ဦးမြ၀ါ ဒုံးယိုင်း

You might also like

You are on page 1of 1

ဦးမြ၀ါဒုံးယိမ်း

ရက္ခမဏ္ဍလတိုင်းမြတ်ကျော် ပညာဟိများပေါ်ပေါ်

ပညာကျော်ပညာကျော် တိုင်းအသိက၀ိအမော်

တိုင်းသိအကျော် တိုင်းသိအကျော် တိုင်းသိအမော်

အမတ်တော်လည်း (၀ိမလ) ၂ ရဲစွမ်းရေ (ဦးမြ၀ါ) ၂

(စာဆိုမှာ) ၂ မင်းညိုပါလေး --။

(ဦးမြ၀ါ) ၂ အသက်ကိုစွန့်ပျာယ် လားရေလေးလေ

ဘုရင်ကြီးနှင့်ပြည်သူအများ သောကပူပင်ပွားရေလေးလေ

ရက္ခမဏ္ဍလတိုင်းကိုလ အံမတုနိုင်ရန် တခြားနိုင်ငံ

အာဇာနီဇာနီသွီးယေက ပြေငြိမ်းလီပြန် ငြိမ်းလီပြန်

ပူဇော်ဖို့ရေးဈာပနပွဲ ဖောင်တော့်တင်ပျာယ် ဆွဲရေလေးလေ

(ဆွဲရေးလေး) ၂ ဆွဲပါရေလေးလေ --။

မင်္ဂလကျက်သရေစုံစွာ တည်ဇာထွန်းရေ

ဇမ္ပုဒိပါလက်ယာကျွန်းမှာ မော်ကွန်းတင်ခရေ

လေးဝတီထင်ရှားပါလှရေ ဘုရားမြတ်စွာဗျာဒိတ်ပီးခရေ

ဖီးဘယာဝီးလို့ စည်ပင်သာလှရေ --။

ဇမ္မူဒိပါလက်ယာကျွန်းမှာ နီရောင်လရောင်ထိန်ပြောင်လင်းရေ

ရက္ခမဏ္ဍဓည၀တီ ငါ့ရို့ဌာနီ ရွှီပြည်ကြီးကို

စန္ဒသူရိယာဓိဌာန်ပြုလို့ ငါရို့ဘုရားကြွချီလာ

ထိုစဉ်အခါ ပြိုင်စံယှားရေ ငါရို့အမတ် ပညာကျော်

ဝိမလခေါ် သုခမိန်ကြီးနှင့် ပညာဝံသငလက်ရုံး

မျိုးရခိုင်ဘုန်း မိုးသို့ချုံး

ယိုးဒယားနှင့်တိုင်းဟံသာ ဒေလီပဆာအာသံရို့မှာ

ဘဏ္ဍာတော်မြတ်ဆက်ရရှာ (ငါရို့ဘုန်းရောင်နီသို့အလား)

ငါရို့ပြည်ငါရို့မျိုး ငါရို့ဘုရင် (ငါရို့ဘုန်းရောင်နီသို့အလား)

ရာဇာကြီးနှင့်မြတ်မင်းဘာ (စောမွန်ဘွဲ့မှာ ယဉ်နုပါ၏)

(ဦးမြ၀ါလေးစားပါယင်)့ ၃ --။

(ကွယ်လွန်သူ ရခိုင်လွတ်လပ်ရေးပါတီ (AIO) အထွေထွေအတွင်းရေးမှုးစံကျော်ထွန်းရွီးစပ်သည်။)

You might also like