You are on page 1of 16

မြန်မာပြည်သို့ အိတ်ဖွင့်ပေးစာ (၁)

ဤစာအုပ်သည် စာမျက်နှာ 16 မျက်နှာ ရှိ၏ သေသေချာချာ ဖတ်ပြီး မေးခွန်းများ ဖြေပါ ။

ထိုသို့ဖြေရာတွင် သင်၏ စိတ်သည်ကြည်လင်နေပါစေ ။

နိဒါန်း ….

ကျွန်တော် ဒီစာကို ရေးသားဖို့ ဖြစ်လာရတဲ့ အကြောင်းက အင်တာနက်စာမျက်နှာတစ်ခုရှိ


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် မှု့သတင်းအား ပြန်လည် comment ပေးထားသော post
တစ်ခုကြောင့်ဖြစ်ပါသည် ။

ထို Comment တွင်ရေးသားထားသည်မှာ

“ မြန်မာနိုင်ငံ လုံးဆိုင်ရာ သပိတ် ၈ လေးလုံး အရေးတော်ပုံ ပေါ်မှ ဘယ်ဂျောင်က ထွက်လာသည်မသိ


နိုင်ငံခြားသားနှင့် အိမ်ထောင်ကျ၍ မြန်မာ လူမျိုးမျက်နှာကိုမျှ မထောက် Nobel ဆု တကားကားနှင့်
တိုင်းပြည်တာဝန် မကျေခဲ့သော ထို ဒေါ်စုကြည်အား လေးစားနေသော ပြည်သူများအားသနား မိသည် ဟု၏
ထို့အတူ တပ်မတော်သည် ခေတ်အဆက်ဆက် တည်ရှိခဲ့သောတိုင်းပြည်တာဝန်ကို ကျေပွန်စွာ
ထမ်းဆောင်ခဲရပြီး လေးစားထိုက်သူ အစစ်မှန်ကို မျက်စေ့ မှောက်နေသော ပြည်သူများအစား
တိုင်းပြည်အတွက်အလွန်ရင်လေး ရှာသည် ဟူ၏ “

ထိုစာသား များအားဖတ်ပြီး ကျွန်တော် ပြုံးမိသည် ။ ကျွန်တော်


ပြန်လည်ရှင်းခွင့်ရလျှင်ဖြင့် ဖြေရှင်းချင်သည် ။

ထို့ကြောင့် ဘဝတွင် တတ်သောပညာ ၊ သိသော အသိ ၊ မျက်မြင် သာဓကများ ၊


နိုင်ငံတစ်ကာ အတွေ့ကြုံများဖြင့် ဤစာအား ရေးသားပေသည် ။

တပ်မတော်ဟူသည် တိုင်းပြည် တစ်ခုအတွက် အသက်သွေးကြောမျှ သော အခန်းကဏ္ဍမှ ပါဝင်ပေသည် ။

မြန်မာပြည်သည် 1988 ခု မှ ပြည်သူများ အားတက်သရော် မျှော်လင့်မဲပေးသော ရွေးကောက်ပွဲကြီးအား


အစဖြောက်ပစ်ခဲ့သည်မှာ ယနေ့ ယာယီ တိုင်းပြည်အား ထိန်းသိမ်းထားသောတပ်မတော်ကြီး ဖြစ်သည်ဟု

နောင်လာနောက်သားများကမ္ဘာသမိုင်းစာအုပ်တွင် ပုံနှိပ်ဖော်ပြကြပေတော့မည် …

#ထိုသမိုင်းကို ယာယီတာဝန်ယူထားသော ခေတ်မှီတပ်မတော်မှခေါင်းဆောင်ငယ် များ မည်သို့သော ခဲဖျက်ဖြင့်


ဖျက်ချနိုင်မည်နည်း ?

1
8.8.88 တွင် မည်သည့်လက်နှက်မျှ မရှိသော တိုင်းပြည်ချွတ်ချုံ ကျမှုကို သပိတ်မှောက်ခဲ့သည့် အဖြူစိမ်းဝတ်
ကျောင်းသားများသည် ခေတ်အဆက်ဆက် တိုင်းပြည်တာဝန် ထမ်းဆောင်ခဲ့သော တပ်မတော်၏
သေနတ်ကြည်ဆံ များအောက် အသက်ပျောက်ခဲ့ရ၏ ကျွန်တော် သည် သပိတ်မှောက်သော
ကျောင်းသာများထဲ 8 တန်း အရွယ် ကျွန်တော့် မျက်စေ့ရှေ့ ပင် သွေးသံရဲရဲဖြင့် မြန်မာ့တပ်မတော်ကြီး၏
ကျည်ဆံများအောက် အသက်ပေးသွားရသော ဘဝတူ ကျောင်းသားများကို မြင်ယောင်တိုင်း ဝမ်းနည်းသည် ။

ဤပုံသည်ကား ဓတ်ပုံပညာဖြင့် ပြင်ဆင်ထားခြင်း မဟုတ်သော ကမ္ဘာ တစ်ဝှမ်း မှတွေ့နိုင်သည့်ပုံဖြစ်၏

ထိုသို့ခေတ်ဆိုးကြီးကို ဖြေရှင်းပေးသော နေဝင်မီးငြိမ်းထုတ်ပြန်မှု့ဖြင့် စတင်ခဲ့သည် ဒီမိုကရေစီလမ်းဦး တွင်


တပ်မတော်၏ အကာကွယ်ဖြင့် ကျွန်တော်တို့ ခေါင်းဖြတ် ၊လူသတ် ၊ မီးရှို့မှု့များကြားမှ
လွတ်မြောက်ရခြင်းအတွက်ပြည်သူလူထု နာခေါင်းပေါက် ချောင်ခဲ့ကြရ၏

ကျေးဇူးတင်စရာပင်

ထို့နည်းတူစွာ ပါတီစုံ ဒီမိုကရေစီအတွက် Election ခေါ် ရွေးကောက်ပွဲကြီး ကျင်းပခဲ့၏

2
ကျေးဇူးတင်စရာပင်

# သို့ပါသော်ငြားထိုရွေးကောက်ပွဲကြီး၏အဖြေသည်မည်သည်ေ
့ နရာသို့ရောက်သွားသနည်း ?

ကျေးဇူးပြု၍ လူကြီးမင်းများ ဖြေပေးပါ (သင်ဖြေဆိုရန်မေးခွန်း)

အရာရှိငယ် ညောင်မြစ်တူးမိက ပုတ်သင်ဥပေါ်လေတော့မည် အသိတရား


ခေါင်းပါးသည်မှာမည် သူနည်း အောက်ပါမေးခွန်းများ ဆက်လက်ဖြေကြားပါ ။

တပ်မတော်ကြီးသည်တိုင်းပြည်ကို ထိန်းသိမ်းနေခြင်းဖြစ်ပြီး ဘယ်တော့မှရောင်းစားမည်မဟုတ်ဆိုသော


အရက်အနည်းငယ် မူးနေသည့် အရာရှိငယ်စကားကို နားထဲမှမထွက် မှန်သည်မရောင်းစား ခဲ့ …

သို့သော် မြန်မာပြည်တွင် လုပ်ပိုင်ခွင့် အခွင့်အာဏာဖြင့် စီးပွားလုပ်ခြင်းကိုမူ တပ်မတော်မှအချို့သော အရာရှိ


ကြီးရောင်းစား၏ မယုံမရှိပါနှင့် ကျွန်တော့်ဖခင်သည် ဗိုလ်မှုးကြီးတစ်ဦးထံမှ Hilux Surf ကားတစ်စီးကို သိန်း
800 ဖြင့်ဝယ်ရ၏ ထိုကားများကိုရောင်းစားသော အရာရှိ၏ သားသမီးများသည် နိုင်ငံရပ်ခြားတွင် ပညာသင်၏
ဒဂုံသက္ကသိုလ်ကြီးတွင် ပညာမသင် ၊ လိုင်းကားတိုးမစီး ၊ ထိုတပ်မတော်အရာရှိကြီး ၏
ဝင်ငွေသည်ကြောက်ခမန်းလိလိ .. တိုင်းပြည်အားတော့မရောင်းစားခဲ့ တိုင်းပြည်ကိုသာ ပြန်ရောင်းစားခြင်းဖြစ်၏

# ၈ လေးလုံး အရေးခင်း အပြီး အကျိုး အမြတ်ရသူများမှာ မည်သူများဖြစ်သနည်း ?

မြန်မာတပ်မတော်ရှိ ယနေ့ အရာရှိများသည် ခေတ်မှီသော တပ်မတော်ကြီးဖြစ်ရန် နိုင်ငံရပ်ခြားတွင်


ပညာတော်သင်သွား၏ ထိုအရာရှိငယ်များ လစာသည် ဒေါ်လာငွေဖြင့်ရပြီး ဘီယာများပင်သောက်နိုင်၏

သောက်လည်းသောက်ကြ၏ ဓတ်ပုံပေါင်းများစွာသည် အရာရှိငယ်များ ပျော်ရွှင်နေသည်ကိုဖော်ပြ၏


ဝမ်းမြောက်စရာပင် ထိုသူများသည် မြန်မာပြည်နိုင်ငံအနှံ တပ်မတော် အရာရှိရွှေးချယ်ရေးမှ ဆုံးဖြတ်မှု့ဖြင့်
စစ်ဗိုလ်များ ဖြစ်ကြကုန်သော အထက်တန်းအောင်ကျောင်းသားများ ဖြစ်သလို ပြည်သူများသာဖြစ်၏ ။

နှဖူးပေါ်လက်တင် စဉ်းစား စေချင်သည်မှာ သင်နှင့်တန်းတူ အရည်ချင်းတူ ရှိခဲ့သော


မြန်မာပြည်မှကျောင်းသားများသည် သင်တို့ လောက်ထောက်ပံမှုရပါသလော ကျောင်းတွင် လက်တွေ့လုပ်စရာ
ပစ္စည်းများပင် မလုံလောက်ကြချေ ။

ကျောင်းသားများ ကျောင်းအတွက် ကုန်ကျစရိတ် တိုင်းပြည်တွင် ပညာသင်စရိတ် ထောက်ပံမှု့ မရှိ ။

3
ကျွန်တော်သည်ငွေမရှိ၍ နည်းပညာများနှင့်အလှမ်းဝေးကွာလျှက် ကျူရှင်ရှိသော
သက္ကသိုလ်ကြီး ပြပါဆို လျှင် မြန်မာပြည်ရှိ သက္ကသိုလ်ကြီးများကို
လက်ညှိုးထိုးပြရပေမည် ။

# ထိုအရာမှန်ပါ၏လော ?

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မြန်မာပြည်သူ ပြည်သား အရေအတွက်မှာစစ်တမ်းများ အရ ယနေ့ 55 သန်းကျော်ခဲ့ပြီ ထိုထဲမှ


တပ်မတော်အင်အားသည် မည်မျှရှိသည်ကျွန်တော်တို့ မသိ ၊ သိသည်ကို ပြောပြမည် ပြည်သူများမှ 80
ရာခိုင်နှုန်းသည် အခြေခံလူတန်းစားများဖြစ်၏

# ထိုပြည်သူများ ယနေ့ မည်သည့်အခွင့်ရေးများ ရနေပြီနည်း ?

5% မျှသော စီးပွားရေးလုပ်ငန်းရှင် ရှိသည့် မြန်မာပြည်သူတို့တိုးတက်မှု့မှာနိုင်ငံတစ်ကားနှင့် ယှဉ်မိခဲ့သော်


ဝမ်းသာရန်အကြောင်းနည်းလွန်းပေသည် ။

ဆက်လက်ဖြေကြားပါ လူကြီးမင်းများခင်ဗျာ

မြန်မာ့ ခေတ်မှီတပ်မတော်ကြီး ကြော်ငြာမောင်းခတ်နေသော ဒီမိုကရေစီ သည်မည်သို့သော


ဒီမိုကရေစီဖြစ်သည် ကို သတ်မှတ်နိုင်ရန် အတွက် ယနေ့ ရွေးကောက်ပွဲပြီး သတင်းဖော်ပြမှု့ မျှပင်မလွတ်လပ်
ဒီမိုကရေစီဟူသည် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသော ပြည်သူ့ ဆန္ဒခံယူသည့်
လူထုမှရွေးချယ်တင်မြှောက်သော နိုင်ငံခေါင်းဆောင်အုပ်ချုပ်သည့်စနစ်ဖြစ်၏ ပြည်သူများမှပင် ရွေးချယ်ခွင့်ရှိ၏
ထိုအတွက် ပြည်သူမှပင် ဝေဖန်ခွင့်ရှိ၏

# ကျွန်တော်တို့တိုင်းပြည်တွင် အုပ်ချုပ်လျှက်ရှိသော အရာရှိကြီးများအား


ထောက်ပြဝေဖန်လျှင် ကျွန်နုပ်ထောင်မကျပဲ နေပါမည်လော ?

4
တပ်မတော်သည်တိုင်းပြည်ကိုရောင်းစားမည်မဟုတ် ဟုကြွေးကြော်၏ မြန်မာပြည်မှ
သဘာဝသယံဇာတကိုရောင်းစားရသော ငွေဖြင့် ရှရှား ၊ တရုတ် ၊ မြောက်ကိုရီးယား စသော နေရာများတွင်
ခေတ်မှီပညာသင်လျှက်ရှိသော အရာရှိငယ်များသည် သူမအားဂုဏ်ပြုသည့် ပြည်သူများအား သနားသည်ဟူ၏

ကျွန်တော်ပြည်သူတစ်ယောက်အနေဖြင့် မေးခွင့်ပြုပါ

ကျွန်တော်တို့သနားစရာအမှန်မှာ သတင်းပိတ်ပင်ခြင်းခံရသော ၊ ဆက်သွယ်ရေးပိတ်ပင်ခြင်းခံရသော


ဝန်ထမ်များ ၊ သတင်းမှန်ထုတ်ပြောမှု့ဖြင့် ပစ်ဒဏ်ခံရသော အရာရှိများ ၊ အရာရှိကားတန်းရှိသောကြောင့်
အင်တာနက်ဆက်သွယ်မှု့ဖြတ်ခံရသော ပြည်သူများ ၊ နိုင်ငံရေးလုပ်မှု့ကြောင့် ထောင်ကျလျက်ရှိသော
အကျဉ်းသားများ ၊ ယနေ့ ကားတစ်စီး ကို မူရင်းကုမ္မဏီထုတ်ဈေးထက် ကြီးမြင့်စွာ ဝယ်ယူရသော
လူလတ်တန်းစားများ ၊ တစ်မိုးလုံးလယ်ထွန်လျှင်မှ စပါးတင်း 25 တင်းရသော တောင်သူလယ်သမားများ ၊
လစာ ၄၀၀၀၀ ကျော်မျှဖြင့် ဝန်ထမ်းဆောင်နေရသော အစိုးရဝန်ထမ်း (ပြည်သူများ) ၊

သက္ကသိုလ်ကို ၃ နှစ်အတွင်းရက် 40 တက်ရောက်ယုံမျှဖြင့် B.A ဘွဲ့ရသွားကြသော ပညာသင်နှစ် 15 နှစ် တိတိ


သင်ယူပြီး အလုပ်ကို အသည်းသန်ရှာဖွေနေရသော ဘွဲရများ(ပြည်သူများ) ၊ နိုင်ငံရပ်ခြားတွင်
သေကောင်ပေါင်းလဲလုပ်ပြီး အိမ်သို့ ခြေပြတ် ၊ လက်ပြတ် ၊ အသက်ပြန်မပါ ၊ ငွေမပို့နိုင်သော
အလုပ်သမားများ ၊ ဖမ်းဆီခြင်းကို ရှောင်တိမ်း၍ ငွေရှာစားသောက်မိသားစု ထောက်ပံနေသော
မြန်မာအလုပ်သမား (ပြည်သူများ)၊ နေ့တိုင်း မြန်မာ့အသံ ၊ မြဝတီရုပ်မြင်သံကြားမှ ထုတ်လွှင့်သော
ဇတ်လမ်းတွဲများကြား နည်းပညာကိုဆာလောင်နေသော ( ပြည်သူများ )၊ လွတ်လပ်စွာ ကန့်ကွက်ခွင့်မရှိသော
၊ နိုင်ငံရေး လုပ်ခွင့်မရှိကြသော ပြည်သူများကို တိုင်းပြည်
အားလက်ရှိတာဝန်ယူထိန်းသိမ်းထားသောတပ်မတော်မှ

# လူငယ်အရာရှိများက သနားသည်ဆိုသည်ကို ကျွန်တော်တို့က ဝမ်းမြောက်စွာ ခံယူရမည်လော ?

မြန်မာမိန်းခလေးတစ်ယောက်အနေဖြင့် နိုင်ငံခြားသားအား လက်ထပ်ခဲ့သည်မှာ မှားယွင်းသည်ဆိုသည်ထားဦး


သင် ပညာသင်ရာတိုင်းပြည်ရှိ ပြည့်တန်ဆာများ မည်မျှ တောင့်တင်းသည်ကို မြည်းစမ်းနိုင်သော
အရာရှိငယ်များကိုလည်း မှားယွင်းသည်ဟု မပြောလို .. လူတစ်ယောက်၏ သွေးသားဆန္ဒသည်
ငယ်ရွယ်ချိန်တွင် အာသာပြင်ပြင်းလိုအပ်လျှက်ရှိ၏ သူမက ထိုအာသာအား ငွေပေး၍ ဖြေဖြောက်ရမည်လော ?
တစ်ဦးတစ်ယောက်အားဝေဖန်လျှင် ပတ်ဝန်ကျင်ကိုထည့်တွက်ရာ၏ ရှင်းပါသည် ။

သင်တို့သည်တပ်မတော်ကြီးသို့ဝင်ရောက်သောကြောင့် နိုင်ငံရပ်ခြားပညာတော်သင်သွားရသည် ။ သူမသည်


နိုင်ငံရပ်ခြားတွင် နေထိုင်ခဲ့ရသောကြောင့် သွေးသားဆန္ဒ မေတ္တာ ရှိ၍ သားသမီးရသည်အထိ
တစ်လင်တစ်မယားစနစ်ဖြင့် သားသမီးပင်မွေဖွားခဲ့ ပြီ ။ ထိုအရာ ကို အပစ်မြင်ရလျှင် နိုင်ငံခြားသားများနှင့်
လိင်ဆက်ဆံသော သူများအားလုံးသည် မှားယွင်း၏

5
#ထိုသူများအားလုံးသည်ကား
အနာဂတ်သားကောင်းယောင်္ကျားအာဇာနည်များဖြစ်ကြကုန်လျှင် မည်သို့နည်း ?

သွေးသားဆန္ဒသည် မိန်းခလေးများ မလိုအပ်သော ကိစ္စဖြစ်ပါသလား ? ယောကျာင်္း ဖြစ်သောကြောင့်


အပြစ်ရှိသည်ဟုပြောလျှင် ကျွန်နုပ် လူ့သဘာဝအား ဆန့်ကျင်ရာရောက်ပေသည်
မိန်းခလေးများအခွင့်ရေးသည် မည်သို့နည်း။

#သူမအားထိန်းကျောင်းရမည့်မိဘသည်
သင်မွေးဖွားသောတိုင်းပြည်လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေခဲ့ရသော

ဗိုလ်ချုပ်အောင်ဆန်း ဖြစ်၏ သင်မေ့နေပါသလား ?

နိုင်ငံရပ်ခြား မြန်မာ မရှိသလောက်ရှားပါးနေသော တိုင်းတစ်ပါးတွင် နှစ်ပေါင်းများစွာ


ဖခင်လုပ်ကြံခံရသောကြောင့် ပြည်ပတွင်ပြေးရှောင်မှီခိုရသော သို့ မဟုတ် ပညာတော်သင်သွားခဲ့သော
သို့မဟုတ်မခ
ှီိုအနေဖြင့် မြန်မာအမျိုးသမီးတစ်ယောက်သည် တိုင်းတစ်ပါးသားနှင့် အိမ်ထောင်ကျခြင်းအား
အပစ်ကြီးတစ်ခုပြောလိုပါက မိမိ ရင်သွေး လူုပျိုပေါက် အပျိုပေါက် အရွယ် သားသမီးများအား
မြန်မာရှားပါးသော တိုင်းပြည်တွင် ပညာသင် (သို့) မှီခို (သို့) တိမ်းရှောင် အဖြစ့် နှစ်များစွာ ထားမိ၍
တိုင်းတစ်ပါးသားနှင့်အိမ်ထောင်ကျသော် သင်ဘာပြောမည်နည်း ? သူမ သားသမီးများအား မြန်မာမဟုတ်ဟု
မည်သို့သော ပေတံဖြင့်တိုင်းတာ နိုင်ပါသနည်း ခေတ်ပညာတတ် အရာရှိများပီပီ စဉ်းစားကြကုန် ။

# အကယ်၍ တိုင်းပြည်တွင် ထိန်းသိမ်းထားသော သက်ဆိုင်ရာ လူကြီးမင်းများသည်


ထိသ
ုမ၏သားသမီးများက မြန်မာလူမျိုး အဖြစ်ခံယူလိုပါကခွင့်ပြုနိုင်ပါ၏လော ?

ခေတ်မှီသော ဒီမိုကရေစီအား ဖော်ဆောင်မည့် ခေတ်ပညာတတ် ပုဂိုလ်လေးများဖြေပါ …….

အရာရှိငယ်များ ကွန်ပျူတာ တစ်လုံးစီဖြင့် သင်တို့သဘောထားများအား


အများသတင်းနှင့်နည်းပညာဖလှယ်ရာ အင်တာနက်စာမျက်နှာများတွင် လွတ်လပ်စွာ တင်ပြခွင့်ရှိ သလို
မြန်မာပြည်သူများအား ထိုသို့ အခွင့်ရေးပေးကြည့်ပါက မည်သို့ဖြစ်လာမည်နည်း ?

အဝေဖန်ခံနိုင်မှ တိုးတက်၏ ကျွန်တော်ကျင်လည်ကျက်စားရာ ပတ်ဝန်ကျင်တွင် လွန်စွာ ဝေဖန်ခံရ၏ ထိုသို့


ဝေဖန်သူများသည် မြန်မာလူမျိုးများထက် တိုင်းတစ်ပါးသားများသာ များ၏ ထိုသူတို့ကား လွတ်လပ်စွာ
အမြင်ကို ဝေဖန်၏ … ထိုနည်းတူ ကျွန်တော်တို့ မြန်မာပြည်သူလူထုသည်လွန်လပ်စွာ ဝေဖန်ခွင့် ရှိပါမည်လော
ကျေးဇူးပြု၍ ဖြေပါ ။

6
(မြန်မာပြည်တွင်နေထိုင်သောပြည်သူများစွာမေးမည်သ
့ င်ဖြေရန်မေးခွန်း)

#အကယ်၍ မြန်မာ ပြည်သူများမှ ကျောင်းသားများ သည် အမှန်တစ်ကယ် အသုံးဝင်သော အတတ်ပညာများ


ရှိ၍ သင့်တင့်မျှတသော အခွင့်အရေးများရှိပါက တိုင်းတစ်ပါးတွင် Housekeeping , General worker ,
oversea worker , များအဖြစ် မိဝေးဖဝေး ညီအကိုမောင်နှမဝေး အလုပ်လုပ်ကိုင်စားသောက်မည်လော ?

#မြန်မာပြည်သူလူထု ၏ ပျှမ်းမျှဝင်ငွေသည် လူတစ်ယောက် ဝလင်စွာ စားသောက်ရုံမျှရှိသည်ဆိုသည် မှာ


မှန်နေပါသလော ?

#မည်သို့သော တိုးတက်မှု့ကြောင့် ကျွန်တော် ကျွန်မတို့သည် အိမ်ဖော် ၊ အဆော်ကားခံရသော ဘဝ


ရောက်မည် ကို မကြောက် မိသားစု ဝင်ငွေအတွက် တိုင်းတစ်ပါးတွင် အလုပ်လုပ်ရပါသနည်း ?

#ကျွန်တော် ကျွန်မတို့ သည် Computer ၊ ရေခဲသေတ္တာ ၊ HIFI ၊ HD ၊ Wireless ၊ laptop ၊ Handset ၊ ကား
စသည်များကို ကိုင်တွယ်ရန် မထိုက်သော သူများဖြစ်နေပါ၍လော ?

နိုင်ငံတစ်ကာ တွင် ဝန်ထမ်းများသည် လူမှု့နေထိုင်ရေး အသုံးဆောင်များစွာကို အကြွေးစနစ်ဖြင့် ဝယ်ယူနိုင်ရန်


ဆိုင်ရာမှ အာမခံကြ၏

#မြန်မာပြည်တွင် မည်သည့် ဌာနမှ ဝန်ထမ်းသည် ကားအကြွေးဝယ်စီးခွင့် မဆိထ


ုားနှင့်
ထမင်းပေါင်းအိုးပင်လျှင် အကြွေးပေးစနစ်ဖြင့် ဝယ်ယူမည်ဆိုက မည်သူ
အာမခံပေးမည်နည်း ?

#နိုင်ငံတစ်ကာတွင် ကျောင်းသားများ သင်ကြားလျှက်ရှိသော ပညာရပ်များ နှင့်


မြန်မာပြည်မှ ဦးဏှောက်အရည်ချင်းပြည့်မှီသော ကျောင်းသားငယ်များ
သင်ကြားရသော ပညာရေးသည်မည်သို့ကွာခြားပါသနည်း ?

#တိုင်းပြည်တစ်ပြည်၏ တိုးတက်မှု့အားဆုံးဖြတ်ရန်စံသည် နိုင်ငံတစ်ကာပင်ဖြစ်လေ၏ သင်တို့ ဆုံးဖြတ်နိုင်၏


မြန်မာပြည်၏ တိုးတက်မှု့သည် အဆင့်မည်မျှနည်း ?

ထိုမျှ မက ကျောင်းသားများ ရရှိလျှက်ရှိသော အခွင့်ရေးများ ပါမကျန် တိုင်းပြည်လုံးကျွတ် ခြုံငုံပြောရလျှင်


ကျောင်းသုံး ပုံနှိပ်စာအုပ်ပင်လောက်ငှမှု့ မရှိသေး သော်ငြား ကျောင်းများတွင် မိဘပြည်သူများ၏
သားသမီးများစွာသည် ပညာမြင့်မှ လုမျိုးတင့်မည်ဟူသော ဆိုင်းဘုတ်အား ကြီးမားစွာ ၊ တင့်တယ်စွာ

7
စာသားများ အဖြင့် ဖတ်ကြကုန်၏ ။ မြန်မာပြည်မှ ပြည်သူ ကြိုက်သော လူရွှင်တော် ကိုမေတ္တာ သည်
ဆိုကြမယ် ပျော်ကြမယ် အစီစဉ်တွင် “ 10 တန်းအောင်ပြီးပြီဆိုတော့ ကျောင်းပြီးပြီပေါ့ “ ဟု ပျက်လုံး
ပျက်ခဲ့သည့်အတွက် အနုပညာလောကမှ အလိုလျှောက် ရပ်နားရ၏ ၊ ကျွန်တော်တို့ လွန်စွာ သဘောကျသော
လူရွှင်တော် အကိုဇာဂနာသည် ထောင်ကျ၏ ဆိုလိုသည့် အနက်အဓိပါယ်မူကား တပ်မတော်ကြီးအား
ဝေဖန်မှု့ပြုလျှင် ထောင်ကျမည် ဟု ဆိုသလို ရှိတော့၏ တိုင်းပြည်အုပ်ချုပ်သူများ ဆင်ခြင်စရာပင်။
ဝေဖန်ခံမှတိုးတက်မည် ဟူသော စကားကြီးအား တိုင်းပြည်ကို ထိန်းသိမ်းလျှက်ရှိသော တာဝန်ရှိသူများမှ
မျက်ကွယ်ပြုကြကုန်လေးပြီလား ?

#ထို့ကြောင့် ထိုသူများလမ်းညွှန်သော ဒီမိုကရေစီအား ကျွန်တော့်အိမ်မှ သားငယ်၁၄


နှစ်သားက ကန့်ကွက်ပေလိမ့်မည် ။ သင်တို့ အရာရှိငယ်များ ရော
ကန့်ကွက်ရဲပါ၏လော ?

မြန်မာပြည်ရှိ အင်တာ နက်သုံးနိုင်ကြသော လုငယ်များလောကတွင် လျှပ်စစ်မီး ပုံမှန်လာရေး ၊


အင်တာနက်လိုင်း ကောင်းမွန်ရေး အတွက်တိုင်တည်ဆုတောင်းကြ၏ ပါတီဆို ချာပါတီ ပဲ ဟု Status ရေးကြ၏
လမ်းပမ်းဆက်သွယ်ရေးတွင် လမ်းကောင်းသည်မှာ 1 လသာဟု ပျက်ရယ်ပြုကြ၏

#ထိုသို့ ပြည်သူများ ပျက်ရယ်မပြုအောင် တိုင်းပြည်ထိန်းသိမ်းသူများ အနေဖြင့် မည်ကဲ့သော


အရည်သွေးများဖြင့် တိုင်းပြည်အား ထူထောင်ခဲ့ပါသနည်း ? မည်သူများ အရည်သွေးစစ်နေပါသနည်း ?

ကျွန်တော်တို့ တိုင်းပြည်အား ထိန်းသိမ်းလျှက်ရှိသော တပ်မတော်ကြီးသည် တိုင်းပြည်အား အမှန်တိုးတက်ရန်


ကြိုးစားခဲ့သည်ရှိ၏ ယုံ၏ သို့သော် ယနေ့ မြန်မာပြည်သို့ လှမ်းမျှော်ကြည့်လျှင် များပြာသော
ပြည်သူလူထုသည် မည်သို့ အသက်မွေး ရှင်သန်ရပ်တည်သည်ကို လေ့လာကြည့်ပါ …

#အသက် ၁၀ နှစ်ကျော် မှ ၁၅ နှစ်အတွင်း ခလေးများ စားပွဲထိုးသော


လဘက်ရည်ဆိုင်သည် မြန်မာပြည်တွင်သာရှိသည်ဆို၏ မှန်ပါသလား ?
တပ်မတော်ကြီး ကာကွယရ
် န်အခြေခံဥပဒေတွင်ရေးဆွဲထားပါ၏လော ?ယနေ့
သင်တို့ တာဝန်ယူထားသော နှစ် ၂၀ အတွင်းတောရွာများမှ ကလေးများ
စားပွဲထိုးခြင်း ပပြောက်နေပါပြီလော ?

ကျွန်တော်တို့လိုသော တိုင်းပြည်ခေါင်းဆောင်သည် ကာကွယ်နိုင်စွမ်းသော တိုင်းပြည်ခေါင်းဆောင်သာ ဖြစ်၏


ယခုသင်တို့ နှစ် ၂၂ နှစ်ကျော် အား ယာယီဟုကြွေးကြော်တာဝန်ယူခဲ့ပြီ ……..

8
ယနေ့ခေတ် သက္ကရဇ် ၁၃၇၂ ခရစ်နှစ် 2010 20 century တွင်

#နိုင်ငံရေးလုပ်၍ ထောင်ကျသော ပြည်သူများကိုပြပါဆိုလျှင် မှန်ကန်သော ဒီမိုကရေစီ ကို ဖော်ဆောင်မည့်


တပ်မတော်ကြီး အုပ်ချုပ်သော မြန်မာတွင်ရှိ၏ ထိုအရာမှန်ပါ၏လော ?

နိုင်ငံဝန်ထမ်းများ ပါတီနိုင်ငံရေး ကင်းရှင်းရမည် ။

သို့သော် ပြည်သူမှတင်မြှောက်မထားသော တိုင်းပြည်၏

ဝန်ကြီးချုပ်တပ်မတော်မဗ
ှိုလ်ချုပ်ကြီးဦးသိန်းစိန်သည်ကား

ပါတီနိုင်ငံရေးမကင်းရှင်းနိုင်။ လူထု အဖွဲ့စည်းဟု ကြွေးကြော်ထားသော ကြံခိုင်ရေးနှင့်ဖွဲ့ဖြိုးရေး ပါတီ


အား ဝန်ကြီချုပ် ရာထူးမှထွက်၍ ထောင်၏ ထိုသူအား ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်သည့်
တိုင်းပြည်ဝန်ထမ်းများ မှ ကြိုတင်မဲပေးကြ၏ ထိုပါတီအား 80% ဖြင့် မဲနိုင်စေရန် မည်သူများ မဲပေးကြသနည်း
မပြောတတ် သို့သော် …………….

မြန်မာပြည်တွင် 1988 ခု ပြည်သူများ အားတက်သရော် မျှော်လင့်မဲပေးသော ရွေးကောက်ပွဲကြီးအား


အစဖြောက်ပစ်ခဲ့သည်မှာ ယနေ့ ယာယီ တိုင်းပြည်အား ထိန်းသိမ်းထားသောတပ်မတော်ကြီး ဖြစ်သည်ဟု

နောင်လာနောက်သားများကမ္ဘာသမိုင်းစာအုပ်တွင် ပုံနှိပ်ဖော်ပြကြပေတော့မည် …

ရှရှား ၊ တရုတ် ၊ မြောက်ကိုရီးယားတွင်


ခေတ်မှီနည်းပညာများသင်ကြားလျှက်ရှိသော တပ်မတော်မှ အရာရှိငယ်များ
အရာရှိကြီးများ သည် မည်သို့သော နည်းပညာဖြင့် ထိုသမိုင်းကြီး
အားဖျက်ချပေးမည်နည်း ကျေးဇူးပြု၍ ဖြေပါ ?

နောက်ဆုံး တစ်ခု မင်းတုန်းမင်းတရားကြီး ခေတ် ပထမဆုံး ပုံနှိပ်ဖော်ပြသော ရတနာပုံ သတင်းစာတွင်


မင်းတရားကြီး ကိုယ်တိုင် ကျွန်နုပ်မကောင်းလျှင် ကျွန်နုပ်အား ရေးကြစေ ဟု မိန့်တော်ပြန်ခဲ့၏ သင်တို့ရော
ထိုသို့ ပြော နိုင်ပါ၏လော

တပ်မတော်သည် အဖွဲ့စည်း တစ်ခု အနေဖြင့် နှိမ့်ချရေးသားခွင့် ရေးသားခွင့်မရှိလျှင်တောင်

9
#သတင်းစာ များ ဂျာနယ်များ အနေဖြင့် လွတ်လပ်စွာ သတင်းမှန်နေပါက ရေးသားခွင့်
ရှိပါ၏လော ?

#မည်သည့်အရာကိုကြောက်၍ တိုင်းပြည်အား တာဝန်ယူထားသော တပ်မတော်ကြီးသည်


မသိချင်ယောင်ဆောင် ၍ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင် ဒဏ်ခတ်နေကြပါသနည်း ?

သင်တို့သည် ယနေ့ တိုင်းပြည်အတွက်မရှိမဖြစ်သော အာဇာနည်များ ဖြစ်ကြ၏ အာဇာနည်ဆိုသည်မှာ အများ


အတွက်ဖြစ်၏ အမှန်တရား ကို မြတ်နိုးရာ၏ မမှန်လျှင်ကား လက်ခံရန်မလို ရဲတင်းစွာ ရှင်းလင်းရဲသော
စိတ်ဓတ်ရှိရာ၏ ထိုအရာများသည် အာဇာနည်များ လက်ကိုင်ထားသင့်သော တရားများပင် .

ကျွန်တော်သည် တပ်မတော်ကြီးအား အလျှင်းမှ မမုန်း ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်အတွက်


တိုင်းပြည်လုံခြုံနေမှသာလျှင် ပြည်သူလူထုလုံခြုံ ၏ တိုင်းပြည်ရှိတပ်မတော်သည် တိုင်းပြည်အားကာကွယ်ရ၏
ထိတ
ုာဝန်သည် မြန်မာပြည်တစ်ပြည်တည်းတွင် မဟုတ် နိုင်ငံတစ်ကာ တွင်ဖြစ်၏ သတိပြုစေလိုသည် ။
တပ်မတော်သားတစ်ယောက် ဖြစ်နေလျှင် တိုင်းပြည်အတွက် အသက်ပုံထားရမြဲဖြစ်၏

ထိုသူတို့ နောက်တန်းတွင် သောက်စားပျော်ပါးစေကာမူ


ပြည်သူများပီတိဖြင့်နားလည်ပေးကြကုန်၏ပြည်သူအမျိုးသမီးများသည်မုဆိုးမဖြစ် နိုင်သည်ကိုပင်မတွေးပဲချစ်ခင်
စုံမက်ကြပေလိမ့်မည် ထိုအရာကိုကား ချစ်ခြင်းတရား အစစ်ဟု အမည်သညာခေါ်ဆိုနိုင်ပေတော့သည် ။

တိုင်းပြည်အတွက် အသက်စတေးသွားသော ယောက်ကျားဇာနည် သူရဲကောင်းများစွာအား ကျွန်တော်သည်


သွေးထဲသားထဲမှ လှိုက်လှိုက်လှဲလှဲ အလေးပြု၏ ဂုဏ်ပြုပါ၏ ကျွန်တော်ပင်မလုပ်နိုင်ခဲ့ ။

ထိုနည်းတူစွာ တိုင်းပြည်အတွက် အသက်ပေးရန် ဆုံးဖြတ်ထားသော


သူရဲကောင်းယောက်ကျားဇာနည်တပ်မတော်သားများအား လေးစားစွာ ဂုဏ်ပြုပါ၏

အရာရှိများဟူ သည် ပြည်သူအား လှောင်ပြောင်ခွင့်မရှိ ။ ပြည်သူ လိုလားသော စစ်မှန်သည့် ဒီမိုကရေစီ


စနစ်အား မျက်ကွယ်ပြုခွင့်မရှိ သမိုင်းတစ်လျှောက် မြန်မာ့ တပ်မတော်သည် ပြည်သူအတွက်သာ ဖြစ်ခဲ့၏ ..

နိုင်ငံတစ်ကာတွင် ဆန္ဒပြသော ပြည်သူကို သေနတ်ဖြင့် ပစ်သတ် ရန်


အမိန့်ပေးသောတိုင်းပြည်ကိုပြပါဆိုလျှင်ကမ္ဘာ့သမိုင်းတွင် မြန်မာနိုင်ငံသည် ထိပ်ဆုံးမှပါသွားပေတော့မည်

ကျွန်တော်အလွန်တစ်ရာ ဝမ်းနည်းမိသည် .. ထိုအရာအတွက် မည်သူက တာဝန်ရှိစွာ


ဖုန်းကွယ်မည်နည်း ?သူမ မဟုတ်သော သူတစ်ယောက်ဆိုပါဆို့ ထိုသူသည်

10
တိုင်းပြည်အတွက် 15 နှစ်ကျော် အချုပ်နှောင်ခံခဲ့ရသည် ၊
တိုင်းပြည်အားထိန်းသိမ်းထားသော တာဝန်ရှိသူသည် ထိုသို့ပစ်မိန့်ထုတ်ပေး၏
ထိုသူ ၂ ယောက်တွင် ကမ္ဘာ့သမိုင်းအလယ်မြန်မာနိုင်ငံအား အရှက်ရအောင်
လုပ်သူမှာ မည်သူနည်း ? ထိုအခါပြည်သူချစ်မည့်သူမှာ မည်သူဖြစ်မည်နည်း ?

ကျွန်တော် မြတ်နိုးတန်ဖိုးထားသော ဦးခေါင်း တစ်လုံးမှ ထွက်လာသော အဖြေများကို ဖတ်ကြည့်ပါ


ထိုအဖြေအား မြန်မာ့ မျိုးချစ်သူရဲကောင်း ယောက်ကျားဇာနည် တပ်မတော်သားများဖြေပါ မှန်ကန်စွာ ဝေဖန်ပါ
ဦးဏှောက်ရှိစွာ ချင့်ချိန်ပါ အကယ်၍သင်သည် သူရဲကောင်း ဆိုပါက သင့်အဖြေနှင့် ကျွန်တော် ၏
နုံချာလှသော အဖြေများ ကို ရဲဝံစွာ တိုက်ဆိုင်စစ်ဆေးပါရန် လူကြီးမင်းများအားမေတ္တာရပ်ခံသည် ..

၁. ။ ပြည်သူများသည် တပ်မတော် အတွက် ဈေးကွက် မဖြစ်သင့်ပေ ……..

၂. ။ အရွယ်မရောက်သော သူများသည် ကျောင်းတွင်ပင်ရှိသင့်သည် ။ စားပွဲထိုးများ မဖြစ်နေသင့် ။

၃. ။ ပြည်သူ့စရိတ်ဖြင့် နိုင်ငံရပ်ခြားတွင် စစ်ပညာသင်ကြားနေသော အရာရှိငယ်များ သည် ပြည်သူအား


မလှောင်ပြောင်သင့် ပြည်သူဆုံးဖြတ်ချက်ကို ပျက်ရယ်မပြုသင့် သင်တို့ အရည်ချင်းရှိလျှင်
ပြည်သူချစ်လိမ့်မည်။

၎. ။ တိုင်းပြည်အား အိမ်နီးချင်းတိုင်းပြည်များမှ ဝင်ရောက်သိမ်းပိုက်ခဲ့သော် ပြည်သူများ စစ်ထဲဝင်လိမ့်မည်


ထိုအရာသည် မြန်မာ့သွေးစစ်စစ်ဖြစ်၏ သို့သော်ငြား သံဃာတော်များ အပါအဝင် လက်နက်မရှိသော
ဆန္ဒြုပသူများအား ကြည်ဆံ လက်ဆောင် မပေးအပ် ။ သင်တို့ အုပ်ချုပ်ခဲ့သော သမိုင်းတစ်ခေတ် ရောက်လျှင်
သင်သည် မှန်သည်မှားသည်ကို ဆုံးဖြတ်ရန် စိတ်ထားကြည်လင်နေပါစေ ………

၅. ။ မြန်မာပြည်သူ အမျိုးသမီးတစ်ဦး အသက် ၄၃ နှစ်မှ ၆၅ နှစ် အသက်ရွယ်ကြား ဘယ်ဂျောင်မှ ထွက်၍


နိုင်ငံရေးလုပ်နေစေကာမူ ထိုသူသည် မြန်မာ ပြည်သူမှ ပြည်သူတစ်ဦးသာ ဖြစ်၏ အကယ်၍ သင်တို့ မိခင် ၊
ညီမ ၊ အဒေါ် ၊ များ ဖြစ်နေပါက ထိုသူအား 21 နှစ်အတွင်း 15 နှစ်တိတိ အချုပ်နှောင်ခံရပါက
သင်မည်သို့ခံစားမည်နည်း ? သူမ အနစ်နာခံသည်ဟု မပြောနိုင်လျှင်တောင် အပျော်တမ်း လုပ်သည်ဟုလည်း
လုံးဝမပြောနိုင် ….. သင် 15 နှစ် အချုပ်နှောင်ခံကြည့်ပါ ထိုနှစ်များအတွက်သင်သည် သင့်အား
ချုပ်နှောင်သူများကို မမုန်းပါဟု ပြောရန် သင့်အတွက်မည်သူများ မှခွန်အားပေး မည်ဟု ထင်မည်နည်း
သင်တွေးကြည့်စေလိုသည် ။ ကျွန်တော်တို့ ပြည်သူများမှ 15 နှစ် နိုင်ငံရေး ကြောင့် သင်အဖမ်းခံရလျှင်
သင့်အား ကျွန်နုပ်တို့ ဂုဏ်ပြုမည် …

11
ထိုသူမ လွတ်မြောက်သောနေ့တွင် ကမ္ဘာ့ခေါင်းကြီးသတင်း အဖြစ် ဖော်ပြကြကုန်သော တိုင်းပြည်များတွင်
သင်နေထိုင်ပညာသင်ရာ တိုင်းပြည်များ သည် ထိပ်ဆုံးမှပါဝင်၏ ထို့ကြောင့် သူမအား လှိုက်လှဲစွာ
ကြိုဆိုသူများအား ရင်နာသည်ဟု အရာရှိငယ်များ ပြောလျှင် သင်တို့ ပညာသင်ယူသော တိုင်းပြည်မှ
သတင်းသည်လည်း ရင်နာစရာပင် .. ထို့ကြောင့် သင်တို့သည်အရာရှိငယ်များ ဖြစ်ပြီး တိုင်းပြည်အား ချစ်ပါက
သင်ရင်နာရသော နေရာတွင် ပညာမသင်အပ် ..

၆. ။ မြန်မာပြည်ရှိ ပြည်သူလူထု၏ ခံစားခွင့်များသည် နိုင်ငံတစ်ကာ နှင့်ယှဉ်ကြည့်သော် အဖြေကို သင်


ဘက်မလိုက်ပဲ စစ်ထုတ်ပါ သေချာသည်မှာ လက်မထောင်နိုင်မှု့မရှိသေး နိုင်ငံတစ်ကာလေဆိပ်များတွင်
အထင်သေးသော မျက်လုံးများဖြင့် အကြည့်ခံရသော သူများတွင် မြန်မာပြည်သူများ မပါစေနှင့်။

၇. ။ တိုင်းပြည်ကို ကာကွယ်သူများသည် ပြည်သူချစ်သူများ သာဖြစ်၏ ထို့အတူ အနုပညာရှင်များအားလည်း


ပြည်သူချစ်၏ သင့်အားရော ပြည်သူချစ်ပါက သင် ပြည်သူအတွက်သာ လုပ်လိမ့်မည် ။

ပြည်သူများအတွက် လုပ်နေလျှင်ပင် ပြည်သူချစ်မှာသေချာ၏ ။ မချစ်ပါက မလုပ်သောကြောင့်ပင် သို့မဟုတ်


သင့်လုပ်ရပ်လွဲမှားနေသောကြာင့်ပင်ဖြစ်သည် သေချာသည်ကား သင်သည်ပြည်သူပင်မဟုတ်ပါလော
ထို့ကြောင့် ပြည်သူများသည် အသိဥာဏ်မဲ့နေသော သူများဖြစ်သည်ဆိုပါက သင်သည်အလွန်ရှက်ဖွယ် ။

၈. ။ သမိုင်းသည် သမိုင်းသာ ဖြစ်၏ ဝတ္တုစာအုပ်မဟုတ် ထိုသမိုင်းတွင် ပြည်သူလှောင်ပြောင်သော


သူအဖြစ်သင်ရပ်တည်နိုင်ပါသလား . ကျွန်တော် ဆိုလျှင်တော့ မည်မျှ လုပ်နိုင်စေကာမူ အများ မကြနပ်ပါက
ရပ်ပစ်မည်။ မည်မျှပင် မှန်နေစေကာမူ ကျွန်တော် ရပ်ရမည် ထိုအရာအား ဒီမိုကရေစီဟု ခေါ်၏

၉. ။ မှန်တိုင်းလဲ မကောင်းဘူးဟု ပြောသော ကိုဇဂနာ ၊ အမှန်တရားကို ပြော၍


ဒုက္ခရောက်ရှာသော အနုပညာရှင်များ ၊ ပြည်သူများ ၊ နိုင်ငံရေးသမားများ ၊ ဘာမှန်မသိ
အသက်ပေးသွားသော 8 လေးလုံး မှကျောင်းသားများ 2007 ရွှေဝါရောင် သပိတ်တွင်
အသက်ပေးသွားသူများသည် လစာဒေါ်လာ မရဘူးခဲ့ကြ ထိုသူများ သည်
တိုင်းတစ်ပါးသားများ မဟုတ် ကြ ။ ထိုသူများအားမည်သူ များ ပစ်သတ်ခဲ့ပါသည်ကို
ဆိုသော် တိုင်းပြည်ကို ထိုအချိန်တာဝန်ယူလျှက်ရှိသော အုပ်ချုပ်သူ လူတန်းစားဟု
ဖော်ပြပေလိမ့်မည် သင်ငြင်းဆိုမည်ဆိုပါက ထိုသူများအား အသက်ပြန်ရှင်ပါစေ
အကျဉ်းကျသူအား လွတ်မြောက်ပါစေ။

၁၀. ။ ကျွန်တော် သည် တိုင်းပြည်ကောင်းစားရေး အတွက် အမှန်တရားကို လက်ကိုင်ထားရဲပါသည် ဆိုသော်


အမှန်လိုအပ်ချက်ကို သိနေရမည် ။ ထို့ကြောင့် တိုင်းပြည်အတွက် အမှန်တရား အား လက်ကိုင်ထားရဲသော

12
ဆန္ဒုပြရဲသည့် ခလေးများကို ပင် လေးစား၏ အမျိုးဂုဏ် ၊ စားဝတ်နေရေး ၊ အခွင့်ရေး များကြောင့်
တပ်မတော်အရာရှိဖြစ်သွားကြကုန်သော သူများအား ထိုကလေးများ နှင့် ယှဉ်သော် လွန်စွာ သနား၏

လေ့ကျင့်ခဲ့သော သင်တန်းများ တစ်လျှောက် သင့်အားပြောခဲ့သော မိန့်ခွန်းတွင်

တပ်မတော်သည် တိုင်းပြည်အား အုပ်ချူပ်သည်မဟုတ် စစ်မှန်သော ဒီမိုကရေစီပုံဖော်ဆောင်ဖို့ ယနေ့


တာဝန်ယူလျှက်ရှိသည်ဟူသော စကားများကို ပခုံးမှ ကြယ်ပွင့်များ တည်မြဲရေး အတွက် လိုက်နာနေမည့် သူ
ဆိုပါက အထူးပင်ရင်လေးပေတော့၏ ထိုသူက သနားသည်ဆို၏ အားဇာနည်များ ပြောသော စကားများ နှင့်
လားလားမျှ ဆန့်ကျင်လျှက်ရှိတော့၏ ပညာတတ်သည်ဟူသည် တိုင်ပြည်တွင် ရတနာဖြစ်၏
တပ်မတော်တွင်မှမဟုတ်ပေ ။

(တိုင်းပြည်အား အသက်ပေးရန်ဆုံးဖြတ်ထားသော ယောင်္ကျားဇာနည်များမပါ ထိုသို့သော အရာရှိများကို


လွန်စွာသနားပေတော့၏)

တိုင်းပြည်တိုးတက်ကောင်းစားရေး အတွက်မူ အုပ်ချုပ်သူ လူတန်းစား Administrators


များနှင့်တိုက်ရိုက်ပတ်သက်လေသည် ။ ကျွန်တော်တို့ မြန်မာပြည် သည် ကမ္ဘာအလယ် နောက်ဆုံးကျနေသော
အချက်များ ကို ပြောပြချင်သည် ။ လွန်စွာ အင်အားတောင့်တင်းသော တပ်မတော်ကြီး အုပ်ချုပ်နေသော
မြန်မာနိုင်ငံတွင် ကျွန်တော်တို့ လွတ်လပ်မှု့သည် လုံခြုံမှု့ကင်းမဲ့လှ၏

သို့ကြောင့် သင်သိပါလေစ “ချစ်သားတို့ တပ်မတော်ဆိုတာ ယောက်ကျားကောင်းတွေ မွေးထုတ်ပေးတဲ့


ကျောင်းတော်ကြီးပါကွာ” ဆိုသည်ကို သင်တို့ မမေ့ကြလေနှင့်

တပ်မတော်သားများနေ့စဉ်ရေရွတ်လျှက်ရှိကြကုန်သော သစ္စာဓိဌာန်များတွင် ပြည်သူကြွေးသော


ထမင်းကိုစား၍ ပြည်သူအား ကာကွယ်ပါမည် ဟူသည်ကား
သနားသောအားဖြင့် အပစ်ပေးဒဏ်ခတ်ရန် မဟုတ် ။

13
( နောက်ဆက်တွဲဇတ်လမ်းဇတ်ကွက် သရုပ်ဖော် )

ကျွန်နုပ်စာသင်ပေးခဲ့သော တပည့်တစ်ယောက်သည် ကျွန်နုပ်အား သူ့ ဆန္ဒလေး အလွန်တိုးညှင်းစွာ


ဖွင့်ပြောသွားရှာဘူး၏ တိုင်းပြည်ကို ချစ်ပုံမှားနေတဲ့ သူအဖြစ် ကျွန်တော်တော့ အသက်ပါပေးရပါပြီ ဟူ၏ 2007
တွင် အသက်ကုန်လေ၏

သူ၏သွေး များသည် ကျွန်တော့်လက်တွင် ယနေ့တိုင် ရနံရှင်ရှင် ရလျှက်ရှိ၏

ထိုနေ့က ကျွန်တော် တောက်တစ်ချက်သာ ခေါက်နိုင်သော နေ့ဖြစ်နေခဲ့ပြီး ကျွန်တော်


ပညာသင်ကြားပေးလိုက်ေ သာ တပည့်များသည် ကျွန်တော့်အား အိမ်ကြက်ချင်း ခွပ်ပြသွားသော နေ့
တစ်နေ့အဖြစ် ကျွန်တော့်တစ်သက် မည်သို့သော အကြောင်းများဖြင့် မေ့မည်မဟုတ်ပေ ……

ထိုနည်းတူစွာ တိုင်းပြည်အား နေ့စဉ် လိုင်းကားများတိုးစီးပြီး လူလုံးကြေမွ တစ်လ 50000 မျှသော ငွေဖြင့်


ဆက်လက်ရပ်တည်ရန် သာမက မိမိမိသားစု တစ်စု ကောင်းစားရေးအတွက်သာ ကြောက်လန့်နေရှာသော
ပြည်သူအားသနားသော သင့်အား ကျွန်တော် ထမ်းဆောင်ခဲ့သော ကျောင်းဆရာဘဝ စွန့်၍
ပစ်ဒဏ်ခံရမည်ဆိုလျှင်ပင် သနားသည်ဟု ပြောပြီး ပစ်ဒဏ်ခံပေတော့မည် ။

အရာရှိငယ်များ ခင်ဗျား တိုင်းပြည်တွင် လိုအပ်နေသည်မှာ မည်သို့သော အုပ်ချုပ်သူ ဖြစ်သင့်သည်ဆိုသည်ကို


သင် အထက်တန်းကျောင်းသားဘဝကတတ်မြောက်ခဲ့သောပညာအပါအားလုံးသောပညာဖြင့် ချိန်၍
ဖြေပေးကြပါခင်ဗျာ ကျွန်တော်သင်ကြားခဲ့ဘူးသော တပည့်များစွာသည် အရာရှိလောင်းများစွာပါသလို
ဆိုက်ကားသမားပေါင်းများစွာ နှင့် ကားစပယ်ယာ ဈေးသည် ကုန်သည် လယ်သမားများ ဆရာဝန် ပညာတတ်
ကျောင်းဆရာလောင်းများစွာပါဝင်လေရာ ထိုသူများအား သနားသဖြင့် သင်တို့ အစွဲများကြောင့် ပြည်သူသည်
တစ်ရက် 1500 ကျပ်မျှဖြင့် တင်းတိမ်ရသော မိသားစုများ မဖြစ်ကြစေရန် သတိမူကြဖို့လေးလေးနက်နက်
တိုက်တွန်းပါသည် ။

တိုင်းတစ်ပါးတွင် အသက်မွေးသော ကျွန်တော်သည် ယနေ့တိုင် မြန်မာနိုင်ငံသား


သာလျှင်ဖြစ်၏ကျွန်တော်သည် သေသည်အထိ မြန်မာဟုသာ ဖော်ပြမည် ဖြစ်၏
ကျွန်နုပ်လျှာပေါ်မြက်ပေါက်မည်ဆိုလျှင် ပင် တိုင်းတစ်ပါးသား အဖြစ် ခံယူမည်မဟုတ် ယနေ့ ကျွန်တော်သည်
အနောက်တိုင်းတွင် အသက်မွေးသော မြန်မာတစ်ယောက်သာဖြစ်၏ အချိန်တန် အသက်ဆုံးသော်
ကျွန်တော်အားသရဏဂုံတင်မည့် မြန်မာပြည်တွင်ပင် သေလို၏ ထောင်ထဲတွင်လည်းမသေလို ။ ယနေ့
နိုင်ငံတစ်ကာ စံနှုန်းများဖြင့်လည်း မြန်မာပြည် တန်းဝင်စေချင်သေး၏ ထို့ကြောင့်
သင့်အားဝေဖန်လိုက်ပေသည် မုန်း၍ မဟုတ် ထို့အတူ ချစ်သောကြောင့်လည်းမဟုတ် ။

14
နိုင်ငံရေး လုပ်လျှင် ဒုက္ခရောက်မည် ဟူသော အစွဲကြီး စွဲနေရှာသည့် ပြည်သူများ အား မျက်စေ့ နား ဖွင့်ပေးပြီး
ဒီမိုကရေစီ စစ်စစ်ပေးနိုင်ကြပါစေ ၊ သတင်းမှန်များ ဖတ်ကြရပါစေ ..

အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတော်စရိတ်ဖြင့် တပ်မတော်အရာရှိများ ရရှိသော လစာများ


ပညာတတ်ကျောင်းသားများ ရခွင့်ရှိကြပါစေ ..

နှစ်စဉ် ဘွဲ့ရသွားရှာသော နိုင်ငံတကာအလုပ်ကိုင်များကြားတွင် မဝင်ဆန့်သည့် ဘွဲလက်မှတ်များ


ပပျောက်နိုင်ပါစေ …

နိုင်ငံတစ်ကာတွင် မိသားစုဝမ်းရေး တိုးတက်နိုး အိမ်ပေါင် လယ်ပေါင် မရှိရှိတာနှင့် အလုပ်ကိုင်လာလုပ်သော


သူများအား အရာရှိများ အထင်သေးခြင်းမှ ကင်းဝေးပါစေ ရန် သင်ကြားပေးနိုင်ပါစေ ..

ကျွန်နုပ် တို့ ပြည်သူများ လွတ်လပ်စွာ ရွေးချယ်ခွင့်ရပါစေ ..

နောက်ဆုံး ကျွန်တော်မျက်စေ့မကွယ်မီ မြန်မာပြည် ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်အဖြစ် မြင်ခွင့်ရရှိပြီး


ပြည်သူချစ်သော တပ်မတော်ကြီးအား မြင်ခွင့်ရပါစေ ခင်ဗျားးးးးးးးးးးးးးးးးးးး ။

ထိုသည်ကား ဇတ်လမ်း သာလျှင် ………….

ဤစာအုပ် အားသင်နှစ်သက်ပါက သင့်သူငယ်ချင်း ၁၀ ယောက်မျှ ပေးဖတ်ဖြင်းဖြင့် သင်သည်


အမှန်တရားမြတ်နိုးသူဖြစ်ပါစေ ။

ကျွန်တော့်လက်ပေါ်တွင် အမှန်တရားအားကိုင်ဆောင်ထားခဲ့ပါမူပြည်သူကိုသနားသောသင့်အတွက် ရက်ရော


စွာစွန့်ကျဲလိုက်ပါမည် ။

မင်းသျှင် ( မြန်မာစာ )

ပြည်သူ ၊ ကျောင်းဆရာ ၊ နိုင်ငံခြား အလုပ်သမား ၊ B.A ဘွဲ့ဖြင့် ရမည့်လစာအား


မလောက်ငှမည်ဆိုးသောကြောင့် အနောက်တိုင်းတွင် ပေါင်မုန့်အရောင်းစာရေး ဖြစ်ရန် ငွေများစွာ
အကုန်ခံမိသော ၊ တိုင်းပြည်ကောင်းစားရေးအတွက် ယနေ့ ဘာမျှ မတတ်နိုင်သူအဖြစ် တိုင်းပြည်အား
အသက်ပေးသွားသည့် ခောတ်အဆက်ဆက် အာဇာနည်သူရဲကောင်းများနှင့် လားလားမျှပင် နိုင်းယှဉ်မသင့်သူ။

15
အောက်ပါပုံနှစ်ပုံသည်မည်မျှ ပတ်သက်မှု့ ရှိမည်နည်း ?

စကားချပ် ၊ ဒီပုံသည် ကမ္ဘာစစ်အတွင်း စစ်အာဏာရှင် ဟစ်တလာ ရှိုးထုတ်ပုံနှင့်အလွန်တူလေသည်တကား ။

16

You might also like