You are on page 1of 6

လင်းဦး(စိတ်ပညာ): ကျွန်တော်သိသမျှ (၉) (သို့မဟုတ် ) Honda http://linoo.myanmarbloggers.org/2009/02/honda.

html

HOME သတင်းများ ကြေငြာခြင်း ကဗျာများ ရသစာတမ်းငယ် ဘာသာရေး ဘ၀အစိတ်အပိုင်းများ

လင်းဦး(စိတ်ပညာ)

2/23/2009

ကျွန်တော်သိသမျှ (၉) (သို့မဟုတ် ) Honda


Posted by လင်းဦး(စိတ်ပညာ) | Labels: ကျွန်တော်သိသ မျှ

မိတ်ဆွေတ စ်ယောက်နှင့် သံဃာတော်များ၏ အင်တာနက်အသုံးပြုမှုအကြောင်း ပြောရင်းနှင့် မန္တလေးမြို့


အကြောင်းရောက်သွား၏။ မန္တလေးတွင် ကားထက် ဆိုင်ကယ်ကို Crazy ဖြစ်ကြကြောင်း၊ ဆိုင်ကယ်ကို
သိန်းရာကျော်နေပါစေ ၀ယ်စီးလေ့ ရှိကြောင်း၊ အောက်ဒိုးတွေအကြောင်း၊
သယ်ယူပို့ဆောင်ရေးတွေအကြောင်း၊ စက်ပစ္စည်းအမျိုးအစားများအကြောင်းပြောဖြစ်ကြရာ Honda
စက်ပစ္စည်း အကြောင်း လည်းပါ၏။ ထိုမိတ်ဆွေမှာ Honda သည် ဂျပန်နိုင်ငံလုပ်စက်ပစ္စည်းဖြစ်ကြောင်းနှင့်
အမျိုးအစားများကို တန်းစီပြောနိုင်သော်လည်း Honda ဆိုသ ည် ဘယ်ကစ၍ ဘယ်လိုပေါ်သည်ကို မသိပေ။
သို့နှင့် ဤဆောင်းပါးကို ရေးရန် ဖြစ်လာခဲ့သည်။ သူတင်မဟုတ်၊ ယခုလက်ရှိ တော်တော်များများမှာ Honda စက်ပစ္စည်းများကို
အသုံးပြုနေသော်လည်း Honda ကို ဘာမှန်းမသိကြပေ။

1 of 6 2/22/2009 1:20 PM
လင်းဦး(စိတ်ပညာ): ကျွန်တော်သိသမျှ (၉) (သို့မဟုတ် ) Honda http://linoo.myanmarbloggers.org/2009/02/honda.html

ဟွန်ဒါဟူသောအမည်ကို ကမ္ဘာပေါ်ရှိ လူတိုင်းလိုလို ကြားဖူးကြသည်၊သိကြသည်။ မော်တော်ယာဉ်ကားဟူ၍ လည်းကောင်း၊


ဆိုင်က ယ်ဟူ၍လည်းကောင်း၊ ရေစုပ်စက်များဟူ၍ လည်းကောင်း ပြောကြပေမည်။ သို့သော် Honda သည် လူတစ်ယောက်၏
နာမည်ဖြစ်သည်ကို သိသူ နည်းပါးကြ၏။

Gihei Honda နှင့် Mika တို့မှ ဆိုအိချိရိုဟွန်ဒါကို ၁၉၀၆ခုနှစ်၊ နိုဝင်ဘာလ ၁၇ရက်နေ့တွင် မွေးဖွားခဲ့သည်။ သားချင်းကိုးယောက်တွင်
အကြီးဆုံးသားဖြစ်သည်။ ၁၉၂၂ခုနှစ်တွင် စက်မှုကျောင်းမှ ဘွဲ့ရရှိခဲ့သည်။ ထို့နောက် အလုပ်သ င်အနေဖြင့် Art ကုမ္ပဏီတွင်
အလုပ်လုပ်ခဲ့သ ည်။ ၁၉၃၇ တွင် ပစ်စတင်ကွင်းများကို ထုတ်လုပ်ခဲ့သည်။

ဒုတိယ ကမ္ဘာစစ်မတိုင်မီ ရှီဇူအိုကာပြည်နယ်ဟာမာမတ်ဆုမြို့ရှိ ကုမ္ပဏီခပ်ကြီးကြီးတစ်ခုကို ဟွန်ဒါ ပိုင်ဆိုင် ခဲ့ဖူးသည်။


တိုကာအိဆေ့ကီအမည်ရှိ ထိုကုမ္ပဏီတွင် ၀န်ထ မ်းနှစ်ထောင်ခန့်ရှိသည်။ စစ်ကြီးပြီးသောအခါ ဟွန်ဒါက ထိုကုမ္ပဏီကို
ရောင်းထုတ်လိုက်သ ည်။ထိုအချိန် ကာလက ဟာမာမတ်ဆုမှ တီထွင်ရေးသမား ဟူသောနာမည်ဖြင့် ဟွန်ဒါမှာ ထင်ရှားနေပေပြီ။
စစ်ကာလအတွင်းတွင် သူ့ဥာဏ်စွမ်းကို စစ်လေယာဉ်များ အတွက် ဒလက်များတီထွင်ထုတ်လုပ်ရာ၌ အသုံးပြုခဲ့ရသည်။ အစိုးရမှ
စစ်ပစ္စည်းများ တီထွင်ထုတ်လုပ်ရေးဌာန အတွက် ဟွန်ဒါအား ကမ်းလှမ်းကာ ခေါင်ဆောင်များ ချမှတ်ထားသော လမ်းစဉ်အတိုင်း
လုပ်ပေးခဲ့ရသည်။ ထို့ကြောင့် ဟွန်ဒါအနေဖြင့် ငြင်းဆန်၍ မရခဲ့ပေ။

စစ်ကြီး ပြီးဆုံးသွားသောအချိန်၌ ဂျပန်စစ်တပ်မှ စွန့်ပစ်ပစ္စည်းဖြစ်သည့် ကြိုးမဲ့ကြေးနန်းစက်မှ ဂျင်နရေတာကို သုံးထားသော


စက်တ ပ်ဘိုင်စကယ်ကို ပထမဦးဆုံး တီထွင်ခဲ့သည်။ အခြားသော တီထွင်မှု များစွာရှိခဲ့သော်လည်း ဘီတပ်ယာဉ်များနှင့်ပတ်သက်၍
စက်တ ပ်ဘိုင်စကယ်မှာ သူ၏ ပထမဦးဆုံး တီထွင်မှုပင် ဖြစ်သည်။

စက်ရုံအလုပ်သ မားများနှင့်အတူ အလုပ်လုပ်နေသော Honda

၁၉၄၈ တွင် Honda Motor Company ကို တည်ထောင်ခဲ့သ ည်။ ၁၉၅၃တွင် Benri Model J အမျိုးအစား မော်တော်ဆိုင်ကယ်ကို
စတင်ထုတ်လုပ်နိုင်ခဲ့သည်။ ၁၉၅၄ မတ်လ (၂၀)ရက်နေ့တွင် ဟွန်ဒါမှ သူ၏ ကုမ္ပဏီဝန်ထမ်းများအား ကြေငြာချက်တ စ်စောင်
ထုတ်ပြန်ခဲ့သည်။ "သူ၏ ရည်မှန်းချက်မှာ ကမ္ဘာ့အဆင့်ရှိ မော်တော်ကားအမြန်မောင်းပြိုင်ပွဲတွင် မိမိကုမ္ပဏီထုတ် ယာဉ်တစ်စင်းစင်းက
ဗိုလ်ဆွဲနိုင်ရေးပင်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ထိုကဲ့သို့ အဆင့်မြင့်ယာဉ်များကို ထုတ်လပ
ုရန် အဆင့်ရှိသည်ဟု မိမိယုံကြည်ကြောင်း၊
ဂျပန်နိုင်ငံ၏ စက်မှုကုန်ထုတ်စွမ်းအား တိုးမြှင့် တိုးတက်စေရန် ၀န်ထ မ်းများအနေဖြင့် ယခုထက်အစွမ်းကုန်ပိုမို ပူးပေါင်း ကြိုးစားကြရန်"
ဖြစ်သည်ဟု ထုတ်ပြန်ခဲ့လေသည်။

ထိုအချိန်က အင်္ဂလန်နှင့်အိုင်ယာလန်ကမ်းခြေအလွန်ရှိ မင်းန်းကျွန်းပေါ်တွင် နှစ်စဉ်ကျင်းပလေ့ရှိသော


တိုးရစ်ဖလားမော်တော်ဆိုင်ကယ်ပြိုင်ပွဲသည် အတော်ပင် မက်မောစရာ ကောင်းလှ၏။ ထိုပြိုင်ပွဲကား အမေရိက နှင့် ဥရောပ
ထိပ်သီးကုမ္ပဏီများမှ အကောင်းဆုံး မော်တော်ဆိုင်က ယ်များ ၀င်ပြိုင်ကြသော ပွဲပင် ဖြစ်သည်။ ထိုသို့ ကြေငြာချက်ထုတ်ပြန်ပြီးနောက်တွင်
ဟွန်ဒါကုမ္ပဏီမှာ ငွေကြေး အကြပ်အတည်းများဖြင့် ရင်ဆိုင်ခဲ့ရသည်။

2 of 6 2/22/2009 1:20 PM
လင်းဦး(စိတ်ပညာ): ကျွန်တော်သိသမျှ (၉) (သို့မဟုတ် ) Honda http://linoo.myanmarbloggers.org/2009/02/honda.html

6 Followers View All


ထို့နောက် တိုးရစ်ဖလားပြိုင်ပွဲ ပြိုင်ကွင်းကို လေ့လာရန် အင်္ဂလ န်သို့ ဟွန်ဒါ သွားရောက်သည်။ မြင်လိုက်ရသည်က ဟွန်ဒါလုပ်ထားသော
ကျွန်ေ တာ်ေ ရးသားပြီးသော
ကားအမြန်နှုန်းနှင့် လုံးဝလုံးဝ ကွာခြားနေသော မြန်နှုန်းမြင့် ကားများဖြစ်နေသည်။၊ ၄င်းပြိုင်ပွဲဝင်ကားများမှာ တစ်မိနစ်လျှင် အပတ်ရေ
ကဗျာများ
တစ်သောင် (50)
းကျော်ဖြစ်ပြီး ဟွန်ဒါထုတ်လုပ်သောကားမှာ တစ်မိနစ်လျှင် အပတ်ရေ သုံးထောင်သာ ရှိလေသည်။ သို့သော် သူ
အားမလျှော့ခဲ့။ သူလိုနေသည်က လေယာဉ်ပျံအင်ဂျင်တွေထက် ပါဝါနှစ်ဆ ရှိသည့် အင်ဂျင်ပင်။ ထို့အချိန်က တီထွင် ထုတ်လုပ်ရန်
သတင်းများ (46)
စက်အစိတ်ပိုင်းများ ဂျပန်ပြည်တွင်းတွင် ၀ယ်မရ၊ မရှိကြပါ။ သို့နှင့် ဟွန်ဒါ ဥရောပသို့ ထွကက
်ာ လိုအပ်သည့် ပစ္စည်းများ
လိနုက
ကျွ်လံဝယေ်
်တော် ယူရလေသည်
ပြာချင် နေတဲ့ ။
ကျွန်တော့်အမြင်များ (21)

ဘာသာရေးနှင့်ပတ်သက်၍ (14)

ဘ၀ထဲက အစိတ်အပိုင်းများ (10)

ကျွန်တော်သိသမျှ (9)

ကြေငြာခြင်း (7)

ရသစာတမ်းငယ် (2)

ဝတ္ထုတိုများ တင်ပြခြင်း (2)

ARSENAL-POSTMOUTH (1)

Arsenal Win Match-1 (1)

Arsenal-Spur (1)

ကာတွန်းများ (1)

သူလုပ်နတ
ဘ၀အစိုင်ခ
်အဲ့သပိည် ။ (1) သို့သော်
ုင်းများ သူ၏အင်ဂျင်စက်နှိုးသောအခါ မီးပွားများ များစွာ ထွက်နေသည်၊ ထို့ကြောင့်ပင်
ဆိုနီကော်ပိုရေးရှင်းနှင့်တိုင်ပင်ကာ ဆိုနီမှ ထုတ်လုပ်သော ထရန်စစ်စတာများကို အသုံးပြုရန် စဉ်းစားခဲ့ သေးသည်။ သို့သော် အသုံးမပြုခဲ့ပါ
၂၀၀၈
(ဆိုနီကေိ
ကာ်ုကြိပိုေ
ဆိုခြင်င်းး (1)
ရးရှ တည်ထောင်သူအကြောင်းအား အလျဉ်းသင့်ပါက ဆောင်းပါးတစ်ပုဒ်အဖြစ် ရေးသားပါဦးမည်။)။ ပြိုင်ပွဲဝင်မည်ဟု
ကြေညာပြီး ငါးနှစ်တာ ကာလရောက်မှပင် ဟွန်ဒါ၏ မော်တော်ဆိုင်က ယ်သည် တိုးရစ်ဖလားသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရသည်။ သို့သော်
ဆုဖလားကား မရရှိခဲ့၊ ပြိုင်ပွဲဝင် သုံးနှစ်တာကာလသို့ ရောက်သောအခါ( ၁၉၆၁ ခုနှစ်) တွင် ဆုဖလားကို ရရှိပါတော့သည်။
Get Zawgyi
အောင် မြင်မှုကား အခြားသူများနှင့်မတူဘဲ ပြိုင်ပွဲအမျိုးအစားအားလုံးနီးပါးတွင် ဆုဖလားများအားလုံး ရရှိခဲ့ခြင်းပင်ဖြစ်သ ည် ။

Zawgyi-One Font
ဟွန်ဒါကုမ္ပဏီမှ ထုတ်လုပ်သော ဆိုင်ကယ်များသည် ကမ္ဘာ အနှံ့ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့သည်။ ထိုမျှဖြင့် သူ၏ ရည်မှန်းချက်ကား
Zawgyi-One Keyboard Installer
မပြီးသေးပါ။ Keyboard
Zawgyi-One ထို့ကြောင့်ပင် ဟွန်ဒါသည် လေဘီးတပ်ယာဉ်များဖြင့် ပြိုင်ပွဲဝင်ရောက်ရန် စိုင်း ပြင်းလာခဲ့သည်။ သို့သော် ဂျပန်အစိုးရမှ
Layout
ကန့်ကွက်မှုများ ရှုတ်ချမှုများ ဟွန်ဒါ့ကို ရာဇသံပေးကာ ပြောကြားမှုမျိုးတွေ ဖြစ်လာခဲ့သ ည်။ ဂျပန်အစိုးရသည် တိုယိုတာနှင့် နစ်ဆန်း
PDF
ကုIn
All မ္ပဏီများကိ
Oneုသာ ကားလုပ်ငန်း လုပ်စေချင်ပြီး၊ ဟွန်ဒါ့အား ဂျပန်တွင် ကားလုပ်ငန်းအသစ်မလိုဟုပင် ပြောဆိုခဲ့သည်။ ဟွန်ဒါ ဂရုမစိုက်ဘဲ
Installer
သူ၏ အလုပ်ကိုသာ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သည်။ သူ၏ အမြင်နှင့် အစိုးရအမြင်များ ပဋိပက္ခ ဖြစ်လာခဲ့သည်။

လင်
ဤတွးဦင်း (စိအစိ
တုးရ်ပ ညာ)
ဝန်ကြီးဌာနများမှ နှောက်ယှက်မှုက မပြီးသေး၊ ကားအရောင်များ ခြယ်သရာတွင်ပါ ၀င်ရောက်စွက်ဖက်လာခဲ့သည်။
အဘယ်
အခု နေ
လို ဟွကြာင်
်ဒါ့ ဆိုသော် ဟွန်ဒါသည် သူ၏ ကားများတွင် အနီရောင်ကို စတင်အသုံးပြုမှုကြောင့်ပင် ဖြစ်သည်။ ဟွန်ဒါမှ "ကျွန်တော်တို့
ဂျပန်ပြည်းရဖော်
အကြောင်ဲ့ အြချို့သော ဓလေ့
ပပေးတာကျေးဇူ ထပုံါးတယ်
းတင် တမ်းတွေကို ချိုးဖောက်သင့်နေပြီ၊ ဒါမှ ဂျပန်ပြည် တိုးတက်မှာ"ဟု အစိုးရထံ ပြန်လ ည်ချေပ
မသ...
- My Diary့သည်။
ပြောကြားခဲ

အရင်ကသိခဲ့ပေမယ့်ဒီလောက်
၁၉၆၂ ခုနှစ်၊မေလတွင် သူသည် ကူးပါးကလိုင်းမက် ဟုခေါ်သော Formula 1 ကားတစ်စီးကို ၀ယ်ယူ၍ တစ်စစီဖြုတ်ကာ လေ့လာခဲ့သည်။
ဂဃနဏ မသိပါဘူး။ရှယ်ပေးလို့ ...
၁၉၆၃ခုနှစ်တွင် ဟွန်ဒါကုမ္ပဏီ၏ ပထမဦးဆုံး လေးဘီးတပ်ယာဉ်ဖြစ်သော HONDA S 500 မိုဒယ်ကို ထုတ်လုပ်နိုင်ခဲ့ပြီး၊ ဖော်မြူလာဝမ်း
- Welcome
Formula 1 ကားပြိုင်ပွဲသို့ နောက်နှစ်တွင် ၀င်ရောက်မည်ဟု ကြေညာလိုက်လေသည်။ ကြေညာချက်ထုတ်ပြီး တစ်နှစ်အကြာ ၊ ၁၉၆၅ခုနှစ်
၊ အောက်
ကျေးဇူ တိုဘ
းပဲ နယ် သာလတွ
ားရေ..ငခု မမက်
ှပဲ ဆီကို ကားပြိုင်ပွ္ပဲ၌ ပထမဆုံးအကြိမ်ဖလားရရှိခဲ့သည်။ ၁၉၇၂တွင် အမေရိက ဈေးကွက်တွင် Subaru နှင့်
စံMazda
ုစုံလင်လတိင်ု့ထက် သုံးဆမှ
သိရတယ် .....ျ ရောင်းခဲ့ရသည်။ ကမ္ဘာတွင် Honda ကားနှင့် ပစ္စည်းများမှာ အမြင့်ဆုးံ ဈေးကွက်သို့ ရောက်လာခဲ့သ ည်။
- ကိုရင်ညိန်း

ကိုလင်းဦး ပိုစ့်က

3 of 6 2/22/2009 1:20 PM
လင်းဦး(စိတ်ပညာ): ကျွန်တော်သိသမျှ (၉) (သို့မဟုတ် ) Honda http://linoo.myanmarbloggers.org/2009/02/honda.html

4 of 6 2/22/2009 1:20 PM
လင်းဦး(စိတ်ပညာ): ကျွန်တော်သိသမျှ (၉) (သို့မဟုတ် ) Honda http://linoo.myanmarbloggers.org/2009/02/honda.html

လူငယ်အင်ဂျင်နီယာများနှင့် အမြင်များ ကွဲလွဲလာခဲ့သည်။ ၁၉၇၃ တွင် ဟွန်ဒါကုမ္ပဏီင်္၏ ဥက္ကဌအဖြစ်မှ နှုတ်ထွက်ခဲ့ပြီး အကြံပေးအနေဖြင့်
နေထိုင်လေသည်။ ၁၉၇၉တွင် အိုဟိုင်းအိုတွင် စက်ရုံဖွင့်ခဲ့သည်။ ၁၉၉၁ ခုနှစ်၊ အသက်(၈၄)နှစ်တွင် တိုကျိုဆေးရုံ၌ အသဲရောဂါဖြင့်
ကွယ်လွန်လေသည်။ "ငါသေရင် င့ါအသုဘ ကြောင့် ကားလမ်းတွေ မပိတ်မိစေနှင့်" ဟု မှာခဲ့သည့်အတိုင်း သူ့ဇာပနကို အကျယ်မချဲ့ပဲ
ကျင်းပခဲ့လေသည်။

စေတနာများစွာဖြင့်

လင်းဦး(စိတ်ပညာ)

ပရင့်ထုတ်ရန်

10 comments:

နှင်းပွင့်ဖြူလေး said...

ဟွန်ဒါအကြောင်းကို ဖတ်သွားပါတယ်။


ခုမှပဲ ရှင်းရှင်းလင်းလင်းသဘောပေါက်တော့တယ်..
ခုလို ရှင်းပြပြီး မျှဝေပေးတာ ကျေးဇူးပါရှင်

February 23, 2009 8:42 AM


သက်ပိုင်သူ said...

အကိုရေ...မျှဝေပေးတာ ကျေးဇူးပဲဗျာ.. အရင်က ဟွန်ဒါဆိုတာ ဘာမှန်းမသိခဲ့ဘူး...

February 23, 2009 8:42 AM


poemflower said...

ဟွန်ဒါဆိုတာ ခုမှပဲသေချာသိတော့တ ယ် မျှဝေပေးတာကျေးဇူးပါ ကိုလင်းဦး

February 23, 2009 9:05 AM


poemflower said...

လင့်ထားမယ် ကိုလင်းဦး

February 23, 2009 9:08 AM


ကေမောင်ငြိမ်း said...

အခုလို ပညာဗဟုသုတလေးတွေ မျှဝေပေးတာကျေးဇူးပါ။ တိုယိုတာ၊ နစ်ဆန်း လိုကားကုမ္ပဏီတ ည်ထောင်သူတွေအကြောင်းတော့


သုတစွယ်စုံ စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်၊ ဟွန်ဒါကိုတော့ မကြားဖူးဘူးဗျာ၊ အခုလို မျှဝေပေးတာ ကျေးဇူးအထူးပါ :)

February 23, 2009 11:35 AM


ဖိုးဂျယ် said...

အကိုရေ မျှဝေပေးတာ ကျေးဇူး


အခုလို တန်ဖိုးရှိတဲ့ ပိုစ့်လေးတွေဖတ်ရတာ ကျေးဇူးပါ

5 of 6 2/22/2009 1:20 PM
လင်းဦး(စိတ်ပညာ): ကျွန်တော်သိသမျှ (၉) (သို့မဟုတ် ) Honda http://linoo.myanmarbloggers.org/2009/02/honda.html

February 23, 2009 12:22 PM


တားမြစ် ထားသော... said...

ဂျပန်ခေါင်းကြီးများ စက်မှုစီးပွားပိုင်း ဘာသာပြန်စာအုပ်မှာ ဖတ်ဖူးတယ်။


ထပ်ဖတ်သွားပါတယ်။ အတော် စုံစုံလ င်လင် တင်ပြထားတယ်။ စုစည်းတင်ပြမှုကို အားကျမိပါတယ်။

သုခမိန်(E-Journal)

February 23, 2009 4:50 PM


ကိုရင်ညိန်း said...

ကျေးဇူးပဲ နယ်သားရေ..
ခုမှပဲ စုံစုံလင်လင် သိရတယ် ..
ခင်ဗျားလက်ကိုလည်း ဟွန်ဒါ မော်တာတပ်ပြီးတီးဗျာ
ဒါမှ တီးကွက်တွေပိုသွက်လာမှာ ရွာစားရ .. :P အဟေးဟေး

February 24, 2009 12:39 AM


Welcome said...

အရင်ကသိခဲ့ပေမယ့်
ဒီလောက် ဂဃနဏ မသိပါဘူး။
ရှယ်ပေးလို့ ကျေးဇူးပါအစ်ကိုရေ .. ..

February 24, 2009 9:59 AM


My Diary said...

အခုလို ဟွန်ဒါ အကြောင်းဖော်ပြပေးတာကျေးဇူးတင်ပါတယ်


မသိတာလေးတွေ သိလိုက်ရလို့လေ
ဟွန်ဒါကလူဆိုတာ ခုမှကြားဖူးတယ်(He:)

February 24, 2009 10:57 AM

Post a Comment

Comment as:

Older Post Home


Subscribe to: Post Comments (Atom)

6 of 6 2/22/2009 1:20 PM

You might also like