You are on page 1of 86

ကြိုးစင်ပေါ်မှ မှတ်တမ်းများ (ဂျူးလီယက်ဖူးချစ်)

အိုးဝေထွန်းအောင်နှင့် ဦးစံရွှေ - ချက်ဘာသာမှ မြန်မာပြန်ဆိုသည်။


အမှာ ချက်အမျိုးသား အာဇာနည်သူရဲကောင်း ဖူးချစ်ရေးသားသော “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” စာအုပ် ကား ယုံကြည်ချက်ကြောင့် သေမင်းကိုပြုံးပြုံးက လေးရင်ဆိုင်သွားခဲ့သော နာဇီဆန့်ကျင်ရေး သူရဲကောင်းမှတ် တမ်းအဖြစ်၎င်း၊ ဂန္တ၀င်မြောက်သော စာပေအဖြစ်၎င်း ကမ္ဘာတွင်မော်ကွန်းတင်ကျန်ရစ်လောက်အောင် အစွမ်း ထက်လှသော စာအုပ်ဖြစ်ပေသည်၊ ကမ္ဘာအရပ်ရပ်မှ ပြည်သူများသည် ထွန်းပြောင်သော သတင်းစာဆရာတဦး၏ စာဖတ်သူအသဲနှလုံးကို ဆွဲကိုင်နိုင်သော ပြောင်မြောက်သည့် အရေးအသားများကို၎င်း၊ သူမတူအောင်ရက်စက် ကြမ်းကြုတ်လှသော ရန်သူများကို ရင်ဆိုင်ရသည့် အချိန်အခါမျိုးတွင် အင်အားတက်ကြွကြံ့ခိုင်စေပြီး တော်လှန် ရေးစိတ်ဓာတ် မြင့်မားလာအောင် ဖန်တီးပေးနိုင်စွမ်းရှိသော ထက်မြက်သည့် တော်လှန်ရေးစွမ်းရည်များကို၎င်း၊ တခဲနက်အသိအမှတ်ပြုကြပေသည်။ “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” သည် ဤမျှအစွမ်းထက်လှပေသည်။ နာဇီဆန့်ကျင်ရေးကာလ၏ “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” ကို ပြည်ထောင်စုမြန်မာနိုင်ငံတွင် အလုပ်သ မား လယ်သမား အာဏာပိုင်နိုင်ငံတည် ဆောက်နေသော ယခုလိုအချိန်အခါမျိုး၌ ဘာကြောင့်ထုတ်ဝေရသနည်း ဟု စာဖတ်သူများစိတ်တင် မေးခွန်းထုတ်ကောင်း ထုတ်လိုကြပေလိမ့်မည်။ွ အားလုံးသိရှိကြပြီးဖြစ်သည့်အတိုင်း ချက်အာဇာနည်သူရဲကောင်းဖူးချစ်သည် “ကြိုးစင်ပေါ်မှ မှတ်တမ်း များ” ကိုရေး သားခဲ့သည်မှာ နှစ်ပေါင်း (၂၀) ကျော်ပြီဖြစ်သည်။ ထိုအနှစ် (၂၀) အတောအတွင်း၌ ကမ္ဘာ့အခြေ အနေအရပ်ရပ်သည် အခြေအမြစ်မှ ပြောင်းလဲခဲ့ပြီဖြစ်သည်။ ဆိုရှယ်လစ်စနစ်သည် လွန်ခဲ့သောနှစ်ပေါင်း (၂၀) တုံးကလို နယ်ချဲ့နာဇီအရင်းရှင်များ၏ တိုက်ခိုက်မှုကိုအလူးအလဲ ခံနေရသည့် အနေအထားမျိုးမဟုတ်တော့ဘဲ၊ ကမ္ဘာ့နိုင်ငံရေးလမ်းကြောင်းကြီး၏ ကံကြမ္မာကိုဆုံးဖြတ် ဖန်တီးနိုင်စွမ်းရှိလာပြီဖြစ်သည်။ ဤသို့ချီတက်လာသော ခရီးကြမ်းကို ပြန်လှန်သုံးသပ်ရှုမြင်ခြင်းအားဖြင့် အခြေအနေအသစ်များ ပေါ်ထွန်းပြောင်းလဲနေသည့် ရုပ်ဝတ္ထုအ ခြေအနေများကို တအံ့တသြ မြင်နိုင်စွမ်းရှိပြီး၊ ထိုအခြေသစ် အနေသစ်များ၊ ကမ္ဘာ့လပ်သားပြည်သူတရပ်လုံး၏ု အောင်မြင်မှု အသီးအပွင့်များကို ခိုင်မာအောင်ထိန်းသိမ်းပြီး ဆက်လက်ကြီးထွားတိုးပွား အောင် ပြုလုပ်ရမည်ဖြစ် သော လုပ်ငန်းတာဝန်များကို ကြည်ကြည်လင်လင် သိမြင်နိုင်ကြမည် သာဖြစ်သည်။ အခြေသစ်အနေသစ်များ၊ ကမ္ဘာ့လုပ်သားပြည်သူများ၏ အောင်မြင်မှုအသီးအပွင့်များ၏ အရှိန်သြဇာနှင့် မြန်မာပြည် သူများ၏ ရုန်းကန်တိုက်ပွဲဝင်မှုများကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံဆိုလျှင် အရင်းရှင်မြေရှင်နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု လမ်းကြောင်းကို မပြန်လမ်းသို့ပို့ဆောင်ပြီး မြန်မာ့ဆှိုရှယ်လစ်လမ်းစဉ်ဖြင့် အလုပ်သမား လယ် သမားအာဏာပိုင်နိုင်ငံ ထူထောင်ရေးအတွက် အရှိန်အဟုန်ပြင်းစွာ လုပ်ဆောင်နိုင်နေလေပြီ။ ဤသို့သော ကမ္ဘာ့ အခြေအနေနှင့် မြန်မာ့အခြေအနေ တိုးတက်ပြောင်းလဲမှုများကို မြင်နိုင်စွမ်းမရှိသူများအား ချက်အမျိုးသား အာဇာ နည်ဖူးချစ်တို့ ကမ္ဘာ့လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို မည်သို့မည်ပုံ ရင်ဆိုင်ခဲ့ကြသည်ဟူသော ဆိုးဝါးပြင်းထန် သည့် အလွန်တရာခက်ခလှသော အခြေအနေများကို “ကြိုးစင်ပေါ်မှ မှတ်တမ်းများ” တွင် ပြန်လည်တွေ့မြင်နိုင်ဲ ကြပြီး ယနေ့အခြေအနေသစ်များနှင့် အခြေခံကျသော အပြောင်းအလဲများကိုလည်း ချိန်ထိုးအကဲဖြတ်နိုင်ကြရန် ဤစာအုပ်အား ထုတ်ဝေလိုက်ရခြင်းဖြစ်ပေသည်။ ဖူးချစ်ကို သူရဲကောင်းများထွန်းညှိညွှန်ပြရာ မီးရှူးတန်ဆောင်အတိုင်း နိုင်ငံအားလုံးမှ လုပ်သားပြည်သူ အင်အားစုများ လိုက်ပါချီတက် တိုက်ခိုက်ခဲ့ကြ ခြင်း၏ရလဒ်အဖြစ် ကမ္ဘာကြီးပြောင်းလဲကာ အခြေသစ်အနေသစ် များ ပေါ်ပေါက်လာရ ခြင်းဖြစ်သည်ကို နှလုံးသွင်းမိကြဖို့လိုအပ်သည်။ ဖက်ဆစ်နာဇီများကို ချေမှုန်းတိုက်ခိုက်ရာ တွင်အမာခံဖြစ်သော ဆိုဗီယက် ပြည်သူများနှင့် နိုင်ငံတကာရှိဖူးချစ်လိုနာဇီ ဖက်ဆစ်ဆန့်ကျင်ရေး သူရဲကောင်း များ၏ အနိုင်မခံအရှုံးမပေးသော တိုက်ပွဲဝင်စိတ်ဓာတ်များ၊ နယ်ချဲ့အရင်းရှင်များနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ကြသည့်

တိုက်ပွဲတွင်အသဲနှင့်ယှဉ်ပြီး အသက်နှင့်ကိုယ်ခန္ဓာကို စတေးခဲ့ကြသော ဆိုရှယ်လစ်ဘက်တော်များ၏ ကျေးဇူးတ ရားကိုလည်း သိတတ်ကြဘို့ လိုအပ်ပေသည်။ ဤကျေးဇူးတရားများကို ရင်ဝယ်ပိုက်ထွေးရင်း ချက်အာဇာနည်သူရဲကောင်း ဖူးချစ်ကိုမွေးထုတ်ခဲ့သော ချက်ကိုစလို ဗက်ပြည်သူများနှင့်ဖက်ဆစ်ဂျပန် များကိုတော်လှန်တိုက်ခိုက်ခဲ့ကြသည့် မြန်မာပြည်သူများသည် အ ခြေသစ်အနေသစ်များပေါ် တွင် မိတ်ဆွေဖြစ်ရေး၊ ငြိမ်းချမ်းရေးနှင့် နှစ်ပြည်ထောင်ပူးပေါင်းဆောင် ရွက်ရေး၏ အမှတ်အသားအဖြစ်လည်းရည်စူးပြီး ဤစာအုပ်ကိုထုတ်ဝေခဲ့ခြင်းလည်းဖြစ်ပါသည်။ ၎င်းရည်စူးချက်နှင့်တပါတည်း မြန်မာ့အာဇာနည်သူရဲကောင်းကြီး ဗိုလ်ချုပ်အောင်ဆန်းအား ချက်ပြည်သူ များက ကြည်ညိုချစ်ခင်လေးစားကြသလို ချက်သူရဲကောင်းဖူးချစ်အား မြန်မာပြည်သူများက ပိုမိုသိနားလည်ပြီး ပို မိုကြည်ညို လေးစားကြစေရန် ရည်သန်ချက်အောင်မြင် ပြည့်မြောက်မည်ဆိုလျှင် ဤ “ကြိုးစင်ပေါ်မှ မှတ်တမ်း များ” စာအုပ်ထုတ်ဝေရကျိုး ပိုနပ်လိမ့်မည်သာဖြစ်သည်။

အားသစ်စာပေကော်မတီ။ ကြိုးစင်ပေါ်မှ မှတ်တမ်းများ

(ပန်းကရာ့စ်၊ ဂတ်စတာပို အကျဉ်းထောင်၌ ၁၉၄၃ ခုနှစ်၊ နွေဦးရာသီတင် ရေးသားသည်။)ွ

သတိအနေအထားနှင့်ထိုင်၊ ကိုယ်ကိုမတ်မတ်တောင့်၊ ဒူးများပေါ်တွင် လက်များကပ်ထား၊ မျက်လုံးများ ကလည်း ပက်ချက်နန်းတော်ရှိ “အိမ်တွင်းထောင်” မှ ၀ါကျင့်ကျင့်ထရံကို စူးစူးစိုက်စိုက်ကြည့် နေရမည်ဆိုလျှင် ဤသည်ကား အမှန်အားဖြင့်၊ အတွေးနယ်ချဲ့ရန် သက်တောင့်သက်သာရှိလှသော အနေအထားမျိုးမဟုတ်ပါပေ။ ဒါပေမယ့် စိတ်ဆိုတာမျိုးကိုတော့် သတိအနေအထားနဲ့ ထိုင်နေလို့ဘယ်သူက အာဏာပြနိုင်မှာလဲ။ တစုံတယောက်က မည်သူမည်ဝါက မည်သည့်အခါတွင် ပြောခဲ့သည်ကိုကား အသေအချာစုံစမ်း၍ ရ ကောင်းမှရတော့မည် ဤပက်ချက်နန်းတော်တွင်းမှ “အိမ်တွင်းထောင်” ကို “ဘိုင်စကုတ်ရုံ” ဟု အမည်ပေးခဲ့ လေ သည်။ ထက်သန်သော ပကတိဥာဏ်ပါပေ။ ကျယ်ပြန့်လှသော အခန်းကြီးအတွင်းဝယ် ခုံတန်းရှည်ကြီးခြောက်လုံး ကို တလုံးနောက်တလုံးစီချထားသည်။ ၎င်းခုံများပေါ်၌ကား အစစ်ဆေးခံအကျဉ်းသမားများသည် ကျောများ တောင့်၍ ထိုင်နေကြရသည်။ ရှေ့တည့်တည့်မှ ဗလာဟင်းလင်းဖြစ်နေသော ထရံကြီးသည်ကား ရုပ်ရှင်ရုံထဲမှ ပိတ်ကားသဘွယ် ဖြစ်နေလေသည်။ တခါထပ်၍ အစစ်ဆေးခံရလျက်၊ အညှင်းခံလိုခံ၊ သေလိုသေကြရမည့် အကျဥ်းသမားတို့၏ မျက်စိများက ဤထရံပေါ်တွင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကားတို့ကား များပြားလှချေသည်။ တကမ္ဘာလုံးရှိ ရုပ်ရှင်စတူဒီယို များသည်ပင် ထိုမျှလောက်များမြောင်သော ဇာတ်လမ်းများကို မရိုက်ကူးခဲ့ကြရ သေးပေ။ မိမိတို့၏ တသက်ပတ်လုံးဖြစ်စေ၊ ထိုတသက်တာမှ အသေးစိတ် တကဏ္ဍလေးများကိုဖြစ်စေ ဖော်ပြ သည့်ရုပ်ရှင်ကားများ။ မိခင်၏အကြောင်း၊ ဇနီးအကြောင်း၊ ကလေးများအကြောင်း၊ အဖျက်ဆီးခံရသော အိမ်၏အ ကြောင်း၊ ဆုံးရှုံးရသော အလုပ်အကိုင်အကြောင်း စသည်တို့ကြို ပသည့် ရုပ်ရှင်ကားများ။ ရဲရင့်သော ရဲဘော်တ ယောက်အကြောင်းနှင့် သစ္စာဖောက်မှုတမှုအကြာင်း၊ ထိုစာတမ်းတစောင်ကို ကျနော်ကပေးခဲ့သော လူတ ယောက်၏အကြောင်း၊ ထပ်လောင်း၍ စီးဆင်းဦးမည့် ရစ်ပတ်မိလောက်အောင် တင်းတင်းကြပ်ကြပ် လက်ချင်း ညှစ်၍ နှုတ်ဆက်ပုံအကြောင်း စသည်တို့ကိုဖော်ပြသည့် ရုပ်ရှင်ကားများ။ တုန်လှုပ်ခြင်းနှင့်သန္နိဋ္ဌာန်၊ အမုန်းနှင့် အချစ်၊ သောကနှင့်မျှော်ကိုးချက်၊ ဤသည်တို့ဖြင့် ပြည့်ဝနေသော ရုပ်ရှင်ကားများပါပေ။ ဘ၀ကို ကျောခိုင်းထား ကြပြီဖြစ်၍ ဤနေရာ ဤဌာန၀ယ် လူတိုင်းလူတိုင်းသည် မိမိတို့၏ မျက်စေ့အောက်၌ပင် နေ့စဉ်နှင့်အမျှ အသက် ပျောက်ကြသည်။ သို့သော် လူတိုင်းကား အသစ်တဖန် မွေးဖွားလာပြန်သည်မဟုတ်။

ဤအခန်းအတွင်း၌ ကျနော်သည် ကိုယ်ရေးရုပ်ရှင်ကားကို အကြိမ်ပေါင်းရာပေါင်းများစွာ ကြည့်ခဲ့သည်။ အသေးစိတ်များကိုလည်း အကြိမ်ပေါင်း ထောင်ပေါင်းများစွာ မြင်ခဲ့သည်။ ယခုထို ရုပ်ရှင်ကားကို တကြိမ်မျှပြန် လည် ပြောစမ်းကြည့် လိုပါသည်။ အဆုံးမသတ်နိုင်မီ၊ ကြိုးကွင်းကို ဆွဲတင်းလိုက်ပြီဆိုလျှင်လည်း၊ ဤရုပ်ရှင်၏

“ဟက်ပီအန်းဒ်” ကို ဆက်လက်ရေးသားကြမည့် လူပေါင်းကား သန်းပေါင်းအလီလီ ကျန်ရစ်ဦးမည် ဖြစ်ပေသဲ


တည်း။

“ဟက်ပီအန်းဒ်” – (အင်္ဂလိပ်စကား) ပျော်ရွှင်သော ဇာတ်သိမ်းခဏ်း။ဲ


အခဏ်း - ၁ နှစ်ဆယ့်လေးနာရီ နောက်ငါးမိနစ်အကြာတွင် နာရီကား ဆယ်ချက်တိတိရိုက်ဆော်လေတော့မည်။ ၁၉၄၂ ခု၊ ဧပြီလ ၂၄ ရက်၊ နွေဦး ရာသီ၏ လှလှပပနှင့် မပူမအေးသော ညဥ့်ဦးအခါ ဖြစ်ပေသည်ကို။ ကျနော်သည် ခြေလှမ်းသွက်သွက်လေး လှမ်းနေခဲ့သည် - ရုပ်ဖျက်ထားသည့်အတိုင်း၊ ခြေထော့နင်းနှင့် အရွယ်ရင့် ရင့်လူကြီးတယောက်၏ ဟန်အမူအရာမပျက်စေရုံမျှ သတိထားကာ ယဲလီနက်တို့ထံ တိုက်တံခါးမပိတ် မီအရောက်၊ သွက်သွက်ကလေးလျှောက်နေခဲ့ပါသည်။ ထိုအိမ်တွင်ကျနော်၏ “လက်ထောက်” မီးရက်တယောက် ဖြင့် စောင့်နေပေလိမ့်မည်။ ဤတခေါက်တွင် သူ့အနေနှင့်ပြောစရာ အကြာင်းထူးမရှိမှန်း ကျနော်သိသည်။ ကျ နော့်ဘက်ကလည်း သူ့အားမှာကြားစရာ ဘာမျှမရှိ။ သို့သော် ချိန်းထားလျက်နှင့် ပျက်ကွက်ခဲ့လျှင်၊ အခြားသူများ စိုးရိမ်မကင်း ဖြစ်သွားနိုင်သည် - အထူးသဖြင့် အိမ်ရှင်သူတော်ကောင်း နှစ်ယောက်အပေါ် အပိုစိတ်သောက မ ရောက်စေလိုပါ။ သူတို့က လဘက်ရည်တခွက်နှင့် ဆီးကြိုကြပါသည်။ မီးရက်ကားရောက်နှင့်နေပြီ - သူသာမက ဖရီးဒ်တို့ လင်မယား လည်း စောင့်နေကြသည်။

- ရဲဘော်တို့၊ ခင်ဗျားတို့ကိုတွေရတာတော့် ကောင်းပါရဲ့။ ဒါပေမယ့်အခုလို တပြုံကြီးစုပြီးတော့ဖြင့် မတွေ့ချင်ဘူး။ ဒါမျိုးဆိုတာဟာ ထောင်နဲ့သေလမ်းကို တန်းနေတာပဲ။ လျှို့ဝှက်ရေးစည်းကမ်းတွေကို စောင့်ထိန်းယင်ထိန်းကြ၊ မထိန်းနိုင်ဘူးဆိုယင်တော့ အလုပ်မလုပ်ဘဲနေကြတာက ကောင်းလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီလိုလုပ်ပုံ မျိုးဟာ ကိုယ့်ကိုယ်ကိုယ်ရော၊ သူများတွေကိုရော အန္တရာယ်ဖြစ်စေတယ်။ နားလည်လား။ - နားလည်ပါတယ်။ - ကဲ ကျနော်တို့ ဘာများယူလာခဲ့ကြသလဲ။ - မေဒေးနေ့ထုတ် ရူဒပရားဗော သတင်းစာ။ဲ ရူဒပရားဗော - ချက်ကိုစလိုဗားကီးယားပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ သတင်းစာ။ စစ်အတွင်းက စာကူဲး
စက်ဖြင့်လျှို့ ၀ှက်စွာ ရိုက်နှိပ်ဖြန့်ချိရသည်။ (ရူဒီပရားဗော - အခွင့်အရေးနီ)

- ကောင်းပါ့ဗျား။ အဲ ... မင်းကော ... မီးရက်။ - ဒီလို ဒီလိုပါပဲ၊ ထွေထွေထူးထူးတော့ ဘာမှ မရှိပါဘူး။ အလုပ်ကတော့ ချောချောမောမောပဲ ... - ကဲ၊ ဒါဖြင့်ပြီးရော။ မေဒေးလွန်မှ တွေ့ကြသေးတာပေါ့။ ကျနော်အကြောင်းကြားလိုက်ပါ့မယ်။ ကိုင်း ... သွား တော့မယ်။ - လဘက်ရည်တခွက်လောက် ထပ်သောက်သွားပါအုံး၊ ဆရာကြီး။ - ဟာ၊ မဖြစ်သေးဘူး၊ မစ္စစ် ယဲလီနကောဗား။ ဒီမှာ ကျနော်တို့သိပ်စုနေကြလို့။

ယဲလီနကောဗား - ချက်လူမျိုးတို့၏ အမည်များတွင်၊ ကိုယ်ပိုင်အမည်၊ မျိုးရိုးအမည်ဟု တွဲ၍သုံးကြသည်။ ချက်အ


မျိုးသမီး များ၏ မျိုးရိုးအမည်များမှာ (ေ-ာဗား) သို့မဟုတ် (-ား) တွင် အဆုံးသတ်သည်။ သို့ဖြင့် ယောက်ျား အမည်များက ဖူးချစ်။ ယလီနက်။ ပလာခီ။ ဟုဆိုလျှင် မိန်းမအမည်များကို ဖူးချစ်ကောဗား၊ ယဲလီနကောဗား၊ ပလာခါ ဟူ၍ ခေါ်ကြသည်။

- တခွက်ထဲပါလေ။ သောက်သားပါအုံး။ွ
ငှဲ့ချလိုက်သော လဘက်ရည်မှ အငွေ့တထောင်းထောင်း ထလာသည်။ တစုံတယောက်က တံခါးခေါင်း လောင်းကို နှိပ်သည်။ ညကြီးမင်းကြီး အချိန်မတော် ... ဘယ်သူများပါလိမ့်။ ဧည့်သည်တော်များကား စိတ်မရှည် ကြ။ တံခါးကို တ၀ုန်းဝုန်းနှင့် ထုကြလေသည်။

- ဖွင့်ပါတော့လား။ ဒီမှာ ပုလိပ်တွေကွ။ - ပြူတင်းပေါက်ဆီကို မြန်မြန် ... ပြေးကြ။ ကျနော့်မှာ ပစ္စတိုတလက်ပါလာတယ်။ ခင်ဗျားတို့လွတ်အောင် သူတို့ ကိုဟန့် ထားမယ်။
နောက်ကျသွားခဲ့ပြီ။ ပြူတင်းပေါက်အောက်တင် ဂက်စတာပို များရောက်နေကြကာ အခန်းတွင်းသို့ ပစ္စွ တိုများဖြင့် ချိန်ထားကြသည်။ အရပ်ဝတ်အရပ်စားနှင့် စုံထောက်များသည်လည်း အပြင်စင်္ကြံမှတံခါးကို ချိုးဖွင့် ၀င်ရောက်လျက်၊ မီးဖိုဆောင်ငယ်ကိုကျော်ကာ အခန်းတွင်းသို့ရောက်လာကြသည်။ တယောက်၊ နှစ်ယောက်၊ သုံးယောက် ... အားလုံးလူကိုး ယောက်။ ကျနော်ကား သူတို့ဖွင့်ဝင်လာသော တံခါး၏အကွယ်သူတို့၏ နောက် တည့်တည့်သို့ရောက်နေသည်။ ထို့ကြောင့် ကျနော့်ကိုမမြင်ကြ။ ပစ်မည်ဆိုလျှင် သူတို့အားအေးအေးဆေးဆေး ပစ်ချနိုင်သည်။ သို့သော် ပစ္စတိုကိုးလက်က မိန်းမသားနှစ်ယောက်နှင့် လက်နက်မဲ့ ယောက်ျားသုံးယောက်ကို ချိန်ထားသည်။ အကယ်၍ကျနော်က စတင်ပစ်ခတ်လိုက်လျှင်၊ ကျနော်မကျခင် ကျနော့်ရဲဘော်များ ကျဆုံးကြရ တော့မည်။ ကျနော့်ကိုသာ ပြန်၍ပစ်ပြီထားဦးတော့ ကျည်ဆံများကပလူပျံလျက်၊ ကျနော့်ရဲဘော်များသာလျှင် ဓား စာခံကြရပေလိမ့်မည်။ အကယ်၍ ကျနော်ကမပစ်ဘဲနေခဲ့လျှင် သူတို့အနေနှင့် နှစ်ဝက်ဖြစ်စေ၊ တနှစ်ဖြစ်စေ ၀င် ထိုင်နေကြရမည်။ နောက်တော်လှန်ရေးက ၎င်းတို့အားအရှင်လတ်လတ် ကယ်တင်လွတ်မြောက် စေလိမ့်မည်။ မီး ရက်နှင့်ကျနော်သာ ဤတောင်ကိုကျော်နိုင်ကြမည်မဟုတ်။ ကျနော်တို့အား ညှဉ်းပန်းကြလိမ့်မည်၊ ကျနော့်ထံ မှ ကား ဘာတခုမျှရကြလိမ့်မည်မဟုတ်။ မီးရက်ထံမှကော။ မီးရက်သည် စပိန်ပြည်၌ တိုက်ပွဲဝင်ခဲ့သောလူတ ယောက်၊ ပြင်သစ်အကျဉ်းစခန်းတွင် နှစ်နှစ်တာမျှ နေခဲ့ရသောသူ၊ စစ်ကာလကြီးအတွင်း၊ ပြင်သစ်ပြည်မှ ပရာ ဟာမြို့အရောက် လျှို့ဝှက်စွာပြန်လာခဲ့သော သူတယောက်။ ဤသို့သောသူမျိုးကား ဘာတခုမျှဖော် လိမ့်မည်မ ဟုတ်။ ကျနော့်အနေနှင့် ဆုံးဖြတ်ချက်ချရန် နှစ်စက္ကန့်မျှသာရှိသည်။ ဒါမှမဟုတ် သုံးစက္ကန့်ပဲလား။ ပစ်ခတ်လိုက်လျှင် ဘာတခုကိုမျှ ကာကွယ်နိုင်မည်မဟုတ်။ ကျနော့်တယောက်အနေနှင့်သာ အညှဉ်း ပမ်းခံရခြင်းမှ လွတ်မြောက်မည်။ သို့သော် ထိုသက်သာမှုအတွက် အကြောင်းမဲ့သက်သက် ရဲဘော်ငါးယောက်အ သက်တို့ကို ယဇ်ပူဇော်လိုက်ရမည်။ ဒီလိုတွက်တာ မှန်သလား၊ မှန်တယ်။ ဆုံးဖြတ်ချက် ချလိုက်ပြီ။ ပုန်းနေရာမှ အပြင်သို့ထက်လိုက်သည်။ွ ဂက်စတာပို - နာဇီများ၏ လျှို့ဝှက်သော ပုလိပ်အဖွဲ့။ ဤဘာသာပြန်စာအုပ်ထဲတွင် အဆိုပါပုလိပ်အဖွဲ့ ၀င်များကို လည်း ဂက်စတာပိုဟူ၍ပင် ခေါ်ထားသည်။

- ဟား၊ နောက်တယောက်။
မျက်နှာပေါ်သို့ ပဋ္ဌမဆုံးတချက် အထိုးခံလိုက်ရသည်။ ကျနော့်အား နော့ကောက် ချိန်ဟန်တူသည်။

- ဟဲန်းဒ်အောက်ဖ်။
ဟဲန်းဒ်အောက်ဖ် - (ဂျာမန်စကား = လက်မြှောက်) ဒုတိယတချက်၊ တတိယအချက်။ ဤသို့လျှင် ထင်မိသည်။ တသသနှင့် လှလှပပထားခဲ့သော အိမ်ခန်း ကား၊ အိမ်ထောင်ပရိ ဘောဂများနှင့်ဖရိုဖရဲ၊ မှန်ကွဲများ အမွမွဖြစ်ခဲ့ပြီ။ လက်နှင့် အထိုးအကြိတ်၊ ခြေနှင့်အကန် အကျောက်။

- မာ့ရ်ရှ်။ မာ့ရ်ရှ် - (ဂျာမန်စကား = ရှေ့ကိုသွား) ကျနော့်အား မော်တော်ကားတစင်းထဲသို့ သွတ်သွင်းလိုက်ကြသည်။ ပစ္စတိုများကားကျနော့်ကို အမြဲမ ပြတ်ချိန်နေ ကြသည်။ လမ်းတွင်ပင်ကျနော့်အား စစ်လားမေးလားပြုကြပါတော့သည်။

- မင်း ဘယ်သူလဲ။ - ကျောင်းဆရာ ဟောရတ်။ - မင်း လိမ်တာ။


ကျနော်က ပခုံးကို တွန့်ပြလိုက်သည်။

- ငြိမ်ငြိမ်ထိုင်နေဆို ... နို့မို့ပစ်လိုက်မယ်။ - ပစ်ချင် ပစ်ပေါ့။


ပစ်မည့်အစား လက်သီးမိုးသာ ရွာလာသည်။ ကျနော်တို့သည် ဓာတ်ရထားတစီးကို ကျော်တက်မိကြ သည်။ အဖြူရောင်ဖြင့် မွမ်းမံထားသည်ဟု ထင်မိသည်။ ဘဲ့နဲ့ ... မင်္ဂလာဆောင်ဓာတ်ရထား အခုလို ညကြီး မင်းကြီးမှာရယ်။ အဖျားတက်စ ပြုပြီထင်သည်။ ပက်ချက် နန်းတော်။ ဤအဆောက်အဦအတွင်းသို့ အသက်နှင့်ခန္ဓာတွဲလျက်သား ၀င်ရလိမ့်မည်ဟု ဘယ်သောအခါကမျှ မထင်မိခဲ့။ ယခုလေးထပ်အပေါ်ထိ ပုံစံအတိုင်း ပြေး၍တက်ရသည်။ သြော် ဒါကနာမည် ကျော် ဒုတိယ (က) - ၁ ဆိုတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးဌာနကိုး။ ကျနော့်အနေနှင့် စပ်စပ်စုစု သိလိုစိတ်များပင် ပေါ်လာသည်ဟု ထင်ရသည်။ ပက်ချက် - စစ်မဖြစ်မီက အရင်းရှင်ကြီးပက်ချက်၏ ဘဏ်တိုက်အဆောက်အဦ။ စစ်အတွင်းက ဤဂေဟာတွင် ပရာဟော မြို့ဂတ်စတာပိုက ဌာနချုပ်ဖွင့်ထားသည်။ ဖမ်းဆီးသောတပ်စိတ်ကို အုပ်ချုပ်သည့် ပုလိပ်အရာရှိပိန်ပိန်ရှည်ရှည်သည် ပစ္စတိုကိုအိတ်တွင်းသို့ထည့် လိုက်ကာ၊ သူ၏အခန်းတွင်းသို့ ကျနော့်အားခေါ်သွားသည်။ ၎င်းနောက် စီးကရက်တလိပ်တည်၍ မီးညှိပေးသည်။

- မင်းဘယ်သူလဲ။ - ကျောင်းဆရာ ဟောရတ်။ - မင်းလိမ်တာ။


သူ၏ လက်ကောက်ဝတ်မှနာရီသည် ဆယ့်တစ်နာရီသို့ ညွှန်ပြနေလေသည်။

- သူ့ကိုရှာကြစမ်းဟေ့။
အရှာအဖွေများ စပါတော့်သည်။ ကျနော့် အ၀တ်အစားများကို ချွတ်ကြသည်။

- မှတ်ပုံတင်လက်မှတ်ပါတယ်ဗျ။ - နာမည်က ... - ကျောင်းဆရာ ဟောရတ်တဲ့။ - မှန်ရဲ့လားဆိုတာ လှမ်းမေးကြည့်စမ်း။


တယ်လီဖုန်းဆက်သည်။

- ထင်သားပဲ။ စာရင်းမှ သွင်းမထားပဲ။ ဒီလက်မှတ်က အတုကြီးရယ်။ - မင်းကို ဒီလက်မှတ် ဘယ်သူပေးသလဲ။ - ပုလိပ်မင်းကြီးရုံးက။


ပဌမဆုံးအကြိမ် ဒုတ်နှင့်အရိုက်ခံရသည်။ ဒုတိယ၊ တတိယ၊ အချက်ပေါင်း ဘယ်နှစ်ချက်ဆိုတာကို ရေ တွက်ပြီးထား ရမှာလည်း။ မောင်ရင် .. ဒီအခြေအနေရောက်မှတော့၊ ဒီလိုအချက်အလက်တွေကို ဘယ်နေရာ ဘယ်အချိန်မှာ သတင်းပြန်ပေး နိုင်တော့မှာလဲ။

- မင်းနာမည် ဘယ်သူလဲ ... ပြော ... ဘယ်မှာနေသလဲ ... ပြောစမ်း ... ဘယ်သူတွေနဲ့ အဆက် အသွယ်လုပ်သ လဲ။ ပြော ... ပြော ... ပြောဆို ... နို့မို့ မင်း အ သက်ထွက်သွားမယ်။
ကျန်းမာတဲ့ လူတယောက်ဟာ အချက်ပေါင်းဘယ်နှစ်ချက်အထိ ခံနိုင်ပါသလဲ။ ရေဒီယိုမှ သန်းခေါင်ယံ ရိုက်ဆော်လေပြီ။ ကာဖီဆိုင်များလည်း ပိတ်ကြပြီ။ နောက်ဆုံး ဧည့်သည်များလည်း ပြန်ကြပြီ။ ချစ်သူများကား မခွဲ နိုင်မခွါရက်နှင့် တံခါးဝများတွင် ရစ်သီနေကြသည်။ အရာရှိပိန်ပိန်ရှည်ရှည်ကား အခန်းတွင်းသို့ ရွှင်ရွှင်ပြုံးပြုံးကြီး ရယ်မော၍ ပြန်ရောက်လာသည်။

- ဦးအယ်ဒီတာကြီးခင်ဗျား၊ နေသာထိုင်သာ ရှိပါရဲ့နော်။


မည်သူက သူတို့အား ဖွင့်ပြောလိုက်ပြီနည်း။ ယဲလီနက်တို့လင်မယားလော။ ဖရီးဒ်တို့လော။ သူတို့ကား ကျနော်၏ အမည်ကိုပင် မသိကြ။

- မြင်တဲ့အတိုင်းပဲလေ။ ကျုပ်တို့အားလုံး သိပါတယ်ဗျာ။ ကဲ ဖွင့်ပြောမလား၊ လိမ္မာစမ်းပါကိုယ့်လူရာ။


ထူးဆန်းလှသော အဘိဓာန်ပါပေ။ လိမ္မာခြင်း = သစ္စာဖောက်ခြင်း။ ကျနော်ကား မလိမ္မာပါ။

- ဒီကောင့်ကို ကြိုးနဲ့တုပ်ပြီး ထပ်အုပ်ကြစမ်းကွာ။


တနာရီ။ နောက်ဆုံး ဓာတ်ရထားများ ကားရုံများဆီသို့ ပြန်သိမ်းနေကြလေပြီ။ လမ်းများလည်း လူသာွး လူလာ ပြတ်သလောက် ဖြစ်နေကြလေပြီ။ ရေဒီယိုကား သောတရှင်အပေါင်းကို မင်္ဂလာညပါရှင်ဟု နှုတ်ဆက် လေပြီ။

- ဗဟိုကော်မတီမှာ ဘယ်သူတွေ ပါသေးသလဲ။ အသံလွှင့်ဌာနတွေ ဘယ်မှာလဲ။ ပုံနှိပ်စက်တွေ ဘယ်မလဲ။ ပြော ... ပြော ... ပြောလေ။
ယခု ဒဏ်ရာဒဏ်ချက်များကို အေးဆေးစွာ ရေတွက်နိုင်ပြန်ပေပြီ။ ကျနော်ကိုက်ထားမိရာ နှုတ်ခမ်းများ တွင်သာနာရ မှန်း၊ ကျင်ရမှန်းသိတတ်ပါတော့သည်။

- ဘိနပ်တွေချွတ်လိုက်။
မှန်ပေသည်။ ခြေဖ၀ါးများကား ယခုထက်ထိမထုံတတ်သေးပါ။ ခြေမ၀ါးများတွင်တော့် နာတတ်သေး သည်။ ငါးချက်၊ ခြောက်ချက်၊ ခုနှစ်ချက်၊ ယခုဒုတ်တိုကား ဦးနှောက်အထိ တိုးလျှိုပေါက်နေ သကဲ့သို့ခံရသည်။ နှစ်နာရီ။ ပရောဟာမြို့တော်ကား အိပ်ပျော်လေပြီ။ တနေရာတွင် ကလေးတယောက်သည် အိပ်ယင်းက အီ ကောင်းအီနေပေလိမ့်မည်။ ယောက်ျားတယောက်သည် ဇနီးသည်၏တင်ပါးကို ပွတ်သပ်ကောင်း ပွတ်သပ်နေပေ လိမ့်မည်။

- ပြော၊ ပြောစမ်း။
ပါးစပ်ထဲတင် လျှာကိုလှည့်ယင်း၊ သွားဘယ်နှစ်ချောင်းကျိုးခဲ့ပြီကို စမ်းသပ်ကြည့်နေမိပါသည်။ စေ့ငွှ အောင် မရေတွက်နိုင်ပါ။ ဆယ့်နှစ်၊ ဆယ့်သုံး၊ ဆယ့်ခုနှစ်။ ဟုတ်သေးပါဘူးလေ၊ ဒါက ကျနော့်ကို “စစ်ဆေးမေး မြန်း” နေကြတဲ့ ပုလိပ်အရာ ရှိတွေရဲ့ဦးရေပဲ။ ထိုသူတို့အနက် အချို့ကားယခုပင် သိသိသာသာကြီး လက်အံသေ နေကြလေပြီ။ သေမင်းကလည်း ယခု ထက်ထိ မလာနိုင်သေး။ သုံးနာရီ။ ရောင်နီဦးသည် မြို့ဆင်ခြေဖုန်းဘက်မှ တွား၍တက်လာလေပြီ။ ဟင်းသီးဟင်းရွက်သည်များ ကား ဈေးဘက်သို့ဦးတည်နေကြပြီ။ လမ်းတံမြက်လှဲသမားများလည်း လမ်းများပေါ်သို့ ထွက်လာကြပြီ။ ပုံပန်း အားဖြင့် ကျနော်ကား နောက်ထပ် တမိုးသောက်ကို မြင်ရလိမ့်ဦးမည်ထင်သည်။

- ခင်ဗျား ဒီလူကိုသိသလား။
ကျနော်၏ ဇနီးကိုခေါ်လာကြသည်။ သူမမြင်ပါစေရန် ကျနော်သည် သွေးတို့ကိုမြိုချခဲ့သည်။ အမှန်အား ဖြင့် ထိုသို့သောအားထုတ်မှုကား အလဟဿမျှသာဖြစ်သည်။ ကျနော်၏မျက်နှာပေါ်တွင် သွေးများတကွက်မလပ် ထွက်နေသည်သာမက၊ လက်ဖျားများမှလည်း သွေးများယိုစီးနေသေးသည်။

- ခင်ဗျား ဒီလူ့ကိုသိသလား။ - မသိဘူး။

ဤသို့ပင် ပြောလိုက်သည်။ မျက်ရိပ်ကလေး တရိပ်မျှပင်မပျက်။ ဇမ္ဗူရာဇ်ရွှေစင်ကလေး။ ကျနော့်အား သိသည်ဟူ၍ ဘယ်သောအခါမျှမပြောပါ ဟူသော ကတိအတိုင်းတည်ကြည်ရှာပေသည်။ သို့သော် လက်ငင်းအ ခြေအနေအရကား ထိုသို့ ငြင်းရန်ပင် လုံးဝမလိုအပ်တော့။ ကျနော်၏ အမည်ကိုမည်သူက ဖော်ထုတ်ခဲ့လေ သနည်း။ သူ့အား အပြင်သို့ခေါ်ထုတ်သွားကြသည်။ ကျနော်လည်း အရွှင်လန်းနိုင်ဆုံးသော မျက်နှာထားဖြင့် သူ့ အားနှုတ် ဆက်ခဲ့ပါသည်။ ထိုမျက်နှာထားကား ရွှင်လန်းကောင်းမှ လန်းပေတော့မည်။ ဒါကိုတော့ ကျနော် မပြော တတ်။ လေးနာရီ။ မိုးလင်းပြီလား၊ ဒါမှမဟုတ် မှောင်နေတုန်းပဲလား။ လိုက်ကာများဆွဲချထားသော ပြူတင်း ပေါက်က အဖြေမပေးကြ။ သေမင်းကလည်း လာနိုင်ခဲလှသည်။ သေမင်းကြီးခင်ဗျားဆီကို ကျနော်လာခဲ့ရမလား။ ဘယ့်နဲ့လာခဲ့ရမှာလဲ။ တစုံတယောက်အား ကျနော်က လှမ်း၍ထိုးလိုက်သည်။ ထို့နောက် ကျနော်လည်း ကြမ်းပေါ်သို့စိုက်၍ ကျသွားသည်။ သူတို့က ကျနော့်အားကန်ကြသည်။ နင်းကြဆောင့်ကြသည်။ အဲ ... ဟုတ်ပြီ ... ဒါမှကိစ္စမြန်မြန် ချောမယ်။ ပုလိပ်အရာရှိ မဲတဲတဲသည် ကျနော့်အား မုတ်ဆိတ်မွေးများမှ ကိုင်၍ဆွထူသည်။ ထို့နောက် ကျွတ်ဲ ထွကသွားသော မုတ်ဆိတ်မွေး လက်တဆုပ်ကို ကျနော့်အားပြန်၍ပြရင်း ဟက်ဟက်ပက်ပက်ကြီး ရယ်မောလေ် သည်။ တကယ်တော့လည်း ရယ်စရာပင်ဖြစ်လေသည်။ ကျနော့်အနေနှင့်ကား နာရမှန်းလုံးဝမသိတော့။ ငါးနာရီ၊ ခြောက်နာရီ၊ ခုနှစ်နာရီ၊ ဆယ်နာရီ၊ တမွန်းတည့်လေပြီ။ အလုပ်သမားများလည်း အလုပ်သွားသူ သွား၍ အလုပ်ပြန်သူ ပြန်ကြလေပြီ။ ကလေးများလည်း ကျောင်းတက်သူတက်၍ ကျောင်းဆင်းသူဆင်းကြလေပြီ။ ဆိုင်များတွင် ရောင်းဝယ်နေကြသည်။ အိမ်များတွင် ချက်ပြုတ်နေကြသည်။ ယခုအချိန် ဆိုလျှင် မေမေသည် ကျနော့်အား သတိရကောင်း ရနေပေလိမ့်မည်။ ရဲဘော်များလည်း ကျနော်အဖမ်းခံရကြောင်း သိကုန်ကြပြီ ... မ တော်တဆ ကျနော်ကများ ဖွင့်ပြောလိုက်လျှင် ... ဤ သို့တွက်ကာ ဘေးအန္တရာယ်မှ ကာကွယ်ရန် အစီအစဉ်များ ပြုလုပ်ကောင်းပြုလုပ်နေကြပြီ။ မစိုးရိမ်ကြပါနဲ့၊ မပြောပါဘူး၊ ယုံကြပါ။ အမှန်ကိုဆိုရလျှင် အဆုံးသတ်ဟူသည် ကား ဝေးနိုင်တော့မည်မဟုတ်။ ခုအဖြစ်အပျက် အစစအရာရာတို့သည် အိပ်မက်၊ မကောင်းသော ချောက်အိပ် မက်ကြီးသာ ဖြစ်နေတော့သည်။ အရိုက်အနှက်မိုးရွာ၊ နောက်ကျနော့်အား ရေနှင့်ဖြန်း၊ နောက်တဖန် အထိုးအ ကြိတ်များ ၀င်လာပြန်၍ ... ပြော ... ပြော ... ပြောဆို ... ကျနော်ကဖြင့် သေပဲမသေနိုင်။ မေမေတို့ ဖေဖေတို့၊ ကျနော် ဒါလောက်အားကောင်းအောင် ဘာဖြစ်လို့ မွေးထားခဲ့ကြတာလဲ။ နေ့လည်ခင်း၊ ညနေငါးနာရီ။ ယခု သူတို့အားလုံး နွမ်းနယ်နေကြပြီ။ အရိုက်အနှက်များကား ပြတ်တောင်း ပြတ်တောင်းနှင့် တချီနှင့်တချီအကြား အကြာကြီးနားနားနေတတ်သည်။ ယခုတော့ ၀တ်ကြေ၀တ်ကုန်မျှသာ ဖြစ် နေကြပြီ။ ထိုခဏတွင်၊ ခပ်ဝေးဝေးမှ အတော်မသတ်နိုငသော အဝေးမှအေးဆေးငြိမ် သက်သော အသံတသံပေါ် လာသည်။ ထိုအသံကား ပွတ်သီးပွတ်သပ်လုပ်သလို နူးညံ့နေသည်။ - အဲရ် ဟတ် ရှုံဂနု။ဲ နောက်တကြိမ်ပြန်၍ထိုင်၊ ရှေ့တည့်တည့်မှစားပွဲကား ပြိုသွားလိုက်၊ ပေါ်လာလိုက်၊ နောက်တစုံတ ယောက်က ကျနော့်အားသောက်ရေတခွက်လာပေး၊ အခြားတယောက်ကလည်း ကျနော့်အားဘိနပ်များစီးပေးရန် ကြိုးစားယင်းက စွပ်မရတော့ဟုပြော၊ နောက်သူတို့သည် ကျနော့်အားချီတခါဆွဲတလှည့်ဖြင့် လှေခါးထစ်တ လျှောက် ခေါ်ချသွား၊ ကားထဲထည့်၊ မောင်း၍သွား၊ တစုံတယောက်ကလည်း သေနတ်ဖြင့်ချိန်ထား၊ ရယ်စရာပင် ကောင်းသေးတော့၊ ပန်းဖြူဖြူများဖြင့် မွမ်းမံထားသော မင်္ဂလာဆောင်ဓာတ်ရထားကို ကျော်တက်၊ သို့သော် ဤ ကိစ္စအလုံးစုံကား အိပ်မက်မျှသာဖြစ်ကောင်းသည်။ အဖျားတက်ခြင်း၊ ဖြစ်နေပေမည်။ သေဇောငင်ခြင်း၊ သို့မဟုတ် သေခြင်းစင်စစ်ပင် ဖြစ်ကောင်းဖြစ်နေပေမည်။ သေဇောငင်ခြင်းကား ခက်ခဲကြပ်တည်းလှသည် မဟုတ်ပါလော။ သို့ရာတွင် ဤအဖြစ်ကား ပေါ့ပေါ့ကလေးနှင့် သပွတ်အူလိမ်နေသည်။ နောက်တချက် အသာကလေး အသက်ရှူ ထုတ်လိုက်လျှင်ပင်၊ အစစအရာရာ အဆုံးသတ်သွားချေတော့မည်။

အဲရ် ဟတ် ရှုံဂနု - (ဂျာမန်စကား = ဒီလူ နောက်ထပ် ခံနိုင်တော့မှာ မဟုတ်ဘူး။)ဲ အဆုံးသတ်သွားရောတဲ့လား။ မဟုတ်သေးဘူးလေ။ အခုတခါ ထပ်ပြီးမတ်တတ်ရပ်နေရပြန်ပြီကော။ တ ကယ့်ကိုပင်ရပ်နေရသည်။ တယောက်တည်း အဖေးအမမရှိဘဲ ရပ်နေသည်။ ကျနော့်ရှေ့တွင်လည်း ညစ်ပတ်ဝါ ကျင့်သော ထရံကြီးကပ်၍နေကာ ... ထရံမှာ ဘာတွေပေနေပါလိမ့်။ သွေးတွေပေနေ သည်ဟူ၍ကား စိတ်ကထင် မိသည်။ ဟုတ်သည်။ သွေးတွေပင်ဖြစ်သည်။ လက်ညှိုးကိုမြှောက်၍တို့ကြည့် သုတ်ကြည့်သည်။ ဟုတ်တယ်လေ၊ လတ်လတ်ဆတ် ဆတ်ကြီး ကျနော့်သွေးတွေရယ် ...။ တစုံတယောက်က နောက်မှနေ၍ ကျနော်၏ခေါင်းကို ရိုက်လိုက်သည်။ လက်နှစ်ဖက်ကို မြှောက်၍ ထိုင် ချေ၊ ထချေ လေ့ကျင့်ခဏ်းလုပ်ခိုင်းသည်။ တတိယအကြိမ်တွင် ကျနော်လည်း ခွေကျသွားသည်။ အရှည်ရှည်နှင့် အက်ဆက်စမန်း တယောက်သည် ကျနော့်ကိုယ်ပေါ်မိုး၍ရပ်ကာ၊ ကန်လိုက်ကျောက် လိုက်နှင့် အထခိုင်းသည်။ မဖြစ်နိုင်သည်ကိုမှ ခိုင်းလေသည်တကား။ တဖန် တစုံတယောက်က ကျနော့်အား ဆေးကျောပေး၊ တဖန်ပြန်၍ထိုင်မိ၊ မိန်းမတယောက်ကလည်း ကျနော့်အားဆေးများ လှမ်းပေး၍၊ မည်သည့်နေရာ တွင် နာကျင်သနည်းဟု မေးမြန်းသည်။ ထိုခဏ၌ ကျနော့်အနေနှင့် နာသမျှဟူသည်မှာ နှလုံးသားတွင်သာ စုပြုံ နေသည်ဟု ထင်မိသည်။ အက်ဆက်စမန်း - နာဇီတပ်များအနက် ရက်စက်ကြမ်းကြုတ်ရာတွင် နာမည်ကြီးလှသည့် အက်ဆက်စ်အဖွဲ့ဝင်။

- မင်းမှာနှလုံးသားဆိုတာမှ မရှိဘဲနဲ့ ဟု အက်ဆက်စမန်း အရပ်ရှည်ရှည်က ပြောလေသည်။ - အိုး ရှိတာပေါ့ကွ ဟု ကျနော်က ပြန်ပြောလိုက်ကာ၊ မိမိ၏ နှလုံးသားဘက်က ခုခံပြောဆိုနိုင်လောက်အောင်
အင်အားဖူဖူလုံလုံရှိသေးခြင်းအတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိသည်။ နောက် အစစအရာရာ မှုန်ပျောက်သွား ကြပြန်သည်။ ထရံ ... ဆေးနှင့် မိန်းမ ... အက်ဆက်စမန်း အရပ်ရှည်ရှည် ... ကျနော့်ရှေ့တည့်တည့်တွင် အကျဉ်းခန်း၏ ပွင့်လျက်သားတံခါးပေါက်ကို တွေ့ရသည်။ အက်ဆက်စမန်း ၀၀တုပ်တုပ်တယောက်က ကျနော့်အား အကျဉ်းခန်းအတွင်းသို့ဆွဲသွင်း၊ အစိပ်စိပ်အမွှာမွှာဖြစ်နေသော ရှပ်အင်္ကျီ ကိုချွတ်၊ ကောက်ရိုးမွေ့ရာပေါ်သို့ဆွဲတင်၊ ဖောယောင်ဖုထစ်နေသောကိုယ်ကို စမ်းသပ်၍၊ ကျပ်ထုပ်များထိုးပေးရန် အမိန့်ပေးသည်။

- ကြည့်စမ်း သူက အခြားတယောက်အား ခေါင်းကိုအသာခါပြရင်း ပြောလေသည် - ကြည့်စမ်း၊ ဒီ ကောင်တွေ ဘယ်လောက် တတ်နိုင်တယ်ဆိုတာ ...
တဖန်ခပ်ဝေးဝေးမှ အတောမသတ်နိုင်သော အဝေးမှအေးဆေးငြိမ်သက်သော အသံတသံကို ကြား လိုက်ရပြန်သည်။ ထိုအသံကား ပွတ်သီးပွတ်သပ် လုပ်သလို နူးညံ့နေသည်။

- မနက်အထိတောင် မခံတော့ပါဘူး။
နောက်ငါးမိအကြာတွင် ဆယ်နာရီထိုးပေတော့မည်။ ၁၉၄၂ ခု ဧပြီလ ၂၅ ရက် နွေဦးရာသီ၏လှလှပပ နှင့်မပူမအေးသော ညဥ့်ဦးအခါဖြစ်ပေသည်ကို။ အခဏ်း - ၂ အသက်ငင်ခြင်း

`နေမင်း၏ ရောင်ခြည်များနှင့် ကြယ်ပွင့်တို့၏ အလင်းရောင်များသာ ငါတို့အတွက် ကွယ်ပျောက်ခဲ့သော် ငါတို့အတွက် ကွယ်ပျောက်ခဲ့သော်´

လူနှစ်ယေက်သည် စိတ်မချမ်းမြေ့စရာ ဓမ္မသီချင်းတပုဒ်ကို အတိုင်အဖောက်လည်းမညီဘဲ လေးတွဲ့ သောအသံများဖြင့် သီဆိုနေကြသည်။ သူတို့သည် အောက်ဘက်သို့ ဆန့်တန့်ထားသောလက်များကို ကိုယ်အ ရှေ့တွင် ယှက်ထား၍၊ ဖြူဖွေးသော လိုဏ်ဂူအတွင်း လေးဆေးသော ခြေလှမ်းများဖြင့် ၀ိုင်းကြီးပတ်လည် လှည့် နေကြသည်။

`... ၀ိဥာဉ်များလည်း နှစ်သိမ့်စဘွယ် ဆောင်ကျဉ်း၍ သွားတော့မည် ကောင်းကင်ဘုံ ထိုအဝေးသို့လည်း ကောင်းကင်ဘုံ ထိုအဝေးသို့လည်း ... ´
တစုံတယောက်ကား အနိစ္စရောက်ခဲ့ပြီ။ ဘယ်သူများပါလိမ့်။ ကျနော်သည် ဦးခေါင်းကိုလှည့် ရန်ကြိုးစား သည်။ အလောင်းထည့်ထားသော ခေါင်းနှင့်၊ ခေါင်းရင်းတွင် ထောင်နေသော ဖယောင်းနှစ်တိုင်ကို တစေ့တ စောင်းဖြင့် မြင်ကောင်းရာသည်။

`... ထိုဌာနီတင် ည၏မှောင်မိုက်မှုလည်းကင်ွး ထာဝရရောင်ခြည်လည်း ထွန်းလင်းနေလေသည် ...´


မျက်လုံးများကိုကား ဖွင့်၍ရခဲ့ပြီ။ အခြားမည်သူ့ကိုမျှ မတွေ့။ ဤနေရာတွင် ဤလူနှစ်ယေက်နှင့် ကျနော် မှလွဲ၍၊ အခြားမည်သူ တဦးတယောက်မျှ မရှိ။ သို့ဖြစ်လျှင် အသုဘတွေးချင်းကို မည်သူ့အတွက် ဆိုနေကြသ နည်း။

`... ထာဝစဉ်လက်နေသော ထိုကြယ်ပွင့်ကား ယေရှုသခင်ကိုယ်တော်တိုင်တည်း ယေရှုသခင်ကိုယ်တော်တိုင်တည်း။´


ဤသည်ကား အသုဘ၊ ဟုတ်သည်။ အကယ်ပင် အသုဘဖြစ်လေသည်။ မည်သူ့အား မြှုပ်နှံနေကြသ နည်း။ ဤနေရာတွင် မည်သူရှိသနည်း။ သူတို့ နှစ်ယောက်နှင့် ကျနော်သာရှိသည်။ ဟုတ်သည် - ကျနော်သာရှိ သည်။ ဤသည်ကား ကျနော်၏ အသုဘပင်ဖြစ်ပေသလော။ ဒီမှာ ... မိတ်ဆွေတို့ ... နားထောင်ကြစမ်းပါ။ မှား နေပြီထင်တယ်။ ကျနော်မသေ သေးပါဘူး။ အသက်ရှင်နေတာ မတွေ့ဘူးလား။ ခင်ဗျားတို့ကိုကြည့်ပြီး ခင်ဗျားတို့ ကို စကားပြောနေတာ မြင်တယ်မဟုတ်လား။ တော်ကြပါတော့ဗျာ၊ ကျနော့်ကို မြေမမြှုပ်ကြပါနဲ့အုံး။

`ကျွန်ုပ်တို့အား တစုံတဦးက နောက်ဆုံးနှုတ်ဆက်ခြင်းဖြင့် နှုတ်ဆက်နေသည့်အခါ နှုတ်ဆက်နေသည့်အခါ ...´


မကြားကြ၊ နားပင်းနေကြသလော။ ကျနော်ကပင် အသံခပ်ကျယ်ကျယ်မပြော၍လော။ သို့မဟုတ် ကျ နော်သည်အကယ်ပင် သေဆုံးခဲ့ပြီဖြစ်၍၊ ရုပ်မရှိတော့သော အသံကို မကြားနိုင်ကြခြင်းလော။ ကျနော်၏ ကိုယ် လုံးကြီးကား မှောက်လျက်သားငြိမ်နေသည်။ ကျနော်ကလည်း မိမိ၏အသုဘကို မိမိပြန်ကြည့်နေရသည်။ ရယ် ဘွယ်ကောင်းလေစွ။

`... လျှမ်းလျှမ်းတောက် မျက်လုံးများဖြင့် မော်၍ကြည့်သည်မှာ ကောင်းကင်ဘုံ ထိုအဝေးသို့ ကောင်းကင်ဘုံ ထိုအဝေးသို့တည်း ...´

မှတ်မိပါပြီ။ တစုံတဦးကကျနော့်အား ခဲခယဉ်းယဉ်းပင့်မ၍ အ၀တ်များဝတ်ပေးခဲ့သည်။ နောက် လူနဲာ တင်ထမ်းစင်ဖြင့် ကျနော့်အားသယ်ဆောင်သွား ကြသည်။ စင်္ကြံတလျှောက်တွင် သံခွာသံများ ဟိန်းနေခဲ့သည်။ ထို့နောက် ... ထို့ထက်လွန်၍ကား ဘာမျှမသိတော့၊ ထို့ထက်လွန်၍ကား ဘာမျှမသိ၊ ဤသည်ကား ကျနော်၏ အစွမ်းကုန်ပင်ဖြစ်သည်။

`... ထိုဌာနိအား ထာဝရအလင်းရောင် အမြဲတစေ ၀င်းနေသည်လည်း ... ´


သို့သော် ဤကိစ္စကား အဓိပ္ပာယ်လုံးဝမရှိ။ ကျနော်ကား အသက်ရှင်နေသည်။ ဝေးလံသော နာကျင်မှုတ ရပ်ကို ခံစားနေရသည်။ ရေလည်း ငတ်သေးသည်။ လူသေကောင်ဟူသည်ကား ရေမဆာတတ်။ ရှိသမျှအားတို့ကို အစွမ်းကုန်ညှစ် ထုတ်လျက်၊ လက်ကိုလည်းလှုပ်ရှားရန် ကြိုးစားလိုက်သည်တွင်၊ သဘာဝမကျသော အသံစိမ်း ကြီးတသံသည် ကျနော့်ကိုယ်တွင်းမှ ပွင့်ထွက်သွားသည်။

- ရေ
အခုမှပဲလေ၊ လူနှစ်ယောက်လည်း ၀ိုင်းကြီးပတ်လည်လျှောက်နေရာမှ ရပ်သွားသည်။ ယခု ကျနော့် ကိုယ်ပေါ်သို့ ငုံ့မိုးလျက် ကြည့်နေကြသည်။ တယောက်က ကျနော့်ခေါင်းကိုပင့်လျက် ရေခရားကို ပါးစပ်သို့ တေ့ ပေးသည်။

- မောင်ရင်၊ တခုခုဖြင့် စားအုံးမှပေါ့။ နှစ်ရက်ရှိပြီ၊ ရေချည့်ပဲ သောက် ... သောက်နေတာ။


ဘာတွေပါလိမ့်၊ နှစ်ရက်ရှိပြီတဲ့လား။ ဒီနေ့ ဘာနေ့လဲ။ တနင်္လာနေ့။ တနင်းင်္လာနေ့။ ကျနော်အဖမ်းခံရသည်မှာ သောကြာနေ့ဖြစ်သည်။ ခေါင်းကလည်း လေးလှချည့်။ ရေက ဖြင့် ရင်ကိုအေးစေလိုက်တာ။ အိပ် ... အိပ်ပါ ရစေ။ ရေတွင်း၏ မှန်သာရင်ပြင်ကို ရေတပေါက်က ဆင်းသက်လှုပ် ရှားလိုက်သည်။ ဤသည်ကား တောင်ပေါ်ရှိ မြက်ခင်းစိမ်းစိမ်းကလေးမှ စမ်းရေဦး။ ကျနော်သိပါသည်၊ ရောက လန်တောင်ခြေရှိ တောစောင့်၏ တဲနံဘေး၌ဖြစ်ပါသည်။ ထင်းရှူးတောထဲတွင်ကား မိုးတစိမ့်စိမ့် တဖျောက် ဖျောက်ရွာနေသည် ... အိပ်ရတာ အရသာရှိလိုက်တာလေ ... ... နောက်တကြိမ် ပြန်၍နိုးလာသောအခါတွင်ကား အင်္ဂါနေ့ညနေသို့ ရောက်နေလေပြီ။ ခွေးကြီးတ ကောင်သည် ကျနော့်ကိုယ်ပေါ်သို့ မိုး၍ရပ်နေသည်။ ခွေးဝံပုလွေမျိုးဖြစ်သည်။ လှပနက်နဲသော မျက်လုံးများဖြင့် ကျနော့်အား စူးစမ်းကြည့်ရှုနေသည်။

- မင်း ဘယ်အိမ်မှာနေခဲ့သလဲ။
အို ဟုတ်သေးပါဘူးလေ။ ခွေးကမေးနေတာ မဟုတ်ပါဘူး။ အသံကား တစုံတယောက်၏ အသံဖြစ် သည်။ မှန်သည် ဤနေရာတွင် အခြားသူတယောက်ရပ်နေသည်။ ဘွတ်ဖိနပှ်ရှည်ကြီးတရံကို မြင်ရသည်။ နောက် ထပ် ဖိနပ်ရှည်တရံနှင့် စစ်သားဘောင်းဘီများ သို့သော် ... အထက်သို့ကား မကြည့်နိုင်တော့။ မော့်ကြည့်ရန် ကြိုးစားသည့်အခါဝယ် ခေါင်းဆီကယစ်၍ယစ်၍မူးလာသည်။ အမယ်လေး ဂရုစိုက်နေရမှာလား။ အေးအေးဆေး ဆေး အိပ်စမ်းပါရစေအုံး ... ဗုဒ္ဓဟူးနေ့။ ဓမ္မသီချင်းများကိုသီဆိုခဲ့ကြသည့် လူနှစ်ယောက်ကားယခုအခါတွင်စားပွဲ၌ထိုင်ကာ မြေပန်းကန်များထဲမှ တစုံတရာကို နှိုက်၍နှိုက်၍ စားနေကြသည်။ ယခုတော့သူတို့အား ခွဲခွဲခြားခြားမှတ်မိပါပြီ။ တယောက်ကား ခပ် ငယ်ငယ်၊ ဒုတိယတယောက်ကား အရွယ်ပို၍ရင့်သည်။ ယခုမူ ဘုန်းကြီးများနှင့်လည်း မတူကြတော့။ လိုဏ်ဂူ သည်လည်း လိုဏ်ဂူမဟုတ်တော့၊ သာမန် အကျဉ်းခန်းတခန်းသာဖြစ်သည်။ ကြမ်းပြင်မှ ပျဉ်ချပ်များကား ကျနော့် မျက်စေ့အောက်မှ တပြေးတည်းပြေး၍ စုသွားကာ၊ ၎င်းတို့၏အဆုံးတွင်မူ လေးလံနက်မှိုင်းသော တံခါးကြီး ..... သော့ခလောက်အတွင်းသို့ သော့သွင်းသံကြားရသည်။ လူနှစ်ယောက်လည်း ထိုင်နေရာမှ ခုန်၍ထကြ ကာ၊ သတိအနေအထားနှင့် ရပ်လိုက်သည်။ အက်ဆက်စ်ယူနီဖောင်းဝတ် နှစ်ယောက်ဝင်လာ၍ ကျနော့်ကိုအ၀တ်

အစားများဝတ်ပေးရန် အမိန့်ပေးကြသည်။ ထိုအချိန် အထိ - ဘောင်းဘီခြေအိုး တဘက် တဘက်၊ ရှပ်အင်္ကျီ လက်အိုး တဘက်တဘက်တွင် နာကျင်မှုများ မည်မျှခိုအောင်းနေသည်ကို ကျနော်မသိခဲ့ဘူး - သူတို့သည် ကျ နော့်အား လူနာထမ်းစင်ပေါ်သို့တင်ကာ၊ လှေခါးတလျှောက်မှနေ၍ အောက်ဘက်သို့ ခေါ်ဆောင်သွားကြသည်။ စင်္ကြန်တလျှောက်လုံး သံခွာသံများ ဟိန်းနေခဲ့သည် … တခါကျနော့်ကို သယ်ဆောင်သွားတုန်း သတိလစ်သွား တာတောင် ဆက်ပြီးသယ်သွားကြတဲ့ လမ်းဒီလမ်းကိုး။ ဘယ်ကို ခေါ်သွားကြမလို့လဲ၊ ဘယ်ငရဲမှာ အဆုံးသတ်မှာ လဲ။ ပန်းကရာ့စ် ပေါလိစိုင်း၊ ဂဲဖန်းဂနစ္စ ရှိ သုန်သုန်မှုန်မှုန်နှင့် ဘော်ရွှေခြင်းကင်းမဲ့လှသော ဧည့်ခံရုံးခန်း။ သဲူ တို့လည်း ကျနော့်အား ကြမ်းပြင်ပေါ်သို့ ချလိုက်ကြသည်။ ဒေါသဖြင့် မှုတ်ထုတ်လိုက်သော ဂျာမန်အသံ၏ မေး ခွန်းကိုချက်အသံက စိတ်ရင်းကောင်းသကဲ့သို့ ဟန်ဆောင်ယင်း ဘာသာပြန်ပေးသည်။

- မင်း သူ့ကို သိသလား။


ကျနော်သည်ကျနော်၏မေးကို လက်ဖြင့်ထိန်း၍ကြည့်လိုက်သည်။ လူနာတင်ထမ်းစင်ရှေ့တွင် ပါးမို့က လေးများနှင့်မိန်းကလေးခပ်ရွယ်ရွယ်တယောက် ရပ်နေသည်။ ၀င့်ဝင့်ကြွားကြွား၊ မားမားမတ်မတ်ကလေး ရပ်နေ သည်။ အာခံသည့်အနေဖြင့် မဟုတ်ပဲမွန်မြတ်သော အမူအရာဖြင့်ခေါင်းကို ခပ်မော့မော့ ပင့်ထားရာမှ၊ ကျနော့် အား မြင်သာရုံနှုတ်ဆက်သည့် အမူအရာပြနိုင်ရုံသာ မျက်လွှာများကို နှိမ့်ချထားသည်။

- မသိဘူး။
ထိုရုန့်ရင်းကြမ်းတမ်းသော ညတုန်းက၊ သူ့အား ပက်ချက်နန်းတော်ထဲတင် ရိပ်ကနဲတွေ့မိကောင်း တွေ့မွိ ခဲ့မည်ဟုအမှတ်ရသည်။ ယခုဒုတိယအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။ တတိယအကြိမ်အဖြစ်နှင့်ကား မတွေ့ရတော့။ တွေ့များသာတွေ့ရလျှင်၊ ဤနေရာ၌ ကျက်သရေရှိစွာ ရပ်တည်နေခဲ့ပုံအတွက် သူ၏လက်ကိုညှစ်၍ နှုတ်ဆက်လို လှပေသည်။ ထိုအမျိုးသမီးကား အာရ်နော့ရှိ၊ လောရဲန့်ဇ်၏ဇနီးဖြစ်၍၊ ၁၉၄၂ ခုနှစ် မာရှယ်လောကျေညာပြီး ရက် အနည်းငယ်အတွင်း ကွပ်မျက်ခြင်းခံရသည်။ ပေါလိစိုင်း၊ ဂဲဖန်းဂနစ္စ - (ဂျာမန်စကား - ပုလိပ်အချုပ်ထောင်ကြီး)ဲ

- ဒါပေမယ့်သူ့ကိုတော့ မင်းမုချသိရမယ်။
အာညိခ်ျကာ၊ ယီရာစကောဗား။ ဘုရားရေ၊ အာညိခ်ျကာ … ခင်ဗျားဘယ့်နဲ့ ဒီကိုရောက်လာရတာလဲ။ ခင်ဗျားနာမည်ကို ကျနော် ဖွင့်မပြောခဲ့ပါဘူး။ ခင်ဗျားနဲ့ကျနော် ဘယ်လိုမှ မပတ်သက်ဘူးနော်၊ ခင်ဗျားကို ကျနော် မသိဘူး။ နားလည်လား။ မသိဘူးနော်။ - မသိဘူး။ - လိမ္မာစမ်းပါ၊ ကိုယ့်လူရာ။ - မသိဘူး။

- ယူးလာ၊ ဖုံးနေလို့လဲမထူးတော့်ပါဘူးရှင် - အာညိခ်ျကာက ၀င်၍ပြောလိုက်သည်။ လက်ကိုင်ပုဝါကို ဆုတ်ကိုင်


ထားသော လက်ချောင်းများ၏ မသိမသာတုန် ဆက်မှုကလေးကသာ သူ၏စိတ်လှုပ်ရှားမှုကို မလုံမလဲဖြစ်စေ သည် - မထူးတော့ပါဘူး၊ ကျွန်မကိုဖော်တဲ့ ဖော်ကောင်က ရှိနေပြီပဲ။

- ဘယ်သူလဲ။ - တိတ် - ပေါ်လာမည့်အဖြေကို တစုံတယောက်က ၀င်၍တားလိုက်သည်။ ထို့နောက် သူကကျနော့် အားနှုတ်


ဆက်ရန်ငုံ့၍ လက်လှမ်းပေးသည့်အခါတွင်၊ သူ့အား ကြမ်းတမ်းစွာ တွန်းထုတ်ပစ်လိုက်ကြသည်။

- အာညိခ်ျကာရယ်။
ကျနော်သည် နောက်ပေါ်လာသည့် မေးခွန်းများကိုမကြားတော့။ အက်ဆက်စမန်းနှစ်ယောက်က ကျ နော့်အားအကျဉ်းခန်းသို့ သယ်ယူသွားပုံ။ ထမ်းစင်ကိုရုန့်ရင်းစွာ ခါယင်းတော့ယင်း၊ ထိုသို့အနာမည့်အစား လည် ပင်းကြိုးတန်းလန်းနှင့် ယီးလေးမခိုချင်သလောဟု မေးပုံတို့ကိုပင် အဝေးမှမနာမကျင်နိုင်သော ပွဲကြည့်သမား ကဲ့သို့သာ ထိတွေ့ပါတော့သည်။

ယူးလာ - ဗမာအမည်များကို အဖျားဆွတ်ခေါ်ကြသကဲ့သို့ ချက်ကိုယ်ပိုင်အမည်မျာကို ရင်းနှီးသည့်သဘော၊ ချစ်စ နိုးသဘောဖြင့် တမျိုးပြင်၍ ခေါ်လေ့ရှိကြသည်။ သို့ဖြင့် ယူးလိယုစ်အစား ယူးလာ သို့မဟုတ် ယူးလက်။ ဂုစတာ အစား ဂုစတီနာ။ စသည်ဖြင့် ခေါ်ဝေါ်ကြသည်။ ကြာသာပတေးနေ့။ ကျနော်သည် ပတ်ဝန်းကျင်ကို သိတတ်စပြုပါပြီ။ ကျနော်နှင့်ထောင်ကျဘက် တဦးဖြစ်သောသူငယ်မှာ ကားရလစ်ဟုခေါ်သည်။ အရွယ်ပို၍ရင့်သော အခြားသူကား `အဘ´ ဟုအမည်တွင်သည်။ သူတို့က မိမိတို့၏ ဇာတ်လမ်းအဖြစ်အပျက်များကို ကျနော့်အား ပြောပြကြသည်။ သို့သော် အစစအရာရာတို့သည် ကျနော်၏ခေါင်း တွင်း၌ ရှုပ်ထွေးကုန်လေသည်။ မိုင်းတွင်းတတွင်း။ ခုံတန်းလျားပေါ်တွင် ထိုင်နေကြသော ကလေးများ။ ခေါင်း လောင်းထိုးသံကို ကြားရသည်။ တနေရာ၌ မီးလောင်နေသည်ထင်သည်။ ဆရာဝန်တယောက်နှင့် အက်ဆက်စ် သူနာပြုတယောက် ကျနော့်ထံလာကြသည်ဟုဆိုသည်။ ကျနော်၏ အခြေအနေမှာ ထင်သလောက်မဆိုး၊ ပစ် တိုင်းထောင် ပြန်၍ဖြစ်လိမ့်မည်ဟု ဆိုသွားကြသည်ဟူ၍ပြောသည်။ ယင်းသို့လျှင် `အဘ´ ကပြောသည်။ သူက လည်း အရေးတယူပြန်ပြော ကားရလစ်ကလည်း အားတက်သရောကြီး ထောက်ခံပြန်သောကြောင့်၊ ဝေဒနာကို ကိုယ်တိုင်ခံစားနေရသော ကျနော့်မှာ စေတနာနှင့် လည်ဆယ်ကြရှာသည်တကားဟူ၍သာ သဘောပိုက်ရပါ တော့သည်။ ကောင်းမွန်လှသော အသိုင်းအ၀ိုင်းပါပေ။ သူတို့ပြောသမျှ မယုံကြည်နိုင်သည့်အတွက်ပင် စိတ်မ ကောင်းဖြစ်ရပါ သေးသည်။ နေ့လည်ပိုင်း အကျဉ်းခန်းတံခါးပွင့်သွားကာ ခွေးတကောင်သည် အသံမမြည်ဘဲ ခြေဖျားထောက်၍ ပြေးဝင်လာသည်။ ကျနော်၏ ခေါင်းနားတွင်ရပ်တန့်ကာ စူးစူးစမ်းစမ်းကြည့်ရှုပြန်ပါသည်။ တဖန်ဖိနပ်ရှည်ကြီးနှစ်ရံ၊ ယခုတော့သိပါပြီ။ ဖိနပ်တရံကား ခွေးပိုင်ရှင်၊ ပန်းကရာ့စ်ထောင်မှူး၏ ဖိနပ်များဖြစ်လျက် အခြားဖိနပ်တရံကို ပိုင်သူကား ထိုတည ကျနော့်ကို စစ်ဆေးမေးမြန်းကြစဉ် ကြီးမှူးခေါင်းဆောင်ခဲ့သော ကွန်မြူနစ်ဆန့်ကျင်ရေး ဌာနမှူးပင်ဖြစ်သည်။ ထို့ပြင် အရပ်ဝတ်အရပ်စား ဘောင်းဘီ။ ကျနော်၏ မျက်လုံးများသည် ထိုဘောင်းဘီတလျှောက် မော့်၍ကြည့် လိုက်သည် ဟုတ်သည်၊ သူ့ကို ကျနော်သိသည်။ ထိုသူကား ဖမ်းဆီးသည့် တပ်စိတ်ကို ခေါင်းဆောင်ခဲ့သည့် ပု လိပ်အရာရှိ ပိန်ပိန် ရှည်ရှည်ဖြစ်သည်။ သူသည် ကုလားထိုင်တလုံး၌ ၀င်၍ထိုင်ကာ ကျနော့်အား စစ်ဆေးမေး မြန်းပြန်ပါသည်။

- မင်းရဲ့ဇာတ်ကတော့ ပျက်ပါပြီကွာ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လို့တော့ ရအုံးမယ်၊ ဖွင့်သာပြောပေတော့။


သူက စီကရက်တလိပ်ထုတ်ပေးသည်။ ကျနော်က လက်မခံ။ ထိုစီးကရက်ကို နိုင်အောင်ကိုင်နိုင်မည် လည်းမဟုတ်။

- မင်း ဘာ့က်စ် တို့အိမ်မှာ ဘယ်လောက်ကြာကြာနေခဲ့သလဲ။


ဘာ့က်စ်တို့အိမ် … ဒါကိုလဲ သိသကိုး … သူတို့ကို ဘယ်သူကများ ဖွင့်ပြောလိုက်ပါလိမ့်။

- ကဲ၊ မြင်တယ်မဟုတ်လား၊ ဒို့ အားလုံးသိတယ်ကွ။ အကုန်သာ ဖွင့်ပြောပေတော့်။


ခင်ဗျားတို့ အကုန်လုံးသိတယ်ဆိုယင်၊ ကျုပ်က ဘာများထပ်ပြီးပြောနေရအုံးမှာလဲ။ ကျုပ်ဟာကျုပ်ရဲ့ဘ ၀ကို အလဟဿဖြုန်းတီးခဲ့တဲ့ လူစားးမဟုတ်ဘူး၊ ဒီဘ၀ရဲ့ အဆုံးသတ်ကိုလဲ အပျက်ဆီးခံ မှာမဟုတ်ဘူး။ စစ်ဆေးခြင်းကား တနာရီကြာသည်။ မငေါက်မငန်း။ မေးခွန်းကို စိတ်ရှည်လက်ရှည် ထပ်၍ထပ်၍ကြော့ သည်။ အဖြေမရလျှင် ဒုတိယမေးခွန်း၊ တတိ ယမေးခွန်း၊ ဒဿမ။ ဆင့်၍ဆင့်၍လာသည်။

- ဒါလောက်တောင် ထိုင်းရသလားကွ။ ဒါအဆုံးသတ်ပဲဟာ။ နားလည်လား။ မင်းတို့ လုံးလုံးကြီးရှုံးပြီပဲ။ - ရှုံးတာက ကျုပ်တယောက်တည်း ရှုံးတာပါ။ - ကွန်မြူးန်တွေ နိုင်လိမ့်မယ်လို့ ယုံတုန်းပဲလား။ - ဒါပေါ့။

- ခုထက်ထိ ယုံတုန်းပဲတဲ့လား - တာဝန်ခံက ဂျာမန်ဘာသာဖြင့် မေးသည်ကို၊ အရာရှိအရပ်ရှည်ရှည်က ဘာသာ


ပြန်ပေးသည် - ရုရှတွေ အနိုင်ရလိမ့်မယ်လို့ ယုံတုန်းပဲတဲ့လား။

- ဒါပေါ့၊ အဆုံးသတ်ဟာ ဒီတလမ်းပဲရှိတာ။


ကျနော်ကား နွမ်းနယ်လျက်ရှိပြီ။ အငိုက်မိမသွားစေရန် ရှိသမျှအင်အားများဖြင့် တောင့်ထားခဲ့သည်။ ယ ခုမူ ဒဏ်ရာနက်နက်မှ သွေးဒလဟောထွက်သကဲ့သို့ သတိလည်း ကျနော့်ထံမှ လွတ်စပြုလေပြီ။ ကျနော်အား လက်လှမ်းပေး၍ နှုတ်ဆက်သားကြသည်ကို တွေ့ထိလိုက်သေးသည် - ပုံပန်းအားဖြင့် ကျနော်၏ နဖူးပြင်ပေါ်တွင်ွ သေမင်း၏အမှတ်အသားကို ဘတ်ကြားမိကြဟန်တူသည်။ မှန်ပေသည်။ အချို့သော်တိုင်းပြည်များမှ အာဏာပါး ကွက်သားတို့သည်၊ အမိန့်အတိုင်း မကွပ်မျက်မီ၊ သေဒဏ်သင့်သူ၏နဖူးကို နမ်းရှုံ့သောဓလေ့မျိုးပင် ထားခဲ့ဘူးကြ သည် မဟုတ်လော။ ညနေပိုင်း။ လက်ယှက်ထားသည့် များဖြင့် သီဆိုနေကြသည်။ လူနှစ်ယောက်သည်၊ တယောက်နောက်မှတယောက် ၀ိုင်းကြီးပတ်လည် လျှောက်နေကြသည်။ စိတ်မချမ်းမြေ့စရာ ဓမ္မသီချင်းတပုဒ်ကို အတိုင်အဖောက်လည်း မညီဘဲ လေးတွဲ့သောအသံ

“နေမင်း၏ ရောင်ခြည်များနှင့် ကြယ်ပွင့်တို့၏ အလင်းရောင်များသာ ကျွန်ုပ်တို့အတွက် ကွယ်ပျောက်ခဲ့သော် ...”


အမလေး ... ကိုယ့်လူတို့ ... ကိုယ့်လူတို့ကလဲဗျာ။ တော်ကြစမ်းပါတော့။ ခင်ဗျားတို့သီချင်းက ကောင်း ယင်တော့ ကောင်းမှာပါ၊ ဒါပေမယ့် ဒီနေ့ဟာ မေဒေးအကြိုနေ့ခင်ဗျ။ မေဒေးဆိုတာ လူ့လောကတ၀ှမ်းလုံးမှာ အ လှပဆုံး၊ အရွင်ပြဆုံးပွဲတော်မဟုတ်လား။ ကျနော်သည် လန်းဆန်းသောသီချင်းတပုဒ်ကို ဆိုကြည့်သည်။ သို့ သော်ကားရလစ်က တဘက်သို့လှည့်သွား၍ အဘခမြာမျက်ရည်သုတ်ရသည့်အထိ၊ ပို၍စိတ်မချမ်းမြေ့စရာဖြစ် သွားပုံရသည်။ သို့သော် ကျနော်က အညံ့မခံဘဲ ဆက်၍ဆိုသွားသည်တွင်၊ သူတို့လည်း ရော၍၀င်လာကြသည်။ ကျနော်လည်း စိတ်ကျေနပ်စွာ အိပ်ပျော်သွားပါတော့သည်။ မေဒေးနေ့၏၏ နံနက်စောစောပိုင်း။ ထောင်မြှော်စင်မှ နာရီသည် သုံးချက်တိတိ ရိုက်ခတ်လိုက်လေသည်။ ထိုအသံကို ပဌမဦးဆုံးအကြိမ် ကြည်ကြည်လင်လင်ကြီး ကြားရသည်။ အဖမ်းခံရသည့် အချိန်မှစ၍တွက်လျှင် ပြည့်ပြည့်၀၀ သတိပြန်လည်သည် မှာ ယခုအခါ ပဌမဆုံးအ ကြိမ်ဖြစ်လေသည်။ သန့်ရှင်းသောလေပြေသည် ပြူတင်းပေါက်မှလျှံ ဆင်းလာလျက်၊ ကြမ်းပေါ်ရှိကျနော်၏ ကောက်ရိုးမွေ့ရာကို ဆွ၍နေသည်။ တမဟုတ်ချင်းပင်၊ ကောက်ရိုးစများသည် ကျနော်၏ ရင်ပတ်နှင့်ဝမ်းဗိုက်အား တင်းတင်းကြပ်ကြပ်ကြီး တွန်းထိုးနေကြသည်ကိုခံစားရသည်။ တကိုယ်လုံးတွင်လည်း တကွက်မျှမလပ်အောင် အကိုက်အခဲပေါင်းတထောင်ဖြင့် ကိုက်ခဲနာကျင်နေကာ၊ အသက်ရှူရလည်း ကြပ်တည်း လာသည်။ ထိုအခိုက်၊ ပြူတင်းပေါက် ကိုဖွင့်လိုက်သကဲ့သို့ ရှင်းလင်းပြတ်သားသော အသိဓာတ်လည်းပေါ်လာ သည်။ ကျနော်ကား အသက်ငင်နေလေပြီ။ သေမင်းကြီး ခင်ဗျားကို စောင့်နေလိုက်ရတာဗျာ၊ ကြာလှပါပြီကော။ ဒါနဲ့များတောင် ဟိုတလောတုန်းက ဆိုရင် ခင်ဗျားနဲ့တွေ့ဘို့နှစ်တွေ အမြောက် အများလိုသေးတယ်လို့ ထင်နေသေးတယ်။ လွတ်လပ်တဲ့လူ့ရဲ့ဘ၀ကို ပြန်ရောက်လိမ့်အုံးမယ်၊ အလုပ်တွေအများကြီး လုပ်နိုင်အုံးမယ်၊ အချစ်စိတ်တွေ အများကြီးမွေး၊ သီချင်းတွေအ များကြီးဆို၊ ကမ္ဘာတ၀ှမ်းလုံးကိုလဲ လျှောက်ပြီးလေလွင့်လိုက်အုံးမယ်လို့တောင် မျှော်လင့်နေခဲ့သေးတယ်၊ အမှန် က ကျနော်ဟာအခုမှ အတောင်အလက် စုံစပြုရတာပါ။ အားတွေလဲ အများကြီး ... အများကြီးရှိနေခဲ့သေးတယ်။ အခုတော့ ဒီအားတွေ ဘာမှမရှိတော့ဘူး။ ကုန်လုပါပြီ။ ကျနော်ဟာ ဘ၀ကိုချစ်ခဲ့တယ်။ ဘ၀ရဲ့အလှအတွက် စစ်မြေပေါ်ကို ကျနော်ထွက်ခဲ့တယ်။ လူအပေါင်း တို့၊ ခင်ဗျားတို့ကို ကျနော်ချစ်ခဲ့တယ်။ ဒီအချစ်ကို ခင်ဗျားတို့က တုံ့ပြန်ကြတဲ့အခါမှာ ကျနော်ဟာ ပျော်ရွှင်နေခဲ့

တယ်။ ကျနော့်ကို ခင်ဗျားတို့နားမလည် ကြတဲ့အခါမှာတော့၊ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ကျနော်ဟာ တစုံတ ယောက်ကို ထိခိုက်စရာလုပ်မိခဲ့မယ်ဆိုရင် ကျနော့်ကိုခွင့်လွှတ်ကြပါ။ ကျနော်က တစုံတဦးကို စိတ်ချမ်းမြေ့စရာ ပြုလုပ်ခဲ့တယ်ဆိုရင် အဲဒီကိစ္စကို မေ့သာပစ်လိုက်ပါတော့။ ၀မ်းနည်းမှုဆိုတာဟာ ကျနော့်နာမည်နဲ့ ဘယ်တော့မှ တွဲမနေပါစေနဲ့။ အဲဒါပဲ ကျနော့်ရဲ့သေတမ်းစာ။ ဒီသေတမ်းစာဟာ ဖေဖေ၊ မေမေ၊ ကိုကို့ညီမလေးတို့ဘို့။ ပြီးတော့ မင်းဘို့ကွဲ့မောင့်ဂုစတီနာ။ ရဲဘော်တို့၊ ဒီသေတမ်းစာဟာခင်ဗျားတို့ဘို့၊ ကျနော်ခင်မင်ခဲ့တဲ့ လူတွေအားလုံးအတွက် ပါပဲ။ ပူဆွေးမှုဆိုတဲ့သဲမှုန့်တွေ မျက်လုံးထဲဝင်နေတာကို၊ မျက်ရည်က ဆေးကျောပစ်နိုင်တယ်ဆိုယင်တော့၊ ခဏ တဖြုတ်လောက်ငိုကြပေါ့။ ဒါပေမယ့် ယူကြုံးမရဖြစ်မနေကြပါနဲ့။ ကျနော် လောကကြီးမှာနေခဲ့တာဟာ ပျော်ရွှင်မှု အတွက်ပါ။ အခုလဲပျော်ရွှင်မှုအတွက် အသက်ကိုပေးတော့မယ်။ ကျနော့်ဂူပေါ်မှာ ၀မ်းနည်းမှုနတ်သ္မီးရဲ့ရုပ်တုကို တင်ထားကြမယ်ဆိုရင်တော့် ကျနော့်အပေါ် မတရားရာကျနေလိမ့်မယ်။ မေဒေးနေ့။ ဤအချိန်များဝယ်၊ ကျနော်တို့သည် မြို့ဆင်ခြေဖုံးများ၌ အိပ်ရာမှထ၊ အလံများကိုပြင်ဆင်ခဲ့ ကြသည်။ ဤအချိန်များတွင် မေဒေးနေ့ စီတန်းလမ်းလျှောက်ပွဲအတွက်၊ မော်စကိုမြို့တော် လမ်းမများပေါ်၌ ပဌမ လူစုလူဝေးများ ပေါ်လာစမြဲဖြစ်သည်။ ယခုအချိန်တွင်ကား သန်းပေါင်းများစွာသောလူတို့သည် မနုဿလူသား၏ လွတ်မြောက်ရေးအတွက် နောက်ဆုံးတိုက်ပွဲကြီး ဆင်နွှဲနေကြလေပြီ။ ယင်းတိုက်ပွဲတွင် လူပေါင်းထောင်ပေါင်း များစွာလည်း ကျဆုံးနေကြသည်။ ထိုကျဆုံးသူတို့တွင် ကျနော်လည်း တယောက်အပါအ၀င်ဖြစ်သည်။ ဤစာရင်း ထဲတွင် ပါဝင်ရခြင်း၊ နောက်ဆုံးတိုက်ပွဲ ၀င်နသူတို့၏စာရင်းတွင် ပါဝင်ရခြင်းကား ကောင်းမွန်လှပေစွ။ွှဲ သို့သော် သေဇောငင်နေခြင်းကား မကောင်း။ မွန်း၍နေသည်။ အသက်မရှူနိုင်။ လည်ချောင်းထဲတွင် လည်း ဂလိုင်ခြစ်သံကို ကြားရသည်။ ဒီအသံကြောင့် ထောင်ကျဘော် ထောင်ကျဘက်များ နိုးသွားမည်ကို စိုးရ သေးသည်။ အကယ်၍ ရေအနည်းငယ်နှင့် ဆွတ်လိုက်ရမည်ဆိုလျှင် ... သို့သော် ခရားတွင်းမှရေကား ကုန်နေ လေပြီ။ ကျနော်နှင့် ခြေလှမ်းခြောက်လှမ်းမျှအကွာ၊ အကျဉ်းခန်းထောင့်ရှိ ကမုတ်ထဲတွင်ကား ရေလိုချင်သ လောက်ရနိုင်မည်။ သို့သော် ထို နေရာသို့ အရောက်သွားရန် အားရှိမှ ရှိပါမည်လော။ သေခြင်း၏ဂုဏ်ရည်သည် မည်သူတဦးတယောက်ကိုမျှ မနှိုးမိခြင်းအပေါ်တွင် တည်နေဘိသည့်အလား၊ ကျနော်သည် တိတ်ဆိတ်ငြိမ်သက်စွာ တွား၍တွား၍သွားသည်။ သို့နှင့် လိုရာသို့ရောက်သွားကာ၊ ရေဆွဲအိမ်သာ ကမုတ်တွင်းမှရေကို တကျိုက်ပြီးတကျိုက် သောက်နေခဲ့ပါသည်။ ထိုသို့ရေ သောက်နေသည်မှာ မည်မျှကြာသွား သည်မသိ၊ ပြန်၍တွားသွားသည်မှာလည်း မည်မျှကြာသည်မသိ။ သတိဟူသ၍ကား ကျနော့်ထံမှ ဖယ်ခွာစပြုနေ ပြန်သည်။ ကျနော်သည် လက်မောင်းမှ သွေးကျောကိုစမ်းကြည့်မိသည်။ အထိအတွေ့ဟူ၍ လုံးဝမခံစားရ။ ကျ နော်၏နှလုံးသည် လည်ချောင်းအထိထိုးတက်သွား၍ ယခုပြင်းထန်သော အဟုန်ဖြင့်အောက်သို့ကျလာသည်။ ကျ နော်သည် ထိုနှလုံးသားနှင့်အတူ ကျဆင်းလာသည်။ အကြာကြီးပင် ကျဆင်းနေခဲ့သည်။ လမ်းခုလတ်တွင် ကားရ လစ်၏အသံကို ကြားလိုက်ရ သေးသည်။

- အဘ၊ အဘ၊ ကြားလားဗျို့၊ ဒီလူ့ခမျာ တည်းတည်းကလေးပဲ ကျန်တော့တယ်။


... ... ... ... ... ... ... ... ... ... ... နံနက်ပိုင်းတွင် ဆရာဝန်ရောက်လာသည်။ သို့သော် ထိုအဖြစ်အပျက်များကား နောက်အတော်ကြီးကြာမှ ပြန်လည်ကြားသိရခြင်းဖြစ်သည်။ ဆရာဝန်ရောက်လာ၍ ကျနော့်အား စမ်းသပ်ကြည့်ကာ၊ ခေါင်းကိုခါလေသည်။ နောက်ဆေး ခန်းသို့ပြန် သွား၍၊ ယမန်နေ့ညက ကျနော့်အမည် တပ်ကာ၊ အသင့်ပြင်ထားခဲ့သော သေစာရင်းလက်မှတ်ကို ဆုတ်ပစ်လိုက် သည်။ ၎င်းနောက် ကျွမ်းကျင်သော ပညာရှိ၏၀န်ခံချက်အနေဖြင့် ကျေညာသမှု ပြုလိုက်လေသည်။

- သန်လိုက်တဲ့ ဖြစ်ခြင်း၊ မြင်းနဲ့တောင် နင်လားငါလားပဲ။


အခဏ်း (၃)

အကျဉ်းခန်း ၂၆၇ တံခါးမှသည် ပြူတင်းပေါက်သို့ ခြေလှမ်းခုနှစ်လှမ်း၊ ပြူတင်းပေါက်မှသည် တံခါးသို့ ခြေလှမ်းခုနှစ်လှမ်း။ ဒါကို ကျနော်ကြုံဘူးပြီ။ ပန်းကရာ့စ်ထောင် အကျဉ်းစခန်းအတွင်းရှိ၊ ထင်းရူးပျဉ်ခင်းများ၏ ခရီးတာအကွာအဝေးကို ကျနော် သည်အကြိမ်ပေါင်းမရေ မတွက်နိုင်လောက်အောင် ခေါက်တုန့်ခေါက်ပြန် နင်းခဲ့ဘူးပြီ။ ဟောသည်အခန်းကျဉ်းထဲ ၌ပင် ကျနော်တခါတုန်းက ၀င်ထိုင်ခဲ့ရဘူးသည်ထင်သည်။ ထိုစဉ်က၀င်ထိုင်ခဲ့ရသော အကြောင်းရင်းမှာ၊ ချက်ဓန ရှင်တို့ကျင့်သုံးသည့် အန္တရာယ်ပြွမ်းသော နိုင်ငံရေးဝါဒ၏ အကျိုးသက်ရောက်ပုံတို့ကို ကျနော်က ကွင်းကွင်းကွက် ကွက်ကြီး မြင်တတ်လွန်းသောကြောင့်ဖြစ်သည်။ ယခုလည်း သင်းတို့သည် ကျနော်၏တမျိုးသားလုံးကို ကားစင် တင်နေကြသည်။ အကျဉ်းခန်း၏ရှေ့တွင် ဂျာမန်ထောင်စောင့်များ ကင်းလှည့်နေကြသည်။ အပြင်ဘက်တနေရာ တွင်ကား မျက်စိကန်းသော နိုင်ငံရေးကြမ္မာကောင်တို့သည် သစ္စာဖောက်ပင့်ကူမျှင်များကို ရစ်သွယ်ယှက်လိမ် လျက်ရှိ ကြသည်။ လူသတ္တ၀ါဟာ မျက်စိ ပွင့်ဖို့နှစ်ပေါင်းဘယ်နှစ်ရာလိုသလဲ။ လူသားတွေဟာ တိုးတက်ရေးလမ်း ခရီးမှာ အကျဉ်းခန်းပေါင်း ဘယ်နှစ်ထောင်ကို ဖြတ်တက် ခဲ့ရပြီလဲ။ နောက်ဘယ်နှစ်ခန်း ကျန်သေးသလဲ။ အို … နဲရုဒါရဲ့ ယေရှုကလေး။ လူ့လောကကြီးတခုလုံး အလင်းကိုရောက်အောင် ချီတဲ့လမ်းဟာ၊ ဆုံးကိုပဲ မဆုံးနိုင် သေး ပါကလား။ ဒါပေမယ့် ခုတော့ဖြင့် အိပ်မနေနဲ့တော့၊ အိပ်မနေနဲ့တော့။ နဲရုဒါရဲ့ ယေရှုကလေး - ချက်ကဗျာဆရာကြီး ယန်နဲရုဒါသည် `ခရစ္စမတ်စ် ကလေးချော့သီချင်း´ ဟူသော ကဗျာ ထဲတွင် `လူ့လောကကြီးတခုလုံး အလင်းကို ရောက်အောင် ချီတဲ့လမ်းဟာဆုံးကိုပဲ မဆုံးနိုင်သေးဘူး။ ဒီလမ်းတ လျှောက်မှာ လုပ်စရာအလုပ်တွေ အများကြီးရှိသေးတယ်၊ ဒါကြောင့် အားပြည့်သွားအောင် အိပ်လိုက်ပါအုံး၊ ယေရှုကလေး၊ အိပ်လိုက်ပါကလေး´ ဟု ရေးစပ်ခဲ့ဖူးသည်။ အသွားခုနှစ်လှမ်း၊ အပြန်ခုနှစ်လှမ်း၊ တဘက်နံရံတွင် ခေါက်၍ရသော အိပ်စင်တလုံး၍၊ တဘက်တွင် ကား စိတ်ပျက်စရာ အညိုရောင်ကြီးသုတ်ထားသည့် စင်ကလေးတစင်ရှိသည်။ ဟုတ်သည် ဤသည်ကို ကျနော် ကြုံဖူးပြီ။ ယခုသာ အနည်းငယ်ပို၍ဆက်ဆံလာသည်။ (ဆောင်းရာသီတွင် အခန်းလိုက်မီးမဖိုရတော့ဘဲ) ဗဟိုဌာန မှ အနွေးငွေ့ပေးသောရေနွေးပိုက်များ တပ်ဆင်ထားသည်။ ဂံဖုလား၏နေရာတွင် ရေဆွဲအိမ်သာကမုတ်ရောက်နေ သည် - အထူးခြားဆုံးကား လူများပင်ဖြစ်လေသည်။ အထူးသဖြင့် လူများကိုယ်၌ စက်ကိရိယာဆန်နေကြသည်။ အော်တိုမစ်တစ် စက်ကရိယာများကဲ့သို့ ဖြစ်နေကြသည်။ ခလုပ်တစ်ခု နှိပ်လိုက်သည်နှင့် ဆိုလိုသည်မှာ သော့ အိမ်အတွင်း သော့သွင်းလိုက်သည်ဖြစ်စေ၊ တံခါးမှ ချောင်းကြည့်ပေါက်ကလေးကို ဖွင့်လိုက်သည်ဖြစ်စေ - အ ကျဉ်းသမားများသည် ဘာလုပ်နေရာမှမဆို ဗြုံးကနဲခုန်ထကြလျက်၊ တယောက်နောက်တယောက် စီတန်း၍ရပ် လိုက်ကြသည်။ တံခါးဖွင့်လိုက်သည်နှင့် တပြိုင်နက်လည်း၊ အကျဉ်းခန်းအတွင်းရှိ အကြီးအကဲလုပ်သူက အသက် မရှူ၊ မရပ်မနားဘဲ (ဂျာမန်ဘာသာဖြင့်) ဟစ်အော်လိုက်သည်။

- “သတိ။။ အကျဉ်းခန်း နှစ်ရာခြောက်ဆယ့်ခွန် လူသုံးယောက် အားလုံးကောင်းပါသည်ခင်ဗျား။”


ဤသည်ပင်လျှင် - ၂၆၇။ ဤသည်ကား ကျနော်တို့၏ အကျဉ်းခန်းဖြစ်သည်။ သို့ရာတွင် ဤအကျဉ်းခန်း တွင်းရှိ အော်တိုမစ်တစ် စက်ကရိယာများကား ကျကျနနမလည်။ လူနှစ်ယောက်သာ ခုန်၍ထသည်။ ကျနော်ကား ထိုအချိန်ကာလတွင် ပြူတင်းပေါက်အောက် ကောက်ရိုးမွေ့ရာပေါ်တွင် အလျားလိုက်ဆန့်ခဲ့သည်။ မှောက်လျက် သား လဲနေခဲ့သည်။ တပတ်၊ ဆယ့်လေးရက်၊ တလ၊ ခြောက်သီတင်း - ပြီးတော့ ကျနော်သည် အသစ်တဖန် ပြန်လည် မွေးဖွားလာသည်။ ခေါင်းကိုလည်း လှုပ်နိုင်ပြီ။ လက်ကိုလည်း မနိုင်ပြီ။ ကိုယ်ကိုလည်း တံတောင်များ ဖြင့် ထောက်ကာပင့်နိုင်။ မှောက်ရာမှ ပက်လက်လှန်ရန်ပင် ကြိုးစားခဲ့ ဘူးပြီ … ယခု ရေးပြရခြင်းကား ထိုစဉ်အခါ လက်တွေ့ လုပ်ရသည်ထက် ပို၍မြန်ဆန်လှသည်။ အကျဉ်းခန်းအတွင်း၌လည်း ပြောင်းလဲ၍နေသည်။ အကျဉ်းခန်းတံခါးပေါ်တွင် ဂဏန်း ၃ အစား ၂ ကို ပြင်၍တပ်လိုက်ကြပြီ။ ယခု အခန်းထဲတွင် လူနှစ်ယောက်တည်းသာ ရှိတော့သည်။ ကျနော့်အား စိတ်မချမ်းမြေ့ စရာသီချင်းတပုဒ်ဖြင့် မြှုပ်နှံခဲ့ကြသောလူနှစ်ယောက်အနက်မှ အငယ်ဖြစ်သူကားရလစ်ကား ပျောက်ကွယ်သွားခဲ့

ပြီဖြစ်သည်။ သူ၏သဘောထား ကောင်းပုံများသာ တငွေ့ငွေ့ကျန်ရစ်တော့သည်။ အမှန်ဆိုရလျှင်၊ ကျနော့်အနေ နှင့် သူ့အားအိပ်မက်လိုလို၊ တကယ်လိုလိုသာ မြင်နိုင်မှတ်မိနိုင်တော့သည်။ သူသည်မိမိ၏ အဖြစ်အပျက်များကို စိတ်ရှည်လက်ရှည်နှင့် ထပ်ကာထပ်ကာ ပြောပြနေတတ်သည်။ ကျနော်ကလည်း ဇာတ်လမ်းတ၀က်သို့ရောက် တိုင်း ရောက်တိုင်း အိပ်ပျော်သွားလေ့ရှိသည်။ သူ့အမည်ကား ကားရဲလ် (ကားရလစ်)၊ မားလဲ့စ်ဟုခေါ်သည်။ စက်ဆရာတယောက်ဖြစ်သည်။ ဟုဒလိစဲ မြို့နားမှ မိုင်းတွင်းတတွင်း၏ လှောင်အိမ်ထဲတွင် အလုပ်လုပ်ခဲ့သည်။ ထိုနေရာ၌ အလုပ်လုပ်နေစဉ် ပြည်တွင်း တိုက်ပွဲအတွက် လိုအပ်သောယမ်းများကို တိတ်တဆိတ်ခိုးထုတ်ခဲ့သည်။ တနှစ်က အဖမ်းခံခဲ့ရသည်။ ယခုရုံးတင် စစ်ဆေးရန် ဘာလင်မြို့သို့လောမသိ သွားရမည်ဖြစ်သည်။ သူတို့တအုပ်ကြီးကို ဖမ်းထားသည်။ မည်သို့အဆုံး သတ်မည်ကို မည်သူပြောနိုင်ပါ့မည်နည်း။ သူ့တွင် ဇနီးနှင့်ကလေးနှစ်ယောက်ရှိသည်။ သူတို့အားချစ်သည်၊ နှစ်နှစ် ကာကာကြီးချစ်သည် ဒါပေမယ့်၊ အဲဒါကတာဝန်ကိုးဗျ။ သိလား။ ဒီတော့ကျနော်လည်း မလုပ်ဘဲဘယ်နေနိုင်ပါ့မ လဲ။ သူသည် ကျနော့်ဘေးတွင်ထိုင်ကာ ကျနော့်အားအတင်းအကြပ် အစာစားခိုင်းသည်။ ကျနော်ကလည်း မစားနိုင်။ စနေနေ့တွင် အလိုဒီရောက်တာ ရှစ်ရက်တောင်ရှိပြီလား သူသည် အကြမ်းဆုံးသောလမ်းစဉ်ကို လိုက် တော့သည်။ ပေါလိစိုင်းမိုင်စတဲရ်အား ကျနော်ရောက်ကတည်းက ဘာတခုမှမ စားသေးကြောင်းဖြင့် ပြောပြလိုက် လေသည်။ ပေါလိစိုင်းမိုင်စတဲရ်ကား အမြဲတမ်းအစိုးရိမ်ကြီးနေတတ်သည့် ပန်ကရာ့စ်ထောင်မှ အက်ဆက်စ်ယူနီ ဖောင်းဝတ် ဗိန္ဓောဆရာဖြစ်သည်။ သူ့ကိုအသိမပေးပဲ ချက်အမျိုးသားဆရာဝန်သည် အက်စပရင်ကလေးတစ်ခဲ မျှပင် ဆေးညွှန်းရေးမပေးနိုင်ပေ။ သူသည်လူမမာများသောက်သည့် ဟင်းချိုတခွက်ကို ကိုယ်တိုင်ယူလာ၍ ကျ နော်အကုန် သောက်ပြီးသည်အထိ စောင့်ကြည့်နေလေသည်။ ကားရလစ်ကား မိမိ၏အောင်မြင်မှုကြောင့် ကျေနပ် သွားလေသည်။ နောက်နေ့တွင် ကျနော့်ပါးစပ်ထဲသို့ တနင်္ဂနွေနေ့ ဟင်းချိုတခွက်ကို သူကိုယ်တိုင်လောင်းထည့် ပေးသည်။ နောက်ထပ်ကား ဘာမျှစား၍မရတော့။ ကျနော်၏ သွားဖုံးများမှာကျေနေသဖြင့် တနင်္ဂနွေနေ့ ဂူးလာ့ရှ် ထဲမှ ပျော့်ပြဲပြဲအာလူး ဖတ်များကိုပင် မ၀ါးနိုင် မချေနိုင်ဖြစ်နေခဲ့သည်။ ကျဉ်းနေသော လည်ချောင်းကလည်း အသေးဆုံးသော အဖတ်တိုင်းကိုပင် ပိတ်ဆို့နေပါတော့ သည်။

- ဂူးလာ့ရှ် ... ဂူးလာ့ရှ်တောင်မှ မစားချင်ဘူးတဲ့ ... ကားရလစ်က ကျနော့်ကိုယ်ပေါ်မိုးလျက် ညီးညူယင်း၊ ခေါင်း


ကိုလည်း ၀မ်းနည်းစွာခါ၍ နေလေသည်။ ၎င်းနောက် ကျနော့်အတွက် ရထားသောပုံစံကို “အဘ” နှင့်ညီညီမျှမျှခွဲကာ မြိန်မြိန်ယှက်ယှက်ကြီး စား ပစ်လိုက်ပါသည်။ သြော် - ခင်ဗျားတို့က ၁၉၄၂ ခုနှစ်၊ ပန်းကရာ့စ်ထောင်ထမှာမှ မနေခဲ့ရဘဲကိုး။ ခင်ဗျားတို့အနေနဲ့တောဲ့ အဲဒီတုန်းက ဂူးလာ့ရှ်ဆိုတဲ့ဟင်းဟာ ဘယ်လောက်တာသွားတယ်ဆိုတာ သိမှာမဟုတ်ဘူး။ သိလဲ ဘယ်သိနိုင်မ လဲလေ။ ဆာလွန်းသဖြင့်ဝမ်းထဲမှ တကြုတ်ကြုတ်မြည်နေသည့်အခါမျိုး။ ရေချိုးထွက်ကြသည့်အခါများတွင် အ ကျဉ်းသမားများသည် လူ့အရေများဖုံးထားသည့် အရိုးကောင်များအဖြစ် သရုပ်ပေါ်လာသည့်အခါမျိုး။ ရဲဘော် တိုင်းသည် မိမိ၏ရဲဘော်ထံမှ ပုံစံအချို့ကို ယုတ်စွအဆုံးမျက်စိများဖြင့် ခိုးယူလေ့ရှိကြသည့်အခါမျိုး။ ဟင်းသီး ဟင်းရွက်ခြောက်ကို၊ ခရမ်းချဉ်သီးရည်ကျဲကျဲနှင့် ရောနှောမွှေထားလျှင်ပင် အလွန်မက်စရာကောင်းသော ဇိမ်ခံ အစားအစာဟု ထင်နေကြရ သည့်အခါမျိုး။ ဂူးလာ့ရှ် - သာမန်ချက်ပြုတ်သော ဂူးလာ့ရှ်မှာ အမဲသားနှင့် အာလူးဟင်းမျိုးဖြစ်သည်။ အရည်ကျဲကျဲနှင့် ဂူးလာ့ရှ် ဟင်းချိုလည်း ချက်ကြသည်။ ယင်းသို့သော်အခါမျိုးတွင်၊ ဘာကြီးပဲဖြစ်နေဖြစ်နေ ကြာသာပတေးနှင့် တနင်္ဂနွေနေ့တိုင်း တပတ်လျှင် နှစ်ကြိမ်မှန် မှန်ဂူးလာ့ရှ် ဟင်းချက်သည်။ ဟောက်ဆာရ်ဘိုင်တာရ် တို့သည်ပန်းကန်ထဲသို့အာလူးများကို ယောက်မတကော်စာ ထည့်၍ မဖြစ်စလောက်သော အသားဖတ်အနည်းပါသည့် ဂူးလာ့ရှ်ဟင်းရည်တဇွန်းကို အပေါ်ကဆမ်းနေသည်။

ထိုအစာကား အရသာရှိလှပါ ဘိတောင်း။ မှန်သည် အရသာရှိမျှမကသေး၊ လူ့လောကကို ထိထိတွေ့တွေ့ကြီးအ မှတ်ရစေသည့် အရာဖြစ်သည်။ ဂက်စ်တာပိုထောင်၏ ရက်စက်ကြမ်းကြုတ်လှသည့် မူမမှန်လောကကြီးတွင် ဤအစားအစာကား ယဉ်ကျေးသိမ်မွေ့မှု၏ အထိမ်းအမှတ်ဖြစ်သည်။ နေရိုးထိုင်ရိုးလူ့ ဘ၀၏ အထိမ်းအမှတ် ဖြစ်နေသည် အိုလေအမြဲမပြတ်ခြိမ်းခြောက်နေတဲ့ သေဘေးအန္တရာယ်ကြီးက ဟင်းမွှေးခတ်ထားတဲ့အတွက်၊ ဒီ ဟင်းရည်ကောင်းတဇွန်းဟာ ဘယ်လောက်တာသွားတယ်ဆိုတာကို ဘယ်သူခန့်မှန်းနိုင် ပါ့မလဲ။ နှစ်လမျှကြာခဲ့ပြီ။ ယခုသော ကျနော်ကိုယ်တိုင်ပင် ကားရလစ် အံ့အားသင့်မှုကို သဘောပေါက်ပါပြီ။ ကျနော်ကား ဂူးလာ့ရှ်ကိုမစားချင်ခဲ့ - ကားရလစ်အတွက်ဆိုလျှင်၊ ကျနော်၏သေနေ့စေ့ပုံကို အခြားအခြားသော အချက်များထက် ဤတချက်တည်းက အခိုင်အမာ သက်သေထူခဲ့ပြီးဖြစ်လေသည်။ နောက်တနေ့ည နှစ်နာရီအချိန်တွင် သူတို့သည် ကားရလစ်အားနှိုးကြသည်။ ငါးမိနစ်အတွင်းခရီးထွက် ရန် အသင့်ပြင်ဆင်ထား ရမည်ဟုဆိုသည်။ လာပြောပုံမှာ ခဏတဖြုတ်မျှအပြင်ထွက်၍ လည်ရမည့်ပုံမျိုးဖြစ်လေ သည်။ လမ်းခရီး၏အဆုံးတွင် လူတယောက်၏ဘ၀ အဆုံးသတ်ချင်သတ်တော့်မည် မဟုတ်သကဲ့သို့ပင် ဖြစ် သည်။ ထောင်သစ်၊ အကျဉ်းစခန်း၊ ကွပ်မျက်ရာနေရာ၊ မည်သို့သွားရမည်ကို မည်သူမျှမသိ။ ကားရလစ်သည် ကျနော်၏ ကောက်ရိုးမွေ့ရာဘေး ၌ ဒူးထောက်ကာ ကျနော့်ခေါင်းကိုပွေ့လျက် နမ်းသွားပါသေးသည် - ထိုခဏ၌ စင်္ကြံဘက်ဆီမှ ယူနီဖောင်းဝတ်ထောင်စောင့်၏ ငေါက်ငမ်းသံကား၊ ပန်းကရာ့စ်သည် နူးညံ့သောစိတ်မျိုးမွေးထား ရမည့် နေရာမဟုတ်ကြောင်းကို ဖော်ပြသလိုပေါ်ထွက်လာခဲ့သည် - ကားရလစ်လည်း တံခါးပေါက်မှ အပြေးက လေးထွက်သွားရှာသည်။ ၎င်းနောက် သော့ခလောက်ပိတ် သံလည်းပေါ်လာလျက် ... ဟောက်ဆာရ်ဘိုင်တာရ် - ထောင်ဘာယာ။ ပန်းကရာ့စ်ထောင်တွင် စင်္ကြံအလိုက် ထောင်ဘာယာများတာဝန်ချ ထားသည်။ နိုင်ငံရေးသမားများလည်း ထောင်ဘယာများအဖြစ် အလုပ်လုပ်ကြသည်။ အခဏ်း ၇ အဆုံးပိုင်းတွင် ဘာယာများအကြောင်း တွေ့နိုင်သည်။ ... အကျဉ်းခန်းတွင်းဝယ် ကျနော်တို့နှစ်ယောက်တည်း ကျန်ရစ်ခဲ့ကြပါတော့သည်။ ကျနော်တို့အချင်းချင်း ပြန်၍တွေ့ကြဦးမည်လော။ ဘယ်သောအခါတွင် ဒုတိယအကြိမ်မြောက် ခွဲခွာပွဲပြု လုပ်ရဦးမည်နည်း။ ကျန်ခဲ့သောကျနော် တို့နှစ်ယောက်အနက် မည်သူကအလျင်ထွက်ခွာသွားရမည်နည်း။ မည် သည့်အရပ်သို့သွား ရမည်နည်း။ သွားရမည့်သူကို မည်သူကလာ၍ခေါ်မည်နည်း။ အက်ဆက်စ်ယူနီဖောင်းဝတ် ထားသည့် ထောင်စောင့်လော။ သို့မဟုတ် ယူနီဖောင်းမ၀တ်ထားသည့် သေမင်းလော။ ကျနော်ဤစာများကို ရေးနေသည်မှာ၊ ထိုပထမဆုံးအကြိမ် ခွဲခွာရခြင်း၏နောက်ပိုင်း ကျနော်တို့ထံ၌ကျန် ရစ်ခဲ့သော အတွေးများ၏ ပဲ့တင်သံများဖြင့်သာ ရေးနေခြင်းဖြစ်ပါသည်။ ထိုအချိန်မှစ၍တွက်လျှင် တနှစ်လုံးလုံး ရွေ့ခဲ့ပြီဖြစ်သည်။ ခွဲထွက်သွားရသော မိတ်ဆွေအား လိုက်၍ပို့လိုသည့် စိတ်ကူးစိတ်သန်းများသည် ကြီးတခါ ငယ်တလှည့်ဖြင့် ပြန်ပြန်၍ လည်နေပါသည်။ အကျဉ်းခန်းတံခါးပေါ်တွင် ချိတ်ထားသည့် နှစ်ဂဏန်းမှာလည်း သုံးသို့တဖန်ပြောင်းသွား၍၊ တဖန် နှစ်၊ တဖန် သုံး၊ နှစ်၊ သုံး၊ နှစ် အကျဉ်းကျဘော်ကျဘက် လူသစ်များရောက် လာ၍၊ တဖန်ပြန်ထွက်သွားကြပြန်ကာ - ထိုယခင် တနေ့ကအကျဉ်းခန်း ၂၆၇ တွင် ကျန်ရစ်ခဲ့သော လူနှစ် ယောက်သာ၊ သံယောဇဉ် ကြီးစွာဖြင့်၊ အတူတကွ၊ ထိုင်မြဲထိုင်လျက် ကျန်ရစ်ကြသည်။ “အဘ” နှင့်ကျနော်။ ... ... ... ... ... ... ... ... ... ... ... ... “အဘ” ကား ကျောင်းဆရာများ၏ နာယက၊ အသက်ခြောက်ဆယ်အရွယ်ရှိ ယိုးဇက်၊ ပက်ရှက်ခေါ် ကျောင်းဆရာတယောက်ဖြစ်သည်။ ကျနော့် အလျင်၊ ရှစ်ဆယ့်ငါးရက်စော၍ အဖမ်းခံရသည်။ လွတ်လပ်သော ချက်စာသင်ကျောင်းများ ပြုပြင်ပြောင်းလဲရေးစီမံကိန်းကို ရေးဆွဲခြင်းအားဖြင့် (ဂျာမန်) အင်ပါယာကြီးအား ဆန့် ကျင်ကြံစည်သည်ဟု စွပ်စွဲခဲ့ကြသည်။ “အဘ” ထိုသူကား ...

ဒါပေမယ့် သူ့အကြောင်းကို မင်းဘယ်လိုလုပ်ရေးမှာလဲ မောင်ရင် ဒါကတော့အတော်ခက်လိမ့်မယ်။ လူ နှစ်ယောက်၊ အကျဉ်းခန်းတခန်းနှင့် တနှစ်တာသောအချိန်။ ထိုအချိန်၏ နောက်ပိုင်းဝယ် “အဘ” ဟူသော အမည် မှာစကားအရဖြင့် တင်စားခေါ်ဝေါ်ခြင်းသာ မဟုတ်တော့။ ထိုအချိန်အတွင်းဝယ်၊ အသက်အရွယ်ကွာခြားသော အ ကျဉ်းသမားနှစ်ယောက်တို့သည်၊ အကယ်ပင် အဖေနှင့သား ဖြစ်လာခဲ့ကြသည်။ ထိုအချိန်အတွင်းဝယ် ကိုယ်စွဲဗီ် ဇ၊ နှုတ်စွဲစကားလုံးများ အပြင် အသံနေအသံထားပါ ရောနှောဖလှယ်မိကြသည် - ဒီနေ့မတော့ ဘယ်ဟာက ကျ နော့်မူရင်း၊ ဘယ်ဟာက အဖေရဲ့ပါရင်းစွ၊ အကျဉ်းခန်းထဲကို သူကဘာယူခဲ့တယ်၊ ကျနော်က ဘာပါခဲ့တယ်ဆိုတဲာ ကို ခွဲနိုင်ယင် ခွဲခြားကြည့်လိုက်ပါအုံး။ အဘသည် ကျနော့်အား တညပြီးတည စောင့်ရှောက်ပြုစုခဲသည်။ သေမင်းကြီးနီးလာတိုင်း ဖြူဖွေးသော့  ပတ်တီးရေစိုများဖြင့် သေမင်းအား ခြောက်လှန့်မောင်းထုတ်နေခဲ့သည်။ အနွံအတာခံလျက် ကျနော်၏ဒဏ်ရာများ မှပြည်များကို ဆေးကျောပေးသည်။ ကျနော်၏ကောက်ရိုးမွေ့ရာတ၀ိုက် ပျံ့နှံ့ထွက်ပေါ်နေသော ပြည်ပုပ်နံ့စိမ်းရွှေ ရွှေကြီးကိုပင် နှာခေါင်းရှုံ့မပြခဲ့ပါ။ ပထမဆုံးအကြိမ် အစစ်ခံခဲ့စဉ်က ဏ်ထိသွားသော ရှပ်အင်္ကျီအစုတ်စုတ် အမွှာ အမွှာကို လျှော်လည်း လျှော်ပေးသည်။ ချုပ်ဖာ၍လည်းပေးသည်။ နောက်ထိုအင်္ကျီကို အဖတ်ဆည်၍ မရသော အခါ သူ့အ၀တ်အစားများ ဆင်ပေးပါသည်။ ပန်းကရာ့စ်ထောင်တွင်း မြေကွက်လပ်တွင် နံနက်နာရီဝက်မျှ ကိုယ် လက်လှုပ်ရှားရေး ပြုလုပ်ကြစဉ် ဒေစီပန်းတပွင့်နှင့် မြက်တပင်ကို ကျနော့်အတွက် အသက်ဆံဖျား စွန့်စား၍ခူးယူ လာသည်။ အစစ်ခံရန် ထွက်သွားရတိုင်းသူသည် ကြင်နာသောမျက်လုံးများဖြင့် ကျနော့်အားကြည့်ရင်း ကျန်ရစ် သည်။ ပြန်လာသောအခါ ဒဏ်ရာအသစ်များကို ပတ်တီးအသစ် များဖြင့်စည်းပေးသည်။ ညဘက်တွင် ကျနော့် အားခေါ်ထုတ်သွားကြလျှင် မအိပ်ဘဲစောင့်နေ၍ ကျနော်ပြန်လာသော် ကျနော့်အား ကောက်ရိုးမွေ့ရာပေါ်ချ စောင်လုံလုံခြုံပေးပြီးမှ ကိုယ်တိုင်လည်း အိပ်ရာဝင်လေသည်။ ဤသည်တို့ကား နှစ်ယောက်သားတွေ့ဆုံစက အဖြစ်အပျက်များဖြစ်သည်။ နောင်ကျနော့်အနေနှင့် မိုး တိုးမတ်တတ်လည်း ရပ်နိုင်၊ သားပီပီမွေးကျေးဇူးလည်း ဆပ်နိုင်လာသည့်အထိ တယောက်နှင့်တယောက် ဆက် ဆံပုံမှာမပြောင်းမလဲ ရှိနေခဲ့ပါသည်။ ဒါပေမယ့် တအောင့်ကလေးအတွင်းမှာ စုံစုံလင်လင်ပါသွားအောင် မင်းဘယ့်နဲ့လုပ်ရေးမှာလဲမောင်ရင်။ ထိုနှစ်အတွင်း အကျဉ်းခန်း ၂၆၇ မှာ အထူး တလည်အသက်ဝင်နေခဲ့သည်။ ထိုလှုပ်ရှားမှုများတွင် ဘလည်းသူ့အ ခန်းမှနေ၍ သူ့သဘာဝ အတိုင်းပါဝင်ခဲ့သည်။ ဤအချက် ကိုထည့်၍ပြောရပေမည်။ ထိုမျှမကသေး ဇာတ်ကြောင်း သည်လည်း ဤနေရာတွင် အဆုံးသတ်မည်မဟုတ်သေး (ဒီလိုဆိုလိုက်တော့်ဖြင့် မြှော်လင့်ချက် အသံကလေး တွေတောင် မြည်သားလေရော့ သလား။)ွ ... ... ... ... ... ... ... ... ... ... ... ...

အကျဉ်းခန်း ၂၆၇ ကား အထူးတလည် အသက်ဝင်နေခဲ့သည်။ နာရီတိုင်းလိုလိပင် တံခါးပွင့်သွားလျက်ု စစ်ဆေးကြည့်ရှုမည့် သူများရောက်လာတတ်သည်။ ထိုသို့ပြုလုပ်သည်မှာ အပြစ်ကြီးသောကွန်မြူနစ်ရာဇ၀တ် ကောင်ကို တင်းကြပ်စွာစောင့်ထိန်းရမည်ဟူသော အမိန့်ကြောင့်လည်းဖြစ်သည်။ ဤနေရာ တွင်သေရန်မဟုတ် သော လူများပင်မကြာခဏသေကြရသည်။ သို့သော် သေမည်ဟုလူတိုင်းက တထစ်ချယူဆထားသော လူတ ယောက်မသေပဲ သောင်တင်နေသည်မှာ ကြုံခဲလှသော အဖြစ်အပျက်တရပ်ဖြစ်လေသည်။ အခြားစင်္ကြံများမှ ထောင်စောင့်များပင် ဤနေရာသို့ ရောက်လာကြကာ၊ စကားစရှာလိုရှာ သို့မဟုတ် စကားတခွန်းမျှမပြောဘဲ စောင်ကိုလှစ်၍လူတတ်တို့၏ အကြည့်မျိုးဖြင့် ဒဏ်ရာများကို အရသာခံကြည့်ရှုကြသည်။ နောက် ဥာဉ်အလိုက် ငေါ့သူကငေါ့၊ မိတ်ဆွေဖွဲ့သံ ပေးသူကပေးသည်။ ၎င်းတို့အနက်မှ ထောင်စောင့်တယောက်ကို ကျနော်တို့က “ဖိုး စပ်စု” ဟူ၍ပင် ခေါ်စပြုပြီ။ သူသည် အခြားသူများထက်လည်း ပို၍လာတတ်သည်။ ရွှန်းရွှန်းစားစားကြီးလည်းပြုံး ရင်း “တစ္ဆေနီ” ဘာအလိုရှိသည်ကို မေးတတ်သည်။ ကျေးဇူးတင်ပါတယ်ခင်ဗျား၊ ဘာမှမလိုပါဘူးခင်ဗျား။ နောက်

ရက် များမကြာမီတွင်ပင်၊ ဖိုးစပ်စုသည် တစ္ဆေနီတကယ်ပင်လိုအပ်နေသော အရာတရပ်ကို တွေ့ရှိသွားသည်။ ထို ကိစ္စကား မုတ်ဆိတ်ရိတ်ရမည့် ပြဿနာ ဖြစ်လေသည်။ ထိုကြောင့် ဆတ္တာသည်ကို ခေါ်လာသည်။ အကျဉ်းခန်းထဲရှိ လူများမှလွဲလျှင်ဤဆတ္တသည်မှာ ကျနော်ပဌမဆုံးတွေ့ဆုံရသည့် အကျဉ်းသမားဖြစ် သည်။ ရဲဘော် ဘောချက်ဟုခေါ်သည်။ ဖိုးစပ်စု၏စေတနာသည်လည်း မီးစတဖက် ရေမှုတ်တဖက်အဖြစ် ပေါ် လာလေသည်။ ဘက ကျနော်၏ခေါင်းကိုကိုင်ထားကာ ရဲဘော်ဘော့ချက်က ကောက်ရိုးမွေ့ရာနံဘေး ဒူးထောက် လျက် သင်တုန်းဓားတုန်းတုန်းဖြင့် အမွေးကြမ်းဘုတ်သိုက်ကြီးကို ခုတ်ထွင်ပစ်ရန် အားထုတ်ရသည်။ သူ၏ လက်များကား တုန်၍နေသည်။ မျက်လုံးများတွင်လည်း မျက်ရည်များဝိုင်း၍နေသည်။ သူကား လူသေကောင်ကို မုတ်ဆိတ်ရိတ်ပေးနေရသည်ဟု တထစ်ကျစွဲနေလေသည်။ ကျနော်က သူစိတ်သက်သာအောင် ဖျောင်းဖျပေးရ သည်။

- “ရဲရဲသာအုပ်ပါ ကိုရင်ရ။ ပက်ချက်နန်းတော်မှာ စစ်ကြဆေးကြတာတွေကိုတောင် ခံနိုင်ခဲ့သေးတာ၊ ကိုယ့်လူမုတ် ဆိတ်ရိတ် တာလောက်တော့ သိပ်ဖြုံမယ် မထင်ဘူး။”
သို့သော် သူရောကျနော်ပါ အားမရှိကြသဖြင့် နှစ်ယောက်လုံး အနားယူကြရသည်။ နောက်နှစ်ရက် ကြာသောအခါ အကျဉ်းသမားများအနက်မှ နောက်နှစ်ဦးကိုသိကျွမ်းလာရပြန်သည်။ ပက်ချက်နန်းတော်ရှိ အရာရှိမင်းများကား စိတ်မရှည်ကြ။ သူတို့က အခေါ်လွှတ်လိုက်တိုင်း ပေါလိစိုင်းမိုင်စတဲရ်က နေ့စဉ်နှင့်အမျှ ဆင့်စာပေါ်တွင် တရန်စပေါ့ရ်တန်ပဟီးဂိ ဟူ၍ချည့်ရေးရေးလွှတ်သည်။ ထို့ကြောင့် ဖြစ်ချင်ရာဖြစ်ွ အရောက်ပို့မည်ဟု အမိန့်ချမှတ်တော်မူကြသည်။ ထို့ကြောင့် ဟောက်ဆာရ်ဘိုင်တာရ် သို့မဟုတ် ထောင်ဘာယာ ယူနီဖောင်းများဝတ်ထားသော အကျဉ်းသမားနှစ်ယောက်လည်း ကျနော်တို့အခန်းတွင်းအရောက် လူနာထမ်းစင် ဖြင့် ပေါက်လာကြသည်။ ဘက ကျနော့်အား ပင်ပန်းကြီးစွာဖြင့် အ၀တ်ဝတ်ပေးသည်။ မိတ်ဆွေနှစ်ဦးကလည်း ကျနော့်အား ထမ်းစင်ပေါ်သို့တင်၍ ခေါ်ဆောင်သွားကြသည်။ ထိုသူနှစ်ယောက်အနက် တယောက်ကား နောင် တချိန်တွင် စင်္ကြံတလျှောက်လုံးရှိ အကျဉ်းသားများအပေါ်ဂရုစိုက်မည့် အဖေကြီးရဲဘော် စကော်ယျက်ပါ ဖြစ်၍ အခြားတယောက်ကား - - - - ဖြစ်သည်။ လှေခါးမှအဆင်းတွင် ကျနော်သည် နိမ့်လျောကြီးဖြစ်နေသော ထမ်း စင်ပေါ်မှ လျှောကျသွားမည်ကဲ့သို့ဖြစ်ရာ ဒုတိယလူက ကျနော့်ကိုပေါ်သို့ ကိုင်းငုံ့ယင်း

-“ ထိန်းထား”
ဟုပြောလေသည်။ နောက်အသံခပ်အုပ်အုပ်ဖြင့် တီးတိုးပြောဆိုလိုက်သေးသည်။

- “ဒီမှာရော၊ ဟိုမှာရော”
ဤတခေါက်တွင်ကား ထောင်ရုံးခန်းသို့မ၀င်ကြတော့။ ကျနော့်အားရှည်လျားသော စင်္ကြံကြီးတလျှောက် မှနေ၍ ထောင်ဘူးဝအထိ သယ်ဆောင်သားကြသည်။ စင်္ကြံကားလူများဖြင့် ပြည့်နေသည် - ကြာသပတေးနေ့ဖြစ်ွ ၍ လူတို့သည်ထောင်ကျနေသော ဆွေမျိုးသားချင်းများ၏ အ၀တ်ဟောင်းများကို လာယူနေကြသည် - အားလုံးတို့ သည် ကျနော်တို့၏ စိတ်မချမ်းမြေ့ဘွယ်ရာ လှည့်လည်ပွဲကိုကြည့်ရှုယင်း မျက်လုံးများတွင် ၀မ်းနည်းခြင်း အရိပ်အ ရောင်များ ပြလာကြသည်။ ဤသည်ကို ကျနော့်အနေနှင့် များစွာအားမလိုအားမရကြီး ဖြစ်မိသည်။ ထိုကြောင့် လက်ကိုခေါင်းဆီသို့ပင့်ကာ၊ လက်သီးကို ဆုပ်၍ပြလိုက်သည်။ မြင်ကောင်းမြင်ကြပေလိမ့်မည်။ သူတို့အား နှုတ် ဆက်ခြင်း ဖြစ်သည်ကိုလည်း နားလည်ကောင်း နားလည်ကြပေလိမ့်မည်။ ကြောင်တက်သော အမူအရာတခု လည်း ဖြစ်ကောင်းဖြစ်နေမည်။ သို့သော် ကျနော်ကား ထို့ထက်ပို၍မ တတ်နိုင်၊ ယခုထက်ထိ အင်အားဆို၍ ကောင်းစွာမရှိသေးပေ။ တရန်စပေါ့ရ်တန်ပဟီးဂိ - သယ်ယူပို့ဆောင်ရန် မသင့်။ွ ပန်းကရာ့စ်ဝင်းတွင်းရှိ မြေကွက်လပ်တွင်၊ လူနာတင်ထမ်းစင်ကို လော်လီကြီတစီးပေါ်သို့ တင်လိုက်ကြ သည်။ အက်ဆက်နှစ်ယောက်က ကားမောင်း သူ၏ဘေးတွင် ထိုက်လိုက်ကြသည်။ အခြားအက်ဆက်နှစ်ယောက် က ဖွင့်ထားသော ခြောက်လုံးပြူးအိတ်များပေါ် လက်တင်လျက် ကျနော်၏ ဦးခေါင်းအနီးတွင် ကားကားရားရား ရပ်ကြသည်။ ဤသို့လျှင် ခရီးထွက်သွားခဲ့ကြပါသည်။ လမ်းကား ပြေပျစ်ပုံမရ၊ ဟုတ်သည်၊ တကယ်ကိုပင် မပြေ

ပျစ်။ ချိုင့်တချိုင့်၊ နောက်ချိုင့် တချိုင့် - ဂိုက်နှစ်ရာ မျှ မသွားရသေးမီ ကျနော်လည်း သတိလစ်သွားပါတော့သည်။ ပရာဟာမြို့တော်ရှိ လမ်းမကြီးများပေါ်၌ ယင်းသို့ ခရီးသွားခဲ့ရသည်ကား ရယ်စရာကြီးပင်ဖြစ်နေသည်။ အကျဉ်း သားသုံးဆယ်အတွက် သတ်မှတ်ထားသော ငါးတန်မော်တော်ကားကြီးကို အကျဉ်းသမား တယောက်တည်းအ တွက် ဓာတ်ဆီဖြုန်းယင်း၊ ရှေ့တွင်လည်း အက်ဆက်စမန်းနှစ်ယောက်၊ နောက်တွင်လည်း နှစ်ယောက်၊ ပြူးပြူး ပြဲပြဲ အစိမ်းစားတော့်မည့်ဟန်များဖြင့် လူသေကောင်တကောင် ထွက်မပြေးရန် စောင့်ကြပ်နေခဲ့ကြသတည်း။ နောက်တနေ့တွင် အဆိုပါ ပျော်တော်ဆက်ဇာတ်လမ်းရွှင်ကို တဖန်ပြန်၍ ခင်းကျင်းပြသကြပြန်သည်။ ဤအခါတွင်ကား ကျနော်သည် ပက်ချက်နန်းတော်ရောက်သည်အထိ တောင့်ခံနေခဲ့သေးသည်။ စစ်ဆေးမေးမြန်း ခြင်းကား မကြာလှ။ အရာရှိဖရီးဒစ်က ကျနော့်ကိုယ်ကို မယုမယ ကိုင်တွယ်လိုက်သည်နှင့်တပြိုင်နက် ကျနော့် အား သတိလစ်လျက်သား ပြန်ခေါ်သွားကြရပါတော့သည်။ ယခုသော် ကျနော်၏အသက်သည် ကိုယ်ခန္ဓာနှင့်မြဲနေပြီဖြစ်ကြောင်းကို ယုံမှားသံသယရှိစရာ မလိုတော့ သည့်နေ့များသို့ ရောက်လာခဲ့ပေပြီ။ အသက်၏အမွှာပူးညီမဟု ဆိုရမည်ဖြစ်သော နာကျင်ခြင်းသည် ဤအချက် ကို ပြတ်သားစွာ သတိပေးနေပါသည်။ ပန်းကရာ့စ်သည်လည်း ကျနော်တယောက် လက်ချော်ခြေချော်၊ မတော်တ ဆနှင့် အသက်ရှင်နေကြောင်းကို သိခဲ့ပြီ။ ထိုကြောင့် ပဌမနှုတ်ခွန်းဆက်များလည်း ရောက်လာစပြုသည်။ ထရံထူ ထူကြီးများကို တဒေါက်ဒေါက်ခေါက်ခြင်းဖြင့်၎င်း၊ အစာဝေကြသည့် စင်္ကြံဘာယာများ၏ မျက်လုံးများတွင် သယ် ယူ၍၎င်း၊ နှုတ်ခွန်းဆက်စကားများ ရောက်လာကြလေသည်။ ကျနော်၏ ဇနီးသာ ကျနော့်အကြောင်းကို ဘာမျှမသိ။ ကျနော့်အကျဉ်းခန်း၏ အောက်တည့်တည့်မှနေ၍ သုံးလေးခန်းအကွာ အကျဉ်းခန်း တခန်းထဲတွင် တယောက်တည်းနေရရှာသည်။ စိုးရိမ်တလှည့် မြှော်လင့်တခါ နေရရှာသည်။ နောက်ဆုံးတွင်ကား ဤမြှော်လင့်ချက်ပင် ပျောက်ကွယ်သွားလေသည်။ တခါ နံနက်ပိုင်းနာရီဝက် မျှ ကိုယ်လက်လှုပ်ရှားရေး လုပ်ကြရစဉ် သူ့ဘေးခန်းမှအဖော်တယောက်နှင့် ဆုံမိကြသည်။ ထိုအမျိုးသမီး၏အဆို အရ ကျနော်ကား အနိစ္စရောက်ခဲ့ပြီ။ အစစ်ခံရစဉ်ကရရှိခဲ့သော ဒဏ်ရာများကြောင့် ကွယ်လွန်ဟန်တူသည်ဟု သတင်းကြားရလေသည်။ ထို့နောက်ပိုင်းတွင် သူ့ခမြာ မြေကွက်လပ်တလျှောက် လှည့်လည်၍နေမိသည်။ သူ၏ ကမ္ဘာမှာလည်း ခြာခြာလည်နေခဲ့သည်။ ထောင်၏မူမှန်လောကဖြစ်သော တန်းစီရာသို့ပြန်ဝင်ရန် ထောင်စောင့် ပု လိပ်မက မျက်နှာကိုရိုက်ပုတ်လိုက်သည်။ ဤသို့ဖြောင်းဖျပေးသည့်တိုင်အောင် နာရကျင်ရမှန်းမသိရှာခဲ့ပေ။ အဲဒီ နောက် အကျဉ်းခန်းကထရံအဖြူကြီးကို ကောင်းမွန်တဲ့မျက်လုံးဝိုင်းဝိုင်းကြီးတွေမှာ မျက်ရည်တွေဝိုင်းမနေနိုင် တော့ဘဲ စိုက်ကြည့်နေလိုက်တာ၊ ဘာတွေကိုများ မြင်ခဲ့ပါလိမ့်။ နောက်တနေ့တွင် သူ့ထံသို့ အခြားသတင်းတရပ် ရောက်လာပြန်သည်။ ယခင်သတင်းကားမမှန် ကျနော်သည် အရိုက်ခံရသောဒဏ်ရာများကြောင့် သေသည်မ ဟုတ်၊ အနာအကျင်များကို မခံနိုင်တော့သောကြောင့် ကျနော်၏အကျဉ်းခန်းအတွင်း၌ပင် ကြိုးဆွဲချသေလေသည် ဟူသတည်း။ ထိုအချိန်တလျှောက်လုံးတွင် ကျနော်ကားချူချာလှသော ကောက်ရိုးမွေ့ရာပေါ်တွင် အစန့်သားလဲနေ သည်။ ညနေတိုင်း နံနက်တိုင်းတွင်မူ မရမကကြိုးစား၍ ဘေးတစောင်းစောင်းယင်း ဂုစတီနာအတွက်သူနှစ်သက် သော သီချင်းများကိုဆိုနေခဲ့ပါသည်။ ဒီလောက်တောင် စိတ်ပါလက်ပါနဲ့ လှိုက်လှိုက်လလြှဲ ကီး ဆိုနေတာကို သှူဲ ဘယ့်နဲ့မကြားဘဲနေပါလိမ့်။ ယခုသော် ယခင်နေခဲ့သည့်နေရာထက် ပို၍ဝေးသွားပြီဖြစ်သည့်တိုင်အောင် ဂုစတီနာသည် သတင်းအ မှန်များကို ကြားရပါပြီ၊ သိရပါပြီ။ ထိုမျှမကသေး ယခုအခါတွင်မူ ထောင်စောင့်များပင် အကြောင်းသိလာကြသည်။ အကျဉ်းခန်း ၂၆၇ မှ သီချင်းဆိုခြင်းကို ကျင့်သားရကြကာ၊ တိတ်တိတ်နေရန် တံခါးကိုထု၍ အော်ငေါက်ခြင်းပင် မ ပြုလုပ်ကြတော့ပါ။ အကျဉ်းခန်း ၂၆၇ ကား သီချင်းဆိုနေလေသည်။ ကျနော်သည် တသက်လုံးသီချင်းဆိုခဲ့သည်။ ဘ၀၏ အဆုံးသတ်ချိန်၊ ဤမျှ အသက်ပြင်းသော အခါတွင်မှ အဘယ့်ကြောင့် သီချင်းမဆိုရမည်ကိုနားမလည်ပါ။ အဘ ပက်ရှက်ကကော ဘယ့်နဲ့လဲ။ အလိုလေး...သူကတော့ထူးဆန်းပေသည်။ သီချင်းဆိုခြင်းကို လှိုက်လှိုက်လလြှဲ ကီှးဲ

ဝါသနာပါသည်။ သို့သော် ဂီတဆန်သည့်နားလည်းမရှိ၊ အသံလည်းမကောင်း၊ ဂီတမှတ်ဉာဏ်လည်း ဝေလာဝေး။ သို့သော်သီချင်းကို မြတ်နိုးတွယ်တာစွာကြိုက်တတ်၍ သီချင်းသံဝယ် စိတ်ချမ်းသာနေတတ်ရကား နားက ၇ သံကို တမက်တမော တောင့်တနေချိန်ဝယ် ခေါင်းမာမာနှင့်ငါးပေါက်ကြီးချ၍ ဆိုလိုဆို၊ တသံမှတသံပြောင်းလိုပြောင်း၊ စ သည်ဖြင့် လျှောက်လုပ်သည်ကိုပင် ကျနော်က ဂရုမထားမိတော့သည်အထိဖြစ်လာသည်။ သို့နှင့် လွမ်းစပျိုးလာ သောအချိန်များတွင် သီချင်းဆိုကြသည်။ နေပွင့်သောအချိန်များတွင် သီချင်းဆိုကြသည်။ နောက်ပြန်၍ တွေ့ ကောင်းတွေ့ရတော့မည့် ရဲဘော်တယောက် ခွဲထွက်သွားရတော့မည့်အခါ သီချင်းနှင့်လိုက်ပို့ကြသည်။ အရှေ့ ဘက် စစ်မြေပြင်များမှသတင်းကောင်းများကို သီချင်းနှင့်ကြိုဆိုကြသည်။ စိတ်သက်သာမှုအတွက်လည်း သီချင်း ဆိုသည်။ ပျော်ရွှင်မှုအတွက်လည်း သီချင်းဆိုသည်။ ဤဓလေ့အတိုင်း လူတို့သည် တခေတ်ပြီးတခေတ် သီချင်း ဆိုခဲ့ကြသည်။ လူသတ္တ၀ါဟူ၍ တည်မြဲနေ သမျှကာလပတ်လုံးလည်း သီချင်းဆိုနေကြမည်သာ ဖြစ်ပေသည်။ သီချင်းမပါသော အသက်ဟူသည်မရှိ၊ အသက်ဟူသည်လည်း နေမင်းကြီးမပါဘဲနှင့် မတည်ရှိနိုင်ပေ။ ကျနော်တို့ကား သီချင်းကိုနှစ်ဆတိုး၍ တောင့်တကြသည်။ အဘယ်ကြောင့်ဆိုသော နေရာင်သည် ကျနော်တို့ထံ မရောက်တတ်သော ကြောင့်ဖြစ်ပေသည်။ အမှတ် ၂၆၇ သည် မြောက်ဘက်ကို မျက်နှာပြုထားသည်။ နွေလများ ၌သာ ညနေစောင်းနေရောင်သည် ပြူတင်းပေါက်သံတိုင်အရိပ်တို့ကို အရှေ့ဘက်ထရံပေါ်၌ ခဏတဖြုတ်ထင်စေ သည်။ ထိုအခါဘသည် အိပ်ရာစင်ကိုမှီ၍ မတ်တတ်ရပ်ယင်း လာလာသွားသွား ထွက်ခွာသွားသည့် ဧည့်သည် ရောင်ခြည်တန်းကို ကြည့်ရှုရှာလေသည် ... ဤကား၊ ဤနေရာတွင် တွေ့နိုင်သမျှအနက် ကြေကွဲဘွယ်ရာ အ ကောင်းဆုံးသော ရှုခင်းတရပ်ဖြစ်လေသည်။ နေမင်းသူရိယာ... ၀ိုင်းစက်သောမျက်လှည့်ဆရာသည် ရက်ရောစွာထွန်းတောက်ယင်း အံ့သြစရာအ မြောက်အများကို လူတို့၏ မျက်စိအောက်၌ပင် ဖန်ဆင်းပြတတ်သည်။ နေရောင်အောက်တွင် နေရသောလူတို့ ကား နည်းပါးလှစွာသည်။ နောင်သော် နေမင်းကြီးသည် အပြည့်အ၀ထွန်းလင်းတောက်ပ လာပေလိမ့်မည်။ ဟုတ် သည်၊ လူများသည်လည်း နေရောင်ခြည်များအောက်တွင် နေကြရပေတော့မည်။ ဤအချက်ကို သိရခြင်းကား ၀မ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။ သို့စဉ်လျက် ခင်ဗျားသည် ထိုအချက်နှင့် မနှိုင်းသာမယှဉ်သာလောက်အောင် သေးမွှားလှသော အချက်ကလေးတချက်ကိုလည်း အလွန်အမင်းသိလိုလှသေးသည် - ငါတို့အတွက်ကော၊ နေ မင်းကြီးထွန်းလင်းပါလိမ့် အုံးမလား။ ကျနော်တို့၏ အကျဉ်းခန်းကား မြောက်ဘက်သို့ မျက်နှာမူသည်။ နွေရာသီအချိန်၊ နေသာသောနေ့များ တွင်သာ နေ၀င်သည်ကို ခဏတဖြုတ်တွေ့ကြရသည်။ ဘရယ် ... ကျနော်လေ၊ နောက်တခါကလေးလောက် တော့ နေထွက်တာကို မြင်ချင်စမ်းပါဘိတော့တယ်ဗျာ .... အခဏ်း ၄ နံပါတ် လေးရာ သေရာမှ ပြန်၍ထခြင်းကား အတော်ပင်ထူးခြားသော ကိစ္စတရပ်ဖြစ်ပေသည်။ ဖော်ပြရန်မစွမ်းလောက် အောင် ထူးခြားလှသည်။ အိပ်ရေးဝခဲ့သည့် နေ့တနေ့တွင်နေကလည်း သာနေမည်ဆိုက ကမ္ဘာကြီးမှာ လှပနေ တတ်သည်။ သို့သော် သေရွာမှပြန်လာခြင်းကား နေကလည်း ခါတိုင်းထက်ပို၍ သာယာနေကာ၊ ခင်ဗျားကလည်း ခါတိုင်းထက်ပို၍ နှစ်ခြိုက်စွာအိပ်ခဲ့ရသည်နှင့် တူလေသည်။ ခင်ဗျားက ဘ၀၏ဇာတ်ခုံကို သိကျွမ်းလှပြီဟုထင် သည်။ သို့သော် အသက်ပြန်ရှင် ခြင်းသည်ကား၊ မီးမောင်းထိုးသူတဦးက မီးလုံးကြည်ကြည်များကို ဖွင့်လိုက်ကာ၊ လင်းသွားသောဇာတ်စင်တခုလုံးကို ခင်ဗျားအား ပြလိုက်သည်နှင့်တူသည်။ ခင်ဗျားက ဘ၀ဇာတ်ခုံကို ကောင်းစွာ မြင်ခဲ့ပြီဟု ယူဆသည်။ သို့သော် အသက်ပြန်ရှင်ခြင်းသည်ကား မျက်လုံးများဆီသို့ မှန်ပြောင်းများပင့်၍ ကြည့်ရှု ရုံမျှသာမက၊ ဓာတ်မှန်ဘီလူးထပ်၍ ဆင့်လိုက်သည်နှင့်လည်း တူလေသည်။ သေရာမှ ပြန်၍ထခြင်းသည် နွေဦး အဖြစ်အပျက်တမျိုးပင် ဖြစ်သည်။ နွေဦးရာသီ၏ ဗီဇအတိုင်း မမြှော်လင့်သော မျက်လှည့်အကွက်များကို ခင်ဗျား အား ခင်းကျင်းပြသလာလေသည်။

အသက်ပြန်၍ ရှင်ရသည်မှာ ယာယီမျှသာဖြစ်သည်ဟု ခင်ဗျားအနေနှင့် သိထားစေဦးတော့ ဤသို့ပင် သရုပ်ပေါ်လေသည်။ ခင်ဗျား၏ ပတ်ဝန်းကျင်သည် ပန်းကရာ့စ်ထောင်ရှိ အကျဉ်းခန်းတခန်းကဲ့သို့ ကြည်နူးဝေဖြိုး နေစေကာမူ ဤသို့ပင် သရုပ်ပေါ်လေသည်။ တနေ့သောအခါတွင်ကား ခင်ဗျားကို ကမ္ဘာကြီးအတွင်းသို့ပင် ပြန်လည်ခေါ်ဆောင်ကြလေသည်။ တနေ့ တွင် သူတို့က လူနာတင်ထမ်းစင်မသုံးဘဲနှင့်ပင် ခင်ဗျားအား အစစ်ခံရန် ခေါ်ကြည်သည် - ခင်ဗျားက မဖြစ်နိုင်ဟု ထင်သည့်တိုင်အောင် တနည်းနည်းနှင့်ကား အထမြောက်သွားသည်။ စင်္ကြံထဲတွင် လက်ရန်းများရှိသည်။ လှေခါး များတွင်လည်း လက်ရန်းများရှိသည်။ လမ်းလျှောက်သွားသည်ဟု ဆိုခြင်းထက် လေးဘက်ထောက်သွားရသည် ဟုဆိုလျှင် ပို၍မှန်ပေလိမ့်မည်။ အောက်သို့ရောက်သော် ထောင်ကျဘော် ထောင်ကျဘက်များက ခင်ဗျားထောင် လော်လီအတွင်းရောက်သွားရန် တာဝန်ယူကြသည်။ နောက် ... တနေရာတွင်ထိုင်မိသည်။ ဘီးတပ်ထားသော အ ကျဉ်းခန်းမှောင်မဲမဲတွင်၊ လူဆယ်ယောက် ဆယ့်နှစ်ယောက်။ လူသစ်မျက်နှာသစ်များက ခင်ဗျားအား ပြုံးပြကြရာ ခင်ဗျားကလည်း ပြန်၍ပြုံးသည်။ တစုံတယောက်က ခင်ဗျားအားတစုံတရာကို တီးတိုးပြောဆိုလာသည်။ သူဘယ် သူမှန်း ခင်ဗျားကမသိ။ ခင်ဗျားက လူတယောက်၏ လက်ကိုညှစ်၍နှုတ်ဆက်သည်။ သို့သော် မည်သူ၏လက်ဖြစ် သည်ကိုမသိ - နောက်လော်လီသည် ပက်ချက်နန်းတော် ဆင်ဝင်အတွင်းသို့ ဆောင့်ဝင်သွားသည်။ မိတ်ဆွေများ က ခင်ဗျားအား သယ်ယူသွားကြသည်။ ခင်ဗျားလည်း ထရံပြောင်တလင်းများဝန်းရံသော အခန်းတွင်းသို့ ရောက် သွားသည်။ အခန်းတွင်း၌ကား ခုံတန်းလျားရှည်ငါးလုံး၊ တလုံးနောက် တလုံးစီ၍ ချထားသည်။ ၎င်းခုံများပေါ်တွင် လူများသည် သတိအနေအထားနှင့်ထိုင်၊ ဒူးများပေါ်တွင် လက်များကပ်လျက်၊ ရှေ့တည့်တည့်မှ ထရံဟာလာ ဟင်းလင်းကို မလှုပ်မယှက်ကြည့်ရှုနေကြသည် ... အဲဒါကတော့ မောင်ရင်ရေ၊ မင်းကမ္ဘာသစ်ရဲ့ တစိတ်တပိုင်း၊ ဘိုင်စကုပ်ရုံလို့ခေါ် သတဲ့။ (၁၉၄၃ ခုနှစ်၊ မေဒေးနေ့ ကြားဖြတ်တူရိယာသံ) ယနေ့ကား ၁၉၄၃ ခုနှစ် မေဒေးနေ့ဖြစ်သည်။ ကံကောင်းချင်တော့ ထောင်စောင့်ကလည်း သူစောင့်ချိန် အတွင်း စာရေး၍ဖြစ်နိုင်သော ထောင်စောင့်ဖြစ်နေသည်။ ဤသို့သောနေ့မျိုးတွင် ကွန်မြူနစ်သတင်းစာဆရာဘ၀ သို့ ပြန်ရောက်လျက် ကမ္ဘာသစ်မှတိုက်ခိုက်ရေး အင်အားစုတို့၏ မေဒေးပွသဘင်အကြောင်း သတင်းရေးနိုင်ဲ သည်မှာ ကံကောင်းလေစွတကား။ ဝေ့၍ဝေ့၍နေသော အလံမှားအကြောင်းကို ကြားရလိမ့်မည်ဟူ၍ကား မမြှော်လင့်လေနှင့်။ ထိုကိစ္စမျိုး ကား မဟုတ်။ နားထောင်ကောင်းလှသော ကြွကြွရွရွလှုပ်ရှားမှုအကြောင်းကိုပင် ခင်ဗျားအားပြောမပြနိုင်။ ယနေ့ ဘို့ အစစအရာရာကား ရိုးရိုးကလေးမျှသာဖြစ်လေသည်။ အခြားနှစ်များတွင် ပရာဟာမြို့၏ လမ်းမများမပေါ်၌ ကျ နော်မြင်ဘူးသကဲ့သို့ ထောင်သောင်းချီသော လူထုကြီး၏ ပေါက်ကွဲအံ့ဆဲဆဲဖြစ်နေသော လှိုင်းများလည်းမဟုတ်။ ကျနော်မြင်ဘူးသည့်အတိုင်း မော်စကိုမြို့၏ ရင်ပြင်နီကိုလွှမ်းကြသော သန်းပေါင်းများစွာတို့၏ ပင်လယ်မျိုးလည်း မဟုတ်။ ဤနေရာတွင်ကား လူများကို သန်းချီ၍လည်းမမြင်ရ။ ရာလိုက်လည်း မမြင်ရ။ ဤနေရာတွင်ကား ယောက်ျားမိန်းမရဲဘော်တချို့တို့ကိုသာ မြင်ရသည်။ သို့စဉ်လျက် သေးနုတ်ကား မသေးနှတ်ဟုထင်မိသည်။ တ ကယ်လည်း မသေးငယ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဤသည်လည်းအင်အားပြပွဲ တရပ်ပင်ဖြစ်သည်။ အဟုန်အ ပြင်းထန်ဆုံးသော မီးပုံအတွင်းသို့ ဖြတ်ဝင်ယင်းက၊ ပြာအဖြစ်သို့ မကြွေသွားမူ၍ သံမဏိအဖြစ်သို့ပြောင်းလဲနေ သော အင်အားများဖြစ်လေသည်။ စစ်မြေကတုတ်များအတွင်း၌ ပြုလုပ်သော ဗိုလ်ရှုသဘင်ဖြစ်သည်။ ကတုတ်ရင် တားများတွင်ကား စစ်မြေမှ မီးခိုးရောင် ညို့ညို့မှိုင်းကို ၀တ်ဆင်ကြသည်။ အစစအရာရာဟာ အသေးအမွှားကိစ္စကလေးတွေသာ ဖြစ်နေလို့ တနေ့ဒီဘ၀မျိုးမှာမနေခဲ့ရဘဲ ဒီစာကို သာဖတ်ရမဲ့ ခင်ဗျားလိုလူမျိုးဟာ ဒီစာကိုနားလည်ပါ့မလား။ ဒါပေမယ့် နားလည်ဘို့ကြိုးစားပါ။ ဒီအသေးအဖွဲက လေးတွေမှာ အင်အားရှိတယ်ဆိုတာ ယုံပါ။

ဘဲထောဗ်န်၏ ဂီတသံနှစ်ကြောင်းကို ထရံတွင် ခေါက်လျက်တဘက်အကျဉ်းခန်းမှ နှုတ်ဆက်လိုက်ပုံ ကား ယနေ့အဘို့ပိုမို၍ ခန်းနားလေးနက်သည်။ ထရံများလည်း အသံလှိုင်းများကိုမြှင့်၍ ပြန်ကြားကြလေသည်။ ကျနော်တို့သည် အ၀တ်အစားရှိစုမဲ့စုမှ အကောင်းဆုံးတို့ကို ရွေး၍၀တ်ဆင်ကြသည်။ အကျဉ်းခန်းတိုင်း တွင်လည်း ဤသို့ပင် ပြုလုပ်ကြသည်။ နံနက်စာလာ၍ ပို့ကြသောအခါတွင် ကျနော်တို့ကား ကျော့ကျော့မော့မော့ကြီး ဖြစ်နေကြလေပြီ။ ဖွင့် ထားသော တံခါးပေါက်တွင် ပေါင်မုန့် ကာဖီအမြည်းနှင့် ရေတို့ကိုဆောင်ယူလာသည့် ထောင်ဘာယာများပေါ်လာ ကြသည်။ ရဲဘော် စကော်ယျှက်ပါသည်၊ ပေါင်မုန့်ကလေးနှစ်လုံးအစား သုံးလုံးထုတ်ပေးသည်။ ဤကားသူ၏ မေ ဒေးနေ့နှုတ်ခွန်းဆက်ပင်ဖြစ်လေသည်။ ဂရုစိုက်တတ်သော သူတဦး၏ အသက်ဝင်သော နှုတ်ဆက်နည်းဖြစ်လေ သည်။ ပေါင်မုန့်များ၏ အောက်တွင် တယောက်လည်းချောင်းများက တယောက်လက်ချောင်းများကို ဖိနှိပ်လိုက် သည်။ စကားမပြောရဘူးလို့ ပိတ်ပင်ထားကြတယ်။ မျက်လုံးတွေကိုတောင် အလစ်မပေးကြဘူး ဒါပေမယ့် ဆွံ့အ နေတဲ့လူတွေတောင် လက်ချောင်းတွေနဲ့ ပြတ်ပြတ်သားသား စကားပြောနိုင်ကြတယ်မဟုတ်လား။ အမျိုးသမီးများသည် နံနက်ခင်းနာရီဝက် ကျန်းမာရေးလေ့ကျင့်ခန်းများ ပြုလုပ်ရန် ကျနော်တို့ အကျဉ်း ခန်းပြူတင်းပေါက်အောက်တည့်တည့်ရှိ ကွက်လပ်ထဲသို့ပြေးထွက်နေကြသည်။ ကျနော်သည် စားပွဲပေါ်သို့တက် ကာ၊ သံတိုင်များအကြားမှနေ၍ အောက်သို့ငုံ့ကြည့်သည်။ ကျနော့်အား မြင်ကောင်း မြင်ကြမည်။ မြင်လည်း မြင် ကြပေသည်။ သူတို့သည် နှုတ်ဆက်သည့်အနေဖြင့် လက်သီးဆုပ်များကို မြှောက်နေကြသည်။ ကျနော်တို့က လည်း ထို့အတူ ပြန်လည်နှုတ်ဆက်သည်။ ယနေ့သော်ကား အောက်ဘက်ရှိ ကွက်လပ်တွင် အစစအရာရမှာ အသက်ဝင်လှုပ်ရှားနေသည် အခြားနေ့များနှင့် လုံးဝကွာခြားနေသည်။ ပိုမိုရွှင်မြူးလန်းဆန်းနေသည်။ ထောင် စောင့်ပုလိပ်မကား ဘာကိုမျှမမြင် သို့မဟုတ် ဘာကိုမျှမမြင်လိုသည်လည်း ဖြစ်ကောင်းဖြစ်ပေမည်။ ဤသည်ပင် လျှင် ယခုနှစ်မေဒေးပွဲသဘင်အတွင်းသို့ အကြုံးဝင်လေသည်။ ယခု ကျနော်တို့၏ နာရီဝက်လေ့ကျင့်ခန်း။ ကျနော်က လေ့ကျင့်ခန်းများကို ခေါင်းဆောင်သည်။ ဒို့လူတို့ ဒီနေ့ဟာ မေဒေးနေ့။ ထောင်စောင့်တွေ အံ့အားသင့်ချင်သင့်ကြပါစေ။ ငါတို့ကတော့ လေ့ကျင့်ခန်းကို တမျိုးတဖုံ စကြစို့။ ပဌမလေ့ကျင့်ခန်း တစ် . နှစ် ... တစ် ... နှစ်၊ တူနှင့်ထုချက်၊ ရိုက်ချက်များ။ နောက် ဒုတိယလေ့ကျင့်ခန်း ကောက်ရိတ်ဟန်။ တူနှင့်ကောက်ရိတ်တံဇဉ် ... အနည်းငယ်ကလေး နက်သွားအောင်တွေးလိုက်လျှင် ရဲဘော်များ နားလည်လောက် ကြပေသည်။ တူနှင့်တံဇဉ်။ ဘေးပတ်လည်သို့ အကဲခတ်ကြည့်လိုက်သည်။ သူတို့သည် ပြုံး လျက် လေ့ကျင့်ခန်းကို အားတိုက်အင်တိုက် ထပ်၍လုပ်ကြသည်။ ရိပ်မိကြလေသည်။ ဒါပဲ . ဒို့လူတို့ . ဒါဟာ ငါတို့ ရဲ့ မေဒေးအစည်းအဝေးကြီးပဲ၊ ဒီပန်တော်မိမာ ရဲ့အဓိပ္ပာယ်က ဘာလဲ။ ငါတို့ဟာ သေမင်းခံတွင်းထဲ ဆင်းနေကြ ရတာတောင် သစ္စာကိုစောင့်ထိန်းကြမယ်ဆိုတဲ့ မေဒေးနေ့ကျမ်းကျိန်ပွဲပဲ။ ပန်တော်မိမာ - မူရာပြ ပြဇာတ်။ စကားမပြောဘဲ ခြေပြလက်ပြ အမူအရာပြယင်း ဇာတ်ကြောင်းခင်းသွားသော ပြဇာတ်တို။ အကျဉ်းခန်းသို့ ပြန်ရောက်ကြပြီ။ ကိုးနာရီ။ ယခု ကရဲမလင် မှ နာရီစင်သည် ဆယ်ချက်မျှ ရိုက်ဆော် လိုက်ပြီဖြစ်သည်။ ယင်ပြင်နီတွင် ဗိုလ်ရှုသဘင်ကြီး စပေပြီ။ ကရဲမလင် - မော်စကိုမြို့လည်ရှိ နန်းတော်မြို့။ ဆိုဗိယက်အစိုးရ၏ ဗဟိုဌာနဖြစ်သည်။ ဘရေ ... သူတို့နဲ့ လိုက်ကြရအောင်လေ။ အခုဆိုရင် အင်တာနေရှင်နယ်သီချင်းကြီးကို ဆိုနေကြပြီ။ ကမ္ဘာတ၀ှမ်း လုံးမှာလဲ ဒီအင်တာနေရှင်နယ် သီချင်းသံ ၀ဲပျံပြီးနေတာမို့ ကျနော်တို့ အကျဉ်းခန်းထဲမှာလဲ ဒီသီချင်းသံ ပြည့်နက် သွားပစေ။ ကျနော်တို့ကား သီချင်းဆိုကြသည်။ ၎င်းနောက် တော်လှန်ရေးသီချင်း တပုဒ်ပြီးတပုဒ် ပေါ်လာသည်။ ကျနော်တို့ကား အဖော်ကွဲ၍မနေလိုကြ။ အမှန်အားဖြင့် ကျနော်တို့သည် အဖော်ကင်းမဲ့နေကြသည်မဟုတ်။ စင်စစ်အားဖြင့် ကျနော်တို့ကား ယခုအချိန်တွင် လွတ်လွတ်လပ်လပ် နေထိုင်ယင်း အချုပ်အချယ်မရှိဘဲ သီချင်းဆို နေယင်းက၊ ကျနော်ကဲ့သို့ပင် တိုက်ပွဲဝင်နေကြသူများနှင့် တဂိုဏ်းတည်း တဖွဲ့တည်း ဖြစ်ကြပေသည်...

အင်တာနေရှင်နယ်သီချင်းကြီး- ကမ္ဘာ့ပစ္စည်းမဲ့တို့၏ သီချင်း၊ ကမ္ဘာတ၀ှမ်းလုံးရှိ ကွန်မြူနစ်များတော်လှန်ရေးသမား များ၏ သီချင်းဖြစ်သည်။ စာသားကိုရေးစပ်သူမှာ အဲဇဲန်ပေါ်တယဲခေါ် ပြင်သစ်အလုပ်သမား၊ တော်လှန်ရေးသမား ဖြစ်၍ ပါရီကွန်မြူးန်တွင် တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ ဂီတကိုဖွဲ့နွဲ့သူမှာ ပီယဲရ်ဒဂေတဲရ် ခေါ် ပြင်သစ်အလုပ်သမား၊ သီချင်းရေးဆရာတဦးဖြစ်သည်။ (တဗားရစ်ရှ်ချဖှ ကျူးရ်မာ့ခ်၊ ဗဇာစကျဲန်းကာ့ခ် ခါလော့ဒ်နီးခ်၊ ဗီ ဆနားမီ၊ ဗီ ဆနားမီ၊ ခို့ခ်ျညိ့တ်ဗာ့စ်ဖှ ကလောနာ့ခ် ... ) “ဒါး ... မီ ဆဗားမီ။” ကျနော်တို့သည် ၁၉၄၃ ခုနှစ် မေဒေးနေ့ပွဲသဘင်ကို အကျဉ်းခန်း ၂၆၇ ၌ ဤသို့လျှင် အဆုံးသတ်ရန် ကြံစည်ခဲ့ကြပါသည်။ သို့သော် အမှန်အားဖြင့် ထိုသို့အဆုံးသတ်ခဲ့ပါသလော။ အကျဉ်းခန်းများရှိ ယောက်ျားများ အားတက်ကြစေရန် တပ်နီတော်စစ်သီချင်းကို လေချွန်ရင်း၊ ပြောက်ကျားတပ်သားသီချင်းကို လေချွန်ရင်း၊ အခြား ဆိုဗိယက်သီချင်းများကို လေချွန်ရင်း ယခုနေ့လည်ပိုင်းတွင် မြေကွက်လပ်တလျှောက် လမ်းလျှောက်နေသော ထောင်ဘာယာအမျိုးသမီးအကြောင်းအကိုလည်း ထည့်ပြောရန် မလိုတော့ပြီလော။ ကျနော့်ထံ စက္ကူနှင့် ခဲတံယူ လာကာ ယခုလည်း တစုံတယောက်က ရုတ်တရက်ဝင်လာ၍ ကျနော်စာရေးနေသည်ကို အလစ်မဖမ်းနိုင်ရန် စင်္ကြံတွင် စောင့်ကြပ်ပေးနေသောသူ၊ ချက်အမျိုးသား ထောင်စောင့်တို့၏ ယူနီဖောင်းကို ၀တ်ဆင်ထားသည့် ယောက်ျားတယောက်၏ အကြောင်းကိုလည်း မပြော၍ဖြစ်ပါ့မည်လော။ ဤစာရေးခြင်းကို အကယ်ပင် အစပျိုး ပေးလိုက်ကာ၊ ဤစာရွက်ကလေးများကိုလည်း ယူထုတ်သွားလျက် အချိန်ကျသောအခါတွင် အလင်းသို့ပေါ်ထွက် လာအောင် စေ့စေ့စပ်စပ်သိမ်းဝှက်ပေးနေသော အခြားယောက်ျားတယောက်၏ အကြာင်းကိုလည်း မကျန်တော့ သလော။ ဤစာရွက်ကလေး တပိုင်းတစကြောင့်ပင်၊ သူတို့ ခေါင်းပြုတ်သွားနိုင်သည်။ တဗားရစ်ရှ်ချဖှ ကျူးရ်မာ့ခ်၊ ဗဇာစကျဲန်းကာ့ခ် ခါလော့ဒ်နီးခ်၊ ဗီ ဆနားမီ၊ ဗီ ဆနားမီ၊ ခို့ခ်ျညိ့တ်ဗာ့စ်ဖှ ကလောနာ့ခ် ... - ဖူးချစ်သည် ဤသီချင်းကို မူရင်းရုရှားအသံထွက်ဖြင့် ရေးခဲသည်။့  “ထောင်များအတွင်းက ရဲဘော်တို့ရယ် အေးစက်လှတဲ့ တံတိုင်းများနောက်ဝယ် ငါတို့နဲ့အတူတူ မချီတက်နိုင်ပေမယ့်လဲ မင်းတို့ဟာ ငါတို့နဲ့အတူတကွပဲ၊ မင်းတို့ဟာ ငါတို့နဲ့အတူတကွပဲ။ “ဒါး ... မီ ဆဗားမီ။” - (ရုရှားစကား) အေး ... ငါတို့ဟာ မင်းတို့နဲ့ အတူတကွပဲ။ သူတို့ကား သံတိုင်များကာထားသော ယနေ့နှင့် လွတ်လပ်သော မနက်ဖြနအကြား ပေါင်းကူးတံတားများ ဖြစ်ကြ ရန် စွန့်စားနေကြသည်။ သူတို့ကား တိုက်ပွဲဝင်နေကြသည်။ မြေ၏ အနေအထားအလိုက်၊ ရှိသမျှသောနည်းလမ်း များကိုသုံးကာ ရောက်နေရာ၌ ရပ်တည်ရင်း သစ္စာရှိစွာတိုက်ခိုက်နေကြသည်။ ကြောက်စိတ်ကင်းမဲ့စွာ တိုက် ပွဲဝင်နေကြသည်။ သူတို့တွင် ဟိတ်ဟန်ဟူ၍မရှိ၊ မသင်္ကာစရာလည်း မပေါ်၊ ဂရုဏာပြသော အမူအရာမျိုးပင် လုံး ၀ကင်းမဲ့နေသည်။ ထို့ကြောင့်လည်း အသက်နှင့်သေဘေးတို့၏ ရင်ဆိုင်တိုက်ပွဲတွင် ထိုသူများကား မိတ်ဆွေများ ဘက်မှ ရပ်တည်နေကြသည်၊ တိုက်ပွဲအတွင်း ကျဆုံးရန်အလားအလာနှင့် အောင်မြင်ရန်အလားအလာများ သူ တို့တွင် ဆတူရှိနေကြသည်ဟူသော အချက်တို့ကို ခင်ဗျားအနေနှင့် လုံးဝရိပ်မိနိုင်မည် မဟုတ်ပေ။

မေဒေးဗိုလ်ရှုသဘင်များ၌ တော်လှန်ရေးတပ်မတော်သားများ ချီတက်ကြသည်ကို ခင်ဗျားဆယ်ကြိမ် အ ကြိမ်နှစ်ဆယ်မျှမြင်ခဲ့ရသည်။ ခမ်းနားပေစွတကား။ သို့သော်တကယ့်တိုက်ပွဲအတွင်းသို့ ရောက်ခါမှဤတပ်မတော် ကြီး၏ အင်အားအစစ်အမှန်ကို တန်ဘိုးဖြတ်နိုင်တော့သည်။ သေခြင်းဟူသည်ကား ခင်ဗျားထင်ခဲ့သည့်ထက် ပို၍ ရိုးနေသေးသည်။ သတ္တိရှိခြင်း၏မျက်နှာမှလည်း ရောင်ခြည်များဖြာထွက်သည်ထက်ပင် ပိုမို၍ရက်စက်ကြမ်းကြုတ် သည်။ တိုက်ပွဲအတွင်း ကြန့်ကြန့်ခံလျက် အောင်ပွဲအထိ ချီတက်သွားရန်အလို့ငှာ အတိုင်းမသိသော အင်အားများ ရှိရန်လိုပေသည်။ ယင်းသို့သော အင်အားများ လှုပ်ရှားနေသည်ကို နေ့စဉ်နှင့်အမျှ မျက်မှောက်ပြုနေရသော်လည်း အမြဲတစေအားဖြင့်သော်ကား ထိုအင်အားတို့ကို ခင်ဗျားအနေနှင့် အပြည့်အ၀သတိပြုမိသည် မဟုတ်ပေ။ အစစ အရာရာကား ဖြစ်ရိုးဖြစ်စဉ်အတိုင်း ဖြစ်ပေါ်နေကြသည်ဟု ထင်ခဲ့သည်။ ယနေ့ ၁၉၄၃ ခုနှစ်၊ မေဒေးနေ့ ဗိုလ်ရှုသဘင်တွင် ... အဆိုပါ အင်အားစိုတို့ကို ခင်ဗျားသတိပြုမိပြန်လေပြီ။ ၁၉၄၃ ခုနှစ်၊ မေဒေးနေ့သည် ဤဇာတ်ကြောင်းကို ခေတ္တမျှဝင်၍ဖြတ်ခဲ့ပါသည်။ သို့ဖြစ်သည်ကား ကောင်းပင်ကောင်းနေသေးသည်။ ပွဲလမ်းသဘင် ကျင်းပသောနေ့များဝယ်၊ လူတို့သည် အတိတမှ အဖြစ်အပျက် တို့ကို တမျိုးတဖုံလှီးလွှ၍ သတိရတတ်ကြသည်။ ယနေ့လွှမ်းမိုးနေသော ပျော်ရွှင်မှုသည်လည်း ကျနော်၏ စမြုံဲ့ ပြန်ခြင်းတို့ကို အရောင်တမျိုး ချယ်ကောင်း ချယ်ပေလိမ့်မည်။ ပက်ချက်နန်းတော်ရှိ “ဘိုင်စကုပ်ရုံ” သည်ကား၊ မည်သည့် ရှုထောင့်မှကြည့်ကြည့် ရွှင်မြူးဘွယ်ရာ အ ကယ်ပင်ကင်းမဲ့နေသော နေရာတနေရာဖြစ်လေသည်။ ဤသည်ကား ညှဉ်းပမ်းရာအခန်းတွင်းသို့မ၀င်မီ စောင့်နေ ရသည့် အရှေ့ခန်းဖြစ်သည်။ ထိုနေရာမှနေ၍ အခြားသူများ၏ ညီးတွားသံများ၊ တုန်လှုပ်စွာ အော်ဟစ်သံများကို ကြားရသည်။ ခင်ဗျားကို ဘာလုပ်ကြမည်မသိ။ လူတို့သည် ဤအခန်းမှ ကျန်းမာသန်စွမ်း၊ သွက်လက်စွာ ထွက်ခွာ သွားသည်ကို ခင်ဗျားတွေ့လိုက်ရသည်။ နှစ်နာရီ၊ သုံးနာရီမျှ အစစ်ခံရပြီးသည့်နောက်ပိုင်းတွင်ကား ပေါက်ပြဲကျိုးပဲ့ လျက် ပြန်လာကြသည်ကို တွေ့ရသည်။ အစစ်ခံရန် နာမည်ကိုခေါ်လိုက်သည်တွင် ပြတ်ပြတ်သားသား ထူးလိုက် သောအသံကို ကြားရသည် တနာရီအကြာတွင် နာကျင်ခြင်း၊ အဖျားတက်ခြင်းတို့ဖြင့် ဖျော့နေသော အသံသဲ့သဲ့ သည် အသံရှင်၏ ပြန်ထွက်လာခြင်းကို ကျေညာလေသည်။ ထို့ထက်ဆိုးသော အရာတရပ်ရှိသေးသည်။ လူတို့ သည် ငြိမ်သက်ဖြောင့်မတ်သော မျက်နှာထားဖြင့်ဝင်သွားကြသည်ကို တွေ့လိုက်ရလျက်၊ ၎င်းတို့ပြန်လာကြသော အခါတွင်ကား ခင်ဗျားနှင့်မျက်လုံးချင်းမဆိုင်ကြတော့ပေ။ အပေါ်ထပ်တနေရာ၊ စစ်ဆေးသောအခန်းတခန်း ၀ယ် ပျော့သွားသော အချိန်ကလေးတချိန် ယုတ်စွအဆုံး မဆုံးဖြတ်နိုင်သော အခိုက်ကလေးတခိုက်၊ ကြောက်စိတ် လွှမ်းခဲ့သော တဒင်္ဂ၊ သို့မဟုတ် ငါတည်းဟူသော ကိုယ်ကာယကို ကာကွယ်လိုစိတ်ကြောင့် ယနေ့ဖြစ်စေ၊ နက်ဖြန် ဖြစ်စေ၊ ဤနေရာသို့ လူသစ်များရောက်လာကြတော့မည်။ တုန်လှုပ်ဘွယ်ရာများကို အစမှနေ၍ ခံစားကြရတော့ မည်။ ထိုလူသစ်များကား တိုက်ပွဲအတွင်း ရဲဘော်ရဲဘက်တယောက်က၊ ရန်သူ့လက်တွင်း ထိုးအပ်ခြင်းကို ခံလိုက် ရသော သူများပင်ဖြစ်လေ သည်။ စိတ်ဓာတ် အချိုးခံလိုက်ရသောသူများကို ကြည့်ရခြင်းသည်၊ ကိုယ်ကာယထုထောင်းနှိပ်စက်ခြင်းခံသော သူများအား မြင်ရခြင်းထက် ပို၍ဆိုးဝါးလေသည်။ အနီးအပါး၌ရစ်ဝနေသော သေခြင်းသဘောတရားဖြင့် ဆေဲး ကျောထားသည့် မျက်လုံးများလည်းရှိ၍၊ သေရာမှပြန်ထလာခြင်းကြောင့် ခါးနေသောခံစားမှု လည်းရှိမည်ဟုဆို က၊ မည်သူသည်ယိုင်သွားခဲ့ပြီ၊ မည်သူသည် မိမိ၏၀ိဉာဉ်တနေရာကလေးတွင် ငါ၏တိုက်ပွဲဝင်ဘက်တော်သား များအနက် အရေးမကြီးဆုံးသော ဖော်ထိုက်လိုက်ရလျှင်၊ ငါ၏ကိုယ်အတွက် သက်သာမှုအနည်းငယ်ရစေလိမ့် မည်ဟု စိတ်ကူးမိခဲ့ပြီ၊ စသောအကြောင်းတို့ကို ခင်ဗျားအားမည်သူက မပြောဘဲနှင့် စိတ်တွင်းကသိရှိနိုင်သည်။ အသဲကြောင်လိုက်တဲ့ သတ္တ၀ါတွေ။ ရဲဘော်ရဲဘက်တယောက်ရဲ့ အသက်ကိုပေးပြီး ၀ယ်ခဲ့ရတဲ့နောက်၊ မင်းတို့ရဲ့ ဘ၀ဟာ သတီစရာ ရှိပါတော့မလား။ ဤသည်ကား “ဘိုင်စကုတ်ရုံ” တွင်ပဌမဆုံးအချိန်ထိုင်ခဲ့စဉ်က ဦးဦးဖျားဖျားပေါ်ပေါက်လာသော စိတ် ကူးများ ဟုတ်ချင်မှဟုတ်မည်။ သို့သော်လည်း ထိုစိတ်ကူးများသည် ဤနေရာတွင် ထပ်ခါထပ်ခါပေးလာတတ်

သည်။ ထိုနေ့နံနက်တွင် ရောက်သွားသည့်အခြားနေရာတနေရာ၌ကား ထိုစိတ်ကူးသည် အကယ်ပင် ပေါ်ပေါက် လာခဲ့သည်။ ထိုနေရာကား “ဘိုင်စကုတ်ရုံ” နှင့်အနည်းငယ်ကွာခြားသည်။ ထိုနေရာကားသိမြင်မှုတို့၏ အကြွယ်ဝ ဆုံးရေသောက်မြစ်ဖြစ်လျက်၊ နံပါတ် “လေးရာ” ဟု အမည်တွင်လေသည်။ ကျနော်သည် “ဘိုင်စကုတ်ရုံ” ထဲတွင် ကြာမြင်စွာထိုင်မနေခဲ့ရ၊ တနာရီသို့မဟုတ် တနာရီခွဲသာကြာ မည်။ နောက်ကျနော်၏ကျောဘက်မှ ကျနော်၏အမည်ကို ခေါ်သံပေါ်လာကာ၊ အရပ်ဝတ်အရပ်စားနှင့်ချက်စကား ပြောတတ်သူ ပုလိပ်နှစ်ယောက်က ကျနော့်အားဓာတ်လှေခါးသို့ ခေါ်ဆောင်သွားသည်။ လေးထပ်ပေါ်အထိတက် ၍ ကျယ်ပြန့်သော အခန်းကြီးတခန်းအတွင်းသို့ ခေါ်သွားကြသည်။ ထိုအခန်း၏ တံခါးပေါ်တွင် တပ်ဆင်ထား သည့် ဂဏန်းကား ... ၄၀၀ ဟူ၍ဖြစ်ပသည်။ ရောက်စက သူတို့၏မျက်စေ့အောက်တွင် ကျနော်တယောက်ထီးတည်းသာ ထိုင်နေရသည်။ နောက်ဆုံး ထရံမှာ သီးသန့်၍ချထားသော ကုလားထိုင်တလုံးတွင် ထိုင်နေရသည်။ ထိုင်နေယင်းက၊ ယခုဖြစ်ပျက်နေသော အတွေ့အကြုံကို ယခင်တခါ ကြုံတွေ့ခဲ့ရဘူးသည်ဟူသော ခံစားမှုဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုမိသည်။ ဒီနေရာ ကို ငါရောက်ခဲ့ဘူးသလား၊ မရောက်ဘူးပါဘူး။ ဒါပေမဲ့ ဒီအခန်းကိုငါသိပါတယ်။ ဤအခန်းကို ကျနော်မှတ်မိသည်။ အိပ်မက်ထဲ၌မက်ဘူးသည်။ ဤနေရာအကြောင်း ကြမ်းကြုတ်လှသော ချောက်အိပ်မက်ကြီး မက်ဘူးသည်။ ချောက်အိပ်မက်ကြောင့် အသွင်အပြင်လည်းရွဲ့စောင်း၊ အနေအထားလည်း စက်ဆုတ်စရာကောင်းနေခဲ့သည့်တိုင် အောင် ထိုနေရာကိုမမှတ်မိနိုင်သည့် အထိကားမရောက်။ ယခုသော်ဤအခန်းသည် ဖော်ဖော်ရွေရွေဖြစ်နေသည်။ နေ့၏ အလင်းရောင်နှင့် ကြည်လင်သောရောင်စုံများ သန်းနေကြသည်။ သံတိုင်များ ခပ်ကြဲကြဲတပ်ထားသော ပြူ တင်းပေါက် ကျယ်ကျယ်ဝန်းဝန်းများ၏အလွန်တွင်၊ တင်း ဘုရားရှိခိုးကျောင်း၊ စိမ်းစိုသော လဲ့တနာနှင့် ဟရာ့ ဒချန်နီ ရဲတိုက်တို့ကို မြင်နိုင်ပေသည်။ ကျနော်၏ အိပ်မက်ထဲတွင်ကား၊ အဆိုပါအခန်းတွင် ပြူတင်း ပေါက်များ မရှိ၊ မှုန်မှုန်သိုးသိုးဖြစ်နေသည်။ ညစ်ပတ်သော အလင်းရောင်ဝါကျင့်ကျင့်သာ ပက်ဖြန်းထားသည်။ လူများသည် လည်း အရိပ်များနှင့် တူနေခဲ့သည်။ ဟုတ်သည်၊ ဤနေရာတွင် လူများရှိခဲ့သည်။ ယခုသော် တခန်းလုံး ဗလာ ဟင်းလင်းဖြစ်နေလျက်၊ တလုံးနောက်တလုံး စီ၍ချထားသော ခုံတန်းရှည်ခြောက်လုံးကား၊ ပန်းဝါ၀ါ၊ ပန်းဖြူဖြူက လေးများ ပေါက်နေသည့် မြက်ခင်းကလေးနှင့်တူနေလေသည်။ အိပ်မက်ထဲတွင်မူ၊ ခုံတန်းများမှာ တယောက် ဘေးတယောက်ကပ်၍ ထိုင်နေရသော လူများဖြင့် ပြည့်နေခဲ့သည်။ ၎င်းတို့၏ မျက်နှာများမှာလည်း ဖျော့ရော့နေ သည်၊ သွေးများစွန်းနေသည်။ ထို့နောက် တံခါးဘေး ထိုတနေရာဝယ် အလုပ်သမားဝတ်စုံအပြာရောင်ကို ၀တ် ထားသော လူတယောက်။ သူသည် ရေ ... ရေကို တောင့်တယင်းရပ်နေကာ၊ လျှောကျလာသော ကုလားကာ ကဲ့သို့ မြေ ပေါ်သို့ ဖြည်းညင်းစွာ ခွေကျသွားလေသည်။ ဟုတ်သည်။ ဤသို့ပင်ဖြစ်သည်။ အိပ်မက်ကားမဟုတ်။ ယခုအကြောင်းမှန်ကို သိပြီ။ ထိုရက်စက်ကြမ်း ကြုတ်သော အဖြစ်အပျက်၊ အဖျားသွေးများ တက်စေသည့် အဖြစ်အပျက်ကား၊ အကယ်ပင်ဖြစ်ပွားခဲ့သည်။ ကျနော်အဖမ်းခံရ၍ ပဌမဆုံးအကြိမ် အစစ်ဆေးခံရသော ညကဖြစ်လေသည်။ သူတို့အနားယူလိုသော အချိန်၊ သို့မဟုတ် အခြားသူများအား ကိုင်တွယ်လိုကြသည့် အချိန်များတွင် ကျနော့်အား ဤနေရာသို့ခေါ်၍ ခေါ် ၍လာကြသည် - သုံးကြိမ်လား၊ ဆယ်ကြိမ်လားမသိ၊ သိနိုင်ပါဘူးလေ။ ကျွန်တော့တွင် ဘိနပ်များမပါ။ အကွက် ရိုက်ထားသော အုပ်ကျွတ်ကြမ်းခင်းများက၊ ပွန်းပဲ့နေသော ခြေဖ၀ါးများကို၊ နူးနူးညံ့ညံ့အေးမြ စေခဲ့သည်ကို သတိ ရပါသည်။ ထိုစဉ်အခါက ခံတန်းလျားများမှာ ယွန်ကားစ် လက်နက်စက်ရုံများမှာ အလုပ်သမားတို့ဖြင့် ပြည့်လျှံနေခဲ့ သည်။ ဂက်စတာပိုက တညနေခင်းပိုက်ဆွဲရာတွင် ပါလာသူများဖြစ်သည်။ အလုပ်သမား အ၀တ်ပြာကို ၀တ်ထား သည့် တံခါးနားမှလူကား ယွန်ကားစ် စက်ရုံအတွင်းရှိ စက်ရုံကလာပ်စည်းမှ ရဲဘော် ဘာရတော်ည်ဖြစ်သည်။ ကျနော်အဖမ်းခံရသည့်အကြောင်းမှာ သူနှင့်တနည်းအားဖြင့် ဆက်စပ်နေသည်။ ဤအချက်ကိုရေးသည်မှာ ကျ

နော်၏ကိစ္စတွင် တစုံတယောက်၏ သစ္စာဖောက်ခြင်း၊ သူရဘော်ကြောင်ခြင်းတို့မပါဝင်၊ သတိလစ်ဟင်းမှုနှင့် ကံမဲ ကောင်းအကြောင်းမလှခြင်းတို့ကြောင့်သာ ဖြစ်ရသည်ကို ရှင်းလင်းစွာသိကြစေရန်ဖြစ်သည်။ ရဲဘော် ဘာရတော် ည်သည် မိမိ၏ကလာပ်စည်းနှင့် ပါတီခေါင်းဆောင်မှုအကြား အဆက်အသွယ်များရရန် ရှာဖွေနေခဲ့သည်။ သူ၏ မိတ်ဆွေဖြစ်သူ ရဲဘော် ယဲလီနက် က အဆက်အသွယ်ရအောင် စီစဉ်ပေးပါမည်ဟု ကတိပြုလိုက်လေသည်။ ရဲဘော် ယဲလီနက်သည် ရှေးဦးပဌမကျနော်နှင့် တိုင်ပင်သင့်သည်။ သူနှင့် လုံးဝမပတ်သက်စေပဲ၊ ကိစ္စကို ပြီး မြောက်အောင်လုပ်သင့်သည်။ ထိုသို့ပြုလုပ်ရမည့်အစား လျှို့ဝှက်မှုစည်းကမ်းကို တနည်းအားဖြင့် ဂရုမမူဘဲ ဖွင့် ဟ၍ ကတိပေးလိုက်ခြင်းကား အမှားတရပ်ဖြစ်လေသည်။ ဒုတိယ - ပို၍ ကြမ္မာငင်သောအမှားကား ရဲဘော်ဘာရ တော်ည်သည် ထိုအကြောင်းကို လူတယောက်အားယုံစား၍ ဖွင့်ပြောမိခြင်းဖြစ်သည်။ ထိုသူကား ရန်သူ့တလျှိုတ ယောက်ဖြစ်လျက် ဒဗောယျတ်ဟုခေါ်သည်။ ရဲဘော် ဘာရတော်ည်က၊ ယဲလီနက်၏အမည်ကို ထိုသူ့အား ဖွင့် ပြောမိသည့်အတွက် ယဲလီနက်တို့၏အကြောင်းသည် ဂက်စတာပိုထံသို့ ရောက်သွားလေသည်။ နှစ်နှစ်ကြာမျှ ကောင်းမွန်စာထမ်းဆောင်ခဲ့သော တာဝန်လုပ်ငန်းများကြောင့်ကား ဘာမျှမဖြစ် တနေရာတွင်အကူအညီကလေး တခုပေးပါရန်၊ လျှို့ဝှက်မှုစည်းကမ်းများမှ ခြေလှမ်းကလေးတကွက်မှား၍ နင်းလိုက်မိသောကြောင့် ဤသို့ဖြစ်သွား ရပေမည်။ ကျနော်လာမည်ဟု ချိန်းထားသောညတွင်မှ ပက်ချက်နန်းတော်မှ ဂက်စတာပိုများက၊ ယဲလီနက်တို့ လင်မယားအား ဖမ်းဆီးရန်ဆုံးဖြတ်ကြခြင်း၊ ဤမျှလောက် အင်တိုက်အားတိုက် တပ်ချီလာခြင်းတို့ကား၊ ထန်းသီး ကြွေခိုက် ကျီးနင်းခိုက်မျှသာဖြစ်သည်။ အမှန်အားဖြင့် အစီအစဉ်အတိုင်းဆိုလျှင် ယဲလီနက်တို့အား နောက်တနေ့ မှ ဖမ်းဆီးကြရမည်ဖြစ်သည်။ သို့သော် ယွန်ကားစ်များအတွင်းရှိ ကလာပ်စည်းကိုအောင်မြင်စွာ မြေလှန်လိုက်မိ ကြသဖြင့်၊ သွေးတကြွကြွဖြစ်နေကြကာ၊ ယဲလီနင်တို့ထံမတော်တဆ “လေကောင်း လေသန့်ရှာရန်” ထွက်လာကြ သည်ဟူ၍ပင်ဆိုနိုင်သည်။ ပုလိပ်များဝင်လာသဖြင့် ကျနော်တို့အံ့အားသင့်သွားခဲ့သည်မှာ သူတို့အနေနှင့် ကျနော့် အားတွေ့ရသောကြောင့် အံ့အားသင့်သားထက်မပိုပါပေ။ သူတို့ကား မည်သူ့ကိုဖမ်းကြောင်း ပင်မသိ။ စင်စစ်အာွး ဖြင့် ကျနော်မည်သူဖြစ်သည်ကို နောင်တွင်လည်း သိနိုင်စရာအကြောင်းမရှိ။ သို့သော် ကျနော်နှင့်တချိန်တည်း ... သို့သော်လည်း အခန်းနံပါတ်လေးရာမှ၊ ပထမစိတ်ကူးများနှင့် ဆက်သွယ်နေသော ဤအချက်ဆီသို့ နောက်အတော်ကလေးကြာတော့မှ ဆိုက်ရောက်လာပါသည်။ ထိုအချိန်တွင်ကျနော်ကား တယောက်ထီးတည်း လည်းမဟုတ်တော့။ ခုံတန်းရှည်များပေါ်တွင်သာမက၊ အခန်းပတ်လည်ရှိ နံရံများတွင်လည်း လူများပြည့်နေ သည်။ နာရီများရွေ့လျားသွားတိုင်း အံ့သြဖွယ်ရာအချက်အလက်များလည်း တိုး၍တိုး၍လာပါသည်။ ကျနော် နားမလည်နိုင်လောက်အောင် ထူးခြားသော အံ့အားသင့်စရာများကိုလည်း တွေ့ရသည်။ နားလည်နိုင်လွန်း လောက်အောင် ဆိုးဝါးသော အံအားသင့်စရာများကိုလည်း တွေ့ရသည်။ ပထမဦးစွာ ကြုံတွေ့ရသော အံ့အားသင့်ဖွယ်ရာ အဖြစ်အပျက်ကား အထက်ပါနှစ်မျိုးနှစ်စားအနက် မည် သည့်အမျိုးအစားသို့မှ အကြုံးမ၀င်ပါ။ လူ့စိတ်ကို ကြည်နူးစေသော အသေးအဖွကိစ္စကလေးတရပ်မျှသာ ဖြစ်ဲ လျက် မည်သူ့အတွက်မျှ အရေးကြီးသော ကိစ္စမဟုတ်ပါပေ။ ကျနော့်အနီးတွင် ဂက်စတာပိုတယောက် ရပ်နေပါသည်။ ကျနော့်အား ဖမ်းဆီးစက ကျနော်၏အိတ်များ ကို လှန်လှောရှာဖွေဖြစ်ကြောင်း မှတ်မိပါသည်။ ယခုသည် ကျနော့်အား စောင့်ကြည့်နေရာမှ သောက်လက်စ စီး ကရက်တလိပ်ကို ကျွန်တော့်ထံ ပစ်ပေးလိုက်ပါသည်။ ရက်သတ္တသုံးပတ်အတွင်း ပထမစီးကရက် ... ကမ္ဘာမြေပေါ်သို့ ဒုတိယအကြိမ်ပြန်ရောက်လာသူအ တွက် ပထမစီးကရက် ... ကောက်ယူလိုက်ရမလား၊ ဒါမှမဟုတ် စီးကရက်တလိပ်နဲ့ ကျွန်တော့်ကိုဝယ်လို့ရပြီးဆို ပြီး ယူဆမှာလား။ သို့ရာတွင် စီးကရက်နှင့်အတူပါလာသည့် သူ၏အကြံတွင် ဤသဘောမျိုးကို လုံးဝမတွေ့ရ။ သူ ကား မည်သူ့ကိုမျှ ၀ယ်ယူလိုပုံမပေါ်ချေ။ သို့သော်ကျနော်ကား စီးကရက်တလိပ်လုံးကုန်သည်အထိ မသောက် နိုင်၊ မွေးကာစ ကလေးများကား စီးကရက် အသောက်ကြူးသူများ မဟုတ်ပေ။ ဒုတိယအံအားသင့်စရာကိစ္စကား ဤသို့တည်း။ လူလေးယောက်သည် တယောက်နောက် တယောက်စီ တန်းလျက်ဝင်လာကြကာ စောင့်ကြပ်နေကြသော အရပ်ဝတ်အရပ်စားပုလိပ်များကိုသာမက ကျနော့်ကိုပါ ချက်စ

ကားဖြင့် နှုတ်ဆက်ကြသည်။ ၎င်းနောက်စားပွဲများတွင်ထိုင်၊ စာရွက်ဖိုင်တွဲများဖွင့်၊ စီးကရက်များသောက်၊ ရုံး အလုပ်သမားများကဲ့သို့ လွတ်လွတ်လပ်လပ်မှ တကယ့်ကိုလွတ်လွတ်လပ်လပ်ကြီး ပြုမူကြသည်။ ဟာ ... ဒီလူ တွေကို ငါအသိသားပဲ၊ အနည်းဆုံး သုံးယောက်ကိုဖြင့် သိပါတယ်။ ဂက်စတာပို ဘက်တော်သားတွေတော့ ဖြစ်မ သွားနိုင်ပါဘူး။ ဒါမှမဟုတ် ရန်သူတွေများ ဖြစ်ကုန်ကြပြီလား။ သူတို့လိုလူတွေတောင် ဒီလိုဖြစ်ကုန်ကြပြီလား။ ကြည့်စမ်းပါလား ဟိုလူဟာ ၇ ... ပါ။ တခါတုန်းက ပါတီနဲ့အလုပ်သမားသမဂ္ဂအတွင်းရေးမှူး။ လူက အရိုင်းလိုလို၊ ဒါပေမယ့် သစ္စာရှိတယ် မဟုတ်ပါဘူး။ မဖြစ်နိုင်ပါဘူး။ ဒီဘက်က အန်ကာဗိကောဗား၊ ခါတိုင်းလိုပဲ ကိုယ်က ခပ် တောင့်တောင့်လှတုန်း၊ ပတုန်း၊ ဆံပင်ကတော့ လုံးလုံးဖြူနေပြီ။ ခိုင်ခိုင်မြဲမြဲနဲ့ တိုက်ပွဲထဲခေါင်းမာမာနဲ့ဝင်ခဲ့တဲ့ မိန်းမတယောက် မဟုတ်သေးပါဘူး၊ မဖြစ်နိုင်ပါဘူး။ နောက်ပြီးတော့ ဗားရှက်၊ မြောက်ပိုင်း ဘောဟီးမီးယား၊ မီး သွေးတွင်းတွေက ပန်းရံသမားတယောက်၊ ခရိုင်ပါတီအတွင်းရေးမှူးလဲ လုပ်ခဲ့သေးတယ်။ သူ့ကို ဘယ်နဲ့လုပ်ပြီး မ သိဘဲနေနိုင်ပါ့မလဲ။ သူနဲ့ငါနဲ့ တူတူတြွဲ ပီး ခါးကျိုးမတတ် အလုပ်လုပ်ယင်း၊ မြောက်ပိုင်းဒေသ တိုက်ပွဲတွေကို မျက်နှာချင်းဆိုင်ခဲ့ကြတယ် မဟုတ်လား။ မဟုတ်သေးပါဘူး၊ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဒီမှာဘာလာ လုပ်နေကြ တာလဲ၊ ဘာတွေလုပ်နေကြသလဲ။ ဘာတွေလုပ်နေကြသလဲ။ - ဂက်စတာပိုများသည် နံပါတ်လေးရာ၌ အကျဉ်းသမားများအား ဘာသာပြန်အလုပ် စ သည်တို့ကို လုပ်ခိုင်းကြသည်။ အကျဉ်းသမားများကလည်း ထိုအခွင့်အရေးကိုသုံး၍ ရန်သူဆန့်ကျင်ရေးလုပ်ငန်း များ လုပ်ကြသည်။ နံပါတ်လေးရာတွင် ပုလိပ်အချို့တို့ကိုပင် စည်းရုံးထားနိုင်သဖြင့် အချို့သော အချိန်များတွင် ကွန်မြူနစ်အကျဉ်းသမားများကို ချုပ်နှောင်ထားရာအခန်းနှင့် မတူတော့ဘ၊ တော်လှန်ရေးသမားများ၏ ဌာနချုပ်ဲ သဖွယ် ဖြစ်နေတတ်သည်။ ထိုမေးခွန်းများအတွက် အဖြေရှာ၍ မရသေးမီပင်၊ အခြားသူများတစုတဝေးကြီး ပေါက်လာကြသည်။ မီး ရက်အပြင်၊ ယဲနီလက်တို့ လင်မယားနှင့် ဖရီးဒ်တို့လင်မယားကိုလည်း ခေါ်သွင်းလာကြသည်ဟုတ်သည်။ ဤ သည်ကိုကားကျနော်သိသည်။ ဤသူများကား ကျနော်နှင့်အတူအဖမ်းခံရသည်။ သို့သော် ပညာတတ်များအကြား အလုပ်လုပ်ရန် မီးရက်အား အကူအညီပေးခဲ့သော အနုပညာသမိုင်းဆရာ ပါဗ်လ်ကရောပါးချက် တယောက် အ ဘယ့်ကြောင့် ပါလာရသနည်း။ သူ့အကြောင်းကို ကျနော်နှင့်မီးရက်မှတပါး အခြားဘယ်သူမျှ မသိကြ။ ၎င်းပြင် မျက်နှာတခုလုံး ကွဲပြဲနေသော အရပ်ရှည်ရှည် လူငယ်တယောက်က၊ ကျနော်တို့အချင်းချင်း မသိဟန်ဆောင်နေ ဟူ၍ ကျွန်တော့်အား အဘယ့်ကြောင့် လက်ဟန်ခြေဟန်ပြနေသနည်း။ အမှန်စင်စစ် သူ့အားကျနော်မသိ။ နေစမ်း ... ဘယ်သူများပါလိမ့်။ ရှတစ်ခ်လား။ ဒေါက်တာရှတစ်ခ်။ ဇဒိညက်ပါလား။ ဘုရား ... ဘုရား ... ဒါဆိုယင် ဆရာ ၀န်တွေရဲ့ အုပ်စုပါလား။ ဒီအုပ်အကြောင်းကိုကော ကျနော်နဲ့မီးရက်ကလွဲယင် ဘယ်သူသိလို့လဲ။ အကျဉ်းခန်းထဲ ကိုလာပြီး စစ်ကြတုန်းက ကျနော့်ကို ချက်ပညာတ်တွေအကြောင်း ဘာဖြစ်လို့မေးခဲ့တာလဲ။ ကျနော်နဲ့ ပညာတတ် တွေရဲ့လုပ်ငန်းကို ဘယ်လို ဆက်သွယ်မိကြသလဲ။ ဒီကိစ္စကိုကော ကျနော်နဲ့ မီးရက်ကလွဲယင် ဘယ်သူသိလို့လဲ။ အဖြေပေးရန်ကား မခက်၊ သို့သော ထိုအဖြေကား ကြမ်းတမ်းလှသည် ရက်စက်လှသည်။ မီးရက်ကား ယောင်းမမြင်းစီး၍ ထွက်ခဲ့လေပြီ။ ဖွင့်၍ပြောခဲ့ပြီ။ အကုန်လုံးကို ဖွင့်၍မပြောတန်ရာဟု ခေတ္တခဏမျှမြှော်လင့်နေ ခဲ့သေးသည်။ သို့သော်အပေါ်ထပ်သို့ အခြားအကျဉ်းသမားများကို ထပ်မံခေါ်ဆောင်လာကြသည်။ ကျနော်မြင် လိုက်ရသော သူများကား ... ဗလာဂျီလော့ဗ်၊ ဗန်ချူးရား၊ ပါမောက္ခ ဖဲလဘာနှင့် ၎င်း၏သား။ မမှတ်မိနိုင်လောက်အောင် ရုပ်ပြောင်း ထားသည့် ဘက်ဒရစ်၊ ဗားစလာဗက်။ ဘောဇဲနာ၊ ပူလပါနောဗား။ ယင်းဒရစ်အလ်ဘလ်။ ပန်းပုဆရာ ဒဗောယျတ်ဲ ချက်ပညာတတ်များ၏ အမျိုးသားတော်လှန်ရေးကော်မတီကိုဖွဲ့ခဲ့ကြသူ သို့မဟုတ် ထိုအဖွဲ့တွင် ပါဝင်ကြမည့်သူ အားလုံးကား ဤနေရာသို့ ရောက်လာကြပြီ။ ပညာတတ်များအကြား လုပ်ငန်းဟူသ၍ကို မီးရက်သည်အလုံးစုံ ဖွင့်ပြောလိုက်လေပြီတကား။ ပက်ချက်နန်းတော်သို့ ရောက်ခါစနေ့များတွင် ကျနော်ကား သက်တောင့်သက်သာမနေခဲ့ရ။ သို့သော် ယ ခုကဲ့သို့ မြင်လိုက်ရခြင်းသည်ကား ဤနေရာတွင်ခံခဲ့ရသော ဒဏ်ချက်များအနက်၊ အပြင်းထန်ဆုံးသော ဒဏ်ချက်

ဖြစ်ပါသည်။ ကျနော်ကား သေဘေးကိုမြင်ခဲ့သည်၊ သစ္စာဖောက်မှုကိုကား မမြှော်လင့်ခဲ့။ မည်မျှပင် ငဲ့ငဲ့ညှာညှာ ဆန်းစစ်စေကာမူ သက်သာစေသည့် ပတ်ဝန်းကျင်အခြေအနေများကို မည်မျှပင်ထည့်တွက်စေကာမူ၊ မီးရက်အ နေနှင့် ဖော်မထုတ်ပဲ ထိန်ဝှက်ထားခဲ့သော အချက်များကို မည်မျှပင်ပြန်လည်တွေးတောစေကာမူ သစ္စာဖောက် ခြင်းတည်းဟူသော စကားမှလွဲ၍ အခြားစကားအသုံးအနှုန်းကို ရှာမတွေ့ခဲ့ပါ။ ယိမ်းယိုင်မှုကလေးတချက်မျှသာ မဟုတ်၊ နုနယ်ပျော့ရော့မှုမဟုတ်၊ သေလုအညှဉ်းခံရသဖြင့် ဂယောင်ဂတန်း သက်သာမှုရှာဖွေမိသော သူ၏ပြို ဆင်းမှုမဟုတ်။ သူ့အား ခွင့်လွှတ်နိုင်စရာ အကွက်ကလေးတကွက်မျှမရှိ။ ရောက်ရောက်ချင်း ပထမညကတည်းက ကျနော့်နာမည်မည်သို့သိသွားကြသည်ကို ယခုနားလည်ပါပြီ။ အာညိခ်ျကာ၊ ယီရားစကောဗား ဤနေရာသို့ အဘယ်ကြောင့် ရောက်လာသည်ကို ယခုနားလည်ပါပြီ။ သူ၏အိမ်တွင် ကျနော်သည် မီးရက်နှင့် အကြိမ်ကြိမ်အခါခါတွေ့ဆုံခဲ့ဘူးသည်။ ကရောပါးချက်နှင့် ဒေါက်တာ ရှ တစ်ခ် တို့ အဘယ့်ကြောင့် ဤသို့ရောက်လာကြရသည်ကိုလည်း ယခုသဘောပေါက်ပါပြီ။ နောက် ကျနော်သည် နေ့စဉ်နှင့်အမျှလိုလို နံပါတ်လေးရာသို့သွားရသည်။ နေ့စဉ်နှင့်အမျှလိုလိုပင် အ သေးစိတ်အချက်အလက်တု့ကို ထပ်မံသိရှိလာရသည်။ ၀မ်းနည်းဖွယ်ရာလည်း ကောင်းသည်။ တုန်လှုပ်ဘွယိ လည်းကောင်းသည်။ ကြည့်စမ်း ... အရင်တုန်းက သိပ်ပြီးသတ္တိကောင်းခဲ့တဲ့ လူတယောက်။ စပိန်ပြည်စစ်မျက်နှာ တွင် တိုက်ပွဲဝင်ခဲ့စဉ်ကကျည်ဆံများကို မရွံ့မကြောက်ခဲ့သောသူ။ ပြင်သစ်ပြည်အကျဉ်းစခန်းမှ ကြမ်းကြုတ်လှ သော အတွေ့အကြုံများအောက် ဒူးမထောက်ခဲ့သူတယောက်။ ယခုဂက်စတာပို၏လက်တွင်းမှ ကြိမ်လုံးကိုမြင် သည်နှင့်တပြိုင်နက် မျက်နှာတွင်သွေးများဆုတ်ယုတ်သွားကာ၊ မိမိ၏ သွားတချောင်းမကျိုးအောင် ဖော်ကောင် လုပ်ခဲ့လေပြီ။ အရိုက်အပုတ်ကလေး အနည်းငယ်ခံရသည်နှင့်တပြိုင်နက် ပျက်ပျယ်သားနိုင်သော သူ၏သတ္တိအာွး စကောလေက်ပင် စောက်မနက်သည်တကား။ သူ၏ယုံကြည်မှုသည်လည်း ဤသို့ အပေါ်ယံကြောမျိုးဖြစ်လေ သည်။ ယုံကြည်ချက်ချင်းတူသော ရဲဘော်များ၏အလယ်၊ လူအုပ်ကြီး အတွင်း၌ကား ကြံ့ခိုင်ခြင်းဖြစ်လေသည်။ ယခုအဖော်ကင်း၍ တယောက်တည်းဖြစ်သွားကာ၊ ထိုးနှက်လျက်ရှိသော ရန်သူများက ၀ိုင်းလိုက်သည်နှင့် ရှိသမျှ အားအင်တို့လည်း ကုန်ခန်းသွားလေသည်။ တကိုယ်ကောင်း ကိစ္စများကို စ၍တွေးလိုက်သည်နှင့် တပြိုင်နက် အစစအရာရာကို ဆုံးရှုံးသွားလေသည်။ ကိုယ့်အသား မနာစေရန် ရဲဘော် ရဲဘက်များကို ယဇ်ပူဇော်လိုက်သည်။ သူရဲဘောကြောင်စိတ် ၀င်လာကာ၊ ကြောက်စိတ်နှင့်သစ္စာဖောက်ခဲ့လေသည်။ သူနှင့်အတူ မိသွားသော လျှို့ဝှက်ရေးစာလုံးများ၏ အဓိပ္ပာယ်ကိုရှင်းပြမည့်အစား အသေခံရသည်ဟု ကိုယ့်ကိုယ်ကိုယ်နားမချ လျှို့ဝှက်သော စာဖတ်နည်းကိုဖွင့်ထုတ်လိုက်သည်။ လျှို့ဝှက်သော အိမ်တအိမ်ကို ဖော် ပြလိုက်သည်။ ရှတစ်ခ်နှင့်ချိန်း၍ ထိုနေရာသို့ ဂက်စတာပိုစုံထောက်များကိုခေါ်သွားကာ မျက်နှာ ချင်းဆိုင်ပေး လိုက်သည်။ ဗားစကာဗက်နှင့် ကရောပါ့ခ်တို့ကိုတွေ့ရန် ရန်သူများအား ဒဗောယျတို့၏အိမ်သို့ လွှတ်လိုက်သည်။ အာညိခ်ျကာကို ထိုးအပ်လိုက်သည်။ ခိုင်ခိုင်မြဲမြဲနှင့် သတ္တိကောင်းလှသော လီဒါ၊ သူ့အား ချစ်ခဲ့ရှာသည့် ကလေးမ လေးလီဒါကိုပင် ထိုးအပ်လိုက်လေသည်။ အနည်းငယ်မျှ အရိုက်အနှက်ခံရလျှင်ပင် သိသမျှအနက်တ၀က်ကို ဖွင့်ပြောလိုက်သည်။ ကျနော်သေပြီဟု ယုံကြည်သွားသောအခါဝယ်၊ ဖြေရှင်းမည့်လူမရှိတော့ပြီဟု သဘောပိုက် ကာ၊ ကျန်သမျှ အချက်အလက်အလုံးစုံကို ဖော်ထုတ်လိုက်လေသတည်း။ ဤသို့ ပြုလုပ်လိုက်ခြင်းအားဖြင့် ကျွန်တော့အပေါ်အန္တရာယ်မရောက်စေခဲ့။ ကျနော်ကား ဂက်စတာပို လက်တွင်းသို့ ရောက်ပြီးသားဖြစ်သည် - ထို့ထက်ပို၍ ဆိုးစရာအကြောင်းမရှိ။ အန္တရာယ်မရောက်စေသည်သာမ က အကျိုးပင်တမျိုးရှိနေသေးသည်။ သူ၏ ဖြောင့်ချက်များကား အမှုတခုလုံးတွင် သက်သေခံ အထောက်အထား များအဖြစ် အကောင်အထည်အပေါ်ဆုံးလည်း ဖြစ်လာသည်။ ထိုအချက်အလက်များသည် သံကြိုး၏ အစွန်းအစ များနှင့်လည်း တူလေသည်။ သင်းတို့သိလိုက်သော အခြားကွင်းဆက်အားလုံးတို့ကား ကျနော်၏ လက်တွင်း၌သာ ရှိနေခဲ့လေသည်။ ထို့ကြောင့် မာရှယ်လော ကျေညာပြီးသည့်နောက်တွင်ပင် ကျွန်တော့်မှာ အသက်နှင့်ခန္ဓာမြဲနေခဲ့ ရလေသည်။ ကျနော်သာမက ကျနော်တို့လူစုမှာ လူအတော်များများလည်း အသက်ရှင်၍ကျန်ရစ်ကြလေသည်။ သို့သော် မီးရက်ကသာ ကိုယ့်တာဝန်ကိုကျေပြွန်ခဲ့လျှင် ဤနေရာတွင် ဤသို့သော်လူစုဟူ၍ပင် ပေါ်ပေါက်လာရန်

အကြောင်းမရှိ။ သူရောကျနော်ပါ အသက်ပျောက်ခဲ့သည်မှာ ကြာလှတော့မည်။ သို့သော် အခြားသူများကား ကျနော်တို့ ကျဆုံးပြီးသည့်နောက်တွင်ပင် ဆက်လက်နေထိုင်ယင်း လုပ်စရာအလုပ်များကိုလည်း ဆက်လက်လုပ် ကိုင်သွားကြမည် ဖြစ်လေသည်။ လူကြောက်ဟူသည်ကား မိမိ၏အသက်တချောင်းကိုသာ ဆုံးရှုံးသည်မဟုတ်။ အစစအရာရာ အဘက် ဘက်တွင် ဆုံးရှုံးလေသည်။ ဂုဏ်သတင်းပြောင်ဝင်းသော တပ်မတော်ကြီးမှ ထွက်ပြေးရာတွင် အညစ်ပတ်ဆုံး သော ရန်သူ၏ နှာခေါင်းရှုံ့ခြင်းကိုလည်း ခံယူရလေသည်။ အသက်ရှင်နေသေးသည်ဆိုဦးတော့ လူ့လောကတွင် မနေနိုင်တော့။ မိမိကိုယ်ကိုယ် အစုအဝေးအတွင်းမှ မိမိဖာသာ ထုတ်ပစ်ခဲ့သောကြောင့် ဤသို့ဖြစ်ရလေသည်။ နောင်သော် မီးရက်သည် သူ၏နေပုံထိုင်ပုံကို ပြုပြင်ရန်အနည်းအပါး ကြိုးစားသေးသည်။ သို့သော်သူ့အား ဘယ် တော့မျှပြန်၍ လက်မခံကြတော့။ ဤသို့သော ဘ၀မျိုးကားအခြားနေရာများတွင်ပင် ဆိုးဝါးလှသည်။ ထောင်ထဲ ၌ကား ပို၍ပင်ဆိုးဝါးနေပေသည်။ ..... ..... ..... ..... ..... ..... ..... ..... ..... ..... ..... .....

အကျဉ်းသမားနှင့်အဖော်မဲ့ခြင်း - ဤအမှတ်သညာနှစ်ရပ်တို့ကို လူတို့သည် တွဲ၍စဉ်းစားလေ့ရှိကြသည်။ သို့သော် ထိုအယူအဆကား မဟာအမှားတော်ပုံကြီး ဖြစ်လေသည်။ အကျဉ်းသမားသည် အပေါင်းအဖော်ကင်း မဲ့နေသည်မဟုတ်။ ထောင်သည် ကြီးမားသော အစုအပေါင်းကြီးဖြစ်သည်။ ကြပ်တည်းစွာ တိုက်ပိတ်ခြင်းခံရစေဦး တော့၊ မိမိကိုယ်တိုင်က ဂိုဏ်းခွဲမထွက်သမျှ ကာလပတ်လုံး၊ မည်သူတဦးတယောက်မျှ ထိုအစုအဝေး၏ အပြင်သို့ ပဲ့ထွက်မသွားနိုင်ပေ။ အဖိနှိပ်ခံရသူတို့၏ သွေးသောက်စိတ်ဓာတ်သည် ဤနေရာတွင် ဖိနှိပ်ခြင်းဒဏ်ကို ခံရသည်။ ယင်းဖိနှိပ်ခြင်းသည်ပင် ထိုစိတ်ဓာတ်ကို အနယ်ထိုင်စေသည်၊ ခိုင်မြဲစေသည်၊ ထက်သန်လာစေသည်။ ထရံများ တွင် အသက်ရှိသည်။ ထရံများသည် စကားလည်း ပြောသည်၊ အချက်ပေးချက်များကိုလည်း ပြန်ကြားသည်။ ဤ ထရံများကို သွေးသောက်စိတ်ဓာတ်က ဖောက်ထွင်းဆက်သွယ်ထားသည်။ ဤစိတ်ဓာတ်သည် စင်္ကြံတလျှောက် ရှိ အကျဉ်းခန်းအားလုံးတို့ကို ထွေးပိုက်ထားသည်။ ဤအကျဉ်းခန်းများကား ဒုက္ခများကို ညီတူညီမျှခံစားကြရ သည်။ ရစရာရှိသမျှကိုလည်း ထပ်တူဆင်တူရရှိကြသည်။ စင်္ကြံအတွင်းရှိ အကျဉ်းခန်းတခန်းနှင့် ဆက်ဆံရသော ထောင်ဘာယာများသည် ထိုစင်္ကြံအတွင်းရှိ အခြားအကျဉ်းခန်းများနှင့်လည်း ဆက်ဆံရသည်။ ထို့ပြင် စင်္ကြံအ လိုက် အပြင်ဘက်တွင် စုဝေးကာ၊ ကျန်းမာရေးလေ့ကျင့်ခန်းများကို နာရီဝက်မျှ ပြုလုပ်ရသည်။ ထိုအချိန်မျိုးတွင် စကားလုံးကလေးတလုံးဖြစ်စေ၊ သို့မဟုတ် အမူအရာကလေးတခုဖြစ်စေ အသုံးပြုလျက် သတင်းပေးလို ပေးနိုင် သည်။ လူတယောက်၏အသက်ကို ကယ်ကောင်း ကယ်နိုင်သည်။ ထိုမျှသာမကသေး အစစ်ခံရာသို့ အတူယှဉ်တွဲ ၍ခရီးသွားရခြင်း “ဘိုင်စကုပ်ရုံ” တွင်အတူယှဉ်၍ ပြန်လာရခြင်းစသည်တို့ဖြင့် ဆက်စပ်နေသောအခါဝယ် ဆိုခဲ့ သောသွေးသောက်စိတ်ဓာတ်သည် တထောင်လုံးကို စုစည်းထားလေသည်။ စကားလုံးနည်းသော်လည်း အကျိုး ကျေးဇူးများ ကြီးစွာပြုတတ်သည့် သွေးသောက်စိတ်ဓာတ်ဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော် လက်လက် ချင်း တချက်ကလေးမျှ ညှစ်လိုက်ခြင်း၊ သို့မဟုတ် စီးကရက်တလိပ်ကို တိတ်တဆိတ်လှမ်းလိုက်ခြင်းသည်ပင် ခင်ဗျားအားသွတ်သွင်းထားသော လှောင်အိမ်ကိုချိုးဖောက်ပစ်လိုက်သည်။ ခင်ဗျားဒူးထောက်သွားလောက်အောင် ဖိစီးနေသည့် အဖော်မဲ့စိတ်ဓာတ်မှ ခင်ဗျားအားလွတ်မြောက်သွားစေသည်။ အကျဉ်းခန်းများတွင် လက်များရှိကြ သည်။ အစစ်ခံရာမှ နာကျင်တုန်ရီစွာပြန်၍အလာ ခွေကျမသွားအောင် ဖေးပေးနေကြသည့် လက်များကို ခံစား ထိတွေ့ရသည်။ ရန်သူက ခင်ဗျား အစာပြတ်၍ ငတ်သေအောင်တွန်းနေစဉ် ထိုလက်များကခွန့်ကျွေးသော အစား အစာများကို စားသောက်ရသည်။ အကျဉ်းခန်းများတွင် မျက်လုံးများရှိကြသည်။ သေဒဏ်အပေးခံရာသို့အသွား ထိုမျက်လုံးများက ခင်ဗျားအားဝိုင်း၍ကြည့်ကြသည်။ ထိုအခါမျိုးတွင် ခြေလှမ်းဖြောင့်ဖြောင့်လှမ်း၍ ထွက်သွားရန် လိုသည်ကို ခင်ဗျားသိသည်။ အဘယ့်ကြောင့်ဆိုသော် ခင်ဗျားသည်သူတို့နှင့် ညီအကိုတော်သည်။ သူတို့စိတ် ဓာတ်ပြော့သွားအောင် ခြေလှမ်းတလှမ်းမျှပင် တွန့်မပြစကောင်းပေ။ ဤသည်ကား သွေးပေါက်ပေါက်ယိုစီးနေ သော အဖွဲ့အစည်းဖြစ်သည်။ သို့သော်လည်း အနိုင်မခံသည့် စိတ်ဓာတ်က စုစည်းထားသည်။ ဤစိတ်ဓာတ်၏ အ

ကူအညီကိုသာမရပါက ခင်ဗျားသည် မိမိကံကြမ္မာ၏ ဆယ်ပုံတပုံကိုပင် ခံနိုင်လိမ့်မည်မဟုတ်။ ခင်ဗျားသာမက၊ မည်သူတဦးတယောက်မျှလည်း ခံနိုင်လိမ့်မည် မဟုတ်ပေ။ ဤဇာတ်ကြောင်းကို ကျနော်သည် ဆက်၍ပြောနိုင်မည်ဆိုပါက (ဘယ်နေ့သေမယ် ဘယ်နှစ်နာရီသေ မယ်ဆိုတာကိုမှ မပြောနိုင်ကြဘဲဟာ) ဤအခန်း၏ ခေါင်းစဉ်တွင်ရေးထားသော “နံပါတ်လေးရာ” ဟူသော ဂ ဏန်းအမှတ်အသားသည် မကြာခဏပေါ်ပေါက်လာပေလိမ့်မည်။ အစပထမတွင် “နံပါတ်လေးရာ” ကိုအခန်းတ ခန်းအဖြစ် သိနားလည်ခဲ့သည်။ ထိုအခန်းထဲတွင်နေခဲ့ရသော ပထမနာရီများ၊ ထိုအခန်းထဲတွင် ပေါ်ပေါက်လာခဲ့ သော ပထမအယူအဆများ၊ ဤသည်တို့ကား စိတ်ချမ်းမြေ့ဖွယ်ရာတကွက်မျှမရှိခဲ့။ သို့သော် “နံပါတ်လေးရာ” ကား အခန်းတခန်းမဟုတ် အစုအပေါင်းတရပ် ဖြစ်လေသည်။ ရွှင်လန်းသော အစုအဝေးတခု၊ ရဲရဲတောက်သော အစုအပေါင်းတရပ် ဖြစ်လေသည်။ ၁၉၄၀ ခုနှစ်အတွင်း ကန်မြူနစ်ဆန့်ကျင်ရေးဌာန၏ လုပ်ငန်းများကျယ်ပျံ့လာသောအခါတွင် “နံပါတ် လေးရာ” ပေါ်ပေါက်လာရလေသည်။ “နံပါတ်လေးရာ” မှာ “ဘိုင်စကုတ်ရုံ” ဟူသော အိမ်တွင်းထောင်၏ ဌာနခွဲ ဖြစ်သည်။ အစစ်ခံရမည့်လူများ ကိုယ့်အလှည့်ကို စောင့်ရာအခန်းခွဲ။ ကွန်မြူနစ်များအတွက် သီးသန့်ထားသော နေရာဖြစ်သည်။ မေးစရာအချက်တချက်ပေါ်လာတိုင်း အောက်ဆုံးအထပ်မှ လေးထပ်ပေါ်အထိခေါ်၍ ခေါ်၍မ နေရန်၊ အမှုစစ်ဆေးသူ ဂက်စတာပိုအရာရှိများ၏ လက်လှမ်းမီရာတွင် အမြဲမပြတ်ရှိကြေရန် ပြုလုပ်ထားသော အခန်းတခန်းဖြစ်လေသည်။ ထိုသို့ ထွင်လိုက်သဖြင့် သူတို့အဖို့ အလုပ်သက်သာစေမည်ဟု တွက်ဆကြလေ သည်။ သို့သော် အကျဉ်းသမားနှစ်ယောက်ကိုတွဲထား အထူးသဖြင့်ကွန်မြူနစ်အကျဉ်းသမား နှစ်ယောက်ကိုတွဲ ထားလိုက်လျှင် ငါးမိနစ်အတွင်းရန်သူ၏ အကြံအစည်ဟူသမျှကို နှောင့်ယှက်ဖျက်ဆီးနေသော အစုအပေါင်းတ ရပ် ထိုနေရာ၌ ပေါ်ပေါက်လာတော့သည်။ ၁၉၄၂ ခုနှစ်သို့ ရောက်သည့်အခါတွင်ကား “နံပါတ်လေးရာ” ကို “ကွန်မြူနစ်ဗဟို” ဟူသောအမည်ဖြင့်သာ ခေါ်ဝေါ်ကြတော့သည်။ ဤနေရာတွင် အပြောင်းအလဲကား များပြားလှ သည်။ ခုံတန်းလျားများပေါ်တွင် ယောက်ျားမိန်းမ ရဲဘော်ပေါင်းရာလိုက် ထောင်လိုက်ချီ၍ တယောက်နေရာ တ ယောက်ယူကြရသည်။ သို့သော် အချက်တချက်ကားမပြောင်း။ အရေးတော်ပုံကို သစ္စာစောင့်လျက်၊ အဆုံးသတ် ၌ အောင်ပွဲခံရမည်ဟု ယုံကြည်နေသော အစုအပေါင်းဝိဉာဉ်ကား ပြောင်းမသွားပေ။ “နံပါတ်လေးရာ” ဤသည်ကား အဝေးသို့ ဖောက်ထွင်းဝင်ရောက်ထားသော ကတုတ်ရင်တားဖြစ်သည်။ အဘက်ဘက်မှလည်း ရန်သူများဝိုင်းထားသည်။ သဲသဲမဲမဲပစ်ခတ်ခြင်းကိုလည်း အလူးအလဲခံနေရသည်။ သို့ သော် လက်နက်ချရမည်ဟု ခေတ္တခဏလေးပင် မတွေးတောခဲ့ပေ။ ဤကတုတ်ရင်တား၏ အထက်တွင်နီရဲသော အလံသည် တဝေ့ဝေ့လွင့်နေခဲ့သည်။ သို့သော် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသော တမျိုးသားလုံး၏ ယိုင်းပင်းညီညာစိတ်လည်း ဤနေရာတွင် ပေါ်လွင်နေလေသည်။ အောက်ထပ်ရှိ “ဘိုင်စကုတ်ရုံ” တွင် အက်ဆက်စ်ထောင်စောင့်များသည် ဖိနပ်ရှည်များဖြင့်လမ်းသလား ယင်း၊ ခင်ဗျားမျက်စောင်းတချက်ခတ်တိုင်း ခင်ဗျားအား ငေါက်ငန်းအော်ဟစ်နေသည်။ ဤနေရာ “နံပါတ်လေးရာ” တွင်ကားချက်လူမျိုး ပုလိပ်အင်စပိတ်တော်များ၊ ပုလိပ်မင်းကြီးရုံးမှ စုံထောက်များက အကျဉ်းသားများကို စောင့် ကြပ်ရသည်။ ဤအရာရှိများ၏ အမိန့်အရဖြစ်စေ၊ စကားပြန်များအဖြစ် ဂက်စတာပိုဝန်ထန်းများ ဖြစ်လာကြသည်။ ၎င်းတို့သည် ဤ နေရာ၌ အလုပ်လုပ်ရာတွင် ဂက်စတာပိုဝန်ထမ်းပီပီ အမှုထမ်းသူကထမ်းကြသည်။ သို့မဟုတ် ချက်အမျိုးသားပီပီ အမှုထမ်းသူကထမ်းကြသည်။ လှေနံနှစ်ဖက် နင်းသူက နင်းကြသည်။ ဤနေရာတွင်ကား လက်များကိုဒူးပေါ်တင်၊ မျက်လုံးများကိုရှေ့တည့်တည့်စိုက်လျက် သတိအနေအထားနှင့် ထိုင်နေရန်မလိုပေ။ ဤ နေရာတွင် အနည်းငယ်ပို၍ လွတ်လပ်စွာထိုင်နေနိုင်သည်။ ဘေးပတ်လည်ကိုလည်း ကြည့်နိုင်သည်။ လက်ဟန် ခြေဟန်တောင် ပြနိုင်သည် - အရာရှိသုံးမျိုးအနက် မည်သည့်အရာရှိမျိုး တာဝန်ကျသည်နေသည်ဟူသည့် အပေါ် ၌တည်၍ ထို့ထက်ပင် အများကြီးပို၍ လုပ်နိုင်သေးသည်။

“နံပါတ်လေးရာ” ဤနေရာကား လူဟူသောသတ္တ၀ါကို နက်နက်ရှိုင်းရှိုင်းကြီး သိနားလည်နိုင်သည့် နေ ရာဖြစ်သည်။ သေဘေး၏ နီးကပ်မှုသည် မည်သူ့ကိုမဆို ကိုယ်တုံးလုံးဖြစ်သည့်အထိ အဖုံးအကာများဆွဲချွတ် လိုက်သည်။ လက်ပတ်အနီရောင်များကို ပတ်ထားရသော ကွန်မြူနစ်တရားခံများ၊ သို့မဟုတ် ကွန်မြူနစ်များနှင့် ဆက်သွယ်သည်ဟု သင်္ကာမကင်း အဖြစ်ခံရသူများလည်း သရုပ်ပေါ်လာသည်။ ထိုတရားခံများကို ဤနေရာ၌ စောင့်ကြပ်ရသူများအပြင် မနီးမဝေးရှိ အခန်းတခန်းတွင်း၌ တရားခံများစစ်ဆေးရာတွင် ပါဝင်ခဲ့သူများလည်းသရုပ် ပေါ်လာသည်။ အစစ်ခံသည့်နေရာတွင် စကားလုံးများသည် ဒိုင်းလဲဖြစ်နိုင်သည်။ လက်နက်လည်းဖြစ်နိုင်သည်။ သို့သော် “နံပါတ်လေးရာ” တွင်ကား စကားလုံး၏နောက်တွင် ပုန်းကွယ်၍မရ။ ဤနေရာတွင်ကား ခင်ဗျားပြော သောစကားထက် ခင်ဗျားဝမ်းတွင်း၌ရှိသော သဘ၀ကပို၍တာသွားသည်။ ခင်ဗျား၏ ဗီဇအရင်းခံကို ဖျော့စေ၊ လျော့စေ၊ သို့မဟုတ် မွန်းမံစေသော ဘေးပန်းအချက်အလက် အားလုံးတို့ကား ကွယ်ပျောက်သွားသည်။ သေမင်း ၏ ရှေ့တော်ပြေးမုန်တိုင်းက ထိုအချက်တို့ကို တိုက်ထုတ်လိုက်ပြီဖြစ်သည်။ ဤနေရာတွင် ၀ိသေတနမပါသော ကတ္တားနှင့် ကြိယာသာကျန်တော့သည်။ သစ္စာရှိသူ ကြံ့ကြံ့ခံ၏။ သစ္စာမဲ့သူဖော်ကောင်လုပ်၏။ အသဲကြောင်သူ စိတ်ဓာတ်ကျ၏။ သူရဲကောင်းတိုက်ပွဲဝင်၏။ လူတိုင်းတွင် အင်အားနှင့်ပျော့ရော့မှု၊ သတ္တိနှင့်ကြောက်စိတ်၊ ခိုင်မြဲမှု နှင့် ယိမ်းယိုင်ခြင်း၊ သန့်ရှင်းမှုနှင့်အညစ်အထေးဟူ၍ ရှိသည်။ သို့သော် ဤနေရာတွင်ကား တခုမဟုတ်တခုသာ ကျန်နိုင်တော့သည်။ ဟိုယောင်ယောင် သည်ယောင်ယောင်လုပ်ရန် ကြိုးစားသူက ကြိုးစားသည်။ သို့သော် ထိုသို့သော်သမျိုးကား မသာချလာသောအခါ၌ ဦးထုပ်တွင် ငှက်မွှေးအ၀ါရောင်ကိုထိုး၊ လက်ထဲတွင်လဲ ရကွင်း များကိုင်ကာ ကခုန်သောထက်ပင် ထင်ထင်ရှားရှားမြင်သာ သိသာလေသည်။ ဤသို့သော သူများကား အကျဉ်းသမားများအကြား၌လဲ ရှိသည်။ ချက်လူမျိုး ပုလိပ်အင်စပတ်တော်များ နှင့် စုံထောက်များအကြား၌လည်း ရှိပေသည်။ စစ်ဆေးမေးမြန်းနေသည့်နေရာတွင် ဤသို့သောသူမျိုးသည် ဂျာ မန်အင်ပါယာ ဘုရားသခင်အတွက် ဖယောင်းတိုင်ပူဇော်သည်။ နံပါတ်လေးရာတွင်မူ ဘော်လရှီဗစ် တစ္ဆေအတွက် ဖယောင်းတိုင်နောက်တတိုင် ထွန်းညှိလေသည်။ ဂျာမန်အရာရှိ၏ မျက်စိအောက်တွင် ခင်ဗျားနှင့်ဆက်သွယ်သော သူ၏အမည်ကို ညှစ်ထုတ်ရန်၊ ခင်ဗျား၏သွားများကို ရိုက်ချိုးသည်။ နံပါလေးရာတွင်ကား ရင်းနှီးသောအမူအရာ ပြ၍ ခင်ဗျားအားအဆာပြေရန် ပေါင်မုန့်တချပ်လာပေးသည်။ ခင်ဗျား၏ အိမ်တွင်းသို့ဝင်ရောက် ရှာဖွေကြသည့် အခါတွင် ခင်ဗျား၏ပစ္စည်းများကို လုယူသယ်ဆောင်သွားသည်။ နံပါတ်လေးရာတွင်ကား ခင်ဗျားအပေါ် မည်မျှ ကိုယ်ချင်း စာကြောင်းကိုဖော်ပြရန် တိုက်ခိုက်လာသော ပစ္စည်းများအနက်မှ စီးကရက်တပိုင်းကို တိတ်တိတ်လာ ၍ပေးသည်။ ဤသို့သော အမျိုးအစားအတွင်း သေးစိတ်အားဖြင့် အနည်းငယ်သာမူကွဲသော လူတစုလည်းရှိသေး သည်။ ဤသူများကား မိမိတု့အလျောက်ဆိုလျှင် ခင်ဗျားဒုက္ခရောက်အောင် ဘယ်တော့မျှလုပ်ကြ။ ကူညီရမညိ ဆိုလျှင်လည်း သာ၍ပင်ဝေးသေးသည်။ သူတို့ကား ငတေမာလျှင်ပြီးသည့် သူများဖြစ်သည်။ ၎င်းတို့သည် ကိုယ် ကျိုးကို ထက်မြက်စွာကြည့်တတ်ကြသဖြင့် နိုင်ငံရေးရာသီတိုင်းသည့် ပြဒါးတိုင်များဖြစ်လာကြသည်။ ကြည့်စမ်း ခပ်တင်းတင်းနဲ့ အရာရှိစတိုင်ဖမ်းနေကြသလား။ ဒါဆိုရင် ဂျာမန်တွေ စတာလင်ဂရက်မြို့ကို ချီတက်နေကြပြီဆို တာ သေချာတယ်။ ဖော်ဖော်ရွေရွေဖြစ်လာပြီး အကျဉ်းသမားတွေနဲ့တောင် စကားပြောဖော်ရလာသလား။ ဒါဆို ရင် တို့အခြေအနေကောင်းလို့ပဲ။ ဂျာမန်တွေ စတာလင်ဂရက်က တပ်လန်သွားပြီထင်တယ်။ ကျုပ်တို့ဟာ ချက်အ မျိုးအနွယ်ပါ၊ ဇွတ်အတင်းခိုင်းလို့သာ ဂက်စတာပိုထဲဝင်ပြီး အလုပ်လုပ်နေရပါတယ်လို့ ပြောလာကြပြီလား။ ဒါဆို ရင် လက်ခမောင်းခတ်ပေတော့။ တပ်နီတော်ဟာ ရော့စတော့ဗ်မြို့ကိုတောင် ကျော်တက်လာပြီဆိုတာ သေချာ တယ် - ဤ အမျိုးအစားအတွင်းသို့ပင် အကြုံးဝင်သော အခြားသူတချို့ကား ခင်ဗျားရေနစ်နေသည်ကိုတွေ့လျှင် လက်ပိုက်၍ ကြည့်နေတတ်သည်။ ခင်ဗျားဖာသာ ခင်ဗျား ကမ်းပေါ်သို့တက်လာသောအခါတွင်ကား ပြာပြာသ လဲနှင့် လက်ကိုလှမ်း၍ ဆွဲကြသည်။ ဤအမျိုးအစားသည် နံပါတ်လေးရာမှ အစုအပေါင်းအကြောင်းကို အကဲခတ်မိကြ၍ ၎င်းနံပါတ်လေးရာ ကိုလည်း သိနားလည်လာကြသည်။ ထို့ကြောင့် ထိုအစုအဝေးကိုချဉ်းကပ်ရန် ကြိုးစားကြသည်။ သို့သော်ထိုအစု အပေါင်း၏ အဖွဲ့ဝင်များအဖြစ်သို့ကား ဘယ်သောအခါမျှရောက်လာကြ။ နံပါတ်လေးရာတွင် ယင်းသို့သော အစု

အပေါင်းတရပ်ရှိနေသည်ကို အနည်းငယ်ကလေးမျှ မရိပ်မိသော အမျိုးအစားတမျိုးလည်း ရှိသေးသည်။ ၎င်းတို့ အား လူသတ်သမားဟုခေါ်နိုင်သည် - သို့သော် လူသတ်သမားဟူသည်ကား မနုဿလူသားများပင် ဖြစ်နေသေး သည်။ အမှန်အားဖြင့် ၎င်းတို့ကား ချက်စကားပြောတတ်သော အဟိတ်တိရိစ္ဆာန်များသာ ဖြစ်ကြသည်။ လက်ထဲ ၌ကြိမ်လုံးများ၊ သံဒုတ်များကိုင်ထားကြသည်။ ချက်အကျဉ်းသမားများကို နှိပ်စက်ညှဉ်းပမ်းကြပြီဆိုလျှင် ဂျာမန် အရာရှိအများအပြားပင် မကြည့်ရဲသဖြင့် ထွက်ပြေးကြရသည်။ သင်းတို့ကား ကိုယ့်အမျိုးကိုချစ်သည် သို့မဟုတ် ဂျာမန်အင်ပါကြီးကိုချစ်သည်ဟူ၍ အပြင်ပန်းအားဖြင့် ဟန်မဆောင်နိုင်ကြ။ ညှဉ်းပမ်းခြင်း၊ သတ်ဖြတ်ခြင်းသက် သက်တွင် အရသာခံတတ်ကြသည်။ သွားများကို ရိုက်ချိုးကြသည်။ နားအုံများကို ရိုက်ခွဲကြသည်။ မျက်လုံးများကို ညှစ် ထုတ်ကြသည်။ အင်္ဂါဇာတ်များကို ကန်ကျောက်ကြသည်။ ဥဏှောက်အရေခွံများကိုလှန်ကာ လူသေသည့် အထိ ရိုက်ကြနှက်ကြသည်။ အကြောင်းရှိ၍ ရက်စက်သည်မဟုတ်၊ ရက်စက်လို၍ ရက်စက်ကြခြင်းဖြစ်လေသည်။ ခင်ဗျားသည်နေ့စဉ်နှင့်အမျှ သူတို့နှင့်ဆက်ဆံရသည်။ ပတ်ဝန်းကျင်တခုလုံးသွေးများ၊ အော်ဟစ်သံ များဖြင့် ဖုံးလွှမ်းသွားစေသော သူတို့၏အရှိန်အ၀ါကို ခင်ဗျားခံစားရသည်။ ခင်ဗျားအတွက် ဖြေစရာတကွက်သာရှိသည်။ ထိုအချက်ကား ၎င်းတို့၏ ရာဇ၀တ်ပြစ်မှုများကို မြင်ခဲ့ကြသည့် သက်သေဟူသ၍ရွေ့ကို သတ်ပစ်လိုက်ကြသည် ဆိုဦးတော့၊ တနေ့တွင် တရားစီရင်ချက်မှ သင်းတို့တတွေ ပြေး၍လွတ်လိမ့်မည်မဟုတ်ဟူသော ခိုင်မြဲသည့် ယုံ ကြည်ချက်ပင်ဖြစ်လေသည်။ သင်းတို့နှင့် တစားပွဲတည်းတွင် ထိုင်နေကြသော လူများလညှ်းရိသည်။ ထိုသူများကား အပြန်ပန်းအား ဖြင့်သင်းတို့နှင့် ရာထူးချင်းတူညီကြသည်။ သို့သော်ဤပုဂ္ဂများကား တကဲ့လူအစစ်များဖြစ်လျက်၊ စာလုံးကြီးကြီး ဖြင့် လူဟူ၍ပင်ရေးပြထိုက်ပေသည်။ ဤသူများသည် ထောင်တွင်းအစီအစဉ်များကို အကျဉ်းသမားအတွက် အ ကျိုးစေမည့် အစီအစဉ်များဖြစ်အောင် တည်ဆောက်ပေးကြသည်။ ဤသူများသည် နံပါတ်လေးရာတွင် အတွင်း မှအစုအပေါင်းကို ကူညီဖွဲ့စည်းပေးကြသည်။ ကိုယ်တိုင်လဲ စေတနာအရရော၊ သတ္တိအလိုက်ပါ ဤအစုအပေါင်း၏ အဖွဲ့ဝင်များဖြစ်ကြသည်။ ကွန်မြူနစ်များ မဟုတ်ကြသဖြင်းလည်း သူတို့အပေါ် ပို၍တန်ဘိုးထားသင့်ပေသည်။ ကွန်မြူနစ်များ မဟုတ်ကြသည်သာမက၊ ယခင်ကဆိုလျှင် ချက်ပုလိပ်အဖွဲ့အတွင်း အမှုထမ်းယင်း ကွန်မြူနစ် ဆန့်ကျင်ရေးလုပ်ငန်းများ လုပ်ခဲ့ဘူးသည်။ သို့သော် နိုင်ငံခြားသားများ၏ အုပ်စိုးမှုကို ကွန်မြူနစ်များက ခံ၍တိုက် ပုံကို မြင်လာကြသောအခါတွင် တမျိုးသားလုံး၏ အရေးတော်ပုံအတွက် ကွန်မြူနစ်တို့၏အရာရောက်ပုံကို သ ဘောပေါက်လာကြသည်။ ကွန်မြူနစ်တို့၏အင်အားကို သိမြင်လာကြသည်။ ထိုအချိန်မှစ၍ ထောင်ခံတန်းလျား များပေါ် ရောက်သည့်အထိ သစ္စာရှိနေကြသောသူဟူသ၍ကို သစ္စာရှိစွာကူညီကြသည်။ အကျိုးဆောင်ပေးကြ သည်။ ဂက်စတာပိုလက်တွင်းသို့ ရောက်နှင့်တပြိုင်နက် မည်မျှရုန့်ရင်းစွာ ခံကြရမည်ကိုသိနိုင်ကြလျှင်၊ အပြင် ဘက်တိုက်ပွဲဝင်နေသူအများအပြားပင် နောက်တွန့်သားပေလိမ့်မည်။ ဤသူတို့ကား ယင်းသို့ရက်စက်မှုတို့ကို နွေ့ စဉ်နှင့်အမျှ၊ နာရီနှင့်အမျှ၊ မျက်စေ့အောက်တွင် မြင်တွေ့နေကြရသည်။ နေ့မရွေး၊ နာရီမရွေး၊ ၎င်းတို့အား အ ကျဉ်းသမားများဘေးသို့ ချလိုက်ကြကာ၊ အခြားအကျဉ်းသမားများထက်ပင် ပိုမိုရက်စက်စွာ အစမ်းအသပ်ခံရလိမ့် မည်ကိုလည်း တွက်ထားနိုင်ပေသည်။ သို့စဉ်လျက် သူတို့ကား နောက်မတွန့်ကြ။ ထောင်ပေါင်းများစွာသော အသက်တို့ကိုကယ်တင်ရန် ၀င်ရောက်ကူညီကြသည်။ သူတို့မကယ်ဆယ်နိုင်သော သူတို့အတွက်လဲ၊ သက်သာမှု ရစေရန် ၀င်ရောက်ကူညီကြသည်။ သူရဲကောင်းဟူသော ဘွဲ့နှင့်ထိုက်တန်သော သူများဖြစ်လေသည်။ သူတို့သာ မကူညီခဲ့လျှင် နံပါတ်လေးရာကား ရာလိုက်ထောင်လိုက်ချီသော ကွန်မြူနစ်များ သိရှိနားလည်ကြသည့် လက်ရှိပုံစံ အနေအထားသို့ ရောက်လာမည်မဟုတ်ပေ။ ယခုသော်ကား နံပါတ်လေးရာသည် မှောင်မိုက်သော အိမ်အတွင်းမှ လင်းနေသော အခန်းကလေးတခန်း၊ ရန်သူ၏ အနောက်သို့ ထိုးဖောက်ထားသော ကတုတ်ရင်တားတခု၊ ၀င် ရောက်ကျူးကျော်နေသူများ၏ သားရဲတွင်းအလည်တည့်တည့်မှ လွတ်မြောက်ရေးတိုက်ပွဲဆင်ရာ ဌာနတရပ်ဖြစ် ပေသတည်း။ အခဏ်း (၅)

လူရုပ်သင်များနှင့် ရုပ်တုကလေးများ (၁)ွ ဤခေတ်ကြီးမှ ကျော်ထွက်နိုင်ကြမည့် ခင်ဗျားတို့တတွေအား - တခုဖြင့် ကျနော်တောင်းပန်လိုသည်။ မ မေ့ကြပါနဲ့။ အကောင်းကိုရော၊ အဆိုးကိုရော မမေ့ကြပါနှဲ့။ ကိုယ့်အနေနဲ့သာမက၊ ခင်ဗျားတို့ကိုယ်စားပါ အသေခံ သွားကြတဲ့ လူတွေအကြောင်း သက်သေအထောက်အထားတွေကို စိတ်ရှည်လက်ရှည် ရှာကြ ဖွေကြပါ။ တနေ့ တွင် ပစ္စုပ္ပန်သည်အတိတ်အဖြစ်သို့ ကူးပြောင်းသွားလိမ့်မည်။ ထိုအခါတွင် ခေတ်ကြီးတခေတ်အကြောင်း၊ သမိုင်း ကိုဖန်တီးခဲ့သော အမည်မဲ့သူရဲကောင်းများအကြောင်းတို့ကို ပြောစမှတ်ပြုကြပေလိမ့်မည်။ သို့သော် အမည်မရှိ သော သူရဲကောင်းဟူ၍မရှိ၊ ထိုသူတို့သည် အမည်များ၊ မျက်နှာများ၊ ဆန္ဒအာသီသများ၊ မြှော်လင့်ချက်များ ရှိခဲ့ကြ သော သူများဖြစ်သည်၊ ၎င်းတို့အနက် နောက်ဆုံးပိတ်မှပုဂ္ဂိုလ်၏ ဒုက္ခခံစားရမှုသည် အမည်ကျန်ရစ်သော ရှေ့ဆုံး မှပုဂ္ဂိုလ်၏ ခံစားရမှုထက် မသေးငယ်ကြောင်းစသည်တို့ကို သိကြစေလိုသည်။ ခင်ဗျားတို့ သိကျွမ်းသောသူများ၊ သို့မဟုတ် ခင်ဗျားတို့၏ သွေးသားများ၊ သို့မဟုတ် ခင်ဗျားတို့ကိုယ်တိုင်ပင် ဖြစ်ဘိသကဲ့သို့၊ ထိုသူတို့အပေါ် ရင်းနှီး စိတ် အမြဲမပြတ်မွေးကြစေလိုသည်။ သူရဲကောင်းများကား အိမ်ထောင်လုံးကျွတ် အသတ်ခံကြရသည်လည်းရှိသည်။ ၎င်းတို့အနက်မှ အနည်း ဆုံးတယောက်ယောက်အပေါ်ဝယ်၊ သားများသမီးများသဖွယ် ချစ်ခင်ကြပါ။ ထိုသူကား အနာဂတ်အတွက် နေ ထိုင်ခဲ့သော ပုဂ္ဂိုလ်ကြီးတယောက်ဖြစ်သည်ဟူ၍ ဂုဏ်ယူရစ်ကြပါ။ အနာဂတ်အတွက် သစ္စာရှိစွာနေထိုင်ခဲ့လျက်၊ လှပသော အနာဂတ်အတွက် အသက်ပေးသွားသူတိုင်းကား ကျောက်ဖြင့်ထုထားသော လူရုပ်အသွင်အပြင်များ ဖြစ်ကြသည်။ အတိတ်မှ ဖုံမှုန့်များကို ရေကာတာပြုလုပ်လျက်၊ တော်လှန်ရေး၏ ဒီရေအဟုန်ကို တားဆီးလိုသူ တိုင်းကား ယခုအခါတွင် ပခုံးများ၌ရွှေချထားသော ရာထူးအဆင့်အတန်းတို့ကို တပ်ဆင်ထားကြသည့်တိုင်အောင် သစ်ဆွေးဖြင့်ထုလုပ်ထားသော ရုပ်တုအငယ်စားကလေးများသာ ဖြစ်ကြသည်။ သို့သော် ဤရုပ်တုကလေးများကို ကြည့်ရှုသည့်အခါ၌ပင် ၎င်းတို့၏ အသုံးမကျမှုနှင့်သေးဖွဲမှု၊ ၎င်းတို့၏ ရက်စက်မှုနှင့်ထုံထိုင်းမှုတို့ကို အသက်ဝင်စွာ မြင်တတ်ရန်လိုပေသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ကား အနာဂတ်တချိန်တခါ၊ လက်ငင်းခေတ်ကို ပြန် လည်သရုပ်ဖော်သည့်အခါတွင် အသုံးဝင်လာမည့် အထောက်အထားများ ဖြစ်သောကြောင့်တည်း။ ကျနော်ရှေ့ဆက်၍ ပြောပြနိုင်သည်တို့ကား၊ သက်သေတယောက်၏ထွက်ချက်၊ ပစ္စည်းအထောက်အ ထားမျှသာ ဖြစ်လေသည်။ တနေရာ တစိတ်တပိုင်းကလေးမှ ပြောက်ကျားပြောက်ကျား မြင်ခဲ့ရသောအချက်များ ဖြစ်၍ ဝေဖန်ပိုင်းခြားခြင်းလည်း ပြုလုပ်ထားသည်မဟုတ်ပါ။ သို့သော် ကြီးသည်ကကြီး၍ ငယ်သည်ကငယ်သော လူရုပ်သွင်များနှင့် ရုပ်တုကလေးများ၏ တကယ့်ပုံတူမျဉ်းကြောင်းများ ဤမှတ်စုများတွင် ပါရှိပါသည်။ ယဲလီနက်တို့ ဇနီးမောင်နှံ ယိုးဇက်နှင့် မာရိယယ်၊ သူကဓာတ်ရထားမောင်းသမား၊ သူမကအစေခံ။ သူတို့၏အိမ်ခန်းကို ခင်ဗျားသိဖို့ လိုသည်။ ရိုးရိုးနှင့်ခေတ်မီသော အိမ်ထောင် ပရိဘောဂအချောစား။ စာအုပ်စင်၊ ကြွေရုပ်ကလေးတရုပ်၊ ထရံပေါ် တွင်ရုပ်ပုံများ၊ သန့်လိုက်သည်မှ ယုံနိုင်ဖွယ်မရှိအောင် သန့်ပြန့်နေသည်။ ထိုအိမ်မှုကိစ္စများတွင်သာ သူမ၏၀ိညာဉ် တခုလုံးပိတ်ဝင်နေ၍ အပြင်လောကကြီးအကြောင်း ဘာကလေး တခုမျှပင်သိမည်မဟုတ်ဟု ခင်ဗျားအနေနှင့် ဆို ကောင်းဆိုဖွယ်ရာ ဖြစ်သည်။ သို့သော် သူမကား ကွန်မြူနစ်ပါတီဝင်အဖြစ် အလုပ်လုပ်နေခဲ့သည်မှာကြာပြီ။ ကိုယ့် သဘာဝအလိုက် တရားမျှတမှုအကြောင်း စိတ်ကူးယဉ်ခဲ့သည်မှာ ကြာပြီ။ နှစ်ယောက်စလုံးပင် သစ္စာရှိရှိ၊ ငြိမ်ငြိမ် သက်သက်နှင့် အလုပ်လုပ်ခဲ့ကြသည်။ နိုင်ငံခြားရန်သူများပို၍ ကြီးမားလာသည့်အခါ၌လည်း တွန့်ဆုတ်ခြင်းမရှိခဲ့ ကြပေ။ သုံးနှစ်မျှကြာသောအခါတွင် သူတို့နှစ်ဦး၏ အိမ်ခန်းအတွင်းသို့ ပုလိပ်များဝင်လာကြလေသည်။ သူတို့ သည်လက်များကို ခေါင်းပေါ်အထိမြှောက်ထားယင်း၊ ယှဉ်တွဲ၍ရပ်နေခဲ့ကြလေသည်။ ....... ....... ....... ....... ...... ....... ....... ....... ....... ....... ....... ....... ၁၉၄၃ ခုနှစ် မေလ ၁၉ ရက်နေ့။

ယနေ့ည သူတို့သည် ကျနော်၏ဂုစတီနာကို “အလုပ်လုပ်ခိုင်းရန်” ပိုလန်ပြည်သို့ ခေါ်သွားကြပေတော့ မည်။ အူရောင်ရောဂါဖြင့်သေရန် ဂယ်လေ များသို့ ခေါ်သွားကြပေတော့မည်။ သူ့အနေနှင့် ရက်သတ္တပတ်အနည်း ငယ်၊ သို့မဟုတ် နှစ်လ၊ သုံးလလောက်သာ အသက်ရှင်နေကောင်း ရှင်နေလိမ့်မည်။ ကျနော်၏ အမှုတွဲကိုလည်း ရုံးသို့တင်လိုက်ပြီဟု ပြောသံကြားရသည်။ ပန်းကရာ့စ်တင် နောက်ထပ် လေးပတ်လောက် အစစ်ခံရလျှင် ခံရဦွး မည်၊ ထိုမှတဖန် အဆုံးသတ်အထိ နှစ်လသုံးလမျှသာ ကျန်ပေတော့မည်။ ဤသတင်းမှတ်တမ်းကား အဆုံးသတ် နိုင်တော့မည် မဟုတ်။ ဤရက်အနည်းငယ်ကလေးအတွင်း အကြောင်းသင့်က ဆက်၍ရေးရန် ကြိုးစားဦးမည်။ ယနေ့အဖို့ကား သတင်းမှတ်တမ်းကို ဆက်၍မရေးနိုင်တော့။ ယနေ့အဖို့ ကျနော်၏ ခေါင်းနှင့်နှလုံးသားတို့သည် ဂုစတီနာဖြင့်သာ ပြည့်လျှံနေသည်။ သူကား ကျက်သရေရှိသူတယောက်၊ နက်နက်ရှိုင်းရှိုင်းကြီး သဘောထားပြည့် သူတယောက်ဖြစ်သည်။ တိုတောင်း၍ ငြိမ်သက်မှုလည်း မရှိခဲ့သော ကျွန်တော့်ဘ၀တွင် ရှာမှရှား၍ အားထား လောက်သော အပေါင်းအဖော်တယောက်လည်း ဖြစ်ခဲ့ပါသည်။ ဂယ်လေ - အကျဉ်းသမားများ အလုပ်ကြမ်းလုပ်မည့်နေရာကို တင်စား၍ ခေါ်ခြင်းဖြစ်သည်။ ဂယ်လေဆိုသည်မှာ ရှေးကာလတွင် ကျွန်များ၊ အကျဉ်းသမားများ ပင် ပန်းစွာ လှော်ခတ်ရသည့် လှေကြီးတမျိုးဖြစ်သည်။ ညနေတိုင်းညနေတိုင်း ကျနော်သည် သူကြိုက်တတ်သော သီချင်းတပုဒ်ကို ဆိုပြနေပါသည်။ စတဲ့ပ် ကွင်းပြင်ကြီးမှ မြက်ခင်းပြာလဲ့လဲ့များသည် ပြောက်ကျားတိုက်ပွဲများ၏ မော်ကွန်းတို့ဖြင့် အသံမြည်နေကြသည့် အ ကြောင်း၊ ယောက်ျားများနှင့် ရင်ဘောင်တန်း၍ လွတ်လပ်ရေးအောင်ပန်းကို ဆွတ်လှမ်းခဲ့သော ကောဇာ့က် အမျိုး သမီးတယောက်အကြောင်း၊ ထိုအမျိုးသမီး၏ သတ္တိရှိပုံ၊ တိုက်ပွဲတပွဲ၌ကား မည်ကဲ့သို့ “ယေး ပေါဒညတ်ဆယာ စဇဲမလီ ည်ပရီရှလော့စ်” ဟူ၍ ဖြစ်သွားသည့်အကြောင်းများလည်း ပါလေသည်။ ကောဇာ့က် - ရှေးဇာဘုရင်များလက်ထက်က မြင်းတပ်သားများအဖြစ် အသုံးချခဲ့သော လူစုတစု။ အောက်တိုဘာ တော်လှန်ရေးနှင့် ပြည်တွင်းစစ်ခေတ်များတွင် အမြင်မှန်ရသော ကောဇာ့က်တို့သည် တော်လှန်ရေးတပ်သားများ ဖြစ်လာကြသည်။ “ယေး ပေါဒညတ်ဆယာ စဇဲမလီ ည်ပရီရှလော့စ်” - (ရုရှစကား) မထနိုင်ဘဲ မြေပေါ်တွင် လဲ၍နေတော့သည်။ ဗော့တ် မာယီ ဒရူဈော့က် ဘောထဲဗောယီ။ မျက်နှာက ပန်းပုလက်ရာလို ဖြောင့်ဖြောင့်ရှင်းရှင်း၊ ကလေး ဆန်တဲ့ မျက်လုံးကြီးတွေမှာ ကြင်နာမှုတွေအပြည့်၊ ဒါပေမယ့် ဒီလက်တဆုပ် ကိုယ်ခန္ဓာကလေးအတွင်းမှာ သတ္တိ တွေ ဘယ်လောက်ရှိသလဲလို့။ တိုက်ပွဲကြောင့်၎င်း၊ မကြာခဏခွဲခွါသွားရခြင်းကြောင့်၎င်း၊ ကျနော်တို့နှစ်ဦးမှာ ထာ ၀ရ သမီးရည်းစားများသဖွယ် ဖြစ်နေခဲ့ကြပါသည်။ သမီးရည်းစားများသဖွယ် တဘ၀အတွင်း၌ ပထမဆုံးသော အ ပွေ့အပိုက်၊ ပထမဆုံးသော အထိအတွေ့တို့ကို တကြိမ်တည်းသာမဟုတ်၊ အကြိမ်ပေါင်းတရာ ကြုံတွေ့ခံစားခဲ့ကြရ ပါသည်။ သို့စဉ်လျက် ကျနော်တို့၏ နှလုံးသားများမှ သွေးတိုးချက်များမှာ တချက်တည်း ညီနေသည်။ ပျော်ရွှင်မှု၊ ကျဉ်းကြပ်မှု၊ စိတ်လှုပ်ရှားမှု၊ သို့မဟုတ် ၀မ်းနည်းမှုတို့ဖြင့် ပြည့်နေသော နာရီများတွင်လည်း တလေတည်းကို ရှူရှိုက်ခဲ့ကြပါသည်။ ဗော့တ် မာယီ ဒရူဈော့က် ဘောထဲဗောယီ။ - (ရုရှစကား) ကြည့်လိုက်စမ်း၊ အဲဒါပဲ ကျုပ်ရဲ့ အချစ်၊ ကျုပ်ရဲ့ ရဲဘော် ရဲဘက်။ ကျနော်တို့သည် နှစ်ပေါင်းများစွာ တွဖက်၍ အလုပ်လုပ်ခဲ့ကြသည်။ အချင်းချင်းလည်း ရဲဘော်တဲ ယောက်ကသာ ရဲဘက်တယောက်ကို ကူညီနိုင် သည့်နည်းမျိုးဖြင့် ကူညီခဲ့ကြပါသည်။ နှစ်ပေါင်းကြာမြင့်စွာပင် ကျနော်ရေးသောစာတိုင်းကို ပထမဆုံးဖတ်၍ ပထမဆုံးဝေဖန်ခဲ့ပါသည်။ ကျနော်၏ကျောဘက် မှနေ၍ ချစ်စ နိုးဖြင့် သူကြည့်နေသည်ကို မခံစား မထိတွေ့ရပါက၊ ကျနော့်အတွက် စာအရေးရခက်နေတတ်ပါသည်။ ကျနော်တို့ အဖို့ လုံးဝမခေါင်းပါးခဲ့သော တိုက်ပွဲများတွင်၊ နှစ်ယောက်သား ယှဉ်တွဲလျက် ရပ်တည်နေခဲ့ကြသည်။ ကျနော်တို့ နှစ်သက်သော ဒေသအရပ်ရပ်သို့လည်း၊ နှစ်ပေါင်းများစွာ လက်တွဲ၍ လည်ပတ်ခဲ့ကြပါသည်။ ကျနော်တို့သည် အ ခက်အခဲပေါင်းများစွာကို ခံစားခဲ့ကြလျက်၊ ရွှငလန်းမှုကြီးများကလည်း မြောက်များစွာကြုံတွေ့ကြရပါသည်။ ထိုရွှင်

လန်းမှုကြီးများ၏ အရသာတို့ကို ခံစားနိုင်သည်မှာ ကျနော်တို့အနေနှင့် လူဆင်းရဲတို့၏ ပစ္စည်းဥစ္စာ၊ ဆိုလိုသည်မှာ ရင်တွင်း၌ရှိသော ပစ္စည်းဥစ္စာအားဖြင့် ကြွယ်ဝကြ သောကြောင့်လည်း ဖြစ်ပါသည်။ ဂုစတီနာလား။ ကြည့်စမ်းပါအုံး ... ဟောဒါပဲ ဂုစတီနာ ... လွန်ခဲ့သော ဇွန်လအလည်ပိုင်း၊ မာရှယ်လောကြေညာပြီးစအချိန်က ဖြစ်သည်။ ကျနော်အဖမ်းခံရပြီး နောက် ခြောက်ပတ်မျှအကြာတွင် ဖြစ်သည်။ သူခမြာ ကျနော်သေပြီဟူသော သတင်းများကို ကြားပြီးသည့် နောက်ပိုင်း၊ တမြုံ့မြုံ့ဆွေးနေခဲ့ရသည့်နေ့များ၏ နောက်ပိုင်းတွင် ကျနော့်အား ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ရ ပါသည်။ ကျနော်စိတ်ပျော့သွားအောင် သူ့အားခေါ်သွင်းလာကြပါသည်။

“ခင်ဗျားယောက်ျားကို နားချစမ်းပါ”
ကျနော်တို့နှစ်ဦးအား မျက်နှာချင်းဆိုင်ပေးရင်း၊ ဌာနအကြီးအကဲ လုပ်သူက သူ့အားပြောပါသည်။

“ဉာဏ်ကို လွှာသုံးဖို့နားချစမ်းပါ။ ကိုယ့်ကိုယ်ကိုယ်မငဲ့ရင်၊ အနည်းဆုံးခင်ဗျားကိုငဲ့ပါစေ။ ကဲ၊ ခင်ဗျားတို့ စဉ်းစားဖို့ အချိန်တနာရီပေးမယ်။ ဒီနောက်တောင် သူခေါင်းမာနေအုံး မယ်ဆိုရင်တော့၊ ဒီနေ့ညနေ ခင်ဗျားတို့နှစ် ယောက်စလုံးကို ပစ်သတ်မယ် ... နှစ်ယောက်စလုံး ...”
ဂုစတီနာသည် သူ၏အကြည့်ဖြင့် ကျနော့်အား ယုယနှစ်သိမ့်လိုက်သည်။ ၎င်းနောက် အေးအေးကလေး ပင် အဖြေပေးလိုက်သည်။

“အရာရှိကြီးရဲ့ ဒီဟာကျွန်မကို ကြောက်သားအောင် လုပ်နိုင်မယ့်ခြိမ်းချောက်မှုမဟုတ်ပါဘူး။ ဒါဟာကျွန်ွ မရဲ့ နောက်ဆုံးဆန္ဒပါပဲ။ သူ့ကို သတ်မယ်ဆိုရင် ကျွန်မကိုလဲ သတ်ပစ်လိုက်ပါ။”
ကြည့်စမ်း။ ဒါပဲ ဂုစတီနာ။ အချစ်စိတ်နဲ့ တည်ငြိမ်တဲ့စိတ်။ ကိုယ်တို့ကို သူတို့သတ်ချင်သတ်နိုင်ကြတယ်။ ဟုတ်တယ်မဟုတ်လား ဂုစတီနာ။ ဒါပေမဲ့ ကိုယ်တို့ရဲ့ဣနြေ္ဒနဲ့ ကိုယ်တို့ရဲ့အချစ်ကိုတော့ ဘယ်တော့မှ ချေမှုန်းလို့ ရမှာမဟုတ်ဘူး။ အို ... လူအပေါင်းတို့ ဒီကွေကွင်းမှုတွေကို ကျော်လွန်ပြီးကြတဲ့နောက် ကျနော်တို့နှစ်ဟာ ပြန်တွေ့ကြ မယ်ဆိုရင် ဘယ်လိုများနေကြမယ်ဆိုတာ ခန့်မှန်းနိုင်ကြပါရဲ့လား။ အချုပ်အချယ်ကင်းပြီး ဖန်တီးတည်ထောင်မှု တွေနဲ့ လှပနေမယ့် လွတ်လပ်တဲ့ဘ၀ကြီးမှာ ပြန်တွေ့ကြမယ်ဆိုပါတော့။ ကျနော်တို့ တောင့်တခဲ့ကြတာတွေ၊ မရ ရအောင် တိုက်ပွဲဝင်ခဲ့တာတွေ၊ အခုလဲ ဒီရည်မှန်းချက်တွေအတွက် အသက်ပေးကြတော့မယ်။ အဲဒီဟာတွေအား လုံး တကယ်ပေါ်ထွန်းလာတဲ့အခါမှာ ပြန်တွေ့ကြမယ်ဆိုပါတော့။ အမှန်အားဖြင့်ဆိုသော် သေပြီးသည့်တိုင်အောင် လဲ ကျနော်တို့သည် ခင်ဗျားတို့၏ ကြီးမားသော ပျော်ရွှင်မှု၏တနေရာ တစိတ်တပိုင်းကလေးတွင် ဆက်လက်၍ နေထိုင်မြဲ နေထိုင်ကြမည်သာဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော် ကျနော်တို့သည် ဤပျော်ရွှင်မှုကြီးအတွင်း သို့ ကျနော်တို့၏အသက်များကို ပေးသွင်းခဲ့ကြသောကြောင့်ဖြစ်သည်။ ထိုအချက်ကြောင့်လည်း၊ ခွဲခွါသည့်အခိုက် တွင် ၀မ်းနည်းစရာ ဖြစ်နေသော်လည်း ကျနော်တို့အတွက် ၀မ်းသာအားရစိတ်ပေါ်နေခဲ့ပါသည်။ ဂုစတီနာနှင့်ကျနော့်အား နောက်ဆုံးအနေဖြင့် နှုတ်ဆက်ရန်ပင် ခွင့်မပေးကြ။ ပွေ့ပိုက်ခြင်း၊ လက်ဆွဲနှုတ် ဆက်ခြင်းတို့ကိုပင် ခွင့်မပြုကြ။ ကာရလောဗာ နှင့် ပန်းကရာ့စ် ထောင်နှစ်ထောင်အကြား ဆက်စပ်ထားသော ထောင်တွင်းအစုအပေါင်းကသာ ကျနော်တို့နှစ်ဦးအတွက် တယောက်၏သတင်း တယောက်ထံသို့ ဆောင်ကျဉ်း ပေးကြသည်။ ကိုယ်တို့ တယောက်နဲ့တယောက် ပြန်မတွေ့ကြဖို့က များတယ်ဆိုတာမင်းလဲသိတယ်၊ ဂုစတီနာ၊ ကိုယ် လဲသိတယ်။ ဒါနဲ့တောင် မင်းအဝေးကနေပြီး လှမ်းပြောနေတာကို ကိုယ်ကြားနေသေးတယ်။ ပြန်ပြီးတွေ့ကြအုံးစို့ ... အချစ်ရေ ... တဲ့။ ပြန်တွေ့ကြသေးတာပေါ့ ... မောင့် ဂုစတီနာရေ။ ....... ....... ....... ....... ....... ....... ....... ....... ....... ....... ....... ကျနော်၏ သေတမ်းစာ။

ကျနော့်တွင် ကိုယ်ပိုင်စာကြည့်တိုက်မှတပါး ပစ္စည်းဟူ၍ ဘာတခုမျှမရှိခဲ့။ ထိုစာကြည့်တိုက်ကိုပင် ဂက်စ တာပိုက ဖျက်ဆီးပစ်ခဲ့လေပြီ။ ကျနော်သည် ယဉ်ကျေးမှုဆိုင်ရာ၊ နိုင်ငံရေးဆောင်းပါးများ၊ သတင်းမှတ်တမ်းများ၊ စာပေနှင့်သဘင်ဆိုင် ရာ လေ့လာစာတမ်းများနှင့် အစီရင်ခံစာများကို အမြောက်အများရေးခဲ့သည်။ ၎င်းတို့အနက် အများအပြားမှာ ခေတ်နှင့်သာဆိုင်၍ ခေတ်နှင့်ပင်ဘ၀ဆုံးခဲ့သည်။ ၎င်းတို့ကိုကား ရှိပါစေတော့။ သို့သော် အချို့စာများကား ဘ၀ သို့ အကြုံးဝင်သည်။ ယခင်ကသော်၊ ဂုစတီနာက ထိုစာများကို စီစဉ်ထုတ်ဝေလိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။ သို့ သော် ထိုသို့ဖြစ်နိုင်မည့် အလားအလာကား အလွန်နည်းပါးသွားလေပြီ။ ထို့ကြောင့် အဆိုပါစာများမှ ရွေးချယ်၍ အောက်ပါအတိုင်း စာအုပ်ငါးအုပ်ဖွဲ့ရန်၊ ရိုးသားဖြောင့်မတ်လှသည့် မိတ်ဆွေ လားဂျာ၊ ရှတောလ် အား တောင်းပန် ခဲ့ပါသည်။ (၁) နိုင်ငံရေးဆောင်းပါးများနှင့် အငြင်းအခုန်စာပေများ။ (၂) ပြည်တွင်းရေးရာများနှင့်ပတ်သက်သော လက်ရွေးစဉ်သတင်းမှတ်တမ်းများ။ (၃) ဆိုဗီယက်ယူနီယံအကြောင်း လက်ရွေးစဉ် သတင်းမှတ်တမ်းများ။ (၄) နှင့် (၅) စာပေနှင့် သဘင်ဆိုင်ရာ ဆောင်းပါးများနှင့် လေ့လာချက်များ။ အများအားဖြင့် ထိုစာများကို တဗောရဘာ ဂျာနယ်နှင့် ရူဒပရာဗော သတင်းစာများတွင် တွေ့နိုင်သည်။ဲ အချို့ကို ကမဲန်။ ပရာမဲန်။ ပရောလဲတကုလ်တ်။ ဒေါဘာ။ ဆောစီယလိစတာ၊ အဗန့်တဂါရ်ဒ် စသည်တို့တွင် တွေဲ့ နိုင်သည်။ ကမဲန်။ ပရာမဲန်။ ပရောလဲတကုလ်တ်။ ဒေါဘာ။ ဆောစီယလိစတာ၊ အဗန့်တဂါရ်ဒ် - ဒုတိယ ကမ္ဘာစစ်မဖြစ်မီကဲ ထုတ်ဝေခဲ့သော ဂျာနယ်မဂ္ဂဇင်းများ။ ပုံနှိပ်ထုတ်ဝေသူ ဂီရဂါလ် ထံတွင် (ရန်သူများဝင်ရောက် စိုးမိုးနေသည့်အခါ၌ပင် ကျနော်၏ ဘောဇဲနာ၊ ညဲမစောဗား စာအုပ်ကို မဆုတ်မငြင်း ထုတ်ဝေရဲသောသတ္တိကြောင့် သူ့အား ကျနော်ချစ်ခင်လှပါသည်။) ဘောဇဲနာ၊ ညဲမစောဗား - ညဲမစောဗား (၁၈၂၀ - ၁၈၆၂) ချက်အမျိုးသမီး စာရေးဆရာ။ ဇဲယဲရ် (၁၈၄၁ - ၁၉၀၁) ချက်ကဗျာဆရာ။ ဆာဘီနာ (၁၈၁၃ - ၁၈၇၇) ချက်သတင်းစာဆရာ၊ စာရေးဆရာ။ ယူးလိယုစ်၊ ဇဲယဲရ်အကြောင်း လေ့လာချက် လက်ရေးစာမူရှိပါသည်။ ယဲလီနက်တို့၊ ဗီဆုရှီလ်တို့၊ ဆူခါးနက်တို့ နေထိုင်ခဲ့ကြသော အိမ်အတွင်းတနေရာရာ၌လည်း ဆာဘီနာအကြောင်း လေ့လာစာနှင့်ယန်၊ နဲရုဒါအကြောင်း မှတ်ချက်များကို ၀ှက်ထားသည်။ ထိုအိမ်တွင်နေခဲ့သူများအနက် အများစုကားအနိစ္စရောက်ခဲ့ကြလေပြီ။ ကျနော်သည် ကျနော်တို့၏ခေတ်အကြောင်း ၀တ္ထုရှည်ကြီးတပုဒ်ကို စတင်၍ရေးသားခဲ့သည်။ အခဏ်း နှစ်ခဏ်းမှာ ကျနော်၏ မိဘများထံတွင်ရှိသည်၊ ကျန်သမျှကား အဖျက်ဆီးခံရပြီဟုထင်သည်။ ဂက်စတာပို၏ အမှု ဖိုင်တွဲများထဲတွင်၊ ကျနော်၏၀တ္ထုတို လက်ရေးစာမူအချို့ကို တစေ့တစောင်း မြင်မိပါသည်။ ယန်၊ နဲရုဒါအပေါ် ကျနော်ချစ်ခဲ့သမျှတို့ကို နောင်မွေးဖွားလာမည့် စာပေသမိုင်းဆရာအတွက် အမွေပြု၍ ထားရစ်ခဲ့ပါသည်။ နဲရုဒါသည် ကျနော်၏အကြီးဆုံးသော ကဗျာဆရာကြီးဖြစ်သည်။ ကျနော်တို့ကိုပင် ဖြတ်ကျော် လျက်၊ အနာဂတ်သို့ဝေးလံစွာ မြင်တတ်ခဲ့သောသူဖြစ်သည်။ သို့စင်လျက်သူ့အား သဘောပေါက်လျက် သူ့ကိုလဲ တန်ဘိုးထားသော ကျမ်းတစောင်တလေမျှ ထွက်မလာသေး။ နဲရုဒါကို ပစ္စည်းမဲ့အဖြစ်ပြရန်လိုသည်။ ဆရာတို့ သည် သူ၏အပေါ်အင်္ကျီ နောက်မြီးတွင် ကြည်နူးစရာ မာလာစတရာနာ ၀တ္ထုတိုများကိုသာ တွယ်ချိတ်ပေးခဲ့ကြ သည်။ သို့သော် ရှေးမာလာစတရာနာ ရပ်ကွက်၏ “ကြည်နူးစရာ့” အသိုင်း အ၀ိုင်းတွင်မူ နဲရုဒါမှာ “တေလေဂျ ပိုးတယောက်ဖြစ်ခဲ့သည်” ကို မမြင်ကြ။ “တေလေဂျပိုးတယောက်ဖြစ်ခဲ့သည်” - နဲရုဒါက မိမိ၏ကလေးဘ၀ကို ဖော်ပြရေးသားခဲ့သော ၀တ္ထုတိုတပုဒ်၏အ မည်။ နဲရုဒါသည် စမီးခေါဗ် ရပ်ကွက်၏ အစွန်အဖျား၊ အလုပ်သမားများနေထိုင်ကြသော ပတ်ဝန်းကျင်၌မွေးဖွားခဲ့သည်။ သူ၏ “သင်္ချိုင်းမှ ပန်းမာလာများ” အတွက် မာလာစတရာနာသင်္ချိုင်းသို့ သွားရာတွင် ရင်းဂဟောဖဲရ် စက်ရုံကြီးများ

ဘေးမှ ဖြတ်၍သွားရသည်။ ဤသည်တို့ကို မမြင်ကြ။ ဤအချက်တို့ကို မမြင်လျှင် “သင်္ချိုင်းမှ ပန်းမာလာများ” ဟူ သော ကဗျာအစုအစ “၁၈၉၀ ခုနှစ် မေလတရက်နေ့” ဟူသော စာညွန့်အဆုံး၊ နဲရုဒါအား ခင်ဗျားသဘောပေါက် နိုင်လိမ့်မည်မဟုတ်။ နဲရုဒါ၏ ကဗျာရေးစပ်ခြင်းများမှာ၊ သူ၏ သတင်းစာဆရာအလုပ်များကြောင့် အရှိန်သေခဲ့ရ သည်ဟု မြင်သူက မြင်ကြသည်။ ထိုးထွင်းပေါက်ရောက်စွာမြင်တတ်သော ရှာလဒါ လို ပုဂ္ဂိုလ်မျိုးကပင် ဤသို့ ယူဆသည်။ ရှာလဒါ - ရှာလဒါ (၁၈၆၇ - ၁၉၃၇) ချက်စာပေဝေဖန်ရေးဆရာ။ သို့သော် ထိုအယူအဆကား လုံးဝအခြေအမြစ်မရှိ။ သတင်းစာဆရာဖြစ်၍သာလျှင် နဲရုဒါသည် “ရှေးပုံပြင်များနှင့် ဒဏ္ဍာရီများ” ကဲ့သို့ ကောင်းမွန်ခံ့ညားလှသည့် လက်ရာကိုလည်းကောင်း၊ သို့မဟုတ် “သောကြာနေ့သီချင်းများ” ကိုလည်းကောင်း၊ “အကြောင်းအရာရိုးရိုးကလေးများ” ဟူသော ကဗျာများမှ အများစုကိုလည်းကောင်း၊ ရေးသား နိုင်ခဲ့ခြင်းဖြစ်သည်။ သတင်းစာဂျာနယ်လုပ်ငန်းသည် လူတယောက်တွင်ရှိသော အင်အားဟူသ၍တို့ကို စုပ်ယူ တတ်သည်။ စိတ်လေလွင့်ကောင်းပင် လွင့်စေသည်ထင်သည်။ သို့သော်လဲထိုအလုပ်သည် သတင်းစာဆရာအား စာဖတ်သူနှင့်ဆက်စပ်ပေးသည်၊ ကဗျာစပ်ရာတွင်ပင် ဖန်တီးမှုကိုသင်ပေးသည် သို့သော်၊ သတင်းစာဆရာဘက် ကလဲ နဲရုဒါကဲ့သို့ ဖြောင့်မတ်တည်ကြည်ရန် လိုပေလိမ့်မည်။ ခေတ်နှင့်ဆက်စပ်နေသော သတင်းစာများနှင့်သာ မပေါင်းဖက်လျှင်၊ နဲရုဒါသည် ကဗျာစာအုပ် အမြောက်အများရေးကောင်း ရေးခဲ့မည်။ သို့သော် ထိုစာအုပ်များကား ယခုလက်ရှိ နဲရုဒါ၏စာများကဲ့သို့၊ ရာစုနှစ်အဟောင်းမှ လက်ငင်းအချိန်အထိ သက်ဆိုးရှည်ကြ မည်မဟုတ်ပေ။ ဆာဘီနာအကြောင်း စာတမ်းကိုလဲ တယောက်ယောက်က အဆုံးသတ်လိမ့်မည်ဟု မျှော်လင့်ပါသည်။ လုပ်ထိုက်သော အလုပ်တရပ်ပင် ဖြစ်ပါ သည်။ ကျနော်၏မိဘများသည် သူတို့၏အချစ်၊ သူတို့၏ရိုးသားသောကျက်သရေတို့အတွက် နေပွင့်သော ဆောင်းဦးရာသီကို မလွဲဧကန်ရကြစေရန် ကျနော်၏လုပ်ငန်းအ၀၀တို့ကို ဦးတည်၍ ထားခဲ့ပါသည်။ သူတို့အတွက် ချည့်လည်း မဟုတ်ပါ။ ကျနော်မရှိတော့သည့်အတွက်ကြောင့် ဤစေတနာအတိုင်း မဖြစ်နိုင်သည်မရှိ ပါစေသ တည်း။ “အလုပ်သမားကား အနိစ္စသဘောတရားကို မလွန်ဆန်နိုင်၊ အလုပ်ဟူသည်ကား ဆက်လက်၍အသက် ၀င်နေသည်”။ ထို့ကြောင့် ကျနော့် မိဘများကို ၀န်းရံနေမည့် အနွေးဓာတ်နှင့် အလင်းရောင်ဝယ်၊ ကျနော်လည်း အမြဲမပြတ် လက်ပွန်းတတီး ရှိနေလိမ့်မည်သာတည်း။ ဖေဖေနှင့်မေမေတို့အနေဖြင့် ကျနော်တို့မိသားစုအတွင်း ဟာသွားသောအကွက်ကို မေ့မေ့ပျောက် ပျောက်ဖြစ်နေရန် မိမိတို့၏ သီချင်းသံများဖြင့် ဖြည့်တင်းပေးကြပါမည့်အကြောင်း၊ နှမဖြစ်သူ လီဘာနှင့်ဗြဲရကာ တို့ အား မေတ္တာရပ်ခံခဲ့ပါသည်။ သူတို့နှစ်ယောက်သည် ပက်ချက်နန်းတော်အတွင်းသို့ ထောင်ဝင်စာခံလျက် ကျနော် တို့အား လာ၍တွေ့ရာတွင်၊ မျက်ရည်များကို အနိုင်နိုင်မြိုသိပ်ခဲ့ကြရရှာသည်။ သို့သော်လဲသူတို့၏ ကိုယ်တွင်း၌ ကား ရွှင်လန်းမှုသည် ရှင်၍နေသည်။ ထို့အတွက်ကြောင့်လဲ သူတို့အား ကျနော်ချစ်သည်။ ထို့အတွက်ကြောင့်လဲ ကျနော်တို့တယောက်နှင့်တယောက် ချစ်ကြခြင်းဖြစ်သည်။ သူတို့ကား ရွှင်လန်းမှုသည် ပျိုးကြဲသူများဖြစ်ကြသည် - ဤသဘာဝသည် သူတို့၌ အမြဲမပြတ် တည်မြဲနေပါစေသတည်း။ ဤနောက်ဆုံးတိုက်ပွဲကို ဖောက်ထွက်ကြမည့် ရဲဘော်များနှင့် ကျနော်တို့၏နောက်သို့ လိုက်လာကြမည့် ရဲဘော်တို့အား လှိုက်လှဲစွာ လက်ဆွဲနှုတ်ဆက်ခဲ့ပါသည်။ ကျနော်တို့ကား ကျရောက်လာသော တာဝန်ကိုကျေ ပြွန်ခဲ့ကြပါပြီ။ ထပ်လောင်း၍ ဆိုပါဦးမည်။ ကျနော်တို့သည် ရွှင်လန်းမှုအတွက် ဤလောကတွင် နေထိုင်ခဲ့ကြသည်။ ရွှင်လန်းမှုအတွက် တိုက်ပွဲသို့ဝင်ခဲ့ကြ၍၊ ရွှင်လန်းမှုအတွက်ပင် အသေခံခဲ့ကြပါပြီ။ ထို့ကြောင့်ပင် ကျနော်တို့၏ အ မည်များနှင့် ပူဆွေးဝမ်းနည်းခြင်းဟူသည်ကား တွဲလျက်သားမရှိပါစေသတည်း။ ၁၉၊ ၅၊ ၄၃။ ယ၊ ဖ။

၁၉၄၃ ခုနှစ်၊ မေလ ၂၂ ရက်။ အဆုံးသတ်၍ လက်မှတ်ထိုးခဲ့ပြီ။ စစ်ဆေးစုံစမ်းသူတရားသူကြီးနှင့်ကား ယမန်နေ့ကပင်ကိစ္စပြီးခဲ့ပြီ။ ကျ နော်တွက်ထားသည်ထက်ပင် ပို၍မြန်နေသည်။ ကျနော်တို့၏အမှုကို တက်သုတ်ရိုက်နေကြပုံပေါ်သည်။ ကျနော် နှင့်တမှုတည်းစွဲချက် အတင်ခံရသူများကား လီဒါ၊ ပလာခါ နှင့် မီးရက် တို့ဖြစ်သည်။ သူရဲ ဘောကြောင်မှုသည်၊ သည်လူ့အတွက် ဘာကလေးတခုမျှ အကျိုးမထူးခဲ့ပေ။ စစ်ဆေးစုံစမ်းသူ တရားသူကြီး၏ရုံးတွင်ကား အစစအရာရာမှာ စည်းကမ်းဥပဒေအရ တိကျလှသည်။ အေးစက်လိုက်သည်မှာလဲ ထုံကျင်နေသည် အထိဖြစ်သည်။ ဂက်စတာပိုတွင် ကြုံတွေ့ရသမျှတို့ကား ဘ၀၏တ စိတ်တပိုင်းဖြစ်နေခဲ့သေးသည်။ ဆိုးဝါးလှသော်လဲ ဘ၀၏တစွန်းတစပင်ဖြစ်နေသေးသည်။ စိတ်များမာန်များဟူ၍ ရှိနေခဲ့သေးသည်၊ တဘက်တွင် တိုက်ပွဲဝင်နေသူတို့၏ စိတ်မာန်များရှိသည်၊ ဒုတိယတဘက်တွင် အမဲလိုက်သူ များ၊ သားရဲတိရိစ္ဆာန်များ၊ သို့မဟုတ် သာမန်ဓားပြရိုးရိုးတို့၏ စိတ်မာန်များရှိသည်။ အဆိုပါ ဒုတိယတဘက်မှ အ ချို့သောသူတို့တွင် ယုံကြည်ချက်ကလေးအစ ဘာကလေးအစပင် ရှိနေခဲ့ သေးသည်။ ဤနေရာ စစ်ဆေးစုံစမ်းသူ တရားသူကြီး၏ ရုံးခန်းတွင်ကား ရာထူးဌာနန္တရဟူသည်သာရှိသည်။ ကုတ်အင်္ကျီကော်လာများပေါ်မှ စကြာတံဆိပ် ဘိန်း မုန့်ကြီးများက ကိုယ်တွင်း၌မရှိသော ယုံကြည်ချက်ကို ဖော်ပြနေသည်။ ဤဘိန်းမုန့်ကြီးများသည် ဤခေတ် ကြီးအတွင်းမှ ကြံဖန်၍ကျော်ထွက်ရန် အလေ့ကျကြိုး စားနေသော သနားစဖွယ်အရာရှိစုတ်ကလေးတယောက်ကို ဒိုင်းသဖွယ်ကာကွယ်ပေးနေသည်။ သူကား တရားခံအပေါ် ဆိုးလဲမဆိုး၊ ကောင်းလဲမကောင်း။ ပြုံးလဲမပြုံး၊ မျက်မှောင်လဲမကြုတ်။ ရုံးသာထိုင်တော်မူလေသည်။ သူ၏ကိုယ်တွင်း၌ သွေးဟူ၍မရှိ၊ ဟင်းချို ရေကျဲကလေးသာ ရှိလေသည်။ သွန်၍သာ ရေးကြသည်၊ လက်မှတ်ထိုးကြသည်၊ ဥပဒေပုဒ်များနှင့် ၀င်ဆောင့်မိကြသည်။ စွဲချက်တင်ွ နိုင်ငံတော်သစ္စာဖောက်ခြင်း ဟူသောစကား ခြောက်ခါလောက်ပါသည်။ ဂျာမန်အင်ပါယာအား လုပ်ကြံခြင်း၊ လက် နက်ကိုင်ပုန်ကန်မှုအတွက် ပြင်ဆင်ခြင်း၊ နောက်ဘာများလဲ မသိထည့်ထားသေးသည်။ ၎င်းတို့အနက် အချက်တ ချက်တည်းကပင်လျှင် လိုရင်းသို့ရောက်လောက်ပါပေသည်။ ကျနော်သည် ဆယ့်သုံးလတိုင်တိုင်အခြားသူတို့၏ အသက်များနှင့် မိမိ၏အသက်အတွက်ပါ လုံးပန်းနေ ခဲ့သည်။ သတ္တိကိုလဲ သုံးသည်။ စဉ်းလဲမှုလဲ သုံးခဲ့သည်။ ရန်သူတို့သည် “ရှေးခေတ်မြောက်ဘက်ဒေသမှ ပင် လယ်ဓားပြတို့၏ ကောက်ကျစ်စဉ်းလဲမှု” ကို အတုယူစရာတရပ်ဟု မိမိတို့၏ အစီအစဉ်များတွင် ထည့်ထားသည်။ ကျနော်သည်လဲ ဤစဉ်းလဲမှုမျိုးကို သုံးတတ်သည်ဟု ထင်ပါသည်။ သူတို့အနေနှင့် ဤအရည်အချင်းကိုသာမက၊ လက်ထဲ၌ ပုဆိန်ကိုလဲ ကိုင် ထားသောကြောင့်သာ ကျနော်ရှုံးရခြင်းဖြစ်ပါသည်။ သို့ဖြင့် ဤနပမ်းပွဲကား အဆုံးတိုင်လေပြီ။ စောင့်နေရန်သာရှိတော့သည်။ စွဲချက်ရေးဆွ၍ မပြီးသေးမီဲ နှစ်ပတ် သုံးပတ်မျှစောင့်၊ နောက် ရိုခ် သို့ ခရီးထွက်၊ ရုံးချိန်းသည့်ရက်ကိုစောင့်၊ အမိန့်ကျ၊ နောက်ဆုံးတွင် ကွပ် မျက်သည့်နေ့အထိ ရက်ပေါင်း ၁၀၀ စောင့်ဆိုင်းနေရပေလိမ့်မည်။ ရိုခ် - အင်ပါယာ။ ဟစ်တလာလက်ထက်က ဂျာမဏီပြည်ကို ရိုခ် ဟု ခေါ်ကြသည်။ ဤကား ရှေ့တွင်မြင်နိုင်သည့် အလားအလာဖြစ်သည်။ နောက်လေးလ သို့မဟုတ် ငါးလကြာလျှင်ကြာမည်။ ဤ အချိန်အတွင်း အပြောင်းအလဲများ၊ များစွာပေါ် ပေါက်လာနိုင်သည်။ ဤအချိန်အတွင်း အစစအရာရာပင် ပြောင်း လဲသွားနိုင်သည်။ ထိုသို့ပြောင်းလဲသွားရန် အခြေအနေများရှိကောင်း ရှိမည်။ ဤနေရာမှကား ချင့်ချိန်၍မရ။ သို့ သော် အပြင်ဘက်မှ အဖြစ်အပျက်များ ခြေသွက်လာခြင်းသည်ပင် ကျနော်တို့၏ အဆုံးသတ်ကို မြန်သည်ထက် မြန်သွားစေ နိုင်သည်။ သို့နှင်ပင် နှစ်ဘက်စလုံး မျှ၍သွားလေသည်။့  ဤသည်ကား မျှော်လင့်ချက်နှင့် စစ်တို့၏ အပြေးပြိုင်ပွဲဖြစ်လေသည်။ သေခြင်းနှင့် သေခြင်းတို့၏ အပြေး ပြိုင်ပွဲဖြစ်သည်။ မည်သည့်သေခြင်းက အလျင်ရောက်လာမည်နည်း။ ဖက်ဆစ်ဝါဒီတို့၏ သေပွဲလော၊ ကျနော်၏ သေပွဲလော။ ဤမေးခွန်းကို မေးနေသည်မှာ ကျနော်တယောက်တည်းသာလော။ ကျနော် တယောက်တည်းကား မဟုတ်၊ သောင်းနှင့်ချီသော အကျဉ်းသမားများကလဲ ဤသို့မေးနေကြသည်။ ဥရောပတ၀ှမ်းလုံး၊ ကမ္ဘာတ၀ှမ်းလုံး

ရှိ ကုဋေနှင့်ချီသော လူအပေါင်းတို့သည်လည်း ဤသို့မေးနေကြသည်။ အချို့တွင် မျှော်လင့်ချက်ပို၍ကြီးသည်၊ အချို့တွင် ပို၍ငယ်သည်၊ သို့သော်လဲ ဤသည်ကား ထင်ကြေးမျှသာဖြစ်သည်။ ပုပ်ဆွေးပြိုဆင်းနေသော အရင်း ရှင်စနစ်က တကမ္ဘာလုံးကို လွှမ်းခြုံလိုက်သည့် အန္တရာယ်ကြီးများသည် လူတိုင်းလူတိုင်းအား ဒင်ပြည့်ကျပ်ပြည့် ခြိမ်းခြောက်လျက် ရှိသည်။ နောက်ထပ် လူပေါင်းသိန်းချီ၍ ကျဆုံးကြဦးမည် - ဘယ်လောက် တန်ဘိုးရှိတဲ့လူတွေ လဲ - ထို့နောက်ပိုင်းတွင်မှ ကျန်ရစ်သောသူများသည် ကျုပ်တော့ ဖက်ဆစ်ခေတ်ကို ကျော်လွန်နိုင်ခဲ့ပြီဟု ဖြေနိုင် ဆိုနိုင်ကြပေလိမ့်မည်။ ယခုအခါတွင် လပိုင်းလောက်ကသာ အဆုံးအဖြတ်ပေးလိမ့်မည်။ မကြာမီတွင်ပင် ရက်ပိုင်းလောက်က သာ အဆုံးအဖြတ်ပေးပေတော့မည်။ ထိုရက်များသည်ပင် အရက်စက်အကြမ်းကြုတ်ဆုံးသော နေ့များဖြစ်ပေ လိမ့်မည်။ စစ်ပွဲ၏ နောက်ဆုံးစက္ကန့်တွင်မှ၊ နှလုံးသားအတွင်းသို့ နောက်ဆုံးကျည်ဆံအ၀င်ခံလိုက်ရသော စစ်သား ၏အဖြစ်သည် ၀မ်းနည်းဘွယ်ကောင်းလေစွဟူ၍ အစဉ်ပင်တွေးတောမိခဲ့ဘူးသည်။ သို့သော် တယောက်ယောက် သည် ထိုနောက်ဆုံးကျဆုံးသူ၏ နေရာကိုယူမည်သာဖြစ်လေသည်။ ထိုနောက်ဆုံးကျဆုံးသူ၏ နေရာကို ကျနော် ယူနိုင်သည်ဟု သိရလျှင်ကား၊ ယခုချက်ခြင်းပင် ထွက်ခွာသွားလိုလှပါသည်။ ....... ....... ....... ....... ....... ...... ....... ....... ....... ....... ....... ပန်းကရာ့စ်တွင် ဆက်လက်နေထိုင်ရမည့်အချိန်ကား တိုတောင်းနေပြီဖြစ်သောကြောင့် ဤသတင်းမှတ် တမ်းကို မူလကြံရွယ်ရိုးရှိသည့်အတိုင်း ရေးနိုင်တော့မည်မဟုတ်ပါ။ ပို၍ အကျဉ်းချုံ့ရပေတော့မည်။ ခေတ်တ ခေတ်လုံးအကြောင်း သက်သေခံခြင်းထက် လူများအကြောင်းကို သက်သေခံသည်က ပိုလိမ့်မည်။ ဤကိစ္စကား အရေးကြီးဆုံးဖြစ်သည် ထင်သည်။ ကျနော်သည် ဤလူရုပ်သွင်များကို ရေးသားဖော်ပြရာ၌ ယဲလီနက်တို့ ဇနီးမောင်နှံနှင့်အစပြုခဲ့သည်။ သူ တို့ကား ရိုးရိုးတန်းတန်းလူများဖြစ်ကြသည်။ သာမန်အခြေအနေများတွင် ခင်ဗျားအနေနှင့် သူတို့နှစ်ဦးအားသူရဲ ကောင်းများအဖြစ် မြင်တတ်မည်မဟုတ်ပေ။ အဖမ်းခံရသောအချိန်က သူတို့သည် လက်များကိုခေါင်းပေါ်အထိ မြှောက်ထားယင်း နှစ်ယောက်သားယှဉ်၍ ရပ်နေခဲ့ကြသည်။ သူကား ဖြူပတ်ဖြူရော်၊ သူမကား နားထင်အောက် တွင် တီဘီရောဂါသွေးများ လျှမ်းနေသည်။ သူမ၏ စံပြုလောက်အောင် သန့်ရှင်းသောအိမ်ခန်းကို ဂက်စတာပိုက ငါးမိနစ်အတွင်း ဇောက်ထိုးမိုးမြှော် လုပ်ပစ်လိုက်ကြသည်ကို မြင်ရသောအခါတွင် မျက်လုံးများ၌ ထိတ်လန့်သော အရိပ်အရောင်များပေါ်လာသည်။ နောက်မိမိ၏ ယောက်ျားဘက်သို့ ခေါင်းကိုဖြည်းညှင်းစွာ လှည့်၍မေးလိုက် သည်။

- ပဲပါ ..... ဘာတွေများဖြစ်အုံးမှာလဲဟင် .....


သူကား စကားနည်းသူတယောက်ဖြစ်သည်၊ စကားလုံးရှာရသည်မှာလဲ သူ့အတွက် အတော်ခက်သည်၊ စကားပြောနေရလျှင် သူ့အနေနှင့် စိတ်မငြိမ် မသက်ဖြစ်နေတတ်သည်။ ယခုသော် မပင်မပန်းအေးအေးသက်သာ ပင် အဖြေပေးလိုက်သည်။

- သွားပြီး သေကြရတော့မှာပေါ့၊ မားညာ။


သူမသည် အော်လဲမအော်၊ ဣနြေ္ဒလဲမပျက်။ သူတို့အား အစဉ်သဖြင့်ချိန်ထားသော ပစ္စတိုပြောင်းဝများ ရှေ့တွင်ပင် သူမ၏လက်ကိုညွှတ်၍ သူ့ထံသို့ လှမ်းပေးလိုက်သည်။ ထိုသို့ပြုလုပ်သည့်အတွက် သူရောသူပါပထမ ဆုံးအကြိမ် ပါးအရိုက်ခံကြရလေသည်။ သူမသည်ပါးကိုပွတ်ယင်း ၀င်ရောက်ကျူးကျော်သော သူများအား အ နည်းငယ်အံ့အားသင့်စွာ ကြည့်နေခဲ့သည်။ ပြီးလျှင် လှောင်သလို ပြောင်သလို နီးနီးအသံနေအသံထားနှင့် .....

- ရုပ်ရည်ကလေးတွေက သနားကမားနဲ့
- ဟုပြောလိုက်သည်။ နောက်သူမ၏အသံမှာပို၍ ကျယ်လာ သည်

- ရုပ်ရည်ကလေးတွေက သနားကမားနဲ့၊ ဒါပေမဲ့ မိုက်ကန်းလိုက်တဲ့ အကောင်တွေ။


မားညာ။ - ချက်ကိုယ်ပိုင်အမည်များကိုရင်းနှီးသည့်သဘော။ ချစ်စနိုးသည့်သဘောဖြင့် တမျိုးပြင်၍ခေါ်လေ့ရှိကြ ရာတွင် ယိုးဇက်အစား ပဲပါ။ မာရိယယ်အစား မား ညာ ဟုခေါ်ကြသည်။

သူမသည် ၎င်းတို့အား မှန်ကန်စွာအကဲဖြတ်ခဲ့လေသည်။ နောက်နာရီအနည်းငယ်ကြာသောအခါ သူမ အား “အမှုစစ်သူ” အရာရှိ၏ ရုံးခန်းမှခေါ်ထုတ်သွားကြရာတွင် အရိုက်အနှက်များ အပြင်းအထန်ခံရသဖြင့် သတိ လစ်နေလေသည်။ သို့သော်သူမထံမှ ဘာတခွန်းမျှမရခဲ့ကြ။ ဤတခါတွင်လဲ မရ၊ နောက်အခါ များတွင်လဲ ဘာက လေးတချက်မျှ မရခဲ့ကြပေ။ အစစ်မခံနိုင်ဘဲ အကျဉ်းခန်းထဲတွင် ကျနော်လဲနေစဉ်တုန်းက သူတို့ဘာတွေ ဖြစ်ခဲ့ကြသည်ကို ကျနော်မ သိ။ ထိုတချိန်လုံးတွင် ဘာတခွန်းမျှမဖောက် ကြားခဲ့ကြသည်ကိုကား ကျနော်သိသည်။ ကျနော့်ကို စောင့်နေကြ သည်။ ထို့နောက်ပိုင်းတွင်လည်း ပဲပါကို လက်ပြန်ကြိုးဘယ်နှစ်ခါတုတ်၍၊ ဘယ်နှစ်ခါ ရိုက်နှက်၊ ထိုးကြိတ်၊ ကန် ကြောက်ခဲ့ကြပြီနည်း။ စစ်ဆေးမေးမြန်းနေသူများ ရေလိုကလွဲကုန်ကြရန် မည်သည့်အချက်ကိုပြောနိုင်သည် သို့မ် ဟုတ် မည်သို့ဖြေရမည်စသည်ဖြင့် ကျနော်က သူ့အားမပြောနိုင်သမျှ၊ ယုတ်စွအဆုံး မျက်ရိပ်ဖြင့် အချက်မပေးနိုင် သမျှ ကာလပတ်လုံး စကားတခွန်းမျှ မပြောခဲ့ပေ။ သူမကား ထိလွယ် နာလွယ်ခဲ့သည်၊ ၀မ်းနည်းစိတ် ကြီးခဲ့ဖူးသည်။ အဖမ်းမခံရမီက ဤသို့လျှင် သူမ၏သ ဘာဝကို အကဲခတ်မိသည်။ သို့သော် ဂက်စတာပို၏ လက်တွင်းရှိနေသမျှတချိန်လုံးတွင် သူမ၏ မျက်စိများ၌ မျက်ရည်ကလေးတပေါက်တလေမျှပင် မမြင်မတွေ့ခဲ့ရ။ သူမသည် မိမိတို့၏အိမ်ခန်းအပေါ် သံယောဇဉ်ကြီးသည်။ သို့သော် အိမ်ထောင်ပရိဘောဂများကို မည်သူခိုးယူသည်ကို သိကြောင်း၊ ထိုသူအား စောင့်ကြည့်နေကြကြောင်း ဖြင့် အပြင်မှရဲဘော်များက သူမစိတ်သက်သာစေရန် သတင်းပေးကြသည့်အခါတွင် ဤသို့ဖြေခဲ့သည်။

- အိမ်ထောင်ပရိဘောဂတွေ ဖြစ်ချင်ရာဖြစ်ပစေ၊ ဒါတွေနဲ့ ပတ်သက်ပြီးအချိန်ကုန် ခံမနေကြပါစေနဲ့။ ဒီ ထက်ပိုပြီး အရေးကြီးတဲ့ကိစ္စတွေရှိနေကြတဲ့ ကြားထဲမှာ အခုလဲ ကျမတို့ကိုယ်စား ပိုပြီးအလုပ်လုပ်ကြမယ်မဟုတ် လား။ အောက်ခြေသိမ်းကနေပြီး ဆေးကြောပစ်ဖို့က ပထမ။ ဒီအတောအတွင်း မသေဘူးဆိုရင် နောက်တော့မှ ကျမအိမ်ကို ကျမကိုယ်တိုင်ရှင်းမယ်။
တနေ့သော် သူတို့နှစ်ယောက်အား ခေါ်ထုတ်သွားကြသည်။ တယောက်တကွဲ ခေါ်ထုတ်သွားကြသည်။ သူတို့ ဘာတွေဖြစ်ကုန်ကြသည်ကို သိရှိရန် ကျနော်စုံစမ်းသမျှကား အချည်းအနှီးပင် ဖြစ်ခဲ့သည်။ ဂက်စတာပို လက်တွင်းသို့ ကျရောက်သွားသော သူများကား၊ လက်ရာပျောက်၊ ခြေရာဆုံး စုန်းစုန်းမြှုပ်သွား ကြသည်သာ ဖြစ် သည်။ သုဿာန်ပေါင်းတထောင်ဝယ် ပျိုးကြဲသလို ပြန့်ဆင်းသွားကြသည်။ ဤတုံလှုပ်ဖွယ်ရာသောပျိုးခင်းမှ မည်သို့သောစပါးများ ပေါ်ပေါက်လာ လိမ့်မည်နည်း။ သူမက နောက်ဆုံးစကား ဤသို့မှာကြားသွားသည်။

- ဆရာကြီး၊ ကျမဒီလိုဖြစ်သားတဲ့အတွက် သနားမနေကြနဲ့၊ ကြောက်မသွားကြနဲ့လို့ အပြင်ကိုသတင်းပိွု့ ပေးပါ။ အလုပ်သမားတာဝန်က လမ်းညွှန်တဲ့အတိုင်း လုပ်စရာရှိတာကိုလုပ်ခဲ့ပြီ၊ ဒီအတိုင်း အသေခံမှာပါပဲ။
သူမကား “အစေခံတယောက်မျှသာ” ဖြစ်လေသည်။ ဂန္ထ၀င်စာပေကို သင်ကြားလေ့လာခဲ့ရသည် မ ဟုတ်၍လည်း၊ ရှေးယခင်အခါ တရပ်က အောက်ပါ အတိုင်း ဆိုခဲ့ကြဖူးသည်ကို မသိခဲ့ရှာပေ။ အို ဘယ့်ခရီးသည်။ ဥပဒေများက ငါတို့အား ညွှန်ပြခဲ့ကြသည့်အတိုင်း ဤနေရာတွင် ငါတို့တတွေ သေ ကြ လဲလျောင်းနေကြပြီဟူ၍ လာကယ်ဒါ အိမောန် တို့အား ကြေညာလိုကပါတော့။် လာကယ်ဒါအိမောန် - ခရစ်မတိုင်မီ သက္ကရာဇ် ၄၈၀ ပြည့်၌ ကြီးမားသောပါရှားစ်စစ်တပ်များကို ခုခံရင်း အသေခံ သွားကြသော စပါရတန်စစ်သည်တော်များအား ဂုဏ်ပြုသည့်ကျောက်တိုင်မှ စာတမ်း။ ဗီဆုရှီလ်တို့ ဇနီးမောင်နှံ သူတို့ လင်မယားသည် ယဲလီနက်တို့နှင့် တတိုက်တည်းကပ်လျက်သားအိမ်ခန်းတွင် နေထိုင်ခဲ့ကြသည်။ နာမည်များမှာလဲ ယိုးဇက်နှင့် မာရိယယ်ပင် ဖြစ်သည်။ အောက်တန်းစာရေး၏ အိမ်ထောင်ကလေးဖြစ်၍၊ ယဲလီ နက်တို့ထက် အနည်းငယ်ပို၍အသက်ကြီးသည်။ ဆယ့်ခုနှစ်နှစ်သားအရွယ်က ဤ နုစလယ် အရပ်သား ဒေါင်ရှည် ရှည်ကို၊ စစ်ထဲသို့ဆွဲသွင်းကြ၍ ပထမကမ္ဘာစစ်ကြီးထဲသို့ ထိုးထည့်လိုက်ကြသည်။ ရက်သတ္တပတ်အနည်းငယ်

အတွင်း၌ပင် ဒူးတဖက်ကြေလျက် ပြန်ခေါ်လာကြသည်။ ဒူးမှအနာကား ပြန်၍ကျက်မလာတော့ချေ။ သူမမှာ ဘာရနော မြို့ စစ်တပ်ဆေးရုံတွင် သူနာပြုဆရာမအဖြစ် အလုပ်လုပ်နေခဲ့ရာ၊ ဆေးရုံတွင်ပင် နဖူးစာဆုံကြသည်။ သူမက သူ့ထက်ရှစ်နှစ်မျှ ပို၍ကြီးသည်။ စည်း၊ ၀ါးမကိုက်သော အိမ်ထောင်ဟောင်းမှ ဖျက်ထွက်လာသူဖြစ်သည်။ စစ်ပြီးသောအခါ ပဲပီက်နှင့် အိမ်ထောင်ကျသည်။ သူမက သူ့အပေါ်ဆက်ဆံပုံမှာ သူနာပြုဆရာသဘော၊ မိခင် သဘောမပျောက်ဘဲ ကျန်နေလေသည်။ ပစ္စည်းမဲ့အိမ်ထောင်များမှ ဆင်းသက်လာကြသူများ မဟုတ်သည်သာမ က၊ ကိုယ်တိုင်လဲ ပစ္စည်းမဲ့အိမ်ထောင်ကဲ့သို့ မနေကြ။ ပါတီတွင်းသို့ သူတို့ရောက်လာသောလမ်းမှာ ပို၍ရှုပ်ထွေး သည်၊ ပို၍ခက်ခဲသည် - သို့သော် ထိုလမ်းကို ရှာ၍တွေ့ကြလေသည်။ ထိုလမ်းကား - အခြားအခြားသောသူများ လဲ အသုံးချခဲ့သလို - ဆိုဗီယက်ယူနီယံမှတဆင့် ကွန်မြူနစ်ပါတီနှင့် ဆက်စပ်နေသောလမ်းဖြစ်လေသည်။ နိုင်ငံ တော်ကို ရန်သူများဝင်ရောက်မစီးနင်းမီ ခပ်စောစောပိုင်းကပင် မိမိတို့လိုလားသော အချက်ကို မိမိတို့သဘော ပေါက်ခဲ့ ကြ၍ ဂျာမန်ရဲဘော်များကို မိမိတို့၏အိမ်ခန်း၌၀ှက်ထားခဲ့ဘူးကြသည်။ ပဲပီက် - ယိုးဇက်။ ဆိုဗီယက်ယူနီယံကို ဂျာမန်များဝင်ရောက်တိုက်ခိုက်သည့်နောက် အခက်အခဲဆုံးသော အချိန်များတွင် လည်းကောင်း၊ ၁၉၄၁ ခုနှစ်ပထမဆုံးအကြိမ်မာရှယ်လော ကြေညာထားသောကာလတွင်လည်းကောင်း၊ သူတို့၏ အိမ်၌ ဗဟိုကော်မတီဝင်များ တွေ့ဆုံလေ့ရှိကြသည်။ ထိုအိမ်တွင် ဟောန်းဇာ၊ ဇိကာနှင့် ဟောန်းဇာ၊ ချာရနီ တို့ အိပ်လေ့ရှိကြသည်။ အထူးသဖြင့် ကျနော်သည်ထိုအိမ်၌ အများဆုံးအိပ်ခဲ့ဘူးသည်။ ဤနေရာတွင် ကျနော်တို့ သည် ရူးဒဲပရေားဗော သတင်းစာကိုရေးကြသည်။ ဆုံးဖြတ်ချက်အများအပြားကို ပြုလုပ်ကြသည်။ ဤနေရာ၌ပင် “ကားရဲလ်” ဟု အမည်ပေးထားသော ချာရနီကို ပထမဆုံးအကြိမ် သိကျွမ်းခဲ့ရပါသည်။ သူတို့လင်မယားကား အနေအထိုင်ကျဉ်းကြပ်သည်အထိ အချိန်မှန်တတ်သည်။ အလိုက်သိသည်။ မြေ အောက်လုပ်ငန်းတွင် တောင်လိုပုံနေတတ်သော ရှောင်တခင်ပြဿနာများကို မည်သို့ကိုင်ရတွယ်ရမည်ဟု အမြဲ သိတတ်ကြသည်။ မှင်သေသေ လုပ်တတ်ကြသည်။ အမှန်အားဖြင့် “မီးရထားဘက်မှ” ဤသို့သော သဘော ကောင်းသည့် အောက်တန်းစားစာရေး အရပ်ရှည်ရှည်နှင့် “မမကြီး” ဗီဆုရှီလောဗာတို့သည် တရားမ၀င်သော ကိစ္စတရပ်နှင့်ပတ်သက် နေကြမည်ဟု မည်သူကမျှ စိတ်ကူးထဲသို့ ထဲ့မိကြမည်မဟုတ်ပေ။ သို့ပင်ဖြစ်စေကာမူ ကျနော်အဖမ်းခံရပြီး များမကြာမီပင် သူလည်းအဖမ်းခံရလေတော့သည်။ သူ့အားမြင် လျှင်မြင်ချင်း ကျနော့်မှာ အထူးတုန်လှုပ်သွားမိသည်။ သူ့ဆီကများ ပေါက်ကြားသွားမယ်ဆိုရင် ဘယ့်လောက်များ ဆိုးလိမ့်မလဲလို့။ သို့သော် သူကား ရေငုံ၍နေခဲ့သည်။ သူသည် မိတ်ဆွေတယောက်အား လျှို့ဝှက်စာတမ်းတချို့ ကို ဖတ်ရန်ပေးခဲ့သည်။ ထိုစာတမ်းများကြောင့် ဤနေရာသို့ ရောက်လာသည် - ဂက်စတာပိုကလည်း ထိုစာတမ်း ကိစ္စထက်လွန်၍ ဘာမျှမသိရ။ လပေါင်းအနည်းငယ်မျှအကြာတွင် ပေါကောရနီနှင့် ပစ်ကဆောဗာ တို့၏ စည်းကမ်းမသေ၀ပ်မှုတို့ ကြောင့်၊ ဗီဆုရှီလ်၏နှမထံတင် ဟောန်းဇာ၊ ချာရနီ နေထိုင်ကြောင်းကို ဂက်စတာပိုတို့ သိရှိသွားသည်။ ကျနော်တိွု့ ဗဟိုကော်မတီမှနောက်ဆုံး မောဟိကန် ဖြစ်သူ၏ခြေရာများကို ဖော်ထုတ်ရန်ပဲပီက်အား နှစ်ရက်ဆက်၍ ထုံးစံ အတိုင်း “စစ်” ကြလေတော့သည်။ တတိယနေ့တွင် နံပါတ်လေးရာသို့ရောက်လာသည်။ တင်ပါးချ၍ ထိုင်ရမည် ဆိုလျှင် ဒဏ်ရာအစိုများမှာ အကျိုးနည်း နာကျင်စေသည့်အတိုင်း ခုံတန်းလျားပေါ်တွင် ရွရွကလေးထိုင်ချလိုက်ပါ သည်။ ကျနော်သည်သူ့အား စိတ်ပူစွာကြည့်လိုက်သည်။ ထိုအကြည့်တွင် မေးခွန်းလဲပါသည်၊ အားပေးမှုလဲ ပါသည်။ သူက ရွှန်းရွှန်းစားစားအဖြေပေးသည်။ နုစလယ်အရပ်သားပီပီ တစ်တစ်ခွခွလဲ ပြောလိုက်သည်။ မောဟိကန် - ပြုတ်ပြုတ်ပြုန်းလုပြီဖြစ်သော အမေရိကန်လူနီမျိုးတမျိုးမှ နောက်ဆုံးကျန်ရစ်သောသူဟု တင်စား ရေးသားခြင်းဖြစ်သည်။ - ဘူးလို့သာ ခေါင်းကခါလိုက်ရင်၊ ပါးစပ်ပေါက်ကပြောဖို့နေနေသာသာ စအိုကတောင် မတွန်ဘူး။ ဤလင်မယားကို ကျနော်ကောင်းစွာသိကျွမ်းခဲ့ပါသည်။ သူတို့တယောက်နှင့်တယောက် မည်မျှတွယ် တာကြသည်ကိုလဲ သိသည်။ တရက်လေး နှစ်ရက်ကလေးခွဲခွါနေကြရလျှင်ပင် မည်မျှမနေတတ်မထိုင်တတ် ဖြစ်

ကြသည်ကို ကျနော်သိပါသည်။ ယခုသော် လပေါင်းများစွာရွေ့ခဲ့ပြီ - မိခလယ် အရပ်ရှိ ဖေါ်ရွေ လှသောအိမ်အ တွင်းမှ အမျိုးသမီးအတွက် မည်မျှစိတ်မချမ်းသာစရာ ကောင်းနေလိမ့်မည်နည်း။ ယခုလိုအရွယ်တွင် အဖော်ကင်း မဲ့ခြင်းသည် သေခြင်းထက်သုံးပြန် ပို၍အခံရခက်လေသည်။ တယောက်နှင့်တယောက် ဖေဖေလေး၊ မေမေလေး ဟုကလေးသလို၊ ကလားသလိုခေါ်ဝေါ်နေခဲ့ကြသော အေးရိပ်သာကိုပြန်လည်တည်ထောင်ရန်၊ မိမိ၏ ယောက်ျား အား မည်သို့အကူအညီပေးရန် စသည်များကိုအကြိမ်ပေါင်းမည်မျှ အိပ်မက်မက်ခဲ့ရှာပြီနည်း။ သည်တချိန်တွင် လည်း သူမသည် တခုထီးတည်း ကျန်ရစ်သောလမ်းကို ရှာဖွေတွေ့ရှိခဲ့ပြန်သည်။ ထိုလမ်းကား အလုပ်ကို ဆက်လုပ်ရမည်ဟူသည့်လမ်း ဖြစ်လေသည်။ ကိုယ့်အတွက်သာမက ခင်ပွန်းသည်၏ကိုယ်စားပါ နှစ်ယောက်စာ အလုပ်လုပ်ရန်ဖြစ်လေသည်။ ၁၉၄၃ ခုနှစ်သို့ နှစ်ကူးသောညတွင်၊ သူမသည် စားပွဲ၌တယောက်တည်း ထိုင်နေခဲ့သည်။ သူထိုင်လေ့ရှိ သောနေရာတွင် သူ၏ဓာတ်ပုံထောင်ထားသည်။ သန်းခေါင်ယံရိုက်ဆော်၍ နှစ်သစ်ကူးမိသည့်အခါတွင် သူ၏အ ရက်ဖလ်ခွက်ကို မိမိ၏အရက်ဖလ်ခွက်ဖြင့် ထိခတ်လိုက်ယင်း ကျန်းမာပါစေ၊ ပြန်လာပါစေ၊ လွတ်လပ်သောခေတ် ကို မြင်တွေ့ပါစေဟု မေတ္တာပို့လေသည်။ တလမျှကြာသောအခါ သူမလဲအဖမ်းခံရလေသည်။ နံပါတ်လေးရာရှိ လူအများအပြားပင် တုန်လှုပ်သာွး ကြသည်။ သူမကား ထောင်တွင်းနှင့် ထောင်ပြင်အဆက်အသွယ်များကို ကိုင်တွယ်နေခဲ့သူတယောက်ဖြစ်လေ သည်။ သူမထံမှကား တခွန်းတပါဒမျှ မပေါက်ကြားခဲ့။ သင်းတို့သည် သူမအား အရိုက်အပုတ်များဖြင့်မညှဉ်းဆဲကြ။ အထူးမမာမကျန်းဖြစ်နေသောကြောင့် သူ တို့၏လက်အောက်၌ပင် အသက်ပျောက်သွား နိုင်သည်။ ထို့ကြောင့် ထို့ထက်ဆိုးဝါးသောနည်းဖြင့် ညှဉ်းပန်းကြ သည်။ စဉ်းစားခိုင်းကြသည်။ သူမအား မဖမ်းမီ ရက်အနည်းငယ်ကပင် ခင်ပွန်းသည်အား အလုပ်ကြမ်းလုပ်ခိုင်းရန် ပိုလန်ပြည်သို့ခေါ် သွားကြသည်။ ယခုသူမအား ဤသို့ဆိုလာကြ သည်။

- စဉ်းစားကြည့်စမ်း၊ ဟိုမှာနေရထိုင်ရတာက အတော်ကြမ်းတာ။ ကျန်းမာတဲ့လူတွေအတွက်တောင် ခပ် ခက်ခက်။ ခင်ဗျားယောက်ျားက ခြေကျိုးရယ်၊ ဘယ်နည်းနဲ့မှခံနိုင်မှာမဟုတ်ဘူး။ တနေနေရာမှာ ပျက်စီးသွားမှာပဲ၊ ခင်ဗျားလည်း သူ့ကိုဘယ်တော့မှမြင်ရတော့မှာ မဟုတ်ဘူး။ ခင်ဗျားကကော၊ ခင်ဗျားအရွယ်ရောက်မှ ဘယ့်နဲ့ လုပ်ပြီး နောက်တယောက်ရှာနိုင်အုံးမှာလဲ။ ဒီတော့ဉာဏ်ကိုလွှာသုံးပေါ့။ ခင်ဗျား ဘာတွေသိတယ်ဆိုတာ ကျုပ်တို့ ကိုပြော၊ ကျုပ်တို့ကသူ့ကိုခင်ဗျားဆီ အရောက် ပြန်ခေါ်လာခဲ့မယ်။
တနေနေရာမှာ ပျက်စီးသွားမှာပဲတဲ့။ သနားစရာကောင်းလိုက်တဲ့ ပဲပီက်ကလေးရယ်။ ဘယ်လိုအသေ ဆိုးနဲ့ သေရမှာပါလိမ့်။ ကျမရဲ့ ညီမကိုလည်း သတ်ပစ်ခဲ့ကြပြီ၊ ကျမယောက်ျားကိုလည်း သတ်ဖြတ်နေကြပြီ။ ကျ မတယောက်တည်းပဲ ကျန်ရစ်တော့မယ်။ တယောက်တည်းမှ တယောက်တည်းရယ်။ ဟုတ်တယ်လေ ... ဒီလိုအ ရွယ်ကြီးမှာ ... ဘယ်မှာသွားပြီးတော့ နောက်တပင် ထူနိုင်ပါ့မလဲ။ ... တယောက်တည်း ... အိုမင်းပြီးသေတဲ့အထိ အဖော်မပါဘဲနဲ့ နေရတော့မှာ ... ကျမ သူ့ကို ကယ်နိုင်တယ်။ ကျမဆီအရောက် သူ့ကိုပြန်ခေါ်လာကြလိမ့်မယ် ... ဟုတ်တယ် ... ဒါပေမဲ့ ဒါလောက်ကြီးတဲ့တန်ဖိုးကို ပေးရမှာလား။ ဒီလိုလုပ်လိုက်ရင် ကျမဟာ ကျမ မဟုတ်တော့ ဘူး။ သူလည်းပဲ ကျမရဲ့ဖေဖေလေး ဟုတ်တော့မှာ မဟုတ်ဘူး ... တခွန်းတပါဒမျှ ဖွင့်မပြောခဲ့။ သူမသည် ဂက်စတာပို၏ အမည်မဲ့သော သယ်ယူပို့ဆောင်ရေးယာဉ်များအတွင်းတွင် ကွယ်ပျောက်သွား သည်။ များမကြာမီပင် ပဲပီက်သည်လဲ ပိုလန် ပြည်၌ သေဆုံးသွားပြီဟူသော သတင်းရောက်လာလေသတည်း။ လီဒါ ကျနော်သည် ဘာ့က်စ်တို့၏အိမ်သို့ တညနေခင်းတွင် ပထမဆုံးအကြိမ်ရောက်လာခဲ့သည်။ အိမ်တွင် ယောဈကာ တယောက်တည်းသာရှိလျက်၊ သူနှင့်အတူ မျက်လုးကလေးကလယ်ကလယ်နှင့် သတ္တ၀ါအသေးစားံ

ကလေးကို တွေ့ရသည်။ ထိုကလေးမအား လီဒါဟုခေါ်ကြသည်။ အမှန်အားဖြင့်သူကား ကလေး မျှသာရှိသေး သည်။ ကျနော်၏ မုတ်ဆိတ်များကို စပ်စပ်စုစုနှင့်ခိုးကြည့်ရင်း စိတ်ဝင်စားစရာအသစ်အဆန်းတခု အိမ်တွင်းသို့ ရောက်လာသည့်အတွက် အပျင်းဖြေ ဖော်ရလိမ့်မည်ဟု ကျေနပ်နေလေသည်။ သူနှင့်ကျနော် လျင်မြန်စွာပင် မိတ်ဆွေဖွဲ့မိကြလေသည်။ အဆိုပါ ခလေးသူငယ်ကလေးမှာ ဆယ့်ကိုးနှစ် ပင်ပြည့်တော့မည်ဟူ၍ အံ့သြစရာသိရှိလာရသည်။ ယောဈကာနှင့် ညီမ၀မ်းကွဲတော်လျက်၊ အမည်အားဖြင့် ပလာခါ ဟုခေါ်သည်ဟုလဲသိလာရသည်။ ပလာခါဟူသောစကားလုံးမှာ ရှက်ကြောက်ခြင်းဟု အဓိပ္ပာယ်ရှိသည်။ သို့သော်လဲ သူ့တွင်ကား ထိုကြန်အင်လက္ခဏာ များစွာမရှိ။ ဇာတ်စင်ပေါ်သို့ တခါတရံတက်၍ အပျော်တန်းကပြ တတ်သည်။ လောက၌ သူ အတွယ်တာဆုံးမှာ ဇာတ်သဘင်ဖြစ်ကြောင်းသိရှိလာရသည်။ ကျနော်ကားသူ၏ တိုးတိုးဖော်ဘ၀သို့ ရောက်သွားသည်။ ထိုအကြောင်းကြောင့် ကျနော်မှာ အရင်းစစ် လိုက်လျှင် လူကြီးပိုင်းသို့ရောက်နေပြီဖြစ် ကြောင်း မိမိဘာသာမိမိရိပ်မိလာပါသည်။ သူက သူမ၏ငယ်ရွယ်သည့် သောကများနှင့်နုပျိုသော စိတ်ကူးယဉ်မှုတို့ကို ကျနော်အားဖွင့်ပြောသည်။ သူမ၏အမနှင့် ဖြစ်စေ၊ ခဲအိုနှင့်ဖြစ်စေ၊ သဘောချင်းမတိုက်ဆိုင်သည့်အခါတွင် ကျနော့်ထံသို့ ဒိုင်လူကြီးသဖွယ် ပြေး၍တိုင်တတ်သည်။ သူကား မိန်းက လေးငယ်ငယ်ရွယ်ရွယ်များ နည်းတူစိတ်ဆတ်သည်။ မိဘများအသက်ကြီးမှ မွေးဖွားလာသောကလေးပီပီ နွဲ့ဆိုး ဆိုးတတ်လေသည်။ အိမ်တွင်း၌ခြောက်လမျှ အောင်းနေပြီးသည့်နောက် ကျနော့်အနေနှင့် ပထမဆုံးအကြိမ် အပြင်သို့လမ်း လျှောက်ထွက်သည့်အခါဝယ် သူသည်ကျနော်၏အဖော်အဖြစ် လိုက်ပါလာခဲ့သည်။ ခြေထော့ကျိုးနှင့်အဘိုးကြီးတ ယောက်၊ တယောက်တည်း လမ်းသွားသည်ထက် ဘေးတွင်အမျိုးသမီးတယောက် ပါလာကလူများ၏ အာရုံစိုက် ခြင်းမှ ပို၍သက်သာသည်။ လူတိုင်းသည် အဘိုးကြီးကို ကြည့်မည့်အစား မိန်းကလေးကို ပို၍ကြည့်ကြသည်။ ထို အကြောင်းကြောင့် ဒုတိယအကြိမ်လမ်းလျှောက်ထွက်ရာ၌လဲ သူပါလာခဲ့ပြန်သည်။ ထိုအကြောင်းကြောင့်လဲ လျှို့ ၀ှက်စွာချိန်းဆိုထားသော နေရာတနေရာသို့ ပထမဆုံးအကြိမ်သွားရသည့်အခါ တွင် ကျနော်နှင့်လိုက်လာခဲ့သည်။ ထိုအကြောင်းကြောင့်ပင် မြေအောက်ဂိုဏ်းဝင် အိမ်တအိမ်သို့အသွား၌ သူပါလာခဲ့ပြန်သည်။ သို့နှင့် ယခုစွဲချက်ထဲ တွင်ပါ သည့်အတိုင်း ဒုတ်စက်သလို ဆက်သွား၍ သူလဲ ကျနော်၏ဆက်သား ဖြစ်လာခဲ့လေသည်။ သူကား တာဝန်ကိုနှစ်သက်စွာ ထမ်းဆောင်ခဲ့လေသည်။ အလုပ်တွင် မည်သို့အဓိပ္ပာယ်ပါသည်၊ မည် သည့်အကျိုးသို့ သက်ရောက်စေသည် စသည်တို့ဖြင့် ခေါင်းအရှုပ်မခံ။ လုပ်ရသောအလုပ်မှာ အသစ်အဆန်း၊ စိတ် ၀င်စားစရာဖြစ်သည်။ လူတိုင်းလုပ်သော အလုပ်မျိုးလည်းမဟုတ်၊ စွန့်စားခန်းအရသာလဲ ပါသည်။ ဤအချက်တို့ ပင် သူ့အတွက် ဖူလုံလေသည်။ အသေးအဖွဲကိစ္စကလေးများကိုသာ လုပ်နေသမျှကာလပတ်လုံး ကျနော်သည် သူ့အားလိုသည်ထက်ပို၍ ပြောမပြလိုခဲ့။ အဖမ်းခံရမည်ဆိုလျှင် “အပြစ်” ရှိသည်ဟူသော စိတ်မသိုးမသန့်ဖြစ်မှုသည် မကောင်း၊ မသိနားမ လည်ခြင်းသည် သူ့အား အကာအကွယ်ပို၍ ပေးနိုင်ပေလိမ့်မည်။ သို့သော် လီဒါကား လုပ်သက်ရင့်လာသည်။ လီဒါကား ယဲလီနက်တို့အိမ်သို့ မှာလိုက်သောစကားက လေးတခွန်းကိုဝင်၍ ပြောပေးရုံသာမက၊ ထို့ထက် ကြီးမားသောတာဝန်များကို ထမ်းဆောင်နိုင်စွမ်းရှိလာသည်။ သို့သော် ထိုအချိန်အခါတွင်မူ ဘာလုပ်၍ ဘာကိုင်နေမှန်းသဘောပေါက်ရန်လိုလာလေပြီ။ ကျနော်ကလဲ အစပျိုး ပါတော့သည်။ သို့နှင့်သင်တန်း ... တကယ့်ကျောင်းသင်တန်းတရပ်ကို ဖွင့်ရတော့သည်။ လီဒါလည်း ကြိုးစားပမ်း စားနှင့် နှစ်နှစ်ခြိုက်ခြိုက်ကြီး လေ့လာလေသည်။ အပေါ်ရံကြောအရကား လီဒါသည်ယခင်အတိုင်း ပျော်ပျော်ရွှင် ရွှင်၊ ပေါ့တီးပေါ့ဆနှင့် နေတတ်သော ဂျပမိုးမကလေး ကဲ့သို့ပင် ဆက်လက်နေထိုင်လေသည်။ အတွင်း၌ကား တ မူကွဲပြား ခြားနားခဲ့လေပြီ။ တွေးတောလေပြီ။ ကြီးပြင်းလာလေပြီ။ အလုပ်လုပ်ယင်း မီးရက်နှင့်သိကျွမ်းလာသည်။ မီးရက်မှာအလုပ်ဘက်တွင် အတော်ဝါရင့်နေပြီဖြစ်လျက် အလုပ်အကြောင်းလဲ နားဝင်ကောင်းအောင် ပြောတတ်သည်။ လီဒါကား သူ့အပေါ်အထင်ကြီးလာသည်။ မီးရက် ၏ အတွင်းအမြုတေအစစ်ကိုကား လီဒါ့အနေနှင့်သေသေချာချာ သရုပ်ဖမ်းမိပုံမပေါ်ပေ၊ သို့သော် ဤနေရာတွင်

ကျနော်ကိုယ်တိုင်ပင် အမြင်မှန်ကိုမမြင်ခဲ့။ အရေးကြီးသည်မှာ မီးရက်သည် အလုပ်အရ၊ အပြင်ဘန်း ယုံကြည် ချက်အရ၊ အခြားယောက်ျား ကလေးများထက် ပို၍ လီဒါနှင့်နီးစပ်ခဲ့ခြင်း ဖြစ်လေသည်။ ဤစိတ်ဓာတ်သည် ကလေးမ၏ကိုယ်တွင်း၌ ပေါက်ဖွားလာကာ အမြစ်များလဲ နက်ရှိုင်းသည်ထက် နက် ရှိုင်းလာလေသည်။ ၁၉၄၂ ခုနှစ် အစပိုင်းလောက်တွင် သူသည်ပါတီဝင်ရေးကိစ္စနှင့် ပတ်သက်၍မရဲတရဲ မေးစပြုလာသည်။ ယခင်ကဆိုလျှင် သူဤမျှရှက်ကိုးရှက်ကန်းဖြစ်သည်ကို တခါမျှမတွေ့ဘူးခဲ့၊ ယခင်က မည်သည့်ကိစ္စကိုမျှ ဤမျှ လောက် လေးလေးနက်နက်မယူဆခဲ့။ ကျနော်ကား ဆိုင်းငံ့၍နေခဲ့သေးသည်။ သူ့အား ဆက်လက်၍ သင်ပြမြဲ သင်ပြနေသေးသည်။ သူ့အား စမ်းသပ်၍နေခဲ့သေးသည်။ ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဗဟိုကော်မတီက သူ့အားပါတီဝင်အဖြစ် တိုက်ရိုက်လက်ခံခဲ့လေသည်။ ခိုက်ခိုက်တုန်အေးသော ညဥ့်နက်သန်းခေါင်ဝယ်၊ ကျနော်တို့နှစ်ဦးသား အိမ်သို့ပြန်လာနေကြသည်။ ခါတိုင်းတွင် သူကား စကားတတွတ်တွတ် ပြောနေတတ်သည်။ ယခုသော် တိတ်ဆိတ်နေသည်။ အိမ်အနီး လယ်ကွင်းပြင်များ သို့ရောက်တော့မှ ဗြုံးကနဲရပ်လိုက်သည်။ ခပ်တိုးတိုးပြောလိုက်သော လေသံမှာတိုးလွန်းလှသဖြင့် ဘိနပ်များ အောက်မှ နှင်းအပွင့်တိုင်း အပွင့်တိုင်းနိမ့်ဆင်းသွားပုံများကိုပင် ကြားနေနိုင်ပါသည်။

- ကျမတသက်မှာ ဒီနေ့ဟာအရေးအကြီးဆုံးနေ့ ဖြစ်တယ်ဆိုတာကို သိပါတယ်။ အခု ကျမကိုယ်ကို ကျမ မပိုင်တော့ဘူး။ ရဲဘော်တို့ကို ကတိပေးပါတယ်။ ရဲဘော်တို့မျှော်လင့်သမျှကို ဘယ်တော့မှ ယောင်းမမြင်းစီး မဖျက် ဆီးပါဘူး။ ဘာကြီးပဲဖြစ်ဖြစ် ...
အမျိုးမျိုးသော ကိစ္စများလည်း ဖြစ်ပေါ်လာခဲ့သည်။ လီဒါကား မဖောက်ပြားခဲ့။ သူသည် ပါတီခေါင်းဆောင်ပိုင်း အတွင်းအကျဆုံးသော အဆက်အသွယ်တို့ကို ကိုင်တွယ်ခဲ့သည်။ အန္တရာယ်အကြီးဆုံးသော တာဝန်များကို ထမ်းဆောင်ရသည်။ ပြတ်သွားသောအဆက်များကို ပြန်ဆက်၍ အန္တရာယ်ဝိုင်းလာသော အဆက်အသွယ်များကို ကာကွယ်ရသည်။ အထက်ပိုင်း တနေရာရာတွင်ဖြစ်စေ၊ အိမ်တ အိမ၌ဖြစ်စေ မီးများဝိုင်းလာသည့်အခါတွင် လီဒါသည် ထိုနေရာသို့သား၍ ငါးရှဥ့်သဖွယ် လျှောကနဲလွတ်ထွက်ွ သွားတတ်သည်။ ယခင်ကကဲ့သို့ပင် လုပ်စရာရှိလျှင်လုပ်၍၊ ပူပင်သောကမပါပျော်ရွှင်စွာပင် လုပ်တတ် ကိုင်တတ် သည်။ သို့သော် ထိုအမူအရာ၏အောက်၌ကား တာဝန်သိတတ်ခြင်း တည်းဟူသော အသိဉာဏ်က ခိုင်ခိုင်မြဲမြဲကြီး ၀င်ရောက်၍နေလေပြီ။ ကျနော်တို့အဖမ်းခံရပြီးသည့်နောက် တလမျှအကြာတွင် သူလဲအဖမ်းခံရသည်။ မီးရက်က တောက် လျှောက်ကြီးဖော်၍ စကားပြောနေခိုက်၊ လီဒါ၏အမည်မှာ ဂက်စတာပိုထံသို့ ပါသွားလေသည်။ ထို့နောက်ပိုင်းတွင် ကား အစ်မနှင့်ခဲအိုဖြစ်သူတို့ ထွက်ပြေးလွတ်မြောက်ကာ၊ မြေအောက်ခိုသွားရန် လီဒါကပင် အကူအညီပေးလိုက် ကြောင်းကို ဆက်စပ်ကြည့်ရန် မခက်တော့ပေ။ သူကား ခေါင်းကလေးကို ဆတ်ကာ၊ တော့ကာနှင့် မလုပ်သင့် သည်ကို လုပ်မိမှန်းမသိ၊ လုပ်မိသမျှသည် မိမိအတွက်မည်သို့ အမှုပတ်လာမည်ကိုမသိသော ပေါ့တီးပေါ့ဆမိန်းက လေးတယောက်၏ အခဏ်းကနေ၍ မာန်ပါပါ အသုံးတော်ခံလေသည်။ သူသိသမျှကား များပြားလှသည်။ ဘာတခွန်းမျှကား ဖွင့်၍မပြောခဲ့။ ထို့ထက် အရေးကြီးသည်ကား ထောင်ထဲ၌ပင် အလုပ်ကိုဆက်၍လုပ်နေခြင်းဖြစ် လေသည်။ ပတ်ဝန်းကျင်ပြောင်းသွားသည်၊ လုပ်နည်း ကိုင်နည်း များ ပြောင်းသွားသည်၊ တာဝန်လုပ်ငန်းများသည်လဲ ပြောင်းလဲသွားသည်။ သို့သော် မည်သည့် အစိတ်အပိုင်းသို့ ရောက်စေကာမူ လက်ပိုက်၍ ထိုင်မနေရဟူသော ပါတီဝင်တို့၏ နားလည်မှုကား ပြောင်းမသွား။ ညွှန်ကြားချက် များအတိုင်း လုပ်စရာရှိသည်တို့ကို သစ္စာရှိစွာ၊ လျင်မြန်စွာ တိကျစွာလုပ်ကိုင်သည်။ အပြင်ဘက်မှ လူတယောက် ကို ကာကွယ်ရန် သပွတ်အူလိမ်နေသော အခြေအနေတရပ်မှ ကျော်လွှားရမည်ဆိုလျှင် လီဒါသည် သူ၏အပြစ် ကင်းမဲ့သော မျက်နှာကလေးနှင့် အခြားသူတယောက်ယောက်၏ “အပြစ်” ကို မိမိခေါင်းပေါ်သို့ ခံယူလေသည်။ ပန်းကရာ့စ်ထောင် တွင် သူသည် စင်္ကြံဘာယာတယောက် ဖြစ်လာသည်။ သူကြားက ဆောင်ရွက်ပေးခဲ့သော ကျေးဇူးကြောင့် အပြင်ဘက်ရှိလူအများအပြား အဖမ်းမခံကြရချေ။ သူ ကာကွယ်ခဲ့သော အချို့သူများကား လုံးဝ

လူစိမ်းများဖြစ်ကြသည်။ တနှစ်နီးပါးကြာလုမှ သူ့ကိုယ်ပေါ်တွင် လျှို့ဝှက်စာတစောင်ကို ဖမ်းမိသွားတော့သည်။ ထိုအခါကျမှသာ သူ၏ “ဇာတ်မင်းသမီးအလုပ်” လဲ တစခန်းသိမ်းလေတော့သည်။ ယခုသူသည် ကျနော်တို့နှင့်အတူ ရုံးအတင်ခံရန် ရိုခ်သို့ ခရီးထွက်ရပေတော့မည်။ ကျနော်တို့၏ အစုအ ဝေးကြီးတခုလုံးတွင် လွတ်လပ်ရေးရသည့်အ ချိန်အထိ အသက်ရှင်နေရန်၊ အထောက်အထားနှင့်တကွ မျှော်လင့် နိုင်သူကား သူတယောက်သာရှိလေသည်။ သူကား ငယ်သေးသည်။ ကျနော်တို့မရှိကြတော့လျှင်၊ သူ့အနေနှင့် လမ်းလွဲမသွားပါစေနှင့်။ သူ့အနေနှင့် လေ့လာဖွယ်ရာအများအပြားရှိသေးသည်။ သင်ပေးကြပါ။ တုံးမသွားပါစေ နှင့်။ သူ့အား ခေါင်းဆောင်မှုပေးကြပါ။ မာန၀င်၍လုပ်ခဲ့သမျှ တင်းတိမ်မသွားပါစေနှင့်။ အခက်အခဲဆုံး အချိန်များ တွင် မိမိ၏တန်ဘိုးကိုပြခဲ့သည်။ မီးထဲမှ ဖောက်၍သွားခဲ့သည်။ သတ္ထုမျိုးကောင်း ဖြစ်သည်ကို တွေ့ခဲ့ကြရပါပြီ။ ကျနော်၏ အရာရှိ ဤသည်ကား လူရုပ်သွင်များအတွင်းသို့ အကြုံးမ၀င်တော့။ သို့သော် ရုပ်တုကလေးအနေနှင့်ဆိုက စိတ် ၀င်စားဖွယ်ဖြစ်သည်။ အရွယ်အစားအရလည်း အခြားရုပ်တုကလေးများထက် သိသိသာသာကြီး ပို၍ထွားလေ သည်။ လွန်ခဲ့သော ဆယ်နှစ်က ဗီနောဟရာဒီ ရပ်ကွက်၊ ဖလောရာ ကဖီးတွင် ခင်ဗျားသည် အိတ်တွင်းတွင်မှ အကြွေများကို လှုပ်လိုလျှင်လည်းကောင်း၊ သို့မဟုတ် “ဒီမှာဆရာ ... စာရင်းရှင်းကြစို့” ဟူ၍ ခေါ်လိုသောအခါ၌ လည်းကောင်း၊ အ၀တ်စုံအနက်ကိုဝတ်ထားသည့် လူပိန်ပိန်ရှည်ရှည်တယောက်သည် ကုလားထိုင်များအကြား ၀ယ် ရေငုတ်သင်္ဘောပြောင်းတိုင်ကဲ့သို့ အသံမမြည်ဘဲလျင်မြန်စွာ ဖြတ်သန်းလာလျက်၊ ခင်ဗျား၏ ဘီလ်စာရွက် ကို ထိုးပေးပေလိမ့်မည်။ သူ့တွင် သားရဲတိရိစ္ဆာန်ကဲ့သို့ လျင်မြန်လျက်နှင့်တိတ်ဆိတ်သော လှုပ်ရှားမှုလဲရှိသည်။ အစစအရာရာကို မြင်တတ်သော သားရဲတိရိစ္ဆာန်၏ စူးရှသော မျက်လုံးများလဲရှိသည်။ ခင်ဗျားလိုသမျှကို မှာနေ ရန်ပင်မလို။ သူကိုယ်တိုင်ကပင် လက်အောက်ခံစားပွဲထိုးများအား လှမ်း၍ခန့်ခွဲနှင့်သည်။ “တတိယစားပွဲ၊ နို့နဲ့ကာ ဖီအကြီးစားတခွက်၊ မလိုင်မထည့်နဲ့”၊ “ဘယ်ဘက်ပြူတင်းပေါက်၊ ကိတ်မုန့်နဲ့ပြည်သူ့သတင်းစာ”။ သူကား ဖောက် သည်များအတွက်လဲ ကောင်းမွန်သော လုပ်ဖော်ကိုင်ဖက်တယောက်ဖြစ်သည်။ ထိုအချိန်အခါက သူ့အားကျနော်မသိသေးခဲ့။ နောက်အတော်ကြီးကြာတော့မှ ယဲလီနက်တို့၏အိမ်တွင် သူနှင့်သိကျွမ်းလာရသည်။ ဤအခါတွင်ကား သူသည်လက်ထဲ၌ခဲတံကို မကိုင်ဘဲ ပစ္စတိုတလက်ကို ကိုင်ထား သည်။ ကျနော့်အား ညွှန်ပြရင်းလဲ ...

- ဒီလူ့ကို ငါစိတ်အ၀င်စားဆုံးပဲဟေ့
ဟု ပြောခဲ့လေသည်။ အမှန်ကိုဆိုရလျှင် ကျနော်နှင့်သူကား တဦးနှင့်တဦး အပြန်အလှန်စိတ်ဝင်စားခဲ့ ကြပါသည်။ သူသည် ပင်ကိုယ်ဉာဏ်ကောင်းသူတယောက်ဖြစ်၏။ လူ့သဘာဝကို နားလည်တတ်သော အရည်အ ချင်းကြောင့်လည်း အခြားသော ဂက်စတာပိုများထက် တပန်းသာလေသည်။ ရာဇ၀တ်ဖက်ဆိုင်ရာ ပုလိပ်ဖက်တွင် သာ အလုပ်လုပ်မည်ဆိုလျှင် ထိုအရည်အချင်းကြောင့် ကြီးပွားမည့်လူစား ဖြစ်လေသည်။ သူခိုးကလေးများ သို့မ ဟုတ် လူသတ်သမားများဟူသည်ကား အောက်သို့လျှောကျ၍ မိမိတို့၏ဂိုဏ်းဝင်များနှင့်လဲ အဆက်ပြတ်သွားကြ ပြီဆိုလျှင် ကိုယ့်အသားနာမည်ကိုသာ ပူပင်လေ့ရှိကြသည်၊ ထိုအခါမျိုးတွင် မိမိတို့၏ ရင်တွင်း၌ရှိသမျှတို့ကို သူ့ အားဖွင့်ပြောရန် ၀န်လေးကြမည်မဟုတ်ဟု ထင်သည်။ သို့သော် နိုင်ငံရေးပုလိပ်အနေနှင့်သော်ကား၊ ဤသို့သော ကိုယ်ရေးကိုယ်သာ ကြည့်တတ်သည့်လူမျိုးကို လက်တွင်းသို့ရနိုင်ခဲကြသည်။ ဤနေရာမျိုးတွင်ကား ပုလိပ်၏ လိမ္မာပါးနပ်မှုနှင့်သာ အစွမ်းပြိုင်ရသည်မဟုတ်ပေ။ ထို့ထက်အဆပေါင်းများစွာ ကြီးမားသော အင်အားများနှင့်ပြိုင် ဆိုင်ရလေသည်။ အဖမ်းခံထားရသူ၏ ယုံကြည်ချက်၊ ထိုသူနှင့်ဆက်စပ်နေသော အဖွဲ့အစည်းတခုလုံး၏ ဉာဏ် ကြီးမှု၊ ဤသည်တို့နှင့် အားချင်းပြိုင်ရသည်။ ထိုသို့ပြိုင်ရမည်ဆိုလျှင် လိမ်မာပါးနပ်မှုလဲ မလုံလောက်၊ ထိုးကြိတ် ရိုက်နှက်ချင်းများလဲ မဖူလုံပေ။

“ကျနော်၏ အရာရှိ” ထံတွင် ခင်ဗျားရှာကြည့်မည်ဆိုပါက၊ ခိုင်မြဲသော ယုံကြည်ချက်ဟူ၍ တွေ့ရလိမ့် မည်မဟုတ်ပေ။ အခြားသူများထံတွင် တွေ့နိုင်သော ယုံကြည်ချက်မျိုးကို သူ့ထံ၌တွေ့ရမည်မဟုတ်ပေ။ သို့သော် အခြားသူတယောက်ယောက်ထံတွင် ဤသို့သောယုံကြည်ချက်မျိုးရှိသည်ဟုဆိုပြန်က ထိုယုံကြည်ချက်သည် ဖျင်း အထုံထိုင်းမှုတို့နှင့်သာ ရောယှက်နေလေသည်။ လိမ်မာပါးနပ်ခြင်း၊သဘောတရားများတွင် ကျွမ်းကျင်ခြင်း၊ လူ့သ ဘာဝကိုနားလည်ခြင်းစသော အရည်အချင်းများဖြင့် ပူးပေါင်းနေလေ့မရှိပေ။ ခြုံကြည့်လိုက်သည့်အခါ သူတို့ဘက် တွင် အောင်မြင်မှုများ တလေးသာနေသည်ဆိုပါက ထိုသို့ဖြစ်ရခြင်းမှာ ကျနော်တို့သည် အခြားအခြားသော မြေ အောက်လှုပ်ရှားမှုများနှင့် မနှိုင်းသာလောက်အောင် ခက်ခဲသောအခြေအနေ၀ယ် ကျဉ်းမြောင်းသော ဒေသတွင်း၌ အလွန်ကြာမြင့်စွာ တိုက်ပွဲဝင်နေရသောကြောင့်ဖြစ်သည်။ မြေအောက်လုပ်ငန်းတွင် နှစ်နှစ်ကြာခံနိုင်သောသူ သည် လူတော်တယောက်ဖြစ်သည်ဟု ရုရှဘော်လ်ရှီဗစ်များက ဆိုခဲ့ကြသည်။ သို့သော် ၎င်းတို့အနေနှင့်ဆိုလျှင် မော်စကိုမြို့တွင် မီးများဝိုင်းလာက ပဲတရောဂရဒ် မြို့သို့ကူးသွားနိုင်သည်။ ပဲတရောဂရဒ်မြို့မှတဖန် သြဂျက်ဆာ မြို့သို့ပြောင်း၊ လူသန်းပေါင်းများစွာရှိသောမြို့များတွင် မည်သူကမျှလဲ သူတို့အားမသိစေဘဲ ခြေဖျောက်၍နေ နိုင်ကြသည်။ ကျနော်တို့တိုင်းပြည်တွင်ကား ပရာဟာ၊ ပရာဟာနှင့်ပရာဟာ တမြို့တည်းသာရှိသည်။ မြို့ပေါ်ရှိ လူ တ၀က်ကလဲ ခင်ဗျားကိုသိနေကြသည်။ ရန်သူကလဲ သူလျှိုများကို တအုပ်ကြီးပြုံ၍ ချထားနိုင်သည်။ သို့စဉ်လျက် ကျနော်တို့သည် နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံနေခဲ့ကြသည်။ အချို့ရဲဘော်များဆိုလျှင် ဂက်စတာပိုက ဖော်မထုတ်နိုင် ဘဲ ငါးနှစ်ကြာသည်အထိ မြေအောက်လျှိုနေခဲ့ကြသည်။ ယင်းသို့နေနိုင်သည်မှာ ကျနော်တို့အနေနှင့် နည်းနာ နိသျှအမြောက်အများတို့ကို သင်ကြားခံယူခဲ့ရသောကြောင့်လဲ ဖြစ်သည်။ ဟုတ်သည်။ တချိန်တည်းတွင်လဲ ရန်သူ သည် အင်အားကြီးမားကြမ်းကြုတ်လှသည့်တိုင်အောင်၊ ဖျက်ဆီးခြင်းမှလွဲ၍ အခြားဘာတခုကိုမျှ မလုပ်တတ် သောကြောင့်လဲ ကျနော်တို့ ဤသို့ နေနိုင်ကြုခင်းဖြစ်လေသည်။ ဌာနခွဲ၊ ဒုတိယ - (က) - ၁ - တွင် ကွန်မြူနစ်ဝါဒ အမြစ်ကစ၍ နှုတ်ပစ်ရေးတွင် ထိပ်ထိပ်ကျဲဖြစ်သည် ဟူ၍ လူသုံးယောက်နာမည်ကြီးကြသည်။ ပြည်တွင်းရန်သူအား တိုက်ခိုက်သည့် စစ်မျက်နှာတွင် ရဲရင့်မှုအတွက် ဟူ၍ အနက်၊ အဖြူ၊ အနီရောင်ဖဲပြားကို တင်ဆင်နိုင်ကြသည်။ ထိုသူတို့ကား ဖရိဒရစ်။ ဇန်ဒရ် နှင့် “ကျနော်၏ဲ အရာရှိ” ယိုးဇက်၊ ဘဲမ်း တို့ဖြစ်ကြသည်။ သူတို့သည် ဟစ်တလာ ၏ ဓနရှင်ဆိုရှယ်လစ်ဝါဒအကြောင်းကို များစွာ ပြောလေ့ပြောမရှိ။ ထိုဝါဒအကြောင်း သူတို့သိသမျှမှာလဲ ထမင်းစားရေသောက်လောက်သာ ဖြစ်သည်။ သူတို့ ကား နိုင်ငံရေးသဘောတရားတခုအတွက် တိုက်ပွဲဝင်နေသူများ မဟုတ်ပေ။ ကိုယ်ကျိုးကိုသာ ကိုယ်ရှာနေကြ သည်။ ကိုယ်တတ်သလို ကိုယ်လုပ်နေကြသည်။ ဇန်ဒဲရ်ကား သေးသေးနုပ်နုပ်၊ လူပုသလောက်လဲ စိတ်တိုတတ်သည်။ ပုလိပ်နည်းများ၊ လုပ်ဟန်ကိုင် ဟန်များကို အခြားသူများထက်ပို၍ တတ်မြောက်သည်။ အထူးသဖြင့် စားပေါက်ထွင်ခြင်း၌ကျွမ်းကျင်သည်။ တခါ က ပရာဟာမြို့မှနေ၍ ဘာလင်မြို့သို့ လေးငါးလမျှ နယ်ပြောင်းရသည်တွင်၊ သူတောင်းစား ချွဲ ချွဲကာ ပရာဟာမြို့ သို့ ပြန်မရောက်ရောက်အောင်လုပ်ခဲ့သည်။ သူ၏အမြင်အရ ရိုခ်နေပြည်တော် ဘာလင်မြို့တွင် အလုပ်လုပ်ရခြင်း မှာ ရာထူးလျှော့ချသည်နှင့်တူသည်၊ အထူးသဖြင့် ငွေဝင်လမ်းလျော့သွားခြင်း မည်လေသည်။ နက်မှောင်နေသော အာဖရိက တိုက်တွင်လည်းကောင်း၊ ပရာဟာမြို့တွင်၎င်း၊ တာဝန်ထမ်းဆောင်ရသည့် ကိုလိုနီအရာရှိဟူသည်ကား ဧရာမပုဂ္ဂိုလ်ကြီးတယောက် ဖြစ်သည်။ ဘဏ်တိုက်တွင်းသို့ ငွေများသွင်းရန် အလားအလာပို၍ရှိသည်။ ဇန်ဒဲရ် ကား အလုပ်ကြိုးစားသည်။ မိမိဘယ်လောက်ကြိုးစားသည်ကို လူမြင်စေရန် ထမင်းစားယင်းပင် အမှုစစ်တတ် သည်။ ကြိုးစားပုံတို့ကို ထိုသို့လူမြင်ပါမှ၊ တာဝန်၏ အပြင်အပတွင် ထို့ထင်ပင်ကြိုးစားတတ်ကြောင်းကို လူမသိ မည်ဖြစ်သည်။ သူ့လက်တွင်းသို့လည်းရောက်၊ အိမ်တွင်လည်း ငွေစုစာအုပ် သို့မဟုတ် ငွေတန်ဘိုးရှိသော စာချုပ် စာတမ်းများကို ရှိသည့်သူကား နှစ်ထပ်ကွမ်းကံဆိုးလေတော့သည်။ ဤသို့သောသူများကား အမြန်ဆုံးသေရမည်၊ အဘယ့်ကြောင့်ဆိုသော် ငွေစုစာအုပ်များနှင့် တန်ဘိုးရှိသော စာချုပ်စာတမ်းများက ဇန်ဒဲရ်တပ်မက်သော အရာ များဖြစ်သောကြောင့်တည်း။ သူ့အား အရည်အချင်းအရှိဆုံးသော အရာရှိတယောက်ဤသို့သော ကိစ္စမျိုး၌ အ ရည်အချင်းအရှိဆုံးသော အရာရှိတယောက်ဟု ဟူဆကြလေသည်။ (ဤနေရာတွင် သူ၏ ကူဖော်လောင်ဖက်

စကားပြန်လုပ်သူ ချက်လူမျိုး ဆမောလာ နှင့်ကွာသည်။ ဆမောလာကား လူကြီးလူကောင်းဓားပြ ဖြစ်၍၊ ငွေရ လျှင် လူ့အသက်ကို တောင်းဆိုလေ့မရှိပေ။) ဖရီးဒရစ်ကား ပိန်ပိန်ရှည်ရှည်၊ အသားညိုညို၊ မျက်လုံးများက ခပ်ဆိုးဆိုး၊ ပြုံးလျှင်လဲ ခပ်ဆိုးဆိုးပြုံး တတ်သည်။ ၁၉၃၇ ခုလောက်ကတည်းက ချက်ကိုစလိုဗားကီးယားပြည်သို့ ဂက်စတာပိုသလျှိုအဖြစ် ရောက်လာ ကာ၊ တကျွန်းတမြေသို့ ထွက်ပြေးတိမ်းရှောင်လာကြသော ဂျာမန်ရဲဘော်များကို လုပ်ကြံသုတ်သင်ရေး၌ အကူအ ညီပေးခဲ့သည်။ ထိုသို့လုပ်သည်မှာ အဆန်းမဟုတ်၊ အဘယ့်ကြောင့်ဆိုသော် လူသေများကား သူ၏မက်မောရာ ဖြစ်သောကြောင့်တည်း။ သူ့အနေနှင့်ဆိုလျှင် အပြစ်မရှိသူဟူ၍ မည်သူမျှမရှိ။ သူ့ရုံးခန်း၏ ခါးပန်းကိုကျော်လိုက် မိသူတိုင်းကား အပြစ်ရှိသူများဖြစ်သားကြလေတော့သည်။ မိန်းမများအား ၎င်းတို့၏ခင်ပွန်းသည်များသည် အွ ကျဉ်းစခန်းများ၌သေဆုံးသွားကြပြီ၊ သို့မဟုတ် အသတ်ခံကြရပြီဟု ပြောရမည်ဆိုလျှင် အထူးအရသာတွေ့နေ တတ်သည်။ သူနှစ်ခြိုက်စွာ လုပ်လေ့ရှိသောကိစ္စတရပ်မှာလဲ အံဆထမှပြာအိုးကလေး ခုနှစ်အိုးကို ထုတ်၍အချုပ်ွဲ ခံထားရသူများအား ပြသခြင်းပင်ဖြစ်လေသည်။

- ဟောဒီ ခုနှစ်ယောက်ဟာ ငါကိုယ်တိုင် ငါ့လက်နဲ့ရိုက်သတ်ပစ်လိုက်တာကွ။ မင်း နံပါတ်ရှစ်ဖြစ်သာွး လိမ့်မယ်။


(ယခုသော် ယန်၊ ဈိဈကာ ကို ရိုက်သတ်ခဲ့ပြီဖြစ်၍ ပြာအိုးရှစ်လုံးဖြစ်နေလေပြီ။) သူသည် အမှုတွဲဟောင်း များကို လှန်လှောကြည့်ယင်း “လုပ်ပြီးပြီ၊ လုပ်ပြီးပြီ” ဟုဆိုကာ၊ လူသေစာရင်းများဖြင့် ကျေနပ်၍နေတတ်လေ သည်။ အထူးသဖြင့် မိန်းမများကို မြိန်မြိန်ယှက်ယှက်ကြီး ညှဉ်းပန်းတတ်သည်။ သူသည် စည်းစိမ်ကိုမက်သည်။ ထိုတပ်မက်မှုသည်ကား သူ၏ပုလိပ်လုပ်ငန်းကို ဘေးပန်းမှ ကူညီပေး နေသော စက်ကလေးတလုံးကဲ့သို့ပင် ဖြစ်နေလေသည်။ ခင်ဗျား၏အိမ်သည် ကောင်းကောင်းမွန်မွန် ပြင်ဆင်မွမ်း မံထားသော အိမ်ဖြစ်က၊ သို့မဟုတ် ခင်ဗျားသည် အထည်ဆိုင်တဆိုင်ကိုပိုင်က - ခင်ဗျား မြန်မြန်သေရမည်။ ဤ သည်မှလွဲ၍ အခြားဘာမျှမရှိ။ ချက်လူမျိုး၊ ၎င်း၏ ကူဖော်လောင်ဖက် နဲရဂါ ဆိုသူမျာ သူ့ထက်ခေါင်းတ၀က်သာမျှ နိမ့်သည်။ ဤကား အရပ်အမောင်းနှင့်စပ်ဆိုင်သည်။ ထိုမှတပါး သူတို့နှစ်ဦးအကြားတွင် ကွဲပြားခြားနားမှု ဟူ၍မရှိချေ။ ဘဲမ်းဆိုသော ကျနော်တို့၏အရာရှိကား ငွေကို အငန်းမရတပ်မက်လှသည် မဟုတ်၊ လူသေများကိုလဲ မ မက်မောလှ။ စာရင်းတွက်၍ကြည့်လျှင်မူ ဤနေရာများတွင် အထက်ပါလူနှစ်ယောက်ထက် များစွာညံ့ဖျင်းလိမ့် မည် - မဟုတ်ပေ။ သူကား လူကြီးကြီးကျယ်ကျယ်တယောက် ဖြစ်လာလိုသောဆန္ဒနှင့် စွန့်စွန့်စားစားကျဲနေသော သူတယောက်ဖြစ်လေသည်။ သူလည်း ဂက်စတာပိုတင် လုပ်သက်ရှည်လှပြီဖြစ်သည်။ နပိုလီယံရိပ်သာတွင်ွ ပြုလုပ်ခဲ့သော ဘဲရန် ၏ လျှို့ဝှက်ဆွေးနွေးပွဲများတွင် စားပွဲထိုးအဖြစ် အလုပ်လုပ်ခဲ့သည်။ ဟစ်တလာကိုဘဲရန်က မပြောဘဲကျန်နေသော အချက်ဟူသ၍ ဘဲမ်းက ဖြည့်စွက်ပြောဆိုခဲ့လေသည်။ သို့သော် ဤကိစ္စမျိုးကား သေးနုပ် နေသေးသည်။ သူတပါးကို အမဲလိုက်သလို လိုက်၍ဖမ်းရခြင်း၊ ၎င်းတို့၏ သေရေးရှင်ရေးတည်းဟူသော ပြဿနာ တွင် သက်ဦးဆံပိုင်ဖြစ်ရခြင်း၊ အိမ်ထောင်များ၏ကံကြမ္မာကို သူကသာ အဆုံးအဖြတ်ပေးရခြင်း၊ ဤသို့သော ကိစ္စ များသာလျှင် ကျေနပ်ဖွယ်ရာ ကောင်းလေသည်။ ဘဲရန် - ရူးဒေါလ်ဖ်၊ ဘဲရန်။ ဖောက်ပြန်သော ချက်ဓနရှင်များ၏ကိုယ်စားလည်။ အမျိုးသားသစ္စာဖောက်။ ဂျာမန် များဝင်ရောက်အုပ်စိုးစက ရုပ်သေးအစိုးရ ၀န်ကြီးချုပ်အဖြစ် တိုင်းပြည်အကျိုးယုတ်စေခဲ့သည်။ သူ၏ စိတ်ကျေနပ်မှုရရန်အတွက် နေရာတကာတွင် မချိမဆန့်ဇာတ်သိမ်းနေရန်မလိုပေ။ သို့သော် သူ့ ဘက်က တနည်းနှင့်မဟုတ် တနည်းနည်းနှင့် လက်မထောင်နိုင်လျှင်၊ အခြေအနေများမှာ ထို့ထက်ပင် ပို၍ဆိုးဝါး သွားနိုင်သည်။ ဟဲရောစတရာတောစ် လိုသာ နာမည်ကြီးရမည်ဆိုရင်၊ ဘာလဲဟဲ့ အလှ၊ ဘာလဲဟဲ့ အသက်။ ဟဲရောစတရာတောစ် - ရှေးဟောင်းဂရိပြည်တွင်၊ ဟဲရောစတရာတောစ်ဆိုသူသည် နာမည်ကျော်ကြားးလိုသော ကြောင့် အလှပဆုံးဝတ်သော ၀တ်ကျောင်းကြီးတကျောင်းကို မီးတိုက်ဖျက်ဆီးခဲ့လေသည်။

သူအကွက်ရိုက်၍ ဖြန့်ချထားသောသူလျှိုစနစ်မှာ အကြီးကျယ်ဆုံးဖြစ်ကောင်းဖြစ်မည်။ သူကား အမဲ လိုက်ခွေးတအုပ်ကြီးကို သုံးသောမုဆိုးဖြစ်လေသည်။ တကယ်လဲ အမဲလိုက်လေသည်။ မကြာခဏလဲ အမဲလိုက် ရခြင်းအရာသာ သက်သက်ကြောင့်သာ လူများကိုလိုက်လံဖမ်းဆီးသည်။ သူ့အနေနှင့်ဆိုလျှင် အမှုစစ်ခြင်းဟူ သည်ကား အများအားဖြင့် ငြီးငွေ့စရာကောင်းသော အလုပ်ကြီးတခုဖြစ်လေသည်။ သူ့အတွက် အရေးကြီးသည် ကား လူများကိုဖမ်းချုပ်ခြင်းဖြစ်သည်။ ဤသို့ပြုလုပ်လျှင် သူ၏ ရှေ့သို့လူအမြောက်အမြား ရောက်လာကြမည်၊ သူ ၏ဆုံးဖြတ်ချက်အား စောင့်ဆိုင်းနေကြပုံကို မြင်ရသည်။ တခါက သူသည်ပရာဟာမြို့ရှိ ဓာတ်ရထား၊ ဘတ်စ်ကား နှင့် တရော်လီဘတ်စ်ကားများမှ ဒရိုင်ဘာနှင့်စပယ်ယာပေါင်းနှစ်ရာခန့်ကို ဖမ်းဆီးခဲ့သည်။ လိုင်းများတလျှောက် လိုက်လံ ဖမ်းဆီးသဖြင့်၊ ယာဉ်များလဲရပ်တန့်ကာ လူများလဲကျီးလန့်စာစား ဖြစ်ခဲ့သည်။ ထိုအခါတုန်းက၊ သူသည် အထူးပျော်ရွှင်၍နေလေသည်။ ၎င်းနောက် ဖမ်းထားသော လူများအနက်မှ လူတရာ့ငါးဆယ်ကို လွှတ်ပစ်လိုက် ကာ၊ အိမ်ထောင်ပေါင်း တရာ့ငါးဆယ်တွင် သူ့အား သူတော်ကောင်းကြီးအဖြစ် ပြောဆိုနေကြတော့မည် ဟူ၍ လည်း ကျေနပ်နေပြန်သည်။

“ငါ့အမှုတွေထမှာ မင်းကိစ္စဟာအကြီးဆုံးပဲ” သူသည်ကျနော့်အား မကြာခဏ၊ ပွင့်ပွင့်လင်းလင်းကြီးပြေဲာ


လေ့ရှိသည်။ ကျနော့်ကိစ္စကို အမှုရှိသမျှအနက်အကြီးဆုံးဟူ၍ အထက်မှစာရင်းသွင်းလိုက်ကြသောအခါ သူ့အနေ နှင့်သွေးကြွသွားခဲ့လေသည်။ ဤအကြောင်းကြောင့်ပင် ကျနော့်အနေနှင့် သက်ဆိုးရှည်နေရသည် ဖြစ်ကောင်း ဖြစ်ပေမည်။ သူနှင့်ကျနော်သည် တယောက်နှင့်တယောက် ကြိုးစားပမ်းစား မနားမနေလိမ်ကြသည်။ အသားလွတ် တော့ မလုပြ် က။ သူလိမ်သမျှကို ကျနော်အကုန်သိသည်။ ကျနော်လိမ်နေသမျှကိုကား သူကတခါတလေမျှသာ ရိပ်မိသည်။ သို့သော်လည်ဆယ်နေသော အချက်တချက်ထင်ရှား၍လာသောအခါ၌လဲ ကျနော်တို့သည် တိုင်ပင်မ ထားသော သဘောတူညီချက်အရ ကိစ္စကိုကျော်၍သာသွားကြသည်။ ကျနော့်အထင်ကို ပြောရမည်ဆိုလျှင်သူ သည် အမှန်ကိုပေါ်လာအောင် စစ်ဆေးရမည်ထက် “သူ၏အမှုကြီး” ပေါ်တွင် အစွန်းအထင်းကလေး တပြောက် မျှတင်မသွားရန် ပို၍စိတ်ဝင်စားပုံ ပေါ်လေသည်။ ကြိမ်လုံးနှင့် သံဒုတ်တို့မှာ အမှုစစ်ဆေးရာ၌ အသုံးပြုရမည့်တခုတည်းသော နည်းလမ်းများဖြစ်သည်ဟု သူကမယူဆပေ။ သူသည် “မိမိ၏” လူတယောက်အပေါ် မည်သို့တန်ဘိုးဖြတ်သနည်း၊ တန်ဘိုးဖြတ်သည့်အတိုင်း လဲ ဖြောင်းဖျသည့်နေရာတွင် ဖြောင်းဖျသည်၊ ခြိမ်းခြောက်သည့်အခါ ခြိမ်းခြောက်သည်။ ဘယ်သောအခါကမျှ ကျနော့်ကိုနှိပ်စက်ညှဉ်းပမ်းခြင်းမပြုခဲ့ - အဖမ်းခံရသည့် ပထမညတုန်းကမူ သူပါကောင်းပါမည်။ သို့သော် လိုအပ်သည်ဟု ယူဆလာသောအခါ၌မူ ကျနော့်အား အခြားတယောက်ယောက်ထံ ခေတ္တထုတ်၍ ချေးငှားတတ် လေသည်။ သူသည် အခြားသူများထက်ပို၍ စိတ်ဝင်စားဖွယ်ရာကောင်းသည်။ ဤအချက်ကိုကား ယုံမှားသံသယ ရှိစရာ မလိုပေ။ အခြားသူများထက်လဲ ပို၍စိတ် ကူးစိတ်သန်းကြွယ်ဝသည်။ ကြွယ်ဝသလိုလဲ အသုံးချတတ်သည်။ တခါသော် လူတယောက်အား ထောင်ဖမ်းရန်ဟု လုပ်ဇာတ်ခင်းကာ၊ သူနှင့်ကျနော် ဘရားညစ် အရပ်သို့သွားကြ သည်။ နောင်တွင်လဲ ကျနော်တို့သည် ထိုနေရာသို့မကြာခဏသွားကြ၍ ဘီယာဆိုင်တဆိုင်၏ ခြံဝင်းထဲတွင်ထိုင် ကာ ဘေးပတ်လည်မှ အမြှင်မပြတ်သွားလာနေကြသော လူများကိုကြည့်နေတတ်ကြသည်။ - မင်းကို ငါတို့ကဖမ်းချုပ်လိုက်တယ် - သူသည် လူများကိုကြည့်ယင်း ဤသို့ဆန်းစစ်ပြလေသည် - ဒါ ပေမဲ့ ကြည့်စမ်း ဘာတွေများပြောင်းလဲသွားသလဲ။ လူတွေဟာအရင်ကလိုပဲ သွားကြလာကြ ရယ်ကြမောကြ။ အယင်ကလိုပဲ ကိုယ့်သဘောနဲ့ကိုယ်လဲရှိရဲ့။ လောကကြီးဟာ ဆက်ပြီးရွေ့လျှားနေလိုက်တာ၊ မင်း လိုလူမျိုးတ ယောက် ကမ္ဘာပေါ်ကိုမရောက်ခဲ့ဘူးသလိုပဲ။ ဒီလူတွေကြားထဲမှာ မင်းရဲ့စာဖတ်ပရိတ်သတ်တချို့တောင် ပါမှာပဲ မင်းအတွက်ကြောင့် ဒီလူတွေမှာ ပါးရည် ကလေးတချက်ပိုပြီးတွန့်သွားတယ် ထင်သလား။ တခါတွင်လဲ တနေ့လုံးစစ်ဆေးမေးမြန်းနေခဲ့ပြီးနောက်၊ ကျနော့်အားကားတစင်းပေါ်သို့တင်ကာ ပရာဟာ ၏ညနေခင်းကိုဖြတ်လျက် နဲရုဒါလမ်း အထက် ဟရဒ်ချန်နီ သို့အရောက်မောင်းနှင်ခေါ်ဆောင်သွားပါသည်။

- မင်း ပရာဟာကိုချစ်တယ်ဆိုတာ ငါသိပါတယ်။ ကြည့်စမ်း ဒီမြို့ထဲကို တခါတလေတော့ ပြန်မသွားချင် ဘူးလား၊ ဘယ့်လောက်လှတဲ့မြို့လဲ။ လှတာမှ မင်းမရှိပြီးတဲ့နောက်တောင်မှ ဒီမြို့ဟာ လှမြဲလှနေမှာ ...
သူသည် အကုသိုလ်ဘက်သို့ဆွဲသော နတ်မိစ္ဆာ၏အခန်းကို ကောင်းစွာကပြတတ်သည်။ နွေရာသီ၏ည နေခင်းသည် ဆောင်းဦးရာသီ၏ ရှေ့တော်ပြေးအငွေ့အသက်များဖြင့် မြို့တော်ကိုပက်ဖြန်းထားသည်။ မြို့တော်မှာ မှည့်နေသောသပျစ်ညိုသီးကဲ့သို့ ပြာလဲ့လဲ့အရောင်ဖြင့် မှိုင်းနေသည်။ အရက်ကဲ့သို့ ယစ်မူးစေသည်။ ကျနော်ကား ထိုအလှများကို ကမ္ဘာဆုံးသည့်အထိ ငေးကြည့်နေလိုလှသော်လည်း ... သူက စကားကို ကြားကဖြတ်၍ ပြော လိုက်သည်။

- ခင်ဗျားတို့မရှိတော့တဲ့နောက်ဆို၊ ဒီထက်တောင်ပိုပြီးလှလာလိမ့်အုံးမယ်။
သူက တချက်မျှရယ်လိုက်လေသည်။ အဆိုးသဘောနှင့်ရယ်သည်ကား မဟုတ် စိတ်မချမ်းသာသည့်အ နေနှင့်ဖြစ်လေသည်။ ထို့နောက်

- မင်းက အပျက်ကချည်း လိုက်ကြည့်နေတဲ့အကောင်ပ။ဲ


ဟု ပြောလေသည်။ သူသည် ထိုညနေခင်းသို့ မကြာမကြာ ပြန်၍လှည့်လာတတ်သည်။ - ဒို့ဒီမှာ မရှိတော့တဲ့နောက် ... ဟုတ်လား ... ဒီလိုဆိုရင် ဒို့နိုင်မယ်ဆိုတာ မင်းမယုံဘူးပေါ့။ သူက ဤကဲ့သို့မေးသည်။ သူကိုယ်တိုင်လဲ မယုံတော့သောကြောင့် ဤသို့မေးခြင်း ဖြစ်လေသည်။ နောက် ကျနော်က ဆိုဗီယက်ယူနီယံ၏အင်အား၊ ဆိုဗီယက်ယူနီယံကို မည်သူကမျှ မချေမှုန်းနိုင်ပုံ စသည်တို့ကို ပြောပြသောအခါ သူသည် အာရုံစိုက်၍နားထောင်နေခဲ့သည်။ စကားစပ်မိ၍ပြောရဦးမည်။ ဤသည်ကား ကျနော် ၏ နောက်ဆုံး “အစစ်ခံချက်” တချို့တ၀က်ပင် ဖြစ်လေသည်။ - ချက် ကွန်မြူနစ်တယောက်ကို သတ်တိုင်း သတ်တိုင်း၊ ခင်ဗျားတို့ဟာ ဂျာမန်လူမျိုးရဲ့ မျှော်လင့်ချက်တ

စိတ်တပိုင်းကို သုတ်သင်ပစ်နေကြတာပဲ ဟု ကျနော်ကသူ့အား ပြောပြခဲ့ပါသည် - ဂျာမန်လူမျိုးရဲ့ရှေ့ရေးကို ကယ်တင်နိုင်တာ ကွန်မြူနစ်ဝါဒ တခုတည်းပဲရှိတယ်။


သူသည် ဖြစ်ချင်ရာဖြစ်ပစေ ဟူသော အမူအရာဖြင့် လေကိုလက်နှင့် ရိုက်ပြပါသည်။

- ဒို့ ရှုံးမယ်ဆိုရင်တော့ ဒို့ကိုဒီဝါဒက ကယ်တင်နိုင်မှာ မဟုတ်ပါဘူးကွာ - ဟု ပြောယင်း အိတ်ထဲမှ ပစ္စ


တိုကိုထုတ်၍ ပြပါသည်

- မြင်လား၊ နောက်ဆုံး ကျည်ဆံသုံးတောင့်ကို ကိုယ့်အတွက်ကိုယ်ချန်ထားတယ်။


... သို့သော် ဤသည်ကား ရုပ်တုကလေးတခုကိုသာ ကိုယ်စားပြနေခြင်း မဟုတ်တော့။ ဤသည်ကား အရွယ်နှောင်း၍ ဟောင်းနေပြီဖြစ်သော ခေတ်တခုကို သရုပ်ဖော်ခြင်း ဖြစ်လေသည်။ (ပခုံးသိုင်းကြိုးတစုံ - ကြားဖြတ်တူရိယာသံ) မျက်နှာချင်းဆိုင် အကျဉ်းခန်း၏ တံခါးဘေးတွင် ပခုံးသိုင်းကြိုးတစုံ ချိတ်ဆွဲထားသည်။ ယောက်ျား ဘောင်းဘီများကို ထိန်းသည့်သာမန်ပခုံးသိုင်းကြိုး တစုံမျှသာဖြစ်သည်။ ကျနော် ဘယ်တုန်းကမျှမနှစ်သက်ခဲ့ဘူး သည့် ပစ္စည်းတခုဖြစ်သည်။ ယခုသော် ကျနော်တို့၏ အကျဉ်းခန်းတံခါးကို ဖွင့်လိုက်ကြတိုင်း အဆိုပါ ပစ္စည်းကို ၀မ်းမြောက်စွာ ကြည့်မိသည်။ ထိုပခုံးသိုင်းကြိုးများတွင် မြှော်လင့်ချက်ကလေး တပိုင်းတစမျှ မြင်တွေ့နေမိပါ သည်။ ခင်ဗျားအား ဖမ်းဆီးသည့်အခါတွင် သူတို့သည် ခင်ဗျားအားသေသည့်အထိ ရိုက်ကောင်းရိုက်ကြမည်။ သို့သော် ခင်ဗျားဖာသာခင်ဗျား ကြိုးဆွဲချ၍မသေနိုင် ရှေးဦးပထမတွင်ခင်ဗျား၏ ကော်လာစည်း၊ ခါးပတ်၊ သို့မဟုတ် ပုခုံးသိုင်းကြိုးများကို ယူသားကြသည်။ (အိပ်ရာခင်းကို သုံးမည်ဆိုလျှင်ကား လှလှကြီး ကြိုးဆွဲချသွေ နိုင်သည်။) ၎င်းနောက် ဤမျှအန္တရာယ်ကြီးလှသော သေမင်း၏လက်သုံးကိရိယာများကို ထောင်တွင်းရုံးခန်း၌ သိမ်းထားကြသည်။ နောက် ဂက်စတာပိုရှိ ခင်ဗျားမသိသော ကံကြမ္မာတခုက ခင်ဗျားအား အလုပ်ကြမ်းလုပ်ရန်

ဖြစ်စေ၊ ထောင်စခန်းတခုခုသို့ဖြစ်စေ၊ သို့မဟုတ် ကြိုးစင်ပေါ်သို့ဖြစ်စေ၊ တနေနေရာသို့ပို့ရမည်ဟု ဆုံးဖြတ်သော အခါကျမှ ခင်ဗျားအားခေါ်ကာ ထိုပစ္စည်းများကိုတခန်းတနားပြန်လည် ပေးအပ်ကြလေသည်။ သို့သော် အကျဉ်း ခန်းအတွင်းသို့ကား ပြန်လည်ယူသွားခွင့်မပြု။ အပြင်ဘက်တံခါး၏ ဘေးတွင်ဖြစ်စေ၊ တံခါး၏ရှေ့မှ သံတန်းတွင် ဖြစ်စေ ချိတ်ထားရသည်။ အမိန့်ကျသောအချိန်မှစ၍ တကယ်ပင် ထွက်ခွာသွားရသောအချိန်အထိ ထိုနေရာတွင် တွဲလွဲခိုနေကြရသည်။ ထိုသို့သော ပစ္စည်းများကား အကျဉ်းခန်းအတွင်းမှ တစုံတယောက်သောသူသည် မသွား လိုသောလမ်းသို့ ခရီးထွက်ရန် အသင့်ဖြစ်နေရပြီဟူသော အထိမ်းအမှတ်ပင်ဖြစ်သတည်း။ ဂုစတီနာ၏ ကံကြမ္မအကြောင်းကို ကြားရသောနေ့၌ပင် ပခုံးသိုင်းကြိုးတစုံသည် ကျနော်တို့နှင့်မျက်နှာ ချင်းဆိုင် အကျဉ်းခန်းရှေ့တွင် ပေါ်ပေါက်လာသည်။ မျက်နှာချင်းဆိုင်အကျဉ်းခန်းမှ မိတ်ဆွေတယောက်သည် သူမနှင့်တသုတ်တည်း အလုပ်ကြမ်းလုပ်ရာသို့ ထွက်ခွာသွားရမည်ဖြစ်သည်။ ထိုလူသိုက်ကား ယခုထက်ထိ ခရီး မထွက်ရသေး။ ဗြုံးကနဲ ရက်ရွေ့လိုက်ကြသည်။ သူတို့သွားရမည့်အလုပ်ရုံမှာ ဗုံးကြဲခံရသဖြင့် ပျက်စီးကုန်သည် ဟု ကြားရသည်။ (ဤသည်ကား တွက်ကိန်းကိုက်သော အဖြစ်အပျက်တရပ်။) မည်သည့်အချိန်တွင် ခရီးထွက်ရ မည်ကို မည်သူမျှမသိ။ ယနေ့ညနေ သို့မဟုတ် မနက်ဖြန်၊ နောက်အပတ် သို့မဟုတ် ဆယ့်လေးရက်အကြာတွင် သွားကောင်းသွားကြရမည်။ ပခုံးသိုင်းကြိုးများကား တွဲလောင်းခိုမြဲခိုနေကြလေသည်။ သို့နှင့်ကျနော်လည်း သိနေ ရသည်။ ထိုပစ္စည်းကို မြင်နေရသမျှကာလပတ်လုံး ဂုစတီနာတယောက်ဖြင့် ပရာဟာမြို့တွင် ရှိနေပေလိမ့်ဦးမည်။ ထို့ကြောင့် ထိုပုခုံးသိုင်းကြိုးများသည် သူ့အားကူညီနေသာ ပုဂ္ဂိုလ်တယောက်ဖြစ်ဘိသည့်အလား ၎င်းတို့အား ၀မ်း သာမြတ်နိုးစွာ ကြည့်ရှုနေခဲ့ပါသည်။ သူ့အနေနှင့် တရက်မျှ အချိန်ရလာမည်၊ နှစ်ရက် ... သုံးရက် ... ဒီအချိန်ဟာ ဘယ်လိုအကျိုးသက်ရောက်မယ်ဆိုတာ ဘယ်သူသိနိုင်ပါ့မလဲ။ ဒီလိုရလိုက်တဲ့ ရက်ကလေးတရက်ကပဲ သူ့အ သက်ကိုကယ်ဆယ်ကောင်း ကယ်ဆယ်မိမှာ ... ကျနော်တိ့အားလုံးသည် ဤသို့သာ နေထိုင်ခဲ့ကြသည်။ ယနေ့လဲ ဤသို့ပင်နေကြသည်။ ယခင်လ၊ ယု ခင်နှစ်ကလဲ ဤသို့ပင်။ မြှော်လင့်ချက်တည်ရှိရာ မနက်ဖြန်သို့ အမြဲတန်းမျက်နှာမူနေကြသည်။ ခင်ဗျား၏ ကံကြ မ္မာကိုကား ချိတ်တံဆိပ်ခပ်နှိပ်လိုက်ပြီ။ ခင်ဗျားအား သဘက်ခါတွင် သေနတ်နှင့်ပစ်သတ်ရန် ဆုံးဖြတ်လိုက်ကြပြီ - အမယ် ဒါပေမဲ့ မနက်ဖြန်ဘာဖြစ်မယ်ဆိုတာ ဘယ်သူပြောနိုင်ပါ့မလဲ။ နက်ဖြန်ခါအထိသာ အသက်ရှင်နေဦးမည် ဆိုလျှင် ... နက်ဖြန်ကျလျှင် အစစအရာရာ ပြောင်းလဲသွားနိုင်သည်။ အစစအရာရာကား မခိုင်မကျည်ရှိလှစွာ သည်။ မှန်သည်၊ နက်ဖြန်ဘာဖြစ်မည်ကို မည်သူသိသနည်း။ သို့နှင့် နက်ဖြန်ပေါင်းများစွာလဲ ရွေ့လျားသွားသည်။ ထောင်ပေါင်းများစွာသော လူတို့အတွက်ကား မနက်ဖြန်ဟူ၍မရှိတော့။ သို့ရာတွင် ဆက်လက်၍ နေထိုင်နေကြ သည် - နက်ဖြန်ခါ၊ နက်ဖြန်ခါ ဘာဖြစ်တော့မယ်ဆိုတာ ဘယ်သူ သိနိုင်ပါ့မလဲ။ ဤသို့သော တွက်ကိန်းမျိုးမှ အကြောင်ဆုံးသော ကောလာဟလသတင်းများ ပေါက်ဖွားလာခဲ့သည်။ အ ပတ်တိုင်း အပတ်တိုင်း ဘယ်တော့စစ်ပြီး တော့မည်ဟူသော နှင်းဆီရောင်သတင်းများပေါ်လာတတ်သည်။ ထိုသ တင်းများကို လူတိုင်းသည်ပါးစပ်ကို နားနှစ်ဘက်ထိလုနီးနီးဖြဲရင်း အငန်းမရ နားထောင်လေ့ရှိကြသည်။ အပတ် တိုင်း အပတ်တိုင်း ပန်းကရာ့စ်ထောင်သည် ထူးခြားသော ၀မ်းသာစရာသတင်းတရပ်ကို တိုးတိုးကလေး ဖွင့်ပြော တတ်သည်။ ထိုသတင်းမျိုးကို လူတိုင်းကပင် အားတက်သရောလက်ခံလိုကြသည်။ ခင်ဗျားက ဤကိစ္စမျိုးကိုတွန်း လှန် တိုက်ခိုက်သည်။ လွဲမှားသော မြှော်လင့်ချက်များကို ခင်ဗျားကတိုက်ဖျက်သည်။ ဤကိစ္စမျိုးကား လူ၏စရိုက် ကို မကြံ့ခိုင်စေသည်သာမက ပျော့ညံ့စေသည်။ အဆုံးသတ်၌ အစစအရာရာသည် ချောချောမောမော ဖြစ်သွား လိမ့်မည်ဟူသော သဘောထားကို လိမ်လည်ချက်ဖြင့် အစာခွန့်ရန် လိုလဲမလို၊ သင့်လဲမသင့်။ ထိုအကောင်းမျှော် စိတ်ဓာတ်သဘောထားကို အမှန်စကားဖြင့်လည်းကောင်း၊ မြေကြီး လက်ခတ်မလွဲ ရရှိမည့်အောင်ပွဲကို ပြတ်ပြတ် သားသား မြင်တတ်ခြင်းဖြင့်လည်းကောင်း၊ ယင်းသို့သာ အားဖြည့်ထားရပေမည် - သို့သော်လည်း အခြေခံသဘာ ၀ကား ခင်ဗျား၏ ကိုယ်တွင်း၌လည်း ရှိနေသည်။ သည်ရက်ကလေး တရက်သည်ပင် အဆုံးအဖြတ်ပေးမည့်နေ့ ဖြစ်နိုင်သည်။ ခင်ဗျားအချိန်ရလိုက်သော ရက်ကလေးတရက်သည်ပင် ခင်ဗျားအား ခြိမ်းချောက်နေသော သေ ဘေး၏ နယ်စပ်မှ ခင်ဗျားမစွန့်လွှတ်လိုသော ဘ၀၏နယ်တင်းသို့ ဖြတ်ကူးမိရန်ကူညီကောင်း ကူညီနိုင်လိမ့်မည်။ွ

လူတို့၏တသက်တာတွင် ရက်ပေါင်းနည်းပါးလှစွာသည်။ သို့စဉ်လျက် ခင်ဗျားသည်ထိုရက်များကို လျင် မြန်စွာရွေ့လျားသွားစေလိုသည်။ ပို၍မြန်လေ၊ အတတ်နိုင်ဆုံးမြန်လေလေ၊ ခင်ဗျားအနေနှင့်ပို၍နှစ်သက်သည်။ အချိန်ကား ဖမ်း၍မရ၊ ပြေး၍နေသည်။ ခင်ဗျား၏ သွေးကြောများမှ မရပ်မဆိုင်းဘဲ တစိမ့်စိမ့်ယို ထွက်နေသောအ ချိန်ကား ခင်ဗျား၏မိတ်ဆွေပင် ဖြစ်လေသည်။ အံ့ဘွယ်ကောင်းလေစွ။ နက်ဖြန်သည် ယမန်နေ့ဖြစ်သွားသည်။ သဘက်ခါသည် ယနေ့ဖြစ်လာသည်။ ဤသည်လည်း လွန်ခဲ့ပြန် လေပြီ။ မျက်နှာချင်းဆိုင် အကျဉ်းခန်းတံခါးဘေးမှ ပခုံးသိုင်းကြိုးများကား တွလခိုမြဲခိုနေကြလေသည်။ွဲ အခန်း - ၆ ၁၉၄၂ - ခုနှစ်၊ မာရှယ်လော ၁၉၄၃ ခုနှစ်၊ မေလ ၂၇ ရက်နေ့။ လွန်ခဲ့သော တနှစ်တိတိက ဖြစ်လေသည်။ သူတို့သည် စစ်ဆေးမေးမြန်းရာဌာနမှ ကျနော့်အား “ဘိုင်စကုပ်ရုံ” သို့ခေါ်ချသွားကြသည်။ ဤသည် ကား နံပါတ်လေးရာမှလူသိုက်၏ နေ့စဉ်ကျင့်ဝတ် ဖြစ်လေသည်။ မွန်းတည့်တွင် ပန်းကရာ့စ်မှ ယူလာကြသော နေ့လည်စာကို ဆင်း၍စားကြရသည်။ မွန်းလွဲပိုင်းတွင် လေးထပ်ပေါ်သို့ ပြန်တက်ကြရသည်။ သို့သော် ထိုနေ့ တွင်ကား ကျနော်တို့သည် အပေါ်ထပ်သို့ ပြန်၍ မတက်ကြရပေ။ ခင်ဗျားသည် တနေရာတွင်ထိုင်၍ အစာစားရသည်။ ဇွန်းများဖြင့်တမျိုး၊ ဝါးမြုံ့ခြင်းဖြင့်တဖုံ၊ အလုပ်များ နေကြသော အကျဉ်းသမားတို့သည် ခုံတန်းရှည်များပေါ်၌ ပြည့်၍နေသည်။ အတော်ကလေးပင် လူ့လောကဆန် နေသည်။ နံနက်ဖြန်တွင် သေကြတော့မည့် သူအားလုံးသည် အရိုးစုများဘဝသို့ ယခုတမဟုတ်ချင်း ကူးပြောင်း သွားမည်ဆိုပါက ဇွန်းသံ မြေပန်းကန်သံများသည် အရိုးခြစ်သံ၊ ခြောက်သွေ့သော မေးရိုးရိုက်သံများအလည်တွင်၊ ပျောက်ကွယ်သွားပေလိမ့်မည်။ သို့သော်ထိုအကြာင်းကို မည်သူမျှမရိပ်မိကြသေး။ လူတိုင်းလူတိုင်းသည် ရက် သတ္တပတ်များ၊ လများ၊ နှစ်များကြာမြင့်စာနေထိုင်ကြရန် ကိုယ်ခန္ဓာကိုအစာခွန့် ၍ နေကြလေသည်။ွ စည်းစိမ်ရှိလိုက်တာဟူ၍ပင် ပြောနိုင်လောက်ပေသည်။ ထို့နောက် လေအဟုန်သည်ဗြုံးကနဲ ပြင်းထန်စွာ တိုးဝင်လာသည်။ ထို့နောက် တဖန်ငြိမ်သက်သွားပြန်သည်။ ထောင်စောင့်များ၏ မျက်နှာရိပ်မျက်နှာကဲများ အရ သာတစုံတခုဖြစ်နေပြီကို ခန့်မှန်း၍ရမည်။ ထို့နောက် ကျနော်တို့အား ခေါ်ထုတ်ကြ၍ ပန်းကရာ့စ် ပြန်ရန်တန်းစီ ခိုင်းကြသည့်အတွက်၊ တခုခုဖြစ်နေပြီဆိုသည်မှာ ပို၍ပင်ရှင်းလာတော့သည်။ နေ့လည်မွန်းတည့်ကြီးမှာ ပါက လား။ ဒီလိုတခါမှ မဖြစ်ဖူးဘူး။ နေ့ဝက်မျှ အစစ်အဆေး မခံရတော့ခြင်းဟူသည်မှာ အဖြေပေးရန်မရှိသော မေး ခွန်းများကြောင့် ပင်ပန်းနွမ်းနယ်နေဆဲတွင် ထာဝရသခင်၏ မေတ္တာလက်ဆောင် ရောက်လာသည်နှင့်ပင် တူနေ လေသည်။ ထိုသို့လည်း ထင်လောက်ပေသည်။ အမှန်ကား ထိုသို့မဟုတ်။ စင်္ကြံထဲတွင် ကျနော်တို့သည် ဗိုလ်ချုပ်ကြီး အဲလိယာရှ် ကိုတွေ့ကြသည်။ သူ၏ မျက်လုံးများတွင် တုန် လှုပ်မှုများပေါ်နေသည်။ ကျနော့်ကိုမြင်သောအခါ ထောင်စောင့်တအုပ်ကြီး၏ အလည်၌ပင် တီးတိုး၍ပြောဖြစ် အောင်ပြောလိုက်သည်။ အဲလိယာရှ် - ဗိုလ်ချုပ်ကြီး အလောအိစ်၊ အဲလိယာ့ရှ် ဆိုသူမှာ ဂျာမန်များထူထောင်သော ရုပ်သေးအစိုးရတဖွဲ့တွင် ၀န်ကြီးချုပ်လုပ်ခဲ့သည်။ တော်လှန်ရေးသမားများနှင့် ပူးပေါင်းလုပ်ကိုင်ခဲ့သောကြောင့် ၁၉၄၁ ခုနှစ်တွင် အဖမ်းခံရ သည်။ နောက် အသတ်ခံရသည်။ - မာရှယ်လော။

အကျဉ်းသမားများသည် အရေးကြီးသော သတင်းများကို ဖောက်သည်ချရန် စက္ကန့်၏ တစိတ်တပိုင်းမျှ သာရကြသည်။ သူကား အသံမထွက်သော မေးခွန်းကိုဖြေရန် အခွင့်အရေးမရတော့။ မာရှယ်လော - စစ်အုပ်ချုပ်ရေး။ မာရှယ်လောကြေငြာထားသော အချိန်တွင် သေးငယ်သောအပြစ်များအတွက်ပင် ကြီးမားသော အပြစ်ဒဏ်များခတ်လေ့ရှိသည်။ ပန်းကရာ့စ်ရှိ ထောင်စောင့်များကား အချိန်မကျမီ ကျနော်တို့ပြန်လာကြသဖြင့် အံ့အားသင့်နေကြသည်။ ကျနော့်အား အကျဉ်းခန်းအတွင်းသို့ ပြန်ခေါ်သွားသည့် ထောင်စောင့်သည် ယုံကြည်စိတ်ချစေလောက်သော အမူ အရာကိုပြသည်။ သူ မည်သူမည်ဝါဖြစ်မှန်း ယခုထက်ထိမသိသေး။ သို့သော်ကျနော် ကြားခဲ့ရသောသတင်းကို သူ့အားပြောပြလိုက်သည်။ သူက ခေါင်းခါပြသည်။ ဘာမျှမသိ။ ကျနော် နားကြားလွဲသည် ဖြစ်ကောင်းဖြစ်ပေမည်။ ဟုတ်သည်၊ နာကြား လွဲကောင်း လွဲခဲ့မည်။ ဤအယူအဆကား လူကိုစိတ်သက်သာခွင့် ရစေလေသည်။ သို့သော် ထိုနေ့ညနေပိုင်းတွင်ပင် အထက်ပါထောင်စောင့်သည် အကျဉ်းခန်းတွင်းသို့ ပေါက်လာသည်။ ခင်ဗျားကြားတာ ဟုတ်တယ်။ ဟိုင်းဒရစ် ရဲ့ အသက်ကိုလုပ်ကြံဖို့ ကြိုးစားကြတယ်။ အပြင်းအထန် ဒဏ် ရာရသွားတယ်။ ပရာဟာမြို့မှာမာရှယ်လော။ နောက်တနေ့ နံနက်တွင် စစ်ဆေးရေးဌာနသို့ခေါ်သွားရန် ကျနော်တို့အား အောက်ထပ်စင်္ကြံထဲ၌ တန်းစီခိုင်းကြသည်။ ကျနော်တို့ လူသိုက်ထဲတွင် ရဲဘော် ဗစ်ကတောရ်၊ ဆင်းနက် လည်းပါသည်။ သူကား ၁၉၄၁ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း အဖမ်းခံရသော ပါတီဗဟိုကော်မတီဝင်များအနက်၊ အသက်နှင့်ခန္ဓာ မြဲ လျက်သား နောက်ဆုံးကျန်ရစ်သောသူဖြစ်သည်။ အက်ဆက်စ် ယူနီဖေါင်းဝတ် ပိန်ပိန်ညှောင်ညှောင် ထောင်မှူးတယောက် သည် သူ၏မျက်လုံးရှေ့တွင် စက္ကူဖြူ တရွက်ကို ဝှေ့ရမ်း၍နေသည်။ စက္ကူပေါ်တွင် “အဲန်တလာဇွန်းဂ်ဂဘဲ့ဖလ်”ဲ ဟု စာလုံးမဲမဲကြီးများဖြင့် ရိုက်နှိပ်ထားသည်ကို ခင်ဗျားတွေ့နိုင်သည်။ ဟိုင်းဒရစ် - ရိုင်းဟာ့ရ်တ်၊ ဟိုင်းဒရစ်ခ်။ ထင်ရှားသော နာဇီခေါင်းဆောင်တယောက်။ ချက်ပြည်နယ် အုပ်ချုပ်ရေး မှူးအဖြစ် အထူးဖိနှိပ်ညှဉ်းပမ်းခဲ့သူဖြစ်သည်။ မျိုးချစ်များက ၁၉၄၂ ခုနှစ၊ မေလတွင် ၎င်းအား လုပ်ကြံသုတ် သင်လိုက်ကြသည်။ “အဲန်တလာဇွန်းဂ်ဂဘဲ့ဖလ်” - (ဂျာမန်စကား) လွှတ်မိန့်။ဲ ထောင်စောင့်က ရက်စက်စွာရယ်မောနေသည်။

“ဟေ့၊ ဂျူးအကောင်၊ ဒီမှာတွေ့လား။ အချိန်တန်တော့ နွားပိန်ကန်ပြီလေ။ လွှတ်မိန့်တဲ့ကွ...ဖစ်...”


သူသည် ဗစ်ကတောရ်၏ ဦးခေါင်း လွင့်ထွက်သွာရမည့် နေရာဖြစ်သော လည်ချောင်းကို လက်ညှိုးထိုး၍ ပြလေသည်။ ၁၉၄၁ ခုနှစ်၊ မာရှယ်လော ကြေညာစဉ်က ပထမဆုံး သေဒဏ်ပေးခံရသူမှာ အစ်ကိုဖြစ်သူ အော တော၊ ဆင်းနက် ဖြစ်သည်။ ၁၉၄၂ ခုနှစ် မာရှယ်လောတွင် ၎င်း၏ညီ ဗစ်ကထောရ်ပင် ပထမဆုံး သေဒဏ်သင့် လေသည်။ သူ့အား မောင်ထောင်ဇင် သို့ခေါ်သွားကြသည်။ သေနတ်နှင့် ပစ်သတ်ရန်ဟုဆိုကြသည်။ ဤကားစ ကားအလှသုံးခြင်း ဖြစ်လေသည်။ မောင်ထောင်ဇင် - သြစတြီးယားပြည်ရှိ နာဇီများ၏ အကျဉ်းစခန်း။ ပန်းကရာ့စ်မှ ပက်ချက်နန်းတော်သို့ သွားကြပြန်ရာ လမ်းတလမ်းလုံးကား ထောင်ပေါင်းများစွာသော အ ကျဉ်းသမားတို့အတွက် နေ့စဉ်အမျှ ကားစင်တင်၊ လှံချွန်နှင့် ထိုးရာဖြစ်လာသည်။ လော်လီကားများပေါ်တွင် တာ ဝန်ကျနေကြသော အက်ဆက်စ်တို့သည် “ ဟိုင်းဒရစ်အတွက်လက်စားချေ” နေကြလေသည်။ အကျဉ်းထောင် မော်တော်ကား တမိုင်မျှမောင်းမသွားရသေးမီပင်၊ အကျဉ်းသမား အများအပြားမှာ အထိုးခံသောပါးစပ်များမှ၎င်း၊ ခြောက်လုံးပြူးဒင်များဖြင့် အဆောင့်ခံရသဖြင့် ကွဲသွားသောခေါင်းများမှ၎င်း၊ သွေးများယိုစီး၍ လာကြရတော့ သည်။ လော်လီထဲတွင် ကျနော်ပါလာက အခြားအကျဉ်းသားများအနေဖြင့် သက်သာခွင့်ရကြသည်။ အဘယ့် ကြောင့်ဆိုသော် ကျနော်၏မေးမှမုတ်ဆိတ်များသည် အက်ဆက်စ်တို့၏ အာရုံစူးစိုက်ရာများ ဖြစ်လာသည်။ ကြံ ကြီးစီရာ နောက်ကြပြောင်ကြစရာကြီးဖြစ်လာသည်။ သူတို့ အကြိုက်ဆုံး ပျော်ပတခုကား တဂျုံးဂျုံး တဂျိုင်းဂျိုင်ွးဲ နှင့် ဆောင့်နေသော လော်လီကားထဲတွင် ကိုယ်ကိုထိန်းသည့် ကြိုးကွင်းကဲ့သို့ ကျနော်၏မုတ်ဆိတ်ကို အသုံးချ

ကြခြင်းပင် ဖြစ်လေသည်။ ဤသည်ကား ကျနော့်အတွက်လည်း အသုံးကျသည်။ အစစ်ဆေးမခံရမီ ပြင်ဆင်ထား သကဲ့သို့ ဖြစ်နေသည်။ စစ်ဆေးခဏ်းများမှာလည်း “နက်ဖြန်မှ မလိမ္မာသေးဘူးဆိုရင်တော့ မင်းကို သတ်ပစ်မယ်” ဟူသောစကားများဖြင့် မှန်မှန်ကြီး အဆုံးသတ်တတ်လေသည်။ ညနေတိုင်းညနေတိုင်း အောက်ဆုံးအထပ်ရှိ စင်္ကြံ များထဲတွင် နာမည်များ ဟစ်အော်ခေါ်ထုတ်နေသည်ကို ခင်ဗျားဆက်တိုက်ကြီးကြားနေရသည်။ လူငါးဆယ်၊ တ ရာ၊ နှစ်ရာ၊ တခဏချင်းတွင်ပင် နွားသတ်ရုံသို့ ပို့ရမည့် ကျွဲ,နွားများပမာ၊ ၎င်းတို့အား ကြိုးများဖြင့် တုပ်နှောင် ကြသည်။ နောက်လော်လီကား များဖြင့် တင်ဆောင်ကာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ရန် ကောဘီလီဆီ သို့ခေါ်သွားကြသည်။ ၎င်းတို့၏ အပြစ်ကား အဘယ်နည်း။ ၎င်းတို့၏ အပြစ်ကား အပြစ် မရှိခြင်းတည်း ဟူသော အပြစ်ပင်ဖြစ်လေသည်။ သူတို့ကား အဖမ်းခံထားရသောသူများ ဖြစ်သည်။ ကြီးမားသော အမှုအခင်းတခုနှင့်မျှ မပတ်သတ်။ သူတို့ အားစစ်ဆေးနေရန် လုံးဝမလို။ ထို့ကြောင့်လည်း သူတို့အား သတ်ပစ်ရန် သင့်တော်လာလေ တော့သည်။ ရဲဘော်တစ်ယောက်သည် အခြားလူကိုးယောက်အား ကဗျာပြောင်တပုဒ်ကို ဖတ်ပြသည်။ ထို့ကြောင့် ဆယ်ယောက် စလုံးအဖမ်းခံကြရသည်။ ဤအဖြစ်အပျက်ကား ဟိုင်းဒရစ်ကို မလုပ်ကြံမီ နှစ်လကဖြစ်လေသည်။ ယခုသူတို့အား လုပ်ကြံမှုကိုထောက်ခံသောသူများဟု သေဒဏ်ပေးရန် ခေါ်သွားကြလေသည်။ လွန်ခဲ့သော ခြောက်လက ဥပဒေနှင့်ဆန့်ကျင်သော စာတမ်းများကို ဝေငှသည်ဟု သင်္ကာမကင်း ရှိသောကြောင့် အမျိုးသမီး တဦးအဖမ်းခံခဲ့ရသည်။ သူကမဟုတ်ကြောင်း ငြင်းဆိုနေခဲ့သည်။ ယခုသူ၏ညီမများ၊ သူ၏မောင်များ၊ သူ့ညီမ များ၏ ယောက်ျားများနှင့် သူ့မောင်များ၏ မိန်းမများပါဖမ်းဆီး၍ အကုန်သတ်ပစ် လိုက်ကြသည်။ အဘယ့်ကြောင့် ဆိုသော် မိသားစုအလိုက် မျိုးရိုးအလိုက် အမျိုးဖြုတ်ခြင်းကား ဤမာရှယ်လော၏ ကြွေးကြော်သံ မဟုတ်ပါလော။ မှား၍အဖမ်းခံခဲ့ရသော စာတိုက်မှမင်းစေတယောက်သည် အောက်ထပ်ထရံဘေးတွင်ရပ်လျက်၊ လွှတ်မိန့်ကို စောင့်၍နေသည်။ နောက် အမည်ခေါ်သံကိုကြားသဖြင့် ရှေ့သို့ထွက်လာသည်။ ဤတွင် သူ့အား သေဒဏ်ပေး မည့်သူများ တန်းစီထားရာသို့ သွတ်သွင်းလိုက်သည်။ နောက်အပြင်သို့ ခေါ်ထုတ်သားကာ ပစ်သတ်လိုက်လွေ သည်။ နောက်တနေ့ကျတော့မှ သေဒဏ်ခံရမည့်သူမှာ နာမည်ဆင်တူနှင့် အခြားသူတယောက်ဖြစ်ကြောင်း သိ လာကြလေသည်။ ထို့အတွက် ကျန်နေသေးသော သူ့ကိုလည်း ကွပ်မျက်လိုက်ကြလေသည်။ သည်တော့မှ အစစအရာရာမှာ နေသားတကျ ဖြစ်သွာလေသည်။ အသတ်ခံရမည့်သူတို့၏ ပုဂ္ဂိုလ်အမှတ်အသားများကို သေချာ စေ့ငုစွာ စစ်ဆေးရန် ဒါမျိုးတွေနဲ့ ဘယ်သူကသွားပြီး အချိန်ဖြုန်း နေနိုင်ပါ့မလဲ။ တမျိုးသားလုံးရဲ့ အသက်တွေကို နှုတ်ယူ ပစ်တော့မဲ့အတူတူ၊ ဒီလိုကိစ္စတွေဟာ အပိုတွေပဲ မဟုတ်လား။ ကောဘီလီဆီ - ပရာဟာမြို့ရှိ ရပ်ကွက်တခု။ ၁၉၄၂ ခုနှစ်၊ မာရှယ်လောအချိနအတွင်းဝယ် နာဇီတို့သည် ဤနေ် ရာ၌ ချက်အမျိုးသားများအများအပြားကို သတ်ဖြတ်ခဲ့ကြသည်။ ညနေခင်း အတော်မှောင်နေမှကျနော်သည် အစစ်ခံရာမှ ပြန်လာသည်။ အောက်ဘက်ထရံဘေးတွင် ဗလာဂျီစလာ့ဗ်၊ ဗန်ချူးရား သည် သူ့ပစ္စည်း ကလေးများပါသော အထုပ်တထုပ်ကို ခြေထောက်များ အနားတွင်ချ ထားကာ မတ်တတ်ရပ်နေသည်။ အဓိပ္ပါယ်ကို ကျနော်ကောင်းစွာနားလည်သည်။ သူလည်း နားလည်သည်။ ကျနော်တို့ လက်ချင်းဆွ၍ နှုတ်ဆက်ကြသည်။ အပေါ်ထပ်စင်္ကြံပေါ်သို့ရောက်သည်အထိ သူ့အားမြင်နေနိုင်သေဲး သည်။ သူကား ခေါင်းကိုအနည်း ငယ်ညွှတ်လျက်၊ ဘဝတခုလုံး၏အလွန်၊ အဝေး...အဝေးသို့ အာရုံစိုက်နေလေ သည်။ နာရီဝက်မျှကြာသော် သူ၏အမည်ကို ခေါ်ထုတ်လိုက်ကြလေသည်။ ထို့နောက် ရက်အနည်းငယ်အတွင်း ထိုထရံ၌ပင် ရပ်၍နေရသူကား မီးလောရှ်၊ ကရားဆနီ။ သူကားရဲရင့် သော တော်လှန်ရေး စစ်သားတယောက်ဖြစ်သည်။ ယခင်နှစ် အောက်တိုဘာလက အဖမ်းခံရသည်။ ညှဉ်းပန်း ခြင်း၊ တိုက်ပိတ်ခြင်းတို့၏ နောက်ပိုင်းတွင်ပင် မာန်မကျိုးခဲ့သူဖြစ်သည်။ ထရံဆီမှကိုယ်ကို တဝက်လှည့်လျက် သူ့နောက်တင် ရပ်နေသောထောင်စောင့်အား၊ တစုံတရာကို အေးဆေးစွာရှင်းပြနေလေသည်။ ကျနော့်ကို မြင်ွ သောအခါ တချက်မျှပြုံးလိုက်၍ နောက်ဆုံးနှုတ်ဆက်ခြင်းအနေဖြင့်လည်း ခေါင်းကိုဆက်၍ပြလိုက်သည်။ ပြီးလျှင် ထောင်စောင့်အား ဆက်၍ ပြောပြနေပြန်သည်။

“ဒီလိုလုပ်လို့ မင်းတို့မှာ ဘာကလေးတခုမှ သက်သာသွားမှာမဟုတ်ဖူး။ ဒို့တတွေထကလည်း လူတွေဲ အများကြီး ကျကြလိမ့်အုံးမယ်၊ ဒါပေမယ့်စစ်ရှုံး ကြရမှာကမင်းတို့...”
တဖန်၊ မွန်းတည့်ပိုင်းအချိန်။ ပက်ချက်နန်းတော်အောက်ထပ်တွင် ကျနော်တို့သည် နေ့လည်စာစားရန် ရပ်စောင့်နေကြသည်။ အဲလိယာ့ရှ်အား ခေါ်သွင်းလာကြသည်။ သူ၏ချိုင်းအောက်တွင် သတင်းစာတစောင် ပါ လာသည်။ သူကပြုံး၍ သတင်းစာကိုညွှန်ပြသည်။ သတင်းစာထဲတွင် ဟိုင်းဒရစ်ကိုလုပ်ကြံသူများနှင့် သူနှင့်အ ဆက်အသွယ်ရှိကြောင်းကို ယခုပင်ဖတ်ရှုခဲ့ရလေသည်။ - ဖြီးနေတာချည့်ပဲ - သူသည် တိုတိုပဲပြောကာ အစားအသောက်ဘက်သို့ အာရုံစိုက်လေတော့သည်။ ထိုနေ့ညနေ အခြားသူများနှင့် ပန်းကရာ့စ်သို့အပြန်တင်လဲ ထိုကိစ္စအကြောင်းရယ်မော၍ ပြောဆိုနေခွဲ့ သေးသည်။ ထောင်သို့ရောက်ပြီး နောက်တနာရီအကြာတွင် သူ့အား အကျဉ်းခန်းထဲမှထုတ်၍ ဘောဘီလိဆီသို့ ခေါ်ဆောင်သွားကြလေသည်။ အလောင်းများကား တောင်လိုပုံလာလေသည်။ တခုသော်ကား အလောင်းများကို တဆယ်၊ နှစ်ဆယ်၊ တရာ၊ နှစ်ရာဟု ရေတွက်၍မဖြစ်တော့၊ ထောင်နှင့်ချီ၍ ရေတွက်ရလေပြီ။ အမြဲတမ်းလတ်ဆတ်၍နေသော သွေးနံ့ သည် အဟိတ်တိရိစ္ဆာန်တို့၏ နှာဝများကိုဆနေသည်။ွ ၎င်းတို့ကား သန်းခေါင်သန်းလွဲအထိ “အလုပ်လုပ်” ကြသည်။ တနင်္ဂနွေနေ့များ၌ပင် “အလုပ်လုပ်” ကြသည်။ ယခုသော် ၎င်းတို့အားလုံးပင် အက်ဆက်စ်ယူနီဖောင်း များကို ၀တ်ဆင်ကြသည်။ ဤသည်ကား သူတို့၏ နေ့ကြီးရက်ကြီး၊ သတ်ဖြတ်ရေးပွဲတော်ကြီး ဖြစ်လေသည်။ အလုပ်သမားများ၊ ကျောင်းဆရာများ၊ လယ်သမားများ၊ စာရေးဆရာများ၊ ရုံးစာရေးများကို သေမင်း၏ ခံတွင်း သို့ပို့ကြသည်။ ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်များကိုပါ သတ်ဖြတ်ပစ်ကြသည်။ အိမ်ထောင်လုံးကျွတ် သတ် ဖြတ်ပစ်ကြသည်။ ရွာလုံးကျွတ် သတ်ဖြတ်ကြသည်။ မီးတိုက်ပစ်ကြသည်။ ကျည်ဆန္တရကပ်သည် ပလိပ်ရောဂါ သဖွယ် တပြည်လုံးတွင် လှည့်ပတ်လျက်ရှိသည်။ ဘယ်သူဘယ်ဝါဟူ၍ပင် ရွေးချယ်ခြင်း မပြုတော့။ ဤမျှလောက် တုန်လှုပ်ဖွယ်ကောင်းသော အချိန်ကြီးတွင် လူဟူသည်ကား ..... အသက်ရှင်၍ နေလေသည်။ ယုံနိုင်ဖွယ်ရာပင်မရှိ၊ သို့သော် လူသည် အသက်ရှင်နေသည်၊ စားသည်၊ အိပ်သည်၊ ချစ်သည်၊ အလုပ် လုပ်သည်၊ သေခြင်းနှင့် လုံးဝမပတ်သက်သော ကိစ္စပေါင်းတထောင်ကို စဉ်းစားသည်။ သူ၏ ဂုတ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အလေးချိန်ကြီးတခု ဖိစီး၍နေလျှင်နေမည်။ သို့သော် ထိုဝန်ထုပ်ကို သယ်ဆောင် ၍ထားသည်၊ ခေါင်းညွှတ်၍မသွား၊ ခွေပျော့၍မသွား။ မာရှယ်လောကျေညာထားသော အချိန်အတွင်းက၊ အရာရှိတယောက်သည် ကျနော့်အား ဘရားညစ် အရပ်သို့ ခေါ်ဆောင်သွားသည်။ လှပသော ဇွန်လသည် သမ္ဘာရာပင်အနံ့များ၊ အချိန်နှောင်းသော နန်းလုံးကြိုင် ပန်းရနံ့များဖြင့် ကြိုင်နေလေသည်။ အချိန်ကား တနင်္ဂနွေနေ့ညနေဖြစ်သည်။ နောက်ဆုံး ဓာတ်ရထားဘူတာရုံ အနီးရှိ လမ်းမကြီးမှာ၊ ပျော်ပွဲစားထွက်ရာမှ ပြန်လာကြသော ပျာယီးပျာယာလူအုပ်ကြီးဖြင့် ပြည့်ကြပ်၍နေလေ သည်။ နေ၏အကြည်အဖြူ၊ ရေ၏အယုအယ၊ ချစ်သူတို့၏အပွေ့အပိုက်တို့ကို ခံထားရသူများဖြစ်သည်။ ဆူဆူညံ ညံ၊ ပျော်ပျော်ရွှင်ရွှင်နှင့် ကြေနပ်စွာပင်၊ ပင်ပန်းနေကြသည် - သူတို့အကြားတွင်လှည့်လည်ကာ သူတို့အတွင်းမှ လူများကိုလဲ ချိန်ရွယ်နေသည့်သေမင်း၊ ထိုသေမင်းကိုသာ သူတို့၏ မျက်နှာများပေါ်တွင် မတွေ့ရ။ သူတို့သည် ယုန်ကလေးများကဲ့သို့ ချစ်စဖွယ် တိုးဝှေ့ခုန်ပေါက်နေကြသည်။ ယုန်ကလေးတွေလိုပဲ။ သူတို့တအုပ်ကြီးထဲကို လက်လှမ်းလိုက်ပြီး တကောင်ကိုဟင်းချက်စားဘို့ ဆွဲထုတ်လိုက်စမ်း - သူတို့ဟာ ထောင့်တထောင့်ကို ကပ်သွား လိမ့်မယ်။ ဒါပေမဲ့ တအောင့်လောက်ကြာရင်တော့ သူတို့ရဲ့သောကတွေ၊ ပျော်စရာတွေနဲ့ ဆက်လက်တိုးဝှေ့ယင်း၊ ဘ၀ရဲ့အရသာကို ခံနေကြဦးမှာပါပဲ။ ကျနော်ကား တံတိုင်းခတ်ထားသော ကမ္ဘာအတွင်းမှနေ၍ ယင်းကဲ့သို့ ဟောကနဲ ဟောကနဲ ဆင်းနေ သော ရေစီးအတွင်းသို့၊ ဗြုံးကနဲပြောင်းရွေ့ခြင်းကို ခံလိုက်ရပါသည်။ ထို့ကြောင့်လဲ အစပထမတွင် သူတို့၏ ချိုဆိမ့်သောပျော်ရွှင်မှုကို ခါးခါးသီးသီး အရသာခံမိပါသည်။

မှားလေစွ၊ မှားလေစွ။ ဤနေရာတွင် ကျနော်မြင်ရသည်ကား ဘ၀ပင်ဖြစ်လေသည်။ ကျနော်ပေါက်ဖားခဲ့ရာဘ၀ပင်ဖြစ်သည်။ ခြွုံ ၍ကြည့်က ဤသည်ပင်လျှင် ဘ၀ဖြစ်သည်။ ကြောက်မက်စဖွယ် ဖိနှိပ်ထားသည်ကို ခံနေရသော်လဲ ဖျက်ဆီးတိုင်း မ ပျက်သည့်အသက်။ တခါအသတ်ခံရလျှင် အကြိမ်တရာပြန်၍ တိုးလာသောအသက်။ သေမင်းထက်ပို၍ အင်အား ကောင်းသော အသက်ဖြစ်လေသည်။ ဤဘ၀၊ ဤအသက်ကို ခါးသည်ဟု ဆိုရမည်လော။ ဤမျှသာ မကသေး။ တုန်လှုပ်ဖွယ်ရာများ၏ ဗဟိုတည့်တည့်၊ အကျဉ်းခန်းအတွင်း၌ နေထိုင်ကြရသော ကျနော်တို့ကိုယ်တိုင်လဲ ပြန်၍ကြည့်ကြဦးလော့ - ဒီအသားနဲ့မလုပ်လို့ ဘယ်အသားနဲ့လုပ်ထားတာမို့လို့လဲ။ တခါတရံ အစစ်ခံရာသို့အသွားတွင် ကျနော်သည် ပုလိပ်မော်တော်ကားဖြင့်သွားရသည်။ ထိုကားမှ အ စောင့်ပုလိပ်များကား များစွာမချုပ်ချယ်ကြ။ ထို့ကြောင့် ကျနော်လဲ မော်တော်ကား ပြူတင်းပေါက်များမှနေ၍ လမ်း မများ၊ ဆိုင်ရှေ့မျက်နှာစာများ၊ ပန်းဆိုင်ကလေးတဆိုင်၊ လမ်းသွားလမ်းလာ လူစုလူဝေးများ၊ အမျိုးသမီးများကို ကြည့်ရှုနိုင်ပါသည်။ ခြေသလုံး လှလှကလေး ကိုးစုံကိုသာရှာတွေ့ယင်၊ ငါဒီနေ့အသတ်မခံရဘူးဟု ရေတွက်ကာ၊ စစ်ကာဆေးကာ၊ နှိုင်းကာယှဉ်ကာနှင့် ခြေသလုံးတို့၏ မျဉ်းကြောင်းများကို ကျကျနနလေ့လာနေမိသည်။ စိတ်ဝင် စား အလုပ်များနေမိသည်။ ထိုကိစ္စပေါ်၌ ကျနော်၏ အသက်တည်နေသည်ဟူသော သဘောနှင့်ကားမဟုတ်၊ အသက်နှင့်လုံးဝ မပတ်သက်သကဲ့သို့ပင် ဖြစ်လေသည်။ ကျနော်သည် အကျဉ်းခန်းသို့ အမြဲတမ်းနောက်ကျ၍ ပြန်ရသည်။ ဘ, ပက်ရှက်ကား ပြန်မှပြန်လာပါ့မ လားဟူ၍ အမြဲတစေ စိတ်ပူနေတတ်သည်။ ကျနော်ပြန်လာလျှင် ကျနော့်အား ဆီးဖက်၍နှုတ်ဆက်တတ်သည်။ ကျနော်ကလဲ ဘာသတင်းထူးသည်၊ ကောဘီလိဆီတွင် ဘယ်သူဖြင့် ကျဆုံးပြန်ပြီ စသည်တို့ကို တိုတိုတုပ်တုပ် ပြောပြသည် - နောက်အံချင့်စဖွယ် ဟင်းရွက်ချောက်များကို လွေးကြမြိုကြ၍၊ လန်းဆန်းသော သီချင်းများကို ဆို သည့်အခါ ဆိုကြသည်။ သို့မဟုတ် ဉာဏ်တုန်းလှသော အံစာလှိမ့်ကစားခြင်းတွင် စိတ်တိုစွာဖြင့်ကစားယင်း စိတ် ၀င်စားသွားကြသည်။ ထိုသို့ပင် ညဥ့်ဦးအချိန်တိုင်း လုပ်နေ ကိုင်နေတတ်ကြသည်။ သို့သော် ထိုသို့သောအခါ၌ပင် အကျဉ်းခန်းတံခါးလဲ အချိန်မရွေး ပွင့်ထွက်လာနိုင်ကာ၊ ကျနော်တို့ နှစ်ယောက်အနက် တယောက်ယောက်အ တွက် သေမင်းခေါ်သံကြီး ပေါ်လာနိုင်ပေသည်။

- မင်း ... ဒါမှမဟုတ် ... မင်း၊ အောက်ကို ဆင်းရမယ်၊ ရှိသမျှပစ္စည်းတွေအကုန်ယူခဲ့။ မြန်မြန်လုပ် ...
ထိုအခါတွင်ကား ကျနော်တို့ကို ခေါ်မထုတ်ကြ။ ကျနော်တို့ကား ထိုတုန်လှုပ်ဖွယ်ရာ အချိန်ကြီးကို ကျော် လွန်နိုင်ခဲ့ကြသည်။ ယနေ့သော် ကျနော်တို့သည် ထိုကာလကြီးကို ပြန်လည်သတိရကြလျက် မိမိတို့ ထိပုံ တွေ့ပုံ ခံစားပုံတို့ကိုလဲ အံ့သြနေမိကြသည်။ မခံနိုင်လောက်သော အရာတို့ကိုပင် တောင့်ခံနိုင်သည့် မနုဿလူသားကား ထူးထွေဆန်းကျယ်သော တန်ခိုးများဖြင့် ပြည့်ဝပေသည်တကား။ ကျနော်တို့၏ ကိုယ်၊ ကျနော်တို့၏ စိတ်အတွင်းတနေနေရာ၌ကား ဤအချိန်များသည် နက်ရှိုင်းသော အ မှတ်အသားများကို ချန်မထားဘဲ နေမည်မဟုတ်ပေ။ ဦးဏှောက်ထဲတွင် ဖလင်လိပ်တလိပ်သဖွယ် ခိုအောင်း၍နေ ကောင်း နေလိမ့်မည်။ တကယ့်ဘ၀၊ အကယ်၍ ကျနော်တို့သာ တကယ့်ဘ၀သို့ ပြန်ရောက်ကြမည်ဆိုလျှင် တနေ့ သောအခါတွင် ဖလင်လိပ်သည် ပြန့်ထွက်လာနိုင်သည်။ လူကို ရူးသွပ်သွားလောက်အောင် ပြန့်ထွက်လာနိုင် သည်။ သို့တည်းမဟုတ်၊ ကျနော်တို့သည် ထိုကာလကြီးကို ကြီးမားသော သုဿန်ကြီးအဖြစ်ဖြင့်သာ မြင်ကောင်း မြင်နေကြပေတာ့မည်။ ထိုသုဿန်ကြီးကား စိမ်းလန်းသော ဥယျာဉ်ကြီးဖြစ်သည်။ ထိုဥယျာဉ်ထဲတွင် အဖိုးမဖြတ် နိုင်သော မျိုးစေ့များကို ပျိုးကျဲ၍ထားသည်။ အဘိုးမဖြတ်နိုင်သော ထိုမျိုးစေ့များကား အညွန့်အတက်များ ပေါက်လာမည့်မျိုးစေ့များဖြစ်ပေသည်။ အခဏ်း ၇ လူရုပ်သင်များနှင့် ရုပ်တုကလေးများ (၂)ွ (ပန်းကရာ့စ်)

ထောင်တွင်း၌ ဘ၀နှစ်မျိုးရှိသည်။ တမျိုးကား အကျဉ်းစခန်းများတွင် ပိတ်လှောင်ထားခြင်း ခံရလျက်၊ တ ကမ္ဘာလုံးနှင့်လည်း ပြတ်ပြတ်သတ်သတ်ကြီး ဖြတ်တောက်ခြင်း ခံနေရသည်။ သို့စဉ်လျက် နိုင်ငံရေးသမားသာဆို လျှင်၊ ထိုကမ္ဘာကြီးနှင့် ရင်းနှီးစွာ ဆက်သွယ်မိနေသော ဘဝပင်ဖြစ်သည်။ အခြားဘဝတ မျိုးကား၊ အကျဉ်းစခန်း များ၏ အပြင်ဘက်၊ ရှည်လျားသော စင်္ကြံအူကြောင်းများတလျောက်၊ မလင်းတဝက် လင်းတဝက်ဖြင့်ရှိသော သီးသန့်ကမ္ဘာတရပ်ဖြစ်လေသည်။ ယူနီဖောင်းဝတ်ထားသော ဘဝလည်းဖြစ်၍လောကနှင့် အဆက်ပြတ်နေလိုက် သည်မှာ အကျဉ်းခန်းတွင်းမှ ဘဝထက်ပင်ဆိုးသေးသည်။ ဤသည်ကား ရုပ်ထုကလေး အမြောက်အများ၊ လူရုပ် သွင်အငယ်စားများဖြင့် ပြည့်နေသောကမ္ဘာ ဖြစ်လေသည်။ ထိုအကြောင်းကို ကျနော်ပြောပြလိုသည်။ ထိုကမ္ဘာတွင် ကိုယ်ပိုင် သဘာဝဗေဒလည်းရှိသည်။ ကိုယ်ပိုင်သမိုင်းပင် ရှိသည်။ ဤဗေဒ၊ ဤသမိုင်း များသာမရှိခဲ့ပါမူ ကျနော်သည် ထိုလောကကို နက်ရှိုင်းစွာ သိကျွမ်းခဲ့မည်မဟုတ်ပေ။ ကျနော်တို့ဘက်သို့ လှည့် ထားသော ဇာတ်စင်မြင်ကွင်း၊ ၎င်း၏ အပေါ်ယံကြောများ၊ စသည်တို့ကိုသာ မြင်တွေ့ခဲ့ရမည် ဖြစ်လေသည်။ ဤ သည်တို့အား အမြင်အားဖြင့် မြဲမြံသည်၊ ခိုင်ခန့်သည်၊ အကျဉ်းခန်းတွင့်၌ နေကြရသူတို့အား ဖိနှိပ်နေသည့် သံလုံး ကြီးများသဖွယ်သာ ဖြစ်နေပေလိမ့်မည်။ လွန်ခဲ့သောတနှစ်က၊ လွန်ခဲ့သောခြောက်လကဆိုလျှင် ဤသို့သာမြင်နေ ခဲ့ ရသေးသည်။ ယခုသော် အပေါ်ယံအလွှာကား အက်ကွဲရာများဖြင့် ပြည့်နေလေပြီ။ ထိုပတ်ကြားအက်ရာများ အကြားမှာလည်း မျက်နှာများပြူ၍နေကြပြီ။ ထိုမျက်နှာများကား သနားစဖွယ်လည်းရှိသည်။ သောကများသည် လည်း ရှိသည်။ ရယ်စရာလည်း ရှိသည်။ အမျိုးပေါင်းစုံလှသော်လည်း အမြဲပင် လူသတ္တဝါ၏ အသွင်အပြင်ကို ဆောင်နေကြသည်။ အုပ်စိုးသောစံနစ်၏ အကြပ်အတည်းများသည် ဤမှုန်သီသော ကမ္ဘာတိုင်းသားအပေါ် ဖိစီး၍ လာလျက်၊ သူတို့၏ ကိုယ်တွင်းမှ လူဆန်သော အရာဟူသ၍ကို အလင်းရောင်သို့ ညှစ်ထုတ် ဖေါ်ပြလာသည်။ ဤ လူ ဆန်သောကိစ္စတို့သည် အချို့သူများ၌ နည်းပါးလှသည်။ အချို့တွင်ကား အနည်းငယ်ပိုမိုတက်သည်။ ဤသို့ အနည်းအများကွာခြားခြင်းသည်ပင်လျှင်၊ သူတို့အား တယောက်နှင့်တယောက် ခြားနားစေသည်။ မူကွဲစေသည်။ သူတို့အကြားတွင် ကျပ်ပြည့်ဒင်းပြည့် လူသားအစစ်များကိုပင် ခင်ဗျားရှာ၍ တွေ့ကောင်းတွေ့မည်။ သို့သော် ဤသို့သောသူများသည် ခင်ဗျားရှာနေသည် အထိပင်စောင့်မနေကြ။ သူတို့ကား ကိုယ်တိုင်အကြပ်အတည်းအ တွင်းသို့ ကျရောက်မှ၊ အကြပ်အတည်း တွင်းသို့ရောက်နေသော အခြားသူများကို ကူညီတက်သည့် လူစားမျိုးမ ဟုတ်ကြပေ။ ထောင်ဟူသည်ကား ရွှင်မြူးဖွယ်ရာမကောင်းသော ဌာနတခု ဖြစ်လေသည်။ သို့သော် အကျဉ်းခန်းများ ၏ အပြင်ဘက်မှကမ္ဘာသည် အကျဉ်းခန်းအတွင်းရှိ ကမ္ဘာထက်ပင် ပို၍စိတ်မချမ်းသာစရာ ကောင်းသည်။ အကျဉ်း ခန်းများ အတွင်း၌ မိတ်ဆွေရင်းချာစိတ်များရှိသည်။ မိတ်ဆွေစိတ်မှ နည်းနည်းနောနော မိတ်ဆွေစိတ်မဟုတ် ရှေ့တန်းစစ်မျက်နှာတွင် အန္တရာယ်များကို ကာလရှည်စွာ ရင်ဆိုင်နေရသည့်အချိန်၊ ယနေ့ခင်ဗျား၏အသက်က ကျနော်၏ လက်တွင်းသို့ရောက်၊ နက်ဖြန် ကျနော်၏အသက်က ခင်ဗျား၏လက်တွင်းသို့ရောက်သော အချိန်အခါ မျိုးတွင် ဖွဲ့နွဲ့လေ့ရှိသော မိတ်ဆွေရင်းချာစိတ်ဓာတ်မျိုး ဖြစ်လေသည်။ ဤအုပ်ချုပ်ရေးစံနစ်၏ ဂျာမန်ထောင်စောင့် များအကြားတွင်ကား မိတ်ဆွေစိတ်ဓာတ်ဟူ လွန်စွာခေါင်းပါးလှသည်။ ရှိလည်းမရှိနိုင်ပေ။ သူလျှိုသတင်းပေးများ ဖြင့် ပြည့်နှက်နေသော ပတ်ဝန်းကျင်သည် ၎င်းတို့အား ဝိုင်းရံနေသည်။ တယောက်နောက်တယောက်လိုက်၍ ချောင်းကြသည်။ ဂုန်းချောကြသည်။ အလုပ်သဘောအရသာ တယောက်နှင့်တယောက် “ရဲဘော်” ဟုခေါ်ကြ သော်လည်း၊ ထို “ရဲဘော်” ၏ ရှေ့တွင်ပင် သတိထားနေရသည်။ လူတိုင်းလူတိုင်း အဖော်မပါပဲ တယောက် တည်း နေကြသည်။ ၎င်းတို့အနက်မှ အကောင်းဆုံးသောသူများကား၊ အဖေါ်အပေါင်း မိတ်ဆွေကောင်းမရှိပဲ မနေတက်။ မနေတက်လျှင် ထိုမိတ်ဆွေများကို လိုက်လံရှာဖွေကြသည်။ အကျဉ်းခန်းများ အတွင်း၌ပင် ရှာဖွေ ကြရပြန်သည်။ ကျနော်တို့သည် အတော်ကြီးကြာသည်အထိ သူတို့၏ နာမည်အရင်းများကို မသိခဲ့ရပေ။ နာမည်များကို သိရန်ကား အရေးကြီှးလှသည်မဟုတ်။ ကျနော်တို့အချင်းချင်း အနေနဲ့မူ သူတို့အားနာမည်ပြောင်များဖြင့် ခေါ်ဝေါ်

နေခဲ့ကြသည်။ အချို့ နာမည်ပြောင်များကို ကျနော်တို့ကိုယ်တိုင် မှည့်ကြသည်။ အချို့ကို ကျနော်တို့အရင် ဤနေ ရာများတွင် နေသွားသောသူတို့က ကင်ပွန်းတပ်ခဲ့ကြ၍၊ အကျဉ်းခန်းတွင် ဓလေ့မပျက်ကျန်နေခဲ့သည်။ အချို့ သော ထောင်စောင့်တို့ကား အကျဉ်းခန်းတခန်းတွင် နာမည်တမျိုးရနေသည်။ ဤသည်ကားပျမ်းမျှခြင်း သာမန်အ မျိုးအစားဖြစ်သည်။ ငါးလဲမဟုတ်၊ ဂဏန်းလဲမဟုတ်။ ဤတနေရာတွင် နံနက် စာပို၍ပေးသည်။ ဘေးအခန်းတွင်မူ မျက်နှာကိုလက်သီးနှင့်ထိုးသည်။ အကျဉ်းသမားများနှင့် ဆုံဆည်းရသောအချိန်မှာ စက္ကန့်အနည်းငယ်မျှသာ ဖြစ်သော်လည်း၊ ထိုအခိုက်အတန့်ကလေးသည် အကျဉ်းခန်း၏ အမှတ်သညာတွင် မြဲမြံစွာစွဲသွားသည်သာ ဖြစ် လေသည်။ သို့နှင့် တဘက်သတ်အမြင်၊ တဘက်သပ်နာမည်ပြောငများ ပေါ်ပေါက်လာရလေသည်။ တခါတရံ တွင်ကား အကျဉ်းခန်းများသည် နာမည်ပြောင်ရွေးချယ်ရာ၌ သဘောတူညီမှုရကြသည်၊ ဤသို့သော နာမည် ပြောင်မျိုးရသူကား ပိုမို၍ပြတ်သားသည့် အကျင့်အင်္ဂါများရှိသူတည်း။ ဤသို့ လုပ်လျှင်လုပ်သည်။ မလုပ်လျှင် ထို သို့လုပ်သည်။ ကောင်းလျှင် ကောင်းသည်၊ မကောင်းလျှင် ဆိုးသည်။ ဒီပုံစံတွေကို ကြည့်စမ်းပါ။ ဒီရုပ်တုကလေးတွေကို ကြည့်လိုက်စမ်းပါ။ ၎င်းတို့ကား ခြေချော်လက်ချော် မတော်တဆ စုမနေကြသည်မဟုတ်။ ဤသည်တို့ကား နာဇီဝါဒ၏ နိုင်ငံရေးတပ်မတော်မှ တစိတ်တပိုင်းဖြစ်လေိ ည်။ လက်ရွေးစင် ရွေးထားသူများဖြစ်သည်။ အုပ်စိုးသော စနစ်၏မဏ္ဍိုင်များဖြစ်သည်။ ထိုစနစ်၏ လူမှုရေးအ ဆာက်အအုံကို ပင့်ထားသည့် ထောက်တိုင်ကြီးများ ဖြစ်လေသည် ..... ....... ....... ....... ....... ....... ....... ....... ....... ....... ....... ....... .......

“သူနာပြု” အရပ်မြင့်မြင့်၊ ၀၀ဖိုင့်ဖိုင့်၊ အသံခပ်ပြာပြာနှင့် “အက်ဆက်စ်အရံတပ်သား” ရွစ္စ ဆိုသူဖြစ်သည်။ ယခင်က ကောလုံမြို့စာသင်ကျောင်း တကျောင်းတွင် ကျောင်းစောင့်လုပ်ခဲ့ဘူးသည်။ အခြားအခြားသော ဂျာမန်စာသင် ကျောင်းစောင့်များ၏နည်းတူ သူသည်လဲ ပထမသူနာပြုစုခြင်းသင်တန်းကို တက်ခဲ့ဖူးသည်။ ထို့ကြောင့် တခါတရံ တွင် ထောင်တွင်းဗိန္ဓောဆရာ၏ နေရာသို့ဝင်၍ အစားထိုးရသည်။ ပန်းကရာ့စ်ထောင်တွင် ကျနော်ပထမဆုံးဆက် ဆံရသူဖြစ်သည်။ သူသည်ကျနော့်အား အကျဉ်းခန်းထဲသို့ဆွဲသွင်း၊ ကောက်ရိုးမွေ့ရာပေါ်သို့တင်၊ ဒဏ်ရာများကို ဆေးထည့်ပေး၍ ပတ်တီးများကို ပထမဆုံးအကြိမ် စည်းနှောင်ပေးသည်။ သူသည် ကျနော်သေမသွားရန် အကယ်ပင် အကူအညီပေးခဲ့သည်ဟု ထင်စရာအကြောင်းရှိသည်။ ဤကောင်းမှုသည် ဘာကိုညွှန်ပြသနည်း။ လူစိတ်ကြောင့် ဤသို့ပြုသလော။ သို့မဟုတ် သူနာပြုသင်တန်းတက်ခဲ့ခြင်းကြောင့်လော။ ဤသည်ကိုမူ ကျနော် မဖြေတတ်။ သို့သော် အဖမ်းခံရသော ဂျူးများ၏သွားများကိုရိုက်ချိုး၍ ထိုသူတို့အားဆား သို့မဟုတ်သဲ တဇွန်း မောက်မောက်ကို ကိုးဆယ့်ခြောက်ပါးသော ရောဂါဝေဒနာပျောက်သည့်ဆေးအဖြစ်ဖြင့် ဇွတ်အတင်းမြိုချခိုင်း တတ်သည်။ ထို အခါ၌ သူ့ကိုယ်တွင်းမှ ပေါ်ပေါက်လာသည်ကား စင်စစ်အားဖြင့် နာဇီဝါဒပင် ဖြစ်ပေသတည်း။ “ဖိုးစပ်စု” ဘူဂ်ျယောဗစ်စဲမြို့၊ ဖေဘီယန်ဘီယာချက်ရုံတွင် မြင်းလှည်းမောင်းသမားအဖြစ် အလုပ်လုပ်ခဲ့ဘူးသည်။ အတွင်းသဘော ကောင်းသည်၊ စကားကြောရှည်သည်။ အကျဉ်းခန်းတွင်းသို့ ပြုံးပြုံးရွှင်ရွှင်ဝင်လာတတ်သည်။ စားစရာများယူလာတတ်သည်။ မည်သူတဦးတယောက်ကိုမျှ အန္တရာယ်ပြုလေ့မရှိ။ ထို့ကြောင့် တံခါးအပြင်ဘက် တွင် တနာရီကုန်တနာခန်းရပ်လျက်၊ အကျဉ်းခန်းအတွင်း ဘာများပြောဆိုနေကြသည်ကို တိတ်တဆိတ်နား ထောင်တတ်သည်။ ဘာမဟုတ်သော သတင်းအစအနကလေးများကိုပင် အထက်အရာရှိထံ ပြေး၍တိုင်တတ် သည်ဟူသော အကြောင်းများကို ခင်ဗျားယုံနိုင်မည်ပင် မဟုတ်ပေ။ ကော့ကလာရ်

သူလဲ ဘူဂ်ျယောဗစ်စဲမြို့၊ ဘီယာချက်စက်ရုံတွင် အလုပ်လုပ်ခဲ့ဖူးသည်။ ထောင်အမှုထမ်းများတွင် သူတို့ နှစ်ယောက်သာမက၊ ဆူဒက်တီဒေသမှ အခြားဂျာမန်အလုပ်သမားများလဲ ရှိကြသေးသည်။ “အလုပ်သမားတ ယောက်က ပုဂ္ဂိုလ်တဦးအနေဖြင့် ယူဆခြင်း၊ လုပ်ကိုင်ခြင်းတို့ကား အရေးမကြီးလှ။ အလုပ်သမားများက သမိုင်း လာတာဝန်ကိုထမ်းဆောင်ရန် လူတန်းစားတရပ်အနေဖြင့် လုပ်ရမည့်လုပ်ငန်းသာလျှင် အဓိကဖြစ်လေသည်” ဟု တခါက မာ့က်စ်ရေးသားခဲ့ဘူးသည်။ ဤနေရာသို့ရောက်နေကြသော အလုပ်သမားများကား မိမိတို့၏ လူတန်းစား တာဝန်ဟူ၍ ဘာကလေးတခုမျှ အကယ်ပင်မသိကြပေ။ ထိုလူတန်းစားမှ ဖဲ့၍အထုတ်ခံထားကြရသည်။ ထိုလူ တန်းစားကို ကြလေသည်။ သူသည် စားပေါက်ချောင်ရန် နာဇီပါဒသို့ ချဉ်းကပ်ခဲ့သည်။ သို့သော် ဤကိစ္စမှာ သူထင်သည်ထက် ပိုမို ရှုပ်ထွေးနေသည်ကို တွေ့ရသည်။ ထိုအချိန်မှစ၍ မပြုံးတက်မရယ်တက်တော့။ နာဇီဝါဒ အနိုင်ရလိမ့်မည်ဟု အ လောင်းကစားပြုခဲ့သည်။ ယခုသော် မြင်းသေပေါ် ငွေပုံမိကြောင်းမှာ ထင်ရှား၍လာလေသည်။ ထိုအချိန်မှစ၍ စိတ်များသည် ဂယောင်ချောက်ချား ဖြစ်ကုန်လေသည်။ ညဥ့်အချိန်တွင်၊ ဖိနပ်အပျော့များစီးလျက် စင်္ကြံများတ လျှောက် တကိုယ်တည်း ပတ္တရောင်လှည့်ရသည်။ ထိုအခါမျိုးတွင် မိမိ၏ ညစ်ညူးသော စိတ်ကူးစိတ်သန်းတို့မှ သဲလွန်စများကို ဓာတ်မီးအုပ်ဆောင်းများပေါ်ရှိ ဖုံမှုန့်များထဲ၌ အမှန်မထင် ချန်ထားခဲ့မိ လေသည်။ “အားလုံးအိမ်သာပြွန်ထဲ ရောက်ကုန်ပြီ” ဟူ၍ထိုနေရာတွင် ကဗျာဆန်ဆန်ရေးကာ၊ မိမိကိုယ်ကို မိမိ သတ်သေရန် စိတ်ကူးနေလေသည်။ နေ့ခင်းပိုင်းတွင် စူးရှသော အလောသုံးဆယ် အသံကြီးဖြင့် ဟစ်အော်ရင်း၊ အကျဉ်းသမားများကို သာမ က၊ ထောင်စောင့်များကိုပါ မာန်မဲဆူပူနေတက်သည်။ သည်နည်းဖြင့် မိမိ၏ကြောက်စိတ်ကို ဖြေနေလေသည်။ “ရစ္စလရ်”ဲ ပိန်ပိန်ရှည်ရှည်၊ အသံသြ အသံကြမ်းကြီးနှင့် လူတယောက်ဖြစ်သည်။ ဤနေရာတွင် သူ့လို တကယ် တမ်း ဟက်ဟက်ပက်ပက် ရယ်နိုင်သူများ အတော်ပင်ခေါင်းပါးသည်။ ယာဘလောနဲ့စ်မြို့နယ်မှ အထည်စက် အလုပ်သမား တယောက်ဖြစ်သည်။ အကျဉ်းခန်းထဲသို့ ဝင်လာ၍ ဆွေးနွေးတက်သည်။ တနာရီကုန် တနာရီခန်း ဆွေးနွေးတက်သည်။ ရင်ဆိုင်ရသည့်နေရာတွင် ရောက်နေကြသည်။ သဘောတရားရေးအရဆိုလျှင်လဲ လေထဲတင်ွ မျောက်သစ်ကိုင်းလွတ် ဖြစ်နေကြသည်။ နောင်တွင်လဲ လေထဲ၌ တွဲလောင်းခိုကြရမည့် အလားအလာများ ရှိနေ

“ကျုပ်ဒီကို ဘယ့်နှယ့်လုပ်ပြီးရောက်လာတယ် ဟုတ်လား။ ဆယ်နှစ်လုံးလုံး အလုပ်ဆိုလို့ ဟုတ္တိပတ္တိဘာ မှမရှိခဲ့ဘူး။ တအိမ်ထောင်လုံးအတွက်တပါတ်ကို အရောင်းနှစ်ဆယ် - ဒါလောက်ပိုက်ဆံလေးနဲ့ ဘာသွားလုပ်ရမှာ လည်း။ နောက်သူတို့ ရောက်လာကြတယ်၊ မင်းကိုအလုပ်ပေးမယ်၊ ဒို့နဲ့လိုက်ခဲ့တဲ့။ လိုက်သားတာပေါ့ - အလုပ်ွ လည်းရလာတယ်။ ကျုပ်အတွက်လည်း အလုပ်ရတယ်။ တခြားလူတွေ အားလုံးလည်းအလုပ်ရတယ်။ အခုတော့ စားနိုင်တယ်၊ သောက်နိုင်တယ်၊ နေနိုင်တယ်၊ ထိုင်နိုင်တယ်။ ဆိုရှယ်လစ်စနစ်လား။ အေးလေ ... ဆိုပါတော့ ဆိုရှယ်လစ်စနစ်တော့ မဟုတ်ဘူးပေါ့။ ကျုပ်ကဒီလိုဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ ဒါပေမဲ့ အခုခေတ်က အရင် ခေတ်ထက်တော့ ကောင်းတယ်။” “မကောင်းဘူး၊ ဟုတ်လား။ စစ်ကြီးကို ပြောတာလား။ ကျုပ်ကစစ်ကို လိုလားတာ မဟုတ်ပါဘူး။ တခြား လူတွေ မသေစေ့ချင်ပါဘူး။ ကျုပ်လိုချင်တာ က ကျုပ်အသက်ရှင်ပြီး နေနိုင် ထိုင်နိုင်ဖို့” “ကျုပ်ကြိုက်ကြိုက် မကြိုက်ကြိုက် လူတွေမသေသေအောင် ကျုပ်ကကူညီပေးနေတယ်လို့ ဆိုတာလား။ ကျုပ်ဘာတက်နိုင်လို့လ။ ကျုပ်ဒီက ဘယ်သူ့ကိုများ ဒုက္ခပေးခဲ့လို့လ။ ကျုပ်ဒီကထွက်သားပြီ ဆိုပါတော့။ ကျုပ်နွေဲ ရာကို တခြားလူတယောက် ရောက်လာမှာပဲ။ ကျုပ်ထက်ဆိုးရင်တောင်ဆိုးမယ်။ ဒီလိုလုပ် လို့ဘယ်သူ့အတွက် အကျိုးရှိသာမှာလည်း။ စစ်ပြီးရင်တော့ ကျုပ်က စက်ရုံကိုပြန်မှာပဲ။”ွ

“ဘယ်သူနိုင်မယ်လို့ ခင်ဗျားထင်သလဲ။ ကျုပ်တို့မနိုင်ဘူး၊ ခင်ဗျားတို့နိုင်မှာတဲ့လား။ ဒါဖြင့်ကျုပ်တို့အ တွက် ဘယ်နှယ့်လ။”ဲ “ဘာတဲ့ အဆုံးသတ်ရောတဲ့လား။ အလကားပေါ့လေ။ ကျုပ်တက်နေခဲ့တာက တမျိုးကိုး - ” သို့နှင့် သွူ
သည် ခြေလှမ်းရှည်ကြီးများကို ပေါ့တီးပေါ့ဆ လွှဲရင်း အခန်းတွင်းမှ ထွက်ခွာသွားလေသည်။ နာရီဝက်လောက် အကြာတွင်ပေါက်လာပြန်၍၊ ဆိုဗီယက်ယူနီယံတွင် အခြေအနေမှန်များ မည်သို့ရှိသ နည်းဟု မေးမြန်းလေသည်။ “သတ္တဝါ” ကျနော်တို့ ပက်ချက်နန်းတော်သို့ အစစ်ခံရန်သွာကြရမည် ဖြစ်၍၊ တနေ့သော နံနက်ခင်းတွင် ပန်းက ရာ့စ် ထောင်အောက်ထက် ဗဟိုစင်္ကြံထဲ၌ စောင့်နေခဲ့ကြရပါသည်။ နေ့စဉ်နှင့်အမျှ ကျောဘက်၌ ဘာဖြစ်နေမှန်း မသိနိုင်ကြရန်၊ ထရံနားတွင် နဖူးများကိုကပ်လျက် ထုံးစံအတိုင်း မတ်တတ်ရပ်နေခဲ့ကြသည်။ ထို့နေ့တွင်ကား၊ ကျနော်မကြားဘူးသေးသော အသံတသံ နောက်ဘက်မှ ပေါ်လာပါသည်။

“ငါဘာကိုမှ မမြင်ချင်ဘူး။ ဘာကိုမှ မကြားချင်ဘူး။ မင်းတို့ငါ့အကြောင်းကို ဘာမှမသိကြသေးဘူး။ တနေ့ငါ့အကြောင်းကို မင်းတို့သိလာလိမ့်မယ်။”


ကျနော်သည် အသံထွက်အောင်ရယ်လိုက် မိသည်။ ဤသို့သောပုံစံ အနေအထားမျိုးမှာ ဤစကားများ နှင့် တကယ်ပင် အံ့ကိုက်နေပါသည်။ ဤစကားများကား “စစ်သားကောင်းရွှိတ်” ဟူသော ဝတ္ထုမှလက်ဖတင်နင် ဒူးဘ် ခေါ်၊ သနားစရာ ရူးကြောင်ကြောင်သတ္တဝါ၏ စကားများဖြစ်လေသည်။ ယခုထက်ထိ မည်သူ တဦးတ ယောက်မျှ အသံကျယ်ကျယ်လောင်လောင်နှင့် ဤပျက်လုံးကို မထုတ်ဝံ့ခဲ့သေးချေ။ သို့သော် တွေ့အကြုံများသည့် ဘေးမှအဖေါ်က၊ တံတောင်ဖြင့် ခပ်ဖိဖိကလေး တွက်လိုက်ကာ၊ မရယ်မောရန် သတိပေးသည်။ ကျနော့် အထင် မှာ လွဲကောင်းလွဲနေမည်။ ပြက်လုံးပျက်သည့် အနေဖြင့်ပြောခြင်းဖြစ်ချင်မှ ဖြစ်မည်။ အမှန်ကလည်း ပျက်လုံး ပျက်နေသည် မဟုတ်။ ကျနော်တို့ နောက်မှနေ၍ ထိုစကားများကိုဆိုလိုက်သည့် အရာရှိကား အက်ဆက်စ် ယူနီဖောင်းဝတ် ထားသော လက်တဆုတ်ခန့် သတ္တဝါလေးတကောင် ဖြစ်လေသည်။ ရွှိတ်အကြောင်းကိုလည်း နည်းနည်းလေးမျှ ပင်သိပုံမရ။ လက်ဖတင်နင် ဒူးဘ်ကဲ့သို့ စကားပြောခြင်းမှာ စိတ်ဓာတ်အရ ဒူးဘ်နှင့်သူနှင့်အမျိုးချင်း စပ်နေသော ကြောင့်သာ ဖြစ်လေသည်။ သူကား နာမည်အားဖြင့် ဗည်ဌာန် ဟုခေါ်သည်။ ယခင်က ချက်ကိုစလိုဗားကီးယား တပ်မတော်တွင် ဗီတန် ဟူသော အမည်ကိုခံကာ တပ်စိပ်ဗိုလ်ရာထူးဖြင့် ကြာမြင့်စွာအမှုထမ်းဖူးသည်။ သူပြော လိုက်သော စကားများသည်လည်း မှန်ကန်လှသည်။ ကျနော်တို့သည် သူ့အား ကောင်းစွာသိကျွမ်းလာရလျက်၊ ၎င်း၏အကြောင်းကို ပြောကြဆိုကြပြီဆိုလျှင်၊ အမည်ရင်းကိုလည်း မခေါ်၊ နာမည်ပြောင်လည်းမသုံးပဲ “ သတ္တဝါ” ဟူ၍သာ ပြောလေ့ဆိုလေ့ ရှိကြသည်။ အမှန်ကိုဝန်ခံရလျှင် ကျနော်တို့ အနေနှင့် နာမည်ပြောင်များကို မည်မျှပင် ထွင်တက်ထွင်တက်၊ သူနှင့်သင့်တော်မည့် နာမည်ကိုရှာတိုင်းရှာတိုင်း လက်မှိုင်သာချ၍ နေခဲ့ကြရပါသည်။ သူ ကား ပန်းကရာ့စ်ထောင် အုပ်ချုပ်ရေးစနစ်၏ အရေးကြီးသော မဏ္ဏိုင်တရပ်လည်းဖြစ်လျက် တန်ဖိုးမရှိမှု၊ ထုံထိုင်းမှု၊ လေးထွားမှုနှင့်ဆိုးသွမ်းမှုတို့ ခပ်မြိုင်မြိုင်ကြီး ပေါင်းစပ်ထားရာလည်း ဖြစ်နေသောကြောင့်တည်း။ ဤသို့ လေဖေါတက်သည့် နွယ်ပင်အစုတ်အနုတ်ကလေးများ ဆတ်ဆတ်ခါနာသွာအောင် ပြောချလိုက် လိုက၊ ဒူးအောက်က ဝက်ကလေးဟု အရပ်စကားအရ ခေါ်ဝေါ်လေ့ရှိကြသည်။ မိမိ၏ ကိုယ်လုံးကိုယ်ပေါက် သေး သိမ်နေသဖြင့် အမြဲတမ်းစိတ်ဒုက္ခ ရောက်နေတက်သည်ဟုဆိုလျှင် ထိုသူ၏စိတ်ဓာတ်မှာလည်း အလွန့်အလွန် သေးသိမ်နေသောကြောင့်သာ ဤသို့ခံစားရခြင်း ဖြစ်ပေမည်။ ဗည်ဌာန်ကားယင်းသို့စိတ်ဒုက္ခ ရောက်နေသူတည်။ ထို့ကြောင့်သူ့ထက် ကာယဗလအရသော်၎င်း၊ စိတ္တဗလအရသော်၎င်း၊ ကြီးထွားသူဟူသ၍အပေါ် လက်စားချေ လေသည်။ လက်တွေ့အားဖြင့်ကား လူတိုင်းအပေါ် ရန်ညှိုးဖွဲ့သည် လည်း မည်ပေသည်။

လူများကို ရိုက်ပုတ်ခြင်းကား မပြု။ ထို့သို့ ပြုလုပ်လောက်သည့်အထိလည်း သတ္တိမရှိ၊ သို့သော် ထိုသူ များအကြောင်း ဂုန်းချောတက်သည်၊ ဗည်ဌာန်၏ သတင်းပေးခြင်းကြောင့် အကျဉ်းသမားပေါင်းမည်မျှ ကျန်းမာ ရေးချို့ယွင်းခဲ့ရပြီနည်း။ အကျဉ်းသမားပေါင်းမည်မျှ အသက်ပေးခဲ့ရပြီနည်း - အဘယ်ကြောင့်ဆိုသော်။ ပန်းက ရာ့စ်ထောင်မှ အကျဉ်းစခန်းတခုသို့ ပြောင်းသွားရသည့်အခါ ထောင်မှ မည်သို့သော်မှတ်ချက်များပါလာသည် ဟူသော်ကိစ္စကား အရေးမပါ အရာမရောက်သော အချက်တခုမဟုတ်ပေ။ သိုမျှသာမကသေး၊ ပန်းကရာ့စ်မှ အပြင်သို့လုံဝရောက်မှ ရောက်ပါတော့မည်လော ဟူသော အချက်ကလည်းရှိနေသေး သည်။ သူကား အတောမသတ်အောင် သေးဖွဲ့သောသူဖြစ်သည်။ မိမိ၏အရေးပါ အရာရောက်ပုံများကို စိတ်ကူး ယဉ်ယင်း၊ စင်္ကြံတလျှောက်တွင် ကျက်သရေပြည့်ဝစွာဖြင့် တကိုယ်ထည်း ရွက်လွှင်လာတက်သည်။ မနုဿ လူသားတယောက်နှင့် ရင်ဆိုင်မိသည်နှင့် တပြိုင်နက်လည်း တနေနေရာပေါ်သို့ လှမ်း၍တက်လိုက်ရန် ဆန္ဒပေါ် လာတက်သည်။ ခင်ဗျားအား စစ်ကြောနေသည့်အခါတွင် လက်ကိုင်တန်းများပေါ်သို့ တက်ထိုင်လျက် ဤမျှသက် တောင့်သက်သာမရှိလှသော အနေအထားနှင့်ပင်၊ တနာရီနေရနေရ ပေတေ၍ ထိုင်နေတက်သည်။ ဤနည်းအား ဖြင့် သူသည်ခင်ဗျားထက် ခေါင်းတလုံးပို၍မြင့်သကဲ့သို့ ဖြစ်သွားသောကြောင့်တည်း။ မုတ်ဆိတ်ရိတ်သည့်နေရာ၌ တာဝန်ကျနေသည့်အခါဝယ်၊ လှေကားထစ်များပေါ်သို့ တက်နေလိုကတက်နေတက်သည်။ သို့မဟုတ် ခုန်တန်း ရှည်ပေါ်သို့တက်၍ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ယင်း၊ သူ၏နက်နဲတော်မူတက်ထသော သြ၀ါဒကို ရွက်ဆို နေတတ်သည်။ - ငါဘာကိုမှ မမြင်ချင်ဘူး။ ငါဘာကိုမှ မကြားချင်ဘူး။ မင်းတို့ငါ့အကြောင်းကို ဘာမှမသိကြသေးဘူး ... နံနက်ခင်းကျန်းမာရေးလေ့ကျင့်ရသည့် နာရီဝက်အချိန်တွင် ယုတ်စွအဆုံးမြက်ခင်းပေါ်သို့တက်၍ လျှောက်သည်။ မြက်ခင်းသည် ဘေးပတ်ဝန်းကျင်ထက် သူ့အားနှစ်လက်မ၊ သုံးလက်မခန့် ပို၍မြှင့်ပေးသည်။ သူသည် အကျဉ်း ခန်းအတွင်းသို့ မင်းတရားကြီး၏မျက်နှာပေးဖြင့် ကျက်သရေရှိစွာဝင်လာတော်မူလျက်၊ ကုလားထိုင်တလုံးပေါ်သို့ ဗြုံးကနဲတက်၍ ရပ်လိုက်ကာ အမြင့်မှနေ၍ အခန်းကိုစစ်ဆေးတော်မူသတည်း။ သူကားအတိုင်းမသိ သေးဖွဲလှသည်။ သို့သော် - လူ့အသက်များကို ကိုင်တွယ်သောရုံးခန်းရှိ ရူးပေါပေါ သတ္တ၀ါတိုင်းကဲ့သို့ပင် - အတိုင်းမသိလောက်အောင် အန္တရာယ်ကြီးလှစာပေသည်။ သူ၏ ကျဉ်းမြောင်းမူတွင်အွ ရည်အချင်းတရပ်ကို ကြောင်လက်သဲကဲ့သို့ ၀ှက်ထားသည်။ ထိုအရည်အချင်းကား တစိတ်ကိုတ အိတ်ဖြစ်အောင်၊ ပိုးနှံကောင်ကို ကုလားအုပ်ဖြစ်အောင် ဖန်တီးတက်ခြင်းပင်ဖြစ်လေသည်။ သူသည်အိမ်စောင့်ခွေးတကောင်၏ တာဝန်မှကျော်၍ ဘာကိုမျှမသိ။ ထို့ကြောင့် သတ်မှတ်ထားသောပုံစံမှ အနည်းငယ်ကလေး ချော်သွားသောကိစ္စ တိုင်းသည် အလွန်ကြီးမားသောကိစ္စများဖြစ်လာတော့သည်။ ကြီးမားသောကိစ္စများ ဖြစ်လာ၍လည်းသူ၏ ဌာနန္တရ နှင့် လျှော်ကန်လျှောက်ပတ်သောအရာဟု သဘောပိုက်တက်သည်။ ထောင်ပုံစံကို ချိုးဖောက်မူများ၊ ထောင်ပုံစံအ ပေါ် ရာဇ၀တ်ကျူးလွန်မူများ စသည်ဖြင့် အမူများဆင်နေရမှ၊ ငါသည် ဧရာမပုဂ္ဂိုလ်ကြီးပါကလားဟူသော အသိ ဉာဏ်ဖြင့် စိတ်ချမ်းသာစွာ အိပ်ရာဝင်နိုင်လေသည်။ သူပေးသောသတင်းများ မှန်သည်၊ မှားသည်ဟူ၍လည်း ဤ ထောင်တွင်း၌ မည်သူက စစ်ဆေးလေ့ရှိပါသနည်း။ ဆမဲတောန့်ဇ် ကိုယ်လုံးကိုယ်ထည် ကြီးကြီးမားမား၊ ထုံထိုင်းသောမျက်နှာပေး၊ အဓိပ္ပါယ်မပါးသော မျက်လုံးများရှိ သည်။ ကာတွန်းဆရာ ဂရော့ရှ်ရေးဆွဲသော နာဇီမုန်တိုင်းတပ်သားတယောက်၏ပုံ အသက်ဝင်လာသည်နှင့် တူ သည်။ သူသည် လစ်သူဧနီးယား နယ်စပ်တွင် နွားနို့ညှစ်သမားလုပ်ခဲ့ဘူးသည်။ သူကျောင်းခဲ့ရသည့်နွားများ၊ ထို လှပသောတိရိစ္ဆာန်များသည်၊ မိမိတို့၏ မွန်မြတ်လှသော ကျက်သရေများကို သူ့ထံ၌ အရိပ်အငွေ့မျှပင် ချန်မထား ခဲ့သည်မှာ အံသြဘွယ်ကောင်းလှပေသည်။ အထက်ဆရာကြီးများကမူ သူ့အား ဂျာမန်ဂုဏ်ရည်များဖြင့် ပြည့်နေ သော သူတယောက်ဟု ယူဆသည်။ သူကား ပြတ်သားသည်၊ မာကျော်သည်၊ လာဘ်မစား (ထောင်ဘာယာများ

ထံမှ စားစရာသောက်စရာများ မတောင်းတက်သော သူ့လို ထောင်စောင့်မျိုးကား အလွန်နည်းပါးလှသည်)။ သို့ သော်....... တခါက ဂျာမန်ပညာရှိတယောက် ... မည်သူဖြစ်သည်ကိုကား ကျနော်မမှတ်မိ ... သတ္တ၀ါတကောင် လျှင် စကားလုံးပေါင်း မည်မျှဖွဲ့နိုင်သနည်း ဟူသောအချက်ပေါ်၌ အခြေတည်၍ အဆိုပါသတ္တ၀ါ၏ ဉာဏ်စွမ်းကို တွက်ကြည့်ခဲ့သည်။ ၄င်း၏ အလိုအရဆိုလျှင်၊ ဉာဏ်အနည်းဆုံးသော သတ္တ၀ါမှာ အိမ်တွင်း၌ မွေးထားသော ကြောင်ပင်ဖြစ်သည်၊ ကြောင်သည် စကားလုံး ၁၂၈ - လုံးသာ ဖွဲ့နိုင်သည်ဟု ဆန်းစစ်ခဲ့သည်ထင်သည်။ ဆမဲ တောန့်ဇ်နှင့်စာလျှင်၊ ကြောင်ဟူသောတိရိစ္ဆာန်ကား ပညာရှိကြီးပင်ဖြစ်လေသည်။ ပန်းကရာ့စ်သည် ဆမဲတောန့်ဇ် ထံမှ စကားလေးလုံးမျှသာ ကြားကြရသည်။

- ပါးစ် ဘလော့စ် အောက်ဖ်၊ မဲန့်ရှ်။


သူသည် တပတ်လျှင် နှစ်ကြိမ်သုံးကြိမ်မျှ တာဝန်ကို တပါးသူအား လွှဲအပ်ပေးရသည်။ တပတ်နှစ်ကြိမ် သုံးကြိမ်ပင် တုံးတိုက်ရမလို၊ ကမ်းတိုက်ရမလို အခက်ကြုံနေတက်သည် - အဆုံးတွင်လည်း ဆိုးဆိုးဝါးဝါးသာ အ စဉ်သဖြင့် အဆုံးသတ်ရသည်။ တခါ ပြူတင်းပေါက်များ ဖွင့်မထားသဖြင့်ထောင်ပိုင်က သူ့အား ကြိမ်းမောင်း သည်ကို တွေခဲ့ရဘူးသည်၊ အသားတောင်းလုံးကြီးသည် တိုတောင်းသော ခြေထောက်များပေါ်၌ မအီမသာ့  ခေတ္တမျှ လူးလွန့်နေလျက်။ ထုံထိုင်း စွာညွတ်နေသော ခေါင်းသည်လည်း ကိုင်းသည်ထက် ကိုင်းသွားကာ၊ ယခု ကလေးတွင် နားနှင့်ကြားလိုက်ရသော စကားလုံးများကို ပါးစပ်မှပြန်၍ရွတ်ရန် မချိမဆန့်ကြိုးစားယင်း၊ နှုတ်ခမ်း ဒေါင့်စွန်းများလည်း နိမ့်ဆင်းသွားပြီးနောက် ..... အစိုင်အခဲကြီးတခုလုံးသည် စက်ဥသြသံကြီးကဲ့သို့ ဗြုံးကနဲ ဟစ် ကြွေးလိုက်လေသည်။ စင်္ကြံများတလျှောက်လုံး ရုန်းရင်းဆန်ခက် ဖြစ်သွားသည်။ ဘာကိုဆိုလိုသည်ကိုကား မည် သူမျှ နားမလည်လိုက်။ ပြူတင်းပေါက်များလည်း ပိတ်မြဲပိတ်နေကာ ဆမဲတောန့်ဇ်အနီးမှ အကျဉ်းသမားနှစ် ယောက်သာ နှာခေါင်းများမှ သွေးများကျဆင်းလာရလေသည်။ ဤနည်းဖြင့် သူသည် ထွက်ပေါက်တပေါက် တွေ့ သွား ပြန်လေသည်။ အမြဲပင် ဤသို့လက်စသိမ်းရလေသည်။ မြင်မြင်ချင်းထိုးရန်၊ ကြိတ်ရန်၊ လူသေလျှင် သေသည့်အထိပင် ထိုးကြိတ်ရန် ဤသည်ကို သူနားလည်သည်။ ဤတခုသာ သူနားလည်သည်။ တခါအကျဉ်းသမားတစုနေထိုင် သော အခန်းကျဉ်းထဲသို့ဝင်လျက် လူတယောက်အား ထိုးလိုက်သည်။ ထိုအကျဉ်းသမားမှာ မမာနေသောသူဖြစ် သဖြင့် ကြမ်းပေါ်သို့လဲကျသွားကာ ဆန့်ငင်ဆန့်ငင်နှင့် တက်နေလေတော့သည်။ ထိုအခါတွင် ဆန့်ငင်ဆန့်ငင် ဖြစ်နေသည့်စသည်းချက်အတိုင်း၊ အခြားအကျဉ်းသမားများအား ဒူးကွေးထိုင်ထလုပ်ခိုင်းသည်။ တက်နေသောသူ အားအင်ကုန်ခန်း၍ ပျော့ငြိမ်သွားတော့မှ ရပ်ကြရတော့သည်- ဆမဲတောန့်ဇ်ကား ရူးပေါပေါပြုံးယင်း ခါးထောက် လျက် ကြည်နေခဲ့သည်။ ကြပ်တည်းသောအခြေအနေကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ခဲ့သည်ဟူ၍လည်း ကြေနပ် နေခဲ့လေ သည်။ သူ့ကိုသင်ပေးခဲ့ကြသည့် အချက်အလက်များအနက် - ရိုက်ပုတ်ထိုးကြိတ်ခွင့်ရှိသည် ဟူသော အချက် တခုတည်းကိုသာ မှတ်မိသောလူရိုင်းတ ယောက်ပင် ဖြစ်လေသည်။ ဤသို့သော် သတ္တ၀ါမျိုး၌ပင် တစုံတရာကား ကျိုးပျက်သွားလေတော့သည်။ လွန်ခဲ့သော တလကဖြစ် သည်။ သူနှင့် “က” တို့သည် ထောင်တွင်းရှိ ဧည့်သည်ခန်းမ၌ နှစ်ယောက်ထည်း အတူထိုင်ကြကာ၊ “က” ကအ ခြေအနေများကို ရှငးလင်းပြောပြနေခဲ့သည်။ အချိန်အတော်ပင် ကြာသည်။ အတော်ကြီးကြာ မြင့်သောအခါမှ် လည်း ဆမဲတောန့်ဇ်အနေနှင့် ရိပ်ဖမ်းသံဖမ်း အနည်းငယ်နားလည်လာသည်။ သူသည်ထိုင်ရာမှ ထ ၊ အခန်းတံခါးကိုဖွင့်၊ စင်္ကြံတလျှောက် ဟိုဟိုသည်သည်ကို လှမ်း၍ စိုးရိမ်တကြီးကြည့်ရှုလေသည်။ နေရာတကာမှာ တိတ်ဆိတ်၍နေသည်။ ညဉ့်အချိန်ဖြစ်၍ တထောင်လုံးအိပ်မောကြနေသည်။ သူသည် တံခါးကိုပြန်ပိတ်၊ အတွင်း ဘက်မှ သေသေချာချာ သော့ခတ်လိုက်ကာ၊ ကုလားထိုင်တလုံးပေါ်သို့ ခွေ၍ကျသွားလေ့သည်။

- ဒါဖြင့်မင်းထင်တာက ......

သူသည်ခေါင်းကို မိမိ၏လက်ဝါးနှစ်ဘက်အတွင်းသို့ ထိုးအပ်လိုက်သည်။ ကြီးမားသော ကိုယ်လုံးကိုယ် ထည်ကြီးတဲမှ သေးငယ်သော စိတ်ဓါတ်က လေးပေါ်သို့ ကြောက်မက်ဖွယ်ကောင်းသော အလေးချိန်ကြီးတခု ဖိစီးလာလေသည်။ သူသည်ဤသို့ပင် ကြာမြင့်စွာ ကိုင်းညွတ်၍ နေလေသည်။ နောက်ခေါင်းကို ထောင်လိုက်ကာ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့်ပြောလိုက်သည်။

- မင်းပြောတာမှန်တယ်၊ ဒို့မနိုင်တော့ဘူး။
ပန်းကရာ့စ်အနေနှင့် ဆမဲတောန့်ဇ်၏ စစ်ပွဲအောင်သံကြီးကို မကြားရသည်ကား တလမျှ ကြာခဲ့လေပြီ။ အကျဉ်းသမားလူသစ်များသည်လည်း သူ၏ လက်သံ မည်မျှပြောင်သည်ကို မသိကြရတော့ပေ။ ထောင်ပိုင်၏ ခပ်ပုပု၊ အရပ်ဝတ် အရပ်စားဝတ်ဝတ်၊ အွန်တဲ့ရ် ရှတူးရ်မ်ဖီး ယူနီဖောင်းဝတ်ဝတ် အမြဲတမ်းသပ်သပ်ရပ် ရပ် ၀တ်စားထားလေ့ရှိသည်။ ဖေါဖေါသီသီသုံးဖြုန်းယင်း၊ ကိုယ့်ကိုကိုယ်ဟုတ်လှပြီဟု ကြေနပ်၍နေသူဖြစ်သည်။ ခွေးများကို ချစ်တက်သည်၊ အမဲလိုက်ခြင်းဝါသနာပါသည်၊ မိန်းမ လိုက်စားသည် - ဤသည်ကာ တဘက်မှနေ၍ ကြည့်ခြင်း ဖြစ်လျက် ကျနော်တို့နှင့်မဆိုင်။ ဒုတိယတဘက်-ဤသည်ကာ ပန်းကရာ့စ် ထောင်အနေနှင့်သိရသည့်ဘက် ဖြစ်သည်။ သူကား ရုန့်ရင်းကြမ်းတန်းသည်။ ရိုင်းစိုင်သည်။ ပညာမရှိ။ စိုင်ကော်ခြုံပေါ်ရောက်သည့် နာဇီမျိုးဖြစ်သည်။ ကိုယ့်အတွက် သာ အကျိုးရှိမည်ဟုဆိုလျှင် မည်သူ့ကိုမဆို ယာဇ်ပူဇော်ရန်အသင့်ရှိသည်။ သူအမည်ကား - အရေးကြီးသပ ဆို လျှင် ရေးကြစို့ - ဆော့ပါးဟုခေါ်သည်။ ပိုလန်ပြည်တွင်မွေးသည်။ သူအနေနှင့် ပန်းဘဲဆရာအလုပ်ကို သင်ကြားခဲ့ ဘူးသည်ဟုဆိုသည်။ သို့သော် ဂုဏ်ရှိလှသော ဤပညာသည် သူ၏ကိုယ်ကာယပေါ်၌ အရာမထင်ရစ်ဘဲ ကွယ် ပျောက်သွားခဲ့သည်။ ဟစ်တလ၏ အလုပ်အကျွေးဖြင့် ၀င်ရောက်လုပ်ကိုင်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ။ တပါးကျွန်ပီပီ အမူထမ်းယင်း ဤရာထူးမျိုးကို ရရှိလာခဲ့သည်။ ဤရာထူးကိုလည်း ဖြစ်သည့်နည်းနှင့် ကုပ်ကပ်၍တွယ်နေသည်။ သူကား အကျဉ်းသမားသော၊ ထောင်အမူထမ်းသော၊ ကလေးသော၊ လူကြီးသောမရွေး မည်သူ့ကိုမျှမညှာ၊ မည် သူ့ကိုမျှမငဲ့ပေ။ ပန်းကရာ့စ်ထောင်ရှိ၊ နာဇီစံနစ်က ငှားရမ်းထားသော အလုပ်အကျွေးများ အချင်းချင်းဝယ် မိတ် ဆွေစိတ်ဟူ၍မရှိ။ သို့သော် ဆော့ပါးလောက် မိတ်ဆွေစိတ်ကလေးအရိပ်အငွေ့မျှပင် ကင်းမဲ့နေတက်သူကား တ ယောက်မျှမရှိချေ။ ထောင်တထောင်လုံးတွင် သူသည် လူတယောက်ထည်းကိုသာ နှစ်သက်ပုံအနည်းငယ်မျှပြ လျက် မကြာခဏ စကားပြောဘော် ပြောဘက် လည်းပြုသည်။ ထိုသူကား ထောင်တင်း ဗိန္ဓောဆရာ၊ ပေါလိစိုင်ွး မိုင်စတဲရ် ဗိုက်စနဲရ်ဖြစ်သည်။ သို့သော် ဤနေရာ၌ပင် တဦးမေတ္တာတဦးမှာဟု ဆိုနိုင်ကောင်း သည်မထင်ပေ။ သူသည်ကိုယ့်ဘိုသာ ကိုယ်သိတက်သည်။ ဤမျှလောက်ကြီးမားသော ရိုက်ရာကိုခံယူသည်မှာ ကိုယ် ရေးအတွက်သာဖြစ်သည်။ အုပ်စိုးမူစံနစ်အပေါ်တွင် နောက်ဆုံးအထိ သစ္စာစောင့်နေမည်မှာလည်း - ကိုယ်ရေးအ တွက်သာဖြစ်ပေမည်။ ကိုယ့်ကိုကိုယ်ကယ်ဆယ်နိုင်မည့် အခြားနည်းလမ်းတရပ်ရပ်ကို မတွေး တောမကြံစည်သူ မှာ၊ သူတယောက်သာရှိသည်။ သူ့အနေနှင့် အခြားလမ်းဟူ၍ လုံးဝမရှိကြောင်းကိုသိရသည်။ နာဇီစံစနစ်၏ကျဆုံး ခြင်းသည် သူ၏ကျဆုံးခြင်း ဖြစ်မည်။ သူ၏ဖေါသီသောဘ၀၏ အဆုံးသတ်၊ သူ၏ခန်းနားသော အိမ်ခန်း၏အဆုံး သတ် (စကားစပ်မိ၍ဆိုရလျှင်၊ ထိုသို့သားသားနားနား ၀တ်စားနိုင်ပါမည့်အရေး၊ အကွပ်မျက်ခံရသော ချက်အမျိုး သားတို့၏ အကျများကိုပင် အရှက်ကင်းမဲ့စွာ ၀တ်ဆင်တက်သည်)။ ဟုတ်သည်၊ ဤသည်ကား အဆုံးသတ်ပင် ဖြစ်လိမ့်မည်။ ထောင်တင်းဗိန္ဓောဆရွာ ပေါလိစိုင်း မိုင်စဘဲရ် ဗိုက်စနဲရ် - ပန်းကရာ့စ်ထောင်၏ ပတ်ဝန်းကျင်တင် ထူးခြားသောရုပ်ထုကလေးဖြစ်ွ သည်။ သူသည် ဤနေရာနှင့်မအပ်စပ်ဟု ခင်ဗျားအနေနှင့် တခါတရံတွင်ထင်မိသည်။ တခါခါတွင်ကား ပန်းကရာ့ စ်ကို သူမပါပဲ စဉ်းစားကြည့်၍ပင် မရလောက်အောင် ဖြစ်ပြန်သည်။ သူသည် လူမမာများထားရာအခန်း၌ ရှိလျှင်ရှိ

မည်။ မရှိလျှင် ခြေလှမ်းယိုင်တိယိုင်များဖြင့် လှမ်းရင်း စင်္ကြံများတလျှောက် ကြက်စားနေတက်သည်။ တကိုယ် တည်း စကားပြောရင်း ဟိုဟိုသည်သည်ကို အမြဲမပြတ်မှ အမြဲမပြတ် အကဲခတ်နေတက်သည်။ နေရာတနေရာသို့ ခေတ္တမျှအလည်ရောက်လာ၍၊ ထို တိုတောင်းသောအချိန်ကလေးအတွင်း အများဆုံးမြင်သွားချင်သော နိုင်ငံခြား သား တယောက်ကဲ့သို့ပင်ဖြစ်လေသည်။ သို့သော်လည်းသူသည် အကျင်လည်ဆုံးသော ထောင်မှူးတယောက်ကဲ့ သို့ မြန်လည်းမြန်၊ အသံလည်းမမည်စေပဲ၊ သော့ကိုသော့အိမ်ထဲသို့ သွင်းလှည့်ကာ တံခါးကိုဆွဲဖွင့်တက်သော အ ရည်အချင်းတခုရှိသည်။ သူ့တွင်ခြောက်သွေ့သော ဟာသဉာဏ်ရှိသဖြင့်၊ အဓိပ္ပါယ်နှစ်ခွပါသော စကားများပြော တတ်သည်။ ပြောပင်ပြောသော်လည်း အငြိအစွန်းဟူ၍လည်း မရှိစေရကား၊ သူ့ကို သူ၏စကားအရ ဘမ်း၍ မရ ပေ။ သူသည်လများထံချဉ်းကပ်သည်။ သို့သော် အခြားလူများကသူ့အား ချဉ်းကပ်ရန်အခွင့်မပေး။ သူသိသမျှကာူး များပြားလှသည်။ သို့သော် မည်သူ့ကိုမျှ ဂုန်းချောခြင်း၊ တိုင်တန်းခြင်းမပြု။ သူသည်စီးကရက်ငွေ့များဖြင့် ပြည့်နေ သော အကျဉ်းခန်းတခန်း အတွင်းသို့ဝင်လာသည်။ နှာခေါင်းသံဖြင့် အသံမြည်အောင် ရှုံ့၍အနံ့ခံသည်။

- ဟင်း - ပါးစပ်က ပျပ်ကနဲလုပ်လိုက်သည် - အကျဉ်းခန်းတွေထဲမှာ ဆေးလိပ်သောက်ကြသကိုး နောက်တကြိမ်ထပ်၍ ပျပ်ကနဲ လုပ်လိုက်ပြန်သည် - ကြပ်ကြပ်တည်းတည်းကြီး တားမြစ်ထားတယ်။ သို့သော် ထိုကိစ္စကို သွားရောက် တိုင်တန်းခြင်းမပြု။ ကြီးမားသည့် သောကတရပ်ကြောင့် စိတ်ညစ်နေ သကဲ့သို့၊ သူ၏မျက်နှာမှာအစဉ်သဖြင့် တွန့်ရှုံ့၍နေသည်။ မသာမယာဖြစ်နေသည်။ သူ အလုပ်အကျွေးပြုနေ သော ထိုအုပ်စိုးမှုစနစ်၊ သူနေ့စဉ်ပြုစုနေရသော လူများကိုညဉ်းပန်းနေသည့် ထိုအုပ်စိုးမှုစနစ်၊ ထိုစနစ်နှင့် မပတ် သက်လိုဟန်ရှိပေသည်။ သူသည်အဆိုပါ အုပ်စိုးမှုစနစ်ပေါ်၌ အယုံအကြည်မရှိ၊ ထိုစနစ်တည်တံ့လိမ့်မည် ဟူ၍ လည်း မယုံကြည်။ ယခင်ကပင် ထိုစနစ်အပေါ် မယုံကြည်ခဲ့။ ထို့အတွက်သာ သူ၏အိမ်ထောင်ကိုပင် ဗရောကဝါ့ဗ် မြို့မှပရာဟာသို့ ရွှေ့ပြောင်းမလာခဲ့ခြင်း ဖြစ်ပေသည်။ အခြားသော ရိုခ်အရာရှိ များသာဆိုလျှင်၊ သိမ်းပိုက်ထား သော တပါးတနိုင်ငံ၌ အဆီရစ်ရန် ဤသို့သော အခွင့်အရေးမျိုးကို လက်လွှတ်ခဲမည်ဖြစ်လေသည်။ တချိန်တည်း ၌ပင်၊ သူသည် အုပ်စိုးရေးစနစ်အား ဆန့်ကျင်တိုက်ခိုက်နေသော သူများနှင့်လည်း မပေါင်းသင်းလို။ ထိုသူများနှင့် တွဲ၍လည်း မကြီးထွားနိုင်ခဲ့ပေ။ ကျနော့်အား ဆေးကုသည့်အခါတွင် သူသည် ကြိုးစားပမ်းစား ပြုစုသည်။ အစွမ်းရှိသ၍ ပြုစုသည်။ အ ခြားလူနာများအပေါ်တွင်လည်း ထိုနည်းနှင့်သာ ပြုစုလေ့ရှိသည်။ အပြင်းအထန်ဒဏ်ရာ ရထားသူများကို အစစ် ခံရန်ခေါ်သွာကြမည် ဆိုလျှင်လည်း ခေါင်းမာစွာဝင်၍ တားဆီးရဲသည်။ ဤနည်းဖြင့် မလုံသောစိတ်ကို ဖာထေးနေ ဟန်တူသည်။ တခါတရံ အရေးတကြီးလို နေရာများ၌ပင် လုံးဝအကူအညီမပေး။ ထိုအချိန်များကား ကြောက်စိတ် များ ဖိစီးနေသည့် အခါများဖြစ် ဟန်တူသည်။ သူကားနိုင်ငံသား အသေးစားကလေးတယောက်၏ ပုံစံနမူနာတရပ်ပင် ဖြစ်လေသည်။ လက်ငင်းအုပ်စိုး နေသော အရာကိုလည်းကြောက်သည်။ နောက်ပေါ်ထွန်းလာမည့် အရာကိုလည်း ကြောက်သည်။ ဤကြောက် စိတ်နှစ်မျိုးနှစ်သွယ်၏ အကြားသို့ အဖေါ်မပါတကိုယ်တည်းသာ ရောက်နေလေသည်။ ဤအခြေအနေမှ ထွက် လမ်းကိုရှာသည်။ တခုမျှမတွေ့။ သူကားမြွေဆိုးမဟုတ်။ ရေမြွေအသေးစားတကောင်သာ ဖြစ်လျက် ထောင် ချောက်ထဲတွင် ပိတ်၍ မိနေလေသည်။ လွတ်စရာမျှော်လင့်ချက်ဟူ၍ လုံးဝမရှိ။ “ အချောင်ခိုသမား” ဤသူကား ရုပ်ထုကလေးမျှသာမဟုတ်တော့၊ သို့သော် လူရုပ်သွင် အပြည့်အဝလည်းမဖြစ်သေး။ ဤ နှစ်မျိုး၏အကြား စပ်ကူးမတ်ကူးတွင် ရှိသည်။ လူရုပ်သွင် တခုဖြစ်လာရန် သူ့တွင်ပြတ်သားသော အမြင်မှန် လိုနေ သေးသည်။

အမှန်အားဖြင့် ဤသို့သောလူနှစ်ယောက်ရှိသည်။ သူတို့ကား ရိုးသားသူများဖြစ်သည်။ ထိလွယ်နာလွယ် သည်။ အစကနဦးတွင် အစစအရာရာကို ဥပေက္ခာပြု၍ ဖာသိဖာသာ နေကြသည်။ သူ့တို့ကျရောက်သွားသော ကြောက်မက်ဖွယ် အသိုင်းအဝိုင်းကြီးကို အံ့အားသင့်စွာသာ ကြည့်၍နေခဲ့ကြသည်။ နောက်ပိုင်းတွင် ထိုလောကမှ ရုန်း၍ထွက်ရန် တောင့်တလာကြသည်။ သူတို့ကား ကိုယ့်ဒူးကိုယ်ချွန်သူများ မဟုတ်ကြသဖြင့် မှီခိုအားထားစရာ လူများ ရှာဖွေလာကြသည်။ ရှာယင်းဖွေယင်း၊ နေရာအမှန်သို့ ရောက်လာကြသည်မှာ အသိဉာဏ်အားကိုးခြင်း ထက် နှာခေါင်းအနံ့ခံ ကောင်းခြင်းကြောင့် ဆိုက်ရောက်လာကြခြင်းဖြစ်သည်။ သူတို့က ခင်ဗျားကိုကူညီကြသည် မှာ ခင်ဗျားထံမှ အကူအညီကိုလည်း လိုချင်ကြသောကြောင့် ဖြစ်သည်။ သူတို့အား အကူအညီပေးရန်မှာ တရားမျှ တသော ကိစ္စ ဖြစ်သည်။ ယခုရော၊ အနာဂတ်တွင်ပါ သူတို့အား အကူအညီ ပေးသင့်ပေသည်။ ဤသူနှစ်ယောက်သာလျှင် ... ပန်းကရာ့စ်ရှိ ဂျာမန်အရာရှိများအနက် ဤသူနှစ်ယောက်သာလျှင် ရှေ့ တန်းစစ်မျက်နှာသို့လည်း ရောက်ခဲ့ဘူးသည်။ ဟာနောအဲ့ရ် ဆိုသူကား ဇနောယီမောမြို့မှ စက်ချုပ်သမား၏ ကူဖော်လောင်ဖက် ဖြစ်သည်။ အရှေ့ ဘက်စစ်မျက်နှာသို့ ခဏမျှရောက်သွာသည်နှင့် ကိုယ့်ဖာသာကိုယ် ရေခဲစားဒဏ်ရာများ မရရအောင် လုပ်ကာပြန် လာခဲ့သည်။ “စစ်ဆိုတာလူတွေနဲ့ မကိုက်ပါဘူး” ဟု ရွှတ်ဆန်ဆန်ဝိဂြိုလ်ကျင်း၍ လင်းလေသည်။ “ဟိုမှာကိုယ်

ဘာသွားလုပ်ရမှာလဲ”။
ဟစ်ဖရ် ဆိုသူကား ဘာတာစက်ရုံမှပျော်ပျော် နေတက်သည့် ဖိနပ်ချုပ်သမား တယောက်ဖြစ်သည်။ ပြင်ဲ သစ်ပြည်သို့ ချီတက်စဉ်ကပါခဲ့၍၊ နောင် သော်ရာထူးတိုးပေးမည်ဟု ကတိပေးကြသည်ကိုပင် လက်မခံပဲ တပ် တွင်းမှ ထွက်ပြေးလာသူဖြစ်သည်။ ထိုအခါမှစ၍ နေ့စဉ်နှင့်အမျှ ဂျောက်ကျပြီဆိုတိုင်း၊ လေကို လက်ဖြင့်ခတ်ကာ “အဲ့ခ်၊ ရှိုက်စ်” ဟုပြောသော အကျင့်ပါလာဟန်တူသည်။ ဂျောက်ကျလိုက်ရသည်မှာလည်း ခဏခဏပင်ဖြစ်သည်။ သူတို့နှစ်ယောက်ကား တယောက်နှင့်တယောက် တူကြသည်။ ကံကြမ္မာအရလည်း တူသည်။ ဗီဇများ အနေနဲ့လည်း တူကြသည်။ သို့သော် ဟစ်ဖဲရ် ကားသူ့အဖော်လောက် မကြောက်တက်။ အမူအရာအားဖြင့် ပို၍ ပြတ်သားသည်။ ပို၍ပြည့်ဝသည်။ အကျဉ်းခန်းတိုင်းလိုလိုပင် သူ့အား နာမည်ပြောင်ပေးရာ၌ - အချောင်ခိုသမားဟူ၍ ရွေးချယ် မိကြသည်။ သူ တာဝန်ကျသောနေ့ကား အကျဉ်းခန်းများ၌ အေးချမ်းလှသောနေ့ဖြစ်သတည်း။ ခင်ဗျား လုပ်ချင်ရာ လုပ်နိုင်သည်။ သူကငေါက်ငန်းပြီ ဆိုလျှင်လည်း ထိုသို့ အော်ဟစ်သည်မှာ ခင်ဗျားအား တကယ်ကြိမ်းမောင်းခြင်း မဟုတ်၊ အောက်ထပ်မှာ အာဏာပိုင်များအနေနှင့် သူ၏စည်းကမ်းကြီးမှုကို ကြားကြဟန်သာ ဖြစ်သည်ဟူသော အဓိပ္ပာယ်ဖြင့်မျက်စိ မှိတ်ပြတတ်သည်။ သို့သော်လည်း ထိုသို့သော ကြိုးစားမှုကား ဘာမျှအရာမရောက်။ သူ လှိမ့်တိုင်း ဘယ်သူမျှ မလိမ့်တော့သဖြင့်၊ အပြစ်ဒဏ်မကျ တာဝန်ပိုမယူရသော ရက်သတ္တပါတ်ဟူ၍ တပါတ်မျှ မရှိ တော့ပေ။ - အဲ့ခ်၊ ရှိုက် - သူသည် လေကိုလက်ဖြင့်ပုတ်လိုက်ကာ၊ ထုံးစံအတိုင်း ဆက်လက်နေထိုင်သွား ပြန်လေ သည်။ သူက ထောင်စောင့်မပီသ၊ ဖိနပ်ချုပ်သမား၏ အလုပ်သင်၊ ပေါ့ပေါ့သွား၊ ပေါ့ပေါ့လာနေသည့် လူငယ်တ ယောက်သာ ဖြစ်နေသေးသည်။ အကျဉ်းခန်းထဲမှ အကျဉ်းသမား သူငယ်များနှင့်အတူ ထရံသို့ပိုက်ဆံပြားများ ပစ် တန်၊ စိတ်အားထက်သန်စွာ ကစားနေသည်ကိုပင် ဖမ်းမိနိုင်သည်။ တခါတရံတွင်လည်း အကျဉ်းသမားများကို အကျဉ်းခန်းအတွင်းမှ စင်္ကြံထဲသို့မောင်းထုတ်ကာ “အကျဉ်းခန်းစစ်ဆေးရေး” ပြုလုပ်တက်သည်။ စစ်ဆေးရေး ကား အတော်ကြီးကြာတက်သည်။ ဘာများ လုပ်နေပါလိမ့်ဟု သိချင်သဖြင့် အခန်းတွင်းသို့ ချောင်းကြည့်မည်ဆို လျှင်၊ သူသည်စားပွဲရွေ့ထိုင်ကာ လက်ပေါ်သို့ခေါင်းချလျက် အိပ်နေသည်ကို တွေ့ရပေမည်။ အိပ်နေလိုက်သည်မှ နှစ်နှစ်ခြိုက်ခြိုက် စိတ်ချလက်ချ အိပ်နေတတ်သည်။ ဤသို့သောနေရာမျိုး၌ အိပ်လျှင် အထက်လူကြီးများက ဖမ်း မိနိုင်မည်မဟုတ်။ အကျဉ်းသမားများကား စင်္ကြံတွင်း၌ ကင်းစောင့်နေကြသည်။ အန္တရာယ်တစုံတရာ ပေါ်လာ လျှင် သူ့ကိုအကြောင်းကြားရသည်။ လောကကြီးတခုလုံးတွင် သူအချစ်ဆုံးဖြစ်သည့် မိန်ကလေးက၊ သူ အနား ယူချိန်တွင် အိပ်ရေးပျက်အောင် ဖျက်လိုက်ပြီဆိုက ယုတ်စွအဆုံး အလုပ်ချိန်တွင် အိပ်ချင်သည်။

နာဇီစနစ် ရှုံးမှာလား၊ နိုင်မှာလား - အဲ့ခ်၊ ရှိုက်စ်။ ဒီလို ဆပ်ကပ်ပွဲမျိုး မပျက်ပဲ ဘယ်ခံနိုင်ပါ့မလဲ။ သူကား မိမိကိုယ်ကိုနာဇီစနစ်နှင့် တွဲ၍မတွက်။ ဤအချက်တချက်တည်းကြောင့်ပင် စိတ်ဝင်စားစရာ ကောင်းနေပေလိမ့်မည်။ ထိုမျှသာမကသေး သူသည်ထိုစနစ်နှင့်အတူ ပေါင်း၍မနေလို၊ ပေါင်း၍လည်း ရပ်တည် နေသည်မဟုတ်ပေ။ ခင်ဗျားအနေနှင့် ထောင်တွင်းရှိ အခြားဌာနခွဲတခုသို့ လျှို့ဝှက်သတင်းပို့ရန် လိုနေသလော။ အချောင်သမားကပင် ဆောင်ရွက်ပေးပါလိမ့်မည်။ ခင်ဗျားတယောက်နှင့် စကားပြောလိုသည်၊ အဆိုပါသူနှင့်မျက် နှာချင်းဆိုင်၍ နားပေါက်အောင် ရှင်းပြခြင်းဖြင့်၊ အခြားသူများကို ကာကွယ်ပေးလိုသည် ဆိုလျှင်လည်း၊ အချောင်ခို သမားသည် ထိုသူအား အကျဉ်းခန်းအတွင်းသို့ အရောက်ခေါ်လာ၍၊ အပြင်မှ ကင်းစောင့်ပေးလိမ့်ဦးမည် - ထိုသို့ လုပ်နေသည့်အခါတွင် တခုခုဆော်ထည့်လိုက်ရသဖြင့် အကျေနပ်ကြီးကျေနပ်နေသော လမ်းဂျပိုးဆန်ဆန် အူမြူး နေတတ်သည်။ သတိထား၍လုပ်ရန်ခင်ဗျားကပင် သူ့အား မကြာခဏပြောပေးရသည်။ အန္တရာယ်၏ အလည်ဗဟို သို့ ရောက်နေသောအချိန်၌ပင် ဘေးရန်ကိုမမြင်တတ်။ သူလုပ်နေသောကောင်းမှုတို့၏ တန်ဖိုးအပြည့်အစုံကို သူ အကဲမဖြတ်တက်။ ထိုသို့ မသိတတ်သောကြောင့်လည်း သူ့အနေနှင့် အလုပ်ကို ပို၍ပို၍ လုပ်လွယ်လေသည်။ သို့သော် ဤအချက်သည်သူ၏ တိုးတက်မှုကို ပိတ်ပင်နေပြန်သည်။ လူရုပ်သွင်ကား ဖြစ်မလာသေး။ သို့သော် စပ်ကူးမတ်ကူးအဆင့် အတန်းတွင် ရှိလေသည်။ “ကောလင်” မာရှယ်လောကာလအတွင်း တညနေခင်းက ဖြစ်လေသည်။ အက်ဆက်စ်ယူနီဖောင်းဝတ် ထောင်စောင့် တယောက်သည် ကျနော့်အားအကျဉ်းခန်း အတွင်းသို့ဝင်မခိုင်းမီ ကျနော်၏အိတ်များကို ရှာဖွေသည်။ ပြီးစလွယ်သာ ရှာဖွေလေသည်။

- ခင်ဗျားအမှု ဘယ့်နဲ့လဲ - သူက တိုးတိုးကလေးမေးသည်။ - မသိဘူး၊ နက်ဖြန် ကျနော့်ကို ပစ်သတ်မယ်လို့ ပြောလိုက်ကြတာပဲ။ - ကြားတော့ အတော်ကြောက်သားသလား။ွ - ဒါကို ကျနော်တက်ပြီးသားပဲဟာ။ွ
သူသည် ကျနော်၏ ကုတ်အင်္ကျီကော်လာများပေါ်သို့ စက်အရုပ်ပမာ ခေတ္တမျှ စမ်းသပ်ပြန်ပါသည်။

- လုပ်ချင်မှလဲ လုပ်ကြမှာပဲ။ နက်ဖြန်တော့ ဟုတ်ချင်မှဟုတ်မယ်။ နောက်တော့မှ လုပ်ချင်ချင်လုပ်မယ်။ လုံးလုံး ဘာမှမလုပ်ဘနဲ့လဲ နေကောင်းနေမှာပါ။ ဒါပေမဲ့ အခုလိုအချိန်မျိုးမှာတော့ ….. အသင့်ဖြစ်နေတာ အဲ ကောင်းဆုံးဘဲ။
တဖန် သူသည် တိတ်ဆိတ်သွားပြန်သည်။

- ဒါပေမဲ့ တကယ်လို့သာဖြစ်နိုင်မယ်ဆိုရင် … ခင်ဗျားလူတယောက်ယောက်ဆီ သတင်းကလေး ဘာက လေးများ မပို့ချင်ဘူးလား။ ဒါမှမဟုတ် စာတွေပေတွေများ မရေးချင်ဘူးလား။ အခုထုတ်ဖို့တော့ မဟုတ်ဘူးပေါ့။ နား လည်တယ်မဟုတ်ဘူးလား။ နောင်အခါအတွက်ဆိုပါတော့ … ခင်ဗျားဒီကို ဘယ်လိုရောက်လာတယ်။ တယောက် ယောက်က ခင်ဗျားကို သစ္စာဖောက်ခဲ့သလား။ ဘယ်သူဟာ ဘယ်လိုကျင့်သုံးနေထိုင်တယ် … ခင်ဗျား သိသမျှ အချက်တွေအားလုံး ခင်ဗျားနဲ့ တပါတည်း ပျောက်မသွားအောင်ဆိုပါတော့ …..
စာတွေ ပေတွေများ မရေးချင်ဘူးလားတဲ့။ သူကား ကျနော်အတောင့်တဆုံးသော ဆန္ဒကို ရိပ်မိသကဲ့သို့ ဖြစ်လေသည်။ မကြာမီပင် သူသည် ကျနော့်ထံသို့ စက္ကူနှင့်ခဲတံကို ယူလာသည်။ ကျနော်လဲအခန်းသို့ မည်သို့လာ၍ စစ်စစ်၊ ရှာမတွေ့နိုင်ကြအောင် လုံခြုံစွာသိမ်း ထားလိုက်ပါသည်။ ထို့နောက်ပိုင်းတွင်ကား ၎င်းတို့ကို ဘယ်သောအခါမျှ ဆွဲ၍မထုတ်ခဲ့ပါ။ ဤသည်ကား ကောင်းလွန်းလှသည် - ယုံရမှာခက်နေသည်။ ကောင်းလွန်းအားကြီးလှသည်။ ဤနေရာ၊ ဤမှောင်မိုက်သော အိမ်ကြီးအတွင်းဝယ် အဖမ်းခံပြီးသည့်နောက် ရက်သတ္တပတ်များစွာ မကြာသေးမီပင် ခင်ဗျား

အား ငေါက်ဖော် ရိုက်ဖော်သာရသော သူတို့၏ယူနီဖောင်းကိုဝတ်ထားသော လူသတ္တ၀ါတယောက်၊ မိတ်ဆွေတ ယောက်ကို တွေ့ရှိရခြင်းဖြစ်သည်။ ထိုသူသည် ခင်ဗျားအား လက်လှမ်း၍ပေးသည်။ ခင်ဗျားလက်ရာပျောက် ခြေ ရာပျောက် ကိစ္စတုန်းမသွားရန် နောင်လာနောက်သားများအတွက် စကားထားခဲ့နိုင်ရန် ဤတောင်ကိုကျော်မည့်သူ များ ကျန်ရစ်မည့်သူများနှင့် ယုတ်စွအဆုံး ခေတ္တခဏကလေးဖြစ်ဖြစ် စကားပြောခွင့်ရရန် အကူအညီကမ်းလာ သည်။ စင်္ကြံများအတွင်း၌ သင်းတို့သည် အသတ်ခံကြရမည့်သူများ၏ အမည်တို့ကို ဟစ်အော် ခေါ်ထုတ်နေကြ သည်။ သွေးဖြင့်ယစ်မူးနေကြ၍လဲ သင်းတို့၏အော်သံမှာ ကြမ်းတမ်းနေသည်။ မအော်နိုင်သောသူတို့၏ လည် ချောင်းများမှာလဲ တုန်လှုပ်ခြင်းကြောင့် ပိတ်ဆို့နေသည်။ ယခုကဲ့သို့သော အချိန်ကြီးမျိုးတွင်မှ ဟယ်၊ ဟုတ်နိုင်ပါ ဘူး၊ ယုံနိုင်စရာကိုမရှိဘူး။ ဒါမဟုတ်နိုင်ဘူး။ ဒါ ထောင်ချောက်ဆိုတာ သေချာတယ်။ ယခုကဲ့သို့ အခြေအ နေမျိုး တွင် မိမိ၏အလိုအလျောက် ခင်ဗျားထံလက်လှမ်း၍ ပေးလိုက်နိုင်သောသူသည် မည်မျှ ခွန်အားကြီးမားသောသူ ဖြစ်ရမည်နည်း။ မည်မျှလဲ သတ္တိကောင်းရ ပေမည်နည်း။ တလခန့်သော အချိန်လဲ ကုန်လွန်သွားခဲ့သည်။ မာရှယ်လောကိုလဲ ရုတ်သိမ်းလိုက်ပြီ။ အော်သံများလဲ ငြိမ်သွား၍ ရက်စက်ကြမ်းကြုတ်သော အချိန်တို့သည်လဲ သတိရစရာများအဖြစ်သို့သာ ပြောင်းလဲသွားကြပေပြီ။ တဖန် အစစ်ခံရာမှအပြန် တညနေချင်းတွင် အထက်ပါထောင်စောင့်ပင် ကျနော့်အား အကျဉ်းခန်းအတွင်းသို့ သွင်းရန် တံခါးဝအထိ ရောက်လာပြန်ပါသည်။

- ခင်ဗျားတော့ လွတ်သားပြီထင်ပါရဲ့ - ဟုပြောလိုက်သည်။ ထို့နောက် ကျနော့်အား စူးစူးစမ်းစမ်းကြည့်ွ


လိုက်သည် - အစစအရာရာ ချောချောမော မောပဲ မဟုတ်လား။ ကျနော်သည် သူ၏မေးခွန်းမှ အဓိပ္ပာယ်ကို ကောင်းစွာနည်းလည်မိပါသည်။ စိတ်ထဲ၌လဲ နက်နက်နဲနဲပင် နာသွားမိသည်။ သို့သော် ထိုမေးခွန်းသည် သူ၏ရိုးသားဖြောင့်မတ်မှုကို အခြားခြားသော အချက်များထက်ပို၍ သက်သေထူခဲ့ပါသည်။ ဤသို့သောမေးခွန်းမျိုးကို အတွင်းဓာတ်အရမေးပိုင်ခွင့်ရှိသူသာ မေးနိုင်ပေသည်။ ကျနော် သည် ထိုအချိန်မှစ၍ သူ့အပေါ် ယုံကြည်စိတ်ချသွားပါသည်။ သူကား ကျနော်တို့၏လူ ဖြစ်လေသည်။ အပြန်ပန်းအားဖြင့်သော် သူသည် အတွေးရကြပ်သော အသွင်အပြင်ကိုဆောင်သည်။ စင်္ကြံများတွင် တ ယောက်တည်း လမ်းလျှောက်နေတတ်သည်။ ငြိမ်ငြိမ်သက်သက်နှင့် ရေငုံနေတတ်သည်။ နိုးနိုးကြားကြားနှင့်လဲ အစစအရာရာကို သတိပြုအကဲခတ်နေတတ်သည်။ သူအော်ဟစ်သည်ကို ခင်ဗျားတခါမျှ မကြားဘူးခဲ့။ တစုံတ ယောက်ကို ရိုက်သည်လဲ တခါမျှမတွေ့ဘူးခဲ့။

- ဆမဲတောန့်ဇ် ကြည့်နေတဲ့အချိန်မျိုးမှာ ကျနော့်ကို ပါးဖြစ်ဖြစ်ရိုက်လိုက်စမ်းပါဗျာ - ဘေးခန်းမှ ရဲဘော်


များက သူ့အားတိုက်တွန်းကြသည် ခင်ဗျား ထထကြွကြွကလေးလုပ်နေတာ သူတခါတလေလောက် မြင်သွား အောင်ပေါ့။ သူက ခေါင်းကို ခါပြသည်။

- မလိုပါဘူးဗျာ။
ချက်စကားမှလွဲ၍ အခြားစကားပြောသည်ပင် ခင်ဗျားတခါမျှ မကြားဘူးပေ။ သူ့အား မည်သို့ကြည့်ကြည့် အခြားသူများနှင့် ကွာခြားသည်ကို သိသာသည်။ သို့သော် ဘယ်အချက်များကြောင့် ကွာခြားသည်ကိုမူ ပြောရန် အတော်ခက်သည်။ သင်းတို့ကိုယ်၌ပင် ဤအကြောင်းကို ရိပ်မိကြသည်၊ သို့သော် အခြေခံကို နားမလည်ကြ။ လိုသည့်နေရာတိုင်းသို့ သူရောက်နေတတ်သည်။ ဗရုသုက္ခဖြစ်နေရာသို့ ငြိမ်ဆိမ်မှုကို ဆောင်ယူလာ တတ်သည်။ ခေါင်းများ ငိုက်၍ဆင်းနေလျှင် အားပေးသမှုပြုတတ်သည်။ ပြတ်သွားသော ကြိုးမျှင်များကြောင့် အပြင်ဘက်မှလူများ အန္တရာယ်ရောက်တော့မည်ဆိုလျှင် သူက ပြန်၍ဆက်သွယ်ပေးသည်။ သူကား အသေးအဖွဲ များတွင် အနစ်မွန်းမခံ။ စနစ်တကျနှင့် ကျယ်ကျယ်ဝန်းဝန်းလုပ်ကိုင်သည်။ ယခုမှသာ ဤသို့လုပ်သည်မဟုတ်။ အစကနဦးတည်းကပင် ဤသို့လုပ်ခဲ့သည်။ ဤတာဝန်အရလဲ နာဇီ များလက်အောက်သို့ ၀င်ရောက်၍ အမှုထမ်း ခြင်းဖြစ်လေသည်။

အဒေါ့လ်ဖ်၊ ကောလင်စကီ ကား မောရာဗာပြည်နယ်မှ ချက်ထောင်စောင့်တယောက်ဖြစ်လေသည်။ ရှေး ဟောင်း ချက်မျိုးရိုးမှဆင်းသက်လာသော ဤချက်အမျိုးသားသည် ကိုယ့်ကိုယ်ကိုယ် ဂျာမန်တယောက်ဖြစ်သည် ဟု ကျေညာခဲ့သည်။ ထိုနည်းဖြင့် ဟရားဒဲစ်၊ ကရားလောဗဲထောင်တွင် ချက်အကျဉ်းသမားများအား သွား၍စောင့် နိုင်ခဲ့သည်။ ၎င်းနောက် ပန်းကရာ့စ်တွင်ထောင်စောင့် လုပ်လာရလေသည်။ ထိုသို့လုပ်သည့်အတွက် သူ၏အသိ များသည် သူ့အပေါ်အတော်ကြီး ချဉ်သွားကြပေမည်။ သို့သော် လေးနှစ်ကြာမျှ အမှုထမ်းပြီးသည့်နောက်ပိုင်းတွင် ဂျာမန်ထောင်ပိုင်သည် သူ၏မျက်လုံးများရှေ့တွင် လက်သီးကိုဝှေ့ရမ်းယင်း -

- မင်းကိုယ်ထမှာရှိတဲ့ ချက်စိတ်ဓာတ်တွေကို အမြစ်ကစပြီး နှုတ်ပစ်မယ်က။ွဲ


ဟူ၍ ခြိမ်းချောက်ရသည့်အထိ ဖြစ်လာလေတော့သည်။ သို့သော် ထောင်ပိုင်ကား နောက်ကျသွားခဲ့လေ ပြီ။ အမှန်အားဖြင့် ၎င်း၏အကဲခတ်ပုံမှာလဲ ပါစင်အောင် လွဲနေလေသည်။ ကောလင်စကီ၏ ကိုယ်တွင်း၌ရှိသည် ကား ချက်ဆန်မှုသာမဟုတ်။ ထောင်ပိုင်အနေနှင့်သူ၏ လူစိတ်ကိုပါ မောင်းထုတ်ပစ်ရပေလိမ့်မည်။ တိုက်ပွဲတွင် ၀င်ရောက်တိုက်ခိုက်ရန်၊ ၀င်ရောက်ကူညီရန်အတွက် တာဝန်ကိုသိတတ်စွာဖြင့် ကိုယ်နှင့်အသင့်တော်ဆုံးသော နေရာသို့ အလိုအလျောက် ထွက်လာသူဖြစ်သည်။ အန္တရာယ်များ အစဉ်မပြတ်ပေါ်နေသည်နှင့်အမျှ ခိုင်မြဲ၍သာ လာသောလူတယောက် ဖြစ်ပေသည်။ ဒို့အမျိုးသားတွေ ၁၉၄၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ - ရက်နေ့တွင် နံနက်စာအဖြစ် ယူလာနေကျ ဘာမှန်းမသိ အဖျော်ရည် မည်းမည်းကြီးအစား၊ ကိုကိုးတခွက်စီသာ လာပို့ကြလျှင် ကျနော်တို့သည် အဆိုပါအံ့ဘွယ်သူရဲကို သတိပြုမိကြ မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကျနော်တို့၏ အကျဉ်းခန်းရှေ့တွင် ချက်အမျိုးသား ပုလိပ်ယူနီဖောင်း တစု ရိပ်ကနဲ ဖြတ်သွားသောကြောင့်ဖြစ်လေသည်။ ရိပ်ကနဲသာ မြင်လိုက်ရသည်။ ဘောင်းဘီအနက်များနှင့် ဖိနပ်ရှည်များ၏ ခြေလှမ်းတလှမ်း။ အညိုရင့် ရောင် အင်္ကျီလက်မောင်းက သော့ခလောက်ဆီသို့ ပင့်လိုက်ကာ တံခါးကိုစေ့လိုက်သည်။ ထို့နောက် လူရိပ်ကား ပျောက်သွားလေသည်။ အချိန်မှာတိုတောင်းလွန်းလှသဖြင့် နောက်ဆယ့်ငါးမိနစ်ကြာသောအခါ ကျနော်တို့ကား ထိုအရာကို မယုံချင်သလိုလိုပင် ဖြစ်လာမိကြလေသည်။ ပန်းကရာ့စ်လိုထောင်မျိုးမှာ ချက်အမျိုးသားပုလိပ်တယောက် … ဤအချက်ကလေးတချက်ပေါ် အခြေ တည်၍ ကျနော်တို့သည် မည်မျှနက်ရှိုင်းသော တွက်ကိန်းများကို ရေးဆွဲနိုင်ကြပေသနည်း။ နှစ်နာရီအတွင်း၌ပင် ကျနော်တို့တွက်ချက်ပြီးကြလေပြီ။ အကျဉ်းခန်းတံခါးလဲ နောက်တဖန်ပွင့်သွားပြန် ကာ ချက်ပုလိပ်တို့၏ ကက်ဦးထုပ်တလုံးလဲ အခန်းတွင်းသို့ ပြူ၍ကြည့်လာလေသည်။ ကျနော်တို့ အံ့အားသင့်နေ ကြသည်ကို တွေ့သဖြင့်လဲ ပါးစပ်ကြီးဖြဲ၍ ပြုံးရင်းက ကျေညာလေသည်။ - ဖရိုက်ရှတန်းဒဲ။ွ ဖရိုက်ရှတန်းဒဲ - (ဂျာမန်စကား) နံနက်ပိုင်းတွင် အပြင်ဘက်သို့ နာရီဝက်မျှ ထွက်၍ကိုယ်လက်လှုပ်ရှားရေး လုပ်ွ ရန်ခေါ်ဆိုခြင်း။ ကျနော်တို့ကား မမှားနိုင်တော့။ စင်္ကြံများအတွင်း၌ အက်ဆက်စ်ထောင်စောင့်တို့၏ မီးခိုးစိမ်းရောင် ယူနီ ဖောင်းများအကြားတွင် အမဲရောင်အပြောက်များ ပေါ်နေသည်။ ဤအပြောက်များကား ကျနော်တို့အတွက် အထူး တလည်ပြောင်လက်၍နေသည်။ ဤသည်ကား ချက်ပုလိပ်များ ဖြစ်ကြလေသည်။ ဤကိစ္စသည်ကျနော်တို့အတွက် မည်သို့အဓိပ္ပာယ်သက်ရောက်သနည်း။ ချက်ပုလိပ်များသည် မည်သို့ နေကြမည်နည်း။ မည်သို့ပင်ရှိစေ သူတို့ဤနေရာသို့ ရောက်လာကြသည်ဟူသော အချက်တခုတည်းကပင် ရှင်း လင်းသောအကွက်များကို ဖော်ပြနေသည်။ ဤဖိနှိပ်မှုစက်ယန္တရားသည် အုပ်စိုးသူ၏အားအကိုးရဆုံးသောဒေါက်၊ သတိထားရဆုံးသော အရှိုက်ဖြစ်သည်။ မိမိတို့ ဖိနိပ်လိုသောလူမျိုးမှ အမျိုးသားများကို ဤစက်ယန္တရားများအှ တွင်းသို့ သွင်း၍သုံးရပြီဆိုလျှင် ဤအုပ်စိုးမှုစနစ်ကား ဘ၀အဆုံးသတ်သို့ ဒလိမ့်ခေါက်ကွေး ဆင်း၍နေပြီဆိုသည်

မှာ ထင်ရှားသည်။ အလူးအလဲနှင့် လူအင်အားမလုံမလောက် ဖြစ်နေ၍သာ လူကလေးလက်တဆုတ်ခန့် ရပါမည့် အရေး မိမိတို့၏နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည့် ဤသို့သော်ဌာနမျိုးတွင် အားကိုဖျော့ချလိုက်ခြင်းဖြစ်ပေမည်။ ဤသို့ဆိုလျှင် နောင်မည်မျှကြာကြာ တောင့်ခံနေလိုသေးသနည်း။ မှန်သည်။ ဤပုလိပ်များကား အထူးတလည်ရွေးချယ်ထားသော လက်ရွေးစင်များဖြစ်လိမ့်မည်။ အကျင့် ဆိုးများလဲ ပါနေမည်။ ဂျာမန်ရန်သူများအပေါ် နိုင်နိုင်သည်ဟူ၍လဲ ယုံကြည်မည်မဟုတ်ကြ။ ဂျာမန်ထောင်စောင့် များထက်ပင် ဆိုးကောင်းဆိုးနေကြမည်။ သို့သော်လဲ ဤအချက် သူတို့ဤနေရာသို့ ရောက်လာကြရပြီဟူသော အချက်သည်ပင် အဆုံးသတ်ကို မြေကြီးလက်ခတ်မလွဲ ညွှန်ပြနေသည့် အတိတ်နိမိတ်ဖြစ်လေသည်။ ဤသို့ပင် ကျနော်တို့ တွက်ဆနေခဲ့ကြသည်။ သို့သော် အခြေအနေမှန်မှာ အစကနဦးတွင် ကျနော်တို့တွက်ဆ၀ံ့သည်ထက်ပင် ပို၍နေသေးသည်။ အဘယ့်ကြောင့်ဆိုသော် အုပ်စိုးမှုစနစ်သည် လက်ရွေးစင်တို့ကိုပင် မရှာနိုင်တော့။ ရွေးစရာပင် လူမကျန်တော့။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျနော်တို့သည် ချက်ပုလိပ်ယူနီဖောင်းများကို ပထမဆုံးအကြိမ် မြင် တွေ့ခဲ့ကြရသည်။ နောက်တနေ့တွင်ပင် ကျနော်တို့သည် ယူနီဖောင်းအတွင်းမှ လူတို့နှင့်သကျွမ်းလာကြရလေသည်။ိ ပထမတယောက် ရောက်လာသည်။ အကျဉ်းခန်းအတွင်းသို့ ခေါင်းပြူကာ ခါးပန်းပေါ်တွင် ခြေကိုဟိုရွေ့ သည်ရွေ့ဖြင့် အန်းတန်းတန်းဖြစ်နေသည်။ နောက် - ဆိတ်ကလေးတကောင်တွင် မြူးတူးသော အင်အားများ ပြည့်လာသည်နှင့် တပြိုင်နက် ခြေလေးဘက်စုံပြိုင်၍ ခုန်ပေါက်သကဲ့သို့ ဗြုန်းကနဲပေါ်လာသော ရဲတင်းမှုဖြင့်

- ဘယ့်နဲ့လဲ ကိုယ့်ဆရာတို့ နေကောင်းကြရဲ့လား။


ဟု မေးလိုက်သည်။ ကျနော်တို့က သူ့အားပြုံး၍ဖြေကြသည်။ သူကလဲ ပြန်၍ပြုံးရင်းက ရှက်အန်းအန်းဖြစ်သွား ပြန်သည်။

- ကျနော်တို့အပေါ် စိတ်မရှိကြပါနဲ့ဗျာ။ တကယ်ပါ ဒီမှာခင်ဗျားတို့ကို စောင့်ကြပ်နေကြမယ့်အစား လမ်း မပေါ်မှာ ကင်းစောင့်နေချင်ကြပါသေးတယ်။ ဒါပေမဲ့ မလာဘဲနေလို့ မရဘူးဗျ။ ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ … ဘာပဲ ဖြစ်ဖြစ် အခုလိုလုပ်ကြရတဲ့အတွက်တော့လဲ အကျိုးလေးဘာလေး ရှိကောင်းပါရဲ့ …..
ကျနော်တို့က ဤကိစ္စအပေါ် မည်သို့သဘောထားကြသည်၊ သူတို့အပေါ် မည်သို့မြင်သည် စသည်တို့ကို ပြောပြလိုက်သောအခါ ၀မ်းသာသွားလေသည်။ သို့နှင့်တွေ့တွေ့ချင်းပင် ကျနော်တို့လဲ မိတ်ဆွေများဖြစ်လာခဲ့ကြ သည်။ သူ၏အမည်ကား ဗီးတက် ဟုခေါ်သည်။ ရိုးသား၍ သဘောကောင်းသော လူရွယ် တယောက်ဖြစ်သည်။ ယမန်နေ့နံနက်က ကျနော်တို့၏ အကျဉ်းခန်းရှေ့တွင် ရိပ်ခနဲဖြတ်သွားသောသူ ဖြစ်လေသည်။ ဒုတိယတယောက်ကား တူးမာ ဟုခေါ်သည်။ ရှေးရိုးချက်ထောင်မှူးတို့၏ အချိုးအစားနှင့်နေထိုင်သည် ဘုကျသည်၊ အော်တတ် ဟစ်တတ်သည်၊ သို့သော် အတွင်းသဘောကောင်းသည်။ ဤသို့သော် ထောင်စောင့်မျိုး ကို ယခင်သမတ နိုင်ငံတော်ခေတ်တုန်းက ထောင်များထဲတွင် ကျနော်တို့က “ဖော့တရ်” ဟု ခေါ်လေ့ရှိကြသည်။ ဤသို့ရောက်လာရသည့်အတွက် မနေတတ်၊ မထိုင်တတ်မဖြစ်၊ သူ၏ဓလေ့အလိုက် စကားလုံးကြမ်းကြမ်းများဖြင့် ရွှတ်ယင်း နောက်ယင်း စည်းကမ်းကိုထိန်းသိမ်းလေသည်။ တချိန်တည်း၌လဲ ထိုစည်းကမ်းများကို ဖောက်ဖျက် လေသည်။ ဤနေရာတွင် အကျဉ်းခန်းတွင်းသို့ ပေါင်မုန့်ခိုးသွင်းသည်။ ဟိုနေရာတွင် စီးကရက်တလိပ်။ နောက်တ နေရာတွင် (နိုင်ငံရေးအကြောင်းမှလွဲ၍) ရောက်တတ်ရာရာ စကားလက်ဆုံ ကျနေတတ်သည်။ ဤအရာများကို လုပ်ရိုးလုပ်စဉ်ဟု ယူဆသည်။ ထောင်စောင့်ဆိုလျှင် ဤသို့နေရမည်ဟူ၍လဲ သဘောပိုက်သည်။ ထိုသဘောထား ကိုလဲ ဖုံးဝှက်၍မထား။ ထိုကိစ္စနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် အပွက်ခံလိုက်ရသောအခါ သူသည်အနေအထိုင် ဆင်ချင်သွားသည်။ သို့သော် ပြောင်းလဲ၍ကားမသွား။ သူကား ထောင်စောင့် ဖော့်တရ်အဖြစ်နှင့်ပင် ဆက်လက် နေထိုင်သွားလေသည်။ သူ့အား ကိစ္စကြီးကျယ်ကျယ်တခုကို ခင်ဗျားလုပ်ခိုင်းရဲမည်မဟုတ်။ သို့သော် သူရှိနေလျှင် အသက်ရှူရချောင်လေသည်။ “ဖော့တရ်” - အဖေ။ ဖားသားကြီး။ အဘိုးကြီး။

တတိယလူကား မျက်မှောင်ကြုတ်နေတတ်သည်။ စကားမပြော မည်သူ့ကိုမျှ အလေးမမူ။ ဤသို့လျှင် အကျဉ်းခန်းတ၀ိုက် လမ်းလျှောက်နေတတ်သည်။ သူနှင့်အဆက်အသွယ်ရရန် သတိထား၍စမ်းကြည့်၊ တောက် ကြည့်သောအခါ၌လဲ တုံ့ပြန်ခြင်းမပြု။

- ဒီလူနဲ့တော့ ဒို့သိပ်ပြီး အံကိုက်ပုံမရဘူး - အဘသည် တပတ်မျှအကဲခတ်ပြီး ပြောလေသည် ဒီလူသိုက်


ထဲမှာ ဒီလူဟာ ဟန်မကျဆုံးပဲ။

- ဒါပေမဲ့ သူက အလည်ဆုံးဖြစ်ချင်ဖြစ်နေမှာ - အသေးအဖွဲကိစ္စကလေးများတွင် သဘောနှစ်ခွရှိခြင်း


ကား အကျဉ်းခန်းတွင်းရှိ ဘ၀၏ဟင်းမွှေး မဆလာများဖြစ်သည်။ ထို့ကြောင့်လဲ အတိုက်အခံမှ ပြုရစေတော့ဟူ သည့် သဘောမျိုးဖြင့် ကျနော်က ဆန့်ကျင်လိုက်ပါသည်။ ဆယ့်လေးရက်မျှအကြာတွင် ဤမည်သောတေမိသည် ကျနော့်အားမျက်လုံးများ ခပ်သွက်သွက် မှိတ်ပြ လိုက်သည်ဟု ထင်မိပါသည်။ ဤလှုပ်ရှားမှုမျိုးကား ထောင်တွင်း၌ဆိုလျှင် အဓိပ္ပာယ်ပေါင်းသောင်းခြောက်ထောင် ရှိနိုင်လေသည်။ သို့သော် သူ့ထံမှ အဖြေမရပြန်တော့။ ကျနော့်အထင်မှာ မှားချင်မှားနေပေမည်။ တလမျှ ကြာသောအခါတွင်ကား ပြဿနာမှာ ရှင်းသွားလေတော့သည်။ ပိုးအိမ်အတွင်းမှ လိပ်ပြာက လေးတကောင် ဖောက်ထွက်လာသကဲ့သို့ ဗြုန်းကနဲပေါ်ထွက်လာသည်။ ပိတ်နေသောပိုးအိမ်လဲ ပေါက်ကွဲသွား လျက် သက်ရှိသတ္တ၀ါတကောင်လဲ ပေါ်ထွက်လာသည်။ ၎င်းကား လိပ်ပြာကလေးတကောင်မဟုတ်၊ လူတ ယောက်ပင် ဖြစ်လေသည်။ ….. ….. ….. ….. ….. ….. ….. ….. ….. ….. …..

- ကိုယ့်လူက ကျောက်တိုင်ကလေးတွေ ထူနေတာကိုး - ကျနော်ရေးနေသည့် အချို့သောလူကို လေ့


လာချက်များနှင့် ပတ်သက်၍ အဘကပြောလေ့ ရှိပါသည်။ ဟုတ်သည်။ အပြင်ဘက်တွင်သာမက၊ ဤနေရာတွင်လဲ သစ္စာရှိရှိနှင့် ရဲရင့်စွာတိုက်ပွဲဝင်ခဲ့လျက် ကျဆုံး သွားသူများကို မေ့မသွားကြစေလို။ ထို့နည်းတူ အခက်အခဲဆုံးသော အခြေအနေများတွင် ထို့ထက်မနည်းသော သစ္စာရှိမှု၊ ထို့ထက်မလျော့သော ရဲရင့်မှုဖြင့်ကျနော်တို့အား ကူညီခဲ့ကြကာ အသက်နှင့်ကိုယ် မြဲလျက်သား ကျန် ရစ်ကြမည့်သူများကိုလဲ မေ့မသွားကြစေလိုပါ။ ကောလင်စကီကဲ့သို့ ရုပ်သွင်များ၊ ဤချက်ပုလိပ်ကဲ့သို့သော ရုပ် သွင်များသည် ပန်းကရာ့စ်ထောင်စင်္ကြံများရှိ မလင်းတ၀က် လင်းတ၀က်ဒေသမှနေ၍ ဘ၀၏အလင်းရောင်ပေါ်သို့ ပေါ်ထွက်လာကြစေလိုသည်။ သူတို့အား ဂုဏ်ပြုလိုကားမဟုတ်။ အခြားသူများ အတုခိုးကြရန်ဖြစ်သည်။ အဘယ့် ကြောင့်ဆိုသော လူသတ္တ၀ါတို့၏ တာဝန်သည်ကား လက်ငင်းတိုက်ပွဲဖြင့်သာ အဆုံးသတ်သွားမည်မဟုတ်။ တ လောကလုံးရှိ လူများသည် ကျပ်ပြည်ဒင်ပြည့်လူများ ဖြစ်မလာကြသမျှကာလပတ်လုံး လူဟူသော အမည်ကိုခံယူ လိုလျှင် ရဲရင့်သော အသည်းနှလုံးရှိရန် လိုနေလိမ့်ဦးမည်သာ ဖြစ်သောကြောင့်တည်း။ အရင်းကို စစ်လိုက်မည်ဆိုလျှင် ထောင်စောင့်ယာရောစလာ့ဗ်၊ ဟောရ၏ အကြောင်းကား ဇာတ်လမ်းတို တိုကလေးမျှသာ ဖြစ်လေသည်။ သို့သော် ဤအတ္ထုပ္ပတ္တိတွင် လူကျပ်ပြည့်တယောက်၏ သမိုင်းကို ခင်ဗျားတွေ့ မြင်နိုင်သည်။ ရဒ်ညစ္စကော။ ဤသည်ကားကမ္ဘာ၏ ချောင်ကျသောနေရာကလေး တနေရာဖြစ်သည်။ လှပသောတော နယ်၊ ဆွေးချင့်စရာနှင့်ဆင်းရဲသော ဒေသလဲဖြစ်သည်။ အဖေဖြစ်သူမှာ ဖလ်ထည်အလုပ်သမားဖြစ်သည်။ သူတို့ ၏ဘ၀ကား ခက်ခဲကြပ်တည်းလှသည်။ အလုပ်ရှိချိန်တွင် အသေအလဲ အပင်ပမ်းခံကြရသည်။ အလုပ်မရှိချိန်တွင် ဆင်းရဲကြရသည်။ အလုပ်လက်မဲ့အန္တရာယ်ဆိုသည်မှာလဲ ဤဒေသတွင် ကိုယ့်အိုးကိုယ့်အိမ်လို အခြေစိုက်နေ သည်။ ထိုသို့သော် အခြေအနေဆိုးမျိုးသည် ခင်ဗျားဒူးထောက်သွားလောက်အောင် ချိုးနှိမ်ပစ်လိုက်နိုင်သည်။ သို့မဟုတ် ကမ္ဘာသစ်အကြောင်း စိကူးများပေါ်လာစေ၍ ထိုကမ္ဘာသစ်ကြီး မုချပေါ်လာရမည် ဟူ၍လဲယုံကြည် လျက်၊ ထိုကမ္ဘသစ်အတွက် တိုက်ပွဲဝင်ခြင်းဖြင့်လဲ ခင်ဗျား၏ခေါင်းကို ထောင်လာစေသည်။ ဖခင်ဖြစ်သူသည် ဒုတိ ယလမ်းကို လိုက်ခဲ့ သည်။ ကွန်မြူနစ်တယောက် ဖြစ်လာလေသည်။

ယာရဒါကလေးသည် မိမိ၏စက်ဘီးမှဘီးများတွင် ပန်းစက္ကူအနီရောင်များကို ထိုးယက်ကာ၊ မေဒေးနေ့ လှည့်လည်ပွဲတွင် စက်ဘီးသမားများနှင့်တွဲ၍ လှည့်သည်။ စက္ကူအနီလိပ်ကို ထိုနေရာ၌ပင်မေ့မထားခဲ့ပေ။ ကိုယ့် ဖာသာကိုယ်ပင် မည်သို့လုပ်မှန်းမသိသော်လဲ ထိုအနီလိပ်ကို ကိုယ်တွင်းတနေရာ၌ သယ်ဆောင်ယင်း ကျောင်း သင်တန်းများသို့ တက်ခဲ့သည်၊ တွင်ခုံသို့ ရောက်ခဲ့သည်၊ ရှကိုဒါစက်ရုံများသို့ ပထမဆုံးအကြိမ် အလုပ်ဝင်လုပ်ခဲ့ သည်။ စီးပွားရေးကပ်၊ အလုပ်လက်မဲ့ဘ၀၊ စစ်အမှုထမ်းချိန်၊ အလုပ်နေရာကလေး ပေါ်လာသောကာလ၊ ပုလိပ် အတု။ ဤအချိန်တလျှောက်လုံးတွင် သူ့ကိုယ်တွင်းမှ အနီရောင်ပန်းစက္ကူလိပ် ဘာဖြစ်နေခဲ့သည်ကို ကျနော်မသိ၊ တနေနေရာတွင် လိပ်ကောင်း လိပ်နေခဲ့မည်။ ဘေးသို့ရောက်၍ မေ့တ၀က်၊ မမေ့တ၀က်နှင့်လဲ ဖြစ်ကောင်း ဖြစ် နေမည်။ သို့သော် လုံးဝပျောက်လုံးသွားသည်ကား မဟုတ်။ တနေ့သော် သူ့အားပန်းကရာ့စ်ထောင်သို့ တာဝန်ချ လိုက်ကြသည်။ သူကား ကောလင်စကီကဲ့သို့ မိမိကိုယ်ကိုယ်မိမိ တာဝန်ပေးကာ ဤနေရာသို့ အလိုအလျောက် ရောက်လာသူမဟုတ်ပေ။ သို့သော် အကျဉ်းခန်းတခန်းအတွင်းသို့ ၀င်၍ကြည့်မိသည်နှင့်တပြိုင်နက် ကိုယ့်တာဝန် ကို ကိုယ်သိလာလေသည်။ အနီရောင်စက္ကူလိပ်ကား ပြန့်၍ထွက်လာလေပြီ။ သူသည် မြေအနေအထားကို စစ်ဆေးအကဲခတ်သည်။ ကိုယ့်အားကို ကိုယ်စမ်းကြည့်သည်။ ဘယ်နေ ရာတွင် ဘယ်လိုစလုပ်ရလျှင် ကောင်းမည်နည်းဟူ၍ ပြင်းထန်စွာ တွေးတောနေခြင်းကြောင့် မျက်နှာမှာ သုန်မှုန် နေခဲ့သည်။ သူကား အချိန်ပြည့်နိုင်ငံရေးသမားတယောက် မဟုတ်။ ပြည်သူတို့၏ သာမန်သားတယောက် ဖြစ် လေသည်။ သို့သော်လဲ ၎င်းတွင် ဖခင်ဖြစ်သူ၏အတွေ့အကြုံများ ပါလာသည်။ ခိုင်မာသော အမြုတေရှိသည်။ အ မြုတေ၏ ပတ်ဝန်းကျင်တွင် စိတ်ပိုင်းဖြတ်မှုများ ၀န်းရံ၍နေသည်။ ထို့အတိုင်းလဲ ဆုံးဖြတ်ချက်ချခဲ့သည်။ သို့ဖြင့် ပိတ်နေသော ပိုးအိမ်အတွင်းမှ လူတယောက် ဖောက်ထွက်လာလေသည်။ ဤသူကား အတွင်းသဘာဝအရ အလွန်လှပသည်။ စိတ်သန့်ရှင်းရာ၌လဲ ရှာမှရှားသည်။ စိတ်ထိခိုက် လွယ်၍ ရှက်လဲ ရှက်တတ်သည့်တိုင်အောင် ယောက်ျားပီသသော သူတယောက်ဖြစ်သည်။ ဤနေရာတွင် လို သပဆိုလျှင် ဘာမဆိုလုပ်ရဲသောသူ ဖြစ်သည်။ သေးဖွဲသောကိစ္စများလဲ လိုသည်၊ ကြီးမားသော ကိစ္စများလဲ လို သည်၊ သူသည် သေးဖွဲသောကိစ္စများကိုလဲ ဆောင်ရွက်သည်။ ကြီးမားသော ကိစ္စများကိုလဲ ဆောင်ရွက်သည်။ သူသည် ဟိတ်ဟန်မပြဘဲ တိတ်တိတ်ဆိတ်ဆိတ်နှင့် သတိထား၍အလုပ်လုပ်ရသည်။ ကြောက်စိတ်မပါဘဲ အ လုပ်လုပ်သည်။ အစစအရာရာကို လုပ်ရိုးလုပ်စဉ်လိုလုပ်သည်။ အမိန့်၏စေခိုင်းချက်ကို ရင်ဝယ်ပိုက်ထားသည်။ ဒါ လုပ်ဖို့လိုတယ်မဟုတ်လား - ဒါဖြင့် ဘာများပြောနေဖို့ လိုသေးသလဲ။ ဤသည်ကား အမှန်အားဖြင့် ဤသည်ကား ပြောစရာရှိသမျှ အကုန်ပင်ဖြစ်လေသည်။ ဤသည်ကား လူ ရုပ်သွင်တရပ်၏ ဇာတ်ကြောင်းအကုန်ပင် ဖြစ်သည်။ သို့စဉ်လျက် ဤရုပ်သွင်ကား ငါလူအချို့၏ အသက်များကို ကယ်ဆယ်ပေးခဲ့သည်ဟု ယူဆနိုင်သောသူဖြစ်လေသည်။ ပန်းကရာ့စ်ထော်အတွင်းမှ ယောက်ျားတယောက်အ နေနှင့် မိမိ၏လူ့တာဝန်ကို ကြေပြွန်ခဲ့ခြင်းကြောင့်သာ အဆိုပါလူများသည် အပြင်ဘက်၌နေထိုင်ကာ အလုပ်လုပ် နေနိုင်ကြခြင်း ဖြစ်လေသည်။ ထိုသူများသည် သူ့အားမသိ၊ သူကလဲ ထိုသူများကိုမသိပေ။ ကောလင်စကီကို မသိ ကြသလိုပင်ဖြစ်သည်။ အနည်းဆုံး နောင်အခါတွင် သူတို့အား သိလာကြစေလိုသည်။ ဤသူနှစ်ယောက်သည်လဲ တယောက်နှင့်တယောက် လျင်မြန်စွာ တွဲမိသွားကြသည်။ တွဲမိကြသောကြောင့်လဲ သူတို့၏ လုပ်အားမှာ အဆ ပေါင်းများစွာ တိုးတက်ခဲ့လေသည်။ သူ့တို့အား စံနမူနာအဖြစ် သတ်မှတ်ထားကြပါ။ (နေရာမှန်တွင် ကိုယ့်ခေါင်းကို နေရာချတတ်သော လူ များအဖြစ် စံနမူထားကြပါ) အထူးသဖြင့် နှလုံးသားကိုနေရာမှန်တွင် ထားတတ်သောသူများဖြစ်ကြလေသည်။ အဖေကြီး စကောယျက်ပါ မတော်တဆ သူတို့သုံးယောက်သားကို တွဲလျက်သားတွေ့ရမည်ဆိုလျှင် ခင်ဗျားသည် သွေးသောက်အ သင်းအပင်းတခုကို အသက်ဝင်လျက်သား မြင်ရပေလိမ့်မည်။ အက်ဆက်စ် ထောင်စောင့်၏ မီးခိုးစိမ်းရောင်ယူနီ

ဖောင်းနှင့် ကောလင်စကီ။ ချက်ပုလိပ် ယူနီဖောင်းအနက်ရောင်နှင့် ဟောရ။ အရောင်နုသော်လည်း စိတ်ချမ်းသာ စရာမရှိသော ထောင်ဘာယာယူနီဖောင်းနှင့် အဖေကြီးစကောယျက်ပါ။ သို့သော် သူတို့သုံးယောက်အား တွဲလျက် သား မြင်ရခဲသည်။ အတော့်ကို မြင်ရခဲသည်။ တဂိုဏ်းတည်းသားများ ဖြစ်သောကြောင့်လဲ တူတူတွဲ၍ မနေကြ ခြင်းဖြစ်လေသည်။ ထောင်၏ စည်းကမ်းများတွင် ထောင်စင်္ကြံများအတွင်း သန့်ရှင်းရေးအစားအသောက်များ လိုက်လံဝေငှ ရေးစသော အလုပ်များအတွက် “အထူးယုံကြည်စိတ်ချရ၍ စည်းကမ်းလဲသေ၀ပ်ကာ အခြားသူများနှင့် လုံးဝအ

ဆက်ဖြတ်ထားသော အကျဉ်းသမားများကိုသာလျှင်” အသုံးချရမည်ဟု ပါရှိလေသည်။ ဤသည်ကား စာ၏အလို


မျှသာ ဖြစ်သည်။ မျက်နှာငယ်ကလေးနှင့် အသက်မပါ အသေဖွားလာသော စာသွားမျှသာဖြစ်သည်။ ဤသို့သော ထောင်ဘာယာမျိုး ဟူ သည်ကားမရှိ၊ ယခင်ကလဲ မရှိခဲ့။ အထူးသဖြင့် ဂက်စတာပိုတို့၏ ထောင်တွင်ဤသို့သော ဘာယာမျိုးမရှိပေ။ မရှိသည်မက၊ ဤနေရာမှ ထောင်ဘာယာများကား အကျဉ်းခန်းများအတွင်းရှိ အကျဉ်းသမား တို့၏ အစုအပေါင်းက လွတ်လပ်သောကမ္ဘာနှင့် နီးကပ်စွာနေနိုင်ရန်၊ တည်တံ့နိုင်ရန်၊ အချင်းချင်း နားလည်မှုရ နိုင်ရန် လွှတ်ထားသော တပ်ထောက်များပင် ဖြစ်နေခဲ့လေသည်။ ပေါက်ကြားသွားသော သတင်းစကားအတွက် ကိုယ်ပေါ်တွင်မိသွားသော လျှို့ဝှက်စာတစောင်အတွက် အသက်ပေးခဲ့ရသော ထောင်ဘာယာပေါင်း မည်မျှရှိပြီ နည်း။ သို့သော်လဲ အကျဉ်းသမားတို့၏ အစုအပေါင်းမှ ဥပဒေကား၊ ထိုကျဆုံးသွားသော သူတို့၏နေရာသို့ ရောက် လာသူတိုင်းအား အန္တရာယ်ကြီးမားလှသော အဆိုပါအလုပ်ကို ဆက်လက်လုပ်ကိုင်ကြရန် တင်းကြပ်စွာ တောင်း ဆိုလေသည်။ ဒီအလုပ်ကို သတ္တိနဲ့လုပ်ရင်လုပ်၊ ဒါမှမဟုတ် ကြောက်ဆုတ် ကြောက်ဆုတ်လုပ်ချင်လုပ် - ရှောင်လို့ တော့ ရမှာမဟုတ်ဘူး။ ကြောက်နေရင် မဟုတ်တယုတ်တွေ လျှောက်လုပ်မိမယ်၊ ပျက်စီးကုန်မယ်၊ အစစအရာ ရာမှာတောင် လူးသွားနိုင်တယ် - မြေအောက်လုပ်ငန်းဆိုတာ ဒီလိုချည့်ပဲ။ ဤသို့သော အလုပ်မှာလဲ မြေအောက်လုပ်ငန်းများတွင် သရဖူဆောင်းသော လုပ်ငန်းမျိုးဖြစ်လေသည်။ ထိုလုပ်ငန်းကို ဖျက်ဆီးလိုသော သူတို့၏လက်တွင်း ထောင်စောင့်များ၏ မျက်စိအောက်၊ သူတို့ထားရာနေရာ၊ သူ တို့ရွေးချယ်သည့် စက္ကန့်အတွင်း သူတို့ဖန်တီးသည့် အခြေအနေများအလည်တွင်ပင် လုပ်ရသောကိစ္စများ ဖြစ် လေသည်။ အပြင်ဘက်တွင် ခင်ဗျားလေ့လာခဲ့သမျှသော အရာတို့ကား ဤနေရာတွင် မဖူလုံတော့။ သို့သော်လဲ ခင်ဗျားထမ်းဆောင်ရမည့် တာဝန်ကို မည်သူကမျှ လျှော့မပေး။ အပြင်ဘက်တွင် မြေအောက်လုပ်ငန်းများ၌ ပါရဂူမြောက်သောသူများရှိသည်။ ထောင်ဘာယာများ၏ အ ကြားတွင်လဲ မြေအောက်လုပ်ငန်း ပါရဂူများရှိကြသည်။ အဖေကြီး စကောယျက်ပါသည်လဲ ပါရဂူတဦးဖြစ်လေ သည်။ သူသည် ထောင်လွှားခြင်းမရှိ၊ လောဘမပြ၊ အပြင်ပန်းအရ တိတ်ဆိတ်သော သူတယောက်ဖြစ်လျက် - ငါး ကလေးတကောင်ကဲ့သို့လဲ လှုပ်လှုပ်ရှားရှား ရှိလှသည်။ ထောင်စောင့်များက သူ့အားချီးမွမ်းကြသည် - ကြည့်စမ်း၊ ချွေးဒီးဒီးကျတဲ့အထိ ဘယ်လောက်ကြိုးစားသလဲ။ ဘယ်လောက်စိတ်ချရသလဲ။ ကိုယ့်တာဝန်ကိုသာ ကိုယ်လုပ် ပြီး၊ ခွင့်မပြုထားတဲ့ဟာမျိုးဆိုရင် ဘယ်တော့မှ လက်နဲ့မတို့ဘူး။ ဟေ့ … ထောင်ဘာယာတွေ … သူ့ကို အတုခိုး ကြ။ အေးဟေ့ … ထောင်ဘာယာတွေ သူ့ကိုအတုခိုးကြ။ သူကား အကျဉ်းသမားတယောက် နားလည်နိုင် သည့်အဓိပ္ပာယ်အရ အကယ်ပင် စံပြဘာယာတယောက် ဖြစ်လေသည်။ အကျဉ်းသမားများ၏ အစုအပေါင်းအ တွက် အခိုင်အမာဆုံး၊ အထိရောက်ဆုံးသော တပ်ထောက်တယောက် ဖြစ်လေသည်။ သူသည် အကျဉ်းခန်းတိုင်းတွင် နေသူဟူသရွေ့သိသည်။ လူသစ်တယောက် ရောက်လာလျှင်လဲ ချက်ခြင်းသိသည်။ အဘယ့်ကြောင့် ဤနေရာသို့ရောက်လာရသည်၊ မည်သူများနှင့်ဆက်သွယ်ခဲ့သည်၊ မည်သို့ သော လူစားဖြစ်သည်၊ သူ၏အဆက်အသွယ်များသည်လဲ မည်သို့သော လူစားမျိုးဖြစ်ကြသည် စသည်တို့ကို သိသည်။ သူသည် “ကိစ္စ” များကိုလေ့လာ၍ ထိုကိစ္စများအတွင်းသို့ ဖောက်ထွင်းဝင်ရောက်နိုင်ရန် ကြိုးစားလေ သည်။ သူ့အနေနှင့် အကြံဉာဏ်များ ပေးလိုလျှင်၊ သို့မဟုတ် သတင်းစကားများကို မှန်ကန်စွာ ပို့ပေးရမည်ဆိုလျှင် ဤအချက်ကား အရေးကြီးလှပေသည်။

သူကား ရန်သူကိုသိတတ်သည်။ ထောင်စောင့်တိုင်းကို သေချစေ့ငုစွာ အကဲခတ်သည်။ ထိုထောင်စောင့် ၏ အလေ့အထများ၊ သန်ရာသန်ရာ၊ နုရာနုရာ၊ မည်သည့်နေရာများတွင် သူ့အားအထူးသတိထားရမည်၊ မည် သည့်နေရာတွင် အသုံးချရမည်၊ မည်သို့ အငိုက်ဖမ်းရမည်၊ မည်သို့တပတ်ရိုက်ရမည်ဟူ၍ သေချာစွာလေ့လာထား လေသည်။ ကျနော်အသုံးပြုခဲ့သောလူကို လေ့လာချက်များအနက် အများအပြားမှာ အဖေကြီးစကောယျက်ပါက ကျနော့်အားပြောပြခဲ့သော အချက်များဖြစ်လေသည်။ သူသည် ထောင်စောင့်အားလုံးကိုသိသည်၊ လူတိုင်းလူ တိုင်းကို သီးသန့်၍ ပုံကြမ်းဆွဲပြနိုင်သည်။ ကောင်းစွာ သရုပ်ဖော်နိုင်သည်။ သူ့အနေနှင့် စင်္ကြံများတလျှောက် လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာ၍ ထိရောက်စွာလဲ အလုပ်လုပ်ရမည်ဆိုလျှင် ဤအရည်အချင်းကား အရေး ကြီးလှပေသည်။ အထူးသဖြင့်ကား သူသည် မိမိ၏တာဝန်ကိုသိတတ်သည်။ ကွန်မြူနစ်တယောက်ဟုဆိုလျှင် ပါတီဝင်အ ဖြစ်မှ ရပ်တန့်သွားသောနေရာ “လှုပ်ရှားခြင်း ကိုရပ်စဲ” ၍ လက်ပိုက်နေနိုင်ခွင့်ရှိသောနေရာဟူ၍ လောကတွင်တ နေရာမှ မရှိကြောင်းကိုသိတတ်သော ကွန်မြူနစ်တယောက်ဖြစ်ပေသည်။ ဤကဲ့သို့ အန္တရာယ်အကြီးဆုံးနေရာ၊ ဖိနှိပ်ခြင်းအပြင်းထန်ဆုံးနေရာကား သူနှင့်အသင့်တော်ဆုံးသော နေရာဖြစ်သည်ဟ၍ပင်၊ ကျနော်ပြောလောက်ူ သည်။ သူကား ဤနေရာတွင်ပင် ရင့်ကျက်လာလေသည်။ သူကား ညွှတ်လွယ် ကွေးလွယ်သည်။ နေ့စဉ်နှင့်အမျှ၊ နာရီနှင့်အမျှ အခြေအနေသစ်များပေါ်လာ၍ နည်းသစ်လမ်းသစ်များလဲ လိုအပ်လာသည်။ သူ သည် ထိုလုပ်ဟန်အသစ်များကို စူးစူးရှရှ၊ လျင်လျင်မြန်မြန် ရှာ၍ တွေ့တတ်သည်။ သူ့အနေနှင့်အချိန်ဆို၍ တမိနစ်၏ တစိတ်တပိုင်းကလေးသာ ရတတ်သည်။ အကျဉ်းခန်းတံခါး ကိုခေါက်၊ အသင့်ပြင်ထားသော သတင်းစကားကို နားထောင်၊ ပထမအထပ်သို့ ကင်းစောင့်အသစ်များ တက်မ လာမီကလေးတွင် စင်္ကြံ၏ တဘက်အစွန်သို့ပြေး၍ သတင်းစကားကို တိုတိုတုတ်တုတ်နှင့် ပြတ်ပြတ်သားသား ပြန်ကြားသည်။ သူကား သတိလဲကြီးသည်၊ လျင်လဲ လျင်သည်။ ရာပေါင်းများစွာသော လျှို့ဝှက်စာများသည် သူ့ လက်တွင်းမှ ဖြတ်သွားခဲ့သည် - တခုမျှ ပေါ်မသွား၊ မသင်္ကာမှုပင် ဖြစ်မလာခဲ့ပေ။ သူကား အထူးသိတတ်သည်။ မည်သည့်နေရာတွင် မည်သူအကြပ်ရိုက်နေသည်ကို သိတတ်သည်။ မည် သည့်နေရာသို့သွား၍ အားပေးရမည်၊ မည်သည့်နေရာသို့သား၍ အပြင်ဘက်မှ သတင်းတိတိကျကျ ကိုပေးရမည်၊ွ မည်သည့်နေရာတွင် စိတ်ဓာတ်ကျနေသော် လူတယောက်အား မိမိ၏တကယ်တန်း ဖခင်ဆန်သော မျက်လုံးများ ဖြင့်ကြည့်လိက်လျှင် ထိုသူ့အနေနှင့်အင်အားများ တိုးတက်လာနိုင်သည်၊ မည်သည့်နေရာတွင် ပေါင်မုန့်ကလေုး တလုံး သို့မဟုတ် စွတ်ပြုတ် ကလေးတယောက်ချိုမျှ ပို၍ပေးလျှင် “ထောင်တွင်းမှ အငတ်” ဘ၀သို့ အပြောင်း ခက်ခဲလှသော ကြားဖြတ်ကာလကို ကျော်လွန်နိုင်စေသည် - သူကား ဤအချက်တို့ကိုသိသည်။ ကျင်နာသော အ လိုက်သိမှု၊ နက်နဲသော အတွေ့အကြုံများအရလဲ အကခဲတတ်သည်။ ထို့အတိုင်းလဲ လိုသရွေ့ကို ဆောင်ရွက်ပေး လေသည်။ သူသည် တိုက်ပွဲဝင်တပ်သားတယောက် ဖြစ်သည်။ ကြံ့ခိုင်၍ ကြောက်စိတ်လဲမရှိ။ သူကား ကြေးမရော သော လူစင်စစ်ပင်ဖြစ်သည်။ ဤသည်ကား အဖေကြီး စကောယျက်ပါ ဖြစ်လေသည်။ တနေ့ ဤစာကို ဖတ်ကောင်းဖတ်ရမည့် ခင်ဗျားတို့သည် သူ့အားတွေ့ကြသည့်အခါ၌ အဖေကြီးစကော ယျက်ပါ အဖြစ်ဖြင့်သာ မမြင်ကြစေလိုပါ။ ဖိနှိပ်သူများက မိမိတို့၏ကိုယ်ကျိုးအတွက် သူ့အားအလုပ်လုပ်ခိုင်းရာ တွင် ထိုအလုပ်သည် အဖိနှိပ်ခံရသူများအတွက် အကျိုးရှိစေအောင် လုံးဝပြောင်းပစ်သူတယောက်၊ ကောင်းမွန် သော စံနမူနာကိုပြသည့် ထောင်ဘာယာတယောက်အနေဖြင့် မြင်ကြစေလိုပါသည်။ အဖေကြီး စကောယျက်ပါ ဟူသည်ကား သူတယောက်တည်းသာ ရှိသည်။ သို့သော် သူ့လိုလုပ်ကြသောလူမျိုးကား အများအပြားရှိသည်။ လူအလိုက် အမူအရာများ ကွဲပြားသော်လည်း၊ လူရုပ်သွင်အဖြစ်ကား သူ့ထက်သေးငယ်ကြသည် မဟုတ်ပေ။ ဤ သို့သော် သူများကို ပန်းကရာ့စ်တွင်လဲ တွေ့နိုင်သည်။ ပက်ချက်နန်းတော်တွင်လဲ တွေ့နိုင်သည်။ ကျနော်သည် ၎င်းတို့၏ ပုံပန်းရုပ်သွင်များကို ရေးဆွဲပြလိုသည်၊ သို့သော် အချိန်ကားမရှိတော့။ “အကြာကြီးခံစားနေရတဲ့အ ကြောင်းကို တိုတိုကလေးပဲ ဖွဲ့လိုက်ရတဲ့သီချင်း” အတွက်ပင် အချိန်ကား တိုတောင်းလှပေသည်။

သို့ဖြစ်သည့်အတွက် နာမည်အနည်းငယ်၊ နမူနာကလေးအချို့လောက်သာ ရေးပြလိုက်မည်။ မမေ့အပ် သောသူအားလုံးတို့၏ စာရင်းအပြည့်အစုံကား မဟုတ်။ ဆရာဝန် မီးလော့ရှ်၊ နဲဒဗြဲဒ်။ ကောင်းမွန်၍ စိတ်ထားမြင့်မြတ်သော သူငယ်တယောက်ဖြစ်သည်။ ထောင် ကျနေသော ရဲဘော်များအား နေ့စဉ်နှင့်အမျှ အကူအညီပေးခဲ့သဖြင့် သြရှဗြဲန်ကျင် အကျဉ်းစခန်းတွင် အသက်ဆုံး ရှုံးရသည်။ အာရနော့ရှ်၊ လောရဲန်ဇ်။ မိမိ၏ရဲဘော်များ၏ အမည်တို့ကိုဖော်ထုတ်ရန် ငြင်းဆိုနေခဲ့သဖြင့် သူ၏ဇနီးကို နာဇီတို့က သတ်ဖြတ်ပစ်လိုက်ကြသည်။ တနှစ်မျှကြာသောအခါ နံပါတ်လေးရာရှိ လုပ်ဖော်လုပ်ဖက် ထောင်ဘာ ယာများနှင့် အစုအပေါင်းကြီးတခုလုံးကို ကာကွယ်ရန်၊ တယောက်တည်း ကြိုးစင်သို့တက်သွားခဲ့လေသည်။ ဉာဏ်ရွှင်သည့်နေရာတွင် ထူးလဲထူးချွန်၊ အချိုးနှိမ်လဲ မခံသော ဗားရှက်။ စကားလဲ များများမဟ၊ အနစ် နာလဲ ခံတတ်သော အန်ကာ၊ ဗိကောဗား - သူကား မာရှယ်လောခေတ်က အသတ်ခံရသည်။ ထထကြွကြွရှိလှ သော အမြဲတန်းရွှင်ရွှင်လန်းလန်း ပေါ့ပေါ့ပါးပါး နေတတ်၍ လမ်းသစ်၊ နည်းသစ်များ ရှာတွေ့တတ်သည့် “စာကြည့် တိုက်မှူး” စပရင်ဂရ်။ သိမ်မွေ့၍ ငယ်ရွယ်လှသော ဘီးလက် …..ဲ ဥပမာများသာဖြစ်သည် နမူနာများဖြစ်သည်။ လူရုပ်သွင်များအနေနှင့် ကြီးသူကကြီးသည် ငယ်သူက ငယ်သည်။ သို့သော်လဲအားလုံးပင် လူရုပ်သွင်များ ဖြစ်ကြသည်။ မည်သူ့ကိုမျှ ရုပ်တုကလေးဟု မခေါ်နိုင်ပေ။ အခဏ်း - ၈ သမိုင်း၏ တစိတ်တပိုင်း ၁၉၄၃ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့။ ကျနော့် အကျဉ်းခန်းရှေ့တွင် ခါးပတ်တခုချိတ်ထားသည်။ ကျနော်၏ ခါးပတ်ဖြစ်သည်။ ဤကား ထောင် ပြောင်းမည့် အထိမ်းအမှတ်ဖြစ်သတည်း။ ကျနော့်အားရုံးတင်စစ်ဆေးရန် ကျနော့်ကိုရိုခ်သို့ ခေါ်သွားကြတော့မည်၊ ထို့နောက် ဘာလာမည်၊ ညာလာမည် စသည်ဖြင့်ဖြစ်သတည်း။ အချိန်သည် ကျနော်၏အသက်တချပ်မှ နောက် ဆုံးတလုပ်စာကို အငန်းမရ ကိုက်ဖြတ်လျက်နေပေပြီ။ ပန်းကရာ့စ်တင် နေခဲ့ရသော ရက်ပေါင်းလေးရာ့တဆယ့်ွ တရက်တို့ လျင်မြန်စွာ ကုန်လန်သွားပုံမှာ နားမလည်နိုင်အောင်ပင်ရှိသည်။ နောက် ဘယ်နှစ်ရက်ကျန်သေးသလဲ။ွ ဒီရက်တွေမှာ ကျနော် ဘယ်ကိုရောက်နေမှာလဲ။ ဒီရက်တွေဟာ ဘယ့်နဲ့နေလိမ့်မလဲ။ မည်သို့ပင်ရှိစေ၊ ထိုရက်များအတွင်း စာရေးနိုင်မည့် အခွင့်အရေးကား မပေါ်ဖို့ကများသည်။ ထို့ကြောင့် ကျနော်၏ နောက်ဆုံးသက်သေထွက်ချက်ကို ရေးထားခဲ့ပါသည်။ ဤသည်ကား သမိုင်း၏တစိတ်တပိုင်း ဖြစ် သည်။ ဤအစိတ်အပိုင်းအတွက် သက်သေခံနိုင်မည့်သူများတွင် ကျနော်တယောက်သာ အသက်နှင့်ခန္ဓာမြဲ၍ နေသေးပုံပေါ်ပါသည်။ ……. ……. ……. ……. ……. ……. ……. ……. ……. ……. ……. ၁၉၄၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ချက်ကိုစလိုဗားကီးယားပြည် ကွန်မြူနစ်ပါတီဗဟိုကော်မတီတခုလုံး အ ဖမ်းခံရသည်။ ဤသို့သော် အချိန်ဆိုးမျိုးသို့ဆိုက်ရောက်လျှင် အစားထိုးရန်ပြင်ဆင်ထားသော အရံခေါင်းဆောင် များလဲ အဖမ်းခံကြရသည်။ ပါတီအပေါ်သို့ ဤမျှပြင်းထန်နက်ရှိုင်းသောဒဏ်မျိုး အဘယ့်ကြောင့် ကျရောက်လာ နိုင်ရသနည်းဟူသောကိစ္စကို ယခုထက်ထိ အကြောင်းရှာ၍ တိတိကျကျမရသေး။ တနေ့ ဂက်စတာပိုအရာရှိများ ကို စစ်ဆေးမေးမြန်းသည့် အခါ၌ကား ဤကိစ္စနှင့်ပတ်သက်သော သဲလွန်စများ ပေါ်လာနိုင်ပေမည်။ ကျနော်ကြိုး စား၍ စုံစမ်းခဲ့သမျှကား အချည်းအနှီးမျှသာ ဖြစ်ခဲ့သည်။ ပက်ချက်နန်းတော်တွင် ထောင်ဘာယာအဖြစ် လုပ်နေ စဉ်ကာပင် ဘာကလေးတခုမျှ အစွန်းအစရှာမတွေ့ခဲ့။ ဤကိစ္စတွင် ရန်သူ၏စနက်လဲ တချို့တ၀က် ပါပေလိမ့် မည်။ သို့သော် ပေါ့လျော့မှုလဲ အတော်များများကြီး ပါဝင်ပေမည်။ မြေအောက်တွင် - ၂ - နှစ်ကြာမျှ အောင်မြင်စွာ အလုပ်လုပ်နိုင်ခဲ့ကြသဖြင့် ရဲဘော်များသည် သတိပေါ့လျော့လာကြသည်။ ငိုက်လာကြသည်။ မြေအောက်လုပ် ငန်းကား ကျယ်ပြန့်လာခဲ့သည်။ ရဲဘော်သစ်များကိုလဲ တယောက်ပြီးတယောက် ဆွဲသွင်းလာကြသည်။ အခြား

ကိစ္စများအတွက် ဘေးဖယ်၍ချန်ထားရမည့် ရဲဘော်များကိုပါ ဆွဲသွင်းလာကြသည်။ ပါတီစက်ယန္တရားလဲ အ၀န်း ကျယ်လာကာ ထိန်း၍မရ သိမ်း၍မရအောင်ပင် ရှုပ်ထွေးလာသည်။ ရန်သူတို့သည် ပါတီဌာနချုပ်ကိုထိုးနှက်ရမည့် လက်သီးချက်ကို အချိန်ယူ၍ ပြင်ဆင်နေခဲ့ပုံရသည်။ ဆိုဗီယက်ယူနီယံအား ၀င်တိုက်ရန်ပြင် ဆင်ပြီးသည့်အချိန် တွင်မှ ထိုလက်သီးချက်လဲ ကျရောက်လာလေသည်။ အစက ကျနော်သည် ရဲဘော်ပေါင်းမည်မျှ အဖမ်းခံကြရသည်ကို အပြည့်အစုံမသိခဲ့။ သာမန်အဆက်အ သွယ်များကို စောင့်မြဲစောင့်နေခဲ့သည်။ သို့သော် အဆက်အသွယ်ကား မရတော့။ တလမျှကြာသောအခါ ကိစ္စအ ကြီးအကျယ်တရပ် ဖြစ်နေပြီဟူသောအချက်မှာ ထင်ရှားလာခဲ့သည်။ အဆက်အသွယ်ကို စောင့်နေရုံနှင့်မပြီးတော့ ဟူသော အချက်မှာလဲ ရှင်းလာသည်။ ကျနော်သည် အဆက်အသွယ်ကို ကိုယ်တိုင်လိုက်၍ ရှာပါတော့သည်။ အခြားသူများသည်လဲ ဤသို့ပင် ရှာဖွေကြလေတော့သည်။ ကျနော်ပထမဦးစွာ ရှာ၍တွေ့သူကား ချက်ခီတိုင်း၊ အလယ်ပိုင်းခရိုင်မှ ခေါင်းဆောင် ဟောန်းဇာ၊ ဗီစ ကောချီလ် ဖြစ်ပါသည်။ သူကား လက်စွမ်းလက်စရှိသူဖြစ်သည်။ ပါတီအနေနှင့်ဗဟိုသတင်းစာတစောင် မရှိဘဲဖြစ် မနေရန်၊ ရူဒပရားဗော သတင်းစာထုတ်လိုသည်။ သတင်းစာအတွက် သတင်း၊ စာမူများပင် ပြင်ဆင်ထားသည်။ဲ ကျနော်က ခေါင်းကြီးပိုင်းကို ရေးသည်။ သို့သော် ရရှိထားသောသတင်းများ (၎င်းသတင်းများကို ထိုအချိန်အထိ ကျနော်မကြားဖူးခဲ့) ကို ရူဒဲပရားဗော အမည်ဖြင့် မဟုတ်ဘဲ၊ မေဒေးသတင်းစာဟု ထုတ်ပြန်ကြရန် သဘောတူ ဆုံးဖြတ်ချက် ချခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် အခြားနေရာတနေရာမှ ရူဒဲပရားဗောသတင်းစာကို အရေး ပေါ် အချိုးအစားမျိုးဖြင့် ထုတ်ဝေလိုက်သောကြောင့်ဖြစ်လေသည်။ သို့ဖြင့် ပြောက်ကျားလုပ်ငန်းများ တလပြီးတလ ဆက်၍လာလေသည်။ ပါတီကား ပြင်းထန်လှသောဒဏ် ကို ခံလိုက်ရသည်။ သို့သော် ဒဏ်ချက်ကြောင့်သေ၍မသွား။ ရာပေါင်းများစွာသော ရဲဘော်သစ်တို့သည် တပိုင်း တစ ကျန်ရစ်သောအလုပ်တို့ကို ကောက်၍ကိုင်ကြသည်။ ကျဆုံးသွားသော ခေါင်းဆောင်များ၏နေရာသို့ လူသစ် များသည် ခိုင်မာသော သန္ဓိဌာန်များဖြင့် ၀င်လာကြသည်။ စည်းရုံးရေး၏ အခြေခံများမပြိုကွဲရန် ပျော့တီးပျော့ဖတ် ဖြစ်မကုန်ရန် ကြိုးစား အားထုတ်ကြလေသည်။ ဗဟိုဌာနချုပ်သာ လိုမြဲလို၍နေလေသည်။ ပြောက်ကျားလုပ်ငန်း များတွင် အန္တရာယ်များရှိသည်။ ဆိုဗီယက်ယူနီယံအား တိုက်ခိုက်လိမ့်မည်ဟု တွက်ထားကြသောအချိန်၊ ဤသို့ သော အရေးကြီးဆုံးအချိန်မျိုး၌ တက်ညီလက်ညီ မလုပ်နိုင်မည်စိုးရသည်။ ကျနော်၏ လက်တွင်းသို့ ပြောက်ကျားစနစ်ဖြင့် ထုတ်ဝေနေသေးသော ရူဒဲပရားဗော သတင်းစာတ စောင် ရောက်လာသောအခါတွင် နိုင်ငံရေးဝါရင့်သော လက်ရာတခုကိုရိပ်မိခဲ့ပါသည်။ ကျနော်တို့၏ မေဒေးသ တင်းစာကား များစွာမစွန်လှ။ သို့သော် အခြားသူများသည် ထိုသတင်းစာကို တွေ့ရသောအခါ တွဲ၍ အလုပ်လုပ် နိုင်လောက်သည့် လူတယောက်ရှိသည်ဟု အကဲခတ်မိကြပြန်လေသည်။ သို့ဖြင့် တဦးနှင့်တဦး လိုက်လံ၍ ရှာဖွေ ကြပါတော့သည်။ ရှာရသည်ကား တောကြီးမျက်မဲထဲတွင် ရှာရသည်နှင့်တူသည်။ အသံတသံ ပေါ်လာသဖြင့် ထိုအသံ နောက်သို့ လိုက်ကြသည် - ထိုခဏ၌ပင် အသံသည် အခြားတဖက်မှ ပေါ်လာပြန်လေသည်။ ကြီးမားသောဆုံးရှုံး မှုကို ခံခဲ့ရကြရသဖြင့် ပါတီတရပ်လုံးမှာ သတိထားနေကြသည်။ နိုးနိုးကြားကြား ဖြစ်နေကြသည်။ ထို့အတွက် ကြောင့် ဗဟိုဌာနချုပ်မှလူနှစ်ယောက်သည် တယောက်နှင့်တယောက် ဆက်သွယ်မိကြပါမည့်အရေး တယောက် က တယောက်အပေါ်ထားရှိသော အစမ်းအသပ်၊ အစစ်အဆေးပေါင်းစုံတို့ကို ထိုးဖောက်ကြရသည်။ အချင်းချင်း သာမက၊ ဆက်သွယ်ရေးကို ကိုင်ထားကြသော အခြားသူတို့၏ စမ်းသပ်မှုများ၊ အထစ်အထေ့များကိုလဲ ကျော်နင်း ကြရသည်။ ပို၍ခက်ခဲသောကိစ္စမှာ ကျနော်က ကျနော်ရှာနေသောသူကို မသိသလို၊ သူကလဲ ကျနော်မည်သူမှန်း မသိခြင်းပင် ဖြစ်လေသည်။ နောက်ဆုံးတွင်ကား ကျနော်တို့နှစ်ဦးစလုံးသိကြသည့် ကွင်းဆက်တခုကို ရှာ၍တွေ့ကြသည်။ ထိုသူကား ဆရာဝန် မီးလော့ရှ်၊ နဲဒဗြဲဒ် ဟူသောအလွန် တော်သည့် သူငယ်တယောက်ပင် ဖြစ်လေသည်။ ၎င်းသည်ကျနော် တို့၏ ပထမဆုံးသော ဆက်သားဖြစ်လေသည်။ ဤသို့ ကြုံလာရခြင်းသည်ပင်လျှင် မတော်တဆ အကြောင်းတိုက်

ဆိုင်ခြင်းလဲ ပါသည်။ ဇွန်လအလယ်ပိုင်းတွင် ကျနော်နေမကောင်းဖြစ်သဖြင့် ကျနော်အားဆေးကုရန် လီဒါ့ကို လွှတ်၍ သူ့အားခေါ်ခဲ့ရပါသည်။ သူကား ဘာ့က်စ်တို့၏ အိမ်သို့ချက်ခြင်းပေါက်လာကာ ထိုနေရာတွင်ပင် သူနှင့် ကျနော် နားလည်မှု ရသွားကြပါသည်။ သူကိုယ်တိုင်ပင် `အခြားသူ´ ကိုရှာဖွေရန် တာဝန်ရထားခဲ့သည်၊ သို့သော် သူရှာရမည့်သူမှာ ကျနော်ဖြစ်မှန်း မရိပ်မိခဲ့။ မရိပ်မိသည်သာမက၊ တဖက်တွင်ရှိသော သူတို့ကဲ့သို့ပင် ကျနော် ကား အဖမ်းခံရသည်၊ သေကောင်းပင် သေဆုံးခဲ့ပြီဟု ယုံကြည်နေလေသည်။ ၁၉၄၁ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် ဟစ်တလာသည် ဆိုဗီယက်ယူနီယံကို ၀င်ရောက်တိုက်ခိုက်လေ သည်။ ထိုနေ့ည၌ပင် ဤအဖြစ်အပျက်သည် ကျနော်တို့အတွက် မည်သို့အဓိပ္ပာယ်ပါနေသည့်အကြောင်း စာတမ်းကလေးတစောင်ကို ဟောန်းဇ်ဗီစကောချီလ်နှင့်အတူ ဖြန့်ချိလိုက်ပါသည်။ ဇွန်လ ၃၁ ရက်နေ့တွင် ကျနော် ကြာမြင့်စွာ ရှာဖွေနေသောသူနှင့် ပထမဆုံးအကြိမ်တွေ့ရှိရပါသည်။ ကျနော်သတ်မှတ်ထားသော အိမ်သို့ သူလာ ၍တွေ့ပါသည်။ သူ့အနေနှင့်မည်သူ့ကို တွေ့ရမည်ဖြစ်ကြောင်း သိနှင့်ပြီးသောကြောင့် ဖြစ်သည်။ ကျနော့်ဘက်ကမူ မည်သူနှင့် တွေ့ရမည်ကိုမသိသေး။ ထိုနေ့ညကား နွေရာသီ၏ညဖြစ်သည်။ ဖွင့်ထားသော ပြူတင်းပေါက်များမှ နေ၍ နန်းလုံးကြိုင်ပန်းရနံ့များ သင်းပျံ့၍နေကြသည်။ ဤသို့အခိုက်အတန့်ကား ချစ်သူများဆုံတွေ့ရန် သင့်တော် လှသော အချိန်ပင်ဖြစ်သည်။ သူရောက်သောအခါတွင် ကျနော်တို့သည် ပြူတင်းပေါက်များမှ လိုက်ကာများကိုဆွဲ ပိတ်လိုက်ကြကာ ဓာတ်မီးကိုဖွင့်လိုက်ကြသည်။ ဤတွင် ကျနော်တို့နှစ်ဦးကား တဦးကိုတဦးပွေ့ဖက်ရင်း နှုတ် ဆက်မိကြသည်။ ထိုသူကား ဟောန်းဇာ၊ ဇိကာ ပင်ဖြစ်သတည်း။ ဤသို့ဆိုလျှင် ၁၉၄၁ - ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ဗဟိုကော်မတီတဖွဲ့လုံး အဖမ်းခံခဲ့ရသည် မဟုတ် ပေ။ သို့သော် ဗဟိုကော်မတီဝင် တယောက်တည်း ဇိကာတယောက်တည်းသာ လွတ်ထွက်လာခဲ့သည်။ ကျနော် တို့ သူ့ကိုသိခဲ့ကြသည်မှာ ကြာပြီ။ ခင်မင်နေခဲ့သည်မှာလဲ ကြာလှပြီ။ သို့သော် ယခုသူနှင့်တွဲ၍ အလုပ်လုပ်ရခါမှ သူနှင့်ရင်းရင်းနှီးနှီး သိကျွမ်းလာရပါသည်။ သူကား ၀တုတ်တုတ်ဖြစ်သည်။ တပြုံးပြုံးနှင့်နေတတ်၍ ဦးလေးကြီးတ ယောက်၏ အသွင်အပြင်ကို ဆောင်နေတုန်းပင်ဖြစ်သည် - ပါတီလုပ်ငန်းတွင်ကား မာရေကျောရေရှိသည်၊ ဈေး လျော့ခြင်းမရှိ၊ သန္နိဌာန်ခိုင်မြဲ၍ ပြတ်လည်းပြတ်သားသည်။ ကိုယ့်တာဝန်မှတပါး ကိုယ့်အတွက်ဆို၍ ဘာမျှမသိ၊ သိလဲ မသိလို။ တာဝန်ကို အပြည့်အ၀ထမ်းဆောင်နိုင်ရန်အတွက် အခြားကိစ္စအရာရာကို ပစ်ပယ်ထားလေသည်။ လူများကို ချစ်တတ် ခင်တတ်သည်။ သို့သော် လူတို့၏အပြစ်များကို မျက်စိမှိတ် လျစ်လျူထားခြင်းဖြင့် ထိုသူတို့၏ ချစ်ခင်မှုကို ၀ယ်ယူလေ့ မရှိပေ။ မိနစ်အနည်းငယ်အတွင်းပင် ကျနော်တို့နှစ်ဦးသား နားလည်မှုရရှိကြသည်။ နောက်ရက် အနည်းငယ်အ တွင်းပင် ကျနော်သည် ပါတီခေါင်းဆောင်မှုအဖွဲ့သစ်မှ တတိယအဖွဲ့ဝင်ကို တွေ့ဆုံရသည်။ သူကား ဇိကာနှင့် မေ လကတည်းကပင် အဆက်အသွယ်ရနေသူ ဟောန်းဇာ၊ ချာရနီ ဖြစ်သည်။ အရပ်ထောင်ထောင် မောင်းမောင်းနှင့် ခံ့ညားသော လူငယ်တယောက်ဖြစ်သည်။ လူများအပေါ် သဘောထားဖြူဖွေးလှသည်။ စပန်ပြည်တွင် တိုက်ပွဲဝင် ခဲ့သူတယောက်ဖြစ်၍ အဆုပ်ကို ကျည်ဆံတတောင့်က ထုတ်ချင်းခတ်၍ ဖောက်သွားခဲ့သည်။ ကမ္ဘာစစ်ကြီးဖြစ် လာမှ နာဇီဂျာမနနကိုဖြတ်ကာ တိုင်းပြည်သို့ပြန်လာခဲ့သည်။ သူကား အမြဲတမ်းပင် စစ်သားဆန်ဆန်နေသည်။ မြေအောက်လုပ်ငန်းများတွင်လဲ အတွေ့အကြုံကြွယ်ဝသည်။ ဉာဏ်ထက်သည်။ အမြဲတမ်းပင် ကြံတတ် ဖန်တတ် သည်။ အကျဉ်းအကြပ်ထဲတွင် လက်တွဲ၍ လပေါင်းများစွာ တိုက်ပွဲဝင်နေကြရသည့်အလျောက် ကောင်းမွန်လှ သော ရဲဘော်စိတ်တို့သည် ကျနော်တို့သုံးဦးအား ရစ်ပတ်သွယ်နှောင်နေပါတော့သည်။ ကျနော်တို့ကား ဗီဇစရိုက် များအနေနှင့်၎င်း တဦးချင်းနိုင်နင်းသောအလုပ်များအရ၎င်း၊ တယောက်လိုသည်ကို တယောက်က ဖြည့်မိကြ သည်။ ဇိကာကိုကြည့်လျှင် သူကား စည်းရုံးရေးမှူး။ လိုရင်းကို လိုက်တတ်သည်။ လှုပ်၍မရလောက်အောင် တိကျ သည်။ မစားရ ၀ခမန်းစကားများဖြင့် လှိမ့်၍မရ။ ရရှိသော သတင်းအစအနအတိုင်းကို ဖောက်ထွင်းကြည့်၍ အ တွင်းမှအနှစ်သာရ ပေါ်လာသည့်အထိ စီစစ်တတ်သည်။ ပေါ်လာသော အကြံပေးချက်ကို အဘက်ဘက်မှနေ၍ စူးစမ်းလေ့လာသည်။ ဆုံးဖြတ်ချက်အတိုင်း လုပ်မလုပ်ကို စစ်ဆေးသည့်အခါတွင် ကြင်နာသောစိတ်ကို ပြသ

လောက်၊ တင်းမာမှုကိုလဲပြသည်။ ချာရနီကိုကြည့်လျှင် သူကားရန်သူကို နှောင့်ယှက်ဖျက်ဆီးရေးနှင့် လက်နက် ကိုင် ပုန်ကန်မှုပြင်ဆင်ရေးအတွက် ခေါင်းဆောင်ဖြစ်သည်။ စစ်သားစကားလုံးများနှင့် တွေးတတ်သည်။ အသစ် ကို ရှာတတ်သည်။ သဘောထားကြီးသလို အကြံအစည်လဲ ကျယ်ပြန့်သည်။ နည်းသစ် လူသစ်များရှာရမည် ဆို လျှင် မောရမှန်း ပမ်းရမှန်းမသိ၊ ပျော်၍မဆုံး။ ကျနော်ကား လှုံ့ဆော် ၀ါဒဖြန့်ချိရေးသားဖြစ်သည်။ နှာခေါင်းက အ နံ့ခံမိရာကို လိုက်တတ်သော သတင်းစာဆရာ ဖြစ်သည်။ စိတ်ကူးအနယ် အနည်းငယ်ကျွံတတ်ခြင်းကို ဝေဖန်ပိုင်း ခြားတတ်သော ဓလေ့ဖြင့် ထိန်းထားသည်။ ဌာနခွဝေခြင်းကား စင်စစ်အားဖြင့် အလုပ်ခွဲခြားခြင်းမဟုတ်၊ တာဝန်ခံရာကိစ္စများ ခွဲဝေမှုသာဖြစ်လေဲ သည်။ အဘယ့်ကြောင့်ဆုသော် လိုအပ်လာပြီဆိုလျှင် ကျနော်တို့သည် တယောက်ချင်း တယောက်ချင်းအနေဖြင့ိ နေရာတကာတွင် ကိုယ့်အစွမ်းနှင့်ကိုယ် ၀င်လုပ်ကြရသည်။ အလုပ်လုပ်ရသည်မှာလဲ မလွယ်ကူလှပေ။ ဖေဖော် ၀ါရီလအတွင်း ပါတီပေါ်သို့ ကျရောက်ခဲ့သော ဒဏ်ချက်မှာ ယခုထက်ထိ ဟင်းလင်းပွင့်နေသေးသည်။ အနာကား မကျက်တတ်သေး။ အဆက်အသွယ်အားလုံးကား ပြတ်သတ်၍နေသည်။ အချို့နေရာများတွင် အဖွဲ့တဖွဲ့လုံး ကျ ဆုံးသွားသည်။ အချို့နေရာများတွင် အဖွဲ့များသည် လူတော်များဖြင့် တောင့်တင်း ၍နေသော်လဲ ၎င်းတို့နှင့်ဆက် သွယ်ရန်လမ်းမရှိ။ အစုအဝေးတခုလုံး၊ စက်ရုံတရုံလုံး၊ ခရိုင်များပင် ခရိုင်အလိုက်လပေါင်းများစွာ အဆက်ပြတ်နေ ခဲ့ပြီးသည့် နောက်ပိုင်းမှ အဆက်အသွယ်ကလေးများပွင့်လာသည်။ ကျနော်တို့ကားယုတ်စွအဆုံး သူတို့လက် တွင်းသို့ဗဟိုသတင်းစာ ရောက်လိမ့်မည်၊ ထိုသတင်းစာထဲတွင် ပါသည့်အတိုင်း လိုက်နာကျင့်သုံးကြလိမ့်မည်ဟု မျှော်လင့်၍သာနေခဲ့ကြရသည်။ နေစရာအိမ်လဲမရှိ၊ ယခင်ကသုံးခဲ့သောအိမ်များကို ချဉ်းကပ်ရသည်မှာလဲ အန္တရာယ်များ ၀ိုင်းနေသေးသည်၊ အစပိုင်းတွင် သုံးစရာငွေပင်မရှိ၊ အစားအသောက်ပြဿနာကလဲ အလွန်ခက်ခဲ သည်။ ကိစ္စအများအပြားကို စလုံးမှပြန်၍စလာရန် လိုလာသည်။ ပါတီအနေနှင့် ပါတီတည်ဆောက်ရေး၊ ပြင်ဆင် ရေး စသည်တို့နှင့်သာ မဖူလုံနိုင်တော့သည့်အချိန်မျိုးတွင်မှ ဤသို့သော အခက်အခဲများကို လာ၍ကြုံနေရသည်။ ထိုအချိန်ကား ဆိုဗီယက်ယူနီယံကို ရန်သူများက ၀င်တိုက်လိုက်သော အချိန်ဖြစ်သည်။ ပါတီအနေနှင့် တိုက်ပွဲအ တွင်းသို့ တိုက်ရိုက်ဝင်ရန် လိုလာသော အချိန်ဖြစ်သည်။ အုပ်စိုးနေသော ရန်သူတို့အား ပြည်တွင်း စစ်မျက်နှာဖွင့် ၍ တိုက်ရန်၊ စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သည်။ ကိုယ်ပိုင်အင်အားများနှင့်သာမက တမျိုးသား လုံး၏ အင်အားများဖြင့် ရန်သူတို့အား စစ်အငယ်စားတပွဲ ဆင်န၍တိုက်ခိုက်ရမည့် အချိန်ဖြစ်သည်။ ၁၉၃၉ ခုနှစ်မွှဲ ၁၉၄၁ ခုနှစ်အထိသော ကာလမှာ ပြင်ဆင်ရေးအချိန်မျှသာဖြစ်၍ ပါတီသည် မြေအောက်နက်နက်တွင် ခိုအောင်း နေခဲ့သည်။ ဂျာမန်ပုလိပ်များထံမှသာမက တမျိုးသားလုံးထံမှလဲ တိမ်းရှောင်နေခဲ့သည်။ ယခုအခါတွင်ကား ပါတီ သည် သွေးရှင်ရှင်ယိုစီးနေသည့်တိုင်အောင် ရန်သူများ၏မျက်ကွယ်တွင် မြေအောက်လုပ်ငန်းကို ခိုင်ခန့်အောင် လုပ်ရသည်။ စနစ်ကျအောင် လုပ်ရသည်။ တချိန်တည်း၌ပင် မြေအောက်မှနေ၍ တမျိုးသားလုံး၏ ရှေ့မှောက်သို့ ထွက်လာရသည်။ ပါတီဝင်မဟုတ်သော သူများနှင့်ဆက်ဆံရသည်။ လူထုကြီးတရပ်လုံးထံ ချဉ်းကပ်၍ လွတ် မြောက်ရေးအတွက် တိုက်ပွဲဝင်ရန်ဆုံးဖြတ်ချက်ချထားသူတိုင်းနှင့် ဆွေးနွေးရသည်။ တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေ သေးသောသူများကိုပင် တိုက်ပွဲတွင်းသို့ပါလာအောင် တိုက်ရိုက် ခေါင်းဆောင်မှုပေးရသည်။ ၁၉၄၁ ခုနှစ်၊ စက်တင်ဘာလ လဆန်းသို့ ရောက်လာခဲ့သည်။ ထိုအချိန်တွင် ကျနော်တို့သည် မရှုမလှ ပျက်စီးခဲ့ရသော စည်းရုံးရေးကို ပြန်လည်တည် ထောင်ပြီးခဲ့ပြီဟု မဆိုနိုင်သေး - ပြန်လည်တည်ဆောက်မိရန်လဲ အတော်ကြီးပင် လိုနေသေးသဖြင့် စိတ်မကောင်းဖြစ်ရသည် - သို့သော် တာဝန်ကြီးကြီးမားမား များကို ယုတ်စအွ ဆုံး တပိုင်းတစမျှ ထမ်းဆောင်နိုင်သည့် အမြုတေတခုကို ခိုင်မြဲစွာပြန်လည်စည်းရုံးမခဲ့ကြပြီဟု ဆိုနိုင်လာပါတော့ သည်။ ပါတီ၏ သြဇာပျံ့နှံ့မှုမှာလဲ ရုတ်ချင်းပင်သိသာလာသည်။ ရန်သူအား နှောင့်ယှက်ဖျက်စီးရေးများလဲ တိုးပွား လာသည်၊ စက်ရုံသပိတ်များလဲ တိုးပွားလာသည် - စက်တင်ဘာလကုန်တွင် ရန်သူတို့သည် ကျနော်တို့အား ဖိနှိပ် ရန် ဟိုင်းဒရစ်ကို ပို့လွှတ်လိုက်ကြသည်။ ပထမအကြိမ်ကြေညာလိုက်သော မာရှယ်လောကား ကြီးထွားလျက် ခြေသွက်နေပြီဖြစ်သော ရန်သူဆန့်ကျင်ရေးလှုပ်ရှားမှုတို့ကို မချိုးနှိမ်နိုင်ခဲ့ပေ။ သို့သော ထိုလှုပ်ရှားမှု၏အရှိန်ကို သတ်လိုက်နိုင်ပါသည်၊ ပါတီအနေနှင့်လဲ ဒဏ်ရာအသစ်တို့ကို ခံစားလိုက်ရသည်။ အထူးသဖြင့် ပရာဟာခရိုင်နှင့်

လူငယ်အဖွဲ့အစည်းတို့မှာ အတော်ပင်ခံလိုက်ကြရသည်။ ပါတီအတွက်တန်ဘိုးရှိလှသော ယန်၊ ကရေးချီ။ ရှတန်စ လ်။ မီးလောရှ်၊ ကရားဆနီ နှင့် အခြားပုဂ္ဂိုလ်အများအပြားပင် ကျဆုံးသွားကြသည်။ သို့သော်လဲ ဒဏ်ရာတချက်ရလိုက်တိုင်း ရလိုက်တိုင်းပင်ပါတီသည် မည်သို့ဖျက်ဖျက်မပျက်နိုင်ကြောင်း ကို ခင်ဗျားထပ်၍ ထပ်၍ တွေ့ရပြန်သည်။ တိုက်ပွဲဝင်သူတယောက် ကျဆုံးသွားသည် - သူ့နေရာတွင် အခြားလူ တယောက် ကိုယ်စားထိုး၍ မရလျှင် သူ၏နေရာသို့ လူနှစ်ယောက် သို့မဟုတ် သုံးယောက် ၀င်လာကြသည်။ နှစ်သစ်သို့ ကူးသောအခါ၌ကား ကျနော်တို့သည် စည်းရုံးရေးကို ခိုင်မြဲစွာထူထောင်ပြီးကြလေပြီ။ အစစ အရာရာ ကို လက်လှမ်း၍ မှီနိုင်သည်လဲမဟုတ်သေး၊ ၁၉၄၁ ခုနှစ်၊ ဖေဖော်ဝါရီလလောက် ကျယ်ပြန့်သည့် အခြေအနေနှင့် လဲ အတော်ဝေးသည့်တိုင်အောင် အဆုံးအဖြတ်ပေးမည့် တိုက်ပွဲများတွင် ပါတီ၏တာဝန်များကို ကျေပြွန်နိုင်မည့် အဆင့်အတန်းသို့ ရောက်လာခဲ့လေပြီ။ လုပ်ငန်းကို ကျနော်တို့အားလုံးခွဲ၍ တာဝန်ယူခဲ့ကြသည်၊ သို့သော် အောင်မြင်မှုအတွက် အချီးမွမ်း အခံထိုက်ဆုံးသောသူမှာ ဟောန်းဇ်၊ ဇိကာပင် ဖြစ်လေသည်။ ပုံနှိပ်လုပ်ငန်းများအနေနှင့် ဘာတွေလုပ်ခဲ့သည်ကိုကား အထူးပြောပြနေရန်မလို။ ရဲဘော်များ၏ လျှို့ ၀ှက်သောစာပေ သိုလှောင်ရာနေရာများ၊ အထပ်ခိုးများ၊ မြေအောက်လှောင်ခန်းများတွင် အထောက်အထားများ ဖူဖူလုံလုံတွေ့ကြလိမ့်မည်ဟု မျှော်လင့်သည်။ ကျနော်တို့သည် သတင်းစာများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိခဲ့ကြ သည်။ ၎င်းတို့ကို ပါတီဝင်များသာမက၊ ပါတီဝင်မဟုတ်သူများပါ ဖတ်ရှုခဲ့ကြသည်။ တနေရာနှင့်တနေရာ တင်း ကြပ်စွာဖြတ်တောက်ထားသော မြေအောက် “စက်ရုံ” အများအပြားမှနေ၍ (စာကူးစက်များဖြင့်) စောင်ရေအ မြောက်အများ ထုတ်ဝေခဲ့သည်။ ပုံနှိပ်စက်ဖြင့်လဲ ရိုက်နှိပ်ကြသည်။ စာစောင်များကို လိုအပ်သည့်အတိုင်း အချိန် မှန်မှန်နှင့် မြန်မြန်ထုတ်ဝေသည်။ ဥပမာ ၁၉၄၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ရဲဘော် စတာလင်၏ တပ်မ တော်အမိန့် ထုတ်ပြန်ချက်သည် ဖေဖော်ဝါရီလ ၂၄ ရက်ညနေပိုင်းတွင်ပင် ပထမ စာဖတ်ပရိတ်သတ်၏ လက် တွင်းသို့ ရောက်သွားနိုင်ခဲ့သည်။ ကောင်းစွာ အလုပ်လုပ်နေခဲ့သူများမှာ ပုံနှိပ်စက်အလုပ်သမားများနှင့် ဆရာဝန် တို့၏ မြေအောက်စက်ရုံဖြစ်သည်၊ အထူးချွန်ဆုံးကား “ဖူးက်စ်လောရဲန်ဇ်” ခေါ် မြေအောက်စက်ရုံဖြစ်သည်။ ၎င်းတို့ကိုယ်တိုင်လဲ “ဟစ်တလာကို ကမ္ဘာကဆန့်ကျင်သည်” ဟူသော ပြန်ကြားရေးစာစောင်ကို ထုတ်ဝေနေကြ သည်။ ကျန်သမျှကိုကား ကျနော်ချည်း ကြုံး၍လုပ်သည်။ အခြားကေဒါများကို မဖြုန်းချင်သောကြောင့် ဖြစ်သည်။ ကျနော်ကျဆုံးလျှင် တက်ရမည့် အရံရဘော်တယောက်ကိုလဲ အသင့်ပြင်ထားသည်။ သူသည် ကျနော် အချုပ်ခံရဲ သည်နှင့် တပြိုင်နက် အလုပ်ကိုဝင်လုပ်ကာ ယခုထက်ထိလဲ အလုပ်လုပ်လျက်ရှိသည်။ အလုပ်တခု လုပ်တော့မည်ဆိုလျှင် လူအနည်းဆုံးသုံး၍ ဖြစ်နိုင်ရန် ပါတီယန္တယားကို အလွယ်ဆုံး အရှင်း ဆုံး တည်ဆောက်ကြပါသည်။ ယခင်က သုံးခဲ့သော ကွင်းဆက်များသံကြိုးရှည်စနစ်ကို စွန့်လွှတ်လိုက်ကြသည်။ ဤစနစ်မျိုးကား ပါတီစက်ယန္တယားကို လုံခြုံစေသည်ထက် အန္တရာယ်များစေသည်ကို ၁၉၄၁ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းက တွေ့ရှိခဲ့ကြရပေပြီ။ နည်းသစ်ကို ထွင်လိုက်သောအခါ ကျနော်တို့တယောက်ချင်း တယောက်ချင်းအ တွက် အန္တရာယ်များပိုလာသည်၊ သို့သော် ပါတီအတွက်ကား အတော်ကြီးပင် ဘေးအန္တရာယ်လျော့ပါးသွားလေ သည်။ ဖေဖော်ဝါရီလတွင် ကျရောက်ခဲ့သော ဒဏ်ရာဒဏ်ချက်မျိုးကား ထပ်မံ၍ မပေါ်ပေါက်နိုင်တော့ပေ။ ထို့အတွက်ကြောင့်လဲ ကျနော်အဖမ်းခံရသည့်အခါတွင် ဗဟိုကော်မတီသည် လူသစ်တယောက်ကို အ စားထိုးလျက် အလုပ်လုပ်မြဲဆက်၍ လုပ်နေနိုင်ခဲ့သည်။ ကျနော်နှင့်အနီးကပ်ဆုံး လုပ်ဖော်လုပ်ဖက်ပင်လျှင် ထို ကိစ္စအကြောင်း မရိပ်မခဲ့ပေ။ ဟောန်းဇာ၊ ဇိကာမှာ ၁၉၄၂ ခုနှစ် မေလ ၂၇ ရက်နေ့ည၌ အဖမ်းခံရသည်။ ထိုကိစ္စမှာလဲ အဖြစ်ဆိုး၍ မ တော်တဆဖြစ်ရသော ကိစ္စဖြစ်သည်။ ထိုအချိန်မှာ ဟိုင်းဒရစ်အားလုပ်ကြံပြီး နောက်တညဖြစ်သည်။ ရန်သူတို့၏ စက်ယန္တရားတခုလုံးမှာ လှုပ်လှုပ်ရွရွဖြစ်နေလျက် ပရာဟာတမြို့လုံးပိုက်စိတ်တိုက်၍ လူများကို လိုက်ဆွဲနေကြ သော အချိန်ဖြစ်သည်။ ဇိကာ ခိုအောင်းနေသော စတရဲရှောဗိစဲ အရပ်မှ အိမ်အတွင်းသို့လဲ ဂက်စတာပိုများ ရောက်လာကြသည်။ ဇိကာ၏ မှတ်ပုံတင်လက်မှတ်မှာ နေသားတကျဖြစ်နေ၍ ၎င်းတို့သင်္ကာမကင်းမဖြစ်ဘဲ လွတ်ထွက်သွားနိုင်စရာ အကြောင်းရှိသည်။ သို့သော် ဇိကာသည် အိမ်ရှင်သူတော်ကောင်းများကို ဒုက္ခမရောက်

စေလိုသောကြောင့် သုံးထပ်တိုက်ပြူတင်းပေါက်မှနေ၍ လွတ်ရာလွတ်ကြောင်းကို ရှာသည်။ ထိုသို့ကြိုးစားစဉ် အောက်သို့လိမ့်ကျ၍ ကျောရိုးတွင် သေလောက်သော ဒဏ်ရာများရကာ ထောင်ဆေးရုံသို့ရောက်လာသည်။ ရန် သူတို့သည် မိမိတို့၏ လက်တွင်းသို့ မည်သူရောက်လာမှန်း လုံးဝမသိကြ။ နောက်ဆယ့်ရှစ်ရက်ကြာမှ ဓာတ်ပုံများ ညှိနှိုင်း၍ကြည့်ယင်း မည်သူ မည်ဝါဖြစ်သည်ကို သိသွားကြသည်။ ထိုအခါမှ သေလုမြောပါးဖြစ်နေသူကို စစ်ဆေး မေး မြန်းရန် ပက်ချက်နန်းတော်သို့ ခေါ်ဆောင်လာကြသည်။ ထိုနေရာတွင် ကျနော်တို့နှစ်ဦးကို မျက်နှာချင်းဆိုင် ပေးကြသည်။ ဤသည်ကား နောက်ဆုံးတွေ့လိုက်ရ ခြင်းပင်ဖြစ်သည်။ ကျနော်တို့လဲ လက်ဆွဲနှုတ်ဆက်ကြသည်။ သူသည် ချစ်စဖွယ်ကောင်းသော ရွှန်းရွှန်းစားစား အပြုံးကြီးဖြင့် ကျနော့်ကိုပြုံး၍ကြည့်ယင်း …..

- ယူလာ နေကောင်းအောင် နေဟေ့။


ဟု ပြောသွားသည်။ ဤစကားတို့ကား ရန်သူများအနေနှင့် သူ့ထံမှ ကြားလိုက်သမျှသော စကားအားလုံး ဖြစ်လေသည်။ နောက်ထပ်၍ကား စကားတခွန်းမျှမဟတော့။ မျက်နှာပေါ်တွင် အရိုက်အနှက် အနည်းခံလိုက်ရ သည်နှင့် မေ့မြောသွားသည်။ နောက် နာရီအနည်းငယ်အတွင်း သေဆုံးသွားလေသည်။ သူ အဖမ်းခံရကြောင်းကို မေလ ၂၉ ရက်နေ့ကတည်းက ကျနော်သတင်းကြးရသည်။ တပ်ထောက်များ ကား ကောင်းမွန်စွာ အလုပ်လုပ်နေကြသည်။ ၎င်းတို့၏ အကူအညီဖြင့် ကျနော်ရှေ့ရှောက် လုပ်ရမည့်လမ်းစဉ် အ နက် တချို့တ၀က်ကို ဇိကာနှင့် သဘောတူညီချက် ယူခဲ့ပါသည်။ နောက်ပိုင်းတွင် လမ်းစဉ်တခုလုံးကို ဟောန်းဇာ၊ ချာရနီက မိမိ၏ သဘောတူညီချက် ဖြည့်စွက်၍ပေးခဲ့ပါသည်။ ဤသည်ကား ကျနော်တို့သုံးယောက်၏ နောက်ဆုံး ဆုံးဖြတ်ချက်လဲ ဖြစ်ပါ သည်။ ဟောန်းဇာ၊ ချာရနီမှာ ၁၉၄၂ ခု၊ နွေရာသီအတွင်း၌ အဖမ်းခံရသည်။ ဤကိစ္စကား မတော်တဆ ဖြစ်ပွား ရသော ကိစ္စမဟုတ်တော့၊ သူနှင့်ဆက်သွယ်နေသော ယန်၊ ပေါကောရနီ ဆိုသူ၏ ရမ်းကားသော စည်းကမ်းချိုး ဖျက်မှုကြောင့် ဖြစ်လေသည်။ ပေါကောရနီသည် ရှေ့တန်းပါတီကေဒါတယောက်ပီပီ မနေတတ်ပေ။ နာရီအနည်း ငယ်မျှ အစစ်ဆေးခံရသည့်နောက်ပိုင်းတွင် - မှန်သည်၊ အတော်ကြမ်းကြမ်းတမ်းတမ်း လုပ်ကြသည်၊ သို့သော် ဤ သည်ကား ထုံးစံအတိုင်းပင်မဟုတ်လော - နာရီအနည်းငယ်မျှ အစစ်ဆေးခံရသည့် နောက်ပိုင်းတွင် ကြောက်လန့် တကြားဖြစ်ကာ ချာရနီနှင့် ဆုံတွေ့ခဲ့ရာအိမ်ခန်းကို ဖော်ပြောလိုက်လေတော့သည်။ ထိုနေရာမှတဆင့် ဟောန်းဇာ ရှိရာသို့ ခြေရာခံမိကြလျက်၊ နောက်ရက်အနည်းငယ်အတွင်း၌ပင် ဟောန်းဇ်လဲ အဖမ်းခ့ရလေတော့သည်။ သူ့အား ခေါ်သွင်းလာကြသည်နှင့်တပြိုင် ကျနော်နှင့် မျက်နှာချင်း ဆိုင်ပေးကြသည်။

- မင်း သူ့ကို သိသလား။ - မသိဘူး။


ကျနော်တို့နှစ်ယောက်စလုံးပင် စည်းဝါးကိုက်စွာ ထွက်ဆိုကြသည်။ နောက်ပိုင်းတွင်ကား သူသည် စ ကားပြောရန်ပင် လုံးဝငြင်းဆန်လိုက်လေသည်။ ယခင် ဒဏ်ရာဟောင်းကြောင့် ကြာရှည်စွာ အညှဉ်းပမ်းမခံ လိုက်ရ။ များမကြာမီပင် သတိလစ်သွားသည်။ ဒုတိယအကြိမ် အစစ်ခံရာသို့ သွားသောအခါတွင်ကား တိကျသော သတင်းအခြေအနေများကို ရရှိပြီးဖြစ်၍ ထို့အတိုင်းလဲ ကျင့်သုံးနိုင်ခဲ့လေသည်။ သူ့ထံမှ ဘာကလေးတချက်မျှ မရလိုက်ကြ။ သူ့အား ချုပ်နှောင်ထား၍ ကြာမြင့်စွာ စောင့်နေခဲ့ကြသည်။ သက်သေ သာဓက အသစ်တခုပေါ်လာလျှင် သူ့ထံမှ စားများပွင့်ထွက်လာလိမ့်မည်ဟု မျှော်ကိုးနေခဲ့ကြသည်။ သို့သော်လဲ သူတို့၏ မျှော်လင့်ချက်များကား အကောင်အထည် ဖြစ်မလာခဲ့။ ထောင်သည် သူ့အား ပြောင်းလဲသွားအောင် မလုပ်နိုင်ခဲ့။ သူသည် သွက်သွက်လက်လက်၊ ရွှင်ရွှင်လန်း လန်း၊ ရဲရဲရင့်ရင့်နှင့်ပင် နေသည်။ သူ၏ရှေ့တွင်ကား သေလမ်း တလမ်းတည်းသာရှိသည်။ သို့သော်လဲ အသက် ရှင်နေသည့် သူများအား မျှော်လင့်ချက်များ ဖြန့်ဖြူးပေးနေခဲ့လေသည်။ ၁၉၄၃ ခုနှစ်၊ ဧပြီလကုန်လောက်တွင် သူ့အား ပန်းကရာ့စ်ထောင်မှ ဗြုံးကနဲ ခေါ်ထုတ်သွားကြသည်။ ဘယ်သို့ ခေါ်သွားကြမှန်း မသိ။ ဤနေရာမှလူများ ဤကဲ့သို့ ဗြုံးကနဲပျောက်သွားခြင်းကား ကောင်းသော အတိတ်

နိမိတ်မျိုးမဟုတ်ပေ။ ခင်ဗျားတွက်သည်မှာ မှားကောင်း မှားနေပေမည်။ သို့သော်လဲ သူ့အား တခါတလေ ပြန်၍ တွေ့ကြရဦးမည်ဟူ၍ကား ကျနော်မထင်တော့။ ကျနော်တို့ကား သေဘေးကိုအမြဲတမ်း ထည့်၍တွက်ထားကြသည်။ ကျနော်တို့သာ ဂက်စတာပို၏ လက် တွင်းသို့ ရောက်သွားလျှင် ပြန်လမ်းဟူ၍ မရှိတော့ကြောင်း ကျနော်တို့သိကြသည်။ ဤနေရာတွင် ကျနော်တို့လဲ ထိုအသိဉာဏ်အတိုင်း ကျင့်သုံးနေထိုင်ခဲ့ကြလေသည်။ ……. ……. ……. ……. ……. ……. ……. ……. ……. ……. ……. ကျနော်၏ ပြဇာတ်သည်လဲ အဆုံးသို့တိုင်လုပေပြီ။ ထိုဇာတ်သိမ်းခဏ်းကိုကား ကျနော်မရေးခဲ့တော့။ သိ လဲ မသိတော့။ ထိုဇာတ်သိမ်းခဏ်းကား ပြဇာတ်မဟုတ်တော့။ ဘ၀ပင် ဖြစ်လေသည်။ ဘ၀တွင်ကား ပွဲကြည့်သူဟူ၍ မရှိ။ ကားလိပ်လဲ ပွင့်လေပြီ။ လူအပေါင်းတို့ ခင်ဗျားတို့အား ကျနော်ချစ်ခဲ့သည်။ နိုးနိုးကြားကြား ရှိကြလော့။

၉၊ ၆၊ ၄၃။ ယူးလိယုခ် ဖူးချစ်


စကားနောက်ဆက်တွဲ သတင်းမှတ်တမ်းဟူသည်မှာ သတင်းစာလောကမှ အရေးအသားမျိုးပင် ဖြစ်သည်။ သတင်းအချက်အ လက်များကို အခြေတည်၍ရေးသောစာဖြစ်သည်။ သို့သော်သတင်းများကို တိုက်ရိုက်ရေးသားဖော်ပြခြင်း မဟုတ်။ ဖွဲ့နွဲ့ထားသည်။ မွမ်းမံထားသည်။ ရသစာပေဆန်သည်။ သို့သော် ရသစာပေလဲမဟုတ်၊ စာညွှန့်လဲမဟုတ်ဟု စာ ပေပညာရှင်များက ဆိုကြသည်။ မည်သို့ပင်ဖြစ်စေကာမူ သတင်းမှတ်တမ်း အရေးအသားသည် အလွန်ထိရောက် သည်။ တိုးတက်သော စာပေများအလည်တင် စူးရှသော လက်နက်တရပ်လဲ ဖြစ်ပေသည်။ွ သတင်းစာဆရာ ယူးလိယုစ်ဖူးချစ်သည် သတင်းမှတ်တမ်းများရေးရာ၌ ပြောင်မြောက်သော ကလောင် ရှင်တဦး ဖြစ်လေသည်။ ဤအရေးအသားမျိုးဖြင့် ပြည်တွင်းရေးရာများကိုလဲ သရုပ်ဖော်ခဲ့သည်။ နိုင်ငံခြားအတွေ့ အကြုံများကိုလဲ တင်ပြခဲ့သည်။ “ကြိုးစင်တွင်ရေးခဲ့သောသတင်းမှတတမ်း” ကားသူ၏ နောက်ဆုံးလက်ရာဖြစ် သည်။ ထိုစာအုပ်ကို ကြီးမားလှသော အခက်အခဲများအကြား၌ ပြုစုခဲ့သည်။ ကိုယ်တိုင်လဲ ထောင်ထဲသို့ရောက် နေသည်။ လောကကို အကျဉ်းခန်းထဲမှနေ၍ ကြည့်ရသည်။ သေမင်း၏ ခံတွင်းမှနေ၍ ကြည့်ရသည်။ စာရေးရ သည်မှာလဲ မလွယ်လှ။ အပြင်မှ ခိုးသွင်းလာသော စက္ကူအပိုင်းအစကလေးများပေါ်တွင် တိတ်တဆိတ်ရေးသည်။ မိသွားလျှင် သူသာမက၊ သူ့ကို ကူညီနေကြသောသူများပါ သေဒဏ်အထိ မျှော်လင့်နိုင်ကြသည်။ ထိုအခြေအနေ များတွင်မှပင် ကမ္ဘာ့ စာပေအတွက် တန်ဘိုးရှိလှသော စာအုပ်တအုပ် ပေါက်ဖွားလာလေသည်။ စာအုပ်မှာ များစွာရှည်လျားသည်မဟုတ်၊ သို့သော် အချို့သောအခဏ်းများကို အကျယ်ချဲ့၍ စာအုပ် လေးငါးတွဲ ရေးနိုင်သည်။ တချို့သော ၀ါကျများ ကိုအခြပြု၍ ၀တ္ထုရှည်ကြီးများ ရေးနိုင်သည်။ အချို့သော စာပိုဒ် တို့မှာ ကျမ်းပြုလောက်သည်။ အချို့သော စာလုံးတို့ကိုလဲ ကဗျာဖွဲ့နိုင်သောအင်အား ပါရှိလေသည်။ ဤမျှအောင် မြင်ရသည်မှာ ဖူးချစ်၏ ကလောင်စွမ်းကြောင့်လဲ ပါသည်။ သူ၏ အတွေ့အကြုံလဲပါသည်။ သို့သော် အဓိကအ ကြောင်းရင်းကား ပြင်းထန်သည့် ဖောက်ပြန်ရေးမုန်တိုင်းအလည်တွင် ပြတ်သားသောယုံကြည်ချက်၊ ထင်ရှား သော နိုင်ငံရေးသတ္တိတို့ဖြင့် ကြံ့ကြံ့ခံနေပုံကို သရုပ်ဖော်နိုင်သောကြောင့် ဖြစ်သည်ဟု ထင်မိသည်။ ထို့ကြောင့် ဤသတင်းမှတ်တမ်းကို ရေးသားပုံ၊ ဖွဲ့နွဲ့ပုံနှင့် ပတ်သက်၍လဲ လေ့လာအပ်သည်။ သို့သော် အထူးသဖြင့် အခက်အခဲများ ကြုံနေသည့်အခါ၌ လူ၏သတ္တိ၊ လူ၏ ကျက်သရေတို့ကို မည်သို့ စောင့်ထိန်းရာ သည်ဟူသော ဘက်မှနေ၍လဲ လေ့လာအပ်သော စာအုပ်တအုပြ် ဖစ်ပေသည်။ ယူးလိယစ်ဖူးချစ်အား ဂျာမန်နာဇီများက သတ်ဖြတ်ပစ်ခဲ့ကြသည်။ သို့သော် ချက်ကိုစလိုဗားကီးယား ပြည် တပြည်လုံးတွင် ဖူးချစ်သည် အသက်ရှင်၍နေသည်။ စက်ရုံများ၊ သင်္ဘောများ၊ ဥယျာဉ်များ၊ လမ်းများ၊

ကျောင်းသားအသင်းများ၊ အလုပ်သမားအဖွဲ့များသည် ဤသူရဲကောင်း၏အမည်ကို ခံယူထားကြသည်။ ဖူးချစ်၏ စာအုပ်များသည် သောင်းနှင့်သိန်းနှင့်ချီ၍ ပျံ့နှံ့နေသည်။ ကဗျာဆရာ၊ ဂီတဆရာ၊ ပြဇာတ်ဆရာ၊ စာရေးဆရာ၊ ရုပ်ရှင်ပညာသည်များနှင့် သိပ္ပံပညာရှင်များပင် သူ၏အမည်ကို ကျူးရင့်တင်စားနေကြသည်။ လူငယ်တို့သည် ဖူးချစ်၏တံဆိပ်ကို ရင်ဘတ်တွင် တပ်ဆင်ထားကြသည်။ ထိုမျှသာမက ဖူးချစ်၏အမည်မှာ ချက်စကိုဗားကီးယားပြည်၏ နယ်စပ်ကိုကျော်လွှားလျက်၊ ကမ္ဘာအနှံ့ အပြားသို့ ရောက်ခဲ့ပြီ။ ဆိုဗီယာက်ယူနီယံမှ နယူးဇီလန်အထိ၊ ပြင်သစ်ပြည်မှ အင်ဒိုနီးရှားအထိ၊ ဘူလ်ဂေးရီးယား၊ ရူမေးနီးယား၊ ဗီယက်နမ် ပြည်များသာမက၊ မက္ကဆီကို၊ အာဂျင်တီးနားပြည်များပါမကျန် ပျံ့နှံ့ခဲ့လေပြီ။ “ကြိုးစင် တွင် ရေးခဲ့သော သတင်းမှတ်တမ်း” ကို ဘာသာပေါင်း ၈၂ ဘာသာအထိ ပြန်ဆိုပြီးလေပြီ။ မျက်မမြင်စာလုံးများ ဖြင့်ပင် ရိုက်နှိပ်ထုတ်ဝေခဲ့ပြီ။ ကိုရီးယားစစ်သည်တော်များသည် စစ်ချီယင်းဤစာအုပ်ကို ဖတ်ခဲ့ကြသည်။ ချီလီ ပြည်မှ ကဗျာဆရာကြီး ပါဘလိုနဲရုဒါးသည် ဖူးချစ်အတွက် ကဗျာရှည်ကြီးရေးစပ်ခဲ့သည်။ တရုတ်ပြည်တွင် ဖူးချစ် အကြောင်းပြဇာတ်ကို ရုံတင်ပြသခဲ့သည်။ ဖောက်ပြန်သော အစိုးရတိုင်း ဤစာအုပ်ကို ကြောက်ရွံ့ကြသည်မှာ မ ထူးဆန်းပေ။ ဖက်ဆစ်များအုပ်စိုးနေသည့် စပိန်လိုတိုင်းပြည်မျိုးတွင် ဤစာအုပ်ကို လျှို့ဝှက်စွာ ထုတ်ဝေဖတ်ရှုကြ ရသည်။ အချို့တိုင်းပြည်များတွင် မြေအောက်တပိုင်း ဖြန့်ချိကြရသည်။ လူအပေါင်းတို့၏ လွတ်မြောက်ရေးကို ရှေ့ ရှုနေသော ဆိုဗီယက်ယူနီယံတွင်ကား မြင့်မားသောတောင်ကြီးတလုံးကို ယူးယိလုစ်ဖူးချစ် ဟု အမည်ပေးထား လေသည်။ ယူးလိယုစ်ဖူးချစ်သည် တကမ္ဘာလုံးက၀ိုင်း၍ ချစ်ခင်လေးစားခြင်းကို တကယ်ပင်ခံယူထိုက်သော သူတ ယောက်ဖြစ်ခဲ့လေသည်။ သူသည် ဘ၀ကိုချစ်ခဲ့သည်။ လူကို ချစ်သည်။ လူအပေါင်းတို့ ပျော်ပျော်ရွှင်ရွှင် နေကြ သည်ကို မြင်လိုသည်။ လူတို့သည် လူဟူသော ကျက်သရေအပြည့်အ၀ဖြင့် လောကကြီး၏ တိုးတက်မှုအတွက် အလုပ်လုပ်နိုင်ကြရန် စေတနာထားခဲ့သည်။ လူ၏တိုးတက်မှု၊ လူ၏ကျက်သရေ၊ လူ၏ဘ၀တို့ကို တားဆီးချိုးနှိမ် ထားသော လူလူချင်း အညွန့်ခူးမှု၊ သွေးစုတ်မှုတို့ကို မုန်းတီးခဲ့သည်။ ထို့ကြောင့်လဲ အရင်းရှင်စနစ် ဖက်ဆစ်တို့ကို တိုက်ခိုက်ခဲ့သည်။ ချက်နှင့်စလိုဗက်အမျိုးသားများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့သည်။ တကမ္ဘာလုံးရှိ လူအပေါင်းတို့၏ အနာဂတ်အတွက် အသက်ပေးခဲ့လေသည်။ ဖူးချစ်အား ရှာမှရှားသည့် သူရဲကောင်းတယောက်ဟု တင်စားလိုက်လျှင်ကား၊ ခုတ်ရာတခြား ရှရာတ ခြားဖြစ်သားပေလိမ့်မည်။ ထိုသို့ အယူလွဲသောသူများသည် ဤစာအုပ်ကို တခေါက်ပြန်၍ ဖတ်ရန်လိုပေလိမ့်မည်။ွ ယုတ်စွအဆုံး အခဏ်း ၅ မှ ပမာဏစကားများကို ပြန်၍ကြည့်သင့်သည်။ အမှန်မှာ ဖူးချစ်သည် သူရဲကောင်းအ မြောက်အများကို ကိုယ်စားပြုသူဖြစ်လေသည်။ သူသည် ချက်ကိုစလိုဗက် တပ်သားကောင်းများကိုလဲ ကိုယ်စား ပြုသည်။ နိုင်ငံတကာမှ တပ်သားကောင်းများကိုလဲ ကိုယ်စားပြုသည်။ ဗမာပြည်နှင့်ပင် ဆက်စပ်၍ ကြည့်နိုင်သေး သည်။ ဥပမာ ချက်နှင့်စလိုဗက်လူမျိုးများက ဂျာမန်နာဇီများကို ဆန့်ကျင်တိုက်ဖျက်နေကြသော အချိန်တွင် ဗမာ အမျိုးသားများသည်လဲ ဂျပန်ဆက်စစ်များကို တော်လှန်တိုက်ခိုက်နေခဲ့ကြသည် မဟုတ်ပါလော။ ဤသို့သာ ဆက်စပ်၍မနေက၊ ချက်နှင့်စလိုဗက်များမှလွဲ၍ ဖူးချစ်ကို မည်သူမျှနားလည်နိုင်မည် မဟုတ် ပေ။ ယခုသော်ဖူးချစ်သည် ကမ္ဘာသူကမ္ဘာသားများ၏ သူရဲကောင်းဖြစ်လာသည်။ ကြိုးစင်တွင်ရေးခဲ့သော သတင်း မှတ်တမ်းမှာလဲ တော်လှန်ရေးသမားများ၏ ဘုံပစ္စည်းဖြစ်လာပေသည်။ ……. ……. ……. ……. ……. ……. ……. ……. ……. ……. ……. ယူးလိယုစ် ဖူးချစ်သည် လူမွဲမျိုးရိုးမှ ဆင်းသက်လာခဲ့သည်။ ဖခင်မှာ အလုပ်သမားတယောက်ဖြစ်လျက်၊ မိခင်မှာ အပ်ချုပ်သည်ဖြစ်သည်။ ၁၉၀၃ ခု နှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ပရာဟာမြို့တော်၊ စမီးခေါ့ဗ်အရပ် ၌ ယူးလိယုစ်ဖူးချစ် ဖွားမြင်လာခဲ့လေသည်။ မိဘများမှာလဲ အလုပ်သမားများဖြစ်လျက် ပတ်ဝန်းကျင်မှာလဲ အလုပ်သမား ပတ်ဝန်းကျင်ဖြစ်ခဲ့ရကား ဖူးချစ်သည် ပစ္စည်းမဲ့တို့၏ ဘ၀ကိုကောင်းစွာ သဘောပေါက်ခဲ့လေသည်။ ပရာဟာမြို့မှပလ်ဇဲည်မြို့သို့ ရွေ့ ပြောင်းသွားသည့်အခါ၌လဲ အလုပ်သမားအိမ်ထောင်များ၏ ဒုက္ခများကို ကိုယ်တွေ့မျက်မြင် ခံစားခဲ့ရ လေသည်။

ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားလာသောအခါတွင် ငယ်ငယ်ရွယ်ရွယ်နှင့် ငတ်ပြတ်သောအရသာကို ကြုံတွေ့ လာရသည်။ အလုပ်သမားများ အဖိနှိပ်ခံရခြင်းကို မြင်လာရသည်။ တခါ ငတ်ပြတ်နေသောခလေးများသည် အ စားအသောက်များ တင်ဆောင်လာသည့် စစ်ကားများကိုဝင်၍လုကြရာ စစ်သားများက ခလေးလူမမယ်များကို ပစ်သတ်ခဲ့ကြသည်။ သို့ဖြင့် မိမိ၏မျက်မှောက်၌ သူငယ်ချင်းငါးယောက် အသက်ပျောက်သွားကြသည်ကို ယူးလိ ယုစဖူးချစ် တွေ့မြင်ခဲ့ရလေသည်။် ယူးလိယုစ်သည် စာရေးစာဖတ် ၀ါသနာပါသည်။ ထို့ကြောင့် စာအမြောက်အများ ဖတ်သည်သာမက လက်ရေးမဂ္ဂဇင်းကလေးများပင် ရေးနေခဲ့သည်။ ပတ်ဝန်းကျင်ကိုလဲ စူးစူးစိုက်စိုက် အကဲခတ်လေ့ရှိသဖြင့် ထို ခေတ်က ပြဿနာများကို နားလည်နိုင်ခဲ့သည်။ အချိန်မှာ ချက်နှင့်စလိုဗတ်အမျိုးသားများအနေဖြင့် သြစတြီးယား - ဟန်ဂေရီ အင်ပါယာ၏ လက်အောက်သို့ ကျရောက်နေသော အချိန်ဖြစ်သည်။ အလုပ်သမားများနှင့် တိုင်းသူ ပြည်သားများက လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးတို့ကို တောင်းဆိုနေကြသည်။ အောက်တိုဘာတော်လှန်ရေးကြီး ၏ ဂယက်ရိုက်နေသဖြင့်လဲ ဆိုရှယ်လစ်တိုင်းပြည် တည်ထောင်ရေးအတွက် ကြွေးကြော်နေကြသည်။ နောက် ချက်ကိုစလိုဗတ်ကီးယားပြည် လွတ်လပ်ရေးရလာသည်။ ချက်ကိုစလိုဗတ်ဓနရှင်များက အာဏာသိမ်းပိုက်လိုက် ကြသောအခါတွင် အလုပ်သမားများက ဤသမတနိုင်ငံသည် မိမိတို့ကြိုးစားပန်းစား တိုက်ပွဲဝင်တောင်းဆိုခဲ့သော သမတနိုင်ငံမဟုတ်ဟု ကန့်ကွက်နေကြလေသည်။ ယူးလိယုစ်သည် အစဉ်သဖြင့် တော်လှန်ရေးဘက်တွင် ကြံ့ကြံ့ခိုင်ရပ်တည်နေခဲ့သည်။ ရုရှားတော်လှန် ရေးကို ထောက်ခံယုံကြည်ခဲ့သည်။ အလုပ်သမား လူတန်းစားဘက်သို့ အမြဲလိုက်သည်။ ၁၉၂၁ ခုနှစ်သို့ ရောက် သောအခါတွင် ဆိုရှယ်ဒီမိုကရက်များသည် ပုလိပ်လှံစွပ်များ နောက်မှနေ၍ ပြည်သူ့အရေးတော်ပုံကို သစ္စာ ဖောက်လိုက်ကြလေသည်။ ထိုအချိန်တွင် ကွန်မြူနစ်ပါတီပေါ်ပေါက်လာသည်။ ၁၈ နှစ်သား ယူးလိယုစ်ဖူးချစ်လဲ ပါတီဝင်တယောက် ဖြစ်လာလေသည်။ ပါတီအတွင်း အချောင်သမားများကတဘက်၊ ဘော်လ်ရှီဗစ် ကွန်မြူနစ် များကတဘက် တိုက်ပွဲဖြစ်ပေါ်လာသည့်အခါ၌လဲ ဖူးချစ်သည် မှန်ကန်တော်လှန်သော လမ်းစဉ်ကိုလိုက်ခဲ့လေ သည်။ တက္ကသိုလ်ကျောင်းတက်စဉ် ငွေရေးကြေးရေး ချို့ငဲ့သဖြင့် စာသင်ပြခြင်းဖြင့်တမျိုး၊ တိုက်ဆောက်ရာ နေရာများ၌ အလုပ်ကြမ်းဝင်လုပ်ခြင်းဖြင့်တဖုံ အလုပ်လုပ်နေခဲ့ရသည်။ စာနယ်ဇင်းများတွင် ဆောင်းပါးများ ရေး ခြင်းဖြင့်လဲ ငွေဝင်လမ်းရှာခဲ့သည်။ ကွန်မြူနစ်ပါတီ ဗဟိုသတင်းစာ ရူဒပရားဗောတွင်လဲ သဘင်နှင့် ရုပ်ရှင်ဝေဖန် ရေးဆောင်းပါးများ ရေးသားခဲ့သည်။ နောင်သော် နာမည်ကျော် တဗောရဘာဂျာနယ်ကို ကြီးကြပ်ထုတ်ဝေခဲ့လေ သည်။ ၁၉၃၀ ခုနှစ်တွင်ကိုယ်စားလည်အဖွဲ့တဖွဲ့နှင့် ဆိုဗီယက်ယူနီယံသို့ရောက်ရှိသွားသည်။ ပြန်လာသော အခါတွင် “နံနက်ဖြန်သည် ယမန်နေ့ဟုအဓိပ္ပာယ် ပေါက်နေပြီဖြစ်သော တိုင်းပြည်” ဟူသည့် သတင်းမှတ်တမ်း စာအုပ်ကို ရေးသားထုတ်ဝေသည်။ ဆိုဗီယက်ယူနီယံအကြောင်း သတင်းမှန်များဖြန့်ဖြူးမှုအတွက် ထောင်အကြိမ် ကြိမ်ကျ၊ သတင်းစာ အကြိမ်ကြိမ်အပိတ်ခံရသည်။ ၁၉၄၃ ခုနှစ်တွင် ဆိုဗီယက်ယူနီယံသို့ ရူဒဲပရားဗော သတင်း ထောက်အဖြစ် လျှို့ဝှက်စွာသွားရောက်လျက်၊ ၂ နှစ်ကြာမျှ နေထိုင်ခဲ့သည်။ ပြန်လာသောအခါတွင် အဆိုပါသ တင်းစာ၏ အယ်ဒီတာအဖြစ် တာဝန်ယူခဲ့လေသည်။ အချိန်မှာ ပြည်တွင်း၌ အလုပ်လက်မဲ့များ တောင်လိုပုံနေသည်နှင့်အမျှ လူများလဲ ငတ်ပြတ်နေသော ကာလ ဖြစ်လေသည်။ အိမ်နီးချင်း ဂျာမဏီပြည်၌လဲ ဟစ်တလာ၏ ဖက်ဆစ်နာဇီများအာဏာရ၍ ချက်ကိုစလိုဗား ကီးယားကို သိမ်းမည်တကဲကဲ ခြိမ်းချောက်နေကြသော အခါလဲ ဖြစ်လေသည်။ နောက် ဗြိတိသျှနန်းရင်းဝန်ကြီး ချိဘာလိန်နှင့် ပြင်သစ်ဝန်ကြီးချုပ် ဒလဲဒီးယားတို့က ငြိမ်းချမ်းကို ကာ ကွယ်ရန်ဟူသော ရှင်းလင်းချက်ဖြင့် ဟစ်တလာ တောင်းဆိုသော မြူးနစ်စာချုပ်ကို လက်မှတ်ထိုးလိုက်ကြသည်။ ချက်ကိုစလိုဗတ်ဓနရှင်များကလဲ တိုင်းပြည်ကို သစ္စာဖောက်လိုက်ကြသည်။ ဟစ်တလာကလဲ ချက်ကိုစလိုဗား ကီးယားပြည်ကို သိမ်းပိုက်လိုက်လေသည်။

ထိုအချိန်မှစ၍ ယူးလိယုစ်ဖူးချစ်သည် အခြားကွန်မြူနစ်များ၏နည်းတူ မြေအောက်လျှို၍ နေခဲ့ရသည်။ အစပိုင်းတွင် စာပေနှင့်ရာဇ၀င်ဆိုင်ရာ လေ့လာစာများ ရေးနေခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် မြေအောက်သို့ရောက် နေသော ကွန်မြူနစ်ပါတီ၏ ပထမဗဟိုကော်မတီကို နာဇီများက ဖမ်းမိသွားသည့်အခါတွင် ဗဟို ကော်မတီအသစ် တခုကိုဖွဲ့ရသည်။ ဖူးချစ်သည် အခြားရဲဘော်များနှင့်လက်တွဲ၍ တော်လှန်ရေးအလံကို မြှင့်တင်ထားခဲ့လေသည်။ ၁၉၄၂ ခုနှစ် ဧပြီလတွင် ယူးလိယုစ်ဖူးချစ် အဖမ်းခံရလေသည်။ ရက်ရက်စက်စက် အညှဉ်းပမ်းခံရသည်။ သို့စဉ်လျက် အောင်ပွဲတွင် ခိုင်ခိုင်မြဲမြဲယုံ ကြည်ခဲ့သည့်အတိုင်း ဒူးမထောက်ခဲ့၊ အရှုံးမပေးခဲ့။ ထိုမှ ကြပ်တည်း သောအချိန်၌ပင် “ကြိုးစင်တွင် ရေးခဲ့သော မှတ်တမ်း” ကို လျှို့ဝှက်စွာ ရေးသားခဲ့လေသည်။ ၁၉၄၃ ခုနှစ် သြဂုတ်လတွင် သူ့အား ဘာလင်မြို့၌ ရုံးတင်စစ်ဆေးကာ သေစားသေစေ အမိန့်ချမှတ်ခဲ့ ကြသည်။ စက်တင်ဘာလ ၈ ရက်နေ့တွင် ကွပ် မျက်ခြင်း ခံရသည်။ ယူးလိယုစ်ဖူးချစ်ကား နောက်ဆုံးအချိန်အထိ ခိုင်မာသောသူရဲကောင်း ပီသခဲ့လေသည်။ ကမ္ဘာ့ပစ္စည်းမဲ့တို့၏ “အင်တာနေရှင်နယ်” သီချင်း ကြီးကို သီဆိုယင်း ကွပ်မျက်ရာနေရာသို့ ရဲဝံ့စွာလျှောက်သွားခဲ့လေသည်။ ………………… သူရဲကောင်း။ ကျနော်တို့၏ ဗမာပြည်သမိုင်းတွင် သူရဲကောင်းနှင့် ပတ်သက်သော သဘောတရားများကို ရှာ၍တွေ့နိုင် သည်။ အာဇာနည်သူရဲကောင်းရွေးပွဲများပင် ကျင်းပခဲ့ဖူးသည်။ လက်ဖျားထိပ်တွင် အပ်နှင့်အစိုက်ခံဝံ့သောသူကို သူရဲကောင်းဟုခေါ်လျက် မိမိ၏၀မ်းကို မိမိခွဲကာ အူများဆွဲထုတ်ပြသူကို လူမိုက်ဟုခေါ်ခဲ့ကြ သည်။ အမှန်အား ဖြင့် ကြမ်းကြုတ်သော လူမိုက်နှင့်သတ္တိရှိသော သူရဲကောင်းကို ခွဲခြား၍ မြင်တတ်ရန်လိုပေသည်။ ယင်းသို့သာ မခွဲခြားတတ်လျှင် တိုက်ရဲ၊ ခိုက်ရဲ၊ ရိုက်ရဲသော လူမိုက်တိုင်းကို သူရဲကောင်းဟု ခေါ်နေကြရပေလိမ့်မည်။ ဘာ လုပ်၍ ဘာကိုင်ရနေမှန်းမသိဘဲ တိုက်ပွဲတွင်းသို့ပြေးဝင်ကာ သတ်ရဲ ဖြတ်ရဲသည့် မျက်စိကန်း တိုက်ရဲခိုက်ရဲသူ တိုင်းကို သူရဲကောင်းဟု ခေါ်နေကြရပေလိမ့်မည်။ ယူးလိယုစ်ဖူးချစ်တွင်လဲ သူရဲကောင်းနှင့်ပတ်သက်သော အယူအဆ သဘောထားများ ရှိခဲ့လေသည်။ ၁၉၄၃ ခုနှစ်တွင် ရေးခဲ့သော ဆောင်းပါးတပုဒ်၌ “သူရဲကောင်းဆိုသည်မှာ အဆုံးအဖြတ်ပေးမည့်အချိန်၌ လူ့အဖွဲ့အစည်းကြီးတခုလုံး၏ အကျိုးရှိမှုသို့ ရှေ့ရှုမည့်တာဝန်ကို အချွန်းအချန်မရှိ စွန့်စား၍ ထမ်းဆောင်ရဲသော သူကို ဆိုလိုသည်” ဟု အပိုဒ်တိုင်း အပိုဒ်တိုင်းကို ရှင်းလင်းဆွေးနွေးယင်း ရှင်းတမ်းဖွင့်ခဲ့လေ သည်။ မှန်သည်။ စွန့်စားခဏ်းကိုလဲ ကြည့်ရမည်၊ ဘာ့ကြောင့်စွန့်စားရသည်ဟူသော ဇစ်မြစ်ကိုလဲ ကြည့်ရမည်။ “လူ့အဖွဲ့အစည်း ကြီး တခုလုံး၏ အကျိုးရှိမှု” ဟူ သော အပိုဒ်ကို အထူးအာရုံစိုက်ရပေလိမ့်မည်။ မိမိ၏ ရှင်းတမ်းအတိုင်း ယူးလိယုစ်ဖူးချစ်သည်လဲ လူ့အဖွဲ့အစည်းကြီးတခုလုံး၏ အကျိုးရှိမှုအတွက် အသက်ပါမချန် စွန့်စားယင်း အဆုံးသတ်အထိ တိုက်ပွဲဝင်ခဲ့လေသည်။ ထောင်တွင်းမှနေ၍ အသက်နှင့်ခန္ဓာတွဲလျက်သား လွတ်မြောက်ရန်လမ်းမရှိသော အချိန်၌ပင် ဖူးချစ် သည် လူ့ကျက်သရေကို ထိန်းသိမ်းတတ်သည်။ “ကြိုးစင်တွင်ရေးခဲ့သော သတင်းမှတ်တမ်း” ကို ဖတ်ကြည့်သူ တိုင်းသည် ကြီးမားလှသော သူ၏သတ္တိ၊ သူ၏ခွန်အားတို့အပေါ် တအံ့တသြဖြစ်ကြရသည်။ သူသည် ကျဉ်းကြပ်လှသော ထောင်ဘ၀တွင် မြက်ပင်ကလေးတပင်၊ ပေါင်မုန့်ကလေးတလုံး၊ စီးကရက် လေးတရှိုက်ကိုပင် ကြီးမားလှသော လူ့သဘာဝများအဖြစ် မြင်တတ်သည်။ တချိန်တည်း၌ပင် သူ့အား ရိုက်ပုတ် စော်ကားနေကြသည့် ပုလိပ်များကို သနားစရာသတ္တ၀ါများအဖြစ် မြင်တတ်သည်။ ရာထူးတံဆိပ်များဖြင့် ၀င့်ကြွား ၍နေကြသော အရာရှိများကို သရော်စရာ၊ ရယ်စရာဟု မြင်တတ်သည်။ ပုဒ်ထီး ပုဒ်မများဖြင့် အလုပ်ရှုပ်နေကြ သော တရားသူကြီးများ၏ “ကိုယ်တင်း၌ သွေးဟူ၍မရှိ၊ ဟင်းချိုရည်ကျဲကလေးသာရှိသည်” ဟု ပြောတတ်သည်။ွ မိမိအား ဂက်စတာပိုများက ဖမ်းချုပ်၍ စစ်ဆေးနေသည့်အချိန်၌ပင် အဆိုပါ ဂက်စတာပိုတို့သည် တနေ့ ပြည်သူ့ ရုံးတော်၏ရှေ့တွင် အစစ်ခံကြရလိမည့်ဟု တထစ်ချ ယုံကြည်နေခဲ့လေသည်။ ………………. …………………… ……………….

နာဇီများစစ်ရှုံး၍ ဆိုဗီယက်တပ်နီတော်က ဘာလင်မြို့ကို သိမ်းပိုက်ပြီးသည့်နောက်ပိုင်းတွင် ယူးလိယုစ် ဖူးချစ်၏ အမှုတွဲကိုတွေ့ရှိကြရလေသည်။ နာဇီများက ဆင်လုံးထုတ်ရန် ဖူးချစ်ကို ရုံးတင်စစ်ဆေးခဲ့ကြသည်။ သို့ သော် ရုံးခန်းထဲတွင် ယူးလိယုစ်ဖူးချစ်မှာ တရားခံဘ၀မှနေ၍ တရားလိုဖြစ်နေခဲ့သည်။ အမှန် တရားဘက်မှ ပြည် သူလူထုဘက်မှနေ၍ ဖောက်ပြန်ရေးသမား၊ ဖျက်ဆီးရေးသမားတို့အပေါ် စွဲချက်တင်၊ စီရင်ချက်ချခဲ့လေသည်။ “ချက်ကိုစလိုဗားကီးယားသမတနိုင်ငံမှာ …” ဟူ၍ ရဲရဲဝံ့ဝံ့ ထွက်ဆိုခဲ့သည်။ ထိုမျှမကသေး။ ကျုပ်ကွန်မြူနစ်တယောက်ဖြစ်ခဲ့တာဟာ အရင်းရှင်စနစ်ကို မလိုလားလို့ပဲ။ ဒီစစ်ကြီးပြီးတဲ့အခါ ခေတ်သစ် ကြီးတခေတ် ပေါ်ထွန်းလာလိမ့်မယ်လို့ တထစ်ချ ယုံကြည်တယ်

“အခု ခင်ဗျားတို့က ကျုပ်အပေါ် စီရင်ချက်ချကြတော့မယ်။ ကျုပ်သိပါတယ်။ လူတယောက်အပါ် သေ စားသေစေတဲ့။ ဒါပေမဲ့ ခင်ဗျားတို့အပေါ် ကျုပ် စီရင်ချက်ချထားတာကတော့ ကြာလှပြီ။” “ဖက်ဆစ်စနစ် သေဆုံးပါစေ။” “အရင်းရှင် ကျွန်စနစ် သေဆုံးပါစေ။” “ဘ၀ဟာ လူတွေအတွက် ဖြစ်ရမယ်။” “အနာဂတ်ဟာ ကွန်မြူနစ်စနစ်အတွက် ဖြစ်ရမယ်” ဟူ၍လဲ စီရင်ချက်များ ချခဲ့လေသည်။
ယုံကြည်ချက်ပြင်းထန်သော ယောက်ျားကောင်း တယောက်ဖြစ်လေသည်။ ယူးလိယုစ်ဖူးချစ်ကား မိမိ၏အမျိုးကို ချစ်ခင်သည်။ မိမိတို့၏ ယဉ်ကျေးမှုကို မြတ်နိုးသည်။ ဤစာအုပ် ထဲ၌ပင် စာပေဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ပြဿနာများကို မဆွေးနွေးဘဲ မနေနိုင်သည့်အထိဖြစ်သည်။ သို့သော် သူ၏ မျိုးချစ်စိတ်ကား ရွေးချယ်စီစစ်မှုမရှိသည့် တမျိုးချစ်စိတ်မဟုတ်ပေ။ ကိုယ့်လူမျိုးတမျိုး တည်းကိုသာ ချစ် တတ်လျှင် ဤမျှမွန်မြတ်သော စာအုပ်မျိုးကို ရေးနိုင်ခဲ့မည်မဟုတ်ပေ။ အမှန်အားဖြင့် ဖူးချစ်သည် ချမ်းသာသော လူတဆုပ်နှင့် မွဲတေနေသော လူထုကြီးကို ခွဲခြား၍ကြည့်ခဲ့သည်။ အလုပ်သမား၊ လယ်သမားများနှင့် လူမွဲများသာ လျှင် ယူးလိယုစ်ဖူးချစ်၏ အမျိုးဖြစ်သည်။ ချက်ဓနရှင်တို့ကား သူ၏ ရန်သူများ သာ ဖြစ်ခဲ့လေသည်။ နိုင်ငံတကာမှ အဖြစ်အပျက်များ၊ လှုပ်ရှားမှုများကို လေ့လာခဲ့ရာ၌လဲ ကမ္ဘာ့ပစ္စည်းမဲ့များ၏ဘက်မှ ရပ် တည်နေခဲ့သည်။ ဘာလင်မှ အလုပ်သမားများ၊ မဒရစ်မှ သမတနိုင်ငံဘက်တော်သားများ၊ ဘရက်တာည်မှ ပြင်သစ်တံငါသည်များ အစရှိသောသူများနှင့် တသွေးတည်း၊ တသက်တည်း လက်တွဲနေခဲ့သည်။ ရဲရဲတောက် သော ကမ္ဘာ့တော်လှန်ရေးလှိုင်းများမှလဲ နိုင်ငံရေးယုံကြည်ချက်နှင့် သတ္တိတို့ကို လက်ခံပျိုးထောင်နေခဲ့သူ ဖြစ်လေ သည်။ အဟောင်းကို တိုက်ခိုက်၍ အသစ်ကိုမျှော်နေသည့်အခါတွင် ယူးလိယုစ်ဖူးချစ်သည် ဆိုဗီယက်ယူနီယံ ကို စံပြတိုင်းပြည်အဖြစ် မှန်ကန်စွာ မြင်တွေ့ခဲ့ လေသည်။ အမှန်အားဖြင့် ထိုခေတ်အခါက ဆိုဗီယက်ယူနီယံမှာ ယခုခေတ် ဆိုဗီယက်ယူနီယံနှင့် ကွာခြားလှသည်။ အစားအသောက် အနေအထိုင် များစွာမ ချောင်လည်လှသော တိုင်းပြည်ဖြစ်နေသေးသည်။ မြေစမ်း၍ ခရမ်းပျိုးနေရသည်ဖြစ်၍ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်နေရသည်။ သို့သော ဖူးချစ်မှာ အပေါ်ယံ ကို အရသာခံသူမဟုတ်၊ နက်ရှိုင်းစွာ လေ့လာတတ်သူဖြစ်၍ ဆိုဗီယက်ယူနီယံ၏ မှန်ကန်မှုများ၊ အစွမ်းအင်အားများကို နားလည်ခဲ့သည်။ တောက်ပြောင်သော အကာများဖုံးလွှမ်းထားသည့် ဂျာမဏီပြည်စသော အနောက်နိုင်ငံတို့ကို အားမကျဘဲ အနှစ်သာရအရ ခိုင်မာလှသော ဆိုဗီယက်လမ်းစဉ်ကိုသာ ယုံကြည်ခဲ့လေသည်။ ဖူးချစ်၏ အယူအဆအရ လူပုဂ္ဂိုလ်သည် အဖွဲ့အစည်း၏ တစိတ်တပိုင်းဖြစ်သည်။ ထို့အတွက်ကြောင့်လဲ လူပုဂ္ဂိုလ်သည် လူ့လောက၏ တပ်ချီပွဲတွင် နက်နက်နဲနဲပါဝင်ရမည်ဖြစ်လေသည်။ ထို့ကြောင့် တိုင်းပြည်နှင့် ပြည်သူလူထုတို့၏ လွတ်မြောက်ရေးတိုက်ပွဲကို ပွဲကြည့်သမားအနေနှင့်သာ အားမပေးလိုဘဲ သူကိုယ်တိုင်လဲ ၀င် ရောက်၍ တာဝန်ထမ်းဆောင်ခဲ့သည်။ တိုင်းပြည်၏ တပ်ဦးတွင် ရပ်တည်နေသော ကွန်မြူနစ်ပါတီသို့ ၀င်ရောက် ကာ တော်လှန်ရေး၊ တိုးတက်ရေးတို့အတွက် ကိုယ့်အုတ်တချပ်ကို ကိုယ်သယ်ခဲ့လေသည်။ …… …… …… …… …… …… …… …… …… …… …… …… …… …… …… ……

ဖူးချစ်ကဲ့သို့သော ကွန်မြူနစ်မျိုးကို ရန်သူတို့က စက်ဆုတ်ကြသည်မှာ အဆန်းမဟုတ်ပေ။ ထို့ကြောင့်လဲ သူ့အား ဖျောက်ဖျက်ပစ်လိုကြသည်။ သို့သော် ကွန်မြူနစ်တယောက်အား ဖျောက်ဖျက်ပစ်ရန်အတွက် အကောင်း ဆုံးသောနည်းလမ်းကား သေဒဏ်ပေးခြင်း မဟုတ်ပေ။ ထိုအကြောင်းကြောင့် ရန်သူတို့သည် ဖူးချစ်အား ဂုဏ် ကျက်သရေနိမ့်ကျသွားရန် သစ္စာဖောက်ဘ၀သို့ရောက်သားရန် လက်ကိုင်ဒုတ်ဘ၀သို့ ပြောင်းသွားရန် အားထုတ်ွ ကြသည်။ လူကိုရက်စက် စွာညှဉ်းပမ်းကြသည်။ ကိုယ်ခန္ဓာကိုသာမက၊ ထို့ထက်ဆိုးဝါးသော နည်းစနစ်အရ စိတ်ကိုလဲ ညှဉ်းပမ်းခဲ့ကြသည်။ သို့စဉ်လျက် ဖူးချစ်က ဒူးမထောက်ခဲ့သောအခါတွင် အကြီးဆုံးသော အပြစ်ဒဏ် - ဓားသွားဖြင့် ခေါင်းဖြတ်သတ်ခြင်းကို ပေးခဲ့ကြလေသည်။ လူ၏အသက်ကိုကား သတ်ဖြတ်နိုင်ကြသည်။ လူ၏ဂုဏ်ကျက်သရေကိုကား မချိုးနှိမ်နိုင်ကြ။ “လူဆိုတာ ခေါင်းတလုံးပြတ်သားရင်တောင်မှ ကျက်သရေလျော့သားတတ်တဲ့ အစားမျိုးမဟုတ်ပါဘူး” ဟု ဖူးချစ်ကိုယ်တိုင်ွ ရေးသားခဲ့ဘူးလေသည်။ ဖူးချစ်သည် အမှန်တရားဘက်၌ ရပ်တည်နေခဲ့သည်။ လူတို့အချင်းချင်း ချစ်ကြည်ရေး၊ ပျော်ရွှင်ရေး၊ ငြိမ်းချမ်းရေးတို့ကို တောင့်တခဲ့သည်။ လူလူချင်း သွေးစုပ်မှုများရှိနေသမျှကာလပတ်လုံး စစ်များဖြစ်ပွားနေမည် သာ ဖြစ်သည်။ စစ်များဖြစ်နေသမျှကာလပတ်လုံး မေတ္တာတရားသည် ကမ္ဘာအပြည့် လွှမ်းမိုးနိုင်လိမ့်မည် မဟုတ်။ လူများမွဲတေ ငတ်ပြတ်နေသမျှကာလပတ်လုံးလဲ လူပုဂ္ဂိုလ်၏ကျက်သရေသည် တိုးတက်ဖွံ့ဖြိုးနိုင်မည် မဟုတ်ပေ။ ဖူးချစ်သည် လူအပေါင်းတို့အား နှလုံးထဲ၊ အသည်းထဲမှ ချစ်ခင်ခဲ့သည်။ သာယာသောကမ္ဘာတွင် ပျော် ရွှင်စွာ နေထိုင်ကြစေရန် စေတနာထားသည်။ ငြိမ်းချမ်းရေးရကြစေရန်၊ လူ့လောကတိုးရေးအတွက် အလုပ် လုပ်နိုင်ကြစေရန် စေတနာထားသည်။ သို့သော်လဲ လူ့လောကတွင် အန္တရာယ်များ ၀ိုင်းနေလိမ့်ဦးမည်ကိုလဲ သဘောပေါက်ခဲ့သဖြင့် -

“လူအပေါင်းတို့ နိုးနိုးကြားကြားရှိကြလော့”
ဟူ၍လဲ သတိပေးခဲ့သေးသည်။ လူအပေါင်းတို့လဲ ၁၉၅၀ ခုနှစ်တွင် ဤချစ်စရာကောင်းလှသော ပုဂ္ဂိုလ်အား နိုင်ငံတကာငြိမ်းချမ်းရေး ဆုကြီး ချီးမြှင့်လျက်၊ ၎င်းမှာကြားခဲ့သော အထက်ပါစကားတို့ကို ငြိမ်းချမ်းရေးကာကွယ်သူတို့၏ လက်သုံးစကား အဖြစ် လက်ခံခဲ့ကြလေသည်။ လက်ငင်းခေတ်မှာ ငြိမ်းချမ်းရေးနှင့် စစ်တို့ရင်ဆိုင်၍ အားပြိုင်နေကြသော ခေတ်ဖြစ်သည်။ အဖိနှိပ်ခံ နိုင်ငံများနှင့် နယ်ချဲ့နိုင်ငံများ အကြိတ်အနယ် တိုက်ခိုက်နေကြသော ခေတ်ဖြစ်သည်။ သွေးစုပ်ခံလူတန်းစားများ နှင့် သွေးစုတ်သော လူတန်းစားတို့ နောက်ဆုံးပိတ်တိုက်ပွဲအတွက် ပြင်ဆင်နေကြသော ခေတ်ဖြစ်သည်။ အား သစ်နှင့် အားဟောင်း၊ ဘ၀နှင့်သေမင်းတို့၏ ပဋိပက္ခတို့သည် အသွင်အမျိုးမျိုးဖြင့် ပေါ်နေကြလေသည်။ ဤသို့သော ကာလမျိုးတွင် ကမ္ဘာ့နိုင်ငံရေးကား ရှုပ်ထွေးလှသည်။ ပြည်သူလူထုများ၏ ရန်သူများသည် ပြဿနာများကို ရှုပ်သည်ထက်ရှုပ်အောင် လုပ်ကြသည်။ လူများနားယောင်သားစေရန် တိုးတက်ဟန်ရှိသွော ကြွေးကြော်သံများကိုပင် ဖော်ထုတ်ကြသည်။ ကုန်ကုန်ပြောရလျှင် ဒုတိယကမ္ဘာစစ်ကြီးအတွင်း ကရာဇ၀တ်မှုများ ကျူးလွန်ခဲ့ကြသည့် နာဇီများ၊ ဖက်ဆစ်များကိုပင် ပြန်၍ အသက်သွင်းအားပေးနေကြပြန်လေပြီ။ ဤသို့သောအချိန်မျိုး၌ ကြိုးစင်တွင်းရေးခဲ့သော သတင်းမှတ်တမ်းမှာ အတိတ်နှင့်သာသက်ဆိုင်သော စာအုပ်တအုပ်မဟုတ်တော့ပေ။ ယူးလိယုစ်ဖူးချစ် နောက်ဆုံးမှာကြားသွားသော စကားများမှာလဲ တန်ဘိုးရှိစွာ အသက်ဝင်၍နေပေသည်။ “လူအပေါင်းတို့ နိုးနိုးကြားကြား ရှိကြလော့”။ ။

၁၉၆၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့။

You might also like