You are on page 1of 2

အခုလို ပြည့်ပြည့်စုံစုံ ရှည်ရှည်လျားလျား ဖြေပေးတဲ့အတွက် အထူးကျေးဇူးပါ။ အစ်ကို အကြံပေးချက်တွေထဲက မြေသတင်းကို အဆက်မပြတ်လိုက်ပါ။ လျှောက်ပတ်ကြည့်ပါဆိုတဲ့ အချက်ကို ချွင်းချက်မရှိ ထောက်ခံ သဘောတူပါတယ်။ ကျတော်

အတွေ့အကြုံ အခြေအနေလေးကိုလည်း ရှယ်ခြင်ပါတယ်။ စတုန်းက ဒဂုံမြောက်ကို စိတ်ကူးတာပါ။ တစ်ကယ် သွားကြည့်တော့ ကိုယ်နိုင်တာနဲ့ ဒဂုံမြောက် ခေါ်ဈေးကို မကပ်နိုင်ဘူး ဖြစ်နေတယ်။ အဲဒါနဲ့ ဒဂုံတောင်ကို ရောက်သွားတယ်။ ဒါပေမဲ့ ဒဂုံမြောက်ထဲမှာ ၂၀၀ လောက်နဲ့ ရနိုင်တဲ့ အကွက် တော်တော်များများ ရှိပါသေးတယ်။ လမ်းမတန်းတော့ မရနိုင်ဘူးပေါ့။ ရှေ့ တစ်မျက်နှာ နှစ်မျက်နှာလောက်မှာတင် ၂၀၀ နဲ့ ၀ယ်လိုက်တဲ့အကြောင်း ရေးထားတာ တွေ့နိုင်သလို ကျတော်တင်ထားခဲ့တဲ့ ၁၀၀ ကျော်တန်သတင်းလည်း တွေ့နိုင်ပါတယ်။ ဒဂုံမြောက်ထဲမှာ ၂၀၀ နဲ့ ရနိုင်တဲ့ အကွက် တော်တော်များများ ရှိနိုင်ပါသေးတယ်။ အဓိက က ကိုယ်တိုင် တစ်လမ်းဝင် တစ်လမ်းထွက် ရှာနိုင်ဖို့ပါ။ တစ်ကယ်လိုခြင်ရင် တစ်ကယ်ဆင်းရှာပါ ရနိုင်ပါတယ်။ စိတ်ရှည်ဖို့ရယ် ဇွဲရှိဖို့ရယ် လိုပါမယ်။ ဂျာနယ် တစ်စောင်လောက် ၀ယ်ဖတ်လိုက်တယ်။ ပါတဲ့ ကြော်ငြာ ၃ ခု ၄ ခုလောက်ကို ဖုန်းဆက်မေးလိုက်တယ်။ အိုင်ဒီယာ ရလာပြီဆိုရင် အကွက် တစ်ကွက်ကွက်ကို အရင် ရွေးလိုက်တယ်။ ပြီးတော့ ကွင်းဆင်းကြည့်တယ်။ ပွဲစားနဲ့ ကြော်ငြာကိုချည်းဘဲ အားကိုးရင် ကိုယ်အတွက် အသက်သားဆုံးနဲ့ အကောင်းဆုံး အကွက် သတင်းကို မရနိုင်ဘူး။ ကျတော် တောင်ပိုင်းကို ရွေးလိုက်ပြီးတော့ ပွဲစားတစ်ယောက်နဲ့ ဆက်ပြီး ကွင်းဆင်းကြည့်တယ်။ သူပြတဲ့ အ့ကွက်က သူဖါသာသူ ညွှန်းနေတာ။ သူထက်ကောင်းတာ သူထက်မကောင်းဘူးပေါ့။ ကျတော့်ကတော့ သိပ်မခိုက်ဘူး။ ကျတော် အင်နေမှန်းလည်း သူရိပ်မိတယ်။ သူက မပြန်ပါနဲ့အုန်းတဲ့။ ပြီးတော့ နောက်တစ်ယောက် သွားခေါ်လာတယ်။ အဲဒီတစ်ယောက်ပြတဲ့ အကွက်တွေက နေရာ အ့ကွက်အကွင်း ပိုကောင်းပြီး ဈေးက ပိုတန်တယ်။ မဆိုးဘူးပေါ့။ စိတ်ဝင်စားလာတယ်။ သူတို့ကိုသာ ဖွင့်မပြောတာ ဘယ်အကွက်ကိုတော့ ဘယ်ဈေးနဲ့ရရင် ၀ယ်လိုက်တော့မယ်ပေါ့။ ကိုယ်ဖါသာ စိတ်ကူးပြီး ဆုံးဖြတ်နေပြီ။ ဒါပေမဲ့ ကြုံတုန်း ကြည့်ရတာ ပိုက်ဆံမပေးရဘူးဆိုပြီးတော့ သူတို့ကို ရှိသေးလား ပြပါအုန်းနဲ့ တစ်ကွက်ပြီး တစ်ကွက် ထပ်ပြီး လိုက်ကြည့်တာပေါ့။ ရပ်ကွက်ထဲလည်း လမ်းတော်တော်များများ စုံသွားတယ်။ ဟိုအိမ် ထွက်ကြည့် ဒီအိမ်ထွက်ကြည့်နဲ့ ဖြစ်လာတယ်။ နောက်ကနေ လိုက်လာပြီး လက်ထဲ ဖုန်းနံပါတ်ရေးထားတဲ့ စာရွက်လာထည့်သူလည်း ရှိတယ်။ ကျတော် ဒီနားမှာ ရှိတယ်။ ပြီးရင် ပြန်လာခဲ့ပါအုန်း အစ်ကို အကျိုးအတွက် ပြောစရာရှိလိုလို့ နားနားကပ်ပြီး တီးတိုးဆိုသူ ဆိုလာတယ်။ နောက်တစ်ယောက်ကတော့ မိုက်ခဲနဲ့ တူတယ်။ ဘာမှ လိုက်ကြည့်မနေနဲ့။ ကျတော်နောက်တာ လိုက်ခဲ့ဆိုပြီး အတင်းဆွဲခေါ်သွားတာ။ အဲသည့် လက်ဆွဲခေါ်တဲ့သူ ပြတဲ့ အကွက်က အားလုံးထဲမှာ အကောင်းဆုံး ဖြစ်နေတယ်။ ကျတော် ကိုယ်ဖါသာ ၀ယ်လိုက်မယ်လို့ စိတ်ကူးထားတဲ့ အကွက်ထက် အများကြီးသာတယ်။ အိမ်ရှေ့မှာလည်း ရောင်းရန်ဆိုတဲ့ ဆိုင်းဘုတ်ကြီးက ပြူးလို့။ အဲသည်လမ်းက ကျတော်တို့ ကျော်ခဲ့တဲ့လမ်း။ ကျတော်လည်း မူလ ပထမ ပွဲစား နှစ်ယောက်ကို တော်တော် တင်းသွားတယ်။ ခင်ဗျားတို့ အဲသည် အကွက် ရောင်းမှာ မသိကြဘူးလားဆိုတော့ သိတယ်တဲ့။ ဒါဆိုရင် ဘာဖြစ်လို့ ခင်ဗျားတို့ ကျတော်ကို စောစောစီးစီး အဲသည် အကွက် မပြရတာလည်း ဆိုတော့ စကားပြန်မလာဘူး။ ကိုမိုက်ခဲကလည်း စိတ်ဝင်စားရင် ညှိပါလို ဆိုတယ်။ ဒါပေမဲ့ အခု မညှိခြင်ဘူး။ ဖုန်းနံပါတ်ပေးတယ်။ နောက်မှ ဖုန်းဆက်ပါ။ ထပ်ကြည့်ခြင်ရင်လည်း နောက်နေ့လာခဲ့ပါ။ တစ်ခြား ဘယ်သူမှ ခေါ်မလာနဲ့တဲ့။ ကျတော်လည်း စိတ်နည်းနည်း လေသွားတယ်။ ကိုယ်နောက်မှာ စကားရော ဖေါသောနဲ့ လိုက်နေတာကလည်း ၅ ယောက်လောက် ဖြစ်လာပြီ။ အဲဒါနဲ့ ပြန်ထွက်လိုက်တယ်။ မူလ ပွဲစားက ကျတော် ပြန်တော့မယ် ဆိုမှ အဲသည်ဟာထက် ကောင်းတာ ရှိတယ်။ ဒါက ပျဉ်ထောင် လမ်းမကနေ လမ်းထဲကို ၀င်ရင် တစ်အိမ်ကျော်။ အခုသူပြမှာက လမ်းမပေါ်တင် အုတ်ညှပ် ဒီဈေးဘဲတဲ့။ ကျတော်လည်း ကောလိုက်တယ်။ ခင်ဗျားအရင်ဆုံး ကျတော်ကို အဲတာတွေ မပြဘဲ အခုလူများက အတင်းခေါ်ပြမှ ပြန်မယ်ဆိုမှ ကောင်းတာလေးတွေ ရှိသေးတယ် ဆိုလာတာ မကြိုက်ဘူးပြောလိုက်တယ်။

ကျန်သေးတယ်။ ဆက်ရေးရင် ဆုံးမှာ မဟုတ်ဘူး။ ကျတော်ပြောခြင်တာက ကွင်းဆင်းပါ။ တစ်ကွက်ထဲကြည့်ပြီး မဆုံဖြတ်ပါနဲ့။ ပွဲစား တစ်ယောက်ထဲ မယုံပါနဲ့။ လိုအပ်တယ် ထင်ရင် ရပ်ကွက်ထဲမှာ ၀င်ဖွပါ။ ဖွရင် အကွက်တွေ ပွထွက်လာမယ်။ အဲသည်တော့မှာ စဉ်းစား ဆုံးဖြတ်ပါ။ ဒဂုံမြောက်ပိုင်းမှာ အိမ်သော့ခတ်ထားတာတွေ၊ အိမ်မရှိဘဲ ခြံဘဲ ရှိတာတွေ။ ခြံတောင် မခတ်ရသေးတဲ့ မြေကွက်ဗလာတွေ အတွင်းထဲမှာ အများကြီး ရှိတယ်။ ကြော်ညာတယ် ဆိုတာ တော်ရုံနဲ့ ရောင်းမထွက်လို့ ကြော်ညာတာ။ တနည်းအားဖြင့် အပေါ်ဈေးတွေ။ ကိုယ်က အောက်ဈေးနဲ့ လိုခြင်ရင် အဲသည် ကွင်းဆင်းကြည့် ပြီးတော့ ကြော်ညာနဲ့ ချိန်ထိုးကြည့်။ ကြော်ညာ အကွက် ထက် ပို သက်သာတာ တွေ့ရမယ်။ ပြီးတော့ ဒီနေ့သတင်းစာ ကြော်ငြာထဲ ပါတယ် အကွက် ၂ ကွက် ကျတော် စိတ်ဝင်စားလို့ ညွှန်လိုက်မယ်။ မှော်ဘီမှာ သိန်း ၁၅၀ တဲ့ ပေ ၂၀၀ ပေ ၁၀၀ အကွက်။ နောက်တစ်ခုက လှည်ကူးမှာ ပေ ၁၀၀ ပေ ၅၀ ခြံခတ်ပြီး သိန်း ၁၂၀ ရန်ကုန် ပဲခူးလမ်းက ၁၀ မိနစ်လောက် ၀င်ရမယ် ဆိုတယ်။ အဲသည်တော့ သိန်း ၂၀၀ နဲ့ ဘာရနိုင်လည်း ဆိုရင် ရနိုင်တာတွေ အများကြီးပါ။

You might also like