသောင်းတို့ စပ်ဆိုခဲ့တာဖြစ်ပါတယ်။ ပထမဆုံးအကြိမ်အဖြစ်
ရန်ကုန်တက္ကသိုလ် သထုံဆောင်မှာ စတင်ပြီး ပရိတ်သတ်အကြား သီဆိုခဲ့ကြတယ်။ အဲဒီပွဲမှာ
သီချင်းနဲ့ ပတ်သက်ပြီး သခင်ဘသောင်းက ဖွင့်ဆို ရှင်းလင်းပြခဲ့တယ်။ သူရှင်းလင်းပြခဲ့တဲ့
အထဲမှာ “ဒီကမ္ဘာမြေကြီးဟာ ကြေပျက်မသွားသမျှ ကာလပတ်လုံး ငါတို့ဗမာပြည်ကို
ဗမာတိုင်းရင်းသား အကုန်ုလုံးက မြောက်ဘက်ပူတာအိုက တောင်ဘက် ၀ိတိုရိယအရောက်
Generated by Foxit PDF Creator © Foxit Software
http://www.foxitsoftware.com For evaluation only.

အနောက်ဘက် အိန္ဒိယနယ်စပ်က အရှေ့ဘက် ယိုဒယား ကမ္ဘောဇနယ်စပ်အရောက်


ဗမာပြည်တ၀ှမ်းလုံးကို တို့ပြည်၊ တို့မြေ၊ တို့အိမ်၊ တို့ရွာ လို့ မှတ်ကြရမယ်။ တို့ဗမာ တိုင်းရင်းသား
အကုန်လုံးကို သွေးသားအရင်းအချာလို ချစ်ခင်ကြဘို့ တာဝန်ဟာ ငါ့တို့ရဲ့ အဓိက
တာဝန်ကြီးဖြစ်တယ်” လို့ အဓိပ္ပါယ် ဖွင့်ဆိုသွားပါတယ်။

ဒီနေရာမှာ စကားကြုံတခု ပြောချင်ပါတယ်။ တချို့သော နိုင်ငံရေးသမားတွေ နိုင်ငံရေး


ဆောင်းပါး ရေးနေသူတွေက ဒီနေ့ စစ်အာဏာရှင်တွေ ကျင့်သုံးနေတဲ့ မဟာလူမျိုးကြီးဝါဒဟာ
တို့ဗမာအစည်းအရုံးက အခြေခံတယ်လို့ တောရမ်းမယ်ဘွဲ့ ဆိုနေကြတယ်။ ရေးနေကြတယ်။
ဒါဟာ သမိုင်းအရ မှားယွင်းရုံမက ကွယ်လွန်ကြကုန်ပြီဖြစ်တဲ့ တည်ထောင်သူ၊ လှုပ်ရှား
ဆောင်ရွက်ခဲ့ကြတဲ့ ခေါင်းဆောင်တွေရဲ့ စေတနာ၊ ရည်မှန်းချက်နဲ့ ကျေးဇူးကို စော်ကားတာ
ဖြစ်ပါတယ်။ သူတို့ဟာ အဲဒီအချိန်က စိတ်ဓာတ်ရေးရာအရ အောက်တန်းကျနေတဲ့
ဇာတိမာန်ကို ပြန်လည်မြှင့်တင်ဖို့အတွက် ငါတို့လည်း ဇာတိပုည ဂုဏ်မာနနဲ့ ရာဇ၀င်
ထွန်းပြောင်ခ့တ
ဲ့သူတွေဖြစ်တယ်။ အဆင့်အတန်းမြင့်တဲ့ လူမျိုးကြီးသာဖြစ်တယ်လို့ နှိုးဆော်ခဲ့
ကြတယ်။ လှုံ့ဆော်ခဲ့ကြတယ်။ ဒါဟာ ဗမာပြည်သား တိုင်းရင်းသား အကုန်အစင်ကို
ရည်ညွန်းနှိုးဆော်တာ ဖြစ်တယ်။ ဘယ်လူမျိုးစု တခုကိုမှ သီးခြား ၀ကွက် ရည်ညန
ွ်းခဲ့တာ
မဟုတ်ပါဘူး။ တို့ဗမာ အစည်းအရုံးရဲ့ လူမျိုးရေးအမြင် ကင်းရှင်းကြောင်းကို အာဇာနည်
ခေါင်းဆောင်ကြီး သခင်မြက ဘုရင်ခံလွှတ်တော်မှာ “တို့ဗမာအစည်းအရုံးရဲ့ စည်းမျဉ်းမှာ
လူမျိုးရေးအရ ကျဉ်းမြောင်းတဲ့ သဘောတရားကို ဘယ်တုန်းကမှ မချမှတ်ခ့ပ
ဲါ။ ဒီလို ၀ါဒမျိုးကို
အုပ်စိုးခံ ပြည်သူတွေအပေါ်မှာ သွေးခွဲလေ့ရှိတဲ့ အစိုးရများကသာ ချမှတ်လေ့ရှိပါတယ်။
ကျွန်တော်တို့ တို့ဗမာအစည်းအရုံးရဲ့ လှုပ်ရှားမှုတွေမှာ အိန္ဒိယ အမျိုးသားများဟာ အမြဲမပြတ်
လက်တွဲ ရပ်တည် ဆောင်ရက
ွ်ခ့တ
ဲာ အားလုံးအသိပါ။ အိန္ဒိယ အလုပ်သမား၊ လယ်သမား၊
ကျောင်းသားများသာ တို့ဗမာအစည်းအရုံးတွင် ပါဝင်ပြီး အိန္ဒိယ ဓနရှင်များ မပါဝင်ပါ။ ဒါကြောင့်
တို့ဗမာအစည်းအရုံးက ကျဉ်းမြောင်းတဲ့ လူမျိုးရေး သွေးခွဲမှု လုပ်ငန်းမျိုးမှာ ဘယ်တုန်းကမှ
မပါခဲ့ပါ။” လို့ အတိအလင်း ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် တို့ဗမာအစည်းအရုံး လှုပ်ရှားမှုတွေမှာ
လူမျိုးစုံတို့ ပါဝင်လှုပ်ရှားကြခဲ့တာဖြစ်တယ်။

တို့ဗမာအစည်းအရုံးရဲ့ နိုင်ငံရေး သြဇာမကင်းတဲ့ နိုင်ငံရေး၊ လူမှုရေးအသင်း


အဖွဲ့များဟာ တပြည်လုံးကို ခြုံငုံပြီး ဗမာလို့ပဲ သုံးခဲ့ကြတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ၊
ဗမာပြည်ဆိုရှယ်လစ်ပါတီ၊ ဗမာပြည် တောင်သူလယ်သမား အလုပ်သမား အစည်းအရုံး
(ဗတလစ)၊ ဗမာပြည် အလုပ်သမား လယ်သမားပါတီ၊ ဗမာ့တပ်မတော် ဗကသများအဖွဲ့ချုပ်
စသည်ဖြင့် ဖြစ်ကြတယ်။ တို့ဗမာအစည်းအရုံးရဲ့ နိုင်ငံရေးသြဇာ ရှိနေသေးတဲ့ ဂျပန်ခေတ်
လွတ်လပ်ရေးနဲ့ လွတ်လပ်ရေးခေတ် အစောပိုင်းကာလတွေမှာလည်း နိုင်ငံ့အမည်ကို
ဗမာနိုင်ငံတော်၊ ပြည်ထောင်စု ဗမာနိုင်ငံလို့ ရေးခဲ့၊ သုံးခဲ့ကြပါသေးတယ်။
Generated by Foxit PDF Creator © Foxit Software
http://www.foxitsoftware.com For evaluation only.

လူမျိုးစုတခုကိုသာ ကိုယ်စားပြုတဲ့ မြန်မာဆိုတဲ့ ဝေါဟာရကို နိုင်ငံနှင့် အစိုးရများနဲ့


ပတ်သက်ပြီး ပေါ်ပေါ်တင်တင် စတင်အသုံးပြုလာတာဟာ ဗိုလ်နေ၀င်း အာဏာသိမ်းပြီး
ခေတ်မှာ ဖြစ်ပါတယ်။ တရားဝင် ပြောင်းလဲ သတ်မှတ်မှုကတော့ နိုင်ငံသားဥပဒေ (၁၉၈၂
လား၊ ၈၅ လား မသိပါ) အတည်ပြု ပြီးမှ ဖြစ်ပါတယ်။ မဟာလူမျီုးကြီးဝါဒ ပြောင်ပြောင်
တင်းတင်း ပေါ်ထွန်းလာတဲ့ ကာလ ဖြစ်ပါတယ်။ မြန်မာ၊ ဗမာ ဝေါ်ဟာရ အရှုပ်အထွေးကို
မလိမ့်တပတ် အသုံးချပြီး လူမျိုးစု တခုတည်းရဲ့ အမည် မြန်မာကို ပြောင်းလဲ သတ်မှတ်ခြင်း
ဖြစ်ပါတယ်။ တကယ်တမ်း အားဖြင့်တော့ ပြည်ထောင်စုကြီးရဲ့ အမည်နဲ့ လူမျိုးစုံ နိုင်ငံသား
အားလုံးရဲ့ အမည်ဟာ ဗမာပဲ ဖြစ်ရမည်လို့ ယူဆပါတယ်။

ပြည်ထောင်စုမှုနှင့် လက်ဝဲအယူအဆ

ကိုထွန်းအောင်ကျော်က ပင်လုံစာချုပ်ပါ ခွဲထွက်ခွင့်နဲ့ စပ်လျဉ်းပြီး လက်ဝန


ဲိုင်ငံရေး
သမားတချို့က ဗိုလ်ချုပ်အောင်ဆန်းကို ရှုတ်ချဆဲရေးတယ်လို့ ရေးထားပါတယ်။ သူကော
ကျွန်တော်ပါ အဲဒီ့ခေတ်ကို မမှီပါ။ လက်လှမ်းမီသလောက် လေ့လာဆည်းပူးကြရတာပါပဲ။
သူ့အနေနဲ့တော့ သူ့အတွက် ယုံကြည်စိတ်ချလောက်တဲ့ ပုဂ္ဂိုလ်တဦးရဲ့ အပြော (သို့မဟုတ်)
အကြားကို ကိုးကားပြီး ရေးတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့ရဲ့ လေ့လာ သုံးသပ်ချက်
အရကတော့ ဒါဟာ မမှန်နိုင်ပါဘူး။ ပုဂ္ဂိုလ်တဦးတယောက်ရဲ့ လုပ်ကြံပြောဆိုမှုသာ
ဖြစ်နိုင်ပါတယ်။ ဥပမာ တရုတ်ခေါင်းဆောင် မော်စီတုန်းရဲ့ ဧည့်ခံပွဲမှာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့
ပတ်သက်ပြီး ဦးနုက သူ့ရဲ့ မိန့်ခွန်းမှာ “ကမ္ဘာကြီးမှာ စစ်အနိဋ္ဌာရုံ ပြာပုံမှာသာ ရှင်သန်
ပေါ်ပေါက်နိုင်တဲ့ ကွန်မြူနစ်ဝါဒ ခေါင်းထောင်လာပါလိမ့်မယ်” လို့ သူ့ရဲ့ တာတေ စနေသား
စာအုပ်မှာ ရေးထားပါတယ်။ ကွန်မြူနစ်ပါတီဥက္ကဋ္ဌ မော်စီတုန်းရှေ့မှာ ပြောတဲ့စကားဟာ
ကွန်မြူနစ်ဝါဒကို ပုတ်ခတ်တာ လုံးဝမဖြစ်နိုင်ပါ။ ဒီနေရာမှာ တကယ်ဖြစ်နိုင်တာက နာဇီဝါဒ
လို့သာ ဖြစ်ရပါမယ်။ ပြီးတော့ နာဇီနဲ့ ကွန်မြူနစ် ဝေါဟာရတွေဟာ စကားလုံးချင်း ဘယ်လိုမှ
မနီးစပ်တဲ့အတွက် စာစီစာရိုက်အမှားလည်း မဖြစ်နိုင်ပါ။ ဒီတော့ ဒါဟာ ကွန်မြူနစ်ဝါဒကို
မုန်းတီးတဲ့ စာရေးသူ (သို့မဟုတ်) တည်းဖြတ်သူရဲ့ လုပ်ကြံမှုသာ ဖြစ်နိုင်ပါတယ်။

ဒီလိုပဲ ခွဲထွက်ခင
ွ့်နဲ့ ပတ်သက်ပြီး တချို့ လက်ဝဲသမားတွေက ဗိုလ်ချုပ်အောင်ဆန်းကို
ရှုတ်ချဆဲရေးကြတယ်ဆိုတာဟာ လုပ်ကြံမှုသာ ဖြစ်နိုင်ပါတယ်။ ဒီစကားဟာ ခဲတလုံးနဲ့
ငှက်နှစ်ကောင်ပစ်သလို အလွန်ထိရောက်ပါတယ်။ လက်ဝဲအယူအဆရှိသူတွေကို လူနည်းစု
တိုင်းရင်းသားတွေနဲ့ကော ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုသူတွေနဲ့ပါ ရန်တိုက်ပေးတဲ့
စကားပဲဖြစ်ပါတယ်။ လူမျိုးစုရေးရာနဲ့ ပတ်သက်လို့ လက်ဝဲအယူအဆ အမြင်ကို အာဇာနည်
ခေါင်းဆောင်ကြီး သခင်မြက ၁၉၃၉ ဘုရင်ခံလွှတ်တော်မှာ အခုလို ပြောကြားခဲ့ပါတယ်။
Generated by Foxit PDF Creator © Foxit Software
http://www.foxitsoftware.com For evaluation only.

“ကွန်မြူနစ်ဝါဒဆိုတာ လူမျိုးရေးခွဲခြားမှုဝါဒအားလုံးကို ပယ်ဖျက်တဲ့ နိုင်ငံတကာ စည်း


လုံးညီညွတ်ရေး ၀ါဒဖြစ်တယ်။ အဖွဲ့အစည်းတရပ်ကို ကွန်မြူနစ်ဆန်တယ် စွပ်စွဲပြီးရင်
ဘယ်လိုလုပ်ပြီး လူမျိုးခွဲခြားရေးဝါဒကို ဆုတ်ကိုင်ထားတယ်လို့ စွပ်စဲန
ွိုင်ရသလဲလို့ ဆိုပါတယ်။”

ဗိုလ်ချုပ်အောင်းဆန်းနှင့် ခွဲထက
ွ်ခင
ွ့်

လက်ဝဲသမားမှန်ရင် လူမျိုးစုတွေရဲ့ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်နဲ့ တန်းတူရေးကို


အလေးအနက် လက်ခံသူများသာဖြစ်တယ်။ လီနင်က သူ့ရဲ့ လူမျိုးစုပြဿနာနဲ့ ပတ်သက်တဲ့
စာတမ်းတခုမှာ “ခွဲထွက်ခင
ွ့်နှင့်တကွ ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းခွင့်ထက် နိမ့်ကျတဲ့ မည်သည့်
မူဝါဒကမျှ လူမျိုးစုပြဿနာကို မဖြေရှင်းနိုင်” (No policy less than self determination with
secession right can solve the nationalities problems) လို့ ဆိုပါတယ်။ ဒီအယူအဆကို
အခြေခံပြီး တချိန်က ဆိုဗီယက်ပြည်ထောင်စု ဖွဲ့စည်းပုံမှာ ခွဲထွက်ခင
ွ့်ကို ထည့်သွင်း ပြဋ္ဌာန်း
ခဲ့ပါတယ်။ လက်ဝဲ အယူအဆကို သက်ဝင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီအယူအဆအရ
ပင်လုံညီလာခံမှာ ခွဲထွက်ခွင့်ကို လက်ခံသဘောတူခဲ့တာ ဖြစ်ပါလိမ့်မယ်။

ဒါကို ပင်လုံညီလာခံထဲမှာတင် ကန့်ကွက်ခဲ့တာက လက်ဝဲသမား မဟုတ်ပါဘူး။


ဗိုလ်ချုပ်အောင်ဆန်းထက် အသက်ရော အတွေ့အကြုံပါကြီးတဲ့ နောင်လွတ်လပ်ရေးခေတ်
အာဏာရပါတီခေါင်းဆောင်တဦးက ဗိုလ်ချုပ်အောင်ဆန်းကို စိတ်လိုက်မာန်ပါ ခံစားမှုအတိုင်း
မလုပ်ဖို့ ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက “ဒါကတော့ အတူတွဲလုပ်ပြီး
အလုပ်နဲ့ သက်သေပြရမှာပဲ၊ (၁၀) နှစ် အတူလုပ်ပြီးတဲ့အထိ ခွဲထွက်ချင်နေသေးတယ်ဆိုရင်
ဒါကျုပ်တို့ ညံ့လို့ပ”ဲ လို့ ပြန်ပြောခဲ့ကြောင်း အတွင်းဝန် ဦးဖေခင်ရဲ့ ကိုယ်တွေ့ပင်လုံစာအုပ်မှာ
ရေးထားတာကို တွေ့ရပါတယ်။

အခုခါမှာတော့ ငြိမ်းချမ်းရေး ကင်းမဲ့ပြီး အစစအရာရာ ချွတ်ခြုံကျနေတဲ့ တိုင်းပြည်


အခြေအနေဆိုးကို အဖြေရှာကြရင်း တာဝန်မကင်းတဲ့သူတွေက ပင်လုံစာချုပ်အပေါ်
အပြစ်တင်လိုတဲ့ အမြင်တွေကို တိုးတိုးတိတ်တိတ် မရိုးမသား ပြောဆိုနေကြတယ်။ အဲဒီ့ထဲမှာ
မဟာလူမျိုးကြီးဝါဒီများရော ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီတွေရော ပါဝင်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အားထုတ်ကြိုးပမ်းခဲ့ကြတဲ့ ပင်လုံ
ညီလာခံနဲ့ သဘောတူညီချက်တွေဟာ အခြေအနေအချိန်အခါအရ မှန်ကန်တဲ့ ဆောင်ရက
ွ်
ချက်တွေပဲ ဖြစ်ပါတယ်။ ညီလာခံရလာဒ်ကို ပီပြင်အောင် အကောင်အထည် မဖော်နိုင်တာ
ကတော့ ဆက်ခံသူ နောက်လူတွေရဲ့ တာဝန်သာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆရာကြီး
Generated by Foxit PDF Creator © Foxit Software
http://www.foxitsoftware.com For evaluation only.

ဒေါက်တာန်သန်းထွန်းက “ဖဆပလတွေ ညံ့ပုံကတော့ ပြည်ထောင်စု(ပင်လုံ) ကျောက်တိုင်


တောင် တည့်အောင် မထောင်နိုင်ဘူး” လို့ သူ့ထုံးစံအတိုင်း ခပ်ငေါ့ငေါ့ မှတ်ချက်ပြုခဲ့ပါတယ်။

ခွဲထွက်ခွင့်နဲ့ စစ်အာဏာရှင်စနစ်

ကိုထွန်းအောင်ကျော်ရဲ့ ဆောင်းပါး အစပိုင်းမှာ စစ်အာဏာရှင်စနစ် ပေါ်ပေါက်လာရ


ခြင်းဟာ ပင်လုံစာချုပ်ပါ ခွဲထွက်ခွင့်ကြောင့်လို့ ဆိုပါတယ်။ ဒါဟာ မမှန်ပါဘူး။ စစ်တပ်
ခေါင်းဆောင်ပိုင်းကို သွေးထိုးဖို့ အကြောင်းပြချက်ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းပြချက်ဟာ
နှစ်ကာလ ကြာရှည် တဖက်သတ် ၀ါဒဖြန့်မှုတွေကြောင့် လူအများကြားမှာ တကယ့်
ပကတိတရားလို ခိုင်မာလာပါတယ်။ လွတ်လပ်ပြီးနောက် ဆယ်နှစ်ပြည့်ရင် ခွဲထွက်လိုက
ခွဲထွက်နိုင်သည်ဆိုတဲ့ အချက်ဟာ ပင်လုံညီလာခံမှာ မူအားဖြင့် ဆွေးနွေးသဘောတူခြဲ့ ကတာ
မှန်းသော်လည်း စာချုပ်မှာ ထည့်သွင်းထားခြင်း မရှိပါဘူး။ ၁၉၄၇ ဖွဲ့စည်းပုံထဲကျမှ
ထည့်သွင်းပြဋ္ဌာန်း (အပိုဒ် ၁၀ ဖြစ်မည်ထင်ပါသည်။) ထားတာ ဖြစ်ပါတယ်။ ဒါကလည်း
ပြည်နယ်အားလုံးကို မရည်ညန
ွ်းပါဘူး။

လွတ်လပ်ပြီး (၁၀) နှစ်ပြည့်တဲ့ အထိ ဒီအန္တရာယ်ဆိုတဲ့ အယူအဆဟာ မပေါ်


သေးပါဘူး။ ၁၉၅၈ ခုနှစ်မှာ စစ်တပ်ကို အားပြု ရပ်တည်နေရတဲ့ အာဏာရ ဖဆပလ ပြိုကွဲပြီးမှ
စစ်တပ်ကို ကိုယ့်ဘက်သူ့ဘက်ပါအောင် ဆွဲဆောင်ကြရင်းက ဒီအယူအဆ ပေါ်ပေါက်လာတာ
ဖြစ်ပါတယ်။ ဗိုလ်နေ၀င်း အာဏာမသိမ်းမီ ရက်ပိုင်းအလိုမှာ လုပ်ခ့တ
ဲ့ ရန်ကုန် အသံလွှင့်ရုံ
တိုင်းရင်းသား နှီးနှောပွဲတွေမှာ ဘယ်လူနည်းစု တိုင်းရင်းသားကမှ ခွဲထွက်ခင
ွ့်ကို ထောက်ပြ
ဆွေးနွေးတာ၊ တောင်းဆိုတာ မရှိခ့ပ
ဲါဘူး။ လူနည်းစု တိုင်းရင်းသားတွေ ဆွေးနွေးခဲ့တာက
တပြည်ထောင်လည်းမဟုတ် ပြည်ထောင်စုမူ စစ်စစ်လည်း မဟုတ်တဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့နဲ့
ပြည်နယ်တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခင
ွ့်ကို တိုးချဲ့ဖို့ ဖြစ်ပါတယ်။ လွတ်လပ်ပြီးကာလ ကစလို့
ထိုဆွေးနွေးပွဲကာလအထိ အာဏာရ ဖဆပလအစိုးရဟာ ပြည်နယ်တွေမှာ ကိုယ်ပိုင်
အစိုးရအဆင့်မဟုတ်တဲ့ ပြည်နယ်ဦးစီးကောင်စီ ဆိုတာတွေနဲ့ အုပ်ချုပ်ပါတယ်။ ဦးစီးကောင်စီ
ဥက္ကဋ္ဌကို ပြည်နယ်လူထုရဲ့ ဆန္ဒမက
ဲို ပစ်ပယ်ပြီး ၀န်ကြီးချုပ်က သူသဘောကျသလို
ရွေးချယ်ခန့်အပ်ပါတယ်။ ဒီလို မမျှတတဲ့ အချက်တွေနဲ့ မကျေနပ်ချက်တွေကို ပြုပြင်ပြီး
ပြည်ထောင်စုမူ စစ်စစ်ကို ထူထောင်ဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ နိုင်ငံရေးဟာသ

ကိုထွန်းအောင်ကျော်ရဲ့ စာအဆုံးပိုင်းမှာ လူနည်းစုတိုင်းရင်းသားတွေရဲ့ ဦးဆောင်


တပ်ပေါင်းစုဖြစ်တဲ့ (NDF) ကလည်း ခွဲထွက်ခွင့်ကို စွန့်လွှတ်ထားတယ်လို့ ဆိုပါတယ်။
Generated by Foxit PDF Creator © Foxit Software
http://www.foxitsoftware.com For evaluation only.

ဒါကြောင့် ခွဲထွက်ခင
ွ့်နဲ့ ဖယ်ဒရယ်ဆိုတာ ပြည်ထောင်စုရဲ့ အန္တရယ်ဖြစ်တယ်ဆိုတဲ့ အယူအဆ
ဟာ မဟာလူမျိုးကြီးဝါဒီတွေရဲ့ သွေးထိုးလှုံ့ဆော်မှုသက်သက် (Non-issue) ပဲ ဖြစ်ပါတယ်။
နအဖတွေရဲ့ လေသံအတိုင်းပြောရရင် မဟာလူမျိုးကြီးဝါဒကို အသုံးချပြီး လူထုဆန္ဒကို
ပစ်ပယ်ကာ အာဏာကို ဖြတ်လမ်းက ရယူလိုသူ ဖောက်ပြန်ရေးသမားတွေရဲ့ သွေးထိုးစကား
သာဖြစ်ပါတယ်။

ဒီနေ့ခေတ် လူနည်းစုတိုင်းရင်းသားတွေ အကြားမှ ကြားနေရတဲ့ ခွဲထွက်ခွင့်နဲ့ သီးခြား


လွတ်လပ်ရေးဆိုတာဟာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ရက်စက်မှုနဲ့ ပင်လုံစာချုပ်ပါ တန်းတူရေး
မူကို ချိုးဖောက်ခံရတာတွေရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ ဒါကြောင့် စစ်အုပ်စုရဲ့ တိုင်းရင်းသား
စည်းလုံးညီညတ
ွ်မှု မပြိုကွဲရေးဆိုတဲ့ ကြွေးကြော်သံဟာ ရာစုနှစ်ရဲ့ စိတ်ပျက်စရာ အကောင်း
ဆုံးနဲ့ မရီရဆုံး နိုင်ငံရေး ဟာသတပုဒ်ပါပဲ။ ရုပ်သဏ္ဍာန်အရသာ ပြည်ထောင်စုကြီး
တည်ရှိနေပေမဲ့ စိတ်ဓာတ်ရေးရာအရတော့ အစိတ်စိတ်ပြိုကွဲနေပါတယ်။ စစ်အာဏာရှင်
တွေရဲ့ ကျေးဇူးကြောင့် ဘယ်လူနည်းစု တိုင်းရင်းသားကမှ သူတို့ကိုယ်သူတို့ တင်းပြည့်
ကျပ်ပြည့် ပြည်ထောင်စုသား နိုင်ငံသားအဖြစ် မခံယူနိုင်၊ မခံစားနိုင်တော့ပါဘူး။ ရာစုနှစ်ဝက်
မက ပြိုကွဲနေတဲ့ တိုင်းရင်းသား စည်းလုံးရေး (၀ါ) အမျိုးသားညီညတ
ွ်ရေး ပြည်လည်
တည်ဆောက်ရေးဟာ အင်မတန်ခက်ခမ
ှဲာ အသေအချာဖြစ်ပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်တဲ့
အရာတော့ မဟုတ်ပါဘူး။

ကိုလိုနီအမွေဆိုးကို အဖြေရှာတဲ့ပင်လုံ

လွတ်လပ်ရေးတိုက်ပွဲ ခေါင်းဆောင်ကြီးများရဲ့ ပင်လုံစာချုပ်အရ လွတ်လပ်တဲ့


ပြည်ထောင်စုရယ်လို့ ပေါ်ပေါက်လာတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပြည်မလို့ဆိုတဲ့ Proper
Burma ကို ကိုယ်စားပြုပြီး ကျန်ခေါင်းဆောင်တွေက ဘုရင်ခံအုပ်ချုပ်တဲ့ နယ်ခြား တောင်တန်း
ဒေသ Frontier Burma ကို ကိုယ်စားပြုပြီး လက်မှတ်ထိုးခဲ့ကြတယ်။ ပြည်မကို ကိုယ်စားပြု
ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းက ရွေးကောက်ပွဲကို အခြေခံတဲ့ ပြည်မ လူထုကိုယ်စားလှယ်
ဖြစ်ပါတယ်။ ကျန်တောင်တန်းကိုယ်စားလှယ်များကတော့ ရိုးရာအမွေခံ ခေါင်းဆောင်များ
ဖြစ်ပါတယ်။ အင်္ဂလိပ်တို့ရဲ့ ခွဲခြားအုပ်ချုပ်ရေး စနစ်ကြောင့် ဒီလိုဖြစ်ခ့ရ
ဲ တယ်လို့ ဆိုရမှာပါ။

၁၈၈၆ ဇန်န၀ါရီ (၁) ရက်နေ့ ထုတ်တဲ့ ဗြိတိသျှအစိုးရရဲ့ အမိန့်ပြန်တမ်းမှာ “ယခင်


ဗမာဘုရင်ပိုင် နယ်မြေအားလုံးကို ဗြိတိသျှ ဘုရင်မကြီး၏ အင်ပါယာအတွင်း သွတ်သွင်း
လိုက်သည်။” လို့ ဆိုပေမဲ့ တကယ်တမ်း အုပ်ချုပ်ရေးမှာတော့ ပြည်မ (Proper Burma) နဲ့
နယ်ခြား ဒေသများ (Frontier Burma) လို့ ခွဲခြား အုပ်ချုပ်ခ့တ
ဲ ယ်။ မြန်မာ၊ ရခိုင်၊ မွန်၊
ကရင်စတဲ့ ပြည်မသားတွေ ဘုရင်ခံအုပ်ချုပ်တဲ့ အဲဒီ့တောင်တန်းဒေသတွေကို ၀င်/ထွက်ခင
ွ့်
Generated by Foxit PDF Creator © Foxit Software
http://www.foxitsoftware.com For evaluation only.

မရှိဘူး။ အဲဒီ့ဒေသတွေမှာ ဗမာစာ သင်ခင


ွ့်မရှိဘူး။ အဲဒီလို နှစ်ကာလရှည် ခွဲခြား
အုပ်ချုပ်ခြင်းရဲ့ အကျိုးဆက်ကြောင့် လွတ်လပ်ရေး ယူမယ့်အချိန်မှာ ပင်လုံညီလာခံနဲ့ ပင်လုံ
စာချုပ်ဆိုတာ လိုအပ်စွာ ပေါ်ပေါက်လာတာ ဖြစ်တယ်။

အလွယ်တကူ ပေါ်ပေါက်လာတာတော့ မဟုတ်ပါ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗမာ


ကိုယ်စားလှယ်အဖွဲ့ လန်ဒန်ရောက်နေစဉ်မှာ ကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ကိုယ်စားလှယ်
မဟုတ်ဖူးလို့ သံကြိုးရိုက် ကန့်ကွက်တာတွေ ရှိခဲ့သလို ပင်လုံစာချုပ် လက်မှတ်ရေးထိုးဖို့
ငြင်းဆိုခဲ့တဲ့ စော်ဘွားတွေလဲ ရှိခ့ပ
ဲါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တောင် စိတ်ပျက်
လက်လျှော့တော့မလောက် အခြေအနေရောက်ခ့တ
ဲ ယ်လို့ အတွင်းဝန် ဦးဖေခင်ရဲ့ ကိုယ်တွေ
ပင်လုံစာအုပ်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဦးထွန်းအေး၊ ဦးတင်အေး၊ ဦးထွန်းမြင့်စတဲ့
တိုးတက်တဲ့ ရှမ်းမျိုးချစ်တွေ ခေါင်းဆောင်ပြီး တောင်ကြီးမြို့မှာ လူထုအစည်းအဝေးကြီး
ကျင်းပခဲ့တယ်။ လူထုအစည်းအဝေးကြီးက ပြည်မနဲ့အတူ လွတ်လပ်ရေးယူရန်နဲ့ ပြည်ထောင်စု
မူကို ထောက်ခံဖိအားပေးခဲ့ကြတဲ့အတွက် နောက်ဆုံးမှာ ပင်လုံစာချုပ်ကို အောင်အောင်
မြင်မြင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြတယ်။

ပင်လုံစာချုပ်နဲ့ လွတ်လပ်တဲ့ ပြည်ထောင်စု ဆိုတာဟာ လူနည်းစုရော၊ လူများစုပါ


တိုင်းရင်းသားအားလုံးက ကိုယ့်သဘောဆန္ဒအလျောက် ပူးပေါင်းတည်ဆောက်ခြဲ့ ကတာ
ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်သီချင်းမှာ သီဆိုသလို တရားမျှတခြင်း၊ လွတ်လပ်ခြင်းနဲ့
တန်းတူညီမျှမှုကို အခြေခံထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ လူမျိုးစုံ
အမျိုးသားခေါင်းဆောင်ကြီးတွေ စိုက်ထူ ခဲ့ကြတဲ့ ပင်လုံစိတ်ဓာတ်နဲ့ ပြည်ထောင်စုကို
ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ရန်မှာ နိုင်ငံသား အားလုံးရဲ့ တာဝန် မျိုးချစ် အားလုံးရဲ့
တာဝန်ပဲဖြစ်ပါတယ်။ ဒီနေ့ ပြည်ထောင်စုရဲ့ အန္တရာယ်က ဖောက်ပြန်မှု ဗီဇအခြေခံတဲ့
မဟာလူမျိုးကြီးဝါဒနဲ့ ကျဉ်းမြောင်းတဲ့ အမျိုးသားရေး ၀ါဒတွေပဲဖြစ်တယ်။ တမျိုးသားလုံးရဲ့
ရန်သူဖြစ်တဲ့ စစ်အာဏာရှင် နအဖစစ်အုပ်စုဟာ မဟာလူမျိုးကြီးဝါဒနဲ့ ကျဉ်းမြောင်းတဲ့
အမျိုးသားရေးဝါဒတွေ အကြားက ပဋိပက္ခအသွင် အပြန် အလှန် ကျေးဇူးပြု ယှဉ်ဖက်နေမှုကို
အမှီပြုပြီး ရပ်တည်နေတာဖြစ်တယ်။ လွတ်လပ်ရေး တိုက်ပွဲကာလက
ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ လူမျိုးစုံ အမျိုးသားညီညွတ်ရေးကို တည်ဆောက်ပြီး အောင်ပဲဆ
ွ င်
ခဲ့တယ်။ ဒီနေ့ စစ်အာဏာရှင်တွေကို ချေမှုန်းအောင်ပွဲဆင်ဖို့ ဆိုတာမှာ ကလည်း
အမျိုးသားညီညတ
ွ်ရေးဟာ အဓိက လိုအပ်ချက်ဖြစ်တယ်။ အမှန်တကယ် ညီညွတ်ရေး
လိုချင်ရင် ရန်သူအစစ်ကို မြင်ဘို့လိုပါတယ်။

ရဲဘော်ကျော်သန်း
၆၊ ၁၂၊ ၂၀၁၀။

You might also like