You are on page 1of 1

www.news-shrc.org , U.H.R.C.P.O.Box 2002 , Bangkok , Thailand .

UHRC.AD@gmail.com , UHRC.NEWS@gmail.com
08-3582-3490 .

ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီနှင့် မဟာမိတ်အဖွဲ့များမှ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင်များ


မတရားထိန်းသိမ်းခံထားခြင်းအပေါ် သဘောထားထုတ်ပြန်ချက်

နေ့စွဲ ၊ ၂၀၀၉ ခုနှစ် ဧပြီလ ( ၇ ) ရက်

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင်များဖြစ်ကြသည့် (၁) ဦးဇော်မြင့်အောင် (၂) ဦးစိုးဦး (၃) ကိုထွန်းငြိမ်း (၄)

ခိုင်လင်းမြတ် (၅) မရွှေရည်ညွန့် တို့အား နအဖမှ ဥပဒေမဲ့ မတရားထိန်းသိမ်းထားခြင်း နှင့် ၄င်းတို့၏ မိသားစုဝင်အချို့အားလည်း

ဖမ်းဆီးထိန်းသိမ်းထားပြီး ခြိမ်းခြောက်ဖိအား ပေးမှုများ ဆောင်ရွက်နေသည်ဟုသိရပါသည်။

ထိုသို့ ကြားသိရသည့်အတွက် ကျွန်တော်တို့ ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီ သည် များစွာ စိတ်မကောင်းဖြစ်ရပါသည်။

ဖော်ပြပါဥပဒေမဲ့ မတရားထိန်း သိမ်းခံထားရသူများသည် မြန်မာနိုင်ငံအတွင်း အလုပ်သမားများ၏အခြေအနေ တိုးတက်ကောင်းမွန်ရေး၊

အလုပ်သမားများ၏ မှန်ကန်ဖြောင့်မတ်သောအခွင့်အရေးများ တန်းတူရရှိရေးအတွက် ကြိုးပမ်းနေသူများ ဖြစ်သည့် အတွက်

မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် နှင့် မြန်မာပြည်တွင်းရှိ အလုပ်သမားများ၏ ကြီးစွာသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည် ဟု

ကျွန်တော်တို့ အနေဖြင့် ယူဆမိပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ၊ဗဟိုအလုပ်အမှုဆောင်များအဖွဲ့၏ ၂၀၀၉ ခုနှစ်၊ပြီလ(၆)ရက်နေ့တွင်

ထုတ်ပြန်သော မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အဖွဲ့ဝင်များအား နအဖ မတရားထိန်းသိမ်းခြင်းအပေါ် သဘောထားထုတ်

ပြန်ချက် စာပိုဒ် (၇) ပါ တောင်းဆိုချက်များအား ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီနှင့် မဟာမိတ်အဖွဲ့အစည်းများမှ အပြည့်အဝ

ထောက်ခံပါကြောင်းနှင့် နအဖ(စစ်အစိုးရ) ၏ အလွန်သေးသိမ်သော လုပ်ရပ်များအား ပြင်းထန်စွာ ကန့်ကွက် ရှူတ်ချကြောင်း ထုတြ် ပန်

အပ်ပါသည်။

ဗိုလ်မှူးကြီး - စိုင်းအောင်သိန်း
ဥက္ကဌ
ပြည်ထောင်စုလူ့အခွင့်အရေးကောင်စီ

You might also like